Friday, June 28, 2019

အာဆင်းနစ် (Arsenic) အဆိပ်သင့်ခြင်း


by ဒေါက်တာလှကြည် 

          “စိန်” ဆိုတဲ့ စကားလုံးကို အမာဆုံးအဖိုးတန် ကျောက်မျက် (diamond) အနေနှင့် လူသိများပါတယ်။ လူတစ်ယောက်ရဲ့အသက်ကို သေစေနိုင်တဲ့အထိပြင်းတဲ့ “စိန်” ဆိုတဲ့ အဆိပ်တစ်မျိုးလည်း ရှိပါတယ်။ မိမိတို့ ငယ်စဉ်က ကြည့်ဖူးခဲ့တဲ့ ဇာတ်လမ်းတွေ၊ ဖတ်ဖူးခဲ့တဲ့ ဝတ္ထုတွေထဲမှာ လူတစ်ယောက်ကိုသတ်ဖို့ ဝန်မလေးတဲ့ လူဆိုးကြီးတွေရဲ့ ရက်စက်ပုံကို တင်စားပြောဆိုတဲ့အနေနဲ့ “သေချင်ရင် စိန်မစားနဲ့၊ ဘယ်သူ့ဆီကိုသွား” စသည်ဖြင့် ပြောတတ်၊ ရေးတတ်ပါတယ်။ လူဆိုးကြီးနှင့်တွေ့လျှင် စိန်နှင့် သံပရာကို ရောသောက်လိုက်သလို သေသွားမယ်ဆိုတဲ့သဘော ပြောခြင်းဖြစ်ပါတယ်။ “စိန်နဲ့ သံပရာ သောက်ရင် သေတယ်ဆိုလို့ အမေ့စိန်နားကပ်ကြီးကို ခိုးပြီး သံပရာရည်ထဲ ထည့်မသောက်နဲ့၊ မသေဘူး။ စိန်ဆိုတာက အာဆင်းနစ်ကိုပြောတာ” လို့ မိမိဆေးကျောင်းတက်စဉ်က ဆေးဝါးဗေဒဌာနမှ ဆရာမကြီးတစ်ယောက် ပြောတာကို မှတ်မိနေပါတယ်။ ဆရာမကြီးက စကားပြောလျှင် တစ်သက်လုံးမမေ့နိုင်အောင် အဲဒီလို ပြော တတ်ပါတယ်။

          ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ ဦးစီးဌာနက ထုတ်ဝေတဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန်မှာ စိန်ကို Arsenic (pali – စိန) လို့ ဘာသာပြန်ထားပါတယ်။ အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာတော့ Arsenic ကို စိန်(အဆိပ်)လို့ ဘာသာပြန်ထားပါတယ်။ မြန်မာ အဘိဓာန်မှာလည်း စိန်ကို အဆိပ်ပြင်းသောသတ္တုကြွပ် တစ်မျိုး (ပါ ၊ စိန) လို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။ ဒါကြောင့် အာဆင်းနစ်ကို မြန်မာတွေက စိန်လို့ပြော ခဲ့ကြတယ်။ အဲဒီ စိန် ဆိုတဲ့စကားက ပါဠိဘာသာ “စိန်” က ဆင်းသက်လာတာလို့ နားလည်ရပါတယ်။ Computer ကို ကွန်ပျူတာ၊ Radio ကို ရေဒီယို၊ Battery ကို ဘက်ထရီ၊ I-Pad ကို အိုင်ပက် စသည်ဖြင့် အသံဖလှယ်တဲ့စနစ် ထွန်းကားတဲ့ ယခုခေတ်မှာတော့ Arsenic ကို အာဆင်းနစ်လို့ပဲ ပြောနေကြပါပြီ။ “စိန်” လို့ပြောတာက မြန်မာ တိုင်းရင်းဆေးလောကနှင့် ကျေးလက်ဒေသတွေမှာပဲ ရှိတော့မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာလည်း “အာဆင်းနစ်” လို့ပဲ ရေးပါမယ်။

အာဆင်းနစ်နှင့် ထိတွေ့ရခြင်း (Exposure to Arsenic)

          အာဆင်းနစ်နှင့် ထိတွေ့တယ်ဆိုတာ အာဆင်းနစ် ဓာတ်ပေါင်းပါတဲ့ အစားအသောက်တစ်ခုခုကို  စားမျိုမိခြင်း၊ အာဆင်းနစ်ပါတဲ့ရေ၊ ဒါမှမဟုတ် အရည်တစ်ခုခုကို သောက်မိခြင်း၊ အာဆင်းနစ်ပါတဲ့ အငွေ့တစ်ခုခုကို ရှူမိခြင်း၊ အာဆင်းနစ်ကို အရေပြားနှင့် ထိတွေ့ (contact ဖြစ်) ခြင်းစသည်ဖြင့် လူနှင့် အာဆင်းနစ်တို့ တစ်နည်းနည်းနှင့် ထိစပ်ပတ်သက်မိခြင်း (exposure) ကို ပြောခြင်းဖြစ်ပါတယ်။  စက်ရုံ၊ အလုပ်ရုံများမှ ထွက်တဲ့ ဥပဒ်ဖြစ်စေနိုင်တဲ့ အညစ်အကြေး (toxic waste) တွေ စွန့်ပစ်တဲ့နေရာတွေမှာ နေထိုင်ကြသူ၊ အလုပ်လုပ်ကြသူတွေက အာဆင်းနစ်နှင့် ထိတွေ့နိုင်ပါတယ်။ သွပ်နှင့် ကြေးနီ တူးဖော်တဲ့လုပ်ငန်းမှာ၊ အရည်ကျိုလုပ်ငန်းမှာ လုပ်နေသူတွေမှာလည်း အာဆင်းနစ်နှင့်ထိတွေ့ရနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ အချို့သော ရိုးရာဘယဆေးတွေမှာလည်း အာဆင်းနစ်ပါတတ်တယ်လို့ သိရပါတယ်။

သောက်ရေထဲက အာဆင်းနစ်

          အချို့ဒေသတွေမှာ အာဆင်းနစ်က မြေအောက်မှ တူးဖော်ရရှိတဲ့ ရေထဲမှာ သဘာဝအတိုင်း ပါဝင်နေနိုင်ပါတယ်။ ဒေသတစ်ခုမှာ မြေအောက်ရေဟာ အာဆင်းနစ်တွေ များနေလျှင် ဒေသခံလူတွေအတွက် အန္တရာယ်ရှိပါတယ်။ အဲဒီမြေအောက်ရေ (ဥပမာ- တွင်းရေ)ကို အမြဲသောက်နေသူတွေမှာ ကာလကြာရှည် အာဆင်းနစ် အဆိပ်သင့်မှု (chronic arsenic poisoning) ဖြစ်လာပါလိမ့်မယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့  ၁၉၉၃ ခုနှစ် သတ်မှတ်ချက်အရ သောက်ရေတစ်လီတာမှာ အာဆင်းနစ်ပါဝင်မှုဟာ အများဆုံး ဝ.ဝ၁ မီလီဂရမ်ထက် မပိုသင့်ပါဘူး။ နောက်ပိုင်းမှာတော့ ရေတစ်လီတာမှာ အာဆင်းနစ် ပါဝင်မှုဟာ ဝ.ဝ၀ဝ၁၇ မီလီဂရမ်ရှိလျှင်ပင် ခန္ဓာကိုယ်မှာ အာဆင်းနစ်တွေ စုမိနေတဲ့ အခြေအနေ(arsenicosis) ဖြစ်လာနိုင်တယ်လို့ ပြောလာကြပါတယ်။

          အာဆင်းနစ် ဓာတ်ပေါင်းတွေကို အော်ဂဲနစ် (organic) ဓာတ်ပေါင်းများနှင့် အော်ဂဲနစ် မဟုတ်တဲ့ (inorganic) ဓာတ်ပေါင်းများဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ အော်ဂဲနစ်ဓာတ်ပေါင်းတွေက အော်ဂဲနစ်မဟုတ်တဲ့ ဓာတ်ပေါင်းတွေလောက် အဆိပ်မပြင်းပါဘူး။ (ဒီနေရာမှာ ခဲဆိပ်နှင့် ပြောင်းပြန်ဖြစ်ပါတယ်။ ခဲဆိပ်မှာ အော်ဂဲနစ် ဓာတ် ပေါင်းတွေက အော်ဂဲနစ်မဟုတ်တဲ့ ဓာတ်ပေါင်းတွေထက် ပိုပြီးအဆိပ်ပြင်းပါတယ်။)

          ပင်လယ်စာ (seafood) တွေမှာ အဆိပ်ပျော့တဲ့ အော်ဂဲနစ် အာဆင်းနစ်ဓာတ်ပေါင်း (arsenobetaine) ပါဝင်နေတတ်ပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း သစ်သီးများနှင့် ဆန်မှာ တွေ့ရတယ်လို့ စားသုံးသူ အစီရင်ခံစာ (Consumer Reports) တွေမှာ ဖော်ပြခဲ့တဲ့ အာဆင်းနစ်တွေက အော်ဂဲနစ်မဟုတ်တဲ့ ဓာတ်ပေါင်းတွေဖြစ်ပါတယ်။ အာဆင်းနစ်ပါတဲ့ (သီးနှံဖျက်) ပိုးသတ်ဆေးတွေဟာ အဆိပ်အာနိသင်ပြင်းလွန်းတဲ့အတွက် လူကို အန္တရာယ် ပေးနိုင်ပါတယ်။ ဒီလိုပိုးသတ်ဆေးတွေကို အနောက်နိုင်ငံတွေမှာ အသုံးမပြုတော့ပေမယ့် အာရှနိုင်ငံအချို့မှာ သုံးနေဆဲလို့ သိရပါတယ်။

အာဆင်းနစ်အဆိပ်သင့်ခြင်း

          အာဆင်းနစ်က အဆိပ်သင့်စေနိုင်ကြောင်းကို ဘီစီ ၂၁၀ဝ ပြည့်နှစ် (လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ဝ၀) ကတည်းက လူတွေ သတိထားမိကြပါတယ်။ လူ့ခန္ဓာကိုယ်အတွင်း ဇီဝကမ္မလုပ်ငန်း (Physiologic functions) တွေ လုပ်ဆောင်ရာမှာ ကူညီပေးနေတဲ့ အင်ဇိုင်း (enzyme) ၂၀ဝ ကျော်ကို အာဆင်းနစ်ဓာတ်ပေါင်းတွေက နှောင့်ယှက်ပါတယ်။

ရုတ်တရက် အာဆင်းနစ်အဆိပ်သင့်ခြင်း

          လူ့ရဲ့ခန္ဓာကိုယ်ထဲမှာ အာဆင်းနစ်ဓာတ်တွေများလာလျှင် ရောဂါဝေဒနာအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ အချိန်တိုအတွင်း အာဆင်းနစ်အဆိပ်သင့်ခြင်း (acute arsenic poisoning) ကြောင့် အော့အန်ခြင်း၊ ဗိုက်နာခြင်းနှင့် ဦးနှောက်လုပ်ငန်းထိခိုက်ခြင်း (encephalopathy)၊ ဝမ်းပျက်ခြင်း၊ ဝမ်းသွားတဲ့အခါ သွေးပါခြင်း၊ သွေးအန်ခြင်း၊ ဆီး၌ သွေးပါခြင်း၊ ကြွက်သားများနာခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ရင်ဝ၌ အောင့် (အစာအိမ်နာ) ခြင်း၊ တက်ခြင်းတို့က ရုတ်တရက် အာဆင်းနစ်အဆိပ်သင့်ခြင်းရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ အဆုတ်၊ အရေပြား၊ ကျောက်ကပ်၊ အသည်း စသည့် အင်္ဂါတွေ ထိခိုက်လေ့ရှိပါတယ်။ အာဆင်းနစ် အဆိပ်သင့်ခြင်းက သတိလစ်မေ့မြောပြီး အသက်သေဆုံးတဲ့အထိ ပြင်းထန်နိုင်ပါတယ်။ အာဆင်းနစ် ၇၀ မီလီဂရမ်မှ ၂၀ဝ မီလီဂရမ်က လူတစ်ယောက်ကို ရုတ်တရက် သေဆုံးသွားစေနိုင်ပါတယ်။

ကာလကြာရှည် တဖြည်းဖြည်း အာဆင်းနစ်အဆိပ်သင့်ခြင်း

          အာဆင်းနစ်ဓာတ်ပေါင်းတွေ ရှိသင့်တာထက် ပိုပြီး များစွာပါဝင်နေတဲ့ ရေကို သောက်သုံးနေရသူ လူဦးရေဟာ  ကမ္ဘာတစ်ဝန်းမှာ သန်း ၂၀ဝ  ကျော်လောက်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ အများဆုံးက ဘင်္ဂလားဒေ့ရှ်နှင့် အနောက်ဘင်္ဂလား (West Bengal) ဒေသတို့ ဖြစ်ပါတယ်။ လူချမ်းသာတွေထက် ဆင်းရဲသားတွေက အာဆင်းနစ် အဆိပ်သင့်အန္တရာယ် ကြုံတွေ့နိုင်တဲ့ အခွင့်အလမ်း ပိုများပါတယ်။ သတ္တုတူးဖော်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းတွေကြောင့် မြေအောက်ရေတွေထဲ အာဆင်းနစ်တွေ ဝင်သွားတာလည်း ရှိပါတယ်။ အာဆင်းနစ်က မြေကြီးထဲမှာ၊ အပေါ်ယံ မြေဆီလွှာမှာသာမက လေထုထဲမှာလည်း ရှိနေနိုင်ပါတယ်။

          သောက်ရေတစ်လီတာမှာ အာဆင်းနစ်ဓာတ်ပေါင်း ၁၀-၁၅ မိုက်ခရိုဂရမ် (၁၀-၅၀ µg/L) ထက် နည်းသင့်ပါတယ်။ ရေတစ်လီတာက ဘယ်လောက်များတယ်ဆိုတာ သောက်ရေသန့်သောက်နေသူတွေ သိကြပါတယ်။ အာဆင်းနစ် ၁ မိုက်ခရိုဂရမ်က ၁ ဂရမ် (မြန်မာ အလေးချိန် ၁ ပဲသားခန့်) ရဲ့  အပုံ တစ်သန်းပုံတစ်ပုံနှင့် ညီမျှပါတယ်။ အလေးချိန်အားဖြင့် ရေအဆ သန်း ၁၀ဝ၀ မှာ အာဆင်းနစ် ၁၀ ဆ- ၁၅ ဆလောက် ရှိတယ်လို့ ပြောလျှင်လည်း မှန်ပါတယ်။

          ကာလကြာရှည် တဖြည်းဖြည်း အာဆင်းနစ်အဆိပ်သင့်ခြင်း (chronic arsenic poisoning) ကြောင့် အရေပြားထူလာခြင်း၊ အရေပြားအရောင် ညစ်မည်းလာခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်း၊ ထုံနာကျဉ်နာ၊ နှလုံး ရောဂါနှင့် ကင်ဆာရောဂါများ ဖြစ်လာနိုင်ပါတယ်။

          အာဆင်းနစ်အဆိပ်သင့်ခြင်းက မသိမသာ တဖြည်း ဖြည်း ဖြစ်လာတာ များပါတယ်။ ခေါင်းကိုက်ခြင်း၊ စိတ်မကြည်ဘဲ ရှုပ်ထွေးနေခြင်း (confusion)၊ အပြင်းအထန် ဝမ်းလျှောဝမ်းပျက်ခြင်း၊ အိပ်ငိုက်ခြင်းတို့နှင့် စတတ်ပါတယ်။ ကြာလာတဲ့အခါ တက်ခြင်း (convulsions)၊ လက်သည်း၌ အဖြူလိုင်း (eukonychia striata) များ ပေါ်လာခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ အဲဒီလိုင်းတွေကို Mees’s lines, Aldrich-Mees’s lines စသည်ဖြင့် လည်း ခေါ်ပါတယ်။

အာဆင်းနစ်နှင့် ကင်ဆာ

          အာဆင်းနစ်အဆိပ်သင့်ခြင်းက အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာ၊ ကျောက်ကပ် ကင်ဆာနှင့် အခြားကင်ဆာအမျိုးမျိုးတို့ ဖြစ်ပွားခြင်းနှင့် ဆက်စပ်နေပါတယ်။ အရေပြားက နဂိုထက် အရောင်ပိုပြီး ညိုမည်းနေတာကိုလည်း တွေ့နိုင်ပါတယ်။ ကင်ဆာမဖြစ်မီ အရေပြားမှာ ရောဂါပေါင်းစုံ ဖြစ်နိုင်ပါသေးတယ်။

          အာဆင်းနစ်ပါတဲ့ သောက်ရေကို တစ်သက်လုံး သောက်နေရသူတွေအနေနဲ့ ကင်ဆာဖြစ်လာနိုင်တဲ့ အလားအလာက သောက်ရေမှာပါနေတဲ့ အာဆင်းနစ် ပမာဏ အနည်းအများနှင့် တိုက်ရိုက်အချိုးကျနေတယ် ဆိုတာ ၁၉၈၈ ခုနှစ်က တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနမှာ တွေ့ခဲ့ရပါတယ်။ တိုက်ရိုက်အချိုးကျတယ် ဆိုတာက ခန္ဓာကိုယ်မှာ အာဆင်းနစ်များလေ၊ ကင်ဆာ ဖြစ်လာနိုင်ခြေများလေလို့ ပြောတာပါ။ ရေတစ်လီတာမှာ အာဆင်းနစ် ဝ.ဝ၀၁၇ မီလီဂရမ်ပါတဲ့ သောက်ရေကို သောက်နေရတဲ့ ဒေသမှာ လူ ၁၀ဝ၀ဝ မှာ တစ်ယောက် ကင်ဆာဖြစ်လာခဲ့ပါတယ်။ ရေတစ်လီတာမှာ အာဆင်းနစ် ဝ.ဝ၀ဝ၁၇ မီလီဂရမ်သာပါတဲ့ သောက်ရေကို သောက် နေရတဲ့ဒေသမှာတော့ လူတစ်သိန်းမှာမှ တစ်ယောက်သာ ကင်ဆာဖြစ်လာခဲ့ပါတယ်။ ရေတစ်လီတာမှာ အာဆင်းနစ် ဝ.ဝ၀ဝ၀၁၇ မီလီဂရမ်သာပါတဲ့ သောက်ရေကို သောက်နေရတဲ့ ဒေသမှာတော့ လူတစ်သန်းမှာမှ တစ်ယောက်သာ ကင်ဆာဖြစ်လာတာကို တွေ့ခဲ့ရပါတယ်။ အဲဒီနှုန်းအတိုင်းဆိုလျှင် ရေတစ်လီတာမှာ အာဆင်းနစ် ဝ.ဝ၁ မီလီဂရမ်သာပါတဲ့ သောက်ရေကို သောက်နေရသူတွေဟာ ၁၀ဝ၀ဝ မှာ ၆ ယောက်လောက်သာ ကင်ဆာ ရောဂါဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ပညာရှင်တွေက တွက်ဆကြပါတယ်။ ဒီပါဝင်မှုနှုန်းဟာ လက်ခံနိုင်တဲ့ (အလုပ်လည်းဖြစ်နိုင်၊ အန္တရာယ်လည်း နည်းတဲ့) နှုန်းလို့ သတ်မှတ်ကြပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ် အာဆင်းနစ်အဆိပ်သင့်ခြင်း

          ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ အာဆင်းနစ် အဆိပ်သင့်တာက အလွန်စိုးရိမ်စရာ ကောင်းပါတယ်။ အာဆင်းနစ်အဆိပ်သင့်နေတဲ့ ကိုယ်ဝန်ဆောင်မိခင်မှာ အထက်က ပြောခဲ့တဲ့အတိုင်း ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောဝမ်းပျက်ခြင်း၊ အရေပြားများ ညိုမည်းလာခြင်း၊ ကင်ဆာဖြစ်ခြင်းနှင့် အခြားရောဂါဝေဒနာတို့ကို ခံစားရနိုင်ပါတယ်။ မိခင်က ကိုယ်ဝန်ဆောင်ထားစဉ်မှာ ကိုယ်အလေးချိန် တက်သင့်သလောက် အပြည့်အဝ မတက်ပါဘူး။

          ကိုယ်ဝန်ဆောင်မိခင်သာမက သူလွယ်ထားတဲ့ သန္ဓေသားကလည်း အာဆင်းနစ် အဆိပ်ဒဏ်ကို ခံရနိုင်ပါတယ်။ မွေးလာတဲ့အချိန်မှာ ကိုယ်အလေးချိန် မပြည့်ခြင်း၊ ခန္ဓာကိုယ်အရွယ်အစား သေးငယ်ခြင်း၊ ရောဂါထူပြောခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ မိခင်မှာ အာဆင်းနစ်အဆိပ်သင့်နေတဲ့ကာလ ကြာလေ၊ မိခင်ရဲ့ ခန္ဓာကိုယ်မှာ ရှိနေတဲ့ အာဆင်းနစ်ဓာတ် ပမာဏများလေ၊ မွေးလာတဲ့ကလေးက အသက်တစ်နှစ်မပြည့်မီ သေဆုံးတဲ့နှုန်း (Infant Mortality Rate-IMR) မြင့်လေဆိုတာ သုတေသနတွေမှာ တွေ့ရှိထားပါတယ်။ ရင်သွေးမှာ အဲဒီလိုဖြစ်ရတာတွေဟာ ကိုယ်ဝန်ဆောင်မိခင် ကိုယ် အလေးချိန် တက်သင့်သလောက် မတက်တာနဲ့ ဆက်စပ်မှုရှိပါတယ်။

အခြားရောဂါများ

          အာဆင်းနစ် အဆိပ်သင့်ခြင်းက သွေးတိုး၊ နှလုံးနှင့် သွေးကြောရောဂါများဖြစ်ခြင်း၊ ကင်ဆာရောဂါ၊ လေဖြတ် လေငန်းရောဂါ၊ နာတာရှည် အဆုတ်လြွေပန်ရောဂါများ ဖြစ်ခြင်း၊ ဆီးချိုသွေးချိုရောဂါဖြစ်ခြင်းတို့နှင့်လည်း ဆက်နွှယ်နေပါတယ်။ ကာလကြာရှည် အာဆင်းနစ် အဆိပ်သင့်ခြင်းဟာ ဗီတာမင်အေ ချို့တဲ့မှုနှင့်လည်း ဆက်စပ်နေပါတယ်။ ဗီတာမင်အေ ချို့တဲ့မှုကြောင့် ကြက်မျက်သင့်ရောဂါ၊ မျက်စိခြောက်ရောဂါ၊ မျက်စိ၌ ကြက်ဆူးထွက်ခြင်းနှင့် အပြင်တိမ်ဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

အာဆင်းနစ် အဆိပ်သင့်မှုကာကွယ်ရေး

          အမေရိကန်ပြည်ထောင်စုမှာ ၁၉၇၅ ခုနှစ်က စပြီး ဥပဒ်ကင်းသော သောက်ရေ အက်ဥပဒေ  (Safe Drinking Water Act-SDWA) အရ သောက်ရေမှာ အာဆင်းနစ် ပါဝင်မှုကို ဝ.ဝ၅ 0.05 mg/L (ရေ တစ်လီတာမှာ အာဆင်းနစ် ဝ.ဝ၅ မီလီဂရမ် ထက်မပိုရဘူးလို့ ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး အေဂျင်စီ (Environmental Protection Agency) က သတ်မှတ်ခဲ့ပါတယ်။ ဒါကို နောက်တစ်နည်းအနေနဲ့ ဝ.ဝ၅ ပီပီအမ် (0.05 ppm-parts per million) လို့လည်း ပြောပါတယ်။ ဝ.ဝ၅ ပီပီအမ် (ppm) ဆိုတာ ရေ ဂရမ်တစ်သန်း (တစ်နည်းအားဖြင့် ၁၀ဝ၀ လီတာ) မှာ အာဆင်းနစ် ဝ.ဝ၅ ဂရမ်ပါတာကို ပြောခြင်း ဖြစ်ပါတယ်။

          အမေရိကန်ပြည်ထောင်စုရဲ့  ၁၉၇၅ ခုနှစ် ဥပဒ်ကင်းသော သောက်ရေ အက်ဥပဒေ (Safe Drinking Water Act-SDWA) ကို ပြဋ္ဌာန်းပြီးတဲ့နောက်မှာ နှစ်ပေါင်းများစွာအတွင်း ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ ခန္ဓာကိုယ်ထဲမှာ အာဆင်းနစ်အဆိပ်ဓာတ်ပေါင်းတွေ များလေ အရေပြားကင်ဆာဖြစ်နိုင်တဲ့ အလားအလာ ပိုများလေဆိုတာ တွေ့ခဲ့ရပါတယ်။ အရေပြားကင်ဆာဖြစ်ပွားခြင်း၊ သေဆုံးခြင်းတို့မှ ကာကွယ်ရေး၊ အခြား ရောဂါများ ကာကွယ်ရေး ရည်မှန်းချက်တွေချမှတ်ပြီး သောက်ရေမှာ အာဆင်းနစ်ပါဝင်မှု သတ်မှတ် ချက်ကို ပြောင်းလဲ(ထပ်မံလျှော့ချ)ခဲ့ပါတယ်။ ပြောင်းလဲခြင်း အားဖြင့် ခံစားရနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ၊ ငွေကုန်ကြေးကျ တွက်ခြေကိုက်မှု၊ နည်းပညာ ရှိမရှိ၊ အမှန်တကယ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အခြေအနေရှိမရှိ စသည်ဖြင့် အဘက်ဘက်မှ စဉ်းစားပြီး ၂၀ဝ၁ ခုနှစ်မှာတော့ သောက်ရေ တစ်လီတာမှာ အများဆုံးရှိသင့်တဲ့ အာဆင်းနစ်ပမာဏကို ဝ.ဝ၁ မီလီဂရမ်ကို လျှော့ချခဲ့ပါတယ်။

          အခြားနိုင်ငံတွေမှာလည်း မိမိတို့အခြေအနေအရ သတ်မှတ်ချက်တွေ၊ လမ်းညွှန်ချက် (guidelines) တွေရှိပါတယ်။ အခြေအနေအရဆိုရာမှာ အဲဒီဒေသမှာ နေထိုင်သူတွေ အာဆင်းနစ်အဆိပ်နှင့် ထိတွေ့နိုင်ခြေကို အဆုံးအဖြတ်ပေးနိုင်တဲ့ ဒေသရဲ့ ပထဝီအနေအထား၊ လူတွေရဲ့ လူမှုစီးပွားရေးအခြေအနေ၊ အစားအစာစားသုံးမှု နှင့် သောက်ရေရရှိမှုဓလေ့ စသည်တို့ ပါဝင်ပါတယ်။ ဒါကြောင့် အဲဒီသတ်မှတ်ချက်က နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူဘဲ ကွဲပြားခြားနားတာတွေ ရှိပါတယ်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်မှာ ဒေသတစ်ခုက လူတွေဟာ သောက်ရေရနိုင်တဲ့ နည်းလမ်းတစ်ခုပဲရှိတယ်။ အခြားနည်းလမ်းမရှိဘူးဆိုလျှင် အဲဒီသောက်ရေ တစ်လီတာမှာ အများဆုံးပါရမယ့် အာဆင်းနစ် ပမာဏ သတ်မှတ်ချက်က ဝ.ဝ၅ မီလီဂရမ် (0.05 mg/L) ဖြစ်ပါတယ်။

အာဆင်းနစ်အဆိပ်သင့်မှုကာကွယ်ကုသရေး

          အာဆင်းနစ်ဓာတ်ပေါင်းတွေ ရှိသင့်တာထက် ပိုပြီး များစွာပါဝင်နေတဲ့ ရေကို သောက်သုံးနေရသူ လူဦးရေဟာ ကမ္ဘာတစ်ဝန်းမှာ သန်း ၂၀ဝ ကျော်လောက်ရှိပါတယ်။

          အာဆင်းနစ်အဆိပ်သင့်မှုကာကွယ်ရေးမှာ အဓိကကျတာက အန္တရာယ်ပေးနိုင်လောက်အောင် အာဆင်းနစ်(များစွာ)မပါတဲ့ သောက်ရေကို သောက်သုံးခြင်း ဖြစ်ပါတယ်။ မိုးရေကို သောက်သုံးခြင်း၊ အာဆင်းနစ်ကို ရေမှဖယ်ထုတ်ပစ်နိုင်တဲ့ အထူးရေစစ် ဆန်ခါ (Special filter) တို့ကို အသုံးပြုခြင်းအားဖြင့်လည်း အာဆင်းနစ် အဆိပ်သင့်ခြင်းမှ ကာကွယ်နိုင်ပါတယ်။

          လူ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အာဆင်းနစ်ပမာဏကို သိနိုင်ဖို့ သွေးစစ်ကြည့်နိုင်ပါတယ်။ ဆီးစစ်ကြည့်နိုင် ပါတယ်။ အခြား အဆိပ်တွေထက် ထူးခြားတာက လူတစ်ယောက်မှာ အာဆင်းနစ်အဆိပ်ရှိမရှိသိနိုင်ဖို့ ဆံပင်ကိုလည်း စစ်ဆေးကြည့်နိုင်ပါတယ်။

          ကာလတာရှည်စွာ အာဆင်းနစ်အဆိပ်သင့်မှုကို ထိထိရောက်ရောက် ကုသနိုင်တာကတော့ ဒီနည်းပဲလို့ ထောက်ခံပြောဆိုနိုင်တဲ့ သီးသန့်ကုထုံး (Specific treatment) မရှိသေးပါဘူး။ ရုတ်တရက် အာဆင်းနစ် အဆိပ်သင့် လူနာကို ကုသရာမှာ ခန္ဓာကိုယ်အတွင်း ရေဓာတ်ခန်းခြောက်မှုမရှိအောင် ပြုပြင်ပေးဖို့ အရေးကြီး ပါတယ်။ အဆိပ်ဖြေဆေးအနေနဲ့ Dimercaptosuccinic Acid (DMSA) ဖြစ်စေ၊ Simercaptopropane Sulfonate (DMPS) ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ Dimercaprol (BAL) ကိုတော့ အသုံးမပြုသင့်ပါဘူး။ သွေးကို ကျောက်ကပ်တုစက်နှင့် ဆေးတဲ့ Hemodialysis နည်းကိုလည်း အသုံးပြုနိုင်ပါတယ်။


Wednesday, June 26, 2019

Mobile Phone နဲ့ ဓာတ်ပုံရိုက်လေ့ရှိသူတွေအတွက် Tips and Tricks



ဒီနေ့ကတော့ခါတိုင်းနဲ့မတူပဲMobile Photography အတွက် Tips and Tricks လေးတွေကိုပြောပြသွားမှာဖြစ်ပါတယ်။ဓာတ်ပုံရိုက်တက်ချင်တဲ့ Beginnerလေးတွေနဲ့ ဆယ်တန်းဖြေထားတဲ့ ညီလေး၊ညီမလေးတွေအတွက် ဘော်ဒါတွေကြားမှာဆရာကြီးလုပ်လို့ရအောင်ကျွန်တော်သိသလောက်အခြေခံလေးတွေရေးပေးထားတာဖြစ်ပါတယ်။ပြီးတော့ကိုယ့်လက်ထဲမှာ နှစ်သိန်းခွဲတန် Phone တစ်လုံးပဲရှိလို့ လည်းဘာမှစိတ်မညစ်ပါနဲ့။Camera နောက်ကလူကသာ အဓိကကြပါတယ်။ Cameraဆိုတာကိုယ်ရဲ့ Creative Shot တွေကိုမှတ်တမ်းတင်ပေးတယ့်အရာတစ်ခုပါ။အဲ့ဒါကြောင့်”ငါ့phoneကဘာဖြစ်လို့ညာဖြစ်လို့”ဆိုတယ့်အကြောင်းပြတာတွေကို ရပ်ပြီးရဲရဲသာရိုက်ပါလို အကြံပြုချင်ပါတယ်။

အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး နံပါတ်တစ်အချက်က Lens ကိုဂရုစိုက်ပါ။ဓာတ်ပုံမရိုက်ခင် Lens မှာဖုန်မရှိအောင်သုတ်ဖို့အဝတ်စသန့်သန့်လေး တစ်ခုဆောင်ထားပါ။ ပြီးတော့ Lens မှာ Scratch တွေမဖြစ်စေရန်အတွက်လည်း Plastics Sticker အကြည်တွေကိုကပ်သုံးပါ။အခုဆို Lensအတွက် Tempered Glass တွေတောင်ဝယ်လို့ရနေပါပြီ။

နံပါတ်နှစ်အချက်ကတော့ပုံစံချပါ။ Rule of Third နဲ့ Golden Ratioဆိုပြီးအရိုးရှင်းဆုံးပုံစံချနည်း၂မျိုးရှိပါတယ်။ Rule of Third (3×3 Grid) ဆိုတာအလျား ၃ကွက် ၊အနံ ၃ကွက်ရှိတယ့်စတုရန်း ၉ခုကိုပြောတာပါ။အဲ့ဒီ Rule of Third Function ကို Smart Phone တော်တော်များများမှာ 3×3 Grid ဆိုပြီး Built in ထည့်သွင်းပေးထားပါတယ်။ Rule of Third ကိုအသုံးပြုပြီးရိုက်တယ့်ပုံတွေကသာမန်ပုံတွေထက်အများကြီးဆွဲဆောင်မှုပိုရှိတာကိုလည်းတွေ့ရမှာပါ။Golden Ratioကတော့ပုံစံချရတာအနည်းငယ်ပိုခက်ပေမယ့် ဆွဲဆောင်မှုအားပြင်းတာကိုတော့ငြင်းလို့မရပါဘူး။အဓိက Point ကတော့ကိုယ်ရိုက်မယ့် Subject ကိုအမြဲတမ်းအလယ်မှာ ထားပြီးမရိုက်သင့်ဘူးလို့ပြောချင်တာပါ။နည်းနည်းကျွမ်းကျင်လာပြီဆိုရင်တော့ Line တွေ ဆုံမှတ်တွေပါ ပါအောင်ရိုက်ပါ။


နံပါတ်သုံးအချက်ကတော့ Edit လုပ်တာပါ။ကိုယ်ရိုက်လိုက်တဲ့ ပုံတိုင်းဟာ အရောင် နဲ့ အလင်းအမှောင် မှန်တာရှားပါတယ်။ဒါ့အပြင်မလိုအပ်တဲ့ နေရာတွေပါနေတာတို့ Symmetric မညီတာတို့လည်းဖြစ်နေတက်ပါတယ်။အဲ့တာကြောင့်ပုံကောင်းတစ်ပုံရဖို့အတွက်ဆိုရင် Edit လုပ်ဖို့ကမဖြစ်မနေအရေးကြီးပါတယ်။ VSCO ကတော့ အလွယ်ကူဆုံး Edit လုပ်တယ့် Application တစ်ခုပါ။သူ့မှာပါတယ့် Filter လေးတွေကတော်တော်လေး (Cinematic)ရုပ်ရှင်ဆန်ပြီးသုံးရတာလည်းတော်တော်လေးလွယ်ကူပါတယ်။ VSCO mod Linkကိုတော့အောက်မှာထည့်ပေးထားပါတယ်။Filterတွေကောင်းကောင်းသုံးတက်ပြီဆိုရင်တော့ Exposureတွေ ၊Contrastတွေ ၊Hightlightတွေ ၊ Shadow တွေကိုစိတ်ကြိုက်ကစားပါ။အဲ့ဒါတွေနားလည်သွားရင်တော့ Lightroom တို့ Snapseed တို့နဲ့ပဲ Edit လုပ်လို့ ရပါပြီ။ Adobe Lightroom CC ကတော့ကျွန်တော်အကြိုက်ဆုံး Application ပါ။Edit လုပ်တဲ့ Application တွေထဲမှာ Advanced အဖြစ်ဆုံးဆိုလည်းမမှားပါဘူး။သူ့မှာFeature အကုန်လုံးကို Free မပေးထားပဲ ၊ပိုက်ဆံနဲ့ဝယ်မှရမယ့် Feature တချို့ ပါဝင်ပါတယ်။ဒါပေမယ့်ပိုက်ဆံကုန်မှာစိတ်မပူပါနဲ့။ Mod ထားတဲ့ Link ကိုအောက်မှာထည့်ပေးထားပါမယ်။Snapseedကတော့ Second Favourite ပါ။သူ့မှာပါဝင်တဲ့ Feature တွေက Lightroom နဲ့မတူပဲအသုံးပြုရတာလည်း လွယ်ကူပါတယ်။ပြီးတော့Snapseed ရဲ့ချစ်စရာကောင်းတယ့်အချက်တစ်ချက်ကတော့ Feature တွေအကုန်လုံးကို Free ပေးထားတာပါ။

နောက်ဆုံးအချက်ကတော့ သူများပုံတွေကိုများများကြည့်ခြင်းဆိုတဲ့ အရေးအကြီးဆုံးအချက်ပဲ ဖြစ်ပါတယ်။ လူတိုင်းမှာကွဲပြားခြားနားတဲ့ အမြင်တွေရှိနေတယ့်အတွက်တစ်ယောက်နဲ့တစ်ယောက်ဓာတ်ပုံတွေကို Create လုပ်ပုံခြင်းမတူပါဘူး။အဲ့ဒါကြောင့်သူများရိုက်ထားထားတဲ့ ပုံတွေကိုများများကြည့်ခြင်းဖြင့်Creative Idea ကိုတိုးပွားစေမှာပါ။Instagram ဆိုတာ Mobile photography အတွက် Platform တစ်ခုဖြစ်တယ့်အတွက်မိမိအတွက်အကျိုးရှိအောင်အသုံးချကြပါ။ပြီးတော့ Facebook က Myanmar photography learners, Vsco Myanmar နဲ့ SPMတို့လိုGroupတွေမှာလည်းသေချာပေါက် အထောက်အကူပေးနိုင်တဲ့ Group တွေပဲ ဖြစ်ပါတယ်။ ကျွမ်းကျင်လာတယ့်အခါကျရင်တော့ Lens တွေ၊ Filter တွေဝယ်ရိုက်ပါ။Rk တွေအတွက်တော့ရွေးချယ်စရာများပေမယ့် Rk မဟုတ်တယ့်သူတွေအတွက်ကတော့ Apexellens တစ်ခုကိုပဲကျနော် Recommend ပေးပါတယ်။လိုချင်ရင်တော့ 8 Ray Online Shop မှာသွားကြည့်လို့ရပါတယ်။အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ဗျာ။


Posted by Myanmar Mobile Phones Review

***  vpn သုံးပီး proxy ကျော်ရမှာပါ။google play မှာ turbo vpn ဆိုတာကိုဒေါင်းပါ။ပီးရင်install လုပ်ပါ။ပီးရင် PHONE app setting မှာ google play store ကို clear data လုပ်ပါ။ပီးရင် turbo vpn ကိုဖွင့်ပါ။ပီးတာနဲ့ google play store ကိုပြန်သွားပါ။clear data လုပ်ပီးတာနဲ့ google play store ကိုလုံးဝမဖွင့်ပါနဲ့။turbo vpn ဖွင့်ပီးချိတ်ထားပီးမှ store ပြန်ဖွင့်ပီး DOWNပါ။



Tuesday, June 25, 2019

💢💢💯 Lean Body ရရန် လိုက်နာသင့်သည့် အချက်များ 💯💢💢



🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

💌workout နှင့် diet နှစ်ခုလုံးကို အချိန်အတိုင်းအတာတခုထိ လုပ်နိုင်ပါမှ lean body ရလာသည်ကို gym စကားဖူးသူတိုင်းသိပေမည်။ သင့်၏လက်ရှိ ဘော်ဒီ အနေအထားကို အားမလို အားမရ ဖြစ်လျှင် သင့် life style စပြောင်းရန် အချိန်ရောက်လေပြီ။ အထူးသဖြင့် အိပ်ချိန်၊ စားချိန် နှင့် စားသည့် အစားအစာ အစရှိတို့ကို စတင်ပြောင်းလဲပါ။ အလုပ်များသော်လည်း workout လုပ်ဖြစ်အောင် လုပ်ပါ။ "ချွေးထွက်များမှ သွေးထွက်နည်းမည်" ဖြစ်သည်။ ချွေးထွက်များလျှင် ကျန်းမာရေးပိုကောင်းလာ၍ ငွေ ထွက်လည်း နည်းလာမည်။ lean body မြန်မြန် ရအောင် အောက်ပါ နည်းလမ်းများ အသုံးဝင်ပေမည်။

၁💌မိမိစားရန်အတွက် ကိုယ်တိုင် chef လုပ်ပါ။
တိုးတက်ပြီးနိုင်ငံများတွင် အလုပ် သွားရသည့်ရက်အတွင်း တစ်ပတ်စာ စားရန် အလုပ်ပိတ်ရက်တွင်  ကြိုတင် prep လုပ်ထားကြသည်။ lean body ပိုင်ရန်မှာ အကောင်းဆုံးနှင့် အမြန်ဆုံးနည်းမှာ မိမိစားသည့် အစားအစာ ၉၀% နီးပါး ကို ကိုယ်တိုင် ချက်လုပ်ခြင်းဖြစ်လေသည်။ ထိုသို့လုပ်ခြင်းဖြင့် မိမိ အစားအစာတွင် ဘယ်အရာကား ဘယ်လောက်များများ သုံးသည်ကို သိနိုင်၍ ကယ်လိုရီ ပမာဏကိုထိန်းနိုင်ပေမည်။ အမြတ်အစွန်းအတွက် ရောင်းရန် ပြင်ထားသော ဆိုင်စာများမှာ ကယ်လိုရီ overloaded ဖြစ်တတ်သည်ကို သတိထားပါ။

၂💌အသီးအရွက် heavy ကြီး စားပါ။
တည့်ပြောရလျှင် ဘော်ဒီအလန်းစား လိုချင်ပြီး အစား control မလုပ်နိုင်သူများအတွက် အသီးအရွက်မှာ အကောင်းဆုံးဖြစ်သည်။ အထူးသဖြင့် ရေဓါတ်များသော အစားအစာများကို ရွေးစားပါ။ မချိုသော နို့ထွက် ပစ္စည်းများလည်း စားနိုင်ပေသည်။ ပမာဏများပြီး ကယ်လိုရီ နည်းသောကြောင့် ဘော်ဒီအလန်းအတွက် အကောင်းဆုံးဖြစ်သည်။ အကြံပြုလိုသည်မှာ  pasta မှ အစ မိမိလုပ်စားသည့်အထဲတွင် ကယ်လိုရီနည်းသော အသီးအရွက် ရောထည့်ပြီး စားသုံးပါ။

၃💌နံနက်အိပ်ရာနိုးချိန် အစာစားပေးပါ။
၂၁ ရာစု၏ သားကောင် ကျနော်တို့အားလုံးမှာ မျက်လုံးပွင့်ချိန်မှ အလုပ်နှင့်နပန်းလုံးနေရသည်။ အခြေအနေအမျိုးမျိုး ကြောင့် နံနက်စာ မစားသူများရှိသည်။ သို့သော် ဘော်ဒီအလန်းစား ရရန်မှာ နံနက်စာ အရေးကြီးဆုံးဖြစ်သည်။ နံနက် နိုးလာသည့် ဘော်ဒီကို သူ့၏ function များ အလုပ် လုပ်နိုင်ရန် အစာကျွေးရန်လိုအပ်သည်။ ပုံမှန်အားဖြင့် ၂:၁ မှာ ကစီနှင့် ပရိုတိန်း ratio ဖြစ်သည်။ သို့သော် မိမိ သွားမည့် ပန်းတိုင်အလိုက် ကွားခြားနိုင်ပေသည်။

၎💌သကြားဓါတ် သို့  အချို လျှော့စားပါ။
ကျနော်တို့ တစ်ဦးတစ်ယောက်ချင်း ဘော်ဒီ၏ သကြားဓါတ်လိုအပ်မှု မ တူညီနိုင်ပေ။ မိမိ၏ ဘော်ဒီ အခြေအနေကို ဦးစွာ သိအောင်လုပ်ပါ။ ပုံမှန် ကျန်းမာရေး ကောင်းသူတစ်ယောက်အနေဖြင့် သကြား လျှော့စားသင့်ပါသည်။ နေ့တိုင်း စားသည့် မုန့်၊ သရေစာများ မှာ အချိုဓါတ် ကို အဓိက အရသာအနေဖြင့် လုပ်ထားသည်။ တနည်းအားဖြင့် ကွက်ကီး၊ ဘီစကစ်၊ ကိတ်များ မဝယ်မီ အချိုဓါတ်ပါဝင်နုန်း သိရန် label ဖတ်ပါ။ ချိုရဲသော မုန့်များနှင့် လဘ္ကက်ရည် တွဲပြီး သုံးဆောင်တတ်သူများ သတိထားသင့်ပေသည်။

၅💌အမျှင်ဓါတ် နေ့စဉ် များများ စားပေးပါ။
အမျိုးသားတစ်ယောက် တစ်နေ့ အမျှင်ဓါတ် ၃၅ ဂရမ် နှင့် အမျိုးသမီး တစ်ယောက် ၂၅ ဂရမ် စားသင့်သည် ဟုဆိုသည်။ gym ကစားပြီး ဘော်ဒီထုဆစ်သူများ အမျှင်ဓါတ်ကို ပိုစားပေးရသည်။  လေ့လာချက်အရ အမေရိကတွင် ၎င်း၏ ထက်ဝက်သာ စားသုံးကြသည်ဟု ဆိုသည်။ အဆီသိုလောင်မှုနည်း စေရန် အကျိုးပြုသည်။ ဥပမာ။ ပဲနီလေးသည် fibre ဓါတ်ရရန် စားသင့်ပေသည်။ ပုံမှန် ဟင်းရည်ခွက် အရွယ်တစ်ခွက်တွင် ၁၄ ဂရမ် ဝန်းကျင် ရှိသည်ဟု သိရသည်။

၆💌ကောင်းသောအဆီကို စားပါ။
ကျန်းမာချင်သူတိုင်း အဆီ ပိုစားမိရန် ကြောက်ကြသည်။  အဆီလျှော့စားပါ ရှောင်ပါ ဆိုသည်ကိုလည်း လူတိုင်း သတိထားကြသည်။ သို့ဖြစ်၍ အဆီ စားပါ ဆိုသည်မှာ အဘယ်ကြောင်းနည်း။ အလွယ်တကူ bad fat နှင့် good fat နှစ်မျိုးကို သိရန်လိုအပ်သည်။ good fat သို့ ကောင်းသော အဆီ သည် ခန္ဓာကိုယ်တွင်း ဟော်မုန်း ထုတ်လုပ်ရန် လိုအပ်သည် သာမက ဘော်ဒီအဆီများကို လျှော့ချရန်မှာလည်း အသုံးဝင်သည်။ ဥပမာ။ အစေ့အဆံမှ အဆီ၊ ထောပတ်သီး၊ သံလွင်ဆီ များမှာ ဘော်ဒီအတွက် အကျိုးရှိပေသည်။

၇💌မချက်မပြုတ်ပဲ၊ အစိမ်း များများစားပေးပါ။
မြန်မာများအတွက် အလွယ်ကူဆုံးဖြစ်ပေမည်။ ထမင်းဝိုင်းတွင် ငါးပိရည် နှင့် တို့စရာမျိုးစုံစားခြင်းမှာ မိသားစုတိုင်း စားကြမည်ထင်၏။ lean body ရရန် ငါးပိရေမှာ အငန်ဖြစ်၍ လျှော့စားသင့်သော်လည်း တို့စရာမှာ ကြိုက်သလောက် စားနိုင်ပေသည်။ အသီးအရွက်များကိုသာအစိမ်း စားရန်တိုက်တွန်းသော်လည်း သား၊ ငါး များကို အစိမ်းစားရန် မဆိုလိုပေ။ ဂျပန်အစားအစာ၊ ကိုရီးအစားအစာ များမှ အပ ပါ။

၈💌နောက်ဆုံးတစ်ခု မှာ ကျနော်တို့ အားလုံးအတွက် မရှိမဖြစ်လိုအပ်သော ရေ သောက်ခြင်းဖြစ်သည်။ တစ်ရက်လျှင် အနည်းဆုံး ဘော်ဒီ ဝိတ်ပေါင်ချိန် ၏ ထက်ဝက် ပမဏ ရေ အောင်စ သောက်ရမည် ဟုဆိုသည်။

💌ကျနော် gym နယ်ပယ်မှ ဂုရု တစ်ယောက်လုံးဝ မဟုတ်ပါ။ ဝါသနာရှင် အဆင့် only ပါ။ အပလာ မဟုတ်သည့် မဟာဂျင်း လည်း မထည့်တတ်ပါ။ လေ့လာထားတာတွေနှင့် အတွေ့အကြုံ နှစ်ခု ပေါင်းစပ်ပြီး ကျနော်နှင့် ဝါသနာတူများအတွက် sharing လုပ်ပေးရုံ သက်သက်ပါ။


🙏have a happy & heathy day🙏

အားလုံးကျန်းမာကြပါစေ "Health is Wealth”
🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈

မူလရေးသားတင်ဆက်သူ စာမျက်နှာ - Online Gym for Simple Workouts & Diet Tips

Monday, June 24, 2019

"အောင်မဲညို "



Clitoria ternatea L.,
Family : Fabaceae
Common Names:  Butterfly pea, Pe-nauk-ni

အခုတလော Facebook ပေါ်မှာ နံမည်ကြီးနေသော အောင်မဲညိုအကြောင်း ပြန်တင်ပြလိုပါတယ်။ တကယ်လက်တွေ့သက်သာလို့ လည်း နံမည်ကြီးတာပါ။ အညာမှာတော့ အောင်မဲညို အပင်လေးတွေက အလေ့ကျပေါက်ပါတယ်၊ ဘယ်နေရာသွားသွားတွေ့ရတယ်၊ ဒီအတိုင်းပေါပေါများများတွေ့ရလို့ အထင်မသေးလိုက်ပါနဲ့၊  Ocean လို shopping mall လို ကုန်တိုက်ကြီးပေါ်မှာ အညိုရောင် စာအိတ်နဲ့ သွတ်သွင်း ရောင်းရင်တော့ တအိတ် ၅၀၀၀ ကျပ်ဖြစ်သွားပြီ၊ နို့ဆီဗူးတဝက်စာတောင်မရှိ ၊ ဘာလို့ ဈေးကြီးတာလည်း ၊ သူ့ရဲ့ ဆေးဖက်ဝင်မှုကို လူတွေ တဖြည်းဖြည်း သိလာကြလို့ပေါ့၊ အခုဆို အရင်လို ခြုံတွေ့တိုင်းမရှင်းကြတော့ဖူး၊ အောင်မဲညိုပင်လေး တွေ့ရင်  မသတ်နဲ့ဦးဖြစ်လာဘီ၊ အပွင့် ခူးပြီးစုတဲ့လူတွေရှိလာပြီ။


ပန်းက ၂ မျိုးရှိတယ်၊ အလှစိုက်နဲ့ သဘာဝပေါက်ပင် ဖြစ်တယ်၊ သဘာဝအတိုင်းပေါက်နေတဲ့ ပန်းက ပိုလို့တောင်ဆေးဖက်ဝင်ပါသေးတယ်၊ သဘာဝပေါက်သောပဲပန်းက ပွင့်ချပ် တထပ်သာပါသော်လည်း အလှစိုက်ရန် ပျိုးထားသော အောင်မဲညိုပဲပန်းကတော့ ပွင့်ချပ် အထပ် အရေအတွက် ပိုများပြီးပိုလှပါတယ်။ ၂ မျိုးစလုံး၏ ဆေးဝင်ပုံက အတူတူပါ။

အပြာရောင် ပဲပန်းလေးပေမဲ့ မြန်မာအမည်ကို ဘာ့ကြောင့် "အောင်မဲညို"လို့ ခေါ်မှန်း မသိပါ၊ ဒါပေမည့်  (ကိုသန်းထိုက်ဦး comment လေးက အဖြေဖြစ်မှာပါ...

မြန်မာဝေါဟာရ မှာ "ညို " ဆိုသောစကားလုံးဟာ အပြာရောင်လို့လည်းအဓိပ္ပာယ် ရပါတယ်ဆရာ မြတ်စွာဘုရားရဲ့ရောင်ခြည်တော် ခြောက်သွယ်မှာ ညိုသောရောင်ခြည်ဆိုတာ အပြာရောင်ရောင်ခြည်တော်လို့ဆိုလိုတာပါ နောက်ဥပမာတခုက ကြာညိုလို့ခေါ်တဲ့အပြာရောင်ကြာပန်းကလေးတွေပါ

လူသိအများဆုံး အနက်တူစကားအတွဲအစပ်အနေနဲ့
ဆရာဇော်ဂျီရဲ့ဗေဒါလမ်းကဗျာမှာပါတဲ့ ညိုပြာပြာ လတာပြင်ခြေရင်း ..ဆိုတာကိုညွှန်းလိုပါတယ် ဆရာ...)
အဖြူရောင်ပန်းကိုတော့ "အောင်မဲဖြူ"လို့ခေါ်ပါတယ်။ မူရင်းပေါက်ရာဒေသက အပူပိုင်းဒေသ နဲ့ သမပိုင်းဒေသများဖြစ်ကြပြီး ၊  Southeast Asia နဲ့ Madagascar ဒေသများမှာ  ပေါက်ပါတယ် ၊ ထိုင်းမှာတော့ ဆေးဝါးအတွက်စိုက်ကြတယ်၊

ပန်းရဲ့ မျိုးစု "genus" အမည်ပေးပုံကလည်းဆန်းပြားလှပါတယ် လက်တင်စကား "Clitoria" ဆိုတာ မိန်းမတယောက်ရဲ့ အမလိင်အင်္ဂါ "Clitoris"မလိင်စေ့ ကိုရည်ညွှန်းပါတယ်၊ ဒီပဲပန်းပွင့်နေပုံကို ရှေ့ကကြည့်ရင်  မိန်းမတယောက်ရဲ့လိင်အင်္ဂါ ပုံစံ နဲ့ မထင်မှတ်ဘဲ တူနေတာကို မြင်ကြရမှာပါ၊

Taxonomy

အပင်ကနွယ်ပင်လေးပါ အရွက်ကရွက်ပေါင်းဖြစ်ပြီး ရွက်မွှာ ၅ရွက်ကနေ ၇ရွက် လောက်ပါပါတယ်၊ ပန်းခိုင်က ကြားထွက် ဖြစ်ပြီး အခြားပဲပန်းများနဲ့မတူ တပွင့်ထဲထွက်တာဆန်းလှပါတယ်၊ ဒါ့အပြင် အပြာရောင်မို့ အဝေးကပင်မြင်နိုင်ပါတယ်၊ ပွင့်ခံရွက် ပွင့်ညှာရွက်များပါပါတယ်၊ ပွင့်ဖတ်အုံက ပြွန်ပုံဖြစ်ကာ အဝိုက် ၅ခုထိပ်မှာရှိပါတယ်၊ ပန်းပွင့်ရဲ့အထင်ရှားဆုံးဖြစ်တဲ့ ပွင့်ချပ်အုံမှာ Standard , wings, keels ပါပါတယ်၊ အကြီးမားဆုံး standard က တခုထဲပါပြီးအကြီးဆုံးပါ အပြာရောင်ဖြစ်ပြီး အလယ်အရင်းမှာ အဝါရောင်ဖြော့ဖြော့ အကွက်ငယ်ပါပါတယ်၊ wings ၂ခုပါပြီး အတွင်းဖက်ဆုံးက keels 2ခုထက်ကြီးပါတယ်၊ သူတို့ ၅ခုတည်နေပုံက ပုံမှာအတိုင်းဖြစ်ပြီးဖြုတ်ကြည့်လျှင် လိပ်ပြာပုံစံမြင်ကြရမှာပါ၊ ဝတ်ဆံဖို ၁၀ခုပါပြီး ၂စုစည်းပါ၊ ၉ခုတစည်းနဲ့ တခုတစည်းပါ၊  အသီးတောင့်က အနဲငယ် ပြားပြီး အစေ့ ၄စေ့ ကနေ ၁၀စေ့အထိ ပါနေတတ်ပါတယ်။

အသုံးပြုပုံ

Southeast Asia မှာတော့ ပန်းပွင့်လေးတွေကထွက်တဲ့အပြာရောင် အရည်ကို  အစားအစာများဆေးဆိုးရာမှာသုံးကြတယ်၊ အန္တရာယ်လည်းကင်းပါတယ်၊  မလေးမှာတော့ ပန်းပွင်က စစ်ထုတ်အရည်ကို ကောက်ညှင်းဆန် အရောင်လှအောင်ဆိုးတဲ့နေရာသုံးကြတယ်၊ မုန့်လေးတွေ ဆေးဆိုးရာမှာသုံးကြတယ်။ အပြာရောင် ကွတ်ကီးက ဒီအပင်ကရတာပါ။

ထမင်းအိုးထဲကို ဒီပန်းပွင့်ကို ထည့် ချက်ကြည့်ရင် အပြာရောင် ထမင်းရမှာပါ၊ ဘေးထွက်ဆိုးကျိုး မရှိသော သဘာဝအပြာရောင်ဆိုးဆေးပါ။ ဒါ့အပြင် မုန့်အမျိုးမျိုးအတွက်  အရောင်တင်ဆီအဖြစ် အသုံးပြုလို့ရပါတယ်။ထိုင်းနိုင်ငံမှာဆိုရင်တော့ ဖျော်ရည်၊ရေနွေးကြမ်းအဖြစ်သောက်သုံးကြတယ်။


ပန်းအပွင့်အစိုကို ရေနွေးပူပူထဲမှာ ငါး မိနစ်ခန့် ထည့်စိမ်ပြီး အပေါ်ကနေ  သံပုရာရည် ညှစ်ပြီး ရောစပ်ကာ သောက်နိုင်ပါတယ်၊ အလွန်ကို ရိုးရှင်းသော ဖျော်ရည်ပါ၊ ပန်းပွင့် လတ်လတ်ဆပ် ဆပ် မရလည်း ပန်းပွင့် အခြောက်ကိုသုံးနိုင်ပါတယ်။ ထိုင်းမှာတော့ ဒီပန်းကနေရသော အပြာရောင်အရည်ကို   nam dok anchan (น้ำดอกอัญชัน) လို့ခေါ်ပါတယ်၊ သူ့ကို သံပုရာ lime juice တစက်ခန့်နဲ့ရောတဲ့အခါ acidity ကိုတိုးစေပြီး မူလ အပြာရောင်ကနေ  pink purple အဖြစ်ပြောင်းလဲသွားတယ် ၊ အချို့လည်း အပြာရောင်ဖျော်ရည်လုပ်ကာသောက်သုံးကြတယ်။

ဆေးဖက်ဝင်ပုံများ

အပြာရောင်ပန်းလေးထဲမှာ  Antioxidants များဖြစ်သည့် proanthocyanidin တွေပါတယ်၊ သွေးစီးဆင်းလည်ပတ်မှုကောင်းစေတယ်၊ အမြင်အာရုံတွေပိုကောင်းလာစေတယ်၊ သောက်သုံးခြင်းက glaucoma, blurred vision, retinal damage or tired eyes ရောဂါတွေကိုသက်သာစေတယ်။

ပန်းပွင့်ထဲမှာ  bioflavonoids တွေ ကြွယ်ဝစွာပါလို့ဆံပင်တွေကို နက်မှောင် သန်စွမ်းစေရုံသာမက ဆံပင်ဖြူခြင်းကို လျောကျစေတယ်၊ စကားမစပ် အောင်မဲညို ခေါင်းလျှော်ရည်ကတော့ အတော်ကောင်းတယ်လို့ သိရပါတယ်။ Facebook မှာဘဲ ဖြစ်ဖြစ် Google မှာဘဲဖြစ်ဖြစ် Butterfly shampoo လို့ ရိုက်ထည့်ပြီးရှာပါ၊ ခေါင်းလျော်ရည်ကြောင့် ဆံပင်သားတွေ သန်စေရုံသာမက၊ ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ်ပေးပါသတဲ့၊ ဆံပင်ပါးသူတွေသုံးသင့်ပါတယ်။

ပန်းမှာပါသော  antioxidants တွေက collagen and elastin synthesis တွေကို လှုံ့ဆော်ပေးနိုင်တာမို့ အသားအရေများပြော့တွဲလာခြင်းကို ဟန့်တားစေပြီး၊  အသက်ကြီးလို့ ဖြစ်လာသည့်အရေပြားရောဂါတွေ ကင်းစင်ကာ အပျိုအရွယ်လေးပမာ အသားအရေက ပြောင်တင်းချောမွေ့က အရွယ်တင် နုပျိုစေပါတယ်။

ဒီပန်းမှာ Aphrodisiac လို့ခေါ်တဲ့ ကာမအားတိုးဆေးနဲ့ ဆိုင်သော သက်ရောက်မှုရှိတယ်။ ကာမကို အားပေးရုံသာမက အမျိုးသမီးတွေမှာဖြစ်တတ်သော ဓမ္မလာခြင်းနှင့် ဆိုင်သော ပြသနာများ ကိစ္စရပ်များ နဲ့ အဖြူဆင်းခြင်း   menstruation problems or white vaginal discharge (leucorrhoea) စသော ရောဂါတွေကိုလည်း ကုသနိုင်စွမ်းရှိပါတယ်။

ပန်းဟာ cognitive function ကို မြန်ဆန်စေပြီး  ဦးဏှောက်၏ လုပ်ငန်းများကို မြန်ဆန်လာစေတယ်။ ဆီးကို ပုံမှန် သွားစေလို့ Diuretic ဆီးရွှင်ဆေးအဖြစ်သုံးနိုင်တယ်။ သွေးတိုးသမားတွေအတွက် သဘာဝသွေးကျဆေးဖြစ်တယ်။

နာကျင်ကိုက်ခဲခြင်းနဲ့ ဖောယောင်ခြင်းကို သက်သာစေတယ်။ စိတ်ဖိစီးမှု  stress and anxiety ကိုလည်းကျစေပါတယ်။ ပန်းကို Anti-Asthmatic အဖြစ်သုံးရာမှာ
သာမန်အဖျားရောဂါ အအေးမိ common cold, ချောင်းဆိုး cough & ပန်းနာရင်ကြပ် asthma ရောဂါတွေကိုလည်းသက်သာစေပါတယ်။ အစားအသောက်ထဲက သကြားဓာတ်ကို ဟန့်တားစေနိုင်တာမို့ ဆီးချိုသမားများအတွက်တော့ ဆေးတခွက်ပါဘဲ ၊

 ပဲပန်းထဲမှာ cyclotides, ဒြပ် ပေါင်းပါတယ်၊ ဒီ ဒြပ်ပေါင်းက  anti-HIV effects ကိုပြသကြောင်း သုတေသနများအရသိရတယ်။ ကင်ဆာဆဲလ်များကိုပင်သေစေနိုင်သော .cyclotides ဟာ ဒီပဲပန်းမှာပါဝင်နေတယ်။ ဒါ့အပြင် သူ့မှာ  anti-microbial effects ရှိပြီး Staphylococcus aureus ကို ဆန့်ကျင်ပါတယ်။ ပုံမှန်သောက်သုံးသူတွေမှာ ကိုယ်ခံစွမ်းအားမြင့်တက်စေပါတယ်။

ဖိလစ်​ပိုင်​တွင်​ ​အောင်​မဲညိုပန်းမှရ​သော အရည်​ကို BLUE TERNATE TEA PEA FLOWER အ​နေဖြင့်​​ရောင်းချသည်​ကို သိရသည်​၊ အပြာ​ရောင်​​အောင်​မဲညို​ဖျော်​ရည်​သည်​ မှတ်​ဥာဏ်​များကို ပြန်​လည်​​ကောင်းမွန်​လာ​စေနိုင်​သည်​၊ ပင်​ပန်းနွမ်း​နယ်​ပြီး စိတ်​ဖိစီးမှုများ​နေခြင်းများကို သက်​သာလာ​စေသည်​၊


Health Benefits အကျိုး​ကျေးဇူးများကို ခြုံဖော်ပြရရင်

ထို​ဖျော်​ရည်​ ​သောက်​သုံးခြင်းဖြင့်

Lower blood pressure ​သွေးတိုးကျ​စေခြင်း
Anti-asthma ပန်းနာ​ရင်​ကျပ်
Cancerolytic ကင်​ဆာ​ရောဂါ ကာကွယ်
Immunity Boost ကိုယ်​ခံစွမ်းအားမြင့်
Anti-anxiety ​စိတ်​ဖိစီးမှုကင်း
Pain reliever နာကြင်​ မှုများသက်​သာ
များရ​စေနိုသည်​ဟုဆိုထားပါသည်​၊
 ဘေးထွက်ဆိုးကျိုး မရှိသလောက် နည်းသောပန်းတပွင့်အဖြစ်လည်းမှတ်သားမိပါတယ်။

အမြစ်​ကို​ထောင်းထားသည်​ အမှုန့်​ကို စားသုံးလျှင်​ ​ချောင်းဆိုး အ​အေးမိ နှင့်​ ပန်းနာရင်​ကြပ်​ ​ရောဂါများ သက်​သာ​ပျောက်​ကင်း​စေပါသည်​၊ အထူးသဖြင့်​ အဆိပ်​ရှိ​သော သတ္တ၀ါ များ အင်းဆက်​များ ကိုက်​ခံရသည့်​ ဒါဏ်​ရာများအ​ပေါ်တွင်​ အလွန်​အစွမ်းထက်​စွာ တုန့်​ပြန်​​စေပါသည်​၊

တိုင်းရင်းဆေးဝင်ပုံ

ဒါ့အပြင် "အောင်မဲညိုပင်လေး" က တိုင်းရင်းဆေးဖက်ဝင်သော အပင်လေးတပင်ပါ၊ အရှင်နာဂသိမ်ဆေးကျမ်းမှာတော့ ဆေးဝင်ပုံကို ယခုလိုရေးသားထားပါတယ်......အောင်မဲညိုပင်က ပဉ္စငါးပါးအသုံးဝင်လှတယ် အပင်သည်ခါး၏၊ ပြေပြစ်၏၊ဒေါသသုံးပါး ပျက်သည်ကိုနိုင်၏၊ အေးသောဂုဏ်ရှိ၏၊ လေသလိပ်ဖျားခြင်း ပူလောင်ခြင်း၊ မူးဝေထိုင်းမှိုင်း သွေးဝမ်းသွားခြင်း ရူးသွပ်ခြင်း ချောင်းအလွန်ဆိုးခြင်း၊ ပန်းနာရင်ကြပ်၊ ခူနာ ပိုးနာ အဆုပ်ရောဂါတွေပျောက်ကင်းစေ၏။ အမြစ်သည် ကာမအားကိုတိုးစေ၏၊ ပိတ်ဝမ်းသွားခြင်းကိုပယ်စေ၏၊ လေကြောများ၏ ပူလောင်ခြင်းကိုငြိမ်းအေးစေ၏၊ ပန်းနာ ရင်ကြပ် ရေဖျဉ်း ဝမ်းဗိုင်တင်းရောင်ခြင်းကို ပယ်ဖျောက်တတ်၏။လို့ဆေးကျမ်းမှာ ဖော်ပြထားတယ်။


ကိုယ့်ဝန်းကျင်ကအပင်လေးတွေမှာ မထင်မှတ်လောက်သော အစွမ်းသတ္တိ ရှိနေတာဟာဖြင့် တကယ်ကိုစိတ်ဝင်စားစရာပါ၊ နွယ်မြက်သစ်ပင်ဆေးဖက်ဝင်တာမို့ ချစ်စဖွယ် အောင်မဲညိုပန်းလေးတွေ ကောက်ယူမိရင်း ဒီ post ရေးသားမိပါတယ် ၊

Kothet NaingOo
Monywa University
16.6.2019

ကိုးကား
Wikipedia
အရှင်နာဂသိမ် ပုံပြ ဆေးအဘိဓာန်

အပင်တွေနဲ့ဆိုင်သော link
Flowers from Myanmar.

https://www.facebook.com/Flowers-From-Myanmar-360042720833435/

Friday, June 21, 2019

အဆီချေဖျက်တဲ့ ဖျော်ရည်လေးတွေ

(Fat Destroying Smoothies to Try Out)


ကိုယ်ခန္ဓာမှာရှိနေတဲ့ အဆီအဆိုင်အခဲတွေကို ကျေပျက်လွယ်စေပြီး ဖြစ်တည်လာမည့်အဆီတွေကို ချေဖျက်ပေးမယ့် ကိုယ်လက်လှုပ်ရှားမှုတွေလုပ်နေစဉ်မှာ အထောက်အပံ့လည်းဖြစ် ပါးစပ်အာသာပြေစေမယ့် Smoothies လေးတွေကို ဖျော်မသောက်ချင်ဘူးလား။ အချို့သစ်သီးတွေက ၀ယ်ယူဖို့လွယ်ပေမယ့် အချို့သစ်သီးတွေကတော့ စူပါမားကတ်တွေမှာ သေချာရှာဝယ်မှရမယ့်အနေအထားတော့ရှိပါတယ်။

Smoothies တွေကချိုပါတယ်။ ဒါကိုသတိထားဖို့လိုတဲ့လူတွေလည်းရှိတယ်။ ဥပမာ ဆီးချိုသွေးချိုသမားတွေအတွက်ပေါ့။ သည်လိုလူတွေအတွက်ကတော့ သစ်သီးဝလံ ဟင်းသီးဟင်းရွက်ကအစ ဒိန်ချဉ်အဆုံး ပါဝင်ပစ္စည်းတွေကို ရွေးချယ်ပြီး ဖျော်စပ်သောက်သုံးရမှာတော့ အသေအချာနော်။

(၁) ဘယ်ရီသီးတွေ (Berry good smoothie)
သည် Smoothie က ကိုယ်အလေးချိန်လျော့သမားတွေအတွက် whey protein လိုပဲ အဆီဖြိုခွဲရာမှာ အခက်မတွေ့စေမယ့် ဘယ်ရီသီးတွေနဲ့ ပေါင်းစပ်ထားပါတယ်။ ပါဝင်ပစ္စည်းတွေကို လတ်လတ်ဆတ်ဆတ် ချက်ချင်းဆေးကြော Blender ထဲအကုန်ထည့်ပြီး စက္ကန့်အနည်းငယ်အတွင်း ကြိတ်ခြေဖျော်စပ်သောက်သုံးရမှာပါ။

လိုအပ်ပစ္စည်း -
စတော်ဘယ်ရီ ၂ခွက်စာ 2 cups of strawberries (fresh or frozen),

ချယ်ရီသီး တစ်ခွက်စာ (a cup of cherries),

ဘလူးဘယ်ရီ တစ်ခွက်စာ (a cup of blueberries),

Whey Protein မှုံ့ တစ်အောင်စ (an ounce of whey protein),

နို့ တစ်ခွက် (a cup of milk)

ပြုလုပ်နည်း
ပါဝင်ပစ္စည်းတွေအကုန် ကြိတ်စက် (Blender) ထဲတပြိုင်နက်လိုလို ထည့်ခြေကာ လတ်လတ်ဆတ်ဆတ်သောက်သုံးနိုင်ပါပြီ။

(၂) သရက်သီး (Mango smoothie surprise)

အဆီတွေကို ခြေဖျက်စေမယ့် smoothie တစ်ခွက်ဖျော်သောက်ဖို့စဉ်းစားနေရင် သရက်သီးကိုလည်း မမေ့ထားသင့်ပါဘူး။

လိုအပ်ပစ္စည်း -
အခွံခွာပြီးလှီးထားသော သရက်သီးအတုံးလေးတွေ - ခွက်ရဲ့ လေးပုံတစ်ပုံ (1/4 cup of mango cubes),

သရက်သီးရည် ခွက်တစ်ဝက် (1/2 cup of mango juice),

လတ်လတ်ဆတ်ဆတ်ညှစ်ထားသော သံပရာရည် စားပွဲတင်ဇွန်းတစ်ဇွန်း (1 tablespoon of freshly squeezed lime juice),

ကြိတ်ခြေထားသော ထောပတ်သီး တစ်ခြမ်းစာအနှစ်၊

အဆီလွတ် ဗနီလာနံ့ ဒိန်ချဉ်၊

ရေသန့်ရေခဲ ၆တုံး၊

ပြုလုပ်ပုံ
Blender ထဲကို ပါဝင်ပစ္စည်းများကို တစ်ခုပြီးတစ်ခုထည့်ကာ ကြိတ်ခြေပြီး လည်ရှည်ဖန်ခွက်ထဲထည့်လျှက်သုံးဆောင်နိုင်ပါပြီ။

(၃) အုန်းသီး (Coconut smoothie)

အဆီတွေကို ဖြိုဖျက်နိုင်တဲ့နောက်ထပ် smoothies ကတော့ အုန်းသီးထွက်ကုန်တွေဖြစ်ပါတယ်။ သဘာဝအုန်းသီးပြောတာနော်။

လိုအပ်ပစ္စည်း -
အုန်းနို့ ၈အောင်စ (8 ounces of coconut milk),

သန့်စင်ထားသော အုန်းဆီ စားပွဲတင်ဇွန်းတစ်ဇွန်း (a tablespoon of extra virgin coconut oil),

ဘယ်ရီသီး ခွက်ရဲ့လေးပုံတစ်ပုံ (1/4 cup of berries),

ငှက်ပျောသီး တစ်လုံး (a frozen banana),

ကြက်ဥ နှစ်လုံး ( 2 eggs)

ပြုလုပ်ပုံ
Blender ထဲကို ပါဝင်ပစ္စည်းအကုန်ထည့်ပြီး စက္ကန့်အနည်းငယ်ကြာအောင် သေချာကြိတ်ခြေပေးပါ။ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။ အချိုထပ်ထည့်လိုပါက သဘာဝပျားရည် (Raw organic honey) ထပ်ပေါင်းထည့်နိုင်ပါသေးတယ်။

(၄) ကျန်းမာစေမယ့် အစိမ်းရောင် (Skinny gut healthy green smoothie)

အဆီဖြိုဖျက်မယ့်နောက်ထပ် Smoothies ဖျော်သောက်ဖို့လိုတာတွေက

သခွားသီးအသေး ခွက်ရဲ့ သုံးပုံတစ်ပုံ (1/3 small cucumber),

ဖြတ်တောက်လှီးချွတ်ထားသော ကိုက်လန် တစ်ခွက်စာ (1 cup of trimmed kale),

နံနံအရွက် ၃ ရွက် ( 3 sprigs of parsley),

အစိမ်းရောင်ပန်းသီး ခွက်ရဲ့ လေးပုံတစ်ပုံ ( ¼ green apple),

တရုတ်နံနံရိုးပွ နှစ်ချောင်း ( 2 ribs of celery),

ဟင်းနုနွယ်ရွက်နု တစ်ခွက်စာ (a  cup of baby spinach),

သံပရိုသီး အူတိုင် တစ်ခု (1 lemon wedge) နဲ့ သံပရိုရည်။

ပြုလုပ်ပုံ
ပါဝင်ပစ္စည်းများကို Blender ထဲထည့်ကာ ကြေညက်ချောမွေ့သွားသည်အထိ ကြိတ်ခြေလိုက်ပါ။

(၅) ချောကလက် (Chocolate fruit smoothie)
ချောကလက်….ချောကလက်ဟုတ်လားလို့ မမေးပါနဲ့။ နို့တွေ အခြားပစ္စည်းတွေအထွေအထူးမပါတဲ့ အနက်ရောင်ချောကလက်ကို ဆိုလိုတာ ပြောချင်တာပါ။

ပါဝင်ပစ္စည်း
Whey Protein မှုန့် ချိန်တွယ်ဇွန်းနဲ့ တစ်ဇွန်းစာ (a scoop of whey protein),

ရေသန့်ရေခဲ ၄-၅တုံး (4 to 5 ice cubes),

ရေ တစ်ခွက် (a cup of water)

အချိုမပါသော ကိုကိုးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း (a teaspoon of unsweetened cocoa)

Chitosan အမှုန့် ၁၀၀၀ မီလီဂရမ် (1,000mg of chitosan)

ခပ်ကြီးကြီး ငှက်ပျောသီး တစ်ဝက် (½ of a large banana)

ဘလူးဘယ်ရီသီး ခွက်တစ်ဝက်စာ (half a cup of frozen blueberries)

Flaxseed အထုပ် တစ်ဝက်စာ (half a pack of milled flaxseed)

ပြုလုပ်ပုံ
ပါဝင်ပစ္စည်းတွေကို Blender ထဲသေချာထည့်ပြီး စိတ်ကြိုက်အနေအထားရသည်အထိကြိတ်မွှေပါ။ ဖျော်ပြီးပြီးခြင်းသုံးဆောင်နိုင်ပါပြီ။ အချို့သောပါဝင်ပစ္စည်းတွေကတော့ အဟာရဖြည့်စွက်စာရောင်းသော ဆိုင်များမှာရနိုင်ပါတယ်။

(၆) ခပ်မြန်မြန်လေး (Mood boosting breakfast blast)

ပြုလုပ်ဖို့လည်းလွယ်။ ပါဝင်ပစ္စည်းတွေကလည်း သိပ်ရှာဖို့မခက်တဲ့အမယ်တွေပါပဲ။

ပါဝင်ပစ္စည်းတွေ
ဘလူးဘယ်ရီ ခွက်ရဲ့လေးပုံတစ်ပုံ (¼ cup of blueberries)

သစ်ကြားသီး ၅ခု (5 walnuts)

အချိုမပါသော ဗာဒံသီးစေ့ရည် တစ်ခွက်ခွဲ (1 ½ cups of unsweetened almond milk)

ငှက်ပျောသီး တစ်လုံး (a banana)

မြင်းစားဂျုံ ခွက်တစ်ဝက်စာ (half a cup of oats)

ပြုလုပ်ပုံ
Blender ထဲကို ပါဝင်ပစ္စည်းများထည့်ပြီး စက္ကန့်အနည်းငယ်ကြာသည်အထိ ကောင်းကောင်းကြိတ်မွှေကာ သောက်သုံးနိုင်ပါသည်။


စာကြွင်း ။ ပါဝင်ပစ္စည်းအမည်လေးတွေမှာ အဓိပ္ပာယ်ရှင်းလင်းချက်တွေသိဖို့ လင့်ခ်ချိတ်ပေးထားပါတယ်။ click လုပ်ပြီး ဆက်စပ်ဖတ်ရှုနိုင်ပါတယ်။  အတိုင်းအတာတွေက ၁ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် တစ်ခွက်၊ ထမင်းစားဇွန်း = 1 tablespoon = 15ml ၊ လက်ဖက်ရည်ဇွန်း = 1 teaspoon = 5ml ဖြစ်ပါတယ်။

Thursday, June 20, 2019

*ဓါတ်ပုံ စတင်ရိုက်ကူးသူတွေအတွက် အသုံးများတဲ့ ကင်မရာ setting များ*


:::-----}

ဖိုတိုဂရမ်ဖာ လူသစ်အများစုဟာ သူတို့ လက်ရှိ အသုံးပြုနေတဲ့ ကင်မရာပစ္စည်းတွေနဲ့ အကောင်းဆုံးပုံတွေ ရိုက်ယူနိုင်အောင်..
ဘယ်လို ကင်မရာ setting တွေ အသုံးပြုသင့်သလဲဆိုတာ သိချင်ကြပါတယ်။

ဘယ်လို ရိုက်ကူးမှု ပတ်ဝန်းကျင်မျိုးမှာမဆို အသုံးတည့်တဲ့ ပုံသေ ကင်မရာ settings မျိုးတော့ မရှိပါဘူး။
ဒါပေမဲ့ ဘယ်လို ကင်မရာမျိုးမှာမဆို အသုံးဝင်နိုင်မဲ့ setting အချို့ တော့ ရှိပါတယ်။

အဲဒါတွေက အစကနဦးမှာ ထားပေးရတဲ့ အခြေခံ settings တွေဖြစ်ကြပြီး..
ထားပေးပြီးသွားပြီဆိုတာနဲ့ သိပ်လှည့်ကြည့်စရာ မလိုတော့ပါဘူး။

ဒါ့အပြင် ဓါတ်ပုံ ရိုက်ကူးခြင်းကို ပိုပြီး လွယ်ကူ၊ မြန်ဆန်စေမဲ့ သီးခြား ကင်မရာ mode တွေ ရှိကြပါတယ်။
အထူးသဖြင့် အခုမှ စတင်ရိုက်ကူးသူတွေ အတွက်ပါ။

ကျွန်တော်တို့ အဲဒီ အသုံးများတဲ့ ကင်မရာ setting တွေကို အသေးစိတ် လေ့လာကြည့်ကြရအောင်...

:::----->

*ကင်မရာ setup*

ပထမဆုံး ကျွန်တော်တို့ ခေတ်ပေါ် ဒစ်ဂျစ်တယ် ကင်မရာအများစုမှာ အသုံးချသင့်တဲ့ ကင်မရာ setting အချို့ကို ကြည့်လိုက်ကြရအောင်...

အောက်မှာ ဖော်ပြထားတဲ့ setting တွေ အားလုံးကို သင့်ကင်မရာမှာ ရှာတွေ့နိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ဘာကြောင့်ဆို သူတို့ဟာ ကွဲပြားတဲ့ ကင်မရာ brand နဲ့ model တွေမှာလည်း အနည်း နဲ့ အများတော့ သွားတူနေကြလို့ပါ။

-Image Quality ကို RAW မှာထားပေးပါ

-RAW Recording မှာ ရွေးချယ်စရာရှိရင် Lossless Compressed ကို ရွေးထားပါ

-White Balance ကို Auto မှာ ထားပေးပါ

-Picture Control (သို့) Picture Style (သို့) Creative Style (သို့) Film Simulation ကို Standard မှာထားပေးပါ

-Color Space ကို sRGB မှာထားပေးပါ

-Long Exposure Noise Reduction ကို ဓါတ်ပုံအေးဆေးရိုက်တဲ့အခါ On ပေးထားပေးနိုင်ပြီး..
အချိန်လု ရိုက်ရတဲ့ အခါမှာတာ့ off ထားပေးတာ ပိုကောင်းပါတယ်။
ဘာကြောင့်လဲဆိုတာကို အောက်မှာ ထပ်ရှင်းပါမယ်။

-High ISO Noise Reduction ကို Off ထားပါ

-Active D-Lighting (သို့) DRO ၊
HDR နဲ့
Lens Corrections (Vignette Control ၊ Chromatic Aberration Control ၊ Distortion Control စတာတွေ) ကို Off ထားပါ

အထက်မှာ ဖော်ပြထားတာတွေဟာ အရေးအပါဆုံး ကင်မရာ setting တွေ ဖြစ်ကြပါတယ်။

:::----->

ပထမဆုံး တစ်ခုအနေနဲ့ သင်ဟာ သင့်တော်တဲ့ file format ကို စတင်ရွေးချယ် ထားပေးသင့်ပါတယ်။
အဲဒါကတော့ RAW ပဲ ဖြစ်ပါတယ်။

RAW compression ရွေးချယ်မှုအတွက် အခြား setting တွေ ရှိသေးတယ်ဆိုရင်..
အမြဲပဲ Lossless compressed ကို ရွေးပေးပါ။
ဘာကြောင့်ဆို ဒါဟာ ကြီးမားတဲ့ RAW file တွေ  နေရာယူတဲ့ memory ပမာဏကို လျှော့ချပေးမှာမို့ပါ။

Raw မှာ ထားရိုက်တဲ့အခါ..
Picture Controls မှာရှိတဲ့ Sharpening ၊ Contrast ၊ Saturation စတဲ့ setting တွေကို ချိန်ညှိပေးစရာ မလိုတော့ပဲ..
standard profile မှာပဲ ထားပေးလိုက်ရင်ရပါတယ်။
အဲဒီ setting တွေကို သင် JPEG format နဲ့ ရိုက်မှသာ အသုံးပြုဖို့ လိုမှာပါ။

::~~~~~}

Color space နဲ့ white balance တွေမှာလည်း အလားတူပါပဲ။
သင် Raw နဲ့ ရိုက်တဲ့အခါ သူတို့ကို စိုးရိမ်စရာ မလိုပါဘူး။
အကြောင်းက သင် နောက် editing လုပ်တဲ့အခါမှ သူတို့ကို အချိန်မရွေး ပြန်ပြောင်းပေးနိုင်လို့ပါ။

::~~~~~}

သင်က အချိန်ရလို့ long exposure ပုံတွေကို အေးအေးဆေးဆေး ထိုင်ရိုက်တဲ့အခါ “long exposure noise reduction” ကို ဖွင့်ပေးထားနိုင်ပါတယ်။
ဒါက သင် long exposure ပုံတွေရိုက်တဲ့အခါ sensor ပူပြီး ထွက်ပေါ်လာတတ်တဲ့ noise တွေကို လျှော့ချပေးတာပါ။

သို့သော် အဲဒီလို လုပ်ဆောင်ဖို့ ကင်မရာက သင် ရိုက်လိုက်တဲ့ long exposure ပုံပြီးတာနဲ့ ဆက်တိုက်ဆိုသလို နောက်ထပ် အမည်းရောင် black frame တစ်ခုကို ထပ်မံရိုက်ယူပါတယ်။
ပြီးမှ အဲဒီ ပုံနှစ်ပုံကို ပြန်ပေါင်းပေးပြီး noise တွေကို လျှော့ချတာ ဖြစ်ပါတယ်။

ဒါကြောင့် သိထားရမှာက “long exposure noise reduction” ကို ဖွင့်ထားတဲ့အခါ...
ကိုယ်က ဓါတ်ပုံတစ်ပုံရိုက်တိုင်း ကင်မရာက နှစ်ပုံရိုက်ပေးနေမှာ ဖြစ်တာကြောင့်..
အချိန်လုပြီး (သို့) လျှပ်တစ်ပြက် ရိုက်ယူရတဲ့ အခြေအနေမျိုးတွေမှာ အဲဒီ setting ကို ပိတ်ထားတာက ပိုကောင်းပါလိမ့်မယ်။

ပြီးတော့ အခုနောက်ပိုင်း editing software တွေ အသုံးပြုပြီး ပုံတွေမှာ noise တွေကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိလို့ အဲဒီအတွက် သိပ်ပူစရာ မလိုတော့ပါဘူး။

::~~~~~}

ဒါ့အပြင် ကင်မရာထဲမှာပါတဲ့ အခြား lens corrections ၊ dynamic range optimizations နဲ့ noise reduction ရွေးချယ်စရာတွေကိုလည်း ပိတ်ထားလိုက်လို့ရပါတယ်။
ဘာကြောင့်ဆို အဲဒါတွေက Raw နဲ့ ရိုက်ထားတဲ့ ပုံတွေအတွက် သက်ရောက်မှုမရှိလို့ပါ။

အထက်ပါ settings တွေကို သင့်ရဲ့ ကင်မရာထဲမှာ ပြင်ဆင်ထားပေးပြီးသွားပြီဆိုရင်..
ဓါတ်ပုံရိုက်တဲ့အခါ..
လိုအပ်မဲ့ အရာတွေဆီ ဆက်သွားဖို့ အချိန်ရောက်ပါပြီ။

:::----->

*အကောင်းဆုံး ကင်မရာ Mode*

အချို့ ဖိုတိုဂရမ်ဖာတွေက သင်ကိုယ်တိုင် သင့်ရဲ့ ကင်မရာအပေါ် အပြည့်အဝ ထိန်းချုပ်နိုင်ဖို့..
အမြဲတမ်း Manual mode မှာထားရိုက်သင့်တယ်လို့ ဆိုကြပါတယ်။
ဒါဟာ အမြဲတမ်း မမှန်ပါဘူး။

ခေတ်ပေါ်ကင်မရာတွေဟာ မြင်ကွင်းတစ်ခုကို မှန်ကန်စွာ အလင်းမီတာ တိုင်းတာပေးနိုင်သလို..
Subject တစ်ခုကို အလင်းရောင်ကောင်းကောင်း ရရှိအောင် တွက်ချက်ပေးနိုင်ပါတယ်။

ဒီလို စွမ်းဆောင်ရည် မြင့်မားလာတဲ့ ကင်မရာတွေမှာ manual mode နဲ့ချည်း ရိုက်နေစရာမလိုတော့ပဲ..
Semi-automatic mode တွေထဲက ကိုယ်နဲ့ အဆင်ပြေမဲ့ တစ်ခုခုကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

ဓါတ်ပုံဆရာ တော်တော်များများဟာ Aperture Priority mode ကို အဓိက အသုံးပြုကြပါတယ်။
အဲဒီ mode က ကင်မရာရဲ့ aperture အပေါ် အပြည့်အဝ ထိန်းချုပ်ပေးနိုင်ရုံသာမက..
ပုံတစ်ပုံကို ကိုယ့်စိတ်ကြိုက် လင်းသွားအောင် (သို့) မှောင်သွားအောင်ပါ လုပ်ဆောင်ပေးနိုင်မှာဖြစ်လို့ ဘက်စုံအသုံးဝင်တဲ့ mode တစ်ခုပါ။

ကျွန်တော့် ကင်မရာက ကိုယ်လိုချင်တာထက် ပိုပြီးလင်းတဲ့ ပုံတစ်ပုံကို ရိုက်ယူပါက..
ကျွန်တော် exposure ကို ချိန်ညှိပေးဖို့ အလွယ်တကူပဲ Exposure Compensation ကို အသုံးပြုလိုက်ရင် အဆင်ပြေသွားမှာပါ။

သင်က သင့်ကင်မရာရဲ့ “scene” mode တွေထဲက တစ်ခုခုမှာ ထားရိုက်ရင် ကောင်းသလားဆိုတာ သိချင်မယ်ဆိုရင်..
ကျွန်တော်ကတော့ အကြောင်းရင်းအချို့ကြောင့် အဲဒီ ကင်မရာ mode တွေကို အသုံးပြုဖို့ အားမပေးပါဘူး။

အဓိကအကြောင်းက အဲဒီလို mode တွေဟာ မတူတဲ့ ကင်မရာ brand တွေမှာသာမက၊ မတူတဲ့ ကင်မရာ model တွေကြားမှာလည်း အလွန်ပဲ ကွဲပြားခြားနားကြလို့ပါ။

ဒါကြောင့် သင်က ကင်မရာတစ်လုံးပေါ်က scene mode တစ်ခုခုကို အမြဲအားထားရိုက်နေရင်း..
ကင်မရာ အသစ်တစ်လုံးကို upgrade လုပ်ပြောင်းကိုင်လိုက်တဲ့အခါ သင် အဲဒီ ကင်မရာအသစ်မှာ သင်အားထားနေတဲ့ scene mode ကိုတွေ့ချင်မှ တွေ့ရပါတော့မယ်။
ဒါ့အပြင် အဆင့်မြင့် ပရော်ဖက်ရှင်နယ် ကင်မရာ model အများစုမှာ အဲဒီလို scene mode တွေ မပါလာတော့ဘူးဆိုတာလည်း သိထားဖို့ အရေးကြီးပါတယ်။

:::----->

*အကောင်းဆုံး Autofocus Mode*

သင်ဟာ သင်ရိုက်ကူးနေတဲ့ အရာပေါ်မူတည်ပြီး အကောင်းဆုံး autofocus mode မှာ ထားရိုက်နေတာ အမြဲ သေချာဖို့ လိုပါတယ်။

ဥပမာ သင်က ငြိမ်သက်နေတဲ့ subject တစ်ခုကို ဓါတ်ပုံရိုက်တဲ့အခါ..
သင် Single Area Focus Mode ကို အသုံးပြုချင်ပါလိမ်မယ်။
 (အဲဒါကို “Single Area AF” ၊ “One Shot AF” (သို့မဟုတ်) ရိုးရိုးလေးပဲ “AF-S” လို့လည်း သိကြပါတယ်)

အဲဒီလိုမဟုတ်ပဲ သင်ရိုက်ကူးနေတဲ့ subject က မရပ်မနား ရွေ့လျားနေတယ်ဆိုရင်..
သင် Continuous / AI Servo Focus Mode ကို ပြောင်းပေးချင်ပါလိမ့်မယ်။
ဘာကြောင့်ဆို သင်က သင့်ရဲ့ ကင်မရာကို subject နောက်ကနေ အဆက်မပြတ်လိုက်ပြီး focus ဖမ်းနေတာမျိုး လိုချင်မှာမို့ပါ။

စတင်ရိုက်ကူးသူ လူသစ်တွေအတွက် အဲဒါကို ပိုလွယ်ကူစေဖို့ ကင်မရာထုတ်လုပ်သူတွေဟာ တစ်ခါတစ်ရံ hybrid mode တွေကို ထည့်သွင်းပေးထားပါတယ်။
၎င်းဟာ သင့်ရဲ့ subject ငြိမ်နေလား၊ ရွှေ့နေလားဆိုတာပေါ် မူတည်ပြီး Single Area Focus Mode နဲ့ Continous / AI Servo Focus Mode အကြား သူ့ဘာသာ ပြောင်းလဲပေးပါတယ်။

အဲဒီ hybrid mode ကို Nikon ကင်မရာတွေမှာ “AF-A” အဖြစ် သိကြပြီး..
Canon မှာတော့ "AI Focus AF” အဖြစ် သိကြပါတယ်။

သင်က AF-S နဲ့ AF-C ကင်မရာ mode တွေအကြား အမြဲတမ်း ပြောင်းလဲပေးနေရတာ အခက်အခဲရှိတဲ့အခါ..
အဲဒီ hybrid mode က default အဖြစ် အမြဲထားသုံးဖို့ အသင့်တော်ဆုံး ဖြစ်နိုင်ပါတယ်။

အချို့ ကင်မရာတွေမှာ “Auto AF” mode ပါရှိပါတယ်။
၎င်းဟာ မြင်ကွင်းတစ်ခုလုံးကို ကြည့်ပြီး အနီးဆုံး subject ပေါ်မှာ (သို့မဟုတ်) ကင်မရာက အရေးကြီးတယ်လို့ ထင်တဲ့ subject ပေါ်မှာ focus ဖြတ်ပေးဖို့ ကြိုးစားပါလိမ့်မယ်။

ကျွန်တော်ကတော့ စတင်ရိုက်ကူးသူ အများစုကို အဲဒီလို mode တွေ အသုံးမပြုဖို့ အကြံပြုပါတယ်။
ဘာကြောင့်ဆို သင် focus ဖြတ်ချင်တဲ့ နေရာဆီ သင့်ဘာသာ focus အမှတ်ကို ရွှေ့ပေးခြင်းဖြင့်..
သင့်ကင်မရာရဲ့ focus ကို ဘယ်မှာထားမလဲဆိုတာ သင်ကိုယ်တိုင် ထိန်းချုပ်နိုင်တာ ကောင်းပါတယ်။

သင် အဲဒါကို Single-Point AF-Area Mode ဆီ ပြောင်းပေးလိုက်ခြင်းဖြင့် လုပ်ဆောင်နိုင်ပါတယ်။

သင့်ရဲ့ viewfinder ထဲမှာ ရွှေ့ပြောင်းပေးဖို့ focus အမှတ်တစ်ခု ပေါ်လာတဲ့အခါ..
သင် အဲဒီ အမှတ်ကို frame ထဲက သင်ထားပေးချင်တဲ့ subject (သို့) စိတ်ဝင်စားစရာ နေရာတစ်ခုပေါ်မှာ ထားပေးနိုင်သလို..
သင့်ရဲ့ subject ကိုလည်း အဲဒီ focus အမှတ်ဆီ ရွှေ့ခိုင်းနိုင်ပါတယ်။

:::----->

*အကောင်းဆုံး Metering Mode*

သင့် ကင်မရာမှာ Spot Metering ၊ Center-Weighted Metering နဲ့ Matrix / Evaluative Metering စသဖြင့် အတော်များများ ပါဝင်နိုင်ပါတယ်။

အခြေအနေ၊ အချိန်အခါ အများစုအတွက်တော့..
Matrix (သို့) Evaluative Metering ကို default ထားပေးထားတာ အကောင်းဆုံးပါ။

အကြောင်းက ၎င်းဟာ မြင်ကွင်းတစ်ခုလုံးကို သုံးသပ် တွက်ချက်ပေးတာကြောင့်..
ပုံမှန်အားဖြင့် သင့်ရဲ့ subject ကို ပိုကောင်းမွန်တဲ့ အလင်းရောင်ရအောင် စွမ်းဆောင်ပေးပါတယ်။

:::----->


*အကောင်းဆုံး Lens Aperture*

Lens aperture ဟာ သင့်ရဲ့ subject ကို foreground နဲ့ background တွေကနေ သီးခြားခွဲထုတ် ပေးနိုင်ရုံသာမက..
အလင်းရောင် ဘယ်လောက်များများ သင့်ရဲ့ lens ထဲ အမှန်တကယ် ဝင်ရောက်ခွင့်ပေးမလဲ ဆိုတာကိုလည်း သက်ရောက်မှုရှိပါတယ်။

ဒါကြောင့် ရရှိတဲ့ အလင်းရောင် အခြေအနေပေါ်မူတည်ပြီး သင် ဘယ်လို aperture ကို ရွေးချယ်ထားပေးရမလဲဆိုတာ ဂရုစိုက်ရပါမယ်။

ဒါ့အပြင် aperture ဟာ ပုံရိပ်ပြတ်သားမှု နဲ့ depth of field လိုမျိုး အရာတွေကိုလည်း သက်ရောက်မှု ရှိပါတယ်။
ဒီတော့ သင့်ရဲ့ subject နဲ့ ရိုက်ကူးနေတဲ့ ပတ်ဝန်းကျင်အတွက် အသင့်တော်ဆုံး aperture ကို ရွေးချယ်ပေးနိုင်ဖို့က အလွန်အရေးကြီးပါတယ်။

သင်က အလင်းအားနည်းတဲ့အချိန် ဓါတ်ပုံတစ်ပုံကို လက်နဲ့ကိုင်ရိုက်နေစဉ် ကင်မရာ လှုပ်ခါမှုဖြစ်ပြီး ပုံဝါးသွားခြင်းမှ ရှောင်ရှားနိုင်ဖို့  ..
သင့် lens မှာရနိုင်တဲ့ အကျယ်ဆုံး aperture ကို အသုံးပြုတာ အကောင်းဆုံးပါ။
ဒါဆို သင့် ကင်မရာထဲကို အလင်းရောင် ကောင်းကောင်း ဝင်ရောက်နိုင်မှာဖြစ်ပြီး..
ပုံမဝါးသွားအောင် သင့်တော်တဲ့ shutter speed အမြန်နှုန်းကို ထားရိုက်နိုင်မှာပါ။

ဥပမာ သင်က 35 mm f/1.8 lens နဲ့ ရိုက်မယ်ဆိုရင်..
အလင်းအားနည်းတဲ့ အခြေအနေမျိုးမှာ သင် အလင်းဝင်ရောက်မှုများအောင် အဲဒီ အကျယ်ဆုံး aperture f/1.8 မှာ ထားရိုက်ချင်မှာပါ။
ပြီးတော့ f/1.8 လိုမျိုးသုံးပြီး shallow depth of field နဲ့ရိုက်တဲ့အခါ subject ကိုပဲ focus ဖြတ်ပေးရင်း ပုံမှာ နောက်ခံအဝါး (bokeh) လှလှလေးတွေနဲ့ ရိုက်ကူးနိုင်ပါတယ်။

သို့သော် သင်က လှပတဲ့ ရှုမျှော်ခင်းတစ်ခုရှေ့မှာ ရောက်ရှိနေပြီး အဲဒီ ရှုခင်းတစ်ခုလုံးရဲ့ ပုံကို အဖြစ်နိုင်ဆုံး ကြည်လင်ပြတ်သားအောင် ရိုက်ချင်တယ်ဆိုရင်တော့..
သင့် lens ရဲ့ aperture ကို အကျယ်ဆုံး f/5.6 လောက်ထိပဲ လျှော့ချပြီး ရိုက်သင့်ပါတယ်။

အကယ်၍ သင်က depth of field အားကောင်းအောင် f/8 ကနေ f/11 လောက်ထိ တင်ရိုက်မယ် ဆိုရင်တော့..
Aperture အပေါက်ကျဉ်းသွားလို့ အလင်းဝင်ရောက်မှု အားနည်းပြီး shutter speed လည်း နှေးသွားမှာမို့ ပုံရိပ်မဝါးအောင် tripod ကို အသုံးပြုရိုက်ရပါမယ်။

ဒါမှမဟုတ် tripod မပါပဲ လက်နဲ့ပဲ ကိုင်ရိုက်မယ်ဆိုရင်တော့..
နောက်တစ်နည်းက ISO ကို တင်ရိုက်ဖို့ပါ။

သို့သော် ISO ကို တင်ပေးလိုက်ရင် sensor က အလင်းအာရုံခံနိုင်မှု အားကောင်းပြီး သင့်တော်တဲ့ shutter speed အမြန်နှုန်းကို ရရှိနိုင်ပေမဲ့..
ပုံမှာ noise တွေ များသွားနိုင်တာကိုတော့ သတိပြုရပါမယ်။

ဒါကြောင့် ကိုယ့်ကင်မရာက noise အရမ်းမများအာင် ISO ကို ဘယ်လောက်ထိ တင်ရိုက်နိုင်လည်းဆိုတာကိုလည်း သိထားသင့်ပါတယ်။

Aperture ဟာ သင့်ရဲ့ subject ကို ၎င်းရဲ့ background ကနေ ခွဲထုတ်ပေးရာမှာ လူသိများပေမဲ ဒါဟာ ၎င်းရဲ့ စွမ်းဆောင်မှုတွေထဲက တစ်ခုမျှသာ ရှိပါသေးတယ်။

အောက်က ဖော်ပြထားတဲ့ ပုံမှာ f/2.8 နဲ့ ရိုက်ထားတဲ့ပုံ နဲ့ f/8 နဲ့ ရိုက်ထားတဲ့ ပုံနှစ်ပုံအကြား ဘယ်လောက်ကွာခြားမှု ရှိလည်းဆိုတာ ဖော်ပြထားပါတယ်။

:::------>


*အကောင်းဆုံး Shutter Speed*

Aperture နည်းတူပဲ အကောင်းဆုံး shutter speed ကို ရွေးချယ်မှုဟာ အဓိကအားဖြင့် သင်ဘာကို ရိုက်ကူးဖို့ ကြိုးစားနေလဲ ဆိုတာပေါ် မူတည်ပါတယ်။

ဥပမာ သင့်ရဲ့ ရည်ရွယ်ချက်က ရေတံခွန်တစ်ခုရဲ့ ပုံတစ်ပုံကို အိပ်မက်ဆန်ဆန် ရိုက်ချင်တယ်ဆိုရင်..
သင် စီးဆင်းနေတဲ့ ရေအလျဉ်ကို ပိုသားမျှင်လေးတွေလို ဖြစ်သွားအောင် စက္ကန့် အနည်းငယ်ကြာတဲ့ shutter speed အနှေးနဲ့ ရိုက်ဖို့ လိုပါမယ်။

အဲဒီလိုမဟုတ်ပဲ သင်က သင့်ရဲ့ ရိုက်ကွက်ရှုခင်းထဲက subject တစ်ခုကို freeze လုပ် ရပ်တန့်ချင်တယ်ဆိုရင်..
အလွန်မြန်ပြီး တစ်စက္ကန့်ရဲ့ သေးငယ်တဲ့ အပိုင်းလေးလောက်ပဲရှိတဲ့ shutter speed ကို သုံးရပါလိမ့်မယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ပတ်ဝန်းကျင် အလင်းရောင် အခြေအနေအများစုမှာ..
ကင်မရာ လှုပ်ခါသွားခြင်းမရှိပဲ ပုံရိပ်ကြည်လင် ပြတ်သားနေအောင်..
သင့်တော်တဲ့ shutter speed အမြန်ကို အသုံးပြုတာ ပိုပြီးကောင်းပါတယ်။

အဲဒီအတွက် သင် ရံဖန်ရံခါ Auto ISO မှာထားပေးဖို့လိုသလို...
အသုံးပြုတဲ့ focal length ပေါ်မူတည်ပြီး shutter speed ကို တွက်ချက်ရိုက်ကူးတဲ့ reciprocal rule ကိုလည်း နားလည်ထားသင့်ပါတယ်
အဲဒီ rule အကြောင်းကို နောက်ပိုင်း လိုအပ်တဲ့အခါမှာ ထပ်ရှင်းပြပါမယ်။

:::——->


*အကောင်းဆုံး ISO setting*

ကွန်တော်တို့ ပုံတစ်ပုံကို ရိုက်ကူးတဲ့အခါ အနိမ့်ဆုံး ISO မှာ ထားရိုက်တာ အကောင်းဆုံးပါ။
အကြောင်းက ဒါဟာ သင့်ပုံမှာ noise (သို့) grain အနည်းဆုံး ရရှိစေမှာပါ။

ISO အမြင့်မှာ ထားရိုက်တဲ့အခါ ပုံမှာ noise တွေ များနေမှာမို့ သင် အဲဒါကို လိုချင်မှာ မဟုတ်ပါဘူး။
Editing software တွေနဲ့ noise ကိုလျှော့ချပေးနိုင်ပေမဲ့..
ရိုက်ကတည်းက noise ကို နည်းအောင် ISO တတ်နိုင်သလောက် အနိမ့်ဆုံးထားရိုက်တာ ပိုကောင်းပါတယ်။

သို့သော်လည်း ISO ကို အမြဲတမ်း အနိမ့်ဆုံးထားရိုက်ဖို့တော့ မဖြစ်နိုင်ပါဘူး။
အထူးသဖြင့် အလင်းအားနည်းတဲ့ ပတ်ဝန်းကျင် အခြေအနေတွေမှာ တင်ရိုက်ဖို့ လိုပါမယ်။

အကြောင်းက မလိုအပ်တဲ့ ကင်မရာ လှုပ်ခါမှုကြောင့် ပုံရိပ်ဝါးခြင်းကို မဖြစ်ပေါ်အောင်..
လုံလောက်တဲ့ shutter speed အမြန်ကို ထိန်းထားပေးနိုင်ဖို့ ISO ကို မဖြစ်မနေ တင်ရိုက်ကြရတာပါ။

ဓါတ်ပုံပညာရပ်ဟာ Exposure Triangle လို့လည်းသိကြတဲ့ Aperture ၊ Shutter Speed နဲ့ ISO တို့အကြား ချိန်ညှိပေးခြင်းနဲ့ အမြဲပဲ သက်ဆိုင်တာကို သတိရပါ။

အဲဒီ ရွေးချယ် ချိန်ညှိပေးစရာ သုံးခု ဘယ်လို လုပ်ဆောင်သလဲ ဆိုတာ နဲ့ သူတို့ ဘယ်လို အပြန်အလန် ဆက်နွယ်မှု ရှိသလဲဆိုတာတွေကို နားလည်အောင် အချိန်ယူ လေ့လာဖို့ ကျွန်တော် အကြံပြုပါတယ်။

:::----->

*Auto ISO*

သင့်မှာ ခေတ်ပေါ် ကင်မရာတစ်လုံး ရှိမယ်ဆိုရင်..
အဲဒီမှာ Auto ISO feature တစ်ခု ပါလာမှာဖြစ်ပြီး..
ဒါဟာ စတင်ရိုက်ကူးသူ လူသစ်တွေအတွက် အလွန်အသုံးဝင်ပါလိမ့်မယ်။

သင်က Auto ISO ကို enable လုပ်ပေးပြီးတာနဲ့..
သင့် ကင်မရာက subject နဲ့ ပတ်ဝန်းကျင် အလင်းရောင်ပေါ်မူတည်ပြီး ISO ကို သူ့ဘာသာ ချိန်ညှိပေးပါလိမ့်မယ်။

အဲဒီလို ချိန်ညှိပေးတဲ့အခါ သင် Auto ISO menu ထဲမှာ ချိန်ထားပေးခဲ့တဲ့ အနိမ့်ဆုံး shutter speed (သို့) အဲဒီထက်ပိုမြင့်တဲ့ shutter speed ကိုရအောင် ထိန်းထားပေးမှာပါ။

Nikon ၊ Canon နဲ့ အခြား ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ အချို့သော ကင်မရာတွေမှာ ပိုဆန်းသစ်တဲ့ Auto ISO menu တွေ ပါဝင်ပါတယ်။
၎င်းတို့ဟာ reciprocal rule ကို ထည့်သွင်းစဉ်းစားပြီး..
အသုံးပြုတဲ့ lens ရဲ့ focal length အပေါ်မူတည် တွက်ချက်ရင်းဖြင့် အသင့်တော်ဆုံး shutter speed ကို ထားပေးနိုင်ပါတယ်။

အဲဒီလို ရွေးချယ်စရာတွေဟာ စတင်ရိုက်ကူးသူတို့အတွက် အလွန်ပဲ အသုံးဝင်နိုင်ပါတယ်။
ဘာကြောင့်ဆို သူတို့က ကင်မရာ setting တွေ အမြဲချိန်ညှိပေးနေရတဲ့ ဒုက္ခကနေ ကင်းဝေစေမှာပါ။

(မတူတဲ့ ကင်မရာအချို့က နမူနာ ISO menu တွေကို အောက်က ပုံတွေထဲမှာ ဖော်ပြပေးထားပါတယ်။)

:::----->

*Image Stabilization*

နောက်ဆုံးအနေနဲ့ သင့်ရဲ့ ကင်မရာကိုယ်ထည် (သို့) lens ထဲမှာပါတဲ့ image stabilization ကို အကျိုးရှိရှိ အသုံးချဖို့ မမေ့ပါနဲ့။
(Image Stabilisation ကို SteadyShot ၊ Vibration Reduction (သို့) Vibration Compensation လို့လည်း သိကြပါတယ်)

ကင်မရာကို လက်နဲ့ကိုင်ရိုက်တဲ့အခါ အဲဒါကို ဖွင့်ထားပေးပြီး..
ခိုင်မာတောင့်တင်းတဲ့ tripod ပေါ် တင်ရိုက်တဲ့အခါမှာတော့ ပိတ်ထားဖို့ မမေ့ပါနဲ့။

ပြီးတော့ ဓါတ်ပုံတစ်ပုံကို မရိုက်မီ..
ကင်မရာ ခလုတ် (shutter release) ကို တစ်ဝက် အရင်ဖိထားခြင်းဖြင့်..
ကင်မရာ (သို့) lens ကို အရင် ငြိမ်သွားစေပြီးမှ ရိုက်တာ အကောင်းဆုံးပါ။
ဒါက ပုံရိပ်ဝါးသွားခြင်း ဖြစ်နိုင်ခြေကို လျှော့ချပေးပါလိမ့်မယ်။

Reference source: photography life

လေ့လာလို့ရအောင် မတူတဲ့ ကင်မရာ brand တွေရဲ့ setting အချို့ပုံတွေကို တွဲတင်ပေးလိုက်ပါတယ်။ (အလင်းစက် ဆိုတဲ့စာရေးသူနာမည်ကို click လိုက်ပါ လင့်ခ်ချိတ်ထားပါတယ်။)

ချစ်ခြင်းအားဖြင့်
(အလင်းစက်)

Wednesday, June 19, 2019

ထည့်မတွက်မိကြတဲ့ emotional costs (စိတ်ခံစားမှု အဖိုးအခ)


•••••••••••••••••••••••••••••••••••
စာရေးသူ : Thit Taw @ ဂျွန်မိုးစက်

တစ်ချို့တွေ ကြုံဖူးကြမယ်ထင်ပါတယ်။ အိမ်မှာ မီတာခမကုန်သင့်တာမကုန်ရအောင် မီးခလုတ်တွေကို ဂရုစိုက်ပိတ်ဖို့၊ အလေအလွင့်မရှိအောင် မီးဖိုချောင်ကို ထိန်းသိမ်းဖို့၊ ကိုယ့်အိမ်ရေတိုင်ကီထဲမှာ ရေမပြတ် သွားအောင် ရေကို သတိတရအမြဲတင်ဖို့ စသဖြင့် လုပ်ကြရတဲ့ဟာတွေ။ ဒါတွေအားလုံးက ကောင်းတဲ့ လုပ်သင့်တဲ့အရာတွေ (ကျင့်ဝတ်တွေ) ပါပဲ။ ဒါပေမယ့် အဲဒီအရာတွေကို လိုတာထက်ပိုပြီး အလွန်အကျွံဂရုစိုက် လုပ်ဆောင်ပြီး ကိုယ်တိုင်လည်း လုပ်၊ တခြားသူတွေကိုလည်း အတင်းလုပ်ခိုင်းတာတွေ အိမ်တွေ၊ မိသားစုတွေမှာ ကြုံရတတ်ပါတယ်။
.
ပိုပြီးမြင်သာအောင် အောက်က စာလေးကို ဥပမာအနေနဲ့ဖတ်ကြည့်ပါ (စာထဲမှာပါတဲ့ဟာတွေက ဗဟုသုတ ရစေတဲ့အချက်အလက်တွေဆိုတာ မငြင်းပါ)။
.
“ဟေ့!.ထမင်းရည်ကြည်ကိုမသွန်ပစ်ရဘူး........နင်တို့ သောက်သင့်တယ်....မနက်စာစားရင်းတစ်ခွက်လောက် သောက်လိုက်ရင်လိုအပ်တဲ့ Vitaminတွေအလကားရ တယ်လေ.....ငါ့အတွက်ဖယ်ပြီးနင်တို့လဲသောက်ချင်ရင် သောက်ကြ...ဒီတိုင်းမကြိုက်ရင်နွားနို့နဲ့ရောသောက်...
သံပုရာအခွံတွေလွှင့်မပစ်နဲ့လေ..ပန်းကန်ဆေးဆပ်ပြာ ရည်ထဲထည့်....အနံလေးပိုကောင်းတာပေါ့..ညှီနံ့တွေ မနံတော့ဘူးလေ.... အများကြီးပိုနေလို့အမ.. ပိုရင် ဇကာလေးထဲထည့်ပြီးရေခဲသေတ္တာထဲထည့်ထား အနံ့ဆိုးမထွက်ဘူး...
ပြောင်းဖူးပြုတ်ရင် ရေသန့်နဲ့ပြုတ်နော်....ပြီးရင်ပြုတ်ရည် ကိုခွက်ထဲထည့်ထား...သောက်လို့ရတယ်...မသောက် ချင်ရင်အအေးခံပြီးအပင်တွေကိုလောင်း...
ထမင်းကြမ်းတွေသွန်မပစ်နဲ့လေ....ရေနွေးကျို ပြီးဆူရင် ပြန်ထည့်...ပြန်ဌဲ့ရင်အသစ်လိုပြန်ဖြစ်တယ်...ထမင်း ကြော်စားကြ.....မစားချင်ရင် ဗန်းလေးနဲ့အခြောက်ခံ ထား.....ထမင်းခြောက်ကြော်စားလို့ရတယ်”
.
သူလုပ်ခိုင်းတဲ့၊ လုပ်ချင်တဲ့အရာဟာ ကိုယ့်သဘောနဲ့ကိုယ်လုပ်နိုင်ရင်ကောင်းပါတယ်။ အလေအလွင့်မရှိအောင်လည်း လုပ်သင့်သလောက်အတိုင်းအတာကို လုပ်တာကောင်းပါတယ် ဒါပေမယ့် ဒီလိုအခြေအနေတွေမှာ ထည့်မတွက်မိ (မမြင်မိ) တတ်ကြတဲ့ အရာကတော့ emotional cost စိတ်ပိုင်းဆိုင်ရာအရ ပေးဆပ်ရမှု (ပေးရတဲ့ အဖိုးအခ) ပါပဲ (လွှင့်ပစ်လိုက်လို့ ကုန်သွားတဲ့ငွေထက် ဒီငွေကို နှမြောပြီး မလုပ်ချင်တာတွေကို လုပ်နေရတဲ့ စိတ်ပင်ပန်းမှုရဲ့ ဆုံးရှုံးမှုတန်ဖိုးပေါ့)။
.
ဒီလို လုပ်ဆောင်မှုမျိုးတွေကို ကိုယ်တိုင်လည်း လုပ်၊ သူများတွေကို လည်း လုပ်စေချင် (မလုပ်ရင် စိတ်တိုင်းမကျတဲ့) သူတွေဟာ OCD  လို့ခေါ်တဲ့ Obsessive Compulsive Disorder ဆိုတဲ့ စိတ်ရောဂါကို အနည်းနဲ့အများ ခံစားနေရတဲ့သူတွေ ဒါမှမဟုတ် ပိုက်ဆံအလေအလွင့် ဖြစ်မှာကို အလွန်အကျွံ စိတ်ပူသူတွေ (ရှိတဲ့ resources တွေကို အကျိုးရှိဆုံးဖြစ်အောင် maximize လုပ်ရမှ စိတ်ကျေနပ်သူတွေ) ဖြစ်နိုင်ပါတယ်။
.
OCD ဆိုတာကတော့ အသန့်အလွန်ကြိုက်တာ (ဆေးပြီးသား ပန်းကန်တွေကို ပြန်ထပ်ဆေးတာ)၊ စိတ်မချတာ၊ မလိုအပ်တဲ့အရာတွေအတွက် အမြဲတမ်း စိတ်ပူပြီး တနုံ့နုံ့ဖြစ်နေတာ (ရေမတင်ထားမိလို့ ရေမရှိတော့မှာကို သာမန်ထက်ပို အလွန်အကျွံ စိတ်မချဖြစ်ပြီး တစ်ချိန်လုံး ရေတင်နေတာ၊ သော့တွေခတ်ထားလား အကြိမ်ကြိမ် ပြန်သွားကြည့်နေတာ၊ လူမရှိတဲ့အခန်းတွေအကုန် မီးလိုက်ပိတ်နေတာ)၊ အားလုံးစီရီသပ်ရပ် တစ်ညီတစ်ညွတ်တည်းဖြစ်နေချင်တာ (စီစရာမလိုဘဲ အမျိုးအစားတူတဲ့အရာတွေကို စီပြီး ထားနေတာမျိုးတွေ) စတာတွေပါ။ အသေးစိတ်ကို သိချင်ရင် အောက်က လင့်ခ်မှာ ဖတ်ပါ။ https://www.facebook.com/lunge.media/posts/601119640260835
.
ပိုက်ဆံအလေအလွင့်ကို တစ်ပြားတစ်ချပ်မှ မရှိစေချင်တာက ပိုက်ဆံစုမိဖို့အတွက်တော့ ကောင်းပါတယ် (ငွေတော့ စုမိပြီးချမ်းသာရင်ချမ်းသာလာပါလိမ့်မယ်)။ ဒါပေမယ့် ဒါကြီးက ဝန်ထပ်ဝန်ပိုးတစ်ခုလို ကိုယ့်ကို အလွန်အကျွံဖိစီးနေပြီဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာမှာ ကုန်ကျဆုံးရှုံးမှုတွေရှိနေပါပြီ။ ငွေဟာ အရေးပါတဲ့အတွက် ငွေရှာခြင်း၊ ငွေစုခြင်းဟာ ကောင်းတဲ့အရာဖြစ်ပေမယ့် စုမိတဲ့ငွေရဲ့ တန်ဖိုးထက်ပိုတဲ့ စိတ်ပိုင်းဆိုင်ရာ ကုန်ကျမှုတွေရှိနေရင်တော့ ပေးဆပ်လိုက်ရတဲ့ အချိန်တွေ (စတေးလိုက်ရတဲ့ relationship တွေ) အတွက် အဆုံးမှာ ညီမျှခြင်းချတဲ့အခါ မတန်ပါဘူး (1) (ဒီစိတ်ပိုင်းဆိုင်ရာ ဆုံးရှုံးကုန်ကျမှုတွေကြောင့် ဖြစ်လာတဲ့ ရောဂါတွေအတွက် ရှာထားတဲ့ငွေတွေ ပြန်သုံးလိုက်ရတာတွေလည်း တွေ့ရတတ်ပါတယ်)။
.

ကိုယ့်ဗီဇနဲ့ အကျင့်ကြောင့်ကိုယ် ဒီလို လုပ်နေတဲ့သူတွေအတွက်ကတော့ သူတို့ကို ဒီ စိုးရိမ်ကြောင့်ကြမှု (anxiety) ဒါမှမဟုတ် စိတ်မလုံခြုံမှု (insecurity) တွေက မောင်းနှင်နေတဲ့အတွက် သူတို့ ခြေကုန်လက်ပန်းကျလည်း (မလုပ်ချင်ရင်လည်း) ဒါတွေကို ဆက်လုပ်နေကြမှာပါ။ ပြဿနာက သူတို့ကိုယ်တိုင် မလုပ်နိုင်တဲ့ အခြေအနေတွေမှာ စိတ်မှာ နေလို့မရတဲ့ခံစားမှုကြောင့် တခြားသူတွေကို အတင်းလုပ်ခိုင်းတာပါပဲ။
.
တခြားသူတွေအတွက်က သူတို့လို ဒါမလုပ်လို့ နေမထိထိုင်မသာ ခံစားနေရတာမဟုတ်တဲ့အတွက် ဒီအလုပ်တွေကို သူတို့စိတ်တိုင်းကျ လိုက်လုပ်ပေးရတာမှာ emotional cost ပိုများပါတယ်။ သာမန်လူတစ်ယောက်အတွက်က ရေတင်ဖို့ တစ်ခါလောက်မေ့သွားလို့ ရေပြတ်သွားတာကြုံရရင် စိတ်အနှောင့်အယှက်ဖြစ်မယ်၊ ဒီအတွက်လည်း ရေကို ပုံမှန် တစ်နေ့တစ်ခါလောက် သတိထားပြီးတင်မယ်။ ဒါပေမယ့် ၃ နာရီခြားတစ်ခါလောက် (ဒါမှမဟုတ် ရေတစ်ခါသုံးပြီးတိုင်း) ရေပြန်တင်နေတာမျိုး လုပ်မှာမဟုတ်ပါဘူး။ အဲလို လုပ်ရရင်ပိုပင်ပန်းပါတယ် (အဲလို ခဏခဏ တင်နေလို့ ရေမရှိချိန်တင်မိပြီး ရေပြန်ချူရတာမျိုးတွေ ဖြစ်လာရင် တစ်ခါလောက်ရေပြတ်သွားတာထက် ပိုပြီး ဒုက္ခများပါတယ်)။
.
ဒီတော့ စိတ်ပိုင်းဆိုင်ရာ ကုန်ကျမှု၊ အသုံးပြုရမှုက တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ရေမရှိမှာ ကို စိတ်ဒုက္ခပိုများနေတဲ့သူရှိသလို၊ မလိုအပ်ဘဲ ရေတင်နေလို့ မလိုအပ်တဲ့ အလုပ်တွေပိုလာမှာကို စိတ်ဒုက္ခပိုများတဲ့သူလည်းရှိပါတယ်။ မီးခလုတ်တွေ သတိတရ မပိတ်မိလို့ မီတာခကုန်မှာကို စိတ်မသက် မသာဖြစ်သူတွေရှိသလို၊ မီးခလုတ်ကိုပိတ်ခဲ့ဖို့ တစ်ခါလောက်မေ့တာကို အပြစ်ကြီးတစ်ခုလို ဖြစ်မှာစိုးလို့ အတင်း သတိထားပြီး မီးလိုက်ပိတ်နေရတာတွေကြောင့် စိတ်ဆင်းရဲ စိတ်ပင်ပန်းရသူတွေလည်းရှိပါတယ်။
.
Emotional cost စိတ်ပိုင်းဆိုင်ရာ ကုန်ကျမှုဆိုတာက လူပေါ်မူတည်ပြီး မတူကြသလို အကြိုက်အပေါ်၊ အကျင့်တွေအပေါ်၊ ဗီဇတွေအပေါ်မူတည်ပြီးလည်း မတူကြပါဘူး။ တစ်ချို့ကုန်ကျမှုတွေဟာ လောဂျစ်ကျချင်မှလည်းကျပါလိမ့်မယ်။ ဥပမာ ကိုယ်သုံးနေကြ ပစ္စည်းအမှတ်တံဆိပ်တစ်ခုကနေ တံဆိပ်သစ်တစ်ခုကို ပြောင်းသုံးရမှာကို မသုံးချင်တာ (တံဆိပ်သစ်က ပိုကောင်းတယ်ဆိုရင်တောင်မှ)၊ အင်္ကျီ အသစ်တွေ ဝယ်ထားပေမယ့် ကိုယ်ဝတ်နေကြ အင်္ကျီကိုပဲ ဝတ်ချင်တာတွေဟာ အစွဲအလမ်းကြောင့်ဖြစ်တဲ့ emotional cost တွေပါ။ စိတ်ရဲ့ စွဲလမ်းနှစ်သက်မှု၊ နေသားကျ ကျေနပ်မှုတွေပေါ့ (ဒါကြောင့် consumer brand တွေဆို ပြိုင်ဘက်ဆီကနေ ကိုယ့် တံဆိပ်ကို ပြောင်းသုံးရခြင်းအတွက် စားသုံးသူရဲ့ emotional cost ကိုလျှော့ချနိုင်ဖို့ကြိုးစားကြပါတယ်) ။
.
ဆိုတော့ emotional cost ဆိုတာ စိတ်ကို မသက်မသာဖြစ်စေတဲ့၊ ဝန်ပိပင်ပန်းစေတဲ့အရာတွေပါ။ OCD ဖြစ်ပြီး မလိုအပ်တဲ့အရာတွေအတွက် စိတ်မသက်မသာဖြစ်နေတာဟာလည်း emotional cost တစ်ခုပါပဲ။ မလိုအပ်တဲ့အရာတွေအတွက် စိတ်ခံစားမှုတွေကို ပင်ပန်းအောင် သုံးစွဲနေတာဟာ ငွေကြေးသုံးစွဲမှုနဲ့ နှိုင်းယှဉ်စဉ်းစားမယ်ဆိုရင် မလိုတာတွေဝယ်ပြီး ဖြုန်းမိတာနဲ့ သဏ္ဍာန်တူပါတယ်။
.
ဒါပေမယ့် ဒီလို စိတ်ပူပန်ကြောင့်ကြမှု၊ စိတ်မလုံခြုံမှုကြောင့် စိတ်ပင်ပန်းခံနေရသူတွေကိုလည်း အဲလို ဖြစ်မနေကြပါနဲ့လို့ ခလုတ်တစ်ခုကို ပိတ်လိုက်သလို ပြောင်းလဲခိုင်းလို့မရပါဘူး (သူတို့ကိုယ်တိုင်ဟာ ဒီ စိုးရိမ် ကြောင့်ကြမှုရဲ့ မောင်းနှင်ထိန်းချုပ်မှုအောက်မှာရောက်နေကြတာပါ)။
ကိုယ်ကြိုက်တဲ့ စွဲလမ်းတဲ့အရာတွေအတွက် emotional cost ရှိတာကကျတော့ မလိုပေမယ့် ကိုယ်ကြိုက်လို့ ဝယ်သုံးနေတဲ့အရာတွေလိုပေါ့ (ဒါလည်း သတိထားဆင်ခြင်လို့ရပေမယ့် အလွယ်တကူ ပြောင်းလဲဖို့တော့ မလွယ်ပါဘူး)။
.
ငွေဆိုတာကတော့ သုံးစွဲလိုက်တဲ့အခါမှာ ဘယ်လောက်ကုန်ကျသွားလဲ အလွယ်တကူ ခြေရာခံတွက်ချက်လို့ရ (မြင်သာ) ပါတယ်။ စိတ်ခံစားမှုတွေ ကုန်ကျသုံးစွဲ ဆုံးရှုံးသွားတာကတော့ အဲလို အတိအကျ ရေတွက်ဖို့ မလွယ်ဘဲ ကိုယ့်ကိုယ်ကိုတောင် ဘယ်လောက် သုံးလို့သုံးလိုက်မိမှန်း (ပေးလိုက်ရမှန်း) မသိဘဲ ကုန်ခမ်းသွားတတ်ပါတယ်။
.

လူနှစ်ယောက်အတူနေတဲ့အခါမှာ အဲဒီစိတ်ခံစားမှု သုံးစွဲခြင်း၊ ပြန်ဖြည့်ခြင်းက အရေးကြီးပါတယ်။
.

တစ်ယောက်က ဒီပစ္စည်းကို ဒီနေရာမှာထားမှ၊ ဒါကိုဆို ဒီလိုလုပ်မှဆိုတာတွေရှိပြီး နောက်တစ်ယောက်အတွက်က ပုံစံတစ်မျိုးဖြစ်နေတဲ့အခါမှာ အဆင်ပြေအောင် ညှိနှိုင်းနေထိုင်ဖို့လိုလာပါတယ်။
.
သူက မီးခလုတ်တွေပြန်ပိတ်မှကြိုက်တယ်ဆို ကိုယ်က သတိထားပြီးလိုက်ပိတ်ပေးရင် သူကျေနပ်ပါတယ်၊ သူပျော်ပါတယ်၊ ဒါဆို သူ့စိတ်ပိုင်းဆိုင်ရာ အသုံးစရိတ်ကိုပြန်ဖြည့်ပေးရာရောက်ပါတယ်။ ဒါပေမယ့် ကိုယ်ကပဲ အမြဲတစ်ဖက်သတ်လုပ်ပေးရင်းနဲ့ ကိုယ့်မှာ ထပ်သုံးစရာ (ပေးစရာ) စိတ်ခံစားမှု တစ်ပြားမှမကျန်ဖြစ်သွားနိုင်ပါတယ် (မြန်မာစကားမှာတော့ စိတ်ကုန်တယ်ဆိုတာရှိပြီးသားပါ)။ အဲဒီအခါကျရင် သူနဲ့နေရတာ ကိုယ်ပျော်တော့မှာမဟုတ်ဘူး2 ။
.
Relationship တစ်ခုမှာ သို့မဟုတ် တစ်အိမ်တည်းအတူနေကြရတဲ့အခါမှာ လူနှစ်ယောက် စိတ်ချမ်းချမ်းသာသာ အတူနေနိုင်ဖို့ကတော့ တစ်ဖက်လူကို ဘာတွေက စိတ်မသက်မသာဖြစ်စေလဲ၊ ပင်ပန်းစေလဲဆိုတာ နှစ်ဦးနှစ်ဖက် သိအောင်ကြိုးစားပြီး နှစ်ယောက်လုံး စိတ်အချမ်းသာဆုံး အတူနေနိုင်မယ့် မျှခြေတစ်ခုကို ရှာဖို့လိုမှာပါ (ဘယ်ဟာတွေကတော့ ကိုယ့်ဘက်က လျှော့ပေးလို့ရတယ်၊ ဘယ်ဟာတွေကတော့ မရဘူး စသဖြင့်ပေါ့)။
.
ဥပမာ သူက ပစ္စည်းတွေကို နေရာတကျထားမှကြိုက်တယ်။ ကိုယ်က ပြန်ထားဖို့ သတိမထားမိတဲ့သူမျိုးဆိုရင် ပစ္စည်းတွေနေရာတကျမရှိတာက သူ့ကို ဘယ်လောက်စိတ်ပင်ပန်းစေလဲ၊ သတိထားပြီး အမြဲ ပြန်ထားနေရတာက ကိုယ့်ကိုဘယ်လောက် စိတ်ပင်ပန်းစေလဲဆိုတာကို တိုင်းတာကြဖို့၊ နှစ်ဘက်လုံး စိတ်ချမ်းအသာနိုင်ဆုံး အနေအထားကို ထိန်းသိမ်းလုပ်ဆောင်ဖို့ (တစ်ခါတလေ ပြန်မထားမိတာမျိုးဆို သူ့ဘက်ကလည်း နားလည်ပေးဖို့၊ ကိုယ်ကလည်း ပြန်ထားဖို့ ဂရုစိုက်သတိထားဖို့) ဆိုတာမျိုးပေါ့။
.
စိတ်ရဲ့ အသုံးစရိတ်တွေကို မလိုအပ်တဲ့အရာတွေ၊ နေရာတွေ၊ မလိုအပ်တဲ့သူတွေ၊ အခြေအနေတွေအတွက် အလွန်အကျွံသုံးစွဲလိုက်မိရင် အရေးပါတဲ့ ကဏ္ဍတွေနဲ့ အရေးကြီးတဲ့သူတွေအတွက် ကိုယ့်မှာ ပေးစရာ (သုံးစရာ) ကျန်တော့မှာမဟုတ်ဘူး။
.
ငွေကို အပိုမကုန်အောင် ချွေတာနေချိန်မှာ စိတ်ကို အများကြီး အကုန်ကျခံပေးဆပ်လိုက်ရတာမျိုးတွေ ရှိတတ်ပါတယ်။
.


ငွေကုန်တာက ပြန်ရှာလို့ရပါသေးတယ်။ စိတ်ကုန်တာကတော့ ပြန်ရှာဖို့ မလွယ်။

8.6.2018

Emotional Costs (အပိုင်း - ၂)
•••••••••••••••••
စာရေးသူ : Thit Taw @ ဂျွန်မိုးစက်

Emotional cost အကြောင်း စာရေးကတည်းက နောက်ဆက်တွဲစာတစ်ပုဒ် ဆက်ရေးဖို့ တစ်ခါတည်း စဉ်းစားခဲ့ပါတယ်။ စာကအရမ်းရှည်နေပြီမို့ တစ်ခါတည်းထည့်ရေးရင် အဆင်မပြေမှန်းသိလို့ပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်း ကိုယ့်ကိစ္စတွေနဲ့ကိုယ်မို့ စဉ်းစားထားတဲ့အတိုင်း မရေးဖြစ်ခဲ့ဘူး။

အဲဒီမှာ ကွန်းမင့်တွေနဲ့ share တွေမှာ ကိုယ်ထင်ထားတဲ့အတိုင်း ဖြေရှင်းဖို့လိုတဲ့အချက်တွေကို တွေ့ရပါတယ်။

*
ပထမအချက်က အဲဒီ emotional cost ဆိုတာ ကျွန်တော် ခံစားရတဲ့ concept အယူအဆတစ်ခုကို အနီးစပ်ဆုံး နာမည်ပေးထားတာပါ။ မြန်မာလို “ခံစားမှု အဖိုးအခ”ဆိုရင် တန်းပြီး အဓိပ္ပါယ်မပေါက်ဘူးလို့ ခံစားရလို့ အင်္ဂလိပ်လိုယူသုံးတာပါ။ စာကို ပို့စ်မတင်ခင်မှာ ဒီအသုံး ဒီ concept မျိုးရှိပြီးသားလားဆိုတာ ဂူဂဲလ်မှာ ရှာကြည့်ပါတယ်။ အဲဒီမှာ emotional cost ဆိုတာ စိတ်ပညာရပ်မှာ ရှိပြီးသားပါ။ ဒါပေမယ့် သူ့ အယူအဆနဲ့ အသုံးပြုပုံကတော့ ကျွန်တော်ရေးတဲ့ concept နဲ့ သတ်သတ်စီပါ။ သူက သူနာပြုတွေ လူနာတွေကို ပြုစုရတဲ့အခါမှာ သူတို့ရဲ့ ဝေဒနာခံစားရမှုတွေကြောင့် စိတ်ဖိစီးမှု ကူးစက်တာလို့ ကျွန်တော် အလွယ် ပြောပါရစေ။ ဒါကို ကျွန်တော့ပို့စ်ကို share တဲ့အောက်မှာလည်း စိတ်ဆရာဝန်တစ်ယောက်က လာရှင်းပြထားတာကိုတွေ့ရပါတယ်။ ကျွန်တော် emotional cost ကို ယူသုံးထားတဲ့ ဆိုလိုရင်းကတော့ ဘယ်အရာမှာမဆို ကိုယ့်အနေနဲ့ အသုံးပြုလိုက်ရတဲ့ ငွေနဲ့ အတူ၊ တစ်ဖက်မှာ ငွေနဲ့တခြားရုပ်ဝထ္ထုတန်ဖိုးတွေ သက်သာဖို့ကြိုးစားကြရင်း အသုံးပြုပေးဆပ်လိုက်ရတဲ့ စိတ်ခံစားမှု(တန်ဖိုး)တွေလည်းရှိနေတာကို ပြောလိုခြင်းဖြစ်ပါတယ်။

*
ဒုတိယအချက်ကတော့ OCD ဆိုတဲ့အကြောင်း ကျွန်တော်ထည့်ရေးလိုက်တော့ ဒီအပေါ်အမျိုးမျိုးနားလည်မှု လွဲကြတာတွေကို တွေ့မိပါတယ်။ ကျွန်တော်က စိတ်ပညာရပ်ကိုနားလည်တဲ့ ပညာရှင်တစ်ယောက်မဟုတ်ပါဘူး။ သာမန်အရပ်သားတစ်ယောက်သိသလောက်ပဲ OCD ဆိုတာကို သိထားသူ ဖြစ်ပါတယ်။ OCD ရဲ့ လက္ခဏာတွေကိုထည့်ရေးထားပေမယ့် ဘယ်အတိုင်းအတာလောက်ဆိုရင် ကုသမှု ခံယူဖို့ လိုပြီလဲ၊ ဘယ်လိုကုသမှုခံယူရမလဲဆိုတာကတော့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးမှရမှာပါ။ ကျွန်တော့စာထဲမှာ OCD ကိုထည့်ရေးတာက ကိုယ်ဖြစ်မှန်းမသိဖြစ်နေပြီး ဘေးလူကို ဒုက္ခပေးမိနေမှန်းမသိဖြစ်မနေအောင် ကိုယ့်ကိုယ်ကို သတိပြုဆန်းစစ်မိအောင် ရည်ရွယ်တာပါ။

*
တတိယအချက်ကတော့ စာကိုဖတ်ပြီးနားလည်မှုလွဲနေကြတာပဲ။ စည်းကမ်းရှိဖို့လိုတယ်။ ငွေကို ချွေတာဖို့လိုတယ်။ ကျွန်တော်က ငပျင်းတွေကို ထောက်ခံနေတယ် စသဖြင့် ပြောကြတာတွေတွေ့ပါတယ်။ စည်းကမ်းရှိဖို့လည်းလိုတယ်။ ငွေကို မဖြုန်းတာလည်းကောင်းတယ်။ ဒါတွေက အားလုံး လက်ခံထားကြပြီးသားပါ။ ကျွန်တော့စာက ထပ်ဖြည့်ပေးတာကတော့ စည်းကမ်းလည်းရှိပါ။ ငွေကိုလည်း မဖြုန်းပါနဲ့။ ဒါပေမယ့် စိတ်ကိုလည်း သက်သာစေပါ ဆိုတာပါ။

*
ရှေ့ကနှစ်ချက်က ဒီမှာလက်ခံထားပြီးသားပေမယ့် စိတ်ရဲ့ ကုန်ကျဆုံးရှုံးမှုတွေကို ချွေတာပါဆိုတာကို လျစ်လျူရှုနေကြလို့ ဒီစာကိုရေးခြင်းဖြစ်ပါတယ်။ စည်းကမ်းဆိုတာ အသက်ရှင်သန်ရခြင်းကို ပိုချောမွေ့စေဖို့ပါ။ ငွေချမ်းသာတာဟာ စိတ်ချမ်းသာဖို့ပါ။ ငွေချမ်းသာလာပြီး စိတ်ဆင်းရဲသွားတာမျိုး မဖြစ်စေချင်တာပါ။

*
နောက်ထပ်သတိထားမိတာတစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ပတ်သက်ပြီး ဒီမှာ နားလည်မှုလွဲနေတဲ့အရာကိုပါ။ ဒီမှာက စိတ်မကျန်းမာဘူးဆိုရင် ရူးနေတယ်၊ စိတ်ချို့ယွင်းနေတယ်လို့ ထင်နေကြတယ်။ ဒါပေမယ့် တကယ်က ကိုယ်ခန္ဓာ မကျန်းမာခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းခြင်း၊ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားခြင်းတွေရှိသလို စိတ်ပိုင်းဆိုင်ရာမှာလည်း ထိုနည်းလည်းကောင်းပါပဲ။

*
ကျွန်တော်အခု အခြေအနေလိုအပ်ချက်တွေအရ စိတ်ပိုင်းဆိုင်ရာ သဘောသဘာဝတွေနဲ့ အမူအကျင့်တွေကို လေ့လာကြည့်ရင်းနဲ့ပိုသိလာတာက တစ်ချို့အရာတွေဆို ရောဂါဆိုတာထက် မတူညီတဲ့ အမူအကျင့်နဲ့ စိတ်ပိုင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ထားပုံတွေဖြစ်ပါတယ်။ ဥပမာ OCD ဆိုရင်လည်း အနု၊ အရင့်ရှိပါတယ် (အရပ်သားအသိနဲ့ အရပ်သားနားလည်အောင် ပြောတာမို့ အမှားပါရင်လည်း ပညာရှင်များ ထောက်ပြပေးပါ)။ လူတော်တော်များများမှာ သာမန် အတိုင်းအတာနဲ့ OCD ပုံစံတွေကရှိနိုင်ပါတယ် (အရမ်းအနုစိတ်ချင်တာတွေ၊ အစေ့စပ်လွန်တာတွေစသဖြင့်)။ ဒါက သူ့စိတ်ရဲ့ ဖွဲ့စည်းပုံပါ။ ဝတဲ့သူ၊ ပိန်တဲ့သူစသဖြင့်မတူသလိုပေါ့။ အဓိကက ကိုယ့်ပုံစံက သူများကို သွား မထိခိုက်စေဖို့ပါ။ ကိုယ်က OCD မို့သူများကိုပါ ဒီအတိုင်း အကုန်လိုက်လုပ်ခိုင်းနေတာမျိုး (ရုပ်ပိုင်းဆိုင်ရာ သဘောနဲ့စဉ်းစားရင် ဝတဲ့သူတစ်ယောက်က ၂ ယောက်ခုံမှာ ၁ ယောက်ခွဲစာလောက်ထိုင်ထားပြီး ဘေးလူအတွက် နေရာမကျန်တော့တာမျိုး)။ တစ်ခါတလေ စိတ်ပိုင်းဆိုင်ရာအရလည်း ဘေးလူအတွက် နေရာမချန်မိတော့တာ မျိုးက ဖြစ်တတ်ပါတယ်။

*
ဒီအပေါ် နိုင်ငံခြားသားတွေရဲ့ အမြင်က ကိုယ်တွေနဲ့မတူဘူး။ ကျွန်တော်နဲ့ အတူတွဲလုပ်တဲ့ နိုင်ငံခြားသားတစ်ယောက်ဆို အတူတူအလုပ်လုပ်ရင်း ကျွန်တော်လုပ်ထားတဲ့ အလုပ်ကို အသေးစိတ်တွေကို သူပြန်ညှိနေတိုင်း Sorry, I am a bit OCD ဆိုပြီး သူ့ကိုယ်သူအမြဲပြောတယ်။ ဒါကြီးကို ရောဂါကြီးလို့ ပြောနေတာမဟုတ်ဘူး။ သူ့မှာ ဒီအကျင့်ရှိလို့ ကျွန်တော်တို့ အတူအလုပ်လုပ်ရတဲ့နေရာမှာ သူ့ရဲ့ အသေးစိတ်စိစစ်နေခြင်းကြောင့် အနှောင့်အယှက်ဖြစ်ရင် ဆောရီးပါလို့ ယဉ်ယဉ်ကျေးကျေးပြောတဲ့သဘော။ ရုပ်ပိုင်းဆိုင်ရာမှာ ကိုယ့်ကိုယ်ကို ဝနေမှန်း၊ ပိန်နေမှန်း သိရင် သိသလို လေ့ကျင့်ခန်းနဲ့ အစားအသောက်ကို ပြင်ဆင်ရသလို စိတ်ပိုင်းဆိုင်ရာမှာလည်း ကိုယ့်မှာ ဘယ်လို စိတ်နေစိတ်ထားတွေရှိလဲဆိုတာကို သိရင် တတ်နိုင်သမျှအကောင်းဆုံးပုံစံကို ရလာအောင် ပြုပြင်ယူနိုင်မယ်ဆိုတဲ့ သဘောမျိုးလို့ မြင်မိလာပါတယ်။

*
ADHD, Autism စတဲ့ disorder တွေကို လေ့လာကြည့်တော့လည်း ဒီထဲက လက္ခဏာတစ်ချို့တွေကို ကိုယ့်မှာရော ဘေးပတ်ဝန်းကျင်မှာပါ (ကုသဖို့လိုတဲ့ အနေအထားဟုတ်မဟုတ်မသေချာပေမယ့်) အနည်းနဲ့ အများ တွေ့နေရတာသတိထားမိတယ်။ အရင်ခေတ်ကဆို ဒီလို ရှာဖွေဖော်ထုတ်သတ်မှတ်ပေးတာမျိုးမရှိသေးတော့ ဒီရောဂါတွေ ခံစားနေရသူတွေကို ပြင်းပြင်းထန်ထန်ဆိုရင် ကျပ်မပြည့်ဘူးလို့ သတ်မှတ်ပြီး မသိမသာ (အပျော့စား) ဆိုရင် ဘုဂလန့်၊ လူ့ဂွစာ၊ ဆိုးတယ်၊ စကား နားမထောင်ဘူး စသဖြင့် သတ်မှတ်ခံခဲ့ကြရမယ်လို့ တွေးမိပါတယ် (တစ်ချို့ကလေးတွေ ကျောင်းမှာ အရမ်းဆိုးတယ်လို့ သတ်မှတ်ခံခဲ့ကြရတာဟာ ဒီဟာတွေနဲ့ ပတ်သက်နေမယ်လို့ ပြန်တွေးမိတာပါ)

*
လက်ငါးချောင်းဟာ အရှည်အတို၊ ပုံသဏ္ဍာန်မတူပါဘူး။ လက်မချည်းပဲ ငါးချောင်းဖြစ်နေရင် အလုပ်မဖြစ်သလို၊ ကျန်တဲ့လက်ချောင်းတွေလည်း ထိုနည်းလည်းကောင်းပါပဲ။ အဲလိုပဲ ကျွန်တော်တို့အားလုံးဟာ အလုပ်ထဲမှာ၊ မိသားစုထဲမှာ။ team တွေထဲမှာ အမြဲ စိတ်ပိုင်းဆိုင်ရာ၊ အမူအကျင့် personality ပုံစံတွေမတူကြပါဘူး။ ဒါကို ကိုယ့်ပုံစံအတိုင်း သူများတွေကို လိုက်လုပ်မှစိတ်တိုင်းကျတာမျိုး မဟုတ်ဘဲ၊ သူတို့ပုံစံနဲ့သူတို့ ကိုယ့်ပုံစံနဲ့ကိုယ် ပူးပေါင်းပြီး တူညီတဲ့ဦးတည်ချက်ပန်းတိုင်တွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်ကြဖို့၊ မတူတာဟာ ကောင်းတယ်၊ လိုအပ်တယ် (ဖွဲ့စည်းတည်ဆောက်ပုံ မတူတာက အလုပ်တွေကို ပိုထိရောက်အောင်မြင်အောင်လုပ်နိုင်စေတယ်)  ဒီမတူညီမှုတွေကို ပိုနားလည်အောင် အချင်းချင်းကြိုးစားပြီး အားလုံး စိတ်ချမ်းသာအောင်နေနိုင်ဖို့နဲ့ လုပ်စရာရှိတာတွေကို အောင်မြင်ပြီးမြောက်အောင်လုပ်နိုင်ဖို့ အဓိကပဲ။ တစ်ယောက်က OCD အသေးစိတ်တဲ့သူဖြစ်မယ်၊ တစ်ယောက်က bigger picture ကိုပိုမြင်တဲ့သူဖြစ်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဘက်ကို စိတ်ဒုက္ခမပေးဘဲ သူ့ဘက်ကိုယ့်ဘက် နားလည်ပေးပြီး အတူတူအလုပ်လုပ်ကြဖို့ပါပဲ။

*
I am just sharing ပါ။

25.6.2018

Tuesday, June 18, 2019

ဆံပင်ထူနည်း ဗျူဟာ ၇ ခု



ရေးသားသူ Dr. Phio Thia
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

လူတွေအနေနဲ့ တစ်နေ့နေ့မှာ မလွဲမရှောင်သာ ဆံပင်တွေ ကျွတ်လာလိမ့်မယ်ဆိုတာ ဝမ်းနည်းဖို့ကောင်းတဲ့ အမှန်တရားတစ်ခုပါ။

ဒါကြောင့် အဲ့ဒီလို ဖြစ်လာတဲ့ ပျက်စီးမှုတွေကို ကာကွယ်ဖို့အတွက် သင့်အနေနဲ့ ပထမဆုံး ဆံပင်ကျွတ်တဲ့ လက္ခဏာ ပြလာတာနဲ့ အခုဖော်ပြမယ့် ဆံပင်ထူစေမယ့် နည်းဗျူဟာ ၇ ခုကို အသုံးပြုရမှာ ဖြစ်ပါတယ်။

၁။ ဆံပင်ထူစေတဲ့ ခေါင်းလျှော်ရည်ကို သုံးပါ

Ketoconazole ဟာ ဆံပင်ပိုထူလာစေတဲ့အတွက် Ketoconazole ပါဝင်တဲ့ ခေါင်းလျှော်ရည်ကို သုံးသင့်ပါတယ်။

Nizoral A-D ဟာ Ketoconazole အများကြီးပါတဲ့ ခေါင်းလျှော်ရည် ဖြစ်တဲ့အတွက် သင့်ဆံပင်ကို အကောင်းဆုံး အနေအထားမှာ ထိန်းသိမ်းထားပေးပါလိမ့်မယ်။

အကောင်းဆုံးရလဒ် ရရှိဖို့အတွက် သင့်ဆံပင်ကို တစ်ပတ်မှာ သင့်တော်တဲ့ ပမာဏနဲ့ မကြာခဏ လျှော်ပါ။ အဲ့ဒီခေါင်းလျှော်ရည် အလွန်အကျွံသုံးစွဲခြင်းက သင့်ဆံပင်ကို ခြောက်သွေ့နိုင်တဲ့အတွက် ကျန်အချိန်တွေမှာ တခြားသာမန် ခေါင်းလျှော်ရည်တွေကို သုံးပေးဖို့ လိုအပ်ပါတယ်။

၂။ ခေါင်းသေချာဖြီးပါ

ဘီးတစ်ချောင်းနဲ့ သင့်ဦးရေပြားကို ဖြီးပေးခြင်းက သင့်ဆံပင်ကို ပိပြားပြီး တောက်ပြောင်စေမှာ ဖြစ်ပါတယ်။

၃။ ဆေးလိပ်ဖြတ်ပါ

ဒီနေရာမှာ ဆေးလိပ်အကြောင်း ပြောရတာ သိပ်မကောင်းပေမယ့် ဆေးလိပ်သောက်ခြင်းဟာ ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းပမာဏကို သွေးကြောတွေထဲမှာ တက်လာစေပါတယ်။

ဆေးလိပ်သောက်ခြင်းဟာ သင့်ဦးရေပြားမှာ ရှိတဲ့ သွေးကြောတွေကိုလည်း ကျဉ်းစေပြီး ဆံသားတွေဟာ အာဟာရ ပြည့်အောင် မရတော့ဘဲ ဆံပင်တွေ ကျွတ်လာပါလိမ့်မယ်။

ဒါ့အပြင် ဆေးလိပ်သောက်တာဟာ သင့်ခန္ဓာကိုယ်ရဲ့ ဘယ်အပိုင်းကိုမှလည်း ကောင်းကျိုး မပေးပါဘူး။

၎။ သင့်ဆံပင်ကို သဘာဝအတိုင်း အခြောက်ခံပါ။

ဆံပင်တွေဟာ စိုနေတဲ့အချိန်မှာ အားအနည်းဆုံးပါပဲ။ သင့်ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်း သဘက်ဖြင့် သုတ်ခြင်း၊ ဘီးဖြင့် အလွန်အကျွံ ဖြီးခြင်းတွေဟာ ဆံပင်တွေကို ပြတ်ထွက်သွား စေနိုင်ပါတယ်။

အဲ့ဒီလို ပြဿနာ အသေးစားလေးတွေကပဲ ကြည့်ရဆိုးတဲ့အထိ ဖြစ်တတ်ပါတယ်။ သင့်ဆံပင်ကို သဘာဝအတိုင်း ခြောက်သွေ့စေဖို့ ထားပြီး ပုံသွင်းတဲ့အခါ ပိုကောင်းတဲ့ ပုံစံဖြစ်အောင် (သဘက်ဖြင့်) ပုတ်၍ ပုတ်၍ အခြောက်ခံပါ။

၅။ အခြောက်ခံစက်မှ လေဖြင့် မှုတ်ပါ။

အခြောက်ခံစက်ဖြင့် မှုတ်ခြင်းမှာ သင့်ဆံပင် ထူထဲလာအောင် ဖန်တီးဖို့အတွက် အံ့သြလောက်အောင် အလုပ်ဖြစ်ပါတယ်။ အပူမလွန်အောင် သတိထားဖို့တော့ လိုပါမယ်။ ဆံပင်ရဲ့ သဘာဝပရိုတင်းဓါတ်တွေ ပျက်ဆီးနိုင်တဲ့အတွက်ပါ။

၆။ နေပူထဲထွက်လျှင် ဦးထုပ်ဆောင်းပါ။

သင့်ဆံပင်ကို နေရောင်ခြည်နဲ့ ကြာရှည်ထိတွေ့စေမယ်ဆိုရင် ပျက်စီးနိုင်ပါတယ်။ ဆံပင်နေလောင်ခြင်းက စူပါအောက်ဆိုက်ဒ်လို့ ခေါ်တဲ့ ဆံပင်ကျွတ်စေတဲ့ ဒြပ်ပေါင်းတစ်မျိုး ထုတ်ပြီး ဦးရေပြားကို ထိခိုက်စေတဲ့အတွက် ဆံသားတွေ ကြွတ်ဆတ်ပြီး ပျက်စီးလွယ်စေပါတယ်။

၇။ ဆံပင်ကောင်းကောင်း ညှပ်ပါ

အချို့သောသူများက ထိပ်ပြောင်တာကို ဖုံးဖိဖို့အတွက် ဆံပင်ကို အရှည်ထားပြီး အုပ်ဖုံးတာတွေ လုပ်ပါတယ်။ တကယ်တော့ ဆံပင်တိုတိုက အမြဲတမ်း လူကို ပိုတောက်ပြောင်လှပစေပါတယ်။ အဲဒီလိုတွေ ဖုံးဖိနေမယ့်အစား သင့်မှာ ဘယ်လိုဆံပင်ပဲ ရှိရှိ အဲ့ဒါနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံအတိုင်း နေလိုက်ပါ။


မူလတင်ဆက်သူ စာမျက်နှာ - Hello ဆရာဝန် 

Monday, June 17, 2019

Lean Muscle ရရန် အစားအသောက်ကို ပါးနပ်စွာ စား ခြင်း ( ၁ )

💢💯💢 ဝိတ်ကျစေရန် နှင့် lean muscle  ရရန် အစားအသောက်ကို ပါးနပ်စွာ စား ခြင်း ၁ 💢💯💢
🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥


🧘‍♀️ “Be always the Boss of your foods.” ဖြစ်ပါစေ။ သင်သာလျှင် သင့် အစားအသောက်၏ သခင် ဖြစ်ပါစေ။ ဆိုလိုသည်မှာ ကျန်းမာသော ဘော်ဒီ ပိုင်ရှင်ဖြစ်လာရန် အရသာကို ဦးစားပေးစားသုံးသူ မဟုတ်ပဲ၊ body performance အတွက်စားပေးပါ။ ဘာ၊ ညာ မစားရန် တားမြစ်ခြင်း မလုပ်ပဲ၊ healthy & clean eating စားတတ်အောင် ကျင့်ယူပါ။ လွန်ခဲ့သော ၃ နှစ်ကအထိ၊ ကျနော် အစုံစား သတ္တဝါတစ်ယောက် ဖြစ်ဖူးပါသည်။ လက်ရှိအချိန်တွင် စားသင့်တာ စားတတ်သူ တစ်ဦးဖြစ်နေပါပြီ။

1️⃣ drink water before every meal & snack 
လူတိုင်း ရေကို ဘော်ဒီ လိုသည့်ပမာဏ သောက်ပေးရန် လိုအပ်သည်။ ရေဓါတ်နည်း ပါက ပင်ပန်းရုံမက၊ ရေ ဆာခြင်းနှင့် ဗိုက်ဆာခြင်း ကိုပင် မှားယွင်းတတ်လေသည်။ ဘော်ဒီဝိတ် ထိန်းချင်သူများနှင့် ကျချင်သူများမှာ၊ သရေစာ နှင့် ကျန်သည့် အစာများ မစားမှီ ရေကို ၁ ခွက် မှ ၂ ခွက်ထိ သောက်ပေးပါ။ အစာကို အငန်းမရ မ စားရုံမက၊ ကယ်လိုများများ စားမိခြင်းမှ ကင်းဝေးပါမည်။

2️⃣ make spa water 
ရေ သောက်ရသည်မှာ အရသာ မရှိ၊ ပျင်းစရာ ကောင်းသည်ဟု ပြောကြသည်။ ထိုသို့ဖြစ်ပါက ရေကို အရသာ ရှိစေရန်၊ သံဖရာ၊ နာနတ်သီး၊ ပူစီနံ နှင့် ဂျင်း စသည်များကို လိုအပ်သလို ပါးပါးလှီးပြီး  ထည့်ခြင်းဖြင့် (infused) လုပ်ပြီး သောက်နိုင်ပါသည်။ လုပ်ငန်းခွင်အတွက် container တစ်ခုတွင်ထည့်ယူသွားပါ။ ဤသို့ လုပ်ယူသွားခြင်းဖြင့်၊ သံဗူး၊ ပုလင်း အချိုရည်များ သောက်ခြင်းမှ ကင်းဝေး လာမည်ဖြစ်ပါသည်။ (save your environment လည်းဖြစ်တယ်နော် 🙂)

3️⃣ eat veggies at breakfast 
အများစု၏ မနက်စာတွင် အသီးအရွက် ပါအောင်စားလေ့မရှိပေ။ ဝိတ်ကျချင်ပါက မနက်စာတွင် အသီးအရွက် ပါအောင် စပြီး စားသင့်ပါသည်။ အသီးအရွက်များမှ အမျှင်ဓါတ်၊ ဗိုက်တာမင်၊ minerals များရရုံမက၊ ကယ်လိုရီနည်းပြီး ဗိုက်ပြည့်စေသည်။ မိမိ စားနေကြ မနက်စာကို အသီးအရွက် ပါအောင်စားပါ။ ဥပမာ။ မုန့်ဟင်းခါး ကြိုက်သူအတွက်၊ ခွက်ထဲတွင် အသီးအရွက် များများ ထည့်စားသင့်ပါသည်။ (မုန့်ဟင်းခါးမှာ အရသာရှိလွန်း၍ recommend မပေးပါ)

4️⃣ order a short drink 
မိတ်ဆွေများဖြင့် အပြင်ကို သွားချိန် တစ်ခုခု မှာသောက်ကြလျှင်၊ ဥပမာ။ cappuccino ကို အသေးဆုံး မှာသောက်ပါ။ grande အရွယ်အစားကို မေ့ထားပါ။ portion ကို လျှော့ချလိုက်ခြင်းဖြင့် ကယ်လိုရီများစွာကို ရှောင်ပြီးသား ဖြစ်သည်။


5️⃣ make your oatmeal savory 
လေ့လာချက်တစ်ခုတွင် စောစော အိပ်ရာထလေ့ရှိသူများ ပရိုတိန်းပိုစားတတ်ပြီး၊ အိပ်ယာဝင် နောက်ကျသူများမှာ အချိုနှင့် အဆီများသည့် အစာများ ၊ ပိုစားတတ်သည် ဟုဆိုသည်။ နံနက်ပိုင်းတွင် ပရိုတိန်းစားလျှင်၊ ညနေပိုင်းစားသည့် ကယ်လိုရီ နည်းလာသည်ဟု ဆိုသည်။ ကျန်းမာရေးအတွက် သင့်လျှော်သော oatmeal သို့ မနက်စာ တစ်ခုကို ကို ပိုအရသာ ရှိစေရန် လုပ်ပြီး စားသင့်ပါသည်။

6️⃣ enjoy carbs & protein post workout
workout လုပ်ပြီးသည့် အချိန်သည် လိုအပ်သည့် ကစီနှင့် ပရိုတိန်း များကို feed လုပ်ရန် အကောင်းဆုံး အချိန်ပင်ဖြစ်သည်။ ဘော်ဒီမှာ ကစီ ကို အင်အား အဖြစ်ယူသုံးပြီး၊ ပရိုတိန်းကို လိုအပ်သည့် မာဆယ်မှ ယူငင် အသုံးပြုနိုင်မည်ဖြစ်သည်။

7️⃣ eat every three to five hours 
အချိန် ရပြီး စားနိုင်ပါက၊ ပမာဏ နည်းပြီး၊ အကြိမ် များများ စားခြင်းမှာ ပိုကောင်းပါသည်။ သို့သော် အကောင်းဆုံးမှာ မိမိဘော်ဒီ ပုံစံ၊ အလုပ်သဘာဝနှင့် သင့်လျှော်သော diet ကို ပိုကောင်းလာအောင် လုပ်ယူပါ။

8️⃣ gaze on protein all day
ပရိုတိန်း ကို တစ်ချိန်တည်း အများကြီး မစားသင့်ပါ။ အစာ စားတိုင်း ပရိုတိန်း ပါအောင် စားပါ။ ပရိုတိန်းမှာ သွေးထဲရှိသော သကြားဓါတ်ကို ထိန်းပေး၍၊ မကြာခဏ အစာ စားချင်စိတ် လျှော့ချပေးသည်။ ( ဥပမာ - ဒိန်ချဉ်၊ ပဲနီလေး၊ ပဲအမျိုးမျိုး၊ ကြက်သား၊ ငါး၊ ကြက်ဥ နှင့် ကြက်ဆင် )

9️⃣ eat veggies, protein & carbs orderly 
ဝိတ်ကျရန် ခက်ခဲ့သူများအတွက်၊ အစာစားတိုင်း အသီးအရွက်သုပ် သို့ အသီးအရွက် များကို အရင်စားပါ။ အသီးအရွက်များသည် ကယ်လိုရီ လည်းနည်းပေ သည်။ ပြီးလျှင် ပရိုတိန်းကို စားပါ။ ကစီကို အစာအားလုံး စားပြီးမှ စားသင့်ပါသည်။ ထိုသို့ စားပါက၊ ကစီကို လိုသည်ထက် ပိုပြီး စားမိခြင်းမှ ကင်း ဝေးမည် ဖြစ်သည်။


Guys! go ahead & share with your beloved friends if you find it useful!

🙏 have a healthy & happy day 🙏

အားလုံးကျန်းမာကြပါစေ "Health is Wealth”
🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈

မူလရေးသားတင်ဆက်သူ စာမျက်နှာ - Online Gym for Simple Workouts & Diet Tips

Sunday, June 16, 2019

Google Chrome ကို ပရို တစ်ယောက်လို အသုံးပြုနည်းများ


 Google Chrome ဟာ ကမ္ဘာမှာ လူသုံးအများဆုံး ၀က်ဘရောက်စာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Google Chrome မှာ လူသိနည်းတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်များ ပါရှိပါတယ်။ အဲဒီအထဲမှာ Chrome ကို Text Editor လို အသုံးပြုခြင်း၊ Address Bar ကနေ သင်္ချာတွက်ခြင်းစတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်များ ပါဝင်ပါတယ်။

ဒေတာများကို Sync လုပ်ပါ။
Chrome မှာ သင့်ရဲ့ Google အကောင့်ဖြင့် Signin ၀င်ခြင်းအားဖြင့် Bookmarks , History , Passwords , Settings များကို Sync လုပ်နိုင်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဖြင့် သင့်ရဲ့ အခြား Device များကနေ အဲဒီ ဒေတာများကို သုံးနိုင်မှာပါ။ Chrome Settings ရဲ့ ထိပ်ဆုံးမှာ Signin လုပ်နိုင်ပါတယ်။

ပရိုဖိုင်များ ပြုလုပ်ပါ။
သင့်မှာ အလုပ်၊ ကိုယ်ရေးကိုယ်တာ အတွက် Google အကောင့် ၂ ခု ရှိရင် ပရိုဖိုင်တစ်ခုစီအတွက် Bookmarks နဲ့ Settings များကို သီးခြားစီ သိမ်းဆည်းနိုင်ပါတယ်။ ပရိုဖိုင်များ ပြုလုပ်ဖို့ Chrome Settings> People ကဏ္ဍအောက်ကို သွားပါ။

ခြေရာဖျောက်ပြီး သုံးပါ။
Chrome မှာ သင်ကြည့်ခဲ့တဲ့ ၀က်ဆိုက်များ၊ ဒေါင်းလုပ်လုပ်ခဲ့တဲ့ အရာများကို အခြားလူများ မသိစေချင်ရင် Incognito Mode ကို သုံးပါ။ Chrome ရဲ့ ညာဘက်အပေါ်ထိပ်မှ Menu ကို နှိပ်ပြီး New incognito window ကို နှိပ်ပါ။ သင် အသုံးပြုပြီးလို့ ၀င်းဒိုးကို ပိတ်လိုက်တာနဲ့ ဒေတာများကို ဖျက်ပေးမှာပါ။

အခြေခံ Keyboard Command ကို သုံးပါ။
Chrome အတွက် Keyboard Commands များစွာ ရှိပါတယ်။ အောက်မှာတော့ အသုံးဝင်တဲ့ Commands များကို ဖော်ပြလိုက်ပါတယ်။

• Ctrl/Command + T opens a new tab
• Ctrl/Command + W closes your current tab
• Ctrl/Command + Shift + T opens your last tab
• Ctrl/Command + L highlights whatever’s in the omnibar
• Ctrl/Command + Tab moves you a tab to the right
• Ctrl/Command + Shift + Tab moves you a tab to the left


Guest Mode ကို အသုံးချပါ။
သင့် သူငယ်ချင်းက သင့်ရဲ့ လက်တော့မှ Chrome ကို သုံးချင်တဲ့ အခါမှာ သင့်ရဲ့ Bookmarks , History နဲ့ အခြား ဒေတာများကို မသိစေချင်ရင် လိပ်စာဘားရဲ့ ညာဘက်မှ သင့် ပရိုဖိုင်ကို နှိပ်ပါ။ Open guest window ကို နှိပ်ပါ။

သင်္ချာတွက်ပါ။
Omnibar ဟာ ထူးခြားဆန်းပြားပါတယ်။ သူ့ကို ဂဏန်းတွက်စက်လို သုံးနိုင်ပါတယ်။ ဥပမာအားဖြင့် 10×10 လို့ရိုက်ပြီး အန်းတားနှိပ်ရင် အဖြေကို တွက်ပေးမှာပါ။ အခြား Equation အားလုံးကိုလည်း တွက်ပေးနိုင်ပါတယ်။

ဖွင့်ထားတဲ့ Web Pages များကို Bookmark မှတ်ပါ။
ဖွင့်ထားတဲ့ Web Pages များအားလုံးကို Bookmark မှတ်သားဖို့အတွက် Tab တစ်ခု အပေါ် Right-Click နှိပ်၍ “ Bookmark all tabs “ ကို နှိပ်ပါ။ သင်ဟာ သုတေသနတစ်ခုကို ပြုလုပ်နေတဲ့ အချိန်မှာ ဒီစွမ်းဆောင်ချက်က အသုံးဝင်ပါတယ်။

Tabs များကို လျှင်မြန်စွာ ပိတ်ပါ။
သင် ဖွင့်ထားချင်တဲ့ Tab အပေါ်ကို Right-Click နှိပ်ပြီး “ Close other tabs “ ကို နှိပ်ရင် အခြား Tabs များကို ပိတ်ပေးမှာ ဖြစ်ပါတယ်။ “ Close tabs to the right “ ကို နှိပ်ရင် ညာဘက်မှ Tabs များကို ပိတ်ပေးမှာ ဖြစ်ပါတယ်။

Text Editor လို သုံးပါ။
Chrome ကို Text Editor လို သုံးဖို့အတွက် လိပ်စာဘားမှာ data:text/html,ကို ရိုက်ထည့်ပြီး အန်းတား နှိပ်ပါ။
Multimedia Player လို သုံးပါ။

သင့် ကွန်ပြူတာမှ မီဒီယာဖိုင်များကို Drag လုပ်ပြီး Chrome Window ပေါ် တင်လိုက်ရင် ဗီဒီယို၊ သီချင်းများကို နားဆင်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။


ref : pocket-lint

Written by Ko Thuya

Saturday, June 15, 2019

5 Best Homemade Banana Face Masks for All Skin Types


သဘာဝအသီးအနှံလေးတွေနဲ့ မျက်နှာပေါင်းတင်မယ် (ငှက်ပျောသီး)

ငှက်ပျောသီးကိုအသုံးပြုပြီး အိမ်လုပ်မျက်နှာဖုံး(ဆေး)ကို ပြုလုပ်ရတာလွယ်ကူသလို ထိရောက်မှုလည်းရှိပါတယ်။ အစိုဓာတ်ပေးမယ်၊ အားဖြည့်မယ် တပြိုင်နက်လိုလို အလုပ်ဖြစ်တယ်လေ အရေပြားအမျိုးအစားအတော်များများအတွက်ပေါ့။ အဆီပြန်အသားအရေ (Oily skin)၊ ခြောက်သွေ့အသားအရေ (Dry Skin) ၊ ပေါင်းစပ်အသားအရေ (Combination Skin) စသဖြင့်လေ။ ငှက်ပျောသီးတစ်လုံးကို ကြိတ်ခြေပြီး မျက်နှာမှာလိမ်းကျံတယ်ဆိုပေမယ့် ကိုယ့်အသားအရေနဲ့ကိုက်ညီတဲ့နည်းနဲ့ ဖျော်စပ်အသုံးပြုရင် ပိုမိုထိရောက်မယ်လို့ ယူဆပါတယ်။

အမှတ်စဉ် (၁) 
အဆီပြန်အသားအရေအတွက် (Banana Mask for Oily Skin)

သည် မျက်နှာလိမ်းဆေး/မျက်နှာဖုံးဆေးက အသားအရေမှိန်ဖျော့နေတာကိုလင်းစေသလို လတ်တလောဖြစ်ပျက်နေတဲ့ကိစ္စကို လျော့ပါးသက်သာစေပါမယ်။ အဆီပြန်အသားအရေအတွက် အတော်အဆင်ပြေစေမယ့် ဖော်စပ်နည်းတစ်ခုပေါ့။

ပါဝင်ပစ္စည်းတွေ -
ငှက်ပျောသီးမှည့် ၁လုံး၊
ပျားရည် စားပွဲတင်ဇွန်း ၂ဇွန်း၊
လိမ္မော်ရည်/လျှောက်ရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း(Orange or Lemon juice)၊

ဖော်စပ်အသုံးပြုပုံ
ငှက်ပျောသီးကို ကြိတ်ခြေပါ။
ပျားရည်ကိုထပ်ပေါင်းပြီးမွှေပါ။ ပိုမိုနှံ့စပ်အောင် ပါဝင်ပစ္စည်းတွေအကုန် Blender ထဲထည့်မွှေနိုင်ပါတယ်။
လိမ္မော်ရည် ဒါမှမဟုတ် လျှောက်ရည်ကို လတ်လတ်ဆတ်ဆတ်ညှစ်ထည့်ပါ။မွှေပါ။
ရရှိလာတဲ့အနှစ်ကို မျက်နှာမှာလိမ်းကျံပြီး ဆယ့်ငါးမိနစ်ထားပေးပါ။ မျက်နှာမသစ်မီ ရေအေးစိမ်ထားသောအ၀တ် သို့မဟုတ် ရေနွေးစိမ်ထားသောအ၀တ်စ(washcloth)ဖြင့် သုတ်သင်ဖယ်ရှားလိုက်ပါ။
အလုံးစုံသန့်စင်ပြီးချိန်မှာတော့ လိမ်းကျံနေကြ အစိုဓာတ်ထိန်းခရင်မ်တစ်ခုခုကိုလိမ်းနိုင်ပါပြီ။

အမှတ်စဉ် (၂) 
ခြောက်သွေ့အသားအရေအတွက် (Banana Face Masks for Dry Skin)

ရာသီဥတုသဘာဝအရ အရေပြားခြောက်သွေ့တာမျိုးပဲဖြစ်ဖြစ် နဂိုသဘာဝအရ အရေပြားခြောက်သွေ့တတ်တာပဲဖြစ်ဖြစ် အစိုဓာတ်ပေး ဖို့လိုအပ်ပါတယ်။ ငှက်ပျောသီးနဲ့အတူ Omega 3 တို့ Fatty acids တို့ကြွယ်ဝတဲ့ ထောပတ်သီးကိုပေါင်းစပ်ထည့်သွင်းခြင်းဖြင့် အရေပြား နက်နက်ရှိုင်းရှိုင်းအထိ အစိုဓာတ်ပေးနိုင်ပါလိမ့်မယ်။ အောက်မှာပြောပြမယ့် မျက်နှာဖုံးဆေးကိုအသုံးပြုခြင်းဖြင့် ပထမဆုံးသတိထားမိမှာ က အရေပြားလေးပိုမိုနုညံ့လာတာကိုပါပဲ။

ပါဝင်ပစ္စည်းများ
ငှက်ပျောသီးမှည့် တစ်လုံး၊
ထောပတ်သီးမှည့် တစ်လုံး၊

ဖော်စပ်အသုံးပြုပုံ
ငှက်ပျောသီးမှည့်တစ်ပိုင်း၊ ထောပတ်သီးမှည့်တစ်ဝက်ကို ပေါင်းစပ်ကြိတ်ခြေပါ။
ဇလုံ/ခွက်ကြီးကြီးတစ်ခုထဲမှာထည့်ကာ နှံ့စပ်အောင်ကြိတ်ခြေရာမှာ အလုံးစုံရောနှောသွားတဲ့အနေအထားရောက်ဖို့လိုပါတယ်။

အမှတ်စဉ် (၃) 
အထိအခိုက်မခံသောအသားအရေအတွက် (Banana Face Mask for Sensitive Skin)

ထိခိုက်လွယ်သောအသားအရေ၊ နေလောင်အသားအရေ သို့မဟုတ် အသက်အရွယ်ရ အသားအရေများအတွက် သင့်တော်ကောင်းမွန် သော မျက်နှာဖုံးလိမ်းဆေးဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ
သဘာဝငှက်ပျောသီးမှည့် တစ်လုံး၊
ဒိန်ချဉ် ခွက်ရဲ့ လေးပုံတစ်ပုံ (1/4 cup plain Yogurt)၊
ပျားရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း၊

ဖော်စပ်အသုံးပြုပုံ
ပါဝင်ပစ္စည်းများအားလုံးကို ခြေစက်ထဲထည့်ပြီး ကောင်းကောင်းမွှေပေးပါ။
မျက်နှာတပြင်လုံးကို သေချာလိမ်းကျံပေးပါ။
သက်သောင့်သက်သာနေပါ။ ၁၅မိနစ်ကြာပြီးနောက်မှာ ထုံးစံအတိုင်း ဆေးကြောသန့်စင်ကာ အစိုဓာတ်ထိန်းခရင်မ်တစ်ခုလိမ်းပေးပါ။

အမှတ်စဉ် (၄) 
ဝက်ခြံအမာရွတ်ရှိ အသားအရေအတွက် (Banana Face Mask for Acne-Prone Skin)

အရှေ့တောင်အာရှထုတ် အလှကုန်အတော်များများမှာ ပေါ်ပြူလာဖြစ်လှတဲ့ ပစ္စည်းတစ်မျိုးက နနွင်း(Turmeric) ဖြစ်ပါတယ်။ နနွင်းက အသားအရေ၀င်းပစေတဲ့အစွမ်းအာနိသင်ရှိပါတယ်။ အလားတူပါပဲ လိမ္မော်သီးကလဲ အရေးပြားအရောင်တောက်ပစေနိုင်သေးတာပါ။

အခုပြောပြမယ့် မျက်နှာဖုံးလိမ်းဆေးဟာ ၀က်ခြံပြဿနာရှိသူများအတွက် အဆင်ပြေစေတဲ့ လိမ်းဆေးဖြစ်ပါတယ်။ နနွင်းနဲ့ မုန့်ဖုတ်ဆိုဒါ (baking soda) တို့သည် နီရဲဖူးကြွနေတဲ့ အသားအရေများ အေးငြိမ်းချောမွတ်စေဖို့အကူအညီပေးနိုင်ပါရဲ့။

ပါဝင်ပစ္စည်းများ
ငှက်ပျောသီးမှည့် တစ်လုံး (ကြိတ်ခြေထားပါ)၊
မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းတစ်ဝက် (½ tsp Baking soda)
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ(1/4 tsp Turmeric powder)

ဖော်စပ်အသုံးပြုပုံ
ပါဝင်ပစ္စည်းတွေအကုန် Blender ထဲထည့်မွှေတာ သို့မဟုတ် ဇွန်း/ခက်ရင်း အသုံးပြုပြီးရောမွှေပါ။
မျက်နှာအနှံ့ကို သေချာလိမ်းကျံပါ။
အချိန် (၁၀)မိနစ်ထားပြီးနောက်မှ မျက်နှာကိုသေချာဆေးကြောသန့်စင်ပေးပါ။

အမှတ်စဉ် (၅) 
အရေပြားအမျိုးအစားအစုံ အသုံးပြုနိုင်ဖို့ (Banana and Honey Face mask for All-Skin Types)

ပါဝင်ပစ္စည်းများ
ငှက်ပျောသီးမှည့် လေးပုံတစ်ပုံ (1/4 ripe Banana)
သဘာဝပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်း
နို့မှုန့် အနည်းငယ် (Dry instant powdered milk)

ဖော်စပ်အသုံးပြုပုံ
ငှက်ပျောသီးမှည့်ကို လှီးဖြတ်ပါ။
ငှက်ပျောသီးမှည့်၊ ပျားရည်၊ နို့မှုန့်တို့ကို အနှစ်ဖြစ်သွားသည်အထိ ရောမွှေကြိတ်ခြေပါ။
သေချာဆေးကြောသန့်စင်ထားတဲ့ မျက်နှာပေါ်မှာလိမ်းကျံလိုက်ပါ။
အချိန် မိနစ် ၃၀ကြာအောင်ထားပေးပါ။
ရေကြက်သီးနွေးလေးနဲ့ သေချာပြန်ဆေးပေးနိုင်ပါတယ်။


ငှက်ပျောသီးမှည့်ဘယ်လို ရွေးရမလဲဆိုရင်တော့ သိသာတာက အခွံဝါနေတာကိုကြည့်၊ လက်နဲ့ကိုင်ကြည့်ပြီးဝယ်တာပေါ့။ ငှက်ပျောသီးမှည့်ဝယ်ထားရင်တော့ ချက်ချင်းလိုလိုသုံးစွဲမှအဆင်ပြေမှာပါ။ အခွံမှာ အညိုရောင် အစက်အပြောက်လေးတွေပေါ်နေရင် လည်း ငှက်ပျောသီးကမှည့်စပြုပါပြီ။ တကယ်လို့ ရက်အနည်းငယ်ကြာမှ အသုံးပြုမယ်ဆိုရင်တော့ အနည်းငယ်စိမ်းသေးတဲ့ ငှက်ပျောသီးကို ရွေးဝယ်ထားသင့်ပါတယ်။
ငှက်ပျောသီးကို ထားသိုထားဖို့အတွက် အထူးတလည်ပစ္စည်းတွေမလိုအပ်ပါဘူး။ အခန်းတွင်းအပူချိန်မှာပဲ ထားသိုလို့ရပါတယ်။ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတဲ့နေရာ၊ အပူချိန်မြင့်တဲ့နေရာတွေမှာတော့ မထားသင့်ပါဘူး။ ငှက်ပျောသီးနဲ့အတူ အခြားအသီးအနှံတွေ ရောမသိမ်းသင့်ပါဘူး အမှည့်မြန်လို့ဖြစ်ပါတယ်။
ငှက်ပျောသီးအစိမ်းဝယ်မိပြီး မှည့်စေချင်ပါက အညိုရောင်စက္ကူအိတ်ထဲထည့်ကာ အခန်းတွင်းအပူချိန်ထဲမှာပဲထားလိုက်နိုင်ပါတယ်။

Friday, June 14, 2019

ထိုင်းဆန်ပြားကြော် - Minced Chicken Larb - ချိုချဉ်စပ် ပြောင်းဖူးထောင်း

ထိုင်းဆန်ပြားကြော်


ဆန်ပြားအစို                               - ၅၀၀ ဂရမ်
ပဲငံပြာရည်အနောက်                     - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကိုက်လန်                                   - ၃ ပင်
ဆီ                                            - စားပွဲဇွန်း ၂ ဇွန်း

Marinate လုပ်ရန်လိုအပ်တာတွေကတော့…
ကြက်သား                                   -  ၂၀၀ ဂရမ် (ပါးပါးလှီးထားပါ)
ပုစွန်                  - ၁၅၀ ဂရမ် (အခွံခွာပြီး အခွံကိုပြုတ်ရည်လုပ်ရန်သိမ်းထားပါ)
ငရုတ်ကောင်းမှုန့်                          - အနည်းငယ်
ပဲငံပြာရည်အကြည်                       - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကြက်ရိုး        -၁ ခြမ်း
ပုစွန်အခွံ                                    -  ၁၅၀ ဂရမ်
ရေ
ကော်မှုန့်                                    -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပဲငံပြာရည်အကြည်                        - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ခရုဆီ                                         - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ငရုတ်ကောင်းမှုန့်အဖြူ           - အနည်းငယ်
နှမ်းဆီမွှေး                 -  အနည်းငယ်
ကြက်ဥအကာ                               - ၁ လုံး

ဆော့စ်အတွက်လိုအပ်တာတွေကတော့…
ကြက်သွန်ဖြူ (နုပ်နုပ်စဉ်း)                    -  စားပွဲဇွန်း ၂ ဇွန်း
တရုတ်ပဲငါးပိ                                - စားပွဲဇွန်း ၁ ဇွန်း
အရိုးပြုတ်ရည်                                   -   ၂ ခွက်
ပဲငံပြာရည်အကြည်                  -  စားပွဲဇွန်း ၁/၂ ဇွန်း
သကြား                                 -  လက်ဖက်ရည်ဇွန်း ၂ ၁/၂ ဇွန်း
ကော်မှုန့်                          -   စားပွဲဇွန်း ၂ ဇွန်း
ငရုတ်ကောင်းမှုန့််အဖြူ           - အနည်းငယ်
ငရုတ်သီးစိမ်းချဉ်တည်ရန်လိုအပ်တာတွေကတော့…
ငရုတ်သီးစိမ်း                               -   ၅ တောင့် (ပါးပါးလှီးထားပါ)
ရှလကာရည်                           - စားပွဲဇွန်း ၅ ဇွန်း
ဆား                   - အနည်းငယ်
သကြား                             - အနည်းငယ်

ပြုလုပ်ပုံ
1. ပုစွန်အခွံကို ပန်းရောင်သန်းသည်အထိ လှော်ပါ။ ပြီးလျှင် အရိုးပြုတ်ရည်အိုးထဲထည့်ပြီး ပြုတ်ပါ။ မီးအေးအေးနဲ့တည်ထားပြီး ဆန်ခါဖြင့်စစ်ထားပါ။
2. ခေါက်ဆွဲနဲ့တွဲပြီးစားရန် ငရုတ်ချဉ်လုပ်ဖို့အတွက် ငရုတ်သီးစိမ်းကို ပါးပါးလှီးပြီး ရှလကာရည်၊ ဆား၊ သကြားထည့်ပြီး အချဉ်တည်ထားပါ။
3. ကြက်သားကို Marinateလုပ်ရန်လိုအပ်တဲ့ ပါဝင်ပစ္စည်းအားလုံးနဲ့နယ်ပြီး နှပ်ထားပါ။
4. ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ဆီပူသည်နှင့် ဆန်ပြားထည့်ပါ။
5. ပြီးလျှင် ပဲငံပြာရည်အနောက်ထည့်ပြီး မွှေပေးပါ။ ဆန်ပြားကို နီညိုရောင်သန်းအောင်ကြော်ပြီး ဆယ်ထားပါ။
6. ဆော့စ်ချက်ရန်အတွက် ဒယ်အိုးထဲဆီထည့်ပြီး ကြက်သွန်ဖြူနဲ့ပဲငါးပိထည့်ပြီး ဆီသတ်ပါ။
7. ပြီးလျှင်နှပ်ထားတဲ့ ကြက်သားထည့်ပြီး ကြော်ပါ။ ကြက်သားအရောင်ပြောင်းတာနဲ့ ပြုတ်ရည်ထည့်ပြီး တည်ထားပါ။
8. ပြုတ်ရည်ဆူလာရင် ကိုက်လန်ထည့်ပါ။
9. ပြီးလျှင် ပဲငံပြာရည်၊ သကြား၊ ငရုတ်ကောင်းမှုန့်ထည့်ပြီး ဆူအောင်တည်ပါ။
10. ဟင်းရည်ပျစ်စေရန် ကော်မှုန့်ရေဖျော်ပြီး ထည့်ပါ။
11. ပြီးလျှင် ကြော်ထားတဲ့ ဆန်ပြားပေါ်မှာ လောင်းပါ။
12. ဆန်ပြားကြော်ကို ငရုတ်သီးစိမ်းချဉ်နဲ့ တွဲပြီး စားပါ။

`` ထိုင်းစတိုင် ချိုချဉ်စပ် ပြောင်းဖူးထောင်း လုပ်နည်း ´´


ထိုင်းအစားအစာ စားသောက်ဆိုင်တွေမှာ ရရှိတတ်တဲ့ ပေါ့ပေါ့ပါးပါးဟင်းလျာလေးပါ။ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး လုပ်စားတာပဲဖြစ်ဖြစ် အဆာပြေ သွားရည်စာအနေနဲ့ ဖြစ်ဖြစ် အရသာအသစ်အဆန်းလေးမို့ မြည်းကြည့်ချင်တာပဲ ဖြစ်ဖြစ် အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်မယ့် ပြောင်းဖူးထောင်းလေးပဲဖြစ်ပါတယ်။

ချိုစိမ့်နူးညံ့တဲ့ပြောင်းဖူး အငံလေးတဲ့ ဆားဘဲဥပြုတ်ရယ်၊ မန်ကျည်းသီးရဲ့ စူးရှတဲ့အချဉ်အရသာနဲ့ ငရုတ်သီးစိမ်း စပ်စပ်ကလေးတွေ ပေါင်းစပ်ထားလို့ အရမ်းစားကောင်းတာပဲလို့ ပြောရင် မလွန်ပါဘူးနော်။ဒါကြောင့်မို့ လွယ်ကူဆန်းသစ်တဲ့ ဒီဟင်းလျာလေးကို အားလပ်ရက်တွေမှာ လုပ်စားကြည့်ကြစို့လား။

ပါဝင်ပစ္စည်းများ

ပြောင်းဖူး - ၄ ဖူး
သဘောင်္သီးစိမ်း(အလုံးသေး) - ၁ စိတ်
မုန်လာဥနီ - ၁ ပိုင်း
ခရမ်းချဉ်သီး - ၂ လုံး
ငရုတ်သီးစိမ်း - ၁၀ တောင့်
ဂေါ်ဖီ - ၁ စိတ်
ပဲတောင့်ရှည် - ၈ တောင့်
မြေပဲဆံလှော် - ၂ ဇွန်း
ပုဇွန်ခြောက် - ၂ ဇွန်း (ထမင်းစားဇွန်း)
ငါးငံပြာရည် - ၂ဇွန်း (လဖက်ရည်ဇွန်း)
ဆားဘဲဥ/ရိုးရိုးဘဲဥ - ၂ လုံး
မန်ကျည်းသီးမှည့် - အနည်းငယ်
သကြား - အနည်းငယ်

ပြုလုပ်နည်း

ပြောင်းဖူးများကို အပေါ်ခွံခွာ အမွှေးအမျှင်သန့်စင်ပြီး ရေနှင့်စင်ကြယ်စွာဆေး၍ ပြုတ်ထားပါ။
ဆားဘဲဥ သို့မဟုတ် ရိုးရိုးဘဲဥ ကို သပ်သပ်ပြုတ်ပါ။
သဘောင်္သီးစိမ်း မုန်လာဥနီ ခရမ်းချဉ်သီး ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးထားပါ။
ဂေါ်ဖီကို လက်လေးလုံး အရွယ်ခန့် လှီးဖြတ်ထားပါ။ ပဲသီးများကို တစ်ကိုက်စာအရွယ် ပြင်ထားပါ။
မန်ကျည်းသီးကို အရည်ဖျော်ထားပါ။
ပြောင်းဖူးများအား အစေ့ခြွေ၍ ဖြစ်စေ ဓားနှင့် အပြားလိုက်လှီး၍ ဖြစ်စေ ပြင်ဆင်ထားပါ။
ဘဲဥကိုလည်း လေးစိတ်ခွဲထားပါ။
ငရုတ်ဆုံထဲသို့ ပြောင်းဖူး မုန်လာဥနီ သဘောင်္သီး ငရုတ်သီး ခရမ်းချဉ်သီး တို့ကိုထည့်ပါ။ ပြောင်းဖူးပြုတ်ထားသော အရည်ကို ထမင်းစားဇွန်း နှစ်ဇွန်းခန့်ထည့်ပေးပါ။
ငံပြာရည် မန်ကျည်းရည် သကြားတို့ထည့်၍ ညင်သာစွာထောင်းပါ။ ဇွန်းနှင့်အသာအယာမွှေပေးဖို့ မမေ့ပါနှင့်။
ထို့နောက် ပန်းကန်ထဲသို့ထည့်၍ မြေပဲဆံ ပုဇွန်ခြောက် ဘဲဥ တို့ထည့်ကာ ပန်းကန်ဘေးမှ ပဲသီးနှင့် ဂေါ်ဖီတို့ထည့်၍ တည်ခင်း သုံးဆောင်နိုင်ပါပြီ။

Minced Chicken Larb 


ပါဝင်ပစ္စည်းများ
✔️ ကြက်ရင်ပုံသား (၂၀) ကျပ်သား
✔️ ကြက်သွန်နီ (၄) လုံး
✔️ ကြက်သွန်ဖြူ (၄) မွှာ
✔️ လီလီကြက်သားမှုန့်
✔️ ကောက်ညှင်းမှုန့် (၂) ဇွန်း
✔️ ငရုတ်သီးမှုန့်၊ သကြား အနည်းငယ်
✔️ ငရုတ်သီးစိမ်း အနည်းငယ်
✔️ သံပရာရည် (၃) ဇွန်း
✔️ ကြက်သွန်မြိတ်၊ ရှမ်းနံနံ၊ပူဒီနာ(ပူစီနံ)


Minced Chicken Larb ချက်နည်း
💚 အရင်ဆုံး လီလီကြက်သားမှုန့်နယ်ထားတဲ့ ကြက်သား(အရိုးနွှင်ပြီးသား) ကို ကြေညက်နေအောင်
ကြိတ်ထားနော်။
💚 ကြက်သွန်နီကိုလည်း မထူးမပါးလှီးပေးထားပါ။ ကြက်သွန်ဖြူကိုတော့ နုပ်နုပ်စဉ်းထားပါ။
💚 ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ။
💚 ကြက်သွန်မြိတ်၊ ရှမ်းနံနံကို ပါးပါးလေးလှီးထားပါ။

ချက်ဖို့ ပြင်ဆင်ပြီးပြီဆိုတော့ လီလီနဲ့တူတူ စချက်ကြမယ်။
💚 အိုးထဲကို ဆီနည်းနည်းထည့်၊ ပြီးရင် ကြက်သားထည်မွှေပါ။
💚ရေနည်းနည်းထည့်ပြီး ရေမခမ်းတခမ်းအချိန်မှာ လီလီကြက်သားမှုန့်၊ ကောက်ညှင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ကြက်သွန်နီ၊ဖြူကိုထည့်ပါ။
💚 ပြီးရင်တော့ သကြား၊ သံပုရာရည်၊ ကြက်သွန်မြိတ်၊ ရှမ်းနံနံနဲ့ ပူစီနံကိုထည့်ပြီး ထပ်မွှေပေးပါ။ အရသာမြည်းပြီး လိုတာထပ်ထည့်ပေါ့။
💚 ကြက်သားကျက်ပြီး မွှေးပျံ့လာပြီဆိုရင်တော့ ပန်းကန်ထဲမှာ Mint Chicken Larb ဟင်းလျာကို ဆလတ်ရွက်၊ ပဲသီး၊ ပူစီနံ တို့နဲ့ ပြင်ဆင်တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။ ကောက်ညှင်းပေါင်းနဲ့လည်း တွဲစားရင် တမျိုးလေး စားကောင်းတယ်နော်။