Monday, July 31, 2017

ရန်ကုန်မြို့ရဲ့ မြို့နယ်အမည်တွေ ဘယ်လိုဖြစ်လာသလဲ


ဟိုးတုန်းကတော့ ရန်ကုန်ဟာ ရွှေတိဂုံဘုရားကို ဗဟိုပြုထားတဲ့ ငါးဖမ်းရွာလေးတစ်ရွာသာ ဖြစ်ပါတယ်။ အေဒီ ၆ ရာစုက စလို့ မွန်လူမျိုးများက ဒဂုံ အဖြစ်ပြောင်းလဲ တည်ထောင်ခဲ့ကြပါတယ်။ ဒဂုံ ဆိုသည်မှာ ဒဂုင်လွုင် ဟူသော ရွှေတိဂုံစေတီတော်ကြီး၏ ဘွဲ့အမည်မှ ဆင်းသက်လာခဲ့ကြောင်း သိရပါတယ်။ မွန်ဝေါဟာရ အရ ကုန်းမြင့်ပေါ်က စေတီ လို့ အဓိပ္ပါယ်ရပါတယ်။ ၁၇၅၅ ခုနှစ်မှာ အလောင်းဘုရားဟာ ဒဂုံကို အောင်နိုင်ပြီး ရန်ကုန် ဟူ၍ စတင်ပြောင်းလဲခဲ့ပါတယ်။ အဲဒီနောက် ကုန်းဘောင်ခေတ် ၊ ကိုလိုနီခေတ်များကို ကျော်ဖြတ်ခဲ့ပြီး ယနေ့အချိန်မှာတော့ ရန်ကုန်ဟာ မြန်မာနိုင်ငံရဲ့ အစည်ကားဆုံး နဲ့ အဓိကအကျဆုံး မြို့အဖြစ်ရပ်တည်နေပါတယ်။

ရန်ကုန်မြို့ဟာ ကမာရွတ်၊ တာမွေ ၊ စမ်းချောင်း စတဲ့ မြို့နယ်ခွဲပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ ထိုမြို့တွေရဲ့အမည် ဟာ ဘယ်ကနေ ဖြစ်ပေါ်လာပါသလဲ။ အများစုကတော့ မွန်နာမည် အခေါ်အဝေါ်ကနေ ဆင်းသက်လာခဲ့ပါတယ်။ မသိသေးသူများ သိစေဖို့ ဗဟုသုတအဖြစ် AyeSay က နေ တင်ဆက်လိုက်ပါတယ်။

ကမာရွတ်- မွန်ဘာသာ အမည် ကမာရွတ်မှာ ‘ကမာ’ဆိုတာ ရေကန် ၊ ‘ရွတ်’ ဆိုတာ ရတာ ဖြစ်ပါတယ်။ ရတနာကန် ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ အင်းလျားကန်ကို ရှေးတုန်းက ခေါ်တဲ့နာမည်ပေါ့။

ကျောက်တံတား- ကုန်းဘောင်ခေတ်ဦးတုန်းက ဆူးလေတစ်ဝိုက်ဟာရေပတ်လည်ဝိုင်းနေတဲ့ နေရာပါ။ အဲဒီအနီးအနားမှာ ဘုရားဘက်ကို ကူးသွားနိုင်တဲ့ ကျောက်တံတားကြီး တစ်ခု ရှိခဲ့ဖူးရာကနေ ဒီနာမည် ဖြစ်လာပါသတဲ့။

ကြည့်မြင်တိုင် – မွန်ဘာသာအမည် ကမန်ဋ်ုင်က ဆင်းသက်လာတာပါ။ မြို့ရိုးရှိတဲ့ မြို့လို့ အဓိပ္ပါယ်ရပါတယ်။

ကံဘဲ့ – မွန်ဘာသာအမည် ခပင်း(ခပေင်) ကို မြန်မာဘာသာနဲ့ ခေါ်ရာ ကနေ ကန်ဘဲ့ ဆိုပြီးဖြစ်လာတာပါ။ အဓိပ္ပါယ်က ကသစ်ပင် ဖြစ်ပါတယ်။ (ပုံပြင်တွေထဲမှာတော့ မွန်လူစွမ်းကောင်း မောင်ကံ ကန်ကိုခုန်ရာမှာ ကန်နဖူးပဲ့သွားရာကနေ ကံပဲ့(ကံဘဲ့) လို့ဆိုပါတယ် )

ကုက္ကိုင်း – မွန်ဘာသာ “ကော့ကောင်း” က ဆင်းသက်လာတာ ဖြစ်ပါ တယ်။ ကော့ဆိုတာ ကုန်း၊ ကောင်းဆိုတာက မရွေးပင်ကိုခေါ်တာမို့ အစကတော့ မရွေးပင်ကုန်းလို့ ခေါ်တဲ့နေရာပါ။

စမ်းချောင်း – စတင်တည်ထောင်စအချိန်မှာ တောင်ကုန်းဖြစ်ခဲ့ပြီး အဲဒီတောင်ကုန်းတွေကြားမှာ စမ်းချောင်းကလေးတစ်ခု စီးဆင်းနေ ပါသတဲ့။ အဲဒီစမ်းချောင်းကို အစွဲပြုပြီး ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဆင်မလိုက် – ရှေးအခါက နွံထူတဲ့အရပ်ဖြစ်တာကြောင့် ဆင်တွေဟာ အဲဒီနေရာရောက်ရင် ဆက်မသွား ၊ ဆက်မလိုက်တော့ပဲ ရပ်တန့် သွားတတ်ရာကနေ ဆင်မလိုက် ဆိုပြီး ဖြစ်လာပါသတဲ့။

တာမွေ – မွန်အမည် တာမွေ ကနေ တိုက်ရိုက်ဆင်းသက်လာပါတယ်။ ထန်းပင်တစ်ပင် ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။

ပုဇွန်တောင် – မွန်ဘာသာ “ပုဇွန်ဒေ” ကလာတာပါ။ တောင်ကုန်းငါးခု လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီကုန်းတွေက မလွှကုန်း ၊ မအူကုန်း ၊ သစ်ဆိမ့်ကုန်း ၊ ချစ်တီးကုန်း နဲ့ ပုရွက်ဆိတ်ကုန်း တို့ဖြစ်ပါတယ်။

ဗဟန်း – ဗဟန်းဆိုတာကလည်း မွန်ဘာသာကနေဆင်းသက်လာပြီး အ၀ါရောင်ရှိတဲ့မြေလို့ အဓိပ္ပါယ်ရပါတယ်။ ရှေးအခါက ကန့်ထွက်တဲ့ အရပ်ဒေသ ဖြစ်ခဲ့ဟန် တူပါတယ်။

ဘောက်ထော် – မွန်ဘာသာ ပေါက်ထောကနေလာပြီး ရွှေဟင်္သာလို့ အဓိပ္ပါယ်ရပါတယ်။

မင်္ဂလာဒုံ – မွန်အမည် “ဍုံဒရိုင်မငေ” ကနေ ဆင်းသက်လာပါတယ်။ အဓိပ္ပါယ်က မင်္ဂလာသမင်မြို့ ဖြစ်ပါတယ်။ အဲဒီကနေ မြန်မာဘာသာ တိုက်ရိုက်ယူ သုံးရာကနေ မင်္ဂလာဒုံမြို့ ဆိုပြီး ဖြစ်လာပါတယ်။

မြေနီကုန်း – ၁၈၄၁ခုနှစ် သာယာဝတီမင်းလက်ထက် အခုမြို့မကျောင်းနား က ကွင်းပြင်မှာ အောင်မြေရန်နှင် နန်းမြို့တည်ဆောက်စဉ် မြို့တော်တံခါးတွေထဲမှာ မြေနီကုန်းတံခါး ဆိုတာပါပါတယ်။ အဲဒီတံခါးကနေ ထွက် လိုက်ရင် အနီရောင်တောင်ကုန်းငယ်ကလေးကို တွေ့ရှိနိုင်လို့ပဲ ဖြစ်ပါတယ်။

လသာ – ရန်ကုန်ကို အင်္ဂလိပ်တွေသိမ်းပြီး မြို့ကွက်ရိုက်ရာမှာ လမ်းနာမည်ကို သူတို့အရာရှိတွေရဲ့အမည်တွေပေးခဲ့ပါတယ်။ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲမှာပါဝင်ခဲ့တဲ့ ကတ်ပတိန်လတ္တာ(Capt.Lattar) ကို ဂုဏ်ပြု တဲ့အနေနဲ့ပေးခဲ့တာဖြစ်ပါတယ်။ လတ္တာလမ်းကို မြန်မာလိုခေါ်ခဲ့ကြရာမှာ လသာလမ်း ဆိုပြီးဖြစ်လာပါတယ်။ အဲဒီနားတ၀ိုက်ကိလည်း လသာရပ် ဆိုပြီးခေါ်ခဲ့ကြပါတယ်။

လမ်းမတော် – သာယာဝတီမင်း ရန်ကုန်မြို့ကိုကြွလာစဉ်တုန်းက သင်္ဘောဆိပ်ကနေ အောင်မြေရန်နှင်နန်းမြို့ကို သွားတဲ့လမ်းဖြစ်ပါတယ်။ ဘုရင်သွားတဲ့လမ်းမ ဖြစ်တာကြောင့်’ တော်’တပ်ခေါ်ရာနေ လမ်းမတော် ဆိုပြီးဖြစ်လာပါတယ်။

အင်းစိန် – မွန်ဘာသာ အန်းစိန်(အင်စိင်)ကနေ ဆင်းသက်လာပြီး ဆင်တွေရေကစားရာအရပ် လို့ အဓိပ္ပါယ်ရပါတယ်။

ကဲ မိတ်ဆွေတို့ သိထားတဲ့မြို့အမည် အကြောင်းလေးတွေကို ကွန်မန့်မှာရေးသွားနိုင်ပါတယ်။

( ရွှေတိဂုံ မောင်ကံ ရာဇ၀င်နဲ့ပတ်သတ်လို့ မောင်ကံကို မြွေကြီးတားတဲ့နေရာကို တာမွေ ၊ မောင်ကန်ခုန်လိုက်လို့ ကံပဲသွားတဲ့နေရာကို ကန်ဘဲ့ စသည်ဖြင့် ခေါ်ခဲ့တယ်ဆိုတဲ့ မူကွဲပါးစပ်ရာဇ၀င်များလည်းရှိပါသေးတယ်)



Ref:
ရာဇ၀င်ထဲက အငြင်းပွားစရာများ – တင်နိုင်တိုး
မြန်မာ့စွယ်စုံကျမ်း

Credit:  သုတဇုန်

Sunday, July 30, 2017

လိမ္မော်သီး၏ အာဟာရနှင့်ကျန်းမာရေး

....................................
 လိမ္မော်သီးဟာ ရှောက်သီး၊ သံပရာသီး၊ သံပရိုသီး၊ ကျွဲကောသီး၊ ဂရိတ်ဖရု (Grape Fruit) တို့နှင့်အတူ အရည်ရွှမ်းပြီး ချိုချဉ်အရသာရှိတဲ့ Citrus Fruits သစ်သီး အုပ်စုမှာ ပါဝင်ပါတယ်။ ကမ္ဘာပေါ်မှာ လိမ္မော်သီးအမျိုး အစားတွေက များလှပါတယ်။  မြန်မာနိုင်ငံမှာပင် အရသာချဉ်တဲ့လိမ္မော်၊ ချိုတဲ့လိမ္မော်၊ ပျားရည်လို အလွန်ချိုတဲ့ (ပျား) လိမ္မော်ဆိုပြီး အမျိုးမျိုးရှိပါတယ်။ အရသာခါးတဲ့ လိမ္မော် (Bitter Orange) မျိုးလည်းရှိပါတယ်။အခွံဝါတဲ့ လိမ္မော်၊ အခွံစိမ်းတဲ့လိမ္မော်၊ အခွံထူတဲ့လိမ္မော်၊ အခွံပါးတဲ့လိမ္မော်၊ အခွံကြမ်းတဲ့လိမ္မော်၊ အခွံချောတဲ့လိမ္မော် စသဖြင့်လည်း မျိုးစုံရှိပါတယ်။ အသီးရဲ့ အရွယ်အစားကလည်း အကြီးအသေး အမျိုးမျိုးရှိပါတယ်။ ပုံသဏ္ဌာန်အားဖြင့်လည်း ဘောလုံးလိုလုံးနေတဲ့  လိမ္မော်သီးတွေရှိသလို ဘောလုံးလိုလုံးမနေဘဲ အပေါ်အောက် ခပ်ပြားပြားလေး ဖြစ်နေတာမျိုးလည်း ရှိပါတယ်။ ဒါတွေက သာမန်မျက်စိနဲ့ မြင်နိုင်တာတွေကို ပြောတာပါ။ ရုက္ခဗေဒပညာနဲ့ ပြောမယ်ဆိုရင် တစ်ကမ္ဘာလုံးမှာ လိမ္မော်သီးအမျိုးပေါင်း ဒီထက်မကအဆများစွာ ပိုများပါတယ်။

-ချက်စူလိမ္မော် (Navel Orange)
 Navel Orange ဆိုတဲ့ လိမ္မော်သီးအမျိုးအစားကို ချက်စူလိမ္မော်လို့ခေါ်ရင် သင့်တော်မယ်ထင်ပါတယ်။ လြေေူ ဆိုတာ ]ချက်} လို့ အဓိပ္ပာယ်ရလို့ဖြစ်ပါတယ်။ ပုံမှာ ပြထားတဲ့အတိုင်း လိမ္မော်သီးရဲ့ ပုံမှန်အမြွှာတွေပေါ်မှာ အပိုပါနေတဲ့ အမြွှာလေးတွေက ချက်ကလေးလို စူနေပါတယ်။ တကယ်တော့ ချက်ကလေးလို  စူနေတာလေးဟာ အသီးအမြွှာပူး(Twin Fruit) ကလေးသာဖြစ်ပါတယ်။ ချက်စူ လိမ္မော်သီးတွေက အခွံထူပြီး နွှာရတာလွယ်ပါတယ်။ အရည်သိပ်မရွှမ်းပါဘူး။ အချိုအရသာလည်း ပေါ့ပါတယ်။ Limonin နဲ့ Limonoid ဓာတ်ပေါင်းတွေ ပါဝင်မှုများတာကြောင့် အရသာနည်းနည်းခါးပါတယ်။ ဒါကြောင့် လိမ္မော်ရည် (Juice) ထုတ်ဖို့ သိပ်မသင့်လျော်ပါဘူး။ နေရာအနှံ့ စိုက်ပျိုးလို့ရတာရယ်၊ အသီးပေါ်တဲ့ ရာသီချိန် ရှည်တာရယ်ကြောင့် လိမ္မော်စိုက်ပျိုးသူတွေကြားမှာ ပေါ်ပြူလာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လိမ္မော်သီးပေါ်ချိန်ဟာ နိုဝင်ဘာလမှ ဧပြီလထိ ကြာရှည် ပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လတို့မှာ  ပိုပြီးပေါပါတယ်။

-ကြက်သွေးရောင် လိမ္မော်သီး (Blood Orange)
 ကြက်သွေးရောင် လိမ္မော်သီးတွေဟာ C.sinensis မျိုးနွယ် လိမ္မော်သီးတွေကနေ ဗီဇဖောက်ပြန် ပြောင်းလဲ (Mutation) ဖြစ်ပြီး ဖြစ်ပေါ်လာတာပါ။ ခုတော့ အခြားလိမ္မော်တွေနဲ့လည်း အမျိုးစပ်ပြီး ကပြားတွေ အတော်များများရှိနေပါပြီ။ အနီရောင် လိမ္မော်သီးတွေကို အေဒီ ၁၅ ရာစုအတွင်း စစ္စလီကျွန်းမှာ စတင်တွေ့ရှိပြီး စိုက်ပျိုးခဲ့တာလို့ သိရပါတယ်။ ကမ္ဘာတစ်လွှား ပျံ့နှံ့နေပြီဖြစ်တဲ့ အနီရောင်လိမ္မော်တွေကို ခုခါမှာ စပိန်နဲ့ အီတလီနိုင်ငံမှာ အများဆုံးစိုက်ပျိုးပါတယ်။ ဒီလိုလိမ္မော်မျိုးကို စပိန်မှာ Sanguine လို့ခေါ်ပြီး၊ အီတလီမှာတော့ Sanguinello  လို့ခေါ်ပါတယ်။ အမြွှာတွေ နီနေတာ၊ လိမ္မော်ရည် အနီရောင် ဖြစ်နေတာဟာ အသီးမှာ ပါဝင်နေတဲ့ အဲင်သိုဆိုင်ယာနင် (Anthocyanin) ဓာတ်ပေါင်းတွေကြောင့် ဖြစ်ပါတယ်။

 အဲင်သိုဆိုင်ယာနင် (Anthocyanin) ဓာတ်ပေါင်းတွေဟာ သစ်ပင်၊ သစ်ရွက်နဲ့ အသီးအချို့မှာ ပါဝင်နေပြီး လူရဲ့ကျန်းမာရေးကို အကျိုးပြုတဲ့အတွက် ဖိုက်တိုခယ်မီ ကယ် (Phutochemical) ဆိုတဲ့အမည်ကို ရထားတဲ့ ဒြပ်ပေါင်းတွေဖြစ်ပါတယ်။ အနီရောင် အင်သိုဆိုင်ယာနင်တွေဟာ မာလကာသီး အူနီ၊ စပျစ်သီးအနီစတဲ့ အသီးတွေ နဲ့ အနီရောင်သစ်ရွက်နုကလေးတွေမှာလည်း ပါဝင်နေပါတယ်။ စားသုံးသူတွေကို နှလုံးရောဂါ၊ သွေးကြောရောဂါ နဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတွေမှ ကာကွယ်ပေးနိုင်တဲ့ အာနိသင် အဲင်သိုဆိုင်ယာနင်တွေမှာ ရှိပါတယ်။

-အချဉ်ဓာတ် မရှိတဲ့ လိမ္မော်သီး (Acidless Orange)
 ဒီလိမ္မော်သီးမျိုးတွေမှာ အက်ဆစ် (အချဉ်)ဓာတ် အလွန်နည်းပါတယ်။ အရသာအလွန်ချိုပါတယ်။  အသီးပေါ် ချိန်ဟာ အခြားလိမ္မော်တွေထက်စောပါတယ်။ ဒီလိမ္မော် သီးမျိုးတွေကို အမေရိကန် ပြည်ထောင်စုမှာ Sweet Orange လို့ ခေါ်ကြပါတယ်။ ပြင်သစ်မှာ Douce၊ စပိန်မှာ Sucrena၊ ဘရာဇီးမှာ Lima၊ အီတလီမှာ Dloce လို့ခေါ်သလို Maltese လို့လည်း ခေါ်ပါတယ်။ အာဖရိကမြောက်ပိုင်းမှာ Meski လို့ခေါ်ပြီး တူရကီမှာ Seker Portakal လို့ ခေါ်ပါတယ်။ Sugar Orange (သကြားလိမ္မော်) လို့ အဓိပ္ပာယ်ရပါတယ်။ လိမ္မော်သီးမှာပါတဲ့ အက်ဆစ်ဓာတ်က လိမ္မော်ရည်ကို မပျက်စီးဘဲ အချိန်ကြာကြာခံအောင် လုပ်ပေးပါတယ်။ အက်ဆစ်ဓာတ်နည်းတဲ့ လိမ္မော်ရည် (Juice) ဟာ ပျက်စီးလွယ်ပါတယ်။  ကြာကြာမခံပါဘူး။ ဒါကြောင့် သူတို့ကို အရည်ထုတ်မယူဘဲ အသီးကိုသာ စားကြပါတယ်။ အသီးတွေကို နိုင်ငံရပ်ခြား ပို့ဖို့ မလွယ်ပါဘူး။ လမ်းမှာ ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် စိုက်ပျိုးရာ နိုင်ငံအတွင်းမှာပဲ စားသုံးကြတာများပါတယ်။

-လိမ္မော်သီး စိုက်ပျိုး စားသုံးမှု
 ခရစ်နှစ် ၁၉၈၇ ခုနှစ်လောက်ကစပြီး လိမ္မော်သီးဟာ ကမ္ဘာတစ်ဝန်းမှာ စိုက်ပျိုးထုတ်လုပ် စားသုံးမှုအများ ဆုံး သစ်သီးဖြစ်နေပါပြီ။ အရသာချိုတဲ့ လိမ္မော်သီးတွေကို ကမ္ဘာ့အပူပိုင်း (Tropical) နှင့် သမနွေးပိုင်း(Sub-tropical)  နိုင်ငံတွေမှာ အများဆုံး စိုက်ပျိုးပါတယ်။ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာတစ်ဝန်းက ထွက်ရှိတဲ့ လိမ္မော်သီးပမာဏဟာ ချိုချဉ်အရသာရှိတဲ့ အရည်ရွှမ်းအသီး (Citrus Frurt) တွေ အားလုံးရဲ့  ၇၀ ရာခိုင်နှုန်း လောက်ရှိပါတယ်။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက ထုတ်ပြန်တဲ့စာရင်းအရ ၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ လိမ္မော်သီးအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံတွေကို ပမာဏအများအနည်းအလိုက် ပူးတွဲပါဇယားမှာ ဖော်ပြထားပါတယ်။

 လိမ္မော်သီးအကြောင်းကို တရုတ်စာပေတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၃၀ဝ ကျော် (ဘီစီ ၃၁၄ ခုနှစ်လောက်) ကတည်းက တွေ့ရပါတယ်။ ခုခါမှာ ကမ္ဘာပေါ်မှာ လိမ္မော်သီး အများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့နိုင်ငံ ၆ နိုင်ငံရှိပါတယ်။ ဘရာဇီး၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အိန္ဒိယ၊ အမေရိကန် ပြည်ထောင်စု၊ စပိန်နဲ့ အီဂျစ်နိုင်ငံတို့ ဖြစ်ပါတယ်။ အများဆုံး စိုက်ပျိုးတဲ့ဘရာဇီးနိုင်ငံမှာ ၂၀၁၁ ခုနှစ်အတွင်း လိမ္မော်သီး တန်ချိန် ၁၇ သန်းလောက်ထွက် ရှိပါတယ်။ ဘရာဇီးနိုင်ငံဟာထွက်သမျှ လိမ္မော်သီးတွေရဲ့ ၉၉ ရာခိုင်နှုန်းလောက်ကို လိမ္မော်ရည် (Orange Juice) အဖြစ် နိုင်ငံရပ်ခြားကို တင်ပို့ရောင်းချပါတယ်။ ကမ္ဘာတစ်ဝန်း နိုင်ငံအများအပြားမှာ ရောင်းချနေတဲ့ လိမ္မော်ရည် ၅၃ ရာခိုင်နှုန်းလောက်ဟာ ဘရာဇီးနိုင်ငံမှ ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံမှထွက်တဲ့ လိမ္မော်သီး ၈၀% လောက်ကို နိုင်ငံရဲ့ တောင်ပိုင်း São Paulo ဒေသမှာ စိုက်ပျိုးတာဖြစ်ပါတယ်။ နိုင်ငံရဲ့ အနောက်ဖက်ပိုင်းမှာရှိတဲ့ Minas Gerais ဒေသမှာလည်း လိမ္မော်သီး အများအပြား စိုက်ပျိုးပါတယ်။

 တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေက လိမ္မော်သီးတန်ချိန် ၇ သန်းကျော်စီနဲ့ ဒုတိယလိုက်ပြီး အမေရိကန်ပြည် ထောင်စုက တန်ချိန် ၆ သန်းကျော်နဲ့ တတိယနေရာမှာ ရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ကယ်လီဖိုးနီးယား၊ တက္ကဆပ်နဲ့ ဖလော်ရီဒါပြည်နယ်တို့ဟာ လိမ္မော်သီး အများဆုံးစိုက်ပျိုးတဲ့ ဒေသတွေဖြစ်ပါတယ်။ ကယ်လီဖိုး နီးယားက လိမ္မော်သီးတွေကို အသီးအနေနဲ့  လတ်လတ်ဆတ်ဆတ် စားသုံးကြတာများပြီး၊ ဖလော်ရီဒါက လိမ္မော်သီးတွေကိုတော့ လိမ္မော်ရည်ထုတ်လုပ်တာများပါတယ်။ ဖလော်ရီဒါမှာ အိန္ဒိယမြစ် (India River) မြစ်ဝှမ်းတစ်လျှောက်ထွက်တဲ့ လိမ္မော်ရည်ဟာ အရည်အသွေး ကောင်းတယ်လို့ နာမည်ရတဲ့အတွက် လတ်လတ်ဆတ်ဆတ် ရောင်းကြ၊ သောက်သုံးကြပါတယ်။

အိန္ဒိယမြစ် (India River) မြစ်ဝှမ်းတစ်လျှောက်က ထွက်တဲ့ လိမ္မော် သီးတွေဟာ အရသာချိုပြီး ပမာဏများများစားစား မထွက်တဲ့အတွက် အခြားဒေသတွေက ထွက်တဲ့ လိမ္မော်ရည်တွေနဲ့ အရောအနှောတွေလုပ်ပြီး ရောင်းတာတွေ ရှိပါသတဲ့။ ဘရာဇီးနိုင်ငံ São Paulo ဒေသကထွက်တဲ့ လိမ္မော်ရည်နဲ့ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါက ထွက်တဲ့လိမ္မော်ရည်နှစ်မျိုးကို ပေါင်းလျှင် တစ်ကမ္ဘာလုံးကထွက်တဲ့ လိမ္မော်ရည်စုစုပေါင်းရဲ့ ၈၅ ရာခိုင်နှုန်း လောက်ရှိပါတယ်။ ဘရာဇီးကထွက်တဲ့ လိမ္မော်ရည် ၉၉ ရာခိုင်နှုန်းလောက်ကို ပြည်ပကိုတင်ပို့ရောင်းချပြီး ဝင်ငွေရှာပါတယ်။ အမေရိကန် ဖလော်ရီဒါကထွက်တဲ့ လိမ္မော်ရည် ၉၉ ရာခိုင်နှုန်းလောက်ကိုတော့ ပြည်တွင်းမှာပဲ သောက်သုံးကြပါတယ်။ လိမ္မော်ရည်ကို ပြည်ပသို့ တင်ပို့ရောင်းချတဲ့အခါ သယ်ပို့စရိတ်သက်သာအောင် တတ်နိုင်သမျှ ပျစ်နှစ်အေးခဲနေအာင်ပြုပြင်ပြီး (Frozen, Concentrated Orange Juicetae)နဲ့ တင်ပို့ကြပါတယ်။


-လိမ္မော်သီး၏ အာဟာရ
 လိမ္မော်သီးမှာ အများဆုံးပါနေတဲ့ ပင်မအာဟာရဓာတ်က ကာဗိုဟိုက်ဒရိတ် (Carbohydrate) ဖြစ်ပါတယ်။ လိမ္မော်သီးမှာပါနေတဲ့ ကာဗိုဟိုက်ဒရိတ်အများစုဟာ သကြား (Sugar) တွေအနေနဲ့ ပါဝင်နေတာပါ။ ကျန်တဲ့  ကာဗိုဟိုက်ဒရိတ်တွေက အစာမျှင် (Fibre) တွေဖြစ်ပါတယ်။ လိမ္မော်သီး ၁၀ဝ ဂရမ်မှာ ကာဗိုဟိုက်ဒရိတ် ၁၂ ဂရမ်လောက်ပါတဲ့အနက် သကြားတွေက ၉ ဂရမ်ကျော်ပြီး အစာမျှင်က ၂ ဂရမ်ကျော်ပါတယ်။ လိမ္မော်သီးမှာ ပရိုတင်း နှင့်အဆီ ပါဝင်မှုကတော့ အလွန်နည်းပါတယ်။ လိမ္မော်သီး ၁၀ဝ ဂရမ်မှာ အဆီ ဝ . ၁၂ ဂရမ်နှင့် ပရိုတင်း ဝ . ၉၄  ဂရမ် လောက်သာ ပါဝင်ပါတယ်။

 လိမ္မော်သီးမှာ ဗီတာမင်မျိုးစုံပါပေမယ့် ဗီတာမင်စီကလွဲရင် ကျန်တဲ့ဗီတာမင်တွေဟာ ပမာဏအားဖြင့် မများကြပါဘူး။ ဥပမာ လိမ္မော်သီး ၁၀ဝ ဂရမ်မှာ ဗီတာမင်အေက ၁၁ မိုက်ခရိုဂရမ်သာ ပါပါတယ်။ ဒါဟာ လူတစ်ယောက်အတွက် တစ်နေ့တာလိုအပ်ချက်ရဲ့ ၁ ရာခိုင်နှုန်းသာရှိပါတယ်။ လိမ္မော်သီး ၁၀ဝ ဂရမ်မှာပါဝင်နေတဲ့ အခြား ဗီတာမင်တွေရဲ့ ပမာဏတွေကို ဆက်ပြောပါမယ်။ လက်သည်းကွင်းထဲက တန်ဖိုးတွေဟာ တစ်နေ့တာလိုအပ် ချက်ရဲ့ ရာခိုင်နှုန်းတွေဖြစ်ပါတယ်။ ဗီတာမင်ဘီဝမ်း ဝ . ဝ၈၇ မီလီဂရမ် (၈ ရာခိုင်နှုန်း)၊ ဘီတူး ဝ . ဝ၄ မီလီဂရမ် (၃ ရာခိုင်နှုန်း)၊ နိုင်ယာစင် ဝ . ၂၈၂ မီလီဂရမ် (၂ ရာခိုင် နှုန်း)၊ဗီတာမင် ဘီဆစ် ဝ . ဝ၆ မီလီဂရမ် (၅ ရာခိုင်နှုန်း)၊ ဖိုးလိတ် ၃၀ မိုက်ခရို ဂရမ် (၈ ရာခိုင်နှုန်း) ဖြစ်ပါတယ်။ ဗီတာမင်စီကတော့ လိမ္မော်သီး ၁၀ဝ ဂရမ်မှာ ၅၃ . ၂ မီလီဂရမ်လောက်ပါပြီး တစ်နေ့တာလိုအပ်ချက်ရဲ့  ၆၄ ရာခိုင်နှုန်းလောက်ကို ဖြည့်ဆည်း ပေးပါတယ်။

 လိမ္မော်သီးမှာ သတ္တုအာဟာရ (Minerals) တွေလည်း မျိုးစုံပါနေပေမယ့် ပမာဏအားဖြင့် မများကြပါ ဘူး။ လိမ္မော်သီး ၁၀ဝ ဂရမ်မှာ ကယ်လစီယမ်က ၄၀ မီလီဂရမ်သာ ပါပါတယ်။ ဒါဟာ လူတစ်ယောက်အတွက် တစ်နေ့တာလိုအပ်ချက်ရဲ့ ၄ ရာခိုင်နှုန်းသာရှိပါတယ်။ လိမ္မော်သီး ၁၀ဝ ဂရမ်မှာပါနေတဲ့ အခြားသတ္တုအာဟာရ တွေက သံဓာတ် ဝ.၁ မီလီဂရမ် (၁ ရာခိုင်နှုန်း)၊ မက်ဂနီစီ ယမ်၁၀ မီလီဂရမ် (၃ ရာခိုင်နှုန်း)၊ မင်းဂနီးစ် ဝ . ဝ၂၅ မီလီ ဂရမ် (၁ ရာခိုင်နှုန်း)၊ မီးစုန်း၁၄ မီလီဂရမ် (၂ ရာခိုင် နှုန်း)၊ပိုတက်စီယမ် ၁၈၁ မီလီဂရမ် (၁ ရာခိုင်နှုန်း) နှင့် ဇင့် (သွပ်)ဝ .ဝ၇ မီလီဂရမ် (၁ ရာခိုင်နှုန်း) ဖြစ်ပါတယ်။

-လိမ္မော်သီးနှင့် ဗီတာမင်စီ
 လိမ္မော်သီး ၁၀ဝ ဂရမ်မှာ ဗီတာမင်စီ ၅၃ မီလီဂရမ် လောက်ပါပါတယ်။ ဒါဟာ လူတစ်ယောက်အတွက် တစ်နေ့တာ ဗီတာမင်စီလိုအပ်ချက်ရဲ့ ၆၄ ရာခိုင်နှုန်းလောက် ရှိပါတယ်။ တစ်နည်းအားဖြင့် လိမ္မော်သီး ၁၄၀ ဂရမ် လောက်စားလျှင် လူတစ်ယောက်အတွက် တစ်နေ့တာ ဗီတာမင်စီလိုအပ်ချက် အပြည့်အဝရနိုင်တဲ့ သဘောဖြစ်ပါတယ်။ အခွံနွှာပြီး အမြွှာသက်သက် အမြင့် ၂ လက်မခွဲ လောက်ရှိတဲ့ လိမ္မော်သီးတစ်လုံးဟာ အလေးချိန် ၁၅၀ ဂရမ်လောက်ရှိပါတယ်။ စကာဗီ (Scurvy) ဆိုတဲ့ ဗီတာမင်စီ ချို့တဲ့ရောဂါရဲ့ စိတ်ဝင်စားဖွယ်သမိုင်းကြောင်းမှာ လိမ္မော်သီးနဲ့ လိမ္မော်ရည်တို့ဟာ အလွန်အရေးပါခဲ့ပါတယ်။

-ဗီတာမင်စီ ချို့တဲ့မှုနှင့် လိမ္မော်သီး
 ဗီတာမင်စီချို့တဲ့လို့ ဖြစ်ရတဲ့ရောဂါကို စကာဗီ (Scurvy) လို့ ခေါ်ပါတယ်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၁၅၀ဝ ကျော် (ဘီစီ ၁၅၀ဝ) လောက်က ရေးခဲ့တဲ့ အီဂျစ်ဆေးပညာရပ်ဆိုင်ရာ စာတမ်းတွေမှာ စကာဗီရောဂါရဲ့ ထင်ရှားတဲ့လက္ခဏာတွေအနေနဲ့ သွားဖုံးတွေဖောင်းကြွ ပြီး သွေးထွက်တယ်၊ အရေပြားမှာသွေးခြည်ဥတယ်လို့ ရေးသားထားပါတယ်။ စကာဗီရောဂါမဖြစ်အောင် အသီး အရွက်တွေ လတ်လတ်ဆတ်ဆတ် စားဖို့လိုတယ်ဆိုတာ သိခဲ့ကြတာလည်း ကြာပါပြီ။ ဘီစီ ၄၀ဝ ပတ်ဝန်းကျင်မှာ ဆေးပညာရဲ့ ဖခင်ကြီးလို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ သမားတော်ကြီး ဟစ်ပိုခရေးတီးစ်က (ခုခေတ်မှာ ဗီတာ မင်စီြွကယ်ဝတယ်လို့ သိထားတဲ့)  အသီးအရွက်တွေ မှန်မှန်စားသုံးခြင်းအားဖြင့် စကာဗီရောဂါမဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သင်ကြားပို့ချခဲ့ပါတယ်။

 ခရစ်နှစ် ၁၅၂၀ ပြည့်နှစ် ပတ်ဝန်းကျင်က Ferdinand Magellan ဆိုသူ ပေါ်တူဂီလူမျိုး သင်္ဘောကပ္ပတိန် ဦးဆောင်တဲ့ ပင်လယ်ရေကြောင်းခရီးစဉ်အတွင်းမှာ စကာဗီရောဂါ (ဗီတာမင်စီ အပြင်းအထန် ချို့တဲ့မှု) ကြောင့် သင်္ဘောသား ၈၀ ရာခိုင်နှုန်းလောက် အသက်ဆုံးရှုံးခဲ့ရ ဖူးပါတယ်။ အလားတူ ပေါ်တူဂီလူမျိုး ဗတ်စကိုဒဂါးမား (Vasco de Gama) ကလည်း ၁၄၉၂ ခုနှစ်မှာ  ဥရောပကနေ အာဖရိကကမ်းခြေကိုပတ်ပြီး အိန္ဒိယနိုင်ငံကို ပထမဆုံး ပင်လယ်ရေကြောင်းခရီးထွက်ခဲ့ရာမှာ သင်္ဘောသား ၁၆၀ အနက် ၁၀ဝ ဟာ စကာဗီရောဂါကြောင့် သေဆုံးခဲ့ရပါတယ်။ အဲဒီအချိန်က ရေတပ်သားတွေ၊ ပင်လယ်ခရီးရှည် ထွက်သူတွေ အများအပြားဟာ စကာဗီရောဂါကြောင့် အသက်ကို စွန့်ခဲ့ကြရပါတယ်။ ရှည်လျားလှတဲ့ ပင်လယ် ရေကြောင်း ခရီးစဉ်တွေအတွင်း မှာ သင်္ဘောသားတွေဟာ အသီးအရွက်တွေ ပြတ်လတ်သွားတဲ့အခါ ကောက်နှံတွေနဲ့ သိုလှောင်ထားတဲ့ အသားငါးရိက္ခာတွေကိုသာ စားသုံးနေခဲ့ကြရတာပါ။ အသီးအရွက်တွေ ရက်လကြာရှည် မစားဘဲနေရလို့ စကာဗီ ရောဂါဖြစ်ရတယ်ဆိုတာ သူတို့မသိခဲ့ကြပါဘူး။

 ဗတ်စကိုဒဂါးမား (Vasco de Gama) က ၁၄၉၇ ခုနှစ်အတွင်း သူ့ရဲ့ပင်လယ်ရေကြောင်းခရီးမှာ သူ့ရဲ့ သင်္ဘော အာဖရိကတိုက် အရှေ့တောင်ဘက်ကမ်းခြေကို ရောက်တဲ့အချိန်မှာ သင်္ဘောသား အမြောက်အမြားမှာ စကာဗီရောဂါ စွဲကပ်နေတာကို မှတ်တမ်းတင်ခဲ့ပါတယ်။ အာဖရိကအရှေ့ ဘက်ကမ်းတစ်လျှောက်ဆက်ပြီး ရွက်လွှင့်ခဲ့တဲ့အခါမှာတော့ တိုင်းရင်းသားတွေ လာရောက် ရောင်းချတဲ့ လိမ္မော်သီးလတ်လတ်ဆတ်ဆတ်တွေ စားကြရပါတယ်။ အဲဒီလိုစားလို့ရပြီး ခြောက်ရက်အတွင်းမှာပဲ စကာဗီရောဂါလက္ခဏာတွေပျောက်ပြီး သင်္ဘောသားတွေ နာလန်ထလာကြတော့တာပါပဲ။

 ခရစ်နှစ် ၁၇၂၀ ပြည့်နှစ်ရောက်တဲ့အခါမှာတော့  လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ လိမ္မော်သီးလို အသီးတွေကို စားသုံးခြင်းအားဖြင့် စကာဗီရောဂါကို ပျောက်အောင် ကုသနိုင်တယ်ဆိုတာ J.G.H Kramer ဆိုသူ ဆရာဝန်တစ်ယောက်က တွေ့ရှိခဲ့ပါတယ်။ ၁၇၄၆ ခုနှစ်မှာ ဗြိတိသျှ ရေတပ်သင်္ဘော H.M.S Salisbury မှ ဆရာဝန်တစ်ဦးဖြစ်သူ  James Lind ဟာ စကာဗီရောဂါ ကာကွယ်ကုသရေးမှာ ချိုချဉ်အရသာရှိတဲ့ အရည်ရွှမ်းသီး (Citrus Fruits) တွေရဲ့ အစွမ်းထက်ပုံကို ခိုင်ခိုင်လုံလုံ တင်ပြခဲ့တဲ့အတွက် ၁၇၉၅ ခုနှစ်မှာတော့ ဗြီတိသျှရေတပ်ဟာ သံပရာသီးဖျော်ရည် (Lime Juice) နဲ့ လိမ္မော်သီး၊ သံပရာသီးစတဲ့ အသီး (Citrus Fruits) တွေကို စကာဗီ ရောဂါကာကွယ်ကုသရေးအတွက် သုံးရမယ်ဆိုတဲ့ အမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။

-လိမ္မော်သီးနှင့်ဆီးချိုသွေးချို
 သစ်သီးဝလံတွေဟာ ဗီတာမင်အမျိုးမျိုးကြွယ်ဝခြင်း၊ လူ့ကျန်းမာရေးကိုအကျိုးပြုတဲ့ ဖိုက်တိုခယ်မီကယ် (Phytochemicals) တွေနဲ့ အစာမျှင် (Dietary Fibre)တွေ ပါဝင်ခြင်းတို့ကြောင့် လူတိုင်းနေ့စဉ်စားသုံးသင့်တဲ့ အစားအစာတွေဖြစ်ပါတယ်။ ဒီလိုအကျိုးကျေးဇူးတွေကို ဆီးချိုဝေဒနာရှင်တွေလည်း ရရှိခံစားသင့်တာကြောင့် ဆီးချို ဝေဒနာရှင်တွေလည်း သစ်သီးဝလံတွေကို စားသုံးရပါမယ်။ လိမ္မော်သီးဟာ အရသာချိုတယ်၊ သကြားပါ တယ်ဆိုပေမယ့် လိမ္မော်သီး ၁၀ဝ ဂရမ်မှာ ကာဗိုဟိုက် ဒရိတ် ၁၀ ဂရမ်လောက်သာ ပါပါတယ်။ (အလေးချိန်တူ ထမင်း ၁၀ဝ ဂရမ်မှာ ကာဗိုဟိုက် ဒရိတ် ၃၀ ဂရမ်လောက် ပါနေတာနဲ့ ယှဉ်ကြည့်ပါ။)

လိမ္မော်သီးဟာ အရည်ရွှမ်းလို့ (ရေများလို့) ဖြစ်ပါတယ်။  အခွံနွှာပြီး အမြွှာသက်သက် ၂ လက်မ ခွဲလောက်မြင့်တဲ့ လိမ္မော်သီးတစ်လုံး (၁၅၀ ဂရမ် ခန့်) မှာ ကာဗိုဟိုက်ဒရိတ် ၁၅ ဂရမ်လောက် ပါပါတယ်။ ကာဗိုဟိုက်ဒရိတ် ၁၅ ဂရမ်ပါတဲ့ သစ်သီးပမာဏကို တစ်ခါပြင်၊ တစ်ခါစား (One Serving) လို့ သတ်မှတ်ပါတယ်။  လူတစ်ယောက်ဟာ တစ်ရက်မှာ သစ်သီးနှစ်ခါပြင်၊ နှစ်ခါစား (Two Servings)မှ လေးခါပြင်၊ လေးခါစား (Four Servings) လောက် စားသုံးသင့်တယ်လို့ ပညာရှင် တွေက ထောက်ခံထားပါတယ်။ လိမ္မော်သီးဟာ သွေးချို တက်နှုန်းလည်း နှေးပါတယ်။ (GI = 40 ± 3)။ ဂလူးကို့စ် သကြားရဲ့ သွေးချိုတက်နှုန်းရဲ့ ၄၀ ရာခိုင်နှုန်း လောက်သာ ရှိတယ်လို့ ဆိုလိုပါတယ်။ သကြားလိမ္မော်လို အသီးမျိုးကိုတော့ ဆင်ခြင်ရမှာပေါ့။

 လိမ္မော်သီးကို မကြိုက်သူ ရှားမယ်ထင်ပါတယ်။ လိမ္မော်သီးမကြိုက်သူတွေ၊ ကလေးတွေနဲ့ ရာသီချိန် မဟုတ်တဲ့အခါမျိုးတွေမှာ သောက်သုံးဖို့ လိမ္မော်ရည် အမျိုးမျိုးရှိပါတယ်။ ကမ္ဘာပေါ်မှာထွက်သမျှ လိမ္မော်သီး အများစုကို ဖျော်ရည်အဖြစ် သောက်သုံးကြတာဖြစ်ပါ တယ်။ ပုလင်း လိမ္မော်ရည်၊ စည်သွပ်လိမ္မော်ရည်၊ ဘူး လိမ္မော်ရည် စသဖြင့် အမျိုးမျိုးရှိပါတယ်။ လိမ္မော်ရည် ဖန်ခွက်ကြီးတစ်ဝက် (၁၂၀ မီလီလီတာ= တစ်လီတာ ရေ သန့်ပုလင်းရဲ့ ရှစ်ပုံတစ်ပုံ) ဟာ တစ်ခါပြင် (One Serving) ဖြစ်ပါတယ်။
..............................
ဒေါက်တာလှကြည်
Credit: Myanmar Food Magazine 

Saturday, July 29, 2017

"သစ်ပင်စိုက်ပြီးရင် ရေလောင်းပါ"

•••••••••••••••••••••••••••••••••••••
မြတ်စွာဘုရား လက်ထက်တော်က အညတရာအမျိုးသမီးလေး တစ်ယောက် ရှိခဲ့ဖူးပါတယ်။ အညတရာဆိုတာ မထင်ရှားတဲ့သူလို့ အဓိပ္ပါယ်ရပါတယ်။ သူက မိထွေးတော် ဂေါတမီဆီမှာ အလုပ်အကျွေး အပျိုတော်အဖြစ် အမှုထမ်းပါတယ်။

မိထွေးတော်ဂေါတမီ ရဟန်းပြုသွားတဲ့ အခါမှာလည်း သူက လိုက်ပြီးရဟန်းပြုခဲ့ပါတယ်။ ရဟန်းပြုတော့လည်း အညတရာထေရီလို့ပဲ နာမည်တွင်ခဲ့ပါတယ်။

သခင်မကို သံယောဇဉ်ရှိလို့ လိုက်ပြုတာ ဖြစ်တဲ့အတွက် သာသနာမှာ မပျော်ခဲ့ပါဘူး။ နှစ်ဆယ့်ငါးနှစ်ပတ်လုံး ကာမရာဂစိတ်တွေ နှိပ်စက်နေတဲ့အတွက် မျက်စိတစ်မှိတ် လျှပ်တစ်ပြက် စာလောက်တောင် သမာဓိမရဘူးလို့ ဆိုပါတယ်။ စိတ်တွေက အိမ်ရာ တည်ထောင် ကာမဂုဏ်ဘက်ကိုပဲ ညွတ်နေခဲ့ပါတယ်။

♦ တစ်နေ့မှာတော့ ကာမရာဂစိတ်တွေ နှိပ်စက်လွန်းလို့ လက်မောင်းနှစ်ဘက်ကို မြှောက်ပြီး ငိုကြွေးရင်း "ဓမ္မဒိန္နာထေရီ" ဆီ ပြေးသွားပါတော့တယ်။

♦ ဓမ္မဒိန္နာထေရီဆီရောက်တော့ ကာမရာဂစိတ်တွေနှိပ်စက်လို့ ငိုရတဲ့ အကြောင်းလျှောက်ပြပါတယ်။ ဒီတော့ဓမ္မဒိန္နာထေရီကခန္ဓာ, အာယတန, ဓာတ်တရားစကားတွေ ဟောပေးခဲ့ ပါတယ်။

♦ အညတရာထေရီလည်း ဆိတ်ငြိမ်ရာ အရပ်ကိုသွားပြီး ဓမ္မဒိန္နာထေရီ သင်ပေးလိုက်တဲ့ ကမ္မဋ္ဌာန်းနည်း အတိုင်းကြိုးစား အားထုတ်ပါတော့တယ်။ နေ့ညမပြတ် ကြိုးစား အားထုတ်လိုက်တာ မကြာခင်ကာလမှာပဲ အာသဝေါကုန်ခမ်းပြီး အဘိဉာဏ် ခြောက်ပါးနဲ့တကွ ရဟန္တာမ ဖြစ်သွားပါတော့တယ်။ ရဟန္တာမဖြစ်သွားတော့ သူ့ဘဝ ဇာတ်ကြောင်း ဖြစ်စဉ်တွေကို ဂါထာလေးတွေနဲ့ ပြန်ဟောပြပြီး မှတ်တမ်းတင်ခဲ့ပါတယ်။

(ထေရီအဋ္ဌကထာ၊ စာမျက်နှာ ၇၈-၇၉)

✿ နောက်ဆုံးကျတော့လည်း ဝိပဿနာကပဲ လက်ရှိဘဝပြဿနာကို ဖြေရှင်း ပေးလိုက်တာပါပဲလေ။ ရှေးရှေးထေရီထေရာ အရှင်မြတ်တွေဟာ ဘဝပြဿနာ လောကဓံဆိုးတွေကို ဝိပဿနာနဲ့ပဲဖြေရှင်းသွား ကြတာပါ။ ဝိပဿနာ လမ်းကြောင်းပေါ်လျှောက်လို့ ဆိုင်ရာမဂ် အဆင့်ဆင့်ကို ရသွားတဲ့အခါမှာတော့ ဘယ်သော အခါမှ နောက်ကြောင်းပြန် မလှည့်တော့ပါဘူး။

✿ အေးငြိမ်းတဲ့ ဘဝကိုယ်စီ ရသွားကြပါပြီ။ အတိတ်အတိတ် ဘဝတွေက ပါလာတဲ့ အကုသိုလ်ဝါသနာ စရိုက်ဆိုးတွေဟာ ဒီပစ္စုပ္ပန်ဘဝမှာ လူကို ကမောက်ကမဖြစ်သွားအောင် သိပ်ဒုက္ခပေးတာပါ။

ကိလေသာရဲ့နှိပ်စက်မှုကို အလူးအလဲခံရတော့ လူက ဘာလုပ်လို့ဘာကိုင်ရမှန်းတောင် မသိတော့ပါဘူး။ စရိုက်တွေကတော့ ပုံစံမျိုးစုံနဲ့ ပါလာကြတာပါ။

✿ ရာဂစရိုက်ပါလာတဲ့လူက ဒေါသဖြစ်စရာ၊ လောဘဖြစ်စရာ စသည်တွေ ဘယ်လောက်ပဲတွေ့တွေ့ ဘာမှမဖြစ်ပါဘူး။ တည်တည်ငြိမ်ငြိမ်ပါပဲ။ ဒါပေမယ့်လည်း "တပ်မက်စရာ အာရုံ"နဲ့ တွေ့ရတဲ့ အခါမှာတော့ ပုံမှန်ထက် တုန်တုန်လှုပ်လှုပ်ဖြစ်သွားကြရပါတယ်။

✿ ဒီလိုပါပဲ ဒေါသစရိုက်ပါလာတဲ့သူကလည်း တပ်မက်စရာအာရုံနဲ့ ကြုံလာရပေမယ့် ဘာမှမဖြစ်ပါဘူး။ " ဒေါသဖြစ်စရာ အာရုံ" နဲ့ ကြုံလာတဲ့ အခါမှာတော့ စိတ်မထိန်းနိုင်ဘဲ ပေါက်ကွဲကြတော့တာပါ။

တစ်ယောက်နဲ့တစ်ယောက် ပါလာတဲ့ အထုံစရိုက်ချင်းကတော့ တူကြမှာမဟုတ်ပါဘူး။ စရိုက်စုံ ၀ါသနာစုံ ရှိနေကြမှာပါ။

♦တစ်ကိုယ်ကောင်းဆန်တာ၊
♦သူတစ်ပါးကို ညှဉ်းဆဲတတ်တာ၊
♦သူတစ်ပါးကို အနိုင် ယူတာ၊
♦အရွဲ့တိုက်တာ၊
♦ရာထူးတပ်မက်တာ၊
♦ရတနာသုံးပါးကို ကြည်ညိုတာ၊
♦သူတစ်ပါးကို ကူညီတတ်တာ၊
♦ကိုယ်ကျိုးစွန့် အနစ်နာခံတတ်တာ၊
♦တရားပွဲ ကျင်းပချင်တာ စသဖြင့် စရိုက်မျိုးစုံ၊
ဝါသနာမျိုးစုံရှိနေကြတာပါ။

တစ်ခါတလေ ကျတော့လည်း ဖြစ်ပေါ်လာတဲ့ အကုသိုလ် ကိလေသာကို မနိုင်လို့ မှားသွားကြရတာတွေလည်း ရှိပါတယ်။ အချိန်တစ်ခုကြာမှပဲ
မှားသွားပြီဆိုတာ သိရတော့တာပါ။ သိတော့လည်း ပြန်တည် ဆောက်နိုင်ရမှာပါပဲ။

တချို့ကျတော့လည်း လူ့ဘဝ ရောက်လာတာနဲ့ ကာမဂုဏ် ခံစားချင်စိတ်မရှိဘဲ တောထွက်ဖို့ တရားအားထုတ်ဖို့ကိုပဲ စိတ်ညွတ်နေကြတာပါ။

✿ ဥပမာ - ပိပ္ပလိဇနီးမောင်နှံမျိုးပါ။ သူတို့ကတော့ ကိလေသာရဲ့ နှိပ်စက်မှုကို သိပ်မခံလိုက်ရပါဘူး။ သက်သက်သာသာနဲ့ပဲ တရားထူး တရားမြတ်တွေ ရသွားကြတာပါ။

"မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီး" က ရှေးအကြောင်းအားလျှော်စွာ ဒီဘဝမှာ ထူပြောအားကြီးဖြစ်လာတဲ့ ရာဂ၊ ဒေါသ၊ မောဟ၊ ဝိတက်တွေကို နောက်ဘဝတွေမှာ ထူပြောအားကြီးစွာ မဖြစ်ရအောင် ကုသိုလ်ပြုတဲ့အခါ ဆုတောင်းဖို့ ရေးပြထားပါတယ်။

_/|\_ ဆုတောင်း _/|\_
----------------------------
" ဣမိနာ မေ ရာဂါဒယော၊ တနူ ဟောန္တု ဘဝါဘဝေ။
ဟောမိ'ဟံ သီလဝါ သဒ္ဓေါ၊ ပညဝါ သုသမာဟိတော။"

♠မေ - ငါ၏ ။
♠ဣမိနာ - ဤကောင်းမှုကြောင့်။
♠မေ - ငါ့အား။
♠ဘဝါဘဝေ- ကြီးငယ်ဘဝဖြစ်သမျှ၌။
♠ရာဂါဒယော - ဒိဋ္ဌိ, မာန စသည်ဝန်းရွေ ရံခြွေနှင့်တကွ ဖြစ်ကုန်သော ရာဂ, ဒေါသ, မောဟ, ဝိတက် တရားပျက်တို့သည်။
♠တနူ-ယင်တောင်ပုစဉ်းတောင်အလား ခေါင်းပါးကုန်သည်။
♠ဟောန္တု- ဖြစ်စေကုန်သတည်း။
♠အဟံ - ငါသည်။
♠ဣမိနာ - ဤကောင်းမှုကြောင့်၊
♠သီလဝါ- ပကတူပ အထုံရ၍ သီလနှင့် ပြည့်စုံသည်။
♠ဟောမိ - ဖြစ်ရလို၏။
♠သဒ္ဓေါ - ရတနာသုံးတန် ကံ၊ ကံ၏အကျိုးကို
ယုံကြည်ခြင်း သဒ္ဓါရှိသည်။
♠ဟောမိ - ဖြစ်ရလို၏။
♠ပညဝါ-ဆုတ်ဆိုင်းမရှိဟုတ်တိုင်းသိသောပညာနှင့်ပြည့်စုံသည်။
♠ဟောမိ - ဖြစ်ရလို၏။
♠သုသမာဟိတော- လွန်စွာကြံ့ခိုင် ယိမ်းယိုင်မရှိ
တည်ကြည်ခြင်း သမာဓိနှင့် ပြည့်စုံသည်။
♠ဟောမိ - ဖြစ်ရလို၏။
(ပရမတ္ထသရူပဘေဒနီကျမ်း။ ဒုတိယတွဲ၊စာမျက်နှာ ၁၆ဝ)

ဥပမာ - မြတ်စွာဘုရားကို သောက်တော်ရေကပ်ပြီး "ဤသောက်တော်ရေ ကပ်လှူရသော ကောင်းမှု သည် နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ပါစေ၊ နိဗ္ဗာန်ရဖို့ရာ ပါရမီဖြည့်စဉ်ကာလအတွင်း ဒေါသနည်းသူ ဖြစ်ရပါလို၏" စသည်ဖြင့် ကိုယ့်မှာရှိတဲ့ ဝါသနာစရိုက်ဆိုးကို "နာမည်တပ်"ပြီး ကိုယ်နားလည် သဘောပေါက် သလို ဆုတောင်းလို့လည်း ရပါတယ်။

စကားလုံးကွဲပြားပေမယ့် သဘော သက်ရောက်မှုကတော့ အတူတူပါပဲ။ ဒါဆို တဖြည်းဖြည်း လျော့လျော့လာမှာပါ။ ဝါသနာ စရိုက်ဆိုးတွေ ခေါင်းပါးအောင် လုပ်တဲ့နေရာမှာ ဆုတောင်းခြင်းကိုလည်း အားကိုးတစ်ခုအနေနဲ့ လုပ်ရမှာပါ။ ကိုယ်က အလွတ်ဆုတောင်းတာမဟုတ်ဘဲ အလုပ်နဲ့တွဲပြီး ဆုတောင်းတာဖြစ်တဲ့အတွက် အများကြီး အထောက်အပံ့ပေးမှာပါ။ အလုပ်နဲ့ ဆုတောင်း အစဉ်သဖြင့်ရှိနေရင် အကုသိုလ် လုပ်ချင်စရာ တွေးဦး, တွေ့ဦးတော့ ကိုယ် မြတ်မြတ်နိုးနိုးတောင်းနေတဲ့ ဆုတောင်းလေးကို သတိရပြီး
လုပ်ချင်စိတ် လျော့သွား မှာပါ။

သာသနာမှာ " စာတတ်ငါးခုန်၊ စာကုန်မန်ကျည်းတော၊ စာပြောသဲအင်း " ဆိုပြီး သမိုင်းတင်ခဲ့ပါတယ်။
♠ စာတတ်တဲ့နေရာမှာ ငါးခုန်ဆရာတော်ဘုရား၊
♠ စာကုန်တဲ့နေရာမှာ မန်ကျည်းတော ဆရာတော်ဘုရား၊
♠ စာပြော တဲ့နေရာမှာ သဲအင်းဆရာတော် ဘုရားရယ် လို့ ဆရာစဉ်ဆက် ပြောစမှတ်ပြုခဲ့ကြတာပါ၊

✿ အဲဒီအထဲက ငါးခုန် ဆရာတော်ဘုရားကြီးဟာ စာတတ်ရုံတင် မကပါဘူး၊ "ဘုရားဆုပန်ထားတဲ့ ဆရာတော်ဘုရားကြီး2 ပါ။ ဘုရားဆုပန် ထားတဲ့ ငါးခုန်ဆရာတော်ဘုရားကြီးဟာ တစ်ခါတလေ ပုထုဇဉ်အားလျှော်စွာ ရင်ထဲမှာ ဒေါသစတဲ့ အကုသိုလ် တရားတွေဖြစ်လာရင် ဘုရားရှေ့ကိုသွားပြီး ...

“မြတ်စွာဘုရား... တပည့်တော်ငါးခုန်ရဲ့ သန္တာန်မှာ ယုတ်မာ ဆိုးဝါးတဲ့ ဒေါသတွေ ဝင်ရောက်နှောင့်ယှက် ဖျက်ဆီးနေပါတယ်ဘုရား။ ဒေါသကင်းဝေးတော်မူသော မြတ်စွာဘုရားအား အကြိမ်ကြိမ် ရှိခိုးကန်တော့ပါ၏ဘုရား။ ဘုရားတပည့်တော်ရဲ့သန္တာန်မှာ စွဲလမ်းကပ်ငြိနေတဲ့ ဆိုးဝါးလှတဲ့ ဒီဒေါသ ကိလေသာကို ကယ်မ ပယ်ချွတ်တော်မူပါဘုရား” လို့လျှောက်ပြီးဒေါသကို တဒင်္ဂအနေနဲ့ မငြိမ်းမချင်း ဘုရားရှင်ရှေ့မှာ ဝတ်ပြုနေလေ့ရှိတယ်လို့ ဖတ်ရပါတယ်။ကိုယ်ကလည်း ငါးခုန်ဆရာတော် ဘုရားကြီးနည်းကို အတုယူပြီးအကုသိုလ်တစ်ခုခုရင်ထဲဝင်လာရင်မြတ်စွာဘုရားရှေ့သွားပြီး လျှောက်ထား ဆုတောင်းလို့လည်း ရတာပါပဲ။ ဘယ်နည်းနဲ့ပဲ ပျောက်ပျောက် ပျောက်ဖို့က အဓိကပါ။ ဒါတွေဟာ တကယ့်မဖြစ်မနေ အတုခိုးရမယ့်နည်းကောင်းတွေပါပဲ။

✿ စာရေးသူလည်း ကိုယ်မလိုချင်တဲ့ အကုသိုလ်တွေ ရင်ထဲရောက်လာရင် ငါးခုန်ဆရာတော်ဘုရားကြီးနဲ့ မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီးနှစ်ပါးရဲ့ နည်းအတိုင်း မြတ်စွာဘုရားရှေ့သွား၊ မြတ်စွာဘုရားကိုသောက် တော်ရေကပ်ပြီး ကိုယ့်ရင်ထဲမှာဖြစ်နေတဲ့အကုသိုလ်တွေကို သူများမကြားအောင်
ခပ်တိုးတိုးလျှောက်ပြ၊ ပြီးတော့ "အကုသိုလ်တွေ မဖြစ်ရပါလို၏ဘုရား" လို့
သုံးကြိမ်လောက် ဆုတောင်းမိပါတယ်။ တစ်ခါတလေ ကိုယ်မလိုချင်တဲ့ အကုသိုလ်က နည်းနည်းကြီးနေမယ်၊ ဖြစ်ကြောရှည်နေမယ်ဆိုရင်တော့
ရေချမ်းအပြင် ပန်းပါကပ်ပြီး ဆုတောင်းဖြစ်ပါတယ်။ ဒါတွေကတော့ အရေးပေါ်ဆုတောင်းပြီး အကုသိုလ် ပယ်နည်းတစ်ခုပါပဲ။ ဆုတောင်းလိုက်ရင်ပဲ ဖြစ်နေတဲ့အကုသိုလ်က သက်သာသွားတာများပါတယ်။

✿ ရာဂ ဒေါသ မောဟ ဣဿာမစ္ဆရိယ စတဲ့ အကုသိုလ် ကိလေသာတွေ နှိပ်စက်တဲ့အခါ ကိုယ့်ကို တရားစကားပြောပြပေးမယ့် မိတ်ကောင်းဆွေကောင်းတွေလည်း သိပ်လိုအပ်ပါတယ်။ "အညတရာထေရီ"ကို တော့" ဓမ္မဒိန္နာထေရီ"က တရားစကားပြောပေးခဲ့ပါတယ်။

✿ "ဓမ္မဒိန္နာ" ဆိုတာ "အနာဂါမ် ဝိသာခ"ရဲ့ ဇနီးပါ။ ဘိက္ခုနီမ ဝတ်ပြီး တရားအားထုတ်လိုက်တာ ခင်ပွန်းထက် တစ်ဆင့်ကျော်ပြီး ရဟန္တာဖြစ်သွားတဲ့ ထေရီမပါ။ဓမ္မဒိန္နာထေရီ တရားထူး ရသွားတာလည်း ခင်ပွန်းဝိသာခရဲ့
ကူညီပံ့ပိုးမှုတွေ အများကြီးပါခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံလည်း ကိလေသာရဲ့ နှိပ်စက်မှုကို သိပ်မခံရဘဲ တရားထူးတွေ ကိုယ်စီရသွားကြတဲ့သူတွေပါ။

ဘယ်လို ကိလေသာတွေက ဘယ်လိုပုံစံနဲ့ပဲ နှိပ်စက်နှိပ်စက် တကယ်အားကိုးရာကတော့ ဝိပဿနာ ပါပဲ။ တရားထူး မရရင်တောင် တစ်ချက်မှတ် တစ်ချက်ကိလေသာကိုပယ်နေတာဆိုတော့ တစ်မှတ်ချင်းမှာ စိတ်အေးချမ်းမှုကို ရနေတာပါ။

ကိလေသာနှိပ်စက်လို့ပဲဖြစ်ဖြစ် လောကဓံဆိုးတွေနှိပ်စက်လို့ပဲဖြစ်ဖြစ် နောက်ဆုံးတော့ ဘာဖြစ်လဲ၊ တရားအားထုတ်နေလိုက်ရုံပါပဲ။

✿ မြတ်စွာဘုရားက "အဂုင်္ုတ္တိုရ်ပါဠိတော် အနုဂ္ဂဟိတသုတ်"မှာ ချီးမြှောက်ခြင်း(၅)မျိုးနဲ့ ချီးမြှောက်ဖို့ ဟောကြားထားပါတယ်။
ချီးမြှောက်ခြင်း(၅)မျိုးက -
၁။ သီလနဲ့ ချီးမြှောက်ခြင်း
၂။ သုတနဲ့ ချီးမြှောက်ခြင်း
၃။ တရားဆွေးနွေးခြင်းနဲ့ ချီးမြှောက်ခြင်း
၎။ သမထနဲ့ ချီးမြှောက်ခြင်း
၅။ ဝိပဿနာနဲ့ ချီးမြှောက်ခြင်း တို့ ဖြစ်ပါတယ်။

ဒါကို အဋ္ဌကထာက ဥပမာလေးနဲ့ ပြထားပါတယ်။ သစ်ပင်စိုက်ထားရင်ကိုယ်စိုက်ထားတဲ့သစ်ပင်ကို ခြံလည်းခတ်ထားရပါတယ်။ ရေလည်းလောင်းပေးရပါတယ်။ပေါင်းလည်းသင်ပေးရပါတယ်။ သစ်ပင်မှာ ကျလာတဲ့ ပိုးကောင်လေးတွေကိုလည်း ဖယ်ရှားပေးရပါတယ်။ ပင့်ကူမျှင်နွယ်ပင်တွေကိုလည်း ဖယ်ရှားပေး ရပါတယ်တဲ့။

✿အတွဲဥပမာ လေးတွေက "သီလ"က ခြံခတ်ထားတာနဲ့တူပါတယ်တဲ့။ ✿"သုတ"က ရေလောင်းတာနဲ့တူပါတယ်တဲ့။
✿" ဆွေးနွေးတာက" ပေါင်းသင်တာနဲ့ တူပါတယ်တဲ့။
✿"သမထက" ပိုးကောင်လေးတွေကို ဖယ်ရှားပေးတာနဲ့တူပါတယ်တဲ့။ ✿"ဝိပဿနာက" ပင့်ကူမျှင်နွယ်ပင်လေးတွေကို ဖယ်ရှားပေးတာနဲ့ တူပါတယ်တဲ့။

သစ်ပင်တစ်ပင်စိုက်ရင် ဒီအစီအစဉ်လေးတွေကိုလုပ်ပေးရပါတယ်။ လုပ်မပေးရင် ကိုယ်စိုက်ထားတဲ့ သစ်ပင်ဟာ ညှိုးနွမ်းပြီးသေသွားနိုင်ပါတယ်။ စာရေးသူ လေးလ ကျော်ကျော်လောက် ခရီးတစ်ခုထွက်ဖြစ်ပါတယ်။ ပြန်လာတဲ့အခါကျတော့ စိုက်ခဲ့တဲ့ သစ်ပင်တွေကအရွက်တွေမရှိတော့သလောက်
ခြောက်သွေ့နေပါတော့တယ်။ သက်မဲ့ဖြစ်တဲ့ သစ်ပင်နွမ်းနွမ်း ခြောက်ခြောက်တွေကို မြင်ရတာ တကယ့်စိတ်မချမ်းသာစရာ မြင်ကွင်းတွေပါပဲ။

ရောက်ရောက်ချင်း စိုက်ခဲ့တဲ့ သစ်ပင်တွေကိုကြည့်ပြီး မပျော်တော့ပါဘူး။ ဒါကြောင့် သစ်ပင်ကျွမ်းကျင် တဲ့သူတွေကို ဖုန်းဆက်ခေါ်ရပါတယ်။ သူတို့လည်း ချက်ချင်းရောက်လာပြီး သစ်ပင်အပွေးတွေကို လက်သဲနဲ့ ဆိတ်ကြည့်၊
အရွက်တွေကိုကိုင်ကြည့်နဲ့ ဆရာဝန်တစ်ယောက်က လူနာတစ်ယောက်ကို ကြည့်သလိုပါပဲ။ ပြီးတော့ "ရေလောင်းရမယ်၊ အောက်ခြေမြက်ရှင်းရမယ်၊
ပေါင်းသင်ရမယ်၊ မြေလုံးခွဲပြီး ရေနေအောင် ခွက်ကျင်း လုပ်ရမယ်၊ ဆေးကျွေးရမယ်၊ ပိုးသတ်ဆေးဖြန်းရမယ်" လို့ပြောပြီး ကိုယ်တိုင်ပဲလုပ်ပေးကြပါတယ်။ အဲဒီအထဲက "ပိုးသတ်ဆေးတော့မဖြန်းပါနဲ့"လို့ တောင်းပန်ရပါတယ်။

ပိုးကောင်လေးတွေ မသေစေချင်သလို သတ်လည်း မသတ်ချင်ပါဘူး။ဒါပေမယ့်လည်းသုံးသိန်းတန်သစ်ပင်တချို့အောက်ခြေပိုးကိုက်ပြီး သေသွားတော့လည်း နှမြောရပြန်ပါတယ်။ သုံးပတ်ကျော်ကျော်လောက်အကြာမှာတော့ ရွက်နုလေးတွေ ပြန်ထွက်လာခဲ့ပါတယ်။ စိမ်းစိုလာတဲ့သစ်ပင်တွေ ပြန်မြင်ရတော့လည်း စိတ်က ပြန်ပျော်သွားရပြန်ပါတယ်။ သစ်ပင်ညှိုးနွမ်းနွမ်းတွေကို ကိုယ်တိုင်လည်းမမြင်ချင်သလို ရောက်လာတဲ့သူတွေကိုလည်း မမြင်စေချင်ပါဘူး။ ဒါကြောင့် ရေလောင်းတာ ပုံမှန်ထက်ရွှဲအောင် လူတိုးပြီး လောင်းရပါတော့တယ်။

ကိုယ်စိုတ်ထားတဲ့သစ်ပင်လေး ရေလောင်းလိုက်လို့ အညွန့်တဝေဝေ အရွက်တဖားဖား စိမ်းစိမ်း စိုစိုဖြစ်လာတဲ့အခါ စိတ်ချမ်းသာရသလို ကိုယ်စိုက်ထားတဲ့ သစ်ပင်စိမ်းစိမ်းအောက်မှာ ထိုင်ရတာလည်း တကယ့်အရသာတစ်ခုပါပဲ။ ဒီလိုပါပဲ ကိုယ့်ကိုယ်ကိုတော့ အေးချမ်းအောင်နေကြရမှာပါပဲ။

ဘဝကလည်းသစ်ပင်တစ်ပင်လိုပါပဲ။ ရေလောင်ပေါင်းသင်ဆေးကျွေးနေနိုင်မှစိတ်ကလေးတွေကလန်းနေတာပါ။ရေမလောင်းဖြစ်တာနဲ့ စိတ်က ညှိုးလာတာပါ။ ပုထုဇဉ် သစ်ပင်တစ်ပင်ဟာ စိမ်းစိုတလှည့် ခြောက်သွေ့
တလှည့်ပါပဲ။ အမြဲတမ်းလည်း စိမ်းစိုမနေနိုင်သလို အမြဲတမ်းလည်း ခြောက်သွေ့မနေနိုင်ပါဘူး။

✿ စိတ် ညှိုးနွမ်းလာတဲ့အခါ ချီးမြှောက်ခြင်း ငါးမျိုးနဲ့ ချီးမြှောက်ပေးရပါမယ်။ စိတ်ညှိုးနွမ်းရင် ဘဝကနေရတာလည်း မပျော်တော့ပါဘူး။

တစ်ခါတလေကျတော့လည်း ကိုယ့်ရုပ်နဲ့စိတ်ကို စောင့်ရှောက်နေတဲ့ကြားကပဲ အာရုံတချို့ ကြောင့် ညှိုးနွမ်းသွားရတာတွေလည်း ရှိတတ်ပါတယ်။ဒီတော့လည်း ကိုယ့်ကိုယ်ကို ရေပြန်လောင်းရုံပါပဲ။ ပုထုဇဉ်တစ်ယောက်ရဲ့ဘဝမှာ ကိုယ့်စိတ်ကလေးကို အထူးစောင့်ရှောက်ပေးနေမှ တော်ကာကျတာပါ။
ဒါတွေက အသက်ကြီးတာ ငယ်တာတွေနဲ့ မဆိုင်ပါဘူး။ အသက်ကြီးပေမယ့်လည်း ရင့်ကျက်ချင်မှ ရင့်ကျက်တာပါ။ အသက်ငယ်ပေမယ့်လည်း ရင့်ကျက်ချင် ရင့်ကျက်နေတာပါ။

အထူးသဖြင့် ရုပ်နာမ်တွေ ညှိုးနွမ်းလာရင် ဘုရားခန်းထဲသွားပြီး သီလယူ သမထ ဝိပဿနာ ပွားနေလိုက်တာက အကောင်းဆုံးပါပဲ။ ဒါဆို ညှိုးနွမ်းနေတဲ့ ရုပ်နာမ်တွေကပြန်လန်းလာတာ များပါတယ်။ ရုပ်နွမ်းစိတ်နွမ်းကိုဖြေဖျောက်စရာ အာရုံမျိုးစုံတော့ ရှိနေမှာပါ။ဒါပေမယ့် မြတ်စွာဘုရား ဟောကြားထားတဲ့ရေလောင်းပေါင်းသင်မှုတွေနဲ့ ဖြေဖျောက်တာကတော့ အကောင်းဆုံးပါပဲ။

✿ ကိုယ့်ရုပ်နာမ်တွေ ကြည်လင်လာတဲ့အခါ ကိုယ်လည်းစိတ်ချမ်းသာရသလို ကိုယ့်ဝန်းကျင်တစ်ခုလုံး လည်း စိတ်ချမ်းသာ ရတော့တာပါ။ ကိုယ်စိတ်မချမ်းသာရင် ကိုယ်နဲ့ဆက်စပ်သမျှ ဝန်းကျင်အားလုံး စိတ် မချမ်းသာရပါဘူး။ အများနဲ့ထိတွေ့ ဆက်ဆံနေရတဲ့သူဆို ပိုလို့တောင် စိတ်ချမ်းသာအောင် နေရဦးမှာပါ။

ဒါမှ ကိုယ်နဲ့ထိတွေ့ ဆက်ဆံရသူအားလုံး ကိုယ့်ကိုအမှီပြုပြီး စိတ်ချမ်းသာကြမှာပါ။ မြတ်စွာဘုရားဟောကြားတဲ့ ချီးမြှောက်ခြင်း(၅)မျိုးက လူတစ်ယောက်အတွက် မဖြစ်မနေ လိုအပ်တဲ့ ချီးမြှောက်ခြင်းတွေပါ။ သူများကို ချီးမြှောက်ရတာလည်း မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ချီးမြှောက်ရတာဖြစ်တဲ့ အတွက် ဘာမှနှမြောစရာလည်း မလိုပါဘူး။

✿ ၁။ သီလနဲ့ချီးမြှောက်ပါတဲ့။ သီလလျော့သွားရင် စိတ်ကပါ ညှိုးသွားတာများပါတယ်။
✿ ၂။ သုတနဲ့လည်း ချီးမြှောက်ပါတဲ့။
သုတဆိုတာ စာဖတ်တာ၊ တရားနာတာပါ။ ဒီခေတ်ကတော့ တရားနာဖို့အတွက် မခက်တော့ပါဘူး။ တရားCDတွေ လမ်းဘေးနေရာတိုင်းမှာ လွယ်လွယ်ကူကူ ဝယ်လို့ရနေ တာပါ။ လွန်ခဲ့တဲ့(၁ဝ)နှစ် လောက်ကဆို တရားခွေတစ်ခွေနာရဖို့ တရားတေးသံသွင်း ဆိုင်ကြီးတွေကို တကူး တက သွားမှာရတာပါ။ ဒါတောင် ချက်ချင်းမရပါဘူး။ တိပ်ခွေကိုမှာခဲ့ပြီး ချိန်းတဲ့ရက်ကျမှ သွားယူရတာပါ။ အခုတော့ ငွေ(၅ဝဝ)လောက်ဆို CDတစ်ချပ်နဲ့ တရားအပုဒ်ရေ သုံးရာ၊ ငါးရာလောက် ရနေတာပါ။ ထားရ သိမ်းရတာလည်း သိပ်ဝန်ကျဉ်းတာပါ။

✿ ၃။ တရားဆွေးနွေးခြင်းနဲ့လည်း ချီးမြှောက်ပါတဲ့။ တစ်ယောက်နဲ့တစ်ယောက် သိတာချင်းတော့ မတူကြပါဘူး။
သူသိတာ ကိုယ်မသိ၊ သူမသိတာ ကိုယ်သိဆိုတော့ အချင်းချင်းလည်း ဆွေးနွေးရမှာပါ။ အထူးသဖြင့် တော့ ကိုယ်ထက်သာတဲ့သူနဲ့ ဆွေးနွေးရမှာပါ။
✿ ၄။ သမထနဲ့လည်း ချီးမြှောက်ပါတဲ့။ ကိုယ်နှစ်သက်ရာ
သမထတစ်ခုခု ပွါးများနေရင် စိတ်ကအေးချမ်း နေတာပါပဲ။
✿ ၅။ ဝိပဿနာနဲ့လည်းချီးမြှောက်ပါတဲ့။ ဝိပဿနာကတော့ ကိုယ်အားထုတ်ဖူးထားတဲ့အတိုင်း ချီးမြှောက်ရုံပါပဲ။

မြတ်စွာဘုရားက တရားအားထုတ်နေတဲ့ ယောဂီတွေ ကိုယ့်ရဲ့ဝိပဿနာသမ္မာဒိဋ္ဌိကို ချီးမြှောက်ခြင်း ငါးမျိုးနဲ့ ချီးမြှောက်ဖို့ ဟောပြထားတာပါ။ ဒါပေမယ့်လည်း အပြင်မှာနေနေကြတဲ့ သူတွေအနေနဲ့ ကိုယ့်ကိုယ်ကို ချီးမြှောက်မှု
(၅)မျိုးနဲ့ ချီးမြှောက်နေရင် စိတ်ချမ်းသာ နေတော့တာပါ။

ပုထုဇဉ် တစ်ယောက်ရဲ့စိတ်ဟာ အမြဲတမ်း ကြည်မနေနိုင်ပါဘူး။ ကြည်တလှည့်၊ နောက်တလှည့်ပါပဲ။ စိတ်ကြည်လင်နေမှလည်း ကိုယ့်အတွက်, ကိုယ့် မိသားစုအတွက်, ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် အားတက်သရော လုပ်နိုင်မှာပါ။ ဘ၀ဆိုတာ သစ်ပင်လေး တစ်ပင်လိုပါပဲ၊ အမြဲရေလောင်းပေးနေမှ စိမ်းစိုနေမှာပါ။ အဲဒီလိုရေလောင်း ပေးနေတာကကို မဂ်ဖိုလ်နိဗ္ဗာန်ရဲ့ အထောက်အပံ့ကောင်းတွေ ဖြစ်နေတော့တာပါပဲလေ။

-【ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ)
ကျမ်းကိုး။
အနုဂ္ဂဟိတသုတ္တန်တရားတော်။
သဒ္ဓမ္မရံသီရိပ်သာဆရာတော်။】
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
Posted by►
www.facebook.com/youngbuddhistassociation.mm
အပ္ပမာဒေန သမ္ပာဒေထ။ ။

Friday, July 28, 2017

ဝက်သားနဲ့ ဂွေးသီးချဉ်ငံစပ် - ဆားငန်​သီး ငါးပေါင်း - ၀က်သားနဲ့ အင်ဥဟင်း




ဆားငံသီးငါးပေါင်း
ဒီမှာတော့ ရန်ကုန် မှာလို ဆားငံသီးလေးတွေကအရမ်းမငံဘူး၊ ရှိတဲ့ ဆားငံသီးလေးတွေနဲ့ပဲ ပေါင်းဆားရတယ်။ အရသာကတော့ အရမ်းကောင်းပါတယ်။ ဒီမှာက ကကတစ်ငါးကဝယ်လို့လွယ်ပါတယ်။ Sea Bass လို့ခေါ်တယ်။

ပါဝင်ပစ္စည်းများ
-ကကတစ်ငါးတကောင်
-ဆားငံသီးနဲနဲ၅ခု ၆ခု
-သံပုရာရည်၂ဇွန်း(စားပွဲတင်)၊ ငံပြာရည်ဇွန်းဝက်(အချိုဇွန်း)
-ဂျင်း အနဲငယ်
-ကြက်သွန်ဖြူ ၂ဥ
-ငရုတ်သီး၂တောင့်
-ရှောက်ရွက်၎ရွက်
-ဆား၊ ကြက်သားမှုန့်၂ဇွန်း(အချိုဇွန်း)

ငါးကိုသန့်စင်အောင်ဆေးပြီး ကိုယ်ထယ်ကို ကြက်ခြေခတ်သဏ္ဍန် ဓားလေးများဖြင့်မွှမ်းထားပါ။
ဆားအနဲငယ်၊ ကြက်သားမှုန့်၁ဇွန်းတို့ဖြင့်နယ်ထားပါ။ ဂျင်းကိုအချောင်းလေးများလှီးထားပါ။
ကြက်သွန်ဖြူ၊ ငရုတ်သီး၂တောင့်တို့ကို ဓားဖြင့် နုတ်နုတ်စဉ်းထားပါ။ သံပုရာရည်၊ ငံပြာရည်၊ ကြက်သားမှုန့်၁ဇွန်း တို့ဖြင့်ရောထားပါ။
ထဲ့ပေါင်းမဲ့ Kitchen Foilမှာဖြစ်စေ၊ ပန်းကန်ပေါ်ဖြစ်စေ ဂျင်း၊ ရှောက်ရွက်၂ရွက်၊ ဆားငံသီးတို့ဖြန့်ခင်းထားပါ။
ငါးကိုအပေါ်ကခင်းကာ ဂျင်း၊ ရှောက်ရွက်၂ရွက်၊ ဆားငံသီးတို့ထပ်တင်ပါ။
ရောထားသော Sauceရည်ကိုအပေါ်ကဖြန့်တင်ပါ။ foil နဲ့ ထုပ်ပြီးမှ ပေါင်းအိုးထဲကို မိနစ်၃၀ခန့်ရေနွေးခံ ပေါင်းပါ။

 အနံအရသာ အထူးကောင်းသော ဆားငံသီးငါးပေါင်းရပါပြီ။

ဝက်သားနဲ့ ဂွေးသီးချဉ်ငံစပ်  

မင်္ဂလာပါ ။

ဒီတစ်ပတ်တော့ ၀က်သားနဲ့ ဂွေးသီးချဉ်ငံစပ်  ချက်ထားပါတယ်။ ၀က်သားဟင်းလည်း စားချင် အီမှာလည်း ကြောက်တယ် ဆိုသူတွေအတွက် အချဉ်ဓာတ်လေး ပါအောင်ချက်ထားတဲ့ ၀က်သားနဲ့ ဂွေးသီးချဉ်ငံစပ် ဟင်းလေးပါ။

ချက်ပြုတ်ဖို့ အတွက် လိုအပ်တာတွေကတော့

ဝက်ပေါင်သား  ၂၅သား( အနေတော်လှီးပြီး ဆားဆနွင်းနယ်ထားပါ)

ဂွေးသီး          ၅လုံး( အခွံခွာပြီး ကြိတ်ချေထားပါ)

ကြက်သွန်နီ    ၂ဥ

ကြက်သွန်ဖြူ    ၁ဥ

ခရမ်းချဉ်သီး အနည်းငယ်

အရောင်တင်မှုန့် အနည်းငယ် တို့ ဖြစ်ပါတယ်။


အရင်ဆုံး ကြက်သွန်နီ   ၂ဥကြက်သွန်ဖြူ   ၁ဥ အရောင်တင်မှုန့် တို့ကို ထောင်းထားပါ။ ပြီးရင် ဆီသတ်ပါ။ ကြက်သွန်တွေ နွမ်းလာရင် ခရမ်းချဉ်သီး ထည့်ပြီး ချေပါ။ ပြီးရင်တော့ ကြိတ်ထားတဲ့ဂွေးသီးကို ထည့်ပါ။ ဂွေးသီး ကျက်အောင်ထားပါ။


ဂွေးသီးကျက်ရင် ၀က်သားထည့်ပါ။ အနှစ်နဲ့ အသားနှံ့အောင် မွှေပါ။ ရေမထည့်သေးဘဲ အသားအနံ့ပျောက်အောင် မီးအေးအေးနဲ့ အဖုံးအုပ်ပြီး ခဏတည်ထားပါ။ ပြီးမှ  အသားမြှုပ်အောင်ရေထည့်ပြီး ချက်ပါ။


ရေခမ်းပြီး ဆီပြန် အသားနူးတော့မယ်ဆိုရင် အရသာအပေါ့အငန်မြည်းပါ။ အချဉ်ဓာတ်ကဲတယ်ဆိုရင်တော့ ငံပြာရည် အနည်းငယ်ထည့်နိုင်ပါတယ်။ ရေခမ်းပြီး ဆီပြန်လာပြီဆိုရင်တော့ ချဉ်ငံစပ် ၀က်သားနဲ့ ဂွေးသီးချဉ်ငံစပ် ဟင်းလေးရပါပြီ။ ချက်ရတာ မခက်ခဲဘဲ ထမင်းမြိန်မယ့် ဟင်းတစ်မယ်ပါ။ ဂွေးသီးနေရာမှာ တခြားအချဉ်အရသာရှိတဲ့ အသီးတွေလည်း အသုံးပြုချက်ပြုတ်နိုင်ပါတယ်။

အင်ဥနဲ့ ဝက်သားဟင်း
...........................


 အင်ဥလေးပေါလာပြီဆိုတော့ အင်ဥနဲ့ ဝက်သားလေးစားချင်လိုက်တာဆိုတဲ့ အတွေးဝင်လာတာနဲ့ ချက်ဖြစ်သွားတာပါ။ ချက်ပြီဆိုရင် အင်ဥထုပ်ထုပ်လေးနဲ့ ဝက်သားနူးနူးအိအိလေးကို စားရတာ ရာသီစာမို့လို့လား မသိပါဘူး။ တခြားဟာတွေထက် ပိုခံတွင်းတွေ့ပါတယ်။ အင်ဥလေးတွေကို သန့်စင်ရတာ တော်တော့်ကို လက်ဝင်တယ်။ သေသေချာချာ အကြိမ်ကြိမ် ပွတ်တိုက်ဆေးကြောရပါတယ်။ သဲကျန်ရင် တရှပ်ရှပ်ကျိလိကျိလိနဲ့ ဘယ်စားကောင်းပါ့မလဲနော်။ အင်ဥလေးတွေချည်းပဲ သက်သတ်လွတ်စားလို့ ရသလို အသားဟင်းနဲ့လည်း စားလို့ရပါတယ်နော်။ အိသက်က ဝက်သားနဲ့ ချက်ပါမယ်။

►   ပါဝင်ပစ္စည်းများ
♦   အင်ဥ   -   လက်တစ်ဆုပ်သာသာ
    (လိုသလောက် သုံးနိုင်ပါတယ်)
♦   ဝက်သား   -   ၁၅ ကျပ်သား
♦   ကြက်သွန်နီ   -   အနေတော် ၄ လုံး
♦   ကြက်သွန်ဖြူ   -   ဥကြီးတစ်လုံး
♦   ငရုတ်သီးအကြမ်းကွဲ   -   စားပွဲဇွန်း ၁ ဇွန်း
♦   မိုးမျှော်ငရုတ်သီးစိမ်း   -   ၁၀ တောင့်
♦   ချင်း   -   လက်တစ်ဆစ်
♦   နနွင်းမှုန့်   -   အချိုဇွန်း ၁ ဇွန်း
♦   ဆား   -   အချိုဇွန်း ၁ ဇွန်း
♦   အသားမှုန့်   -   အချိုဇွန်း ၁ ဇွန်း
♦   နံနံပင်   -   အနည်းငယ်
♦   ငံပြာရည်   -   အချိုဇွန်း ၁ ဇွန်း

►   ပြုလုပ်နည်းအဆင့်ဆင့်
 အင်ဥလေးတွေကို ရေစိမ်ထားပါတယ်။ ပြီးမှပွတ်တိုက်ဆေးကြောပေးရပါမယ်။ သူက သဲတွေ တော်တော်များတော့ ကျွန်မကတော့ Brush နဲ့ပါ ပွတ်တိုက်ပစ်ပါတယ်။ ရေခဏခဏလဲပေးရင်း ဆေးကြောပေးရပါတယ်။ နောက်ဆုံးမှာ ခပ်ဖြူဖြူအင်ဥလေးတွေရလာပါမယ်။ ဒီအတိုင်းထည့် ချက်လည်းရသလို တစ်ရေဖျောပြီး ချက်လည်းရပါတယ်။ ရေနွေးလေးနဲ့ တစ်ရေဖျောလိုက်ရင် ပိုသန့်ပြီး ချက်တဲ့အခါလည်း အနူးလွယ်ပါတယ်။ ခုနက ခပ်ဖြူဖြူပြောမိလို့ မှားသွားမှာ စိုးပါတယ်။ အင်ဥက အညို၊ အမည်းပဲရှိပါတယ်။ ရေဆေးလိုက်လို့ ဖွေးသွားတာကို ပြောတာပါနော်။ အင်ဥလေးတွေ ဆေးပြီးရင် ထက်ခြမ်းခွဲထားပါတယ်။ သေးတဲ့ဥတွေတော့ မခွဲပါဘူး။

 ကြက်သွန်နီ/ ဖြူကို ချင်းနဲ့ ရောထောင်းထားလိုက်တယ်။ ငရုတ်သီးကြမ်းခွဲပါ  ရောထောင်းရင် ပိုကောင်းပါတယ်။ ဝက်သားကို ဆားနည်းနည်း၊ နနွင်းနည်းနည်းနဲ့ နယ်ထားလိုက်ပါ။
 ဝက်သားကို ကြက်သွန်ရောထောင်းထားတာတွေနဲ့ လုံးချက်လိုက်ပါတယ်။ ဝက်သားအရောင် ပြောင်းလာရင် ကြက်သွန်နဲ့လည်း ခပ်ကြွပ်ကြွပ်ဖြစ်နေရင် ရေနည်းနည်းထည့်ပြီး နူးသည်အထိ အဖုံးအုပ်တည်ပေးထားပါတယ်။

 ရေကို ဖြည်းဖြည်းချင်းထည့်ပြီး ဝက်သားနူးခါနီးနောက်ဆုံး တစ်ရေမထည့်ခင်  အင်ဥလေးတွေ ရောပါတယ်။ ဆား၊ အသားမှုန့်၊ ငံပြာရည် ထည့်ပါမယ်။ ခဏမွှေပြီး ရေထည့် အဖုံးအုပ်တည်ပေးပါ။ အသားလည်းနူး၊ အင်ဥလည်းနူးပြီး အရသာလည်း အနေတော်ရင် ငရုတ်သီးစိမ်းတွေ ခွဲပြီးထည့်ပေးပါ။ နံနံပင်လေးလည်း အုပ်ပေးလိုက်ပါ။ ဒါဆိုရင် ဝက်သားအင်ဥချက် မွှေးမွှေးလေးရပါပြီ။

 အင်ဥလေးတွေက ရာသီစာမို့ တစ်နှစ်တစ်ခါ ချက်စားမိအောင် ချက်ကြဖို့ တိုက်တွန်းချင်ပါတယ်ရှင်။
.................
မအိသက်
(Htet Family Creation)

Credit: Myanmar Food Magazine 

Wednesday, July 26, 2017

Olive Yang သို့မ​ဟုတ် ဘိန်းဘုရင်မ

စီအိုင်အေ - အိုလစ်ဖ်ယန်း နှင့် ၀ါဝါ၀င်းရွှေ
======================


အခု တင်ပြမယ့် အကြောင်းကတော့ ဒီနေ့ထုတ် The New York Times သတင်းစာမှ ဖေါ်ပြလာတဲ့ Olive Yang ဆိုတဲ့ ကိုးကန့် ဘိန်းဘုရင်မကြီးရဲ့  အကြောင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဂျူလိုင် ၁၃ ရက် နေ့ အသက် ၉၀ မှာ
ကွယ်လွန်သွားတဲ့ အိုလစ်ဖ်ယန်းသည် ကိုးကန့် စော်ဘွား၏ သားသမီး ဆယ်တစ်ယောက်ထဲက သမီးတော်တပါး ဖြစ်ပါတယ်။ သို့သော်လည်း ယောက်ကျားစိတ် ပေါက်နေတဲ့ သူမအဖို့ စော်ဘွားသမီးတော် ဘ၀တွင် မပျော်ပိုက်
နိုင်ပဲ ရွှေတိဂံဒေသတွင် စီအိုင်အေ အထောက်အပံ့နဲ့ ကျော်ကြားလှတဲ့ ဘိန်းဘုရင်မကြီး တပါး ဖြစ်လာခဲ့ပြီး က္ဈန်တော်တို့ အားလုံး သိခဲ့ကြတဲ့ လော်စစ်ဟန်က ထိုအချိန်က သူရဲ့ လက်ထောက်တဦးသာ ဖြစ်ပါတယ်။

သူမ ဘ၀တလျောက်လုံး ရာပေါင်း များစွာသော လက်နက်ကိုင်တပ်ကြီးကို ဦးဆောင်ခဲ့သူ၊ ထောင်အကြိမ် ကြိမ်ကျ နှိပ်စက်ညှင်းပန်း ခံခဲ့ရယုံမက မြန်မာရုပ်ရှင် မင်းသမီးတဦးကိုပါ အချစ်တော် ထားခဲ့တဲ့ သူမ ဘ၀က စိတ်ဝင်စရားတွေနဲ့ ပြည့်နှက်နေပါတယ်။

အိုလစ်ဖ်ယန်းသည် ငယ်စဉ်ဘ၀ထဲက ယောက်ကျားစိတ်ပေါက်နေသူ ဖြစ်သဖြင့် ယောကျာ်းလို ၀တ်ဆင်ပြီး အကိုတွေရဲ့ ရည်းစားတွေကို လိုက်လံ ပိုးပန်းသူ ဖြစ်
လာပါတယ်။ အခုလို ဟော့ဟော့ရမ်းရမ်း နေထိုင်လာတဲ့ သမီးတော် အတွက် ရတက်မအေး ဖြစ်လာတဲ့ မိဘများက သူမထက် အသက်ငယ်တဲ့ မောင်တ၀မ်းကွဲ တော်သူ နှင့် လက်ဆက်ထိမ်းမြားစေခဲ့ ပါတယ်။

ကိုယ်ဝန်ရှိလာပြီး မကြာမီကပဲ စွန့်စားတာကို ၀ါသနာပါတဲ့ အိုလစ်ဗဖ်ယန်းက အိမ်ထောင်သည် ဘ၀ကို စိတ်ကုန်ပြီး လင်ယောက်ျားဖြစ်သူကို ထားခဲ့ကာ မူးယစ်ဆေးဝါး ကုန်ကူးတဲ့ ဓါးပြကြီး ဘ၀ကို ခံယူခဲ့ပါတယ်။ သူမရဲ့ သားဖြစ်သူကိုတော့ မိသားစုတွေကပဲ စောင့်ရှောက်က္ဈေးမွေး ခဲ့ရပါတယ်။

အသက် ၂၅ နှစ် အရွယ်မှာ စစ်ခေါင်းဆောင်ကြီး ဖြစ်လာပြီး သူမရဲ့ လက်အောက်မှာ စစ်အင်အားက ရာချီပြီး များပြားလာကာ လားများနှင့် ဘိန်းတွေ သယ်ပြီး တောအထပ်ထပ် တောင်အထပ်ထပ် ဖြတ်ကာ
ထိုင်းနိုင်ငံထဲထိ သယ်ယူ ရောင်းချ လာခဲ့ ပါတယ်။

သူမ ကိုယ်တိုင် ရှာဖွေ ဖေါက်ထွက်ခဲ့တဲ့ လမ်းကြောင်းက နောက်ပိုင်းမှာ ရွေတြိဂံ ဒေသတွင် ထင်ရှားခဲ့တဲ့ မူးယစ်ဆေး သယ်ယူရာ လမ်းကြောင်းကြီး ဖြစ်လာခဲ့ပြီး အမေရိကန် နဲ့ ဥရောပ ဈေးကွက်များ အတွက် အဓိက ကုန်ကြမ်းတွေ ထောက်ပံ့ရာ ဈေးကွက်ကြီး ဖြစ်လာပါတယ်။

အိုလစ်ဖ်ယန်း အဖို့ ထိုအချိန်က မြန်မာနိုင်ငံ အတွင်း ခိုလှုံနေကြတဲ့ ကူမင်တန် တရုတ်ဖြူ တွေနဲ့ အကျိုးတူ ပူးပေါင်း လာတဲ့ အတွက် မြန်မာအစိုးရမှ ရန်စူး ရန်ညှောင့်တခု အဖြစ် စတင်ရှုမြင်လာပါတယ်။

စစ်အေးတိုက်ပွဲကြီးရဲ့ ပွဲဦးထွက် ကာလလည်း ဖြစ်နေတာမို့ ကွန်မြူနစ် တရုတ်များရဲ့ရန် ပြန့်ပွားမလာအောင် တွန်းလှန်နေပါတယ်လို့ ကြွေးကြော်ခဲ့တဲ့ ကူမင်တန် တရုတ်ဖြူများကို စီအိုင်အေ က လျစ်လျူ ရှု့မနေပဲ ထောက်ပံ့လာခဲ့ ပါတယ်။ စီအိုင်အေက တရုတ်ဖြူ များနဲ့ သဘောတူညီချက် ရယူပြီး Operation Paper လို့ အမည်ပေးထားတဲ့ လျို့ဝှက် စစ်ရေးလှုပ်ရှားမှု အဖြစ် ၎င်းတို့ ပိုင် လေယာဉ်များနဲ့ လက်နက်တွေကို တရုတ်ဖြူ များထံ ပို့ပေးခဲ့ပါတယ်။ တဖက်ကလည်း တရုတ်ဖြူများ နဲ့ အိုလစ်ဖ်ယန်းတို့က ဘိန်းကုန်ကူးမှု များဖြင့် သူတို့ရဲ့ တပ်တွေ အတွက် ရံပုံငွေ ရှာခဲ့ကြပါတယ်။

စီအိုင်အေ က ပံ့ပိုးတဲ့ လက်နက်တွေ အိုလစ်ဖ်ယန်း လက်ထဲ ရောက်နေပြီဆိုတဲ့ အထောက်အထားတွေကို ၁၉၅၂ က မြန်မာအစိုးရမှ တရုတ်ဖြူများ ကျုးကျော် လာနေမှုအား ကုလသမဂ္ဂကို တိုင်တန်းရာမှာ တင်ပြ ခဲ့ပါတယ်။

အိုလစ်ဖ်ယန်းရဲ့ တပ်တွေ နယ်စပ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံရှိ လေယာဉ်ကွင်းသို့ သွားရောက်ကာ အမှတ်တံဆိပ် မပါရှိပဲ တိုင်ဝမ်မှ ဆိုက်ရောက်လာတဲ့ C-47 လေယာဉ်နဲ ပါလာတဲ့ လက်နက်တွေကို သွား
ရောက် လက်ခံခဲ့ကြတာ တွေ့ခဲ့ကြရပါတယ်။

သိတ်မကြာခင်မှာပဲ အိုလစ်ယန်း နဲ့ လက်ထောက်ဖြစ်သူ လော်စစ်ဟန်တို့ နှစ်ဦးသား ထိုင်း နယ်စပ်မှ ကားနှင့် ပြန်လာစဉ် မြန်မာရဲ အဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပြီး မြန်မာနိုင်ငံအတွင်းသို့ တရုတ်ဖြူစစ်သားများ ခိုးသွင်းသည်ဟု ဆိုကာ မန္တလေးထောင်မှာ ငါးနှစ် စံမြန်းခဲ့ရပါတယ်။ ယင်းသည်ကား သူတို့နှစ်ဦး အဖို့ ပထမဦးဆုံး အကြိမ် ထောင်ရဲ့ အရသာ ကို မြည်းစမ်းခွင့် ရခဲ့ခြင်းပင် ဖြစ်ပါတယ်။

လော်စစ်ဟန်က တော့ နောက်ပိုင်းမှာ "အရှေ့တောင်အာရှ ရဲ့ ဘိန်းဘုရင်ကြီး" ဘွဲ့ကို အမေရိကန် မူးယစ်ဆေးဝါး ထိမ်းချုပ်တားဆီးရေး အရာရှိများက ပေးခဲ့ကြပါတယ်။ လော်စစ်ဟန်က မြန်မာ အစိုးရမှ သူပုန်များ ကို တိုက်ခိုက်ရာမှာ အကူအညီပေးတဲ့ အတွက် အပြန်အလှန် အနေနဲ့ မူးယစ်ဆေးဝါးများ ရောင်းဝယ် ဖေါက်ကားခွင့် ပြုလိုက်တဲ့ အတွက် အခုလို တဟုန်ထိုး ထင်ရှားလာရတာ လည်း ဖြစ်ပါတယ်။

၁၉၅၉ မှာ အကို ဖြစ်သူ ကိုးကန့်စော်ဘွားက ရှမ်းပြည်နယ်ရှိ အခြားစော်ဘွားများလို ထီးနန်း စွန့်လွှတ်ပေးခဲ့ရပြီးနောက်မှာ အိုလစ်ယန်းက ကိုးကန့် တပ်တွေကို ဆက်လက် ဦးဆောင်ခဲ့တဲ့ အတွက် ကိုးကန့်ဒေသမှာ အကြီးအကဲ လို ဖြစ်လာခဲ့ရပါတယ်။


သူမရဲ့ ဆွေမျိုးသားချင်းတွေ အဆိုအရ ထိုကာလများမှာ ရုပ်ရှင်မင်းသမီး ၀ါဝါ၀င်းရွှေ နဲ့ ဇာတ်လမ်းစခဲ့ပြီး ၀ါဝါ၀င်းရွှေကို ပိုးကြေးပန်းကြေး အဖြစ် အဖိုးတန် လက်ဆောင်တွေ တနင့်တပိုးကြီး ပေးခဲ့တဲ့ အပြင် နောက်ဆုံးမှာ သူမ ပိုင်တဲ့ ခြံ နဲ့ တိုက် ဂရန်ကိုပါ သူမနာမည် နောက်မှာ ၀ါဝါ၀င်းရွှေ ကိုပါ ထည့်သွင်း ပေးခဲ့တယ်လို့ သိရပါတယ်။

အိုလစ်ယန်း ရဲ့ မိသားစုဝင်တွေကတော့ သူတို့နှစ်ယောက်ကို အတွဲ အဖြစ် သဘောထားခဲ့ကြပြီး ၀ါဝါ၀င်းရွှေ က အခုထက်ထိ ထို အိမ် မှာပဲ ဆက်လက်နေထိုင်ဆဲ ဖြစ်ပါတယ်။ သို့သော် ၂၀၁၅ မှာ ဒေါ်ဝါ၀ါဝင်းရွှေ နဲ့တွေ့ဆုံမေးမြန်းခန်း တခုတွင်မတော့ အိုလစ်ယန်း နဲ့ သူမ ဘာမှ မပါတ်သက်ဖူးလို့ ဒေါ်ဝါ၀ါဝင်းရွှေ က ငြင်းဆိုခဲ့ ပါတယ်။ မည်သို့ပင် ဖြစ်စေ သူတို့နှစ်ဦး တွေ့ဆုံ ပါတ်သက်ခဲ့တယ်ဆိုတဲ့ အကြောင်းက ၁၉၆၃ မှာ မပြောမဆိုနဲ့ တစ်ခန်းရပ်သွားခဲ့ရပါတယ်။ အာဏာသိမ်းပြီးကာစ ပူပူနွေးနွေးသာ ရှိသေးတဲ့ ဗိုလ်ချုပ်ကြီး နေ၀င်းရဲ့ ရဲအဖွဲ့ က အိုလစ်ယန်း ကို ဖမ်းဆီးလိုက်တာကြောင့် အင်းစိန်ထောင်မှာ ခြောက်နှစ် ကျခံခဲ့ရပြီး နှိပ်စက်ညှင်းပမ်းမှု မျိုးစုံ ခံခဲ့ရတယ်လို့ သတင်းများ ထွက်ခဲ့ပါတယ်။

၁၉၈၉ မှာတော့ အိုလစ်ယန်း ရဲ့ ဘ၀မှာ မမျှော်လင့်တဲ့ အလှည့်အပြောင်းတခု ကြုံလာခဲ့ရပါတယ်။ ထိုအချိန်က အသက်ကလည်း ၆၀ ကျော်လာပြီ ဖြစ်လို့ စစ်ဘုရင် ကြီး အဖြစ်က အနားယူသွားခဲ့ပေမယ့် ကိုးကန့်ဒေသရှိ လက်အောက်ငယ်သားများရဲ့ လေးစားမှုကို ခံနေရဆဲ ဖြစ်တဲ့ သူမ နဲ့ ယခင်လက်ထောက် ဖြစ်ခဲ့တဲ့ လော်စစ်ဟန်ကို ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ခင်ညွန့်က ချည်းကပ်ခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးအား သူပုန်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိဖို့ ဆွေးနွေးရာမှာ အကူအညီပေးဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရပါတယ်။ ဒီအတွက် အိုလစ်ယန်း နဲ့ ဆွေနီးမျိုးစပ်တော်တဲ့ ဖုန်ကြားရှင် ရဲ့ ကိုးကန့် သူပုန် အဖွဲ့နဲ့ မြန်မာ အစိုးရ သဘောတူညီချက် ရရှိခဲ့ပြီး ၂၀၀၉ ခုနှစ် တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တဲ့ အချိန်အထိ တည်မြဲခဲ့ပါတယ်။

မသေဆုံးမှီ အချိန်အထိ ဘီးတပ်ကုလားထိုင်ပေါ်မှာ ဘ၀ကို ဖြတ်သန်းရင်း ခင်ပွန်းဖက်က ပါလာတဲ့ သားဖြစ်သူနဲ့ ကိုးကန့် ပြည်သူ့စစ်တပ်ဖွဲ့တွေရဲ့ စောင့်ရှောက်ပေးမှု ဖြင့် မူဆယ်က ခြံဝင်းကြီးတခုထဲမှာ ဇာတ်မြုပ်နေထိုင်ခဲ့ပါတယ်။

၂၀၁၅ အတွင်း လေဖြတ်ရောဂါ ခံစားခဲ့ရပြီးနောက် သိတ်မကြာခင်မှာပဲ သွားရောက်တွေ့ဆုံ ဖြစ်ခဲ့ရာမှာ အခုလို မိမိအပေါ် ရိုသေလေးစားကြဆဲ ဖြစ်တဲ့ တပ်ဖွဲ့တွေနဲ့ အတူ နေရတာ ပျော်ရွှင်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒေါ်ဝါ၀ါဝင်းရွှေရဲ့ သူမ အိမ်မှာ ရိုက်ထားတဲ့ ဓါတ်ပုံကို ထုတ်ပြတော့ ကျေနပ်တဲ့ အပြုံးနဲ့ သဘောကျ သွားပြီး လက်တဖက်က စီးကရက်ကို ကိုင်ရင်း ကျန် လက်တဖက်နဲ့ ဓါတ်ပုံကို ထောက်ပြကာ  "That whole property was mine" လို့ ပြောခဲ့ပါတယ်။

ဂျုလိုင်လ ၁၃ ရက်နေ့ က ကွယ်လွန်သွားတဲ့ အိုလစ်ယန်း တွင် ညီမ နှစ်ယောက်နဲ့ သားဖြစ်သူတို့ ကျန်ရစ်ခဲ့ပါတယ်။ ယခင် ကိုးကန့်တပ်ရဲ့ တပည့်တပန်း များ အကူအညီနဲ့ မူဆယ် မြို့ အနီးမှာ ဂူသွင်း သင်္ဂြိုလ်ဖို့ စီစဉ်နေကြပြီ ဖြစ်ပါတယ်။



ရည်ညွှန်း ။  ။ နယူးယောက် တိုင်းမ် သတင်းစာကြီးတွင် ဂျုလိုင် ၂၁ ရက်နေ့ က ပါရှိသော Gabrielle Paluch နဲ့ ရန်ကုန်ရှိ Alice Dawkin တို့ ရေးသားသော "The female warlord who had C.I.A connections and opium routes" ဆောင်းပါးကို ပြန်ဆိုရေးသားခြင်း ဖြစ်ပါတယ်။

( Copy from Myat Zaw Ko's face book)

Credit: Brain Wave

ဆက်စပ်သတင်း:
https://www.google.com/amp/s/mobile.nytimes.com/2017/07/21/world/asia/burmese-warlord-olive-yang.amp.html

မိန်းမကိုယ်အနံ့ဆိုးထွက်ခြင်း


မိန်းမကိုယ်အနံ့ဆိုးထွက်တဲ့ကိစ္စက အမျိုးသမီးအတော်များများ ကြုံရလေ့ရှိတဲ့ ကိစ္စတစ်ခုပဲဖြစ်ပါတယ် ။ ဘက်တီးရီးယားများပေါက်ဖွားမှုကြောင့် လည်းကောင်း ၊ အဖြူစွဲခြင်းကြောင့်လည်းကောင်း၊ မသန့်ရှင်းခြင်းကြောင့်လည်းကောင်း ၊ ဟော်မုန်းအပြောင်းအလဲ နှင့် လိင်ဆက်ဆံချိန်ဖြစ်ပေါ်တတ်သော ရောဂါဘယတွေကြောင့်လည်းကောင်း မိန်းမကိုယ်အနံ့ဆိုးထွက်ခြင်း ၊ ယားယံခြင်းတွေကို ဖြစ်စေပါတယ်။

အဓိကအားဖြင့်တော့ ဘတ်တီးရီးယားများ ပေါက်ဖွားမှုမှ စတင်တာဖြစ်တဲ့အတွက် ဒီလိုတွေဖြစ်လာလျှင် ယားယံလာပြီး ကုတ်မိခြင်းကြောင့် နီမြန်းတာ ၊ ကျိန်းစပ်တာမျိုးမှ အထိမခံနိုင်တဲ့အထိ ခံစားရတတ်ပါတယ်။ မိန်းကလေးတွေအနေဖြင့် မိန်းမကိုယ်အနံ့ဆိုးထွက်တာ ၊ ယားယံတာမျိုးဟာ ရှက်ကြောက်နေစရာ ကိစ္စရပ်မဟုတ်ဘူးဆိုတာ သိရှိနားလည်ထားဖို့ လိုပါတယ် ။ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေ ရှိသလို ကိုယ်တိုင်လည်း ကုသနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

၁။ပန်းသီးရှာလကာရည် 
ပန်းသီးရှာလကာရည်ဟာ ဘတ်တီးရီးယားတွေကို သေစေနိုင်စွမ်းရှိပြီး မိန်းမကိုယ်အနံ့ဆိုးစွဲကပ်တာကို ပျောက်ကင်းစေပါတယ် ။ ပန်းသီးရှာလကာရည်၂ခွက်ကို မိမိရေစိမ်လို့ရမယ့် အနေအထားလောက်ရှိမယ့် ခပ်နွေးနွေးရေထဲသို့ ထည့်ပြီးမွှေလိုက်ပါ ။ ထို့နောက် မိနစ်၂၀ခန့် ဝင်စိမ်ပေးပါ ။ ဒီနည်းလမ်းကို ၁ပါတ်လျှင် ၂ကြိမ်၃ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးရမှာပါ ။ ဒီလိုစိမ်တဲ့နည်းလမ်းကို မသုံးချင်ရင်တော့ တစ်နေ့လျှင် ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း ၊၂ဇွန်းခန့် ကို ရေဖြင့်ရော၍သောက်ပေးပါ။

၂။Baking Soda (မုန့်ဖုတ်ဆိုဒါ) 
နောက်ထပ် ကုသနည်းတစ်ခုဖြစ်တဲ့ baking soda ဟာလည်း ခန္ဓာကိုယ်ရဲ့ pH level ကို ထိန်းညှိပေးပြီး အနံ့ဆိုးများကို ကင်းဝေးစေပါတယ်။ ပထမဦးစွာ မိမိခန္ဓာကိုယ်အောက်ပိုင်းကို ရေစိမ်လို့ရမယ့် အနေအထားလောက် ရေထဲကို baking soda ခွက်တစ်ဝက်ခန့်ထည့်ပြီး မွှေလိုက်ပါ ။ ထို့နောက် မိနစ်၂၀ခန့် စိမ်ပေးပြီး ရေဆေးလိုက်ပါ။ပြီးလျှင် မိန်းမကိုယ်ကို ခြောက်သွေ့အောင်သုတ်လိုက်ပါ။ ဒီနည်းလမ်းလေးကတော့ အနံ့ဆိုးတွေကို ကင်းဝေးစေတဲ့အပြင် မိန်းမကိုယ် အဖြူစွဲခြင်းတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

၃။အဖြူရောင်ရှာလကာရည် 
အဖြူရောင်ရှာလကာရည်ဖြင့် မိန်းမကိုယ်ကို ဆေးကြောပေးတဲ့ နည်းလမ်းကလည်း ထိရောက်မှု ရှိစေမှာ ဖြစ်ပါတယ် ။ပထမဦးစွာ အဖြူရောင်ရှာလကာရည် ( ရိုးရိုးရှာလကာရည်) ကို စိမ်မယ့်ရေထဲသို့ ခွက်တစ်ဝက်ခန့် ရောထည့်မွှေလိုက်ပါ ။ စိမ်မယ့်ရေသည် အေးမနေရပါ။ ခပ်နွေးနွေးလေး ဖြစ်နေရပါမည် ။ ထို့နောက် မိနစ်အနည်းငယ်ခန့် ဝင်စိမ်ပေးပါ ။ တစ်ပါတ်လျှင် ၂ကြိမ်ခန့်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ယားယံခြင်း ၊ အနံ့ဆိုးထွက်ခြင်းတွေကို ကင်းဝေးစေပြီး မိန်းမကိုယ်ရဲ့ pH level ကို ထိန်းညှိပေးပါလိမ့်မယ်။

၎။ တမာရွက် 
တမာရွက်က ပိုးသေစေတဲ့ အစွမ်းသတ္တိရှိပြီး ပိုးဝင်ရောက်ခြင်းနဲ့ အနံ့ဆိုးထွက်ခြင်းတွေကို ကူးစက်နိုင်ပါတယ် ။ တမာရွက်အချို့ကို ဆေးကြောပြီး အိုးထဲထည့်ကာ ရေအနည်းငယ်ထည့်၍ ဆူပွက်သည်အထိ ပြတ်ပါ ။ ထို့နောက် အအေးခံထားလိုက်ပါ ။ ရလာသော တမာရွက်ပြုတ်ရည်ဖြင့် မိန်းမကိုယ်တဝိုက်ကို နေ့စဉ် ပုံမှန် ဆေးကြောပေးပါ။

မိန်းမကိုယ်ကျန်းမာရေးအတွက် ဂရုစိုက်သင့်သောအချက်များ 
– ရေများများသောက်ပါ။
– အချဉ်ဓါတ်ပါသော အသီးများ စားသုံးပါ။
– ဒိန်ချဉ်က မိန်းမကိုယ်ကျန်းမာရေးအတွက် အကောင်းဆုံး စားစရာဖြစ်ပါတယ်။
– တစ်ကိုယ်ရည်သန့်ရှင်းမှု ပုံမှန် ရှိပါစေ။
– အချိုရည်များ ၊ ကဖင်းဓါတ်များအား တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။
– အတွင်းခံများ ၊ လစဉ်သုံးပစ္စည်းများကို အလဲအလှယ် လုပ်ပေးပါ။ ချည်သားအတွင်းခံကိုသာ ဝတ်ပါ။
– အမွှေးဓါတ်ပါသော ဓါတုပစ္စည်းများ ၊ ဆပ်ပြာများဟာ အမျိုးသမီးအင်္ဂါကို ဆိုးကျိုးများဖြစ်စေနိုင်တာကြောင့် ရှောင်ကြည်ပါ။
– လိင်ဆက်ဆံပြီးနောက် ရေဖြင့်သာဆေးကြောပါ ။ သို့မဟုတ် အမွှေးမပါသော ၊ နူးညံ့သော ဆပ်ပြာဖြင့်သာ ဆေးကြောပါ။ ရေဆေးပြီးလျှင် ခြောက်အောင်ပြန်သုတ်ဖို့ သတိပြုပါ။
– ကျန်းမာညီညွတ်သော လိင်ဆက်ဆံမှုကိုသာ ပြုလုပ်ပါ။
– ဆိုးရွားသော အနံ့နံခြင်း ၊ ယားယံခြင်း နှင့် အခြားပုံမှန်မဟုတ်သော အခြေအနေမျိုးတွေ ခံစားရလျှင် ဆရာဝန်နှင့် အမြန်ဆုံး ပြသပါ။

CHAN(ရွှေအင်းလေး)

Credit: www.shweinnlay.com 

Monday, July 24, 2017

"နံ့သာဖြူ စိုက်​ပျိုးနည်း"


=================

-ငွေလိုရင် ထီမထိုးနဲ့ နံ့သာဖြူပင် စိုက်ပျိုးပါဆိုတဲ့ အကြံပြုချက်လေးနဲ့ ပတ်သက်ပြီးပြောပြပေးပါ။

လူအများကို နံ့သာဖြူ စိုက်ပျိုးစေ ချင်တာပါ။ ၁၉၆၉ ခုနှစ်မှာ ကျောက်ပန်း တောင်းမြို့နယ်၊ မြေကျေးရှင်း စိုက်ပျိုးရေး ဌာနမှာ အလုပ်စ၀င်တယ်။ ၁၉၅၆ ခုနှစ်ကတည်းက ပုပ္ပါးတောင်မှာ စစိုက် ထားတယ်။ မြေကျေးရှင်းကနေ တာဝန်ယူပြီး စိုက်ထားတာပါ။ အိန္ဒိယကနေ ရလာတဲ့ နံ့သာဖြူပင် ပျိုးပင် ၁၉၆ ပင်ကို နှာရောင် ဥယျာဉ်ခြံမှာ စိုက်ခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်မှာ နိုင်ငံတော်မှာ စိုက်ပျိုးရေးနဲ့ ပတ်သတ်တဲ့ အကြံပေး အရာရှိ ဦးစုက နံ့သာဖြူပျိုး ပင်ကို စမ်းပြီးစိုက်တယ်။ ဦးတို့လုပ်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်လောက်ရှိတဲ့ နံ့သာဖြူက ၁၀ပိဿာ၊ ၁၅ ပိဿာလောက် ထွက်တာ တွေ့ရတယ်။ နံ့သာဖြူ တစ်ပိဿာရဲ့ ကာလ တန်ဖိုးက သုံးသိန်းလောက်ရှိတယ်။ နံ့သာဖြူပင်က အပင်ငယ်ငယ်နဲ့တော့ ထုတ်လို့မရဘူး။ အနည်းဆုံး ရှစ်နှစ်လောက်တော့ စောင့်ရတာပေါ့။ ရှစ်နှစ်မှာ တစ်ပိဿာထွက်မယ်ဆိုရင် ကိုးနှစ်မှာ နှစ်ပိဿာ၊ သုံးပိဿာ ဆိုတော့ သူက နှစ်ကြာလာလေလေ နံ့သာဖြူအနှစ် များလာပြီး တန်ဖိုးများ လာလေလေပေါ့။ သူက နှစ်ကြာလေလေ တန်ဖိုးက တက်လာလေဆိုတော့ သူက ချက်ချင်းတော့ ၀င်ငွေမရပေမယ့် ရဖို့ကတော့ သေချာတယ်။ ကာလ သတ်မှတ်ချက် တစ်ခု ရှစ်နှစ် ကိုးနှစ်လောက် စောင့်ထားမယ်ဆိုရင် ၀င်ငွေရဖို့ သေချာတယ်။

နံ့သာဖြူရဲ့ ဈေးကွက်က ဘယ်နေရာတွေမှာ ဖြစ်ထွန်းလဲ။

မြန်မာပြည်မှာတော့ ဘယဆေးဆိုင် တွေမှာ ရောင်းတယ်။ အလေးချိန်နဲ့ ရောင်းတာ။ သူက တန်ဖိုးကြီးတဲ့ အခါကျတော့ အများကြီး မ၀ယ်နိုင်ဘူး။ တစ်ခါဝယ်ရင် ၁၀ သား၊ ၁၅ ကျပ်သားလောက် ၀ယ်ကြတယ်။ ဒီလောက် ၀ယ်ရင်တောင် သူက တော်တော် အသုံးခံ တဲ့ပစ္စည်း။ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျ၊ အရှေ့အလယ်ပိုင်း နိုင်ငံတွေဖြစ်တဲ့ အာရပ်နိုင်ငံတွေမှာ ရေမွှေးမှာ အခြေခံ ပစ္စည်းအဖြစ် သုံးကြတယ်။ သြစတြေးလျမှာဆိုရင် နိုင်ငံခြား ၀င်ငွေရတဲ့ သီးနှံတစ်ခုအဖြစ် ထုတ်လုပ်နေတယ်။ သြစတြေးလျမှာ တရားဝင် အစိုးရဈေးက နံ့သာဖြူ တစ်တန်ကို သြစတြေးလျ ဒေါ်လာ ၁၅,၀၀၀ ရှိတယ်။ မှောင်ခိုဈေး မှာဆို တစ်တန်ကို ဒေါ်လာ နှစ်သန်းခွဲ တန်တယ်။ မြန်မာပြည် အနေနဲ့လည်း ဈေးကွက် ရှိပါတယ်။ အဓိက ထွက်ဖို့ပဲ လိုတာ။ ထွက်ဖို့ကလည်း စိုက်ဖို့လိုတယ်။ နံ့သာဖြူက အိန္ဒိယ နံ့သာဖြူနဲ့ သြစတြေးလျ နံ့သာဖြူဆိုပြီး နှစ်မျိုးရှိတယ်။ အကောင်းဆုံးကတော့ အိန္ဒိယ နံ့သာဖြူပဲ။ ဒီမှာကတော့ အဆီ တစ်အောင်စကို ငွေကျပ် ၁၅,၀၀၀၊ ၂၀,၀၀၀ ရှိတယ်။

နံ့သာဖြူကို ဘယ်နေရာတွေမှာ အသုံးပြုလို့ ရပါသလဲ။ 

နံ့သာဖြူတို့၊ ကရမက် တို့ဆိုတာ မြန်မာ အမျိုးသမီးတွေ အတွက်တော့ နေ့စဉ် လိမ်းသင့်တဲ့ ပစ္စည်း။ နံ့သာဖြူလိမ်းရင် အပူငြိမ်းတယ်။ သူ့ကိုလိမ်းရင် စိတ်ရွှင်လန်း သွားတယ်။ ပေါ့ပါ့ပါးပါး ဖြစ်သွားတယ်။ နောက်တစ်ခုက ဖျားတယ်၊ နာတယ် အပူများမယ်ဆိုရင် နံ့သာဖြူ လိမ်းရင် အပူကျ သွားမယ်။ ကလေးတွေ ဒတ်တွေ၊ ၀ဲတွေပေါက်ရင် နံ့သာဖြူသွေးပြီး လိမ်းပေးရင် ပျောက်တယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာ အရကတော့ အလှကုန် ပစ္စည်းတွေမှာ သုံးတယ်။ အဓိက ကတော့ ရေမွှေးတို့၊ အလှ ကုန်ပစ္စည်းတို့ ထုတ်တဲ့အခါမှာ အခြေခံ ပစ္စည်းပေါ့။နံ့သာဖြူ အဆီပဲဖြစ်ဖြစ်၊ အနှစ်ပဲဖြစ်ဖြစ် ဘယ်လောက်ကြာကြာ အနံ့က ပြယ်မသွားဘူး။ သူ့ရဲ့ အဆီနည်းနည်းလေး ထည့်လိုက်တာနဲ့ အနံ့က လွှမ်းသွားတယ်။ သြစတြေးလျ နံ့သာဖြူကတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ နံ့သာ ကုထုံးတွေမှာ သုံးတယ်။
   
ဘယ်လို မြေအမျိုးအစားတွေမှာ စိုက်ပျိုးတာ သင့်တော်ပါသလဲ။

ဒီအပင်က သစ်တောပင် ဖြစ်တဲ့အတွက် မြေသိပ်မရွေးဘူး။ မြေညံ့တဲ့ နေရာဆို အနှစ်ပို ကျစ်လစ်တယ်။ မြေကောင်းတဲ့ နေရာဆို ဖြစ်ထွန်းတာ မြန်တယ်၊ နည်းနည်းပွတယ်။ အဓိက ကတော့ စိမ့်စွဲနေတဲ့ နေရာမျိုး၊ ဆပ်ပြာပေါက်တဲ့ နေရာမျိုး ကလွဲရင် ဖြစ်ထွန်းတယ်။ ကျောက်တောင် ကျောက်ကြားတွေ၊ တောင်ကုန်းတွေ ၊ ကျောက်စရစ်မြေ တွေမှာလည်း ဖြစ်တယ်။ အဖြစ်နှေးတဲ့ အတွက် စိတ်ရှည်အောင် စောင့်ရပေမယ့် ရှစ်နှစ် နောက်ပိုင်းဆို ထွက်မှာ သေချာတယ်။ ရှစ်နှစ်လောက် ကတည်းက တစ်ပင်ကို သုံးသိန်းလောက် တွက်လို့ရ တဲ့အတွက် ထီထိုးတာထက် သေချာတယ်။ ၁၀ နှစ်၊ ၁၂ နှစ် သားဆို သုံးပိဿာ၊ သုံးပိဿာခွဲ လောက်ကနေ လေးပိဿာ၊ ငါးပိဿာ လောက် ထွက်နိုင်တယ်။

နံ့သာဖြူကို ဘယ်လိုမျိုး ပြုစုစိုက်ပျိုး ရပါသလဲ။

စိုက်ဖို့က ကိုယ့်ခြံစည်းရိုး ပတ်လည်မှာ စိုက်လည်းရတယ်။ စီးပွားဖြစ် စိုက်လည်း ရတယ်။ ကိုယ့်သားသမီးကို အကောင်းဆုံး အမွေပေးချင်တယ်ဆိုရင် သူသုံးနှစ်သားလောက်ကတည်းက စိုက် ထားရင် ၁၀နှစ်၊ ၁၂ နှစ် ရှိတဲ့အခါ ကျရင် သူ့အတွက် စရိတ်မလို ဘူးပေါ့။ ခက်ခဲတာ တစ်ခုက အပင်က နုတဲ့အတွက် ပထမ တစ်နှစ်မှာ ဂရုစိုက်ပေး ဖို့လိုတယ်။ ဂရုစိုက်ရတယ် ဆိုတာက မှိုသတ်ဆေး၊ ပိုးသတ်ဆေး ဖျန်းတာတို့ ပေါင်းရှင်းတာ တို့ပေါ့။ တစ်ပေခွဲ၊ နှစ်ပေ မြင့်သွားပြီ ဆိုရင်တော့ ဂရုစိုက်စရာ မ လိုတော့ ဘူးပေါ့။ သာမန် ထိန်းသိမ်းရုံနဲ့ ၀င်ငွေရတယ်ပေါ့။ တစ်နှစ်လောက် ပြုစုရတယ် ဆိုတာက အပင်ကငယ်တော့ အရွက် ကနုတယ်။ မှိုရောဂါ ကျတတ်တယ်။ မှိုဆေးကို တစ်လ တစ်ကြိမ် ဖျန်းပေး ရတယ်။ ပေါင်းမြက်ရှင်း ပေးရတယ်။ အဓိက က တော့ ဒီအပင်ကို သတ်မယ့် နွယ်ပင်ကြီးတွေ မရှိဖို့ လိုတယ်။ တစ်နှစ်ကြာပြီး တစ်ပေခွဲ၊ နှစ်ပေခွဲမြင့် လာတဲ့အခါ၊ အရွက်က ကြီးရင့် လာတဲ့အခါမှာ သူတို့ ခံနိုင်ရည် ရှိလာမယ်။ နောက်ပိုင်းကျရင် တစ်လတစ်ကြိမ် လောက်ပဲ ပုံမှန်ပေါင်းရှင်း တာလုပ်ပေးရင် ရတယ်။

မျိုးစေ့ကိုလည်း စိုက်လို့ရတယ်။ ပျိုးပင်ကိုလည်း စိုက်လို့ရတယ်။ နံ့သာဖြူစေ့က မာတော့ အစေ့ကို ရေနှစ်ရက်လောက် စိမ်ရတယ်။ စိမ်ပြီးတော့မှ ပျိုးဘူး ထဲမှာလည်း တိုက်ရိုက် စိုက်လို့ ရတယ်။ ပျိုးဘောင်ထဲမှာ ပျိုးပြီးမှ စိုက်လည်းရတယ်။ မျိုးစေ့ကနေ အပင်ပေါက်ဖို့က နှစ်လကနေ သုံးလထိ အောင် ကြာတတ်တယ်။ အဲဒီလို ကြာတတ် တဲ့အတွက် ပျိုးဘူးထဲ မှာကျတော့ အပင်ပေါက်ရ ခက်တယ်။ အဲဒီတော့ ပျိုးဘောင်မှာထောင်ပြီး အပင်ပေါက်တော့မှ ရွှေ့စိုက်ရတယ်။ နံ့သာဖြူက ကပ်ပါးပင်၊ အခြား အပင်ကို မှီခိုပြီးမှ စားသောက်လို့ရတဲ့ အပင်မျိုးပေါ့။ အခြားအပင်ရဲ့ အမြစ်ကို မှီခိုပြီး စားသောက်တယ်။ သူနဲ့ယှဉ်တွဲပြီး အခြားအပင်ကို စိုက်ရတဲ့အခါကျတော့ နံ့သာဖြူ ပျိုးပင် ရှစ်လက်မလောက် ရှိတဲ့အခါကျမှ အခြား မယ်ဇလီတို့၊ ဘောစကိုင်းတို့ ထည့်ပေးရတယ်။ ပျိုးပင်လေး ရှစ်လက်မလောက် ရှိမှ ထည့်ခိုင်းလဲ ဆိုတော့ သူ့ရဲ့ ကပ်ပါးပင်က သူ့ထက် ကြီးသွားလို့ မရဘူး။ ဒါကြောင့်မို့ နံ့သာဖြူပင်လေး ကြီးသွားမှ မယ်ဇလီစေ့ကို ထည့်လို့ရမယ်။

နံ့သာဖြူပင်ကို ဘယ်လိုကပ်ပါးပင် အမျိုးအစား တွေနဲ့တွဲပြီး စိုက်ပျိုးသင့် ပါသလဲ။

နံ့သာဖြူနဲ့ ယှဉ်တွဲပြီး စိုက်လို့ရတဲ့ ကပ်ပါးပင် အမျိုးပေါင်း ၃၀၀ ကျော်လောက်ရှိ ပါတယ်။ မယ်ဇလီ ပင်ကတော့ အသင့်တော်ဆုံးလို့ ပြောပါတယ်။ ရှားတို့၊ ထနောင်းတို့၊ ဘောစကိုင်းတို့လည်း တွဲစိုက်ကြ ပါတယ်။ အမျိုးပေါင်း ကတော့ တော်တော်များ ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘယ်ဒေသတွေမှာ နံ့သာဖြူ အဓိက စိုက်ပျိုး ပါသလဲ။ အစကတော့ တို့က ပုပ္ပါးမှာ စိုက်တာ နှာရောင် နံ့သာဖြူ စန္ဒာကူးတော ဆိုပြီး စိုက်ထားတာ။ မင်းဘူး ဘက်မှာတော့ စီးပွားဖြစ် စိုက်ကြပါတယ်။ ဦးတို့ကို ဒါကိုစိုက်ထား ရုံပေါ့၊ တစ်နှစ်လောက်ပဲ ပြုစုပြီး နောက်ပိုင်း ပစ်ထားလို့ ရလို့ စိုက်ဖို့တိုက်တွန်းတာပါ။

နံ့သာဖြူက အတု၊ အစစ်ရှိလား။ အရည်အသွေးကောင်း၊ မကောင်း ဘယ်လိုကြည့်ရမလဲ။ 

နံ့သာဖြူမှာ အတု၊ အစစ်ရှိတယ်။ နံ့သာဖြူအဆီက တစ်ပေါင်ကို အကြမ်းဖျင်း ဈေး ဒေါ်လာ တစ်ထောင် ရှိတယ်။ နံ့သာဖြူရဲ့ အဆီနဲ့ မာလကာသားကို ပေါင်းလိုက်တယ်။ အနံ့ကစွဲသွားတယ်။ ချက်ချင်းတော့ သူက နံ့သာဖြူ အနံ့ပဲ။ ခဏနေ ကြည့်တဲ့အခါ ကျတော့ အနံ့ပြယ် သွားတယ်။ နံ့သာဖြူ အနှစ်က သေးပေမယ့် သိပ်သည်း ကျစ်လစ်တယ်။ လေးတယ်။ ရေထဲမှာ ပေါ်မနေဘဲ နစ်သွားတယ်။ အသားက အ၀ါရောင် သန်းတယ်။ သူက အရင်းက ပိုရင့်တယ်။ အဖျားပိုင်းက အနှစ်က လျော့သွား တာပေါ့။ အပင်က ၁၅ ပေ လောက်ရှိရင် အနှစ်က အခြေကနေ ငါးပေ လောက်အထိရှိတယ်။ နံ့သာဖြူ အစစ်က ဘယ်တော့မှ အနံ့မပြယ်ဘူး။

နံ့သာဖြူ ပျိုးပင်နဲ့ မျိုးစေ့တွေက ရောင်းဈေး ဘယ်လောက်ရှိ ပါသလဲ။

မျိုးစေ့ကတော့ ကာလအချိန် အလိုက် တစ်ပြည်ကို ကျပ် ၁၀,၀၀၀ ကနေ ၅၀,၀၀၀ အထိရှိတယ်။ ပျိုးပင် အနိမ့်အမြင့် ကိုလိုက်ပြီး ပျိုးပင် တစ်ပင်ကို ကျပ် ၁,၅၀၀၊ ၂၀၀၀ ရှိတယ်။ မျိုးစေ့ထွက်တဲ့ အချိန်က ဇူလိုင်လ၊ သြဂုတ်လ၊ စက်တင်ဘာလ။ နံ့သာဖြူပင်က သုံးနှစ်သား၊ လေးနှစ်သားလောက်မှာ အသီးအပွင့် ပွင့်တယ်၊ သီးတယ်။

နံ့သာဖြူနဲ့ ပတ်သက်ပြီး ဘယ်လိုများ အကြံပြုချင်ပါသလဲ။

အဓိက ကတော့ စိုက်ဖို့ပြောချင်တယ်။ အချိန်တစ်ခုတော့ စောင့်ရမယ်။ စောင့်တယ် ဆိုတာ ကလည်း သေချာတဲ့ စောင့်နည်း မျိုးဖြစ်တယ်။ ဦးတို့ကလည်း အပင်ရဲ့သဘာဝကို သေချာလေ့လာ ပြီး ဖြစ်လို့ စိုက်ဖို့ တိုက်တွန်းတယ်။ အခက်ခဲရှိ ရင်လည်း ဦးတို့ဆီကနေ အကြံဉာဏ် တောင်းလို့ ရပါတယ်။


#စိုက်ပျိုးရေးနှင့်အထွေထွေဗဟုသုတ

#Credit_Original_Writer

Sunday, July 23, 2017

⏩GYM မသွားခင်သိစေချင် (အပိုင်း-၂)⏪


--------------(သို့)--------------
ဘယ်လေ့ကျင့်ခန်းအမျိုးအစားကို အရင်လုပ်ရမှာလဲ?
++++++++++++++++++++++++++++++++++++++++++++++++

လေ့ကျင့်ခန်းပြုလုပ်ရန်အတွက်အားကစားရုံအတွင်းရောက်ရှိနေပြီဆိုရင်၊ ဘယ်လိုလေ့ကျင့်ခန်းမျိုးစလုပ်ရမှာလဲဆိုတာ သင်တွေးမိနေမှာမလွဲမသွေပါဘဲ။ သို့မဟုတ် နည်းလမ်းညွန်ကြားကြပ်မတ်ပေးသူက ဒီလိုလုပ်ဆိုပြီးညွန်းကြားချက်အတိုင်း ပြုလုပ်ပြီးဆုံးသွားပေမယ့် ဘယ်လိုလေ့ကျင့်ခန်းမျိုးလည်း၊ ဘာအတွက်လည်းဆိုတာ သင်ထပ်မံတွေးတောမိနေဦးမှာပါ။

No i am not! သင်ကိုယ်တိုင်ကြိုတင်လေ့လာထားလို့လေ့ကျင့်အမျိုးအစားတွေသင်သိနေပြီးဖြစ်တယ်။ သို့ပေမယ့် မည်သည့်လေ့ကျင့်ခန်းကို အရင်ပြုလုပ်ရမလဲ (သို့) မည့်သည့်လေ့ကျင့်ခန်းဟာပေါင်းစပ်လေ့ကျင့်ရသလဲ? စသည်ဖြင့်၊ beginner လူသစ် ညီငယ်၊ ညီမငယ်တို့ရဲ့မေးခွန်းပေါင်းများစွာနှင့် အဖြေများစွာတွေ့ဖူး၊ ကြုံဖူးကြမှာပါ။ တကယ်တော့ ကာယဗလတည်ဆောက်ခြင်းဟာ လေ့ကျင့်ခန်းပြုလုပ်ခြင်းဆိုတာထက် Sport science ဆိုတဲ့နက်နဲမူ့တွေအများကြီးလေ့လာမယ်ဆို မကုန်ဆုံးနိုင်ပါဘူး။ သင်ကိုယ်တိုင်ရော စူးစမ်းရှာဖွေဖူးသလား? (သို့) စီနီယာပြောတာဘဲ ယုံကြည်နားထောင်လိုက်တော့မှာလား? မည်သို့ပင်ဖြစ်စေ ဒီဆောင်းပါးဖြင့်သိပ္ပံနည်းကျ-လက်တွေ့ကျကျ၊ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ရဲရဲဝံဝံဆုံးဖြတ်ချက်ချနိုင်စေဖို့ရည်ရွယ်ရေးသားလိုက်ပါတယ်။

ကာယဗလတည်ဆောက်ခြင်းနှင့် ကျန်းမာရေးလေ့ကျင့်ခန်းများအတွက် အဓိကလေ့ကျင့်ခန်းအမျိုးအစား ၃ မျိုးရှိပါတယ်။

၁- နှလုံးခုန်နှုန်းမြင့်၊သက်လုံလေ့ကျင့်ခန်း(Cardio=ကာဒီယို)
၂-  မြန်နှုန်းအနိမ့်၊အမြင့်ခွန်အားသုံး လေ့ကျင့်ခန်း(High Intensity Interval Training-HIIT)
၃- အလေးပြား၊တုန်းဖြင့် အသုံးပြုလုပ်သောလေ့ကျင့်ခန်း (Weight)

ကာဒီယိုလေ့ကျင့်ခန်း(Cardio Exercise)ဆိုတာဘာလဲ?
****************************************************
ကိုယ်ခန္ဓာအလေးချိန်လျော့ချစေရန်အတွက် နှလုံးခုန်နှုန်းတိုးမြင့်စေပြီးကယ်လိုရီများကိုလောင်ကျွမ်းစေနိုင်ရန်ရည်ရွယ်ပြုလုပ်သောလေ့ကျင့်ခန်းပြုလုပ်နည်းဖြစ်ပါတယ်။ ကာဒီယိုလေ့ကျင့်ခန်းပြုလုပ်ပုံစံအများအပြားရှိပြီး၊ ပြုလုပ်ပုံတခုနှင့်တခုခြားနားခြင်းကတော့၊ လေ့ကျင့်ခန်းပြုလုပ်သောနေ့မှာ အချိန်ကာလဘယ်လောက်ကြာကြာ၊ ဖြေးဖြေးမှန်မှန်မရပ်မနားပြုလုပ်သလဲဆိုတာဘဲဖြစ်ပါတယ်။

✅  ကောင်းခြင်း(Pros)
#ကိုယ်ခန္ဓာလှုပ်ရှားမူ့၊ ရွေ့လျားမူ့များအားတိုးတက်ကြံ့ခိုင်စေခြင်း၊ နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း၊ အမောခံနိုင်၍သက်လုံကောင်းစေပါတယ်။
#နှလုံးခုန်နှုန်းမြင့်မားစေပြီး ကယ်လိုရီနှင့်အဆီပိုများကိုလောင်ကျွမ်းစေနိုင်ပါတယ်။
#လေ့ကျင့်ခန်းပြုလုပ်ရန် အထောက်အကူပြုပစ္စည်းမလိုအပ်ပါဘူး။ (ဥပမာ။ Jogging ပြေးခြင်း) သို့မဟုတ်သင်အသုံးပြုချင်တယ်ဆိုရင်လည်း ပြုနိုင်ပါတယ်။

❌ဆိုးခြင်း (Cons)
#ထိရောက်သောလေ့ကျင့်ခန်းဖြစ်စေရန်အတွက်၊ ရှည်လျားသောလေ့ကျင့်ခန်းပြုလုပ်ချိန်ဖြစ်ဖို့လိုအပ်ပါတယ်။ အချိန်တိုတိုပြုလုပ်ခြင်းဖြင့်မထိရောက်ပါဘူး။
#ကြွက်သားလျော့ကျမူ့ (သို့)ဆုံးရှုံးမူ့ဖြစ်ပေါ်စေနိုင်ပါတယ်။ ခွန်အားတိုးတက်စေခြင်းများမဖြစ်ပေါ်စေနိုင်ပါဘူး။


မြန်နှုန်းအနိမ့်၊အမြင့်ခွန်အားသုံးလေ့ကျင့်ခန်း(HIIT)
*******************************************
ရှိသမျှခွန်အားအကုန်ဖြင့် အရှိန်ပြင်းပြင်းနှင့်၊ ပြင်းပြင်းထန်ထန်ပြုလုပ်သောလေ့ကျင့်မူ့မျိုးဖြစပါတယ်။ အနားယူချိန်အနည်းငယ်မျှအသုံးပြုပြီး၊ တခါတရံတွင်လေ့ကျင့်ခန်းပြုလုပ်ခြင်းအရှိန်ကိုဖြေးဖြေးခြင်းလျော့ချ၍အနားယူ(active rest)ပြီး၊ ထိုမှတဖန် တဟုန်တိုးလှုပ်ရှားမူ့ဖြင့်အရှိန်မြှင့်တင်ရသောလေ့ကျင့်ခန်းဖြစ်ပါတယ်။ (ဥပမာ။ စက်ဘီးအားသင်ခွန်အားရှိသမျှ၊ မရပ်မနားဘဲနှင့် ၁၀၀% လုံးဝဆက်လက်မနင်းနိုင်တော့လောက်သောအကွာအဝေးအတိုင်းအတာအထိနင်းပြီးနောက်၊ တဖြေးဖြေးအရှိန်လျော့ချစေပြီး ၅၀-၄၀-၃၀% အနှေးအခြေအနေသို့ရောက်ချိန်တွင် တဟုန်ထိုးရှိသမျှခွန်အားဖြင့်အရှိန်မြှင့်တင်သောနည်းမျိုးဖြစ်ပါတယ်။)မြန်နှုန်းမြင့်=ပြင်းအားမြင့်ခြင်းဖြင့်(သို့) မြန်လိုက်၊နှေးလိုက်ပြုလုပ်သောလေ့ကျင့်ခန်းဟုလည်းမှတ်ယူနိုင်ပါတယ်။

✅  ကောင်းခြင်း(Pros)
#ကိုယ်ခန္ဓာလှုပ်ရှားမူ့၊ ရွေ့လျားမူ့များအားတိုးတက်ကြံ့ခိုင်စေခြင်း၊ နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း၊ အမောခံနိုင်၍သက်လုံကောင်းစေပါတယ်။
#နှလုံးခုန်နှုန်းမြင့်မားစေပြီး ကယ်လိုရီနှင့်အဆီပိုများကိုလောင်ကျွမ်းစေနိုင်ပါတယ်။
(အထက်ပါအချက် ၂ ချက်ဟာ ကာဒီယိုလေ့ကျင့်ခန်းရလဒ်နှင့်တူညီမူ့ဖစ်ပါတယ်။)
#ကြွက်သားများအား သန်မာကျစ်လစ်သန်မာစေပါတယ်။
#တိုတောင်းသောအချိန်အတွင်းမှာ ကယ်လိုရီအများအပြားကိုလျှင်လျှင်မြန်မြန်ဖြင့်လောင်ကျွမ်းစေနိုင်ခြင်းကြောင့် ကိုယ်အလေးချိန်လျော့ချရန်နှင့်အဆီပိုများလောင်ကျွမ်းစေရန်အထိရောက်ဆုံးဖြစ်ပါတယ်။

❌ဆိုးခြင်း(Cons)
#မလျော့သောဇွဲဖြင့်ပြုလုပ်ရန်အတွက် လှုံဆော်မူ့၊ အားတက်ခြင်းများစိတ်ပိုင်ဆိုင်ရာဖြစ်စေဖို့လိုအပ်ပါတယ်။
#ပင်ပန်းခြင်းဆိုသောအရာထက်ပို၍ပင်ပန်းတတ်ပါတယ်။
#ဒဏ်ရာရရှိဖို့အခွင့်အရေးများပါတယ်။
#ကြွက်သားတိုးတက်ကြီးထွားမူ့မဖြစ်စေနိုင်ပါဘူး။


Cardio နှင့် HIIT ခြားနားခြင်း
*************************
#Cardio Exercise အတွက်ပြင်းအား၊ မြန်နှုန်းမြင့်မားစေရန်မလိုအပ်ပါ။
#Cardio Exercise ပြုလုပ်ခြင်းဖြင့် ကြွက်သားလျော့ကျမူ့၊ ဆုံးရှုံးမူ့ဖြစ်စေနိုင်ပါတယ်။
#Cardio Exercise ကျန်းမာသူတိုင်းလေ့ကျင့်နိုင်ပါတယ်။
#HITT အတွက်ပြင်းအား၊ မြန်နှုန်းမြင့်မားရန်လိုအပ်ပါတယ်။
#HITT ပြုလုပ်ခြင်းဖြင့် ကြွက်သားခွန်အားနှင့်ကြံခိုင်မူ့တိုးတက်စေနိုင်ပါတယ်။
#HIIT ပြုလုပ်ခြင်းဖြင့် အဆီလောင်ကျွမ်းရန်၊ ကြွက်သားတည်ဆောက်ရန်အတွက်အရေးပါသော ကြီးထွားဟော်မုန်း(HGH)၊ Catecholamines နှင့်Epinephrine ထုတ်လုပ်မူ့အားတိုးတက်ကောင်းမွန်စေပါတယ်။
#ကျန်မာပြီး၊ လုံလောက်သောကြံခိုင်မူ့နှင့်အတူအပင်ပန်းခံနိုင်စွမ်းရှိသူများသာလေ့ကျင့်နိုင်ပါတယ်။
***ထို့ကြောင့် အဆီလျော့ချ၊ ကိုယ်အလေးချိန်လျော့ချ၊ ကြွက်သားတည်ဆောက်နေသူများအတွက် HIIT လေ့ကျင့်ခန်းဟာအထူးသင့်တော်ကောင်းမွန်ပါတယ်။


အလေးပြား၊တုန်းဖြင့်ပြုလုပ်သောလေ့ကျင့်ခန်း (Weight Training)
********************************************
ကြွက်သားများခွန်အားတိုး၊ကြံ့ခိုင်သန်မာမူ့နှင့်ကြီးထွားလာစေရန်အတွက် အလေးပြား၊တုန်းများဖြင့်လေ့ကျင့်ပြုလုပ်သော လေ့ကျင့်ခန်းအားလုံးကို Weight training ဟုခေါ်ဆိုပြီး၊
#အရှိန်အဟုန်မြင့်မား၊ ခွန်အားတိုးပွားလေ့ကျင့်ခန်း(Power training)၊
#ခွန်အားတိုးလေ့ကျင့်ခန်း(Strength training)၊
#ကြွက်သားခံနိုင်ရည်တိုးပွားလေ့ကျင့်ခန်း(Endurance Training) နှင့်
#ကြွက်သားကြီးထွားလေ့ကျင့်ခန်း (Hypertrophy Training) ၄ မျိုးကွဲပြားပါတယ်။

(က)အရှိန်အဟုန်မြင့်မား၊ ခွန်အားတိုးပွားလေ့ကျင့်ခန်း(Power training)

Explosive power လို့ခေါ်တဲ့ကြွက်သားအတွင်းမှလျှပ်တပြက်အချိန်အတွင်းမှာပေါက်ကွဲထွက်ပေါ်လာအောင်၊အင်အားများထွက်ပေါ်လာစေရန်ရည်ရွယ်ပြီး၊ အလေးများများဖြင့်မယူလေ့ကျင့်ချိန်တွင် မြန်နှုန်း(speed)တိုးသည်တိုးအောင်လေ့ကျင့်ယူသောကစားနည်းဖြစ်ပါတယ်။ ဤကစားနည်းမျိုးများကို အချိန်တိုခွန်အားအလိုရှိသူ Power Weight Lifter အလေးမသီးသန့်ကစားသမားများသာလေ့ကျင့်ကြပြီး၊ ကာယဗလတည်ဆောက်သူများ၊ မလေ့ကျင့်ကြပါဘူး။
ဥပမာ။ ၁ ကြော့ (Set)- ၂ကြိမ်မှ၃ကြိမ် (Fast Speed) ဖြင့်ကစားပြီး၊ လေ့ကျင့်မူ့ကျင့်သားရနေမူ့အပေါ်မူတည်၍အကြော့တခုနှင့်တခုအကြားတွင် ၁-၃ မိနစ်ထိအနားယူနိုင်ပြီး၊ ၃-၄-၅-၆ကြော့အထိကစားကြပါတယ်။

(ခ)ခွန်အားတိုးလေ့ကျင့်ခန်း (Strength Training)
***************************************
အရိုးတွင်တွယ်ဆက်ထားသောကြွက်သားခွန်အားတိုးတက်လာစေရန်အတွက် မတူညီသောကြွက်သားအမျိုးအစားများအတွက်ရည်ရွယ်ပြီး အလေးပြား(သို့) အလေးတုန်းများဖြင့်ပြုလုပ်သောလေ့ကျင့်ခန်းဖြစ်ပါတယ်။ ခွန်အားတိုးလေ့ကျင့်ခန်းပြုလုပ်ရာတွင် လေ့ကျင့်ခန်းအမျိုးအစားတခုချင်းစီအတွက် Speed အရှိန်မလိုအပ်ဘဲနှင့် ဖြေးဖြေးခြင်း Movement ကိုထိန်းချုပ်ပြုလုပ်ရပါတယ်။ အကြိမ်အရေအတွက်(Reps)၊ အကြော့အရေအတွက်(Sets)နှင့်အသုံးပြုသောအလေးချိန်(Weight) အပေါ်မူတည်ပြီး၊ ကြွက်သားလှုံဆော်မူနှင့်ခွန်အားတိုးတက်မူ့အကျိုးဖြစ်ပေါ်မူ့ကွဲပြားခြားနားပါတယ်။
ဥပမာ။ လေ့ကျင့်သားရမူ့အပေါ်မူတည်ပြီး ၁ကြော့(Set)-၂-၆ ကြိမ်(Rep)ထိပြုလုပ်ပြီး ၁-၃ မိနစ်အထိအနားယူနိုင်ပါတယ်။

✅ ကောင်းခြင်း(Pros)
#ကြွက်သားထုထည်နှင့်ကြွက်သားကျစ်လစ်သန်စွမ်းမူ့ဖြစ်စေပါတယ်။
#ဇီဝကမ္မဖြစ်ပျက်မူ့တိုးတက်ကောင်းမွန်စေပြီး၊ အချိန်ကြာကြာကယ်လိုရီများအားလောင်ကျွမ်းစေပါတယ်။

❌ဆိုးခြင်း (Cons)
လေ့ကျင့်ခန်းအသုံးပြုကိရိယာများအတွက်ငွေကြေးများစွာရင်းနှီးမြုပ်နှံရန်လိုအပ်ပါတယ်။ Gym member ကြေးပေးသွင်းရန်လိုအပ်ပါတယ်။
#Gym တွင်အသုံးပြုသူများပြားလျှင် စောင့်ဆိုင်းနေရခြင်းကြောင့် အချိန်အလဟားသတ်ဖြစ်စေပါတယ်။

(ဂ) ကြွက်သားခံနိုင်ရည်တိုးပွားလေ့ကျင့်ခန်း(Endurance Training)

ကြွက်သားခံနိုင်ရည်တိုးပွားစေရန်အတွက်၊ အရှိန်အဟုန်(Speed)နှင့်အလေးချိန်ကြီးမားစွာမယူလေ့ကျင့်ဖို့ရန်မလိုအပ်ဘဲ၊ သင့်တင့်သောအလေးချိန်ဖြင့် အချိန်ကြာကြာနှင့်အကြိမ်အရည်အတွက်များစွာပြုလုပ်နိုင်ရန်သာဦးတည်ပါတယ်။
ဥပမာ။ ၁ ကြော့(Set) - ၂၀-၃၀ ကြိမ်(Set) ပြုလုပ်ပြီး၊ ၁-၃ မိနစ်အထိအနားယူနိုင်ပါတယ်။

 ကောင်းခြင်း(Pros)
#ကြွက်သားထုထည်နှင့်ကြွက်သားလေ့ကျင့်ချိန်ကြာမြင့်စွာပြုလုပ်နိုင်ပြီး၊ ခံနိုင်ရည်ပြည့်ဝလာစေပါတယ်။
#ဇီဝကမ္မဖြစ်ပျက်မူ့တိုးတက်ကောင်းမွန်စေပြီး၊ အချိန်ကြာကြာကယ်လိုရီများအားလောင်ကျွမ်းစေပါတယ်။

❌ဆိုးခြင်း (Cons)
လေ့ကျင့်ခန်းအသုံးပြုကိရိယာများအတွက်ငွေကြေးများစွာရင်းနှီးမြုပ်နှံရန်လိုအပ်ပါတယ်။ Gym member ကြေးပေးသွင်းရန်လိုအပ်ပါတယ်။
#အကြော့များများအားပြုလုပ်ရန်အတွက် အချိန်လိုအပ်ခြင်းကြောင့်၊ နောက်မှစောင့်ဆိုင်းနေသူများရဲ့ငြိုညင်ခြင်းခံရတတ်ပါတယ်။
#Gym တွင်အသုံးပြုသူများပြားလျှင် စောင့်ဆိုင်းနေရခြင်းကြောင့် အချိန်အလဟားသတ်ဖြစ်စေပါတယ်။

(ဃ) ကြွက်သားကြီးထွားလေ့ကျင့်ခန်း (Hypertrophy Training)

ကာယဗလကိုယ်ခန္ဓာလှပဖို့ကြွက်သားတည်ဆောက်ရန်အတွက်ရည်ရွယ်ပြုလုပ်သောလေ့ကျင့်ခန်းဖြစ်ပါတယ်။ မှန်ကန်သောအလေးချိန်၊ အကြော့နှင့်အကြိမ်အရေအတွက်ပြည့်စုံရန်လိုအပ်မူ့နှင့်အတူ၊ အာရုံစူးစိုက်မူ့နှင့် လေ့ကျင့်မူ့ပုံစံ(Form)၊ အဟာရနှင့်အနားယူမူ့မှန်ကန်ရန်လိုအပ်ပါတယ်။ အထက်ပါအချက်များဟာ ကြွက်သားထုတည်တည်ဆောက်ရန်အတွက်တန်းတူညီမျှအရေးပါဝင်ပါတယ်။
ဥပမာ။ ၁ကြော့(Set)- ၈-၂၀ ကြိမ်(Reo) ကစားပြီး၊ ၁-၃ မိနစ်အထိအနားယူနိုင်ပါတယ်။

✅  ကောင်းခြင်း(Pros)
#ကြွက်သားထုထည်ကြီးမာလာခြင်းနှင့်အတူ၊ ခံနိုင်စွမ်းအားမြင့်တက်လာစေပါတယ်။
#ဇီဝကမ္မဖြစ်ပျက်မူ့တိုးတက်ကောင်းမွန်စေပြီး၊ ကယ်လိုရီများအားလောင်ကျွမ်းစေပါတယ်။

❌ဆိုးခြင်း (Cons)
#လေ့ကျင့်ခန်းအသုံးပြုကိရိယာများအတွက်ငွေကြေးများစွာရင်းနှီးမြုပ်နှံရန်လိုအပ်ပါတယ်။ Gym member ကြေးပေးသွင်းရန်လိုအပ်ပါတယ်။
#ကြွက်သားတိုးတက်စေရန်အတွက် လေ့ကျင့်ခန်းပြီးဆုံးချိန်ပြင်ပတွင်၊ အဟာရပြည့်ဝစေရန်အတွက် သင့်လျှော်သောအစာရဓါတ်များစွာစားသုံးရခြင်း
#ကြွက်သားနှင့်အတူ အဆီများပါတိုးတက်လာစေတတ်ခြင်း၊ စသည်ဖြင့်။

စာဖတ်သူအနေဖြင့် အားကစားရုံ(Gym)မှာပြုလုပ်သင့်တဲ့၊ အခြေခံပင်မလေ့ကျင့်ခန်း ၃ မျိုးကိုကွဲကွဲပြားပြားသိရှိလောက်ပြီလို့ယူဆပါတယ်။ ဒါဆိုရင်ပြည့်စုံသွားပြီလားဆိုတော့မဟုတ်သေးပါဘူး။ နောက်ထပ်ဖြစ်ပေါ်လာတဲ့ သင့်စိတ်ထဲက ဒွိဟ-မေးခွန်းများကတော့ ကြွက်သားတည်ဆောက်နေသူများအတွက်၊ မည်သည့်လေ့ကျင့်ခန်းကိုအရင်လုပ်မှာလဲ? (သို့) မည့်သည့်လေ့ကျင့်ခန်းဟာ ပေါင်းစပ်ပြုလုပ်သင့်သလဲဆိုတာဘဲဖြစ်နေမှာပါ။

Cardio Vs HIIT Vs Weight Training
******************************

အထက်မှာရှင်းပြခဲ့တဲ့လေ့ကျင့်ခန်းအနှစ်ချုပ်ကိုပြန်လည်ကြည့်ရူ့မယ်ဆိုရင်၊ ကာဒီယိုလေ့ကျင့်ခန်းဟာ နှလုံးအားကောင်းစေရန်နှင့်သက်လုံကောင်းစေရန်အတွက်အထောက်အကူများစွာဖြစ်စေပေမယ့်၊ ကြွက်သားကြီးထွားမူ့အတွက်တော့ အကူအညီမပေးနိုင်ပါဘူး။ ကြွက်သားတည်ဆောက်သူအတွက် မဖြစ်မနေဦးစားပေးလေ့ကျင့်ခန်းတခုမဟုတ်ပါဘူး။ ချွင်းချက်အနေဖြင့် ကာဒီယို(Cardio) လေ့ကျင့်ခန်းအား သင့်ရဲ့ Warmup သွေးပူလေ့ကျင့်ခန်းအဖြစ်ထည့်သွင်းပြုလုပ်မည်ဆိုရင်ဖြင့်၊ အချိန်ကာလသတ်မှတ်ချက်တော့ထားရမှာဖြစ်ပါတယ်(ဥပမာ။ ၅-၇ မိနစ်)။ ဒါဆိုရင်ကြွက်သားတည်ဆောက်နေသူအတွက်ရွေးချယ်ပြုလုပ်သင့်တာကတော့၊ အဆီလျော့ချ၊ ကိုယ်အလေးချိန်လျော့ချ၊ ကြွက်သားတည်ဆောက်နေသူများအတွက် HIIT လေ့ကျင့်ခန်းနှင့် ကြွက်သားထုထည်ကြီးမားလာစေရန်၊ခံနိုင်စွမ်းအားမြင့်တက်လာစေရန်၊ ဇီဝကမ္မဖြစ်ပျက်မူ့တိုးတက်ကောင်းမွန်မူ့နှင့်အတူကယ်လိုရီများအားလောင်ကျွမ်းစေနိုင်ရန်အတွက် Hypertrophy Training ဟာအသင့်တော်ဆုံးဖြစ်ပါတယ်။

ကောင်းပြီ။ ကြွက်သားတည်ဆောက်နေသူအတွက် HIIT နှင့် Hypertrophy training ဟာသင်ရွေးချယ်သင့်တဲ့ လေ့ကျင့်ခန်းအမျိုးအစားဖြစ်တယ်။ ဒါဆိုရင်
#HIIT အရင်လုပ်ရမှာလား? Hypertrophy training အရင်လုပ်ရမှာလား?
#HIIT + Hypertrophy training လုပ်ရမှာလား?
#မတူညီတဲ့လေ့ကျင့်ရက်မှာ တမျိုးစီလေ့ကျင့်ရမှာလား?

သင်သိချင်တဲ့အဖြေဟာ၊ သင်မေးမြန်းတဲ့သူရဲ့ကိုယ်ပိုင်အမြင်အပေါ်မူတည်ပြီး၊ မတူကွဲပြားတဲ့အဖြေတွေကို နေ့စဉ်ကြားနေမြင်တွေ့နေရမှာဘဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်း၂မျိုးအတွက် အငြင်းပွားမူ့တွေ့ဟာအခုမှစတင်ခဲ့တာမဟုတ်ဘဲ၊ ဟိုးရှေးယခင်ထဲကသဘောထားကွဲလွဲအငြင်းပွားဖွယ်ရာဖြစ်ခဲ့တဲ့ကိစ္စတခုလည်းဖြစ်ပါတယ်။ ၎င်းလေ့ကျင့်ခန်း ၂ မျိုးဟာ၊ လေ့ကျင့်မူ့ပုံစံမတူခြားနားသကဲ့သို့ သက်ရောက်မူ့ဟာလည်းမတူညီသော လေ့ကျင့်ခန်းများဆိုတာအကြမ်းဖျင်းနားလည်ထားပြီဖြစ်နေပါပြီ။ သင်လိုချင်တဲ့အဖြေအတွက် ဒီလေ့ကျင့်ခန်း ၂ မျိုးကိုသိပ္ပံနည်းကျနှင့်ဖြစ်နိုင်ဖွယ်ရာလက်တွေ့ဆန်ဆန်ထပ်မံခွဲခြမ်းကြည့်မယ်ဆိုရင်၊(သိပ္ပံနည်း) ဇီဝဗေဒနည်းဖြင့်ဂလိုက်ကိုဂျင်(Glycogen)ဆိုတဲ့အချိုဓါတ်တမျိုးအကြောင်းသိရှိဖိုလိုအပ်ပါတယ်။

ဂလိုက်ကိုဂျင်(Glycogen)ဆိုတာကတော့ ဂလူးကိုစ်မော်လီကျူးဖြင့်အဓိကတည်ဆောက်ပြီး မော်လီကျူးအရေအတွက် ၈-၁၂ လုံးဖြစ်ပေါ်လာချိန်တိုင်းတွင်၊ အကိုင်းအခက်အသစ်အဖြစ်ထပ်မံဆင့်ပွားဖြစ်ပေါ်စေပြီး၊ သစ်ပင်ပုံစံသကဲ့သို့အကိုင်းအခက်အမြောက်အများဖြင့်တွဲဆက်သီကုံးထားသောကြောင့် သကြားဓါတ်ပန်းဆိုင်း (Multibranched Polysaccharide of glouse)ဟုနားလည်မှတ်ယူနိုင်ပါတယ်။ အစားအစာအတွင်ပါဝင်သောကစီဓါတ်(Carbohydrate) မှဂလူးကို့စ်ရရှိပြီးကယ်လိုရီဟုခေါ်သောစွမ်းအင်ဓါတ်ကိုရရှိပါတယ်။ ကိုယ်ခန္ဓာလိုအပ်မူ့အတွက်အသုံးပြုပြီး ပိုလျှံလာသောဂလူးကိုစ်များကိုဂလိုက်ကိုဂျင်အဖြစ်တည်ဆောက်ပြီး၊ အသည်းနှင့်ကြွက်သားတစ်ရူးများအတွင်းသိုလှောင်ထားတတ်ပါတယ်။ သွေးအတွင်းဂလူးကိုစ်များပြားနေချိန်တွင် သရက်ရွက် (Pancreas)မှအင်ဆူလင်ဟော်မုန်းကိုထုတ်လွှတ်ခြင်းဖြင့် glycogen synthaseအပါအ၀င်အင်ဇိုင်းများကိုစတင်လှုံဆော်ပါတယ်။

ဂလူးကိုစ်မော်လီကျူးများအားဂလိုင်ကိုဂျင်ချိန်း (glycogen chain)ထဲသို့အင်ဆူလင်နှင့်ဂလူးကိုစ်ရှိသလောက်ထပ်မံပေါင်းထည့်လိုက်ပါတယ်။ သွေးတွင်းဂလူးကိုစ်များလျော့ကျလာချိန်တွင်အင်ဆူလင်ထုတ်လွှတ်မူ့ပါကျဆင်းသွားစေမူနှင့်အတူ ဂလိုင်ကိုဂျင်ဖွဲ့စည်းမူ့လည်းရပ်ဆိုင်းသွားပါတယ်။ စွမ်းအင်လိုအပ်ချိန်မျိုးတွင် ဂလိုင်ကိုဂျင် ပြိုကွဲခြင်းဖြစ်စဉ် (glycogenolysis)စတင်ဖြစ်ပွားပြီး ဂလူးကိုစ်အဖြစ်ပြန်လည်ထုတ်ပေးပါတယ်။ ဂလိုင်ကိုဂျင်ဖော်စဖိုရိုင်းလေ့ (glycogen phosphorylase)ဟုခေါ်သောအမ်ဇိုင်းဟာ ဂလိုင်ကိုဂျင်ပြိုကွဲမူ့ဖြစ်စဉ်ရဲ့အစပျိုးအင်ဇိုင်းပဲဖြစ်ပါတယ်။

ထို့အတူအင်ဆူလင်ရဲ့ဆန့်ကျင်ဘက် အင်ဇိုင်း ဂလူကာဂွန်(glucagon)ကိုလည်းပန်ခရိယ(သရက်ရွက်)မှထုတ်လွှတ်ပေးပြီး၊ ၄င်းအင်ဇိုင်းကြောင့်သွေးတွင်းဂလူးကိုစ်ကျလာသောအခါ ဂလိုင်ကိုဂျင်ပြိုကွဲခြင်း (glycogenolysis) ဖြစ်စဉ်နှင့်ဂလူးကိုစ်ပြန်လည်မွေးဖွားခြင်းဖြစ်စဉ် (gluconeogenesis) တို့ကိုစတင်ဖြစ်ပေါ်စေပါတယ်။ ထို့ကြောင့် ကြွက်သားအတွင်းသိုလှောင်ထားသော ဂလိုင်ကိုဂျင်များဟာအရေးပေါ်စွမ်းအင်လိုအပ်ချိန်တွင်အရေးပေါ်အသုံးပြုရန်အတွက်အဆင်သင့်ထားရှိခြင်းဖြစ်ပါတယ်။ (HIIT)နှင့်Weighting လေ့ကျင့်ခန်းတိုင်းတွင် အဆီပိုများနှင့်ဂလိုက်ကိုဂျင်အားလောင်ကျွမ်းမူ့ဖြစ်စေပါတယ်။

မေး။ HIIT အရင်လားလေ့ကျင့်ရမှလား? Weight Training အရင်လား?

သင်ဟာကြွက်သားတည်နေသူတယောက်ဖြစ်မယ်ဆိုလျှင်၊ ဘာ့ကြောင့် HIIT ကိုအရင်ပြုလုပ်သင့်ရတာလဲ? အထက်မှာရှင်းပြခဲ့သလို HIIT ကစားဖို့အတွက်ပြင်းထန်တဲ့စွမ်းအင်အသုံးပြုဖို့အဓိကလိုအပ်ပါတယ်။ ထို့ထက်ပိုပြီး ကြွက်သားအတွင်းသိုလှောင်ထားသော ဂလိုက်ကိုဂျင်(Glycogen) အရေးပေါ်စွမ်းအင်များကိုလည်းအများအပြားလောင်ကျွမ်းစေခြင်းနှင့်အတူ၊ လေ့ကျင့်ခန်းပြီးဆုံးချိန်တွင် သင့်ထံ၌အနည်းငယ်မျှခွန်အားသာလက်ကျန်အဖြစ်တည်ရှိမှာဘဲဖြစ်ပါတယ်။ ရလဒ်အနေဖြင့်သေချာပေါက်သင့်ရဲ့ အလေးဖြင့်ပြုလုပ်တဲ့လေ့ကျင့်ခန်းအားပြည့်စုံပြီးမြောက်အောင်သင်လုပ်ဆောင်နိုင်မှာမဟုတ်တော့ပါဘူး။

နိဂုံး
သင်သိထားသင့်တာက ကြွက်သားတည်ဆောက်နေသူ့အဖို့ ကြွက်သားကြီးထွားခြင်းနှင့်အဆီဟာအတူတကွဖြစ်စေတာကြောင့်၊ အဆီကိစ္စဟာခေါင်းထဲထည့်စဉ်းစားဖို့မလိုအပ်ပါဘူး။ ကျွဲကူးရေပါဆိုသလို သင့်ရဲ့weight training တိုင်းမှာအဆီလောင်ကျွမ်းမူ့ဖြစ်စေပါတယ်။ သင့်မှာလုံလောက်သောကြံခိုင်မူ့နှင့်ခွန်အားပြည်စုံတယ်ဆိုရင်တော့ Weight training ပြီးဆုံးပြီးမှ HIIT ကိုပြုလုပ်သင့်ပါတယ်။ အလေးမလေ့ကျင့်ခန်းများကြောင့် ကြွက်သားအတွင်းသိုလှောင်ထားသောအရေးပေါ်စွမ်းအင်များဟာကုန်သလောက်နီးပါးဖြစ်နေပြီး၊ ထပ်မံလေ့ကျင့်သော ပြင်းအားမြင့်မားသောလှုပ်ရှားမူ့အတွက်အရေးပေါ်စွမ်းအင်မကျန်ရှိတော့တာကြောင့်၊ အသည်းနှင့်အခြားကိုယ်အတွင်းပိုင်းနေရာများတွင်သိုလှောင်ထားသောအဆီပိုများကိုလှောင်ကျွမ်းစေပါတယ်။ စာဖတ်သူအနေဖြင့် HIIT ကိုအရင်မလုပ်ဘဲ ဒုတိယလေ့ကျင့်ခန်းအနေဖြင့်ထပ်မံပြုလုပ်မည်ဆိုလျှင် သင့်လိုချင်တဲ့ကြွက်သားတည်ဆောက်ပုံဟာအချိန်တိုအတွင်းအကောင်အထည်ပေါ်လာမှာမလွဲမသွေပါဘဲ။

ဒါမဟုတ်သင်ဟာခေါင်းမာသူတယောက်ဖြစ်နေမယ်၊ HIIT အရင်လုပ်မယ်ဆုံးဖြတ်ထားပြီးသားမို့မပြင်ဆင်ချင်ဘူးဆိုလျှင်ဖြင့်၊ HIIT ကိုမနက်ခင်းပိုင်းတွင်ပြုလုပ်ပြီး၊ Weight Training ကိုညနေပိုင်းပြုလုပ်နိုင်ပါတယ်။ ကြားအချိန်တွင်လိုအပ်သောစွမ်းအင်ရရှိရန်အတွက် အစားအစာများသုံးပေးရန်အချိန်လိုအပ်ပါတယ်။ သာမာန်ရိုးကျအစားအစာများအနေဖြင့် တိုတောင်းသောအချိန်အတွင်းမှာ သင်ရည်ရွယ်သတ်မှတ်ထားသောအဟာရပြည့်မှီဖို့အခွင့်အရေးနည်းပါးတာကြောင့် ဖြည့်စွက်စာ Supplement အသုံးပြုမှသာအဆင်ပြေမှာဖြစ်ကြောင်းနှင့် HIITပြီးဆုံးသည်နှင့်တပြိုင်နက် Weight Training ပြုလုပ်ဦးမယ်ဆိုရင်ဖြင့် ပိုးသာကုန်မောင်ပိုစောင်းတီးမတတ်ဖြစ်နေရဦးသာဖြစ်ကြောင်း၊ Remember, Hit the weight first, HIIT second, stretching third, and you'll be on your way to burning fat and defining those muscles သတိပေးရင်းနိဂုံးချူပ်ပါရစေ။

GYM မသွားခင်သိစေချင် (အပိုင်း-၁)
https://www.facebook.com/mmgymprofessor/posts/256561051491734:0

#GYM_Professor
ဒေါမနစ် (စင်္ကာပူ)
၂၂ ဂျူလိုင် ၂၀၁၇ (SGT 22:30)

Credit:  GYM_Professor Page

Friday, July 21, 2017

အာလူးလုံးကြော် - ကြက်ဥ ကော်ပြန့် - ခရမ်းသီးကြော် - တရုတ်​ ခေါက်ဆွဲကြော် - Badam Milk

အာလူး


ကြက်ဥ ကော်ပြန့်

ခရမ်းသီးကြော်

တရုတ်​ ခေါက်ဆွဲကြော်

Milk

Thursday, July 20, 2017

ဝန်ထမ်းတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည် Performance

ဝန်ထမ်းတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည် Performance နဲ့ပတ်သက်ပြီး ပိုင်းခြားကြည့်ရင် ပုံစံ (၈) မျိုးလောက်ရှိတာ
တွေ့ရပါတယ်။


A အမျိုးအစားဝန်ထမ်း
-----------------------
A အမျိုးအစားဝန်ထမ်းတွေဟာ သူတို့မှာရှိနေတဲ့ လုပ်ငန်းကျွမ်းကျင်မှုရယ်၊ သူတို့လုပ်နေရတာရယ်၊ သူတို့ထမ်းဆောင်ချင်တဲ့ လုပ်ငန်းတာဝန်ရယ် အားလုံးနီးပါးဟာ ကိုက်ညီမှုရှိနေတဲ့ဝန်ထမ်းအမျိုးအစားတွေဖြစ်ပါတယ်။ ဒီလိုဝန်ထမ်းအမျိုးအစားတွေကို ဟန်ချက်ညီညီဆက်လက်ထိန်းသိမ်းထားဖို့ လိုပါတယ်။

အကြံပြုချက်
-------------
ဒီလိုဝန်ထမ်းအမျိုးအစားတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေကို ထပ်မံမြင့်တင်ချင် တယ်ဆိုရင်တော့ ၀န်ထမ်းကိုယ်တိုင် သူ့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ပိုမို ကောင်းမွန်အောင် ပိုတော်လာအောင် သင်ယူလိုစိတ်အပြည့်အ၀ရှိလာအောင် အရင်ဖန်တီးပါ။ အားပေးပါ။ Motivation ဖြစ်လာပြီဆိုရင် ထပ်မြှင့်တင်ချင်တဲ့အပိုင်းကို သင်ပေးပါ။ တတ်မြောက်ပြီးရင်တော့ ထိုက်တန်တဲ့လုပ်ငန်းတာဝန်နဲ့ ခံစားခွင့်တွေ ပေးအပ်ပါ။

B အမျိုးအစားဝန်ထမ်း
------------------------
B အမျိုးအစားဝန်ထမ်းတွေဟာ သူတို့မှာရှိနေတဲ့ လုပ်ငန်းကျွမ်းကျင်မှုရယ်၊ သူတို့လုပ်နေရတာရယ်က ကိုက်ညီမှုရှိနေပါတယ်။ ဒါပေမဲ့ သူတို့က အလုပ်တာဝန် နည်းပါးလေးကောင်းလေ။ မလုပ်ရလေကောင်းလေဖြစ်နေတတ်တဲ့ ၀န်ထမ်းအမျိုး အစားဖြစ်နေတတ်ပါတယ်။ ဘာကြောင့်ဒီလိုဖြစ်နေရလဲဆိုတာ လစာနဲ့ ခံစားခွင့် နည်းပါးတာတွေ၊ အသိအမှတ်မပြုတာတွေစတဲ့ အကြောင်းအရာအများကြီးကြောင့် ဖြစ်နေတတ်ပါတယ်။ လုပ်ငန်းလုပ်နိုင်တဲ့စွမ်းရည်က (၁၀) လောက်ရှိတယ်၊ လုပ်နေရတာလည်း (၁၀) လုံးလုပ်နေရတယ်။ ဒါပေမဲ့ (၅) လောက်ပဲ လုပ်ချင်တယ်။ အဓိကပြသနာကတော့ Motivation ကျနေတဲ့သဘောတရားပါပဲ။

အကြံပြုချက်
--------------
ဒီလိုဝန်ထမ်းမျိုးဟာ Motivation ကျနေတဲ့ဝန်ထမ်းအမျိုးအစားဖြစ်တဲ့အတွက် ဘာကြောင့် Motivation ကျနေတာလဲဆိုတာကို အဖြေရှာပါ။ ၀န်ထမ်းကို ခေါ်ယူဆွေးနွေးပါ။ Motivation Techniques တွေအများကြီးထဲကမှ သင့်တော်မယ့် နည်းလမ်းကိုရှာဖွေအသုံးချပါ။

C အမျိုးအစားဝန်ထမ်း
------------------------
C အမျိုးအစားဝန်ထမ်းတွေဟာ (၁၀) လောက်လုပ်နိုင်တဲ့ဝန်ထမ်းတွေဖြစ်ပြီး လုပ်နိုင်သလောက် လုပ်ချင်ကိုင်ချင်စိတ် Motivation လည်းရှိတဲ့ဝန်ထမ်းအမျိုးအစား ဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်နေရတဲ့လုပ်ငန်းတာဝန်က သူတတ်ကျွမ်းနားလည်ထား သလောက်၊ သူစွမ်းဆောင်ချင်သလောက် မလုပ်ရဘဲ (၅) လောက်ပဲ လုပ်နေရတတ်ပါတယ်။ ဒီလိုဝန်ထမ်းတွေအတွက် ကြုံတွေ့နေရတဲ့ ပြသနာကတော့ Job Design ပြသနာပဲဖြစ်ပါတယ်။ သူတို့တတ်သလောက်အသုံးချချင်တဲ့သဘောပါ။

အကြံပြုချက်
-------------
ဒီလိုဝန်ထမ်းမျိုးဟာ မတတ်တာလည်းမဟုတ်သလို၊ လုပ်ချင်ကိုင်ချင်စိတ်မရှိတာလည်း မဟုတ်တဲ့အတွက် သင်တန်းပေးတာမျိုးလုပ်လည်း အဖြေမဟုတ်ပါဘူး။ လုပ်သင့်တာကတော့ သူ့အရည်အချင်းနဲ့ထိုက်တန်တဲ့ လုပ်ငန်းတာဝန်ကို တိုးမြှင့်တာဝန်ပေးအပ်ဖို့လိုပါတယ်။ Theory အခေါ်အရတော့ Job Enlargement လို့ခေါ်ပါတယ်။ ဆိုလိုရင်းကတော့ ကိုယ့်မှာ ဆင်တစ်ကောင်လုံးရှိနေရင် သစ်လုံး ဆွဲတဲ့နေရာသုံးရမှာဖြစ်ပြီး လယ်ထွန်မခိုင်းသင့်ဘူးဆိုတဲ့သဘောပါ။

D အမျိုးအစားဝန်ထမ်း
------------------------
D အမျိုးအစားဝန်ထမ်းအမျိုးအစားဝန်ထမ်းမျိုးဟာ (၁၀) လောက်လုပ်ကိုင်နိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့လက်ရှိတာဝန်ပေးအပ်ထားတဲ့အလုပ်ကလည်း အဲလောက် လုပ်စရာမလိုဘဲ (၅) လောက်ပဲလုပ်နေရတာမျိုးဖြစ်ပြီး ၀န်ထမ်းကိုယ်တိုင်ကလည်း တတ်ထားတာတွေကို အကုန်အသုံးမချချင်ဘဲ (၅) လောက်ပဲအသုံးချချင်နေပါတယ်။ ဒီလိုဝန်ထမ်းမျိုးတွေအတွက်ကြုံတွေ့နေရတဲ့ပြသနာကတော့ Motivation & Job Design ပဲဖြစ်ပါတယ်။

အကြံပြုချက်
---------------
ဒီလိုဝန်ထမ်းမျိုးဟာ လက်ရှိတာဝန်ထမ်းဆောင်နေရတဲ့ အလုပ်နယ်ပယ်လေးထဲမှာပဲ ပျော်မွေ့နေပြီး သူကိုယ်တိုင် တတ်သိနားလည်ထားတာတွေကို အသုံးချချင်စိတ် မရှိတဲ့အတွက် အရင်ဆုံးလုပ်သင့်တာကတော့ C အမျိုးအစားဝန်ထမ်းလိုမျိုးပဲ Motivation တွေတက်လာအောင်လုပ်လို့ရတဲ့နည်းလမ်းတွေနဲ့ တတ်ထားသလောက် အသုံးချင်စိတ်ရှိလာအောင်ဖန်တီးယူပါ။ Motivation ရလာပြီးရင်တော့ သူထမ်းဆောင်နိုင်တဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်စေပါတော့။ ဒါပေမဲ့ ဒီလိုလုပ်ငန်းတာဝန်တွေပေးအပ်လိုက်ပြီဆိုရင် ပြန်လည်ပေးအပ်မှု Reward တစ်ခုခု တွဲလိုက်ဖို့လိုအပ်ပါတယ်။ မဟုတ်ရင် Motivation ပြန်ကြသွားတတ်ပါတယ်။

E အမျိုးအစားဝန်ထမ်း
-----------------------
E အမျိုးအစားဝန်ထမ်းတွေဟာ လက်ရှိလုပ်ငန်းတာဝန်တွေကို တာဝန်ကျေအောင် စွမ်းဆောင်နိုင်စွမ်းရှိသလို လက်ရှိလုပ်ငန်းတာဝန်တွေထက်မြင့်မားတဲ့ လုပ်ငန်းတာဝန်တွေကို သင်ယူလေ့လာလိုစိတ်၊ တာဝန်ယူဆောင်ရွက်လိုစိတ် ရှိတဲ့ဝန်ထမ်းအမျိုးအစားပဲဖြစ်ပါတယ်။ ဒီလိုဝန်ထမ်းအမျိုးအစားဟာ အဆင့်မြင့်လုပ်ငန်းတာဝန်တွေကို မတတ်မြောက်သေးပေမဲ့ သင်ယူလိုစိတ် ကြိုးစားလုပ်ကိုင်လိုစိတ်ပြင်းပြသူဖြစ်တဲ့အတွက် နှစ်လိုဖွယ်ကောင်းတဲ့ ၀န်ထမ်းလို သတ်မှတ်လို့ရပါတယ်။ မတတ်တာနဲ့ မလုပ်ချင်တာနဲ့ယှဉ်ရင် မတတ်တာကို သင်ပေးလိုက်ရတာကပိုလွယ်တာများပါတယ်။

အကြံပြုချက်
--------------
ဒီလိုဝန်ထမ်းမျိုးဟာ သင်ယူလိုစိတ်အပြည့်အ၀ရှိတဲ့အတွက် လုပ်ငန်းခွင်စွမ်းဆောင်ရည် တွေတိုးတက်လာအောင် သင်ပေးဖို့လိုအပ်ပါတယ်။ လိုအပ်တာတွေကို သင်ပေးပါ။ နည်းပေးလမ်းပြလုပ်ပါ။ သင်ပေးတဲ့အတွက် ကျွမ်းကျင်မှုတွေတက်လာတဲ့အခါ ကျွမ်းကျင်မှုနဲ့ကိုက်ညီတဲ့ လုပ်ငန်းတာဝန်တွေကိုထမ်းဆောင်စေပါ။

F အမျိုးအစားဝန်ထမ်း
-----------------------
F အမျိုးအစားဝန်ထမ်းတွေဟာ သူ့မှာရှိတဲ့ ကျွမ်းကျင်မှုနဲ့လုပ်ချင်ကိုင်ချင်စိတ်ထက် ပိုမိုတဲ့လုပ်ငန်းတာဝန်တွေကိုထမ်းဆောင်နေရတဲ့ဝန်ထမ်းတွေဖြစ်ပါတယ်။ တန်နဲ့အားနဲ့ မမျှတဲ့သဘောပါပဲ။

အကြံပြုချက်
--------------
ဒီလိုဝန်ထမ်းအမျိုးအစားတွေကို လက်ရှိလုပ်နေရတဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ဖို့လိုအပ်တဲ့ ကျွမ်းကျင်မှုတွေတက်လာအောင် သင်ပေးဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ဝန်ထမ်းကိုယ်က သင်ယူလိုစိတ်မရှိဘူးဆိုရင်တော့ လက်ရှိလုပ်ငန်းတာဝန်ကို သူ့ကိုတာဝန်မပေးတော့ဘဲ သူနဲ့လိုက်လျောညီထွေရှိမယ့် လုပ်ငန်းတာဝန်ကိုပဲ ပေးအပ်တာမျိုးလုပ်ဖို့လိုအပ်တဲ့သဘောပါ။

G အမျိုးအစားဝန်ထမ်း
-----------------------
G အမျိုးအစားဝန်ထမ်းတွေဟာ ချစ်ဖို့ကောင်းတဲ့ဝန်ထမ်းတွေလို့ သတ်မှတ်လို့ရပါတယ်။ လက်ရှိသူတို့ကိုတာဝန်ပေးအပ်တဲ့လုပ်ငန်းတာဝန်တွေ ကိုပြည့်ပြည့်၀၀ထမ်းဆောင်ဖို့ လိုအပ်တဲ့ ဗဟုသုတ၊  ကျွမ်းကျင်မှု၊ အတွေ့အကြုံတွေ မရှိပေမဲ့ အစွမ်းကုန်ကြိုးစားလိုစိတ်ရှိပြီး မသိမတတ်တာကို သင်ယူလေ့လာလေ့ ရှိတတ်တဲ့ဝန်ထမ်းမျိုးပဲဖြစ်ပါတယ်။

အကြံပြုချက်
-------------
ဒီလိုဝန်ထမ်းအမျိုးအစားတွေကို သင်ပေးပါ။ သင်ပေးသလောက်အကျိုးရှိနိုင်တဲ့ ၀န်ထမ်းအမျိုးအစားဖြစ်ပါတယ်။ အဲလိုမဟုတ်ဘဲ လိုအပ်တာတွေကို သင်မပေးရင် ဒီလိုဝန်ထမ်းမျိုးဟာ ကြိုးစားလိုချင်စိတ်တွေကျလာပြီး လုပ်ငန်းတာဝန်တွေကို မထမ်းဆောင်နိုင်တော့တဲ့အထိဖြစ်လာတတ်ပါတယ်။

H အမျိုးအစားဝန်ထမ်း
------------------------
H အမျိုးအစားဝန်ထမ်းတွေဟာ A အမျိုးအစားဝန်ထမ်းတွေလိုပဲ သူတို့မှာရှိနေတဲ့ လုပ်ငန်းကျွမ်းကျင်မှုရယ်၊ သူတို့လုပ်နေရတာရယ်၊ သူတို့ထမ်းဆောင်ချင်တဲ့ လုပ်ငန်းတာဝန်ရယ် အားလုံးနီးပါးဟာ ကိုက်ညီမှုရှိနေတဲ့ဝန်ထမ်းအမျိုးအစားတွေ ဖြစ်ပါတယ်။ A ၀န်ထမ်းအမျိုးအစားနဲ့မတူတာကတော့ H ၀န်ထမ်းအမျိုးအစားတွေဟာ A ၀န်းထမ်းလောက်တော့ လုပ်ငန်းစွမ်းဆောင်ရည် မကောင်းတဲ့သဘောရှိပါတယ်။ ဒါပေမဲ့ ဒီလိုဝန်ထမ်းအမျိုးအစားတွေကို ဟန်ချက်ညီညီဆက်လက် ထိန်းသိမ်းထားဖို့ လိုပါတယ်။

ဖေါ်ပြခဲ့တဲ့ ၀န်ထမ်းအမျိုးအစားတွေဟာ လုပ်ငန်းခွင်မှာကြုံတွေ့နေရတဲ့ ၀န်ထမ်းအမျိုးအစားတွေဖြစ်တဲ့အတွက် အကြံပြုချက်များကို အသုံးချသွားရင်တော့ လူ့စွမ်းအားအရင်းအမြစ်တွေကတဆင့် လုပ်ငန်းခွင်ကောင်းတစ်ခုဖြစ်အောင် အတိုင်းအတာတစ်ခုအထိဖန်တီးနိုင်မှာ ဖြစ်တယ်လို့ယုံကြည်မိပါတယ်။

လေးစားစွာဖြင့်

ပိုင်စိုး (Management)

Credit:  ဆရာပိုင်စိုးရဲ့ Page

Wednesday, July 19, 2017

အာဇာနည်​တို့၏ မှတ်တမ်းများ




 ■ ဗိုလ်ချုပ်အောင်ဆန်း
- ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် မကွေး ခရိုင် နတ်မောက်မြို့၌ ဖွားမြင်သည်။
- ၁၉၃၂ ခုနှစ်တွင် ၁၀ တန်းစာမေးပွဲကို ပါဠိနှင့် မြန်မာစာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။
- ၁၉၃၅ ခုနှစ် ဧပြီလထုတ် ဂန္ထလောကမဂ္ဂဇင်းတွင် အင်္ဂလိပ်ဘာသာဖြင့် Burma and Buddhism  ဆောင်းပါးနှင့် မေ၊ ဇူလိုင်လထုတ် မဂ္ဂဇင်းများတွင်  Freedom of Dress in School  ဆောင်းပါးကို ရေးခဲ့သည်။  တ-က -သ  အမှုဆောင်ရွေးကောက်ပွဲ ၀င်ရောက်အရွေးခံခဲ့ပြီး ပြန်ကြားရေးတာဝန်ခံနှင့် အိုးဝေ မဂ္ဂဇင်းအယ်ဒီတာဖြစ်လာသည်။
- ၁၉၃၆ ခုနှစ်တွင် အိုးဝေမဂ္ဂဇင်းတွင် စာရေး ဆရာညိုမြ (ကလောင်အမည်-ယမမင်း)ရေးသားသော 'ငရဲခွေးကြီး လွတ်နေသည်' ဆောင်းပါးအတွက်  ဖြေရှင်းချက်ပေးရန် တက္ကသိုလ်အာဏာပိုင်တို့၏  တောင်းဆိုချက်အား ငြင်းပယ်ခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် တက္ကသိုလ်မှ သုံးနှစ် ထုတ်ပယ်ခံရသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ)ကို စတင်တည်ထောင်ခဲ့ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် အရွေးခံခဲ့ရသည်။
- သမိုင်း မှတ်တမ်းကောင်းများစွာကို ချန်လှပ်ခဲ့သော ကိုအောင်ဆန်းသည် ၁၉၄၀ ပြည့်နှစ်တွင် သခင်လှမြိုင်နှင့်အတူ မြန်မာနိုင်ငံမှ စတင်ထွက်ခွာကာ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် ဖ-တ-ပ ကို ဗမာ့တပ်မတော် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံ ပါတီတို့ပါဝင်သော အဖွဲ့ချုပ်အဖြစ် စတင်ဖွဲ့စည်းခဲ့ရာတွင် ဗဟိုဦးစီးအဖွဲ့၊ ဗဟို စစ်ကောင်စီ၊ စစ်ရေးခေါင်းဆောင်အဖြစ် တင်မြှောက်ခံရသည်။
- ၁၉၄၅ ခုနှစ် စက်တင်ဘာတွင် အရှေ့တောင်အာရှဆိုင်ရာ စစ်သေနာပတိ လူးဝစ်မောင့်ဘက်တန်နှင့် ဗမာ့တပ်မတော် ဆက်လက်တည်တံ့ရေးအတွက် ဆွေးနွေးရန် သီရိလင်္ကာသို့ သွားရောက်ခဲ့သည်။
- ၁၉၄၇ ခုနှစ် ဇန်န၀ါရီတွင် နန်းရင်းဝန် မစ္စတာ အက်တလီကို သွားရောက်တွေ့ဆုံခဲ့သည်။ ထို့နောက် လုပ်ကြံမခံရမီ အချိန်အထိ မြန်မာ့လွတ်လပ်ရေးအတွက် သမိုင်းမှတ်တမ်းကောင်းများစွာကို ချန်ထားခဲ့သည်။
- ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက် နံနက် ၈ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်းဖြစ်သော ဖဆပလမှ ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံရေး ရှင်းတမ်း လူထု အစည်းအဝေးပွဲတွင် မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။
- လုပ်ကြံခံရချိန်တွင် အသက် ၃၂ နှစ်သာ ရှိသေးသည်။

 ■ ဦးဘ၀င်း
- ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုအရင်းဖြစ်ပြီး ၁၉၀၁ ခုနှစ် ဇွန် ၁၁ ရက်တွင် နတ်မောက်မြို့၌ မွေးဖွားခဲ့သူဖြစ်သည်။
- ၁၀ တန်းအောင်ပြီး သင်္ချာဘာသာပြ ဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၂၉ ခုနှစ်၌ မန္တလေး ဥပစာ ကောလိပ်တွင် ICS (သိပ္ပံဥပစာတန်း)တက်ရောက်ကာ ၁၉၂၇ ခုနှစ်တွင် သင်္ချာဂုဏ်ထူးဖြင့် အောင်မြင်သည်။
- ၁၉၄၁-၄၂ ခုနှစ်တွင် ဖြူးမြို့ရှိ KEM အမျိုးသားကျောင်းတွင် ကျောင်းအုပ်လုပ်ခဲ့သည်။ ရေနံချောင်း မြို့ ဖဆပလဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာန၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ တိုင်းပြုပြည်ပြု လွှတ်တာ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီတွင် ပါဝင်ခဲ့သည်။
- လုပ်ကြံခံရချိန်တွင် အသက် ၄၆ နှစ် ဖြစ်သည်။

 ■ ဒီးဒုတ်ဦးဘချို
- ၁၈၉၃ ခုနှစ် ဧပြီ ၂ ရက်တွင် မွေးဖွားခဲ့သူဖြစ်သည်။ မြောင်းမြဇာတိဖြစ်သည်။
- အသက် ၂၀ အရွယ်တွင် မျက်စိဝေဒနာကြောင့် ဘီအေအထက်တန်းမှ ကျောင်းထွက်ခဲ့ရပြီး ပေါင်းတည်မြို့ အစိုးရကျောင်းတွင် ကျောင်းဆရာလုပ်ခဲ့သည်။ ထို့နောက် ဟင်္သာတအစိုးရကျောင်းတွင် ပါဠိ ဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ကဗျာ၊ စာပေ ၀ါသနာပါသူဖြစ်ပြီး နှစ်ပါးကြည်ဂျာနယ်၊ ဗန္ဓုလဂျာနယ်နှင့်သတင်းစာများ၊ ဂျာနယ်များတွင် ရေးသားခဲ့သည်။
- မြန်မာ့ရီဗျူးဂျာနယ်ကို အယ်ဒီတာချုပ်အဖြစ် ဦးစီးထုတ်ဝေခဲ့ပြီးနောက်  ၁၉၂၅ ခုနှစ်တွင် ဒီးဒုတ်ဂျာနယ်ကို ကိုယ်တိုင် ဦးစီး ထုတ်ဝေခဲ့သည်။
- မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းရန်အတွက် ဖဆပလ အဖွဲ့ချုပ်ဖွဲ့စည်းသောအခါ ပါဝင်ခဲ့ပြီး တိုင်းပြု ပြည်ပြုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေး ကော်မတီအဖွဲ့ဝင် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြတို့နှင့်အတူ ဆောင်ရွက်ခဲ့သည်။
- လုပ်ကြံခံရချိန်တွင် အသက် ၅၄ နှစ် ရှိပြီဖြစ်သည်။

 ■ သခင်မြ
- ၁၈၉၇ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် ပြည်ခရိုင် ထုံးဘိုမြို့တွင် မွေးဖွားခဲ့သူဖြစ်သည်။
- ၁၉၂၀-၁၉၂၁  ခုနှစ် အသက် ၂၃ နှစ်အရွယ်တွင် ရန်ကုန်ကောလိပ်သပိတ်တွင် ဦးဆောင်ပါဝင်ခဲ့သူ ဖြစ်သည်။ သခင်မြသည် ကိုလိုနီနယ်ချဲ့များ၏ ပညာရေးကို မနှစ်သက်၍ မျိုးချစ်လူငယ်များ ထူထောင်သော အမျိုးသားကျောင်းတစ်ခုဖြစ်သည့် ကြည့်မြင်တိုင် အမျိုးသားကျောင်းတွင် ကျောင်းအုပ် လုပ်ခဲ့ဖူးသည်။
- ၁၉၃၇ ခုနှစ်တွင် တို့ဗမာအစည်းအရုံး အမှုဆောင်အဖွဲ့ဝင်ဖြစ်ခဲ့ပြီး တို့ဗမာအစည်းအရုံး ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့မှ ဥပဒေပြုလွှတ်တော်သို့ သာယာဝတီတောင်ပိုင်းမှ အမတ်အဖြစ် ရွေးကောက်ခံရသူဖြစ်သည်။
- ၁၉၃၉ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံးဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရသည်။
- ၁၉၄၅ ခုနှစ် ပြည်သူ့အရေးတော်ပုံပါတီကို မြန်မာပြည်ဆိုရှယ်လစ်ပါတီဟု အမည်ပြောင်းဖွဲ့စည်းရာတွင် သခင်မြက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။
- ၁၉၄၆  ခုနှစ် အောက်တိုဘာတွင် ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့တွင် ပါဝင်ခဲ့သည်။
- လုပ်ကြံခံရချိန်တွင် အသက် ၅၀ ရှိပြီဖြစ်သည်။

 ■ ဦးရာဇတ်
- ၁၈၉၈ ခုနှစ် ဇန်န၀ါရီ ၂၀ ရက်တွင်  မိတ္ထီလာမြို့ ၌ မွေးဖွားခဲ့သည်။
- တက္ကသိုလ်ဝင်တန်းကို ၁၉၁၂ ခုနှစ်တွင် အောင် မြင်ပြီး ဥပစာဝိဇ္ဇာဒုတိယနှစ်တွင် မစ္စတာဘိုင်မြား၏ အင်္ဂလိပ်စာစီစာကုံးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကာ ပထမရွှေတံဆိပ်ဆု ရရှိခဲ့သည်။
- ၁၉၂၀ ပြည့်နှစ်မှစ၍ အင်္ဂလိပ်အစိုးရကိုတော် လှန်ရာတွင်ပါဝင်ခဲ့ပြီး မန္တလေးဗဟိုအမျိုးသားကျောင်း တွင် ကျောင်းအုပ်အဖြစ်ဆောင်ရွက်ခဲ့သည်။
- ၁၉၄၅ ခုနှစ်တွင် စစ်အတွင်းက ပိတ်ထားခဲ့ရ သော အမျိုးသားကျောင်းကို ပြန်လည်ဖွင့်လှစ်ရန် စွမ်း ဆောင်ခဲ့သလို မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥဒေ ရေးဆွဲရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။
- လုပ်ကြံခံရချိန်တွင် အသက် ၄၉ နှစ်ရှိပြီဖြစ် သည်။

 ■ မန်းဘခိုင်
- ၁၉၀၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ဟင်္သာတခရိုင် ယုန်တလင်းရွာ၌ မွေးဖွားခဲ့သည်။
- ၁၉၃၇ ခုနှစ်တွင် ပုသိမ်မြောက်ပိုင်းမှ အမတ်အဖြစ် အရွေးခံရသည်။ ကရင်-ဗမာ ချစ်ကြည်ရေးကို ကြိုးပမ်းတည်ဆောက်ခဲ့သူဖြစ်သည်။
- ဖဆပလအဖွဲ့တွင် ဗဟိုအမှုဆောင်အဖြစ် ပါဝင်ခဲ့ပြီး ကရင်လူငယ်များ အစည်းအရုံးဥက္ကဋ္ဌအဖြစ် လည်း ဆောင်ရွက်ခဲ့သည်။
- လုပ်ကြံခံရချိန်တွင် အသက် ၄၄ နှစ်ရှိပြီ ဖြစ်သည်။

■  မိုင်းပွန်စော်ဘွား စ၀်စံထွန်း
- ၁၉၀၇ ခုနှစ် မေ ၃၀ ရက်တွင် ဖွားမြင်သည်။ တောင်ကြီးဇာတိဖြစ်သည်။
- အထက်တန်းအောင်မြင်ချိန်တွင် ရဲအတတ်သင်ကျောင်း တက်ခဲ့သည်။ ၁၉၂၈ ခုနှစ် အသက် ၂၁ နှစ် အရွယ်တွင် စော်ဘွားအဖြစ် ခံယူသည်။
-ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေးကြိုးပမ်းမှု တောင်တန်း-မြန်မာ ပူးပေါင်းရေးအောင်မြင်ရန် ကူညီခဲ့သူဖြစ်သည်။
- ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ်ပါဝင်သည်။
- ကွယ်လွန်ချိန်တွင် အသက် ၄၀ နှစ် ရှိပြီဖြစ်သည်။

 ■ ဦးအုန်းမောင်
- ၁၉၁၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် မွေးဖွား ခဲ့သည်။ မင်းဘူးဇာတိဖြစ်သည်။
- ၁၉၃၄ ခုနှစ်တွင် ၀ိဇာတန်းအောင်၍ ၁၉၃၇ ICS စာမေးပွဲဖြေဆိုသူ သုံးဦးအနက် ပထမရခဲ့သည်။
- ၁၉၃၉ ခုနှစ်တွင် မန္တလေးအရှေ့ပိုင်း နယ်ပိုင်ဝန်ထောက်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၄၇ ခုနှစ်တွင်မြစ်ကြီးနား အရေးပိုင်အဖြစ် ခန့်အပ်ခံရကာ လမ်းပန်းဆက်သွယ်ရေး အတွင်းဝန်အဖြစ် ခန့်အပ်ခံရသူဖြစ်သည်။
- ကွယ်လွန်ချိန်တွင် အသက် ၃၄ နှစ်သာ ရှိသေးသည်။

■  ရဲဘော် ကိုထွေး
- ၁၉၂၉ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး မန္တလေး ဇာတိဖြစ်သည်။
- ပညာရေးဝန်ကြီးဦးရာဇတ်၏ သက်တော်စောင့် အဖြစ် ခန့်အပ်ခံရသူဖြစ်သည်။
- လုပ်ကြံခံရချိန်၌ အသက် ၁၈ နှစ်သာ ရှိသေးသည်။


►► အကိုးအကား
- မင်းပုည၏ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ

Credit: Eleven Media