Thursday, September 29, 2022

ASUS Zenbook Pro 14 Duo OLED Review

ASUS Zenbook Pro 14 Duo OLED Review: The Perfect Productivity Laptop





(Tech Gadget)


There is a time… ကျွန်တော်တို့ Windows Laptop တွေထဲမှာ Performance ကောင်းကောင်း Laptop ကိုရှာနေတယ်ဆိုရင် ကိုယ်က Gamer ဟုတ်ဟုတ် မဟုတ်ဟုတ်၊ Game ဆော့ဆော့ မဆော့ဆော့ Gaming Laptop တွေထဲမှာ သွားရှာရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ သာမန် Windows Laptop တွေထဲမှာ တချို့ 16” Size နဲ့အထက် Laptop လောက်ကလွဲရင် တော်တော်များများက Gaming Laptop တွေလောက် Performance မကောင်းလို့ပါ။


အခုနောက်ပိုင်းကြတော့ တချို့ Stealth Gaming Laptop တွေက Gamer အရမ်းမဆန်တော့ပဲ ဒီ Work & Play ဘက်ကို သွားလာကြတယ်၊ ပြီးတော့ ပိုလည်းပါးလာကြတယ်။ ဒါပေမယ့် Zephyrus G14 လိုမျိုး ခေတ်တစ်ခေတ်ဖြစ်ခဲ့တဲ့ Laptop မျိုးကလွဲပြီး ကျန်တာတွေက Thin & Light Gaming Laptop ဆိုပြီး ပိုပြောနိုင်ပါသေးတယ်။ ပြောရရင် G14 လို Laptop တောင် တကယ်တမ်း Gaming မဟုတ်တဲ့ Productivity ပိုင်းအဓိကထားသုံးဖို့အတွက်က High End User တွေအတွက် ဟိုမကျ၊ ဒီမကျဖြစ်နေပါသေးတယ်။


အခုတော့ ဒီ Niche ဖြစ်ပြီး အရင်တုန်းက တော်တော်ရှားခဲ့တဲ့ Market တစ်ခု၊ တော်တော်လေးလည်း တကယ်တမ်း Creator တွေ၊ User တွေအတွက် လိုအပ်တဲ့ Market တစ်ခုအတွက် တကယ်အခုအချိန်အထိ ဒီ Laptop ပဲ ရွေးလိုက် ဆိုပြီး Recommend ပေးဖို့ တော်တော်လေးခက်ခဲ့တာပါ။ ဒီနေရာမှာ Keyword က အခုအချိန်အထိပါ။


ဘာကြောင့်လဲဆိုရင် အခု ASUS ကနေ မိတ်ဆက်ထားတဲ့ Zenbook Pro 14 Duo OLED (UX8402) Laptop က Personally အနေနဲ့ ပြောရရင် ပထမဆုံး Creator တွေပဲဖြစ်ဖြစ်၊ Gaming Laptop မဟုတ်တဲ့ Performance ကောင်းကောင်း Laptop တစ်လုံးရှာနေတယ်ဆိုရင် လုံးဝကို အကောင်းဆုံးညွှန်းလို့ရတဲ့ Laptop ဖြစ်လာလို့ပါ။ ASUS က မိတ်ဆက်ဖူးသမျှ Zenbook တွေထဲမှာ ဒါက ပထမဆုံးအနေနဲ့ ကျွန်တော်တို့ကိုယ်တိုင် Productivity အတက်ဆုံး၊ အကောင်းဆုံးပါ။ တခြား ဘယ် Laptop မှ ဒီ Zenbook Pro 14 Duo OLED Laptop Level ကို မရောက်လာပါဘူး။


But why…?


ဒါပေမယ့် ဘာကြောင့်လဲ? ဘာကြောင့် ဒီ Zenbook Pro 14 Duo OLED ဖြစ်နေသလဲ?


ဒါက ပြောရရင် အရှေ့ကို တော်တော်လေးဆက်ပြောရမှာပါ။ ASUS က အခုဆို Dual Display Laptop တွေထုတ်လာတာ နှစ်ပေါက်နေပြီ၊ ပိုပြီး Powerful ဖြစ်တဲ့ Zephyrus Duo 16 လိုမျိုးလည်းရှိနေပြီ။ ဒီ Zenbook တွေမှာလည်းအရင်ထဲက Pro Duo Series ဆိုတာက 15” Size နဲ့ 14” Size ဆိုပြီး ထုတ်ခဲ့ပြီးသား။ ဘာကြောင့် အခုမှ ဒီနှစ်ထွက်လာတဲ့ UX8402 က အကောင်းဆုံးဖြစ်နေသလဲပေါ့။


ကျွန်တော်တို့အတွက်ကတော့ ဒီအတွက် အဖြေက တစ်ခုတည်းဆိုပြီး Pinpoint ပြောနိုင်ဖို့တော်တော်ခက်ပါတယ်။ အလွယ်ဆုံး တစ်ခွန်းတည်းနဲ့ ဖြေရမယ်ဆိုရင် “ASUS has done almost everything right” ဆိုတာပဲရှိပါတယ်။ လက်ရှိစမ်းဖူး၊ Review လုပ်ဖူးတဲ့ Laptop တွေအားလုံးထဲမှာ ဒီ Zenbook Pro 14 Duo OLED Laptop က Design ပိုင်းတွေ၊ Form Factor ပိုင်းတွေ၊ သုံးထားတဲ့ Specs တွေ၊ Display တွေ၊ Wow Factor တွေ ဒါတွေအကုန်လုံးကို မှန်အောင် ထုတ်ထားတာပါ။ ကျွန်တော်တို့ ဘယ်လောက်ထိ ပြောနိုင်သလဲဆိုရင် ဒီလောက်ထိ အနုစိတ်စဥ်းစားပြီး ထုတ်ထားတဲ့ Laptop မျိုးက တော်တော်ကြီးကိုအချိန်ကြာမှတွေ့လာရတာပါ။ Such a Well Thought-out Laptop!


Design


Design ပိုင်းမှာ Zenbook Pro 14 Duo OLED က Display Lid ပိတ်ထားတုန်း ကြည့်မယ်ဆိုရင် လုံးဝကို သာမန် 14” Laptop တစ်လုံးပါ။ Dual Display Laptop ဖြစ်နေပေမယ့် အထူက 17.9mm လောက်ပဲရှိနေပြီးတော့ 1.7Kg ပဲ အလေးချိန်ရှိတာက တကယ်ကို သာမန် 14” Laptop နဲ့ အတူတူပဲလို့တောင် ပြောနိုင်ပါတယ်။ တချို့ Ultrabook Level မဟုတ်တဲ့ 14” Laptop တွေဆိုရင် ပိုတောင် ထူပြီး ပိုလေးနိုင်ပါသေးတယ်။ ဒါက ပထမဆုံး ကျွန်တော်တို့ သဘောကျမိတဲ့ Zenbook Pro 14 Duo OLED ရဲ့ အားသာချက်ပါ။


နောက်ထပ်တစ်ချက်ကတော့ Lid ကို ဖွင့်လိုက်တဲ့အချိန်ပါ။ ဘာနဲ့သွားတူသလဲဆိုရင် Porsche Panamera ရဲ့ Retractable Spoiler က 90km/h ရောက်တာနဲ့ အလိုအလျောက်ပွင့်လာသလိုမျိုး ဒီ Zenbook Pro 14 Duo OLED ရဲ့ Lid ကိုဖွင့်လိုက်တာနဲ့ နောက်ဖက်ကနေ မြင်ရတဲ့မြင်ကွင်းက မတရား Sexy ဖြစ်ပါတယ်။ Yes – ဒီ Sexy ဆိုတဲ့ စကားလုံးက Laptop Review မှာ သုံးဖို့သိပ်ပြီး မလိုက်ဖက်ဘူးထင်ရပေမယ့် တကယ်လို့ ဒီ Zenbook Pro 14 Duo OLED ကို အပြင်မှာတကယ်စမ်းပြီးရင် ကျွန်တော်တို့ ဘာလို့ဒီလို Sexy ဖြစ်လွန်းတယ်ဆိုပြီး သုံးလည်း သိမှာပါ။


ဒါကို မတရားသဘောကျသွားတဲ့အချက်က Porsche Panamera ရဲ့ Retractable Spoiler အတိုင်းပဲ Mechanism တွေကြောင့်ပါ။ အရင်တုန်းက Zenbook Pro Duo တွေက Dual Display ပါပေမယ့် အခု Zenbook Pro 14 Duo OLED ရဲ့ Dual Display ရဖို့အတွက်က Display Lid ကပါ Effect ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် Zenbook Pro 14 Duo OLED မှာပါတဲ့ Dual Display ဒါမှမဟုတ် ScreenPad Plus က Lid ကိုဖွင့်လိုက်တဲ့အချိန်မှာ 12-Degree အထိ Tilt လုပ်နိုင်ပါတယ်။ ဒီအတွက်က ဒီအတိုင်း ScreenPad Plus ကို မြင့်လိုက်တာမဟုတ်ပဲ Primary Display Lid ကိုပါ Laptop ရဲ့ Keyboard Base ကနေ မြှင့်ပေးလိုက်ပါတယ်။ အဓိပ္ပါယ်က နောက်ကနေ ကြည့်တဲ့အချိန်မှာ Display Lid နဲ့ Keyboard Base က မထိနေပဲ Float ဖြစ်နေတာပါ။ ဒါကိုလည်း တကယ်ကို ဘေးတစ်ဖက်စီမှာ Hinge Mechanism လေးတစ်ခုစီနဲ့ ထိန်းထားပေးတာပါ။ လုံးဝ (လုံးဝ) ကိုမိုက်လွန်းပါတယ်။ ဒါတွေကြောင့်လည်း ASUS က တကယ်ကို ဒီ Industry မှာ Innovative ဖြစ်နေတုန်းပဲဆိုတာကို ပြနေကြီးပါ။ It’s SUCH A FLEX!


ပြီးတော့ ကျွန်တော်တို့ အကြိုက်ဆုံး Design Feature တစ်ခုက Port တွေကို လုံးဝမှန်အောင် နေရာချထားတာပါ။ ပါတဲ့ Port တွေကိုတော့ နောက်မှပြောသွားမယ်ဆိုပေမယ့် ဒီ Power Port ၊ microSD Card နဲ့ HDMI Port တွေကို Laptop အနောက်ဖက်မှာ Gaming Laptop တွေလိုမျိုး ထည့်ထားတာက ကျွန်တော်တို့ကို မတရားကြွေသွားစေတာပါ။ ကျွန်တော်တို့ကိုယ်တိုင် ဒီ Powerful ဖြစ်တဲ့ Laptop တွေမှာ Charging Port ကို ဘေးမှာတပ်ထားလို့ Dongle ချိတ်မရ၊ Mouse နဲ့ ညှိတာတွေကို Complaint တက်ခဲ့ပေမယ့် ဒီမှာတော့ ဒီပြဿနာက လုံးဝကို မရှိတာပါ။ ပြီးတော့ HDMI ရောဆိုတော့ ပိုတောင်မိုက်သွားတယ်။ ကျွန်တော်တို့ကိုယ်တိုင် ဒီ Zenbook Pro 14 Duo OLED ကို သုံးနေတဲ့အချိန်မှာ ဒီ Port တွေအကုန်လုံးသုံးဖြစ်တယ်။ ဘေးမှာမဟုတ်ပဲ အနောက်မှာရောက်နေတာရယ်၊ ဒီလို Productivity Laptop တစ်လုံးမှာ Full Size HDMI Port ပါတာတွေက တကယ်ကို ပိုက်ဆံရော၊ အချိန်ရော ပို Convenient ဖြစ်တဲ့အပိုင်းမှာရော 10 out of 10 လို့ ပြောနိုင်ပါတယ်။




Display


ပြီးတော့ Zenbook Pro 14 Duo OLED ရဲ့ Display တွေ။ အရင်ဆုံး Primary Display ကို ပြောတာပေါ့။ 14.5” 2.8K OLED Display ကို 120Hz Refresh Rate Support လုပ်တယ်။ Productivity နဲ့ Creator တွေအတွက် ရည်ရွယ်တယ်ဆိုတာကို တန်းပြောနိုင်မယ့် 16:10 Aspect Ratio နဲ့ ပြီးတော့ 100% DCI-P3 Color Gamut Support ၊ နောက်ပြီး Pantone Certified ကလည်းဖြစ်သေးတယ်။ VESA DisplayHDR Certified ဖြစ်တယ်၊ Maximum Brightness ကလည်း 550nits အထိ တက်တယ်။ Screen-to-Body Ratio က 93% အထိရှိတယ်၊ Full Touch Screen ဖြစ်ပြီး ASUS Stylus လည်းပါပြီး Support လုပ်သေးတယ်။ Response Time ကလည်း 0.2ms ပဲရှိတယ်။


ဒီလောက် Specs တွေပြောပြီးရင်တော့ တော်ရုံသိတဲ့သူတောင် ဒီ Zenbook Pro 14 Duo OLED ရဲ့ Display က လုံးဝ Flagship Level ရှိတယ်ဆိုတာ တန်းသိမှာပါ။ တကယ်ကို ဒီ Zenbook Pro 14 Duo OLED ရဲ့ Display ကို ကြည့်နေ၊ သုံးနေရတာက လုံးဝကို Immersive ဖြစ်ပြီး မိုက်ပါတယ်။ Color လည်း လုံးဝ Accurate ဖြစ်နေတာက ကျွန်တော်တို့ စမ်းဖြစ်၊ သုံးဖြစ်တဲ့အချိန်မှာ Photo ၊ Video Editing တွေကို စိတ်ချလက်ချ သုံးဖြစ်တဲ့အထိပါ။ Gaming ပိုင်းမှာလည်း ဒီကောင်က Gaming Laptop မဟုတ်ပေမယ့် ဒီ 2.8K Resolution မှာ Screen က Support လုပ်တဲ့ 120Hz နဲ့ဆိုတော့ Valorant လို ဂိမ်းတွေမှာ အေးဆေး 120fps အထက်ဆော့လို့ရသေးတယ်။ တစ်နေ့မှ တစ်နာရီ နှစ်နာရီလောက် ဂိမ်းဆော့ဖြစ်တဲ့သူအတွက်ကတော့ ဒီ Zenbook Pro 14 Duo OLED က အဆင်တော်တော်ပြေတယ်။


ပြီးတော့ ဒီကောင့်ရဲ့ အဓိကအားသာချက်လို့ပြောရမယ့် 12.7” ScreenPad Plus – Horizonal Resolution ကို Primary Display အတိုင်း 2880×864 Pixels ဖြစ်နေတာက တကယ်သုံးတဲ့အချိန်မှာ အဆင်ပြေတယ်။ Zephyrus Duo လိုမျိုး Resolution မတူတော့ Expand လုပ်ထားတဲ့အချိန် Pixel တွေဖွာနေတာမျိုးလုံးဝမရှိတော့ဘူး။ ပြီးတော့ ဒီ Zenbook Pro 14 Duo OLED က Primary ရော ScreenPad Plus ရော Touch Support လုပ်တာက တော်တော်မိုက်တယ်။ ပြီးတော့ ScreenPad မှာထားမလား၊ Main Display မှာထားမလားဆိုတာကို Configure လုပ်ဖို့ Multitasking UI ကလည်း ပိုပြီး Intuitive ဖြစ်တယ်။ တကယ်ကို Dual Display Laptop တွေရဲ့ Pinnacle အဆင့်ရောက်နေပြီလို့တောင် ပြောလို့ရတယ်။


သဘောကျတဲ့အချက်တစ်ခုက Main Display Hinge ကို အဆုံးအထိ တွန်းလိုက်ပြီး ScreenPad Plus ကို 12-Degree Tilt နဲ့ဆိုရင် လုံးဝကို Screen ၂ ခုက Seamless ဖြစ်သွားတယ်။ တကယ်ကို ကြည့်ရတဲ့ Visual Experience က Second to None ပါ။


ဒါပေမယ့်… ဒါက တကယ်ကို ဒါပေမယ့်ပါ။ ScreenPad Plus က OLED မဟုတ်ပဲ IPS LCD ဖြစ်နေတယ်။ ဒါက Color Accuracy ပိုင်းတွေကိုလည်း အဲ့လောက်မထိခိုက်၊ ကိုယ်တိုင်လည်း ScreenPad Plus မှာ Video အမြဲမဖွင့်ဖြစ်ပေမယ့် တစ်ခါတလေ Primary Display မှာ အလုပ်လုပ်နေတုန်း ScreenPad Plus မှာ YouTube လောက်ဖွင့်ထားရင် ဒီ OLED မဟုတ်တော့တာက သိသာပါတယ်။ ပြောရရင် ဒါကလည်း Main Display ရဲ့ OLED Panel က အရမ်းကောင်းနေတော့ ပိုသိသာတာပါ။ ဆိုတော့ ဒီအဆင့်မှာတင် Almost Perfect ဖြစ်နေပြီ၊ ASUS အနေနဲ့ Panel ၂ ခုစလုံးကို OLED ပြောင်းသွားရင်တော့ တော်တော်ကို Complain တက်စရာမရှိသလောက်ဖြစ်သွားပြီ :3


Performance


အခုပြောတာတွေနဲ့တင် Zenbook Pro 14 Duo OLED က မတရား Insane ဖြစ်နေပြီလို့ ထင်နေတယ်ဆိုရင် ဒါက အဓိက Performance ပိုင်းမပါသေးပါဘူး။ Performance ပိုင်းမှာကတော့ အခု Specs တွေပြောပြီးရင် ဘာမှပြောနေဖို့တောင်မလိုလောက်တော့ပါဘူး။


Intel i9- 12900H Processor ၊ 32GB 4800MHz DDR5 RAM ၊ 2TB PCI-E Gen4 SSD ၊ Nvidia RTX 3050Ti – ဒါတွေအကုန်လုံးကို 18mm အောက်၊ 1.7Kg ပဲရှိတဲ့ 14” Laptop တစ်လုံးမှာ ထည့်ပေးထားတာပါ။ ဘာလိုချင်သေးသလဲဆိုပြီး ASUS အနေနဲ့ မေးမယ်ဆိုရင်တောင် ပြန်ဖြေစရာမရှိတဲ့ Specs တွေပါ။


ဒါက တကယ် တကယ်ကို Insane ဖြစ်လွန်းပါတယ်။ အဓိပ္ပါယ်က တကယ့် အကြမ်းဆုံး Gaming Laptop လို့ပြောလို့ရမယ့် Strix G17 လိုမှာ သုံးထားတဲ့ Performance ကို GPU ကလွဲပြီး အကုန်ရနေတာပါ။ GPU ကလည်း RTX3050Ti က ဒီ Zenbook Pro 14 Duo OLED က ရည်ရွယ်ထားတဲ့ Productivity ပိုင်းနဲ့ Creator တွေအတွက်က တော်တော်လေးကို လုံလောက်နေပါပြီ။ ပြီးတော့ Gaming ကို အရမ်းမရည်ရွယ်ထားတဲ့ Laptop ဖြစ်နေတော့ Nvidia Driver ကအစ Studio Driver ကိုပဲ သုံးတာပါ။ ဆိုတော့ တကယ်ကို ဘာထပ်လိုအပ်သေးသလဲ ပေါ့။


တစ်ခုကတော့ Compromise ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီ Zenbook Pro 14 Duo OLED Laptop က ဒီ Config မှာ 180W Power Adapter ပဲ ပါမှာပါ။ ဆိုတော့ Intel 12th Gen i9-12900H ရဲ့ Gaming Laptop တွေမှာလိုမျိုး Full Performance ကို အရမ်းမထွက်ပါဘူး။ Maxium 60W TDP နဲ့ Total TDP 85 ဆိုတာက Gaming Laptop အချင်းချင်း ယှဥ်နေတာဆိုရင်တော့ သိသာပေမယ့် အခုလို 14” Productivity Laptop မှာကတော့ လိုတာထက်တောင် ပိုပြီး Performance ကောင်းနေပါပြီ။ ကျွန်တော်တို့ Capture One ၊ Lightroom ၊ Premiere Pro လိုမျိုးတွေနဲ့ Photo ၊ Video Editing အကုန်လုပ်တယ် – ဒီ Performance ပိုင်းကို အားမရတာမျိုး၊ ဒါမှမဟုတ် Heat အရမ်းတက်တာမျိုး မရှိဘူး။ တစ်ခုပဲ – Fan သံကတော့ နည်းနည်း Workload များတဲ့အချိန်ကြရင် ကြားရတယ်။ ဒါပေမယ့် Gaming Laptop တွေနဲ့ ယှဥ်ရင်တော့ တော်တော်တိုးပါသေးတယ်။


နောက်ထပ်တစ်ခုက အခုလိုမျိုး Intel i9 ထည့်ထားဖို့အတွက်က ဒီ ScreenPad Plus ကို 12-Degree Tilt လုပ်ထားလို့လည်းရတာပါ။ ဒီလိုလုပ်ထားတော့ Airflow က 38% ပိုကောင်းသွားပြီး 4’C အထိ Heat ကို ပိုလျော့သွားတယ်။ ဒါက တကယ် Performance ကို ပို Effective ဖြစ်ပါတယ်။


ကျန်တဲ့ 32GB DDR5 RAM တွေရယ်၊ 2TB PCI-E Gen4 SSD တွေကတော့ ပြောဖို့တောင် မလိုပါဘူး။ ဒီ Zenbook Pro 14 Duo OLED က အခုအချိန်မှာ Performance က အကြမ်းဆုံး 14” Laptop ဖြစ်နေမယ့်အပြင် နောက်နှစ်တွေအကြာကြီး လုံးဝ နှေးသွားပြီး Out of Date ဖြစ်မှာမဟုတ်လောက်ပါဘူး။


Keyboard/TouchPad


Dual Display ဖြစ်နေတော့ TouchPad ကို ညာဘက်ပို့၊ Keyboard က Off-center ဖြစ်သွားပြီးတော့ ဘယ်ဘက်က Control ၊ Tab လို Key တွေက နည်းနည်းသေးသွားတယ်။ ဒါပေမယ့် Typing Experience ပိုင်းမှာတေ့ာ ဒါက အဆင်တော်တော်ပြေသေးတယ်။ အရမ်းကြီး Negative Feedback မရှိဘူး။ Layout က စစခြင်းမှာတော့ 80% လောက်ပဲ Typing Speed ရဦးမယ် – နောက်ပိုင်းမှာတော့ 90, 95% လောက်အထိ ပြန်ရပါတယ်။


TouchPad ကတော့ ပုံမှန်ထက် သေးတော့ အရမ်းအဆင်မပြေဘူး၊ ပြီးတော့ ဘာကြောင့်မှန်းမသိ ASUS ရဲ့ Digital Numpad Feature က ဒီ Laptop မှာ မပါတော့ဘူး။ အဲ့အစား ScreenPad Plus အတွက် Multitasking Shortkeys တွေပဲပါမယ်။


ဘာပဲဖြစ်ဖြစ် ကျန်တဲ့ အားသာချက်တွေထဲမှာ ဒီ Keyboard နဲ့ TouchPad ပိုင်း နည်းနည်းလျော့သလိုဖြစ်တာကတော့ လက်ခံရမယ့် Compromise တစ်ခုဖြစ်လာတယ်။ ဒါပေမယ့်လည်း Keyboard ကတော့ အဆင်ပြေတယ်၊ TouchPad ကလည်း တကယ် Productivity Software တွေသုံးရင် Mouse က ချိတ်ဖို့လိုနေတော့ Ignore လုပ်ချင် လုပ်လို့ရပါတယ်။


Audio


Speaker တော်တော်မိုက်တယ် – ဒါက စစခြင်း စမ်းဖြစ်တဲ့အချိန်ထဲက ပြန်ပေးလိုက်တဲ့အချိန်အထိ ခံစားရတဲ့ Feedback ပါ။ Display ကလည်း အရမ်းကောင်းလွန်းတော့ ဒီ Zenbook Pro 14 Duo OLED က ကျွန်တော်တို့အတွက် အမြဲတမ်း YouTube Playlist တွေဖွင့်ထားဖြစ်တဲ့ Laptop ပါ။ Dolby Atmos လည်း Support လုပ်ပြီးတော့ ဒီ 14” Windows Laptop တစ်လုံးအတွက် Bass ၊ Treble နဲ့ Overall အကုန်လုံးမှာ အသံပိုင်း တော်တော်ကောင်းပါတယ်။


Ports/Others


Port တွေကတော့ အခုနကပြောခဲ့တဲ့ အနောက်မှာ Power ၊ HDMI နဲ့ microSD Card Reader ပါမယ်၊ ဘယ်ဘက်မှာတော့ 3.5mm Headphone Jack တစ်ခုပဲ။ ညာဘက်မှာတော့ Thunderbolt 4 Support ရော 100W USB-PD Charging ပါရတဲ့ USB-C Port ၂ ခုပါမယ်၊ ပြီးတော့ USB 3.2 Type A Port တစ်ခုလည်းပါတယ်။ ဒီ USB A Port ပါတာက ထင်တာထက်ကို ပိုပြီး တကယ်သုံးတဲ့အချိန်မှာ Dongle ရှာရတဲ့ပြဿနာကို ပျောက်သွားစေတာကတော့ မိုက်တယ်။


နောက်ပြီး ဒီကောင့်မှာ Windows Hello Face Unlock ကို သုံးထားတာကလည်း မိုက်တယ်။ Fingerprint ပါ ရရင်တော့ ကောင်းပေမယ့် Fingerprint နဲ့ Face Unlock ရွေးပါဆိုရင် ဒီ Face Unlock က အများကြီး ပိုကောင်းပါတယ်။ ဒါက ပုံမှန် Zenbook တွေထက် ပိုကြိုက်မိနေတဲ့အချက်ထဲကတစ်ခုပါ။


အဲ့တော့ ပြောစရာရှိတာတွေတော့ တော်တော်လေးပြီးပါပြီ။ တစ်ခုပဲ – တစ်ခုပဲဆိုတဲ့နေရာမှာ တစ်ခုတည်းသော အားနည်းချက်တစ်ခုပဲ ကျန်ပါတယ်။


Battery


ASUS ကတော့ 76Wh Battery ထည့်ထားပြီး 9.5Hr Battery Life ရတယ်ပြောထားပေမယ့် တကယ့် Real World မှာတော့ It just sucks ပါ။ ဒါကလည်း Acceptable ဖြစ်ပါတယ်။ ဒီလိုမျိုး Dual Display Laptop လည်းဖြစ်တယ်၊ Display ၂ ခုစလုံးကလည်း 2.8K Resolution ၊ Primary Display ဆိုရင် 550nits အထိရတဲ့ 120Hz OLED Display ကြီးဖြစ်နေတယ်၊ Performance ကလည်း Intel i9-12900H လို အကြမ်းဆုံး Processor ကိုမှ RTX 3050Ti က ပါသေးတယ်။ Battery Life ကောင်းကောင်းကို ဒီလို Laptop မှာ မျှော်လင့်ဖို့ဆိုတာ တကယ်မလွယ်ပါဘူး။


ဆိုတော့ Zenbook Pro 14 Duo OLED က ကျွန်တော်တို့ Productivity Workload ပိုင်းသုံးတဲ့အချိန်၊ Brightness ကို 50% လောက်နဲ့ Light Office Usage မှာတောင် ၃ နာရီခွဲကျော်ကျော် ၄ နာရီလောက်ပဲရပါတယ်။ ပြောရရင် အရင်တုန်းက Gaming Laptop တစ်လုံးရဲ့ Battery Life လောက်ပါပဲ။ ဆိုတော့ Gaming Laptop တွေလိုမျိုးပဲ ဒီ Zenbook Pro 14 Duo OLED ကို အပြင်ယူသွားမယ်ဆိုရင် Performance အပြည့်လည်း သုံးချင်ရင် တော်တော်လေးတဲ့ 180W Power Adapter က ကျိန်းသေသယ်သွားရပါမယ်။


So…?




ဆိုတော့ ဒီ ASUS Zenbook Pro 14 Duo OLED Laptop က ဝယ်သင့်သလား?


ထူးထူးခြားခြား ကျွန်တော်တို့အနေနဲ့ ဒီ Zenbook Pro 14 Duo OLED နဲ့ နောက်ထပ် ဒီနှစ်အတွက် Personally အကြိုက်ဆုံး Ultrabook လို့ ပြောလို့ရတဲ့ Zenbook S13 OLED ကို ယှဥ်ပြီး Oversea ခရီးတစ်ခုမှာ ယူသွားဖို့ ကြုံလာပါတယ်။ S13 ကတော့ ပို Lightweight ဖြစ်ပြီး Battery Life ပိုင်းအများကြီးပိုကောင်းပေမယ့် ကျွန်တော်တို့ ဒီ Zenbook Pro 14 Duo OLED ကိုပဲ ပိုအလေးခံပြီး ယူသွားခဲ့ဖြစ်ပါတယ်။


ဘာကြောင့်လဲဆိုရင်တော့ အဖြေကတစ်ခုတည်းပါ၊ ကျွန်တော်တို့က Creator/Productive ဖြစ်နေဖို့ လိုအပ်တဲ့သူတွေထဲက တစ်ယောက်ပါ၊ အဲ့ဒီအတွက် ဒီ Zenbook Pro 14 Duo OLED က ပေးနိုင်တဲ့ အားသာချက်တွေက လုံးဝကို သာမန် Laptop တစ်လုံး (Gaming ပဲဖြစ်ဖြစ်၊ Ultrabook ပဲဖြစ်ဖြစ်) ကိုလုံးဝမေ့ထားလို့ ရတဲ့အထိကို တကယ်ကောင်းနေပါတယ်။


Finally – The Perfect Productivity Laptop.


#TechGadgetMM

Friday, September 23, 2022

လူငယ်တွေအကြားအပြောများလာတဲ့ Lo-Fi Music




 အသက်(18-23) GenZတွေဟာဆိုရင် သမိုင်းတလျှောက် Stressed & Depressed အဖြစ်ဆုံး မျိုးဆက်လို့ ပြောလို့ရပါတယ်။ 


ဒီလိုဖြစ်ရတဲ့ အကြောင်းကတော့ နည်းပညာအလွန်အမင်းထွန်းကားလာမှုတွေ, Covid-19 လို ကပ်ရောဂါကြီးတွေ နဲ့ အလုပ်အကိုင်ရှားပါးလာမှုတွေကြောင့်ပါ။ 


ဒါ့ကြောင့်ပဲ Lo-fi ဂီတဟာ GenZ တွေကြား အရမ်းပေါ်ပျူလာဖြစ်ခဲ့ရတာပေါ့။ Lo-fi ဂီတက နားဆင်သူကို စိတ်မွန်းကျပ်မှုတွေကို ဖြေလျော့ပေးပြီး စိတ်ကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။


(၁) Lo-Fi ဆိုတာ ဘာလဲ?

🎙Lo-fi ဟာဆိုရင် “low fidelity” ကို အတိုကောက်ခေါ်တာပါ။ စျေးချိုတဲ့ အသံဖမ်းကိရိယာတွေနဲ့ အသံဖမ်းထားလို့ နောက်ခံဆူညံသံတွေပါရှိတဲ့ အသံအရည်အသွေးနိမ့်တဲ့ recording လို့ အဓိပ္ပာယ်ရပါတယ်။ သူနဲ့ ဆန့်ကျင်ဘက်ကတော့ “high fidelity” (သို့) hi-fi လို့ခေါ်တဲ့ ယနေ့ခေတ် Official Music Video တွေမှာ နားဆင်ရတဲ့ ကြည်လင်ပြတ်သားနေတဲ့ အသံအရည်အသွေးကောင်းတဲ့ သီချင်းတွေပေါ့ဗျာ။ 


📻Lo-fi ဟာဆိုရင် electronic ဂီတရဲ့ subgenre တစ်ခု ဖြစ်ပြီး downtempo သံစဉ်နဲ့ chill ဖြစ်တဲ့ vibe ကို ပေးပါတယ်။ House, Jazz & Hip-hop beats တွေနဲ့ မိမိအိမ်မှာပဲ ပေါ့ပေါ့ပါးပါး အသံသွင်းထားသလို DIY music aesthetic samples တွေနဲ့ mix ပြီး lo-fi music တွေကို ဖန်တီးလေ့ရှိကြပါတယ်။ ရလဒ်အနေနဲ့ စိတ်ကူးအိမ်မက်ထဲထဲ မျောလွင့်နေရသလို သက်တောင့်သက်သာနဲ့နဲ့ retro vibe ဆန်တဲ့ သံစဉ်တေးသွားကို ရရှိလာပါတော့တယ်။ ဒါ့ကြောင့်ပဲ background music အဖြစ် အများဆုံး သုံးစွဲကြပါတယ်။ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ အာရုံစိုက်ပြီးလုပ်ရမယ့် အလုပ်တွေပြီးမြောက်စေဖို့အတွက်လည်း နားဆင်လေ့ရှိကြပါတယ်။ 


Lo-fi Jazz 🎧 “Accident” by Big Bag & Mary

https://www.youtube.com/watch?v=cqnis_uL5Zs


(၂) Lo-Fi ဖြစ်လာပုံအစ

🗺Lo-fi တွေရဲ့ သမိုင်းကြောင်းကတော့ 2013ခုနစ်, Youtube မှာ livestream channels တွေ ခေတ်ထချိန်မှာ စတင်ခဲ့ပါတယ်။ 


💽Lo-fi artists တွေဟာ YouTube နဲ့ တခြား streaming sites တွေမှာ Chillhop စွန့်ဦးတီထွင်သူ Nujabes နှင့် Hip-hop သမား J Dilla တို့ရဲ့ lo-fi beats တွေကို inspire ယူထားတဲ့ lo-fi playlists တွေကို စတင်ဖန်တီးလာခဲ့ကြပါတော့တယ်။ 


🇯🇵Lo-fi လို့ပြောလိုက်တာနဲ့ နောက်ထပ်တွဲမြင်ကြတာကတော့ ဂျပန်ကာတွန်း anime တွေပါ။ Lo-fi livestreams တော်တော်များများရဲ့ Visual element ကိုကြည့်မယ်ဆိုရင် anime ပုံတွေနဲ့ ဖော်ပြကြတာများပါတယ်။ အခုလိုဖြစ်ရတဲ့အကြောင်းကတော့ 2004 ခုနစ်ထွက် anime seires “Samurai Champloo”မှာ ပါဝင်တဲ့ Nujabes ရဲ့ soundtrack ကို inspire ကြရာကနေ visual ကိုပါ anime ပုံတွေနဲ့ ဖော်ပြလာခဲ့ပါတော့တယ်။


(၃) Lo-fi ဂီတလို့ ဘယ်လို ခွဲခြားသိနိုင်မလဲ

၁) Drum loops 🥁 


Hip-hop ဂီတလိုပဲ lo-fi ဟာဆိုရင်လည်း သူ့ရဲ့ rhythms အဖြစ် drum loops တွေကို အလွန်အကျွန် သုံးစွဲလေ့ရှိပါတယ်။ Electronically produced samples သံစဉ်တွေ နှင့် drums live recordings တွေကိုပါ lo-fi သီချင်းတွေဖန်တီးရာမှာ သုံးလေ့ရှိပါတယ်။ Beats တွေဟာဆိုရင် တစ်မိနစ်လျှင် ပျမ်းမျှ 70 to 90 beats အထိရှိတတ်ပြီး low- to mid-tempo range အတွင်းရှိပါတယ်။ 

 

၂) Jazz chords 🎷


Lo-fi ဂီတဟာ နားထောင်လိုက်တာနဲ့ အတွေးထဲမျောလွင့်စေပြီး relax ဖြစ်စေတာကတော့ Jazz chord progressions တွေနဲ့ ဖန်တီးထားလို့ပါ။ Bass, Drum နဲ့ Piano များနဲ့ Samples တွေရဲ့ rhythm ကို ဖန်တီး,တီးခတ်လေ့ရှိပြီး တချို့ lo-fi artists တွေဆိုရင် Guitarတွေ, Horns တွေနဲ့တောင် အသုံးပြုပြီး samples ဖန်တီးလေ့ရှိကြပါတယ်။ 

 

၃) Samples🎼


Lo-fi ဟာဆိုရင် တူရိယာဂီတအမျိုးအစား (instrumental music) ဖြစ်ပေမယ့်လည်း သီချင်းသံစဉ် ပိုမိုကောင်းမွန်စေဖို့ samples တွေနဲ့ အခြား effects တွေကိုလည်း အသုံးပြုလေ့ရှိပါတယ်။ ဒါပေမယ့် Vocal samples တွေကိုတော့ သိပ်သုံးလေ့မရှိပါဘူး။ နွေးထွေးပြီး အတိတ်ကို လွမ်းဆွတ်သတိရစေတဲ့ ခံစားချက်ရရှိစေဖို့ ဓာတ်ပြားစက်ဖွင့်စဉ် မြည်တဲ့အက်ကွဲသံလေးတွေကိုလည်း ထည့်သွင်း mix လေ့ရှိပါတယ်။


(၄) နာမည်ကြီး Lo-Fi အနုပညာရှင်များ

၁) Chillhop Music


Netherlands-based ဒီ YouTube channelကတော့ lo-fi music နဲ့ ပက်သက်လို့ လေ့လာစရာအများဆုံးပါ။ တခြား lo-fi channels တွေလိုပဲ ပိုင်ရှင် Bas van Leeuwen ဟာ သူ့ရဲ့ subscribers တွေနဲ့ ဆက်သွယ်ဖို့ livestream ကို အများဆုံးသုံးပါတယ်။

 

Listen🎧https://youtu.be/7NOSDKb0HlU

 

၂) ChilledCow


ပြင်သစ်အနုပညာရှင် Dmitriရဲ့  ဒီ channel လေးကတော့ 2017ခုနစ်မှာ Lo-fi music livestreaming စတင်ပြုလုပ်ခဲ့ပါတယ်။ သူ့ဟာ Whisper of the Heart ဂျပန် anime ဇာတ်ကားထဲက ကောင်မကလေး စာလုပ်နေတဲ့ပုံနဲ့ livestream ရင်း နာမည်ကြီးလာခဲ့သူ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ အဲ့ကောင်မလေးပုံကို သူ့ရဲ့ logo အဖြစ်ထားကာ “Lo-fi Girl”ဆိုတဲ့နာမည်ကို သူ့ရဲ့ music label နဲ့ Youtube Channel နာမည်အဖြစ် ပြောင်းလဲလိုက်ပါတော့တယ်။

 

Listen🎧 https://youtu.be/lTRiuFIWV54

 

၃) College Music


UK based ပိုင်ရှင် Luke Pritchard နှင့် Jonny Laxton တို့ဟာ 2013 ခုနစ်မှာ သူတို့ရဲ့ channel ကို စတင် launch ခဲ့ပါတယ်။ Summer jazz, late-night beats နှင့် တခြားသော Relaxing & Studying ကို အသားပေးထားတဲ့ tailor-made lo-fi beats များကိုလည်း နားဆင်ရမှာပါ။

 

Listen🎧 https://youtu.be/XDh0JcxrbPM

 

၄) Powfu


Canadian artist Powfu (နာမည်ရင်း: Isaiah Farber)ကတော့ 2020ခုနစ်မှာ သူ့ရဲ့

 “Death Bed (coffee for your head)” သီချင်းနဲ့ Billboard Hot 100 singles chart မှာ No.23 အထိ ချိတ်နိုင်ခဲ့ပါတယ်။


Listen 🎧 https://youtu.be/jJPMnTXl63E


(၅) Lo-Fi ဘာကြောင့် လူကြိုက်များ

🎼Lo-fi ရဲ့ တခြားဂီတတွေနဲ့မတူပဲ တမူထူးခြားတဲ့အချက်တွေကတော့

၁) အတိတ်ကို လွမ်းဆွတ်သတိရစေတယ်


ယနေ့ခေတ် ဆိုရှယ်မီဒီယာသုံးစွဲသူ Gen Z အားလုံး ရေဒီယိုကို သုံးဖူးချင်မှ သုံးဖူးကြမှာပါ။ မသုံးဖူးပေမယ့်လည်း ရုပ်ရှင်ဇာတ်ကားဟောင်းတွေ, ကာတွန်းဇာတ်လမ်းဟောင်းတွေထဲမှာ ရေဒီယိုအသုံးပြုတာကိုတော့ မြင်ဖူး, ကြားဖူးကြမယ် ထင်ပါတယ်။ အသံလေး တကျစ်ကျစ်နဲ့ lo-fi သီချင်းတွေဟာ ရေဒီယိုတွေ, ဓာတ်ပြားဟောင်းတွေက လွှင့်တဲ့သီချင်းတွေနဲ့ဆင်လို့ ကြားလိုက်ရတာနဲ့ ကိုယ်မရောက်ဖူးတဲ့ Vintage တို့, Retro တို့ခေတ်တွေကိုတောင် ရောက်သွားသလို ခံစားရစေပါတယ်။


၂) စိတ်ကို သက်တောင့်သက်သာ ဖြစ်စေတယ်


🐌Slow-tempo ဖြစ်တဲ့ beats တွေကိုသာ အသုံးပြုထားလို့ နားဆင်သူရဲ့ စိတ်ကို ease ဖြစ်စေတယ်။ 


😴 အိပ်မပျော်တဲ့နေ့တွေဆိုလည်း lo-fi သာ နားထောင်လိုက်။ ခဏလောက်ကြာတာနဲ့ အိပ်ပျော်သွားလိမ့်မယ်။ 


✏️သင်္ချာစာမေးပွဲနီးနေလို့ သင်္ချာပုဒ်စာတွေ အချိန်အကြာကြီးလေ့ကျင့်ရမယ်ဆိုလည်း ဘာမှမပူနဲ့။ Lo-fi သာဖွင့်ထားလိုက် အချိန်တွေ ဘယ်လိုကုန်လို့ကုန်မှန်း မသိလိုက်ဘဲ စာတွေလည်း အများကြီးပြီးနေပါလိမ့်မယ်။ 


အိမ်အလုပ်တွေ မပြီးသေးတဲ့ အိမ်ရှင်မတွေဆိုရင်လည်း Lo-fi လေးဖွင့်ရင်း ပန်းကန်ဆေး🍽, မီးပူတိုက်👔, အဝတ်လျှော်🧼, ဟင်းချက်🍲 လို့ရပါသေးတယ်။ 


စိတ်သေချာအာရုံစိုက်ပြီး လုပ်ရမယ့်အလုပ်တွေဆိုရင် Chill ဖြစ်တဲ့ Lo-fi သာဖွင့်ထားလိုက်။


မူလဘူတမျှဝေသူ -  ဂီတရွာ - Gita Ywar

Thursday, September 22, 2022

တိုင်းရေးပြည်သစ်

 ●────  တိုင်းရေးပြည်သစ် ─────●




〓 တိုင်းရေးပြည်သစ်ဖြစ်ဖို့အတွက် ဘယ်လို အရာတွေကို အခြေခံထား စဉ်းစားရမလဲ။ 


ဒီနေရာမှာ နှစ်မျိုးခွဲပြီး စဉ်းစားသင့်တယ် ထင်တယ်။ နံပါတ် တစ် — ခွဲထွက်ပြီး နိုင်ငံတော်သစ် တည်မှာလား။ သို့တည်းမဟုတ် နိုင်ငံဟောင်းကို သစ်မှာလား။ ဒါက အရေးကြီးလိမ့်မယ် ထင်တယ်။ ခွဲထွက်ပြီး အသစ်တည်မယ်ဆိုရင်တော့ အစကနေ စဉ်းစားရမယ်။ နိုင်ငံဟောင်းကို သစ်မယ်ဆိုရင်တော့ — engineering နည်းနဲ့ လုပ်ရမှာတွေ ရှိတယ်။ တူတာတွေ ရှိသလို မျိုးကွဲတွေလည်း ရှိလိမ့်မယ် ထင်တယ်။ 


〓 ပြည်နယ်တွေက နိုင်ငံတကာအသိုင်းအဝန်းရဲ့ အဖွဲ့ဝင်ဖြစ်လာဖို့ မျှော်လင့်တာတွေ ရှိတယ်။ ဒါကို ဘယ်လို ထင်သလဲ။ 


ဒါက သွယ်ဝိုက်ပြီး ပြောနေတာပါ။ ဒဲ့ပြောရင် ရှင်းတယ်။ ခွဲထွက်ပြီး နိုင်ငံသစ်ထောင်ချင်တယ်။ ဒါပဲ။ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ အဖွဲ့ဝင်ဖြစ်လာဖို့ ဆိုတာ — နိုင်ငံတကာအသိအမှတ်ပြု နိုင်ငံတစ်နိုင်ငံဖြစ်ချင်တယ်ဆိုတဲ့ သဘောပဲ။ ဒီတော့ ကမ္ဘာပေါ်မှာ နိုင်ငံတစ်ခု မွေးဖွားဖို့အတွက် အခြေခံလိုအပ်ချက်တွေ ရှိတယ်။ နိုင်ငံရေးသိပ္ပံမှာတော့ အခြေခံ (၄) ချက် လို့ ပြောတယ်။ (၁) လူဦးရေ၊ (၂) တိတိကျကျ သတ်မှတ်ထားတဲ့ နယ်နိမိတ်၊ (၃) အစိုးရ နဲ့ (၄) အချုပ်အခြာအာဏာ။ နိုင်ငံတကာဆက်ဆံရေးနယ်မှာ အချက် တစ်ချက် ထပ်တိုးတယ်။ ဒါကို နံပါတ် (၅) လို့ သတ်မှတ်မယ်။ အဲဒါက ပြည်ပအချုပ်အခြာအာဏာ (တနည်းအားဖြင့်) နိုင်ငံတကာအသိအမှတ်ပြုမှု။ ဒီတော့ ပြည်နယ်တွေဟာ နိုင်ငံတကာအသိုင်းအဝန်းရဲ့ အဖွဲ့ဝင်ဖြစ်ချင်ရင် အချုပ်အခြာအာဏာကို တရားဝင်မှုဆိုတဲ့ legitimacy နဲ့ တွဲမှ ရမယ်။ ဒါဆိုရင်တော့ နိုင်ငံတကာအသိအမှတ်ပြုမှုဟာ အလိုလို ပါလာမှာပါပဲ။ 


〓 ပြည်နယ်တစ်ခုဟာ ခွဲထွက်ပြီး နိုင်ငံသစ်တည်မယ်ဆိုရင် အရေးတကြီး ပြင်ရမှာက ဘာတွေလဲ။ 


အရေးတကြီး ပြင်စရာတွေတော့ ခပ်များများ ရှိနေမှာပဲ။ ဒါပေမယ့် အဓိကက (၂) ချက်ပဲ ရှိတယ်။ အဲဒါကတော့ အချုပ်အခြာအာဏာကိစ္စနဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုပဲ။ ပြည်နယ်တွေဟာ ကွန်ဖက်ဒရေးရှင်းအဆင့်ထိ သွားဖို့ မျှော်လင့်တယ်ဆိုရင် ဒါဟာ ဗဟိုခွာအားကို ယူနိုင်သမျှ ယူနေပြီလို့ ပြောနိုင်တယ်။ ဗဟိုနဲ့ လုံးဝ ကင်းရှင်းလို့ မရသေးပေမယ့် ဗဟိုရဲ့ ထိန်းချုပ်မှုလက်တံတွေ ၈၀ % ၉၀ % လောက် မသက်ရောက်နိုင်တော့တဲ့ အနေအထားကို စမှန်းနေပြီ။ ဒါက ပထမအဆင့် ဖြစ်လိမ့်မယ်။ ပြီးတော့ ခွဲထွက်ရေးလှုပ်ရှားမှုဖြစ်လာပြီး ပြည်နယ်အချုပ်အခြာအာဏာကို တဖြည်းဖြည်း ခိုင်မာအောင် တည်ဆောက်လာလိမ့်မယ်။ နောက်ဆုံးမှာ နိုင်ငံတကာအဖွဲ့ဝင်ဖြစ်ဖို့ နိုင်ငံတကာအသိအမှတ်ပြုမှုကို အားထုတ်တဲ့ ဖြစ်စဉ်ကြီး လာမှာပေါ့။ ဒီအဆင့်တွေကို ကျော်ဖြတ်ပြီးရင်တော့ နိုင်ငံသစ်ရယ်လို့ မြေပုံသစ်နဲ့ ကမ္ဘာ့နိုင်ငံတကာစာရင်းဝင် ဖြစ်ပြီပေါ့။ ဒါပေမယ့် ဒါက နိဒါန်းရဲ့ နိဂုံးပဲ ရှိသေးတယ်။ အဲသည့်နောက်ပိုင်း လုပ်စရာတွေ အများကြီး ရှိသေးတယ်။ အထူးသဖြင့် တိုင်းပြည်တည်ဆောက်ရေးကိစ္စနဲ့ နိုင်ငံတည်ဆောက်ရေးကိစ္စ။ 


〓 အချုပ်အခြာအာဏာကိစ္စကို ထပ်ရှင်းပါအုံး။ အဲဒါကို ဘယ်လိုတဖြည်းဖြည်း တည်ဆောက်မလဲ။ 


စစ်ရေးအားသန်တဲ့သူတွေကတော့ ပါဝါအမာကို အားသန်လိမ့်မယ်။ လက်ရုံးပေါ့။ စစ်အင်အားကို အားကိုးတဲ့ military might ပေါ့။ ဒါပေမယ့် ဒါက ဒီလောက်တော့ မလွယ်ဘူး။ တိုင်းရေးပြည်သစ်ဖြစ်ဖို့ဆိုတာ အနုပညာသဘောလည်းဖြစ်တယ်။ ဒါ့ကြောင့် detail work တွေ အများကြီး လုပ်ဖို့ လိုတယ်။ အဲသည့်မှာ ထပ်ပေါင်းအာရုံစိုက်ဖို့ကတော့ ပါဝါအပျော့ရဲ့ အခန်းကဏ္ဍကို ထည့်တွက်ဖို့ လိုတယ်။ စစ်အင်အားကြီးရုံနဲ့ နယ်မြေကို ချုပ်ကိုင်ထားနိုင်ပြီး နိုင်ငံသစ်ထူနိုင်မယ်လို့ ယူဆရင် ဒါဟာ သိပ်အမြော်အမြင်နည်းရာကျမပေါ့။ 


နိုင်ငံရေးသိပ္ပံမှာ နိုင်ငံရေးကို အနက် ဖွင့်တာတွေ ရှိတယ်။ အဲသည့်ထဲက တစ်ခုက politics is the art of government တဲ့။ ဒါကို အစိုးရအတတ်လို့ ဘာသာပြန်မလား၊ သို့တည်းမဟုတ် အုပ်ချုပ်ခြင်းအနုပညာလို့ ဘာသာပြန်မလား။ ကြိုက်တာပြော။ ရတယ်။ တကယ်တော့ အချုပ်အခြာအာဏာဆိုတာ ဆုပ်ပြကိုင်ပြလို့ ရတာမှ မဟုတ်ဘဲကိုးဗျ။ သူက intangible လေ။ မမြင်ရဘူး။ ဆုပ်ပြကိုင်ပြလို့ မရဘူး။ ဒီလို ဆုပ်ကိုင်ပြလို့ မရတဲ့ အခွင့်အာဏာဆိုတာတွေထဲမှာ sovereignty ဆိုတာ အမြင့်မားဆုံးသော အာဏာပဲ။ ဒါကို စစ်ရေးအင်အားတစ်ခုတည်းကို အခြေခံပြီးတည်ဆောက်ရင် မှားလိမ့်မပေါ့။ 


လက်တွေ့နိုင်ငံရေးမှာ စစ်ရေးစိုးမိုးဧရိယာရှိရင် အုပ်ချုပ်လို့ ရပြီလို့ အကြမ်းဖျင်းပြောလို့ ရပေမယ့် နိုင်ငံဆိုတာ story လေ။ နိုင်ငံဆိုတာ narrative လေ။ နိုင်ငံဆိုတာကို ကမ္ဘာနဲ့ ဒေသတွင်းနိုင်ငံ‌တွေ အပါအဝင် ကိုယ့်လူမျိုးကိုယ့်ဒေသက လူတွေက သိမှတ်လက်ခံဖို့အတွက် story တွေ အများကြီး ယုံမှတ်ခိုင်းရအုံးမယ်။ ဒီလိုဖြစ်ဖို့အတွက် ကိုယ်တည်ဆောက်မယ့် နိုင်ငံသစ်အတွက် narrative တွေ အများကြီး ဖန်တီးရအုံးမယ်။ ဒါကို စစ်ရေးအင်အားနဲ့ ဘယ်လုပ်လို့ ရမလဲ။ နိုင်ငံသစ်တည်ချင်တဲ့ခေါင်းဆောင်တွေက အခုကတည်းက narrative တွေ ကြိုပြင် ကြိုခင်း ထားဖို့ လိုနေပါပြီ။ ဒါကို တင်ကူးအခြေအနေတွေ ရှိအောင် ကြိုတင်စီမံထားခြင်းလို့ နားလည်နိုင်တယ်နော်။ 


〓 တိုင်းရေးပြည်သစ်ဖြစ်လာဖို့အတွက် စဉ်းစားချက်တချို့ကို ပြောပါအုံး။ 


နိုင်ငံတကာဆက်ဆံရေးဘာသာရပ်မှာ — နိုင်ငံခြားရေးမူဝါဒတွေကို လေ့လာတာတွေ ရှိတယ်။ အဲသည့်မှာ စကားလေးတစ်ခွန်း ရှိတယ်။ “မင်းဘယ်လိုရပ်တည်တယ်ဆိုတာ မင်းဘယ်ထိုင်ခုံပေါ်မှာ ထိုင်နေသလဲ ဆိုတာပေါ်မူတည်တယ်” လို့ ပြောတယ်။ ပြည်တွင်းမှာ ရှိတဲ့ ခေါင်းဆောင်အသီးသီးဟာ ဘယ်ထိုင်ခုံပေါ်မှာ ထိုင်နေသလဲဆိုတာဟာ အရေးကြီးတယ်။ တချို့ ခေါင်းဆောင်တွေက ထိုင်ခုံပြောင်းထိုင်ချင်တယ်။ 


ဥပမာ — စစ်ခေါင်းဆောင်အဖြစ်ကနေ လူထုခေါင်းဆောင်။ လူထုခေါင်းဆောင်အဖြစ်ကနေ နိုင်ငံ့ခေါင်းဆောင်။ နိုင်ငံ့ခေါင်းဆောင်ရယ်လို့ ဖြစ်လာပြီဆိုရင်လည်း ပြုပြင်ပြောင်းလဲရေးကို လုပ်မှာလား၊ နိုင်ငံပြုသုခမိန် လောက်ထိ သူ့အခန်းကဏ္ဍကို တိုးချဲ့မှာလား။ နိုင်ငံတည်ဆောက်ရေးသမားအဖြစ် အောင်မြင်ခဲ့တဲ့ ခေါင်းဆောင်တွေ ရှိခဲ့ပါတယ်။ သူတို့တွေရဲ့ နောက်ကွယ်က အကြောင်းတရား  (background context) ကို မူတည်ပြီး သူတို့ရဲ့ ခေါင်းဆောင်မှု စတိုင်လ်တွေ မတူဘူး။ ကိုယ့်ရဲ့ ခေါင်းဆောင်မှု စတိုင်လ်က ဘာလဲ၊ ဘယ်လိုလဲဆိုတာ အမြဲတမ်း ဆန်းစစ်ကြည့်မြင်နေရမယ် ထင်တယ်။ 


ကိုယ် ဦးဆောင်မယ့်လူ့အဖွဲ့အစည်းမှာ ဖြည်ထုတ်လို့ မရတဲ့ နောက်ကွယ်က ဇာစ်မြစ်‌တွေ ရှိတယ်။ ဒါတွေကို လူမှုဓလေ့နဲ့ နိုင်ငံရေးဓလေ့လို့ ပြောချင်တယ်။ ကိုယ့်လူမျိုးနဲ့ ကိုယ့်လူထုက ဘယ်လို လူမှုဓလေ့မျိုးမှာ စွဲမြဲ ထက်သန်သလဲ။ ဘယ်လိုနိုင်ငံရေးဓလေ့မျိုး ရှိသလဲ။ တိုင်းပြုပြည်ပြုခေါင်းဆောင်ကတော့ နောင် နှစ်ပေါင်း ၅၀ / ၁၀၀ လောက်ထိ ကျော်ကြည့်ပြီး ကိုယ့်တိုင်းပြည်ကို ဆွဲတင်ခဲ့ရမယ် ထင်တယ်။ လူတိုင်းမှာ အကန့်အသတ်ရှိတယ် ဆိုတာလည်း မမေ့သင့်ဘူး။ အထူးသဖြင့် ကိုယ့်ရဲ့ အသက်။ ဒီနေ့ခေတ် ဒီနေ့အခါမှာ လူလတ်ပိုင်းအရွယ်နဲ့ လူထုခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်ပိုင်းနေရာလောက်ကို ရောက်နေရင် အားသာချက်တွေ အများကြီး ရှိနေတယ်။ ဒါကို အချိန်မဆိုင်းဘဲ လုပ်သင့်တယ်။ အခုလုပ်မှ ကိုယ့်အသက် ၆၀ / ၇၀ လောက်မှာ မြင်သာမှာ။ သို့မဟုတ်ရင် မမှီဘူး။ 


〓 တိုင်းရေးပြည်သစ်အတွက် ခေါင်းဆောင်မှုတချို့ကို ပြောပါအုံး။ 


တိုင်းရေးပြည်သစ်မှာ ခေါင်းဆောင်မယ့်ပုဂ္ဂိုလ်ဟာ အိပ်မက် ရှိရလိမ့်မပေါ့။ ဒါဟာ ကိုယ့်တစ်ကိုယ်တော် အိပ်မက်ကနေ စတင်တယ်ပြောပေမယ့် ဒီမှာတင် ရပ်နေလို့ မရဘူး။ personal dream ကို national dream ဖြစ်အောင် လုပ်တတ်ရမယ်။ ဒီလိုပြောရတော့ ဒါက အတ္တဆန်တယ်လို့ ပြောကောင်းပြောမယ်။ မဟုတ်ပါဘူး။ ဒါက အတ္တဆန်တာ မဟုတ်ပါဘူး။ ခေါင်းဆောင်မှုဘာသာရပ်တွေကို လေ့လာရင် ခေါင်းဆောင်တွေရဲ့ ဘဝဖြတ်သန်းမှု၊ အတွေးအခေါ်နဲ့ သူတို့ရဲ့ ပညာရေးနောက်ခံ၊ သူတို့ စိတ်နေသဘောထားတွေ… စသည်ဖြင့် အားလုံးက လွှမ်းမိုးတာပါပဲ။ 


အမျိုးသားရေးခေါင်းဆောင်တစ်ယောက်ဟာ ကိုယ့်စိတ်ထဲက စိတ်ကူးအိပ်မက်ကို ကိုယ့်ပြည်သူလူထုနားလည်အောင် ရှင်းလင်းတင်ပြဟောပြောစည်းရုံးနိုင်ဖို့ လိုတယ်။ ကိုယ့်စိတ်ကူးထဲမှာ မြင်နေတဲ့ အရာကို ကိုယ့်လူထုကလည်း ကိုယ့်လို မြင်လာအောင် ခံစားလာရအောင် လုပ်ဖို့ လိုတယ်။ ကိုယ်တစ်ကိုယ်တည်း တိုင်းရေးပြည်သစ်အိပ်မက် မက်နေလို့မှ မရဘဲ။ တိုင်းရေးပြည်သစ်ကို အကောင်အထည်ဖော်တယ်ဆိုတာ  အစုအဖွဲ့နဲ့ team နဲ့ institution နဲ့ လုပ်ရတဲ့ကိစ္စ။ ပြီးတော့တစ်မျိုးသားလုံး နားလည်လက်ခံပြီး အတူချီတက်ရတဲ့ကိစ္စပဲ။ တစ်ကိုယ်တော်ကိစ္စမှ မဟုတ်တာ။ ဒီတော့ တစ်ကိုယ်တော်ကျိတ် လုပ်လို့မရဘူး။ ကိုယ်မြင်ထားတဲ့ တိုင်းပြည်သစ် နိုင်ငံသစ်ဟာ ဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတာကို မရောက်ခင် ကတည်းက ကိုယ့်လူထုကို ခေါင်းထဲမှာ စွဲစွဲမြဲမြဲ မြင်လာအောင် စည်းရုံးဖို့ကလည်း အရေးကြီးသေးတယ်။ 


လူထုက တိုင်းပြည်သစ်ကို မြင်လာမှ သူတို့ဟာ ကိုယ်ပုံဖော်မယ့် တိုင်းပြည်သစ်ကို အတူ လိုက်ပါချင်မှာပေါ့။ အိပ်မက်တွေကို ဝေမျှဖို့က အမျိုးသားခေါင်းဆောင်ဖြစ်လာမယ့် နိုင်ငံသစ်ရဲ့ ဖခင်တွေမှာ အရေးတကြီး လိုအပ်နေပါတယ်။ 


မင်းသေ့ 

နံနက် ၄း၂၁ 

၂၁ ၊ စက်တင်ဘာ၊ ၂၀၂၂။ 


www.minthayt.com

Sunday, September 18, 2022

Ripped Physique ဖြစ်အောင်

 ခန္ဓာကိုယ်မှာကြွက်သားတွေကွဲပြားပေါ်လွင်နေတဲ့_Body_ရအောင်ဘယ်လိုတည်ဆောက်မလဲ။




           🟡  ခန္ဓာကိုယ်မှာအဆီနည်းပြီး Six Pack နဲ့ကြွက်သားတွေကွဲပြားပေါ်လွင်နေတဲ့ Body မျိုးကို (Ripped Physique) လို့ခေါ်ပါတယ်၊ အလို (Ripped Physique) Body မျိုးလိုချင်တယ်ဆိုရင် အချက် (5) ချက်ကိုသိပြီးလိုက်နာဖို့လိုပါတယ်။


📄 အဲ့ဒီအချက် (5) ချက်ကဘာတွေလဲဆိုတော့ 


    (1) Fat Loss (အဆီချခြင်း)📉


    (2) Muscle Growth (ကြွက်သားကြီးထွားအောင် လုပ်ခြင်း) 📈


    (3) Workout (လေ့ကျင့်ခန်း) 🧾


    (4) Diet (စားသောက်မူပုံစံ) 🍝🥗


    (5) Consistency (မှန်ကန်စွာ လိုက်နာခြင်း) 💪


1⃣ Fat Loss (အဆီချခြင်း)📉


         ကျွန်တော်တို့ခန္ဓာကိုယ်မှာကြွက်သားတွေ ကွဲပြားပေါ်လွင်နေအောင်မြင်ရဖို့ဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အဆီပမာဏကိုပထမဦးဆုံးလျှော့ချပေးဖို့လိုပါတယ်၊ အဆီပမာဏလျှော့ချရုံနဲ့ ကြွက်သားတွေကွဲပြားပေါ်လွင်အောင်မြင်ရလို့လားမေးမယ်ဆိုရင် လူသားအားလုံးရဲ့ခန္ဓာကိုယ်မှာ အခြေခံအားဖြင့်ကြွက်သားဆိုတာရှိပြီးသားဖြစ်ပြီး အရေပြားအောက်ကအဆီလွှာကကြွက်သားကိုအပြင်မှာ မမြင်ရအောင်ပိတ်ပင်ထားခြင်းဖြစ်ပါတယ်၊ ဒါကြောင့်ကြွက်သားတွေ ကွဲပြားပေါ်လွင်နေအာင်မြင်ဖို့ဆိုရင် ပထမဦးဆုံးအဆီပမာဏကို လျှော့ချဖို့လိုပါတယ်။


2⃣ Muscle Growth (ကြွက်သားကြီးထွားအောင် လုပ်ခြင်း) 📈


         ဒုတိယအချက်အနေနဲ့ ကြွက်သားတွေကိုကြီးထွားအောင်လုပ်ဖို့လိုပါတယ်၊ အခုဘဲကြွက်သားတွေကရှိပြီးသားလို့ပြောတယ် ၊ ကြီးထွားအောင်လုပ်ဖို့လိုလို့လားမမေးပါနဲ့ ကြွက်သားတွေက ရှိပြီးသားဆိုပေမဲ့ကောင်းကောင်းကြီးထွားနေတဲ့ ကြွက်သားတွေမဟုတ်တာကြောင့် (Ripped Physique) ရဖို့အတွက်ကိုယ်ကိုယ်တိုင်ဘဲကြီးထွားအောင်လုပ်ပေးဖို့လိုပါတယ်၊ ဒါမှသာကြွက်သားတွေ ကွဲပြားပေါ်လွင်နေတဲ့ခန္ဓာကိုယ်အချိုးအစားကို ရရှိမှာဖြစ်ပါတယ်။


3⃣ Workout (လေ့ကျင့်ခန်း)🧾


         (Ripped Physique) ရဖို့အတွက်ကစားတဲ့ကစားနည်းပိုင်းကို Cutting ပိုင်းလို့ခေါ်ပါတယ်၊ တချို့သူတွေ Muscle ခွဲတယ်လို့လည်းပြောကြပါတယ်၊ သတော်များများလူတွေက ဒီ Cutting ပိုင်းမှာဘယ်လိုကစားနည်းမျိုးကစားရမလဲဆိုတာကိုမသိကြရှာပါဘူး၊ အလေးနည်းနည်းနဲ့ အကြိမ်များများကစားရမလား (သို့မဟုတ်) အလေးများများနဲ့ အကြိမ်နည်းနည်းကစားရမလားဆိုပြီး သတော်များများတွေဝေနေတတ်ကြပါတယ်။


          ကျွန်တော် Personal Trainer တစ်ယောက်အနေနဲ့ကျွန်တော့်အတွေ့အကြုံ အရပြောမယ်ဆိုရင် Cutting လုပ်နေတဲ့အခါမှာအစားအသောက်ပုံစံကကိုယ်လိုအပ်တဲ့ Calorie ထက်လျှော့စားရတာမို့လို့ အလေးအများကြီးမှနိုင်မှာ မဟုတ်ပါဘူး၊အဲ့ဒါကြောင့် အလေးနည်းနည်းနဲ့ အကြိမ်အရေများများကစားတာကို ပိုဦးစားပေးပါတယ်။  


4⃣ Diet (စားသောက်မူပုံစံ) 🍝🥗


          Fat Loss လုပ်တဲ့အချိန်မှာဘဲဖြစ်ဖြစ် Muscle Growth လုပ်တဲ့အချိန်မှာဘဲဖြစ်ဖြစ် Diet (စားသောက်မူပုံစံ)က ကွက်တိကျဖြစ်နေမှ ထိုဖြစ်စဉ်တွေဟာလည်းပုံမှန် ဖြစ်နေမှာဖြစ်ပါတယ်၊ (Ripped Physique) ရရှိဖို့အတွက် Calorie Deficit Diet ကိုမှီဝဲရမှာဖြစ်ပြီး Calorie Deficit Diet ဆိုတာက မိတ်ဆွေတို့ခန္ဓာကိုယ်မှာ လိုအပ်တဲ့ Calorie က 2200 ဆိုပါစို့ Calorie Deficit Diet လုပ်ချိန်မှာ 2000 Calorie သာစားရမှာဖြစ်ပါတယ်။


           အလိုမျိုးစားသုံးချိန်မှာ ခန္ဓာကိုယ်ကအစားအသောက်မှရရှိတဲ့ Energy ကိုစုပ်ယူလိုက်ပြီး ကျန်လိုအပ်တဲ့ Energy အတွက် ခန္ဓာကိုယ်ထဲမှာနဂိုရှိနေတဲ့ အဆီပမာဏထဲက Energy ကိုသာစုပ်ယူမှာဖြစ်ပါတယ်၊ Fat Loss လုပ်တဲ့အချိန်မှာဘဲဖြစ်ဖြစ် Muscle Growth လုပ်တဲ့အချိန်မှာဘဲဖြစ်ဖြစ် Protein ဓာတ်ကမရှိမဖြစ်အရေးကြီးဆုံး တစ်ခုပါ၊ မိမိရဲ့ Bodyweight  2.5 or 3g of Protein စားပေးဖို့လိုပါတယ် ဘာကြောင့်လဲဆိုတော့ ပုံမှန်ကစားသမားထက် Cutting လုပ်တဲ့အခါမျိုးမှာ Fat loss လုပ်ရတာကြောင့် Fat နဲ့အတူ Muscle ပါ Loss ဖြစ်နိုင်တာကြောင့် Protein ဓာတ်ကိုပိုမိုမှီဝဲပေးဖို့လိုပါတယ်။


5⃣ Consistency (မှန်ကန်စွာ လိုက်နာခြင်း)💪


           အလွန်အရေးပါတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်၊ Fat Loss ဘဲဖြစ်ဖြစ် Muscle Growth ဘဲဖြစ်ဖြစ်ချက်ချင်းဖြစ်လာမှာမဟုတ်ပါဘူး ၊ Diet နဲ့ Training အပြောင်းအလဲလုပ်ပေးပြီး ပျက်ကွက်မူမရှိ Follow လုပ်နေမှသာ လအကြာမှာ Result ရရှိလာမှာဖြစ်ပါတယ်၊ ဒီ (Ripped Physique) ရဖို့ဆိုရင်လုံးဝရေမသောက်ဘဲနေရမယ်လို့တစ်ယောက်ယောက်ပြောရင် Trainer ကိုယ်တိုင်ပြောရင်တောင်မယုံလိုက်ပါနဲ့၊


            အဲ့ဒီလိုမျိုးလုပ်တာက တချို့ ပြိုင်ပွဲဝင် Bodybuilder တွေသာလုပ်တာဖြစ်ပြီးသူတို့တောင်မှပြိုင်ပွဲအတွက်တစ်ပတ်အလိုမှ ရေကို (4) ဗူးမှ (3)ဗူး (3) ဗူးမှ (2) ဗူးစသဖြင့်အဆင့်ဆင့်သာလျှော့ချတာ ဖြစ်ပြီးတစ်ခါတည်းဘယ်သူမှရေမဖြတ်ပါဘူး၊ တစ်ယောက်ယောက်ကအလိုရေဖြတ်မှရမယ် ပြောတယ်ယ်ဆိုရင်မှတ်ထားပါပြောတဲ့သူက ဒီအပိုင်းနဲ့ပက်သက်ပြီး Knowledge မကြွယ်ဝဘူးဆိုတာ။ 👍🏻🤝🎉


        


Posted By #Aung_Ko_Oo

#Freelance_Personal_Trainer

Contact:💻💻📲📲📩📩📩

Ph :📱📱 09-973422146

Saturday, September 17, 2022

မန်းရွှေမြို့တော်၏ လေးပြင်လေးရပ်၊ ရပ်ကွက် (၅၄) ရပ်ကွက်အကြောင်း

ရတနာပုံ မန်းရွှေမြို့တော်၏ လေးပြင်လေးရပ်၊ ရပ်ကွက် (၅၄) ရပ်ကွက်အကြောင်း




မန္တလေးမြို့တည်နန်းတည် 

မင်းတုန်းမင်းကြီးသည် 

သက္ကရာဇ် ၁၂၂၄ ခုနှစ် 

တပေါင်းလပြည့်ကျော် ၄ ရက် နေ့ 

ရတနာပုံမြို့တော်လေးပြင်လေးရပ်တွင် 

မှူးတော်မတ်တော်မှစ၍ 

ဆင်းရဲသားပြည်သူများပါ မကျန်

နေရာဝေငပေးချခဲ့ပြီး 

ရပ်ကွက်ပေါင်း ၅၄ ခု ကို 

အမည်နာမသမုတ်၏။


မန္တလေးမြို့သည် 

ဘာသာ၊ သာသနာ၊ စာပေ၊ ယဉ်ကျေးမှု 

မြို့တော်ဖြစ်မည့် အတိတ်နိမိတ်အတိုင်း 

မြန်မာဆန်သော ထီးဟန်၊ နန်းဟန်

အဓိပ္ပါယ်ပြည့်ဝသော အမည်များဖြင့် 

ရပ်ကွက်အမည်များ မှည့်ခေါ်ခဲ့၏။


အချို့ရပ်ကွက်များသည် 

ရတနာသိင်္ဃပြည်ရွှေဘို၊ အင်းဝ၊ အမရပူရ 

မြို့တော်များမှ မြစ်ဖျားခံခဲ့ပြီး 

အချို့လည်း ရာဇဝင်သမိုင်းဆိုင်ရာ 

အမည်များဖြစ်၏။ 

အချို့လည်း ဒေသအလိုက် နေရာအခေါ်များ

ပေးခဲ့၏။


မင်းတုန်းမင်းသည် 

အလျားအနံ ၁၂ ပြစီရှိသော 

စတုရန်းကွက်ကြီကို အုတ်ရိုး၊ ကျုံး ဖြင့်ကာရံလျက် "လေးကျွန်းအောင်မြေ" ဟုအမည်ပေးခဲ့သည်။ 

ရပ်ကွက် ၅၄ ဌာနကို အောက်ပါအတိုင်း 

အမည်ပေးခဲ့ပါသည်။


အရှေ့ပြင် ၇ ရပ်ကွက်

၁။ ကျွန်လုံးမော် *

၂။ ဝိဇယမဟီ *

၃။ ဇေယျမင်္ဂလာ *

၄။ ဘူမိဇေယျာ *

၅။ မဟာဇေယျဘုံ

၆။ ပြည်ကြီးမျက်မှန်

၇။ ပြည်ကြီးမျက်ရှင်


တောင်ပြင် ၁၃ ရပ်ကွက်

 ၈။ ပတ်ကုန်းပျော်ဘွယ်

 ၉။ ဇမ္ဗူမျက်ရှင်*

၁၀။ ပတ်ကုန်းဝန်းကျင်

၁၁။ ရန်မျိုးလုံ

၁၂။ မဟာနွယ်စဉ်

၁၃။ သကျနွယ်စဉ်

၁၄။ မောရဂီဝါ

၁၅။ စိတ်တရမဟီ

၁၆။ ဟေမာဇလ

၁၇။ ကၪၥဏမဟီ

၁၈။ ဟေမမာလာ

၁၉။ ချမ်းမြသာစည်

၂၀။ အောင်ချမ်းသာ *


အနောက်ပြင် ၂၉ ရပ်ကွက်

၂၁။ အမရစံခေါင်

၂၂။ အမရဌာနီ

၂၃။ ပြည်လုံးချမ်းသာ

၂၄။ မဃေဂီရိ

၂၅။ ပုလဲငွေရောင်

၂၆။ ပြည်ကြီးကျက်သရေ

၂၇။ အောင်မြေရန်လုံ *

၂၈။ ဇမ္ဗူကြငှန်း *

၂၉။ ချမ်းအေးသာဇံ

၃၀။ တုလွတ်ရန်အောင် *

၃၁။ ဘေးမဲ့လွတ်ရှောင် *

၃၂။ အောင်နန်းရိပ်သာ

၃၃။ ရတနာဘူမိ

၃၄။ မဟာအောင်မြေ

၃၅။ ကျွန်းလုံးကြေညာ *

၃၆။ ရွှေဘုန်းရှိန်

၃၇။ ကျွန်းလုံးဥသျှောင်

၃၈။ တမ္ပဝတီ

၃၉။ သန်လျက်မော်

၄၀။ စိန်ပန်း

၄၁။ ဒေးဝန်း

၄၂။ ပြည်ကြီးပျော်ဘွယ်

၄၃။ သီရိဟေမာ

၄၄။ သီရိမာလာ

၄၅။ အောင်မြေသာစံ 

၄၆။ ပြည်ကြီးရန်လုံ

၄၇။ မင်းတဲအီကင်

၄၈။ ဘုန်းတော်ရောင် *

၄၉။ ညောင်ကွဲ


မြောက်ပြင် ၅ ရပ်ကွက်

၅၀။ မြကျွန်းတန်ဆောင် *

၅၁။ မြနန်းအောင်မြေ * 

၅၂။ မြနန်းစံရာ *

၅၃။ မြနန်းဘုံသာ * 

၅၄။ မြကျွန်းမြေငူ * 


ထိုသို့ ရပ်ကွက်ပေါင်း ၅၄ ရပ်ကွက် 

သတ်မှတ်ခဲ့သော်လည်း


အရှေ့ပြင်မှ 

ကျွန်းလုံးမော်၊ ဝိဇယမဟီ၊ 

ဇေယျမင်္ဂလာ၊ ဘူမိဇေယျာ

ရပ်ကွက် ၄ ရပ်ကွက်


တောင်ပြင်မှ 

ဇမ္ဗူမျက်ရှင်၊ အောင်ချမ်းသာ  

ရပ်ကွက် ၂ ရပ်ကွက်


အနောက်ပြင်မှ 

အောင်မြေရန်လုံ၊ ဇမ္ဗူကြငှန်း၊ 

တုလွတ်ရန်အောင်၊ ဘေးမဲ့လွတ်ရှောင်၊  

ကျွန်းလုံးကြေညာ၊ ဘုန်းတော်ရောင် 

ရပ်ကွက် ၆ ရပ်ကွက်


မြောက်ပြင်မှ 

မြနန်းတန်ဆောင်၊ မြနန်းအောင်မြေ၊ 

မြနန်းစံရာ၊မြနန်းဘုံသာ၊ မြကျွန်းမြေငူ

ရပ်ကွက် ၅ ရပ်ကွက်


စုစုပေါင်း ၁၇ ရပ်ကွက်တို့သည် 

ပျောက်ကွယ်သွားခဲ့သည်။


ယခုအချိန်အခါတွင် မန္တလေးမြို့၏ 

ရပ်ကွက်ပေါင်း ၃၇ ရပ်ကွက်သာ

ရှေးအမည်အတိုင်း ထင်ရှားလျက် တည်ရှိပါသည်။


မင်းတုန်းမင်း အမည်နာမ သမုတ်ခဲ့သော

ရပ်ကွက်များ


(၁) ပြည်ကြီးမျက်မှန်ရပ်ကွက်


 မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင်

ပြည်ကြီးမျက်မှန်ရပ်ကွက်တည်ရှိသည်။

မြောက်ဘက် ၂၆ လမ်း မှ တောင်ဘက် ၂၉ လမ်း

အရှေ့ဘက် နဒီချောင်း မှ အနောက်ဘက် လမ်း 

၇၀ အထိ ကျယ်ဝန်းပြီး အကွက်ပေါင်း ၂၁ ကွက်

ပါဝင်သည်။


ပြည်ကြီးမျက်မှန်ရပ်ကွက်သည် မင်းတုန်မင်း

လက်ထက် ရပ်ကွက်အမည်များ မှည့်ခေါ်စဉ်က

ပင် အရှေ့ပြင် (၇) ရပ်ကွက်တွင် အပါအဝင် ဖြစ်

သည်။ တိုင်းပြည်၏ မျက်ရှူ့မှန်သဖွယ်ဖြစ်သော

ပုဂ္ဂိုလ်များ နေထိုင်ရာရပ်ကွက် ဟု အဓိပ္ပါယ် ရ

သည်။


ပြည်ကြီမျက်မှန်ရပ်ကွက်တွင် သီပေါမင်း တည်

ထား ကိုကွယ်ခဲ့သော လောကရန်နှိမ် အောင်တော်

မူ မြတ်စွာဘုရား တည်ရှိသည်။ ထိုဘုရားကို အစွဲ

ပြု၍ အောင်တော်မူရပ်ကွက် ဟုလည်းခေါ်ကြပါ

သည်။


(၂) ပြည်ကြီးမျက်ရှင်ရပ်ကွက်


 မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင်

ုပြည်ကြီးမျက်ရှင်ရပ်ကွက် တည်ရှိသည်။

အရှေ့ဘက် နဒီချောင်း မှ အနောက်ဘက်

လမ်း ၇၀ မြောက်ဘက် ၂၉ လမ်း မှ တောင်

ဘက် ၃၅ လမ်း အထိ ကျယ်ဝန်း၍ အကွက်

၁၇ ကွက် ရှိသည်။


ပြည်ကြီးမျက်ရှင်ရပ်ကွက်သည် မင်းတုန်းမင်း

အမည်ပေးခဲ့သော အရှေ့ပြင် (၇) ရပ်ကွက်တွင်

ပါဝင်သည်။ ကျောက်မျက်ကဲ့သို့ အဖိုးတန်သည့်

အရပ် ဟု အဓိပ္ပါယ် ရပါသည်။


(၃) ပတ်ကုန်းဝန်းကျင်ရပ်ကွက်


 မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင်

ပတ်ကုန်းဝန်းကျင်ရပ်ကွက် တည်ရှိသည်။

လမ်း ၇၀ နှင့် ၇၃ လမ်း ကြား၊ ၂၆ လမ်း နှင့်

လမ်း ၃၀ ကြား ဖြစ်ပြီး အကွက်ပေါင်း ၁၂ ကွက်

ပါဝင်သည်။


ပတ်ကုန်းဝန်းကျင်ရပ်ကွက်သည် မင်းတုန်မင်း

အမည်ပေးခဲ့သော တောင်ပြင် ၁၃ ရပ်ကွက်တွင်

ပါဝင်သည်။ ရတနာပုံခေတ်က နန်းတော်ဝန်းကျင်

အမှုထမ်းများ အစောင့်အမှုထမ်းများ မာရဘင်

အမှုထမ်းများ အများဆုံး နေရာချထားသည့် ရပ်

ကွက် ဖြစ်သည်။


ပတ်ကုန်းဝန်းကျင်ရပ်ကွက်တွင် ရွှေလှံအစုအမှု

ထမ်းများ နှင့် ရွှေလှံအစုကို အုပ်ချုပ်ရသူ ရွှေလှံ

ဗိုလ် ကောလင်းမြို့စား ဦးချက် တို့ နေထိုင်ခဲ့ဖူး

သဖြင့် ရှေလှံရပ် ဟူ၍လည်း လူသိများပါသည်။


(၄) ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်


 ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်သည် မန္တလေးမြို့

ချမ်းအေးသာစံမြို့နယ်တွင် တည်ရှိသည်။ လမ်း

၃၀ နှင့် ၃၅ လမ်း ကြား၊ ၆၆ လမ်း နှင့် လမ်း၇၀

ကြား ဖြစ်သည်။


မင်းတုန်းမင်း အမည်ပေးခဲ့သော တောင်ပြင် (၁၃)

ရပ်ကွက်တွင် ပတ်ကုန်းပျော်ဘွယ်ရပ်ကွက် ပါဝင်

သည်။ ရတနာပုံခေတ်က မင်းမှုထမ်းများ နေထိုင်

ရာ ရပ်ကွက်ဖြစ်ပါသည်။


(၅) ရန်မျိုးလုံရပ်ကွက်


 မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်တွင်

ရန်မျိုးလုံရပ်ကွက် တည်ရှိသည်။ လမ်း၇၀ နှင့်

၇၃ လမ်း ကြား၊ လမ်း ၃၀ နှင့် ၃၅ လမ်း ကြား

ဖြစ်ပြီး အကွက်ပေါင်း ၁၅ ကွက် ပါဝင်သည်။


ရန်မျိုးလုံရပ်ကွက်သည် မင်းတုန်းမင်း လက်ထက်

ရပ်ကွက် အမည်များ မှည့်ခေါ်စဉ်ကပင် တောင်ပြင်

၁၃ ရပ်ကွက်တွင် အပါအဝင်ဖြစ်သည်။


ရတနာပုံခေတ်က မင်းမှုထမ်းများ နေထိုင်ခဲ့သော

အရပ်ဖြစ်ပြီး ရန်မျိုးစုံလုံခြုံကင်းဝေးရာအရပ် ဟူ

သော အဓိပ္ပါယ်ဖြင့် ရန်မျိုးလုံရပ်ကွက် ဟု မှည့်

ခေါ်ထားခြင်းဖြစ်ပါသည်။


(၆) စိတ္တရမဟီရပ်ကွက်


 မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင်

စိတ္တရမဟီရပ်ကွက်တည်ရှိသည်။ ၇၃ လမ်း နှင့်

၇၆ လမ်း ကြား၊ ၂၆ လမ်း နှင့် လမ်း ၃၀ ကြား

ဖြစ်ပြီး အကွက်ပေါင်း ၁၁ ကွက် ပါဝင်သည်။


စိတ္တရမဟီရပ်ကွက်သည် မင်းတုန်မင်း အမည်ပေး

ခဲ့သော တောင်ပြင် ၁၃ ရပ်ကွက်တွင် အပါအဝင်

ဖြစ်သည်။ ရတနာပုံခေတ်က မင်းမှုထမ်းများ

စာရေးဆရာ အနုပညာရှင်များ နေထိုင်ခဲ့ကြသော

ရပ်ကွက်ဖြစ်သည်။ စာဆိုတော်ကြီးများဖြစ်သည့်

အချုပ်တန်းဆရာဘေ နှင့် စလေဦးပုည တို့ နေ

ထိုင်ခဲ့သည်။


စိတ္တရမဟီဟူသည်မှာ ဆန်းကြယ်သည့်မြေ ဟု

အဓိပ္ပါယ်ရပါသည်။


(၇) မောရဂီဝါရပ်ကွက်


 မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင်

မောရဂီဝါရပ်ကွက် တည်ရှိသည်။ ၇၃ လမ်း နှင့်

၇၆ လမ်းကြား လမ်း ၃၀ နှင့် ၃၅ လမ်းကြား ဖြစ်

ပြီး အကွက်ပေါင်း ၁၅ ကွက် ရှိသည်။


မောရဂီဝါရပ်ကွက်သည် မင်းတုန်းမင်း ရပ်ကွက်

အမည်များ မှည့်ခေါ်စဉ်ကပင် တောင်ပြင် ၁၃

ရပ်ကွက်တွင် အပါအဝင် ဖြစ်သည်။ ရတနာပုံ

မန္တလေးမြို့ တည်စဉ်က ဤအရပ်၌ လှပသော

ဒေါင်းတစ်ကောင် မြင်လိုက်ရ၍ မင်္ဂလာရှိစွာဖြင့်

မောရဂီဝါရပ်ကွက် ဟု မှည့်ခေါ်ကြောင်း ပါးစပ်

သမိုင်း ပြောဆိုကြသည်။ မောရဂီဝါ ဟူသည်

ပါဠိဘာသာဖြင့် ဥဒေါင်းလည်တိုင် ဟု အဓိပ္ပါယ်

ရ၏။


ရတနာပုံခေတ်က မောရဂီဝါရပ်ကွက်တွင်

မင်းမှုထမ်းများ ရွှေချည်ထိုးလုပ်ငန်းလုပ်ကိုင်

ကြသူများ နေထိုင်ရာ အရပ် ဖြစ်ပါသည်။


(၈) ဟေမာဇလရပ်ကွက်


 မန္တလေးမြို့ ချမ်းအေးသာစုံမြို့နယ်တွင်

ဟေမာဇလရပ်ကွက် တည်ရှိသည်။ ၇၆ လမ်း နှင့်

၇၉ လမ်းကြား၊ ၂၆ လမ်း နှင့် လမ်း ၃၀ ကြား ဖြစ်

ပြီး အကွက်ပေါငိး ၁၁ ကွက် ရှိသည်။


ဟေမာဇလရပ်ကွက်သည် မင်းတုန်မင်း အမည်

ပေးခဲ့သော တောင်ပြင် ၁၃ ရပ်ကွက် ပါဝင်သည်။

နန်းတော်နှင့် နီးကပ်သော ရပ်ကွက် ဖြစ်သဖြင့်

အမှုထမ်း အရာထမ်း များကို နေရာချထားသော

ရက်ကွက် ဖြစ်၏။ ဟေမာဇလရပ်ကွက်တွင်

မင်းတုန်းမင်း၏ ကောင်းမှုတော် ဆုတောင်းပြည့်

မြတ်စွာဘုရား တည်ရှိသည်။


ဟေမာဇလသည် ပာဠိစကားဖြစ်ပြီး

ဟေမာ သည် ရွှေ

ဇလ သည် ရေ

ဟူ၍ အဓိပ်ပါယျရပွီး

အဖိုးတန်သော ရွှေရေမြေတို့ဖြင့် ပြည့်စုံသော အရပ်

ဟု ဆိုလိုဟန် ရှိပါသည်။


(၉) ကဉ္စနမဟီရပ်ကွက်


 မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင်

ကဉ္စနမဟီရပ်ကွက် တည်ရှိသည်။ ၇၆ လမ်း နှင့်

လမ် ၈၀ ကြား၊ လမ်း ၃၀ နှင့် ၃၅ လမ်းကြား ဖြစ်

သည်။


ကဉ္စနမဟီရပ်ကွက်သည် မင်းတုန်းမင်း ရတနာပုံ

နေပြည်တော် တည်စဉ်ကပင် တောင်ပြင် ၁၃ ရပ်

ကွက် အနက် တစ်ခုဖြစ်သည်။ ရွှေချည်ထိုး လက်

မှုပညာသည်များ နေထိုင်ခဲ့ကြပြီး အရှေ့ရွှေချည်

ထိုးဝင်း အနောက်ရွှေချည်ထိုးဝင်း များ တည်ရှိ

ခဲ့သည်။


ကဉ္စနမဟီရပ်ကွက် ဟော်ကုန်းရပ် ၃၁လမ်း နှင့်

၇၇ လမ်း ထောင့်တွင် ရွှေဘုံသာမြတ်စွာဘုရား

တည်ရှိသည်။ ဖန်ချက်ဝန် မင်းထင်ပညာသိဒ္ဓိ

ကျော်ခေါင် ပုရပိုက် မှတ်တမ်းအရ ဤရွှေဘုံသာ

ဘုရား အပါအဝင် မန္တလေးမြို့ပေါ်တွင် ရွှေဘုံသာ

ဘုရားငါးဆူရှိပြီး သီရိဓမ္မာသောကမင်းကြီး တည်

ထားခဲ့ရာမှ မင်းရှင်စော ဗဒုံမင်း မင်းတုန်းမင်း တို့

လက်ထက် ပြုပြင်ခဲ့ကြကြောင်း သိမှတ်ရသည်။


ပာဠိဘာသာအားဖြင့်

ကဉ္စန ဟူသည် ရွှေ

မဟီ ဟူသည် မြေကြီး

ဖြစ်သည်။

ထို့ကြောင့် ကဉ္စနမဟီ ဟူသည်မှာ "ရွှေမြေ" ဟု

အဓိပ္ပါယ်ရပါသည်။


(၁၀) စကြာနွယ်စဉ်ရပ်ကွက်


 မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင်

စကြာနွယ်စဉ်ရပ်ကွက် တည်ရှိသည်။ ၇၃ လမ်း

၇၆ လမ်း ကြား ၃၅ လမ်း နှင့် ၃၈ လမ်း ကြား

ဖြစ်ပြီး အကွက် ၉ ကွက် ရှိသည်။


စကြာနွယ်စဉ်ရပ်ကွက်သည် မင်းတုန်မင်း အမည်

ပေးခဲ့သော တောင်ပြင် ၁၃ ရပ်ကွက်တွင် ပါဝင်

သည်။ ရတနာပုံခေတ်က အမြောက်တပ် အမှုထမ်း

များ နေထိုင်ရာ ရပ်ကွက်ဖြစ်၏။ အထူးသဖြင့်

စကြာအမြောက်တပ် အမှုထမ်းများ ဖြစ်ကြ၏။

စကြာအမြောက်မှာ လက်ဖြင့်တွန်းရွေ့ သွားရသော

အမြောက်တစ်မျိုးဖြစ်သည်။


ရတနာပုံခေတ်က စကြာအမြောက်တပ် မင်္ဂလာ

အမြောက်တပ် ဆူးလေးကုန်းအမြောက်တပ်

ဗုံးအိုးအမြောက်တပ် ဟူ၍ဘုရင့် အမြောက်တပ်

လေးတပ် ရှိသည်။ စကြာနွယ်စဉ်ရပ်ကွက်ကို

အရပ်သုံး အနေဖြင့် အမြောက်တန်းရပ် ဟု ခေါ်

ဆိုကြပါသည်။


(၁၁) မဟာနွယ်စဉ်ရပ်ကွက်


 မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင်

မဟာနွယ်စဉ်ရပ်ကွက်တည်ရှိသည်။ ၆၉ လမ်း

နှင့် ၇၃ လမ်းကြား ၃၅ လမ်း နှင့် ၄၁ လမ်းကြား

ဖြစ်ပြီး အကွက် ၁၃ ကွက် ပါဝင်သည်။


 မဟာနွယ်စဉ်ရပ်ကွက်သည် မင်းတုန်းမင်း အမည်

သမုတ်ခဲ့သော တောင်ပြင် ၁၃ ရပ်ကွက်တွင် အပါ

အဝင် ဖြစ်သည်။ မဟာမျိုး မဟာနွယ် ဆွေတော်

မျိုးတော် များ နေထိုင်ရန် အကွက်ချမှတ်ပေးသော

ရပ်ကွက်ဖြစ်သော်လည်း ဆွေတော်မျိုးတော်များ

အကွက်မရှိပေ။ မင်းတုန်းမင်း စိုက်ပျိုးခဲ့သော

မဟာဗောဓိပင် တည်ရှိသည်။


 ရတနာပုံခေတ်က ဒိုင်းစုအမှုထမ်းများ မိရိုဖလာ

ခြင်းလုံးကြိမ်လုပ်ငန်းလုပ်ကိုင်သူများ ဗြဟ္မဏ

ပုဏ္ဏားများ နေထိုင်ခဲ့ကြပါသည်။


(၁၂) ဟေမမာလာရပ်ကွက်


 မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင်

ဟေမမာလာရပ်ကွက် တည်ရှိသည်။ ယခုအခါ

ဟေမမာလာမြောက်ရပ်ကွက် နှင့် ဟေမမာလာ

တောင်ရပ်ကွက် ဟူ၍ ခွဲခြားထားသည်။


 ဟေမမာမြောက်ရပ်ကွက်သည် ၇၆ လမ်း နှင့် 

လမ်း ၈၀ ကြား၊ ၃၅ လမ်း နှင့် ၃၈ လမ်းကြား

ဖြစ်ပြီး အကွက် ၁၀ ကွက် ပါဝင်သည်။

ဟေမမာလာမြောက်ရပ်ကွက်ကို မျက်ပါးရပ်

ဟုလည်း ခေါ်ဝေါ်ကြသည်။


 ဟေမမာလာတောင်ရပ်ကွက်သည် ၇၈ လမ်း နှင့်

လမ်း ၈၀ ကြား၊ ၃၇လမ်း နှင့် ၄၂ လမ်း ကြား ဖြစ်

ပြီး အကွက် ၉ ကွက် ပါဝင်သည်။


 ဟေမမာလာရပ်ကွက်သည် မင်းတုန်းမင်း အမည်

ပေးခဲ့သော တောင်ပြင် ၁၃ ရပ်ကွက်တွင် ပါဝင်

သည်။ 


ရတနာပုံခေတ်က 

ရွှေမျက်ပါးခတ်ပညာရှင်များ၊ 

ရွှေချည်ထိုးလုပ်ငန်းလုပ်ကိုင်ကြသူများ၊ 

ပုတီးလုပ်ငန်းလုပ်ကိုင်ကြသူများ၊ 

စာတိုက်ဗီရိုလုပ်ငန်းလုပ်ကိုင်ကြသူများ၊ 

မြေတိုင်းအစုအမှုထမ်းများ

နေထိုင်ရာအရပ် ဖြစ်သည်။


 ဟေမမာလာရပ်ကွက်သည် ရွှေကို အထူးပြုခေါ်ဝေါ်သည့် ရပ်ကွက် ဖြစ်သည်။ ပါဠိဘာသာဖြင့် ဟေမ သည် ရွှေ၊ မာလာသည် ပန်းဟု အဓိပ္ပါယ်ရသည်။


 မျက်ပါးရပ်သည် မျက်-ရွှေ ဟု အဓိပ္ပါယ်ရှိပြီး

ရွှေကိုပါးအောင် ရွှေဆိုင်းဖြစ်လာအောင် ခတ်လုပ်

သူများ နေထိုင်ရာ အရပ်ဖြစ်သဖြင့် ရွှေမျက်ပါးရပ်

ဟု ခေါ်သည်။ ရွှေမျက်ပါးရပ်မှ မျက်ပါးရပ် ဟူ၍

ခေါ်ဝေါ်လာကြပါသည်။


(၁၃) ချမ်းမြသာစည်ရပ်ကွက်


 မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် ချမ်းမြသာစည်မြောက်ရပ်ကွက် တည်ရှိပြီး အကွက် ၁၀ ကွက် ပါဝင်သည်။ ချမ်းမြသာစည်မြို့နယ်တွင် ချမ်းမြသာစည်

တောင်ရပ်ကွက် တည်ရှိပြီး အကွက်ပေါင်း၂၆ ကွက် ပါဝင်သည်။


 ချမ်းမြသာစည်ရပ်ကွက်သည် မင်းတုန်းမင်း ရပ်ကွက်အမည်များ မှည့်ခေါ်စဉ်ကပင် တောင်ပြင် ၁၃ ရပ်ကွက်အနက် တစ်ခုဖြစ်သည်။


 ချမ်းမြသာစည်ရပ်ကွက်တွင် စေတီဘုရားများ

အမရပူရခေတ် ရတနာပုံခေတ် ကျောင်းတိုက်ကြီး

များ တည်ရှိသည်။ ရှေးယခင်ကတည်းကပင်

ဆိုင်းပညာရှင်များ သဘင်ပညာရှင်များ နေထိုင်

ရာ ရပ်ကွက် ဖြစ်ပါသည်။


(၁၄) ချမ်းအေးသာစံရပ်ကွက်


 မန္တလေးမြို့ ချမ်အေးသာစံမြို့နယ်တွင်

ချမ်းအေးသာစံရပ်ကွက် တည်ရှိသည်။

ချမ်းအေးသာစံရပ်ကွက်သည် မင်းတုန်းမင်း

ရပ်ကွက်အမည်များ သတ်မှတ်စဉ်ကပင်

အနောက်ပြင် ၂၉ ရပ်ကွက် အဝင်ဖြစ်သည်။

ရတနာပုံခေတ်က လူမျိုးစုံ နေရာချပေးသော

ရပ်ကွက် ဖြစ်သည်။


 ယခုအခါ ချမ်းအေးသာစံ ရပ်ကွက်ကို ချမ်းအေးသာစံအရှေ့ရပ်ကွက်

ချမ်းအေးသာစံအလယ်ရပ်ကွက်

ချမ်းအေးသာစံအနောက်ရပ်ကွက်

ဟူ၍ ခွဲခြားထားသည်။


 ချမ်းအေးသာစံအရှေ့ရပ်ကွက်သည် လမ်း ၈၀

နှင့် ၈၂ လမ်း ကြား၊ ၂၆ လမ်း နှင့် လမ်း ၃၀ ကြား

ြုဖစ်ပြီး အကွက် ၈ ကွက် ရှိသည်။ ရတနာပုံခေတ်

က ယိုးဒယားစျေး ဟု အမည်တွင်သောစျေးတစ်ခု 

ရှိခဲ့ဘူးသည်။ ရှေးအခါက ဝက်မစွတ်ဝန်ထောက်

မင်း နေခဲ့သော အရပ်ဖြစ်သည်။


 ချမ်းအေးသာစံအလယ်ရပ်ကွက်သည် ၈၂ လမ်း

နှင့် ၈၄ လမ်း ကြား၊ ၂၆ လမ်း နှင့် လမ်း ၃၀ ကြား

ဖြစ်ပြီး အကွက် ၈ ကွက် ရှိသည်။ ချမ်းအေးသာစံ

အလယ်ရပ်ကွက်တွင် အင်းဝခေတ် ရှင်ဘို့မယ်

မိဖုရား တည်ထားခဲ့သော ရှင်ဘို့မယ်ဘုရား နှင့်

ယိုးဒယား(ထိုင်း)နွယ်ဖွားများ တည်ထားခဲ့သည့်

ဘုရားသုံးဆူ တည်ရှိသည်။ ရှေးအခါက မြို့ဝန်

ဦးသာအိုး နေထိုင်ခဲ့ရာ အရပ်ဖြစ်သည်ဟု မှတ်

သားရသည်။


ချမ်းအေးသာစံအနောက်ရပ်ကွက်သည် ၈၄ လမ်း

နှင့် ၈၆ လမ်း ကြား၊ ၂၆ လမ်း နှင့် လမ်း ၃၀ ကြား

ဖြစ်ပြီး အကွက် ၈ ကွက် ပါဝင်သည်။ ချမ်းအေး

သာစံအနောက်ရပ်ကွက်တွင် စျေးကြိုတော်ကြီး

တည်ရှိသည်။ ရှေးအခါက ပင့်သာမင်းသမီး နေ

ထိုင်ခဲ့သည့် အရပ် ဖြစ်ပါသည်။


(၁၅) အောင်နန်းရိပ်သာရပ်ကွက်


 မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင်

အောင်နန်းရိပ်သာရပ်ကွက် တည်ရှိသည်။

အောင်နန်းရိပ်သာရပ်ကွက်သည် မင်းတုန်းမင်း

လက်ထက် ရပ်ကွက်အမည်များ မှည့်ခေါ်စဉ်က

ပင် အနောက်ပြင် ၂၉ ရပ်ကွက်တွင် ပါဝင်သည်။


 အောင်နန်းရိပ်သာအမည်မှာ မင်းတုန်မင်း၏

ခမည်းတော် သာယာဝတီမင်းကြီး ယာယီစံနန်း

တော် တည်ဆောက်စိုးစံ အောင်မြင်ရာအရပ်ကို

အကြောင်းပြု၍ မန္တလေးမြို့ တည်ပြီးနောက်

မှည့်ခေါ်ခြင်း ဖြစ်သည်။ မင်းတုန်းမင်း မင်းသား

ဘဝက နေထိုင်ခဲ့သောအရပ်လည်းဖြစ်သည်။


 ယခုအခါ အောင်နန်းရိပ်သာအရှေ့ရပ်ကွက် နှင့်

အောင်နန်းရိပ်သာအနောက်ရပ်ကွက် ဟူ၍

ခွဲခြားထားသည်။


 အောင်နန်းရိပ်သာအရှေ့ရပ်ကွက်သည် လမ်း ၈၀

မှ ၈၄ လမ်း ကြား နှင့် လမ်း ၃၀ မှ ၃၅ လမ်း ကြား

အတွင်း ဖြစ်ပြီး အကွက်ပေါင်း ၂၀ ရှိ၍ ကျယ်ပြန့်

သော ရပ်ကွက်ဖြစ်သည်။လမ်း ၃၀၊ ၈၃ လမ်း နှင့် ၈၄လမ်းကြားတွင် ပန်းပဲမင်းကြီးဦးမှို တည်ထား

သော လမ်းလယ်ဘုရား တည်ရှိသည်။ ရှေးအခါက

ကျောက်သွေးလုပ်ငန်းလုပ်ကိုင်ကြသူများ

ဆေးရိုးထောင်းလုပ်ငန်းလုပ်ကိုင်ကြသူများ

ဂုန္တန်ထိုးပညာရှင်များ အပ်ချုပ်အမှုထမ်းများ

ပန်းချီဆရာများ ဗိသုကာပညာရှင်များ

နေထိုင်ကြသည်။


အောင်နန်းရိပ်သာအနောက်ရပ်ကွက်သည်

၈၄ လမ်း မှ ၈၆ လမ်း ကြား နှင့် လမ်း ၃၀ မှ 

၃၅ လမ်းကြား ဖြစ်ပြီး အကွက် ၁၂ ကွက် ရှိသည်။

အောင်နန်းရိပ်သာအနောက်ရပ်ကွက်တွင် ထင်ရှား

သော သမိုင်းဝင်ဘုရားများ ဖြစ်သော

မဟာသကျသီဟဘုရား နှင့်

ရှင်ပင်ပက်လက်ရေစက်လက်ဘုရား

များ တည်ရှိသည်။ ရှေးအခါက ကြယ်ခတ်ပညာရှင်

များ ဖန်ကျီပညာရှင်များ ဟင်္သာပြဒါးလုပ်ငန်းလုပ်

ကိုင်သူများ ကုန်သည်ပွဲစားများ နေထိုင်ခဲ့ကြပါ

သည်။


(၁၆) ရတနာဘုမ္မိရပ်ကွက်


 မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင်

ရတနာဘုမ္မိရပ်ကွက် တည်ရှိသည်။ မင်းတုန်းမင်း

လက်ထက် ရပ်ကွက်အမည်များ မှည့်ခေါ်စဉ်ကပင်

အနောက်ပြင် ၂၉ ရပ်ကွက် အဝင်ဖြစ်သည်။


 ရတနာဘုမ္မိ ကို ရတနာမြေ ဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင်

သည်။ ယခုအခါ ရတနာဘုမ္မိအရှေ့ရပ်ကွက် နှင့်

ရတနာဘုမ္မိအနောက်ရပ်ကွက် ဟူ၍ ခွဲခြားသတ်မှတ်

ထားသည်။


 ရတနာဘုမ္မိအရှေ့ရပ်ကွက်သည်  လမ်း ၈၀ မှ ၈၃

လမ်း ကြား၊ ၃၅ လမ်း မှ ၃၈ လမ်း ကြား ဖြစ်ပြီး အ

ကွက် ၉ ကွက် ပါဝင်သည်။ ရတနာဘုမ္မိအရှေ့ရပ်

ကွက်တွင် မင်းတုန်မင်း သတ်မှတ်ပေးခဲ့သော ညွန့်

ှု့ပေါင်းစျေး တည်ရှိသည်။ ယခုအခါ မန်းရတနာစျေး

 ဖြစ်သည်။ ရှေးအခါက ကမ္မဝါလုပ်ငန်းလုပ်ကိုင်ကြသူများ လွှထောင်လုပ်ငန်းလုပ်ကိုင်သူများ ဖိနပ်လုပ်

ငန်းလုပ်ကိုင်ကြသူများ အရုပ်နှင့်ပဲရောင်းချသူများ 

ဇာတ်သဘင်အနုပညာရှင်များ နေထိုင်ခဲ့ကြသည်။


 ရတနာဘုမ္မိအနောက်ရပ်ကွက်သည် ၈၃ လမ်း နှင့်

ရွေတချောင်းမြောင်းကြား၊ ၃၅ လမ်း နှင့် ၃၈ လမ်း

ကြား ဖြစ်ပြီး အကွက် ၉ ကွက် ရှိသည်။ ရတနာဘုမ္မိ

အနောက်ရပ်ကွက်တွင် ဒဟတ္တောဝိဇယစေတီ

မုန့်တီစုရပ်သဲပုံစေတီ နှင့် မြတောင်ကျောင်းတိုက်

တို့ တည်ရှိသည်။ ရှေးယခင်က ကွမ်းခြံနှင့်ကွမ်းဆက်

သသူများ တံငါသည်များ မြင်းခွာရိုက်လုပ်ငန်းလုပ်

ကိုင်ကြသူများ ယိုးဒယားနွယ်ဖွားများ နေထိုင်ခဲ့ကြ

သည်။ ရုပ်သေးကိုင် မင်းသားကြီး ဦကျားကြီး နေ

ထိုင်ရာ အရပ်လည်း ဖြစ်ပါသည်။


(၁၇) မဟာအောင်မြေရပ်ကွက်


 မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင်

မဟာအောင်မြေရပ်ကွက် တည်ရှိသည်။

မင်းတုန်းမင်း အမည်ပေးခဲ့သော အနောက်ပြင်

၂၉ ရပ်ကွက်တွင် ပါဝင်သည်။ မဟာအောင်မြေ

ရပ်ကွက်သည် လမ်း ၈၀ မှ ရွှေတချောင်းမြောင်း

ကြား၊ ၃၈ လမ်း မှ ၄၂ လမ်းကြား ဖြစ်သည်။


 မဟာအောင်မြေမှာ အလွန်ထူးခြားကြီးကျယ်သည့် အောင်မြေကို ဖော်ညွှန်းခြင်းဖြစ်သည် ဟု

ဖွင့်ဆိုနိုင်သည်။ မဟာအောင်မြေရပ်ကွက်တွင် ပေါင်းလဲရွှေသာလျောင်းဘုရား၊

မြသိန်းတန်ဆုတောင်းပြည့်ဘုရား၊ 

ရှေးဟောင်းစေတီများ၊

ပေါက်မြိုင်ကျောင်းတိုက်၊

မဟာအောင်မြေ(ပေါင်းလဲ)ကျောင်းတိုက်၊

ရဟိုင်းစျေး(မန်းမြို့စျေး)တည်ရှိသည်။


 ရှေးအခါက 

အချိတ်လုံချည် ရက်လုပ်ပေးရသော ပညာသည်များ၊

ပွတ်လုံး(ပန်းပွတ်) ပညာသည်များ၊

မြန်မာ့ရိုးရာ ကလေးဆောင်းထီး လုပ်ကိုင်ကြသူများ၊

လှည်းယဉ်ပြုလုပ်သူများ၊

ခုံတော်ဖိနပ်လုပ်ကိုင်ကြသူများ၊

မုန့်စိမ်းပေါင်းလုပ်ကိုင်ကြသူများ၊

ယိုးဒယား(ထိုင်း)အဆက်အနွယ်များနေထိုင်ခဲ့ကြသည်။


 ယခုအခါ မဟာအောင်မြေအရှေ့ရပ်ကွက် နှင့်မဟာအောင်မြေအနောက်ရပ်ကွက် ဟူ၍ ခွဲခြားထားသည်။ မဟာအောင်မြေအရှေ့ရပ်ကွက်တွင် အကွက် ၈ ကွက် ပါဝင်ပြီး မဟာအောင်မြေအနောက်ရပ်ကွက်တွင် အကွက် ၁၁ ကွက် ပါဝင်ပါသည်။


(၁၈) ကျွန်းလုံးဥသျှောင်ရပ်ကွက်


 မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင်ကျွန်လုံးဥသျှောင်ရပ်ကွက် တည်ရှိသည်။ အကွက်ပေါင်း ၁၃ ရပ်ကွက် ပါဝင်သည်။


ကျွန်းလုံးဥသျှောင်ရပ်ကွက်သည် မင်းတုန်းမင်းအမည်နာမသမုတ်ခဲ့သော အနောက်ပြင် ၂၉ရပ်ကွက် အတွင်း အပါအဝင်ဖြစ်သည်။


 မဟာမုနိဘုရားကြီး ကိန်းဝပ်ရာ ဇမ္ဗူကျွန်းလုံး

၏ အထွတ်အမြတ်နေရာဖြစ်၍ ကျွန်းလုံးဥသျှောင်

ရပ်ကွက်ဟု အမည်ပေးခဲ့သည်။


 ကျွန်းလုံးဥသျှောင်ရပ်ကွက်တွင်

မဟာမုနိဘုရားကြီး၊

အာနန္ဒာဘုရား၊

ရှင်မာလဲဘုရား၊

သားတော်ရဘုရား၊

ဦးပွားဘုရား၊

လောကထွဋ်ခေါင်ဖော်တော်ဦးစေတီ စသည့် သမိုင်းဝင် ဘုရားစေတီ

များ နှင့်

နန္ဒိသေနာရာမတိုက်

ဒက္ခိဏာရာမဘုရားကြီးတိုက်

တောင်ထီးလင်းတိုက်

အသောကရာမတိုက်

ဇေယျမင်္ဂလာတိုက်

မင်္ဂလာဇေယျုံတိုက်

ငါးစို့တိုက်

ရွှေရေးဆောင်တိုက်

မဟာဓမ္မိကရာမတိုက် စသည့် ထင်ရှားသောဘုန်းတော်ကြီးကျောင်းတိုက်များ တည်ရှိသည်။


 ရှေးအခါ ကျွန်းလုံးဥသျှောင်ရပ်ကွက်တွင် ကြေးသွန်း(ပန်းတဉ်း)ပညာရှင်များ၊

ကျောက်ဆစ်(ပန်းတမော့)ပညာရှင်များ၊ ပန်းပဲပညာရှင်များ၊

သံထီးလုပ်ငန်းပညာရှင်များ နေထိုင်ခဲ့ကြသည်။

ယခုတိုင် ဘိုးစဉ်ဘောင်ဆက်လုပ်ငန်း လုပ်ကိုင်

ကြသူများ ရှိပါသည်။


(၁၉) သီရိဟေမာရပ်ကွက်


 မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင်

သီရိဟေမာရပ်ကွက် တည်ရှိသည်။ မင်းတုန်းမင်း

အမည်ပေးခဲ့သော အနောက်ပြင် ၂၉ ရပ်ကွက်တွင်

ပါဝင်သည်။


 ပါဠိဘာသာစကားအားဖြင့်

သီရိ သည် ကျက်သရေရှိသော

ဟေမာသည် ရွှေဖြစ်သည်။

ထို့ကြောင့် သီရိဟေမာ အမည်သည်

" ရွှေကဲ့သို့ ကျက်သရေရှိရာအရပ် "

 ဟု အဓိပ္ပါယ်ရသည်။


 သီရိဟေမာရပ်ကွက်တွင်

ဆုတောင်းပြည့် ချမ်းသာရဘုရား၊

မဟာလောကရံသီ အိမ်တော်ရာစေတီ၊

ရှေးဟောင်းစေတီများ၊

ဆင်တံတား(ဆင်ကြီးနှစ်ကောင်)၊

မိကျောင်းတံတား၊

ခင်မကန်ကျောင်းတိုက်(အနောက်)၊

ငါးဆူကျောင်းတိုက်၊

စကုကျောင်းတိုက်၊

မေဃဝတီကျောင်းတိုက်၊

မိုးကောင်းကျောင်းတိုက်၊

ထီးလင်းကျောင်းတိုက်၊

ဒက္ခိဏဝန်ကျောင်းတိုက်၊

တို့ တည်ရှိသည်။


 ရှေးအခါက

မင်းမျိုးအဆက်အနွယ်များ၊

ပလိုင်းလက်စွဲအမှုထမ်းများ၊

ကုန်သည်ပွဲစားများ၊

အိမ်တော်ရာထီးလုပ်ငန်းလုပ်ကိုင်ကြသူများ၊

သင်္ကန်းလုပ်ငန်းလုပ်ကိုင်ကြသူများ နေထိုင်ခဲ့ကြသည်။


 ယခုအခါ သီရိဟေမာအရှေ့ရပ်ကွက် နှင့်

သီရိဟေမာအနောက်ရပ်ကွက် ဟူ၍ ခွဲခြား

ထားသည်။ သီရိဟေမာအရှေ့ရပ်ကွက်သည်

၈၆ လမ်း မှ လမ်း ၉၀ ကြား၊ ၂၆ လမ်း မှ ၂၉

လမ်း ကြား ဖြစ်ပြီး အကွက် ၁၁ ကွက် ရှိသည်။

သီရိဟေမာအနောက်ရပ်ကွက်သည် လမ်း ၉၀

နှင့် ဧရာဝတီမြစ် ကြား၊ ၂၆ လမ်း မှ လမ်း ၃၀

ကြား ဖြစ်ပြီး အကွက် ၁၆ ကွက် ပါဝင်ပါသည်။


(၂၀) သီရိမာလာရပ်ကွက်


 မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင် သီရမာလာရပ်ကွက် တည်ရှိသည်။ ၈၆ လမ်းမှ ဧရာဝတီကမ်းနားလမ်းကြား၊ ၂၂လမ်းမှ ၂၆လမ်းကြားဖြစ်သည်။


 သီရိမာလာရပ်ကွက်သည် မင်းတုန်းမင်း ရပ်ကွက်အမည်များ မှည့်ခေါ်စဉ်ကပင် အနောက်ပြင် ၂၉

ရပ်ကွက်တွင်ပါဝင်သည်။


 ပါဠိဘာသာအားဖြင့်

သီရိမှာ ကျက်သရေ

မာလာမှာ ပန်းဖြစ်သည်။

ထို့ကြောင့် သီရိမာလာ ဟူသော အမည်မှာ

"ကျက်သရေရှိသောပန်း" ဟု အဓိပ္ပါယ်ရသည်။


 သီရိမာလာရပ်ကွက်တွင်

ချမ်းသာကြီးဘုရား၊

ရွှေဘုံသာဘုရား၊

ဆင်တဲတိုက်ဟောင်း၊

ဆင်တဲတိုက်သစ် စသည်တို့ တည်ရှိသည်။


 ရှေးအခါက ရေကြည်တော်အမှုထမ်းများ၊

ဗြိတိသျှသံတမန်များ၊

သင်္ဘောအမှုထမ်းများ၊

ရွှေလောင်းလှေသမားများ၊

လှေလှော်သားများ နေထိုင်ခဲ့ကြသည်။


 ယခုအခါ သီရိမာလာအရှေရပ်ကွက် နှင့်သီရိမာလာအနောက်ရပ်ကွက် ဟူ၍ ခွဲခြားထားသည်။ သီရိမာလာအရှေ့ရပ်ကွက်တွင် အကွက် ၁၇ ကွက် ရှိ၍ သီရိမာလာအနောက်

ရပ်ကွက်တွင် အကွက် ၁၆ ကွက် ပါဝင်ပါသည်။


(၂၁) အမရဌာနီရပ်ကွက်

                      နှင့်

(၂၂) အမရစံခေါင်ရပ်ကွက်


 မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင်

အမရဌာနီရပ်ကွက်နှင့် အမရစံခေါင်ရပ်ကွက်

တို့ တည်ရှိသည်။


 ယခုအခါ အမရဌာနီအရှေ့ရပ်ကွက် နှင့်အမရဌာနီအနောက်ရပ်ကွက် ဟူ၍ ခွဲခြားထားပြီး အမရစံခေါင်ရပ်ကွက်သည် အမရဌာနီအရှေ့ရပ်

ကွက်တွင်ပါဝင်လာသည်။


 အမရဌာနီရပ်ကွက် နှင့် အမရစံခေါင်ရပ်ကွက်တို့သည် မင်းတုန်းမင်းအမည်ပေးခဲ့သောအနောက်ပြင် ၂၉ ရပ်ကွက်တွင် ပါဝင်သည်။


 အမရဌာနီရပ်ကွက်တွင်

အရိပ်မထွက်ဘုရား၊

ဗောင်းတော်ရ(ဗောင်တော်ကျ)ဘုရား၊

ရွှေဘုံသာဘုရား၊

သူရဲစျေး စသည်တို့ တည်ရှိသည်။


 ရှေးယခင်က

ထားဝယ်အစုအမှုထမ်းများ၊

သူရဲအစုအမှုထမ်းများ၊

သပိတ်လုပ်ငန်းလုပ်ကိုင်ကြသူများ၊

ပုရပိုက်လုပ်ငန်းလုပ်ကိုင်ကြသူများ၊

ပန်းပဲလုပ်ငန်းရှင်များ၊

လှည်းလုပ်ငန်းလုပ်ကိုင်ကြသူများနေထိုင်ခဲ့ကြပါသည်။


(၂၃) ပြည်လုံးချမ်းသာရပ်ကွက်


 မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင်

ပြည်လုံးချမ်းသာရပ်ကွက် တည်ရှိသည်။

လမ်း ၈၀ မှ ၈၆ လမ်း ကြား နှင့်

၁၂ လမ်း မှ ၁၆ လမ်း ကြား ဖြစ်သည်။


 ပြည်လုံးချမ်းသာရပ်ကွက်သည် 

မင်းတုန်းမင်းရပ်ကွက်အမည်များ 

မှည့်ခေါ်စဉ်ကပင် အနောက်ပြင်

၂၉ ရပ်ကွက်တွင်ပါဝင်သည်။

ပြည်လုံးချမ်းသာအမည်သည်

အေးငြိမ်းခြင်းဖြစ်ပြီး

တစ်ပြည်လုံးချမ်းသာရမည် ဟူသောအတိတ်လည်းဆောင်သည်။


 ရှေးအခါက

ထီးလုပ်ငန်းလုပ်ကိုင်ကြသူများ၊

ဝါးလုပ်ငန်းလုပ်ကိုင်ကြသူများ၊

အရာတော်အရပ်မှပြောင်း‌ရွှေ့ လာသူများ၊ မောင်းထောင်အရပ်မှပြောင်းရွှေ့လာသူများ၊ညောင်ကန်အရပ်မှပြောင်းရွှေ့လာသူများ၊

ဒိုဘီစုအမှုထမ်များ နေထိုင်ခဲ့ကြပါသည်။


(၂၄) ပုလဲငွေရောင်ရပ်ကွက်


 မန္တလေးမြို့၊အောင်မြေသာစံမြို့ နယ်တွင် ပုလဲငွေရောင်ရပ်ကွက် တည်ရှိသည်။ လမ်း ၈၀ မှ ၈၆ လမ်း ကြား၊၁၉ လမ်း မှ ၂၂ လမ်းကြား ဖြစ်ပြီး အကွက် ၁၂ ကွက် ပါဝင်သည်။


 ပုလဲငွေရောင်ရပ်ကွက်သည် မင်းတုန်မင်းလက်ထက် ရပ်ကွက်အမည်များ သတ်မှတ်စဉ်ကပင် အနောက်ပြင် ၂၉ ရပ်ကွက်တွင် ပါဝင်သည်။


 ပုလဲငွေရောင်ရပ်ကွက်တွင်

ဗောင်းတော်ကျဘုရား၊ဘုရားနီဘုရား၊ တဝဂူဘုရား၊သဲပုံစေတီ

ညောင်ပင်စျေးတို့တည်ရှိသည်။


 ရှေးအခါက မင်းမျိုးအနွယ်တော်များ၊ သင်္ကန်းချုပ်သူများ

ခဲလံချောင်းလုပ်ကိုင်သူများ

မြင်းအမှုထမ်းများ နေထိုင်ခဲ့ကြပါသည်။


(၂၅) ပြည်ကြီးကျက်သရေရပ်ကွက်


 မန္တလေးမြို့၊အောင်မြေသာစံမြို့ နယ်တွင်

ုပြည်ကြီးကျက်သရေရပ်ကွက် တည်ရှိသည်။

လမ်း ၈၀ မှ ၈၆ လမ်းကြား ၂၂ လမ်း မှ ၂၆ လမ်း

ကြား ဖြစ်သည်။ မင်းတုန်းမင်း ရပ်ကွက်အမည်များ

မှည့်ခေါ်စဉ်ကပင် အနောက်ပြင် ၂၉ ရပ်ကွက်တွင်

ပါဝင်သည်။


 ပြည်ကြီးကျက်သရေ ဟူသည်

"ကျက်သရေ မင်္ဂလာအပေါင်း နှင့် ပြည့်စုံသော

အရပ်" ဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင်သည်။

ယခုအခါ ပြည်ကြီးကျက်သရေအရှေ့ရပ်ကွက်

နှင့် ပြည်ကြီးကျက်သရေအနောက်ရပ်ကွက် ဟူ၍

ခွဲခြားထားသည်။


 ပြည်ကြီးကျက်သရေရပ်ကွက်တွင် 

ရွှေကျီးမြင်ဘုရား တည်ရှိသည်။ 

ရတနာပုံခေတ်က

ရတနာပုံနေပြည်တော် သတင်းစာတိုက် 

မန်ကျည်းပင်စျေး

တို့ တည်ရှိခဲ့ပြီး ယခု မရှိတော့ပေ။


 ရှေးအခါက 

မြင်းကြီးစာရေး

အကောက်ခွန်ဝန်မင်း

မြန်မာ့ရွှေထီးလုပ်ငန်း လုပ်ကိုင်ကြသူများ

မြန်မာ့နန်းတွင်းသုံးဓားများ လုပ်ကိုင်ရောင်းချသူများ၊သံလုပ်ငန်းလုပ်ကိုင်သူများ စသည်တို့နေထိုင်ခဲ့ကြပါသည်။


(၂၆) မင်းတဲအီကင်းရပ်ကွက်


 မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်တွင်

မင်းတဲအီကင်းရပ်ကွက် တည်ရှိသည်။

မင်းတုန်းမင်းလက်ထက် ရပ်ကွက်အမည်များ

မှည့်ခေါ်စဉ်ကပင် အနောက်ပြင် ၂၉ ရပ်ကွက်

တွင် အပါအဝင် ဖြစ်သည်။ 

မင်းတဲအီကင်းရပ်ကွက်၌ အကွက် ၂၇ ကွက်

ပါဝင်သည်။


 မင်းတဲအီကင်းရပ်ကွက်သည် အင်းဝခေတ်က

တည်းကပင် မင်းတဲရွာ နှင့် ကီပြင်ရွာ ဟူ၍

တည်ရှိခဲ့သည်။ ကီပြင် ဟု ခေါ်ဆိုကြရာမှ

ကာလကြာသောအခါ အီကင်း ဟူ၍ ဖြစ်လာ

သည်။


 အမရပူရခေတ် သာယာဝတီမင်းသည်

မင်းတဲအီကင်းအရပ်သို့ ယာယီပြောင်းရွေ့

စံနန်းတော်မူခဲ့သည်။


 မင်းတဲအီကင်းရပ်ကွက်တွင်

ရတနာမဉ်ဇူဘုရား

ရှင်ပင်တုတ်ရိုက်စေတီ

ရှစ်မျက်နှာစေတီ

                           စသည်တို့နှင့် ရှေးဟောင်း

စေတီဘုရားများ.တည်ရှိပါသည်။


(၂၇) ညောင်ကွဲရပ်ကွက်


 မန္တလေးမြို့၊အောင်မြေသာစံမြို့ နယ်တွင်

ညောင်ကွဲရပ်ကွက် တည်ရှိသည်။

မင်းတုန်းမင်း ရပ်ကွက်အမည်များ

မှည့်ခေါ်စဉ်ကပင် အနောက်ပြင် ၂၉

ရပ်ကွက်တွင် ပါဝင်သည်။


 ညောင်ကွဲရပ်ကွက်သည်

မန္တလေးမြို့ မတည်ခင် ရှေးအခါကပင်

ဧရာဝတီမြစ် အရှေ့ဘက်ကမ်း အနီးတွင်

ညောင်ကွဲရွာ ဟု တည်ရှိခဲ့သည်။


 ညောင်ကွဲရပ်ကွက်တွင်

ရှင်အရဟံနေဝင်သိမ်

ဂူကြီးကုန်း

တို့ တည်ရှိသည်။


 ညောင်ကွဲရပ်ကွက် အတွင်း၌

ညောင်ကွဲမြောက်

ညောင်ကွဲအလယ်

ညောင်ကွဲတောင်

ဖိုးပေကုန်းမြောက်

ဖိုးပေကုန်းတောင်

အောင်ပြည်သာ

အောင်သပြေ

စသည့် ရပ်ကွက်များ ပါဝင်ပါသည်။


(၂၈) ပြည်ကြီးရန်လုံရပ်ကွက်


 မန္တလေးမြို့အောင်မြေသာစံမြို့ နယ်

၁၀ လမ်း နှင့် ၁၇ လမ်း ကြား

၈၆ လမ်း နှင့် ၈၈ လမ်း ကြား တွင်

ပြည်ကြီးရန်လုံရပ်ကွက် တည်ရှိသည်။


 ကြည်ကြီးရန်လုံရပ်ကွက်သည်

မင်းတုန်းမင်းလက်ထက် ရပ်ကွက်အမည်များ

မှည့်ခေါ်စဉ်ကပင် အနောက်ပြင် ၂၉ ရပ်ကွက်

တွင်ပါဝင်သည်။


 ပြည်ကြီးရန်လုံရပ်ကွက်တွင်

နေထွက်ဂူဘုရား

နေထွက်ဂူကျောင်းတိုက်

နိဿရည်းကျောင်းတိုက်

ပင်လယ်ကျောင်းတိုက်

ငါးကျမ်းကျောင်းတိုက်

ဂူကြီးကျောင်းတိုက်

လုံးတော်ကျောင်းတိုက်

မဟာစိတြာရာမကျောင်းတိုက်

တို့ တည်ရှိသည်။


 ရှေးအခါက အမြောက်သေနတ်စု

အမှုထမ်းများ နေထိုင်ခဲ့ကြသည်။

နှင်းဆီခြံစိုက်ပျိုး လုပ်ကိုင်သူ များသဖြင့်

နှင်းဆီခြံဟု လူသိများသည်။


 နှင်ဆီပန်း၊ သပြေပန်း၊ စံပယ်ပန်း၊ ဇွန်ပန်း

စသည့် ပန်းမျိုးစုံတို့ စိုက်ပျိုးဖြစ်ထွန်းသဖြင့်

ရပ်ကွက်အတွင်း ဆိုင်းထမ်းဖြင့် ပန်းများကို

အလှူခံပြီး မန္တလေးတောင်ပေါ် ဘုရားများသို့

လစဉ် လပြည့်ကျော် တစ်ရက် လဆန်း တစ်ရက်

နေ့တိုင်း ပန်းကပ်လှူသည့် ပန်းကပ်အသင်း

တည်ရှိသည်။


 ပန်းကပ်အသင်းကို 

သက္ကရာဇ် ၁၂၆၅(AD 1903) ခုနှစ်ကပင် 

စတင်တည်ထောင်ခဲ့သည်။ မူလက လပြည့်

လကွယ် နေ့တိုင်း ပန်းကပ်လှူလေ့ ရှိကြသော်

လည်း ရသေ့ကြီး ဦးခန္တီ လက်ထက်တွင်

အလှူခံပုံး သိမ်းဆည်းသော နေ့နှင့် ကြုံကြိုက်

သဖြင့် တစ်ရက်ရွေ့ဆိုင်း စီစဉ်ရခြင်းဖြစ်သည်။


 ဤကဲ့သို့ ပန်းကပ်အသင်းမျိုးကို

မန္တလေးမြို့ တွင်သာ တွေ့ရပါသည်။


(၂၉) မေဃဂီရိရပ်ကွက်


 မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်

၁၆ လမ်း နှင့် ၁၉ လမ်း ကြား

လမ် ၈၀ နှင့် ရွှေတချောင်းမြောင်း ကြား တွင်

မေဃဂီရိရပ်ကွက် တည်ရှိသည်။


 မေဃဂီရိရပ်ကွက်သည် မင်းတုန်းမင်း

ရပ်ကွက်အမည်များ မှည့်ခေါ်စဉ်ကပင်

အနောက်ပြင် ၂၉ ရပ်ကွက်တွင် ပါဝင်သည်။


 မေဃဂီရိရပ်ကွက်တွင်

နန်းမြို့တော် စည်ရှည်ဓာတ်တံခါးကို အစွဲပြု၍

မှည့်ခေါ်သော စည်ရှည်ရပ် ခေါ် စက်ရှင်ရပ်

ထင်ရှားမိတ်တံခါးကို အစွဲပြု၍ မှည့်ခေါ်သော

ထင်ရှားဝင်း

ရန်နှင်မိတ်တံခါကို အစွဲပြု၍ မှည့်ခေါ်သော

ရန်နှင်ဝင်း(ရန်နိုင်ဝင်း)

တို့ တည်ရှိသည်။


 ရှေးအခါက

မင်းမျိုးအနွယ်တော်များ

မဟာဒါန်ဝန်

ကျီဝန်မင်း

သံတော်ဆင့် အမှုထမ်းများ

ကသည်း မြင်းတပ်သားများ

ပတ္တမြားသွေးသူများ

အိုးတော်လုပ်ငန်းလုပ်ကိုင်ကြသူများ

စသည်တို့နေထိုင်ခဲ့ကြသည်။


 မေဃဂီရိရပ်ကွက်၌ မြန်မာဘုရင်များ

လက်ထက်က မီးပြအာရုံတော်အသင်း

တည်ရှိခဲ့သည်။ 

မဟာမုနိဘုရားကြီးသို့ ဝါတွင်းဥပုတ်နေ့

များတွင် ဆွမ်းတော်ကြီးကပ် လှည့်လည်

သည့်အခါ ရှေ့ဆုံးမှနေ၍ မီးအိမ်ပြပေးရ

သဖြင့် မီးပြအာရုံတော်အသင်း ဟု အမည်

တွင်သည်။

ဘုရားကြီးသို့ ရောက်ရှိသော အခါ၌လည်း

ဆွမ်းတော်ကပ်လှူနိုင်ရန် မီးအိမ်များဖြင့်

မီးပြပေးကြရ၏။ အချို့ က မီးအိမ်များကို

ထွန်းညှိလျက် ခေါင်ထက်တင်ရွက်၍ မီးပြ

ပေးကြသည်။

နှောင်းခေတ်ကာလ လျှပ်စစ်မီးများ 

ပေါ်ပေါက်လာသောအခါ မီပြအာရုံတော်

အသင်းမှာ ပျောက်ကွယ်ခဲ့ပါသည်။


(၃၀) အောင်မြေသာစံရပ်ကွက်


 မန္တလေးမြို့၊အောင်မြေသာစံမြို့ နယ်

၁၇ လမ်း နှင့် ၂၂ လမ်း ကြား

၈၆ လမ်း နှင့် ၈၉ လမ်း ကြား တွင်

အောင်မြေသာစံရပ်ကွက် တည်ရှိသည်။

အကွက်ပေါင်း ၂၃ ကွက် ပါဝင်သည်။


 အောင်မြေသာစံရပ်ကွက်သည် 

မင်းတုန်းမင်း ရပ်ကွက်အမည်များ 

မှည့်ခေါ်စဉ်ကပင် 

အနောက်ပြင် ၂၉ ရပ်ကွက်တွင်

အပါအဝင် ဖြစ်သည်။


 အောင်မြေသာစံရပ်ကွက်တွင်

မဟာဒီပဲရင်းကျောင်းတိုက်

တိုက်တော်ကျောင်းတိုက်

ခေမာသီဝံကျောင်းတိုက်

အာလကပ္ပကျောင်းတိုက်

ရွှေပြည်ကျောင်းတိုက်

တို့ တည်ရှိသည်။


 ရှေးအခါက

မင်းတလဲမင်းသား

ရွှေပြည်ဝန်ကြီး

ကွမ်းရေတော်မင်း

ရွှေပြည်သေနတ်အမှုထမ်းများ

ကွမ်းဆက်သရသူများ

မဲနယ်ဆိုးလုပ်ငန်းလုပ်ကိုင်ကြသူများ

မီးသွေးဖုတ်လုပ်ငန်းလုပ်ကိုင်ကြသူများ

စသည့်သူတို့ နေထိုင်ခဲ့ကြပါသည်။


(၃၁) ပြည်ကြီးပျော်ဘွယ်ရပ်ကွက်


 မန္တလေးမြို့. ချမ်းအေးသာစံမြို့ နယ်တွင်

ပြည်ကြီးပျော်ဘွယ်ရပ်ကွက် တည်ရှိသည်။

မင်းတုန်းမင်း ရပ်ကွက်အမည်များ မှည့်ခေါ်

စဉ်ကပင် အနောက်ပြင် ၂၉ ရပ်ကွက် အဝင်

ဖြစ်သည်။


 ယခုအခါ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်

နှင့် ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်

ဟူ၍ ခွဲခြားထားသည်။ 

ပြည်ကြီးပျော်ဘွယ်အရှေ့.ရပ်ကွက်တွင် 

အကွက် ၁၂ ကွက် ပါဝင်ပြီး

ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်တွင်

အကွက် ၂၃ ကွက် ပါဝင်သည်။


 ပြည်ကြီးပျော်ဘွယ်ရပ်ကွက်တွင်

ရွှေဘုံသာဘုရား

ကိုးလုံးတကာဘုရား

ပြည်လုံးအေးစေတီ

ရှေးဟောင်းစေတီများ

ပုဂံကျောင်းတိုက်

အနောက်ထီးလင်းကျောင်းတိုက်

ပြည်ကျော်စျေး(ဦးတာရဲစျေး)

သမီးတော်စျေး(ကျောက်ဆစ်စျေး)

စသည်တို့ တည်ရှိသည်။


 ရှေးအခါက

ဥယျာဉ်အုပ်မင်း

ကျောက်ဆစ်သမားများ

ကုန်သည်ပွဲစားများ

ပုဏ္ဏားများ

စသည်တို့ နေထိုင်ခဲ့ကြသည်။


 ပြည်ကြီးပျော်ဘွယ်အရှေ့ ရပ်ကွက်

ရွှေတချောင်းအနီးတွင် ဓာတ်နန်းရပ်

တည်ရှိသည်။ သက္ကရာဇ် ၁၂၀၆ ခု တွင်

အမရပူရ ဒုတိယနန်းတည် သာယာဝတီမင်း

သည် ယတြာကိန်းခန်းအရ ဓာတ်နန်းတည်

ဆောက်၍ စံမြန်းနေထိုင်ခဲ့သဖြင့် ဓာတ်နန်းရပ်

ဟု အမည်တွင်ခဲ့ပါသည်။


(၃၂) ဒေးဝန်းရပ်ကွက်


 မန္တလေးမြို့. မဟာအောင်မြေမြို့ နယ်တွင်

ဒေးဝန်းအရှေ့.ရပ်ကွက် တည်ရှိပြီး အကွက်

၁၇ ကွက် ပါဝင်သည်။ ချမ်းအေးသာစံမြို့ နယ်

တွင် ဒေဝန်းအနောက်ရပ်ကွက် တည်ရှိပြီး

အကွက် ၁၈ ကွက် ပါဝင်သည်။


 ဒေဝန်းရပ်ကွက်သည် 

မင်းတုန်းမင်းလက်ထက် ရပ်ကွက်အမည်များ

ပေးအပ်စဉ်ကပင် အနောက်ပြင် ၂၉ ရပ်ကွက်

အဝင် ရပ်ကွက်ကြီးတစ်ခု ဖြစ်၍

အမရပူရခေတ်ကပင် တည်ရှိခဲ့ပြီး

သာယာဝတီမင်းလက်ထက်၌ ယာယီစံနန်းတော်

တည်ဆောက်ကာ ခေတ္တစံတော်မူခဲ့သည်။


 ဒေးဝန်းအရှေ့ ရပ်ကွက်တွင်

ရတနာပုံသာဘုရား

ကင်းဝန်မင်းကြီးကျောင်းတိုက်

ရွှေအင်ပင်ကျောင်းတိုက်

လေသာကျောင်းတိုက်

ငွေတောင်ကျောင်းတိုက်

ပုဂံကျောင်းတိုက်

တောင်ခွင်မင်းကြီးကျောင်းတိုက်

မစိုးရိမ်ကျောင်းတိုက်

တို့ တည်ရှိသည်။


 ရှေးအခါက ဒေဝန်းအရှေ့ ရပ်ကွက်တွင်

လှည်းလုပ်ငန်းလုပ်ကိုင်သူများ

ကျောက်မျက်လုပ်ကိုင်သူများ

စသည့် သူတို့ နေထိုင်ခဲ့ကြသည်။


 ဒေးဝန်းအနောက်ရပ်ကွက်တွင်

ဖောင်တော်ဝမ်းစေတီ

ဖောင်တော်ပဲ့စေတီ

သင်္ဂဇာရာမကျောင်းတိုက်

အကောက်ဝန်မင်းကျောင်းတိုက်

တို့ တည်ရှိပါသည်။


(၃၃) စိန်ပန်းရပ်ကွက်


 မန္တလေးမြို့. မဟာအောင်မြေမြို့ နယ်

သင်္ဂဇာချောင်း နှင့် ဧရာဝတီမြစ် ကြား

၃၅ လမ်း နှင့် ၄၁ လမ်း ကြား တွင်

စိန်ပန်းရပ်ကွက် တည်ရှိပြီး အကွက်ပေါင်း

၃၅ ကွက် ပါဝင်သည်။


 စိန်ပန်းရပ်ကွက်သည် 

မင်းတုန်းမင်းလက်ထက် ရပ်ကွက်အမည်များ

မှည့်ခေါ်စဉ်ကပင် အနောက်ပြင် ၂၉ ရပ်ကွက်

တွင် ပါဝင်သည်။


 အိမ်ရှေ့ စံကနောင်မင်း အားပေးမှုကြောင့်

စိန်ပန်းရပ်ကွက်တွင် စက်မှုလက်မှုလုပ်ငန်းများ

ပေါ်ပေါက်လာခဲ့သည်။ ရတနာပုံခေတ်က 

ဝါဂွမ်းစက်ရုံ

သင်္ဘောတည်လုပ်ပြုပြင်စက်ရုံ

တို့ တည်ရှိခဲ့သည်။


 စိန်ပန်ရပ်ကွက်တွင်

ဖောင်တော်ဦးဘုရား

သာသနဓဇကျောက်တော်ကြီးဘုရား

ရတနာမုနိစေတီ

ဝါဆိုကျောင်းတိုက်

မစိုးရိမ်တိုက်သစ်

ဒိုင်းဝန်ကျောင်းတိုက်

ဝိဇ္ဇာလင်္ကာကျောင်းတိုက်

ဂေါဝိန်ဆိပ်ကမ်း

စသည်တို့ တည်ရှိသည်။


 ရှေးအခါက

ပန်းဘဲလုပ်ငန်းလုပ်ကိုင်ကြသူများ

ပန်းပွတ်လုပ်ငန်းလုပ်ကိုင်ကြသူများ

စာတိုက်ဘီရိုလုပ်ငန်းလုပ်ကိုင်ကြသူများ

လှေတော်အစုအမှုထမ်းများ

ဟိန္ဒူ လူမျိုးများ

စသည့်သူများ နေထိုင်ခဲ့ကြပါသည်။


(၃၄) တမ္ပဝတီရပ်ကွက်


 မန္တလေးမြို့၊ချမ်းမြသာစည်မြို့ နယ်တွင်

တမ္ပဝတီရပ်ကွက်တည်ရိုပြီး အကွက်ပေါင်း

၁၉ ကွက် အမည်နှင့် တည်ရှိသည်။ အကွက်

နံပါတ်လိုက်ဆိုလျင် အကွက်စိတ်ပေါင်း ၃၂

ကွက် သတ်မှတ်ထားသည်။


 တမ္ပဝတီရပ်ကွက်သည် မင်းတုန်မင်း ရပ်ကွက်

အမည်များ မှည့်ခေါ်စဉ်ကပင် အနောက်ပြင်

၂၉ ရပ်ကွက် အဝင် ဖြစ်သည်။


 "တမ္ပ" သည် ပါဠိဘာသာဖြင့် ကြေးနီဟု 

အဓိပ္ပါယ်ရပြီး "ဝတီ" မှာ နေရာဒေသ 

ဖြစ်သဖြင့် ကြေးနီလုပ်ငန်းများ လုပ်ကိုင်ရာ

အရပ် ဟု ဆိုနိုင်သည်။ တမ္ပဝတီရပ်ကွက်တွင်

အမရပူခေတ်ကပင် ကြေးသွန်း ကြေးခတ်

လုပ်ငန်းကို အစဉ်အဆက် လုပ်ကိုင်ခဲ့ကြသည်။


 တမ္ပဝတီရပ်ကွက်တွင်

မဟာစန္ဒာမုနိဘုရား

ရွှေစံကိုင်ဘုရား

စန္ဒာမုနိကျောင်းတိုက်

မှန်ကင်းကျောင်းတိုက်

ကတိုးကျောင်းတိုက်

ရွှေတိဂုံကျောင်းတိုက်

မာန်အောင်ကျောင်းတိုက်

ဆင်တဲကျောင်းတိုက်

ဘဝအေးကျောင်းတိုက်

                         စသည်တို့ တည်ရှိသည်။


 ရှေးအခါက

ကြေးသွန်း ကြေးခတ် လုပ်ငန်းလုပ်ကိုင်ကြ

သူများ

ပန်းပုလုပ်ငန်း လုပ်ကိုင်ကြသူများ

ပန်းပဲလုပ်ငန်း လုပ်ကိုင်ကြသူများ

သံထီးလုပ်ငန်း လုပ်ကိုင်ကြသူများ

မောင်းလုပ်ငန်း လုပ်ကိုင်ကြသူများ

ဆွမ်းချက်ကပ်ရသည့် အစုအမှုထမ်းများ

ကသည်းပုဏ္ဏားများ

              စသည့်သူများ နေထိုင်ခဲ့ကြပါသည်။


(၃၅) ရွှေဘုန်းရှိန်ရပ်ကွက်


 မန္တလေးမြို့၊မဟာအောင်မြေမြို့ နယ်

၄၁ လမ်း နှင့် ၄၅ လမ်းကြား 

၈၁ လမ်း နှင့် ရွှေတချောင်းမြောင်းကြားတွင်

ရွှေဘုန်းရှိန်ရပ်ကွက် တည်ရှိသည်။

အကွက်ပေါင်း ၁၆ ကွက် ပါဝင်သည်။


 ရွှေဘုန်းရှိန်ရပ်ကွက်သည်

မင်းတုန်းမင်း ရပ်ကွက်အမည်များမှည့်ခေါ်

စဉ်ကပင် အနောက်ပြင် ၂၉ ရပ်ကွက် အဝင်

ဖြစ်သည်။


ရွှေဘုန်းရှိန် ဟူသည်

မဟာမုနိ ဘုရားကြီး ဝန်းကျင် 

ဘုန်းကျက်သရေ မင်္ဂလာရှိသောအရပ် ဟု

ဆိုလိုခြင်း ဖြစ်သည်။


 ရွှေဘုန်းရှိန်ရပ်ကွက်တွင်

မင်းသားစုရပ်သဲပုံစေတီ

မြင်းဝန်မင်းကြီးကျောင်းတိုက်

ဘုရားကြီးစျေး

                 စသည်တို့ တည်ရှိသည်။


 ရှေးအခါက

လှေသင်းအတွင်းဝန်ဦးရွှေမောင်

ရွှေတုံးလှေတော်အမှုထမ်းများ

မင်းစံလှေတော်အမှုထမ်းများ

မြန်မာ့ရိုးရာ အရုပ်ပွလုပ်ငန်း လုပ်ကိုင်ကြ

သူများ

                နေထိုင်ခဲ့ကြပါသည်။


 (၃၆)သံလျက်မော်ရပ်ကွက်


 သံလျက်မော်ရပ်ကွက်သည် 

ရှေးဟောင်းရပ်ကွက်ကြီး တစ်ခုဖြစ်ပြီး

မင်းတုန်းမင်းလက်ထက် ရပ်ကွက်အမည်များ

မှည့်ခေါ်စဉ်ကပင် အနောက်ပြင် ၂၉ ရပ်ကွက်

အဝင်ဖြစ်သည်။


 သံလျက်မော် ဟူသော အမည်သည် 

သရက်မော် အမည်မှ ဆင်းသက်လာခြင်းဖြစ်

သည် ဟုဆို၏။ အမရပူရခေတ်က ဧရာဝတီ

မြစ်ကမ်း တစ်လျှောက်တွင် ပေါက်ရောက်

နေသော သရက်ပင်များကို အစွဲပြု၍

မင်းတုန်းမင်းလက်ထက်  ယာယီစံနန်းတော်

တည်ရှိရာနေရာကို သရက်မော်စံနန်း ဟု အမည်

ပေးခဲ့သည်။ အမရပူရခေတ်အခါက သရက်တစ်

ပင် သရက်နှစ်ပင် ဒေသမျ ား ရှိခဲ့ဘူး၏။


 ယခုအခါ 

သံလျက်မော်အရှေ့

သံလျက်မော်အနောက်

သံလျက်မော်တောင်

ဟူ၍ ရပ်ကွက်ကြီး သုံးခု ခွဲခြားသတ်မှတ်ထား

သည်။ သံလျက်မော်အရှေ့ နှင့် သံလျက်မော်အ

နောက် ရပ်ကွက်တို့သည် မဟာအောင်မြေမြို့ နယ်

အတွင်း တည်ရှိပြီး သံလျက်မော်တောင်ရပ်ကွက်

မှာ ချမ်းမြသာစည်မြို့ နယ်တွင် တည်ရှိသည်။


 သံလျက်မော်အရှေ့ ရပ်ကွက်၌ အကွက်ပေါင်း

၂၃ ကွက် ရှိပြီး လူနေစိတ်သောရပ်ကွက်ဖြစ်သည်။

သံလျက်မော်အရှေ့. ရပ်ကွက် မာလကာခြံရပ်တွင်

သဲပုံစေတီ တည်ရှိသည်။ မင်းသားစုရပ်သဲပုံစေတီ

ဟုလည်း ခေါ်ဆိုကြသည်။ သဲပုံစေတီကို နှစ်စဉ်

သင်္ကြန်အကျနေ့တွင် စုပေါင်းတည်ကြရပြီး

သင်္ကြန်အတက်နေ့၌ ထီးတော်တင်လှူကာ

ရွှေကြာသင်္ကန်း ကပ်လှူကြသည်။


 သံလျက်မော်အနောက်ရပ်ကွက်၌ အကွက်ပေါင်း

၁၇ ကွက် ပါဝင်သည်။ သံလျက်မော်အနောက်ရပ်

ကွက်တွင် 

 ဆုတောင်းပြည့်နန်းဦးစေတီ

 ရွှေအိုးရစေတီ

 မိုးကောင်းဘုရား

 ရွှေဘုန်းပွင့်ပေါ်တော်မူဘုရား

 ကျောင်းတိုက်ကြီး ၁၈ တိုက်

 ရတနာပုံသင်္ဘောကျင်း

စသည်တို့ တည်ရှိသည်။

ရတနာပုံသင်္ဘောကျင်းမှာ AD 1864 ခုတွင်

အိမ်ရှေ့စံကနောင်မင်းက စတင် တည်ဆောက်

ခဲ့ပြီး "ရတနာပုံသင်္ဘောစက်ရုံတော်" ဟု အမည်

တွင်ခဲ့သည်။


 သံလျက်မော်တောင်ရပ်ကွက်၌ အကွက်ပေါင်း

၁၃ ရပ်ကွက် ပါဝင်သည်။ သံလျက်မော်တောင်

ရပ်ကွက်တွင်

 သာယာရွှေကူဘုရား

 ရေလယ်ကုသိနာရုံဘုရား

 တက်သေးအင်း(ကန်တော်ကြီး)

စသည်တို့ တည်ရှိသည်။

ရှေးအခါက စိုက်ပျိုးရေးလုပ်ငန်း ခြံလုပ်ငန်း

မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသူများ နေထိုင်

ခဲ့ကြပါသည်။


(၃၇) မဟာဇေယျဘုံရပ်ကွက်


 မန္တလေးမြို့. အောင်မြေသာစံမြို့ နယ်တွင်

မဟာဇေယျဘုံရပ်ကွက် တည်ရှိသည်။

၂၃ လမ်း မှ ၂၆ လမ်း ကြား နှင့်

၆၆ လမ်း မှ အရှေ့ ပိုင်းထိ ကျယ်ဝန်းသည်။

မဟာဇေယျဘုံရပ်ကွက်သည် မင်းတုန်းမင်း

ရပ်ကွက်အမည်များ မှည့်ခေါ်စဉ်ကပင်

အရှေ့ ပြင် ၇ ရပ်ကွက် အဝင်ဖြစ်သည်။


 မင်းတုန်းမင်းသည် ရတနာပုံမန္တလေးမြို့ နန်း

တည်ဆောက်ပြီးနောက် လေးပြင်လေးရပ်၌

ရပ်ကွက်ပေါင်း ၅၄ ရပ်ကွက်ကို အမည်နာမ

သမုတ်ခဲ့သည်။ ယခုအခါ မင်းတုန်းမင်း

သမုတ်ခဲ့သော အမည်နာမဖြင့် ၃၇ ရပ်ကွက်

သာ ကျန်ရှိပါတော့သည်။ ၁၇ ရပ်ကွက်မှာမူ

အမည်နာမပျောက်ကွယ်ခဲ့ပါသည်။


(စာကိုးကား)


အမျိုးသားစာပေဆုရှင် ဆရာကြီးနတ်မောက်ထွန်းရှိန်(ဝင်းတွေနဲ့တည်ခဲ့သည့်မင်းနေပြည်)


မြို့တော်သမိုင်း.မန္တလေး

Thursday, September 15, 2022

State & Region UTM Map

 မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ် မြေပုံများလိုချင်ရင် pdf file ပါ..




http://www.mediafire.com/download/sszcpk5n6d6ys3o/


အောက်က file တွေရဲ့ခေါင်းစဉ်ကိုကြည့်ပီး လိုချင်တဲ့ file ကို ဒေါင်းပါရန်..


State & Region UTM Map

မြန်မာနိုင်ငံ ပြည်နယ်/ တိုင်းဒေသကြီးများ၏ UTM မြေပုံများ


မြန်မာနိုင်ငံ ပြည်နယ်/ တိုင်းဒေသကြီးများ၏ UTM မြေပုံများ

ကို အောက်ပါလင့်များတွင် ဒေါင်းလုပ် လုပ်နိုင်ပါတယ်။


 Kachin State Detail Location Map

File size (39.59)MB

Download Link: http://www.mediafire.com/file/roe7c2arn5d5382/Kachin.jpg


Detail Location Map of Ayeyarwaddy Region

File Size (15.82) MB

Download Link: http://www.mediafire.com/file/4cgi8wy8ad2y7rc/Ayeyawady.jpg


Kayah State Location Map

File size (5.44) MB

Download Link: http://www.mediafire.com/file/cg17xxrmj9b4jc4/Kayah.jpg


Kayin State Detail Location Map

File size (16.4)MB

Download link: http://www.mediafire.com/file/uf4nr6cfv1ink1q/Kayin.jpg


Detail Location map of Chin State

File size (17.5 MB)

Download Link: http://www.mediafire.com/file/t1fc9kg9vj9n65r/Chin.jpg


Magway Region Locaiton Map

File size (19.92)MB

Download Link: http://www.mediafire.com/file/87w7dgr9i60pfu7/Magway.jpg


Mandalay Region Location Map

File size (16.01) MB

Download Link: http://www.mediafire.com/file/231evijy6neugd7/Mandalay.jpg


Detail Map Of Bago Region

File size (17.32) MB

Download Link: http://www.mediafire.com/file/378a8xq0tjfyabx/Bago.jpg


Nay Pyi Taw District Detail Map

File size (74.91) MB

Download Link: http://www.mediafire.com/file/5dd04dbhirq5500/Naypyitaw.jpg


Sagaing Region Detail Location Map

File size (36.2)MB

Download Link:http://www.mediafire.com/file/d4b91zm5mpmg4xj/Sagaing.jpg


Yangon Region Detail Location Map

File size (5.05)MB

Download Link: http://www.mediafire.com/file/5mi50zgf9azzle8/Yangon.jpg


Mon State Location Map

File size (6.9) MB

Download Link: http://www.mediafire.com/file/zi97we7dwfsoind/Mon.jpg


Shan State Detail Location Map

File size (58.7)MB

Download Link: http://www.mediafire.com/file/90dnxv4r58r4ur1/Shan.jpg


Rakhine State Location Map

File size (18.49) MB

Download Link: http://www.mediafire.com/file/72t5qdib72di18x/Rakhine.jpg


Tanintharyi Region Detail Location Map

File size (29.65) MB

Download Link: http://www.mediafire.com/file/g384h6yx7t9xa04/Taninthayi.jpg


Special thanks with Zin Wai Naing Tun Geologist 

Posted by khinzaw hein

Source: http://dagongeology.blogspot.com/2015/04/state-region-utm-map.html


#OnlineEduMyanmar 

#MyanmarMap

အရင်တင်ခဲ့တဲ့ GAD ရဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအလိုက်၊ မြို့နယ်နဲ့ မြို့မြေပုံ Image file တွေကို စာအုပ်ပုံစံနဲ့ လိုချင်တဲ့သူတွေ ရှိလာတာကြောင့် PDF file တွေအဖြစ် ထပ်တင်ပါတယ်။


၁) မူရင်းပုံတွေကကို ဝါးနေတာ၊ အချိုးအစားပျက်နေတာတွေရှိတယ်။ တချို့ မြို့နယ်နဲ့ မြို့ ပုံတွေ ကျနော့မှာ မရှိပါ။


၂) ပုံတွေမှာ ဘယ်ညာ အပေါ်အောက် ပိုနေတာတွေကို ဖြတ်ထုတ်ထားတယ်။


၃) A3 စာရွက် အရွယ်နဲ့ လုပ်ထားတယ်။ ၁ လက်မ ၄ မိုင် ပုံတွေကို ပေါင်းထားတဲ့ ပြည်နယ်/ တိုင်းဒေသကြီး ပုံတွေကိုတော့ အပိုင်းလိုက်ထုတ်ပြီး ပြန်ဆက်မှ ဖတ်လို့ ရလောက်တဲ့ ပုံရလာမယ်။

 

၄) ဖိုင် အရွယ်အစားကို မချုံ့ထားတော့ ဒေါင်းလုပ်ရတာ ကြာနိုင်တယ်။



1) ဧရာဝတီတိုင်းဒေသကြီး (PDF, 113 MB) https://v.gd/PGf2Wj


2) ပဲခူးတိုင်းဒေသကြီး (PDF, 169 MB) https://v.gd/2vknH3


3) ချင်းပြည်နယ် (PDF, 79MB) https://v.gd/cQTSXW


4) ကချင်ပြည်နယ် (PDF, 158 MB) https://v.gd/hWIItU


5) ကယားပြည်နယ် (PDF, 30 MB) https://v.gd/tAldxT


6) ကရင်ပြည်နယ် (PDF, 59 MB) https://v.gd/0JaSKc


7) မကွေးတိုင်းဒေသကြီး (PDF, 137 MB) https://v.gd/CXA4zu


8)) မန္တလေးတိုင်းဒေသကြီး (PDF, 173 MB) https://v.gd/C3WpnV


9) မွန်ပြည်နယ် (PDF, 35 MB) https://v.gd/6cB25x


10) နေပြည်တော် (PDF, 119 MB) https://v.gd/UuFIKc


11) ရခိုင်ပြည်နယ် (PDF, 106 MB) https://v.gd/JRFG5A


12) စစ်ကိုင်းတိုင်းဒေသကြီး (PDF, 156 MB) Version B https://v.gd/7PTbWU


13A) ရှမ်းပြည်နယ် (တောင်) (PDF, 194 MB) https://v.gd/pUkrS3


13B) ရှမ်းပြည်နယ် (မြောက်) (PDF, 206 MB) https://v.gd/GzAc6c


13C) ရှမ်းပြည်နယ် (အရှေ့) (PDF, 128 MB) https://v.gd/E7LTP1


14) တနင်္သာရီတိုင်းဒေသကြီး (PDF, 97 MB) https://v.gd/mm97sX


15) ရန်ကုန်တိုင်းဒေသကြီး



PDF file အနေနဲ့ မဟုတ်ပဲ Image file တွေ အနေနဲ့ပဲ လိုချင်ရင်တော့ ဒီမှာ ယူပါ >

https://www.facebook.com/1466792853/posts/10226159675286152


.

Wednesday, September 14, 2022

" တိဟိတ်ကလေးမှ တိဟိတ်ကြီးသို့ ပျံသန်းသူ "

 ***မူရင်းစာရိုက်သူ၏ အမှာ

ဂျပန် ဧကရာဇ် ဟီရိုဟီတိုနှင့် ပညာသင်ဘက် သူငယ်ချင်း၊ ပြင်သစ်နိုင်ငံ ဆော်ဘွန်းတက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိခဲ့သူ၊ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ပြုစုခဲ့သူ ဒေါက်တာဘဟန်၏ ညီ၊ ဗြိတိသျှခေတ် နန်းရင်း၀န်၊ ဂျပန်ခေတ် မြန်မာပြည်၏ အဓိပတိ အာဏာရှင်၊ အမျိုးသား ခေါင်းဆောင်ကြီး ဦးအောင်ဆန်းက စကားပြောနည်းအရာတွင် စံပြု ခံရသူ ဒေါက်တာဘမော်ကို အိုးဝေဦးညိုမြက စာတစ်တို့ တို့ထိခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာဘမော်၏ လုပ်နည်းကိုင်နည်းများသည် အားနည်းကောင်း နည်းခဲ့ပေလိမ့်မည်။ နိုင်ငံလွတ်လပ်ရေးအတွက် သူလုပ်ကိုင်ခဲ့ရစဉ်တွင် ဗြိတိသျှသည် ကမ္ဘာပေါ်တွင် အင်အားအကောင်းဆုံး၊ ဘုန်းမီးနေလ အတောက်ပဆုံးအချိန် ဖြစ်နေ၍ သူသာမဟုတ်ပါဘူး၊ ဘယ်သူမှ လွတ်လပ်ရေးရအောင် လုပ်နိုင်သေးမည် မဟုတ်ပါ။


ဒုတိယ ကမ္ဘာစစ်ပြီး၍ ဗြိတိသျှတို့ သြဇာကျဆင်းလာချိန်တွင် ဒေါက်တာဘမော်လည်း အာဏာလက်လွှတ်ခဲ့ရ၍ နောက်ပိုင်း လွတ်လပ်ရေး ကြိုးပမ်းမှုတွင် သူ၏ အခန်းကဏ္ဍသည် မထင်ပေါ်တော့။ ထို့ကြောင့် သမိုင်းတွင် သူ့နေရာက ရှိသင့်သလောက် မရှိဟု ယူဆပါသည်။ သို့သော် သူ၏ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ နိုင်ငံလွတ်လပ်စေလိုစိတ်တို့ကိုကား မည်သူမျှ သံသယ ရှိစရာမလိုချေ။ ဖက်ဆစ်တော်လှန်ရေးအတွက် ဒေါက်တာဘမော်၏ အခန်းကဏ္ဍ မည်မျှ အရေးပါပုံကို ဦးနု၏ ငါးနှစ်ရာသီ ဗမာပြည် စာအုပ်တွင် အသေးစိတ် ညွှန်းဆိုထားသည်ကို ကြည့်၍ သိနိုင်သည်။ လူတစ်ဦး၏ သမိုင်းတန်ဖိုးသည် ကြည့်ရှုသူ၏ ထောင့်၊ ခေတ် အချိန်တို့ကို လိုက်၍ အမျိုးမျိုး ပြောင်းလဲတတ်သည် ဖြစ်ရာ နောင်အနှစ် (၅၀-၁၀၀) အကြာ သမိုင်းတွင် ရှိနေမည့် ဒေါက်တာဘမော်၏ နေရာကို မည်သူမျှ မသိနိုင်၊ မခန့်မှန်းနိုင်ပါ။ 

___________________________


" တိဟိတ်ကလေးမှ တိဟိတ်ကြီးသို့ ပျံသန်းသူ "

✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️

#ညိုမြ



ဒေါက်တာဘမော်မှာ ပိန်ချုံးခြင်းမှအပ ရုပ်ဆင်းသဏ္ဍာန် ပျက်ယွင်းခြင်း မရှိ။ သမီးနှင့် ဆွေမျိုးများ၏ အပြုအစု ထူးခြားကောင်းမွန်လွန်း၍သာ သက်ဆိုးရှည်နေခြင်း ဖြစ်၏။ သမီးတစ်ဦးက ဆရာ၀န် ဖြစ်နေ၍ အထူး စောင့်ရှောက်နိုင်လေသည်။ သူသည် ကွယ်လွန်သူ တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်းနှင့် သက်တူရွယ်တူ (၈၅) နှစ် ဖြစ်ရုံသာမက ခံစားရသော ဝေဒနာချင်းလည်း တူညီနေ၏။ ပါကင်ဆန် ရောဂါ ခေါ် သွေးသားထုံထိုင်းခြင်း ဖြစ်၏။ မော်စီတုန်းက ဝြဖိုးသူ၊ ဒေါက်တာက ပိန်သူ ဖြစ်၍ ဝေဒနာ ဒဏ်ချက်ကို ပိုမိုခံနိုင်ရည်ရှိကာ နောက်ကျ ကွယ်လွန်ခြင်း ဖြစ်၏။ ဒေါက်တာ မေ့မြောနေသည်ဆို၍ နေချင်း ညချင်းပင် သွားတော့မည် ထင်ရသော်လည်း အမှန်တွင် ရက်ပေါင်း (၅၀) ကျော်မှ ကွယ်လွန်ခဲ့၏။ သမီးများ၏ အပြုအစုကား အံ့သြဖွယ် ကောင်းမွန်လှပါပေသည်။ သားသမီး ၀တ္တရား ကျေပွန်ကြပါပေသည်။


ဒေါက်တာ မကွယ်လွန်မီက “ဗမာပြည် ရုန်းထွက်ပြီ” ခေါ် စာအုပ်တစ်အုပ် အင်္ဂလိပ်ဘာသာဖြင့် ရေးသားရာ နိုင်ငံခြား၌ ထုတ်ဝေခဲ့လေသည်။ ထိုစာအုပ်၏ နောက်ဆက်တွဲ အခန်းတစ်ခုကို သူက ဆက်လက် ရေးသားပြီးစီးချိန်၌ ကျွန်တော့်ကို ခေါ်ကာ ထိုစာမူကို စာပေဗိမာန်သို့ တင်ပြရန် ခိုင်းစေခဲ့၏။ မြန်မာများ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော စာမူများကို ကိုယ်တိုင် ထုတ်ဝြေခင်း မပြုနိုင်၍ စာပေဗိမာန်မှ ကူညီရန် တောင်းခံခြင်း ဖြစ်လေသည်။ ကျွန်တော်လည်း ထုံးစံအတိုင်း ဌာနမှူး ဦးထင်ကြီးထံသို့ လွန်ခဲ့သော သုံးလေးနှစ်က တင်ပို့ပေးခဲ့၏။


သူရေးသော စာအုပ်မှာ ရှားပါးပစ္စည်း ဖြစ်၏။ သူ့ထံ၌ တစ်အုပ်တည်းသာရှိနေရာ ကျွန်တော်က ငှား၍ အထူးအခွင့်အရေး အနေဖြင့် “တစ်ပတ်အတွင်း ဖတ်ပြီးပြန်ပေး” ဟု ဆိုကာ ခွင့်ပြု၏။ ကျွန်တော်လည်း ထုံးစံအတိုင်း မေ့လျော့နေ၏။ ဤတွင် ဒေါက်တာက ကျွန်တော့်ကို တယ်လီဖုန်းဆက်ကာ ဒေါနှင့် မောနှင့် ကြိမ်းမောင်းပါတော့သည်။ “မင်းကို ငါဝါးစားမယ်၊ သတ်ပစ်မယ်” ဟူသော ခြိမ်းခြောက်ချက်များ ပါရှိလေသည်။ ဤတွင် သူအနီး၌ နားထောင်နေသော သားသမက်ဖြစ်သူ ၀တ်လုံ ကိုရဲထွန်းက အကယ်ပင် မှတ်ထင်ကာ ကြောက်ရွံ့တုန်လှုပ် နေလေသည်။ တယ်လီဖုန်း တစ်ဖက်က နားထောင်နေသူ ကျွန်တော်ကား သူ၏ ကြုံးဝါးသံကို နားသောတဆင်ကာ တဝါးဝါး တဟားဟား သဘောကျလျက် ရှိလေသည်။ “ဟာ အန်ကယ်ကလဲ၊ သတိထားမှပေါ့” စသည်ဖြင့် သူ၏ ဒေါသမီးကို ကျွန်တော်က ယပ်ခပ်၍ပင် ပေးနေမိ၏။ ကိုရဲထွန်းနှင့် တွေ့သောအခါ ကျွန်တော်က “ကိုယ့်လူ တကယ် မှတ်နေသလား၊ အန်ကယ်က ပျင်းပျင်းရှိလို့ အိုက်တင်လုပ်ပြီး ကျုပ်ကို ကြိမ်းမောင်းနေတာပါ၊ ခင်မင်တဲ့လူချင်း ဒီလိုပျစ်ပျစ်နှစ်နှစ်လေး နှုတ်ခွန်းဆက်သရမှ တစ်မျိုး အရသာ ရှိတယ်လေ၊ တစ်နည်းဆိုရင်လည်း အဓိပတိကြီးဟာ ခုနေခါမှာ ခြွေရံသင်းပင်း နည်းပါးနေလေတော့ ကျုပ်တို့လို ခင်မင်သူများကိုသာ အနိုင်ကျင့်ရတော့တာပေါ့” ဟု ရှင်းပြရလေသည်။


အင်္ဂလိပ်ခေတ်က ပထမ နန်းရင်း၀န်မှာ ဒေါက်တာဘမော် ဖြစ်၏။ သူ၏ ဓားမပါတီက အမတ်အင်အား (၁၆) ဦးသာ ရှိသော်လည်း ဘကြီးဘဖေ၏ အမတ် (၄၀) ကျော် ရှိသော ငါးပွင့်ဆိုင်အဖွဲ့ကို အနိုင်ယူကာ ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ခဲ့၏။ ထိုညွန့်ပေါင်းအစိုးရကို သခင်နှင့် ဦးစောတို့ ပူးပေါင်း ဖြုတ်ချခဲ့၏။


ဦးစော၏ မျိုးချစ်အဖွဲ့၀င်တို့က သခင်များကို ဝါးရင်းတုတ်ဖြင့် ရိုက်သောအခါ ဒေါက်တာဘမော်နှင့်ပင် သခင်တို့ ပူးပေါင်းကြရပြန်၏။ သို့နှင့် ဂျပန်ခေတ် တစ်လျှောက်လုံး ဒေါက်တာပင် ကြီးစိုးလျက် ရှိခဲ့လေသည်။ သူသည်လည်း မြန်မာပြည်ကို ၁၉၃၆ ခုမှ ၁၉၄၆ ခုအထိ ဆယ်နှစ်ဆယ်မိုး လွှမ်းမိုးခဲ့သူပင် ဖြစ်လေသည်။


ဒေါက်တာဘမော်၏ နိုင်ငံရေး ပရိယာယ်မှာ စန္ဒဂုတ်နည်းနှင့် ဆင်တူပေသည်။ အစိုင်အခဲကြီးမားရာ ဗဟိုအရပ်ကို တိုက်ရိုက် ထိုးနှက်ခြင်း မပြုဘဲ အမှတ်တမဲ့ နံဘေးတစ်လျှောက်ကို ဖြိုလှဲပစ်ခြင်း ဖြစ်သည်။ သူ့နည်းသူ့ဟန်ကို ကျွန်တော်တစ်ကြိမ် မြင်ရဖူး၏။ ပညာတော်သင်များ ဘိလပ်သို့ ထွက်ခွာချိန်တွင် နန်းရင်း၀န် ဒေါက်တာလည်း ပန်းဆိုးတန်း ဆိပ်ကမ်းသို့ ရုတ်တရက် ရောက်ရှိလာ၏။ အင်္ဂလိပ်ခေတ်တွင် ဂေါ်ရာတံခါးမှူးက သူ့ကို နန်းရင်း၀န်မှန်း မသိသဖြင့် ၀င်ခွင့် မပေးချေ။ ဒေါက်တာက အပြုံးမပျက်။ ကျွန်တော်လည်း ဤအရေး၌ ဒေါက်တာကြီး ဘယ်လိုလုပ်မလဲဟု စိတ်၀င်စားစွာ စောင့်ကြည့်နေ၏။ သူက ဟန်မပျက်ဘဲ ဂေါ်ရာ၏ ဟန့်တားချက်ကို မသိလေဟန်ဖြင့် အနီးအပါးရှိ မိတ်ဆွေတို့ကို နှုတ်ဆက်စကား ပြောနေ၏။ ထို့နောက် တံခါးပေါက်၌ ၀င်လိုသူများ ပိုမို များပြားလာသဖြင့် ဂေါ်ရာကြီးလည်း ကောင်းစွာ မစစ်ဆေးနိုင်တော့ဘဲ ရှိနေချိန်တွင် ဒေါက်တာကလည်း ပြုံးပြုံးရွှင်ရွှင်နှင့်ပင် လူအုပ်ထဲ၌ ရောနှောပါသွားကာ သင်္ဘောပေါ်သို့ ရောက်သွား၏။ သို့လျှင် သူသည် အာဏာကို သုံးနိုင်ပါလျက် မသုံး။ မည်သူမျှ သိက္ခာမပျက်စေဘဲ အနုနည်းနှင့် လိုရာရောက်စေ၏။ 


အင်္ဂလိပ်ခေတ် အတွင်း၌ သခင်ကိုယ်တော်မှိုင်းက နန်းရင်း၀န် ဒေါက်တာကို ရှုတ်ချကာ “ရေဖျန်းကုလားစပ်ကိုဖြင့်၊ ရွှေနန်း မအပ်နိုင်ပါဘူး” ဟု ရေးသားခဲ့ဖူးသည်။


အမှန်အားဖြင့် ဒေါက်တာဘမော်မှာ “ရေဖျန်းကုလားစပ်” မဟုတ်ပါ။ သူ့ဖခင် ဦးကြေးမှာ လူရည်မွန် မွန်အမျိုးသားကြီး ဖြစ်ပါသည်။ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ ဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်နှင့် တနင်္သာရီနယ်တို့ နယ်ချဲ့လက်အောက်သို့ ရောက်ရှိသွားရာ မော်လမြိုင်မြို့၌ သာသနာပြုကျောင်းများ စတင် ထွန်းကားပါသည်။ ဦးကြေးသည် ထိုကျောင်းမှ အင်္ဂလိပ်စာနှင့် ပြင်သစ်စာများ သင်ယူ တတ်မြောက်ခဲ့သည်။ ထို့နောက် မန္တလေး နေပြည်တော်တွင် မင်းညီ မင်းသားတို့၏ နည်းပြဆရာ ဖြစ်ခဲ့သည်။ မင်းတုန်းမင်းက နိုင်ငံခြားသို့ သံတမန်များ စေလွှတ်ရာတွင် ဘာသာပြန်သူ အဖြစ်နှင့်လည်း အမှုတော်ထမ်းခဲ့သည်။ မအူပင်မြို့မှ ထောင်ပိုင်ကြီးသမီး ဒေါ်သိန်းတင်နှင့် ညားရာတွင် မောင်ဘဟန်နှင့် မောင်ဘမော် ခေါ် သားနှစ်ယောက် ထွန်းကားခဲ့သည်။ ထောင်ပိုင်ကြီး သီယိုဒိုမှာ ကပြား ဖြစ်သည်။ သို့သော် သူ့သမီးများမှာ မိခင်ကို နွယ်၍ ဗုဒ္ဓဘာသာ အစစ်များ ဖြစ်ခဲ့သည်။ ထိုခေတ်က နာမည်ကြီး မအူပင်မယ်များပင်။ သို့လျှင် မိခင် ဒေါ်သိန်းတင်ပင်လျှင် မြန်မာသွေး (၈၀) ရာခိုင်နှုန်းရှိသော မြန်မာတိုင်းရင်းသူ ဖြစ်ရကား ဦးကြေးနှင့် ရသော သားများ၌ မြန်မာသွေး မည်မျှပါရှိသည်ကို တွက်ချက်ကြည့်ရှုနိုင်ပေသည်။


ပါတော်မူချိန်၌ ဦးကြေးမှာ တော်လှန်ရေးသမား ဘ၀သို့ ရောက်ရှိကာ ဒေါ်သိန်းတင်မှာ လူမမည်သားနှစ်ယောက်နှင့် တွဲလဲ ကျန်ရစ်၏။ ဤတွင် ရန်ကုန်မြို့ စိန်ပေါကျောင်းသို့ မိဘမဲ့ကလေးများ အဖြစ် စာရင်းသွင်း အပ်နှံလိုက်ရ၏။ သို့လျှင် အစ်ကို မောင်ဘဟန်မှာ ခရစ်ယာန်ဘက်သို့ လုံး၀ သက်၀င်သွားလျက် ညီဖြစ်သူ မောင်ဘမော်ကား မိရိုးဖလာ ဗုဒ္ဓဘာသာဝါဒကို မစွန့်ခဲ့ချေ။


သူမေ့မြောနေစဉ် အိမ်ရှေ့၌ သားသမီးတို့က ဗုဒ္ဓဘာသာ တရားစာများ ရွတ်ဖတ်နေသည်ကို မြင်တွေ့ခဲ့ရ၏။ ထို့ပြင် ဒေါက်တာ ကျန်းမာစဉ်ကလည်း ရွှေမန်းတင်မောင်၏ ဗုဒ္ဓ၀င်ဇာတ်၊ ကြာနီကန် ဆရာတော်၏ ယပ်လှဲတရားသံများ၊ ဓမ္မကထိက ဦးလှသိန်း၏ တိတ်ခွေများကို နှစ်သက်စွာ နာယူလေ့ရှိကြောင်း ကြားသိရ၏။


ဂျပန်ခေတ်က ဒေါက်တာနှင့် ဘကြီးမှိုင်းတို့ တခမ်းတနား ကြိုဆိုခဲ့ကြသော လွတ်လပ်ရေး အတုမှာလည်း ကောင်းသော အကွက်များ ရှိနေသည်ကို မမေ့အပ်ချေ။ “မယ် ယုံကြည်အောင် ပြောစမ်းပါ မောင်ရယ်၊ ချစ်တယ် ဆိုတာလေးကို ပြောစမ်းပါ မောင်ရယ်” ဟူသော သီချင်းသွားအရ စစ်ဒုက္ခ အမျိုးမျိုးရောက်ရှိနေသော မယ်ဗမာက မိမိအား စွန့်လွှတ်ကာ တစ်ကိုယ်ကောင်း ထွက်ပြေးသော ကိုအင်္ဂလိပ်ထံမှ အားပေးသံလေးများကို အဖန်တလဲလဲ မျှော်တလင့်လင့် ဖြစ်နေ၏။ တကယ်တမ်းဆိုတော့ ဖက်ဆစ်ဂျပန်နှင့် မပေါင်းချင်ပါပေ။ သို့သော် (ချစ်) ဆိုသော စကား (ဝါ) လွတ်လပ်ရေး ဟူသော ဝေါဟာရကို ဖွင့်ဟရန် အလွန် ခက်ခဲနေသော အင်္ဂလိပ်က စစ်ကာလ တစ်လျှောက်လုံး ဝေ့လည်ကြောင်ပတ် လုပ်ကာ အနှစ်သာရကင်းမဲ့သော စက္ကူဖြူစာတမ်းကိုသာ ထုတ်ပြန်ခဲ့လေသည်။


ထိုသို့ မရေမရာ အချိန်အခါမျိုးတွင် ဂျပန်တို့က ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ (လွတ်လပ်ရေး) ဆိုသော စကားကို ရဲရဲကြီး ကြွေးကြော်ပစ်လိုက်ခြင်းမှာ များစွာ ထိရောက်လှပေသည်။ အောင်မြင်သော စိတ်ဓာတ်စစ်ဆင်ရေးဟုပင် ဆိုရပေမည်။ ရာဇ၀င် ရေစီးကြောင်းသည် လွတ်လပ်ရေးဘက်သို့ စီးဆင်းလျက်သာလျှင် ရှိနေသည် မဟုတ်လော။ ထိုသဘာ၀ ရေစီးကြောင်းကို ပိတ်ဆို့တားဆီးထားခဲ့ရာမှ နယ်ချဲ့တာရိုးကြီး ကျိုးကျကာ လွတ်လပ်ရေး စိတ်ဓာတ်များ တရဟော စီးဆင်းကြစေရန် ဂျပန်တို့က မိုင်းဗုံးဖောက်ခွဲ ပေးလိုက်သလို ဖြစ်၏။ “လွတ်လပ်ပြီ လွတ်လပ်ပြီ၊ တို့ပြည် လွတ်လပ်ပြီ”။ အဘယ် နယ်ချဲ့သည် ထိုရေတံခါးကြီးကို ရပ်တည် တွန်းလှန်ကာ အတိတ်သို့ ပြန်စေနိုင်အံ့နည်း။

ထိုအချိန်က ကျွန်တော်သည် အခြားသော ပညာတော်သင်များနှင့်အတူ အနောက်နိုင်ငံသို့ ရောက်ရှိနေ၏။ မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်နေချိန် ဖြစ်၏။ သို့သော် ဂျပန်တို့က မြန်မာ့လွတ်လပ်ရေး ကြေညာသောနေ့၌ကား အထက်ပါ စိတ်အားတက်ကြွမှုများ တဖွားဖွား ပေါ်ပေါက်ကာ အခြားသော အဝေးရောက် မြန်မာများနှင့်အတူ လွတ်လပ်ရေး သောက်ပွဲ အောင်ပွဲ ကျင်းပမိပါ သတည်း။


၁၃၃၉ ခု (ခရစ် ၁၉၇၇) နယုန်လဆန်း (၁၃) ရက်နေ့တွင် ကွယ်လွန်ခဲ့သူ ဒေါက်တာဘမော်အတွက် တက္ကသိုလ်ရိပ်သာလမ်းရှိ သူ့အိမ်တွင် နယုန်လဆုတ် (၄) ရက်နေ့က ရက်လည်ဆွမ်းကျွေး၏။ ပရိတ်သတ်များကို အုန်းနို့ခေါက်ဆွဲ၊ ကြာဆံကြီး၊ ကျောက်ကျောနှင့် ဆနွမ်းမကင်း၊ ကော်ဖီ စသည်တို့ကို ကျွေး၏။ သူ့အိမ်၌ စားသောက်ရခြင်းမှာ အမြဲတစေ ရသပြည့်စုံလျက် ပြုစုပုံမှာလည်း သူမတူအောင် သန့်ပြန့် မွန်မြတ်ပုံကို သတိရမိ၏။ ကန်တော်ကြီးအိမ်တွင် ထိုသို့ စားရကံ ကြုံကြိုက်စဉ် ကျွန်တော်က “အန်ကယ် အနေနှင့် မြန်မာထမင်းဆိုင် တစ်ခု ဖွင့်ရင် သိပ်ကောင်းမှာပဲ” ဟု ပြောလိုက်မိ၏။ ဒေါက်တာက ထိုကောက်ချက်ကို နှစ်သက်ဟန် မပြချေ။ “ငါသို့သော အဓိပတိကြီးကို အဘယ်ကြောင့် အောက်တန်းစားလုပ်ငန်းကို လုပ်ကိုင်စေရန် လျှောက်တင်ဝံ့သနည်း” ဟု အဓိပ္ပါယ် ကောက်ယူဟန် ရှိ၏။


ကျွန်တော့် အနေနှင့် ထိုသို့ မမြင်ပါချေ။ မြန်မာပြည်၌ တကောင်းခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်တို့မှ စ၍ သကျသာကီ၀င် မင်းအဆက်ဆက်တို့ စိုးမိုးအုပ်ချုပ်ခဲ့ကြရာတွင် ယနေ့တိုင် ကမ္ဘာ့အဆင့်အတန်းမီသော မြန်မာထမင်းဆိုင် တစ်ခုမျှ ထူထောင်နိုင်ခြင်း မရှိသေးသည်မှာ ဧရာမ ဟာကွက်ကြီး၊ ရှက်ဖွယ်ကြီး ဖြစ်သည် မဟုတ်ပါလော။ ဤခေတ်အဆက်ဆက် ဟာကွက်ကြီးကို ဒေါက်တာ၏ ပွဲတော်တည်နည်း၊ အန်တီ၏ မီးဖိုချောင် ညွှန်ကြားချက်၊ မိသားစုတို့၏ သပ်ရပ်စွာ ခင်းကျင်း ပြုစုမှုတို့သာလျှင် အထက်တန်းကျကျ ဖြေရှင်းနိုင်သည် မဟုတ်ပါလော။


ဒေါက်တာသည် ၀တ်စားဆင်ယဉ်မှု၌ ရိုးရိုးပင်နီနှင့် ပိုးပုဆိုးကိုပင် တစ်မျိုးထွင်ကာ ဥဒါန်းဆန်ဆန် ကျော့နေအောင် ဖန်တီး တတ် သကဲ့သို့ သူ့စားပွဲမှာလည်း မြန်မာ့မူမပျက်ဘဲ လူတကာ လေးစားမက်မောအောင် ကျွေးမွေးတတ်၏။


မြန်မာတို့က ထမင်းဟင်းတို့ကို တစ်ခါတည်း စုပေါင်း သုံးဆောင်တတ်ကြ၏။ နရသီဟပတေ့မင်း လက်ထက်က စားတော်ပွဲတွင် ဟင်းခွက်ပေါင်း သုံးရာကျော် ပါရှိသည် ဆိုရာတွင် ယခုကာလ ဘုန်းကြီးကျောင်းများ၌ ကျောင်းသားများ ကောက်ခံရသမျှ ဟင်းခွက်များကို စုပေါင်းတည်ခင်းထား သကဲ့သို့ ရှိချေမည်။ စုံလင်အောင် ယူငင် စားသောက်ရန် လွယ်ကူမည် မဟုတ်။ ဥရောပတိုက်တွင် ထမင်း (ဝါ) ပေါင်မုန့်ကို အရန်ထားလျက် ဟင်းခွက်များကို တစ်ခုပြီးမှ တစ်ခု တည်ခင်းလေ့ ရှိ၏။ အထက်တန်း တရုတ်စားပွဲထိုင်နည်းမှာလည်း ထိုအတိုင်းပင်။ ဒေါက်တာ၏ အိမ်၌ ဥရောပမူကို သုံးလျက် တင်ဆက်သော ဟင်းများကား အားလုံး မြန်မာစစ်လှပေသည်။ လက်ဆေးခွက်နှင့် လက်သုတ်ပဝါ ထားပုံတို့မှ စ၍ မြန်မာဖြစ် ယွန်းခွက် အညာထည်များ ဖြစ်လျက် သပ်ရပ် ကျက်သရေ ရှိလှ၏။


မိတ်ဆက်ရာ၌ လည်းကောင်း၊ အရောင်းအ၀ယ် လုပ်ရာ၌ လည်းကောင်း စားပွဲသောက်ပွဲနှင့် ဧည့်ခံနိုင်မှ တွင်ကျယ် ပေါက်ရောက်၏။ ကမ္ဘာနှင့် ဆက်ဆံရေးတွင် တရုတ်ဆိုင်၊ ကုလားဆိုင်များမှာ ကမ္ဘာအရပ်ရပ်တွင် လူမျိုးတိုင်း လက်ခံနိုင်သော အဆင့်သို့ ရောက်ရှိနေ၏။ မြန်မာတို့ကား ပြင်ပကို ချန်လှပ်လျက် ပြည်တွင်း၌ပင် ကမ္ဘာ့အဆင့်အတန်း မီသော မြန်မာထမင်းဆိုင် တစ်ခုမျှ မရှိသည်မှာ ယနေ့တိုင် ဖြစ်၏။ ဖိလစ်ပိုင်ပြည်၊ ယိုးဒယားပြည်နှင့် အင်ဒိုချိုင်းနားတို့က မြန်မာထက် တစ်ဆင့်သာသော အခြေ၌ ရှိနေ၏။ ဒေါက်တာနှင့် အန်တီတို့၏ လက်ရာမီလိုက်သော တင်ဇာမော် အစရှိသည့် ကျန်မိသားစုတို့က ဤထမင်းဆိုင် အရေးတော်ပုံကို ဆက်လက် စဉ်းစားသင့်၏။


ဒေါက်တာ၏ ရက်လည်ဆွမ်းကပ်ပွဲသို့ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဦးသိန်းဖေမြင့်၊ ဦးခင်မောင်လေး၊ ဦးညိုထွန်း၊ ဦးဖေခင်၊ သခင်ချစ်မောင် (မြန်အောင်)၊ ဦးကျော်မင်း၊ ဦးကျော်မြင့် စသဖြင့် နိုင်ငံရေး နယ်ပယ်မှ ပုဂ္ဂိုလ်အများ လာရောက်ကြ၏။


ကျွန်တော်က ဦးဗဆွေနှင့် တစ်စားပွဲတည်း ကျသဖြင့် သွားလေသူ အကြောင်း စပ်မိစပ်ရာ ပြောကြ၏။


တစ်ကြိမ်က အိုးဝေဂျာနယ်တွင် ဗိုလ်မှူးကြီးဟောင်း ခင်ညိုက သူ၏ အတွေ့အကြုံများကို ရေးရာတွင် ဂျပန်ခေတ်က တော်လှန်ရေးနေ့ကို ရွှေ့ပြောင်းခဲ့ရခြင်းမှာ ဒေါက်တာဘမော်မှ တစ်ဆင့် သတင်းပေါက်ကြားသွား၍ ဖြစ်ရလေဟန် စွပ်စွဲခဲ့ပေသည်။ ကျွန်တော်က ဒေါက်တာ၏ ချေပချက်ကို ထိုစွပ်စွဲချက်နှင့် အတူ ပူးတွဲ ဖော်ပြခဲ့ပေသည်။ ဒေါက်တာက ဒေါနှင့် မောနှင့် ဖြေရှင်းရာတွင် အတိုချုပ်မှာ “ငါက သိသမျှကို ဟိုအချိန်က ဖွင့်ပြောခဲ့ရင် မင်းတို့ အားလုံး ခေါင်းပြုတ်ကုန်မှာပေါ့” ဟု ပါရှိ၏။ သက်သေခံ အဖြစ် ဗိုလ်ချုပ်အောင်ဆန်းက တောမခိုမီ သူ့ထံသို့ ရေးခဲ့သော အတွင်းစာကိုလည်း တင်ပြ၏။ မြန်မာခေါင်းဆောင်များ မုဒုံမြို့သို့ တိမ်းရှောင်ကြရာတွင် သူနှင့်အတူ ဖဆပလ ခေါင်းဆောင်ကြီးများ စစ်ပြီးချိန်အထိ မကွဲမကွာ လိုက်ပါခဲ့ကြပုံများကိုလည်း ဖော်ပြ၏။


ဤကိစ္စနှင့် ပတ်သက်၍ ဦးဗဆွေက ဒေါက်တာ၏ ချေပချက်ကို ထောက်ခံ၏။ သူသိသလောက်တွင် တော်လှန်ရေး ရက်ရွှေ့ခဲ့ရခြင်းမှာ ပဲခူးရှိ မြန်မာတပ်သားများ လှုပ်ရှားပုံကို ဂျပန်တို့က ရိပ်မိသွား၍ ဖြစ်သည် ဆို၏။ အမှန်အားဖြင့် ဦးဗဆွေ ကိုယ်တိုင် ဂျပန်တို့ ဖမ်းဆီး ချုပ်နှောင်ခဲ့ရာမှ ဒေါက်တာပင် ပရိယာယ် အမျိုးမျိုးသုံးကာ ကယ်တင်ခဲ့သည်။ ဦးခန့် (ပန်းတနော်) ၏ ပြောပြချက်အရ ပညာမင်းကြီး ဦးချို၏ သား စတင်လီချိုသည် မဟာမိတ် ဘက်တော်သား အဖြစ် မြန်မာပြည်သို့ လေထီးနှင့် ဆင်းလာရာ ဂျပန်တို့ သတ်အံ့ဆဲဆဲမှ ဒေါက်တာပင် ကယ်တင်ခဲ့သည်။


ထိုကိစ္စနှင့် ပတ်သက်၍ ဒေါက်တာက ဦးကျော်ငြိမ်းသို့ စာရေးရှင်းပြရာတွင် “ဂျပန်တွေက သခင်သန်းထွန်းကို မသင်္ကာ ဖြစ်နေချိန်မှာ ငါကိုယ်တိုင် သူ့ကို တောင်ငူ ပြောင်းပေးခဲ့တာ မင်းအသိပါပဲ။ သခင်စိုးကလည်း သူ့အခြေအနေ မကောင်းဘဲ အန္တရာယ် ရှိနေပြီဆိုတာကို ငါက အဖန်တလဲလဲ ကြိုတင် သတိပေးခဲ့တယ်။ ငါက ကွန်မြူနစ်တွေကိုတောင် အဲသလို ဂရုတစိုက် ကယ်ဆယ်ခဲ့သေးရင် မြန်မာ့တပ်မတော်ကို ချောက်ကျအောင် ဘယ်မှာ လုပ်မလဲ” ဟု ပါရှိလေသည်။


ဤသို့ အဓိပတိကြီး အနေဖြင့် ကြိမ်ဖန်များစွာ သူတတ်အားသရွေ့ ကိုယ့်လူမျိုးများ ချမ်းသာရေး ဖန်တီးခဲ့ပုံတို့မှာ လျှို့ဝှက်ချက်များ ဖြစ်၍ သူက ဖွင့်၍လည်း မပြော၊ အသားယူခြင်း၊ အမြတ်ထုတ်ခြင်းလည်း မရှိခဲ့ပေ။ ထိုအချက်ကို ထောက်ရှု၍ ဦးဗဆွေက “ဒေါက်တာဟာ လူကြီးလူကောင်း နိုင်ငံရေးသမားလို့ ဆိုရမှာပ၊ သူ့မှာ လူကြီးစိတ်ရှိတယ်၊ စည်းကမ်းရှိတယ်၊ လက်ဝှေ့ထိုးရာမှာ ချက်အောက်ထိုးပြီး အနိုင်ယူခြင်း မရှိတဲ့ သမာသမတ် လက်ဝှေ့သမားလိုပေါ့” ဟု ထိုနေ့က အကဲဖြတ်၏။


ဒေါက်တာကွယ်လွန်ချိန်က ထူးခြားချက်မှာ သူ၏ စျာပနကြော်ငြာကို သူကိုယ်တိုင် ရေးပေးခဲ့ခြင်း ဖြစ်၏။ အင်္ဂလိပ်ဘာသာနှင့် ရေးပေးခဲ့၏။ ပထမ သူ့နာမည်၊ ထို့နောက် “တိဟိတ်ကလေးမှ တိဟိတ်ကြီးသို့ ပျံသန်းသူ” ဟု ပါရှိ၏။ ထိုမျှသာပါရှိသော ကြော်ငြာတိုကလေး ဖြစ်၏။ ထိုဆောင်ပုဒ်မှာ ခေါမပညာရှိကြီး (ပလိုတိနပ်) ၏ လက်ရာကို ကိုးကားခြင်းပင်။ “The flight from the alone to the Alone.-Plotinus” ဟူ၍ အင်္ဂလိပ်လို လာရှိ၏။ တိဟိတ်ကလေးမှာ သူ၏ ပုထုဇဉ်ဘ၀ကလေးကို ဆိုလို၏။ တိဟိတ်ကြီးကား နိဗ္ဗာန်မဂ်ဖိုလ်ကို ဆိုလို၏။


ကျွန်တော်တို့ မြန်မာသမိုင်းတွင် အမရပူရခေတ်၌ အမတ်ကြီး ဦးပေါ်ဦး ကွယ်လွန်ရာ သူ၏ လက်တစ်ဘက်ကို ခေါင်းအပြင် ထုတ်ကာ ဖြန့်ထားစေရန် မှာကြားခဲ့၏။ မွေးဖွားစဉ်ကလည်း ဘာမျှ မယူလာ၊ သေသွားသောအခါ၌လည်း ဘာမျှ ပါမသွားပုံကို တရားပြချင်သော သဘောပင်။ ယခုလည်း ဒေါက်တာသည် ဂြိုလ်တုခေတ်၌ ဒုံးပျံပမာ ကောင်းကင်သို့ တက်ရာတွင် သံယောဇဉ် အညစ်အကြေးတို့ကို တစ်ခုပြီး တစ်ခု စွန့်ခဲ့ပြီဟု အဓိပ္ပါယ် ရရှိလေသည်။


စာမော်ကွန်း၊ အမှတ် (၂)၊ ဇူလိုင်၊ ၁၉၈၅

Posted 5th November 2010 by အမိမြေ အလွမ်းပြေ

ထပ်ဆင့်မျှဝေသူ -  U Ko Ko Htwe