Thursday, January 31, 2019
*** ရဲယိုသီးနှင့် ကျန်းမာရေး ***
~~~~~~~~~~~~~~~~~~~~~~~~~~~
💢 MWD: ရဲယိုပင်ရဲ့ သဘောသဘာဝလေးကို အရင်ဆုံးပြောပြပေးပါ ဆရာ..
Dr.KML: ရဲယိုပင်ကို အင်္ဂလိပ်လို Noni လို့ခေါ်ပါတယ်.. Indian Mulberry လို့လည်း ခေါ်ပါတယ်..  ရုက္ခဗေဒအခေါ်အဝေါ်အားဖြင့် Morinda citrifolia ဖြစ်ပါတယ်.. သူဟာ တစ်နှစ်ပတ်လုံးပေါက်ရောက်တဲ့ အပင်ငယ်တစ်မျိုးဖြစ်ပြီး ၁၀ ပေ ပတ်ဝန်းကျင်အထိ မြင့်ပါတယ်.. အချို့ သိပ်နှစ်ကြာရင်တော့ ၁၅ ပေ၊ ပေ၂၀ လောက် အထိမြင့်နိုင်ပါတယ်.. အထူးသဖြင့် ပူအိုက်စွတ်စိုတဲ့ရာသီဥတုကိုနှစ်သက်လို့ မြန်မာနိုင်ငံမှာဆိုရင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကမ်းရိုးတန်းဒေသနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ ပေါက်ပါတယ်.. တောင်ပေါ်ဒေသမှာတော့ ဖြစ်ထွန်းလေ့မရှိပါဘူး.. ကမ္ဘာပေါ်မှာ ရဲယိုသီးကို စီးပွားဖြစ်အမြောက်အများစိုက်တဲ့နေရာကတော့ ဟာဝိုင်အီ (Hawaii) ကျွန်းစုဒေသဖြစ်ပါတယ်.. ကျန်ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အီကွေတာနဲ့နီးပြီး ပင်လယ်နဲ့နီးစပ်တဲ့ မြေပြန့်ဒေသတွေမှာ တွေ့နိုင်ပါတယ်.. မြန်မာ၊ အိန္ဒိယ၊ မလေးရှား၊ ထိုင်းနိုင်ငံတွေဟာ သူရဲ့မူရင်းဒေသဖြစ်ပါတယ်.. လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ ကမှ Hawaii ကိုရောက်ရှိတယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်..
💢 MWD: ရဲယိုကို ဆေးဖက်ဝင်အစိတ်အပိုင်းအနေနဲ့ ဘယ်အပိုင်းကို အသုံးပြုပါသလဲ ဆရာ.. ရိုးရာတိုင်းရင်းဆေးအနေနဲ့ကော ဘယ်လိုများအသုံးပြုပါသလဲ ဆရာ..
Dr.KML: အပင်တစ်ပင်လုံးကတော့ သူ့နေရာနဲ့သူ ဆေးဖက်ဝင်တယ်လို့ ပြောနိုင်ပါတယ်..  ဒါပေမယ့် အဓိကအသုံးပြုနိုင်တာကတော့ အသီးဖြစ်ပါတယ်.. တစ်ခါတစ်ရံမှာ အရွက်ကိုသုံးလေ့ရှိပြီး အချို့ရောဂါတွေမှာတော့ အမြစ်ကို အသုံးပြုရလေ့ရှိပါတယ်.. ရိုးရာတိုင်းရင်းဆေးပညာမှာတော့ အနာကျက်မြန်အောင် အရိုးကျိုးတဲ့အခါမှာ ဆက်တာမြန်အောင်၊ မူးတာအန်တာ သက်သာအောင်၊ ပါးစပ်အနံ့ဆိုးတာ၊ အသံဝင်တာ၊ လိပ်ခေါင်းရောဂါစသဖြင့် အသုံးပြုခဲ့ကြပါတယ်.. နောက်ပိုင်းမှာ ၀မ်းကိုက်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ ဓမ္မတာလာစဉ် ကိုက်ခဲတဲ့ရောဂါတွေမှာပါ အသုံးပြုလာကြတာ တွေ့ရပါတယ်..
💢 MWD: ရဲယိုသီးဟာ ဆေးဖက်ဝင်တယ်လို့ ပြောကြပါတယ် ဆရာ.. ဘယ်လိုမျိုးဓာတ်ပစ္စည်းတွေ ပါဝင်လို့ဘယ်လိုမျိုးဆေးဖက်ဝင်တယ်ဆိုတာ သိပါရစေ..
Dr.KML: ရဲယိုသီးမှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေကို အဓိကအုပ်စု (၂) ခု ခွဲနိုင်ပါတယ်.. ပထမအုပ်စုကတော့ အာဟာရဓာတ်တွေပေးတဲ့အုပ်စု တစ်နည်းအားဖြင့် Nutrition အုပ်စုဖြစ်ပြီး ဒုတိယအနေနဲ့တော့ ဆေးဖက်ဝင်အာနိသင်ကိုပေးတဲ့အုပ်စု တစ်နည်းအားဖြင့် Phytochemical အုပ်စုဆိုပြီး ဖြစ်ပါတယ်..
💢 MWD: ရဲယိုသီးမှာ ဘယ်လိုမျိုးအာဟာရဓာတ်တွေ ပါဝင်သလဲဆိုတာ သိပါရစေ..
Dr.KML: ဒီနေရာမှာ ရဲယိုသီးကိုအစိမ်းအတိုင်းစားတာရယ်၊ အခြောက်ခံအမှုန့်ပြုလုပ်ပြီးစားတာရယ် Noni juice အနေနဲ့ပြုလုပ်ပြီးစားတာရယ် ကွာခြားမှုရှိပါတယ်.. ရဲယိုသီးအစိမ်းမှာ ပါဝင်တဲ့ဓာတ်ပစ္စည်းတွေကို တိုင်းတာတဲ့အခါမှာ အခြောက်ခံအမှုန့်ပြုလုပ်ပြီးမှ တိုင်းတာလေ့ရှိတာမို့လို့ ရဲယိုသီး၏အခြောက်မှုန့်မှာပါဝင်တဲ့ အာဟာရတန်ဖိုးကို မူတည်ပြီးတော့ပဲ တင်ပြပါမယ်..
အဓိကအုပ်စု (၂) စုခွဲနိုင်ပါတယ်..
(၁) Macronutrient (အများဆုံးပါဝင်သောအာဟာရဓာတ်များ)
Carbohydrate  40%
Protein  6%
Fat 1%
Fiber 36%
Ash 10%
Moisture 7%
*ရဲယိုသီးဟာ အဆီပါဝင်မှုမရှိတဲ့ (<1 fiber="" p="">
(၂) ဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်မှုကိုကြည့်ရင် အများဆုံးပါဝင်တာကတော့
Potassium  30 mg/g
Vitamin C 9 mg/g…….တို့ဖြစ်ပါတယ်
အနည်းငယ်ပါဝင်တာကတော့
Niacin (Vitamin B3)  40 ug/g
Provitamin A 2 lu/g
Calcium 800 ug/g
Iron 20 ug/g ……တို့ဖြစ်ပါတယ်
ဒီနေရာမှာ အရေးကြီးတဲ့အချက်အနေနဲ့ သူ့မှာ Potassium ပါဝင်မှုများတဲ့အတွက် ကျောက်ကပ်မကောင်းလို့ သွေးထဲမှာနဂိုကတည်းက Potassium များတဲ့သူတွေဟာ ရဲယိုသီးကို အစိမ်းအတိုင်းပဲဖြစ်ဖြစ်၊ ရဲယိုသီးဖျော်ရည်၊ ရဲယိုသီးဆေးတောင့်တွေကို မစားသင့်ဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်.. ကျန်တဲ့ Potassium ပါဝင်မှုများတဲ့ အစားအစာတွေဖြစ်တဲ့ ငှက်ပျောသီး၊ အုန်းစိမ်းရေတွေ ရှောင်သလိုမျိုး ရှောင်ရမှာဖြစ်ပါတယ်..
💢 MWD: ဆေးဖက်ဝင်ဓာတ်ပစ္စည်းတွေအကြောင်းလည်း သိပါရစေ ဆရာ..
Dr.KML: ပါဝင်တဲ့ဓာတ်ပစ္စည်းတွေအနက် အရေးအပါဆုံးတွေကတော့
(1) Xeronine
(2) Anthraquinones
(3) Scopoletin တို့ဖြစ်ပါတယ်..
💢 MWD: Xeroninie အကြောင်းလည်း အသေးစိတ်သိပါရစေ..
Dr.KML: Xeronine ဆိုတာ အပင်ကရတဲ့ Alkaloid တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်မှာ အနည်းငယ်သာလိုအပ်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်.. Picogram range သာလိုအပ်ပြီး လွန်စွာမှအစွမ်းထက်ပါတယ်.. သူ့ရဲ့အဓိကတာဝန်က ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ Protein molecule တွေရဲ့ Shape and rigidity ကို control လုပ်တာဖြစ်ပါတယ်.. Protein တွေ ဟော်မုန်းတွေ သူ့အလုပ်သူ ကောင်းကောင်းလုပ်နိုင်ဖို့ Xeronine လိုအပ်ပါတယ်.. သူတို့တွေပုံမှန်မဖြစ်ခဲ့ရင် ကင်ဆာရောဂါအပါအ၀င် ရောဂါပေါင်းများစွာ ဖြစ်လာနိုင်ပါတယ်.. အဲ့ဒီလိုတဲ့ Xeronine ကို ကျွန်တော်တို့စားနေတဲ့ အသီးအနှံတွေက နေရပါတယ်.. အသားတွေ ငါးတွေကနေ မရနိုင်ပါဘူး.. ကမ္ဘာပေါ်မှာရှိတဲ့ အပင်တွေအားလုံးထဲမှာ Xeronine ပါဝင်မှုအများဆုံးကတော့ ရဲယိုပင်ဖြစ်ပြီး အသီးမှာ အများဆုံးပါဝင်ပါတယ်.. ဒုတိယပါဝင်မှုအများဆုံးကတော့ နာနတ်သီးဖြစ်ပါတယ်.. ဒါပေမယ့် ရဲယိုသီးမှာပါဝင်မှုက နာနတ်သီးထက် by weight အရပြောရင် အဆ ရှစ်စ ပိုများပါတယ်..
ရဲယိုသီးမှာ တကယ်ပါဝင်နေတာက Xeronine အနေနဲ့ မဟုတ်ဘဲ ခန္ဓာကိုယ်ထဲရောက်ရင်Xeronine အဖြစ်ကိုပြောင်းနိုင်တဲ့ Proxeronine အနေနဲ့ဖြစ်ပါတယ်.. သူ့ကိုစားရင် Proxeronine တွေဟာ ခန္ဓာကိုယ်အထဲကိုရောက်ပြီး အူနံရံကနေစုပ်ယူပြီးတော့ အသည်းမှာသိုလှောင်ထားလိုက်ပါတယ်.. ခန္ဓာကိုယ်မှာလိုအပ်ပြီဆိုမှ အသည်းမှာရှိတဲ့ Proxeronine တွေဟာ လိုအပ်တဲ့ tissue တွေဆီကို ရောက်သွားပါတယ်.. အဲ့ဒီမှာ Proxeronase ဆိုတဲ့အင်ဇိုင်းတွေက Proxeronine ကနေ Xeronine အဖြစ်ကို ပြောင်းလိုက်ပါတယ်.. ပြီးမှ Xeronine အဖြစ် အသုံးပြုပါတယ်.. အထူးသဖြင့် ရောဂါဖြစ်နေတဲ့နေရာမှာရှိတဲ့ သေဆုံးသွားတဲ့ဆဲလ် (dead cells) တွေ Metabolites တွေကို ဖယ်ထုတ်ရာမှာ များစွာအထောက်အကူပြုပါတယ်..
💢 MWD: အဲ့ဒီ Xeronine ဆိုတဲ့ဓာတ်ပစ္စည်းကို ဘယ်သူကနေစပြီး ရှာဖွေတွေ့ရှိခဲ့တာပါလဲ ဆရာ..
Dr.KML: Xeronine ကို စတင်ရှာဖွေဖော်ထုတ်ခဲ့သူကတော့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ University of Hawaii က Professor Dr Ralph Hernicke (MD, Ph.D) ဖြစ်ပါတယ်.. 1972 ခုနှစ်က တွေ့ရှိခဲ့တာဖြစ်ပြီး အသီးအနှံတွေထဲမှာရှိတဲ့ Xeronine တွေကို ရှာဖွေဖော်ထုတ်နိုင်တဲ့နည်းပညာကိုပါ တီထွင်ခဲ့သူအဖြစ် ထင်ရှားပါတယ်.. အမေရိကားမှာရှိတဲ့ Biochemist တွေထဲမှာတော့ ထင်ရှားသူတစ်ယောက်ဖြစ်ပါတယ်..
💢 MWD: ကျန်တဲ့ဓာတ်ပစ္စည်း၂ ခုကို ဆက်ပြောပါဦး ဆရာ..
Dr.KML: Anthraquinones ဆိုတာကတော့ Phenolic compound ဖြစ်ပြီး ကာဗွန် atom ၁၄ ခု C 14 (C6-C2-C6) နဲ့ဖွဲ့စည်းထားပါတယ်.. Flavonoid နဲ့နီးစပ်ပါတယ်.. ကာဗွန်နောက်ထပ်တစ်ခုထည့်လိုက်ရင် C15 (C6-C3-C6) ဖြစ်ရင် Flavonoid ဖြစ်သွားပါပြီ.. အဓိကအားဖြင့် Antibacterial action ကိုပေးပါတယ်.. ရောဂါပိုးတွေကိုသေစေနိုင်လို့ ရဲယိုသီးကိုစားရင် နှာခေါင်းမှာဖြစ်တဲ့ ထိပ်ကပ်နာ (sinusitis) နဲ့ အသက်ရှူလမ်းကြောင်းမှာ ရောဂါပိုးဝင်တဲ့ (respiratory tract infection) တွေကနေ ကာကွယ်ပေးပါတယ်.. Antiviral action ပါရှိလို့ အခုဆိုရင် HIV virus ပေါ်မှာ အာနိသင်ရှိ/မရှိ ဆိုတာကို ပညာရှင်တွေက လေ့လာလျက်ရှိပါတယ်..
နောက်တစ်ခုကတော့ Scopoletin ဖြစ်ပါတယ်.. သူ့ကိုတော့ မကြာသေးခင်ကမှ တွေ့ရှိခဲ့တာဖြစ်ပါတယ်.. သူဟာ သွေးကြောတွေကိုကျယ်စေပါတယ်.. ရောဂါပိုးတွေကိုသေစေနိုင်တဲ့အာနိသင် (Antimicrobial action) ရှိပါတယ်.. Anti-histamine effect ရှိလို့ နှာခေါင်းပိတ်တာတွေ သက်သာစေနိုင်ပါတယ် .. ပန်းနာရင်ကြပ်ရောဂါတွေ သက်သာစေပါတယ်.. အခုနောက်ပိုင်း အော်ဇိုင်းမားရောဂါမှာ သူ့ကိုသုံးဖို့အတွက် သုတေသနတွေပြုလုပ်လျက်ရှိပါတယ်..
💢 MWD: ရဲယိုသီးစားရင် ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုပါသလဲ ဆရာ..
Dr.KML: ရဲယိုသီးစားရင်ပဲဖြစ်ဖြစ် ရဲယိုသီးအမှုန့်နဲ့ပြုလုပ်ထားတဲ့ ဆေးတောင့်တွေသောက်လို့ပဲဖြစ်ဖြစ် Noni juice အနေနဲ့ပဲဖြစ်ဖြစ် မှန်မှန်စားခဲ့သောက်ခဲ့ရင် ရနိုင်တဲ့အကျိုးကျေးဇူးတွေကတော့
(၁) ကင်ဆာရောဂါကာကွယ်ပေးပါတယ်.. ကင်ဆာရောဂါသည်တွေ သောက်မယ်ဆိုရင်လည်း နာကျင်မှုတွေသက်သာပြီး အကျိုးရှိပါတယ်..
(၂) စိတ်ရွှင်လန်းစေပြီး ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုတွေကနေ ကင်းဝေးလျော့ပါးစေပါတယ်..  အထူးသဖြင့် အရိုးကျီးပေါင်းတက်တဲ့ဝေဒနာတွေကို သက်သာစေပါတယ်..
(၃) သွေးတိုရောဂါကို သက်သာစေပြီး နှလုံးသွေးကြောကျဉ်းရောဂါကိုလည်း ကာကွယ်ပေးပါတယ်..
(၄) နာတာရှည်ထိပ်ကပ်နာရောဂါကို သက်သာစေပြီး အသက်ရှူလမ်းကြောင်းမှာ ဘက်တီးရီးယားပိုးတွေဝင်ရောက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်..
(၅) HIV လူနာတွေအတွက် သင့်တော်တဲ့ဖြည့်စွက်စာ Food supplement ဖြစ်ပါတယ်.. ခန္ဓာကိုယ်ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေလို့ ဖြစ်ပါတယ်..
💢 MWD:  ရဲယိုသီးဟာ ကင်ဆာရောဂါကာကွယ်၊ ကုသရေးမှာ အထောက်အကူပြုတယ်ဆိုတော့ ဘယ်လိုမျိုးအထောက်အကူပြုတယ်ဆိုတာလည်း ရှင်းပြပေးပါ ဆရာ..
Dr.KML: ဒီကနေ့ ကင်ဆာရောဂါကိုကုသတဲ့အခါမှာ အသုံးပြုတဲ့ဆေးဝါးအများစုဟာလည်း အပင်ကနေလာတာဖြစ်ပါတယ်.. ဥပမာ Vincristine တို့ Vinblastine တို့ဟာ မုန်တိုင်ပင်ကနေ ထုတ်ယူတာဖြစ်ပြီး Texol ဆိုရင် ကျောက်ထင်းရူးပင်ကနေ ထုတ်ယူတာဖြစ်ပါတယ်.. ဒါပေမယ့် အဲ့ဒီအပင်တွေဟာ လူစားသုံးလို့မရတဲ့အပင်တွေဖြစ်တော့ side effect လည်း များပါတယ်.. ရဲယိုကျတော့ အရင်ကတည်းက စားသုံးလို့ရတဲ့အသီးဖြစ်တော့ တစ်နည်းအားဖြင့် side effect များစွာလျော့နည်းမှာ သေချာပါတယ်.. အာနိသင်ရှိဖို့ကိုပဲ သေသေချာချာစမ်းသပ်ဖို့ လိုပါတယ်..
ရဲယိုဟာ ကင်ဆာရောဂါကာကွယ်၊ ကုသရေးမှာ အစွမ်းအာနိသင်ရှိ/မရှိ ဦးဆောင်လေ့လာခဲ့တဲ့ဌာနကတော့ University of Hawaii မှာရှိတဲ့ Department of Pharmacology (ဆေးဝါးဗေဒဌာန) နဲ့ Department of Pathology (ရောဂါဗေဒဌာန) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်.. Honolulu မှာရှိတဲ့ အဲဒီတက္ကသိုလ်က ပညာရှင်တွေဟာ ရဲယိုထဲမှာပါဝင်တဲ့ဓာတ်ပစ္စည်းတွေကို ဓာတ်ခွဲဖော်ထုတ်ခဲ့ပြီး တစ်ခုချင်းစီးရဲ့အာနိသင်ကို စမ်းသပ်ခဲ့ပါတယ်.. ပထမဆုံး ဓာတ်ခွဲခန်းမှာရှိတဲ့ ကင်ဆာဆဲလ်တွေပေါ်မှာ အာနိသင်တိုင်းပါတယ်.. ပြီးတော့မှ ကြွက်ကလေးတွေအပေါ်မှာ စမ်းသပ်ပါတယ်.. နောက်ဆုံး လူမှာစမ်းသပ်တဲ့အခါမှာ စမ်းသပ်တွေ့ရှိမှုတွေက အတော်လေးကို အားရဖို့ကောင်းပါတယ်..  ကင်ဆာဆဲလ်တွေပြန့်ပွားမှုကို ရဲယိုကဟန့်တားနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်.. မကြာမီကာလမှာ ရဲယိုကနေထုတ်လုပ်တဲ့ ကင်ဆာဆေးစွမ်းကောင်းတစ်လက် ပေါ်ထွက်လာတော့မှာဖြစ်ပါတယ်.. ဒီကြားထဲမှာတော့ ရဲယိုသီးကိုအစိမ်းအတိုင်းဖြစ်ဖြစ် Noni Juice အနေနဲ့ပဲဖြစ်ဖြစ် Noni power ကို capsule ထဲထည့်လို့ပဲဖြစ်ဖြစ် Food supplement အနေနဲ့ ကင်ဆာကာကွယ်ရေးမှာ သောက်ထားနိုင်သလို ကင်ဆာရောဂါဖြစ်ပွားသူတွေအနေနဲ့လည်း Supplement အနေနဲ့စားမယ်ဆိုရင် အကျိုးများနိုင်ပါတယ်..
💢 MWD: ကင်ဆာဆိုတာလည်း မျိုးစုံရှိတော့ ဘယ်လိုမျိုးကင်ဆာတွေကို အထောက်အကူပြုစေနိုင်တာပါလဲ ဆရာ..
Dr.KML: University of Hawaii နဲ့ Illinois University တွေမှာ လေ့လာချက်အရ အဆုတ်ကင်ဆာ (Lung cancer) ၊ အသည်းကင်ဆာ (Liver cancer) နဲ့ ကျောက်ကပ်ကင်ဆာ (Kidney cancer) တွေပေါ်မှာ ဟန့်တားနိုင်စွမ်းရှိတယ်လို့သိရပါတယ်.. ဆက်လက်ပြီးလည်း သုတေသနတွေပြုလုပ်လျက်ရှိပါတယ်..
💢 MWD: ရဲယိုသီးစားရင် စိတ်ရွှင်လန်းစေတယ်ဆိုတာ ဘာကြောင့်ပါလဲ ဆရာ..
Dr.KML: ရဲယိုသီးမှာပါတဲ့ Xeronine ဟာ စိတ်ကိုရွှင်လန်းစေတာဖြစ်ပါတယ်.. သူဟာ alkaloid တစ်မျိုးဖြစ်ပြီးေ က်ာဖီ၊ လက်ဖက်ရည်သောက်ရင် စိတ်ရွှင်လန်းစေတဲ့ အာနိသင်မျိုးဖြစ်ပါတယ်.. ပိုပြီးထူးခြားတာက ခန္ဓာကိုယ်မှာရှိတဲ့ နာကျင်မှုတွေကိုပါ သက်သာစေတဲ့အတွက် ခုနကင်ဆာရောဂါရဲ့ နောက်ဆုံးအဆင့်မှာ နာကျင်မှုပဲဖြစ်ဖြစ် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုမှာ ရောင်ရမ်းလို့နာကျင်တာပဲဖြစ်ဖြစ် ရဲယိုသီးက လျော့ပါးစေနိုင်တာဖြစ်ပါတယ်..  လည်းပင်းကျီးပေါင်းတက်လို့နာနေရင် ရဲယိုကိုစားလိုက်ရင် နာကျင်မှုသက်သာပြီး ပေါ့ပါးသွားသလိုမျိုး ခံစားရပါတယ်.. ကျီးပေါင်းပျောက်အောင်ကတော့ တခြား treatment တွေပါ ရောပေးဖို့လိုပါတယ်.. ရဲယိုတစ်ခုတည်းစားရုံနဲ့ကျီးပေါင်းမပျောက်နိုင်ပါဘူး..
💢 MWD: သွေးတိုးနဲ့ နှလုံးရောဂါတွေအပေါ်မှာ သက်ရောက်မှုလည်း သိပါရစေ..
Dr.KML: ရဲယိုသီးစားရင် သွေးကြောလေးတွေကျယ်လာပြီး သွေးလှည့်ပတ်မှုကောင်းစေပါတယ်.. ဒါကြောင့် ပူတဲ့အသိကို ခံစားရပါလိမ့်မယ်.. ဒါကြောင့် သွေးတိုးရောဂါနဲ့ သွေးကြောကျဉ်ရောဂါတွေမှာ အကျိုးရှိတယ်လို့ ဆိုလိုတာပါ..  အဓိကလုပ်ဆောင်ပေးတဲ့ ဒြပ်ပေါင်းကတော့ Scopoletin တွေဖြစ်ပါတယ်..
💢 MWD: နာတာရှည်ထိပ်ကပ်နာ (Chronic sinusitis) ဝေဒနာသည်တွေအတွက်ရော ဆရာ..
Dr.KML: Chronic sinusitis ဟာ အင်မတန်မှ ကုလို့ခက်တဲ့ရောဂါဖြစ်ပါတယ်.. ရဲယိုသီးကိုစားရင် အကျိုးကျေးဇူးအနေနဲ့ ပါဝင်တဲ့ Anthroquinone တွေကြောင့် ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပါတယ်.. အမြဲစွဲသောက်ရင် Bacteria တွေဝင်မလာနိုင်အောင် ဟန့်တားပေးပါတယ်.. Penicillin သောက်ပြီး လေးဖက်နာပိုးဝင်မလာအောင် ဟန့်တားထားတဲ့သဘောဖြစ်ပါတယ်.. နောက်တစ်ခုကပါဝင်တဲ့ Xeronine တွေကလည်း ထိပ်ကပ်နာကြောင့် နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်ပါတယ်..
နောက်တတိယအနေနဲ့ Antihistamine အာနိသင်ရှိတာကြောင့် နှာခေါင်းပိတ်၊ နှာခေါင်းယားတာတွေ သက်သာစေပါတယ်.. သူ့မှာပါတဲ့ သဘာဝဗီတာမင်စီဟာလည်း နှာခေါင်းအနာကျက်စေဖို့ အထောက်အကူပြုပါတယ်.. ဒီအချက်တွေကြောင့် နာတာရှည်ထိပ်ကပ်နာ ဝေဒနာရှင်တွေအနေနဲ့ ရဲယိုသီးစားရင်စား၊ မစားနိုင်လျှင် ဆေးတောင့်ကို မနက်တစ်ကြိမ် ညတစ်ကြိမ် စွဲသောက်သင့်ပါတယ်..
💢 MWD: ရဲယိုဟာ HIV လူနာတွေအတွက် ဘယ်လိုအကျိုးရှိပါသလဲ ဆရာ..
Dr.KML: ဒါကတော့ စမ်းသပ်ဆဲအဆင့်မှာပဲရှိသေးတယ်.. ဒီကနေ့အသုံးပြုတဲ့ HIV ဆေးတွေဟာလည်း ရာနှုန်းပြည့် အားကိုးနိုင်တာမဟုတ်လေတော့ သဘာဝသစ်သီးသစ်ဖုတွေမှာရှိတဲ့ HIV ဗိုင်းရပ်စ်ကိုဟန့်တားနိုင်တဲ့ အာနိသင်ရှိတဲ့ အပင်တွေကို သုတေသနပြုလုပ်ရာမှာ ရဲယိုဟာ ရှေ့တန်းကပါဝင်လျက်ရှိပါတယ်..
ကနဦးလေ့လာတွေ့ရှိချက်တွေအရ Noni ဟာ ခန္ဓာကိုယ်ခုခံအားကို မြင့်တက်စေနိုင်ကြောင်း သိရှိရပါတယ်.. ဒါကြောင့် ခုခံအားကျသူတွေ၊ မကြာခဏဖျားနာသူတွေအနေနဲ့ Noni စားရင် အကျိုးရှိပါတယ်.. HIV ပျောက်တယ်လို့ ဆိုလိုတာမဟုတ်ကြောင်း သိဖို့လိုပါတယ်..
💢 MWD: ဆရာတို့ FAME အနေနဲ့ ရဲယိုသီးကနေ သဘာဝဆေး ထုတ်ထားတယ်လို့ သိရပါတယ် ဆရာ.. အဲဒါလေးလည်း ရှင်းပြပေးပါ..
Dr.KML: ဆရာတို့ FAME အနေနဲ့ ရဲယိုသီးဟာ အစိမ်းအတိုင်းစားရင် အာနိသင်ထက်မြက်တာမှန်ပေမယ့် အနံ့ပြင်းလွန်းတာကြောင့် လူအများစုက စားဖို့တွန့်ကြပါတယ်.. အချို့လဲထန်းလျက်တို့၊ သကြားတို့၊ ဆားတို့နဲ့တော့ စားကြပါတယ်.. အဲ့ဒီအတွက် အဆင်ပြေအောင် မူလအာနိသင်မပျက်စေဘဲ အသီးကိုစနစ်တကျခူးယူပြီး အမှည့်မလွန်ခင်မှာ အမှုန့်ဖြစ်အောင် လုပ်ရပါတယ်.. ပြီးမှCapsule ထဲထည့်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်.. ဆေးတောင်တစ်တောင့်မှာ ရဲယိုသီးအမှုန့် 500 mg ပါဝင်ပါတယ်.. ပုံမှန်အားဖြင့် မနက်တစ်တောင့် ညတစ်တောင့် အစားမစားမီသောက်ရပါမယ်.. အဓိကအားဖြင့် လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်းတွေနဲ့ မသောက်ရပါဘူး.. ရေနဲ့သောက်တာ အကောင်းဆုံးဖြစ်ပါတယ်.. ဘာလို့လဲဆိုတော့ လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်းမှာပါဝင်တဲ့ caffeine ဓာတ်ဟာ Proxeronine တွေကို ဖျက်ဆီးနိုင်လို့ဖြစ်ပါတယ်..
Credit: ဒေါက်တာခင်မောင်လွင် (FAME Pharmaceuticals)
#MWD Health Talk Programme
Wednesday, January 30, 2019
အဆီကျပီးကြွက်သားကြီးထွားစေဖို့ လိုက်နာရမယ့်နည်းလမ်း ၁၀ မျိုး
++++++++++++++++++++++++++++++++++++++++++++++
ယနေ့မျက်မှောက်ကာလမှာ အများစုဟာအဆီကျ၊ ဝိတ်ချခြင်းကိုဓါတ်စာပြောင်းလဲစားသောက်လိုက်ရုံ (သို့မဟုတ်)စက်ပေါ်မှာပြေးလိုက်ရုံနဲ့ဘဲ အဆီတွေကအချိန်တိုအတွင်းလျော့ကျလိမ့်မယ်လို့ မှားယွင်းစွာတွေးထင်မိကြပါတယ်။ (you won’t get instant results from any diet on the planet or running on the machine) Diet လုပ်ပီးရက်သတ္တပတ် ၂ ပတ်လောက်ကျော်လွန်လာအချိန်မှာ စိတ်ပျက်ငြီးးတွားခြင်းကအစပြုလာပါပီ။ စိတ်ဓါတ်ပြင်းပြပီးကိုယ်ခန္ဓာမှအဆီပိုများလျော့ချဖို့ကြိုးစားတဲ့အခါမှာ မျှော်လင့်ထားတဲ့ရလဒ်မဖြစ်လာချိန်မှာအားမလိုအားမရဖြစ်ပီး သင်ဟာအမှားတွေကိုပြုလုပ်မိနိုင်တယ်။ စိတ်ရှည်၊ ဇွဲသန်၍ရေရှည်တစိုက်မတ်မတ်လုပ်နိုင်မှ သင်မျှော်လင့်တဲ့ ရလဒ်ကိုပိုင်ဆိုင်နိုင်မှာပါ။
အဆီကျပီးကြွက်သားကြီးထွားဖို့ လိုက်နာရမယ့်မယ့်အချက် ၁၀ ချက်ကတော့
၁- သင်နှင့်သင့်တော်မည့် ဓါတ်စာကိုရွေးချယ်စားသောက်ပါ။
-------------------------------------------------------------------------
သူများစားလို့လိုက်စားတာမျိုးမဖြစ်စေပါနဲ့။ သင့်ခန္ဓာလိုအပ်ချက်နှင့်တခြားသူခန္ဓာလိုအပ်ချက်ချင်းမတူညီနိုင်ပါ။ ကိုယ့်ခန္ဓာကိုယ်အကြောင်းကို သိနိုင်အောင်ကြိုးစားပီး သင်လိုချင်တဲ့ ရလဒ်အတွက်သံသယရှိနေပီဆိုရင် ဖြစ်နိုင်ချေရှိတဲ့ ဓါတ်စာကိုသင့်တော်သလိုပြောင်းလဲစားသောက်ပါ။ ပြောင်းလဲစားသောက်ရာမှာ အပါတ်စဉ်တိုင်းဓါတ်စာပြောင်းလဲစားသောက်ခြင်းကို မဆိုလိုပါ။ အနည်းဆုံး ရက်သတ္တပါတ် ၈ ပါတ် (၂လ) အတွင်း သင့်ခန္ဓာကိုယ် ပြောင်းလဲမူနှင့်လိုအပ်မူ့ကို ဆန်းစစ်နေပါ။
၂- မနက်စာမပျက်မကွက်စားသုံးပါ။
------------------------------------------
ခန္ဓာကိုယ်ရဲ့တနေ့တာဇီဝဖြစ်စဉ်ကိုစတင်ရန်အတွက် ကယ်လိုရီ(လောင်စာ)စွမ်းအင်ရရှိနိုင်ရန်အတွက် အိပ်ယာမှနိုးထချိန်မှ ၁ နာရီအတွင်း မပျက်မကွက် နံနက်စာကိုစားသုံးယူသင့်ပါတယ်။ ဗိုက်ပြည့်ရန်အတွက်စားသုံးခြင်းမဖြစ်စေရန် သတိအမြဲချပ်ပါ။ နေ့သစ်တရက်အတွက် လုံလောက်သောစွမ်းအင်အဟာရ မဖြည့်တင်းနိုင်ခဲ့လျှင်၊ ခန္ဓာကိုယ်အတွင်းသိုလှောင်ထားသော ကြွက်သားများရဲ့စွမ်းအင်ကို ထုတ်ယူအသုံးပြုပါတယ်။ ခက်ခဲစွာတည်ဆောက်ယူထားတဲ့ ကြွက်သားများဟာ မနက်စာစားသုံးယူဖို့ ပျက်ကွက်မူ့ကြောင့် ကြီးထွားမူ့နှုန်းလျော့ရဲဆုတ်ယုတ်သွားပါတယ်။
၃- ပြောင်းလဲမူ့နှေးကွေးခြင်းကို စိတ်ရှည်၊သီးခံပါ။
--------------------------------------------------------------
ခန္ဓာကိုယ်ဟာ အသစ်ပြောင်းလဲစားသောက်၊ နေထိုင်မူ့နှင့်အလေ့အကျင့်ဖြစ်စေဖို့ အနည်းဆုံးအချိန် ၄-၅ ပတ်လိုအပ်ပါတယ်။ အစားအသောက်ပုံစံကို မကြာခဏပြောင်းလဲခြင်းဟာ အဆီကျဖို့ထက် အဆီတိုးစေဖို့အခွင့်အလမ်းများလာပါတယ်။ ကိုယ်ခန္ဓာအလေးချိန်လျော့ကျစေဖို့အတွက်ကတော့ အစာကိုအတိုင်းအတာနှင့်ပုံမှန်စွဲမြဲတည်တန့်စွာစားသောက်နိုင်အောင်လေ့ကျင့်ယူရပါတယ်။ စားသောက်နေထိုင်မူ့မကြာခဏပြောင်းလဲခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေဟာ ကမောက်ကမဖြစ်ကုန်ပါတယ်။ ရလဒ်ကတော့ ကယ်လိုရီလောင်ကျွမ်းမူ့လျော့ကျ၍ အဆီပိုများကိုထိရောက်စွာမချေဖြတ်နိုင်တော့ပါဘူး။
၎- ဆုံးဖြတ်ထားတဲ့အတိုင်းနေထိုင်ပါ။ စိတ်ဓါတ်ခိုင်မာပါ။
-----------------------------------------------------------------
အချိန်မမှန်စားခြင်း အလျင်းသင့်သလိုစားသောက်ခြင်းဟာ အကြီးမားဆုံးရန်သူပါ။ မည်သို့သောရည်ရွယ်ချက်ကြောင့်ပင်ဖြစ်စေ ခန္ဓာကိုယ်ရဲ့အဆက်မပျက်ပြောင်းလဲမူ့ဖြစ်စဉ်တွေအတွက် ထုံစံအတိုင်း တနေ့ ၃ ကြိမ်စားသောက်ခြင်း သို့မဟုတ် နည်းနည်းနှင့်မကြာခဏစားခြင်းကိုကျင့်သုံးပါ။ အစားအသောက်မစားခြင်းကိုတော့ အထူးရှောင်ရှားသင့်ပါတယ်။ ပိန်ချင်တာ/အဆီချချင်တာ အစားအစားဘာ့ကြောင့် ခဏခဏစားဖို့တိုက်တွန်းရတာလဲ? မကြာခဏ၊ အနည်းငယ်ပမာဏကို ခွဲယူစားသုံးခြင်းဖြင့် ဇီဝကမ္မဖြစ်စဉ်များကို အစဉ်မပျက်ဖြစ်ပေါ်စေ၍ ပိုလျံတဲ့ကယ်လိုရီများကို ပိုမိုလောင်ကျွမ်းမူ့ဖြစ်ပေါ်စေပါတယ်။
၅- ကယ်လိုရီကိုအမြဲတွက်ချက်ပါ။
-----------------------------------------
စားသုံးယူတဲ့ ကယ်လိုပမာဏကို စစ်တမ်းယူထားတဲ့ အလေ့အကျင့်ပြုလုပ်ပါ။ အချိန်ကြာလာတဲ့နဲ့အမျှ အလေ့အကျင့်ဖြစ်သွားမှာပါ။
ဥပမာ။ ။ ထမင်းဆိုင်အပြင်အဆင် ထမင်းဖြူ ၁ ပန်းကန်= ၂၀၃.၅ ကယ်လိုရီ ပျမ်းမျှခြင်းပါဝင်ပါတယ်။ ၄ ကယ်လိုရီဟာ ၁ ဂရမ် (ပရိုတိန်း) နှင့်ညီမျှပါတယ်။
ကယ်လိုရီဟာခန္ဓာယန္တရားလည်ပတ်ဖို့အတွက် ဓါတ်ဆီနဲ့တူတဲ့လောင်စာပါ။ ပျမ်းမျှခြင်းအားဖြင့်အရွယ်ရောက်ပြီး လူတစ်ယောက်အတွက် ကယ်လိုရီ ၁၀၀၀-၁၄၀၀ အနည်းဆုံးလိုအပ်ပါတယ်။ အသက်အရွယ်/လိင်/အနိမ့်-အမြင့် နှင့်အလေးချိန်အပေါ်မူတည်ပီး ကယ်လိုရီ လိုအပ်ချက်(BMR)ကို တွက်ယူလို့ရနိုင်ပါတယ်။
Google.com မှာ BMR တွက်ချက်နည်းကို အလွယ်တကူရှာနိုင်ပါတယ်။ လိုအပ်တဲ့ကယ်လိုရီထက် ပိုမိုစားသုံးခဲ့ရင် အပိုကယ်လိုရီတွေဟာ မျိုးရိုးဗီဇအပေါ်မူတည်၍ ခန္ဓာကိုယ်ရဲ့တနေရာရာမှာ အဆီအဖြစ်စုဝေးနေမှာပါ။ (မေးအောက်၊ ပေါင်၊ တင်ပါး၊ ခါး၊ ဝမ်းဗိုက်)
ကယ်လိုရီနှင့်အဆီ ညီမျှခြင်း
၃၅၀၀ ကယ်လိုရီ = ၁ ပေါင် (အဆီ)
၁၀၀၀ ကယ်လိုရီ =၀.၂၈ ပေါင် (၂၈ အောင်စ)
၅၀၀ ကယ်လိုရီ = ၀.၁၄ ပေါင် (၁၄ အောင်စ)
၆- အစားအစာအမျိုးမျိုးကို စားသုံးပါ။
-------------------------------------------
ဖြည့်စွက်စာဆိုသည်မှာ လိုအပ်သည့်အဟာရကိုဖြည့်စွက်ခြင်းဟု အဓိပ္ပါယ်ရပါတယ်။ စားသောက်နေမြဲအစားစားကိုမစားဘဲ ဖြည့်စွက်စာတခုတည်းစားသုံးသည့်နှင့် ခန္ဓာကိုယ်အတွက်လိုအပ်သော အဟာရပြည်စုံသည်ဟုအဓိပ္ပါယ်လွဲမှားစွာမယူဆသင့်ပါ။ အသား(ပရိုတိန်း)နှင့်အတူ ကာဗိုဟိုက်ဒြိတ်+အမျှင်ဓါတ် (Fiber) များပါဝင်သော အဆန်/အစေ့၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်အရွက်မျိုးစုံပါ ပူတွဲစားသုံးယူပါ။
၇- တရားလွန်အဆီပါဝင်သော အစားအစာရှောင်ခြင်းမပြုလုပ်ပါနှင့်။
-----------------------------------------------------------------------------
ကာယအလှတည်ဆောက်နေသူများ အလေးချိန်လျော့ချဖို့အတွက် ကျန်းမာရေးအတွက်ကောင်းမွန်တဲ့အဆီ(မပြည့်ဝအဆီ)ဟုခေါ်သော Mono Unsaturated Fatty acids သည် မကောင်းသောကိုလက်စထရောဖြစ်စဉ်ကိုတားမြစ်နိုင်သော အဆီအက်စစ်ကိုအသားနှင့်အခွံမာသီးများ၊ ထောပတ်သီတို့မှလည်းရရှိ၍ အိုမီဂါ -၃ အဆီအက်စစ်ကိုတော့ ငါးများထံမရရှိနိုင်ပါတယ်။ ကောင်းမွန်သောအဆီများဟာ နှလုံးသွေးကြောကျဉ်းခြင်းနှင့် လေဖြတ်ခြင်းကို လည်း ကာကွယ်ပေးပါသည်။ ထို့ကြောင့် အဆီကိုတရားလွန်ရှောင်ရှားခြင်းဟာ ကောင်းကျိုးမဖြစ်စေဘဲ အဆီကျ/ကြွက်သားကြီးထွားခြင်းကိုအနှောင့်အယှက်ဖြစ်စေပါတယ်။ အလွန်အကျွံမဖြစ်အောင်ထိန်းချူပ်၍ မျှတစွာစားပေးပါ။
၈- အဟာရမျိုးစုံပြည့်ဝအောင်စားသုံးပါ။
----------------------------------------------
ပရိုတိန်း၊ ကယ်လ်ဆီယမ်နှင့်ဗီတာမင်ဒီ ပါဝင်သောအစားအသောက်များကို ဂရုတစိုက်စားသုံးပါ။ ကြွက်သားတည်ဆောက်ခြင်းနှင့်ကယ်လိုလီလောင်ကျွမ်းနိုင်စေရန်အတွက် ပရိုတိန်းလိုအပ်သလို အရိုးများသန်မာစေရန်အတွက် ကယ်လ်ဆီယမ်နှင့်ဗီတာမင်ဒီဟာလည်းမရှိမဖြစ်အရေးပါ၍ ကိုယ်အလေးချိန်လျော့ချခြင်းအတွက် အကျိုးဖြစ်ထွန်းစေပါတယ်။ အလွန့်အကျွံစားသုံးခြင်းမျိုးမဖြစ်အောင်အမြဲတစေသတိချပ်ပါ။
၉- ရေများများသောက်ပါ။
-----------------------------
ရေသောက်ခြင်းဖြင့် ဆာလောင်မူ့ကိုထိန်းသိမ်းနိုင်သလို ကယ်လိုရီလောင်ကြွမ်းမူ့ကို အထောက်အကူဖြစ်စေပါတယ်။ တနေ့ရေ ၀.၅ လီတာသောက်သုံးခြင်းဖြင့် ၂၃ ကယ်လိုရီလောင်ကျွမ်းနိုင်ပါတယ်။ တနှစ်တာ (၃၆၅ ရက်) ရေ ၀.၅ လီတာသောက်သုံးခြင်းဖြင့် ၁၇၀၀၀ ကယ်လိုရီ (သို့) အဆီ၂ ကီလို (၄.၄ပေါင်)လောင်ကျွမ်းနိုင်ပါတယ်။
သူတေသနစစ်တမ်းကောက်ယူချက်များအရ ရေ ၁-၁.၅ လီတာနေ့စဉ်သောက်သုံးခြင်းဖြင့် ကိုယ်ခန္ဓာအလေးချိန်လျော့ချနိုင်တယ်လို့ဆိုပါတယ်။
၁၀- ကိုယ်အလေးချိန်စက်တွင် မကြာခဏချိန်ခြင်းကိုရှောင်ကျဉ်ပါ။
---------------------------------------------------------------------------
အလေးချိန်လျော့ချနေသူတိုင်း စိတ်လှုပ်ရှားစွာမကြာခဏ အလေးချိန်ကြည့်တတ်ပါတယ်။ ထိုအလေ့အကျင့်က သင့်ကိုကျေနပ်စေဖို့ထက် စိတ်ပျက်/ကုန်စေဖို့ အဆိုးဘက်ကိုရောက်ရှိစေပါတယ်။ ဝိတ်အနည်းငယ်လျော့ကျတာကို သိရှိခြင်းဖြင့် စိတ်ကိုယ်အလိုလိုက်ကာ စားချင်စိတ်များပေါ်ပေါက်လာမှာပါ။ ထို့ကြောင့်သင့်ရည်ရွယ်ချက်အတိုင်းကောင်းမွန်သော အကျင့်စရိုက်များကို မကျိုးပေါက်အောင် ထိန်းသိမ်းခြင်းဖြင့် မျှော်မှန်းထားသော ကိုယ်အလေးချိန်နှင့်ကြွက်သားအလှများပိုင်ဆိုင်နိုင်ပါစေ။
ရိုးရှင်းလွယ်ကူသော ဝိတ်ကျ Diet Plan အစားအသောက် (Gym ကစားနေသူများအနေဖြင့် (ပရိုတိန်းရှိတ် ၃၀-ဂရမ်) ဖြင့်တွဲ၍စားသုံးပါ)
သင်နှင့် သင့်တော်မည်ထင်လျှင် လိုအပ်သလိုပြင်ဆင်အသုံးပြုပါ။
Day-1
မနက်စာ
ပေါင်မုန့်မီးကင် ၁ ချပ် + ထောပတ်မြေပဲ သုပ်
ဂရိတ်ဖရုအသီး ၁ ခြမ်း
ဘလက်ကော်ဖီ စစ်စစ် ၁ ခွက် (သကြားမပါ)
နေ့လည်စာ
ပေါင်မုန့်မီးကင် ၁ ချပ်
တူနာငါးသေတ္တာဗူး တဝက်
ဘလက်ကော်ဖီ စစ်စစ် ၁ ခွက် (သကြားမပါ)
ညစာ
အမဲသားကင် ၃ အောင်စ
ပဲသီးစိမ်း ၁ ခွက်
ငှက်ပျောသီး ၁ ဝက်
ပန်းသီး ၁ လုံး
ဗနီလာ ရေခဲမုန့် ၁ ခွက်
Day-2
မနက်စာ
ငှက်ပျောသီး ၁ ဝက်
ပေါင်မုန့်မီးကင် ၁ ချပ်
ကြက်ဥပြုတ် ၁ လုံး
နေ့လည်စာ
ငှက်ပျောသီး ၁ ဝက်
ဘီစကစ် ၅ ချပ်
ချိစ် ၁ ချပ်
ညစာ
ကြက်အူချောင်း ၂ ခု
ငှက်ပျောသီး ၁ ဝက်
မုန်လာဥနီအသေးပြုတ် ၁ ပန်းကန်လုံး
ပန်းဂေါ်ဖီစိမ်း ၁ ပန်းကန်လုံး
ဗနီလာ ရေခဲမုန့် ၁ ခွက်
Day-3
မနက်စာ
ပန်းသီး ၁ လုံး
ဘီစကစ် ၅ ချပ်
ချိစ် ၁ ချပ်
နေ့လည်စာ
ပေါင်မုန့်မီးကင် ၁ ချပ်
ကြက်ဥပြုတ် ၁ လုံး
ညစာ
တူနာငါး ဗူးတဝက်
ငှက်ပျောသီး ၁ ဝက်
ဗနီလာ ရေခဲမုန့် ၁ ခွက်
Day 1 မှပြန်စပါ။
လွတ်လပ်စွာ Share နိုင်ပါသည်။
[ဒေါမနစ်
၂၆ ဂျွန်လ ၂၀၁၆ (SGT 12:38)]
Tuesday, January 29, 2019
Redmi Note 7 Preview (Things-u-need Package)
[Zawgyi]
– Display
– Battery
– Camera
– Others
[Unicode]
Redmi Note 7 Preview (Things-u-need Package)
ဈေးတစ်ခုတည်းသိချင်သူတွေကို ဦးစားပေးတဲ့အနေနဲ့ Note 7 ရဲ့ဈေးကို အရင်ပြောပါ့မယ်။
32/3 GB ကို Y 999 (မြန်မာငွေ ၂သိန်းခွဲဝန်းကျင်)
64/4 GB ကို Y 1199 (မြန်မာငွေ ၃သိန်းဝန်းကျင်)
64/6 GB ကို Y 1399 (မြန်မာငွေ ၃သိန်းခွဲဝန်းကျင်) နဲ့ ရရှိနိုင်မှာပါ။
Color အနေနဲ့ Dawn Gold, Fantasy Blue နဲ့ Bright Black ဆိုပြီး Gradient Color ၃ မျိုးထုတ်လုပ်ပေးပါလိမ့်မယ်။ ဒီဇိုင်းကာလာ လှလှနဲ့ Redmi Note 7 အတွက် Original Cover တွေကတော့ Y 29 (မြန်မာငွေ ၇ထောင်စွန်းစွန်း) လောက် ကျသင့်မှာပါ။ (လိုချင်သူများ သက်ဆိုင်ရာ ဖုန်းဆိုင်တွေကို နားပူနားဆာ လုပ်ကြပါလေ)
Note 7 ဟာ Redmi ရဲ့ Independent Brand အဖြစ် ကြေငြာအပြီးမှာ ပထမဆုံးလှမ်းလိုက်တဲ့ Big Step ဆိုလည်း မမှားပါဘူး။ Mid-range မှာ ကောင်းမွန်တဲ့ Quality, သင့်တင့်တဲ့ဈေးနဲ့ P2P Smartphone တွေထုတ်လုပ်ဖို့ ဦးတည်ချီတက်လာမယ့် Redmi ရဲ့ Note 7 မှာ အရင် Redmi Series တွေထက် တိုးတက်ပြောင်းလဲမှု အများအပြားကို မြင်တွေ့ခဲ့ရတယ်။
 – ပြောင်းလဲလာတဲ့ Design နဲ့ Built Quality
အရင် Redmi Note Series တွေနဲ့မတူပဲ Note 7 မှာ Glass Sandwich Design ဖြစ်လာခဲ့ပြီ။ Camera Design ကလဲ အရင် iPhone Design မဟုတ်တော့သလို Gradient Color တွေ သုံးလာပြီ။ သဘောအကျမိဆုံးက သူ့ရဲ့ Durability ပါ။ ရှေ့မျက်နှာပြင်ကို 0.8mm အထူရှိတဲ့ Gorilla Glass 5 သုံးထားပြီး ဖုန်းရဲ့ထောင့်စွန်းတွေကိုလည်း ထိခိုက်၊ ပြုတ်ကျမှုဒဏ် ခံနိုင်အောင် ဖန်တီးပေးထားတယ်။ ပိုလန်းတာက Camera, USB, Sim Tray လိုနေရာတွေမှာ တော်ရုံရေမဝင်နိုင်အောင် Rubber Seal တွေ ထည့်ပေးထားတာပါ။ ဒါဟာ Mid-range မှာ မြင်ရခဲတဲ့ Built-Quaity အပေါ် အသားပေးမှုဆိုလည်း မမှားပါဘူး။
 – Display
6.3”, 19.5:9 Ratio နဲ့ Waterdrop Notch ကို သုံးထားတဲ့ Full HD+ LCD Display ဖြစ်လာပြီ။
– Battery
4,000 mAh Battery သုံးထားပြီး Quick Charge 4 ထိ Support ပေးမှာပါ။ ဘူးထဲမှာတော့ 5V 2A Charger ပဲပါမယ်ဆိုပေမယ့် USB Type C ကြောင့် 0-100 ကို 2:05 hr နဲ့ အားသွင်းနိုင်မယ်လို့ ဆိုထားပါတယ်။
 – Camera
Note 7 ရဲ့ Spec ပိုင်းမှာ အားအရဆုံးအချက်ပါ။ 48MP, f/1.8, 0.8 micron Pixel Size ကို Pixel Binning သုံးပြီး 12MP, 1.6 micron Effective Pixel Size အဖြစ် သုံးနိုင်မှာပါ။ Depth Sensor အတွက် 5MP Camera ကို သုံးထားတယ်။ Selfie Camera အနေနဲ့ 13MP ပါဝင်မယ်။ ဆိုတော့ကာ လက်ရှိအချိန်မှာ 48MP Camera သုံးတဲ့ ဈေးအနည်းဆုံး Smartphone ဖြစ်လာမှာပါ။
 – Others
Underclocked မလုပ်ထားတဲ့ Snapdragon 660 AI Chipset ကို သုံးထားတယ်။
Audio အတွက် Apple မှာယူလေ့ရှိတဲ့ Supplier ဆီကနေ Component တွေမှာယူထားပြီး Smart PA Amplifier Chip နဲ့အတူ DSM Dynamic Control, custom AAC micro-speaker နဲ့ Large Sound Cavity Design စတာတွေကြောင့် Volume ကို နဂိုထက် နှစ်ဆခွဲ ပိုကောင်းစေမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် 3.5mm Headphone Jack, IR Blaster စတာတွေလည်း ရိုးရာမပျက် ပါဝင်လာဦးမှာပါ။ Storage နဲတယ်ထင်သူတွေအတွက်လည်း Mirco SD ကို Hybrid Slot အနေနဲ့ ထည့်ပေးထားပါသေးတယ်။
ဆိုတော့ကာ အပေါ်မှာ ပြောထားတဲ့ ဈေးနဲ့ အောက်က ပါဝင်တဲ့ Spec တွေကို နှိုင်းယှဉ်ကြည့်ရင် Redmi Note 7 အပေါ်ဘယ်လိုမြင်လဲဆိုတာ ဆွေးနွေးဖို့ကိုတော့ Fan တွေရဲ့တာဝန်အဖြစ် ထားလိုက်ပါ့မယ်။ Xiaomi ရဲ့ 2019 အဖွင့်ဟာ လှပလွန်းခဲ့တယ်လို့ ဆိုရမှာပါ…
မူရင်း Review ရေးပြီးတင်ဆက်သူ စာမျက်နှာက -
PLANET X
Monday, January 28, 2019
အမျိုးသားများလည်း နစ်နာရပါတယ်
၂။ ဘာမဆို လုပ်တတ်ရမယ်
၃။ အလှအပ မကြိုက်ရဘူး
၆။ နွားဖြစ်ပြီ
၈။ ငွေရှာကောင်းရမယ်
(Unicode)
Gender ဆိုတာ ဘာလဲလို့မေးရင် သတ်မှတ်ချက်တွေကို ဆိုလိုတာပါ။ ယောကျာ်းဆိုတာ ဘယ်လိုဖြစ်ရမယ်၊ မိန်းမဆိုတာ ဘယ်လိုဖြစ်ရမယ် ဆိုပြီးတော့ပေါ့။ ဥပမာအားဖြင့် ယောကျာ်းဆိုတာ ဦးဆောင်နိုင်စွမ်း ရှိရတယ်၊ မိန်းမဆိုတာ ဗိုင်းကောင်းကျောက်ဖိနေရမယ် စတဲ့ သတ်မှတ်ချက်တွေကို Gender လို့ခေါ်ပါတယ်။
ဒီလိုသတ်မှတ်ချက်တွေကြောင့် ဘာဖြစ်လဲ၊ ဘာလို့ ဒါတွေကို အရေးတယူလုပ် ပြောနေရတာလဲ။
မိန်းကလေးမို့လို့ လင်ကောင်းသားကောင်းရရင် တော်ပါပြီ ဆိုပြီး ကျောင်းထုတ်လိုက်ရာကနေ၊ ဖေ့စ်ဘွတ်မှာ မာနမင်းသားလေး ဆိုတဲ့အကောင့်နဲ့ ရည်းစားဖြစ်၊ အပြင်မှာချိန်း၊ ဟိုတယ်သွား၊ ကိုယ်ဝန်ရ၊ အဲ့ကတည်းက မာနမင်းသားလေးကိုလည်း ရှာမရတော့ဘဲ ဒုက္ခရောက်ရတဲ့ အဖြစ်မျိုးတွေ ရှိလာတယ်။
ကျွန်တော်တို့ ကြားသိနေရသမျှ အကြမ်းဖက်မှု၊ အနိုင်ကျင့်စော်ကားမှု၊ နှိမ့်ချဆက်ဆံမှုတွေအားလုံးဟာ ဒီအမြင်တွေကနေ မြစ်ဖျားခံတယ်။ ဒါကြောင့် ဒီသတ်မှတ်ချက်တွေ ပြင်ဖို့လိုတယ်လို့ ပြောနေရတာ။
များသောအားဖြင့်တော့ ဒီအမြင်တွေကြောင့် မိန်းကလေးတွေက ပြဿနာဖြစ်ကြရတာ ပိုများပေမယ့် ကျွန်တော်တို့ ယောကျာ်းလေးတွေမှာလည်း ထိခိုက်ရတာတွေ ရှိတယ်။
စဉ်းစားမိတဲ့ တချို့ကို ရေးပြချင်ပါတယ်။
၁။ ဆေးလိပ်၊ အရက် မသောက်တတ်ရင် …
‘ယောကျာ်းမှန်ရင်’ ဆိုတဲ့ သတ်မှတ်ချက်တွေထဲမှာ အဲဒါတွေကို ထည့်ထားကြတယ်။ တကယ်တော့ ဒါတွေက ယောကျာ်းဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်းနဲ့ မဆိုင်ဘူး၊ သောက်ချင်တဲ့သူက သောက်မှာပဲ၊ စားချင်တဲ့သူက စားမှာပဲ၊ မသောက်ချင် မစားချင်တဲ့သူကလည်း မသောက်ဘူး၊ မစားဘူး။ ဒါပေမယ့် အဲ့လို ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက်မသောက်တတ်ရင် ယောကျာ်းမှ ဟုတ်ရဲ့လားလို့ နောက်ပြောင်ခံရတယ်။ တကယ်ဆို အမျိုးသမီးတွေလည်း ဒီလို သောက်လို့ရတယ်ဆိုရင် အမျိုးသားတွေထဲမှာလည်း မသောက်တတ်တဲ့သူ ရှိနိုင်တယ်ဆိုတာ လက်ခံပေးရမှာပေါ့။
၂။ ဘာမဆို လုပ်တတ်ရမယ်
“ယောကျာ်းဖြစ်ပြီး ဆိုင်ကယ်တောင် မစီးတတ်ဘူးလား”၊ “သားယောကျာ်းလေး မွေးထားတာ ဒါလေးတောင် အားမကိုးရဘူး” စသဖြင့် ပြောတတ်ကြတယ်။ ဒီနေရာမှာလည်း တူတူပဲ၊ ဆိုင်ကယ်စီးတတ်တာ၊ ဘောလုံးကန်တတ်တာ၊ မီးချောင်း လဲတတ်တာ၊ ဒါတွေဟာ အရည်အချင်းပဲ၊ Skill ပဲ။ သင်ရင် တတ်မယ်၊ မသင်ရင်၊ မလေ့ကျင့်ရင် မတတ်ဘူး။ ဒါပေမယ့် ယောကျာ်းဆိုရင် တတ်ကိုတတ်ရမယ်လို့ မြင်နေကြတော့ ခက်တယ်။ ဘယ်အတတ်ပညာမဆို တတ်ထားရင်တော့ ကောင်းတာပေါ့၊ ဒါပေမယ့် ယောကျာ်းဖြစ်ရင် တတ်ကိုတတ်ထားရမယ် ဆိုတာကတော့ အဓိပ္ပါယ်မရှိပါဘူး။
၃။ အလှအပ မကြိုက်ရဘူး
“ယောကျာ်းကြီးဖြစ်ပြီး မှန် အဲ့လောက်ကြိုက်ရလား”၊ “နုလိုက်တာလည်း လွန်ပါရော”၊ ဒီလိုမျိုးတွေ ပြောတတ်ကြတယ်။ တကယ်တော့ အလှအပကြိုက်တာ၊ ဖြစ်သလိုနေတတ်တာတွေကလည်း ကျားရယ် မရယ်နဲ့ မဆိုင်ဘူး။ မိန်းကလေးထဲမှာလည်း ဖြစ်သလို နေတတ်ပြီး အလှအပကို သိပ်ဂရုမစိုက်တတ်သူတွေ ရှိနေသလို၊ ယောကျာ်းလေးထဲမှာလည်း သပ်သပ်ရပ်ရပ် ကျော့ကျော့မော့မော့ နေချင်သူဆိုတာ ရှိနိုင်တာပါပဲ။
၄။ အကြောက်တရား ကင်းမဲ့ရမယ်၊ မငိုရဘူး
သရဲခြောက်တယ်ဆိုလည်း မကြောက်ရ၊ မြွေ၊ ပိုးဟပ်၊ ဖား စတဲ့ သေးသေးကြီးကြီး ဘယ်လိုသတ္တဝါမျိုးကိုမှ ယောကျာ်းက ကြောက်ခွင့်မရှိဘူး။ ကြောက်နေဦးတော့၊ ပါးစပ်ကနေ ထုတ်ပြောခွင့်မရှိဘူး။ ဝမ်းနည်းစရာ တွေ့လည်း မငိုရဘူး။ “ယောကျာ်းဖြစ်ပြီး မျက်ရည်မကျနဲ့” တဲ့၊ ငယ်ငယ်ကတည်းက ဆုံးမခံခဲ့ကြရတယ်။
၅။ ရန်ဖြစ်ရဲရမယ်၊ အကာအကွယ်ပေးနိုင်ရမယ်
ကောင်လေးနဲ့ ကောင်မလေး လမ်းလျှောက်လာတယ်၊ အဲဒီမှာ တခြားကောင်လေး ၃ ယောက်လောက်က ကောင်မလေးကို ရိသဲ့သဲ့ပြောမယ်။ ဒါ ဘယ်သူမဆို ဒေါသထွက်မှာပဲ၊ တုံ့ပြန်ဖို့ လုပ်မယ်၊ ရန်ဖြစ်မယ်။ ဒါပေမယ့် တကယ့်လက်တွေ့ဘဝဆိုတာ မြန်မာကား မဟုတ်တော့ ကိုယ်ကလည်း မင်းသား မဟုတ်သလို၊ ကိုယ့်ကို ရန်လာစတဲ့သူတွေကလည်း ကိုလူချောတို့အဖွဲ့ မဟုတ်ဘူး။ ဒီတော့ ၃ ယောက် ၁ ယောက်ဆို ကိုယ်ခံရဖို့ များတယ်။ နောက်ဆက်တွဲ ဖြစ်လာနိုင်တာတွေလည်း အများကြီးပဲ။ ဒီလိုတွေးမိလို့ သည်းခံပြီး ထွက်လာလိုက်မယ် ဆိုပါတော့၊ ကောင်မလေးက ဘာပြောမလဲ၊ နင် ယောကျာ်းဖြစ်ပြီး ကိုယ့်ချစ်သူတစ်ယောက်လုံးကိုတောင် အကာအကွယ် မပေးနိုင်ဘူး၊ နင့်ကို ငါဘယ်လိုအားကိုးရမလဲ တဲ့။
၆။ နွားဖြစ်ပြီ
လူပျိုမစစ်တော့တဲ့ ယောကျာ်းလေးတစ်ယောက်ကို လက်ထပ်ရလို့ ဘယ်သူကမှ နွားမလို့ မခေါ်ပေမယ့် အပျိုမစစ်တော့တဲ့ မိန်းကလေးတစ်ယောက်ကို ယူမိရင်တော့ ချို(ဂျို)ပေါက်နေပြီ၊ မြက်ကြိုက်လို့လား စသဖြင့် ပြောခံရတယ်။ ကောင်မလေးတစ်ယောက်ရဲ့ အပျိုစင်ဘဝကို လိုချင်လို့ ချစ်တယ် ဆိုတဲ့ စကားလုံးလေး လှလှပပသုံးပြီး အယုံသွင်းတယ်၊ လိုချင်တာရပြီးတော့ ထားသွားတယ်၊ ပြီးတော့ အဲဒါကို အောင်မြင်မှုတစ်ခုလို ဂုဏ်ယူဝင့်ကြွားစွာ လျှောက်ပြောနေတယ်၊ အဲ့ကောင်မလေးရဲ့ လက်ရှိရည်းစားကိုလည်း မင်းက ငါ့အကျ တွဲရတဲ့ကောင်ပါကွာ ဆိုပြီး သွားပြောတယ်၊ အဲ့လိုယောကျာ်းကိုကျ အားကျနေကြပြီးတော့၊ ကောင်မလေးမှာ အတိတ်က ကိစ္စတွေ ရှိခဲ့တာ သိသိကြီးနဲ့ ဒါဟာ ဒီမိန်းကလေးရဲ့ တန်ဖိုးကို မကျစေသလို၊ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးမှာလည်း ဘာပြဿနာမှ မရှိဘူးလို့ ခံယူတဲ့အတွက် မြတ်မြတ်နိုးနိုးနဲ့ လက်ထပ်လိုက်တဲ့ ယောကျာ်းကိုတော့ ကျွန်တော်တို့က နွားတံဆိပ်ကပ်တယ်။
ဒီလိုသတ်မှတ်ချက်တွေကြောင့် မိန်းကလေးတစ်ယောက်ရဲ့ ပထမဆုံးပဲ ဖြစ်ချင်တယ် ဆိုတဲ့ အယူအဆတွေ လွှမ်းမိုးလာသလို၊ ကိုယ့်ဟာကိုယ် အဆင်ပြေပါတယ်ဆိုတောင် ပတ်ဝန်းကျင်ရဲ့ တံဆိပ်ကပ်မှုကို မခံနိုင်လို့ အဆုံးသတ်လိုက်ရတဲ့ Relationship တွေ အများကြီးရှိနေပါတယ်။
၇။ သူများသားသမီးကို နှစ်ရှည်လများ တွဲပြီး ခုထိ မယူသေးဘူး
(ဒီနေရာမှာ လက်ထပ်မယ်လို့ အယုံသွင်းပြီး ကာမလိမ်လည်ရယူတာတွေ၊ အပျော်သက်သက် တွဲတာတွေကိုတော့ ထည့်မပြောပါဘူး။) ဒါက ရည်းစားသက်တမ်း ကြာလာရင် မိန်းကလေးဆိုတာ တန်ဖိုးကျကျလာတယ် ဆိုတဲ့ အမြင်နဲ့ ဆက်စပ်တယ်။ မိန်းကလေးတွေမှာလည်း ဒီအမြင်ရဲ့ဒဏ်ကို မခံနိုင်ကြတဲ့အတွက် နှစ်တွေကြာလာ၊ တစ်ယောက်ကို တစ်ယောက်သိလာလို့ အဆင်မပြေတော့ဘူး ဆိုရင်တောင် မပြတ်ရဲတော့ဘူး၊ ဒီလိုပဲ ကြိတ်မှိတ်နေလိုက်ကြ၊ လက်ထပ်လိုက်ကြ၊ ကောင်လေး မူမမှန်တော့တာကိုတောင် အမျိုးမျိုး သည်းခံကြရနဲ့ ဖြစ်ကုန်တယ်။ အဲဒီလိုပဲ၊ ယောကျာ်းလေးတွေကိုလည်း သူများသားသမီးကို ဒီလောက်နှစ်ရှည်လများ တွဲခဲ့ပြီး မယူသေးဘူးလားလို့ ပြောခံရတာပဲ။ အကြောင်းကြောင်းကြောင့် လမ်းခွဲလိုက်ရင်လည်း လူမဆန်တဲ့ကောင်လို မြင်ကြတာ။ တကယ်တော့ သူတို့ဟာသူတို့ အဆင်မပြေလို့ လမ်းခွဲလိုက်တာ၊ အေးအေးဆေးဆေးပဲ၊ ပတ်ဝန်းကျင်ကသာ အဲ့လိုမျိုးတွေ ပြောနေကြတာ။
၈။ ငွေရှာကောင်းရမယ်
တက္ကသိုလ်ကနေ ဘွှဲ့ရလာရင် မိန်းကလေးတွေက ပညာဆက်သင်ဖို့ အာရုံရှိနေချိန်၊ ယောကျာ်းလေးတွေက ငွေရှာဖို့ကို ပိုဦးစားပေးရတယ်။ ငါ သူများသားသမီးကို ယူပြီးရင် သူ့အဖေထားတာထက် မသာတောင် တင့်တင့်တယ်တယ်လေးတော့ ထားနိုင်မှ ဆိုပြီးတော့ပေါ့။
မိသားစုတစ်စုမှာ ယောကျာ်းက ပိုက်ဆံရှာပြီး မိန်းမက အိမ်ထောင်မှု ထိန်းသိမ်းတယ်ဆို အေးအေးဆေးဆေးပဲ ဘာမှမဖြစ်ဘူး။ ဘယ်သူကမှလည်း မိန်းမကို ယောကျာ်းပုဆိုးနား ခိုစားတယ်လို့ မပြောဘူး။ ဒါ သာမန်လို့ပဲ မြင်ကြတယ်။ မိန်းမတစ်ယောက်ရဲ့ စိတ်ထဲမှာလည်း လုံခြုံမှုရှိတယ်။ ယောကျာ်းက အားကိုးရတယ်ပေါ့။ ပြောင်းပြန်အနေနဲ့ မိန်းမက ပိုက်ဆံရှာပြီး ယောကျာ်းက နောက်ကပံ့ပိုးပေးမယ် ဆိုပါတော့။ သူတို့ဟာသူတို့ အဆင်ပြေနေရင်တောင် ပတ်ဝန်းကျင်က ပြောကြမယ်၊ မိန်းမထမီနား ခိုစားတယ် ဆိုပြီး။
ယောကျာ်း တော်တော်များများကလည်း ဒီအခြေအနေနဲ့ ပတ်သက်လို့ စိတ်လုံခြုံမှု မရှိဘူး။ ကြာတော့ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။ သူ့ထက်သာနေတဲ့ မိန်းမဖြစ်သူကို အလိုလိုနေရင်း ကြည့်မရတော့ဘူး။ သူနဲ့အတူတွဲလိုက်တိုင်း ကိုယ့်ကိုယ်ကိုယ်လေးစားမှု ပျောက်လာတယ်။ ဒီတော့ ဘုရင်မနားကနေ ခွာပြီး မိဖုရားရှာတယ်။ ဒီမိဖုရားဟာ ဘုရင်မလောက်လည်း မလှဘူး၊ မတော်ဘူး၊ ငွေကြေးမပြည့်စုံဘူး၊ ဒါပေမယ့် သူကတော့ ဘုရင်ဖြစ်ခွင့်ရတယ်။ ဒီလိုနဲ့ အိမ်ထောင်ရေး ဖောက်ပြန်တာတွေ ဖြစ်လာတယ်။
ဒါတွေက ကျွန်တော် စဉ်းစားမိတဲ့ ဥပမာတချို့ပေါ့။ သေချာဖတ်ကြည့်လိုက်ရင် ဘာသွားတွေ့မလဲ ဆိုတော့ မိန်းကလေးတွေကို ထိခိုက်နစ်နာစေတဲ့၊ ရုတ်တရက်ဆို ကျွန်တော်တို့ ယောကျာ်းတွေ အသာရနေတယ်လို့ ထင်ရတဲ့ ကိစ္စတွေကပဲ ကျွန်တော်တို့ကို ထိခိုက်စေနေတာ ဖြစ်ပါတယ်။
ဥပမာ မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးကို အပျိုစစ်ခြင်းနဲ့ တိုင်းတာနေတာကပဲ ကျွန်တော်တို့ကို နွားဖြစ်စေတာ၊ ချိုပေါက်စေတာ။ နှစ်တွေကြာလာရင် မိန်းကလေးက တန်ဖိုးကျလာတယ် ဆိုတဲ့အမြင်ကပဲ ကျွန်တော်တို့ကို နှမသားချင်း မစာနာတဲ့သူတွေ ဖြစ်လာစေတာ။ “စီးတဲ့ရေ ဆည်တဲ့ကန်သင်း” ဆိုတာက အမျိုးသမီးတွေကို ကိုယ်ပိုင်ဝင်ငွေမရှိ၊ ကိုယ့်ဟာကိုယ် မရပ်တည်နိုင်တော့ဘဲ ယောကျာ်းအနိုင်ကျင့်သမျှ ငြိမ်ခံရတဲ့ လူတစ်ယောက် ဖြစ်လာစေသလို၊ ယောကျာ်းတွေအတွက်လည်း ငွေရှာကောင်းရမယ် ဆိုတဲ့ ဝန်ထုပ်ဝန်ပိုးကို ဖြစ်စေတာ။ ကိုယ်များ မတော်တဆ အသက်ဆုံးပါးသွားတဲ့အခါ ကိုယ့်သားသမီးတွေနဲ့ ကိုယ့်မိသားစုကို ဘာမှမလုပ်တတ် မကိုင်တတ်နဲ့ ဒုက္ခတွေဖြစ်ပြီး ကျန်ခဲ့စေတာ။
ဒါကြောင့် ဒီလို လူမှုအသိုင်းအဝိုင်းကြားမှာ ရှိနေတဲ့ အမြင်တွေကို ပြောင်းလဲပစ်ဖို့ဟာ အမျိုးသမီးတွေအတွက်ပဲ လိုအပ်တာ မဟုတ်ဘူး၊ အမျိုးသားတွေအတွက်လည်း လိုအပ်တယ်၊ ဒီအမြင်တွေကြောင့် အမျိုးသမီးတွေ ထိခိုက်နစ်နာရသလို၊ ဒီလိုဘောင်တစ်ခုထဲ အံဝင်ခွင်ကျ ဖြစ်မနေတဲ့ အမျိုးသားတွေဟာလည်း ကဲ့ရဲ့ပြစ်တင်ခံနေရတယ်၊ ဒီအမြင်တွေကြောင့် သူတို့တင် ထိခိုက်ခံစားနေရတာ မဟုတ်ဘဲ ကျွန်တော်တို့လည်း နစ်နာနေရတယ် ဆိုတာကို သိစေချင်ပါတယ်။ နောက်ပြီး အဲဒီအမြင်တွေ လျော့နည်းပပျောက်သွားဖို့ ကြိုးစားကြတဲ့ နေရာမှာလည်း အမျိုးသားတွေကို ပူးပေါင်းပါဝင်စေချင်ပါတယ်၊ ဒါမှပဲ ပိုမိုအောင်မြင်မှု ရလာမှာဖြစ်တယ် ဆိုတာကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒီနှစ် နိုင်ငံတကာ အမျိုးသားများနေ့ (International Men’s Day) အထိမ်းအမှတ်အနေနဲ့ တင်ပြဆွေးနွေးလိုက်ရပါတယ်။
(၂၄.၁၁.၂၀၁၈ ထုတ် Voice Weekly ပါ ဆောင်းပါး)
ရေးသားသူ - ဒေါက်တာ ဖြိုးသီဟ 
Sunday, January 27, 2019
Gas မီးဖိုသုံးစွဲသူများ ဂရုပြုသင့်သောအချက်များ
။။။။။။။။။
ရေးသူ = ဒဗလျူ - ရှယ်လင်ဘတ်ဂ်
ပရိုပိန်း (Propane) နဲ့ ဗျူတိန်း (Butane) ရောစပ်ပါဝင်နေတဲ့ ရေနံဓါတ်ငွေ့ရည် (Liquid Petroleum Gas - LPG) ဟာ Gas မီးဖိုမှာ အသုံးပြုတဲ့ ဓါတ်ငွေ့ပဲဖြစ်ပါတယ်။ ရေနံဓါတ်ငွေ့ရည် (LPG) ကို ဓါတ်ငွေ့စက်ရုံမှာ compressors တွေ ၊ condensers ကြီးတွေသုံးပြီး အအေးခံသိပ်သည်းကျစ်လစ်သွားစေကာ ဖိအား (pressure) ဖြင့် အိုးထဲမှာသိုလှောင်ပေးထားခြင်းအားဖြင့် အလွယ်တကူ သုံးစွဲနိုင်အောင်ပြုလုပ်ထားပါတယ်။ အိုးအထွက်မှာ valve ရှိပြီး ဖိအားထိန်း (pressure regulator valve) နဲ့ pressure လျော့ချကာ မီးဖိုကိုရောက်ရှိစေတဲ့အတွက် ပရိုပိန်း/ဗျူတိန်းအရော ရေနံဓါတ်ငွေ့ရည် (LPG) ဟာ သက်ရှိသတ္တ၀ါတွေ ပုံမှန်အသက်ရှုနိုင်တဲ့ ပြင်ပလေထုဖိအား (atomosphic pressure - 1 ATM or 1.013 bar) ကဲ့သို့ သာမန်အခန်းအပူချိန် (normal room temperature) နဲ့ သာမန်ဖိအား (normal pressure) မှာ အလွယ်တကူအငွေ့ပြန်ပြီး မီးလောင်ပါတယ်။ အိုး အထွက် valve နဲ့ pressure regulator valve တွေကို တဖက်သွား Non-reture valve ပုံစံပြုလုပ်ထားပါတယ်။
ရေနံဓါတ်ငွေ့ရည် (LPG) ရဲ့ မီးလောင်လွယ်တဲ့ flammable vapor ဟာ ဖိအားနဲ့ အပူချိန်ပေါ်မူတည်ပါတယ်။
ဓါတုဗေဒသဘောတရားတွေ နည်းပညာသဘောတရားတွေမပြောတော့ပဲ Gas မီးဖိုသုံးစွဲသူများ ဂရုပြုသင့်တဲ့အချက်များကိုသာအကျဉ်းနည်းနဲ့တင်ပြရမယ်ဆိုရင် ~~
ရေနံဓါတ်ငွေ့ရည် (LPG) ကို အအေးခံပြီး ဖိအား (pressure) နဲ့ Gas အိုးတွေထဲကို ဖိညှစ်သွင်းပြီးသိုလှောင်ထားတာဖြစ်လို့ သဘောတရားအရ (valve ဖွင့်လိုက်ရင်) Gas က ပြင်ပကိုတွန်းထွက်နေတာပဲဖြစ်တဲ့အတွက် Gas အိုးတွေထဲကို မီးပွား (သို့မဟုတ်) မီးစွယ် ၀င်ရောက်ဖို့အင်မတန်ခက်ပါတယ်။ အင်မတန်ခက်တယ်လို့ပဲပြောပါတယ်။ မဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ ဖြစ်တတ်ပါတယ်။ အိုးမှာတပ်ဆင်ထားတဲ့ အထွက် valve မကောင်းရင် ၊ pressure regulator valve မကောင်းရင် ဖြစ်နိုင်ပါတယ်။
အိုး အထွက် valve ၊ pressure regulator valve တွေမကောင်းတဲ့အခါ Gas ပိုက်တလျောက်မီးစွယ်ပြန်ဝင်လာတာမျိုး ၊ Gas ပိုက်ပိတ်နေတာမျိုး ၊ Gas ထဲမှာပါလာတဲ့ အလွန်သေးငယ်တဲ့အညစ်အကြေးနဲ့အမှိုက်စလေးတွေမီးလောင်ရာက ပိုက်လိုင်းတလျောက်မီးစွယ်ပြန်ဝင်လာတာမျိုးတွေကတဆင့် Gas အိုးထဲကို မီးစွယ် (သို့မဟုတ်) မီးပွား (spark) ရောက်ရှိသွားပြီး Gas အိုးပေါက်ကွဲမှုဖြစ်တယ်ဆိုတာကတော့ အလွန့်အလွန်ဖြစ်တောင့်ဖြစ်ခဲကိစ္စရပ်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လဲ ဂဟေဆော်ဖြင်း သံဖြတ်ခြင်း (Gas welding and Gas cutting) ကဲ့သို့ အောက်စီဂျင် - အက်ဆီတိုင်လင်း (Oxygen – Acteylene) အိုးတွေမှာလို မီးစွယ်နောက်ပြန်တားကိရိယာ (flash back arrester) များကို ရိုးရိုးအိမ်သုံး Gas မီးဖိုနဲ့ Gas အိုးတွေမှာ တပ်ဆင်စရာမလိုခြင်းပဲဖြစ်ပါတယ်။
ဒါဆိုရင် ဘယ်လိုအခြေအနေတွေကြောင့် Gas အိုး မီးလောင်ပေါက်ကွဲမှုဖြစ်ရပါသလဲ….???
အထက်မှာပြောခဲ့သလို အိုး အထွက် valve နဲ့ pressure regulator valve တွေ မကာင်းတဲ့အတွက် Gas က ပိုက်လိုင်းထဲမှာတချိန်လုံးရှိနေတဲ့အချိန် မီးဖိုနဲ့အနီးနားပါတ်ဝန်းကျင်မှာ (အခြားမီးဖိုကြောင့်ဖြစ်စေ ၊ မီးခြစ်လိုက်လို့ဖြစ်စေ ၊ နေအပူချိန်တိုက်ရိုက်ထိတွေ့လို့ဖြစ်စေ) အပူချိန်မြင့်မားတဲ့အခြေအနေကနေ ဓါတ်ငွေ့ယိုစိမ့် (Gas leakage) နေတဲ့ ပိုက်လိုင်းမှာမီးစွဲလောင်ရာမှတဆင့် မီးမသတ်နိုင်တဲ့အခါမှာ Gas အိုးကို မီးမြိုက်သလိုဖြစ်ပြီး အထဲက Gas တွေ ပူပြီးပွလာရာကနေ အိုးအတွင်းမှာ မီးလောင်လွယ်တဲ့ အပူချိန် (flammable vapor temperature) ကိုရောက်ရှိသွားပြီး အလွယ်တကူမီးလောင်ကာ ထွက်ပေါက်မရှိတဲ့ ဓါတ်ငွေ့ကြောင့် ပေါက်ကွဲပြီး ပေါက်ကွဲအားကြောင့် အပြင်ကိုထွက်လာတဲ့ Gas တွေကနေ နောက်တဆင့်ထပ်မံကူးဆက် လောင်ကျွမ်းသွားရခြင်းပဲဖြစ်ပါတယ်။
<<<<>>>>
၁) အိုး အထွက် valve ၊ pressure regulator valve ၊ မီးဖို spark and gas valve တွေ ကောင်း မကောင်း အမြဲစစ်ဆေးရပါမယ်။ အိုး အထွက် valve ကိုပိတ်တဲ့အခါမှာ လက်တအားပဲပိတ်ရမှာဖြစ်ပါတယ်။ ထုရိုက်ပြီးပိတ်မျိုးတွေမလုပ်ရပါဘူး။ Gas အိုးကို ရွေ့တဲ့အခါ စောင့်ချတာ ၊ ပစ်ချတာ ၊ တလိမ့်တုံးလို လှိမ့်တာတွေမလုပ်ရပါဘူး။ အိုး အထွက် valve ကို pressure regulator valve နဲ့ လှည့်တပ်တဲ့အခါ အိုး အထွက် valve အမခေါင်းက အရစ်က ဘယ်ရစ်ဖြစ်သလို pressure regulator valve အဖိုခေါင်း ကလဲ ဘယ်ရစ်ပဲဖြစ်ပါတယ်။ pressure regulator valve အဖိုခေါင်းထိပ်မှာ rubber seal တပ်ထားပါတယ်။ အဲ့ဒိ့ rubber seal ပြတ်နေရင် ပဲ့နေရင် မကောင်းရင် pressure regulator valve ကိုဆက်မသုံးသင့်ပါဘူး။ အိုး အထွက် valve နဲ့ pressure regulator valve တွေရဲ့ အရစ်တွေကို အမဲဆီ လုံးဝသုတ်လိမ်းခြင်းမပြုလုပ်ရပါ။
၂) Pressure regulator valve ကို အတွင်းမှာ diaphragm ၊ spring တို့နဲ့ပြုလုပ်ထားတဲ့အတွက် pressure regulator valve ထိပ်က ဘုလုံး (knob) လေးကို တွန်းလိုက်ရင် valve ပွင့်ပြီး မီးဖိုဆီ Gas ရောက်ပါတယ်။ ဒါ့ကြောင့် အဲ့ဒိ ဘုလုံး (knob) လေး ဟာ တွန်းလို့ ဖိလို့ရ ရပါမယ်။ ဘုလုံး (knob) လေးကို တွန်းမှ Gas က မီးဖိုက ထွက်လာရမှာဖြစ်ပါတယ်။ ဒီလိုအလုပ်မလုပ်ရင် pressure regulator valve အသစ်လဲဖို့လိုပါတယ်။
၃) ပိုက်လိုင်း ကောင်း မကောင်းအခါအားလျော်စွာစစ်ဆေးရမှာဖြစ်ပါတယ်။ အလွယ်တကူစစ်ဆေးနိုင်တဲ့နည်းလမ်းကတော့ Gas အိုး အထွက် valve နဲ့ pressure regulator valve ဖွင့်ထားချိန် (ဘုလုံး (knob) လေးကို ဖိပြီးဖွင့်ထားပြီးတဲ့အခါ) ဆပ်ပြာရည်ဖျော်ကို အမြုပ်ထအောင်မွေပြီး ဆပ်ပြာရည်မြုပ်တွေကို ပိုက်လိုင်းတလျောက်ဖြစ်စေ ၊ Gas ယိုစိမ့်နေတယ်လို့သံသယရှိတဲ့နေရာကိုဖြစ်စေ ၊ ပိုက်ဆက်တွေကိုဖြစ်စေ သုတ်ကြည့်ရင် ဘူစီပေါင်းလေးတွေထလာတဲ့နေရာမှာ Gas ယိုစိမ့်နေပါတယ်။ ပိုက်လိုင်းတလျောက် ပူစီပေါင်း (bubbles) လေးတွေ မထဖူးဆိုရင်တော့ ပိုက်လိုင်းကောင်းတယ်လို့ပဲယူဆရမှာဖြစ်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ အိုးနဲ့မီးဖိုက ပိုက်ဆက်ကိုဖြုတ်ပြီး တဖက်ကပိတ် ၊ အခြားတဖက်ကနေ စက်ဘီးလေထိုးတံနဲ့ထိုး ၊ ဆပ်ပြာရည် (သို့မဟုတ်) ရေဇလုံထဲနှစ်ကြည့်လို့ ပူစီပေါင်း (bubbles) လေးတွေ ထတာတွေ့ရရင် အဲ့ဒိနေရာဟာ Gas ယိုစိမ့်နေပါတယ်။ ဒါဆိုရင်တော့ ဒီပိုက်ကိုအသစ်လဲဖို့လိုအပ်ပါတယ်။ ပိုက်တွေဟာ ရာသီဥတုဒါဏ်ကြောင့်မာသွားရင် အသစ်လဲပေးဖို့လိုပါတယ်။
၎) ထို့အတူ မီးဖိုမှာကပ်ငြိနေတဲ့ ဆီခိုးဆီငွေ့များနဲ့အညစ်အကြေးများ ၊ အမှိုက်များဟာလဲ မီးလောင်လွယ်တာမို့ အခါအားလျော်စွာသန့်ရှင်းပေးဖို့လိုအပ်ပါတယ်။ မီးဖိုက ဓါတ်ငွေ့ထွက်ပေါက်လေးများ (outlet nozzles) ကိုလဲ အခါအားလျော်စွာသန့်ရှင်းပေးဖို့လိုအပ်ပါတယ်။
၅) Gas ယိုစိမ့်ရင် အနံရပါတယ်။ Gas အနံက အလွန်အနံပြင်းပြီး သိသာထင်ရှားလှပါတယ်။ Gas ယိုစိမ့်နေတယ်လို့သံသယရှိနေရင် လျပ်စစ်မီးခလုပ်တောင်မဖွင့်သင့်ပါ။ Gas ယိုစိမ့်နေကြောင်းသံသယရှိပါက မီးဖိုက switch valve ကိုအရင်ပိတ်ပါ။ ပြီးရင် အိုး အထွက် valve ကိုပိတ်ပြီး Gas ယိုစိမ့်မှုကိုသေချာစွာ စစ်ဆေးရမှာဖြစ်ပါတယ်။ ထိုအခါ Gas ယိုစိမ့်နေပါက ပိုက်လိုင်းလက်ကျန်သာ ယိုစိမ့်နိုင်မှာဖြစ်သလို Gas ယိုစိမ့်မှုကိုလဲ (ပထမ Gas နံ့ နံမယ် ၊ valve တွေပိတ်ထားတာကြောင့် နောက်တော့မနံတော့ဘူး) ရှာဖွေနိုင်မှာဖြစ်ပါတယ်။ Gas ယိုစိမ့်မှုမစစ်ဆေးပဲ လုံးဝအသုံးမပြုသင့်ပါဘူး။
၆) ချက်ပြုတ်တဲ့အခါ တံခါးများဖွင့်ထားခြင်း ၊ လေ၀င်လေထွက်ကောင်းမွန်အောင် လေမှုတ်စက် (blower) များ ၊ အပူငွေ့နှင့်မီးခိုးထုတ်စက် (exhaust fans) များဖွင့်ထားခြင်းတွေလဲပြုလုပ်သင့်ပါတယ်။
၇) ရေနံဓါတ်ငွေ့ရည် (LPG) ဟာ လေထက်လေးတာကြောင့် အောက်ခြေပိုင်းမှာပဲ (ကြမ်းပြင်နား) ရှိနေတတ်ပြီး ထိုနေရာတွေမှာ လျှပ်စစ်မီးခလုပ်တွေ ၊ extention wire ကြိုးခွေတွေ စတဲ့ မီးလောင်နိုင်တဲ့ ပစ္စည်းတွေနဲ့ရှုပ်ထွေးမနေသင့်ပါဘူး။ ရှင်းလင်းနေရမှာဖြစ်ပါတယ်။
၈) Gas အိုး နားမှာ အခြားမီးဖိုများရှိမနေသင့်ပါ။ Gas အိုးကို နေရောင်တိုက်ရိုက်ထိတွေ့ခြင်းများ ၊ အပူချိန်မြင့်မားတဲ့နေရာများ ၊ Gas အိုးအနီးသို့ လွယ်လွယ်ကူကူသွားလာလို့မရတဲ့နေရာတွေမှာမထားသင့်ပါ။ နွေရာသီလိုပူပြင်းတဲ့ကာလမျိုးမှာ Gas အိုးကို ဂုံနီအိတ် (သို့မဟုတ်) စောင်ကဲ့သို့ အ၀တ်စထူထူကို ရေစွတ်ပြီးအုပ်ထားသင့်ပါတယ်။
၉) ချက်ပြုတ်ပြီးတဲ့အခါမှာ အိုး အထွက် valve ကို ဦးစွာပိတ်ပြီး မီးဖိုပေါ်ကမီးငြိမ်းသွားတော့မှ မီးဖိုမှ switch valve ကိုပိတ်ပါ။ သို့မှသာ ပိုက်လိုင်းထဲမှာ Gas များကျန်ရှိနေမှာမဟုတ်ပါ။
၁၀) Gas အိုးနဲ့ မီးဖိုရှိတဲ့နေရာဟာ လေ၀င်လေထွက်ကောင်းဖို့ အလွန်အရေးကြီးပါတယ်။ (အကယ်၍ Gas ယိုစိမ့်သည်ရှိသော်) စုပ်ထုတ်နိုင်ရန် exhaust fans များလဲတပ်ဆင်ထားသင့်ပါတယ်။ Gas အိုး နဲ့ မီးဖိုကို ကလေးများလက်လှမ်းမှီနိုင်တဲ့နေရာမှာ မထားဖို့လဲဂရုပြုသင့်ပါတယ်။
၁၁) ပိန်ရှုံနေတဲ့ အိုးများ ၊ သံချေးကိုက်နေတဲ့အိုးများ ၊ အထွက် valve မကောင်းတဲ့အိုးများကို မသုံးသင့်ပါ။
၁၂) မီးဖို အနီးနားမှာ အလွယ်တကူအသုံးပြုနိုင်တဲ့ ပေါင်ဒါ (သို့မဟုတ်) အမြုပ်မီးသတ်ဆေးဗူး (Dry powder type or Foam type fire extinguisher) ဆောင်ထားသင့်ပါတယ်။ အကယ်၍ပိုက်လိုင်းအနီ။အနားမှာမီးလောင်ပါက စောင်ကဲ့သို့ ခပ်ထူထူအ၀တ်စ (fire blanket) မျိုးကို ရေစွတ်ပြီး မီးလောင်တဲ့နေရာပေါ်ကိုပစ်တင်ခြင်းဖြင့် မီးငြိမ်းသတ်နိုင်ပါတယ်။
၁၃) မီးဖိုနဲ့ပါတ်သက်ပြီးသံသယတခုခုရှိရင် နားလည်တတ်ကျွမ်းသူများနဲ့သာခေါ်ယူဆွေးနွေးပါ။
ယနေ့အချိန်အခါမှာ မြန်မာပြည်အရပ်ရပ်ရှိ နေအိမ်များ ၊ တိုက်ခန်းများ ၊ စားသောက်ဆိုင်များမှာ Gas မီးဖိုကိုတွင်ကျယ်စွာအသုံးပြုနေကြပြီဖြစ်ပါတယ်။ Gas မီးဖိုဟာ သုံးတတ်ရင်တော့ ချက်ပြုတ် ကြော်လှော်တဲ့နေရာမှာ လွယ်ကူ လျှင်မြန်စွာချက်ပြုတ်နိုင်ခြင်း ၊ ချက်ပြုတ်သုံးစွဲတဲ့အိုးများညစ်ပါတ်မှုမရှိခြင်း ၊ ပါတ်ဝန်းကျင်လေထုညစ်ညမ်းမှုမရှိခြင်း ၊ အလွယ်တကူသယ်ဆောင်သွားနိုင်ခြင်း စတဲ့ အင်မတန်ကောင်းတဲ့အကျိုးကျေးဇူးများကိုရရှိမှာဖြစ်ပါတယ်။ သို့သော် ဂရုမပြု မသုံးစွဲတတ်လျင်တော့ အလွန်ကြောက်စရာကောင်းတဲ့ဘေးဒုက္ခဆိုးများကို သုံးစွဲသူသာမက သုံးစွဲသူ၏အနီးနားပါတ်ဝန်းကျင်ကိုပါထိခိုက်စေမှာဖြစ်ပါတယ်။
ဒါ့ကြောင့် Gas မီးဖိုဟာ ကြောက်စရာကောင်းပေမဲ့ ဂရုစိုက်သုံးစွဲပါက အလွန်အသုံးဝင်သော အိမ်သုံး လုပ်ငန်းသုံးအရေးကြီးပစ္စည်းဖြစ်လို့ လုံခြုံစိတ်ချစွာ အန္တရယ်ကင်းစွာအသုံးပြုနိုင်ဖို့အတွက် မျှဝေခြင်းဖြစ်ပါတယ်။
(Credit: Walter Schellenberg)
Saturday, January 26, 2019
နေနေရလို့ မသေကြသောခါ
                                     အောင်သိန်း(ရေကျော်)
             ခုလို ဆိုရှယ်မီဒီယာ ခေတ်ကြီးမှာ ထူးခြားတဲ့သတင်း ဆန်းပြားတဲ့သတင်းတွေကို မြင်ရ ကြားရတာအထွေထူးမဟုတ်တော့ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အင်တာနက်ခေတ်ကြီးမှာ အချိန်နဲ့တပြေးညီ သတင်းတော်တော်များများကို သိနေကြလို့ပါ၊
               တနေ့ နိုင်ငံခြား ရုပ်သံလိုင်းတစ်ခုကနေ အရေးကြီး ကြားဖြတ်သတင်း (Breaking News) ဆိုပြီး သတင်းတစ်ခုကိုဖတ်လိုက်ရပါတယ်၊ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်နာ ကိတ်စပိတ်(Kate Spade) ကိုယ့်ကိုယ်ကို ကြိုးဆွဲချသေသွားတယ်ဆိုတဲ့သတင်းပါ၊ နောက် ၃ ရက်အကြာမှာလည်း အမေရိကန်နိုင်ငံရဲ့ အထင်ကရ တစ်ဦးဖြစ်တဲ့ ကမ္ဘာကျော် စားဖိုမှုး ၊  စာရေးဆရာ တစ်ဦးလည်းဖြစ်တဲ့ အန်ထော်နီ လို့လူအများသိထားတဲ့ (Anthony Borudain) တစ်ယောက်လည်း  ကြိုးဆွဲချသေသွားတယ် ဆိုတဲ့ သတင်း ၊ အဲ့လိုသတင်းမျိုးတွေက ကြားဖူးနေပါတယ်၊ အခြားသူတွေဖြစ်တယ်ဆိုရင် သိပ်မထူးခြားပေမယ့် သူတို့ သတင်းကြားတော့ ထူးခြားတာထက် တွေးစရာကပိုများသွားပါတယ်၊  အများအားဖြင့် ငွေကြေးပြဿနာကြောင့်၊ တစ်ချို့ကျ ပြန်တော့ လူမှူရေး ပြဿနာကြောင့် ဖြစ်နေကြတာတွေ နေရာအနှံ့မှာပါ၊ သူတို့ ၂ ဦးလုံးရဲ့အကြောင်းကို လေ့လာကြည့်တာ အဲ့အချက်တွေနဲ့လည်းမဟုတ် ၊ သက်ဆိုင်ရာတွေလည်း အဖြေရှာနေဆဲဆိုတာ သိလိုက်ရတော့ ပိုပြီးတော့ အတွေးများစွာ ဝင်လာပါတယ်၊
                 အတွေးဆိုတာကလည်း တွေးစရာလည်းရှိ တွေးမယ်ဆိုပြီး ကိုယ်က ဖန်တီးလိုက်လို့လဲ တွေးစရာဆိုတာ ဖြစ်လာတာနေမှာပါ၊ ဖတ်လိုက်တယ်၊ သိလိုက်တယ်၊  ဒါဆိုလည်း ပြီးသွားတာပါ။  တခါတလေ ဒီအတိုင်းလေးပဲ ကောင်းပါတယ် ဆိုတာလေးကို အမြဲနှလုံးသွင်းရမလိုပါဘဲ  ၊ ကိစ္စတစ်ခုကို ဆက်တွေးလိုက်တော့ ကိုယ့်အတွေးတွေက အကောင်းဘက်မြင်ပြီး အကောင်းဘက်က လိုက်တွေးပေးရင်တော့ ကိုယ့်အတွက်လည်း ကျန်တာပေါ့၊ အဲ့လိုမှ မဟုတ်ဘဲ အဆိုးဘက်ကမြင် အဆိုးဘက်က လိုက်တွေးနေရင်တော့ ကျန်တော့ကျန်မယ်…………….။ ဘာကျန်မလဲဆိုတာကတော့ ကိုယ်တိုင်ပဲ မေးခွန်းထုတ် ကိုယ်တိုင်ပဲ ဖြေကြည့်တာကောင်းပါတယ်။
                 ဆရာတော်ဘုရားတွေ မကြာခဏဟောဟောနေတဲ့  စတ္တာရော အပါယာ သကဂေဟသဒိသာ ဆိုတဲ့   တရားစာလေးတစ်ခုပါ။ အဓိပ္ပါယ်ကတော့  အပါယ်လေးဘုံဟာ ကိုယ့်အိမ်လိုပဲတဲ့။  “ သဒ္ဓမ္မရံသီ ဆရာတော်ဘုရား” ရဲ့ ယခုဘဝ ကောင်းမြတ်လှ ဆိုတဲ့တရားတော်ထဲမှာ မိမိတို့နှင့်တကွ ပုထုဇဉ်ပုဂ္ဂိုလ်ဟူသမျှတို့သည် လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ဟူသော ကောင်းမြတ်သော ဘုံဘဝတို့၌ ဖြစ်ကြရသည့် ဘဝများထက် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော ယုတ်ညံ့သော အပါယ်ဘုံဘဝများမှာ ဖြစ်ကြရတဲ့ ဘဝများ၌ ဆင်းရဲဒုက္ခ အမျိုးမျိုးတို့ကို ခံနေရတဲ့ အချိန်က ပို၍များခဲ့တဲ့ အကြောင်း။  လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့ကို ရောက်လာတယ်ဆိုတာ ဧည့်သည်အဖြစ်နဲ့ ရောက်လာတာဖြစ်တယ်လို့လဲ  “သဒ္ဓမ္မရံသီ ဆရာတော်ဘုရား” က ဟောပြထားပါတယ်။
             အပါယ်ဘုံဘဝတွေကို ထပ်ခါထပ်ခါ ပြန်မရောက်ဖို့ဆိုရင် နံပါတ်(၁) အကုသိုလ်မလုပ်ဖြစ်ဖို့ရယ်၊ နံပါတ်(၂) ကုသိုလ်ကောင်းမှုတွေ များများပြုဖို့ရယ်ပါ။ အပါယ်လေးဘုံက လုံးဝလွတ်မြောက်ဖို့ဆိုရင်တော့ အနည်းဆုံး သောတာပန်အဆင့်ရောက်မှပဲ လုံးဝလွတ်ကင်းသွားတော့မှာပါ။ သောတာပန်မဖြစ်သရွေ့ ဘယ်သူမှစိတ်မချရပါဘူး။ ပုထုဇဉ်တွေက  ရခဲလှတဲ့လူ့ဘဝဆိုတာလည်း သိကြတယ်၊ ကုသိုလ် အကုသိုလ်ဆိုတာလည်း သိကြတယ်၊ ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမယ်၊ မကောင်းတာလုပ်ရင် ဘာဖြစ်မယ်ဆိုတာလည်း သိကြတယ်၊ ဒါပေမယ့်…………..။
                 အများစုကို  သေရမှာကြောက်လားလို့ မေးကြည့်ရင် မကြောက်ပါဘူး ၊ ဘာလို့ကြောက်ရမှာလဲ၊ ငါကကိုယ့်ဘာသာ အေးဆေးနေတာ၊ မကောင်းတာမလုပ်ဘူး၊ တရားရှိတယ်၊ ခုချိန်သေလဲ အေးဆေးပဲ မကြောက်ဘူး စသည်ဖြင့် ကြားဖူးကြမှာပါ၊
             တခါတုန်းက သက်တော်ရှည်ဆရာတော်ကြီးတစ်ပါးဆီကို ဒကာ ဒကာမတွေလာကြတယ်၊ ဆရာတော်ကြီးက သီလ သမာဓိ ပညာ နဲ့လည်းပြည့်၊ ကုသိုလ်ကောင်းမှုတွေကိုလည်းအမြဲပြုနေတာပါ၊ ဆရာတော်ကြီးကိုစောင့်နေတုန်းစကားစုပြောနေကြတာပေါ့၊ သေရမှာမကြောက်ဘူး ဘာလို့ကြောက်ရမှာလဲ စသည်ဖြင့်ပြောနေတုန်း ဆရာတော်ကြီးက ဘေးနားရောက်လာပြီး ဘာတွေပြောနေကြတာလဲ မေးတော့ ၊ တပည့်တော်က တရားတွေအားထုတ်တယ် အလှူအတန်းတွေလည်း ပြုတော့ သေရမှာ မကြောက်ဘူးဆိုတဲ့ အကြောင်းပြောနေတာပါ ဘုရား၊ အဲ့လိုပြောပြီးတဲ့ အချိန်လေးမှာပဲ ဆရာတော်ကြီးက ကျုပ်ကတော့ဖြင့် သေရမှာ ကြောက်တယ်တဲ့၊ ဒကာ ဒကာမတွေလည်း အံ့သြသွားကြတယ်၊  ဆရာတော်ကလည်း တရားတွေအားထုတ်ထားပြီးတော့ ကုသိုလ်တွေလုပ်နေတာပဲလေ ဘာလို့လဲဆိုပြီး မေးလျှောက်ကြတော့၊  ဆရာတော်ကြီးက ရိုးရိုးလေးပဲ စကားလေးတစ်ခွန်းပြောလိုက်ပါတယ်၊ ကျုပ်က  ကောင်းတာတွေအများကြီး လုပ်ချင်သေးလို့တဲ့။  ဒီစကားလေး တစ်ခွန်းက တွေးမယ်ဆို ကိုယ့်အတွက် အများကြီး ကျန်မယ့် စကားမျိုးပါ။
             လောကကြီးထဲကိုရောက်လာကြတယ၊် အလွှာမျိုးစုံမှာ ပုံစံမျိုးစုံနဲ့ ကြီးပြင်းနေထိုင်ကြတယ်၊ တချို့က သာမန်ထဲကပါပဲ  တနေ့သေရမယ်ဆိုတာကိုသိတယ်၊ ဒါပေမယ့် မသိသလိုနေကြတယ်၊ ဘဝကို ပျော်ပျော်လေးနဲ့ ဖြတ်သန်းသွားကြတယ်။  တချို့ကြပြန်တော့ ငွေကြေးချမ်းသာတဲ့ အလွှာထဲကပေါ့ တနေ့သေရမှာကို မေ့နေပြီး ငွေနောက်ပဲလိုက်နေတဲ့သူတွေလည်းရှိတာပေါ့လေ၊ အဲ့လိုပုံစံ ၂ မျိုးလုံးအတွက်ဘာမှ ထွေထူးပြောစရာ မဟုတ်ပေမယ့်၊  တချို့ကြတော့ ပညာတွေတက်တယ် ပစ္စည်းဥစ္စာလည်း ပြည့်စုံတယ် ထင်ပေါ်တယ်၊ ယခုခေတ်အခေါ် ဆယ်လီ(cele) တစ်ယောက်ပေါ့၊ ဒါပေမယ့် ကိုယ့်ကိုယ်ကို ကြိုးဆွဲချသေတာမျိုး၊ မူးယစ်ဆေးတွေ သောက်ပြီး သေမယ်လို့ အကြိမ်ကြိမ်ပြောကြတာမျိုးတွေပေါ့၊  တချို့က တော်ပါပီ မြန်မြန်သေလည်း အေးတာပဲ၊ ကိုယ်ကသာ ဘာတွေ ဘယ်လိုလုပ်နေပေမယ့် လောကကြီးက မတရားပါဘူး စသည်ဖြင့် နေနေရတဲ့ အချိန်လေးမှာ သေဖို့ကိုပဲ စဉ်းစားပြီး ကိုယ့်အတွက် ဘာမှ မကျန်မယ့် အတွေးမျိုးတွေ မတွေးသင့်ပါဘူး၊
           လူရယ်လို့ဖြစ်လာရင် စိတ်ညစ်စရာအာရုံ အလိုမကျစရာအာရုံတွေကတော့ မသေခင်အချိန်ထိ ပုထုဇဉ်မှန်ရင် ကြုံတွေ့နေရမှာပါ၊ ယောဆရာတော့်တပည့် ဦးဇင်းတစ်ပါး ယောဆရာတော်ဘုရားကို မေးလျှောက်တာ လေးတစ်ခု သတိရမိလို့ပါ၊  “ဆရာတော်ဘုရား တပည့်တော်မှာ တစ်ခါတလေ ကိုယ်မလိုချင်တဲ့ အကုသိုလ်စိတ်တွေ ဖြစ်မိပါတယ် ဘုရား၊ အကုသိုလ်စိတ်ဖြစ်တော့ စိတ်ဆင်းရဲရပါတယ်ဘုရား၊  ဘယ်လိုပယ်ရပါ့မလဲ”   လို့မေးလျောက်တော့ ယောဆရာတော် ဘုရားက  “ဖြစ်တဲ့ အကုသိုလ်ကိုရှုမှတ်ပစ်ပေါ့၊ သာသနာမှာ အကုသိုလ် ကိလေသာရှိလို့ အလုပ်လုပ်စရာရှိနေတာ၊ အကုသိုလ်ကိလေသာစိတ်မရှိရင် ရဟန်းတစ်ပါးအနေနဲ့သာသနာမှာ ဘာမှလုပ်စရာ မရှိတော့ဘူး၊ ရဟန်းအလုပ်က ကိလေသာပယ်ဖို့ပဲ၊ သာသနာမှာ ဆရာတော်ကြီးတွေ တော်တယ် တော်တယ်ဆိုတာ အကုသိုလ် ကိလေသာကို ပယ်နိုင်လို့တော်တာ၊ အဲဒီမှာ သတိပါနေဖို့ပဲ။ သတိပါနေရင် ကိလေသာ ဆယ်ချက်ဖြစ်ရမှာ နှစ်ချက် သုံးချက်နဲ့ ရပ်သွားတယ်။  ပြောလိုက်ပေါ့   “အကုသိုလ်ရယ်၊ ပုထုဇဉ်ပဲ ဖြစ်ပါ၊ မဖြစ်ရဘူးလို့ မဆိုလိုပါဘူး၊ ဒါပေမဲ့ နှစ်ချက် သုံးချက် ဖြစ်ရရင် တော်ရောပေါ့ကွာ“    လို့ ပြောလိုက်ပေါ့ ဆိုပြီး မိန့်ပြပါတယ်။
            ဆရာတော်ဘုရားရဲ့သြဝါဒကို ဖတ်လိုက်ရတော့ နေနေရတဲ့ အခိုက်အတန့်လေးမှာ အကြောင်း အမျိုးမျိုးကြောင့် သေချင်နေကြတဲ့သူတွေအတွက်တော့ အသုံးချတတ်ရင် ကိုယ့်အတွက် ကျန်မယ့် တရားစကားလေးပါပဲ၊ ပုထုဇဉ်မှန်ရင် ကိလေသာနဲ့ မကင်းကြပါဘူး၊ အရပ်စကားနဲ့ပြောရင်တော့ လူရယ်လို့ ဖြစ်လာရင် စိတ်ညစ်စရာတွေကြုံမယ်၊ ဒေါသဖြစ်စရာတွေ ၊ ကိုယ်မလိုချင်တဲ့ အာရုံမျိုးစုံနဲ့ကြုံနေကြရမှာပါ၊ ရှောင်လို့မရပါဘူး၊ ဆရာတော်ဘုရား ပြောသလို အကုသိုလ် ကိလေသာတွေ ရှိမှလည်း လောကကြီးမှာ ပုထုဇဉ်လူသားတွေက ကုသိုလ်အလုပ်တွေလုပ်ဖို့ အချိန်တွေပေးကြမှာပါ၊ အဲလိုမှ မဟုတ်ဘဲ ကိုယ်လိုချင်တဲ့ ကိုယ်ဖြစ်ချင်တဲ့ အာရုံလေးတွေကိုသာ တွေးပြီး ဘဝကို ပေါ့ပေါ့လေးနေသွားမယ်ဆိုရင်တော့ ကိုယ်အတွက် ဘာမှ မကျန်ဘူးထင်မိပါတယ်၊
          အဲဒါကြောင့်  နေနေရလို့ မသေကြသေးတဲ့ အခိုက်အတန့်လေးမှာ ကောင်းတာတွေအများကြီး လုပ်ပြီး ကိုယ့်အတွက် ကျန်မယ့်အတွေးလေးတွေကို တွေးရင်း တွေးရင်း……………………….။
                                     အောင်သိန်း(ရေကျော်)
News Watch(စောင့်ကြည့်ဂျာနယ်)
၂၇.၇.၂၀၁၈
Friday, January 25, 2019
သက်သတ်လွတ် မန္တလေးမြီးရှေ - သက်သတ်လွတ် ရှမ်းခေါက်ဆွဲ - သက်သတ်လွတ် မုန့်တီ
သက်သတ်လွတ် မန္တလေးမြီးရှေ
.......................
မုန့်တီဖတ် နန်းလတ်  -  ၇၅၀ ဂရမ်
ဆီနီအတွက် လိုအပ်တာတွေကတော့ >>>
ငရုတ်သီးအကြမ်းဖတ်  -  စားပွဲဇွန်း ၃ ဇွန်း
ဆီ  -  စားပွဲဇွန်း ၁၂ ဇွန်း
ဆီမွှေးအတွက် လိုအပ်တာတွေကတော့ >>>
ဆီ  -  စားပွဲဇွန်း ၁၂ ဇွန်း
တရုတ်မဆလာ  -  လက်ဖက်ရည်ဇွန်းတစ်ဝက်
ကော်ရည်အတွက် လိုအပ်တာတွေကတော့ >>>
ကော်မှုန့်  -  ၇၀ ဂရမ် (ပီလောပီနန်မှုန့်)
ဆန်မှုန့်  -  ၇၀ ဂရမ်
ရေ  -  ၅၀ဝ မီလီလီတာ
ဂျုံလုံးကြော်အတွက် လိုအပ်တာတွေကတော့ >>>
ဂျုံမှုန့်  -  ၇၀ ဂရမ်
ဆန်မှုန့်  -  ၇၀ ဂရမ်
ဆား  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဆော်ဒါ  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ  -  စားပွဲဇွန်း ၁၀ ဇွန်း
ကြော်ရန် ဆီ  -  လိုသလောက်
အရသာအတွက် လိုအပ်တာတွေကတော့ >>>
ပဲငါးပိ  -  ၈၀ ဂရမ်
ပဲငံပြာရည်အကြည်  -  စားပွဲဇွန်း ၁ ဇွန်း
တရုတ်နံနံ  -  ၃၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
ကြက်သွန်ဖြူ  -  ၄၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
ရှလကာရည်  -  စားပွဲဇွန်း ၂ ဇွန်း
ဆီတိုဟူး  -  ၂ တုံး
ငရုတ်ကောင်းအဖြူမှုန့်
မုန်ညင်းချဉ်  -  ၁၂၀ ဂရမ်
ရေ  -  အနည်းငယ်
ဟင်းရည်အတွက် လိုအပ်တာတွေကတော့ >>>
ဟင်းသီးဟင်းရွက်ပြုတ်ရည်  -  ၁ အိုး (ချက်နည်းကို ရှမ်းခေါက်ဆွဲချက်နည်းမှာ ကြည့်ပါ။)
တရုတ်မဆလာ  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပဲငံပြာရည်  -  စားပွဲဇွန်း ၁ ဇွန်း
ပြုလုပ်နည်း >>>
၁။ ဆီနီချက်ရန်အတွက် ဒယ်အိုးအသေးထဲ ဆီထည့်ပါ။ ဆီပူလျှင် မီးပိတ်၍ ငရုတ်သီး အကြမ်းဖတ်ထည့်ပြီး မွှေပါ။ ပြီးလျှင် ပန်းကန်ထဲ ထည့်ထားပါ။
၂။ ဆီမွှေးအတွက် နောက်ဒယ်အိုးအသေးထဲ ဆီ ထည့်ပြီး အပူပေးပါ။ ဆီပူလျှင် မီးပိတ်ပြီး တရုတ်မဆလာထည့်၍ မွှေပါ။ ပြီးလျှင် ပန်းကန်ထဲ ထည့်ထားပါ။
၃။ နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူကို ရှလကာရည်နဲ့ ဖျော်ထားပါ။
၎။ နုပ်နုပ်စဉ်းထားတဲ့ တရုတ်နံနံကိုလည်း ရေသန့်သန့်နဲ့ ဖျော်ထားပါ။
၅။ ပဲငါးပိကို ခြေပြီး ပဲငံပြာရည်အကြည်နဲ့ ရောထားပါ။
၆။ ဆီတိုဟူးကို ခြေထားပါ။
၇။ ကော်ရည်ကျိုရန်အတွက် အိုးအသေးတစ်အိုးထဲ ကော်မှုန့်နှင့် ဆန်မှုန့်ထည့်ပါ။ ပြီးလျှင် ရေထည့် ပြီး ကျဲကျဲဖျော်ပါ။ ပြီးလျှင် မီးဖိုပေါ်တင်ပြီး ကျိုပါ။ အရောင်ကြည်လာလျှင် မီးဖိုပေါ်မှချပါ။
၈။ ဂျုံလုံးကြော်ရန်အတွက် ဂျုံမှုန့်နှင့် ဆန်မှုန့်ကို ဇလုံထဲ ထည့်ပါ။ ပြီးလျှင် ဆား၊ ဆော်ဒါထည့်ပြီး မွှေပါ။ ပြီးလျှင် ရေထည့်ပြီး ပျစ်ပျစ်ဖျော်ပါ။
၉။ ဂျုံလုံးကြော်ရန် ဆီအိုးတည်ပါ။ ဆီပူလျှင် မုန့်နှစ်ပျစ်ပျစ် ၁ ဇွန်းခတ်ပြီး ကြော်ပါ။နီညိုရောင်သန်း လျှင် ဆယ်ယူထားပါ။ မုန့်နှစ်အားလုံးကုန်သည်အထိ ဆက်၍ကြော်ပါ။
၁၀။ ဟင်းရည်အတွက် ဟင်းသီးဟင်းရွက်ပြုတ်ရည် အိုးထဲ ဆား၊ ပဲငံပြာရည်၊ တရုတ်မဆလာ ထည့်ပြီး မွှေထားပါ။
၁၁။ မုန့်ဖတ်ရေနွေးဖျောရန်အတွက် ရေနွေးအိုး တည်ထားပါ။
၁၂။ မုန့်ဖတ်တစ်ပွဲစာကို ရေနွေးဖျော်ပါ။ ပြီးလျှင် ပန်းကန်ထဲထည့်ပါ။ ပြီးလျှင် ဆီနီ၊ ကြက်သွန်ဖြူ၊ ပဲငါးပိ၊ ဆီတိုဟူး၊ တရုတ်နံနံ၊ ငရုတ်ကောင်းမှုန့် ထည့်ပါ။ ဂျုံလုံးကြော်ကို ကတ်ကြေးဖြင့် ညှပ်ထည့်ပါ။ မုန်ညင်းချဉ်ကို သီးသန့် ပန်းကန်ပြား အသေးထဲ ထည့်ပါ။
၁၃။ ဟင်းရည်အတွက် တစ်ယောက်စာ ပန်းကန်လုံးအသေးထဲ ပဲငါးပိအနည်းငယ်၊ ကြက်သွန်ဖြူနှင့် တရုတ်နံနံအနည်းငယ်ထည့်ပါ။ ပြီးလျှင် ချက်ထားတဲ့ ဟင်းသီးဟင်းရွက်ပြုတ်ရည် လောင်းထည့်ပါ။
......................
Myint Oo Tha
သက်သတ်လွတ် ရှမ်းခေါက်ဆွဲ
...............................
ရှမ်းခေါက်ဆွဲဖတ်အစို  -  ၈၀ဝ ဂရမ်
ခရမ်းချဉ်သီးဟင်းအနှစ်ချက်ရန် လိုအပ်တာတွေကတော့-
ခရမ်းချဉ်သီးအမှည့်  -  ၄၅၀ ဂရမ် (အတုံးသေးသေးတုံးထားပါ)
ကြက်သွန်နီ  -  ၁၇၀ ဂရမ် (ပါးပါးလှီးထားပါ)
ငရုတ်သီးအရောင်တင်မှုန့်  -  စားပွဲဇွန်း ၁ ဇွန်း
ပဲငံပြာရည်  -  စားပွဲဇွန်း ၂ ဇွန်း
ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
(ကြိုက်နှစ်သက်ပါက သက်သတ်လွတ်ဟင်းခတ်မှုန့် သုံးနိုင်ပါတယ်။)
ဆီ  -  စားပွဲဇွန်း ၄ ဇွန်း
အရသာအတွက် လိုအပ်တာတွေကတော့ >>>>
ဆီနီအတွက် >>>
ဆီ  -  စားပွဲဇွန်း ၁၂ ဇွန်း
ငရုတ်သီးအကြမ်းဖတ်  -  စားပွဲဇွန်း ၃ ဇွန်း
ဆီမွှေးအတွက် >>>
ဆီ  -  စားပွဲဇွန်း ၃ ဇွန်း
တရုတ်မဆလာ  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆီတိုဟူး  -  ၂ တုံး
မြေပဲလှော်  -  ၈၅ ဂရမ် (ထောင်းထားပါ)
ကြက်သွန်မြိတ်  -  ၃ ပင် (ပါးပါးလှီးထားပါ)
တရုတ်နံနံ  -  ၃ ပင် (ပါးပါးလှီးထားပါ)
ပဲငံပြာရည်အကြည်  -  စားပွဲဇွန်း ၃ ဇွန်း
ပဲငံပြာရည်အနောက်  -  စားပွဲဇွန်း ၃ ဇွန်း
အချဉ်အတွက် လိုအပ်တာတွေကတော့ >>>
ဂေါ်ဖီ  -  ၆၀ ဂရမ် (ပါးပါးလှီးထားပါ)
မုန်လာဥနီ  -  ၅၀ ဂရမ် (အမြှောင်းသေးသေးလှီးထားပါ)
မုန်ညင်းချဉ်  -  ၆၀ ဂရမ်
အုန်းရည်/ရှလကာရည်  -  စားပွဲဇွန်း ၂ ဇွန်း
သကြား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဟင်းရည်အတွက် လိုအပ်တာတွေကတော့ >>>
မုန်လာဥနီ  -  ၁၂၀ ဂရမ် (အတုံးကြီးကြီးတုံးထားပါ)
ကြက်သွန်နီ  -  ၃ လုံး (အခွံမနွှာဘဲ ထက်ခြမ်းခြမ်းထားပါ)
ကြက်သွန်ဖြူ  -  ၁ ဥ (အခွံနွှာစရာမလိုပါ)
တရုတ်နံနံ  -  ၁ စည်း (အရှည်လိုက်ကြီးကြီးဖြတ်ထားပါ)
ငရုတ်ကောင်းအဖြူစေ့  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ  -  ၂   ၁/၂ လီတာ
ဆား၊ ငံပြာရည်  -  အနည်းငယ်
ပြုလုပ်နည်း >>>
၁။ ဟင်းရည်အတွက် လိုအပ်တဲ့ ဟင်းသီးဟင်းရွက်ပြုတ်ရည်လုပ်ရန် အိုးကြီးတစ်အိုးထဲ ဆား၊ ငံပြာရည်မှလွဲ၍ ရေနှင့် ပါဝင်သော ဟင်းသီးဟင်းရွက်အားလုံးထည့်ပြီး ဆူအောင်တည်ပါ။ ဆူလာလျှင် မီးအရှိန်လျှော့ပြီး ၁ နာရီခန့် တည်ထားပါ။
၂။ ပြီးလျှင် ဟင်းသီးဟင်းရွက်အားလုံးကို စစ်ထုတ်ပစ်ပါ။ ကျန်ရှိတဲ့ ဟင်းသီးဟင်းရွက်ပြုတ်ရည်ထဲ ဆား၊ ပဲငံပြာရည် ထည့်ပြီး မွှေပါ။
၃။ အချဉ်စပ်ရန်အတွက် ဇလုံအသေးထဲ ပါးပါးလှီးထားတဲ့ ဂေါ်ဖီ၊ မုန်လာဥနီ၊ မုန်ညင်းချဉ်၊ ရှလကာရည်၊ ဆား၊ သကြားထည့်ပြီး မွှေပါ။
၎။ ပထမဦးဆုံး ခရမ်းချဉ်သီးအနှစ်ချက်ရန်အတွက် ဒယ်အိုးထဲ ဆီထည့်ပါ။
၅။ ဆီပူလျှင် ကြက်သွန်နီထည့်ပြီး ရွှေဝါရောင်သန်းသည်အထိ ကြော်ပါ။
၆။ ပြီးလျှင် အတုံးသေးသေးတုံးထားတဲ့ ခရမ်းချဉ်သီး၊ ငရုတ်သီးမှုန့်ထည့်ပြီး ချက်ပါ။
၇။ အရသာအတွက် ဆား၊ ပဲငံပြာရည်ထည့်ပြီး ဆီပြန်သည်အထိ ချက်ပါ။ ပြီးလျှင် ပန်းကန်လုံးထဲ ထည့်ထားပါ။
၈။ ဆီမွှေးချက်ရန်အတွက် ဒယ်အိုးအသေးတစ်လုံးထဲ ဆီထည့်ပြီး အပူပေးပါ။
၉။ ဆီပူလျှင် မီးပိတ်ပြီး တရုတ်မဆလာထည့်မွှေပါ။ ပြီးလျှင် ပန်းကန်ထဲ ထည့်ထားပါ။
၁၀။ ပြီးလျှင် ဆီနီချက်ရန်အတွက် ဒယ်အိုးထဲ ဆီထည့်၍ ဆီပူလျှင် မီးပိတ်ပြီး ငရုတ်သီး အကြမ်းဖတ် ထည့်၍ ကြော်ပါ။ ပြီးလျှင် ပန်းကန်ထဲ ထည့်ထားပါ။
၁၁။ ဆီတိုဟူးကို ပန်းကန်လုံးအသေးထဲ ထည့်ပြီး ခြေထားပါ။
၁၂။ ပဲငံပြာရည်အကြည်နှင့် အနောက်ကိုလည်း ပန်းကန်ထဲ ထည့်ပြီး မွှေထားပါ။
၁၃။ ကြက်သွန်မြိတ်ကို ပါးပါးလှီးပြီး ပန်းကန်ထဲ ထည့်ထားပါ။
၁၄။ တရုတ်နံနံပင်ကိုလည်း ပါးပါးလှီးပြီး ပန်းကန်ထဲ ထည့်ထားပါ။
၁၅။ အားလုံးအဆင်သင့်ဖြစ်လျှင် ခေါက်ဆွဲပြုတ်ရန် ရေနွေးအိုးတည်ပါ။
၁၆။ ပြီးလျှင် ခေါက်ဆွဲ ၁ ပွဲစာ (၁၆၀ ဂရမ်) ရှမ်းခေါက်ဆွဲ ဖတ်ကို ရေနွေးအိုးထဲ ထည့်ပြီး ရေနွေးဖျောပါ။
၁၇။ ပြီးလျှင် ဆယ်ယူပြီး ပန်းကန်ထဲထည့်ပါ။ ပြီးလျှင် ခရမ်းချဉ်သီးအနှစ်ချက် စားပွဲဇွန်း ၁ ဇွန်း၊ ထောင်း ထားတဲ့ မြေပဲလှော် စားပွဲဇွန်း ၁ ဇွန်း၊ ဆီမွှေး လက်ဖက် ရည်ဇွန်း ၁/၂ ဇွန်း၊ ခြေထားတဲ့ ဆီတိုဟူး လက်ဖက် ရည်ဇွန်း ၁/၂ ဇွန်း၊ ဆီနီ စားပွဲဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် စားပွဲဇွန်း ၁  ၁/၂ ဇွန်း၊ ကြက်သွန်မြိတ်နှင့် နံနံပင် ထည့်ပြီး နယ်ပါ။
၁၈။ ပြီးလျှင် ဂေါ်ဖီနှင့် စပ်ထားတဲ့ မုန်ညင်းချဉ်နဲ့ တွဲပြီး စားပါ။ ဟင်းရည်အတွက် တစ်ယောက်စာ ပန်းကန်လုံးထဲ ဟင်းရည်ခတ်ထည့်ပြီး ပါးပါးလှီးထားတဲ့ တရုတ်နံနံ ထည့်ပါ။
......................
Myint Oo Tha
<<<<သက်သတ်လွတ် မုန့်တီ >>>
ပါဝင်ပစ္စည်းများ >>>
မုန့်တီဖတ် နန်းလတ်  –  ၈၀ဝ ဂရမ် ( ၅ ပွဲစာအတွက်)
တိုဟူး  –  ၃၀ဝ ဂရမ်
ဂေါ်ဖီ  –  ၁၅၀ ဂရမ် (ပါးပါးလှီးထားပါ)
ပဲတောင့်ရှည်  –  ၁၀ဝ ဂရမ် (ပါးပါးလှီးထားပါ)
ကြက်သွန်နီ  –  ၃ လုံး (ပါးပါးလှီးထားပါ)
ဆီနီ (ဆီ+ငရုတ်သီးအကြမ်းဖတ်)           –  စားပွဲဇွန်း ၁၀ ဇွန်း +စားပွဲဇွန်း ၅ ဇွန်း
ဆီဝါ (ဆီ+နနွင်းမှုန့်+ ကြက်သွန်ဖြူ)  –  စားပွဲဇွန်း ၄ ဇွန်း +လက်ဖက်ရည်ဇွန်း ၁ ဇွန်း+၂ မြွှာ
ဆားရည်  –  စားပွဲဇွန်း ၁ ဇွန်း + စားပွဲဇွန်း ၂ ဇွန်း (ဆား+ဟင်းသီးဟင်းရွက်ပြုတ်ရည်)
ပဲငံပြာရည်  –  စားပွဲဇွန်း ၅ ဇွန်း
ပဲမှုန့်အကျက်မှုန့်  –  စားပွဲဇွန်း ၅-၇ ဇွန်း
နံနံပင်  –  ၁ စည်း
မတ်ပဲဗယာကြော်  –  ၅ ခု
ဟင်းရည်အတွက် လိုအပ်တာတွေကတော့ >>>
ဟင်းသီးဟင်းရွက်ပြုတ်ရည်  –  ၁ အိုး
ပိတ်စွယ်  –  ၅ ချောင်း
ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပဲငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း
ငရုတ်ကောင်းမှုန့်  –  အနည်းငယ်
ပြုလုပ်နည်း >>>
၁။       ဆီနီချက်ရန်အတွက် ဒယ်အိုးအသေးထဲ ဆီထည့်၍ ဆီပူလျှင် မီးပိတ်ပြီး ငရုတ်သီး အကြမ်းဖတ် ထည့်၍ မွှေပါ။
၂။       ပြီးလျှင် ဆီဝါအတွက် နောက်အိုးအသေးတစ်လုံးထဲ ဆီထည့်ပါ။ ဆီပူလျှင် ကြက်သွန်ဖြူ ၂ မြွှာကို ဓားပြားရိုက်ပြီး ထည့်ပါ။ နနွန်းမှုန့်ထည့်၍ မွှေပေးပါ။  (ကြက်သွန်ဖြူထည့်ကြော်ခြင်း အားဖြင့် ဆီချက်ပိုမွှေးပါတယ်။ ကြက်သွန်ဖြူ များသွားလျှင် ကြက်သွန်ဖြူဆီချက်ဖြစ်သွားပြီး မုန့်တီသုပ်နဲ့မတူဘဲ အသုပ်စုံ သုပ်သလို ဖြစ်သွားတတ်ပါတယ်။ နနွင်းနံ့မွှေးမွှေးလေး ကြိုက်လျှင်တော့ ကြက်သွန်ဖြူမထည့်လည်း ရပါတယ်။)
၃။       ဟင်းရွက်ပြုတ်ရည်အိုးထဲ ဆား၊ ပဲငံပြာရည်၊ ထည့်ပါ။ ပြီးလျှင် ပိတ်စွယ်ပါးပါး လှီးထည့်ပြီး ငရုတ်ကောင်းမှုန့်ထည့်ပါ။ ပြီးလျှင် မုန့်တီနဲ့ တွဲပြီးစားရမယ့် ဟင်းချိုရပါပြီ။
၎။       ပွဲပြင်တဲ့အခါ ပန်းကန်ထဲ မုန့်ဖတ်တစ်ပွဲစာထည့်ပါ။ ပြီးလျှင် တိုဟူးကို လှီးပြီး ထည့်ပါ။ ဆားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည်  စားပွဲဇွန်း ၁ ဇွန်း၊ ဆီနီ စားပွဲဇွန်း ၁ ဇွန်း၊ ဆီဝါ စားပွဲဇွန်း ၁ ဇွန်း၊ ပဲမှုန့်အကျက်မှုန့် စားပွဲဇွန်း ၁ ဇွန်း၊ နံနံပင်၊ ဂေါ်ဖီ၊  ကြက်သွန်နီ၊ ပဲတောင့်ရှည်နည်းနည်းစီထည့်ပြီး နယ်ပါ။ မတ်ပဲဗယာကြော်ကို ခြေပြီး ထည့်ပါ။
၅။       ပြီးလျှင် ဟင်းချိုနဲ့ တွဲပြီး သုံးဆောင်ပါ။
<<<<ငါးမာလာ မြေအိုးချဉ်စပ်>>>>
[by ပန်းခရေ ]
ပါဝင်ပစ္စည်းများ>>>>
ငါးရံ့အနေတော်  –  ၁ ကောင်
ငုံးဥပြုတ်ပြီး  –  ၅ လုံး
ပြုတ်ထားသောမျှစ်ချဉ်  –  အနည်းငယ်
ပါဝင်သောအသီးအနှံများ >>>>
မာလာအနှစ်  –  စားပွဲဇွန်း ၁/၂ ဇွန်း
ဟွာကျောက်စေ့  –  ၅ စေ့ခန့်
ငရုတ်သီးအရောင်တင်မှုန့်  –  စားပွဲဇွန်း ၁/၂ ဇွန်း
ချင်း  –  လက်တစ်ဆစ်
ကြက်သွန်ဖြူ  –  ၃ မြွှာ
ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပဲငံပြာရည်အပျစ်  –  စားပွဲဇွန်း ၁ ဇွန်း
အရသာမှုန့်  –  အနည်းငယ်
သကြား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ရှမ်းနံနံ  –  အနည်းငယ်
ကုဆိုင်  –  အနည်းငယ်
သံပရာသီး  –  ၁ လုံး
ငရုတ်သီးစိမ်း  –  အနည်းငယ်
ဆီ  –  စားပွဲဇွန်း၂ ဇွန်း
ပြုလုပ်နည်း>>>
          ဦးစွာ ငါးကို အကြေးထိုး၊ ပါးဟက်၊ အူနုတ်ပြီး ရေဆေးပါ။ ငါးတစ်ကောင်လုံးကို လက်တစ်လုံးအနေအထား အကွင်းလေးတွေကို ဗိုက်နားပြတ်ထွက်မသွားအောင် လှီးပါ။ ဒါဆိုလျှင် ငါးတစ်ကောင်လုံးကို လှပစွာ မြေအိုးထဲ ခွေထည့်လို့ရပါတယ်။ ငါးကို မြေအိုးထဲ လှပစွာ ခွေထည့်ပြီး မျှစ်ချဉ်ကို လက်တစ်လုံးစာလေးတွေ လှီးဖြတ်ထည့်ပါ။ ငုံးဥပြုတ်ကို အခွံနွှာ ထည့်ပါ။ အသီးအနှံများကို သူ့နေရာနဲ့သူ စိတ်ကူးရသလို လှပစွာစီထည့်ထားပါ။ ငရုတ်သီး အရောင်တင်မှုန့်ကို ချင်း၊ ကြက်သွန်ဖြူနှင့် ရောထောင်းပြီး ဆီပူအိုးထဲ ဟွာကျောက်စေ့နှင့် အတူ မွှေးလာသည်အထိ ဆီသတ်ပါ။ မွှေးလာလျှင် မာလာဟင်းအနှစ် ထည့်ပါ။ ရေနွေးဆူဆူ လီတာဝက်ခန့်လောင်းပါ။ ဆား၊ အရသာ၊ သကြား၊ ပဲငံပြာရည် ထည့်ပါ။ ပြီးလျှင် ဟင်းရည်ကို ဆီသတ်ထားတဲ့အဖတ်တွေ မပါအောင် စစ်ထုတ်ပါ။ အရည်တွေကို မြေအိုးထဲက အဆာပလာတွေထဲထည့်ပြီး မီးရှိန်ပြင်းပြင်းနဲ့ ငါးမာလာကို ၁၀ မိနစ်ခန့် ချက်ပါ။ အပေါ့အငန် အရသာမြည်းပါ။ အိုးချခါနီး ငရုတ်သီးစိမ်းဓားပြားရိုက်၊ ရှမ်းနံနံ၊ ကုဆိုင်ကို လက်တစ်ဆစ် အနေအထားလေးတွေ ဖြတ်ထားတာ ထည့်ပါ။ သံပရာရည် ညှစ်ထည့်ပြီးလျှင် ပူစပ်မွှေး ငါးမာလာချဉ်စပ်ရပါပြီ။ မြေအိုးမရှိလျှင် သင့်တော်ရာအိုးနဲ့ ချက်လို့ ရပါတယ်။
<<<<< သက်သတ်လွတ်အုန်းနို့ခေါက်ဆွဲ >>>>
 by Myint Oo Tha
          သက်သတ်လွတ်အုန်းနို့ခေါက်ဆွဲချက်မည်ဆိုလျှင် ဟင်းသီးဟင်းရွက်ပြုတ်ရည်ရှိဖို့ လိုပါတယ်။ ဟင်းသီး ဟင်းရွက်ပြုတ်ရည်လုပ်နည်းကို ယခင်က ရေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီလမှာတော့ ဟင်းသီးဟင်းရွက်ပြုတ်ရည်အစား သက်သတ်လွတ် ဟင်းခတ်မှုန့်သုံးမှာ ဖြစ်တဲ့အတွက် ဟင်းရည်ချက်တဲ့အခါမှာ ပဲပြုတ်ရည်နဲ့ ရေကိုပဲ သုံးထားပါတယ်။ ကာရီပေါင်ဒါမရှိလျှင် နံနံစေ့ကို လှော်ပြီး ထောင်းထည့်နိုင်သလို ဂေါ်ရင်ဂျီမဆာလာကိုလည်း သုံးနိုင်ပါတယ်။ ပဲပြားကိုြွကပ်အောင်ကြော်ပြီး ဟင်းရည်ချိုချိုမှာ ထည့်ထားတဲ့အတွက် ပဲပြားက အင်မတန်မှ စားကောင်းပါတယ်။
ပါဝင်ပစ္စည်းများ >>>
ခေါက်ဆွဲဖတ်အစို  –  ၁ ကီလိုဂရမ်
ခရမ်းသီး  –  ၁ လုံး (အမြှောင်းသေးသေးလှီးထားပါ)
ပဲသီး  –  ၅ တောင့် (၁ လက်မအရွယ်ဖြတ်ထားပါ)
ပဲပင်ပေါက်  –  ၂၅၀ ဂရမ် (ရေစိမ်ထားပါ)
ပဲပြား  –  ၂  ပြား (လေးထောင့်အတုံးသေးသေးတုံးထားပါ)
ဟင်းရည်အတွက် လိုအပ်တာတွေကတော့->>>
ကုလားပဲ  –  ၆၀ ဂရမ် (ရေဆေးထားပါ)
ကုလားပဲပြုတ်ရန် ရေ  –  ၂ လီတာ
အုန်းနို့  –  ၂၀ဝ မီလီလီတာ
ပဲငံပြာရည်  –  စားပွဲဇွန်း ၂ ဇွန်း
သကြားခဲ (Rock Sugar)  –  အသေး ၂ ခဲ
သက်သတ်လွတ်ဟင်းခတ်မှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆား  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆီ  –  စားပွဲဇွန်း ၃ ဇွန်း
ပဲပြုတ်ပြီးရတဲ့ ပဲပြုတ်ရည်  –  ၁ လီတာ
ရေ  –  ၁ လီတာ
အနှစ်အတွက် ထောင်းရန် လိုအပ်တာတွေကတော့->>
ကြက်သွန်နီ  –  ၁၅၀ ဂရမ်
ကြက်သွန်ဖြူ  –  ၂၀ ဂရမ်
စပါးလင်  –  ၂ ချောင်း
ငရုတ်ကောင်းစေ့  –  ၁၀ စေ့
ကာရီပေါင်ဒါ  –  စားပွဲဇွန်း ၁ ဇွန်း
ငရုတ်သီးမှုန့်  –  စားပွဲဇွန်း ၂ ဇွန်း
ပြုလုပ်နည်း >>>
၁။       ကုလားပဲပြုတ်ရန်အတွက်  အိုးထဲ ရေ ၂ လီတာထည့်ပါ။ ပြီးလျှင် ကုလားပဲကို ရေဆေးပြီး ထည့်ပါ။ ဆူလာလျှင် အပေါ်တက်လာတဲ့ အမြှုပ်များကို ခပ်ထုတ်ပါ။
၂။       ကုလားပဲနူးလျှင် ဆယ်ယူထားပြီး ကုလားပဲပြုတ်ရည်ကို သိမ်းထားပါ။
၃။       ဆယ်ယူထားတဲ့ ကုလားပဲကို ညက်အောင် ထောင်းပါ။
၎။       အနှစ်အတွက် လိုအပ်တဲ့ စပါးလင်၊ ငရုတ်ကောင်းစေ့၊ ကြက်သွန်ဖြူကို အရင်ထောင်းပါ။ ညက်သွားလျှင် ကြက်သွန်နီ၊ ငရုတ်သီးမှုန့်ထည့်ပြီး ထောင်းပါ။ အားလုံး ညက်သွားလျှင် ကာရီပေါင်ဒါထည့်ပြီး မွှေပါ။
၅။       တုံးထားတဲ့ ပဲပြားကိုြွကပ်အောင်ကြော်ပြီး ဆယ်ယူထားပါ။ ပြီးလျှင် ခရမ်းသီးကိုလည်း ကြော်ပြီး ဆယ်ယူထားပါ။
၆။       ဟင်းရည်ချက်မည့်အိုးကို မီးဖိုပေါ်တင်ပြီး ဆီထည့်ပါ။ ဆီပူလျှင် ထောင်းထားတဲ့ အနှစ်ထည့်ပြီး ဆီသတ်ပါ။
၇။       မွှေးလာလျှင် စောစောက သိမ်းထားတဲ့ ပဲပြုတ်ရည် ၁ လီတာနှင့် ရေ ၁ လီတာ ထည့်ပါ။
၈။       ဆူလာလျှင် ထောင်းထားတဲ့ ကုလားပဲထည့်ပြီး ဆူအောင် ဆက်၍ တည်ထားပါ။
၉။       ကုလားပဲအစိမ်းနံ့ပျောက်လျှင် အုန်းနို့ကို ဖြည်းဖြည်းချင်းလောင်းထည့်ပြီး မွှေပါ။
၁၀။     အရသာအတွက် ပဲငံပြာရည်၊ သကြား၊ ဆားနှင့် သက်သတ်လွတ်ဟင်းခတ်မှုန့်တို့ကို ထည့်ပါ။
၁၁။     ကြော်ထားတဲ့ ပဲပြားထည့်ပြီး မီးအေးအေးနှင့် ဆက်၍ တည်ထားပါ။
၁၂။     ပဲပင်ပေါက်နှင့် ပဲသီးတို့ကို ရေနွေးဖြောထားပါ။
၁၃။     စားသုံးမည်ဆိုပါက တစ်ယောက်စာပန်းကန်ထဲ ခေါက်ဆွဲထည့်ပြီး ဟင်းရည်နဲ့ ပဲပြားထည့်ပါ။ ကြော်ထားတဲ့ ခရမ်းသီး၊ ပဲပင်ပေါက်နှင့် ပဲသီးတို့ကို ထည့်ပါ။
၁၄။     ကြိုက်နှစ်သက်ပါက ငရုတ်သီးကြော်၊ ဒါမှမဟုတ် ငရုတ်သီးအကျက်မှုန့်နှင့် ရှောက်သီးတို့ကို ညှစ်ပြီး သုံးဆောင်နိုင်ပါတယ်။
Thursday, January 24, 2019
"လမ်းလျှောက်ခြင်းနှင့် ကျန်းမာရေး"
#MWDHealthTalkProgramme
~~~~~~~~~~~~~~~~~~~~~~~
1. MWD: မင်္ဂလာပါဆရာ.. အခုလို သာယာလှပတဲ့ မနက်ခင်းလေးမှာ ကျန်းမာရေးလိုက်စားကြသူတွေအနေနဲ့လမ်းလျှောက်ကြတာတွေ့ရပါတယ်.. ဆရာကိုယ်တိုင်လည်း လမ်းလျှောက်နေတာဆိုတော့ ဒီကနေ့ ကျန်းမာသုတအစီအစဉ်ကနေ လမ်းလျှောက်ခြင်းနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို တင်ဆက်ချင်ပါတယ်ဆရာ.. ပထမဆုံးအနေနဲ့ လမ်းလျှောက်ခြင်းကြောင့်ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို အကျဉ်းချုပ်လေး ပြောပြပေးပါဆရာ..
1. Dr. KML: ဟုတ်ကဲ့.. အင်မတန် ကောင်းပါတယ်.. အခုနောက်ပိုင်း ကျွန်တော်တို့ ရန်ကုန်မြို့တော်အပါအ၀င် မြန်မာနိုင်ငံအနှံ့အပြားမှာ မနက်ပိုင်းလမ်းလျှောက်တဲ့သူတွေ များလာတာတွေ့ရပါတယ်.. ဒါဟာ အင်မတန် ၀မ်းသာဖို့ကောင်းတဲ့အချက်ဖြစ်ပါတယ်.. နေ့စဉ်လမ်းလျှောက်တဲ့အတွက် ရရှိနိုင်တဲ့အကျိုးကျေးဇူးပေါင်းများစွာထဲက အရေးကြီးတဲ့အချက်တွေကတော့..
 (၁)  ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးခြင်း
 (၂)  နှလုံးနှင့်သွေးကြောရောဂါတွေကို ကာကွယ်ကုသရာမှာ အထောက်အကူပြုခြင်း
 (၃)  ဆီးချိုသွေးချိုရောဂါကို ကာကွယ်ကုသရာမှာ အထောက်အကူပြုခြင်း
 (၄)  ဦးနှောက်နှင့်အာရုံကြောအားကောင်းစေခြင်း၊
     (၅)  စိတ်ဖိစီးမှုလျော့ကျစေပြီး စိတ်ကြည်လင်လန်းဆန်းစေခြင်း
 (၆)  သက်လုံကောင်း၍ အမောခံနိုင်လာခြင်း
 (၇)  အရိုးအဆစ်နှင့်ကြွက်သားများ သန်စွမ်းစေခြင်း
 (၈)  ကိုယ်ခံစွမ်းအားမြင့်တက်စေပြီး ရောဂါပိုးမွှားများရန်မှ ကာကွယ်ပေးခြင်း
 (၉)  အိပ်ပျော်စားဝင်စေခြင်း
 (၁၀)  ကင်ဆာရောဂါအမျိုးမျိုးမှ ကာကွယ်ပေးခြင်း
 (၁၁) အသက်ရှည် နုပျိုလှပကျန်းမာစေခြင်း
တို့ဖြစ်ပါတယ်..
2. MWD: လမ်းလျှောက်ခြင်းနဲ့ ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းမှုတို့ ဘယ်လိုများဆက်စပ်တယ်ဆိုတာလည်း ရှင်းပြပေးပါဆရာ..
2. Dr. KML: လူတစ်ယောက်ကျန်းမာဖို့ဆိုတာ သူ့ရဲ့အသက်အရွယ်နဲ့ အရပ်ပေါ်မူတည်ပြီး ရှိသင့်ရှိထိုက်တဲ့  ကိုယ်အလေးချိန်အတွင်းမှာ ရှိနေဖို့အရေးကြီးပါတယ်.. BMI အနေနဲ့ပြောရင် ၁၉ နဲ့ ၂၅ ကြားမှာရှိနေရပါမယ်.. အကယ်၍ ၂၅ နဲ့ ၃၀ ကြားဆိုရင် ရှိသင့်တဲ့အလေးချိန်ထက်ပိုများနေသူ (Overweight) လို့ သတ်မှတ်ပြီး ၃၀ အထက်ကိုကျော်သွားရင်တော့ အ၀လွန်ရောဂါ (Obesity) လို့ခေါ်ပါတယ်.. အဲ့ဒီထက်ကျော်ပြီး BMI တန်ဖိုးများလေလေ ကျန်းမာရေးထိခိုက်လေလေ ဖြစ်ပါတယ်.. ဒါ့ကြောင့် ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းဖို့ အလွန်အရေးကြီးပါတယ်.. အဲ့ဒီလိုထိန်းသိမ်းရာမှာ အဓိကအချက် (၂) ချက်ရှိပါတယ်.. စားတဲ့အစားအစာနဲ့ နေ့စဉ်လှုပ်ရှားမှုတို့ဖြစ်ပါတယ်.. ဒါကို ကယ်လိုရီတန်ဖိုးနဲ့တိုင်းတာပါတယ်.. စားတဲ့ကယ်လိုရီနဲ့ လှုပ်ရှားသွားလာတဲ့ ကယ်လိုရီတို့ မျှတနေရင် ကိုယ်အလေးချိန်မှာလည်း မှန်ကန်မျှတနေမှာဖြစ်ပြီး အကယ်၍ စားတဲ့ကယ်လိုရီတွေက လှုပ်ရှားမှုပြုလုပ်ပြီး အသုံးပြုတဲ့ကယ်လိုရီထက် နေ့စဉ်ပိုနေခဲ့ရင် ကိုယ်အလေးချိန် တဖြည်းဖြည်းတက်လာပါလိမ့်မယ်.. လမ်းလျှောက်ရင် ကယ်လိုရီတွေ အသုံးပြုလောင်ကျွမ်းရတဲ့အတွက် အ၀လွန်မဖြစ်အောင် ထိန်းသိမ်းပေးရာရောက်ပါတယ်.. ဒါ့ကြောင့် လမ်းမှန်မှန်လျှောက်တဲ့သူတွေဟာ ခန္ဓာကိုယ်အလေးချိန်ကို ကောင်းစွာထိန်းသိမ်းပေးရာရောက်ပါတယ်..
3. MWD: လမ်းလျှောက်ရင် နှလုံးနဲ့သွေးကြောရောဂါတွေကို ကာကွယ်ကုသရာမှာ ဘယ်လိုများ အထောက်အကူ
ပြုတယ်ဆိုတာလည်း ရှင်းပြပေးပါဆရာ..
3. Dr. KML: မွေးရာပါနှလုံးနဲ့သွေးကြောတွေ ချို့ယွင်းတဲ့ရောဂါတွေမှအပ ကျန်နှလုံးနဲ့သွေးကြောရောဂါတွေ ဖြစ်ပွားရတဲ့ အဓိကအကြောင်းရင်းကတော့ သွေးတွင်း မကောင်းတဲ့အဆီဓာတ်တွေများခြင်းနဲ့ အ၀လွန်ခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်.. လမ်းမှန်မှန်လျှောက်ရင် သွေးတွင်းမှာ မကောင်းတဲ့အဆီဓာတ်တွေ များမလာအောင် ထိန်းသိမ်းပေးတဲ့အပြင် ခန္ဓာကိုယ်အလေးချိန်ကိုလည်း အ၀မလွန်အောင် ထိန်းသိမ်းပေးတဲ့အတွက် နှလုံးနဲ့သွေးကြောတွေ အဆီပိတ်တာ၊ ကျဉ်းတာ၊ သွေးတိုးတာတွေ မဖြစ်အောင် ကာကွယ်ပေးခြင်းဖြစ်ပါတယ်.. နိုင်ငံတကာသုတေသီများရဲ့ လေ့လာချက်အရ လူတစ်ယောက်ဟာ တစ်ပတ်မှာ ၃ နာရီ (တစ်နာရီမှာ ၃ မိုင်နှုန်း) ပုံမှန်လမ်းလျှောက်ခဲ့ရင် လမ်းမလျှောက်သူတွေ၊ လေ့ကျင့်ခန်း
မပြုလုပ်သူတွေထက် နှလုံးထိခိုက်ခံရမှု  Heart Attack ၃၀ ရာခိုင်နှုန်း လျော့နည်းတယ်လို့ဆိုပါတယ်.. တစ်ပတ်မှာ ၃ နာရီထက်ပိုပြီးလျှောက်ခဲ့ရင် ၁ နာရီ ပိုလျှောက်တိုင်း ၅ ရာခိုင်နှုန်း ထပ်မံလျော့နည်းသွားတယ်လို့ ဆိုပါတယ်..
4. MWD: ဆီးချိုသွေးချိုရောဂါ ကာကွယ်ကုသရေးမှာရော လမ်းလျှောက်ခြင်းရဲ့ အကျိုးရှိပုံတွေကိုလည်း ရှင်းပြပေးပါဆရာ..
4. Dr. KML: ဆီးချိုသွေးချိုရောဂါ အမှတ် (၂) ဖြစ်ပွားရတဲ့အကြောင်းရင်းတွေထဲမှာ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းဟာ နံပါတ် (၁) နေရာမှာ ရှိနေပါတယ်.. ဒါ့ကြောင့် နေ့စဉ်လမ်းလျှောက်ခြင်း (သို့မဟုတ်) ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် ဆီးချိုသွေးချို ရောဂါဖြစ်ပွားမယ့် အလားအလာကို လျော့ကျစေနိုင်ပါတယ်.. ဒါ့အပြင် ဆီးချိုသွေးချိုရောဂါ ဖြစ်နေသူတွေအနေနဲ့လည်း ဆေးတွေပဲထိုင်သောက်နေလို့ကတော့ ဆီးချို Control ရဖို့ သိပ်မလွယ်ပါဘူး.. ဆေးလည်းသောက် လမ်းလည်းလျှောက်ခဲ့ရင် Insulin sensitivity ပိုကောင်းလာလို့ သောက်ရတဲ့ဆေးပမာဏကိုလည်း လျော့နည်းစေတဲ့အပြင် နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ နှလုံးနဲ့သွေးကြောရောဂါ၊ လေဖြတ်ရောဂါတွေကနေ ကာကွယ်ပေးရာရောက်ပါတယ်.. ဒါ့ကြောင့် ဆီးချိုသွေးချိုရောဂါရှိသူတိုင်း နေ့စဉ် မပျက်မကွက်လမ်းလျှောက်ပေးဖို့ တိုက်တွန်းပါရစေ..
5. MWD: ဦးနှောက်နှင့်အာရုံကြောတွေအားကောင်းပြီး ဥာဏ်ရည်ထက်မြက်စေတာနဲ့ပတ်သက်လို့လည်း ရှင်းပြပေးပါဆရာ..
5. Dr. KML: မနက်ခင်းလမ်းပုံမှန်လျှောက်ပေးရင် ဦးနှောက်နဲ့အာရုံကြောတွေကို အားကောင်းစေပါတယ်.. စိတ်ဖိစီးမှုတွေ ကျဆင်းစေပါတယ်.. စိတ်ရွှင်လန်းတက်ကြွစေပါတယ်.. ဉာဏ်ရည်ဉာဏ်သွေးကို ထက်မြက်စေပါတယ်.. အသက်ကြီးသူတွေမှာဖြစ်လေ့ရှိတဲ့ သတိမေ့ရောဂါ (dementia) တွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်.. အော်လ်ဇိုင်းမားရောဂါ (Alzheimer's disease) ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်.. တစ်ကိုယ်လုံးမှာရှိတဲ့ အာရုံကြောတွေ နိုးကြားတက်ကြွစေတဲ့အတွက်  လေးလံထိုင်းမှိုင်းမှုတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်.. လူကိုသွက်လက်ဖျတ်လတ်စေပါတယ်..  အလုပ်များတဲ့သူတွေ အလုပ်ရဲ့ဖိစီးမှုကြောင့် ကိုယ်စိတ်ပင်ပန်းနွမ်းနယ်နေတာတွေကို သက်သာစေပြီး စိတ်ဓာတ်ခွန်အားတွေရရှိဖို့၊ အကြံကောင်းဥာဏ်ကောင်းတွေရဖို့၊ အခက်အခဲတွေကနေ ကျော်လွှားနိုင်တဲ့
စိတ်ဓာတ်ခွန်အားတွေ ရရှိစေပါတယ်..
 အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အရ လမ်းလျှောက်နေစဉ် ခန္ဓာကိုယ်အတွင်းမှာ "အင်ဒိုဖင်း" ( Endophine ) လို့ခေါ်တဲ့ ဟိုမုန်းဓာတ်တစ်မျိုးထွက်လာပြီး  အဲ့ဒီအာနိသင်ကြောင့် စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေခြင်းဖြစ်တယ်လို့ သိရပါတယ်.. စိတ်ကျဝေဒနာသည်တွေ မနက်ခင်းမှာ လမ်းလျှောက်ခဲ့ရင် ဆေးပေးတာထက်ပိုပြီး ထိရောက်ကြောင်း လေ့လာတွေ့ရှိရပါတယ်..
6. MWD: သက်လုံကောင်းပြီး အမောခံနိုင်တာနဲ့ပတ်သက်လို့လည်းရှင်းပြပေးပါဆရာ..
6. Dr. KML: လေ့ကျင့်ခန်းမလုပ်သူ၊ လမ်းမှန်မှန်မထွက်တဲ့သူတွေဟာ အရေးကြုံလာရင် သက်လုံမကောင်းနိုင်ပါဘူး..သက်လုံကောင်းဖို့ဆိုတာ ချက်ချင်းလုပ်ယူလို့ရတဲ့ကိစ္စမဟုတ်ဘဲ တဖြည်းဖြည်းလေ့ကျင့်ယူရတာ ဖြစ်ပါတယ်.. ဥပမာ လမ်းတစ်ခါမှ ကောင်းကောင်းမလျှောက်တဲ့သူတစ်ယောက်ဟာ တစ်မိုင်ခန့်ကို လျှောက်ပြီးရင်မောလာနိုင်ပါတယ်.. ဒါပေမယ့် နေ့စဉ်ပုံမှန်တစ်မိုင်လျှောက်ခဲ့ရင် တစ်လလောက်ကြာတဲ့အခါ တစ်မိုင်ခရီးမှာ မမောတော့ပါဘူး.. အဲ့ဒီအခါမှာ တစ်မိုင်ခွဲကို တိုးလျှောက်လာနိုင်ပါမယ်.. အဲ့ဒီလိုနဲ့ တဖြည်းဖြည်းတိုးသွားခဲ့ရင် မိမိရဲ့အမောခံနိုင်မှုဟာ တိုးတက်လာမှာ ဖြစ်ပါတယ်..
7. MWD: အရိုးအဆစ်နဲ့ ကြွက်သားတွေသန်မာအောင် လမ်းလျှောက်ခြင်းက ဘယ်နည်းဘယ်ပုံ အထောက်အကူ ပြုတယ်ဆိုတာလည်း သိပါရစေဆရာ..
7. Dr. KML: လမ်းလျှောက်ခြင်အားဖြင့် ကြွက်သားတွေဆီသွားတဲ့ သွေးကြောလေးတွေပွင့်ပြီး ပိုကျယ်လာလို့ အောက်ဆီဂျင်ပိုရစေပါတယ်.. ကြွက်သားတွေ ပိုမိုသန်စွမ်းစေပါတယ်.. အရိုးကိုသွားတဲ့ သွေးကြောလေးတွေ ပိုကောင်းလာလို့ အရိုးတွေပိုမိုသန်စွမ်းစေပါတယ်..အရိုးဆိုတာ ငြိမ်နေရင် တဖြည်းဖြည်းပျက်စီးပြီး အရိုးပါးအရိုးပွရောဂါ ဖြစ်စေပါတယ်.. အထူးသဖြင့် အရိုးနုလေးတွေဆီကို အာဟာရဓာတ်တွေ ပိုရောက်လို့ အဆစ်အမျက်တွေပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်.. အထူးသဖြင့် အသက်ကြီးတဲ့အမျိုးသမီးတွေအနေနဲ့ အဖြစ်များတဲ့ အရိုးပါးအရိုးပွရောဂါကို ကာကွယ်ရာမှာ များစွာအထောက်အကူပြုပါတယ်..
8. MWD: ကိုယ်ခံအားမြင့်တက်စေတာနဲ့ ပတ်သက်လို့လည်း ဆက်ပြောပါဦးဆရာ..
8. Dr. KML: လမ်းလျှောက်ခြင်းဖြင့် ခန္ဓာကိုယ်ခုခံအားစနစ်ကို ပိုမိုတိုးတက်ကောင်းမွန်စေပါတယ်..အထူးသဖြင့် မနက်ခင်း နေရောင်ခြည်အောက်မှာလျှောက်ရင် အကောင်းဆုံးဖြစ်ပါတယ်..ဒါ့ကြောင့်ရောဂါပိုးမွှားတွေ ၀င်ရောက်ဒုက္ခပေးခြင်းမှ ကာကွယ်ရာရောက်ပါတယ်.. ရောဂါဖြစ်ခဲ့ရင်တောင် ပျောက်ကင်းမှုပိုမြန်စေပါတယ်..
9. MWD: လမ်းလျှောက်ရင် အိပ်ပျော်စေတယ်လို့ ကြားဖူးပါတယ်ဆရာ.. ဒါနဲ့ပတ်သက်လို့လည်း ရှင်းပြပေးပါဆရာ..
9. Dr. KML: နှစ်ခြိုက်စွာအိပ်မပျော်ခြင်းဟာ အသက်ကြီးသူတွေမှာ ဖြစ်တတ်တဲ့ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်ပါတယ်.. အိပ်မပျော်ရင် ကျန်းမာရေးချို့ယွင်းလာတတ်ပါတယ်.. မနက်ခင်း နေထွက်စမှာ နေ့စဉ်ပုံမှန်လမ်းလျှောက်ခြင်းဖြင့် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်.. ဒါ့အပြင် နေ့လယ်ဘက်မှာလည်း စားလို့ပိုကောင်းပါတယ်.. အိပ်မပျော်တဲ့သူတွေဟာ အိပ်ဆေးသောက်မယ့်အစား လမ်းလျှောက်ခြင်းဟာ  ကျန်းမာရေးအတွက်များစွာ သာလွန်ကောင်းမွန်စေပါတယ်..
10. MWD: ကင်ဆာရောဂါတွေကနေ ကာကွယ်ပေးနိုင်တယ်ဆိုတာနဲ့ပတ်သက်လို့လည်း ပြောပါဦးဆရာ..
10. Dr. KML: ကင်ဆာရောဂါ ဖြစ်ပွားရတဲ့အကြောင်းအရင်းတွေ များစွာရှိပြီး အဲ့ဒီအကြောင်းရင်းတွေပေါ်မူတည်လို့ ကင်ဆာအမျိုးအစားလည်း ကွဲပြားသွားပါတယ်.. ဥပမာ ဆေးလိပ်သောက်ရင် အဆုတ်ကင်ဆာဖြစ်နိုင်ပါတယ်.. ဘီပိုး၊ စီပိုးရှိရင်အသည်းကင်ဆာဖြစ်နိုင်သလို ကွမ်းယာစားတဲ့သူတွေကျတော့ ခံတွင်းကင်ဆာ အဖြစ်အများဆုံးဖြစ်ပါတယ်..
နေ့စဉ်ပုံမှန်လမ်းလျှောက်ရင် ၀မ်းမှန်မှန်သွားရာမှာ အထောက်အကူပြုလို့ ၀မ်းချုပ်ရင်ဖြစ်တတ်တဲ့ အူမကြီးကင်ဆာကို ကာကွယ်ရာရောက်ပါတယ်..
11. MWD: လမ်းလျှောက်ရင် အသက်ရှည်နုပျိုစေတယ်ဆိုတာကရော ဘာ့ကြောင့်ပါလဲဆရာ..
11. Dr. KML: အမေရိကန်နိုင်ငံ မီရှီဂန်ဆေးတက္ကသိုလ်က ပညာရှင်တွေရဲ့ အမျိုးသား၊ အမျိုးသမီး ၆၄၀၀၀၀ အပေါ်မှာ လေ့လာတွေ့ရှိချက်အရ လမ်းလျှောက်ခြင်း ပုံမှန်ပြုလုပ်သူတွေဟာ မပြုလုပ်သူများထက် အနည်းဆုံး ၃ နှစ်ခန့် ပိုမိုအသက်ရှည်ကြောင်း တွေ့ခဲ့ရပါတယ်.. အဲ့ဒီတွေ့ရှိချက်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ ထုတ်ဝေတဲ့ Live Science ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်.. ဒါ့အပြင် လမ်းလျှောက်ခြင်းအားဖြင့် အသားအရေကို စိုပြေလှပစေခြင်း၊ ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို လျော့နည်းစေတဲ့အတွက် ရုပ်ဆင်းအင်္ဂါလှပခြင်း၊ အသားအရေတင်းရင်းပြီး ပါးရေ
တွန့်တာကို သက်သာစေခြင်း အစရှိတဲ့ နုပျိုလှပခြင်းတွေကိုလည်း ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်..
12. MWD: အခုဆိုရင် လမ်းလျှောက်တာနဲ့ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကိုသိရပါပြီ.. အဲ့ဒီအကျိုးကျေးဇူးတွေရရှိဖို့ ကျန်းမာရေးအတွက်လမ်းလျှောက်မယ်ဆိုရင် တစ်နေ့ကိုဘယ်လောက်ကြာကြာ လျှောက်သင့်တယ်ဆိုတာလည်း သိပါရစေဆရာ..
12. Dr. KML: သုတေသနပြုလုပ်ချက်တွေအရ လူတစ်ယောက်ဟာ တစ်နေ့ကို မိနစ် ၃၀ လမ်းလျှောက်ပေးသင့်တယ်လို့ ဆိုပါတယ်.. မိနစ် ၃၀ နေ့စဉ်လျှောက်ခဲ့မယ်ဆိုရင် မိမိရဲ့ကိုယ်ရောစိတ်ပါ ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိမှာဖြစ်ပါတယ်.. အကယ်၍ မိနစ် ၃၀ မပြည့်ခဲ့ရင်တောင် လျှောက်တဲ့အချိန်ပေါ်မူတည်ပြီး အကျိုးကျေးဇူးတွေရနိုင်တာကြောင့် ၁၀ မိနစ်ပဲလျှောက်လျှောက် မိနစ်၂၀ ပဲလျှောက်လျှောက် ရနိုင်သရွေ့ လျှောက်စေချင်ပါတယ်.. အကယ်၍ မိနစ် ၃၀ ထက် ပိုလျှောက်နိုင်လို့ လျှောက်မယ်ဆိုရင်လည်း ပိုကောင်းပါတယ်..
13. Dr. KML: လမ်းလျှောက်တဲ့အခါမှာ ဘယ်လိုဖိနပ်မျိုးစီးပြီး လျှောက်သင့်ပါသလဲဆရာ.. ဖိနပ်မပါဘဲ လမ်းလျှောက်တာရော ကောင်း/မကောင်း သိပါရစေဆရာ..
13. Dr. KML: လမ်းလျှောက်ရင် ကင်းဗတ်ဖိနပ် သို့မဟုတ် Walking Shoe စီးပြီး လျှောက်တာတော့ အကောင်းဆုံးဖြစ်ပါတယ်.. ဖိနပ်စီးတဲ့အခါ အတွင်းကနေ ခြေအိတ်ခံပြီးစီးမှ အရေပြားကထွက်လာတဲ့ ချွေးတွေကို အလွယ်တကူစုပ်ယူနိုင်မှာ ဖြစ်သလို ခြေထောက်နာတာလည်း သက်သာစေပါတယ်.. ဖိနပ်ရဲ့အရွယ်အစားဟာ မိမိနဲ့အနေတော်ဖြစ်ရပါမယ်.. ကြပ်လွန်း၊ ချောင်လွန်းတဲ့ဖိနပ်ဆိုရင် အဆင်မပြေပါဘူး.. ဖိနပ်ဟာ ပေါ့ပါးပြီးသက်သောင့်သက်သာဖြစ်ရပါမယ်.. ညှပ်ဖိနပ်နဲ့လျှောက်ရင်တော့ ရပေမယ့် မြန်မြန်လျှောက်ရင်သိပ်မကောင်းပါဘူး.. ပိုဆိုးတာကတော့ ဒေါက်ဖိနပ်တို့ အခြားအလှစီးတဲ့ဖိနပ်တွေနဲ့တော့ မလျှောက်သင့်ပါဘူး.. ခြေထောက်တွေပွန်းပဲ့တာ အသားမာတက်တာတွေ ဖြစ်တတ်ပါတယ်.. ဖိနပ်မပါဘဲလျှောက်ရင်တော့ ပင်လယ်ကမ်းစပ် သောင်ပြင်ပေါ်မှာဆိုရင်တော့ ကောင်းပါတယ်.. ကတ္တရာလမ်းပေါ်၊ ကွန်ကရစ်လမ်းပေါ်ဆိုရင်မကောင်းပါ..
14. MWD: လမ်းလျှောက်တဲ့အခါ ကိုယ်ဟန်အနေအထားကို ဘယ်လိုမျိုးထားပြီးလျှောက်ရင် အကောင်းဆုံးဖြစ်ပါသလဲဆရာ.. သတိပြုရမယ့်အချက်တွေရှိရင် ပြောပြပေးပါဆရာ..
14. Dr. KML: သိပ္ပံနည်းကျ အကောင်းဆုံးအနေအထားကတော့ ဦးခေါင်းနဲ့ခါးကို တည့်မတ်စွာထားရပါမယ်.. ခေါင်းကို ရှေ့တည့်တည့်မျက်နှာမူရပါမယ်.. တံတောင်ဆစ်၂ ခုကို   ၉၀ ဒီဂရီထားပြီး လွှဲပြီးလျှောက်ရပါမယ်.. လည်ပင်းမှာ တဘက်တစ်ခုတင်ထားပြီး အစွန်းနှစ်ဖက်ကို လက်နဲ့ကိုင်ထားတဲ့အနေအထားဖြစ်ပါတယ်.. လက်ကိုလွှဲပေမယ့် မျက်နှာသုတ်ပ၀ါကတော့ မရွေ့သွားရပါဘူး.. ခြေလှမ်းရင် ဖနောင့်နဲ့အရင်ဆုံးချပြီးမှ ရှေ့ခြေဖ၀ါးကိုချရပါမယ်.. ခြေထောက်နဲ့လက်လွှဲချက်မှာ ဟန်ချက်ညီညီထားပြီး လျှောက်ရပါမယ်.. မှန်မှန်လျှောက်နိုင်သလို ပိုပြီးမြန်မြန်လျှောက်ချင်သူ
တွေလည်း လျှောက်နိုင်ပါတယ်.. မိမိရဲ့အသက်အရွယ်၊ နှလုံး၊ သွေးတိုးရောဂါရှိ/မရှိနဲ့ ခံနိုင်ရည်ပေါ်မူတည်ပြီး နှေးခြင်း၊ မြန်ခြင်းကိုညှိရပါတယ်..
သတိပြုရမယ့်အချက်တွေ.. အကြံပြုလိုတဲ့အချက်တွေကတော့ >>>
(၁) လမ်းလျှောက်ပြီးခါစ ခန္ဓာကိုယ်အပူချိန်မြင့်ပြီး ချွေးထွက်နေဆဲဖြစ်ရင် ရေအေးနဲ့ရေမချိုးသင့်ပါဘူး.. ချွေးထွက်တာရပ်တဲ့အထိစောင့်ပြီး ခဏနားနေပြီးမှ ရေချိုးရပါမယ်.. ရေနွေးနဲ့ရေချိုးရင် ပိုကောင်းပါတယ်..
(၂) လမ်းလျှောက်တဲ့အခါ တစ်ဦးတည်းလျှောက်နိုင်သလို မိမိနဲ့စိတ်တူကိုယ်တူခြေလှမ်းတူမယ့် အဖော်တွေနဲ့လျှောက်ရင်ပိုကောင်းပါတယ်.. စိတ်ကြည်နူးမှုပိုရစေပြီး ပိုလည်းကြာကြာလျှောက်ဖြစ်စေပါတယ်..
(၃) လမ်းလျှောက်ကာစမှာ ခြေလှမ်းကို ခပ်ဖြည်းဖြည်းချင်းစရပါမယ်.. ပြီးမှ တဖြည်းဖြည်းချင်းတိုးသွားသင့်ပါတယ်..စစချင်းမြန်မြန်လျှောက်တာ ပြေးတာလုပ်ရင် ကြွက်သားတွေဆီသွားတဲ့ သွေးကြောလေးတွေ သိပ်မပွင့်သေးတဲ့အတွက် အောက်ဆီဂျင်လုံလောက်စွာမရလို့ ကြွက်သားတွေနာတတ်ပါတယ်.. လမ်းမလျှောက်ခင် ကြွက်သားတွေကို အကြောလျှော့လေ့ကျင့်ခန်းလေး စက္ကန့် ၂၀ လောက်လုပ်ပေးရင် ပိုကောင်းပါတယ်.. လမ်းလျှောက်နေတုန်း ကြွက်သားတွေနာကျင်ခဲ့ရင် နားရပါမယ်.. ဆက်မလျှောက်သင့်ပါဘူး..
(၄) လမ်းလျှောက်ရင် တိုင်းတာတဲ့ ဓာတ်ပစ္စည်းကရိယာတွေ သုံးနိုင်ရင် ပိုကောင်းပါတယ်..  ဥပမာ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အသက်ရှူနှုန်း၊ အောက်ဆီဂျင်ပမာဏ စသည်ဖြင့်.. လက်မှာပတ်ထားရင်ကောင်းပါတယ်.. ခြေလှမ်းအရေအတွက်ကိုပါသိရင် ပိုကောင်းပါတယ်..
(၅) မြန်မြန်လျှောက်တာနဲ့နှေးနှေးလျှောက်တာမှာ ကယ်လိုရီလောင်ကျွမ်းမှုက မြန်လေပိုများလေ ဖြစ်ပါတယ်..
(၆) လမ်းလျှောက်တဲ့နေရာဟာ မိမိအတွက် လုံခြုံစိတ်ချရတဲ့နေရာဖြစ်ရပါမယ်.. လူပြတ်တဲ့နေရာမျိုးတွေ ရှောင်သင့်ပါတယ်.. လျှောက်တဲ့လမ်းမျက်နှာပြင်ကလည်း ကောင်းရပါမယ်.. ခလုတ်ကန်သင်းများတာ ချော်လဲနိုင်တဲ့လမ်းတွေ ရှောင်ရပါမယ်.. ခွေးလေခွေးလွင့်တွေမရှိဖို့လည်း အရေးကြီးပါတယ်.. ပတ်ဝန်းကျင် လေထုညစ်ညမ်းမှု မရှိတဲ့နေရာဖြစ်သင့်ပါတယ်..ကားလမ်းဘေးကို ရှောင်သင့်ပါတယ်.. ယာဉ်အန္တရာယ်နဲ့  လေထုညစ်ညမ်းမှုကြောင့်ပါ..
(၇) ရောဂါရှိသူများအနေနဲ့ ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ပြီးမှ လျှောက်သင့်ပါတယ်..
(၈) လမ်းလျှောက်ဖြစ်ဖို့ အိမ်အပြန် ဘတ်စ်ကားတစ်မှတ်တိုင်ကြိုဆင်းပြီးလျှောက်ရင် ကောင်းပါတယ်..
လုပ်ငန်းခွင်ထဲမှ တစ်နေကုန်အညောင်းထိုင်သူတွေအတွက် ပိုသင့်တော်ပါတယ်.. တတ်နိုင်ရင် ဓာတ်လှေခါး၊ စက်လှေခါးမသုံးဘဲ လှေကားထစ်က တက်ပေးပါ..
15. MWD: ဆရာ့အနေနဲ့ မြ၀တီရုပ်မြင်သံကြားပရိသတ်ကြီးကို ဘာများထပ်ပြီးပြောချင်ပါသေးလဲဆရာ..
15. Dr. KML: ဆေးတမယ်တည်းနဲ့ ရောဂါများစွာကို ကာကွယ်တိုက်ဖျက်နိုင်သောဆေးဝါး မရှိသေးပါ.. ဒါပေမယ့် လမ်းလျှောက်ခြင်းဟာ ရောဂါပေါင်းမြောက်များစွာကို ကာကွယ်တိုက်ဖျက်နိုင်တဲ့ ထက်မြက်ကောင်းမွန်တဲ့ သဘာဝဆေးဝါးတစ်ခုလို့ဆိုရင် မမှားပါဘူး.. နေ့စဉ်လမ်းလျှောက်ခြင်းဖြင့်အ၀လွန်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးနဲ့ သွေးကြောရောဂါ၊ ဆီးချို၊ သွေးတိုးရောဂါကအစပြုလို့ ကင်ဆာရောဂါအထိပါ ကာကွယ်တိုက်ဖျက်နိုင်ကြောင်း သုတေသနစာတမ်းတွေအရ သိရှိခဲ့ပြီးဖြစ်ပါတယ်.. လမ်းလျှောက်တယ်ဆိုတာ အချိန်နေရာမရွေး၊ ငွေကုန်ကြေးကျမရှိဘဲ မည်သူမဆို လုပ်နိုင်တဲ့အလုပ်ဖြစ်ပါတယ်.. အထောက်အကူပြုပစ္စည်းနဲ့ သင်ပြပေးမယ့်သူလည်းမလိုပါ.. ဒါ့ကြောင့် လူတိုင်းလမ်းလျှောက်ကြပါစို့လို့ လေးလေးနက်နက်တိုက်တွန်းချင်ပါတယ်..
မူရင်းစာမျက်နှာ - ဒေါက်တာခင်မောင်လွင် ( FAME Pharmaceuticals)