Monday, January 9, 2023

OPPO Find X3 Pro Review

OPPO Find X3 Pro Review: 

(In love with flagship Color OS experience)




လွန်ခဲ့တဲ့ ၁ နှစ်ခွဲကျော်လောက်က flagship smartphone တစ်လုံးကို ခုချိန်မှာ ၁၂ သိန်းဝန်းကျင်ဆိုတဲ့ဈေးနဲ့ ကိုင်ရတာဟာ ဖုန်းအသစ် ခဏခဏလဲကိုင်ချင်တတ်သူတွေအတွက်ရော ပိုက်ဆံတအားမသုံးပဲ flagship experience ခံစားချင်တဲ့ user တွေအတွက်ပါ သင့်တော်တဲ့ရွေးချယ်မှုဖြစ်နေမလားဆိုတဲ့အတွေးနဲ့ ဒီ phone ကို review ယူစမ်းဖြစ်ခဲ့တာ။ 12/256GB နဲ့ Global version ဖြစ်တဲ့ OPPO Find X3 Pro က ကိုယ့်ဆုံးဖြတ်ချက်မမှားဘူးဆိုတာကို တကယ််လည်း အတိုင်းအတာတစ််ခုထိ သက်သေပြနိုင်ခဲ့တယ်။ 


- Look & Feel


Design ပိုင်းနဲ့ပတ်သက်လို့ မကြိုက်တာရော ကြိုက်တာပါ ရောနေတာက သူ့ camera design. iPhone camera ကို mirror image လို ပုံစံလုပ်ထားတာ မကြိုက်ပေမယ့် camera bump လို့ ခေါ်ရက်စရာမရှိအောင် back glass ကနေ ခုံးတက်သွားတဲ့ပုံစံ လုပ်ထားတာက လှလွန်းတယ်။ ကျန်တာတော့ ထူးထူးခြားခြားမတွေ့မိဘူး။


220g အထက် phone တွေထက်စာရင် ဒီကောင်က ပိုပေါ့ပြီး weight distribution လည်း ကောင်းတဲ့ feeling ကို ပေးနိုင်တယ်။ ကိုယ်တွေစမ်းတဲ့ version က အနက်ကိုမှ glossy version မို့ လက်ရာတအားထင်တာ သဘောမကျပေမယ့် သူ့မှာပါတဲ့ cover တပ်ထားရင်တော့ ကိုင်လို့အတော်ကောင်းတဲ့ phone လို့ပဲ ပြောပါ့မယ်။


- Display


2023 လို အချိန်မှာ သူ့ရဲ့ 2K+ Curved AMOLED က high quality display ဆိုတဲ့ ခံစားချက်ကို အပြည့်အဝရနိုင်တုန်းပဲ။ LTPO panel ဖြစ်ပြီး တအား curved ဖြစ်တဲ့ထဲမပါသလို color နဲ့ resolution ပိုင်းမှာလည်း အပြစ်ပြောစရာမတွေ့မိဘူး။ နေရောင်အောက်မှာဆိုရင်တော့ ဒီဘက်ခေတ် flagship တွေလောက် မလင်းတာရယ်၊ anti-flicker မပါတာရယ် ဒီနှစ်ချက်ပဲ။ ကျန်တာအဆင်ပြေတယ်။


- Haptic


ဒီတစ်ချက်ကတော့ Find X3 Pro မှာ flagship သိပ်မဆန်ဘူးပြောရမှာပဲ။ သူ့ haptic က Xiaomi 12x လို phone ထက်ကို ပိုပျော့၊ ပိုလျော့နေတာဟာ haptic ကို အရသာခံသုံးတတ်သူတွေ စိတ်ညစ်လောက်မယ်ထင်။ စာရိုက်တာအစ system vibration အဆုံး upper mid-range level က haptic ဖြစ်နေတာတစ်ချက်ကိုတော့ ဒီ phone မှာ သဘောမကျဘူး။




- Speakers


သူ့ stereo speaker က earpiece နဲဲ့ bottom သုံးတာဆိုတော့ အသံထုတ်ပုံချင်းမတူကြပေမယ့် အသံထွက်ပိုင်းမှာ အတော်လေး balance ဖြစ်တယ်။ Loudness လည်းကောင်းပြီး lows, mids နဲ့ highs, vocal တွေမှာ အသံထွက်ညီတယ် ပြောလို့ရပေမယ့် ဘယ်နေရာမှာမှ ထူးမချွန်နေတာကလည်း သူ့ speaker ကို အကောင်းဆုံးလို့ သတ်မှတ်ရခက်တဲ့အချက် ဖြစ်လိမ့်မယ်။ ဒါပေမယ့် Dolby Atmos support တဲ့ သူ့အသံထွက်ပိုင်းက ဘာအတွက်သုံးသုံး ကောင်းကောင်းအဆင်ပြေမယ်ဆိုတာတော့ အာမခံနိုင်ပါတယ်။


- ColorOS


ပထမဆုံးအချက်အနေနဲ့ 2021 က Chinese flagship phone တစ်လုံးကို Android 13 နဲ့ Latest Global version ColorOS 13 ပေးထားပြီဆိုတဲ့အချက်က ကိုယ်တွေကို အတော်လေး impressed ဖြစ်စေခဲ့တာ။ (Xiaomi မှာဆို 11 Ultra လို model မျိုးက ခုထိ China Stable MIUI 14 တောင် မရသေးတာ OPPO နဲ့ယှဥ်လိုက်ရင် ရှက်စရာဖြစ်သွားပြီ)


UI ပိုင်းက stable ဖြစ်သလို bug ရယ်လို့လည်း မတွေ့မိဘူး။ Security update ကလည်း December patch ထိ ရထားတယ်။ ကိုယ်တွေနောက်ဆုံး ColorOS သုံးခဲ့တဲ့အချိန်နဲ့ သိသိသာသာ ကွာသွားတာက သူ့ရဲ့ smoothness ပဲ။ ဒါကြောင့်လည်း China မှာ Smooth အဖြစ်ဆုံး Android UI အဖြစ် သတ်မှတ်ခံရတာ မဆန်းဘူး။ Animation တွေက ရိုးရှင်းပေမယ့် အထစ်အငေါ့မရှိပဲ အိစက်နေတယ်။ Global ROM ဖြစ်တာကြောင့် Google service, noti delay တို့လိုကိစ္စတွေမှာလည်း စိတ်မပူရဘူး။


UI experience အရဆို သူက MIUI နဲ့ Stock Android ကြားကလို့တောင် ပြောနိုင်လိမ့်မယ်။ Setting အထားအသိုနဲ့ feature အတော်များများ ဆင်တာမို့ MIUI ကနေ ပြောင်းသုံးချင်တဲ့သူတွေတွက်လည်း အဆင်ပြေမယ်။ တစ်ဖက်ကကြည့်ရင် Material You ပုံစံမဟုတ်တောင် theme color ကို wallpaper အလိုက် ပြောင်းပေးတာအပြင် ကိုယ့်စိတ်ကြိုက် solo color ထားလို့ရတာကြောင့် Stock Android ထက် ပိုသဘောတွေ့မိတယ်။


ဒါကြောင့် ကိုယ့်ရဲ့ experience အရပြောရင် ColorOS 13 က MIUI 13 ထက်တော့ overall သာတာ မငြင်းနိုင်ဘူး။ MIUI မှာ ပါလာစေချင်မိတဲ့ Color OS ပေါ်က feature တစ်ချို့တောင် ရှိနေသေး။ Bloatware တစ်ချို့တော့ ပါနေသေးတာမှန်ပေမယ့် ဒါကလည်း အချိန််နဲနဲပေးရင် အဆင်ပြေနိုင်တဲ့ကိစ္စပါ။ Xiaomi ကိုလည်း Global ROM မှာ ColorOS လိုဖြစ်အောင် အားစိုက်ဖို့အချိန််တန်ပြီမြင်မိတာပဲ။ ဆိုတော့ OriginOS ကို မစမ်းရသေးတဲ့သူတစ်ယောက်အနေနဲ့ လက်ရှိမှာ ColorOS ကို သဘောအကျမိဆုံး UI အဖြစ် နေရာပေးထားချင်ပါရဲ့။


- Performance


Snapdragon 888 ပူတာ အတော်များများသိပြီးဖြစ်ကြမှာပါ။ ဒါပေမယ့် Find X3 Pro မှာတော့ ဂိမ်းဆော့တဲ့အချိန်ကလွဲရင် တခြားသုံးတဲ့အချိန်တွေမှာ ပူတဲ့ခံစားချက်ရတာ ခပ်ရှားရှားရယ်။ Outdoor camera testing လုပ်တဲ့အချိန််မှာတောင် ဖုန်းက မခံနိုင်အောင် ပူတာမျိုးမကြုံရဘူး။ တစ်ခုပဲ။ ဒီ phone နဲ့ game ဆော့ရတဲ့ experience က အကောင်းဆုံးမဖြစ်ခဲ့တာတော့ ဝန်ခံရမယ်။


ကိုယ်တွေအဓိကဆော့ဖြစ်တာက Marvel Snap ပါ။ Card game ဆိုပြီး အထင်မသေးလိုက်နဲ့ဦး။ High graphic နဲ့ 60fps ထားဆော့ရင် နိုင်ပါတယ်ဆိုတဲ့ phone တောင် အပူတက်လွယ်တယ်။ ကိုယ်တွေစမ်းကြည့်သလောက် အမြင့်ဆုံး setting မှာဆို ဆော့တာခဏကြာရင် fps drop ဖြစ်လာတာ သတိထားမိတယ်။ အထူးသဖြင့် game ဆော့ရင်း noti bar ဆွဲချလိုက်ပြီဆို 60fps တောင် ရှိသေးရဲ့လား မှတ်ရလောက်အောင် smooth မဖြစ်တာ။ ColorOS smooth မဖြစ်တာ ခံစားမိတဲ့ တစ်ခုတည်းသောအချိန်က အဲအချိန်ပဲ။ Temperature ကတော့ နာရီဝက်လောက် ဂိမ်းဆော့ပြီးချိန််မှာ 42 degree လောက်ထိ အပူတက်တယ်။ ကြည့်ရတာ ဖုန်းတအားမပူအောင် performance ဆွဲချပုံပါပဲ။


ဆိုတော့ Find X3 Pro က normal usage အတွက်ဆို သွက်တာထက်ပိုတဲ့ အနေအထားတစ်ခုမှာ ရှိတယ်။ ဂိမ်းဆော့မယ်ဆိုလည်း ဂိမ်းတိုင်းကို ကောင်းကောင်းဆော့နိုင်သေးတယ်။ ဒါပေမယ့် setting အမြင့်ဆုံးထားမှ ဆော့တတ်ပါတယ်ဆိုတဲ့သူတွေကတော့ ဒီ phone အစား gaming phone model တစ်ခုခု ရွေးဖို့ပဲ အကြံပေးပါရစေ။ (software ပိုင်းကတော့ သူ့လောက်ကောင်းဖို့ မသေချာပေမယ့်ပေါ့)


- Battery & charging


Second phone တစ်လုံးအနေနဲ့ Find X3 Pro ရဲ့ တကယ့် battery life က ဘယ်လောက်ရှိမလဲမသိပေမယ့် ကိုယ်စမ်းတဲ့ unit မှာတော့ game ဆော့တာအပါအဝင် တစ်နေ့တာကို screen time ၆ နာရီဝန်းကျင်ရတယ်။ ဒါက Quad HD+, 120Hz ထားပြီးစမ်းတဲ့ result ပါ။ Standby battery time ကလည်း တစ်ညကို 2% လောက်ဆိုတော့ မဆိုးဘူးပြောရမယ်။


တစ်ခုပဲ။ သူ့ရဲ့ 65W charger က GSMArena မှာပြောသလိုတော့ နာရီဝက်နဲ့ 0 to 100 မပြည့်ဘူးရော်။ ၂ ခေါက်အားသွင်းကြည့်တာမှာ ၁ နာရီစွန်းစွန်းကြာတယ်။ 


- Camera


Find X3 Pro ဟာ Find X2 Pro နဲ့ယှဥ်ရင် camera hardware ပိုင်း downgrade လုပ်ခံရတဲ့ model လို့တောင် ပြောရမလားပဲ။ Periscope camera ကို ဖြုတ်လိုက်ပြီး 2x tele နဲ့ microscope camera နှစ်လုံး အစားထိုးလိုက်တဲ့ OPPO ရဲ့အရွေ့က Find X3 Pro ကို main camera က လွဲရင် ကျန်တဲ့နေရာ အားလျော့သွားစေတယ်လို့ မြင်မိတယ်။


Daytime မှာဆိုရင်တော့ camera ၃ လုံးက ရုပ်ထွက်ပိုင်းမှာ သူ့နေရာနဲ့သူ အဆင်ပြေကြတယ်။ Color ပိုစိုတဲ့ တစ်ချက်ကလွဲရင် ultrawide camera ဆို quality ပိုင်းက main camera နီးပါးထွက်တယ်။ Detail ကို ဦးစားပေးတဲ့ 2x ကတော့ color ပိုင်း အဖျော့ဆုံးဆိုပေမယ့် နေ့ဘက်မှာ 10x လောက်အထိ ကောင်းကောင်းအလုပ်ဖြစ်တယ်။ Main camrea ကတော့ white balance မငြိမ်တဲ့တစ်ချက်ကိုဖယ်ရင် ကျန်တာကျေနပ်စရာပါ။


Low light ရောက်လာချိန်မှာတော့ main camera ကလွဲပြီး ကျန်တဲ့နှစ်ခုက သူတို့ဇာတိလေးတွေ ကိုယ်စီပြလာကြတာ သတိထားမိတယ်။ 2x zoom က စပြောရင် ဒီ camera က lens flare ကို အတော်ခံနိုင်ရည်မရှိတာပါ။ လမ်းမီးတိုင်တွေ၊ မီးရောင်တွေကို ညနေလောက်မှာ ရိုက်ကြည့်ရင်တောင် flare အပြည့်နဲ့ အတော်အဆင်မပြေဘူး။ ညဘက်ရောက်ရင်လည်း night mode မှာ အချိန်အတော်များများကို main camera ကပဲ digital zoom နဲ့ ယူရိုက်ရပြီး အဲဒီ result ကလည်း 2x tele ထက် ပိုကောင်းတယ်လို့တောင် ပြောရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် 5x လောက်အထိကို digital zoom နဲ့ social media တင်ဖို့ အဆင်ပြေတဲ့ပုံမျိုးရနိုင်တာ software processing က မဆိုးဘူးရယ်။ 


Ultrawide ကတော့ ထူးထူးဆန်းဆန်းပဲ night mode ကူရင် white balance နဲနဲ cool ဖြစ်တာရယ်၊ noise နဲနဲပိုထရယ်ကလွဲလို့ ကျန််တာ main camera လောက်မဟုတ်တောင် နီးပါးကောင်းသဗျာ။ Main camera ရဲ့ quality ပိုင်းကျ night mode သုံးတာနဲ့ မသုံးတာမှာ သိသာတဲ့ကွာခြားချက်တစ်ချို့ကို သတိထားမိတော့တာပဲ။ Night mode မသုံးပဲရိုက်ရင် ပုံထွက်က underexposed ဖြစ်ပြီး noise ထတာလည်း နဲနဲသိသာတယ်။ Sharpness နဲ့ detail ကျ ကောင်းတဲ့အနေအထားမို့ ညဘက်ဆန်တာကြိုက်ရင် မဆိုးပေမယ့် ကိုယ်တွေကတော့ night mode နဲ့ရိုက်ပြီးမှ ပြန် edit တာကိုပဲ ပိုအားပေးချင်ရဲ့။ လုံးဝမှောင်လုနီးပါးအချိန် camera ရိုက်ဖို့ကြိုးစားရင်တော့ ultra night mode ဆိုတဲ့စာ ပေါ်လာပြီး ISO 15,000 နဲ့ မနဲကောင်းတဲ့ ပုံထွက်မျိုးထုတ်ပေးနိုင်တာကိုတော့ ချီးကျူးချင်တယ်။


Portrait မှာတော့ နေ့ခင်းအလင်းကောင်းရင် camera နှစ်မျိုးလုံးနဲ့ ရိုက်တဲ့ portrait photo တွေက ကောင်းတယ်ပြောနိုင်တဲ့အထဲပါတယ်။ Edge detection လည်း ကောင်းတယ်။ Bokeh အနဲအများကိုတော့ မရိုက်ခင်ကတည်းက ကြိုချိန််ရတယ်၊ ရိုက်ပြီးမှ edit လို့ မရ။ သူ့ရဲ့ microscopic camera ကျ နာမည်နဲ့လိုက်အောင်ကို သာမန် macro camera တွေနဲ့မတူပဲ အများကြီးပိုကပ်တဲ့ ပုံတွေရိုက်လို့ရတယ်။ ဒါပေမယ့် အားနည်းချက်ကတော့ အရမ်းကပ်မှ focus မိတာမို့ macro camera တွေလောက် creative ဖြစ်တဲ့ပုံတွေရိုက်မရတာရယ်၊ ပြင်ညီမဟုတ်တဲ့အရာတွေရိုက်တဲ့အခါ focus သေချာမိဖို့ လက်ငြိမ်အောင် မနဲထိန်းရတာရယ် အဲဒါတွေပါ။ အရမ်းကပ်ရိုက်ရတဲ့ camera မို့ အဲဒီ mode သုံးရင် အလင်းပေးဖို့ camera ပတ်လည်မှာ ring light လေးထည့်ပေးထားတာကို တော့ သဘောကျမိတယ်။ Ultrawide camera ကို သုံးပြီး macro mode ရိုက်လို့လည်း ရသေးသဗျ။


32MP selfie ကတော့ အကောင်းကြီးမဟုတ်ပေမယ့် သူ့ရဲ့ပုံထွက်နဲ့ exposure control ကို Xiaomi 12X က 32MP ထက်တော့ ပိုကြိုက်တယ်။ Video မှာ selfie ကို 1080p နဲ့ back camera 4K 60fps အထိ ရိုက်ခွင့်ပေးထားတယ်။ တစ်ခုသတိထားမိတာက 4K, 60fps နဲ့ရိုက်မယ်ဆို 2x အတွက် main camera ကိုပဲ crop လုပ်ပြီးရိုက်ပေးတာပါ။ ဒီနေရာမှာ main camera နဲ့ပတ်သက်လို့ သတိထားမိတာတစ်ခု ဖြည့်ပြောရရင် OIS က အတော်ငြိမ်တာမို့ manual mode ကို handheld ရိုက်ချင်သူတွေအတွက် သိသိသာသာ ပိုအဆင်ပြေမယ်ဆိုတာလေး ဖြည့်ပြောပါ့မယ်။


ဆိုတော့ camera တွေ အပြိုင်ကြဲနေကြတဲ့ အခုချိန်မျိုးမှာ Find X3 Pro ရဲ့ camera hardware ပိုင်းက flagship grade လို့တော့ မပြောနိုင်တော့ဘူး။ ဒါပေမယ့် software processing ပိုင်းက အထိုက်အလျောက်ကောင်းသလို main နဲ့ ultrawide camera နှစ်မျိုးကလည်း lighting မရွေးသုံးလို့ကောင်းတာဆိုတော့ အသစ်ထွက်တဲ့ upper mid-range တွေထက်စာရင် quality ပိုင်းပိုကောင်းပြီး သုံးရတာ fun ဖြစ်တဲ့ camera set-up လို့ ကောက်ချက်ဆွဲပါရစေ။




- Conclusion


ဒီလောက်ဆို OPPO Find X3 Pro အကြောင်းက လိုတာထက်တောင် ပိုရှည်နေပြီထင်ရဲ့။ ဒီ phone က flagship phone တစ်လုံးရဲ့ လိုအပ်တဲ့ characteristic နဲ့ချိန်ဆမယ်ဆို နေရာတိုင်းလိုလိုမှာတော့ ပြည့်ဝသလိုရှိပေမယ့် တကယ်သုံးကြည့်တဲ့အခါမှာတော့ လိုအပ်တယ်ခံစားမိတဲ့ နေရာလေးတွေ (ဥပမာ camera, haptic, gaming) ဟိုနားဒီနားရှိတာကို သတိထားမိလာတယ်။ ဒါပေမယ့် ၁၂ သိန်း ဝန်းကျင်နဲ့ premium built-quality, 12/256GB storage အပြင် balanced ဖြစ်တဲ့ performance, အထူးသဖြင့် ၁ နှစ်ခွဲသက်တမ်း ဖုန်းတစ်လုံးပေါ်က ColorOS ရဲ့ software support စတာတွေကတော့ သူ့ဈေးဝန်းကျင်က brand new တွေကို ကောင်းကောင်းယှဥ်နိုင်မယ်လို့ ယူဆတယ်။ ဒါကြောင့် ဘက်စုံကောင်းပြီး ဈေးသက်သာချင်တဲ့ အစုံသုပ် user တွေ၊ လက်ရှိကိုင်နေတဲ့ဖုန်းကို ညည်းငွေ့လို့ အသစ်အဆန်းကိုင်ချင်သူတွေကို ရဲရဲ recommend ပေးနိုင်မယ့် ဖုန်းလို့ပြောရင်း နိဂုံးချုပ်ပါ့မယ်။


#oppo  #FindX3Pro #PlanetX