Saturday, September 30, 2017

အဆီလျော့စားရင် သင်တကယ်ဝိတ်ကျမှာလား?

အဆီလျော့စားရင် သင်တကယ်ဝိတ်ကျမှာလား? Vs အဆီတိုးရပ်တန့်မူ့ဖြစ်အောင် စားသောက်ခြင်း 
(Cut down fat intake Vs Ketogenic diet)
++++++++++++++++++++++++++


🙎🏻‍♂️ဟျောင့်! သားကြီး

မင်းပိန်သွားတယ်နော်

ဟဲဟဲ!!! အဆီလုံးဝ ၁၀၀% ရှောင်လို့ကွ..ဘီယာလည်းသောက်တော့ဝူးကွ..လေ့ကျင့်ခန်းလည်း နဲနဲပါးပါးလုပ်ရတာပေါ့ကွာ။

🙍🏻ဟယ်! အမ ပိန်သွားတယ်နော်

ဟဲဟဲ!!! ဟုတ်တယ်. အဓိကကတော့..အပြင်ကအဆီနဲ့ကြော်တဲ့ Fast Food တွေရှောင်တာပေါ့။ အိမ်မှာလဲ မြေပဲဆီစစ်စစ်ကို အညာကဆုံနဲ့ကြိတ်တာပို့ပေးတယ်လေ။ လက်ကြိတ်ဆီစစ်စစ်တွေစားတာနဲ့လေ့ကျင့်ခန်းလည်း နဲနဲပါးပါးလုပ်ရတာပေါ့နော်

လေ့ကျင့်ခန်းပြုလုပ်နေသူများ၊ လေ့ကျင့်ခန်းမပြုလုပ်ပေမယ့်လည်း Diet အစားအသောက်ထိန်းချုပ်ခြင်းပြုလုပ်နေသူများရဲ့ ၇၅ ရာနှုန်းတူညီချက်ကတော့ အဆီကျ၊ ဝိတ်ကျဖို့အတွက်ဘဲဖြစ်ပါတယ်။ ရလဒ်အရတော့ တချို့ကရေတိုအောင်မြင်မူ့ခဏတာကိုယ်အလေးချိန်ကျသွားပြီး၊ မကြာခင်မှာအလေးချိန်ပြန်လည်မြင့်တက်တယ်။ နောက်ဆုံး တရားခံအဖြစ်ထိုးကျွေးခံ (Scape goat)လိုက်ရတာကတော့ Gym သွားပြီးလေ့ကျင့်ခန်းပြုလုပ်ခြင်းဘဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းသွားမလုပ်နဲ့ နားတာနဲ့ အရင်ကထက်ပြန်ဝလာမှာဆိုတဲ့ အရပ်စကားဟာ ကျနော်တို့ပါတ်ဝန်းကျင်မှာ ကြားနေကျဒဏ္ဍာရီတပုဒ်ဘဲဖြစ်ပါတယ်။

ဒါဆိုအဆီရှောင်ရင် တကယ်ဘဲဝိတ်ကျမှာလား? မြေပဲဆီစစ်၊ နှမ်းဆီစစ်စစ်စားသုံးရင် တကယ်ဝိတ်ကျမှာလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ နေ့စဉ်ရှင်သန်နေထိုင်မူ့အတွက်၊ ပြုလုပ်ရတဲ့အစားအသောက်များမှာ နံမည်ဆိုးနဲ့ကျော်ကြားနေတဲ့ အဆီဟာရှောင်လို့မရပါဘူး။ အဆီကြောင့် နှလုံးသွေးကြောပိတ်ခြင်း၊ သွေးတိုးနှင့်အသည်းအဆီဖုံးခြင်းဖြစ်တတ်ပြီး၊ အသက်တိုတတ်တယ်ဆိုတာ လူကြီးမိဘတွေပြောတာကြားဖူးကြမှာပါ။ မည်သို့ပင်ဆိုကြစေကာမူ သင်ကိုယ်တိုင်လက်တွေ့ကျကျအဆီအကြောင်းကိုနားလည်သဘောပေါက်ပြီး၊ အဆီဟာကြောက်စရာမဟုတ်ဘဲ အဆီတိုးရပ်တန့်မူ့ဖြစ်စဉ်(Ketosis) နည်းဖြင့်ကိုယ်အလေးချိန်လျော့ကျစေကြောင်းသိရှိစေခြင်းငှာ ရေးသားတင်ပြလိုက်ပါတယ်။
(အဆီအကြောင်းပြည့်စုံစွာတင်ပြထားသောဆောင်းပါရှည်တပုဒ်ဖြစ်သည့်အတွက်ကြောင့် စိတ်ရှည်စွာဖတ်ဖို့တိုက်တွန်းပါရစေ)

အဆီလို့ပြောတာနဲ့ ဖက်တီးအက်ဆစ် (Fatty Acid),  ပြည့်ဝဆီ (Saturated Fatty Acid) နှင့် မပြည့်ဝဆီ (Unsturated Fatty Acid) ဆိုတာသင်ကြားဖူးနေကြဖြစ်မှာပါ။ ပထမဦးဆုံး (Fatty acid)ဖက်တီးအက်ဆစ်ဆိုတာကို အရင်ကွဲပြားစွာသိရှိဖို့လိုအပ်ပါတယ်။

#ဖက်တီးအက်ဆစ် (Fatty Acid)ကိုဘယ်လိုတည်ဆောက်ထားလဲ?

ဇီဝဖွဲစည်းမူ့အရ Fatty acid များဟာ မျဉ်းဖြောင့်အတိုင်းတဆက်တည်း ချိတ်ဆက်ထားသောပုံစံရှိ ကာဘိုဇိုင်းအုပ်စု (Monocarboxylic Acid= R-COOH)အက်ဆစ်ဖြစ်ပါတယ်။ ကာဘွန်အက်တမ်များဟာ (even number)စုံဂဏန်းပါဝင်ရမှာဖြစ်ပြီးကာဘွန် ၁၆ လုံးမှ၂၄ လုံးအထိပါဝင်နိုင်ပါတယ်။ ထိုမှတဆင့် Fatty Acid ကို ပြည့်ဝဆီ (Saturated Fatty Acid) နဲ့ မပြည့်ဝဆီ (Unsaturated Fatty Acid)ဆိုပြီးထပ်မံခွဲခြားနိုင်ပါတယ်။

#ပြည့်ဝဆီ (Saturated Fatty Acid)

ဖက်တီးအက်ဆစ်ကွင်းဆက်များတွင် ကာဘွန်အချင်းချင်း ချိတ်ဆက်မူ့တွင်(bond) တစ်ခုတည်းရှိသောကြောင့်ပြည့်ဝဆီဟုခေါ်ပါဆိုပါတယ်။ ပြည့်ဝဆီများဖြစ်တည်ပုံ (tail)အမြှီးဟာ အဖြောင့်အဖြစ်တည်ရှိပြီး၊ ထိုသို့ဖြစ်နေမူ့ကြောင့် ပြည့်ဝဆီများဟာ အချင်းချင်းပိုမိုကျစ်လစ်သိပ်သည်းစွာပေါင်းစည်းမူ့များဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ပြည့်ဝဆီများဖြစ်တဲ့ ဝက်ဆီ၊ အမဲဆီနှင့်တိရိစ္ဆာန်အဆီများဟာ အခန်းအပူချိန်အတွင်းခဲနေတတ်တာဘဲဖြစ်ပါတယ်။ Boiling Point ရေဆူမှတ်အရ၊ မပြည့်ဝဆီ(Unsaturated Fatty Acid)နှင့်နှိုင်းယှဉ်လျှင်အနည်းငယ်မြင့်မားပါတယ်။

ပြည့်ဝဆီတွင် (Low Density Lipoprotein) ဟုခေါ်သော LDL Cholosterol များပြားစွာပါဝင်နေမူ့ကြောင့် ဘေးဥပါဒ်ပေးသောအဆီအဖြစ်လူသိများပါတယ်။ ဒါဟာလည်း ရာနှုန်းပြည့်အမှန်တရားတော့မဟုတ်သေးပါဘူး။ LDL Cholosterol ကိုထပ်မံခွဲခြားလေ့လာကြည့်မယ်ဆိုလျှင်၊ VLDL (Very Low Density Lipoprotein)နှင့် Large Fluffy type cholosterol ဆိုပြီး ၂ မျိုးကွဲပြားစွာဖြစ်တည်နေပါတယ်။

#VLDLဟာပမာဏအလွန်သေးငယ်ပြီး၊ အက်ဆစ်အက်တမ်များဟာသိပ်သည်းမူ့မြင့်များလွန်းမူ့ကြောင့်ခြေဖျက်ရန်အလွန်ခက်ခဲပြီး ဘေးဥပါဒ်များစေပါတယ်။

#Large Fluffy ကတော့ အရွယ်အစားပမာဏကြီးမားပြီး၊ ဝါဂွမ်းကဲ့သို့ပေါ့ပါးသောအလေးချိန်ရှိပါတယ်။ ၎င်းရဲ့တန်းဖိုးကြီးမားမူ့ကတော့ Large Fluffy type cholosterol ဖြင့်ကလာပ်စည်းနံရံများကိုတည်ဆောက်ပြီး၊ ဟော်မုန်းဓါတ်များထွက်ရှိရန်အတွက်လည်း large Flurry ကိုအသုံးပြုရပါတယ်။ ထိုမျှမက နှလုံးရောဂါဖြစ်ပေါ်ခြင်းနှင့် လေဖြတ်ခြင်းဖြစ်ပေါ်မူ့များအား၊ အတားအဆီးဖြစ်စေကြောင်း၊ မကြာသေးသောကာလတွင်သုတေသနလေ့လာမူ့စစ်တမ်းများမှတွေ့ရှိထားကြပါတယ်။ ထို့ကြောင့် (Saturated Fats) ပြည့်ဝဆီလို့ခေါ်တဲ့တိရိစ္ဆာန်များမှရသောအဆီများတွင်အကျိုးပြု Large Fluffy type choloestrol များအများအပြားပါဝင်ခြင်းကြောင့် သွေးအတွင်း LDL ကိုလက်စထရောများပြားနေသည်ဟု၊ ဓါတ်ခွဲခန်းအဖြေထွက်ရှိခဲ့တယ်ဆိုလျှင် VLDL ကြောင့်လား? အကျိုးပြု Large Fluffy type cholosterol လားဆိုတာထပ်မံစမ်းစစ်ဖို့၊ သတိချပ်ရမယ့် ကိစ္စတခုဘဲဖြစ်ပါတယ်။ ဒါဆိုရင်သွေးအတွင်း ကိုလက်စထရောပမာဏများပြားတိုင်း စိုးရိမ်စရာမဟုတ်တော့တာ သင်သိလောက်ပြီဟုယူဆပါတယ်။ VLDL များနေရင်တော့ မိသားစုဆရာဝန်ဖြင့် ဆွေးနွေးပြီးဓါတုဆေးဝါးများသောက်သုံးခြင်းဖြင့် လျှော့ချဖို့လိုအပ်ပါတယ်။

#ပြည့်ဝဆီ(တိရိစ္ဆာန်များမှရသောအဆီ)ရဲ့နောက်ထပ်ထူးခြားမူ့ကတော့ ၎င်းတို့ဖြစ်တည်မူ့ကျစ်လစ်ခြင်း၊ ရေဆူအမှတ်မြင့်မားခြင်းကြောင့် ချက်ပြုတ်စားသောက်ရန်အတွက် ပြင်းထန်သောအပူချိန်ပေးသော်လည်း oxidised မဖြစ်ပေါ်ဘဲ ပြည့်ဝဆီရဲ့ဓါတုဗေဒဂုဏ်သတ္တိများဟာလုံးဝပြောင်းလဲမူ့မရှိပါဘူးလို့ လေ့လာမူ့စစ်တမ်းများကအခိုင်အမာဆိုထားပြန်ပါတယ်။ Saturated Fats ပါဝင်သောအစားအသောက်များမှာ ထောပတ်၊ ကြက်ဥအနှစ်၊ ဒိန်ခဲ-ချိစ်၊ တိရိစ္ဆာန်အသားများနှင့်တွဲကပ်လျက်ရှိသောအဆီ၊ ဝမ်းတွင်းကလီစာများ၊ အသင့်စားနိုင်အောင်ပြုလုပ်ထားသော အသားပြား (Bacon)စသည်တို့ဖြစ်ပါတယ်။

#အသွင်ပြောင်း အဆီ (Trans Fat)

Trans Fat လို့ခေါ်တဲ့တာရှည်ခံပြုလုပ်ထားသောအသွင်ပြောင်း အဆီကိုအသီးအရွက်အဆီများနှင့် သဘာဝပစ္စည်း များဖြစ်သော နို့ထွက်ပစ္စည်းများကိုတွင်ဟိုက်ဒရိုဂျင်ထည့်သွင်း၍ ကြာရှည်အသုံးပြုရလွယ်ကူစေရန် စီမံပြုလုပ်ထားသော နို့ဆီ၊ ဒိန်ခဲ၊ ထောပတ်၊ စားအုန်းဆီ၊ မာဂျရင်းကဲ့သို့သောအဆီများဖြစ်ကြသည်။

ပြည့်ဝဆီ (Saturated Fats)နှင့် တာရှည်ခံပြုလုပ်ထားသော အသွင်းပြောင်းအဆီ (Trans Fats) မတူညီကြပါဘူး။ တူညီတာကတော့ Saturated fat နှင့် trans fats များကို စားသုံးခြင်းဖြင့် သွေးတွင်းမကောင်းသော cholesterol များဖြစ်သော LDL cholesterol နှင့် triglyceride များစေခြင်း၊ အကျိုးပြု cholesterol ဖြစ်သော HDL cholesterol ကို နည်းစေခြင်းကို ဖြစ်စေပြီး နှလုံးသွေးကြောကျဉ်းခြင်း၊ လေဖြတ်ခြင်း၊ သွေးတိုးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းများကို ဖြစ်စေနိုင်ပါသည်။ Trans Fats ကတော့ကျန်းမာရေးအတွက် မည်သည့်ကောင်းကျိုးမျှမဖြစ်စေဘဲ ဆိုးကျိုးများသာဖြစ်စေတတ်ကြောင်း ဆောင်းပါးရေးသားပြီးဖြစ်ပါတယ်။

#မပြည့်ဝဆီ (Unsaturated Fatty Acid)

ဖက်တီးအက်ဆစ်ကွင်းဆက်များတွင် ကာဘွန်အချင်းချင်း ချိတ်ဆက်မူ့တွင်(bond) တစ်ခုထက်မကရှိသောကြောင့်မပြည့်ဝဆီဟုခေါ်ပါဆိုပါတယ်။ Double bond တွေများပြားခြင်းကြောင့် ဟိုက်ဒရိုဂျင်ပါဝင်မူ့မှာပြည့်ဝဆီနှင့် နှိုင်းယှဉ်ပါကနည်းပါးစွာပါဝင်ပါတယ်။ အထက်မှာဆိုခဲ့သလို bond တွေဟာတခုမကပါဝင်သည်ဆိုပေမယ့်လည်း double bond တခုသာပါဝင်ခြင်းဖြစ်စဉ်အားmonounsaturated လို့ ခေါ်ပြီး တခုထက်ပိုသောဖြစ်စဉ်အား polyunsaturated လို့ခေါ်ပါတယ်။ ထိုအတူ Bond များပြားစွာဖြစ်တည်မူ့ဟာလည်း ၎င်းတို့အချင်းချင်း ကျစ်လစ်သိပ်သည်းစွာ ပေါင်းစပ်မူ့အတွက် အခွင့်အရေးနည်းပါးစေသောအကြောင်းအရင်းတွင် တခုအပါအဝင်ဖြစ်ပါတယ်။ ထို့ကြောင့်မပြည့်ဝဆီများဟာ room temperature အခန်းအပူချိန်အတွင်းခဲသွားနိုင်ခြင်းမရှိပဲ၊ Boiling Point ရေဆူမှတ်ကလည်း ပြည့်ဝဆီထက်နိမ့်ကျပါတယ်။ Unsaturated Fatsကိုကောင်းသောအဆီ(သို့)မပြည့်ဝအဆီဟုလူသိများပြီး၊ ၎င်းပါဝင်သောဆီများမှာ ၊ပြောင်းဖူးဆီ၊သံလွင်ဆီ၊မြေပဲဆီ၊ နှမ်းဆီနှင့်အသီးအရွက်အဆီများဟာ မပြည့်ဝဆီဖြစ်ပါတယ်။

ကောင်းသောအဆီ(သို့) မပြည့်ဝဆီ(အသီးအနှံ၊အစေ့များမှရရှိသော)ဟာ၊ ကျစ်လစ်မူ့နည်းပါးစွာဖြစ်တည်မူ့ကြောင့် မီးအပူချိန်ဖြင့်ပေါင်းစပ်သည့်အခါတွင် oxidised ဖြစ်ကာဓါတုဗေဒသတ္တိများပျက်ပြယ်ပြီး၊ ကိုယ်ခန္ဓာအတွင်းပိုင်း (ကိုယ်တွင်း)ယောင်ကိုင်းစေသောဓါတ်များအဖြစ်ပြောင်းလဲစေကြောင်း ဆေးပညာရှင်များလေ့လာမူ့အရဆိုထားပါတယ်။ အိမ်ထောင်ရှင်မအများစု ရှေးယိုးစွဲလှေနံဒါးထစ်ယုံကြည်ထားတာကတော့ အသားငါးဖြစ်ဖြစ်၊ အသီအရွက်ဘဲဖြစ်ဖြစ်၊ ဆီများများသုံးပြီး နူးအိသွားအောင်ချက်ပြုတ်ရတယ်ဆိုတဲ့ချက်ပြုတ်နည်းဘဲဖြစ်ပါတယ်။ ပိုးသေတယ်ဆိုတဲ့ အကြောင်းပြချက်ဘဲဖြစ်ပါတယ်။ မီးပြင်းပြင်းဖြင့်ထိတွေ့ခြင်းကြောင့် oxidised ဖြစ်ကာ အဟာရဓါတ်များပျက်ပြယ်ပြီး မည်သည့်ကောင်းကျိုးမျှမဖြစ်စေဘဲ၊ ဗိုက်ပြည့်ခြင်းဆိုတဲ့ရလာဒ်တခုဖြစ်စေခဲ့တာ ဒီနေ့အထိသတိမပြုမိသေးပါဘူး။ တိုးတက်တဲ့နိုင်ငံများနှင့် ကြယ်ငါးပွင့်အဆင့်အတန်းရှိဟော်တယ်အစားအစာများမှာတော့ အသီးအရွက်အားမူလအရောင်ပြောင်းလဲသွားအောင်မချက်ပြုတ်ကျသလို၊ အသားငါးများကိုလည်း နူးအိအောင်မချက်ကြပါဘူး။ ချွင်းချက်အနေနှင့် မြန်မာပြည်ကကြုံရာစားအိမ်မွေးဝက်သားအကြောင်းမဆွေးနွေးလိုပါဘူး။

ဥပမာ။ Beef Steak အမဲသားကင်မှာစားမယ်ဆိုလျှင် ဒါးဖြင့်လှီးလိုက်တာနဲ့အတွင်းပိုင်းမှာသွေးအနည်းငယ်ထွက်နေတာမြင်တွေ့ရမှပါ။ ထို့ကြောင့် ကျန်းမာရေးနှင့်အသင့်တော်ဆုံးဟု သင်ယုံကြည်ထားသော ပဲဆီ၊နှမ်းဆီများဟာ ချက်ပြုတ်၊ကြော်လှော်စားသုံးခြင်းထက် အသုပ်ကဲ့သို့သောအပူချိန်မီးဖြင့်တွေ့ထိရန်မလိုအပ်သောနည်းဖြင့်သာစားသုံးသင့်ကြောင်း သတိပြုရန်လိုအပ်ပါတယ်။ နှမ်းဆီစစ်၊ ပဲဆီစစ်စားသုံးတိုင်း ကျန်းမာရေးဘေးဥပါဒ်ကင်းဝေးတယ်ဆိုတာ အမှန်တရားမဟုတ်တာသင်သိလောက်ပါပြီ။

ကောင်းပြီ၊ အဆီဖြစ်တည်မူ့နှင့်အတူ၎င်းတို့ရဲ့မတူညီသောဂုဏ်သတ္တိများကြောင့် အဆီစားတိုင်းနှလုံးသွေးကြောပိတ်ရောဂါရစေတယ်ဆိုတာဟာထင်ယောင်ထင်မှားဒဏ္ဍာရီတခုဖြစ်သွားပြီဆိုတာ သင်ထဲထဲဝင်ဝင်သိပြီဆိုရင် Ketosis လို့ခေါ်တဲ့ အဆီတိုးရပ်တန့်မူ့ဖြစ်စဉ် (သို့) အဆီတိုးရပ်တန့်သွားအောင်စားသောက်ခြင်း(Ketogenic diet)အကြောင်းတဆင့်တက်ပြီးဆက်လက်လေ့လာကြည့်ရအောင်။

ကိုယ်ခန္ဓာမှာအဆီဘာကြောင့်စုဝေးဖြစ်တည်လာရလဲ?

အကျဉ်းချုံ့ အားဖြင့်နေ့စဉ်စားသုံးနေထိုင်မူ့ကြောင့် ကိုယ်အတွင်းဝင်ရောက်လာတဲ့ ကယ်လိုရီ(စွမ်းအင်) ဟာလောင်ကျွမ်းပြစ်နိုင်သောပမာဏထက်ပိုလျှံနေခြင်းကြောင့်၊ ကိုယ်ခန္ဓာမှတချိန်လိုအပ်လျှင်အသုံးပြုနိုင်ရန်အတွက်အဆီအဖြစ်ပုံစံပြောင်းသိမ်းဆည်းထားခြင်းဖြင့် အဆီများစုဝေးများပြားလာရခြင်းဖြစ်ပါတယ်။

နောက်တမျိုးနားလည်ထားရမှာကတော့ ပန်ကရိယလို့ခေါ်တဲ့ သရက်ရွက်မှထုတ်လွတ်သော(Insulin) အင်ဆူလင်ဆိုတဲ့တည်ဆောက်ရေးဟော်မုန်းဖြစ်ပါတယ်။ သွေးအတွင်းကစီဓါတ်နှင့်အချိုဓါတ်စားသုံးမူ့ကြောင့်သကြားဓါတ်များပြားစွာဝင်ရောက်လာသည်နှင်တပြိုင်နက်၊ အင်ဆူလင်ထွက်ပေါ်လာပြီး Glucose များအားဆဲလ်အတွင်းသိမ်းဆည်းယူပြီး၊ ပိုလျှံသည်များကိုအဆီအဖြစ်ဖြိုကွဲပြီး၊ ကိုယ်ခန္ဓာအတွင်းပိုင်းအချို့နေရာများတွင်သိုလှောင်ထားလိုက်ပါတယ်။ အင်ဆူလင်ထွက်ရှိမူ့ပမာဏအနည်းအများဟာ ကိုယ်ခန္ဓာရဲ့တုန့်ပြန်မူ့အပေါ်တိုက်ရိုက်မူတည်ပါတယ်။ ထို့ကြောင့်အင်ဆူလင်တုန့်ပြန်မူ့ကောင်လျှင် အနည်းငယ်ဘဲထွက်ရှိပြီး၊ အင်ဆူလင်တုန်ပြန်မူ့မကောင်းလျှင် အင်ဆူလင်အများအပြားထုတ်လုပ်ရပြီး၊ အချို့ glucose များအားအဆီအဖြစ်ပြောင်းလဲစေခြင်းဖြင့်အဆီတိုး၊ အဆီစုဆောင်းခြင်းများဖြစ်စေပါတယ်။

အဆီတွေဘယ်နေရာမှာစုဆောင်းတတ်ကြလဲ?

ဇီဝကမ္မဖြစ်ပျက်မူ့များမှပိုလျှံလာသော အဆီများအားကိုယ်တွင်းကလီစာများ (နှလုံး၊ အဆုတ်၊ အသည်းအပါအဝင် အစာအိမ်နှင့်အူလမ်းကြောင်းတစ်လျှောက်)၊ရင်ဘတ်နှင့်ခါးဘေးပါတ်လည်၊ ပေါင်၊ တင်ပါး၊ ဝမ်းဗိုက်များရှိအရေပြားအောက်ဘက်တွင် ပျော့ပြောင်းသောအဆီလွှာအဖြစ်စုနေတတ်ကြပါတယ်။ တိတိကျကျပြောရမည်ဆိုလျှင် ကိုယ်ခန္ဓာအတွင်းစုဆောင်းတတ်သောအဆီအမျိုးအစား ၃ မျိုးရှိပါတယ်။

၁- Triglycerides (ထရွိုင်-ဂလစ်စထွိုက်စ်) -သွေးအတွင်းစီးဝင်နိုင်သောအဆီ

၂- Subcutaneous Fat- အသားအရေပြားအောက်တွင် တိုက်ရိုက်စုဖွဲတည်ရှိနေသောအဆီ။ ၎င်းအဆီစုအားလက်ဖြင့်ဖမ်းဆုပ်ကြည့်နိုင်ပါတယ်။

၃- Visceral Fat- အန္တရယ်ရှိသောအဆီ၊ ဝမ်းဗိုက်အတွင်းပိုင်း ကြွက်သားအောက်တွင်တည်ရှိသောအဆီ တို့ဖြစ်ကြပါတယ်။

အချို့ Visceral fat အဆီဟာလိုအပ်ပေမယ့်၊ အလွန့်အကျွံများပြားနေမည်ဆိုလျှင်တော့ ကျန်းမားရေးပြဿနာများကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ကိုယ်ခန္ဓာပါတ်လည်အားတိုင်းတာခြင်းဖြင့် အလွန့်အကျွံဗိုက်အဆီစုဝေးမူ့ဖြစ်မဖြစ်ပျမ်းမျှခြင်းအားဖြင့်ခန့်မှန်းနိုင်ပါတယ်။ အမျိုးသမီးများအတွက် ခါး ၈၀ စင်တီမီတာ(၃၁.၅လက္မ)နှင့် အမျိုးသားများအတွက် ၉၄ စင်တီမီတာ(၃၇လက္မ)ထက်ကျော်လွန်နေလျှင်တော့ ကျန်းမာရေးပြဿနာများကိုဖြစ်ပေါ်စေနိုင်ပါတယ်။

ဘာကြောင့် ခေါင်းမာတဲ့အဆီ (Stubbron Fat) ဟာလောင်ကျွမ်းဖို့ခက်ခဲရတာလဲ?

အဆီလောင်ကျွမ်းဖို့ ခက်ခဲရတဲ့အကြောင်းအရင်းကိုသိဖို့ဆိုရင် ဇီဝဗေဒအကြောင်းအနည်းငယ်သိဖို့လိုအပ်ပြန်ပါတယ်။ အဆီလောင်ကျွမ်းမူ့ဖြစ်စဉ်အတွက် လုပ်ငန်းစဉ်အဆင့်၂ ဆင့်ပြီးမြောက်ဖို့လိုအပ်ပါတယ်။

#Lipolysis လို့ခေါ်တဲ့အဆီပြိုကွဲမူ့ဖြစ်စဉ်မှာ သွေးအတွင်းသို့၊ သိုလှောင်ထားသောအဆီမှ အဆီမော်လီကျူးများထုတ်လွတ်ခြင်းနှင့်

#Oxidation လို့ခေါ်တဲ့အောက်ဆီဂျင်နှင့်ဓါတ်ပေါင်းပြုမူဖြစ်ပေါ်စေရန်အတွက် သိုလှောင်ထားသောအဆီများအားလောင်ကျွမ်းမူ့ဖြစ်စဉ်ဖြစ်ပေါ်ဖို့လိုအပ်ပါတယ်။

အဆီများဟာမည်သည့်နေရာများတွင်မည်သို့ပင်စုနေပါစေ၊ အဓိကတရာခံကတော့ကျနော်တို့ရဲ့ မှားယွင်းစွာပြုမူနေထိုင်စားသောက်မူ့ကြောင့်ဘဲဆိုတာ ငြင်းလို့မရပါဘူး။ ဒါဆိုရင် ကျနော်တို့နေ့စဉ်စားသုံးမူ့မှာ ဘာတွေပါဝင်လဲ?

အမျိုးမျိုးသောစားသောက်မူ့များမှ အသားဓါတ်(Protein)၊ ကစီဓါတ် (Carbohydrate)နှင့် အဆီဓါတ် (Fat) တို့အားကိုယ်ခန္ဓာမှလက်ခံရရှိပါတယ်။ ကိုယ်ခန္ဓာယန္တရား(စိတ်၊ကိုယ်ခန္တာ)အဆက်မပြတ်လည်ပါတ်နေဖို့အတွက် အဓိကစွမ်းအင်ကို ကစီဓါတ် (Crabs)မှရရှိပြီး၊ ဒုတိယစွမ်းအင်အဖြစ် အဆီဓါတ် (Fat)မှရရှိနိုင်ပါတယ်။ ဒါကြောင့် Diet ဆိုတဲ့အစားအသောက်ထိန်းချုပ်စားသောက်မူ့အစီအစဉ် (program)တိုင်းတွင်ပရိုတိန်းဓါတ်ပမာဏဟာပုံသေအမြဲဖြစ်ပြီး၊ ကယ်လိုရီစွမ်းအင်များပြားသော ကစီ (Crabs) နှင့် အဆီ (Fat) ကိုပြောင်းပြန်အချိုးကျပြောင်းလဲရေးဆွဲတတ်ကြပါတယ်။ ဥပမာ။ ကစီဓါတ်များလျှင် အဆီလျော့၊ အဆီများလျှင်ကစီဓါတ်လျော့စား (အသားဓါတ် ၂၀ + ကစီ ၁၀ + အဆီ ၇၀ (သို့) အသားဓါတ် ၂၀ + ကစီ ၅ + အဆီ ၇၅)

အဆီတိုးရပ်တန့်မူ့(Ketosis) ဆိုတာဘာလဲ?

အဆီတိုးရပ်တန့်မူ့ဖြစ်စဉ်ဆိုတာကတော့ ဇီဝကမ္မဖြစ်စဉ်များထဲမှ ကိုယ်ခန္ဓာဆဲလ်များမှစွမ်းအင်အဖြစ် (Blood sugar) သကြားဓါတ်လိုအပ်ချိန်တွင်၊ လက်ခံရရှိမူ့အားတားဆီးကန့်သတ်လိုက်ခြင်းဖြင့် အဆီဓါတ်အား (energy)စွမ်းအင်အဖြစ်ပြောင်းလဲပြီး၊ တွန်းအားပေးလောင်ကြွမ်းစေသောဖြစ်စဉ်ဟုမှတ်ယူနားလည်ပါ။

Ketosis-ကီတိုးဆစ် ဖြစ်စဉ်အတွင်း သိမ်းဆည်းထားသောအဆီများမှ စွမ်းအင်အဖြစ်ပြိုကွဲပြီး ထွက်ပေါ်လာသောအက်ဆစ်အား Ketones -ကီတုန်းအက်ဆစ်ဟုခေါ်ပါတယ်။ သင်ဟာကျန်မာပြီး၊ အဟာရမျှမျှတတစားသုံးသူဆိုရင်တော့ သင့်ကိုယ်ခန္ဓာမှလောင်ကျွမ်းနိုင်မည့်အဆီပမာဏကိုကောင်းမွန်းစွာထိန်းချုပ်နိုင်ခြင်းကြောင့် Ketones အက်ဆစ်ကိုအသုံးပြုဖို့မလိုအပ်ပါဘူး။ ဒါမှမဟုတ်ဘဲ သင်ဟာလိုအပ်တဲ့ကယ်လိုရီပမာဏ(သို့)ကစီဓါတ်ကိုဖြတ်တောက်ပြစ်မယ်ဆိုရင်တော့၊ ကိုယ်ခန္ဓာမှစွမ်းအင်ရရှိဖို့အတွက် Ketosis လို့ခေါ်တဲ့ အဆီတိုးရပ်တန့်မူ့ဖြစ်စဉ်အားသဘာဝနည်းအတိုင်းအလိုလျောက်ပြောင်းလဲပေးရပါတယ်။ အဆီရပ်တန့်မူ့ဖြစ်စဉ် (Ketosis)ဟာ အများသောအားဖြင့် Ketogenic Diet အစားအသောက်ပုံစံနှင့်ဆက်စပ်လျက်ရှိပါတယ်။

အဆီတိုးရပ်တန့်မူ့ (Ketosis) ဖြစ်အောင်ဘယ်လိုစားသောက်မလဲ? 

ဒီကိစ္စအတွက်ကတော့ ရှင်းရှင်းလေးပါဘဲ။ ကျန်းမာရေးကောင်းမွန်တဲ့လူတယောက်အတွက် ယေဘူယျ ကယ်လိုရီ ၂၀၀၀ ခန့်နေ့စဉ်လိုအပ်ပါတယ်။ ကာဗိုဟိုက်ဒြိတ်လို့ခေါ်တဲ့ ကစီဓါတ်စားသုံးမူ့၊ လက်ခံရရှိမူ့အား ၅-၁၀ ရာခိုင်နှုန်းသို့မဟုတ် ရက်ခြား ၁၀၀ ရာခိုင်နှုန်းဖြတ်တောက်လိုက်ခြင်းဖြင့် ပုံမှန်ဖြစ်ပျက်နေသော ဇီဝကမ္မဖြစ်ပျက်မူ့များအား လမ်းကြောင်းပြောင်းစေပါတယ်။ ကယ်လိုရီ ၂၀၀၀ ပြည့်အောင်မစားပဲ လျော့ချဖို့ပြုလုပ်နေချိန်ကို Ketosis အဆီတိုးရပ်တန့်ဖြစ်စဉ်လို့ခေါ်တာဖြစ်ပါတယ်။ ကစီဓါတ်အဝင်ဖြတ်တောက်လိုက်ပေမယ့်လည်း မူလတည်ရှိနေသောအဆီဓါတ်များ လျှင်မြန်စွာဆက်လက်လောင်ကျွမ်းနေဖို့ဆိုရင်တော့ ကိုယ်လက်လှုပ်ရှားအားကစားနှင့် တွဲလုပ်ခြင်းသာလျှင်သင့်တော်ဆုံးဘဲဖြစ်ပါတယ်။ ကစီဓါတ်ဖြတ်တောက်ခြင်းနည်းလမ်းဟာ ရေတို ကာလ (အများဆုံး ၁၄ရက်) အတွက်သာသင့်တော်ပြီး ရေရှည်အတွက်ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေတတ်ပါတယ်။

အဆီရပ်တန့်မူ့ဖြစ်စဉ်၏ဘေးထွက်ဆိုးကျိုးများ

#ပါးစပ်အနံမကောင်းခြင်း (acetone level ပြောင်းလဲခြင်းကြောင့်)
#ဆီးမကြာခဏသွားခြင်း
#အားလျော့နည်းလာခြင်း
#မကြာခဏကြွက်တတ်ခြင်း (ရေဓါတ်ဆုံးရုံးမူ့နှင့်သကြားဓါတ်နည်းပါးခြင်းကြောင့်)

(Carbohydrate)ကာဗိုဟိုက်ဒြိတ်-ကစီဓါတ်ဖြတ်တောက်နေစဉ် ဆောင်ရန်အချက်များ

#ရေဓါတ်ဆုံးရှုံးမူ့ကာကွယ်ရန် ရေများများသောက်ပါ။ အရိုးများနှင့်ချက်ပြုတ်သောဟင်းသီးဟင်းရွက်စွပ်ပြုပ်များများစားပါ။

#ထိရောက်မူ့ပိုမိုဖြစ်စေဖို့အတွက် အစာမစားခင်ပြင်းအားဖြင့်ကစားသောလေ့ကျင့်ခန်းများပြုလုပ်ပါ။ (Ketosis ပြုလုပ်ချိန်အတွက်သာအကြုံးဝင်ပါတယ်)

#ကစီဓါတ် ၅-၁၀% အဖြစ်ထားပြီး၊ အဆီ ၇၀-၇၅% စားသုံးပါ။

#လေ့ကျင့်ခန်းမပျက်မကွက်ပြုလုပ်ပါ။

#တနေ့ ၃ ကြိမ်ထက်ပိုပြီးမစားရပါ။

#လေ့ကျင့်ခန်းပြုလုပ်ပြီး ကြွက်သားနလန်ထဖို့အတွက်အချိန်ပေးပါ။

#ခေါင်းမာသောအဆီများအားလှုံဆော်နိုင်ရန်အတွက် ရေပူ၊ရေအေးဖြင့်ချိုးပါ။ ရေနွေးငွေ့ဖြင့် Spa, Steam ပြုလုပ်နိုင်ပါတယ်။

#အိပ်ချိန် ၇-၉ နာရီအထိရအောင်အိပ်စက်ပါ။ ကောင်းမွန်စွာအိပ်မပျော်ခြင်းကြောင့် Stress Hormone များထွက်လာနိုင်ပါတယ်။

အဆီတိုးရပ်တန့်မူ့ဖြစ်အောင် စားသောက်ခြင်းပုံစံ (Ketogenic Diet Plan)

တနင်္လာနေ့
#မနက်စာ- ထောပါတ်သီး ၁ လုံး+အသားပြား (သို့) ထောပါတ်သီး+တူနာငါးသေတ္တာငါး
#နေ့လည်စာ-ခရမ်းချဉ်သီး+သခွားသီးသုပ်နှင့် မှို+အမဲသားဟင်း
#ညစာ- အုန်းနို့+ကြက်သားစွပ်ပြုတ်

အင်္ဂါနေ့
#မနက်စာ- အုန်းသီးစိတ် (တခြမ်း)
#နေ့လည်စာ- ပင်လယ်ငါး၊ ပုဇွန်ဟင်း
#ညစာ- ကြက်ပေါင်စွပ်ပြုတ်+ပဲသီး

ဗုဒ္ဓဟူးနေ့
#မနက်စာ- ကော်ဖီ+အုန်းဆီ+သစ်ဂျပိုးအခေါက်မှုန့်
#နေ့လည်စာ- ကြက်ပေါင်ကင်(သို့)အမဲသားကင်
#ညစာ- ကြက်ဥ+ကြက်သွန်နီမွေကြော်၊ Lean Sausage ရရာ

ကြာသာပတေးနေ့
#မနက်စာ- ထောပါတ်သီး ၁ လုံး (သို့) သီဟိုစေ့+သံလွင်ဆီ စားပွဲတင် ၁ ဇွန်း
#နေ့လည်စာ-ဆော်လမွန်ငါးကင်(လက်ဝါးပြားအရွယ်ခန့်)
#ညစာ-အမဲရိုး၊ ဆိတ်ရိုးရရာစွတ်ပြုတ် ၁ ခွက်

သောကြာနေ့
#နံနက်စာ- အမဲရိုး၊ ဆိတ်ရိုးရရာစွတ်ပြုတ် ၁ ခွက်
#နေ့လည်စာ- အမဲနံရိုးကင်၊ ဝက်နံရိုးကင်ရရာ
#ညစာ-ကက်ဥ+ကြက်သွန်နီမွေကြော်၊ Lean Sausage ရရာ

မှတ်ချက်။ Diet Plan ကိုသင့်စားသောက်မူ့နှင့်အဆင်ပြေရာကို ရွေးခြယ်ပြောင်းလဲနိုင်ပြီး၊ စားသောက်ရမည့်ပမာဏကိုလည်း ကြိုက်သလိုပြောင်းလဲနိုင်ပါတယ်။ အထူးဂရုပြုရမည့်အချက်ကတော့ ကာဗိုဟိုက်ဒြိတ်-ကစီဓါတ်အနည်းဆုံး ၅-၁၀% + အဆီ ၇၀-၇၅%+ အသားဓါတ် ၂၀% ဖြစ်နေစေဖို့သာလျှင်အဓိကဖြစ်ပါတယ်။

လေ့ကျင့်ခန်းများ (၁ ရက်ခြား)

တနင်္လာနေ့
#သွေးပူ ၃-၄ မိနစ်
#ပြေးစက်ပေါ်ပြေးခြင်း (၁၅-၃၀ မိနစ်)
#ပြင်ညီဒိုက်ထိုး ၁၀ ကြိမ်
#ထိုင်ထအမြင့်ခုန်(Burpee) ၅-၁၀ ကြိမ်
#Spider Plank ၁၂-၁၅ ကြိမ်
#Jump Squat ၁၀ ကြိမ်

ဗုဒ္ဓဟူးနေ့
#သွေးပူ ၃-၄ မိနစ်
#ကြိုက်နှစ်သက်ရာ HIIT လေ့ကျင့်ခန်း ၁၀-၁၅မိနစ်

သောကြာနေ့
#သွေးပူ ၃-၄ မိနစ်
#ကြိုက်နှစ်သက်ရာ HIIT လေ့ကျင့်ခန်း ၁၀-၁၅မိနစ်

အထက်ပါလေ့ကျင့်ခန်းများဟာ Ketosis ဖြစ်စဉ်အတွင်းသတ်မှတ်ချက်မရှိပါဘူး။ ကစီဓါတ်ဖြတ်တောက်မူ့ကြောင့်အားနည်းနေမှာဖြစ်မှာမလွဲမသေပါဘဲ။ ဒါကြောင့် သင်နှင့်သင့်တော်သလို Intensity ပြင်းအားပြောင်းလဲလေ့ကျင့်နိုင်ပါတယ်။

အဆီတိုးရပ်တန့်အောင်စားသောက်ခြင်း၏ ကျန်းမာရေးအတွက်သတိပြုရမည့်အချက်များမှာ

#ရေရှည်တွင် အရိုးထုထည်နှင့်သိပ်သည်းဆလျော့နည်းခြင်း

#ကျောက်ကပ်အားထိခိုက်ပျက်ဆီးစေနိုင်ခြင်း

#Diabetes Types 1- ဖြစ်နေသူများအဖို့ အချိုဓါတ်ကိုထိန်းညှိပေးတဲ့ သရက်ရွက်ကနေ Insulin ဟော်မုန်းမထုတ်နိုင်တာကြောင့် ကစီဓါတ်ဖြတ်တောက်မူ့ အဆီတိုးရပ်တန်အောင်စားသောက်နေထိုင်မူ့ပြုမယ်ဆိုရင်တော့ အထူးသတိထားရန်လိုအပ်ပြီး၊ မိသားစုဆရာဝန်ဖြင့် တိုင်ပင်ဆွေးနွေးပြီး၊ Diet အတွက်အကြံဉာဏ်များရယူပါ။

#Diabetes Type 2- ဖြစ်နေသူများအဖို့တော့ Insulin ဟော်မုန်းကိုခံနိုင်ရည်ရှိနေတာဖြစ်တာကြောင့် ကစီဓါတ်ဖြတ်တောက်ပြီးအဆီတိုးရပ်တန့်အောင်စားသောက်နေထိုင်ခြင်းဟာ အထူးသင့်တော်ပါတယ်။

နိဂုံး

#Statuated Fat-ပြည့်ဝဆီ(သို့) မကောင်းသောအဆီ (တိရိစ္ဆာန်များမှရသောအဆီ) ဟာမီးဖြင့်ချက်ပြုတ်သော်လည်း အောက်ဆီဒိုက်မဖြစ်စေဘဲ၊ မူလဓါတုစွမ်းအင်များပြောင်းလဲခြင်းမဖြစ်စေပါဘူး။ ၁၀၀% ဆိုးကျိုးဖြစ်စေနိုင်တယ်လို့မဆိုနိုင်ဘဲ၊ နှလုံးရောဂါဖြစ်ပေါ်ခြင်းနှင့်လေဖြတ်ခြင်းတို့မှ အကာအကွယ်ဖြစ်စေနိုင်ကြောင်း ဆေးပညာလေ့လာတွေ့ရှိမူ့မှတ်တမ်းများကဆိုထားပါတယ်။

#အဆီစားသုံးခြင်းကြောင့် သွေးအတွင်းကိုလက်စထရောများပြားဖြစ်စဉ်တိုင်းဟာစိုးရိမ်စရာမဟုတ်သလို၊ VLDL များပြားခြင်းလား၊ Large Fluffy Type ကိုလက်စထရောများပြားခြင်းလားထပ်မံစမ်းစစ်ယူပါ။

#Unsaturated Fat-မပြည့်ဝဆီ(သို့) ကောင်းသောအဆီ (အသီးအရွက်၊အနှံ၊အစေ့များမှရသော) ပဲဆီ၊နှမ်းဆီ၊သံလွင်ဆီများအားမီးဖြင့်ချက်ပြုတ်ခြင်းမှရှောင်ရှားရပါမည်။ အသုပ်ပြုလုပ်ရာတွင်သာ အသုံးပြုသင့်ပါတယ်။

#Trans Fat-တာရှည်ခံပြုလုပ်အဆီဟာ ကျန်းမာရေးကောင်းကျိုးအတွက်လုံးဝမဖြစ်စေပါဘူး။

#Ketosis အဆီတိုးရပ်တန့်မူ့ဖြစ်စဉ်ဖြစ်အောင်စားသုံးခြင်းဟာ ရေတို ၁၄ ရက်အတွက်သာသင့်တော်ပြီး၊ ရေရှည်စွဲမြဲစွာမပြုလုပ်သင့်ပါဘူး။ အဆီဆက်လက်လျော့ကျနေဖို့ဆိုရင်တော့ အခြားDiet Method (Slow Crab Diet)တခုပြောင်းသုံးသင့်ပါကြောင်းနှင့် ကျန်းမာသောကိုယ်ခန္ဓာပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုရင်း နိဂုံးချုပ်ပါရစေ။


#GYM_Professor
ဒေါမနစ် (စင်္ကာပူ)
၁၆ ဂျူလိုင် ၂၀၁၇ (SGT 15:10)

[လေ့ကျင့်ခန်း၊ အစားအစာ၊ အဆီချခြင်းနှင့် Workout ဝါသနာပါသူများအတွက် ဆောင်းပါးများ ဆက်ဖတ်လိုပါက GYM_Professor page ထဲ ဝင်ရောက်လေ့လာနိုင်ပါကြောင်း။ ]

Friday, September 29, 2017

Shisha နှင့် သင့်ကျန်းမာရေး


ခုနောက်ပိုင်း ကျွန်တော်တို့ Night out သွားရင် Bar တွေ Club  တွေမှာ Shisha ကိုလွယ်လွယ် ကူကူနှင့် ဝယ်ယူသောက်သုံး လို့ရပါတယ် Cigarette လိုမဟုတ်ပဲ အနံ့လေးတွေကလဲ မွှေးမွှေးသင်းသင်းလေးတွေဆိုတော့ လူကြီးလူငယ် ကျား မ မရွေး စမ်းသပ်သောက်သုံးဖို့ ဝန်မလေးကြဘူးပေါ့ ဒါပေမယ့် ကျွန်တော်တို့ သောက်သုံးနေတာတွေက ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား ခန္ဓာကိုယ်ကို ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလဲ ဆိုတာတွေလဲ သိထားဖို့အလွန်အရေးကြီးတယ်လို့ ကျွန်တော် ထင်မြင်မိတယ်။

ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုဆိုးဝါစွာ ထိခိုက်နိုင်ပါသည်ဆိုတာ ကတော့လူတိုင်းသိပြီးသားပါ Shisha smoking ကြတော့ကျွန်တော်တို့ culture လဲမဟုတ်တော့ သေချာမသိနိုင်ကြဘူးကျွန်တော်ကိုယ်တိုင်အရင်က ထင်ခဲ့တာက Shisha က ဆေးလိပ်လောက်တော့ မဆိုးဝါးဘူးပဲထင်ခဲ့တာဗျ၊ တစ်ချို့နိုင်ငံတွေမှာဆိုရင်တော့ Shisha ကိုစတင်ပြီးတာမြစ်နေကြပါပြီ။


🚫 Shsiha အကြာင်းသင်သိထားသင့်တဲ့ 11 ချက်

1. Shisha smokingက စီးကရက် သောက်ခြင်းနှင့်မကွာခြားပါဘူး။။

2. Shisha က carbon monoxide ပါဝင်မှုနှုန်း cigarette ထက်ပိုများပါတယ်၊ Carbon monoxide တွေက သွေးနီဥနေရာတွေဝင်ယူပြီး ခန္ဓာကိုယ်ထဲက အင်္ဂါရပ်တွေကို oxygen ရောက်ဖို့ခက်ခဲစေတဲ့အတွက် organ တွေပျက်စီးစေပါတယ်။

3. Shisha smoking မှာလဲ ကင်ဆာဖြစ်စေနိုင်တဲ့ ကတ္တရာ (tar)၊ carbon monoxide(car exhaust) ၊ heavy metal များဖြစ်ကြတဲ့ cobalt, lead အစရှိတဲ့ အရာဝတ္ထု ပစ္စည်း ingredient တွေပါဝင်ပါတယ်။

4. Shisha smoking ကဆေးလိပ်သောက်ခြင်းလိုပါပဲ သွေးထဲက Nicotine level နှင့် နှလုံးခုန် မှုကိုမြင့်စေတယ် high ဖြစ်စေတဲ့အတွက် စွဲလန်းနှစ်ချိုက်ဖို့လဲလွယ် ကူပါတယ်။

5. Shisha မှာနောက်တစ်ခုပါတာက တော့ Charcoal မီးသွေးပါ လောင်ကျွမ်းနေတဲ့ မီသွေး၊ သစ်သားတုံးတွေကို ရှုရှိုက်မိခြင်းကလည်း Cancer ဖြစ်စေနိုင်တဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

6. Shisha smoking က ဆေးလိပ်သောက်ခြင်းထက်ကျွန်တော်တို့ ခန္ဓာကိုယ်ထဲကို အငွေ့တွေပိုဝင်ပါတယ် Shisha တစ် session ကို ပုံမှန်အားဖြင့် ၂၀ -၈၀ မိနစ် ကြာနိုင်ပါတယ် အဲလောက်ကြာချိန်ကို ဆေးလိပ် သောက်မယ်ဆိုရင် အလိပ် ၁၀၀ နှင့်အထက်သောက်တာနဲ့ ညီမျှနေပါတယ်။

7. Shisha  ကိုတစ်ခြား အမည်တွေနဲ့လဲ နိုင်ငံအရပ်ရပ်မှာခေါ်ဝေါ်ကြပါတယ် hookah, boory, goza, narghile, arghile and hubble bubble.

8. Shisha smoking ကရေထဲကဖြတ်လာတဲ့ ပိုက်ကို အနံ့ အရသာ အမျိုးမျိုး ပန်းသီး ပူရှိန်း coffee  စသည့် အရသာတွေ ကို tobacco နှင့်ပေါင်းစပ် ထားပြီး ရူရှိုက်ရခြင်းဖြစ်ပါတယ်။

9. Shisha water pipes တွေကိုအများဆုံးနှင့် အရင်ဆုံးလုပ်ကြတဲ့နိုင်ငံတွေက China, India, Pakistan, Eastern Mediterranean Region and United States. ခုနောက်ပိုင်းမှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအပါဝင် နိုင်ငံတော်တော်များများမှာပါ တွင်တွင်ကျယ်ကျယ် သောက် သုံးနေကြပါတယ်။

10. သောက်သုံးတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေလည်းအခန့်မသင့်ရင် မွေးလာတဲ့ ကလေးက ပေါင်မပြည့်တာနှင့် အခြားမွေးဖွားရခက်ခဲစေတဲ့ အခြေနေတွေဖြစ်နိုင်ပါတယ်။

11. သောက်သုံးတဲ့ pipe တွေကို share မိရင်လဲ တီဗီ၊ ရေယုံ၊ အသဲရောင်အသားဝါ စတဲ့ လူအချင်းချင်း ကူးစက်နိုင်တဲ့ ရောဂါဝေဒနာတွေ ကူးစက်ပြန့်ပွားနိုင်ပါတယ်။

သိသိရက်နဲ့ လုပ်တာထက် မသိလို့လုပ်မိတာမျိုးမဖြစ်စေချင်လို့ပါ။ အားလုံးအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်ဗျာ။

With love,
Khant

Credit: Explore With Khant

Thursday, September 28, 2017

ဆီချိုရောဂါ ကာကွယ်ထိန်းသိမ်းခြင်း နည်းလမ်း (၅)မျိုး


ဆီးချိုရောဂါ ကာကွယ်ဖို့အတွက် အထိရောက်ဆုံး ခြေလှမ်းကတော့ နေပုံထိုင်ပုံပြောင်းလဲခြင်းပါပဲ။ အနေအထိုင် ဆင်ခြင်ပြောင်းလဲဖို့က ဘယ်တော့မှ မနောက်ကျပါဘူး။ အောက်ဖော်ပြပါ အချက်လေးတွေ ဖတ်ကြည့်လိုက်ရအောင်။

ဆီးချိုရောဂါ အမျိုးအစား (၂) နှင့်ပတ်သက်ပြီး ပြောရမယ်ဆိုရင် အမျိုးအစား (၂)က အဖြစ်အများဆုံးပါပဲ။ ကိုယ့်မှာ ဆီးချိုရောဂါ ဖြစ်နိုင်ချေ များနေတယ်ဆိုရင်တော့ ရောဂါမဖြစ်အောင် ကာကွယ်ဖို့ကို ဦးစားပေးသင့်ပါတယ်။ ဥပမာ - ကိုယ်က အဝလွန်နေတယ်ဆိုရင်၊ မိသားစုထဲမှာ ဆီးချိုရောဂါ ခံစားနေရသူ ရှိနေတယ် ဆိုရင်ပေါ့။

ဆီးချိုရောဂါကာကွယ်ခြင်းကတော့ အခြေခံကျတဲ့ အချက်လေးတွေ လိုက်နာရုံပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေ စားမယ်၊ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်မယ်၊ ကိုယ်အလေးချိန်လျှော့ချ ကြမယ်ပေါ့။ စလုပ်ဖို့အတွက် ဘယ်တော့မှ မနောက်ကျပါဘူး။ နေ့စဉ် နေပုံထိုင်ပုံလေးတွေ ပြောင်းလဲလိုက်တာနဲ့ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲေ ရာဂါဆိုးတွေဖြစ်တဲ့ အာရုံကြောတွေ၊ ကျောက်ကပ်တွေနဲ့ နှလုံးတွေကို ထိခိုက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ အမေရိကန် ဆီးချိုရောဂါ အဖွဲ့အစည်း တစ်ခုမှ နောက်ဆုံးထွက်ရှိထားတဲ့ ဆီးချိုရောဂါ ကာကွယ်ဖို့အတွက် နည်းလမ်းကောင်းတွေကို ဆက်လက်ဖတ်ကြည့်လိုက်ရအောင်။

နည်းလမ်း နံပါတ် (၁)

ကိုယ်လက်လှုပ်ရှားမှုများ ပိုမိုပြုလုပ်ပေးခြင်း

လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးရှိပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက ကူညီပေးမှာတွေကတော့

-      ကိုယ်အလေးချိန် ချပေးခြင်း

-      သွေးတွင်း သကြားဓာတ် လျှော့ချပေးခြင်း

-      အင်ဆူလင် (insulin) စွမ်းအင်ကို တိုးမြင့်ပေးခြင်း (အင်ဆူလင်သည် သွေးတွင်းသကြားဓာတ်ကို ပုံမှန်လေးဖြစ်စေဖို့ ထိန်းသိမ်းပေးပါတယ်။)

လေ့လာစမ်းသပ်ချက်တွေအရ အေရိုးဘစ် (aerobic) လေ့ကျင့်ခန်းနဲ့ ကြွက်သားများသန်မာစေတဲ့ လေ့ကျင့်ခန်း နှစ်မျိုးစလုံးက ဆီးချိုရောဂါကို ထိန်းချုပ်နိုင်ပါတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီလေ့ကျင့်ခန်း နှစ်မျိုးလုံး ပါဝင်တဲ့ ကိုယ်အလေးချိန်ထိန်းတဲ့ လေ့ကျင့်ခန်းတွေကတော့ ပိုပြီး အကျိုးရလဒ်များစေမှာ ဖြစ်ပါတယ်။

နည်းလမ်း နံပါတ် (၂)

အမျှင်ဓာတ် များစွာ စားသုံးပေးခြင်း

အမျှင်ဓာတ်များတဲ့ အစားအစာတွေက ကြမ်းတမ်းပေမယ့် ခန္ဓာကိုယ်အတွက် ကူညီပေးပါလိမ့်မယ်။

-      သွေးတွင်း သကြားဓာတ်ကို ထိန်းပေးခြင်းဖြင့် ဆီးချိုရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။

-      နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။

-      ဗိုက်ပြည့်တယ်လို့ ခံစားစေတဲ့အတွက် ကိုယ်အလေးချိန်ကျစေပါတယ်။

အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ အသီးအရွက်များ၊ ပဲ၊ Whole grain၊ ခွံမာသီးများနှင့် သစ်စေ့များတို့ ဖြစ်ပါတယ်။

နည်းလမ်း နံပါတ် (၃)

Whole grain စားသုံးပါ။

ဘာကြောင့်မှန်းတော့ မသိပေမယ့် Whole grain တွေက ဆီးချိုရောဂါ၏ ဆိုးကျိုးတွေကို လျှော့ချပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။ နေ့စဉ်စားသောက်တဲ့ အစားအစာရဲ့ တစ်ဝက်ကို Whole grain များပါဝင်အောင် စားသုံးပေးပါ။ ဥပမာ - ဘာလီစပါး၊ ဂျုံကြမ်းနှင့် ပြောင်း စသည်တို့ပေါ့။ Whole grain ကရတဲ့ အစားအစာများစွာက အဆင့်သင့်စားသုံးနိုင်ပါတယ်။ ဂျုံကြမ်းပေါင်မုန့်တွေ ကောက်ပဲသီးနှံတွေပေါ့။

နည်းလမ်း နံပါတ် (၄)

ကိုယ်အလေးချိန် လျှော့ချပါ။

အဝလွန်နေတယ်ဆိုရင် ဆီးချိုရောဂါကာကွယ်ဖို့အတွက် ကိုယ်အလေးချိန်လျှော့ချခြင်း အချက်အချာကျပါတယ်။ ကိုယ်ချလိုက်တဲ့ ပေါင်ချိန်တွေအားလုံးက ကျန်းမာရေးကို တိုးတက်လာစေပါလိမ့်မယ်။ အံ့သြတဲ့ရလဒ်ကို မြင်တွေ့ရမှာပါ။ လေ့လာစမ်းသပ်ချက်တစ်ခုမှာ ကိုယ်အလေးချိန်ရဲ့ (၇)ရာခိုင်နှုန်းကို လျှော့ချပြီး လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့ လူတစ်ယောက်ဟာ ရောဂါအခြေအနေ (၆၀)ရာခိုင်နှုန်းထိ သက်သာလာတာကို တွေ့ရပါတယ်တဲ့။

နည်းလမ်း နံပါတ် (၅)

ခဏတဖြုတ် ဝိတ်ချတာမျိုးလုပ်မယ့်အစား ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်ပါ။

ကာဘိုဟိုက်ဒြိတ်နည်းတဲ့ အစားအစာတွေ၊ Glycemic index နည်းလမ်းဖြင့် ဝိတ်ချတာတွေ၊ fad diet နည်းတွေက ကိုယ်အလေးချိန်ကို မြန်မြန် ကျစေတာမှန်ပါတယ်။ ဒါပေမယ့် ဆီးချိုရောဂါ ကာကွယ်ဖို့အတွက် အကျိုးရှိတယ်လို့ မသိရပါဘူး။ စားနေကျ အစားအသောက်တွေထဲကမှ ကိုယ်အလေးချိန်တက်စေမယ့် အစားအစာတွေ ရှောင်ခြင်းဖြင့် လိုအပ်တဲ့ အာဟာရကို မရစေပါဘူး။ ဒီနည်းတွေအစား ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ စားသောက်နည်းကို ကျင့်သုံးပေးပါ။

Credit: GandaWin Magazine 

Wednesday, September 27, 2017

Grant (ဂရန်) ဆိုသည်မှာ (အပိုင်း ၁)


ဂရန်ဆိုတာ ဘာလဲ မသိတဲ့အပြင် ကြေးတိုင်နဲ့ မြေစာရင်းက ဂရန်ပေးတယ်လို့ ထင်နေသူတွေ  အများကြီး တွေ့နေရပါတယ်။ 

 #မြေစာရင်းက ဂရန်ပေးခွင့် မရှိပါ။

တည်ဆဥပဒေများတွင် အာဏာ အပ်မထားပါ။

အကြောင်းတစ်ရပ်အတွက်  သက်သေခံအဖြစ် ကူးပေးရတဲ့ သက်သေခံ မြေပုံ ၁၀၅ ကိုတောင် ဂရန်မှတ်နေတဲ့ သူက ရှိသေး... ဂရန် အ ကြောင်း သိချင် ရင် ဖတ်ပါ.......

“#ဂရန်ဆိုသည်မှာ”

အပိုင်း - ၁ ဂရန်

၁။ မြို့မြေများမှာလူနေထိုင်ရန် (Residential Purposes) အတွက်ဖြစ်စေ၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ စည်ပင် သာယာရေး စတဲ့ ကိစ္စရပ်များအတွက် ဖြစ်စေ၊ မြို့မြေကို တနည်းနည်း အသုံး ပြုလိုရင် အစိုးရထံက မြေငှားစာချုပ်နဲ့  မြေငှါးရမ်းသုံးစွဲခွင့် လျှောက်ထားရပါတယ်။

 မြေငှားစာချုပ်ကို ဂရန် (Lease) လို့ ခေါ်ပါတယ်။

အပိုင် သ ဘောမျိုး ချထားတာကတော့ Grant လို့ ခေါ်ပါတယ်။

အခုတော့ Grant ရော၊ Lease ရောကို ဂရန်လို့ဘဲ ခေါ်ကြပါတယ်။

#ဂရန်လျှောက်ထားခြင်း

အစိုးရမြေကို (ငှါးရမ်း)အသုံးပြုလိုတဲ့ ပုဂ္ဂလိကများ၊ ဌာနဆိုင် ရာ၊ အဖွဲ့အစည်းများ၊အသင်းများအနေနဲ့သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကော်လိပ်တော်အရာရှိထံ လိပ်မူပြီး ဂရန်လျှောက်ထားကြရပါတယ်။
 (ရန်ကုန် မန္တလေးမှာတော့ မြို့တော်စည်ပင်)။ အဲဒီအခါမှာ သက်ဆိုင် ရာ ခရိုင်/မြို့နယ်များရှိ အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက လျှောက်လွှာကို လက်ခံပြီး အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ထိုနောက် အမှုတွဲကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနရဲ့ မြို့နယ်မြေစာရင်းဦးစီးဌာန ရုံးများထံသို့ အစိုးရမှ ချထားပေးနိုင်သော မြေ ဟုတ်-မဟုတ် နှင့် မြေရာဇဝင်ကို စီစစ် မှတ်ချက်ပြု ပြန်ကြားပေးရန် လွှဲပြောင်း ပေးပို့လေ့ရှိပါတယ်။

အဲဒီလို ပေးပို့တဲ့ မြို့/မြေ ဂရန်အမှုတွဲတွေကို မြို့နယ် မြေစာရင်းဦးစီးဌာနက မိမိဌာနမှာ ရှိတဲ့ မြို့ကွက်မြေပုံ(Block Maps)၊ မြေရာဇဝင်မှတ်တမ်း (1-A Register) တွေနဲ့ တိုက်ဆိုင်စိစစ်ပြီး လျှောက်ထားတဲ့ မြေနေရာအတွက် မြေရာဇဝင် မှတ်တမ်း ဖေါ်ပြပေးခြင်း၊ ယင်းမြေနေရာသည် အစိုးရ မြေလွတ်မြေလပ် ဟုတ်/မဟုတ် နှင့် အစိုးရမှ ချထားပေးနိုင်သောမြေ Disposal Land ဟုတ်/မဟုတ် မှတ် ချက်ပြုခြင်း၊ မြို့မြေဧရိယာအတွင်း ကျရောက်ခြင်း ရှိ မရှိ နဲ့ အစိုးရ အဆောက်အဦးနှင့်အခြားကိစ္စများ အသုံးပြု ရန် လျာထားမြေများအတွင်း ကျရောက်ခြင်း ရှိ/မရှိ တို့ကို စီစစ်ပေးခြင်း၊ မြေတန်ဘိုးနဲ့ မြေငှားခများ တွက်ချက်ပေး ခြင်း၊ စတဲ့ကိစ္စရပ်တွေကို ဆောင်ရွက်ပေးရပါတယ်။

ဂရန်ထုတ်ပေးတာက ထွေ/အုပ် ဖြစ်ပြီး မြေကို စိစစ်ပေးတာ က မြေစာရင်းဌာန ဖြစ်ပါတယ်။
 ဂရန်ချထားပေးမှုအတွက် ထွေ/အုပ်(G.A)ကသာ အဓိကတာဝန်ခံ ဆောင်ရွက်ပိုင် ခွင့်ရှိပြီး မြေစာရင်းဌာနက မြေပုံ(မြေစာရင်း-၁၀၅)၊ မြေရာဇ၀င် (မြေစာရင်း-၁၀၆)နဲ့ မြေပေါ်လက်ရှိဖြစ်မှု အခြေ အနေကိုသာ စိစစ်ပြန်ကြားရန် တာဝန်ခံရတာဖြစ်ပါတယ်။

 ဒါပေမဲ့ မြေဆိုရင် မြေစာရင်းက လုပ်တာဘဲဆိုတဲ့ အစွဲရှိလေတော့ ဂရန်ကိစ္စဆိုရင် မြေစာရင်းဌာနကိုချည်း ဦးတည်ပြီး မြေစာရင်းက မတရား ဂရန်ထုတ်ပေးထားပါတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင် တိုင်နေတာ တွေ့ရပါတယ်။

ဂရန်ချထားခြင်း လုပ်ငန်းအတွက် အောက်မြန်မာပြည်မြေနှင့် အခွန်တော် လက်စွဲဥပဒေ၊အထက်မြန်မာပြည် မြေနှင့်အခွန်တော် စည်းမျဉ်းဥပဒေ၊ အောက်မြန်မာပြည်မြို့ နှင့်ကျေးရွာမြေများဥပဒေတို့က ပြဌာန်းထားရှိတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဌာန ၂ ခုရဲ့ သမားစဉ် လုပ်ငန်းတွေကို သတ်မှတ်ထားပြီးသား ဖြစ်တာကို တိုင်တန်းတဲ့သူတွေ သေသေချာချာ သဘော မပေါက်ကြပါဘူး။

ဒါကြောင့် ဂရန် ဆို မြေစာရင်းက ထုတ်ပေးနေတယ် ထင်ကြလို့ ဖြစ်ပါတယ်။

 ဂရန်ကိစ္စမှာ မြေစာရင်းတာဝန်က မြေပုံရေးကူးပေးခြင်းနဲ့ မြေရာဇ၀င် ပြန်ကြားခြင်းသာဖြစ်ပြီး အဓိကa တာဝန်ယူဆောင်ရွက်ရတာ GAD က ကော်လိပ်တော်တွေ ဆောင်ရွက်ရတယ်ဆိုတာ မသိတဲ့ လူ အများကြီးပါ။

#ဂရန်လုပ်ငန်း၌ ကြေး/ေမြေ၏အခန်းကဏ္ဍ


အမှန်ကတော့ ဂရန်အမှုတွဲကို တာဝန်ခံဆောင်ရွက်တာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကော်လိပ်တော်အရာရှိရုံးက ဖြစ်ပေမဲ့ ဂရန်လျှောက်မဲ့မြေကို မြေပုံရေးဆွဲပေးရတာ၊ မြေရာဇ၀င် ထုတ်ပြန်ပေးရတာအပြင် ဂရန်ပေး နိုင်တဲ့ မြေ ဟုတ်-မဟုတ်ကို ဌာနရှိ မြေပုံ၊ မြေရာဇ၀င်၊ မှတ်တမ်း၊ အထောက်အထားများ နဲ့ တိုက်ဆိုင်စိစစ်မှတ်ချက်ပြုရတာကမြေစာရင်းဌာနဖြစ်လေတော့ ဂရန်ထုတ်ပေးနိုင်ဘို့ မြေစာရင်းက တာဝန်ယူထားရတဲ့ ကဏ္ဍ ကလည်း မသေးပါဘူး။

 ဂရန်ပေးသင့်တဲ့မြေ မဟုတ်ရင် မဟုတ်ကြောင်း မြေစာရင်းဌာနအနေနဲ့ ထောက်ပြရမဲ့ တာဝန် ရှိပါတယ်။

ဒါပေမဲ့ ပေါင်းစားရင် အရိုးတောင်နူးတယ် ဆိုတဲ့ ခေတ်ကြီးမှာ သမားစဉ်တွေလည်း ပျက်သွား တယ်ထင်ပါတယ်။

ဒါ့အပြင် စစ်အုပ်ချုပ်ရေးဆိုတဲ့ တသွေး တသံ တမိန့်နဲ့ အာဏာရှင်ဆန်ဆန် တာဝန်ပေးအပ်မှု ကို စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အောင့်အည်း ဆောင်ရွက်ပေးခဲ့ရတဲ့ ကာလတွေကလည်း တမေ့တမော ဆိုတော့ အာဏာပိုင်တွေအကြိုက် လိုက်လုပ်ပေးရာက စာအုပ်ကြီးတွေ၊ လုပ်ထုံး လုပ်နည်းတွေကို အလေးမထား အဖတ်အရှု အလေ့အလာ မရှိတော့ဘဲ ကြုံသလို ဖြစ်သလို လုပ်ပေးတတ်သွားတဲ့ အကျင့်ဆိုး စွဲသွားကြတာ ဌာန တိုင်းလိုလို ဖြစ်တော့ကာ ထွေအုပ်နဲ့ မြေစာရင်းလည်း မိုးခါးရေသောက်တဲ့အထဲ ရောယောင်ပါသွားတာ မဆန်းပါ။

#အခုခေတ် ဂရန်တချို့ဥပဒေနဲ့ ညီရဲ့လား

လုပ်ထုံးလုပ်နည်းကို အလေးမထားခဲ့တဲ့ ကာလတွေရဲ့ အကျိုးဆက်အဖြစ် ယခုအခါမှာတော့ ဂရန်အမှုတွဲ တွေ မြေစာရင်းဌာနကို ပေးပို့လာတဲ့အခါ မြို့နယ်မြေစာရင်းဦးစီးဌာနရုံးတွေဟာ မြို့နဲ့ ကျေးရွာမြေများ လက်စွဲဥပ ဒေမှာ ပြဌာန်းထားတဲ့ လုပ်ငန်းစဉ်များအတိုင်း မိမိတို့ဆောင်ရွက်ပေးရမဲ့ ကိစ္စတွေကို ဥပဒေပြဌာန်းချက်နဲ့အညီ နည်းလမ်းတကျ၊ စနစ်ကျနစွာ ဆောင်ရွက်ပေးမှု မရှိတော့တာတွေ၊ ပြည့်စုံစွာ စီစစ် မှတ်ချက် မပြုတော့တာတွေကို တွေ့ရှိ လာရပါတယ်။

မြေစာရင်းဌာနအနေနဲ့ ပဲခူးဆားလို နေရာတကာ ပါနေရတော့ တခြားအလုပ်တွေ ပိလွန်းတဲ့ အခါ မြို့မြေကိစ္စတွေကို လှည့်မကြည့်နိုင်တာလဲ ပါပါတယ်။

စနစ်တကျ မစိစစ်တော့ဘဲ အလွယ်တကူ ဆောင်ရွက် လိုက်တဲ့အခါ အားနည်းချက်တွေ ရှိသွားပြီး အစိုးရ မြေလွတ်မြေလပ် မဟုတ်တဲ့ အခြားမြေများ (ဥပမာ- သစ်တော ကြိုးဝိုင်းမြေ၊မီးရထားမြေ၊ လမ်းမြေ၊ ဆည်မြောင်းမြေ၊ စည်ပင်သာယာပိုင်မြေ၊ အစိုးရ ဌာန/ပုဂ္ဂလိကသို့ ချထား ပြီးမြေ) စတာတွေကို အစိုးရက ချထားပေးနိုင်သည့် မြေ Land at the disposal by Government လို့ မှားယွင်း မှတ်ချက်ပြုခြင်း၊ ယင်းမြေများကို ဂရန်ချထားပေးရန်ထောက်ခံခြင်း၊ စတဲ့ လွဲမှားတဲ့ မှတ်ချက်ပြု ပြန်ကြားမှုတွေ ဖြစ်လာရပြီး အခြား မသက်ဆိုင်သူတွေအတွက်၊ ချထား မပေးသင့်တဲ့ အစိုးရဌာနပိုင်မြေများ၊ အစိုးရ သီးသန့်ထား တဲ့ မြေများပေါ်မှာ ပုဂ္ဂလိကများကို ဂရန်ထုတ်ပေးရန်အထိ ထောက်ခံပေးခဲ့ခြင်းများ ရှိသွားကြပါတယ်။

မြေစာရင်း ဌာနရဲ့ မြေရာဇဝင်ကို လွဲမှားစွာ မှတ်ချက်ပြု ထောက်ခံပေးချက်အပေါ် မူတည်ပြီး မချထားသင့်တဲ့ မြေများ/ဂရန်ချ ထား မပေးနိုင်တဲ့မြေများကို မြေငှါးဂရန် ထုတ်ပေးမိခဲ့လို့ ပြဿနာ ဖြစ်ပွါးရတဲ့ ကိစ္စရပ်တွေ၊ အရှုပ်အရှင်း ဖြစ်ရတာ တွေ အများကြီး ပေါ်ပေါက်လာပါတယ်။

မနေ့ တနေ့ကထိ မြေစာရင်းနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ဂရန်မြေ အရှုပ်အရှင်းအတွက် အရေးယူခဲ့ရ သူတွေ ရှိနေဆဲ ဖြစ်ပါတယ်။

 မြေစာရင်းဝန်ထမ်းတွေကို မြေရာဇဝင် မှတ်တမ်း မှားယွင်းထုတ်ပေးမှု အတွက်နဲ့ မြေပုံအမှား ထုတ်ပေးမှုအတွက် အရေးယူခံရတဲ့ ဖြစ်စဉ်တွေလည်း နားမဆန့်အောင် ကြားဘူးကြမှာပါ။

G.A နဲ့ အခြားဌာနက ဆရာတွေလည်း ထိတာပါဘဲ၊ စစ်ကိုင်းတိုင်းက ဂရန်မှား ပေးမိတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့၊  မော်လမြိုင်ရဲတပ်ဖွဲ့မြေ အငှါးချတဲ့ကိစ္စအတွက် သက်ဆိုင်ရာ တိုင်းအဆင့် တာဝန် ရှိသူတို့ စသည်ဖြင့် မြေကိုင်သွားတာတွေ အများကြီးပါ။

မြေဆိုတာ ဒီဖက်ခေတ်မှာ တန်ဘိုးမြင့် ပစ္စည်းတစ်ရပ် ဖြစ်လာနေတော့ အကိုင်အတွယ်မှားခဲ့ရင် တစ်ချိန်မှာ အရိုးတွန်တတ်ပါတယ်။

 အဲဒါကြောင့်မို့ဌာနက လူငယ် သွေး သစ်တွေအတွက်ရော ပြင်ပက ဗဟုသုတအဖြစ် သိမှတ်ချင်တဲ့ ပုဂ္ဂိုလ်များအတွက်ပါ ဂရန်ချထားမှုနဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက်လေးတွေ၊ သမားစဉ် လုပ်ထုံး လုပ်နည်းလေးတွေကို တင်ပြ ပေးလိုက်ပါတယ်။

#မည်သည့်မြေများကို ဂရန်ချထားနိုင်သလဲ

ဂရန်အကြောင်း ပြောကြတဲ့အခါ မြို့မြေဆိုတာ ဘာလဲ၊

အစိုးရမှ စီမံချထားနိုင်သော မြေဆိုတာ ဘာလဲဆိုတာကို အစပြု ပြောရပါတယ်။

မြို့မြေ အ၀န်းအ၀ိုင်းအတွင်း ကျရောက်ပြီး အစိုးရမှ ချထားနိုင်သောမြေ ဖြစ်မှ သာလျှင် ဂရန်ပေးလို့ ရပါတယ်။

ဒါကြောင့်မို့ မြို့မြေနဲ့ ပတ်သက်တဲ့ တည်ဆဲဥပဒေ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်း လမ်းညွှန်ချက်အချို့နဲ့ ဝေါဟာရ ရှင်းလင်းချက်တွေကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖေါ်ပြလိုပါတယ်။

(က) အစိုးရစီမံချထားပိုင်ခွင့် ရှိသောမြေ ( LAND AT THE DISPOSAL OF GOVERNMENT)၊

အစိုးရမှစီမံချထားပိုင်ခွင့်ရှိသောမြေ (Land atthe disposal of Government) ဆိုတာကတော့ မြို့မြေမှာ အသုံးများတဲ့ ဝေါဟာရတစ်ခုပါ။

Disposal Land လို့ ဖေါ်ကြပါတယ်။

အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများအက်ဥပဒေ ပုဒ်မ (၂)၊ ပုဒ်မ (၃)၊ ပုဒ်မ (၄)တို့မှာ ဖေါ်ပြထားချက်အရ မြို့မြေ ရွာမြေအဖြစ် သတ်မှတ်ထားတဲ့ ဧရိယာအတွင်း ကျရောက်ပြီး မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အစိုးရ အနေဖြင့် အပိုင်ဖြစ်စေ၊ အငှားဖြစ်စေ ပေးအပ်ချထားခြင်း၊ မြေပိုင်ဆိုင်ခွင့် (သို့) မြေရှင် ဆိုင်ရာဆိုင်ခွင့် အတွက် မည်သူ့ကိုမျှ ပေးအပ်ထားခြင်း မရှိသေးတဲ့ မြေများ၊ လက်ရှိ ဦးပိုင်ပေါက် ပိုင်ဆိုင်ထားခြင်း မရှိတဲ့ မြေများ၊ မည်သူမျှ လက်ဝယ်ထားရှိပိုင်ခွင့် မရရှိသေးတဲ့ မြေများကို ခေါ်တာဖြစ်ပါတယ်။

အဲဒီ အစိုးရမှ ချထားပိုင်ခွင့်ရှိတယ်ဆိုတဲ့ မြေထဲမှာ လူနေထိုင်ရန်အတွက်လည်းကောင်း၊ စိုက်ပျိုးရေးအတွက် လည်းကောင်း၊ အသုံးပြုခွင့် ရရှိထားတဲ့၊ သုံးနေတဲ့ မြေတွေ မပါရပါဘူး။

ထို့အတူ ရုံး၊ စက်ရုံ အလုပ်ရုံ၊ တပ်ရင်းတပ်ဖွဲ့၊ မီးရထား၊ သစ်တော၊ ဆည်မြောင်း၊ လမ်း တံတားစတဲ့ အစိုးရဌာနများမှ အသုံး ပြုရန် သတ်မှတ်ထားပြီးတဲ့ မြေများလည်း မပါဝင်ပါဘူး။

ထို့အတူ သာသနာ၊ သုဿန်၊ အင်းအိုင် စတဲ့ သီးခြား သတ်မှတ် ချထားပေးပြီး မြေများလည်း မပါဝင်ပါဘူး။ ယခင်က Disposal Land ဖြစ်ခဲ့လို့ မြေငှား ဂရန် ထုတ်ပေးထားတဲ့ မြေသည်ပင် နိုင်ငံတော်ပိုင် မြေဖြစ်သော်လည်း အဆိုပါ ထုတ်ပေးထားတဲ့ မြေငှား ဂရန် သက်တမ်းကုန်ဆုံးခြင်း  မရှိသေးသမျှ အစိုးရမှ  ချထားပေးနိုင်မြေအဖြစ်  ချထားပေးလို့ မရနိုင်သေးပါဘူး။

ဂရန်သက်တမ်းအရ သုံးစွဲခွင့် ကျန်ရှိနေသေးတဲ့မြေကို (Land at the disposal of Government) အစိုးရမှ ချထားနိုင်သောမြေလို့ မသတ်မှတ်နိုင်ပါဘူး။

 တစ်ဦးတစ်ယောက်ကို ချပေးပြီးဖြစ်နေတဲ့ သက် တမ်းအတွင်း သက်တမ်းမကုန်မချင်း ယင်းမြေကွက်ကို အခြားတစ်ယောက်သို့ ပြောင်းလဲချထား၍မရပါဘူး။

 ချထားလိုရင်တော့ မူလအမှုတွဲကို ပြန်လည် ဖျက်သိမ်းပေးရပါမယ်။

 (မူလချထားပေးမှုကို ပြန်ဖျက်မှ အစိုးရမြေလွတ် ပြန်ဖြစ်၊ ဒါမှသာ နောက် တစ်ယောက်ကို ချနိုင်ပါတယ်)။

 သက်တန်းမကုန်သေးတဲ့မြေကို ချထားမိရင် Law of Contract ပဋိဥာဉ်ဥပဒေကို ဖေါက်ဖျက်ရာ ကျပါတယ်။

မြေတစ်ကွက်ကို ဂရန် ချထားပေးနိုင်ရန်မှာ အစိုးရမှ ချထားပေးပိုင်ခွင့် ရှိသောမြေ ဖြစ်မှသာလျှင် ချထားပေးနှိုင်တာ ဖြစ်တဲ့အတွက် အစိုးရမှ ချထားပေးပိုင်ခွင့် ရှိသောမြေ ဟုတ်/မဟုတ်အတွက် မြေယာ မှတ်တမ်းထိန်းသိမ်းကိုင်တွယ်တဲ့ မြေစာရင်းဌာနရဲ့ မှတ်ချက်ဟာ အလွန် အရေးပါတယ်ဆိုတာ သတိပြု ရပါမယ်။

အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ မဟုတ်ရင် မဟုတ်ကြောင်းကို မြေစာရင်းရဲ့ ပြန်ကြားချက် မှာ တိတိကျကျ ဖေါ်ပြရန် လိုပါတယ်။

 (မြို့မြေမှူးကိုယ်တိုင်က Disposal Land ဆိုတာ ဘာလဲဆိုတာ မသိရင်တော့ မှတ်ချက်အမှားအယွင်းတွေကို ကော်လိပ်တော်အကြိုက် လိုက်လို့ဘဲဖြစ်ဖြစ်၊  မိမိကိုယ်တိုင် အဂတိတရား မကင်းလို့ဖြစ်ဖြစ် မှတ်ချက်ပြုမိနိုင်ပါတယ်)။

 အစိုးရ ဌာနပိုင်မြေ၊ အခြား ပုဂ္ဂလိကမှ တရား ဝင်ဂရန် ရရှိ၍ လက်ရှိထားသောမြေ၊ သာသနာမြေ၊ လမ်းမြေ၊ မီးရထားမြေ၊ သစ်တောမြေ၊ မြို့မြေ မဟုတ်တဲ့ လ/န (၃၉) မရရှိသေးတဲ့ လယ်ယာမြေ၊ စသည်တို့ကို အစိုးရမှချထားပေးပိုင်ခွင့် ရှိသောမြေ ဆိုပြီး မြေစာရင်းဌာန တာဝန်ရှိသူများ အနေနဲ့ လုံးဝမှတ်ချက် မပြုဘို့ သတိချပ်စေလိုပါတယ်။

( ခ ) မြို့မြေနေထိုင်ပိုင်ဆိုင်ခွင့်( Right of Land)မြို့များအတွင်းမှာ ရှိတဲ့မြေတွေကို အစိုးရက ချထားသတ်မှတ်ပေးတဲ့ မြေပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်လို့ ၁၈၉၈ခုနှစ် အောက်မြန်မာပြည် မြို့နှင့် ကျေးရွာ မြေများ အက်ဥပဒေ အခန်း-၂၊ ပုဒ်မ-၇ နှင့် ၈ တို့မှာ အောက်ပါအတိုင်းဖေါ်ပြထားပါတယ်။

အဲဒီအချက်များနှင့် ညီညွတ်မှသာ မြေပေါ် နေထိုင် ပိုင်ဆိုင်ခွင့်ရှိပါတယ်။

ပုဒ်မ ၇ ။ အောက်ပါ မြေပိုင်ဆိုင်ခွင့် အခွင့်အရေးများမှအပ အခြားမည်သည့် ဆိုင်ရာဆိုင်ခွင့်ကိုမျှ မြို့နှင့် ကျေးရွာမြေများတွင် မရှိစေရ။

(က) အစိုးရမှ ချထားသည့် အပိုင်ဂရန်၊ အငှါးဂရန်အရ ရှိသည့် ပိုင်ဆိုင်ခွင့်၊

(ခ) ကာလစည်းကမ်း သတ်ဥပဒေ (Limitition Act) အရ ပိုင်ဆိုင်သောအခွင့်အရေး။

(ဂ) ပုဒ်မ ၈၊ ပုဒ်မ ၉၊ ပုဒ်မ ၁၀ တို့တွင် သတ်မှတ် ဖေါ်ပြထားသော ပိုင်ဆိုင်ခွင့်၊

(ဃ) အထက် ပုဒ်မ ၇၊ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)၊ တို့ပါ အခွင့်အရေးကို မူလပိုင်ဆိုင်သူထံမှ တရားဥပဒေနှင့်အညီ လွှဲပြောင်းရယူခံစားခွင့်၊

ပုဒ်မ ၈ ။ စာရင်းဝင်မြို့များ (Scheduled Town)နှင့် အစိုးရမှ အမိန့်ထုတ်ပြန် ကင်းလွတ်ခွင့် ပေးထား သော မြေများမှအပ အောက်ပါအချက်များနှင့် ညီညွတ်သူ မည်သူမဆို (Landholder’s right) မြေရှင် ဆိုင်ရာ အခွင့်အရေးကို ရရှိစေရမည်။

(က) မြို့နှင့်ကျေးရွာမြေများ ပြဌာန်းအတည်မဖြစ်မီ လွန်ခဲ့သော ၁၂ နှစ်မှ ၁၈၉၉ ခုနှစ်၊ စက်တင် ဘာလ၉ ရက်နေ့ထိ မြေကို တဆက်တည်း ပိုင်ဆိုင် လက်ရှိထားလာသူ၊

(ခ) သို့မဟုတ် ၁၈၉၉ ခုနှစ် စက်တင်ဘာလ-၉ ရက်နေ့ မတိုင်မီ အချို့သောကာလနှင့် ယင်းနေ့ နောက်ပိုင်း လက်ရှိဖြစ်နေသောကာလ ၂ ရပ်ပေါင်း ၁၂ နှစ်ကာလပြည့်အောင် မြေကို လက်ရှိ ထားပိုင်ဆိုင်လာသောသူ၊

(ဂ) သို့မဟုတ် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့မှစ၍ နောက်ပိုင်း ၁၂ နှစ်ကာလတိုင် တဆက်တည်း မြေကို ပိုင်ဆိုင်လက်ရှိထားလာပြီး ယင်းကာလများ၌ ၄င်းမြေနှင့်သက်ဆိုင်သည့် အရပ်ရပ်မြေခွန်တော်များ၊ အစိုးရသို့ ပေးသွင်းရမည့် အခွန်အခများ public demands ကို ထမ်း ဆောင်လာသူ၊ မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။

ပုဒ်မ ၉ ။ စစ်တွေ၊ ပုသိမ်နှင့် ပြည်မြို့များအတွက်

(က) စစ်တွေမြေများအတွက် ၁၈၅၂ ဧပြီလ ၁ ရက်မှစ၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊

(ခ) ပုသိမ်မြို့တွင်၁၈၇၆ ဇန်န၀ါရီလ ၁ ရက်မှ စ၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
(ဂ) ပြည်မြို့တွင် ၁၈၇၀ ဇန်န၀ါရီလ ၁ ရက်မှ အစပြု၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ-၉ ရက်နေ့ထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊

မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။ဆိုပြီး မြို့မြေပေါ်မှာ ပိုင်ဆိုင်ရမဲ့ အခွင့်အရေးတွေ သတ်မှတ်ပေးခဲ့တာတွေ့ရပါတယ်။

Written By : Zaw Min ( Nat Mauk)
Photo: Yaung Ni Tin
Posted By : Yaung Ni Tin Win

Tuesday, September 26, 2017

ဘင်္ဂလားဒေ့ရှ်တို့ ခေါင်းခဲစေရတော့မယ် Verification Process (1993-MoU)



==================
==================

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းက ဘင်္ဂါလီ ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ ဖိအားပေးလာခဲ့တဲ့အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ၁၉၉၂ ခုနှစ် ဧပြီလ ၂၈ ရက်နေ့မှာ ချုပ်ဆိုခဲ့ တဲ့ ဘင်္ဂလားနဲ့မြန်မာ နားလည်မှုစာချွန်လွှာ (Memorandum Of Understanding-MoU 1993) အတိုင်းသာ ပြန်လည်လက်ခံမယ်၊ အဲ့ဒီ MoU အရ နှစ်နိုင်ငံအကြားမှာ ရရှိခဲ့တဲ့ သဘောတူညီချက်တွေကို မူတည်ပြီး မြန်မာနိုင်ငံမှာ အမှန်တကယ် နေထိုင်ခဲ့ကြောင်း နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ် (Verification Process) ကို အချိန်မရွေး စတင်နိုင်ဖို့အတွက် ပြင်ဆင်ထားကြောင်း၊ အဲဒီအပေါ် မူတည်ပြီးတော့သာ မြန်မာနိုင်ငံကို ပြန်လာချင်တဲ့ ဒုက္ခသည်တွေကို လက်ခံဖို့ ကျွန်မတို့ အဆင်သင့်ရှိကြောင်းနဲ့ အဲဒီအချိန်က သဘောတူညီထားတဲ့ သတ်မှတ်ချက်များကို တိကျစွာ လိုက်နာမှာ ဖြစ်တယ်လို့ စက်တင်ဘာ ၁၉ ရက်နေ့က ကမ္ဘာ့နိုင်ငံတွေက သံတမန်တွေကို ရှင်းလင်းပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

အခုဆိုရင် နိုင်ငံတကာ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေ အရဆိုရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးလာနေကြတဲ့ ဘင်္ဂါလီ ဒုက္ခသည် အရေအတွက်ဟာ လေးသိန်းကျော် ရှိပြီလို့ ဖော်ပြနေကြသလို ဒီလူတွေဟာ မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်တွေ၊ သူတို့လူမျိုးတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေကြောင့်လို့ စွပ်စွဲပြောဆိုနေကြပြီး ဒီလူတွေကို မြန်မာအစိုးရက ပြန်လက်ခံပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ကြိုးစားမှုကို ကျန်တဲ့အနွယ်တူ နိုင်ငံတွေက ထောက်ခံအားပေးခဲ့ကြပြီး ယခုရက်ပိုင်း ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) မှာ ဆွေးနွေးချက်အဆိုတစ်ရပ် တင်သွင်းကြဖို့ စီစဉ်ထားကြတာပါ။ ဒီလိုအခြေအနေတွေကို ကြိုတင်သိရှိထားတဲ့ မြန်မာအစိုးရအနေနဲ့ ကြိုကြိုတင်တင် တုံ့ပြန်ထားခဲ့ခြင်းပဲ ဖြစ်သလို ထွက်မပြေးဘဲ ကျန်ခဲ့တဲ့ မွတ်ဆလင် ကျေးရွာပေါင်း တစ်ဝက်ကျော်ကျော်ဟာ ခြေရာလက်ရာမပျက် ကျန်ရှိနေပြီး နယ်မြေရှင်းလင်းရေးကို စက်တင်ဘာ ၅ ရက် နေ့မှာ ရပ်ဆိုင်းခဲ့ပေမယ့် ဘာလို့ဆက်တိုက်ဆိုသလို နေ့စဉ်နဲ့အမျှ ထွက်ပြေးနေရတာလဲဆိုတဲ့ အဖြေကို ကမ္ဘာ့နိုင်ငံက သံတမန်တွေကပါ ရှာရမယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။

မွတ်ဆလင်တွေနေတဲ့ နေရာတိုင်း ပြဿနာဖြစ်ခဲ့တာ မဟုတ်တဲ့အတွက် ပြဿနာဖြစ်ခဲ့တဲ့ နေရာရော၊ မဖြစ်ခဲ့တဲ့ နေရာမှာလည်း ဘာကြောင့် မဖြစ်တာလဲ၊ ဘာကြောင့် ပြဿနာဖြစ်တဲ့ နေရာတိုင်းမှာ ဆက်နေကြရတာလဲဆိုတဲ့ အမှန်တရားကို သိရဖို့ ဒီလူတွေကို ကိုယ်တိုင်ကိုယ်ကျ လာရောက်မေးမြန်းကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ သံတမန်တွေကို ပြောကြားတဲ့အထဲမှာ ရဲရဲဝံ့ဝံ့ချပြပြီး အမှန်တရားအတွက် ထပ်တလဲလဲ စိန်ခေါ်သွားခဲ့တာကို တွေ့ရှိကြရမှာပါ။

ဒါ့အပြင် နိုင်ငံသားစိစစ်ရေးလုပ်ငန်း (Verification Process) မှာ အချို့မွတ်ဆလင်တွေက ပါဝင်ဖို့ ငြင်းဆန်နေတဲ့အတွက် ဒီလိုလူတွေ ပါဝင်အောင် ကူညီပေးမယ့် အဖွဲ့အစည်းတွေကို လှိုက်လှဲစွာ ကြိုဆိုမှာဖြစ်ပြီး ၁၉၉၃ ခုနှစ် ဘင်္ဂလားဒေ့ရှ်နဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အပေါ် အခြေခံပြီး နိုင်ငံသားစိစစ်ရေးကို လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ ဒီလိုပြောလိုက်ခြင်းဖြင့် တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်တာပဲဖြစ်ပြီး တရားဝင် နေထိုင်သူတွေ အားလုံးကို အချိန်မရွေး ပြန်လည်လက်ခံဖို့ အဆင်သင့် ရှိကြောင်း ဘင်္ဂလားဒေ့ရှ်ကို နာမည်ထုတ်ဖော်ပြီး အတိအလင်း ပြောသွားခဲ့ပါတယ်။ ပြန်လည်လက်ခံမယ်လို့ အသိပေးခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် အနေနဲ့လည်း နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ချင်ရင် အတူပူးတွဲ လုပ်ဆောင်ဖို့ ဖိတ်ခေါ်ခဲ့ပြီး ကျေးရွာတွေ မီးရှို့ခံရတယ် ဆိုတာနဲ့ ပတ်သက်ပြီး တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် စွပ်စွဲမှုတွေ ရှိနေတဲ့အတွက် နှစ်ဖက်စလုံးရဲ့ အသံတွေ နားထောင်ပြီး ပြဿနာဇာစ်မြစ်ကို ရှာရမယ်လို့ ပြောလိုက်ခြင်းဖြင့် အချက်အလက် မခိုင်လုံဘဲ ၎င်းတို့ ပြောသလို တပ်မတော်ကို ရှုတ်ချရမယ်လို့ ပြောဆိုနေမှုတွေကိုပါ ပယ်ချခဲ့တာကို တွေ့ရပါတယ်။

ကုလသမဂ္ဂအနေနဲ့ နိုင်ငံများ လူမျိုးများအကြား ငြိမ်းချမ်းရေးနဲ့ သဟဇာတ ဖြစ်ရေးကို ဦးတည်ပြီး ဖွဲ့စည်းကာ ရှေ့လျှောက် ဒုတိယကမ္ဘာစစ်ကြီးလို ပဋိပက္ခကြီး ထပ်မံမဖြစ်ရေးအတွက် ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တာဖြစ်တယ် ဆိုတာ အလေးအနက်ထား သတိပေးသွားခဲ့ပြန်ပါတယ်။

ကမ္ဘာ့မီဒီယာများနဲ့ OIC နိုင်ငံများ အသိုင်းအဝိုင်းက UNGA မှာ ဆွေးနွေးရမယ့်ကိစ္စ အနေနဲ့ မြောက်ကိုရီးယား နျူကလီးယားအရေးပြီးရင် ဒုတိယနေရာအဖြစ် သတ်မှတ်ထားတဲ့ ရခိုင်ပြည်နယ်မှ ထွက်ပြေးနေရတဲ့ မွတ်ဆလင်များကို မြန်မာအစိုးရက ဖြေရှင်းရေးအဖြစ် ရှုမြင်ခဲ့ကြပေမယ့်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကုလသမဂ္ဂမှာ ပြောကြားသွားတဲ့ မိန့်ခွန်းမှာတော့ ဒီဘင်္ဂလားဒေ့ရှ်က သူတို့ပြောတဲ့ ဒုက္ခသည်တွေအကြောင်း တစ်လုံးတစ်ပါဒမျှ ရည်ညွှန်းပြောဆိုသွားခြင်း မရှိခဲ့ပါဘူး။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို ကြိုဆိုလိုက်ပြီး အမေရိကန် အနေနဲ့ ဘာအကူအညီ ပေးရမလဲလို့ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဘင်္ဂါလီဒုက္ခသည်ဆိုတဲ့ သူတွေကို ပြန်လက်ခံဖို့ဆိုတဲ့အပေါ် ယခင်က ချမှတ်ပြီးသား စိစစ်ရေးနည်းလမ်း (Verification Method) အတိုင်း စိစစ်လက်ခံသွားမယ်။ ဒီအပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံအောင်နဲ့ သူတို့ဘက်က အစစ်ဆေးခံအောင်သာ နိုင်ငံတကာက ဝိုင်းဝန်းတိုက်တွန်းပေးကြဖို့ ပြောကြားခဲ့တာကိုကြည့်ရင် မြန်မာအစိုးရအနေနဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း သွားမယ်ဆိုတာကို အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့တာပါပဲ။ အာနန် အစီရင်ခံစာမှာပါတဲ့ ထိုဥပဒေကို ပြင်ဆင်သင့်ရင် ပြင်ဆင်ရမယ်ဆိုတဲ့ အကြံပြုချက်အတိုင်း ဖြစ်မလာဘူးလို့လည်း အရိပ်အမြွက် ပြသခဲ့ရာ ရောက်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့ ရခိုင်ဒေသက မွတ်ဆလင် လူ့အသိုင်းအဝိုင်းလို့ သုံးသွားတဲ့အတွက် ရိုလိန်ညာဆိုတဲ့ အမည်ကို လက်မခံခဲ့တာလည်း ပေါ်လွင်ခဲ့သလို မြန်မာကို ခြိမ်းခြောက်၊ ပြစ်တင်၊ အပုပ်ချတာတွေဟာ ဘာမှထိရောက်မှာ မဟုတ်ဘူး၊ အကျိုးမရှိဘူး၊ အကောင်းမြင် စိတ်သဘောနဲ့ ပူးပေါင်းကူညီပေးခြင်းကသာ ပြဿနာကို ပြေလည်စေနိုင်တယ်လို့ ပြည်ပကမ္ဘာမှာ အပြစ်တင်ပြောဆိုမှုတွေကို ပြန်လည်တုံ့ပြန်ခဲ့တာကို မြင်ရပါတယ်။

ဒီဘင်္ဂါလီ ဒုက္ခသည် အရေးတွေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံအကြား သူ့ဘက်ကိုယ့်ဘက် ပြန်လည်လက်ခံရေးတွေနဲ့ ပတ်သက်ပြီး ပါဝင်တဲ့ အချက်တွေကို အကြမ်းဖျင်း လေ့လာကြည့်ရင် ပထမတစ်ချက်က ဘင်္ဂါလီ ဒုက္ခသည်တွေ အနေနဲ့ သူတို့မြန်မာနိုင်ငံမှာ နေခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ခိုင်ခိုင်မာမာ တင်ပြနိုင်ရမှာဖြစ်ပြီး ဒုတိယအချက်ကတော့ မြန်မာနိုင်ငံအတွင်းမှာ မွေးခဲ့တဲ့ သက်သေခံ စာရွက်စာတမ်းပြနိုင်တဲ့လူတွေ ဖြစ်ရမယ်ဆိုတာ ပါပါတယ်။ ဒါ့အပြင် နောက်အရေးကြီးဆုံး အချက်တွေကတော့ မြန်မာနိုင်ငံ အစိုးရကို ပြန်လည်ဆန့်ကျင် တိုက်ခိုက်နေတဲ့လူတွေ မဖြစ်ရမယ့်အပြင် သူတို့ကိုယ်တိုင် မြန်မာပြည်ကို လိုလိုချင်ချင်နဲ့ ပြန်လာချင်တဲ့လူတွေ ဖြစ်ရမယ် ဆိုတာတွေ ပါဝင်ပါတယ်။ ကျန်တဲ့အချက်တွေလည်း အများကြီး ကျန်နေသေးတာမို့ ရှည်ရှည်ဝေးဝေးတော့ မပြောတော့ပါဘူး။ ဒီအချက်တွေနဲ့တင် သူတို့ကို ပြန်လက်ခံဖို့ ဆိုတာ အတော်လေးကို စိစိစစ်စစ်နဲ့ လုပ်ဆောင်စဉ်းစားကြရမှာ ဖြစ်တဲ့အပြင် အစိုးရ အနေနဲ့လည်း ဒုက္ခသည်ဆိုသူတွေနဲ့ အချက်အလက် အတော်များများကို ထောက်လှမ်းစုဆောင်းထားရှိပြီးပြီလည်း ဖြစ်နိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က လူမှန်သမျှ မည်းမည်းမြင်ရာ ပြန်လက်ခံကြဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရခိုင်အကြမ်းဖက်ခံရမှုအတွက် ဘင်္ဂလားကို ကူညီမယ်လို့ မပြောပါဘူး။ ဘာထင်မြင်ချက်မှ မပြောခဲ့ပါဘူး။

စက်တင်ဘာ ၁၈ ရက်နေ့က United Nations မှာလုပ်တဲ့ GA အစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ Bangladesh ဝန်ကြီးချုပ် Sheikh Hasina တို့ တွေ့ဆုံခဲ့ကြတုန်းကလည်း ဒေါ်နယ်ထရမ့် အနေနဲ့ ရခိုင်ကိစ္စကို ဘာထင်မြင်ချက်မှ မပြောခဲ့တာမို့ သူတို့ (United America-UA) အကူအညီ မရနိုင်တော့ဘူးလို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က Reuters သတင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေသွားခဲ့တာ မြင်ရပါသေးတယ်။ ဆိုလိုချင်တာကတော့ ဘင်္ဂလားဒေ့ရှ် အနေနဲ့ သူတို့နိုင်ငံ အတွင်းမှာ ကြီးမားတဲ့ လူဦးရေ ပေါက်ကွဲမှုတွေအတွက် ထိန်းချုပ်ဖို့ ကြိုးစားကြရမယ့်အစား ကမ္ဘာ့နိုင်ငံတွေရဲ့ ထောက်ပံ့မှုနဲ့ ထောက်ခံမှုအားကိုသာ လိုက်တောင်းယူပြီး မြန်မာအစိုးရဘက်ကို ဖိအားတစ်ရပ် အနေနဲ့ ပြန်လက်ခံဖို့အရေး ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ အမှန်ဆိုရင် ဒီဒုက္ခသည်တွေ ဆိုတာကလည်း သူတို့နိုင်ငံဘက်က လူတွေသာ အများစု ဖြစ်နေခဲ့တာပါ။

ဒါတွေအပြင် အိန္ဒိယနိုင်ငံအ နေနဲ့ပါ ဘင်္ဂလားဒေ့ရှ်ဘက်က ရိုဟင်ဂျာဆိုသူ ဒုက္ခသည်တွေကို လက်ခံကြဖို့ဆိုတဲ့ အရေးကို ခံစားနေရပြီး ဒီရိုဟင်ဂျာ ဆိုသူများထဲမှာ အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့အစည်းနဲ့ ပါကစ္စတန် အခြေစိုက် လက်နက်ကိုင်အုပ်စုများနဲ့ အဆက်အသွယ်ပြုသူများ၊ တရားမဝင် လမ်းကြောင်းဖြင့် ငွေပို့/ယူ လုပ်နေကြသူများ ပါဝင်နေတာမို့ ဒုက္ခသည် အမည်ခံ ၄၀,၀၀၀ လောက်က အိန္ဒိယအစိုးရ နှင်ထုတ်တော့မယ်လို့လည်း စက်တင်ဘာ ၁၅ ရက်နေ့က Al Jzaeera သတင်းဌာနက ရေးသားဖော်ပြခဲ့တာကို မြင်ရပါတယ်။

ဒီအတွက် ဖော်ပြခဲ့သမျှကို ပြန်ပြီးချုပ်လို့ နိဂုံးချုပ်လိုက်ရင် ယခုရက်ပိုင်း ကျင်းပနေတဲ့ UNGA အစည်းအဝေးကာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ အဆိုတင်သွင်း ကြိုးစားလာတော့မယ့် မြန်မာနိုင်ငံမှ ဒုက္ခသည်များ အရေးဆိုတဲ့ အရေးကို မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြား ထားရှိခဲ့တဲ့ 93MoU နဲ့သာ ဆက်လက်ဆောင်ရွက်မယ့်အကြောင်း နိုင်ငံတကာ သံတမန် အသိုင်းအဝိုင်းကို ကြိုကြိုတင်တင် ချပြထားခြင်းအားဖြင့် သူတို့ရဲ့ကြိုးပမ်းချက်တွေဟာ အရာမထင်တော့ဘဲ ကိုယ့်အတတ်နဲ့ ကိုယ်စူးသလို အလိမ်အညာတွေဟာ ကမ္ဘာ့အလယ်မှာ ဘူးပေါ်သလို ပေါ်လာတော့မှာ အမှန်ပင် ဖြစ်ပါကြောင်း သုံးသပ်ရေးသား တင်ပြလိုက်ရပါတယ်။

အောင်ဇေယျ

===========

The Voice

Credit:
http://thevoicemyanmar.com/opinion/12215-bgt

Monday, September 25, 2017

ဟိုတယ်၏ အခန်းအမျိုးမျိုးနှင့် အဆင့်ခွဲခြားပုံ


(Bungalow) ဆိုသည်မှာ လုံးချင်းတစ်ထပ်အခန်းကျယ်ဖြစ်သည်။ (Villa) ဆိုသည်မှာ (Bungalow) အခန်းကျယ်လေးများ သုံးခန်းတွဲ၊ လေးခန်းတွဲထားသည့် အဆောက်အဦတွဲကို ခေါ်ဆိုခြင်းဖြစ်သည်။ (Floor Type/ Building Type) ကတော့ ရှင်းသည်။ အထပ်မြင့်အဆောက်အဦး ကို ခေါ်ခြင်းဖြစ်သည်။

(Bungalow Type) ဖြင့် ဖွဲ့စည်းထားသည့်ဟိုတယ်ဖြစ်စေ၊ (Floor Type/ Building Type) ဖြင့် တည်ဆောက်ထားသည့် ဟိုတယ်ဖြစ်စေ အခန်းဖွဲ့စည်းပုံ(အကျယ်အဝန်း) တူညီနေလျှင်ပင် အခန်းတွင်းအသုံးအဆောင် (Facilities) များဖြင့် အခန်းအဆင့်ကို ခွဲခြားသတ်မှတ်ကြသည်။ အခန်းအကျယ်၊ မြင်ကွင်းကောင်းမွန်မှုနှင့် တိတ်ဆိတ်အေးချမ်းမှု(အသံအနှောက်အယှက်ကင်းဝေးမှု)၊ အရည်အသွေး ကောင်းမွန်မြင့်မားသည့် အခန်းတွင်းအသုံးအဆောင်ပစ္စည်းများနှင့် ပထမတန်းစား ဝန်ဆောင်မှု စသည်တို့ဖြင့် အခန်း၏အဆင့်ကို မြှင့်ထားတတ်ကြသည်။ ထိုသို့အခန်းများကို အဆင့်ခွဲခြားထားခြင်းဖြင့် အခန်းခနှုန်းထားများကို လွယ်ကူစွာပိုင်းခြားသတ်မှတ်နိုင်မည့်အပြင် မည်သို့သော (Customer) ကို (Target) ထားကြောင်း ဟိုတယ်အခန်းဖွဲ့စည်းပုံကိုကြည့်၍ သိရှိနိုင် သည်။

တချို့ဟိုတယ်များက အခြေခံလူတန်းစား တည်းခိုနိုင်ရန် ရည်ရွယ်သည်။ တချို့ဟိုတယ်များ က အစိုးရဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများအတွက် ဖြစ်သည်။ တချို့ဟိုတယ်ကြီးများက အပန်းဖြေခရီးထွက်သူများ၊ နိုင်ငံခြားသားဧည့်သည်များအတွက် ရည်ရွယ်သည်။ မည်သည့်ဧည့်သည် အမျိုးအစားကို ရည်ရွယ်၍ ဖွင့်လှစ်သည်ဖြစ်စေ အခန်းများကိုတော့ အဆင့်လိုက်ခွဲခြားသတ်မှတ်ထား ကြသည်သာ ဖြစ်သည်။

အခြေခံအားဖြင့် အခန်း(Categories)ကို (၅)မျိုးခန့်ခွဲခြားတတ်ကြသည်။ ၎င်းတို့မှာ
(၁) Cosy/ Economy/ Budget Room (၂) Standard Room (၃) Superior Room (၄) Deluxe Room (၅) Suite Room
စသည်ဖြင့် ခွဲခြားတတ်ကြသည်။

တချို့ဟိုတယ်များတွင် (Cosy Room) ပါချင်မှ ပါသည်။ တချို့ဟိုတယ်များတွင် (Superior Room) ထည့်ချင်မှ ထည့်သည်။ အခန်းအရေအတွက်နှင့် ဟိုတယ်အပေါ်တွင် မူတည်၍ ခွဲခြားထားခြင်း ဖြစ်သည်။ (Cosy Room) ထက် ဈေးသက်သာသည့် အခန်းအမျိုးအစားတစ်ရပ် ထားသည့် ဟိုတယ်တချို့လည်း ရှိသည်။ ဟိုတယ်အလိုက် နာမည်အမျိုးမျိုးပေးတတ်ကြသော်လည်း ကားဆရာများနှင့် ဧည့်သည်၏နောက်လိုက်တချို့အတွက် ရည်ရွယ်ခြင်းဖြစ်သည်။ အခန်းခမှာ (Guest House)ခန့်သာ ဖြစ်သော်လည်း တချို့ဟိုတယ်များတွင်တော့ နံနက်ခင်း (Breakfast) အတွက်သာ အခကောက်သည်က များသည်။

(Standard Room) အမျိုးအစားကိုပင် ထပ်မံချဲ့ထား သည့် အခန်းအမျိုးအစားကိုမူ (Family Room) ဟု သတ်မှတ်ကြသည်။ မိသားစုလိုက်တည်းခိုနိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားခြင်းဖြစ်ပြီး သုံးယောက်ခန်း၊ လေးယောက်ခန်း၊ ငါးယောက်ခန်း စသည်ဖြင့် အသီးသီးရှိတတ်သည်။ (Deluxe) နှင့် (Suit) တွင်လည်း ဆင့်ပွားခွဲခြားတတ်သေးသည်။ (Junior Deluxe/ Junior Suite) စသည်ဖြင့် ဖြစ်သည်။ တချို့အခန်းများက (View) အပေါ်တွင် မူတည်၍ ဈေးနှုန်းသတ်မှတ်သည်။ အခန်း(Category) တူစေဦး (View) ကောင်းသည့် အခန်းကို အခန်းခပိုတင်ထားခြင်း ဖြစ်သည်။ (Suite) ကို (Duplex/ Business/ Penthouse/ Presidential) စသည်ဖြင့် ခွဲခြားထားကြသေးသည်။

(Businessmen's Suite) သည် (Internet) လိုင်းကောင်းရန် အထူးလိုအပ်သည်။ အကောင်းဆုံး (Suite Room) ကိုတော့ (Presidential Suite) ဟု သတ်မှတ်ထားသည်။ (Executive Room/ Floor) စသည်ဖြင့် ခွဲခြားသတ်မှတ်ထားသည့် (Category) တစ်မျိုးလည်း ရှိသေးသည်။ အထက်တန်းကျကျ သီးသန့်တည်းခိုလိုသူများ၊ (VIP) လူကြီးများအတွက် ရည်ရွယ်ရင်းဖြစ်သည်။ ဟိုတယ်၏ အခြေအနေနှင့် အခန်းအရေအတွက်ကိုမူတည်၍ (Facilities/Amenities) များ၊ သီးခြားဝန်ဆောင်မှု များဖြင့် ခွဲခြားကြခြင်းသာ ဖြစ်သည်။

အခန်းများ၏ (Categories) ကို ခွဲခြားထားသလို အခန်းဖွဲ့စည်းပုံကိုလည်း ယခုကဲ့သို့ ခွဲခြား ထားသည်။

(၁) Single Room (၂) Twin Room (၃) Double Room (၄) Studio Room (၅) Handicapped Room (၆) Sample Room
(၇) Connecting Room (၈) Adjoining Room (၉) Adjacent Room (၁ဝ) Ground Floor or Top Floor Room (၁၁) Capsule Room စသည်ဖြင့် ခွဲခြားဖွဲ့စည်းထားသည်။

ဧည့်သည်မှ အခန်း(Category) ရွေးချယ်ပြီးနောက် (Special Request) တောင်းဆိုတတ်သော အခန်းအခြေအနေများဖြစ်သည်။

(Single Room) သည် ယခုအခါတွင် ဟိုတယ်များ၌ မထားသလောက် ဖြစ်သည်။ လူဦးရေပေါ်မူတည်၍ ဈေးနှုန်းသတ်မှတ်သည်ဖြစ်၍ မကြာခဏ ဧည့်သည်နှင့် အထင်လွဲမှားမှုများ ဖြစ်ရသောကြောင့် တစ်ယောက်နေသည်ဖြစ်စေ၊ နှစ်ယောက်နေသည်ဖြစ်စေ ဈေးနှုန်းတစ်မျိုးသာ သတ်မှတ်လိုက်သည်။ ထို့ကြောင့် ဟိုတယ်များတွင် နှစ်ယောက်ခန်းနှင့် နှစ်ယောက်အထက် အခန်းများသာ ထားရှိတော့သည်ဟု ယူဆမိပါသည်။

(Twin Room) သည် ကုတင်နှစ်လုံးပါသည့် နှစ်ယောက်ခန်းဖြစ်ပါသည်။ ဧည့်သည်မှ (Double Bed Room) ဟု မှားယွင်းတောင်းဆိုတတ်သည့် အခန်းဖြစ်သည်။ သေချာမေးမြန်း ကြည့်သည့် အခါမှာတော့ အမျိုးသားနှစ်ယောက် သို့မဟုတ် အမျိုးသမီးနှစ်ယောက်ဖြစ်နေတတ်သည်။ (တချို့တွေကတော့ အသေအချာပင် နှစ်ယောက်အိပ်ကုတင်ပါသည့် အခန်းကို တောင်းဆိုခြင်းဖြစ် သည်။) ဧည့်သည်တောင်းဆိုလိုသည်မှာ ကုတင်နှစ်လုံးပါအခန်းဖြစ်သည်။ အမှန်တကယ် (Double Bed) တောင်းဆိုသော်လည်း မရနိုင်သည့် အခါများတွင် ကုတင်ပူးပေးရခြင်းများလည်း ရှိပါသည်။ အိပ်ယာနှစ်ခုပူးထားပါက (Hollywood Twin) ဟုခေါ်၍ ကြားတွင် (Site Table) ခြားထားပါက (Twin-apart) ဟု ခေါ်ဆိုကြောင်း ဖတ်မှတ်ခဲ့ဖူးပါသည်။

(Double Room) မှာ နှစ်ယောက်အိပ်ကုတင်တစ်လုံးသာပါသည့် အခန်းဖြစ်သည်။ (King Size/ Queen Size Bed) စသည်ဖြင့် ခွဲထားသော်လည်း ဟိုတယ်အများစုတွင် (King Size Bed) ကိုသာ အများဆုံးအသုံးပြုကြသည်။ အထူးသဖြင့် (King Size Bed) ကို (Couple)များ၊ ကလေးငယ် ပါသည့် ဧည့်သည်များမှ တောင်းဆိုတတ်ကြသည်။

(Studio Room) မှာ နေ့ခင်းဘက်တွင် ဧည့်ခန်းအဖြစ်အသုံးပြု၍ ညဘက်တွင် အိပ်ခန်းအဖြစ် သုံးနိုင်သည့် အခန်းဖြစ်သည်။
(Handicapped Room) မှာ မသန်စွမ်းသူတို့တည်းခိုရာတွင် အဆင်ပြေစေရန်အတွက် သီးသန့် ပြင်ဆင် အခန်းဖွဲ့ထားခြင်း ဖြစ်သည်။

(Sample Room) မှာ နမူနာပြသရန် ပြင်ဆင်ထားသည့်အခန်းဖြစ်သည်။ (Agent)မှ ဖြစ်စေ၊ (Customer)များမှဖြစ်စေ (Inspection) လုပ်နိုင်ရန်အတွက် အသင့်ပြင်ထားခြင်း ဖြစ်သည်။

(Connecting Room) မှာ အခန်းနှစ်ခုကို ဟိုဘက်ဒီဘက်ကူးနိုင်သည့် တံခါးတစ်ချပ်ဖြင့် ဆက်သွယ်ထားသည့် အခန်းဖြစ်သည်။

(Adjoining Room) မှာ ဘေးချင်းကပ်လျက် အခန်းဖြစ်၍ (Adjacent Room) မှာ အနီးအနား အခန်းကို တောင်းဆိုခြင်းဖြစ်သည်။

(Ground Floor or Top Floor Room) ကိုလည်း ဧည့်သည်များမှ (Request) လုပ်တတ် ကြသည်။ တချို့က ရှုခင်းကြည့်လို၊ အသံတိတ်ဆိတ်လိုသဖြင့် တောင်းဆိုတတ်သည်။ (Ground Floor) နှင့် (First Floor) ကိုလည်း မှားတတ်ကြသေးသည်။ (American) တို့က (Ground Floor) နှင့် (First Floor) အတူတူပင် ဖြစ်သည်။ (British) တို့က (First Floor) ကို (Ground Floor) အထက်ထပ်မှ စ၍ ရေတွက်ခြင်း ဖြစ်သည်။ (British) တို့က စနစ်ကျခြင်းကို အခြေခံသည်။ (American) တို့က လွတ်လပ်လွယ်ကူခြင်းကို ပိုနှစ်သက်သည်။ ထို့ကြောင့် စကားလုံးအသုံးအနှုန်း၊ အသံထွက်များတွင် (American) တို့က အများအားဖြင့် ပိုတို၊ ပိုလွယ်နေတတ်ပါသည်။

(Capsule Room) မှာ (Capsule Hotel) များတွင်သာ ထားရှိသည့် အခန်းအမျိုးအစား ဖြစ်သည်။ (Capsule Hotel) ကို ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တွင်(၁၉၇၉) ခုနှစ်မှ စတင် မိတ်ဆက်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါမှာတော့ ကမ္ဘာတစ်ဝှမ်းရှိ မြို့ကြီးတွေမှာ မြင်တွေ့နေရပြီ ဖြစ်သည်။ သို့သော် (Capsule Hotel) များသည် ယခုချိန်ထိတိုင် ဂျပန်နိုင်ငံတွင် ခေတ်စားဆဲ၊ များပြားဆဲ ဟိုတယ်များဖြစ်ပါသည်။

(PS:ယခု ကျွန်တော်ရေးထားသည့် အကြောင်းအရာလေးသည် ဟိုတယ်နှင့်ပတ်သက်သည့် အကြောင်းအရာလေးများကို သိရှိလိုသည့် ညီငယ်၊ ညီမငယ်လေးများအတွက် ရည်ရွယ်၍ ရေးထားခြင်း ဖြစ်ပါသည်။ တတ်သိလွန်း၍ ရေးသားခြင်း မဟုတ်ဘဲ တတ်သမျှ၊ သိသမျှလေးများကို (Knowledge Sharing) လုပ်လိုခြင်းသာ ဖြစ်ပါသည်။ ကျွန်တော်လည်း လူသားတစ်ဦးဖြစ်၍ မှတ်သားထားသည်များ၊ သိမှတ်ထားသည်များမှာ လွဲမှားခြင်းများလည်း ရှိနေနိုင်ပါသည်။ ထိုသို့ အချက်အလက်၊ အကြောင်းအရာလွဲမှားနေသည် သို့မဟုတ် အယူအဆမတူ ရှိနေသည့် အကြောင်းအရာ ရှိနေသည်ဆိုပါလျှင် (Comment) တွင် ရေး၍ ဝေဖန်ထောက်ပြစေချင်ပါသည်။ ကျွန်တော့် သူငယ်ချင်းထဲတွင်ရှိသည့် ဆရာ၊ ဆရာမများနှင့် (Hotel Life) ထဲရှိ အစ်ကို၊ အစ်မများအားလုံးအား လေးစားစွာ တောင်းဆိုခြင်း ဖြစ်ပါသည်။ လေ့လာမှတ်သားကြမည့် ညီငယ်၊ ညီမငယ်များ အမှတ်မှားသွားမည်ကို စိုးရိမ်၍ ဖြစ်ပါသည်။)

လေးစားစွာဖြင့်
ထူးအောင်ဝင့်
(၂၃.၉.၂ဝ၁၇ နံနက် (၉း၂၅)မိနစ်)
Credit: htooaungwint.weebly.com

Sunday, September 24, 2017

ရိုဟင်ဂျာ (Rohingha) ဆိုသည်မှာ လူမျိုးတစ်မျိုး၏ အမည်မဟုတ်


--------------------------------------------------------
ရိုဟင်ဂျာဆိုသည်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းခရိုင်၊ ဘင်္ဂလီလူမျိုးတို့၏ နေ့စဉ်သုံးစကားဖြစ်သည်။ ၎င်းစကားစုနှင့်ပတ်သက်၍ ပါယာဂျာ၊ ကွန်ပါယာဂျာဆိုသည့် စကားလုံးတို့ကို လေ့လာကြည့်ဖို့ လိုသည်။ “ပါယာဂျာ”ဆိုသည်မှာ “ရွာသား” ဖြစ်သည်။ “ကွန်ပါယာဂျာ” ဆိုသည်မှာ “ဘယ်ရွာသားလဲ” ဟု မေးခြင်းဖြစ်သည်။

ရိုဟင်ဂျာဆိုသည့်စကားလုံးတွင် “ရိုဟင်”ဆိုသည်မှာ “ရွာဟောင်း”ဖြစ်ပြီး “ရိုဟင်ဂျာ”ဆိုသည်မှာ “ရွာဟောင်းရွာသား” ဖြစ်သည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အနီးမှာ ရိုဟင်ဂျာရွာဟူ၍ ရှိပါသည်။ ရွာဟောင်းရွာ ဖြစ်သည်။ မြောက်ဦးမြို့ကို ဈေးဝယ်ရန် ရောက်လာသော ရိုဟင်ဂျာ ရွာသားများကို “ကွန်ပါယာဂျာ” ဟု မေးလျှင် “ရိုဟင်ဂျာ” ဟု ဖြေဆိုကြပါသည်။ အဓိပ္ပာယ်မှာ “ဘယ်ရွာသားလဲ” ၊ “ရွာဟောင်းရွာသားပါ” ဟု ဆိုလိုခြင်းဖြစ်သည်။
ထို့ကြောင့်ရိုဟင်ဂျာဆိုသည်မှာ  လူမျိုးတစ်မျိုး၏အမည် မဟုတ်ကြောင်း၊ လူမျိုးတစ်မျိုးနှင့် သက်ဆိုင်သောစကားလုံး မဟုတ်ကြောင်း အခိုင်အမာ သိမှတ်ထားရမည် ဖြစ်သည်။

 #အင်္ဂလိပ်ခေတ်ကစခဲ့သည့်ပြဿ     နာ
 “ရိုဟင်ဂျာ ဘယ်တုန်းက စခဲ့သနည်း” ဆိုသည့် မေးခွန်းအတွက် အဖြေရဖို့ရန် သမိုင်းအထောက်အထားများစွာကို လေ့လာကြည့်ရှုရာ နိုင်ငံရေးနှင့် ဆက်စပ်ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ ၁၈၂၄-၂၆ ခုနှစ် (အင်္ဂလိပ်+မြန်မာ-ပထမစစ်ပွဲအပြီး နောက်ပိုင်းကာလ)၌ ရခိုင်ပြည်နယ်အတွင်းသို့ ခေါ်တောကုလားများ (ခ) ဘင်္ဂလီကုလားများ အတားအဆီးမဲ့ ဝင်ရောက်လာခဲ့ကြသည်။

၁၈၉၉-ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ (စူးအက်တူးမြောင်း ဖွင့်ပြီးချိန်ကာလ)တွင် အင်္ဂလိပ်များက မြေရိုင်းဝေငှသည့် ဥပဒေပြဋ္ဌာန်းပြီး မြန်မာနိုင်ငံမှ ဆန်စပါးများ ပြည်ပသို့ ပိုမိုတင်ပို့ရောင်းချနိုင်ရန် စီမံကိန်းချမှတ် အကောင်အထည် ဖော်ဆောင်ချက်အရ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ်များသို့ ခေါ်တောကုလားများ (ခ) ဘင်္ဂလီကုလားများကို အစုလိုက် အပြုံလိုက် ဝင်ရောက်နေထိုင်စေခဲ့သည်။

၁၉၄၂-ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဒုတိယကမ္ဘာစစ်ကြီး ကူးစက်လာပြီး ရခိုင်နှင့် ခေါ်တောကုလားများ (ခ) ဘင်္ဂလီကုလားများ လက်သို့ အင်္ဂလိပ်စစ်တပ်မှ ကျန်ခဲ့သော လက်နက်ခဲယမ်းများ ရောက်ရှိခဲ့လေရာ ယခင်ကတည်းက အဆင်မပြေဖြစ်နေသော ၎င်းတို့နှစ်ဖက်ကြား လက်နက်အားကိုး၍ ပဋိပက္ခ ဖြစ်ခဲ့ရလေသည်။ ပဋိပက္ခအစပိုင်းတွင် ကျောက်တော်မြို့နယ်တစ်ဝိုက်၌ ရခိုင်တိုင်းရင်းသားတို့က အားသာခဲ့သော်လည်း ဘူးသီးတောင်၊ မောင်တောမြို့နယ်များ၌ ခေါ်တောကုလားများ (ခ) ဘင်္ဂလီကုလားများက အရေးသာသွားခဲ့လေသည်။

ထို့ကြောင့် ထိုဒေသရှိ တိုင်းရင်းသားများဖြစ်ကြသော ရခိုင်၊ သက်၊ ဒိုင်းနက် လူမျိုးစုများမှာ အိုးအိမ်များစွန့်၍ ထွက်ပြေးခဲ့ရလေသည်။ တစ်နည်းဆိုသော် ခေါ်တောကုလားများ (ခ) ဘင်္ဂလီကုလားများ၏ ဝါးမျိုခြင်းကို ခံလိုက်ရခြင်းပင် ဖြစ်သည်။ ခေါ်တောကုလားများ (ခ) ဘင်္ဂလီကုလားများသည် အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။ (မူစလင်များဖြစ်ကြသည်။)

 ရခိုင်တိုင်းရင်းသားများနှင့် ခေါ်တောကုလားများ (ခ) ဘင်္ဂလီကုလားများ၏ ယင်းကဲ့သို့ သက်ဆိုးရှည်နေသော ပဋိပက္ခကို ဗမာ့လွတ်လပ်ရေးတပ်မတော်က ကြားဝင်ဆောင်ရွက်ပေးခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပါ။

ဒုတိယကမ္ဘာစစ်ကြီးအပြီး အင်္ဂလိပ်တို့ မြန်မာပြည်ပြန်ဝင်လာချိန်ကာလတွင် စစ်အတွင်းကာလက အိန်္ဒိယသို့ ထွက်ပြေးသွားခဲ့သော ရခိုင်စစ်ပြေးဒုက္ခသည်များ ပြန်ဝင်မလာနိုင်စေရန် ခေါ်တောကုလားများ (ခ) ဘင်္ဂလီကုလားများက အပြင်းအထန် တားဆီးခဲ့ကြလေသည်။

#လက်နက်ကိုင်အကြမ်းဖက်၍
#မူစလင်ပြည်နယ်တောင်းခြင်း
 ၁၉၄၈-ခုနှစ်(မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးသောကာလ)တွင် ခေါ်တောကုလားများ (ခ) ဘင်္ဂလီကုလားများက ၎င်းတို့၏ လူဦးရေအများအပြားနေထိုင်သော ဘူးသီးတောင်ကို “မူစလင်ပြည်နယ်အဖြစ်” သတ်မှတ်ပေးရန် တောင်းဆိုလာရာမှ အကြမ်းဖက်မှု စတင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ထိုသို့လှုပ်ရှားတောင်းဆိုရာတွင် မောင်းတောမြို့နယ် ကျောက်ငနွားရွာသား အဗ္ဗဒူဟာဆင် အမည်ရှိသူ ကုလားတစ်ဦးက ခေါင်းဆောင်ခဲ့သည်။

လက်နက်ကိုင်ပုန်ကန်မှုအဆင့်သို့ “မူဂျာဟစ်” အမည်ဖြင့် စတင်တက်လှမ်းခဲ့သည်။ ၎င်းတို့သည် လူမျိုးရေး၊ ဘာသာရေးကို အခြေခံ၍ စည်းရုံးမှုများကြောင့်လည်းကောင်း၊ အခြေအနေမဲ့များကို စည်းရုံးရသဖြင့် စုစည်းမှု လွယ်ကူခြင်းကြောင့်လည်းကောင်း တစ်နှစ်အတွင်း မူဂျာဟစ်အင်အား ခုနှစ်ရာကျော်အထိ တိုးပွားလာခဲ့သည်။

၁၉၄၈-ခုနှစ်၊ နိုဝင်ဘာလတွင် ယင်းမူဂျာဟစ်သူပုန်များကို အမှတ်(၅) ဗမာ့သေနတ်ကိုင်တပ်ရင်းက စတင် ထိုးနှက်တိုက်ခိုက် နှိမ်နင်းခဲ့သည်။ ဆက်လက်၍ ၁၉၅၁-၅၂ ခုနှစ်များတွင် မေယုစစ်ဆင်ရေးဖြင့် လည်းကောင်း၊ ၁၉၅၄-ခုနှစ်တွင် မုတ်သုံစစ်ဆင်ရေးဖြင့် လည်းကောင်း ထိုးနှက်တိုက်ခိုက် နှိမ်နင်းခဲ့ကြသည်။
မူဂျာဟစ်များသည် မြန်မာ့ပိုင်နက်နယ်မြေအတွင်း အခိုင်အမာ တပ်စွဲနေနိုင်ခြင်း မရှိတော့ဘဲ တစ်ဖက်နိုင်ငံနယ်စပ်သို့ ထွက်ပြေးသွားခဲ့ကြရသည်။

ထိုအချိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ-မဖြစ်သေးသော ပါကစ္စတန်အစိုးရကလည်း မြန်မာနိုင်ငံအတွင်းမှ ဥပဒေကို ချိုးဖောက်ထွက်ပြေးလာသော ကုလားဆိုးသောင်းကျန်းသူ မူဂျာဟစ်သူပုန်များကို ဖမ်းဆီးခဲ့ရာ ၁၉၅၄-ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် စစ်တကောင်းရဲအဖွဲ့က အဗ္ဗဒူဟာဆင်ကို ဖမ်းဆီးရမိသွားခဲ့သည်။

၁၉၇၁-ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ပါကစ္စတန်အစိုးရက “ရှိတ်မူဂျီယာမန်”ကို  ထိန်းသိမ်းထားကြောင်း ကြေညာခဲ့သည်။ ပါကစ္စတန်ပြည်တွင်းရေးမှာ ပိုမိုရှုပ်ထွေးလာခဲ့သည်။ အရှေ့ပါကစ္စတန်(ဘင်္ဂလားဒေ့ရှ်)နယ်စပ်မှ ခေါ်တောကုလားများ (ခ) ဘင်္ဂလီကုလားများသည် စစ်ပြေးဒုက္ခသည်များအဖြစ်  မြန်မာနိုင်ငံအတွင်းသို့ ထပ်မံ ဝင်ရောက်လာခဲ့ကြပြန်ပါသည်။ ၁၉၆၂-ခုနှစ် နောက်ပိုင်းအထိ တရားမဲ့ဝင်ရောက်မှုများ ဆက်လက် ဖြစ်ပေါ်လာခဲ့ကြလေသည်။
အမှန်စင်စစ် ယင်းတို့သည် စစ်ပြေးဒုက္ခသည်ဟု ဆိုသော်လည်း ရပ်တည်မှုနယ်မြေရရှိရေး (ခ) မူစလင်ပြည်နယ်ရရှိရေးကို လက်နက်ကိုင် လှုပ်ရှားတောင်းဆိုနေသူများသာ ဖြစ်သည်။

 နယ်စပ်ဒေသရှိ မြန်မာ့နယ်မြေအတွင်း ကုလားဆိုးသောင်းကျန်းသူများ ဝင်ရောက်မှုများကို တားဆီးနိုင်ရန် မြန်မာ့တပ်မတော်က စစ်ဆင်ရေးများ ပြုလုပ်ခဲ့ရာ ၁၉၅၇-ခုနှစ်တွင် “ရှော်မလုပ်”နှင့် “ဇူရာသန်”တို့ ဦးစီးသော အင်အား (၁၅၀)သည်လည်းကောင်း၊ နိုဝင်ဘာလ ၇ ရက်နေ့ တွင် “ရာရှစ်” ဦးဆောင်သော အင်အား (၂၁၄)ယောက်တို့သည်လည်းကောင်း အသီးသီး လက်နက်ချ အလင်းဝင်ခဲ့ကြသည်။

ယင်းကဲ့သို့ အများစု လက်နက်ချခဲ့သော်လည်း ကုလားဆိုး သောင်းကျန်းသူခေါင်းဆောင် ဇော်ဖော့(ကာဆင်အဖွဲ့ဝင်)သည် လက်နက်မချဘဲ နောက်လိုက်အင်အား(၂၀)ခန့်ဖြင့် ဆက်လက် လှုပ်ရှားနေခဲ့ရာ ၁၉၆၃-ခုနှစ်အရောက်တွင် အင်အား(၅၀၀)အထိ စုဆောင်းမိသွားခဲ့သည်။

၎င်းအချိန်တွင် “အဘူဆီဒိတ်”ဦးစီးသော ကုလားဆိုးသောင်းကျန်းသူ အင်အား(၄၀)ခန့်အဖွဲ့နှင့် “အနုဇော်လီ” ဦးစီးသော အင်အား (၈၀)ခန့်အဖွဲ့တို့က သီးခြားရပ်တည် လှုပ်ရှားခဲ့ကြလေသည်။
မူစလင်ပြည်နယ်ရရှိရေး လှုပ်ရှားတောင်းဆို၍ မရနိုင်ကြောင်း သိရှိလာသောအခါတွင် တိုင်းရင်းသားဖြစ်ဟန်ဆောင်ကာ ရိုဟင်ဂျာလူမျိုးဖြစ်ကြောင်း ဝါဒဖြန့် လှုပ်ရှား တောင်းဆိုလာကြခြင်းဖြစ်သည် ဆိုတာကို သတိပြုကြရပေမည်။

 ကုလားဆိုး သောင်းကျန်းသူဇော်ဖော့သည် နိုင်ငံရေးလှုပ်ရှားမှုများကို “ရိုဟင်ဂျာပြည်နယ်ထူထောင်ရေး၊ ရိုဟင်ဂျာအမျိုးသား လွတ်မြောက်ရေး” ကြွေးကြော်သံများဖြင့် စတင်ပြုလုပ်ခဲ့သည်။ အစပိုင်းတွင် ဖော်ပြခဲ့သော “ရိုဟင်ဂျာ=ရွာဟောင်းရွာသား” ဆိုသောအမည်ကို အသုံးပြုခဲ့သည်။ “၎င်းတို့သည် ရိုဟင်ဂျာလူမျိုးများ ဖြစ်သည်” ဟုဆိုကာ ၎င်းတို့၏ “ရိုဟင်ဂျာပြည်နယ် ထူထောင်ရေး၊ ရိုဟင်ဂျာအမျိုးသားလွတ်မြောက်ရေး”လှုပ်ရှားမှုများကို ဆက်လက် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

 ၁၉၇၁-ခုနှစ်၊ ဒီဇင်ဘာလတွင် အရှေ့ပါကစ္စတန်အရေးအခင်း ဖြစ်ပွားခဲ့ရာ ၎င်းအရေးအခင်းကာလအတွင်း ၎င်းအရေးအခင်းကြောင့် နယ်စပ်ဒေသမှ ကုလားဆိုး သောင်းကျန်းသူများအတွက် မှောင်ခိုလက်နက် ဝယ်ယူရရှိမှုလမ်းစ ပွင့်သွားခဲ့ပြန်သည်။ ၎င်းအခြေအနေကို အစပြုပြီး လက်နက်ကိုင်အင်အား (၂၀၀)ခန့်အထိ တိုးတက်လာခဲ့သည်။

၁၉၇၁-ခုနှစ်တွင်ပင် အရှေ့ပါကစ္စတန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအဖြစ် ထူထောင်ခဲ့ခြင်းဖြစ်သည်။ အနောက်ပါကစ္စတန်မှာ ပါကစ္စတန်နိုင်ငံအဖြစ် ဆက်လက်တည်ရှိခဲ့သည်။ တစ်နိုင်ငံတည်းမှ နိုင်ငံ(၂)နိုင်ငံအဖြစ် ကွဲသွားခဲ့ခြင်းဖြစ်သည်။

ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံတို့သည် ၁၉၄၈-ခုနှစ်မတိုင်မီကာလတုန်းက အိန်္ဒိယနိုင်ငံပိုင် ပြည်နယ်များ ဖြစ်ခဲ့ကြသည်။ အိန်္ဒိယနိုင်ငံအစိုးရထံမှ ခွဲထွက်ခွင့်အရေးဆိုပြီး သီးခြားနိုင်ငံတစ်ခုအဖြစ် ထူထောင်ခဲ့ကြခြင်းဖြစ်သည်။

#ရိုဟင်ဂျာလွတ်မြောက်ရေးပါတီ    
၁၉၇၂-ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ဇော်ဖော့သည် အကွဲကွဲဖြစ်နေသော ကုလားဆိုး သောင်းကျန်းသူများကို စုစည်း၍ ရိုဟင်ဂျာလွတ်မြောက်ရေးပါတီ (Rohingha Liberation Party) -(ရလပ)ကို စုစည်း တည်ထောင်ခဲ့သည်။ ယင်းပါတီတွင် ကုလားဆိုး သောင်းကျန်းသူဇော်ဖော့က ဥက္ကဋ္ဌနှင့် စစ်ရေးတာဝန်ခံ၊ အဘူဆီဒိတ်က ဥက္ကဋ္ဌ၊ ဘီအေဇော်ဖော့က အတွင်းရေးမှူး၊ ဇော်လဝီမူဇေက ဒုတိယအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ကြသည်။
ရိုဟင်ဂျာလွတ်မြောက်ရေးပါတီ (Rohingha Liberation Party) -(ရလပ)သည် ဘူးသီးတောင်မြို့နယ်၊ ဗောဂလိရွာတွင် အခြေချ ခိုအောင်းနေထိုင်ခဲ့သည်။ အင်အား(၅၀၀)ကျော်အထိ တိုးပွားလာခဲ့သည်။

ယင်းတို့ကို မနှစ်မြို့သော ဒေသခံတိုင်းရင်းသားများက မြန်မာ့တပ်မတော်ကို သတင်းပေး တိုင်ကြားချက်များအရ မြန်မာ့တပ်မတော်က စစ်ရေးလုပ်ငန်းများ စတင်ခဲ့လေသည်။  ၁၉၇၄-ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် ကုလားဆိုးသောင်းကျန်းသူ ဇော်ဖော့နှင့် နောက်လိုက်(၆၀)တို့သည် တစ်ဖက်နိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံသွားခဲ့ကြသည်။

ထိုသို့ပြိုကွဲသွားသော ကုလားဆိုး သောင်းကျန်းသူများကို ပြန်လည်စုစည်းရန် ကြိုးပမ်းခဲ့သော်လည်း အတွင်းရေးမှူး ဘီအေဇော်ဖော့နှင့် သဘောထားကွဲလွဲခဲ့ရာမှ ဥက္ကဋ္ဌဇော်ဖော့ ပျောက်ကွယ်ခဲ့ပြီး ဘီအေဇော်ဖော့သာ ပေါ်လွင်လာခဲ့လေသည်။ ဘီအေဇော်ဖော့သည် ဘူးသီးတောင်မြို့နယ်၊ အလယ်ချောင်းရွာဇာတိ ဖြစ်ပြီး ရန်ကုန်မြို့၊ ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်မှ ဘီအေဘွဲ့ ရရှိခဲ့သူ ဖြစ်သည်။

#ရိုဟင်ဂျာမျိုးချစ်တပ်ဦး
 ဘီအေဇော်ဖော့သည် ၁၉၇၂ ခုနှစ်တွင် ရိုဟင်ဂျာ လွတ်မြောက်ရေးပါတီ (Rohingha Liberation Party) -(ရလပ) အတွင်းရေးမှူးဖြစ်ခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် တစ်ဖက်နိုင်ငံ ဘာ့စ်ပါရ်၌ ရိုဟင်ဂျာမျိုးချစ်တပ်ဦး (RohinghaPatriotic Front = RPF) ကို ထူထောင်ခဲ့သည်။

ဘီအေဇော်ဖော့(B.A Zafur)က ဥက္ကဋ္ဌ၊ နူရ်းအစ္စလာမ် (Nutum Islam)က ဒုဥက္ကဋ္ဌ၊ မိုဟာမက်ရှော်ဖီက အတွင်းရေးမှူး၊ ဇော်ကရီးယားနှင့် ဒေါက်တာယူနိမ့်စ်(Dr.Unus)က ဗဟိုကော်မတီဝင်အဖြစ် ပါဝင်၍ အင်အား(၇၀)ခန့် ရှိခဲ့သည်။ ယင်းတို့၏ စည်းရုံးမှုကြောင့် ၁၉၇၅-ခုနှစ်တွင် ခေါ်တောကုလားလူငယ်အချို့ (ခ) ဘင်္ဂလီကုလားလူငယ်အချို့သည် မြန်မာနိုင်ငံအတွင်းမှ ထွက်ပြေးတိမ်ရှောင်၍ ယင်းအဖွဲ့သို့ ဝင်ရောက်သွားခဲ့ကြသည်။

ယင်းအဖွဲ့သည် တစ်ဖက်နိုင်ငံ၌ အခြေပြု၍ ထွက်ပြေးလာသော ကုလားများကို အကြောင်းပြုပြီး လှုပ်ရှားခဲ့ရာ ၁၉၇၈-ခုနှစ်တွင် ပိုမိုသွက်လက်ခဲ့လေသည်။
၁၉၇၈-ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ဘီအေဇော်ဖော့သည် မြန်မာနိုင်ငံ တောင်ပြို (Taungbro) ဒေသအထိ စိမ့်ဝင်လှုပ်ရှားခဲ့လေသည်။

#ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ (RSO) 
 တစ်ဖက်နိုင်ငံနယ်စပ်ဒေသကို အခြေပြု၍ လှုပ်ရှားနေသော ရိုဟင်ဂျာအမည်ခံ ကုလားဆိုးသောင်းကျန်းသူများအဖွဲ့မှာ-
(က) ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ (Rohingha Soliderity Organization = RSO)
(ခ) ရိုဟင်ဂျာမျိုးချစ်တပ်ဦး (Rohingha Patriotic Front = RPF)
(ဂ) အာရကန်ရိုဟင်ဂျာအစ္စလာမ်မစ်တပ်ဦး (Arakan Rohingha Islamic Front = ARIF)
(ဃ) ရိုဟင်ဂျာလွတ်မြောက်ရေးပါတီ (Rohingha Liberation Party)
(င) ရခိုင်ပြည်အီတီဟာဒူမူဂျာဟစ်အဖွဲ့ (Itihadul Mojahadin of Arakan = IMA) တို့ဖြစ်ကြသည်။

 ဖော်ပြပါ ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ (Rohingha Soliderity Organization = RSO)  ဥက္ကဋ္ဌ ဒေါက်တာယူနိမ့်စ်၊ စစ်ရေးတာဝန်ခံ ဇော်ကရီးယားတို့ဦးဆောင်၍ အင်အား (၃၀၀)ခန့်ဖြင့် တစ်ဖက်နိုင်ငံ အူခီးယား(Ukhia)မြို့နယ်၊ မောဇီရှပ်ရွာအနီး ဒိုင်ကြာ သီးစခန်းနှင့် ရာမူး(Ramu)မြို့နယ်၊ အူနာပါရွာ အရှေ့ဘက်တစ်မိုင်ခန့်တွင် စခန်းများ တည်ဆောက်ဖြန့်ခွဲ နေထိုင်ခဲ့ကြသည်။ ယင်းအဖွဲ့အတွက် လက်နက်များကို ကမ်ပူးချားနယ်စပ် လက်နက်မှောင်ခိုဂိုဏ်းထံမှ ရရှိနေခဲ့ပြီး အာရပ်နိုင်ငံများ၊ တူရကီနှင့် ဆော်ဒီအာရေဗျနိုင်ငံရှိ အစ္စလာမစ်အဖွဲ့ အသီးသီးတို့ထံမှ တိတ်တိတ်ပုန်းထောက်ပံ့သည့် ရန်ပုံငွေများကို ရရှိနေခဲ့သည်။  
#အာရကန်ရိုဟင်ဂျာလွတ်မြောက်ရေးတပ်ဦး
 အာရကန်ရိုဟင်ဂျာလွတ်မြောက်ရေးတပ်ဦး (Arakan Rohingha Islamic Front = ARIF) တွင် ဥက္ကဋ္ဌနာရူးအစ္စလာမ် ခေါင်းဆောင်၍ တစ်ဖက်နိုင်ငံ၊ နတ်ချောင်းစရီမြို့နယ်၊ ဇွိုင်လာဘူရီရွာတွင် စခန်းတစ်ခု တည်ဆောက်၍လည်းကောင်း၊ အူခီးယားမြို့နယ်၊ ဟေဇေလျ (Hayzelong)တွင် စခန်းများတည်ဆောက်၍လည်းကောင်း လှုပ်ရှားခဲ့ကြသည်။ ဌာနချုပ်ရုံးကို ဟော်လီမာလာရွာတွင် ဖွင့်လှစ်ထားခဲ့သည်။

 ၎င်းအဖွဲ့တွင် အင်အား(၁၀၀)ခန့်သာရှိပြီး ၁၉၉၁-ခုနှစ်၊ ဇူလိုင်လအတွင်း ၎င်းအဖွဲ့ခေါင်းဆောင် နာရူးအစ္စလာမ်သည် ထိုင်းမြန်မာနယ်စပ်ရှိ အကြမ်းဖက် သောင်းကျန်းသူများနှင့် တွေ့ဆုံ၍ စစ်ရေးမဟာမိတ် ပြုလုပ်ရန်နှင့် လက်နက်တင်သွင်းရေး ကိစ္စများကို ညှိနှိုင်းခဲ့သည်။

 ၎င်းအပြင် နာရူးအစ္စလာမ်ဦးစီးသော အာရကန်ရိုဟင်ဂျာ လွတ်မြောက်ရေးတပ်ဦး (Arakan Rohingha Islamic Front = ARIF)အား ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ဘုန်းကြီးကျောင်းသို့ ရောက်နေသူ တောင်ကုတ်ဇာတိ (ABYMU) ရဟန်းပျိုအဖွဲ့နာယက ဦးခေမာစာရက ကန့်ကွက်ခဲ့သော်လည်း အဖွဲ့သို့ ဝင်ခွင့်ပြုခဲ့လေသည်။  

ရိုဟင်ဂျာမျိုးချစ်တပ်ဦး (Rohingha Patriotic Front = RPF)သည် ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးအဖွဲ့ (Rohingha Soliderity Organization = RSO)နှင့် ပူးပေါင်းခဲ့ပြီး အာရကန် ရိုဟင်ဂျာလွတ်မြောက်ရေးတပ်ဦး (Arakan Rohingha Islamic Front = ARIF)အဖြစ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
၁၉၈၉-ခုနှစ်၊ ဇန်နဝါရီလတွင် အာရကန်ရိုဟင်ဂျာ လွတ်မြောက်ရေးတပ်ဦး (Arakan Rohingha Islamic Front = ARIF)အတွင်း ခေါင်းဆောင်များဖြစ်သည့် နူးရ်အစ္စလာမ်၊ ရှော်ဖီဟူစိန်နှင့် ဒေါက်တာယူနိမ့်စ်တို့ သဘောထားကွဲလွဲ၍ အာရကန်ရိုဟင်ဂျာ လွတ်မြောက်ရေးတပ်ဦး (Arakan Rohingha Islamic Front = ARIF)နှင့် ခွဲထွက်အဖွဲ့(ခေါ်) ရိုဟင်ဂျာမျိုးချစ်တပ်ဦး (Rohingha Patriotic Front = RPF) အဖွဲ့ဟူ၍ အသီးသီး ကွဲပြားခဲ့ကြရသည်။

 ရိုဟင်ဂျာ မျိုးချစ်တပ်ဦး (Rohingha Patriotic Front = RPF)တွင် ရှော်ဖီဟူစိန်ဦးစီး၍ အင်အား(၂၀)ခန့်ဖြင့် စစ်တကောင်း၌ အခြေပြုကာ အဖွဲ့အဖြစ် ရပ်တည်နိုင်ရေး ဆောင်ရွက်ခဲ့ကြသည်။

ယင်းအဖွဲ့-ရန်ပုံငွေရရှိရေးအတွက် ရိုဟင်ဂျာမျိုးချစ်တပ်ဦး (Rohingha Patriotic Front = RPF) ဗဟိုကော်မတီဟောင်း ဆွေဂျက်က တက္ကဆပ်နယ်တွင် အလှူငွေများ ကောက်ခံပေးလျက် ရှိခဲ့သည်။

 ရိုဟင်ဂျာလွတ်မြောက်ရေးပါတီ (Rohingha Liberation Party) -(ရလပ)အား ဖော်လိပ်မူဇာမာန်မှ ခေါင်းဆောင်လျက်ရှိခဲ့ပြီး တစ်ဖက်နိုင်ငံ၊ ကော့ဘဇား(Cox’s Bazar)ခရိုင်၊ တန်ခါလီ (Tinkhali) အနီးတွင် စခန်းတည်ဆောက် အခြေပြုလျက် အင်အား (၂၀)ခန့်ဖြင့် ရှိခဲ့သည်။ ရခိုင်ပြည်အီတီဟာဒူမူဂျာဟစ်အဖွဲ့ (Itihadul Mojahadin of Arakan = IMA)အား မော်လဝီဟာနစ် (Maulvi Hanif) ဦးစီး၍ တစ်ဖက်နိုင်ငံ အူခီးယားမြို့နယ်၊ ဂူနာမန်နာရွာတွင် စခန်းတည်ဆောက် လှုပ်ရှားလျက် အင်အား(၂၀)ခန့်ဖြင့် ရှိခဲ့သည်။

#ပြည်ပအင်အားကြီးနိုင်ငံများသို့ဝါဒဖြန့်ခြင်းနှင့်ထိရောက်မှုများ
 လူမျိုးရေးကို အခြေခံဖွဲ့စည်းထားသော တစ်ယူသန် ကုလားဆိုးအဖွဲ့များသည် ချမ်းသာကြွယ်ဝသော အစ္စလာမ်မစ်နိုင်ငံများမှ ပေးစာကမ်းစာများကို မျှော်ကိုးအားထားနေပြီး မိမိတို့နေထိုင်ရာ ဒေသတွင် လုံ့လထုတ် လုပ်ကိုင်စားသောက်လိုစိတ်မရှိဘဲ နိုင်ငံရေးနည်းလမ်းအရ အချောင်ရမည့် နည်းလမ်းကိုရွေး၍ “မြန်မာနိုင်ငံအစိုးရက မူစလင်များအား ညှဉ်းပန်းနှိပ်စက်နေကြောင်း၊ ၎င်းတို့၏ဗလီများအား ဖျက်ဆီးနေကြောင်း၊ မူစလင်အမျိုးသမီးများအား မုဒိမ်းကျင့်နေကြောင်း၊ မြန်မာနိုင်ငံထဲတွင် နေထိုင်ခွင့်မပြုဘဲ မောင်းထုတ်နေကြောင်း၊ ဘင်္ဂလားဒေ့ရှ်နယ်မြေအတွင်း မူစလင်ဒုက္ခသည်ပေါင်း များစွာ ရောက်ရှိနေကြောင်း” လှုံ့ဆော်ဝါဒဖြန့်လျက် ရှိခဲ့ကြလေသည်။

 ယင်းတို့၏ လုပ်ကြံဝါဒဖြန့်ချိမှုများကို အခြေခံ၍ ပြည်ပ အင်အားကြီးနိုင်ငံများကလည်း မြန်မာနိုင်ငံ၏ လွတ်လပ်၍ တက်ကြွသော ကြားနေနိုင်ငံခြားရေးမူဝါဒများကို ထိပါးလာခဲ့ကြသည်။ လူမျိုးရေးပဋိပက္ခကို အခြေခံ၍ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကိုပါ ပျက်ပြားရလေအောင် ဇောင်းပေးလှုံ့ဆော်ခဲ့ကြသည်။ မြန်မာနိုင်ငံအစိုးရအဖွဲ့၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က အဆိုပါဝါဒဖြန့်ချိမှုများကို ထိရောက်စွာ တုံ့ပြန်နိုင်ခြင်း မရှိခဲ့သည့်အတွက် ပြည်ပနိုင်ငံကြီးများ၏ မှားယွင်းစွာ၊ တစ်ဖက်သတ်၊ သိရှိနားလည်ခြင်းများကို အချိန်မီ ဖယ်ရှားနိုင်ခြင်းမရှိခဲ့ကြောင်း တွေ့ရသည်။

 အဆိုပါ ကုလားဆိုး သောင်းကျန်းသူများသည် ၁၉၆၀-ခုနှစ်၊ နိုင်ငံရေးအရှုပ်အရှင်းအရ နေရာတစ်ခုရရှိရေး မျှော်လင့်ချက် ရရှိမှုကို အခွင့်ကောင်းယူခဲ့ကြပြီး တိုင်းရင်းသားဖြစ်သည့် ရခိုင်များနှင့် မွန်များ၏ တောင်းဆိုချက်အရ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်  ဖြစ်ပေါ်လာသည့်အခါ တိုင်းရင်းသားမဟုတ်သည့် ခေါ်တောကုလားများ (ခ) ဘင်္ဂလီကုလားများဖြစ်ပါလျက် “ရိုဟင်ဂျာလူမျိုး” ဆိုသည့် သမိုင်းလိမ် အမည်တစ်ခုဖြင့် “ရိုဟင်ဂျာပြည်နယ် သီးခြားရရှိရေး” စတင် လှုပ်ရှားခဲ့ကြလေသည်။
 ဆက်လက်၍လည်း အစဉ်တစိုက် ဆက်လက်လှုပ်ရှား တောင်းဆိုခဲ့ကြလေသည်။

 ရိုဟင်ဂျာအမည်ခံ ကုလားဆိုး သောင်းကျန်းသူများသည် တစ်ဖက်နိုင်ငံအတွင်း အခြေချ ခိုအောင်းနေထိုင်ကာ မြန်မာနိုင်ငံအပေါ် လူမျိုးရေး၊ ဘာသာရေး အကြောင်းပြ၍ နိုင်ငံရေးမျက်နှာစာသစ် ဖွင့်လှစ်လျက် တိုက်ကွက်ဖော်နေခဲ့ကြသည်။

 ၎င်းတို့၏ တိုင်းရင်းသားမဟုတ်ပါဘဲ တိုင်းရင်းသားဟန်ဆောင် လှုပ်ရှားနေသည့် လုပ်ရပ်များသည် အင်အားကြီးနိုင်ငံများနှင့်လည်း ဆက်စပ်ပတ်သက်မှု ရှိနေခဲ့ကြသည်။

 ဆန့်ကျင်ဖက်အဖွဲ့အစည်းများ၏ ရေရှည်မဟာဗျူဟာနှင့်လည်း ဆက်စပ်ပတ်သက်မှု ရှိနေခဲ့ကြသည်။ ၎င်းတို့၏ လိမ်လည် ကောက်ကျစ်ယုတ်မာမှုများသည် ယနေ့မြန်မာနိုင်ငံသူ/သားတို့ မျှော်လင့်နေသော အနာဂတ်ဒီမိုကရေစီနိုင်ငံသစ်နှင့် တိုင်းရင်းသားလူမျိုးစု ညီအစ်ကိုများ၏ ရပိုင်ခွင့်များကိုပါ ခြိမ်းခြောက်လျက် ရှိနေခဲ့ကြသည်။

 သမိုင်းအစဉ်အဆက် အေးအတူ-ပူအမျှ နေထိုင်လာခဲ့ကြသော တိုင်းရင်းသား ညီအစ်ကိုတို့ ပိုင်စိုးရာနယ်မြေ(မြန်မာနိုင်ငံ)အတွင်း၌ ရိုဟင်ဂျာအမည်ခံ ကုလားဆိုး သောင်းကျန်းသူများ အမှန်တကယ် ရှိသင့်/ မရှိသင့်၊ ရိုဟင်ဂျာအမည် အသက်သွင်းမှု၊ ရိုဟင်ဂျာအမည် သုံးနှုန်းခေါ်ဆိုမှုတို့ကို လက်ခံသင့်/မသင့်ဆိုသည်တို့ကို အမှန်အတိုင်း ဆုံးဖြတ်နိုင်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။ အထက်တွင် ဖော်ပြခဲ့သော ၎င်းတို့၏ ဖြစ်တည်လှုပ်ရှားမှုများက ဖတ်ရှုသုံးသပ်သူတို့အား ဆုံးဖြတ်ချက် မှန်ကန်စေရန် သက်သေခံအဖြစ်ဖြင့် ဦးဆောင်လမ်းညွှန်ပေးကြလိမ့်မည်ဟု မျှော်လင့်မိပါသတည်း။

ဦးအင်္ကုရ(လားရှိုး)

Credit: ဆည်းဆာသစ်´s Page

Saturday, September 23, 2017

ချင်းတွင်းဆလုံများ

ချင်းတွင်းမြစ်ရေပြင်ပေါ်ကို အိမ်ဆောက်ပြီး နေကြတဲ့ဘ၀တွေ ( သို့မဟုတ် ) ချင်းတွင်းဆလုံများ
■■■■■■♤■■■■■■■■■■■■■■■■■■■■


ချင်းတွင်းမြစ်ရဲ့အထက်ပိုင်းမှာ ဒီလို ဖောင်အိမ်လေးတွေ တွေ့ရစမြဲ ။ အထူးသဖြင့် ဟုမ္မလင်းနယ်နဲ့ ခန္တီးနယ်ကြားမှာပေါ့။ စိတ်ဝင်တစားရှိလှပေမယ့် သူတို့ရဲ့ဘ၀သူတို့ရဲ့ နေထိုင်မှုတွေကို မေးမြန်းဖို့က အခွင့်မသာ။ ချင်းတွင်းမြစ်ထဲကို နေပူပူကျက်ကျက်အောက်က မြစ်ပြင်ကိုဖြတ်လာတဲ့ လေအေးတွေကို ခံစားရတိုင်း၊  သည်းသည်းထန်ထန်ရွာတတ်တဲ့ မိုးရေတွေ၊ မိုးကြိုးမုန်တိုင်းတွေအတူ ဖြတ်သန်းတဲ့အခါတိုင်း ၊ နှင်းစက်လေးတွေက မျက်နှာကို လာစဉ်ရင် အေးစက်စက်ရာသီဥတုနဲ့ နှင်းဖွေးဖွေးတွေ ပိတ်နေအောင်ကျနေတဲ့ မနက်ခင်းကို ဖြတ်သန်းခဲ့တိုင်း ဖောင်အိမ်လေးတွေဆီကို စိတ်က ရောက်လာတတ်စမြဲ။ တက်လိုက်ကျလိုက်ဖြစ်တဲ့ မြစ်ရေ၊ မြစ်ကမ်းခြေကို ရိုင်းစိုင်းကြမ်းတမ်းစွာ တိုက်ခတ်တတ်တဲ့ လေပြင်း၊ နှင်းမိုးသည်းသည်းနဲ့အတူ လိုက်ပါလာတဲ့ အအေးဒဏ်စတဲ့ လောကဓံတရားနဲ့အတူ ချင်းတွင်းမြစ်ပြင်ပေါ်မှာ ချင်းတွင်းမြစ်ကြီးနဲ့ အတူတကွ ခံစားကြရတဲ့ ဖောင်အိမ်က မိသားစုတွေရဲ့ဘ၀ကို အခွင့်အခါသင့်တုန်း မေးမိတာပေါ့လေ။ ချင်းတွင်းမြစ်ပေါ်က သောင်ပြင်ပေါ်က ဘ၀တွေက ပွင့်လင်းရာသီမှာသာ တွေ့ရတတ်ပေမယ့် ဖောင်အိမ်လေးတွေနဲ့နေတဲ့ ချင်းတွင်းဆလုံလို့ လူအများ ခေါ်နေကြတဲ့ သူတို့ကတော့ ရာသီမရွေး တွေ့မြင်နေရတတ်ပြီး သူတို့ဘ၀ကို ထိန်းကျောင်းဖြတ်သန်းနေကြရတာပေါ့။

“ဒီမှာနေလာတာ အနှစ် ၃၀ ကျော်ပြီလေ။ မိဘတွေနဲ့အတူ လေးနှစ်သမီးအရွယ်ကတည်းက ဒီပေါ်မှာနေလာတာ အိမ်ထောင်ကျပြီး အခုချိန်အထိပဲ” လို့ အသက် ၃၀ နှစ်အရွယ် ဒေါ်သန္တာဝင်းက ပြောပါတယ်။ သူမဘ၀မှာ ယနေ့အချိန်အထိနေခဲ့တဲ့  အိမ်ဆိုသည်မှာ အများသူငါကဲ့သို့  ကုန်းမြေပေါ် ဆောက်ထားသော အိမ်မဟုတ်၊ ၀ါးဖောင်ပေါ် အိမ်ဆောက်ပြီး ရေပေါ်တွင် နေထိုင်ကြတာဖြစ်ပါတယ်။ ဒီလိုဝါးဖောင်ပေါ် အိမ်ဆောက်ပြီး နေထိုင်ကြသော မိသားစုများကို ချင်းတွင်းမြစ်ရိုးတစ်လျှောက် တွေ့မြင်နိုင်ပါတယ်။ တချို့ကတော့ သူတို့ကို ချင်းတွင်းဆလုံတဲ့လေ။ “အစ်မတို့က မုံရွာကျောက္ကာ ဇာတိပါ။ ဟိုမှာ လုပ်ကိုင်စားသောက်ရတာ အဆင်မပြေလို့ မြေပဲနုတ်ဆိုပြီး ငယ်ငယ်လေးကတည်းက မိဘတွေနဲ့ ဒီဘက်ရောက်လာတာ။ ဒီကလူနဲ့ပဲ အိမ်ထောင်ကျပြီး မပြန်ဖြစ်တော့ဘူးလေ။ ဒီမှာက လုပ်ကိုင်စားသောက်ရတာ ပိုပြီးအဆင်ပြေတယ်။ သမီးကြီးကတော့ အိမ်ထောင်ကျပြီး မုံရွာနယ်ဘက် ပြန်ရောက်သွားပြီ။ အစ်မတို့ကတော့ ဒီမှာပဲဆက်နေပြီး ကျန်ခဲ့တာပေါ့” ဟု ဒေါ်သန္တာဝင်းက ပြောပြပါတယ်။ သူမမျက်လုံးတွေက အိမ်အပြင် မြစ်ပြင်ဘက်ကို ငေးကြည့်ရင်းပေါ့။  သူမတို့လို ၀ါးဖောင်ပေါ်မှာ အိမ်ဆောက်ပြီးနေတဲ့မိသားစုတွေအားလုံးက ရွှေ့ပြောင်းတွေပဲ ဖြစ်ကြပါတယ်။ တချို့က မုံရွာနယ်ဘက်၊ တချို့က မန်းလေးနယ်ဘက်ကနဲ့ တချို့ဆို ရန်ကုန်ဘက်ကပင် ပါလိုက်သေး။  ရေကြည်ရာမြက်နုရာ ရှာဖွေစားသောက် လုပ်ကိုင်ရင်း နောက်ဆုံးတော့ ချင်းတွင်းမြစ်ရေ နောက်ကျိကျိပေါ်မှာပဲ လုပ်ကိုင်စားသောက်ပြီး ဘ၀ကို တည်ဆောက်နေကြရတာပေါ့။ ချင်းတွင်းရေ နောက်ကျိကျိသောက်မိ၍ မပြန်နိုင်ဆိုတာ သူတို့တစ်တွေလား။

ချင်းတွင်းမြစ်ပေါ်မှာ အိမ်ဆောက်ပြီး နေကြတဲ့သူတွေရဲ့အိမ်ဆိုတာ ၀ါးဖောင်ပေါ်မှာ ရုံးမိုးဝါးကပ်ကာထားသော အိမ်ဟု မည်ကာမတ္တခေါ်နိုင်သော တဲသာသာ အိမ်လေးတွေဖြစ်ပါတယ်။ ထုထည် တစ်တောင်ကျော် လောက်ရှိပြီး ခန့်မှန်းခြေ ၀ါးအတိုအရှည် အလုံး ၁၀၀ ကျော်လောက်ကို ကြိမ်ကြိုးတွေနဲ့ တုပ်နှောင်ပြီး ၀ါးဖောင်ဖွဲ့ထားရတာပေါ့။ အဲဒီဝါးဖောင်ပေါ်မှာ လေးဝါးလို့ ဒေသခံတွေခေါ်တဲ့  ၀ါးကြီးကြီးတွေကို ကွဲထွက်မသွားအောင် အပြားလိုက်အစိတ်စိတ်လေးတွေ ပြုလုပ်ပြီး ကြမ်းခင်းအဖြစ် ခင်းထားရပါတယ်။  ဒီလိုခင်းထားတဲ့ ကြမ်းခင်းတွေကို ချင်းတောင်ဒေသမှာရှိတဲ့ တောင်ယာတဲတွေမှာလည်း ကြမ်းခင်းအဖြစ် အသုံးပြုကြတယ်လေ။  ရေပေါ်ပေါ်နေတဲ့ ဒီလိုကြမ်းခင်းအပေါ်မှာ လူတစ်ရပ်သာသာအမြင့်ရှိတဲ့ တဲအိမ်လေးကို ရုံးဖြင့်မိုးပြီး ၀ါးကပ်ကာဖြင့်ကာထားတဲ့  အိမ်လေးထဲမှာ ဒေါ်သန္တာဝင်းတို့  မိသားစုငါးယောက် နေထိုင်ကြခြင်းဖြစ်ပါတယ်။ မလုံ့တလုံဖြစ်နေတဲ့ အိမ်လေးရဲ့ အချို့နေရာမှာတော့ မိုးကာစဖြင့် ကာရံထားရတာပေါ့လေ။

အိမ်လေးထဲမှာတော့ အခန်းသုံးခန်းကို ၀ါးကပ်နဲ့ပဲ ကန့်ထားပါတယ်။  အိမ်လေးရဲ့ ခေါင်းရင်းအမြင့်ဘက်မှာတော့ ဘုရားပန်းအိုးတစ်လုံး၊  ဆင်းတုတော်တစ်ဆူနဲ့ အောက်ဘက်မှာတော့  ခြင်ထောင်ကိုလုံးထွေးပြီး စောင်ခေါက်ထားသော အိပ်ရာခင်းတစ်ခု၊ အဲဒီဘေးမှာတော့ စားပွဲတစ်လုံး၊ တီဗွီအသေး၊ စီဒီစက်တစ်လုံး ဘက်ထရီအိုးအသေး တစ်လုံး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေပေါ့လေ။

အဲဒီအိပ်ရာခြေရင်းမှာတော့ ခွေးနှစ်ကောင်က အိပ်လျက်သား၊  ခြေရင်းဘက် ကန့်ထားသောအခန်းထဲတွင် သံသေတ္တာလေးလုံးနဲ့ မီးဖိုချောင်တို့ကို အတိုင်းသားမြင်တွေ့နေရပါတယ်။

“ဒီအိမ်က အခန်းသုံးခန်းပါပြီး တခြားအိမ်တွေထက်ကျယ်တယ်။ ဒါဝယ်တုန်းက တစ်သိန်းခွဲပေးရတယ်။ သုံးနှစ်တစ်ခါဝယ်ပြီး နေရတယ်။ သုံးနှစ်ကျော်ရင် နေလို့မရတော့ဘူး” ဟု ဒေါ်သန္တာဝင်းက ပြောပြပါတယ်။  သူမပြောတဲ့ တခြားအိမ်ဆိုတာ သူမတို့လိုပဲ ၀ါးဖောင်ပေါ်မှာနေကြတဲ့ သူတို့လို အခြားအိမ်တွေကိုဆိုလိုခြင်းဖြစ်ပါတယ်။  သူမတို့ အိမ်ဘေးမှာ ၀ါးဖောင်ပေါ်က အိမ်မှာပဲနေထိုင်ကြတဲ့ မိသားစု ၁၀ စုလောက်ရှိပါတယ်။

“ယောက်ျားက ဆိပ်ကမ်းမှာ ကုန်ထမ်းတယ်။ သားကြီးက အမြန်ယာဉ်မှာ လူခေါ်ပေးတယ်။ သားကြီးက ၁၄ နှစ်ရှိပြီ။ ကျောင်း မနေချင်တော့ဘူးဆိုလို့ ထွက်ခိုင်းလိုက်တာ။ အငယ်နှစ်ယောက်က ကျောင်းတက်နေတယ်။ အစ်မက အ၀တ်လျှော်တယ်။ တစ်ဇလုံကို ၃၀၀၀ ရတယ်။ တချို့ကျတော့ လပြတ်နဲ့ ပေးတာ  တစ်နေ့ကို သုံးဇလုံလောက်တော့ လျှော်ရတယ်။ အိမ်မှာလူသုံးယောက် အလုပ်လုပ်ပေမယ့် စုမိတယ်ဆိုတာ မရှိပါဘူး။  ရရစားစားပါပဲ။ ဒါတောင် ပြီးခဲ့တဲ့မိုးတွင်းက အလုပ်အကိုင် အဆင်မပြေတုန်းကဆိုရင် ဆန်ကွဲကျိုပြီး သောက်ခဲ့ရတယ်။ ဖျားနာတဲ့အခါလည်း ဗမာဆေးပဲသောက်ပြီး ပျောက်သွားတာ။ ရွှေမြင်တင်ဆေးနဲ့ ကွမ်းရွက်ကတော့  မရှိမဖြစ်ပဲ”လို့  ပြောပြနေရင်း  ကွမ်းရွက်ကိုထုတ်၊ ထုံးသုတ်၊  ကွမ်းသီးနဲ့ ဗမာ ဆေးထည့်ပြီး ကွမ်းဝါးလိုက်ရင်း ဒေါ်သန္တာဝင်းက ပြောပြနေပါတယ်။ သူမပါးစပ်အတွင်းက ကွမ်းယာကို တစ်ချက်၊ နှစ်ချက်ဝါးပြီး နောက်မှာတော့ အိမ်ကြမ်းပြင်က ကြမ်းပေါက်လေးကို လက်နှင့်ဖြဲကာ အောက်သို့ ကွမ်းသွေးထွေးချလိုက်လေရဲ့။ သူမရဲ့ကလေးတစ်ယောက်က ဇလုံထဲထမင်းထည့်စားနေပြီး နံဘေးမှ အမြီးနှံ့နေသော ခွေးများကို သူစားနေသော ထမင်းအချို့ ချကျွေးနေပါတယ်။ ချင်းတွင်းမြစ်ပေါ်မှာနေရတဲ့ သူမတို့ဘ၀ကို သူမတို့ ကျေနပ်လေဟန်တော့ ရှိနေမယ်လို့ တွေးမိပါတယ်။ ချင်းတွင်းမြစ်ပြင်မှာတော့ အေးစက်စက်မြောက်ပြန်လေလား၊ မုတ်သုံရာသီနဲ့အတူ ဆုတ်ခွာရင်း ထွက်ခွာမယ့်လေတွေလားတော့မသိ၊ တဟူးဟူးတိုက်ခတ်နေပါတယ်။ မြစ်ထဲကစက်လှေများ၊ ရှော်တယ်၊ အမြန်ယာဉ်များ ဖြတ်မောင်းသွားတဲ့ အချိန်မှာတော့ သူမတို့အိမ်လေးက ငလျင်လှုပ်တဲ့အလား တသိမ့်သိမ့်တုန်ခါလို့ ယိမ်းလိုက် နွဲ့လိုက်နဲ့ပေါ့လေ။ ဒါပေမဲ့ ဒေါ်သန္တာဝင်းနှင့် ကလေးများကိုကြည့်တော့ မတုန်မလှုပ်ဖြစ်ရိုးဖြစ်စဉ်မို့ အိမ်လှုပ်သွားတာတောင် မသိကြတဲ့အလား။ “ဒီကလေးတွေကိုလည်း ဒီပေါ်မှာပဲ မွေးတာလေ။ အခု အငယ်ဆုံးက ငါးနှစ်။ သူလည်း ရေကူးတတ်နေပြီ”တဲ့။ ဒီပေါ်မှာပဲမွေး ဒီပေါ်မှာပဲကြီးဆိုတော့ သူမတို့အတွက် ရေပြင်က မြေပြင်သဖွယ်လိုပေါ့။  ကလေးတွေငယ်တုန်းက ရေထဲပြုတ်မကျဘူးလားဆိုတော့ တစ်ခါမှပြုတ်မကျဖူးဘူးတဲ့။ အော် သူ့အရပ်နဲ့ သူ့ဇာတ်နဲ့ကျတော့လည်း အံကိုက်လိုကိုဖြစ်လို့။

အကာအကွယ်မရှိ မြစ်ပြင်ထဲက ၀ါးဖောင်လေးပေါ်က အိမ်လေးထဲမှာ နေထိုင်ကြတဲ့ သူတို့အတွက်တော့  မိုးရွာတာ၊  လေပြင်းတိုက်တာ၊  ဆီးနှင်းကျတာတွေက အဆန်းမဟုတ်တော့။

“အိမ်ရဲ့အမိုးက မိုးလုံပါတယ်။ ဆောင်းတွင်းလည်း ထူးပြီးအေးတယ် မထင်ပါဘူး။ ရေကြီးတဲ့အခါလည်း ဒီပေါ်မှာပဲ ဆက်နေတာပဲ။ ရေကြီးရင် ကြီးတဲ့အလိုက် ကမ်းကပ်ပြီး ရေပြန်ကျသွားတော့ လျောကျသွားတာပဲ။ ရေကြီးလို့ ရေဘေး ကယ်ဆယ်ရေးစခန်း သွားနေရအောင်လည်း ကျွန်မတို့ကို ရပ်ကွက်စာရင်းမှာမပါလို့ လက်မခံနိုင်ဘူးတဲ့လေ။ ဒီတော့လည်း ဒီမှာပဲ ဆက်နေကြတာပေါ့”ဒေါ်သန္တာဝင်းက မဲ့ပြုံးလေးပြုံးပြီး ဆက်ပြောနေပါတယ်။ အော်မြန်မာပြည်ထဲမှာ မွေး၊ မြန်မာပြည်ထဲမှာကြီးပြင်းလာကြတဲ့ သူတို့တစ်တွေက ခဏတာ ကုန်းပေါ်တက်နေဖို့အတွက် ရပ်ကွက်စာရင်းမှာ မပါကြလို့ မနေရတော့ဘူးတဲ့လား။ ဒါနဲ့သူတို့ကို တစ်ဆက်တည်း မှတ်ပုံတင် ရှိလားမေးကြည့်တော့ သူမတို့ လင်မယားနှစ်ယောက်စလုံး မှတ်ပုံတင်မရှိကြ။

အိမ်ထောင်စုဇယားကလည်း သူမ၏ မိဘလက်ထက်က အိမ်ထောင်စုဇယား။ မှတ်ပုံတင် မလုပ်ဘူးလားမေးကြည့်တော့ သူများတွေက မှတ်ပုံတင်လုပ်ရင် ပိုက်ဆံပေးရတယ် ပြောလို့ မလုပ်တော့ဘူးတဲ့လေ။ မှတ်ပုံတင်မရှိလည်း နေလို့ရနေတာပဲဆိုပြီး ပြန်ဖြေပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက ဘယ်လို မဲပေးသလဲမေးကြည့်တော့ သူမတို့လင်မယားနှစ်ယောက်စလုံး မဲမပေးပါတဲ့။  သူမတို့ကို ရွေးကောက်ပွဲအကြောင်း၊ မဲပေးရမည့် အကြောင်းရှင်းပြသူ၊ ပြောပြသူ၊ တစ်ယောက်မှမရှိပါတဲ့။ “အစ်မတို့ပဲ မဟုတ်ဘူး။ ဒီနားကတွေ အကုန်လုံး ဘယ်သူမှ မဲမပေးဘူး။ ဘယ်သူမှလည်း မှတ်ပုံတင်မရှိကြဘူးတဲ့။ အနီးအနားကို လိုက်မေးကြည့်တော့လည်း တကယ့်ကို မှတ်ပုံတင်မရှိကြ။ မြန်မာနိုင်ငံသား မိဘနှစ်ဦးက မြန်မာနိုင်ငံမှာ မွေးဖွားခဲ့ပြီး မြန်မာနိုင်ငံသားမှတ်ပုံတင် မရှိကြဘူးဆိုတော့ မျက်လုံးကျဉ်းကျဉ်း အသားဖြူဖြူ စကားသံဝဲ၀ဲနှင့် မြန်မာစကားကို ပီပြင်မပြောဆိုနိုင်ဘဲ မြန်မာနိုင်ငံသားလက်မှတ်ကို တရားဝင် ကိုင်ဆောင်ထားကြသူတွေ၊ အနောက်ဘက်က ခိုးဝင်လာပြီး မြန်မာနိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားကြသော ဘာလက်မှတ်မှမရှိဘဲ လူ့အခွင့်အရေး တွင်တွင်အော်နေကြတဲ့  အချို့လူမျိုးတွေကို စာနာသနားနေတဲ့ သူတွေကို မေးလိုက်ချင်တာက မြန်မာနိုင်ငံထဲ မှာ မွေး ၊ မိဘဘိုးဘွားတွေက မြန်မာနိုင်ငံသား စစ်စစ်ဖြစ်ပြီး မဲပေးခွင့်တောင် မရှိ ၊ နိုင်ငံသားရယ်လို့ အသိအမှတ်ပြု အထောက်အထား လက်မှတ်တောင် မရှိတဲ့သူတွေအတွက် လူ့အခွင့်အရေးတို့ နိုင်ငံသားအခွင့်အရေးတို့ ဆိုတာ ဘယ်လိုများ စဉ်းစားထားကြပါသလဲလို့ မေးခွန်းထုတ်ချင်မိပါတယ်။

ကုန်းပေါ်နေဖို့ စိတ်မကူးဘူးလား ကုန်းပေါ် မနေချင်ဘူးလား မေးကြည့်တော့ မချိပြုံးလေးပြုံးပြီး “မနေချင်ပါဘူး။ ဒီမှာလည်း နေလို့ ရတာပဲလေ”တဲ့။  “အရင်ကတော့ ခြံလေးတစ်ကွက် ၀ယ်ဖူးတယ်။ စီးပွားရေးအဆင်မပြေတာနဲ့ ပြန်ရောင်းပြီး ၀ါးဖောင်ပေါ်ပဲပြန်နေကြတာ”လို့  ဒေါ်သန္တာဝင်းက ပြန်ဖြေပါတယ်။  ဒီမေးခွန်းကို လျှာရှည်ပြီးမေးလိုက်မိတဲ့ ကိုယ့်ကိုယ်ကိုယ်ပင် စိတ်ထဲမှ တိုးတိုးလေး ကျိန်ဆဲလိုက်မိရင်း ကိုယ့်ကိုယ်ပဲ ဒေါသထွက်မိတာပေါ့။  ဘယ်သူကများ ၀ါးဖောင်ပေါ် တစ်သက်လုံး နေချင်မှာလဲ။ သူတို့တစ်တွေလည်း အခြားသူတွေလို ခြံနှင့်ဝင်းနှင့်အိမ်နှင့် နေချင်ကြမှာပေါ့။ စားဝတ်နေရေးဆိုတဲ့ အထဲက ထမင်းစားဖို့ကိုပဲ မနည်းကြိုးစား ဖြေရှင်းနေရတဲ့ သူတို့တွေအတွက် နေရေးဆိုတာက နောက်ဆုံးမှ ဖြေရှင်းရမည့် အရေးမကြီးသော ပြဿနာများဖြစ်နေတာ သိပ်ထူးဆန်းတော့တာမှ မဟုတ်တာ။ “မနှစ်က ၀ါးဖောင်တစ်အိမ် မျောသွားသေးတယ်လေ။ ညအိပ်နေတုန်း မျောသွားတာဆိုတော့ ဘယ်သူမှမသိလိုက်ဘူး။ ဟိုးအောက်ဘက်အထိ မျောသွားတာ။ ဒီကတွေ အကုန်လုံးစက်လှေစုငှားပြီး ပြန်ဆွဲလာကြရတယ်။ တော်သေးတာပေါ့ လူဘာမှမဖြစ်လို့ “ ဒေါ်သန္တာဝင်းက မနှစ်က အဖြစ်အပျက်တစ်ခုကို ပြန်ပြောပြနေတာပေါ့။ သူမတို့အတွက်တော့  စိတ်အေးလက်အေး ဘာမှ မထူးသလို ပြန်ပြောပြနေပေမယ့် နားထောင်ရတဲ့သူအဖို့ စိတ်ချောက်ချားစရာ။ ဘ၀ဆိုတာ ဒုက္ခတွေနဲ့ စရန်သတ်ထားသလိုပဲ။ ပုံမှန်အားဖြင့်တော့ ဒီလိုမျောသွားတာမျိုး သိပ်မရှိလို့ သိရပါတယ်။ “ ကြိုးသုံးချောင်းနဲ့  သုံးနေရာခွဲပြီး ကမ်းဘက်မှာတိုင်စိုက်ပြီး အိမ်ဆောက်ထားတဲ့ ၀ါးဖောင်ကို  ချည်ထားတာလေ။ ညရေးညတာ တစ်ရေးနိုးတဲ့အခါတော့ ထပြီးကြည့်ရတာပေါ့ ”။

သူတို့တွေအဖို့ ဒီလိုဝါးဖောင်လေးထဲက အိမ်လေးမှာ ဘယ်လိုလုပ်ပြီး စိတ်ချလက်ချ အိပ်ပျော်နိုင်ကြတာလဲဆိုတာ မသိနိုင်။ တော်တန်ရုံမိုးကြီး လေပြင်းတိုက်ခတ်တဲ့အချိန်ဆိုရင် ကုန်းပေါ်ကအိမ်ထဲမှာ အိပ်နေတဲ့လူတွေ နိုးလာကြပြီး စိုးရိမ်ပူပန်နေကြတာ။ သူတို့တွေကတော့ ဘယ်လိုအင်အား ဘယ်လိုစိတ်ဓာတ် ဘယ်လိုသတ္တိတွေနဲ့ နေထိုင်နိုင်ကြတာလဲဆိုတာ စဉ်းစားမရ။ ဆင်းရဲချို့တဲ့မှုတွေကြောင့် သူတို့ ဘာကိုမှမကြောက်တတ်ကြတော့ သလို ၊ ဘယ်မှသွားလို့မှ မရတော့လည်း ရှိတဲ့သတ္တိလေးအားအဖြစ် မွေးမြူ နေထိုင်ရတာ နေမှာပါပဲလေ ။

မြစ်ရေပြင်ကိုကြည့်ရင်း သူမတို့ အသုံးပြုတဲ့သောက်သုံးရေအကြောင်း စပ်စုမိပါ တယ်။  “ချက်ပြုတ်တာလား ဒီရေနဲ့ပဲ ချက်တာပေါ့။ သောက်ရေကိုတော့ ကုန်းပေါ်က တုံကင်ရေခပ်တယ်”ဟု ဒေါ်သန္တာဝင်းက ပြောပြပါတယ်။ သူမတို့၏ တဲအိမ်ရှေ့မှာပဲ အ၀တ်လျှော်ကြ၊ ရေချိုးကြ၊ အ၀တ်လှန်းကြ၊ နေစာလှုံကြပေါ့။ အပေါ့အလေးအတွက် အိမ်သာဟူ၍ မည်မည်ရရမရှိ။ ကြည့်ရသည်မှာ အိမ်ပေါ်ကနေပဲ ရေထဲကို ကိစ္စပြီးလိုက်တယ်လို့ တွေးမိပါတယ်။ လောလောဆယ်မှာတော့  အိမ်ဘေးမှာက ကလေးအချို့ ရေချိုး ရေကူးနေကြပါတယ်။  အခြားဝါးဖောင်ပေါ်က အိမ်တွေလည်း သူမတို့ကဲ့သို့ပင်၊  ချင်းတွင်းမြစ်ရေထဲတွင် ခဲဓာတ်များတာ သောက်သုံးရန်မသင့်တာ သိပုံမပေါ်။ ကိုယ့်မှာသာ သူတို့တွေကိုကြည့်ပြီး “ လှံဖျားပေါ် ပုစဉ်းနားတာ ကျီးကန်းက ကြောက်ချေးပါသလို”ဖြစ်နေတာပေါ့ ။  သူတို့ အတွက်က  ဒီရေပေါ်မှာနေ ဒီရေကိုသုံးပြီးဘ၀ကို ဒေါင်ကျကျ ပြားကျကျ ရင်ဆိုင်ဖြတ်သန်းနေကြတဲ့ သူတွေသာ။      

တောင်ဘက်ဆီမှ မိုးလေးညို့လာပြီး မြစ်ပြင်မှာ လေတိုက်လာတော့ ဒေါ်သန္တာဝင်းတို့ တဲအိမ်လေးကို နှုတ်ဆက်ခဲ့ပါတယ်။ ရေလှိုင်းတွေကြားမှာ နိမ့်တုံမြင့်တုံဖြစ်နေတဲ့ အိမ်လေးအပေါ်မှာ ရေကြောက်တတ်တဲ့သူ အဖို့ ရင်ဖိုချင်စရာ။  မပြန်ခင် ဘေးနားက ၀ါးဖောင်အိမ်လေးတွေကို လိုက်ပတ်မေးကြည့်တော့ မိန်းမသားအများစုက အ၀တ်လျှော် ယောက်ျားသားတွေက ကုန်ထမ်း အလုပ်ဆင်းကြပြီး တဲအိမ်လေးတွေမှာ မိန်းမသားတွေနှင့် ကလေးတွေ ခွေးတွေပဲရှိကြတာပေါ့။  အချို့ကလေးတွေက သောင်ပြင်မှာ ဘောလုံးကန်၊  အချို့က မြစ်ထဲမှာ ရေဆင်းချိုး၊ အချို့ကတော့ အမှိုက်ပုံမှာ ဘာကိုမှန်းမသိ သဲကြီးမဲကြီး ရှာနေကြတာပေါ့။  ၀ါးဖောင်ပေါ်က အိမ်လေးမှာတော့ မိန်းမကြီးများက အ၀တ်လျှော် ထမင်းဟင်းချက် အိမ်မှုကိစ္စလုပ်။

ဒီလိုနှင့် တစ်နေ၀င်၍ တစ်မိုးချုပ်သွားလျှင် သူမတို့၏ ၀ါးဖောင်ပေါ်က အိမ်လေးမှာ ဘက်ထရီမီးလေးထွန်းပြီး ညစာစား ၊  အချို့က တီဗွီသေးလေးတွေနှင့် ဇာတ်လမ်းတွဲခွေကြည့်ကြ၊ တီဗွီကြည့်နိုင်သောအိမ်ကို ဘေးနားက အိမ်လေးတွေကလည်း ၀ိုင်းပြီးလာကြည့်ကြမယ်ပေါ့လေ။ ညဥ့်နက်လို့အချိန်တန်ရင်တော့ အားလုံးကိုယ့်ဝါးဖောင် အိမ်လေးကိုယ်ပြန်ပြီး အိပ်စက် အနားယူကြပြီး နေ့တစ်နေ့ကို အိပ်မောကျကာ ကုန်ဆုံးစေမပေါ့။  တစ်နေကုန် ပင်ပန်းခဲ့သမျှ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ကြမည်မို့ သူမတို့၏ အတွေးထဲတွင် ရေပေါ်မှာလား ကုန်းပေါ်မှာလားဆိုတာ မတွေးအား။အားလုံးက အိပ်ရာနှင့်ကျောပြင်ထိလျှင် အိပ်ပျော်သွားကြသည်ချည်း ဖြစ်မည်လို့  တွေးထင်မိပါတယ်။

နောက်တစ်နေ့ တစ်မိုးသောက်ခဲ့မယ်ဆိုရင်လည်း ရင်ဆိုင်ဖြေရှင်းရမည့် စားဝတ်နေရေးတွေက သူမကို အဆင်သင့် စောင့်ကြိုနေမှာပေါ့။ တစ်ရက်ပြီးလျှင် ၊ တစ်လ ၊နောက်တစ်လပြီးလျှင် တစ်နှစ် ဒီလိုနဲ့ သုံးနှစ်မြောက်ဆိုရင်တော့ ဖောင်အိမ်လေးကို အသစ်တစ်ခါ လဲနိုင်ဖို့ ပိုက်ဆံစုရင်း၊ တခြားလူတွေလို ကုန်းပေါ်မှာ အိမ်လေးဆောက်ပြီး နေထိုင်နိုင်ဖို့ စိတ်ကူးယဉ် အိပ်မက်ရင်းနဲ့ပေါ့။ တကယ်တော့ သူတို့စိတ်ကူးတွေက လက်တွေ့ဖြစ်လာမည်လေလား။ စီးပွားမရှိတော့ ပညာမတတ်ကြ၊ ပညာမတတ်ကြတော့ ဘ၀ကို တိုးတက်ဖို့ကမလွယ်၊ သူတို့ ရဲ့ဘ၀အတွက် စဉ်းစားကြည့်ရင်း သူမတို့ကို ငေးမောရင်း ချင်းတွင်းမြစ်ရေ နဲ့ စိတ်ကူးတွေက စီးမျောလို့။ အခြေခံလူတန်းစားဘ၀တွေကို ပြောင်းလဲအောင် မလုပ်နိုင်သရွေ့တော့ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုဆိုတာ စကားလုံးတစ်လုံးဖြစ်တည်မှုမှအပ ဘာမှဖြစ်လာမည်မဟုတ်လို့ တွေးတောမိရင်း ။ ချင်းတွင်းမြစ်ရယ် ဖောင်အိမ်လေးတွေရယ် အခြေခံလူတန်းစားတွေရယ် ကျန်းမာကြပါစေလို့ တိတ်တခိုး ဆုတောင်းရင်းဖြင့် ...။

Writer: 
အောင်သူထွန်း၊ မဖေငြိမ်း

Friday, September 22, 2017

ကြက်ခြေထောက်မာလာသုပ် - ပုစွန်ခေါက်ဆွဲရည်ချက်နည်း - ထိုင်းစတိုင် ပဲကြာဇံသုပ်

(မူရင်း ချက်ပြုတ် တင်ဆက်သူများရဲ့ နာမည်မှာ သူတို့ Page တွေကို Links ချိတ်ပေးထားပါကြောင်း)

ကြက်ခြေထောက်မာလာသုပ်


သူငယ်ချင်းတွေအတွက် ကဲကဲအိမ်မှာ လုပ်စားတဲ့နည်းလေးကို ဝေမျှထားပါတယ်။ ကြက်ခြေထောက်မာလာရှူးရှဲလေးကတော့ ထမင်းနှင့် စားတာထက် ဒီအတိုင်းလေး ရေနွေးကြမ်းပူပူလေးနှင့် စားတာက ပိုကောင်းပါတယ်။
ကုန်သွားသည့်တိုင် ပါးစပ်တွေ ပူနေပေမယ့်လည်း ဆက်စားချင်အောင် ကောင်းပါတယ်ရှင်။

**ဘေးမှာ တစ်ရှူးလေး များများယူထားပါနော် :)

Ingredients:
ကြက်ခြေထောက် ၁၀ခု
စီချွမ်ငရုတ်ကောင်း ဇွန်းသေး ၁၀က်
တရုတ်မဆလာ ဇွန်းသေး ၁ဇွန်း
ငရုတ်သီးအကြမ်းမှုန့်  ထမင်းစားဇွန်း ၂ဇွန်း
ပဲငပိအငန် ထမင်းစားဇွန်း ၁ဇွန်း
ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၁ဇွန်း
ရှာလကာရည် ထမင်းစားဇွန်း ၁ဇွန်း
ကြက်သွန်မိတ် အနည်းငယ်
နံနံပင် အနည်းငယ်
ချင်း အနည်းငယ်
ကြက်သွန်ဖြူ ၅မွှာ
မြေပဲဆံလှော်ထောင်း အနည်းငယ်
နှမ်းလှော် အနည်းငယ်
သကြား ထမင်းစားဇွန်း ၁ဇွန်း
ကြက်ပြုတ်ရည် ပန်းကန်လုံး ၁လုံးစာ
ဆား အနည်းငယ်
ဆီ အနည်းငယ်

Preparation Method:
မာလာအနှစ်အတွက်
၁) အိုးထဲ ဆီ အနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်၊ နုပ်နုပ် စင်းထားတာ ထည့်ပါ။ ချင်းကို ပါးပါးလှီးထည့်ပါ။ ငရုတ်သီးအကြမ်းမှုန့်  ထည့်ပါ။
၂) စီချွမ်ငရုတ်ကောင်း၊ ပဲငပိအငန်၊ ကြက်သွန်မိတ်၊ နံနံပင်၊ တရုတ်မဆလာ၊ မြေပဲဆံလှော်ထောင်း၊ နှမ်းလှော်၊ သကြား ထည့်မွှေပါ။
၃) ပဲငံပြာရည်အကြည်၊ ရှာလကာရည် ဆက်ထည့်ပါ။ ကြက်ပြုတ်ရည်ထည့်ပြီး ဆူအောင် တည်ပါ။
၎) ကြက်ခြေထောက်တွေကို သန့်စင်ပြီး ဆားအနည်းငယ်ဖြင့် နယ်ပါ။ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတည်ပါ။
၅) နူးပြီဆိုလျှင် မာလာအနှစ်ဖြင့် ရောပါ။ ပန်းကန်ထဲ ပြောင်းထည့်ပြီး နှမ်းလှော်နှင့် ကြက်သွန်မိတ် အနည်းငယ် ဖြူးပါ။

အရမ်းစားလို့ ကောင်းတဲ့ ပူပူစပ်စပ် ကြက်ခြေထောက်မာလာသုပ် ရပါပြီရှင်။

ပုစွန်ခေါက်ဆွဲရည်ချက်နည်း


Ingredients:
ကြက်ဥခေါက်ဆွဲခြောက် ၁ထုပ် (သို့ ) ကြက်ဥခေါက်ဆွဲ ၁၅ကျပ်သား
ပုစွန်ကျား ၁၅ကျပ်သား
ကြက်ပြုတ်ရည် ၁ဗူး
ကြက်သွန်ဖြူ ၃မွှာ
ကြက်သွန်နီ ၂လုံး
နံနံပင် အနည်းငယ်
ငါးငံပြာရည် အနည်းငယ်
ကြက်ဥ ၂လုံး
သံပုရာသီး ၁လုံး
ငရုတ်သီးစိမ်း အနည်းငယ်
ကြက်သွန်မိတ် ၃ပင်
ဆား အနည်းငယ်

*Readymade ကြက်ပြုတ်ရည်အစား ကြက်ရိုးတွေနှင့်လည်း ဟင်းရည်ပြုလုပ်နိုင်ပါတယ်ရှင်။

Preparation Method
၁) ပုစွန်တွေကို ခေါင်းဖြုတ်၊ အမြီး ဖယ်ပြီး အမည်းကြောင်းလေးကို ထုတ်ပါ။ ပြီးလျှင် ရေဆေးပြီး ရေစစ်ပါ။
၂) အိုးထဲကို ရေ အနည်းငယ် ထည့်ပြီး ဆူအောင် တည်ပါ။ ဆူလာလျှင် ရှာလကာရည် အနည်းငယ် ထည့်ပါ။ ပုစွန်တွေကို ထည့်ပါ။ ပန်းရောင်သမ်းလာလျှင် ဆယ်ယူပြီး ပန်းကန်ဖြင့် ထည့်ထားပါ။
၃) အိုးထဲကို ရေ တစ်ဝက်ခန့် ထည့်ပြီးဆူအောင် တည်ပါ။ ပွက်ပွက်ဆူလာလျှင် ကြက်ဥခေါက်ဆွဲခြောက်တွေ ထည့်ပါ။ ၅မိနစ်ခန့်  ကြာအောင် ပြုတ်ပြီး ဆယ်ယူပါ။ အပေါ်မှ ရေအေးလောင်းချပြီး ရေစစ်ထားပါ။
၎) ကြက်သွန်နီကို အခွံနွှာ ရေဆေးပြီး အဖတ်လေးတွေရအောင် ခွာပါ။ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ ကို မညက်တညက် ရောထောင်းပါ။
၅) နံနံပင်နှင့် ကြက်သွန်မိတ်တို့ ကို ပါးပါးလှီးပြီး ပန်းကန်လေးတွေဖြင့် သပ်သပ်စီ ထည့်ပါ။ သံပုရာသီးကိုလည်း အစိပ်လေးတွေ စိပ်ပြီး ပန်းကန်ဖြင့် ထည့်ထားပါ။
၆) အိုးထဲကို ရေ ၁၀၀၀မီလီလီတာ (ရေသန့်ဗုး ၁ဗူးစာ) ထည့်ပြီး ဆူအောင် တည်ပါ။ ငါးငံပြာရည် အနည်းငယ် နှင့် ဆား အနည်းငယ် ထည့်ပါ။ ဆူလာလျှင် ကြက်ပြုတ်ရည်ထည့်ပြီး ဆူအောင် ထပ်တည်ပါ။
၇) ဟင်းရည်ထဲ ကြက်သွန်နီနှင့် ကြက်သွန်မိတ် အနည်းငယ် ထည့်ပါ။
၈) တစ်ယောက်စာအတွက် ပန်းကန်ထဲကို ခေါက်ဆွဲ လိုသလောက် ထည့်ပါ။ ပုစွန် ၃ကောင်လောက်ထည့်ပါ။ ကြက်ဥ ၁လုံးဖောက်ထည့်ပါ။ ပြီးမှ ဟင်းရည်ပူပူကို အပေါ်မှ လောင်းထည့်ပါ။ အစာပလာ ထည့်ပြီး သုံးဆောင်လို့ရပါပြီရှင်။
Kae Kae

ထိုင်းစတိုင် ပဲကြာဇံသုပ်
---------------------------------

ထိုင်းစတိုင် ပဲကြာဇံသုပ်လေးပါ။ ပဲကြာဇံ နဲ့ အာလူး၊ ခရမ်းချဉ်သီး၊ ကြက်သား တို့ဖြင့် ချိုချဉ်စပ်သုပ်ထားတာပါ။ အရသာကလည်း အရမ်းကောင်းမွန်ပြီ လုပ်ရတာလည်း လွယ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…
---------------------------------
ပါဝင်ပစ္စည်းများ


    ပဲကြာဇံ – ၁ထုပ် (၁၀၀ ဂရမ်)
    ကြက်ရင်ဗုံ – ၁ခု (ပြုတ်ထားပေးပြီ အသားနွှင်းထားပါ)
    အာလူး – ၂လုံး (နူအောင်ပြုတ်ပြီ အရှည် ပါးပါးလှီးပါ)

    ခရမ်းချဉ်သီး – ၃လုံး (အစေ့ထုတ်ပြီ အရှည်ပါးပါးလှီးပါ)
    ငရုတ်သီးစိမ်း – ၈တောင့် (ညက်အောင် ထောင်းထားပါ)
    မြေပဲ – စားပွဲတင်ဇွန်း ၂ဇွန်း (မညက်တညက် ထောင်းပါ)
    ပုဇွန်ခြောက်မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း
    ကြက်သွန်မြိတ် – စည်းဝက် (ပါးပါးလှီးပါ)
    နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)
    သံပရာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
    ဆား – လက်ဖက်ရည်ဇွန်း တ၀က်
    ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
    ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
    ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း တ၀က်
    ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

---------------------------------
ပြင်ဆင်နည်း

၁။ အရင်ဆုံး ဒယ်ထဲ ဆီ (စားပွဲတင်ဇွန်း ၂ဇွန်း)ထည့်ပြီ ဆီပူလာလျှင် ငရုတ်သီးမှုန့် ထည့်ဆီသပ်ပေးပါ။

၂။ ပဲကြာဇံကို ရေစိမ်ထားပေးပါ။ ပြီလျှင် ပဲကြာဇံကို တ၀က်ဖျက်ပေးပါ။

၃။ ပြီနောက် ဒယ်ထဲ ရေတ၀က်ခန့်ထည့်ပြီ ဆူအောင်တည်ပါ။ ဆူလာလျှင် ပဲကြာဇံများကို ၂မိနစ်ခန့် ထည့်ပြုတ်ပြီ ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။
---------------------------------
သုပ်နည်း

၁။ ပြီလျှင် ပဲကြာဇံကို ပန်းကန်ခွက် တစ်ခုထဲထည့်ပါ။

၂။ ထို့နောက် ထောင်းထားသော ငရုတ်သီးစိမ်းများကို ထည့်နုယ်ပေးပါ။

၃။ ပြီမှ ဆီသပ်ထားသော ငရုတ်သီးဆီချက်များကို ပဲကြာဇံသုပ် ဇောက်ပန်းကန်ထဲထည့်ပေးပါ။

၎။ ပြီနောက် ကြက်သား၊ ခရမ်းချဉ်သီး၊ အားလူး၊ ပုဇွန်ခြောက်၊ မြေပဲ တို့ကို ထည့်ရောမွှေလိုက်ပါ။

၅။ အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ငါးငံပြာရည်၊ သံပရာရည်တို့ထည့်ပြီသမအောင် ရောမွှေပေးပါ။

၆။ ထို့နောက် အရသာ အနေတော်လျှင် အပေါ်မှ နံနံပင်၊ ကြက်သွန်မြိတ်တို့ ဖြူးပေးပြီ အရသာရှိသော ထိုင်းစတိုင် ချဉ်ချိုစပ် ပဲကြာဇံသုပ်ကို သုံးဆောင်နိုင်ပါပြီ…
---------------------------------
Wutyee Food House
---------------------------------