Friday, March 27, 2020
ဝက်သား ပဲငါးပိထမင်းပေါင်း _ပုစွန်ပိန်းဥကြော်_နံရိုးပေါင်းဆီချက်ခေါက်ဆွဲ_ငါးကင်နှင့် မန်ကျည်းဆော့စ်
ဝက်သား ပဲငါးပိထမင်းပေါင်း
-------------------------------------
ပါဝင်ပစ္စည်းများ
• ဆီ  -  စားပွဲဇွန်း ၃ ဇွန်း
• ဆား  -  အနည်းငယ်
• သကြား  -  အနည်းငယ်
• ငရုတ်ကောင်း  -  အနည်းငယ်
• ပဲငံပြာရည်အကြည်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• နှမ်း  -  စားပွဲဇွန်း ၁ ဇွန်း
• ကြက်သွန်ဖြူ  -  ၃ မြွှာ (ဓားပြားရိုက်ပါ)
• ကြက်သွန်နီ  -  ၁ လုံး (၄ စိတ်စိတ်ပါ)
• ခရုဆီ  -  အနည်းငယ်
• ကြက်အူချောင်း  -  ၁ ချောင်း
•ြွကက်နားရွက်မှို  -  အနည်းငယ်
• ကြာစွယ်  -  အနည်းငယ်
• ပဲငါးပိအနှစ်  -  စားပွဲဇွန်း ၂ ဇွန်း
• ပန်းပွင့်စိမ်း  -  အနည်းငယ်
• ခရမ်းချဉ်သီး  -  ၁ လုံး (၄ စိတ်စိတ်ပါ)
• မုန်လာဥအနီ  -  အနည်းငယ်
• ပြောင်းဖူးအသေး  -  အနည်းငယ်
• ရွှေပဲသီး  -  အနည်းငယ်
• ဂေါ်ဖီထုပ်  -  အနည်းငယ်
• မုန်ညင်းဖြူ  -  အနည်းငယ်
• ပဲပြား  -  အနည်းငယ်
• ထိုင်ဝမ်မုန်ညင်း  -  အနည်းငယ်
• ကန်စွန်းရွက်  -  အနည်းငယ်
• ကော်ရည်  -  အနည်းငယ်
• ရှောက်ကော  -  အနည်းငယ်
• ဝက်သား  -  ၁၅၀ ဂရမ်
 (အနေတော်တုံးထားပါ)
ပြုလုပ်နည်း
၁။ အသီးအရွက်များကို အနေတော်အရွယ်လေးတွေ လှီးထားပါ။
၂။ ကြက်သွန်ဖြူ/နီကို ဆီသတ်ပါ။
၃။ အနံ့မွှေးလာလျှင် ဝက်သားထည့်ပြီး ဆီထည့်ပါ။
၎။ ဝက်သားမွှေးလာလျှင် ပဲငါးပိအစပ်အနှစ်၊ ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ဆား၊ ကော်ရည်၊ သကြားနှင့် ငရုတ်ကောင်းတို့ကို ထည့်ပြီး ရေကို လိုအပ်သလို ထည့်ပါ။
၅။ ရေဆူလာလျှင် မုန်လာဥအနီ၊ ကြက်အူချောင်း၊ ပြောင်းဖူးအသေး၊ ခရမ်းချဉ်သီး၊ ပဲပြား၊ြွကက်နားရွက်မှိုနှင့် ပန်းပွင့်စိမ်းတို့ကို ထည့်ပါ။
၆။ လှီးထားတဲ့ ထိုင်ဝမ်မုန်ညင်း၊ ကန်စွန်းရွက်နှင့် မုန်ညင်းဖြူ ထည့်ပြီး နှမ်းကို ထည့်ပါ။
၇။ အနံ့အရသာ ပြည့်စုံလျှင် ဂေါ်ဖီထည့်ပါ။
၈။ အားလုံးပြည့်စုံလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
---------------------------------
Eant Wint Htut
ပုစွန်ပိန်းဥကြော်
--------------------
ပါဝင်ပစ္စည်းများ
• ပိန်းဥ  -  ၄ဝဝ ဂရမ်
• ပုစွန်  -  ၁၆၀ ဂရမ်
• ကော်မှုန့်  -  ၈၀ ဂရမ်
• ရေ  -  ၈၀ ဂရမ်
• ငရုတ်ကောင်းမှုန့်အဖြူ  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• တရုတ်မဆလာ  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• Baby Corn  -  ၁၀ ဂရမ် (ပါးပါးလှီးပါ)
• မှို  -  ၁၀ ဂရမ် (ပါးပါးလှီးပါ)
• ငရုတ်ပွအနီ  -  ၁၀ ဂရမ် (ပါးပါးလှီးပါ)
• ဆီ  -  စားပွဲဇွန်း ၁ ဇွန်း
• ဆား  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• သကြား  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ခရုဆီ  -  စားပွဲဇွန်း ၁ ဇွန်း
• ပဲငံပြာရည်အကြည်  -  စားပွဲဇွန်း ၁ ဇွန်း
• ကြက်သွန်နီ  -  ၅ ဂရမ်
• ကြက်သား  -  ၂၅ ဂရမ်
• ငရုတ်ပွအစိမ်း  -  ၁၀ ဂရမ်
• ကြက်သွန်ဖြူ  -  ၂ မြွှာ
ပြုလုပ်နည်း
၁။ အိုးတစ်အိုးမှာ ပိန်းဥကို မိနစ် ၂၀ ခန့် ပေါင်းထားပါ။
၂။ ဒယ်အိုးထဲ ဆီထည့်ပါ။ ပြီးလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သား၊ ပုစွန်၊ ငရုတ်ပွအစိမ်း၊ မှို၊
Baby Corn သကြား၊ ခရုဆီ၊ ပဲငံပြာရည်၊ ငရုတ်ကောင်းနှင့် ငရုတ်ပွအနီတို့ကို ထည့်ကြော်ပါ။
၃။ ပိန်းဥပေါင်းထားတာကို ဇလုံတစ်လုံးထဲ ထည့်ခြေထားပါ။
၎။ ပြီးလျှင် ဇလုံတစ်လုံးထဲ ကော်မှုန့်၊ ရေ၊ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် တရုတ်မဆလာတို့ကို ထည့်
ဖျော်ပါ။ ပြီးလျှင် ခြေထားသော ပိန်းဥကို ထည့်နယ်ပြီး ၁၀ မိနစ်ခန့် နှပ်ထားပါ။
၅။ ဒယ်အိုးထဲ ဆီထည့်ပြီး ဆူအောင် တည်ထားပါ။ နှပ်ထားတဲ့ ပိန်းဥကို အကွင်းပုံစံလုပ်ပြီး ဆီဆူဆူထဲ ထည့်ကြော်ပါ။ ပြီးလျှင် ဆယ်ယူပြီး ခုနက ချက်ထားတဲ့ ပုစွန်နှင့် အသီးအရွက်တို့ကို ကွင်းထဲ ထည့် ပေးလိုက်လျှင် ရပါပြီ။
-------------------------------
Tin Tin Oo
နံရိုးပေါင်းဆီချက်ခေါက်ဆွဲ
------------------------------
ပါဝင်ပစ္စည်းများ
• ချင်း  -  ၂၀ ဂရမ်
• ကရဝေးရွက်  -  ၂ ရွက်
• ကြက်သွန်နီ  -  ၂၀ ဂရမ်
• ကြက်သွန်ဖြူ  -  ၃၅ ဂရမ်
• ငရုတ်ကောင်းစေ့  -  စားပွဲဇွန်း ၁ ဇွန်း
• နွယ်ချို  -  စားပွဲဇွန်း ၁ ဇွန်း
• ရေနွေးဆူဆူ  -  ၂ လီတာ (ဝက်နံရိုးပြုတ်ရန်)
• ဆား  -  စားပွဲဇွန်း ၁ ဇွန်း
• ပဲငံပြာရည်အကြည်  -  စားပွဲဇွန်း ၃ ဇွန်း
• ဝက်နံရိုး  -  ၈ဝဝ ဂရမ်
• ရေနွေး  -  ၅ဝဝ မီလီလီတာ
• ခေါက်ဆွဲ  -  ၆ဝဝ ဂရမ်
• ထိုင်ဝမ်မုန်ညင်း  -  ၃ဝဝ ဂရမ်
• ကြက်သွန်ဖြူဆီချက်  -  စားပွဲဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
၁။ ဒယ်အိုးထဲ ချင်း၊ ကရဝေးရွက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းစေ့နှင့် နွယ်ချို တို့ကို မီးအေးအေးနဲ့ လှော်ပါ။ ပြီးလျှင် ရေနွေးဆူဆူလောင်းထည့်ပါ။ ဆား၊ ပဲငံပြာရည် အကြည် စားပွဲဇွန်း ၂ ဇွန်းနှင့် ဝက်နံရိုးတို့ကို ထည့်ပြီး ဆူအောင်တည်ပါ။ ရေဆူလာလျှင် အမြှုပ်များကို ခပ်ထုတ်ပစ်ပါ။ ၄၅ မိနစ်ခန့် တည်ပါ။ ဝက်နံရိုးပြုတ်ရည် ရလာလျှင် ပြုတ်ရည်ကို ဇလုံထဲ စစ်ထည့်ပါ။
၂။ ပြီးလျှင် ဝက်နံရိုးပြုတ်ရည်တစ်ဝက်ကို  ရေနွေး ၅ဝဝ မီလီလီတာ ထည့်ပြီး တည်ပါ။ မိနစ်အနည်းငယ်ခန့် ဆူအောင်တည်ပါ။ ပြီးလျှင် ခေါက်ဆွဲထည့်ပြုတ်ပါ။ ၁၀ မိနစ်ခန့် ပြုတ်ပါ။ ပြီးလျှင် ခေါက်ဆွဲကို ဆန်ခါထဲ ဆယ်ထည့်ထားပါ။ ခေါက်ဆွဲပြုတ်ရည်နဲ့ ထိုင်ဝမ် မုန်ညင်းကို ပြုတ်ပါ။
၃။ ပြီးလျှင် ပန်းကန်ထဲ ကြက်သွန်ဖြူဆီချက်၊ ပဲငံပြာရည်အကြည် စားပွဲဇွန်း ၁ ဇွန်း၊ ဝက်နံရိုး ပြုတ်ရည် အနည်းငယ်နှင့် ပြုတ်ထားတဲ့ခေါက်ဆွဲတို့ကို ထည့်ပြီး သမအောင် နယ်ပါ။ နှံ့စပ်သွားပြီဆိုလျှင် ပြုတ်ထားတဲ့ ထိုင်ဝမ်မုန်ညင်း၊ ဝက်နံရိုး၊ ကြက်သွန်မြိတ်နှင့် ငရုတ် ကောင်းမှုန့်တို့ကို ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
-------------------------------------
Tin Tin Oo
ငါးကင်နှင့် မန်ကျည်းဆော့စ်
--------------------------------
ပါဝင်ပစ္စည်းများ
• ကကတစ်ငါး  -  ၁ ကောင် (၅ဝဝ ဂရမ်)
• ငရုတ်ကောင်း  -  ၂ ဂရမ်
• ကြက်သွန်ဖြူ  -  ၁၅ ဂရမ်
• ငရုတ်သီးစိမ်း  -  ၅ တောင့်
• ရှမ်းနံနံ  -  ၁၀ ဂရမ်
• ခရမ်းချဉ်သီးဆော့စ်  -  စားပွဲဇွန်း ၂ ဇွန်း
• ဆီ  -  စားပွဲဇွန်း ၂ ဇွန်း
• ဆား  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ငရုတ်သီးအစိမ်းမှုန့်  -  စားပွဲဇွန်း ၁ ဇွန်း
• လီမွန်သီး  -  ၁ ခြမ်း
• ရုံပတီသီး  -  ၇ တောင့်
• ဆလတ်ရွက်  -  ၁ စည်း
မန်ကျည်းဆော့စ်အတွက် ပါဝင်ပစ္စည်းများ
• မန်ကျည်းအနှစ်  -  ၈ဝဝ မီလီလီတာ
• ထန်းလျက်  -  ၁ဝဝ ဂရမ်
• ငံပြာရည်  -  စားပွဲဇွန်း ၃ ဇွန်း
• သီဟိုဠ်စေ့  -  ၁ဝဝ ဂရမ်
• နံနံမြစ်  -  ၅ ပင်
• ကြက်သွန်ဖြူ  -  ၄၅  ဂရမ်
• ငရုတ်သီးစိမ်းအနီ  -  ၇ တောင့်
• ငရုတ်သီးစိမ်းအသေး  -  ၁၅ တောင့်
• နံနံပင်  -  ၁၀ ဂရမ်
ပြုလုပ်နည်း
၁။ ငါးကို သေချာစွာ ဆေးကြောသန့်စင်၍ အလယ်ရိုးထုတ်ပြီး ဓားဖြင့် မွှန်းပါ။
၂။ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် ရှမ်းနံနံတို့ကို ကျေညက်အောင် ထောင်း ပြီး ပန်းကန်လုံးတစ်လုံးထဲ ထည့်ပါ။ ခရမ်းချဉ်သီးဆော့စ်၊ ဆီ၊ ဆားနှင့် ငရုတ်သီးအစိမ်း မှုန့်တို့ကို ထပ်မံထည့်ပါ။ လီမွန်သီးကို ပါးပါးလှီး၍ အရည်ညှစ်ထည့်ပြီး အားလုံးကို သမအောင် နယ်ပါ။
၃။ ပန်းကန်ထဲမှာ နယ်ထားသော အရသာဆော့စ်ကို ကင်မည့် ငါးမှာ သေချာစွာ သုတ်နယ် ပေးပါ။
၎။ ခဲပတ်ကို ငါးတစ်ကောင်ကင်မည့်အနေအထား ဖြတ်ယူထားပါ။ ပထမဦးစွာ ခဲပတ်ကို ခင်းပါ။ ခဲပတ်အပေါ်မှာ ငှက်ပျောရွက်ခင်းပြီး အရသာနယ်ထားသော ငါးကို တင်ပါ။ ငါးအပေါ်မှာ ငှက်ပျောရွက်ထပ်တင်ပြီး ခဲပတ်ကို သေချာလုံခြုံစွာ ထုပ်ပိုးပါ။ ခဲပတ်ဖြင့် ထုပ်ပိုးပြီးသော ငါးကို မီးဖြင့် ကျက်အောင် သေချာစွာကင်ပါ။
၅။ မန်ကျည်းဆော့စ်အတွက် သီဟိုဠ်စေ့ကို ကျေညက်အောင်ထောင်းပြီး ခွက်တစ်ခွက်ထဲ ထည့်ထားပါ။ နံနံမြစ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းအနီနှင့် ငရုတ်သီးစိမ်းအသေးတို့ကို လည်း ကျေညက်အောင် ထောင်းပါ။ အနှစ်တိုက်ထားသော မန်ကျည်းအနှစ်၊ ငံပြာရည် နှင့် ထန်းလျက်တို့ကို အိုးတစ်လုံးထဲ ထည့်၍ မီးအေးအေးဖြင့် ဆူအောင် တည်ပြီး အအေးခံ ထားပါ။
၆။ ပန်းကန်ထဲ အအေးခံထားသော မန်ကျည်းနှစ်အရည်၊ ထောင်းထားသော သီဟိုဠ်စေ့၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို ထည့်ပြီး သေချာစွာမွှေပါ။
၇။ ငါးကင်နှင့်တွဲစားမည့် ရုံးပတီသီးကို မီးအေးအေးဖြင့် ကင်ပါ။
၈။ ကင်ထားသော ငါးကင်၊ မန်ကျည်းဆော့စ်နှင့် ရုံးပတီသီးကင်၊ ဆလတ်ရွက်တို့ကို တွဲဖက် စားသုံးနိုင်ပါပြီ။
-----------------------------------
 Htain Lin Maung 
Thursday, March 26, 2020
ကိုရိုနာဗိုင်းရပ်ကြောင့် တွေ့ဆုံနေကြရသော စိတ်ဖိစီးမှုအကြောင်း
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဒီနေ့ စိတ်ဖိစီးမှုကိုင်တွယ်ရေး Stress Management,  Coronavirus နဲ့ ပတ်သတ်ပြီးတော့ စိတ်ဖိစီးမှုကိုင်တွယ်ရေးအကြောင်း ပြောချင်ပါတယ်။ ပြီးရင် တရားလည်း ထိုင်ပါမယ်။
အခုလို တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်တဲ့ ကပ်ရောဂါမျိုး ကမ္ဘာကြီးက တွေ့ဖူးပါတယ်။ အတွေ့အကြုံရှိတယ်။ ဒါပေမဲ့ ဒီအချိန်ကျတော့ ဘာကွာတာတုန်းဆို လူတွေခရီးသွားတာလည်း ပိုပြီးတော့များတယ်၊ Global village ဆိုတာ တစ်ကမ္ဘာလုံးက ရွာအသေးလေးလိုဖြစ်နေတယ်။ တစ်ယောက်ကိုတစ်ယောက် သိနေကြတယ်။
အင်တာနက်တွေ WiFi တွေ အဲဒါတွေ အခု လူတွေပြောနေကြပြီ A.I. Artificial Intelligence  အဲဒါတွေ ပြောနေကြပြီ။ အဲတော့ လူသားတွေ ဘာပဲလုပ်လုပ်မြန်တယ်။ တစ်နေရာကနေတစ်နေရာ သတင်းတွေရောက်တာလည်းမြန်တယ်၊ ပစ္စည်းတွေ ပို့တာလည်းမြန်တယ်။
အဲတော့ ဘာဖြစ်တုန်းဆို ဒီလို ကပ်ရောဂါဖြစ်တဲ့အခါမှာ သူက အလွယ်တကူ ကူးစက်နိုင်တာပေါ့။ ဒီလိုရောဂါမျိုး ဘယ်တော့ ဖြစ်လာမယ်ဆိုတာ ခန့်မှန်းတဲ့လူကတော့ ရှိချင်ရှိမယ်၊ ဒါပေမဲ့ အများယုံကြည်လောက်အောင် ပြောပြနိုင်တဲ့ပုဂ္ဂိုလ်၊ ဘယ်အချိန်မှာ ဘာဖြစ်မယ်ဆိုတာ အဲဒါမျိုးက မရှိဘူး။
အဲဒီတော့ ကြိုတင်ပြီးတော့ ပြင်ဆင်ထားတာ မရှိဘူး၊ ဘယ်နိုင်ငံမှ မရှိပါဘူး။ စပြီးတော့ဖြစ်တဲ့ တရုတ်ပြည်နိုင်ငံရော၊ နောက်ပြီးတော့ ပြန့်ပွားသွားတဲ့နိုင်ငံမှာရော — ဥရောပတိုက်နဲ့ အမေရိကားတိုက် ပိုပြီးတော့ ချမ်းသာတယ်ဆိုတဲ့တိုက် — သိပ္ပံပညာ ဆေးပညာပိုပြီးတော့ အဆင်မြင့်တယ်ဆိုတဲ့ နိုင်ငံတွေ သူတို့လည်းပဲ ဒီပြဿနာကို ကိုင်တွယ်ဖို့အတွက် အဆင်သင့် မဖြစ်ပါဘူး။
အမေရိကန်နိုင်ငံ တစ်ယောက်က ဆုံးဖြတ်ချက်ချလိုက်၊ တခြားလူတွေက ဝေဖန်လိုက်၊ ကြိုက်တဲ့သူကကြိုက်၊ မကြိုက်တဲ့သူက မကြိုက် အဲဒီလိုတွေဖြစ်တယ်။ ဘုန်းဘုန်း အနှစ်(၂၀)ကျော်နေခဲ့တဲ့ အင်္ဂလန်နိုင်ငံလည်း ဒီအတိုင်းပဲ။
ဘုန်းဘုန်း မှတ်ပုံတင်ထားတဲ့ အောက်စဖို့ဒ်မြို့ထဲက ဆေးခန်းတစ်ခု အစိုးရဆေးခန်းတစ်ခု၊ အစိုးရဆေးခန်းပါ မှတ်ပုံတင်ရပါတယ်။ အဲဒီဆေးခန်းကနေပြီးတော့ ဘုန်းဘုန်း တယ်လီဖုန်းထဲကို message တွေပို့ပါတယ်။
ပို့တာဘာတုန်းဆိုတော့ ဒီ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖိအားတွေ ဆရာဝန် ဆရာမတွေမှာ ဖိအားတွေ အရမ်းများလို့တဲ့ ခါတိုင်း ဆရာဝန်လာတွေ့ဖို့အတွက် appointment ပေးတဲ့ဟာ အချိန်ပေးတာ အဲဒါ မပေးနိုင်တော့ဘူး။ နေမကောင်းရင် ပြဿနာတစ်ခုရှိရင် ဖုန်းနဲ့ဆက်ပါတဲ့။ ဖုန်းနဲ့ပဲ ဆရာဝန်ပြောမယ်၊ သူနာပြုတွေပြောမယ်။
အရမ်းကိုလိုအပ်တယ်ဆိုတဲ့အခါကျမှ သူတို့တွေ့မယ်၊ သူတို့ကြည့်မယ်၊ တွေ့သင့်လား မတွေ့သင့်ဘူးလား။ ဆရာဝန်အရမ်းများတယ်ဆိုတဲ့နိုင်ငံ သူနာပြုတွေ အရမ်းများတယ်ဆိုတဲ့နိုင်ငံ ဆေးပညာထုတ်လုပ်တဲ့နိုင်ငံ — ဒါတောင် အောက်စဖို့ဒ်တက္ကသိုလ် ၀န်းကျင်နားမှာရှိတဲ့ ဆရာဝန်တွေ ဥရောပမှာ ငှက်ဖျားကို အောင်အောင်မြင်မြင် တိုက်ဖျက်နိုင်တဲ့နိုင်ငံတွေ —  အဲဒီနိုင်ငံတွေတောင်မှ အဆင်သင့်မဖြစ်ပါဘူး။
အဲဒီတော့ ဒီလိုအခြေအနေမျိုးမှာ လူတိုင်းက ကြောက်စိတ်တွေဖြစ်နေတယ်၊ မဖြစ် ဘယ်နေနိုင်မှာတုန်း။
အခု ဒီနေ့ပဲ အိန္ဒိယနိုင်ငံ ကြော်ငြာတယ် ဗုဒ္ဓဟူးနေ့ သဘက်ခါကျရင်တဲ့ ပြည်တွင်းလေယာဉ်ခရီးစဉ်တွေ တစ်ခုမှ မရှိတော့ဘူးတဲ့။ အကုန်လုံးဖြတ်သိမ်းမယ်။
ကမ္ဘာပေါ်မှာ နာမည်ကြီး airline တွေဖြစ်တဲ့ Singapore Airline တို့၊ Cathay pacific တို့က လေယာဉ် အစီးတစ်ရာဆို လေးစီးပဲ ပျံသန်းတော့တယ်။ ၉၆စီးက မပျံသန်းတော့ဘူး၊ ခရီးစဉ် ၉၆ရာခိုင်နှုန်းက မဆွဲတော့ဘူး။ မြန်မာနိုင်ငံအနေနဲ့လည်း ကိုယ့်နိုင်ငံကို လာတဲ့လေယာဉ်တွေက တချို့ဘယ်နေ့ ဘယ်နေ့တွေကျရင်  ရပ်မယ်ဆိုတာ သူတို့က ကြော်ငြာပြီးပြီ။
ဒီလိုအခြေအနေမျိုးမှာ မိသားစုအနေနဲ့ မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေအတွက် စိုးရိမ်တာတွေ ဒါ သဘာဝပဲ။ မိဘတွေ အဲဒီလို စိုးရိမ်တတ်လို့လည်းပဲ သားသမီးတွေက လုံလုံခြုံခြုံရှိတာပေါ့။ ဒါ မိဘရဲ့ မေတ္တာ။
အဲဒီတော့ ဒီအချိန်မှာ လူတိုင်းလူတိုင်းက ဘုန်းဘုန်းတို့အပါအဝင် စိုးရိမ်စိတ်တွေဖြစ်နေပြီးတော့ — စိုးရိမ်စိတ်ပါ မကပါဘူး၊ ကြောက်စိတ်ပါဖြစ်။ ဒီလို ကြောက်စိတ်က တစ်ရက်တည်းဖြစ်တာလဲ မဟုတ်ဘူး။ နှစ်ရက်ဖြစ်တာလဲ မဟုတ်ဘူး။ ကြည့်လိုက်တဲ့ သတင်းတွေလည်း အကုန်လုံးက ထိတ်လန့်စရာတွေကြည့်ပဲ ဆိုတော့ ဒီလို ကြောက်စိတ် စိုးမိုးနေတဲ့ အချိန်မျိုးမှာ စိတ်ဖိစီးမှုအရမ်းများပါတယ်။
ဒီလို #ကြောက်စိတ်နဲ့ #စိတ်ဖိစီးမှုနဲ့ရောနေတဲ့အချိန်မှာ အပြောကလည်းပဲ #အလွယ်တကူမှားတတ်ပါတယ်။ ဆုံးဖြတ်ချက်ကလည်းပဲ အလွယ်တကူ မှားတတ်ပါတယ်။ သူရောကိုယ်ရောပဲ၊ ဘုန်းဘုန်းကတော့ အဲဒီလိုလက်ခံထားတယ်။
ဒီအချိန်မျိုးမှာ ကြောက်စိတ်လည်းရှိတယ် Stress လည်းများလို့။ တချို့ဆုံးဖြတ်ချက်လေးတွေ မှားချင်မှားလိမ့်မယ်၊ ကိုယ့်ဟာကိုယ် ဒီလိုပြောထား။ တခြားပုဂ္ဂိုလ်တွေလည်းပဲ သူတို့ ဆုံးဖြတ်ချက်တွေ ဒီအချိန်မှာ မှားနိုင်တယ်။
သိပ္ပံပညာအရ fear center လို့ခေါ်တဲ့ Amygdala အရမ်း active ဖြစ်နေတဲ့အချိန်မှာ ရှေ့က Prefrontal cortex မှာရှိတဲ့ executive brain ဆိုတာ ဆုံးဖြတ်ချက်မှန်ကန်တဲ့ဦးဏှောက်က အလုပ်မလုပ်ပါဘူး။
ဒါကြောင့် #ကြောက်စိတ်ကိုနည်းအောင် #ကိုယ့်ဟာကိုယ် #နည်းလမ်းရှာရပါတယ်။
ကြောက်စိတ်များရင် စိတ်ဖိစီးမှု ချက်ချင်းတက်တယ်။ စိတ်ဖိစီးမှုဖြစ်ရင် Negative ဖြစ်တဲ့ အီမိုးရှင်း (emotion ) တွေ ချက်ချင်းထွက်လာတယ်။ အဲဒီ အီမိုးရှင်းတွေနဲ့ အလွယ်တကူ စိတ်တိုတယ်၊ အလွယ်တကူ ဒေါသဖြစ်တယ်။
တစ်ယောက်ကို တစ်ယောက် သည်းခံနိုင်စွမ်းတွေ အလိုလိုနေရင်းနဲ့ ကုန်သွားတယ်။ တစ်ယောက်ကိုတစ်ယောက် အလွယ်တကူ အပြစ်တင်နိုင်တယ်။ ကဲ့ရဲ့ရှုံ့ချနိုင်တယ်။ မကောင်းတာ ပြောနိုင်တယ်။ နိုင်ငံတိုင်းပဲ။
အဲဒီလိုဖြစ်ပြီဆိုရင် ဘာသတိထားရမှာတုန်းဆိုတော့ “သြော် လူသားဆိုတာ မှားတတ်တယ်။” ဘယ်အချိန်မှားတတ်တုန်း #ဒုက္ခနဲ့တွေ့တဲ့အခါမှာ #မှားတတ်တယ်။ ဒုက္ခအတွက် ပြင်ဆင်တဲ့ လူသားက ရှားပါတယ်။
ဒါကြောင့် #မြတ်စွာဘုရားက #ဒုက္ခအကြောင်း #များများစဉ်းစားပြီးတော့ပြင်ဆင်ထားပါ။ ကိုယ့်စိတ်ကိုယ် ပြင်ဆင်ထားပါ။ ဒီလို မိန့်ထားတာ ရည်ရွယ်ချက်က အဲဒီဟာပဲ ပြင်ဆင်ထားခိုင်တာ။
ဘုန်းဘုန်းတို့ တရားနာပရိတ်သတ်တို့ ဒီဟာအတွက် ပြင်ဆင်ထားတာ မရှိပါဘူး။ အများစု။ တကယ့် အဆက်မပြတ် တရားကျင့်ကြံနေတဲ့ ဆရာတော်တွေ ယောဂီတွေ အဲဒါတော့ ခြွင်းချက်ပေါ့။ အမြဲတမ်း ပြင်ဆင်ထားတာတွေ။
ဒါကြောင့် #ဒီလိုအချိန်မျိုးမှာ #လူတိုင်းလူတိုင်း #အလွယ်တကူ ကြောက်စိတ်ဝင်နိုင်တယ်၊ #ကြောက်စိတ်စိုးမိုးတတ်တယ်ဆိုတာလေးကို #သတိပြုမိပါ။ ကိုယ်အပါအဝင်ပါပဲ။
နောက်ပြီးရင် အလွယ်တကူ စိတ်တိုတတ်တယ်၊ အလွယ်တကူ စိတ်ညစ်တတ်တယ် ဆိုတာလည်း ကိုယ့်ဟာကိုယ် သတိပေးပါ။
ကားမောင်းပြီးတော့အိမ်ကနေ အပြင်ကိုသွားမယ်ဆိုရင် အဲဒီလိုပဲ ဒီလမ်းကို အသုံးပြုတဲ့ပုဂ္ဂိုလ်တွေ အလွယ်တကူ စိတ်တိုနိုင်တယ် ဒီ ကိုရိုနာဗိုင်းရပ်စ်ကိုကြောက်တဲ့စိတ်ကြောင့်၊ ဒီစိတ်ဖိစီးမှုကြောင့် အလွယ်တကူ စိတ်တိုနိုင်တယ်။ စိတ်ဆိုးနိုင်တယ်။
အဲဒီလို #ကိုယ့်ဟာကိုယ်ကြိုတင်ပြီးတော့ သတိပေးထားရင် ဒုက္ခရှိတယ်၊ #ဒုက္ခရှိနေတယ်ဆိုတာ ကိုယ့်ဟာကိုယ် #သတိပေးထားရင် ပြဿနာအကြီးကြီးက အနည်းလေးပဲဖြစ်မယ်။ ပြဿနာနည်းနည်းဖြစ်မယ့်ဟာ ပြဿနာမဖြစ်တော့ဘူး။
၁၀မိနစ်လောက် စိတ်ညစ်မယ့်ဟာ ၅မိနစ်လောက်ပဲဖြစ်မယ်။ ၅မိနစ်လောက် စိတ်ညစ်မယ့်ဟာ သူ မဖြစ်တော့ဘူး။ သုံးလေးစက္ကန့် လေးငါးစက္ကန့်နဲ့ သူ ပြီးရင်ပြီးသွားမယ်။ အဲဒါဆိုရင် သူ #စိတ်ညစ်တာ #အကြာကြီးမနေဘူးဆိုရင် #ကိုယ့်ကျန်းမာရေး #မထိခိုက်ဘူးပေါ့။ မဟုတ်ရင် ကျန်းမာရေးထိခိုက်တယ်။
ကျန်းမာရေးထိခိုက်ရုံတင် မကဘူး၊ လူမူဆက်ဆံရေးပါ ထိခိုက်နိုင်တယ်။ တစ်ယောက်ကိုတစ်ယောက် အပြစ်မြင်တယ်၊ သဘောချင်း မတူညီ မတိုက်ဆိုင်တဲ့အခါမှာ ချို့ယွင်းချက်တစ်ခု ကြည့်ပြီးတော့ ရှုံ့ချတယ်။
💡ဒါကြောင့် ဒီအချိန်က အင်မတန်ခက်ခဲတဲ့ တစ်ချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ သတိတရားနဲ့ နေပြီးတော့ #ကိုယ့်ရဲ့စိတ်ကို #ကိုယ်ကြည့်ရှု့နိုင်ဖို့အရေးကြီးတယ်။
မဟုတ်ရင် ကိုယ့်အပြောနဲ့ ကိုယ့်ဆုံးဖြတ်ချက်တွေက မှားတတ်ပါတယ်။ တကယ်လို့ မှားခဲ့ရင်လည်းပဲ ကိုယ့်ကိုယ်ကိုယ် ကရုဏာနဲ့ ပြန်ကြည့်ပါ၊ ပြန်ခွင့်လွတ်ပါ။ ကိုယ့်ဟာကိုယ် ခွင့်လွတ်နိုင်မယ်ဆိုရင် ဆင်ခြေဆင်လက်တွေ အများကြီးပေးဖို့ မလိုပါဘူး။ တခြားလူလည်းပဲ မှားတာပဲ။
သမ္မတကြီးတွေ ၀န်ကြီးချုပ်ကြီးတွေ သူဌေးကြီးတွေ ဘာသာရေးခေါင်းဆောင်တွေ ဒီလိုဆုံးဖြတ်ချက်တွေ မှားကြတာတွေ။ ဒါ လူသိများတဲ့ပုဂ္ဂိုလ်တွေ သူတို့မှားတာ။ အဲဒီလိုဖြစ်တဲ့အခါကျတော့ ကိုယ့်ရဲကဒေါသကို ကိုယ်ပြန် အသိအမှတ်ပြုပြီး…
 ဒီမှာ 🧘🏻‍♂️🧘🏻‍♀️…
ဒေါသဖြစ်နေတယ်…
စိတ်ဆိုးနေတယ်…
ဘယ်သူ့ကို အပြစ်ပြောချင်နေတယ်…
ကြောက်စိတ်ဖြစ်နေတယ်….
Frustrated ဖြစ်နေတယ်…. 🧘🏻‍♂️🧘🏻‍♀️…
အဲဒီစိတ်တွေကို ကိုယ့်ဟာကိုယ် ပြန်ကြည့်နိုင်ပါစေ။
ဘုန်းဘုန်းတို့က သတိပဋ္ဌာန် အင်မတန်မှ ထွန်းကားတဲ့နိုင်ငံ။ သတိပဋ္ဌာန်တရား အင်္ဂလိပ်လို Mindfulness လို့ခေါ်တယ်။ Mindfulness for Stress Management ဆိုတာ အဲဒီအင်္ဂလိပ်စာလုံးလေးနဲ့ ရိုက်ထည့်လိုက် ဘုန်းဘုန်းတို့ဆီက သတိပဋ္ဌာန်တရားကို ယူပြီးတော့ အနောက်နိုင်ငံမှာ ကျင့်သုံးနေကြတာ။
အဲဒီတော့ စိတ်တိုတဲ့အခါ စိတ်ညစ်တဲ့အခါ အဲဒီလိုအခါမျိုးမှာ အဲဒီ ကိုယ်ရဲ့ဒေါသကို အသိအမှတ်ပြုပေးပါ။ အသိအမှတ်မပြုရင် အဲဒီဒေါသ ဆွဲခေါ်ရာဘက်ကို ဒရွက်တိုက် ပါသွားလိမ့်မယ်။ ဒေါသရဲ့ ဆွဲခေါ်ရာနောက်ကို ပါသွားလိမ့်မယ်။
အဲဒီလိုပါသွားရင် အပြောတွေတစ်ခုမှားရင် နောက်တစ်ခုထပ်မှား၊ တစ်ခုမှားရင် နောက်တစ်ခုထပ်မှား။  ကြောက်စိတ်ကလည်း တစ်ကြိမ်ဖြစ်ပြီး နောက်တစ်ကြိမ်ထပ်ဖြစ်၊ တစ်ကြိမ်ဖြစ် နောက်တစ်ကြိမ်ထပ်ဖြစ်။ အဲဒီလိုမျိုး ဖြစ်တတ်တယ်။
အပြောအဆိုမှားတာ အချင်းချင်းဒေါသဖြစ်ပြီး ငြင်းကြခုန်ကြတာ ဒါ လူလောကရဲ့သဘာဝပါ။ ဓမ္မတါပဲ။ ဒေါသဖြစ်တိုင်း ကိုယ့်ကိုယ်ကိုယ် အထင်သေးပြီးတော့၊ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်နဲ့။ တခြားလူတွေ ဒေါသဖြစ်တိုင်းလည်း သူတို့ကိုယ် အထင်သေးပြီးတော့ အမြင်မကပ်နဲ့။
ဥပမာလေးတစ်ခု ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ် သက်တော်ထင်ရှား ရှိစဉ်အချိန်တုန်းက ပါလေယျတော ဆိုတာ ပလလဲတောခေါ်တာပေါ့။ မြတ်စွာဘုရားက အဲဒီမှာ တစ်ဝါ ၀ါဆိုတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ရဟန်းတော်တွေက ရန်ဖြစ်လို့ စကားများလို့။ ရဟန်းတော်တွေက တကယ့် ရဟန်းကောင်းတွေ၊ ရိုးရိုးသားသား ကျင့်ကြံတဲ့ ရဟန်းတွေ။
အုပ်စု နှစ်အုပ်စုရှိတယ်တဲ့။ တစ်အုပ်စုက ဝိနည်းပိဋကတ်အထူးပြုပြီးတော့ သင်ကြားတယ်၊ နောက်တစ်အုပ်စုက အဘိဓမ္မာအထူးပြုပြီးတော့ သင်ကြားတယ်။ ဘာမှ မဟုတ်တာလေးနဲ့ ငြင်းလိုက်တာလေ၊ ဒီအကြောင်းကို ဘုန်းဘုန်း တွံတေးမြို့မှာ တရားသွားဟောထားတာ ရှိပါတယ်။ “ဇာတ်လမ်းဆုံးအောင် နားထောင်ပါ” ဆိုတဲ့ တရားခေါင်းစဉ်နဲ့။
အဲဒါ စကားများတာ ဘယ်သူမှ ဖြန်ဖြေပြီးပြောလို့လည်း နားမထောင်တော့ဘူး။ မြတ်စွာဘုရားကိုယ်တော်တိုင် ပြောတာတောင်မှ နားမထောင်ဘူး။ ဒေါသဖြစ်ရင် အဲဒီလိုဖြစ်တတ်တယ်။ ဒါပေမဲ့ မြတ်စွာဘုရား ဖြန်ဖြေလို့တောင် မရတော့တဲ့ အဲဒီရဟန်းတော်တွေကို သွားပြီးတော့ ချက်ချင်းအပြစ်မတင်နဲ့အုန်း။
ဘာဖြစ်လို့တုန်းဆိုတော့ စပြီးတော့ စကားများတဲ့နေ့၊ စပြီးတော့ အချင်းများတဲ့နေ့၊ ဒေါသဖြစ်တဲ့နေ့၊ တစ်ယောက်ကိုတစ်ယောက် ပုတ်ခတ်တဲ့နေ့၊ အပြစ်ပြော ကဲ့ရဲ့ရှုံ့ချတဲ့နေကနေ သုံးလအကြာမှာ သူတို့အားလုံးမှာ အရိယာဖြစ်မယ့် ပုဂ္ဂိုလ်တွေ၊ တရားထူးရမယ့် ပုဂ္ဂိုလ်တွေ။
အဲဒီလို ပါရမီအရမ်းရင့်ပြီးတော့ တရားရမယ့်ပုဂ္ဂိုလ်တောင်မှ အပြောမှား အဆိုမှားတွေ ရှိသေးတယ်။ ဒါကြောင့် အချင်းချင်းခွင့်လွတ်ကြပါ။ ခွင့်လွတ်နိုင်အောင် ကြိုးစားကြပါ။ မိဘနဲ့သားသမီး၊ ဟိုးဖက်အိမ်နဲ့ ဒီဖက်အိမ်၊ အစိုးရနဲ့ပြည်သူကြား၊ ဒီဘက်နိုင်ငံနှင့် ဟိုးဖက်နိုင်ငံကြား၊ အဲဒီလို ခွင့်လွတ်နိုင်အောင် ကြိုးစားကြပါ။
ဘာဖြစ်လို့တုန်းဆိုတော့ အရိယာဖြစ်မယ့် ပုဂ္ဂိုလ်၊ အရိယာဖြစ်မယ့်ဆဲဆဲတောင်မှ အဲဒီလိုဖြစ်နိုင်သေးတယ်။ ဒေါသနှိပ်စက်တာကို ခံရသေးတယ်၊ ကြောက်စိတ်နှိပ်စက်တာ ခံရသေးတယ်။ စကားပြော မှားသေးတယ်။
ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိ
🙏🙏🙏
(၂၃.၃.၂၀၂၀) ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်တွင် ဟောကြားတော်မူခဲ့သော “ကိုရိုနာဗိုင်းရပ်ကြောင့် တွေ့ဆုံနေကြရသော
စိတ်ဖိစီးမှုအကြောင်း” တရားတော်မှ ကောက်နှုတ် ရေးသားပူဇော်ပါသည်။
Sunday, March 22, 2020
အာလူးထမင်းထောင်း _ ငါးဖယ်လုံး (ငါးအသားလုံး) _ မြေအိုးကြက်ဆီထမင်း _ငါးကင်နှင့် မန်ကျည်းဆော့စ်
ခရမ်းချဉ်သီးမီးဖုတ်ထမင်းသုပ်နှင့် ကြက်ကြော်
------------------------------------------------------
ကြက်ကြော်အတွက် လိုအပ်တာတွေကတော့-
• ဗမာကြက်  -  ၁ ကောင် (၄ ပိုင်းပိုင်းထားပါ)
• နနွင်းမှုန့်  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ငရုတ်သီးအရောင်တင်မှုန့်  -  စားပွဲဇွန်း ၁/၂ ဇွန်း
• ကြက်သွန်ဖြူ  -  ၅၀ ဂရမ်
• ချင်း  -  ၃၀ ဂရမ်
• အသားမှုန့်  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ဆား  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ကြက်သားပြုတ်ရန် ရေ  -  ၄ဝဝ မီလီလီတာ
• ကြက်ကြော်ရန် ဆီ
ခရမ်းချဉ်သီးမီးဖုတ်ထမင်းသုပ်အတွက် လိုအပ်တာတွေကတော့-
(၄ ပွဲစာအတွက်)
• ခရမ်းချဉ်သီးအမှည့်  -  ၈ လုံး
• ကြက်သွန်မြိတ်  -  ၄ ပင်
• ဆီ  -  စားပွဲဇွန်း ၈ ဇွန်း
• ဆား  -  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း _ ၄ပွဲ
 = လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ထမင်းဖြူ  -  ၁၇၅ ဂရမ် (ပန်းကန်လုံး ၁ လုံး) _
 ပန်းကန်လုံး ၄ လုံး
• မြေပဲဆန်ကြော်
ပြုလုပ်နည်း
၁။ ကြက်သားကို ထောင်းထားတဲ့ ချင်း၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ ဆား၊ အသားမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့်တို့နှင့် နယ်ပြီး နှပ်ထားပါ။
၂။ ပြီးလျှင် ရေထည့်ပြီး ပြုတ်ပါ။ ကျက်လျှင် ဆယ်ယူထားပါ။
၃။ ပြီးလျှင် နီညိုရောင်သန်းသည်အထိ ကြော်ပြီး ဆယ်ယူထားပါ။
၎။ ခရမ်းချဉ်သီးအမှည့်ကို မီးဖုတ်ပြီး အခွံနွှာထားပါ။
၅။ ထမင်းသုပ်ဖို့အတွက် ဇလုံထဲ တစ်ယောက်စာ ထမင်းကို ပန်းကန်လုံးတစ်လုံးစာ (၁၇၅ ဂရမ်) ထည့်ပါ။ မီးဖုတ်ထားတဲ့ ခရမ်းချဉ်သီး၂ လုံးကို ခြေပြီးထည့်ပါ။ ဆီ ၁ ဇွန်းထည့်ပါ။ ပြီးလျှင် ဆားထည့်ပြီး နယ်ပါ။
၆။ ပြီးလျှင် အနီရောင်သန်းနေတဲ့ ခရမ်းချဉ်သီးမီးဖုတ်ထမင်းသုပ် ရပါပြီ။ အဆင်သင့်ကြော်ထားတဲ့ ကြက်ကြော်၊ မြေပဲဆန်ကြော်၊ ကြက်သွန်မြိတ်တို့နှင့် သုံးဆောင်ပါ။
---------------------------
Myint Oo Tha
အာလူးထမင်းထောင်း
--------------------------
ပါဝင်ပစ္စည်းများ
• ထမင်း  -  ၁ ပွဲ
• အာလူးပြုတ်  -  ၁ လုံး (၆၀ ဂရမ်)
• နှမ်း  -  စားပွဲဇွန်း ၁ ဇွန်း
• မြေပဲထောင်း  -  စားပွဲဇွန်း ၁ ဇွန်း
• ဆား  -  အနည်းငယ်
• သကြား  -  အနည်းငယ်
• ငရုတ်ကောင်းမှုန့်  -  အနည်းငယ်
• ငံပြာရည်  -  အနည်းငယ်
• ငရုတ်သီးကြော်  -  အနည်းငယ် (တွဲစားရန်)
• ကြက်သွန်ဖြူဆီချက်  -  စားပွဲဇွန်း ၁ ဇွန်း
• နံနံပင်  -  အနည်းငယ်
• ဂျူးမြစ်  -  အနည်းငယ် (အနေတော်လှီးပါ)
• ခရမ်းချဉ်သီး  -  ၁ လုံး (အနေတော်လှီးပါ)
ပြုလုပ်နည်း
၁။ ပြုတ်ထားသောအာလူးကို အနေတော်လှီးပြီး ညက်အောင် ထောင်းပါ။
၂။ ထမင်း အနည်းငယ်ထည့်ပြီး ထောင်းပါ။
၃။ ပန်းကန်ထဲ ထောင်းထားတဲ့ အာလူးနှင့် ထမင်း၊ ဆား၊ သကြားအနည်းငယ်၊ နှမ်း၊ ငရုတ်ကောင်းမှုန့်၊ ငံပြာရည်အနည်းငယ်၊ ကြက်သွန်ဖြူဆီချက်နှင့် မြေပဲထောင်း
တို့ကို ထည့်နယ်ပါ။
--------------------------------
Eant Wint Htut
ငါးဖယ်လုံး (ငါးအသားလုံး)
---------------------------------
 ငါးဖယ်ကို ဟော့ပေါ့ထဲမှာ ထည့်စားဖို့အတွက်ပဲဖြစ်ဖြစ်၊ ကလေးတွေအတွက် ခေါက်ဆွဲပြုတ်ထဲပဲ ထည့်ထည့် အဆင်ပြေစေဖို့ ရယ်ဒီမိတ်ထက် အိမ်လုပ် အသားလုံး၊ ငါးလုံး တွေက သန့်ရှင်းလတ်ဆတ်တာမို့ ကလေးအတွက် အသင့်တော်ဆုံးပါပဲ။ လုပ်ရတာလည်း လွယ်ကူပြီး လေလုံအိတ်နဲ့ ခဲထားရင် တစ်လလောက်အထိ အထားခံပါတယ်။
လုပ်ကြည့်ရအောင်နော်...။
လိုအပ်တာတွေက-
 ငါးဖယ် ၁၀ ကျပ်သားကို အလုံး ၃၀ ရပါတယ်။
ပါဝင်ပစ္စည်းများ
• ငါးဖယ်  -  ၁၀ ကျပ်သား
• ဆား  -  အနည်းငယ်
• ငရုတ်ကောင်းမှုန့်အဖြူ  -  အနည်းငယ်
• ပြောင်းကော်မှုန့်  -  ထမင်းစားဇွန်း ၂ ဇွန်း (မောက်မောက်)
• ကွကျဥ  -  ၁ လုံး
ပြုလုပ်နည်း
၁။ အသားကြိတ်စက်ဖြင့် ပါဝင်ပစ္စည်းများကို ချောမွတ်နေအောင် ကြိတ်ပါ။
၂။ ကြိတ်ပြီးသားကို ရေခဲသေတ္တာထဲ တစ်ညထားပါ။
၃။ ရေနွေးကို ဆူပွက်နေအောင်တည်ပြီး ဆူပွက်လာလျှင် မီးအနည်းဆုံးလျှော့ချ ကာ ဇွန်း ၂ ချောင်းကို သုံး၍ လုံးပြီး ၁၀ မိနစ်ခန့် ပြုတ်ပါ။
 အချိန်စေ့လျှင် ရေခဲရေထဲ မိနစ် ၃၀ ခန့် စိမ်၍ ရေစစ်ပြီး ဇစ်အိတ်ဖြင့် လေလုံ အောင် ပိတ်ကာ အခဲခန်းအတွင်းမှာ သိမ်းပြီး လိုအပ်သလို အသုံးပြုပါ။
-----------------------------
May's Healthy Food
မြေအိုးကြက်ဆီထမင်း
--------------------------
 ဒါကတော့ မြေအိုးကြက်ဆီထမင်းချက်နည်းလေးပါ။ အိမ်မှာ လူနည်းတာပဲဖြစ်ဖြစ်၊ အိမ်သားတွေ  အစားမညီတာပဲဖြစ်ဖြစ် မိမိစားချင်တာကို ချက်မစားရဘူးဆိုတာ မဖြစ်ရလေ အောင် ရည်ရွယ်ပါတယ်။ တစ်ယောက်စာ တစ်အိုးလေးကို ၁၅ မိနစ်နဲ့ မိနစ် ၂၀ ကြာ အချိန်လေးပေးရုံနဲ့ ချက်စားလို့ရပါတယ်။
ကြက်ဆီထမင်းချက်ရန်အတွက် ပါဝင်ပစ္စည်းများ
• ရှမ်းဆန်  -  ပေါင်းအိုးဆန်ချိန်ခွက် ၁ ခွက်
• ကြက်ပေါင်  -  ၁ ချောင်း
• သကြား  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ကြက်ပြုတ်ရည်  -  ပေါင်းအိုးဆန်ချိန်ခွက် ၁ ခွက်
• ကြက်ဆီဖတ်  -  ၁ ဖတ်
• ကြက်သွန်ဖြူ  -  ၁ လုံး
• ချင်း  -  ၅ ပြား (ပါးပါးလွှာထားပါ)
• ဆီ  -  စားပွဲဇွန်း ၁ ဇွန်း
• နံနံပင်အမြစ်  -  ၂ ပင်
• ကွကျဥ  -  ၁ လုံး
ပြုလုပ်နည်း
 ဦးစွာ ကြက်ဆီဖတ်ကို ဆီ စားပွဲဇွန်း ၁ ဇွန်းနှင့် မီးအေးအေးနဲ့ ကြော်ပါ။ လွှာထားသော ချင်းကို ထည့်ပါ။ ကြက်ဆီဖတ်များြွကပ်ရွလာလျှင် ကြက်သွန်ဖြူကို ဓားပြားရိုက်ထည့်ပြီးြွကပ်ရွလာလျှင် ရပါပြီ။ ကြက်ပေါင်လုံးကို ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ပြုတ်ပါ။ ပြုတ်သည့်အခါ အဖုံးဖွင့်ပြီး ပြုတ်လျှင် ကြည်လင်သော ကြက်ပြုတ်ရည်ကို ရပါမယ်။ ကြက်သားနူးပြီဆိုလျှင် ကြက်ဆီထမင်း ချက်လို့ရပါပြီ။ ဆန်ကို ရေဆေးပြီး ရေကုန်အောင် စစ်ထားပါ။ ချက်မည့်မြေအိုးထဲ နံနံပင်အမြစ်
၂ ပင်ထည့်ပါ။ ဆန်ထည့်ထားပါ။ ကြက်ပြုတ်ရည်ထဲ ဆားနှင့် သကြား ပျော်ဝင်အောင်မွှေပြီး ဆန်ထည့်ထားသော မြေအိုးထဲ လောင်းထည့်ပါ။ ကြက်ဆီကို စားပွဲဇွန်း ၁ ဇွန်းထည့်ပြီး အဖုံးအုပ် တည်ပါ။ မီးအလယ်အလတ်နဲ့တည်ပြီး ဆူလာလျှင်လုံးဝ မီးလျှော့ချတည်ပါ။ ရေခန်းစပြုလာလျှင် ကြက်ပေါင်နှင့် ပြုတ်ထားသောကြက်ဥကို ခြမ်းထည့်ပြီး အဖုံးအုပ်ထားပါ။ ရေခန်းပြီး အငွေ့လှိုင် လာလျှင် မီးပိတ်၍ မီးဖိုပေါ်မှာ ၁ မိနစ်ခန့်ထားပြီး သုံးဆောင်လို့ရပါပြီ။
-----------------------------
ပန်းခရေ
ငါးကင်နှင့် မန်ကျည်းဆော့စ်
--------------------------------
ပါဝင်ပစ္စည်းများ
• ကကတစ်ငါး  -  ၁ ကောင် (၅ဝဝ ဂရမ်)
• ငရုတ်ကောင်း  -  ၂ ဂရမ်
• ကြက်သွန်ဖြူ  -  ၁၅ ဂရမ်
• ငရုတ်သီးစိမ်း  -  ၅ တောင့်
• ရှမ်းနံနံ  -  ၁၀ ဂရမ်
• ခရမ်းချဉ်သီးဆော့စ်  -  စားပွဲဇွန်း ၂ ဇွန်း
• ဆီ  -  စားပွဲဇွန်း ၂ ဇွန်း
• ဆား  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ငရုတ်သီးအစိမ်းမှုန့်  -  စားပွဲဇွန်း ၁ ဇွန်း
• လီမွန်သီး  -  ၁ ခြမ်း
• ရုံပတီသီး  -  ၇ တောင့်
• ဆလတ်ရွက်  -  ၁ စည်း
မန်ကျည်းဆော့စ်အတွက် ပါဝင်ပစ္စည်းများ
• မန်ကျည်းအနှစ်  -  ၈ဝဝ မီလီလီတာ
• ထန်းလျက်  -  ၁ဝဝ ဂရမ်
• ငံပြာရည်  -  စားပွဲဇွန်း ၃ ဇွန်း
• သီဟိုဠ်စေ့  -  ၁ဝဝ ဂရမ်
• နံနံမြစ်  -  ၅ ပင်
• ကြက်သွန်ဖြူ  -  ၄၅  ဂရမ်
• ငရုတ်သီးစိမ်းအနီ  -  ၇ တောင့်
• ငရုတ်သီးစိမ်းအသေး  -  ၁၅ တောင့်
• နံနံပင်  -  ၁၀ ဂရမ်
ပြုလုပ်နည်း
၁။ ငါးကို သေချာစွာ ဆေးကြောသန့်စင်၍ အလယ်ရိုးထုတ်ပြီး ဓားဖြင့် မွှန်းပါ။
၂။ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် ရှမ်းနံနံတို့ကို ကျေညက်အောင် ထောင်း ပြီး ပန်းကန်လုံးတစ်လုံးထဲ ထည့်ပါ။ ခရမ်းချဉ်သီးဆော့စ်၊ ဆီ၊ ဆားနှင့် ငရုတ်သီးအစိမ်း မှုန့်တို့ကို ထပ်မံထည့်ပါ။ လီမွန်သီးကို ပါးပါးလှီး၍ အရည်ညှစ်ထည့်ပြီး အားလုံးကို သမအောင် နယ်ပါ။
၃။ ပန်းကန်ထဲမှာ နယ်ထားသော အရသာဆော့စ်ကို ကင်မည့် ငါးမှာ သေချာစွာ သုတ်နယ် ပေးပါ။
၎။ ခဲပတ်ကို ငါးတစ်ကောင်ကင်မည့်အနေအထား ဖြတ်ယူထားပါ။ ပထမဦးစွာ ခဲပတ်ကို ခင်းပါ။ ခဲပတ်အပေါ်မှာ ငှက်ပျောရွက်ခင်းပြီး အရသာနယ်ထားသော ငါးကို တင်ပါ။ ငါးအပေါ်မှာ ငှက်ပျောရွက်ထပ်တင်ပြီး ခဲပတ်ကို သေချာလုံခြုံစွာ ထုပ်ပိုးပါ။ ခဲပတ်ဖြင့် ထုပ်ပိုးပြီးသော ငါးကို မီးဖြင့် ကျက်အောင် သေချာစွာကင်ပါ။
၅။ မန်ကျည်းဆော့စ်အတွက် သီဟိုဠ်စေ့ကို ကျေညက်အောင်ထောင်းပြီး ခွက်တစ်ခွက်ထဲ ထည့်ထားပါ။ နံနံမြစ်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းအနီနှင့် ငရုတ်သီးစိမ်းအသေးတို့ကို လည်း ကျေညက်အောင် ထောင်းပါ။ အနှစ်တိုက်ထားသော မန်ကျည်းအနှစ်၊ ငံပြာရည် နှင့် ထန်းလျက်တို့ကို အိုးတစ်လုံးထဲ ထည့်၍ မီးအေးအေးဖြင့် ဆူအောင် တည်ပြီး အအေးခံ ထားပါ။
၆။ ပန်းကန်ထဲ အအေးခံထားသော မန်ကျည်းနှစ်အရည်၊ ထောင်းထားသော သီဟိုဠ်စေ့၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို ထည့်ပြီး သေချာစွာမွှေပါ။
၇။ ငါးကင်နှင့်တွဲစားမည့် ရုံးပတီသီးကို မီးအေးအေးဖြင့် ကင်ပါ။
၈။ ကင်ထားသော ငါးကင်၊ မန်ကျည်းဆော့စ်နှင့် ရုံးပတီသီးကင်၊ ဆလတ်ရွက်တို့ကို တွဲဖက် စားသုံးနိုင်ပါပြီ။
-----------------------------------
 Htain Lin Maung 
Friday, March 20, 2020
COVID-19 ကြောင့် အရမ်းကြောက်နေရပြီဆိုရင် ဒီစာကိုဖတ်ပါ
(Unicode)
COVID-19 ကြောင့် အရမ်းကြောက်နေရပြီဆိုရင် ဒီစာကိုဖတ်ပါ
ရေးသားသူ Dr. Thurein Hlaing Win
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်တဲ့အချိန်ကတည်းက ကျွန်တော်အမြဲပြောနေကျစကားရှိပါတယ်။ သတိထားပါ ဒါပေမယ့် အကြောက်မလွန်ပါနဲ့ဆိုတာပါ။ အခု အကြောက်လွန်တာတွေအရမ်းများလာလို့ ဒီအချက်အလက်တွေကို သိစေချင်တာပါ။3
အများသိတဲ့ကိန်းဂဏန်းတွေက အရင်စရအောင်။ COVID-19 ဟာ သုံးလကျော်အတွင်းမှာ!1!!နိုင်ငံပေါင်း ၁၆၂ နိုင်ငံကို ရောက်ရှိတယ်။ လူပေါင်း ၁၈၀၀၀၀ ကျော်ကို ကူးစက်ခံခဲ့ရပြီး ကူးစက်သူတွေထဲက ၇၀၀၀ ကျော်သေဆုံးတယ်။ အထူးသဖြင့် အီတလီနိုင်ငံမှာ ထိန်းမရသလောက်ဖြစ်နေတယ်။ နိုင်ငံတော်တော်များများ အဝင်အထွက်ပိတ်ဆို့ကုန်ပြီး လူစုလူဝေးတွေ ပိတ်ပင်တာ ပွဲတွေပိတ်ပင်တာတွေလုပ်တယ်။
မြန်မာနိုင်ငံမှာလည်း အဖြစ်များတဲ့နေရာတွေက လာတဲ့သူတွေကို ပိတ်ဆို့စစ်ဆေးမှုတွေလုပ်တယ်။ ပွဲလမ်းသဘင်တွေပိတ်ပင်ပြီး သင်္ကြန်ကို လူစုပြီး မဆင်နွှဲတော့ဖို့ကြေညာချက်ထုတ်ပြန်ထားတယ်။ ၁၆ရက်နေ့ကစတင်ပြီး ရုပ်ရှင်ရုံတွေပိတ်တယ်၊ ကျောင်းတွေပိတ်တယ်။ ဒီလိုမျိုးတွေ ရုတ်ရုတ်သဲသဲဖြစ်နေတော့ တကယ်ကမ္ဘာပျက်တော့မလားလို့တောင် ထင်မိကြမှာပဲ။ အဲဒါကြောင့်လည်း စိုးရိမ်တကြီးနဲ့ ဝယ်စုနေကြပြန်တယ်။ အခုလူအများစုသိတဲ့ အချက်အလက်တွေကို ပြောပြီးပြီဆိုတော့ လူသိပ်မသိတဲ့ အချက်တွေပြောကြရအောင်။
၁။ စဖြစ်တဲ့ တရုတ်မှာ ပြန်တည်ငြိမ်လာပြီ။
COVID-19 ရဲ့ မြစ်ဖျားခံရာဟာ တရုတ်နိုင်ငံ ဝူဟန််မြို့ပါ။ စဖြစ်တုန်းက တရုတ်တစ်နိုင်ငံလုံး ထိန်းမနိုင်သိမ်းမရတဲ့ ပုံစံမျိုးဖြစ်ခဲ့ပြီး ကောလာဟလတွေလည်းမျိုးစုံထွက်ခဲ့ပါတယ်။ ဒါပေမယ့် သုံးလကျော်အကြာမှာ တရုတ်နို်င်ငံမှာ ဗိုင်းရပ်စ်ပျံ့နှံ့မှုက ထိန်းချုပ်နိုင်တဲ့အဆင့်ကို ရောက်ရှိလာပါပြီ။ အခုဆိုရင် တရုတ်နိုင်ငံမှာ နေ့စဉ်ထပ်တိုးလူနာအနေနဲ့ ဆယ်ဂဏန်းဝန်းကျင်ပဲ ရှိတော့သလို သေဆုံးမှုကလည်း ဆယ်ဂဏန်းပဲရှိပါတော့တယ်။ ကူးစက်ခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ပြန်လည်ကောင်းမွန်သွားပါပြီ။
၂။ ကူးစက်ခံရသူ အများစုပြန်ကောင်းတယ်။
ကိုဗစ် ကူးစက်ခံရသူတွေရဲ့ အများစုဟာ ပြန်လည်ကောင်းမွန်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင် ကူးစက်ခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ပြန်ကောင်းပါတယ်။ သေဆုံးမှုနှုန်းနဲ့ကြည့်မယ်ဆိုရင် ရောဂါဖြစ်ပွားသူတွေရဲ့ ၄ ရာခိုင်နှုန်းသာ သေဆုံးပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့လည်း သေဆုံးမှုနှုန်းဟာ ဒီလောက်ပါပဲ။
၃။ ကိုဗစ်ကနေ ရှင်သန်ဖို့အတွက် ၉၉ ရာခိုင်နှုန်းကျော် အခွင့်အရေးရှိတယ်။
တကယ်လို့ သင်က ကျန်းမာသန်စွမ်းတဲ့ အသက် ၂၀ ကနေ ၅၀ ကြားလူတစ်ယောက်ဆိုရင် ကိုဗစ်ကူးစက်ခံရပြီးလည်း အသက်ရှင်သန်နိုင်ဖို့အခွင့်အရေးက ၉၉.၃ ရာခိုင်နှုန်းရှိပါတယ်။ သဘောကတော့ အသက်ငယ် ကျန်းမာတဲ့သူတွေမှာ သေဆုံးဖို့ဆိုတာ အင်မတန်ပမာဏနည်းပါးပါတယ်။ အဲဒီ အသက်အရွယ်အပိုင်းအခြားဟာ အများစုသော လူဦးရေလည်းဖြစ်ပါတယ်။
ကိုဗစ်ဟာ အသက် ၈၀ နဲ့အထက်တွေမှာ သေဆုံးမှုနှုန်းအမြင့်ဆုံးဖြစ်ပြီး အဲဒီအသက်အပိုင်းအခြားမှာတောင် လူတစ်ရာမှာ ၁၈ ယောက်နှုန်း သေဆုံးမှုသာရှိပါတယ်။ တစ်ခါ အသက် ရှစ်ဆယ်အထက် သေဆုံးမှုတွေမှာလည်း ၇၀ ရာခိုင်နှုန်းနီးပါးက နဂို ရောဂါအကြောင်းအရင်းအခံတစ်မျိုးမျိုးရှိနေပါတယ်။ ဥပမာ ကင်ဆာလိုမျိုးရောဂါမျိုးပါ။ ဆိုတော့ ကိုယ်က ကျန်းမာသန်စွမ်းပြီး အသက် ၅၀ အောက်ဆိုရင် ကိုဗစ်ကနေသေဖို့ဆိုတာ မဲပေါက်တာထက်တောင်ခက်ပါသေးတယ်။
၄။ တကယ့်အစစ်အမှန် သေဆုံးမှုနှုန်းက ဒီထက်လျော့နိုင်တယ်။
လက်ရှိသေဆုံးမှုနှုန်းက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ၄ ရာခိုင်နှုန်းပါ။ ဒါကလည်း အသက် ၈၀ ကျော်အထက် သေဆုံးမှုတွေက အများစုပါဝင်နေတာပါ။ ကိုဗစ်ကူးစက်ခံရသူအများစုဟာ ပြင်းထန်တဲ့ ရောဂါလက္ခဏာမပြပါဘူး။ သူ့အလိုလိုလည်း ပြန်ကောင်းသွားတတ်ပါတယ်။ ဒီတော့ ရောဂါကူးစက်ခံရမှန်းမသိဘဲ အိမ်မှာနေရင်း ပြန်ကောင်းသွားတဲ့သူတွေလည်း အများကြီးရှိနိုင်ပါတယ်။ ဒီတော့ ကူးစက်ခံရသူအရေအတွက်နဲ့ သေဆုံးမှုအချိုးအစား ပြန်တွက်ရင် သေဆုံးမှုနှုန်းက ဒီထက်အများကြီး လျော့နည်းနိုင်ပါတယ်။
၅။ ကာကွယ်ရေး နည်းလမ်းတွေက အလုပ်ဖြစ်တယ်။
လက်ရှိမှာ အီတလီနိုင်ငံကလွဲလို့ ကျန်နိုင်ငံတွေမှာ ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် လုပ်ဆောင်နေတာတွေက အလုပ်ဖြစ်ပါတယ်။ အထူးသဖြင့် လက်ဆေးတာ၊ မျက်နှာကို မထိမကိုင်တာနဲ့ လူများစု စုဝေးတာတွေကို ရပ်တန့်တဲ့နည်းလမ်းတွေက ကာကွယ်ရေးအတွက် အလုပ်ဖြစ်ပါတယ်။ ထိန်းသိမ်းနိုင်တဲ့အခြေအနေမှာရှိပါတယ်။
၆။ အကြောက်လွန်ခြင်းက အခြေအနေတွေကို ပိုဆိုးသွားစေနိုင်တယ်။
ကိုဗစ်ရဲ့ သက်ရောက်မှုဟာ ဗိုင်းရစ်ကိုယ်တိုင်ရဲ့ တိုက်ခိုက်မှုနဲ့ ကူးစက် သေဆုံးမှုတွေကြောင့်မဟုတ်ဘဲ လူမှုရေး စီးပွားရေး ရိုက်ခတ်မှုတွေ (socio-economic impacts) ကြောင့် အဓိကဖြစ်ပါလိမ့်မယ်။ အခုပဲ တစ်ကမ္ဘာလုံး စီးပွားရေးကျဆင်းမှုတွေ စတင်ကြုံတွေ့နေရသလို မြန်မာနိုင်ငံမှာလည်း စီးပွားရေးလုပ်ငန်းတချို့ ပိတ်ရတာတွေ စတင်ဖြစ်ပေါ်နေပါပြီ။
ဒီလိုအချိန်မှာ အရှိတရားတွေထက် အကြောက်လွန််နေခြင်းက ပိုဆိုးတဲ့ နောက်ဆက်တွဲ လူမှုစီးပွားရေး ရိုက်ခတ်တာတွေဖြစ်ပါလိမ့်မယ်။ လေ့လာချက်တွေအရဆိုရင်တော့ ကိုဗစ်ကြောင့် သေဆုံးမှုတွေထက် စီးပွားပျက်ကြတာ ပိုဖြစ်နိုင်ကြလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီအချိန်မှာ အကြောက်မလွန်ခြင်းက ထိခိုက်ခံစားရမှုတွေကို ထိန်းသိမ်းနိုင်ပါလိမ့်မယ်။
(Zawgyi)
Credit to Hello ဆရာဝန်