Friday, August 30, 2019
ကိုယ်အလေးချိန်လျှော့ချဖို့ ခက်ခဲတဲ့အကြောင်းရင်း (၅) ချက်
 by စိုးညွန့်ဇော် 
(Maria Godoy နှင့် Sylvie Douglis တို့ရဲ့  ဆောင်းပါးကို ကောက်နုတ်ပြန်ဆိုခြင်း ဖြစ်ပါသည်။)
သင်ဟာ ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားပြီး အလေးချိန် အလွယ်တကူ မလျော့ရင်၊ ဒါမှမဟုတ် ချက်ချင်းပြန်ဝလာတယ်ဆိုရင် စိတ်မပူပါနဲ့။ သင့်လို လူတွေအများကြီး ရှိပါတယ်။ ကျွန်မတို့ အလေးချိန် လျှော့ချတဲ့အခါ လျော့ပြီးသား အလေးချိန်ကို ဆက်ပြီး ထိန်းထားရခက်စေတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းစု တွေကို ခလုတ်ဖွင့်ပေး လိုက်ကြပါတယ်။ တချို့ကိစ္စတွေကို ကျွန်မတို့ ထိန်းသိမ်းလို့ရပြီး တချို့ကို ထိန်းသိမ်းလို့ မရ ပါဘူး။ သင့်ကိုယ်အလေးချိန်ကို ဘယ်လိုလျှော့ချရမယ် ဆိုတာ၊ ဒါမှမဟုတ် သင် လျှော့ချဖို့တောင် လိုအပ်ပါ့ မလားဆိုတာ ကျွန်မတို့ ပြောပြမယ့်အစား ဇီဝဗေဒနဲ့ သက်ဆိုင်တဲ့ လက်တွေ့ အကြောင်းရင်း (၅) ချက်ကို ပြောပြချင်ပါတယ်။
။       သင့်ကိုယ်အလေးချိန်လျှော့ချတဲ့အခါ သင့်ရဲ့ ဇီဝ ဓာတုဖြစ်စဉ်က နှေးကွေးသွားပါတယ်။
သင့်ရဲ့ဇီဝဓာတုဖြစ်စဉ်ဆိုတာ သင်စားတဲ့ အစား အစာကို စွမ်းအင်အဖြစ် ပြောင်းလဲပေးတဲ့ သင့်ကိုယ် တွင်းမှာ ဖြစ်စဉ်ကို ခေါ်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး ဇီဝ ဓာတုဖြစ်စဉ်ခြင်း မတူပါဘူး။ အဲဒီလိုခြားနားခြင်းဟာ သင့် ကိုယ်တွင်းရှိ အဆီဓာတ်နဲ့ြွကက်သားတွေရဲ့ ဖွဲ့စည်းပုံနဲ့ သက်ဆိုင်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ဒါ့အပြင် ယောကျာ်းတွေရဲ့ ခန္ဓာကိုယ်မှာြွကက်သားတွေ ပိုများလို့ မိန်းမတွေထက် အဲဒီဖြစ်စဉ် အရှိန်ပိုမြန်ပါတယ်။ အသက်ကြီးလာတဲ့အခါ နှေးကွေးသွားပါတယ်။ ဒါပေမဲ့ လူတိုင်းရဲ့ ဇီဝဖြစ်စဉ်စွမ်းအင်လောင်ကျွမ်းပုံက အဓိက အားဖြင့် (၃) မျိုးရှိပါတယ်။
(က)    ငြိမ်နေတဲ့ ဇီဝဓာတုဖြစ်စဉ်။ ဒါက သင့် ကလီစာတွေ အလုပ်လုပ်နေပြီး သင် အသက်ဆက်ရှင်နေဖို့ ချေဖျက်ပေးတဲ့ စွမ်းအင်ဖြစ်ပါတယ်။ လောင်ကျွမ်းတဲ့ သင့် ကယ်လိုရီက ၅၀ မှ ၇၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။
(ခ)     အစာရဲ့ အပူဓာတ်သက်ရောက်မှု လောင် ကျွမ်းကုန်ခန်းတဲ့ သင့်ရဲ့ကယ်လိုရီ ၁၀ ရာခိုင်နှုန်းခန့်က သင်စားတဲ့အစာကို စွမ်းအင်အဖြစ် ပြောင်းလဲပေးဖို့ အစာ ချေဖျက်ရာမှာသာ သုံးရတဲ့ စွမ်းအင် အဖြစ် ပြောင်းလဲပေးဖို့ ဖြစ်ပါတယ်။
(ဂ)     သင့်ကယ်လိုရီ ၃၀  ရာခိုင်နှုန်း လောင်ကျွမ်း စေရတဲ့ ကိုယ်လက်လှုပ်ရှားမှု အားကစား ရုံမှာ လေ့ကျင့်ခန်းလုပ်တာမျိုးဟာ စွမ်းအင်သုံးစွဲမှုရဲ့ အလွန်သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သင် လှုပ်ရှားတဲ့အခါ ဇီဝဓာတုဖြစ်စဉ် နှေးကွေး တာဟာ သမားရိုးကျ ရူပဗေဒ သဘော တရားပါပဲ။
၂။       သင့်ကိုယ်အလေးချိန်လျှော့ချဖို့ ရွေးချယ်ရင် သင် ရေရှည်လက်ခံထားနိုင်မယ့် ပြောင်းလဲမှုတွေ ပြုလုပ်ပါ။
သင့်ကိုယ်အလေးချိန် မတိုးစေဖို့ လိုအပ်ပြီး သင် တကယ်နှစ်သက်တဲ့ ပြောင်းလဲမှုတွေကို ပြုလုပ်ပါ။
ဒါဟာ နှေးကွေးတဲ့ ဇီဝဓာတုဖြစ်စဉ် အပါအဝင် သင် အလေးချိန်မတိုးစေဖို့ ပိုခက်ခဲတဲ့ ဇီဝဗေဒလုပ်ငန်း တစ်ခုချင်းစီ လုပ်ဆောင်တဲ့ အင်္ဂါအစိတ်အပိုင်းစုကို အလေးချိန်လျှော့ချမှုက စတင်လှုပ်ရှားစေလို့ပါပဲ။ ဥပမာပြရရင် ဇီဝဓာတုဖြစ်စဉ်ဆိုတာက “စပရင်” လို လှုပ်ရှားပါတယ်။ သင်ဝိတ်လျှော့ဖို့ အားစိုက်လေလေ စပရင်ကို သင်ပိုဆွဲဆန့်လေဖြစ်ပြီး သင်ဝိတ်ကျပါတယ်။ သင်ဝိတ်ကျစေဖို့ အထောက်အကူပြုတဲ့ ပုံမှန်စား သောက်မှုနဲ့ လေ့ကျင့်ခန်းကို ရပ်လိုက်တဲ့အခါ စပရင် တင်းတာကို ပြန်လျှော့ပေးသလို သင့်ဇီဝဓာတုဖြစ်စဉ် ကလည်း နဂိုအတိုင်းပြန်ဖြစ်ပြီး လျော့သွားတဲ့ အလေးချိန် ပြန်တိုးလာမှာ ဖြစ်တယ်လို့ ဆီးချိုရောဂါ၊ ကျောက်ကပ် ရောဂါနဲ့ အစာခြေစနစ်ဆိုင်ရာ အမျိုးသားတက္ကသိုလ်မှ သိပ္ပံပညာရှင် ကက်ဗင်ဟောလ်က ပြောပါတယ်။
၃။       သင့်ဦးနှောက်ထဲရှိ ဟော်မုန်းတွေဟာ သင်အလေး ချိန်လျှော့တဲ့အခါ သင့်ကို ပိုပြီး ဆာလောင်မွတ် သိပ်စေပါတယ်။
သင့်ရဲ့အစာစားချင်စိတ်ကို ပြောင်းလဲသွားအောင် ဟော်မုန်းတွေက ပြောင်းလဲပေးပါတယ်။ သင့်ကို ဆာ လောင်စေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ Leptin ဟော်မုန်း က အဆီဆဲလ်တွေ ထုတ်လွှတ်ပြီး အခြေခံအားဖြင့် သင် စားရမယ့်အချိန်၊ ဒါမှမဟုတ် စားတာ ရပ်ရမယ့်အချိန်ကို ဦးနှောက်ကို အသိပေးပါတယ်။ သင်အလေးချိန် လျှော့ ချရင် အဲဒီ Leptin ဟော်မုန်းလည်း လျော့လာပါတယ်။ အဲဒီအခါကျရင် သင့်ဆာလောင်မှုကို အချက်ပေးသလို ဖြစ်ပါတယ်။ လူအများစုဟာ လျော့သွားတဲ့ အလေးချိန် အမြန်ပြန်တိုးစေသလိုမျိုး ယခင်ကထက် ပိုစားချင်စိတ် ပေါက်လာပါတယ်။
၎။       အလေးချိန်လျှော့ဖို့အတွက် သင်လေ့ကျင့်ခန်းလုပ် ခြင်းထက် သင်စားတာက ပိုအရေးပါပါတယ်။
လူအများစုအနေနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အလေးချိန်လျှော့ချရာမှ ဒုတိယအဆင့်မှာ ရှိပါတယ်။ တစ်နာရီကျော်ပြေးပြီး ကယ်လိုရီတွေ လျှော့ချတာထက် Starbucks ကော်ဖီဆိုင်က ကိတ်မုန့်တွေ မစားခြင်းဟာ ကယ်လိုရီ ၆၀ဝ လျော့စေပါတယ်။ ဒါ့အပြင် လူတွေဟာ ပိုစားဖို့ ဆင်ခြေပေးတဲ့အနေနဲ့ လေ့ကျင့်ခန်းလုပ်ချင် ကြတယ်။ အားကစားရုံမှာ ကုန်ခန်းသွားတဲ့ ကယ်လိုရီ တွေထက် ဆုလာဘ်အဖြစ် ကယ်လိုရီတွေတိုးအောင် သူတို့ပိုစားချင်ကြတယ်။ ဒါမှမဟုတ် ဆိုဖာပေါ်အိပ်ပြီး တစ်နေ့လုံးမလှုပ်ရှားဘဲ နေချင်တယ်။ အလေးချိန်လျှော့ ခြင်းနဲ့မပတ်သက်တဲ့ လေ့ကျင့်ခန်းမျိုးလုပ်ခြင်းရဲ့ တခြား အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ အဲဒီထဲမှာ ပိုစိတ်ကြည်လင်ခြင်း၊ ပိုအိပ်ပျော်ခြင်း၊ သောကစိတ် လျော့နည်းခြင်းနဲ့ သွေးသကြားဓာတ် ပိုတိုးလာခြင်းတွေ ပါဝင်ပါတယ်။ သင်ဟာ ကိုယ်လက်လှုပ်ရှားမှု အများကြီး လုပ်ရင် နားနေတဲ့ ဇီဝဖြစ်စဉ်ဟာ အစားထိုးဖို့ နှေးသွား ဖွယ်ရှိတယ်။ (ဒါကတော့ ယခုအထိ သီအိုရီမျှသာ ရှိသေးတယ်။)
။       သို့တစေ လျော့သွားတဲ့အလေးချိန်ကို ထိန်းထား ရာမှာ လေ့ကျင့်ခန်းလုပ်ခြင်းက အဓိက အရေးပါပုံ ရပါတယ်။
အမေရိကန်အမျိုးသားအလေးချိန်ထိန်းသိမ်းမှု မှတ်တမ်းရုံးရဲ့ စစ်တမ်းအရ အမေရိကန်နိုင်ငံတစ်ဝန်းမှာ အနည်းဆုံး ပေါင် ၃၀ ခန့် လျှော့ချပြီး အနည်းဆုံး တစ်နှစ် ကျော်အထိ ဆက်ထိန်းထားတဲ့လူတွေရှိကြောင်း သိရပါ တယ်။ သူတို့ဟာ နေ့စဉ်ပျမ်းမျှ တစ်နာရီခန့် လေ့ကျင့်ကြ သတဲ့။ အဲဒီလူတွေရဲ့ အကြိုက်ဆုံးလေ့ကျင့်ခန်းဟာ လမ်းလျှောက်ခြင်းဖြစ်တယ်လို့ ကော်လိုရာဒိုတက္ကသိုလ် ဆေးပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာဟော်လီ ဝိုင်းယတ်က ပြောပါတယ်။ လျော့ပြီးသား အလေးချိန်ကို ရေရှည်ဆက်ပြီး ထိန်းထားသူတွေဟာ ကိုယ်ခံအား လေ့ကျင့်မှုနဲ့ တခြားလှုပ်ရှားမှုတွေလည်း အများကြီး လုပ်ကြတယ်လို့ သုတေသီ ဒေါက်တာဝိုင်းယတ်က ပြောပါတယ်။
“အောင်မြင်မှုနဲ့ ဆက်စပ်တဲ့ သီးခြားလှုပ်ရှားမှု တစ်မျိုးတည်း မဟုတ်ပါဘူး။ အဓိကလှုပ်ရှားမှုရဲ့ ပမာဏ လို့ ကျွန်မ ထင်ပါတယ်” လို့ သူမက ဖြည့်စွက်ပြောပါ တယ်။
လျော့ပြီးသား အလေးချိန်ကို ဆက်ထိန်းထားရာမှာ လေ့ကျင့်ခန်းလုပ်ရာမှာ သော့ချက်ကျတဲ့ အကြောင်းရင်း တစ်ချက်က အလေးချိန်လျှော့တဲ့အခါ စတင်လှုပ်ရှားတဲ့ အလုပ်လုပ်တဲ့ ဇီဝဗေဒကိုယ်တွင်းအင်္ဂါစု အစိတ်အပိုင်းကို တုံ့ပြန်ဖို့ ထောက်ပံ့ခြင်းဖြစ်ပြီး ဇီဝဓာတုဖြစ်စဉ်ကို လျှော့ချကာ ဆာလောင်မှုကို တိုးပွားစေပါတယ်။ သင့်ရဲ့ စားသောက်မှု ပမာဏနဲ့ သင့်ရဲ့ ကုန်ခန်းသွားတဲ့ ကယ် လိုရီတို့ ခြားနားမှုက စွမ်းအင်ကွာဟချက်ကို ဖြစ်ပေါ်စေ ပါတယ်။
“အဲဒီစွမ်းအင်ကွာဟချက်ကို လေ့ကျင့်ခန်း ပိုလုပ် ခြင်း၊ ဒါမှမဟုတ် နည်းနည်းလျှော့စားခြင်းဖြင့် သင်ဖြည့် တင်းလို့ရပါတယ်” လို့ သူမက ပြောပါတယ်။
Obesity Joutnal မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ သုတေသနပြုချက်အရ အလေးချိန် ပျမ်းမျှ ၅၈ ပေါင်
ကျပြီး ပျမ်းမျှ ၉ နှစ်အထိ ဆက်ထိန်းထားတဲ့လူတွေကို လေ့လာရာမှာ ၎င်းတို့ရဲ့ ဇီဝဓာတုဖြစ်စဉ်တွေကို အဆင့် မြင့် တိုင်းထွာမှုတွေ ပြုလုပ်တဲ့အခါ ゞင်းတို့ဟာ နေ့စဉ် ကယ်လိုရီ ၂၅၀ဝ ခန့် လောင်ကျွမ်းစေကြောင်း တွေ့ရှိရ ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အလေးချိန်က တည်ငြိမ်တဲ့ အတွက် အရင်က သူတို့ပိုဝချိန်မှာ စားခဲ့သလောက်ပဲ နေ့စဉ် ကယ်လိုရီ ၂၅၀ဝ ပြန်စားနေကြသေးကြောင်း အဓိပ္ပာယ်ထွက်ပါတယ်။ သူတို့စားသမျှ ကယ်လိုရီတွေ လောင်ကျွမ်းရတဲ့ အကြောင်းရင်းက သူတို့ဟာ အရင် တုန်းကထက် လေ့ကျင့်ခန်း ပိုလုပ်နေကြလို့ပါပဲ။
ယခုအခါ သူတို့ဟာ နေ့စဉ် ပျမ်းမျှ မိနစ် ၄၀ ခန့် အသင့်အတင့်မှ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်နေ တယ်လို့ အဲဒီသုတေသနကို ပြုစုတဲ့ ကော်လိုရာဒိုပြည်နယ် တက္ကသိုလ်မှ စာရေးဆရာမ ဒေါက်တာဗစ်တိုးရီးယား ကက်တနာစီနဲ့ ဒင်နီယယ်အော့စ် တင်းဒေါ့ဖ်တို့က ပြောပါ တယ်။ အဲဒီထဲမှာ ၁၀ မိနစ် သို့မဟုတ် ဒီထက်ပိုကြာကြာ လမ်းလျှောက်တာမျိုး အချိန်တိုတိုလေ့ကျင့်ခန်းလေးတွေ ပြုလုပ်ခြင်း ပါဝင်ပါတယ်။
ယခုရရှိတဲ့ ဗဟုသုတကို သင်ဘာလုပ်မလဲ။
ယခုလို ဇီဝဗေဒလုပ်ဆောင်ချက်တွေကို သင်သိ လာတော့ အခက်အခဲတွေကြားမှာ အလေးချိန်လျှော့ချဖို့ စိတ်ဖိစီးမှုနဲ့ ပတ်သက်လို့ သင်ဆုံးဖြတ်ခွင့်ရပါလိမ့်မယ်။ ဒါပေမဲ့ တချို့က အလေးချိန်လျှော့ချင်စိတ်မရှိခိုက်မှာ တချို့က အလေးချိန်ဆက်လက်လျှော့ချ ထားချင်တာဟာ ဘာကြောင့်မှန်း ကျွန်မတို့ မသိရပါဘူး။ တကယ်လို့ သင် ဝိတ်လျှော့ဖို့ ဆုံးဖြတ်ရင် သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ပြန်စဉ်းစားပါ။ သင်ဟာ မဂ္ဂဇင်းမျက်နှာဖုံးရှင်နဲ့ တူမယ့် အစား သင့်ကို ပိုပြီးကျန်းမာစေမယ့် ပြောင်းလဲမှုတွေပေါ် သာ အာရုံစိုက်ပါ။
“အဲဒီလို ပြောင်းလဲမှုမျိုးတွေက နောင်အခါ သင့် အတွက် ဆုလာဘ်တွေ ဖြစ်လာမှာပါ” လို့ ဒေါက်တာ ဟောလ်က ပြောပါတယ်။
Thursday, August 29, 2019
ယူနီကုဒ်ကို ပြောင်းဖို့ မကြောက်ကြပါနဲ့ ....
ယူနီကုဒ် ပြောင်းကြတော့မယ်ဆိုပြီး ကျယ်ကျယ်လောင်လောင်ပြောလာကြတော့ အချို့ကလည်း ပြောင်းမယ်ဆိုလည်း ပြောင်းကြတာပေါ့ကွာဆိုပြီး ချက်ချင်း ပြောင်းလဲတတ်ကြပေမယ့် အချို့ကျတော့လည်း “နေပါဦး” ယူနီကုဒ်အကြောင်း သိချင်ပါသေးတယ်ဆိုပြီး စူးစမ်းကြသူတွေလည်းရှိပါတယ်။
ဒီစာကတော့ ယူနီကုဒ်အကြောင်းကို အရမ်းအသေးစိတ်အထိ မဆင်းပဲ နည်းပညာနဲ့ ဝေးသူ နားလည်အောင် ရှင်းပြလိုတဲ့ post တစ်ခုသာဖြစ်ပါတယ်။
⭐️ပထမဆုံး သိချင်ကြတဲ့အချက်ကတော့ ယူနီကုဒ်ဆိုတာ ဘာလဲဆိုတာပဲဖြစ်ပါတယ်။⭐️
သူက စံသတ်မှတ်ထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ယခင်က သတ်မှတ်ခဲ့တဲ့ စနစ်တွေကို ပြန်ကြည့်ရမယ်ဆိုရင် တစ်ပတ်မှာ ၇ရက်ရှိရပါမယ်။ တစ်ကီလိုမီတာမှာ ၁၀၀၀ မီတာရှိရမယ် ။ တစ်ပေါင်မှာ ၁၆ အောင်စရှိတယ်။ ဒါကိုမှ ကိုယ့်တစ်နိုင်ငံတည်း တစ်ပတ်မှာ ၈ရက် လုပ်မယ်ဆိုပြီး လုပ်လို့မရပါဘူး။ ကိုယ်တွေချည်းပဲ တစ်ကီလိုမီတာမှာ ၁၁၀၀ မီတာထားမယ်ဆိုပြီး သတ်မှတ်လို့မဖြစ်နိုင်ပါဘူး။ တစ်ပေါင်မှာ ၁၇ အောင်စလုပ်လိုက်ကွာဆိုတာမျိုးလည်း လုပ်လိုက်လို့မဖြစ်ပါဘူး။
ကိုယ့်နိင်ငံအတွင်းမှာ နားလည်မှုနဲ့ လုပ်လို့ဖြစ်ရင်တောင် အခြားနိုင်ငံနဲ့ ဆက်သွယ်ပြီးလုပ်မယ့်အခါမျိုးကျရင် ရှုပ်ထွေးမှုတွေ ဖြစ်ကုန်ပါတော့မယ်။
ယခု ယူနီကုဒ် ဆိုတာကျတော့ ကွန်ပျူတာနည်းပညာတွေ ၊အင်တာနက်တွေ ခေတ်စားလာပြီးတဲ့အချိန်မှာ တစ်ကမ္ဘာလုံးက ဘာသာစကားတွေအတွက် အရှုပ်အထွေးမဖြစ်အောင် တီထွင်လိုက်တဲ့စနစ်ပါ။ လူတွေမှာ မှတ်ပုံတင်နံပါတ်တွေ ၊ ကားတွေမှာ လိုင်စင်နံပတ်တွေရှိသလိုပဲ အက္ခရာ စာလုံးတွေမှာလည်း ကိုယ်ပိုင်နံပါတ်တွေရှိပါတယ်။
အဲဒီနံပါတ်တွေကတော့ က ကြီးတို့ ခခွေးတို့ A တို့ B တို့ကို ကွန်ပျူတာက သိတဲ့ နံပါတ်တွေပါပဲ။ ကွန်ပျူတာတွေက ညံ့ပါတယ်။ ကျွန်တော်တို့ လူတွေလို စာလုံးကို မျက်စိ နဲ့ မြင်တာနဲ့ တန်းဖတ်တတ်တာမဟုတ်ပါဘူး။ သူ့နောက်ကွယ်က ကိုယ်ပိုင်နံပါတ်ကိုပဲသိတာပါ။ ယူနီကုဒ်ဆိုတာ အဲဒီအက္ခရာစာလုံးတွေကို တော့ဖြင့် ဘယ်ဟာကိုတော့ ဘယ်နံပါတ် ပေးမလဲ၊ ဘယ်ဟာကိုတော့ ဘယ်လို သတ်မှတ်မလဲဆိုတာကို စနစ်တကျဖြစ်အောင် ၊အခြား ဘာသာစကားတွေနဲ့ အရှုပ်အရှင်းမဖြစ်အောင် စနစ်ချပေးတဲ့ အရာကြီးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း တကယ့်တကယ် လုပ်ငန်းစဉ်မှာတော့ အက္ခရာတွေမှာ ကိုယ်ပိုင် ရေးထုံးရေးဟန်တွေ ကလည်းရှိနေပါတယ်။ ဥပမာ- ကျနော်တို့က ဘယ်ကနေ ညာကိုရေးပါတယ်။ အချို့က ညာကနေဘယ်ကို ရေးတဲ့ ဘာသာစကားတွေရှိပါတယ်။ အင်္ဂလိပ်စာမှာ good morning ဆိုရင် ရှင်းပေမယ့် မြန်မာစာမှာ ပတ်ဆင့်တွေကော၊ ယပင့်အကြီးအသေး၊ ရေးချာ မှာလည်း ( ဝိုက်ချ၊ -ာ ၊မောက်ချ ၊ -ါ စသဖြင့်ရှိကြပါသေးတယ်။ ဒီလိုမျိုး ရေးထုံးရေးနည်းတွေကိုပါ အများကြီးထည့်စဉ်းစားပြီး တည်ဆောက်ကြပါတယ်။ အဲဒါကျတော့မှ နောက်ဆုံး အများအဆင်ပြေပြေသုံးနိုင်တဲ့အဆင့်ကို ရောက်ပါတယ်။ ဒီ စနစ်ကို အုတ်မြစ်အဖြစ်အသုံးပြုပြီး ကျန်တဲ့ နည်းပညာတွေ ဆက်လက်တည်ဆောက်ကြပါတယ်။ အုတ်မြစ်မခိုင်ခဲ့ရင် အစပိုင်း အဆင်ပြေပေမယ့် နောက်ပိုင်း နည်းပညာတွေ အဆင့်မြင့်လာလေ အမြင့်ဆက်တက်လို့မရလေလေ ဖြစ်တတ်ပါတယ်။
ယူနီကုဒ် ဆိုတာကို မျက်စိထဲရေးရေးလေး မြင်လာပြီဆိုရင်တော့ သူ့ရဲ့အားသာချက် အားနည်းချက် ဘာလဲဆိုတာလေးကို ဆက်ပြောပြချင်သေးတယ်။
👍🏻အားသာချက်👍🏻
ကတော့ အထက်မှာပြောခဲ့သလိုပဲ သူ့ကို ဖောင်ဒေးရှင်း အုတ်မြစ်အဖြစ်သုံးပြီး ကျနော်တို့ နည်းပညာအသစ်တွေ ဖန်တီးနိင်ပါတယ်။ အများသူငှာနဲ့ ရင်းနှီးတဲ့နည်းပညာတွေကိုပြောရမယ်ဆိုရင် အလိုအလျောက်ဘာသာပြန်တဲ့စနစ်တို့၊ မြန်မာလို ကောင်းကောင်းရှာဖွေလို့ရတဲ့အခါတို့၊ ပုံနှိပ်ထားတဲ့ စာအုပ်တွေ၊ သတင်းစာတွေကနေ ကွန်ပျူတာစာလုံးအဖြစ်ပြန်လည်ပြောင်းလဲတဲ့နည်းပညာတို့၊ လက်ရေးကနေ ကွန်ပျူတာစာလုံးအဖြစ်ပြောင်းလဲတာတို့၊ အသံနဲ့စာရိုက်တာတို့၊ နောက်ဆုံး မြန်မာလို ပြောတာကို နားလည်တဲ့ AI တို့ Chatbot တို့ အထိ ဖြစ်နိုင်ပါတယ်။ အချို့သော လက်ရှိမှာခေတ်မစားသေးတဲ့ နည်းပညာတွေကိုလည်း ယူနီကုဒ်ကို အခြေခံပြီး ဆက်လက်တည်ဆောက်သွားနိုင်ပါတယ်။ ဘာကြောင့်ကျနော် အဲလိုပြောနိုင်တာလဲဆိုတော့ ယူနီကုဒ်ဆိုတာ နိုင်ငံတကာ စနစ်တစ်ခုပါ။ကိုယ့်နိုင်ငံပဲပိုင်တာမဟုတ်ဘူး။ ဒါကြောင့် အခြားနိုင်ငံက ဘာသာစကားစနစ်နဲ့ သာ အဆင်ပြေနေရင် ကျနော်တို့နဲ့လည်း အဆင်ပြေပါလိမ့်မယ်။ ညီတူမျှတူ အခွင့်အရေးရရှိမှာမိုလို့ပါ။ နောက်ထပ်အားသာချက်တစ်ခုကတော့ ထွက်ရှိတဲ့ ကွန်ပျူတာ၊ ဖုန်း ၊ အီလက်ထရောနစ်စနစ်အားလုံးမှာ ယူနီကုဒ် စနစ်က တစ်ပါတည်းပါလာပြီးသားဖြစ်မှာဖြစ်တဲ့အတွက် ဖောင့်ထပ်သွင်းရတာမျိုးတွေ၊ ဆိုင်သွားပြင်ဆင်ရတာမျိုးတွေ အနာဂတ်မှာ ရှိလာတော့မှာမဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ဘယ်စက်ကိုပဲ ကောက်ဖွင့်ဖွင့် မြန်မာစာဖတ်လို့ရေးလို့ ရပါလိမ့်မယ်။
👎အားနည်းချက်👎
ကိုလည်း အများစုက သိချင်ကြပါတယ်။ ကျနော်မကွယ်ဝှက်တမ်းပြောရမယ်ဆိုရင် ကမ္ဘာမှာ သူ့ထက် ကောင်းတဲ့ ဘာသာစကားစနစ်အခုထိ မရှိသေးပါဘူး။ ဒါကြောင့်လည်း တကမ္ဘာလုံးက နည်းပညာလုပ်ငန်းတွေ အဖွဲ့အစည်းတွေအားလုံးက ဒါကိုပဲ အခြေခံပြီး အလုပ်လုပ်ကြပါတယ်။ မြန်မာနိုင်ငံ အခြေအနေမှာတော့တစ်မျိုးဖြစ်နေပါတယ်။ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ ဇော်ဂျီစနစ်က ယူနီကုဒ်နဲ့ သဟဇာတမဖြစ်ပါဘူး။ ဇော်ဂျီစနစ်၊ ဖောင့်ထည့်ထားတဲ့သူတွေက ယူနီကုဒ်နဲ့ ရေးသားထားတဲ့စာကို အများစုဖတ်လို့မရပါဘူး ၊ ဒါကြောင့်မို့ ဇော်ဂျီဖောင့်ထည့်သွင်းထားသူများက ယူနီကုဒ် စာတွေမြင်တိုင်း ဒါဟာဖတ်လို့ရတဲ့ စာတစ်ခုဖြစ်ပါတယ်ဆိုတာကို လက်မခံကြတာမျိုးရှိပါတယ်။ တကယ်လို့သာ သူတို့ဟာ ကွန်ပျူတာအသစ် ဖုန်းအသစ်လဲလိုက်လို့ ရှိရင် ယူနီကုဒ် ကို ဖတ်လို့ရပြီး အများသူငှာရေးတဲ့ ဇော်ဂျီစနစ်နဲ့စာ ကိုဖတ်လို့မရတော့ပြန်ပါဘူး။ ဆက်သွယ်ရေးမှာ အဆင်မပြေတာတွေ ဖြစ်လာတတ်ပါတယ်။
နောက်တစ်ချက်ကတော့ မြန်မာယူနီကုဒ် ကိုစတင်အတည်ပြုတဲ့ အချိန်က သက်တမ်းနုသေးပါတယ်။ ဒါ့အပြင် အသုံးပြုသူကလည်းနည်းပါသေးတယ်။ ဒါကြောင့် ဒီစနစ်ကို အတည်မပြုခင်အချိန်က ထွက်ရှိတဲ့ ကွန်ပျူတာ၊ ဖုန်း၊ ဆော့ဖ်ဝဲတွေမှာ တော့ ဒီစနစ်ကို သုံးလို့ရဖို့က အတော်ကို ခက်ခဲပါတယ်။ နမူနာအနေနဲ့ပြောရမယ်ဆိုရင် ၊ window xp , window 2000 တို့လိုစက်မျိုး၊ Android version 4.4 ထက်နိမ့်တဲ့စက်တွေမျိုး၊ ရှေးရှေးကထွက်ခဲ့တဲ့ နိုကီယာ ကီးပတ်ဖုန်းမျိုး၊ software အနေနဲ့ပြောရရင် page maker 6.5 တို့လို ဆော့ဖ်ဝဲမျိုး၊ အဲဒီလို အရာတွေမှာ မြန်မာစာ ယူနီကုဒ်ကို သုံးလို့မရနိုင်ပါဘူး။ ယူနီကုဒ် မပေါ်ပေါက်ခင် ရှေးခတ်က ရှိခဲ့တဲ့ အရာများဖြစ်လို့ဖြစ်ပါတယ်။ ဒါပေမယ့် ယခုအချိန်ကစလို့ နောက်ပေါ်လာမယ့် နည်းပညာအားလုံးမှာတော့ အသုံးပြုလို့ရပါမယ်။ ပြီးတော့ လက်ရှိအချိန်ထိ မြန်မာယူနီကုဒ်ကို တရားဝင် support မလုပ်ပေးသေးတဲ့ ဆော့ဖ်ဝဲတွေရှိပါတယ်။ သူတို့ရဲ့ဦးစားပေးlist ထဲမှာ မြန်မာက မပါလို့လည်းဖြစ်ရင်ဖြစ်နိုင်မယ်။ မြန်မာပြည်မှာ ဈေးကွက်မရှိလို့လည်းဖြစ်နိုင်ပါလိမ့်မယ်။
👏🏻ယူနီကုဒ် ကို စသုံးရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်သလဲ။👏🏻
ပထမတစ်ချက်ကတော့ ကျနော်တို့ရေးချင်သလိုရေးတဲ့စာတွေကို ကွန်ပျူတာကနေ စနစ်ကျအောင် ထိန်းကျောင်းပေးသွားပါလိမ့်မယ်။ ဥပမာ- စလုံးနဲ့ ယပင့်ပေါင်းပြီး ဈ ဆိုပြီးလုပ်နေတာမျိုးတွေ ၊ ( ဈ ၊ ဈ )၊ သုညကို ဝလုံးအဖြစ်ရိုက်နေတာမျိုးတွေ ၊ ဥ နဲ့ ညကလေးကို မကွဲမပြားရိုက်နေတာတွေကို သူကထိန်းညှိပေးသွားနိုင်ပါတယ်။
စာလုံးပေါင်းအမှားအယွင်းတွေများလွန်းတာ၊ စာလုံးတစ်ခုနဲ့ တစ်ခုရိုက်ချင်သလို ရိုက်နေတာတွေကိုလည်း အမှန်ပြင်ပေးနိုင်တဲ့ နည်းစနစ်တွေစတင်ပေါ်ပေါက်လာပါလိမ့်မယ်။ လူတိုင်းသာ သုံးနေကြရင် အချင်းချင်း စကားပြောဆက်သွယ်တာက အခက်အခဲမဟုတ်တော့ပါဘူး ။ နှစ်ဖက်စလုံး အမှန်မြင်မှာပါ။
လက်ရှိသုံးနေကြတဲ့ မြေပုံတွေ၊ လမ်းနာမည်တွေ ၊ မြို့နာမည်တွေ၊ အားလုံးကိုGoogle map, open street map မှာ မြန်မာလိုရှာလို့ရပါတော့မယ်။ သုံးတဲ့သူများလာရင် ဝိုင်းပြီးဖြည့်ပေးတဲ့သူတွေလည်းများလာလို့ ပိုမို quality ကောင်းလာပါတော့မယ်။ Google မှာ မြန်မာလို ရှာရင် အချက်အလက်တွေအများကြီးပေါ်လာပါတော့မယ်။
မြန်မာဝီကီမှာ ဝင်ဖြည့်စွက်ပေးတဲ့သူတွေပါလာလို့ ကျနော်တို့ မြန်မာနဲ့သက်ဆိုင်တဲ့အဖြစ်အပျက်တွကိုဝီကီမှာပိုဖတ်ရမယ်။ TED TALK လိုနေရာမျိုးမှာ အရမ်းမိုက်တဲ့ စိတ်ကူးတွေကို မြန်မာလို စာတန်းထိုးနဲ့ဖတ်လို့ရမယ်။ လာမယ့်ရွေးကောက်ပွဲမှာ မဲစာရင်း ကြည့်မယ်ဆိုရင်လည်း ကိုယ့်နာမည်က စာရင်းထဲရှိလျက်သားနဲ့ ဖောင့်မကိုက်လို့ ရှာမရဘူး ၊ ဖတ်မရဘူးဆိုတာမျိုးမဖြစ်တော့ပါဘူး ။ မြန်မာလိုနာမည်တင်မကဘူး။ တိုင်းရင်းသားဒေသက လူမျိုးတွေလည်း သူတို့တိုင်းရင်းသားနာမည်ကို ယူနီကုဒ်နဲ့ ရှာလို့ရပါတော့မယ်။
နောက်ဆိုရင် English လိုတတ်တဲ့သူမှ အင်တာနက်ကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်မယ် ဆိုတာမျိုးမဖြစ်တော့ဘူး။ website တွေမှာ ဖောင့်တစ်မျိုးတည်းကိုပဲ နေရာတိုင်းသုံးတာမျိုးမဟုတ်တော့ပဲ၊ ခေါင်းစီး၊ စာကိုယ် သူ့နေရာနဲ့သူ လိုက်ဖက်တဲ့ဖောင့်တွေသုံးကြလို့ပို ကြည့်လို့ကောင်းလာမယ်။ အစည်းအဝေးတွေ၊ email တွေမှာ ဖောင့်စနစ်ပေါင်းစုံမသုံးတော့ပဲ ယူနီကုဒ် စနစ်ကို အခြေခံတဲ့ ဖောင့်တွေ ( ဥပမာ- Myanmar3, Pyidaungsu, Padauk, Notosans Myanmar) စသဖြင့် သုံးကြလို့ နည်းပညာအခက်အခဲ ဖြစ်ပါတယ်ဆိုတာကြီး မဖြစ်တော့ပဲ၊ လိုရင်းကို ထိထိရောက်ရောက်ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်မယ်။ Google ကပေးတဲ့ အခမဲ့ စနစ်တွေကို ချက်ချင်းလက်တင်သုံးလို့ရပါမယ်။
ဒီနေရာမှာ အချို့ကပြောတာ ဇော်ဂျီနဲ့လည်းသုံးလို့ရတာပဲတဲ့ ၊ အဲဒါမှန်ပါတယ်၊ အဲဒီလိုသုံးလို့ရဖို့ facebook တို့ Google တို့က တမင် လုပ်ပေးထားတာပါ ။အဲဒီလို ရဖို့ နောက်ကွယ်ကနေ မလိုအပ်တဲ့ ငွေကြေးကုန်ကျမှုတွေ၊ အချိန်ကြာမြင့်မှုတွေရှိပါတယ်။ ဒါကြောင့် တစ်သက်လုံး ကျနော်တို့ အဲလို ရနေမယ်လို့ အာမမခံထားပါဘူး။ ကျနော်တို့ အားလုံး ယူနီကုဒ် ပြောင်းပြီးတဲ့အချိန် သူတို့ရဲ့ ဇော်ဂျီကို support ပေးမှုက ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ ဒါက ယာယီ ဖြေရှင်းမှုတစ်ခုသာဖြစ်ပါတယ်၊
😿ဇော်ဂျီမှာကော အားနည်းချက်ဘာရှိလို့လဲ။😿
ဇော်ဂျီကလည်း ယူနီကုဒ်လိုမျိုးပဲ စနစ်တစ်ခုဖြစ်ပါတယ်။ သူ့စနစ်က မြန်မာနိုင်ငံက ပြည်သူတွေကို နှစ်ပေါင်းများစွာ အကျိုးပြုခဲ့ပါတယ်။ သူ့ရဲ့အားနည်းချက်ကတော့ ကျွန်တော်တို့ နောက်ထပ် နည်းပညာအသစ်တွေလိုချင်ရင် ထောက်ပံ့ပေးဖို့ လိုအပ်တဲ့ အခြေခံအုတ်မြစ် ခိုင်ခိုင်မာမာ မပါရှိခဲ့ပါဘူး။ သူ့ခေတ်သူ့အခါနဲ့ အဆင်ပြေခဲ့ပေမယ့်လာမယ့် ၅နှစ် ၁၀ နှစ် အနှစ် ၂၀ မှာ ဘယ်လိုမှအဆင်မပြေနိုင်တော့ပါဘူး။ ဇော်ဂျီနဲ့ စာရိုက်တဲ့အခါ ရိုက်တဲ့သူပေါ်မူတည်ပြီး အသုံးပြုတဲ့ ကီးတွေ ကွဲပြားလေ့ရှိပါတယ်။ ဒါကြောင့်လည်း စာတစ်ပုဒ် သိမ်းသွားရင် သူ့ဆီမှာ အမြင်မှာတူပေမယ့် ကုတ်နံပတ်မတူတဲ့ အက္ခရာတွေ အများကြီးပါသွားပါတယ်။ ဒါတွေဟာ လူလို မျက်လုံးနဲ့မဖတ်တတ်တဲ့ကွန်ပျူတာအတွက်တော့ အိမ်မက်ဆိုးလိုပါပဲ၊ သူဘယ်လိုမှ နားမလည်နိုင်ပါဘူး။ သူနားမလည်တဲ့အတွက် ကျွန်တော်တို့က ကွန်ပျူတာကို အမိန့်ပေးခိုင်းစေလို့မရတော့ပါဘူး။ အလားတူပြဿနာက ရှာဖွေတဲ့အခါမှာလည်း ဒုက္ခပေးပါတယ်။
စာရိုက်တဲ့အခါ စာလုံးပေါင်းစစ်လို့မဖြစ်နိုင်တာ၊ စာကြောင်းတွေ ခွဲရအဆင်မပြေတာ၊ ဒီဖောင့်တစ်မျိုးတည်းကိုပဲ နေရာတကာမှာ သုံးရလို့ ဒီဇိုင်းပိုင်းအရ ဆန်းသစ်တီထွင်လို့မရပဲ မျက်လုံးပသာဒမဖြစ်တာ။ ဖုန်းထဲမှာ သူရှိနေရင် ယူနီကုဒ် service တွေသုံးမရတာမျိုးတွေဖြစ်တတ်ပါတယ်။ Translate ကို ကောင်းကောင်းသုံးမရဘူး၊ မြေပုံတွေသုံးမရဘူး၊ TED talk, khan academy သုံးမရဘူး။ မြန်မာဘာသာနဲ့ မီနူးတွေ ဆက်တင်တွေသုံးမရဘူး။ အချို့သော မြန်မာ ဆော့ဖ်ဝဲတွေသုံးရင် ဖောင့်မမှန်ဘူး
နောက်ဆုံးတစ်ခုကတော့ တိုင်းရင်းသားစာလုံးတွေရိုက်လို့မရပါဘူး။
😲ဇော်ဂျီကနေ ယူနီကုဒ် ပြောင်းရင်ဘာလုပ်ဖို့လိုသလဲ ။😲
ဇော်ဂျီဖောင့်မထည့်ခဲ့ဖူးဘူး ဆိုရင်တော့ ဘာမှလုပ်စရာမလိုပါဘူး ၊ တန်းပြီး လက်တင်သုံးရုံသာရှိပါတယ်။ ကီးဘုတ်ကတော့ အဓိက နှစ်မျိုးသာရှိပါတယ်။ မြန်စံကီးဘုတ် နဲ့ ဇော်ဂျီလက်ကွက်သုံးကီးဘုတ်ပါ။ အကြံပေးလိုတာကတော့ မြန်စံကီးဘုတ်ကိုသာ စတင် လေ့ကျင့်သင့်ပါတယ်။ လေ့ကျင့်ချိန် ၂နာရီခန့်သာပေးလိုက်ရင် ကောင်းကောင်းနဲ့မြန်မြန်ဆန်ဆန်ရိုက်တတ်သွားနိုင်ပါတယ်။ တကယ်လို့မှ အဲဒီလိုမဟုတ်ဘူး ယခင် က ဇော်ဂျီလက်ကွက်နဲ့အသားကျနေခဲ့လို့ ဇော်ဂျီလက်ကွက်အတိုင်းပဲ ယူနီကုဒ် ရိုက်ချင်တယ်ဆိုရင်လည်း အဲဒီလို ရိုက်လို့ရအောင်ဖန်တီးပေးထားတဲ့ ကီးဘုတ်တွေရှိပါတယ်.။ Keymagic တို့လိုမျိုး ၊ အဲဒါတွေသုံးနိုင်ပါတယ်။ ဒါကတော့ window, mac ကွန်ပျူတာတွေအတွက်ပါ။
ဖုန်းတွေမှာဆိုရင်တော့ အဓိက Android နဲ့ iOS ရှိပါတယ်။ Android ထဲမှာကိုပဲ Brand ခွဲတွေက အများကြီးရှိတော့ ပြောရတာတော့နည်းနည်းခက်ပါတယ်။ အချို့စက်တွေက ဖုန်းထဲမှာပဲ theme ကနေ ပြောင်းတာမျိုး၊ Language setting ကနေ ယူနီကုဒ်ပြောင်းလို့ရတာမျိုးတွေရှိပါတယ်။ အချို့ဖုန်းတွေမှာတော့ အဲဒီsetting မပါလို့ Font changer တွေ ဒါမှမဟုတ်ရင် မူလ firmware ပြန်တင်ရတာမျိုးတွေ ရှိနိုင်ပါတယ်။ ios မှာတော့ ပိုရှင်းပါတယ်။ လက်ရှိ ios မှာ တော့ My font နဲ့ ttkeyboard ထဲမှာပါတဲ့ Pyidaungsu နဲ့ uni zg ကီးဘုတ် ဆိုတာကို ထည့်လိုက်ရင် ချက်ချင်း ယူနီကုဒ် သုံးနိုင်ပါတယ်။ လာမယ့် ios ဗားရှင်းအသစ်မှာတော့ ယူနီကုဒ်ဖောင့်နဲ့ ကီးဘုတ်တို့ဟာ စက်ထဲမှာ တစ်ပါတည်း ပါလာတော့မယ်လို့ ပြောပါတယ်။
အချို့ကတော့ ယူနီကုဒ်မသုံးချင်တာ လက်ကွက် ကြောင့်လို့ပြောပါတယ်။ တကယ်ကတော လက်ရှိ အများစုသုံးကြတဲ့ tt keyboard, bagan, frozen , Samsung စတဲ့ ကီးဘုတ်တွေအားလုံးမှာ ယူနီကုဒ်ကော ဇော်ဂျီကော လက်ကွက်တူတူပါပဲ။
ဒါပေမယ့် စက်ရဲ့ဖောင့်က ဇော်ဂျီဖြစ်နေပြီး ယူနီကုဒ် လက်ကွက် ကို ဖွင့်သုံးရင်တော့ စနစ်မတူတဲ့အတွက် ဘယ်လိုမှ မှန်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီယူနီကုဒ် လက်ကွက်တွေ အလုပ်လုပ်စေချင်ရင် ၊မှန်စေချင်ရင် စက်ရဲ့ ဖောင့်ကပါ ယူနီကုဒ် ဖြစ်နေဖို့လိုပါတယ်။
ကိုယ့်ဘာသာ ပြောင်းတတ်ရင်ပြောင်းပါ။ မပြောင်းတတ်ရင် နီးစပ်ရာ ကျွမ်းကျင်သူတွေကို အကူအညီတောင်းပါ။ အဲဒါမှမ ရရင် ဖုန်းဆိုင် ကွန်ပျူတာဆိုင်တွေဆီကို သွားပြီး ယူနီကုဒ် ပြန်ထည့်ခိုင်းလိုက်ပါ။ သူတို့တွေ ဇော်ဂျီထည့်ပေးခဲ့သလို အခု ယူနီကုဒ်လည်း ပြန်ထည့်ပေးနိုင်ကြပါတယ်။
🤔နောက်ဆုံးပြောရရင် ဘာကြောင့် ယူနီကုဒ် ပြောင်းသင့်တာလဲ🤔
ကျွန်တော်တို့နိုင်ငံမှာ ပြဿနာပေါင်းသောင်းခြောက်ထောင် ရှိပါတယ်။ တကယ်က အဲဒီထက်တောင်ပိုချင်ပိုဦးမှာပါ ။ သေးသေးမွှားမွှား အရေးမပါဘူးလို့ထင်ရပေမယ့် အင်တာနက်သုံးတဲ့သူ သန်း ၂၀ ကျော်လောက်မှာ ဖောင့်ပြဿနာ မတက်ဖူးတဲ့သူမရှိပါဘူး။ အဲဒီ သန်းနဲ့ချီတဲ့ ပြည်သူတွေ ဖတ်ဖို့ စာ၊ သုံးဖို့ app တွေ ဖန်တီးသူတွေမှာလည်း ဒီစနစ်နှစ်ခုအကြားမှာ ဗျာများ နေရပါတယ်။ သူတို့ သာ ဒီ အတွက် ပူစရာမလိုတော့ဘူးဆိုရင် ဒီထက်ပိုကောင်းတဲ့ app တွေ၊ service တွေ ထုတ်လုပ် ဖန်တီးနိုင်ကြပါတယ်။
ကျွန်တော်တို့ ဇော်ဂျီကိုပဲ စံစနစ်အဖြစ်သတ်မှတ်လိုက်လို့ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်တဲ့အချက်ပေါင်းများစွာ ရှင်းပြလို့ရပါတယ်။ ဖြစ်နိုင်တယ်လို့ယူဆရင်တောင်မှ သူ့ကို စံအဖြစ်သတ်မှတ်ဖို့ ကုန်ကျမယ့်ငွေကြေး၊ ကြာမြင့်မယ့်အချိန်၊လူအရင်းအမြစ် စသဖြင့်ပေါ့။ ဒါတွေကို ကျွန်တော်တို့ မတတ်နိင်ပါဘူး၊ ဒါကြောင့်မို့ ဇော်ဂျီနဲ့ ယူနီကုဒ်နှစ်ခုမှာ တစ်ခုပဲ ရှိဖို့လိုကိုလိုပါတယ်။ နှစ်ခုလုံး ရှိခြင်းဟာ ဘယ်မောင်းနဲ့ ညာမောင်းစနစ်နှစ်ခုစလုံးကို တစ်ပြိုင်တည်းကျင့်သုံးသလို ဒုက္ခများပါတယ်။ အလုပ်မတွင်ပါဘူး။ လက်ရှိမှာ နှစ်မျိုးလုံးမြင်နေရတဲ့ နည်းပညာတွေကို အသုံးပြုထားပေးကြတယ်လို့ဆိုပေမယ့် အဲဒီနည်းပညာများဟာ ရေရှည်အတွက်မဟုတ်ပါဘူး။ သူ့ဆီမှာလည်း အားနည်းချက်တွေရှိပါတယ်။ အဲဒီအားနည်းချက်တွေကို ပြင်မယ့်အစား ၊အကုန်လုံးယူနီကုဒ် ဖြစ်သွားတာက ပိုပြီး အကျိုးများပါတယ်။ ယာယီအပြောင်းအလဲကာလအတွက်ကို သာရည်ရွယ်တာဖြစ်လို့ အချိန်တစ်ခုရောက်ရင်တော့ ဒီ အလိုအလျောက် ပြောင်းလဲပေးတဲ့ service တွေက ရပ်တန့်သွားနိုင်ပါတယ်။ ယူနီကုဒ်က စာရိုက်ရပိုလွယ်တယ်။ အမှားပိုနည်းတယ်။ ယူနီကုဒ် အနွယ်ဝင် ဖောင့်တွေကိုသာအသုံးပြုရင် မည်သည့်နေရာမှာမဆိုမြင်ရတယ်။ ပြီးတော့ လက်ရှိ ကွန်ပျူတာ ၊ဖုန်း အားလုံးဟာ ယူနီကုဒ် အနွယ်ဝင် ဖောင့်ကိုသာသုံးကြတယ်။
မိုဘိုင်း အော်ပေရတာတွေ၊ မီဒီယာတွေ၊ social influencer တွေ၊ mobile app တွေဟာ ယူနီကုဒ်တစ်မျိုးတည်းကို သာ သုံးတော့မှာဖြစ်လို့ ဇော်ဂျီဆက်သုံးနေရင် သူတို့စာကို ဖတ်လို့မရနိုင်တော့ပါဘူး။
ပြီးတော့ လက်ရှိအချိန်ဟာ အစိုးရကိုယ်တိုင်တွန်းအားပေးတာကော အပြောင်းအလဲအတွက် ကူညီမယ့်သူများ ရှိနေတာကောဖြစ်လို့ ပြောင်းဖို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။
Credit: ငြိမ်းချမ်းကိုကို
Wednesday, August 28, 2019
“ကလေးတစ်ယောက်ကို မုဒိမ်းကျင့်ဖို့ ဖြတ်ကျော်ရတဲ့ အဆင့် ၄ ဆင့်”
သက်ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက်ရင် ဘယ်လိုစိတ်နဲ့များ ဒီလိုလူမမည်ကလေးလေးတွေကို လုပ်ရက်တာလဲ ဆိုတဲ့ မေးခွန်းက လူတော်တော်များများဆီမှာ ရှိတတ်ကြပါတယ်။ အဲ့လိုပြစ်မှု ကျူးလွန်ခဲ့သူတွေကို ကိုယ်တိုင်မေးမြန်း သုတေသန လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ သိပ်မလွယ်ပါဘူး။
ဟိုတစ်ရက်ကတော့ Dr. Lynn Daugherty ရဲ့ Child Molesters, Child Rapists and Child Sex Abuse ဆိုတဲ့ စာအုပ်လေးတစ်အုပ် ဖတ်ဖြစ်တယ်။ (ဆရာဖြိုးဝေ ဘာသာပြန်ထားတာလည်း ရှိတယ်) ဒီအမျိုးသမီးက အဲ့လိုကျူးလွန်ခံရတဲ့ ကလေးပေါင်းများစွာကို ထိတွေ့ဆွေးနွေးပေးလာတဲ့သူ။ အဲဒီစာအုပ်ထဲက အကြောင်းအရာလေးတစ်ခုကို ပြန်ဝေမျှချင်တယ်။ ဒီဆောင်းပါးကို ဖတ်ပြီးရင် သက်ငယ်မုဒိမ်းမှုတွေ ဘာကြောင့် ဖြစ်နေတယ်ဆိုတာ ပိုသဘောပေါက်သွားမှာ ဖြစ်သလို၊ မိဘအုပ်ထိန်းသူတွေအနေနဲ့လည်း ဘယ်လိုကာကွယ်ပေးရမယ် ဆိုတာကို ပိုသိသွားမယ်လို့ ယူဆပါတယ်။
လူတစ်ယောက်ဟာ ကလေးတစ်ယောက်ကို မုဒိမ်းကျင့်ဖို့အတွက် အဆင့် ၄ ဆင့်ကို ဖြတ်သန်းရပါတယ်။ တစ်ဆင့်ဆင့်မှာ ပိတ်လိုက်နိုင်ရင် ကာကွယ်နိုင်ရာရောက်မယ်ပေါ့။
အဆင့် ၁ - စိတ်ဆန္ဒ ရှိရမယ်
ကလေးတစ်ယောက်ကို ဒါမျိုးလုပ်ဖို့အတွက် ပထမဆုံးအနေနဲ့ စိတ်ဆန္ဒ ရှိရပါတယ်။ ကလေးနဲ့မှ အဲ့လိုလိင်ဆက်ဆံချင်တဲ့သူဆိုတာ သက်သက်ရှိပါတယ်။ သူများဆက်ဆံနေတာကို ကြည့်ရမှ စိတ်ကျေနပ်တာ၊ ဆက်ဆံဖော်ကို နာကျင်အောင် လုပ်ရမှ ကျေနပ်တာ၊ တိရစ္ဆာန်နဲ့ ဆက်ဆံရတာကို ကြိုက်တာ စတဲ့ ပုံမှန်မဟုတ်တဲ့ လိင်ဆန္ဒတွေထဲမှာ ကလေးနဲ့မှ ဆက်ဆံချင်တာကလည်း တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ ဒါပေမဲ့ မတူတာက တခြားပုံစံတွေက လူမှုရေး ပြဿနာ အနည်းအပါးလောက်ကိုသာ ဖြစ်စေတာများပြီး၊ ကလေးနဲ့မှ ဆက်ဆံချင်တာကိုတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း ပြစ်မှုအဖြစ် သတ်မှတ်ထားကြတာပဲ ဖြစ်ပါတယ်။ လူ့အသိုင်းအ၀ိုင်းကလည်း ပြင်းပြင်းထန်ထန် ရှုံ့ချကြပါတယ်။
ဘယ်အရာက အဲ့လိုကလေးနဲ့မှ ဆက်ဆံချင်စိတ် ဖြစ်စေတာလဲဆိုရင် မျိုးဗီဇလိုမျိုးကြောင့် ဖြစ်နိုင်သလို၊ လိင်ကိစ္စတွေ စစိတ်ဝင်စားလာတဲ့အချိန်မှာ ကလေးနဲ့ ဆက်ဆံမိတာ၊ ကလေးအပြာကားတွေ ကြည့်မိတာနဲ့ ဆက်စပ်မှုရှိနိုင်ပါတယ်။
နောက်တစ်ချက်ကတော့ ကလေးနဲ့ ဆက်ဆံလိုစိတ် ရှိတာမဟုတ်ဘဲ လူကြီးနဲ့ ဆက်ဆံဖို့ခက်နေတဲ့အခါမှာ ကလေးနဲ့ ထွက်ပေါက်ပေးလိုက်တာမျိုး။ ဘယ်လိုလူတွေ ဖြစ်နိုင်လဲဆိုတော့ ဆယ်ကျော်သက်တွေ၊ လိင်စိတ်မကုန်သေးတဲ့ သက်ကြီးရွယ်အိုတွေ၊ စော်ကားလိုစိတ် မရှိပေမဲ့ အခြေအနေအရ ပြောသင့်လို့ ပြောတာပါ၊ သာသနာ့ဘောင် ၀င်ထားတဲ့ အရေခြုံတွေ (ဘယ်ဘာသာမှာမဆို ရှိနိုင်ပါတယ်) စတဲ့သူတွေကလည်း ဒီကိစ္စကို လုပ်နိုင်ခြေများပါတယ်။ သူတို့တွေဟာ ပေါ်ပေါ်တင်တင်ကြီး လိင်ကိစ္စကို လုပ်လို့ မရပါဘူး။ KTV သွားလို့ မရဘူး၊ ပြည့်တန်ဆာနဲ့ ပျော်ပါးလို့ မရဘူး။ ဒီအခါ ထွက်ပေါက်က ကလေးပဲ ကျန်တယ်။ အားလုံးကို သံသယ ရှိနေဖို့ မဟုတ်သလို၊ သူတို့ပဲ လုပ်နေကြတာတော့ မဟုတ်ပါဘူး။ သို့သော် သတိထားနိုင်ရင်တော့ အကောင်းဆုံးပါ။ နောက်ပြီး မိန်းမက ဆုံးသွား၊ ပြည့်တန်ဆာနဲ့ ပျော်ရလောက်အောင်လည်း ပိုက်ဆံမရှိတဲ့ အဖေ ဒါမှမဟုတ် ပထွေးက သမီးကလေးကို လုပ်တာသည်လည်း ဒီသဘောပါပဲ။
အဆင့် ၂ - သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားတာကို ကျော်လွှားရတယ်
အဲ့လိုစိတ်ဆန္ဒရှိတဲ့ အများစုဟာ သူတို့ကိုယ်တိုင်က ဒါဟာ မကောင်းပါဘူးဆိုတာ သိထားကြတယ်။ ဒါ မကောင်းတာ၊ မဟုတ်တာ လုပ်မိကြတဲ့သူ တော်တော်များများ ဖြစ်တတ်သလိုပါပဲ။ အဲ့ဒီအခါ သူတို့ကိုယ်သူတို့ ထိန်းချုပ်တယ်။ မလုပ်မိအောင် ကြိုးစားကြတယ်။
ဒီထိန်းချုပ်မှုတွေကို ကျော်လွှားနိုင်အောင်၊ တစ်နည်းအားဖြင့် မုဒိမ်းမှု ကျူးလွန်မိအောင် တွန်းအားလိုတယ်။
ဒီတွန်းအားတွေက -
ကိုယ်ကျင့်သိက္ခာ မကောင်းခဲ့ရင်၊ လူနေမှုအဆင့်အတန်း နိမ့်ကျပြီး ပညာမတတ်ရင်၊ အရက်သေစာနဲ့ မူးယစ်ဆေးဝါးတွေ သုံးထားရင်၊ အပြာကားတွေ ကြည့်ပြီး လိင်စိတ်လွန်ကဲနေရင်၊ နောက်တစ်ခုက လူ့အသိုင်းအ၀ိုင်းရဲ့ အပြင်ကို ရောက်နေတဲ့ လူမ၀င်ဆံ့သူတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိနေသူတွေ၊ ဒီလိုလူတွေကတော့ ထိန်းချုပ်မှု သိပ်မလုပ်နိုင်ကြဘူး။
အဲ့လို လုပ်မိစေဖို့ တွန်းအားတွေ ရှိသလို၊ တစ်ဖက်ကလည်း မလုပ်မိအောင် ထိန်းချုပ်စေမယ့် ဆွဲအားတွေလည်း ရှိမယ်။
ဆွဲအားတွေကတော့ -
အပြစ်ဒဏ် - ခုဆို ကျူးလွန်သူကို ထောင်ဒဏ် နှစ် ၂၀ ချတယ်။ ပြစ်မှုတိုးလိုက်တယ်ပေါ့။ ခက်တာက ဒါကို အများစုက သိမနေကြဘူး။ မသိကြတော့ မကြောက်ဘူးပေါ့။ ဒီတော့ ဒီလိုပြစ်ဒဏ်တွေ ပေးနေတယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဖို့ လိုတယ်။
နောက်တစ်ခုက လူမှုအသိုင်းအ၀ိုင်းက ပေးတဲ့ အပြစ်ဒဏ် - ဒါကို လုပ်လိုက်လို့ လူမှုအသိုင်းအ၀ိုင်းရဲ့ ကဲ့ရဲ့ပြစ်တင်မှု ခံရမယ်ဆိုရင် လုပ်ဖို့ တွန့်ဆုတ်ကောင်း ဆုတ်နိုင်တယ်။ ဒီနေရာမှာ လူနေမှု အဆင့်အတန်း နိမ့်ကျတဲ့သူတွေကတော့ ဘယ်သူ ဘယ်လိုထင်ထင် ဂရုစိုက်မှာ မဟုတ်ဘူး။ နဂိုကတည်းကလည်း သူ့ဘ၀က စုတ်ပြတ်နေတာကိုး။
ဒါပေမဲ့ အနေအထားတစ်ခုမှာ ရှိနေတဲ့သူတွေအတွက်တော့ ဒီပြစ်ဒဏ်က ထိရောက်တယ်။ ဒါကြောင့် လူမှုအသိုင်းအ၀ိုင်းက ရှုံ့ချပေးဖို့ လိုတယ်။ မရှုံ့ချတောင် အားမပေးမိဖို့ လိုတယ်။ အထူးသဖြင့် အနီးကပ်လူတွေပေါ့။ ဒီလိုလုပ်တဲ့ ဆယ်ကျော်သက်ကလေးကို မိဘက ကာကွယ်ပေးနေမယ်ဆိုရင်၊ အဘကြီးကို သူ့သားသမီးတွေက ကာကွယ်ပေးနေမယ်ဆိုရင်၊ ကျူးလွန်တဲ့ ဘာသာရေးအရေခြုံကို မျက်စိမှိတ်ကိုးကွယ်နေတဲ့ ဒကာ ဒကာမတွေ၊ ဘာသာဝင်တွေက ကာကွယ်ပေးနေမယ်ဆိုရင် သူတို့ ဒါမျိုး မလုပ်မိအောင် ဆွဲထားမယ့် ဆွဲအား သိပ်ရှိတော့မှာ မဟုတ်ဘူး ဆိုတာလေးကို သိစေချင်ပါတယ်။
အဆင့် ၃ - အခွင့်အလမ်း ရှိရမယ်
ဒါကြောင့်လည်း ဆင်းရဲနွမ်းပါးပြီး စောင့်ရှောက်မှုကင်းမဲ့နေတဲ့၊ လေလွင့်နေတဲ့ ကလေးတွေက ဒါမျိုး လုပ်ခံရနိုင်ခြေ ပိုများတာပါ။ စိတ်ကလည်း ရှိနေ၊ ထိန်းချုပ်မှုကလည်း လွတ်နေတဲ့လူက အခွင့်အလမ်းလည်း ရှိလာရော၊ လုပ်ရောပေါ့။ ကလေးရဲ့ သဘာဝကိုက ခွန်အား အားနည်းတယ်။ အသိဉာဏ် အားနည်းတယ်။ ဆိုဆုံးမမှု အားနည်းပြီး ဆင်းရဲတော့ ငွေနဲ့မျှားလိုက်ရင် ပါလာမယ့် ကလေးမျိုးဆို သိပ်လွယ်နေတာပေါ့။ ဒီလိုနဲ့ပဲ ဦးက အဲ့လိုတစ်ခါလုပ်ပြီး မုန့်ဖိုး ၂၀၀ ​ပေးတယ် ဆိုတာမျိုးတွေ ဖြစ်ကုန်ရော။
နောက်တစ်ခုကတော့ လူလတ်တန်းစား မိသားစုက ကလေးတွေရော မကြုံနိုင်ဘူးလားဆို ကြုံရနိုင်တာပဲ။ သက်ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက်ရင် ကလေးနဲ့ နီးစပ်တဲ့လူက လုပ်တာများတယ်ဆိုတာ ခုလောက်ဆို မိဘအတော်များများ သိနေပြီး ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဆိုတော့ နီးစပ်တဲ့လူနဲ့ စိတ်မချရဘူးဆိုတော့ အစ်ကိုနဲ့ရော၊ ဦးလေးနဲ့ရော စသဖြင့် မေးစရာ ရှိလာတယ်။ ဒါနဲ့ ပတ်သက်လို့ ပြန်ဖြေရရင်တော့ ဘယ်သူ့ကို ကလေးနဲ့ ၂ ယောက်တည်း ရှိနေမယ့် အခြေအနေမျိုး မပေးသင့်ဘူး ဆိုတာပါပဲ။ အရွယ်ရောက်ပြီး မိန်းကလေးတစ်ယောက်နဲ့ ၂ ယောက်တည်း ရှိတဲ့အချိန် စိတ်လွတ်ချင်ရင်တောင် မရပါဘူး။ မိန်းကလေးက ပြန်ရုန်းကန်ငြင်းဆန်မယ် ဆိုတာ သိလို့ပါ။ ကလေးနဲ့ဆိုရင်တော့ စိတ်က လွတ်ထွက်သွားနိုင်ပါတယ်။
နောက်တစ်ချက်က ပတ်ဝန်းကျင်ရဲ့ စောင့်ရှောက်မှုပါ။ လေးစားရတဲ့ အစ်မ ဒေါက်တာ မြတ်သန့် ပြောသလို ဆိုရင်တော့ ဘေးခန်းက လူက ချောင်းဟန့်သံလေးနဲ့တင် ဒီဘက်အခန်းက ကလေးကို ကာကွယ်ပေးနိုင်ပါတယ်။ ဆိုလိုတာက ဟိုဘက်က လူရှိတယ်ဆိုတဲ့အသိနဲ့တင် ဒီလူဟာ ကလေးကို မလုပ်ရဲတော့ဘဲ ပြန်လှည့်ထွက်သွားတာမျိုးပေါ့။
ဒါကြောင့် အခွင့်အရေး မပေးပါနဲ့။ တတ်နိုင်သလောက် ကူကယ်ရာမဲ့ ဖြစ်နေတဲ့ ကလေးဆိုလည်း စောင့်ရှောက်ပေးပါ။ ကြီးကြီးမားမား မဟုတ်တောင် သမီး ဘယ်သွားမလို့လဲ ဘာလဲ မေးပေးရုံလောက်နဲ့တင် တစ်ဖက်လူက တွန့်သွားနိုင်ပါတယ်။
အဆင့် ၄ - ကလေးရဲ့ ငြင်းဆန်မှုကို ကျော်လွှားရမယ်
စိတ်ကလည်း ရှိ၊ ထိန်းချုပ်မှုကလည်း လွတ်သွား၊ ကလေးနဲ့ကလည်း ၂ ယောက်တည်း ဖြစ်နေပြီဆိုရင်တော့ နောက်ဆုံးအဆင့်အနေနဲ့ ကလေးက ငြင်းဆန်မှ ရပါတော့မယ်။ ဒီအတွက်လည်း ကလေးတွေကို Sex Education သင်ထားပေးဖို့ လိုတယ်ပြောတာပါ။ များသောအားဖြင့် ခွန်အား အားနည်းလို့ အတင်းချုပ်ပြီး အဓမ္မလုပ်သွားတာထက် ကလေးက ဘာလုပ်လို့ လုပ်မှန်း မသိတာကို အခွင့်ကောင်းယူတာက ပိုများပါတယ်။ ဒါကြောင့် ဘယ်နေရာတွေကို ကိုင်ရင် လက်မခံရဘူး သင်ထားရမယ်၊ ပုံမှန်မဟုတ်မှန်း သိနေအောင် ပြောထားရမယ်၊ ကစားစရာတွေ၊ မုန့်တွေနဲ့ ပြပြီး တစ်နေရာရာခေါ်သွားမယ်ဆို မလိုက်ဖို့ သတိပေးထားရမယ်။ ဒါဆို ကလေးက နည်းနည်းလေး ငြင်းလိုက်တာနဲ့ အများစုသော ကျူးလွန်သူတွေဟာ လက်တွန့်သွားတတ်ကြပါတယ်။
နောက်တစ်ခုက ပိုလို့တောင် အရေးကြီးပါသေးတယ်။ ကိုယ့်ကလေးကို စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နေအောင် လုပ်ထားပေးဖို့ပါ။ များသောအားဖြင့် မိဘရဲ့ ဂရုစိုက်မှု မခံရတဲ့ကလေး၊ မိဘနဲ့ စိတ်ချင်းမနီးစပ်တဲ့ ကလေး၊ မိဘက အကြောက်တရားနဲ့ ပျိုးထောင်ထားတဲ့ ကလေးတွေဟာ ဒီလိုအခြေအနေမျိုး ကြုံရတဲ့အခါ ပုံမှန်မဟုတ်မှန်း သိနေတာတောင် တွန်းလှန်ငြင်းဆန်ဖို့ ခက်ခဲတတ်ကြပါတယ်။ ကြောက်နေကြလို့ပါ။ ဒီအတွက် မိဘတွေရဲ့ ပြုစုပျိုးထောင်မှုဟာ သိပ်အရေးကြီးပါတယ်။ Sex Education သင် ဆိုလို့ သင်ထားရုံနဲ့တင် မလုံလောက်ပါဘူး။ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအတွက်ပါ ပျိုးထောင်ပေးထားဖို့ လိုအပ်ပါတယ်။
ဒါကတော့ ကလေးတစ်ယောက်ကို အဓမ္မကျင့်တော့မယ်ဆိုတဲ့အခါ ဖြတ်ကျော်ရတဲ့ အဆင့် ၄ ဆင့် ဖြစ်ပါတယ်။ ဒီလောက်ဆို ဘာလို့ ကျွန်တော်တို့နိုင်ငံမှာ သက်ငယ်မုဒိမ်းမှုတွေ ထူပြောနေရသလဲဆိုတာကို သဘောပေါက်သွားမယ်လို့လည်း ထင်ပါတယ်။ ဒါတွေ လျော့နည်းပပျောက်သွားဖို့က တစ်ဦးတစ်ယောက် လုပ်နေရုံနဲ့ မပြီးသလို၊ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။ မိဘအုပ်ထိန်းသူတွေအနေနဲ့တော့ လတ်တလောအခြေအနေမှာ ကိုယ့်သားသမီးတွေကို ဘယ်လိုကာကွယ်ရမယ်၊ ကိုယ့်သားသမီးကလည်း ကလေးကလေးချင်း လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် အကြမ်းဖက်သူ ဖြစ်မလာအောင် သတိထားရမယ် ဆိုတာတွေကို ပိုဆင်ခြင်မိသွားမယ်လို့ မျှော်လင့်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၂၅.၈.၂၀၁၉
Tuesday, August 27, 2019
မန်နေဂျာကောင်း တစ်ယောက် ဖြစ်တာ သေချာပြီလား ?
▪️▪️▪️▪️▪️▪️
❗️သင် ... တိုင်းတာနိုင်မယ့် အချက် (၁၃) ချက်❗️
Htain Lin Kyaw (HR)
စီမံခန့်ခွဲမှုနယ်ပယ်က ကျယ်ဝန်းပါတယ်။သက်ဆိုင်ရာ လုပ်ငန်းအမျိုးအစားအလိုက် ၊ဌာနအလိုက်အမူအကျင့်တွေ ကွဲပြားကောင်း ကွဲပြားနေပါလိမ့်မယ်။ဒါပေမဲ့ ကိုယ့်နဲ့ သက်ဆိုင်တဲ့ ဌာနေ ဝန်ထမ်းတွေကို စီမံခန့်ခွဲခြင်းကတော့ ဘယ်နယ်ပယ်မှာမဆိုတူညီနေမှာပဲဖြစ်ပါတယ်။ ဒီတော့ ကိုယ်က စီမံခန့်ခွဲတဲ့သူဖြစ်လာတဲ့အခါ တနည်းအားဖြင့် မန်နေဂျာ ဖြစ်လာတဲ့အခါ ကိုယ်တိုင် မန်နေဂျာတစ်ယောက်ရဲ့ စီမံခန့်ခွဲခြင်းတွေကို လုပ်ဆောင်ရတဲ့အခါမျိုးမှာတော့ မန်နေဂျာ ကောင်း တစ်ယောက်ရဲ့ အရည်အချင်းတွေပြည့်ဝစေဖို့လိုပါတယ်။
ဒါပေမဲ့ ဒီဆောင်းပါးမှာတော့ မန်နေဂျာတစ်ယောက်ရဲ့ အရည်အချင်း လိုက်နာရမယ့် နည်းနာနိသရတွေ ဖော်ပြမှာတော့မဟုတ်ပါဘူး၊
အခုဖော်ပြပေးမယ့်အချက်အလက်တွေကမန်နေဂျာကောင်းတစ်ယောက်ဖြစ် ဖို့လိုအပ်နေသေးတယ် ဆိုတဲ့ အချက်အလက်များကို သာဖော်ပြပေးမှာပဲဖြစ်ပါတယ်။ တနည်းအားဖြင့် မန်နေဂျာ ကောင်းမဖြစ် သေးတဲ့ အားနည်းချက်တွေကိုတင်ပြပေးသွားမှာပါ။
<<< Warranting signs (You need to be better Manager) >>>
1.You’re never ever wrong.
လူတိုင်းအမှားနဲ့မကင်းနိုင်ပါဘူး၊မမှားဘူးတဲ့လူလည်းမရှိဘူး။လုပ်ငန်းနဲ့ပတ်သတ်လာလို့ အမှားခံလို့မရတာတွေ ရှိကောင်းရှိမယ် ၊ဒါပေမဲ့ စီမံခန့်ခွဲသူ တစ်ယောက်အနေနဲ့မိမိမှားယွင်းတဲ့ အခါဝန်ခံရဲတတ်တဲ့စိတ်ကလေးလည်းရှိတတ်စေဖို့လိုပါတယ်။ တာဝန်ခံမှုတွေ ရှိတဲ့ နေရာတစ်ခုကို ရလာပြီဆိုတာနဲ့ တာဝန်ခံမှု တာဝန်ယူမှု ထိပ်ဆုံးကပါလာပါပြီး အလုပ် လုပ်လာတဲ့ သက်တမ်း တစ်လျှောက် ဘယ်တော့မှ မမှားဘူးသေးဘူးလို့ ကြွေးကြော်မိရင် တော့ သင်က မန်နေဂျာကောင်းဖြစ်ဖို့လိုအပ်နေပါသေးတယ်။
2. You over –Promise
ကတိတွေ လွယ်လွယ်ပေးသလို ၊မျှော်လင့်ချက်တွေပေးတာ ၊ကျော်လွန်တဲ့ ကတိစကားတွေ ပေးတတ်နေတုန်းပဲဆိုရင် သင်မန်နေဂျာကောင်းဖြစ်ဖို့လိုအပ်နေပါသေးတယ်။အဖွဲ့အစည်းအတွင်းမှာ ဝန်ထမ်းတွေက မျှော်လင့်ချက်ကိုယ်စီနဲ့ ရောက်လာကြတာပါ။ဒါကို ကိုယ်က လုပ်ငန်းနဲ့ပတ်သတ်လို့ပဲဖြစ်ဖြစ်၊ ရာထူး၊လစာ ၊တာဝန်တွေကို ပေးမယ်လို့ ကျော်လွန်တဲ့ ကတိစကားဆိုခဲ့မိရင်တော့နောက်ပိုင်း ပိုမိုများပြားတဲ့ ပြသာနာတွေဖြစ်လာနိုင်ပါတယ်။ဒိကနေတဆင့် အဖွဲ့အစည်းပါ ထိခိုက်နိုင်တဲ့အထိ ဖြစ်လာစေတတ်ပါတယ်။ ဒါကလည်း မန်နေဂျာကောင်းတစ်ယောက်အတွက် အရေးကြီးတဲ့အချက်ပါပဲ ။
3.You expect your employees to be just like you.
လူတိုင်းက မတူညီမှုတွေများစွာကနေ ရောက်လာကြတာပါ ၊ဒီတော့ လူတိုင်းကိုယ်လို အယူအဆ အတွေးအခေါ် ရှမြင်ပုံနဲ့လုပ်ဆောင်ချက်တွေ ကွဲပြားနေမှာပါ။မတူညီတာတွေကို ကိုယ်ဖြစ်စေချင်သလို မျှော်လင့်ချက်ထားခြင်းဟာ မိုက်မဲတဲ့လုပ်ရပ်ပါပဲ။ ဝန်ထမ်းတိုင်းက ကိုယ့်လိုချင်တဲ့ပုံစံဖြစ်နေဖို့၊ကိုယ်လိုဖြစ်နေဖို့ တွေးနေမယ် ဆိုရင်တော့ သင်မန်နေဂျာဖြစ်ဖို့ လိုအပ်နေတဲ့အချက်တစ်ချက်ပါပဲ။ သူတို့တွေရဲ့ မတူညီတဲ့ အရည်အချင်းကနေ အဖွဲ့အစည်းအတွက် တိုးတတ်အောင်မြင်အောင် ဘယ်လို ဖန်တီး ယူမလဲ ဆိုတာကို စဉ်းစားဖို့လိုပါတယ် ။ အတွေးအခေါ်တွေ လုပ်ငန်းလုပ်ဆောင်ချက်တွေက မတူညီနေဘူးဆိုတာကို သင်လက်ခံ ထားရမှာဖြစ်ပါတယ် ။
4.You have a pesky habit of calling employees on their day off.
ကိုယ်က ဝန်ထမ်းတွေရဲ့ ပိတ်ရက်တွေ၊အနားယူနေတဲ့ အချိန်တွေမှာ မလိုအပ်ပဲ အလုပ်ကိစ္စတွေမေးမြန်း ဆောင်ရွက်ခိုင်းတာအရေးမကြီးတဲ့ ကိစ္စတွေကို အရေးတကြီး လုပ်ဆောင်ခိုင်းတာတွေက သင့်အပေါ် ဝန်ထမ်းတွေရဲ့ လေးစားအားကိုးမှု လျော့နည်းစေပါတယ်။ပိတ်ရက်တွေ ၊အနားယူချိန်မှာ အနှောင့်အယှက်ပေးတတ်လို့ သင့်အပေါ်တောင် စိတ်ပျက်လာတတ်သလို ၊အရေးတကြီး ကိစ္စရှိခဲ့လာရင်တောင်အလေးထား ဆောင်ရွက်မှု အားနည်းသွားတတ်ပါတယ်။ဒီလိုအမူအကျင့်မျိုးရှိရင်တော့ ပြုပြင်ဖို့လိုပါတယ်။ ဒါမှလည်း မန်နေဂျာကောင်းတစ်ယောက်ဖြစ်စေမှာ ဖြစ်ပါတယ်။
5.You’re a Micro manager
အသေးစိတ်ကအစ အရာအရာ လိုက်ကြည့်နေတတ်တဲ့ အထက်လူကြီးမျိုးကို ဝန်ထမ်းအများစုက မကြိုက်ကြပါဘူး။ကိုယ့်ရဲ့အဆင့်အတန်း တနည်းအားဖြင့် Manager Role အရ ဝန်ထမ်းတွေကို ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ဘယ်လိုအားပေးအားမြှောက်ပြုရမယ်ဆိုတာမျိုးနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ဆုံးဖြတ်ပေးရမယ့်နေရာပါ။Day to Day process တွေမှာ အသေးစိတ်ကအစမလိုအပ်ပဲ ဝင်မပါသင့်ပါဘူး ။ခုချိန်ထိ သင်ကဒါကိုလုပ်ဆောင်နေ သေးတယ်ဆိုရင်တော့ မန်နေဂျာကောင်းဖြစ်ဖို့ လိုအပ်နေပါ သေးတယ်။
6.You don’t want to hear your employee’s view point
တစ်ခါတစ်လေမှာ အလုပ်နဲ့ပတ်သတ်ပြီး ကိုယ်မြင်တာကတစ်မျိုး ဖြစ်ပေမဲ့ ၊ဝန်ထမ်းရဲ့ အမြင်က လည်း တစ်မျိုးတစ်ဖုံကွဲပြားစေနိုင်ပါတယ်။ အလုပ်ထဲမှာ အောက်လူပေးတဲ့ အကြံညာဏ်ကို မယူချင်ကြတာ တော်တော်များများတွေ့လာရပြန်ပါတယ်။ဒီတော့ ဝန်ထမ်းတွေက အရေးကြီးတဲ့ အချက်အလက်တွေ ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး အကြံပြုစကားတွေ ကြားရတော့မှာ မဟုတ်တော့ပါဘူး။ ဒါကို သေချာစွာပြင်ဆင်နိုင်ဖို့လိုပါတယ် ။
7.Your feedback isn’t relevant
ကိုယ့်အောက်က ဝန်ထမ်းကအလုပ်တစ်ခုလုပ်ပြီးလို့ပဲဖြစ်ဖြစ်၊ လုပ်နေဆဲပဲဖြစ်ဖြစ် သင်ကတစ်ခုခုပြန်လည်တုံပြန်ပြောဆိုပေးရတော့ မယ်ဆိုရင် သင့်ရဲ့ ပြောဆိုချက်က သက်ဆိုင်သင့်လျော်မှုရှိဖို့လိုပါတယ်။ feedback တွေက တကယ်တမ်းဝန်ထမ်းတွေနဲ့ ဆက်ဆံတဲ့ အခါ Effective ဖြစ်စေဖို့လိုပါတယ်။ပြီးပြီးရော ပြောလိုက်တာမျိုးတွေ ၊ဘာလာလာ ဒါပဲပြောတတ်တာတွေကို ကိုယ်ရဲ့ လိုအပ်ချက်ကို ပြသနေတာပဲဖြစ်စေတတ်ပါတယ်။ သူတို့ အတွက် တိကျတဲ့ ညွန်ကြားချက် ၊ လုပ်ငန်းလုပ်ဆောင်နိုင်ဖို့ဖြစ်နိုင်ချေ ရှိတာတွေ ကို ပြောပြပေးနိုင်ဖို့လိုပါတယ် ။
8.you’re passive aggressive or ignore employees.
ဝန်ထမ်းတွေရဲ့ လေးစားမှုကို ရရှိဖို့ကလည်း မန်နေဂျာ တစ်ယောက်အတွက်အရေးကြီးတဲ့ အချက်ပါပဲ။ကျွန်တော်တို့ ဆီမှာက လေးစားမှုကို အကြောက်တရားနဲ့ တည်ဆောက်ချင်ကြတယ်။ ဝန်ထမ်းက အထက်လူကြီးကို ကြောက်နေမှ ခိုင်းတာလုပ်မယ်ဆိုတဲ့ အစွဲအလန်းတွေကြောင့်လားမသိပါဘူး။ ဒါပေမဲ့ လေးစားမှုကတော့ မရှိမဖြစ်လိုအပ်ပါတယ်၊မဟုတ်ရင် ဝန်ထမ်းက ကိုယ့်အပေါ်လစ်လျူရှလာတတ်တယ် ၊အလုပ်ခိုင်းရင် တာဝန်ပေးရင် တလေးတစား မဆောင်ရွက်ချင်တော့ဘူး ။ဒါတွေက ကိုယ်စီမံခန့်ခွဲတဲ့ အလုပ်အတွက် အရေးပါတဲ့ အချက်အလက်တွေပါပဲ ။ သင့်လက်အောက်ဝန်ထမ်းတွေ ဒါမျိုးတွေဖြစ်နေရင်တော့ သတိထားကိုင်တွယ်ဖို့ စီမံဆောင်ရွက်ထားပါလို့ အကြုံပြုချင်ပါတယ်။
9.you hog the limelight
အလုပ်ခွင်ထဲမှာ အောင်မြင်မှုတွေရလာခဲ့ရင် ဒါဟာဝန်ထမ်းအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒါကိုကိုယ်တစ်ယောက်တည်းမောင်ပိုင်စီး၊လက်ဝါးကြီးအုပ်ထားရင်တော့ စီမံခန့်ခွဲမှုရှထောင်အနေနဲ့ ပြောရင်ကျင့်ဝတ်မရှိဘူးလို့ တောင် စွပ်စွဲလို့ရပါတယ်။ကိုယ့်ရဲ့ ပြုမူဆောင်ရွက်ချက်တွေထဲမှာ ဒီအချက်က အဆိုးဝါးဆုံးအခြေအနေဖြစ်စေနိုင်ပါတယ်။အောင်မြင်မှုကို ခွဲဝေတတ်အောင်အသုံးချပါ။
10.You constantly change your mind
စိတ်အပြောင်းအလဲများတဲ့၊အပြောင်းအလဲမြန်တဲ့အထက်လူကြီးတွေကို လက်အောက်ငယ်သားဝန်ထမ်းတွေကစိတ်ပျက်ကြတတ်ပါတယ်။ အခုဒါလုပ် ၊ခဏနေ မလုပ်နဲ့ ၊တအောင်နေတော့ ဒါပြန်လုပ်နဲ့ ခဏခဏစိတ်အပြောင်းအလဲမြန်တဲ့ အထက်လူကြီးတွေကို အားကိုးဖို့ရာ သင်ကိုယ်တိုင်ရော ယုံကြည်လို့ရပါ့မလားဆိုတာ တွေးဖူးပါရဲ့လား။ ဦးတည်ချက်ကဘာမှန်းမသိရင်လုပ်ဆောင်ချက်ပါဝေးဝါးလာတတ်ပါ တယ်။ ဒီအချက်သင်မှာ ရှိနေရင်တော့ မန်နေဂျာကောင်း မဖြစ်သေးပါဘူး။
11.You’re quick to blame employees for mistakes ,but rarely express gratitude when they succeed.
ဝန်ထမ်းတစ်ယောက် လုပ်ငန်းလုပ်ဆောင်ရာမှာ အမှားတွေအတွက် အလျင်အမြန်အပြစ်တင်မယ်၊ အောင်မြင်ခဲ့ရင်တော့ မရှိသလောက်ကျေးဇူးကို အကျယ်တဝင့်ဖော်ပြတတ်ခြင်း ဟာလည်း မန်နေဂျာကောင်း ဖြစ်စေဖို့ ဟန့်တားနေတဲ့ အချက်အလက်တနည်းဆိုရရင် (သတိပေးနေတဲ့ လက္ခာတစ်ရပ်) ပဲဖြစ်ပါတယ်။ အမှားအယွင်းအတွက် တာဝန်ယူမှုအကြောင်းပြောရရင် ကိုယ်ကအရင်ဆုံးတာဝန်အရှိဆုံးဆိုတာကလက်ခံထားစေချင်ပါတယ်အဆင်ပြေမှငါဘယ်လို သွန်သင်ပြသလမ်းညွန်မှုပေးခဲ့တာဆိုတာမျိုးကတော့ တာဝန်ခံမှု နည်းပါးနေတာပါပဲ။ ဒီအချက်က ကျွန်တော်တို့ဆီက အဖွဲ့အစည်းတော်တော်များများမှာ ရှိနေကြပါတယ်။
12.You don’t discuss your employees’ future
လူတိုင်းမှာအနာဂတ်မျှော်လင့်ချက်တွေ၊မျှော်မှန်းချက်တွေကိုယ်စီ ရှိနေကြတာပါ။ကျွန်တော်တို့ ဝန်ထမ်းတွေကကော ဘဝအတွက်အလုပ်အတွက် ၊မိသားစုအတွက် မျှော်လင့်ချက်ကိုယ်စီရှိကြပြန်တော့ ကိုယ့်ဝန်ထမ်းတွေရဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အလုပ်အကိုင်အတွက် သူတို့နဲ့ မကြာခဏဆိုသလို ဆွေးနွေးပေးဖို့လိုအပ်ပါတယ်။ အနာဂတ်ကာလအတွက်ကြိုတင်ပြင်ဆင်စရာတွေလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ သင်တန်းတွေ ပြင်ဆင်ဖို့ ဆွေးနွေးစီစဉ်ပေးရပါမယ်။ဒီအချက်တွေကို မလုပ်မိသေးဘူးဆိုရင်လည်း အဖွဲ့အစည်းအတွက်ကော ဝန်ထမ်းအတွက်ပါ မန်နေဂျာကောင်း တစ်ယောက်မဖြစ်သေးပါဘူး။
13.You throw tantrums easily
စိတ်မထင်သလို စိတ်ဆိုး ဒေါသထွက် ၊ဝိုင်းဒိုင်းကြဲခြင်းကလည်း စီမံခန့်ခွဲမှုတာဝန်ယူထားတဲ့ သူတစ်ယောက်အနေနဲ့ မလုပ်သင့်တဲ့ အပြုအမူလို့ပဲ ယူဆပါတယ်။ခုထက်ထိ ဒီအပြုအမူမျိုး ရှိနေဦးမယ်ဆိုရင်တော့ မန်နေဂျာကောင်းဖြစ်ဖို့ မလွယ်သေးပါဘူး။
ဒီအချက်တွေသင်မှာအနည်းငယ်ပဲဖြစ်ဖြစ်ရှိနေခဲ့ရင်တောင် ပြင်ဆင်ဖို့ စတင်ဆောင် ရွက်သင့်ပါပြီ။ဖော်ပြခဲ့တဲ့ အချက်အလက်တွေ အနည်းငယ်သာ ရှိနေခဲ့ရင်ပြသာနာကြီးကြီးမားမားမရှိနိုင်ပေမဲ့ အချက်အလက်တွေများနေခဲ့ ရင်တော့သင်ကိုယ်သင်ပြန်မေးပြီး သုံးသပ်သင့်တဲ့အချိန်ရောက်ပြီလိုပြောချင်ပါတယ်။
ထိန်လင်းကျော် (HR)
Monday, August 26, 2019
"ထပ်တစ်ရာနှင့်ကုလားပဲဟင်း _ Hodduk Korea Sweet Pancake _ ဆားငန်ဘဲဥကန်စွန်းဥကြော် _ဆန်ဘယ်ငရုတ်သီးအနှစ် ထမင်းကြော်"
"ထပ်တစ်ရာနှင့်ကုလားပဲဟင်း”
ကုလားပဲဟင်း
ကုလားပဲ                        - ၁၅၀ ဂရမ်
ချင်း                               - ၁ လက်မ(အမျှင်လှီးထားပါ)
ကြက်သွန်ဖြူ                    - ၂ မြှောင့်(နုပ်နုပ်စဉ်းထားပါ)
ငရုတ်သီးခြောက်                - ၂တောင့် (ကတ်ကြေးဖြင့်ညှပ်ထားပါ)
ပျဉ်းတော်သိမ်                   - ၁ ခက်
နနွင်းမှုန့်                         -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ရေ                                - ၅၀၀ မီလီလီတာ
ဆား                               - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ထောပတ်                         - စားပွဲဇွန်း ၂ ဇွန်း
ဆီ                                  - စားပွဲဇွန်း ၂ ဇွန်း
မုန်ညင်းစေ့                        - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဇီရာ                                - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သွန်နီ                       - ၁ လုံး (ပါးပါးလှီးပါ)
ငရုတ်သီးစိမ်းအတောင့်ရှည်     - ၃တောင့် (ပါးပါးလှီးထားပါ)
ခရမ်းချဉ်သီး                       - ၃ လုံး (အတုံးသေးသေးတုံးထားပါ)
ပြုလုပ်နည်း
1. ကုလားပဲကို ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်၊ နနွင်းမှုန့်ထည့်ပြီး နူးအောင်ပြုတ်ပါ။ ဆားထည့်ပါ။
2. ပြီးလျှင် ဆယ်ယူပြီး ကြိတ်ပါ။
3. ကြက်သွန်နီဆီသတ်တဲ့အခါ မုန်ညင်းစေ့၊ ပျဉ်းတော်သိမ်၊ ဇီရာထည့်ပြီး ဆီသတ်ပါ။
4. ပြီးလျှင် ငရုတ်သီးစိမ်းနဲ့ ခရမ်းချဉ်သီးထည့်ပြီး ၂-၃ မိနစ်ခန့်ချက်ပါ။
5. ပြီးလျှင် ကြိတ်ထားတဲ့ ကုလားပဲထည့်ပြီး ချက်ပါ။
ထပ်တစ်ရာ
ဂျုံမှုန့်                          - ၄၀၀ ဂရမ်
ဆား                          - လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
ကြက်ဥ                        - ၁ လုံး
ရေ                             - ၁ ခွက်
ထောပတ်
ပြုလုပ်နည်း
1. မုန့်နယ်မည့်ဇလုံထဲကို ဂျုံမှုန့်နဲ့ဆားထည့်ပြီး သမအောင်မွှေပေးပါ။
2. ပြီးလျှင် အလယ်မှာရေတွင်းပုံစံလုပ်ပြီး ကြက်ဥကို ဖောက်ထည့်ပါ။
3. ရေကိုအကုန်မထည့်ဘဲ နည်းနည်းစီထည့်ပြီး ဇွန်းဖြင့် နယ်ပါ။
4. ပြီးလျှင် ကျန်တဲ့ရေထည့်ပြီး နယ်ပါ။
5. အဖုံးဖုံးပြီး ၁၅ မိနစ်ခန့်နှပ်ထားပါ။
6. ၁၅ မိနစ်ခန့်နှပ်ပြီးတာနဲ့ ဂျုံလုံးကိုထပ်ပြီး နယ်ပါ။ နည်းနည်းစီးနေပါက ဂျုံမှုန့်နည်းနည်းဖြူးပြီးနယ်ပါ။ အဖုံးဖုံးပြီး မိနစ်၃၀ ခန့်နှပ်ထားပါ။
7. မိနစ် ၃၀ပြည့်လျှင် ဂျုံလုံးကို ချောမွေ့သွားအောင်နယ်ပါ။
8. ပြီးနောက် ဂျုံလုံးကို ၆လုံးစာဖြတ်ထားပါ။
9. ဂျုံအနည်းငယ်ဖြူးထားတဲ့စားပွဲပေါ်မှာ ဂျုံအလုံးအသေးကို စက်ဝိုင်းပုံရအောင် တလိမ့်တုံးနဲ့လိမ့်ပါ။
10. စက်ဝိုင်းပေါ်မုန့်သားပေါ်ကို ထောပတ်သုတ်ပြီး ဂျုံမှုန့်အနည်းငယ်ဖြူးပေးပါ။
11. ပြီးလျှင် စက်ဝိုင်းပုံမုန့်သားကို ဓားဖြင့်မုန့်သားရဲ့အလယ်တည့်တည့်ထိဖြတ်ပါ။
12. ဖြတ်ထားတဲ့အစကို ကတော့ပုံရအောင်ဖြည်းဖြည်းချင်းလိမ့်ပါ။ ကတော့ပုံရတဲ့အခါထောင်ကြည့်ပါက အထပ်များစွာကို တွေ့ရမှာဖြစ်ပါတယ်။
13. ကတော့ပုံစံမုန့်သားကို အချွန်ဘက်ကို အပေါ်မှာထားပြီးထောင်ပါ။ ပြီးလျှင် ချွန်နေတဲ့မုန့်သားကိုလက်ဖြင့် ဖြည်းဖြည်းချင်းအောက်ခြေရောက်တဲ့အထိဖိချပါ။ ပြီးလျှင် ဂျုံဖြူးထားတဲ့ ပုံထဲကိုထည့်ပါ။
14. ကျန်တဲ့မုန့်လုံး ၅ လုံးကိုဆက်ပြီး လုပ်ပြီးသားပုံထဲထည့်ပါ။
15. ပြီးလျှင် frige ထဲထည့်ပြီး ၁၅ မိနစ်ခန့်နှပ်ထားပါ။
16. ၁၅မိနစ်ပြည့်လျှင် အထပ်ထပ်ရအောင်လိမ့်ထားတဲ့ ၏မုန့်သားကိုဂျုံဖြူးထားတဲ့ စားပွဲပေါ်တင်ပြီး တလိမ့်တုံးနဲ့အဝိုင်းပုံရအောင်လိမ့်ပါ။ ပြီးနောက် မကပ်တဲ့ဒယ်အိုးထဲထည့်ပြီး ကင်ပါ။ မုန့်အပေါ်ပိုင်းကို ထောပတ်သုတ်ပါ။
17. အောင်ဖက်ပိုင်းမုန့်သားကျက်ပြီဆိုရင် တစ်ဖက်ကိုလှန်ပေးပါ။ ပြီးလျှင် ထောပတ်သုတ်ပါ။
18. နှစ်ဖက်လုံးကျက်လျှင် အဆင်သင့်ဖြစ်ပါပြီ။
Hodduk Korea Sweet Pancake    (ကိုရီးယားပန်ကိတ်အချို)  (သက်သတ်လွတ်)
-------------------------------------------------------------------------
ကိုရီးယားပန်ကိတ်ကတော့မုန့်အချိုတစ်မျိုးဖြစ်ပါတယ်။အဆာကမုန့်လုံးကြီးကြော်နဲ့ဆင်ပါတယ်။ဒါပေမဲ့ မုန့်လုံးကြီးကြော်က ဆီနဲ့ကြော်ပေမယ့် ကိုရီးယားပန်ကိတ်ကတော့ ဆီနည်းနည်းနဲ့အိုးကင်းပူတိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
• ဂျုံမှုန့်  -  ၂ ခွက်
• ရေနွေး  -  ၁ ခွက်
• Instant Yeast  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• သကြားအညို  -  စားပွဲဇွန်း ၂ ဇွန်း
• ဆား  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ဟင်းသီးဟင်းရွက်ဆီ  -  စားပွဲဇွန်း ၁ ဇွန်း
• ကြော်ရန်ဆီ  -  အနည်းငယ်
• ထန်းလျက်  -  ၁၁၀ ဂရမ်
 (ပါးပါးလှီးထားပါ)
• သစ်ကြားစေ့ (သို့) မြေပဲလှော်  -  စားပွဲဇွန်း ၂ ဇွန်း
 (နုပ်နုပ်စဉ်းထားပါ)
• နှမ်းလှော်  -  စားပွဲဇွန်း ၁ ဇွန်း
• အုန်းသီးအဖတ်  -  စားပွဲဇွန်း ၃ ဇွန်း
ပြုလုပ်နည်း
၁။ ဇလုံအကြီးတစ်လုံးထဲ ရေနွေးအရင်ထည့်ပါ။ ပြီးလျှင် Yeast သကြား၊ ဆားနှင့် ဆီတို့ကို ထည့်ပြီး မွှေထားပါ။
၂။ ပြီးလျှင် ကိုရီးယားဂျုံမှုန့်ထည့်ပြီး မုန့်သားရအောင် နယ်ပါ။ မုန့်သားက စေးကပ်နေပါမယ်။
၃။ စေးကပ်နေတဲ့ မုန့်သားကို အဖုံးဖုံးပြီး ၁ နာရီခန့် နှပ်ထားပါ။
၎။ မုန့်သားနှပ်ထားတဲ့အချိန်မှာ အဆာအတွက် ပြင်ဆင်ထားပါ။ ဇလုံအသေးတစ်လုံးထဲ ထန်းလျက်၊ နှမ်း၊ သစ်ကြားစေ့နှင့် အုန်းသီးအဖတ်တို့ကို ထည့်ပြီး မွှေထားပါ။
၅။ ၁ နာရီကြာတဲ့အခါ မုန့်သားက ဖောင်းလာပြီး ၂ ဆဖြစ်လာပါမယ်။ အဖုံးကို ဖွင့်ပြီး အသားယောက်မဖြင့် မွှေပါ။
၆။ ပြီးလျှင် မုန့်သားကို ဂျုံဖြူးထားတဲ့ စားပွဲပေါ်မှာတင်ပြီး ၈ ပိုင်းပိုင်းပါ။
၇။ မုန့်သားတစ်ပိုင်းကို ပြား၍ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် ထည့်ပြီး အဆာ
လုံအောင် ပြန်လုံးပြီး ပိတ်ပါ။
၈။ မကပ်တဲ့အိုးကို မီးဖိုပေါ်တင်၍ အပူပေးပြီး ဆီနည်းနည်းထည့်ပါ။ ဆီပူလာလျှင် အဆာသွတ်ထားတဲ့ မုန့်လုံးကို ထည့်ပြီး ကြော်ပါ။
၉။ မုန့်သားအောက်ဘက်ပိုင်း နီညိုရောင်သန်းလာလျှင် တစ်ဖက်ကိုလှန်၍ မုန့်သားလုံးကို ပလတ်စတစ်ယောက်မဖြင့် ဖိပြီး ပြားပေးပါ။
၁၀။ ၂ ဖက်စလုံး နီညိုရောင်သန်းအောင် ကြော်ပြီးလျှင် ဆယ်ယူပါ။
၁၁။ ကျန်ရှိနေတဲ့ မုန့်သားများကိုလည်း အဆာသွတ်ပြီး ထပ်မံ၍ကြော်ပါ။
----------------------------------------------
Myint Oo Tha
အင်ဒိုနီးရှားကြက်ကြော်
(Indonesia Smashed Fried Chicken)
(Sambal Ayam Penyet)
----------------------------------------
 စင်ကာပူနေရာ အတော်များများမှာ Ayam Penyet ဆိုပြီး ထမင်းဆိုင် အတော်များများ တွေ့ရမှာဖြစ်ပါတယ်။ Ayam Penyet ဆိုတာကတော့ ကြက်ကြော်ကို ပြန်ပြီး အနည်းငယ်ထုထားတာ ကို ဆိုလိုပါတယ်။ အင်ဒိုနီးရှားစတိုင် ကြက်ကြော်ကို ငါးပိထောင်း နဲ့ တွဲဖက်စားလေ့ရှိပါတယ်။ အနံ့ အရသာ တစ်မူထူးခြားတဲ့ ကြက်ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
• ကြက်ပေါင်  -  ၅ ခု
• ကြက်သွန်နီ  -  ၁ လုံး
• ကြက်သွန်ဖြူ  -  ၃ မြွှာ
• ချင်း  -  လက်နှစ်ဆစ်
• နနွင်းတက်  -  လက်နှစ်ဆစ်
• ပတဲကော  -  လက်တစ်ဆစ်
• စပါးလင်  -  ၁ ချောင်း
• သစ်ကြံပိုးခေါက်  -  ၂ ချောင်း
• ဆား  -  စားပွဲဇွန်း ၁ ဇွန်း
• သကြား  -  ၁ ဇွန်း
• ဇီရာအမှုန့်  -  ၁ ဇွန်း
• နံနံစေ့အမှုန့်  -  ၁ ဇွန်း
• ဂျုံမှုန့်  -  ၃ ဇွန်း
• ပြောင်းမှုန့်/ကော်မှုန့်  -  ၃ ဇွန်း
• ကြက်ဥ  -  ၂ လုံး
• ကြော်ရန်ဆီ
ပြုလုပ်နည်း
 ၁။ ဦးစွာ ကြက်ပေါင်များကို ရေဆေးသန့်စင်ပြီး ရေစစ်ထားပါ။
 ၂။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ နနွင်းတက်နှင့် ပတဲကောတို့ကို ကြိတ်ထားပါ။စပါးလင်ကို အနည်းငယ်ထုထားပါ။ နနွင်းတက်မရနိုင်ပါက အမှုန့်ကိုအစားထိုးပါ။
 ၃။ အားလုံးအသင့်ဖြစ်ပါက အိုးတစ်အိုးထဲ ကြက်သားထည့်ပြီး ရေမြုပ်ရုံထည့်ပါ။
 ၄။ ကြိတ်ထားသည့်အရောကို ထည့်ပါ။ စပါးလင်၊ သစ်ကြံပိုးခေါက်၊ ဆားနှင့် သကြား တို့ကို ထည့်ပြီး ကြက်သားကျက်သည်အထိ တည်ထားပါ။
 ၅။ ကြက်သားကျက်ပါက ဆယ်ယူပြီး ဇလုံတစ်လုံးထဲ ထည့်ပြီး အအေးခံထားပါ။
 ၆။ ကြက်ပြုတ်ရည်ကို ဆန်ခါတစ်ခုဖြင့် စစ်ပြီး အနှစ်နှင့် အရည်ကို သတ်သတ်စီ ခွဲထားပါ။ စပါးလင်နှင့် သစ်ကြံပိုးခေါက်ကို ဖယ်ထုတ်ပြီး ဇီရာအမှုန့်နှင့် နံနံစေ့ အမှုန့်ကို ထည့်၍ သမအောင် မွှေပါ။
 ၇။ အအေးခံထားတဲ့ ကြက်ထဲ ထည့်၍ အားလုံးသမအောင် လူးပေးပြီး နှပ်ထားပါ။ လိုအပ်ပါက ဆားအနည်းငယ်ထည့်ပါ။
 ၈။ ပန်းကန်ထဲ ဂျုံမှုန့်၊ ပြောင်းဖူးမှုန့်ထည့်ပြီး ကြက်ပြုတ်ထားတဲ့ အရည် အနည်းငယ် နှင့် မုန့်နှစ်ရည်ပျစ်ပျစ် ဖျော်ထားပါ။
 ၉။ အသင့်ဖြစ်ပါက ဆီအိုးတည်ထားပါ။ ဆီပူပါက နှပ်ထားတဲ့ ကြက်ပေါင်ကို ဖျော်ထား တဲ့ မုန့်နှစ်ရည်ထဲ လူးပြီး ဆီပူပူမှာ အရောင်ရသည်အထိ ကြော်၍ ဆယ်ယူပြီး ဆီစစ်ထားပါ။
 ၁၀။ လက်ကျန်မုန့်နှစ်ရည်ထဲ ကြက်ဥ ၂ လုံးဖောက်ထည့်၍ မွှေပြီး ကြက်ပြုတ်ရည် ၃ ဇွန်း ထည့်ပြီး မွှေပါ။
 ၁၁။ ပြီးလျှင် ဆီပူအိုးထဲ ကြက်ဥအရည်ကို ဖြည်းဖြည်းချင်း အမျှင်ဖြစ်အောင် လောင်း ထည့်၍ ရွှေဝါရောင်ရပါက ဆယ်ယူပြီး ဆီစစ်ထားပါ။
 ၁၂။ ဆီစစ်ထားတဲ့ ကြက်ကြော်ကို စဉ်းတီတုံးပေါ်တင်ပြီး ဓားနှောင့်ဖြင့် ပုံစံမပျက်အောင် ထုပေးပါ။
 ၁၃။ ပန်းကန်ထဲမှာ ထမင်းဖြူ၊ ကြက်ကြော်၊ ပဲပြားကြော်၊ ကြက်ဥမွကြော်၊ Sambal ငါးပိထောင်း၊ သခွားသီးနှင့် ခရမ်းချဉ်သီးတို့ဖြင့် တွဲဖက်တည်ခင်းနိုင်ပါပြီ။
 ကြက်ကြော်နှင့် ငါးပိထောင်းကို အဆာပြေစာအဖြစ်လည်း တည်ခင်းနိုင်ပါတယ်။
------------------------------------------
Sofia
ဆန်ဘယ်ငရုတ်သီးအနှစ် ထမင်းကြော်
(Fried Rice with Sambalchilli Paste)
-----------------------------------------------
 ပုစွန်လေးထည့်ပြီး ထမင်းကို ဆန်ဘယ်ငရုတ်သီးအနှစ်လေးနဲ့ ကြော်ထားပါတယ်။ ဆန်ဘယ်ငရုတ်သီးအနှစ်က အင်ဒိုနီးရှားနိုင်ငံရဲ့ ထင်ရှားတဲ့ ငရုတ်သီးအနှစ်တစ်မျိုးပါ။ အရသာကတော့ အချိုနည်းနည်း၊ အချဉ်နည်းနည်းနဲ့ အစပ်တို့ကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
• ထမင်း  -  ပန်းကန်လုံး ၂ လုံး
• ပဲစိမ်းလုံး  -  အနည်းငယ်
• ပြောင်းဖူး  -  အနည်းငယ်
• ဥနီ  -  အနည်းငယ်
• ပုစွန်  -  ၅၀ ဂရမ်
• ကြက်သားမှုန့်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
၁။ ပုစွန်ကို အခွံခွာ၍ သန့်စင်ပြီး ဆီအနည်းငယ်ဖြင့် ၁ မိနစ်ခန့် ချက်ပါ။
၂။ ထမင်းဖြူထည့်ပြီး ၁ မိနစ်ခန့်မွှေပါ။
၃။ ချက်ထားသော ငရုတ်သီးအနှစ် ၃ ဇွန်း၊ ကြက်သားမှုန့်၊ ပဲစိမ်းလုံး၊ ပြောင်းဖူးနှင့် ဥနီ တို့ကို ထည့်၍ သမအောင်မွှေပြီး ၂ မိနစ်ခန့် ချက်ပါ။
၎။ ပြီးလျှင် ပန်းကန်ထဲ ထည့်ပြီး စားသုံးနိုင်ပါပြီ။
ငရုတ်သီးအနှစ်အတွက် ပါဝင်ပစ္စည်းများ
• ငရုတ်သီးအနှစ်  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ငရုတ်သီးအကြမ်းဖတ်  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ပုစွန်ခြောက်မှုန့်  -  လက်ဖက်ရည်ဇွန်း ၅ ဇွန်း
• ကြက်သွန်နီ  -  ၁ လုံး
• ကြက်သွန်ဖြူ  -  ၁ လုံး
• စပါးလင်  -  ၁ ပင်
• ချင်း  -  အနည်းငယ်
• မန်ကျည်းအနှစ်ရည်  -  လက်ဖက်ရည်ဇွန်း ၃ ဇွန်း
• ကြက်သားမှုန့်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ဆီ  -  လက်ဖက်ရည်ဇွန်း ၃ ဇွန်း
• သကြား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ငါးပိ  -  အနည်းငယ်
ငရုတ်သီးအနှစ်ပြုလုပ်နည်း
၁။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ချင်းတို့ကို အခွံနွှာပါ။ မန်ကျည်းအနှစ်ကို ရေ အနည်းငယ် ထည့်ပြီး စိမ်ထားပါ။ ဥနီကို အတုံးသေးသေးလှီးပါ။
၂။ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ချင်းတို့ကို ကြေညက်အောင် ကြိတ်ပြီး ဆီပူပူ ထဲမှာ ဦးစွာ ဆီသတ်ပါ။
၃။ ငရုတ်သီးအနှစ်၊ ငရုတ်သီးအကြမ်းဖတ်၊ ပုစွန်ခြောက်မှုန့်၊ ငါးပိ၊ ကြက်သားမှုန့်၊ သကြား နှင့် မန်ကျည်းအနှစ်ရည်တို့ကို ထည့်ပြီး ၃ မိနစ်ခန့် ချက်ပါ။
၎။ အရသာမြည်းပြီး ပန်ကန်လုံးထဲ ထည့်ထားပါ။
------------------------------------
Htain Lin Maung
ဆားငန်ဘဲဥကန်စွန်းဥကြော်
------------------------------------
 ဟင်းတွေ၊ အချိုပွဲတွေမဟုတ်ဘဲ Snack အနေနဲ့ မုန့်လေးလို စားလို့ရမယ့် အရာလေးတစ်ခု ပြုလုပ်ပေးပါမယ်။ အဲဒါလေးကတော့ ဆားငန်ဘဲဥ ကန်စွန်းဥကြော်လေးပါ။ အာလူးလေးနဲ့လည်း ကြော်စားလို့ရသလို ကန်စွန်းဥနဲ့ဆိုရင်လည်း အရသာလေးက တစ်မျိုးထူးကဲနေပါတယ်။ အဲဒါကတော့ ပိုပြီးဝါးရသလို အာလူးထက်လည်း ပိုချိုပါတယ်။ တစ်ခါကြော်ပြီးရင် လေလုံဘူးထဲမှာ ထည့်ပြီး တစ်ပတ်ခန့်ထားပြီးလည်း  စားသုံးနိုင်ပါတယ်။ အစပ်ကြိုက်သူများက ငရုတ်သီးကြမ်းလေးပါ ထည့်ကြော်လို့ ရပါတယ်နော်။
ပါဝင်ပစ္စည်းများ
• ကန်စွန်းဥ  -  ၅၀ဝ ဂရမ်
• ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• အရသာမှုန့်  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ပျဉ်းတော်သိမ်  -  ၁ ခွက်
• ဆားငန်ဘဲဥ  -  ၈ လုံး
• ဆီ  -  အလုံအလောက်
• ထောပတ်  -  စားပွဲဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
၁။ ပျဉ်းတော်သိမ်ရွက်ကို ဆီများများနဲ့ ကြော်ပါ။ြွကပ်လာလျှင် ဆယ်ယူထားပါ။
၂။ သန့်စင်ထားသော ကန်စွန်းဥကို ဆား၊ အရသာမှုန့်ဖြင့် နယ်ပြီး ဆီပူပူမှာ ကြော်ပါ။ ရွှေရောင်သန်း လာပါက ဘေးမှာ ခဏဖယ်ထားပြီး အအေးခံပါ။
၃။ အိုးတစ်အိုးထဲ ဆားငန်ဘဲဥများ ထည့်၍ ပြုတ်ပြီး အနှစ်ကို ယူထားပါ။ ဒယ်အိုးထဲ ထောပတ်
ထည့်ပြီး၊ ဆားငန်ဘဲဥအနှစ်များ ခြေ၍ ထည့်ပြီး ကြော်ပါ။ ထို့နောက် ကန်စွန်းဥများထည့်၍ မွှေပြီး ပျဉ်းတော်သိမ်ကြော်ထားသည်များကိုပါ ထည့်၍ စားသုံးနိုင်ပါပြီ။ လေလုံဘူးထဲ ထည့်ထားလျှင် လည်း အထားခံပါတယ်။
--------------------------------------------
May Phyo Thi
Saturday, August 24, 2019
ဝန်ထမ်းလောင်းတစ်ယောက်ကို အင်တာဗျူးဖို့နည်းလမ်းကောင်းများ
===================
ရေးသားသူ- ပိုင်စိုး (Management)
PSM Business Institute
အင်တာဗျူးဆိုတာ အကြောင်းအရာတစ်ခုခုအတွက် ရည်ရွယ်ပြီး အပြန်အလှန် ပြောဆိုဆွေးနွေးတဲ့ စကားဝိုင်းတစ်ခုလို့ ယေဘုယျအားဖြင့် ဆိုလိုနိုင်ပါတယ်။ လုပ်ငန်းခွင်မှာ လုပ်လေ့လုပ်ထရှိတဲ့ အင်တာဗျူးတွေကတော့ ၀န်ထမ်းအသစ် တစ်ဦးရွေးချယ်ခန့်ထားဖို့လိုအပ်တဲ့အခါမှာလုပ်တဲ့ Job interview၊ စည်းမျဉ်း
စည်းကမ်းဆိုင်ရာမူဝါဒတွေကိုအကောင်အထည်ဖေါ်တဲ့အခါမှာ လိုအပ်ရင် စည်းကမ်းဖောက်ဖျက်သူတွေနဲ့ ခေါ်ယူဆွေးနွေးတိုင်ပင်ရတဲ့ Discipline interview၊ ၀န်ထမ်းတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်စီမံခန့်ခွဲမှုတွေလုပ်ရတဲ့အခါမှာ အကဲဖြတ်ရမှတ်တွေနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးတဲ့ Appraisal interview နဲ့ ၀န်ထမ်းတွေအလုပ်ထွက် တဲ့အခါမှာမေးမြန်းဆွေးနွေးတဲ့  Exit interview တွေဖြစ်ပါတယ်။ အင်တာဗျူးစွမ်းရည် တိုးတက်လာစေမယ့်နည်းလမ်းတချို့ကို ဖေါ်ပြလိုပါတယ်။
• Do your homework. ကြိုတင်လေ့ကျင့်ထားပါ။ အင်တာဗျူးတစ်ခုကို ကြိုတင်ပြင်ဆင် မထားဘူးဆိုရင် အင်တာဗျူးအတွက် သုံးသင့်တဲ့ အချိန်ထက် ပိုသုံးလိုက်ရတာတွေဖြစ်တတ်ပါတယ်။ အင်တာဗျူးမလုပ်ခင်မှာ အင်တာဗျူး လုပ်ရတဲ့ရည်ရွယ်ချက်ကို တိတိကျကျသိနေဖို့လိုအပ်သလို သက်ဆိုင်ရာ စာရွက်စာတမ်း၊ အထောက်အထားတွေ၊ မေးခွန်းတွေ ကြိုတင်ပြင်ဆင်ထားရှိ ရပါမယ်။
• Put the interviewee at ease. မိမိအင်တာဗျူးမယ့်သူတွေကို သက်တောင့် သက်သာအခြေအနေရှိအောင်ဖန်တီးထားပါ။  အင်တာဗျူးတွေဟာ ဖြေဆိုသူတွေအတွက် အနည်းနဲ့အများတော့ ဖိအားဖြစ်စေတတ်ပါတယ်။ ဖိအားဖြစ်နေတဲ့အခြေအနေတွေဟာ စိတ်လှုပ်ရှားမှုတွေ ရှိနေတာဖြစ်လို့ ဖြေဆိုသူတွေအနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အဖြေမျိုးကို တတ်သိနားလည် ပြီးသားဖြစ်သော်လည်း မှားယွင်းဖြေကြားတတ်ပါတယ်။ သက်တောင့် သက်သာရှိတဲ့ အင်တာဗျူးအခန်း၊ နွေးထွေးပျူငှာမှုရှိတဲ့ ကြိုဆိုမှု၊ နှုတ်ဆက်ပျူငှာမှုတွေဟာ အင်တာဗျူးသူနဲ့ ဖြေကြားသူအကြား ရင်းနီးကျွမ်းဝင်မှုတစ်ခုဖြစ်စေပြီး သင့်တင့်မှန်ကန်တဲ့ အဖြေတွေ ရရှိနိုင်ပါတယ်။
• Remain focused on your objective. မိမိအင်တာဗျူးတဲ့ ရည်မှန်းချက်၊ စံသတ်မှတ်တွေအပေါ်မှာသာ အာရုံထားပါ။ အင်တာဗျူးမလုပ်ခင်မှာ အင်တာဗျူးကတဆင့် ဘယ်လိုအချက်အလက်တွေ၊ ဘယ်လိုအကြောင်းအရာ တွေသိရှိလိုတယ်၊ ရလိုတယ်ဆိုတာကို တိတိကျကျ ကြိုတင်သိရှိထားရပါမယ်။ အင်တာဗျူးမေးခွန်းတွေကိုလည်း မိမိလိုချင်တဲ့ ရည်မှန်းချက်စံနှုန်းတွေအပေါ် မှာမူတည်ပြီး ပုံစံသတ်မှတ်ရပါမယ်။ လက်တွေ့အင်တာဗျူးတဲ့အခါမှာ ကြုံတွေ့တတ်တာက အာတာဗျူးမေးမြန်းတဲ့သူတွေက အင်တာဗျူး ရည်မှန်းချက်ထက် သူတို့ရဲ့ အထင်အမြင်၊ ယူဆချက်၊ ခံယူချက်တွေ အပေါ်မှာ အာရုံစိုက်တာမျိုးဖြစ်သွားတတ်ပါတယ်။  တခါတလေကြ တော့လည်း အင်တာဗျူးဖြေဆိုသူတွေရဲ့ စကားတွေထဲမှာ မျောပါသွားတာမျိုးဖြစ်တတ်ပါတယ်။ အင်တာဗျူးတစ်ခုဟာ တိကျတဲ့ စံသတ်မှတ်ချက်၊ ရည်မှန်းချက်တွေအပေါ်မှာ အာရုံစိုက် လုပ်ဆောင်တာမဟုတ်ဘဲ အင်တာဗျူးမေးမြန်းသူ၊ ဖြေဆိုသူတွေရဲ့ အတွေးအခေါ်၊ အယူအဆတွေအပေါ်မှာ အာရုံစိုက်မိတာမျိုး  ဖြစ်ခဲ့ရင် အင်တာဗျူးရဲ့ အနှစ်သာရပျောက်သွားတတ်ပါတယ်။
• Keep the initiative. အင်တာဗျူးကို မိမိလိုချင်တဲ့ဆီကို ဆွဲခေါ်သွားပါ။ မိမိဟာ အင်တာဗျူးမေးမြန်းသူတစ်ဦးဖြစ်တဲ့အတွက်  အင်တာဗျူး အခြေအနေတွေအားလုံးကို အဓိက ထိန်းချုပ်နိုင်မယ့်သူဟာ မိမိသာဖြစ်ပါတယ်။ စာရေးသူတို့အဓိကဆွေးနွေးချင်တဲ့ အကြောင်းအရာ ရည်မှန်းချက်တွေဆီကို ဖြေဆိုသူပါလာအောင် ဆွဲခေါ်သွားဖို့လိုအပ်ပါတယ်။ အင်တာဗျူးသူတွေအဓိကဦးတည်ရမှာက အင်တာဗျူးရည်ရွယ်ချက်နဲ့အတူ ဖြေဆိုသူတွေကိုလည်း သူတို့ရဲ့ အထင်အမြင်ယူဆ နားလည်မှုတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးလာအောင် အားပေးဖို့ဖြစ်ပါတယ်။
• Ask the right questions. အင်တာဗျူးမေးခွန်းတွေမေးတဲ့နေရာမှာ အပိတ်မေးခွန်းတွေဖြစ်တဲ့ Yes or No ဖြေရုံသက်သက်မေးခွန်းတွေကို တတ်နိုင်သမျှနည်းအောင် စီစဉ်ထားသင့်ပါတယ်။ အဖြေ ၂ ခု သို့မဟုတ် ၃ ခု ထဲက အဖြေတစ်ခု ရွေးခိုင်းတဲ့မေးခွန်းမျိုးကိုလည်း ရှောင်နိုင်သမျှရှောင် သင့်ပါတယ်။ ဒီလိုမေးခွန်းတွေဟာ အင်တာဗျူး ရည်မှန်းချက်အတွက် ကျေနပ်ဖွယ်ကောင်းတဲ့ အဖြေမျိုး မဖြစ်တတ်ပါဘူး။ ဘာကြောင့်၊ ဘယ်လိုလုပ်မလဲ၊ ဘယ်အချိန်တွေမှာ လုပ်သင့်လဲ စတဲ့မေးခွန်းတွေမေး တာဟာ ပိုမိုကောင်းမွန်များပြားတဲ့ အဖြေတွေ ရှိလာနိုင်ပါတယ်။ အင်တာဗျူး ဖြေဆိုသူတွေ ဘက်က ပြန်လည်ဖြေကြားလာတဲ့အဖြေတွေမှာလည်း မသေချာတာ၊ ထင်ယောင်ထင်မှားဖြစ်နိုင်တာမျိုးရှိပါက ထပ်မံမေးပါ။
Follow up လုပ်ပါ။
• Keep the interviewee talking. အင်တာဗျူးဖြေဆိုသူကို ဆက်ပြောပါစေ။ တခါတလေမှာ ဖြစ်တတ်တာက အင်တာဗျူးတွေ လုပ်တဲ့အခါမှာ မေးမြန်းရမယ့် Interviewer က စကားတွေအများကြီး၊ အဖြေတွေအများကြီး ပြောနေပြီး ဖြေကြားရမယ့်သူ Interviewee တွေက စကားနည်းနေတာမျိုး ဖြစ်တတ်ပါတယ်။ စာရေးသူကြုံဖူးတာတစ်ခုက Interviewer က မေးခွန်းရော အဖြေပါ သူတစ်ဦးတည်းသာ တပြိုင်နက် လုပ်ဆောင်သွားပါတယ်။ ဒါတွေဟာ ထိန်းချုပ်လို့ရနိုင်တဲ့ လွဲချော်မှုတွေပါပဲ။ အင်တာဗျူးလုပ်နေရင်းနဲ့ တခါတလေမှာ ဘာမှမေးစရာ ဖြေစရာ အဖြေမရှိဘဲ conversation gap ဖြစ်နေ မှာမစိုးရိမ်ပါနဲ့။ ဖြေဆိုသူဟာ သူဖြေဆိုစရာ စကားတွေပြီးလို့ ဆက်မဖြေတော့ရင်တောင်မှ စာရေးသူတို့က မေးခွန်းတစ်ခုထဲမှာပဲ တစ်ခုထက်ပိုတဲ့ အဖြေတွေလိုချင်တဲ့အခါမျိုးမှာ ဘာမှမပြောဘဲ  ငြိမ်သက် နားထောင်နေလို့အဆင်ပြေပါတယ်။ Interviewer တွေရဲ့ ငြိမ်သက်မှုဟာ ဖြေဆိုသူတွေဆီက အဖြေတွေထပ်လိုအပ်တယ်လို့ မျှော်လင့်နေတာကို ညွှန်ပြနေပါတယ်။
• Be aware of legal issues. နိုင်ငံတော်က ပြဌာန်းသတ်မှတ်ထားတဲ့ ဥပဒေ တွေကိုလည်းသိရှိနားလည်ဖို့လိုအပ်ပါတယ်။ သက်ဆိုင်ရာ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ ဖြေဆိုသူတွေရဲ့ စွမ်းဆောင်ရည် အရည်အချင်းတွေနဲ့ မဆိုင်တဲ့ အကြောင်းအရာတွေ (ဥပမာ- အိမ်ထောင်ကွဲလား၊ ဘာကြောင့်ကွဲသွားတာလဲ။ ဘာ ဘာသာကို ကိုးကွယ်တာလဲ။ အဲဒီကိုးကွယ်တဲ့ ဘာသာကရော မှန်ကန်တယ်လို့ ယုံကြည်တာလား။ နောက်နှစ် ခလေးယူဖို့ ရှိ၊ မရှိ စတာ) တွေကို မမေးသင့်ပါဘူး။ လုပ်ငန်းတာဝန်တစ်ခုအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှု အရည်အသွေးတွေအပေါ်မှာ အခြေမခံဘဲ အခြားမသက်ဆိုင်တဲ့ အသက်အရွယ်၊ ကျား၊မ၊ မိးသားစု၊ လူမျိုး၊ ဘာသာ၊ နိုင်ငံသား၊ အသားအရောင် စတာတွေနဲ့ပတ်သက်ပြီး ခွဲခြားဆက်ဆံတာမျိုး မရှိစေရဆိုတဲ့ ဥပဒေ တချို့နိုင်ငံတွေမှာ ရှိပါတယ်။ စာရေးသူတို့ မြန်မာနိုင်ငံမှာ လောလောဆယ်ဆယ် မရှိသေးပေမယ့် မကြာခင်တော့တဲ့ အချိန်အခါတွေမှာ ရှိလာနိုင်ပါတယ်။
• Take notes. အင်တာဗျူးစဉ်မှာ ဖြေကြားသူတွေရဲ့ အဖြေတွေဟာ တစ်ဦးနဲ့ တစ်ဦးမတူနိုင်ပါဘူး။ လိုအပ်တဲ့ notes တွေကို မှတ်သားထားပါ။
• Anayse and act  on your information. လိုအပ်တဲ့အင်တာဗျူး အမေးအဖြေတွေ ပြီးသွားတဲ့အခါမှာ မိမိတို့ရေးသားမှတ်ထားခဲ့တဲ့ notes တွေ၊ ဖြေကြားသူရဲ့အဖြေတွေ၊ သက်ဆိုင်တဲ့ မှန်ကန်တဲ့အချက်အလက်တွေ ကို ပြန်လည်ဆန်းစစ်အကဲဖြတ်ပါ။ ဒီလိုဖြေကြားချက်တွေ notes တွေနဲ့ အင်တာဗျူးရဲ့ ရည်မှန်းချက်တွေနဲ့ ကိုက်ညီမှုရှိတာတွေကို လုပ်ဆောင်ရမှာ ကတော့ Interviewer တွေရဲ့ တာဝန်ပဲဖြစ်ပါတယ်။
အကြံပြုချက်များ
=========
• အင်တာဗျူးတဲ့အခါမှာ အနှောက်အယှက်ကင်းအောင် ကြိုတင်ပြင်ဆင်ထားပါ။ အင်တာဗျူးအခန်းအနားမှာ ဆူညံနေတာ၊ အင်တာဗျူးနေစဉ် ဖုန်းဝင်လာတာ၊ အလုပ်ကိစ္စမပြတ်လို့ ခဏခဏ ၀န်ထမ်းတစ်ယောက်ဝင်လာပြီး လက်မှတ် ထိုးခိုင်းတာတွေဟာ အင်တာဗျူးတစ်ခုကို အကျည်းတန်စေပါတယ်။
• မိမိရဲ့ နာရည်ကို တကြည့်ကြည့်မလုပ်ပါနဲ့။ အင်တာဗျူးဖြေကြားသူကိုလည်း မလိုလားတဲ့ခံစားချက်၊ အပြုအမူတွေ မပြသင့်ပါ။
• နားထောင်ပါ၊ အကဲခတ်ပါ။
• မိမိရဲ့ အကဲဖြတ်ချက်တွေဟာ မိမိရဲ့ ခံစားချက်သီးသန့်မဖြစ်သင့်ပါ။
• သေချာပြီးသားအဖြေတွေအတွက် ထပ်ခါထပ်ခါမေးပြီး အချိန် မဖြုန်းသင့်ပါ။
• အင်တာဗျူးဖြေဆိုသူကို ပွင့်ပွင့်လင်းလင်းမဝေဖန်သင့်ပါ။
• မိမိကြိုက်နှစ်သက်သည်ဖြစ်စေ၊ မကြိုက်နှစ်သက်သည်ဖြစ်စေ ရင်းနီးဖေါ်ရွေမှု အပြုံးနဲ့သာ အင်တာဗျူးတစ်ခုကိုအဆုံးသတ်ပါ။
Ref; The Management Bible by Neil Flanagan & Jarvis Finger
Friday, August 23, 2019
💢💢💢 workout မလုပ်သင့်သည့် နေ့များ 💢💢💢
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
Tom Burmese 
💢 gym ကို သွားရန်ကြိုက်သည့် gym ပျော်၊ gym crazy များ ရှိ သကဲ့သို့ gym ကြောက်သူများ၊ မပျော်သူများရှိ ပါမည်။ gym ကစားသူတိုင်း တစ်ပတ်လျှင် အနည်းဆုံး တစ်ရက် နားသင့်ပါသည်။ ဘော်ဒီ သို့ မာဆယ်ကို အနားပေးရန်လည်း လိုအပ်ပါသည်။ အထူးသဖြင့် မာဆယ်ကြီးချင်သူများ၊ ဘော်ဒီအရွယ်အစား ပိုထွှားချင်သူများ လုံလောက်သော အနားယူမူလိုအပ် ပါသည်။
💢 မည့်သည့် အခြေအနေတွင် workout မလုပ်သင့်သနည်း ဟု မကြာခဏ အမေးခံရပါသည်။ အဖြေမှာ။ ။
1️⃣ you are coughing or wheezing
မိုးတွင်းကာလတွင် နှာစေး ချောင်းဆိုး ဖြစ်သည်မှာ ရာသီစာ ပင်ဖြစ်သည်။ နည်းနည်း ပါးပါး ဖြစ်သည့် အခြေအနေတွင် ပေါ့ပါးသော workout လုပ်နိုင်ပါသည်။ ထိုသို့ လုပ်ပေးခြင်းဖြင့် သက်သာ သွားနိုင်ပါသည်။ သို့သော် လည်ပင်းအောက်ပိုင်း ဖြစ်သည့် ရင်ဘက်ဝန်းကျင်တွင် အသက်ရူ၍ မ ဝ ဖြစ်လျှင် workout မလုပ် သင့်ပါ။ ထိုအခြေအနေဖြစ်လျှင် ဘော်ဒီကို အနား ပေး ပေးပါ။ ကိုယ်ခံစွမ်းအားပိုကောင်းပြီး ဆင် တုပ်ကွေး မဖြစ်အောင် gym ပုံမှန် ကစားပါ။
2️⃣ past midnight, planing to hit the at 6 am
gym ကစားသမားများ အနေဖြင့် အိပ်ချိန် ၆ နာရီမှ ၈ နာရီ အိပ်နိုင်ပါက အကောင်းဆုံး ဖြစ်သည်။ တခါတရံ အကြောင်းအမျိုးမျိုးကြောင့် ည ၁၂ နာရီကျော်သွား သော်လည်း အိပ်၍ မရဖြစ်ခြင်း ကြုံဖူးကြမည် ထင်ပါသည်။ နံနက်စောစော ၆ နာရီတွင်  gym သွားပြီး၊ ကစားရန် ပြင်ဆင်ထားသော်လည်း၊ အိပ်ချိန် နည်းလွန်းလျှင်၊ workout မလုပ်ပဲ၊ အနားယူပေးပါ။ သို့မဟုတ်  တစ်ခြား အချိန်ပြောင်းပြီး ကစားပါ။ night out ရန် ကြိုက်သော gym သမားများ သတိထားသင့်သည်။
3️⃣ you’re running a fever
သင့် ဖျားနေသည့် အချိန်တွင် (ကိုယ်အပူချိန်များလျှင်) workout မလုပ်ပါနှင့်။ workout ကြောင့် ကိုယ်တွင်းအပူ ပိုများလာနိုင်၍၊ ပြန်လည်နေကောင်းလာရန် အချိန်ကြာတတ်သည် ကို သတိထားပါ။ တုပ်ကွေးလက္ခဏာ များဖြစ်သည့် ချမ်းခြင်း၊ ကိုယ်ခန္ဓာကိုက်ခြင်းဖြစ်လျှင် ပြေးစက်ပေါ် အစား အိပ်ယာပေါ်တွင်သာ နေသင့်ပါသည်။
4️⃣ your muscles still hurt from yesterday’s workout
ယမန်နေ့က ပြင်းထန်စွာ ကစားထားသော workout မှ မာဆယ်နာကျင်ခြင်း သို့ DOMS delayed-onset muscle soreness ဖြစ်တတ်သည်။ ဖြည့်စွက်စားများ မသုံးသည့် ကစားသမားများနှင့် nutrition ပိုင်း ပိုင်နိုင်စွာ မကျွေးတတ်သည့် ကစားသမားများတွင် ပိုဖြစ်တတ်သည်။ ထို့သို့ recover မဖြစ်သေးလျှင် အနားယူသင့်သည်။ မဟုတ်လျှင် ၎င်း DOMS ဖြစ်ခြင်း မှ injury ထပ်ပြီး ရလာနိုင်ပါသည်။
5️⃣ your knee or foot aches every time you go for a jog
ကြွက်သားများ ခဏတာ နာကျင်ခြင်းမဟုတ်ပဲ၊ ထိုနာကျင်ခြင်းမှာ အချိန် တခု ထိ မပျောက်ပါက ကျွှမ်းကျင်သည့် therapist များနှင့်ပြသင့်ပါသည်။ ထို့သို့ ဒဏ်ရာ မပျောက်ခြင်းမှာ workout မလုပ်ရန် မီး နီ ပြခြင်းဖြစ်ပါသည်။
6️⃣ you’ve been running on empty for weeks now
တခါတရံ ကိုယ်ခန္ဓာ လေးလံထိုင်းမှိုင်း နေလျှင် workout ဖြင့် ချွှေးထုတ်လိုက်ပါက ပေါ့ပါး သက်သာသွားတတ်သည်။ လေ့ကျင့်ခန်းကြောင့် ဘော်ဒီ energy ပိုတက် လာခြင်း ဖြစ်ပါသည်။ သို့သော် တစ်ပတ်မှ နှစ်ပတ် အထိ workout လုပ်တိုင်း ပင်ပန်းလွန်းပြီး စိတ်မပါ ဖြစ်ပါက၊ workout မလုပ်ပါနှင့်။ ကျွှမ်းကျင်သူများနှင့် ပြသသင့်ပါသည်။
💢 အမျိုးသမီးများ၏ လစဉ်ဖြစ်သည့် အချိန်အတွင်း workout လုပ်ခြင်း နားသင့်ပါသလား။
နားသင့်သည်ဟု သိပ္ပံနည်းကျ ပြော ထားသည့် အချက်မရှိပါ။ အချို့မှာ နားကြပြီး၊ အချို့မှာ ပေါ့ပါးသော လေ့ကျင့်ခန်း ဥပမာ။ Yoga, Pilates များ ကစားကြပါသည်။ period အတွင်း ကစားပါက သွေးလည်ပတ်အား ပိုကောင်းစေ၍ နာကျင်ကိုက်ခဲခြင်း သက်သာတတ်သည်ဟု ဆိုသည်။ ထို့အတူ workout လုပ်ခြင်းမှ endorphins ဟော်မုန်း ထုတ်လွှတ်၍ စိတ်ကြည်လင်ခြင်းကို ဖြစ်စေပါသည်။ ပြင်းထန်သော workout လုပ်ခြင်းနှင့် sprints ခုန်ပေါက် ကစားနည်းများကို လျှော့ ချပြီး ကစားသင့်ပါသည်။
💢 သင့်မိတ်ဆွေများအတွက် အသုံးဝင်ပါက like & share လုပ်ပေးဖို့ မမေ့နဲအုံးနော် အမျိုးတို့ရေ။ copy & paste လုပ်ချင်သူများ crd# ပေးပြီး စိတ်ကြိုက်သုံးနိုင်ပါကြောင်း။
မြန်မာပြည်ကြီးလည်း ရေဘေး၊ စစ်ဘေးမှ ကင်းပြီး ကျန်းမာပါစေဗျာ။
🙏 have a healthy & happy day 🙏
အားလုံးကျန်းမာကြပါစေ။ “Health is Wealth”
🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈
Thursday, August 22, 2019
အတင်စီးခံရတဲ့အခါ
(Zawgyi)
ဒေါက်တာ ဖြိုးသီဟ
(Unicode)
ကျွန်တော်တို့ဘဝမှာ တစ်ယောက်ယောက်က အနိုင်ကျင့်တာ၊ စော်ကားတာ၊ ဗိုလ်ကျတာ၊ တင်စီးတာ၊ တည့်တည့်ပြောရရင် လူပါးဝတာမျိုးတွေ ကြုံဖူးကြမှာပါ။ ကျောင်းမှာဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာဖြစ်ဖြစ်၊ နောက်ဆုံး သွားရင်းလာရင်းဖြစ်ဖြစ်ပေါ့။ ကိုယ့်အချင်းချင်းလည်း ရှိမယ်၊ လူမျိုးခြားက လုပ်တာလည်း ရှိမယ်။ ဖြတ်သန်းတဲ့ လုပ်ငန်းနယ်ပယ်၊ ကြုံတွေ့ရတဲ့သူတွေပေါ် မူတည်ပြီး အနည်းနဲ့အများသာ ကွာမယ်၊ လူတိုင်းတော့ တစ်ခါမဟုတ်တစ်ခါ ကြုံဖူးကြလိမ့်မယ်။
နည်းနည်းလောက် ပြန်စဉ်းစားကြည့်ကြည့်ပါ။ အဲ့လိုကြုံရတဲ့အခါ ဘယ်လိုခံစားရသလဲ၊ ဘယ်လိုတုံ့ပြန်ခဲ့မိသလဲ။ များသောအားဖြင့်တော့ စိတ်တိုမယ်၊ ငိုမိမယ်၊ ပြင်းပြင်းထန်ထန် တုံ့ပြန်မိချင်လည်းမိမယ်။ ဒီကနေမှတဆင့် အလုပ်ထွက်လိုက်တာ၊ အလုပ်ပြုတ်တာ၊ အမုန်းပွားတာတွေ ဖြစ်ရင်လည်း ဖြစ်ခဲ့မယ်။ ဒီဆောင်းပါးလေးမှာတော့ ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ရတုန်းက တွေးမိခဲ့တာလေးတွေအပေါ် အခြေခံပြီး ဝေမျှချင်ပါတယ်။
၁။ စိတ်ထိန်းနိုင်ဖို့ လိုပါတယ်။
ဘယ်သူမဆို ဖြစ်ဖြစ်ချင်းတော့ စိတ်တိုတာပဲ။ အဲဒါကို မထိန်းနိုင်လိုက်တဲ့အခါ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ လူမှုကွန်ရက်တွေမှာလည်း တွေ့ဖူးတယ်၊ ကားပါကင်လုရင်း ပြဿနာဖြစ်ကြရာကတဆင့် ကိုယ်ထိလက်ရောက် လုပ်ကြတယ် ဆိုတာမျိုး။ ရုံးတွေ၊ အလုပ်တွေမှာဆိုရင်တော့ နောက်ပိုင်းအလုပ်လုပ်သမျှ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ အဆင်မပြေတော့တာမျိုး၊ စကားတွေလွန်၊ နှုတ်တွေကျွံသွားလို့ အလုပ်ထွက်လိုက်ရတာမျိုးတွေထိ ဖြစ်တတ်တာပေါ့။ ပြန်စဉ်းစားကြည့်ရင် မတန်ဘူးဆိုတာ သတိထားမိလိမ့်မယ်။ ဒါကြောင့် ဖြစ်ဖြစ်ချင်းမှာ စိတ်ထိန်းဖို့ လိုတယ် ပြောတာပါ။
ကြားဖူးတာလေးတစ်ခုရှိတယ်၊ 90/10 principle တဲ့။ ဘာလဲဆိုတော့ ဘဝမှာ ကြုံတွေ့ရသမျှ အရာတွေအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းဟာ သူ့အလိုလိုဖြစ်လာတာ ဖြစ်ပြီးတော့ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကတော့ အဲဒီ ၁၀ ရာခိုင်နှုန်းကို ဘယ်လိုတုံ့ပြန်လိုက်သလဲ ဆိုတာရဲ့ အကျိုးဆက်ပါတဲ့။ ဥပမာပြောရရင် လမ်းမှာ ကားပိတ်လို့ စိတ်တိုတိုနဲ့ အလုပ်ကိုရောက်သွားတယ် ဆိုပါတော့။ ကားပိတ်တာက ကိုယ့်ကြောင့်မဟုတ်ဘူး၊ ကိုယ်ထိန်းချုပ်လို့လည်း မရဘူး။ ဒါပေမယ့် အဲဒါကို စိတ်တိုတယ်၊ တိုတဲ့စိတ်ကို အလုပ်သယ်သွားတော့ ဟိုမှာ လုပ်ဖော်ကိုင်ဖက်တွေ၊ Customer တွေနဲ့ ပြဿနာတက်ပြီး တစ်နေကုန် အဆင်မပြေတော့ဘူး။ ဒီတော့ ကားပိတ်တာဟာ ရှောင်လွှဲလို့မရတဲ့ ၁၀ ရာခိုင်နှုန်း၊ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကတော့ ကားပိတ်တဲ့အပေါ် တုံ့ပြန်လိုက်တဲ့ ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်တွေ ဖြစ်ပါတယ်။
ဒီလိုလေးမြင်ကြည့်လိုက်တဲ့အခါ တခုခုတုံ့ပြန်တော့မယ် ဆိုတဲ့အခါတိုင်း ကိုယ့်စိတ်ကိုကိုယ် ပိုပြီး ထိန်းချုပ်နိုင်လာတယ်။ ခဏလေးပဲ စိတ်က လွတ်ထွက်သွားတာပဲ၊ ဒါပေမယ့် နောက်မှာ ဆက်လိုက်လာမယ့် ပြဿနာက အများကြီး။ ဒီအတွက် မလဲသင့်ဘူးလို့ မြင်လာတယ်။ နောက်ပုံပြင်တစ်ခုလည်း ရှိသေးတယ်။ မြွေတစ်ကောင်ဟာ သူ့ခေါင်းပေါ်မှာ ပျားလာနားလို့ စိတ်တွေတိုရင်း တိုရင်း နောက်ဆုံး မောင်းလာနေတဲ့ လှည်းရဲ့ ဘီးအောက်ကို ခေါင်းဝင်ခံလိုက်တယ်တဲ့။ နားနေတဲ့ပျားလည်း သေ၊ သူကိုယ်တိုင်လည်း သေ။ ဒါကြောင့် ဒီစိတ်တိုစရာလေးတစ်ခုအတွက်နဲ့ ကိုယ့်ရဲ့ တခြားအရာတွေကို အဆုံးရှုံးမခံပါနဲ့။ မလဲပစ်ပါနဲ့။ ဒီထက်ပိုကောင်းတဲ့ ဖြေရှင်းနည်းကို ခေါင်းအေးအေးနဲ့ ရှာဖွေပါ။
၂။ ပြတ်သားတဲ့သူတစ်ယောက် ဖြစ်ပါစေ။
စိတ်ကိုထိန်းရမယ်လို့ ပြောလိုက်တာဟာ အရာအားလုံး ငုံ့ခံလာရမယ်လို့ မဆိုလိုပါဘူး။ ပြတ်ပြတ်သားသား ပြောရဲဆိုရဲဖို့ လိုပါတယ်။ ဘာလို့ဆိုတော့ လူရဲ့သဘောက သည်းခံတဲ့သူဆို ပိုပြီး အနိုင်ယူတတ်လို့ပါပဲ။
လူတွေကို ၃ မျိုး ၃ စားခွဲလို့ရပါတယ်။ ကိုယ့်တစ်ဖက်တည်းသိပြီး သူတစ်ပါးကို နစ်နစ်နာနာ ပြောတတ်၊ အနိုင်ယူတတ်တဲ့ Aggressive type သမားတွေရယ်၊ ပြိုင်လာရင် အရှုံးပေး၊ နှလုံးအေးတဲ့ဆေး ဆိုပြီး ဘာလုပ်လုပ် ငြိမ်ခံနေတတ်တဲ့ Passive type သမားတွေရယ်၊ နောက်ဆုံးတစ်ခုကတော့ သူတစ်ပါးကိုလည်း လေးစားသလို၊ ကိုယ့်အခွင့်အရေးလည်း ကိုယ်သိတယ်၊ တောင်းဆိုရဲတယ်၊ ပြီးတော့ ကိုယ့်တာဝန်လည်း ကိုယ်ကျေအောင်လုပ်တယ်၊ ဒီလိုလူမျိုးကိုတော့ Assertive type လို့ခေါ်ပါတယ်။ ခိုင်မာပြတ်သားတဲ့သူလို့ မြန်မာလို ပြန်ချင်တယ်။ ကျွန်တော်တို့ အဲဒီပုံစံအတိုင်း ဖြစ်ဖို့ လိုပါတယ်။ တစ်ဖက်က အနိုင်ယူသမျှ သည်းခံနေရင် ကိုယ်ဟာ အနိုင်ယူလို့ရတဲ့သူလို့ ထင်သွားတော့မှာပါ။ ရန်ပြန်ဖြစ်ဖို့မဟုတ်ဘဲ ကိုယ်ပြောစရာရှိတာကိုတော့ ရဲရဲတင်းတင်း ပြောနိုင်ဖို့ လိုပါတယ်။
၃။ တနုံ့နုံ့ ခံစားမနေပါနဲ့။
အဲ့လိုအနိုင်ယူခံလိုက်ရပြီးရင် အများစု စိတ်ထဲမှာ တနုံ့နုံ့နဲ့ ခံစားနေရတတ်ပါတယ်။ သူက ငါ့ကို ဒီလိုလုပ်ရသလားပေါ့။ ဘာမှပြန်မပြော၊ မလုပ်ခဲ့ရရင် ပိုလို့တောင် ခံစားနေရတတ်တယ်။ တကယ်ဆို စဉ်းစားကြည့်၊ ဟိုလူက ပြောပြီး ပြီးသွားပြီ။ မေ့တောင်မေ့နေပြီ။ ကိုယ့်မှာသာ တနုံ့နုံ့နဲ့ ဖြစ်ကျန်ခဲ့တာ။ နာကျည်းလို့မဆုံး၊ ဝမ်းနည်းလို့မဆုံး၊ ခံစားလို့မဆုံး ဖြစ်နေတာ။ တွက်ကြည့်ရင် ဘယ်လောက်ရှုံးသလဲ။ အပြောလည်း ခံရတယ်။ ဒဏ်ရာကလည်း တစ်သက်လုံး ကျန်နေခဲ့တယ်။ ငယ်ငယ်က သင်ရတဲ့ စာတစ်ပုဒ်လိုပဲ၊ တိုက်ပွဲမှာ ထိသွားလို့ နဖူးမှာ ကျန်ခဲ့တဲ့ အမာရွတ်ကို မှန်ထဲမှာကြည့်တိုင်း ရှုံးနိမ့်နေရတော့မယ့် စစ်သူကြီးလို ဖြစ်နေတယ်။ ဒါကြောင့် ထပ်ကာထပ်ကာ အရှုံးမခံပါနဲ့။ အဲဒီခံစားချက်ကို တတ်နိုင်သလောက် စိတ်ထဲက ဖယ်ထုတ်ကြည့်ပါ။ မဖယ်ထုတ်နိုင်သေးသရွေ့ ရှုံးနေရတယ်ဆိုတာကို မမေ့ပါနဲ့။
၄။ ကိုယ့်အဆင့်နဲ့ကိုယ် နေပါ။
တစ်ခါတစ်လေလည်း တွေးမိတတ်ကြတယ်၊ ငါ သူပြောတဲ့အတိုင်း ပြန်ပြောလိုက်ရမလား၊ သူလုပ်တဲ့အတိုင်း ပြန်လုပ်လိုက်ရမလား ဆိုပြီးတော့ပေ့ါ။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့လိုတွေးဖူးတာပဲ။ ဒါပေမယ့် အဲ့လိုလက်တုံ့ပြန်တော့မယ်ဆိုတဲ့အခါတိုင်း အဆင့်အတန်း ဆိုတဲ့ စကားလုံးက ကျွန်တော့်ခေါင်းထဲ ဝင်လာတယ်။ တကယ်တော့ အဆင့်အတန်းဆိုတာ ဘယ်လောက်ချမ်းသာတယ်၊ ဘာတွေ ဝတ်စားထားတယ် ဆိုတာထက် ကိုယ့်ရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်နေစိတ်ထားတွေကသာ အဓိက ကိုယ်စားပြုတာ ဖြစ်ပါတယ်။ သူပြောသလို ပြန်ပြောလိုက်ရလို့ အားရတာထက် အဲ့ဒီအဆင့်အတန်း ဆုံးရှုံးသွားမှာကို ပိုနှမြောမိပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ကိုယ်ထိန်းတယ်။ ရိုင်းရိုင်းစိုင်းစိုင်း မတုံ့ပြန်မိအောင်နေတယ်။ ဘေးပတ်ဝန်းကျင်က တစ်ယောက်ယောက် မြင်လိုက်ရရင်လည်း ကိုယ်ဟာ အထင်သေးစရာ ဖြစ်မနေတော့ဘူးပေါ့။
၅။ ပန်းချီကားလိုကျင့်ပါ။
မှန်တစ်ချပ်ဟာ သူ့ရှေ့ကို ရောက်လာတဲ့လူရဲ့ မျက်နှာပေါ် မူတည်ပြီး တူညီတဲ့ ပုံရိပ်ကို ပြန်ထုတ်ပေးပါတယ်။ ပြုံးရင် ပြန်ပြုံးပြတယ်၊ မဲ့ရင်လည်း ပြန်မဲ့ပြတယ်။ သူ့ဘဝက သူ့ရှေ့ လာရပ်တဲ့သူအပေါ်မှာ မူတည်နေတယ်။ တချို့တွေ ခံယူထားတဲ့ သင်ကောင်းလျှင် ကျွနု်ပ်မဆိုးပါ ဆိုတာ ဒါမျိုးပေါ့။ ဒါပေမဲ့ သိပ်လှပတဲ့ ပန်းချီကားတစ်ချပ်ကျတော့ ဒီလိုမဟုတ်ဘူး။ သူ့ရှေ့လာပြီး ပြုံးပဲပြပြ၊ မဲ့ပဲပြပြ၊ သူကတော့ လှပတဲ့ ရုပ်ပုံလေးကို အမြဲပြနေမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့လည်း အဲဒီ ပန်းချီကားလို ခံယူနိုင်ဖို့ လိုတယ်။ သူကောင်းလို့ ကိုယ်ကောင်းတာ၊ သူ မကောင်းလို့ ကိုယ်ကလည်း ပြန်မကောင်းတာတွေက စိတ်ဓါတ်မြင့်မြတ်သူတွေ လုပ်လေ့မရှိပါဘူး။ သူတို့ဟာ သူတို့ပုံစံအတိုင်းပဲ နေပါတယ်။ ကိုယ့်ရှေ့ ဘယ်လိုလာလုပ်ပြနေသလဲ ဆိုတာနဲ့ မဆိုင်ဘူး၊ သူတို့ရဲ့ ကိုယ်ပိုင်မူနဲ့ပဲ ဆိုင်တယ်။ လက်စားချေတယ်၊ တုံ့ပြန်တယ် ဆိုတာမျိုးတွေ သူတို့ဆီမှာမရှိဘူး။ ဒါတွေအတွက်နဲ့လည်း တန်ဖိုးရှိတဲ့ အချိန်တွေကို အလဟဿ အကုန်မခံဘူး။
၆။ သူတို့ကို ပြောင်းလဲမပေးပါနဲ့၊ ကိုယ် မပြောင်းလဲသွားအောင်သာ ထိန်းပါ။
ကြည့်ဖူးတဲ့ ဇာတ်ကားတစ်ခုရှိတယ်။ မတရားမှုတွေကို ကိုယ်ကျိုးစွန့် အနစ်နာခံရင်း တိုက်ဖျက်ပေမယ့်လည်း နောက်ဆုံးမှာ မတရားသူတွေကသာ ပန်းပန်သွားတယ်ဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးပေါ့။ အဲဒီကားအဆုံးသတ်မှာ ဇာတ်ကောင်တစ်ယောက် ပြောသွားတဲ့ စကားလေး သိပ်လှပါတယ်။ “တကယ်တော့ ကျွန်မတို့ဟာ လောကကြီးကို ပြောင်းလဲနိုင်မလားလို့ ကြိုးစားခဲ့ကြတယ်၊ တကယ်တမ်း ကျွန်မတို့ရုန်းကန်လှုပ်ရှားခဲ့ကြတာဟာ လောကကြီးကို ကျွန်မတို့က ပြောင်းလဲနိုင်ဖို့မဟုတ်ဘဲ လောကကြီးက ကျွန်မတို့ကို မပြောင်းလဲပစ်နိုင်ဖို့ပဲ ဖြစ်တယ်” တဲ့။
ဟုတ်တယ်၊ အရင်ကတော့ အဲ့လိုပဲ၊ လောကကြီးကို ပြောင်းလဲဖို့၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ပြောင်းလဲဖို့ စိတ်ကူးခဲ့ဖူးတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ အင်မတန်ခက်ခဲတာကို တွေ့ရတယ်။ တစ်ချိန်လုံး ဆိုးလာခဲ့တဲ့ လူတစ်ယောက်ဟာ နောင်တတွေရပြီး ပြောင်းလဲသွားတယ်ဆိုတာ ဇာတ်ကားတွေထဲလောက်ပဲ ရှိတယ်။ အပြင်မှာကတော့ သူတို့တွေဟာ နောင်တလည်း မရဘူး၊ မှားမှန်းလည်း မသိကြဘူး။ ဒါကြောင့် သူတို့ကို မှားမှန်းသိအောင်၊ နောင်တရအောင် ကြိုးစားနေမယ့်အစား ကိုယ်က သူတို့လို ဖြစ်မသွားအောင်ပဲ ထိန်းသိမ်းတာက ပိုလက်တွေ့ကျပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
(၈.၁၂.၂၀၁၈ ထုတ် Voice Weekly ပါ ဆောင်းပါး)
Wednesday, August 21, 2019
သင် အိပ်ရင် ဟောက်တတ်ပါသလား?
သင် အိပ်ရင် ဟောက်တတ်ပါသလား။ ဒါလေးတွေ စမ်းကြည့်ပါ။ သက်သာပါလိမ့်မယ်။ ။
ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
အိပ်ရင် ဟောက်တတ်တဲ့သူတွေကို အနားမှာ ထားမအိပ်ချင်ကြတာ လူတိုင်းပါ။ သူကတော့ အိပ်မောကျပြီး ကိုယ်ကတော့ သူ့ အသံကြာြးီ့း  တစ်ညလုံး မအိပ်နိုင် ဘဲနဲ့ လူးလိမ့်နေရရော။ ဒီလို ဟောက်တတ်တဲ့သူတစ်ယောက် ကိုယ့်အနားမှာ ရှိနေပြီ ဆိုလို့ကတော့ ခုပြောပြတဲ့  နည်းတွေနဲ့ သူ့ဟောက်တာကို ပျောက်အောင် လုပ်ရင်လုပ်။ မလုပ်ရင်တော့ အိပ်ရေးပျက်မှာက ကိုယ်ပဲ ဖြစ်နေလိမ့်မယ်။
ဟောက်တတ်တဲ့သူတွေ မဟောက်အောင် ဘယ်လိုလုပ်လို့ရလဲ ။  ။
၁။ ကိုယ့်ရဲ့ အိပ်နေတဲ့ ပုံစံကို ပြောင်းပြီးအိပ်ပါ။  ။
ပက်လက်လှန် အိပ်ရင် လျှာက လည်ချောင်းနားကို သွားပိတ်နေသလိုဖြစ်ပြီး လေဝင်ပေါက်ကျဉ်းသွားတတ်လို့ ဟောက်တာဖြစ်ပါတယ်။ ဒါကြောင့် စစချင်းအိပ်တဲ့အချိန်မှာတည်းက စောင်းအိပ်ရင် ဟောက်တာ သက်သာပါလိမ့်မယ်။ ဒါမှမဟုတ် အိပ်တည်းက ကိုယ့်ကျောဘက်မှာ ဖက်လုံး ခံအိပ်ရင်လည်း ဘေးကို စောင်းနေတတ်လို့ ဟောက်တာ သက်သာပါလိမ့်မယ်။
၂ ။ ကိုယ်အလေးချိန် လျှော့ချပါ။  ။
ဝတတ်တဲ့သူတွေဟာ ပိန်တဲ့သူတွေထက်စာရင်ပိုဟောက်တတ်ကြပါတယ်။ ကိုယ်အလေးချိန်တက်လာလို့ လည်ပင်းမှာ များလာတဲ့ အဆီတွေကြောင့် လေဝင်ပေါက်ကျဉ်းသွာပြီး ဟောက်တတ်ကြပါတယ်။ ဝတဲ့သူ တွေက ဟောက်တတ်တယ်ဆိုပေမယ့်လည်း ပိန်တဲ့သူတွေက လုံးဝ မဟောက်ဘူးလို့တော့ မဆိုလိုပါဘူး။ ကိုယ်က ပိန်တုန်းက မဟောက်တတ်ဘဲ ဝတော့မှာ ဟောက်တတ်လာတယ်ဆိုရင်တော့ ကိုယ်အလေးချိန် လျှော့ချလိုက်တာနဲ့ ဟောက်တာကို သက်သာစေမှာပါ။
၃ ။ အရက် ဖြတ်ပါ။
အရက်တို့၊ အိပ်ဆေးတို့ဆိုတာ သင့်လည်ပင်းတစ်ဝိုက်နဲ့ အာခေါင်က ကြွက်သားတွေကို ပြေလျော့စေတာကြောင့် သင့်ကို ပိုပြီး ဟောက်စေတတ်ပါတယ်။ အိပ်ရာမဝင်ခင် ၄ နာရီ ၅နာရီ လောက်အလိုတည်းက အရက် သောက်ထားရင် အိပ်တဲ့အချိန်မှာ ဟောက်တာပိုဆိုးတတ်ပါတယ်။ ဒါပေမယ့် နဂိုတည်းက မဟောက်တတ်တဲ့သူတွေကတော့ အရက်သောက်ပြီးလည်း ဟောက်တာမျိုး မဖြစ်တတ်ပါဘူး။
၎ ။ အိပ်ချိန်မှန်ပါစေ။  ။
အိပ်ချိန်လုံလောက်အောင် မအိပ်ဘဲ အလုပ်ပင်ပင်ပန်းပန်းလုပ်ထားတဲ့သူတွေ  အိပ်ရင်ကြွက်သားတွေ ပိုပြီး ပျော့ဖတ်နေတတ်တာကြောင့် အသက်ရှူလမ်းကြောင်း ကျဉ်းသွားပိတ်သွားပြီး ပိုဟောက်တတ်ကြပါတယ်။
၅ ။ ခေါင်းအုံး ပြောင်းလိုက်ပါ။
သင့်အိပ်ရာပေါ်မှာ ရှိနေတဲ့ ဓာတ်မတည့်တာကို ဖြစ်စေတဲ့ ပိုးမွှားတွေ၊ ကြောင့် နှာစေးနှာပိတ်ဖြစ်စေပြီး အသက်ရှူလို့ မကောင်းတော့လို့ ဟောက်တတ်ပါတယ်။ ဒါကြောင့် အိပ်ရာကို သန့်သန့်ရှင်းရှငိးထားပါ။ ပျော့တဲ့ ခေါင်းအုံးထက်စာရင် မာတဲ့ခေါင်းအုံးကို သုံးပါ။
၆ ။ ရေဓာတ်ပြည့်နေပါစေ ။ ။
အာခေါင်ခြောက်နေတဲ့အခါ လည်ပင်းတစ်ဝိုက်က ကြွက်သားတွေ ပိုကပ်နေနိုင်တာကြောင့် လေဝင်ပေါက်ကျဉ်းသွားပြီး ပိုဟောက်တတ်ပါတယ်။ဒါကြောင့် ရေဓာတ်ပြည့်ဝအောင်လို့  ဟောက်တတ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ တစ်နေ့ကို ရေ ၁၁ ဖန်ခွက်သောက်သင့်ပြီး အမျိုးသားတစ်ဦးကတော့ ရေ ၁၆ ဖန်ခွက်သောက်သင့်ပါတယ်။
ဒါတွေကတော့ ကိုယ်ကဟောက်တတ်ရင်ပဲဖြစ်ဖြစ်၊ ကိုယ့်အိမ်သားတွေ ဟောက်တတ်ရင်ပဲဖြစ်ဖြစ် ဟောက်တာကို သက်သာအောင် လုပ်လို့ ရတဲ့ နည်းလမ်းတစ်ချို့ဖြစ်ပါတယ်။ ဒီနည်း အကုန်လုံးက ဟောက်တာကို လုံးဝ မပျောက်စေရင်တောင် သက်သာသွားအောင် လုပ်နိုင်တာကြောင့် စမ်းကြည့်တာ မမှားဘူးနော် ။  ။
Tuesday, August 20, 2019
ပန်းအိုးကျကွဲသွားခဲ့သော်
(Zawgyi)
(Unicode)
မြန်မာဇာတ်ကားတွေ အကြည့်များသူဆို ဒါကို သဘောပေါက်မယ်ထင်ပါတယ်။ မင်းသားနဲ့ မင်းသမီး ချစ်သူနှစ်ယောက် ချိန်းတွေ့ပြီး အိမ်ပြန်ဖို့ပြင်နေတုန်း မိုးက ရုတ်တရက်ရွာလာတယ်။ အဲဒါနဲ့ မိုးခိုလိုက်ရောပေါ့လေ။ အဲဒီအချိန် မိုးကခြိမ်းတော့ မင်းသမီးက ကြောက်ပြီး မင်းသားကို ဖက်၊ အဲဒီမှာ မင်းသားနဲ့မင်းသမီး တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း ကြည့်ရင်းနဲ့ နောက်တစ်ခန်းကျ ဘာဆက်ပြမလဲဆို ပန်းအိုးကျကွဲသွားတာကို ပြတယ်။ ဒါဆို ပရိသတ်က သဘောပေါက်ပြီ၊ မင်းသားနဲ့ မင်းသမီး ဘာဖြစ်သွားတယ်ဆိုတာကို။ အဲဒီလိုနဲ့ နောက်နှစ်ခန်းလောက်ဆို မင်းသမီးက ပျို့မယ်၊ အန်မယ်၊ ခေါင်းမူးမယ်။ ဒါဆိုလည်း ပရိသတ်က သိပြန်ပြီ။ မင်းသမီး ကိုယ်ဝန်ရှိသွားပြီ၊ နောက်ဆက်တွဲ ပြဿနာတွေ တက်တော့မယ်။
ခု ဒီဆောင်းပါးမှာ ရေးမယ့် အကြောင်းအရာလေးက အဲဒါပါ။ ဒီလိုမျိုး မရည်ရွယ်ပါဘဲနဲ့ အခြေအနေတစ်ခုမှာ ထိန်းချုပ်မှုလွတ်သွားလို့ ချစ်နယ်ကျွံသွားတယ်ဆိုတာမျိုးက ဖြစ်နိုင်ပါတယ်။ နောက်ပြီး ခုခေတ်မှာ လူငယ်တချို့ဆိုရင် အင်မတန်ခေတ်ဆန်လာကြတယ်။ လက်မထပ်ခင် သမီးရည်းစားဘဝမှာကတည်းက အတူနေတာမျိုးတွေတောင် ရှိလာပြီ။ ဒါတွေကို မှန်တယ်၊ မှားတယ် ငြင်းခုန်နေကြတာထက် ပိုလုပ်သင့်တာက လူငယ်တွေကို ဒီလိုအတူနေခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေ ပေါ်မလာအောင် ဘယ်လိုလုပ်သင့်တယ် ဆိုတာ အသိပညာပေးထားဖို့ပါပဲ။
အဲဒီလိုများ အကြောင်းကြောင်းကြောင့် မတော်တဆ ပန်းအိုးကျကွဲသွားရင် ဘာတွေဆက်ဖြစ်နိုင်သလဲ၊ ဘာလုပ်ဖို့လိုမလဲ။
ဆက်ဖြစ်နိုင်တာကတော့ နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က HIV/ AIDS လို လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရသွားနိုင်တယ်။ နောက်တစ်ခုက မလိုချင်သေးဘဲ၊ အဆင်သင့်မဖြစ်သေးဘဲ ကိုယ်ဝန်ရသွားနိုင်တယ်။ တကယ်တော့ ကွန်ဒုံးသုံးပြီးသာ အတူနေလိုက်ရင် ဒီပြဿနာနှစ်ခုလုံး အဆင်ပြေတယ်။ သို့သော်လည်း ခုက မတော်တဆ မရည်ရွယ်ဘဲ ဖြစ်သွားတာမို့ ဒီလိုသုံးလိုက်မိမယ် မဟုတ်ဘူး။ ဒါဆို ရောဂါအတွက်က ကိုယ့်နဲ့မှားမိတဲ့သူရဲ့ အနေအထားပေါ် မူတည်ပြီး ဆရာဝန်ဆီ သွားတိုင်ပင်ဆွေးနွေးဖို့ လိုမယ်။ ဒီဆောင်းပါးမှာတော့ နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်တဲ့ ကိုယ်ဝန်မရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုသာ ပြောချင်ပါတယ်။
ဒီလို မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခု ဖြစ်သွားပြီဆိုရင် ကိုယ်ဝန်မရသွားဖို့အတွက် အချိန်မီလှမ်းတားပေးနိုင်တဲ့ ဆေးတစ်မျိုးရှိပါတယ်။ အဲဒါကတော့ အရေးပေါ်ကိုယ်ဝန်တားဆေးပါပဲ။ ဒီဆေးကို ဆက်ဆံမိပြီး နာရီ ၁၂၀ အတွင်းမှာ သောက်မယ်ဆိုရင် ကိုယ်ဝန်တားပေးနိုင်စွမ်း ၈၇ % ရှိပါတယ်။ နာရီ ၁၂၀ ဆိုပေမယ့် စောစောသောက်လေ ကောင်းလေပါပဲ။ ဘယ်လိုအမျိုးသမီးနဲ့မဆိုလည်း သင့်တော်ပါတယ်။ တစ်ကြိမ်တစ်ခါပဲ သောက်ရတာမို့ပါ။ နောက်ပြီး ရှင်းရှင်းလင်းလင်း သိစေချင်တာက ဒီဆေးဟာ ကိုယ်ဝန်ပျက်ကျစေတဲ့ဆေး မဟုတ်ဘဲ ကိုယ်ဝန်မရခင်မှာ အချိန်မီတားပေးလိုက်တာသာ ဖြစ်တယ် ဆိုတာပါပဲ။
သောက်ပုံသောက်နည်းကတော့ နှစ်လုံးပါတဲ့ဆေးဆိုရင် နှစ်လုံးစလုံးကို တစ်ပြိုင်တည်းသောက်လိုက်ပါ။ ၁၂ နာရီခြားသောက်စရာ မလိုတော့ပါဘူး။ အဲ့လိုခြားနေရင် မေ့တတ်လို့ပါ။ တစ်ပြိုင်တည်းသောက်နိုင်တယ်။ အာနိသင်အတူတူပဲ။ နောက်ပြီး ဆေးလုံးတစ်လုံးတည်းပါတဲ့ ဆေးတွေလည်း ရှိလာပြီ။ ဒါဆိုရင်တော့ အဲဒီတစ်လုံးတည်းကိုပဲ သောက်လိုက်ရုံပါပဲ။ သောက်ပြီး ၂ နာရီအတွင်း အန်ထွက်ရင်တော့ ထပ်သောက်ဖို့ လိုမယ်။ မအန်ရင်တော့ သောက်စရာ မလိုတော့ဘူး။ အင်မတန် ရိုးရှင်းပါတယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့တော့ ဒီဆေးသောက်ရင် မူးတာ၊ ပျို့အန်တာ၊ ရင်သားတွေ တင်းပြီးနာတာ၊ ရာသီသွေး ပုံမမှန်ဆင်းတာ၊ ပုံမှန်ပေါ်ရမယ့်ရက်မှာ ပေါ်မလာဘဲ နောက်ကျနေတာမျိုး ဖြစ်တတ်ပါတယ်။ များသောအားဖြင့် မိန်းကလေးတွေက ဒီဆေးသောက်ပြီး ရာသီပေါ်ရမယ့်ရက်မှာ ပေါ်မလာတဲ့အခါ ကိုယ်ဝန်များရသွားပြီလား စိုးရိမ်တတ်ကြပါတယ်။ ဒီဆေးကြောင့် ရာသီနောက်ကျတာမျိုး ဖြစ်နိုင်တာမို့ တအားစိုးရိမ်စရာ မလိုဘူး။ တစ်ဖက်မှာလည်း ဒီဆေးသောက်ပါရက်နဲ့ ကိုယ်ဝန်ရသွားနိုင်တာမျိုးက ရှိနေပြန်တော့ အကောင်းဆုံးက ဆီးစစ်ကြည့်တာပါပဲ။ မရှိသေးဘူးလို့ အဖြေထွက်ရင်တော့ ဒါဟာ ဆေးကြောင့် ရာသီနောက်ကျတာပဲပေါ့။
လူကြီးမိဘတွေကတော့ ဒီဆေးတွေ ပေါ်လာတဲ့အခါမှာ တအားစိတ်ပူကြတယ်၊ လူငယ်တွေက ဒါတွေရှိနေတာ သိသွားရင် ပိုပြီး မဟုတ်တာ လုပ်ကုန်တော့မှာပေါ့ တဲ့။ စဉ်းစားစရာက ဒီဆေးတွေ မပေါ်ခင်ကရော ဒီလို မတော်တဆ ဖြစ်သွားတယ်ဆိုတာတွေက မရှိနိုင်ဘူးလား။ ရှိနိုင်တာပေါ့။ ဒီလိုအခြေအနေမှာ ဒီဆေးတွေ ရှိနေတော့ အရေးပေါ် ကိုယ်ဝန်တားလိုက်လို့ရတယ်။ ဒါဆို မလိုချင်ဘဲနဲ့ ကိုယ်ဝန်မရတော့ဘူးပေါ့။
ဒါဖြင့် မေးစရာဖြစ်လာတယ်၊ ဒီဆေးကို လူငယ်တွေက ပဲကြီးလှော်ဝါးသလို ဝါးနေကြတယ်၊ တစ်လတည်းမှာကို အကြိမ်ကြိမ်အခါခါ အတူနေတယ်၊ နေပြီးတိုင်း ဒီဆေးကို သောက်နေကြတယ်၊ အဲဒါကိုရော ဘယ်လိုပြောမလဲ။
ရှင်းပါတယ်။ အဲဒါက လူငယ်တွေကို လိင်မှုဆိုင်ရာ အသိပညာတွေ ပေးမထားခြင်းရဲ့ ရလဒ်ပါပဲ။ သူတို့သိတာ အတူနေပြီးရင် ဒီဆေးသောက်လိုက်၊ ကိုယ်ဝန်မရတော့ဘူး၊ ဒါပဲ။ ဒီတော့ ဒီလိုတွေလုပ်ကုန်တာ မဆန်းပါဘူး။ တကယ်ဆို ဒီဆေးက အရေးပေါ် အခြေအနေ၊ မျှော်လင့်မထားတဲ့အချိန်မှာ အတူနေမိလိုက်တာ၊ အဓမ္မပြုကျင့်ခံလိုက်ရတာတွေမှာသာ နောက်ဆက်တွဲအနေနဲ့ ကိုယ်ဝန်မရအောင် သောက်ရတာမျိုးပါ။ အိမ်ထောင်သည်တစ်ယောက်၊ ဒါမှမဟုတ်လည်း အိမ်ထောင်တော့ မကျသေးပေမယ့် အိမ်ထောင်သည်လို ပုံမှန်ဆက်ဆံမှုရှိတဲ့သူတစ်ယောက် အသုံးပြုသင့်တဲ့ဆေး မဟုတ်ပါဘူး။ အဲ့လိုရေရှည်သုံးရင် ဘာဖြစ်မယ် ဆိုတဲ့ တွေ့ရှိချက်မျိုး ဒီနေ့ထိ မပြောနိုင်သေးပေမယ့် ဒီနည်းဟာ တခြားကိုယ်ဝန်တားနည်းတွေနဲ့စာရင် ထိရောက်မှုနည်းတယ်။ ၈၇ % ပဲရှိတယ်။ ဒီတော့ ဒါကို သောက်ပါရက်နဲ့ ကိုယ်ဝန်ရသွားနိုင်တယ်။ ကားတွေဖြတ်နေတဲ့ လမ်းကို မျက်စိမှိတ်ကူးသလိုပဲ၊ တစ်ကြိမ်လွတ်မယ်၊ နှစ်ကြိမ်လွတ်မယ်၊ နောက်တစ်ကြိမ်ကျ ကားတိုက်သွားမယ်။ ဒါကြောင့် ထပ်ကာထပ်ကာ သုံးမနေသင့်ဘူး။ အရေးပေါ်အခြေအနေမှ သုံးရမယ်။ ပုံမှန်ဆက်ဆံမှုရှိနေရင် တခြားကိုယ်ဝန်တားနည်း သုံးတာက ပိုစိတ်ချရလိမ့်မယ်။ ဒီအသိ လူငယ်တွေကို ပေးထားဖို့လိုတယ်။ ဒါမှသာ ခုနကပြောသလို လူကြီးတွေ စိတ်ပူနေတဲ့ကိစ္စတွေ နည်းသွားမှာဖြစ်သလို၊ မလိုချင်ဘဲ ကိုယ်ဝန်ရသွားတာတွေ၊ နှစ်စဉ်နှစ်စဉ် တရိပ်ရိပ်တက်လာတဲ့ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်နှုန်းတွေ လျော့သွားမှာဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော် အခုရေးတဲ့ဆောင်းပါးရော၊ ဒီအရေးပေါ် ကိုယ်ဝန်တားဆေးရောက လူငယ်တွေ မဟုတ်တာပိုလုပ်အောင် မြှောက်ပေးနေကြတာ မဟုတ်ပါဘူး။ မမျှော်လင့်ဘဲ ဖြစ်လာတဲ့ အခြေအနေတစ်ရပ်အနေနဲ့ ပန်းအိုးကျကွဲသွားခဲ့ရင် နောက်ဆက်တွဲ ကိုယ်ဝန်ရမလာအောင် တားဆီးနိုင်ကြဖို့သာ ရည်ရွယ်ပါတယ်။
မူလရေးသားတင်ဆက်သူ - ဒေါက်တာဖြိုးသီဟ