Showing posts with label Recipes. Show all posts
Showing posts with label Recipes. Show all posts

Saturday, July 8, 2023

Mapo Tofu အကြောင်း

 မာဖော်တို့ဖူး (麻婆豆腐)




ဒီနေ့တော့ မိုးရာသီမှာ စားလို့ကောင်းတဲ့ အစားအစာတွေထဲက တစ်မျိုးဖြစ်တဲ့ ထုံထုံစပ်စပ် နဲ့ အင်မတန်ခံတွင်းမြိန်စေမယ့် တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ချန်တူးမြို့က နာမည်ကြီးဟင်းလျာ တစ်မျိုးဖြစ်တဲ့ မာဖော်တို့ဟူး အကြောင်းလေးကို ကျွန်မတို့ 天下第一 တင်ပေးပါမယ်။ 


မာဖော်တို့ဟူးဆိုတာ ချင်ခေတ်ကို စတင်တည်ထောင်စဉ် (၁၈၆၂ခုနှစ်) အခါက ချန်တူးမြို့ မြောက်ဘက်ပိုင်းမှာရှိတဲ့ ဝမ့်ဖူတံတားဘေးနားက ချန်ရှင့်စန့်ထမင်းဆိုင်ကနေ အစပြုခဲ့တာ ဖြစ်ပါတယ်။ ထမင်းဆိုင်ပိုင်ရှင် ချန်ချွင်းဖူဟာ အစောပိုင်းထဲက ကွယ်လွန်သွားခဲ့တာကြောင့် ဇနီးဖြစ်သူဟာ ထမင်းဆိုင်ကို ဆက်လက်လုပ်ကိုင်ခဲ့ရပြီး ဇနီးဖြစ်သူရဲ့ မျက်နှာပေါ်မှာ ကျောက်ပေါက်အနည်းငယ်ရှိတာမို့ ချန်မာဖော်လို့ အများကခေါ်ဝေါ်ကြပါတယ်။ (အရင်ခေတ်က အမျိုးသမီးတွေ အိမ်ထောင်ကျတဲ့အခါ ကိုယ့်ရဲ့ မျိုးရိုးနာမည်ကို ဆက်ခံခွင့်မရှိတော့ပဲ ခင်ပွန်းသည်ရဲ့ မျိုးရိုးနာမည်အောက်မှာပဲ နေရပါတယ်။ သေဆုံးသွားတဲ့အခါမှာလည်း ကိုယ့်မျိုးရိုးနာမည် ရေးခွင့်မရှိပဲ ခင်ပွန်းသည်မျိုးရိုးနာမည်နဲ့ပဲ ကမ္ပည်းတိုင်မှာ ရေးလေ့ရှိကြတယ်။ ဒါ့ကြောင့် အဲ့ခေတ်က စကားလေးတခွန်းရှိခဲ့တယ်။ သမီးတွေ အိမ်ထောင်ကျသွားရင် သွန်ပစ်လိုက်တဲ့ရေလို့ ဆိုကြတယ်။ ဘာလို့ဆို သွန်ပစ်လိုက်တဲ့ရေဆိုတာ ပြန်ရရိုးထုံးစံ မရှိတော့ဘူးလေ။ အဲ့တာကြောင့် တရုတ်လူမျိုးတွေဟာ နောက်ပိုင်း တစ်အိမ်ထောင် ကလေးတစ်ယောက်စနစ် ဖြစ်လာတဲ့အခါမှာ သမီးလေး မမွေးချင်တော့ပဲ မျိုးရိုးနာမည် ဆက်ခံမယ့်သားလေးပဲ လိုချင်ကြတာမျိုး ဖြစ်လာခဲ့ရတယ်။ ဒါ့ကြောင့် အခုလက်ရှိ တရုတ်နိုင်ငံမှာ အမျိုးသမီးရှားပါးတဲ့ ပြဿနာဖြစ်ပေါ်နေပြီး မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ သတို့သမီးရှာတဲ့ ကိစ္စရပ်တွေ ဖြစ်ပေါ်လာရတာပါ။ မာဖော်တို့ဖူးကနေ လမ်းကြောင်းတွေလွဲကုန်ပြီ။ မာဖော်ဆီ ပြန်သွားရအောင်နော်။ 😁) 


အဲ့ခေတ်တုန်းက ဝမ့်ဖူတံတားအဆင်းက သူ့ထမင်းဆိုင်လေးဟာ တံတားပေါ်မှာ လှည်းလေးတွေ တွန်းတဲ့သူ၊ ဝေါယာဉ်ထမ်းတဲ့သူ အစရှိသဖြင့် လုပ်အားနဲ့ အလုပ်လုပ်ရတဲ့ အခြေခံလူတန်းစားတွေ နားခိုရာနေရာလည်း ဖြစ်ပါတယ်။ ပြီးတော့ ဆီကုန်သည်တွေလည်း ခရီးတထောက် နားတတ်ကြပါတယ်။ အဲ့တော့ အဲ့လိုလူတွေ စုမိတဲ့အခါတိုင်း သူတို့အတွက် သက်သက်သာသာနဲ့ အရသာရှိရှိစားဖို့ရာ မာဖော်ကို တို့ဟူးနဲ့ အမဲသား ဝယ်ပေးပြီး ဆီကုန်သည်တွေက ဆီစိုက်ထုတ်ကာ ဟင်းကောင်းတစ်ခွက် ချက်စေပါတယ်။ မာဖော်ကလည်း စိတ်စေတနာကောင်းရှိသူမို့ ဒီလိုလုပ်အားနဲ့ ပင်ပန်းလှတဲ့ သူတို့တွေကို ခံတွင်းမြိန်မြိန်နဲ့ စားကောင်းစေချင်တာကြောင့် တတ်စွမ်းသ၍ အကောင်းဆုံး ချက်ပေးပါတယ်။ ဒီလိုနဲ့ မကြာခဏဆိုသလို ချက်ပေးရာက တို့ဟူးဟင်းချက်ရတာကို ကျွမ်းကျင်လာပြီးတော့ အနံ့အရသာမရှိတဲ့ တို့ဟူးအဖြူထည်ကို သူမတူထူးခြားတဲ့ မွှေးရနံ့နဲ့ စားချင်စဖွယ်ဖြစ်အောင် ချက်ပြုတ်တတ်လာကာ ချန်မာဖော်တို့ဟူး ဆိုပြီးတော့ နာမည်ကြီးလာပါတော့တယ်။ အဲ့လိုနဲ့ ချင်ခေတ်နောက်ပိုင်းမှာ ချန်မာဖော်တို့ဟူးဟင်းဟာ ချန်တူးမြို့ရဲ့ နာမည်ကျော် အစားအစာအဖြစ် သမိုင်းမှာ မှတ်တမ်းတင်ခံခဲ့ရတဲ့အထိ လူကြိုက်များတဲ့ ဟင်းလျာတစ်မျိုး ဖြစ်လာခဲ့ပါတော့တယ်။



(Dou Chi )

၁၉၀၉ ခုနှစ်မှာ ချန်တူးမြို့ ထုံးဆူသတင်းစာတိုက်က ထုတ်ဝေတဲ့ <ချန်တူးတခွင်လည်ပတ်ခြင်း> ဆိုတဲ့ ဆောင်းပါးထဲမှာ မြို့ရဲ့ အထင်ကရစားသောက်ဆိုင် ၂၃ ဆိုင်ကို စာရင်းပြုစုရာမှာ ချန်မာဖော် တို့ဟူးဟင်းလျာဆိုင်က ထိပ်ဆုံးကနေ ဖော်ပြခြင်းခံခဲ့ရပါတယ်။ ချန်မာဖော်ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ နောက်ပိုင်းမျိုးဆက်တွေအထိ တို့ဟူးဟင်းလျာချက်နည်းကို လက်ဆင့်ကမ်းပေးခဲ့တာကြောင့် ယခုဆိုရင်တော့ ကမ္ဘာအနှံ့အပြားက တရုတ်ဟင်းလျာဆိုင်တိုင်းမှာ မာဖော်တို့ဟူးဟင်းကို မှာယူသုံးဆောင်နိုင်ပါတယ်။ 


မာဖော်တို့ဟူးဟင်းဟာလည်း ထုံ စပ် မွှေး ဆိုတဲ့ အရသာပါရှိပြီး ချဉ်ချိုအရသာလည်း ပါဝင်ပါသေးတယ်။ ထမင်းနဲ့တွဲဖက်စားလို့ အင်မတန်မှ ထမင်းမြိန်စေတဲ့ဟင်းတစ်ခွက်ပါပဲ။ ချက်နည်းကလည်း မခက်ပါဘူး။ 


(Dou Chi ပဲပိစပ်အနှစ်နဲ့ လုပ်ထားသော)


မာဖော်တို့ဟူးချက်နည်း


အိုးထဲမှာ ဆီကို အပူပေးပြီး ငရုတ်သီးမှုန့် ထည့်ပါမယ်။ ပြီးရင် ကြက်သွန်ဖြူနဲ့ဂျင်းနုတ်နုတ်စင်းရယ် တောက်တောက်စင်းထားတဲ့ အမဲသားရယ်ကို ထည့်ကြော်ပြီး တို့ချင်း (dou chi) လို့ခေါ်တဲ့ ပဲပိစပ်တစ်မျိုးကိုထည့်ပါမယ်။ အရသာအတွက်ဆား၊ ကြက်သားမှုန့် အနည်းငယ်ထည့်မွှေပြီး တို့ဟူးထည့်ပါမယ် (စီးတီးမတ်က ဂျပန်တို့ဟူးအဖြူ ) ပြီးရင် ရေအနည်းငယ်ထည့် သာသာလေးမွှေပြီး အဖုံးအုပ်ထားပါ။ အရည်အနည်းငယ်ခမ်းပြီး အရသာဝင်လောက်ပြီဆိုရင်တော့ မီးပိတ်ပြီး ဟွားကျောင်းမှုန့်အနည်းငယ်ဖြူးကာ အပူရှိန်နဲ့ အဖုံးပိတ်နှပ်ထားလိုက်ပါ။ ပြီးရင်တော့ အိုးထဲကခတ်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီနော်။ ဝါဝင်တော့မှာဆိုတော့သတ်သတ်လွတ်လုပ်စားလည်းရပါတယ်။ အမဲသားမထည့်ရင် သက်သက်လွတ်ဟင်းတစ်ခွက်ရပါတယ်။ 




#ZinSnow(天下第一)

Tuesday, July 4, 2023

Mala Xiang Guo (မာလာရှမ်းကော)

 မာလာရှန်းကောဟင်းလျာ 




ဒီတခါမှာတော့ ကျွန်မတို့ 天下第一 Page အနေနဲ့ လတ်တလော Fb ပေါ်မှာ အစားများနေကြတဲ့ Chilli Pot ဆိုတဲ့ မာလာရှန်းကောအကြောင်း ဗဟုသုတ မျှဝေပါ့မယ်။


မာလာရှန်းကောဆိုတာ ချုန်ချင့်ပြည်နယ် ကျင်းယွင်တောင်ကြားရွာရဲ့ ဒေသအစားအစာ တမျိုးပါ။ ဒေသခံပြည်သူတွေရဲ့ အိမ်ဟင်းချက်နည်း တစ်မျိုးပါပဲ။ ထုံ စပ် မွှေး ဆိုတဲ့ အရသာတွေကို တအိုးထဲပေါင်းစပ်ထားတာ ထူးခြားမှုပါပဲ။ ပြောကြတာကတော့ ဒေသခံတွေဟာ ပုံမှန်ဆို ဟင်းရွက်တွေ တအိုးကြီးတည်ပြီး ဟင်းခတ်မှုန့် အမွှေးအကြိုင်မှုန့်တွေ ထည့်ပြီး ရောကြော်ကာ စားလေ့ရှိပါတယ်တဲ့။ သို့ပေမယ့် အထူးဧည့်သည်တွေ လာတဲ့အခါမှာတော့ ခါတိုင်းကြော်စားနေကျ အရွက်အစုံကြော်တဲ့ အိုးထဲမှာ အသားတွေ၊ ပင်လယ်စာတွေ၊ ကလီစာတွေ၊ မျှစ်၊ ပဲပြားခြောက် အစရှိသဖြင့် ထည့်ပြီး ကြော်လှော်ချက်ပြုတ်ပါတယ်တဲ့။ မချက်ခင် အရင်ကြော်ထားတာမို့ ချက်တဲ့အခါ အသားနဲ့ ပင်လယ်စာတွေဟာ အရသာ ဝင်လွယ်ပြီးတော့ အသားရဲ့ လတ်ဆတ်တဲ့ နဂိုမွှေးရနံ့တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ တအိုးမွှေး ဆိုပြီး ဖြစ်လာရာက မာလာရှန်းကောဆိုတဲ့ ဟင်းတစ်မျိုး ပေါ်ပေါက်လာပါတော့တယ်။


မာလာရှန်းကော ဆိုတာ စပ်ပေမယ့် မငြီးငွေ့သွားဘူး။ လတ်ဆတ်ပြီး ညှီနံ့မရှိဘူး။ ရနံ့မွှေးပြီး ခံတွင်းတွေ့စေတယ်။ အရသာကို တမ်းတနေစေတဲ့ ထူးခြားတဲ့အရသာမျိုး ပိုင်ဆိုင်ထားတယ်။ ဒီမာလာရှန်းကော ချက်တဲ့အခါမှာ ထည့်ရတဲ့ ငရုတ်သီးတွေကို ရွေးချယ်တဲ့အခါ အထူးသတ်မှတ်ချက်တွေ ရှိတယ်။ အထူးကောင်းမွန်တဲ့ ငရုတ်သီးကတော့ စီချွမ်ပြည်နယ်မှာသာ ထွက်ရှိတဲ့ အော့ကျင်ထျောင် ဆိုတဲ့ ငရုတ်သီးပါပဲ။ ဒီငရုတ်သီးဟာ စပ်စပ်လေးနဲ့ အရမ်းကို မွှေးပါတယ်တဲ့။ သူ့ရဲ့ အစပ်အရသာဟာ ခံတွင်းမြိန်စေတာမျိုးပါတဲ့။ မာလာရှန်းကောရဲ့ ဟင်းခတ်အမွှေးအကြိုင်ဟာလည်း စီချွမ်ပြည်နယ်မှာသာ ရှိပြီးတော့ အမျိုးအစား ၁၀ မျိုးအထက်ကို ပေါင်းပြီး ဖော်စပ်ထုတ်လုပ်ထားတာပါတဲ့။ အဲ့အမွှေးအကြိုင်တွေထဲမှာ အစာအိမ်ကို ကာကွယ်ပေးတဲ့၊ အပူကျစေတဲ့၊ အစပ်စားပြီး ဝမ်းဗိုက်နာခြင်းကို ကာကွယ်ပေးတဲ့ တရုတ်တိုင်းရင်းဆေးတွေလည်း ပါဝင်ပါတယ်တဲ့။ သူ့ရဲ့ အမွှေးအကြိုင် ဟင်းခေတ်မှုန့်တွေဟာ ဟင်းပွဲကို အနီရဲရဲနဲ့ လှစေတဲ့အပြင် မွှေးရနံ့တွေဟာ နှာပွင့်လောက်အောင်ကို စူးရှပြီး ကိုယ်ကြိုက်ရာရွေးတဲ့ အသားအရွက်ကို အခုရွေး အခုချက်ပေးတာကြောင့် လတ်ဆတ်ပြီး ခံတွင်းမြိန်စေတဲ့အတွက် ကျန်းမာရေးကို လိုက်စားသူတွေ အကြိုက်တွေ့နေကြတဲ့ အစားအစာတစ်မျိုးလည်း ဖြစ်ပါတယ်တဲ့။ (အအေးမိ နှာပိတ် ခံတွင်းပျက်နေသူတွေအတွက် စားလို့သင့်တော်တယ်လို့ ဆိုပါတယ်။ တိုင်းရင်းဆေးတွေလည်း ပါတော့ အစပ်ကြောင့် အစာအိမ်နာမှာ၊ ဗိုက်ပျက်မှာ မပူရတော့ဘူးဆိုပဲ)




အစပ်ပေါ်မှာလည်း အဆင့်တွေ ခွဲထားပေးပါသေးတယ်။ စပ်တယ်ဆိုရုံလေး၊ နည်းနည်းစပ်၊ အလယ်အလတ်စပ်၊ အစပ်များများ၊ အစပ်ပြင်းပြင်း စသဖြင့် ကိုယ်စားနိုင်တဲ့ အစပ်ပမာဏကို လိုတိုးပိုလျှော့လုပ်နိုင်လို့ လူတော်တော်များများ အကြိုက်တွေ့နေကြတာ ဖြစ်ပါတယ်။ အခုလို မိုးအေးအေး ရာသီလေးနဲ့ဆို မာလာရှန်းကောက အလိုက်ဖက်ဆုံးပါပဲတဲ့။




မာလာရှန်းကောလုပ်နည်း (ဝန်းရံပေးကြဘာပေါ့နော့် :P)


ပါဝင်သောပစ္စည်းများ


ဟင်းသီးဟင်းရွက် - မျှစ်ဖြူ၊ ကြာစွယ်၊ ဝါးပိုးမျှစ်၊ ဆလပ်ရွက်၊ ဂေါ်ဖီထုပ်၊ မှို၊ ပန်းပွင့်၊ အာလူး၊ ကန်စွန်းဥ စသဖြင့် ကိုယ်နှစ်သက်ရာကို အနေတော်လေးတွေ လှီးဖြတ်ထားပါ။ (ရေဆေးဖို့တော့ မပြောတော့ဘူးနော်)

ကြွက်နားရွက်တို့ မှိုခြောက်တို့ ကြိုက်လည်း ထည့်လို့ရပါတယ်။


ပင်လယ်စာ - ဂဏန်း၊ ပုဇွန်၊ ရေဘဝဲ ကြိုက်တာသာ ထည့်ကြော်ဖို့ အသင့်ပြင်ထားပါ။


အသား - ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသား စသဖြင့် ပါးနိုင်သမျှ ပါးပါးလှီးထားပါ။

အသဲတွေ အမြစ်တွေ ကလီစာတွေ ကြိုက်လည်း ထည့်လို့ရပါတယ်တဲ့။ အသင့်စားငါးဖယ်လုံးတို့ အသားချောင်းတို့လည်း စားချင်ရင် ထည့်လို့ရသေးတယ်နော်။ ကိုယ်စားချင်တာတွေ အကုန်ထည့်လို့ရတယ်ဆိုပြီး အကုန်လုံး ဇွတ်မထည့်ပါနဲ့ဦးနော်။ မာလာရှန်းကောက တအိုးချက်ရင် ၈၀၀ ဂရမ်လောက်က ချက်လို့ အဆင်ပြေဆုံး ပမာဏပါတဲ့။ 




အသားအရွက် အားလုံး ၈ မျိုးလောက်သာ ရွေးတာ အသင့်တော်ဆုံးပါတဲ့။ အဲ့တော့ တမျိုးကို ၁၀၀ ဂရမ်လောက်ပဲပေါ့။ ၁၆ မျိုး စားချင်ရင် တမျိုးကို ၅၀ ဂရမ်လောက်ပဲ ထည့်ပေါ့နော့်။


麻辣香锅的调料 


(မာလာရှန်းကောရဲ့အရသာစပ်နည်း):五香油 (ငါးမျိုးအမွှေးဆီ 100ml)、郫县豆瓣 (ပိရှန့်ပဲပိစပ် နုတ်နုတ်စင်း 30ml)、火锅调料 (ဟော့ပေါ့အမှုန့် 50g)、干辣椒 (ငရုတ်သီးခြောက် 80g)、姜片 (ဂျင်းပါးပါး 15g) 大蒜 (ကြက်သွန်ဖြူနုတ်နုတ်စင်း20g)、 葱段 (ကြက်သွန်မိတ်အရင်းပိုင်း 15g)、料酒 (ဟင်းချက်အရက် ထမင်းစား ၁ဇွန်း)、糖 (သကြား လက်ဖက်စားဇွန်း ၂ဇွန်း) 、盐 (ဆားအနည်းငယ်)、鸡精 (ကြက်သားမှုန့်အနည်းငယ်)、白芝麻 (နှမ်းဖြူအနည်းငယ်)、香菜 (နံနံပင်အနည်းငယ်)




ငါးမျိုးအမွှေးဆီက ဘာလဲ သိချင်ကြမယ် ထင်ပါတယ်။ အဲ့တော့ ငါးမျိုးအမွှေးဆီ အကြောင်း အရင်ပြောပြပါမယ်။ ငါးမျိုးအမွှေးဆီ ပြုလုပ်ဖို့ဆိုရင် 八角2块 (နာနတ်ပွင့်၂ပွင့်)、花椒5克 (ဟွားကျောင်း 5g)、草果1个 (ချောင်ကော ၁လုံး)、香果1克 (ရှန်းကော 1g)、 丁香1克 (သင်းရှန်း 1g)、山奈2克 (စန်းနိုက်မှုန့် 2g)、干辣椒10克 (ငရုတ်သီးခြောက် 10g)、茴香5克 (ဟွေရှန်း 5g)、肉寇1个 (ရို့ခို့ ၁လုံး)、 山奈1块 (စန်းနိုက် ၁တုံး)、桂皮1块 (သစ်ကြားပိုးခေါက်၁တုံး)、香叶2片 (ကရဝေးရွက် ၂ရွက်)、油 (ဆီ)

ငါးမျိုးအမွှေးဆီထဲမှာပါတဲ့ တချို့ပစ္စည်းတွေဟာ တရုတ်တိုင်းရင်းဆေးတွေပါ။ တရုတ်တန်းက တရုတ်ဆေးဆိုင်တွေမှာ မေးကြည့်ပေါ့နော်။ အကုန်ရှိမယ်တော့ အာမမခံဘူး။




ပြုလုပ်ပုံကတော့ အိုးထဲမှာ ဆီကိုအပူပေးပြီး အပေါ်ကပြောတဲ့ ပါဝင်ပစ္စည်းတွေ အားလုံးထည့်ပြီးတော့ မီးမျှင်းမျှင်းနဲ့ အနံ့မွှေးပြီး အရောင်ပြောင်းတဲ့အထိ ဆီသတ်ပါ။ ပြီးရင် အဖတ်တွေ စစ်ပြီး ဆီပဲယူမှာပါ။ အဲ့ဒီဆီကိုလေ တရုတ်ဆိုင်တွေမှာ ခံတွင်းလိုက်တဲ့ အစားအစာဖြစ်တဲ့ သခွားသီးသုတ်တို့ ရေညှိသုပ်တို့ထဲမှာလည်း ထည့်စားလို့ရပါတယ်။ ငါးမျိုးမွှေးဆီဟာ ရနံ့မွှေးရုံတင်မကဘူး တိုင်းရင်းဆေးတွေ ပါဝင်တာကြောင့် အစပ်စားပြီး အစာအိမ်ကို မထိခိုက်စေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါပြောပြလို့ မာလာရှန်းကောကို အစပ်ပြင်းပြင်းစားမယ်တော့ စိတ်မကူးပါနဲ့ဦးနော်။ တစ်ယောက်နဲ့ တစ်ယောက် အစာအိမ်ချင်း မတူကြတာမို့ ခံနိုင်ရည်ဆိုတာလဲ ရှိသေးတော့ ကိုယ့်အစာအိမ်နဲ့ ကိုယ် ချင့်ချိန်စားကြပေါ့နော်။




ကဲ အဓိကကျတဲ့ မာလာရှန်းကောလုပ်နည်းကို ပြောပါတော့မယ်။


အရင်ဦးဆုံး သုံးထပ်သား၊ ကျက်ဖို့ အချိန်ပေးရမယ့် အသားတွေရယ် မှို ကြွက်နားရွက်စတဲ့ အလွယ်တကူမကျက်နိုင်တဲ့ အရာတွေကို အစဉ်လိုက် ရေနွေးနဲ့ပြုတ်လိုက်ပါ။ မီးအရှိန်ကို သတိထားပေးပါ။ မီးတအားမပြင်းဖို့နဲ့ ပျော့ဖတ်သွားအောင် ပြုတ်မပစ်ဖို့ လိုပါတယ်။ ပြီးရင် ပြုတ်ထားတာတွေအားလုံးကို ဆယ်ပြီး ရေသေချာစစ်ပါမယ်။ ရေမစင်ရင် ကြော်တဲ့အခါ ရေတွေထွက်လာပြီး ခြောက်ခြောက်လေးဖြစ်မှာ မဟုတ်တော့ဘူး။




ပြီးရင် ငရုတ်သီးအခြောက်တောင့် (အော့ကျင်ထျောင် သို့မဟုတ် မီးပုံးငရုတ်သီးတောင့် ငရုတ်ပွ ခေါ်မှာပေါ့နော်) ကို အစေ့ထုတ်ပြီး ထက်ခြမ်း လှီးထားပါမယ်။ အမြင်လှချင်ရင်တော့ ထက်ခြမ်းမလှီးပဲ အစေ့ပဲ ထုတ်ထားလည်းရပါတယ်။


အိုးထဲကို ငါးမျိုးမွှေးဆီထည့်ပြီး ငရုတ်သီးအခြောက်တောင့်ကို မွှေးလာတဲ့အထိ ကြော်ပါ။ မွှေးလာတာနဲ့ ငရုတ်သီးကို ပြန်ဆယ်ယူထားပါ။


ပြီးရင် သုံးထပ်သား သို့ နှစ်သက်ရာ အသားကို ရေခြောက်ပြီး မွှေးတဲ့အထိ ကြော်လိုက်ပါ။ မီးမလျှော့ပါနဲ့။ ခပ်မြန်မြန် ကြော်ရမှာပါ။ 

အသားမွှေးပြီး ခြောက်လာတာနဲ့ ပဲပိစပ်အနှစ်ရယ် ဟော့ပေါ့အမှုန့်ရယ် ထည့်ပါမယ်။ အဲ့မှာ ဆီဟာ အနီရောင်ပြောင်းပြီး မွှေးလာပါလိမ့်မယ်။ အဲ့အခါကျမှ ဂျင်းပါးပါးရယ် ကြက်သွန်ဖြူရယ် ထည့်ပြီး ခဏကြော်လိုက်ပါမယ်။ ဆား၊သကြား၊ဟင်းချက်အရက်၊ကြက်သားမှုန့်စတာတွေကို ပဲပိစပ်နုတ်နုတ်စင်းပြီးတာနဲ့အဲ့ထဲတခါထဲရောထည့်ထားလိုက်ပါ။


ပြီးရင်တော့ ကျက်ဖို့ခက်တဲ့ အသားအရွက်တွေ အရင်ထည့် ကျက်ဖို့လွယ်တာ နောက်မှထည့်ပြီး အရသာဝင်အောင် ကြော်ပေးရပါမယ်။ 


အားလုံးကျက်ပြီဆိုရင်တော့ အပေါ်ကနေ နှမ်းဖြူဖြူးပြီး နံနံပင်လေးအုပ်လိုက်ရင်တော့ စွဲမက်ဖွယ်ကောင်းတဲ့ အရသာလေးနဲ့ သွားရည်ယိုစရာ မာလာရှန်းကောဟင်းပွဲလေး ရပါပြီ။




#ZinSnow(天下第一)

Tuesday, December 13, 2022

မြန်မာစတိုင်လ် ပုစွန်ထုပ်ဟင်းနဲ့ ဘိန်းမုန့်စားမလား

 🥩🍋🌶😋အမဲအူကြမ်း နှင့် အမဲအူပြုပ် စွပ်ပြုပ် (Beef Maguru and Intestine Soup) 🥩🍋🌶




နေထိုင်မကောင်းလို့ နွမ်းလျ အားနည်းသလို ခံစားရလျင် အမြဲလုပ်စားဖြစ်သော  စွပ်ပြုပ်ပါ။ နှာဆီး အအေးမိ ဖျားနာ တယ့်အခါ ပူစပ်ပူရှိန်းစွပ်ပြုပ်  သောက်လျင် ချွေးထွတ်စေပြီး လူကိုလန်းဆန်းသွား စေပါတယ်။ ငရုတ်သီးအစပ် နှင့် တစ်ခြား ဟင်းခတ်အမွေးအကြိုင်တွေ စုံလင်စွာပါပြီး ကျမ်းမာရေး နှင့်လဲညီညွတ်သော  ကြောင့် ဖော်ပြလိုက်ပါတယ်ရှင်။


🍋🌶🥩ပါ၀င်ပစ္စည်းများ

အမဲအူကြမ်း ၃၀ ကျပ်သား 

အမဲပုဆိုးကြမ်း ၂၀ ကျပ်သား

အမဲအူ ၂၀ ကျပ်သား

ကြက်သွန်ဖြူ ၅ တက် (အခွံခွာ တစ်ပြားရိုက်)

ချင်း လက်တစ်ဆစ် (တပြားရိုက်ထားပါ)

ဆား ၁ ဇွန်း ခွဲ လက်ဖက်ဇွန်း 

နနွင်းမှုန့် ၁ ဇွန်း လက်ဖက်ဇွန်း 

ငံပြာရည် ၁ ဇွန်း စားပွဲ ဇွန်း 

ငရုတ်ကောင်း တစ်၀က် ဇွန်း လက်ဖက်ဇွန်း

ငရုတ်သီးစိမ်း  ၅-၇  တောင့် (ထပ်ခြမ်းခွဲပါ)

စပါးလင် ၂ ချောင်း  (ထု ထုံးပြီးထည့်ပါ)

သံပုရာသီး ၁ လုံး (အရည်ဖျန်းစားရန်)

ရှောက်ရွက်  ၂ ခတ် (ခတ်ပါးပါးမျှင်လေးလှီးထားပါ စွပ်ပြုပ်ပေါ်ကဖြူးစားရန်)



🫕ပြုလုပ်နည်း

၁။ အိုးကြီး ထဲသို့ ပါ၀င်ပစ္စည်းများ အားလုံးထဲ့ပြီး ရေမြူပ်အောင် ထည့်ပြီး ဆူအောင် တည်ပါ။  ရေဆူလျင် မီးမျင်မျင်လေးဖြင့် ၁ နာရီလောက် ရေခမ်းတယ့်အထိတည်ပါ။ အသားနူးအိအောင် ရေ ဒုတိယအကြိမ် ၁ ခွက်ထပ်ထည့်ပြီး ရေဆူအောင်တည်ပါ။ 

၂။ ရေဆူပြီး အနည်းငယ်ရေခန်း လျှင် စားမြည်းပါ။ လိုတာထပ်ဖြည့်ပြီး စားခံနည်း မှ အတုံးသေးသေးတွေတုံြး့ပီး သံပုရာရည် နှင့် ရှောက်ရွက် ဖြူးပြီး လိုသလို သောက်သုံးနိုင်ပါပြီး။ 🥰


🌶ငရုတ်သီးစိမ်း နှင့် ရှောက်သီး 



သိပ်ကို အတွဲမိပါတယ။် နှစ်ခုပေါင်း ကြော်လိုက်တော့ ချင်စပ်စပ် အရသာလေး ဖြင့် ဆွဲဆောင်မှုတွေက ကြားယုံနှင့် သရေကျစေပါတယ်။ နလန်ထ ထမင်းစား ပျက်နေသူတွေ အတွက်လဲ ထမင်းမိန်စေသော ဟင်းလေးတစ်ခွက်ပါ။  ထမင်း မိန် စေတာ တကယ်ပါ။ ထမင်း ကို နှစ်ပုကန် မစားတဲ့ စည် တောင် ထမင်းနှစ်ပုကန် ကုန်ပါတယ်။ ချက် ဖြစ်အောင် ချက် စားကြည့်နော်……….❣️🌶


🌶🌶ပါ၀င်ပစ္စည်းများ

ရှမ်းငရုတ်သီးစိမ်း ၃၀ ကျပ်သား (အနေတော် လေး တွေ ညှပ်ထားပါ)

ပုစွန်ခြောက်မှုန့် ၅ ဇွန်း စားပွဲဇွန်း 

ဆား ၁ ဇွန်း လက်ဖက်ဇွန်း

မျှင်ငပိစိမ်း ၁ ဇွန်း လက်ဖက်ဇွန်း

အသီးအရွက်ဆီ ၇ ဇွန်း စားပွဲဇွန်း 

ငံပြာရည် ၁ ဇွန်း လက်ဖက်ဇွန်း

ကြက်သွန်နီ ၃ လုံး (ထောင်းထားပါ)

ကြက်သွန်ဖြူ ၄ တက် (ထောင်းထားပါ)

အရောင်တင်မှုန့် ၁ ဇွန်း ခွဲ လက်ဖက်ဇွန်း

နနွင်းမှုန့် တစ်၀က်ဇွန်း လက်ဖက်ဇွန်း

ရှောက်သီး ၁ လုံး (အသားများနွာထားပါ)




🫕ပြုလုပ်နည်း

၁။ မကပ်သော အကြော် အိုးထဲ သို့ ဆီ ထဲ့ ပါ။ ဆီပူ လာလျှင် နနွန်းမှုန့် နှင့် ကြက်သွန်ဖြူ၊နီ ထည့်တည်ပါ။ 

၂။ မွှေးပြီး အရောင် လှလာလျှင် ငပိ၊ အရောင်တင်မှုန့် နှင့် ငံပြာရည် ထည့်ပါ။ သိသိသာသာ မွှေးပြီး လာပါလိမ့်မယ်။ ငရုတ်သီးစိမ်း များထည့်ပြီး နွမ်းလာသည် အထိကြော်ပါ။

၃။ ပုဇွန်ခြောက်မှုန့် ကိုထဲ့ လို့ရပါပြီး။ ပြီးလျင် နွာထားသော ရှောက်သီးအသားများ ကို ထဲ့ ပြီး ဖြည်းဖြည်း နဲ့ မွှမွှ လေးမွှေပေးပါ။ ဆားထည့် ပြီး ခတ်ဖွဖွ နှံ့အောင်မွှေပါ။

၄။ ငရုပ်သီး နွမ်းလာ လျှင် ဆားမြည် ပါ။ လိုတာ ကို ထပ်ဖြည့်ပြီး ထမင်းပူပူ ဆူးပုတ် ပဲထောပတ် ဟင်းချို တို့ဖြင့် တွဲစားမယ်ဆိုလျင် အင်မတင် လိုက် ဖက်ပါတယ်။ 

*မှတ်ချက်- သက်သက်လွတ်ကြော်ချင်လျင် ဆား၊ မြေပဲဆန်တို့ဖြင့်ကြော်ရင်ရပါတယ်။ 🌶


😋🦐မြန်မာပုဇွန်ထုပ်ဟင်း (Myanmar Style King Prawn Curry) 🍤🌶




ပုဇွန်ဟင်းက ချက်ရတာမြန်သလို အရသာ အရှိဆုံးဟင်းတစ်ခွက်ဆို တာအာမခံနိုင်ပါတယ်။ ❣️

🧅ပါ၀င်ပစ္စည်းများ (ဆီသတ်ရန်) 

ကြက်သွန်ဖြူ ၅ မွှာ (ညက်ညက်လေးထောင်းထားပါ)

ကြက်သွန်နီ ၄-၅ လုံး (ညက်ညက်လေးထောင်းထားပါ)

ချင်း လက်တစ်ဆစ် (ထောင်းထားပါ)

နနွင်းမှုန့် ၁ ဇွန်း ခွဲ လက်ဖက်ဇွန်း

ငံပြာရည် ၁ ဇွန်း လက်ဖက်ဇွန်း

ငရုတ်သီးမှုန့် ၂ ဇွန်း လက်ဖက်ဇွန်း

ဆီ ၅ ဇွန်း စားပွဲဇွန်း

ခရမ်းချဉ်သီး ၅ လုံး (အစေ့ထုပ်ပြီး ခတ်ပါးပါး လှီးထားပါ)

ငရုတ်သီးစိမ်း ၈ တောင့်(အစေ့ထုပ်ပြီး ခတ်ကြမ်းကြမ်းလှီးထားပါ)

နံနံပင် ၃ ပင် (ခတ်ကြမ်းကြမ်းလှီးထားပါ)

ပုဇွန်နယ်နှပ်ထားရန်

ပုဇွန်ထုပ်ကြီး ၈ ကောင် (အခွံခွာထားပါ)

နနွင်းမှုန့် အနည်းငယ်

ဆား အနည်းငယ်

ငံပြာရည် ၂ ဇွန်း လက်ဖက်ဇွန်း


🫕ပြုလုပ်နည်း

၁။ ပုဇွန်နယ်နှပ်ရန် ပါ၀င်ပစ္စည်းများ အားလုံး ဖန်ဇလုံထဲ ထည့်ပြီး ၁၀ မိနစ်လောက် နှပ်ထားပါ။

၂။ မကပ်သော အိုးထဲ ဆီ ထည့်ပြီး အပူပေးပါ။ ဆီပူလာလျင် နံနံပင် နှင့် ငရုတ်သီးမှုန့် ကလွဲလို့ အနှစ်လုပ်ရန် ပါ၀င်ပစ္စည်းများ အားလုံးထည့်ပြီး တည်ပါ။ မွှေးပြီး အရောင်တက်လာလျင် ငရုတ်သီးမှုန့်ထည့်ပြီး ၆-၈ မိနစ်လောက် သေချာမွှေပြီးတည်ပါ။ ရေအနည်းငယ် ထည့်ပြီး ခရမ်းချဉ်သီး ပျော်ပြီး ရေခန်း အဆီပြန်တည့်အထိ မွှေပေးပါ။ 

၃။ ခရမ်းချဉ်သီး အနှစ်ထဲ ပုဇွန်ထည့်ပါ။ ပြီးလျင် ရေအနည်းငယ်ထည့်ပါ။ မီးအနေတော် ဖြင့် အဖုံးအုပ်ြ့ပီး ၃ မိနစ်လောက် တည်ပါ။ အသေချာ အရသာ၀င်အောင်မွှေပေးပါ။ ရေခန်းပြီး ဆီပြန်လာလျင် ဆားမြည်းပါ လိုတာထပ်ဖြည့်နိုင်ပါတယ်။ မီးပိတ်ပြီး နံနံရွက်လေးများ ဖြူးပြီး မီးဖိုပေါ်မှချပါ။ အုန်းထမင်း ၊ ထမင်းဖြူတို့ဖြင့် တွဲဖက်သုံးဆောင်လျင် အဆင်ပြေကောင်းမွန်ပါတယ်။🥳


😋🥥ဘိန်းမုန့် (Bein Mont/Myanmar Pancake)




ဘိန်းမုန့်ကို နိုင်ငံခြားသားတွေ အခေါ်အရဆိုလျင် မြန်မာ ပန်းကိတ်ပေါ့…. ဘိန်းမုန့် က နည်းနည်းဝါးရတယ်၊ ပွအိအိလေး နြေ့ပီး အပေါ်လွှာက ကြွပ်ဆတ်လေး နဲ့ အစေ့အဆန်များများ နှင့် ပေါ့ပါး စားသုံး လွယ်ကူစေပါတယ်။ ဘိန်းမုန့် ကို ဆန်မှုန့် ဖြင့်ပြုလုပ်ပြီး မုန့်အပေါ်မှာ ဘိန်းစေ့၊ ဘန်ဒါစေ့ နှင့် အုန်းသီးဖတ်ကြီးများ ဖြူး ထားပါတယ်။ စွဲကြိုက်နှစ်သက်ဖွယ် ကောင်းသော ဘိန်းမုန့် က သင့်ရဲ့ ပုံမှန် မနက်စာ ဖြစ်သွားစေရမယ်။ မြန်မာစတိုင် ဘိန်းမုန့် ကို ဆန်မှုန့် နှင့် ထန်းလျက် တို့ဖြင့် လုပ်ထားတာကြောင့် ကစီဓာတ် နှင့် သကြား ရှောင်နေကျသူများအတွက် အရမ်းအဆင်ပြေ စေပါတယ်။

🥥ပါဝင်ပစ္စည်းများ

ဆန်မှုန့် ၂၅၀ ဂရမ်

ရေ ၁၅၀ မီလီ

နို့ဆီ ၅ ဇွန်း စားပွဲဇွန်း 

နို့စိမ်း ၁၅၀ မီလီ

ကြံသကာ (သို့) ထန်းလျက်ခဲ ၁၀၀ ဂရမ် 

ကာဘိုနိတ် ဆော်ဒါ ၁/၄ ဇွန်း လက်ဖက်ဇွန်း 

ဘေကင်ပေါင်ဒါ ၁ ဇွန်း ခွဲ လက်ဖက်ဇွန်း

ထောပတ်ရည် ၃၀ ဂရမ်

အုန်းသီး ၂၀ ဂရမ် (ပါးပါးအပြားလေးတွေခြစ်ထားပါ)

ဘိန်းစေ့ ၃ ဇွန်း စားပွဲဇွန်း

ဆား အနည်းငယ်

ထောပတ် ၂ ဇွန်း စားပွဲဇွန်း (အိုးသုပ်ရန်)


🥥ပြုလုပ်နည်း

၁။အိုးထဲ ကို ကြံသာကာ (သို့) ထန်းလျက် နှင့် ရေ ၃၀၀ မီလီ ထည့်ပြီး မီးအနေတော် ဖြင့် ကြံသာကာ (သို့) ထန်းလျက် အရည်ပျော်တည့် အထိ တည်ပါ။ မီးပိတ် ပြီး အအေးခံထားပါ။

၂။ဆန်မှုန့်၊ထန်းလျက်ရည်၊ဆား၊ ကာဘိုနိတ် ဆော်ဒါ၊ ဘေကင်ပေါင်ဒါ၊ ထောပတ်ဆီ ထည့်ပြီး သမအောင် မွေပြီးတစ်နာရီခန့့်နှပ်ထားပါ။

၃။ မကပ်သည့် ဒယ်အိုးပြားလေးကိုအပူပေးပြီး ထောပတ်အနည်းငယ် ဖြင့် အိုးကိုလူးပေးပါ။

၄။ဖျော်ထားသောမုန့်နှစ်ကို သမအောင်မွေပြီး ဇွန်းခွက် ဖြင့်တစ်ခွက် ခပ်ထည့်ပါ။ 

၅။ မုန့်နှစ် ပူစီဖောင်းအမြူပ်လေးတွေ ပေါ်လာလျင် အပေါ်မှ ဘိန်းစေ့ နှင့် ခတ်ပါးပါးလှီးထားသော အုန်းသီး ဖတ်များ ကိုဖြူးပြီးထည့်ပါ။ထောပတ်သုပ်ပြီး အပေါ်တစ်ဖက်ကို ရွှေရောင်သန်းတယ့် အထိတယ်ဖုတ်ပါ။ 

၆။မီးဖိုပေါ်မှ ချပြီး နွေးနေအောင်ထားပြီး ကျန်မုန့်နှစ်တွေ ကိုဒီအတိုင်းပဲဆက်လုပ်ပါ။ ပူပူနွေးနွေးသုံးဆောင်နိုင်ပါသည်။

မှတ်ချက် - မီးသွေးမီး အပေါ်မီးများများ အောက်မီးနည်းနည်း နဲ့ ဖုတ်လျင်ပိုကောင်းပါသည်။ အပေါ်မီးကို ဒန်အိုးအဖုံးအပျန့်တစ်ခုပေါ်တင်ပြီးအသုံးချလို့ရပါတယ်။ ❣


Friday, December 2, 2022

ငါးခူမုန့်ဟင်းငါး - မုန့်လုံးကြီး - မုန့်လိပ်ပြာ

 🐟🥰ငါးခူ မုန့်ဟင်းခါး  (Catfish Mohinga) 




မုန့်ဟင်းခါးဆို ဘယ်လိုချက်နည်းနှင့်ပဲ ချက်ချက် ရိုးတယ်မရှိပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် အားပေးတတ်ကျသော မုန့်ဟင်းခါးကို ဖန်တီးမှု အသစ်အဆန်း မဟုတ်ပေမယ့် စည့်ရဲ့ ချက်နည်းလေးဖြင့် ပြန်လည် မျှဝေထားပါတယ်။


🧅🧄ပါ၀င်ပစ္စည်းများ

မုန့်ဖတ် ၁ ပိသာ

အနှစ်လုပ်၇န်

ကြက်သွန်နီဥကြီး ၂ လုံး (အခွံခွာ၊ လှီးထားပါ)

ကြက်သွန်ဖြူ ၁ ဥ  (အခံခွာပြီး၊ လှီးထားပါ)

ချင်းတက် လက် ၂ ဆစ်လောက်(အခွံခွာပြီး ပါးပါးလှီးထားပါ)

အရောင်တင်မှုန့် ၂ ဇွန်းစားပွဲဇွန်း 

ငါးပြုတ်ရန်ပါ၀င်ပစ္စည်း

ငါးခူ ၃၀ ကျပ်သား (ဆားကြမ်းဖြင့်ရေဆေးထားပါ)

ငံပြာရည် ၁ ဇွန်း စားပွဲဇွန်း

ငရုတ်ကောင်းစေ့ တစ်၀က် ဇွန်း လက်ဖက်ဇွန်း

စပါးလင် ၂ ချောင်း (ထုပြီး ထုံးထားပါ)

နနွင်းမှုန့် အနည်းငယ်

စပါးလင်အရည် ၂ ဇွန်း လက်ဖက်ဇွန်း 

ချင်းရည် တစ်၀က်ဇွန်း လက်ဖက်ဇွန်း

မုန့်ဟင်းခါးရည်ချက်ရန် ပါ၀င်ပစ္စည်းများ

နနွင်းမှုန့် ၁/၄ ပုံ လက်ဖက်ဇွန်း 

ငရုတ်ကောင်းမှုန့် ၂ ဇွန်း လက်ဖက်ဇွန်း

ငံပြာရည်  ၂ ဇွန်း စားပွဲဇွန်း

အသီးအရွက်ဆီ ၇ ဇွန်း စားပွဲဇွန်း

ငါးပြုတ်ရည် ၂ လီတာ 

စပါးလင် ၃ ချောင်း (ထက်ခြမ်းခြမ်းပြီး ထုံးထားပါ)

ဌက်ပျောအူ ၂ ခွက် (ခတ်ပါးပါးလှီးထားပါ၊ နနွင်းအနည်းဖြင့် ပြုတ်ထားပါ)

ကြက်သွန်ဥနီအသေး ၁၀ လုံး (အလုံးလိုက် အခွံခွာ ထည့်ပါ)

အိမ်လှော်ဆန်မှုန့် ခွက်တစ်၀က် (ဟင်းချက်ရန်တိုင်းသောခွက်၊ ရေဖြင့်ဖျော်ထားပါ) 

ဆား ၂ ဇွန်း လက်ဖက်ဇွန်း

ကြက်ဥ ၂ လုံး (ခလောက်ထားပါ)

မုန့်ဟင်းခါးနှင့် တွဲစား၇န်

ကြက်ဥပြုတ် ၆ လုံး (အခွံခွာပြီး ကြက်ဥလှီးဓားဖြင့်အကွင်းလေးလှီးထားပါ)

နံနံပင် ၈ ပင် (အနေတော်လေးတွေလှီးထားပါ)

ပဲသီးရှည် ၁ စီး (ပါးပါးသေးသေး လေးလှီးထားပါ)

ငရုတ်သီးအကြမ်းမှုန့်  လိုသလောက် (လှော်ပြီးသား)

ပဲကြော် ၁၀ ခု (စားခံနည်းမှ လိုသလောက် ချေစားပါ)

အိမ်လုပ်ကြက်သွန်ဖြူဆီချက် လိုသလောက် (မုန့်ဟင်းခါးထဲ ထည့်စားပါ)

ငါးဖယ်ကြော်ပြီးသား ၁၀ ခု (ခတ်ပါးပါးလေးတွေ လှီးထားပါ)

သံပုရာသီး ၃ လုံး (စိတ်ထားပါ)


🫕ပြုလုပ်နည်း

၁။ အနှစ်လုပ်ရန် ပါ၀င်ပစ္စည်းများအား ကြိတ်စက်ထဲ မှုန့်ညက်နေအောင်ကြိတ်ပါ။

၂။ အိုး အကြီးထဲ ငါးပြုတ်ရန်ပါ၀င်ပစ္စည်းများ အားလုံးထည့်ပြီး ငါးမြုပ်အောင်ရေထည့်ပြီး ဆူအောင်ပြုတ်ထားပါ။ ရေဆူလျင်ရပါပြီး ငါး အသားများ အရမ်နုးအိအောင်မပြုတ်ရင် ပိုကောင်းပါတယ်။ မီးဖိုပေါ်မှချပြီး အအေးခံထားပါ။ ငါးအသားများ နွင်ထားပါ။ အရေစစ်ယူထားပါ။

၃။  မကပ်သော ဒယ်အိုးအကြီးထဲ ဆီထည့် ပြီး အပူပေးထားပါ။ အနှစ်လုပ်ရန်ကြိတ်ထားသော ငရုတ်ကြက်သွန်အနှစ် နှင့် နနွင်းမှုန့်ထည့် ပြီး ၅ မိနစ်လောက် ဆီသတ်ပါ။ 

၄။ ဆီသတ်အိုးထဲ စပါးလင်၊ ငါးအသား၊ ငရုတ်ကောင်း၊ ငါးငံပြာရည် များ ထည့်ပြီး ၁၀ မိနစ်လောက် ထပ်ပြီး ဆီသတ်ပါ။

၅။ ငါးပြုတ်ရည်၊ ဌက်ပျောအူ များထည့်ပြီး ဆူပွတ်အောင်တည်ပါ။ ဆူပွတ်လာလျင် မီးလျော့ပြီး ဆူရုံလေး ၂း၃၀ -၃ နာရီလောက် တည်ထားပါ။

၆။ ရေလိုလျင်ထပ်ထည့်ပါ (ငါးပြုတ်ရည်ကို ပဲထပ်ထည့်လို့ရပါတယ်)၊ ကြက်သွန်ဥနီသေးလေး၊ ဆန်မှုန့်ရည် များထည့်ပြီး ဆူပွက်လာအောင် ထပ်တည်ပါ။ မကြာခဏဆိုသလို မွှေပေးပါ။ အိုးအောက်ဖက် မကပ်အောင် မွှေပေးပါ။ မုန့်ဟင်းခါးရည်ချက်ရန် ကျန်ပါ၀င်ပစ္စည်းများထည့်ပြီး နှံ့အောင် သေချာမွှေပါ။ ပွတ်ပွတ်ဆူ လာလျင် ဆားမြည်းပါ လိုတာ ကိုယ့်စိတ်ကြိုက် ထပ်ဖြည့်နိုင်ပါသည်။ ပူပူလေးသုံးဆောင်ပါ။ 

၇။ သုံးဆောင်ရန် ပန်းကန်ထဲ မုန့်ဖတ်ကို လိုသလောက်ထည့်ပြီး မုန့်ဟင်းခါးဖြင့် တွဲစားရန် ပစ္စည်းများ ကိုယ့်စိတ်တိုင်းကျ ကိုယ်ကြိုက်သော ပစ္စည်းများ ထည့်ပြီး ဟင်းရည်ကို လိုသလောက် ထည့်ပြီး ပူပူလေး ချက်ချင်း သုံးဆောင်ပါ။🥰


🥥မုန့်လုံးကြီး အုန်းယိုအစာသွပ် မီးဖုတ် (Sticky Rice Dumpling Coconut Jam stuffed Bake)🥥



မုန့်လုံးကြီး အစာသွပ် မီးဖုတ် ကြိုက်သူများအတွက် အာဗင်နဲ့ မီးဖုတ်လို့ရသော နည်းလေး မျှဝေလိုက်ပါတယ်။ 

🥥ပါ၀င်ပစ္စည်းများ

ကောက်ညှင်းဆန်မှုန့် ၁ ခွက် (မုန့်ဖုတ်လျှင် တိုင်းသောခွက်)

ဆန်ကြမ်းမှုန့် ၂ ဇွန်း လက်ဖက်ဇွန်း 

ရေ ၁ ခွက် (မုန့်ဖုတ်လျှင် တိုင်းသောခွက်၊ လိုအပ်လျင် ထပ်ထည့်ပါ)

ဆား တစ်၀က်ဇွန်း လက်ဖက်ဇွန်း

ဆီ လိုသလောက် (အကင်ဘန်းသုပ်ရန်)

🫕ပြုလုပ်နည်း

၁။ ခြောက်သွေ့သော ဖန်ပုကန်လုံး အကြီးထဲ ကို ပါပစ္စည်းများ အားလုံးထည့်နယ်ပါ။ ရေကို ဖြည်းဖြည်းချင်းထည့်ပြီး မှနယ်ပါ။ ရေအတိုးအလျော့လုပ်ပေးပါ။ စေးပြီး မုန့်အနှစ်များ လက်မှာ မကပ်လျှင် ရပါပြီး။

၂။ ရရှိလာသော မုန့်နှစ်များကို လိုသလို အနေတော် အလုံးကြီးတွေလုံးပါ။ အထဲမှာ အုန်းယို အစာသွပ်ပြီး လုံးနေအောင်လုံးပါ။

၃။ စောက်နက်အိုးကြီးကြီးထဲကို ရေဆူအောင်တည်ပါ။ ရေဆူလာလျှင် လုံးထားသောအလုံးများ ထည့်ပါ။ အိုးထဲ အများကြီး မထည့်ပါနဲ့ အိုးကျပ်သွားလျှင် မကျက်တာမျိုးဖြစ်သလို ဆယ်ရတာလဲ ခက်ပါတယ်။

၄။ ဇလုံးအကြီးထဲမှာ ရေခဲရေ ထည့်ထားပါ။ ကျက်ပြီး ရေပေါ်ပေါလာသော မုန့်လုံးများ ကိုရေခဲရေထဲဆယ်ထဲ့ပါ။

၅။ အာဗင်ကို အပူပေးထားပါ။ ၂၀၀ ဒီဂရီလောက်ဆို ရပါတယ်။ မုန့်လုံးများ မကပ်အောင် တစ်လုံးချင်း ဖုတ်ချင်ရင် ကပ်ကိတ်ဖုတ်သော တစ်ခွက်စီ သီးသန့်ပါသော အကင်ဘန်း ကိုသုံးပါ။ အကင်ဘန်းကို ဆီချွဲနေအောင်သုပ်ထားပါ။

၆။ မုန့်လုံးများကို ရေစစ်ပြီး အအေးခံထားပါ။ ဘန်းခွက်ထဲ တစ်လုံးစီ ထည့်ပြီး အပေါ်ရောင် ညိုလာသည် အထိ ၅-၈ မိနစ်လောက်ကင်ပါ။ အနည်းငယ် အအေးခံပြီး မုန့်လုံးကြီး ထိပ်ညပ် ပြီး အုန်းအဆီ ဆန်းပြီး အသင့်သုံးဆောင်လို့ရပါပြီး။😋😋🥥❣

💙🌞🌼မင်္ဂလာပါ ချစ်တို့.. ဒီနေ့ စည် လုပ်စားနေကြမုန့်လုပ်နည်း တစ်မျိုး ရှယ်ပေးချင်ပါတယ်… အားလပ်ရက်တွေ မှာ မိသားစု သူငယ်ချင်းများ နှင့် လုပ်စားကြည့်လိုက်နော်..😋👍


🦋မုန့်လိပ်ပြာ  (Butterfly Cake/Moun Lei Pya)😍




မြန်မာမုန့်လေးတွေကို နှစ်နှစ်သက်သက် ကြိုက်မိသူတိုင်းလဲ မုန့်လိပ်ပြာကို ကြိုက်နှစ်သက်ကြပါတယ်။ လုပ်စားရတာလဲလွယ်ကူသော  မုန့်လိပ်ပြာကို အခုခတ်ပေါ်နည်း နှင့် လုပ်နည်းလေး ပြောင်းထားပါတယ်။ ဆန်ပြားရွက်တို့၊ ကော်ပြန့်စိမ်းအဖတ်တို့ ရှိရုံနဲ့ လုပ်လို့ရပါတယ်။ ပဲကြိုက်သော သူများအတွက် အကြိုက်တွေ့စေမယ့်မုန့်လဲ ဖြစ်ပါတယ်။ ဒီနည်းလေးအတိုင်း အလွယ်တစ်ကူ လုပ်စားကြည့်နိုင်အောင် မျှဝေလိုက်ပါတယ်။

🫔ပါဝင်ပစ္စည်းများ

ပဲနီ    ၁ ဗူး (၄၀၀ ဂရမ် အသင့်စားဗူး)

ဆန်ပြားရွက် ၇ ရွက် 

သကြားအဖြူ  ၁ ဇွန်း ခွဲ ထမင်းစားဇွန်း  

ဆား  ၃ ပုံ ၁ ပုံ လက်ဖက်ဇွန်း 

ရေ  ၅၀၀ မီလီ 

မြေပဲဆီ ၂ ဇွန်း စားပွဲဇွန်း

တွဲစားရန် (ကြိုက်လျင်)

နှမ်းဆားထောင်း လိုသလောက်

အုန်းသီးဖတ်ခြစ် လိုသလောက်


🫕ပြုလုပ်နည်း

၁။ အိုးထဲ ပဲနီဗူးကိုဖောက်ပြီး ရေစင်အောင်ဆေးထားပေးကာ ဆား၊ သကြား၊ ရေထဲ့ကာ ပဲများ ကျေပြီး ရေခမ်းသွားတဲ့အထိကျိုပါ။ မကြာခဏမွှေပေးပါ။ ဇွန်း ဖြင့် နာနာလေးဖိပြီးခြေ မွှေပါ ပဲတွေကြေမွပြီး ပျော့ပြစ်ခဲ ပဲယိုဖြစ်တယ့်အထိမွေပါ။ ကြိတ်စက်သုံးလဲရပါတယ်။

၂။ ဆန်ပြားရွက်ကို ရေအေး နှင့် ပျော့သွားတဲ့အထိ ၃-၅ မိနစ်လောက်ရေစိမ်ပေးပါ။

၃။ ရေစိမ်ထားသော ဆန်ပြားရွက်ကို မြေပဲဆီ သုပ်ထားသော ပန်းကန်ပြားတစ်ချပ်ပေါ်တွင်တင်ပြီး ပဲယိုကို အလယ်တည့်တည့်မှာ ထမင်းစားဇွန်း တစ်ဇွန်းစာ ပုံပေးပါ။

၄။ ပဲယိုပေါ်သို့ အောက်ဖက်မှ စပြီးခေါက်တင်ပေးပြီးမှ ဘေးစနှစ်ဖက်ကို တစ်ထပ်ချင်းခေါက်ပေးပါ နောက်ဆုံးမှ ကျန်နေတဲ့ အစကိုအုပ်ပေးပြီး ပဲယိုကိုထုတ်လိုက်ပါ။ လေးဒေါင့်အရှည်လေးရတယ့် အထိခေါက်ပါ။ 

၅။ မုန့်လိပ်ပြာမွှေးမွှေးလေးရပါပြီ နှမ်းထောင်း အုန်းသီးမှုန့်တို့ဖြူးပြီး မိန်ယှက်စွာစားသုံးနိုင်ပါပြီ။ 👍🦋😍


😋၀က်သားဒုတ်ထိုးစုံ (Pork Intestine Mix)❣




၀က်သားဒုတ်ထိုး ပြုတ်တယ့် အရသာကောင်းလို့ကတော့ စားလိုက်တာနဲ့ ရပ်မရအောင်ကို စားမိတာအမှန်ပါ။ ကြိုက်နှစ်သက်ကြသူများ အတွက် နှစ်သစ်ကူးညမှာ ပျော်ရွှင်ဖွယ်ဖြစ်သော ညစာကို အခုလို အရသာဖြင့်ချက်စားရင်း ပျော်ရွှင်ဖွယ်ညအားဖြတ်သန်းကျပါဆို့။ ကိုယ်ကြိုက်နှစ်သက်ရာ ၀က်အစုံ ကို အသုံးပြုလို့ရပါတယ်။


🥓ပါ၀င်ပစ္စည်းများ

၀က္ကလီစာစုံ ၁ ပိသာ 

ကြက်သွန်ဖြူ ၅ မွှာ (တပြားရိုက်ထားပါ)

နာနတ်ပွင့် ၅ ပွင့်

သစ်ကြပိုးခေါက် ၁ ချောင်း

ကရဝေးရွက် ၂ ရွက်

ဇာတိပ္ဖိုလ်မှုန့် ၁ ဇွန်း လက်ဖက်ဇွန်း

ချင်း လက် ၂ ဆစ် (ကြီးကြီးလေး လှီးထားပါ)

သကြားညို ၁ ဇွန်း ခွဲ စားပွဲဇွန်း

ပဲငံပြာရည်အချို ၃ ဇွန်း ခွဲ စားပွဲဇွန်း (အပြစ်)

ပဲငံပြာရည်အငံ ၁ ဇွန်း စားပွဲဇွန်း

ဆား လိုသလောက်

ရှာလကာရည် ၂ ဇွန်း လက်ဖက်ဇွန်း


🫕ပြုလုပ်နည်း

၁။ ၀က်အစုံ ကို ရေစင်အောင်ဆေးပါ။ ပြီးလျှင် ဆား၊ ချင်း ၊ ကြက်သွန်ဖြူ၊ ရှာလကာရည်၊ ဇာတိပ္ဖိုလ်မှုန့်နှင့် ပဲငံပြာရည်အငံ ဖြင့်နယ်နှပ်ထားပါ။ ရေခဲသေတ္တာထဲတွင် ညသိပ်နှပ်ထားလျှင် ပိုကောင်းပါသည် (သို့) ၃ နာရီခန့်လောက် နှပ်ထားလျှင်လဲရပါတယ်။

၂။ မပြုတ်ခင် ရေခဲသေတ္တာထဲ မှ နာရီ၀က် ခန့်ကြိုထုပ်ထားပါ။

၃။ စောက်နက် ဒယ်အိုးကြီးထဲ ကို သကြား နှင့် ရေထည့်ကြိုပါ။ သကြားပျော်သွားလျှင် ၀က်အစုံ ကလွဲလို့  ကျန်ပါပစ္စည်းများ အားလုံး ထည့်ပြီး ကြိုပါ။ အနံမွှေးလာလျှင် နယ်နှပ်ထားသော ၀က်ကလီစာစုံ ကိုရောပါ။ အသားအနည်းငယ်တင်းလာပြီး မွှေးတက်လာမှ ရေထည့်ပါ အသားများ မြုတ်တယ့်အထိထည့်ပေးပါ။ အဖုံးအုပ်ပြီး တည်ပါ။ မကြာခဏမွှေပေးပါ။ ရေခန်းလျှင် ရေ ကိုထပ်ထည့် ပါ။ ၀က်ကလီစာစုံ နူးအိ တယ့်အထိတည်ပါ။ 

၄။ ၀က်အူ နူးအိလာပြီဆိုရင် ပြုတ်ရည် အနည်းငယ်ထားပါ။ အချဉ်ဖျော်ရန်၊ ဟင်းရည်သောက်ရန် သိပ်ကို ကောင်းပါတယ်။ အသင့်သုံးဆောင်လို့ရပါပြီး၊ လိုသလို လှီးပြီး နွေးနွေး လေး ဒုတ်ထိုးပြီး စားသုံးနိုင်ပါတယ်။

၅။ ဒုတ်ထိုးစားရင် မအီအောင် သခွားသီး ခရမ်းချဉ်သီးလေးတွေ နှင့် တွဲဖက် စားသုံးလျင် အအီသက်သာသလို အသီးအနှံ့လဲစားဖြစ်ပါတယ်။ ကြိုက်နှစ်သက်သော အချဉ်ဆော့ဖြင့် တွဲဖက်သုံးဆောင်ပါ။😋❣

စားဖိုမှူး - Syi Lwin Food Garden 

Friday, August 19, 2022

ဟင်းလျာ သုံးပွဲ ချက်ကြမယ်

ဝက်သား ထားဝယ်ချက်




ဝက်သား ၅၀ ကျပ်သားကိုဆီ တဇွန်း ထည့်ပြီး

ထားဝယ်ချက် ချက်ဖြစ်ခဲ့တယ်။

ဝက်သား က ထွက်လာတဲ့ ဆီ နဲ့ ဆိုတော့

ဆီပြန်ဟင်း ဖြစ်သွားတယ်။

အိမ်ရှေ့ မှာ ကြွတဲ့ ဆွမ်းတန်းလောင်း

ကျန်တာလေး ကို နေ့လည် စာ စားပေါ့။


ချက်နည်းလေး ကတော့..


ဝက်သား ၅၀ ကျပ်သား

ကြက်သွန်နီ ၂၀၀ ဂရမ်

ကြက်သွန်ဖြူ ၈၀ ဂရမ်

ချင်း ၆၀ ဂရမ်

ငရုပ်သီး အကြမ်းဖတ် စာပွဲစားဇွန်း ၃ ဇွန်း

ငပိ စာပွဲစားဇွန်း တဇွန်း

မဆာလာ လဖက်ရည် ဇွန်း၂ ဇွန်း

မန်ကျည်းရည် စာပွဲစားဇွန်း ၄ ဇွန်း

ဆား လဖက်ရည် ဇွန်း တဝက်

အချိုမူန့် လဖက်ရည် ဇွန်းဝက်

ရေ ၈၀၀ ml


ချက်နည်း အဆင့် ဆင့်...


ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း ငရုပ်သီး ကို

ရောထောင်းပါ။

အိုးထဲ ဆီထည့်ပြီး ဆီပူရင် ထောင်းထားတဲ့ အနှစ် ကို ဆီသတ်ပါ။

ဆီလျော့ သုံး ထားတဲ့ အတွက် မကပ်အောင် မွှေပေးရပါ့မယ်။

ပြီးမှ ငပိ နဲ့ မဆလာ ထည့်ပါ။

ဝက်သားထည့်ပြီး မွှေပါ။

ဝက်သား အသားတင်းပြီး ရေခမ်းအောင် အရင် ချက်ပါ။

ပြီးမှ ရေထည့်ချက်ပါ။

အရသာ အတွက် ဆား အချိူမူန့် ထည့်ပြီးချက်ပါ။

မီးလျော့ အဖုံး အုပ် ပြီး ချက် ဖို့ လိုပါတယ်။

ထည့်ထားတဲ့ ရေ ခမ်း ရင် မန်ကျည်းရည် ထည့်ချက်ပါ။

ဝက်သားမနူးသေး ဘူး ဆိုရင်တော့ရေနွေး ထည့်ပြီး

ဆီပြန်အောင် ချက်ပါ။


(ဝက်သားဟင်း ကို ငပိ, မရမ်းပြား, မန်ကျည်းရည် ထည့် ချက် တဲ့ ဟင်း ကို မော်လမြိုင် ကျောင်းတက် စဉ်က သူငယ်ချင်း အိမ် မှာ စပြီး စားခဲ့ ဖူးတာ, ကျနော်တို့ ဒေသ မှာ ချက်တာနဲ့ ကွဲပြားပြီး အချဉ် ဓာတ်လေး ပါတော့ မအီတဲ့ အပြင် စားလို့ အလွန်ကောင်းပါတယ်)


ငါးသောက်ဆမ်း




ဟင်းတခွက် ထဲ နဲ့ စား လို့ရတဲ့ ဟင်းအမျိုးအစား

One Dish Meal ကပေါ်ပြူလာ ဖြစ်တဲ့ ဟင်းက

လာကြိုက် များ တယ်၊အချိန်ကုန်သက်သာ

ငွေကုန် သက်သာတယ်။


ခုလို ခေတ်ကာလ မှာ ချက်စား သင့် တဲ့ ဟင်း အမျိုး အစားလို့ ပြောရပါ့မယ်။

အိုးတအိုးထဲ မှာ ငါးနဲ့ ဟင်းသီး ဟင်းရွက်ကို

ရောချက်ထား လို့ဟင်းရွက် သီးသန့် မလို တော့ ပါဘူး။ဆီ လဲ မလို ပါဘူး ခင်ဗျာ။


ချက်နည်း ကတော့....


ငါးကြင်း,                  သန့်ရှင်းပြီး ချက်တုံး တုံးထားပါ

ဆား

နနွန်းမူန့်

ငရုပ်သီးစိမ်း+ကြက်သွန်ဖြူ, ငပိ ကို ရောပြီး မညက်တညက်ထောင်းပါ

စပါးလင်,                   ဓားပြားရိုက်ထားပါ

ကြက်သွန်နီ,                လေးစိတ် စိတ်ထားပါ

ခရမ်းချဉ်သီး,             လေးစိတ် စိတ်ပါ

ဂေါရခါးသီး/ဗူးသီး,   ပါးပါးလှီးပါ

ငံပြာရည်

ကြက်သားမူန့်/အချိုမူန့်

ရှမ်းနံနံ

ရေ


ချက်နည်း အဆင့်ဆင့်....


ငါးကို ဆား,နနွန်း.နယ်ထားပါ၊

အိုး ထဲကို ရေထည့်ပြီး တည် ထားပါ၊

ရေဆူရင် ထောင်းထားတဲ့ ငရုပ်သီးထည့်ပါ၊

စပါးလင်  ထည့် ပြီး တည်ထားပါ၊

ပြီးမှ ငါး, ကြက်သွန်နီ, ဗူးသီး,ငံပြာရည်,အရသာမူန့်ထည့်ပြီး ဆက်တည်ပါ။

စပြီး တည် ခါစမှာ အစိမ်း နံ့ ရနေလို့အနံ့မကောင်းဖူး ဆိုပြီး စိတ်မပျက်သွားပါနဲ့။

မီးလျော့ပြီး အဖုံးအုပ် တည်ထားပါ။


​ကြက်သွန်နဲ့ ဗူးသီး နူးစပြုရင် ခရမ်းချဉ်သီးထည့်ပြီး ဆက်တည်ပါ။

ဒီအချိန်မှာ အစိမ်းနံ့  ပျောက်သွားပြီးမွှေးနေပါပြီ။

နောက်ဆုံးမှာ ရှမ်းနံနံ ခပ်ပါ။


ချဥ်စပ် ငါး ပေါင်း




ဆီကုန် သက်သာ မယ်၊ဆီ တဇွန်း နဲ့ ချက် ပြီး

မိသားစု ၄-၅ ယောက် စားနိုင်တယ်။


ချက်နည်း ကတော့..


ကြိုက်နှစ်သက်ရာ ငါး တကောင်

ချင်းကြက်သွန်ဖြူရည် ၁ ဇွန်း

စပါးလင်                  ၁ ချောင်း, ဓားပြားရိုက်ထားပါ

ခရမ်းချဉ်သီး          ၂ လုံး, အတုံးသေးသေး တုံးထား

ခရမ်းချဉ်းသီးဆော့စ်  ၂ စာပွဲစားဇွန်း

ငရုပ်သီးစိမ်း            ၁၀ တတောင့်, နူတ်နူတ်စင်းထား

ချင်း                        လက်မတဆစ်, နူတ်နူတ်စင်းထား

ကြက်သွန်ဖြူ         ၃ မွှာ, နူတ်နူတ်စင်းထား

ကြက်သွန်နီ             ၁ ဥ, နူတ်နူတ်စင်းထား

နံနံပင်                      ၂ ပင်, ပါးပါးလှီးထား

ဆီ                           စာပွဲစားဇွန်း တဇွန်း

ပဲငံပြာရည်              ၁ စာပွဲစားဇွန်း

ငါးငံပြာရည်            ၁ လဖက်ရည်ဇွန်း

အချိူမူန့်/ကြက်သားမူန့် ၁ လဖက်ရည်ဇွန်း

ဆား                         အနည်းငယ်

ရှာလကာရည်          ၁ စာပွဲစားဇွန်း

ရေ                          ၃၀၀ ml

ကော်မူန့်                  အနည်းငယ်


သန့်ရှင်းထားတဲ့ ငါးကို ဓားရာ နှစ်ဖက်လုံး လှီးထားပါ။

ငါးအညှီနံ့ ပျောက် ရန်အတွက် ချင်းကြက်သွန်ဖြူရည် နဲ့ ငါးကို နယ်ပါ။

ချင်း ကြက်သွန်ဖြူ အဖတ်နဲ့ စပါးလင် ကို

ငါးဗိုက်ထဲ ထည့်ပါ။

ပြီးရင် ငါး ကို ပေါင်းအိုးနဲ့ ဆန့်မဲ့ ပန်းကန်ပြား

ထဲထည့်ပြီး ပေါင်းအိုးထဲ ထည့်ပါ။

ငါးသေးရင် ၁၀ မိနစ်, ငါးအကောင်ကြီးရင် ၁၂ မိနစ်ခန့်ပေါင်းပါ။

အချိန်မပြည့်မှီ အဖုံး မဖွင့်ပါနဲ။

အချိန်ပြည့်ရင် ငါးကို ပန်းကန်ပြား အကြီးထဲ ထည့်ထားပါ။


ချဉ်စပ် ဆော့ အတွက်

ဒယ်အိုးထဲ ကို ဆီထည့်ပါ။

ဆီပူရင် ချင်း ကြက်သွန်ဖြူ ထည့် ဆီသတ်ပါ၊

မွှေးလာရင် ကြက်သွန်နီ နဲ့ ငရုပ်သီးထည့်ပါ၊

ကြက်သွန်ပျော့လာရင် ခရမ်းချဉ်သီး ဆော့ထည့်ပြီး မွှေပါ။

ပြီးရင် ရေထည့်ပါ။

ရေဆူလာရင် ခရမျူခဉြျသီး, ပဲငံပြာရည်, ငါးငံပြာရည်၊ဆား အရသာမူန့်ထည့် ချက်ပါ။

ခရမ်းချဉ် သီး အတုံးလေးများ အိလာရင်

ရှာလကာရည်ထည့်ပါ။

ကျနော်ကတော့ သံပုရာအနံ့ လေး မွှေတာ ကြိုက်လို့

သံပုရာသီး တခြမ်း ညှစ်ပါတယ်ပြီးရင်

နံနံပင် ထည့်ပါ။

ဟင်း ရည် ပျစ်စေရန် ကော်မူန့်ကိုရေဖျော်ပြီးထည့်ပါ။

ပြီးရင် ငါးပေါင်းပေါ်မှာ လောင်းထည့်ပါ။

Chef 👨‍🍳 မြင့်ဦးသာ

Saturday, June 11, 2022

အာလူးပီဇာ - အဆာသွပ် ထမင်းလုံးကြော် - သီးစုံသုပ်

 မီးခိုကြပ်တိုက်ဘဲသား နှင့် ကင်ချီ အစာသွပ် ထမင်းလုံးကြော် (Fried Rice Ball Stuffed with Smoked Duck & Kimchi )




ကျပ်တိုက်ဘဲ အရသာနဲ့ ချဉ်စပ်ကင်ချီ ကို ထမင်းလုံးထဲအစာသွပ်ပြီး တစ်ခါကိုက်လေးတွေလုံးကြော်လို့ ရသော ထမင်းလုံးကြော်လေးပါ။


ပါ၀င်ပစ္စည်းများ

အုပ်စု(က) ဘဲသားစာသွပ်

ကြပ်တိုက်ဘဲ ၈ ဇွန်း စားပွဲဇွန်း  (အသားကို နုတ်နုတ်စင်းထားပါ)

ကင်ချီ ၃ ဇွန်း စားပွဲဇွန်း (နုတ်နုတ်စင်းထားပါ)

Parmesan ချီမှုန့် ၃ ဇွန်း စားပွဲဇွန်း 

အသားမှုန့် ၁ ဇွန်း ခွဲ လက်ဖက်ဇွန်း (ကိုးရီးယား ဟင်းခတ်မှုန့်)

ငရုတ်ကောင်းမှုန့်  အနည်းငယ်


အုပ်စု (ခ) ထမင်းလုံး လုပ်ရန်

ထမင်း ၂ ခွက် (ကိုးရီးယားဆန် (သို့) ရှမ်းဆန်)

နှမ်းဆီ ၁ ဇွန်း စားပွဲဇွန်း

နှမ်းဆား ၁ ဇွန်း လက်ဖက်ဇွန်း (ကိုးရီးယား နှမ်းမှုန့်နဲ့လုပ်ထားတယ့်ဆား)

ပန်းသီးရှလကာရည် ၁ ဇွန်း စားပွဲဇွန်း


အုပ်စု(ဂ)

ပေါင်မုန့်ကြမ်းမှုန့် ၁ ခွက် (ထမင်းလုံး ကြော်ရန်၊ ဘန်းထဲ ဖြန့်ဖြူးထားပါ)

ကြက်ဥ ၂ လုံး ( ထမင်းလုံးကြော်ရန်၊ ဖန်ပုကန်လုံးထဲ ခေါက်ထားပါ)

ဆီ လိုသလောက် (ထမင်းလုံး ကြော်ရန်)

မုန်လာဥနီ ၁ လုံး အသေး (အမျှင်လေးတွေခြစ်ထားပါ၊ အလှဆင်ရန်)

Broccoli sprouts အနည်းငယ် (အလှဆင်ရန်)

Mayonnaise mix ၅ ဇွန်း (ထမင်းလုံးကြော် နဲ့တွဲစားရန်)

ပြုလုပ်နည်း

၁။ မကပ်သောဒယ်အိုး ထဲ အုပ်စု (က) မှ ချိစ် ကလွဲလို့ ပါ၀င်ပစ္စည်းများ အားလုံး ထည့်ကြော်ပါ။ ကင်ချီ နွမ်းလာပြီး အနံမွှေးလာလျှင် မီးဖိုပေါ်ကချပါ။ ချိစ်မှုန့်ဖြူးပါ။ နှံ့အောင်မွှေပေးပါ။

၂။ ဖန်ဇလုံ ထဲ ကို အုပ်စု (ခ) များ အားလုံး ထည့်နယ်ပါ။ 

၃။ မီးဖို ပေါ်မှာ ကြော်အိုးကို ဆီပူအောင်တည်ထားပါ။

၄။ နယ်ထားသော ထမင်းများ ကို လက်တစ်ဆုပ်စာ ဆီယူပြီး အလုံးလုံး ပါ။ ပြီးလျှင် အသာလေးလက်ဝါးပေါ်မှာ ဖျန့်ပြားပါ ဘဲကင်ချီကြော်ကို လက်ဖက်ဇွန်း တစ်ဇွန်းစာ လောက်တင်ပါ ပြီးလျှင် လုံးနေအောင် ပြန်လုံးပါ။ မကပ်သော ဘန်းပေါ်မှာတင်ထားပါ (သို့) ပုကန်အပြားကို ဆီအနည်းငယ် သုပ် ပေး ပါ ပြီးလျှင် ထမင်းလုံးများ တင်လဲရပါတယ်။

၅။ အားလုံး လုံးပြီးသွား လျှင် ထမင်းလုံးများကို တစ်လုံးချင်း ခေါက်ထားသော ကြက်ဥ အနှစ် ထဲနှစ်ပါ။ ပြီးလျှင် ပေါင်မုန့်ခြောက် ဘန်းပေါ်အသာလေးလှိမ့်ပေးပါ။ ထမင်းလုံးတစ်လုံး လုံး ပေါင်မုန့်ခြောက်များ ကပ်သွားလျှင် ဆီပူလျှင် ထည့်ကြော်ပါ။ 

၆။ ထမင်းလုံးအရောင်လေးများ ရွှေရောင်သန်းလာလျှင် ဆယ်ပြီး ဇကာထဲဆီစစ်ထားပါ။

၇။ ပြင်ဆင်ရန်ပုကန်ထဲ ကို ထမင်းလုံးကြော်များ တင်ပါ။ အပေါ်မှာ မယ်ယိုနစ်ရောမွှေ ဆန်းပါ။ မုန်လာဥနီ ချောင်းလေး များနဲ့ broccoli sprouts နှစ်ခုရောတင်ပါ။ ပူပူလေး စားသုံးပါ။ ဒါမှ ထမင်းလုံးအပြင်က ကြွပ်ရွတယ့်အရသာ ကိုရရှိ ပြီး အထဲမှာ ချဉ်စပ်ဆိမ့်အရသာကို သေချာ ခံစားလို့ရမှာပါ။


အမေရိကန် ရာဆယ် အာလူး ပီဇာ (US Russet potato slice Pizza )




US Russet potato ၂ လုံး ( အခွံခွာ ပြီး ၁ စင်တီမီတာအပါး အရှည်လိုက်လှီးထားပါ)

ပါစတာဆော့ ၅ ဇွန်း စားပွဲဇွန်း

ချိစ်အစုံ ၆ -၇ စားပွဲဇွန်း

သံလွင်သီး အနက် ၈ လုံး (ပါးပါး အကွင်းလှီးထားပါ)

၀ကျသားပွား (Bacon) ၂ ပြား ( နုတ်နုတ်လှီးထားပါ)

နာနတ်သီး ၁ ပြား (နုတ်နုတ်လှီးထားပါ)

ပင်စိမ်း အချို ၁ ပင် (အရွက်တွေ ချွေထားပါ)

ငရုတ်ပွနီ ၁ ခြမ်း (အစေ့ထုပ် အတုံးသေးတွေ တုံးထားပါ)

ဆား ၁ ဇွန်း လက်ဖက်ဇွန်း 


ပြုလုပ်နည်း

၁။ ဆားရည်ကို ဆူအောင်တည်ပါ။ ရေပွတ်ပွတ် ဆူလျင် အာလူးအပြားများကို ကျက်ရုံပြုတ်ပါ။ ပေါင်းအိုးဖြင့်လဲ ပေါင်းလို့ရပါတယ်။ ပြီးလျင်ရေခဲ ရေထဲ အအေးခံပါ။


၂။ အာလူးပြား အပေါ် ပါစတာဆော့ တင်ပြီး အာလူးပြား အပေါ်အနှံ့အောင်သေချာ ဖျန့်တင်ပါ။ ပြီးလျင် ၀ကျသားပွား၊ ချိစ် များများဖြူးပါ၊ သံလွင်သီး၊ နာနတ်သီး၊ ငရုတ်ပွနီ၊ ပင်စိမ်းရွက် တင်ပြီးလျင် ချိစ် ထပ်ဖြူးပါ။


၃။ အာဗင်ထဲ အပူချိန် ၂၃၀ စငျတီဂ၇ိတျပေးပွီး ၅ - ၈ မိနစ်လောက် ချိစ် များ အရည်ပျော်လာသည် အထိထည့် ကင်ပါ။ အာဗင်ထဲ မှထုပ်ပြီး အနည်းငယ်အအေးခံပြီး လိုသလို သုံးဆောင်လို့ရပါပြီး။

 #potatoes #pizza


လတ်ဆတ်လန်းဆန်းသီိးစုံ သုပ် (Fresh Goodness Fruity Salad)




အစာပြေ စားတာပဲဖြစ်စေ၊ ညစာ များများ မစားသူတွေ အတွက်လဲ သိပ်ကိုအဆင်ပြေသော အစာလဲဖြစ်ပါတယ်။ လူကြီးလူငယ် များ အားလုံးအတွက် အဆင်ပြေစေနိုင် ပြီး သတ်သတ်လွတ် စားနေသူများ အတွက် လဲ အဆင်ပြေသော အာဟာရအစားအစာ လဲဖြစ်ပါတယ်။ 


ပါ၀င်ပစ္စည်းများ

ဘလူးဘယ်ရီသီး ၁ ထုပ် (blueberries)

စတော်ဘယ်ရီ ၅ လုံး (၆ ခြမ်းခြမ်းထားပါ)

Alfalfa Sprouts ၁၂၅ ဂရမ် (၁ ထုပ်)

ထောပတ်သီး တစ်ခြမ်း (အသားများ ဇွန်းဖြင့်ကော်ထုပ်ပြီး အတုံးတုံးထားပါ)

ချယ်ရီ ခရမ်းချဉ်သီး ၁၀ လုံး ( ထက်ခြမ်းခြမ်းထားပါ)

ဂျုံကြမ်းပေါင်မုန့် ၁ ချပ် (ကင်ပြီး အတုံးလေးတွေ လှီးထားပါ)


Dressing ပါ၀င်ပစ္စည်းများ

ဆားကြမ်း ၁/၄ ပုံ လက်ဖက်ဇွန်း

Balsamic ၁ ဇွန်း ခွဲ ထမင်းစားဇွန်း

သံလွင်ဆီ ၁ ဇွန်း ထမင်းစားဇွန်း

Fresh Oregano ၂ ပင် (နုတ်နုတ်လေးတွေ စင်းထားပါ)

ငရုတ်ကောင်းနက် အနည်းငယ်


ပြုလုပ်နည်း

၁။ ရေဆေးရန်လိုသော အသီးများ အားလုံးရေဆေးပြီး လှီးရမယ့်အသီးများ လှီးထားပါ။


၂။ ဖန်ပုလင်းထဲ dressing ပါ၀င်ပစ္စည်းများ အားလုံးထည့်ပါ။ ပြီးလျှင် အဖုံးပိတ်ပြီး သေချာ ခလောက်ပေးပါ။


၃။ ထောပတ်သီး အခွံခွက်လေးကို ပြန်လည် အလှဆင် သုံးလို့ရပါတယ်။ ထောပတ်သီး အခွံလေးထဲ တစ်ခါစာ လေးသီးစုံလုပ်ရန် ပါ၀င် ပစ္စည်းများ အားလုံး ထည့်ပြီး အပေါ်မှနေ အသင့် စပ်ထားသော dressing ကိုယ်လိုသလောက် လောင်းထည့်ပြီး ချက်ချင်းစားသုံးပါ။


*မှတ်ချက် - တစ်ခါတစ်လေ ဘယ်ရီးသီးများ ၀ယ်မရတာမျိုးရှိလျှင် ကိုယ်ကြိုက်နှစ်သက်ရာ အသီးနှင့် အစားထိုး အသုံးပြုလို့ရပါတယ်။ dressing ပိုလျှင် ပုလင်းထဲ ဒီအတိုင်းရေခဲသေတ္တာထဲ မှာသိမ်းထားလို့ရပါတယ်။

 #fruits #fruitsalad

ချက်ပြုတ်ပြသူ - Syi Lwin Foods Garden 

Friday, April 8, 2022

စားချင်တာချက် ချက်ချင်တာစား

တောချက်မုန့်ဟင်းခါး  




ပါဝင်ပစ္စည်းများ (၄ယောက်စာ)

 

မုန့်ဖတ်  ၂၀ ကျပ်သား

ငါးရံ့  ၂ ကောင်

ပြုတ်ထားသော ဘဲဥ  ၄ လုံး

သန့်စင်ထားသော ငှက်ပျောအူ  အနည်းငယ်

ကြက်သွန်ဖြူ  ၄ လုံး

ငြုပ်ကောင်းစေ့  ထမင်းစားဇွန်း ၂ ဇွန်း

စပါးလင်  ၂ ချောင်း

ဆန်လှော်မှုန့်  ထမင်းစားဇွန်း ၁ ဇွန်း

ကြက်သွန်ဥ  ၁၀ ဥခန့်

ဆား  လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်

ငါးငံပြာရည်  ထမင်းစားဇွန်း ၂ ဇွန်းခန့်

နနွင်းမှုန့်  လက်ဖက်ရည်ဇွန်း ၁ ဝက်ခန့်

ထောင်းထားသော ထန်းလျက်  ၁ လုံးခန့်

ရေ  ၃ လီတာခန့်

ဆီ  အနည်းငယ်

 

ပြင်ဆင်ချက်ပြုတ်ပုံ

 

- မုန့်ဟင်းခါးချက်မည့် အိုးထဲတွင် သန့်စင်ထားသော ငါး၊ နနွင်းမှုန့်၊ ငါးငံပြာရည်၊ ဆား၊ ထုထားသော စပါးလင်၊ ဆီအနည်းငယ် နှင့် ရေတို့ကိုထည့်ပြီး ငါးအသားများ နူးလာသည်အထိ ပြုတ်ပေးပါ။

- ငါးအသားများ နူးလာလျှင် ဆယ်ပြီး အရိုးနွှင်ထားပေးပါ။

- ဆူနေသော ငါးပြုတ်ရည်အိုးထဲသို့ ငှက်ပျောအူကိုထည့်ပြီး နူးစပြုသည်အထိ တည်ပေးပါ။

- ပြီးလျှင် ရေအနည်းငယ်ဖြင့် ဖျော်ထားသော ဆန်လှော်မှုန့်ရည်ကိုထည့်ပြီး သေချာမွှေပေးပါ။

- အရသာအတွက် ဆား၊ ထန်းလျက်တို့ကိုထည့်ပြီး မိမိလိုသလို ဖြည့်စွက်ပါ။ အရသာမျှတပြီး ဟင်းရည်ပွက်ပွက်ဆူလာလျှင် ပြုတ်ထားသော ဘဲဥများ၊ ကြက်သွန်ဥများကို ထည့်ကာ ဟင်းရည် ချိုမွှေးပြီး အနည်းငယ်ပိုကျလာသည် အထိ ဆက်တည်ပေးထားပါ။

- ပြီးလျှင် ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူနှင့်ငြုပ်ကောင်းများကို ခပ်ပြီး ၅မိနစ်ခန့် ဆက်တည်ပြီးနောက်တွင် အချိန်တိုအတွင်း ပြုလုပ်နိုင်ပြီး ငြုပ်ကောင်းရနံ့လေး သင်းနေသော တောချက်မုန့်ဟင်းခါးကို မုန့်ဖတ်၊ ညှပ်ဖတ်၊ နံနံပင်၊ ပဲသီး၊ ငြုပ်သီးမှုန့်၊ အကြော်မျိုးစုံ တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။


ချက်ပြုတ်ပြသူ - နှင်းနန္ဒာေ၀ (Nandar’s Kitchen)


သာခွေယိုင် (ထမင်းပေါင်းအိုးဖြင့်ချက်တဲ့နည်း)




သာခွေယိုင်ကို မွှေရတာလက်မညောင်းအောင်လို့ထမင်းပေါင်းအိုးဖြင့်ချက်တဲ့နည်းပါ။ တကယ့်နည်းကတော့ မီးဖိုပေါ်မှာတင်မွှေရတာ လက်ညောင်းလို့ဒီနည်းလေးကိုသုံးထားတာပါ။ အားလုံးလဲ အဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ

၁။ ကောက်ညှင်းငချိတ် - ထမင်းပေါင်းအိုးမှာပါတဲ့ခွက်ဖြင့် ၂ ခွက် (သို့) နို့ဆီဘူးဖြင့် ၁ ခွက်ခွဲ

၂။ ဆား - လက်ဖက်ရည်ဇွန်းလေးပုံတပုံ

၃။ သကြားအညို - ထမင်းစားဇွန်း ၁၀ ဇွန်း (အညိုမရှိလျှင် အဖြူကိုထည့်လဲရပါတယ်။)

၄။ အုန်းနို့- ၄၀၀ ml

၅။ သကြား - ထမင်းစားဇွန်း ၄ဇွန်း

( ထမင်းစားဇွန်း = 1 tablespoon = 15 ml)

(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)


ပြုလုပ်နည်း

၁။ ကောက်ညှင်းကိုရေဆေးပြီး မချက်ခင် ၈ နာရီအလိုကတည်းက ထမင်းပေါင်းအိုးထဲကိုထည့် ရေကို ရေအမှတ် ၅ မှာထည့်၊ (ရေအမှတ်မရှိလျှင် နဂိုထည့်နေတဲ့ရေရဲ့ ၂ ဆခွဲပိုထည့်ရပါတယ်။ နဂိုရေကို ဆန်ရဲ့လက်၁ဆစ်အထက်ထည့်ရင် လက်၂ ဆစ်ခွဲအထိရေထည့်ပါ။) ဆား၊ သကြားအညို ထမင်းစားဇွန်း ၁၀ ဇွန်းတို့ကိုထည့်ရျ် သမအောင်မွှေပြီး ၈နာရီလောက်ထားပါ။ (ဒီနိုင်ငံမှာ စားရတဲ့ သာခွေယိုင်က ပိုမွှေးပါတယ်။ အဲ့လိုမွှေးချင်ရင်တော့ ဆွမ်းမွှေးရွက် တရွက် (သို့) ဆွမ်းမွှေးအနံ့အရည် လက်ဖက်ရည်ဇွန်း လေးပုံတပုံကို ချက်မည့်အထဲ ထည့်ပါ။)

၂။ ပြီးမှ ထမင်းပေါင်းအိုးခလုပ်ကိုနှိပ်ရျ် ချက်ပါ။ (အိစံကတော့ မနက်ချက်မည်ဆိုလျှင် ညကတည်းက ထမင်းပေါင်းအိုးထဲထည့်ထားပြီး မနက်မှ ခလုပ်နှိပ်ပြီးချက်လိုက်တာပါ။)

၃။ ကျက်လျှင် မီးခလုပ်ကိုချက်ချင်းပိတ်ထားလိုက်ပြီးနှပ်ထားပါ။

၄။ အုန်းနို့ကိုမီးဖိုပေါ်တင်ရျ် သကြား ထမင်းစားဇွန်း ၄ ဇွန်းထည့်ပြီး သကြားများအရည်ပျော်သွားသည်အထိတည်ထားပါ။ 

၅။ စားခါနီးမှ ချက်ထားသော ကောက်ညှင်းငချိတ်လေးကို ပန်းကန်ထဲထည့်၊ အပေါ်က အုန်းနို့လေးဆမ်းရျ်သုံးဆောင်နိုင်ပါပြီရှင်။

ချက်ပြုတ်ပြသူ - Ei San 


ကြက်သား ဒန်ပေါက် အလွယ်ချက်နည်း..



မမီးက ဘာစမာတီ ချက်နည်းကို သူများဆီက လေ့လာပီး လုပ်ကြည့်တာ..ရေလုံးဝ မဆေးဘူး..။ နောက်ပိုင်း စာတွေ ဖတ်ကြည့် တော့..U.S က ဆန်တွေကို ရေမဆေးလည်း ချက်နိုင်ပါတယ်တဲ့.. တခြားတိုင်းပြည်ကတင်သွင်းတဲ့ ဆန်တွေကိုတော့ ရေ ဆေး ရမယ်တဲ့..။

အိုးအပြည့် ဘယ်တော့မှ မချက်ပါနဲ့..။ မမီး ၅ ခွက် အိုးမှာ ၂ခွက်ဘဲ ချက်တယ်..အဲဒီ ထက်ပိုလိုက်တာနဲ အိုးကျပ်ပီး ထမင်းမလှ..။

မမီးတို့ စိတ်ကြိုက် မဆလာနံ့ သိတ်မများဘဲ..ထောပတ် အနည်းငယ်နဲ့ ချက်ထားတဲ့ အလွယ် ချက်လေးပါ..။ စားလို့ အရမ်းကောင်းပါတယ်..။

မမီး အရောင် အတွက် ကုကမံကို မသုံးဘဲ အလွယ်တကူ ရနိုင်တဲ့ အစာ ဆိုးဆေးတွေကို သုံးထားပါတယ်.. US မှာ နေသူတွေကတော့ ကိတ်မုန့် ပစ္စည်းတွေ ရောင်းတဲ့ အတန်းမှာ အလွယ်တကူ ရှာတွေ့နိုင်ပါတယ်..မြန်မာ မှာ နေသူများကတော့ သိမ်ကြီးဈေးနဲ့ ကိတ်မုန့် ပစ္စည်းရောင်းတဲ့ ဆိုင်တွေ..ပရဆေး ဆိုင်တွေမှာ ၇နိုင်မယ် လို့ ထင်ပါတယ်..။ သူငယ်ချင်းလေး တယောက် အကြံပေးဘူးတယ်.. ပဲငံပြာရည် အပျစ်အနည်းငယ်ထမင်းပေါ်မှာ ထည့်ပေးရင် အရောင်ပိုလှပါတယ်တဲ့...။


ကြက်သားဟင်း

1. ကြက်ပေါင် ................. ၂ ချောင်း

2. ကြက်သွန်ဖြူ ...............၂ မွှာ

3. ချင်း ပါးပါး ..................၁ ပြား

4. ကြက်သွန်နီ................ အရွယ် လတ် ၁ လုံး

5. ဆီ ..............................၂ စားပွဲဇွန်း

6. ငြုတ်သီးမှုန့်.................. ၁/၄ လက်ဘက်ရည်ဇွန်း ( အရောင်တင်မှုန့်)

7. ဒိန်ချဉ်........................... ၂ စားပွဲဇွန်း

8. ကြက်သွန်နီကြော် ........... ၃ စားပွဲဇွန်း

9. ဒန်ပေါက် မဆလာ........... ၁ စားပွဲဇွန်း


ချက်နည်း

1. ကြက်သားကို သန့်စင်အောင်ဆေး၊ ဆား ၊ဒန်ပေါက်မဆလာ၊ ဒိန်ချဉ် တို့ဖြင့် နယ်ပေးပီး ၁ နာရီခန့် နှပ်ထားပေးပါ။

2. ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ၊ ချင်းတို့ကို ညက်အောင်ထောင်းပါ၊

3. အိုးတခုထဲမှာ ဆီ အနည်းငယ် ထည့်ပီး ထောင်းထားတဲ့ ကြက်သွန်ဖြူ/နီ၊ချင်း တို့ကို ဆီသတ်ပါ။

4. ကြက်သွန်နီသွေ့စပြုပီး မွှေးလာတဲ့အခါ အသင့် နှပ်ထားတဲ့ ကြက်သားများကို ထည့်ပြီး လှိမ့်ပါ၊ အသားတင်းလာတဲ့ အခါ ကြက်သွန်နီကြော် ထည့်မွှေပါ၊ ဒိန်ချဉ်က ထွက်လာတဲ့ ရေနဲ့ ကြက်သား နူးလာတဲ့ အထိ မီးအေးအေး နဲ့ ချက်ထားပါ၊ လိုအပ်ရင် ရေပူ အနည်းငယ်ထည့်ပေးပါ၊


ဒန်ပေါက်ထမင်း

1. ဘက်စမာတီဆန်.............. ၂ ခွက် ( rice cooker cup)

2. ထောပတ်(Ghee) .............၁ လက်ဘက်ရည်ဇွန်း

3. သစ်ကြပိုးခေါက် ................ ၁ လက္မ အရွယ်

4. ကရဝေးရွက်....................... ၁ ရွက်

5. ကြက်သွန်နီကြော် ..................၁/၂ ခွက် (rice cooker cup)

6. အဝါရောင်............................. ၂-၃ စက်

7. လိမ္မော်ရောင် .......................... ၁-၂ စက်

8. ဆား ..................................၁/၂ လက်ဘက်ရည်ဇွန်း

9. သကြား ..............................၁ လက်ဘက်ရည်ဇွန်း

ချက်နည်း

1. ထမင်းပေါင်းအိုးတစ်လုံးထဲမှာ ထောပတ်(Ghee) ထည့်ပါ၊ သစ်ကြပိုးခေါက်နဲ့ ကရဝေးရွက်ထည့်ပါ၊ ပူလာတဲ့ အခါ တချက် နှစ်ချက် မွှေပေးပါ၊ ဆန်ကို အခြောက် အတိုင်းထည့်ပါ၊ အဝါရောင် ၂-၃စက်ထည့်မွှေပေးပီရင် ဘက်စမာတီ ဆန် ၂ ခွက် အတွက် ရေ ၃ခွက် ထည့်ပီးချက်ပါ၊

2. ထမင်းကျက်တဲ့ အခါ တဝက် ကို ဖွဖွလေး ထမင်းမကြေအောင် ခပ်ထုတ်ပြီး ကြက်သွန်နီကြော် ဖြန့်ထည့်ပါ၊ ချက်ထားတဲ့ ကြက်သားနဲ့ အနှစ်များထည့်ပါ၊ အပေါ်မှ ဖယ်ထားတဲ့ ထမင်းပြန်အုပ်ပီး ၊ ရေ ၁ စားပွဲတင်ဇွန်း နဲ့ အသင့်စပ်ထားတဲ့ လိမ္မော်ရောင် ကို နေရာကျဲကျဲ ဖြန့်ထည့်ပါတယ်၊ အဖုံးပိတ်ပီး စားခါနီး အထိနှပ်ထားပါတယ်၊

3. ထမင်းခပ်တဲ့အခါ အရောင် သမသွားအောင် အနည်းငယ် ဖွပေးလိုက်ပီး၊ အိမ်ချက် ဒန်ပေါက်လေး သုံးဆောင်နိုင်ပါပြီ။

ချက်ပြုတ်ပြသူ - Meemetofu 


စပိန်ထမင်းကြော်နည်း (Spanish Style Fried Rice)

.........................




 စပိန်ထမင်းကြော်လို့ဆိုပေမဲ့ ရောချက်တဲ့နည်းနဲ

့ကြော်တဲ့ပုံစံနှစ်မျိုး ပြုလုပ်နိုင်ပါတယ်။ အခုတော့အလွယ်တကူကြော်တဲ့ပုံစံ ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ စားနေကြ ထမင်း ကြော်နဲ့ အရသာကွဲပြားပြီး ထမင်းကြော်နှစ်သက်သူများအတွက် အကြိုက်တွေ့ စေမဲ့ရောင်စုံစပိန်ထမင်းကြော်ပဲဖြစ်ပါတယ်။ ကြော်စားကြည့်ရအောင်နော်။


ပါဝင်ပစ္စည်း  ၅ ပွဲစာ

- ထမင်းဖြူ  - ၅ပွဲ

- ကြက်သွန်နီ  -  တစ်လုံး 

- ကြက်သွန်ဖြူ  -  ၃မြောင်း

- ကြက်အူချောင်း  -  ၂ချောင်း

- ကြက်သား/ပုစွန်  -  ၂၀ဝ ဂရမ်

- ငရုတ်ပွစိမ်း/နီ/ဝါ  -  တစ်လုံးခွဲ (တစ်ခြမ်းဆီ)

- ခရမ်းချဉ်သီးအနှစ် -  ၃၀ဝ ဂရမ်

- ဆား  -  စားပွဲဇွန်း တစ်ဇွန်း 

- သကြား  -  တစ်ဇွန်း

- သံလွင်ဆီ  -  ၅ဇွန်း

- ငရုတ်ကောင်း  -  အနည်းငယ် 

- Paprika (အရောင်တင်) -  တစ်ဇွန်း

- Oregano    -  တစ်ဇွန်း (optional)

 (ဟင်းခတ်အမွှေးအကြိုင်)

- ကြက်သွန်မြိတ်  -  ၃ပင်

- သံပရိုသီး  -  တစ်လုံး


ပြုလုပ်နည်းအဆင့်ဆင့်

၁။ ဦးစွာကြော်မည့် ထမင်းဖြူကို အအေးခံထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ သေးသေးစိတ်ထားပါ။ ငရုတ်ပွ အရောင်သုံးမျိုးကို အရွယ်တူအတုံးစိတ်ထားပါ။ကြက်အူချောင်းနှင့် အသုံးပြုမည့် အသားပင်လယ်စာကို အသင့်ပြုလုပ်ထားပါ။

၂။ ခရမ်းချဉ်သီးအနှစ်ကို အသင့်သုံးသံဘူးများအသုံးပြုနိုင်ပြီး မရှိပါက ခရမ်းချဉ်သီး ၅ လုံးခန့်ကို ရေနွေးဖျော အစေ့ထုတ်အခွံခွာပြီးသေးသေးစိတ်ကာချက်ထားပါ။

၃။ အားလုံးအသင့်ဖြစ်ပါက ကြော်မည့်အိုးကို အပူပေးပြီး သံလွင်ဆီထည့်ပါ။

၄။ ကြက်သွန်နီကြက်သွန်ဖြူဆီသပ်ကာကြက်အူချောင်းအသားထည့်ကြော်ပါ။

၅။ အရောင်ပြောင်းပါက ငရုတ်ပွစိတ်ထားသည်ကိုထည့်ပါ။ ငရုတ်ကောင်းအရောင်တင်ထည့်ပြီး သမအောင် မွှေပေးပါ။ ခရမ်းချဉ်သီးအနှစ်ထည့်ပါ။

၆။ အအေးခံထားသော ထမင်းဖြူထည့်ပါ။ ဆား၊သကြားနှင့် အော်ရီဂါးနိုးထည့်ပြီး သမအောင်မွှေကာအရသာအပေါ့အငန်မြည်းပါ။

၇။ အရသာအနေတော်ပါက ကြက်သွန်မြိတ်သေးသေး စိတ်ထားသည်ကိုထည့်ပြီး သံပရိုသီးစိတ်ဖြင့် တွဲဖက် ပြီးတည်ခင်းနိုင်ပါပြီ။

* မကြော်ဘဲ တစ်ခါတည်းရောချက်လိုပါက ဆန်ကို ရေစိမ်ထားပြီး အထက်ပါနည်းအတိုင်း ဆီသတ်ပြီး ဆန်ချ ကြော်ကာ ကြက်ပြုတ်ရည်ထည့်ပြီး ထမင်းချက်သည့် နည်းအတိုင်းချက်နိုင်ပါတယ်။

* Paprika နှင့် Oregano ကိုစူပါမားကတ်များတွင် ရနိုင်ပါတယ်။


 (Zawgyi )

ေတာခ်က္မုန႔္ဟင္းခါး  




ပါဝင္ပစၥည္းမ်ား (၄ေယာက္စာ)

 

မုန႔္ဖတ္  ၂၀ က်ပ္သား

ငါးရံ႕  ၂ ေကာင္

ျပဳတ္ထားေသာ ဘဲဥ  ၄ လုံး

သန႔္စင္ထားေသာ ငွက္ေပ်ာအူ  အနည္းငယ္

ၾကက္သြန္ျဖဴ  ၄ လုံး

ျငဳပ္ေကာင္းေစ့  ထမင္းစားဇြန္း ၂ ဇြန္း

စပါးလင္  ၂ ေခ်ာင္း

ဆန္ေလွာ္မႈန႔္  ထမင္းစားဇြန္း ၁ ဇြန္း

ၾကက္သြန္ဥ  ၁၀ ဥခန႔္

ဆား  လက္ဖက္ရည္ဇြန္း ၂ ဇြန္းခန႔္

ငါးငံျပာရည္  ထမင္းစားဇြန္း ၂ ဇြန္းခန႔္

နႏြင္းမႈန႔္  လက္ဖက္ရည္ဇြန္း ၁ ဝက္ခန႔္

ေထာင္းထားေသာ ထန္းလ်က္  ၁ လုံးခန႔္

ေရ  ၃ လီတာခန႔္

ဆီ  အနည္းငယ္

 

ျပင္ဆင္ခ်က္ျပဳတ္ပုံ

 

- မုန႔္ဟင္းခါးခ်က္မည့္ အိုးထဲတြင္ သန႔္စင္ထားေသာ ငါး၊ နႏြင္းမႈန႔္၊ ငါးငံျပာရည္၊ ဆား၊ ထုထားေသာ စပါးလင္၊ ဆီအနည္းငယ္ ႏွင့္ ေရတို႔ကိုထည့္ၿပီး ငါးအသားမ်ား ႏူးလာသည္အထိ ျပဳတ္ေပးပါ။

- ငါးအသားမ်ား ႏူးလာလွ်င္ ဆယ္ၿပီး အရိုးႏႊင္ထားေပးပါ။

- ဆူေနေသာ ငါးျပဳတ္ရည္အိုးထဲသို႔ ငွက္ေပ်ာအူကိုထည့္ၿပီး ႏူးစျပဳသည္အထိ တည္ေပးပါ။

- ၿပီးလွ်င္ ေရအနည္းငယ္ျဖင့္ ေဖ်ာ္ထားေသာ ဆန္ေလွာ္မႈန႔္ရည္ကိုထည့္ၿပီး ေသခ်ာေမႊေပးပါ။

- အရသာအတြက္ ဆား၊ ထန္းလ်က္တို႔ကိုထည့္ၿပီး မိမိလိုသလို ျဖည့္စြက္ပါ။ အရသာမွ်တၿပီး ဟင္းရည္ပြက္ပြက္ဆူလာလွ်င္ ျပဳတ္ထားေသာ ဘဲဥမ်ား၊ ၾကက္သြန္ဥမ်ားကို ထည့္ကာ ဟင္းရည္ ခ်ိဳေမႊးၿပီး အနည္းငယ္ပိုက်လာသည္ အထိ ဆက္တည္ေပးထားပါ။

- ၿပီးလွ်င္ ညက္ေနေအာင္ ေထာင္းထားေသာ ၾကက္သြန္ျဖဴႏွင့္ျငဳပ္ေကာင္းမ်ားကို ခပ္ၿပီး ၅မိနစ္ခန႔္ ဆက္တည္ၿပီးေနာက္တြင္ အခ်ိန္တိုအတြင္း ျပဳလုပ္နိုင္ၿပီး ျငဳပ္ေကာင္းရနံ႕ေလး သင္းေနေသာ ေတာခ်က္မုန႔္ဟင္းခါးကို မုန႔္ဖတ္၊ ညွပ္ဖတ္၊ နံနံပင္၊ ပဲသီး၊ ျငဳပ္သီးမႈန႔္၊ အေၾကာ္မ်ိဳးစုံ တို႔ျဖင့္ တြဲဖက္သုံးေဆာင္နိုင္ပါၿပီ။


ခ်က္ျပဳတ္ျပသူ - ႏွင္းနႏၵာေ၀ (Nandar’s Kitchen)


သာေခြယိုုင္ (ထမင္းေပါင္းအိုုးျဖင့္ခ်က္တဲ့နည္း)




သာေခြယိုုင္ကိုု ေမြွရတာလက္မေညာင္းေအာင္လိုု ့ထမင္းေပါင္းအိုုးျဖင့္ခ်က္တဲ့နည္းပါ။ တကယ့္နည္းကေတာ့ မီးဖိုုေပၚမွာတင္ေမြွရတာ လက္ေညာင္းလိုု ့ဒီနည္းေလးကိုုသုုံးထားတာပါ။ အားလုုံးလဲ အဆင္ေျပလိမ့္မယ္လိုု ့ထင္ပါတယ္။ လုုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ေသာပစၥည္းမ်ား

၁။ ေကာက္ညွင္းငခ်ိတ္ - ထမင္းေပါင္းအိုုးမွာပါတဲ့ခြက္ျဖင့္ ၂ ခြက္ (သိုု ့) ႏိုု ့ဆီဘူးျဖင့္ ၁ ခြက္ခြဲ

၂။ ဆား - လက္ဖက္ရည္ဇြန္းေလးပုုံတပုုံ

၃။ သၾကားအညိုု - ထမင္းစားဇြန္း ၁၀ ဇြန္း (အညိဳမရွိလွ်င္ အျဖဴကိုုထည့္လဲရပါတယ္။)

၄။ အုုန္းႏိုု ့- ၄၀၀ ml

၅။ သၾကား - ထမင္းစားဇြန္း ၄ဇြန္း

( ထမင္းစားဇြန္း = 1 tablespoon = 15 ml)

(လက္ဖက္ရည္ဇြန္း = 1 teaspoon = 5 ml)


ျပဳလုုပ္နည္း

၁။ ေကာက္ညွင္းကိုုေရေဆးျပီး မခ်က္ခင္ ၈ နာရီအလိုုကတည္းက ထမင္းေပါင္းအိုုးထဲကိုုထည့္ ေရကိုု ေရအမွတ္ ၅ မွာထည့္၊ (ေရအမွတ္မရွိလွ်င္ နဂိုုထည့္ေနတဲ့ေရရဲ ့ ၂ ဆခြဲပိုုထည့္ရပါတယ္။ နဂိုုေရကိုု ဆန္ရဲ ့လက္၁ဆစ္အထက္ထည့္ရင္ လက္၂ ဆစ္ခြဲအထိေရထည့္ပါ။) ဆား၊ သၾကားအညိုု ထမင္းစားဇြန္း ၁၀ ဇြန္းတိုု ့ကိုုထည့္ရ်္ သမေအာင္ေမြွျပီး ၈နာရီေလာက္ထားပါ။ (ဒီႏိုုင္ငံမွာ စားရတဲ့ သာေခြယိုုင္က ပိုုေမြွးပါတယ္။ အဲ့လိုုေမြွးခ်င္ရင္ေတာ့ ဆြမ္းေမြွးရြက္ တရြက္ (သိုု ့) ဆြမ္းေမြွးအနံ ့အရည္ လက္ဖက္ရည္ဇြန္း ေလးပုုံတပုုံကိုု ခ်က္မည့္အထဲ ထည့္ပါ။)

၂။ ျပီးမွ ထမင္းေပါင္းအိုုးခလုုပ္ကိုုႏွိပ္ရ်္ ခ်က္ပါ။ (အိစံကေတာ့ မနက္ခ်က္မည္ဆိုုလွ်င္ ညကတည္းက ထမင္းေပါင္းအိုုးထဲထည့္ထားျပီး မနက္မွ ခလုုပ္ႏွိပ္ျပီးခ်က္လိုုက္တာပါ။)

၃။ က်က္လွ်င္ မီးခလုုပ္ကိုုခ်က္ခ်င္းပိတ္ထားလိုုက္ျပီးႏွပ္ထားပါ။

၄။ အုုန္းႏိုု္ ့ကိုုမီးဖိုုေပၚတင္ရ်္ သၾကား ထမင္းစားဇြန္း ၄ ဇြန္းထည့္ျပီး သၾကားမ်ားအရည္ေပ်ာ္သြားသည္အထိတည္ထားပါ။ 

၅။ စားခါနီးမွ ခ်က္ထားေသာ ေကာက္ညွင္းငခ်ိတ္ေလးကို ပန္းကန္ထဲထည့္၊ အေပၚက အုုန္းႏိုု ့ေလးဆမ္းရ်္သုုံးေဆာင္ႏိုုင္ပါျပီရွင္။

ခ်က္ျပဳတ္ျပသူ - Ei San 


ၾကက္သား ဒန္ေပါက္ အလြယ္ခ်က္နည္း..




မမီးက ဘာစမာတီ ခ်က္နည္းကို သူမ်ားဆီက ေလ့လာပီး လုပ္ၾကည့္တာ..ေရလုံးဝ မေဆးဘူး..။ ေနာက္ပိုင္း စာေတြ ဖတ္ၾကည့္ ေတာ့..U.S က ဆန္ေတြကို ေရမေဆးလည္း ခ်က္နိုင္ပါတယ္တဲ့.. တျခားတိုင္းျပည္ကတင္သြင္းတဲ့ ဆန္ေတြကိုေတာ့ ေရ ေဆး ရမယ္တဲ့..။

အိုးအျပည့္ ဘယ္ေတာ့မွ မခ်က္ပါနဲ႔..။ မမီး ၅ ခြက္ အိုးမွာ ၂ခြက္ဘဲ ခ်က္တယ္..အဲဒီ ထက္ပိုလိုက္တာနဲ အိုးက်ပ္ပီး ထမင္းမလွ..။

မမီးတို့ စိတ္ႀကိဳက္ မဆလာနံ့ သိတ္မမ်ားဘဲ..ေထာပတ္ အနည္းငယ္နဲ႔ ခ်က္ထားတဲ့ အလြယ္ ခ်က္ေလးပါ..။ စားလို့ အရမ္းေကာင္းပါတယ္..။

မမီး အေရာင္ အတြက္ ကုကမံကို မသုံးဘဲ အလြယ္တကူ ရနိုင္တဲ့ အစာ ဆိုးေဆးေတြကို သုံးထားပါတယ္.. US မွာ ေနသူေတြကေတာ့ ကိတ္မုန႔္ ပစၥည္းေတြ ေရာင္းတဲ့ အတန္းမွာ အလြယ္တကူ ရွာေတြ႕နိုင္ပါတယ္..ျမန္မာ မွာ ေနသူမ်ားကေတာ့ သိမ္ႀကီးေစ်းနဲ႔ ကိတ္မုန႔္ ပစၥည္းေရာင္းတဲ့ ဆိုင္ေတြ..ပရေဆး ဆိုင္ေတြမွာ ၇နိုင္မယ္ လို့ ထင္ပါတယ္..။ သူငယ္ခ်င္းေလး တေယာက္ အႀကံေပးဘူးတယ္.. ပဲငံျပာရည္ အပ်စ္အနည္းငယ္ထမင္းေပၚမွာ ထည့္ေပးရင္ အေရာင္ပိုလွပါတယ္တဲ့...။


ၾကက္သားဟင္း

1. ၾကက္ေပါင္ ................. ၂ ေခ်ာင္း

2. ၾကက္သြန္ျဖဴ ...............၂ မႊာ

3. ခ်င္း ပါးပါး ..................၁ ျပား

4. ၾကက္သြန္နီ................ အရြယ္ လတ္ ၁ လုံး

5. ဆီ ..............................၂ စားပြဲဇြန္း

6. ျငဳတ္သီးမွုန႔္.................. ၁/၄ လက္ဘက္ရည္ဇြန္း ( အေရာင္တင္မွုန႔္)

7. ဒိန္ခ်ဥ္........................... ၂ စားပြဲဇြန္း

8. ၾကက္သြန္နီေၾကာ္ ........... ၃ စားပြဲဇြန္း

9. ဒန္ေပါက္ မဆလာ........... ၁ စားပြဲဇြန္း


ခ်က္နည္း

1. ၾကက္သားကို သန႔္စင္ေအာင္ေဆး၊ ဆား ၊ဒန္ေပါက္မဆလာ၊ ဒိန္ခ်ဥ္ တို့ျဖင့္ နယ္ေပးပီး ၁ နာရီခန႔္ ႏွပ္ထားေပးပါ။

2. ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ ၊ ခ်င္းတို့ကို ညက္ေအာင္ေထာင္းပါ၊

3. အိုးတခုထဲမွာ ဆီ အနည္းငယ္ ထည့္ပီး ေထာင္းထားတဲ့ ၾကက္သြန္ျဖဴ/နီ၊ခ်င္း တို့ကို ဆီသတ္ပါ။

4. ၾကက္သြန္နီေသြ႕စျပဳပီး ေမႊးလာတဲ့အခါ အသင့္ ႏွပ္ထားတဲ့ ၾကက္သားမ်ားကို ထည့္ၿပီး လွိမ့္ပါ၊ အသားတင္းလာတဲ့ အခါ ၾကက္သြန္နီေၾကာ္ ထည့္ေမႊပါ၊ ဒိန္ခ်ဥ္က ထြက္လာတဲ့ ေရနဲ႔ ၾကက္သား ႏူးလာတဲ့ အထိ မီးေအးေအး နဲ႔ ခ်က္ထားပါ၊ လိုအပ္ရင္ ေရပူ အနည္းငယ္ထည့္ေပးပါ၊


ဒန္ေပါက္ထမင္း

1. ဘက္စမာတီဆန္.............. ၂ ခြက္ ( rice cooker cup)

2. ေထာပတ္(Ghee) .............၁ လက္ဘက္ရည္ဇြန္း

3. သစ္ၾကပိုးေခါက္ ................ ၁ လကၼ အရြယ္

4. ကရေဝးရြက္....................... ၁ ရြက္

5. ၾကက္သြန္နီေၾကာ္ ..................၁/၂ ခြက္ (rice cooker cup)

6. အဝါေရာင္............................. ၂-၃ စက္

7. လိေမၼာ္ေရာင္ .......................... ၁-၂ စက္

8. ဆား ..................................၁/၂ လက္ဘက္ရည္ဇြန္း

9. သၾကား ..............................၁ လက္ဘက္ရည္ဇြန္း

ခ်က္နည္း

1. ထမင္းေပါင္းအိုးတစ္လုံးထဲမွာ ေထာပတ္(Ghee) ထည့္ပါ၊ သစ္ၾကပိုးေခါက္နဲ႔ ကရေဝးရြက္ထည့္ပါ၊ ပူလာတဲ့ အခါ တခ်က္ ႏွစ္ခ်က္ ေမႊေပးပါ၊ ဆန္ကို အေျခာက္ အတိုင္းထည့္ပါ၊ အဝါေရာင္ ၂-၃စက္ထည့္ေမႊေပးပီရင္ ဘက္စမာတီ ဆန္ ၂ ခြက္ အတြက္ ေရ ၃ခြက္ ထည့္ပီးခ်က္ပါ၊

2. ထမင္းက်က္တဲ့ အခါ တဝက္ ကို ဖြဖြေလး ထမင္းမေၾကေအာင္ ခပ္ထုတ္ျပီး ၾကက္သြန္နီေၾကာ္ ျဖန႔္ထည့္ပါ၊ ခ်က္ထားတဲ့ ၾကက္သားနဲ႔ အႏွစ္မ်ားထည့္ပါ၊ အေပၚမွ ဖယ္ထားတဲ့ ထမင္းျပန္အုပ္ပီး ၊ ေရ ၁ စားပြဲတင္ဇြန္း နဲ႔ အသင့္စပ္ထားတဲ့ လိေမၼာ္ေရာင္ ကို ေနရာက်ဲက်ဲ ျဖန႔္ထည့္ပါတယ္၊ အဖုံးပိတ္ပီး စားခါနီး အထိႏွပ္ထားပါတယ္၊

3. ထမင္းခပ္တဲ့အခါ အေရာင္ သမသြားေအာင္ အနည္းငယ္ ဖြေပးလိုက္ပီး၊ အိမ္ခ်က္ ဒန္ေပါက္ေလး သုံးေဆာင္နိုင္ပါျပီ။

ခ်က္ျပဳတ္ျပသူ - Meemetofu 


စပိန္ထမင္းေၾကာ္နည္း (Spanish Style Fried Rice)

.........................




 စပိန္ထမင္းေၾကာ္လို႔ဆိုေပမဲ့ ေရာခ်က္တဲ့နည္းနဲ

့ေၾကာ္တဲ့ပုံစံႏွစ္မ်ိဳး ျပဳလုပ္နိုင္ပါတယ္။ အခုေတာ့အလြယ္တကူေၾကာ္တဲ့ပုံစံ ျပဳလုပ္ထားျခင္းျဖစ္ပါတယ္။ စားေနၾက ထမင္း ေၾကာ္နဲ႕ အရသာကြဲျပားၿပီး ထမင္းေၾကာ္ႏွစ္သက္သူမ်ားအတြက္ အႀကိဳက္ေတြ႕ ေစမဲ့ေရာင္စုံစပိန္ထမင္းေၾကာ္ပဲျဖစ္ပါတယ္။ ေၾကာ္စားၾကည့္ရေအာင္ေနာ္။


ပါဝင္ပစၥည္း  ၅ ပြဲစာ

- ထမင္းျဖဴ  - ၅ပြဲ

- ၾကက္သြန္နီ  -  တစ္လုံး 

- ၾကက္သြန္ျဖဴ  -  ၃ေျမာင္း

- ၾကက္အူေခ်ာင္း  -  ၂ေခ်ာင္း

- ၾကက္သား/ပုစြန္  -  ၂၀ဝ ဂရမ္

- င႐ုတ္ပြစိမ္း/နီ/ဝါ  -  တစ္လုံးခြဲ (တစ္ျခမ္းဆီ)

- ခရမ္းခ်ဥ္သီးအႏွစ္ -  ၃၀ဝ ဂရမ္

- ဆား  -  စားပြဲဇြန္း တစ္ဇြန္း 

- သၾကား  -  တစ္ဇြန္း

- သံလြင္ဆီ  -  ၅ဇြန္း

- င႐ုတ္ေကာင္း  -  အနည္းငယ္ 

- Paprika (အေရာင္တင္) -  တစ္ဇြန္း

- Oregano    -  တစ္ဇြန္း (optional)

 (ဟင္းခတ္အေမႊးအႀကိဳင္)

- ၾကက္သြန္ၿမိတ္  -  ၃ပင္

- သံပရိုသီး  -  တစ္လုံး


ျပဳလုပ္နည္းအဆင့္ဆင့္

၁။ ဦးစြာေၾကာ္မည့္ ထမင္းျဖဴကို အေအးခံထားပါ။ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ ေသးေသးစိတ္ထားပါ။ င႐ုတ္ပြ အေရာင္သုံးမ်ိဳးကို အ႐ြယ္တူအတုံးစိတ္ထားပါ။ၾကက္အူေခ်ာင္းႏွင့္ အသုံးျပဳမည့္ အသားပင္လယ္စာကို အသင့္ျပဳလုပ္ထားပါ။

၂။ ခရမ္းခ်ဥ္သီးအႏွစ္ကို အသင့္သုံးသံဘူးမ်ားအသုံးျပဳနိုင္ၿပီး မရွိပါက ခရမ္းခ်ဥ္သီး ၅ လုံးခန့္ကို ေရႏြေးေဖ်ာ အေစ့ထုတ္အခြံခြာၿပီးေသးေသးစိတ္ကာခ်က္ထားပါ။

၃။ အားလုံးအသင့္ျဖစ္ပါက ေၾကာ္မည့္အိုးကို အပူေပးၿပီး သံလြင္ဆီထည့္ပါ။

၄။ ၾကက္သြန္နီၾကက္သြန္ျဖဴဆီသပ္ကာၾကက္အူေခ်ာင္းအသားထည့္ေၾကာ္ပါ။

၅။ အေရာင္ေျပာင္းပါက င႐ုတ္ပြစိတ္ထားသည္ကိုထည့္ပါ။ င႐ုတ္ေကာင္းအေရာင္တင္ထည့္ၿပီး သမေအာင္ ေမႊေပးပါ။ ခရမ္းခ်ဥ္သီးအႏွစ္ထည့္ပါ။

၆။ အေအးခံထားေသာ ထမင္းျဖဴထည့္ပါ။ ဆား၊သၾကားႏွင့္ ေအာ္ရီဂါးနိုးထည့္ၿပီး သမေအာင္ေမႊကာအရသာအေပါ့အငန္ျမည္းပါ။

၇။ အရသာအေနေတာ္ပါက ၾကက္သြန္ၿမိတ္ေသးေသး စိတ္ထားသည္ကိုထည့္ၿပီး သံပရိုသီးစိတ္ျဖင့္ တြဲဖက္ ၿပီးတည္ခင္းနိုင္ပါၿပီ။

* မေၾကာ္ဘဲ တစ္ခါတည္းေရာခ်က္လိုပါက ဆန္ကို ေရစိမ္ထားၿပီး အထက္ပါနည္းအတိုင္း ဆီသတ္ၿပီး ဆန္ခ် ေၾကာ္ကာ ၾကက္ျပဳတ္ရည္ထည့္ၿပီး ထမင္းခ်က္သည့္ နည္းအတိုင္းခ်က္နိုင္ပါတယ္။

* Paprika ႏွင့္ Oregano ကိုစူပါမားကတ္မ်ားတြင္ ရနိုင္ပါတယ္။

Friday, February 25, 2022

ထိုင်းဟင်းလျာအခှု့

ထိုင်း စတိုင်လ် ဆာတေးလ်ကင် 




Chicken satay..
      Gai satae....
With peanut dipping sauce and
Cucumber dipping sauce (a jab)

ကြက်ဆာတေးကင်၊မြေပဲဆော့စ်နဲ့ သခွားသီးသုပ်ကတော့ အရှေ့တောင်အာရှနိုင်ငံတွေမှာ နာမည်ကြီး Snack (popular menu)ပါပဲ။ ကြိုက်နှစ်သက်ရာ အသားနဲ့လုပ်စားလို့ရပါတယ်။

Marinade လုပ်ပုံ၊ အသားနှပ်တာနဲ့ ဆော့စ် တွေကတော့ တနေရာနဲ့ တနေရာ တူညီကြမှာမဟုတ်ပါဘူး။ ကြက်ရင်အုပ်သားကို သုံးလည်းရပါတယ်။ ဒါပေမယ့် ကြက်ရင်အုပ်အတွင်းသားကိုသုံးတာ ပိုပြီးနုအိလို့ စားကောင်းတယ်။


Chicken Inner Fillet အသားနှပ်နည်း...

Coconut milk. 160ml 2 can
အုန်းနို့ ဘူးအသေး ၂ ဗူး

Curry powder. 2 Tbsp
ကာရီ မှုန့်

Tumeric powder. 1/2Tbsp
နနွင်းမှုန့်.

Corainder powder 1 Tbsp
နံနံစေ့ အမှုန့်

Cumin powder 1 teaspoon
စမုံနက် မှုန့်

ကြက်သားမှုန့် 2 teaspoon

Plum sugar. 2 Tbsp
ထန်းညက် ပျော့

Salt 1/2 teaspoon
ဆား

(Chicken Inner Fillet 2 .5 kg
ကြက် သား ၂ ကီလို့ ခွဲ အတွက်ပါ။)

Marinade လုပ်ပြီးနောက် အချိန်
မိနစ်၃၀ သို့မဟုတ် ၁နာရီ လောက် ထားပြီး
ဝါးချောင်း မှာ ထိုးပြီး ကင်လို့ ရပါ ပြီ။

၁။ cucumber dipping sauce (a jab)
သခြားသီး သုပ် ဆော့

Cucumber sliced
သခွားသီး ပါးပါးလှီး 

White sugar 1 teaspoon
သကြား အဖြူ

Vinegar 4 Tbsp
အချဉ် ရည်

Salt
ဆား...အနည်းငယ်

Thai shallot sliced 2
ကြက်သွန်နီ ပါးပါးလှီး

Thai red chilli sliced
ငရုတ်သီးအနီ ပါးပါးလှီး အလှဆင်ရန်

Corainder lesves
နံနံရွက် အလှဆင် ရန်

ချိုချဉ်. အရသာ လေး ပါ..
.,........

၂။ peanut dipping sauce
မြေပဲ အုန်းနို့ ဆော့

Coconut milk 50g
အုန်းနို့

Tamarind paste 30g
မန်းကျည်းမှည့် အနှစ်

Brown sugar 50g
သကြားအညို

Water 1 cup
ရေ

Roasted peanut 30g
မြေပဲလှော် ထောင်းထားပြီး အမှု့န့်.. မညက်တညက်

Fish sauce 1Tbsp
ငါးငံပြာ ရည်

Salt.
ဆား

(အရသာ မြည်းပြီး မှထည့်ရန် )
ချို ချဉ် အရသာ နဲ့ မြေပဲ အနံ မွှေး...ပါတယ်။
အိုးတလုံး မီးအပူပေးပြီး ဆော့စ် ဖြစ်လာတဲ့ အထိ ကြို ပေး ရမယ်။

မှတ်ချက်.. မြေပဲလှော် ကို နောက်ဆုံးမှာ ထည့်ရ ပါမယ်..။

Kip Smile
4 November 2017
😘😍😌😇


ကင်းမွန် ဆားဘဲဥ ကြော် ...




ကြိုက် ကြမယ် လို့ ထင်ပါတယ်နော် ..။


Stir fried squid with salted duck egg ..

Pla meuk pad kai kem 

ပါမုန့်ဖက်ခိုင်စ်ခမ်


****လိုအပ်တဲ့ပစ္စည်း ****

ကင်းမွန် 200g (အဆင့်သင့် အနေအထား) 

ဆားဘဲဥ 1 လုံး အနှစ် အဝါရောင် ကို သုံးရန် 

ကြက်သွန်အဝါ အနေတော် တလုံး ပါးပါးလှီး

ငရုတ်သီး အနီ 1 တောင့် ..။

ကြက်သွန်ဖြူ 2 မွှာ

ဆီ ၃ ဇွန်း (အကြီး)

ကြက်သွန် မိတ် 2 ပင် 

တရုတ် နံနံပင် 2 ပင် 


 ဆော့လုပ် နည်း

  ခရုဆီ ၂ ဇွန်း အကြီး ထမင်းစားဇွန်း

  ပဲငံပြာ ရည် ၁ ဇွန်း ။

 ကြက် ပြုတ်ရည် 1/4 ခွက် 

 ငရုတ်ကြော် ဆီ ၁ ဇွန်း ။

 ငရုတ်ကောင်း အဖြူ .အနဲငယ် 


 ပြုလုပ် ပုံ 

*ဆီ ထည့် ပြီး နောက်ကြက်သွန်ဖြူ စင်းထားတာထည့်ပြီး ဆားဘဲဥ အနှစ် အဝါ ကို ဆီ နဲ့ လှိမ့်ပြီးကြော်ပါ..မီး အေးအေး နဲ့ နော် ။

ကြေသွားပြီဆို ကင်းမွန်ထည့်ပါ ။

ကြက်ဆွတ်ပြုတ် ရည် ထည့်ပါ ။

ရေ အနဲငယ် ခြောက် လာ ရင် တော့ ဆော့စ် လုပ်တဲ့ နည်း အတိုင်း လိုက်ထည့် ပေး ပါ ။

အဲနောက် ကြက်သွန် အဝါ ..ငရုတ်သီး ပါးပါးလှီးထားတာထည့် အရသာ မြည်း ကြည့်ပါ 

စိမ့် တဲ့ အရသာ ..

သကြား ကြိုက်ရင်တော့ အနဲငယ် ထည့် လို့ ရပါတယ် ...။

နောက် ဆုံး မှာ ကြက်သွန်မိတ် တရုတ်နံနံပင် 

ငရုတ်ကောင်း အဖြူ ကို ထည့်ပါ ..

ပန်းကန် မှာ ထည့် ပြီး အပေါ် က နေ ငရုတ်ကြော်ဆီ ကို ဆမ်း လိုက်ပါ ..။

အရောင်လဲလှ အရသာလည်း ရှိတဲ့

ကင်းမွန် ဆားဘဲဥ ကြော် ကို ရမှာပါ ။

လုပ္စား ကြည့်ပါ နော် ။


Love all !😍

Kip Smile

23 /2/ 2018 


 ထိုင်း ထမင်းကြော်   

Thai style fried rice 

ခေါက်ဖက်စ်




အရမ်း ကို လွယ်ကူပြီး ကြိုက်သူ များတဲ့ထမင်းကြော် ..

ထမင်းကြော် ဆိုတာ ကလဲ အမျိုးမျိုး ကို ရှိပါတယ် ။ ပုံစံ အမျိုးမျိုး ပါဝင်ပစ္စည်းအမျိုးမျိုးပေါ့ နော် ကြိုက်ရာ အသားငါး ပင်လယ်စာ စသသည့်ဖြစ်ပေါ့...။


အခု ပြော မဲ့ပုံစံကေတာ့ ဆိုင်မှာရောင်းနေတဲ့ပုံစံ

ပါ ...။


*********ပါဝင်ပစ္စည်း ****

(တပွဲစာ )


ထမင်း တခွက် 

ကြက်ဥ ၁ လုံး 

အသား 60g

ဆီ ၂ ထမင်းစာဇွန်း 

ကြက်သွန်ဖြူ 

ကြက်သွန်အဝါ ၊ ခရမ်းချဉ်သီး ၊ ဥ နီ ၊ ကြက်သွန်မိတ် (သို့) ခိုက်လန် kana ရွက်

ဒါတွေ ကို အရွယ်အစားတူ small Dice အံစာတုံး ပုံ အရွယ်အသေးလေးတွေ ရအောင် လွီးထားပါ ။*တချို့နေရာမှာလဲ ဒီလို့ မျိုးတော့ လှီးပြီးသုံးချင်မှ သုံးမှာပါ ..မိမိကြိုက်သလို

သလိုသုံး နိုင်ပါတယ်။


ကြော်နည်း 

အယ်အိုးမာ ဆီ ထည့်ပြီး အနည်းငယ်ပူ လာရင်တော့ ကြက်သွန်ဖြူ ကို ဓားပြား နဲ့ ရိုက်ပြီး ထည့်ပါ ၊

အသား ထည့်ပါ ပဲငံပြာရည်ဆော့ (သို့) seasoning sauce အနည်းငယ်ထည့်ပါ ။

အရသာ ရှိစေဖို့ ကျက် လောက်ပြီးဆို လှီးထားတာတွေ ထည့် ...အနည်းငယ်ကြော် ပြီး ကြက်ဥ ခေါက်ထည့်ပါ...အရွက် တွေ အနည်းငယ်ချက် ဖို့တော့ လိုပါ ..အစိမ်းနံ မရအောင်ပါ..ကြက်ဥ ကို မွှေကြော် ပေးပြီး နဲနဲ ခြောက်မှတာ ထမင်းထည့်ပါ ။

ကြက်ဥ မခြောက် ထမင်းထည့်တော့ ထမင်းကြော် စို စို ကြီး စားမကောင်းပါဘူး နော် ...။


ခရုဆီ ထမင်းစားဇွန်း တ ဝက် 

ပဲငပြာရည် .သို့ seasoning sauce 

  ထမင်းစားဇွန်း ၁ ဇွန်းထည့်ပါ ..

ဆား ၊ သကြား ၊ ငရုတ်ကောင်း ၊ လက်နဲ့ အနည်းငယ် ထည့်ပါ ..

ဆား နဲ့ ကြော် တဲ့ ထမင်းကြော် အရမ်းအရသာ ရှိတယ်နော် ..အရင်တုန်း က ဆော့ မရွိ ငယ်ငယ်တုန်းက အဒေါ် ကြော်ကျွေး တဲ့ မနက်စာ ထမင်းကြော် ကို သတိရမိပါတယ် ..

မီး ပြင်းပြင်း နဲ့ ကြော် ပါ 

အရသာ မြည်း ...ပေါ့ နေ ဖို့ လိုပါတယ် 

အရသာ မငံ စေပါနဲ့ ..

ဘာကြောင့် လဲဆို တော့ ထိုင်း ထမင်းကြော် ငံပြာရည် နမ့်ပါဖစ် (သို့) ဖစ်နမ့်ပါ 

ဆိုတဲ့ ငံပြာရည် fish sauce 

           ငရုတ်သီး အစမ် ပါးပါးလှီး

           ကြက်သွန်ဖြူ ။

           သံပုရာသီး ။


 အားလုံး ပေါင်း ပြီး ပန်းကန်လုံး ထမင်းကြော် ပန်းကန်နဲ့ တွဲပြီး ဧသည့် ကို ပေးရပါတယ် ...မပါ မဖြစ် ပေါ့နော် ထိုင်း စတိုင်

ပန်းကန်ပြင်ဆင် ဖို့ ကေတာ့ 

ဘေးမှာ သခွားသီး ပါးပါးလှီး ၅ ခု 

             ကြက်သွန်မိတ် တ ပင် ပုံပါ 

             သံပုရာသီး တ စိတ် 

    မပါ မဖြစ် မထည့် မရ ..ထိုင်း ထမင်းကြော် 

အပေါ် က အလှဆင် တာကေတာ့ နနံရွက် 

   သို့ 

ကြက်သွန်မိတ် ပါးပါးလှီးပြီး ဖြူး ပေးရင်လဲရပါတယ် ...

ဒါ ကေတာ့ kip ဆိုင်မာ ရောင်းနေတဲ့ ပုံစံ ပေါ့နော် 

တချို့ နေရာ ဈေး တွေ street foods ဆိုင်တွေမာ လဲ ပုံစံ အမျိုးမျိုး နဲ့ ထိုင်း ကျု ရောက်ဖူး တဲ့ မိတ်ဆွေ မ်ား က တွေ့ဖူးမာပါ..။


စေတနာဖြင့်မျှဝေ ..

အမှားပါရင် ပြင်ဖတ်ပေးပါ နော် 

အစဉ်အမြဲ ကြိုးစားလျက် 

အားလုံးချစ်ခင်လေးစားတဲ့ 

Kip Smile

6 /5/2018 😍

မင်္ဂလာပါ နော် 😍


Stir fried wild rice noodle soy sauce with meat ,egg,vegetables 

(Pad see we )

ဖက်စအီစ်း   




*ဆန်ပြား ခေါက်ဆွဲ ဆို ပေမဲ့လဲ 

တခြား ခေါက်ဆွဲနဲ့လဲ ကြော်လို့ ရပါတယ် ။

ဆန်ကြာဇံ နဲ့ လဲစားကောင်းပါတယ်နော်😍


**အသားငါး က တော့ မိမိကြိုက်နှစ်သက်ရာ ကိုထည့်ပါ။


*** အသီးအရွက် ကေတာ့ အဓိ က 

  ကိုက်လန်(သို့) ခနားရွက် ဥနီ စသည့်ဖြစ်

 အဆင်ပြေရာ .ကြိုက်ရာ ကို ထည့်ကြော်ပါ

သက်သက်လွတ်ကြော် လဲ တယ် ။


ပါဝင်ပစ္စည်း 

*******တစ်ပွဲစာ


Wide white noodle ဆန်ပြားခေါက်ဆွဲ 120 g 

   Meat အသားငါး ကြိုက်ရာပေါ့နော် 60 g

Whole egg ကြက်ဥ တ လုံး 

Vegetable အသီးအရွက် ရွိတာ နဲ့ ကြိုက်တာ

Garilc chopped ကြက်သွန်ဖြူ ၁ဇွန်း ကော်ဖီဇွန်း 

Oil ဆီ ၂ ဇွန်း ထမင်းစားဇွန်း

Oyster sauce ၁ ။ ။

   ခရုဆီ               

Soy sauce ၂ ။ ။

ပဲငံပြာရည် 

Dark soy sauce တစက် ...အနည်းငယ် 

ပဲငံပြာရည် အမဲ 

Sugar သကြား အနည်းငယ် 

White pepper ငရုတ်ကောင်း အဖြူ အနည်းငယ် 

Seasoning sauce ၂ ဇွန်း ထမင်းစားဇွန်း 

အဖုံး အစိမ်းရောင် 


ကြော်ပုံ

******

အကြံပေး ချင်တာကတော့ ..

😗ခေါက်ဆွဲပြား ကို အယ်အိုး နဲ့ အများ စားဖို့ ကြော်မယ်ဆို 

ခေါက်ဆွဲပြား ကို အရင်ဆုံး ပဲငံပြာရည် အမဲ နဲ့ရော ပြီး သမ အောင်မွှေပေးပါ ။

အညွိ ရောင် ရအောင် ထိ ..နှံစပ် အောင် လောင်းထည့် ပါ။

အရောင် ရမှ ကြော်လိုက်ရင် လှမှာ

တရောင် ထဲ တပြေ ထဲ ရ မာပါ ။


😍 ထည့်မဲ့ အသီးအရွက်တွေ ကို ရေနွေး မာ ခဏေလး ဖျော့ ထားပြီးဇကာ နဲ့ စင်ထည့် ပါ

အစိမ်း နံ မထွက်ရအောင်ပေါ့ နော် ။

အယ်အိုး မာ ဆီ ထည့် ပူ လာရင် ကြက်သွန်ဖြူ

ထည့်ပါ ။

အဝါ ရောင် တမ်း လာပြီဆို ရင် အသား ထည့်ပါ ။

ကျက်ပြီ ဆို ကြက်ဥ ဖောက်ထည့်ပါ။

ကြက်ဥ နဲ့ အသားတွေ ကို ရော မွေ ပြီး ခြောက်တဲ့ အေနအထား လောက်မာ ခေါက်ဆွဲပြား ကိုထည့် 

အရသာ တွေ ထည့် ၊

ခဏလောက် မွှေကြော် ပြီးရင် ၊

အပေါ် ကေန ငရုတ်ကောငွးမှုန့် ဖြူးပေးပြီး 

ပန်းကန်မာထည့် ပြီး ရင် သုံးဆောင်နိုင်ပါပြီ

  ပန်းကန်ဘေး မှာ  

ငရုတ်သီးမှုန့် 

သံပုရာသီး တစ်ခြမ်း

  (သို့ ) စားပြဲမာ 

ငရုတ်သီးမှုန့် 

 သြကား

ငံပြာရည် 

အချဉ်ရည် .ငရုတ်သီး အကြီး ပါးပါးလှီးး 

Street foods 

ထိုင်းမှာ လာလည်ဖူးသူများလဲ သိကြမှာပါ။

မိမိ ဆိုင်မာ ရောင်း ချင်သူများ အတွက် လဲ

အဆင်ပြေ မဲ့ menu လေးပါ ။


အဆင်ပြေပါစေ 


အစဉ်အမြဲကြိုးစားလျက် 

အားလုံး ကို ချစ်ခင်လေးစား လျက် 

Kip Smile

Love all !

😙😗😍

Friday, February 18, 2022

ကြက်သားဒံပေါက် - အာလူးထမင်းနယ် - ၀က်သားဒုတ်ထိုး - ကိုရီးယားတော့ပိုကီ

ကြက်သားဒံပေါက် - အာလူးထမင်းနယ် - ၀က်သားဒုတ်ထိုး - ကိုရီးယားတော့ပိုကီ


ထမင်းပေါင်းအိုး ကြက်သားဒံပေါက်ချက်နည်း 




ပါ၀င်ပစ္စည်းများ 

ဒံပေါက်ဆန် ခွက် ၂ ခွက် ခြဲ

ကုံကုမံ  လက်ဖက်ဇွန်း လေးပုံ တစ္ပုံ ဇွန်း(ရေနွေး စားပွဲဇွန်း ၃ ဇွန်းဖြင့်စိမ်ထားပါ) (Saffron)

ကြက်ပြုတ်ရည် ၃ ခွက် (ဟင်းချက်ရန်တိုင်းသောခွက်)

စပျစ်သီးခြောက် စားပွဲဇွန်း ၃ ဇွန်း ခြဲ

ပဲစိမ်း ခွက် တစ်၀က် ခွက် (ဟင်းချက်ရန်တိုင်းသောခွက်)

ထောပတ် စားပွဲဇွန်း ၂ ဇွန်းခွဲ


အနှစ်လုပ်ရန်

နေကြာဆီ စားပွဲဇွန်း ၆ ဇွန်း ခြဲ

ကြက်သွန်နီ ၃ လုံး (ခတ်ပါးပါးလှီးထားပါ)

ကြက်သွန်ဖြူ ၃ မွှာ (တစ်ပြားရိုက် ပါးပါးလွီး)

ချင်း လက်မအရွယ် (နုတ်နုတ်ပါးပါးလှီးထားပါ)

ကြက်ပေါင်းရင်းသား ၆၇၅ ဂရမ် (အတုံးလိုက္ထားပါ)

ကာရီအနှစ်အနီ စားပွဲဇွန်း ၃ ဇွန်း ခြဲ 

ဆား ၂ ဇွန်း ခြဲ လက်ဖက်ဇွန်း 

မဆာလာ ၁ ဇွန်း လက်ဖက်ဇွန်း

ခရမ်းချဉ်သီး ၅ လုံး (၈ ခြမ်းလှီးထားပါ)

နနွင်းမှုန့် ၁ ဇွန်း လက်ဖက်ဇွန်း 

ကရဝေးရွက် ၃ ရွက်

ဖာလာစေ့ ၄ စေ့

လေးညင်းပွင့် ၅ ပွင့်

သစ်ကြပိုးခေါက် ၂ ခေါက်

သီဟိုဠ်စေ့ စားပွဲဇွန်း ၅ ဇွန်း


ဒံပေါက်နှင့်တွဲစားရန်

ခရမ်းချဉ်သီး ၃ တုံး (အစိတ်လေးတွေစိတ်ထားပါ)

ငရုတ်သီးစိမ်း ၃ တောင့် (ပါးပါးလွီးထားပါ)

နံနံပင် ၃ ပင် (အနေတော် လွီးထားပါ)

သံပုရာရည် လက်ဖက်ဇွန်း ၂ ဇွန်း

ဆား အနည်းငယ်


ပြုလုပ်ရန်

၁။ မကပ်သော ဒယ်အိုးထဲ ဆီထည့့်ပြီး မီးအနေတော် ဖြင့်ပူအောင်တည်ပါ။ ဆီပူလျင် ကရဝေးရွက်၊ ဖာလာစေ့၊ လေးညင်းပွင့် ၊ သစ်ကြပိုးခေါက်၊ သီဟိုဠ်စေ့ မ်ားကို ထည့်ပြီး သေချာမွေပြီး အနံမွေးလာသည်အထိတည်ပါ။ ပြီး လျင် အမွှေးနံသာ အရွက်အစေ့များကို ပုကန်ထဲ ဆယ်ထားပြီး ကြက်သားကလွဲလို့ ကျန်အနှစ်လုပ်ရန်ပါ၀င် ပစ္စည်းများကို အိုးထဲ ထည့်ပြီး ဆီသတ်ပါ။ အနှစ်များ ဆီပြန်လာလျင် ကြက်သားတုံး ရောပြီး ၁၀ မိနစ်လောက် ထပ်တည်ပါ။ လိုအပ်လျင် ရေအနည်းငယ် ထည့်ပါ။

၂။ ထမင်းပေါင်းအိုးထဲ ဒံပေါက်ဆန်ကြက်ပြုတ်ရည် ၊ ရေ ထည့်ပြီး တည်ထားပါ။ထမင်း မကျက်တစ်ကျက်မှာ ကျန်ပါ၀င်ပစ္စည်းများ ထမင်းထဲ ထည့်ပြီး ထမင်းနဲ့ နှံ့အောင်သေချာ မွှေပါ။ ရေစားပွဲဇွန်း ၃ ဇွန်းလောက် ထည့်မွှေပါ။ ထမင်းများ ထမင်းပေါင်းအိုးထဲ သေချာ ဖျန့်ထည့်ပြီး အပေါ်မှ ဆီသတ်ထားသော အနှစ်နဲ့ ကြက်သားတုံးများ ဖျန့်တင်ပြီး Bread/Cake ကိုခလုပ်ကိုရွေးပြီး အချိန် မိနစ် ၂၅-၃၀ ချိန်ပါ။ Cook ခလုပ်နိပ်ပြီး ခ်က္ထားပါ။ ကျက်လျင် off/Warm ခလုပ်လေး မီးစိမ်းပြလျင် ရပါပြီး။

၃။ ဒံပေါက်နှင့်တွဲစားရန် ပါ၀င်ပစ္စည်းများကို ဖန္ဇလုံ ထဲ ထည့်နယ်ပါ။ စားခံနည်းမှ သုံးဆောင်ရန် ပုကန်ထဲ ထည့်ပြီး ဘေးမှ ခရမ်းချဉ်သီးသုပ်ဖြင့်အတူ သုံးဆောင်ပါ။

#chickenbiryani #biryani


အာလူးထမင်းနယ် (Mashed Potato with Rice)




ပါ၀င်ပစ္စည်းများ 

အာလူးမှုန့် စားပွဲဇွန်း ၃ ဇွန်း

ထမင်း  ၁ ခွက် 

ခရမ်းချဉ်သီး  ၂ လုံး (အစေ့ထုပ်ပြီး အတုံးသေးလေးတုံးထားပါ)

ကြက်သွန်ဖြူ  ၁ တက် (နုတ်နုတ်လှီးထားပါ)

ကြက်သွန်မြိတ် ၁ ပင် (ပါးပါးအကွင်းတွေ လွီးထားပါ)

ဆား  အနည်းငယ်

နနွင်းမှုန့် အနည်းငယ်

အသားမှုန့် အနည်းငယ်

နေကြာဆီ စားပွဲဇွန်း ၃ ဇွန်း ခြဲ 


ပြုလုပ်နည်း 

၁။ မကပ်သော ဒယ်အိုးထဲ ဆီ၊  ကြက်သွန်ဖြူ ၊ နနွင်းမှုန့်၊ ခရမ်းချဉ်သီးများ ထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်ဖြူ မွှေးပြီးခရမ်း ချဉ်သီး နွမ်းလျင် ရပါပြီး။ 

၂။ စောက်နက်အိုးထဲ ရေ ခွက်တစ်ဝက်လောက် ထည့်ပြီး ရေဆူအောင်တည်ပါ။ ရေဆူလျင် အာလူးမှုန့် များထည့်ပြီး ပြစ်အောင်တည်ပါ။ ရေလိုလျင် ထပ်ထည့်ပါ။ 

၃။ ဇလုံထဲ ထမင်း၊ အာလူး၊ ဆီသတ်ထားသော ကြက်သွန်ဖြူ၊ ဆား၊ အသားမှုန့် နှင့် ကြက်သွန်မြိတ် မ်ား ထည့်ပြီး လက်ဖြင့်သေချာ နယ်ပါ။ ဆားမြည်းပါ အရသာ အနေတော် ဆိုလျင် သုံးဆောင် ရန် ပုကန်ထဲ ထည့်ပြီး ဂျူးမြစ်ကြော်၊ ပဲပုတ်ကြော်၊ ခရမ်းချဉ်သီး၊ နံနံပင်များ ဖြင့် အလှဆင်ပြီး သုံးဆောင်နိုင်ပြါ့ပီး။ 

#mashpotato  #rice


၀က်သားဒုတ်ထိုး (Pork Mix)




ပါ၀င်ပစ္စည်းများ

၀ကျအစုံ ၁ ပိသာ (၀က်အူမ၊ ၀က်နားရွက်၊ ၀က်အရွတ်၊ ၀က်ကလီစာ၊ ၀က်အသဲ၊ ၀က်အူ၊ ၀က်သား)

ကြက်သွန်ဖြူ ၅ မွှာ (ဓားပြားရိုက်ထားပါ)

နာနတ်ပွင့် ၆ ပွင့်

သစ်ကြံပိုးခေါက် ၂ ချောင်း

ကရဝေးရွက် ၅ ရွက်

ဇာတိပ္ဖိုလ်သီးမှုန့် ၁ ဇွန်း (လက်ဖက်စားဇွန်း)

ချင်း လက် ၂ ဆစ် (ကြီးကြီးလေး လွီးထားပါ)

သကြားညို ၁ ဇွန်း ခြဲ စားပွဲဇွန်း

ပဲငံပြာရည်အချို ၅ ဇွန်း စားပွဲဇွန်း (အပြစ်)

ပဲငံပြာရည်အငံ ၁ ဇွန်း စားပွဲဇွန်း

ဆား လိုသလောက်

ကြက်သားမှုန့် ၃ ဇွန်း စားပွဲဇွန်း

ရှာလကာရည် ၂ ဇွန်း လက်က်ဇွန်း


ပြုလုပ်နည်း

၁။ ၀က်အစုံ ကို ရေစင်အောင်ဆေးပါ။ ပြီးလျှင် ဆား၊ ကြက်သားမှုန့်၊ ချင်း လက်တစ်ဆစ်၊ ကြက်သွန်ဖြူ ၃ မွှာ၊ ရှာလကာရည်၊ ဇာတိပ္ဖိုလ်မှုန့်နှင့် ပဲငံပြာရည်အငံ ဖြင့်နယ်နှပ်ထားပါ။ ရေခဲသေတ္တာထဲတွင် ညသိပ်နှပ်ထားလျှင် ပိုကောင်းပါသည် (သို့) ၃ နာရီခန့်လောက် နှပ်ထားလျှင်လဲရပါတယ်။

၂။ မချက်ခင် ရေခဲသေတ္တာထဲ မွ နာရီ၀က် ခန့်ကြိုထုပ်ထားပါ။

၃။ စောက်နက် ဒယ်အိုးကြီးထဲ ကို သကြား နှင့် ရေထည့်ကြိုပါ။ သကြားပျော်သွားလျှင် ကျန်ပစ္စည်းများ အားလုံး ထည့်ပြီး ကြိုပါ။ အနံမွှေးလာလျှင် နယ်နှပ်ထားသော ၀က်အစုံ ကိုရောပါ။ အသားအနည်းငယ်တင်းလာပြီး မွှေးတက်လာမှ ရေထည့်ပါ အသားမ်ား မြုပ်တဲ့အထိထည့်ပေးပါ။ မကြာခဏမွှေပေးပါ။ မီးပြင်းပြင်းဖြင့်တည်ထားပါ။ ရေခန်းပြီးဆီပြန်လာလျှင် ရေ ကိုထပ်ထည့်ပါ။ ၀က်အစုံ နူးအိတဲ့အထိ ရေထည့်ပြီး ဆီပြန်တဲ့အထိတည်ပါ။ 

၄။ ၀က်အစုံ နူးအိလာပြီဆိုရင် ပြုတ်ရည် အနည်းငယ်ထားပါ။ အချဉ်ဖျော်ရန်၊ ဟင်းရည်သောက်ရန် သိပ္ကို ကောင်းပါတယ်။ အသင့်သုံးဆောင်လို့ရပါပြီး၊ လိုသလို လှီးပြီး နွေးနွေးလေး ဒုတ်ထိုးပြီး စားသုံးနိုင်ပါတယ်။

#porkintestine #pork


ကိုရီးယား တော့ဘိုကီး  (Korea Tteokbokki  Spicy Rice Cake) 




ပါ၀င်ပစ္စည်းများ

ဆန်မုန့်ချောင်း ၁၀-၁၅ ချောင်း

ငါးကျိတ်သားပြား ၂ ပြား (အနေတော်လေးတွေလှီးထားပါ)

ကြက်ဥ ၂ လုံး (ပြုတ်ပြီး အခွံနွာထားပါ)

ကြက်သွန်နီ တစ်ခြမ်း (ခပ်ပါးပါးလှီးထားပါ)

ကြက်သွန်မြိတ်ကြီး ၁ ချောင်း (အရှည်ပါးပါးလေးတွေလှီးထားပါ)

ဂေါ်ဖီ ၃ ဖတ် (အနေတော် အရှည်လိုက်လေးတွေလှီးထားပါ၊ မထည့်လဲရပါတယ်)

အရည်လုပ်ရန်

ရေ ၃ ခွက် ခြဲ (ဟင်းချက်ရန်တိုင်းသောခွက်)

ငနီတူခြောက်ကြီး ၁၀-၁၂ ကောင် (ရေထဲထည့်ပြုတ်ပါ)

ရေညှိခြောက် ၁၂x၂ တစ်ပြား 


ဆော့ရော

ငရုတ်အနှစ် ၃ ဇွန်း စားပွဲဇွန်း (ကိုးရီးယား ငရုတ်နှစ်ဗူး)

ငရုတ်သီးမှုန့် ၁ ဇွန်း စားပွဲဇွန်း

ပဲငံပြာရည်အကြည် ၁ ဇွန်း စားပွဲဇွန်း

ပျားရည် ၁ ဇွန်း စားပွဲဇွန်း

သကြားရည် ၁ ဇွန်း လက်ဖက်ဇွန်း (သကြားလဲသုံးလို့ရပါတယ်)

ကြက်သွန်ဖြူမှုန့် ၁ ဇွန်း လက်ဖက်ဇွန်း


 ပြုလုပ်နည်း

၁။ အိုးထဲကို အရည်လုပ်ရန် ပါ၀င်ပစ္စည်းများ အားလုံးထည့်ပြီး ပွတ်ပွတ်ဆူလာတယ့်အထိတည်ပါ။ မီးလျှော့ပြီး ဆူရုံလေး ၁၅ မိနစ်လောက် တည်ပြီး ပါ၀င်ပစ္စည်းများ ဖယ်ပြီး ပြုတ်ရည်ပဲထားပါ။

၂။ ပြုတ်ရည် ၃ ခြက္ကို အိုးထဲထည့်ပြီးဆူအောင်တည်ပါ။ ဆော့လုပ်ရန်ပါ၀င်ပစ္စည်းများအားလုံးထည့်ပြီး သေချာမွှေပေးပါ။ မီးအနေတော်ဖြင့်ဆူအောင် ၅ မိနစ်လောက်တည်ပါ။

၃။ ဆန်မုန့်ချောင်း၊ ဂေါ်ဖီ ၊ ငါးကျိတ်သားပြား နှင့် ကြက်ဥ ထည့်ပါ။ ၁၅ မိနစ်လောက် ဆူအောင်ထပ်တည်ပါ၊ မကြာခဏ မွှေပေးပါ။ ရေခန်းပြီး ဆော့ပျစ်လာတဲ့အထိတည်ပေးပါ။ ဆားမြည်းပါလိုတာထပ်ဖြည့်နိုင်ပါတယ်။

ပူပူလေးစားသုံးလျှင်ပိုကောင်းမွန်ပါတယ်။

#koreansnack #streetfood #toppoki


(Zawgyi) 

ၾကက္သားဒံေပါက္ - အာလူးထမင္းနယ္ - ၀က္သားဒုတ္ထိုး - ကိုရီးယားေတာ့ပိုကီ


ထမင္းေပါင္းအိုး ၾကက္သားဒံေပါက္ခ်က္နည္း 




ပါ၀င္ပစၥည္းမ်ား 

ဒံေပါက္ဆန္ ခြက္ ၂ ခြက္ ခြဲ

ကုံကုမံ  လက္ဖက္ဇြန္း ေလးပုံ တစ္ပုံ ဇြန္း(ေရေႏြး စားပြဲဇြန္း ၃ ဇြန္းျဖင့္စိမ္ထားပါ) (Saffron)

ၾကက္ျပဳတ္ရည္ ၃ ခြက္ (ဟင္းခ်က္ရန္တိုင္းေသာခြက္)

စပ်စ္သီးေျခာက္ စားပြဲဇြန္း ၃ ဇြန္း ခြဲ

ပဲစိမ္း ခြက္ တစ္၀က္ ခြက္ (ဟင္းခ်က္ရန္တိုင္းေသာခြက္)

ေထာပတ္ စားပြဲဇြန္း ၂ ဇြန္းခြဲ


အႏွစ္လုပ္ရန္

ေနၾကာဆီ စားပြဲဇြန္း ၆ ဇြန္း ခြဲ

ၾကက္သြန္နီ ၃ လုံး (ခတ္ပါးပါးလွီးထားပါ)

ၾကက္သြန္ျဖဴ ၃ မႊာ (တစ္ျပားရိုက္ ပါးပါးလွီး)

ခ်င္း လက္မအ႐ြယ္ (ႏုတ္ႏုတ္ပါးပါးလွီးထားပါ)

ၾကက္ေပါင္းရင္းသား ၆၇၅ ဂရမ္ (အတုံးလိုက္ထားပါ)

ကာရီအႏွစ္အနီ စားပြဲဇြန္း ၃ ဇြန္း ခြဲ 

ဆား ၂ ဇြန္း ခြဲ လက္ဖက္ဇြန္း 

မဆာလာ ၁ ဇြန္း လက္ဖက္ဇြန္း

ခရမ္းခ်ဥ္သီး ၅ လုံး (၈ ျခမ္းလွီးထားပါ)

နႏြင္းမႈန့္ ၁ ဇြန္း လက္ဖက္ဇြန္း 

ကရေဝး႐ြက္ ၃ ႐ြက္

ဖာလာေစ့ ၄ ေစ့

ေလးညင္းပြင့္ ၅ ပြင့္

သစ္ၾကပိုးေခါက္ ၂ ေခါက္

သီဟိုဠ္ေစ့ စားပြဲဇြန္း ၅ ဇြန္း


ဒံေပါက္ႏွင့္တြဲစားရန္

ခရမ္းခ်ဥ္သီး ၃ တုံး (အစိတ္ေလးေတြစိတ္ထားပါ)

င႐ုတ္သီးစိမ္း ၃ ေတာင့္ (ပါးပါးလွီးထားပါ)

နံနံပင္ ၃ ပင္ (အေနေတာ္ လွီးထားပါ)

သံပုရာရည္ လက္ဖက္ဇြန္း ၂ ဇြန္း

ဆား အနည္းငယ္


ျပဳလုပ္ရန္

၁။ မကပ္ေသာ ဒယ္အိုးထဲ ဆီထည့့္ၿပီး မီးအေနေတာ္ ျဖင့္ပူေအာင္တည္ပါ။ ဆီပူလ်င္ ကရေဝး႐ြက္၊ ဖာလာေစ့၊ ေလးညင္းပြင့္ ၊ သစ္ၾကပိုးေခါက္၊ သီဟိုဠ္ေစ့ မ်ားကို ထည့္ၿပီး ေသခ်ာေမြၿပီး အနံေမြးလာသည္အထိတည္ပါ။ ၿပီး လ်င္ အေမႊးနံသာ အ႐ြက္အေစ့မ်ားကို ပုကန္ထဲ ဆယ္ထားၿပီး ၾကက္သားကလြဲလို႔ က်န္အႏွစ္လုပ္ရန္ပါ၀င္ ပစၥည္းမ်ားကို အိုးထဲ ထည့္ၿပီး ဆီသတ္ပါ။ အႏွစ္မ်ား ဆီျပန္လာလ်င္ ၾကက္သားတုံး ေရာၿပီး ၁၀ မိနစ္ေလာက္ ထပ္တည္ပါ။ လိုအပ္လ်င္ ေရအနည္းငယ္ ထည့္ပါ။

၂။ ထမင္းေပါင္းအိုးထဲ ဒံေပါက္ဆန္ၾကက္ျပဳတ္ရည္ ၊ ေရ ထည့္ၿပီး တည္ထားပါ။ထမင္း မက်က္တစ္က်က္မွာ က်န္ပါ၀င္ပစၥည္းမ်ား ထမင္းထဲ ထည့္ၿပီး ထမင္းနဲ႕ ႏွံ႕ေအာင္ေသခ်ာ ေမႊပါ။ ေရစားပြဲဇြန္း ၃ ဇြန္းေလာက္ ထည့္ေမႊပါ။ ထမင္းမ်ား ထမင္းေပါင္းအိုးထဲ ေသခ်ာ ဖ်န့္ထည့္ၿပီး အေပၚမွ ဆီသတ္ထားေသာ အႏွစ္နဲ႕ ၾကက္သားတုံးမ်ား ဖ်န့္တင္ၿပီး Bread/Cake ကိုခလုပ္ကိုေ႐ြးၿပီး အခ်ိန္ မိနစ္ ၂၅-၃၀ ခ်ိန္ပါ။ Cook ခလုပ္နိပ္ၿပီး ခ်က္ထားပါ။ က်က္လ်င္ off/Warm ခလုပ္ေလး မီးစိမ္းျပလ်င္ ရပါၿပီး။

၃။ ဒံေပါက္ႏွင့္တြဲစားရန္ ပါ၀င္ပစၥည္းမ်ားကို ဖန္ဇလုံ ထဲ ထည့္နယ္ပါ။ စားခံနည္းမွ သုံးေဆာင္ရန္ ပုကန္ထဲ ထည့္ၿပီး ေဘးမွ ခရမ္းခ်ဥ္သီးသုပ္ျဖင့္အတူ သုံးေဆာင္ပါ။

#chickenbiryani #biryani


အာလူးထမင္းနယ္ (Mashed Potato with Rice)




ပါ၀င္ပစၥည္းမ်ား 

အာလူးမႈန့္ စားပြဲဇြန္း ၃ ဇြန္း

ထမင္း  ၁ ခြက္ 

ခရမ္းခ်ဥ္သီး  ၂ လုံး (အေစ့ထုပ္ၿပီး အတုံးေသးေလးတုံးထားပါ)

ၾကက္သြန္ျဖဴ  ၁ တက္ (ႏုတ္ႏုတ္လွီးထားပါ)

ၾကက္သြန္ၿမိတ္ ၁ ပင္ (ပါးပါးအကြင္းေတြ လွီးထားပါ)

ဆား  အနည္းငယ္

နႏြင္းမႈန႔္ အနည္းငယ္

အသားမႈန့္ အနည္းငယ္

ေနၾကာဆီ စားပြဲဇြန္း ၃ ဇြန္း ခြဲ 


ျပဳလုပ္နည္း 

၁။ မကပ္ေသာ ဒယ္အိုးထဲ ဆီ၊  ၾကက္သြန္ျဖဴ ၊ နႏြင္းမႈန့္၊ ခရမ္းခ်ဥ္သီးမ်ား ထည့္ၿပီး ဆီသတ္ပါ။ ၾကက္သြန္ျဖဴ ေမႊးၿပီးခရမ္း ခ်ဥ္သီး ႏြမ္းလ်င္ ရပါၿပီး။ 

၂။ ေစာက္နက္အိုးထဲ ေရ ခြက္တစ္ဝက္ေလာက္ ထည့္ၿပီး ေရဆူေအာင္တည္ပါ။ ေရဆူလ်င္ အာလူးမႈန့္ မ်ားထည့္ၿပီး ျပစ္ေအာင္တည္ပါ။ ေရလိုလ်င္ ထပ္ထည့္ပါ။ 

၃။ ဇလုံထဲ ထမင္း၊ အာလူး၊ ဆီသတ္ထားေသာ ၾကက္သြန္ျဖဴ၊ ဆား၊ အသားမႈန့္ ႏွင့္ ၾကက္သြန္ၿမိတ္ မ်ား ထည့္ၿပီး လက္ျဖင့္ေသခ်ာ နယ္ပါ။ ဆားျမည္းပါ အရသာ အေနေတာ္ ဆိုလ်င္ သုံးေဆာင္ ရန္ ပုကန္ထဲ ထည့္ၿပီး ဂ်ဴးျမစ္ေၾကာ္၊ ပဲပုတ္ေၾကာ္၊ ခရမ္းခ်ဥ္သီး၊ နံနံပင္မ်ား ျဖင့္ အလွဆင္ၿပီး သုံးေဆာင္နိုင္ျပါ့ပီး။ 

#mashpotato  #rice


၀က္သားဒုတ္ထိုး (Pork Mix)




ပါ၀င္ပစၥည္းမ်ား

၀က်အစုံ ၁ ပိသာ (၀က္အူမ၊ ၀က္နားရြက္၊ ၀က္အရြတ္၊ ၀က္ကလီစာ၊ ၀က္အသဲ၊ ၀က္အူ၊ ၀က္သား)

ၾကက္သြန္ျဖဴ ၅ မႊာ (ဓားျပားရိုက္ထားပါ)

နာနတ္ပြင့္ ၆ ပြင့္

သစ္ၾကံပိုးေခါက္ ၂ ေခ်ာင္း

ကရေဝး႐ြက္ ၅ ႐ြက္

ဇာတိပၹိဳလ္သီးမႈန့္ ၁ ဇြန္း (လက္ဖက္စားဇြန္း)

ခ်င္း လက္ ၂ ဆစ္ (ႀကီးႀကီးေလး လွီးထားပါ)

သၾကားညိဳ ၁ ဇြန္း ခြဲ စားပြဲဇြန္း

ပဲငံျပာရည္အခ်ိဳ ၅ ဇြန္း စားပြဲဇြန္း (အျပစ္)

ပဲငံျပာရည္အငံ ၁ ဇြန္း စားပြဲဇြန္း

ဆား လိုသေလာက္

ၾကက္သားမႈန့္ ၃ ဇြန္း စားပြဲဇြန္း

ရွာလကာရည္ ၂ ဇြန္း လက္က္ဇြန္း


ျပဳလုပ္နည္း

၁။ ၀က္အစုံ ကို ေရစင္ေအာင္ေဆးပါ။ ၿပီးလွ်င္ ဆား၊ ၾကက္သားမႈန့္၊ ခ်င္း လက္တစ္ဆစ္၊ ၾကက္သြန္ျဖဴ ၃ မႊာ၊ ရွာလကာရည္၊ ဇာတိပၹိုလ္မႈန့္ႏွင့္ ပဲငံျပာရည္အငံ ျဖင့္နယ္ႏွပ္ထားပါ။ ေရခဲေသတၱာထဲတြင္ ညသိပ္ႏွပ္ထားလွ်င္ ပိုေကာင္းပါသည္ (သို႔) ၃ နာရီခန့္ေလာက္ ႏွပ္ထားလွ်င္လဲရပါတယ္။

၂။ မခ်က္ခင္ ေရခဲေသတၱာထဲ မွ နာရီ၀က္ ခန့္ႀကိဳထုပ္ထားပါ။

၃။ ေစာက္နက္ ဒယ္အိုးႀကီးထဲ ကို သၾကား ႏွင့္ ေရထည့္ႀကိဳပါ။ သၾကားေပ်ာ္သြားလွ်င္ က်န္ပစၥည္းမ်ား အားလုံး ထည့္ၿပီး ႀကိဳပါ။ အနံေမႊးလာလွ်င္ နယ္ႏွပ္ထားေသာ ၀က္အစုံ ကိုေရာပါ။ အသားအနည္းငယ္တင္းလာၿပီး ေမႊးတက္လာမွ ေရထည့္ပါ အသားမ်ား ျမဳပ္တဲ့အထိထည့္ေပးပါ။ မၾကာခဏေမႊေပးပါ။ မီးျပင္းျပင္းျဖင့္တည္ထားပါ။ ေရခန္းၿပီးဆီျပန္လာလွ်င္ ေရ ကိုထပ္ထည့္ပါ။ ၀က္အစုံ ႏူးအိတဲ့အထိ ေရထည့္ၿပီး ဆီျပန္တဲ့အထိတည္ပါ။ 

၄။ ၀က္အစုံ ႏူးအိလာၿပီဆိုရင္ ျပဳတ္ရည္ အနည္းငယ္ထားပါ။ အခ်ဥ္ေဖ်ာ္ရန္၊ ဟင္းရည္ေသာက္ရန္ သိပ္ကို ေကာင္းပါတယ္။ အသင့္သုံးေဆာင္လို႔ရပါၿပီး၊ လိုသလို လွီးၿပီး ေႏြးေႏြးေလး ဒုတ္ထိုးၿပီး စားသုံးနိုင္ပါတယ္။

#porkintestine #pork


ကိုရီးယား ေတာ့ဘိုကီး  (Korea Tteokbokki  Spicy Rice Cake) 




ပါ၀င္ပစၥည္းမ်ား

ဆန္မုန့္ေခ်ာင္း ၁၀-၁၅ ေခ်ာင္း

ငါးက်ိတ္သားျပား ၂ ျပား (အေနေတာ္ေလးေတြလွီးထားပါ)

ၾကက္ဥ ၂ လုံး (ျပဳတ္ၿပီး အခြံႏြာထားပါ)

ၾကက္သြန္နီ တစ္ျခမ္း (ခပ္ပါးပါးလွီးထားပါ)

ၾကက္သြန္ၿမိတ္ႀကီး ၁ ေခ်ာင္း (အရွည္ပါးပါးေလးေတြလွီးထားပါ)

ေဂၚဖီ ၃ ဖတ္ (အေနေတာ္ အရွည္လိုက္ေလးေတြလွီးထားပါ၊ မထည့္လဲရပါတယ္)

အရည္လုပ္ရန္

ေရ ၃ ခြက္ ခြဲ (ဟင္းခ်က္ရန္တိုင္းေသာခြက္)

ငနီတူေျခာက္ႀကီး ၁၀-၁၂ ေကာင္ (ေရထဲထည့္ျပဳတ္ပါ)

ေရညွိေျခာက္ ၁၂x၂ တစ္ျပား 


ေဆာ့ေရာ

င႐ုတ္အႏွစ္ ၃ ဇြန္း စားပြဲဇြန္း (ကိုးရီးယား င႐ုတ္ႏွစ္ဗူး)

င႐ုတ္သီးမႈန့္ ၁ ဇြန္း စားပြဲဇြန္း

ပဲငံျပာရည္အၾကည္ ၁ ဇြန္း စားပြဲဇြန္း

ပ်ားရည္ ၁ ဇြန္း စားပြဲဇြန္း

သၾကားရည္ ၁ ဇြန္း လက္ဖက္ဇြန္း (သၾကားလဲသုံးလို႔ရပါတယ္)

ၾကက္သြန္ျဖဴမႈန့္ ၁ ဇြန္း လက္ဖက္ဇြန္း


 ျပဳလုပ္နည္း

၁။ အိုးထဲကို အရည္လုပ္ရန္ ပါ၀င္ပစၥည္းမ်ား အားလုံးထည့္ၿပီး ပြတ္ပြတ္ဆူလာတယ့္အထိတည္ပါ။ မီးေလွ်ာ့ၿပီး ဆူရံုေလး ၁၅ မိနစ္ေလာက္ တည္ၿပီး ပါ၀င္ပစၥည္းမ်ား ဖယ္ၿပီး ျပဳတ္ရည္ပဲထားပါ။

၂။ ျပဳတ္ရည္ ၃ ခြက္ကို အိုးထဲထည့္ၿပီးဆူေအာင္တည္ပါ။ ေဆာ့လုပ္ရန္ပါ၀င္ပစၥည္းမ်ားအားလုံးထည့္ၿပီး ေသခ်ာေမႊေပးပါ။ မီးအေနေတာ္ျဖင့္ဆူေအာင္ ၅ မိနစ္ေလာက္တည္ပါ။

၃။ ဆန္မုန့္ေခ်ာင္း၊ ေဂၚဖီ ၊ ငါးက်ိတ္သားျပား ႏွင့္ ၾကက္ဥ ထည့္ပါ။ ၁၅ မိနစ္ေလာက္ ဆူေအာင္ထပ္တည္ပါ၊ မၾကာခဏ ေမႊေပးပါ။ ေရခန္းၿပီး ေဆာ့ပ်စ္လာတဲ့အထိတည္ေပးပါ။ ဆားျမည္းပါလိုတာထပ္ျဖည့္နိုင္ပါတယ္။

ပူပူေလးစားသုံးလွ်င္ပိုေကာင္းမြန္ပါတယ္။

#koreansnack #streetfood #toppoki