tag:blogger.com,1999:blog-38137633371705535962024-03-17T14:57:35.270+06:30ShweMinTharကျွန်တော်ဖတ်ဖြစ်တဲ့ စာတွေထဲက သိချင်စရာကောင်းတယ်ဆိုတဲ့ အကြောင်းအရာများကို ဝေမျှဖို့နေရာလေးပါ။လွတ်လပ်စွာဝေဖန်နိုင်ပါတယ်။ထင်မြင်ချက်ပေးနိုင်ပါတယ်။ဖတ်ရလို့ ကြိုက်သူရောမကြိုက်သူပါ ကျွန်တော့်ဘလော့ခ်ကို ဖတ်တဲ့အတွက်ကျေးဇူးပါ။Alex Aunghttp://www.blogger.com/profile/13958650132140473779noreply@blogger.comBlogger3964125tag:blogger.com,1999:blog-3813763337170553596.post-328865629992033242024-03-17T14:56:00.004+06:302024-03-17T14:56:59.088+06:30မြန်မာဘာသာစကား

တရုတ်-တိဗက်မြန်မာဘာသာစကား

မြန်မာဘာသာစကားသည် မြန်မာနိုင်ငံ၏ ရုံးသုံး ဘာသာစကားဖြစ်သည်။ ဗမာလူမျိုးနှင့် ဗမာနွယ်ဝင်(ဓနု၊ အင်းသား၊ တောင်ရိုးနှင့် ယော)တို့၏ ဇာတိစကားဖြစ်သည်။ ဗမာလူမျိုးတို့သည် တိဘက်-ဗမာနွယ် ဘာသာစကားများ (Tibeto-Burman Languages) ပြောဆိုသည့် လူမျိုးနွယ်စုကြီးမှ အကြီးဆုံးသော လူမျိုးဖြစ်သည်။ လူဦးရေ ၃၈သန်းကျော်ခန့်သည် မြန်မာဘာသာစကားကို မိခင်ဘာသာစကား အနေဖြင့် သုံး၍ မြန်မာတိုင်းရင်သားများသည် ဒုတိယဘာသာစကား အနေဖြင့် သုံးသည်။

မြန်မာဘာသာစကားသည် တိဘက်-ဗမာနွယ် ဘာသာစကားများ အုပ်စုတွင် ပါဝင်သည်။ တိဘက်-ဗမာနွယ် ဘာသာစကားများ အုပ်စုသည် တရုတ်-တိဗက်နွယ် ဘာသာစကားများ မိသားစု (Sino-Tibetan Languages Family) ထဲတွင် ပါသည်။ မြန်မာဘာသာသည် တက်ကျသံရှိသော (tonal) ၊ နိမ့်မြင့်အမှတ်အသားရှိ (pitch-register) ဖြစ်သော၊ ဧကဝဏ္ဏစကားလုံး (monosyllabic) အလွန်များသော ဘာသာစကား ဖြစ်သည်။ ကတ္တား-ကံ-တြိယာ စကားလုံးအစီအစဉ်ဖြင့် ရေးသော သရုပ်ခွဲဘာသာစကား (analytic language) လည်းဖြစ်သည်။ မြန်မာအက္ခရာများသည် ဗြာဟ္မီအက္ခရာ မှ ဆင်းသက်လာသည်။

အတန်းအစားခွဲခြင်း

မြန်မာဘာသာစကားသည် တရုတ်-တိဗက်နွယ် ဘာသာစကား မိသားစု ၏ ဗမာနွယ်ဘာသာစကားများ (Burmish languages) မှ တစ်ခုဖြစ်သည်။ တရုတ်-တိဗက်နွယ် ဘာသာစကားများထဲတွင် တရုတ်နွယ် ဘာသာစကား (Sinitic) မဟုတ်သည့် ဘာသာစကားများတွင် သုံးစွဲသူ အများဆုံး ဘာသာစကား ဖြစ်သည်။ တရုတ်-တိဗက်နွယ် ဘာသာစကားများထဲ၌ မြန်မာဘာသာစကားသည် စာပေအရေးအသားစနစ် ပေါ်ထွန်းခဲ့ရာတွင် တရုတ်စာ၊ ပျူစာ၊ တိဗက်စာနှင့် တောင်ဂွတ်စာ တို့နောက် ပဉ္စမမြောက် ဖြစ်သည်။

ဒေသိယစကားများ

ဧရာဝတီမြစ်ဝှမ်း တစ်လျောက်တွင် နေထိုင်ကြသော မြန်မာစကား ပြောဆိုသူများသည် ကွဲပြားခြားနားမှု မပြောပလောက်သော စကားလုံးအသုံးအနှုန်း ကွာခြားမှုသာ ရှိသည်။ သို့သော် စံပြုမြန်မာစကားဖြင့် ကွာခြားသည့် ဒေသိယစကား ပြောဆိုသည့် လူနည်းစုများကို မြန်မာနိုင်ငံ၏ ဘေးအစွန် ဒေသများတွင် တွေ့ရသည်။ အဆိုပါ ဒေသိယစကားများမှာ

တနင်္သာရီတိုင်းဒေသကြီး – ဘိတ်စကား၊ ထားဝယ်စကား၊ ပုလောစကား

မကွေးတိုင်းဒေသကြီး – ယောစကား

ရှမ်းပြည်နယ် – အင်းသားစကား၊ တောင်ရိုးစကား၊ ဓနုစကား

ရခိုင်ပြည်နယ်တွင် ပြောဆိုကြသော ရခိုင်စကားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြောဆိုကြသည့် မရမာစကား များအား မြန်မာ ဒေသိယစကားများအဖြစ် ယူဆကြသလို တခါတရံ သီးခြားဘာသာစကား များအဖြစ်လည်း ယူဆကြသည်။ ရခိုင်စကားသည် ရှေးဟောင်း မြန်မာစကားနှင့် အတူဆုံးဖြစ်သည် ([r] အသံသုံးသေးသည်)။ တနင်္သာရီတိုင်း၏သီးခြားစကားများမှာ သံရပ်ကိုတိုးသည်။ ထားဝယ်ဘာသာသည် [-l-] (ရှေးဟောင်းမြန်မာစာမှ အသုံးပြုသည်) အလယ်သုံးသေးသည်။ စကားအသုံးအနှုန်းနှင့် အသံထွက်များတွင် ကွာခြားမှု ရှိကြသော်လည်း ဗမာဘာသာစကား၏ ဒေသိယစကားများတွင် အပြန်အလှန် နားလည်နိုင်စွမ်း ရှိကြသည်။ အများအားဖြင့် နိမ့်မြင့်သံ လေးမျိုးရှိခြင်းနှင့် ဗျည်းသံများတူခြင်းနှင့် စာရေးသားရန် မြန်မာအက္ခရာများကိုသာ သုံးကြခြင်း စသည်တို့တွင် တူညီကြသည်။

ဧရာဝတီ မြစ်ဝှမ်းဒေသ

ရန်ကုန်-မန္တလေး တို့တွင် တစ်ဆက်တစ်စပ်တည်း ပြောဆိုကြသော စံပြု မြန်မာစကားသည် ဧရာဝတီ မြစ်ဝှမ်းတွင် သုံးသော စကားများပင် ဖြစ်သည်။ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ကြားအဓိက စကားကွာခြားမှုမှာ အသံထွက်ကွာခြားခြင်း မဟုတ်ဘဲ စကားလုံးရွေးချယ်မှု ကွာခြားခြင်းဖြစ်သည်။ ဧရာတီမြစ်ဝှမ်းအတွင်း အသံထွက် ကွာခြားမှု အနည်းငယ် ရှိသည်။ ဥပမာ ရဟန်းသံဃာများကို ကပ်လှူသည့် ဆွမ်းကို အထက်မြန်မာပြည်က ဆွမ်း [sʰwáɴ] ဟု စာလုံးပေါင်းအတိုင်း အသံထွက်သော်လည်း အောက်မြန်မာပြည်တွင် ဆွန်း [sʰʊ́ɴ] ဟု အသံထွက်ပါသည်။ မန္တလေးတွင် ကျား၊ မ မရွေး မိမိကိုယ်ကို "ကျွန်တော်"ဟု ညွှန်းဆို ပြောကြားလေ့ရှိသည်။ ရန်ကုန်တွင်မူ ‘ကျွန်တော်’ကို အမျိုးသားများသာ သုံးကြပြီး အမျိုးသမီးများက "ကျွန်မ"ဟု သုံးနှုန်းသည်။ အထက်မြန်မာပြည်တွင် မိခင်နှင့် ဖခင်ဘက်မှ ဆွေမျိုးသားချင်းများကို ခွဲခြား ခေါ်ဝေါ်နေဆဲ ရှိပြီး အောက်မြန်မာပြည်တွင်မူ သိသိသာသာ ခွဲခြား ထားခြင်း မရှိပေ။ ဥပမာ အထက်မြန်မာပြည်တွင် ဖခင်၏ အမနှင့် ညီမအား အရီးကြီးနှင့် အရီးလေးဟု လည်းကောင်း၊ မိခင်၏ အမနှင့် ညီမအား ဒေါ်ကြီးနှင့် ဒေါ်လေးဟု ခေါ်ဝေါ်ကြသည်။ အောက်မြန်မာပြည်တွင် ဒေါ်ကြီးနှင့် ဒေါ်လေးဟုသာ ခေါ်ဝေါ်သည်။

မြန်မာစကားသည် အထက်မြန်မာပြည်တွင် မြစ်ဖျားခံခဲ့သည် ဆိုသော်လည်း ယနေ့ မြန်မာနိုင်ငံတွင် စံအဖြစ် အသိအမှတ်ပြုထားသည့် လေယူလေသိမ်းနှင့် အသုံးအနှုန်းမှာ ရန်ကုန်မြို့မှ လေယူလေသိမ်းနှင့် အသုံးအနှုန်းများ ဖြစ်သည်။ ဤသို့ ဖြစ်ရသည်မှာလည်း ရန်ကုန်မြို့သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် မြို့တော်ဖြစ်လာသည်က တစ်ကြောင်း သတင်းမီဒီယာများ၏ လွှမ်းမိုးမှုကြောင့် တစ်ကြောင်း တို့ကြောင့် ဖြစ်သည်။ ကုန်းဘောင်ခေတ်တွင် မင်းနေပြည်တော်မှာ မန္တလေးမြို့ဖြစ်သောကြောင့် ယခင်ကမူ မန္တလေးမြို့သူ မြို့သားများ ပြောကြားသည့် လေယူလေသိမ်းကို စံအဖြစ် ယူဆကြသည်။

အောက်မြန်မာပြည်တွင် ဘာသာစကားပျံ့နှံ့မှု

မြန်မာစကား ပြောသူများ၊ အထူးသဖြင့် ဧရာဝတီ မြစ်ဝှမ်းတွင် နေထိုင်ကြသူများ ကြားတွင် အပြောစကားသည် မှတ်သားဖွယ်ရာပင် ညီညွတ်တူညီသည်။ အဓိကကျသော ပထမအကြောင်းအရင်းမှာ ရိုးရာ ဘုန်းတော်ကြီးကျောင်း ပညာရေး စနစ်ကြောင့် ဖြစ်သည်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် ပညာရေးကို များစွာ အားပေးပြီး စကားအပြောအဆို အရေးအသားကောင်းမွန် ညီညွတ်အောင် အလေးထား သင်ကြားပေးသည်။

ဗြိတိသျှတို့သည် မြန်မာပြည်တစ်ခုလုံးကို သိမ်းပိုက်ပြီး ငါးနှစ်အကြာတွင် တစ်ပြည်လုံး ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ ကုန်းဘောင်မင်းဆက် နယ်မြေအတွင်း အမျိုးသားများ စာတတ်မြောက်မှုနှုန်းများ ထူးခြားစွာ မြင့်မားနေပြီး ၆၂.၅ ရာခိုင်နှုန်းအထိ ရှိသည်။ စာတတ်မြောက်မှု မရှိသေးသော လူနည်းစုလူမျိုးများရှိရာ တောင်ပေါ်ဒေသအချို့ကို ထည့်သွင်းတွက်ချက်ခြင်း မပြုလျှင် ထိုကိန်းဂဏန်းထက် ပိုမိုများမည်ဖြစ်ရာ ထိုခေတ်အခါအနေဖြင့် အလွန်မြင့်မားသော နှုန်းထားဖြစ်သည်။ အထက်မြန်မာပြည်မှ ဗမာမျိုးနွယ် ဗမာစကားပြောသူများ အောက်မြန်မာပြည်သို့ ပြောင်းရွှေ့နေထိုင်ကြသည်မှာ များစွာ မကြာသေးသော်လည်း အောက်မြန်မာပြည်တွက်လည်း ဗမာလူမျိုးများပျံ့နှံ့နေထိုက်ကြပြီး ၎င်းတို့ကို အောက်သားဟုခေါ်ကြသည်။ ၁၈ ရာစု အလယ်ပိုင်းအထိ အောက်မြန်မာပြည်တွင် မွန်လူမျို၊ ဗမာ နှင့်အခြာလူမျိုးများ နေထိုင်ကြပြီး ဗမာဘာသာစကားက လွှမ်းမိုးထားသည်။ ၁၇၅၇ ခုနှစ်တွင် မြန်မာစကားပြောသည့် ကုန်းဘောင်မင်းဆက်က ဟံသာဝတီပြည်ကို အနိုင်ရရှိပြီးနောက် စတင်၍ အောက်မြန်မာပြည်တွင် ဗမာစကားကိုသာ အဓိကထား သုံးစွဲလာကြသည်။ ၁၈၃၀ ခုနှစ်ရောက်သော အခါ ၎င်းဒေသတွင် နေထိုင်သူများ၏ ၉၀ ရာခိုင်နှုန်းက ကိုယ့်ကိုကိုယ် ဗမာ ဟု သတ်မှတ်ပြောဆိုကြသည်။ အကြောင်းရင်းမှာ အထက်မြန်မာပြည်မှ ဗမာများ ပြောင်း ရွေ့လာခြင်း၊ ယဉ်ကျေးမှုဓလေ့ ကူးပြောင်းခြင်း၊ မွန်လူမျိုးများ ယိုးဒယားသို့ရွှေ့ပြောင်းခြင်း၊ အပြန်အလှန်သွေးနှောခြင်းများကြောင့် ဖြစ်နိုင်သည်။ ဗြိတိသျှကိုလိုနီခေတ်တွင် ဆန်ထုတ်လုပ်မှု အရှိန်မြှင့်လာခြင်း၊ အထက်မြန်မာပြည်တွင် နိုင်ငံရေးတည်ငြိမ်မှု မရှိခြင်းများကြောင့် ရွှေ့ပြောင်းမှုမှာ ပိုမိုများပြားလာခဲ့သည်။

ဧရာဝတီ မြစ်ဝှမ်းဒေသ၏ ပြင်ပ

ဧရာဝတီမြစ်ဝှမ်းနှင့် ပိုမိုဝေးကွာလေ ဒေသိယစကားများသည် စံပြုမြန်မာဘာသာစကားနှင့် ပိုမိုဝေးကွာလေဖြစ်သည်။ ၎င်းတို့မှာ ယောစကား၊ ပလောစကား၊ ဘိတ်စကား၊ ထားဝယ်နှင့် အင်းသားစကားတို့ ဖြစ်သည်။ စကားအသုံးအနှုန်းနှင့် အသံထွက်ပုံတို့ များစွာ ကွဲပြားသော်လည်း ဒေသိယစကားများသည် တစ်ခုနှင့် တစ်ခု အပြန်အလှန်လေ့လာနားလည်နိုင်စွမ်း ရှိကြသည်။ အထူးသဖြင့် တနင်္သာရီ ဒေသရှိ စကားများသည် စံပြုမြန်မာစကားနှင့် နှိုင်းယှဉ်လျှင် ပို၍ ရှေးဆန်သည်။ ရှေးဟောင်း မြန်မာစကားတွင်သာ တွေ့ရသော (လဆွဲ – ဥပမာ – အ္လ ) သံသည် စံပြုမြန်မာစကားတွင် မရှိတော့သော်လည်း ထားဝယ်စကားနှင့် အင်းသားစကားများတွင် ကျန်ရှိနေသေးသည်။ ဘိတ်စကားပြောသူများမှာ ၂၅၀၀၀၀ ခန့်ရှိပြီး ထားဝယ်စကား ပြောသူများမှာ ၄၀၀၀၀၀ ခန့် ရှိသည်။

ရခိုင်စကားတွင် အထင်ရှားဆုံးမှာ ရှေးမြန်မာစကားမှ မပြောင်းလဲပဲ ကျန်ရှိနေသော "ရ" သံ [ɹ]ဖြစ်သည်။ ၎င်းအသံသည် ခေတ်ပေါ် စံပြုမြန်မာစကားတွင် "ယ" သံ [j] အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ နောက်တစ်ခုမှာ 'ဧ' သရသံနှင့် 'ဣ' သရသံတို့ ပေါင်းစပ်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် စံပြုမြန်မာစကားတွင် 'ခွေး' ဆိုသော အသံသည် ရခိုင်စကားသံအားဖြင့် "ခွီး" ဟု အသံထွက်ပါသည်။

အသုံးခွဲခြားခြင်း

မြန်မာဘာသာစကားတွင် အသုံးမူကွဲ နှစ်မျိုးရှိသောကြောင့် စုံတွဲဘာသာစကား (Diglossia) ဖြစ်သည်။

စာပေဟန် – အမြင့်(မြန်မာစာ) → စာကြီးပေကြီးရေးသားခြင်း၊ သတင်းစာများ၊ အစိုးရ ဌာနဆိုင်ရာ ရုံးစာများ၊ ရုပ်သံ ရေဒီယို သတင်းကြေညာခြင်း၊ မိန့်ခွန်းပြောခြင်း စသည်တို့တွင် သုံးနှုန်းသည့် ပုံစံ ဖြစ်သည်။

စကားပြောဟန် – အနိမ့် (မြန်မာစကား) → နေ့စဉ်သုံး စကားပြောဆိုသောပုံစံ၊ သာမန်ရုပ်သံအစီအစဉ်များ၊ ကာတွန်း/ဝတ္ထုများ စသည်တို့တွင် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ပြောဆိုနေကြသည့် ပုံစံ ဖြစ်သည်။

မြန်မာ စာပေပုံစံသည် သာမန်အားဖြင့် အသုံးမရှိတော့သည့် ရှေးရိုးဆန်သော သဒ္ဒါဆိုင်ရာ စကားလုံးများ (ဥပမာ – ပစ္စည်း၊ဝိဘတ်၊ နာမ်စား၊ သမ္ဗန္ဓ) ကို ဆက်လက်ထိန်းသိမ်းသုံးစွဲလျက် ရှိသည်။ အများအားဖြင့် အရေးပုံစံတွင် သုံးနှုန်းနေသော သဒ္ဒါဆိုင်ရာ စာကားလုံး တို့သည် မြန်မာစကားပြောပုံစံတွင်ရှိသော သဒ္ဒါဆိုင်ရာ စာကားလုံးတို့ဖြင့် လုံးဝ ဆက်စပ်မှုမရှိပါ။ ဥပမာ –

နာမ်စား – (မြန်မာစာ အသုံး) ဤ → (မြန်မာစကား အသုံး) ဒီ

နာမ်စား – (မြန်မာစာ အသုံး) ထို → (မြန်မာစကား အသုံး) ဟို

ဝိဘတ် – (မြန်မာစာ အသုံး) ၌ → (မြန်မာစကား အသုံး) မှာ

ပစ္စည်း – (မြန်မာစာ အသုံး) များ → (မြန်မာစကား အသုံး) တွေ

ပစ္စည်း – (မြန်မာစာ အသုံး) ၏ → (မြန်မာစကား အသုံး) ရဲ့

သမ္ဗန္ဒ – (မြန်မာစာ အသုံး) နှင့် → (မြန်မာစကား အသုံး) နဲ့

သမ္ဗန္ဒ – (မြန်မာစာ အသုံး) လျှင် → (မြန်မာစကား အသုံး) ရင်

စကားပြောဟန်သည် လေးနက်မှု၊ အာဏာခွန်အားနှင့် ခန်းနားထည်ဝါမှု မရှိသောကြောင့် သမိုင်းကြောင်းအားဖြင့် စာရေးသားခြင်းအတွက် စာပေဟန်ကို ပို၍သုံးခဲ့ကြသည်။ ၁၉၆၀ ကျော်အလယ်ပိုင်းနှစ်များမှ စတင်၍ အချို့သော မြန်မာစာရေးဆရာများသည် စာပေဟန်ကို ဖျောက်ဖျက်ပြီး စကားပြောဟန်ဖြင့် အစားထိုးရန် ကြိုးစားခဲ့ကြသည်။ မင်းလတ် ကဲ့သို့ မြန်မာ ဘာသာဗေဒပညာရှင် အချို့က စာပေဟန်မှ ခွဲထွက်ရန်အတွက် အဆိုပြုခဲ့ကြသည်။ စာရေးသားသည့်အခါမှာ စာပေဟန်ကို အတော်များများ အသုံးပြုနေကြ သော်လည်း များမကြာမီကစတင်ပြီး ဟိတ်ဟန်မလိုတဲ့ စာရေးသား ခြင်းကိစ္စတွေမှာ စကားပြောဟန်ကို အသုံးပြုခြင်းဟာ ခေတ်စားလာပြီ ဖြစ်ပါတယ်။ ယနေ့အခါမှာတော့ ရုပ်သံသတင်း၊ ရုပ်ပြစာအုပ်၊ ကြော်ငြာအရေးအသား စသည့် ကိစ္စတွေမှာ စကားပြောဟန် သို့မဟုတ် ပိုမိုရိုးရှင်းပြီး ပေါ့ပါးတဲ့ စာရေးဟန်တွေကို ပြောင်းလဲ အသုံးပြုနေကြပြီ ဖြစ်သည်။

အပြောစကားမှ ယဉ်ကျေးသိမ်မွေ့မှု အဆင့်အလိုက် စကားလုံးသတ်မှတ်ချက်များနှင့် စကားပြောသူတွေရဲ့ အသက်အရွယ်၊ ဆွေမျိုးတော်စပ်မှု စသည့် အနေအထားအရ အရိုအသေပြု ခေါ်ဝေါ်ရတဲ့ အသုံးအနှုန်းတွေ ရှိသည်။ ယဉ်ကျေးသိမ်မွေ့မှုကို ပြသရန်အတွက် "ပါတယ်"၊ "ပါခင်ဗျ" စသည့် ဝိဘတ် များကို မကြာခဏ အသုံးပြုကြသည်။ နာမ်စားတွေမှာလည်း အသုံးပုံစံ အမျိုးမျိုးရှိသည်။ ဆရာ/ဆရာမ၊ အရာရှိ၊ အသက်ကြီးသူ စသည့်သူများအား ခေါ်ဝေါ်ရန်အတွက် ယဉ်ကျေးတဲ့စကားအသုံးအနှုန်းပုံစံတွေ သတ်မှတ်ထားရှိသည်။ ဘာသာရေးနဲ့သက်ဆိုင်တဲ့ ရဟန်းသံဃာတွေနဲ့ ပတ်သက်ပြီး ပြောဆိုရေးသားတဲ့ အသုံးအနှုန်းများသည်လည်း သာမန် နေ့စဉ်သုံး စကားပြော အသုံးအနှုန်းများဖြင့် များစွာ ကွာခြားသည်။

တက်ကျသံဘာသာစကား

သွင်ပြင်လက္ခဏာတစ်ခုမှာ မြန်မာဘာသာစကားတွင် အသံအနိမ့်အမြင့်ပြောင်းလျှင် စကားလုံးအဓိပ္ပာယ်ပြောင်းခြင်း ဖြစ်သည်။ တက်ကျသံကို အင်္ဂလိပ်ဘာသာစကားတွင် tone ဟုခေါ်သည်။ က၊ ကာ၊ ကား၊ လု၊ လူ၊ လူး၊ ပန့်၊ ပန်၊ ပန်း စသည်ဖြင့် အသံအတက်အကျ ပြောင်းခြင်းသည် တက်ကျသံပြောင်းခြင်း ဖြစ်သည်။ က၊ ကာ၊ ကား ဟူသော စကားလုံးသုံးလုံးသည် ဗျည်းလည်းတူသည်၊ သရလည်းတူသည်၊ တက်ကျသံသာကွဲပြားသည်။ တက်ကျသံကွဲပြားသည်သာမက စကားလုံးတစ်လုံးစီ၏ အဓိပ္ပာယ်လည်း ကွဲပြားသွားသည်။

သူကနေသည်။

သူကာနေသည်။

သူကားနေသည်။

အထက်ပါဝါကျများတွင်တွေ့ရသည့်အတိုင်း တက်ကျသံပြောင်းပြောရုံဖြင့် အဓိပ္ပာယ်များ ပြောင်းသွားသည်။ ဤဘာသာစကားမျိုးကို တက်ကျသံဘာသာစကားဟု ခေါ်သည်။ ထို့ကြောင့် မြန်မာဘာသာစကားသည် တက်ကျသံဘာသာစကားဖြစ်သည်။

စကားလုံးအသံထွက်များ

ဤအပိုင်းတွင် နိုင်ငံတကာ အသံထွက်သင်္ကေတ (နိုင်ငံတကာ သဒ္ဒဗေဒအက္ခရာ) များကိုအသုံးပြုထားခြင်းများပါဝသ်သည်။

ဗျည်းများ

အောက်ပါတို့သည် ဗျည်းများဖြစ်ကြ၍ ဗျည်းစစ်စစ်ကို ပုံဖော်ရာ၌ "က်၊ ခ်၊ ဂ်..." ဟုရေးသားရသော်လည်း အမြင်ပိုင်းဆိုင်ရာနှင့် ဖတ်ရှုမှု လွယ်ကူစေရန် "က၊ ခ၊ ဂ..." ဟူ၍သာ ဇယားများထဲ၌ ဖော်ပြထားသည်။

နောက်ထပ် အချက်အလက်များ နှုတ်ခမ်း, သွား ...

ဂျန်နီနှင့် စန်းစန်းနှင်းထွန်း (Jenny & San San Hnin Tun (2016:15)) တို့အရ 'သ' ၏ သင်္ကေတဖြစ်သော θ နှင့် ð တို့သည် ပွတ်တိုက်ဗျည်းများ (/θ, ð/) များဖြစ်ကြ၍ ထိုသင်္ကေတများနေရာ၌ သွားဌာန်ရပ်သံများဖြစ်သော (/t̪, d̪/) ကိုသာသုံးသင့်သည်ဟု ဆိုသည်။

(သရရွေ့) သွားရင်းဗျည်း 'ရ်' (/ɹ/) သည် မွေးစားစကားလုံးအချို့တွင် 'ယ်' နေရာ၌ အစားထိုး(တူညီသော) ဗျည်းဖြစ်နိုင်သည်။

နောက်ဆုံးနှာသံ /ɰ̃/ သည် မူရင်းနောက်ဆုံးနှာသံ လေးခုဖြစ်သော ⟨မ်⟩ /m/, ⟨န်⟩ /n/, ⟨ဉ်⟩ /ɲ/, ⟨င်⟩ /ŋ/ တို့နှင့် လျှာဖျားကော့ဗျည်း ⟨ဏ⟩ /ɳ/ (ပါဠိစာလုံးများ၌သုံးစွဲ) အတွက် အစားထိုးရေးသားနိုင်ကာ နှာသံပြုသင်္ကေတ သေးသေးတင် (ံ) သည် က→ကံ ဟု နှာသံပြရာတွင်သုံးစွဲကြ၍ အများအားဖြင့် နှာသံလယ်နေရာကို အစားထိုးနိုင်လေသည်။ ဥပမာ တံခါး (တန်ခါး, tankhá) ၊ တံတား (တန်တား, tantá) တို့နှင့် ပါဠိနှင့် မူရင်းမြန်မာစကားရှိ ⟨မ်⟩ ကိုလည်း အစားထိုးနိုင်သည်။ အထူးသဖြင့် ငံ (ငမ်, ngam) ၊ သုံး (သုမ်း, thóum) ၊ ဆုံး (ဆုံးမ်, sóum) တို့ဖြစ်ကြသည်။ သို့သော်လည်း 'ည်' နေရာကိုမူ အစားမထိုးနိုင်ပေ။ 'ည' ကို နှာသံအဖြစ် အသိအမှတ်မပြုထားသောကြောင့်ဖြစ်ကာ 'ည်' သည် အရှေ့အဖွင့်/ပွင့် သရများဖြစ်သော အီး ([iː])၊ အဲ ([eː]) (သို့) အေး ([ɛː]) တို့နှင့် ပို၍ နီးစပ်သည်။

နောက်ဆုံးနှာသံကို သရ၏နှာသံအဖြစ် သတ်မှတ်ယူဆကြသည်။ သံရင်းမျိုးပြားအရ 'လေလမ်းကြောင်းပိတ်ရပ်သံများ'၏ အရှေ့တွင် နှာသံအဖြစ်တည်ရှိနိုင်သည်။ သာဓကပြရလျှင် မုန်တိုင်း (မုန်ဒိုင်း) ကို သဒ္ဒဗေဒပုံစံဖြင့် /mòʊɰ̃dáɪɰ̃/ ဟုရေးသားထားသည်ကို အသံထွက်ကြသည်မှာ [mõ̀ũndã́ĩ] အဖြစ် အသံပြုကြလေသည်။

သရများ

နောက်ထပ် အချက်အလက်များ လုံးချင်းသရ, သရတွဲ ...

သရတွဲများကို ပြသရာ၌ တစ်လုံးချင်းစီ၏ အသံကို ရေးသားထားခြင်းဖြစ်သည်။ ထိုအသံနှစ်ခုသည် ပူးပေါင်း၍ လျင်မြန်စွာရွတ်ဆိုရသည်။ ဥပမာ : /eiʔ/ ဆိုလျှင် အိတ်/အိပ် ၊ /ouʔ/ ဆိုလျှင် အုတ်/အုပ် ၊ /aũ/ ဆိုလျှင် အောင် စသဖြင့်ဖြစ်၏ ။

လေးသံ

မြန်မာဘာသာ သံနေသံထားဘာသာဖြစ်တော့ phonemic ခြားနားချက် သရအသံပေါ်မှာမူတည်သည်။ မြန်မာဘာသာမှာ အသံခြားနားချက်များက လေသံ၊ phonation၊ အသံအရှိန်၊ အဓွန့်၊ နှင့် သရအရည် အားလုံးပေါ်မှာလည်းမူတည်သည်။ အသံခြားနားချက်လေးခုရှိသည်။

နောက်ထပ် အချက်အလက်များ အသံနာမည်, IPA ...

နမူနာမှာ အသံတွေစကားလုံများ၏ အဓိပ္ပယ်ပျောင်းသည်။

နိမ့်သံ /kʰà/ (ခါ)

တက်သံ /kʰá/ (ခါး)

သက်သံ /kʰa̰/ (ခ)

တိုင်သံ /kʰaʔ/ (ခတ်)

/N/ ပါတဲ့ဝဏ္ဏမှာ တိုင်သံမပါဘူး။

နိမ့်သံ /kʰàN/ (ခံ)

တက်သံ /kʰáN/ (ခန်း)

သက်သံ /kʰa̰N/ (ခန့်)

အက္ခရာ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါးများ - မြန်မာအက္ခရာ နှင့် မြန်မာအက္ခရာသမိုင်း

မြန်မာအက္ခရာနမူနာများ

ဝေါဟာရ

မြန်မာဝေါဟာရ အများစုသည် တိဗက်-ဗမာနွယ် ဘာသာစကားများ (Tibeto-Burman) စကားမျိုးနွယ်ဝင်ဖြစ်ပြီး ဧကဝဏ္ဏစကားလုံး(monosyllabic) ဘာသာစကား ဖြစ်သည်။ ။ သို့ပေမဲ့ အချို့ဝေါဟာရများ အထူးသဖြင့် မွေးစားဝေါဟာရများမှာမူ အသံ တစ်သံထက် ပိုထွက်လေ့ရှိသည်။ မွေးစားဝေါဟာရများမှာ များသောအားဖြင့် နာမ် ပုံစံနများ ဖြစ်ကြသည်။

ဗုဒ္ဓဘာသာ၏ ကျမ်းစာပေ ဘာသာစကားဖြစ်သော ပါဠိဘာသာစကားသည် မြန်မာဘာသာစကားအပေါ် အထူးလွှမ်းမိုးမှုရှိသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာလူ့အဖွဲ့အစည်းအား ဗုဒ္ဓဘာသာက အထူးလွှမ်းမိုးခြင်း၊ မြန်မာဘာသာစကားနှင့် ပါဠိဘာသာစကားကြား ဆင်တူသည့် အသံထွက်စနစ် ရှိခြင်း၊ မြန်မာစာရေးစနစ် ကိုအသုံးပြု၍ ပါဠိဘာသာစကားကို လုံးဝတိတိကျကျ ရေးသားနိုင်ခြင်း စသည့်အချက်များကြောင့် ဖြစ်သည်။ ပါဠိမှ ဆင်းသက်လာသော မွေးစားစကားလုံးများသည် ဘာသာတရား၊ အစိုးရ၊ ဝိဇ္ဇာ၊ သိပ္ပံ တို့နှင့် ဆက်နွယ်လေ့ ရှိသည်။ ပါဠိစကားလုံးများကို မွေးစားရာတွင် ပုံစံ လေးမျိုးဖြင့် မွေးစားသည်။

တိုက်ရိုက်မွေးစားခြင်း – ပါဠိစကားလုံးအား မူရင်း ပါဠိအတိုင်း ယူသုံးသည်

ပါဠိဘာသာစကားဖြင့် "ဒေါသ" → မြန်မာဘာသာစကားဖြင့် "ဒေါသ"

ပါဠိဘာသာစကားဖြင့် "လောဘ" → မြန်မာဘာသာစကားဖြင့် "လောဘ"

အတိုကောက်မွေးစားခြင်း – ပါဠိစကားလုံးအား အတိုချုံ့၍ ယူသုံးသည်

ပါဠိဘာသာစကားဖြင့် "ကမ္မ" → မြန်မာဘာသာစကားဖြင့် "ကံ"

ပါဠိဘာသာစကားဖြင့် "အရုဏ" → မြန်မာဘာသာစကားဖြင့် "အာရုဏ်"

ပါဠိဘာသာစကားဖြင့် "ကုသလ" → မြန်မာဘာသာစကားဖြင့် "ကုသိုလ်"

နှစ်ခါမွေးစားခြင်း – မူရင်းပါဠိစကားလုံးအား မတူညီတဲ့ မြန်မာစကားလုံးနှစ်မျိုးအတွက် ယူသုံးသည်

ပါဠိဘာသာစကားဖြင့် "မာန" → မြန်မာဘာသာစကားဖြင့် "မာန" နှင့် "မာန်"

ပေါင်းစပ်မွေးစားခြင်း – မြန်မာစကားလုံးနှင့် ပါဠိစကားလုံးများအား ရောစပ်၍ စကားလုံးအသစ် တီထွင် အသုံးပြုသည်

လေယာဉ်ပျံ – လေ←(မြန်မာစကားလုံး) + ယာဉ်←(ပါဠိစကားလုံး) + ပျံ←(မြန်မာစကားလုံး)

အင်္ဂလိပ်ဘာသာမှ မွေးစားစကားလုံးများသည် သိပ္ပံနှင့်နည်းပညာ၊ တိုင်းတာ ခြင်တွယ်ခြင်း၊ ခေတ်သစ် ပညာရပ်များနှင့် ဆက်နွယ်သည်။

မွန်ဘာသာသည် မြန်မာဘာသာအပေါ် လွှမ်းမိုးမှု မရှိသောကြောင့် မွန်ဘာသာမှ မွေးစားထားသော ဝေါဟာရများနှင့် မြန်မာ ဝေါဟာရများကို ခွဲခြားနိုင်ရန် ခဲယဉ်းလှသည်။

သင်္သကရိုက်ဘာသာ (ဘာသာတရား)၊ တရုတ်ဘာသာ (ကစားနည်းနှင့် အစားအသောက်) နှင့် ဟိန္ဒီဘာသာ (အစားအသောက်၊ အုပ်ချုပ်ရေးနှင့် ရေကြောင်းပို့ဆောင်ရေး) မွေးစားစကားလုံးများကိုလည်း တွေ့ရသည်။

တစ်ခြားဘာသာများမှ မွေးစားထားသည့် မြန်မာဝေါဟာရများလည်း ရှိသေးသည်။

နောက်ထပ် အချက်အလက်များ ဘာသာ, နံပါတ် (မွေးစားစကာလုံ၊ နာမ်မှ) ...

သာဓက –

ဒုက္ခ ([doʔkʰa̰]) – ပါဠိ "dukkha"

ရေဒီယို ([rèdìjò]) – အင်္ဂလိပ် "radio"

စနစ် ([səniʔ]) – မွန် "စ္နတ်"

ကော်ပြန့် ([kɔ̀pja̰n]) – အင်္ကျီတို (ဖူကျန့်) တရုတ် 潤餅 (jūn-piáⁿ)

ဇနီး ([zəní]) – ဟိန္ဒီ पत्नी (jani)

ခေါက်ဆွဲ ([kʰaʊʔ sʰwé]) – ရှမ်း "ၶဝ်ႈသွႆး"

ပေ ([pè]) – ပေါ်တူဂယ် pé

အလံ ([əlàn]) – အာရပ် alam

ပြင်ပလင့်ခ်များ

Burmese/Myanmar script and pronunciation at Omniglot

Myanmar Unicode Character Picker Archived 9 December 2012 at Archive.is

Myanmar Unicode Implementation Public Awareness Archived 2 January 2014 at the Wayback Machine.

Myanmar3 keyboard layout Archived 17 September 2008 at the Wayback Machine.

myWin2.2 Archived 20 August 2008 at the Wayback Machine.

Fonts supporting Burmese characters

Burmese Wikipedia:Font page

Burmese Unicode & NLP Research Centre Archived 9 February 2006 at the Wayback Machine.

Parabaik Myanmar Unicode Project GPLed and OFLed Archived 9 February 2008 at the Wayback Machine.

Myanmar-English Unicode dictionary

ကျမ်းကိုး

မြန်မာဝေါဟာရသရုပ်ခွဲကျမ်း

- ဝေါဟာရသရုပ်ခွဲကျမ်းဆိုသည်မှာ အဘိဓာန်ထက်ပိုမိုကျယ်ပြန့်ပြီး ဘာသာစကားတစ်ခု၏ ဝေါဟာရများကို ဘာသာဗေဒနည်းအရ အသေးစိတ် ခွဲခြမ်းစိတ်ဖြာထားခြင်း ဖြစ်သည်။ ၎င်းတွင် ဘာသာစကား၏ အလွန်အသုံးဝင်သော အရင်းအမြစ်များကို ထိန်းသိမ်းပေးထားနိုင်ခြင်း၊ စကားလုံး တစ်လုံးချင်းစီကို သာမက ယင်းစကားလုံးနှင့် ဆက်စပ်လျက် ရှိသော စကားလုံးများကို လေ့လာနိုင်ခြင်း စသည့် အဘိဓာန်တစ်ခုထက် ပိုမိုလေးနက်သော အသုံးဝင်မှုများ ပါဝင်သည်။ ထို့ကြောင့် ဝေါဟာရသရုပ်ခွဲကျမ်းသည် နိုင်ငံတစ်နိုင်ငံ၊ ဘာသာစကားတစ်ခုအတွက် မရှိမဖြစ် လိုအပ်သော အရင်းအမြစ်တစ်ခု ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဘာသာစကားများ

မြန်မာနိုင်ငံတွင် ပြောဆိုအသုံးပြုနေသည့် ဘာသာစကားများမှာ ၁၀၀ ခန့်ရှိသည်။ မြန်မာဘာသာစကား ကို လူဦးရေ၏ သုံးပုံနှစ်ပုံခန့် ပြောဆိုအသုံးပြုကြပြီး ရုံးသုံးဘာသာစကားလည်းဖြစ်သည်။

တရုတ်-တိဗက်နွယ် ဘာသာစကားများ

တရုတ်-တိဘက်နွယ် ဘာသာစကား မိသားစုကို အချို့က တိဗက်-ဗမာနွယ် ဟူ၍လည်းကောင်း၊ ထရန်စ်-ဟိမာလေးယန်း ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ တရုတ်-တိဗက်နွယ် ဘာသာစကားများတွင် ဘာသာစကား ၄၀၀ ကျော်ပါဝင်ပြီး အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် တောင်အာရှဒေသများတွင် ပြောဆို အသုံးပြုကြသည်။ အင်ဒို-ယူရိုပီယန် ဘာသာစကားများပြီးလျှင် ဒုတိယမြောက် အသုံးပြုသူ အများဆုံးရှိသည့် ဘာသာစကားများ ဖြစ်သည်။ တရုတ်-တိဗက်နွယ် ဘာသာစကားများတွင် မိခင်ဘာသာစကားအဖြစ် အများဆုံးသော ဘာသာစကားများမှာ တရုတ်ဘာသာစကား အမျိုးမျိုး၊ ဗမာ ဘာသာစကား နှင့် တိဘက်ဘာသာစကား တို့ဖြစ်ကြသည်။ တရုတ်-တိဘက်နွယ် ဘာသာစကား အတော်များများကို ဝေးလံသော တောင်ပေါ်ဒေသများတွင်ရှိသော လူမျိုးစုလေးများက ပြောဆိုလျက် ရှိကြပြီး ယင်းတို့နှင့်ပက်သက်သော မှတ်တမ်းမှတ်ရာများ နည်းပါးသည်။

#generalknowledgeforburmese
Alex Aunghttp://www.blogger.com/profile/13958650132140473779noreply@blogger.com0tag:blogger.com,1999:blog-3813763337170553596.post-41947253225106397732024-03-14T15:29:00.001+06:302024-03-14T15:29:13.406+06:30"ပန်းချီဆရာကြီး ဦးအုန်းလွင်"

◾ ရေးသူ - ပန်းချီသိန်းဇံတင့်

ပန်းချီဆရာကြီး ဦးအုန်းလွင်ဟု စာနယ်ဇင်းလောကတွင် အောင်မြင်ကျော်ကြားနေချိန် စာရေးသူ ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ပန်းချီအနုပညာ ကျောင်းတက်နေစဉ် ၁၉၇၀-၁၉၇၁ ခုနှစ် ပညာသင်နှစ် ဒုတိယနှစ်သင်တန်းတက်ရောက်သင်ကြားနေချိန် ပန်းချီ သင်တန်းသား၊ သင်တန်းသူများအား ကန်တော်ကြီးမြေပဒေသာကျွန်း ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်ဦးမှ မြင်တွေ့နေရသော ရွှေတိဂုံ စေတီတော်မြတ်ကြီးအား လက်တွေ့ရေးဆွဲပြသ၊ သင်ကြား ပေးသွားတာကိုစာရေးသူအပါအဝင် ကျောင်းသား၊ ကျောင်းသူအားလုံးတို့က ဆရာကြီး၏လက်ရာကိုထူးခြားစွာဖြင့် တွေ့မြင်ခဲ့ကြရသည်။ ရေဆေး၏ အယူအဆ၊ ရေးနည်းရေးဟန်များအား သတ်မှတ်ရေချိန် အတိုင်းအတာ၊ ရေဆေးအကြည် (Water Colour) အား ကျွမ်းကျင် ပိုင်နိုင်စွာဖြင့် ရေးဆွဲပြသသွားတာကို စာရေးသူတို့ အတုယူရေးဆွဲကြရာဆရာကြီး၏ လက်ရာနှင့် ဆီနှင့် ရေလိုပါပဲကွာခြားလှသည်။

နောင်တစ်ချိန်တွင် ပန်းချီ ဆရာကြီး ဦးအုန်းလွင် ဖြစ်လာမည့် ငယ်နာမည် 'အပါ'လေးကို မွန်ပြည်နယ် မုဒုံမြို့ နယ် တံခွန်တိုင်ကျေးရွာ၌ အဖ ဦးငယ်၊ အမိ ဒေါ်ရွှေသဲတို့က ၁၉၀၇ ခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် ဖွားမြင်သည်။ မွေးချင်းမောင်နှမ ခုနစ်ဦးရှိကာ အစ်ကိုကြီး လေးဦးနှင့် အစ်မကြီးနှစ်ဦးတို့ရှိကြပြီး အငယ်ဆုံးသား ဖြစ်သည်။ ငယ်စဉ်အရွယ်က ဇာတိမြေမှ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ပဲခူးတိုင်း သာယာ၀တီမြို့ (B.M.A)ကျောင်း၊ပြည်မြို့ အထက်တန်းကျောင်းနှင့် ရန်ကုန်မက်သဒစ် ဟိုက်စကူးကျောင်းတွင် အဋ္ဌမတန်းအထိ ပညာသင်ကြားခဲ့သူဖြစ်သည်။

ကျောင်းမှပြုလုပ်သော ဘေဒီရှိုးပြပွဲတွင် ဆရာ ဦးအုန်းလွင်၏ လက်ရာကို ပညာဝန် ဒေါ်မြစိန်က တွေ့ရှိ သဘောကျသွားသဖြင့် ဝင်ဆာနယူတန်ကုမ္ပဏီက ပန်းချီပစ္စည်း ကျပ် ၂၀ ဖိုး ဝယ်ယူခွင့်ပေးခဲ့သည်။ပြည်မြို့၌ အဋ္ဌမတန်းအောင်မြင်သောအခါ ၁၉၂၆ ခုနှစ် မေလတွင် မြန်မာအဆွေကုမ္ပဏီက ထုတ်ဝေသည့် ဒဂုန်မဂ္ဂဇင်းက ကျင်းပသော ပန်းချီပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆရာဦးအုန်းလွင်က စတုတ္ထဆုရရှိခဲ့သည်။ ဆရာဦးဘလုံက ပထမဆု၊ ဆရာဦးမောင်မောင်တင်က ဒုတိယဆု၊ ဆရာဦးစုက တတိယ ဆုနှင့် ဆရာဦးအုန်းလွင်က စတုတ္ထဆု ရရှိခဲ့ခြင်းပင် ဖြစ်သည်။

၁၉၂၆ ခုနှစ် ဇူလိုင်လတွင် မြန်မာအဆွေကုမ္ပဏီ၌ တစ်လ ကျပ် ၄၀ ဖြင့်ပန်းချီဆရာအဖြစ် ဝင်လုပ်ခဲ့သည်။ တစ်နှစ်ခန့်ကြာသော် ဆရာဦးဘလုံက ခေါ်သဖြင့် မြန်မာအဆွေကုမ္ပဏီမှထွက်ကာ 'ဘလုံအုန်းလွင်' စတူဒီယိုဖွင့်၍ ကိုယ်ပိုင်ပန်းချီလုပ်ငန်းလုပ်ကိုင်ခဲ့သည်။ ဘားမားအတ်ကလပ်တွင်လည်း ဆရာဦးဘဉာဏ်၊ ဦးဘဇော်တို့၏ ပန်းချီသင်တန်းတွင် ရေဆေးပညာကို လေ့လာသင်ယူခဲ့သည်။

၁၉၂၉ ခုနှစ်တွင် ဗြိတိသျှဘားမားမှ ပန်းချီ ဦးစံလွင်ကခေါ်သဖြင့် လက်ထောက်ပန်းချီဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် လခစားပန်းချီဆရာအဖြစ်မှ နုတ်ထွက်၍ လွတ်လပ်သော ပန်းချီဆရာဘ၀ဖြင့် ရပ်တည် နေထိုင်ခဲ့သည်။ တွံတေး မြို့သူ မသန်းနှင့် အိမ်ထောင်ကျခဲ့သည်။

ပန်းချီဆရာကြီး ဦးအုန်းလွင်သည် ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် ကိုယ်စားလှယ်အဖြစ် ၁၉၅၂ ခုနှစ်တွင် တရုတ်နိုင်ငံပေကျင်းမြို့သို့ သွားရောက်ခဲ့ရသည်။ ပေကျင်းမြို့ အစိုးရအနုပညာကျောင်း၌ ပန်းချီအနုပညာကို လေ့လာခဲ့သည်။ ၁၉၅၈ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့သို့ သွားရောက်ခဲ့ရာ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ၊ ရူမေးနီးယားနိုင်ငံတို့တွင် ပန်းချီနှင့် အခြား အနုပညာများကို လေ့လာခဲ့ရသူဖြစ်သည်။

ပန်းချီဆရာကြီး ဦးအုန်းလွင်သည် ပန်းချီဆရာကြီးများဖြစ်ကြသော ဆရာကြီး ဦးဘဉာဏ်၊ ဆရာကြီး ဦးဘဇော်၊ ဆရာ ဦးဘလုံနှင့် ဆရာဦးစံလွင်တို့ထံမှ ပန်းချီပညာများ ဆည်းပူးခဲ့ရသည်။ ၁၉၂၆ခုနှစ်မှစ၍ ဒဂုံမဂ္ဂဇင်းတွင် စာနယ်ဇင်းသရုပ်ဖော်ပန်းချီများစွာ ရေးဆွဲခဲ့သူဖြစ်သည်။ မြန်မာ့ရိုးရာပန်းချီနှင့် ဥရောပပန်းချီကို ပေါင်းစပ်၍ ရေးခြယ်မှုကို စတင်ခဲ့သူလည်း ဖြစ်ပေသည်။

ပန်းချီဆရာကြီး ဦးအုန်းလွင်သည် ပန်းချီပညာသာမက ဂီတနှင့် အကပညာကိုလည်း မြတ်နိုးစွာ လိုက်စားခဲ့သူတစ်ဦးဖြစ်သည်။ ပန်းချီဆရာကြီး ဦးအုန်းလွင်သည် မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်အဝရှိသူဖြစ်သည်။ ထို့ကြောင့်လည်း အောင်မြင်ခဲ့သူဖြစ်သည်။ ၁၉၂၆ခုနှစ်မှစ၍ပန်းချီလောကထဲသို့ရောက်လာပြီး သူ၏ စိတ်၊ သူ၏မျက်စိဖြင့် နှစ်ပေါင်း ၆၀ ကျော် ပန်းချီအတွက် အပေးအယူလုပ်ခဲ့သည်။ စာလည်းရေးခဲ့သူဖြစ်သည်။ ပန်းချီဆရာကြီး ဦးအုန်းလွင်ရေးသားခဲ့သော ဆောင်းပါးမှာ ရှုမ၀မဂ္ဂဇင်းတွင် အခန်းဆက်ပါခဲ့သော 'ရက်ပေါင်း ၄၀ စိန့်တိုင်းဝယ်' ဖြစ်သည်။

စာရေးသူ စန္ဒာရုပ်စုံမဂ္ဂဇင်းတွင် ခေါင်းစီးစာတန်းလေးတွေ ရေးဆွဲနေရချိန်တွင် တစ်နေ့မှာ စာရေးသူအား ယမန်နေ့ကအပ်လိုက်သော ခေါင်းစီးစာတန်းကို ရေးပြီးသွား၍ မဂ္ဂဇင်းတိုက်သို့ လာပြန်အပ်ချိန် စန္ဒာမဂ္ဂဇင်းရုံးခန်းအတွင်းက ငွေထုတ်ပေးသူ၏ စားပွဲရှေ့ခုံတွင် ထိုင်နေသော ပန်းချီ ဆရာကြီး ဦးအုန်းလွင်အား မြင်တွေ့လိုက်ရချိန် အယ်ဒီတာစားပွဲတွင် ထိုင်နေသော ဆရာကြီးဦးတင့်တယ်အား စာရေးသူကရေးဆွဲလာသော ခေါင်းစီးစာတန်းအားပြသလိုက်စဉ် ဆရာကြီးက သေချာစွာကြည့်ပြီး စာရေးသူအား "ဉာဏ်ပူဇော်ခ သွားထုတ်လိုက်" ဟု ပြောလိုက်သဖြင့် စာရေးသူကငွေထုတ်ပေးသူ၏ စားပွဲရှေ့ခုံတွင် ထိုင်လိုက်ရာ ငွေထုတ်ပေးသူက စာရေးသူအားငွေထုတ်ပေးလိုက်သဖြင့် စာရေးသူလည်းငွေထုတ်ပေးသူနှင့် ဆရာကြီး ဦးတင့်တယ်အား နှုတ်ဆက်၍ ရုံးခန်းအတွင်းမှ ထွက်ခဲ့သည်။ ဗိုလ်ချုပ်လမ်းဘက်သို့သွားနေသော ပန်းချီဆရာကြီး ဦးအုန်းလွင်ကို မြင်လိုက်သဖြင့် မီအောင်လိုက်ပြီး ဆရာကြီး၏ လက်ကိုဆွဲကာ "ဆရာကြီးကို ကျွန်တော် လက်ဖက်ရည်တိုက်ပါရစေ" ဟု ပြောကာ ဆရာကြီး ဦးအုန်းလွင်အား ဘေးနားတွင်ရှိနေသော ဘားလမ်း (ယခု မဟာဗန္ဓုလပန်းခြံလမ်း) အတွင်းရှိ 'ရွှေမင်းသမီး'လက်ဖက်ရည်ဆိုင်အတွင်းသို့ လက်ဆွဲခေါ်လာပြီး လွတ်နေသော စားပွဲခုံတွင် နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်ကြကာ ကိုယ့်ကိုယ်ကိုယ်ပဲ ပဏာမ ဆရာကြီးအား မိတ်ဆက်ပေးခဲ့ရသည်။

ပန်းချီဆရာကြီး ဦးအုန်းလွင်ကလည်းကိုယ် ဝါသနာပါတဲ့ အလုပ်ကို ကြိုးစားကာ တိုးတက်အောင်မြင်အောင်လုပ်ဖို့ ၊ နာမည်မပျက်ရလေအောင် လုပ်ကိုင်ဖို့ မှာကြားခဲ့ဖူးသည်။ ဆရာကြီးဦးအုန်းလွင်နှင့် ဒီတစ်ကြိမ်ရင်းရင်းနှီးနှီး မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရတာပါ။ ဆရာကြီးက လက်ဖက်ရည်သောက်၊ မုန့်စားပြီး ဆရာကြီး ဦးပြည့်စုံနှင့် ချိန်းထားလို့ဟုဆိုကာ နှုတ်ဆက်၍ ထသွားပါတော့သည်။

ပန်းချီဆရာကြီး ဦးအုန်းလွင်၏ ဟန်ပန် စရိုက်လက္ခဏာများကို လေ့လာလျှင် အောက်ပါအတိုင်းတွေ့ရှိရပါမည်-

(၁) လူပုံပန်းသဏ္ဌာန်မှာ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး ဖြူနွဲ့နွဲ့ဖြစ်သည်။ အရောင်အသွေး ပြေပြစ်၍ မျက်စိပသာဒ အေးမြသော အဝတ်အစားများကိုသာ လိုက်ဖက်ညီညီဖြင့် အစဉ်သပ်ရပ် သန့်ရှင်းစွာ ဝတ်စားဆင်ယင်၍ လှုပ်ရှားသွားလာနေထိုင်တတ်သူဖြစ်သည်။

(၂) အရက်သေစာကို စည်းကမ်းရှိစွာ သောက်စားတတ်ပြီး အရက်သေစာကြောင့် ဂုဏ်သတင်း ညှိုးမှိန်ခြင်းနှင့် အကျင့်သိက္ခာထိခိုက်ခြင်းမရှိ။ ရောဂါဝေဒနာ စွဲကပ်မှုမရှိခဲ့ကြောင်း သိရသည်။

(၃) မြန်မာအက၊မြန်မာ့ဂီတကို နှစ်သက်မြတ်နိုးသည်။ တယောနှင့် ပတ္တလားကို ကျွမ်းကျင်စွာ တီးတတ်သည်။ မြန်မာ့ဘီလူးအကကို ကျွမ်းကျင်စွာ ကတတ်သူ ဖြစ်သည်။

(၄) စကားကောင်းသည်။ စကားဝိုင်းများ၌ ငေး၍ နားထောင်ရအောင် အပြောကောင်းသူဖြစ်သည်။ ကိစ္စတစ်ရပ်ရပ်ကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနိုင်ရုံမက နားထောင်သူအား အရသာအစုံဖြင့် လှုပ်ရှားသွားအောင် ပြောနိုင်သူဖြစ်သည်။

(၅) စာဖတ်ဝါသနာပါကာ စာပေဗဟုသုတလိုက်စားသည်။ အင်္ဂလိပ်စာ၊ မြန်မာစာကို နှံ့စပ်စွာ ဖတ်သူ ဖြစ်သည်။ ဝတ္ထု၊ ဆောင်းပါးများ၊ စာတမ်းများ အများအပြား ရေးသားခဲ့သည်။ အမှာစာများ ရေးသားခဲ့သည်။

(၆) စိတ်နေသဘောထား အလွန်ကောင်းမွန်သည်။ ရိုးသားသိမ်မွေ့သူဖြစ်သည်။ တည်ကြည်ဖြောင့်မတ်သည်။ စာနာတတ်သော်လည်း ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သည်။ လောဘနည်းသည်။ ငွေကြေးကို မမက်မောဟု သိရသည်။

(၇) မည်သည့်အခါမျှ အလုပ်ကို ပြီးစလွယ် လုပ်လေ့ မရှိ။ ပန်းချီကားမြောက်မြားစွာ ထောင်ချီ၍ ရေးဆွဲခဲ့သော်လည်း ပန်းချီကားတစ်ချပ်ရေးတိုင်းရေးတိုင်း သေချာကျနစွာ ကြိုးစား၍ လက်စွမ်းပြရေးသားခဲ့သည်ချည်းဖြစ်သည်။

ပန်းချီဆရာကြီး ဦးအုန်းလွင်တွင် အိမ်ထောင်သုံးဆက်ရှိခဲ့ပြီး အသက် ၂၃ နှစ်အရွယ်တွင် တွံတေးမြို့သူ မသန်းနှင့် လက်ထပ်ခဲ့သည်။ ၁၉၃၆ ခုနှစ်မှ ၁၉၄၃ ခုနှစ်အထိ မအုန်းနှင့် ပေါင်းဖက်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မအေးကြည်(မုဒုံ)နှင့် အိမ်ထောင်ပြုခဲ့သည်။ ၃-၁- ၂၀၂၄ (ဗုဒ္ဓဟူးနေ့) က စာရေးသူ စာရေးဆရာကြီး ပန်းချီ ဦးလှတင်ထွန်းနေအိမ်သို့ ရောက်သွားသည့်အခါ ပန်းချီဆရာကြီး ဦးအုန်းလွင်ရဲ့အကြောင်း ဆရာဦးလှတင်ထွန်းပြောပြတာလေး အမှတ်တရ ရေးလိုက်ရပါသည်။ "ပန်းချီဆရာကြီး ဦးအုန်းလွင်သည် အသက် (၇၀)ကျော် အရွယ်ရောက်သည့်တိုင် မန္တလေးမြို့နှင့် ပုဂံမြို့သို့ တစ်ခါတစ်ရံမျှ မရောက်ဖူးခဲ့။ လေယာဉ်ပျံမစီးဖူးခဲ့သူ ဆရာတစ်ဦးပါ။ "ပန်းချီဆရာကြီး ဦးအုန်းလွင်ကို မျက်စိရောဂါကုသပေးဖို့ မန္တလေးမြို့က လူထုဒေါ်အမာဆီ လိုက်ပို့တဲ့အထဲမှာ ဆရာပါတယ်။ ဒါပေမဲ့ မျက်စိကတော့ ကုသလို့ မရပါဘူး။ လေယာဉ်ပေါ်ကဆင်းတော့ လာကြိုနေတဲ့ လူထုဒေါ်အမာက ဆရာကြီးကိုတွေ့တော့ ဝမ်းသာအားရနဲ့ ဆရာကြီးလက်ကိုဆွဲပြီး နှုတ်ဆက်ရင်း ဆရာ့လက်တွေ ပူလို့ပါလား ပြောလို့ ပူမှာပေါ့။တစ်လမ်းလုံး မအေးကြည်ကို နှိပ်ပေးလာရတာကိုးလို့တောင် ရယ်စရာ ပြောလိုက်သေးတယ်။ လေယာဉ်ပေါ်မှာ ဆရာကြီးရဲ့ဇနီး ဒေါ်အေးကြည်က တစ်လမ်းလုံး လေယာဉ်မူးတော့ အန်လာတာလေ။ အဖော်လိုက်ခဲ့တဲ့ လူကို လူမမာက ပြုစုလာရတယ်ဆိုပြီး ရယ်စရာပြောတာပါ"

ပန်းချီဆရာကြီး ဦးအုန်းလွင်သည် သေခြင်းတရားအပေါ် ဆရာကြီးသိရှိ၍ 'ဇာတိ၏ ပန်းတိုင်သည် မရဏ'ဟူသော ဆိုစကားကိုပြောဆိုကာ သတိရှိသူတစ်ဦးဖြစ်ကြောင်း သိရသည်။ ပန်းချီဆရာကြီးဦးအုန်းလွင်သည် မျက်မမြင်ဘ၀ဖြင့် စကားပြောမည့်အဖော်ကို စောင့်မျှော်ရင်းဖြင့် ပျင်းရိဖွယ်အချိန်များကို ဖြတ်သန်းနေရချိန်တွင် အလွန်နှစ်သက်သော အရက်သေစာကို အဖော်မလုပ်။ကုန်လွန်ခဲ့ပြီးသော အောင်မြင်ခဲ့သည့် အချိန်ကာလများကိုလည်း တသ၍မနေပါ။ မိမိအောင်မြင်မှုများကိုလည်း ဝါကြွားခြင်း အလျှင်းမရှိဘဲ မိမိပတ်ဝန်းကျင်တွင် ကျက်သရေရှိရှိ ဩဇာညောင်းစွာ နေထိုင်ခဲ့သူတစ်ဦးဖြစ်သည်။ ဆရာကြီး၏ ဘ၀တစ်သက်တာတွင် ပန်းချီပညာတစ်ခုတည်းဖြင့်သာ အသက်မွေး၍ အနုပညာရှင်ဘ၀ကိုသာခံယူခဲ့သူဖြစ်သည်။ ထို့ကြောင့် ပန်းချီဆရာကြီး ဦးအုန်းလွင်ဟု သမိုင်းတွင် ကျန်ရစ်စေခဲ့သူ အသက် (၈၁)နှစ်အရွယ် ၁၉၈၈ ခုနှစ် ဇွန် ၂၇ ရက် နံနက် ၃ နာရီအချိန်တွင် ကွယ်လွန်သွားခဲ့ပါကြောင်း စာနယ်ဇင်း နိုင်ငံကျော် ပန်းချီဆရာကြီး ဦးအုန်းလွင်အား အမှတ်တရ ရေးသားလိုက်ရပါသည်။

မှီငြိမ်း -

- သုတေသီဆရာ ရာမညဦးကိုကိုနိုင်၏ မြန်မာ့ပန်းချီသမိုင်း။

- ဝင်းသဥ္ဇာမျိုး - ပန်းချီဦးအုန်းလွင်။
Alex Aunghttp://www.blogger.com/profile/13958650132140473779noreply@blogger.com0tag:blogger.com,1999:blog-3813763337170553596.post-21529202075789792632024-03-03T09:30:00.001+06:302024-03-03T09:30:24.966+06:30 မြို့ပွဲ

_________နုနုရည် (အင်းဝ)

(ရွှေအမြုတေ၊ နိုဝင်ဘာ၊ ၁၉၉၉။)

“ပွဲဦးအစ၊ မဏိစည်သူ၊ နောင်ဘုရား အကြိုတော်ထောက်မှာမို့ ရွာစားရေ ... ပုစွန့်လက်မ ကက္ကရရွှေစည်”

“ရွှေခန်းမင်းကြီး ကြွလာပါပြီ ဘုရား၊ ရွှေခန်းမင်းကြီးပါ ဘုရာ့”

“ပခန်း ဘဘကျော်ကြီးပါ ဘုရား၊ ပခန်း ဘဘကျော်ကြီးပါ ဘုရား”

“x x x သိင်္ဂါရွှေရောင် x x x ထိန်ဝါဝေပြောင် x နန်း x ဆောင် ဆောင်ခန်း x x မန်းဘုံတွေ ဝင်းဝေလျှံ စံတည်ကာဖဲငယ်လို သဲငွေ့ ပြန့် x x ...”

“ဟေ့ ... ဟေ ... ဟေ့ ... စိမ်းရောင်စို xx တောင်ညိုမြလှိုင်း × × × သီတာခွေလို့ ရေပတ်လည်ဝိုင်း ဟေ့ ... ဟေ့ ... ဖေကြီးရေ၊ ဖေကြီးရေ ...”

အေ့ ... ထွီ၊ နေညိုတော့ လေပြိုသဟေ့၊ ပခန်းအဖေကြီးကို စောင့်မျှော်ခစား နေကြတဲ့ မောင်းမမိဿံ၊ မင်းပရိသတ် အစုံအညီ ပါလားဟေ့၊ ဟုတ်ကဲ့လား၊ ရွာစားကျော် ကျော်စိန်နီတူးနဲ့ အဆိုတော် မအာပြဲတွေကလည်း အတီးတွေ၊ အဆိုတွေနဲ့ အကြိုတော် ထောက်တယ်ပေါ့ ဟုတ်ကဲ့လား၊ ဟေ့ ... ဖေကျော်ကြီး လာရင် ပြည်တော်ကြီး တစ်ခုလုံး အေးစေရမယ်ဟေ့၊ ခြောက်မယ့်နတ် မဟုတ်ဘူး၊ ကျွေးမယ့်နတ်ကွ၊ ဟုတ်ကဲ့လား၊ အေ့ ... အေ့ ... ဆက်စမ်းအရက်၊ ဒါ ဘာလဲကွ၊ တုတ်ကောက်လေးနဲ့ ဂျော်နီ၊ ရော့ ... ပြန်ထားလိုက်၊ ဖေကြီး မကြိုက်သေးဘူး၊ ဟို အလယ်ကောင်က ပုဝိုင်းဝိုင်းကြီးက ဘာလဲ၊ ယူခဲ့စမ်း၊ ဘာ ... ချီးဗားစ်၊ မကြိုက်ဘူး၊ ဟိုဘက်က ပုလင်းကရောကွ၊ ရွှေရောင်ကလေး၊ ဂိုးလေဘယ် မြန်မြန်ဆက်ဟေ့၊ ဖေကြီး ကြိုက်ပြီ၊ ရွှေအတိတ် ရွှေနိမိတ်နဲ့ ရွှေရောင် လွှမ်းရအောင်။ ဖွင့်စမ်း၊ ရွှေအရက်ကို။

“x x ရွှေငွေလိုရာပစ္စည်း x စည်းစိမ်ပြည့် x အောင်စေ x x x တင့်ဆန်းခမ်းနားလွန်းတဲ့ ဇာတ်တော်သားမောင်တွေ x x x သိဒ္ဓိလိုရာ ပြည့်ကာ x x ရှင်းရှင်းလင်းလင်း x x x နဝင်းဓာတ်ကို ချွေ x”

လိုရာ ပြည့်စေရမယ်ဟေ့၊ ဟုတ်ကဲ့လား ကိုးနဝင်း၊ ကိုးဓာတ်၊ အားလုံး အောင်စေအေးစေ ရမယ်ဟေ့၊ ဟိုညီဘွား ဘာကြည့် နေတာလဲကွ၊ လာ ... လာ ... ထစမ်း၊ ဘာလဲ မင်းဆက်ထားတဲ့ ရွှေအရက်ကို နှမြောနေတာလား၊ ဟုတ်လား၊ ကျယ်ကျယ်ပြော၊ ခုကျတော့ အသံလေးက တိုးတိုးလေး၊ မပွင့်တပွင့်၊ ညနေ ညနေ ကာရာအိုကေ စားသောက်ဆိုင်၊ ရက်စတောရင့်တွေ မှာတော့ မင်းအသံ ဒီလို ဟုတ်မထင်ပါဘူးကွာ၊ ဖေကြီးကို ဆက်ရတဲ့ ရွှေအရက်ဖိုးက မင်း အဆိုတော် ကောင်မလေးတွေကို စွပ်တဲ့ ပန်းကုံဖိုးလောက် မများပါဘူးကွ၊ ဟုတ်ကဲ့လား၊ ရှက်မနေနဲ့၊ ပြောစမ်း၊ မင်း ပင်လယ် ငါးဖမ်းလှေက ဘယ်လောက်နဲ့ ရောင်းချင်တာ၊ ငါးဆယ်၊ ဘာ ... ပြောပါ ကျယ်ကျယ်၊ လေးဆယ်၊ အေး ... လေးဆယ် မရနိုင်ဘူး၊ သုံးဆယ်ကျော် ရမယ်၊ သုံးဆယ်ကျော် ရရင် တော်ပြီလား၊ ရပြီလို့ သဘောထားလိုက်၊ ခဏနေ ယူမယ့်လူ လာလိမ့်မယ်၊ မင်းတို့ချင်း တစ်ခါတည်း တွေ့လိုက်၊ ပြီးရော မဟုတ်လား၊ အေး ... မင်းတို့သစ္စာ၊ လူမှာကတိတဲ့၊ မင်းကတိ မင်း မှတ်မိသလား၊ ဒီစက်လှေ ရောင်းထွက်ရင် ဒီနှစ် တောင်ပြုန်း နန်းတော်ကြီးမှာ လိပ်ပြာရှင် အထိန်းကတော်ကို တက်ပွဲ ပေးပါမယ် ဆိုတဲ့ ကတိစကား အားလုံး အကြားဟေ့၊ ပြီးခဲ့တဲ့ အပတ်က အင်ဂျင်နီယာကြီး ပေးတဲ့ပွဲမှာ ဟောဒီလို လက်ဝါးချင်း ရိုက်ခဲ့တာဟေ့၊ ဟုတ်ကဲ့လား။

ဟေ့ ... ညီဘွား၊ ကျေနပ်တယ်နော်၊ အေး ... ကျေနပ်ရင် သွား ... ထိုင်၊ နေဦး ... ခဏ၊ ရော့ .... အောင်မြင်ခြင်း အထိမ်းအမှတ် ရွှေအရက်လေး တစ်မော့ မော့သွားဦး၊ သွားတော့၊ ထိုင်တော့။ လာခဲ့ နောက်တစ်ယောက်၊ ဟိုဟာမ၊ ဟိုဟာမ စိန်မိုက်ကယ် ဝမ်းဆက်နဲ့ စိန်ပွဲစားမမ၊ ကြွခဲ့ပါဦး ရှေ့နားကို။ ပြောစမ်း၊ ရှုပ်နေတဲ့အမှု၊ ဖေကြီး ရှင်းပေးလိုက်တာ လင်းသွားပလားဟေ့။ ပွဲစားသက် ဘယ်လောက်ရင့်ရင့် လူယုံသတ်တော့ ခံရတာပဲ မဟုတ်လား။ ဆယ်သိန်းတန် စိန်လက်ကောက်၊ နည်းတဲ့ ပစ္စည်းလား၊ အဲဒီတုန်းက နင် ဒီလို ခဲတံနှုတ်ခမ်းနီ အညိုလေး ဆိုးနိုင်သလား၊ မရယ်နဲ့ ဖေကြီးကယ်လို့ နင် ဒီလို ရယ်နိုင်တာ မဟုတ်လား။ အေး ... ဒီတော့ ဖေကြီး အမိန့်စကား ဘာတဲ့တုံးဟဲ့၊ ဝတ်လဲတော် ရွှေပုဆိုး အမျိုးမှန် အဖိုးတန် လွန်းရာကျော်နဲ့ ဆွစ်ဇာလန်တိုင်းဖြစ် ရွှေဇာဖျင် ပဝါရောင်စုံများ ဆင်မြန်းလိုတယ်လို့ အမိန့်မှာတမ်း ခြွေထားတယ် မဟုတ်လားဟေ့၊ ခေါင်းညိတ်နေလို့ မပြီးဘူး၊ တစ်ပတ်အတွင်း လာဆက်၊ လိပ်ပြာရှင် အထိန်းကတော် ခရီးထွက်ရမယ်၊ ခရီးစဉ်က တောက်လျှောက်၊ ပွဲစဉ်တွေက တောက်လျှောက်၊ ဒီပွဲ ပြီးတာနဲ့ မြစ်ဝကျွန်းပေါ်ဘက်၊ ဟင်္သာတနဲ့ ဖျာပုံက အင်းသူကြီးနဲ့ ဆန်ကုန်သည်ပွဲ၊ နှစ်ပွဲပြီးရင် ရန်ကုန် ပြန်လာ၊ အရက်ကုမ္ပဏီ တစ်ပွဲ၊ ပြီးတာနဲ့ မန္တလေးတက်၊ တောင်ပြုန်း အရှင်နှစ်ပါးပွဲ မစခင် ကြိုပွဲပေါ့။ စိန်တိုက်တစ်ပွဲ က၊ ပြီးရင် တောင်ပြုန်းကူး၊ ဟိုမှာ အင်ဂျင်နီယာနဲ့ ဟောဟိုက စက်လှေသူဌေးတို့ရဲ့ နှစ်ထပ်တက်ပွဲက၊ မင်းနှစ်ပါး ချိုးရေတော် သုံး၊ ပြီး နောက်တစ်နေ့ ညမှာ။ ပြီးတော့ ဝါခေါင်လဆန်း ဆယ့်သုံးရက်ကျ မိန်းမနတ်တက်ပွဲ၊ တောင်ပြုန်းပြီးရင် အမရပူရမှာ သမားတော်ကြီးရဲ့ ပျော်ပွဲအောင်ပွဲ၊ ပြီးတာနဲ့ ရတနာ့ဂူပွဲဝင်၊ အမယ်လေး၊ မောလိုက်တာ၊ ပေးစမ်းတဲ့ ရွှေအရက်၊ အာခြောက်တယ်၊ ဟဲ့ ... အဲယားကွန်း နှစ်လုံးစလုံး ဖွင့်ရဲ့လား၊ အအေးခလုတ်ကို မိုင်ကုန်တင်စမ်း၊ အိုက်တယ်၊ ကိုယ့် ပရိသတ်ကလည်း များတာကိုး၊ အထိန်းကတော်ရဲ့ တိုက်ခန်းမ ကျယ်လှပြီ ထင်တာ၊ ဟော ... ဟော လာကြပြီ၊ လာကြပြီ၊ အမေတွေ၊ အမေတွေ၊ မိခင်တွေ၊ ကဲ ... မိခင်တွေကို ဂုဏ်ပြု လိုက်ကြရအောင်။

“x x မာတာမိခင် x ချစ်ရေစင်က ကြည်လင်အေးမြ x စမ်းရေကျသို့ × × ဘဝလွန်ကဲ လှိုက်လှဲချစ်စွာ x x x ခိုင်မြဲမေတ္တာ ... ဥပမာ တင်စရာ x x x သီဒါခုနစ်တန် ပဗ္ဗတ္တနှယ်ထု x x x မေယုဗဟို၊ မြင်းမိုရ်ပဗ္ဗတ္ထ x x x နှိုင်းစံမရ x x အနန္တဂိုဏ်းဝင် x x ကျေးဇူးရှင်ဟု ဂုဏ်တင်မြှင့်စေ x x x ခေါ်ကြပါပေ x မေမေ x x မေမေ x x မေမေ xx”

အေး ... မိခင်မေတ္တာ ဆိုတာ မြင်းမိုရ်တောင်ထု ပမာပြုရင်တောင် မိခင်မေတ္တာက သာချင်သေးသတဲ့ဟဲ့၊ ဪ... အ(ေ!)မတွေက ဖေကြီးကျော်ကို ပျော်ကြေး ဆက်ကြဦးမလို့လား ကဲ ... ကဲ ... ရော့ အမြဲရွှင်နေအောင်၊ ဘဲကင်စားကြ၊ ဟုတ်ကဲ့လား၊ အင်း ... အမြဲရွှင်နေအောင် ဘဲကင်ကို ဘာလို့ ကျွေးရတာလဲ ဆိုတော့ အင်း ... ဟဲ့ ... မိခင်နဲ့ ကလေးဆိုတာ ဘာလဲဟေ့၊ အားနွဲ့တဲ့ မိန်းမသားလေးတွေကို စောင့်ရှောက်ဖို့ မဟုတ်လားဟေ့၊ အေး ... မိန်းမတွေထဲမှာလည်း ကိုယ့်ရင်သွေးကို ကြက်လို ရင်အုပ်မကွာ စောင့်ရှောက်တတ်တဲ့ မိန်းမတွေ ရှိသလို ဘဲလို ဥပြီးတာနဲ့ ပစ်သွားတတ်တဲ့ မိန်းမတွေလည်း ရှိတယ်၊ အဲ ... အဲဒါကို တန်ပြန်ဆန့်ကျင် နိယာမသဘော အနေနဲ့ အမေတွေကို ဘဲကင် ကျွေးတာဟေ့၊ ကဲ ... လုပ်လိုက်ပါဦး၊ “မေမေ” လေး၊ နောက်တစ်ကျော့လောက်။ မေမေ ... မေမေ ... မေမေ။ လာ ... လာ ... တို့မြို့သူ အမေမင်းသမီးကြီး လာခဲ့၊ ဆိုင်းနောက်ကနေ အော်ချည်း မနေနဲ့။ ရှေ့ကို ထွက်က၊ အမေသီချင်းကို အမေက ကပြီး ဖေကြီးကို ချော့၊ ဟုတ်ပြီ ကလိုက်စမ်း၊ ဟဲ့ ... မကရတဲ့ နှစ်တွေအတွက် အတိုးချ ကစမ်းဟေ့။ ဟိုတုန်းက တစ်ခေတ် တစ်ခါက နာမည်ကျော်ခဲ့တဲ့ မင်းသမီးကြီး၊ ခုတော့ ဖေကြီးကျော်ရဲ့ မောင်းမကြီး၊ ကဲ ... ရပ် ... တော်တော့၊ တော်တော့၊ အမယ်လေး ... နွှဲပစ်လိုက်တာ ချွေးတွေများတောင် ထွက်လို့၊ သွား 'သွား။ ကဲ ... ကဲ ... ဟိုနောက်က စာရေးဆရာ ကတော်ကြီး၊ ထပါဦး၊ ထပါဦး၊ ဘယ်မလဲ ဖေကြီးအတွက် ပုလင်း၊ ဟင် ... စာရေးဆရာက အပြောကတော့ ကောင်းတယ်၊ နောက်ရေးမယ့် စာအုပ်က မိန်းမငယ် တစ်ယောက်ရဲ့ ဘဝအကြောင်း ဟုတ်လား၊ အဲလိုဆိုတော့ မိန်းမတွေ ဘဝနဲ့ အားမာန်တွေပေါ့၊ အဲဒါဆိုရင် ဒီအကြောင်းအရာဟာ အမေတွေနဲ့ ဆိုင်တာပေါ့၊ ကဲ ... ဒီစာအုပ်ထွက်ရင် အမေတို့ ဒီမြို့နယ်အတွက် သုံးရာ တာဝန်ယူလိုက်၊ မကောင်းဘူးလား၊ တခြားမြို့နယ် တွေလည်း ကြော်ငြာပေးလိုက်၊ ဟုတ်ကဲ့လား ...၊ အမယ်လေး ... ဖေကြီးကျော်မှာ စာအုပ် ကိုယ်စားလှယ်လည်း လုပ်ရသေးတာ၊ ကဲ ... စာရေးဆရာ ကတော် ကျေနပ်ပြီလား၊ ဖေကြီး ကျေနပ်အောင်၊ ဖေကြီး ပျော်အောင်၊ ဖေကြီး ကြက်လောင်းရင် လောင်းကြေး တထောင် လောင်းရမယ်၊ ဟုတ်ကဲ့လား၊ ကဲ ... ကဲ ... ကားပွဲစား ကတော် မဟဝှာ၊ လက်အုပ်လေး ချီလို့၊ ဖေကြီးနား ကပ်လာပြန်ပြီ။ ဘယ်ကားကို ရောင်းခိုင်းဦးမလို့တုံး၊ ဟေ ... အံမာ ...၊ ဒီငါးရာတန်လေး တရွက်က ပွဲခလား၊ ရောင်းလိုက်ရတဲ့ ကားက နှစ်ဆယ်ကျော်၊ ဟဲ့ ... နင်တို့ အမြဲတမ်း ထောင်ထောင် ထောင်ထောင်နဲ့ နေချင်တာ မဟုတ်လား၊ ထောင်တန် ထုတ်စမ်း၊ တရွက် မရဘူး၊ နှစ်ရွက် ထုတ်၊ ဟဲ့ ... မှတ်မိရဲ့လား၊ ဟိုတခါ ကားတုန်းကလည်း ဖေကြီး ဘယ်လို ထုတ်ပေး လိုက်သလဲ၊ အိမ်မှာ ပျော်ပွဲ ပေးတုန်းကလေ၊ အိမ်ပေါ်ကို နတ်လည်း ရောက်နေပြီ၊ ဆိုင်းတောင် ရောက်နေပြီ၊ အဲဒါကို အိမ်ရှေ့ ရပ်ထားတဲ့ကား ရောင်းချင်တယ်။ ဒါမှ နတ်ပွဲ ကြီးကြီးကျယ်ကျယ် ပေးနိုင်မှာ ဆိုလို့လေ၊ အထိန်းကတော် သောက်နေတဲ့ ရေနွေးခွက်နဲ့ ပက်၊ ဆန်တဆုပ် ကျဲပြီး စိန်ပန်းခက်နဲ့ ရိုက်လိုက်တာ ထွက်သွားတာပဲ မဟုတ်လား။ အေး ... နေဦး၊ ဒီနှစ် တောင်ပြုန်း လိုက်မှာဆို၊ လိုက်မှာလား၊ အို ... ဘာနဲ့ လာလာ၊ ကြိုက်တာနဲ့ လာ၊ လေယာဉ်ပျံနဲ့ လာလာ၊ မီးရထားနဲ့ လာလာ၊ ကားနဲ့ လာလာ၊ ကြိုက်တာနဲ့ လာ။ ဖေကြီးကျော် ကတော့လေ နတ်ချစ်သူ အပေါင်းကို ဘာနဲ့ခေါ်မလဲ သိလား ...။

“ဟေ့ ... စိန်ခွါသံ x x မြိုင်ယံပေါ်၊ ပန်းခင်းတဲ့လမ်းကိုနော် x x x အဿဇာနည်မော် x x x ဇက်ကိုဖွင့်လို့၊ လာပေါ့ ကိုကြီးကျော် ...”

ဖေကြီးကျော်က နတ်ချစ်သူ အပေါင်းကို မြင်းပေါ်တင်ပြီး အားလုံးကို ခေါ်မယ်လို့၊ လိုက်ကြမယ် မဟုတ်လား၊ ကဲ ... အားလုံးကို စားတော်စာ ပန်းသီးပွဲ ချပြီး ဝေလိုက်ပါဦး၊ အားလုံး အောင်စေ၊ အေးစေ ရမယ်ဟေ့၊ ဟုတ်ကဲ့လား။ ကဲ ... ကဲ ... ဘာလဲ ... ဘာလဲ။ ကပ်လာပြန်ပြီ။ နောက်တယောက်၊ ကန်ထရိုက်တာ မမ၊ ဘယ်အိမ်တွေ၊ တိုက်ခန်းတွေ ရောင်းခိုင်းဦး မလို့လဲ၊ ကန်ထရိုက်တွေ အကုန်လုံး ပိုက်ဘော မိနေတာ၊ နင်လည်း အများနည်းတူ ခံရမှာပဲ။ ဒါပေမဲ့ ဖေကြီး ထုတ်ပေးလို့ နင့်အခန်းတွေ အများကြီး ထွက်တယ် မဟုတ်လား၊ နင် မုန့်လက်ဆောင်းကုန်းမှာ နေတုန်းက ဖေကြီး ဟောခဲ့တာလေ၊ အိမ်ငှါးနေတုန်း အိမ်လိုချင်တယ်၊ ရွှေမထုခွဲချင်ဘူး ဆိုလို့လေ၊ ဟေ့ ... မထုခွဲရဘဲ အိမ်ပိုင်ရမယ်လို့ တခါတည်း အိမ်ရှင်က အကျပ်အတည်း ဖြစ်ပြီး ဈေးပေါပေါနဲ့ ထိုးပေး သွားရတယ် မဟုတ်လား။ အေး ... အေး၊ ဘယ်အိမ်လဲ ... သံ(သန်!)လျင်က အိမ်လား၊ အေး ... ထွက်စေချင်ရင် ကိုယ့်ဘုရားကျောင်းမှာ မုံ့ဆန်းလေး ကောင်းကောင်းလုပ်၊ သရက်သီးလေး၊ ပန်းသီးလေးနဲ့ တင်လိုက်၊ စာဖတ်တဲ့ ဆရာတွေ စားရအောင်၊ ဟုတ်ကဲ့လား၊ ဟော ... ဟော ... ဟိုအဘွားကြီး ဒါက ဘယ်တုံး၊ ပြန်မလို့လား၊ ဟုတ်လား၊ ဖေကြီး ကြက်လောင်း မပြီးခင် ပြန်ရတယ် ဆိုတဲ့ ထုံးစံ ရှိလို့လား၊ ပြောပါဦး၊ ကဲ ... ဘယ်မလဲ။ လက်ဝါးချင်း ရိုက်ထားတဲ့ ပုလင်း ပါသလား၊ ပါးစပ်က ပြောပါ၊ လက်ညှိုး ထိုးပြ မနေပါနဲ့၊ အေး ... စင်ပေါ်က ပုလင်း၊ ဘယ်ပုလင်းလဲ၊ ဟို ဂျော်နီပုလင်း အနီလား၊ တပုလင်းတည်းလား၊ ခေါင်းမညိတ်နဲ့ မရဘူး၊ ငါ နိုင်ငံခြားကို ပို့တာ နှင့်သား တယောက်တည်း မဟုတ်ဘူး၊ နှစ်ယောက်၊ ညီအစ်ကို နှစ်ယောက်ကို ပို့ပေးတာလေ၊ တပုလင်းနဲ့ ရမလား၊ နောက် တပုလင်း နက်ဖြန် ယူခဲ့။ ကဲ ... သွား၊ ပြန်ချင်ပြန်၊ အဘွားကြီး ဆိုတော့ ခါးနာ၊ ကျောအောင့် ကြာကြာ မထိုင်နိုင်ဘူး၊ ဟုတ်ကဲ့လား။

ကဲ ... ဟိုမောင်းမကြီး ကရော ဘာပြောချင်တာတုံး၊ ပြောပါဦး။ နိုင်ငံခြားခရီး ကိစ္စပဲ မဟုတ်လား၊ ပြီးခဲ့တဲ့နှစ်က ဂျပန်ကိစ္စ၊ ဂျပန်သွားဖို့ ဖြစ်တယ် မဟုတ်လား။ ဖေကြီးက သဘောမတူလို့ လေယာဉ်ပျံ လက်မှတ်တွေ ဝယ်ပြီးမှ အကုန်ဖျက်ပစ်ရတယ် မဟုတ်လား။ အေး ... အခု သွားရမှာက ဘယ်အရပ်ကတုံးဟေ့၊ အမေရိကား၊ ရတယ်၊ လုပ်လိုက်တော့၊ လေယာဉ်ပျံ လက်မှတ်တွေ၊ ဗီဇာတွေ၊ ပတ်စပို့တွေ၊ ဖေကြီးက သွားခွင့်ပြုတယ်၊ ဟုတ်ပြီလား။ ထွက်ခါနီးရင်တော့ အိမ်မှာ ထိုင်ပွဲလေး တပွဲပေးလိုက်။ ပြီးတော့ ဖေကြီး ပဝါတပိုင်းကို ဆောင်သွား။ ဘာအန္တရာယ်မှ မရှိ။ အားလုံး အဆင်ပြေ ရမယ်ဟေ့။ နေဦး ... မောင်းမကြီးက ခေါ်လာတဲ့ ဗီဒီယို မင်းသားရဲ့ မိန်းမရော။ မွေးပြီးပြီလား၊ ဟိုတပတ်က အထိန်းကတော်ဆီကို ကလေးမွေးဖို့ တယ်လီဖုန်းနဲ့ ရက်တောင်းလို့ ရက်ပေး လိုက်ရသေးတယ်။ ပြောလိုက်ဦး။ တယ်လီဖုန်းနဲ့ ဆက်ပြီးတော့ ဖြစ်ဖြစ်၊ အထိန်းကတော် ပေးတဲ့ရက် မွေးတယ်ဆိုရင် ပုဆိုး တအုပ်၊ ပဝါ တပိုင်း၊ ပုလင်း တလုံးနဲ့ လာခဲ့ရမယ်လို့၊ ဟဲ့ ဒံပေါက်ပွဲတွေ ချ။ ဇွန်းခက်ရင်းတွေ တပ်၊ ဆာတဲ့လူတွေ စားကြ၊ အအေးသံဗူးတွေရော သောက်ကြ၊ ရှိတယ်၊ မနက်ကပဲ အအေးဗူးတွေ ထုတ်တဲ့ ကုမ္ပဏီပိုင်ရှင် ကိုယ်တိုင် လာပို့သွားတာ၊ ငါး ပါကင်တောင်။ အဲဒီ ကုမ္ပဏီပိုင်ရှင်ရဲ့ အမေက သားအိမ်မှာ အလုံးဖြစ်တာ၊ ကင်ဆာအလုံးပေါ့၊ ခွဲရမှာတဲ့၊ မခွဲချင်ဘဲ ပျောက်ချင်တယ်တဲ့၊ မိန်းမတွေ ဖြစ်တဲ့ ရောဂါဆိုတော့ အနောက်အမေကြီးနဲ့ ဆိုင်တာပေါ့။ အနောက်သခင်မကြီးကို တိုင်တည်ပြီး ကုပေးလိုက်တယ်။ ဟော ... နောက်ရက်ကျ မခွဲရတော့ဘူးတဲ့။ သက်သာ သွားသတဲ့။ နတ်က အိုဂျီတော့ မဟုတ်ဘူးပေါ့။ အားလုံးကျန်းမာ သက္ကရာဇ် ၂၀၀၀ မှာတဲ့။ ဟုတ်ကဲ့လားဟေ့ ...၊ ဟော ... ဟော ... ကြည့်စမ်း၊ လှေကားဝမှာ ဘီယာနဲ့ ပြည်သာအောင် လုပ်နေတဲ့ ညီဘွားကြီး၊ လာခဲ့စမ်း၊ အဖေကြီးကို အခစား နောက်ကျလှချည့်လားကွ၊ ဟေ ... ဘယ်မလဲ ဘီယာ၊ ဘယ်နှစ်ကပ် ပါလဲ၊ တဒါဇင် မပါရင် မင်း ဖေကြီးနား မကပ်နဲ့ကွာ၊ ပါရဲ့လား၊ အေး ... ဟုတ်ပြီ။ မင်းရဲ့ ဘီယာဆိုင်တွေ တမြို့နယ်ပြီး

တမြို့နယ်၊ တတိုင်းပြီး တတိုင်း၊ တပြည်လုံး ပျံ့နှံ့ သွားစေရမယ် ဆိုရင် ကျေနပ်မလား၊ ဟေ့ ... အေး ... အောင်စေရမယ်၊ အေးစေရမယ်၊ ဒီနားမှာ ထိုင်ခစား၊ စီးကရက်လည်း ကြည့်သောက်၊ ကော်ဇောတွေ မီးလောင် ပေါက်ဦးမယ်။ ကဲ ... ကဲ ... ခုနှစ်ရက်သားသမီး ပြဿနာ ဖြေရှင်းရတာနဲ့ ဖေကြီး ကြက်လောင်းချိန် နောက်ကျတော့မယ်။ ဟေ့ ... ဖေကြီး ဖလားမှာ သောင်းငွေကျော်မှ ဖေကြီး လောင်းမှာနော်၊ သောင်းငွေကျော်မှ ဖေကြီး လောင်းမှာ၊ ကဲ ... ရွာစားရေ ...။

“ဂုဏ် ... ဂုဏ် ... ဂုဏ် ... ဂုဏ်ဆိုတာ ငွေကိုခေါ်တယ် ... ငွေကိုသာ ရေလိုသုံးရင် ... တပြည်လုံးမှာ ... လုပ်သမျှတင့်တယ် ... ဟေ့ ... ဂုဏ် ... ဂုဏ် ... ဂုဏ်တဲ့ဗျ”

#နုနုရည်အင်းဝ

#မြို့ပွဲ

ချစ်ခြင်းများစွာဖြင့်....

#shared_by_louis_augustine စာပျေပ့ခ်ျထဲမီ ကူးယူမျှဝေပေးပါသည်။
Alex Aunghttp://www.blogger.com/profile/13958650132140473779noreply@blogger.com0tag:blogger.com,1999:blog-3813763337170553596.post-57858284218129352492024-02-28T14:24:00.001+06:302024-02-28T14:24:01.050+06:30ကနန်းလူမျိုးမိတ်ဆက်

🛑ကနန်းလူမျိုးမိတ်ဆက်

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄။

ကနန်းလူမျိုးဟု အမည်တွင်ပုံနှင့်ပတ်သက်ပြီး ကနန်းမှတ်တမ်းတို့၌ အမျိုးမျိုးဖော်ပြထားသည်။ အဆိုပါကနန်း မှတ်တမ်းများကိုကိုးကားပြီး မျက်မှောက်ခေတ် ကနန်းသုတေသီများကလည်း အမျိုးမျိုးပြောဆိုရေးသားနေကြ ပါသည်။

ထိုကဲ့သို့ အမျိုးမျိုးသောမှတ်တမ်းများနှင့် ပြောဆိုရေးသားချက်များကို တူရာပေါင်းလိုက်လျှင်မူ "ကနန်း၊ ကားနား နှင့် ဂါနား ဟူသောရှမ်းဝေါဟာရကနေ ကနန်းဟု ပြောင်းလဲအမည်တွင်လာခြင်း" နှင့် "ကဏှဟူသော ပါဠိဝေါဟာ ရကနေ ကနန်းဟုပြောင်းလဲအမည်တွင်လာခြင်း" ဟူ၍ ၂ မျိုး သို့မဟုတ် ၄ မျိုးတွေ့ရပါသည်။

ကဏှဟူသည့် ပါဠိဝေါဟာရသည် မည်းနက်သောအဝတ် ဝတ်ဆင်ကြသောလူမျိုးများဟု အဓိပ္ပါယ်ရသည်။

ရှမ်းဝေါဟာရကဆင်းသက်လာသည့် ကားနား(ကနား) ဟူသည်ကတော့ မဏ္ဍပ်ကနားပုံစံ အိမ်ဝိုင်းကြီးများ ဆောက် လုပ်နေထိုင်ကြသောလူမျိုးဟု ဆိုလိုသည်။

ကနန်းလူမျိုးသည် ကတူးလူမျိုးနှင့် အနွယ်တူလူမျိုးဖြစ်သည်။

လူမျိုး ၁၀၁ ပါးစာရင်းတွင်မူ ကနန်းလူမျိုးကို ထည့်သွင်းဖော်ပြထားခြင်းမရှိပါ။ ကတူးနှင့် လူမျိုးချင်းတူသော ကြောင့် မဖော်ပြခြင်းလည်း ဖြစ်နိုင်ပါသည်။ တိုင်းရင်းသား ၁၃၅ မျိုးစာရင်းတွင်မူ ဗမာအုပ်စုထဲဖော်ပြထားသည်။

မြန်မာသမိုင်းပညာရှင်ကြီးဖြစ်သူ ဒေါက်တာသန်းထွန်းကမူ ကနန်းလူမျိုးသည် သက်အုပ်စုဝင်ဖြစ်သည် ဟုဆိုထား သည်။ ကနန်းလူမျိုးသည် ပျူလူမျိုးဖြစ်သည်။ ပျူလူမျိုးက ဆင်းသက်လာသည်ဟု ယူဆသူများလည်း ရှိသည်။

ကာယကံရှင်ဖြစ်သော ကနန်းလူမျိုးများကမူ ကတူးလူမျိုးများနည်းတူ ကနန်းလူမျိုးသည်လည်း သက်အုပ်စုဝင် ဖြစ်သည်ဟု ခံယူထားကြပါသည်။

မြန်မာစာပေအရေးအသားများတွင် ကနန်းကို ဂဏန်း၊ ဂနန်း၊ ကနန်း စသဖြင့် အမျိုးမျိုးရေးသားဖော်ပြခဲ့ကြသည်။ နန်းဇားဆရာတော် ဦးဇောတသီရိ ၏ "ဂဏန်းလူမျိုးစုသမိုင်း" ပေမူ၌လည်းကောင်း၊ ထိုပေမူကို ပြန်လည်ကူးယူခဲ့ သော နန်းဇားဆရာတော် ဦးပညာဝံသ ၏ လက်နှိပ်စက်မူ၌လည်းကောင်း ဂဏန်းဟု သုံးနှုန်းထားသည်။

၁၉၇၁ ခုနှစ် ဩဂုတ်လထုတ် စန္ဒာရုပ်စုံမဂ္ဂဇင်း၌ ဂဏန်းနှင့် ဂနန်းဟူ၍ ၂ မျိုးသုံးထားသည်။ ၁၉၇၄ ခုနှစ် ဧပြီလ ထုတ် ပညာလောကစာစောင်တွင်မူ ကဏန်းဟုသုံးနှုန်းထားပြီး ခေတ်ဟောင်းမြန်မာ့သမိုင်းသုတေသနအဘိဓာန် တွင်မူ ကနန်းဟု သုံးနှုန်းထားသည်။ မျက်မှောက်ခေတ် ကနန်းတိုင်းရင်းသားများကမူ ကနန်းဟူသောအသုံးအနှုန်း ကို အတည်တကျသုံးနှုန်းရေးသားနေကြပြီဖြစ်သည်။

သက်မျိုးနွယ်စုများဖြစ်ကြသည့် သက်၊ ကတူးနှင့် ကနန်းတို့သည် ခရစ်နှစ် ၄ ရာစုခန့်တွင် မြန်မာနိုင်ငံတွင်းဝင် ရောက်လာခဲ့ပြီး ဧရာဝတီမြစ်ကမ်းပါးပေါ်တွင် သင်းတွဲဟုခေါ်သော တကောင်းပြည်ကိုတည်ထောင်ပြီး အခြေချ နေထိုင်ခဲ့ကြသည်။ မူးမြစ်ဖျားဒေသသည် ကနန်းတို့၏ဒေသဖြစ်သည်။

မျက်မှောက်ခေတ်တွင် ကနန်းလူမျိုးများသည် စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမော်မြို့နယ်၊ ခန္တီးခရိုင် ဟုမ္မလင်းမြို့ နယ်၊ မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ်နှင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတို့တွင် နေထိုင်ကြသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဗန်းမောက်မြို့နယ် ဒေသဆိုင်ရာအချက်အလက်များ (၂၀၁၇) အရ ၂၀၁၇ ခုနှစ် မတ်လအကုန်အထိ ဗန်းမောက်မြို့နယ်တွင်နေထိုင်ကြသော ကနန်းတိုင်းရင်းသား "၁၂,၉၈၅ ဦး"ရှိကြောင်း ဖော်ပြထားသည်။

၂၀၁၈ ခုနှစ်၊ ဩဂုတ်လတွင် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းညွှန် ကြားရေးမှူးရုံးက စစ်ကိုင်းတိုင်းအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအဖွဲ့များထံပေးပို့သော "စစ်ကိုင်း တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားမျိုးနွယ်စုများ ပျံ့နှံ့နေထိုင်မှု သုတေသနစာတမ်း"တွင်မူ ကနန်းတိုင်းရင်းသားများ၏ လူဦးရေစာရင်းကို အောက်ပါအတိုင်းဖော်ပြထားသည်။

ကနန်းတိုင်းရင်းသားအများဆုံးနေထိုင်သည့်မြို့နယ်မှာ ဗန်းမောက်မြို့နယ်ဖြစ်ပြီး ထိုမြို့နယ်အတွင်းရှိ ကနန်းဒေ သတွင် ကနန်းတိုင်းရင်းသားဦးရေ ၂၅,၄၈၆ ဦး၊ ကနန်းပြင်ပဒေသများဖြစ်သည့် ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့ နယ်နှင့် မိုးညှင်းမြို့နယ်အစရှိသောမြို့နယ်တို့တွင် ကနန်းတိုင်းရင်းသားဦးရေ ၅,၀၀၀ ဝန်းကျင် ပျံ့နှံ့နေထိုင်လျက် ရှ်ိသည်ဟု ဖော်ပြထားသည်။

ဗန်းမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ကတူးအမျိုးသားအဖွဲ့ထံပေးပို့ခဲ့သော ဗန်းမောက်မြို့နယ် အတွင်းရှိ မျိုးနွယ်စုအလိုက်လူဦးရေစာရင်း (၂၀၁၉ ခုနှစ်၊ အောက်တိုဘာ)တွင်မူ ကနန်းတိုင်းရင်းသား ၁၃,၂၉၁ ဦး ရှိကြောင်းဖော်ပြထားသည်။

ပျူ၊ သက်၊ ကမ်းယံဟူသော မြန်မာနိုင်ငံ၏ရှေးဦးလူမျိုး ၃ မျိုးတွင်ပါဝင်ခဲ့သော သက်အုပ်စုဝင် ကတူးနှင့် ကနန်း တိုင်းရင်းသားတို့သည် လက်ရှိအချိန်တွင် လူမျိုး ၂ မျိုးပေါင်းလိုက်လျှင် လူဦးရေ ၂ သိန်းမျှပင်မရှိတော့ဘဲ နီးစပ်ရာ အခြားတိုင်းရင်းသားများနှင့် သွေးနှောနေထိုင်လာခြင်း၊ ကိုယ်ပိုင်ဘာသာစကားကိုယ်စီရှိသော်လည်း ကိုယ်ပိုင် စာပေရယ်လို့ သတ်သတ်မှတ်မှတ်မရှိခဲ့ခြင်းများကြောင့် တိမ်ကောပျောက်ကွယ်လုနီးပါးအခြေအနေနှင့် ရင်ဆိုင်နေ ရသည်။

ကနန်းလူမျိုးများသည် ကိုယ်ပိုင်ဘာသာစကားရှိသော်လည်း ကိုယ်ပိုင်အက္ခရာစာပေမရှိသေးသောကြောင့် ကနန်း အက္ခရာစာပေပေါ်ပေါက်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေကြသည်။ ထိုသို့ဆောင်ရွက်ရာတွင်လည်း ကတူး များကဲ့သို့ အက္ခရာမူကွဲမည်ကိုစိုးရိမ်သောကြောင့် တစ်ဦးတစ်ယောက်တည်းကမဆောင်ရွက်ဘဲ ကနန်းစာပေဖြစ် မြောက်ရေးအဖွဲ့ဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိသည်။

မျက်မှောက်ခေတ်ကနန်းလူမျိုးများသည် ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်နေကြသော်လည်း ရှေးတုန်းကတော့ မဟာယာနဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခဲ့ကြပါသည်။ ကနန်းလူမျိုးများ မြန်မာနိုင်ငံတွင်းစတင်ဝင်ရောက်လာ ချိန်ကတည်းက ၎င်းတို့နှင့်အတူ ၎င်းတို့၏ရိုးရာယုံကြည်မှုများ အတူပါလာခဲ့သည်။ မြို့ရွာများ အခြေတကျတည် ထောင်ပြီး စိုက်ပျိုးရေးလုပ်ငန်းဖြင့်အသက်မွေးရသည့်အတွက် စိုက်ပျိုးရေးနှင့်ဆက်စပ်နေသော မိုးနတ်သား၊ လေ နတ်သား၊ တောင်ယာနတ်၊ စပါးကျီစောင့်နတ်နှင့် စပါးလိပ်ပြာဟုခေါ်ဆိုသောပုံးမကျီနတ် စသည်များကို သီးနှံ အထွက်တိုးရန် ပူဇော်ပသခဲ့ကြသည်။

ဂိုဏ်းအုပ်ဂိုဏ်းထောက်များ တင်မြှောက်ခြင်းဓလေ့၊ ပန်းဒကာဓလေ့၊ သာသနာခေါင်းဓလေ့ အစရှိသည့် ဘာသာ ရေးဓလေ့များအပြင် အရက်သေစာနှင့် အမျိုးသမီးများ လုံးဝမပါရှိသည့် ရိုးရာနတ်ပွဲအခမ်းအနားများကိုလည်း ကျင်းပလေ့ရှိကြသည်။

ကနန်းရိုးရာ အမျိုးသားဝတ်စုံမှာ ပုဆိုး၊ အင်္ကျီနှင့် ခေါင်းပေါင်းတဘက်တို့ဖြစ်သည်။ ပုဆိုးသည် ရွှေဝါရောင်အောက် ခံပေါ်တွင် အနက်ရောင်လေးထောင့်ကွက်အကျဲများ ပါရှိသည်။ အင်္ကျီသည် အနက်ရောင်ရင်စေ့တိုက်ပုံဖြစ်ပြီး စတစ်ကော်လံ၊ ရင်စေ့အနား၊ လက်ပတ်အနားတို့တွင် ရွှေဝါရောင်ကိုအသုံးပြုထားသည်။ ခေါင်းပေါင်းတဘက် သည် အနက်ရောင်အောက်ခံပေါ်တွင် အဖြူအဝါစင်းကျားများပါရှိပြီး အနံအနားနှစ်ဖက်တွင် အမြိတ်စပါရှိသည်။

ကနန်းရိုးရာ အမျိုးသမီးဝတ်စုံမှာလည်း ထဘီ၊ အင်္ကျီနှင့် ပခုံးတင်တဘက်တို့ဖြစ်သည်။ ထဘီသည် အနက်ရောင် အောက်ခံပေါ်တွင် အဝါရောင်ချိတ်အတွန့်လေးများပါရှိပြီး အင်္ကျီသည် ရင်ဖုံးအနားစများနှင့် လက်စကအနားစတို့ တွင် ရွှေဝါရောင်ပန်းပွင့်လေးများဖြင့် အနားကွပ်တန်ဆာဆင်ထားသော အနက်ရောင်ရင်ဖုံးလက်စကဖြစ်သည်။ ပခုံးတင်တဘက်သည် အမျိုးသားခေါင်းပေါင်းတဘက်နှင့် အတူတူပင်ဖြစ်သည်။

ကတူးကလေးငယ်တို့၏ဆံပင်ပုံစံနှင့် ကနန်းကလေးငယ်တို့၏ဆံပင်ပုံစံသည် များသောအားဖြင့်တူညီမှုရှိပြီး ဒေသ ကွဲ၍သာ အချို့မှာ အနည်းငယ်ကွဲပြားမှုရှိသည်။

ကနန်းယောက်ျားလေးများသည် ကိုရင်မဝတ်ခင်အရွယ်အထိ ဦးစွန်းဖုတ်၊ ဆံရစ်ဝိုင်း၊ သျှောင်ထုံးလေးများဖြင့် အဆင့်ဆင့် နေထိုင်ခဲ့ကြသည်။ ကိုရင် ၃ နှစ်ဝတ်ပြီး လူဝတ်လဲချိန်မှာလည်း ဆံပင်ရှည်လာလျှင် သျှောင်ထုံးထားကြ ပြန်သည်။

ကနန်းမိန်းကလေးများသည်လည်း ဦးစွန်းဖုတ်၊ ဆံရစ်ဝိုင်း၊ ဆံတောက်ပုံစံများဖြင့် အိမ်ထောင်မပြုခင်အချိန်အထိ အဆင့်ဆင့်နေထိုင်လာခဲ့ကြပြီး အိမ်ထောင်ပြုပြီးမှသာ ဆံတောက်ကို စွန့်လွှတ်လေ့ရှိသည်။

ဦးစွန်းဖုတ်၊ ကြက်တောင်စည်း၊ ဆံရစ်ဝိုင်းနှင့် ဆံတောက်ထားသည့်ဓလေ့ကို ဗန်းမောက်မြို့နယ်ရှိ ကနန်းဒေသ တွေမှာ လက်ရှိအချိန်ထိ အများအပြားတွေ့မြင်နိုင်သေးသော်လည်း ကတူးဒေသတွေမှာတော့ အနည်းငယ်လောက် သာတွေ့ရပါတော့သည်။

ဒီကနေ့ခေတ်မှာတော့ မိမိတို့၏ ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်များကို ကနန်းလူမျိုးတွေကိုယ်တိုင်က ထိန်းသိမ်းမှု အားနည်းလာနေသည်ကိုတွေ့ရပါသည်။ အထူးသဖြင့် လူငယ်များက စိတ်ဝင်စားမှု နည်းလာကြသည်။ သတင်း အချက်အလက် စီးဆင်းမှုမြန်ဆန်သော ၂၁ ရာစုတွင် အင်အားကြီးမားသည့် ယဥ်ကျေးမှုများက အင်အားသေးငယ် သည့်ယဥ်ကျေးမှုများကို လွှမ်းမိုးဝါးမျိုပစ်လေ့ရှိသည်။ ထို့ကြောင့်လည်း ကနန်းလူမျိုးများ၏ ယဥ်ကျေးမှုဓလေ့ စရိုက်များတွင် မျိုးခြားယဥ်ကျေးမှုများ ရောနှောလျက်ရှိနေပါတော့သည်။

ကိုးကား

၁။ ကတူးလူမျိုး (သုတေသနစာစုနှင့် မှတ်တမ်းများ)

ကတူးသန်းနိုင်

၂။ ကတူး၊ ကနန်းတိုင်းရင်းသားတို့၏ ကိုးကွယ်ယုံကြည်မှုနှင့် ရိုးရာဓလေ့ထုံးစံများ

အရှင်ပညိန္ဒ (သာသနာ့တက္ကသိုလ်)

ဓာတ်ပုံ - ကနန်းတိုင်းရင်းသား - Kanan Aboriginal Tribe Facebook Page
Alex Aunghttp://www.blogger.com/profile/13958650132140473779noreply@blogger.com0tag:blogger.com,1999:blog-3813763337170553596.post-78174752940006745542024-02-23T09:56:00.002+06:302024-02-23T11:03:03.654+06:30Dubai (ဒူဘိုင်းသွားမယ်ဆိုရင်)
ဒူဘိုင်းသွားမယ်ဆိုရင် သိသင့်သိထိုက်တာလေးတွေ ပါ။

ပထမဆုံးသိရမှာက ဒူဘိုင်း ဆိုတာ နိုင်ငံမဟုတ်ပါ။ ဒူဘိုင်း ဟာ ၇ ပြည်နယ် (အဘူဒါဘီ၊ရှားဂျာ၊အာဂျမန်း၊ရာစယ်ခိုင်းမား၊အိုမယ်လ်ကွင်းနဲ့ဖူဂျားရား) စုဖွဲ့ထားတဲ့ United Arab Emirates (UAE) အာရပ်စော်ဘွားများပြည်ထောင်စုထဲက ပြည်နယ်တစ်ခုကို ဆိုလိုတာပါ။

ဒါပေမယ့် လူအများစုကတော့ ဒူဘိုင်း မြို့လို့ပဲအလွယ်ခေါ်ကြပါတယ်။ မြို့တော်ကတော့ အဘူဒါဘီ မြို့ဖြစ်ပါတယ်။

ဒူဘိုင်း ဟာ 2000 ခုနှစ်ဝန်းကျင်လောက်မှာ infrastructure development နဲ့အတူတိုးတက်လာပြီး အခုဆိုရင်

-ကမ္ဘာ့အမြင့်ဆုံး တာဝါ Burj Khalifa , Burj Al Arab Hotel, Atlantis Hotel၊ Address Hotel အစရှိသဖြင့်ဇိမ်ခံဟိုတယ်များ၊ Amusement parks ၊ shopping malls တွေနဲ့ ကမ္ဘာတဝှမ်း လူသိများတဲ့ tourism spot တခုဖြစ်လာပါတယ်။

✅️ မဖြစ်မနေသိထားသင့်တဲ့ အချက်လေးတွေ။

၁။ language

ရုံးသုံးက Arabic ဖြစ်ပေမယ့် English language ကိုနေရာအနှံ့သုံးစွဲကြလို့ အီဂျစ်၊ ယီမင်၊ဆူဒန်၊ ဆီးရီးယား၊ လက်ဘနွန် စတဲ့နိုင်ငံကလူတွေလဲ Arabic သုံးစွဲပြောဆိုကြပါတယ်။ နောက်ထပ်စကားကတော့ Hindi ဟင်ဒီဖြစ်ပြီး အိန္ဒိယ၊ပါကစ္စတန်၊ဘင်္ဂလားဒေ့ရှ်စတဲ့နိုင်ငံကလူအားလုံးနဲ့ပြောဆိုဆက်သွယ်တဲ့အခါမှာ အသုံးဝင်ပါတယ်။

၂။ ငွေကြေး

သုံးစွဲတဲ့ငွေကြေးက ဒါဟမ်း Dirham ဖြစ်ပြီး 1 USD ကို 3.675 Dirham ပါ။ ဆိုလိုတာက လစာ 1500 Dirham ဆို USD 400 လောက်နဲ့ညီပါတယ်။ အခု ပေါက်တဲ့ ပြင်ပ ဒေါ်လာစျေးနဲ့ဆို မြန်မာငွေကျပ် ၁၂,၀၀,၀၀၀ လောက်ရပါမယ်။

၃။ အလုပ်အကိုင်

(က)Hotel staffs

4 or 5 stars ဟိုတယ်ကြီးများတွင် waiter/waitress သို့ front office desk staff သို့ housekeeping attendant သို့ Comis 3 chef ဆိုလျှင် နေရာထိုင်ခင်း+ three meals + uniform + medical insurance + Annual leave ၁နှစ်ကို ရက်၃၀ လခအပြည့်နှင့် + ၂နှစ်တခါ air ticket + လခ Dirhams 1000 မှ 1800 ကြား (လုပ်ရတဲ့ဟိုတယ်နဲ့ ရာထူးပေါ်မူတည်၍) ရနိုင်ပါတယ်။ တပတ်တရက်အနားရကြပြီး public holidays တွေအတွက် အစားပြန်ရကြပါတယ်။ တချို့ဟိုတယ်တွေက service charge ၃လတခါပေးပြီး တလကို Dirhams 150 လောက်ကနေ 700/800 လောက်ထိရကြပါတယ်။ Overtime လည်းပေးကြတာများပါတယ်။ Tip ကတော့ waiter/waitress/chef/housekeeping attendant တွေဆိုရင်ရနိုင်ပါတယ်။ FO staff တွေကတော့ customer ကို room upgrade လုပ်ဖို့ဆွယ်နိုင်ရင် hotel policy အရ သတ်မှတ်ထားရင် commission ရလေ့ရှိပါတယ်။ Supervisor ရာထူးဆိုလျှင် Dirhams 1600 လောက်ကနေ Dirhams 2500 လောက်ထိရနိုင်ပါတယ်။

၃(ခ) Restaurant staffs

ဒီခေါင်းစဉ်အောက်မှာ fine dining restaurant သို့ fastfood chains တွေက cashier/waiter/waiteress/cleaner တွေထိအကျုံးဝင်ပါတယ်။ နေရာထိုင်ခင်းစီစဉ်ပေးရရင် လခက Dirhams 900 ကနေ Dirhams 1500 လောက်ထိပဲရကြပါတယ်။ duty meal တနပ်ပဲကျွေးလေ့ရှိပြီး အလုပ်ချိန်များပါတယ်။ overtime တွေဘာတွေရတာလည်းနည်းပါတယ်။ ၂နှစ်တခါ airticket ပေးပေမယ့် စိတ်ပျက်ပြီး ၂နှစ်ပြည့်တာနဲ့ သို့မဟုတ် မပြည့်ခင်ပြန်ကြတာများပါတယ်။ နေရာထိုင်ခင်း မစီစဉ္ပေးရင်တော့ Dirhams 1800 ကနေ 2700 လောက်ထိပေးလေ့ရှိပါတယ်။ Tip ကတော့ Fine Dining သို့ Mall တွေက restaurant တွေဆိုရနိုင်ပါတယ်။ အလုပ်ရှင်ပေါ်မူတည်ပြီး ရတဲ့အခွင့်အရေးနဲ့ လခကတော့ အပြောင်းအလဲရှိပါလိမ့်မယ်။

၃(ဂ)Sales staff

Duty free sales staff နဲ့ shopping malls sales staff လည်း ဒီအတိုင်းပါပဲ။

Duty free staffs တွေကတော့ အခန်းမယူရင် Dirhams 4000~4800 လောက်ရကြပြီး အခန်းယူရင်တော့ Dirhams 1,000 အဖြတ်ခံရမှာဖြစ်ပါတယ်။ Transport ရှိပြီး meals တော့မပါပါဘူး။ Overtime အပြင် တနှစ်တခါ လခတိုးတာ အလုပ်ထွက်တဲ့အချိန်မှာ ရရှိမဲ့ သတ်မှတ်အကျိုးခံစားခွင့် gratuity ပိုရတာတွေရှိပါတယ်။ အခန်းယူတဲ့သူတွေကလည်း ကျယ်ဝန်းသပ်ယပ်ပြီး facilty အပြည့်အစုံရှိတဲ့ အခန်းတွေမှာနေထိုင်ရပြီး gym တို့ swimming pool facility တို့လဲပါလေ့ရှိပါတယ်။

Shopping mall sales staffs တွေကတော့ ကုမ္ပဏီကြီးတွေမှာလုပ်ရတဲ့သူတွေဆိုရင်တော့ Dirhams 3500~5000 လောက်ထိရကြပေမယ့် transport အခန်း meal ဘာမှမပါပါဘူး။ ကုမ္ပဏီအသေးတွေဆိုရင် Dirhams 2,000 ကနေ Dirhams 3500 လောက်ပဲပေးပြီး အပေါ်ကပြောသလိုပဲ transport meal အခန်းတို့လဲ မပေးပါဘူး။

၃(ဃ)Engineering/Accounting/IT/Petroleum Staffs

အပေါ်ကခေါင်းစဉ္အောက်မှာတော့ ရာထူးနဲ့ လုပ်ရတဲ့ ကုမ္ပဏီပေါ်မူတည်ပြီး လုပ်ခလစာတွေက Dirhams 3,000/4,000 လောက်ကနေ Dirhams 40,000/ 50,000 လောက်ထိရကြတဲ့သူတွေရှိပါတယ်။ Foreign Experience မရှိတဲ့သူတွေဆိုရင်တော့ Entry level လခဖြစ်တဲ့ Dirhams 3,000~5,000 လောက်ပဲရမှာဖြစ်ပါတယ်။

၃(င) Housemaid

အခုတလော အလုပ်အကိုင်ရှားပါးမှုကြောင့် Dubai ကို Housemaid နဲ့သွားကြတဲ့သူတွေအတော်များများရှိလာတာ ကြားနေမြင်နေရပါတယ်။ ပထမဆုံးပြောလိုတာက UAE ရဲ့ housemaid စျေးကွက်မှာ နေရာယူထားသူတွေက အင်ဒိုနီရှန်း၊ဖိလစ်ပင်းနဲ့ ဆူဒန်နီလ်းတွေဖြစ်ပါတယ်။ ဆူဒန်နဲ့အင်ဒိုက အာရဗီရပြီး ဖိလစ်ပင်းက English ကောင်းကြပါတယ်။ သူတို့ရဲ့ သံရုံးတွေလည်း အဲဒီမှာရှိကြပါတယ်။ အဲဒါတောင် အိမ်ရှင်တိုင်းမဟုတ်ပေမယ့် တချို့အိမ်ရှင်တွေရဲ့ နားချိန်မရမတရားအခိုင်းခံရတာတွေ၊ အကြမ်းဖက်ခံရတာတွေ၊ လိင်အမြတ်ထုတ်ခံရတာတွေ ရှိခဲ့ဖူးတယ်၊ရှိနေဆဲဆိုတာ သတိချပ်စေချင်ပါတယ်။ ဖုန်းသိမ်းထားတာ၊ ပတ်စ်ပို့သိမ်းထားတာ၊ လစာကိုပါမပေးတာ စတဲ့ ကိစ္စတွေပါရှိတယ်ဆိုတာသိစေချင်ပါတယ်။ လစာက Dirhams 900~1400 လောက်ထိပေးပေမယ့် တိုးတက်လမ်းအလွန်တရာနည်းပါးတဲ့အတွက် အတတ်နိုငိဆုံးတော့ ဒီအလုပ်မရွေးစေလိုပါ။ အခက်အခဲတခုခုကြုံလာဆုံလာရင် မိမိဘက်မှာဘာမှရှိမနေပါ။ အထူးသဖြင့် မိန်းကလေးတွေအတွက် ဥပဒေရဲ့အထောက်အပံ့ခံရမှုက တော်တော်လေးအားနည်းပါတယ်။

(၄) Employment Contract & Visa

Employment contract က အဓိက ၂မျိုးရှိပြီး Limited type (Fixed term) ဆိုလျှင် maximum ၂ နှစ်ဖြစ်ပြီး notice period ပါထည့်သွင်းချုပ်ဆိုရမှာဖြစ်ပါတယ်။

နောက်တမျိုးကတော့ unlimited type (အလုပ်ရှင်နှင့် အလုပ်သမား အဆင်ပြေနေသ၍ လုပ်လို့ရတဲ့ contract) ဖြစ်ပါတယ်။

Dubai မှာ employment contract နဲ့ အလုပ်လုပ်နေတဲ့ expats တွေအားလုံး residence visa အောက်မှာ အကျုံးဝင်ပြီး ၁နှစ် သို့ ၂နှစ်သက်တမ်းရှိပါတယ်။

ယခင်တုန်းကတော့ Freezone Authority ရဲ့အောက်မှာ လုပ်တဲ့သူတွေကလွဲပြီး ကျန်တဲ့အလုပ်သမားတွေဟာ အလုပ်ပြောင်းချင်လို့ အလုပ်ရှင်က NOC မထုတ်ပေးခဲ့ရင် သတ်မှတ်ထားတဲ့ rules အရ အလိုအလျောက် ၆လ visa ban ခြင်းခံရပေမယ့် အခုနောက်ဆုံးထုတ်ပြန်လိုက်တဲ့ law အရ လက်ရှိအလုပ်မှာလုပ်တာ ၆လကျော်မယ်၊ ပြီးရင် စာချုပ်မှာ သတ်မှတ်ထားတဲ့ notice period ကို အပြည့်လုပ်ပေးမယ်ဆိုရင် visa ban ကကင်းလွတ်ပါလိမ့်မယ်။ ဒီနေရာမှာ မိမိအလုပ်ပြောင်းတာကို လက်ရှိအလုပ်ရှင်သဘောတူလက်ခံပြီး NOC ထုတ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ NOC မရခဲ့ဘူးဆိုရင် visa transfer process က ရှုပ်ထွေးမှုရှိပြီး လုပ်ငန်းအသစ်က ပိုင်ရှင် သို့ PRO (visa ကိစ္စတွေဆောင်ရွက်ပေးသူ) ရဲ့ ပေါက်ရောက်မှုပေါ်မှာလည်းမူတည်ပါတယ်။

လစာ Dirhams ၃၀၀၀ သို့ ၄၀၀၀ နဲ့အထက်ရပြီး အလုပ်ကစီစဉ္ပေးတဲ့နေရာထိုင်ခင်းရှိပါက Supervisorနဲ့ အထက်ရာထူးရှိသူတွေဟာ မိသားစုရှိယင် dependent visa လျှောက်လို့ရပါတယ်။ အလုပ်က NOC ပေးဖို့တော့လိုပါတယ်။တချို့အလုပ်တွေက အလုပ်ခန့်ကတည်းက family status နဲ့ခန့်တာဆိုရင် မိသားစုရဲ့ visa ကိစ္စကို အလုပ်က ဆောင်ရွက်ပေးပြီး ကုန်ကျစရိတ်လည်း သူတို့ပေးပါတယ်။

(၅) နေရာထိုင်ခင်း

အလုပ်ကနေရာထိုင်ခင်းစီစဉ္ပေးလျှင် entry level ဆိုပါက ၂ ယောက် ၁ ခန်း သို့ ၄ယောက် ၁ခန်း နေရလေ့ရှိပါတယ်။ ရေချိုးခန်း အိမ်သာကတော့ အဆောက်အဉီးထဲမှာ ဘုံသုံးဖို့ထားပေးထားတာများပါတယ်။

တချို့လုပ်ငန်းရှင်တွေက တခန်းကို ၇ယောက် ၈ယောက်ခန့် ၂ ထပ်ကုတင်တွေနဲ့ထားတာလည်းရှိပါတယ်။

မိမိဘာသာ နေရာထိုင်ခင်းစီစဉ္နေထိုင်ရပါက bed space တအိပ်ရာစာဆိုပါက Dirhams 500/600 လောက်ကစပြီး ၂ထပ်ကုတင်လောက်နဲ့ပဲနေရမှာ ဖြစ်ပါတယ်။ တဦးတည်းသီးသန့် ကုတင်ဆိုပါက ရေဖိုးမီးဖိုးအပါ အနည်းဆုံး Dirhams 700/800 ခန့်ရှိပြီး partition room (gypsum board နဲ့ ကန့်ပေးထားတဲ့ အခန်း) ဆိုလျှင် Dirhams 1,200 လောက်ကစပါတယ်။

ဒူဘိုင်းမှာ အိမ်ကိုနာမည်ခံငှားထားသူက ၎င်း၏ aparment သို့ villa ကို Sharing room အဖြစ်ပြန်လည်ငှားတဲ့ စနစ်တွင်ကျယ်ပါတယ်။

ဒါ့အပြင် အခန်းထဲမှာ မီးဖိုချောင် ရေချိုးခန်းအိမ်သာ အားလုံးပါတဲ့ Studio room ဆုိတာမျိုးလဲ ရှိပါတယ်။ ၁၂×၂၀ ပေလောက်ပဲရှိပြီး ငှားရမ်းခ Dirhams 1800/1900 ကစပါတယ်။အကျယ်အဝန်းပေါ်မူတည်ပြီး စျေးနှုန်းကွာခြားမှာဖြစ်ပါတယ်။ အိမ်ရှင် Landlord နဲ့တိုက်ရိုက်တနှစ်စာချုပ်ချုပ်ရပြီး တနှစ်စာအတွက် post dated cheque ၁၂ စောင်တခါတည်းပေးထားရပါတယ်။ ဒါကရေဖိုးမီးဖိုးမပါသေးပါ။ ရေဖိုးမီးဖိုးက ပူတဲ့ရာသီတွေမှာ ပျမ်းမျှ တဦးကို Dirhams 150~250 လောက်ကျပါလိမ့်မယ်။

တလ Dirhams 3000ခန့်ပေးရတဲ့ Studio Room or အိပ်ခန်းတခန်းသီးသန့်ပါတဲ့ one bhk လိုမျိုးကနေ တလကို Dirhams 20000/25000 ပေးရတဲ့ Villa မျိုးတွေထိရှိပါတယ်။

(၆) အစားအသောက်

ပုံမှန်ဗမာ အစားအသောက်အားလုံးနီးပါးရပါတယ်။ အသားငါးပုဇွန် အစုံရပါတယ်။ ကြက်သားကတော့ အတန်ဆုံးဖြစ်လို့ ဒူဘိုင်းရောက်ဗမာ အတော်များများဟာ ဗမာပြည်ပြန်ရောက်လို့ ကြက်သားဟင်းချက်ကျွေးရင် တို့တောင်မတို့ချင်ကြပါဘူး။ ဝက်သားကတော့ Spinney Choithram အစရှိတဲ့ Super Market တွေရဲ့ Non Muslim Section မှာ ခေါင်းအစ ခြေအဆုံးရပါတယ်။ချဉ္ပေါင်လည်း တချို့ Super Market တွေနဲ့ Vegetable Wet Market မှာရတတ်ပါတယ်။ နိုင်ငံစုံက အသီးအနှံတွေရပြီး ပန်းသီး လိ္မ္မော်သီးတို့ကတော့ အတန်ဆုံးထဲမှာပါပါတယ်။ ဗမာတွေအကြိုက် သရက်သီး၊ ဒူးရင်းသီးစတာတွေကတော့ စျေးကြီးပေးဝယ်စားရပါတယ်။

အခုဆို ဗမာစားသောက်ဆိုင် ၃/၄ ဆိုင်လောက်ရှိသလို ဗမာစာတွေချက်ရောင်းချသူတွေရှိတာကြောင့် ဗမာအစားအသောက် အလွမ်းပြေစားနိုင်ပြီဖြစ်ပါတယ်။

(၇) သွားရေးလာရေး

Dubai Metro က ဒူဘိုင်း မြို့အနှံ့နီးပါးရောက်နေပြီမို့ သွားရေးလာရေးက တော်တော်အဆင်ပြေပါတယ်။red line နဲ့ green line လို့ ၂ခုရှိပြီး စုစုပေါင်း Zone ၇ခုရှိပါတယ်။ Metro စီးရင်ပဲဖြစ်ဖြစ်၊ Bus စီးရင်ပဲဖြစ်ဖြစ်၊ Tram စီးရင်ပဲဖြစ်ဖြစ်၊ Water bus စီးရင်ပဲဖြစ်ဖြစ် Cashless payment system ဖြစ်ပြီး Nol silver card ဆိုတဲ့ ကဒ်ထဲငွေသွင်းပြီးသုံးရတဲ့စနစ်ကိုကျင့်သုံးပါတယ်။ ဆိုလိုတာက အဲဒီကဒ်ထဲငွေသွင်းထားပြီး ကျသင့်ငွေကို အကွာအဝေးပေါ်မူတည်ပြီး ဖြတ်သွားတဲ့စနစ်ဖြစ်ပါတယ်။ ကျသင့်ငွေက Zone အလိုက် အပေါ်မှာဖော်ပြထားတဲ့ Transport system အားလုံးအတွက်အကျုံးဝင်ပါတယ်။ ဥပမာ Zone A ထဲမှာ Metro လည်းစီးတယ် Bus လည်းစီးတယ်ဆိုပါက Zone တခုထဲမှာပဲသွားတာမလို့ Zone ၁ခုစာစီးနင်းခပဲကျမှာဖြစ်ပါတယ်။ ကောင်းတာကတော့ တလစာအတွက် Zone အလိုက် ပုံသေနှုန်းထားနဲ့ စီးနင်းတာပဲဖြစ်ပါတယ်။ Zone ၁ခုအတွင်းထဲမှာပဲဆို ၁လစာအတွက် Dirhams 140၊ ၂ခုဆို Dirhams 230၊ ၂ခုနဲ့အထက်ဆို Dirhams 350 အစရှိသဖြင့် ကျသင့်ပါတယ်။ Nol Card ကို Taxi စီးတဲ့အခါမှာလည်းသုံးလို့ရပါတယ်။

(၈)ဘာသာရေး

နိုင်ငံသားအားလုံးနီးပါး အစ္စလာမ်ဘာသာအဓိကကိုးကွယ်ကြပါတယ်။ လာရောက်လုပ်ကိုင်သူအတော်များများလည်း အစ္စလာမ်ဘာသာဝင်တွေဖြစ်ပေမယ့် ခရစ်ယာန်တွေအတွက်20 Chruches ၊ ဟိန္ဒူတွေအတွက် 1 temple နဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် Monastery တကျောင်း၊ ဆစ်ခ်ဘာသာဝင်တွေအတွက် 1 temple ရှိနေပြီဖြစ်ပါတယ်။

(၉)သတိပြုရန်အချက်များ

ရမည့်လခက Dirhams နဲ့ဖြစ်ပြီး US$ နဲ့မဟုတ်ပါ။ 1500 ရမယ်ဆိုတာ US$ 1500 ရမယ်လို့မှတ်ပြီး ရောက်လာကြသူတွေရှိပါတယ်။

UAE မှာ ဥပဒေအရ အလုပ်ခန့်ထားခြင်းခံရတဲ့ သူတွေအတွက် visa ခကို Company ကကျခံရတာဖြစ်ပါတယ်။ သို့သော် Company က visa ခလခထဲက နှုတ်ယူတာမျိုးပြုလုပ်မယ်လို့ Agency ကတဆင့်ပြောရင် အဲဒီလို Company မျိုးမှာ လုံးဝမလုပ်သင့်ပါ။ တခြားကိစ္စ အလုပ်ချိန်၊ပိတ်ရက်၊ overtime အစရှိတာတွေမှာလည်း ကိုယ့်အပေါ်မှာမမှန်မကန်ပြုလုပ်တာခံရနိုင်လို့ဖြစ်ပါတယ်။

Hepatics B ပိုး Cပိုးရှိသူများနဲ့ TB ရောဂါဖြစ်ဖူးပြီး အဆုတ်မှာ အမာရွတ်ရှိသူများ အလုပ်ရယင်တောင်မှ Visa လျှောက်လို့ ဆေးစစ်တဲ့အချိန်မှာပေါ်လျှင် visa reject ထိမည်ဖြစ်၍ မသွားသင့်ပါ။ အချို့ကလည်း TB ကြောင့်အမာရွတ်ရှိတာလက်ခံတယ်လို့လဲပြောပေမယ့် တချို့ အဆုတ်အမာရွတ်ကြောင့် reject ထိတယ်လို့ ပြောသူများလည်းရှိတာကြောင့် reject ထိနိုင်ခြေ risk ရှိတယ်ဆိုတာကိုလက်ခံနိုင်မှ သွားစေလိုပါတယ်။

Local company တွေဟာ Multi National Company သို့ International hotel chains တွေနဲ့ နှိုင်းယှဉ္လျှင် အလုပ်သမားကိုပေးတဲ့ အခွင့်အရေးမှာ လွန်စွာကွာခြားပါတယ်။ အလုပ်ရပြီးရောဟု သွားမည်ဆိုပါက ၂နှစ်ခန့်သည်းညည်းခံလုပ်နိုင်မှ သွားဖို့အကြံပြုချင်ပါတယ်။

အလုပ်ရသည်ဆိုပါက Offer letter ထုတ်ပေးသည့် Company မှ တာဝန်ယူပြီး employment permit လျှောက်ထားပေးရမှာဖြစ်ပြီး travel agency သို့ recruitment agency သို့ agency ခအယင်ပေးရမည်ဟုဆိုပါက ၁၀၀% လိမ်ညာတာဖြစ်ပါသည်။ မြန်မာပြည်ဘက်က Agency က မိမိကိုအလုပ်ခန့်အပ်သည့် Company က visa လျှောက်ပေးတာကျလို့ visa ပြလျှင် visa type တွင် employmentဟုပါရမည်။ Sponsorship သို့ visa applicant နေရာ၌ Offer letter ထုတ်ပေးသည့် Company၏ Name ဖြစ်ရပါမည်။ အရေးအကြီးဆုံးမှာ ၎င်း visa မှန်မမှန်နှင့် valid ဖြစ်သည့်ကာလကို www.amer.ae ဆိုသည့် UAE goverment ၏ official Website တွင်စစ်ဆေးကြည့်နိုင်ပါတယ်။

မိမိပညာအရည်အချင်း၊အတွေ့အကြုံနှင့် မကိုက်ညီသည့် ရာထူးနှင့်လစာကမ်းလှမ်းခြင်းခံရပြီး visa လျှောက်ရန် Agency ခ ကြိုတင်ပေးဆောင်ရမည်ဆိုပါက ၁၀၀% အလိမ်အညာဖြစ်ပါတယ်။

Employment permit မဟုတ်ပဲ visit visaနဲ့ခေါ်ပြီး ဟိုရောက်မှ employment visa လျှောက်ပေးမည်ဆိုပါက တဘက်မှာ ရင်းနှီးခင်မင်စိတ်ချရသည့် လူခံမရှိပါက အလွန်အန္တရာယ်ကြီးပါသည်။ အခုကိုပဲ လူ ၅၀၀ခန့် ဒုက္ခရောက်သောင်တင်နေကြတယ်လို့ ဖတ်လိုက်ရပါတယ်။

နောက်ထပ်သတိပြုရမဲ့အချက်တွေကတော့ လက်ထပ်စာချုပ်မရှိပဲ ယောက်ကျားလေး၊မိန်းကလေးအတူနေလို့မရပါ။ အတူနေမိလို့ ကိုယ်ဝန်ရှိသွားလို့ ဆေးခန်းသွားပြတာနဲ့ လက်ထပ်စာချုပ်မရှိယင် ပြစ်ဒဏ်ပေးထောင်ချပါတယ်။ လူမြင်ကွင်းမှာ လက်တွဲသွားလာခြင်း၊နမ်းရှုံ့ခြင်းတို့မပြုလုပ်သင့်ပါ။ တိုင်သူ သို့ စောင့်ကြည့်သူနှင့်တိုးလျှင် အချုပ်ရောက်သွားပါလိမ့်မယ်။ သတ်မှတ်ထားတဲ့နေရာ Hotel အစရှိသဖြင့်ကလွဲပြီး လိုင်စင်မရှိပဲ အရက်သေစာသောက်စားလို့မရပါ။ လူမြင်ကွင်းမှာ သောက်စားလို့မရသလို၊ သောက်စား၍ အပြင်သွားပြီး အမှားအယွင်းတစုံတရာလုပ်တာ၊ မူးပြီးရမ်းကားတာနဲ့ အချုပ်ထဲရောက်မှာဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာမှ ဘာသာရေးကိုထိခိုက်အောင် (သို့) နှိမ့်ချရေးသားခြင်း၊ အစိုးရနဲ့အစိုးရအဖွဲ့အစည်းများကို ဝေဖန်ခြင်းတို့ဆိုလျှင် ပြင်းထန်စွာ အရေးယူခံရမှာဖြစ်ပါတယ်။

ရေးသားမျှဝေသူ -

Khin Zar Zar Myint
Alex Aunghttp://www.blogger.com/profile/13958650132140473779noreply@blogger.com0tag:blogger.com,1999:blog-3813763337170553596.post-53399122476446170332024-02-16T08:45:00.002+06:302024-02-16T08:45:16.175+06:30Fish Cake ခေါ်မြန်မာလို ငါးဖယ်ပြား
Fish Cake ခေါ် မြန်မာလို ငါးဖယ်ပြား

Fishcake (သို့) Fish Cake လို့ခေါ်တဲ့ ငါးအသားပြား (သို့မဟုတ်) ငါးပေတံ (သို့မဟုတ်) ငါးအူချောင်း ဟုခေါ်ကြသည့် ငါးအသားနှင့် ဆန်မုန့်ကို ရောနှယ်ထားသည့် စားစရာတစ်မျိုးကို စားဖူးကြပါလိမ့်မည်။

Fish Cake သည် ငါးအသား၊ ကော်မှုန့်/ ဂျုံမှုန့်/ ဆန်မှုန့်ဖြင့် ရောနှယ်ထားပြီး ကြော်/ပြုတ် စားလို့ရသည့် မုန့်မျိုးဖြစ်သည်။

Fish Cake သည် တရုတ်ရိုးရာစားစရာတစ်မျိုးဖြစ်ပြီး ယနေ့ခေတ်က မြန်မာအခေါ် ကိုးရီးယားအကင်စုံ၊ ဂျပန်ငါးအူချောင်း၊ ငါးဖယ်ကြော်/လုံး စသည်တို့မှာ Fish Cake အမျိုးအစားထဲတွင် ပါဝင်သည်။ Fish Cake ကို တရုတ်လို ယွီကောင်း 魚糕 ဟု ခေါ်သည်။ (Fish Cake ဆိုသည့် စာလုံးအစား ယွီကောင်း ဟုသာ သုံးနှုန်းသွားပါမည်။)

Fish Cake ဖြစ်ပေါ်လာပုံ

ယွီကောင်း ဖြစ်ပေါ်လာပုံမှာ ဒဏ္ဍာရီအရဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ခန့် 三皇五帝 ခေတ်မှ စပြောရလိမ့်မည်။ ရွှမ့်ဧကရာဇ် လက်ထက်တွင် ဧကရာဇ်သည် မိဖုရား ၂ ပါးနှင့်အတူ တရုတ်ပြည်တောင်ပိုင်းသို့ ခရီးထွက်လာခဲ့သည်။ ရှေးယခင်က ခရီးထွက်ရသည်မှာ လမ်းကြမ်းများကို ခရီးနှင်ရသောကြောင့် လွန်စွာမှ ပင်ပန်းကြသည်။ ရွှမ့်ဧကရာဇ်၏ မိဖုရား ၂ ပါးမှာ လမ်းခရီးတွင် ပင်ပန်းလွန်းသည့်အတွက် အစားအသောက်ပျက်ကာ နေထိုင်မကောင်းဖြစ်ခဲ့ရသည်။ ထိုအခါ ဧကရာဇ်လဲ စိုးရိမ်သွားပြီး မိဖုရား ၂ ပါးအတွက် အရသာရှိသော အစားအသောက်များကို ရှာဖွေစေသည်။ ထိုအချိန်၌ ပေါ် အမည်ရှိ တံငါသည်တစ်ယောက်သည် ရွှမ့်ဧကရာဇ်ထံသို့ ငါးဖြင့်ပြုလုပ်ထားသည့် မုန့်တစ်မျိုးကို ဆက်သလေသည်။ ထိုမုန့်ကို မိဖုရား ၂ ပါးလဲ အကြိုက်တွေ့ပြီး မြိန်ရည်ရှက်ရည် စားသုံးကြလေသည်။ ဧကရာဇ်လဲ ကျေနပ်သွားပြီး တံငါသည် ပေါ် ကို မုန့်၏ အမည်နှင့် ပြုလုပ်နည်းကို မေးမြန်းလေသည်။ တံငါသည်လဲ မုန့်အမည်ကို ခပ်လွယ်လွယ်ပင် ယွီကောင်း 魚糕 ဟုသာ ပြောလိုက်လေသည်။ ထိုအချိန်မှစ၍ Fish Cake သည် တရုတ်ပြည်တစ်ဝှမ်းသို့ ပြန့်နှံ့သွားပြီး စားမြိန်စာမုန့်အနေဖြင့် စားသုံးကြလေသည်။

တရုတ်ပြည်၏ ပထမဆုံးဧကရာဇ်ကြီးနှင့် ငါးဇာတ်လမ်း

ချင်မင်းဆက်ကို တည်ထောင်သူ ချင်စစ့်ဟွမ်တိ 秦始皇帝 ဧကရာဇ်ကြီးသည် ရာဇဝင်၌ ငါးဟင်းလျာကို ကြိုက်နှစ်သက်သူဟု နန်းတွင်း စားဖိုချောင်မှတ်တမ်းများအရ သိရသည်။ ချင်စစ့်ဟွမ်တိသည် ငါးဟင်းလျာကို စားသုံးရတာ နှစ်သက်သော်လည်း ငါးရိုးကြောင့် စိတ်အနှောင့်အယှက် အမြဲဖြစ်ခဲ့ရသည်။ ထို့ကြောင့် သူ၏ စားတော်ကဲများမှာ ငါးဟင်းလျာချက်ပြုတ်တိုင်း ငါးရိုးကို ဖယ်ထားရပြီး ငါးရိုးမပါသွားစေရန် အမြဲသတိထားရသည်။ အကယ်၍ ငါးရိုးပါသွားပါက ဧကရာဇ်ကို လုပ်ကြံသည့် စွပ်စွဲချက်ဖြင့် စားတော်ကဲများခမျာ လည်ပင်းပြတ်ရရှာလေသည်။ အကယ်၍ ငါးရိုးမပါပဲ အရသာကို အကြိုက်တွေ့ပါကလဲ ဆုလာဘ်များကို ချီးမြှင့်တတ်သေးသည်။

တစ်ခါသော် စားကော်ကဲမှာ ငါးကို ခုတ်ပိုင်းရင်း စဉ်းစားမိသည်မှာ ဧကရာဇ် စားတော်ခေါ်မည့် ငါးမှာ အရိုးများလွန်းလှသောကြောင့် အရိုးကို ကုန်အောင် မဖယ်နိုင်ပေ။ မဖယ်နိုင်ပါက သူ့ လည်ပြတ်သွားမည်က ဧကန်အမှန်ပင် ဖြစ်သည်။ ထို့ကြောင့် စားတော်ကဲက ငါးအသားများကို နုပ်နုပ်စဉ်းပြီး ငါးအသားများကို လုံးကာ ပေါင်းခံပြီးနောက် ငါးစွပ်ပြုတ်ကို ပြုလုပ်လေသည်။ ထိုငါးဖယ်လုံး/ ငါးဘောလုံးဟင်းချိုကို ဧကရာဇ်လဲ အကြိုက်တွေ့သွားသောကြောင့် စားတော်ကဲမှာလည်း အသက်ချမ်းသာရာရလေသည်။ ပါးစပ်ရာဇဝင်အရ ချင်စစ့်ဟွမ်တိ နတ်ရွာစံခါနီးအချိန်၌ အစာမဝင်တော့သည့်အတွက် ဧကရာဇ် စားသုံးနိုင်ရန် သူ ကြိုက်သော ငါးကို ဆန်မုန့်နှင့် လုံးပြီး Fish Cake ပြုလုပ်ကာ ကျွေးခဲ့ရသည်ဟု ဆိုသည်။ ထိုအချိန်မှစ၍ 魚糕 Fish Cake မှာ စတင်ပေါ်ပေါက်လာခဲ့သည်ဟု သိရသည်။

(ဒီအကြောင်းကိုတော့ Mr. Queen ဇာတ်လမ်းထဲမှာလဲ မားမားက ငါးအူချောင်းအကြောင်းကို ပြောရင်းနဲ့ ပြောပြသွားတာမို့ အားလုံးသိကြမှာပါ။ ဇာတ်လမ်းအစမှာလဲ ချင်စစ့်ဟွမ်တိ ဧကရာဇ်နဲ့ ငါးဟင်းလျာအကြောင်းကို ပြောသွားပါသေးတယ်)

မန်ချင်းခေတ် စားဖိုချောင်မှတ်တမ်း

ယွီကောင်းနှင့် ပတ်သတ်၍ အထင်ရှားဆုံးဇာတ်လမ်းမှာ မန်ချင်းခေတ် ကွမ်းရွှီဧကရာဇ် (၁၈၇၅-၁၉၀၈) လက်ထက်က ဖြစ်သည်။ ကွမ်းရွှီဧကရာဇ်၏ မိဖုရား ကျိန့်ဖေးသည် Fish Cake ကို ကြိုက်နှစ်သက်သူ ဖြစ်သည်ဟု သိရသည်။ ကျိန့်ဖေးသည် ယွီကောင်းမုန့်လုပ်နည်းကို နန်းတော်အပြင်ကနေ ယူဆောင်လာခဲ့ပြီး နန်းတွင်းစားတော်ကဲများကို ပြန်လည်ပြင်ဆင်ပြီး ချက်ပြုတ်စေခဲ့သည်။ ကျိန့်ဖေး၏ Fish Cake လုပ်နည်းမှာ နန်းတော်မှတစ်ဆင့် အပြင်သို့ ကျော်ကြားခဲ့သည်။ သို့သော် ကျိန့်ဖေး အသတ်ခံလိုက်ရပြီးနောက်တွင် နန်းတွင်း၌ မည်သူမှ Fish Cake ကို မစားသုံးတော့ပေ။

Fish Cake အမျိုးမျိုး

Fish Cake ကို နိုင်ငံအလိုက် ပုံသဏ္ဍာန်အမျိုးမျိုး ပြုလုပ်ပြီး စားသုံးကြသည်။ မြန်မာတွင် Fish Cake ကို ငါးဖယ် ဟု ခေါ်သည့် ငါးအမျိုးအစားကိုသာ အသုံးပြုပြီး ပြုလုပ်ကြသည်။ ထို့ကြောင့်လဲ မြန်မာ Fish Cake ကို ငါးဖယ်ဆုပ်/ ငါးဖယ်ကြော်/ ငါးဖယ်လုံး စသည်ဖြင့် ခေါ်ဝေါ်ကြသည်။ ကိုးရီးယား Fish Cake များကိုတော့ ကိုးရီးယားအကင်စုံ (သို့မဟုတ်) ငါးအူချောင်းဟု ခေါ်ဝေါ်ကြပြီး ဂျပန် Fish Cake ကို ငါးပေတံပြား (သို့မဟုတ်) ငါးထောပတ်ဟု ခေါ်ကြသည်။ ဂဏန်းအသားငဖြင့် ပြုလုပ်ထားသည့် Fish Cake ကို ဂဏန်းအသားချောင်းဟုလဲ ခေါ်ဝေါ်ကြသည်။ ကိုးရီးယားအကင်ဆိုသည်မှာ ဆန်ကို မုန့်နှစ်ဖြစ်အောင် နှယ်ထားပြီး ငါးအသားနှင့် ရောနှယ်ကာ ကြော်ထားခြင်းမျိုး ဖြစ်သည်။ ထိုဆန်မုန့်ကြော် (Fish Cake) များကို ဆီပူထဲမှ ချပြီး အေးခဲပစ်ရသည်။ စားသုံးသည့်အခါမှ အေးခဲနေသည့် Fish Cake ကို ပြုတ်စားပါက ငါးအူချောင်းဖြစ်လာပြီး ကြော်စားပါက ကိုးရီးယားအကင် ဖြစ်လာသည်။ သတင်းအမှားများထဲမှာကဲ့သို့ ကိုးရီးယားအကင်များသည် အကောင်ပေါင်းစုံ၏ အသားများနှင့် ပြုလုပ်ထားခြင်းမျိုး မဟုတ်ပေ။ (ဗဟုသုအနေဖြင့်သာ) မတူညီသည်က မြန်မာ Fish Cake (ငါးဖယ်ကြော်) သည် ငါးဖယ်အသားသီးသန့်ဖြင့်သာ ပြုလုပ်ထားခြင်းဖြစ်သောကြောင့် ငါးအရသာမှာ ပိုမိုပေါ်လွင်သည်။

ဂျပန်တို့သည် တရုတ်တို့ထံမှ Fish Cake ပြုလုပ်နည်းကို မင်ခေတ်၌ ရရှိခဲ့သည်ဟု သိရသည်။ မင်ခေတ်၌ တရုတ်ပြည်တောင်ပိုင်းကို ဂျပန်တို့ ကျူးကျော်သိမ်းပိုက်ထားသည့် ကာလအတွင်း တရုတ်ဟင်းလျာချက်ပြုတ်နည်းများကို ဂျပန်ပြည်သို့ ယူဆောင်သွားခဲ့ကြောင်း မှတ်တမ်းများက ဆိုထားသည်။ ဂျပန်တို့က တရုတ်တို့၏ Fish Cake၊ Fish Ball (ငါးအသားလုံး) ပြုလုပ်နည်းများကို နမူနာယူပြီး ဂျပန်စတိုင် တီထွင်ပြီး ပြုလုပ်ခဲ့ကြသည်။

ဂျပန်တို့သည် ကိုးရီးယားနိုင်ငံကို သိမ်းပိုက်ထားသည့် ကာလအတွင်း Fish Cake ပြုလုပ်နည်းကို ကိုးရီးယားသို့ ပြန်ယူလာခဲ့သည်။ ထိုအချိန်ကျမှ ဂျပန်တို့နည်းဖြင့် ကိုးရီးယားအကင်စုံ (သို့မဟုတ်) ကိုးရီးယား ငါးအူချောင်း (သို့မဟုတ်) Fish Cake ဟူ၍ ကိုးရီးယားအရသာအတိုင်း ပြုလုပ်ကာ စတင်မိတ်ဆက်ပေးခဲ့သည်။ ပထမဆုံး Fish Cake အရောင်းဆိုင်ကို ၁၉၅၀ ခုနှစ်တွင် ဘူဆန်မြို့ ဘူဖျောင်ခန်ထုံဈေး ဒုန်ကွမ်စားသောက်ဆိုင်တွင် ရောင်းချခဲ့ကြောင်း သိရသည်။ ထိုမှတစ်ဆင့် ကိုးရီးယားတစ်နိုင်ငံလုံးသို့ ပြန့်နှံ့သွားခဲ့ပြီး ကိုးရီးယားလူမျိုးတို့ ကြိုက်နှစ်သက်သည့် Fish Cake အရောင်းဆိုင်များကို နေရာအနှံ့တွင် တွေ့မြင်လာနိုင်ပေသည်။

魚蛋 (Fish Ball)

နောက်တစ်မျိုးကတော့ Fish Cake ကို လုံးပြီးပြုတ်/ကြော်ထားသည့် ငါးအသားလုံးများကို Fish Ball 魚蛋 ဟု ခေါ်ကြသည်။ Fish Ball ငါးအသားလုံးများမှာလဲ နိုင်ငံအလိုက်၊ ဒေသအလိုက် ဒေသခံများ၏ အကြိုက်ပေါ်မူတည်ပြီး အမျိုးမျိုး ရှိလာကြသည်။ တရုတ်ပြည်တွင်း၌ ငါးအသားလုံးကို အမျိုးမျိုး ပြုလုပ်ရောင်းချကြသည်။ တစ်ချို့မှာ ငါးအသားလုံးများကို ပြုတ်ပြီး စွပ်ပြုတ်၊ ဟင်းချိုအဖြစ် စားကြသလို တစ်ချို့နေရာများတွင်တော့ ငါးအသားလုံးကြော်အဖြစ် စားသုံးကြသည်။ မြန်မာတွင်တော့ ငါးဖယ်လုံးဟင်းချိုမှာ ငါးဟင်းမကြိုက်သည့်သူများပင် နှစ်သက်သည့် ဟင်းလျာတစ်မျိုး ဖြစ်သည်။ တရုတ်ပြည်ရှိ တစ်ချို့နေရာများတွင်တော့ ငါးဖယ်လုံးထဲတွင် အဆာပလာများသွပ်ကာ ပြုလုပ်လေ့ရှိကြသည်။ ကိုးရီးယား၊ ဂျပန်တို့တွင် ပြောင်းဖူးစေ့၊ မုန်လာဥနီ (ခါကြက်ဥ)၊ ကြက်သွန်မြိတ်တို့ဖြင့် ရောနှယ်ကာ ကြော်စား/ပြုတ်စားလေ့ရှိကြသည်။ တရုတ်ပြည် ဖူကျန့်ပြည်နယ် ဖူကျိုးမြို့၏ ဖူကျိုးငါးအသားလုံး (福州鱼丸) မှာ ကမ္ဘာတစ်လွှား၌ နာမည်ကြီးသည်။ ငါးအသားလုံးထဲတွင် ဝက်သားတောက်တောက်စင်းပြီး အစာသွပ်ထားသည့် ဖူကျိုးငါးအသားလုံးမှာ တစ်လုပ်စားရုံမျှဖြင့် အရသာမျိုးစုံကို ခံစားနိုင်စွမ်းပေးသည်။

ဟောင်ကောင်နှင့် မကာအိုရှိ ငါးအသားလုံးကို အဝါရောင်၊ အဖြူရောင်၊ ရွှေရောင်ဟူ၍ အမျိုးအစား ၃ မျိုးဖြင့် ရောင်းချကြသည်။

အဝါရောင် ငါးအသားလုံး

အဝါရောင် ငါးအသားလုံးမှာ အဖြူရောင် ငါးအသားလုံးထက် ဈေးပေါပြီး လူတိုင်းစားသုံးနိုင်သည့် Street Food (လမ်းဘေးအစားအစာ) အဖြစ် ရောင်းချကြသည်။ ကွာခြားချက်မှာ အသုံးပြုထားသည့် ငါးအမျိုးအစားနှင့် ပါဝင်ပစ္စည်းများ ဖြစ်ကြသည်။ အဝါရောင် ငါးအသားလုံးကို ပွက်ပွက်ဆူနေသည့် spicy sauce အနှစ်ထဲ စိမ်ထားပြီး ရောင်းချကြသည်။ ရောင်းသူအပေါ်မူတည်ပြီး အသားလုံးချောင်း ၁ ချောင်းတွင် Fish Ball ၅ လုံးမှ ၇ လုံးအထိ ပါဝင်သလို sauce အရသာမှာလဲ ကွားခြားမှုရှိသည်။

အဖြူရောင် ငါးအသားလုံး

အဖြူရောင်ငါးအသားလုံးမှာ အဝါရောင် ငါးအသားလုံးထက်ပိုကြီးပြီး ဈေးပိုကြီးသည့်အတွက် စားသောက်ဆိုင်များတွင်သာ ရောင်းချလေ့ရှိကြသည်။ အဖြူရောင် ငါးအသားလုံးကို စပိန်-မက်ကရယ်ငါးအမျိုးအစားဖြင့် ပြုလုပ်ပြီး နူးညံ့သည့် ငါးအသားလုံးဖြစ်လာစေရန် ငါးအသားကို အကြိမ်ကြိမ် ထောင်းထားရသည်။ ပြီးနောက် ဆား အနည်းငယ်ထည့်ပြီး ကြက်ဥအကာ၊ (ပြောင်း) ကော်မှုန့်၊ မိမိထည့်လိုသည့် အမယ်များကို ထည့်ပြီး ရောနှယ်ထားရမည်။ ပြီးမှ စွပ်ပြုတ်အနေဖြင့် ပြုတ်ပြီး စားသုံးနိုင်သည်။ တစ်ချို့သော Hot-pot ဆိုင်များတွင် အဆိုပါ ငါးအသားလုံးကို ရရှိနိုင်သည်။ ဈေးအကြီးဆုံး ဆိုင်များမှာ မိမိအရှေ့တွင် ငါးအသားလုံးပြုလုပ်ပြသည့် ရိုးရာနည်းအတိုင်း hand-made (手打) ဆိုင်များ ဖြစ်ကြသည်။

ရွှေရောင် ငါးအသားလုံး

ရွှေရောင် ငါးအသားလုံးမှာ ဟောင်ကောင်၊ ချန်ကျိုးကျွန်း၏ သရေစာအဖြစ် စားသုံးကြသည့် အစားအစာဖြစ်သည်။ အရွယ်အစားမှာ တစ်လုပ်စာအနေတော်ရှိပြီး ရွှေရောင် ငါးအသားလုံး၏ အသက်မှာ အထူးပြုလုပ်ထားသည့် sauce ဖြစ်သည်။ ရွှေရောင် ငါးအသားလုံးမှာ ရွှေဝါရောင်လေးသမ်းလာအောင် ကြော်ထားခြင်းမျိုး ငါးအသားကဲ့သို့ နူးညံ့ပြီး ငါးအသားအရသာအတိုင်းကိုရအောင် ပြုလုပ်ထားခြင်းမျိုး ဖြစ်သည်။

တခြားအမျိုးအစားတွေလဲ အများကြီးရှိသေးပေမယ့် အခုတော့ ဒီလောက်ပါပဲ။

John @ F&B management
Alex Aunghttp://www.blogger.com/profile/13958650132140473779noreply@blogger.com0tag:blogger.com,1999:blog-3813763337170553596.post-86596598978355585422024-02-11T11:00:00.002+06:302024-02-11T11:00:12.577+06:30ကျောင်းသားများအတွက် မရှိမဖြစ် AI Tools များ 📌
ကျောင်းသားများအတွက် မရှိမဖြစ် AI Tools များ 📌

Writing အတွက် အကောင်းဆုံး Tools များ

၁။ ChatGPT- https://chat.openai.com/

အားလုံးသိတဲ့ ChatGPT က ကျောင်းသားများအတွက် အကောင်းဆုံး AI စာရေးကိရိယာများထဲမှ တစ်ခုဖြစ်နေသေးပြီး အခမဲ့သုံးလို့ရပါတယ်။ ChatGPT က စာအတိုကနေဆောင်းပါးတွေအထိ စာသားအမျိုးအစားအားလုံးကို ဖန်တီးနိုင်စေပါတယ်။ သုတေသနအတွက်လည်း အသုံးပြုနိုင်ပြီး AI ကို ဘယ်ပညာရပ်ဆိုင်ရာမေးခွန်းများမဆို မေးနိုင်ပါတယ်။ ChatGPT က ဇယားများနှင့် ဂရပ်များရဲ့ အချက်အလက်များကို အကျဉ်းချုံ့ရန်အတွက်လည်း ကောင်းမွန်ပါတယ်။

၂။ Caktus AI- https://www.caktus.ai/

ကျောင်းသားများအတွက် အထူးထုတ်လုပ်ထားသည့် AI Tools ဖြစ်ပြီး ကျောင်းသားများအား ကျောင်းအလုပ်များကို အလိုအလျောက်လုပ်ဆောင်နိုင်စေသောပါတယ်။ Caktus AI က ကုဒ်ရေးသားခြင်း၊ စာစီစာကုံးရေးသားခြင်း၊ စာပိုဒ်များရေးသားခြင်းနှင့် သင်္ချာပုစ္ဆာဖြေရှင်းခြင်း အပါအဝင် အခြားအရာများစွာကို လုပ်ဆောင်နိုင်ပါတယ်။ လုပ်ရမှာက tool ကို input အနည်းငယ်ပေးလိုက်ရုံပါပဲ။

၃။ Grammarly- https://www.grammarly.com/

စာလုံးပေါင်း၊ သဒ္ဒါနှင့် သတ်ပုံသတ်ပုံအမှားများကို ပြင်နိုင်စေရန် အကောင်းမွန်ဆုံးသော AI-powered အရေးအသား application များထဲမှ တစ်ခုဖြစ်ပြီးကျောင်းသားများသည် Microsoft Word သို့မဟုတ် Gmail ကဲ့သို့သော အခြားအက်ပ်များနှင့် ချိတ်ဆက်ခြင်းဖြင့် အသုံးပြုနိုင်တဲ့အပြင်စာသားကို အချိန်နှင့်တစ်ပြေးညီ စကင်န်ဖတ်နိုင်ပြီဘယ် အသက်အရွယ်အုပ်စုနှင့်မဆို အရေးအသားအတွက် အဖိုးတန်ပါတယ်။

Research အတွက် အကောင်းဆုံး Tools များ

၄။ WolframAlpha- https://www.wolframalpha.com/

ကျောင်းသားများအတွက် အသုံးဝင်သော ကိရိယာတစ်ခုဖြစ်ပြီးမေးပွဲအတွက် လေ့ကျင့်ရန်၊ အိမ်စာအကူအညီရယူရန်နှင့် သုတေသနပြုလုပ်ရန် ကူညီပေးနိုင်ပါတယ်။ WolframAlpha က သင်္ချာနှင့် ရူပဗေဒအတွက် ကျော်ကြားသော်လည်း ဓာတုဗေဒ၊ ဇီဝဗေဒ၊ အင်ဂျင်နီယာ၊ ဘောဂဗေဒ၊ နက္ခတ္တဗေဒ၊ စာရင်းအင်းပညာနှင့် အခြားအရာများတွင်လည်း ထူးချွန်သူဖြစ်ပါတယ်။ ၎င်းသည် ကျောင်းသားများကကိုယ်ပိုင်ဒေတာကို တင်ပြီး ရင်သပ်ရှုမောဖွယ် စိတ်ကြိုက်ရုပ်ပုံများကို ဖန်တီးနိုင်စေပါတယ်။

၅။ Socratic by Google- https://socratic.org/

Socratic က ကျောင်းသားများအား အထက်တန်းကျောင်းနှင့် တက္ကသိုလ်အဆင့်တွင် ကျောင်းလုပ်ငန်းကို နားလည်ရန် ကူညီပေးသည့် Google AI မှ ပံ့ပိုးပေးထားတဲ့ သင်ယူမှုအက်ပ်တစ်ခုပါ။ အထက်တန်းကျောင်းဘာသာရပ်အများစုကို ပံ့ပိုးပေးပြီး သိပ္ပံ၊ သင်္ချာ၊ စာပေ၊ လူမှုရေးလေ့လာရေးနှင့် အခြားအရာများကို ပံ့ပိုးရန်အတွက် တည်ဆောက်ထားပါတယ်။ ဆိုကရေးတီးကို မေးခွန်းတစ်ခုမေးခြင်းဖြင့်၊ အက်ပ်သည် သဘောတရားများကို လေ့လာရန် ကျောင်းသားများအတွက် အကောင်းဆုံးအွန်လိုင်းအရင်းအမြစ်များကို ရှာဖွေနိုင်ပါလိမ့်မယ်။

၆။ AllSearch- https://www.allsearch.ai/

ဘယ်အရာအတွက်မဆို အဖြေများအတွက် ထောင်ပေါင်းများစွာသော စာအုပ်များကို အလွယ်တကူ ရှာဖွေနိုင်စေပြီး AI ကို ဘယ်မေးခွန်းကိုမဆို မေးနိုင်တဲ့အပြင် သင့်မေးခွန်းအတွက် အဖြေကိုရှာဖွေရန် ပညာရပ်ဆိုင်ရာနှင့် စာပေနှစ်ခုစလုံးကို ထောင်ပေါင်းများစွာသော စာအုပ်များမှ စကင်န်ဖတ်နိုင်ပါတယ်။ အဖြေများတွေ့ရှိသည့်နေရာကို ကိုးကား၍ ၎င်းကို သုတေသနမှတ်စုများတွင် ထည့်သွင်းနိုင်ပါတယ်။

၇။ Sourcely- https://www.sourcely.net/

အခြားပညာရပ်ဆိုင်ရာအပိုင်းများအတွက် ယုံကြည်စိတ်ချရသောအရင်းအမြစ်များကို ရှာဖွေရန် Sourcely ကို အသုံးပြုနိုင်ပြီး ကိုးကားချက်များပေးရန်လိုအပ်ပါကအသုံးဝင်သောကိရိယာတစ်ခုဖြစ်ပါတယ်။ စာပိုဒ်တစ်ခု သို့မဟုတ် ဝါကျတစ်ခုအဖြစ် တွေံရှိချက်များကို အကျဉ်းချုပ်ဖော်ပြရန်အတွက်လည်း အသုံးပြုနိုင်ပါတယ်

Homework အတွက် အကောင်းဆုံး Tools များ

၈။ Tutorly.ai- https://tutorly.ai/

ကျောင်းသားများရဲ့ အိမ်စာများကို ကူညီပေးသည့် AI အခြေခံ ကိရိယာတစ်ခု ဖြစ်ပြီးအသုံးပြုသူများဟာ မေးခွန်းကို အက်ပ်ထဲသို့ ကူးထည့်ကာ အဖြေတစ်ခု ရရှိနိုင်ပါတယ်။ အပလီကေးရှင်းမှာ ရွေးချယ်စရာမျိုးစုံ၊ အဖြေတိုနှင့် အခြားမေးခွန်းဖော်မတ်များရရှိနိုင်တဲ့အပြင် Elite အသုံးပြုသူများသည် အကြောင်းအရာကိစ္စနှင့်ပတ်သက်၍ ပိုမိုနားလည်သဘောပေါက်ရန်အတွက် 'Explain' နှင့် 'Show Steps' ကဲ့သို့သော အပိုဝန်ဆောင်မှုများကို အသုံးပြုခွင့်ရှိပါတယ်။

၉။ Notedly.ai- https://notedly.ai/

ကျောင်းသားများ စာဖတ်ရာကနေ မှတ်စုများကိုချက်ချင်းထုတ်ခြင်းဖြင့် အချိန်ကုန်သက်သာစေသော AI ကိရိယာတစ်ခုဖြစ်ပါတယ်။ ကျောင်းသားများက မှတ်စုမှတ်ရတဲ့အချိန်ကိုသက်သာစေပြီး ရှုပ်ထွေးသောအကြောင်းအရာများကို လျင်မြန်ထိရောက်စွာ နားလည်နိုင်စေရန် ကူညီပေးပါတယ်။

၁၀။ LearnAnything- https://learn-anything.xyz/

LearnAnything ကို လမ်းပြအဖြစ် ဘယ်ဘာသာရပ် သို့မဟုတ် ကျွမ်းကျင်မှုကိုမဆို သင်ယူနိုင်ပါတယ်။ လေ့လာလိုတဲ့အရာကို AI ကို ရိုးရိုးရှင်းရှင်းပြောလိုက်ရုံနဲ့ သင်ယူရန် လုပ်ဆောင်ရမယ့် အရာအပြည့်အစုံကို သင်ရရှိနိုင်ပါတယ်။ဘာသာရပ်တစ်ခုကို စတင်လေ့လာရန် ဘယ်လိုစလုပ်ရမှန်းမသိရင် ၎င်းသည် အသုံးဝင်သောကိရိယာတစ်ခုဖြစ်သည်။
Alex Aunghttp://www.blogger.com/profile/13958650132140473779noreply@blogger.com0tag:blogger.com,1999:blog-3813763337170553596.post-77758238717730177012024-02-07T14:08:00.005+06:302024-02-07T14:14:00.201+06:30ရှားစောင်းလက်ပတ်ပင် စိုက်ပျိုးထိန်းသိမ်းနည်း
#သဘာဝကပေးတဲ့နတ်ဆေးပင်

#အောက်ဆီဂျင်အပေးနိုင်ဆုံးအပင်ဖြစ်တဲ့.....

ရှားစောင်းလက်ပတ်ပင် စိုက်ပျိုးထိန်းသိမ်းနည်း

*ဒီနေ့မှာတော့ ရှားစောင်းလက်ပတ်အပင်ကို စိုက်ပျိုးတဲ့နေရာမှာ #ဆောင်ရန်ရှောင်ရန်အချက်လေးတွေ နဲ့ #အသုံး၀င်ပုံ၊ #သိကောင်းစရာတွေ ကို အဓိကထား ဖော်ပြပေးသွားပါမယ်။

ရှားစောင်းလက်ပတ်ပင်ကို အဓိကအားဖြင့် ပြုစုပျိုးထောင်တဲ့အခါမှာ နေရောင် ခြည် လုံလုံလောက်လောက် ရရှိရပါမယ်၊🌤️ ရေလောင်းတဲ့အကြိမ်ရေကို လျှော့လောင်းရမယ်၊ ရှားစောင်းလက်ပပ်စိုက်ပျိုးသင့်တဲ့ မြေအမျိုးအစားကတော့ လေဝင်လေထွက်ကောင်းစေတဲ့ မြေအမျိုးအစား၊ ရေစီးဆင်းမှုလွယ်စေပြီး ရေဓာတ်သိုမှီထား နိုင်တဲ့မြေမျိုးဖြစ် ရပါမယ်၊ အိမ်မှာ အိုးနဲ့စိုက်မယ်ဆိုရင်တော့ ဈေးကွက်မှာ အလွယ်တကူဝယ်ယူနိုင်တဲ့ အဆင့်သင့်မြေတွေကို မြေဆွေးတွေနဲ့ ရောမွှေ၍ စိုက်ပျိုးလိုက်ရင်ရပါတယ်။💁🏼♂️

ရှားစောင်းလက်ပပ်ပင်ကို မြေနီ၊ မြေကျစ်၊ မြေပွများတွင် အစိုဓာတ်အသင့်အတင့်ရရှိယုံနှင့် စိုက်ပျိုးနိုင်ပါတယ်။

စိုက်ပျိုးမယ်ဆိုရင် မြေထဲမှာ သဲကြမ်းနည်းနည်း၊ သစ်ရွက်စေးမြေ နည်းနည်း၊ မီးသွေးမှုန့်နည်းနည်း ဖြည့်စွက်ရောနှောစိုက်ပျိုးရပါတယ်။

💁🏼♂️📈 သစ်ရွက်ဆွေး မြေတွေထဲမှာ ဇီဝမြေသြဇာတွေ အများအပြား ပါဝင်နေတဲ့အတွက် အကောင်းစားမြေမျိုး ဖြစ်သွားမှာ ဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်က အက်ဆစ်အချဉ် ဓာတ်နည်းပါးပြီး အယ်လ်ကာလီများတဲ့ မြေမျိုးကိုနှစ်သက်ပါတယ်။

**** ရှားစောင်းလက်ပက်ပင်စိုက်ပျိုးနည်းများ ****

ရှားစောင်းလက်ပက်ကို ပန်းအိုးထဲထည့်စိုက်တဲ့နည်းနှင့် မြေကြီးမှာ တိုက်ရိုက် စိုက်တဲ့နည်းဆိုပြီး နှစ်နည်းစိုက်ပျိုးလို့ရပါတယ်၊✌️

မိမိကြိုက်နှစ်သက်တဲ့နည်းနဲ့ စိုက်ပျိုး နိုင်ပါတယ်၊ စိုက်နည်းမတူညီတဲ့အတွက် ပေါက်ရောက်ကြီးထွားမှုမှာလဲ ကွာခြား မှုရှိ တတ်ပါတယ်💁🏼♂️

မြေကြီးမှာချစိုက်တဲ့ ရှားစောင်းလက်ပပ်က ပန်းအိုးထဲ ထည့်စိုက်တဲ့ ရှားစောင်းလက်ပပ်ထက် ပိုပြီးအပေါက်မြန်ပြီး အကြီးထွားသန်မာစေပါတယ်။

ရှားစောင်းလက်ပပ်ပင်ကို တစ်ပင်နှင့်တစ်ပင် (၅)ပေခြား စိုက်ပျိုးရပါတယ်၊ စိုက်ပျိုးပြီးတစ်နှစ်သားအရွယ်မှာ အပင်လက်များ သန်မာထွားကျိုင်းကာ ဖြစ်ထွန်းအောင်မြင် လာပါလိမ့်မယ်။💕

အပင်အလက်များသည် နွေဥတု၌ အတွင်းအနှစ်အနည်း ငယ်သာရှိပြီး မိုးနှင့်၊ ဆောင်းဥတုမှာ အတွင်းအနှစ်များသည် ဂျယ်လီကဲ့သို့ ဖောင်းနေပြီး အပင်အလက်ကို ဓားဖြင့်လှီးဖြတ်လျှင် အတွင်းအနှစ်များသည် ဂျယ်လီသဏ္ဍန် အိတွဲတွဲဖြင့် ဆေးဘက်ဝင်တယ်လို့ ဆိုပါတယ်။

ရှားစောင်းလက်ပပ်အပင်ကို အပင်ခြေရင်းတွင် ပြာအနည်းငယ်စီပုံပေးပါက ပို၍ဖြစ်ထွန်း လွယ်ပါတယ်။ 💁🏼♂️💕

**** မြေသြဇာမများရ***

ရှားစောင်းလက်ပပ်က စင်စစ်မှာတော့ မြေသြဇာမကျွေးလဲ ရှားစောင်းလက်ပပ်က ကြီးထွားမှာပါပဲ၊ ဒါပေမယ့် သင့်လျော်တဲ့ မြေသြဇာနည်းနည်းကျွေးပေးရင်တော့ ကြီးထွားမှု့ကို မြန်ဆန်စေပါတယ်၊ မြေသြဇာအကျွေးများ လွန်းပြန်လျှင်လည်း အမြစ်ပုပ်သွားတတ်ပါတယ်၊🙅🏼♂️ မြေသြဇာကို သင့်ရုံလောက်သာထည့်ပါ။💁🏼♂️

**** မြေကြီးမှာစိုက်ရင် လိုက်နာရမည့် အချက်များ ****

မြေကြီးမှာချစိုက်တဲ့ ရှားစောင်းလက်ပပ်က ပန်းအိုးထဲထည့်စိုက်တဲ့ ရှားစောင်းလက်ပပ်ထက် ပိုပြီးကြီးထွားလေ့ ရှိပါတယ်။ ရှားစောင်းလက်ပပ်ကို အကောင်းဆုံးက နေရောင်ခြည်ကောင်းကောင်းရတတ်တဲ့ အရှေ့အရပ်နဲ့ တောင်အရပ်က စိုက်ပျိုးသင့်တဲ့နေရာကောင်းတွေပါပဲ။ ရှားစောင်းလက်ပပ်ကို မိုးရေဝပ်တဲ့နေရာမျိုးမှာ လုံးဝမစိုက်ပျိုးသင့်ပါဘူး🙅🏼♂️ ၊

ဘာကြောင့်လဲဆိုတော့ ရှားစောင်းလက်ပပ်က သဲကန္တာရဒေသဇာတိအပင် မျိုးဖြစ် လေတော့ ရေများတာကိုမကြိုက်ပါဘူး၊ မိုးရွာပင်ရွာသော်လည်း ရေမြန်မြန်စီးပြီး ရေတင်မကျန် ရေမဝပ်ဖို့ သိပ်အရေးကြီးပါတယ်။

**** အသစ်ပြန်စိုက်ပြီးတဲ့ နောက်တစ်လ ရေမလောင်းပါနဲ့ ****

တခြားအပင်တွေဟာ အပင်ပြောင်းရွှေ့စိုက်တာပဲဖြစ်ဖြစ်၊ အသစ်ပြန်စိုက်တာပဲဖြစ်ဖြစ်၊ ရေလုံလုံလောက်လောက် လောင်းရစမြဲပါ၊ ဒါပေမယ့် ရှားစောင်းလက်ပပ်ကတော့ လုံးဝမတူဘဲ အသစ်ပြန်စိုက်ပြီးတဲ့နောက်တစ်လလုံး ရေလောင်းကို မလောင်းရပါဘူး ၊

တစ်လပြည့်ပြီးနောက်မှ ရေအဝလောင်းရပါတယ်၊ အဲဒီအချက်ကိုတော့ အထူးသတိပြုသင့်ပါတယ်။🙋🏼♂️

ဆောင်းကာလကုန်လွန်တာနဲ့ နွေပေါက်ပြီဆိုရင် ရှားစောင်းလက်ပပ်ပင်ကို အသစ်ပြန်စိုက်လို့ရပါပြီ၊ အသစ်ပြန်စိုက်ပြီး နှစ်လကြာပြီးနောက် ပဲဖတ်၊ (သို့) နှမ်းဖတ်ကို တစ်ကော်၊ နှစ်ကော် (သို့) ကြက် ချေးခြောက် တစ်ကော်၊နှစ်ကော် ကျွေးလိုက်ပါ၊ ဆောင်းတွင်းမှာတော့ ဘာမြေသြဇာမှ ကျွေးဖို့မလိုပါဘူး။

**** သားတက်ခွဲစိုက်နည်း ****

သားတက်ခွဲစိုက်နည်းကတော့ မိခင်အပင်မကြီးရဲ့အမြစ်ကို မထိခိုက်စေဘဲ သားတက်ကို အမြစ်ပါနုတ်ယူပြီး အဲဒီသားတက်ကို အမြစ်ပါစိုက်တဲ့နည်းပဲဖြစ်ပါတယ်၊ ပထမဆုံးသားတက်ကို နုတ်ယူပါ ၊ လေဝင်လေထွက်ကောင်းပြီး နေရိပ်ရတဲ့နေရာမှာ ရက်သတ္တတစ်ပတ်လောက် အခြောက်ခံထားပါ၊ သေသေချာချာခြောက်ပြီဆိုတော့မှ မြေထဲကိုစိုက်ထည့်လိုက်ပါ၊ ချက်ချင်းရေမလောင်းပါနဲ့၊ အမြစ်တွေ အသေအချာခိုင်လာမှ ရေလောင်းပါ။ မကြာခင် အပင်သစ်က အမြစ်ထွက်လာပါမယ်၊ အပင်သစ်ရဲ့ အရွက်နည်းနည်း အဝါရောင်သန်းလာပေမယ့် တစ်ခုခုဖြစ်သွားပီလို့ မထင်လိုက်ပါနဲ့ ၊ စိတ်မပူပါနဲ့၊🙋🏼♂️

အမြစ် တဖြည်းဖြည်းရှည်ထွက်လာရငိ အရွက်လဲပိုပြီး သန်လာပါလိမ့်မယ်၊ အရွက်ရဲ့အရောင်ကလဲ အစိမ်းရင့်ရောင် ပြောင်းလဲလာပါလိမ့်မယ်၊ အဲဒီတော့မှ အသေအချာစစ်ဆေးကြည့်ပြီးမှ ရောင်းလောင်းပါလို့ အကြုံပြု ချင်ပါတယ်။💁🏼♂️

#Source – DOCA

#OPEN_DOORTechnology

ရှားစောင်းလက်ပတ်ပင် အကြောင်းသိကောင်းစရာ

(အူမကြီးကိုသန့်စင်ပေးရာတွင် အလွန်အစွမ်းထက်သည်)

ဆေးဖက်ဝင် ဖြစ်၍ စိုက်ပျိုး ထားသည်။

✅အသုံးပြုပုံ

ရှားစောင်းလက်ပပ်သည် မီးယပ်ဆေးအဖြစ် အလွန်အသုံးဝင် ထင်ရှားသည်။ရှားစောင်း လက်ပပ်ကို ပါးပါး လှီး၍ ဟင်းချက် စားပါက ဓမ္မတာကို မှန်စေသည်။ရှားစောင်း လက်ပပ်ကို လိမ်းဆေးအဖြစ် အနှစ်ကို ခပ်ပါးပါး လှီး၍ သွေးစုနာ၊ အကြိတ် အဖုအနာ၊ သွေးလုံး၊ လေလုံး အပေါ် ကပ်ထား ပေးခဲ့သော် ပြင်ပသို့ ထုတ်ဆောင်ပြီး အကြိတ် ကြေစေသည်။ ပြည်ပေါက် မြန်၍ ငန်းမန်း ကြေစေသည်။ ရှားစောင်း လက်ပပ် အနှစ်ကို မျက်စိ အုံပေးပါက မျက်စိ နာခြင်း၊ ကိုက်ခြင်း၊ ပူစပ်ခြင်း၊ ယားယံခြင်း တို့ကို ပျောက်စေသည်။ ရှားစောင်း လက်ပပ် အတွင်းသားကို အရည်ညှစ်ပြီး မီးနွေးနွေး ပြု၍ နားတွင်းသို့ ခတ်ပေးပါက နားကိုက်၊ နားနာ မြန်စွာပျောက်သည်။ ကိုယ်ရေဝါ ရောဂါရှိသူများ အတွင်းသား စားပါက ဆီးဝမ်း သက်သာပြီး ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို လက်ချား မီးပေါက် အနည်းငယ် ဖြူး၍ စားလျှင် ရေဖျဉ်း ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို ခြစ်ယူ၍ ဆန်ဆေးရည်တွင် စိမ်ပြီး သကြား ထည့်သောက် ပါက ဆီးပူ၊ ဆီးအောင့်၊ ဆီးထိုး ရောဂါ ပျောက်ကင်း၏။ သတ္တုရည်သည် အအေးမိခြင်း ဖျားခြင်းတို့ကို သက်သာ ပျောက်ကင်း စေနိုင်သည်။

ပုံပန်းအသွင်ပြင်

အရည်ရွှမ်းသော ပင်ပျော့ ပင်ငယ်မျိုးဖြစ်၍ အမြင့် ၁-ပေ၊ ၁-ပေခွဲ အထိရှိသည်။

အသုံးဝင်သောအပိုင်း

အရွက်

Item Name : Barbodos Aloes (ရှားစောင်းလက်ပပ်)

အပူပိုင်း ဒေသများ တွင် ပေါက်ရောက် သည်။ သဘာဝ အလျောက် အလေ့ကျ ပေါက်ရောက် သည်။ ဆေးဖက် ဝင် အဖြစ်လည်း ပန်းအိုး များ ဖြင့် သော်လည်း ကောင်း ၊ မြေတွင် ချ၍ သော် လည်း ကောင်း ပြုစု စိုက်ပျိုး ထား နိုင်သည်။ Appearance : -အရည်ရွှမ်းသော နှစ်ရှည်ခံ ပင်ပျော့မျိုး ဖြစ်သည်။ အရည်ရွှမ်းသော အပင်ရင်းမှ စုပြုံ၍ ဖြာထွက်သည်။

အပေါ် မျက်နှာပြင်သည် အနည်းငယ် ခွက်သည်။ ရွက်ထိပ်ချွန်၍ ရွက်နားတွင် ဆူးကလေးများ ရှိသည်။

အပင် -အရည် ရွှမ်းသော ပင်ပျော့ ပင်ငယ် မျိုး ဖြစ်၍ အမြင့် ၁ ပေ မှ ၁၁/၂ ပေ ထိ မြင့်၏ ။

ပင်စည်လုံး သတ်သတ် မရှိဘဲ အပင်ရင်း မှ အရွက်များ ၅ ခု ၆ ခု ဖြာ လျက် ထွက်သည်။ အရွက် - အပေါ် အခွံ အစိမ်းနုရောင် ရှိပြီး အတွင်း၌ ကျောက်ကျော ကဲ့သို့ ပျစ်ချွဲ သော အရည်အသား များ ပြည့်လျက် ရှိသည်။ အလျား နှစ်တောင် မျှ ရှည်၍ အနံ လေးလက်မ ၊ အထူ ၁ လက်မ ၂ လက်မ ထိ ထူ၏ ။ ရွက်နား ပတ်လည် ဆူးကလေး များ ခြား ၍ ရှိသည်။

အပွင့်*

၃-၄ နှစ်သား အရွယ် ရှိသော အပင်တွင် ရှည်လျား သော ပန်းခိုင် ထွက်လာပြီး နီဝါရောင် ပန်းပွင့် လေးများ ပန်းခိုင် ထိပ်တွင် စုပြုံ ပွင့်၏ ။

-မြန်မာ ဆေးကျမ်းများ အလိုအရ ရှားစောင်းလက်ပပ် သည် အေး ခါး သော အရသာ ရှိပြီး လေကို နိုင်၏။ အားကို ဖြစ်စေသော အစွမ်း သတ္တိ ရှိသည်။

ရှားစောင်းလက်ပတ်၏ ကောင်းခြင်းများမှာ

ရှားစောင်း လက်ပတ်ရည်သည် ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အမိုင်နိုအက်ဆစ်များသာမက အဆိပ်အတောက်ဖြစ်မှုကို ဟန့်တားပေးသော အစွမ်းသတ္တိများ ကြွယ်စွာပါဝင်သည်။အူမကြီးကို ရှင်းလင်းပေးသည့် ဝမ်းနုတ်ဆေးဟုပင် ဆိုနိုင်ပါသည်။

လေ့လာချက်များအရ

● ဆီး ၊ ဝမ်း ချုပ်ခြင်းတို့ကို ကောင်းမွန်စေခြင်း၊💁🏼♂️ အူသိမ် အူမလမ်းကြောင်းရှိ မှို၊ ဒုက္ခပေးသော ဘက်တီးရီးယားပိုးများ၊ ကပ်ပါးပိုးများကို ဖျက်ဆီးပေးခြင်း၊🦠 အစာခြေရာ တွင် ကူညီခြင်းတို့ကို တွေ့ရှိရသည်။

ခန္ဓာကိုယ်ရှိ ရောဂါပိုးများကို တိုက်ဖျက်သည့် T-cells များနှင့် antibodies များထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးခြင်း၊ ရောဂါမဝင်အောင် ဆောင်ရွက်ပေးရာတွင်များစွာ အကျိုးရှိသည်။

ရှားစောင်းလက်ပတ်သည် ဆဲလ်နံရံများထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်သော ဓာတုပစ္စည်းများ ပါဝင်ပြီး အရည်အဖြစ် ဆဲလ်အတွင်း ထိုးဖောက် ဝင်ရောက်ကာ(toxins) များကို ဆဲလ်အပြင်သို့ ထုတ်ပေး၍ အာဟာရဓာတ်များ (nutrients) ကို ဆဲလ်အတွင်း ဝင်ရောက်သွားစေရန် ဆောင်ရွက်ပေးပါသည်။

ရှားစောင်းလက်ပပ်ရဲ့ ဂျဲလ်ပုံစံကြောင့် အေးမြစေတဲ့ ဂုဏ်သတ္တိရှိပြီး မျက်စိအောက်က အရေပြားပျော့ ဖောင်းနေတာကို သက်သာစေပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို မျက်လုံးခရင်မ် (Eye Cream)တွေ၊ အစက်အပြောက်ဖုံးမိတ်ကပ် (Concealer)နဲ့ အိုင်းရှဲဒိုးမှာတောင် ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ ထည့်သွင်းထုတ်လုပ်လာကြပါတယ်။ ရှားစောင်းလက်ပပ်ဟာ အန္တရာယ်ကင်းပြီး ဓာတ်မတည့်မှု မဖြစ်စေတဲ့အတွက် ဒီနေ့ခေတ် အမျိုးသမီးတွေဟာ ရှားစောင်းလက်ပပ် အခြေခံမိတ်ကပ်ပစ္စည်းတွေကို အားကိုးအားထားပြုလာ ကြပါတယ်။

နှုတ်ခမ်းအတွက်💋

ရှားစောင်းလက်ပပ်မှာ ဗီတာမင်အီး ကြွယ်ဝစွာပါဝင်ပြီး ရေဓာတ်လည်း ပြည့်ဝစွာပါဝင်တာကြောင့် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။

အသားအရေအတွက်🧏🏻

ရှားစောင်းလက်ပပ်ဂျဲလ်ဟာ အသားအရေအတွက် အစိုဓာတ်ထိန်းဆေး (Moisturizer)ပါပဲ။ အရေပြားရဲ့ သဘာဝ pH ကိုလည်း ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပပ်မှာ အရောင်ကျစေတဲ့အာနိသင်ရှိတဲ့အတွက် ခြောက်သွေ့ယားယံတဲ့ အရေးပြာအတွက်လည်း အကျိုးပြုပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို အသားအရေ အတွက်လိမ်းတဲ့အလှကုန် ပစ္စည်းတွေမှာ အဆီ ဒါမှမဟုတ် ပေါင်ဒါလိုမျိုး ပါဝင်ပစ္စည်းတွေနဲ့ ရောစပ်ထည့်သွင်း ကြပါတယ်။

မျက်နှာပေါ်မှအမဲစက်များအတွက် 👉

ပျိုမေများရာသီမမှန်လို့ မျက်နှာမှာ အမဲစက်များ ဖြစ်ပေါ်လာလျှင် ရှားစောင်းလက်ပပ်၏ အတွင်းသားအနှစ်ကိုခြစ်ယူပြီး သကြား အနည်း ငယ်ရောပြီး စားသုံးနိုင်ပါသည်။💁🏼♀️

ပုံမှန်စားသုံးပေးပါက အမဲစက်များ ပါးသွားပါမည်။
Alex Aunghttp://www.blogger.com/profile/13958650132140473779noreply@blogger.com0tag:blogger.com,1999:blog-3813763337170553596.post-63445316112907628922024-01-31T10:51:00.004+06:302024-01-31T10:53:19.572+06:30ကော်ဖီအကြောင်း (Coffee)
ကော်ဖီအကြောင်း (Coffee)

(၁၇) ရာစု မတိုင်မီက ဥရောပတိုက်ရှိ လူများသည် ကော်ဖီကို သောက်ရမှန်း မသိခဲ့ကြပေ။ ထိုစဉ်က အက်ဗီဆီးနီးယား နိုင်ငံနှင့် အာရေဗျ ကျွန်းဆွယ်တို့၌ ကော်ဖီကို မြိန်ရှက်စွာ သောက်သုံးနေကြပြီဖြစ်သော်လည်း မည်သည့်အချိန်က စတင် သောက်သုံးခဲ့ကြသည်ကို အတိအကျ မပြောနိုင်ကြချေ။

စတင်တွေ့ရှိပုံ

ကော်ဖီကို စတင်တွေ့ရှိပုံ အကြောင်းနှင့် စပ်လျဉ်း၍ သမိုင်းပုံပြင် အမြောက်အမြားရှိသည်။ (၃) ရာစုနှစ် အကုန်လောက်တွင် အာရေဗျမှ ခရစ်ယာန် ဘုန်းတော်ကြီး တစ်စုသည် နှိပ်စက် ညှဉ်းပန်းမှု ဘေးရန်များကြောင့် အက်ဗီဆီးနီးယား နိုင်ငံရှိ တောတောင် ထူထပ်ရာ ဒေသသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။ တစ်ခါသော် ထိုဘုန်းတော်ကြီးများ မွေးမြူထားသည့် သိုးနှင့် ဆိတ်တို့သည် ညရောက်သော်လည်း အိပ်စက်ခြင်း မရှိပဲ မြူးထူး ခုန်ပေါက်၍ သွားလာနေကြသည်ကို တအံ့တဩ တွေ့မြင်ကြရသည်။ ညဆက်တိုက်ပင် ထိုသို့ ဖြစ်နေသည့်အတွက် ဘုန်းတော်ကြီးများသည် သိုးနှင့် ဆိတ်တို့ စားသောက်လေ့ရှိသော သစ်ပင်များကို လိုက်လံ စစ်ဆေး၍ စားသုံးကြည့်ရာမှ အပင်တစ်မျိုး၏ အရွက်နှင့် အသီးတို့ကြောင့် ဖြစ်ရကြောင်း တွေ့ရှိရလေသည်။ ထိုအပင်မှာ ကော်ဖီပင် ဖြစ်၍ ကော်ဖီရွက်နှင့် ကော်ဖီသီးများကို စားသုံးမိသော ဘုန်းတော်ကြီးများမှာ စိတ်ရွှင်မြူး၍ အိပ်မပျော်နိုင်အောင် ဖြစ်ရသည်ဆို၏။ ထိုသမိုင်း ပုံပြင်မှာ ယုံတမ်းမျှသာ ဖြစ်နိုင်သော်လည်း (၁၅) ရာစုနှစ်ခန့်က မက္ကာမြို့သို့ ဘုရားဖူးသွားကြသော မွတ်စလင်တို့သည် ညဘက် တရားအားထုတ်ချိန်များ၌ အိပ်ငိုက်ပြေစေရန် ကော်ဖီစေ့ကို လှော်၍ အမှုန့်ကြိတ်ပြီးလျှင် ရေတွင်ဖျော်ကာ သောက်သုံးခဲ့ကြကြောင်း အထောက်အထားများ ရှိလေသည်။ နောင်သော် ကော်ဖီ သောက်ခြင်းအလေ့သည် တစ်စတစ်စ ပျံ့နှံ့လာပြီးလျှင် တရုတ် နိုင်ငံ၌ လက်ဖက်ရည်ကို ကြိုက်နှစ်သက်သကဲ့သို့ပင် အာရေဗျ ကျွန်းဆွယ်၌လည်း ကော်ဖီကို အထူး နှစ်သက်လာကြလေသည်။

ပျံ့နှံ့သွားပုံ

အေဒီ (၁၃)ရာစုတွင် အီသီယိုးပီးယားနိုင်ငံမှ ဆိတ်ကျောင်းသား ကယ်(လ်)ဒီမှ စတင်တွေ့ရှိခဲ့ပါသည်။ ဆိတ်ကျောင်းရင်း ဆိတ်များ အသီးတစ်မျိုးကို စားမိပြီး မြူးထူးခုံပေါက်နေသည်ကို သတိထားမိပြီး မိမိကိုယ်တိုင်မြည်းစမ်းကြည့်ရာမှ ကော်ဖီကိုစတင်သတိပြု သောက်သုံးခဲ့ပါသည်။

ကော်ဖီပေါက်ရောက်ရာအရပ်ဒေသများ

ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုတွင် ထိပ်ဆုံးမှ ဦးဆောင်ပါဝင်သည်။ ကမ္ဘာပေါ်တွင် ဘရာဇီးနိုင်ငံနှင့် အနောက် အိန္ဒိယ ကျွန်းစုတို့မှအပ ကော်ဖီကို အကြီးအကျယ် စိုက်ပျိုးသော ဒေသများမှာ အမေရိကတိုက် အလယ်ပိုင်း ၊ မက္ကဆီကို ၊ အာရေဗျကျွန်းဆွယ် ၊ အာဖရိကတိုက်နှင့် အိန္ဒိယနိုင်ငံရှိ အချို့ဒေသများ ၊ သီဟိုဠ်ကျွန်း ၊ ဆူမတြာကျွန်း ၊ ဂျာဗားကျွန်းနှင့် ပစိဖိတ် သမုဒ္ဒရာရှိ ကျွန်းများ ဖြစ်ကြသည်။

ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု

ကော်ဖီပင်သည် ပူနွေးသော တိုင်းပြည်များ၌ အထူးသဖြင့် ပင်လယ်ပြင်အထက် ပေပေါင်း ၁၂ဝဝ နှင့် ပေ ၂ဝဝဝ ကြား ရှိ ရေကောင်းစွာရသော ကုန်းမြင့်ဒေသများတွင် ကောင်းစွာ ဖြစ်ထွန်းလေ့ရှိသည်။ ကော်ဖီပင်သည် အမြဲစိမ်းအပင် ကလေးမျိုး ဖြစ်၍ အလိုအလျောက် ပစ်ထားလျှင် ပေ ၂ဝ ကျော်မြင့်တတ်သည်။ သို့သော် စိုက်ပျိုးထားသော ခြံများတွင် အသီးများကို လွယ်လင့်တကူ ဆွတ်ခူးနိုင်စိမ့်သောငှါ အပင်များကို ချိုင်ပေးလေ့ ရှိကြသည်။ ကော်ဖီပင်တွင် အရွက်နှင့် အကိုင်းများဆုံသည့် အရွက်ညှာခွများတွင် အလွန်မွှေးကြိုင်သည့် ပန်းဖြူများ အစု လိုက်ပွင့်တတ်ကြသည်။ ကော်ဖီပင်များသည် ၃ နှစ်သားအရွယ် ခန့်တွင် စတင်သီးပွင့်လာကြ၍ ၅ နှစ်သားအရွယ်တွင် သီးအား ပြည့်စုံလာသည်။ တစ်ပင်လျှင် အနှစ် ၂ဝမျှကြာအောင် သီးပွင့် လေ့ရှိသည်။ အသီးများသည် ပထမ၌ အစိမ်းရောင်ဖြစ်၏။ ထိုနောက် ဝါလာပြီးလျှင် နောက်ဆုံးတွင် နီသွားသည်။ ရာသီဥတုကောင်းသော ဒေသများတွင် ကော်ဖီပင်သည် တစ်နှစ်လျှင် နှစ်ကြိမ်သုံးကြိမ်တိုင်အောင် ပွင့်နိုင်သီးနိုင်၍ တစ်ပင်တည်း မှာပင် အပွင့်နှင့်အသီးစိမ်း၊ အသီးမှည့်များကို တစ်ပြိုင်နက် တွေ့ရတတ်သည်။

ကော်ဖီသီးများ မှည့်သောအခါ အသီးများကို ခူး၍ဖြစ်စေ၊ အောက်မှ အဝတ်ခံကာ အပင်ကို လှုပ်ပေး၍ ဖြစ်စေ သိမ်းယူ ရသည်။ ထိုနောက် နည်းအမျိုးမျိုးဖြင့် အခြောက်လှမ်းခြင်း၊ အစေ့ချွတ်ထုတ်ခြင်းများ ပြုလုပ် ကြသည်။ သို့သော် အသီး မှည့်တွင် အစေ့အပြင်ဖက်၌ အသားဖတ် ရှိနေရုံမက အစေ့ ပေါ်တွင်လည်း အမြှေး ခွံများ ၂ထပ်မျှ ကပ်နေသေးသည့် အတွက် အစေ့ချွတ်သည့်အလုပ်မှာ မလွယ်ကူလှပေ။ အစေ့ များမှ အမြှေး စင်သွားအောင် လုပ်ရာတွင် အစေ့များကို တစ်နည်းနည်းနှင့် အခြောက်လှန်းပြီးနောက် ဒလိမ့်များနှင့် လိမ့်ပေးခြင်း၊ ပွတ်ထုတ်ပစ်ခြင်းများ ပြုလုပ်ရသည်။ နောက်ဆုံး ၌ အစေ့များကို ချွတ်ပြီးသောအခါ အရွယ်အလိုက် အစားစားခွဲ ပြီးလျှင် အိတ်ကြီးများတွင်ထည့်၍ နိုင်ငံခြားသို့ တင်ပို့ရောင်းချ ကြသည်။

အနံ့အရသာနှင့် ပြည့်စုံသည့် ကော်ဖီကို သောက်သုံးနိုင်ရန် အတွက် ကော်ဖီစေ့ အစိမ်းများကို ညိုဝါရောင် ရအောင် လှော်ပေးရသေးသည်။ ဤသို့ လှော်ပေးရာတွင် ဂရုတစိုက် ပြုလုပ် ရန် လို၏။ သို့မဟုတ်လျှင် လိုသည့်အနံ့အရသာ ထွက်မလာဘဲ နေတတ်သည်။ ရှေးက ကော်ဖီစေ့များကို အိမ်မှာပင် လှော်ယူကြ သော်လည်း ယခုအခါ၌မူ ဤအလုပ်ကို ရုံကြီးများတွင် အကြီးအကျယ် လုပ်ကိုင်လျက်ရှိပေပြီ။ ကော်ဖီစေ့များကို လှော်ပြီးသော အခါ အမှုန့်ကြိတ်ရပြန်၏။ ကော်ဖီအမျိုးမျိုးကို ရောစပ်ရာတွင် အချို့အလုပ်ရုံကြီးများ၌ အရသာ ကောင်းမကောင်းကို စမ်းသပ် ရန်အတွက် ကျွမ်းကျင်သော ပုဂ္ဂိုလ်များကိုပင်လျှင် ငှါးရမ်းထား ကြရသည်။ ကော်ဖီကို အမှုန့်ကြိတ်ပြီးလျှင်ပြီးခြင်း ဖျော်သောက် နိုင်လျှင် အကောင်းဆုံး ဖြစ်သည်ကို တွေ့ရသည်။

ကော်ဖီတွင် ကက်ဖီအင်း(Caffeing)ခေါ် ဓာတ်တစ်မျိုး ပါဝင်သည်။ ထိုဓာတ်များ လက်ဖက်ခြောက်တွင် ပါဝင်သော သီးအင်းနှင့် အတူတူပင် ဖြစ်သော်လည်း သီးအင်းဓာတ်ထက် ပို၍ပြင်းသည်။ ကာဖီကို စွဲခြင်းမှာ ထိုဓာတ်ကြောင့်ပင် ဖြစ်၏။ ကော်ဖီကို အားပျော့စေလိုလျှင် အခြားပစ္စည်းများ ရောစပ်ပေးခြင်းဖြင့် ထိုဓာတ်ကို လိုသလောက် လျော့ချထားနိုင်သည်။ အထူးသဖြင့် ဥရောပတိုက်တွင် ချစ်ကိုရီခေါ် သစ်မြစ်တမျိုးကို အမှုန့်ကြိတ် ၍ ကာဖီနှင့် ရောစပ်ကာ ရောင်းချသောက်သုံးလေ့ရှိကြသည်။ အချို့ မရိုးဖြောင့်သော ကုန်သည်များသည် ချစ်ကိုရီသာမက အခြားသစ်မြစ် သစ်စေ့များနှင့် တမင်တကာ ရောစပ်၍ ရောင်းချသည့်အခါမျိုးလည်း ရှိသေးသည်။

ကော်ဖီအမျိုးပေါင်း ၈ဝ ခန့်ရှိ၏။ သို့သော် အာရေဘီးယန်းနှင့် လိုက်ဘေးရီးယန်းကော်ဖီပင် နှစ်မျိုးကိုသာ အများအပြား စိုက်ပျိုး လေ့ရှိကြပေသည်။ ကမ္ဘာပေါ်တွင် ဘရာဇီးနိုင်ငံနှင့် အနောက် အိန္ဒိယကျွန်းစုတို့မှလွဲ၍ ကော်ဖီကို အကြီးအကျယ် စိုက်ပျိုးသော ဒေသများမှာ အမေရိကတိုက် အလယ်ပိုင်း၊ မက္ကဆီကိုနိုင်ငံ၊ အာရေဗျကျွန်းဆွယ်၊ အာဖရိကတိုက်နှင့် အိန္ဒိယနိုင်ငံရှိ အချို့ ဒေသများ၊ သီဟိုဠ်ကျွန်း၊ ဆူမတြာကျွန်း၊ ဂျားဗါးကျွန်းနှင့် ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ ကျွန်းများ ဖြစ်ကြသည်။

ကော်ဖီကို ဖျော်သောက်ရာတွင် ရေဆူဆူဖြင့် ကောင်းစွာ နှပ်ပေးဖို့ အရေးကြီးသည်။ ကာဖီရည်ကို သူ့ချည်းသက်သက် သောက်သူလည်းရှိ၍၊ နွားနို့သကြားတို့နှင့်ဖြစ်စေ၊ ကြက်ဥ အကာနှင့်ဖြစ်စေ၊ ဖျော်သောက် သူများလည်း ရှိသည်။ အချို့ ပျော်ပွဲစားရုံကို ယခုအခါ ကာဖေးဟုလည်း ခေါ်လေ့ရှိကြရာ ထိုစကားမှာ ကော်ဖီ သို့မဟုတ် ကော်ဖီဆိုင်ဟု အဓိပ္ပါယ်ရသော ပြင်သစ်စကားဖြစ်သည်။

ကော်ဖီနှင့် ကျန်းမာရေး

ကော်ဖီသည် ကျန်းမာရေးအတွက် နည်းလမ်းအချို့ဖြင့် အကျိုးပြုသည်။ ဥပမာ - အမျိုးသား ၄၆၀၀၀ ကျော်အား လေ့လာမှုတစ်ခုအရ တစ်နေ့လျှင် ကော်ဖီ (၂-၃) ခွက် သောက်သူ အမျိုးသားများတွင် သည်းခြေအိတ် ကျောက်တည်ရောဂါဖြစ်နှုန်း ၃၀ မှ ၄၀ ရာခိုင်နှုန်းအထိ လျှော့ကျသွားကြောင်း၊ ၄ ခွက်ထက် ပိုသောက်လျှင် ၅၀ ရာခိုင်နှုန်းအထိ လျှော့ကျကြောင်း တွေ့ရှိခဲ့ရသည်။ ဤသို့သော ကျန်းမာရေးအကျိုးပြုမှုများ ကော်ဖီတွင် ပါရှိသည်။ သို့သော် ကော်ဖီကို ဖြည့်စွက်အာဟာရအနေဖြင့် မသုံးထိုက်ပါ။ ကော်ဖီတွင် ပါရှိသော ကဖိန်းဓာတ်သည် အလွန်အကျွံသောက်လျှင် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ များများသောက်လျှင် သွေးတိုးခြင်း၊ ရင်တုန်ခြင်း၊ ကတုန်ကရင်ဖြစ်ခြင်း၊ စိတ်မငြိမ်မသက်ဖြစ်ခြင်း စသည့် ဆိုးကျိုးများကို ခံစားရသည်။ ထို့ကြောင့်ပင် အထက်တွင်ဖော်ပြခဲ့သော အစီရင်ခံစာ၌ ထိုကဲ့သို့ ဆိုးကျိုးများရှိသဖြင့် ကျောက်တည်ရောဂါကာကွယ်ရန် အသုံးပြုဖို့ မထောက်ခံကြောင်း ဆက်လက်တင်ပြထားသည်။

မြန်မာ့ကော်ဖီ

မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးမှုသည် ၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ပြည့်နှစ်အကြား ဧကနှစ်သိန်းထိ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ ခန့်မှန်းတွက်ချက်ထားသခဲ့သို့ မြန်မာနိုင်ငံ၏ ကော်ဖီ စိုက်ပျိုးမှုကို တိုးချဲ့ဆောင်ရွက်နိုင်ပါက ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန်ခြောက်သောင်းအထိ ရှိလာမည်ဖြစ်သည်။ မြန်မာနိုင်ငံထွက်ကော်ဖီတို့ကို အမေရိကန်နိုင်ငံ၊ ဥရောပ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်ဝမ်သို့ တင်ပို့ရောင်းချလျက်ရှိသည်။ အမေရိကန်နိုင်ငံကဲ့သို့သော တင်ပို့သည့် အရည်သွေးမြင့် မြန်မာကော်ဖီသည် တစ်တန်လျင် အမေရိကန်ဒေါ်လာ ၇၀၀၀ခန့်ရရှိသည်။ လက်ရှိချိန်၌ မြန်မာနိုင်ငံ၏ နှစ်စဉ်ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၇၀၀၀ ခန့်ရှိ၍ ထက်ဝက်ခန့်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။

ကြောင်ကတိုးကော်ဖီ

ကြောင်ကတိုးခေါ် ကြောင်နံ့သာ တိရစ်ဆာန်သည် နို့တိုက်သတ္တဝါများဖြစ်ကြသည်။ ကြောင်ကတိုးများကို အာဖရိကနှင့် အာရှဒေသများတွင် တွေ့ရလေ့ရှိပြီး ကမ္ဘာ့ဈေးအကြီးဆုံးကော်ဖီကို ပြုလုပ်ပေးနိုင်သည်။ ကြောင်ကတိုးမှ ပြုလုပ်ပေးသော ကော်ဖီသည် အမေရိကန် ဒေါ်လာ ၆၀၀ တန်သည်။ အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားမှ လယ်သမားတစ်ဦးသည် အရင်ဆုံး ကော်ဖီသီးလေးများကို ရွေးထုတ်ကာ ကြောင်ကတိုးများကို ကော်ဖီသီးများ ချကျွေးပါသည်။ ကြောင်ကတိုးများသည် ကော်ဖီသီးလေးများကို စားသုံးကြသည်။ ကြောင်ကတိုး၏ အင်ဇိုင်းစနစ် အတွင်းမှာ အစာခြေမှု ပြုလုပ်နေစဉ်အတွင်း ကော်ဖီအစေ့လေးများ ရောနှောသွားပါသည်။ ကြောင်ကတိုးမစင်များကို လက်အိတ်နှင့် လိုက်ကောက်ရပါသည်။ ဤစားသောက်ဖွယ်ရာ ကော်ဖီ၏ အရသာ ရလဒ်ကို ပျက်မှာစိုးသည့်အတွက် လက်အိတ်ကို အသုံးပြုရပါသည်။ မစင်စွန့်ထုတ်၍ ရရှိလာသော ကော်ဖီစေ့များကို စင်ကြယ်စွာ ဆေးကြော ပြုလုပ်ရပါသည်။ ထို့နောက် ကော်ဖီစေ့များကို လှော်၍ အမှုန့်ကြိတ်ကာ ကြောင်ကတိုးကော်ဖီ ရရှိလာပါသည်။ ကြောင်ကတိုး ကော်ဖီသည် အလွန်ကောင်းမွန်၍ ခါးသက်သော အရသာရှိသည့် ကော်ဖီဖြစ်ပြီး သောက်ဘူးသူတိုင်း စွဲလန်းနှစ်သက်ကြပေသည်။ ထိုင်းနိုင်ငံတွင် ကြောင်ကတိုး ကော်ဖီအပြင် ဆင်၏ချေးမှရရှိသော ကော်ဖီလည်း ရှိပါသေးသည်။

ဆင်၏မစင်မှရသောကော်ဖီ

ဘန်ကောက်- ထိုင်းနိုင်ငံ၏ နာမည်ကြီး ဟိုတယ်တစ်ခုဖြစ်သည့် Anantara ဟိုတယ်တွင် ဆင်၏ချေးမှရရှိသော ကော်ဖီကို ရောင်းချလျက်ရှိသည်။ ၎င်းကော်ဖီကို The Black Ivory ဟု အမှတ်တံဆိပ်ပေးထားပြီး ၎င်းမှာ ဆင်ကို ကော်ဖီသီးများကျွေး၍ အစာခြေစေသည်။ ထို့နောက် အစာ ဟောင်းအဖြစ် စွန့်လိုက်သော ဆင်၏ မစင်မှ ကော်ဖီစေ့များကို ပြန်လည်ကောက်ယူ အခြောက်လှန်းပြီး အမှုန့် ကြိတ်၍ ကော်ဖီမှုန့်အဖြစ် ထုတ်လုပ် ခြင်းဖြစ်သည်။ ယင်းကော်ဖီမှုန့်ဖြင့် ဖျော်သည့် ကော်ဖီကို တစ်ကီလိုဂရမ်လျှင် အမေရိ ကန်ဒေါ်လာ ၁,၁၀၀ ဖြင့် ရောင်းချသည်။

သုတေသနပြု လေ့လာချက်များအရ အစာခြေနေစဉ် တွင် ဆင်၏ခန္ဓာကိုယ်မှ အင်ဇိုင်းဓာတ်များသည် ကော်ဖီ၏ ပရိုတင်းဓာတ်ကို ချေဖျက်ပစ်လိုက်သည်။ ကော်ဖီ၏ ခါးသက်သော အရသာမှာ ယင်းပရိုတင်းဓာတ်ကြောင့် အဓိက ဖြစ်၍ ပရိုတင်းဓာတ်နည်းပါးသွားလျှင် အခါးအရသာ မရှိသလောက်ဖြစ်သွား သည်ဟု ဆိုသည်။ ထိုင်းအခြေစိုက် Anantara ဟိုတယ်လုပ်ငန်းတစ်ခုက ၎င်းတို့၏ ဆင်ကယ်ဆယ်ရေးစခန်းတွင် ဆင်ထိန်းများနှင့်အတူ ဆင်အကောင် ရေ ၃၀ ခန့် ထားရှိသည်။ ထိုင်းဟိုတယ်၏ ဆင်ချေး ကော်ဖီမှာ နှစ်ခွက်လျှင် အမေရိကန် ဒေါ်လာ ၅၀ ရောင်းချပြီး ကြောင်ကတိုး ကော်ဖီမှာ တစ်ကီလိုဂရမ်လျှင် ၇၄၈ ဒေါ်လာကုန်ကျသည်။

Crd - Dr.Lotus Black
Alex Aunghttp://www.blogger.com/profile/13958650132140473779noreply@blogger.com0tag:blogger.com,1999:blog-3813763337170553596.post-72178939480023179952024-01-25T16:57:00.002+06:302024-01-25T16:57:48.166+06:30 * ပြာသိုလနှင့် လွမ်းမောဖွယ်ရာ အမေ မေတ္တာ *
* ပြာသိုလနှင့် လွမ်းမောဖွယ်ရာ အမေ မေတ္တာ *

ဒီရာသီ ဒီအချိန် ကာလသို့ ရောက်လာရင်

လူပုဂ္ဂိုလ်တစ်ဦးနဲ့ လွမ်းမောဖွယ်ရာ ဇာတ်လမ်းလေးတစ်ပုဒ်ကို သတိရလာလို့ ပြန်လည် ရေးသားလိုက်ပါတယ်။

ထိုပုဂ္ဂိုလ်ကြီးကတော့ စာပေ အနုပညာလောကတွင် စံပြုလောက်သော စွယ်စုံပညာရှင်ကြီး (မဟာသဒ္ဓမ္မ ဇောတိက အလင်္ကာကျော်စွာ ဂုဏ်ထူးဆောင်) ဘဘ ဦးသုခ(ခေါ်) မောင်သိန်းမောင်ပဲ ဖြစ်ပါတယ်။

ဘဘဦးသုခကို အပြင်မှာ မမြင်ဖူးသော်လည်း ဘဘပြောခဲ့သည့်စကားများ ဘဘရေခဲ့သော စာပေများနဲ့ ရင်းနှီးခဲ့သည်။

ဘဘဟာ ကျိုက်လတ်မြို့သားပါ။

"တကယ်လုပ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမယ် "ဆိုတဲ့ ဘဘ၏ လက်ကိုင်စကားကို အားကျခဲ့သည်

ဘဘဟာ အနုပညာလောကမှာ ထူးချွန်အောင်မြင်ပြီး လူချစ်လူခင်များတယ် လူသိများတယ်။ လူသိများသော အချက်တွင် ပြာသိုလပြည့် နေ့ကို အမေနေ့'ဟု ဆောင်ရွက်ခဲ့ခြင်းသည် တစ်ခု အပါအဝင်ဖြစ်ခဲ့သည်။

အဲ့ဒီလို ပြာသိုလပြည့် အမေနေ့အဖြစ် အသိအမှတ်ပြုလာအောင် ပြုလုပ်နိုင်ခဲ့ခြင်း၏ နောက်ကွယ်တွင်လည်း ဝမ်းနည်း လွမ်းမောဖွယ်ရာ ဇာတ်လမ်းက ရှိနေသည်။

ဘဘ ရဲ့ ကိုယ်တွေ့ ဖြစ်ရပ်မှန် မိဘမေတ္တာ ဇာတ်လမ်းလေးကို ဘဘကိုယ်တိုင် ကြုံခဲ့ရသည်။

ထိုကြောင့် ဘဘဟာ မိမိကဲ့သို့ အဖြစ်မျိုး မဖြစ်ရ မကြုံရလေအောင် မိဘ မေတ္တာနဲ့ ပတ်သက်သော အကြောင်းတို့ကို နှစ်၂၀ အတွင်း အကြိမ်၂၀၀ထက် မနည်း နယ်တကာ လှည့်ကာ ဟောပြောခဲ့ပြီး အမေနေ့ဖြစ်ပေါ်လာအောင် ကြိုးပမ်းခဲ့သည်။

ဘဘ၏ ဇာတ်ကြောင်းလေးကို အကျဉ်းမျှ ပြောရရင် ဘဘ၏ မိခင်မှာ ဒေါ်မျှင် ဖြစ်ပြီး ငယ်စဉ်ကတည်းက မိခင်ရင်ခွင်မှာ ခိုလှုံခဲ့ရသည်။ ဖခင်ဖြစ်သူက ဘဘတို့ မိသားစုကို စွန့်ပစ်သွားခဲ့သည်။ ဖခင်မေတ္တာ မရခဲ့သော ဘဘကို သူ့မိခင်က အလွန်ချစ်သည်။ သားကို အလွန်ချစ်သော စိတ်ဖြင့် စီးပွါးရေးကို ကြိုးစားရုန်းကန်ရှာဖွေသည်။

သားကို မျက်နှာမငယ်ရအောင် လူတန်းစေ့ထားသည်။ သားဖြစ်သူကို အရာရှိဖြစ်စေချင်သော စိတ်ဖြင့် အင်္ဂလိပ်ကျောင်းသို့ ထားသည်။ သို့သော် သားဖြစ်သူဟာ ပညာရေးကို စိတ်မဝင်စားပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ပင် ကျောင်းထွက်ပြီး အိမ်ထောင်ပြုသည်။ မိခင်ခမျာ သားကို ပညာတက်စေချင်သောဆန္ဒ ပျက်သုဉ်းသွားလေတော့ ချွေးမဖြစ်သူကိုလည်း မကြည်ဖြူနိုင်တော့ဘူး။

အဲ့ဒီအခါ သားဖြစ်သူက မိန်းမကို ခေါ်ပြီး ယောက္ခမ အိမ်ပေါ် တက်နေလိုက်တယ် ထိုအချိန်က စပြီး မိခင်ဖြစ်သူဟာ သားဖြစ်သူကို မခွဲနိုင်သည့်စိတ်နဲ့ စီးပွားရေးကို ကောင်းကောင်း မလုပ်နိုင်တေ့ာပဲ ဆင်းရဲတွင်း နက်ခဲ့ရရှာတယ်။ ခင်ပွန်းဖြစ်သူ၏ စွန့်ပစ်ခြင်းကို ခံနိုင်သော်လည်း သားဖြစ်သူ၏ လျစ်လျူရှု့မှုကိုတေ့ာ မခံနိုင်ရှာပေ သားဖြစ်သူ မောင်သ်ိန်းမောင်ဟာ ရန်ကုန်မြို့၌ အလုပ်များကို ခက်ခဲစွာလုပ်ကိုင်နေရတယ်။

တစ်နေ့တော့ ကျိုက်လတ်မြို့မှာ ဒုလ္လဘ ရဟန်းဝတ်ရန် မဲပေါက်သည့်အတွက် မောင်သိန်းမောင်သည် ဇာတိမြို့သို ပြန်လာခဲ့သည် ထိုအချိန်တွင် မိခင်ဖြစ်သူမှာ အလွန်ဆင်းရဲနေရှာပြီဖြစ်၍ သားဖြစ်သူ ရဟန်းကိုပင် ဆွမ်းမလောင်းနိုင်သောကြောင့် ပုန်းကွယ်နေခဲ့ရသည်။ ထိုအကြောင်းကို သိသွားသော မောင်သိန်းမောင်သည် ရင်နင့်အောင် ခံစားရရှာသည်။

ထိုနောက် အမေကို ဆွမ်းခံကျွေးခွင့် ရှိ မရှိ ဆရာတော်ကို မေးလျှောက်ရာ ဆရာတော်က ကျွေးခွင့်ရှိကြောင်း မိန့်တော့ သားရဟန်းဟာ ဝမ်းသာအားရဖြင့် အမေထံ အပြေးလေးသွားတာပေ့ါ...။

ရလာသော ဆွမ်းကို အမေစားရန် ပြန်စွန့်ရှာတယ် အမေဖြစ်သူက သားစိတ်ချမ်းသာအောင် မျက်ရည်ကျရင်း စားရှာသည် အမေဖြစ်သူဟာ သားရဟန်းစွန့်သော ဆွမ်းကို တစ်ကြိမ်သာ စားတယ်။ ပတ်ဝန်းကျင် ကဲ့ရဲ့မှုကို ခံရမည်စိုးသောကြောင့် ဆွမ်းခံကျွေးခွင့် မပေးတော့ပေ။

သားရဟန်းဟာ နောင်တကြီးစွာရ၍ အမေကို လုပ်ကျွေးပြုစုတော့မည်ဟု စိတ်ပိုင်းဖြတ်ကာ ရန်ကုန်သို့ ပြန်ကာ အလုပ်ကို ကြိုးစားသည် အမေ့ကို ထောက်ပံ့သည်။ နောက်တော့ သားဖြစ်သူဟာ အနုပညာအလုပ်ဖြင့် အောင်မြင်လာသည်။ စာပေ အနုပညာနယ်တွင် ဆရာတစ်ဆူပမာ ဖြစ်ခဲ့သည်။

မိခင်ကို လုပ်ကျွေးပြုစုရန် အတွက် ကျိုက်လတ်မြို့သို့ ပြန်လာခဲ့သော်လည်း မိခင်ဖြစ်သူက ပုသိမ်မြို့ရှိ သမီးထံတွင် နေထိုင်နေသည် ထို့နောက် မောင်သိန်းမောင်ဟာ ရန်ကုန်သို့ ပြန်လာပြီး အလုပ်များကို ဆက်လက် လုပ်ကိုင်ခဲ့သည်။ နောက်တော့ ညီမဖြစ်သူထံမှ မိခင်ကျန်းမာရေး မကောင်းကြောင်း

သတင်းကြား၍ ရန်ကုန်သို့ ခေါ်ကာ ဆရာဝန်ကြီးများနှင့် ပြသတယ် သို့သော် မိခင်ဖြစ်သူ၏ ရောဂါမှာ လွန်နေခဲ့ပြီ။

ထိုအချိန်တွင် အမေစားချင်သော ရှောက်ချိုသီးကို ဝယ်ကျွေးသော်လည်း မစားနိုင်တော့ပေ...နောက်ဆုံး ရှောက်ချိုရေလေး တစ်ဇွန်းသာ သောက်နိုင်ပြီး ကွယ်လွန်သွားရှာတယ်။ အဲဒီအချိန်မှ သားဖြစ်သူ မောင်သိန်းမောင်ဟာ လွန်စွာ ခံစားရရှာလေ၏။ မိခင်ကို ပြုစုလုပ်ကျွေးရန် ငွေများလည်းရှိနေပြီဖြစ်သည်။ မိခင်ဖြစ်စေချင်သမျှ ဖြည့်ဆည်းပေးရန် အရာရာ ပြည့်စုံနေပြီ ဖြစ်သည်။

သို့သော်လည်း အချိန်အခါ မပေးတော့ပေ...

အမေကျေးဇူးကို ဆပ်ခွင့် မရတေ့ာပေ...။

ဤအကြောင်းအရာများသည် ဘဘကိုယ်တိုင်ကြုံတွေ့ခဲ့ရသော လွမ်းမောဖွယ်ရာ ရင်နင့်ဖွယ်ရာ အဖြစ်အပျက်များ ဖြစ်သည်။ ထိုအကြောင်းများကို ဘဘရေးခဲ့သည့်စာများ ဟောပြောပွဲများမှ တဆင့် သိခဲ့ရသည်။

ထိုဇာတ်လမ်းလေးကို ကြားတိုင်း မျက်ရည်ဝဲရသည်။ အသိတရားလည်း ရမိသည်၊ မိဘဟူသည် သက်ရှိဘုရားဖြစ်၍ လက်တွေ့ အနီးကပ် အလုပ်အကျွေးပြုနိုင်ကြောင်း ကိုလည်း သတိဝင်မိသည်။ ထိုအဖြစ်ဆိုးများနဲ့ ကြုံခဲ့ရသော ဘဘသည် နောက်လာ နောင်သားများ လူငယ်များ မိဘကို အချိန်ရှိခိုက် ကျေးဇူးဆပ်တတ်ကြရန် စင်ပေါ်ကနေ ဟောပြောဆုံးမခဲ့သည်။

အမေကျေးဇူး ကြီးမားပုံကို

"စကားပြောသော အသဲနှလုံး" ရုပ်ရှင်ကားဖြင့် ဖော်ကြူးပြသခဲ့သည် စာအုပ်ရေးသား၍လည်း သားသမီးများ အမေ့ကျေးဇူးသိရန် ဆုံးမခဲ့သည်။ ဘဘသည် ထိုမျှအားမရသေးပဲ သားသမီးများအားလုံး အမေကျေးဇူးကို အမှတ်ရနေစေရန် အတွက် အမေများနေ့ ဖြစ်လာအောင် "ထိုတနေ့"ဟူသော ဆောင်းပါးကို ရေးသား၍ နှိုးဆော်ခဲ့သည်။

သို့သော် ဘဘ၏ စိတ်ကူးက ပုံပေါ်မလာသေး နောက်တော့ ဘဘရေးသည့် ဆောင်းပါးကို ၁၉၈၇ ခုနှစ် မေလထုတ် လုံမလေးမဂ္ဂဇင်းတွင် ထပ်မံဖေါ်ပြခဲ့ရာ မန္တလေးမြို့ ပြည်ကြီးတံခွန် ရပ်နေ ဒေါ်ခင်ရွှေ နှင့် ကိုသန့်ဇင်တို့သားအမီ ဖတ်ရှုမိရာကနေ စ၍ ထိုသားအမိ၏ ဦးဆောင်မှုဖြင့် ၁၃၅၈ ခုနှစ်၊ ပြာသိုလပြည့်နေ့တွင် မန္တလေးမြို့၌ ပထမဆုံး အမေနေ့ကို ကျင်းပနိုင်ခဲ့သည်။

ဘဘသည် သူမျှော်လင့်ခဲ့သည့်အတိုင်း အမေနေ့ ကျင်းပနိုင်ခဲ့၍ ဝမ်းမြောက်ဝမ်းသာဖြစ်ရှာသည်။ အမေနေ့ကို တစ်နိုင်ငံလုံး ဖြစ်လာအောင် ကြိုးပမ်းရင်းနဲ့ပဲ ဘဘဟာ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ၊ (၇) ရက်နေ့မှာ ဘဘဦးသုခ (ခ)မောင်သိန်းမောင်ဟာ ကွယ်လွန်ခဲ့ပါတယ်။

ဘဘသက်ရှိထင်ရှား မရှိတေ့ာသော်လည်း ဘဘ မျိုးစေ့ချပေးခဲ့သော "ပြာသိုလပြည့် အမေနေ့"သည် ယနေ့ကာလမှာ သက်ဝင်လှုပ်ရှားလျက် ရှိနေသည်။ ပြာသိုလကို ရောက်လာပြီဆိုရင် အမေမေတ္တာ တရား၏ကြီးမားမှုကို လူတိုင်း သတိထား ဆင်ခြင်မိလာသည်။ ဤသည်ကား ဘဘ၏ ကြိုးစားခဲ့မှုများ အရာထင်ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ ဤကဲ့သို့ ဘဘကိုယ်တိုင် ရင်နင့်ဖွယ် ဇာတ်လမ်းအကြောင်းနှင့် ရင်ဆိုင်တွေ့ကြုံပြီးမှ ဖြစ်တည်လာသော "အမေနေ့"ကို လူတိုင်းအားလုံး တန်ဖိုးထားစေလိုပါသည်။

အမေမေတ္တာတရား၏ ကြီးမားပုံကိုသိရှိပြီး အမေ သက်ရှိထင်ရှားရှိစဉ် အလုပ်အကျွေးပြုစုကြပါ။

အမေကျေးဇူးကို အချိန်အခါတိုင်းအောက်မေ့ပြီး အချိန်ရှိတုန်း ဆပ်သင့်ကြောင်း ဆန္ဒပြုရင်း.....

ဘဘ ဦးသုခ ၏ "လူတိုင်းမှာ အမေ ရှိတယ် "ကဗျာလေးဖြင့် နိဂုံးချုပ်ပါရစေ...

🤍 ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်

အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့

လူတိုင်းမှာ အမေရှိတယ်...။

🤍 မရေမရာ ပဟေဠိတွေကြောင့်

အသေအချာ အဖေမသိတောင်မှ အမေရှိတယ်။

🤍 ချစ်သဒ္ဓါဝေကဲ

ပြည့်တန်ဆာ အမေလည်း အမေ။

🤍 အကြွေးကြွယ်လှတဲ့

စျေးသည်မ အမေလည်း အမေ။

🤍 အကြောင်းတရား အခြေမွဲ

သူတောင်းစား အမေလည်း အမေ။

🤍 သမီးသားတွေ

ကြီးထွားစေရော့လို့ စီးပွါးအထွေထွေ

စိန် ရွှေ ပတ္တမြား၊ အိမ် မြေ ကားနဲ့

ငွေသားအမွေပေးနိုင်မှ အမေ မဟုတ်။

🤍 ယိုင်နဲ့နဲ့ တဲအတွင်း

လှဲခင်း အိပ်နေစရာ တိုးဖယ်ပေးခဲ့

အရိုးဟင်း တစ်ဖဲ့စီဝေ

ထမင်းရည် အတူတူသောက်

ဗိုက်မှောက်တော့ အတူတူ

ခြင်ထောင်မရှိ ခြုံစောင်မရှိ

ခင်းအိပ်စရာ ဖျာလည်းမရှိလို့

ခြင်ကိုသွေးလှူ အတူတူ

ကြမ်းပိုးသွေးလှူ အတူတူ

အပူကို မျှဝေ ဒုက္ခကို ပိုမိုလေးနက်စေ

ပညာအမွေ ရွှေအိုး ရိုးသားမှု ဂုဏ်သိက္ခာ

မေတ္တာ အကြင်နာမှ တစ်ပါး အခြားပေးစရာ

အထွေထွေမဲ့သော်လည်း အမေ ဟာ အမေပဲ လေ...။

ဤစာမူကို ဖတ်ဖူးတဲ့

မိဘရှိနေသေးသောသူများ အနေဖြင့်

ဘဘဦးသုခလို နောင်းနောင်တတွေ မရစေဖို့

သတိပေး လိုက်ချင်ပါတယ်။

ကမ္ဘာပေါ်မှာ ရှိသမျှအမေများအားလုံး

သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၍

လိုရာဆန္ဒများ ပြည့်ကြပါစေ...။

ရွှေလတ်ကိုကို (မဟာဝိဇ္ဇာ)၏ ပြာသိုလ လွမ်းမောဖွယ် မိခင်မေတ္တာ ဆောင်းပါးကို အခြေခံ ကိုးကားပါသည်။

ဘဘ ဦးသုခ ၏ ဟောပြောပွဲ Link.👇

https://m.facebook.com/story.php?story_fbid=1383283742130072&id=100013453776087

အရှင်ဝိသုတ (ရေစကြို)
Alex Aunghttp://www.blogger.com/profile/13958650132140473779noreply@blogger.com0tag:blogger.com,1999:blog-3813763337170553596.post-41204180044500545162024-01-10T09:40:00.003+06:302024-01-10T09:40:22.255+06:30“ငယ်ကြိုက်”
“ငယ်ကြိုက်” - မာမာအေး ရေးသည်။

(ဦးဝင်းဦး အမှတ်တရ)

ကျွန်မငယ်ငယ်မြီးကောင်ပေါက်စ အရွယ်တုန်းက အသံလွှင့်တဲ့အခါ မြန်မာ့အသံကနေ တိုက်ရိုက် သီဆိုခဲ့ကြရပါတယ် ၊ ဘယ်အပျော်တမ်းအဖွဲ့ ၊ ဘယ်ကြေးစားအဖွဲ့မဆို ခုခေတ်လို စိတ်ကြိုက်အသံသွင်း စေပြီးမှ အသံလွှင့်ခဲ့ကြတာ မဟုတ်ပါဘူး ၊ ရုပ်ရှင်သီချင်းလည်း ဒီအတိုင်းပါပဲ ၊ ဇာတ်ကားထဲမှာ ဆိုထားတဲ့ သူတွေကိုယ်တိုင်မြန်မာ့အသံမှာ တိုက်ရိုက် သီဆိုပေးကြရပါတယ်။

တစ်နေ့တော့ ချိုတေးဆက် ကိုအောင်ကိုးအဖွဲ့နဲ့ ရုပ်ရှင်သီချင်း အသံလွှင့်ပေးဖို့ အမှတ်(၂၁) ဝင်ဒါ မီယာ ခရက်ဆင့် ( အသံလွှင့်ရုံဟောင်းနေရာ ) ရဲ့ အပေါ်ထပ်ဧည့်ခန်းမှာ ကျွန်မဆိုလှည့်မရောက်သေးတဲ့ အတွက် ထိုင်စောင့်နေခဲ့ပါတယ်။

ဒီအချိန်မှာ သွက်သွက်လက်လက် အပြေးတက်လာတဲ့ သူတစ်ယောက်ကို တွေ့လိုက်ရတယ်လေ။ သူ့ကို ကျွန်မမသိမမြင်ဖူးပါဘဲနဲ့ ရွှင်နေတဲ့ မျက်နှာပေးနဲ့ ပြုံးပြနှုတ်ဆက် ၊ ဘယ်ဆက်ကွေ့ချိုးသွားတယ် ၊ ဘယ်သူပါလိမ့်မလဲ မျက်စိထဲမှာ တစ်ဝဲဝဲရယ်။

မျက်လုံးတွေက ရီလို့ပါလား ၊ နှုတ်ခမ်းလေးက ထွေးလို့ပါလား ၊ အရပ်အမောင်းလည်း ကောင်း လိုက် ပါဘိ။ သူ့အကြည့်ကလည်း သူများနဲ့တစ်ခြားစီနော်။ အသားတော်ကလည်း ဝင်းအိ ညက်စိုဝါသလိုလို စိမ်းသလိုလို ဘယ်လိုလူကြီးပါလိမ့် ၊ အဲ့ဒါဘာဖြစ်တာလဲ ၊ မရူးမရဲနဲ့ အထူးစွဲသွားတယ်ပေါ့။

ကျွန်မလို အရွယ်မှာ သစ်ရွက်လေးလှုပ်တာကလေးတောင် ရယ်ချင်ချင် ဖြစ်တတ်တယ်လို့ လူကြီး တွေက ပြောကြတာပဲလေ။ ကျွန်မအတွေးနဲ့ကျွန်မပြုံးနေမိတာပေါ့ ၊ ဟော့တော့ ဒီလူကြီးကျွန်မဆီ ပြန်လျှောက်လာနေ ပြန်ပြီ။ ကျွန်မမျက်နှာဟာ တစ်ရှိန်းမြမြနဲ့ ဟာဒယက မလုံမလဲ ဖြစ်နေတာ သူသိရင် ဒုက္ခ ဒုက္ခ။

‘ ဟေ့……ညီမလေး ၊ ညည်းက မာမာအေးဆို ဟုတ်လား ’

သူက ကျွန်မကိုမေးတယ် ၊ ကျွန်မလည်း လန့်ဖျပ်ပြီး ခေါင်းပဲ ခပ်မြန်မြန် ညိတ်လိုက်တယ်။

‘ညီမလေးက သိပ်တော်တာကိုး၊ ဗိုလ်ကိုး(ကိုအောင်ကိုး) က ပြောတယ် ၊ ကိုကို့ သီချင်းကို ညည်းလေးဆီမှာ သွားဆိုပြလိုက်တဲ့ ၊ လိုတာ သူဖြည့်ပေးလိမ့်မယ်တဲ့ ၊ ကဲ…..ကိုကို့ အတွက်ဆရာမလေး လုပ်ပေးနော် ၊ ကဲ ဆိုပြီ နားထောင် ’

ကျွန်မမှာ အာစေးထည့်ထားသလို ဖြစ်နေတုန်း သူကချည်း ပြောပြောဆိုဆို လုပ်နေတဲ့လူကြီးချော ချောကို ကျွန်မငေးကြည့်နေရပါတယ် ၊ ဂီတသမား နားပါးပါး ရှိလို့တော်တော့တယ် ၊ သူ့အသံက ချိုနွဲ့နွဲ့လေး ပါ ၊ ဒါပေမယ့် လည်ပင်း အစ်သံလေးတွေထွက်နေတယ် ၊ တစ်ချက်တစ်ချက် အသံကဆောင့်ဆောင့်ထွက် တယ် ၊ သီချင်းသံ မရောက်သေးခင် သူ့သီချင်းသားက ရှေ့ကိုနည်းနည်း ရောက်ရောက်နေတယ်ဆိုတာ ကျွန်မခံစားမိပါတယ် ၊ ဒီလိုအသံမျိုး ဆိုပုံမျိုးကြားဖူးတယ် ၊ ဘယ်သူနဲ့ တူပါလိမ့်လို့လည်း ကျွန်မ စဉ်းစား တယ် ၊ သူ့သီချင်းသံဆုံးသွားတော့ မှ သူ့ကို ကျွန်မ စကားစပြောရတယ်။

‘ ကိုကိုက ခု အသံလွှင့်မလို့လား ’

သူ့ကိုယ်သူ ‘ ကိုကို ’ ဆိုလို့ ကျွန်မကလိုက်ပြီး ကိုကို လို့ ခေါ်ရပေမယ့် နှုတ်ကတော့ ခပ်တွန့်တွန့်ဖြစ် မိသား ၊ ဒီခေတ်တုန်းက သမုဒယပိုင်ရှင်ကိုသာ ‘ ကိုကို ’ လို့ ခေါ်တတ်ပေသကိုး ၊ ခုမျက်မှောက်ခေတ်မှာ ‘ ကိုကို ’ တွေ ခေတ်ထနေသလိုပေါ့ ။

‘ ဟုတ်တယ်လေ ၊ ဘာဖြစ်လို့လဲ ကိုကို့ အသံ မကောင်းလို့လား ’

‘ မဟုတ်ဘူးဗျ ၊ သီချင်းတိုက်တုန်းက ခင်ဗျားကို ကျွန်တော် မတွေ့လို့ ’

မေးလိုက်ဖြေလိုက် နှစ်ခါလောက်ပြောပြီးတဲ့အခါမှာတော့ ကျွန်မစိတ်ဟာ ပုံမှန်ပြန်ဖြစ်သွားပါပြီ။ သူ့ကိုလည်း နှုတ်မရဲဘဲ ကိုကိုလို့ မခေါ်တော့ဘူး ၊ ပြောရိုးပြောစဉ် ခင်ဗျား ကျွန်တော်ပဲဖြစ်သွားတယ်။

‘ ဟုတ်တယ် အစီအစဉ်မရှိပါဘူး ၊ ခုမှကိစ္စနှစ်ခုရှိလို့ ရောက်လာတာ ကဲ ဘာလိုသေးလဲ ပြောစမ်းပါ ဦး ’ သူက ကျွန်မအမေးကိုဖြေလဲ ဖြေတယ် ၊ မေးလဲမေးတယ် ။

‘ ကျွန်တော်ထင်တာ ပြောရရင်တော့ ခင်ဗျား သီချင်း မကြေသေးဘူး ၊ ရဲရဲသာဆိုပါဗျာ ၊ အတီးသံ ထက်စောပြီး ခင်ဗျားကရောက်ရောက်နေတာ တစ်ခုပါပဲ ၊ ခင်ဗျား တစ်ခေါက်ပြန်ဆိုပြဦး ၊ ဒါမှ လိုတာပြော ပေးလို့ရမှာ ’ လို့ သူ့ကိုထပ်ဆိုခိုင်းလိုက်ပါတယ် ။ ကျွန်မက ကလေး ၊ သူက လူကြီး ၊ ဒါပေမယ့် သူပြန်ဆိုပြ ပါတယ် ။ ကျွန်မကလည်း သူလိုတဲ့နေရာလေးတွေကို ဖြည့်ပေးလိုက်တယ် ၊ သူဆိုတဲ့ သီချင်းနာမည်ကတော့ ‘ ငါ သို့မဟုတ် အရှုံးစစ်ဘုရင် ’ တဲ့။ အသံလွှင့်ကြတော့ သူနဲ့ကျွန်မရှေ့နောက်ဖြစ်နေလို့ သူဘယ်နာမည်နဲ့ အသံလွှင့်ခဲ့တယ်ဆိုတာ မသိလိုက်တော့ပါဘူး ၊ တစ်ဦးသီချင်း ဆုံးကာနီးတော့မှ နောက်တစ်ဦးက အသံလွှင့် ခန်းထဲကို အသံမထွက်စေရအောင် ဝင်ခဲ့ရတာမို့ အသံထိန်းတံခါးဝမှာ ကျွန်မကရပ်စောင့်နေခဲ့ရလို့ပါပဲ ။ ကျွန်မဟာ ဘယ်အခါမဆို နောက်ဆုံးမှ ဆိုရတတ်ပါတယ်။ မျက်နှာ အရိပ်အကဲ ၊ အမူအရာ အချက်ပြစနစ် သုံးရတာမျိုးမှာ ဆိုတဲ့လူက မပါးရင် အသံလွှင့်ချိန်ကျော်သွားပြီး သီချင်းဖြတ်တာ ခံရတတ်လို့ဖြစ်ပါတယ်။

ကျွန်မဆိုပြီးတဲ့အခါ သူမရှိတော့ပါဘူး။ ပစ္စည်းသိမ်းကြ ၊ ကားပေါ်တင်ကြလုပ်နေတုန်းမှာ ကိုအောင်ကိုး ကျွန်မအနားရောက်လာပါတယ်။ ဒီတော့မှ မေးကြည့်လိုက်တော့ ချစ်ဒုက္ခ ဦးဘညွန့်ရဲ့သား

‘ဗိုလ်ကိုဦး ’ ဆိုပဲ ။

‘ သူနောက်သီချင်း လာဆိုဦးမှာလား အစ်ကိုအောင်ကိုး ’ ကျွန်မ မလိုဘဲနဲ့ မေးမိသေးတယ်။

‘ မဆိုပါဘူးဟာ ၊ အခုဟာက တို့မင်းသမီးကိုလာပိုးတာလေ ၊ ပြီးတော့ သူ့သူငယ်ချင်းတွေနဲ့ အလောင်းအစား လုပ်လာလို့တဲ့ဟ ’ ကိုအောင်ကိုးက ဒီလိုပြောတော့မှ စောစောကသူပြောတဲ့ ‘ ကိစ္စနှစ်ခု ရှိလို့ ’ ဆိုတာကို သဘောပေါက်သွားတယ် ၊ ဟုတ်မှာပဲ ၊ ကိုအောင်ကိုးပြောတဲ့ တို့မင်းသမီးဆိုတာ ကျွန်မတို့ဂီတ အသိုင်းအဝိုင်းထဲကကိုး ၊ အင်မတန်ချစ်စရာကောင်းတယ် ၊ လှလည်းလှပါတယ် ၊ သူနဲ့ဆိုသိပ်လိုက်တာ ပေါ့ ၊ သူတို့ရသွား ပါစေလို့ဆုတောင်း လိုက်မိတယ်။

‘ ဟေ့ ၊ ဘာငြိမ်နေတာလဲ ၊ နင်လဲ တင့်တင့်တို့ အရွယ် ဆိုပြီးတော့ စိတ်ကူးယဉ်နေတာလား ၊ ’

‘ စိတ်ကူးမယဉ်ပါဘူးဗျာ ၊ လူကြီးက တကယ်ချောတယ်နော် အစ်ကို အောင်ကိုး ၊ ကျွန်တော် သိပ်ကြိုက်တာပဲ ’

‘ ဟာ ဒီသောက်ရူးမ ၊ ပြောရမှန်းမသိ ၊ မပြောရမှန်းမသိ ’ ကိုအောင်ကိုးက ပြောပြောဆိုဆို ကျွန်မ ခေါင်းကို ပိတ်ထုလိုက်ပြီး ခွက်ထိုး ခွက်လန် ရယ်နေပါတယ်။

‘ ကျွန်တော်ကြိုက်လို့ ကြိုက်တယ်ပြောတာ ဘာဖြစ်လဲ ၊ သူ့တစ်ကိုယ်လုံးမကြိုက်စရာ ဘာရှိလို့လဲ ’ ခေါင်းကို အထုခံရလို့ ဒေါပွသွားတဲ့ ကျွန်မက ကုန်းအော်ပစ်လိုက်တယ်။ လူကြီးတွေ အတော်များများဟာ ကလေးတွေ မကြိုက်တာမှ ပြောတတ်တယ် ၊ မကျေနပ်အောင် ၊ ငိုရအောင်အထိ ကျီစယ်တတ်တဲ့အတိုင်း ကိုအောင်ကိုးလည်း ဒီအချိန်က ကျွန်မကို ဆက်ပြီး စတော့တာပဲ။

‘ အေး ကြိုက်ကြိုက် ၊ တစ်ကိုယ်လုံးကြိုက် ၊ နင့်အတွက် ကျောက်ပျဉ်ရွက် စောင့်ခိုင်းထားမယ်လို့ တောင် ပြောစရာ မလိုဘူး ၊ ဟိုက နိုင်ငံခြား ပညာသင် သွားတော့မှာ သိလား ပြန်လာမှ ပြန်လာမှ ’

‘ အို တော်စမ်းပါဗျာ ၊ ကျွန်တော်ကြိုက်တယ်ဆိုတာက သူ့ပုံစံသူချောလို့ ၊ အရုပ်ကလေးတွေ ၊ လှတာလေးတွေ ကြိုက်သလို ကြိုက်တာသိရဲ့လား ၊ သူ့ကိုကြိုက်လွန်းလို့ ငေးချင်တာမျိုး ကြိုက်တာ ၊ သူ့ကို ကြည့်ပြီး ကျွန်တော်အကိုကြီးများ ဖြစ်ပါစေတော့လို့တောင် ဆုတောင်းချင်တယ်။ ကျွန်တော်တို့ မင်းသမီး လှလှလေးနဲ့လည်း ရပါစေလို့ ဆုတောင်းတယ်သိလား ၊ ကျွန်တော်ချစ်တာမဟုတ်ဘူး ။ ကြိုက်တာဗျ ကြိုက်တာ ၊ ယူချင်းယူ ကျွန်တော်က မိန်းမဘဲ ယူမယ် ကဲ မှတ်ထား။

အပိုင်း - (၂)

ဦးဝင်းဦး အမှတ်တရ

မိုးသက်လေ နှင်းစက်တွေ ၊ သစ်ရွက်ကြွေချိန်တွေ ဘယ်နှစ်ကြိမ်ရှိပြီလဲ ၊ မမှတ်မိတော့ပါဘူး ၊ ဒီအဖြစ်ကလေး ကိုတော့ မမေ့ဖြစ်ဘူး ၊ ကိုကိုဆိုတဲ့ ဒီလူကြီး ဟိုအဝေးခရီးက အဆွေးတွေ ပွေ့ပိုက်ပြီးပြန် လာတယ်ဆိုလား ။ နားစွန်နားဖျား ကြားလားကြားရဲ့ ၊ ကြားတော့လည်း သနားမိပြန်ရဲ့ ၊ ခင်သာခင် မမြင်ရ တော့ မေ့လျော့လျော့ပါပဲ။

အိမ်ထောင်စုနဲ့ဖြစ်လာတဲ့ ကျွန်မဘဝမှာ တီတီတာတာ ကြည်သာစရာလေးတွေရှိလာပြီ ၊ အိမ်ကိစ္စ ရုံးကိစ္စ ၊ သား သမီး ကိစ္စ ၊ သီချင်းဆိုတဲ့ ကိစ္စတွေနဲ့ လွတ်တဲ့အခါစာပေနဲ့ အပန်းဖြေဖြစ်လာပြီ ၊ ကျွန်မဖတ် လေ့ရှိတဲ့ ဗန်းမော်တင်အောင် ၊ ဒဂုန်တာရာ ၊ ခင်နှင်းယု ၊အောင်လင်း ၊နတ်နွယ် ၊ တက္ကသိုလ်ဘုန်းနိုင်တို့နဲ့ လိုင်းခွဲလာတဲ့ စာရေးဆရာတစ်ယောက်တွေ့လာတယ် ၊ ‘ ဝင်းဦး ’ တဲ့ ။

ဒီစာရေးဆရာ ဝင်းဦးရဲ့ ပရိတ်သတ်အဖြစ်နဲ့ စိတ်ဝင်စားနေတုန်းမှာပဲ စာရေးဆရာဝင်းဦး ရုပ်ရှင် ရိုက်မယ်ဆိုတဲ့ သတင်းကြားရပါတယ် ၊ မကြာပါဘူး ။ကြော်ငြာ ဒီဇိုင်းတွေပေါ်မှာ ဖော်ပြလာလို့ကြည့်မိ တော့ ‘ ဝင်းဦး ’ ဆိုတဲ့ သူဟာ ‘ ကိုကို ’ လို့ပြောခဲ့တဲ့ ‘ ဗိုလ်ကိုဦး ’ ပါလား။

‘ နှစ်ယောက်ထဲ နေချင်တယ် ’ ဇာတ်ကား ကျွန်မသွားကြည့်ပါတယ် ။ ဇာတ်ကားတွေအများကြီးမှာ ကျွန်မဆိုပေးခဲ့ပေမယ့် ရုံတင်တဲ့အခါ မကြည့်ဖြစ်ပါဘူး ။ ရင်းနှီးတဲ့ မိတ်ဆွေတွေရဲ့ ရုပ်ရှင် အထူးပွဲတွေကို တော့ ကြည့်ပါတယ် ၊ သူ့ကျတော့ ငယ်ငယ်ထဲက ကြိုက်လို့ကြည့်တာပါ။ ခုတော့လည်း ကြိုက်တယ် ။ သူ့စာ လည်း ကြိုက်တယ်။ မင်းသားအဖြစ်လည်း ကြိုက်ပြန်ရော ။

သူက မင်းသား ၊ ကျွန်မက အဆိုတော် ၊ အနုပညာ စည်းဝိုင်းထဲမှာပေမယ့် တော်တော်နဲ့ မတွေ့ဖြစ် ကြဘူး ၊ ဂီတဆည်းဆာပွဲ ကျိုက္ကဆံကွင်းမှာ သူလာနွှဲမှတွေ့ဖြစ်ပါတယ် ၊ ဒီအချိန်မှာ သူကနာမည်ကြီးလှပြီ ၊ လူဝိုင်းလှပြီပေါ့ ။

သူကပွဲကို စရောက်လာတဲ့နေ့က ဇာတ်ခုံနောက်မှာ ကြွက်စီကြွက်စီ ရွစိရွစိနဲ့ပါပဲ ၊ ကျွန်မ သူဝင်လာ တာလည်း အဝေးကလှမ်းမြင်ရတယ် ။ သူ့ကိုကပ်တော့မယ့်သူတွေကိုလည်း တွေ့သိနေပါတယ် ။ ဒါပေမယ့် ကျွန်မမှာ မာနတစ်ခုရှိပါတယ် ။ မျက်နှာလို မျက်နှာရလုပ်ချင်လို့ ၊ အခွင့်အရေး တစ်ခုခုရချင်လို့၊ နာမည်ကြီး မျက်နှာကြီးမို့ ကပ်တာပါလို့ အထင်ခံရမှာ ၊ ရှက်တဲ့မာနပါ ။ ဒါကြောင့် ထိုင်ကြည့်နေလိုက်တယ် ။ ကျွန်မက စပြီး သူ့ကို မခေါ်ချင် ဘူးလေ ။

ကျွန်မဟာ ဒီအချိန်က ဂီတကောင်စီ အမှုဆောင် အဖွဲ့ဝင်ဖြစ်နေလို့ ပွဲသိမ်းမှ ပြန်ရပါတယ် ၊ ညသန်း ခေါင်ကျော် ပွဲသိမ်းနေပြီ သူမပြန်သေးဘူး ၊ ကျွန်မကအိမ်ပြန်ရတော့မယ် ၊ ပြန်တော့လည်း သူတို့ရှိတဲ့နေရာ ကပဲ ဖြတ်သွားမှရမယ် ၊ဒီတော့လည်း အနားကဖြတ်သွားရတော့တယ် ။ ကွင်းထဲမှာနေရတဲ့ အမှုဆောင်တွေ က ကျွန်မပြန်တော့မှာလား ခဏထိုင်ပါဦးနဲ့ဝိုင်းပြောကြတော့ သူ့ရှေ့က ခုံတစ်လုံးမှာ ဝင်ထိုင်လိုက် ရပါတယ်။

‘ မိတ်ဆက်ပေးရဦးမယ် ခင်မောင်အေးရေ ၊ ဒီမယ် ကိုဝင်းဦး မာမာအေးဆိုတ သူလေ ။ ကျွန်တော် တို့အုပ်စုကတော့ သူ့ကို ခင်မောင်အေး လို့ပဲခေါ်တယ် ’ ကိုသန်းလှိုင်က ဒီလိုမိတ်ဆက်ပေးတော့ ကျွန်မရယ် ချင်တယ် ၊ သူကတော့ မင်းသားလေ ။ ပြုံးစေ့စေ့ သူ့ပုံစံ ဖမ်းစားတဲ့အတိုင်း မပွင့်တစ်ပွင့်နဲ့ပေါ့ ၊ ကျွန်မစိတ် ထဲမှာ တင်းသွားတယ်။

‘ သိပြီးသားပါဗျာ ၊ ဗိုလ်ကိုဦးဘဝတုန်းက ’ လို့ တုံးတိတိပဲ ပြောချလိုက်တယ်။

‘ အစ်ကို ကလဲ မှတ်မိပါတယ်ဗျာ ၊ ခု အေးက ငယ်ငယ်တုန်းကလို မဝတော့ဘူး လှတယ်ကွာ ’ လို့ အသံအစ်အစ်နဲ့ ပြန်ပြောတယ် ။ ပြောပြီဆိုလည်း ထုံးစံအတိုင်းသူချည်းပါပဲ ။ ကျွန်မကို သီချင်းသင်ခိုင်းရတဲ့ အကြောင်း ၊ သူငယ်ချင်းတွေနဲ့ ပုလင်းကြေးလောင်းပြီး ဆိုဖြစ်သွားတဲ့ အကြောင်းကစပြီး သူ့အကြောင်း ကျွန်မအကြောင်း မေးလိုက်ပြောလိုက်နဲ့ ဂီတဆည်းဆာကနေ နံနက်ဆည်းဆာ ရောက်ပါရော သူလဲ ‘ အစ်ကို ’ ဖြစ် ၊ ကျွန်မလဲ ‘ အေး ’ ဖြစ်သွားတယ်။

ဒီကတည်းက ပြန်တွေ့ကြပြီး သီချင်းဆိုလည်းတွေ့ ၊ ဂီတပဒေသာလည်းတွေ့ ၊ အသံလွှင့်ရုံမှာလည်း တွေ့ ၊ ရုပ်ရှင်သီချင်း သွင်းတော့လည်း တွေ့ ၊ သူ့အိမ်ကိုယ်သွား ကိုယ့်အိမ်သူလာ နဲ့ အင်မတန်ကို ရင်းနှီးလာ ကြပါတယ် ။ သူခရီးသွားတိုင်း လက်ဆောင်ပါတယ် ။ ကိုယ်ခရီးသွားဖြစ်တော့လည်း လက်ဆောင်ပို့တဲ့ အကျင့်ပြန်လုပ်ရတယ် ။ လက်ဆောင်ပေးတတ်တဲ့ အလေ့အထက ကျွန်မမှာ မရှိခဲ့ဖူးဘူး ။

ကျွန်မရဲ့ ဘဝခရီး ဖော်ကိုသာ ပေးခဲ့ဖူးတယ် ။ ခုကျတော့ သူများပေးတဲ့ လက်ဆောင်ကိုချည်း ယူပြီး ဝမ်းသာခင်မင်နေမယ့် အစား ကိုယ့်လိုပဲ လက်ဆောင်ရရင် ပျော်ရွှင်ခင်မင်စေမယ်လို့ လက်ဆောင်ပါးတတ်နေတော့တယ် ၊ သူက ကောက်လိုက် ၊ ကိုယ်က ကောက်လိုက်တွေလည်း ရှိပါတယ် ။ ကျွန်မတို့ ဂီတအသိုင်းအဝိုင်းတွေနဲ့ ကိုဝင်းဦး ဟာလည်း ရုပ်ရှင်အဖွဲ့တွေထက် ရင်းနှီးပါတယ် ။ ဝိုင်းဝန်း ကာကွယ်မြှောက်တင် ပို့ပေးကြပါတယ် ။

ကိုဝင်းဦးဟာ အပေါင်းအသင်းခင်မင် လွန်းတတ်တဲ့ ဉာဉ်ရှိတဲ့အတိုင်း ကောင်းကောင်းအိပ် ၊ ကောင်းကောင်းစား ၊ အချိန်မှန်ဆိုတာ မတွေ့မိဘူး ။ အပေါင်းအသင်း အသိုင်းအဝန်း စုံလာတဲ့အခါ ကျွန်မ တို့ တစ်တွေနဲ့ တစ်ဖြည်းဖြည်း ဝေးလာရာက စန္ဒာမဂ္ဂဇင်းထုတ်တဲ့ အချိန်ကစပြီး လုံးဝနီးနီး မတွေ့ဖြစ်တော့ ဘူး။ ကျွန်မရဲ့ ကိုယ်ရေးကိစ္စတစ်ခုကြောင့် ကျွန်မသူ့ကိုကောက်ထားတာ ကြာပါပြီ ။ ပြန်ခေါ်တာ သုံးလေး နှစ်လောက်ပဲ ရှိဦးမယ် ထင်ပါရဲ့ ။

သူနဲ့ ကျွန်မနောက်ဆုံး တွေ့လိုက်တာ ၁၉၈၈ ပြည်ထောင်စုနေ့ညစာစားပွဲမှာပါ ။ သူက ကျွန်မကို တွေ့တာနဲ့ မေးပါတယ် ။

‘ အေး ပိန်သွားလိုက်တာ ၊ နေမကောင်းဘူးလား ’ တဲ့ ။

‘ ကောင်းပါတယ် ၊ ပိန်သွားတာ ခရီးပန်းလို့ပါ ၊ ပြည်ထောင်စုအလံတော် နားတဲ့ ပေါက်တို့ ၊ ရေစကြိုတို့ အထိသွားခဲ့ပြီး ဒီပွဲကို အမီပြန်ရောက်အောင် လာရတော့ အပြေးအလွှားပဲ ၊ အေးသာ ပိန်တယ် ပြောနေတယ် အစ်ကိုလည်း ပိန်တာပဲ ၊ ဘာလဲ ဝိတ်လျှော့နေတာလား ’ လို့ ကျွန်မ ပြန်မေးတော့ အစာအိမ် ရောဂါ ရနေတယ် ၊ အရည်ပဲသောက်နေရလို့တဲ့ ။

ဒီပွဲပြီးလို့ သိပ်မကြာပါဘူး ။ အစာအိမ်ရောဂါ မဟုတ်ကြောင်း ၊ နိုင်ငံခြားမှာဆေးသွားကုတဲ့ အကြောင်းတွေကြားလာရတယ် ။ အနုပညာ ချစ်မြတ်နိုးသူကျွန်မအနေနဲ့ ဘက်စုံတော်တဲ့ ပညာရှင်တစ်ဦး အသက်ရှည်ပါစေလို့ ဆုတောင်းမိတာ အမှန်ပါပဲ ။

ပြန်ရောက်ပြီလို့ ကြားတော့လည်း ကျွန်မ မရောက်နိုင် မမေးနိုင်ခင်မှာပဲ မန္တလေး တက်သွားတယ် လို့ ကြားရတယ် ။ ကျွန်မက မန္တလေးရောက်သွားပြန်တော့သူကရန်ကုန် ဆင်းသွားပြီ ။ စိတ်ကဘဝင်မကျလို့ မြို့မအဖွဲ့တော်သားတွေဆီ မေးမိတယ် ‘ သီချင်းများများဆိုနိုင်သေးရဲ့လား ’ လို့ ။

အဖြေကတော့ သိပ်အားမရဘူး ။ သုံးပုဒ်လောက်ပဲ ဆိုနိုင်သတဲ့ ။ ဒါဆို မဟုတ်သေးဘူး ဆိုတာ ကျွန်မခံစားလို့ရပါတယ် ၊ ကိုဝင်းဦးဟာ တစ်ခါဆိုရင် ဆယ်ပုဒ်လောက်ဆိုချင်တဲ့ သူပါ ။ သိပ်ကိုလောဘ တကြီး ဆိုတတ်ပါတယ် ။ သူ့အသံက ကြာကြာဆိုလည်း မကျတတ်ပါဘူး ။

ရန်ကုန်ကို ကျွန်မပြန်ရောက်တော့ သူပြန်လဲနေပြီ ၊ လွန်နေပြီဆိုတာ ကြားရတယ် ။ ဒါကြောင့် ကျွန်မတို့ အရင်းနှီးဆုံး ဂီတအုပ်စုတစ်စုလုံး သွားဖို့စီစဉ်ကြတယ် ။ လူမစုံလို့ နောက်နေ့ညပိုင်းသွားကြဖို့ စီစဉ်လိုက်တယ် ။ ဒီလိုနောက်နေ့ဆက်ချိန်းတာကို မသိလိုက်လို့ ရောက်သွားတဲ့ သူငယ်ချင်းမြင့်ငွေက ကျွန်မဆီ ဖုန်းဆက်တယ် ။

‘ ခင်မောင်အေး မင်း သွားမကြည့်ပါနဲ့တော့ကွာ ၊ ကျသွားလိုက်တာ မမှတ်မိစရာဘဲ ၊ မင်းမှာလဲ ရောဂါနဲ့မို့လား မသွားပါနဲ့ တော့ကွာ ’ တဲ့ ။

‘ ဘာဖြစ်ဖြစ်ကွာ ၊ သွားကြည့်ရမယ် ။ တို့အားလုံး စုသွားကြဖို့ ချိန်းပြီးသား ၊ တော်ကြာ ကိုသန်းလှိုင်တုန်းကလို မတွေ့လိုက်ရလေခြင်းလို့ ငါထပ်ခံစားနေရဦးမယ် ’ လို့ ပြန်ပြောလိုက်တယ် ။ နောက်နေ့ မှာကလည်း ကျွန်မစီးရီးတစ်ခု အသံထပ်ဖို့အတွက် စတူဒီယိုက ချိန်းပြီးနေတာကြောင့် ညနေမှ လူစုသွားကြဖို့ စီစဉ်ထားတယ် ။

နောက်နေ့မနက် (၈) နာရီလောက် ဖုန်းဝင်လာတယ် ။

‘ ဆုံးရှာပြီ သူငယ်ချင်းရေ ’ တဲ့ ။

‘ အင်း ဒါဆိုလဲ ပြီးရောပေါ့ကွာ ၊ ပို့တော့မှပဲ သွားရတော့မှာပေါ့ ၊ တို့တစ်တွေဘယ်လိုစုပြီး ပို့ရမလဲ ဆိုတာသာ စီစဉ်လိုက်ကြတော့ ညနေမလာတော့ဘူး ’ လို့ ဖုန်းပြောခဲ့ပြီး စတူဒီယိုကိုထွက်ခဲ့တယ် ။ အဲ့ဒီ စတူဒီယိုကလည်း ဖြုတ်တော့မှာမို့ မလုပ်လို့ကမရ ၊ ဖုန်းလည်းဖြုတ်ထားတော့ ဘာမှနောက်ထပ် မသိရ တော့ပါဘူး ။

ညနေ အိမ်ပြန်ရောက်တော့ အိမ်ကဆီးပြောတယ် ။ သူ သူ မသေသေးဘူးတဲ့ ။ တကယ်မသေဘူး ။ သတင်းမှားတာပါဆိုတဲ့ ဖုန်းပြန်ဝင်လာတော့ ကျွန်မက အလုပ်ထွက်သွား ၊ ပြန်ရောက်လို့ အမှန်သိရတော့ လည်း အချိန်က ည အပြင်ပြန်ထွက်လို့ မရ၊မတွေ့လိုက်ရချင်လို့ ပါပဲလေ ။ နောက်တစ်နေ့မှာတော့ တကယ် အမှန် ခရစ်တော်မှာ အိပ်ပျော်လေရှာသတဲ့ ။

အိုလေ လွဲမယ့်လွဲတော့လည်း အားလုံးပါပဲ ။ သူ့နောက်ဆုံးနေ့မှာ ကျွန်မတို့တစ်တွေ ဘာလမ်း အိမ်ရှေ့မှာဆုံကြတယ် ။ အချိန်တန်လို့ ကားတွေတန်းစီထွက်ကြတော့ ကျွန်မစီးလာတဲ့ကားက ဟတ်ဘော ကွဲလို့ နောက်ကျ ကျန်ခဲ့ပါရော ၊ ဖြည်းဖြည်း မောင်းလိုက်သွားရတော့ ကားတွေဘယ်ဆီသွားမှန်း မသိရလို့ ကြံတောလိုက်သွား ၊ အဲဒီရောက်တော့လည်း ဘုရားရှိိခိုးကျောင်းမှာပဲ ရှိသေးသတဲ့ ။ လူအုပ်ကြီးကြီးက များမှများ အအေးတိုက်ထဲကလည်း မဝင်နိုင် ၊ ဂူလုပ်ထားတဲ့နေရာက သွားစောင့်ပြန်တော့လည်း ဘယ်တော့မှ သင်းချိိုင်းပြန်ရောက်မယ် မသိဘူး ။ ပရိတ်သတ်က များလွန်းလို့တဲ့ ။

ဒါနဲ့ တစ်ခါ အအေးတိုက်ဘက်က ပြန်စောင့်မယ်လေလို့ ပြန်လျှောက်လာတော့ ကားဖြူကြီးကို အအေးတိုက်ထဲ ရောက်နေတာတွေ့ရတယ် ။ လူကတိုးမပေါက်နိုင်ဘူး ။ လူနင်းခံရတာပဲ အဖတ်တင်တော့ မယ် ထွက်လာမယ့် အပေါက်ဝနားက အုတ်တံတိုင်း ဘေးကပ်ပြီးရပ်နေရတယ်။

သူထွက်လာပြီ ။ အစ်ကိုထွက်လာပြီ ။ ကားအနားတောင် ကျွန်မ မသီနိုင်ဘူး ။ အရေးထဲသူ့ကို ဘယ်လို ဆုတောင်းပေးရမလဲ တွေးကြည့်တယ် ။ သူနဲ့ကျွန်မ ဘာသာကွဲနေပြန်ပြီ ။ အို ဘာပဲဖြစ်ဖြစ် ကျွန်မ က ဗုဒ္ဓဘာသာပဲလေ ။ တတ်နိုင်ဘူး ။ ပြောတတ်တာပဲ ပြောလိုက်ပါတယ် ။

‘ အစ်ကိုရေ……..အမျှ အမျှ အမျှ ’

(မာမာအေး)

(စန္ဒာပုံနှိပ်တိုက် ၁၉၈၉ ဧပြီလထုတ် ဦးဝင်းဦးအမှတ်တရ စာစောင် မှ ကူးယူဖော်ပြသည်။

စာရိုက်ကူညီ - ကိုခမ်းလေး)

Via:Kyaw Lion 🦁

September 3. 2022
Alex Aunghttp://www.blogger.com/profile/13958650132140473779noreply@blogger.com0tag:blogger.com,1999:blog-3813763337170553596.post-77248754460996754762023-12-31T13:16:00.004+06:302023-12-31T13:17:35.670+06:30One night stand နေတဲ့အခါ အန္တရာယ်ကင်းစေဖို့
One night stand နေတဲ့အခါ အန္တရာယ်ကင်းစေဖို့

(Dr. Htet Htet Zaw Win မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win မှ ရေးသားသည်။ )

One night stand နေတဲ့အခါ အန္တရာယ်ကင်းစေဖို့

One night stand ဆိုတာက တစ်ညတာ အတူနေတာကို ဆိုလိုတာပါ။ Dating app တွေကနေဖြစ်ဖြစ်၊ ဘားတွေ ကလပ်တွေကနေဖြစ်ဖြစ် ရင်းနှီးလာပြီး တစ်ညတာကို အတူကုန်ဆုံးကြတာပါ။ ဒါပြီးရင်တော့ သူလည်း သူ့လမ်းသူလျှောက်၊ ကိုယ်လည်း ကိုယ်လျှောက်ပါ။ ဒါမှမဟုတ် သဘောကျရင်လည်း ထပ်တွေ့ပေါ့။

အဲ့ဒီတစ်ညတာမှာ လိင်မှုကိစ္စသက်သက်ပဲ တာဝန်ယူတာ၊ တာဝန်ခံတာ၊ သံယောဇဉ်စတာတွေ ဘာမှမပါတဲ့အတွက် စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးတော့ ဖြစ်မှာပါ။ သမီးရည်းစားလည်း မဟုတ်ဘဲနဲ့ နှစ်ဦးသဘောတူဖြစ်တဲ့အတွက် နောက်ကြောင်းလည်း အေးပါတယ်။ သူကျေနပ် ကိုယ်ကျေနပ်ရင် ဒီကိစ္စ ဒီမှာတင် ပြီးပါပြီ။

တစ်ညတာပဲ ဆုံလိုက်တယ်ဆိုပေမယ့် One night standတွေက တကယ်တော့ အန္တရာယ်ကင်းရဲ့လား။ လူမှုရေး ရှုထောင့်ကမဟုတ်ဘဲ ကျန်းမာရေးရှုထောင့်ကနေ ကြည့်ရအောင်။

One night stand တွေကနေ ဘယ်လို ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်သလဲ။

လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကူးလာတာ

တစ်ညတည်း တစ်ခါတည်း ဆိုပေမယ့် အဖော်မှာ ကူးစက်ရောဂါတွေ ရှိနေရင် ကိုယ့်ဆီကိုကူးလာနိုင်ပါတယ်။ HIV၊ အသည်းရောင် အသားဝါ ဘီကစလို့ ဂနို၊ ဆစ်ဖလစ်အလယ် အသားချင်းထိရုံနဲ့ ကူးတတ်တဲ့ လိင်အင်္ဂါရေယုန်၊ ကြွက်နို့တွေ ကူးလာနိုင်ပါတယ်။

မလိုချင်သေးဘဲ ကိုယ်ဝန်ရသွားတာ

တစ်ခါတည်း ပန်းအိုးကွဲပေမယ့် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ကိုယ်ဝန်ရဖို့ ဘယ်နှခါ လိင်ဆက်ဆံရမယ်ဆိုတာမှ မရှိတာပဲ။ အထူးသဖြင့် ဒီလို တစ်ညပြီးတာနဲ့ ခွဲခွာမယ့် သူတွေမှာ မလိုချင်ဘဲ ကိုယ်ဝန်ရသွားတာက ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာ

ကိုယ်နေချင်တဲ့ ပုံစံကတခြား သူဆက်ဆံတဲ့ ပုံစံက တခြား ဖြစ်သွားတာပါ။ အတူနေဖို့ ခွင့်ပြုတယ်ဆိုရင်တောင် BDSMလိုမျိုး အကြမ်းဖက် လိင်ဆက်ဆံတာကို ခွင့်မပြုဘဲ အတင်းလုပ်မယ်ဆိုရင် ဒါလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာပါပဲ။ ဒါက အမျိုးသားမှာရော အမျိုးသမီးမှာရောတွေ့ရနိုင်ပါတယ်။

လူမှုရေး နှောင့်ယှက်ခံရတာ

ပြောရမယ်ဆိုရင်တော့ stalk လုပ်ခံရတာပါ။ တစ်ညတည်းပဲ။ ပြီးရင် တာ့တာလို့ ပြောခဲ့ပေမယ့် နောက်ရက်တွေမှာ ကိုယ့်ကို မလွှတ်ပေးတာ၊ တွယ်ကပ်တာ၊ နောက်ကနေ လိုက်နေတာ ဒီလိုမျိုး အပြုအမူတွေ လုပ်တတ်ပါတယ်။ ကိုယ်က One night standအတွက်ပဲ ရည်ရွယ်ထားတာဆိုရင် စိတ်အနှောင့်အယှက်ဖြစ်တတ်ပါတယ်။

အန္တရာယ်ကင်းတဲ့ One night standဖြစ်စေဖို့

One night stand နေသင့် မနေသင့် လူမှုရေးအရ ဝိဝါဒကွဲပြားပေမယ့် နေခြင်းမနေခြင်းကို ဘယ်သူမှ တားလို့မရပါဘူး။ အရွယ်ရောက်ပြီးသူတွေဖြစ်တဲ့အတွက် ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်၊ ကိုယ့်ကိစ္စကိုယ် တာဝန်ယူရမှာပါ။

One night standကို အန္တရာယ်ကင်းကင်း ဖြစ်စေဖို့ဆိုရင်

ဆန္ဒရှိမှ လုပ်ပါ။

လိင်မှုဆိုင်ရာ ကိစ္စဖြစ်တဲ့အတွက် ‘consent’ လို့ခေါ်တဲ့ နှစ်ဦးသဘောတူမှုက အရေးကြီးပါတယ်။ အတူနေမယ်ဆိုပေမယ့် နေချင်သလို နေဖို့ မသင့်ပါဘူး။ ဘယ်လိုနေမှာလဲ။ မိန်းမကိုယ်နဲ့ ဆက်ဆံမှာလား။ စအိုပါလား။ အတတ်ဆန်းတဲ့ အတူနေမှုတွေကို လက်ခံမှာလား စတာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးထားဖို့ လိုပါတယ်။ မကြိုက်တာရှိရင် သဘောတူစရာမလိုပါဘူး။

ကွန်ဒုံးသုံးပါ။

လိင်ကတဆင့် ကူးစက်ရောဂါတွေ ကာကွယ်ဖို့ ကွန်ဒုံးသုံးပါ။ ပါးစပ်နဲ့ ဆက်ဆံမယ်ဆို dental dams သုံးပါ။ ဒါတောင် ကွန်ဒုံးတို့၊ dental dams တို့က ကူးစက်ရောဂါအကုန်လုံးကို မကာကွယ်နိုင်ပါဘူး။ လိင်အင်္ဂါကြွက်နို့တို့ ရေယုန်တို့က အရေပြားချင်းထိတွေ့ရုံနဲ့ ကူးနိုင်တဲ့အတွက် One night stand နေပြီး တစ်ခုခု လက္ခဏာတွေ ပေါ်လာရင် ဆေးစစ်ကြည့်ပါ။

ကိုယ်ဝန်တားပါ။

ကွန်ဒုံးသုံးမယ်ဆိုရင် ကိုယ်ဝန်ပါ တားပြီးသား ဖြစ်သွားပါပြီ။ ဒါပေမယ့် စိတ်ချရစေချင်ရင် အတူနေပြီးတဲ့အခါ အရေးပေါ်တားဆေးကို ထပ်သောက်သင့်ပါတယ်။ ခဏခဏ One night standရင်တော့ အိမ်ထောင်သည်တွေလိုမျိုး သန္ဓေတားဆေးတစ်မျိုးမျိုးကို ပုံမှန်သုံးပေးပါ။

အရက်နဲ့ မူးယစ်ဆေးရှောင်ပါ။

One night stand နေတဲ့အခါ အရက်ကို မှောက်နေအောင် သောက်တာ၊ မူးယစ်ဆေးတွေ သုံးတာ ရှောင်ပါ။ အသိစိတ်လွတ်နေတဲ့အခါ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတာ၊ ရာဇဝတ်မှုတွေ ကျူးလွန်ခံရတာ ဖြစ်တတ်ပါတယ်။

တစ်ယောက်ယောက်ကို ပြောသွားပါ။

အနည်းဆုံးတော့ ယုံကြည်ရတဲ့ သူငယ်ချင်းကို ဒီည ဘယ်မှာအိပ်မှာလောက်တော့ ပြောသွားပါ။ ကိုယ်အန္တရာယ်တစ်ခုခုနဲ့ ကြုံနေတဲ့အခါ လိုက်ရှာဖို့ လွယ်အောင်ပါ။

One night stand နေခြင်းနဲ့ ပတ်သက်လို့

One night standနေတာ မနေတာကို လူမှုရေးအရ တားမြစ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျန်းမာရေးအရ စိတ်ချရအောင်၊ မဖြစ်သင့်တာ မဖြစ်ရအောင်တော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်ပါတယ်။
Alex Aunghttp://www.blogger.com/profile/13958650132140473779noreply@blogger.com0tag:blogger.com,1999:blog-3813763337170553596.post-27962902485569799162023-12-28T09:33:00.003+06:302023-12-28T09:34:35.283+06:30ဖြည့်စွက်စာတွေမပါဘဲ ခန္ဓာကိုယ်ကိုဘယ်လို တည်ဆောက်မလဲ
ဖြည့်စွက်စာတွေမပါဘဲ

ခန္ဓာကိုယ်ကိုဘယ်လို တည်ဆောက်မလဲ (၁)❓

💊 ဖြည့်စွက်စာမသုံးဘဲ လေ့ကျင့်ခန်းကို လုံးလုံးလုပ်နိုင်တယ် ။ ကောင်းကောင်းစားပါ၊ လုံလောက်စွာ အနားယူပြီး လေ့ကျင့်ပါ ။ ဒါတွေက ဖြည့်စွက်စာတွေအကြောင်း မစဉ်းစားခင် လေ့ကျင့်ခန်းအတွက် အရေးကြီးဆုံးအရာတွေပါ ။

လေ့ကျင့်ခန်း စိန်ခေါ်မှု 📕📗

💊ကာယဗလသမားများက ကြီးမားပြီး အချိုးကျတဲ့ ကြွက်သားများနဲ့ အဆီနည်းတဲ့ ခန္ဓာကိုယ်အတွက် ရည်ရွယ်ကြတယ်။ သူတို့က အဆင့်တွေနဲ့ ဖြတ်ကျော်တယ် - တစ်ခုက အစားအစာနဲ့ အလေးများဖြင့် ကြွက်သားများ တည်ဆောက်ဖို့ ၊ နောက်တစ်ခုက အစာလျှော့စားပြီး လေ့ကျင့်ခန်း ပိုလုပ်ကာ အဆီဖြတ်ဖို့ ဖြစ်တယ် ။

💊 ဒါက အဆီကျစေပြီး ကြွက်သားတွေကို သန်စွမ်းစေပါတယ် ။ လုပ်ဖို့တော့ ခက်တယ် - သူတို့က ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် တွန်းတယ်။ သူတို့က ကိုယ်ကာယတည်ဆောက်မှုကို အလွန်လိုအပ်တာကြောင့် ဖြည့်စွက်စာများကို မကြာခဏ အားကိုးကြတယ် ။ ဒါပေမယ့် ဖြည့်စွက်စာတွေအားလုံးက အလုပ်မဖြစ်ပါဘူး ။ အချို့က ကြွက်သားများ၊ အဆီ၊ စွမ်းအင်နဲ့ recovery အတွက် ကူညီပေးပေမဲ့ များသောအားဖြင့် ပြတ်သားတဲ့ အကျိုးသက်ရောက်မှုများမရှိပါဘူး ။

ဖြည့်စွက်စာမပါဘဲ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ခြင်း 📕📗

💊 တချို့တွေက ဖြည့်စွက်စာလုပ်ငန်းတွေကို ခိုင်လုံတဲ့ အထောက်အထားမရှိလို့ မယုံကြည်တာကြောင့် ဖြည့်စွက်စာများ ဖြတ်တောက်ခံရကြတယ် ။ တင်းကျပ်တဲ့ စည်းမျဉ်းများပါတဲ့ ဆေးညွှန်းဆေးများနဲ့ မတူဘဲ ဖြည့်စွက်စာများက FDA၊ နဲ့ ဆေးဝါးကွပ်ကဲရေးမှ ကြီးကြပ်ကွပ်ကဲမှု များပြားခြင်းမရှိကြဘူး ။

💊 FDA က ဖြည့်စွက်စာကုမ္ပဏီတွေကို သူတို့မရောင်းချမီ ထုတ်ကုန်များကို စမ်းသပ်ဖို့ ပထမဆုံးထွက်လာတဲ့အချိန်မှာ ဖြည့်စွက်စာတွေကို တိုက်ရိုက်စစ်ဆေးခြင်းမရှိပါ။ စျေးကွက်ထဲရောက်ပြီးမှသာ သူတို့ကို ထိန်းညှိဖို့ ခြေလှမ်းပြင်ကြတယ်။ အဲဒါက လူတွေကို သံသယဖြစ်စေတယ် ။ ‼️

💊 ဒါပေမယ့် ဖြည့်စွက်စာတွေမပါဘဲ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ရင် စိတ်မပူပါနဲ့ ။ ကြွက်သားတည်ဆောက်ခြင်းနဲ့ အဆီကျခြင်းအတွက် အမှန်တကယ်အရေးကြီးတဲ့အရာမှာ မှန်ကန်စွာစားခြင်း ၊ လေ့ကျင့်ခန်းလုပ်ခြင်း နဲ့ ခန္ဓာကိုယ်ကို အနားယူခြင်းပဲဖြစ်တယ် ။ ကြွက်သားတည်ဆောက်ဖို့၊ ကိုယ့်ရဲ့ကြွက်သားများကို စိန်ခေါ်ဖို့လိုအပ်တယ်။

💊 အဲဒါက လေ့ကျင့်ခန်းတွေ ဝင်လာတယ်၊ သူတို့က မင်းရဲ့ကြွက်သားတွေကို ကောင်းကောင်းဖိအားပေးတယ် ။ အလေးမ လေ့ကျင့်ခန်းတွေက ကြွက်သားများကို အမှန်တကယ် တွန်းပို့နိုင်တာကြောင့် ကောင်းမွန်ပါတယ် ။ Cardio တွေက ကြွက်သားအချို့ကို တည်ဆောက်နိုင်သော်လည်း သန်မာပြီး ကြီးလာစေဖို့ အလေးမ လေ့ကျင့်ခြင်းလောက် မကောင်းပါ ။

လေ့ကျင့်ခန်းအကြို ဖြည့်စွက်စာတွေအစား ကော်ဖီသောက်ပါ 📕📗

💊 Pre Workout (လေ့ကျင့်ခန်းအကြို) ဖြည့်စွက်စတွေကတယ် ကိုယ့်ရဲ့ စွမ်းအင်နဲ့ သွေးစီးဆင်းမှုကို မြှင့်တင်ပေးခြင်းဖြင့် လေ့ကျင့်ခန်းများကို ပိုမိုအားဖြည့်ဖို့ ရည်ရွယ်ပေးတယ် ။ ကော်ဖီမှာ ကဖိန်းဓာတ်ပါဝင်ပြီး အထူးသဖြင့် ပင်ပန်းနွမ်းနယ်နေချိန်တွင် ခွန်အားဖြစ်စေတယ်။ ကဖိန်းဓာတ်က လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း ခန္ဓာကိုယ်အပေါ်ပိုင်းအားနဲ့ စွမ်းအားကို မြှင့်တင်ပေးနိုင်ကြောင်း လေ့လာမှုအချို့က ဖော်ပြပေမဲ့ ခန္ဓာကိုယ်အောက်ပိုင်းကြံ့ခိုင်မှုအပေါ် သက်ရောက်မှုမှာ သိသာထင်ရှားခြင်းမရှိပေ ။

💊 လေ့ကျင့်ခန်းမလုပ်ခင် ကဖိန်းဓာတ်ရှိခြင်းက ကြွက်သားကြီးထွားမှုကို ပိုကောင်းလာစေနိုင်အောင် Gym မှာ အပြင်းအထန် တွန်းအားပေးနိုင်ပါတယ် ။ ဒါကြောင့် ဖြည့်စွက်စာတွေ မစားချင်ပေမယ့် ကဖင်းဓာတ်ကို မြှင့်တင်ချင်တယ်ဆိုရင်တော့ ကော်ဖီတစ်ခွက်က ဒီလှည့်ကွက်ကို လုပ်နိုင်မှာပါ ။

Creatine ကို အစာဖြင့် အစားထိုးခြင်း 📕📗

💊 လေ့ကျင့်ခန်းမလုပ်မီ ဖြည့်စွက်စာအနေနဲ့ နောက်ပိုင်းတွင် လူကြိုက်များတာက creatine ဖြစ်တယ်။ ခန္ဓာကိုယ်က ကြွက်သားတွေကို ကျုံ့ဖို့အတွက် creatine ကို စွမ်းအင်အရင်းအမြစ်အဖြစ် ဖန်တီးပေးပါတယ်။ အသည်းက Creatine ကိုထုတ်လုပ်ပြီး ကြွက်သားတွေဆီကို ပို့ပေးတယ်။ ခန္ဓာကိုယ်က သိမ်းဆည်းပြီး အသုံးပြုတဲ့ Creatine ပုံစံကို Creatine phosphate လို့ခေါ်တယ် ။

💊 ဒီဖြည့်စွက်စာများက လူတွေပြုလုပ်ထားပေမဲ့ ဒါတွေက သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ အရာဖြစ်တယ် ။ creatine တယ် ထုထည်ကို တိုးစေပြီး အသုံးမပြုရင် ခွန်အားပိုကောင်းစေတယ် ။ ဆိုလိုတာက creatine က ကိုယ်ကာယလေ့ကျင့်ခန်း လုပ်သူများအတွက် အထောက်အကူဖြစ်စေတဲ့ ဖြည့်စွက်စာဖြစ်တယ် ။ 💁♂️

💊 ဒါပေမဲ့ အစားအစာမှ creatine ကို ရနိုင်တယ် ။ အနီရောင်အသား တစ်ပေါင်မှာ creatine ၂ ဂရမ်ခန့်ပါရှိပြီး ဆော်လမွန်တစ်ပေါင်မှာ ၅ ဂရမ်ခန့်ပါရှိတယ် ။ ဒါဟာ creatine ဖြည့်စွက်ရာတွင် အသုံးပြုရမဲ့ ပမာဏအကြမ်းဖျင်းဖြစ်တယ် ။ ဒါပေမယ့် အသားကို ချက်ပြုတ်တဲ့အခါ creatine တစ်ချို့ကို ပျောက်ကွဲစေပါတယ်။ တစ်နေ့လျှင် ဆော်လမွန်တစ်ပေါင် သို့မဟုတ် အဲ့ထက်ပို စားသုံးခြင်းက စျေးကြီးပေမဲ့ လွတ်နေတဲ့ creatine ပမာဏနဲ့ ကိုက်ညီအောင် ကူညီပေးနိုင်တယ် ။

💊 Creatine ဖြည့်စွက်ခြင်းဖြင့် ကြွက်သားနဲ့ ခွန်အားကို တည်ဆောက်ဖို့ ကူညီပေးနိုင်ပေမဲ့ အစားအစာက အသုံးဝင်တဲ့ အခြားရွေးချယ်မှုတစ်ခု ဖြစ်တယ် ။ ❤️

ဖြည့်စွက်စာတွေ မပါဘဲ

ခန္ဓာကိုယ်ကို ဘယ်လိုတည်ဆောက်မလဲ (၂)❓

Branched-Chain Amino Acids 📗📕

💊 လေ့ကျင့်ခန်းလုပ်တဲ့အခါ တချို့သောသူတွေက branched-chain amino acids လို့ခေါ်တဲ့ BCAAs လို့ခေါ်တဲ့ အရာတစ်ခုကို အသုံးပြုကြတယ် ။ သူတို့က ကြွက်သားများကြီးထွားလာစေဖို့ ကူညီပေးတဲ့ အထူးတည်ဆောက်မှု အတုံးများနဲ့ တူတယ် ။

💊 အများအားဖြင့် ပရိုတင်းကိုစားတဲ့အခါ ခန္ဓာကိုယ်က BCAA ကို အမိုင်နိုအက်ဆစ်လို့ခေါ်တဲ့ အရာလေးတွေကို ပြောင်းလဲပေးတယ် ။ ဒီကောင်လေးတွေက သွေးထဲမှာ ကြွက်သားတွေလို အရာအသစ်တွေကို ဖန်တီးပေးပါတယ် ။ ဒါ့ကြောင့် BCAAs က ပရိုတင်းစားခြင်းအဆင့်ကို ကျော်ပြီး အထူးတည်ဆောက်မှုတုံးများကို တိုက်ရိုက်ပိုင်ဆိုင်ဖို့ဖြစ်တယ် ။

💊 လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း ကြွက်သားများ မြန်မြန်ပြန်ကောင်းလာစေဖို့ ကူညီပေးတဲ့ ဖြတ်လမ်းတစ်ခုလိုမျိုးဖြစ်တယ် ။ သို့သော် ဒီအရာက အမှန်တကယ် ကြီးကြီးမားမား ကွာခြားမှု မရှိဘူးလို့ အချို့သော လေ့လာမှုများက ဆိုကြတယ် ။

💊 BCAA ဖြည့်စွက်စာများက ကြွက်သားများတည်ဆောက်ရာမှာ အထောက်အကူဖြစ်နိုင်တာကြောင့် ဒီအထူးဖြည့်စွက်စာတွေကို မစားဘူးဆိုရင် ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ သူတို့မပါဘဲလဲ ကြွက်သားများ တည်ဆောက်နိုင်သေးပါတယ် ။

ပရိုတင်းဓာတ် ပိုလိုအပ်လား ❓

💊 အထူးသဖြင့် ပန်းတိုင်ကိုရဖို့ အလျင်လိုနေရင် ပရိုတင်း shakes သောက်ခြင်းက အသုံးဝင်ပါတယ် ။ အမှုန့်ကို နို့ ဒါမှမဟုတ် ရေနဲ့ရောပြီး လှုပ်ခါလိုက်ရုံနဲ့ ပရိုတင်း 20 ဂရမ်ကနေ 30 ဂရမ်ကို ရရှိမှာပါ။ ဒါက ဗိုက်ပြည့်ဝလွန်းတယ်လို့ မခံစားရဘဲ ကောင်းတဲ့အရာတွေကို အမြန်ရနိုင်တဲ့နည်းလမ်းတစ်ခုပါဘဲ ။

💊 လေ့လာမှုတစ်ခုအရ ပရိုတင်းဓာတ်ကို ပုံမှန်အစားအစာများထဲသို့ ထည့်ခြင်းက ကြွက်သားများ ပိုမိုရရှိလာကြောင်း တွေ့ရှိခဲ့တယ် ။ ဒါပေမယ့် အစားအစာတွေကနေ ပရိုတင်းဓာတ် လုံလုံလောက်လောက်ရနေပြီဆိုရင်တော့ အဲဒါတွေကို မလိုအပ်ပါဘူး။

💊 Whey protein က လူကြိုက်များသော ရွေးချယ်မှုဖြစ်ပြီး ဒါက နို့ထွက်ပစ္စည်းများမှ ရရှိတာဖြစ်တယ် ။ ပဲနှင့် ပဲပရိုတင်းလိုမျိုး အခြားရွေးချယ်စရာများလည်း ရှိသေးသည် ။ သူတို့အားလုံးက မိတ်ဆွေကို ကြွက်သားများတည်ဆောက်ဖို့ ကူညီပေးနိုင်တယ် ။

ကာယဗလသမားများအတွက် အဆီလောင်ကျွမ်းမှုများ 📗📕

💊 ကာယဗလသမားတွေက ကြွက်သားတွေတည်ဆောက်ပြီး အဆီကျချင်တဲ့အခါ အဆီလောင်ကျွမ်းစေတဲ့ ဖြည့်စွက်စာတွေကို မကြာခဏသုံးကြတယ်။ ဒါပေမယ့် ဒီဖြည့်စွက်စာတွေအားလုံးက ဘေးကင်းတာတော့ မဟုတ်ပါဘူး ။ အချို့မှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ တရားမဝင်ပစ္စည်းတွေပါ၀င်တာကြောင့် တားမြစ်ထားတယ် ။

💊 ဒါပေမဲ့ ၊ ကုမ္ပဏီတော်တော်များများကတော့ အန္တရာယ်ရှိတဲ့ အရာများကိုတော့ အသုံးမပြုပါ ။ မကောင်းသော အရာအများစုကို တားမြစ်ထားပြီး သို့မဟုတ် ပိုမိုလုံခြုံစေဖို့ ပြောင်းလဲထားတာမျိုးဖြစ်တယ် ။ သို့သော် စျေးကွက်မှာရှိတဲ့ အဆီလောင်ကျွမ်းစေတဲ့ ဆေးတွေက အမှန်တကယ် အလုပ်မဖြစ်နိုင်ပါ ။

💊 ကျန်းမာရေးအဖွဲ့တစ်ခုမှ အစီရင်ခံစာတစ်ခုအရ အဆီလောင်ကျွမ်းမှုမှ ပါဝင်ပစ္စည်းများ အများစုမှာ သူတို့ ဆေးကအမှန်တကယ် အလုပ်ဖြစ်ကြောင်း ခိုင်လုံတဲ့ အထောက်အထားများ မရှိပါဘူး ။ အချို့သော အထောက်အထားများက အလွန်နည်းပြီး အချို့သော အထောက်အထားများက ရလဒ်ကောင်းများကို မပြသနိုင်ပါ ။

💊 ရိုးရိုးရှင်းရှင်းပြောရရင်၊ အံ့မခန်းသက်သေပြနိုင်တဲ့ မှော်အဆီလောင်ကျွမ်းဆေးဆိုတာ မရှိပါဘူး ။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ဒီဆေးတွေကို သုံးစွဲစရာ မလိုပါဘူး ။ ကြွက်သားတွေကို သဘာဝအတိုင်း တည်ဆောက်ရတာကို နှစ်သက်တဲ့သူတွေအတွက် ကောင်းမွန်တဲ့အချက်တွေကို ပြောပြပါမယ် ။

💊 သူတို့အတွက် အကောင်းဆုံးဖြည့်စွက်စာများမှာ creatine၊ caffeine နဲ့ beta-alanine တို့ဖြစ်တယ် ။ အခြားသော ဖြည့်စွက်စာများက ကောင်းစွာ အလုပ်မလုပ်နိုင်ဘူး ၊ ဒါမှမဟုတ် လုံလောက်တဲ့ အထောက်အထားများမရှိဘူး လို့ သုတေသီများက ယူဆကြတယ် ။

💊 ကြွက်သားတွေကို ထိန်းသိမ်းရင်း အဆီကျဖို့ ကြိုးစားနေသူတွေအတွက် ရိုးရှင်းတဲ့ အစားအသောက်အစီအစဉ်က တစ်ပတ်ကို ကိုယ်အလေးချိန်ရဲ့ ထက်ဝက်မှ တစ်ရာခိုင်နှုန်းအထိ လျှော့ချဖို့ပါပဲ ။ ❤️

💊 ဒီနှေးကွေးတဲ့လုပ်ငန်းစဉ်က ကြွက်သားများ ပိုမိုထိန်းသိမ်းဖို့ ကူညီပေးတယ် ။ အဆီကျတဲ့သူတွေအနေနဲ့ တစ်နေ့ကို ကိုယ်အလေးချိန် တစ်ကီလိုဂရမ်အတွက် ပရိုတင်း ၂.၃ ဂရမ်ကနေ ၃.၁ ဂရမ်လောက် စားသင့်တယ် ။ သူတို့အတွက် တစ်နေ့တာ ကယ်လိုရီရဲ့ 15 မှ 30 ရာခိုင်နှုန်းခန့်ဟာ အဆီကနေ လာသင့်တယ် ။ အဆီနှင့် ပရိုတင်းဓာတ် လုံလောက်စွာ ရရှိပြီးတာနဲ့ တစ်နေ့တာ ကယ်လိုရီက ကာဗိုဟိုက်ဒရိတ်မှ ဖြစ်နိုင်တယ် ။

#Booty_Glute_by_Jack

#Glute_specialist_ISSA

#Fatloss #Nutrition #Dietplan #Womenfitness #Menfitness #2023_Goal #Fatlossgoal #Burnfat

#JackLogan

#Fatloss

#Supplements

#Nutrition

#Personal_Training

#ISSA

#PED_Steroid

#Main_MFTA

#ISSA_Elite_Trainer

personal fitness trainer (men physique ,trainer Jack Logan)

Rehab Trainer

#ISSA International Sport Sciences Association ,Nutritionist,Bodybuilding Coach,Certified Personal Traine
Alex Aunghttp://www.blogger.com/profile/13958650132140473779noreply@blogger.com0tag:blogger.com,1999:blog-3813763337170553596.post-69487967208257851182023-12-27T07:26:00.004+06:302023-12-27T07:26:47.304+06:30ကုန်ကျစရိတ်သက်သာတဲ့ US က community college
ကုန်ကျစရိတ်သက်သာတဲ့ US က community college

လူတော်တော်များများက နိုင်ငံခြားမှာ ကျောင်းတက်ချင်ပေမယ့်လည်း ကျူရှင်ခများ တဟုန်ထိုး တက်လာတာကြောင့် အဆင်မပြေတာတွေရှိလာပါတယ်။

ဒါကြောင့် အခုပြောပြသွားမှာက ကုန်ကျစရိတ်သက်သာတဲ့ US က community college အကြောင်းပါ။

✅Community College ဆိုတာ ဘာလဲ။

ကွန်မြူနတီကောလိပ် သို့မဟုတ် အငယ်တန်းကောလိပ်ဆိုတာ နှစ်နှစ်ဘွဲ့ကိုရှာဖွေနေသူများအတွက် တတ်နိုင်လောက်သော အလယ်တန်းလွန်ပညာရေးကို ပံ့ပိုးပေးသည့် ဒေသတွင်းအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဒီကောလိပ်များက နယ်ပယ်အသီးသီးတွင် တွဲဖက်ဒီဂရီများကို ပေးဆောင်ထားပြီး ကျောင်းသားများအား လေးနှစ်ကောလိပ် သို့မဟုတ် တက္ကသိုလ်တစ်ခုသို့ မပြောင်းရွှေ့မီ အခြေခံကျသော အသိပညာနှင့် ကျွမ်းကျင်မှုများ ရရှိရန် သင်ကြားပေးပါတယ်။ သမားရိုးကျ တက္ကသိုလ်များနှင့် မတူဘဲ၊ community college များတွင် ကျောင်းသားများ ပိုမိုပါဝင်နိုင်သော ဝင်ခွင့်လုပ်ငန်းစဉ်များ ရှိပြီး အမျိုးမျိုးသော ကျောင်းသားများအတွက် အဆင့်မြင့်ပညာရေးကို လက်လှမ်းမီနိုင်စေပါတယ်။

📌ကုန်ကျစရိတ် အားသာချက်- ကောလိပ်ဘုတ်အဖွဲ့၏ အဆိုအရ နှစ်နှစ်တာကောလိပ်အတွက် ပျမ်းမျှ နှစ်စဉ်ကျူရှင်နှင့် အခကြေးငွေမှာ $3,440 ဝန်းကျင်သာရှိပြီပါတယ်။

ဒါ့အပြင်၊ community college များသည် ငွေကြေးအကူအညီအတွက် အခွင့်အလမ်းများစွာရှိပြီးကျောင်းသား သုံးပုံတစ်ပုံနီးပါးသည် ပညာသင်ဆုများ၊ ထောက်ပံ့ကြေးများနှင့် Federal Pell Grant များသည် ကျောင်းသားများအား ငွေကြေးပံ့ပိုးမှုရရှိနိုင်ပြီး အဆင့်မြင့်ပညာရေးကို ဆက်လက်လိုက်စားရန် ငွေကြေးအခက်အခဲကို လျှော့ချနိုင်သည့် နည်းလမ်းအချို့ဖြစ်ပါတယ်။

📌အဆင်ပြေမှုနှင့် လိုက်လျောညီထွေမှု- ကွန်မြူနတီကောလိပ်တစ်ခုရှိတဲ့နေရာက အဓိကအရောင်းရဆုံးအချက်ဖြစ်လာပြီး နေထိုင်စရိတ်လည်း သက်သာပါတယ်

ထို့အပြင်၊ community college များသည် ကျောင်းသားများ၏ မတူကွဲပြားသောလိုအပ်ချက်များကို အသိအမှတ်ပြုပြီး အထူးသဖြင့် အလုပ်နှင့်ပညာရေးကို မျှတစေပါတယ်။ အချိန်ပြည့်ကျောင်းအပ်ရန် လိုအပ်လေ့ရှိတဲ့ လေးနှစ်ကျောင်းများနှင့်မတူဘဲ community collegeများသည် အချိန်ပိုင်းလေ့လာမှုသာလိုပါတယ်။ ဒါကြောင့် ကျောင်းသားများအား အတန်းတက်နေစဉ်တွင် အလုပ်လုပ်နိုင်စေကာ အနာဂတ်ပညာရေးဆိုင်ရာ ကြိုးပမ်းမှုများအတွက် ငွေစုနိုင်စေမည့် အခွင့်အလမ်းတစ်ခုလည်းဖြစ်တဲ့အပြင်၊ အွန်လိုင်းသင်တန်းများ ရရှိနိုင်မှုသည် community college ပညာရေးကို ပို အဆင်ပြေစေပါတယ်။

📌ပညာရပ်ဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် လမ်းညွှန်မှု-community college များသည် ကျောင်းသားများအား ပညာရေးဆိုင်ရာ ပံ့ပိုးမှုနှင့် လမ်းညွှန်မှုပေးနိုင်ပါတယ်။ အတန်းငယ်များ နှင့် သုတေသနထက် သင်ကြားရေးကိုသာ အာရုံစိုက်သည့် သင်ကြားရေးဌာနတစ်ခုဖြင့် ကျောင်းသားများသည် ပညာရေးတိုးတက်မှုကို အားပေးသည့် သီးသန့် လမ်းညွှန်မှုများကို ရရှိကြပါတယ်။

အတန်းငယ်များအပြင်၊ ကွန်မြူနတီကောလိပ်များသည် ကျောင်းသားအောင်မြင်မှုရရှိစေရန် ကျယ်ကျယ်ပြန့်ပြန့် ပံ့ပိုးပေးသည့် ဝန်ဆောင်မှုများကို ပေးဆောင်ပါတယ်။ ဒီဝန်ဆောင်မှုများတွင် လမ်းညွှန်ပေးခြင်းအစီအစဉ်များ၊ လေ့လာမှုအဖွဲ့များ၊ ကျူရှင်များနှင့် ပညာရေးဆိုင်ရာ အကြံပေးခြင်းများ ပါဝင်ပါတယ်။

📌လေးနှစ်ဒီဂရီသို့ လမ်းကြောင်း-

ကျောင်းသားများစွာအတွက်၊ ကွန်မြူနတီကောလိပ်သည် လေးနှစ်ကောလိပ် သို့မဟုတ် တက္ကသိုလ်တစ်ခုမှ ဘွဲ့တစ်ခုရရှိရန် ခြေလှမ်းသစ်တစ်ခုဖြစ်ပါတယ်။ community college တစ်ခုတွင် ပညာရေးပထမနှစ်နှစ်ကို ပြီးမြောက်ခြင်းဖြင့်၊ ကျူရှင်စရိတ်များကို သိသိသာသာ သက်သာစေနိုင်ပါတယ်။

community college မှရရှိသောခရက်ဒစ်များကို ကျောင်းသားများအလိုရှိသော လေးနှစ်ကောလိပ် သို့မဟုတ် တက္ကသိုလ်သို့ ချောမွေ့စွာလွှဲပြောင်းနိုင်ပါတယ်။

📌ကွန်မြူနတီကောလိပ်များကို ရှာဖွေခြင်း-အနီးရှိ ကွန်မြူနတီကောလိပ်များအကြောင်း အချက်အလက်များကို သင်ရှာဖွေနိုင်သည့် ဝဘ်ဆိုဒ်အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတဠယ်။

အမျိုးသားပညာရေးစာရင်းအင်းစင်တာ https://nces.ed.gov/collegenavigator/ - ဒီပြည့်စုံသောဒေတာဘေ့စ်သည် စာရင်းသွင်းနံပါတ်များ၊ ကျူရှင်စရိတ်များနှင့် ပညာရေးဆိုင်ရာအစီအစဉ်များအပါအဝင် United States တစ်ဝှမ်းရှိ ကွန်မြူနတီကောလိပ်များအကြောင်း အသေးစိတ်အချက်အလက်များကို ပေးပါတယ်။

ကောလိပ်အမှတ်စာရင်း https://collegescorecard.ed.gov/ - U.S. ပညာရေးဌာနမှ ဖန်တီးထားပြီး တည်နေရာ၊ အရွယ်အစားနှင့် ဘာသာရပ်များကဲ့သို့သော စံနှုန်းများအပေါ် အခြေခံ၍ ကောလိပ်များကို ရှာဖွေနိုင်စေပါတယ်။ ဘွဲ့ရနှုန်းထားများနှင့် ဘွဲ့ရများ၏ ပျမ်းမျှလစာများဆိုင်ရာ အဖိုးတန်အချက်အလက်များကိုလည်း ပေးဆောင်ပါနယ်။

community college review- https://www.communitycollegereview.com/ - ဤပညာရပ်ဆိုင်ရာ၊ တတ်နိုင်မှု၊ နှင့် ကျောင်းသားဘဝကဲ့သို့သော အကြောင်းရင်းများအပေါ် အခြေခံ၍ မတူညီသောအဖွဲ့အစည်းများကိုသုံးသပ်ချက်များနှင့် အဆင့်သတ်မှတ်ချက်များကို ပံ့ပိုးပေးပါတယ်။

American Association of Community Colleges https://www.aacc.nche.edu/ - American Association of Community Colleges ၏တရားဝင်ဝဘ်ဆိုဒ်သည် ရပ်ရွာကောလိပ်ထောက်ခံအားပေးမှုနှင့် အစပြုမှုများအကြောင်း အရင်းအမြစ်များ၊ သတင်းများနှင့် အချက်အလက်များကို ပေးဆောင်ပါတယ်။

ဒီဝဘ်ဆိုဒ်များကိုလေ့လာခြင်းဖြင့်၊ အဖိုးတန်သော သိမြင်မှုကို စုဆောင်းနိုင်ပြီး မည်သည့်အသိုင်းအဝိုင်းကောလိပ်မှာမဆို ပညာရေးပန်းတိုင်များ/ မျှော်မှန်းချက်များနှင့် အကောင်းဆုံးကိုက်ညီမည်ကို အသိပေးသော ဆုံးဖြတ်ချက်များချနိုင်ပါတယ်။

Community College များသည် ကြီးကြီးမားမားငွေကြေးဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ကျောင်းသားများအား ၎င်းတို့၏ပညာရေးအိပ်မက်များကို အကောင်အထည်ဖော်ရန် အခွင့်အလမ်းကိုပေးစွမ်းပြီး အဆင့်မြင့်ပညာရေးသို့ ရက်ရောစွာနှင့် စရိတ်သက်သာသောလမ်းကြောင်းကို ပေးဆောင်ပါတယ်။ တွဲဘက်ဘွဲ့တစ်ခုခုရယူရန် သို့မဟုတ် လေးနှစ်သင်တန်းကျောင်းသို့ ပြောင်းရွှေ့ရန် ရွေးချယ်သည်ဖြစ်စေ Community College များသည် အောင်မြင်စေရန် အခွင့်အလမ်းပေးတာကြောင့်၊ သင်၏အနာဂတ်ကို ပိုမိုကောင်းမွန်အောင်ပုံဖော်ပေးမည့် ခရီးတစ်ခုကို စတင်လိုက်ပါ။
Alex Aunghttp://www.blogger.com/profile/13958650132140473779noreply@blogger.com0tag:blogger.com,1999:blog-3813763337170553596.post-8259465260531684742023-12-26T10:28:00.008+06:302023-12-26T10:28:53.799+06:30 ပုံမှန်ထက် ပိုပြီး အကြောက်အလန့်လွန်ကဲခြင်း
ပုံမှန်ထက် ပိုပြီး အကြောက်အလန့်လွန်ကဲခြင်း

စိတ်ဝေဒနာ

(Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။

Ye Myo Myat မှ ရေးသားသည်။)

ပုံမှန်ထက် ပိုပြီး အကြောက်အလန့်လွန်ကဲခြင်း စိတ်ဝေဒနာ အကြောင်း သိပြီးပြီလား! အကြောက်တရားနဲ့ ကင်းတဲ့ သူတော့ လောကမှာ ရှိမယ်မထင်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်က လူတချို့ကို သေချာကြည့်ကြည့်ပါ။ ဗလကြီးတွေနဲ့ ကြမ်းကြမ်းတမ်းတမ်း အားကိုးချင်စရာ တချို့အမျိုးသားတွေ ကြွက်တို့၊ ပိုးဟပ်တို့၊ ပိုးမွှားလေးတွေ မြင်ရင် ငယ်သံပါအောင် အော်ပြီး လန့်ပြေးတတ်ကြတာကို မြင်ဖူးကြမှာပါ။

ပုံမှန်ထက် ပိုပြီး အကြောက်အလန့်လွန်ကဲခြင်း စိတ်ဝေဒနာ

ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ အရာဝတ္ထုတစ်ခုခုအပေါ် ပုံမှန်ထက် ပိုပြီး အကြောက်အလန့်လွန်ကဲခြင်း စိတ်ဝေဒနာ (Phobia) ပဲ ဖြစ်ပါတယ်။

Phobia ဆိုတာ ဘာလဲ။

တခြားသူတွေအမြင်မှာ အပိုလုပ်ပြီး ဟန်ဆောင်ကြောက်ပြတယ်လို့ ထင်ရပေမယ့် ကိုယ့်ရဲ့ အတွေးထဲမှာ တစ်ခုခုအပေါ် ပြင်းပြင်းထန်ထန် ထိတ်လန့်တဲ့ စိတ်၊ ကြောက်ရွံ့တဲ့ စိတ် ကြီးမိုးနေတဲ့ ပြဿနာကို Phobia လို့ ခေါ်ပါတယ်။ လူတချို့တွေးထင်ထားသလို ပုံမှန်ကြောက်တတ်တဲ့ စိတ်အခံရှိတာ တစ်ခုတည်းနဲ့ Phobia လို့ မသုံးနှုန်းသလို စိုးရိမ်စရာ စိတ်ရောဂါလို့ သတ်မှတ်ရတဲ့အထိလည်း မပြင်းထန်ပါဘူး။

Phobia လက္ခဏာတွေက ဘယ်လိုမျိုးလဲ။

ကိုယ်ထိတ်လန့်တဲ့ အရာတစ်ခုကို မြင်လိုက်ရတဲ့အခါမှသာ တွေ့ရတတ်တဲ့ လက္ခဏာတွေဖြစ်ပြီး ပုံမှန်အချိန်မှာ သာမန်လူကောင်းတစ်ယောက်လိုပဲ ဘဝကို အေးအေးချမ်းချမ်း ဖြတ်ကျော်တတ်ပါတယ်။ တစ်ခါတလေမှာ ကိုယ်ကြောက်တဲ့အရာကို အပြင်မှာ မြင်လိုက်ရတာမဟုတ်ဘဲ အတွေးထဲမှာ ပေါ်လာတာကြောင့်လည်း ဒီလို စိတ်အခြေအနေ လက္ခဏာကို တွေ့ကြုံရနိုင်ပါတယ်။

၁။ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့တဲ့အထိ ထိတ်လန့်ကြောက်ရွံ့တဲ့ စိတ်ဖြစ်ပေါ်လာတာ

၂။ စိတ်ထဲမှာ ပြောမပြနိုင်တဲ့ ခံစားမှုမျိုးနဲ့ စိုးရိမ်ပူပန်လာတာ

၃။ ဒီလိုကြောက်လန့်နေတဲ့ ခံစားချက် သို့မဟုတ် ကိုယ်ကြောက်ရတဲ့အရာနဲ့ ရှောင်ဖို့ ကြိုးစားတတ်တာ

၄။ ကိုယ်ကြောက်တဲ့အရာတစ်ခုကို မြင်တွေ့ခံစားပြီးတဲ့နောက်မှာ ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့တာ၊ စိတ်ခံစားချက် ပုံမှန်မဟုတ်တော့တာ

၅။ ကိုယ့်စိတ်ထဲမှာ ကြောက်နေတဲ့ ခံစားချက်ကို သိပေမယ့် ဘယ်လိုမှ ဖြေဖျောက်လို့ မရတာ

၆။ ကြောက်ရွံ့စိတ်ကြောင့် အသက်ရှူရခက်လာတာ၊ ချွေးစေးပြန်လာတာ

၇။ နှလုံးခုန်နှုန်း အလွန်မြန်လာတာ

၈။ တစ်ကိုယ်လုံး တုန်ပြီး ခြေဖျားလက်ဖျား အေးစက်လာတာ

၉။ ရင်ဘက်က အမောဖောက်လာတာ၊ အသက်ရှူမဝဖြစ်တာ

၁၀။ အသားထဲက ဆူးစူးနေသလို ခံစားရတာ

၁၁။ စိတ်ရှုပ်ထွေးမှုကြောင့် ဘယ်အရာကိုမှ အာရုံစိုက်ပြီး တွေးလို့ မရတော့တာ

၁၂။ ခေါင်းမူးခေါင်းကိုက်ြဖစ်တာ၊ ပျို့အန်ချင်လာတာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။

ဘယ်လိုအသက်အရွယ်မှာ အဖြစ်များလဲ။

အရွယ်ငယ်သေးတဲ့ ကလေးတွေ၊ ဆယ်ကျော်သက်တွေမှာ အဖြစ်များပြီး စိတ်တုန်လှုပ်ခြောက်ခြားစရာ ကိစ္စတစ်ခုခု၊ အသက်ဘေးအန္တရာယ် ကြုံတွေ့ရပြီးနောက်မှာ အကြောက်အလန့်လွန်တဲ့ စိတ်ဝေဒနာ ကျန်ခဲ့တာမျိုးတွေလည်း ရှိနိုင်ပါတယ်။

မိဘတွေမှာ အကြောက်အလန့်လွန်တဲ့ စိတ်ဝေဒနာရှိရင်လည်း ကလေးတွေဆီကို ဒီဝေဒနာ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ကလေးရဲ့ စိတ်တွေဟာ အလွန်နူးညံ့သေးတာ ဖြစ်လို့ အကြောက်လွန်တဲ့ အရာကို မိဘတွေဘက်က သေချာမဖြေရှင်းပေးနိုင်ဘူးဆိုရင် ကြီးလာတဲ့အချိန်ထိ ဒီဝေဒနာကို သယ်ဆောင်သွားပြီး အခြေအနေပိုဆိုးသွားစေနိုင်ပါတယ်။

Phobia ကို ကုသလို့ ရနိုင်လား။

ကုသဖို့ လွယ်ကူတဲ့ စိတ်ကျန်းမာရေးအခြေအနေအဖြစ် သတ်မှတ်လို့ ရပါတယ်။ ကလေးအရွယ်မှာတော့ ကိုယ့်စိတ်ထဲက ကြောက်လန့်မှုကို အမူအရာတွေနဲ့သာ ဖော်ပြတတ်ပေမယ့် အသက်ကြီးလာတာနဲ့အမျှ ကြောက်လန့်တဲ့ လက္ခဏာတွေနဲ့ ဘာတွေကို ကြောက်လန့်တတ်လဲဆိုတာ အလွယ်တကူ သိမြင်နိုင်လို့ ကိုယ့်ရဲ့ ပြဿနာကို ဖြေရှင်းရပိုလွယ်ပါတယ်။ ပုံမှန်အားဖြင့် ဆေးသောက်ဖို့ မလိုအပ်ပဲ စိတ်ဆရာဝန် သို့မဟုတ် စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ပြီး Phobia စိတ်လက္ခဏာကို ကုသလို့ ရပါတယ်။

ဒီပြဿနာဟာ ရှောင်လွယ်ရုံနဲ့ ပြီးသွားမယ့် ကိစ္စမဟုတ်တဲ့အတွက် အကောင်းဆုံးကတော့ ကိုယ့်ရဲ့ ကြောက်ရွံ့မှုတွေကို ထိပ်တိုက်ရင်ဆိုင်ပြီး ဖြေရှင်းတာက ကိုယ့်ရဲ့ စိတ်ကျန်းမာရေးနဲ့ အနာဂတ်အတွက် အဆင်အပြေဆုံးပါပဲ။
Alex Aunghttp://www.blogger.com/profile/13958650132140473779noreply@blogger.com0tag:blogger.com,1999:blog-3813763337170553596.post-24878528100416494622023-12-24T09:21:00.002+06:302023-12-25T11:52:47.067+06:30စျေးချို (Zay Cho)
(ဈေးချိုအစစ်ကိုမသိကြတော့ဘူး)

ရေးသားသူ - ဆူးငှက်

သည်ကနေ့ အသက်၂ဝကျော်အရွယ် လူငယ်လေးတွေက မန္တလေးရဲ့ အသည်းနှလုံး မူလဈေးချို အစစ်အကြောင်း မသိကြတော့ပေ။ အထူးသဖြင့် သာမန်လူငယ်များထက် မီဒီယာများနှင့် ပတ်သက်သော လူငယ်များ မသိကြခြင်းက အရုပ်ဆိုးသည်။ မူလဈေးချိုအစစ်ဆိုသည်မှာ ဤသို့ဖြစ် သည်။

ဈေးသည် တိုင်းပြည်၏ ဝမ်းစာ

မန္တလေးမြို့သစ် နန်းသစ်တည်ကတည်းက ခုနစ်ဌာန အပါအဝင် မြို့ပြမြေယာတွင် ဈေးများလည်း ပါရှိခဲ့သည်။ ဈေးသည် တိုင်းပြည်၏ ဝမ်းစာဖြစ်သည်။ တိုင်းပြည်စီးပွား ရေး၏ ပြဒါးတိုင်ဖြစ်သည်။ ထို့ကြောင့် မန္တလေးရတနာပုံ၏ ရွှေမြို့တော်တည်ဆောက်သောအခါ ဈေးများကို စနစ် တကျနေရာချခဲ့သည်။

မန္တလေးအနောက်ပြင် ကျယ်ဝန်းသောနေရာတွင် လက်ကားဈေးကြီးတစ်ဈေးဖြစ်သော “မလွန်ဈေး” ရှိ သည်။ ရေလမ်းခရီးဖြင့် ရောက်ရှိလာမည့် ကုန်ပစ္စည်း များအတွက် ဧရာဝတီနှင့်လည်း နီးသည်။ ရှမ်းပြည်နယ်မှ ဆင်းလာမည့် တောင်ပေါ်ကုန်များအတွက် ရှမ်းကုန်သည် များ စတည်းချရာ ရှမ်းပွဲရပ်၊ ဒေးဝန်းရပ်နှင့်လည်း နီးသည်။

မတ္တရာနယ်တစ်ဝိုက်မှ ထွက်ရှိသော ကွမ်း၊ ကွမ်းရွက်နှင့် အသီးအနှံများ ဝင်ရောက်လာရာ ရွှေတချောင်း ရေရှင်မြောင်းနှင့်လည်း အရှေ့နှင့်အနောက် ကပ်လျက် ဖြစ်သည်။

မလွန်ဈေး

မလွန်ဈေးက (ယခု) ၃၁လမ်းနှင့် ၃၄လမ်းကြား တောင် မြောက်ရှည်၍ အရှေ့အနောက်အနေဖြင့်မူ ၈၅လမ်းမှ ၈၆လမ်းကြား တစ်ပြကျယ်သည်။ ပေအနေဖြင့်တွက်ပါမူ တောင်မြောက် ပေ၂၀၀ဝ နီးပါးရှည်၍ အရှေ့အနောက်၊ ပေ ၆၀ဝ နီးပါးကျယ်သည့် ဈေးကြီးဖြစ်သည်။ ဈေးကြီး ဖွဲ့စည်းပုံတွင် သူ့ကုန်ပစ္စည်းအမျိုးအစားလိုက် တူရာစု ကာ တစ်ထပ်မျှရှိသော လုံခြုံသည့် အဆောက်အအုံများ ဖြင့်လည်း ရောင်းချရသည်။ မြောက်မှစ၍ အရှေ့အနောက် ၃၁လမ်းကို မလွန်ဈေးတွင် မြောက်ယွန်းတန်းဟု ခေါ် သည်။ ထို့နောက် တောင်ဘက်တစ်ပြ ၃၂ လမ်းကို တောင် ယွန်းတန်းဟု ခေါ်တွင်ပြီး ထိုနှစ်လမ်းအကြား တစ်ပြ အရှည်တွင် တောင်မြောက်တိုးလျှိုပေါက် အနောက်မှစ၍ အိုးတန်း၊ ခဲလန်တန်း၊ ငါးပိတန်း၊ ထန်းလျက်တန်း၊ ထုံး တန်းဟူ ၍ ရှိသည်။ ဈေးတန်းများအကြား လှည်းနှစ်စီး ရှောင်နိုင်သည့် လမ်းရှိသည်။ ဤပုံစံအတိုင်း ၃၂ လမ်း၊ တောင်ယွန်းတန်းနှင့် ၃၃လမ်း ကျောက်စိမ်းတန်းအကြား တွင် ကြက်သွန်တန်း၊ ချင်းတန်း၊ ငါးပိတန်း၊ ဆားတန်း၊ ကွမ်းသီးတန်းဟူ၍ လည်းကောင်း၊ ၃၃ လမ်း ကျောက်စိမ်း တန်းနှင့် ၃၄ လမ်း ညောင်ဇင်တန်းအကြားတွင် နီပါးတန်း၊ ပွတ်တန်း၊ ဆေးရိုးဝင်းဟူ၍ သူ့ပစ္စည်းသူ့အတန်းနှင့်သူ လမ်းများခြား၍ စနစ်တကျတည်ပေးခဲ့သည့် လက်ကားပွဲ ရုံဈေးကြီး ဖြစ်သည်။ ယခုတိုင် ရောင်းဝယ်ဖောက်ကားဆဲ ဖြစ်၏။

မလွန်ဈေးကို ကြိုသောကြောင့်

လက်ကားဈေးကြီးဖြစ်သော မလွန်ဈေးကို ကြိုသည့် ဈေးတစ်ဈေးလည်း မြောက်ဘက်မလှမ်းမကမ်းတွင် အတူတည်ထားခဲ့သည်။ မလွန်ဈေးကို ကြိုသောကြောင့် “ဈေးကြို”ဟု ခေါ်တွင်သည်။ “ဈေးကြို”ကို နောက်တစ်ခါ “ဈေးချိုတော်”ဟု ခေါ်တွင်ခဲ့သည်။ ဈေးကြိုများက ယခင် မင်းနေပြည်များဖြစ်ခဲ့သော အင်းဝနေပြည်တော်၊ အမရပူရ နေပြည်တော်၏ ပန္နက်များတွင်လည်း ပါရှိခဲ့သည်။

“ဈေးကြို”၏ မူလနေရာသည် ယခုငါးပိတန်း လက် ကြား (ဈေးချိုတော်တိုက်တန်းကြီး၏ အရှေ့ဘက်) ၂၆ ဘီလမ်း (အာဇာနည်လမ်း)နှင့် ၂၇ လမ်း (ဘာဘူတန်း)ကြားနေရာများ ဖြစ်သည်။ မူလမန္တလေး “ဈေးကြို”က အမရပူရ “ဈေးကြို”ပုံစံအတိုင်း တည်ဆောက်ခဲ့သည်။ ၁၈၇၆ ခုနှစ်တွင် မူလ “ဈေးကြိုတော်” ကို ပြင်ဆင်တည် ဆောက်လိုက်၏။ သစ်သားများဖြင့်သာ ပြန်လည် တည်ဆောက်ခဲ့သည့် အဆိုပါ ဈေးကြို (ဈေးချို) မှာ ၁၉၀၂ ခုနှစ် ဧပြီ ၁၂ ရက် (သက္ကရာဇ် ၁၂၆၃ ခုနှစ် တန်ခူးလဆန်း ၅ ရက်)တွင် မီးကြီးလောင်ကျွမ်းသည်။

ထို့နောက် နှစ် ၉၀ ကျော်ကြာ သက်တမ်းရှည်၍ ကမ္ဘာကျော်ခဲ့သော ၁၂ ရုံ အုတ်တိုက် ဈေးချိုတော်ကြီးကို “အုတ်ကာသွပ်မိုး” ဟူသော နေ့နာမ်သင့်အတိုင်း ၁၂၆၅ ခု (၁၉၀၃ ခု)တွင် တည်ဆောက်ခဲ့သည်။

ဗိသုကာမှာ မန္တလေးမြူနီစီပယ်၏ ပထမဆုံးအတွင်း ရေးမှူး အီတလီလူမျိုးဖြစ်သည်။

အေ၊ ဘီ၊ စီ ဟူ၍

၂၆ဘီလမ်း (အာဇာနည်လမ်း)မှ တောင်ဘက် ၂၈ လမ်း (သံဖြူတန်း)အထိ နှစ်ပြ(ပေ ၁၅၀ဝ နီးပါး) ရှည်၍ အရှေ့ အနောက်အနေဖြင့် ၈၄ လမ်းအထိ တစ်ပြ (ပေ ၆၀ဝ နီး ပါး) ကျယ်သည်။ အုတ်တိုက် သွပ်မိုးရုံကြီး ၁၂ ရုံ ပါရှိ၏။ တောင်မြောက်အလျားလိုက်ရှိသော ရုံကြီးသုံးရုံတွဲပြီး ကြားတွင် မလွယ်ပေါက်။ ထို့နောက် နောက်ထပ် သုံးရုံတွဲပြီး အလယ်တွင် ကျယ်ဝန်းသော အလယ်ပေါက် ကြီးထားရှိကာ ထိုပုံစံအတိုင်း တောင်ဘက်တွင်လည်း ခြောက်ရုံတွဲရှိသည်။ အေ၊ ဘီ၊ စီ ဟူ၍ နာမည်ပေးပြီး အယ်လ် အထိရှိသည်။ ရုံအလိုက် အမျိုးအစားတူ ကုန်ပစ္စည်းများကိုပဲ တစုတစည်းတည်း ရောင်းချကြ သည်။

ကြားတန်းများမပါဘဲ တစ်ရုံလျှင် ဆိုင်ခန်းပေါင်း ၁၆ဝ ရှိသည်။ ၁၂ ရုံတွင် ဆိုင်ခန်းပေါင်း ၂၀၀ဝ နီးပါး ရှိမည်။ ထိုအရေအတွက်သည် ရုံကြီးအတွင်း ဝင်လမ်း၊ ထွက်လမ်း၊ ဝင်ပေါက်၊ ထွက်ပေါက်များ မူလအတိုင်း မပျက်မယွင်းရှိ စေရန် နှစ် ၉ဝ စလုံး နေရာချထားခဲ့သည့်စနစ်ဖြစ်သည်။ ထို့ကြောင့် မည်သည့်သဘာဝအန္တရာယ်နှင့် ရင်ဆိုင်ရ သည်မဆို ဝင်လမ်း၊ ထွက်လမ်း ရှင်းသည်။ ထို့ပြင် မလွယ် ပေါက်လမ်းများနှင့် အလယ်ပေါက်လမ်းမကြီးများပေါ်တွင် ယာဉ်များ၊ အထူးသဖြင့် မီးသတ်ကားများ လွယ်ကူစွာ ဝင်နိုင်ပြီး ထွက်လမ်းများလည်း ရှိသည်။ ထိုလမ်းများပေါ် ၌ မီးသတ်ရေကန်များလည်း ရှိသည်။ ရုံတစ်ရုံနှင့် တစ်ရုံ ကြားတန်းများတွင်လည်း မီးသတ်ကန်များထားရှိကာ ရေအပြည့်ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်း

မန္တလေးဈေးချိုတော်တွင် ရုံကြီး ၁၂ ရုံအပြင် အရှေ့ ဘက်၌ ၈၄ လမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း)ကို မျက်နှာ ပြု၍ ၂၆ ဘီလမ်းနှင့် ၂၈ လမ်းကြား၌ တိုက်တန်းကြီး တည်ရှိပြီး ၂၆ ဘီလမ်း၊ ၈၄ လမ်းနှင့် ရွှေတချောင်းမြောင်း ကြားတွင် တိုက်တန်းလေးတည်ရှိသည်။ ၁၉၇ဝ ဝန်းကျင် တွင် အဆိုပါ တိုက်တန်းလေးကို ဖျက်သိမ်းပြီး မန္တလေး မြူနီစီပယ် (ယခုစည်ပင်သာယာရေးကော်မတီ)က မြို့တော်ခန်းမ(၂)နှင့် မြို့တော်ခန်းမ(၃)ဟူ၍ ခေတ်မီ နှစ်ထပ်တိုက်တန်းကြီး တည်ဆောက်ခဲ့သည်။ အပေါ် ထပ်တွင် ခန်းမများထားရှိပြီး အောက်ထပ်တွင် ကုန် ပဒေသာဆိုင်များ၊ ရုံးခန်းများနှင့် တစ်ချိန်က နာမည်ကျော် ကြားခဲ့သည့် မန္တလေးတိုင်းသမဝါယမအသင်းစု၏ သမ ဝါယမစာနယ်ဇင်း စာအုပ်အရောင်းဆိုင်ကြီးတို့ ဖွင့်လှစ်ခဲ့၏။

မြို့တော်ခန်းမ(၂)နှင့် ခန်းမ(၃)တို့တွင် မင်္ဂလာဧည့်ခံပွဲ များ ကျင်းပလေ့ရှိပြီး ယခုအခါ ခန်းမ(၃) နေရာတွင် ရတနာပုံဘဏ်အဆောက်အအုံနှင့် အရောင်းပြခန်းများ ပြုပြင်တည်ဆောက်ခဲ့သည်။ ဈေးချိုတော်ပင်မရုံကြီး ၁၂ ရုံ၏ တောင်ဘက်ခြမ်းရုံ ခြောက်ရုံတွဲ၏ အနောက်ဘက် တွင် ပန်းတန်း၊ ထိုးမုန့်တန်း၊ သံဖြူတန်းလေး၊ မုန့်စုံတန်း တို့ တည်ရှိပြီး မြောက်ဘက် ခြောက်ရုံတွဲ၏ အနောက် ဘက်တွင် ငှက်ပျောတန်း၊ မွေ့ရာတန်း၊ လင်းရောင်ခြည် ဈေးတန်း၊ အောင်ဈေးတန်းတို့ တည်ရှိသည်။

သံဖြူတန်းကြီး

ဈေးချိုတော်ကြီး၏ တောင်ဘက် ၂၈လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားကို သံဖြူတန်းကြီးဟု ခေါ်တွင်ပြီး သံ သေတ္တာများ၊ သံဖြူနှင့်ပတ်သက်သော အထည်များ ရောင်းချကြသည်။ ထို့ပြင် ပွဲရုံများလည်း တည်ရှိသည်။ သံဖြူတန်းကြီးတွင် ဦးခင်မောင်၏ ရွှေဥဒေါင်းသံသေတ္တာ ဆိုင်တည်ရှိသလို မြန်မာပညာရှိကြီး ရွှေပြည်ဦးဘတင်၏ တိုက်လည်းရှိသည်။ ထို့ပြင် မြို့မဒိုးတီးအကျော် ဦးလှဒင် ကလည်း သံဖြူတန်းကြီးတွင် နေထိုင်သည်။ ထို ၂၈ လမ်း ကိုပင် ၈၅ လမ်းနှင့် ရွှေတချောင်းကြားကို အိုးတန်းကြီးဟု ခေါ်ပြီး မြေအိုး၊ စဉ့်အိုးများ ရောင်းချသည်။ အိုးတန်းကြီးနှင့် တစ်ဆက်တည်း ၂၈ လမ်းနှင့် ၂၉ လမ်းကြား၊ ၈၅ လမ်းနှင့် ရွှေတချောင်း ကြားမှာ ထီးတိုင်ဈေးဖြစ်ပြီး မနက်ပိုင်းတွင် ကုန်စိမ်းများ၊ ပန်းများရောင်းချပြီး စားသောက်ကုန်၊ ကုန်ခြောက်နှင့် ပွဲရုံများလည်း တည်ရှိသည်။

၂၇ လမ်းနှင့် ၂၈ လမ်းကြား၊ ၈၆ လမ်းပေါ်တွင်လည်း မုန့်စုံတန်းနှင့် ပျံကျဈေးတန်းတို့ တည်ရှိပြီး အဆိုပါ ၈၆ လမ်းပေါ်တွင် ဆင်ကြီးနှစ်ကောင်ရှိသည်။

ဆင်ကြီးနှစ်ကောင်

ဆင်ကြီး နှစ်ကောင်ဟူသည်မှာ ၈၆ လမ်းမှ အနောက် ဘက်အိမ်တော်ရာဘုရားအရှေ့မုခ်အထိတည်ဆောက် ထားသော အုတ်တံတားကြီး၏ ထိပ်၌တည်ရှိကာ အုတ် ဆင်ရုပ်ကြီးနှစ်ကောင်ကို အစွဲပြုကာ ထိုနေရာကို “ဆင် ကြီးနှစ်ကောင်” ဟု ခေါ်ဝေါ်ကြသည်။ အိမ်တော်ရာ ဘုရားကို မန္တလေးမြို့တည်၊ နန်းတည်နှစ်မတိုင်မီ ၁၂၀၉ ခုနှစ်တွင် ပုဂံမင်းက သူ၏အိမ်တော်နေရာတွင် တည်ထား ကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ ဆင်တံတားမှာ အိမ်တော်ရာ စေတီတော်ကြီးပြီးမှ တည်ဆောက်ခြင်းဖြစ်ပြီး တံတား ဒါယကာမှာ “နိဗ္ဗာနပစ္စယနာဂဆဒ္ဒန်ဆင်မင်း” ကြီးဖြစ် သည်။ ထိုဆင်မင်းမှာ ဘိုးတော်ဘုရားလက်ထပ်တွင် ဟံသာဝတီတောင်ဘက် နိဗ္ဗာန်ရွာ၏ အရှေ့ဘက် ကုန်းသာယာအမည်ရှိ တောတွင်းမှ ဖမ်းယူရရှိပြီး တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူသော ဆင်ဖြူတော်ဖြစ်သည်။ ပုဂံမင်းက အိမ်တော်ရာစေတီတော် တည်ထားပြီးနောက် ၁၂၁ဝ ခုနှစ်တွင် ဆင်မင်းပိုင်ငွေတော်များဖြင့် အုတ် တံတားကြီး တည်ဆောက်ကာ တံတားဦးတွင် အုတ်ဆင် ရုပ်ကြီးနှစ်ရုပ် တည်ဆောက်ပြီး အလှူတော်ပြုလုပ်ပေးခဲ့ ၏။

အိမ်တော်ရာထီး

ထိုဆင်တံတားပေါ်တွင် ယခင်က မန္တလေးမြို့၏ နာမည်ကြီး အိမ်တော်ရာထီးများကို ထုတ်လုပ်ရောင်းချ ခဲ့သည်။ အိမ်တော်ရာထီးသည် ရဟန်းဆောင်း၊ လူ ဆောင်းသာမက မိန်းမပျိုကလေးများပင် နှစ်သက်စွာ ဆောင်းကြသည်။ အိမ်တော်ရာထီးကို တစ်ပြည်လုံး ကျယ်ပြန့်စွာရောင်းချရသဖြင့် ထီးရိုးပြုလုပ်သော လုပ်ငန်းအစုအဝေးကြီးပင် ရှိခဲ့ဖူးသည်။ ထိုနေရာကို ထီးရိုးဝင်းဟု ခေါ်တွင်ခဲ့၏။ ယခုအိမ်တော်ရာထီး ပျောက် ကွယ်ခဲ့သည်မှာ ကြာပေပြီ။ ယခုတိုင်မန္တလေးတွင် အခိုင် အမာတည် ရှိနေဆဲဖြစ်သော ပွဲစားကုန်သည် စက်ပိုင်များ ၏ ကထိန်တော်အသင်းကြီးသည် ၁၉၃ဝ ဝန်းကျင်ကာလ များက အိမ်တော်ရာဆင်ကြီး နှစ်ကောင်အနီး ပွဲစားကြီး ဦးသန့်အိမ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ် သည်။

ညပိုင်းတွင်လည်း ဈေးချိုတော်ရုံကြီး ၁၂ရုံနှင့် တိုက် တန်းကြီးကြားတွင် ညဈေးတန်းတည်ရှိခဲ့သည်။ နေ့ခင်း ပိုင်း မအားလပ်သဖြင့် မဝယ်ခြမ်းရသူများ ဈေးချို ညဈေး တန်းတွင် စိတ်ချလက်ချ ဝယ်ယူနိုင်သည်။ အနယ်နယ် အရပ်ရပ်သာမက နိုင်ငံတကာအထိ စိတ်ဝင်စားခဲ့သော ညဈေးတန်းကြီးဖြစ်သည်။

ဈေးရပ်ကွက်ကြီး

ဈေးချိုတော်၏ မြောက်ဘက် ၂၅လမ်းနှင့် ၂၆ ဘီ လမ်းကြား၊ ၈၆လမ်း ရွှေတချောင်းမြောင်း အရှေ့ဘက် တွင်လည်း မန်းသီရိဈေးဟူ၍ တည်ရှိခဲ့၏။ ယခင်က ပင်လယ်ငါးနှင့် အသားငါးကုန်ခြောက်ဈေးကြီး ဖြစ် သည်။ ယခုအခါ အထပ်မြင့်ဈေးကြီး တည်ဆောက်ပြီး ဖြစ်သည်။ ဈေးချိုတော် တိုက်တန်းကြီး၏ အရှေ့ဘက် ၂၅လမ်းမှ ၂၈လမ်းကြား၊ ၈၃လမ်းမှ ၈၄လမ်းကြားတွင် ဆောက်လုပ်ရေး ကုန်မာပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဒီဇယ်အင်ဂျင် နှင့် ရေစုပ်စက်ပစ္စည်းများ ရောင်းချကြသည့် ဆိုင်ခန်းကြီး များ တည်ရှိကြသည်။ ယခင်က ၂၇ လမ်းနှင့် ၂၈လမ်းကြား၊ ၈၃ လမ်းနှင့် တောင်ဘက် တိုက်တန်းကြီးကြားတွင် သေတ္တာဝင်းဟု တည်ရှိခဲ့ပြီး ထင်းရှူးသေတ္တာများ၊ ကုန် ပစ္စည်းထည့် အသားကြမ်းသေတ္တာများ ပြုလုပ်ရောင်းချ ကြသည်။ ဈေးချိုတော်ကြီးကို ဗဟိုပြု၍ မြောက်မှ တောင် ဘက် ၂၅လမ်းမှ လမ်း၃ဝ အတွင်း၊ အရှေ့မှ အနောက် သို့ ၈၃လမ်းမှ ၈၈လမ်းအတွင်း နေရာကြီးသည် ဈေး ရပ်ကွက်ကြီးဖြစ်ခဲ့၏။ ၂၉လမ်းရှိ ဝါးတန်းရပ်သည်လည်း ဈေးလမ်းမကြီးဖြစ်သည်။ သကျသီဟဘုရား အနီးတွင် လည်း ပွဲရုံတန်း၊ ဆန်တန်းများ တည်ရှိသည်။ အဆိုပါ ဈေးရပ်ကွက်ကြီးလည်း မလွန်ဈေးရပ်ကွက်ကြီးနှင့် တစ်ဆက်တည်း ဖြစ်သွား၏။

မန္တလေးမြို့၏ စီးပွားရေးအချက်အချာ

ထို့ကြောင့် မလွန်ဈေးနှင့် ဈေးချိုတော်ကြီးသည် မန္တလေးမြို့၏ စီးပွားရေးအချက်အချာ အသည်းနှလုံး ဖြစ်သည်။ မန္တလေးမြို့၏ စီးပွားရေးရေချိန်ကြီး ဖြစ်ခဲ့ သည်။ မြန်မာလူမျိုးတို့၏ စီးပွားရေးအတက်အကျ ပြဒါး တိုင်လည်း ဖြစ်ခဲ့သည်။ မြို့တည်ကတည်းက တည်ရှိခဲ့ သော အခင်းအကျင်းဖြစ်သဖြင့် ထိုရပ်ကွက်ကြီးများ၊ ဈေးကြီးများ၏ လူမှုဆက်ဆံရေးများသည် မြန်မာ့လူမှု ဆက်ဆံရေးစစ်စစ်ဖြစ်ခဲ့သည်။ ထို့ကြောင့် ဈေးချို တော်ရုံကြီး ၁၂ ရုံအတွင်းရှိ ဆိုင်ခန်းများမှာ အခန်းမရှိ၊ အကာမရှိ၊ အကန့်မရှိ။ ဟိုဘက်ဆိုင် ဒီဘက်ဆိုင် လှမ်းမြင် နေရသည်။ ဘိုးဘွားမှအစ သားသမီးမြေးမြစ်အထိ ပိုင်ဆိုင်မှုမပြောင်းလဲသဖြင့် အစဉ်အဆက် မိသားစု သဖွယ် ဖြစ်သည်။ ဤသို့ဖြင့် ဈေးရုံတစ်ရုံလုံး မိသားစုဖြစ်၏။ ဈေးရုံတစ်ရုံလုံးသာမက ဈေးချိုတော်ကြီးတစ်ခုလုံးကလည်း မိသားစုများပင် ဖြစ်ခဲ့သည်။

၁၉ရာစု ကနဦးအစက ဗိသုကာ

ထို့ကြောင့် ဈေးချိုတော်ရုံကြီး ၁၂ ရုံ၏ သက်တမ်း ၉ဝ အတွင်း (၁၉၀၉ ခုနှစ်မှ အဆိုပါရှေးဟောင်းဈေးရုံကြီးများ စတင်ဖျက်သိမ်းသည့် ၁၉၉၁ ခုနှစ်အတွင်း) ဈေးချိုမှ စတင်၍ ကြီးကြီးမားမားမီးဘေးမရှိခဲ့။ ကြီးကြီးမားမား ဆုံးရှုံးမှုမရှိခဲ့။ ယုတ်စွအဆုံး စစ်ကြီးအတွင်းမှာပင် ဈေးချို တော်က ဘေးမသင့်ခဲ့ပေ။ ၁၉ရာစု ကနဦးအစက ဗိသုကာ သည် ရေမြေဒေသနှင့်အညီ ခေတ်မီစနစ်ကျလှပါပေ၏။ ၁၉၀၂ ခုနှစ် ဧပြီလ ၁၂ရက် (သက္ကရာဇ် ၁၂၆၃ခု တန်ခူး လဆန်း ၅ရက်) မီးကြီးလောင်၍ ယခင်သစ်သား ဈေးချို အဆောက်အအုံကြီး မီးသင့်သောကြောင့် ထိုကဲ့သို့ စနစ် ကျသော အုတ်တိုက်ဈေးချိုတော်ကြီး တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကာလကြီးမှာပင် ထိုဈေးချိုကြီး မီးဘေးမသင့်ခဲ့။ ၁၉၉ဝ ခုနှစ်က ဖျက်သိမ်းလိုက်မှသာ နိဋ္ဌိတံခဲ့ခြင်းဖြစ်သည်။

(TheMandalay NewsJournal)
Alex Aunghttp://www.blogger.com/profile/13958650132140473779noreply@blogger.com0tag:blogger.com,1999:blog-3813763337170553596.post-4611526571429604642023-12-23T14:07:00.000+06:302023-12-23T14:07:37.297+06:30မန္တလေးရဲ့ ထူးခြားတဲ့အသုံးအနှုန်း (၁၀)ခု
မန္တလေးရဲ့ ထူးခြားတဲ့အသုံးအနှုန်း (၁၀)ခု

မန္တလေးကို အလည်လာကြသူတွေ၊ မန္တလေးကို အသစ်လာရောက်အခြေချနေထိုင်သူတွေ နားမရှင်း၊ မျက်စိရှုပ်တတ်တဲ့ အသုံးအနှုန်း (၁၀) မျိုး ကို ရှင်းပြချင်လို့ပါ။ ဒီ post လေးကို အစအဆုံးဖတ်ပြီးရင် ဘာလို့ဒီလိုခေါ်တယ်ဆိုတဲ့အသုံးအနှုန်းလေးတွေကို သိသွားကြလိမ့်မယ်ထင်ပါတယ်နော်။

✳️ မုန့်တီ

မန္တလေးမှာ မုန့်တီစားရင် နန်းကြီးသုပ်စားမယ်လို့ တခါတည်းမမှာကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးချယ်စရာ မုန့်တီအမျိုးအစားအများကြီးရှိလို့ပါပဲ။ ကြက်သားနိုင်းချင်း၊ ငါးဖယ်လုံးတွေနဲ့ မန္တလေးမုန့်တီလား၊ ဂေါ်ဖီဖတ်၊ ဗယာကြော်တွေနဲ့ စေးနေအောင်သုပ်ထားတဲ့ ခိုတောင်မုန့်တီလားဆိုပြီး ရွေးချယ်နိုင်သလို မုန့်တီဖတ်အရွယ်အစားကိုလည်း ရွေးချယ်နိုင်ပါတယ်။

မန္တလေးမုန့်တီစားမယ်ဆိုရင်

နန်းသေး = 0.1 - 0.2 cm

နန်းလတ် =0.4 - 0.5 cm

နန်းကြီး = 0.7 - 0.8 cm ဆိုပြီး အရွယ်အစား (၃)မျိုးရွေးချယ်နိုင်ပြီး ခိုတောင်မုန့်တီမှာတော့

ခိုတောင်နန်းလို့ခေါ်တဲ့ 0.3-0.4 cm ဆိုဒ်ကိုအများဆုံးအသုံးပြုပါတယ်။ ခိုတောင်နန်းဟာ နန်းသေးနဲ့ နန်းလတ်ကြားက ဆိုဒ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ မန္တလေးမှာ နန်းကြီးသုပ်စားမယ်လို့မပြောကြဘဲ မုန့်တီစားမယ်လို့သာ မှာကြပြီး ကိုယ်ကြိုက်နှစ်သက်ရာ မုန့်တီအမျိုးအစားနဲ့ နန်းအမျိုးအစားကို ရွေးချယ်သုံးဆောင်ကြတာ ဖြစ်ပါတယ်။

✳️ မုန့်ဟင်းခါးသောက်မယ်

မန္တလေးမှာ မုန့်ဟင်းခါးသုံးဆောင်တာကို "မုန့်ဟင်းခါး စားတယ်"လို့ မသုံးနှုန်းဘဲ "မုန့်ဟင်းခါး သောက်တယ်"လို့ သုံးကြပါတယ်။ မန္တလေးရဲ့မုန့်ဟင်းခါးတွေဟာ ရန်ကုန်မုန့်ဟင်းခါးလို အရည်မပျစ်၊ ငါးအဖတ်မများဘဲ ပဲအရည်ကျဲကျဲ၊ ငါးအဖတ်နည်းနည်းနဲ့ ချက်ကြတာမို့ "သောက်တယ်"လို့ သုံးကြတာဖြစ်ပါတယ်။

✳️ မန္တလေးထမင်းပေါင်း

မန္တလေးမှာ ထမင်းပေါင်းတစ်ပွဲပေးပါလို့မှာလိုက်ရင် နီနီရဲရဲ ဆော့စ်နဲ့နယ်ထားပြီး မြေပဲဆံဖြူးထားတဲ့၊ အသားကြော်၊ အသားကင်များများပါတဲ့ ထမင်းတပွဲရောက်လာပါလိမ့်မယ်။ ရန်ကုန်ထမင်းပေါင်းလို ကော်ရည်နဲ့ အသီးအရွက်ကြော်ထားတာမျိုး တွေ့ရမှာမဟုတ်ပါဘူး။ ဒါကြောင့်မန္တလေးမှာ ထမင်းပေါင်းမှာစားရင် မန္တလေးထမင်းပေါင်းလား၊ ရန်ကုန်ထမင်းပေါင်းလားလို့ သေချာခွဲခြားပြောပေးဖို့လိုပါလိမ့်မယ်နော်။

✳️ တိုရ/ပဲပင်ပေါက်

မန္တလေးမှာ မြီးရှည်စားမယ်ဆို တချို့ဆိုင်တွေက "တိုရထည့်မလား"လို့ ပြန်မေးတတ်ကြပါတယ်။ "တိုရ"ဆိုတာ တကယ်တော့ ပဲပင်ပေါက်ပါပဲ။ ရှေးခေတ်တုန်းက မန္တလေးမှာ မြီးရှည်ဟာ ပြည်ကြီးတရုတ်တွေနဲ့အတူပါလာခဲ့တဲ့ စားသောက်ဖွယ်ရာတစ်မျိုး(တမျိုး)ပါ။ မြီးရှည် ဆိုတဲ့ စကားလုံးကိုက တရုတ်လို: 米線(Mǐxiàn) "မီရှန့်"ကနေ ဆင်းသက်လာတာပါ။ ဒါကြောင့် မြီးရှည်ထဲထည့်တဲ့ ပဲပင်ပေါက်ကိုလည်း တရုတ်လို 豆芽(Dòuyá)"တို့ရာ"ကနေ ဆင်းသက်လာပြီး မြန်မာလို "တိုရ" ဖြစ်သွားပါတယ်။

✳️ ခါကျက်ဥ

ခါကျက်ဥဆိုတာ ကြက်/ငှက် တိရစ္ဆာန်တွေရတဲ့ဥ မဟုတ်ပါဘူး။ မန္တလေးမှာ မုန်လာဥနီ (carrot) ကို ခါကျက်ဥလို့ ခေါ်ကြပါတယ်။ Hindi ဘာသာစကား (Gaajar Root) ဂါဂျာရု ကနေ မြန်မာလို ခါကျက်ဥ ဖြစ်လာတာပါပဲ။ ခါကျက်ဥလိုပဲ ဈေးကွက်ထဲက တချို့သီးနှံတွေအမည်ကလည်း Hindi ဘာသာစကားကနေ မွေးစားထားတာဖြစ်ပါတယ်။

(Gaajar Root)= ခါကျက်ဥ

(Aloo)= အာလူး

(Gobhee)= ဂေါ်ဖီထုပ် စတဲ့စကားလုံးတွေပါ

✳️ ဒူးမလိုင်

မန္တလေးမှာ ဒူးမလိုင်လို့ မှာလိုက်ရင် ဒူးရင်းသီးတဖတ်မှမပါတဲ့ မလိုင်စစ်စစ်တခွက်ရောက်လာပါမယ်။ ဒါကိုမှ ဘာလို့ဒူးရင်းသီးမပါတာလဲမေးချင်ရင် ဒူးမလိုင်ဟာ ဒူးရင်းမလိုင် မဟုတ်လို့ပါလို့ ပြန်ဖြေရပါမယ်။ ဒူးမလိုင်ဆိုတာဟာ အိန္ဒိယအချိုပွဲ တစ်မျိုးဖြစ်ပြီး Doodh Malai ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာပါတယ်။ ဒါကြောင့် ဒူးမလိုင်ဟာ ဒူးရင်းမလိုင်ကို အလွယ်တကူခေါ်တဲ့စကားလုံးမဟုတ်တာကြောင့် ကိုယ်သောက်ချင်တာဟာ ဒူးမလိုင်လား၊ ဒူးရင်းမလိုင်လား သေချာသိပြီး မှာဖို့လိုပါတယ်နော်။

✳️ Co Co /ခေါခေါ

မန္တလေးမြို့အနှံ့မှာတွေ့ရတဲ့ Co Co ဆိုတဲ့ Convenient store ဆိုင်ငယ်လေးများကို မန္တလေးသူ မန္တလေးသားများက "ခေါခေါ"လို့သာ ခေါ်ကြပါတယ်။ တခြားမြို့ကလာသူများက ကိုကို/ စီအိုစီအို စသဖြင့် ခေါ်ကြပေမယ့် မန္တလေးမှာ ဘာကြောင့် ခေါခေါ လို့ခေါ်ရသလဲဆိုတာကလည်း သမိုင်းကြောင်းရှိပါတယ်။ Co Co ဟာ မူလက "ခေါခေါ"ဆိုတဲ့နာမည်နဲ့ လွန်ခဲ့တဲ့ နှစ်(၃၀)ဝန်းကျင်ကတည်းက မန္တလေး မန်းမြို့ဈေးအနီး 84လမ်း 38-39 ကြားမှာ စတင်ဖွင့်လှစ်ရောင်းချခဲ့ပါတယ်။ ဒါကြောင့်မို့ ဒီဆိုင်ကို ခေါခေါ လို့သာ လူသိများခဲ့တာမို့ နောက်ပိုင်းမှာ Co Co လို့နာမည်ပြောင်းပြီး ဆိုင်ခွဲတွေ တိုးချဲ့ဖွင့်လှစ်ပေမယ့် နှုတ်ကျိုးနေတဲ့အတိုင်း ခေါခေါလို့သာ ဆက်လက်ခေါ်ဆိုနေကြခြင်းဖြစ်ပါတယ်။

✳️ တပြ၊ နှစ်ပြ

နေရာတခုခုကို မသိလို့ မန္တလေးသူ၊ မန္တလေးသားတွေကို လမ်းညွှန်မေးရင် ဟောဟိုဘက် တပြ၊ နှစ်ပြ လို့ ရည်ညွှန်းတတ်ကြပါတယ်။ တခြားမြို့တွေလို တလမ်း/နှစ်လမ်း၊ တဘလောက်/နှစ်ဘလောက်လို့မသုံးဘဲ ဘာလို့ "ပြ"ဆိုတဲ့ အသုံးအနှုန်းကို သုံးကြတာလဲဆိုတော့ မန္တလေးရဲ့လမ်းတွေဟာ မင်းတုန်းမင်းလက်ထက်ကတည်းက မြနန်းစံကျော်ရွှေနန်းတော်ကို ဗဟိုပြုလို့ လမ်းတွေကို မြို့ရိုးရဲ့ ပြအိုးတခုစီတိုင်းနဲ့တည့်တည့် ဖောက်လုပ်ထားလို့ပါပဲ။ လေးထောင့်မြို့ရိုးတွေဟာ တဘက်ကို တာ(၆၀၀)ရှိပြီး (၁၂)ခုအတိအကျခွဲထားတာမို့ ပြအိုး တခုနဲ့တခုဟာ တာ(၅၀)ကွာဝေးပါတယ်။ အခုခေတ်အတိုင်းအတာနဲ့ဆို ပေပေါင်း (၅၅၀)ဝန်းကျင်ပါ။ ဒါကြောင့် ပြအိုးတခုခြားတိုင်း လမ်းတခုရှိတဲ့အတွက် တပြအိုး၊ နှစ်ပြအိုး ရေတွက်ခေါ်ဆိုရာကနေ တပြ၊ နှစ်ပြ ဖြစ်လာခဲ့ပါတယ်။ မန္တလေးနန်းတော်ကို အလယ်ဗဟိုထားလို့ အရှေ့ဘက်အရပ်ကို နန်းရှေ့၊ မြောက်ဘက်အရပ်ကို မြောက်ပြင်၊ အနောက်ဘက်ခြမ်းကိုအနောက်ပြင်၊ အမရပူရကို တောင်မြို့ ခေါ်ဆိုကြသလို အရပ်မျက်နှာ လမ်းညွှန်ရာမှာလည်း ဘယ်-ညာမသုံးဘဲ အရှေ့၊အနောက်၊တောင်၊မြောက်ကို ရည်ညွှန်းပြောတတ်ကြပါတယ်။

✳️ ဘူတာကြီး

မန္တလေးသူ၊ မန္တလေးသားတွေက သူတို့မြို့က ဘူတာကို "ကြီး"ထည့်ပြီး ဘာလို့ခေါ်ကြတာလဲရယ်လို့ တခြားမြို့သူမြို့သားတွေက တအံ့တဩဖြစ်တတ်ကြပါတယ်။ တကယ်တော့ မန္တလေးမှာ ပါတော်မူပြီးစကာလများက ဘူတာကြီးနဲ့ ဘူတာလေး ရယ်လို့ နှစ်မျိုးရှိခဲ့လို့ပါပဲ။ ပါတော်မူပြီးစက မန္တလေးမှာ အိန္ဒိယလူမျိုး Manetji "မနန့်ဂျီ"က ပြေးဆွဲတဲ့ ပုဂ္ဂလိကပိုင် ရထားငယ်တမျိုးရှိခဲ့ပါတယ်။ မနန့်ဂျီ ဓာတ်ရထားဟာ ပုံမှန်မြင်တွေ့နေကျ ရထားအရွယ်အစားထက်သေးသလို အသုံးပြုတဲ့သံလမ်းအမျိုးအစားကလည်းပိုသေးပါတယ်။ ဒါကြောင့် မနန့်ဂျီရထားကို မနှင်းဆီရထားလို့လည်းခေါ်ကြသလို မနှင်းဆီ ရထားဆိုက်ရာဘူတာကို ဘူတာလေးလို့ခေါ်ပါတယ်။ မနှင်းဆီရထားဟာ ဈေးချို-မတ္တရာပြေးဆွဲပြီး ကုန်စိမ်းတွေအဓိက သယ်ဆောင်ပါတယ်။ ဘူတာလေးဟာ ယခု မန်းသီရိဈေးနေရာမှာပါ။ မနန့်ဂျီရထားနဲ့ ဘူတာလေးဟာ ၁၉၂၀ ကျော်ခုနှစ်များကတည်းက ဖျက်သိမ်းလိုက်ပြီမို့မရှိတော့ပါဘူး။ လမ်း ၃၀ - ၇၈ လမ်းဆုံမှာတည်ရှိပြီး တမြို့ကနေတမြို့ ပြေးဆွဲတဲ့ ရေနွေးငွေ့စက်ခေါင်းသုံးမီးရထားကြီးများဆိုက်ကပ်ရာကိုတော့ ဘူတာကြီးလို့ ခေါ်ပါတယ်။ ဘူတာနှစ်မျိုးရှိခဲ့တာမို့ ဘူတာကြီးနဲ့ ဘူတာလေးလို့ ခွဲခြားခေါ်ဝေါ်ရာကနေ နောက်ပိုင်းမှာ မနှင်းဆီရထားနဲ့ ဘူတာလေးမရှိတော့ပေမယ့် ဘူတာကြီးကို "ဘူတာကြီး"လို့ပဲ ဆက်လက်ခေါ်ဝေါ်နေကြတာဖြစ်ပါတယ်။

✳️ ကျွန်တော်

မန္တလေးသူတွေက စကားပြောရာမှာ ကိုယ့်ကိုကိုယ် "ကျွန်တော်/ကျနော်"ဆိုတဲ့နာမ်စား သုံးလေ့ရှိကြပါတယ်။ သီချင်းတွေထဲမှာတောင် "ကျွန်တော် ကျွန်တော်နဲ့ ပြောတတ်တဲ့ မန္တလေးသူ"ဆိုပြီး ထည့်သွင်းဖွဲ့ဆိုခဲ့ပါတယ်။ နိုင်ငံကျော် သင်္ကြန်မိုးရုပ်ရှင်ဇာတ်လမ်းမှာ မင်းသမီးခင်သန်းနု (ထား) က မန္တလေးဆန်တဲ့ "ကျွန်တော်"ဆိုတဲ့ နာမ်စားထည့်သုံးပေမယ့် ဆင်ဆာအဖွဲ့က ပြန်လည်ဖြုတ်ချခဲ့ဖူးပါတယ်။ ကျွန်တော်ဆိုတဲ့နာမ်စားဟာ ယခုခေတ်မှာတော့ အမျိုးသားသုံး နာမ်စားအဖြစ်သာယူဆနေကြပေမယ့် တကယ်တော့ ရှေးအစဉ်အဆက်ကတည်းက မန္တလေးမှာတော့ အမျိုးသားရော၊ အမျိုးသမီးရော အသုံးပြုတဲ့နာမ်စားဖြစ်ပါတယ်။ မန္တလေးဟာ မြန်မာဘုရင်မင်းဆက်ရဲ့ နောက်ဆုံးစိုးစံခဲ့တဲ့မင်းနေပြည်တော်ဖြစ်တာနဲ့အညီ ရှေးက မန္တလေးသူ၊ မန္တလေးသားတွေဟာ ဘုရင်မင်းမြတ်ဆီ အခစားဝင်ရတဲ့အခါ ကျေးတော်မျိုး၊ ကျွန်တော်မျိုးအဖြစ် မိမိကိုယ်ကိုနှိမ့်ချသုံးနှုန်းတာပါ။ ခုချိန်မှာ မန္တလေးဟာ မင်းနေပြည်တော်အဖြစ်မရှိတော့ပေမယ့် မန်းသူ၊ မန်းသားများကတော့ ကျွန်တော်ဆိုတဲ့စကားကို ဒီနေ့ထိ အမျိုးသားရောအမျိုးသမီးပါ ဆက်လက်သုံးနှုန်းနေကြဆဲဖြစ်ပါတယ်။

စာလည်းရှည်သွားပြီဆိုတော့ အခုဆိုရင် မန္တလေးက တခြားမြို့နဲ့မတူတဲ့ အသုံးအနှုန်းတွေဟာ ဘယ်ကနေဘယ်လိုဆင်းသက်လာတယ်ဆိုတာ သိသွားကြလောက်ပြီထင်ပါတယ်။

(Mandalarian - ယဉ်ယဉ်နှောင်း)
Alex Aunghttp://www.blogger.com/profile/13958650132140473779noreply@blogger.com0tag:blogger.com,1999:blog-3813763337170553596.post-65794712415004032562023-12-18T05:30:00.016+06:302023-12-18T05:30:00.138+06:30ယမကာနိဒါန်း (အပိုင်း နှစ်)
ယမကာ နိဒါန်း (၂)

အရက် ဟူသော စကားလုံးသည် မြန်မာ စကားမဟုတ်၊ မူလ အာရေဗျ စကားဖြစ်ကြောင်း ပညာရှင်များရေးသားကြသည်ကို အရင် Post တွေမှာ ကြိမ်ဖန်များစွာ ဖော်ပြခဲ့ဖူးပါတယ်။

မြန်မာစကားအရဆိုလျှင် သေ၊ သေရည် စသည်ဖြင့်ခေါ်ရမည်လားမပြောနိုင်ပါ။

အာရပ်ကမ္ဘာတွင် ယခင့်ယခင်ကာလများဆီက စမုံစပါးမှ ချက်လုပ်သော ယမကာကို Araq ဟုခေါ်ဆိုကြပါသည်။ မြန်မာသံဖြင့်ဖလှယ်သော် "အရက်" ဖြစ်ပါမည်။ ရကောက်အသံဖြစ်မည်။ အရှေ့အလယ်ပိုင်းဒေသတွင် Arak ဟု စာလုံးပေါင်းကြသည်။ လက်ဘနွန်၊ ဆီးရီးယား၊ဂျော်ဒန်၊ အစ္စရေး၊ ပါလက်စတိုင်း တို့သာမက အရှေ့တောင်အာရှ နိုင်များတွင်လည်း "အရက်" ဟုသာ အသံထွက်ခေါ်ဆိုကြပါသည်။ သီရိလင်္ကာ အုန်းရည်မှထုတ်လုပ်သော Arrack သည် အင်္ဂလန်၊ အမေရိကတို့ထိ ဈေးကွက်ဝင်ခဲ့သည်။

သရေခေတ္တရာ ပျူ၊ ပုဂံ တို့မှစ၍ သေ စားပွဲကျင်းပသည် သေသောက်ကျူးသည် စသည်ဖြင့် ယမကာအသုံးအနှုန်းများစွာ တွေ့ရသော်လည်း ထန်းရည်၊ ပင်ကျရည်လား၊ သို့မဟုတ် နေကျော် ထန်းရည်မှ ပေါင်းခံသော ယနေ့ခေတ် တောအရက်လား သေချာမသိပါ။ သို့တည်းမဟုတ် နေကျော် ထန်းရည်အချဉ်ကဲ့သို့ပင် စိမ်ရည်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် မြန်မာတို့၏ အစောဆုံး လောကီကျမ်း သို့မဟုတ် အဂ္ဂိရတ်ကျမ်းစာ ကပ္ပါလင်္ကာရကျမ်းသည် သရေခေတ္တရာ ပျူခေတ်တွင် စတင်ပေါ်ပေါက်ခဲ့သည်ဟု ဆိုပါတယ်။

မြန်မာ့ပထမဆုံးလောကီကျမ်းအဖြစ်မှတ်ယူနိုင်သော "ကပ္ပါလက်ာရကျမ်း"အား ပျူခေတ် နောက်ဆုံးမင်း သုပညာနာဂရဆိန္ဒမင်းလက်ထက် သရေခေတ္တရာမြို့အရှေ့ဖက် နှစ်ယူဇနာအကွာ ဆင်ဦးကင်းသဏ္ဍန်တောင်တွင် ဂူပြိုကျရာမှ တောရဆောက်တည်နေသော ဥတ္တမသီရိမထေရ်တွေ့ရှိခဲ့ပြီး ကူးယူခဲ့သည်ဟုဆိုပါသည်။ အက္ခရာတို့ကိုအခြေပြုသော အင်းအတတ်ပညာများ၊ အဂ္ဂိရတ်လုပ်ရပ်များပါဝင်ပါသည်။ နေထွက်၊မွန်းတည့်၊နေဝင် စာဖို စာမ အက္ခရာများခွဲခြားသတ်မှတ်ချက်နှင့် ပိဋကတ်သခ်ျာ၊ မြင့်မိုရ်သခ်ျာရေးနည်း အယူအကောက်များဖြင့်စတင်ခဲ့ပါသည်။ ၎င်းရေးသားနည်းများသည် ဂရိတွေးခေါ်ပညာရှင်များ၊ သခ်ျာ၊သိပ္ပံ လောကီပညာရှင်များဖြင့် သက်တမ်းအကြာဆုံးလျှို့ဝှက် တည်ရှိခဲ့သည့် အနောက်တိုင်းလောကီပညာအသင်း ဖရီးမေဆင်ဂိုဏ်း၏ လျှို့ဝှက်စာရေးနည်း Freemason Cipher နှင့် သဘောသဘာဝ အတူတူပင်ဖြစ်ပါသည်။ တနည်းအားဖြင့် ယနေ့ခေတ်အိုင်တီနည်းပညာတွင်သုံးသော decrypt/encrypt ပင်ဖြစ်ပါသည်။ ကိုလိုနီခေတ် ခေတ္တမြန်မာပြည်ဘုရင်ခံ ဆာဂျေအေ မောင်ကြီး အဂ်လန်တွင်ပညာသင်ရင်း ဖရီးမေဆင်အသင်းဝင်ဖြစ်ခဲ့ဖူးသည်ဆိုပါတယ်။ ဦးဖိုးကျား ပြန်လည်ရေးသားသော ကပ္ပါလင်္ကာရ အဖွင့် စာအုပ်မှ တဆင့်သိရှိရခြင်းဖြစ်ပါသည်။

သရေခေတ္တရာခေတ်နှင့်ကာလတူ အနောက်ဖက်ဒေသတွင် အီဂျစ်ပြည်ဖွားဂရိလူမျိုး Alchemist (အဂ္ဂိရတ်ပညာရှင်) Zosimous ၏ Cheirokmeta ဟူသော အဂ္ဂိရတ်ကျမ်းစာတစောင်ပေါ်ထွက်ခဲ့ပါသည်။ အေဒီ (၃)ရာစုဖြစ်သဖြင့် မြန်မာပြည် သရေခေတ္တရာခေတ် တနည်းအားဖြင့် သံခေတ်နှောင်းပိုင်းကာလတွင်ဖြစ်ပါလိမ့်မည်။ Distillation Appratus (ပေါင်းခံကိရိယာ) ကိုဖော်ပြခဲ့ပြီး ထိုခေတ် အဂ္ဂိရတ် လုပ်ရပ် (ဖို)ရုံများတွင်အသုံးပြုခဲ့ဟန်တူပါသည်။

အဂ္ဂိရတ်လုပ်ငန်းတွင်အသုံးပြုသော ပေါင်းခံကိရိယာကို ယနေ့ခေတ် ကဏ္ဍနယ်ပယ်အသီးသီးတွင် တွင်ကျယ်စွာအသုံးပြုနေကြသည်ကို အလွယ်တွေ့နိုင်ပါသည်။ နှင်းဆီပန်း၊သစ်မွှေး၊နံ့သာဖြူစသည်တို့မှ ဆီမွှေး (Essential Oil)ကို ပေါင်းခံထုတ်နိုင်သလို၊ ပူစီနံနံ၊စပါးလင်တို့မှလည်း ဆီမွှေးများပေါင်းခံထုတ်နိုင်ပါသည်။တနည်းအားဖြင့်ဆိုသော် အရက်ပေါင်းခံအိုးဖြင့် Essential Oil ရနံ့ဆီမွှေးကို သစ်ပင် ပန်းမန်များမှ ထုတ်ယူနိုင်ပါသည်။ တောအရက်ချက်သည်ဖြစ်စေ၊ ဝီစကီဘရန်ဒီချက်သည်ဖြစ်စေ ဤပေါင်းခံနည်းစနစ်တနည်းသာ တကမ္ဘာလုံးသုံးလေသည်။ တခြားနည်းမရှိ။ တောအရက်ကို သစ်စည်တွင်ထည့်၍ နှစ်ချို့သိုလှောင်သော် အနံ့အရသာပြောင်းလဲလျက် ၃နှစ်၊ ၈နှစ်၊ ၁၂ နှစ်၊ ၁၅ နှစ်၊ ၁၈ နှစ် ဝီစကီ စသည်ဖြင့်ဖြစ်လေသည်။ ရမ်၊ဝီစကီ၊ ဘရန်ဒီ အရက်အုပ်စုခွဲခြားမှုသည် စိမ်ရည်တည်မည့် ကုန်ကြမ်းပေါ် မူတည်၍သာ ခွဲခြားလေသည်။

ယနေ့ခေတ်တွင် ဓါတုဗေဒကို Chemistry ဟုခေါ်ဆိုပြီး အဂ္ဂိရတ်ကို Alchemy ဟု ဝေါဟာရပြုပါသည်။ မြန်မာအခေါ် မီးအတတ်ဟု အနက်ဖွင့်ရမည့် အဂ္ဂိရတ်သည် သိပ္ပံနည်းကျ ဓါတုဗေဒ Chemistry ၏ အစပင်ဖြစ်ပါသည်။ အေဒီ သုံးရာစု အီဂျစ်မှ အဂ္ဂိရတ်ဆရာ (Alchemist) Zosimous ၏ Cheirokmeta သည် ရှေးအကျဆုံး ဓါတုသိပ္ပံ ကျမ်းစာတစောင်မှ စတင်လျက် အနောက်တိုင်း အရက်ပေါင်းခံနည်း၏ မြစ်ဖျားခံရာကို တွေ့ရသည် ဆိုရပေမည်။ ခေတ်ပြိုင်ဖြစ်သည့် သရေခေတ္တရာပျူခေတ်၏ ကပ္ပါလင်္ကာရ ကျမ်းတွင် ပေါင်းခံနည်း ပါကြောင်းကိုတော့ မတွေ့ရပါ။ သို့သော် အရှင်နာဂသိန် ပြန်လည်ရေးသားသည် ဓါတ်သမုဒ္ဒရာကျမ်း (အဂ္ဂိရတ်ကျမ်းစာ) ပါ ဓါတ်ခွဲ ယန္တရားများတွင် ပေါင်းခံနည်းများချည်းသာ တွေ့ရသဖြင့် အိန္ဒိယနှင့် အဆက်အဆံရှိ၍ အဂ္ဂိရတ်ပညာထွန်းကားခဲ့သော သရေခေတ္တရာ၊ ပုဂံအရပ်တို့တွင် Distillation ကို ကောင်းစွာနားလည်ခဲ့ပြီဟု ယူဆမိပါသည်။

သရေခေတ္တရာပျူခေတ်ကတည်းက ဗုဒ္ဓဘာသာထွန်းကားခဲ့သော မြန်မာပြည်တွင် လူအတော်များများ ဖတ်ဖူးကြလိမ့်မည့် ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တွင် သလေးစပါး၊ ငရုတ်၊ သျှိသျား စသည့် အနီးအပါးသစ်သီးအစုံအား ငှက်တို့ချီယူ၍ စွန့်ခဲ့သည့် သစ်ခေါင်းတွင် မိုးရေ ဖြင့်ဖြည့်၍ နေအပူချိန်ဖြင့် ကဇော်ပေါက်စေလျက် သေရည် ဖြစ်ပေါ်လာပုံ၊ မုဆိုးနှင့် ရသေ့မှ ၎င်းနမူနာအတိုင်း သေရည်ချက်လုပ်လျက် အတိုင်းတိုင်းအပြည်ပြည်လှည့်လည်ကြပုံ ရေးသားထားသည်ကို ဖတ်ဖူးကြပါလိမ့်မည်။ မိုးရေသည် အများအားဖြင့် pH 5 မှ 5.5 ထိရှိတတ်သဖြင့် Acidic အနည်းငယ်ချဉ်ယုံမျှ ရှိသည်ဆိုရမည်။

မြန်မာတို့ရင်းနှီးကျွမ်းဝင်ခဲ့သော သေရည်သည် စိမ်ရည်သာဖြစ်ဖို့များပါသည်။ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်လာ သစ်ပင်သည် ယမနေပင် ဟုတ်မဟုတ်တော့ မသိပါ။ :) သစ်ခေါင်းတွင် စိမ်အပ်သော သေရည်သည် အလွန်ကောင်းမွန်ကြောင်းကိုတော့ (၅၅၀) ဇာတကဝတ္ထုများမှ ဖတ်ရှုခဲ့ရဖူးပါသည်။ မျိုးကျော့မြိုင်ရဲ့ မှားတဲ့ဖက်မှာ သီချင်းလိုပါပဲ ဆရာပေးတဲ့ မက်ဆေ့ မယူမိခဲ့။ :)

ယနေ့ခေတ်မှာတော့ ငှက်တို့ဖန်တီးအပ်တဲ့ ဟိမဝန္တာက သေရည် သစ်ခေါင်းကြီး ရှာနေစရာမလိုတော့ပါဘူးဗျာ။ ကျွန်တော်ဆီ ဖုန်းလေးတချက်လောက် ဆက်ယုံပါပဲ။ ယမနေသစ်စည်တွေ ၂ လီတာဆံ့၊ တစ်ဂါလံဆံ့၊ ၂ဂါလံဆံ့၊ ၃ဂါလံဆံ့၊ ၅ဂါလံဆံ့၊ ဂါလံ ၃၀ဆံ့၊ ဂါလံ၅၀ဆံ့၊ ဂါလံ၁၂၀၀ ဆံ့ထိ စိတ်ကြိုက် မှာယူနိုင်ပါတယ်။

Anyathian Cooperage

Myinmu

☎️ 09988936780

ပုံတွင် အဂ္ဂိရတ်ဆရာ (Alchemist) Zosimous ၏ Cheirokmeta ကျမ်းစာပါ ပေါင်းခံအိုးနှင့် ဓါတ်သမုဒ္ဒရာကျမ်းစာပါ ပေါင်းခံအိုးများကို ဖော်ပြထားပါသည်။

ယမကာနိဒါန်း (၁) ဖတ်လိုလျင်

https://m.facebook.com/story.php?story_fbid=348069644463876&id=100077825284133&mibextid=Nif5oz
Alex Aunghttp://www.blogger.com/profile/13958650132140473779noreply@blogger.com0tag:blogger.com,1999:blog-3813763337170553596.post-62783348200474426332023-12-17T09:03:00.001+06:302023-12-17T09:03:21.375+06:30ယမကာ နိဒါန်း (အပိုင်း တစ်)
ယမကာ နိဒါန်း (၁)

ဝီစကီက ကောက်ပဲသီးနှံကိုချက်တယ်။ ကစီဓါတ်ကိုဖြိုခွဲပြီးမှ အချိုဓါတ်ထွက်လာအောင်လုပ်တယ်။ ထွက်လာတဲ့အချိုဓါတ်ကို တဆေးနဲ့ပေါင်းစပ်ပြီး အရက်ပါတဲ့ စိမ်ရည်ဖြစ်လာစေတယ်။ အဲဒါကိုပေါင်းခံချက်တယ်။ ထွက်လာတာ တောအရက်နဲ့အတူတူပဲ။ ကမ္ဘာပေါ်ရှိအရက်မှန်သမျှ Potstill, columnstill ဒီနှစ်မျိုးနဲ့ချက်တာပဲ။ မြန်မာတောရွာတွေမှာချက်တဲ့အရက်က Potstill ပဲ။ စကော့ဝီစကီကလည်း potstill ပဲ။ သို့သော် စကော့ဝီစကီတွေချက်တော့ သုံးတဲ့အိုးက ကြေးအိုး။

ရမ်ကို ကြံရည်၊ သကာရည် ကြံထွက်ပစ္စည်းတွေကနေချက်တာကို ရမ်လို့ သတ်မှတ်တယ်။ သူ့ကိုလည်း ဝီစကီချက်သလို အတူတူပဲချက်တာ ထွက်လာတာလည်း တောအရက်ပဲ။ အရောင်မဲ့ခေါ်ခေါ်၊ အဖြူခေါ်ခေါ် ဒါပဲ။ ရမ်က အချိုဓါတ်များတယ်။

ဘရန်ဒီကို ဝိုင်ကနေမှ ချက်လုပ်တာဖြစ်တယ်။ ပြင်သစ်က ကော့ညက် Cognac နဲ့ ထိုင်းက Regency ဟာ ဘရန်ဒီပဲ။ ဝိုင်ထုတ်ပြီး ကျန်တဲ့အခွံတွေကိုလည်း ဘရန်ဒီအဖြစ်ပေါင်းခံချက်နိုင်တယ်။ ဝိုင်မှာကတည်းက အနံ့အရသာ ရှိတာမို့ ဘရန်ဒီကို စည်မသွတ်ဘူးမထင်နဲ့။ ဘရန်ဒီကိုလည်း စည်သွတ်တာပဲ။ ဝက်သစ်ချစည်တွေမှာသွတ်တယ်။ ဘရန်ဒီသွတ်ထားတဲ့ စည်တွေထဲမှာ Chivas ကိုAging လုပ်တာရှိတယ်။ ဝိုင်ထည့်စည်တွေမှာ ရမ်၊ ဝီစကီတွေ စည်ပြန်သွတ်တယ်။ သစ်သားစည်တစ်လုံးရဲ့ သက်တမ်းဟာ နှစ်ပေါင်းရာချီတယ်။ ဒါက ကမ္ဘာ့ Cooper စည်လုပ်ဆရာကြီးတွေပြောတာ။ ဦးပိန်တံတားဟာ အမရပူရခေတ်ကတည်းက သစ်နဲ့လုပ်တာပဲ။ ဝိုဂ်ထည့်ပြီးသားစည်ကို အရက်ထည့်လည်းကောင်းတာပဲ။ အရက်ထည့်ပြီးစည်ကို အစားအသောက်တွေထည့် အချဉ်တည်ကြတယ်။ နောက်ဆုံး ဘာမှမလုပ်တော့ရင် ဆေးသုတ်ပြီး အလှဆင်ချင်ဆင်တယ်။ ဘီရို၊စားပွဲ၊ စင်အဖြစ်ပြောင်းကြတယ်။ မြန်မာပြည်မှာတော့ အရက်စည်အဟောင်းရောင်းတယ်ဆိုတာ မရှိသလောက်မို့ Decorations လုပ်ချင်ရင် စည်ဘီရိုလုပ်ချင်ရင် အသစ်ကိုဖြတ်လုပ်ရတာပဲ။ အော်ဒါတွေမှာလို့ ကျွန်တော်လုပ်ပေးရတယ်။ ငွေကြေးတတ်နိုင်သူတွေ စည်ကနေ ဘီရိုပုံစံလုပ် ပရိဘောဂအဖြစ်သုံးကြတယ်။ ပုံထဲက ထိပ်ဖွင့် ၃ လုံးကတော့ မနက်ဖြန် မန္တလေးက ဆိုင်တဆိုင်မှာ အလှဆင်ဖို့အတွက်မှာထားတာလုပ်ပေးတာပါ။

ဝီစကီနဲ့ရမ်နှစ်မျိုးစလုံး မူလတောအရက်သဘာဝအကြမ်းကနေ အရောင်အနံ့အရသာတွေဖြစ်လာတာဟာ ဝက်သစ်ချစည်၊ ယမနေစည်တွေထဲ နှစ်ချီထည့်အလုံပိတ်ထားလို့ပဲ။

သစ်စည်ကနေအရောင်အနံ့အရသာထပ်ပေါင်းစေတာအပြင် အရက်ကနေပြန်စွန့်ပစ်တဲ့ မကောင်းတဲ့အနံ့ဆိုးတွေ အရက်ရေချိန်တက်စေတဲ့ မီသိုင်းတွေ စည်ထဲမှာ ကြာကြာထားလေလျော့လေပဲ။ နှစ်သက်တမ်းကြာတဲ့အရက်ဟာ တောအရက်ထက် အန္တရာယ်ပိုကင်းသလို သောက်တဲ့အခါ ယဉ်တယ်။ အရသာပိုကောင်းတယ်။

ဒါက ဝီစကီ၊ရမ်ပါလို့ ဈေးကွက်မှာရောင်းနေတဲ့ ဝီစကီ၊ ရမ် တိုင်းကို မဆိုလိုဘူး။ ဝီစကီ၊ ရမ် ပုလင်းတွေမှာ သက်တမ်းကိုဖော်ပြကြတယ်။ အဲဒီသက်တမ်းဟာ စည်ထဲက သက်တမ်းပဲ။

Doubler ဆိုရင်တော့ အရက်ကို နှစ်ခါပြန်ပေါင်းခံတာဖြစ်ပြီး Double Smooth ဆိုရင်တော့ စည်နှစ်လုံးပြောင်းထည့်ပြီး အရက်ကို အယဉ်ပြောင်းထားတာဖြစ်တယ်။ စည်ထဲမှာအရက်ကိုထည့်ပြီးနောက် အနံ့ဆိုးလျော့သွားလို့ သောက်လို့ အဝင်ကောင်းတယ် smooth ဖြစ်တယ်ပေါ့။

တကယ် ဝီစကီ၊ ရမ် အစစ်အရသာကို ကိုယ်တိုင်သိချင်ရင်တော့ တောအရက်ကို စည်ထဲထည့်ပြီးကိုယ်တိုင် သက်တမ်းရင့်ပါ။ ရက်သတ္တပတ်တိုင်း၊ လတိုင်း၊ နှစ်တိုင်းပြောင်းလဲလာပုံ မျက်မြင်တွေ့ရမယ်။ သူပြောငါပြော အရက်စစ်သလား၊တုသလား ဘာလဲ သိပါလိမ့်မယ်။

ဒါက အကျဉ်းဆုံးအတိုချုပ်ပါ။

ယမကာနဲ့ဆက်စပ်သမျှ တင်ထားတာလေးတွေ ဖတ်မယ်ဆိုရင် ဒီ Link ဆီသွားပါဗျာ။

https://m.facebook.com/story.php?story_fbid=252461160691392&id=100077825284133&mibextid=Nif5oz

သစ်သားစည်များမှာယူမယ်ဆို ဆက်သွယ်ပါဗျာ။

Anyathian Cooperage

Myinmu

☎️ 09988936780
Alex Aunghttp://www.blogger.com/profile/13958650132140473779noreply@blogger.com0tag:blogger.com,1999:blog-3813763337170553596.post-62238142684542553882023-12-16T09:24:00.003+06:302023-12-16T09:24:12.436+06:30 ဗဒင် (နေရာ)
ဗဒင်

အဆိုတော်ဗဒင်ဟု အသံကြားရလျှင်ဖြင့် ကျနော်တို့ငယ်ငယ်တုန်းက ဘဝကိုသွားပြီးသတိရတတ်ပါတယ်။ ဟုတ်ပါတယ် ကျနော်တို့ ငယ်စဉ်ခလေးဘဝက သူရဲ့သီချင်းလေးတွေကို ငြီးရင်းဆော့ကစားခဲ့တာတွေ စာသင်ခန်းထဲမှာ သူ့ရဲ့ဆိုလွယ်တေးလေးတွေကို ငြီးငြူခဲ့ပြီး ဖြတ်သန်းခဲ့ရတာလေးတွေ အမှတ်ပြန် ရစေခဲ့ပါတယ်။

ဗဒင်ရဲ့ဘဝဇာတ်ကြောင်းကို အင်တာနက်ပေါ်မှာပြန်ရှာရင်းတွေ့ ခဲ့ရတာလေးတွေကိုပြန်လည်ဖော်ပြပါရစေ

ဗဒင်သည် ပေါ့ပ်ဂီတဖြင့် ကျော်ကြားခဲ့သော မြန်မာအဆိုတော် တေးရေးဆရာ တစ်ဦးဖြစ်သည် ကိုယ်ပိုင်သံစဉ်သီချင်းများကိုသာ ရေးသားသီဆိုလေ့ရှိပြီး သူ၏ "နေရာ" သီချင်းစီးရီးမှာ မြန်မာ့ဂီတသမိုင်းတွင် ရောင်းအား အကောင်းဆုံးအဖြစ် စံချိန်တင်ခဲ့သည်

သို့သော် သီချင်းစီးရီး ၄ ခု ထုတ်ဝေခဲ့ပြီးနောက် ကွယ်လွန်ခဲ့သည်

ဗဒင်သည် ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဒေါနလမ်းတွင် နေထိုင်ခဲ့သည်။ နှစ်ခြင်း ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး အင်းစိန်မြို့နယ် မင်းကြီးလမ်းမပေါ်ရှိ ရွာမနှစ်ခြင်းအသင်းတော်တွင် ပုံမှန်တက်ရောက်လေ့ရှိသည်။

အသားဖြူ၍ အရပ်မြင့်ပြီး ဆံပင်ကို အမြဲတမ်း တိုတို ညှပ်ထားလေ့ရှိသည်။ ရန်ကုန်တက္ကသိုလ်မှ စိတ္ပညာ အထူးပြုဖြင့် မဟာဘွဲ့ရရှိခဲ့သည်။ စာဖတ်ဝါသနာပါသူတစ်ဦးဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သည်။

မအောင်မြင်မီအချိန်ကာလများ

ဗဒင်သည် နာမည်ကျော်အဆိုတော်မဖြစ်မီအချိန်က သီချင်းရေးဆရာတစ်ယောက်အဖြစ် ရပ်တည်ခဲ့သည်။ ဇော်ရည် သီဆိုခဲ့သော "ရိုးရိုးအေးအေးကြီးကိုပဲ" နှင့် ဂျေမောင်မောင် သီဆိုသော "အသည်းစွဲ" သီချင်းများမှာ ဗဒင် အဆိုတော်မဖြစ်မီ အချိန်က ရေးစပ်ခဲ့သော သီချင်းများထဲမှ ထင်ရှားသော သီချင်းများဖြစ်သည်။

ဗဒင်၏ နာမည်အကြီးဆုံးသီချင်းဖြစ်သော "သိုးမည်းတွေအကြောင်း" သီချင်းမှာ သူအဆိုတော်မဖြစ်မီ အချိန်ကာလက ဘဝကို ထင်ဟပ်ပြထားသော သီချင်းဖြစ်သည်။

ပထမဆုံးနှင့် အကျော်ကြားဆုံးစီးရီး

ဗဒင်သည် ၁၉၉၃ ခုနှစ်တွင် "နေရာ" အမည်ရှိသော ပထမဆုံးစီးရီးကို ထုတ်ဝေခဲ့သည်။ "နေရာ" စီးရီး၏ မူပိုင်ထုတ်ဝေသူမှာ ဗဒင်၏ ကွယ်လွန်ပြီးခဲ့သော အခင်ဆုံးသူငယ်ချင်းတစ်ဦး၏ မိခင်ဖြစ်ပြီး သူ့အား မြေတောင်မြှောက်ပေးခဲ့ခြင်းဖြစ်သည်။ "နေရာ" အခွေသည် စတင်ထွက်ရှိသည့်နေ့မှစ၍ သူ၏ ဇာတိမြို့ဖြစ်သော အင်းစိန်မြို့နယ်တွင် ရေပန်းအစားဆုံး သီချင်းစီးရီးဖြစ်ခဲ့ပြီး မကြာမီအချိန်အတွင်းတွင် မြန်မာတစ်နိုင်ငံလုံး တောရေမြို့များပါမကျန် ပျံ့နှံ့ နာမည်ကျော်ခဲ့သည်။

နေရာ စီးရီးအတွက် ကက်ဆက်ခွေ ကာဗာကဒ် ၁ သိန်းကျော်နှင့် သီချင်းစာအုပ်ပေါင်း ၅ သိန်းကျော် ရောင်းချခဲ့ရသဖြင့် မြန်မာ့ဂီတသမိုင်းတွင် ရောင်းအားအကောင်းဆုံး စီးရီးအဖြစ် စံချိန်တင်ခဲ့သည်။ မြန်မာနိုင်ငံ အနှံ့အပြား မြို့ကြီးများသာမက ကျေးလက်တောရွာများတွင်ပင် ဗဒင်၏ သီချင်းများက ကျော်ကြားခဲ့သည်။

နေရာတေးစီးရီးထွက်ရှိပြီးနောက်

ဗဒင်၏ လေးစားစရာကောင်းသော အမူအကျင့်တစ်ခုမှာ ဟန်မလုပ်တတ်ခြင်းနှင့် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း နေထိုင်တတ်ခြင်းဖြစ်သည်။ အောင်မြင်ကျော်ကြားလာသော်လည်း သူ၏ပုံသဏျဏ်ဏ္႑ာနျမှာ မပြောင်းလဲဘဲ ယခင်နေထိုင်နေကျအတိုင်းပင် ဆက်လက်နေထိုင်ခဲ့သည်။ အင်းစိန်မြို့အတွင်း ဆိုက်ကားတစ်စီးဖြင့် လှည့်ပတ်သွားလာနေလေ့ရှိပြီး အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက် အတွင်းမှ ထန်းရည်ဆိုင်(တချို့ပြောတာ ဘီအီးဆိုင်)တွင် မကြာခဏဆိုသလို တွေ့ရတတ်သည်။

နေရာ စီးရီး ထွက်ရှိပြီးနောက် အချိန်အတော်ကြာသည်အထိ ဒုတိယနှင့် နောက်ဆုံးစီးရီးကို မထုတ်ဝေခဲ့ပေ။ "ဒီအတိုင်းပဲ" ဟု အမည်ရသော သင်္ကြန်သီချင်းတစ်ပုဒ်ကိုသာ အခြားအဆိုတော်များနှင့် တွဲဖက်ထုတ်ဝေခဲ့သည်။

ထွက်ရှိခဲ့သော တေးစီးရီး

နေရာ (၁၉၉၃)

http://www.mediafire.com/?zqnjfhligc0tvs1 or

http://phyuniwarpyar.blogspot.com/2014/11/blog-post_934.html?m=0

ဒီနေ့ (၁၉၉၆)

http://www.mediafire.com/?nv3b5btkc2kfezg or

http://phyuniwarpyar.blogspot.com/2015/06/blog-post_80.html?m=0

အရှိအတိုင်း (၁၉၉၇)

http://www.mediafire.com/?5joyh21yhjvx4hp or

http://phyuniwarpyar.blogspot.com/2015/06/blog-post_87.html?m=0

မေမ့ပါဘူး (၁၉၉၉)

http://www.mediafire.com/?1aoluyemakcttjj or

http://phyuniwarpyar.blogspot.com/2015/06/blog-post_42.html?m=0

အွန်လိုင်းပေါ်တွင် တွေ့ရသော ဗဒင်၏အကြောင်းကို တချို့အချက်များ ပြင်ဆင်ဖြည့်စွက်ထားပါသည်။ သီချင်းလင့်ခ်များလည်း ထည့်ပေးလိုက်ပါသည်။ နေရာစီးရီးမတိုင်ခင်က ဗဒင်သည် တေးရေးဆရာအဖြစ် သန်းနိုင် စောခူဆဲ ဂျေညီညီ ဂျေမောင်မောင် ဖိုးချို သားထွေး အစရှိသူတို့အတွက် သီချင်းများရေးသားခဲ့ပါသည်။ ဓမ္မတေးများလည်း သီဆိုခဲ့ပါသည်။

ဗဒင်အမှတ်တရ ပြန်လည်သီဆိုကြသော ငါ့..သမီး စာကျက်နေတယ် live show album မှာလည်း အောင်မြင်ခဲ့ပါသည်။ R.ဇာနည်ပြန်လည်သီဆိုခဲ့သော သနပ္ခ်စ်သူကို မူလသီဆိုခဲ့သူမြာ ဂျေညီညီဖြစ်၍ အိနြေ္ဒရှင် အမည်နှင့်ဖြစ်သည်။ ထူးအယ်လင်းသီဆိုသော ငါ့သမီး..စာကျက်နေတယ်မှာ ပလေးဘွိုင်သန်းနိုင်မှ ဘယ်သူတွေလဲဟေ့ အမည်နှင့်သီဆိုခဲ့ပါသညည်။

ကျွန်တော်ကတော့ နေရာထက် ဒီနေ့ကို ပိုကြိုက်မိသည်။ မူရင်းတင်သူ၊ ၇၀၈၀၉၀ အဖွဲ့ဝင်များ၊ ကိုသူရနှင့် ကိုဘလက်၊ ဖြူနီဝါပြာဘလော့တို့အား ကျေးဇူးအထူးတင်ပါသည်။ မှားနေသောအချက်များရှိလျှင် ထောက်ပြကြဖို့ တောင်းဆိုပါရစေ....

ငါ့..သမီး စာကျက်နေတယ်

http://phyuniwarpyar.blogspot.com/2015/07/blog-post_98.html?m=0

#ဂီတအကြောင်းသောင်းပြောင်းထွေလာ

#ဗဒင်

#BMYZ

Credit

#ခိုင်ကြီး
Alex Aunghttp://www.blogger.com/profile/13958650132140473779noreply@blogger.com0tag:blogger.com,1999:blog-3813763337170553596.post-51467444134990225512023-12-14T12:23:00.001+06:302023-12-14T12:23:10.964+06:30 ဦးနေဝင်း၊ ရှော်ဖီအာမက်နဲ့ မေနန်းနွယ်
ဦးနေဝင်း၊ ရှော်ဖီအာမက်နဲ့ မေနန်းနွယ်

ရှော်ဖီ (သို့) အက်စ်အာမက်

wwwwwwwwwwwwwwwwwwwwwwwwwww

အက်စ်အာမက်ဟာ မိတ္ထီလာဇာတိပါ။

ကိုလိုနီ ခေတ်ကတည်းက မိတ္ထီလာကို ရောက်ရှိအခြေချနေထိုင်တဲ့ ဘင်္ဂလားဇာတိဖြစ်တဲ့ မိသားစုဝင် ဖြစ်ပါတယ်။ လူအများက သူ့ကိုအတိုကောက် ရှော်ဖီလို့ ခေါ်ကြပါတယ်။ ကျွန်တော်မြို့ပေါ်မှာ ကျောင်းနေတော့ သူ့မိသားစုဟာ မိတ္ထီလာမြို့ရဲ့ အချမ်းသာဆုံး မိသားစုမှာ ပါခဲ့ပါတယ်။ ရှော်ဖီရဲ့ လုပ်ငန်းတွေကတော့ လမ်း၊ တံတားနဲ့ အ ဆောက်အအုံများ ဆောက်လုပ်တဲ့ ကန်ထရိုက်တာတစ်ဦးပါ။

မိတ္ထီလာမှာ ကျောင်းပိတ်ချိန်ရောက်ရင် ၁ဝ တန်း ကျောင်းသားတွေ အပါအဝင် လူငယ် ၄၀ ၅ဝ လောက်ကို ကုလားရွာ(သူ့ဇာတိ)က သူ့ရဲ့ ခြံဝင်းထဲမှာ ညအိပ်နေစေ ပြီး သင်္ကြန်သံချပ်နဲ့ သီချင်းတွေ တိုက်စေပါတယ်။ သင်္ကြန်ကျချိန်မှာတော့ ကုန်တင်ကားကြီးတစ်စီးကို အလှပြကားအဖြစ် ဖန်တီးကာ သူ့ခြံမှာ ခေါ်ထားတဲ့ လူငယ်လေးတွေနဲ့အတူ မန္တလေးကို သွားပြီး သင်္ကြန်ဆင်နွှဲ ကြပါတယ်။ သင်္ကြန်ပြီးမှ ပတ်စာခွာ ဖျာသိမ်းလုပ်ကြပြီး အိမ်ပြန်ကြတာပါ။ အဲဒီအဖွဲ့တွေရဲ့ ကုန်ကျစရိတ်အားလုံးကို ရှော်ဖီက အကုန်ခံခဲ့တာပါ။

သူတို့အဖွဲ့ရဲ့ နာမည်ကိုတော့ ''ထီလာမောင်''လို့ အမည်ပေးထားပါတယ်။ အဲဒီအဖွဲ့ထဲမှာ ကျွန်တော့် ဦးလေးများဖြစ်ကြတဲ့ ဦးငြိမ်းမောင်နဲ့ ဦးသန်းမောင်တို့ လည်း ပါပါတယ်။ ကျောင်းပိတ်ချိန်ကစပြီး သင်္ကြန်ပြီးတဲ့ အထိ လူ ၄၀ ၅ဝ ရဲ့ ကုန်ကျစရိတ်၊ ထီလာမောင်သင်္ကြန် အဖွဲ့ မန္တလေးသွားတဲ့ စရိတ်တွေကို သူ့မိသားစုက ကျခံ တယ်ဆိုတာ ငယ်ငယ်က ကျွန်တော့်ဥာဏ်နဲ့ လိုက်မမီခဲ့ပါ။ လူ ၄၀ ၅ဝ ကို နှစ်လခန့် ကျွေးမွေးထားရုံမက မန္တလေးသင်္ကြန်လည်ပတ်တဲ့ ကုန်ကျစရိတ်တွေကို ဘာဖြစ်လို့များ သူတို့ကျခံနိုင်လဲ ဆိုပြီးတော့ပေါ့။

ကျွန်တော်သိရသလောက် ကျွန်တော်တို့ လူမှန်းသိတဲ့အချိန်မှာ တပ်မတော်က ဆောက်လုပ်ရေး ကန်ထရိုက်တွေ ရခဲ့ပါသတဲ့။ မိတ္ထီလာမြို့ပေါ်က တပ်မတော်အဆောက်အအုံများ၊ တောင်ကြီးမှာရှိတဲ့ ရပခ အဆောက်အအုံများနဲ့ ဗထူးတပ်မြို့က အဆောက်အအုံတွေကို ကန်ထရိုက် ရခဲ့တယ်လို့ သိရပါတယ်။

ကျွန်တော် ကျောင်းသားဘဝကတည်းက ရှော်ဖီ မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုအကြောင်းကို ကြားခဲ့ဖူးပါတယ်။ တစ်ခါမှာတော့ ရှမ်းပြည်ကနေ ရှော်ဖီ ဂျစ်ကားနဲ့ ပြန်လာပါသတဲ့။ သူ့တပည့် ၂၊ ၃ ယောက်နဲ့အတူပေါ့။

ကလောအလွန်ကတော့ လမ်းတစ်နေရာက လူတချို့ ထွက်လာပြီး ရှော်ဖီ့ကားကို တားပါသတဲ့။ တားတဲ့သူတွေ က ဓားပြတွေပါ။ အဲဒီခေတ်တုန်းက မိတ္ထီလာ-တောင် ကြီးလမ်းသွားတဲ့ ကားတွေကို ခဏခဏဓားပြတိုက်လေ့ ရှိပါတယ်။

ဓားပြတွေက ကားရပ်တော့ သေနတ်နဲ့ချိန်ပြီး ပါတာအကုန်ထုတ်ဖို့ ခြိမ်းခြောက်ပါတယ်တဲ့။

ရှော်ဖီက ဓားပြတွေကို ''ငါရှော်ဖီပါကွ'' လို့ဆိုတာနဲ့ ဓားပြတွေက ''ဟာ...ဆရာမှန်းမသိလို့ တားမိတာ ခွင့်လွှတ်ပါ''လို့ တောင်းပန်ပါသတဲ့။ အဲဒီတော့ ရှော်ဖီက ဓားပြတွေကို ပိုက်ဆံအိတ်ထဲက ပါလာတဲ့ ငွေတချို့ ထုတ်ပေးလိုက်ပါ သတဲ့။ ၅ဝဝဝိ/-လောက် ရှိတယ်လို့ ပြောကြတယ်။ ဒီသတင်းဟာ ရှမ်းပြည်နဲ့မိတ္ထီလာမှာ ချက်ချင်းပျံ့နှံ့သွား ပါတယ်။ အဲဒီအချိန်မှာ ရှော်ဖီရဲ့ အသက်က (၃၅) နှစ် လောက်ရှိပါပြီ။

မေနန်းနွယ်

wwwwwwwwwwwwwwwwwwwwww

၁၉၅၉ ခုနှစ်၊ ဧပြီလကုန်လောက်မှာ ကျွန်တော် DSA ဝင်ခွင့် စာမေးပွဲအောင်ပြီး ရန်ကုန်ကို လာရပါတယ်။ ဗိုလ်ရွေးအဖွဲ့ Officer Testing Team – OTT (ယခုပြည်သူ့ရင်ပြင်)မှာ လာဖြေရတာပါ။ OTT မှာ လေး ရက်လောက်ဖြေပြီးတဲ့အခါ အရွေးခံရလို့ သူနဲ့ တစ်ဆက်တည်း စစ်သားစုဆောင်းရေး တပ်ဝင်းမှာ မေမြို့ကိုသွားဖို့ စောင့်နေရပါတယ်။

ကျွန်တော်နဲ့အတူ အနယ်နယ်အရပ်ရပ်က အရွေးခံရတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီအထဲမှာ ကိုကျော်ခင်(ကွယ်လွန်) လည်း ပါပါတယ်။ သူ့မိဘက တပ်မတော်ထဲကပါ။ မိတ္ထီလာ တပ်မတော်ကျောင်းမှာ ကျောင်းအိပ် ကျောင်းစား နေရင်းနဲ့ ပါလာတာပါ။

စစ်သား စုဆောင်းရေးတပ်မှာ နေရင်း အားတဲ့ အချိန်တွေမှာ မြေနီကုန်းက ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်ကြည့်၊ တစ်ခါတစ်လေ လှမ်းမြင်နေရတဲ့ ရွှေတိဂုံဘုရားပေါ် တက်ဖူး စတဲ့ လည်ပတ်မှုမျိုးပဲ လုပ်နိုင်ပါတယ်။ အသုံးစရိတ်ကလည်း အတောင့်ကြီး မဟုတ်ပါဘူး။ ကိုကျော်ခင်ကတော့ အပေါင်းအသင်း များပါတယ်။ နေ့တိုင်းလိုလို အပြင်ထွက်လည်လေ့ ရှိပါတယ်။ တစ်နေ့ကျတော့ သူက ကျွန်တော့်ကို ထူးဆန်းတဲ့မေးခွန်းတစ်ခု မေးပါတယ်။ ''ဟေ့ကောင် ... မင်းမိန်းမချောချော မြင်ဖူးလား''ပါတဲ့။

ကျွန်တော် ရုတ်တရက် ပြန်မဖြေနိုင်ပါ။

ကျောင်းသားဘဝ သူငယ်တန်းကနေ (၁ဝ)တန်းအထိ နေခဲ့ရာမှာ အတန်းဖော်မိန်းကလေး သူငယ်ချင်းတွေ အများကြီးရှိပါတယ်။ သူတို့ဟာ လှလား၊ မလှလား ကျွန်တော် သတိမပြုမိပါ။ ဒါ့ကြောင့် ကျွန်တော်က ကိုကျော်ခင်ကို ''မပြောတတ်ဘူးဗျာ'' လို့ ပြန်ပြောလိုက်တော့ သူက ''ဒါဆိုညနေ ငါနဲ့လိုက်ခဲ့၊ မင်းကိုပြမယ်'' လို့ ပြောပါတယ်။ ညနေကျတော့ ကျွန်တော် သူခေါ်ရာကို လိုက်ခဲ့ပါတယ်။ ဘတ်စ်ကားနှစ်ဆင့် စီးရပါတယ်။ ကျောက်ကုန်းဆိုတဲ့ ရပ်ကွက်ကိုပါ။

လမ်းမကြီးကနေ အထဲဝင်တော့ ခြံနဲ့၊ ဝင်းနဲ့ လုံး ချင်းတိုက်အိမ်တစ်လုံးကို ရောက်ပါတယ်။ အိမ်ရှင်တွေက ကျွန်တော့်ကို ဖော်ဖော်ရွေရွေ ဧည့်ခံပါတယ်။ ကိုကျော်ခင်နဲ့ မူလကတည်းက သိကျွမ်းပြီးသားနဲ့ တူပါတယ်။ ဧည့်ခန်းက ဆက်တီကုလားထိုင်မှာ လူတစ်ယောက် ထိုင်နေပါတယ်။ အသက် သုံးဆယ်ကျော် လောက်ရှိမှာပါ။ အရပ်က ၅ပေ၊ ၃လက်မလောက်ပဲ ရှိ မယ်ထင်ပါတယ်။ သူ့ထူးခြားချက်က ထိပ်ကပြောင်နေပါပြီ။ အဲဒီအချိန်မှာ အိပ်ခန်းလို့ ထင်ရတဲ့ အခန်းတစ်ခန်းက အမျိုးသမီးတစ်ယောက် ထွက်လာပါတယ်။

အမျိုးသမီးက ကိုကျော်ခင်ကို နှုတ်ဆက်ပြီး ကျွန်တော့်အနားမှာ လာထိုင်ပါတယ်။ ကျွန်တော့်ကိုလည်း မိတ်ဆက်ပေးပါတယ်။ အမျိုးသမီး ကျွန်တော့်အနားမှာ လာထိုင်တာနဲ့ သင်းထုံနေတဲ့ ရေမွှေးနံ့ရပါတယ်။ သူ့အသက်က ကျွန်တော်တို့နဲ့ ရွယ်တူလောက်ရှိမှာပါ။ အရပ်ကတော့ သိသိသာသာ မြင့်ပါတယ်။ ၅ပေ၈လက်မလောက် ထင်ပါတယ်။ ဒါတင်မကဘူး။ ရုပ်ရည်အင်မတန် လှပတဲ့ မိန်းမတစ်ယောက်ဖြစ်တယ်လို့ ကျွန်တော့်စိတ်ထဲမှာ ဖြစ်ပါတယ်။ သူ့နာမည်က 'မေနန်းနွယ်' ပါတဲ့။

သူ့နာမည်ကို ကျွန်တော်ကြားဖူးပါတယ်။ မယ်ဒဂုံလား၊ မယ်ဗမာလား အရွေးခံရပြီးသားပါ။ ကိုကျော်ခင် ကျွန်တော့်ကို ပြောတဲ့ မိန်းမချောဆိုတာ သူပဲပေါ့လို့ ကျွန်တော့်စိတ်မှာ ဖြစ်လာပါတယ်။ ကျွန်တော်တို့လည်း နာရီဝက်လောက်ကြာတော့ ပြောစရာစကား ကုန်တာနဲ့ နှုတ်ဆက်ပြီး ပြန်လာကြပါတယ်။

အပြန်ကျမှ ဘတ်စ်ကားပေါ်ရောက်တော့ ကိုကျော်ခင်က ဧည့်ခန်းမှာ တွေ့ခဲ့တဲ့ ထိပ်ပြောင်ပြောင်နဲ့လူဟာ မေနန်းနွယ်အရင် တစ်နှစ်(၁ဝ)တန်းဖြေစဉ်မှာ ကျူရှင်ပေးတဲ့ ဆရာပါတဲ့။ အင် ဂျင်နီယာဘွဲ့ရတစ်ယောက်ဖြစ်ပြီး မေနန်းနွယ်နဲ့ အိမ် ထောင်ကျနေပြီလို့ ပြောပါတယ်။

အဲဒီတော့မှာ ကျွန်တော်က ကိုကျော်ခင်ကို ''ခင် ဗျားဗျာ ... သူများမိန်းမဖြစ်နေတဲ့ သူ့ကိုများ ကျုပ်ကို ခေါ်ပြနေသေးတယ်။ ဘာမှအဓိပ္ပာယ်မရှိဘူး''လို့ ပြောတဲ့ အခါ ''ဘာပြောပြော၊ လှတာတော့ လှတယ်မို့လား''လို့ ကိုကျော်ခင်က စကားပိတ်လိုက်ပါတယ်။

နောက်ပိုင်း ကျွန်တော်တို့ DSA ရောက်တဲ့အခါ ကိုကျော်ခင့်ဆီကပဲ မေနန်းနွယ်ရဲ့ သတင်းကြားရပါတယ်။ သူ့ယောက်ျားကြီးနဲ့ကွဲပြီး မြန်မာ့လေကြောင်း Burma Airways Corporation - BAC မှာ လေယာဉ်မယ်လုပ်နေတဲ့ အကြောင်း သိရပါတယ်။

မေနန်းနွယ်၊ရှော်ဖီနဲ့ ဦးနေဝင်း

wwwwwwwwwwwwwwwwwwwwww

တစ်ရက်သောနေ့မှာတော့ ဦးနေဝင်းကလည်း မန္တလေးမှာ တပ်ကိစ္စလာရင်း အပြန်မှာ BAC နဲ့ပြန်ပါတယ်။ ရှော်ဖီကလည်း မန္တလေးကို လုပ်ငန်းအတွက်လာ ကြည့်ရင်းနဲ့ ရန်ကုန်ကို ပြန်မှာမို့လေယာဉ်စီးတော့ ဦးနေဝင်းနဲ့ လေယာဉ်ပျံပေါ်မှာ ဆုံကြပါတယ်။ သူတို့နှစ်ယောက်က မူလကတည်းက သိကျွမ်းပြီးသားပါ။ ဖြစ်ချင်တော့ အဲဒီလေယာဉ်ပျံပေါ်မှာ လိုက်လာတဲ့ လေယာဉ်မယ်က မေနန်းနွယ်ပါ။

အဲဒီအချိန်မှာ ရှော်ဖီက အိမ်ထောင်ကျနေပါပြီ။ ဦးနေဝင်းက ဒုတိယအိမ်ထောင်နဲ့ အဆင်မပြေလို့ ကင်းကွာနေပြီး တတိယအိမ်ထောင်ဖြစ်မယ့် ဒေါ်ခင်မေသန်းနဲ့ မဆုံရသေးပါ။ မေနန်းနွယ်ဟာ အင်မတန်ချောတဲ့ မိန်းကလေးဆိုတော့ လေယာဉ်ပျံပေါ်မှာ ဆုံတဲ့အခိုက် သူ့ကို ဦးနေဝင်းကရော၊ ရှော်ဖီကပါ သဘောကျကြပါသတဲ့။

ဦးနေဝင်းက ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ ဂုဏ်ပုဒ်ရှိတော့ မေနန်းနွယ်ကို နှုတ်ဆက်ရင်း နောက်လိုက်၊ ပြောင်လိုက်နဲ့ ဆက်ဆံပါသတဲ့။ သူစိတ်ဝင်စားပေမယ့် ''ရောက်ရောက်ခြင်း၊ ဆောက်နဲ့ထွင်း''သလို မလုပ်ဘဲ ရေရှည်ချဉ်းကပ်ရမယ့်နည်းကို သုံးမယ့်ဟန်တူပါတယ်။ သမာဓိပိုး ပိုးမယ့်သဘောပါ။

ဒါပေမဲ့ ရန်ကုန်ကိုရောက်လို့ မေနန်းနွယ် မိမိအိမ်ကို ရောက်ခါရှိသေးတယ် ရှော်ဖီက သူ့အိမ်ကို ကား နဲ့လိုက်လာပါသတဲ့။ သူနဲ့အတူ လက်ကိုင်အိတ်အကောင်း စား Attache Case တစ်ခုနဲ့အပြည့် ရာတန်စက္ကူတွေ ထည့်လာပါသတဲ့။ စုစုပေါင်း ကျပ်ငါးသိန်း ရှိပါသတဲ့။ ရှော်ဖီက အဲဒီပိုက်ဆံနဲ့ မေနန်းနွယ်ကို သူ့မိဘဆီက လာတောင်းတာပါ။ အဲဒီခေတ်က ငွေ ၅ဝဝဝိ/- ရှိရင် ဂျစ်ကားတစ်စီးဝယ်လို့ရတဲ့ ခေတ်ပါ။

''အဲဒီလောက်များတဲ့ငွေတွေဆိုတော့လည်း သူ့မိ ဘက ဘယ်လိုငြင်းနိုင်တော့မှာလဲ''လို့ နောက်တော့ မေနန်းနွယ်က သူ့အသိမိတ်ဆွေတွေကို ပြောပါသတဲ့။ ရှော်ဖီမှာ ပထမ မယားကြီးရှိသော်လည်း သူက ဗုဒ္ဓဘာသာမှမဟုတ်တာ၊ ပြဿနာမရှိဘူးပေါ့။ ရှော်ဖီကလည်း အိမ်တစ်ဆောင်၊ မီးတစ်ပြောင်နဲ့ သူ့ကို ထားပါတယ်။ ရွှေတောင်ကြားရပ်ကွက်က ရေကူးကန်ပါတဲ့ အိမ်တစ်လုံးကို သူ့နာမည်နဲ့ နေစေပါတယ်။

မေနန်းနွယ်ဟာ ရှော်ဖီနဲ့ရသွားပြီလို့ကြားတဲ့အခါ မှာ ဦးနေဝင်းက အကြီးအကျယ် ဒေါသထွက်ပါသတဲ့။ မေနန်းနွယ်ကို သူနဲ့ရှော်ဖီတို့ တစ်ပြိုင်နက်တည်း တွေ့ခဲ့ကြတာ သူမှတ်မိတာပေါ့။ ပြီးတော့ သူက ကြိမ်းဝါးပါ တယ်။ ''ခွေးကုလား ... ငါတို့တပ်က ကန်ထရိုက်တွေနဲ့ ကြီးပွားနေတဲ့ကောင်၊ သိမယ်''လို့ဆိုပြီး မကြာမီမှာ တပ်မတော်မှာ ဂျီအီး G.E လို့ အများက သိထားတဲ့ဆောက် လုပ်ရေးအင်ဂျင်နီယာတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။

ဒါ့ကြောင့် G.E တပ်ဖွဲ့ ပေါ်ပေါက်လာတာဟာ မေနန်းနွယ်ကျေးဇူးမကင်းဘူးလို့ ပြောနိုင်ပါတယ်။ အဲဒီ နောက်ပိုင်းမှာ တပ်မတော်က လုပ်ငန်းကြီးမှန်သမျှ (လမ်း၊ တံတား၊ အဆောက်အအုံ)တွေ ဆောက်လုပ်ရာ မှာ G.E ကိုပဲ တာဝန်ပေးပါတော့တယ်။ အခုဆိုရင် လူအများက G.E က ပုဂ္ဂိုလ်ဆိုရင် ဘယ်လိုပုံစံမျိုးဆိုတာ အားလုံးက သိကြပါတယ်။ အဲဒီတပ်မှာ ရဲဘော်ကစပြီး တပ်ညွှန်ကြားရေးမှူး၊ ဗိုလ်ချုပ်အဆင့်အထိ သာမန်ချောင်လည်တယ်ဆိုတာထက်ပိုတဲ့ အနေအထား တွေရှိနေပါပြီ။

ရှော်ဖီ ထောင်နန်းစံရခြင်း

မဆလခေတ်မှာ ဆိုရှယ်လစ်စီးပွားရေး စနစ်တည် ဆောက်မယ်ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ နိုင်ငံရဲ့ စီးပွားရေးကို ဦးနေဝင်းက အကောင်အထည်ဖော်ဖို့ ကြိုး စားခဲ့ပါတယ်။ အောင်မြင်မှုမရဘဲ အခက်အခဲမျိုးစုံကြုံခဲ့ရပါတယ်။

ဒါကြောင့် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ကာကွယ်စောင့်ရှောက်ရမယ့် ဥပဒေတွေ ထုတ်ပြန်ခဲ့ပါ တယ်။ အဲဒီဥပဒေကို အကောင်အထည်ဖော်တဲ့အနေ နဲ့ ''စူဇကာ စစ်ဆင်ရေး''လို့ အမည်တပ်ပြီး တစ်နိုင်ငံလုံးက ခရိုင်အဆင့်ထိ မြို့အသီးသီးမှာရှိတဲ့ ချမ်းသာကြွယ်ဝတဲ့သူတွေကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။

ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာနဲ့ မေမြို့က ကျွန်တော့်အသိမိတ်ဆွေတွေလည်း ပါသွားခဲ့ပါတယ်။

ရှော်ဖီကတော့ ထိပ်ဆုံးကပေါ့။ သူ့ကို ဥပဒေအရလည်း ငြိလို့ဖမ်းတာအပြင် လူပုဂ္ဂိုလ်ချင်း အမြင်မကြည်လို့ဆိုတဲ့ အချက်လည်း ပါနိုင်ပါတယ်။

ရှော်ဖီအဖမ်းခံရတဲ့ အချိန်နဲ့ တစ်ပြိုင်နက်လောက်မှာ ဘိန်းဘုရင်လို့ နာမည်ကြီးတဲ့ လော်စစ်ဟန် (ကိုထွန်းမြင့်နိုင် - Steven Lao ရဲ့ အဖေ)လည်း အင်းစိန်ထောင်မှာ ရှိပါတယ်။ ထောင်ဝန်ထမ်းတွေကတော့ အဲဒီလို ပိုက်ဆံချမ်းသာတဲ့လူတွေ ထောင်ထဲရောက်လာတာ အရမ်းဝမ်းသာကြပါတယ်။ သူတို့ကို မှီပြီး လက်ဆောင်ပစ္စည်းတွေ ရတတ် ကြလို့လေ။

သူတို့ရှိစဉ်တုန်းက နွေရာသီဆိုရင် ရေခဲပေါင် ၂ဝဝ တုံးတွေကို ထောင်ထဲသွင်းပြီးတစ်ထောင်လုံး အအေးတိုက်တာတို့၊ တစ်ထောင်လုံး ဒံပေါက်ကျွေးတာတို့ လုပ်ခဲ့တယ်လို့ ထောင်ဝန်ထမ်းတွေ ပြောပြတာ ကြားခဲ့ရဖူးပါတယ်။ ရှော်ဖီထောင်ထဲရောက်တဲ့အချိန်မှာ မေနန်းနွယ်က ထောင်ဝင်စာ ပုံမှန်လာတွေ့တယ်လို့သိရတော့ သူတို့အိမ်ထောင်ရေးဟာ ကြာရှည်ခိုင်မြဲတယ်လို့ သိလိုက်ရပါတယ်။ ရှော်ဖီမှာ မေနန်းနွယ်အပြင် တခြားမိန်းမရှိတယ်လို့ မကြားမိခဲ့ပါဘူး။

အခုတော့ ဦးနေဝင်းရော၊ ရှော်ဖီရော ကွယ်လွန်သွားခဲ့ကြပါပြီ။ မေနန်းနွယ် ကွယ်လွန်တာကိုတော့ မကြားမိသေးပါဘူး။ ရှိသေးရင်တော့ ကျွန်တော်နဲ့ရွယ်တူမို့ အသက်(၈ဝ) မပြည့်တပြည့်တော့ ရှိနေပြီလို့ ဆိုရမှာပါ။

ဒီဆောင်းပါးရေးရခြင်းရဲ့ ရည်ရွယ်ချက်က တပ်မတော်မှာ နာမည်ကြီးတဲ့ G.E တပ်ဖွဲ့ဟာ ရှော်ဖီက ခြေသွက်၊ လက်သွက်နဲ့ မေနန်းနွယ်ကို ကောက်ယူလိုက်တာကို ထိုစဉ်က ဗိုလ်ချုပ်ကြီးနေဝင်းက မကျေနပ်တဲ့အတွက် ရှော်ဖီလုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို လုပ်ဖို့ တပ်ဖွဲ့တစ်ခုဖွဲ့ရင်းနဲ့ G.E တပ် ပေါ်ပေါက်လာ ပုံကို တင်ပြချင်လို့ပါ။

crd# ဦးဝင်းထိန်

#winhlaingoo
Alex Aunghttp://www.blogger.com/profile/13958650132140473779noreply@blogger.com0tag:blogger.com,1999:blog-3813763337170553596.post-27808488296166641112023-12-13T11:43:00.006+06:302023-12-13T14:39:06.192+06:30ဟက်ပီး နယူးရီးယားကို ဘာတွေစားရင်း ကြိုကြမယ် စိတ်ကူးလဲ

(Aye Thi Monမှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon မှ ရေးသားသည်။)

မကြာခင်မှာ ဒီဇင်ဘာလ နဲ့အတူ နှစ်တစ်နှစ်ကို ကုန်ဆုံးရတော့မှာပါ။ ၂၀၂၃ ခုနှစ် ကနေ ၂၀၂၄ ခုနှစ်ကို ကူးပြောင်းဖို့က အချိန် ၁ လတောင် မလိုတော့ပါဘူး။ ဒီလို ကာလမှာ လူတွေအားလုံးလိုလိုက လာမယ့် ၂၀၂၄ ဟက်ပီး နယူးရီးယားကို ဘယ်လို ကြိုကြမယ်။ နှစ်သစ်ကူးညမှာ ဘာတွေချက်စားမယ် စသဖြင့် အတွေးတွေ အများကြီး ရှိနေကြမယ် ထင်ပါတယ်။ ဒီအတွေးလေးတွေထဲက စားစရာတွေက ကျန်းမာရေးနဲ့ ညီသလား ….. မညီဘူးဆိုရင် ဘယ်လိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်မလဲ ….. ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘယ်လို အစားအစာတွေကို စားရင်း နှစ်သစ်ကို ကြိုကြမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ဟက်ပီး နယူးရီးယားကို ဘာတွေစားရင်း ကြိုကြမယ် စိတ်ကူးလဲ

ဟက်ပီး နယူးရီးယားကို ဘာတွေစားရင်း ကြိုကြမယ် စိတ်ကူးလဲ ဆိုတာကို မပြောပြသေးခင် အရင်ဆုံး ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် အစားအစာလေးတွေကို ပြောပြပေးမှာမို့ စာဖတ်ပရိသတ်ကြီးက အရင်ဆုံး ဖတ်ကြည့်ပေးပါလို့ ပြောချင်ပါတယ်။

ခေါက်ဆွဲကြော်

ကြက်ဥခေါက်ဆွဲ၊ ဂျုံခေါက်ဆွဲ စတာတွေကို ကြက်ဥ၊ ဘဲဥတို့ကို ခေါက်မွှေပြီး ဂေါ်ဖီ၊ တရုတ်နံနံ၊ မုန်လာဥနီ၊ ပဲသီးစတာတွေနဲ့ ကြော်စားတာက ပရိုတင်း၊ ကစီဓာတ်၊ ဗီတာမင်တွေနဲ့ အမျှင်ဓာတ်ကိုပါ ပြည့်ပြည့်ဝဝ ရရှိစေပြီး အရသာလည်း ရှိစေမှာပါ။

ခေါက်ဆွဲကြော်ကို ဒီအတိုင်း စားရမှာ အီတယ်ဆိုရင်တော့ မန်ကျည်းသီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့နဲ့ ဖျော်ထားတဲ့ အချဉ်လေးတစ်ခွက်နဲ့ တွဲစားပေးပါ။ အစာကြေစေပြီး ကိုယ်တွင်းအဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်မှာပါ။ ဆီများများနဲ့ ကြော်တာကို ရှောင်ပေးပါ။

ကြာဇံကြော်

ကြာဇံကိုလည်း ခေါက်ဆွဲကြော်သလိုပဲ ကြက်ဥ၊ ဘဲဥတို့ကို ခေါက်မွှေပြီး ဂေါ်ဖီ၊ တရုတ်နံနံ၊ မုန်လာဥနီ၊ ပဲသီးစတာတွေနဲ့ ကြော်စားပေးလို့ ရပါတယ်။ ဒီလိုစားတာက ပရိုတင်း၊ ကစီဓာတ်၊ ဗီတာမင်တွေနဲ့ အမျှင်ဓာတ်ကိုပါ ပြည့်ပြည့်ဝဝ ရရှိစေပြီး အရသာလည်း ရှိစေမှာပါ။

ကြာဇံကြော်ကို ဒီအတိုင်း စားရမှာ မကြိုက်ဘူးဆိုရင်တော့ မန်ကျည်းသီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူတို့နဲ့ ဖျော်ထားတဲ့ အချဉ်လေးတစ်ခွက်နဲ့ တွဲစားပေးပါ။ အစာကြေစေပြီး ကိုယ်တွင်းအဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်မှာပါ။ ခေါက်ဆွဲကြော်လိုပဲ ဆီလျှော့ပါ။

ကြက်ကင်

ကြက်သားကြော်စားတာထက် ကင်စားတာက ပိုပြီး အဆီစားမိနိုင်ခြေ နည်းပါတယ်။ အရင်ဆုံး ကြက်သားကို အရေခွံ ဖယ်လိုက်ပါ။ ပြီးရင်တော့ ကြက်သားကို ကြက်သွန်ဖြူ၊ ချင်း (ဂျင်း)၊ သကြားညို၊ ပဲငံပြာရည် အနောက်၊ ဆား နည်းနည်းတို့နဲ့ နယ်ပြီး ရေခဲသေတ္တာထဲမှာ ၄၅ မိနစ်လောက် နှပ်ထားပါ။ ပြီးရင် ဆီနည်းနည်းနဲ့ နှံ့အောင်နယ်ပြီး နောက်ထပ် နာရီဝက်လောက် ထပ်နှပ်ထားပေးပါ။ ပြီးရင်တော့ ကင်စက်ကို အပူပေးပြီး ကင်ပေးလို့ ရပါတယ်။

ကင်တဲ့အခါမှာလည်း အပူချိန် နည်းနည်းနဲ့ အချိန်ကြာကြာလေး ကင်ပေးပါ။ ကြက်ကင်ကို တွဲစားဖို့ကတော့ ကိုယ်ခံအားကို အားဖြည့်ပေးမယ့် ခရမ်းချဉ်သီးလေးကို ပြုတ်ပြီး ကြက်သွန်ဖြူ ပါးပါးလှီး၊ နံနံပင်၊ ငရုတ်သီးစိမ်း တို့ထည့်ပြီး ဆားနည်းနည်းနဲ့ ဖျော်ပေးရမှာပါ။ ဒါဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်ပြီး ပရိုတင်း၊ သံဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ နယူးရီးယား စားဖွယ် တစ်မျိုးကို ရရှိမှာပါ။

အရွက်သုပ်

ဒီနေရာမှာ မိမိနှစ်သက်ရာ အစိမ်းရောင် အရွက်တစ်မျိုးမျိုးကို သုပ်စားလို့ ရပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အအီပြေစေဖို့ဆိုရင် အရွက်ကို ရေနွေးဆူဆူထည့်ပြုတ်ပြီး အစိမ်းရောင် အနေလေးမှာ ဆယ်ပါ။ ပြီးရင် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဆားနည်းနည်း၊ သံပုရာသီး၊ နှမ်းဆီ နည်းနည်းတို့ကို ထည့်ပြီး သုပ်စားလို့ ရပါတယ်။ နှမ်းကြိုက်ရင်တော့ နှမ်းစေ့နည်းနည်း ဖြူးပြီး သုံးဆောင်လို့ ရပါတယ်။

စွပ်ပြုတ်

အရည်သောက် တစ်ခုခု သောက်ချင်တယ်ဆိုသူတွေ အတွက် ကြက်ရိုး၊ ဝက်ရိုးစတာတွေကို ကြက်သွန်ဖြူ နိုင်နိုင်၊ ချင်း (ဂျင်း) နိုင်နိုင်နဲ့ ဆားနည်းနည်း ထည့်ပြီး တစ်နေကုန် ပြုတ်ထားပေးပါ။ သောက်ခါနီးမှ ငရုတ်ကောင်းလေး အရွက်လေး ခတ်ပေးတာက အာဟာရ ပြည့်ဝစေပြီး ကိုယ်ခံအားကိုပါ အားဖြည့်ပေးနိုင်မှာပါ။

ငါးသံပုရာပေါင်း

ငါးကင်အစား ငါးသံပုရာပေါင်း စားတာက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နည်းပါ။ ငါးကို တီလားပီးယား သုံးလို့ ရသလို ကကတစ်ကို သုံးပေးရင်လည်း ရပါတယ်။ ငါးကို ကြက်သွန်ဖြူ၊ ချင်း (ဂျင်း)၊ စပါးလင်၊ ဆားနည်းနည်း၊ သကြားညိုနည်းနည်း၊ ပဲငံပြာရည် အနောက်နည်းနည်းလေးနဲ့ နှပ်ပြီး ငါးဗိုက်ထဲကို စပါးလင်ထုထားတာ၊ ပင်စိမ်း ၂ ခက်လောက် ရှမ်းနံနံ တစ်ပင်လောက်ကို နည်းနည်းလောက် ထုပြီး ငရုတ်သီးစိမ်း ထောင်းထားတာတွေကို ထည့်ပြီး ရေခဲသေတ္တာထဲမှာ ၃ နာရီကြာလောက် နှပ်ထားပေးပါ။ ဒီလို နှပ်ထားပြီးသား ငါးကို ငါးသံပုရာပေါင်း ချက်စားတာက ကျန်းမာရေးနဲ့ ညီညွတ်မှာပါ။

သောက်စရာအနေနဲ့ ဆိုရင်တော့

သောက်စရာတွေအနေနဲ့ကတော့ နှစ်ဆန်းတစ်ရက်နေ့မှာ အရက်နာကျတာ ကင်းစေဖို့ အရက်၊ ဘီယာတွေကို တတ်နိုင်သမျှ လျှော့သောက်ပါ။ နှစ်မျိုး ရောသောက်တာမျိုးတွေ မလုပ်ပါနဲ့။ အချိုရည်တွေ၊ အားဖြည့်အချိုရည်တွေနဲ့ ရောသောက်တာမျိုးလည်း မလုပ်ပါနဲ့။ သဘာဝ အသီးတွေကနေ ရတဲ့ ဝိုင်နဲ့ သစ်သီးဖျော်ရည်တွေကို သောက်ပေးတာက အကောင်းဆုံး ဖြစ်မှာပါ။ ဝိုင်တွေကိုလည်း အလွန်အကျွံ မသောက်ပါနဲ့လို့ ပြောပါရစေ။

အခုပြောခဲ့တာတွေက အဆီတက်တာ၊ မအီမသာဖြစ်တာမျိုးတွေ မဖြစ်စေဘဲ နယူးရီးယားကို ကျန်းမာစွာ ကြိုဆိုနိုင်စေမယ့် စားသောက်မှုပါ။ ပရိသတ်ကြီးရော ဘယ်လို အစားအစာတွေ စားရင်း နယူရီးယားကို ကြိုမယ် စိတ်ကူးထားလဲဆိုတာကို ပြောပြပေးဦးနော်။
Alex Aunghttp://www.blogger.com/profile/13958650132140473779noreply@blogger.com0tag:blogger.com,1999:blog-3813763337170553596.post-26901695344691763282023-12-12T12:29:00.004+06:302023-12-12T12:29:47.568+06:30 ♎️ Libra ရဲ့ ကောင်းမွေ ဆိုးမွေများ (23 Sep - 23 Oct)
♎️ Libra ရဲ့ ကောင်းမွေ ဆိုးမွေများ (23 Sep - 23 Oct)

♎️ အခုတစ်ခေါက်မှာတော့

ပလာယာ (player) လို့ နာမည်ကြီးနေတဲ့

တူရာသီခွင်တွေရဲ့ အကြောင်းကို

မချွင်းမချန် ဖောက်သည်ချသွားပါမယ်။

ဒီရာသီဟာလည်း Libra season ဖြစ်တာကြောင့် ဦးစားပေး အရင် ရေးပေးလိုက်တာပါ။

🌸 Venus ဂြိုလ် စိုးမိုးထားတဲ့ တူရာသီခွင်တွေဟာ အလှအပ အနုအရွကို လွန်လွန်ကဲကဲ

အခံစားတတ်ဆုံး ရာသီခွင်ပါ။

အသုံးအဆောင် အဝတ်အစားကအစ

လှပေ့ ကောင်းပေ့ ညွန့်ပေ့ ဆိုတာမျိုးတွေကိုပဲ

သဘောကျတတ်ပါတယ်။

လက်နှီးစုတ်ကိုတောင် ဖဲပွင့်လေး တပ်ပေးဦး

ဆိုတဲ့ အစားထဲကပါ။

ဘယ်သူမှ မမြင်တဲ့ အတွင်းခံကိုတောင်

ဖက်ရှင်ကျကျ ဝတ်တတ်တာ လီဘရာတွေပါ။

😈 အလှအပ နှစ်သက်သလို ဒဿဂီရိတောင်

မူးဝေပြီး သံပုရာရည် နှစ်ခွက်ဆင့်

သောက်သွားရလောက်အောင်

မျက်နှာလည်း များတတ်ပါတယ်။

လှတာ ကောင်းတာ မှန်သမျှ

သူတို့အတွက်လို့ ထင်နေတတ်ပါတယ်။

♎️ ဒါပေမယ့် တစ်ဖက်မှာလည်း

မွေးရာပါ ချိန်ခွင်ပိုက်ပြီး မွေးလာတဲ့

တူရာသီခွင်တွေဟာ

ဆန္ဒကို သိက္ခာနဲ့ ပြန်ထိန်းတတ်ပါတယ်။

မထိန်းရင်လည်း ဘဝတစ်လျှောက်မှာ

အမှုပေါင်းစုံတက်ပြီး တရားရုံးဘေးမှာ

အဖီဆွဲနေရမယ့် ပုံပါပဲ။

♎️ဒါကြောင့် player မှန်ပေမယ့်

Red flag သိပ်မဆန်တဲ့ ပလေယာတွေပါ။

ပလေးတာတော့ တော်တော် ပလေးပါတယ်။

😈သူတို့ကိုယ်မှာ မွေးရာပါ အရှိန်အဝါတစ်မျိုး

ထွန်းလင်းတတ်လို့ လူတွေကလည်း

သူတို့ဖြားယောင်းတဲ့ အလင်းရောင်အောက်ကို

ကျရောက်သွားကြရတာ များပါတယ်။

♎️ ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်တွေ

အများဆုံး ပေါ်ထွန်းတတ်တဲ့ ရာသီခွင်ပါ။

အနုပညာလောကမှာ ခြေရှုပ်နေတာ

သူတို့အုပ်စုချည်းပါပဲ။

😂ဟိုတလောက ခရစ်စ်ကို ပါးထ cha တဲ့

ကမ္ဘာကျော် ဝီစမစ်ဟာလည်း

လီဘရာ တစ်ယောက်ပါ။ 👏

ရေနဲ့ လှမ်းပက်တဲ့ ပရိသတ်ကို

စင်ပေါ်ကနေ မိုက်နဲ့ ပြန် htu တဲ့

စွာစိလန် ကာဒီမကြီး ဟာလည်း Libra ပါ။ 😂

😴ချိန်ခွင်တွေ တအားစွာပါတယ်။

ဖြစ်နိုင်ရင် ရန်သွားသွား မစကြနဲ့။

ကျား မ မရွေး လက်သံပြောင်လို့

ဖူးယောင်ပြီး ပြန်လာရတာ များပါတယ်။

👏လူတွေကို စိုးမိုးချုပ်ကိုင်တတ်ပါတယ်။

Air sign ပီပီ အာချောင်ပါတယ်။

စကားအရာ ကြွယ်ပါတယ်။

စကားဝိုင်းတစ်ခုမှာ ထိပ်ဆုံးကနေထိုင်ပြီး

ကော်ဖီ တစ်ငုံပြီး တစ်ငုံသောက်လိုက်

လူတိုင်းကို မျက်လုံးချင်း ဆုံအောင်လုပ်ပြီး

ဟောင်ဖွာ ဟောင်ဖွာ လုပ်လိုက်

ဖြစ်နေတဲ့ လူတစ်ယောက်ကိုမြင်ရင်

လီဘရာ ဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။

♎️သူတို့ကိုယ်သူတို့ လူ့လောကကြီးကို

သမမျှတအောင် ဆောင်ရွက်ပေးနိုင်တဲ့

တရားသူကြီးတွေသဖွယ်

အထင်ရှိနေတတ်ကြတယ်။

ဘယ်နေရာမဆို သူတို့မပါရင်

ပွဲမပြီးဘူးလို့ ကိုယ့်ဘာသာ ခံယူပြီး

ခရာ ဝင်ဝင်မှုတ်တတ်ကြပါတယ်။ 😂

🤔 တကယ်လည်း ကိစ္စတစ်ခုကို

ဘာလုပ်ရမှန်း မသိရင် သင့်ဘေးနားက

လစ်ဘရာတစ်ယောက်ကို ပုံမှန်ဆိမ့်တစ်ခွက်လောက် ခေါ်တိုက်ပြီး အကြံတောင်းကြည့်ပါ။

သူတို့ ဆုံးဖြတ်ချက်တွေက မှန်တာ များတတ်ပါတယ်။

😈ထင်မထားတဲ့ နောက်ကွယ်က

လက်မည်းကြီးတွေရဲ့ ပိုင်ရှင်ဟာလည်း

ချိန်ခွင်တွေ များတတ်ပါတယ်။

ချိန်ခွင်ဆိုတိုင်းလည်း မျှတမယ်ထင်ပြီး

စွတ်တော့ မယုံပါနဲ့။

ချိန်ခွင်တွေ တအား အလေးခိုးပါတယ်။

စကားတစ်ခွန်းကို သူတို့ လိုသလို ဆွဲယူပြီး

သင့်အာရုံတွေ မှောက်မှားသွားအောင်

ချက်နဲ့ လက်နဲ့ ချည်ပြီးတုပ်ပြီး သိပ်လုပ်တတ်ပါတယ်။

🤗ပျော်ပျော်နေတတ်တယ်။

ဟာသဉာဏ်ရှိတယ်။

သူ့ကို လူတွေ အာရုံစိုက်လာအောင်

ဘယ်အချက်ကို နင်းရမလဲဆိုတာ

ကောင်းကောင်းကြီး ကျွမ်းကျင်ပါတယ်။

ဒါပေမယ့် ခံစားလွယ်လွန်းပါတယ်။

ပုံပန်းသွင်ပြင်နဲ့ အာသွက်လျှာသွက်တွေမို့

လူတွေကသာ အထင်ကြီးနေကြပေမယ့်

သူတို့ရဲ့ နှလုံးသားက ယုန်သူငယ်လို နုပါတယ်။

(ကြုံရင် ဝင်ဗျင်းပေးကြစမ်းပါ)

လူတွေကို သူတို့ကချည်း ဦးအောင်ဆော်ပြီး

သူတို့ကချည်း ပြန်သနားနေတတ်ကြတဲ့

စိတ်နှစ်ခွ ခင်ပန်းနုသွေးတွေပါ။

မချေတတ်ပါဘူး။

သူတို့ကိုယ်သူတို့ ကြီးမြတ်ပြီးသား

ပုဂ္ဂိုလ်တွေလို့ သွေးနထင် ရောက်နေကြတာမို့

လူတိုင်းကို သင့်တင့်လျောက်ပတ်အောင်

ဆက်ဆံတတ်ပါတယ်။

လူတွေကို ချေမယ့်အစား

မြှောက်ထိုးပင့်ကော်လုပ်ပြီး လိုတဲ့နေရာ သုံးပါတယ်။

ခေါင်းဆောင် လုပ်လို့ရတဲ့ ရာသီဖွားတွေပါ။

အပျော်အပါးမက်ပေမယ့် ချိန်ခွင်မို့

ပျော်ပါး သောက်စား ပျက်စီးပြီးရင်လည်း

သူတို့ဘဝကို သူတို့ ပြန်လည်

တည့်မတ်တတ်ကြတဲ့ လူလည်တွေပါ။

ဘယ် လီဘရာကြီးကတော့ အပျော်လွန်ပြီး

မြောင်းထဲ ခေါင်းစိုက်နေပြီဟေ့လို့

မရှိသလောက် ရှားပါတယ်။

ဘယ်လောက် လမ်းချော်ချော်

လမ်းမှန်ပေါ် ပြန်တည့်တတ်ကြတဲ့

မွေးရာပါ ဂျလည်အုပ်စု ဖြစ်ပါတယ်။

Sep Libra ရော Oct Libra ရော

အရမ်းကြီးတော့ မကွာခြားပါဘူး။

Virgo တွေနဲ့ နည်းနည်း သွေးနှောတဲ့

Sep Libra ကတော့ အလစ်တဲလေး

ကလိန်ဉာဏ် ပိုပါတယ်။ 😂

အပျင်းကြီးတာတစ်ဖက် ကြိုးစားတာ တစ်ဖက်၊

အပျော်အပါး မက်တာတစ်ဖက်

ရုပ်တည်တာ တစ်ဖက်၊

ပွေချင်ရှုပ်ချင် ကမြင်းချင်တာ တစ်ဖက်

အချစ်ကြီးပြီး သစ္စာတရားက တစ်ဖက်၊

သနားတတ်တာ တစ်ဖက်

ဆော်ပလော်တီးတတ်တာ တစ်ဖက်နဲ့

တူရာသီဖွားတွေဟာ

ဘယ်အရာကိုမဆို ချိန်ခွင်ထဲ လိုသလို

ထည့်ချိန်ပြီး သူ့ဘဝသူ တည့်မတ်ပါတယ်။

ဒါကြောင့် တူရာသီဖွားတွေနဲ့ ပေါင်းပြီး

လိုက်ပျက်စီးမယ် မကြံပါနဲ့။

အချိန်တန်ရင် သူတို့က အပျက်အစီးပုံထဲကနေ

ထွက်လာပြီး ဘယ်တုန်းက

မီးပူထိုးထားမှန်း မသိတဲ့ ဝတ်စုံပြည့်နဲ့

စင်ပေါ်မှာ ကျော့ကျော့မော့မော့လေး

နေရာယူကြဦးမှာပါ။

It’s so called Libra ပါပဲ။ ♎️

『 စာရေးသူ ➠ မရွှန်းမီမီထက် 』
Alex Aunghttp://www.blogger.com/profile/13958650132140473779noreply@blogger.com0tag:blogger.com,1999:blog-3813763337170553596.post-84212412927590177092023-12-11T08:01:00.003+06:302023-12-11T08:01:36.555+06:30ပျင်းစရာကောင်းလာသော ဝန်ထမ်းအသိအမှတ်ပြုအစီအစဉ်များ
ဆောင်းပါးအမည် − ပျင်းစရာကောင်းလာသော ဝန်ထမ်းအသိအမှတ်ပြုအစီအစဉ်များ

(HR Journal December 2023 ထုတ်မှာဖော်ပြထားတဲ့ ကိုဆုဝေ ရဲ့ဆောင်းပါးကိုစာဖတ်ပရိသတ်များအတွက်ဝေမျှလိုက်ပါတယ်၊)

ဒီအဖွဲ့အစည်းကို အိပ်ချ်အာမန်နေဂျာအနေနဲ့ ကိုရိုးစရောက်တာ သိပ်မကြာသေး၊ ရက်ပိုင်းလောက်သာ ရှိသေးသည်။ ရောက်ရောက် ချင်းဆိုသလို၊ ဝန်ထမ်းမွေးနေ့ပွဲ အစီအစဉ်လေးနဲ့ တန်းကြုံရသည်။ အရင်ကတည်းက လုပ်နေကြလို့ ဆိုကြတာရယ်၊ ဘယ်လိုပုံစံလေး တွေနဲ့ လုပ်ကြလဲဆိုပြီး အခြေအနေတွေကို လေ့လာအကဲခတ်ချင် တာနဲ့ပဲ၊ ဒီအတိုင်းလေးပဲ မွေးနေ့ပွဲလေးကို တက်ရောက်လိုက်သည်။

ဟော...၊ စတွေ့ပါပြီဗျာ။ အစီအစဉ်စလို့ ဆယ်မိနစ်ကျော်သည်အထိ အိပ်ချ်အာဌာနမှ လူတွေကလွဲပြီး၊ တစ်ယောက်မှ ပေါ်မလာကြသေး။ ကိုရိုးအောက်က အိပ်ချ်အာလက်ထောက်ကလေးမလေးက မျက်စိ မျက်နှာ ပျက်ပြီး၊ ဟိုလူ့ဖုန်းဆက်၊ ဒီလူ့ဖုန်းဆက် ခေါ်နေရပြီ။အတော်လေး ကြာတော့မှ ၊ တစ်ယောက်စ၊ နှစ်ယောက်စနဲ့ တဖြည်းဖြည်းလူ လေး ဆယ့်လေး ငါးယောက် ဖြစ်လာသည်။

ကဲ... လူစုံပြီဆိုတော့လည်း စမယ်ပေါ့။ ဒါတောင် မွေးနေ့ရှင် ဝန်ထမ်းအချို့က မလာကြတာ ရှိသေးသည်။ စမယ်ဆိုတော့လည်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကြပြီး၊ သူကပဲ စလုပ်မလို လို၊ ငါကပဲ စလုပ်ရမလိုလိုနဲ့ အစီအစဉ်က မကျ။ အခုကျမှ မွေးနေ့ဆုတောင်းနောက်ခံသီချင်းဖွင့်ဖို့ လုပ်ရနဲ့။ တကယ့်ကို ဗြုတ်စဗျင်း တောင်းနဲ့ ရယ်စရာအတော်ကောင်းနေသည်။

နောက်ဆုံးမှာတော့ မွေးနေ့ရှင်ဝန်ထမ်းအချို့ရယ်၊ တက်ရောက် တဲ့ဝန်ထမ်း သုံးလေးယောက်ရယ်၊ အိပ်ချ်အာဌာန ရယ်ပဲ ပေါင်းပြီး အောင်မြင်စွာ ကသောင်းကနင်းနဲ့ပဲ ပြီးဆုံးလုပ်ဆောင်လိုက်လေသတည်းပေါ့။ အဖွဲ့အစည်းတိုင်းလိုလိုမှာ ဝန်ထမ်းတွေအတွက် အသိအမှတ်ပြု အစီအစဉ်လေးတွေ ရှိတတ်ကြသည်။ ကြီးကြီး မားမားမဟုတ်တောင်၊ အနည်းဆုံး မွေးနေ့ပွဲလေးတွေ စီစဉ်ပေးတာမျိုးလောက်တော့ လုပ်ပေးလေ့ရှိကြသည်။

ဘာပဲပြောပြော ရှိသည့်၊ တတ်နိုင်သည့် ဘတ်ဂျက်လေးတွေနှင့် ဝန်ထမ်းတွေအတွက် အသိအမှတ်ပြုမှု အစီအစဉ်လေးတွေကို အဆင်ပြေဆုံးဖြစ်အောင် လုပ်ဆောင်ပေးတာ ကောင်းပါသည်။ သို့သော် ပြဿနာက ပူးပေါင်းပါဝင်မှု အားနည်းလာကြသလို၊ ဝတ် ကျေတန်းကျေ ဆန်လာကြခြင်းဖြစ်သည်။ တစ်လတစ်ခါ ဝန်ထမ်း တွေအတွက် မွေးနေ့ပွဲလေးတွေ စီစဉ်ပေးရမှာမို့သာ လုပ်နေရသည်။ သိပ်ပြီး ဟက်ဟက်ပက်ပက် ရှိလှသည်တော့ မဟုတ်ကြ။ တစ်ချို့ များဆို.. ဟဲ့ လာတက်ကြပါဟဲ့ ၊ ဝိုင်းပြီး လက်ခုပ်တီးကြပါဟဲ့ ဆိုပြီး ပြောယူရတဲ့အထိ ဖြစ်လာသည်။

ဘာ့ကြောင့် ဒီလိုဖြစ်လာသလဲ ဆိုပြီး၊ စဉ်းစားကြည့်မိတော့ အောက်ပါအချက်တွေကို သွားတွေ့မိသည်။

တီထွင်ဖန်တီးနိုင်မှု အားနည်းခြင်း

အဓိကကတော့ အိပ်ချ်အာတွေပဲ ဖြစ်သည်။ ဆိုကြပါစို့ ၊ ဝန်ထမ်းတွေအတွက် မွေးနေ့ပွဲတစ်ခုလုပ်မယ်ပေါ့။ ထုံးစံအတိုင်း မွေး နေ့လက်ဆောင်တွေပေးမယ် (ဘတ်ဂျက်ရှိရင်ပေါ့လေ)၊ ပြီးရင် မွေး နေ့ရှင်ဝန်ထမ်းတွေနှင့်အတူ မွေးနေ့ဆုတောင်းသီချင်းကို တူတူဆိုကြ မယ်၊ သီချင်းဆုံးတာနဲ့ ဖယောင်းတိုင်တွေကို မီးမှုတ်မယ်၊ နောက်ဆုံး ကိတ်မုန့်ကို ခွဲပြီး၊ ဝိုင်းဝန်း စားသောက်ကြလေ သတည်းပေါ့။

ဒါက လူတိုင်းလုပ်တတ်သည်။ မလုပ်တတ်စရာ အကြောင်းလည်း မရှိဘူးလေ၊ တစ်ခါလာလည်း မဲပြာပုဆိုး ဖြစ်နေမှတော့ အားလုံး သိနေပြီပေါ့။ အဲတော့ ဘာဖြစ်လာလဲဆိုတော့ အစီအစဉ်ကို သိပ်ပြီး၊ စိတ်ဝင်စားမှု မရှိဖြစ်လာသည်။

အိပ်ချ်အာ လုပ်ရတာ ဘာမှမခက်ပါဘူး၊ လွယ်ပါတယ်ကွာဆို သည့် စကား ၊ ထင်မြင်ယူဆချက်များသည် အခုလို အခြေအနေ မျိုးတွေကတဆင့် ပေါ်ပေါက်လာသည်ဟု ထင်မိသည်။ အိပ်ချ်အာ တွေကိုယ်တိုင်က လေးနက်တဲ့ ရည်ရွယ်ချက်မရှိ၊ တန်ဖိုးထား စိတ်ပါဝင်စားမှုမရှိပဲလွယ်လွယ်လေး ... ဖြစ်ကတတ်ဆန်း လုပ်ကြ သည်ကိုး။

အဲဒါထက်ပိုပြီး၊ တီထွင်ဆန်းသစ်လို့ မရနိုင်ဘူးလား။ ဆိုကြပါစို့ ၊ အစီအစဉ်မှာ ဝန်ထမ်းတစ်ဦးချင်းစီကို သူတို့ရဲ့ မွေးနေ့နဲ့ပတ်သက်တဲ့ အမှတ်တရအဖြစ်အပျက် တစ်ခုခု ၊ ဒါမှမဟုတ်ရင်လည်း ခံစားချက် တစ်ခုခု ပြောခိုင်းမည်။ ဒါမှမဟုတ်ရင်လည်း သူတို့နဲ့ ပတ်သက်တဲ့ မိဘ၊ ဆွေမျိုး ၊ အပေါင်းအသင်း ချစ်ခင်သူတွေဆီကို ကြိုတင်ဆက် သွယ်ထားပြီး၊ ပါဝင်ခိုင်းတာမျိုး၊ သူတို့ တကယ်လိုချင်နေသည့် ပစ္စည်းမျိုးကို ကြိုတင် မေးမြန်းထားတာမျိုး ။

နောက်တစ်ခုက မွေးနေ့လက်ဆောင်ပေးတဲ့အစီအစဉ်မှာ ဟာသအစီအစဉ်လေးတွေ ထည့်လိုက်တာမျိုးပေါ့။ ဥပမာ - မွေး နေ့လက်ဆောင်တွေကို ကံစမ်းမဲနှိုက်သလို နှိုက်ခိုင်းပြီး၊ ကျရာပစ္စည်း ကို ယူခိုင်းတာမျိုး ။ ယောကျ်ားလေး ဝန်ထမ်းပေမယ့်၊ မဲပေါက်တဲ့ ပစ္စည်းက မိန်းကလေး အသုံးအဆောင် ဖြစ်နေတာမျိုး စသည်ဖြင့်ပေါ့။ တတ်နိုင်သလောက် တီထွင်ဆန်းသစ်ကြည့်ရမည် ဖြစ်သည်။

ဒီအလုပ်က တကယ်တော့ အထက်မှာ ဆိုခဲ့သလို၊ အိပ်ချ်အာတွေ မှာ တာဝန်အရှိဆုံး ဖြစ်သည်။ လူတွေကို စီမံခန့်ခွဲရသည့် အိပ်ချ်အာ တွေသည် လူတွေအကြောင်း ကောင်းကောင်းနားလည်ထားရမည် ဖြစ်သည်။ အထူးသဖြင့် လူတွေရဲ့ စိတ်ကို ကောင်းကောင်းသိဖို့ လိုသည်။

လူတွေသည် ဘယ်အရာကိုမဆို ရိုးအီတတ်သည့်သဘော ရှိ သည်။ အသစ်အဆန်းကို စိတ်ဝင်စားတတ်ကြသည်။ ဒီလောက်ရိုး ရှင်းသည့်အချက်ကို အိပ်ချ်အာတွေ မေ့နေတတ်ကြသည်။ အဲဒီတော့ အမြဲတစေ လှေကြီးထိုး ရိုးရိုး မလုပ်ကြပါနဲ့တော့။ တီထွင်ဆန်း သစ်နိုင်ပြီး၊ အနုပညာအမြင်ရှိသည့် အိပ်ချ်အာတွေ ဖြစ်ဖို့ အရေးကြီး သည်။ ဘာပဲပြောပြော ဝန်ထမ်းတွေအတွက် အသိအမှတ်ပြုအစီ အစဉ်တစ်ခုခု လုပ်ဆောင်ပေးခြင်းတွင် အဓိပ္ပာယ်ရှိတဲ့ ရည်ရွယ်ချက် တွေ ပါရှိသည်ဆိုသည်ကို အလေးအနက် သိရှိနားလည်ထားရမည်။ ပေါ့ပေါ့တန်တန် သဘောထားပြီး၊ လုပ်ဆောင်လို့ မရပါ။ ဘာကြောင့်၊ ဘာအတွက်ဆိုတာကို ဝန်ထမ်းတွေ သိရှိနားလည်စေရမည် ဖြစ် သည်။ အဲလိုမှ မဟုတ်ရင်တော့ ပိုက်ဆံကုန်တာသာ အဖတ်တင် လိမ့်မည်။

စီမံခန့်ခွဲမှုအဖွဲ့၏ ပံ့ပိုးမှု

ဘာလုပ်မှာလဲကွာ ၊ ပိုက်ဆံကုန်ပါတယ် ၊ ဒါတွေက အပိုတွေပါ ဆိုပြီး ထင်နေသည့် အဖွဲ့အစည်းတွေလည်း ရှိသည်။ ဒီလိုအဖွဲ့အစည်းမျိုးမှာကျတော့လည်း တီထွင်ဆန်းသစ်ဖို့မပြောနဲ့ ၊ အဲဒီလို သဘောမျိုးရှိနေသည့် စီမံခန့်ခွဲမှုအဖွဲ့ကို အရင်ဆုံးနားချ စည်းရုံးရ မည့်အခြေအနေမှာ ရှိသည်။ တစ်ချို့ကျတော့လည်း မလုပ်ပေးဘူး တော့ မဟုတ်၊ လုပ်ပေးသည်။ ဒါပေမဲ့ ဝတ်ကျေတန်းကျေမျှသာ။

ဒီနေရာမှာ တစ်ခုပြောချင်သည်က အဖွဲ့အစည်းတစ်ခုရဲ့ စီမံ ခန့်ခွဲမှုအဖွဲ့သည် အိပ်ချ်အာကို စိတ်ဝင်စားဖို့ ၊ ပံ့ပိုးကူညီဖို့ လိုကို လို အပ်သည်။ အရှုံး/အမြတ် ၊ လုပ်ငန်းလည်ပတ်မှု အခြေအနေတွေကိုပဲ စိတ်ဝင်စားပြီး၊ အိပ်ချ်အာဆိုရင် လစာတွက်တာနဲ့ စည်းကမ်းထိန်း သိမ်းသူလို့သာ မှတ်ယူထားရင်တော့ သွားပြီလို့သာ ဆိုချင်သည်။

တစ်ခါတလေမှာ စီမံခန့်ခွဲမှုအဖွဲ့က အခုလိုမျိုး သဘောထား အမြင်တွေ ရှိလာခြင်းသည် အိပ်ချ်အာတွေကြောင့် လည်း ဖြစ်သည်။ အထက်မှာ ဆိုခဲ့သလို၊ အိပ်ချ်အာတွေ ကိုယ်တိုင်ကမှ ရည်ရွယ် ချက်ကို သေချာ နားမလည်၊ တန်ဖိုးမထားဘဲ၊ ပေါ့ပျက်ပျက် လုပ်ကိုင် ဆောင်ရွက်နေခြင်းများမှတဆင့် ကူးစက် ပျံ့နှံ့လာခြင်း ဖြစ်သည်။ အိပ်ချ်အာတွေအနေနဲ့ တကယ်ကို အင်တိုက်အားတိုက် ကိုယ်ရော စိတ်ရောနှစ်ပြီး ၊ အသေးစိတ် စီစဉ်ဆောင်ရွက်ဖို့ လိုသည်။ မိမိရဲ့ ပရော်ဖက်ရှင်နယ်ကို ရူးသွပ်တယ်ဆိုတာ ဒါမျိုးကို ခေါ်ခြင်းလည်း ဖြစ်သည်။ အိပ်ချ်အာတို့သည် တစ်နည်းအားဖြင့် ပွဲစီစဉ်သူများလည်း ဖြစ်ကြသည် မဟုတ်ပါလား။ ပွဲတစ်ပွဲကို အောင်အောင်မြင်မြင်ဖြင့် အားလုံး ပျော်ရွှင်စွာ ပါဝင်နိုင်စေဖို့ ဦးဆောင်လုပ်ကိုင်နိုင်စွမ်း ရှိရ မည်။

အားလုံးပူးပေါင်းပါဝင်မှု

ဒီအချက်က အရေးအကြီးဆုံးဖြစ်သည်။ ဝန်ထမ်းတွေကို အသိ အမှတ်ပြုခြင်းနဲ့ပတ်သက်ပြီး၊ ယေဘုယျအားဖြင့် အမျိုးအစားလေးမျိုး ရှိသည်။ အများရှေ့မှာ အသိအမှတ်ပြုခြင်း (Public Recognition)၊ သီးသန့် ခေါ်ယူ အသိအမှတ်ပြုခြင်း(Private Recognition)၊ ရာထူး/လစာတိုးမြှင့်ပေးခြင်း(Promotion)နဲ့ ငွေကြေးနှင့် ချီးမြှင့် ခြင်း(Monetary Award)တို့ ဖြစ်သည်။ အဲဒီထဲကနေမှ အများရှေ့မှာ အသိအမှတ်ပြုခြင်းသည် အားလုံးပူးပေါင်းပါဝင်မှသာ အောင်မြင် နိုင်မည်ဖြစ်သည်။

အသိအမှတ်ပြုခြင်းဆိုင်ရာ ပွဲတစ်ခု စီစဉ်လုပ်ဆောင်ပါသည်ဆိုမှ စိတ်ဝင်စားမှုမရှိ၊ တက်ရောက်သူနည်းပါး၊ ပူးပေါင်းပါဝင်မှုဆိုတာ ရှားပါးနေမှတော့ အသိအမှတ်ပြုခြင်းဆိုတဲ့ အဓိပ္ပာယ်အနှစ်သာရကို ဘယ်မှာရရှိတော့မှာပဲ။

အဲဒီတော့ အားလုံးရဲ့ ပူးပေါင်းပါဝင်မှုရရှိအောင် ဘယ်လိုလုပ် မလဲဆိုတာက အဖြေရှာရမယ့်အရာတစ်ခု ဖြစ်လာပြီ။ ဒီအချက်ကို အိပ်ချ်အာတွေ အသေအချာ လေ့လာဆန်းစစ်ပြီး၊ စဉ်းစားအဖြေရှာရ မည်ဖြစ်သည်။ အိပ်ချ်အာ တစ်ယောက်သည် မိမိအဖွဲ့အစည်းမှာရှိ သည့် အိပ်ချ်အာလုပ်ငန်းစဉ်တွေ အမှန်တကယ် အသက်ဝင်ရဲ့လား၊ တိုးတက်မှုရှိရဲ့လားဆိုတာကို အမြဲတမ်း လေ့လာဆန်းစစ်နေရမည် ဖြစ်သည်။ အမြဲတမ်း အလိုက်သင့် ပုံစံကားချပ် လုပ်ကိုင်ဆောင်ရွက်နေ ခြင်းသည် မမှန်ကန်နိုင်ပါ။

တကယ်တော့ အပြောင်းအလဲဟူသည် ရုတ်တရက်ထပြီး၊ ချက်ချင်းပြောင်းလဲခြင်း (သို့မဟုတ်) ပြောင်းလဲ လိုက်ရခြင်းထက် ဆင့်ကဲဖြစ်စဉ်သဘောမျိုး တဖြည်းဖြည်းချင်း ပြောင်းလဲခြင်းသည်သာ ကောင်းမွန်သည့် အရွေ့တစ်ခု ဖြစ်မည်ဖြစ်သည်။ အဲဒီလို ဆင့်ကဲ တဖြည်းဖြည်းချင်း ပြောင်းလဲဖို့ဆိုသည်မှာ မိမိအလုပ်အပေါ် စိတ်ပါ ဝင်စားမှု၊ အမြဲတမ်းဝေဖန်ပိုင်းခြားဆန်းစစ်နိုင်မှု ရှိရမည်ဖြစ်သည်။

နောက်တစ်ခုက အားလုံးပူးပေါင်းပါဝင်စေချင်ရင်၊ အားလုံးကို ပူးပေါင်းပါဝင်ပတ်သက်ခွင့် ပေးရမည်။ ဒါက အရိုး ရှင်းဆုံးနဲ့ အထိ ရောက်ဆုံးနည်းလမ်း ဖြစ်သည်။ ဆိုလိုချင်သည်က ဝန်ထမ်းတွေနှင့် ပတ်သက်သော စီစဉ်သည့် ပွဲမှန်သမျှ အိပ်ချ်အာဌာနတစ်ခုတည်းကပဲ လုပ်ဆောင်နေမည်ဆိုလျှင်၊ အားလုံးရဲ့ ပူးပေါင်းပါဝင်မှုကို ရရှိနိုင် လိမ့်မည် မဟုတ်ချေ။

အထူးသဖြင့် ဝန်ထမ်းတွေနှင့် သက်ဆိုင်သော အခမ်းအနား၊ ပွဲတွေ စီစဉ်မည်ဆိုရင်၊ ဌာနအသီးသီးမှ ပရဟိတစိတ်ရှိသော ဝန်ထမ်းတွေကို ဖိတ်ခေါ်ကာ အစည်းအဝေးပြုလုပ်ပြီး၊ အကြံဉာဏ်များ တောင်းခံခြင်း၊ လုပ်ဆောင်ရမည့် တာဝန်များခွဲေ၀ ပေးခြင်းဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်သည်။ ပြီးရင် ပွဲနှင့် သက်ဆိုင်သည့် လိုအပ်သောသတင်းအချက်အလက်များကို ကြိုတင်ပြီး ထိထိရောက်ရောက် ဖြန့်ေ၀ ထားဖို့ လိုအပ်သည်။ ပွဲ ကျင်းပမည့်နေ့ရောက်တော့မှ အသိပေးတာမျိုး၊ အဲကျတော့မှ ဟိုလူ့ ဖုန်းဆက်ခေါ်၊ ဒီလူ့ဖုန်းဆက် ခေါ်တာမျိုးတွေက ရုပ်ပျက်ဆင်းပျက်နိုင် မည် ဖြစ်သည်။

ယနေ့ခေတ်အိပ်ချ်အတွေအနေနဲ့ ရှေ့ခေတ်အဆက်ဆက်က စီနီယာအိပ်ချ်အာ ဆရာသမားတွေဆီကနေ စု၊ တု၊ ပြု ဆိုတဲ့ စကား အတိုင်း လေ့လာမှတ်သားရမည်၊ ကြိုးစားရမည်၊ ထိုမှတဆင့် မိမိတို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် မိမိတို့ လက်ရှိ ရောက်ရှိနေတဲ့ အဖွဲ့အစည်းရဲ့ သဘောသဘာဝ၊ အခြေအနေတွေပေါ်မူတည်ပြီး၊ ပြုပြင် ပြောင်းလဲနိုင်စွမ်း၊ တီထွင် ဆန်းသစ်နိုင်စွမ်း မြင့်မားတဲ့ အရည် အချင်းရှိသော အိပ်ချ်အာများ၊ တော်တဲ့ ထက်တဲ့ ခေတ်မီတဲ့ အိပ်ချ် အာများ ဖြစ်ကြဖို့ ကြိုးစားကြပါလို့ တိုက်တွန်းရင်း .....။
Alex Aunghttp://www.blogger.com/profile/13958650132140473779noreply@blogger.com0tag:blogger.com,1999:blog-3813763337170553596.post-41238123698470534052023-12-09T07:24:00.005+06:302023-12-09T07:33:32.360+06:30နှစ်တရာပင် (Ginkgo)
Myanmar name: နှစ်တရာပင်

ယနေ့ကမ္ဘာမှာ ၎င်းအပင်ကို Ginkgo လို့ ခေါ်ပါတယ်။ Ginkgo ဟူသောအသုံးအနှုန်းမှာ ဂျာမန်လူမျိုး ရုက္ခဗဒပညာရှင်ကြောင့် ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ၁၆၉၀ ပြည့်နှစ်တွင် ဂျပန်ဘုရားကျောင်း၀င်းဥယျာဉ်တစ်ခုထဲတွင် အပင်များကို လေ့လာရင်း ဂျပန်အခေါ် Ginkgo (ဂျင်ကျို)ပင်ကို စတင်တွေ့ရှိ ခဲ့ပါတယ်။ ထိုဂျာမန်ပညာရှင်က ဂျင်ကျိုပင်ကို လေ့လာ၍ သုတေသနများစွာ လုပ်ခဲ့ပါတယ်။ ၁၇၁၂ ခုနှစ်မှာ Ginkyo ဂျပန်အသံထွက်ကိုလိုက်ပြီး Ginkgo ဟု ရေးသားဖော်ပြ ရာမှအစပြု၍ ၎င်းအပင်ကို Ginkgo Biloba ဟု အမည်တွင်ခဲ့ပါတယ်။ ရုက္ခဗဒအရ Ginkgoaceae မျိုးရင်းဖြစ်ပြီး မျိုးစိတ်မှာ Ginkgoales ဖြစ်ပါတယ်။

လွန်ခဲ့သော နှစ်သန်းပေါင်း ၂၇၀ ကျော်က Ginkgo ပင်၏ ကျောက် ဖြစ်ရုပ်ကြွင်းကို တွေ့ရှိ ခဲ့ရတာကြောင့်လည်း ပြည်ပနိုင်ငံတော် တော်များများက နှစ်တစ်ရာပင် ကို ကမ္ဘာဦးပင်လို့လည်း ခေါ်ကြပါတယ်။

သက်ရှိအပင်တွေထဲတွင် သက်တမ်း အရှည်ကြာဆုံးနှင့် ရာသီဥတုဒဏ္ကို အခံနိုင်ဆုံးသော အပင်အမျိုးအစား ဖြစ်ပါတယ်။ ပင်ရင်းဒေသမှာ တရုတ်ပြည်ဖြစ်ပြီး တရုတ်လူမျိုးများက ယင်ရှင် ့လို့သုံးကာ ငွေရောင်အဆင်းရှိေ သာ တရုတ်ဆီးသီးဟု အဓိပ္ပါယ် ပါတယ်။ ယင်ရှင့်မှ ရင်းကော၊ ရင်းကောမှပိုင်ကောလို့ ခေါ်ဆိုလာကြပြီး နောက်၄င်းတရုတ်အမည် ပိုင်ကောကို မြန်မာမှုပြု၍ ပဲကော (နှစ်တစ်ရာပဲ)ဟု အမည်တွင်ဖြစ်ပါတယ်။ အမည်တွင် ပဲ ဟုပါရှိသော်လည် ပဲစေ့အမျိုး အစားမဟုတ်ပါ။ ချို၊ ဆိမ့်၊ ခါးသက်ရသာ သုံးမျိုးရောထားသည့် အရသာထူးလွေသာ အစေ့ဖြစ်ပါတယ်။ ပဲကောစေ့ကို ကြော်စားလေ့ရှိကြသလို စွပ်ပြုတ်အဖြစ်လည်း သောက်သုံးကြ ပါတယ်။ တရုတ်ရိုးရာ ဟင်းလျာအမျိုးမျိုးတွင် ချက်ပြုတ်လေ့ရှိကြပြီး ကိုရီးယားနိုင်ငံ၏ မင်္ဂလာဆောင်ပွဲ များနှင့်ရိုးအစားအစာများတွင်လည်း ပဲကောစေ့ကို အသုံးပြု ကြပါတယ်။

ထူးခြားဆန်းပြား နှစ်တစ်ရာပဲပင်များ

နှစ်တစ်ရာပဲပင်၏ အသက်ရှည်သော အစွမ်းသတိ်္တမှာ အံ့မခန်းပါ။ ၁၉၄၅ ခုနှစ် ဒုတိယကမ်ဘာစစ်ကြီးတွင် ဂျပန်နိုင်ငံ ၏ဟီရိုရှီးမားနှင့် နာဂါစကီမြို့တို့ကို အဏုမြူဗုံးကြဲချခံရပြီး ၄င်းမြို့ များနှင့်ပတ်၀န်း ကျင်များတွင်လည်း ပြာပုံအတိ လောင်မီးကျခဲ့ပါတယ်။ အဏုမြူဗုံးပေါက်သော နေရာနှင့် ၂ ကီလိုမီတာ အတွင်း မှာရှိနေသော Ginkgo Biloba အပင်သည်လည်း မီးသွေးခြောက်ဘ၀ရောက်ခဲ့ပါတယ်။ သို့သော် မီးသွေးခြောက်ဖြစ်နေသော ၎င်းအပင်ဟာ ဗုံးဒဏ်သင့်ပြီး ရက် ၂၀ ခန့်အကြာတွင် အရွက်နုများပြန်၍ ထွက်လာသည်ကို အံ့သြဖွယ်တွေ့မြင်ကြ ရပါတယ်။ ဒါကြောင့် ၎င်းအပင်အမျိုးအစား ကို နျူကလီးယား ဗုံးပေါက်ပြီး မသေတဲ့အပင်၊ ၎င်းအသီးကို မသေသီးဟုဆို ကြကာ ဆေးပညာရှုထောင့်မှနေ၍ ၀ိသေသကို ထုတ်ဖော်ပြောဆိုလာကြတယ်။

နှစ်ပေါင်းထောင်နှင့်ချီ၍ အသက်ရှည်သော အပင်ဖြစ်ပြီး တရုတ်ပြည်၏ ရှန်ဟိုင်းဒေသတွင် နှစ် ၁၅၀၀ ကျော် သက်တမ်းရှိသော Ginkgo ပင်ကို တွေ့မြင်နိုင်ပါတယ်။ အေးမြ၍ စွတ်စိုသော ဒေသများ တွင်ဖြစ်ထွန်းပြီး အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ၊ ဂျပန်၊ ကိုရီးယား တို့တွင်လည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံ ၏ပြင်ဦးလွင် နှင့်မြန်မာ ပြည်မြောက်ပိုင်း တို့တွင် နှစ်တစ်ရာပဲပင်များ ဖြစ်ထွန်းကြပြီး ယနေ့ပြင်ဦးလွင်၏ ရုက္ခဗေဒ ဥယျာဉ်ထဲတွင် နှစ်ပေါင်း ၅၀၀ ကျော်ပြီဖြစ်သော Ginkgo Biloba ပင်ကို တွေ့မြင်နိုင်ပါတယ်။

နှစ်တစ်ရာ ၏ ထူးခြားချက်များဟာ လေဒဏ်၊ မိုးဒဏ်သာမက ပိုးမွှားဒဏ်တွေပါ ကာကွယ်ပေးနိုင်ပါ တယ်။ ပြင် လေထုညစ်ညမ်းမှုကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ပြီး မသန့်ရှင်းသော လေကိုစုပ်ယူ၍ သန့်ရှင်းေ သာအောက်ဆီဂျင်ကို ပြန်လည်ထုတ်ပေးနိုင်သောအ ပင်အမျိုးအစား ဖြစ်ပါတယ်။ ရေစီးရေလား ပြား နှစ်တစ်ရာပဲ ပင်များနှစ်တစ်ရာပဲပင်၏ အသက်ရှည်သောကောင်း မွန်သောနေရာများမှာ အဓိကပေါက်ရောက်ကြပါတယ်။ အရွက်၏ ပုံသဏ္ဌာန်မှာ အ၀ိုက်နှစ်၀ိုက်ပါသော ယပ်တောင်ပုံစံ ဖြင့်လှပပါတယ်။ အရွက်၏ထူးခြားချက်မှာ ပုံမှန်အားဖြင့် အစိမ်းရောင်ရှိ၍ နွေရာသီတွင် စိမ်းနေသောအရွက်ဟာ ဆောင်းဦးပေါက်ရောက်သောအခါ အဝါရောင် ပြောင်းသွားပါတယ်။ ဝါပြီးနောက် ရက်သတ္တတစ်ပတ်မှ တစ်လအတွင်း အရွက်ကြွေကျပါတယ်။ ဆောင်းဦးရွက်ကြွေ အပင်မျိုးဖြစ်ပါတယ်။

အပင်မှာ အဖိုပင်၊ အမပင်နှစ်မျိုးရှိပါတယ်။ အမပင်မှ အသီးသီး၍ ထိုအသီးတွင် အခွံနှစ်ခုပါရှိနေပြီး နူးညံ့၍ အရည်ရွှမ်းသော အပြင်ခွံနှင့် မာသောအတွင်းအခွံ တို့ဖြစ်ကြပါတယ်။ နူးညံ့သော အပြင်ခွံမှ နှစ်လိုဖွယ်ရာ မရှိသော ရနံ့ကိုထုတ်လေ့ ရှိပါတယ်။ မာသောအတွင်းခွံကို ဖယ်လိုက်ပါက အစေ့ကို ရရှိပါတယ်။ ၎င်းင်းအစေ့ကို ပဲကော (နှစ်တစ်ရာပဲ)အဖြစ် နှစ်ခြိုက်စွာ စားသုံးကြပါတယ်။

နှစ်တစ်ရာပင်နှင့်ကျန်းမာရေး

အသီးသာမက အရွက်တွေပါဆေးဖက်၀င်ကာ သမိုင်းမတင်မီ ခေတ်ကတည်း ကစ၍ ဆေးဝါးအဖြစ် သုံးစွဲလာခဲ့ကြပါတယ်။ USDA ခေါ် အမျိုးသား အာဟာရပြုအဖွဲ့မှ လေ့လာမှုအရ ၁၀၀ ဂရမ်အလေးချိန်ရှိသော ပဲကောစေ့တွင် ခွန်အား ၁၈၂ ကယ်လိုရီ၊ ကစီဓာတ် ၃၇ ဒသမ ၆ ဂရမ်၊ ပရိုတင်း ၄ ဒသမ ၃၂ ဂရမ်၊ အဆီဓာတ် ၁ ဒသမ ၆၈ ဂရမ်၊ ဖောလိပ် ၅၄ မိုက်ခရိုဂရမ်၊ နီအာစင်း ၆ မီလီဂရမ်၊ ပန်တိုသနစ်အက်စစ် သုည ဒသမ ၁၆ မီလီဂရမ်၊ ပိုင်ရီဒေါက်ဆင်း သုည ဒသမ ၃၂၈ မီလီဂရမ်၊ ရီဘိုဖလာဗင် သုည ဒသမ ၁၆ မီလီဂရမ်၊ သီအာမင် သုည ဒသမ ၂၂ မီလီဂရမ်၊ ဗီတာမင်အေ ၅၅၈ IU ၊ ဗီတာမင်စီ ၁၅ မီလီဂရမ်၊ ဆိုဒီယမ် ၇ မီလီဂရမ်၊ ပိုတက်စီယမ် ၅၁၀ မီလီဂရမ်၊ ကယ်လ်စီယမ် ၂ မီလီဂရမ်၊ ကော့ပါး သုည ဒသမ ၂၇၄ မီလီဂရမ်၊ သံဓာတ် ၁ ဒသမ ၀၀ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၂၇ မီလီဂရမ်၊ မဂ္ဂနီးစ် သုည ဒသမ ၁၁၃ မီလီဂရမ်၊ မီးစုန်း ၁၂၄ မီလီဂရမ်နှင့် ဇင့် သုည ဒသမ ၃၄ မီလီဂရမ်တို့ အသီးသီးပါရှိနေကြပါတယ်။

အရွက်နှင့်ကျန်းမာရေး

အရွက်ထဲတွင် ဖလေဗိုနွိုက်ဓာတ်နှင့် တာပင်းနွိုက်ဓာတ် တွေပါရှိနေကြပြီး ၄င်းဓာတ်ပေါင်းစုက အောက်ဖော်ပြပါကျန်းမာ ရေးအကျိုးအာနိသင် တွေဖြစ်စေပါတယ်။ အရွက်ကို ရေနွေးဆူဆူတွင်ခတ်၍ သောက်သုံးပေးပါ။

အနောက်နိုင်ငံများတွင် အရွက်မှ အဆီအနှစ်ထုတ်ယူပြီး ဆေးဝါးဖော်စပ် ကြပါတယ်။ အမေရိကန်နိုင်ငံ ၏ရောင်း အားအကောင်းဆုံး ဆေးဖက်၀င်အပင် တစ်မျိုးလည်းဖြစ်ပါတယ်။ အရွက်တွင်ပါ၀င်သော ဓာတ်ပေါင်းစုများက လူ့ခန္ဓာ ကိုယ်ရှိ ဆံခြည်မျှင် သွေးကြောလေးများကို သွေးကောင်းစွာ လှည့်ပတ်စီးဆင်း စေပါတယ်။ ခြေဖျား၊ လက္ဖ်ား၊ နားရွက်၊ မ်က္စိ၊ ဦးနှောက်၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အသည်း စသည့်တစ်သျှူးများထံသို့ ဆံခြည်မျှင် သွေးကြောများ မှတစ်ဆင့် အောက်ဆီဂျင် ရောက်အောင် ပို့ဆောင်ပေးနိုင် စွမ်းရှိပါတယ်။ ဆီးချို၊ သွေးချိုရောဂါ၏ နောက်ဆက်တွဲ ဝေဒနာဆိုးများဖြစ် ကြသော မျက်စိကွယ်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း၊ ထုံကျင်ခြင်း၊ သတိမေ့လျော့ခြင်း၊ ပန်းသေပန်း ညှိုးဖြစ်ခြင်း၊ ခြေထောက်ဖြတ်ရခြင်း၊ အနာမကျက် ခြင်းတို့အတွက် နှစ်တစ်ရာပင်၏အရွက်က ကောင်းကျိုးပြုပေးနိုင်ပါတယ်။ သွေးကြောပိတ်၍ လေဖြတ်ခြင်း၊ ရုတ်တရက်နှလုံး တိုက်ခိုက်ခံရခြင်း၊ သွေးကြောနံရံ ထူ၍ သွေး ကြောကျဉ်း ခြင်းတို့မှလည်း ကာကွယ်ပေးနိုင်ပါတယ်။ သွေးတိုးရောဂါသည်များအတွက် နှစ်တစ်ရာပင်၏အရွက်ကို အားကိုးထိုက် ပါတယ်။

နှစ်တစ်ရာပဲ(ပဲကော)နှင့်ကျန်းမာရေး

ပဲဟုခေါ်သော်လည်း အမှန်စင်စစ်ပဲ အမျိုးအစားမဟုတ်ပါ။ Ginkgo Biloba သီးအတွင်း မှရရှိသော အစေ့ဖြစ်ပါတယ်။ ကိုယ်တွင်းကိုယ် ရောင်ရမ်းနာများ ဖြစ်နိုင်ခြေအလား အလာများကို လျှော့ချပေးနိုင်ပါတယ်။ ပဲကောစေ့ထဲတွင် စွမ်းအားပြည့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများပါရှိနေကြပြီး ၄င်းပစ္စည်းများက ခန္ဓာကိုယ်တွင်းရှိ ဖရီးရယ်ဒီကယ်လ်များ အန္တရာယ်ကို တိုက်ထုတ်ပေးကာ ကျန်းမာရေး ကိုအထောက်အပံ့ ပေးနိုင်ပါတယ်။ နှလုံးနှင့် နှလုံးသွေးကြောများတွင် သွေးလည်ပတ်မှု အားကောင်းစေ၍ နှလုံးကိုကျန်းမာစေပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောနှင် ့ပတ်သက်ဆက်စပ်လျက်ရှိသော လေဖြတ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ပဲကောစေ့က ဦးနှောက်သို့ သွေးစီးဆင်း လည်ပတ်စေနိုင်၍ ဦးနှောက်စွမ်းဆောင်ရည်အား ကောင်းမွန် စေပါတယ်။ စိတ်ရူးသွပ်ပျံ့လွင့် ခြင်းရောဂါနှင့် အယ်လ်ဇိုင်းမားရောဂါတို့ အတွက်ကိုလည်း ပဲကောစေ့က လွန်စွာကောင်း ကျိုးပြုပေးနိုင်ပါတယ်။ ဆီးအိမ်ရောင်ခြင်းကို ကောင်းကျိုးပြုပေးနိုင်ပါတယ်။ စိတ်ကျရောဂါရှိသူများ ပဲကောစေ့ကို မကြာခဏစားပေးပါ။ မျက်လုံးကြွက်သား တစ်၀ိုက်အတွင်းရှိ ဆံခြည်မျှင်သွေးကြောများ အတွင်း သွေးလည်ပတ်မှု ကောင်းစေ၍ မျက်စိကို ကျန်းမာစေပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်ပေါ်လေ့ရှိသော မျက်စိမှုန် ေ၀ခြင်းကို လျော့ပါးသက်သာမှုပေးစွမ်းနိုင်ပါတယ်။ ပဲကောစေ့က သွေးလည် ပတ်မှုကောင်းစေ တဲ့အပြင် ရောင်ရမ်းနာအမျိုးမျိုးတို့မှ ကာကွယ်ပေးနိုင်၍ ခေါင်းအုံ၊ ခေါင်းခဲ၊ ခေါင်းကိုက် ခြင်းနှင့်ခေါင်းတစ်ခြမ်းကိုက် ဝေဒနါများအတွက် သက်သာပျောက်ကင်း စေပါတယ်။ ပဲကောစေ့ တွင်ပါရှိနေသော သဘာ၀ ဓာတ်ပေါင်းစုများက အသက်ရှူလမ်းကြောင်း စနစ်ကို ကောင်းမွန်တိုးတက်စေ ပါတယ်။ ပန်းနာရင်ကျပ် ဝေဒနာသည်များ အတွက်ကိုလည်း ပဲကောစေ့က ကောင်း ကျိုး ပြု ပေးနိုင်ပါတယ်။ သွေးဆုံး ကိုင်ေ၀ဒနာများ အတွက် ပဲကောစေ့က ဆေးဖက်၀င်ပါတယ်။ အမျိုးသမီးများသွေးဆုံးပြီးနောက် လိင်စိတ်လျော့ နည်း၍ အိမ်ထောင်ရေးသုခမခံစားနိုင်သူများအတွက်ကိုလည်း ပဲကောစေ့ မကြာခဏစားပေးသင့်ပါတယ်။

သတိပြုရန်

အထူးအားဖြင့် သတိပေးလိုသည်မှာ ကိုယ်၀န်ဆောင်များနှင့် နို့တိုက်မိခင်များမစားသင့်ပေ။ ခွဲစိတ်ခန်း၀င်မည့်သူများ မစားရ။ သီဟိုဠ်စေ့နှင့်ဓာတ်မတည့်သူများ ပဲကောစေ့မစားသင့်ပေ။ သွေးကျဲရောဂါ ရှိသူများနှင့် မကြာခဏနှာခေါင်း သွေးလျှံ တတ်သူများအထူးရှောင်ရှားပါ။ အချို့သူတွေမှာ ပဲကောစေ့နှင့်မွေးရာပါဓာတ်မတည့်ရောဂါပါလာတတ်၍ ပဲကောစေ့စားပြီးနောက် ရင်တုန်၊ မောပန်း၊ မူးဝေ၊ နှာစေး၊ ဗိုက်နာ၊ အော့အန်၊ ၀မ်းသွားခြင်း၊ အကြောပျော့ခြင်းများဖြစ်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် ပဲကောစေ့ကို ပထမဦးဆုံးအကြိမ် စားဖူးသူများအနေဖြင့် သင့်တင့်ရုံ လောက်သာစားပါ။

Common name:Ginkgo biloba, Ginkgo, Gingko, Maidenhair tree.

Botanical term:Ginkgo biloba L.

Family:Ginkgoaceae.

#credit
Alex Aunghttp://www.blogger.com/profile/13958650132140473779noreply@blogger.com0