Wednesday, December 30, 2009

I'll go outside alone ...so what the fuckkkk?

အပြင်ကို တစ်ယောက်တည်းသွားမယ်.....ဘာဖြစ်လဲ...

မွေးလာကတည်းက တစ်ယောက်တည်း။ ခုထိ....အဖော်မရှိပြန်တော့လည်း တစ်ယောက်တည်း။ စိတ်ကြိုက်သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူတို့ကိုရှာမတွေ့သေးသရွေ့လည်း တစ်ယောက်တည်းဘ၀ကို ဖြတ်သန်းရမှာပါပဲ။ အမှန်တကယ်တော့ တစ်ယောက်တည်းဘ၀မှာ အားငယ်နေစရာဆိုလို့ တစိုးတစိမှမရှိ ပါဘူး။ ဘာကိုတွေးပြီး အားငယ်နေမှာလည်း။ နေတတ် ရင် ကျေနပ်စရာတွေအများကြီးပါ။

တစ်ယောက်တည်းသမားတွေမှာ လုပ်ချင်ရာကိုစိတ်ကြိုက်လုပ်ခွင့်ရှိတယ်။ ဘေးကလူကို အားနာစရာမလိုဘူး။ စိတ်ပူနေ စရာမလိုဘူး။ စားချင်တာစား သွားချင်ရာသွားခွင့်ရှိတယ်။ ၂၄နာရီလုံး တစ်ဦးပိုင်အချိန်တွေချည်းပဲ။ အချိန်တွေဝေမျှ ပေး စရာမလိုဘူး။ လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ရှိတဲ့ဘ၀ကြီးမှာမှ ပတ်ဝန်းကျင်ရဲ့ မျက်လုံးပေါင်းများစွာအောက် ကြောက် စိတ်တွေဝင်လာခဲ့ရင်တော့ နည်းလေးတွေပေးချင်တယ်။ မိတ်ဆုံစားပွဲတွေသွားရာမှာလည်း တစ်ယောက်တည်းသွားဖို့ တွန့်ဆုတ်ကြောက်လန့်နေပါသလား။ ဘ၀အဖော်မွန်ကောင်းနဲ့တွေ့လို့ ခြိမ့်ခြိမ့်သည်းမင်္ဂလာပွဲကျင်းပနေတဲ့ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ပွဲကိုတက်ဖို့ အားငယ်မိနေသလား။ ကဲ....လာပါပြီ နည်းလမ်းအသွယ်သွယ်...မိတ်ဆွေလည်းတိုး ဘ၀ရသတွေလည်း အဖိုးထိုက်ဖို့ ဒီနေရာက အကြံပေးလိုက်ပါတယ်။

ရုပ်ရှင်ရုံကိုသွားမယ်

ရုပ်ရှင်သွားကြည့်တယ်ဆိုတာက နှစ်ယောက်ဖြစ်နေစရာမလိုဘဲ တစ်ယောက်တည်း ပေါ့ပေါ့ပါးပါးလေးသွားနိုင်တဲ့နေရာ မျိုးပါ။ ရာပေါင်းများစွာ များပြားတဲ့လူတွေက သင်တစ်ယောက်တည်းဆိုတာကို သတိထားမိကြမှာမဟုတ်ပါဘူး။ တကယ် လို့ လူများတဲ့အချိန်သွားဖို့ မ၀ံ့မရဲဖြစ်နေမယ်ဆိုရင် လူရှင်းတဲ့အချိန်သွား။ ဒါမှမဟုတ် ရုပ်ရှင်ရုံထဲမှာ မီးတွေအားလုံး အမှောင်ချထားတဲ့အချိန်သွားနိုင်ပါတယ်။ ပြီးရင်တော့ အရင်က အကြိမ်ပေါင်းများစွာလုပ်ခဲ့ဖူးတဲ့ပုံစံအတိုင်း ရုပ်တည်လေး နဲ့ဝင်ထိုင်ရုံပေါ့။ ဘေးကလူ ဘယ်သူပဲဖြစ်နေနေ ဘာအရေးလဲ။ သူ့မျက်နှာလည်း သည်းသည်းကွဲကွဲကိုယ်မမြင်ရ၊ ကိုယ့် မျက်နှာလည်း သည်းသည်းကွဲကွဲသူမမြင်ရဘူးလေ။ ကိုယ့်နေရာကိုယ်ထိုင် ကိုယ့်မုန့်ကိုယ်စားပြီး ဒူးနှံ့ပြီးတောင်နေနိုင်ပါ သေးတယ်။ စကားဖြတ်ပြောမယ့်သူမရှိဘဲ ရုပ်ရှင်ကို တ၀ကြီးအေးအေးဆေးဆေးကြည့်နိုင်ပါတယ်။ တခြားလူတွေကများ ငါ့ကို တစ်ယောက်တည်းဖြစ်လို့ ကြည့်နေကြမလားဆိုတဲ့ စိတ်ကိုဖျောက်ပြစ်ပါ။ ရုပ်ရှင်ကြည့်ပရိတ်သတ်တော်တော်များ များအတွက် ပြောင်းဖူးပေါက်ပေါက်တွေ အာလူးကြော်တွေနဲ့ နေကြာစေ့သံတညံညံကသာ စိတ်ဝင်စားစရာအကောင်း ဆုံးပါ။ ဒါကြောင့် သင်တစ်ယောက်တည်းလာပြီး အမှောင်ထဲမှာပျောက်နေတာကို သတိထားမိမှာမဟုတ်ပါဘူး။

မင်္ဂလာဆောင်ပွဲမယ်

မင်္ဂလာပွဲကို တစ်ယောက်တည်းသွားဖို့တွေးကြောက်နေလား။ သတ္တိကြောင်နေလား၊ မသွားတော့ပါဘူးလေ တစ်ယောက် တည်းကတော့ လန့်စရာကြီးပါလို့တွေးနေလား။ အခုချက်ချင်း အဲဒီအတွေးတွေကို ရပ်တန့်ဖြတ်တောက်လိုက်ပါ။ ပွဲကို အတော်ကြီးနောက်ကျမှသွားမယ်။ နောက်နားမှာထိုင်ပြီး ခိုးကြောင်ခိုးဝှက်နဲ့ တစ်ယောက်တည်း လူမသိသူမသိပြန်သွားဖို့ မစဉ်းစားပါနဲ့။ မင်္ဂလာပွဲတွေကို တော်တန်ရုံလောက်ဆိုပြီး ကိုယ့်ဖာသာအဆင့်မခွဲခြားပါနဲ့။ အ၀တ်အစားကို လိုက်ဖက်ညီ ညီနဲ့ တောက်တောက်ကြွကြွလေးရွေးပါ။ ဘေးကလူကိုမသိပေမယ့်လည်း ကိုယ့်ဖာသာကိုယ် အသိနည်းနည်းရှိတဲ့ ၀ိုင်းနား ပြေးကပ်ပြီး ကိုယ့်ကိုယ်ကို အရင်စမိတ်ဆက်ပါ။ ရောက်တာနဲ့ ကြွကြွရွရွလေး ရှေ့ဆုံးထိလျှောက်လှမ်းပြီး အသိမိတ်ဆွေ တစ်ဦး တစ်ယောက်များတွေ့လို့ကတော့ အပြုံးတွေပစ်ကျွေးပြီး နှုတ်ဆက်လိုက်ပါ။ ပြီးရင်သင့်တော်ရာနေရာယူပြီး ဘေး နားကလူနဲ့ စတင်မိတ်ဆက်ပါ။ ပြောစရာစကားလမ်းစရှာမရဘူးဆိုရင်တောင် အဲဒီမင်္ဂလာပွဲရဲ့ပေါ်ပြူလာအဖြစ်ဆုံး လူနှစ် ယောက်ဖြစ်တဲ့ သတို့သားနဲ့သတို့သမီးအကြောင်းတွေပြောကြည့်ပါ။ ဘယ်လောက်လှကြောင်း၊ ဘေးကလူနဲ့ ဘယ်တုန်း ကစသိခဲ့တာလဲ စသဖြင့် စကားတွေဖောင်ဖွဲ့ကြည့်ပါ။ တိတ်တိတ်ကလေးခြောက်ခြောက်ချားချားဖြစ်နေမယ့်အစား မိတ်ဆွေတိုးအောင်ဖန်တီးပါ။ သတို့သမီး၊ သတို့သားနဲ့ ပတ်သက်ပြီး မှတ်မိသမျှ ရှေးဟောင်းနှောင်းဖြစ် ပျော်စရာလေး တွေကို မျှဝေကြည့်ပါ။ သင့်အတွက် ကြောက်စိတ်တွေလွင့်ပြီး ပျော်စရာပွဲလေးတစ်ခုဖြစ်လာပါလိမ့်မယ်။

စားသောက်ဆိုင်ကိုသွားတဲ့အခါ

အစားအသောက်တွေကို တစ်ယောက်တည်းစိတ်ရှိတိုင်းသွားစားဖို့တောင် စိတ်ဖိစီးပြီး ညစ်နေတယ်ဆိုပါတော့...။ အမှန် တော့လည်း မိတ်ဆွေသူငယ်ချင်းတွေနဲ့ အစားလေးစားရင်း စကားလေးပြောရင်းနဲ့ အချိန်တွေကုန်မှန်းမသိကုန်တတ်တာ သဘာဝပါ။ ဒါပေမယ့် သူများနဲ့မတူဘဲ တစ်ယောက်တည်းဖြစ်နေလို့ ပိုက်ဆံရှိရက်နဲ့စားရမှာတောင် ၀န်လေးနေလား။ စိတ်မပူပါနဲ့ သင်ကဆိုင်မှာ အလကားစားမှာမှမဟုတ်တာ။ ပိုက်ဆံတော့ အလုံအလောက်ယူသွားရမှာပေါ့။ ပိုက်ဆံမ လောက်အောင်တော့ မမှာမိစေနဲ့။ ကူမယ့်သူမပါဘူးလေ။ ထားပါတော့....စားသောက်ဆိုင်ကို စရွေးကတည်းက အေး ဆေးတဲ့ဆိုင်ဆိုရင် တစ်ယောက်တည်းသမားတွေနဲ့ ပိုသင့်တော်ပါတယ်။ ပြီးလို့ ဆိုင်ကိုရောက်ပြီဆိုရင်လည်း မြင်ကွင်း ကောင်းတဲ့နေရာလေးမှာရွေးထိုင်ပါ။ ဟော..စားပွဲထိုးလေးကရောက်လာပြီ တစ်ယောက်တည်းလား ဘာမှာမလည်းမေးတဲ့ အခါ မျက်နှာပျက်မသွားပါနဲ့၊ ဒေါသထွက်မသွားပါနဲ့၊ သူတို့ကလည်း ၀တ္တရားအရမေးတာလေ။ ဒီတော့ အပြုံးတစ်ပွင့် အမြန်ပစ်ပေးလိုက် (လှစ်ခနဲ)။ ပြီးရင် တစ်ယောက်စာပဲ မှာထားလိုက်မယ်လေဆိုတဲ့အသံကို ပြုံးပြုံးလေးနဲ့ ပျော်တဲ့ဘက် ရောက်တဲ့ အသံလေးနဲ့ပြောလိုက်ပါ။ တစ်ယောက်တည်းဖြစ်လို့ စိတ်ပျက်အားငယ်နေတဲ့ စတိုင်လ်မလုပ်ပါနဲ့။ တကယ် လို့မှ စိတ်ကသိကအောက် ဖြစ်နေသေးတယ်ဆိုရင်တော့ Menuကိုယူ ဟိုကြည့် ဒီကြည့်နဲ့ စိတ်ကြည်လင်လာတဲ့အထိ အချိန်စွဲထားပါ။ ပတ်ဝန်းကျင်ကလူတွေ ဘာမှာစားကြသလဲဆိုတဲ့ ပုံစံမျိုးရအောင် ပတ်ဝန်းကျင်ကို ဟိုကြည့်ဒီကြည့်နဲ့ အကြည့်လွှဲပါ။ တစ်ယောက်တည်း သီးသန့်လေးစားချင်တဲ့သူတွေကို ဘယ်သူကမှ လှောင်ဖို့ဆန္ဒမရှိပါဘူး။ သူတို့အရှေ့ မှာရှိတဲ့ အစား အသောက်တွေကို သင့်ထက်ပိုစိတ်ဝင်စားပါတယ်။

ပါတီတက်မယ်

ပါတီပွဲတစ်ခုသွားဖို့ အကြောင်းဖန်လာရင်လည်း တစ်ယောက်တည်းသွားရတော့မယ်ဆိုတဲ့စိတ်နဲ့ လန့်မ နေပါနဲ့။ သင်မသိ သေးတဲ့လူတွေနဲ့တွေ့ဖို့ကို တွေးပြီးကြောက်မနေပါနဲ့။ ပါတီလည်းတက်ချင်ရဲ့ စိတ်ကလည်း မ၀ံ့မရဲဖြစ်မနေပါနဲ့။ မသိတဲ့ လူတွေနဲ့တွေ့ရင် ငါဘာလုပ်ရမှာလဲဆိုတဲ့....မေးခွန်းတွေနဲ့ ကိုယ့် ကိုယ်ကို စစ်မရောက်ခင်ကတည်းက မြှားကုန်မနေ ပါနဲ့။ ဒါကြောင့် ပွဲတစ်ပွဲကို တစ်ယောက်တည်းတက်ဖို့ အားငယ်နေသူတွေအတွက် အကြံလေးတွေ ပေးချင်ပါတယ်။

(၁)        သင့်ကိုမြင်လိုက်တာနဲ့ ကျော့ရှင်းလှပနေတယ် သပ်ရပ်ခန့်ငြားနေတယ်၊ ချစ်စရာကောင်းလိုက်တာ ကြည့်လို့ အဆင်ပြေလိုက်တာဆိုတဲ့ ချီးကျူးသံတွေထွက်လာစေတဲ့ အ၀တ်အစားမျိုးဆိုရင် ဘာကိုမှ ရှိုးတိုးရှန့်တန့်မဖြစ်ဘဲ ရဲရဲသာ ၀တ်ပါ။ သက်တောင့်သက်သာမရှိဘဲ ကိုယ်တိုင်လည်း စိတ်ရှုပ်စေတဲ့ အ၀တ်အစားမျိုးကိုရှောင်ပါ။

(၂)        သင်ရောက်တဲ့အချိန်မှာ လူတွေအတော်စုံနေပြီဆိုရင်တော့ သူများနှုတ်ဆက်တာကို မျှော်လင့်စောင့် စားနေမယ့် အစား သင်က အရင်လိုက်နှုတ်ဆက်သင့်ပါတယ်။

(၃)        စိတ်ကိုလျော့ထားပါ။ မျက်နှာက်ု သကာရည်လောင်းထားပါ။ လူတွေများများရှိတဲ့နေရာမှာနေပါ။ လှပပြီးဆွဲ ဆောင်မှုရှိတဲ့စကားလုံးလှလှလေးတွေနဲ့ ထိန်းထားပါ။ ဒါမှသင်ဟာ တစ်ယောက် တည်းအားငယ်မနေတာကို ချီးကျူး ပါလိမ့်မယ်။ သင့်ရဲ့တော်ကီတွေမှာမျောပြီး ခင်ချစ်စိတ်တွေ တဖွားဖွားပေါ်လာပါလိမ့်မယ်။

(၄)        လူတွေနဲ့စကားပြောတဲ့အခါ ဘယ်အကြောင်းအရာတွေကို စီကာပတ်ကုံးနဲ့ စိတ်ဝင်စားအောင် ပြောရင် ကောင်း မလဲဆိုတာ စဉ်းစားထားပါ။ ကြည့်တာနဲ့ စိတ်ပျက်စေတဲ့ အူကြောင်ကြောင်ငြိမ နေမယ်ဆိုတဲ့ အတွေးတွေရှိရင် အမြန် ဖျက်စီးလိုက်ပါ။ ဒါ ငါ့ပွဲဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့သွားကြည့် ပါ။

ကဲ...ဒီလောက်ဆိုရင်တော့ ဘယ်နေရာ သွားသွား နေရာတိုင်းမှာ အံဝင်ခွင်ကျဖြစ်နိုင်လောက်ပြီလို့ထင်ပါ တယ်။ တစ်ယောက်တည်းဆိုတာ ဘေးလူကိုအားနာစရာမလိုဘဲ စိတ်ကြိုက်စိတ်ရှိတိုင်း လုပ်ချင်ရာလုပ် ခွင့်ရှိတဲ့ဘ၀မို့ ပူဆွေးမနေဘဲ တစ်ယောက်တည်း ခပ်မိုက်မိုက်ပဲလွင့်ကြည့်လိုက်ပါ။

Ref: www.people.com.mm (Issue 8.5 Dec 2009)


Monday, December 28, 2009

Take care about sex

Sex ကိစ္စသတိရှိပါ...........

(လူမင်း)

မွေးကင်းစအရွယ်တွေ Sex ကိစ္စကိုနားမလည်ဘူးလို့ အများအားဖြင့် ထင်တတ်ကြပါတယ်။ တကယ်တော့ ဆေးပညာ အရပြောရရင် (၂)နှစ်အရွယ်ကလေးငယ်တစ်ယောက်ဟာ မိခင်အ၀တ်လဲတာကို မသိစိတ်ကနေ စိတ်ဝင်စားနေတတ် ပါတယ်။ ဒါဟာ သူ့ရဲ့မသိစိတ်ထဲမှာရှိတဲ့ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားမှု ပြယုဂ်ပါပဲ။

သားတွေက ဖခင်ထက် မိခင်ကိုပိုချစ်တာ ၊ သမီးတွေက မိခင်ထက် ဖခင်ကို ပိုချစ်တာတွေဟာ သူတို့လေးတွေရဲ့ စိတ် ထဲမှာကိန်းအောင်းနေတဲ့ လိင်ကွဲနှစ်မြို့မှုကို အခြေခံတာပါ။ အဲဒီစိတ်တွေက မြီးကောင်ပေါက်အရွယ်ရဲ့အစမှာ နိုးကြား လာတယ်။ စူးစမ်းချင်တယ်၊ လက်တည့်စမ်းချင်လာကြတယ်။ အမှန်က Sex ရဲ့နောက်ကိုလိုက်ရင်း မဖြစ်သင့်တာ မဖြစ်အောင်၊ ဆောင်ရန်၊ရှောင်ရန်တွေကို ပညာပေးချင်တာပါ။ Sex အကြောင်းအရာတွေကို ရေးသားထားတဲ့ စာပေ တွေ လေ့လာဖတ်ရှုပြီး ပညာပေးတာကို ပညာပေးတယ်လို့မယူဆပဲ နည်းပေးလမ်းပြလုပ်နေတယ်လို့ယူဆပြီး တလွဲ တွေးမှာစိုးရွံ့မိပါတယ်။ ဒါကြောင့် 'ပေးကားပေး၏ မရ' ဆိုတာမျိုးမဖြစ်ရလေအောင် ဒီဆောင်းပါးတွေကို ပညာပေး အနေနဲ့သာ ဖတ်ရှုစေချင်တာ ကျွန်တော့်စေတနာပါ။ ဒီလမှာလည်း Sex ကိစ္စသတိရှိပါဆိုတဲ့ ခေါင်းစဉ်အောက်က လူမင်းပြောတဲ့ လိင်ပညာပေးကို ဝေငှလိုက်ပါတယ်။

လိင်ပညာပေး လူမှုရေးကသွားမယ်

Sex ကိစ္စဆိုတာ အပြစ်ကြီးတစ်ခုလည်းမဟုတ်ပါဘူး စက်ဆုတ်ရွံ့ရှာဖွယ်လည်း မဟုတ်ပါဘူး။ ဒါသဘာဝတစ်ခုပါ။ သဘာဝထဲက အရွယ်ရောက်တဲ့ ကျားမတိုင်း ကြုံတွေ့ရမယ့်ကိစ္စပါ။ ဒီအပေါ်မှာပြောချင်တာက သတိလေးတစ်ချက် ရှိဖို့ပါပဲ။ သတိရှိဖို့အတွက် စိတ်ကအဓိကပါ။ လူကိုစိတ်ကဦးဆောင်နေတာ။ ဘာသာရေးအရကြည့်ရင် လူရဲ့စိတ်ဆို တာ မကောင်းတဲ့ဘက်မှာ မွေ့လျော်တာ သဘာဝပဲ။ မကောင်းတာကို မကောင်းဘူးမြင်ဖို့၊ အန္တရာယ်မှန်းမြင်ဖို့၊ စိတ်အ လိုကို အဆုံးစွန်ထိမလိုက်ဖို့အတွက် သတိလေးကပ်နိုင်ရင် အကောင်းဆုံးပါပဲ။ သတိလက်လွတ်ဖြစ်သွားကြလို့သာ နောက်ဆက်တွဲပြဿနာတွေဖြစ်လာတာပါ။ Peopleစာအုပ်ထဲမှာ ပြီးခဲ့တဲ့လက အမျိုးသမီးတစ်ယောက်ပြောခဲ့တာ ဖတ်ရ တယ်။ အားလုံးထဲမှာ လူမှုရေးStress က အရှုပ်ထွေးဆုံးလို့ထင်တယ် တဲ့။ အဲဒါကိုထောက်ခံတယ်။ ဘယ်နယ် ပယ်မှာ ပဲဖြစ်ဖြစ် အောင်မြင်တဲ့ ကျားမတိုင်းမှာ သူတို့နောက်ကွယ်က အိမ်ထောင်ရေးအဆင်ပြေခြင်း၊ သာယာခြင်း တွေဟာ တိုက်ရိုက် အချိုးကျနေတာ ရာခိုင်နှုန်းတော်တော်များများတွေ့ရတယ်။ လူမှုရေးပိုင်းဆိုင်ရာမှာ အဲဒီလောက် ထိ...။

Media တွေရဲ့ခေါင်းကြီးပိုင်းကနေ ပညာပေးနေပြီ

ကျွန်တော်တို့ငယ်ငယ်တုန်းက လူကြားထဲမတိုးဝံ့တဲ့ ရှက်စရာစကားတွေဟာ ဒီကနေ့ Media တွေရဲ့ ခေါင်းကြီးပိုင်း ကနေ ပြောဆိုလို့ရတဲ့ အနေအထားရောက်လာပြီ အဲဒါဘာကြောင့်လဲဆိုတော့ လူ့အသိုင်းအ၀ိုင်းကြားမှာ Control လုပ်ဖို့လို အပ်လာလို့ လူတွေရဲ့စိတ်အလိုလိုက်မှုများလို့ ကွယ်ရာမှာ နှစ်ကိုယ်ကြားပြောရမယ့်စကားတွေကို လူပုံ အလယ်မှာ ရဲရဲဝံ့ဝံ့ပညာပေးလာကြတယ်လို့ ကျွန်တော်မြင်တယ်။ ဘယ်အရာမဆို ကမ္ဘာကြီးကို လူသားတွေစား သုံးတာ၊ သုံးစွဲတာ တအားများလာတယ်။ လိင်ကိစ္စမှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေလည်း အရမ်းတိုးတက်ခေတ်မီလာ တယ်။ လူတွေကလည်း မထိန်းနိုင်မသိမ်းနိုင် သတိမကပ်နိုင်တော့ဘဲ စိတ်နောက်တောက်လျောက်လိုက်သွားပြီး အားလုံးက လိုတာထက်ပိုလာကြတယ်။ ခုဆို AIDSဆိုတာ ကပ်ရောဂါအသွင်ဖြစ်လာတယ်။ ကမ္ဘာကြီးကလည်း ဖောက်ပြန်လာပြီ။ ကျွန်တော်တို့ကျောင်းတက်တုန်း စိုက်ပျိုးရေးမှာသင်ရတာက Biologicalပေါ့။ ဥပမာ စိုက်ခင်း တစ်ခင်းပေါ်ပိုးကောင်တွေသိပ်ကျလာရင် အဲဒီပိုးကောင်တွေကိုစားမယ့် နောက်ထပ်အကောင်တစ်မျိုးမွေးပေးရတယ်။ သဘာဝတရားကြီးမှာလည်း အဲဒါမျိုးတွေပေါ်လာတယ်။ ရောက်တဲ့အရပ်မှာ စိတ်နောက် သတိလေးသာကပ်၊ ဘာမှမ ဖြစ်ဘူး။ အာမခံတယ်။ ဖြစ်လာရင်လည်း နောင်တမရပါနဲ့။ ဆက်မဖြစ်အောင်ဆင်ခြင်သင့်တယ်။ ကျွန်တော်ကြား သိနေရတဲ့ သတင်းတွေက မကောင်းဘူး။ မထူးဇာတ်ခင်းနေကြတယ်။ လူသားမျိုးနွယ်အားလုံးအတွက် အရမ်း အန္တရာယ်ရှိတယ်။ ကိုယ်က ဒီအကျိုးကိုခံစားနေရမှတော့ နောက်လူတွေထပ်ကူးစက်အောင် ဘာလို့လုပ်နေဦးမှာလဲ။ ဒီလုပ်ရပ်တွေက နောက်ဘ၀တွေထိ အကျိုးပေးပြီး ဆိုးသထက်ပိုဆိုးသွားမှာပေါ့။

ကျွန်တော်ရဲ့ Sex Control

ကျွန်တော်ဆွေးနွေးတဲ့စကားဟာ အတင်းအဖျင်းထိုင်ပြောနေတာမဟုတ်ဘူး။ စာဖတ်သူအတွက်အကျိုးရှိမယ်ဆိုရင် ပြောသင့်ပြောရမှာပဲ။ လူလွတ်ပဲဖြစ်ဖြစ်၊ အိမ်ထောင်ရှင်ပဲဖြစ်ဖြစ် သဘာဝတရားကို မလွန်ဆန်နိုင်ကြဘူး။ စိတ်ရဲ့တောင်းဆိုမှုကိုလည်း မတောင်းဆိုနဲ့ပြောလို့မရဘူး။ အဲဒီအချိန်မှာ သတိတစ်ခုကပ်ဖို့။ ကျွန်တော်ခုအချိန်မှာ ဘာကိုတွေးနိုင်သွားပြီလဲဆိုတော့ ကျွန်တော့်မှာ သမီးရှိတယ်၊ဇနီးရှိတယ်၊ ဇနီးမှလည်း နောက်ကိုယ်ဝန်ရှိတယ်။ စိတ်အလိုလိုက်ပြီး ကျွန်တော့်အိမ်က မသိအောင်ပျော်ပါးလို့ရတယ်။ ကျွန်တော့်မိသားစုနဲ့ဘာကိုမှမလဲနိုင်ဘူး။ ဖောက်လွဲဖောက်ပြန်လုပ်ချင်မိပြီဆိုရင်တောင်မှပဲ အသက်အရွယ်ရလာလို့လားတော့မသိဘူး။ အဲဒီသတိလေးကပ်သွားနိုင်ပြီ။ မိနစ်ပိုင်းလေးပျော်ရွှင်ဖို့အတွက် ကျွန်တော့်ရဲ့သာယာပျော်ရွှင်တဲ့မိသားစုဘ၀ကို မလဲနိုင်ဘူး။ အဲဒီလိုစိတ်ကလေးနဲ့ ကျွန်တော် Control လုပ်သွားတာပါပဲ။

Sex Stress

Sex နဲ့ကပတ်သက်တဲ့ Stressဟာ လူပျိုဖြစ်စတွေမှာ တော်တော်များပါလိမ့်မယ်။ လူပျိုလူလွတ်ဖြစ်တယ်ဆိုရင်တော့ ဒီကိစ္စကို တနည်းနည်းနဲ့ဖြေရှင်းမိမှာပဲ။ အဲဒီ Stressကသိပ်များလာလို့ လုံးဝမနိုင်တော့တဲ့အဆုံး ပြင်ပအမျိုးသမီးနဲ့ ပျော်ပါးမယ်ပဲထားပါတော့ သတိလေးကပ်လိုက်ပြီး တနည်းနည်းနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်လိုက်ရင် ဒီ Stressကပြေ ပျောက်သွားမှာပါပဲ။ အသက်အရွယ်တွေနဲ့လည်းဆိုင်တယ်။ နောက်တစ်ခုက ပညာတတ်နဲ့ ဆင်းရဲမွဲတေမှုတွေဟာ ဒီရောဂါတွေနဲ့ပတ်သက်နေတယ်။ ဆင်းရဲသူတွေက Sexနဲ့ပတ်သက်တဲ့ ဗဟုသုတနည်းတယ်။ သိရင်တောင် ဆင်ခြင် နိုင်မှုနည်းတယ်။ ရောဂါဖြစ်ပွားမှုနှုန်းကို ကြည့်မယ်ဆိုရင် အရာရာသိတတ်နားလည်နေသူတွေကလည်း ဒီလောကထဲ မှာ ကျင်လည်နေကြတာပါပဲ။ သတိတစ်ချက်လွတ်ရင် ဆင်းရဲချမ်းသာမရွေးရလာမယ့်ဆိုးကျိုးက အတူတူပါပဲ။

မပေါ့နဲ့......အမျိုးသားတွေအပျော်ရှာမိတတ်တယ်

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေက ဒီကိစ္စမပွင့်လင်းကြဘူး။ အဓိကနားလည်မှုပါပဲ။ အမျိုးသားရော၊ အမျိုးသမီးရော တစ် ဘက်လူရဲ့စိတ်အခြေအနေဘယ်လိုရှိတယ်ဆိုတာ နားလည်ဖို့လိုတယ်။ ဒါကိုမေ့ထားဖို့မလိုဘူး။ များသောအားဖြင့် အိမ်ထောင်တစ်ခုဟာ သက်တမ်းကြာလာတာနဲ့အမျှ အဲဒီကိစ္စကိုနှစ်ဖက်လုံးပေါ့လာကြတယ်။ ဘာလို့ပေါ့လာလဲဆို တော့ နှစ်ဖက်စလုံးက သားသမီးကိစ္စတွေ၊ မိသားစုတာဝန်တွေအတွက် ဘ၀မှာရုန်းကန်နေရတော့ သတိမထားမိကြ ဘူး။ တကယ်တော့နှစ်ယောက်လုံးက ဒီကိစ္စတွေမှာ ငုံ့လျှိုးနေကြတာ။ မီးဝေးချိတ်လို သိပ်ဝေးလွန်းရင်လည်း ဝေးကွာ သွားတတ်တယ်။ မအားမလပ်တဲ့ကြားထဲက တကူးတကနဲ့ အချိန်လေးယူပြီး မွေးနေ့လို၊ နှစ်ပတ်လည်နေ့လိုမျိုးမှာ သီးသန့်နွေးထွေးမှုတွေရယူဖို့လိုတယ်။

အခွင့်အရေးကလည်းရနေတယ်။ ကိုယ့်အိမ်ထောင်ရေးလည်းမထိခိုက်စေချင်ဘူးဆိုရင်တောင် ဒီအခွင့်အရေးရဲ့နောက် ကွယ်မှာ ဘာတွေကပ်ပါလာမလဲ။ ထားပါတော့။ အခွင့်အရေးရပြီး နောက်ဆက်တွဲပြဿနာတွေ လည်းမရှိနိုင်ဘူးဆို ရင်တောင် ဘယ်သူမှမသိရင်တောင် ကိုယ့်ကိုကိုယ်သိတယ်လို့ပဲ ပြောရမှာပါ။ အဲဒီလိုကျူးလွန်ပြီးရင်တောင် သူရှေ့မှာ ကိုယ့်လိပ်ပြာကိုယ်လုံပါ့မလား။

ယောက်ျားတိုင်းစောင့်ထိန်းနိုင်လိမ့်မယ်လို့တော့မထင်ဘူး။ ပတ်ဝန်းကျင်နဲ့ အသိုင်းအ၀ိုင်းကြားမှာ ရှုပ်ထွေးလာတာ တွေကိုတော့ ဖြေရှင်းရတာမတူဘူးပေါ့ဗျာ။ နိုင်ငံခြားမှာဆိုရင်တော့ ကျော်ကြားမှုကိုလိုချင်လို့ ရင်းနှီးတာတွေရှိတယ်။ ကျွန်တော်တို့ဆီမှာတော့ ဘာသာတရားအရ ဘယ်လိုနည်းနဲ့မှ လက်ခံနိုင်စရာမရှိပါဘူး။ လွဲမှားတဲ့ သူ့ရဲ့စိတ်ဟာ သူ့ရဲ့ကိုယ်ကျင့်တရားထက်တော့ မကာမိပါဘူး။

အဆုံးထိမလိုက်နဲ့

လိင်ဆက်ဆံမှုကို စက်ဆုတ်ရွံရှာ စရာလိုမမြင်ပါဘူး။ Limitation လေးတစ်ခုထားပါ။ တတ်မက်မှုအာသာဆန္ဒဆိုတာ ဆုံးတယ်မရှိဘူး။ အချိုစားပြီးရင် ဒီ့ထက်ပိုချိုတာစားချင်တယ်။ အချိုပြီးရင်အချဉ်။ လိုက်လေလိုက်လေမဆုံးနိုင်လေ ဖြစ်ပြီး မှားယွင်းတဲ့ လိင်ဆက်ဆံမှုတွေဖြစ်ပေါ်လာတာ။ ဒီနေ့ ကမ္ဘာမှာ ရာခိုင်နှုန်းတွေအများကြီးတိုးပွားလာတဲ့ ယောက်ျားစင်စစ်ကနေ ဟိုမိုပြောင်းလဲမှုတွေအထိဖြစ်ကုန်တာဟာ လူတိုင်းသတိထားမိလာတဲ့ကိစ္စတွေအထိ ဖြစ်လာ တယ်။ အိုဘားမားတောင် ဒီကိစ္စကို ခေါင်းခဲပြီးဖြေရှင်းရမယ့်အပိုင်းရောက်လာတာကိုး။ စစ်တပ်ထဲမှာ ဂေးတွေကို အမှု ထမ်းဖို့ဆိုတဲ့ကိစ္စပေါ့။ ဗလတောင့်တောင့်ယောက်ျားတွေအများကြီး ဒီလိုဖြစ်သွားတာဟာ ခုနပြောသွားတဲ့ အာသာ ဆန္ဒနောက်ကို တန်းတန်းဆွဲလိုက်ရင်း၊ မဆုံးနိုင်တဲ့ ခံစားမှုနောက်လိုက်ရင်း ဒီလိုဖြစ်သွားကြတာပါ။ ဒါကို သတိလေး ကပ်နိုင်ရင် အကောင်းဆုံးပါပဲ။ လူတိုင်းက နိစ္စဒူဝ ဒီထက်အရေးကြီးတဲ့ကိစ္စတွေ အများကြီးလုပ်နေကြရတာ။ အဲဒါကို Limitationမထားရင် လိုက်လေမဆုံးလေ၊ လိုက်လေ မဆုံးလေနဲ့ လွဲမှားတဲ့ဆက်ဆံမှုတွေဖြစ်လာတာပါပဲ။ အဆုံးထိမ လိုက်ဘဲ ပြည့်ဝတဲ့စိတ်ဆန္ဒတစ်ခုရလို့ ရပ်ထားလိုက်ရင်ပြီးတာပါပဲ။

လိင်တူအချင်းချင်း ဆက်ဆံမှုပညာပေးကိုပြောရမယ်ဆိုရင် ဥပမာ ဘရာဇီးလိုနိုင်ငံမျိုးမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေဟာ ဒီနည်းနဲ့ငွေရှာနေကြတယ်။ အဲဒါဘာကြောင့်လဲဆိုတော့ ဆင်းရဲမွဲတေမှုတွေကြောင့်ပဲ။ ဒီကလေး တွေဟာ စိတ်ဆန္ဒကြောင့်မဟုတ်ဘဲ ပိုက်ဆံရဖို့အတွက် အသက်မွေးဝမ်းကြောင်းတစ်ခုလိုလုပ်နေရတဲ့အတွက် ခန္ဓာကိုယ်ကို ငွေကြေးနဲ့အသုံးချနေတယ်။ အရွယ်မရောက်သေးတဲ့ ကလေးတွေအတွေးအခေါ်မရင့်ကျက်သေးလို့ လွဲမှားသွားကြတာ တကယ်ရင်နာဖို့ကောင်းတယ်။ နောက်တစ်ချက် Limitကိုမထိန်းနိုင်လို့ကျော်သွားတာမျိုးလည်း ဖြစ်နိုင်တယ်။

လိင်ပညာပေးအင်တာဗျုးက ပိုလေးနက်ပါတယ်

အခုလို Interviewတွေပြောနေပြီဆိုကတည်းက စာဖတ်မိတဲ့ပရိတ်သတ်တွေ ဗဟုသုတရဖို့ ဆွေးနွေးနေကြတာပဲလေ။ မဂ္ဂဇင်းတစ်အုပ်က အင်တာဗျုးလာလုပ်လို့ဖြေရတာထက် ဒီလိုပညာပေးမျိုးပြောရတာ ပိုလေးနက်ပါတယ်။ Celebrity ဖြစ်ပြီးတော့ အသက်အရွယ်လည်းရ၊ အနုပညာသက်တမ်းလေးလည်းရလာတဲ့အထဲက စဉ်းစားမိတာက လူတစ် ယောက်ရဲ့တန်ဖိုးပေါ့။ ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်ကို လူတစ်ယောက်ကကောင်းအောင် ဘယ်လောက်လုပ်ပေးနိုင် မလဲတွေးမိတဲ့အခါ ဒါမျိုးပညာပေးတွေပြောချင်ပါတယ်။ PSIတို့ဘာတို့ဆိုရင် ဂရုတစိုက်နဲ့လုပ်နေတာတွေ့ရတယ်။ ကျွန်တော်တို့တိုင်းပြည်မှာတော့ ယဉ်ကျေးမှုရယ်၊ ဘာသာတရားရယ်ကြောင့် ပညာပေးမှုတွေ အားနည်းနေတယ်လို့ ထင်တာပဲ။ စာသင်ကျောင်းတွေမှာ အသက်အပိုင်းအခြားအလိုက် အရွယ်ရောက်တဲ့ကလေးတိုင်းကို အားကစားနဲ့ လိင်ပညာပေးတွေလုပ်ပေးသင့်တယ်။ ကျွန်တော်တို့အာရှတိုက်သားတွေဟာ အနောက်တိုင်းသားတွေနဲ့ယှဉ်ရင် လူကလည်းမထွားကျိုင်းဘူး။မျိုးရိုးကြောင့်လည်းပါတာပေါ့။ ကာယပညာကို မဖြစ်မနေ ကျောင်းတွေမှာလုပ်ရမယ်ဆို တာမျိုးဖြစ်စေချင်တာ။ အခုလိုဆွေးနွေးပွဲမျိုး ကျောင်းတွေမှာလုပ်ပေးနိုင်လေ ပိုကောင်းလေပဲ။

Celebrity Sex ကိုလူတွေ စိတ်ဝင်စားတယ်

Celebriy တွေရဲ့ Sex Affairကိုလူတွေစိတ်ဝင်စားတာ သိပ်တော့ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ မင်းသမီးဆိုတာ ဆန့်ကျင်ဘက်ယောက်ျားတွေအပေါ်မှာဆွဲဆောင်မှုရှိအောင် ၀တ်မယ်၊စားမယ်၊သရုပ်ဆောင်မယ်။ မင်းသမီးဖြစ်ပြီ ဆိုကတည်းက ဆန့်ကျင်ဘက်ကို ဆွဲဆောင်နိုင်တဲ့အရည်အချင်းရှိလို့ မင်းသမီးဖြစ်တာ။ မင်းသားတွေလည်း ဒီလိုပါပဲ။ ဆွဲဆောင်ပြီဆိုကတည်းက Sex ကိုနိုးကြားအောင်ဆိုတာပါလာပြီပေါ့။ ဆိုပါစို့ တောသားလေးတစ်ယောက်ကလည်း အခု Hollywoodမှာနာမည်ကြီးနေတဲ့ မင်းသမီး မီဂန်ဖောက်(စ်)နဲ့ တစ်ညလောက်တွေ့ချင်ရင် တွေ့ချင်မှာပဲ။ အဲဒီလို ပဲ မြန်မာပြည်ကကောင်မလေးတစ်ယောက်ကလည်း ဒီနေ့ကမ္ဘာကျော် ဒေးဗစ်ဘက်ခမ်းရဲ့အနမ်းတော့ တစ်ကြိမ် လောက်ခံယူချင်မှာပဲလေ။ ဒါဟာစိတ်ရဲ့ဆွဲဆောင်ရာပါပဲ။ ဒီလိုသဘာဝတွေရှိတော့ Celebrityတွေကိုပိုစိတ်ဝင်စား တာပေါ့။

ကျွန်တော်တို့ Styleကျအောင် ၀တ်စားပြီးသရုပ်ဆောင်တာက ကျွန်တော်တို့အလုပ်၊ အဲဒီအပေါ်မှာ စွဲလန်းတက်မက် ခြင်းက ပရိတ်သတ်အလုပ် ဆိုတဲ့အခါကျတော့ အဲဒီလိုသရုပ်ဆောင်နေတဲ့ နေရာမှာ Celebrity ဘက်ကလမ်းမှား ရောက်အောင် ဆွဲဆောင်နေတာမျိုးတော့ မဟုတ်ဘူး။

ပညာပေးချင်သူတွေမှာ တာဝန်ရှိတယ်

အခုလိုဆွေးနွေးတဲ့နေရာမှာ Mediaအပိုင်းက ရေးသားဖော်ပြမှုနဲ့ပညာပေးမှုကလည်း အရေးကြီးတယ်။ တချို့ကပွဲဆူ အောင် ပရိတ်သတ်စိတ်ဝင်စားမယ့် ခေါင်းစဉ်အကြီးကြီးတတ်ချလိုက်တာမျိုးပေါ့။ ဆွေးနွေးတဲ့သူနှစ်ဦးစလုံးဟာ ပညာ ပေးလိုတဲ့စေတနာ၊ ကောင်းတဲ့ရှုထောင့်ကသွားနေကြတယ်။ လိင်ပညာပေးဆွေးနွေးနေတဲ့ Celebrity နဲ့ Media နှစ်ဦး လုံးပေါ်မှာ အတိုင်းအတာတစ်ခုအထိ တာဝန်ရှိပါတယ်။ ထပ်ပြောလိုက်ချင်တယ်။

Sex ကိစ္စ သတိရှိဖို့......။  

Limit ရှိဖို့..........

Ref: www.people.com.mm (Issue 8.5, December 2009)



Saturday, December 26, 2009

Child Scare (Interview with Shakira)

မေးချင်တာက ကမ္ဘာတစ်ဝန်းက ကလေးပေါင်း ၇၅သန်းဟာ ဘာ့ကြောင့်များပညာသင်ယူခွင့် မရတာလဲ

ကလေးများအတွက် တက်ကြွလှုပ်ရှားသူ အဆိုတော်ရှာကီရာ (Shakira) နှင့် တွေ့ဆုံခြင်း

လက်တင်တေးဂီတလောကရဲ့ အထင်ကရကြယ်တစ်ပွင့်ဖြစ်တဲ့ ကိုလံဘီယာသူ ပေါ့ပ်အဆိုတော် ရှာကီရာကို မြန်မာပရိတ် သတ်တော်တော်များများ သိကြပါတယ်။ ရှကီရာရဲ့ အယ်လ်ဘမ်တွေဟာလည်း စပိန်စကားပြော ကမ္ဘာဖြစ်တဲ့ လက်တင် အမေရိကနိုင်ငံတွေမှာသာမက၊ အခြားကမ္ဘာ့နိုင်ငံတွေမှာပါ ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်တွေ ဖြစ်ခဲ့ပါတယ်။ သူမရဲ့ ၂၀၀၆မှာကျော်ကြားခဲ့တဲ့ Hips Don't Lie သီချင်းဟာလည်း သမိုင်းမှာ အရောင်းရဆုံးသီချင်း အယ်လ်ဘမ်တွေ ကြားမှာ တစ်ခုအပါအ၀င်ပဲ ဖြစ်ပါတယ်။ တကယ်တော့ ရှာကီရာဟာ သူမရဲ့အမည်ကို အနုပညာ လောကမှာသာမက ကလေးသူငယ်ဖွံ့ဖြိုးရေးလူမှုလုပ်ငန်းတွေမှာပါ စေတနာထက် သန်တဲ့ တက်ကြွလှုပ်ရှားသူ activist တစ်ဦးအဖြစ် ထူထောင်နေတာကြာခဲ့ပါပြီ။ သူမဟာ အသက်၁၈နှစ် သမီး အရွယ်အောင်မြင်စ အဆိုတော်ပေါက်စဘ၀မှာပဲ အလှူရန် ပုံငွေအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Barefoot Foundation ကိုရသမျှ ၀င်ငွေတော် တော်များများ လှူဒါန်းခဲ့သူပါ။ အဲဒီ ဖောင်ဒေးရှင်းက ကိုလံဘီယာမှာ ပြည်တွင်းစစ်ကြောင့် ခိုကိုးရာမဲ့ဖြစ်ရတဲ့ ဆင်းရဲသားကလေးတွေ အတွက် စာသင် ကျောင်း ၆လုံးဆောက်ပေးခဲ့ပါတယ်။

ရှာကီရာဟာ ALTS လို့အတိုကောက်ခေါ်တဲ့ Latin America In Solidarity Action အဖွဲ့ကိုတည်ထောင်သူ၊ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ဒီအဖွဲ့ဟာ လက်တင်အမေရိကတိုက်မှာ အသက်၆နှစ်အောက် ကလေးအားလုံး ကျန်းမာရေးစောင့်ရှောက်မှု၊ အခမဲ့ပညာရေး၊ သင့်တော်တဲ့အဟာရ ရရှိရေးအတွက် သက်ဆိုင် ရာ အစိုးရတွေကိုဖိအားပေး တိုက်တွန်းနေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ ဒီအပတ်ထဲမှာပဲ ပေါ်တူဂီမှာ ပြုလုပ်ခဲ့တဲ့ Ibero American ထိပ်သီးအစည်းအဝေးပွဲမှာ လက်တင်အမေရိကရဲ့ နိုင်ငံ့ခေါင်းဆောင်များကို ရှာကီရာဟာ စီးပွားရေးပညာရှင် ဂျက်ဖရီဆတ်ခ်ျနဲ့အတူ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ပါတယ်။ ယခုဖော်ပြမှာကတော့ အဲဒီ့ဆွေး နွေးပွဲအပြီး ရှာကီရာနဲ့ နယူးစ်ဝိခ်ရဲ့ ဂျင်မီလန်းမင်းတို့ရဲ့ တွေ့ဆုံမှုမှ ကောက်နှုတ်ချက်များပါပဲ။

ပေါ်တူဂီမှာ လုပ်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးပွဲမှာ ခင်ဗျားအောင်မြင်ခဲ့ပါသလား။

ကလေးသူငယ်ဖွံ့ဖြိုးရေး မဟာဗျူဟာတွေနဲ့ ပတ်သက်တဲ့ကျွန်မတို့ရဲ့အကြုံပြုချက်ကို သမ္မတငါးဦးက ထောက်ခံ ခဲ့တဲ့အတွက် ဒီပွဲဟာ ကြီးကျယ်တဲ့အောင်မြင်မှုပါပဲ။ ချီလီသမ္မတ မီရှဲလ်ဘတ်ရှလတ်ရဲ့အကူအညီနဲ့ ကျွန်မတို့ ဟာ အစိုးရတွေအတွက် သူတို့ရဲ့နိုင်ငံတွေမှာ ကလေးသူငယ်ဖွံ့ဖြိုးရေးအစီအစဉ်တွေကို ဘယ်လိုဖန်တီးပေးမယ် ဆိုတဲ့ အချက်တွေအပါအ၀င် ကျွမ်းကျင်သူတွေပြုစုထားတဲ့ စာတမ်းကို ဖြန့်ဝေနိုင်ခဲ့ပါတယ်။ အာဂျင်တီးနား သမ္မတ ခရစ္စတီးနားကတ်ခ်ျနာကိုလည်း ကလေးသူငယ် ပညာရေးကဏ္ဍကိစ္စကို လာမယ့် ၂၀၁၀ထိပ်သီးအစည်း အဝေးပွဲမှာ ထိပ်တန်းထားဆွေးနွေးစရာ အဖြစ်သတ်မှတ်ဖို့ကိုလည်း ကျွန်မတို့ စည်းရုံးနိုင်ခဲ့တာ စိတ်လှုပ်ရှား စရာပါ။ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့မှာက လာမယ့်နှစ် ထိပ်သီးစည်းဝေးပွဲကို ကျင်းပမှာဖြစ်ပါတယ်။

ကလေးသူငယ်စောင့်ရှောက်ရေးကိစ္စဟာ ဘာကြောင့်ထိပ်တန်းဦးစားပေးကိစ္စတစ်ရပ်ဖြစ်ဖို့ လိုအပ်ရတာပါလဲ။

လက်တင်အမေရိကတိုက်မှာ လုံလောက်တဲ့ အဟာရမရှိသလို၊ ဘယ်လိုပညာရေးမျိုးမှလည်း မရှိတဲ့ ကလေး ပေါင်း ၃၅သန်းရှိပါတယ်။ မွေးကင်းစကနေ ဒီအချိန်မှာ ဦးနှောက်ဖွံ့ဖြိုးမှုစတယ်။ သိမှတ်နားလည်မှုစွမ်းရည်နဲ့ လူမှုရေးဆိုင်ရာ စွမ်းရည်တွေလည်း စတင်ဖွံ့ဖြိုးတယ်။ ပြီးတော့ လေ့လာမှုတွေအများကြီးကနေ ကျွန်မတို့သိထား တာကလည်း အစောပိုင်းကလေးသူငယ်ဘ၀ ဖွံ့ဖြိုးရေးကိစ္စမှာ ရင်းနှီးမြုပ်နှံထားတာဟာ ဆင်းရဲနွမ်းပါးမှုကို လျှော့ ချဖို့၊ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ဖို့၊ ရောဂါဘယတွေကို ကာကွယ်ဖို့နဲ့နှစ်စဉ်နှစ်တိုင်း ကလေးတွေသေဆုံးနေ ရမှုကို ကာကွယ်တားဆီးဖို့နည်းလမ်းလည်း ဖြစ်တယ်လေ။

ALAS အဖွဲ့ဟာ အစိုးရတွေက ပေးခဲ့တဲ့ ကတိတွေကို လက်တွေ့လုပ်ဆောင်ချက်တွေဖြစ်အောင် ဘယ်လို ပြောင်းလဲမှာလဲ။

ပထမဆုံးအချက်ကတော့ အစိုးရတွေဟာ ဒီကလေးသူငယ်ဖွံ့ဖြိုးရေးကဏ္ဍမှာ ရင်းနှီးမြုပ်နှံတာဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာ နားလည်သွားအောင်လုပ်ဖို့ ကျွန်မတို့လိုအပ်တယ်။ ဒုတိယအချက်ကတော့ နောင်နှစ် ကုန်လောက်ဆို ကျွန်မတို့အဖွဲ့ဟာ လက်တင်အမေရိက အစိုးရအဖွဲ့တိုင်းဆီမှာ ကောင်စီတွေဖွဲ့စည်းဖို့လုပ်သွား မှာပါ။ ဒီကောင်စီတွေက ကလေးတွေ ဖွံ့ဖြိုးရေးအတွက် ဘယ်လိုလုပ်ပေးရမလဲလို့ နေ့တိုင်းစဉ်းစားနေတဲ့ လူတွေ နဲ့ဖွဲ့စည်းထားတာပေါ့။ လာမယ့်နှစ် Ibero American ထိပ်သီးအစည်းအဝေးပွဲမှာတော့ ကလေးသူငယ်ဖွံ့ဖြိုးရေး ကိစ္စဟာ နိုင်ငံ့ခေါင်းဆောင်တစ်ဦးစီရဲ့ ဆွေးနွေးစရာ(အာဂျင်ဒါ)တွေထဲမှာ ထိပ်ဆုံးကရှိလာပါလိမ့်မယ်။ ဒါဟာ လွယ်တော့မလွယ်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စမဖြစ်မချင်း ကျွန်မတို့ဆက်လုပ်သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ လက် တင်အမေရိကရဲ့ ကလေးငယ်တွေကအဖြေကို စောင့်ကြည့်နေကြတယ်လေ။

ချီလီသမ္မတ ဘက်ရှလတ်က စတင်ခဲ့တဲ့ ဆင်းရဲတဲ့ မိသားစုတွေဆီက ကလေးငယ်တွေကို အခမဲ့ပညာရေးနဲ့ ကျန်းမာရေးစီမံပေးတဲ့ ကလေးသူငယ်ဖွံ့ဖြိုးရေးအစီအစဉ်ဟာ ခင်ဗျားတို့အတွက် ဖြစ်နိုင်ခြေရှိတဲ့ စံနမူနာပုံစံလား။

လုံးဝပဲ သေချာတာပေါ့ရှင်။ ဒါဟာ ဒီဒေသတစ်ခုလုံးအတွက် နမူနာမိုဒယ်ပါပဲ။ ဘတ်ရှလတ်ဟာ ကလေးဆရာဝန် တစ်ဦးဖြစ်ပြီး သင့်တော်တဲ့ အဟာရနဲ့ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး မွေးကင်းစကနေ ၆နှစ်အရွယ်ကြား ကလေးတွေအတွက် အရေးကြီးတယ်ဆိုတာ နားလည်သဘောပေါက်သူပါ။

ကိုလံဘီယာမှာ ကြီးပြင်းခဲ့ရခြင်းဟာ ဒီကိစ္စအပေါ် ခင်ဗျားရဲ့အမြင်တွေကို ဘယ်လိုများ သက်ရောက်မှုရှိခဲ့ ပါသလဲ။

ကံမကောင်းတာကတော့ လက်တင်အမေရိကဟာ ကမ္ဘာပေါ်မှာ မမျှတဆုံးဒေသတစ်ခုဖြစ်နေပါတယ်။ ဆင်းရဲသူ နဲ့ ချမ်းသာသူကြား ကွာဟချက်ဟာလည်း သိပ်ကြီးမားလွန်းပြီး၊ မွေးရာပါအခွင့်အရေးတစ်ရပ် ဖြစ်သင့်တဲ့ ပညာ ရေးဟာလည်း တချို့အတွက် ဇိမ်ခံပစ္စည်းလိုဖြစ်နေတယ်။ ကိုလံဘီယာလိုနိုင်ငံမျိုးမှာ ကြီးပြင်းခဲ့ရတဲ့ကလေးတွေ မှာ မွေးကတည်းက ဆင်းရဲတဲ့ ကလေးအများစုဟာ ဆင်းဆင်းရဲရဲနဲ့ပဲ သေသွားရမှာ။ ဒီတော့ ဒီကလေးတွေ အတွက် အဟာရနဲ့ ပညာရေးကို တွဲဖက်ထောက်ပံ့ခြင်းဟာ အနာဂတ်အတွက် အခွင့်အလမ်းသစ်တွေကို ပေးစွမ်းနိုင်မှာပါ။ ဗိုက်ဟောင်းလောင်းနဲ့တော့ ဘယ်ကလေးမှ ပညာသင်နိုင်မှာမဟုတ်ဘူးလေ။ ဘယ်ကလေး မှလည်း သူပုန်ဖြစ်ချင်တယ်၊ မူးယစ်ဆေးကုန်သည်ဖြစ်ချင်တယ်၊ ရာဇ၀တ်ကောင်ဖြစ်ချင်တယ်လို့ အိပ်မက် မမက်ကြဘူး။ အဆင်းရဲဆုံးနိုင်ငံတွေ၊မြို့တွေမှာနေကြတဲ့ ကလေးတွေကို သွားမေးရင်တောင်မှ ဆရာဝန်၊ သူနာပြု၊ မီးသတ်သမား၊ရှေ့နေ စသဖြင့်ဖြစ်ချင်ကြောင်း သူတို့ရဲ့အိပ်မက်တွေကို ရှင့်ကိုပြောပြကြမှာပါ။ အခုတော့ ဒီလူ့အဖွဲ့အစည်းကပဲ သူတို့လေးတွေရဲ့ အိပ်မက်နဲ့ စံပြသူရဲကောင်းတွေကို ဖျက်ဆီးနေတာပေါ့။

ဒီကိစ္စမှာ အစိုးရတွေဟာ ဘာကြောင့်မအောင်မြင်ရတာပါလဲ။

ယုံချင်ယုံ၊ မယုံချင်နေပါ။ အစိုးရတော်တော်များများမှာ ကလေးသူငယ်ဖွံ့ဖြိုးရေးအတွက် သီးသန့်လုပ်ကိုင်နေတဲ့ ဘယ်ကောင်စီ၊ ဘယ်ဌာနမှ မရှိပါဘူး ကျွန်မတို့မှာ ကလေးတိုင်း ကျောင်းအပ်နိုင်စေဖို့ အရင်းအမြစ်တွေရှိပြီး သားပါ။ ဒါ့ကြောင့် မေးချင်တာက ကမ္ဘာတစ်ဝန်းက ကလေးပေါင်း ၇၅သန်းဟာ ဘာ့ကြောင့်များပညာသင်ယူခွင့် မရတာလဲ။

ကျော်မျိုး

Ref: " Child Scared" by Jimmy Langman


Talk about Health insurance

ဆေးဖိုးဝါးခ မပူရတဲ့ ကျန်းမာရေးအာမခံဆိုတာ

မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဒေါက်တာမောင်မောင်သိမ်းနှင့်တွေ့ဆုံခြင်း

ရန်ကုန်၊ ဒီဇင်ဘာ 15

မြန်မာနိုင်ငံမှာ ကျန်းမာရေးအာမခံနဲ့ပတ်သက်တဲ့ ဟောပြောပွဲ၊စာတမ်းဖတ်ပွဲတွေကိုပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါ တယ်။ ကျန်းမာရေးအာမခံနဲ့ပတ်သက်လို့ မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဒေါက်တာမောင်မောင်သိမ်း နဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေထဲက တချို့ကိုကောက်နုတ်ဖော်ပြလိုက်ပါတယ်။

မော်ဒန်။            ။ ကျန်းမာရေးအာမခံဟောပြောပွဲ၊စာတမ်းဖတ်ပွဲတွေကို ဘယ်အချိန်မှာ စလုပ်ပါလဲ။

ဒေါက်တာမောင်မောင်သိမ်း        ။ ကျန်းမာရေးအာမခံနဲ့ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာနက စိတ်ဝင်စားတာ မို့ ဆွေးနွေးပွဲလုပ်တာ သုံးလေးကြိမ်ပြီးသွားပြီ။ သည်နှစ်ထဲမှာပဲ ယူနီဆက် (UNICEF) ကကြီးကြပ်ပြီး လုပ်လို့ အောက်တိုဘာလထဲ မှာ နေပြည်တော်သွားပြီးဟောပြောခဲ့တယ်။ ဘဏ္ဍာအခွန်ဝန်ကြီးဌာနကလည်း စိတ်ဝင်စား လာတဲ့အတွက် နိုဝင်ဘာလ ထဲမှာ စာတမ်းဖတ်ပွဲလုပ်ခဲ့တယ်။

မော်     ။ ကျန်းမာရေးအာမခံဆိုတာ ဘာလဲသိပါရစေ။

သိမ်း    ။ ကမ္ဘာမှာ ကျန်းမာရေးအာမခံဆိုတာ သပ်သပ်ရှိတယ်။ ပင်မက နှစ်လိုင်းနဲ့သည်နှစ်လိုင်းကိုရောပြီး အာမခံ လုပ်ငန်းနဲ့ ကုမ္ပဏီတွေက ရောင်းတာမျိုးလည်းရှိတယ်။ အဓိကက မကျန်းမမာဖြစ်ခဲ့မယ်ဆိုရင် ကုန်ကျမယ့်ဆေးကု သစရိတ်ကို အာမခံက ပြန်ပေးတာ။ မကျန်းမာတဲ့သူအတွက် အလကားကုရသလိုဖြစ်သွားမယ်။ နောက်တစ်လိုင်းက ကျန်းမာရေးချို့ယွင်းသွားလို့ အလုပ်ဆက်မလုပ်နိုင်တော့ဘူးဆိုရင် ဒါမှမဟုတ် သေဆုံးသွားတယ်ဆိုရင် လျော်ကြေး အနေနဲ့တောင် အာမခံကပေးတယ်။ ကျန်းမာရေးအာမခံရှိလို့ အာမခံထားမယ်ဆိုရင် လူထုမှာဆေးဝါးကုသမှုအတွက် ဘာမှပူစရာမလိုတော့ဘူး။ ဥပမာ-ရောဂါ ငါးမျိုး၊ဆယ်မျိုး ကိုယ်တတ်နိုင်သလောက်ဝယ်ပြီး အာမခံထားနိုင်တဲ့အတိုင်း အတာပေါ်မူတည်တယ်။

မော်     ။ မြန်မာနိုင်ငံမှာ ကျန်းမာရေးအာမခံရှိပါသလား။

သိမ်း။    ။ ဆိုရှယ်လစ်ခေတ်တုန်းက မြန်မာမှာလုပ်ခဲ့ဖူးတယ်။ စိတ်ဝင်စားမှုနည်းတာ၊ ပြည်သူထဲကျယ်ကျယ်ပြန့်ပြန့် မဖြန့်ပေးနိုင်တာ၊ အာမခံကပေးတဲ့ အကျိုးခံစားခွင့်က နည်းတာစတာတွေကြောင့် မအောင်မြင်ခဲ့ဘူး။ လက်ရှိမှာ တကယ့်ကျန်းမာရေးအာမခံမရှိပေမဲ့ ကျန်းမာရေးအာမခံနဲ့ ခပ်ဆင်ဆင်တူတာတွေရှိတယ်။ ကိုယ်အင်္ဂါထိခိုက်မှု အာမခံနဲ့မြွေအာမခံနှစ်ခုပါ။ မြွေအာမခံမှာ သေသွားရင်လည်းလျော်ကြေးပေးတယ်။ ဆေးကုသစရိတ်လည်းပေးတယ်။ တခြားရောဂါနဲ့တော့ မရဘူး။ မြွေကိုက်ခံရမှ ရမယ်။ ကျန်းမာရေးအာမခံမှလည်း သည်လိုပါပဲ။ ကိုယ်တတ်နိုင်သ လောက် ၉၆ပါးရောဂါတွေထဲက များများဝယ်ပြီးထားနိုင်မယ်၊ ကိုယ်က မတတ်နိုင်ရင် ကင်ဆာရောဂါတစ်မျိုးထဲ အတွက်ပဲ ကျန်းမာရေးအာမခံဝယ်ထားမယ်ဆို ကင်ဆာနဲက ပတ်သက်ပြီးကုသစရိတ်နဲ့ မသန်မစွမ်းဖြစ်သွားမယ်၊ သေဆုံးသွားမယ်ဆိုရင် ထောက်ပံ့ကြေးနဲ့ လျော်ကြေးတွေ ရမှာဖြစ်တယ်။ ကျန်းမာရေးအာမခံရဲ့ပင်မလိုင်းနှစ်လိုင်း အောက်မှာ အာမခံလေးတွေ အများကြီးရှိလို့ ကျယ်ပြန့်ပါတယ်။

မော်     ။ ကျန်းမာရေးအာမခံရှိလာဖို့ဘယ်လိုလုပ်ရပါလဲ။

သိမ်း    ။ ကမ္ဘာနဲ့ရင်ဘောင်တန်းပြီး ကျန်းမာရေးအာမခံလုပ်ဖို့ဆိုတာ အချိန်ယူပြီး သုတေသနလုပ်ရမယ်။ နည်းပညာပိုင်း ဥပဒေပညာအပိုင်းနဲ့ ဆေးပညာရှင်တွေရဲ့ ကူညီပံ့ပိုးမှုအပိုင်းတွေ အများကြီးလိုတယ်။ လူထုအဖွဲ့အ စည်းလည်းပါဝင်ရမယ်။ အာဏာပိုင်အဖွဲ့အစည်းကလည်း ကူညီရမယ်။ ဒါမှ ကျန်းမာရေးအာမခံဆိုတာ ဖြစ်လာမှာ။ ပေါ့ပေါ့ဆဆလုပ်ရင် အရင်တစ်ခါလိုပဲပျက်သွားမယ်။ အများနဲ့ဆိုင်တဲ့ကိစ္စမို့ မြန်မာ့အာမခံလုပ်ငန်းတစ်ခုတည်း လုပ်ရင် ကွဲသွားမယ်။ အဓိကက လူတိုင်းတတ်နိုင်၊ ၀ယ်နိုင်တဲ့အာမခံဖြစ်ဖို့ လူများများဝယ်အောင် လုပ်နိုင်ဖို့လိုတယ်။

ကျန်းမာရေးအာမခံကို လက်တစ်ဆုပ်စာလူတစ်စုက ၀ယ်ထားလို့မဖြစ်ဘူး။ ၀ယ်တဲ့သူတွေအတွက် ကျန်းမာရေး အာမခံ ပရီမီယံကြေး တစ်နှစ်မှာထောင်ဂဏန်းလောက်ပဲပေးပြီး ပြန်ရမယ့်ကြေးက သိန်းနဲ့ချီရတာမျိုးဖြစ်စေဖို့အတွက် လူတိုင်းက၀ယ်မှဖြစ်မှာပါ။ ကျန်းမာရေး အာမခံရှိလာသည့်တိုင်အောင် ဆေးရုံ၊ဆေးခန်းတွေနဲ့ညှိနှိုင်းဖို့ လိုသေးတယ်။

မော်။     ။ ကျန်းမာရေးအာမခံလုပ်ငန်း အောင်မြင်ဖို့အတွက် ဘာကြောင့် ဆေးရုံ၊ဆေးခန်းတွေနဲ့ ညှိဖို့လိုတာပါလဲ။

သိမ်း။    ။ ကျန်းမာရေးအာမခံထားရှိတဲ့ လူတစ်ဦးက ရောဂါဖြစ်လို့ဆေးလာကုတဲ့အခါ ဆေးရုံ၊ ဆေးခန်းဘက်က ဥပမာ-ဆေးတစ်မျိုးတည်းနဲ့ကုလို့ရတဲ့ဟာကို ငါးမျိုးနဲ့ကုတာမျိုး၊ ဈေးသက်သာတဲ့ဆေးနဲ့ကုလို့ရတာကို ဈေးကြီးတဲ့ ဆေးနဲ့သုံးပြီးကုတာမျိုးလုပ်ပြီး ဆေးဝါးကုသမှု စရိတ်တွေနင်းကန်တင်တောင်းနေလို့ မဖြစ်တာကြောင့်ပါ။ ဆေးဖိုးဝါးခ ကုန်ကျစရိတ်ကို အာမခံကပေးရမှာဖြစ်လို့ မှန်ကန်မျှတတဲ့ ဆေးဖိုးဝါးခကိုပဲ ယူပေးဖို့ အာမခံလုပ်ငန်းကနေ ဆေးရုံ၊ ဆေးခန်းတွေကို ညှိဖို့လိုပါတယ်။ဆေးရုံ၊ ဆေးခန်းတွေဘက်က ကူညီပံ့ပိုးနိုင်ဖို့အတွက်ပါ။

မော်။     ။တခြားဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောကြားပေးပါဦး။

သိမ်း    ။ တခြားနိုင်ငံတွေမှာလည်း ကျန်းမာရေးအာမခံက သိပ်မအောင်မြင်ကြဘူး။ ဥပမာ- အမေရိကန်မှာ သိပ်မ အောင်မြင်လို့ နောက်ဆုံးမှာ အိုဘားမားကနေ ကျန်းမာရေးအာမခံလုပ်တဲ့ ကုမ္ပဏီတွေကို ထောက်ပံ့ကြေးပေးတဲ့ အဆင့်ထိဖြစ်သွားတယ်။ အာမခံကုမ္ပဏီကို ၀ိုင်းပြီးမကူညီတဲ့အတွက် ကုမ္ပဏီက ရောင်းတာတော့ရောင်းပေးနေတယ်။ ၀ယ်တဲ့သူကနည်းတော့ ဈေးတွေက တက်လာတာပေါ့။ လူတိုင်းမ၀ယ်နိုင်ဘဲ သူဌေးတွေမှ ၀ယ်နိုင်မယ်ဆိုတော့ ကျန်းမာရေးအာမခံလုပ်ငန်း မအောင်မမြင်ဖြစ်ရတယ်။

မော်။     ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဇင်သော်

Ref: မော်ဒန် သတင်းဂျာနယ် – အမှတ် ၁၈၉၊ ၁၈ ဒီဇင်ဘာ ၂၀၀၉၊ သောကြာနေ့။

You can also read it's at http://sinmyanmarguy.socialgo.com


Let's go to Lashio and Muse

မြန်မာပြည်အရှေ့မြောက်ပိုင်း ကုန်သွယ်ရေးမြို့များဆီသို့

ထူထပ်သော တောင်ကုန်းတောင်တန်းများပေါ်တွင် အ၀ါရောင်နေကြာပန်းတို့မှာ အလေ့ကျဖူးပွင့်နေကြသဖြင့် ထိုဒေသ မျာ:ကို အ၀ါရောင်ပန်းတို့ ကြွေရာမြေဟုတင်စားချင်ပါသည်။ လမ်းဘေးတစ်လျှောက် ဖူးပွင့်နေကြသော အ၀ါရောင်ပန်း၊ အေးမြသော လေနုအေးနှင့် မြူဆိုင်းသော တောင်တန်းတွေရဲ့အလှက မြင်ရသူလန်းဆန်းစေမည်မှာ အမှန်ပါ။

ထိုမြင်ကွင်းများအား မန္တလေးမြို့အားကျော်လွန်သည်နှင့် လားရှိုး-မူဆယ်သွားသည့် လမ်းတစ်လျှောက်မြင်တွေ့နိုင်ပါသည်။

လားရှိုးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၂၈၀၀(၈၅၀မီတာ)အမြင့်တွင် တည်ရှိသည်။ မန္တလေးမှ ရထားလမ်း ၁၇၅မိုင်ရှည်၍ ရှမ်းပြည်နယ်မြောက်ပိုင်း၏ အကြီးဆုံးမြို့လည်းဖြစ်ပါသည်။

လားရှိုးမြို့တွင် လည်ပတ်စရာများအဖြစ် ရန်တိုင်းအောင်စေတီ၊ တရုတ်ဘုံကျောင်း လင်းနို့ဂူ၊ ရေပူချောင်းနှင့် တရုတ်နိုင်ငံ ထုတ်ပစ္စည်းများအား ဈေးသက်သက်သာသာဖြင့် ၀ယ်၍ရသောလားရှိုးဈေး တို့တည်ရှိပါသည်။

အရှေ့မှ အနောက်သို့စီးဆင်းနေသော အေဒီချောင်းနှင့် ကပ်လျက်တည်ရှိပြီး တောင်မှမြောက်သို့စီးဆင်းနေသော ရေပူ ချောင်းတွင် ရေချိုးပါက ကိုယ်လက်ကိုက်ခဲမှုပျောက်ကင်းခြင်းနှင့် ထိုရေထဲတွင် ကန့်ဓာတ်ပါဝင်သဖြင့် အရေပြားရောဂါ များအား သက်သာပျောက်ကင်းစေပါသည်။ ထိုချောင်းတွင် ရေချိုးဆိပ်ပြုလုပ်ထားပြီး ယောက်ျား၊ မိန်းမသီးသန့် ခွဲ၍လည်း ချိုးနိုင်ပါသည်။

သာယာလှသော လားရှိုးမြို့အား ကား၊ မီးရထား၊ လေယာဉ်ပျံတို့ဖြင့် တိုက်ရိုက်သွားရောက်နိုင်သည်။ တည်းခိုစရာများ အဖြစ် ဟိုတယ် ၁၈လုံးနှင့် တည်းခိုခန်း ၁၇ခုရှိပြီး၊ တည်းခိုခမှာ အနိမ့်ဆုံးကျပ် ၂၀၀၀၊ ၃၀၀၀မှ အမြင့်ဆုံး ကျပ် တစ်သောင်းခွဲသာရှိပါသည်။

လားရှိုးမှတစ်ဆင့် ၁၀၆မိုင်ဝေးသည့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော မူဆယ်သို့လည်း သွားရောက်လည် ပတ်နိုင်သေးသည်။ လားရှိုးမြို့မှ မနက်ပိုင်းထွက်သော ဆလွန်း သို့မဟုတ် ဗင်ကားများဖြင့် သွားရောက်ရပြီး တစ်ဦးလျှင် ရှေ့ခန်းကျပ်တစ်သောင်းနှင့် နောက်ခန်းကျပ်ရှစ်ထောင်ကျသင့်မည်ဖြစ်ပြီး၊ ကားတစ်စီးလျှင် ၄ဦးသာစီးနင်းနိုင်သည်။

လားရှိုးမှ မူဆယ်သို့ကားဖြင့် ၅နာရီခန့်မောင်းနှင်ရပြီး ကွတ်ခိုင်မြို့တွင် တစ်ထောက်နားကာ ကွတ်ခိုင်မြို့ရှိ ရှမ်းစားသောက် ဆိုင်တွင် ရှမ်းရိုးရာအစားအစာများအား ဘူဖေးစနစ်ဖြင့်စားသောက်နိုင်သည်။ တစ်ယောက်လျှင် ကျပ်၃၀၀၀ကျသင့်မည် ဖြစ်သည်။

မူဆယ်မြို့တွင် လည်ပတ်စရာများစွာလည်းရှိပါသည်။ တောင်ပေါ်ဘုရား၊ရပ်တော်မူနှင့် ဆုတောင်းပြည့် ဘုရားများကို သွားရောက်ဖူးမြော်နိုင်သည်။ ထို့အပြင်တရုတ်နိုင်ငံထုတ်ပစ္စည်းများ ရောင်းချသော မူဆယ် ဈေးမှာလည်း ၀ယ်ချင်စရာ များနှင့် အပြည့်ပင်။

မူဆယ်ဈေးတွင် တရုတ်ပစ္စည်းများအား လက်လီဝယ်ယူပါက တရုတ်နိုင်ငံထက်ပင် သက်သာပြီးဒေသခံ များ၏ အဆိုအရ ကျပ်တစ်သောင်းအထက်ဆိုသော ပစ္စည်းများအား အနည်းဆုံးကျပ်သုံးထောင်ဈေးစစ်ရန်ဖြစ်ပါသည်။ မူဆယ်မြို့တွင် တည်းခိုလိုပါက ကျပ်ငါးထောင်မှ တစ်သောင်းကျော်ရှိပြီး၊ မူဆယ်ဈေးအနီးရှိ Best House တည်းခိုခန်းမှာ ဈေးနှုန်း၊ နေရာနှင့် ၀န်ဆောင်မှုများ အဆင်ပြေဆုံးဖြစ်မည်ထင်ပါသည်။

မူဆယ်မြို့မှတစ်ဆင့် ယာယီနိုင်ငံကူးလက်မှတ်လုပ်ကာ တရုတ်နိုင်ငံကျယ်ဂေါင်၊ ရွှေလီနှင့် မန်စီမြို့များသို့ သွားရောက် လည်ပတ်နိုင်သေးသည်။ ထိုယာယီပတ်စပို့ဖြင့် တရုတ်နိုင်ငံတွင် ၆ရက်သွားရောက် နေထိုင်နိုင်မည်ဖြစ်သည်။

အလယ်ဂိတ်ဟုခေါ်သော မူဆယ်မြို့နှင့် ကျယ်ဂေါင်မြို့ကြားတွင်ရှိ ဂိတ်အားဖြတ်သန်းပြီးနောက် ကျယ်ဂေါင်မြို့သို့ရောက်ရှိ မည်ဖြစ်သည်။ ကျယ်ဂေါင်မြို့ရှိ ELECTRIC တာဝါတွင် လျှပ်စစ်ပစ္စည်း၊ ကျောက်မျက်ပြခန်းနှင့် ဆိုင်ကယ်အရောင်းခန်းမ၊ တခြား အရောင်း ခန်းမများနှင့် ကစားကွင်းတို့တည်ရှိသည်။

ကျယ်ဂေါင်မြို့မှ ရွှေလီသို့သွားချင်ပါက အလယ်ဂိတ်အ၀င်ဝရှိ တက္ကစီကားများအား တစ်ဦးလျှင် ၄ယွမ်၊ စင်းလုံးငှား ၁၅ယွမ်(၄ယောက်)ပေး၍ သွားရောက်နိုင်သည်။ ရွှေလီမြို့တွင် အ၀တ်အထည် ပစ္စည်းဝယ်ယူ၍ အလွန်ကောင်းမွန်ပြီး၊ ၃ဘီးဆိုင်ကယ်၊ ကားအပိုပစ္စည်းဆိုင်နှင့် ရေတံခွန်တို့ကိုလည်း လည်ပတ်နိုင်သည်။

ရွှေလီမြို့မှ မန်စီမြို့သို့ဘတ်စ်ကားဖြင့် သွားရောက်နိုင်ပြီး၊ တစ်ဦးလျှင် ၂၅ယွမ်ကျသင့်မည်ဖြစ်ပြီး၊ စီးလုံးငှားပါက ၂၂ ယောက်စီးဘတ်စ်ကားအား ယွမ်၃၀၀-၅၀၀ကြား ဈေးဆစ်၍ငှားရမ်းနိုင်သည်။

ယခုကာလသည် ရာသီဥတုအေးမြခြင်းနှင့် တရုတ်ငွေတန်ဖိုးကျနေသည့်ကာလဖြစ်သည့်အတွက် သွားလာ၍ကောင်းသော အချိန်လည်းဖြစ်မည်ထင်ပါသည်။

You can also read it's at http://sinmyanmarguy.socialgo.com

Saturday, December 19, 2009

Pyi 's paratha

par.JPG

ပြည်ပလာတာ ကတ်ကြေးကိုက်
ကဲလာပြီ...လာပြီ ပြည်မြို့က နာမည်ကျော် ပလာတာကတ်ကြေးကိုက်။ စားကြဦးမလားဗျို့....ဟဲ ဟဲ။ ကျွန်တော်တော့ မလုပ်တတ်ပါဘူး။ ကျွန်တော်ဖတ်နေကြ မဂ္ဂဇင်းထဲက ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း (အသည်း) ရေးတဲ့ အမျိုးသမီး နဲ့အစားအစာဆောင်းပါးထဲက ကူးထည့်ပေးလိုက်ပါတယ်။
ပလာတာဆိုတာ ဒီအတိုင်းစားရင်ရသလို တစ်ခုခုနှင့်မွမ်းမံပြီးစားသောက်လို့လည်းရပါတယ်။ အခုကြက်သားအာလူးပဲဟင်း ရည် မဆလာနံ့သင်းသင်းလေးနဲ့ တွဲဖက်စားသောက်တတ်တဲ့ ပြည်ပလာတာ ကို ကတ်ကြေးကိုက်ပြီးစားကြည့် ကြရ အောင်လေ။ စားလို့အရမ်းဂွတ်တာနော်.....ရှလွတ်။
ပြည်ပလာတာ ချက်နည်း
ဘယ်လိုကြက်ကိုချက်မှာလဲ
ပြည်ပလာတတာရဲ့ အနှစ်သာရဟာ ကြက်သားဟင်းပါ။ ကြက်သားဟင်းကောင်းလေ ပြည်ပလာတာကို စားရတာ ကောင်းလေပါ။ ဒါကြောင့် ပြည်ပလာတာချက်တော့မယ်ဆိုရင် ကြက်သားဝယ်တာကစရပါ မယ်။
ဖြစ်နိုင်မယ်ဆိုရင် မွေးမြူရေးကြက် မဟုတ်ဘဲ အိမ်ကြက်ကို ရွေးဝယ်သင့်ပါတယ်။ မွေးမြူရေးကြက်က အဆီတွေပါတယ်၊ အသားက အချိုဓာတ်နည်းတယ်၊ ပြီးတော့ မွေးမြူရေးကြက်တွေထဲမှာ ဟော်မုန်းတွေ၊ အသားတိုးဆေးတွေ ပါနိုင်တဲ့ အတွက် ကျန်းမာရေးနဲ့ မကိုက်ညီပါဘူး။
အိမ်ကြက်ကို ရွေးမယ်ဆိုရင်လည်း သိပ်ပြီးငယ်ရင် မကောင်းဘူး၊ အရိုးတွေချည်းပါမယ်။ အနည်းဆုံး ၇၀ကျပ်သားလောက် ၀ယ်ရပါမယ်။
ကြက်သားကိုဘယ်လိုတုံးမလဲ
ပြီးတော့မှ ကြက်ကို အနေတော်အတုံးလေးတွေဖြစ်အောင် တုံးရပါမယ်။ အတုံးကြီးတွေ သိပ်ကြီးရင် ပလာတာနဲ့ရောပြီး စားရတာ အရသာမရှိပါဘူး။ ကြက်သားကို ဇွန်းနဲ့ဆယ်ပြီး တစ်ခါတည်းကိုက်စားလို့ရတဲ့ အရွယ်လေးတွေတုံးပါ။ အရိုး နဲ့အသားနဲ့ရောလျက် အတုံးလေးတွေပေါ့။ အနောက်တိုင်းသားတွေ ကြက်သားချက်တဲ့ ပုံစံမျိုးအရိုးနွှင်ပြီးသား ဖီးလေး (fillet) ကြက်ရင်ပုံမျိုးကို ချက်ထားရင် ပြည်ပလာတာနဲ့ မလိုက်ဖက်ပါဘူး။
ဘာလို့တုန်းဆိုတော့ ပြည်ပလာတာ စားတယ်ဆိုတာ ကြက်သားအတုံးတွေ ၀ါးစားပြီးအရိုးလေးတွေ ထွေးထုတ်ရတာ အရသာပါ။
ကြက်သားကို မာရီနိတ်လုပ်ပါ
ကြက်သားအတုံးလေးတွေ တုံးပြီးတာနဲ့ အဲဒီကြက်သားတုံးတွေကို နှပ်ရပါမယ်။ နှပ်တယ်ဆိုတာက အင်္ဂလိပ်လို မာရီနိတ် (marinate) လုပ်တယ်လို့ ခေါ်ပါတယ်။
အနှစ်တွေ အသားထဲကို တစိမ့်စိမ့် စိမ့်ဝင်သွားအောင် အနှစ်နဲ့အသားကို ကြာကြာရောစိမ်ထားတာကို မာရီနိတ်လုပ် တယ်လို့ပြောရမှာပါ။
ပလာတာနဲ့စားမယ့် ကြက်သားကို ချင်း၊ကြက်သွန်ဖြူ၊ကြက်သွန်နီထောင်းထားတဲ့ အနှစ်ရယ်၊ မဆလာရယ် ရောပြီးနှပ် ရပါမယ်။
ကြက်သွန်နီကို သိပ်အများကြီးမထည့်ရပါဘူး။ ကြက်သွန်နီက ဆီသိပ်စုပ်တော့ ကြက်သွန်နီများသွားရင် ဆီတွေ တအား စုပ်ထားပြီး ကြက်သားဟင်းထဲမှာ ဆီတွေတအားများနေမှာပေါ့။ ဒါကြောင့် ကြက်သွန်နီ ကြက်သွန်ဖြူနဲ့ ချင်းအနှစ်ထောင်း တဲ့အခါမှာ ကြက်သွန်နီအနေတော်ဖြစ်အောင် ဂရုစိုက်ပြီးထည့်ရပါ မယ်။
မဆလာလုပ်နည်း
အဲလိုကြက်သားကို မဆလာနဲ့နှပ်တဲ့အခါမှာ မဆလာကောင်းကောင်းသုံးဖို့လိုပါမယ်။ အသေချာဆုံး အကောင်းဆုံးက တော့ မဆလာကို ကိုယ့်ဘာသာလုပ်ဖို့ပါပဲ။
ဇီယာ သန့်သန့်လေးကို ရအောင်ရှာဝယ်၊ ပြီးရင် နည်းနည်းလေးလှော်ပြီးတော့ လှော်ထားတဲ့ နံနံစေ့၊ စမုန်စပါး၊ ငရုတ် ကောင်းနဲ့အချိုးတူရောပြီးထောင်းလိုက်ရင် မဆလာရတော့တာပါ။ နေ့စဉ်သုံးနေကြတဲ့ မဆလာတွေလောက် အဆာ ပလာမပြည့်စုံပါဘူး။
မဆလာလုပ်ရင် ထုံးစံအတိုင်းထည့်လေ့ရှိတဲ့ ဖာလာစေ့၊ သစ်ကြံပိုးဆိုတာတွေကို နောက်ဆုံးဟင်းရည် ကျက်မှ သီးသန့် ထည့်လိုက်ပါတော့တယ်။
ကြက်သားချက်မယ်
ကြက်သားကို တစ်နာရီကျော်ကျော်လောက် မာရီနိတ်လုပ် ပြီးရင်ဆီးလေးပါလေကာနဲ့ ဒန်အိုးထဲမှာ နည်းနည်းလှိမ့် လိုက်ပါ။
တအားကြီးကျက်သွားအောင်မလှိမ့်ရပါဘူး။ ကြက်သားတုံးအပေါ်ယံလေး နည်းနည်းတင်းသွားရုံလောက် လှိမ့်လိုက်ရင် ရပါပြီ။
ကုလားပဲချက်နည်း
ဒီကုလားပဲအနှစ်ဟာ ကြက်သားဟင်းရဲ့ အဓိကအကျဆုံး အနှစ်ရည်ဆိုတော့ကုလားပဲကောင်းဖို့လိုပါမယ်။ ကုလားပဲကို မပြုတ်ခင် သေချာကြည့်ရပါမယ်။ ကုလားပဲလေးတွေဟာ မှိုမတက်လတ်ဆတ်သန့်ရှင်းနေ ရပါမယ်။ အရေးအကြီးဆုံးက ကုလားပဲတွေကို ပိုးသတ်ဆေးနံ့ ရ၊ မရ သေချာနမ်းကြည့်ရပါမယ်။
ပိုးသတ်ဆေးနံ့ သိပ်ပြင်းတဲ့ ကုလားပဲတွေကို သုံးလိုက်မိရင် ပြည်ပလာတာဟင်း လုံးဝပျက်သွားပါလိမ့် မယ်။ ကုလားပဲကို ရေနဲ့ အကျက်ပြုတ်၊ ကုလားပဲနူးပြီဆိုရင် ဆယ်လိုက်၊ ပြီးတော့ ကော်ဖီစေ့ကြိတ်စက်လို့ ဘလင်ဒါရှိရင် ကုလားပဲပြုတ်တွေ ကို အဲဒီကြိတ်စက်မွှေစက်လေးထဲ ထည့်ပြီး ခဏလေးလှိမ့်လိုက်၊ မွှေလိုက်ရင် ကုလားပဲပြုတ်တွေကြေသွားပြီး ကုလားပဲအ နှစ်အရည် ရပါမယ်။
တကယ်လို့ ဘလင်ဒါမရှိဘူးဆိုရင် ကုလားပဲပြုတ်တွေကို သံဆန်ခါနဲ့တိုက်ချလိုက်ရင် ကုလားပဲအနှစ်တွေရပါမယ်။ ဘလင်ဒါနဲ့ကြိတ်တာကတော့ ကုလားပဲတွေသိပ်ကြေလွန်းသွားပြီး တကယ့်ကုလားပဲအရည်လိုရတာပေါ့။
သံဆန်ခါနဲ့ ကုလားပဲကိုတိုက်ချလိုက်ရင်တော့ ကုလားပဲအဖတ်သေးသေးလေးတွေပါတဲ့ ကုလားပဲအနှစ်ရပါမယ်။
အဲလို ကုလားပဲအနှစ်ရတော့မှ ရေနွေးပွက်ပွက်ဆူထဲကို ကုလားပဲနှစ်နဲ့ ကြက်သားခုတ်တုန်းက ကျန်ခဲ့တဲ့ကြက်ရိုးတွေ ထည့်ပြီး ကုလားပဲဟင်းရည် တည်ရပါမယ်။ အချိုမှုန့်လေး နည်းနည်းထည့်ရင် ပိုအရသာရှိပါမယ်။ ဟင်းရည် အပျစ်အကျဲ ကို ကိုယ်လိုသလို ရေအနည်း၊ အများထည့်ပြီး ပြင်ပါ။
ကြက်ရိုးတွေထည့်လိုက်တာဟာ ကြက်ရိုးထဲကအနှစ်တွေ စိမ့်ထွက်လာပြီး ဟင်းရည်ဟာ တော်တော်ကို အနှစ်အရသာ အချိုဓာတ်တွေ ပြည့်သွားမှာပေါ့။ ကြက်ရိုးတွေဟာ စားဖို့မဟုတ်ပါဘူး၊ ကုလားပဲဟင်းရည် အရသာရှိအောင် ထည့်ပြုတ် ပေးတဲ့သဘောပါ။
အာလူးပြုတ်မယ်
အာလူးကို အနေတော်ကျက်အောင် ပြုတ်ရပါမယ်။ အနေတော်လို့ ဘာလို့ပြောရတာလဲဆိုတော့ တအားကြီး အကြာကြီး ပြုတ်ပစ်လိုက်ရင် အားလူးတွေ ပျော့ပြဲသွားရင် ဟင်းရည်ထဲမှာ စားလို့ မကောင်းပါဘူး။
အာလူးကျက်ရင် အခွံနွှင်ပြီး အနေတော် အတုံးလေးတွေ လှီးရပါမယ်။ ပြီးတော့ အဲဒီအာလူးတုံးလေးတွေကို ဒန်အိုးထဲမှာ ဆီလေးပါလေကာထည့်ပြီး အာလူးအပေါ်ယံတွေ တင်းသွားအောင်လှိမ့်ရပါမယ်။ အာလူးအပေါ်ယံလေးတွေ ခပ်တင်းတင်း ဖြစ်သွားအောင် လုပ်ထားဖို့ အရေးကြီးပါတယ်။ ဒါမှသာ အာလူးတွေဟာ ဟင်းရည်ထဲမှာ ပျော့ပြဲပြီး ကြေမသွားမှာပါ။
အဲလို ပုံမပျက်အာလူးအတုံးသေးသေးလေးတွေပါမှ ပလာတာဟင်းရည်ဟာ စားလို့ကောင်းမှာပါ။
ပဲဟင်းရည် ကျက်ရင်
ပဲနှစ်နဲ့ ကြက်ရိုးတွေကို မီးအေးအေးလေးနဲ့တည်ထားလိုက်ပါ။ ပွက်ပွက်ဆူလာရင် ခဏထားလိုက်ပြီး ပဲဟင်းရည်လေးကို မြည်းကြည့်လိုက်ပြီး အပေါ့၊ အငန်အရသာပြင်ပေးပါ။ ဟင်းရည်ကျက်ပြီး အရသာရှိသွားပြီးသောက်လို့ကောင်းသွားရင် ဟင်းရည်ထဲကို ပလာတာတွေ ထည့်ရပါတော့မယ်။
ပဲဟင်းရည်ထဲ ဘာတွေထည့်ရမှာလဲ
ပဲဟင်းရည်ကျက်ပြီ ဆိုတာနဲ့ စောစောကအရန်သင့်လုပ်ထားတဲ့ မာရီနိတ်လုပ်ပြီး ဆီလေးနဲ့ လှိမ့်ထားတဲ့ကြက်သားတုံး လေးတွေ အပေါ်ယံ တင်းတင်းရင်းရင်းဖြစ်အောင် ဆီလေးနည်းနည်းနဲ့ လှိမ့်ထားတဲ့ အာလူးတုံးလေးတွေကို ပွက်ပွက်ဆူ နေတဲ့ ကုလားပဲဟင်းရည်ထဲထည့်လိုက်ရပါမယ်။
ပြီးတော့မှ ကုလာဝေးရွက်၊ ပျဉ်းတော်သိမ်၊ သစ်ကြံပိုးခေါက်နဲ့ ဖာလာစေ့တွေ ဟင်းရည်အိုးရဲ့ ဆိုက်ပေါ် မူတည်ပြီး အနေ တော်လောက်ထည့်ပြီး မွှေရပါမယ်။ မိနစ် ၂၀လောက်ကြာရင် ကြက်သားတုံးလေးကို မြည်းကြည့်လိုက်ပါ။ ကြက်သားတုံး နူးပြီဆိုရင် တကယ့်ကိုအနံ့အရသာ အပြည့်နဲ့ အာလူးတုံး၊ ကြက်သားတုံးတွေပါပြီး အပျစ်အကျဲ အနေတော် ပဲရည်၊ ဆီလေးပါလေကာပါပြီး သောက်လို့၊ ဆမ်းလို့ရတဲ့ သောက်ဆမ်းပြည်ပလာတာဟင်းရည် ရပြီပေါ့။
ပလာတာ
ပြည်ပလာတာ ကတ်ကြေးကိုက်ဆိုတဲ့ အတိုင်း ဂျုံကောင်းကောင်းနဲ့ လုပ်ထားတဲ့ ပလာတာလည်းလိုပါသေးတယ်။ ရွနေ အောင်ဖုတ်ထားတဲ့ ပလာတာအချပ်လေးတွေကို အပြားလိုက် မဟုတ်ဘဲ ကန့်လန့်လက်ဝါးနဲ့ လက်ဝါးနှစ်ဖက်နဲ့ တဖြောင်းဖြောင်းမြည်အောင်ရိုက်လိုက်ပါ။
အဲတော့မှ ပလာတာဟာ မွရွသွားပါလိမ့်မယ်။ ပြီးတော့မှ လက်ဝါးနဲ့ရိုက်ထားလို့ ဖောင်းပွနေတဲ့ ပလာတာလေးကို အနေ တော်အရွယ်လေးတွေ ကတ်ကြေးနဲ့ကိုက်ပြီး ကြိုက်သလို ယူစားလို့ရအောင် စားပွဲပေါ်မှာချထားပေးလိုက်ပါ။
ကြက်သွန်ချဉ်နဲ့ငရုတ်သီး
ပလာတာနဲ့ ဟင်းရည်နဲ့ရောမွှေပြီး ဒီအတိုင်းစားတာထက် ကြက်သွန်ချဉ်လေးထည့်စားမှ ပိုပြီးအရသာရှိပါတယ်။ ကြက်သွန်ချဉ်ဆိုတာက ကြက်သွန်နီကို ရိပ်ရိပ်လေးတွေလှီးထားပြီး ပန်းကန်ပြားလေးထဲမှာ ထည့်ထားပေးပါ။ အဲဒီကြက်သွန်နီပန်းကန်ထဲမှာ ငရုတ်သီးစိမ်းအတောင့်ရှည်လေး ခပ်သေးသေးလေးတွေလှီးပြီး ထည့်ပေးထားပါ။
ပြီးတော့မှ ကြက်သွန်ကို ချဉ်အောင်လုပ်ဖို့ အဲဒီပန်းကန်ထဲမှာ သံပရာသီး အစိတ်လေးတွေ ထည့်ထားပေးလိုက်ပါ။
ပြည်ပလာတာ ကတ်ကြေးကိုက်ကို ဘယ်လိုစားမလဲ
စားပွဲပေါ်မှာ ပွက်ပွက်ဆူနေတဲ့ ကြက်သားအာလူးပဲဟင်းရည်အိုး၊ ကတ်ကြေးနဲ့ကိုက်ထားတဲ့ ပလာတာပန်းကန်နဲ့ ကြက်သွန်ချဉ်ပန်းကန်တွေ စုံပြီဆိုရင် စားလို့ရပြီပေါ့။
ပြည်ပလာတာကို တစ်ယောက်ယောက်က ပြင်ပေးပြီးလာချပေးတာထက် ခုနကပြောသလို စားပွဲပေါ်မှာ ချထားတဲ့ ဟင်းရည်၊ပလာတာ၊ အချဉ်တွေကို ကိုယ်ကြိုက်သလို ရောမွှေပြီးစားရတာက ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းမတူကြလို့ပါ။
ကျွန်တော်ကတော့ ပလာတာဖတ် နည်းနည်းနဲ့ ဟင်းရည်ကို ပန်းကန်အပြည့်နီးပါး ထည့်ပြီးတော့မှ ခပ်ရိပ်ရိပ် လှီးထားတဲ့ ကြက်သွန်များများလေးထည့်၊ အဲဒီပန်းကန်ပေါ်ကို ငရုတ်သီးစိမ်းလေးတွေ ဖြူးလိုက်၊ ပြီးတော့မှ သံပရာရည်လေး ညှစ်ပြီး မွှေပြီးစားရတာ သိပ်ကိုအရသာရှိပါတယ်။
ဟင်းရည်ပူပူနဲ့ မွှေလိုက်တော့ ခဏနေတာနဲ့ ပလာတာဖတ်လေးတွေ နူးသွားတာပေါ့။ ပလာတာအဖတ်လေးတွေစား လိုက်၊ ဟင်းရည်သောက်လိုက် အာလူးဖတ်စား ကြက်သားဖတ်ဝါး ငရုတ်သီးတွေ မိပြီး မျက်ရည်ကျ ချွေးထွက် တရှူးရှူးနဲ့ အသံတွေမြည်အောင်သောက်၊ ဒီလိုနဲ့ တစ်ပန်းကန် ကုန်သွားရင် ပလာတာဖတ်ထပ်မထည့်တော့ပဲ ဟင်းရည်၊ ကြက်သွန်၊ ငရုတ်သီးနဲ့ အချဉ်ညှစ် တစ်ခါစားပြန်ရော။
ချွေးတဖြိုင်ဖြိုင်ထွက်ပြီး ရှူးရှူးရှဲရှဲနဲ့ တစ်သက်မေ့မရနိုင်အောင်ကောင်းတဲ့ ပြည်ပလာတာကတ် ကြေးကိုက်ပါ။
you can also read at http://sinmyanmarguy.socialgo.com


Thursday, December 17, 2009

Evolution of Hospitals

ဆေးရုံ၏ ဆင့်ကဲဖြစ်စဉ် (Evolution of Hospitals)

ဆေးရုံ (Hospitals)ဆိုတဲ့ စကားဟာ လက်တင်ဘာသာ (Hospices)ကဆင်းသက်လာတာဖြစ်တယ်။ အဆောင် (Hostel) နဲ့ ဟိုတယ် (Hotel) တို့ဟာလည်း အဲဒီလက်တင်စကားကပဲ ဆင်းသက်လာတာဖြစ်တယ်။ ဟိုးရှေးတုန်းက ဂရိနှင့် ရိုမန်တို့ဟာသူတို့ရဲ့ ဘုရားကျောင်းတွေကို ဆေးရုံအဖြစ် အသုံးပြုခဲ့တယ်။ အဲဒီဆေးရုံတွေကိုသီးခြားထားရှိတာမဟုတ်ဘဲ ရောဂါဖြစ်ပွားမှုဟာ တန်ခိုးရှင် သို့မဟုတ် မကောင်းဆိုးဝါးများက ဖန်ဆင်းတယ်လို့ ယုံကြည်ခဲ့ကြလို့ ဘုရားကျောင်းရဲ့ အဓိက အစိတ်အပိုင်းအဖြစ်ထားရှိခဲ့တယ်။ ဘီစီ ၄၆၀မှာ မွေးခဲ့တဲ့ ဂရိနိုင်ငံဖွား ဟစ်ပိုကရေးတီးဟာ ခေတ်သစ်ဆေးပညာရဲ့ ဖခင်ဖြစ်ခဲ့တယ်။ ခေတ်သစ်ဆရာဝန်များသစ္စာအဓိဋ္ဌာန်ကို လက်ကိုင်ထား ကြရတယ်။

ခရစ်ယာန်ဘာသာတိုးတက်ပြန့်ပွားလာတာနဲ့ အတူ ဆေးရုံများဟာ ခရစ်ယာန်ဘုန်းတော်ကြီးများနှင့် သီလရှင်ကြီးများ ကို ဆေးပညာလေ့လာစေပြီး ဘုရားကျောင်းများနဲ့ (Church)ကျောင်းများထဲမှာရှိတဲ့ ဆေးရုံများအဖြစ်အဓိကဖြစ်ခဲ့ပါ တယ်။ နောက်ပိုင်းမှာ သာသနာပိုင်တို့ရဲ့ သမားတော်များကိုဟန့်တားမှုများကြောင့် (Church) များတွင်ဆေးပညာ သင်ကြားမှုများမပြုလုပ်တော့ပါ။ (၁၉)ရာစုမှာ ဘာသာရေးဆရာ၊ ဆရာမများမှ ရိုးရိုးလူများကို သူနာပြုများအဖြစ် အစားထိုးဆောင်ရွက်စေခဲ့ပြီး ရိုးရိုးအသက်မွေးဝမ်းကျောင်းလုပ်ငန်းများအဖြစ်သို့ပြောင်းလဲလာခဲ့ပါတယ်။ အဲဒီနောက် မှာတော့ ရောဂါပိုးဝင်ခြင်းနှင့် အနာပုပ်ခြင်း(Gangrene)တို့ဟာ ဆေးရုံတွေမှာပျံ့နှံ့လာပါတယ်။ အဲဒီကာလမှာ သိပ္ပံ နည်းကျ သူနာပြုစုခြင်းကို ကောင်းစွာ ပံ့ပိုးခဲ့တဲ့ ဖလော်ရင့်နိုက်တင်ဂေး ပေါ်ပေါက်လာခဲ့တယ်။ (Crimean War) ဟာသူမရဲ့ အကောင်းဆုံး လုပ်ရပ်အဖြစ် သက်သေဖြစ်ခဲ့ပါတယ်။

မေ့ဆေးများနှင့် ရောဂါပိုးသတ် ပဋိဇီဝဆေးနှင့် ပိုးသတ်ဆေးများပေါ်ပေါက်တွေ့ရှိလာခြင်းဟာ ဆေးရုံများရဲ့ ဆင့်ကဲ ဖြစ်စဉ်ထဲကအဓိက မှတ်တိုင်များအနက်၂ခုဖြစ်ပါတယ်။ ပေါင်းအိုးများနဲ့ ကိရိယာများကိုပေါင်းခြင်း၊ ခွဲစိတ်ခန်းသုံး လက်အိတ်များ၊ (X-ray)များဟာ ခွဲစိတ်မှုကို တော်လှန်ပြောင်းလဲစေခဲ့သလို ရောဂါပိုးမွှားဗေဒဟာလည်း ဆေးကုသ မှုပညာကို တိုးတက်ပြောင်းလဲစေခဲ့ပါတယ်။ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် ရန်ပုံငွေများ မြောက်မြားစွာ ရရှိအောင်ဆောင်ရွက်နိုင်ခဲ့ခြင်းဟာလည်း ဆေးရုံများတိုးတက်မှုကို အဓွန့်ရှည်စေခဲ့ပါတယ်။ ရောဂါပိုး သတ်ဆေးများ၊ ဓာတ်ရောင်ခြည်များနှင့် သွေးသွင်းဆေးကုသမှု၊ တိုးတက်လာသော ခွဲစိတ်ကုသနည်းများ၊ မေ့ဆေး များရဲ့ တိုးတက်မှု နှင့် အီလက်ထရွန်ဖြင့် ဆေးကုသမှုတို့ဟာဆေးရုံများကိုတိုးတက် ပြောင်းလဲစေခဲ့ပါတယ်။

ဆေးရုံများရဲ့ အခန်းကဏ္ဍ

ဆေးရုံများရဲ့ ယခုအသိပညာပြောင်းလဲမှုဟာ ရောဂါကုသရာနေရာ ၁ခုတွင် ဟောင်းနွမ်းဆွေးမြည့်နေ တဲ့ စနစ်ကို ဖယ်ရှားဖို့မဝေးတော့ပါဘူး။ အဓိကပြောင်းလဲခြင်းတွေကတော့ ရောဂါများ ပြုစုကုသရာတွင် –

(၁)        လတ်တလောဖြစ်ပွားခြင်းမှ ရေရှည်ဖြစ်ပွားခြင်း၊

(၂)        ကူးစက်ရောဂါဖြစ်ပွားခြင်းမှ စိတ်ဖိစီးမှုကြောင့် ဖြစ်ပွားခြင်း၊

(၃)        ကုသမှုမှ ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှု၊

(၄)        ဆေးရုံတွင် ပြုစုစောင့်ရှောက်မှုမှ နေအိမ်များတွင်ပြုစုစောင့်ရှောက်မှု၊

(၅)        ပဏာမကျန်းမာရေးစောင့်ရှောက်မှုသည် ပိုမိုအရေးပါလာခြင်း၊

(၆)        လတ်တလောပြုစုစောင့်ရှောက်မှုမှ ပြီးပြည့်စုံသော ပြုစုစောင့်ရှောက်မှုတွေပဲဖြစ်ပါတယ်။

အဲဒီပြောင်းလဲမှုများကို တိုးတက်အောင် ဆောင်ရွက်မယ့်လုပ်ငန်းများကတော့ –

(၁)        ပြည်သူလူထုရဲ့ စီးပွားရေးအဆင့်အတန်းမြင့်မားမှု၊

(၂)        နိုင်ငံတော်ပိုင်းမှ ဥပဒေအရ ပြဋ္ဌာန်းခြင်း၊

(၃)        ကျန်းမာရေးအသိမြင့်မားမှု၊

(၄)        ကူးစက်ရောဂါများဖြစ်ပွားမှုကို ထိန်းချုပ်ခြင်း၊

(၅)        သက်တမ်းရှည်းခြင်း၊

(၆)        ဆေးပညာအထူးကုလုပ်ငန်းများ တိုးတက်လာခြင်း၊

(၇)        ဆေးပညာနည်းပညာများ လျင်မြန်စွာ တိုးတက်လာခြင်း၊

(၈)        ဆေးရုံများရဲ့ အုပ်ချုပ်ရေးပညာများအစပျိုးလာခြင်း တို့ဖြစ်ပါတယ်။

ဆေးရုံများရဲ့စနစ်

စနစ်ဆိုတာ ဆင့်ပွားစနစ်များကို ပေါင်းစပ်ထားခြင်းဖြစ်တယ်။ဒါကြောင့် စနစ်ဟာကြီးမားတဲ့ စနစ်ကြီးပဲဖြစ်ပါတယ်။ သို့သော် ဆေးရုံရဲ့စနစ်မှာတော့ အချို့သောထူးခြားမှုတွေရှိပါတယ်။ အဲဒါတွေကတော့ –

(၁)        ဆေးရုံရဲ့စနစ်ဟာ ပတ်ဝန်းကျင်နှင့် လွတ်လပ်စွာဆောင်ရွက်တဲ့ (Open System) တစ်ခုဖြစ်တယ်၊

(၂)        (Output)ဟာ အရေအတွက်အားဖြင့်တော့ မပြည့်စုံပါ၊

(၃)        စနစ်ရဲ့ ဘောင်ဟာလည်း မသဲကွဲပါဘူး၊

(၄)        ဆေးရုံရဲ့ ကြီးထွားလာမှုကြောင့် (System) ဟာပိုပြီးထူးခြားမှုဖြစ်လာပါတယ်။

ဆေးရုံရဲ့စနစ်ဟာ အုပ်ချုပ်ရေးနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုတဲ့ ၂ခုဒွန်တွဲပါဝင်တဲ့ ဗျူရိုကရေစီစနစ်တစ်ခုဖြစ် တယ်။လူနာတို့ရဲ့လိုအပ်ချက်ကိုဆေးရုံရဲ့စနစ်ထဲမှာပြုမူဆောင်ရွက်ခြင်းဖြင့်သတ်မှတ်ပါတယ်။ သူတို့ဟာ လူနာတစ်ဦး ဆေးရုံမှ ဆင်းသောအခါ အခြားလူနာတစ်ဦးက ဆေးရုံတက်ခြင်းဖြင့် ပုံမှန်လည်ပတ်နေပါတယ်။ လူနာသစ်များဟာ ဆရာဝန်များနဲ့သူနာပြုများရဲ့နွေးထွေးစွာ ပြုစုကုသမှုကိုလိုချင်နေကြပါတယ်။

ဆေးရုံစနစ်ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းဟာလည်း သိပ်ပြီးတော့ လွတ်လပ်မှုမရှိပါဘူး။ ဆရာဝန်တွေအချင်းချင်း၊ သူနာပြုတွေ အချင်းချင်း၊ လူနာတွေအချင်းချင်း သို့မဟုတ် လူနာနှင့် သူတို့ရဲ့ လူနာစောင့်တွေ အချင်းချင်းတွေက တော့လွတ်လပ်စွာ ဆက်သွယ်မှုရှိကြပါတယ်။ အုပ်စုတစ်ခုနှင့် တစ်ခုဟာ မိမိတို့ရဲ့ လုပ်ငန်းသဘောအရဆက်သွယ် ပူးပေါင်းဆောင်ရွက်နိုင်ကြပေမယ့် လုပ်ငန်းနှင့် မပတ်သက်တဲ့ ကိစ္စတွေမှာတော့ ပူးပေါင်းဆက်သွယ်မှုမှာ ကန့်သတ် ချက်တွေရှိနေပါတယ်။ ဒါ့အပြင်ဆေးရုံရဲ့ သဘာဝအရလည်း သူတို့တွေမှာ ဖိအား တွေနှင့် ၀ိရောဓိတွေရှိနေပါတယ်။

ရွေ့လျားပြောင်းလဲမှုမှာလည်း အထူးသဖြင့် စနစ်ထဲမှာ ဘေးတိုက်ရွေ့လျားမှုမှာ အဟန့်အတားဖြစ်ပါတယ်။ အလုပ် အုပ်စုတစ်ခုဟာ အခြားအလုပ်အုပ်စုတစ်ခုမှာ အစားထိုးလို့မရပါဘူး။ ဥပမာ-ဆေးဝါးကျွမ်းကျင်ဝန်ထမ်းဟာ ဓာတ်ခွဲ ကျွမ်းကျင်ဝန်ထမ်း သို့မဟုတ် သူနာပြု သို့မဟုတ် ဆရာဝန်တို့ရဲ့နေရာမှာ အစားဝင်ရောက် အလုပ်လုပ်လို့မရ ပါဘူး။ ဒါ့အပြင် တန်ဖိုးကွာဟမှုကြောင့် စီမံအုပ်ချုပ်မှု အာဏာနှင့် အသက်မွေးဝမ်းကျောင်းမှုတို့ဟာ အခက်အခဲအနည်းငယ် ရှိပါတယ်။ ဒါတွေကြောင့် အမိန့်ပေးမှု အခက်အခဲ၊ ရှုပ်ထွေးမှုနှင့်ေ၀၀ါးမှုတို့ကို ဖြစ်စေပါတယ်။

ဆေးရုံများရဲ့ ပြောင်းလဲမှုပုံစံ

နည်းပညာတိုးတက်မှုဟာ နိုင်ငံရေးနှင့်စီးပွားရေးတိုးတက်မှုကိုဖြစ်ပေါ်စေပါတယ်။ ဆေးရုံတွေမှာရှိတဲ့ အသက်မွေးဝမ်း ကျောင်းမှုနှင့် ပြည်သူလူထုတို့ရဲ့အားကိုးမှုတို့ဟာ နောက်ဆုံးပေါ်နည်းပညာများ တိုးတက်မှုရဲ့ ထောက်ပံ့မှုကြောင့် ဆေးရုံများကို ရိုက်ခတ်ခဲ့ပါတယ်။ အကျိုးသက်ရောက်မှုနှင့် ပြည်သူတို့ရဲ့ လိုအပ်ချက်တို့ကိုတော့ ဖြည့်မပေးနိုင်သေး ပါဘူး။ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာ အမှန်တကယ်ရရှိတဲ့ အကျိုးသက်ရောက်မှုမှာကျဆင်းနေပါတယ်။ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းဖြစ်ပေမယ့် အကျိုးအမြတ်ပါသော ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းထဲမှာပဲ ရှိပါသေး တယ်။ (၂၀) ရာစုအစပိုင်းမှာ မကျန်းမာသော လူတွေဟာ သူတို့ရဲ့အိမ်တွေမှာပဲ သေဆုံးခဲ့ကြရပါတယ်။ ယနေ့ခေတ်မှာတော့ သေဆုံးသူများရဲ့ ၃၀ရာခိုင်နှုန်းဟာ ဈေးကြီးလွန်းတဲ့ ကိရိယာများ တပ်ဆင်ထားတဲ့ ဆေးရုံတွေ မှာ သေဆုံးကြပါတယ်။ လေ့လာတွေ့ရှိချက်များအရ လူ့သက်တမ်းရဲ့ ၅၀ရာခိုင်နှုန်းသော ဆေးဝါးကုသစရိတ်ဟာ မသေဆုံးခင် လွန်ခဲ့သော ခြောက်လလောက်က ကုန်ကျခဲ့ခြင်းဖြစ်ခဲ့ပါတယ်လို့ တွေ့ရှိရပါတယ်။

အဲဒီပြောင်းလဲမှုပုံစံဟာပြုစုစောင့်ရှောက်တဲ့သူတွေထက် ပြုစုစောင့်ရှောက်မှုကို ခံယူကြတဲ့သူတွေအ ပေါ်မှာ စိုးမိုးပါ လိမ့်မယ်။ ဆေးရုံတွေဟာ စက်ရုံ သို့မဟုတ် စီးပွားရေးလုပ်ငန်းဌာနတွေနဲ့ ပို၍ပို၍ တူလာပါတယ်။ ဒါ့အပြင် အမိုးတစ် ခုအောက်မှာ ၀န်ဆောင်မှုလုပ်ငန်းအားလုံးဆိုတဲ့ အသိပညာတစ်ခုဟာ ၀န်ဆောင်မှုလုပ်ငန်းခွဲများအပေါ်မှာဖြစ် ပေါ် လာပါတယ်။ ဒါကြောင့် အောက်ပါအကျိုးများ ရရှိလာပါတယ် –

(၁)        ပို၍ပို၍ အထူးကုတဲ့ဆေးရုံများဖြစ်လာခြင်း၊

(၂)        လူတွေဟာ သူတို့ငွေကြေးဖြုန်းတီးနိုင်မှုအပေါ် မူတည်၍ဆေးရုံဈေးဆိုင်များဖြစ်လာခြင်း၊

(၃)        ဆေးရုံတွေမှာ ကွဲပြားသောအုပ်ချုပ်ရေးပို၍ပို၍ လိုအပ်ခြင်း၊

(၄)        အကျိုးအမြတ်ကိုအဓိကထားတဲ့ဆေးရုံများတိုးပွားလာခြင်း၊

(၅)        လူရဲ့တန်ဖိုးထက် နည်းပညာတိုးတက်မှု မျှော်မှန်းချက်များ နေရာယူလာခြင်း၊

(၆)        ဆေးရုံတွေမှာ နည်းပညာတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြင့်မားလာခြင်း၊

(၇)        ဆေးရုံတွေဟာ ကျေးလက်ဒေသအတွက် လမ်းပန်းဆက်သွယ်ရေးတိုးတက်မှုကို ထောက်ပံ့ပေးခြင်း၊ မြို့ပြ ဆန်မှု ပိုမိုမြန်ဆန်လာခြင်း၊

(၈)        ကျန်းမာရေးစောင့်ရှောက်မှု အာမခံလုပ်ငန်းများ အရေးပါလာခြင်း၊

(၉)        ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပိုမိုပြုလုပ်ခြင်းဖြင့် ကုသရေးထက် ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(၁၀)      ဈေးကွက်နှင့် ကြော်ငြာလုပ်ငန်းများ ပြုလုပ်လာခြင်း၊

(၁၁)      ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများသည် ဈေးကွက်စီးပွားရေးဖြစ်လာခြင်း တို့ဖြစ်ပါတယ်။

အဲဒါတွေဟာ ဆေးရုံအုပ်ချုပ်ရေးလုပ်ငန်းများအဖြစ် ပုံစံပြောင်းလဲဖြစ်ပေါ်လာပါတယ်။ ဆေးရုံအုပ်ချုပ်ရေးနည်းလမ်း ဖြင့်ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်သောဆေးရုံများသည် အောင်မြင်သောဆေးရုံများ ဖြစ်လာကြပါတယ်။ ယနေ့မှာတော့ ဆေးရုံတွေဟာ ခရီးသွားလုပ်ငန်းများနှင့် တွဲဖက်၍ဆေးရုံလုပ်ငန်းများကို လုပ်ကိုင်လာကြပါတော့တယ်။


ဒေါက်တာကြည်လွင် (HA & HM)

Ref: Health Digest Journal – Vol. (7), No. (4) 4-11-2009




Monday, December 14, 2009

Oo Painn Bridge

မယ်ဇယ်ပင်ရိပ် ၊ ဦးပိန်တံတားနဲ့ တောင်သမန်

မန္တလေးတစ်ဝိုက်ကို အလည်အပတ်လာရောက်ကြတဲ့ နိုင်ငံခြားသား ဧည့်သည်တွေ အရောက်သွားကြတဲ့နေရာတစ်ခု ကတော့ အမရပူရတောင်သမန်ဖြစ်ပါတယ်။

တောင်သမန်ဟာ ရှုခင်းမြင်ကွင်း လှပပြီးအေးချမ်းသလို လည်ပတ်စရာကြည့်ရှုစရာတွေလည်းများတယ်။ အနားယူအပန်း ဖြေရင်း စားသောက်စရာဆိုင်တန်းနဲ့ မယ်ဇယ်ပင်တန်းလည်းရှိတဲ့အတွက် နိုင်ငံခြားသား ခရီးသည်တွေတင်မကဘဲ ပြည် တွင်းကဧည့်သည်တွေလည်း သွားလာလည်ပတ်ကြတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ မန္တလေးမြို့သူ မြို့သားတွေလည်း မန္တလေးတောင်ဘက် ငါးမိုင်သာဝေးတဲ့ တောင်သမန်ကို အားလပ်ရက်မှာ အပန်းဖြေခရီးထွက်ကြတာ တွေ့ရတယ်။

ဦးပိန်တံတားနဲ့ တောင်သမန်

တောင်သမန်ရောက်ရင် ဦးပိန်တံတားကြီးနဲ့ မယ်ဇယ်ပင်တန်းတွေကို အထင်ကရတွေ့ရတယ်။ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေနဲ့ မယ်ဇယ်ပင်တန်းတွေအောက်က စားသောက်ဆိုင်တန်းတွေဆီက ဧည့်ခေါ်သံတွေကိုလည်း ကြားရမှာပါ။ အမရပူရထွက် ရိုးရာချည်ထည်ပိုးထည်တွေက နာမည်ကြီးပါတယ်။ မယ်ဇယ်ပင်တန်းတွေရဲ့အောက်မှာ ရိုးရာချည်ထည်ဆိုင်တွေ ဖွင့်ထားတယ်။ ချည်ထည်တွေက ဒီဇိုင်းဆန်းသစ်ပြီး အရောင်အသွေးစုံလှတယ်။ တောင်သမန် အင်းကို အမှီပြုပြီးငါးဖမ်း အသက်မွေးနေကြသူတချို့ကိုလည်း ဟိုတစ်စု သည်တစ်စုတွေ့နေရတယ်။ အင်းရေပြင်စိမ်းစိမ်း က ကမ်းစပ်မှာ အပျော်စီးငှက်လှေတွေလည်း ဆိုက်ကပ်ထားပါတယ်။

ဦးပိန်တံတားကို ကုန်းဘောင်ခေတ်က ပုဂံမင်းလက်ထက်မှာ ဆောက်လုပ်ခဲ့တာဖြစ်တယ်။ အမရပူရမြို့စာရေး ဦးပိန်က ဦးစီးဆောက်လုပ်ခဲ့တာဖြစ်လို့ ဦးပိန်တံတားလို့ အမည်တွင်တယ်။ တောင်သမန်အင်းကို ဖြတ်ကူးထားတာကြောင့် တောင် သမန်တံတားလို့လည်း ခေါ်ကြတယ်။ တံတားဆောက်လုပ်ရာမှာ စစ်ကိုင်း၊အင်းဝနန်းတော်၊အိမ်တော်များက သစ်သား ဟောင်းများကိုသုံးပြီး အချိန်နှစ်နှစ်ကြာဆောက်လုပ်ခဲ့ကြတယ်။

တံတားကြီးကို ဆောက်လုပ်ခဲ့တဲ့ပညာရှင်တွေဟာ ခြေလှမ်းများနဲ့သာတိုင်းတာဆောက်လုပ်ခဲ့ကြတယ်လို့ ဆိုတယ်။ တံတားကြီးကို တစ်ဖြောင့်တည်းတစ်တန်းတည်းဆောက်လုပ်မထားဘဲ လှိုင်းဒဏ်လေဒဏ်ခံနိုင်ဖို့အတွက် ကွေ့ဝိုက်ပြီး ဆောက်လုပ်ထားတာဖြစ်တယ်လို့ သိရတယ်။ တံတားကြီးဟာ ပေ ၃၉၆၇ရှည်ပြီး အခန်းပေါင်း ၄၈၂ခန်းရှိ တယ်လို့ဆို တယ်။ တံတားဆောက်လုပ်ခဲ့တဲ့ တိုင်ပေါင်းကို 'န၀အဋ္ဌဇယမောင်ပိန်' ၉၈၄တိုင်ရှိတယ်လို့ မှတ်သားထားခဲ့ပါတယ်။ နောင်အခါ လူတို့သွားလာရင်း နားနေဖို့အတွက် ဇရပ်လေးဆောင် ဆောက်လုပ်ခဲ့ရာ တိုင်ပေါင်း ၁၀၈၆တိုင် ဖြစ်သွား ခဲ့တယ်လို့ဆိုတယ်။

ဒုတိယ ကမ္ဘာစစ်ကြီးပြီးစနှစ်က တောင်သမန်အင်း အဆမတန်ရေကြီးတာကြောင့် နစ်မြုပ်ပျက်စီးသွားတဲ့ တိုင်တွေနဲ့ အခန်းအချို့ကို အမရပူရအမတ် ဦးဘသီကပြန်လည် ပြင်ဆင်ခဲ့တယ်လို့သိရတယ်။ ၁၉၇၃ခုနှစ်မှာလည်း ရေကြီးပြန်ရာ လှိုင်းဒဏ်ကြောင့် တံတားကြီး ပျက်စီးသွားရာ မဟာဂန္ဓာရုံဆရာတော်ကြီးနဲ့ ဒေသခံတွေက ပြန်လည်ပြုပြင်ခဲ့တယ် လို့ဆိုတယ်။

မယ်ဇယ်ပင်တန်း

အရိပ်ကောင်းပြီး အေးမြလှတဲ့ မယ်ဇယ်ပင်တန်းတွေအောက်မှာ အနားယူအပန်းဖြေချင်တာကြောင့်လည်း တောင်သမန်ကို ခရီးသွားဧည့်သည်တွေ သွားကြတယ်။ မယ်ဇယ်ပင်တန်းအောက်မှာ အနားယူရင်း စားလို့ရတဲ့ စားသောက်ဆိုင်တန်း တွေရှိ တယ်။ ဆိုင်တွေမှာ ကြိမ်ထိုင်ခုံတွေကို သုံးထားတယ်။ တောင်သမန်က ငါးကြော်နဲ့ ပုဇွန်ကြော်တွေက နာမည်ကြီးတယ်။ ဧည့်သည်တွေလာမှ ကြော်ပေးတဲ့ ဘူးသီးကြော်၊ ပြောင်းဖူးကြော်၊အာလူးကြော်စတဲ့ အကြော်စုံတွေကလည်း ပူပူနွေးနွေးနဲ့ အရသာရှိလှတယ်။ တောင်သမန်အင်းထဲက အခုဖမ်း အခုချက်ချင်းရောင်းတဲ့ ငါး၊ပုစွန်တွေကိုဝယ်ပြီး ကြော်ခိုင်းလို့လည်းရ တယ်။ အုန်းစိမ်းရည်ကို ပင်လယ်ကမ်းခြေတွေမှာသာ သောက်လို့ရတာမဟုတ်ပါဘူး။ တောင်သမန်မှာလည်း အုန်းစိမ်းရည် သောက်ပြီး အနားယူလို့ရပါတယ်။

များပြားလှတဲ့ မယ်ဇယ်ပင်တွေကို စတင်စိုက်ပျိုးသူတို့မှာ ရေချမ်းဒကာ ဦးကြီး၊ဒေါ်အို၊သား ဦးပိုင်+ဒေါ်ညွန့်၊တူ ဦးရှင်၊ သား ဦးထွန်းတင်တို့ ဖြစ်ကြတယ်လို့ မှတ်တမ်းအရ သိရတယ်။ ယခင်က မယ်ဇယ်ပင်ပေါင်း ၁၀၃ပင်ရှိခဲ့ပေမဲ့ ယခုအခါ ၉၅ပင်သာရှိတော့တယ်။ အဲသည့်အပင်တွေကို ၁၈၇၅ခုနှစ် လောက်က စိုက်ပျိုးခဲ့တာဖြစ်တာကြောင့် နှစ်၁၀၀ကျော်ရှိပြီ လို့ဆိုတယ်။ မယ်ဇယ်ပွင့်ခြောက်ဟာ သွေးတိုးရောဂါ၊ အဆုတ်ရောဂါတွေကို ပျောက်ကင်းစေတယ်လို့ သိရတယ်။ ဒါ့အပြင် မယ်ဇယ်ပွင့်ခြောက်ကို ယိုထိုးပြီးလည်းစားကြတယ်လို့ဆိုတယ်။ အခြောက်လှန်းထားတဲ့ မယ်ဇယ်ပွင့်တွေဟာ ဆေးဖက်ဝင် တာကြောင့် တံတားကြီးပေါ်မှာ မဉ္ဇူသကနတ်ပန်းလို့လည်းပြောပြီး ရောင်းနေကြတာကိုတွေ့ရပါတယ်။

မဟာဂန္ဓာရုံ

ဦးပိန်တံတားပေါ်ကနေ အနောက်မြောက်ယွန်းယွန်းကို လှမ်းမျှော်ကြည့်လိုက်ရင် မဟာဂန္ဓာရုံကျောင်းတိုက်ကြီးကိုမြင် တွေ့ရပါတယ်။ ကျမ်းပြုဆရာတော် မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ သီတင်းသုံးခဲ့တဲ့ သစ်သားကျောင်း ကလေးကို ပြတိုက်အဖြစ်ပြသထားတယ်။ ဆရာတော်ကြီး ကျမ်းပြုတဲ့ စားပွဲ၊အိပ်ရာ၊စင်္ကြံလမ်းကလေးတွေကိုကြည့်ပြီး ဆရာတော်ကြီးဟာ အလွန်အနေအထိုင် ရိုးသားတာ သိနိုင်ပါတယ်။

တောင်သမန်အင်းစောင်းမှာ ခမ်းနားတဲ့ အဆောက်အအုံကြီးတွေနဲ့ မဟာဂန္ဓာရုံမှာ စာပေ ပရိယတ္တိသင်ယူနေတဲ့ သံဃာ တော်ဦးရေ ထောင်နဲ့ချီပြီး ရှိတယ်။ အင်မတန်စည်းကမ်းစနစ်ကောင်းတယ်လို့ နာမည်ကျော်တဲ့ မဟာဂန္ဓာရုံမှာ သံဃာ တော်တွေ ဆွမ်းဘုဉ်းပေးပုံကို ဧည့်သည်တွေ တကူးတက လာရောက်ကြည်ညိုလေ့ရှိပါတယ်။

ဆွမ်းစားချိန်မှာ ဆွမ်း၊ဆွမ်းဟင်းတွေကို အိုးကြီးတွေနဲ့ထည့်ထားပြီး ဆွမ်းအလှူခံတဲ့ သံဃာတော်တွေက ညီညီညာညာ တန်းစီကာ အလှူခံတယ်။ သပိတ်ထဲကို ဧည့်သည်တွေကိုယ်တိုင် လောင်းလှူနိုင်တယ်။ နိုင်ငံခြားသားတွေက မဟာဂန္ဓာရုံ ဆွမ်းအလှူကို ဓာတ်ပုံ၊ဗီဒီယို မှတ်တမ်းတင်ရိုက်ကူးရင်း လာကြည့်လေ့ရှိတယ်။

တောင်မင်းကြီးဘုရား

ဦးပိန်တံတား အနောက်ထိပ်မှာ တောင်မင်းကြီးဘုရားရှိတယ်။ တောင်မင်းကြီးဘုရားဟာ တင်ပျဉ်ခွေပုံစံနဲ့ ကျောက်ဆင်း တုတော်ကြီးဖြစ်တယ်။ တောင်မင်းကြီးလို့ခေါ်တဲ့ ၀န်ကြီးအသည်းဝန် မဟာမင်းလှကျော်စွာက တည်ထားခဲ့တာဖြစ်လို့ တောင်မင်းကြီးဘုရားလို့ ဘွဲ့တော်တွင်တယ်။ ကျောက်ဆင်းတုတော်ကြီးကို စတင်တည်တုန်းက အမိုးအကာမရှိဘဲ နေပူထဲမှာ စံနေတော်မူတာကြောင့် နေပူခံကိုယ်တော်ကြီးလို့လည်း အမည်တွင်ပြန်တယ်။ တောင်သမန်သံတဲကို ရောက် လာတဲ့ သံအဖွဲ့ရဲ့မှတ်တမ်းထဲမှာ အီဂျစ်ပြည်နိုင်းမြစ်ဝှမ်းက ရုပ်တုကြီးတွေလိုပဲ အမရပူရမြို့တောင်သမန်အင်းစောင်းက ကြီးမားတဲ့ ရုပ်တုတော်ကြီးတစ်ဆူဟာ တောင်သမန်အင်းကြီးကို ပြုံးပြီးကြည့်ရှုနေတယ်လို့ ကမ္ဘာမှာ တခြားကြီးမားတဲ့ရုပ် တွေနဲ့ နှိုင်းပြီးရေးသားဖော်ပြထားတယ်လို့ဆိုတယ်။ ရှေးအခါက နေပူခံကိုယ်တော်ကြီးကို အမိုးအကာတန်ဆောင်း ပြုလုပ် ပါက အန္တာရယ်ကျရောက်တတ်တယ်လို့ အယူရှိတာကြောင့် မပြုလုပ်ဘဲ နေကြတယ်။ နောက်နှစ်ပေါင်းအတော်ကြာမှ အာရုံခံတန်ဆောင်းကြီး ဆောက်လုပ်အောင်မြင်ခဲ့ပြီး တောင်မင်းကြီးဘုရားလို့ အမည်တွင်လာတယ်လို့ သိရတယ်။

ကျောက်တော်ကြီး

ကျောက်တော်ကြီးဘုရားဟာ ဦးပိန်တံတား အရှေ့ဘက်ထိပ် တောင်သမန်ရွာမှာရှိတယ်။ ဘကြီးတော်မင်းတရားကြီး (စစ်ကိုင်းမင်း)က တင်ပျဉ်ခွေ စကျင်ကျောက်သားဆင်းတုတော်ကြီးကို ထုလုပ်ပြီး မဟာသကျရံသီဆင်းတုတော်လို့ ဘွဲ့တော်တွင်စေပြီး အင်းဝမြို့မှာ ကိုးကွယ်တော်မူခဲ့တယ်။ ပုဂံမင်းလက်ထက်မှာ မဟာသကျရံသီ ဆင်းတုတော်ရဲ့ အုတ်ပြာသာဒ်တွေဟာ ပျက်စီးယိုယွင်းနေလို့ ဒုဋ္ဌ၀တီမြစ်ရိုးမှတစ်ဆင့် တောင်သမန်အင်းဘက်ကို ရေကြောင်းနဲ့ပင့် ဆောင်စေခဲ့တယ်။ အမရပူရမြို့က တောင်သမန်ကမ်းထိပ်မှာ ဂန္ဓကုဋီ အုတ်ပြာသာဒ်ကြီးဆောက်လုပ်ပြီး မဟာသကျ ရံသီဆင်းတုတော်ကြီးကို ကိုးကွယ်ခဲ့ရာ တောင်သမန်ကျောက်တော်ကြီးဘုရားလို့ လူသိများလာတယ်။ ကျောက်တော်ကြီးဘုရားကို ပုဂံက ကျန်စစ်သားမင်းကြီး တည်ထားခဲ့တဲ့ အာနန္ဒာဘုရားလိုဏ်ပုံစံ တည်ထားတာဖြစ်တယ် လို့ဆိုတယ်။ ကျောက်တော်ကြီး ဘုရားမှာ မုခ်လေးမုခ်ရှိပြီး မုခ်တွေရဲ့ အ၀င် အ၀တွေမှာ နံရံဆေးရေးပန်းချီတွေကိုတွေ့ရ တယ်။ ကျောက်တော်ကြီးဘုရားရဲ့ မုခ်ပေါက်တိုင်းမှာရှိတဲ့ မနုဿီဟရုပ်တုတွေဟာ အချိုးအစားကျပြီး လှပတယ်လို့ ဆိုကြတယ်။ ကျောက်တော်ကြီးဘုရားအနီးမှာပဲ မြန်မာပြည်အထက်ပိုင်းရဲ့ တက္ကသိုလ်ဖြစ်တဲ့ ရတနာပုံတက္ကသိုလ် ရှိပါတယ်။

တောင်လေးလုံးကျောင်း

စာရေးဆရာ ကိုပညာ(အမရပူရ) (ရဟန်းဘွဲ့ ဦးပညာဇောတ) သီတင်းသုံးတဲ့နေရာဖြစ်တယ်။ အထက်မြန်မာပြည်က စာပေနဲ့ပတ်သတ်တဲ့ အခမ်းအနားတွေပြုလုပ်ရာနေရာ ဖြစ်ပါတယ်။

တောင်လေးလုံးကျောင်း ပရ၀ဏ်ထဲမှာ စာရေးဆရာတွေအတွက် အမှတ်တရသစ်ပင်တွေစိုက်ပြီး ကမ္ပည်းထိုးထားတယ်။ စာရေးဆရာ မဟာဆွေ၊ ညိုမြ၊မြသန်းတင့်၊ တက္ကသိုလ် မောင်စောလွင်စတဲ့ ဆရာတွေအတွက် ကမ္ပည်းကျောက်စာတွေက စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

အေးရိပ်ဆာယာ

တောင်သမန်အင်းကိုရောက်ရင် ငှက်လှေစီးပြီး အင်းထဲမှာ အပန်းဖြေလို့ရတယ်။ ပန်းချီစိတ်ဝင်စားသူတွေ၊ဓာတ်ပုံဆရာ တွေလည်း တောင်သမန်အင်းရေပြင်ရဲ့အလှကို အမျိုးမျိုးမှတ်တမ်းတင်ကြတယ်။ မန္တလေးမြို့နဲ့လက်တစ်ကမ်းအကွာက အစားအသောက်စုံလင်ပြီး အေးအေးဆေးဆေး နားလိုသူတွေအတွက် နေရာကောင်းတစ်နေရာဖြစ်တဲ့ တောင်သမန်အင်း ဟာ အပန်းဖြေ အနားယူစရာကောင်းတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

သမိုင်းကြောင်းပုံပြင်လေးတွေ ညနေစောင်းနေ၀င်ဆည်းဆာမှာ လွမ်းရိပ်ဝေချင်သူတွေ၊ မနက်ခင်းစောစော အင်းရေပြင်က ဖြတ်သန်းတိုက်ခတ်လာတဲ့ လေပြည်တွေကို ရှူရှိုက်ချင်သူတွေ တောင်သမန်ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါရစေ....။

You can also read at http://shwemintharlay.blogspot.com and http://sinmyanmarguy.socialgo.com



--
With Love,
Alex

Saturday, December 12, 2009

You should know about Right things

-->
အမှန်ကိုသိမှ အကျိုးရှိမည်
'ဟော.....ကိုဝင်းပါလား၊ ထိုင်ဗျာ။ ခင်ဗျားနဲ့မတွေ့တဲ့ကာလအပိုင်းအခြားအတွင်းမှာ ကျွန်တော်လည်း ဘာသာရေးစာအုပ်တွေ အတော်ဖတ်ဖြစ်တယ်ဗျ'
'ကောင်းတာပေါ့ ကိုလင်းရာ၊ အလိမ္မာစာမှာရှိတဲ့ဗျ၊ စာများများဖတ်မှသိ၊ သိမှလိမ္မာပေတော့မပေါ့၊ သာဓုဗျာ.....သာဓု'
'သိပ်လည်း သာဓုခေါ်မနေနဲ့ဦး ကိုဝင်းရေ၊ ကျွန်တော့်မှာ စာများများဖတ်မိကာမှ တွေဝေစရာတွေဖြစ်လာလို့ဗျို့'
'ဆိုပါဦးဗျာ၊ ဘာတွေများတွေဝေမိလို့တုံး'
'ဥပမာ......ဟောဒီစာအုပ်ထဲက စာပိုဒ်တချို့ကိုပဲကြည့်ပါဦး၊ ခေါင်းစီးက စစ်ဗိုလ်ဝိဇ္ဇာတဲ့ဗျာ၊ အဲဒီပုဂ္ဂိုလ်ကစစ်ဗိုလ်ဝတ်စုံအပြည့်နဲ့ ကောင်းကင်ကနေ လူကိုယ်ချည့်သက်သက်ဆင်းလာသတဲ့၊ သူဆင်းလာတဲ့ အချိန်မတိုင်မီမှာ ရဟတ်ယာဉ်သံ ကြိုပြီးကြားရသတဲ့၊ လာတုန်းက ဟိမ၀န္တာဘက်ကဖြစ်ပြီး ပြန်တော့ ရန်ကုန်မြို့ရှိရာကို ပျံတက်သွားသတဲ့ဗျာ၊ ကဲ.....ဒါကိုခင်ဗျားယုံသလား'
'ဒါက ကျွန်တော့်ကို မေးရမယ့်ကိစ္စမဟုတ်ဘူး ကိုလင်းရဲ့၊ ခင်ဗျားမှာလည်း မွေးရာပါဦးနှောက်ကြီးတစ်ခုလုံး သန်သန်စွမ်းစွမ်းရှိ နေရဲ့သားနဲ့ဗျာ၊ ခင်ဗျာ့ဦးနှောက်က ပန်ကာအောက်မှာအနေကြာလို့ ဈေးအကြီးဆုံးဖြစ်သွား ပြီလားတော့ မပြောတတ်ဘူး'
'ဘာလဲဗျ ခင်ဗျားဥစ္စာက ၊ ဈေးအကြီးဆုံးဦးနှောက်ဆိုတာ....'
'ဒီလိုဗျ၊ တစ်ခါက ဦးနှောက်ပြပွဲတစ်ခုလုပ်ရာမှာ ဦးနှောက်တစ်ခုက တန်ဖိုးအကြီးဆုံးကပ်ထားသတဲ့၊ ဒါနဲ့ပြပွဲလာပရိတ်သတ်က ဘာဖြစ် လို့ ဒီဦးနှောက်က ဈေးအကြီးဆုံးဖြစ်ရတာလဲလို့မေးတော့ တာဝန်ခံက ဟုတ်ပါတယ်ခင်ဗျာ၊ ဒီဦးနှောက်က တစ်ခါမှမသုံးရသေးတဲ့ အသစ်ကျပ်ချွတ်မို့ ဈေးအကြီးဆုံးဖြစ်ရတာပါလို့ဖြေသတဲ့ဗျာ'
'အမလေးဗျာ၊ ဒီလိုဈေးကြီးတဲ့ ဦးနှောက်ပိုင်ရှင်မျိုးတော့ မဖြစ်ချင်ပါဘူး ကိုဝင်းရယ်'
'အဲဒီလိုမဖြစ်ချင်ရင်တော့ ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့ ကာလာမသုတ်လို့ထင်ရှားတဲ့ ကေသမုတ္တိသုတ္တန်ထဲက မယုံကြည်ရာတရားဆယ်ပါး ကို အစဉ်နှလုံးသွင်းပြီး ကိုယ်ပိုင်ဦးနှောက်ကို အသုံးချပေါ့ဗျာ'
'ဆိုစမ်းပါဦး ကိုဝင်းရာ၊ ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့ မယုံကြည်ရာတရားဆယ်ပါးကို'
''အကျဉ်းချုံး ပြောရရင်တော့ဗျာ ဗုဒ္ဓမြတ်စွာက '(၁) သင်တို့သည် တစ်ဆင့်စကားကြားရုံမျှဖြင့် အမှန်ဟုမယူကြကုန်လင့်၊ (၂) မိဘဘိုး ဘွားအစဉ်အဆက်က ပြောခဲ့သောစကားဖြစ်ရုံမျှဖြင့်လည်း အမှန်ဟု မယူကြကုန်လင့်၊(၃) ဒီဟာကဒီလိုတဲ့ဟူ၍ မသေမချာပြောစကား ဖြင့်လည်း အမှန်ဟုမယူကြကုန်လင့်၊ (၄) စာပေကျမ်းဂန်နှင့်ညီညွတ်ရုံမျှဖြင့်လည်း အမှန်ဟုမယူကြကုန်လင့် ' တဲ့ဗျ။ အခုခေတ်အခါ နဲ့အညီ ပြောရရင်တော့ စာပေကျမ်းဂန်တွေသာမက ကက်ဆက်တိပ်ခွေထဲပါတိုင်းလည်း အမှန်ဟုမယူကြကုန်လင့်လို့ ချဲ့ထွင်ယူသော် ရ၏ပေါ့ဗျာ''
'ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ဆက်ပါဦးဗျ'
"ဆက်ရမယ်ဆိုရင်.....'(၅)ဤအတိုင်းသာဖြစ်လောက်ရာ၏ဟူ၍ ကြံဆယူသောအကြောင်းဖြင့်လည်း အမှန်ဟုမယူကြကုန်လင့်၊ (၆) နည်းလမ်းယုတ္တိဖြင့် ချိန်ဆနိုင်ခြင်းဟူသော အကြောင်းဖြင့်လည်း အမှန်ဟု မယူကြကုန်လင့်၊ (၇) အကြောင်းအခြင်းအရာကို ကြံဆ ခြင်းဖြင့်လည်း အမှန်ဟုမယူကြကုန်လင့်၊ (၈) တွေးကြံစဉ်းစား၍ ကျေနပ်နှစ်သက်လက်ခံထားသော မိမိအယူအဆနှင့်ညီညွတ်ရုံဖြင့် လည်း အမှန်ဟုမယူကြကုန်လင့်၊ (၉) နာယူထိုက်သောပုဂ္ဂိုလ်၏ စကားဖြင်ခြင်းမျှဖြင့်လည်း အမှန်ဟုမယူကြကုန်လင့်၊ (၁၀) မိမိတို့၏ ဆရာဖြစ်သော ရဟန်း၏စကားဖြစ်ရုံမျှဖြင့်လည်း အမှန်ဟု မယူကြကုန်လင်'့ လို့ဟောကြားခဲ့ပါတယ် ခင်ဗျား"
'ဒါဖြင့် ဘယ်လိုအကြောင်းအရာမျိုးကိုမှယုံကြည်ပြီး ပြီးပြည့်စုံအောင် လိုက်နာကျင့်သုံး ရတော့မှာတုံး'
'ဗုဒ္ဓမြတ်စွာက အကြင်အခါ၌ ဤတရားတို့သည် ကုသိုလ်တရား အပြစ်ကင်းသောတရား၊ ပညာရှိတို့ ချီးမွမ်းအပ်သောတရား၊ အကျိုး စီးပွားတိုးတက်မှု၊ ချမ်းသာမှုကို ဖြစ်စေသောတရားဟူ၍ သင်တို့ကိုယ်တိုင် သိကုန်၏။ ထိုအခါ၌ ထိုတရားတို့ကိုပြည့်စုံစေ၍ နေကြကုန် လော့ လို့ လမ်းညွှန် မိန့်ကြားတော်မူခဲ့တယ် ကိုလင်းရေ့'
'ဟာ...တကယ့်ကို သိပ္ပံနည်းကျတဲ့ လမ်းညွှန်ချက်ပါလား ကိုဝင်းရာ'
'သိပ္ပံနည်းကျ ဆိုတာထက် ဗုဒ္ဓနည်းကျလို့ဆိုရင် ပိုမှန်လိမ့်မယ်ဗျ၊ ဒီလိုသာ ဗုဒ္ဓနည်းကျတွေးခေါ် ဆင်ခြင်တတ်မယ်ဆိုရင် ဘယ်လိုလိမ် လည်လှည့်ဖြား ညာဝါးမှုမျိုးကိုမှ မခံရတဲ့အပြင်၊ အမျှော်အကြောက်ကို အခြေခံပြီး ယုံကြည်ကိုးကွယ်တတ်တဲ့ လူပြိန်းဗုဒ္ဓဘာသာဝင်အဖြစ် က ရှောင်လွှဲနိုင်မယ်။ အသိဥာဏ်ပညာနဲ့ယှဉ်တဲ့ သဒ္ဓါတရားနဲ့ပြည့်စုံသူ အဆင့်မြင့်အမာခံ ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်လာ မှာ မြေကြီးလက်ခတ်မလွဲဘဲ ပေါ့ ကိုလင်းရာ'
'အေးဗျာ......ဆွေးနွေးလက်စနဲ့ ပြောရဦးမယ်၊ ဒီစာအုပ်ထဲမှာပဲ ပရိတ်တရားတော်ရဲ့ အစွမ်းနဲ့ပတ်သက်ပြီး ရေးထားတာလေး တစ်ခုပါဗျာ'
'ဆိုပါဦးဗျ'
'တချို့ပုဂ္ဂိုလ်တွေ ပရိတ်ရွတ်တဲ့အခါ ထိရောက်အစွမ်းပြပြီး တချို့ပုဂ္ဂိုလ်တွေရွတ်တဲ့အခါ ထိရောက်အစွမ်းပြ မပေါ်လွင်တာဟာ ပရိတ် ရွတ်သူတွေရဲ့ မေတ္တာ၊စေတနာ၊ကရုဏာနဲ့ သီလ၊ သမာဓိဂုဏ် ရင့်ကျက်မှု အနည်းအများ ခြားနားမှုကြောင့်လို့ ဆိုထားသဗျ။ ဒီတော့ဗျာ ပရိတ်တရားတော်ရွတ်ဖတ်တဲ့ ရဟန်းတော်တွေ၊ မထေရ်ကြီးတွေ အမြောက်အမြားရှိတဲ့အနက် အများစုဟာ လူသိရှင်ကြား ပရိတ်အစွမ်း ပြ ပေါ်လွင်မှု မရှိကြတာတွေ့ရတယ်ဗျ။ ဒါကြောင့် အဲဒီရဟန်းတော်တွေ၊ မထေရ်ကြီးတွေအများစုဟာ မေတ္တာ၊စေတနာ၊ကရုဏာ၊သီလ၊ သမာဓိ ရင့်ကျက်မှုနည်းပါးနေလို့ပဲလို့ ယူဆရမလား'
'အင်း......ကျွန်တော်လည်း ပရိယတ္တိ၊ ပဋိပတ္တိစွယ်စုံရ မထေရ်ကြီးတွေရဲ့ ပရိတ်တရားပွဲတွေမှာ သွားပြီးနာယူဖူးပါတယ်။ ဒါပေမယ့် သူတို့ပရိတ်ရွတ်လို့ ပရိတ်ရေပွက်တယ်၊ ပရိတ်ရေတန်ခိုးကြောင့် အကျိုးစီးပွားဖြစ်တယ်လို့တော့ ဟိုးလေးတကျော်ဖြစ်သံ မကြား မိတာအမှန်ပါပဲ။'
'အေးဗျာ...အခုနအဖြေရှင်ကပဲ သူ့ရဲ့ပရိတ်ရေကို ကြိုးတန်း၊ အ၀တ်တန်းအောက်က ယူမသွားမိအောင် သတိထားကြဖို့လည်း ဆိုထား ပြန်တော့ အဲဒီပုဂ္ဂိုလ်ရဲ့မေတ္တာ၊စေတနာ၊ကရုဏာ၊သီလ၊သမာဓိဂုဏ်တွေဟာ ကြိုးတန်း၊ အ၀တ်တန်းဆိုတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေအောက် ရောက်သွားရုံနဲ့ ပျက်ပြယ်သွားနိုင်တယ်လို့ ဆိုလိုရာရောက်မနေဘူးလား ကိုဝင်းရဲ့'
'ဒီကိစ္စနဲ့ပတ်သက်ပြီး အဖြေမပေးချင်ပေမယ့် ခင်ဗျားစဉ်းစားလို့ရအောင်တော့ လမ်းကြောင်းပေးပါ့မယ်။ မေတ္တာ၊ စေတနာ၊ ကရုဏာ၊ သီလ၊သမာဓိ စတဲ့ စိတ်ပိုင်းဆိုင်ရာ မြင့်မြတ်တဲ့စွမ်းအင်တွေဟာ ဘယ်လိုရုပ်ဝတ္ထုနဲ့မှ ဖန်တီးယူလို့ မရနိုင်ဘူး၊ ရေဆိုတဲ့ရုပ်ဝတ္ထုပစ္စည်းကို ဟိုက်ဒြိုဂျင်နှစ်ဆနဲ့ အောက်စီကျင်တစ်ဆ ပေါင်းစပ်ပြီးလုပ်ယူလို့ရသလို၊ အဲဒီရေကို အပူချိန် ၁၀၀ဒီဂရီစင်တီဂရိတ်အထိ အပူပေးလိုက် ရင် ဆူစေနိုင်တယ်၊ အဲဒီရေကို ဆေးဖက်ဝင်အောင်လည်း ဓာတုပစ္စည်းတွေနဲ့ပေါင်းစပ် လုပ်ယူလို့ရပါတယ်။ ဒါတွေဟာ ဘာမှမဆန်းပါ ဘူး၊ အဲ...ဒါပေမယ့် လူတစ်ဦးရဲ့ မေတ္တာ၊ စေတနာ၊ ကရုဏာ၊သီလ၊သမာဓိတို့ရဲ့ အစွမ်းသတ္တိသာမှန်ရင် ဘယ်လိုရုပ်ဝတ္ထုပစ္စည်းနဲ့မှ ဟန့်တားပိတ်ပင် ဖျက်ဆီးပစ်လို့မရသလို ပျက်စီးသွားစရာလည်း အကြောင်းမရှိဘူးဆိုတာကတော့ သေချာပါတယ်ဗျာ'
'ဟား.....သဘောပေါက်ပြီဗျို့၊ ကျုပ်ဆိုတဲ့လူကလည်း အကောင်လိုက်ကြီးပြမှ အရိပ်ထင်တော့တာကိုးဗျ၊ ကဲ...မေးလက်စနဲ့ ဆက်မေး ရဦးမယ်၊ ပုဂ္ဂိုလ်တစ်ဦးဟာ သူ့မှာဈာန်ရနေပြီ၊ မဂ်ဆိုက်နေပြီ၊ ဖိုလ်ဆိုက်နေပြီဆိုတဲ့ သဘောမျိုး လူတစ်ဖက်သားယုံကြည်လာအောင် တစ်နည်းနည်းနဲ့ ထုတ်ဖော်ပြောသင့်သလားဗျ'
''ဒီကိစ္စနဲ့ပတ်သက်လို့ ပြောရရင်တော့ ဗုဒ္ဓမြတ်စွာက 'ရဟန်းတော်တွေကို အမှန်တကယ် မိမိမှာမရှိဘဲ ကြွားဝါလိုစိတ်နဲ့ လူတို့ရဲ့ကုသိုလ် ကမ္မပထတရားထက် သာလွန်တဲ့ဈာန်မဂ်ဖိုလ်တရား မိမိမှာရနေပြီ၊ မိမိဟာ ဆိတ်ငြိမ်ရာအရပ်မှာ မွေ့လျော်သူဖြစ်တယ်၊ ဘယ်တရားကို အားထုတ်နေတယ်လို့တောင် မပြောရဘူး' လို့ပညတ်ခဲ့တယ်ဗျ၊ 'အကယ်၍ ထုတ်ဖော်ပြောခဲ့ရင် ပါရာဇိကကျပြီသာမှတ်ပေတော့' တဲ့။ ခင်ဗျား အကျယ်သိချင်ရင် ၀ိနည်းမဟာဝါပါဠိတော် မဟာခန္ဓကမှာ လေ့လာနိုင်ပါတယ်''
'ဒါဆိုရင် ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့လူတွေကို ဗုဒ္ဓဘာသာဝင်ဖြစ်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တန်ခိုးပြာဋိဟာပြပြီး သာသနာပြု ရင်ကောဗျာ'
'ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် ဗုဒ္ဓရဲ့တပည့်သား သံဃာတော်တွေမှာ တန်ခိုးပြာဋိဟာ ပြပိုင်ခွင့်မရှိဘူးဗျ။ တကယ်လို့ ပြခဲ့ရင် ဒုက္ကဋ်အာပတ်သင့်စေလို့ ၀ိနည်းပညတ်ထားတော်မူခဲ့တယ်ဗျ'
'ဗုဒ္ဓမြတ်စွာက ဘာလို့များ တန်ခိုးပြာဋိဟာပြတာကို မနှစ်သက်တာလဲ မသိဘူးနော်'
'အဓိက ကတော့ သာသာနာတော်ကြီး အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲစေရေးအတွက်ပဲပေါ့ ကိုလင်းရာ၊ဗုဒ္ဓရဲ့နောက်လိုက် တစ်ဦးက ဗုဒ္ဓ မြတ်စွာကို တန်ခိုးပြဖို့ တိုက်တွန်းဘူးတယ်လေ၊ တကယ်လို့ တန်ခိုးပြာဋိဟာပြခဲ့ရင် အသိဥာဏ်မသုံးတဲ့ လူပြိန်းတွေ သိန်းသန်းချီပြီး သာသနာတော်ထဲဝင်လာမှာကို ဗုဒ္ဓမြတ်စွာက ကောင်းကောင်းကြီးသိတာပေါ့။ ဒါပေမယ့် ဗုဒ္ဓမြတ်စွာဟာ အရေအတွက်ထက် အရည် အချင်းကိုသာ ဦးစားပေးတော်မူခဲ့တယ်၊ ဒီလိုတန်ခိုးပြာဋိဟာဆန်တဲ့ ထူးဆန်းထွေလာကိစ္စတွေဟာ သူတော်စင် သူတော်မြတ်တွေမှသာ လျှင် လုပ်ပြနိုင်တဲ့ကိစ္စ မဟုတ်ဘူးလေ၊ ဂန္ဓရီပညာရှင်တွေ၊ စိန္တာမဏိပညာရှင်တွေ၊ အခုခေတ်အခေါ်အရဆိုရင်တော့ မှော်ဆရာ၊ မျက် လှည့်ဆရာ၊ တယ်လီပသီပညာရှင်တွေလည်းလုပ်ပြနိုင်တဲ့ ကိစ္စပဲဗျ။ ဒီတော့ကာ နဂိုကတည်းက ဗုဒ္ဓသာသနာတော်ကို ကြည်ညိုရင်းစွဲ မရှိသူတွေက ဗုဒ္ဓမြတ်စွာက အဲဒီလိုထူးဆန်းထွေလာ လုပ်ပြတာကို မြင်လိုက်ရင် ဗုဒ္ဓနဲ့တကွ တပည့်သံဃာတော်တွေအပေါ် ဘယ်လို မြင်သွားမယ်လို့ ကိုလင်းထင်သလဲ'
'အဲဒီမှော်ဆရာ၊ မျက်လှည့်ဆရာ၊တယ်လီပသီသမားတွေနဲ့ တစ်တန်းတစ်စားတည်းပါကွာ သတ်မှတ်လိုက်မှာပေါ့ ကိုဝင်းရဲ့'
''မှန်တာပေါ့ဗျာ၊ ဒါကြောင့် ဗုဒ္ဓမြတ်စွာဟာ လူတွေကို အံ့သြစေမယ့် ထူးခြားဆန်းကြယ်ကိစ္စမျိုးတွေ လုပ်မပြဖို့ တပည့်သားသံဃာတွေကို တင်းတင်းကျပ်ကျပ် ဥပဒေထုတ် တားဆီးခဲ့တာပေါ့။ ဗုဒ္ဓခေတ်က ထင်ရှားကျော်ကြားပြီး ဥာဏ်ပညာနဲ့ပြည့်စုံလို့ ဗုဒ္ဓကိုယ်တိုင်အားထားခဲ့ ရတဲ့ တပည့်သာဝကကြီးတွေ ဗုဒ္ဓသာသနာတော်ထဲ ၀င်ရောက်လာပုံကို လေ့လာကြည့်မယ်ဆိုရင် တစ်ဦးတစ်လေမှ ဗုဒ္ဓရဲ့ 'တန်ခိုး ပြာဋိဟာ' ကို အထင်ကြီးလို့ ၀င်ရောက်လာခဲ့သူတွေ မဟုတ်ဘူးဆိုတာတွေ့နိုင်ပါတယ်၊ သူတို့တစ်တွေဟာ ဗုဒ္ဓရဲ့သွန်သင်ညွှန်ပြမှုဆိုတဲ့ 'ဆုံးမခြင်းပြာဋိဟာ' ကိုသာ အသိဥာဏ်နဲ့ယှဉ်နာခံပြီး လက်တွေ့ဘ၀မှာ အမှန်တကယ်အကျိုးရှိကြောင်း နားလည် သိမြင်လာခဲ့တဲ့ ပုဂ္ဂိုလ်တွေချည့်ပဲဗျ''
'အဲဒီ မထေရ်မြတ်ကြီးတွေကဖြင့် ဗုဒ္ဓနည်းတူပဲ တန်ခိုးပြာဋိဟာပြမှုကို ရွံရှာစက်ဆုပ်မှာ အမှန်ပဲနော်၊ ဒါကြောင့်လည်း အခုခေတ်မှာ ဗုဒ္ဓရဲ့ အဆုံးအမနဲ့အညီ တိတိကျကျ လိုက်နာကျင့်သုံးနေတဲ့ သံဃာတော်များဟာ လူသူပရိတ်သတ်အကြား ဟိုးလေးတကျော်ဖြစ်စေ မယ့် ကိစ္စတွေကို ရှောင်ရှားကြဟန်တူပါရဲ့၊ လာဘ်လာဘတွေ၊ ပူဇော်သက္ကာရတွေ၊ ထင်ပေါ်ကျော်စောမှုတွေဟာ ရဟန်းကိစ္စမပြီးမြောက် အောင် နှောင့်ယှက်နေမယ့် အန္တရာယ်ဆိုးတွေပဲဗျ'
'ဒီ့ထက်ဆိုးတာပေါ့ ကိုလင်းရာ၊ ရဟန္တာဖြစ်ပြီးသူတွေကိုတောင် အဲဒီပူဇော်သက္ကာရတွေ၊ ကျော်စောမှုတွေက ရဟန္တာပုဂ္ဂိုလ်များ မျက်မှောက်ပြုပြီးနေအပ်တဲ့ ဖလသမာပတ်ဝင်စားပြီး ချမ်းသာစွာနေရမှုကို အန္တရာယ်ပြုနိုင်တယ်လို့ ဗုဒ္ဓမြတ်စွာဟောကြားခဲ့တာကို သံယုတ္တနိကာယ်၊ လာဘသက္ကာရသံယုတ်၊ ဘိက္ခုသုတ်မှာ အထင်အရှားတွေ့နိုင်ပါတယ်ဗျာ'
'သြော်....ဒါကြောင့် ချမ်းသာမှုအစစ်အမှန်ကို လိုလားတော်မူတဲ့ ရဟန်းစစ်ရဟန်းမှန်များဟာ အဲဒီပူဇော်သက္ကာရတွေ၊ ကျော်စောမှုတွေနဲ့ ကင်းနိုင်သမျှကင်းအောင် နေတော်မူကြတာကိုး၊ အင်း....ဒါတွေကိုမသိတဲ့ ကျွန်တော်တို့မှာတော့ ပညာရှိကိုပညာရှိမှန်းမသိ၊ လူမိုက်ကို လည်း လူမိုက်မှန်းမသိဖြစ်ကြပြီး လမ်းမှားလိုက်မိကြတာပဲဗျ'
'အကောင်းအဆိုး အကြောင်းအကျိုးခွဲခြားတတ်တဲ့ အယူမှန် အသိမှန် အမြင်မှန်တွေရှိဖို့လိုတယ်ဗျ ကိုလင်းရဲ့၊ အဲဒီလို အယူအသိအမြင် မမှန်ခဲ့ရင် ဘယ်လောက်ပဲ မြတ်ပါတယ်ဆိုတဲ့ အကျင့်မျိုးကို ကျင့်သုံးနေစေကာမူ အလကားပဲ၊ ကျောက်စရစ်ခဲ၊ သဲတွေကို ရေနဲ့ဖျန်းပြီး ဆုံထဲထည့်ကြိတ်ညှစ်ပေမယ့် ဆီမထွက်သလို ဘာမှအကျိုးမရှိနိုင်ဘူးလို့ ဗုဒ္ဓမြတ်စွာက ဆုံးမညွှန်ပြခဲ့တာကို မဇ္ဈိမနိကယ် ဥပရိပဏ္ဏာ သပါဠိတော်၊သုညတ၀ဂ်မှာ အကျယ်ဖတ်ရှု လေ့လာနိုင်ပါတယ်ဗျာ'
ဝင်းသိန်းဦး
(၁၂-၂-၉၄)
ဓမ္မရံသီ၊၁၉၉၄ခုနှစ်၊ဧပြီလ။


--
With Love,
Alex