Monday, August 10, 2020

မျိုးဆက်ဖြတ်လူသတ်သမား

ကိုယ်ဝန်ပျက်ကျ ကိုယ်ဝန်ဖျက်ချ ကိုယ်ဝန်ဖျက်ပေးသူများအတွက် ဥပဒေပုဒ်မများ


#Alex_Aung

(ကိုယ်ဝန်မရှိအောင် အသွားအလာအနေအထိုင်မဆင်ခြင်ကြဘဲ သွေးသားသောင်းကျန်းမှု အလိုရမ္မက်ဆန္ဒအရ တဒင်္ဂသာယာမှုကို ခံစားပြီးတော့မှ အပြစ်မဲ့သနားစရာ ရင်သွေးငယ်လောင်း ကလေးများကို ရက်ရက်စက်စက်ဖျက်ချသတ်ပစ်ကြသူများ သတိမူမိရန်၊ အခြေခံကျန်းမာရေးသင်တန်းဆင်း တရားဝင်လက်မှတ်ရ အရပ်လက်သည်မဟုတ်ဘဲ မျက်ကန်းရမ်းဆ ဟိုဆွဒီဆွ လက်မှတ်မဲ့ လက်သည်တွေကြောင့် မိခင်ရော ကလေးပါ သေရတာတွေ သတိမူမိရန်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးကိုယ်တိုင်ကိုရော ပြုလုပ်ပေးသူရော ပြုလုပ်ရန်လုံ့လထုတ်အားပေးသူရော ဥပဒေကြောင်းရ တိုင်ကြားအရေးယူလို့ရပါကြောင်း သတိမူမိစေရန် #ရတနာပုံသတင်းစာ မှ ကူးယူဝေငှလိုက်ပါသည်။)


ကိုယ်ဝန်ဖျက်ချကြတဲ့ မိခင်လောင်းများ -

“ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၁၂မှာ ‘မည်သူမဆို ကိုယ်ဝန်ဆောင်မိန်းမကို ကိုယ်ဝန်ပျက်ကျစေရန်၊ မိမိအလိုသဘောဖြင့်မဟုတ်ဘဲ ကိုယ်ဝန်ဆောင်မိန်းမကို ကိုယ်ဝန်ပျက်ကျစေရန် မိမိအလိုအလျောက်ပြုလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။ မိန်းမသည် လှုပ်ရှားသော ကိုယ်ဝန်နှင့်ဖြစ်လျှင် ထိုသူကို ခုနှစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ (မိမိကိုယ်ဝန်ကို မိမိပျက်စေသည့် မိန်းမသည် ဤပုဒ်မပါအဓိပ္ပာယ်တွင် အကျုံးဝင်သည်)’ (မူလပြဋ္ဌာန်းချက်)”

***ကိုယ်ဝန်ပျက်ကျဖို့အတွက် ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ သဘောတူညီချက်အရပဲဖြစ်ဖြစ်၊ ကာယကံရှင်ရဲ့ သဘောတူညီချက်မရဘဲ ဖျက်ချလို့ပဲဖြစ်ဖြစ် ပုဒ်မ - ၃၁၂နဲ့ငြိပါတယ်။ အသက်မဝင်သေးတဲ့ လနုတဲ့ကိုယ်ဝန်ဖျက်ချရင် ထောင်ဒဏ်သုံးနှစ်ကျခံရမည်ဖြစ်ပြီး လေးလနဲ့ ငါးလကြားမှာ အသက်ဝင်လာတဲ့ လရင့်ဆိုလျှင် အသက်ရှိတဲ့ကလေးကို ဖျက်ချမှုဖြင့် လူသတ်မှု ထောင်ဒဏ်ခုနှစ်နှစ်ထိ ကျခံရပါမယ်။

သားကြောဖြတ်သော အမျိုးသမီး/အမျိုးသားများ -

“ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၁၂(က)မှာ ပြဋ္ဌာန်းထားတာကတော့ - ‘မည်သူမဆို မိန်းမတစ်ဦးတစ်ယောက်ရဲ့ ကိုယ်(သို့မဟုတ်) ကျန်းမာရေးအတွက် ထိုမိန်းမကို ပဋိသန္ဓေ မတည်နိုင်အောင်၊ ခွဲစိတ်ကုသရန်လိုအပ်ကြောင်းဖြင့် ဤကိစ္စအလို့ငှာ အစိုးရကခန့်ထား သည့်အဖွဲ့က ထောက်ခံခြင်းမရှိဘဲ ထိုမိန်းမကို ပဋိသန္ဓေမတည်နိုင်အောင် တမင်ခွဲစိတ်ကုသလျှင် ထိုသူအား သုံးနှစ်ထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ သို့ရာတွင် ထိုမိန်းမ၏ အသက်ကိုကယ်ဆယ်ရန်အလို့ငှာ ချက်ချင်းအရေးယူဆောင် ရွက်ရမည့် ကိစ္စများတွင် အဆိုပါ ထောက်ခံချက်လက်မှတ်ရယူရန်မလို’ လို့ပြဋ္ဌာန်းထားပါတယ်။

“ပုဒ်မ-၃၀၂(ခ)က ခွဲစိတ်ပေးသူအတွက် ပြစ်ဒဏ်ကျခံရတာ။ ပုဒ်မ-၃၀၂(ဂ)ကတော့ ခွဲစိတ်ခြင်းခံတဲ့ ကာယကံရှင်အတွက် ပြဋ္ဌာန်းထားတာပါ။ ပြစ်ဒဏ်ကတော့ ထောင်ဒဏ်သုံးနှစ်ထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ပါတယ်။”

“ပုဒ်မ-၃၁၂(ဃ)ကျတော့ အဲဒီလို မိန်းမကိုဖြစ်စေ၊ ယောက်ျားကိုဖြစ်စေ ပဋိသန္ဓေမတည်နိုင်အောင် ပဋိသန္ဓေပေးနိုင်စွမ်းမရှိအောင် ခွဲစိတ်ကုသလို့ သေဆုံးသွားရင် ခွဲစိတ်ကုသပေးသူကို ဆယ်နှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လဲ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတယ်”

“ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၁၃မှာ ဘယ်လိုပြဋ္ဌာန်းထားသလဲဆိုရင် - ‘ကိုယ်ဝန်လှုပ်ရှားသည်ဖြစ်စေ၊ မလှုပ်ရှားသည်ဖြစ်စေ ကိုယ်ဝန်ဆောင်မိန်းမက သဘောမတူဘဲ မည်သူမဆို တစ်ဆက်တည်းဖြစ်သော အထက်ပုဒ်မတွင် ဖော်ပြထားသည့် ပြစ်မှုကိုကျူးလွန်လျှင် ထိုသူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်’ လို့ပြဋ္ဌာန်းထားပါတယ်။

***ပုဒ်မ - ၃၁၂နဲ့ ပုဒ်မ-၃၁၃ ကွာခြားချက်က ဘာလဲဆိုရင် ပုဒ်မ-၃၁၂က ကာယကံရှင် ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ သဘောတူညီချက်ပါပြီး ပုဒ်မ-၃၁၃က ကာယကံရှင်ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ သဘောတူညီချက်မပါဘဲ အတင်းအဓမ္မ နိုင်ထက်စီးနင်းလုပ်ပြီး ဖျက်ချမှုမျိုးဖြစ်ပါတယ်။

ကိုယ်ဝန်ဖျက်ချ/ပျက်ကျအောင် လုံ့လအားထုတ်ပေးသူများ -

‘ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၁၄မှာ ပြဋ္ဌာန်းထားတာကတော့ - ‘မည်သူမဆို ကိုယ်ဝန်ပျက်ကျစေရန်အကြံဖြင့် ကိုယ်ဝန်ဆောင်မိန်းမသေအောင် ပြုလုပ်မှုတစ်ခုပြုလျှင် ထိုသူကို ဆယ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ထို့ပြင် ထိုပြုလုပ်မှုကို ကိုယ်ဝန်ဆောင်မိန်းမက သဘောမတူဘဲပြုလျှင် ထိုသူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ အထက်က ဖော်ပြခဲ့သည့် ပြစ်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည်။’ လို့ပြဋ္ဌာန်းထားပါတယ်။

*** ပုဒ်မ-၃၁၅မှာ ကလေးကိုသေစေရန်အကြံနဲ့မွေးဖွားပေးသူကို ထောင်ဒဏ် ၁ဝနှစ်၊ ပုဒ်မ - ၃၁၆မှာ ကိုယ်ဝန်ဆောင်မိန်းမကို သေစေတန်ရာပြီး အမိဝမ်းတွင် ကလေးကိုပါသေစေရန်အကြံနဲ့ မွေးဖွားပေးသူကို ထောင်ဒဏ်(၁၀)နှှစ်ထိ ချမှတ်ထားပါတယ်။

မှီးငြမ်း - မောင်ငြိမ်းသူ(ကြို့ပင်ကောက်) ရဲ့ ‘ဥပဒေကို လက်တစ်လုံးခြားလှည့်စားနေကြတဲ့ မျိုးဆက်ဖြတ်လူသတ်သမားကို ဖော်ထုတ်နှိမ်နင်းကြ’ ဆောင်းပါး

(Zawgyi)

ကိုယ္ဝန္ပ်က္က် ကိုယ္ဝန္ဖ်က္ခ် ကိုယ္ဝန္ဖ်က္ေပးသူမ်ားအတြက္ ဥပေဒပုဒ္မမ်ား


#Alex_Aung

(ကိုယ္ဝန္မရွိေအာင္ အသြားအလာအေနအထိုင္မဆင္ျခင္ၾကဘဲ ေသြးသားေသာင္းက်န္းမႈ အလိုရမၼက္ဆႏၵအရ တဒဂၤသာယာမႈကို ခံစားၿပီးေတာ့မွ အျပစ္မဲ့သနားစရာ ရင္ေသြးငယ္ေလာင္း ကေလးမ်ားကို ရက္ရက္စက္စက္ဖ်က္ခ်သတ္ပစ္ၾကသူမ်ား သတိမူမိရန္၊ အေျခခံက်န္းမာေရးသင္တန္းဆင္း တရားဝင္လက္မွတ္ရ အရပ္လက္သည္မဟုတ္ဘဲ မ်က္ကန္းရမ္းဆ ဟိုဆြဒီဆြ လက္မွတ္မဲ့ လက္သည္ေတြေၾကာင့္ မိခင္ေရာ ကေလးပါ ေသရတာေတြ သတိမူမိရန္၊ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးကိုယ္တိုင္ကိုေရာ ျပဳလုပ္ေပးသူေရာ ျပဳလုပ္ရန္လုံ႔လထုတ္အားေပးသူေရာ ဥပေဒေၾကာင္းရ တိုင္ၾကားအေရးယူလို႔ရပါေၾကာင္း သတိမူမိေစရန္ #ရတနာပုံသတင္းစာ မွ ကူးယူေဝငွလိုက္ပါသည္။)


ကိုယ္ဝန္ဖ်က္ခ်ၾကတဲ့ မိခင္ေလာင္းမ်ား -

“ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ-၃၁၂မွာ ‘မည္သူမဆို ကိုယ္ဝန္ေဆာင္မိန္းမကို ကိုယ္ဝန္ပ်က္က်ေစရန္၊ မိမိအလိုသေဘာျဖင့္မဟုတ္ဘဲ ကိုယ္ဝန္ေဆာင္မိန္းမကို ကိုယ္ဝန္ပ်က္က်ေစရန္ မိမိအလိုအေလ်ာက္ျပဳလၽွင္ ထိုသူကို သုံးႏွစ္ထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစခ်မွတ္ရမည္။ မိန္းမသည္ လႈပ္ရွားေသာ ကိုယ္ဝန္ႏွင့္ျဖစ္လၽွင္ ထိုသူကို ခုႏွစ္ႏွစ္အထိ ေထာင္ဒဏ္ တစ္မ်ိဳးမ်ိဳးခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္နိုင္သည္။ (မိမိကိုယ္ဝန္ကို မိမိပ်က္ေစသည့္ မိန္းမသည္ ဤပုဒ္မပါအဓိပၸာယ္တြင္ အက်ဳံးဝင္သည္)’ (မူလျပ႒ာန္းခ်က္)”

***ကိုယ္ဝန္ပ်က္က်ဖို႔အတြက္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးရဲ့ သေဘာတူညီခ်က္အရပဲျဖစ္ျဖစ္၊ ကာယကံရွင္ရဲ့ သေဘာတူညီခ်က္မရဘဲ ဖ်က္ခ်လို႔ပဲျဖစ္ျဖစ္ ပုဒ္မ - ၃၁၂နဲ႔ၿငိပါတယ္။ အသက္မဝင္ေသးတဲ့ လႏုတဲ့ကိုယ္ဝန္ဖ်က္ခ်ရင္ ေထာင္ဒဏ္သုံးႏွစ္က်ခံရမည္ျဖစ္ၿပီး ေလးလနဲ႔ ငါးလၾကားမွာ အသက္ဝင္လာတဲ့ လရင့္ဆိုလၽွင္ အသက္ရွိတဲ့ကေလးကို ဖ်က္ခ်မႈျဖင့္ လူသတ္မႈ ေထာင္ဒဏ္ခုႏွစ္ႏွစ္ထိ က်ခံရပါမယ္။

သားေၾကာျဖတ္ေသာ အမ်ိဳးသမီး/အမ်ိဳးသားမ်ား -

“ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ-၃၁၂(က)မွာ ျပ႒ာန္းထားတာကေတာ့ - ‘မည္သူမဆို မိန္းမတစ္ဦးတစ္ေယာက္ရဲ့ ကိုယ္(သို႔မဟုတ္) က်န္းမာေရးအတြက္ ထိုမိန္းမကို ပဋိသေႏၶ မတည္နိုင္ေအာင္၊ ခြဲစိတ္ကုသရန္လိုအပ္ေၾကာင္းျဖင့္ ဤကိစၥအလို႔ငွာ အစိုးရကခန႔္ထား သည့္အဖြဲ႕က ေထာက္ခံျခင္းမရွိဘဲ ထိုမိန္းမကို ပဋိသေႏၶမတည္နိုင္ေအာင္ တမင္ခြဲစိတ္ကုသလၽွင္ ထိုသူအား သုံးႏွစ္ထိ ေထာင္ဒဏ္ ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္နိုင္သည္။ သို႔ရာတြင္ ထိုမိန္းမ၏ အသက္ကိုကယ္ဆယ္ရန္အလို႔ငွာ ခ်က္ခ်င္းအေရးယူေဆာင္ ရြက္ရမည့္ ကိစၥမ်ားတြင္ အဆိုပါ ေထာက္ခံခ်က္လက္မွတ္ရယူရန္မလို’ လို႔ျပ႒ာန္းထားပါတယ္။

“ပုဒ္မ-၃၀၂(ခ)က ခြဲစိတ္ေပးသူအတြက္ ျပစ္ဒဏ္က်ခံရတာ။ ပုဒ္မ-၃၀၂(ဂ)ကေတာ့ ခြဲစိတ္ျခင္းခံတဲ့ ကာယကံရွင္အတြက္ ျပ႒ာန္းထားတာပါ။ ျပစ္ဒဏ္ကေတာ့ ေထာင္ဒဏ္သုံးႏွစ္ထိ ခ်မွတ္ရမယ့္အျပင္ ေငြဒဏ္လည္းခ်မွတ္နိုင္ပါတယ္။”

“ပုဒ္မ-၃၁၂(ဃ)က်ေတာ့ အဲဒီလို မိန္းမကိုျဖစ္ေစ၊ ေယာက္်ားကိုျဖစ္ေစ ပဋိသေႏၶမတည္နိုင္ေအာင္ ပဋိသေႏၶေပးနိုင္စြမ္းမရွိေအာင္ ခြဲစိတ္ကုသလို႔ ေသဆုံးသြားရင္ ခြဲစိတ္ကုသေပးသူကို ဆယ္ႏွစ္ထိ ေထာင္ဒဏ္ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လဲ ခ်မွတ္နိုင္တယ္လို႔ ျပ႒ာန္းထားတယ္”

“ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ-၃၁၃မွာ ဘယ္လိုျပ႒ာန္းထားသလဲဆိုရင္ - ‘ကိုယ္ဝန္လႈပ္ရွားသည္ျဖစ္ေစ၊ မလႈပ္ရွားသည္ျဖစ္ေစ ကိုယ္ဝန္ေဆာင္မိန္းမက သေဘာမတူဘဲ မည္သူမဆို တစ္ဆက္တည္းျဖစ္ေသာ အထက္ပုဒ္မတြင္ ေဖာ္ျပထားသည့္ ျပစ္မႈကိုက်ဴးလြန္လၽွင္ ထိုသူကို တစ္သက္တစ္ကၽြန္းဒဏ္ျဖစ္ေစ၊ ဆယ္ႏွစ္ထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ေစ ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္နိုင္သည္’ လို႔ျပ႒ာန္းထားပါတယ္။

***ပုဒ္မ - ၃၁၂နဲ႔ ပုဒ္မ-၃၁၃ ကြာျခားခ်က္က ဘာလဲဆိုရင္ ပုဒ္မ-၃၁၂က ကာယကံရွင္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးရဲ့ သေဘာတူညီခ်က္ပါၿပီး ပုဒ္မ-၃၁၃က ကာယကံရွင္ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးရဲ့ သေဘာတူညီခ်က္မပါဘဲ အတင္းအဓမၼ နိုင္ထက္စီးနင္းလုပ္ၿပီး ဖ်က္ခ်မႈမ်ိဳးျဖစ္ပါတယ္။

ကိုယ္ဝန္ဖ်က္ခ်/ပ်က္က်ေအာင္ လုံ႔လအားထုတ္ေပးသူမ်ား -

‘ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ-၃၁၄မွာ ျပ႒ာန္းထားတာကေတာ့ - ‘မည္သူမဆို ကိုယ္ဝန္ပ်က္က်ေစရန္အႀကံျဖင့္ ကိုယ္ဝန္ေဆာင္မိန္းမေသေအာင္ ျပဳလုပ္မႈတစ္ခုျပဳလၽွင္ ထိုသူကို ဆယ္ႏွစ္အထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္နိုင္သည္။


ထို႔ျပင္ ထိုျပဳလုပ္မႈကို ကိုယ္ဝန္ေဆာင္မိန္းမက သေဘာမတူဘဲျပဳလၽွင္ ထိုသူကို တစ္သက္တစ္ကၽြန္းဒဏ္ျဖစ္ေစ၊ အထက္က ေဖာ္ျပခဲ့သည့္ ျပစ္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ေစ ခ်မွတ္ရမည္။’ လို႔ျပ႒ာန္းထားပါတယ္။

*** ပုဒ္မ-၃၁၅မွာ ကေလးကိုေသေစရန္အႀကံနဲ႔ေမြးဖြားေပးသူကို ေထာင္ဒဏ္ ၁ဝႏွစ္၊ ပုဒ္မ - ၃၁၆မွာ ကိုယ္ဝန္ေဆာင္မိန္းမကို ေသေစတန္ရာၿပီး အမိဝမ္းတြင္ ကေလးကိုပါေသေစရန္အႀကံနဲ႔ ေမြးဖြားေပးသူကို ေထာင္ဒဏ္(၁၀)ႏွွစ္ထိ ခ်မွတ္ထားပါတယ္။


မွီးျငမ္း - ေမာင္ၿငိမ္းသူ(ႀကိဳ႕ပင္ေကာက္) ရဲ့ ‘ဥပေဒကို လက္တစ္လုံးျခားလွည့္စားေနၾကတဲ့ မ်ိဳးဆက္ျဖတ္လူသတ္သမားကို ေဖာ္ထုတ္ႏွိမ္နင္းၾက’ ေဆာင္းပါး

No comments: