Wednesday, August 26, 2020

"ကိုယ့်ဘဝမှာ ရှေ့ဆက်နိုင်ဖို့ လွှတ်ချခဲ့သင့်တဲ့ အရာ ၁၀ ခု"

"ကိုယ့်ဘဝမှာ ရှေ့ဆက်နိုင်ဖို့ လွှတ်ချခဲ့သင့်တဲ့ အရာ ၁၀ ခု"


နေ့စဉ်နဲ့အမျှတော့ ဘဝကို ဖြတ်သန်းနေကြရတယ်။ ရှေ့ဆက်နေရတယ်။ အချိန်တွေကို ရပ်တန့်လို့ မရသလို ဘဝကိုလည်း ခဏရွှေ့ဆိုင်းထားလို့ မရဘူး။ သို့သော်လည်း အချိန်တွေကသာ ရှေ့ကို သွားနေတာ ကိုယ့်ဘဝက တစ်နေရာရာမှာ ကျန်နေခဲ့တဲ့သူတွေ အများကြီးပါ။ အဲ့လိုလူတွေအတွက် အကြံပြုချက် ၁၀ ခုကို ပြောပြပေးချင်ပါတယ်။

၁။ တခြားသူတွေရဲ့ အတွေးအမြင်ကို ကိုယ့်ဘဝအပေါ် လွှမ်းမိုးခွင့် ပေးထားခြင်း

ဘယ်သူ ဘာပြောပြော ဂရုမစိုက်ဘူး ဆိုတာ မကောင်းသလို၊ သူများ ဘယ်လိုထင်မလဲလို့ အမြဲတမ်း ထည့်စဉ်းစားနေတာကလည်း ကိုယ့်ကို မပျော်မရွှင် ဖြစ်စေနိုင်ပါတယ်။ လောကမှာ လူတိုင်း ၁၀၀ % ထောက်ခံတာ ခံရသူရယ်လို့ ဘယ်သူမှ မရှိဘူး။ မကြိုက်တဲ့သူ ရှိတယ်။ မုန်းတဲ့သူတောင် ရှိမယ်။ ဒါကို အရှိအရှိအတိုင်း လက်ခံပြီး ကိုယ်လုပ်သင့်တာ ဆက်လုပ်ပါ။ လူတိုင်း ကြိုက်အောင် ကြိုးစားနေခြင်းက သိပ်ကို ပင်ပန်းစေပါတယ်။

၂။ အတိတ်က ရှုံးနိမ့်မှုများ

စာမေးပွဲတစ်ခုမှာ ကျရှုံးတယ်ဆိုတာ နောင်ဖြေသမျှ စာမေးပွဲတိုင်းမှာလည်း ကျမှာပဲ ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ ဘဝမှာ ဖြေရတဲ့ စာမေးပွဲတွေကလည်း အမျိုးမျိုး ဖြစ်နိုင်တာမို့ အပြေးပြိုင်ပွဲမှာ ရှုံးပေမဲ့ မုန့်စားတဲ့ ပြိုင်ပွဲကျ နိုင်ချင်နိုင်မှာပေါ့။ ဒါကြောင့် အတိတ်က ရှုံးနိမ့်မှုတွေကို နောင် ရလာမဲ့ အောင်ပွဲတိုင်းအတွက် အတားအဆီးတစ်ခု ဖြစ်မနေစေချင်ပါဘူး။

၃။ ကိုယ် ဘာလိုချင်တယ် ဆိုတာ ကွဲကွဲပြားပြား မသိခြင်း

ကမ်းခြေတစ်ခု သွားတယ်။ အသား နေမလောင်ချင်ဘူးဆို ရေထဲမဆင်းပါနဲ့။ ရေထဲဆင်းမယ်ဆို ပျော်ရမယ်။ သို့သော် အသားတော့ နေနည်းနည်းလောင်မယ်။ ဆိုတော့ ရွေးစရာ ၂ လမ်းပဲ ရှိတယ်။ ပြဿနာက ရေထဲလည်း ဆင်းချင်၊ အသားအရည်လည်း မထိခိုက်ချင်၊ ရေထဲ ဆင်းရကောင်းမလား၊ အသားအရည် ထိသွားရင် ဘယ်လိုလုပ်မလဲ စသဖြင့် တွေဝေနေကြတာပါပဲ။ ဒီတော့ ကမ်းခြေကနေ ပြန်သာ လာတယ်။ မပျော်ခဲ့ရဘူး။ ဒါကြောင့် ဘဝမှာ ပျော်ရွှင်ချင်တယ်၊ အောင်မြင်ချင်တယ်ဆို ကိုယ် ဘာကို လိုချင်သလဲ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုပါတယ်။

၄။ ကိုယ် လုပ်ချင်တာတွေ လုပ်ခွင့်ရဖို့ အချိန်တုံ့ဆိုင်းနေခြင်း

ဘဝဆိုတာ တိုတောင်းပါတယ်။ ဘယ်အချိန် ရပ်သွားမယ် မသိနိုင်တဲ့ အခန်းဆက် ဇာတ်လမ်းတွဲတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ဒါကြောင့် အများကို မထိခိုက်ဘူးဆို ကိုယ် လုပ်ချင်တာတွေ၊ နောက်ပြီး လုပ်သင့်တယ် ထင်တာတွေကို လုပ်ပါ။ အချိန်ဆွဲခြင်းက ကိုယ့်ဘဝကို အလဟဿ ဖြုန်းတီးနေတာနဲ့လည်း အတူတူပါပဲ။

၅။ ရှုံးနိမ့်မှာထက် ဘာမှမလုပ်ဘဲ နေဖို့ကို ရွေးချယ်ခြင်း

Failing or Never trying ဘာကို ရွေးမလဲဆို Never trying ကိုပဲ ရွေးတတ်ကြတယ်။ ဒီတော့ ကိုယ့်အတွေးအကြံ၊ ကိုယ့်စိတ်ကူးဟာ အောင်မြင်မလား၊ မအောင်မြင်ဘူးလားတောင် သိခွင့် မရလိုက်ဘဲ ဘဝတစ်ခုကို ကုန်ဆုံးသွားရမယ်။ တကယ်တော့ တခုခု လုပ်ပြီးမှ ရှုံးနိမ့်သွားရင် ယူစရာ သင်ခန်းစာ ရပါတယ်။ မလုပ်လိုက်ရဘူးဆိုရင်​တော့ ပြန်ရမှာက နောင်တပဲ ရှိတယ်။ စွတ်ရွတ်ပြီး လုပ်ဖို့ မဟုတ်ပါဘူး။ တွန့်ဆုတ်မှုတွေနဲ့ ကိုယ့်ရဲ့ စိတ်ကူးကောင်းတွေကို ကန့်သတ်မထားစေချင်တာ၊ သူများလုပ်လိုက်မှ ငါလည်း အဲ့လိုလုပ်ခဲ့ရ ကောင်းသား ဆိုပြီး နောင်တမရနေစေချင်တာပါ။

၆။ အမှားတွေကို ကြောက်ခြင်း

လောကမှာ မမှားဖူးတဲ့သူ မရှိပါဘူး။ မှားမှာကြောက်လို့ ဘာမှမလုပ်လိုက်သူရယ်၊ အမှားတွေပဲ ဆက်တိုက် ဆက်တိုက် လုပ်မိနေသူရယ်၊ အမှားကနေ သင်ခန်းစာယူပြီး ရှေ့ဆက်တဲ့သူရယ်၊ ဒီ ၃ မျိုးပဲ ရှိပါတယ်။

၇။ ဖြေရှင်းရမဲ့ ပြဿနာတွေကနေ ရှောင်ပြေးခြင်း

ရှောင်ပြေးတိုင်းသာ ပြဿနာတွေ ပြေလည်သွားမယ်ဆို အဲဒီနည်းက လူသုံးအများဆုံး ပြဿနာဖြေရှင်းနည်းတစ်ခု ဖြစ်နေတော့မှာပေါ့။ အိမ်မှာ ပစ္စည်းတွေ တအားရှုပ်ပွနေလို့ အပြင်ထွက်သွားမယ်ဆိုလည်း ပြန်လာရင် ကိုယ်ပဲ ရှင်းရမှာပါ။ စောစောရှင်းတာနဲ့ နောက်ကျမှ ရှင်းတာပဲ ကွာတာပါ။ ဒီတော့ ရှင်းရမဲ့ဟာကို မြန်မြန်သွက်သွက်သာ ရှင်းလိုက်ပါ။

၈။ အကြောင်းပြချက် ပေးလွန်းခြင်း

မိဘဆင်းရဲသူက မိဘချမ်းသာသူထက်စာရင် ပိုကြိုးစားရတယ်။ ပိုပင်ပန်းတယ်။ ပိုခက်ခဲတယ်။ ဒါပေမဲ့ မိဘဆင်းရဲမှတော့ ငါလည်း ဒီလောက်ပဲ လုပ်နိုင်မှာပေါ့၊ တခုခုဆို ဘယ်သူ့ကြောင့်၊ ဘယ်ဝ့ါကြောင့်နဲ့ အကြောင်းပြချက် ပေးလွန်းခြင်းကလည်း ကိုယ့်ကို ရှေ့မဆက်နိုင်စေမဲ့ အချက်တစ်ချက်ပါပဲ။

၉။ ကိုယ့်ဘဝကိုယ် လျှော့တွက်လွန်းခြင်း

လူတိုင်းမှာ အရည်အသွေးရှိတယ်။ အားသာချက်တွေ ရှိတယ်။ သူများနဲ့ ယှဉ်လိုက်ရင် ပိုပျော်စရာ ကောင်းတာတွေ ရှိတယ်။ အဲဒါတွေကို မကြည့်ဘဲ ကိုယ့်ရဲ့ အားနည်းချက်တွေ၊ စိတ်ညစ်စရာတွေကိုပဲ ကြည့်နေခြင်းကလည်း ကိုယ့်ကို မပျော်မရွှင် ဖြစ်စေပါတယ်။ သူများလောက် ပိုက်ဆံမရှိတဲ့ ကိုယ်ဟာ ကျန်းမာရေး ကောင်းချင်ကောင်းမယ်။ သူများလောက် ပညာမတတ်ပေမဲ့ ပျော်စရာ ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ချင်ပိုင်နေမယ်။ အဲ့လို ကိုယ့်ဘဝရဲ့ Positive တွေကိုလည်း မြင်အောင် ကြည့်စေချင်ပါတယ်။

၁၀။ ပစ္စုပ္ပန်ကို တန်ဖိုးမထားတတ်ခြင်း

အတိတ်ကနေ သင်ခန်းစာပဲ ယူပါ။ အနာဂတ်နဲ့ ပတ်သက်လို့ မျှော်လင့်ချက် ထားပါ။ အရေးကြီးဆုံးကတော့ လက်ရှိပစ္စုပ္ပန်မှာ အကောင်းဆုံး နေထိုင်တတ်ဖို့ပါပဲ။ ဒီနေ့ ကျန်းမာတယ်၊ အစားကောင်းကောင်း စားရတယ်၊ လစာရတဲ့ အလုပ်တစ်ခု ရှိနေတယ်၊ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးကောင်းတယ်၊ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အကူအညီ ပေးနေနိုင်တယ်၊ ဒါလောက်ဆိုရင်ကိုပဲ ကိုယ့်ဘဝဟာ အတော်လေး ပျော်စရာကောင်းတဲ့အထဲမှာ ပါနေပြီလို့ မှတ်ယူနိုင်ပါတယ်။ ဒါကို စစ်ဖြစ်နေတဲ့ ဒေသတွေ၊ စီးပွားရေး၊ လူမှုရေး ပြဿနာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသူတွေ၊ ဆေးရုံဆေးခန်း အသီးသီးပေါ်က လူနာတွေက သက်သေခံနေပါတယ်။

Brand You Academy
24.8.2020

(Ref: 10 things you must give up to move forward - Marc & Angel Chernoff)

(Zawgyi)

"ကိုယ့္ဘဝမွာ ေရွ႕ဆက္နိုင္ဖို့ လႊတ္ခ်ခဲ့သင့္တဲ့ အရာ ၁၀ ခု"


ေန႔စဥ္နဲ႔အမၽွေတာ့ ဘဝကို ျဖတ္သန္းေနၾကရတယ္။ ေရွ႕ဆက္ေနရတယ္။ အခ်ိန္ေတြကို ရပ္တန႔္လို့ မရသလို ဘဝကိုလည္း ခဏေရႊ႕ဆိုင္းထားလို့ မရဘူး။ သို့ေသာ္လည္း အခ်ိန္ေတြကသာ ေရွ႕ကို သြားေနတာ ကိုယ့္ဘဝက တစ္ေနရာရာမွာ က်န္ေနခဲ့တဲ့သူေတြ အမ်ားႀကီးပါ။ အဲ့လိုလူေတြအတြက္ အႀကံျပဳခ်က္ ၁၀ ခုကို ေျပာျပေပးခ်င္ပါတယ္။

၁။ တျခားသူေတြရဲ့ အေတြးအျမင္ကို ကိုယ့္ဘဝအေပၚ လႊမ္းမိုးခြင့္ ေပးထားျခင္း

ဘယ္သူ ဘာေျပာေျပာ ဂ႐ုမစိုက္ဘူး ဆိုတာ မေကာင္းသလို၊ သူမ်ား ဘယ္လိုထင္မလဲလို့ အျမဲတမ္း ထည့္စဥ္းစားေနတာကလည္း ကိုယ့္ကို မေပ်ာ္မရႊင္ ျဖစ္ေစနိုင္ပါတယ္။ ေလာကမွာ လူတိုင္း ၁၀၀ % ေထာက္ခံတာ ခံရသူရယ္လို့ ဘယ္သူမွ မရွိဘူး။ မႀကိဳက္တဲ့သူ ရွိတယ္။ မုန္းတဲ့သူေတာင္ ရွိမယ္။ ဒါကို အရွိအရွိအတိုင္း လက္ခံၿပီး ကိုယ္လုပ္သင့္တာ ဆက္လုပ္ပါ။ လူတိုင္း ႀကိဳက္ေအာင္ ႀကိဳးစားေနျခင္းက သိပ္ကို ပင္ပန္းေစပါတယ္။

၂။ အတိတ္က ရွုံးနိမ့္မွုမ်ား

စာေမးပြဲတစ္ခုမွာ က်ရွုံးတယ္ဆိုတာ ေနာင္ေျဖသမၽွ စာေမးပြဲတိုင္းမွာလည္း က်မွာပဲ ဆိုတဲ့ အဓိပၸါယ္ မဟုတ္ပါဘူး။ ဘဝမွာ ေျဖရတဲ့ စာေမးပြဲေတြကလည္း အမ်ိဳးမ်ိဳး ျဖစ္နိုင္တာမို့ အေျပးၿပိဳင္ပြဲမွာ ရွုံးေပမဲ့ မုန႔္စားတဲ့ ၿပိဳင္ပြဲက် နိုင္ခ်င္နိုင္မွာေပါ့။ ဒါေၾကာင့္ အတိတ္က ရွုံးနိမ့္မွုေတြကို ေနာင္ ရလာမဲ့ ေအာင္ပြဲတိုင္းအတြက္ အတားအဆီးတစ္ခု ျဖစ္မေနေစခ်င္ပါဘူး။

၃။ ကိုယ္ ဘာလိုခ်င္တယ္ ဆိုတာ ကြဲကြဲျပားျပား မသိျခင္း

ကမ္းေျခတစ္ခု သြားတယ္။ အသား ေနမေလာင္ခ်င္ဘူးဆို ေရထဲမဆင္းပါနဲ႔။ ေရထဲဆင္းမယ္ဆို ေပ်ာ္ရမယ္။ သို့ေသာ္ အသားေတာ့ ေနနည္းနည္းေလာင္မယ္။ ဆိုေတာ့ ေရြးစရာ ၂ လမ္းပဲ ရွိတယ္။ ျပႆနာက ေရထဲလည္း ဆင္းခ်င္၊ အသားအရည္လည္း မထိခိုက္ခ်င္၊ ေရထဲ ဆင္းရေကာင္းမလား၊ အသားအရည္ ထိသြားရင္ ဘယ္လိုလုပ္မလဲ စသျဖင့္ ေတြေဝေနၾကတာပါပဲ။ ဒီေတာ့ ကမ္းေျခကေန ျပန္သာ လာတယ္။ မေပ်ာ္ခဲ့ရဘူး။ ဒါေၾကာင့္ ဘဝမွာ ေပ်ာ္ရႊင္ခ်င္တယ္၊ ေအာင္ျမင္ခ်င္တယ္ဆို ကိုယ္ ဘာကို လိုခ်င္သလဲ ရွင္းရွင္းလင္းလင္း သိထားဖို့ လိုပါတယ္။

၄။ ကိုယ္ လုပ္ခ်င္တာေတြ လုပ္ခြင့္ရဖို့ အခ်ိန္တုံ႔ဆိုင္းေနျခင္း

ဘဝဆိုတာ တိုေတာင္းပါတယ္။ ဘယ္အခ်ိန္ ရပ္သြားမယ္ မသိနိုင္တဲ့ အခန္းဆက္ ဇာတ္လမ္းတြဲတစ္ခုလို့လည္း ဆိုနိုင္ပါတယ္။ ဒါေၾကာင့္ အမ်ားကို မထိခိုက္ဘူးဆို ကိုယ္ လုပ္ခ်င္တာေတြ၊ ေနာက္ၿပီး လုပ္သင့္တယ္ ထင္တာေတြကို လုပ္ပါ။ အခ်ိန္ဆြဲျခင္းက ကိုယ့္ဘဝကို အလဟႆ ျဖဳန္းတီးေနတာနဲ႔လည္း အတူတူပါပဲ။

၅။ ရွုံးနိမ့္မွာထက္ ဘာမွမလုပ္ဘဲ ေနဖို့ကို ေရြးခ်ယ္ျခင္း

Failing or Never trying ဘာကို ေရြးမလဲဆို Never trying ကိုပဲ ေရြးတတ္ၾကတယ္။ ဒီေတာ့ ကိုယ့္အေတြးအႀကံ၊ ကိုယ့္စိတ္ကူးဟာ ေအာင္ျမင္မလား၊ မေအာင္ျမင္ဘူးလားေတာင္ သိခြင့္ မရလိုက္ဘဲ ဘဝတစ္ခုကို ကုန္ဆုံးသြားရမယ္။ တကယ္ေတာ့ တခုခု လုပ္ၿပီးမွ ရွုံးနိမ့္သြားရင္ ယူစရာ သင္ခန္းစာ ရပါတယ္။ မလုပ္လိုက္ရဘူးဆိုရင္​ေတာ့ ျပန္ရမွာက ေနာင္တပဲ ရွိတယ္။ စြတ္ရြတ္ၿပီး လုပ္ဖို့ မဟုတ္ပါဘူး။ တြန႔္ဆုတ္မွုေတြနဲ႔ ကိုယ့္ရဲ့ စိတ္ကူးေကာင္းေတြကို ကန႔္သတ္မထားေစခ်င္တာ၊ သူမ်ားလုပ္လိုက္မွ ငါလည္း အဲ့လိုလုပ္ခဲ့ရ ေကာင္းသား ဆိုၿပီး ေနာင္တမရေနေစခ်င္တာပါ။

၆။ အမွားေတြကို ေၾကာက္ျခင္း

ေလာကမွာ မမွားဖူးတဲ့သူ မရွိပါဘူး။ မွားမွာေၾကာက္လို့ ဘာမွမလုပ္လိုက္သူရယ္၊ အမွားေတြပဲ ဆက္တိုက္ ဆက္တိုက္ လုပ္မိေနသူရယ္၊ အမွားကေန သင္ခန္းစာယူၿပီး ေရွ႕ဆက္တဲ့သူရယ္၊ ဒီ ၃ မ်ိဳးပဲ ရွိပါတယ္။

၇။ ေျဖရွင္းရမဲ့ ျပႆနာေတြကေန ေရွာင္ေျပးျခင္း

ေရွာင္ေျပးတိုင္းသာ ျပႆနာေတြ ေျပလည္သြားမယ္ဆို အဲဒီနည္းက လူသုံးအမ်ားဆုံး ျပႆနာေျဖရွင္းနည္းတစ္ခု ျဖစ္ေနေတာ့မွာေပါ့။ အိမ္မွာ ပစၥည္းေတြ တအားရွုပ္ပြေနလို့ အျပင္ထြက္သြားမယ္ဆိုလည္း ျပန္လာရင္ ကိုယ္ပဲ ရွင္းရမွာပါ။ ေစာေစာရွင္းတာနဲ႔ ေနာက္က်မွ ရွင္းတာပဲ ကြာတာပါ။ ဒီေတာ့ ရွင္းရမဲ့ဟာကို ျမန္ျမန္သြက္သြက္သာ ရွင္းလိုက္ပါ။

၈။ အေၾကာင္းျပခ်က္ ေပးလြန္းျခင္း

မိဘဆင္းရဲသူက မိဘခ်မ္းသာသူထက္စာရင္ ပိုႀကိဳးစားရတယ္။ ပိုပင္ပန္းတယ္။ ပိုခက္ခဲတယ္။ ဒါေပမဲ့ မိဘဆင္းရဲမွေတာ့ ငါလည္း ဒီေလာက္ပဲ လုပ္နိုင္မွာေပါ့၊ တခုခုဆို ဘယ္သူ႔ေၾကာင့္၊ ဘယ္ဝ့ါေၾကာင့္နဲ႔ အေၾကာင္းျပခ်က္ ေပးလြန္းျခင္းကလည္း ကိုယ့္ကို ေရွ႕မဆက္နိုင္ေစမဲ့ အခ်က္တစ္ခ်က္ပါပဲ။

၉။ ကိုယ့္ဘဝကိုယ္ ေလၽွာ့တြက္လြန္းျခင္း

လူတိုင္းမွာ အရည္အေသြးရွိတယ္။ အားသာခ်က္ေတြ ရွိတယ္။ သူမ်ားနဲ႔ ယွဥ္လိုက္ရင္ ပိုေပ်ာ္စရာ ေကာင္းတာေတြ ရွိတယ္။ အဲဒါေတြကို မၾကည့္ဘဲ ကိုယ့္ရဲ့ အားနည္းခ်က္ေတြ၊ စိတ္ညစ္စရာေတြကိုပဲ ၾကည့္ေနျခင္းကလည္း ကိုယ့္ကို မေပ်ာ္မရႊင္ ျဖစ္ေစပါတယ္။ သူမ်ားေလာက္ ပိုက္ဆံမရွိတဲ့ ကိုယ္ဟာ က်န္းမာေရး ေကာင္းခ်င္ေကာင္းမယ္။ သူမ်ားေလာက္ ပညာမတတ္ေပမဲ့ ေပ်ာ္စရာ ေကာင္းတဲ့ မိသားစုဘဝေလးကို ပိုင္ခ်င္ပိုင္ေနမယ္။ အဲ့လို ကိုယ့္ဘဝရဲ့ Positive ေတြကိုလည္း ျမင္ေအာင္ ၾကည့္ေစခ်င္ပါတယ္။

၁၀။ ပစၥဳပၸန္ကို တန္ဖိုးမထားတတ္ျခင္း

အတိတ္ကေန သင္ခန္းစာပဲ ယူပါ။ အနာဂတ္နဲ႔ ပတ္သက္လို့ ေမၽွာ္လင့္ခ်က္ ထားပါ။ အေရးႀကီးဆုံးကေတာ့ လက္ရွိပစၥဳပၸန္မွာ အေကာင္းဆုံး ေနထိုင္တတ္ဖို့ပါပဲ။ ဒီေန႔ က်န္းမာတယ္၊ အစားေကာင္းေကာင္း စားရတယ္၊ လစာရတဲ့ အလုပ္တစ္ခု ရွိေနတယ္၊ မိသားစုဝင္ေတြ၊ သူငယ္ခ်င္းေတြနဲ႔ ဆက္ဆံေရးေကာင္းတယ္၊ ကိုယ့္ပတ္ဝန္းက်င္ကိုလည္း အကူအညီ ေပးေနနိုင္တယ္၊ ဒါေလာက္ဆိုရင္ကိုပဲ ကိုယ့္ဘဝဟာ အေတာ္ေလး ေပ်ာ္စရာေကာင္းတဲ့အထဲမွာ ပါေနၿပီလို့ မွတ္ယူနိုင္ပါတယ္။ ဒါကို စစ္ျဖစ္ေနတဲ့ ေဒသေတြ၊ စီးပြားေရး၊ လူမွုေရး ျပႆနာေတြေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ သတ္ေသသြားသူေတြ၊ ေဆး႐ုံေဆးခန္း အသီးသီးေပၚက လူနာေတြက သက္ေသခံေနပါတယ္။

Brand You Academy
24.8.2020

(Ref: 10 things you must give up to move forward - Marc & Angel Chernoff)

No comments: