Friday, August 7, 2020

ၾကက္ေၾကာ္ဘာဂါ - ဝက္ဂုတ္သားႏွပ္ကင္ႏွင့္ ထမင္းလုံး - Burmese Laksa

(Zawgyi) 

ၾကက္ေၾကာ္ဘာဂါ
---------------------------


ပါဝင္ပစၥည္းမ်ား
ၾကက္ရင္ပုံသား - ၁ ျခမ္း (၁၆၀ ဂရမ္)
ဘာဂါေပါင္မုန႔္ - ၄ လုံး
သၾကားရည္အတြက္
လိုအပ္တာေတြကေတာ့
သၾကား - ၁ ခြက္
ေရ - ခြက္တစ္ဝက္

Marinate အတြက္
လိုအပ္တာေတြကေတာ့
ပဲငံျပာရည္ - စားပြဲဇြန္း ၁ ဇြန္း
ဆား - လက္ဖက္ရည္ဇြန္း ၁/၂ ဇြန္း
ၾကက္သြန္ျဖဴမွုန႔္ရည္ - စားပြဲဇြန္း ၁ ဇြန္း
(ၾကက္သြန္ျဖဴကို ေထာင္းၿပီး အရည္ညႇစ္ယူပါ)
င႐ုတ္သီးမွုန႔္ - လက္ဖက္ရည္ဇြန္း ၁/၂ ဇြန္း
င႐ုတ္ေကာင္းမွုန႔္   }   လက္ဖက္ရည္ဇြန္း ၁/၄ ဇြန္း
အမည္း
Coating အတြက္ လိုအပ္တာေတြကေတာ့
ဂ်ဳံမွုန႔္ - ၁ ခြက္
ေျပာင္းဖူးမွုန႔္ - ၁/၂ ခြက္
င႐ုတ္သီးမွုန႔္ - စားပြဲဇြန္း ၁ ဇြန္း
င႐ုတ္ေကာင္းမွုန႔္  }   လက္ဖက္ရည္ဇြန္း ၁/၄ ဇြန္း
အမည္း
ဆား  -  လက္ဖက္ရည္ဇြန္း ၁ ဇြန္း

အသားကို ၾကက္ဥထဲႏွစ္ရန္
ကြက်ဥ - ၁ လုံး
ႏြားနို့ - စားပြဲဇြန္း ၄ ဇြန္း

Sauce အတြက္ လိုအပ္တာေတြကေတာ့
မေရာနိစ္ - စားပြဲဇြန္း ၄ ဇြန္း
င႐ုတ္သီးေဆာ့စ္ - စားပြဲဇြန္း ၁ ဇြန္း
ခရမ္းခ်ဥ္သီးေဆာ့စ္ Ketchup - စားပြဲဇြန္း ၁ ဇြန္း

ျပဳလုပ္နည္း
 ၾကက္ရင္ပုံသားကို ႏွစ္ျခမ္း ျခမ္းပါ။ ၿပီးလၽွင္ ပါး သြားေအာင္ ထုေပးပါ။ ဇလုံထဲကို ABC ပဲငံျပာရည္ အၾကည္၊ ဆား၊ ၾကက္သြန္ျဖဴရည္၊ င႐ုတ္သီးမွုန႔္၊ င႐ုတ္ေကာင္းထည့္ၿပီး ေမႊပါ။ ၿပီးလၽွင္ ထုထားတဲ့ ၾကက္သားထည့္ၿပီး နယ္ပါ။ ၂၀ မိနစ္ခန႔္ ႏွပ္ထားပါ။ ေဆာ့စ္ေမႊရန္အတြက္ ဇလုံထဲကို မေရာနိစ္၊ င႐ုတ္သီး ေဆာ့စ္၊ ခရမ္းခ်ဥ္သီးေဆာ့စ္ကို ေရာၿပီး ေမႊပါ။ ဂ်ဳံမွုန႔္၊ ေျပာင္းဖူးမွုန႔္၊ င႐ုတ္သီးမွုန႔္၊ ဆားတို့ကို ဗန္းတစ္ခုထဲ မွာ ထည့္ၿပီး ေမႊထားပါ။ ၾကက္ဥနဲ႔  ႏြားနို့ကို ဇလုံ တစ္လုံးထဲထည့္ၿပီး ေခါက္ထားပါ။ ႏွပ္ထားတဲ့ ၾကက္သားကို ဂ်ံဳတြင္လူးပါ။ ၿပီးလၽွင္ ေခါက္ထားတဲ့ ၾကက္ဥတြင္ႏွစ္ပါ။ ၿပီးလၽွင္ ဂ်ံဳျပန္လူးပါ။ ၾကက္ဥတြင္ ဒုတိသအႀကိမ္ ႏွစ္ပါ။ ေနာက္ဆုံးမွာ ဂ်ံဳတြင္ ျပန္လူးၿပီး ပန္းကန္ျပားထဲ ထည့္ထားပါ။ ကပ္ေနတဲ့ ဂ်ံဳမွုန႔္အနည္းငယ္ကို ခါခ်ပါ။ ၿပီးလၽွင္ ဆီပူတြင္ တစ္ဖက္ကို ၃-၄ မိနစ္ ခန႔္ေၾကာ္ပါ။

Coleslaw အတြက္ လိုအပ္တာေတြကေတာ့
 ေဂၚဖီ - ၁၅၀ ဂရမ္(ေသးေသးလွီးထားပါ)
မုန္လာဥနီ - ၁/၂ ေခ်ာင္း (ျခစ္ျဖင့္ျခစ္ထားပါ)
သံပရာရည္ - ၁ ျခမ္း
မေရာနိစ္ - စားပြဲဇြန္း ၄ ဇြန္း
ဆား - အနည္းငယ္
င႐ုတ္ေကာင္း - အနည္းငယ္

ျပဳလုပ္နည္း
 Coleslaw အတြက္ လိုအပ္တာေတြကို ဇလုံထဲ ထည့္ၿပီး ေမႊထားပါ။ ေၾကာ္ထားတဲ့ ၾကက္သား ၁ ျခမ္း ကို ၂ ပိုင္းျဖတ္ပါ။ ၾကက္သား ၂ ျခမ္းဆိုေတာ့
ၾကက္သားေၾကာ္ ၄ ပိုင္းရပါမယ္။ ဘာဂါေပါင္မုန႔္ကို ထက္ျခမ္း ျခမ္းပါ။ တစ္ျခမ္းမွာ စက္ထားတဲ့ ေဆာ့စ္ သုတ္ေပးပါ။ ၿပီးလၽွင္ ၾကက္သားေၾကာ္ ၁ ပိုင္း တင္ပါ။ ခရမ္းခ်ဥ္သီး ၂ ကြင္းကို ၾကက္သားေပၚမွာ တင္ပါ။ ၿပီးလၽွင္ ဆလတ္ရြက္ကို ခရမ္းခ်ဥ္သီးေပၚမွာ တင္ပါ။ ေနာက္ဆုံးမွာ Coleslaw မ်ားမ်ားတင္ၿပီး ဘာဂါ တစ္ျခမ္းကို တင္လိုက္ပါ။
-------------------------------
Myint Oo Tha


ကိုရီးယားစတိုင္လ္ဝက္ဂုတ္သားႏွပ္ကင္ႏွင့္ ထမင္းလုံး
------------------------------------------------------------------


ပါဝင္ပစၥည္းမ်ား
ဝက္ဂုတ္သား  -  ၃၀ က်ပ္သား
ၾကက္သြန္ၿမိတ္  -  ၁ စည္း
ၾကက္သြန္နီ  -  ၁ လုံး
ခ်င္း  -  လက္ဖက္ရည္ဇြန္း ၁ ဇြန္း (ႏုပ္ႏုပ္စဥ္း)
ၾကက္သြန္ျဖဴ  -  ၃ ႁမႊာ (ႏုပ္ႏုပ္စဥ္း)
ကိုရီးယား င႐ုတ္ႏွစ္  -  စားပြဲဇြန္း ၃ ဇြန္း
ပဲငံျပာရည္အၾကည္  -  ၂ ဇြန္း
သၾကား  -  စားပြဲဇြန္း ၁ ဇြန္း
င႐ုတ္ေကာင္း  -  လက္ဖက္ရည္ဇြန္း ၂ ဇြန္း
ရွလကာရည္  -  စားပြဲဇြန္း ၁ ဇြန္း
ႏွမ္းဆီ  -  စားပြဲဇြန္း ၁ ဇြန္း
ႏွမ္း  -  စားပြဲဇြန္း ၁ ဇြန္း
ဆလတ္ရြက္  -  ၂ စည္း
ၾကက္သြန္ျဖဴ  -  ၃ ႁမႊာ (ပါးပါးလွီး)
င႐ုတ္ပြရွည္  -  ၂ ေတာင့္
ထမင္း  -  ၁ ပန္းကန္
ေရညႇိ  -  ၁ ခ်ပ္

ျပဳလုပ္ပုံ
 အသင့္တင့္ အရြယ္လွီးထားေသာ ဝက္သားကို ၾကက္သြန္နီပါးပါးလွီး၊ ၾကက္သြန္ၿမိတ္ လက္တစ္ဆစ္ ခန႔္ ျဖတ္၍ ခ်င္း၊ ၾကက္သြန္ျဖဴ၊ ကိုရီးယားင႐ုတ္ႏွစ္၊ ပဲငံျပာရည္၊ သၾကား၊ င႐ုတ္ေကာင္း၊ ႏွမ္းဆီ၊ ရွလကာ ရည္တို့ ထည့္၍ ႏွံ့စပ္ေအာင္နယ္ၿပီး မိနစ္ ၃၀ ခန႔္ ႏွပ္ေပးထားပါ။ ၾကက္သြန္ျဖဴ၊ င႐ုတ္ပြတို့ကို အဝိုင္း ေလးလွီးထားၿပီး ဆလတ္ရြက္မ်ားကို ေရေအးေအး ျဖင့္ စင္ၾကယ္ေအာင္ ေဆးထားကာ တြဲဖက္စားသုံးရန္ အသင့္ျပင္ထားပါ။ ထမင္းကို ႏွမ္းဆီ အနည္းငယ္ ဆားအနည္းငယ္ျဖင့္ နယ္ၿပီး ေရညႇိအမၽွင္ေလးမ်ား လွီးထားသည္ျဖင့္ အလုံးေလးမ်ား လုံးကာ အဆင္ သင့္ျပင္ထားပါ။ ႏွပ္ထားေသာ ဝက္သားကို အိုးပူပူတြင္ ဆီအနည္းငယ္ထည့္ကာ က်က္သည္အထိ ကင္ေပးပါ။ ကင္ၿပီးသည့္ဝက္သားအား ႏွမ္းေလးမ်ား လွပေအာင္ ျဖဴးေပးပါ။ အဆင္သင့္ျပင္ထားေသာ ေရညႇိထမင္းလုံး အသီးရြက္မ်ားျဖင့္ ကိုရီးယားဝက္
ဂုတ္သားႏွပ္ကင္ကို အရသာရွိရွိ သုံးေဆာင္နိုင္ပါၿပီ။
---------------------------
ေမၿဖိဳးသီ

Burmese Laksa


ပါဝင္ပစၥည္းမ်ား
ပလာတူးငါး - ၆၀ဝ ဂရမ္
စပါးလင္ - ၃ ေခ်ာင္း
ငံျပာရည္ - စားပြဲဇြန္း ၃ ဇြန္း
ေရ - ၂ လီတာ
အႏွစ္အတြက္ လိုအပ္တာေတြကေတာ့
ၾကက္သြန္နီ - ၂၄၀ ဂရမ္
င႐ုတ္သီးမွုန႔္ - စားပြဲဇြန္း ၃ ဇြန္း
နႏြင္းမွုန႔္ - လက္ဖက္ရည္ဇြန္း ၁/၂ ဇြန္း
စပါးလင္ - ၄ ေခ်ာင္း
ခ်င္း - ၃၀ ဂရမ္
ၾကက္သြန္ျဖဴ - ၄၅ ဂရမ္
ဟင္းရည္အတြက္ လိုအပ္တာေတြကေတာ့
ဆန္စိမ္းမွုန႔္ - စားပြဲဇြန္း ၃ ဇြန္း
ေျမပဲေလွာ္ - စားပြဲဇြန္း ၃ ဇြန္း (ညက္ေနေအာင္ထာင္းပါ)
ၾကက္သြန္နီဥအေသး - ၂၀ လုံး
ၾကက္သြန္နီဥအႀကီး - ၁၂၀ ဂရမ္ (ပါးပါးလွီးပါ)
ငွက္ေပ်ာအူ - အနည္းငယ္
ငံျပာရည္ - စားပြဲဇြန္း ၃ ဇြန္း
Palm sugar     }   လက္ဖက္ရည္ဇြန္း ၁ ဇြန္း
(သို့) အခ်ိဳမွုန႔္
ဆား - လက္ဖက္ရည္ဇြန္း ၂ ဇြန္း
ၾကက္ဥ - ၂ လုံး (ေဖာက္ၿပီးဟင္းရည္အိုးထဲထည့္ရန္)
ငါးဖယ္ (frozen fish cake) - ၅ ျပား
ငါးအသားလုံး (fish balls) - ၁၀ လုံး

မုန႔္ဖတ္နဲ႔တြဲၿပီးစားရန္ လိုအပ္တာေတြကေတာ့
မုန႔္ဟင္းခါးဖတ္
ၾကက္ဥျပဳတ္
ပဲေတာင့္ရွည္
ပူဒီနာ
ၾကက္သြန္နီ
ၾကက္သြန္ျဖဴဆီခ်က္
သံပရာသီး
င႐ုတ္သီးအက်က္မွုန႔္

ျပဳလုပ္နည္း
 ငါးျပဳတ္ရန္ ေရကိုဆူေအာင္တည္ပါ။ ေရဆူရင္ သန႔္ရွင္းထားတဲ့ ပလာတူးငါး၊ စပါးလင္၊ ငံျပာရည္ ထည့္ၿပီး ျပဳတ္ပါ။ ၁၅-၂၀ မိနစ္ဆိုရင္ ငါးက်က္ပါၿပီ။ ငါးကို ဆယ္ၿပီး အေအးခံထားပါ။ ငါးကိုင္လို့ရရင္ ငါး အသားထြင္ပါ။  အရိုးကို သီးသန႔္ထားပါ။ ငါးအရိုးမ်ား ကို လၽွပ္စစ္ Blender မွာထည့္ၿပီး ႀကိတ္ပါ။ ေရနည္း နည္း ထည့္ၿပီး ႀကိတ္ပါ။ ၿပီးလၽွင္ ငါးအရိုးအရည္ကို ဆန္ခါနဲ႔စစ္ယူပါ။ ဆန္ခါထဲကို ငါးျပဳတ္ရည္ ျဖည္း ျဖည္းခ်င္း ေလာင္းထည့္ၿပီး အရိုးမ်ားေဖြးသြားသည္ အထိ ငါးအရိုးအရည္ကို ရေအာင္ယူပါ။ စစ္ထားတဲ့ ငါးအရိုးရည္ကို မီးဖိုေပၚတင္ၿပီး ဆူေအာင္တည္ထား ပါ။ ဆူရင္ မီးပိတ္ထားပါ။

 ငွက္ေပ်ာအူကို ပါးပါးလွီးၿပီး နႏြင္းထည့္ထားတဲ့ ေရမွာ စိမ္ထားပါ။ မုန႔္ဟင္းခါးခ်က္မယ့္ အိုးထဲကို ဆီ ထည့္ပါ။ ဆီပူရင္ ေထာင္းထားတဲ့အႏွစ္ထည့္ၿပီး ဆီသတ္ပါ။ ဆီသတ္ထားတဲ့အႏွစ္ထဲကို အရိုးထြင္ ထားတဲ့ ငါးအသားတစ္ဝက္ ထည့္ၿပီး ဆီသတ္ပါ။ၾကက္သြန္အစိမ္းနံ့ေပ်ာက္ၿပီး ေမႊးလာရင္ ဆူေအာင္ တည္ထားတဲ့ ငါးအရိုးရည္ထဲ ဆီသတ္ထားတဲ့အႏွစ္နဲ႔ ေရထည့္ၿပီး ဆူေအာင္တည္ပါ။ ဟင္းရည္ဆူရင္ ေထာင္းထားတဲ့ ေျမပဲေလွာ္ မွုန႔္ကို ေရေဖ်ာ္ၿပီး ထည့္ ပါ။ ဆန္မွုန႔္အစိမ္းကို ေရေဖ်ာ္ၿပီး ထည့္ပါ။ ငံျပာရည္၊ ဆား၊ palm sugar ထည့္ပါ။ ဆူေအာင္ ဆက္တည္ပါ။

 ၿပီးလၽွင္ ပါးပါးလွီးထားတဲ့ ၾကက္သြန္နီ၊ ၾကက္သြန္ဥ အေသး၊ ငွက္ေပ်ာအူ ထည့္ၿပီး ဆက္ တည္ထားပါ။ ၿပီးလၽွင္ ပါးပါးလွီးထားတဲ့ fish cake၊ ငါးအသားလုံး fish balls ထည့္ပါ။ ၾကက္သြန္နီဥ အေသးႏူးၿပီဆိုရင္ ၾကက္ဥကို ေဖာက္ၿပီး ဟင္းရည္ ပြက္ပြက္ဆူထဲကို ျဖည္းျဖည္းခ်င္း ထည့္ေမႊေပးပါ။ အေပါ့အငန္ျမည္းပါ။ ႀကိဳက္ႏွစ္သက္ပါက အခ်ိဳမွုန႔္ ထည့္ပါ။

 စားသုံးမည္ဆိုပါက တစ္ပြဲစာ မုန႔္ဟင္းခါးဖတ္ ထည့္ပါ။ ဟင္းရည္ထည့္ပါ။ ၿပီးလၽွင္ ပူဒီနာ၊ ပဲေတာင့္ရွည္၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴဆီခ်က္၊ ၾကက္ဥျပဳတ္၊ င႐ုတ္သီးအက်က္မွုန႔္ ထည့္ၿပီး သံပရာရည္ ညႇစ္ပါ။
-----------------------
Myint Oo Tha

(Unicode)

ကြက်ကြော်ဘာဂါ
---------------------------


ပါဝင်ပစ္စည်းများ
ကြက်ရင်ပုံသား - ၁ ခြမ်း (၁၆၀ ဂရမ်)
ဘာဂါပေါင်မုန့် - ၄ လုံး
သကြားရည်အတွက်
လိုအပ်တာတွေကတော့
သကြား - ၁ ခွက်
ရေ - ခွက်တစ်ဝက်

Marinate အတွက်
လိုအပ်တာတွေကတော့
ပဲငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ကြက်သွန်ဖြူမှုန့်ရည် - စားပွဲဇွန်း ၁ ဇွန်း
(ကြက်သွန်ဖြူကို ထောင်းပြီး အရည်ညှစ်ယူပါ)
ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ငရုတ်ကောင်းမှုန့်   }   လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
အမည်း
Coating အတွက် လိုအပ်တာတွေကတော့
ဂျုံမှုန့် - ၁ ခွက်
ပြောင်းဖူးမှုန့် - ၁/၂ ခွက်
ငရုတ်သီးမှုန့် - စားပွဲဇွန်း ၁ ဇွန်း
ငရုတ်ကောင်းမှုန့်  }   လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
အမည်း
ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အသားကို ကြက်ဥထဲနှစ်ရန်
ကွကျဥ - ၁ လုံး
နွားနို့ - စားပွဲဇွန်း ၄ ဇွန်း

Sauce အတွက် လိုအပ်တာတွေကတော့
မရောနိစ် - စားပွဲဇွန်း ၄ ဇွန်း
ငရုတ်သီးဆော့စ် - စားပွဲဇွန်း ၁ ဇွန်း
ခရမ်းချဉ်သီးဆော့စ် Ketchup - စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
 ကြက်ရင်ပုံသားကို နှစ်ခြမ်း ခြမ်းပါ။ ပြီးလျှင် ပါး သွားအောင် ထုပေးပါ။ ဇလုံထဲကို ABC ပဲငံပြာရည် အကြည်၊ ဆား၊ ကြက်သွန်ဖြူရည်၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းထည့်ပြီး မွှေပါ။ ပြီးလျှင် ထုထားတဲ့ ကြက်သားထည့်ပြီး နယ်ပါ။ ၂၀ မိနစ်ခန့် နှပ်ထားပါ။ ဆော့စ်မွှေရန်အတွက် ဇလုံထဲကို မရောနိစ်၊ ငရုတ်သီး ဆော့စ်၊ ခရမ်းချဉ်သီးဆော့စ်ကို ရောပြီး မွှေပါ။ ဂျုံမှုန့်၊ ပြောင်းဖူးမှုန့်၊ ငရုတ်သီးမှုန့်၊ ဆားတို့ကို ဗန်းတစ်ခုထဲ မှာ ထည့်ပြီး မွှေထားပါ။ ကြက်ဥနဲ့  နွားနို့ကို ဇလုံ တစ်လုံးထဲထည့်ပြီး ခေါက်ထားပါ။ နှပ်ထားတဲ့ ကြက်သားကို ဂျုံတွင်လူးပါ။ ပြီးလျှင် ခေါက်ထားတဲ့ ကြက်ဥတွင်နှစ်ပါ။ ပြီးလျှင် ဂျုံပြန်လူးပါ။ ကြက်ဥတွင် ဒုတိသအကြိမ် နှစ်ပါ။ နောက်ဆုံးမှာ ဂျုံတွင် ပြန်လူးပြီး ပန်းကန်ပြားထဲ ထည့်ထားပါ။ ကပ်နေတဲ့ ဂျုံမှုန့်အနည်းငယ်ကို ခါချပါ။ ပြီးလျှင် ဆီပူတွင် တစ်ဖက်ကို ၃-၄ မိနစ် ခန့်ကြော်ပါ။

Coleslaw အတွက် လိုအပ်တာတွေကတော့
 ဂေါ်ဖီ - ၁၅၀ ဂရမ်(သေးသေးလှီးထားပါ)
မုန်လာဥနီ - ၁/၂ ချောင်း (ခြစ်ဖြင့်ခြစ်ထားပါ)
သံပရာရည် - ၁ ခြမ်း
မရောနိစ် - စားပွဲဇွန်း ၄ ဇွန်း
ဆား - အနည်းငယ်
ငရုတ်ကောင်း - အနည်းငယ်

ပြုလုပ်နည်း
 Coleslaw အတွက် လိုအပ်တာတွေကို ဇလုံထဲ ထည့်ပြီး မွှေထားပါ။ ကြော်ထားတဲ့ ကြက်သား ၁ ခြမ်း ကို ၂ ပိုင်းဖြတ်ပါ။ ကြက်သား ၂ ခြမ်းဆိုတော့
ကြက်သားကြော် ၄ ပိုင်းရပါမယ်။ ဘာဂါပေါင်မုန့်ကို ထက်ခြမ်း ခြမ်းပါ။ တစ်ခြမ်းမှာ စက်ထားတဲ့ ဆော့စ် သုတ်ပေးပါ။ ပြီးလျှင် ကြက်သားကြော် ၁ ပိုင်း တင်ပါ။ ခရမ်းချဉ်သီး ၂ ကွင်းကို ကြက်သားပေါ်မှာ တင်ပါ။ ပြီးလျှင် ဆလတ်ရွက်ကို ခရမ်းချဉ်သီးပေါ်မှာ တင်ပါ။ နောက်ဆုံးမှာ Coleslaw များများတင်ပြီး ဘာဂါ တစ်ခြမ်းကို တင်လိုက်ပါ။
-------------------------------
Myint Oo Tha


ကိုရီးယားစတိုင်လ်ဝက်ဂုတ်သားနှပ်ကင်နှင့် ထမင်းလုံး
------------------------------------------------------------------


ပါဝင်ပစ္စည်းများ
ဝက်ဂုတ်သား  -  ၃၀ ကျပ်သား
ကြက်သွန်မြိတ်  -  ၁ စည်း
ကြက်သွန်နီ  -  ၁ လုံး
ချင်း  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း (နုပ်နုပ်စဉ်း)
ကြက်သွန်ဖြူ  -  ၃ မြွှာ (နုပ်နုပ်စဉ်း)
ကိုရီးယား ငရုတ်နှစ်  -  စားပွဲဇွန်း ၃ ဇွန်း
ပဲငံပြာရည်အကြည်  -  ၂ ဇွန်း
သကြား  -  စားပွဲဇွန်း ၁ ဇွန်း
ငရုတ်ကောင်း  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ရှလကာရည်  -  စားပွဲဇွန်း ၁ ဇွန်း
နှမ်းဆီ  -  စားပွဲဇွန်း ၁ ဇွန်း
နှမ်း  -  စားပွဲဇွန်း ၁ ဇွန်း
ဆလတ်ရွက်  -  ၂ စည်း
ကြက်သွန်ဖြူ  -  ၃ မြွှာ (ပါးပါးလှီး)
ငရုတ်ပွရှည်  -  ၂ တောင့်
ထမင်း  -  ၁ ပန်းကန်
ရေညှိ  -  ၁ ချပ်

ပြုလုပ်ပုံ
 အသင့်တင့် အရွယ်လှီးထားသော ဝက်သားကို ကြက်သွန်နီပါးပါးလှီး၊ ကြက်သွန်မြိတ် လက်တစ်ဆစ် ခန့် ဖြတ်၍ ချင်း၊ ကြက်သွန်ဖြူ၊ ကိုရီးယားငရုတ်နှစ်၊ ပဲငံပြာရည်၊ သကြား၊ ငရုတ်ကောင်း၊ နှမ်းဆီ၊ ရှလကာ ရည်တို့ ထည့်၍ နှံ့စပ်အောင်နယ်ပြီး မိနစ် ၃၀ ခန့် နှပ်ပေးထားပါ။ ကြက်သွန်ဖြူ၊ ငရုတ်ပွတို့ကို အဝိုင်း လေးလှီးထားပြီး ဆလတ်ရွက်များကို ရေအေးအေး ဖြင့် စင်ကြယ်အောင် ဆေးထားကာ တွဲဖက်စားသုံးရန် အသင့်ပြင်ထားပါ။ ထမင်းကို နှမ်းဆီ အနည်းငယ် ဆားအနည်းငယ်ဖြင့် နယ်ပြီး ရေညှိအမျှင်လေးများ လှီးထားသည်ဖြင့် အလုံးလေးများ လုံးကာ အဆင် သင့်ပြင်ထားပါ။ နှပ်ထားသော ဝက်သားကို အိုးပူပူတွင် ဆီအနည်းငယ်ထည့်ကာ ကျက်သည်အထိ ကင်ပေးပါ။ ကင်ပြီးသည့်ဝက်သားအား နှမ်းလေးများ လှပအောင် ဖြူးပေးပါ။ အဆင်သင့်ပြင်ထားသော ရေညှိထမင်းလုံး အသီးရွက်များဖြင့် ကိုရီးယားဝက်
ဂုတ်သားနှပ်ကင်ကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။
---------------------------
မေဖြိုးသီ

Burmese Laksa


ပါဝင်ပစ္စည်းများ
ပလာတူးငါး - ၆ဝဝ ဂရမ်
စပါးလင် - ၃ ချောင်း
ငံပြာရည် - စားပွဲဇွန်း ၃ ဇွန်း
ရေ - ၂ လီတာ
အနှစ်အတွက် လိုအပ်တာတွေကတော့
ကြက်သွန်နီ - ၂၄၀ ဂရမ်
ငရုတ်သီးမှုန့် - စားပွဲဇွန်း ၃ ဇွန်း
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
စပါးလင် - ၄ ချောင်း
ချင်း - ၃၀ ဂရမ်
ကြက်သွန်ဖြူ - ၄၅ ဂရမ်
ဟင်းရည်အတွက် လိုအပ်တာတွေကတော့
ဆန်စိမ်းမှုန့် - စားပွဲဇွန်း ၃ ဇွန်း
မြေပဲလှော် - စားပွဲဇွန်း ၃ ဇွန်း (ညက်နေအောင်ထာင်းပါ)
ကြက်သွန်နီဥအသေး - ၂၀ လုံး
ကြက်သွန်နီဥအကြီး - ၁၂၀ ဂရမ် (ပါးပါးလှီးပါ)
ငှက်ပျောအူ - အနည်းငယ်
ငံပြာရည် - စားပွဲဇွန်း ၃ ဇွန်း
Palm sugar     }   လက်ဖက်ရည်ဇွန်း ၁ ဇွန်း
(သို့) အချိုမှုန့်
ဆား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကြက်ဥ - ၂ လုံး (ဖောက်ပြီးဟင်းရည်အိုးထဲထည့်ရန်)
ငါးဖယ် (frozen fish cake) - ၅ ပြား
ငါးအသားလုံး (fish balls) - ၁၀ လုံး

မုန့်ဖတ်နဲ့တွဲပြီးစားရန် လိုအပ်တာတွေကတော့
မုန့်ဟင်းခါးဖတ်
ကြက်ဥပြုတ်
ပဲတောင့်ရှည်
ပူဒီနာ
ကြက်သွန်နီ
ကြက်သွန်ဖြူဆီချက်
သံပရာသီး
ငရုတ်သီးအကျက်မှုန့်

ပြုလုပ်နည်း
 ငါးပြုတ်ရန် ရေကိုဆူအောင်တည်ပါ။ ရေဆူရင် သန့်ရှင်းထားတဲ့ ပလာတူးငါး၊ စပါးလင်၊ ငံပြာရည် ထည့်ပြီး ပြုတ်ပါ။ ၁၅-၂၀ မိနစ်ဆိုရင် ငါးကျက်ပါပြီ။ ငါးကို ဆယ်ပြီး အအေးခံထားပါ။ ငါးကိုင်လို့ရရင် ငါး အသားထွင်ပါ။  အရိုးကို သီးသန့်ထားပါ။ ငါးအရိုးများ ကို လျှပ်စစ် Blender မှာထည့်ပြီး ကြိတ်ပါ။ ရေနည်း နည်း ထည့်ပြီး ကြိတ်ပါ။ ပြီးလျှင် ငါးအရိုးအရည်ကို ဆန်ခါနဲ့စစ်ယူပါ။ ဆန်ခါထဲကို ငါးပြုတ်ရည် ဖြည်း ဖြည်းချင်း လောင်းထည့်ပြီး အရိုးများဖွေးသွားသည် အထိ ငါးအရိုးအရည်ကို ရအောင်ယူပါ။ စစ်ထားတဲ့ ငါးအရိုးရည်ကို မီးဖိုပေါ်တင်ပြီး ဆူအောင်တည်ထား ပါ။ ဆူရင် မီးပိတ်ထားပါ။

 ငှက်ပျောအူကို ပါးပါးလှီးပြီး နနွင်းထည့်ထားတဲ့ ရေမှာ စိမ်ထားပါ။ မုန့်ဟင်းခါးချက်မယ့် အိုးထဲကို ဆီ ထည့်ပါ။ ဆီပူရင် ထောင်းထားတဲ့အနှစ်ထည့်ပြီး ဆီသတ်ပါ။ ဆီသတ်ထားတဲ့အနှစ်ထဲကို အရိုးထွင် ထားတဲ့ ငါးအသားတစ်ဝက် ထည့်ပြီး ဆီသတ်ပါ။ကြက်သွန်အစိမ်းနံ့ပျောက်ပြီး မွှေးလာရင် ဆူအောင် တည်ထားတဲ့ ငါးအရိုးရည်ထဲ ဆီသတ်ထားတဲ့အနှစ်နဲ့ ရေထည့်ပြီး ဆူအောင်တည်ပါ။ ဟင်းရည်ဆူရင် ထောင်းထားတဲ့ မြေပဲလှော် မှုန့်ကို ရေဖျော်ပြီး ထည့် ပါ။ ဆန်မှုန့်အစိမ်းကို ရေဖျော်ပြီး ထည့်ပါ။ ငံပြာရည်၊ ဆား၊ palm sugar ထည့်ပါ။ ဆူအောင် ဆက်တည်ပါ။

 ပြီးလျှင် ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဥ အသေး၊ ငှက်ပျောအူ ထည့်ပြီး ဆက် တည်ထားပါ။ ပြီးလျှင် ပါးပါးလှီးထားတဲ့ fish cake၊ ငါးအသားလုံး fish balls ထည့်ပါ။ ကြက်သွန်နီဥ အသေးနူးပြီဆိုရင် ကြက်ဥကို ဖောက်ပြီး ဟင်းရည် ပွက်ပွက်ဆူထဲကို ဖြည်းဖြည်းချင်း ထည့်မွှေပေးပါ။ အပေါ့အငန်မြည်းပါ။ ကြိုက်နှစ်သက်ပါက အချိုမှုန့် ထည့်ပါ။

 စားသုံးမည်ဆိုပါက တစ်ပွဲစာ မုန့်ဟင်းခါးဖတ် ထည့်ပါ။ ဟင်းရည်ထည့်ပါ။ ပြီးလျှင် ပူဒီနာ၊ ပဲတောင့်ရှည်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူဆီချက်၊ ကြက်ဥပြုတ်၊ ငရုတ်သီးအကျက်မှုန့် ထည့်ပြီး သံပရာရည် ညှစ်ပါ။
-----------------------
Myint Oo Tha

No comments: