Sunday, January 13, 2013

ကျန်းမာရေးအမေးအဖြေ (18+)


ဆက်ဆံတဲ့အခါ ပါးစပ်သုံးတာနဲ့ HIV
ပါးစပ်နဲ့ လိင်ဆက်ဆံရင် HIV ကူးစက်နိုင်ပါသလားခင်ဗျာ။ ပါးစပ်နဲ့လုပ်ပေးတဲ့သူမှာ HIV ပိုးရှိရင် ပါးစပ်နဲ့ လုပ်ပေးတာကို ခံတဲ့သူမှာ ကူးစက်နိုင်ပါသလား ခင်ဗျာ။

Oral Sex is not risk free ဆက်ဆံရာမှာ ပါးစပ်ကို အသုံးပြုခြင်းဟာ အန္တရာယ် မကင်းပါ။ (၁) တယောက်မှာ HIV ပိုးရှိနေရင်၊ (၂) နှစ်ယောက်လုံးက ဆေးစစ်မထားလို့ ပိုးရှိ-မရှိ မသိကြရင်၊ (၃) တယောက် ယောက်ဟာ အတူနေဖေါ်များသူဆိုရင် နဲ့ (၄) တယောက်ယောက်ဟာ မူးယစ်ဆေး ထိုးနေသူဆိုရင် လိင်ဆက်ဆံရာမှာ ပါးစပ်သုံးရင် HIV ကူးစက်နိုင်ချေ ရှိပါမယ်။
ဒါပေမဲ့ ဗဂျိုင်းနာ၊ စအိုလမ်းတွေကို အသုံးပြုတာထက် HIV နဲ့ STD လိင်ကတဆင့် ကူးစက်ရောဂါတွေ ကူးစက်နိုင်ချေ အလွန်နည်းပါတယ်။ Condoms (ကွန်ဒွမ်) သုံးပြီး ဘယ်လမ်းကို အသုံးချချ ကူးစက်နိုင်ချေ မရှိသလောက်ပါ။

သုတေသနတွေ လုပ်ပါတယ်။ ဥပမာ Kaiser Family Foundation ကနေ အသက် ၁၅-၁၇နှစ် လူငယ်လေးတွေကို မေးကြည့်တယ်။ ၂၆% က အဲဒီ ပါးစပ်နည်းသုံးတာ လုံးဝ မကူးလာဘူးပြောတယ်။ ၁၅% က မပြောနိုင်ဘူးလို့ ဆိုတယ်။ သတိထားဘို့က လိင်ဆက်ဆံကြတာမှာ ပါးစပ်နည်း တမျိုးတည်းနဲ့ အဆုံးသတ်တယ် ဆိုတာက ရှားပါးတယ်။ နောက်နည်းတွေကိုပါ ဆက်တွဲပြီး ဆက်ဆံတယ်ဆိုရင် ဒီကူးစက်မှုဟာ ပါးစပ်ကြောင့် ဟုတ်မယ်၊ မဟုတ်ဘူး ခွဲခြားလို့ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ပါးစပ်တခုတည်းသာဖြစ်လောက်ကြမဲ့ ကလေးတွေကို လေ့လာရတာဖြစ်မယ်။

ပိုးရှိနေသူရဲ့ လိင်တံကို ပါးစပ်မှာ ထည့်သုံးရင်လဲ ကူးစေနိုင်တယ်။ အလားတူဘဲ အမျိုးသမီးရဲ့အရည်လဲ ပါးစပ်ထဲ ဝင်ရင် ဖြစ်ခြင်တယ်။ အခွင်အလမ်းတော့ မများပါ။ ပါးစပ်မှာ အနာအဆာရှိတာ၊ သွားဖုံးသွေးယိုတာ မျိုးမှာ ကူးမယ်။ Deep or open-mouthed kissing နှုတ်ခမ်းခြင်း စုပ်တာနဲ့လဲ အခွင့်အလမ်း နည်းနည်းလေး ရှိသေးတယ်။ သွားရည်မှာ ပိုးအရေအတွက် နဲနဲတော့ပါတယ်။ သွားရည်ကြောင့် မဟုတ်ဘဲ သွေးထွက် စရာရှိရင်သာ ဖြစ်ပါမယ်။ လိင်မဆက်ဆံမီ ထွက်တဲ့ ကျားအရည် Precum ထဲမှာ ပိုးပါနေပေမဲ့ ကူးလောက်အောင် များ-မများဆိုတာ မသေခြာပါ။

နောက်ထပ် သိစရာတခုက တကယ်လို့ တယောက်ယောက်မှာ ပါးစပ်၊ နှုတ်ခမ်းအနာအဆာရှိနေရင်၊ သွေးထွက်တာ ရှိနေရင် တခြား STD ရှိနေရင် HIV ကူးစက်ဘို့ အခွင့်အလမ်းပိုများတယ်။

ပါးစပ်သုံးတာကနေ အကူးစက်နိုင်ဆုံး STD ဟာ Herpes ရေယုံပါ။ ၂ မျိုးရှိတယ်။ HSV type 1 နဲ့ HSV type 2 ဖြစ်တယ်။ Type 1 က ပါးစပ်တဝှိုက်မှာ Cold sores မနာတဲ့အနာ ပေါက်စေပြီး၊ Type 2 ကနေ Genital herpes လိင်လမ်း ရေယုံ ဖြစ်စေတယ်။ Human Papilloma Virus (HPV) ဆိုတာလဲ ပါးစပ်လမ်းကနေ ကူးပြီး Genital warts လိင်လမ်းကြွက်နို့ ပေါက်နိုင်တယ်။ ပါးစပ်လမ်းသုံးရင် (ဂနိုရီးယား) ပိုးက လည်ချောင်းမှာ ကူးလာစေနိုင်ပြီး၊ လည်ချောင်းကနေ (ပါတနာ) ရဲ့ တခြားလိင်လမ်းတွေ ကူးမယ်။ လည်ချောင်းမှာ ဖြစ်တာကို ဆေးမကုဘဲ ၃ လနဲ့ ပျောက်စေနိုင်ပေမဲ့ ဒီပိုးဘဲ လိင်လမ်း ရောက်ရင် Antibiotics ဆေး မပေးဘဲ မပျောက်တော့ဘူး။ Chlamydia ပိုးလဲ ပါးစပ်သုံးလို့ လည်ချောင်းကို ကူးနိုင်တယ်။ နည်းတော့ နည်းပါတယ်။ Syphilis (ဆစ်ဖလစ်) ကလဲ ပါးစပ်သုံးတာမှာ အနာအဆာရှိရင် ကူးနိုင်တယ်။ အစာလမ်း ကူးစက်ရောဂါတွေဖြစ်တဲ့ အသဲရောင် (အေ) နဲ့ ဝမ်းကိုက်ပိုးတွေလဲ ဒီစာရင်းထဲထည့်ရတယ်။

ဒေါက်တာတင့်ဆွေ (၁ဝ-၁-၂ဝ၁၃ )

Aphaw Gel သုံးရင် Condom သုံးစရာ မလိုဘူးဆိုတာ ဟုတ်ပါသလား

အဖော်ဂျယ် ဆိုတာက ရေကို အခြေခံပြီး လုပ်ထားတဲ့ ချောဆီတစ်မျိုးပါ။ ဘာအတွက် သုံးတာလဲဆိုရင် လိင်ဆက်ဆံရာမှာ ချောမွေ့အောင်ပါ။ အထူးသဖြင့် လိင်ဆက်ဆံခြင်းကနေ လိင်တံနဲ့ အမျိုးသမီး အင်္ဂါတွေမှာ ပွန်းပဲ့ခြင်း မဖြစ်အောင် ကာကွယ်ပေးတဲ့ ပစ္စည်းပါ။ ဒီဂျယ်ကို သာမန် လင်မယားတွေမှာလည်း သုံးပါတယ်။ ချောချောမွေ့မွေ့ ရှိတော့ ပိုပြီး လိင်မှုဆိုင်ရာ အထိတွေ့ကို ကောင်းစေတယ်လို့ ဆိုပါတယ်။

ကွန်ဒုံးသုံတဲ့ ရည်ရွယ်ချက်က မလိုလားတဲ့ ရောဂါတွေနဲ့ ကိုယ်ဝန်မရအောင်တားခြင်းပါ။ ကွန်ဒုံးသုံးဖူးတယ်ဆိုရင် ကွန်ဒုံးအိတ်လေးကို ဖွင့်လိုက်တာနဲ့ ဆီတွေနဲ့အတူ ကွန်ဒုံးလေးကို တွေ့ရမှာပါ။ ဒီကွန်ဒုံး အိတ်ထဲက ဆီတွေက အဖော်ဂျယ်နဲ့ သဘောသဘာဝချင်း အတူတူပါဘဲ။ လိင်ဆက်ဆံရာမှာ ချောချောမွေ့မွေ့ဖြစ်စေဖို့ ထည့်ပေးထားတာပါ။ ကွန်ဒုံးသုံးရင် တစ်ချို့က တင်းတင်းကြပ်ကြပ် အရသာခံစားရတယ်၊ လိင်ကိစ္စ အရသာလျော့သလို ခံစားကြရတော့ ဒီလို ဆီလေး ထည့်ပေးထားတာ ပိုပြီး လိင်ကိစ္စအတွက် အဆင်ပြေရုံမက ကွန်ဒုံးပေါက်ပြဲခြင်းကိုပါ ကာကွယ်ပေးပါတယ်။

ဒါကြောင့် တစ်ချို့က ကွန်ဒုံးမှာပါတဲ့ ဂျယ်နဲ့ မလုံလောက်တဲ့ အခါ အပြင်ကနေ ဂျယ်ကို ထပ်ပြီး ၀ယ်ကြရပါတယ်။ တချို့လူတွေက လိင်တံကြီးတော့ ကွန်ဒုံးစွပ်ပြီးရင် တင်းကြပ်တဲ့ အရသာဖြစ်တတ်ပါတယ်။ အတူနေတဲ့ သူကလည်း အဆင်မပြေပါဘူး။ ဒီအခါ ဂျယ်ကို သုံးကြပါတယ်။ လိင်တူချင်းဆက်ဆံတဲ့ အမျိုးသားတွေမှာလည်း ဂျယ်ကို သုံးကြရပါတယ်။ စအိုနံရံတွေ ပွန်းပဲ့တာ၊ သွေးထွက်တာကို ကာကွယ်ဖို့ပါ။ ကွန်ဒုံး ကိုတော့ ရောဂါကာကွယ်ဖို့ သုံးကြပါတယ်။

ဈေးကွက်ထဲမှာ ချောဆီ (ဂျယ်) အမျိုးမျိုး ရှိပါတယ်။ အဖော်ဂျယ်ကတော့ မြန်မာပြည်ဈေးကွက်မှာ နာမည်ရှိလို့ အခေါ်ဝေါ်များတာပါ။ ဂျယ်တွေက ရေကို အခြခံပြီး ထုတ်ထားရပါမယ်။ တခြား ဂျယ်တွေ ဥပမာ - ခေါင်းလိမ်းဆီ၊ အုန်းဆီ၊ ကိုယ်လိမ်း အလှဆီတွေကို ကွန်ဒုံးနဲ့ တွဲသုံးလို့ မရပါဘူး။ ကွန်ဒုံးပေါက်ပြဲမှု ဖြစ်စေပါတယ်။

ဒီတော့ မေးခွန်းကို ပြန်မဖြေခင် မေးပါရစေ.... ကွန်ဒုံး သုံးရတဲ့ ရည်ရွယ်ချက်က ဘာလဲ.. ဂျယ်သုံးရတဲ့ ရည်ရွယ်ချက်က ဘာလဲ.. မိတ်ဆွေက ဘယ်လိုခံစားမှုအတွက် လိင်ကိစ္စ လုပ်မှာလဲ၊ ဥပမာ ကိုယ့်အမျိုးသမီးနဲ့ အတူနေပြီး ကလေးလည်း လိုချင်တယ်ဆိုရင် ကွန်ဒုံး သုံးစရာမလိုပဲ ဂျယ်လေးသုံးပြီ သာသာယာယာ စခန်းသွားလို့ ရပါတယ်။ ဒီလိုမဟုတ်ပဲ အပြင်က ကြေးစား မိန်းကလေးနဲ့ သွားမယ်ဆိုရင်တော့ ကွန်ဒုံးကို ရောဂါကာကွယ်ဖို့ သုံးရမှာဖြစ်ပြီး လိင်ကိစ္စ သာယာစေဖို့ ဂျယ်ကို သုံးလို့ ရပါတယ်။
မေးခွန်းကို တိုက်ရိုက်ဖြေရရင် အဖော်ဂျယ်က ရောဂါကာကွယ်ဖို့ အတွက်မဟုတ်ပါ။ ကာမအရသာ အတွက်ပါ။ ကွန်ဒုံးက ရောဂါတွေနဲ့ ကိုယ်ဝန်ရတာကို ကာကွယ်ဖို့ပါ။ တွဲသုံးလို့ရပါတယ်။

လမင်းကို


4 comments:

Unknown said...

like

Anonymous said...

thanks

Unknown said...

ဆရာခင်ဗျားကျွန်တော်အသက်က22ပါကျွန်တော့်ကောင်မလေးနဲ့ကျွန်တော် Living Together နေပါတယ် သူရာသီမလာခင်တရက်လောက်ကပါအဲ့လိုနေပြီးတော့နောက်နေ့ကျတော့သူရာသီလာပါတယ် အဲ့ဒါကိုယ်ဝန်များရနိင်မလားတကယ်လို့ရခဲ့ရင်ဘယ်လိုလုပ်ရမလဲ ကျွန်တော်တို့၂ယောက်ကကလေးမလိုချင်သေးလို့ပါ

Alex Aung said...

မျိုးဆက်ပွားကျန်းမာရေးနဲ့ပါတ်သက်ပြီး နာမည်တွေ ကိုယ်ရေးအချက်အလက်တွေပြောစရာမလို ယုံယုံကြည်ကြည်ပြောပြ တိုင်ပင်လို့ရတဲ့ မြန်မာနိုင်ငံဆရာဝန်များအသင်းက တာဝန်ကျ ဆရာ ဆရာမတစ်ယောက်ယောက်ကဖြေပေးမယ့် ဖုန်းနံပါတ်တွေပေးချင်ပါတယ်။ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အမျိုးသားတွေအတွက် - ၀၉ ၇၃၂၁၂၂၂၆
အမျိုးသမီးတွေအတွက် - ၀၉ ၇၃၂၁၂၂၂၇