Sunday, January 20, 2013

AIDS ဝေဒနာရှင်များ အတွက် အလားအလာရှိသည့် ကာကွယ် ကုသဆေး တွေ့ရှိ


ကိုယ်ဝန်ဆောင်စဉ် အတွင်း ARV ဆေးသောက်သုံး ထားပါက မိခင်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားရန် အခွင့်အလမ်း နည်းပါး
သထုံခရိုင် အတွင်းရှိ အိပ်ခ်ျအိုင်ဗွီ ပိုးရှိ ကိုယ်ဝန်ဆောင် မိခင်များမှာ ငှက်ဖျား ရောဂါ ယှဉ်တွဲ ဖြစ်ပွားနှုန်း လေ့လာ ထားတဲ့ သုတေသန တွေ့ရှိချက် အရ ကိုယ်ဝန်ဆောင် မိခင်တွေဟာ ကိုယ်ဝန် ဆောင်နေစဉ် အတွင်း ARV ဆေးသောက်သုံး ထားပါက မိခင်မှာ ငှက်ဖျားရောဂါ ဖြစ်ပွားဖို့ အခွင့်အလမ်း နည်းပါး တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်စဉ် ကာလ အတွင်း ငှက်ဖျား ရောဂါနဲ့ အိပ်ခ်ျအိုင်ဗွီ ရောဂါ ယှဉ်တွဲ ဖြစ်ပွားခြင်းဟာ မိခင်နဲ့ သန္ဓေသားအပေါ် ဆိုးကျိုးများ သက်ရောက်စေ နိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့် ငှက်ဖျားရောဂါပိုး ဖြစ်ပွားနိုင်တဲ့ ဒေသများရှိ HIV ပိုးရှိ ကိုယ်ဝန်ဆောင် မိခင်များမှာ ငှက်ဖျား ပြဿနာကို ရှာဖွေ ဖော်ထုတ် နိုင်ဖို့ အတွက် ၂၀၁၁-၂၀၁၂ နှစ် အတွင်းက သထုံခရိုင်တွင်းမှာ သုတေသန ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ သုတေသနမှာ စုစုပေါင်း HIV ပိုးတွေ့ လူနာ ၄၇ ဦး ပါဝင်ခဲ့ပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ရဲ့ ကိုယ်ဝန်ဆောင် ငှက်ဖျားရောဂါ တိုင်းတာရေး နည်းစနစ်ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလို သုတေသန ပြုလုပ်ချက် အရ HIV ပိုးတွေ့ ကိုယ်ဝန်ဆောင် မိခင်များမှာ ငှက်ဖျား ရောဂါပိုး မိခင်သွေး နမူနာများမှာ ၂၃.၄ ရာခိုင်နှုန်း၊ အချင်းသွေး နမူနာ များမှာ ၂၉.၈ ရာခိုင်နှုန်း တွေ့ရှိရပြီး ကလေးရဲ့ သွေးနမူနာများ မှာတော့ မတွေ့ရှိ ရဘူးလို့ သိရပါတယ်။ ဒီလို ငှက်ဖျားရောဂါနဲ့ အိပ်ခ်ျအိုင်ဗွီ ယှဉ်တွဲပြီး ကိုယ်ဝန် ဆောင် ချိန်မှာ ဖြစ်ပွားတာ ဟာလည်း သွေးတွင်း ဟေမိုဂလိုဘင် သွေးအားနည်းမှုနဲ့ ဆက်စပ် နေတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


AIDS ဝေဒနာရှင်များ အတွက် အလားအလာရှိသည့် ကာကွယ် ကုသဆေး တွေ့ရှိ

 သြစတြေးလျ သိပ္ပံပညာရှင်များသည် HIV ဗိုင်းရပ်စ်များမှ AIDS ဗိုင်းရပ်စ်အဖြစ် အသွင် မပြောင်းဘဲ ရပ်တန့်သွားနိုင်သည့် Nullbasic ခေါ် modified protein တစ်မျိုးကို လေ့လာတွေ့ရှိကြောင်း ထုတ်ပြန် ကြေညာ လိုက်သည်။ the Queensland Institute of Medical Research မှ သုတေသီ David Harrich က HIV ဗိုင်းရပ်စ် ပွားလာနိုင်ခြင်းနှင့် ကြီးထွားနှုန်းကို ဟန့်တားနိုင်သော ပရိုတင်း တစ်မျိုးကို အောင်မြင်စွာ ဆန်းသစ် ရှာဖွေနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အခက်အခဲ များစွာကို ရှင်းလင်းစေနိုင်မည်ဟု ခန့်မှန်းထားသည့် အဆိုပါ modified protein ကို AIDS ဝေဒနာရှင်များ ကုသရန် ဆက်လက်လေ့လာ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Nullbasic သည် HIV ကြီးထွားမှုကို သိသိသာသာ ရပ်တန့်စေကြောင်း ဓာတ်ခွဲခန်း စမ်းသပ်ချက်များအရ တွေ့ရှိခဲ့ရသည့် ရလာဒ်အပေါ် HIV /AIDS ဝေဒနာရှင် များအတွက် ကာကွယ်ကုသဆေး ထုတ်လုပ်ရန် ဆေးပညာရှင်များမှ စိတ်အား ထက်သန်လျက် ရှိကြောင်း သိရသည်။
source- AFP
MRTV-4 - AIDS ဝေဒနာရှင်များ အတွက် အလားအလာရှိသည့် ကာကွယ် ကုသဆေး တွေ့ရှိ

အမျိုးသားများနှင့် စိတ်ဖြေခြင်း (18+)
 ပြဿနာ(၁)
ဆရာကျွန်တော် သုံးရက် တစ်ခါ လောက်စိတ်ဖြေမှု လုပ်လေ့ရှိ ပါတယ်။ ကျွန်တော်တကယ် မလုပ်ချင်ပါဘူး။ ဒါပေမယ့် လုပ်နေမိတယ်။ အခု ကျွန်တော့် မင်္ဂလာဆောင်ပြီး ပါပြီ။ ကျွန်တော့် သတို့သမီးကို မဖြည့် စွမ်းနိုင်မှာ ကြောက်မိပါတယ်။ ကျွန်တော့် သူငယ်ချင်းတွေက ဒီလို စိတ်ဖြေ ခြင်းက ကိုယ်ကို အားနည်းစေပြီး၊ လိင်အင်္ဂါထောင်မတ်မှုကို လျော့နည်း စေတယ် လို့ပြောပါတယ်။ ကူညီပါဦး ဆရာ။ 

ပြဿနာ(၂)
ဆရာ ကျွန်တော်အသက် (၁၅) နှစ်ရှိပါပြီ၊ မိဘတွေ မရှိတိုင်း မိန်းကလေး တွေရဲ့ ဓာတ်ပုံကြည့်ပြီး ကျွန်တော်စိတ် ဖြေလေ့ရှိပါတယ်။ အခု နောက်ပိုင်း ကျွန်တော် အချိန်တိုင်း နုံးနေလေ့ရှိပါပြီး။ စာသင်တာတောင် စိတ်မဝင် စားနိုင်တော့ ပါဘူး။ ကျွန်တော် ကြားဖူးတာက စိတ်ဖြေတာ များသွားရင် ရူးသွားတာမျိုး၊ မျက်လုံးကန်းသွားတာ မျိုးဖြစ်စေတယ် လို့ဆိုပါတယ်။ ဟုတ်ပါသလား ဆရာ။

စသည်ဖြင့် စိတ်ဖြေခြင်းနှင့် ပတ်သက်ပြီး အယူအဆ အမျိုးမျိုးရှိ ကြပါတယ်။ သို့သော်လည်း တစ်ချိန်က အမေရိကန်မှ ခွဲစိတ် ဆရာဝန် တစ်ယောက်က ကျောင်းသင်ရိုးညွှန်းတန်းနဲ့ စိတ်ဖြေခြင်းက ကျန်းမာရေးနှင့် ညီညွတ်ပြီး စိတ်ချရကြောင်းထည့် သင်သည်ဟု တိုက်တွန်း ခဲ့သည့်အတွက် ရာထူးမှ ထုတ်ပယ် ခံခဲ့ရဖူးလေသည်။ စိတ်ဖြေခြင်းနှင့် ပတ်သက်၍ ကောင်းသည့် အကျိုးများမှာ -

၁။ သုက်ပိုးများ အသစ်ပြန်ဖြစ်စေခြင်း
လေ့လာမှု အမျိုးမျိုးက သုက်လွှတ်ခြင်းက သုက်ပိုးများ၏ အရေအတွက်နှင့် လှုပ်ရှားမှု အားပို၍ တိုးတက်စေကြောင်း အကြံပြုခဲ့သည်။ အကြောင်းမှာ အိုဟောင်းနေသော သုက်ပိုးများ နေရာတွင်သုက်ပိုး အသစ်များက စားထိုးလာသော ကြောင့်ဖြစ်ပြီး၊ ယင်းက သန္ဓေအောင် နိုင်မှုနှုန်းကို မြင့်တက်စေသည်။

၂။ စိတ်ဖိစီးမှု လျော့နည်းစေခြင်း
စိတ်ဖြေခြင်းက စိတ်ဖိစီးမှုကို ပြေပျောက် စေသော နည်းကောင်း တစ်ခု ဖြစ်သည်။ စိတ်ဖြေစဉ်တွင် စိတ်ညစ်ခြင်းကို သက်သာစေသော နိုပါမင်းနှင့် အောက်ဆီတို စင်ကဲ့သို့သော ဟော်မုန်းများ ထွက်စေသည်။ ထို့ပြင် စိတ်ဖြေခြင်းထက် ပိုကောင်းသော အိပ်ဆေး မရှိသေးပေ။

၃။ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါကို လျော့နည်းစေခြင်း
စိတ်ဖြေခြင်း ကိုအကောင်းဖက်မှ တွေးလျှင် အခြားသောသူများနှင့် လိင်ဆက် ဆံမှုလျော့နည်းစေသည့် အတွက် လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ ပျံ့ပွားခြင်းကို လျော့နည်းစေသည်။

၎။ ဆီးကျိတ် ကင်ဆာဖြစ်ပွားမှုနှုန်း လျော့နည်းစေခြင်း
၂၀ဝ၃ ခုနှစ် ဩစတေးလျ လေ့လာမှုတစ်ခုအရ တစ်ပတ်လျှင် ငါးကြိမ်နှင့် အထက် သုက်လွှတ်သူများသည် ဆီးကျိတ် ကင်ဆာဖြစ်ပွားမှုကို လျော့နည်း စေသည်ဟု ဆိုသည်။ ထို့ပြင် စိတ်ဖြေခြင်းက ခန္ဓာကိုယ်ထဲ ရှိသွေးများကို ပျံ့နှံ့သွားစေ၍ ကင်ဆာဆဲလ်များ စုပုံခြင်းအား ကာကွယ်ပေးလေသည်။ အများစုက ကာလရှည်ကြာ စိတ်ဖြေ ခဲ့သော လူနာများတွင် သူနှင့်အတူ နေထိုင်မည့် လိင်ပိုင်းဆိုင်ရာ အဖော်မရနိုင်ခြင်းနှင့် ဆက်စပ်နေသည်ဟု လွဲမှားစွာ လက်ခံထားခဲ့သည်။ သို့သော်လည်း အမှန်က စိတ်ဖြေခြင်း များများ လုပ်ခဲ့သူမှာ အိပ်ခန်းထဲတွင် ဘုရင်ဖြစ်လေသည်။ များများ လေ့ကျင့်လေ ပိုကောင်း လေဆိုသော သဘော ပင်ဖြစ်လေသည်။

ဒါကြောင့် သင့်စိတ်က လိုအပ်ပြီဟု ခံစားရတိုင်း စိတ်ဖြေခြင်းက ကျန်းမာရေးကို ထိခိုက်စေမှုမရှိပေ။ ကျန်းမာရေးကို ထိခိုက်မှုမရှိစေသော်လည်း ယင်းအကျင့်က အလုပ်အကိုင်နဲ့ မိမိနှင့် ဆက်ဆံသူများတွင် သက်ရောက်မှုရှိ လာပါက ရှောင်ကြဉ် သင့်ပါသည်။

ဖိုးသောကြာ
Ref: MNT
Health Updates Journal
Vol-2,No-3

No comments: