Friday, January 11, 2013

HIV Tests စမ်းသပ်နည်းများ (၂)


I am 37 years old male. I had unprotected sex with CSW last 8 months ago. Last week, I got white patch on my mouth and tongue and throat pain. So I was worried about HIV and did HIV rapid test at home 3 times with different rapid test card results. Two test showed HIV 1 & 2 both positive and one test showed negative. I am so scared and it is a nightmare. After 2 days I went to a famous private laboratory and did HIV ELISA and HIV DUO ULTRA TEST. 1 day after, the test result received said:

HIV ELISA TEST - Non reactive

HIV DUO ULTRA - Negative (Ab-0.08, Ag- 0.01)


So I want to ask you:


1. Rapid test from market can be false positive?
2. Because my lab result showed that HIV both 1 & 2 negative, should I do another HIV test?
3. Why DUO ULTRA result show Ag-0.08, Ag-0.01?
4. The difference between rapid test and laboratory ELISA, DUO Test?


၁။ Accuracy of HIV testing စမ်းသပ်နည်းတွေ ဘယ်လောက် တိကျမှန်ကန်သလဲ။
Modern HIV testing ခေတ်ပေါ် HIV စမ်းသပ်နည်းတွေဟာ Highly accurate အလွန်တိကျတယ်။ ၂ဝဝ၅ ဇူလိုင်လထဲက အမေရိကားမှာ 1,000 positive HIV တွေ့ထားသူတွေထဲက ၁၅ ယောက်သာ False positive ဖြစ်တယ်။ ထပ်စစ်ဆေးရင် အမှား နည်းလာတယ်။ ၂ သိန်းခွဲထဲက ၁ ယောက်သာ အမှားရှိခဲ့တာတွေ့ရတယ်။ 1,000 negative HIV ထဲကလဲ ၃ ယောက်မှာ ပိုးရှိနေပေမဲ့ မရှိဘူးပြတယ်။ ၉၉့၉၇% တိကျတယ်။ ဒါလဲ အမေရိကားမှာပါဘဲ။


၂။ Negative HIV test အနုတ်ပြထားသူဟာ ဘာလို့ ၃ လနေရင် ထပ်စစ်သင့်သလဲ။
Antibody tests ခေါ်တဲ့ ရောဂါပိုးကို ခံနိုင်စွမ်းရှိတဲ့ (အင်တီဘော်ဒီ) ကို စမ်းသပ်တာဖြစ်ရင် လူတချို့မှာ အဲလိုဓါတ်တွေ ထွက်လာဘို့ သူများထက် အချိန်ပိုယူတတ်တယ်။ ဒါ့ကြောင့် HIV ပိုးရှိသူနဲ့ အတူနေမိတဲ့ ရက်ရဲ့နောက် ၂၈ ရက် အကြာမှာ HIV စစ်ဆေးတဲ့အခါ၊ အနုတ်သာပြနေနိုင်လို့ နောက်ထပ် ၃ လနေရင်တခါ ထပ်စစ်သင့်တယ်။


(ယူကေ) မှာ Dual antibody/antigen test ဆိုတဲ့ (အင်တီဘော်ဒီ) ရော (အင်တီဂျင်) ရောစမ်းနည်းကို Three-month window HIV ပိုးရှိသူနဲ့ အတူနေရာမိတဲ့ရက်ရဲ့နောက် ၃ လလို့ သတ်မှတ်ထားပေးတယ်။ ၁၅-၃-၂ဝ၁ဝ မှာ British Association for Sexual Health and HIV (BASHH) ကနေ လမ်းညွှန်ချက်ထုတ်ထားတယ်။ HIV ပိုးရှိသူနဲ့ အတူနေရာမိတဲ့ရက်ရဲ့နောက် ၂၈ ရက်အကြာမှာ ၉၅% သောလူနာတွေမယ် စမ်းရင်တွေ့တယ်။ မတွေ့သူတွေကိုလဲ ၃ လနေရင် ထပ်စစ်စေတယ်။
အဲလို (အင်တီဘော်ဒီ) ရော (အင်တီဂျင်) ရော စမ်းနည်းကို Fourth-generation tests လို့ခေါ်တယ်။

၃။ Index interpretation
i<0 .25=".25" and="and" antibody="antibody" antigen="antigen" br="br" for="for" non-reactive="non-reactive"> i>0.25 Reactive for Antigen (P24) OR Antibody ဒီဂဏန်းအထက်မှန်သမျှ အပေါင်းဖြစ်တယ်။


၎။ ELISA (enzyme-linked immunosorbent assay) Test စမ်းနည်းကို salvia or urine, blood တမျိုးမျိုးကို စမ်းတယ်။ အဲဒီ တမျိုးမျိုးထဲမှာ HIV antibodies (အိတ်ခ်ျအိုင်ဗွီ-အင်တီဘော်ဒီ) ပါ-မပါကို စမ်းတာ ဖြစ်တယ်။ ပဌမတခါစမ်းလို့ အပေါင်းပြသူဖြစ်ဖြစ် အနုတ်ပြသူဖြစ်ဖြစ် ဒုတိယတခါထပ်စစ်တယ်။ နှစ်ခါလုံး အနုတ်ဖြစ်သူကို သေခြာပေါက် ဆေးမစစ်ခင်အထိ HIV ကင်းရှင်းသူလို့ သတ်မှတ်တယ်။

Western Blot Test စမ်းသပ်နည်းဟာ the most regular ပုံမှန်လုပ်တာနဲ့ confirmatory test သေခြာစေဘို့အတွက်လုပ်တာ ဖြစ်တယ်။ တချို့က ELISA positive ဖြစ်သူတွေကို ဒီနည်းမဟုတ်ဘဲ တခြား နည်းကို သုံးတယ်။ အဲဒါတွေကတော့ Radio-immunoprecipitative assay (RIPA) နဲ့ Immunofluorescence assay (IFA) တွေဖြစ်ကြတယ်။ အားလုံးကနေ Western Blot test လိုဘဲ အမှန်အကန်အဖြေထွက်စေပါတယ်။

Rapid Tests or Point of Care Tests ဆိုတဲ့နည်းဆိုတာ HIV infection ရှိနေတာကို ရောဂါအဖြေထုတ်ရာမှာ အကူအညီ ရစေဘို့ ဖြစ်တယ်။ လူနာရဲ့ history ကျန်းမာရေးရာဇဝသ်၊ Clinical status ကျန်းမာရေး စစ်ဆေးချက်နဲ့ risk factors ရောဂါ ကူးလာစေနိုင်သူ ဆိုတာတွေပါ လိုအပ်တယ်။ ဒါပေမဲ့ False positive ရှိနိုင်လို့ Western blot test ကိုပါ လုပ်ရတယ်။
OraQuick စမ်းနည်းက မိနစ် ၂ဝ နဲ့အဖြေသိရမယ်။ HIV 1 နဲ့ HIV 2 ကိုစမ်းတာဖြစ်တယ်။

Orasure ဆိုတာ သွားရည်ကိုစမ်းတယ်။ ELISA နည်းပြီးတဲ့နောက် Western blot ကိုပါလုပ်မယ်။
Uni-Gold နည်းဟာလဲ ၁ဝ-၁၂ မိနစ်နဲ့ အဖြေထွက်တဲ့ အမြန်စမ်းနည်းဖြစ်တယ်။ HIV 1 အတွက်စစ်တာဖြစ်တယ်။
Clearview Complete HIV 1/2 and Clearview HIV 1/2 Stat-Pak နည်း ၂ မျိုးက သွေးထဲမှာ HIV1 နဲ့ HIV 2 တွေရဲ့ Antibodies (အင်တဘော်ဒီ) ရှိ-မရှိစစ်တာတွေ ဖြစ်တယ်။ ၁၅ မိနစ်သာ ကြာတယ်။

Home Access Express HIV-1 Test ဆိုတာ အိမ်မှာတင် စမ်းနည်းဖြစ်တယ်။ ကိုယ့်သွေးကို ဖေါက်ယူစစ်ရတယ်။ ပြီးတော့ ဓါတ်ခွဲခန်းကို တနည်းနည်းနဲ့ပို့တယ်။ အဖြေကို ဖုန်းနဲ့လှမ်းမေးနိုင်တယ်။

ဒေါက်တာတင့်ဆွေ (၂၈-၉-၂ဝ၁၁)
ဒေါက်တာတင့်ဆွေ - HIV Tests စမ်းသပ်နည်းများ (၂)

No comments: