Monday, October 31, 2016

သက်ငယ်မုဒိမ်း

သက်ငယ်မုဒိမ်းမှုများကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ အပိုင်း(၁)

ယခုအချိန်တွင် သက်ငယ်မုဒိမ်း အမှုအခင်းများကို နေ့စဉ်နှင့်အမျှ ကြားနေကြရသလို ပိုပြီးလည်း ရက်စက်လာကြခြင်းကို သတိထားမိမည်ဖြစ်ပါသည်။ ၎င်းအရာများကို ဘယ်သူများက ကျူးလွန်နေကြသလဲ၊ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ၊ ဘာတွေပြောင်းလဲရန်လိုမလဲ၊ ထိုသို့ ပြစ်မှုကျူးလွန်ခံရသည့် ကလေးငယ်များ၏ဘ၀ ဆက်လက်ရှင်သန်နိုင်ရန် ဘာလုပ်ပေးကြမလဲ စသည်တို့ကို သုံးသပ်ပြမည့် ဆွေးနွေးခန်းအစီအစဉ်ဖြစ်သည့် ပထမပိုင်းကို သိရှိနိုင်ရန် တင်ပြအပ်ပါသည်။



သက်ငယ်မုဒိမ်းမှုတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ (Part 2)

သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍ ဆွေးနွေးထားခြင်းတွင် သက်ငယ်မုဒိမ်းမှုများကို ဘယ်သူများက ကျူးလွန်နေကြသလဲ၊ ဘာကြောင့် ဖြစ်နေရသလဲဆိုသည့်အကြောင်းအရာများကို သက်ငယ်မုဒိမ်း အမှုအခင်းများတွင် လိုက်ပါဆောင်ရွက်ပေးနေသူများ ကိုယ်တိုင် ဆွေးနွေးသွားခဲ့ပါသည်။ ယခုတစ်ပတ်တွင် ကျူးလွန်ခံရသည့် ကလေးငယ်များ၏ နောက်ဆက်တွဲအကျိုးဆက်နှင့် ရေရှည်တွင် ဘ၀ရပ်တည်နိုင်အောင် ဘာလုပ်ပေးကြမလဲ ဆိုသည်ကို သိရှိနိုင်ရန် တင်ပြအပ်ပါသည်။



Saturday, October 29, 2016

Mi Mix and Apple Macbook Pro 2016

♪ Xiaomi ရဲ့ အခန့်ညားဆုံး Concept ဖုန်းတစ်ခု (သို့မဟုတ်) Mi Mix ♫




Mi Mix ပါ။ Mi Max နဲ့ တော့မမှားလိုက်ပါနဲ့။ Mi Mix ဟာ Xiaomi ထုတ်ခဲ့သမျှထဲမှာ အရွယ်အစားအကြီးမားဆုံးနဲ့ အကောင်းဆုံး Concept ဖုန်းတစ်ခုလို့ပြောရလောက်တဲ့ အရည်အသွေးတွေ နဲ့အတူ ကြည့်ရှုသူပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်သွားရလောက်အောင် ထူးခြားဆန်းပြားမှုတွေနဲ့ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

Design
===================
ဒီဇိုင်းပိုင်းကို အရင်ပြောရရင် Perfect ဆိုတဲ့ စကားလုံးနဲ့ ထိုက်တန်ပါတယ်။ ဖုန်းရဲ့ ကိုယ်ထည် တစ်ခုလုံးကို ခန့်ညားလှပ စေဖို့ ကြွေထည် ceramic နဲ့ပြုလုပ်ထားပြီး ၊ ကျောဘက်အဖုံး ၊ ဘောင်နဲ့ ဘေးက ခလုတ်တွေ အဆုံး ကြွေထည်နဲ့ပဲပြုလုပ်ထားတာဖြစ်ပါတယ်။ ထူးခြားတာက ဆက်ထား ၊ ကပ်ထားတာ လုံးဝမရှိပဲ သီးသန့်ကိုယ်ထည် (ဂီတာစကားနဲ့ပြောရရင် ထွင်းအိုး) နဲ့ပြုလုပ်ထားတဲ့အတွက် ခိုင်ခံမှုအပိုင်းမှာ စိတ်ကျေနပ် စရာကောင်းပါတယ်။

မျက်နှာပြင်က အစွန်းမရှိတဲ့ 6.4” edgeless display ကိုသုံးထားပြီး ဖုန်းကိုယ်ထည်ရဲ့ (၉၁.၃) ရာခိုင်နှုန်းက ဖန်သားပြင်ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ အပေါ်ပိုင်းတစ်ပိုင်းလုံးကို Display ကဖုန်းလွှမ်းထားပြီး Selfie ကင်မရာက ညာဘက်အောက်ထောင့် မှာဖြစ်ပါတယ်။ ကင်မရာက အောက်ကိုရောက်သွားလို့ Selfie ရိုက်လို့အဆင်မပြေ မဖြစ်ရလေအောင် upside-down auto rotate ပေးမှာဖြစ်ပါတယ်။

Cantilever piezoelectric ceramic acoustic technology လို့ခေါ်တဲ့ နည်းပညာက ယခင် earpiece speaker နေရာမှာ အစားထိုးပါဝင်လာပြီး earpiece မပါပဲ ဖုန်းပြောဖို့ ၊ နားထောင်ဖို့အတွက် ထောက်ပံ့ပေး ထားပါတယ်။ မျက်နှာပြင်ရဲ့ အနောက်ဘက်အတွင်းပိုင်းမှာလည်း ယခင် infrared proc sensor အစား ultrasonic proximity sensor ကို အသုံးပြုထားပါတယ်။ အရှေ့ကင်မရာ ကလည်း ယခင် ကင်မရာတွေထက် ထက်ဝက်ခံ သေငယ်သွားပါတယ်။ မျက်နှာပြင်အပြည့် ဖန်သားပြင်က သုံးစွဲသူအတွက်တော့ စိတ်လှုပ်ရှားစရာအတွေ့အကြုံအသစ်တွေ ပေးစွမ်းမှာ အသေအချာပါပဲ။

Mi Mix ကို ရိုးရိုး Mi Mix အပြင် Mi Mix 18k ဆိုပြီး Luxury type version တစ်မျိုးကိုပါ ထပ်မိတ်ဆက်ခဲ့ပါတယ်။ ဒီဇိုင်းပိုင်းက အတူတူဖြစ်ပေမယ့် Mi Mix 18k မှာတော့ ကင်မရာနဲ့ Fingerprint sensor တို့ကို ပတ်ထားတဲ့ ရွှေကွင်းလေးတွေက ရွှေအစစ်ဖြစ်ပြီး 18k ဆိုတဲ့အတိုင်း 18 karat (၁၈ ကာရက်) ရှိတဲ့ ရွှေနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။

Specs တွေအနေနဲ့ကတော့
==================
- Snapdragon 821 at 2.35GHz
- 4GB LPDDR4 RAM + 128GB UFS 2.0 storage/ 6GB + 256GB (Mi Mix 18k)
- 4400mAh battery, Quick Charge 3.0
- Full NFC Functionality: Read, write, card emulation, P2P, Mi Pay ready
- HD audio quality, 192kHz / 24-bit resolution
- GPS high-precision positioning
- 16MP PDAF rear camera , 5MP front camera
- MIUI 8
- Mi MIX 18k with 18-karat gold rims around camera and fingerprint sensor; 6GB + 256GB
RAM 4GB + Storage 128GB နဲ့ ထွက်ရှိမယ့် Mi Mix ကတော့ ဒေါ်လာ (၅၂၀) ဝန်းကျင် ကျသင့်မှာဖြစ်ပြီး Mi MIX 18k ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ (၆၀၀) ဝန်းကျင် လို့သိရပါတယ်။


Credit to ==> DigitalTimes.com.mm

မှော်ဆန်တဲ့ MacBook Pro အသစ်



မျှော်လင့်စောင့်စားနေခဲ့ရတဲ့ MacBook Pro အသစ်ကတော့ ကျွန်တော်တို့ရှေ့ကို ရောက်ရှိလာပါပြီ။ ကျွန်တော်တို့ ထင်မှတ်ထားတဲ့အတိုင်း ဖြစ်လာပါတယ်။

ချောမွတ်တောက်ပြောင်တဲ့ ဒီဇိုင်း၊ Intel’s latest Skylake processors နဲ့ သတင်းမွှေးနေတဲ့ Touch ID ပါဝင်တဲ့ magic Touch Bar စတာတွေနဲ့ ပွဲထွက်ခဲ့ပါတယ်။ တကယ့် ပြဿနာကတော့ ဈေးနှုန်းပါပဲ။

ဒီနှစ်အတွက် iPhone ကတော့ အားလုံးကို နည်းနည်းတော့ မကျေမနပ်ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ Apple ရဲ့ MacBook Pro ကတော့ အရင်ထက် ပိုကောင်းလာခဲ့ပါတယ်။

အခု ဒီဇိုင်းအသစ်ဟာ ပါးလွှာ ပေါ့ပါးပြီး ၀န်ကျဉ်းပါတယ်။ တိုင်းတာချက်အရတော့ သင့်အနေနဲက ၁၃လက်မကို ရွေးချယ်မယ်ဆိုရင်တော့ ၁၄.၉ မီလီမီတာ ရနိုင်ပါတယ်။ ဒါဟာ အရင် ၁၃လက်မမော်ဒယ်လ်ထက် ၁၇% ပါးလွှာသွားတာ ဖြစ်ပါတယ်။ ပေါင်ဝက်လောက်လည်း အလေးချိန်လျော့သွားပါတယ်။ ၁၅လက်မမော်ဒယ်လ်ကတော့ ၄ပေါင်လောက် ဖြစ်မယ်ထင်ပါတယ်။

အရင်ထက်နှစ်ဆမြန်တဲ့ Force Touch trackpad လည်း ပါဝင်ပါတယ်။ ၁၂လက်မမော်ဒယ်လ်တုန်းက အသုံးပြုခဲ့တဲ့ second-generation butterfly switches  တွေကို ကီးဘုတ်မှာ အသုံးပြုထားပါတယ်။ ဒါပေမဲ့ ဒါတွေဟာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ မဟုတ်သေးပါဘူး။

MacBook Pro Touch Bar brings the magic
New MacBook Pro ဟာ Touch Bar ပါဝင်တဲ့ Apple ရဲ့ ပထမဆုံး laptop ဖြစ်ပါတယ်။ အဲဒါဟာ ကီးဘုတ်အပေါ်နားက function keys တွေနေရာမှာ အစားထိုးထားတဲ့ Retina display ဖြစ်ပါတယ်။ အသုံးပြုတဲ့ app ပေါ်လိုက်ပြီး shortcuts တွေ၊ settings တွေ ပြောင်းသွားမှာဖြစ်သလို မိမိစိတ်ကြိုက် shortcuts တွေကိုလည်း သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

လုပ်ဆောင်ချက်အတူတူပဲလို့ ထင်ရပေမယ့် Photos တို့ iMovie တို့ကို ကြည့်ရှုတဲ့အခါမှာ သုံးရတာ ပိုမိုလွယ်ကူချောမွေ့စေမှာ ဖြစ်ပါတယ်။ Safari မှာဆိုရင် favorites တွေကို ပြသထားပြီး navigate လုပ်နိုင်မှာ ဖြစ်ပါတယ်။ Photos မှာတော့ အသုံးဝင်တဲ့ crop ၊ rotate စတာတွေကို ပြသထားမှာ ဖြစ်ပါတယ်။

Touch Bar in action.
Touch Bar ဟာ သင်အသုံးပြုတဲ့ ဆော့ဝဲလ်အပေါ်မူတည်ပြီး ပြောင်းလဲကာ သင့်စိတ်ကြိုက်မွမ်းမံနိုင်မှာလည်း ဖြစ်ပါတယ်။ Apple apps အားလုံးမှာ Touch Bar ကို အသုံးပြုနိုင်ပါတယ်။ Apple ဟာ Microsoft Office suite ကိုလည်း ထောက်ပံ့ပေးမယ်လို့ ပြောခဲ့ပါတယ်။

သင်စာရိုက်နေတဲ့အချိန်မှာ emoji and QuickType suggestions တွေကိုလည်း ပြသပေးနိုင်ပါတယ်။ iPhone နဲ့ iPad တို့မှာလိုပေါ့။ notification တွေကို ပြသပေးနိုင်ပြီး Multi-Touchကိုလည်း ထောက်ပံ့ပေးထားပါတယ်။ စာသားအရောင်ပြောင်းလဲတာမျိုးကို မြန်မြန်ဆန်ဆန်ပြုလုပ်နိုင်မှာလည်း ဖြစ်ပါတယ်။

Touch ID comes to Mac
Touch Bar ရဲ့ ဘေးမှာပါတာကတော့ Touch ID sensor ဖြစ်ပါတယ်။ သူဟာ သင့်လက်ဗွေရာနဲ့ MacBook Pro ကို ဖွင့်နိုင်အောင် ပြုလုပ်ထားပါတယ်။ သုံးစွဲသူအမျိုးမျိုးအတွက် လက်ဗွေရာအမျိုးမျိုးကို သိမ်းဆည်းထားနိုင်ပြီး သက်ဆိုင်ရာအကောင့်ကိုလည်း ပြောင်းလဲဖွင့်ပေးနိုင်ပါတယ်။
Touch ID ကို Apple ရဲ့ အွန်လိုင်းငွေပေးချေစနစ်တွေမှာလည်း အသုံးနိုင်ပါတယ်။

New MacBook Pro display is better than ever
New MacBook Pro ကတော့ Apple ရဲ့ အကောင်းဆုံး Mac display ဖြစ်ပါတယ်။ ၆၇% ပိုမိုတောက်ပသလို ၆၇% contrast ratio ပိုမြင့်လာပါတယ်။ အရောင်အသွေးစုံလင်မှုလည်း အရင်ဟာတွေထက် ၂၅% ပိုများလာပါတယ်။ ဒါ့အပြင်ကိုပဲ display ဟာ အရမ်းကို ကောင်းပါတယ်။
၁၅လက်မ MacBook Pro မှာ 4GB of VRAM ပါတဲ့ Radeon Pro graphics နဲ့အတူ Intel Core i7 processor ပါဝင်ပါတယ်။ 2TB ပါဝင်ပြီး အရင်ထက်၅၀% ပိုမြန်တဲ့ super-fast SSDs တွေ ပါဝင်ပါတယ်။

၁၃လက်မ MacBook Pro မှာတော့ Core i5 ၊ Core i7 processors နဲ့ Intel Iris Graphics 550 processor တွေ ရနိုင်ပါတယ်။
Touch Bar ပါဝင်တဲ့ မော်ဒယ်လ်တွေမှာတော့ စပီကာတွေဟာ အရင်ထက်ကို ကျယ်လောင်ပါတယ်။ dynamic range နှစ်ဆလောက် ရှိပါတယ်။ ၁၂လက်မ MacBook တုန်းကလို USB-C style connector အတွက် အသုံးပြုနိုင်တဲ့ Thunderbolt 3 ports လေးခုပါဝင်ပါတယ်။ အကုန်လုံးကို အားသွင်းဖို့အတွက် အသုံးပြုနိုင်ပါတယ်။

Headphone jack လည်း ပါသေးတယ်နော်။ သတိရသေးလား။

MacBook Pro has FOUR Thunderbolt 3 ports.
MacBook Pro ဟာ notebook computers တွေထဲမှာ ရွှေအဆင့်လို့ Apple ရဲ့ Phil Schiller က ကြာသပတေးနေ့က “Hello Again” Mac event မှာ ပြောခဲ့ပါတယ်။ အရောင်အနေနဲ့ကတော့ silver နဲ့ space gray နှစ်မျိုးရနိုင်ပြီး ဒီနေ့ကစပြီး ၀ယ်နိုင်ပါပြီ။

သိပ်ပြီး မကျေလည်တာတစ်ခုကတော့ ဈေးနှုန်းပါပဲ။
Touch Bar ပါဝင်တဲ့ ၁၃လက်မ ကို ဒေါ်လာ ၁,၇၉၉၊ ၁၅လက်မအတွက် ဒေါ်လာ ၂,၃၉၉ ဖြစ်ပါတယ်။ Apple.com မှာ အော်ဒါအခုပဲ မှာယူနိုင်ပြီး နောက်နှစ်ပတ် သုံးပတ်လောက်မှာ စတင်ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။

The MacBook ‘Semi-Pro’ (the one without the Touch Bar)

တကယ်လို့ Touch Bar ပါတဲ့ဟာကို သင်မ၀ယ်နိုင်ဘူးဆိုရင်လည်း ဒေါ်လာ ၁,၄၉၉ တန် ၁၃လက်မ ကိုလည်း Apple က မိတ်ဆက်ထားပါသေးတယ်။ Touch Bar မပါဝင်ပြီးတော့ Thunderbolt 3 ports နှစ်ခုသာ ပါဝင်မှာ ဖြစ်ပါတယ်။ သာမန် function keys တွေ ပါမှာဖြစ်ပါတယ်။ Iris Graphics 540 processor နဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒီတစ်ခု(“MacBook Semi-Pro” လို့ ခေါ်ကြမယ်)ကိုတော့ ဒီနေ့ပဲ ဖြန့်ချိမှာဖြစ်ပါတယ်။ ကဲ ဘယ်သူတွေ ၀ယ်ကြမှာလဲ။


Aung Phyo Oo (Myanmar Mobile App)

Wednesday, October 26, 2016

Chinese Stew Pork Leg Noodle and Kolo Mee


ဝက်စတူးခေါက်ဆွဲ
(Chinese Stew Pork Leg Noodle)
................................
 ဝက်စတူးခေါက်ဆွဲလို့လည်း ပြောလို့ရပါတယ်။ ဝက်သားကိုနူးအိပြီး မွှေးကြိုင်နေအောင် ဟင်းခတ်အမွှေးအကြိုင်နေနဲ့ ဖြည်းဖြည်းချက်ပြီး ခေါက်ဆွဲနဲ့ရောပြီး စားရပါတယ်။ ဒီခေါက်ဆွဲက ကော်ရည်ခေါက်ဆွဲနဲ့ တူပါတယ်။ ဒါပေမဲ့ ကော်ရည်ခေါက်ဆွဲလိုတစ်ယောက်စာအတွက် တစ်ပွဲချင်းမပြင်ဘဲ၊ ဝိုင်းဖွဲ့စားလို့ရတဲ့ ပွဲကြီးမျိုးပြင်ပါတယ်။ ဒီခေါက်ဆွဲနဲ့အတူ အသီးအရွက်ကြော်နဲ့ တခြားဟင်းလျာတွေနဲ့ပါ အတူတွဲ စားလို့ရပါတယ်။ တကယ်လို့ ဝိုင်းဖွဲ့ပြီး မစားချင်ဘူးဆိုရင်လည်း တစ်ပွဲစီ ပြင်စားနိုင်ပါတယ်။  (ငါးပိထောင်း)နဲ့ကတော့ အလိုက်ဆုံးပါပဲ။

►   လိုအပ်တာတွေကတော့
♦   ခေါက်ဆွဲ (Noodle)   -   500 gm
♦   ကြာဆံ (Rice Vermicelli)   -   100 gm (ရေစိမ်ထားပါ)
♦   ပုစွန် (Prawns)   -   ၁၆ ကောင် (အခွံခွာပြီးပြုတ်ထားပါ)
♦   ပဲပင်ပေါက် (Beansprouts)   -   150 gm  (ရေနွေးဖျောထားပါ)
♦   နံနံပင် (Coriander leaves)   -   ၁ စည်း (ပါးပါးလှီးထားပါ)
♦   ဘဲဥပြုတ် (Hard-boiled duck eggs)   -   ၄ လုံး (အခွံခွာထားပါ)
♦   ကြက်သွန်နီ (Onion)   -   120 gm (ပါးပါးလှီးထားပါ)
♦   ဆီ   -   စားပွဲဇွန်း ၅ ဇွန်း
♦   ဝက်သား (Pork belly)   -   450 gm
♦   နာနတ်ပွင့် (Star Anise)   -   ၂ ပွင့်  
♦   သစ်ကြံပိုးခေါက် (Cinnanmon)   -   ၁ လက်မအရွယ်၁ ချောင်း
♦   ငရုတ်ကောင်းစေ့အဖြူ (White Pepper Corns)   -   လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦   ရေ (Water)   -   3 liter
♦   ပဲငံပြာရည်အကြည်   -   စားပွဲဇွန်း ၁ ဇွန်းခွဲ
♦   ပဲငံပြာရည်အနောက်   -   စားပွဲဇွန်း ၂ ဇွန်း
♦   ဆား   -   လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦   သကြား   -   စားပွဲဇွန်း ၁ ဇွန်း

►   ခေါက်ဆွဲဟင်းရည်အတွက် လိုအပ်တာတွေက
♦   တရုတ်မဆလာ (Five Spice Powder)   -   လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦   အသားမှုန့် (Chicken Powder)   -   စားပွဲဇွန်း ၁ ဇွန်း
♦   ဆား(Salt)   -   လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦   ပီလောပီနံမှုန့် (Tapioca Flour)   -   စားပွဲဇွန်း ၆ ဇွန်း
♦   ကြက်ဥ (Eggs)   -   ၂ လုံး
►    ငါးပိထောင်းအတွက် လိုအပ်တာတွေကတော့
♦   ငရုတ်သီးမှည့်အတောင့်ရှည် (Fresh Red Chillies)   -   ၈ တောင့်
♦   ငရုတ်သီးမှည့်အတောင့်သေး (Red Bird Eye's Chillies)   -   ၁ဝ တောင့်
♦   ငရုတ်သီးသိမ်းအတောင့်သေး (Green Bird Eye's Chillies)   -   ၁ဝ တောင့်
♦   Iydshrimp   -   စားပွဲဇွန်း ၁ ဇွန်း (မီးကင်ထားပါ)

►   ပြုလုပ်နည်း
၁။ ဝက်သားကို သန့်ရှင်းပြီး အညစ်အကြေးများ ကင်းစင်သွားစေရန် ၁ဝ မိနစ်ခန့် ပြုတ်ပြီး ဆယ်ထားပါ။ ရေကိုသွန်ပစ်ပါ။
၂။ ပြီးအိုးတစ်လုံးထဲကို သကြား ၁ ဇွန်းထည့်ပြီး လှော်ပါ။ သကြားနီညိုရောင်သန်းလာရင် ဝက်သားထည့်ပြီပါ။ ပြီးရင် ရေ ၃ လီတာ၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည် အနောက်၊ ဆား၊ ငရုတ်ကောင်း၊ သစ်ကြံပိုးခေါက်၊ နာနတ်ပွင့်ထည့်ပြီး ဆူအောင် တည်ပါ။ ဆူလာရင် မီးအရှိန်လျော့ပြီး ဝက်သားနူးသည်အထိ တည်ထားပါ။ ၁ နာရီဆိုရင် ဝက်သားနူးပါပြီ။
၃။ ဝက်သားနူးလျှင်ဆယ်ပြီးထားပါ။
၎။ ပြီးရင် ဟင်းရည်အိုးထဲကိုတရုတ်မဆလာ၊ ဆား၊ အသားမှုန့်၊ ထည့်ပြီး ဆူအောင် တည်ပါ။ ဆူလာရင် ပီလောပီနံမှုန့်ကို ရေနှင့်ဖျော်ပြီး ဖြည်းဖြည်းချင်း လောင်းထည့်ပြီး မွှေပေးပါ။ အဆက်မပြတ်မွှေပေးပါ။
၅။ ပြီးရင် ကြက်ဥကိုဖောက်ပြီးခွက်ထဲထည့်ပါ။ ကြက်ဥကိုခေါက်ပြီး ဟင်းရည်အိုးထဲကို ဖြည်းဖြည်းချင်း ထည့်ပြီး မွှေပါ။
၆။ ပြီးရင် စောစောကဆယ်ထားတဲ့ ဝက်သားနှင့် ဘဲဥပြုတ်ကို အိုးထဲပြန်ထည့်ပါ။ မီးဖိုပေါ်မှာ မီးအေးအေးဖြင့် ဆက်ပြီးတည်ထားပါ။
၇။ ပြီးရင် ပါးပါးလှီးထားတဲ့ ကြက်သွန်နီကို ကြွပ်အောင်ကြော်ပြီး ကြက်သွန်နီ ဆီချက်ချက်ထားပါ။
၈။ ပြီးရင်ငါးပိထောင်းထားပါ။
၉။ ပြီးရင် အိုးတစ်လုံးတွင် ရေထည့်ပြီး ဆူအောင်တည်ပါ။ ဆူလာရင် ရေစိမ်ထားတဲ့ ကြာဆံနှင့် ခေါက်ဆွဲကို ရေနွေးဖျောပြီး ပန်းကန်ပြားအကြီးတစ်ချက်တွင် ထည့်ပါ။
၁ဝ။ ပြီးရင် အဆင်သင့်ချက်ထားတဲ့ ဟင်းရည်လောင်းထည့်ပါ။ ပြီးရင် ဝက်သား၊ဘဲဥ၊ ပုစွန်၊ ပဲပင်ပေါက်၊ ကြက်သွန်နီဆီချက်၊ နံနံပင်ထည့်ပြီးသုံးဆောင်ပါ။
၁၁။ တစ်ယောက်စာပွဲသေးပြင်မယ်ဆိုရင် အားလုံးနည်းနည်းစီထည့်ပြီး ဝက်သားကို ပါးပါးလှီး၊ ကြက်ဥကို နှစ်ခြမ်းခြမ်းပြီး ထည့်ပါ။
.....................................
Delicious Food From All Over The World By
MyintOoTha

ဆီချက်ခေါက်ဆွဲ (Kolo Mee)
..........................


 တရုတ်ခေါက်ဆွဲမှာ ခေါက်ဆွဲပြုတ် (Soup Noodle) နဲ့ အသုပ် (Dry Noodle) တို့ရှိပါတယ်။ အသုပ်ဆိုတာကတော့ ကျွန်တော်တို့တွေ ခေါ်ကြတဲ့ ဆီချက်ခေါက်ဆွဲပေါ့။ မြန်မာဆီချက်ခေါက်ဆွဲက ဆီများပြီး စားတဲ့အခါမှာ အရမ်းအီပါတယ်။ ဒီခေါက်ဆွဲကတော့ ဆီနည်းပြီး အသားများများဖြစ်ပြီး ငရုတ်သီးစိမ်းအချဉ် (Pickle Green Chillies) တွဲပြီး စားရမှာဖြစ်ပါတယ်။ ဝက်သားကင်အစား  ပြင်ဆင်ရတာ လွယ်ကူတဲ့ ဝက်သားကြော်ကို အစားထိုးထားပါတယ်။ ဒီခေါက်ဆွဲမှာအဓိကကတော့ ဝက်သားကြော်၊ ဝက်သားကို နုပ်နုပ်စဉ်းပြီး ချက်ထားတဲ့ ဝက်သားဟင်း၊ ဝက်ဆီဖတ်ကြော်တို့ပါပဲ။

►   ပါဝင်ပစ္စည်းတွေကတော့
♦   ခေါက်ဆွဲအစို (Resh Noodle)   -   1 kg
♦   မုန်ညင်းဖူး (Choy Sum)   -   150 gm
♦   ကြက်သွန်မြိတ် (Spring Onion)   -    ၃ ပင်
♦   ငံပြာရည် (Fish Sauce)   -    လက်ဖက်ရည်ဇွန်း ၅ ဇွန်း
♦   ပဲငံပြာရည် (Soya Sauce)   -   လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
♦   ငရုတ်ကောင်းမှုန့်အဖြူ   -   လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦   ကြက်သားမှုန့် (Chicken Powder)   -   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

►    ဝက်ဆီ (Pork Lard or Pork Flavor Oil) နှင့် ဝက်ဆီဖတ်ကြော် (Crispy Pork Fat) လုပ်ရန်အတွက်
♦   ဝက်ဆီနှင့် အခေါက်   -   200 gm
♦   ဆီ   -   စားပွဲဇွန်း ၂ ဇွန်း

►   ကြက်သွန်ဖြူ ဆီချက်ချက်ရန်အတွက်
♦   ကြက်သွန်ဖြူ (Garlic)   -   ၄ မြှောင့် (နုပ်နုပ်စဉ်းထားပါ)
♦   ဆီ (Cooking Oil)   -   စားပွဲဇွန်း ၁၂ ဇွန်း

►   ဝက်သားကြော်ရန်အတွက်
♦   ဝက်သား (Pork Meat)   -   350 gm
♦   ပဲငံပြာရည် (Soya Sauce)   -   စားပွဲဇွန်း ၃ ဇွန်း
♦   သကြား (Sugar)   -   စားပွဲဇွန်း ၁ ဇွန်းခွဲ
♦   တရုတ်မဆလာ   -   လက်ဖက်ရည်ဇွန်း ၁ ဇွန်း (Five Spice Powder)
♦   ဆား (Salt)   -   လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦   တရုတ်ဆန်အရက်   -   လက်ဖက်ရည်ဇွန်း ၁ ဇွန်း (Chinese Rice Wine)

►   ဝက်သားဟင်းချက်ရန်အတွက် လိုအပ်တာတွေက
♦   ဝက်သားနုပ်နုပ်စဉ်း (Minced Pork)   -   350 gm
♦   ငံပြာရည် (Fish Sauce)   -   လက်ဖက်ရည်ဇွန်း ၆ ဇွန်း
♦   ပဲငံပြာရည် (Light Soya Sauce)   -   လက်ဖက်ရည်ဇွန်း ၃ ဇွန်း
♦   ငရုတ်ကောင်းမှုန့်အဖြူ   -   လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦   ပြောင်းဖူးမှုန့် (Corn Flour)   -   လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦   ဆား (Salt)   -   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

►   ပြုလုပ်နည်း
၁။ ပထမဦးဆုံးခေါက်ဆွဲအတွက် ဝက်ဆီနဲ့ ဝက်ဆီဖတ်ကြော်ကို အရင်လုပ်ရပါ့မယ်။ ဝက်အဆီနှင့် အခေါက်ကို လေးထောင့်အတုံးလေးများ တုံးပါ။ ပြီးရင် အိုးအသေးတစ်လုံးတွင်ထည့်ပါ။ ဆီ ၂ ဇွန်းထည့်ပြီး မီးဖိုပေါ်တင်ပြီး အပူပေးပါ။ ဆီပေါက်တတ်တဲ့အတွက် အဖုံးဖုံးပြီး ဝက်ဆီထွက်လာပြီး ဝက်ဆီဖတ်များ ကြွပ်လာအောင်လုပ်ပါ။ ပြီးရင် ဝက်ဆီဖတ်ကြော်ကို ဆယ်ပြီး ပန်းကန်လုံးတစ်လုံး မှာထည့်ထားပါ။ ဝက်ဆီကိုလည်း ပန်းကန်လုံးတစ်လုံးမှာ ထည့်ထားပါ
၂။ ပြီးရင် ကြက်သွန်ဖြူဆီချက် ချက်ရမှာ ဖြစ်ပါတယ်။ နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူကို နီညိုရောင် သန်းလာသည်အထိကြော်ပြီး ဆယ်ထားပါ။ ကြက်သွန်ဖြူဆီချက်ကိုလည်း ပန်းကန်လုံးတစ်လုံးမှာ ထည့်ထားပါ။
၃။ ဝက်သားကြော်အတွက် ဝက်သားကို အတုံးလိုက်ပြုတ်ပါ။ နာရီဝက်လောက်ပြုတ်ပြီး တည်ထားပါ။ ပြီးရင် ပြုတ်ထားတဲ့ဝက်သားကို ပဲငံပြာရည်၊ သကြား၊ တရုတ်ဆန်အရက်၊ တရုတ်မဆလာ၊ ဆားတို့နှင့်ရောနယ်ထားပါ။ ပြီးရင် နီညိုရောင်သန်းလာသည်အထိ ကြော်ပါ။
၎။ နုပ်နုပ်စဉ်းထားတဲ့ ဝက်သားကို ငံပြာရည်၊ ပဲငံပြာရည်၊ငရုတ်ကောင်း၊ ပြောင်းဖူးမှုန့်၊ တရုတ်ဆန် အရက်တို့နှင့် ရောပြီးနယ်ထားပါ။ ပြီးရင် စောစောကပြင်ဆင်ထားတဲ့ ကြက်သွန်ဖြူဆီချက် ၄ ဇွန်းကို ဒယ်အိုးမှာထည့်ပြီး နယ်ထားတဲ့ ဝက်သားနုပ်နုပ်စဉ်းကို ထည့်ပြီး ဝက်သားကျက်သည်အထိ ချက်ပါ။ ရေထည့်စရာမလိုပါ။
၅။ ခေါက်ဆွဲပွဲပြင်ဖို့အတွက် ငံပြာရည်၊ ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့်အဖြူ၊ ကြက်သားမှုန့်၊ ဆားတို့ကိုတစ်ပန်းကန်စီထည့်ပြီးအဆင်သင့်ပြင်ထားပါ။
၆။ တစ်ပွဲစာအတွက်ခေါက်ဆွဲနဲ့ မုန်ညင်းဖူးကိုရေနွေးဖျောပြီးစားသုံးမည့် ပန်းကန်တွက်ထည့်ပါ။ ပြီးရင် ဝက်ဆီ၊  ကြက်သွန်ဖြူဆီချက်၊ ပဲငံပြာရည်၊ ငံပြာရည်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သားမှုန့်၊ ဆားနည်းနည်းစီထည့်ပြီးနယ်ပါ။ ပြီးရင် ဝက်သားကြော်ကို ပါးပါးလှီးထည့်ပါ။ ချက်ထားတဲ့ ဝက်သား ၂ ဇွန်းဝက်ဆီဖတ်ကြော်၊ ပြုတ်ထားတဲ့မုန်ညင်းဖူး၊ ကြက်သွန်မြိတ်တို့ကိုထည့်ပြီး ငရုတ်သီးစိမ်း အချဉ်နှင့်တွဲပြီးစားပါ။

►   ငရုတ်သီးစိမ်းအချဉ်လုပ်နည်းကတော့
♦   ငရုတ်သီးစိမ်းအတောင့်ရှည် (Fresh Green Chillies)   -   ၃ တောင့်
♦   ဗီနီကာ (White Vinegar)   -   စားပွဲဇွန်း ၂ ဇွန်း
♦   ဆား   -   အနည်းငယ်                                      
♦   ပဲငံပြာရည်   -   စားပွဲဇွန်း ၅ ဇွန်း
 ငရုတ်သီးစိမ်းကို ပါးပါးလှီးပြီး ဆား၊ ဗီနီကာနှင့်ရောပြီး အနည်းဆုံး ၂ နာရီခန့် စိမ်ထားပါ။ တစ်ညသိပ်ထားရင် ပိုကောင်းပါတယ်။
.....................................
Delicious Food From All Over The World By
MyintOoTha

Monday, October 24, 2016

21 Ways to Takecare of A Highly Sensitive Person

ဆတ်ဆတ်ထိမခံ ရွှေပန်းကန်များနဲ့ အလွမ်းသင့်နည်း 


စကားတစ်ခွန်း အပြုအမူလုပ်ဆောင်ချက်လေးတစ်ခု မြင်တွေ့လိုက်ရရုံဖြင့် ခံစားတတ်တုန့်ပြန်လွယ်တတ်သောသူတစ်ယောက်ကို ဘယ်လိုများ နာမည်တပ်ရင်ရပါသလဲ။ သာမန် စိတ်လှုပ်ရှား ခံစားတာထက် ပိုပိုမိုမိုအကဲသာပြီး အလွန်အမင်းဆတ်ဆတ်ထိမခံသူ တစ်ယောက်ကိုပြောချင်တာပါ။ အခြေခံအားဖြင့်တော့ သူဟာ အရာအားလုံအပေါ် လွန်လွန်ကဲကဲခံစားတတ်သူ တစ်စုံတစ်ယောက် ဖြစ်နိုင်ပါတယ်။

ဆူညံသံသောသောညံနေတတ်တဲ့လူအုပ်တွေနဲ့ပါတ်သက်ပြီး သည်းမခံနိုင်ဘူး၊ အနံ့အသက်တွေနဲ့ပတ်သက်ပြီး ဂဂျီဂဂျောင်၊ ပြီးတော့ ၀တ်ထားတဲ့အင်္ကျီချည်သားကြမ်းတာကိုလည်း စိတ်ထဲသည်းခံလို့မရဘူး စသဖြင့် အလွန်သိသာတဲ့တုန့်ပြန်မှုတွေ သူတို့လုပ်ဆောင်ပြ တတ်ကြပါတယ်။ သူတို့ဟာ အခြားသူတစ်ပါး ပျော်ရွှင် သို့မဟုတ် ၀မ်းနည်းလို့ပြောဆိုထွက်တတ်တဲ့ အသံ အတိုးအကျယ်ပေါ်မှာ လည်း တော်တော် မကျေနပ်တတ်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ အထိအခိုက်မခံတတ်သူတွေဟာ သူတို့ စကားပြောရာ သွားလာ လုပ်ဆောင်ကြရမှာ အပြစ်ဆိုစရာမဖြစ်အောင် ဂရုစိုက်တတ်ကြသလို အဲသလိုနေထိုင်ကြရတဲ့အတွက် ဘ၀ဟာ သူတို့အတွက် ပင်ပန်း နွမ်းနယ်မှုတွေကို ပေးတတ်လွန်းတယ်လို့ယူဆတတ်ကြတယ်။ အချိန်အတော်များများမှာ အဲ့သလိုဖြစ်ပျက်နေကြတဲ့အတွက် သူတို့ ပတ်ဝန်းကျင်က ဆတ်ဆတ်ထိမခံ မဖြစ်တတ်သူများအတွက်တော့ အထင်အမြင်လွဲမှားစေမှုတွေပေးနေသလိုပါပဲ။

အဲ ရိုးရိုးဆတ်ဆတ်ထိမခံမဟုတ်တဲ့ စပါယ်ရှယ်ဆတ်ဆတ်ထိမခံတွေဟာ အမြဲတမ်းတော့ အရှက်သည်းနေ သို့မဟုတ် သီးသန့် နေတတ်လွန်းတာမျိုးမဟုတ်ကြပါဘူး။ ရှက်တတ်လွန်းသူများဟာ ဆတ်ဆတ်ထိမခံဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူတို့ဟာ ငြင်းပယ်ခံရမှာ အပစ်ပယ်ခံဖြစ်နေရမှာကို သေမလောက်ကြောက်တတ်ကြပါတယ်။ လူများစွာနဲ့ဆက်ဆံပေါင်းသင်းရလို့ မောပန်းတာကြောင့် သီးသန့် နေတာဖြစ်မယ်။ အချို့သော ဆတ်ဆတ်ထိမခံသူများဟာ သီးသန့်နေထိုင်တတ်သူများပါပဲ။ ဒါပေမဲ့ လက်နဲ့ဆုပ်ကိုင်ရလွယ်ကူသလိုမျိုး ကိုင်တွယ်ဆက်ဆံရ လွယ်တတ်ပြန်ပါသေးတယ်။

မကြာခဏသောအချိန်တွေမှာတော့ ဆတ်ဆတ်ထိမခံတတ်သူတွေဟာ သူတို့ဘ၀နေထိုင်မှုအပေါ်ပြန်လည် သုံးသပ်ဖို့ စိတ်ကိုထိန်းညှိ ဖို့လိုနေတတ်တယ်။ တိတ်ဆိတ်သော လူနေမှု ၀န်းကျင်တစ်ခု သို့မဟုတ် အလုပ်ကနေ ရက်သတ္တပါတ်အချို့ ခွာနေဖြစ်ရင်တောင်မှ နေ့တစ်နေရဲ့အချိန်နာရီအချို့ကို သူတို့အတွက် သူတို့ကိုယ်တိုင်လိုအပ်နေသလိုမျိုးဖြစ်ပါတယ်။

ထိန်းညှိတယ် သုံးသပ်တယ်ဆိုပေမယ့် ဆတ်ဆတ်ထိမခံတတ်တဲ့စိတ်မျိုးရှိသူဖြစ်တဲ့အတွက် ကိုယ်တိုင် ပြောင်းလဲထိန်းညှိချင်စိတ်ရှိဖို့က လုံးလုံးလျားလျားလိုအပ်ပါတယ်။ ဒါဟာ ဆတ်ဆတ်ထိမခံမဖြစ်တတ်သူများက ထည့်သွင်းစဉ်းစားဖို့အတွက် အရေးပါလွန်းပါရဲ့။

အထိအခတ်မခံတဲ့ ရွှေပန်းကန်များနဲ့ ဆက်ဆံထိတွေ့ဖို့အတွက် နည်းလမ်းအချို့ကိုပြောပြပါရစေ -

(၁) သူတို့နဲ့အနီးကပ်ရပ်နေတဲ့အခါ စကားတိုးတိုးပြောပါ 
သူတို့နဲ့အနီးကပ်ရပ်နေတာပဲဖြစ်ဖြစ် ထိုင်နေတာပဲဖြစ်ဖြစ် စကားကိုတိုးတိုးငြင်သာပြောဆိုပါ။ ကျယ်လောင် ကျယ်လောင်နဲ့ ဆူညံသံ အသံဗလံတွေဟာ သူတို့တွေကို မခံမရပ်နိုင် စိတ်မချမ်းမြေ့စရာဖြစ်စေပါတယ်။ အသံဗလံအုတ်အော်သောင်းနင်းဖြစ်နေတဲ့ ပတ်ဝန်းကျင် မှာ လုပ်ကိုင်နေထိုင်ဖို့ သူတို့တွေမှာ စွမ်းအားရှိကောင်းရှိနေနိုင်ပေမယ့် သူတို့ပတ်ဝန်းကျင်မှာ ဆူညံသံတွေအမြတစေရှိနေမယ်ဆိုရင် ကြာရှည် သည်းခံနိုင်စွမ်း ထိန်းသိမ်းနိုင်စွမ်း မရှိတတ် မရှိနိုင်ပါဘူး။ ဒါကြောင့် စာဖတ်သူအနေနဲ့ အခန်းအတွင်းမှာ ပြောတဲ့လေသံနှုန်း အတိုင်း အေးဆေးသက်သာပြောဖို့သတိရပါလို့။

(၂) အထိအခတ်မခံသူများဟာ အမြဲတစေ အထွန့်တက် တိုင်းတန်းနေတတ်သူများမဟုတ်ရပါ 
ကမ္ဘာလောကကြီးက အရာရာမှာလွှမ်းမိုးတတ်တာမှန်ပါတယ်။ သူတို့တွေကို အမှတ်တံဆိပ် လေဘယ်တစ်ခုတပ်ခြင်း သို့မဟုတ် တော်ဝင်နန်းထိုက်သူလို သီးသန့်သဘောဆက်ဆံနေရတာ အဆင်မပြေကြောင်းသွားပြောဖို့ကြိုးစားတာမျိုးတွေ မလုပ်ပါနဲ့ခင်ဗျ။ သူတို့တွေဟာ အရာဝတ္ထုတွေ အကြောင်းအရာတွေအပေါ်လိုက်ပြီး အလွယ်တကူ သည်းမခံနိုင်တာ စိတ်ဆတ်မိတာဖြစ်ပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး အလွန်တရာရိုးသားပြခြင်းမဖြစ်နိုင်ဘူးလားဗျာ။

(၃) ရွှေပန်းကန်တွေဟာ အမှန်အားဖြင့် အနုပညာကို အလွန်ချစ်တတ်ကြတယ်
အ၀တ်မပါ ဗလာကိုယ်ထီးမော်ဒယ်လ်တွေကိုကြည့်ပြီး နာရီအတော်ကြာ သူတို့ပန်းချီရေးဆွဲနေတာကိုမြင်မိတဲ့အခါ အလွန်အကျွံ အံ့အား မသင့်သွားပါနဲ့။ ဒါဟာသူတို့အတွက် စိတ်တင်းကြပ်မှုဖြေဖျောက်ရာနည်းလမ်းတစ်ခုသာဖြစ်ပြီး မြူဆွယ်မှုနည်းလမ်းတစ်ခုမဖြစ် မဟုတ်ခဲ့ ပါဘူး။ အနုပညာသည် သူတို့အတွက် ရစ်ပတ်နှောင်တွယ်တတ်သော ဖျော်ဖြေမှုကိုပေးသော ပြီးတော့ အေးဆေးစိတ်ငြိမ်စေသော အရာ ဖြစ်ပါတယ်။ အဲဒါကိုလက်သင့်ခံဖို့ကြိုးစားပါ။ သူတို့ဆံပင်အရောင်ကာလာကို အပတ်စဉ်ပြောင်းလဲနေခြင်းဟာ တစ်မူထူးခြားကြောင်း ပြောလိုက်မယ့်အစားပေါ့။ သူတို့စိတ်ဖြစ်တည်မှုတစ်ခုဖြစ်ကောင်းဖြစ်မယ် သူတို့နဲ့လိုက်ဖက်တဲ့အရောင်ကို မရွေးချယ်နိုင်သေးတာလဲ ဖြစ်နိုင်တာပဲ။

(၄) ပျော်ဖို့သောက်တာဆိုပေမယ့် မူးနေတာကပြဿနာ
လူငယ်တွေပီပီ အရက်ယမကာနည်းနည်းသောက်တာဟာ ပျော်ရွှင်ချင်လို့ဆိုပေမယ့် မူးယစ်လာပြီး မူပျက်လာရခြင်းက ဆတ်ဆတ်ထိ မခံ စိတ်မျိုးရှိသူတွေအတွက်ကတော့ တကယ့်စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ကိစ္စတစ်ရပ်ပါပဲ။  ဆတ်ဆတ်ထိမခံစိတ်မရှိသူများကတော့ မူးယစ်ပျော်ရွှင်ရတာ အရသာဖြစ်သလို သတ်မှတ် Limit ထက်ပိုသောက်မိရင်လည်း စိတ်အခြေသိပ်မပြောင်းတတ်ကြ ပါဘူး။ ဟိုလူတွေ အတွက်ကတော့ ခေါင်းကိုက်တယ် စိတ်ရှုတ်လာတယ်ဆိုပဲ။ ဆိုလိုတာက ကိုယ်တွေအနေနဲ့ပိုသောက်မိလို့ ခေါင်းကိုက်လာတာ အော့အံ ချင်လာတာ မူပျက်တာကိုမထိန်းနိုင်ဖြစ်လာရတာကို ဒေါသမထွက် စိတ်ထိန်းနိုင်ပေမယ့် သူတို့အတွက်ကတော့ ဒါဟာ မဟာပြဿနာ ကြီးပါပဲလို့။ ဒီလိုအခြေအနေမှာ သူတို့ကို သောက်ပါဟ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ဖိအားပေးဆွဲမသွင်းသင့်ပါဘူး အသောက် ၀ိုင်းကိုလေ။ သူငယ်ချင်းတွေစုပြီးသောက်စားကြတဲ့အချိန်ကာလက ကြာရှည်ဦးမယ်လို့ယူဆရရင်တော့ ကိုကို ဆတ်ဆတ်ထိမခံဟာ အဖော်တစ်ယောက်ယောက်နဲ့အတူ ပထမနှစ်ခွက်လောက်မော့ပြီးချိန်မှာ အရင်ဦးဆုံးထပြန်ဖို့သေချာသလောက်ပါပဲ။

(၅) ဈေးဝယ်သွားမယ် Gym မသွားဘူး 
တုန့်ပြန်မှုမြန်ဆတ်ဆတ်ထိမခံတွေဟာ တစ်ခုခုစားဖို့၊ တစ်ခုခုသောက်ဖို့၊ဈေးဝယ်ထွက်ဖို့ ဖိတ်ခေါ်ခံရတာအပြင် အခြားသော အရာတွေမှာ အဆင်ပြေသဘောကျတတ်ပေမယ့် Gym ကိုအတူသွားဖို့ကိစ္စ ဖိတ်ခေါ်ခံရတာကိုတော့ သဘောမကျတတ်ပါဘူး။ ချွေးတွေရွှဲ အသက်ခပ်ပြင်းပြင်းရှူရှိုက်နေရချိန်တွေမှာ စကားပြောဆိုရတာ သူ့အတွက်အခက်အခဲတစ်ခုပါပဲ။ လေ့ကျင့်ခန်းလုပ်တာ လေ့ကျင့်တာဟာ ဆတ်ဆတ်ထိမခံစိတ်အခြေရှိသူများကျန်းမာရေးအတွက် အထောက်အကူများစွာရှိနိုင်ပေမဲ့ တစ်ကိုယ်တော်လေ့ကျင့် ကစားနိုင်တယ်ဆိုပါက သူတို့အတွက်ပိုအဆင်ပြေပါတယ်။ ဆတ်ဆတ်ထိမခံသူတစ်ယောက်ဟာ ဘောလုံးကစားတာလိုမျိုးမှာအဆင် ပြေပြေပါဝင်နိုင်ပါ့မလား? အစုအဖွဲ့အသင်းအုပ်စုနဲ့ လှုပ်ရှားဖို့ကစားဖို့ တောင်းဆိုမှုများပါက သူတို့အတွက် အားစိုက်ထုတ်ရတဲ့ အလုပ်တစ်ခုအသွင် ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ အအုပ်အသင်းနဲ့လုပ်ဆောင်ကြစို့ဆိုပါက ဘောလုံးအသင်းတစ်သင်းအနေနဲ့ ကွင်းထဲမှာကစားကြမယ့်အစား သူငယ်ချင်းတစ်စု ဘောလုံးပွဲကို အတူသွားကြည့်ကြမယ်ဆိုတဲ့ ရွေးချယ်မှုကို ဦးစားပေးကြပါလိမ့်မယ်။

(၆) ဖဲကြဉ်တာ သို့မဟုတ် တိတ်ဆိတ်သွားတာကို မစိုးရိမ်ပါနဲ့လေ
လူအုပ်အသင်းအဖွဲ့နဲ့လှုပ်ရှားသွားလာနေကြရင်းမှ သူတို့တွေက မသိမသာ ခပ်ခွာခွာထွက်ခွာဖဲကြဉ်လာတာ မြင်ကွင်းကနေ ပျောက်ကွယ်တတ်တာ သို့မဟုတ် ရုတ်တရက်ဆိုသလို စကားမဆိုအသံမပြု တိတ်ဆိတ်သွားတတ်တာတွေအပေါ် သိပ်တော့မစိုးရိမ် ပါနဲ့။ နေရာမျိုးစုံနယ်ပယ်မျိုးစုံမှာ အဆိုပါ ဆတ်ဆတ်ထိမခံသူအများစုဟာ ဖြတ်သန်းတဲ့အဆင့် လုပ်ငန်းစဉ်အများကြီးလိုနေတတ်ပါ တယ်။ ပြီးရင်တော့ အချိန်ကာလတိုအတွင်းမှာပဲ အရာရာကို အာရုံစိုက်ခြင်းမှာ သက်သောင့်သက်သာနဲ့လုပ်ဆောင်နိုင်သတိကပ်လာ နိုင်ပါမယ်။ သူတို့တွေဟာ ပျင်းနေဖို့ မကြိုးစားတတ်ကြသလို ပျင်းလည်းပျင်းနေကြတာမဟုတ်ပါဘူး သူတို့အနေနဲ့စိတ်အနှောင့် အယှက်ဖြစ်မနေဖို့လိုရင်းပါ။ သူတို့လိုအပ်တာလေးက ခဏတာ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်မှုလေးပါပဲ။ ဒါကြောင့် သူတို့ကိုခဏတော့ တိတ်တိတ်လေးနေခွင့်ပြုလိုက်ပါလေ။

(၇) ဘာဖြစ်နေတယ်မသိဘူး ခပ်ခွာခွာနေချင်နေတာ
ခပ်လှမ်းလှမ်း သို့မဟုတ် ခပ်ခွာခွာမှာနေဖို့ အင်း….တစ်ခုခုကိုစူးစိုက်ကြည့်နေတတ်ကြသလိုဖြစ်တတ်တာမျိုးဖြစ်ပေမယ့် သူတို့ ရိုင်းစိုင်း တဲ့ အပြုအမူကိုလုပ်ဆောင်ဖို့ ကြိုးစားကြတာမဟုတ်ပါဘူး။ အာရုံစူးစိုက်ရမယ့် အချိန်အခိုက်အတန့်၊ အတွေးဝင်ရမယ့်ကာလမှာ သူတို့ ကိုသွားမနှောင့်ယှက်ဘဲ ခပ်ငြိမ်ငြိမ်နေ ပေးလိုက်ခြင်းက စာဖတ်သူအနေနဲ့ အားဖြည့်ကူညီပေးရာရောက်ပါတယ်။ နှစ်မိနစ်လောက် တော့ လွှတ်ထားလိုက်ပါ မကြာခင်မှာပဲ ပစ္စုပ္ပန်အခြေအနေကို အာရုံပြန်ကပ်ပါလိမ့်မယ်။ သူတို့ကိုအတင်းတွန်းတိုက်လုပ်ကိုင်စေတာမျိုး ဘေးကြပ်နံကြပ်လုပ်လိုက်တာမျိုး မလုပ်ရပါဘူး။ အဲ့လိုလုပ်ခြင်းဟာ သူတို့စိတ်ကိုထိခိုက်စေသလို လတ်တလောဆောင်ရွက်နေတဲ့ ကိစ္စကို ဆက်မလုပ်ချင်တော့တဲ့ စိတ်အခြေအနေဆိုက်ရောက်သွားစေနိုင်ပါတယ်။

(၈) လောက၀တ်စကားဆိုမိ ဝေဖန်တယ်ထင်
တစ်ခါတလေ ကိုယ်တွေကဘာရယ်မဟုတ် နှုတ်ဆက်စကားဆိုလိုက်မိတာမျိုးအချိန်မှာ သူတို့တွေက ဒါဘာကိုဝေဖန်ချင်လို့လဲ ဘာအပြစ်တင်ချင်လို့လဲထင်ချင်ထင်တတ်ကြပါသေးတယ်။ ဘာကိုပြောချင်တာလည်း အဓိကအချက်ကိုပြော အဲဒါကိုထိရောက် အောင်လုပ်မယ်ဆိုတဲ့ ပုံစံမျိုးကို သူတို့ပိုသဘောကျတဲ့သဘောပါ။ ဒါကြောင့် ဥပမာအနေနဲ့ပြောရရင် ဟင်းတစ်ခွက်ချက်တာပဲဖြစ်ဖြစ် ဓာတ်ပုံတစ်ပုံရိုက်ကြတာပဲဖြစ်ဖြစ် သူတို့တွေအကြံပေးချက်ကိုလိုက်နာလိုက်ရင် မျက်နှာပွင့်မယ့်ဟင်းလျာ လှပတဲ့ဓာတ်ပုံတစ်ပုံ တော့ဖြစ်လာမှာသေချာပါတယ်လို့။

(၉) နှစ်ရက်သုံးရက်လောက် ပျောက်နေတတ်တာ သဘာဝပါ
ကျနော်တို့မြင်နေကြမြင်ကွင်းကနေ သူတို့တွေ ရက်အနည်းငယ်ပျောက်နေတတ်တာမျိုးကြုံလာရင် အဲ့ဒါပုံမှန်ဖြစ်စဉ်လေးတစ်ခုလို့ပဲ မှတ်ယူလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ကိုကို မမဆန်းဆန်းတင့်တွေဟာ သူတို့ကိုယ်ပိုင်ဘ၀လေးတွေမှာ ပျော်ရွှင်အေးချမ်းဖို့ အချိန် အနည်းငယ်တော့လိုအပ်ကြပါတယ်။ အပြင်ကိုထွက်ကာ ဟိုသည်သွားလာတာ ပါတီပွဲတွေဆင်နွှဲရတာသူတို့အနေနဲ့ ပျော်ရွှင်နှစ်လိုကြ တာသေချာပါတယ်လေ။ ဒါပေမဲ့ တစ်ခါတလေ လူရင်းတစ်ယောက်နှစ်ယောက်လောက်နဲ့ပဲ အေးအေးဆေးဆေးရက်အနည်းငယ် လောက် သူတို့အနားယူပျော်ရွှင်တတ်ကြတာလည်းရှိပါရဲ့။ အားလပ်ရက်မှာ ပျော်ဖို့ရွှင်ဖို့ အစီအစဉ် plan မရှိဘူးဆိုကာ သူတို့အနေနဲ့ အခန်းထဲမှာ တစ်ယောက်ထဲ အောင်းနေပျောက်နေ တိတ်ဆိတ်နေတတ်တာဟာ သူတို့အတွက် ငြိမ်းအေးစရာအစီအစဉ်တစ်ရပ်ပါပဲ။ ဘယ်လိုပဲဖြစ်ပါစေ ဒါဟာ သူတို့အတွက် တကယ်လိုအပ်တဲ့အနားယူနည်းတစ်ခုဖြစ်ပါတယ်။

(၁၀) ကျနော်တို့ဘယ်လိုခံစားရသလဲ ရိုးသားစွာဖြေကြည့် (Be honest about how you are feeling)
သူတို့နဲ့ပြောဆိုဆက်ဆံရာမှာ အလိမ်အကွေ့မပါ ရိုးသားစွာနဲ့ နားဝင်ကောင်းအောင်အဖြေပေးမိဖို့လိုပါတယ်။ သူကိုယ်တိုင်လုပ်ထားတဲ့ မုန့်တစ်မျိုးကို စားလို့အဆင်နည်းနည်းမချောဘူး မကြိုက်ဘူးဆိုတာပြောချင်ပေမယ့် ‘ကောင်းပါတယ်’ လို့မပြောလိုက်ပါနဲ့။ သူတို့ရဲ့ မိသားစုရေးရာတွေကို ကိုယ့်ကို ပွင့်ပွင့်လင်းလင်းပြောပြတိုင်ပင်လာတဲ့အခါ ‘မင်းအနေနဲ့ အမေ့ကို အဲ့လိုမပြောလိုက်သင့်ဘူး။ ငါ့အနေနဲ့ဆို စိတ်ဆိုးမိမှာသေချာတယ်’ လို့ စိတ်ထဲမှာခံစားရတဲ့အတိုင်း ဒေါသဖြစ်မိရင်လည်းဖြစ်မိတဲ့အတိုင်း တုန့်ပြန်ပြောဆိုလိုက်ရင် သူတို့ တကယ်ဝမ်းမြောက်မှာပါ။ အဲ့သလိုမဟုတ်ဘဲ ခံစားချက်အစစ်အမှန်ကိုဖုံးကွယ်ဖို့ကြိုးစားပြီး သူတို့အကြိုက်အမြဲပြောနေလိုက်ရင် တော့ အထိတ်အခတ်မခံကိုကိုမမတွေအနေနဲ့ ကိုယ်တွေဟာ ယုံကြည်ထိုက်သူတွေမဟုတ်ဘူးဆိုတာ အလိုလိုအာရုံခံမိပါလိမ့်မယ်။ ဘယ်လိုပြောရမလဲ သူတို့ပြုမူပြောဆိုလုပ်ဆောင်ချက်တွေအပေါ်ကိုယ်က အမြဲဖာထေးပြောဆိုဆက်ဆံပေးနေတာမျိုးလည်းမလုပ် ကန့်လန့်တိုက်ဆန့်ကျင်မှုလုပ်နေတာလည်းမဟုတ်ဘဲ ရိုးသားတဲ့ဆက်ဆံရေးတစ်ရပ်ထူထောင်မိဖို့အရေးကြီးပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့တွေဟာ သူတို့ပြောတဲ့စကားလုံး သို့မဟုတ် သူတပါးပြောတဲ့စကားလုံးတိုင်းကို အသေးစိတ်နားထောင်ပြီး ဘာမှားနေလဲစိစစ်တတ်သူတွေဖြစ်နေနိုင်လို့ပါ။

(၁၁) နိုင်ငံရေးအမြင် တူ မတူ မငြင်းခုန်သင့်
လတ်တလော အပြောင်းအလဲဖြစ်နေသော မိမိနိုင်ငံရဲ့ဖြစ်ပျက်မှုအထွေထွေ၊ နိုင်ငံရေးအခင်းအကျင်း၊ အတိုက်အခံပါတီအပေါ်သဘော ထားအမြင်၊ လက်ရှိအစိုးရအပေါ်အမြင် စတဲ့ အရေးပါသော နိုင်ငံ့အရေးတွေနဲ့ပတ်သက်ပြီး ကိုယ်မဟုတ်တဲ့ အခြားသူနဲ့ပြောဆိုဆွေးနွေး ရတဲ့အခါ အရာရာသတိထားသင့်ပါတယ်။ အထူးသဖြင့် စိတ်ကလက်တစ်ဆစ် သိပ်အထိအခိုက်မခံသူများနဲ့ နိုင်ငံရေးအကြောင်းပြောဆို ရမယ်ဆိုပါက ကမ္ဘာလောကကြီးတစ်ခုနဲ့မျက်နှာချင်းဆိုင်ရမယ့် ကိစ္စတစ်ခုသဖွယ် ပြင်ဆင်ထားသင့်ပါတယ် အရာရာပေါ့။ စာဖတ်သူရဲ့ သူငယ်ချင်းတစ်ယောက်ဟာ အလွန်တရာ ပါးလွှာတဲ့စက္ကူပါးတစ်ချပ် (Hyper Sensitive Person) တစ်ယောက်ဖြစ်ခဲ့ပါက လတ်တလော မြင်ကြားနေရတဲ့ နိုင်ငံရေးသတင်းစကားလေးတွေနဲ့ အစပျိုးဆွေးနွေးကြည့်ပါ။ နှစ်ဦးသားရဲ့ အမြင်အတွေး ဆွေးနွေးလို့ရတဲ့လမ်း ကြောင်းတူနေပြီဆိုပါမှ နိုင်ငံရေးသဘောထားအမြင်ကိုဆက်လက်ဆွေးနွေးဖို့လုပ်သင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ သူ့အမြင် သူ့သဘော ထားအပေါ်မှာပဲ လက်ကိုင်စွဲထားသည်ကိုမြင်နေရပါက စာဖတ်သူအနေနဲ့ နိုင်ငံရေးသဘောထားဆွေးနွေးသင့်အဆင့်သို့မတက်လှမ်း သင့်ပါဘူး။ စာဖတ်သူကလည်း စာဖတ်သူရဲ့ နိုင်ငံရေးသဘောထားက လမ်းကြောင်းအမှန်ဖြစ်ကြောင်း လက်ဆုပ်လက်ကိုင်ပြုထားသည် ဆိုပါလျှင် သူတို့အနေဖြင့် ဒါသက်သက်ချိုးနှိမ်ချင်လို့ ဆန့်ကျင်ဘက်အမြင်ကို ပြောနေတာလို့တွေးထင်ကာ စာဖတ်သူနဲ့ဆက်ဆံရေး ကို သွေဖယ်ရှောင်ရှားပါလိမ့်မယ် များမကြာခင်မှာပေါ့။

(၁၂) ဘာသာရေး ယုံကြည်မှုကိစ္စများတွင်လည်း မငြင်းခုန်သင့်
ဒီအကြောင်းအရာလေးကို ထည့်ပြောရတာကတော့ ဘာသာရေးကိုးကွယ်ယုံကြည်မှုဆိုတဲ့ကိစ္စမှာ ဆွေးနွေးတာမဟုတ်ဘဲ ငြင်းခုန်တာ တစ်ဘက်သတ် သိမ်းသွင်းတာမျိုးတွေကြောင့် အမုန်းပွားဖွယ်ဖြစ်လာနိုင်တာကို ထောက်ပြလိုရင်းဖြစ်ပါတယ်။ ကိုရွှေဆန်းဆန်းတင့် အများစုဟာ သူတို့အတွက် ‘ဘယ်လို နဲ့ ဘာကြောင့် ဒီနေရာကိုရောက်နေရတယ်’ဆိုတဲ့အဖြေမှန်ကို သိရှိပြီးဖြစ်သလို ယုံလည်းယုံ ကြည်တတ်ကြပါတယ်။ သူတို့တွေထဲမှာ ဥပမာအနေနဲ့ပြောရရင် ခရစ်ယာန်ဘာသာကို ကိုးကွယ်ဆည်းကပ်သူရှိသလို နတ်ဒေ၀ါ ဘုရားလောင်းတွေကို အားကိုးတတ်သူတွေလည်းရှိကြ ယုံကြည်မှုရှိကြမှာပါ။ သူတို့အတွက် ဘုရားသခင်ကလမ်းပြပေးမယ် အရာရာဆောင်ကြဉ်းပေးမယ် ဆည်းကပ်အားကိုးနိုင်မယ်လို့ အသည်းစွဲထားပြီးသားဆိုတော့ ကိုယ်နဲ့အမြင်မတူ ယုံကြည်မှုမတူတာကို ပြဿနာတစ်ရပ်အသွင် စာဖတ်သူက မခံယူမကျင့်သုံးစေချင်ပါဘူး။ သူတို့ဘယ်သူတွေ သူတို့ဘာကိုဘယ်လိုယုံကြည်တယ် ဆိုတဲ့အတိုင်း ထားလိုက်စေချင်ပါတယ်။

(၁၃) သူတို့ဟာ Good Listeners တွေပါ
သူတို့ဟာ ပြောဆိုဆွေးနွေး စကားပြောဆိုကြရာမှာ နားထောင်တတ်သူ နားဆင်ပေးတတ်သူများဖြစ်ကြပါတယ်။ စာဖတ်သူများအနေနဲ့ လည်း သူတို့လိုပဲဖြစ်သင့်ပါတယ်။ သူတို့တွေ တစ်ခုခုပြောစရာရှိလို့ပြောတဲ့အခါ ခဏထိုင်ပြီး နားစွင့်ပေးလိုက်ပါ။ သူတို့စကားပြောနေ ချိန် စကားဖြတ်ပြောတာ၊ စကားထောက်ပြီး အကြံဥာဏ် ရုတ်တရက်ဆိုသလိုပေးတာမျိုးတွေမလုပ်ပါနဲ့။ စာဖတ်သူအနေနဲ့ နေရာ တစ်နေရာရနေသော အကြံပေးပုဂ္ဂိုလ်အသွင်မဆောင်မိပါစေနဲ့ပေါ့ဗျာ။ လူတိုင်းကတော့ သူငယ်ချင်းမိတ်ဆွေကောင်းတစ်ယောက် ဖြစ်ချင်ခဲ့ကြတာပါ။ ဒါပေမဲ့ ဟိုဟိုသည်သည် စကားပြောဆိုလိုက်သည်ဆိုပါက စာဖတ်သူအနေနဲ့ သူတို့ပြောစကားကို နားထောင် မနေဘူးဆိုတာ သိသွားနိုင်တာပေါ့လေ မဟုတ်ဘူးလား။

(၁၄) သူတို့ရဲ့ နေ့စဉ် အစီအစဉ်ကို သူတို့ကိုယ်တိုင်ပဲရေးဆွဲဖို့လိုအပ်
သူတို့တွေရဲ့နေ့စဉ်နဲ့အမျှ အသက်ရှင်သန်လှုပ်ရှားသွားလာရာမှာ အစီအစဉ်တကျဖြစ်ဖို့ သူတို့ဘာသာ အစီအစဉ်ရေးဆွဲ အကောင်အထည်ဖော်ဖို့သာလိုအပ်တတ်ကြပါတယ်။ အချို့သော လူတွေက ခင်မင်ရင်းနှီးမှုကိုအကြောင်းပြုလို့ ဘာတွေတော့ ပိုလုပ်သင့်တယ် သို့မဟုတ် သူတို့လုပ်ကိုင်နေထိုင်မှုတွေအပေါ် အရင်မလိုဘဲ ခပ်အေးအေးသက်သောင့်သက်သာလုပ်ကိုင်ဖို့ အကြံပေးစကားပြောရအောင် ကြိုးစားတာမိတာမျိုးလုပ်တတ်ပါတယ် တစ်ခါတရံ။ HSP တွေဟာ အင်းအဲနဲ့ နားထောင်ကောင်း နားထောင်လိုက်မှာဖြစ်ပေမယ့် စာဖတ်သူပြောတဲ့အတိုင်း လုပ်ဖို့ခဲယဉ်းပါရဲ့။

(၁၅) ဆတ်ဆတ်ထိမခံသူ အများစုဟာ တော်တော် သတိထားတတ်တယ်
ဟုတ်ပါတယ် သူတို့တွေဟာ တော့်တော့်ကို အရာရာကို ဂရုတစိုက်နဲ့ သတိထားလေ့လာစူးစမ်းလေ့ရှိပြီး နည်းနည်းလောက်လေးပဲ ဖြစ်ဖြစ် ဝေဖန်မှုမပြတတ်ကြပါဘူး။ သူတို့ ပတ်ဝန်းကျင်အပေါ် စေ့စေ့စပ်စပ် စူးစမ်းသမှုပြုခြင်းကို ခွင့်ပြုထားလိုက်ခြင်းဖြင့် လောက အနှံ့အပြားအပေါ် ဘယ်လိုအာရုံတွေရ သုံးသပ်နေကြလည်းဆိုတာ စာဖတ်သူအနေနဲ့သိရတာပေါ့။ ဥပမာအနေနဲ့ အွန်လိုင်းပေါ်မှာ စီးပွားရေးနဲ့ပဲဖြစ်ဖြစ် ပညာရပ်တစ်ခုခုနဲ့ပဲဖြစ်ဖြစ် အရာရောက်ပေါက်မြောက်သူတစ်စု ပုံမှန်ဆွေးနွေးလေ့ရှိတဲ့အကြောင်းအရာများကို သူ့အနေနဲ့ အရေးမပါပေမဲ့ သေချာဖတ်တတ်ပါတယ်။ အထူးသဖြင့် အဲ့ဒီသူတွေရဲ့ ဖြေကြားချက်များဘယ်လိုရှိမလဲဆိုတာသိလိုရင်း ဖြစ်ပါတယ်။ မေးခွန်းတွေ သို့မဟုတ် အကြောင်းအရာတစ်ခုအပေါ်မှာ ဘယ်လိုခံစားသက်ဝင်ဖြေကြားသွားလဲဆိုတာက သူ့အတွက် စတင် အာရုံစိုက်ဖတ်မိစေတဲ့အချက်ဖြစ်ပါရော။

(၁၆) သူတို့ဟာ အမြဲတမ်းကိုယ့်အတွက် သောက်ဖော်သောက်ဖက် မဖြစ်နိုင်
သူတို့တွေဟာ စာဖတ်သူနဲ့အမြဲတမ်းလိုလိုသောက်ဖော်စားဖက်မဖြစ်နိုင်ပါဘူး။ အနုပညာပြပွဲတွေ၊ ရုပ်ရှင်ရုံတွေ၊ ထသွားထလာ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ သို့မဟုတ် အိမ်မှာပြုလုပ်တတ်တဲ့ လှုပ်ရှားမှုအချို့ ဘယ်အရာက သူတို့နဲ့အတူတကွ ပူးပေါင်း ပျော်ရွှင် လုပ်ဆောင်လို့ရမလည်းဆိုတာ ရှာဖွေကြည့်တာ အကောင်းဆုံးပါပဲ။ HSP တွေဟာ ခပ်ငြိမ်ငြိမ်အတူထိုင်ပြီး လက်ဖက်ရည်ကို တစ်ငုံပြီးတစ်ငုံသောက်ကာ စကားစမြည်ကိုခပ်ကြာကြာပြောဖြစ်ကြတာတွေကို ကြိုက်ကောင်းကြိုက်မှာသေချာပေမယ့် သူနဲ့ စကားပြောဆိုရာမှာ ဘယ်အကြောင်းအရာကို သူစိတ်ဝင်စားတတ်တယ်ဆိုတာ စာဖတ်သူက ရွေးချယ်မိဖို့လိုပါတယ်။

(၁၇) သူတို့မကြိုက်တဲ့ သီချင်းတွေကို ကျယ်ကျယ်မဖွင့်နဲ့

ပတ်ဝန်းကျင်တစ်ခုမှာ အတူတကွ အလုပ်လုပ်ကြတာပဲဖြစ်ဖြစ် ထိုင်ဖြစ်ကြတဲ့အခါမှာပဲဖြစ်ဖြစ် သူတို့မကြိုက်တဲ့ ဂီတအမျိုးအစား သို့မဟုတ် သီချင်းကို စာဖတ်သူကကြိုက်မိတာမှန်ပေမယ့် ခပ်ကျယ်ကျယ်မဖွင့်သင့်ပါဘူး။ စာဖတ်သူ့သူငယ်ချင်း ကိုဆန်းဆန်းတင့်က Country Music ကိုမုန်းတယ်ဆိုရင် သူ Country သီချင်းကို နားထောင်ချင်မှာမဟုတ်ပါဘူး။ စာဖတ်သူကော သူငယ်ချင်းဖြစ်သူကော သဘောကျကြိုက်နှစ်သက်တယ် ဖွင့်ရင်အစဉ်ပြေလို့ နားထောင်ဖို့အစီအစဉ်ရှိတယ်ဆိုရင် Blink 182  သီချင်းအချို့ကိုဖွင့်လှစ် နားထောင်မြူးတူးလိုက်ပေါ့ဗျာ။ Country Music တွေကိုနားထောင်ကြည့်ဖို့ သူ့ကိုယ်ပိုင်အချိန်မှာ ကြိုးစားကြည့်ကောင်းကြိုးစားကြည့် မှာ မှန်ပေမယ့် စာဖတ်သူနဲ့အတူရှိချိန် တစ်ဦးဦးရဲ့ကိုယ်ပိုင်အချိန်မှာတော့ နားထောင်ဖြစ်ဖို့ကြိုးစားကြမှာမဟုတ်ပါဘူး။

(၁၈) ကိုယ့်အမှိုက်ကိုယ်ရှင်း
တကယ်လို့ စာဖတ်သူဟာ သူတို့နဲ့အတူနေထိုင်သူဆိုပါက ကိုယ်စားသောက်ချက်ပြုတ်တာပဲဖြစ်ဖြစ် ပစ္စည်းပစ္စယတွေယူငင်သုံးစွဲပြီး ရင်ပဲဖြစ်ဖြစ် ရှုပ်ရှက်ခပ်နေအောင်မထားပစ်ခဲ့ဘဲ ကိုယ့်အမှိုက်ကိုယ်ရှင်း ကိုယ်ဖွတာကိုစနစ်တကျပြန်ရှင်း စည်းစနစ်တကျနေထိုင် လုပ်ကိုင်သင့်ပါတယ်။ ရှုပ်ပွနေတဲ့ပတ်ဝန်းကျင်အနေအထားဟာ သူ့ဖာသာသူ အထိအခတ်မခံတတ်သူဖြစ်ဖြစ်မဖြစ်ဖြစ်နဲ့မဆိုင်ပါဘူး လူတိုင်းလိုလို သဘောမကျတတ်တဲ့အရာပါ။ HSP တွေအနေနဲ့ လူတွေအမြင်မှာ အပြစ်ကင်းအောင်ဘယ်လိုနေသလဲ သူတို့ကိုယ်ရည် ကိုယ်သွေးတွေကို အတုယူသင့်ယူရပါမယ် ခင်ဗျ။

(၁၉) စကားသွားမများနဲ့
စာဖတ်သူက သူတို့နဲ့အလုပ်အကိုင်အတူတူလုပ်သူဆိုပါက သူတို့တွေ ပရောဂျက်တစ်ခု အလုပ်တစ်စုံတရာအပေါ် အာရုံစိုက်နေချိန်မှာ စကားစမြည်သွားမပြောပါနဲ့။ သူတို့အတွေး သူတို့အာရုံစူးစိုက်မှုနဲ့ ဟာမိုနီကျကျအလုပ်လုပ်တတ်ကြလို့ပါ။ ဒီပရောဂျက်နဲ့ပတ်သက် လို့ ပြောဆိုဆွေးနွေးလိုတယ်ဆိုရင်ဖြင့် ဘယ်အချိန် ဘယ်တော့မှာဖြင့် မင်းနဲ့စကားပြောရအောင် ဆွေးနွေးရအောင်စသဖြင့်ကြိုတင် သတိပေးထား ပြောဆိုထားလိုက်ပါ။

(၂၀) နားလည်ပေးလိုက်ပါ
စာဖတ်သူရဲ့ ကိုယ်ရေးကိုယ်တာ တစ်စုံတရာ စာဖတ်သူပြောခဲ့လုပ်ခဲ့တာတွေကို သူတို့အနေနဲ့ အတုမြင်အတတ်သင်သဘော လုပ်ဆောင်သွားတယ်ဆိုရင် နားလည်ပေးလိုက်ပါ။ သူတို့အနေနဲ့ ဒီလိုမလုပ်ဆောင်သင့်ကြောင်း အခြားသော မကောင်းတဲ့သက်ရောက် မှုတွေသူတို့အတွက်ဖြစ်သွားနိုင်ကြောင်း ပြောပြလိုက်ပါနော်။ သူတို့ဟာ အလွန်စိတ်ခံစားမှုရှိစွာဖြင့် သိမြင်သွားတတ်ပါတယ်။

(၂၁) တစ်ကြိမ်တော့ ခွင့်ပြုလိုက်ပါ
တကယ်လို့စာဖတ်သူက သူတို့ကိုစီမံခန့်ခွဲရသူတစ်ယောက်ဖြစ်ခဲ့ပါက အချိန်ကာလအတိုင်းအတာတစ်ခုမှာ တစ်ကြိမ်ကြိမ်လောက် ပျက်ကွက်ခဲ့တယ်ဆိုရင် ခွင့်ပြုနားလည်ပေးလိုက်ပါ။ ပျှမ်းမျှအားဖြင့် ကိုယ်တွေအလွယ်တကူလုပ်ကိုင်ဆောင်ရွက်နေကျအရာလေးတွေကို သူတို့အနေနဲ့ လုပ်ကိုင်ဆောင်ရွက်လိုက်ဖို့ တစ်ခါတရံ အားပြန်မွေးနေရတတ်လို့ဖြစ်ပါတယ်။


Alex Aung (15 Oct 2015)

(ဝေဖန်အကြံပြုလိုပါက kyawkyawster@gmail.com သို့ဆက်သွယ်နိုင်ပါသည် ခင်ဗျ)

Ref: 21 Ways To Take Care Of A Highly Sensitive Person - Sophia Borghese


Sunday, October 23, 2016

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ (အပိုင်းနှစ်)


အခန်း(၁၂)မြေအသုံးပြုခွင့်

၅ဝ။    (က)   ဤဥပဒေအရ ခွင့်ပြုမိန့် ရရှိထားသော သို့မဟုတ် အတည်ပြုမိန့် ရရှိထားသော ရင်းနှီးမြှုပ်နှံသူသည် ပုဂ္ဂလိကမြေ သို့မဟုတ် အဆောက်အအုံ ဖြစ်ပါက ပိုင်ရှင်ထံမှ လည်းကောင်း၊ အစိုးရက စီမံခန့်ခွဲပိုင်ခွင့် ရှိသော မြေ၊ နိုင်ငံတော်ပိုင်မြေ သို့မဟုတ် အဆောက်အအုံ ဖြစ်ပါက သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများ ထံမှ လည်းကောင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အလို့ငှာ သတ်မှတ်ချက်များနှင့် အညီ နှစ်ရှည် မြေ သို့မဟုတ် အဆောက်အအုံ ငှားရမ်းခွင့် ရှိသည်။ နိုင်ငံသား ရင်းနှီးမြှုပ်နှံသူသည် မိမိပိုင်မြေ သို့မဟုတ် အဆောက်အအုံတွင်  တည်ဆဲဥပဒေများနှင့် အညီ ရင်းနှီး မြှုပ်နှံနိုင်သည်။

      (ခ)   နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူသည် အစိုးရ သို့မဟုတ် အစိုးရ အဖွဲ့အစည်းများထံမှ ဖြစ်စေ၊ ပုဂ္ဂလိကမြေ သို့မဟုတ် အဆောက်အအုံ ပိုင်ရှင် ထံမှ ဖြစ်စေ ကော်မရှင် ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိသည့်နေ့မှ စ၍ ကနဦး နှစ် ၅ဝ အထိ သတ်မှတ်ချက်နှင့် အညီ မြေ သို့မဟုတ် အဆောက်အအုံ ငှားရမ်းနိုင်သည်။

          (ဂ)     အထက်ဖော်ပြပါ ပုဒ်မခွဲ(ခ)အရ ခွင့်ပြုထားသော မြေ သို့မဟုတ် အဆောက်အအုံ ငှားရမ်းကာလ သို့မဟုတ် မြေ သို့မဟုတ် အဆောက်အအုံ အသုံးပြုခွင့် ကာလ သက်တမ်း ကုန်ဆုံးပြီးနောက် ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် တစ်ဆက်တည်း သက်တမ်း တိုးခွင့် ၁ဝ နှစ်နှင့် ယင်း သက်တမ်းကုန်ဆုံးပြီး ထပ်မံ၍ ၁ဝ နှစ်သက်တမ်း တိုးမြှင့်နိုင်သည်။

          (ဃ)   ရင်းနှီးမြှုပ်နှံသူသည် မြေငှားရမ်းခြင်း စာချုပ်အား စာချုပ် စာတမ်းမှတ်ပုံ တင်ခြင်း အက်ဥပဒေနှင့် အညီ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရမည်။

          (င)     အစိုးရအဖွဲ့သည် မြေအသုံးချမှု သို့မဟုတ် မြေငှားရမ်းမှု များအတွက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများအား ပိုမို ကောင်းမွန်သော သတ်မှတ်ချက်များနှင့် အခွင့် အရေးများကို ခွင့်ပြု ပေးနိုင်သည်။

       (စ)     ကော်မရှင်သည် နိုင်ငံတော် တစ်ဝန်းလုံးတွင် ဖွံ့ဖြိုး တိုးတက်စေရန် အလို့ငှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နည်းပါးပြီး ဆက်သွယ်သွားလာရေး ခက်ခဲသော ဒေသများတွင် ရင်းနှီးမြှုပ်နှံသူများ အတွက် ဤဥပဒေပါ မြေ သို့မဟုတ် အဆောက်အအုံ ငှားရမ်းခွင့်ကာလ သို့မဟုတ် မြေ သို့မဟုတ်  အဆောက်အအုံ အသုံးပြုခွင့် ကာလထက် ပိုမိုခံစားခွင့် ပြုရာတွင် အစိုးရအဖွဲ့မှ တစ်ဆင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ အတည်ပြုချက် ရယူရမည်။

အခန်း(၁၃)

အမှုထမ်းများနှင့် အလုပ်သမားများ ခန့်ထားခြင်း

၅၁။    ရင်းနှီးမြှုပ်နှံသူသည်-

                   (က)   နိုင်ငံတော်အတွင်း ၎င်း၏ ရင်းနှီးမြှုပ်နှံမှုတွင် သတ်မှတ် အရည်အချင်း ကိုက်ညီသည့် မည်သည့် နိုင်ငံသားကိုမဆို အကြီးတန်း စီမံခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်း ကျွမ်းကျင်သူနှင့် အကြံပေး အဖြစ် ဥပဒေများနှင့် အညီ ခန့်အပ်နိုင်သည်။

                   (ခ)     အဆင့်ဆင့်သော စီမံခန့်ခွဲမှု၊ နည်းပညာ၊ လုပ်ငန်းကျွမ်းကျင်သူ နေရာတို့တွင် နိုင်ငံသားများအား ခန့်အပ်နိုင်ရန် အလို့ငှာ စွမ်းဆောင်ရည် မြှင့်တင်ရေး အစီအစဉ်များ ဆောင်ရွက်၍ အစားထိုး ခန့်ထားရမည်။

                   (ဂ)    ကျွမ်းကျင်မှု မလိုသော လုပ်ငန်းများတွင် နိုင်ငံသားများကိုသာ ခန့်ထားရမည်။

              (ဃ)   နိုင်ငံခြားသားနှင့် နိုင်ငံသား ကျွမ်းကျင်သူ အလုပ်သမားများ၊ အတတ် ပညာရှင်များနှင့် ဝန်ထမ်းများ ခန့်ထားရာတွင် အလုပ်သမား ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူညီချက် စာချုပ်ကို  အလုပ်ရှင်နှင့် အလုပ်သမားတို့ နှစ်ဦး နှစ်ဖက် လက်မှတ် ရေးထိုး၍ ခန့်ထားရမည်။

           (င)     အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူညီချက် စာချုပ်ပါ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ အခွင့်အရေးနှင့် တာဝန်များကို လည်းကောင်း၊ အလုပ်အကိုင်ဆိုင်ရာ စည်းကမ်းချက်များကို လည်းကောင်း သတ်မှတ်ရာ၌ အနည်းဆုံး လုပ်ခလစာ၊ ခွင့်ရက်၊ အလုပ်ပိတ်ရက်၊ အချိန်ပိုလုပ်ခ၊ နစ်နာကြေး၊ အလုပ်သမားလျော်ကြေး၊ လူမှုဖူလုံရေးနှင့် အလုပ်သမားများနှင့် သက်ဆိုင်သည့် အခြား အာမခံထားရှိခြင်းတို့ အပါအဝင် အလုပ်သမားဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများပါ အခွင့်အရေးများ ရရှိရေး အတွက် ဆောင်ရွက် ပေးရမည်။

                  (စ)     ရင်းနှီးမြှုပ်နှံမှုတွင် အလုပ်ရှင် အချင်းချင်း၊ အလုပ်သမား အချင်းချင်း၊ အလုပ်ရှင်နှင့် အလုပ်သမား၊ အလုပ်သမားနှင့် အတတ်ပညာရှင် သို့မဟုတ် ဝန်ထမ်းတို့ အကြား ပေါ်ပေါက်လာသည့် အငြင်းပွားမှုများကို တည်ဆဲ ဥပဒေများနှင့်အညီ ဖြေရှင်းရမည်။

                                                                          အခန်း(၁၄)
ရင်းနှီးမြှုပ်နှံမှုကို အာမခံခြင်း

၅၂။              အစိုးရအဖွဲ့သည် ဥပဒေနှင့်အညီ ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံပိုင် ပြုလုပ်ခြင်း မပြုဟု အာမခံသည်။ အောက်ပါ အခြေအနေများနှင့် အညီ ဆောင်ရွက်ခြင်းမှ အပ  ရင်းနှီးမြှုပ်နှံမှုကို သိမ်းယူခြင်းကို ဖြစ်စေ၊ သွယ်ဝိုက် သိမ်းယူခြင်းကို ဖြစ်စေ၊ ရပ်ဆိုင်းစေခြင်း သဘော သက်ရောက်သော ဆောင် ရွက်မှုများကို ဖြစ်စေ မပြုလုပ်ဟု အာမခံသည်-

          (က)             နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးအတွက် အမှန်တကယ်လိုအပ်ခြင်း၊

          (ခ)              ခွဲခြားမှုမရှိဘဲ ဆောင်ရွက်ခြင်း၊

          (ဂ)               တည်ဆဲဥပဒေများနှင့် အညီ ဆောင်ရွက်ခြင်း၊

          (ဃ)             သိမ်းယူသည့် ရင်းနှီးမြှုပ်နှံမှုအား မျှတ၍ ပြည့်စုံ လုံလောက်သော လျော်ကြေးကို မြန်ဆန်စွာ ပေးချေခြင်း။

၅၃။    မျှတ၍ ပြည့်စုံလုံလောက်မှုရှိသော လျော်ကြေး သတ်မှတ်ရာတွင် လျှော်ကြေး ပမာဧသည် သိမ်းဆည်းသည့် ရင်းနှီးမြှုပ်နှံမှု၏ ဈေးကွက်တန်ဖိုးနှင့် ညီမျှရမည်ဖြစ်ပြီး သိမ်းဆည်းသည့် ကာလ၌ ဖြစ်ပေါ်နေသည့် ဈေးကွက်တန်ဖိုးဖြင့် သတ်မှတ်ရမည်။ သို့ရာတွင် ၎င်း လျော်ကြေးပမာဏအား သတ်မှတ်ရာတွင် အများပြည်သူ အကျိုးနှင့် ရင်းနှီးမြှုပ်နှံသူ၏ အကျိုးစီးပွား အကြား မျှတသော အခြေအနေအပေါ် အခြေခံရမည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု၏ လက်ရှိနှင့် ယခင် အနေအထား၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သို့မဟုတ် ပစ္စည်းသိမ်းယူရခြင်း၏ အကြောင်း အရင်း၊ ရင်းနှီးမြှုပ်နှံမှု၏ မျှတသော ဈေးကွက်တန်ဖိုး၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း သို့မဟုတ် ပစ္စည်းသိမ်းယူရခြင်း၏ ရည်ရွယ်ချက်၊ ရင်းနှီးမြှုပ်နှံသူမှ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် ကာလတစ်လျှောက် ရရှိခဲ့သည့် အမြတ်ငွေများနှင့် ရင်းနှီးမြှုပ်နှံမှု သက်တမ်း တို့ကိုပါ ထည့်သွင်း စဉ်းစားရမည်။

၅၄။    ဤဥပဒေ၏ အခန်း(၂၁)နှင့် အခန်း(၂၂)ပါ ပြဋ္ဌာန်းချက်များ အပါအဝင် အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်အရ ဆောင်ရွက်သည့် စီးပွားရေးဆိုင်ရာ ထိန်းညှိရန် ရည်ရွယ်ချက်အတွက် သို့မဟုတ် လူမှု အကျိုးစီးပွား အထောက်အကူပြုစေရေး ရည်ရွယ်ချက်များ အတွက် လုပ်ဆောင်သည့် ခွဲခြားမှုမရှိသည့် ဆောင်ရွက်ချက်များသည် ဤအခန်း၏ ပြဋ္ဌာန်းချက်များနှင့် အကျုံးဝင် သက်ဆိုင်ခြင်း မရှိစေရ။

၅၅။    ပုဒ်မ ၅၂ ကို လိုက်နာ ကျင့်သုံးရာတွင် လုပ်ကိုင်ဆောင်ရွက်မှုများသည် အဆိုပါပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု မရှိကြောင်းနှင့် သွယ်ဝိုက်၍ ရင်းနှီးမြှုပ်နှံမှု သိမ်းယူခြင်း ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံသူက တင်ပြလာလျှင် အစိုးရ အဖွဲကသည် အောက်ဖော်ပြပါ အချက် အလက်များကို ထည့်သွင်းစဉ်းစား၍ ကိစ္စရပ် တစ်ခုချင်းအလိုက် စုံစမ်း စစ်ဆေးမှုပြုခြင်း၊ အချက်အလက်ကို စိစစ်ခြင်းတို့ကို ဆောင်ရွက်ရမည်-

(က)             ရင်းနှီးမြှုပ်နှံမှု၏ စီးပွားရေး တန်ဖိုးကို ကြီးမားပြင်းထန်စွာ ထိခိုက်နစ်နာ စေရန် တမင် ဖန်တီး ရည်ရွယ်ဆောင်ရွက်ခြင်း ရှိ မရှိ၊

 (ခ)              အစိုးရမှ ရင်းနှီးမြှုပ်နှံသူသို့ ယခင်စာဖြင့် ရေးသားထားသည့် ကတိကဝတ်များ၊ သဘောတူစာချုပ်၊ လိုင်စင် သို့မဟုတ် အခြားတရားဝင် စာရွက်စာတမ်း များကို ချိုးဖောက်မှု ရှိ မရှိ၊

(ဂ)              ပုဒ်မ ၅၂၊ ပုဒ်မခွဲ(က)တွင် ဖော်ပြထားသည့် အစိုးရအဖွဲ့၏ ရည်ရွယ်ချက် အပါအဝင် ၎င်း၏ လုပ်ဆောင်ချက်များသည် အများပြည်သူ အကျိုးစီးပွားနှင့် ကိုက်ညီမှု ရှိ၊ မရှိ။

အခန်း(၁၅)ဘဏ္ဍာငွေများ လွှဲပြောင်းခြင်း

၅၆။              နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများသည် ဤဥပဒေအရ ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်နွှယ်လျက်ရှိသည့် အောက်ပါ ဘဏ္ဍာငွေများကို ပြည်ပသို့ လွှဲပြောင်းနိုင်သည်-

            (က)             မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားသည့် မတည်ရင်းနှီးငွေ စာရင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အညီ သတ်မှတ်ထားသည့် မတည်ရင်းနှီးငွေများ၊

                   (ခ)              ဤဥပဒေအရ ရင်းနှီးမြှုပ်နှံမှုမှ ထွက်ပေါ်လာသော အကျိုးအမြတ် များ၊ အခြေပစ္စည်းမှ အမြတ်အစွန်းများ၊ အစုပေါ်အမြတ်များ၊ ခိုင်ကြေးများ၊ မူပိုင်ခများ၊ လိုင်စင် ကြေးများ၊ နည်းပညာ အကူအညီထောက်ပံ့မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အခကြေးငွေများ၊ အစုရှယ်ယာနှင့် အခြား လက်ရှိ ဝင်ငွေများ၊

                   (ဂ)              ရင်းနှီးမြှုပ်နှံမှု တစ်ခု၏ စုစုပေါင်း ရောင်းချမှု သို့မဟုတ် တစ်စိတ် တစ်ပိုင်း ရောင်းချမှု သို့မဟုတ် လုပ်ငန်း တစ်ခုခု သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်သည့် ပိုင်ဆိုင်မှု စာရင်း ရှင်းလင်း ဖျက်သိမ်းခြင်းတို့မှ ထွက်ပေါ်လာသည့် အမြတ် အစွန်းများ၊

                   (ဃ)             ချေးငွေ သဘောတူစာချုပ် အပါအဝင် ပဋိညာဉ် စာချုပ်အရ ပေးချေရမည့်ငွေများ၊

                   (င)              ရင်းနှီးမြှုပ်နှံမှု အငြင်းပွားမှု ဖြေရှင်းခြင်းမှ ထွက်ပေါ်လာသည့် ပေးချေငွေများ၊

                   (စ)              ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ပစ္စည်း သိမ်းယူခြင်းတို့မှ လျော်ကြေး အဖြစ် ရရှိသည့် ငွေကြေးများ၊ အခြား လျော်ကြေးငွေများ၊

                   (ဆ)             နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ ခန့်အပ်ထားသည့် နိုင်ငံခြားသား ကျွမ်းကျင်သူ ဝန်ထမ်းများ၏ လုပ်ခ လစာနှင့် ဝင်ငွေ။

၅၇။                        ချေးငွေ လွှဲပြောင်းခြင်း သို့မဟုတ် ချေးငွေ ရယူခြင်းတို့နှင့် စပ်လျဉ်း၍ သတ်မှတ်စည်းမျဉ်းများနှင့် အညီ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် လွှဲပြောင်း သို့မဟုတ် ရယူရမည်။

၅၈။    မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများသည် ဤဥပဒေအရ ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်နွှယ်လျက်ရှိသည့် အောက်ပါ ကိစ္စရပ်များတွင် နိုင်ငံတော် အတွင်းမှ ပြည်ပသို့ လွတ်လပ်စွာဖြင့် နှောင့်နှေး ကြန့်ကြာမှု မရှိဘဲ လွှဲပြောင်းနိုင်သည်-

      (က)   ခိုင်ကြေးများ၊ လိုင်စင်ကြေးများ၊ နည်းပညာ အကူအညီ ထောက်ပံ့မှု၊ စီမံခန့်ခွဲမှုဆိုင်ရာ အခကြေးငွေများနှင့် မည်သည့် ပြင်ပအဖွဲ့အစည်းကို မဆို ပေးရန်ရှိသည့် အတိုးငွေများ၊

        (ခ)     ချေးငွေ သဘောတူစာချုပ် အပါအဝင် ပဋိညာဉ်စာချုပ် အရ ပေးချေရမည့် ငွေများနှင့် အာမခံ လျော်ကြေးငွေများ၊

   (ဂ)     စီရင်ချက်အမိန့်၊ အနုညာတ စီရင်ဆုံးဖြတ်ခြင်း သို့မဟုတ် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူမှ ပေးရန်ရှိသည့် သဘောတူညီချက် အပါအဝင် အငြင်းပွားမှုဖြေရှင်းခြင်းမှ ထွက်ပေါ် လာသည့် ပေးချေငွေများ။

၅၉။              ဘဏ္ဍာငွေ လွှဲပြောင်းမှုများ အားလုံးသည် လွှဲပြောင်းမည့် ပမာဏအပေါ်  မူတည်၍ သတ်မှတ်ထားသည့် အခွန်ဆိုင်ရာ ဥပဒေများနှင့်အညီ အခွန်ထမ်းဆောင် ပြီးမှ သာ လွှဲပြောင်းရမည်။

၆ဝ။    တရားဝင် ခွင့်ပြုမိန့်ဖြင့် အလုပ် လုပ်ကိုင်သော နိုင်ငံခြားသား ကျွမ်းကျင်သူ ဝန်ထမ်းများသည် ဝင်ငွေခွန် ဥပဒေအရ ပြဋ္ဌာန်းထားသည့် အခွန်ထမ်းဆောင်မှု ဆိုင်ရာ ဝတ္တရားများ အရ လွှဲပြောင်းမည့် ငွေကြေးပမာဏ အပေါ် မူတည်၍ အခွန်အခများ ပေးဆောင်ပြီးသော ငွေကို မည်သည့် နုတ်ယူခြင်းမျှ မရှိဘဲ နိုင်ငံတော် အတွင်း ရှိ နိုင်ငံခြားဘဏ် လုပ်ငန်း လုပ်ကိုင်ခွင့်ရှိသော ဘဏ်များမှ တစ်ဆင့် ငွေလွှဲ နိုင်သည်။

၆၁။    နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများသည် ပုဒ်မ ၅၆ တွင် ဖော်ပြထားသည့် ဘဏ္ဍာငွေများ လွှဲပြောင်းခြင်း ပြုလုပ်ရာတွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ၏ ငွေလုံးငွေ ရင်း စာရင်း သို့မဟုတ် သာမန်စာရင်းတွင် အကျုံးဝင်သည့် ငွေများကို နိုင်ငံတော် အတွင်းရှိ နိုင်ငံခြားဘဏ် လုပ်ငန်း လုပ်ကိုင်ခွင့်ရှိသော ဘဏ်များမှ တစ်ဆင့် နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ လွတ်လပ်စွာ သုံးစွဲနိုင်သည့် ငွေကြေးဖြင့် လွှဲပြောင်းနိုင်သည်။

၆၂။    အစိုးရ အဖွဲ့သည် အောက်ပါ အခြေအနေ တစ်ရပ်ရပ်နှင့် ဆက်စပ်သော နိုင်ငံခြားငွေ လွှဲပြောင်းမှုကို ဟန့်တားခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်း ပြုနိုင်သည်-

          (က)             လူမွဲစာရင်းခံခြင်း သို့မဟုတ် မြီရှင်များ၏ အခွင့်အရေးများကို ကာကွယ်ရန် လိုအပ်သည့် အခြေအနေ၊

          (ခ)              ပြစ်မှု သို့မဟုတ် ပြစ်မှုမကင်းသည့် နည်းလမ်းဖြင့် ရရှိသည့်ငွေများအား တရားဝင် ငွေအဖြစ် လွှဲပြောင်းသည့် အခြေအနေ၊

          (ဂ)             ငွေကြေးဆိုင်ရာ အစီရင်ခံခြင်း သို့မဟုတ် လွှဲပြောင်းမှုဆိုင်ရာ မှတ်တမ်း များအား ဥပဒေကြောင်းအရ အတည်ပြုရန် သို့မဟုတ် ငွေကြေးအာဏာပိုင် အဖွဲ့အစည်းများကို ပံ့ပိုးကူညီရန် လိုအပ်သည့် အခြေအနေ၊

          (ဃ)             တရားစီရင်ရေး သို့မဟုတ် စီမံခန့်ခွဲရေး ဆိုင်ရာ ဆောင်ရွက်ချက်များတွင် အမိန့်များ သို့မဟုတ် စီရင်ချက်များနှင့် အညီ ဆောင်ရွက်ရမည့် အခြေအနေ၊

          (င)              အခွန် ကိစ္စရပ်များ၊

          (စ)              လူမှုဖူလုံရေး ဝန်ထမ်းများ၏ အငြိမ်းစားယူမှု သို့မဟုတ် မဖြစ်မနေ ငွေစုဆောင်းရေး အစီအစဉ်များ၊

          (ဆ)             အလုပ်သမားများ၏ ရပိုင်ခွင့်များ နစ်နာဆုံးရှုံးရသည့် အခြေအနေ။

၆၃။    အစိုးရ အဖွဲ့သည် နိုင်ငံတော် အတွင်း၌ ရင်းနှီးမြှုပ်နှံသူနှင့် ယင်း၏ ရင်းနှီးမြှုပ်နှံမှု အတွက် အသုံးပြုရန် လိုအပ်သည့် မတည်ငွေရင်း သို့မဟုတ် အသုံးစရိတ် များနှင့် နိုင်ငံခြား ချေးငွေများကို တည်ဆဲ ဥပဒေနှင့်အညီ ပြည်ပမှ ငွေလွှဲပြောင်းရယူခွင့် ပြုသည်။

၆၄။    ပြည်ပ ငွေပေးငွေယူခြင်း ဆိုင်ရာ သို့မဟုတ် ပြည်ပငွေကြေး အခက်အခဲများ ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် အခြေအနေတွင် အစိုးရအဖွဲ့သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် နိုင်ငံတော်၏ အခြားနိုင်ငံတကာ ကတိကဝတ်များနှင့် အညီ ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်းသည့် ငွေပေးချေမှု သို့မဟုတ် လွှဲပြောင်းပေးမှု ဆိုင်ရာ ကန့်သတ်ချက် များကို ချမှတ်နိုင်သည် သို့မဟုတ် ထိန်းသိမ်းနိုင်သည်။

အခန်း(၁၆)

ရင်းနှီးမြှုပ်နှံသူများ၏ တာဝန်ဝတ္တရားများ

၆၅။    ရင်းနှီးမြှုပ်နှံသူသည် -

          (က)   နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသား လူမျိုးတို့၏ ဓလေ့ထုံးတမ်း၊ အစဉ်အလာ၊ ရိုးရာယဉ်ကျေးမှု တို့ကို လေးစား လိုက်နာရမည်။

          (ခ)     ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ရန် အတွက် ကုမ္ပဏီ သို့မဟုတ် တစ်ဦးတည်းပိုင် သို့မဟုတ် တရားဝင် စီးပွားရေး အဖွဲ့အစည်းများ သို့မဟုတ် အဆိုပါ တရားဝင် စီးပွားရေး အဖွဲ့အစည်း၏ ရုံးခွဲများကို ဥပဒေနှင့်အညီ ဖွဲ့စည်း တည်ထောင်၍ မှတ်ပုံတင်ရမည်။

          (ဂ)     တည်ဆဲ ဥပဒေများနှင့် ဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ အမိန့် ကြော်ငြာစာများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ လုပ်ထုံး လုပ်နည်းများ၊ သဘောတူ စာချုပ်ပါ စည်းကမ်းချက်များနှင့် အခွန်ဆိုင်ရာ တာဝန်ရှိမှု အပါအဝင် ၎င်းတို့အား ထုတ်ပေး ထားသော အထူးပြု လိုင်စင်၊ ခွင့်ပြုမိန့်နှင့် လုပ်ငန်း ဆောင်ရွက်ခွင့် လက်မှတ်များတွင် ပါဝင်သည့် စည်းကမ်းချက်များ၊ သတ်မှတ်ချက်များနှင့် အညီ လိုက်နာ ဆောင်ရွက်ရမည်။

        (ဃ)   လုပ်ငန်းသဘာဝအရ ဖြစ်စေ၊ အခြားလိုအပ်ချက်အရ ဖြစ်စေ သက်ဆိုင်သည့် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ အစိုးရဌာနနှင့် အဖွဲ့အစည်းများမှ လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့် ရယူရန် လိုအပ်လျှင် ဖြစ်စေ၊ မှတ်ပုံတင်ရန် လိုအပ်လျှင်ဖြစ်စေ သက်ဆိုင်ရာ ဌာန၏ သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ရမည်။

          (င)     မိမိငှားရမ်းခွင့် ရရှိထားသော သို့မဟုတ် အသုံးပြုခွင့် ရရှိထားသော မြေ၏ မြေပေါ်မြေအောက်တွင် ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်မှု မရှိသော၊ မူလ သဘောတူ စာချုပ်တွင် မပါဝင်သော သဘာဝ တွင်းထွက်ပစ္စည်းများ သို့မဟုတ် ရှေးဟောင်း ပစ္စည်းများနှင့် ရတနာသိုက် အစရှိသည်တို့ကို တွေ့ရှိပါက ကော်မရှင်ထံသို့ ချက်ချင်း သတင်းပေး အကြောင်းကြား ရမည်။ ကော်မရှင်က ခွင့်ပြုလျှင် ယင်းမြေပေါ်၌ ဆက်လက် လုပ်ကိုင်နိုင်ပြီး ခွင့်မပြုလျှင် ရင်းနှီးမြှုပ်နှံသူက ရွေးချယ် တင်ပြသည့် နေရာတစ်ခုအား အစားထိုး ခွင့်ပြုချက် ရယူ၍ ပြောင်းရွှေ့ ဆောင်ရွက်ရမည်။

        (စ)     မိမိငှားရမ်းခွင့် သို့မဟုတ် အသုံးပြုခွင့်ရရှိသော မြေ၏ သဘာဝ မြေမျက်နှာ သွင်ပြင် သို့မဟုတ် မြေအနိမ့်အမြင့် အနေအထားအား သိသာ ထင်ရှား စွာ ပြောင်းလဲမှုကို ကော်မရှင်၏ ခွင့်ပြုချက်မရှိဘဲ မပြုလုပ်ရ။

       (ဆ)   မိမိ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများနှင့် နိုင်ငံတကာတွင် ကျင့်သုံးသည့် အကောင်းဆုံး စံချိန်စံညွှန်းများနှင့် အညီ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ ညစ်ညမ်းမှု၊ နစ်နာမှု မဖြစ်စေရန်နှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရန် လိုက်နာ ဆောင်ရွက်ရမည်။

          (ဇ)     ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ဖြင့် ဆောင်ရွက်သော ရင်းနှီးမြှုပ်နှံမှုများနှင့် သက်ဆိုင်သည့် လုပ်ငန်းဆိုင်ရာ စာရင်းဇယား များ၊ နှစ်ပတ်လည် ငွေစာ ရင်းများနှင့် လိုအပ်သည့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတကာနှင့် ပြည်တွင်း အသိအမှတ်ပြု စာရင်းကိုင် စံနှုန်းများနှင့် အညီ ကောင်းမွန်စွာ ပြုစု မှတ်တမ်းတင် ထားရှိရမည်။

         (ဈ)    အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ် ဖောက်ဖျက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု အပြီး ပိတ်သိမ်းခြင်း၊ လွှဲပြောင်း ရောင်းချခြင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ရပ်ဆိုင်းခြင်း၊ လုပ်သားအင်အား လျှော့ချခြင်းတို့ အတွက် အလုပ်သမားများအား တည်ဆဲဥပဒေများနှင့်အညီ နစ်နာကြေး ပေးပြီးမှသာ ရင်းနှီးမြှုပ်နှံမှုကို ရပ်ဆိုင်း ပိတ်သိမ်းရမည်။

       (ည)   ခိုင်လုံသော အကြောင်းပြချက်ဖြင့် ရင်းနှီးမြှုပ်နှံမှု ယာယီပိတ်သိမ်း ရပါက ပိတ်သိမ်းထားရသည့် ကာလအတွင်း အလုပ်သမားများအား တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ စသည်တို့နှင့်အညီ လုပ်ခ၊ လစာ ပေးရမည်။

       (ဋ)     အလုပ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု၊ ကိုယ်အင်္ဂါ အစိတ်အပိုင်း ချို့ယွင်းဆုံးရှုံးမှု၊ ရောဂါရရှိမှု၊ သေဆုံးမှုတို့ ဖြစ်ပွားသော အလုပ်သမားများ အတွက် သက်ဆိုင်ရာ အလုပ်သမား သို့မဟုတ် အမွေ ဆက်ခံခွင့်ရှိသူအား တည်ဆဲဥပဒေနှင့် အညီ ရထိုက်သည့် နစ်နာကြေးနှင့် လျော်ကြေးကို ပေးရမည်။

          (ဌ)     မိမိ၏ ရင်းနှီးမြှုပ်နှံမှုတွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များနှင့် ကြီးကြပ်သူများ၊ မိသားစုဝင်များသည် တည်ဆဲဥပဒေ များ၊ နည်း ဥပဒေ များ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို လေးစားလိုက်နာ ရန်ကြပ်မတ်ရမည်။

          (ဍ)     အလုပ်သမားရေးရာ ဥပဒေများကို လေးစားလိုက်နာရမည်။

          (ဎ)     ဥပဒေနှင့်အညီ တရားစွဲဆိုခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့် ရှိရမည်။

  (ဏ) ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ပါ ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်ချက်အရ ဆောင်ရွက်ခြင်းမှ တစ်ပါး ရင်းနှီးမြှုပ်နှံမှုနှင့် မသက် ဆိုင်သော သစ်တောများ ခုတ်ထွင်ခြင်း၊ သဘာဝသယံဇာတများ တူးဖော်ခြင်းစသည့် သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးစေခြင်းနှင့် လူမှုစီးပွားအပေါ် ဆုံးရှုံးမှုများဖြစ်ပေါ်စေပါက အဆိုပါဆုံးရှုံးနစ်နာမှုအတွက် ထိရောက်သည့် လျော်ကြေးကို နစ်နာသူထံသို့ပေးလျော်ရမည်။

      (တ)   ကော်မရှင်က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား စစ်ဆေးကြည့်ရှုရန် ကြိုတင် အကြောင်းကြား လာပါက မည်သည့်နေရာကို မဆို ဝင်ရောက် စစ်ဆေးရန်ခွင့်ပြုပေး ရမည်။

        (ထ)   သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေနှင့် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်း စစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ကြိုတင် ခွင့်ပြုချက် ရယူရန် လိုအပ်သော ရင်းနှီး မြှုပ်နှံမှုများသည် ဆန်းစစ်ခြင်းများ မလုပ်ဆောင်မီ ကော်မရှင်၏ ခွင့်ပြုမိန့် သို့မဟုတ် အတည် ပြုမိန့်ကို ဦးစွာရယူရမည်။ ဤသို့ကော်မရှင်၏ ခွင့်ပြုမိန့်သို့မဟုတ် အတည်ပြုမိန့်ရယူထား သည့် ရင်းနှီးမြှုပ်နှံမှုများသည် ၎င်းတို့ လုပ်ငန်း ဆောင်ရွက်နေသည့် ကာလ တစ်လျှောက်လုံး လိုအပ်သည့် ပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှု ဆန်းစစ်ချက်များ ဆောင်ရွက်မှု အခြေအနေများကို ကော်မရှင်သို့ တင်ပြရမည်။

၆၆။    ကော်မရှင်သည် ပုဒ်မ ၆၅၊ ပုဒ်မခွဲ(ထ)ပါ ဆန်းစစ်ချက်အပေါ် မူတည်၍ အဆိုပါ ရင်းနှီးမြှုပ်နှံမှုများအား ဆက်လက် ဆောင်ရွက်စေခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်း အပါအဝင် လိုအပ်သည်များ စီမံဆောင်ရွက်ရန် ညွှန်ကြားနိုင်သည်။

၆၇။    ရင်းနှီးမြှုပ်နှံသူများသည် ပုဒ်မ ၆၅ တွင် ပြဋ္ဌာန်းသတ်မှတ်ထားသည့် တာဝန်ရှိမှု အား လုံးကို ဤဥပဒေ အာဏာသက်ဝင်သည့်နေ့မှ စ၍ လိုက်နာ ဆောင်ရွက်ရမည်။

၆၈။    ရင်းနှီးမြှုပ်နှံသူသည် ခွင့်ပြုကာလ မကုန်ဆုံးမီ ရင်းနှီးမြှုပ်နှံမှု ရပ်စဲပါက ၎င်း၏ ရင်းနှီး မြှုပ်နှံမှုအတွက် အကောက်ခွန်နှင့်  အခြားပြည်တွင်း အခွန်အကောက် ကင်းလွတ်ခွင့် သို့ မဟုတ် သက်သာခွင့် သို့မဟုတ် နှစ်မျိုးစလုံးတို့ဖြင့် ပြည်ပမှ တင်သွင်းခဲ့သော စက်ယန္တရား များ၊ ပစ္စည်းကိရိယာများ၊ မော်တော်ယာဉ်များနှင့် ပြည်ပမှ တင်သွင်းခဲ့သည့် ပစ္စည်းများ အားလုံး ရောင်းချခြင်း၊  ပြန်လည်တင်ပို့ခြင်း၊ စီမံခန့်ခွဲခြင်းတို့ဆောင်ရွက်ရာတွင် ကော်မရှင်၏ ခွင့်ပြုချက်နှင့်အညီ တင်သွင်းစဉ်က ခံစားခဲ့သော အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် သို့မဟုတ် နှစ်မျိုးစလုံးကို ပြန်လည် ပေးဆောင်ပြီးမှသာ ဆောင်ရွက်ရမည်။

၆၉။    ရင်းနှီးမြှုပ်နှံသူသည် ကော်မရှင်မှခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိပြီးမှသာ သက် ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတစ်ခု သို့မဟုတ် အဖွဲ့အစည်းများနှင့် လိုအပ်သည့် ပဋိညာဉ် စာချုပ်များအား ချုပ်ဆိုခြင်း၊ လက်မှတ် ရေးထိုးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများအား ဆောင်ရွက်ခွင့်ရှိသည်။
၇ဝ။   ပုဒ်မ ၆၉ တွင်ဖော်ပြထားသည့် ပဋိညာဉ်စာချုပ်များ သက်တမ်းတိုးမြှင့်ခြင်း၊ ပြင်ဆင်ခြင်း တို့အတွက် ကော်မရှင်၏ ခွင့်ပြုချက် ရယူရမည်။

၇၁။   ရင်းနှီးမြှုပ်နှံသူသည် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရာတွင် ရင်းနှီးမြှုပ်နှံမှု လုပ် ငန်း အမျိုးအစားအလိုက် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း စည်းမျဉ်း စည်းကမ်း များနှင့်အညီ ကျန်းမာရေးဆိုင်ရာဆန်းစစ်ချက်၊ ယဉ်ကျေးမှု အမွေအနှစ်များ ထိခိုက်မှုဆန်း စစ်ချက်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ် ချက်တို့ကို ဆောင်ရွက်ရမည်။

၇၂။   ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရယူထားသော ရင်းနှီးမြှုပ်နှံမှုအား လုပ်ငန်းသက် တမ်း ကာလအတွင်း အခြား ပုဂ္ဂိုလ် တစ်ဦးဦးသို့ တစ်ဆင့်ငှား ရမ်းခြင်း၊ ပေါင်နှံခြင်း၊ အစုရှယ် ယာ လွှဲပြောင်းခြင်း၊ လုပ်ငန်းလွှဲပြောင်းခြင်းတို့ကို ကော်မရှင်သို့ အသိပေး တင်ပြရမည်။

အခန်း(၁၇) အာမခံထားရှိခြင်း

၇၃။   ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံတော်အတွင်း အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရှိသည့် အာမခံ လုပ်ငန်း တစ်ခုခုတွင် နည်းဥပဒေ၌ ဖော်ပြ သတ်မှတ်ထားသော အာမခံ အမျိုးအစားများကို အာမခံ ထားရှိရမည်။

အခန်း(၁၈) ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ

၇၄။   ကော်မရှင်သည် နိုင်ငံတော်အတွင်း ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ  ဝင်ရောက်စေခြင်းအားဖြင့်  နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူ ပြုစေရေးအတွက်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အချိုး ကျမျှတစွာ ဖွံ့ဖြိုး တိုးတက် လာစေရေးအတွက်လည်းကောင်း အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာ ခွင့် တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ရပ်ထက် ပို၍ဖြစ်စေ ခံစားခွင့်ပြုရန် ရင်းနှီးမြှုပ်နှံသူက လျှောက်ထားလာလျှင် စိစစ်၍ ခွင့်ပြုပေးနိုင်သည်။

၇၅။    (က)   ဝင်ငွေခွန်ကင်းလွတ်ခွင့်နှင့် ပတ်သက်၍ ဖွံ့ဖြိုးမှုနည်းပါးသောဒေသများအား ဇုန်(၁)အဖြစ်လည်းကောင်း၊ ဖွံ့ဖြိုးမှု အသင့်အတင့်ရှိသော ဒေသများအား ဇုန်(၂)အဖြစ် လည်းကောင်း၊ ဖွံ့ဖြိုးမှုရှိသော ဒေသများအား ဇုန်(၃) အဖြစ်လည်းကောင်း၊ အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ကော်မရှင်က အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ကာ ဇုန်(၁)အတွင်း ရင်းနှီးမြှုပ်နှံ သူများအား စီးပွားဖြစ် စတင်သော နှစ်အပါအဝင် တစ်ဆက်တည်း ခုနစ်နှစ်အထိ လည်းကောင်း၊ ဇုန်(၂) အတွင်း ရင်းနှီးမြှုပ်နှံသူများအား စီးပွားဖြစ် စတင်သော နှစ်အပါအဝင် တစ်ဆက်တည်း ငါးနှစ်အထိလည်းကောင်း၊ ဇုန်(၃)အတွင်း ရင်းနှီးမြှုပ်နှံသူ များအား   စီးပွား ဖြစ် စတင်သော နှစ်အပါအဝင် တစ်ဆက်တည်း သုံးနှစ်အထိလည်းကောင်း ဝင်ငွေခွန် ကင်း လွတ်ခွင့် ပြုနိုင်သည်။

          (ခ)     အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ကော်မရှင်သည် ဇုန်သတ်မှတ်ခြင်းကို   သက်ဆိုင်ရာ ဒေသများ၏   ဖွံ့ဖြိုးတိုးတက်မှုအပေါ် မူတည်၍ အခါအားလျော်စွာ လိုအပ်သလို ပြောင်းလဲ သတ်မှတ်နိုင်သည်။

          (ဂ)   ဝင်ငွေခွန် ကင်းလွတ်ခွင့်ကို ရင်းနှီးမြှုပ်နှံမှု မြှင့်တင် ဆောင်ရွက်ရန် ကော်မရှင် က အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည့် ကဏ္ဍများအတွက်သာ ခွင့်ပြုရမည်။

၇၆။    အခန်း(၁၁) ပါ ရင်းနှီးမြှုပ်နှံသူများအား ဆက်ဆံဆောင်ရွက်ခြင်း ပြဋ္ဌာန်းချက်များအပြင် အစိုးရအဖွဲ့သည် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ သို့မဟုတ် နိုင်ငံသားပိုင် အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းများအား အထောက်အပံ့များ၊ ငွေကြေးဆိုင်ရာ ပံ့ပိုးမှုများ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ သင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ ထို့ပြင် မြန်မာနိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းများမှ လုပ်ငန်း ဆောင်ရွက်နေသည့် နေရာ  သို့မဟုတ်  စီးပွားရေးလုပ်ငန်း အမျိုးအစားများနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များတွင် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ခွင့်ပြုပေးနိုင်သည်။

၇၇။   ကော်မရှင်သည် ရင်းနှီးမြှုပ်နှံသူက တင်ပြ လျှောက်ထားလာလျှင် အောက်ပါ အကောက်ခွန်နှင့် အခြားပြည်တွင်း အခွန်အကောက်များ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာ ခွင့်ကို စိစစ်ခွင့်ပြုပေးနိုင်သည်-

          (က)   ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း တည်ဆောက်မှုကာလ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု လုပ် ငန်း ပြင်ဆင်မှု ကာလအတွင်း အမှန်တကယ် လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ၊ အသုံးအဆောင် တန်ဆာပလာများ၊ စက်ကိရိယာအစိတ်အပိုင်းများ၊  စက်အရန်ပစ္စည်းများ၊ ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ခြင်း မရှိသော တည်ဆောက်ရေး ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်း များ အပေါ်တွင်  အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များဖြစ်စေ၊  နှစ်မျိုး လုံးကိုဖြစ်စေ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊

          (ခ)     ပြည်ပသို့  ရာနှုန်းပြည့်တင်ပို့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများက ပို့ကုန် ထုတ် လုပ်ရန်အတွက် တင်သွင်းသော ကုန်ကြမ်းပစ္စည်းများ၊ တစ်ပိုင်းတစ်စ  ထုတ်လုပ်ပြီးသော ကုန်ပစ္စည်းများ အပေါ်တွင် အကောက်ခွန်ဖြစ်စေ၊  အခြားပြည်တွင်း အခွန်အကောက် များ ဖြစ်စေ၊  နှစ်မျိုးလုံးကိုဖြစ်စေ  ကင်းလွတ်ခွင့်  သို့မဟုတ်သက်သာခွင့်၊

          (ဂ)     ပြည်ပမှ ကုန်ကြမ်းပစ္စည်းများနှင့် တစ်စိတ်တစ်ပိုင်း ထုတ်လုပ်ပြီးသော ပစ္စည်း များ တင်သွင်းပြီး ပြည်တွင်း၌ ကုန်ပစ္စည်းထုတ်လုပ်ကာ ပြည်ပသို့ ပြန်လည် တင်ပို့ခဲ့လျှင်  တင်ပို့သည့် ကုန်ပစ္စည်းပမာဏအတွက် ပြည်ပမှ တင်သွင်းခဲ့သော ကုန်ကြမ်း ပစ္စည်းများနှင့် တစ်စိတ်တစ်ပိုင်း ထုတ်လုပ်ပြီးသော ပစ္စည်းများအပေါ်တွင် ကောက်ခံခဲ့သော  အကောက် ခွန်ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များဖြစ်စေ၊ နှစ်မျိုးလုံးကိုဖြစ်စေ ပြန်လည်ထုတ် ပေးခွင့်၊

          (ဃ)   ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပမာဏ တိုးမြှင့်ပြီး  မူလ ရင်းနှီးမြှုပ်နှံသည့်  ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအား ခွင့်ပြုထားသည့် သက်တမ်း ကာလအတွင်း တိုးချဲ့လုပ်ကိုင်ပါက ယင်းသို့ တိုးချဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအတွက် အမှန်တကယ် အသုံးပြုရန် လိုအပ်၍ တင်သွင်းသောစက်ပစ္စည်းများ၊ စက်ကိရိယာများ၊ အသုံးအဆောင် တန်ဆာပလာများ၊ စက်ကိရိယာအစိတ်အပိုင်းများ၊  စက်အရန်ပစ္စည်းများ၊  လုပ်ငန်းသုံးပစ္စည်း များ၊ ပြည်တွင်း၌  ဝယ်ယူရရှိနိုင်ခြင်း မရှိသော  တည်ဆောက်ရေး ပစ္စည်းများ အပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များ ဖြစ်စေ၊ နှစ်မျိုးလုံးကို ဖြစ်စေ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်။

၇၈။    ကော်မရှင်သည်  ရင်းနှီးမြှုပ်နှံသူက လျှောက်ထားလာလျှင် အောက်ပါ ကင်းလွတ်ခွင့် နှင့် သက်သာခွင့်ကို လိုအပ်သလို စိစစ်ခွင့် ပြုနိုင်သည်-

          (က)   ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းမှ ရရှိ သည့် အမြတ်ငွေကို အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွင်ဖြစ်စေ၊ ၎င်း၏ အခြား အမျိုးအစားတူ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွင်ဖြစ်စေ  တစ်နှစ်အတွင်း၌ ပြန်လည်ရင်းနှီး မြှုပ်နှံလျှင် ထိုအမြတ်ငွေ အပေါ်တွင် ဝင်ငွေခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊

          (ခ)     ဝင်ငွေခွန်စည်းကြပ်ရန်အလို့ငှာ စက်ပစ္စည်း၊  စက်ကိရိယာ၊ အဆောက်အအုံ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသုံး အခြားမတည် ပစ္စည်းများအပေါ်တွင်    သတ်မှတ်အချိန် ကာလထက် လျော့နည်းသော ပစ္စည်းတန်ဖိုး လျော့တွက် နှုန်းထားဖြင့်  စီးပွားဖြစ် စတင်သော နှစ်မှစတင်၍ တွက်ချက်ခံစားခွင့်၊

          (ဂ)     နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အမှန်တကယ် လိုအပ်၍ နိုင်ငံတော် အတွင်း ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်း များအတွက် ကုန်ကျစရိတ်ကို အခွန်စည်းကြပ် ထိုက်သော ဝင်ငွေမှ နုတ်ပယ်ခွင့်။

၇၉။   နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ ဝင်ငွေအပေါ်တွင် ပြည်တွင်းနေ နိုင်ငံသားများ ပေးဆောင်သည့် ဝင်ငွေခွန် နှုန်းထားများအတိုင်း ဝင်ငွေခွန် ပေးဆောင်ရမည်။

၈ဝ။    ပုဒ်မ ၇၅၊ ၇၇ နှင့် ၇၈ တွင် ပြဋ္ဌာန်းထားသည့် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များမှ အပ အခြားအခွန်ဆိုင်ရာ ကိစ္စရပ်များအား သက်ဆိုင်ရာ အခွန်ဥပဒေနှင့်အညီ ဆောင်ရွက်ရ မည်။

၈၁။    ပုဒ်မ ၇၅ ၊ ၇၇၊ ၇၈ နှင့် ၈ဝ တို့ပါ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များသည် အထူး စီးပွားရေးဇုန်တွင် လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းများနှင့် သက်ဆိုင်ခြင်း မရှိစေရ။

အခန်း(၁၉) အငြင်းပွားမှု ဖြေရှင်းခြင်း

၈၂။    ဤဥပဒေကို ထိရောက်စွာ အကောင်အထည် ဖော်ရာတွင် ကော်မရှင်သည် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ  ပြဿနာရပ်များအား တရားဝင် အငြင်းပွားမှု အဆင့်သို့ မရောက်ရှိမီ ဖြေရှင်း နိုင်ရန်၊ အငြင်းပွားမှု ဖြစ်ပွားခြင်းမှ ကာကွယ်ရန်နှင့် သက်ဆိုင်သည့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန်အတွက် နစ်နာမှု ဖြေရှင်းသည့် နည်းလမ်းတစ်ရပ်ကို စီမံချမှတ်ရမည်။

၈၃။    ရင်းနှီးမြှုပ်နှံသူနှင့် နိုင်ငံတော်အကြား သို့မဟုတ် ရင်းနှီးမြှုပ်နှံသူ အချင်းချင်းအကြား ဖြစ်ပွားသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများကို တရားရုံးသို့မဟုတ် အနုညာတ ခုံရုံး တို့တွင် တရားမစွဲဆိုမီ အငြင်း ပွားသူများသည် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ထိုက်သင့်သည့် ကြိုးပမ်းမှုများကို အသုံးပြုရမည်။

၈၄။    ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်း၍ ပြေလည်မှု မရရှိပါက-

          (က)   သက်ဆိုင်ရာ စာချုပ်တွင် အငြင်းပွားမှု ဖြေရှင်းနည်း သတ်မှတ်ထား ခြင်းမရှိ လျှင် စီရင်ပိုင်ခွင့်ရှိသော တရားရုံး သို့မဟုတ် အနုညာ တခုံရုံး၌ တည်ဆဲ ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။

          (ခ)     သက်ဆိုင်ရာစာချုပ်တွင် အငြင်းပွားမှု ဖြေရှင်းနည်း သတ်မှတ်ထားခြင်း ရှိလျှင် ယင်း သတ်မှတ်ထားသည့် ဖြေရှင်းနည်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်။

အခန်း(၂ဝ) စီမံခန့်ခွဲရေးပြစ်ဒဏ်

၈၅။    ကော်မရှင်သည်-

          (က)   ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများ သို့မဟုတ် ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် သည့် သို့မဟုတ် လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်သည့် ရင်းနှီးမြှုပ်နှံသူ အပေါ်တွင် အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ကို ဖြစ်စေ သို့မဟုတ် တစ်ရပ်ထက် ပိုသော ပြစ်ဒဏ်များကိုဖြစ်စေ ချမှတ်နိုင်သည်-

(၁)     သတိပေးခြင်း၊

(၂)     လုပ်ငန်းကို ယာယီရပ်ဆိုင်းခြင်း၊

(၃)     အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ယာယီ ရပ်ဆိုင်းခြင်း၊

(၄)     ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ကို ပြန်လည်ရုပ်သိမ်းခြင်း၊

(၅)     နောင်တွင် မည်သည့် ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်မျှ ထုတ်ပေးမည် မဟုတ်သော နာမည်ပျက်စီးပွားရေးလုပ်ငန်း စာရင်း၌ ထည့်သွင်းခြင်း။

          (ခ)     ပုဒ်မခွဲ (က)  အရ စီမံခန့်ခွဲမှုပြစ်ဒဏ် မချမှတ်မီ စီမံခန့်ခွဲမှုပြစ်ဒဏ်နှင့် စပ်လျဉ်း သည့် ကြိုတင် အကြောင်းကြားစာကို ရင်းနှီးမြှုပ်နှံသူထံသို့ အကြောင်းကြားရမည်။ ရင်းနှီး မြှုပ်နှံသူသည် ၎င်းအပေါ် ချမှတ်မည့် စီမံခန့်ခွဲမှုပြစ်ဒဏ်နှင့် စပ်လျဉ်း၍ စာဖြင့် ရေးသား မေးမြန်း ဖြေရှင်းနိုင်ခွင့်ရှိရမည်။

          (ဂ)     ပုဒ်မခွဲ (က) အရ စီမံခန့်ခွဲမှု ပြစ်ဒဏ်ချမှတ်ရာတွင် ထိုသို့ ချမှတ်ရသည့် အကြောင်းအရင်းကို ယင်းချမှတ်သည့် ဆုံးဖြတ်ချက်နှင့်အတူ ဖော်ပြပေးရမည်။

၈၆။    (က)   ကော်မရှင်က ပုဒ်မ ၈၅ အရ ချမှတ်သည့် ဆုံးဖြတ်ချက် တစ်ရပ်ရပ် နှင့်စပ်လျဉ်း ၍ ကျေနပ်မှုမရှိသည့် ရင်းနှီးမြှုပ်နှံသူသည် အစိုးရအဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ ဆုံးဖြတ်ချက် ချမှတ်သည့် နေ့မှစ၍ ရက်ပေါင်း ၆ဝ အတွင်း အယူခံ လျှောက်ထားနိုင်သည်။

          (ခ)     အစိုးရအဖွဲ့သည် ကော်မရှင်က ချမှတ်သည့် ဆုံးဖြတ်ချက်တစ်ရပ် ရပ်ကို ပြင် ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အတည်ပြုခြင်းပြုနိုင်သည်။

          (ဂ)     အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။

၈၇။   ရင်းနှီးမြှုပ်နှံသူသည် ကော်မရှင်၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသို့ ပြုစုတင်ပြသော အဆိုပြုချက်၊ စာရင်းဇယားများ၊ စာချုပ်စာတမ်း အထောက်အထားများ၊ ငွေရေးကြေးရေး၊ အလုပ်သမား ခန့်ထားရေးဆိုင်ရာ အထောက်အထားများ စသည်တို့ကို မရိုး မဖြောင့်သော သဘောဖြင့် မမှန်ဖော်ပြကြောင်း သို့မဟုတ် ထိမ်ချန်ကြောင်း ခိုင်လုံသော သက်သေခံ အထောက်အထားများ ပေါ်ပေါက်လျှင် ပြစ်မှုကြောင်းအရ အရေးယူခြင်းခံရမည်။

၈၈။   ရင်းနှီးမြှုပ်နှံသူသည် ပုဒ်မ ၄၁ ပါ တားမြစ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များကို လုပ်ကိုင် ဆောင်ရွက်ခြင်း အပါအဝင် ဤဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင် သို့မဟုတ် ဖောက်ဖျက်လျှင် ဤဥပဒေအရ အရေးယူမည့်အပြင် လိုအပ်ပါက တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အရေးယူ ခြင်းခံရမည်။

အခန်း(၂၁) ခြွင်းချက်ပြုရမည့် အချက်များ

၈၉။    ဤဥပဒေပါ မည်သည့် ပြဋ္ဌာန်းချက်ကမျှ အစိုးရအဖွဲ့၏ ဆင်ခြင်တုံ တရားဖြင့် ချမှတ် ထားသော သို့မဟုတ် ထိန်းသိမ်းထားသော မျှတမှုရှိသည့် အောက်ပါ ဆောင်ရွက်ချက်များကို တားမြစ်သည်ဟု မှတ်ယူခြင်းမပြုရ-

          (က)   ပြည်သူ့ကိုယ်ကျင့်တရားကာကွယ်ရန် သို့မဟုတ် အများပြည်သူအကျိုးငှာ ထိန်း သိမ်းရန်လိုအပ်ချက်၊

          (ခ)     လူသား၊ တိရစ္ဆာန် သို့မဟုတ် အပင်များ၏ သက်တမ်း သို့မဟုတ် ကျန်းမာရေး ကာကွယ်ရန်လိုအပ်ချက်၊

          (ဂ)     ရင်းနှီးမြှုပ်နှံသူများ၊ ဘဏ်တွင် ငွေကြေးအပ်နှံသူများ၊ ငွေကြေး ဈေးကွက်တွင် ပါဝင်ဆောင်ရွက်သူများ၊ အာမခံထားရှိသူများ၊ အာမခံတောင်းသူများ သို့မဟုတ် ယုံမှတ် အပ်နှံ မှု တာဝန်ရှိသည့် ဘဏ္ဍာရေး အဖွဲ့အစည်းတစ်ခုက ၎င်းမှ တာဝန်ရှိသည့် လူပုဂ္ဂိုလ်များကို ကာကွယ်ခြင်း၊

          (ဃ)   ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ လုံခြုံမှု၊ ရပ်တည်နိုင်မှု၊ တည်မြဲမှုနှင့် တည်ငြိမ်မှု ကိုအာမခံခြင်း၊

          (င)   နိုင်ငံတော်၏ ဘဏ္ဍာရေးစနစ် တည်တံ့ခိုင်မြဲမှုနှင့် တည်ငြိမ်မှုကိုအာမခံခြင်း၊

          (စ)     ရင်းနှီးမြှုပ်နှံသူနှင့် ပတ်သက်၍ မျှတ၍ ထိရောက်မှုရှိသော စည်းကြပ်ခြင်း သို့မဟုတ် တိုက်ရိုက်အခွန်များ ကောက်ခံခြင်းအား သေချာ စေရန်ရည်ရွယ်ခြင်း၊

          (ဆ)   အနုပညာဆိုင်ရာ၊ သမိုင်းဆိုင်ရာ သို့မဟုတ် ရှေးဟောင်းတန်ဖိုးရှိသော အမျိုး သား အမွေအနှစ် ရတနာများ ကာကွယ်ရေးအတွက် ဆောင်ရွက်ခြင်း၊

          (ဇ)     ပြည်တွင်း၌ ထုတ်လုပ်မှု သို့မဟုတ် သုံးစွဲမှုများကြောင့် ထိခိုက်မှု ဖြစ်စေပါက ယင်းသို့ မဖြစ်စေရန် သဘာဝ သယံဇာတများအား ထိန်းသိမ်းရန် ဆောင်ရွက်ခြင်း။

အခန်း(၂၂) လုံခြုံရေးဆိုင်ရာ ကင်းလွတ်ခွင့်များ

၉ဝ။    (က)   ဤဥပဒေပါ မည်သည့်ပြဋ္ဌာန်းချက်ကမျှ အစိုးရအဖွဲ့က လုံခြုံရေး အလို့ငှာ လိုအပ်သော ဆောင်ရွက်ချက်များ ပြုလုပ်ခြင်းကို တားမြစ်သည်ဟု မမှတ်ယူရ။

        (ခ)   ဤဥပဒေပါ ပြဋ္ဌာန်း သတ်မှတ်ချက်များသည် အစိုးရအဖွဲ့က နိုင်ငံတော်၏ အရေးပါသော လုံခြုံရေးကိစ္စကို ကာကွယ်ရန်အတွက် လိုအပ်သည်ဟု ယူဆရသည့်  အောက် ဖော်ပြပါ ဆောင်ရွက်ချက် တစ်စုံတစ်ရာ လုပ်ဆောင်ခြင်းကို တားဆီးခြင်းမရှိစေရ-

(၁)   တပ်မတော် သို့မဟုတ် အခြားလုံခြုံရေး အဖွဲ့အား လက်နက်၊ခဲယမ်း မီးကျောက်နှင့် စစ်လက်နက်ကိရိယာ၊ တန်ဆာပလာများ ထောက်ပံ့ရန်အတွက် တိုက်ရိုက် သို့မဟုတ် သွယ် ဝိုက်၍ ဆောင်ရွက်သော ဆောင်ရွက်ချက်များ။

(၂)     နိုင်ငံတကာ ဆက်ဆံရေးတွင် စစ်ဖြစ်ပွားခြင်းနှင့် အခြား အရေးပေါ် အခြေအနေများ အရ လိုအပ်သလို ဆောင်ရွက်ခြင်း။

အခန်း(၂၃) အထွေထွေ

၉၁။    ဤဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်သည် နိုင်ငံတော်က အတည်ပြု လက်ခံထားသော အပြည်ပြည်ဆိုင်ရာ စာချုပ်များနှင့် သဘောတူညီချက်ပါ အချက်တစ်ရပ်ရပ်နှင့် ဆန့်ကျင် ကွဲလွဲပါက ထိုဆန့်ကျင်သည့် ပြဋ္ဌာန်းချက်အတွက် အပြည်ပြည်ဆိုင်ရာ စာချုပ်များနှင့် သဘောတူညီချက်ပါ အချက်များကို လိုက်နာရမည်။

၉၂။    ဤဥပဒေ ပြဋ္ဌာန်းပြီးနောက် လိုအပ်သော နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းခြင်း မပြုသေးမီ ကာလအတွင်း ဤဥပဒေနှင့် မဆန့်ကျင်လျှင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ (ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၁/၂ဝ၁၂)အရ ထုတ်ပြန်ခဲ့သောနည်း ဥပဒေ များ ကို ဆက်လက် ကျင့်သုံးနိုင်သည်။

၉၃။    ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြား မှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁ဝ/၁၉၈၈) သို့မဟုတ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ (၂ဝ၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၁။) သို့မဟုတ် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေ (၂ဝ၁၃ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၈) တို့ကို အခြေခံ၍ ကော်မရှင်က ပေးအပ်ထားသည့် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်သည် အဆိုပါ ခွင့်ပြုမိန့်၏ သတ်မှတ်သက်တမ်း ကုန်ဆုံးသည့် အချိန်အထိ ဆက်လက် အကျိုးသက်ရောက်စေရမည်။

၉၄။    အခြားဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင် ပါရှိစေကာမူ ဤဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ် ရပ်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဤဥပဒေနှင့် အညီသာ ဆောင်ရွက်ရမည်။

၉၅။    ဤဥပဒေအရအပ်နှင်းထားသော လုပ်ပိုင်ခွင့်များနှင့်အညီ သဘောရိုးဖြင့် ဆောင်ရွက် ကြောင်း သက်သေ အထောက်အထား ခိုင်လုံသည့် ကိစ္စ တစ်ရပ်ရပ်အတွက် ကော်မရှင် အဖွဲ့ဝင် တစ်ဦးဦးကိုဖြစ်စေ၊ ကော်မတီ သို့မဟုတ် အဖွဲ့ငယ်၏ အဖွဲ့ဝင် တစ်ဦးဦးကိုဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်း တစ်ဦးဦးကိုဖြစ်စေ တရားမကြောင်းဖြင့် သော်လည်းကောင်း၊ ပြစ်မှုကြောင်း ဖြင့်သော်လည်းကောင်း တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ။

၉၆။    ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဝန်ထမ်းများသည် ဤဥပဒေအရ လုပ်ငန်းတာဝန် များကို ထမ်းဆောင်ရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အဂတိတရား ကင်းရှင်းစွာဖြင့် ဆောင်ရွက်ရမည်။

၉၇။    ကော်မရှင်အဖွဲ့ဝင်များသည် မိမိရရှိထားသည့် သတင်းအချက်အလက်များ ကို ဤ ဥပဒေပါ ရည်ရွယ်ချက်များ အကောင်အထည် ဖော်ရန် ကိစ္စများမှ တစ်ပါး အခြားကိစ္စရပ်များ တွင် အသုံးမပြုရ။

၉၈။    ပုဒ်မ ၈၅ အရ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်များနှင့် စပ်လျဉ်း၍ အယူခံခြင်းမှတစ်ပါး ဤ ဥပဒေအရ အပ်နှင်းသော လုပ်ပိုင်ခွင့်နှင့်အညီ ကော်မရှင်ကချမှတ်သော အဆုံးအဖြတ်သည် အပြီးအပြတ် အတည်ဖြစ်သည်။

၉၉။    ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်စေရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာနသည်-

          (က)   ကော်မရှင်၏ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရမည်။

          (ခ)   ကော်မရှင်၏  ကုန်ကျစရိတ်များကို  ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျခံရမည်။

၁ဝဝ။  ဤဥပဒေကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင်-

          (က)   ဝန်ကြီးဌာနသည် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လိုအပ်သော နည်း ဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

          (ခ)     ကော်မရှင်သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံလုပ်နည်း များကို ထုတ်ပြန်နိုင်သည်။

၁ဝ၁။  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ (၂ဝ၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၂၁။) နှင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေ (၂ဝ၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၈။) တို့ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ရုပ်သိမ်းလိုက်သော်လည်း ယင်းဥပဒေအရ တည်ထောင်ထားရှိသည့် ကော်မရှင်သည် ဤ ဥပဒေအရ ဆက်ခံမည့် ကော်မရှင်အား တာဝန်ဝတ္တရားများ လွှဲအပ် ပေးသည့်နေ့အထိ လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိ စေရမည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။

(ပုံ)ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

Credit: www.myawady.net.mm

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ


(၂ဝ၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄ဝ။) ၁၃၇၈ ခုနှစ်၊ သီတင်းကျွတ် လပြည့်ကျော် ၂ ရက် (၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်) ပြည်ထောင်စု လွှတ်တော် သည် ဤ ဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါ စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက် ရောက်စေရမည်-

(က)   နိုင်ငံတော်ဆိုသည်မှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။

(ခ) နိုင်ငံတော်သမ္မတဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော် သမ္မတ ကိုဆိုသည်။

(ဂ)  အစိုးရ အဖွဲ့ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရ အဖွဲ့ကို ဆိုသည်။

(ဃ)   ဝန်ကြီးဌာနဆိုသည်မှာ ပြည်ထောင်စုအစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ကိုဆို သည်။

(င)   ကော်မရှင်ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ကို ဆိုသည်။

(စ)  အဖွဲ့ဝင်ဆိုသည်မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ အပါအဝင် အဖွဲ့ဝင် တစ်ဦးဦးကို ဆိုသည်။

(ဆ)   ကော်မရှင်ရုံး ဆိုသည်မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ရုံးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရုံးကို ဆို သည်။

(ဇ)   အတွင်းရေးမှူး ဆိုသည်မှာ ကော်မရှင်ရုံး၏ ရုံးလုပ်ငန်း တာဝန်များကို တာဝန်ခံ ဆောင် ရွက်မည့်  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အတွင်းရေးမှူးကို ဆိုသည်။

(ဈ)   အဆိုပြုချက် ဆိုသည်မှာ ရင်းနှီးမြှုပ်နှံလိုသူက ပုဒ်မ ၃၆ တွင်ဖော်ပြထားသည့် လုပ်ငန်း များ၌ လုပ်ကိုင်လိုသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအတွက်  ကော်မရှင်၏ ခွင့်ပြုမိန့် ရရှိရန် သတ် မှတ်သည့် ပုံစံဖြင့် လိုအပ်သည့်စာချုပ်၊ စာရွက်စာတမ်း အထောက်အထားများ ပူးတွဲကာ တင်ပြသော လျှောက်လွှာကို ဆိုသည်။

(ည)  ခွင့်ပြုမိန့်ဆိုသည်မှာ ရင်းနှီးမြှုပ်နှံလိုသူက ရင်းနှီးမြှုပ်နှံရန် တင်ပြလာသော အဆိုပြု ချက် နှင့် စပ်လျဉ်း၍ ကော်မရှင်၏ သဘောတူခွင့်ပြုချက်ကို ဖော်ပြသည့် အမိန့်ကိုဆိုသည်။

(ဋ)   အတည်ပြု လျှောက်ထားလွှာဆိုသည်မှာ ရင်းနှီးမြှုပ်နှံလိုသူက အခန်း(၁၂) မြေအသုံးပြု ခွင့်နှင့် အခန်း(၁၈)ပုဒ်မ ၇၅၊ ၇၇ နှင့် ၇၈ ပါ ကင်းလွတ်ခွင့်နှင့်   သက်သာခွင့်များ ခံစားနိုင်ရန် အလို့ငှာ ကော်မရှင်၏ အတည်ပြု မိန့်ရရှိရန် သတ်မှတ်သည့် ပုံစံဖြင့်လိုအပ်သည့် အထောက် အထားများ ပူးတွဲကာ တင်ပြသော လျှောက်လွှာ ကိုဆိုသည်။

(ဌ)   အတည်ပြုမိန့် ဆိုသည်မှာ ရင်းနှီးမြှုပ်နှံလိုသူက တင်ပြလာသော အတည်ပြု လျှောက် ထားလွှာနှင့် စပ်လျဉ်း၍ ကော်မရှင်၏ အတည်ပြုချက်ကို ဖော်ပြသည့် အမိန့်ကို ဆိုသည်။

(ဍ)   နိုင်ငံသားဆိုသည်မှာ ဤ ဥပဒေအလို့ငှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသား ပြုခွင့်ရသူတို့ကို ဆိုသည်။ ယင်းစကားရပ်တွင် နိုင်ငံသားများဖြင့်သာ ပါဝင်ဖွဲ့စည်းထားသော စီးပွားရေး အဖွဲ့အစည်းလည်း ပါဝင်သည်။

(ဎ)     မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူဆိုသည်မှာ နိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ် သည့် နိုင်ငံသားကို ဆိုသည်။ ယင်းစကားရပ်တွင် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့် အညီ ဖွဲ့စည်း တည်ထောင် မှတ်ပုံတင်ထားသည့် မြန်မာကုမ္ပဏီ၊ ရုံးခွဲများနှင့် အခြားစီးပွားရေး အဖွဲ့အစည်းများလည်း ပါဝင်သည်။

(ဏ)   နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူဆိုသည်မှာ နိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် နိုင်ငံသား မဟုတ်သူကို ဆိုသည်။ ယင်းစကားရပ်တွင် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့် အညီ ဖွဲ့စည်းတည်ထောင် မှတ်ပုံတင်ထားသည့် နိုင်ငံခြားကုမ္ပဏီ၊ရုံးခွဲ၊  အခြားစီးပွားရေး အဖွဲ့ အစည်းများနှင့်  ပြည်ပနိုင်ငံတစ်နိုင်ငံမှ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ ဖွဲ့စည်းထား သော စီးပွားရေး အဖွဲ့အစည်းများလည်း ပါဝင်သည်။

(တ)   ရင်းနှီးမြှုပ်နှံသူ ဆိုသည်မှာ နိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံမှုကို ဥပဒေနှင့် အညီ လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူကို ဆိုသည်။

(ထ)  ရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူက ဤဥပဒေနှင့်အညီ ပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်သည့် ပစ္စည်းများကို ဆိုသည်။ ယင်းစကားရပ်တွင် ပုဒ်မ ၄ဝ ပါ ရင်းနှီးမြှုပ်နှံမှုများ လည်း အပါအဝင်ဖြစ်သည်။

(ဒ)  တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ နိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံသူက ဥပဒေနှင့် အညီ လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် ပိုင်ဆိုင်ပစ္စည်းအပေါ် ထိန်းချုပ်ခွင့် သို့မဟုတ် လွှမ်းမိုးခွင့် နှင့် လုပ်ငန်းစီမံခန့်ခွဲခွင့်တို့ ရှိသည့် ရင်းနှီးမြှုပ်နှံမှုကို ဆိုသည်။

(ဓ)   နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုသည်မှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူက နိုင်ငံတော် အတွင်း ပြုလုပ်သည့် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ဆိုသည်။

(န)   စီးပွားရေးအဖွဲ့အစည်းဆိုသည်မှာ-

(၁)   တည်ဆဲဥပဒေများနှင့်အညီ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရန် ဖွဲ့စည်းတည်ထောင်ထား သည့် သို့မဟုတ် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ၊ ရန်ပုံငွေအဖွဲ့၊ အစုစပ်၊တစ်ဦးတည်းပိုင်၊ ဖက်စပ်၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့ သို့မဟုတ် အလားတူ အဖွဲ့အစည်းများ အပါ အဝင် တရားဝင် စီးပွားရေး အဖွဲ့အစည်းများကိုဆိုသည်။

(၂)   တည်ဆဲဥပဒေများနှင့်အညီ  ဖွဲ့စည်းတည်ထောင်ထားသည့် အဆိုပါ တရားဝင် စီးပွား ရေး အဖွဲ့အစည်း၏ ရုံးခွဲတစ်ခုကို ဆိုသည်။

(ပ)   လွတ်လပ်စွာ အသုံးပြုနိုင်သည့် ငွေကြေးဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေ အဖွဲ့ (International Monetary Fund-IMF)၏ သဘောတူညီချက် စာချုပ်အပိုဒ် ၃ဝ (စ)နှင့် ၎င်းကို ပြင်ဆင်သော ပြင်ဆင်ချက်တွင် အဓိပ္ပာယ် ဖွင့်ဆိုထားသည့် အပြည်ပြည် ဆိုင်ရာ ငွေပေးချေမှုများအတွက် လွှဲပြောင်းပေးခြင်းများနှင့် အဓိကနိုင်ငံခြားငွေကြေး ဈေး ကွက်များတွင် ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်ခြင်း ပြုလုပ်နိုင်ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ သုံးစွဲလျက်ရှိသော ငွေကြေးကို ဆိုသည်။

(ဖ)   ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ ဆိုသည်မှာ ရင်းနှီးမြှုပ်နှံသူက ကော်မရှင်၏ ခွင့်ပြု မိန့်  သို့မဟုတ် အတည်ပြုမိန့် ရရှိထားသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် ဤ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ရင်းနှီးမြှုပ်နှံသူ၏ လျှောက်ထားမှုအပေါ်

ကော်မရှင်က စိစစ်ခွင့်ပြုနိုင်သည့် ဝင်ငွေခွန်၊ အကောက်ခွန်နှင့် အခြား ပြည်တွင်းအခွန် အကောက်များ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များကို ဆိုသည်။

(ဗ)   ဆောင်ရွက်ချက်များဆိုသည်မှာ   အစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများက ဖြစ်စေ၊ ယင်း တို့က အခွင့်အာဏာ အပ်နှင်းထားသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများကဖြစ်စေ ချမှတ်ထားသော သို့မဟုတ် အကောင်အထည်ဖော် ဆောင်ရွက်နေသော ဥပဒေများ၊ နည်း ဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ဆုံးဖြတ်ချက်များနှင့် အုပ်ချုပ် ရေးပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ စသည်တို့ကို ဆိုသည်။

အခန်း(၂) ရည်ရွယ်ချက်

၃။   ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က)   နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအလို့ငှာ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေသည့် တာဝန်ယူမှု ရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန်၊

(ခ)   ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဥပဒေနှင့်အညီ အကာ အကွယ်ပေးရန်၊

(ဂ)   ပြည်သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်၊

(ဃ)   လူသား အရင်းအမြစ် ဖွံ့ဖြိုးလာစေရန်၊

(င)   စွမ်းဆောင်ရည်မြင့်မားသည့် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှု ကဏ္ဍများ ဖွံ့ဖြိုးတိုး တက်စေရန်၊

(စ)  နည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုး တက် စေရန်၊

(ဆ)   နိုင်ငံတစ်ဝန်းလုံးတွင် အခြေခ အဆောက်အအုံများ အပါအဝင် ပညာရပ် နယ်ပယ် အသီးသီးတို့၌ ဖွံ့ဖြိုး တိုးတက်စေရန်၊

(ဇ)  နိုင်ငံသားများ အနေဖြင့် နိုင်ငံတကာ အသိုက်အဝန်းနှင့် ယှဉ်တွဲ လုပ်ကိုင် ဆောင်ရွက် နိုင်စေရန်၊

(ဈ)   နိုင်ငံတကာ စံနှုန်းနှင့်ညီသော စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပေါ်ထွန်း လာစေရန်။

အခန်း(၃) ဥပဒေ၏ အကျုံးဝင်မှု နယ်ပယ်

၎။ ဤဥပဒေသည် နိုင်ငံတော်အတွင်း စတင်အာဏာတည်သည့် နေ့တွင် လုပ်ငန်း လည်ပတ် လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့် သို့မဟုတ် ဤဥပဒေအာဏာ တည်ပြီးနောက် အသစ် ဖွဲ့စည်း တည်ထောင်လုပ်ကိုင်မည့် ရင်းနှီးမြှုပ်နှံမှု အားလုံးနှင့် အကျုံးဝင် သက်ဆိုင်စေရမည်။ သို့ရာတွင် ဤဥပဒေ အာဏာမတည်မီက ဖြစ်ပွားလျက်ရှိသည့် တည်ဆဲ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အငြင်းပွားမှုများ သို့မဟုတ် ဤ ဥပဒေ အာဏာမတည်မီက ခွင့်ပြုမိန့်ရရှိပြီး လုပ်ငန်းလုပ် ဆောင်မှု ရပ်ဆိုင်းထားသည့် ရင်းနှီးမြှုပ်နှံမှုများသည် ဤဥပဒေနှင့် အကျုံးဝင်သက်ဆိုင်မှု မရှိစေရ။

၅။ ဤဥပဒေ၏ အခန်း (၂၁) ခြွင်းချက်ပြုရမည့် အချက်များ၊ အခန်း (၂၂) လုံခြုံရေးဆိုင်ရာ  ကင်းလွတ်ခွင့်များမှအပ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်း၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆောင်ရွက် ချက်များသည် ဤဥပဒေနှင့် သက်ဆိုင်စေရမည်။

အခန်း(၄) ကော်မရှင်ဖွဲ့စည်းခြင်း

၆။  ကော်မရှင်ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-

(က)   နိုင်ငံတော်သမ္မတက  အစိုးရအဖွဲ့ဝင်များထဲမှ သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦး ရွေးချယ် အဆိုပြု၍ အစိုးရအဖွဲ့က ခန့်အပ် တာဝန်ပေးမည့် ဥက္ကဋ္ဌတစ်ဦး၊

(ခ)  အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးမည့် ဒုတိယ ဥက္ကဋ္ဌတစ်ဦး၊

(ဂ)   အဖွဲ့ဝင်များအဖြစ် အစိုးရအဖွဲ့က  ခန့်အပ်တာဝန်ပေးမည့် သင့်လျော်သော ပြည်ထောင် စု ဝန်ကြီးဌာန၊ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ပုဂ္ဂလိက ကဏ္ဍမှ ကျွမ်းကျင် သူများ၊ပညာရှင်များ၊ ဂုဏ်သိက္ခာသမာဓိနှင့် ပြည့်စုံသည့်  သင့်လျော်သောပုဂ္ဂိုလ်များ၊

(ဃ)   ရာထူးအလျောက် ကော်မရှင်ရုံး အကြီးအမှူးဖြစ်သည့် အတွင်း ရေးမှူးတစ်ဦး။

၇။   အစိုးရအဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်နှင့် အညီ အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် အနည်းဆုံးကိုးဦးနှင့် အထက် ''မ''ဂဏန်း အရေ အတွက်ဖြင့် ဖွဲ့စည်း တည်ထောင်ရမည်။

၈။   နိုင်ငံ့ဝန်ထမ်း မဟုတ်သော ကော်မရှင် အဖွဲ့ဝင်များသည် ဝန်ကြီးဌာနမှ ခွင့်ပြုသော ချီးမြှင့် ငွေနှင့် စရိတ်ကို ခံစားခွင့် ရှိစေရမည်။

၉။      အတွင်းရေးမှူးမှတစ်ပါး ကော်မရှင် အဖွဲ့ဝင်များ၏ ရာထူးသက်တမ်းသည် အစိုးရ အဖွဲ့၏ သက်တမ်းနှင့်အညီဖြစ်သည်။ အတွင်းရေးမှူးသည် နိုင်ငံ့ဝန်ထမ်း ဖြစ်သည်နှင့်အညီ  နိုင်ငံ့ဝန်ထမ်း ဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်ရမည်။

၁ဝ။    ကော်မရှင်အဖွဲ့ဝင်များသည် တစ်ဆက်တည်း ရာထူးသက်တမ်း နှစ်ကြိမ်ထက် ပိုမို တာဝန်ထမ်းဆောင်ခြင်း မရှိစေရ။

၁၁။    အစိုးရအဖွဲ့သည် အစိုးရတာဝန်ယူသည့် နေ့မှစ၍ နှစ်လအတွင်း ကော်မရှင်အား အသစ်ပြန်လည် ဖွဲ့စည်းရမည်။

၁၂။    ကော်မရှင်ရုံး အကြီးအမှူးသည် ကော်မရှင်၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်း ဆောင်ရမည့်အပြင် ကော်မရှင်က သတ်မှတ်ပေးထားသော အခြားလုပ်ငန်း တာဝန်များကို လည်း ထမ်းဆောင်ရမည်။

၁၃။    ကော်မရှင်ဥက္ကဋ္ဌသည် ကော်မရှင်၏ လုပ်ငန်းတာဝန်များအနက် သီးခြား သတ်မှတ်ပေး သော လုပ်ငန်းတာဝန် တစ်ရပ်ရပ်ကို စာဖြင့်ရေးသား၍ ကော်မရှင်ရုံး အရာထမ်း တစ်ဦးဦးအား တာဝန် ပေးအပ်နိုင်သည်။ ယင်းသို့ တာဝန်ပေးအပ်ရာတွင် တာဝန်ပေးအပ်ခြင်း ခံရသူသည် တာဝန်ပေးအပ်သည့် စာတွင် ဖော်ပြထားသော လုပ်ငန်းတာဝန်ကိုသာ ဆောင်ရွက်ရမည်။ အဆိုပါ လွှဲအပ်သည့်စာအား မည်သည့် အချိန်တွင်မဆို စာဖြင့်ပြန်လည် ရုပ်သိမ်းနိုင်သည်။

အခန်း(၅) ကော်မရှင်မှ နုတ်ထွက်ခြင်း၊ ရပ်စဲခြင်းနှင့် လစ်လပ်နေရာ ဖြည့်စွက်ခန့်ထားခြင်း

၁၄။    ကော်မရှင်ဥက္ကဋ္ဌသည် တာဝန် ထမ်းဆောင်နေစဉ် မိမိသဘော ဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့ နုတ်ထွက်လိုကြောင်းကို နိုင်ငံတော်သမ္မတ၏ အတည်ပြု ချက်ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ထံ စာဖြင့်တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်။

၁၅။    ကော်မရှင် ဥက္ကဋ္ဌမှအပ ကျန်ကော်မရှင် အဖွဲ့ဝင်များ နုတ်ထွက်လိုပါက ကော်မရှင် ဥက္ကဋ္ဌမှတစ်ဆင့် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရာထူးမှ နုတ်ထွက်နိုင်သည်။

၁၆။    အစိုးရအဖွဲ့သည် ကော်မရှင်အဖွဲ့ဝင် တစ်ဦးဦးအား အောက်ပါ အခြေအနေ တစ်ရပ်ရပ် ပေါ်ပေါက်ပါက တာဝန်မှ ရပ်စဲနိုင်သည်-

(က)   ဥပဒေအရ သတ်မှတ်သော ဆေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ တာဝန်ကို ဆက် လက်ထမ်းဆောင်နိုင်စွမ်း မရှိတော့သည်အထိ ကျန်းမာရေးချို့ယွင်းခြင်း၊

(ခ)   ကွယ်လွန်ခြင်း၊

(ဂ)   တရားရုံး တစ်ခုခုက ပြစ်မှုကြောင်းအရ ပြစ်ဒဏ် ချမှတ်ခံရခြင်း၊

(ဃ)  တရားရုံးတစ်ခုခုက လူမွဲအဖြစ် ကြေညာခံရခြင်း၊

(င)   မိမိအား ပေးအပ်ထားသော တာဝန်များကို  ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်း။

၁၇။    အစိုးရအဖွဲ့သည်-

(က)   ရာထူးမှ နုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊တာဝန်မှ ရပ်စဲခံရခြင်းကြောင့် ဖြစ်စေ၊ကွယ်လွန် ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်း တစ်စုံတစ်ရာကြောင့်ဖြစ်စေ ကော်မရှင်အဖွဲ့ဝင် နေရာ လစ်လပ်လျှင် ဤဥပဒေနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်တို့နှင့်အညီ အဖွဲ့ဝင်အသစ် ဖြည့်စွက် ခန့်ထားရမည်။

(ခ) လစ်လပ်သောရာထူးသည် ကော်မရှင်ဥက္ကဋ္ဌ ရာထူးနေရာဖြစ်ပါက အသစ်ဖြည့်စွက် ခန့်ထားခြင်း မပြုနိုင်မီအတွင်း ဒုတိယဥက္ကဋ္ဌကို ဖြစ်စေ၊ ကော်မရှင်အဖွဲ့ဝင် တစ်ဦးဦးကိုဖြစ်စေ ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန်အတွက်  ယာယီတာဝန်ပေး ခန့်အပ်နိုင်သည်။

၁၈။    ရာထူးမှ နုတ်ထွက်ခြင်း သို့မဟုတ် တာဝန်မှ ရပ်စဲခံရခြင်းမှတစ်ပါး လက်ရှိ တာဝန် ထမ်းဆောင်နေသော ကော်မရှင် အဖွဲ့ဝင်များသည် ကော်မရှင် အဖွဲ့ဝင်အသစ် ခန့်အပ်ပြီး သည့် အချိန်အထိ  မိမိ၏ လုပ်ငန်းတာဝန်များကို ဆက်လက် ထမ်းဆောင်ရမည်။

၁၉။    ပုဒ်မ ၉ ပါရာထူးသက်တမ်းနှင့် စပ်လျဉ်း၍  မည်သို့ပင် ပါရှိစေကာမူ လစ်လပ်ရာထူး တွင် ပုဒ်မ ၁၇ အရ ဖြည့်စွက် ခန့်ထားခြင်းခံရသည့် ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များ၏ ရာထူး သက်တမ်းသည် ၎င်းအစားထိုးသည့် ကော်မရှင်အဖွဲ့ဝင်၏ ကျန်ရှိသည့် သက်တမ်း အတွက်သာ ဖြစ်ရမည်။

၂ဝ။    အတွင်းရေးမှူးသည် ကော်မရှင်၏ နေ့စဉ်လုပ်ငန်း တာဝန်များနှင့် ကော်မရှင်၏ ကိစ္စ အဝဝနှင့် သက်ဆိုင်သည့် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး လုပ်ငန်းများကို ဆောင်ရွက်ရန် တာဝန် ရှိသည်။

၂၁။  ကော်မရှင်အဖွဲ့ဝင် တစ်ဦးသည် ကော်မရှင်သို့ တင်ပြလာသည့် အဆိုပြုချက်နှင့် စပ် လျဉ်း၍ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍  အကျိုးစီးပွား ပါဝင်ပတ်သက်မှု ရှိနေသည် ဆိုပါက အဆိုပါ အကျိုးစီးပွား ပါဝင်ပတ်သက်မှု ရှိသည်ဆိုသည့် အကြောင်းကို ကော်မရှင်သို့ အတိ အလင်း ထုတ်ဖော်ပြောဆိုရမည်။ အဆိုပါ ထုတ်ဖော် ပြောဆိုချက်ကို ကော်မရှင်၏ အစည်း အဝေးမှတ်တမ်းတွင် မှတ်တမ်းပြုရမည်ဖြစ်ပြီး အဆိုပါအဖွဲ့ဝင်သည် ၎င်း အဆိုပြုချက်နှင့် စပ်လျဉ်း၍ ကော်မရှင်၏ဆုံးဖြတ်ခွင့်၊ လုပ်ငန်းဆောင်ရွက်မှုနှင့် ဆွေးနွေးမှုတို့တွင် ပါဝင် ဆောင်ရွက်ခြင်း မရှိစေရ။

၂၂။    ကော်မရှင်အဖွဲ့ဝင် တစ်ဦးသည် ကော်မရှင်သို့ တင်ပြလာသည့် အတည်ပြု လျှောက် ထားလွှာနှင့် စပ်လျဉ်း၍ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ အကျိုးစီးပွား ပါဝင်ပတ်သက်မှု ရှိနေသည်ဆိုပါက  အဆိုပါ အကျိုးစီးပွား ပါဝင်ပတ်သက်မှုရှိသည် ဆိုသည့် အကြောင်းကို ကော်မရှင်ရုံးသို့ အတိအလင်း ထုတ်ဖော် ပြောဆိုရမည်။ အဆိုပါ ထုတ်ဖော်ပြောဆိုချက်ကို ကော်မရှင်ရုံးတွင် မှတ်တမ်းပြုထားရမည်။ အဆိုပါ အဖွဲ့ဝင်သည် ၎င်း အတည်ပြုလျှောက် ထားလွှာနှင့် စပ်လျဉ်း၍ ကော်မရှင်ရုံး၏ လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခြင်း မရှိစေရ။

အခန်း(၆) ကော်မရှင်၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၂၃။    ကော်မရှင်သည် မိမိ၏လုပ်ပိုင်ခွင့်များကိုဤ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင် လျှင် လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်။

၂၄။    ကော်မရှင်၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(က)   နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊

(ခ)   နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသူများနှင့်  ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသူများအတွက် ပေါင်း စပ်ညှိနှိုင်း ကူညီ ဆောင်ရွက်ပေးရန် အဓိက တာဝန်ရှိသည့် ရုံးဌာနအဖြစ် ဆောင်ရွက်ခြင်း၊

(ဂ)   ရင်းနှီးမြှုပ်နှံသူများနှင့် ယင်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို လွယ်ကူချောမွေ့စေရေးအတွက် ကူညီပံ့ပိုးဆောင်ရွက်ပေးခြင်း၊

(ဃ)   ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများက တာဝန်ယူမှု ရှိသော စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီးပွားရေး မျှော်မှန်းချက်များ ချမှတ်ခြင်းနှင့် အကောင်အထည် ဖော်ခြင်းတို့ ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒ များကို အကြံပြုခြင်း၊

(င)   ကော်မရှင်ရုံး ဝန်ထမ်းများအတွက် မူဝါဒလမ်းညွှန်ချက်များ သို့မဟုတ် အကြံပြု တိုက် တွန်းချက်များကို ထုတ်ပြန်ခြင်း၊

(စ)   ကော်မရှင်၏ လုပ်ငန်း ဆောင်ရွက်ချက်များကို နိုင်ငံတော်သမ္မတနှင့် အစိုးရ အဖွဲ့သို့ သုံးလတစ်ကြိမ် တင်ပြ အစီရင်ခံခြင်း၊

(ဆ) ကော်မရှင်က ခွင့်ပြုသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုနှင့် တိုးတက် ဖြစ်ပေါ်မှု အခြေအနေများကို အစိုးရအဖွဲ့မှ တစ်ဆင့် ပြည်ထောင်စု လွှတ်တော်သို့ နှစ်စဉ် တင်ပြ အစီရင်ခံခြင်း၊

(ဇ)   ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ  စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အမျိုးအစားအရ လည်းကောင်း၊ သဘာဝ အရင်းအမြစ် အနေအထားအရလည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် လည်းကောင်း  ပြည်ထောင်စု အစိုးရအဖွဲ့က ခွင့်ပြုပေးနိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်း၍ လုပ်ပိုင်ခွင့် ခွဲဝေသတ်မှတ်ပေးခြင်း၊

(ဈ)   ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူစေရန်လည်းကောင်း၊ အားပေး အထောက်အကူပြုရန်လည်းကောင်း၊ အစိုးရအဖွဲ့သို့ အကြံပြုတင်ပြ ဆောင်ရွက်ခြင်း၊

(ည)   ရင်းနှီးမြှုပ်နှံသူက သဘာဝသယံဇာတ ပစ္စည်းကိုဖြစ်စေ၊ ရှေးဟောင်းဝတ္ထု ပစ္စည်းကို ဖြစ်စေ တွေ့ရှိလျှင် အကြောင်းကြားခြင်းမပြုဘဲ လက်ဝယ် သိမ်းဆည်းထားခြင်း၊ ပုံသဏ္ဌာန် ပြောင်းလဲခြင်း၊ ဖျောက်ဖျက်ခြင်း အစရှိသည်တို့ကို ပြုလုပ်ကြောင်း သိရှိရပါက သက်ဆိုင်ရာ တရားဥပဒေ လုပ်ထုံးလုပ်နည်း စည်းကမ်းများနှင့်အညီ အရေးယူခြင်း၊

(ဋ)   ရင်းနှီးမြှုပ်နှံသူနှင့်  ၎င်း၏ ရင်းနှီးမြှုပ်နှံမှုအား ဤဥပဒေ၊ ဤဥပဒေအရ ပြုလုပ်သော နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်း စာချုပ်ပါ အချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိ စိစစ်ခြင်း၊ လိုက်နာဆောင်ရွက်မှု မရှိပါက လိုက်နာဆောင်ရွက်စေခြင်းနှင့် လိုက်နာဆောင်ရွက်မှုမရှိသော ရင်းနှီးမြှုပ်နှံသူနှင့် ၎င်း၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဥပဒေနှင့် အညီအရေးယူခြင်း၊

(ဌ)   ကင်းလွတ်ခွင့်၊ သက်သာခွင့်များနှင့် ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစား များကို ပြန်လည် သုံးသပ်ခြင်းနှင့် သုံးသပ် တွေ့ရှိချက်များအား အစိုးရအဖွဲ့သို့ အစီရင်ခံ တင်ပြခြင်း၊

(ဍ)   အစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ခြင်း။

၂၅။   ဤ ဥပဒေပါ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အလို့ငှာ ကော်မရှင်၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)   ရင်းနှီးမြှုပ်နှံမှုမြှင့်တင်မည့်ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ဆောင်ရွက်ရန် ကန့်သတ် သည့်၊ တားမြစ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများကို သတ်မှတ်၍ အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်ခြင်း၊

(ခ)   နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးပါသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုး အစား များ၊ မတည်ငွေရင်းကြီးမားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများ၊ သဘာဝပတ်ဝန်း ကျင်နှင့် ဒေသခံလူထုအပေါ် ကြီးမားစွာ သက်ရောက်မှု ဖြစ်ပေါ်စေနိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အမျိုးအစားများကို အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်ခြင်း၊

(ဂ)  ရင်းနှီးမြှုပ်နှံသူက ကော်မရှင်သို့ တင်ပြလာသည့် အဆိုပြုချက်သည် နိုင်ငံတော်၏ အကျိုး စီးပွားကို ဖြစ်ထွန်းစေနိုင်သည့်အပြင် ဥပဒေတစ်ရပ်ရပ်နှင့် ညီညွတ်မှုရှိကြောင်း    စိစစ်တွေ့ရှိ ပါက ခွင့်ပြုမိန့်ကို ရင်းနှီးမြှုပ်နှံသူအား ထုတ်ပေးခြင်း၊  ယင်းအခြေအနေများနှင့် မကိုက်ညီပါက ငြင်းပယ်ခြင်း၊

(ဃ)   ရင်းနှီးမြှုပ်နှံသူက ကော်မရှင်သို့ အတည်ပြု လျှောက်ထားလွှာကို ပြည့်စုံစွာ တင်ပြလာ လျှင် လိုအပ်သည့် စိစစ်မှုများ ပြုလုပ်၍ ဥပဒေတစ်ရပ်ရပ်နှင့် ဆန့်ကျင်မှု မရှိပါက အတည်ပြု မိန့်ကို ရင်းနှီးမြှုပ်နှံသူအား ထုတ်ပေးခြင်း၊

(င)   ရင်းနှီးမြှုပ်နှံသူက ခွင့်ပြုမိန့်သက်တမ်း သို့မဟုတ် အတည်ပြုမိန့် သက်တမ်းကို တိုးမြှင့် ပေး ရန်ဖြစ်စေ၊ ပြင်ဆင်ပေးရန်ဖြစ်စေ တင်ပြလာလျှင် စိစစ်၍ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ် ခြင်း၊

(စ)   လိုအပ်ပါက ရင်းနှီးမြှုပ်နှံသူထံမှ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့် အထောက် အထားများကိုဖြစ်စေ၊ အချက်အလက်များကိုဖြစ်စေ တင်ပြရန် တောင်းခံရယူခြင်း၊

(ဆ)   ရင်းနှီးမြှုပ်နှံသူက ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိရန် ကော်မရှင်သို့ ပူးတွဲတင် ပြခဲ့ သော စာချုပ်စာတမ်း အထောက်အထားများသည် မှန်ကန်မှု မရှိကြောင်း သို့မဟုတ် ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိ ကြောင်း ခိုင်လုံသော သက်သေခံ အထောက်အထားများ ပေါ်ပေါက်လျှင် တည်ဆဲဥပဒေနှင့် အညီ အရေးယူနိုင်ရန် စီမံဆောင်ရွက်ခြင်း၊

(ဇ)   ရင်းနှီးမြှုပ်နှံသူက  ဤဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ  ကင်းလွတ်ခွင့်နှင့် သက်သာခွင့် များ  ခံစားခွင့်ပြုရန် တင်ပြ လျှောက်ထားလာလျှင် လိုအပ်သလို စိစစ်ခွင့်ပြုပေးခြင်း၊

(ဈ)   အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် သို့မဟုတ် နှစ်ရပ်စလုံးအား ခံစားခွင့်မပြု သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အမျိုး အစားများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ် မှတ်ခြင်း၊

(ည)   ဤ ဥပဒေအရ ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်အလို့ငှာ သက်ဆိုင်သည့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံသူများ အပါအဝင်  အခြား လိုအပ်သော အဖွဲ့အစည်းများထံမှ ကော်မရှင်၏ လုပ်ငန်းတာဝန်နှင့် သက်ဆိုင်သည့် အကူ အညီများနှင့် သတင်း အချက်အလက်များကို တောင်းခံရယူခြင်း၊

(ဋ)   ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် လိုအပ်သည့် အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊

(ဌ)   ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အမျိုးအစားပေါ် မူတည်၍ သင့်လျော်သည့် တည်ဆောက်ရေး ကာလ သို့မဟုတ် ပြင်ဆင်ချိန် ကာလကို စိစစ်ခွင့်ပြုခြင်း၊

(ဍ)   အကောက်ခွန် ဦးစီးဌာနမှ ထုတ်ပြန်ထားသော ယာယီ တင်သွင်းခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများအရ ပြည်ပမှ တင်သွင်းသော စက်နှင့်စက်ပစ္စည်း ကိရိယာများ ယာယီတင်သွင်း ခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပြီး ကင်းလွတ်ခွင့်နှင့် သက်သာခွင့် များကို စိစစ်ခွင့်ပြုခြင်း၊

(ဎ)   ဤဥပဒေအား ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အငြင်းပွားမှု ဖြေရှင်းသည့် အဆင့်သို့ မရောက်ရှိမီ အငြင်းပွားမှုများအား စနစ်တကျစိစစ်ခြင်း၊ အကြောင်း အရင်းအမြစ် ဖော်ထုတ်ခြင်း၊ တုံ့ပြန်ခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ နစ်နာဆုံးရှုံးမှုများကို ဖြေရှင်းခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်သော စနစ်တစ်ခ တည်ထောင်ခြင်းနှင့် စီမံခန့်ခွဲခြင်း။

၂၆။    ကော်မရှင်ရုံးသည် မှတ်ပုံတင်ခြင်းအပါအဝင် အခြားသော အထွေထွေ ဝန်ဆောင် စရိတ်များကို သတ်မှတ်ခြင်းနှင့် ကောက်ခံခြင်းတို့ကို ပြုလုပ်နိုင်သည်။

၂၇။    ကော်မရှင်သည်  မိမိ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ကော်မတီများနှင့် အဖွဲ့ငယ်များကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။

၂၈။    ကော်မရှင်သည် မိမိ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် ကော်မရှင် ရုံးခွဲများကို ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ အစိုးရအဖွဲ့၏ သဘောတူ ခွင့်ပြုချက်ဖြင့်  လိုအပ်သလို ဖွင့်လှစ်နိုင်သည်။

အခန်း(၇) အစည်းအဝေး ကျင်းပခြင်း

၂၉။ အစည်းအဝေးများကို အောက်ပါအတိုင်း ကျင်းပဆောင်ရွက်ရမည်-

(က)   ကော်မရှင်၏ ပုံမှန် အစည်းအဝေးများကို တစ်လလျှင် အနည်းဆုံးတစ်ကြိမ် ကျင်းပ ခြင်း၊

(ခ)   လိုအပ်ပါက အထူး အစည်းအဝေး ကျင်းပခြင်း။

၃ဝ။    ကော်မရှင်ဥက္ကဋ္ဌသည် အစည်းအဝေးများတွင် သဘာပတိအဖြစ်ဆောင်ရွက်ရမည်။ အစည်းအဝေးသို့ ဥက္ကဋ္ဌ မတက်ရောက်နိုင်သည့်အခါ ဒုတိယ ဥက္ကဋ္ဌက သဘာပတိအဖြစ် ဆောင်ရွက်ရမည်။

၃၁။    အစည်းအဝေး ကျင်းပရာတွင် ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌ အပါအဝင် ကော်မရှင် အဖွဲ့ဝင် ဦးရေ၏  ထက်ဝက်ကျော် တက်ရောက်မှသာ အစည်းအဝေး အထမြောက်သည်။

၃၂။    ကော်မရှင်သည် အစည်းအဝေး တက်ရောက်သည့် အဖွဲ့ဝင်များ၏ ထက်ဝက်ကျော် သဘောတူညီချက်ဖြင့် ဆုံးဖြတ်ချက်များ ချမှတ်ရမည်။ ယင်းဆုံးဖြတ်ချက်ကို အစည်းအဝေး တက်ရောက်နိုင်ခြင်း မရှိသည့် အဖွဲ့ဝင်များက ကန့်ကွက်ခြင်း၊ ငြင်းပယ်ခြင်း၊ ပြင်ဆင်ပြောင်း လဲရန် အဆိုပြုခြင်းတို့ကို ဆောင်ရွက်ခွင့် မရှိစေရ။

၃၃။    ကော်မရှင်သည် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု လိုအပ်သည့် ကိစ္စရပ်များအတွက် သက်ဆိုင်ရာဌာနများနှင့် ပြင်ပ အဖွဲ့အစည်းများမှ ကျွမ်းကျင်သူများကို အစည်းအဝေးသို့ တက်ရောက် ဆွေးနွေးပေးရန် ဖိတ်ကြားနိုင်သည်။

၃၄။    ကော်မရှင်သည် အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ၎င်းကို အထောက်အကူ ပြု မည့်သူများအား တက်ရောက် ရှင်းလင်း တင်ပြခွင့်နှင့် ဆွေးနွေးခွင့် ပြုနိုင်သည်။

၃၅။    ကော်မရှင် အဖွဲ့ဝင်များသည် ၎င်းတို့၏ ထူးခြားသည့် ဆောင်ရွက်ချက်များကို  ကော်မရှင်၏  အနီးကပ်ဆုံး ပုံမှန် အစည်းအဝေးတွင် တင်ပြ၍ အတည်ပြုချက် ရယူရမည်။

အခန်း(၈) အဆိုပြုချက် တင်သွင်းခြင်း

၃၆။    ရင်းနှီးမြှုပ်နှံသူသည် နည်းဥပဒေများတွင် ဖော်ပြထားသော အောက်ပါ လုပ်ငန်းများ အား ကော်မရှင်သို့ အဆိုပြုချက် တင်ပြစေပြီး ခွင့်ပြုမိန့် ရရှိမှသာ ရင်းနှီးမြှုပ်နှံရမည်-

(က)   နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးပါသည့်  ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုး အစားများ၊

(ခ)   မတည်ငွေရင်းကြီးမားသည့်  ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများ၊

(ဂ)   သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထုအပေါ် ကြီးမားသော သက်ရောက်မှု ဖြစ်စေနိုင် သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊

(ဃ)   နိုင်ငံတော်ပိုင်မြေနှင့်  အဆောက်အအုံများ အသုံးပြုသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊        
(င)   ကော်မရှင်သို့ အဆိုပြုချက် တင်ပြစေရန် အစိုးရအဖွဲ့က သတ်မှတ်ထားသည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ။

အခန်း(၉) အတည်ပြု လျှောက်ထားလွှာ တင်သွင်းခြင်း

၃၇။   ရင်းနှီးမြှုပ်နှံသူသည် ပုဒ်မ ၃၆ ပါ လုပ်ငန်းများမှတစ်ပါး အခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များနှင့် ပတ်သက်၍ ကော်မရှင်သို့ အဆိုပြုချက် တင်ပြရန်မလို။ သို့ရာတွင် ဤဥပဒေ၏ အခန်း (၁၂) မြေ အသုံးပြုခွင့်နှင့် ပုဒ်မ ၇၅၊ ၇၇ နှင့် ၇၈ ပါ ကင်းလွတ်ခွင့်၊ သက်သာခွင့် တစ်ရပ်ရပ် ကိုဖြစ်စေ၊ တစ်ရပ်ရပ်ထက် ပို၍ဖြစ်စေ၊ အားလုံးကိုဖြစ်စေ ခံစားနိုင်ရန်အလို့ငှာ သတ်မှတ်ပုံစံ ဖြင့် အတည်ပြု လျှောက်ထားလွှာကို ကော်မရှင်ရုံးသို့ တင်ပြရမည်။

၃၈။   အတည်ပြု လျှောက်ထားလွှာ တင်သွင်းရာတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစား အလိုက် သက်ဆိုင်ရာ အဖွဲ့အစည်း၏ ခွင့်ပြုချက် သို့မဟုတ် လိုင်စင် သို့မဟုတ် ပါမစ် သို့မဟုတ် အလားတူ စာရွက်စာတမ်းများ ပူးတွဲ တင်ပြရမည်။

၃၉။   ပုဒ်မ ၃၇ အရ တင်ပြလာသော အတည်ပြု လျှောက်ထားလွှာကို ကော်မရှင်ရုံးသည် လိုအပ်သည့် စိစစ်မှုများပြုလုပ်ပြီး ပြည့်စုံပါက လက်ခံခြင်း၊ ပြည့်စုံမှုမရှိပါ က ပြင်ဆင်ဖြည့်စွက် ၍ ပြန်လည် တင်ပြစေခြင်း ပြုနိုင်သည်။

အခန်း (၁ဝ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများသတ်မှတ်ခြင်း

၎ဝ။   ရင်းနှီးမြှုပ်နှံမှုတွင် အောက်ပါတို့လည်း အပါအဝင်ဖြစ်သည်-

(က)   စီးပွားရေးအဖွဲ့အစည်း၊

(ခ)   ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့် အခြားပစ္စည်း ဆိုင်ရာ အခွင့်အရေးများ၊  ငွေသား၊ အပေါင်ပစ္စည်းများ၊ အပေါင်ခံခွင့်နှင့် ပေါင်နှံခွင့်များ၊ စက်ပစ္စည်း၊ စက်ကိရိယာများ၊ စက်အပိုပစ္စည်းများနှင့် ဆက်စပ် အသုံးအဆောင်များ၊

(ဂ)     ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာများ၊ စတော့(ခ်)များနှင့် ဒီဘင်ချာ ခေါ် ငွေချေး သက်သေ ခံ လက်မှတ်များ၊

(ဃ)   နည်းပညာကျွမ်းကျင်မှု၊ တီထွင်မှုမူပိုင်ခွင့်၊ စက်မှုဒီဇိုင်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် အပါအဝင် ဥပဒေများနှင့်အညီ အသိဥာဏ်ပစ္စည်းဆိုင်ရာ အခွင့်အရေးများ၊

(င)    ငွေရေးကြေးရေးဆိုင်ရာ တန်ဖိုးတစ်ရပ်အဖြစ် ထားရှိသည့် ပဋိညာဉ် စာချုပ်အရ ငွေ ကြေး အခွင့်အရေးများ သို့မဟုတ် ဆောင်ရွက်မှုများ၊

(စ)   အကျိုးအမြတ် ခွဲဝေသည့် သဘောတူ စာချုပ်များ သို့မဟုတ် ထုတ်လုပ်ခြင်း၊ စီမံခန့်ခွဲ ခြင်း၊ ဆောက်လုပ်ခြင်း၊ အလုံးစုံတာဝန်ယူ ဆောင်ရွက်သည့် စနစ်အပါအဝင် သဘောတူ စာချုပ်ပါ အခွင့်အရေးများ၊

(ဆ)   သဘာဝသယံဇာတ ပစ္စည်းများ ရှာဖွေခြင်းနှင့် စမ်းသပ်တိုင်းတာခြင်း၊ ထုတ်လုပ်ခြင်း ဆိုင်ရာ အခွင့်အရေးများ အပါအဝင် သက်ဆိုင်ရာဥပဒေ သို့မဟုတ် ပဋိညာဉ် စာချုပ်အရ ပေးအပ်ထားသည့် လုပ်ငန်းဆိုင်ရာ အခွင့်အရေးများ။

၄၁။    အောက်ပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို တားမြစ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အဖြစ် သတ်မှတ်သည်-

(က)   နိုင်ငံတော်အတွင်းသို့ ဘေးအန္တရာယ်ရှိသော သို့မဟုတ် အဆိပ်အတောက် ရှိသော စွန့်ပစ်ပစ္စည်းများ သယ်ဆောင် လာနိုင်သည့် သို့မဟုတ် ပေါ်ပေါက်လာနိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊

(ခ)  သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု ရည်ရွယ်ချက်ဖြင့် ပြုလုပ်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များမှ အပ ပြည်ပမှ စမ်းသပ်ဆဲဖြစ်သော သို့မဟုတ် အသုံးပြုရန်၊ စိုက် ပျိုးမွေးမြူရန်၊ အတည် ပြုချက် မရရှိသေးသော နည်းပညာများ၊ ဆေးဝါးများ၊ အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များ၊ အသုံး အဆောင်များ သယ်ဆောင်လာနိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊

(ဂ)     နိုင်ငံတော်အတွင်း တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ ထုံးစံများကို ထိခိုက်စေသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊

(ဃ)   ပြည်သူတို့အပေါ် ဘေးအန္တရာယ် ဖြစ်စေနိုင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊

(င)     သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့ကို ကြီးမားစွာ ထိခိုက်ပျက်စီး စေနိုင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊

(စ)     တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ တားမြစ် ပိတ်ပင်ထားသော ဝန်ဆောင်မှုနှင့် ကုန်ပစ္စည်း များ ထုတ်လုပ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ။

၄၂။    အောက်ပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အမျိုးအစားများကို ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အဖြစ် သတ်မှတ်သည်-

(က)   နိုင်ငံတော်ကသာ ဆောင်ရွက်ခွင့်ရှိသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊

(ခ)     နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူက ဆောင်ရွက်နိုင်ခွင့် မရှိသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များ၊

(ဂ)  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ပြည်တွင်းရှိ နိုင်ငံသား လူပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် နိုင်ငံသားပိုင် လုပ်ငန်းတစ်ခုခုနှင့် ပူးပေါင်း၍ ဖက်စပ်ရင်းနှီး မြှုပ်နှံမှုဖြင့် သာ ဆောင်ရွက်နိုင် သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊

(ဃ)   သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်နိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ။

၄၃။    ကော်မရှင်သည် ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍနှင့် ပုဒ်မ ၄၂ ပါ ကန့်သတ် သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အမျိုးအစားများအား အများပြည်သူ သိရှိစေရန် အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမိန့်ကြော်ငြာစာ သတ်မှတ် ကြေညာရမည်။

၄၄။   ကော်မရှင်သည် ပုဒ်မ ၄၂ အရ ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုး အစား များကို အခါအားလျော်စွာ ပြန်လည် သုံးသပ်ပြီးနောက် လျှော့ပေါ့ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုရန် လိုအပ်လာလျှင် အစိုးရအဖွဲ့သို့ တင်ပြ အတည်ပြုချက် ရယူ၍ ပြင်ဆင်သတ်မှတ် ကြေညာရမည်။

၄၅။    ကော်မရှင်သည် ပုဒ်မ ၄၄ အရ ပြန်လည် သုံးသပ်ရာတွင် အစိုးရအဖွဲ့က ပြုလုပ်ထား သော နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကတိကဝတ် များ ကို သွေဖည်မှု မရှိစေရန် အလေးထား၍ ပုဂ္ဂလိကကဏ္ဍ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဆွေးနွေးညှိနှိုင်း တိုင်ပင်နိုင်သည်။

၄၆။    ကော်မရှင်သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လုံခြုံရေးအခြေအနေ၊ စီးပွားရေး အခြေ အန၊ သဘာဝပတ်ဝန်းကျင် အခြေအနေနှင့် လူမှု အကျိုးစီးပွားကို ကြီးမားစွာ အကျိုးသက် ရောက်မှု ဖြစ်စေနိုင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများကို ခွင့်ပြုမိန့် ထုတ်ပေးရန် ဆောင် ရွက်သည့်အခါ အစိုးရအဖွဲ့မှ တစ်ဆင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူရမည်။

အခန်း(၁၁)

ရင်းနှီးမြှုပ်နှံသူများအား ဆက်ဆံဆောင်ရွက်ခြင်း

၄၇။    အစိုးရအဖွဲ့သည် ရင်းနှီးမြှုပ်နှံသူများ အပေါ် ဆက်ဆံ ဆောင်ရွက်ရာတွင်-

          (က)             ဥပဒေ၊ နည်းဥပဒေနှင့် အမိန့်ကြော်ငြာစာတို့တွင် တစ်နည်းနည်းဖြင့် သတ်မှတ်ပြဋ္ဌာန်းထားခြင်းမှ တစ်ပါး ဤဥပဒေပါ သတ်မှတ် ပြဋ္ဌာန်းချက်များနှင့် အညီ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို လုပ်ငန်း တိုးချဲ့ခြင်း၊ စီမံ ခန့်ခွဲခြင်း၊ လုပ်ငန်း လည်ပတ်ခြင်းနှင့် ရောင်းချခြင်း သို့မဟုတ် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခြား အစီအစဉ်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ အပေါ် ပေးအပ်ထားသည့် ဆက်ဆံ ဆောင်ရွက်မှုများထက် လျော့နည်းမှု မရှိစေရ၊

      (ခ)     တူညီသော အခြေအနေမျိုးတွင် နိုင်ငံတစ်ခုမှ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ၊ ၎င်းတို့၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် သက်ဆိုင်သည့် လုပ်ငန်း ဖွဲ့စည်းတည်ထောင်ခြင်း၊ လုပ်ငန်း ရယူခြင်း၊ လုပ်ငန်း တိုးချဲ့ခြင်း၊ စီမံခန့်ခွဲခြင်း၊ လုပ်ငန်း လည်ပတ်ခြင်းနှင့် ရောင်းချခြင်း သို့မဟုတ် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခြား အစီအစဉ်များ အပေါ် အခြားနိုင်ငံ တစ်ခုခုမှ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အပေါ် ပေးအပ်ထားသည့် ဆက်ဆံ ဆောင်ရွက်မှုထက် လျော့နည်းခြင်း မရှိစေရ၊

      (ဂ)     ပုဒ်မခွဲ(ခ)ပါ ပြဋ္ဌာန်းချက်သည် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအား အောက်ပါ ကိစ္စရပ်များ အလို့ငှာ ပေးအပ်နိုင်သော ခံစားခွင့်များ၊ ဦးစားပေးခြင်းများ သို့မဟုတ် အထူးအခွင့်အရေး ပေးခြင်းတို့ အတွက် လိုက်နာရန် တာဝန်ရှိသည်ဟု မမှတ်ယူစေရ-

      (၁)     အကောက်ခွန်ယူနီယံ (Customs Union) ၊ လွတ်လပ်သော ကုန်သွယ်ရေးဇုန်နှင့် စီးပွားရေး ယူနီယံနှင့် နိုင်ငံတကာ သဘောတူညီမှုများ အရ ဖြစ်ပေါ်လာသော အကောက်ခွန် ယူနီယံ (Customs Union)၊ လွတ်လပ်သော ကုန်သွယ်ရေး ဇုန်နှင့် စီးပွားရေး ယူနီယံ၊

     (၂)     နိုင်ငံတကာ သဘောတူညီချက်များ၊ နှစ်နိုင်ငံ သို့မဟုတ် ဒေသတွင်း သို့မဟုတ် နိုင်ငံတကာ သဘောတူ စာချုပ်များနှင့် အကျုံးဝင်သော ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု များကို ပေးအပ်သည့် ပိုမို သာလွန်သော ဆက်ဆံ ဆောင်ရွက်မှုများ၊ ဒေသတွင်းနိုင်ငံများ အကြား ချုပ်ဆိုသည့် သဘောတူ စာချုပ်များ သို့မဟုတ် အစီအစဉ်များ၊  အခြားနိုင်ငံများနှင့် ချုပ်ဆိုသည့် သဘောတူ စာချုပ်များ သို့မဟုတ် အစီအစဉ်များနှင့် အကျုံးဝင်သော ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ ကို ပေးအပ်သည့် ပိုမို သာလွန်သော ဆက်ဆံဆောင်ရွက်မှုများ သို့မဟုတ် အခွန်အကောက်ဆိုင်ရာ ကိစ္စရပ်များနှင့် အားလုံး ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်း ဖြစ်စေ ပါဝင်ပတ်သက်နေသော အစီအစဉ်များ။

၄၈။    အစိုးရ အဖွဲ့သည် ရင်းနှီးမြှုပ်နှံသူများကို အောက်ဖော်ပြပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သာတူညီမျှ ဆက်ဆံဆောင်ရွက်မှုပြုရန် အာမခံသည်-

          (က)   ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို ကြီးမားစွာ ထိခိုက် နစ်နာစေသည့် ဆုံးဖြတ်ချက် သို့မဟုတ် ဆောင်ရွက်ချက်များနှင့် သက်ဆိုင်သည့် သတင်း အချက်အလက်များ ရပိုင်ခွင့်၊

          (ခ)     ရင်းနှီးမြှုပ်နှံသူများနှင့် ၎င်းတို့၏ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို အစိုးရအဖွဲ့မှ ခွင့်ပြုထားသည့် လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်၊ အတည်ပြုမိန့်ပါ စည်းကမ်း သတ်မှတ်ချက် များကို ပြောင်းလဲခြင်း အပါအဝင် အခြားသော အလားတူ လုပ်ဆောင်မှုများနှင့် စပ်လျဉ်း၍ တရားဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်နှင့် အယူခံခွင့်။

၄၉။     ဤအခန်းပါ ပြဋ္ဌာန်းချက်များသည် ပုဒ်မ ၇၆ ပါ ပြဋ္ဌာန်းချက်များကို ထိခိုက်ခြင်း မရှိစေရ။

ဆက်လက်ဖော်ပြပါမည်.....