Showing posts with label Lifestyle. Show all posts
Showing posts with label Lifestyle. Show all posts

Sunday, April 26, 2026

၃၀ တောင် မကျော်သေးဘဲ ရုပ်ရင့်နေသူတွေ ဖတ်ဖို့

၃၀ တောင် မကျော်သေးဘဲ ရုပ်ရင့်နေသူတွေ ဖတ်ဖို့



(Hello Sayarwon Panelမှ ဆေးစစ်ထားပါသည်

Yun Sandi Nan Mon မှ ရေးသားသည်။ )


ရှိတယ်နော်၊ ရှိတယ်။ ဒီတိုင်းနေတာ အကောင်းသား၊ အသက် မေးလိုက်မှ “ဟယ်…မထင်ရဘူးနော်၊ ငယ်သေးတာပဲ” လို့ ပြောခံလိုက်ရတာမျိုး။ နဂိုရှိတဲ့ အသက်ထက် လူက ပိုရင့်နေတာမျိုးက ရွယ်တူတွေကြားမှာ နည်းနည်းတော့ ဘူနေမှာပေါ့။


၃၀ တောင် မကျော်သေးဘဲ ရုပ်ရင့်နေသူတွေ ဖတ်ဖို့

အရွယ်ကောင်း လို့ခေါ်ကြတဲ့ အသက် ၃၀ အရွယ်ကိုတောင် မရောက်သေးဘဲ ကိုယ့်ကို အသက်ကြီးတယ် ထင်နေကြတာကို ဝမ်းသာမယ့်သူတော့ ရှိမယ်မထင်ပါဘူး။


ဘာကြောင့် ရုပ်ရင့် နေရတာလဲ

လူ့ခန္ဓာကိုယ်မှာ အိုမင်းရင့်ရော်မှု ရဲ့ လက္ခဏာကို အရင်ဆုံး ပြလာတာက အရေပြား ပါ။ အသက်အရွယ် ကြောင့် အပြင် အသားအရေ ကို အရွယ်မတိုင်မီ ရင့်ရော်စေတဲ့ တခြားအကြောင်းရင်းတွေက အများကြီး ရှိပါတယ်။


စိတ်ဖိစီးမှု၊ ဆေးလိပ် သောက်ခြင်း၊ အရက်သောက်ခြင်း၊ အအေးဒဏ်၊ နေပူဒဏ် စတဲ့ ပတ်ဝန်းကျင် အကြောင်းရင်းတွေ၊ အစားအသောက်၊ ကိုယ်အလေးချိန်၊ သောက်သုံးနေတဲ့ ဆေးဝါး၊ အသားအရေ မထိန်းသိမ်းခြင်း စတဲ့ အကြောင်းရင်းတွေ ပါဝင်တာပေါ့။


အရွယ်မတိုင်မီ မရင့်ရော်စေဖို့ ဘာလုပ်ရမလဲ

အပေါ်ယံ အရေပြားလေးပါပဲ လို့ ပြောကြပေမယ့် အဲဒီအရေပြားလေးက လူတစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာ နဲ့ ခန္ဓာကိုယ် ကျန်းမာရေးအပြင် လူမှုဆက်ဆံရေးနဲ့ ကိုယ့်ရဲ့စိတ်ကျန်းမာရေး တို့ကိုပါ သက်ရောက်မှု မသေးတာ သတိပြုသင့်ပါတယ်။


အသားအရေ ကျန်းမာ၊ နုပျို တဲ့သူတွေဟာ ရုပ်မလှတောင် ကြည့်ကောင်းမယ်၊ အရေပြားကင်ဆာ လို ရောဂါတွေ ကာကွယ်နိုင်မယ်၊ လူမှုဆက်ဆံရေးမှာ အဆင်ပြေမယ်၊ ရင့်ရော်မှုနဲ့ ပတ်သက်လို့ ဆိုက်ကိုဝင်စရာမလိုဘူး စတဲ့ အကျိုးကျေးဇူးတွေ ရှိနေတယ်လေ။ စိတ်ကျန်းမာတော့ လူလည်း ကျန်းမာနိုင်မှာပါပဲ။


ဒါ့ကြောင့် အသားအရေ ထိန်းသိမ်းချင်ရင် အာဟာရ ပြည့်တဲ့ အသီးအနှံ၊ အသီးအရွက်တွေ များများစားပါ၊ ရေသောက်ပါ၊ ကျန်းမာရေးနဲ့ မညီတဲ့ အမူအကျင့်တွေကို ရှောင်ပါ။


ပိုအသေးစိတ်တဲ့ အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှု အတွက်တော့ –


(၁) နေရောင်ခြည် ကို အံမတုပါနဲ့

နေလောင်ဒဏ် ကို ကာကွယ်တာက အသားအရေ ထိန်းသိမ်းမှု နဲ့ ရင့်ရော်မှုကို တားဆီးနိုင်ဖို့ အတွက် အခြေခံ အချက် ပါပဲ။ နေရောင်ခြည်က အသားအရေကို ပိုပြီး မြန်မြန်ရင့်ရော်စေပါတယ်။ ဒါ့ကြောင့် နေပူမရှောင်၊ ထီးမဆောင်း၊ ဦးထုပ်မပါဘဲ အပြင်ထွက်လေ့ ရှိကြတဲ့ ယောကျာ်းလေးတွေ ပိုသတိထားသင့်တဲ့ အချက်ပါ။


နေရောင်ခြည် နဲ့ ခရမ်းလွန် UV rays တို့ ဒဏ်က ကာကွယ်နိုင်ဖို့ နေအပြင်းဆုံးအချိန်ဖြစ်တဲ့ မနက် ၁၀ နာရီကနေ နေ့လည် ၂ နာရီအတွင်း အမိုးအကာအောက်မှာ နေပါ။ သွားစရာရှိရင် ထီး အမြဲယူသွားဖို့ မမေ့ပါနဲ့။ sunscreen လိမ်းပါ။


(၂) sunscreen လိမ်းပါ

ကိုယ့်အသားအရေကို ကာကွယ်နိုင်ဖို့ နေရောင်နဲ့ တိုက်ရိုက် ထိတွေ့နိုင်တဲ့ အရေပြား အစိတ်အပိုင်း မှန်သမျှကို sunscreen လိမ်းပါ။ SPF ပါဝင်မှု 30 ထက် များတဲ့ sunscreen ကို ရွေးချယ်ပါ။ ရုပ်ရင့် စေတဲ့ အကြောင်းရင်းတွေထဲ နေပူထဲ အကာအကွယ် မပါဘဲ အမြဲသွားနေတဲ့ အချက်က ရှေ့ဆုံးက ပါဝင်ပါတယ်။


(၃) အစိုဓာတ် ထိန်းဖို့ မမေ့ပါနဲ့

အသက်ကြီးလာတာနဲ့အမျှ အသားအရေကို ရေဓာတ် ထိန်းသိမ်းဖို့၊ ဖြည့်တင်းဖို့ လိုအပ်လာပါတယ်။ အသားအရေ အစိုဓာတ် နည်းပါးတဲ့အခါ ခြောက်သွေ့လာတယ်၊ အရေးအကြောင်းတွေ ဖြစ်လာတတ်တယ်၊ အသားအရောင် မွဲခြောက်လာမယ်၊ ပိုရင့်ရော်စေတာပေါ့။ moisturizer က အရေပြားထဲမှာ ရေဓာတ် ကို ထိန်းပေးထားလို့ အသားအရေ ကို စိုပြေစေပြီး နုပျိုတဲ့ အသွင်ကို ဆောင်စေပါတယ်။


(၄) မျက်နှာ ကို ပုံမှန် သန့်စင်ပေးပါ

မျက်နှာသစ်တဲ့ အခါမှာလည်း သစ်ပုံသစ်နည်းက တော်တော်စကားပြောပါတယ်။ သိပ်မပြင်းတဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်ပြီး သုံးပါ။ မျက်နှာ ကို အရမ်းပွတ်တိုက်ပြီး မသစ်မိအောင် သတိထားပါ။ မနက်နဲ့ ညအိပ်ရာဝင် တစ်နေ့ နှစ်ကြိမ် သန့်စင်ပေးပါ။


မိန်းကလေးတွေ ဆိုရင် မိတ်ကပ် ဖျက်ဖို့ အဆင့်တစ်ဆင့် လိုအပ်ပါဦးမယ်။ မိတ်ကပ် သို့မဟုတ် မျက်နှာမှာ လိမ်းထားသမျှကို makeup remover သို့မဟုတ် micellar water သုံးပြီး ဖျက်မှ အဆင်ပြေပါလိမ့်မယ်။


အရွယ် ငယ်ငယ်နဲ့ ရုပ်မရင့်စေဖို့ သို့မဟုတ် အသက်ကြီးလာလည်း အရွယ်တင် နုပျိုစေဖို့ ဒီအခြေခံအချက်တွေ ဂရုစိုက်လိုက်ရုံနဲ့ အဆင်ပြေပါတယ်နော်။ ဖြစ်နိုင်ရင်တော့ မကြာမကြာလည်း ပေါင်းတင်တာ၊ ဆိုင်မှာ treatment လုပ်တာမျိုး လုပ်ပေးရင် ပိုကောင်းတာပေါ့။


Hello ဆရာဝန် ပရိသတ်တို့ ဘယ်အသက် ဘယ်အရွယ်ဖြစ်ဖြစ် အမြဲ နုပျိုလှပ နိုင်ကြစေဖို့ ရည်ရွယ် အကြံပြု ပေးလိုက်ပါတယ်။



***Helloဆရာဝန် စာမျက်နှာမှကူးယူဖော်ပြသည်။ 

Wednesday, July 24, 2024

“Self-love အကြောင်း”

 “Self-love အကြောင်း”




🔳 ကိုယ့်ကိုယ်ကိုယ် ချစ်ပါလို့ ပြောလိုက်ရင် ကိုယ်ကြိုက်တာလေးတွေ ဝယ်လိုက်တာ (ကိုယ့်ကိုယ်ကိုယ် ဆုချတယ်ပေါ့) ၊ အလှပြင်တာ၊ ပစ္စည်းအကောင်းစားတွေ သုံးတာ၊ ဒါတွေကို အရင်ပြေးမြင်တတ်ကြတယ်။ တချို့လည်း အတ္တကြီးတဲ့ဘက်ကိုပါ ရောက်သွားကြတယ်။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တာကို Self-love လို့ ထင်နေကြတယ်။


တကယ်တော့ Self-love ဆိုတာ ဘဝမှာ အခက်အခဲတွေ၊ ဒုက္ခတွေ၊ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှ ပိုပြီး အရေးတကြီး လိုအပ်တာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ‘တကယ်’ ချစ်တဲ့သူနဲ့ မချစ်တဲ့သူ အဲဒီမှာ ကွာခြားသွားကြတာပဲ။


🔳 လူအချင်းချင်း ချစ်ကြသလိုနဲ့လည်း နမူနာ ယူကြည့်လို့ရတယ်။ ပိုက်ဆံချမ်းသာရင် လက်ဆောင်အကောင်းစားတွေလည်း ပေးနိုင်တာပဲ။ အကျိုးလိုလို့ ညောင်ရေသွန်းတာတွေလည်း အများကြီး။ တကယ်အချစ်စစ်မစစ်ကို ကိုယ်ဒုက္ခရောက်တဲ့အချိန်မှ လက်တွဲဖြုတ်သွားလား မဖြုတ်သွားဘူးလားနဲ့ တိုင်းတာနိုင်တာကိုး။


ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့အချစ်မှာလည်း ဒီလိုပဲ။ အပေါ်ယံ ပစ္စည်းဥစ္စာတွေနဲ့ မကြည့်ဘဲ ပိုအရေးကြီးတဲ့ ရှုထောင့်တွေကနေ စဉ်းစားကြည့်ဖို့ လိုတယ်။


🔳 Self-love ကို သေချာနားလည်ချင်ရင် ကိုယ်တကယ်ချစ်တဲ့ လူတစ်ယောက်နဲ့ ကိုယ့်ကိုယ်ကိုယ် အစားထိုးပြီး မြင်ယောင်ကြည့်လိုက်။ သားသမီးလား၊ မိဘလား၊ မောင်နှမလား၊ ချစ်သူရည်းစားလား၊ သူငယ်ချင်းလား၊ ကိုယ့်နေရာမှာ သူတို့ကို အစားထိုးကြည့်လိုက်။


🔳 ဆိုပါတော့။ ကိုယ့်သူငယ်ချင်းတစ်ယောက်က ရည်းစားနဲ့ ပြတ်သွားလို့၊ သစ္စာဖောက်ခံရလို့ ပြိုလဲနေတယ်။ ကိုယ် သူ့ကို ဘယ်လိုဖြစ်စေချင်သလဲ။


အရက်တွေသောက်၊ အိပ်ရာထဲ ဘုံးဘုံးလဲ၊ ဘဝကို ရေစုန်မျှော၊ ပေတေလေလွင့်၊ ဒီလိုဖြစ်နေတာ မြင်ချင်သလား။


ဒါမှမဟုတ် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ကုစားနေတယ်၊ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေတယ်၊ ဘေးပတ်ဝန်းကျင်ရဲ့ အကူအညီတွေလည်း ရယူနေတယ်၊ ဒါမျိုးကို မြင်ချင်သလား။


ဒီလောက်ကြီးတောင် ခံလိုက်ရမှတော့ ဘာမှမဖြစ်သလို အကောင်းပကတိ ရှိနေဖို့ကတော့ မဖြစ်နိုင်ဘူး။ ဒဏ်ရာကတော့ ရမှာပဲ။ သို့သော် သူ ဒါကို ကျော်ဖြတ်နိုင်အောင် အကောင်းဆုံး ကြိုးစားနေတယ်။ ဒါမျိုးကို ကိုယ်မြင်ချင်မှာပဲ။ ကိုယ်ချစ်တဲ့လူကိုး။


ဒါဆို ကိုယ်တိုင်လည်း အသည်းကွဲတဲ့အခါ၊ သစ္စာဖောက်ခံရတဲ့အခါ အဲဒီအတိုင်း ရှင်သန်။ ဒါသည် Self-love ပဲ။ ကိုယ့်ကိုယ်ကိုယ် ‘တကယ်’ ချစ်တဲ့သူရဲ့ အမူအကျင့်ပဲ။


🔳 အမေဖြစ်သူမှာ ရောဂါဖြစ်တယ် ဆိုပါတော့။ စိတ်ဓါတ်တွေကျ၊ ငါ့သားသမီးတွေတော့ ငွေကုန်ပါပြီ ဆိုပြီး ဆေးမကုတော့ဘဲ နေနေမယ်။ ဆေးမှန်မှန်မသောက်ဘူး။ အစားအသောက် မဆင်ခြင်ဘူး။ ကိုယ် ရောဂါခံစားနေရတာတောင် သားသမီးကို မပြောတဲ့ မိဘရှိသေးတယ်။


ဒါမျိုးဆို ဘယ်လောက်စိတ်ပူရလဲ။ ဘယ်လောက်စိတ်ညစ်ရလဲ။


အဲဒီအစား သူ နေမကောင်းဖြစ်ရင် ပြောမယ်။ ဆေးခန်းသွားပြမယ်။ လိုအပ်တဲ့ ကုသမှု ခံယူမယ်။ အစားအသောက် ဆင်ခြင်မယ်။ သားသမီးတွေကိုလည်း ကျေးဇူးတင်စကားပြောမယ်။ ရောဂါကို ကောင်းကောင်းရင်ဆိုင်မယ်။ စိတ်ရှည်ရှည်ထားမယ်။ ဒီလိုဆို ကိုယ်မပျော်ဘူးလား။ မြင်ရတာရော စိတ်မချမ်းသာဘူးလား။


ဒါဆို ကိုယ်တိုင်ရောဂါဖြစ်တဲ့အခါလည်း အဲဒီအတိုင်း ကျော်ဖြတ်။


🔳 ကိုယ့်ညီလေး၊ ကိုယ့်မောင်လေး ယုံကြည်ချက်ကြောင့် အလုပ်လက်မဲ့ ဖြစ်သွားတယ်။ သိမ်ငယ်စိတ်တွေဝင်၊ ပြိုလဲ၊ တစ်နေ့တစ်နေ့ ဘာမှလည်း မလုပ်ဖြစ်၊ အချိန်တွေ အလကားကုန်နေတာမျိုး ကိုယ်မြင်ချင်သလား။


ဒါမှမဟုတ် သူ့ကိုယ်သူ ဂုဏ်ယူတယ်။ သူ့ရွေးချယ်မှုနဲ့ ပတ်သက်ပြီး နောင်တမရဘူး။ ရနိုင်သမျှ အလုပ်တွေ ကြိုးစားလုပ်တယ်။ အလုပ်ကို ရပ်ထားရပေမဲ့ လေ့လာသင်ယူမှုကို မရပ်ဘူး။ အများအတွက်လည်း အကျိုးပြုနေတယ်။ အဲဒါမျိုးကို ကိုယ်မြင်ချင်သလား။


ဒါဆို ကိုယ်တိုင်လည်း အဲဒီအတိုင်း ရင်ဆိုင်။ ခေါင်းကို မော့ထား။ ရင်ဘတ်တွေကို ကော့ထား။ လူတစ်ယောက်ရဲ့ တန်ဖိုးကို ငွေကြေးဥစ္စာ ဓနတွေနဲ့ တိုင်းတာလို့ရတာ မဟုတ်ဘူး။ ဘယ်လောက် လူပီပီသသနဲ့ ဖြတ်သန်းခဲ့သလဲနဲ့ အဓိကတိုင်းတာ။ ဘာအတွက်နဲ့မှ သိမ်ငယ်နေစရာ မလိုဘူး။


🔳 ကိုယ့်သူငယ်ချင်း ကြိုက်နေတဲ့ရည်းစားက သူ့ကို တန်ဖိုးမထားဘူး။ ပေါ်တင်ရှုပ်တယ်။ ပွေတယ်။ အဲဒါကိုလည်း ဟိုတစ်ယောက်က သိသိကြီးနဲ့ လက်ခံနေတယ်။


ဒါဆို ကိုယ်သဘောကျလား။ ဘယ်ကျမလဲ။ ကိုယ်ချစ်တဲ့သူကို တန်ဖိုးထားခံရတာပဲ မြင်ချင်တယ်။


ဒီလိုဆို ကိုယ်တိုင်လည်း ကိုယ့်ကို တန်ဖိုးမထားတဲ့သူတွေ၊ လေးစားမှု မပေးတဲ့သူတွေအတွက် အချိန်ကုန်မခံနဲ့။ အနှိမ်မခံနဲ့။


🔳 ကိုယ့်သားသမီး တစ်ခုခု အမှားလုပ်မိတယ်။ မျက်နှာလေးက ညှိုးငယ်လို့။ ဆူခံရမှာ ကြောက်နေတာ။ ဒါဆို ကိုယ်အပြစ်တွေ တင်နေမလား၊ စိတ်ထိခိုက်စေမဲ့ စကားတွေ တချိန်လုံး ပြောနေမလား။ ဒါမှမဟုတ် ဖေးဖေးမမ ပြောမလား။


ဘယ်သူမဆိုတော့ အားပေးမှာပဲ။ ဘာမှမဖြစ်ဘူး၊ စိတ်ထဲမထားနဲ့တော့၊ အရေးမှမကြီးတာ၊ ဒီလိုစကားလေးတွေ ပြောမှာပဲ။


ကိုယ့်ကိုယ်ကိုယ်သာ အဲဒီလို မပြောကြတာ။ ဟုတ်တယ်၊ ငါက အသုံးကိုမကျဘူး၊ ငါ ဒါလေးတောင် မလုပ်နိုင်ဘူး၊ အဖြစ်ကိုမရှိဘူး၊ ဒီလိုလုပ်မိလိုက်တာ ငါ အတော်နောင်တရတယ် စတဲ့ စကားတွေပဲ ပြောနေကြတယ်။ ဒါ ကိုယ့်ကိုယ်ကိုယ် တကယ် ချစ်တဲ့သူရဲ့ အမူအကျင့် မဟုတ်ပါဘူး။


🔳 ကိုယ့်သားက လိင်တူချစ်ကြိုက်သူ။ ပတ်ဝန်းကျင်က ကဲ့ရဲ့မှာကို ကြောက်နေတယ်။ အဲဒီအခါ ကိုယ်ဘယ်လိုစကားမျိုး ပြောမလဲ။ သူ့ဖြစ်တည်မှုကို တစ်သက်လုံး ဖုံးကွယ်ပြီး နေသွားဖို့ အားပေးမလား။ ဖြစ်တည်မှုအတိုင်း ခိုင်ခိုင်မာမာ ရပ်တည်နေတာကို မြင်ချင်သလား။


ကိုယ့်ယောက်ျားက မဟုတ်တဲ့နည်းနဲ့ ငွေမရှာချင်ဘူး။ လိပ်ပြာမသန့်ဘူး။ အဲဒါကို မဖြစ်ဖြစ်အောင် လုပ်ဖို့ ဖိအားပေးမလား။ ငွေတော့ ရပါရဲ့၊ သူ့ကိုယ်သူ ပျောက်ဆုံးသွားတဲ့ ကိုယ့်ယောက်ျားကို မြင်ချင်သလား။ ဒါမှမဟုတ် သူ့ရဲ့ စံတန်ဖိုးတွေအတိုင်းပဲ ရွေးချယ်ရပ်တည်ဖို့ တိုက်တွန်းမလား။ စဉ်းစားကြည့်။


ဒီလိုဆို ကိုယ်တိုင်လည်း ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ကိုယ့်ပုံစံအတိုင်း ရှင်သန်ဖို့ကိုပဲ ရွေးချယ်သင့်တာပေါ့။


🔳 ဒါကြောင့် Self-love လို့ ပြောလိုက်ရင် ကိုယ့်ကိုယ်ကိုယ် ဆုချတာ ဘာညာထက် အများကြီး ပိုပါတယ်။


• စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုတွေကနေ ရုန်းထတာ၊ ရုန်းထဖို့ ကြိုးစားတာ

• ကျန်းမာရေး ဂရုစိုက်တာ၊ နေမကောင်းဖြစ်ရင်လည်း ကြိုးစားကုသတာ

• အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်တာ

• ဘဝကို ပိုပိုပြီး ကောင်းလာအောင် ကြိုးစားအားထုတ်တာ

• ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတာ

• ကိုယ့်ကိုယ်ကိုယ် ကောင်းတဲ့စကားတွေ ပြောတာ

• အတိတ်က ‘ကိုယ်’ ဆိုတဲ့လူကို ခွင့်လွှတ်ပေးတာ

• ကိုယ့်ဖြစ်တည်မှုကို အရှိအရှိအတိုင်း လက်ခံတာ

• ကိုယ့်ရဲ့ စံတန်ဖိုးတွေအတိုင်း ရှင်သန်ရပ်တည်တာ


ဒါတွေဟာ ကိုယ့်ကိုယ်ကိုယ် ‘တကယ်’ ချစ်တဲ့သူတွေရဲ့ အမူအကျင့်တွေပါပဲ။


🔳 အပေါ်ယံအချစ်တွေက အပျော်မကျန်တော့တဲ့အခါ လက်တွဲဖြုတ်သွားတတ်သလို၊ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့အချစ်က မစစ်မှန်ရင်လည်း အိမ်အကောင်းစားမှာ နေ၊ ကားအကာင်းစားကြီး စီးရဖို့အရေး ဓနရှင်ရှေ့ လက်အုပ်ချီ ဒူးထောက်ခစားနေရတဲ့ ရှက်စရာဘဝမျိုးနဲ့ အဆုံးသတ်သွားရတတ်ပါတယ်။


ဒေါက်တာ ဖြိုးသီဟ

၂၃.၇.၂၀၂၄

Sunday, July 21, 2024

ကလေးသူငယ်တွေ ရိုင်းစိုင်းနေရသည့်အကြောင်းရင်း'

 'ကလေးသူငယ်တွေ ရိုင်းစိုင်းနေရသည့်အကြောင်းရင်း'




(မိဘဒေါသကြီးရင် ကလေးက ထုံပေပေဖြစ်တတ်တယ်။ မိဘကစိတ်ရှည်ရင် ကလေးက ချက်ချာပါးနပ်တယ်။ 2 ways Influence processပါပဲ။ ဒါကို သတိမူမိဖို့ ဆောင်းပါးတစ်စောင် ကူးယူဖော်ပြလိုက်ပါတယ်။)


ကလေးရိုင်းရသည့် အကြောင်းရင်း (၆) ချက်ရှိပါသည်။


၁- သူ့ပတ်ဝန်းကျင်က မိဘ၊အဖိုးအဖွား၊ မောင်နှမ၊ သူငယ်ချင်း၊ ဆရာမ တို့ ရိုင်းလို့။


ကျနော့ အိမ်ရှေ့မှ မိဘ၊ အမတွေသည် ကလေးငယ်အား အသားကုန်အော်သည်။ အိမ်ဖော်ကအစ ကလေးငယ်အားအော်သည်။ ကလေးငယ်သည် ၂ နှစ်၊ ၃ နှစ်အရွယ်မှစ၍ ပြန်အော်သည့်အပြင်လက်ထဲရှိတာနှင့် တစ်ခုခုကို ထုရိုက်တတ်သည်။ ဤတွင် မိဘတွေက ပိုအော်လေသည်။ ကလေးက ပိုပိုဆိုးလာလေသတည်း။


၂- သူတို့၏ စိတ်ခံစားမှုကို သူတို့မထိန်းသိမ်းတတ်သေး၍ ဖြစ်သည်။ 


ကလေးသည် မွေးကတည်းကစငိုသည်။ သူတို့ခံစားချက်ကို မထိန်းသိမ်းတတ်ပေ။ ဒါကို အုပ်ထိန်းသူက သိနားလည်ရမည်။ ကလေးနှင့် ပြိုင်မမိုက်သင့်၊ ဒေါသအိုးမပေါက်ကွဲ သင့်ပေ။


၃- သူတို့၏ စိတ်ခံစားမှုကို စကားအဖြစ်ထုတ်မပြောနိုင်သေး၍ ဖြစ်သည်။


ကလေးငယ်လျှင် သူ့ခံစားမှုကို ထုတ်မပြောနိုင်ပေ။ မိဘတွေသူ့ခံစားမှု သူအလိုမကျမှုသိအောင် ကြမ်းတမ်းစွာ လုပ်လာတတ်သည်။ 


၄- ကလေးက ကြောက်တတ်၊ စိမ်းတတ်လျှင်လည်းဖြစ်သည်။


ကလေးသည် လူစိမ်းနှင့်တွေ့လျှင် ရှက်တတ် ကြောက်တတ်၍ ရိုင်းသလို ဖြစ်တတ်သည်။


၅- ကလေးကို ပစ်ပယ်ထားလျှင်လည်း ရိုင်းလာသည်။


အပစ်ပယ်ခံရသောကလေးသည် ရိုင်းလာလေ့ရှိသည်မှာ ဓမ္မတာပင်ဖြစ်သည်။ မိဘတွေ အလုပ်များသည့်အခါ၊ နောက်ကလေးအငယ်နှင့် အလုပ်ရှုပ်နေသည့်အခါ အကြီးလေး ဆိုးလာတတ်မြဲဖြစ်သည်။


၆- ကလေးကို အလိုလိုက်လျှင်လည်း အမိုက်စော်ကားတတ်သည်။


ကလေးဘာလုပ်လုပ် မပြုပြင်ပဲ တော်သည်တတ်သည်ဟု အလိုလိုက်လွန်းလျှင်လည်း ကလေးရိုင်းစိုင်းတတ်သည်။


ကလေးရိုင်းတာကို ကလေးငယ်စဉ်ကတည်းက သတိပြုမိပြီး စောစော ပြုပြင်ပေးဖို့လိုသည်။


မိဘ ဆရာတို့သည် 'C' 4 'C' ကို လိုက်နာကျင့်သုံးသင့်သည်။


1. Calm

2. Correct

3. Consistent

4. Consequences




1. Calm မိမိတည်ငြိမ်အောင် ဦးစွာထိန်းပါ။

------------------------------------

ကလေးသည်မွေးကာစမှာ အပြစ်ကင်းစင်သည်။ ပြီးမှ သူ့ပတ်ဝန်းကျင်မှ အမူအကျင့်များကို ကော်ပီကူး download ဆွဲခြင်းဖြစ်သည်ဆိုတာကို နားလည်ဖို့လိုသည်။


မိဘက ဒေါသထွက်ကာအော်လျှင် သူပြန်အော်မည်။ ပြန်မအော်ရဲပဲ ကြောက်သွားလျှင်လည်း လူကြောက်လေးဖြစ်သွားမည်။


ကလေးကို ဒေါသထွက်လျှင် တည်ငြိမ်ရကြောင်း မိမိအမူအကျင့်ဖြင့် စံပြသင်ပြပါ။


ကလေးရိုင်းနေ သောင်းကျန်းနေလျှင် ကလေးဆီမှ အဝေးသို့ ခဏရှောင်၍ ၁ မှ ၁၀ - ၁၀၀ အထိရေပါ။


2. Correct ကလေး အားပြုပြင်ပါ။

-----------------------------

ပြီးလျှင် ကလေးကို မျက်နှာတည့်တည့်ကြည့်ပါ။ မိမိတို့မိသားစုထဲတွင် ဒီလိုမပြောဆိုကြောင်း၊ ဒီလိုမကြမ်းတမ်းကြောင်း မျက်နှာကြည့်၍ တည်ငြိမ်စွာပြောပါ။ ကလေးသည် သင် သူ့အမူအရာကို လက်မခံကြောင်း သိသာပါစေ။


ကလေးလိမ္မာလျင်အမေ ချစ်မည်ဖြစ်ကြောင်း၊ ကလေး ဘာဖြစ်ချင်၊ ဘာလိုချင်လဲမေးပါ။ ပေးမရတာကို ဘာကြောင့်ပေးမရကြောင်း ရှင်းပြပါ။


ကလေးကမိမိအနားကပ်ချင် မိမိက အလုပ်ဆက်လုပ်ဖို့လိုလျှင် ခဏ သည်းခံရန် မျက်နှာချင်းဆိုင်ကြည့် တည်ငြိမ်စွာပြောပြပါ။ ပြီးလျှင် အလုပ်ဆက်လုပ်ပါ။


3. Consistent မပြောင်းလဲပဲ စွဲမြဲပါ။

-------------------------------

ကလေးကို ပြုပြင်ဖို့လိုလျှင် စောစောစီးစီးပြုပြင်ရမည် ဖြစ်သည်။


ကလေးအား ငါ့သားကဒီလိုဟုတ်ဘူး မရိုင်းဘူး ဘာညာမပြောရပါ။ ဒီလိုတုန့်ပြန်ခြင်းသည် ကလေး၏ အပြုအမူရိုင်းခြင်းကို အသိအမှတ်ပြုရာရောက်သည်။


ကလေးက ခုံကို ထုလျှင် ဟုတ်တယ် ဒီခုံဘာညာနှင့် လိုက်ထုမပြနှင့်။ အကိုအမတွေကို မဲတာလည်း လက်မခံနှင့်။


"အေး ဟုတ်တယ် နင့်ကြောင့်"လို့ ကလေးဘက်က အကိုအမတွေကို လိုက်မပြောနှင့်။ ဒေါသကို ထိန်းသိမ်းတတ်အောင်သင်ပါ။


ကလေးကို အလိုလိုက်တုန်းက စွတ်အလိုလိုက်၊ လူအများရှေ့ရောက်မှ အရှက်ကွဲ၍ ကလေးအားမဲခြင်း မလုပ်ပါနှင့်။


4. Consequences အကျိုးအကြောင်း အဆိုးအကောင်းကို သင်ပြပါ။

------------------------------------

ကလေးက ခုံကိုကန်တာ သူပဲ အသားနာမည် ၊ ခုံမနာကြောင်း။ မိဘကိုအော်လျှင် လူအထင်သေးမည်ဖြစ်ကြောင်း။ မိဘသည် လက်ဦးဆရာဖြစ်၍ "ဆုံးမနာယူ" ရမည့်ကျင့်ဝတ်ရှိကြောင်း။


မိဘပေါ်လေးစားမှု respect မရှိလျှင့် သူ့အပေါ်တွင်လည်း မည်သူမှ လေးစားချစ်ခင်မှာ မဟုတ်ကြောင်း စသည်ဖြင့် အကျိုးအကြောင်းကို သင်ပြပါ။


ကလေးတိုင်းသည် အစပထမတွင် သင်ပြလျှင် သူလက်ခံသင့်မခံသင့် လိုက်စဉ်းစားလေ့ရှိသည်။ ထို့ကြောင့် consquences ဒါလုပ်ရင် ဒီလိုဖြစ်မည် ကို စူစမ်းကြည့်လေ့ရှိသည်။ မိဘကို စမ်းခြင်းဖြစ်သည်။


 ကလေးကအမှားလုပ်သည့်အခါ ကျနော်ကိုယ်တိုင် ပြုပြင်ကြည့်ဖူးသည်။ ဗိုက်လေးကုတ်ကာ မျက်စေ့လေးကလည်ကလည် လုပ်နေတာမျိုးကြုံဖူးသည်။ ကလေးက လိုက်စဉ်းစားနေခြင်းဖြစ်သည်။


ကလေးအသက်ကြီးလာသည်နှင့် ပိုပိုနားလည်လာကာ ပိုမိသိတတ်လာလိမ့်မည်။


ထိုသို့ဖြစ်ရန်မိဘမှ Calm, Correct, Consistent, Conquences တို့ကို ကျင့်သုံး၍ ပြုပြင်ပေးရမည်။




မအော်ပါနှင့်၊ ကလေးကို ဒီကောင်ကရိုင်းတယ်လို့ မပြောပါနှင့်၊ ကလေးကို နားလည်ဖို့ကြိုးစားပါ။


 အလိုလိုက်တုန်းကလိုက် ထရိုက်တော့ရိုက် မလုပ်ပါနှင့်။


ချစ်လွန်း၍ မျက်ကွယ်ပြုအလိုလိုက်ခြင်း မပြုပါနှင့်။


ကလေးအား ပြုပြင်ကာ အကျိုးအကြောင်းသိအောင် အပြစ်ပေးဖို့လိုက မှန်ကန်သော အပြစ်ပေးပါ။


 ဒီကလေးကို ဒီလိုဆုံးမ၊ ဟိုကလေးကို ဟိုလိုဆုံးမ Double standards ထားခြင်းကိုရှောင်ကြဉ်ပါ။ သားသမီး၊ မြေးမြစ်တို့ကို တတန်းတည်းထားဆုံးမပါ။ 


Kids aren't born with perfect manners and etiquette. We need to teach them correctly.


ကလေးသည် မွေးလာကတည်းက အရိုင်းလေး၊ အလိမ္မာတုံးလေးအဖြစ် တခါတည်း မွေးလာသည်မဟုတ်၊ ကျနော်တို့မိဘ၊ဆရာသမား ပတ်ဝန်းကျင်က လမ်းမှန်အောင် ပြုပြင်ပေးရမည်သာဖြစ်သည်။


*** မူလဘူတရေးသားမျှဝေသူ အမည်မသိလို့ သည်အတိုင်း ကူးတင်ထားပါတယ်။ သိသူများ Comment ပေးသွားကြပါဦးနော်။

Tuesday, June 11, 2024

ရင့်ကျက်လာတဲ့အခါ...။

 ရင့်ကျက်လာတဲ့အခါ...။

________________________________________




9 June 2024(Sunday)


ပတ်ဝန်းကျင်ရဲ့

စကားနဲ့တိုက်ခိုက်ခြင်းတွေကို

အပြုံးလေးနဲ့ တုံ့ပြန်လာနိုင်တယ်။


အလုပ်တွေရဲ့ဖိအားကို

စိတ်ရှည် လက်ရှည်နဲ့ တွန်းလှန်နိုင်တယ်။


ကိုယ့်ကို မကောင်းမြင်တတ်တဲ့လူတွေကို

သည်းခံခြင်းနဲ့ အနိုင်ယူတတ်လာတယ်။


အချစ်နဲ့ ပတ်သက်လာရင်

အနားမနေချင်သူလည်း အရင်လို

အတင်းတွယ်ကပ်မနေဘဲ

စွန့်လွှတ်တတ်လာတယ်။


အလုပ်တွေကို အရင်ထက်ချစ်လာပြီး

မျှော်လင့်ချက်တွေ ပိုပီပြင်လာတယ်။


စာဖတ်ခြင်းဟာအကောင်းဆုံး

အားဆေးတစ်ခွက်ဖြစ်လာတယ်။


ဝမ်းနည်ရတဲ့နေ့တွေထက်

ပျော်စရာနေ့တွေ ပိုင်ဆိုင်လာပြီး

အေးချမ်းမှုတွေကို တွေ့ရှိလာတယ်။


"ဘဝ" ဆိုတဲ့ စကားလုံးနှစ်လုံးရဲ့

အဓိပ်ပါယျကို ပိုလေးနက်အောင်

ဖွင့်ဆိုနိုင်တယ်။


အခက်အခဲတွေ ကြုံလာတဲ့အခါ

ရုန်းကန် ကျော်ဖြတ်တတ်လာတယ်။


သိမ်ငယ်မှုတွေကြုံလာတဲ့အခါ

အားတင်းတတ်လာတယ်။


တိုက်ခိုက်မှုတွေ ကြုံလာတဲ့အခါ

ရင်ဆိုင်တတ်လာတယ်။


ပြိုလဲမှုတွေ ကြုံလာတဲ့အခါ

ပြန်ထနိုင်အောင် ကြိုးစားတတ်လာတယ်။


ဒုက္ခတွေကြုံလာတဲ့အခါ

အဆင်ပြေသွားမှာလို့ နှစ်သိမ့်ရင်း

ကိုယ့်ကိုယ်ကို အားကိုးတတ်လာတယ်


တစ်နေ့ပြီး တစ်နေ့ အကောင်းဆုံး

လျှောက်လှမ်းရင်းဘဝဟာ

ပြီးပြည့်စုံမှုမရှိပေမယ့်ဆန္ဒသာ

ရှိရင် ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်

တယ်ဆိုတာ သိလာခဲ့ရတယ်။


ဒါကြောင့် ရင့်ကျက်မှုဟာ

လူတစ်ယောက်အတွက်

လိုအပ်ချက်တစ်ခုလို့ ခံစားသိလာတယ်။


ရင့်ကျက်ခြင်းရဲ့လက္ခဏာသင်္ကေတ(၁၀)ခု

***********************************


သင် ပိုပြီး ခွင့်လွတ်တတ်လာတယ် ။


မတူညီ ကွဲပြားတဲ့ အရာတွေအပေါ် သင် လေးစားတတ်လာတယ်။


အချစ်ကို တည်ဆောက်ဖို့ အချိန်ယူတတ်လာတယ်..။


ရင်နာဖွယ် ၀မ်းနည်းစရာဖြစ်ရပ်တွေကို သင် လက်ခံတတ်လာတယ်။


တစ်ပါးသူအပေါ် သင် ဝေဖန်တာ နည်းလာတယ် ။


အရေးမကြီးသော စကားဝိုင်းတွေအပေါ် သင် စိတ်လှုပ်ရှားမှု့နည်းပါးလာတယ်..။


ပိုပြီးလည်း အမြင်ကျယ်ပြီး သဘောထားကြီး တတ်လာတယ်..။


တစ်ခါတစ်လေ စကားများ ရန်ဖြစ်နေရတာထက်

ငြိမ်ငြိမ်လေး နုတ်ဆိတ်နေရတာ ပိုသဘောကျတယ် ။


ညနက် အပြင်သွားဖို့ထက် အိမ်မှာ အိပ်နေရတာ ပို သဘောကျလာတယ်..။


သင့် ပျော်ရွှင်မှုဟာ တစ်ပါးသူရဲ့သင့်အပေါ် အမြင်ထက်

သင့်အပေါ်မှာသာ မူတည်လာတယ်..။


( အသိတရားတွေ ရင့်ကျက်သွားရင်)

•••••••••••••••••••••••••••••••••


အရေးပါခြင်း မပါခြင်းတွေကို

နားလည်လာတဲ့အခါ

ဂရုစိုက်စရာတွေ နည်းလာတယ်။


ပြောသင့် မပြောသင့်ကို

ချင့်ချိန်တတ်လာတဲ့အခါ

စကားတွေ နည်းလာတယ်။


အမှန် အမှားကို

ခွဲခြားတတ်လာတဲ့အခါ

အပြစ်တွေ နည်းလာတယ်။


လိုအပ်တာနဲ့ မလိုအပ်တာ

ကွဲပြားသွားတဲ့အခါ

စွန့်လွှတ်ရဲတဲ့ စိတ်တွေရှိလာတယ်။


အကောင်းမြင်စိတ်တွေ

ရှိလာတဲ့အခါ

ဒေါသဖြစ်စရာတွေ နည်းလာပါတယ်။


အသိတရားတွေ

ရင့်ကျက်သွားသူတိုင်း


အရင်ကထက် ကိုယ့်စိတ်ကို

ဆင်ခြင်ထိန်းချုပ်ပြီး အေးချမ်းဖို့ကို

အလေးထားတတ်လာတယ်။


(ရင့်ကျက်မှုဆိုတာ)

============


ရင့်ကျက်နေတဲ့ သူတွေမှာ တွေ့ရတဲ့ အချက်တွေကတော့....


၁-တစ်ခြားလူတွေကို ပြောင်းလဲဖို့ မကြိုးစားတော့ပဲ

ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ပဲ အာရုံစိုက်လာတဲ့အခါ

သင်ဟာ ရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်လာပါတယ်။


၂-ရင့်ကျက်တဲ့သူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို

တစ်ခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး စိတ်ဆင်းရဲတာမျိုးတွေ

မရှိတော့ဘူး။


၃-ရင့်ကျက်တဲ့သူတစ်ယောက်ဟာ လိုချင်တာတွေကို

ဦးစားမပေးတော့ဘဲ တကယ်လိုအပ်တာတွေကိုပဲ

လုပ်တတ်လာကြပါတယ်။


၄-မျှော်လင့်ချက်တွေ အရမ်းကြီးမထားတော့ဘဲ

ရယူပိုင်ဆိုင်လိုစိတ်တွေ လျှော့ချလာနိုင်တဲ့အခါ

ရင့်ကျက်လာပါတယ်။


၅-လူတိုင်းမှာ သူ့အယူအဆနဲ့သူ၊ သူ့အမြင်နဲ့သူ ရှိပြီး

သူတို့ကိုယ်သူတို့ မှန်တယ်လို့ ထင်နေကြပါလား

ဆိုတာကို နားလည်လာတဲ့အခါ သင်ဟာ ရင့်ကျက်

လာပါပြီ။


၆-တစ်ယောက်တည်း ငြိမ်းချမ်းစွာ နေတတ်လာတဲ့အခါ

ရင့်ကျက်လာတာပါပဲ။


၇-တစ်ခြားလူတွေရဲ့ ခွင့်လွှတ်မှုတွေကို မရှာဖွေတော့ပဲ

ကိုယ့်သဘောကျ နေတတ်လာတဲ့အခါ ရင့်ကျက်လာပြီလို့

ပြောလို့ရပါပြီ။


၈-သင့်ကိုယ်သင် နားလည်လာတဲ့အခါ သင်ဟာ

ရင့်ကျက်လာပါပြီ။


၉-စွန့်လွှတ်မှုတွေကို နားလည်လာတဲ့အခါ သင်ဟာ

ရင့်ကျက်နေပါပြီ။


၁၀-ကိုယ့်ကိုယ်ကို ဘယ်လောက်တော်ကြောင်း

လူတွေသိအောင် မကြိုးစားတော့တဲ့အခါ သင်ဟာ

ရင့်ကျက်နေပါပြီ။


၁၁-ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ ရုပ်ဝတ္ထုပိုင်ဆိုင်မှုတွေအပေါ်

မမှီခိုတော့ဘူးဆိုရင် သင်ဟာ ရင့်ကျက်လာပါပြီ။


၁၂-လူတွေအပေါ် နားလည်လာတဲ့အခါ

ရင့်ကျက်မှုဟာ ဖြစ်ပေါ်လာပါပြီ။


(ရင့်ကျက် တည်ငြိမ်သူ)

================


✍️ဘဝမှာ ကိုယ်လုပ်ချင်တာထက်

ကိုယ်လုပ်သင့်တာတွေကို ရွေးချယ်လုပ်ကိုင်ပါ။


✍️အမှားတစ်ခုခု ကျူးလွန်မိတဲ့အခါ ဝန်ခံတတ်ပါ။

အမှားတွေကနေ သင်းခန်းစာ ယူတတ်ခြင်းက ကိုယ့်ကို ပိုပြီး ရင့်ကျက်သော လူသားတစ်ဦးအသွင် ပုံဖော်ပေးသွားမယ်ဆိုတာကို ယုံကြည်ပါ။


✍️ဘာမှမလုပ်ဘဲ လေးလံထိုင်းမှိုင်းနေတာနဲ့ အလုပ်တွေ အရမ်းလုပ်ပြီး မောပန်းနေတာဟာ ပင်ပန်းတာချင်း တူပေမဲ့ အဓိပ္ပာယ် ကွာခြားလွန်းလှပါတယ်။ ဒါကြောင့် ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တစ်ခုမှာ စိတ်ရောကိုယ်ပါ ရင်းပြီး တစိုက်မတ်မတ် ကြိုးစားလိုက်ပါ။


✍️တစ်ခါတစ်လေ ကိုယ်မလုပ်နိုင်တဲ့ အရာတွေအတွက် ငြင်းဆိုတတ်ပါ။ ဒါမှသာ ကိုယ်တကယ်လုပ်နိုင်တဲ့ အရာတွေအတွက် ပိုအားစိုက်နိုင်မှာပါ။


✍️ကိုယ့်ကို အမှန်တကယ် ချစ်မြတ်နိုးသူတွေကို ပိုမိုမေတ္တာထား အချိန်ပေး ဆက်ဆံပါ။ ဘဝဟာ တိုတောင်းလှပါတယ်။ ကိုယ့်ကို အကြောင်းအရင်းမရှိဘဲ မုန်းတီးနေသူတွေအကြောင်း စဉ်းစားဖို့ အချိန်မရှိပါဘူး။


✍️သူများတွေ ကိုယ့်ကို စိတ်ဝင်စားအောင် ကြိုးစားဖို့ထက် ကိုယ် စိတ်ဝင်စားတဲ့ အရာတွေကို ပိုမိုအာရုံစိုက် လုပ်ဆောင်ပါ။


✍️ကိုယ့်မှာရှိတဲ့ အရာတွေအတွက် အမြဲအသိအမှတ်ပြု ကျေနပ်တတ်ပါ။ ဆုံးရှုံးမှုတွေ ဘယ်လောက်ပဲ ကြုံတွေ့နေရပါစေ နောက်ထပ်ကြိုးစားဖို့ လက်ထဲမှာ အချိန်ရှိနေသေးတယ်။ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာ ရှိနေသေးတယ် ဆိုတာတွေကို အသိအမှတ်ပြုတတ်ပါ။


✍️အခြားသူတွေရဲ့ဘဝ အောင်မြင်ပျော်ရွှင်နေတာမြင်ပြီး ကိုယ့်ကိုယ်ကို အလိုမကျ ဖြစ်နေတာတွေ ရပ်လိုက်ပါ။ ကိုယ်လုပ်နိုင်တာတွေကို အကောင်းဆုံး လုပ်ဆောင်ပြီး ဘဝကို မြင့်မားလာအောင် စတင်ကြိုးစားလိုက်ပါ။


✍️ကိုယ့်လွတ်လပ်ခွင့်ကို အကောင်းဆုံး

အသိအမှတ်ပြုပြီး အပြည့်အဝ ခံစားပျော်ရွှင်ပါ။


✍️အခြေအနေ တစ်ခုကနေ တစ်ခုကို ပြောင်းလဲတဲ့အခါ ကိုယ်ပေးဆပ်လိုက်ရတဲ့ အရာတွေအတွက် ပိုကောင်းတာတွေ ရလာနိုင်တယ်ဆိုတာကို နားလည်ထားပါ။


✍️ဒီအချက်တွေအတိုင်း လိုက်နာနေထိုင်နိုင်မယ်ဆိုရင်တော့ စိတ်ရဲ့ ရင့်ကျက်တည်ငြိမ်မှုတွေကို အတိုင်းအတာ တစ်ခုထိ ခံစားနိုင်မှာဖြစ်တယ်။


✍️ကိုယ့်စိတ်ထဲမှာ ဖြစ်ချင် လုပ်ချင်နေတာလေးတွေကိုလည်း ပိုမိုခံစားနားလည်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ ကျွန်တော်တို့ဟာ ဘဝမှာပိုပြီး အကျိုးရှိရှိ ရပ်တည်လာနိုင်ပါမယ်။ ဆုံးဖြတ်ချက်တွေ ပိုမို ပြတ်သားခိုင်မာပါလိမ့်မယ်။


(ရင့်ကျက်လာသူတွေရဲ့ သဘာဝ)

🌿🌿🌿🌿🌿🌿🌿🌿


🌺 စိတ်ကောက်တယ်ဆိုတာ ……

🌺 ဆယ့်ခြောက်နှစ်အရွယ် အလုပ်ပါ။


🌺 စိတ်ဆိုးတယ်ဆိုတာ ……

🌺 မရင့်ကျက်သေးတဲ့အရွယ် သဘာဝပါ။


🌺 စိတ်နာပေမယ့်လည်းပဲ ခွင့်လွှတ်နိူင်တယ်ဆိုတာက ……

🌺 ရင့်ကျက်သူတွေရဲ့ သဘာဝပါ။


🌺 မပြောချင်ပေမယ့်လည်းပဲ ပြုံးပြနိူင်တာ ……

🌺 ရင့်ကျက်သူတွေရဲ့ သဘာဝပါ။


🌺 နာကျင်နေနေပေမယ့် ဘာမှမဖြစ်သလို နေနိူင်တာကလည်း

🌺 ရင့်ကျက်နေသူတွေရဲ့ ထိမ်းချုပ်နိူင်စွမ်းပါပဲ။


🌺 ဒေါသဖြစ်နေပေမယ့် အပြင်ကိုထုတ်မပြတတ်တာ ……

🌺 ရင့်ကျက်သူတွေရဲ့ ဂုဏ်သတ္တိပါပဲ။


🌺 ရင့်ကျက်လာခြင်းဆိုတာက ဟန်ဆောင်လာခြင်းမဟုတ်ဘဲ

🌺သဘာဝကိုသိနားလည် လက်ခံလာနိူင်ပြီး မကောင်းတဲ့ စိတ်ကို

🌺 ဥပက္ခာပြု ထိမ်းချုပ်လာနိူင်ခြင်း ဖြစ်ပါတယ်။


"မငယ်တော့တဲ့အခါ"

🍎🍎🍎🍎🍎🍎


🍏 လူစည်စည် အသံဆူဆူ ပျော်ပွဲရွှင်ပွဲတွေသွားဖို့ထက် ……

🍏 လူရှင်းရှင်း နားအေးအေးနေရာမှာ ……

🍏 သက်တောင့်သက်သာလေး ပိုနေချင်လာတယ်။


🍏 အပေါ်ယံမိတ်ဆွေ များများစားစားရှိဖို့ထက် ……

🍏ရင်ဖွင့်ဖော်သူငယ်ချင်း တစ်ယောက်တစ်လေလောက်ရှိနေရင်ပဲ

🍏 လုံလောက်လာတယ်။


🍏 ဘာမဖြစ်လို့ သေလောက်အောင်စိတ်ညစ်တယ်……

🍏 ဆိုတာတွေလည်း နည်းလာပြီး .……

🍏 ဖြစ်လာသမျှကို အရင်ကထက် ပိုလက်ခံနိုင်လာတယ်။


🍏 ဘာရလို့ ပိုပျော်တယ် ဆိုတာလည်း……

🍏 မရှိသလောက် ရှားသွားပြီး………

🍏 ရှိလာတဲ့အပျော်တွေ ပြန်ပျောက်သွားရင်လည်း ……

🍏 အလိုက်သင့်လေး နေတတ်လာတယ်။


🍏 ငွေတန်ဖိုးကို ပိုသိလာတယ်……

🍏 မိဘဆွေမျိုးအသိုင်းအဝိုင်းရဲ့တန်ဖိုးကို ပိုမြင်တတ်လာတယ်။


🍏 ကိုယ့်အပေါ် မကောင်းတဲ့သူတွေကို သည်းခံနိုင်လာပြီး……

🍏 ကိုယ့်အပေါ်ကောင်းတဲ့သူတွေကို ပိုချစ်တတ်လာတယ်။


🍏 အလှအပထက် ကျန်းမာရေးကို ဂရုစိုက်တတ်လာပြီး……

🍏ဖြစ်ချင်တာထက်ဖြစ်သင့်တာကိုလည်းဦးစားပေးတတ်လာတယ်


🍏ကြီးရင့်ခြင်းဆိုတာနုပျိုလန်းဆန်းခြင်းရဲ့ အဆုံးသတ်ဖြစ်ပေမယ့်

🍏 တည်ငြိမ်ရင့်ကျက်ခြင်းရဲ့အစဖြစ်ကြောင်းကိုလည်း

🍏 ပြောင်းလဲစပြုလာတဲ့


🍏 ကိုယ့်စိတ်နေသဘောထားတွေဆီကနေ တစ်ဆင့်

🍏 သတိထား လက်ခံတတ်လာတယ်။

<><><><><><><><><><><><><><><><><><>><><>

Thursday, May 18, 2023

One night stand နေတဲ့အခါ အန္တရာယ်ကင်းစေဖို့

One night stand နေတဲ့အခါ အန္တရာယ်ကင်းစေဖို့


( Dr. Htet Htet Zaw Win မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win မှ ရေးသားသည်။)





One night stand ဆိုတာက တစ်ညတာ အတူနေတာကို ဆိုလိုတာပါ။ Dating app တွေကနေဖြစ်ဖြစ်၊ ဘားတွေ ကလပ်တွေကနေဖြစ်ဖြစ် ရင်းနှီးလာပြီး တစ်ညတာကို အတူကုန်ဆုံးကြတာပါ။ ဒါပြီးရင်တော့ သူလည်း သူ့လမ်းသူလျှောက်၊ ကိုယ်လည်း ကိုယ်လျှောက်ပါ။ ဒါမှမဟုတ် သဘောကျရင်လည်း ထပ်တွေ့ပေါ့။


အဲ့ဒီတစ်ညတာမှာ လိင်မှုကိစ္စသက်သက်ပဲ တာဝန်ယူတာ၊ တာဝန်ခံတာ၊ သံယောဇဉ်စတာတွေ ဘာမှမပါတဲ့အတွက် စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးတော့ ဖြစ်မှာပါ။ သမီးရည်းစားလည်း မဟုတ်ဘဲနဲ့ နှစ်ဦးသဘောတူဖြစ်တဲ့အတွက် နောက်ကြောင်းလည်း အေးပါတယ်။ သူကျေနပ် ကိုယ်ကျေနပ်ရင် ဒီကိစ္စ ဒီမှာတင် ပြီးပါပြီ။


တစ်ညတာပဲ ဆုံလိုက်တယ်ဆိုပေမယ့် One night standတွေက တကယ်တော့ အန္တရာယ်ကင်းရဲ့လား။ လူမှုရေး ရှုထောင့်ကမဟုတ်ဘဲ ကျန်းမာရေးရှုထောင့်ကနေ ကြည့်ရအောင်။


One night stand တွေကနေ ဘယ်လို ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်သလဲ။


လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကူးလာတာ

တစ်ညတည်း တစ်ခါတည်း ဆိုပေမယ့် အဖော်မှာ ကူးစက်ရောဂါတွေ ရှိနေရင် ကိုယ့်ဆီကိုကူးလာနိုင်ပါတယ်။ HIV၊ အသည်းရောင် အသားဝါ ဘီကစလို့ ဂနို၊ ဆစ်ဖလစ်အလယ် အသားချင်းထိရုံနဲ့ ကူးတတ်တဲ့ လိင်အင်္ဂါရေယုန်၊ ကြွက်နို့တွေ ကူးလာနိုင်ပါတယ်။


မလိုချင်သေးဘဲ ကိုယ်ဝန်ရသွားတာ

တစ်ခါတည်း ပန်းအိုးကွဲပေမယ့် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ကိုယ်ဝန်ရဖို့ ဘယ်နှခါ လိင်ဆက်ဆံရမယ်ဆိုတာမှ မရှိတာပဲ။ အထူးသဖြင့် ဒီလို တစ်ညပြီးတာနဲ့ ခွဲခွာမယ့် သူတွေမှာ မလိုချင်ဘဲ ကိုယ်ဝန်ရသွားတာက ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။



လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာ

ကိုယ်နေချင်တဲ့ ပုံစံကတခြား သူဆက်ဆံတဲ့ ပုံစံက တခြား ဖြစ်သွားတာပါ။ အတူနေဖို့ ခွင့်ပြုတယ်ဆိုရင်တောင် BDSMလိုမျိုး အကြမ်းဖက် လိင်ဆက်ဆံတာကို ခွင့်မပြုဘဲ အတင်းလုပ်မယ်ဆိုရင် ဒါလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာပါပဲ။ ဒါက အမျိုးသားမှာရော အမျိုးသမီးမှာရောတွေ့ရနိုင်ပါတယ်။


လူမှုရေး နှောင့်ယှက်ခံရတာ

ပြောရမယ်ဆိုရင်တော့ stalk လုပ်ခံရတာပါ။ တစ်ညတည်းပဲ။ ပြီးရင် တာ့တာလို့ ပြောခဲ့ပေမယ့် နောက်ရက်တွေမှာ ကိုယ့်ကို မလွှတ်ပေးတာ၊ တွယ်ကပ်တာ၊ နောက်ကနေ လိုက်နေတာ ဒီလိုမျိုး အပြုအမူတွေ လုပ်တတ်ပါတယ်။ ကိုယ်က One night standအတွက်ပဲ ရည်ရွယ်ထားတာဆိုရင် စိတ်အနှောင့်အယှက်ဖြစ်တတ်ပါတယ်။


အန္တရာယ်ကင်းတဲ့ One night standဖြစ်စေဖို့

One night stand နေသင့် မနေသင့် လူမှုရေးအရ ဝိဝါဒကွဲပြားပေမယ့် နေခြင်းမနေခြင်းကို ဘယ်သူမှ တားလို့မရပါဘူး။ အရွယ်ရောက်ပြီးသူတွေဖြစ်တဲ့အတွက် ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်၊ ကိုယ့်ကိစ္စကိုယ် တာဝန်ယူရမှာပါ။


One night standကို အန္တရာယ်ကင်းကင်း ဖြစ်စေဖို့ဆိုရင် -


ဆန္ဒရှိမှ လုပ်ပါ။

လိင်မှုဆိုင်ရာ ကိစ္စဖြစ်တဲ့အတွက် ‘consent’ လို့ခေါ်တဲ့ နှစ်ဦးသဘောတူမှုက အရေးကြီးပါတယ်။ အတူနေမယ်ဆိုပေမယ့် နေချင်သလို နေဖို့ မသင့်ပါဘူး။ ဘယ်လိုနေမှာလဲ။ မိန်းမကိုယ်နဲ့ ဆက်ဆံမှာလား။ စအိုပါလား။ အတတ်ဆန်းတဲ့ အတူနေမှုတွေကို လက်ခံမှာလား စတာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးထားဖို့ လိုပါတယ်။ မကြိုက်တာရှိရင် သဘောတူစရာမလိုပါဘူး။


ကွန်ဒုံးသုံးပါ။

လိင်ကတဆင့် ကူးစက်ရောဂါတွေ ကာကွယ်ဖို့ ကွန်ဒုံးသုံးပါ။ ပါးစပ်နဲ့ ဆက်ဆံမယ်ဆို dental dams သုံးပါ။ ဒါတောင် ကွန်ဒုံးတို့၊ dental dams တို့က ကူးစက်ရောဂါအကုန်လုံးကို မကာကွယ်နိုင်ပါဘူး။ လိင်အင်္ဂါကြွက်နို့တို့ ရေယုန်တို့က အရေပြားချင်းထိတွေ့ရုံနဲ့ ကူးနိုင်တဲ့အတွက် One night stand နေပြီး တစ်ခုခု လက္ခဏာတွေ ပေါ်လာရင် ဆေးစစ်ကြည့်ပါ။



ကိုယ်ဝန်တားပါ။

ကွန်ဒုံးသုံးမယ်ဆိုရင် ကိုယ်ဝန်ပါ တားပြီးသား ဖြစ်သွားပါပြီ။ ဒါပေမယ့် စိတ်ချရစေချင်ရင် အတူနေပြီးတဲ့အခါ အရေးပေါ်တားဆေးကို ထပ်သောက်သင့်ပါတယ်။ ခဏခဏ One night standရင်တော့ အိမ်ထောင်သည်တွေလိုမျိုး သန္ဓေတားဆေးတစ်မျိုးမျိုးကို ပုံမှန်သုံးပေးပါ။


အရက်နဲ့ မူးယစ်ဆေးရှောင်ပါ။

One night stand နေတဲ့အခါ အရက်ကို မှောက်နေအောင် သောက်တာ၊ မူးယစ်ဆေးတွေ သုံးတာ ရှောင်ပါ။ အသိစိတ်လွတ်နေတဲ့အခါ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတာ၊ ရာဇဝတ်မှုတွေ ကျူးလွန်ခံရတာ ဖြစ်တတ်ပါတယ်။


တစ်ယောက်ယောက်ကို ပြောသွားပါ။

အနည်းဆုံးတော့ ယုံကြည်ရတဲ့ သူငယ်ချင်းကို ဒီည ဘယ်မှာအိပ်မှာလောက်တော့ ပြောသွားပါ။ ကိုယ်အန္တရာယ်တစ်ခုခုနဲ့ ကြုံနေတဲ့အခါ လိုက်ရှာဖို့ လွယ်အောင်ပါ။


One night stand နေခြင်းနဲ့ ပတ်သက်လို့

One night standနေတာ မနေတာကို လူမှုရေးအရ တားမြစ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျန်းမာရေးအရ စိတ်ချရအောင်၊ မဖြစ်သင့်တာ မဖြစ်ရအောင်တော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားသင့်ပါတယ်။


ရင်းမြစ်များ


Condom Fact Sheet In Brief https://www.cdc.gov/condomeffectiveness/brief.html Accessed date Dec 5, 2022



Unintended Pregnancy https://www.cdc.gov/reproductivehealth/contraception/unintendedpregnancy/index.htm#:~:text=Most%20unintended%20pregnancies%20result%20from,intentions%20or%20reproductive%20life%20plan. Accessed date Dec 5, 2022



Partying safely and sex https://www.betterhealth.vic.gov.au/health/healthyliving/partying-safely-and-sex Accessed date Dec 5, 2022



Sexual Consent https://www.plannedparenthood.org/learn/relationships/sexual-consent Accessed date Dec 5, 2022



How One-Night Stands Turn Into Something More https://www.psychologytoday.com/us/blog/in-the-name-love/202206/how-one-night-stands-turn-something-more Accessed date Dec 5, 2022

Sunday, December 25, 2022

အသက်၆၀ ကျော်များအတွက် အာဟာရလမ်းညွှန်

 အသက်၆၀ ကျော်များအတွက် အာဟာရလမ်းညွှန်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




အာဟာရ လိုအပ်ချက်နှင့် ပြည့်စုံမှုများကတော့ အသက်အရွယ်အလိုက် ပြောင်းလဲမှုရှိပါတယ်။ 

တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါလို့တော့ ပထမဦးဆုံး ပြောချင်ပါတယ်။ သို့သော်ငြားလည်း Healthy diet လို့ပြောရတဲ့ ကျန်းမာညီညွတ်တဲ့ အစားအစာများကတော့ မည်သည့် အသက်အရွယ်မှာမဆို စားသောက်ကြရမှာပါ။


လူတွေမှာ အသက်ကြီးလာတာနှင့်အမျှ အစားအသောက်နည်းလာပြီလို့ ဆိုနိုင်ပါတယ်။ 

အသက် ၆၀ ကျော်လာပြီဆိုလျှင် အသက်ကြီးပိုင်းကို စပြီးဝင်လာပါပြီ။ ၈၀ ကျော်၊ ၉၀ ကျော် ဆိုရင်တော့ အသက်ကြီးဆုံး အပိုင်းလို့ ပြောလို့ရပါတယ်။ အသက် ၆၀ ပြည့်ပြီးရင်တော့ ငယ်သောအသက်ကြီးပိုင်းလို့ တင်စားလို့ရပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ ဒီအချိန်ကစပြီး Healthy diet, Balance diet ကို ရရှိအောင်စားဖို့ Healthy Life Style နဲ့နေတတ်ဖို့ လိုအပ်ပါတယ်။

ပထမဆုံးပြောချင်တာက အောက်ပါ အစားအစာများကို နေ့စဉ်နေ့တိုင်း စားသောက်ဖို့လိုပါတယ်။


(၁) ဟင်းသီးဟင်းရွက်ကို အရောင်စုံအောင် စားပေးပါ။

(၂) ပဲအမျိုးမျိုး၊ တို့ဖူးကို တစ်နေ့တစ်ကြိမ်

(၃) အမျှင်များသော အသီးအနှံနှင့် အရွက်များကို တနေ့ (၂) ကြိမ်

(၄) အဖြူရောင်အသား (ဥပမာ - ကြက်သား/ငါး) တို့ကို တစ်ပတ် (၃)ကြိမ်မှ (၅)ကြိမ်

အနီရောင်အသား (ဝက်/ဆိတ်/အမဲ) တို့ကို တစ်ပတ် တစ်ကြိမ်

(၅) ကြက်ဥ - တစ်နေ့ ၁ လုံးမှ ၂ လုံး

(၆) နို့နှင့် နို့ထွက်ပစ္စည်း - (ဒိန်ချဉ်) တို့ကို တစ်ရက်လျှင် အနည်းဆုံး တစ်ခွက် (200 ml)

(၇) ရေများများသောက်ပါ (တစ်ရက်လျှင် 1.5 L မှ 2 L)

(၈) အဆီများသောအစာများ၊ ဆီပြန်ဟင်းများ၊ ဘီစကွက်များ၊ အချိုရည်များ၊ အားလူး ကြော်များ၊ အမျိုးသားများအတွက် (အရက်၊ ဘီယာ) များ လျော့စားပေးဖို့ လိုအပ်ပါ တယ်။


ငါးပိ/ငါးခြောက်များ၊ သနပ်များ၊ ဝက်အူချောင်း၊ ကြက်အူချောင်းများ လျော့စား ပေးပါ။


အထက်ပါအချက်များအပြင် အောက်ပါအချက်များကိုလည်း လိုက်နာဖို့ အရေးကြီးလှပါ တယ်။


(၁) မိမိတို့၏ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားပေးဖို့လိုအပ်ပါတယ်။ အဝမလွန်စေရန် ဂရုစိုက်ရပါမယ်။ အသက် ၆၀ ကျော် သူများတွင် ကြွက်သားထုထည်မှာ လျော့ကြ သွားပြီးဖြစ်လို့ ကြွက်သား၏အားမာန် (Muscle strength) တက်စေဖို့ အရေးကြီးလှ ပါတယ်။ မိမိတို့ ပြုလုပ်နိုင်မည့် အားကစား တစ်မျိုးမျိုးကို ပြုလုပ်စေချင်ပါတယ် (ဥပမာ-ယောဂကစားခြင်း/အလေးများဖြင့် အလေး မခြင်း)


(၂) အစားအစာများကိုလည်း ရွေးချယ်ပြီး စားသုံးတတ်ရန် အကျင့်လုပ်စေချင်ပါတယ်။ နည်းနည်းနှင့် အာဟာရပြည့်ဝမည့် အစာများ၊ ကျန်းမာရေးနှင့်ညီညွတ်သည့် အစာအစာများ ၊ကိုရွှေးချယ်စားသောက်ရပါမယ်။

"မကြိုက်လျှင်မစား၊ ကြိုက်တာဘဲစားမယ်" ဟူသော အကျင့်ဆိုး လေးများကိုလည်း ပြင်စေချင်ပါတယ်။


(၃) မိမိတို့၏ သွားများကိုလည်း ဂရုစိုက်ရပါမယ်။ မာသောအသီးများ၊ အချို့သော ဟင်းသီးဟင်းရွက်များသည် ဝါးရန်ခက်ခဲ့သည့်အပြင် ကြေညက်ရန်လည်း မလွယ်ကူ သဖြင့် ပျော့ပျော့ပြောင်းပြောင်း ဖြစ်အောင် ချက်ပြုတ် ကျွေးမွေးသင့်ပါတယ်။


(၄) များသောအားဖြင့် အသက်ကြီးလာလျှင် အသားများ မစားချင်သူများလာပါတယ်။ သွားကြားညှပ်သည်ကတစ်ကြောင်း၊ ညီနံများကိုမခံချင်လိုသူများကြောင့် အသား စားနည်းလာတတ်ပါတယ်။ သို့သော် ကြွက်သားများကို မလျော့နည်းသွားအောင် ထိန်းထားရမှာဖြစ်တဲ့အတွက် တစ်ရက်လျှင် အနည်းဆုံး ၁၀ ကျပ်သား စားသောက် ဖို့ လိုအပ်ပါတယ်။ အနီရောင်အသားများထက် အဖြူရောင်အသားများကို စားသုံး ပေးပါ။ ငါးများများစားလျှင် ပို၍ ကောင်းမွန်ပါတယ်။


မိမိတို့၏ ဇီဝကမ္မဖြစ်စဉ် (metabolism) က လူငယ်များထက် လျော့နည်းသွားပြီဖြစ်သဖြင့် တစ်နေ့လျှင် (၃) ကြိမ် စားမည့်အစား (၆) ကြိမ် စားသုံးပေးသင့်ပါတယ်။ နည်းနည်းနှင့် အကြိမ်များများ စားသင့်ပါတယ်။ အစာကြီး (၃) ကြိမ်နှင့် သရေစာ (၂) ကြိမ်၊ ညအိပ်ခါနီး အစာများ ကို စားသင့်ပါတယ်။


အသက်ကြီးသူများအတွက် အလိုအပ်ဆုံး အာဟာရဓါတ်များကတော့ -

(၁) Protein (အသားဓါတ်)

(၂) Calcium (ကယ်လ်ဆီယမ်)

(၃) Vitamin (D + B12)

(၄) Dietary fiber (အမျှင်ဓါတ်)

(၅) Potassium (ပိုတက်ဆီယမ်)

(၆) Probiotic and prebiotic

အသက်ကြီးလာသည်နှင့်အမျှ မိမိတို့၏ အစာအိမ်၊ အူလမ်းကြောင်းတွင် microbiotia ဟု ခေါ်သည့် ကျန်းမာရေး ကောင်းအောင်ဆောင်ရွက်ပေးသည့် ပိုးကောင်လေးများ လျော့နည်းသွားတတ်ပါသည်။ ထိုပိုးကောင်လေးများ ရှင်သန်နေမှသာလျှင် ကိုယ်ခံစွမ်းအားများ ကောင်းမွန်ခြင်း၊ ဝင်ရောက်လာသည့် ပိုးမွှားများကို တိုက်ခိုက်နိုင်ခြင်း ၊ ၀မ်းချုပ်ခြင်းမှ ကင်း‌ဝေးခြင်း စသည့်တို့ ဖြစ်နိုင်ပါလိမ့်မည်။ 

သို့အတွက်ကြောင့် Prebotic, Probiotic ပေါကြွယ်ဝသည့် အစာများဖြစ်သည့် ငှက်ပျောသီး၊ ဒိန်ချဉ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ် စသည့် အစာများကို နေ့တိုင်း စားသုံးပေးရန် လိုအပ်ပါတယ်။ 

သို့မဟုတ်ပါက ဆီးချိုရောဂါ၊ ကင်ဆာရောဂါ၊ သတိမေ့သည့်ရောဂါများ ဝင်ရောက်လာမည် မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပေလိမ့်မည်။


စားသောက်မှုနည်းပါနေလျှင် (သို့မဟုတ်) ပြည့်စုံအောင်မစားနိုင်လျှင် supplement ခေါ် ဖြည့်စွက်စာများ စားသုံးပေးရန် လိုအပ်ပါတယ်။




အချုပ်အားဖြင့်ဆိုရလျှင် အာဟာရပြည့်ဝစွာ စားသုံးခြင်း၊ သင့်တင့်လျောက်ပတ်သော အားကစားပြုလုပ်ပေးခြင်း၊ အရက်နှင့် ဆေးလိပ်ကို အတတ်နိုင်ဆုံး လျော့ချပေးခြင်း၊ အိပ်ရေးဝ အောင် အိပ်ခြင်း ၊ အကောင်းမြင်ဝါဒ( positive thinking) ကျင့်သုံးခြင်း စသည့် အချက်များကို လိုက်နာကျင့်သုံးမည်ဆိုလျှင် ပျော်ရွှင်ခြင်းများစွာနှင့် မိမိတို့ ချစ်ခင်နှစ်သက်သူများနှင့် နှစ်ပေါင်းများစွာ ဖြတ်သန်းနိုင်ပါလိမ့်မည်။


   ဒေါက်တာဝင်းဝင်းမြင့် 

(အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)


Credit: Healthylife Magazine 


Friday, December 23, 2022

စိတ်ကောင်းရှိတဲ့သူ

 စိတ်ကောင်း’ရှိ’တဲ့သူ ဆိုတာ မရှိဘူး၊ စိတ်ကောင်း များများ’ဖြစ်’အောင် ကြိုးစားနေတဲ့သူပဲ ရှိတယ်။


◾️◾️◾️◾️◾️◾️◾️




ကျွန်တော်တို့တွေ ပြောလေ့ရှိကြပါတယ်။ သူကတော့ စိတ်ကောင်းရှိတယ်၊ သူကတော့ စိတ်ကောင်းမရှိဘူး စသဖြင့်ပေါ့။ စိတ်ကောင်းရှိတယ်ဆို ဒီလူဟာ သူတစ်ပါးအပေါ် မယုတ်မာတတ်ဘူး၊ ကူညီတတ်တယ်၊ လှူဒါန်းလေ့ရှိတယ် စသဖြင့် နားလည်ထားကြတယ်။


▪️တကယ်တော့ စိတ်ဆိုတာ 'အရှိတရား' မဟုတ်ဘူး။ 'အဖြစ်တရား' ။ 


ဂစ်တာသံလေးနဲ့ ဥပမာပေးမယ်။ ဂစ်တာသံဆိုတာ နဂိုကတည်းက ဂစ်တာထဲမှာ ရှိနေတာ မဟုတ်ဘူး။ ကြိုးနဲ့ လက်နဲ့ ထိလိုက်မှ ပေါ်လာတာ။ ပြီးရင် ဘယ်လောက်မှလည်း မကြာဘူး။ ခဏနေတော့ ပျောက်သွားတာပဲ။ ပျောက်သွားတာက တစ်နေရာရာ ရောက်သွားတာလား ဆိုတော့လည်း မဟုတ်ဘူး။ ပျက်ကို ပျက်သွားတာ။ ခဏလေးမှာ ဖြစ်ပေါ်လာလိုက်၊ ခဏလေးမှာ ပျောက်ပျက်သွားလိုက်နဲ့ မွေးကတည်းကနေ သေသည်ထိ တရစပ် ဖြစ်နေတာကို စိတ်လို့ ခေါ်တယ်။ 


မြစ်ရေနဲ့လည်း ဥပမာ ပေးကြသေးတယ်။ မျက်စိရှေ့မှာ မြင်နေရတာ မနေ့ကလည်း ဒီမြစ်၊ ဒီနေ့လည်း ဒီမြစ်ပဲ ဆိုပေမဲ့ တကယ်တမ်းကျ မတူတော့ဘူး။ မနေ့က မြစ်က မရှိတော့ဘူး။ အခုမြစ်သည် အသစ်။ မြစ်တစ်ခုထဲကို နှစ်ကြိမ်ခုန်မဆင်းနိုင်ဘူး ဆိုတဲ့ စကားလိုပဲ။ ခုနက ကိုယ့်ကို ထိပြီး စီးဆင်းသွားတဲ့ မြစ်ရေက အခုမရှိတော့ဘူး။ အခု ထိနေတာ နောက်ထပ်မြစ်ရေအသစ်။ အဲ့ဒါလေးကလည်း ထိပြီးတာနဲ့ စီးဆင်းသွားမယ်။ နောက်ထပ် မြစ်ရေအသစ်က ကိုယ့်ကို လာထိမယ်။


ဂစ်တာကနေ ဂစ်တာသံ တစ်ခုပြီးတစ်ခု အဆက်မပြတ် ဖြစ်ပေါ်နေသလို၊ မြစ်ရေတွေ စဉ်ဆက်မပြတ် စီးဆင်းနေသလို၊ ကျွန်တော်တို့ဆီမှာလည်း စိတ်တွေက တစ်ခုပြီးတစ်ခု ဖြစ်လိုက်၊ ပျက်သွားလိုက်၊ နောက်တစ်ခု အသစ်ထပ်ဖြစ်လိုက်နဲ့ ဖြစ်နေတယ်။ ပဋ္ဌာန်း (၂၄ ပစ္စည်း) မှာပါတဲ့ အနန္တရ ပစ္စယော ဆိုတာ အဲဒါကို ခေါ်တာ။ စိတ်ရဲ့ သဘာဝကို အဲ့လိုမြင်ထားဖို့ လိုတယ်။ 


▪️အဲ့လိုမြင်ထားမှ Mental hygiene ဆိုတဲ့ သဘောတရားကို သိသွားလိမ့်မယ်။ လူရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးလိုပဲ စိတ်ကိုလည်း သန့်ရှင်းအောင် ထားဖို့ လိုလာတယ်။


Personal hygiene မှာ ဒီနေ့ သွားတိုက်ပြီးပြီဆိုလို့ မနက်ဖြန် တိုက်စရာ မလိုတော့ဘူးလို့မှ မရှိတာ။ ဒီနေ့လည်း လုပ်ရမယ်။ မနက်ဖြန်လည်း လုပ်ရမယ်။ သန်ဘက်ခါလည်း လုပ်ရမယ်။ မသေမချင်းကို လုပ်သွားရမယ်။ မလုပ်တဲ့နေ့ ပြန်ညစ်ပတ်မှာပဲ။ 


စိတ်သည်လည်း ဒီအတိုင်းပဲ။ ငါ့မှာ စိတ်ကောင်းရှိတယ်ဆိုရင် ဒါက တစ်သက်လုံး တည်မြဲနေမှာ၊ ဘာမှ ထပ်လုပ်စရာ၊ ကြိုးစားစရာ မလိုတော့ဘူး ထင်သွားမယ်။ မဟုတ်ဘူး။ တစ်ကိုယ်ရည် သန့်ရှင်းရေးလိုပဲ၊ ဒီနေ့လည်း သန့်ရှင်းရမယ်။ မနက်ဖြန်လည်း သန့်ရှင်းရမယ်။ သန်ဘက်ခါလည်း သန့်ရှင်းရေး လုပ်ရမယ်။ ဘယ်တော့ထိလဲဆို သေသည်ထိပဲ။ မလုပ်တာ ကြာလာတာနဲ့အမျှ ကိုယ့်စိတ်မှာ အညစ်အကြေးတွေက ပုံလာမှာပဲ။ 


ဒါကြောင့် Mental hygiene သည် Event မဟုတ်ဘူး။ Process ဖြစ်တယ်။ တစ်ကြိမ်တစ်ခါလောက် လုပ်ရမှာမျိုး မဟုတ်ဘူး။ စဉ်ဆက်မပြတ် လုပ်သွားရမဲ့ ကိစ္စ။ 


▪️စိတ်ကောင်းရှိတယ်ဆိုတဲ့သူတွေ ပြန်စဉ်းစားကြည့်ကြည့်။ ကိုယ့်စိတ်ဟာ အမြဲတမ်း ကောင်းနေသလား။ ဒီနေရာမှာ ဗုဒ္ဓအလိုအရ စိတ်ကောင်းဆိုတာ ဘာလဲ သိဖို့ လိုတယ်။ သူများအပေါ် မယုတ်မာတတ်ရုံပဲ မဟုတ်ဘူး။ 


- ဖြစ်သင့်တာထက် ပိုလိုချင်တဲ့ လောဘ၊ 

- ပျက်စီးစေလိုတဲ့ ဒေါသ၊ 

- မနာလို ဝန်တိုမှု ဆိုတဲ့ ဣသာ မစ္ဆရိယ၊ 

- ထောင်လွှားမှု ဆိုတဲ့ မာန၊ 

- ပျံ့လွင့်ခြင်းဆိုတဲ့ ဥဒစ္စ စတဲ့ စိတ်အညစ်အကြေးတွေ ကင်းစင်နေတာကိုမှ စိတ်ကောင်းလို့ ခေါ်တယ်။ 


ဒီပေတံနဲ့ ကြည့်လိုက်ရင်ကျ ကျွန်တော်တို့မှာ မကောင်းတဲ့စိတ်တွေ မကြာခဏ ဖြစ်နေတာကို တွေ့ရလိမ့်မယ်။ ဒေါသထွက်လိုက်၊ လောဘတက်လိုက်၊ နှမြောတွန့်တိုလိုက်၊ မနာလိုစိတ်တွေ ဖြစ်လိုက်၊ စိတ်တွေက အတိတ်ကိုရောက်လိုက်၊ အနာဂတ်အကြောင်း တွေးလိုက်နဲ့ ဖြစ်နေကြတာ။ 


အစားအစာတစ်ခုဟာ အဆိပ်တော့ မပါဘူးဆိုပေမဲ့ အောက်ပြုတ်ကျထားလို့ သဲတွေပေနေတယ်ဆိုလည်း လူကို ဘေးဖြစ်စေတာပဲ။ ကိုယ့်စိတ်ဟာလည်း အဲဒီအတိုင်းပဲ။ မယုတ်မာတတ်ဘူး ဆိုပေမဲ့ ဒေါသတွေ၊ မနာလိုမှုတွေ၊ မာန်မာနတွေနဲ့ ဖြစ်နေမယ်၊ တစ်ချိန်လုံး ပျံ့လွင့်ပြီး တည်ငြိမ်မှုမရှိ ဖြစ်နေမယ်ဆိုလည်း ဒီစိတ်ဟာ ကိုယ့်ကို ပူလောင်စေပါတယ်။ 


▪️ဒါကြောင့် ကိုယ့်စိတ်ကို အမြဲတမ်း သတိနဲ့စောင့်ကြည့်၊ ဆန်းစစ်နေပြီး မကောင်းတဲ့စိတ်တွေ ပေါ်လာတိုင်း ထိန်းသိမ်းမယ်။ ကောင်းတဲ့စိတ်တွေ ဖြစ်လာအောင် ကြိုးစားမယ်။ လေ့ကျင့်မယ်။ ထပ်ထပ်ဖြစ်နေအောင် ပွားများမယ်။ ဒီလိုကြိုးစားဖို့ လိုတယ်။ 


မာနဆိုတဲ့ ထောင်လွှားမှု ပေါ်လာတဲ့အခါ အနိစ္စ မတည်မြဲခြင်းသဘောကို နှလုံးသွင်းလိုက်။ ရုပ်ရည်ကြောင့်ပဲ မာန်တက်တက်၊ ပညာ၊ ရာထူး၊ နာမည်ကျော်ကြားမှု၊ ပိုက်ဆံ၊ ဘာကြောင့်ပဲ မာနတွေ တက်နေပါစေ၊ တစ်နေ့ ဒါတွေက ပြီးဆုံးသွားမှာပဲ ဆိုတာကို သတိရနေရင် မာနတွေ လျော့သွားလိမ့်မယ်။ 


ဒေါသတွေ အဖြစ်များရင် မေတ္တာများများပွား။ ကိုယ်ဒေါသဖြစ်နေတဲ့သူဆီကို ပွားခိုင်းတာ မဟုတ်ဘူး။ မေတ္တာစိတ် မဖြစ်တဲ့အပြင် လူသတ်ချင်စိတ်တွေပါ ပေါ်လာလိမ့်မယ်။ ဒါကြောင့် မေတ္တာပို့မဲ့သူဟာ ရိုးသားဖို့ လိုတယ် ပြောတာ။ တခြားသူတွေကို အရင်မေတ္တာပို့။ အတော်လေး စိတ်အေးချမ်းလာမှ ကိုယ်မုန်းနေတဲ့သူဆီပါ မေတ္တာထားနိုင်အောင် လုပ်။ (ပုဂ္ဂိုလ်ရေးအမုန်းလောက်ကို ပြောတာ၊ မိစ္ဆာဘီလူးကို မေတ္တာထားနေဖို့တော့ မပါဘူး။ သူ့ကို မေတ္တာပို့နေခြင်းက တခြားလူတွေကို သေပါစေ ထိုင်ဆုတောင်းနေတာနဲ့ အတူတူပဲကိုး။)


စိတ်က ပျံ့လွင့်နေတယ်ဆို သတိကောင်းအောင် လေ့ကျင့်။ Mindfulness ရှိအောင် Meditation များများလုပ်။ 


ကိုယ့်စိတ်မှာ မုန်းတီးမှုအစား သူ့ရဲ့ ဆန့်ကျင့်ဘက်ဖြစ်တဲ့ ကရုဏာတရားတွေ များများဖြစ်အောင်၊ 

လောဘအစား သူ့ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ပေးကမ်းရက်ရောခြင်း (Generosity) တွေ များများဖြစ်အောင်၊ 

ဣသာ မစ္ဆရိယအစား သူ့ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ မုဒိတာတရားတွေ များများဖြစ်အောင် ကြိုးစား။ 


ဒါဆို စိတ်အညစ်အကြေးတွေ နည်းလာပြီး ကိုယ်တိုင်လည်း အေးချမ်းလာမယ်။ တန်ဖိုးရှိတဲ့ အလုပ်တွေကိုလည်း လုပ်နိုင်လာမှာ ဖြစ်ပါတယ်။ 


▪️ဓမ္မ - အဓမ္မ၊ သူတော်ကောင်း - လူယုတ်မာ ဆိုပြီး ခွဲကြသလို စိတ်ကိုလည်း စိတ်ကောင်း - စိတ်ယုတ်မာ ဆိုတာနဲ့တင် မရပ်လိုက်ပါနဲ့။ အညစ်အကြေး ဆိုတဲ့ ရှုထောင့်ကနေပါ ကြည့်ပါ။ မယုတ်မာဘူး ဆိုပေမဲ့ အညစ်အကြေးတွေ ရှိနေရင်လည်း စိတ်အေးချမ်းကြည်လင်မှုကို ရမှာ မဟုတ်ပါဘူး။ စိတ်ဆိုတာကလည်း စဉ်ဆက်မပြတ် ဖြစ်နေတဲ့အရာမို့ သူ့ကို သန့်ရှင်းအောင် လုပ်ဖို့ကိစ္စကလည်း တစ်ကြိမ်တစ်ခါနဲ့တင် မရဘူး။ အမြဲလုပ်သွားဖို့ လိုပါတယ်။ 


ဒါကြောင့် လောကမှာ စိတ်ကောင်း’ရှိ’တဲ့သူ ဆိုတာ မရှိပါဘူး၊ စိတ်ကောင်း များများ’ဖြစ်’အောင် ကြိုးစားနေတဲ့သူပဲ ရှိတယ်လို့ ပြောရတာပါ။


ဒေါက်တာ ဖြိုးသီဟ

၁၅.၅.၂၀၂၂

Sunday, August 7, 2022

အမျိုးသား လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက် အနံ့ဆိုးကင်းစေဖို့

အမျိုးသား လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက် အနံ့ဆိုးကင်းစေဖို့




စာရေးသူ Ye Myo Myat 

Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။

#personal_hygiene

#တကိုယ်ရည်သန့်ရှင်းရေး


(ရုပ်ဘယ်လောက်ချောချော တကိုယ်ရည်သန့်ရှင်းမှုမရှိ အနံ့ဆိုးထွက်နေရင် ဘယ်လိုအနေရအထိုင်ရခက်သလဲဆိုတာ လူတိုင်းသိ ပါတယ်။ တကယ်လို့များ အဲသလိုလူမှာ ချစ်သူ ရည်စား အိမ်သူသက်ထားရှိရင် အတော်အားနာဖို့ကောင်းတဲ့ကိစ္စလည်းနော်။ ဒါကြောင့် အမျိုးသားတွေ သတိထားသင့်တဲ့ကိစ္စလေးနဲ့ပတ်သက်ပြီး ဆောင်းပါးတစ်စောင်ကို ထပ်ဆင့်ဝေငှလိုက်ပါတယ်။)



#အမျိုးသား လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက် အနံ့ဆိုးကင်းစေဖို့

 တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ပတ်သက်လာရင် အမျိုးသားတွေက ဖြစ်သလို နေတတ်ကြသလို သိပ်ပြီးတော့လည်း ဂရုစိုက်လေ့ မရှိပါဘူး။ အနံ့ဆိုး ထွက်ရခြင်း အကြောင်း အများစုက တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိတာကြောင့်ပါပဲ။ အထူးသဖြင့် အမျိုးသားတွေမှာ ချိုင်းကြား၊ ပေါင်ကြား၊ လိင်အင်္ဂါတစ်ဝိုက်မှာ အောက်သိုးသိုး အနံ့တွေ ထွက်တတ်ပါတယ်။ ကိုယ့်အတွက်တော့ ဒီအနံ့တွေက ယဉ်ပါးနေပြီဆိုပေမယ့် တခြားသူတွေအတွက်တော့ စိတ်မသက်သာလောက်စရာ ဖြစ်စေသလို လိင်ဆက်ဆံတဲ့အခါမှာလည်း ကိုယ့်အဖော်အတွက် လိင်စိတ်နည်းသွားစေတတ်ပါတယ်။


 #အမျိုးသားတွေရဲ့ ကိုယ်ခန္ဓာမှာ အနံ့ဆိုးထွက်စေတဲ့ အကြောင်းရင်းတွေ


  ကိုယ်ခန္ဓာမှာ ရှိတဲ့ အမွေးအမျှင်များကို မရိတ်ဘဲ ဒီအတိုင်း ပစ်ထားခြင်း

  ရေချိုးတဲ့အခါ စနစ်တကျ ဆေးကြောတိုက်ချွတ်တာမျိုး မလုပ်ခြင်း

  ရေမချိုး၊ မိမိကိုယ်ကိုယ် သန့်ရှင်းရေးမလုပ်ခြင်း

  လိင်အင်္ဂါ ထိပ်အရေပြား မဖြတ်ထားခြင်း

  ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

  လိင်တံ မှိုစွဲခြင်း

  လိင်တံ ထိပ်ဖူး၊ အရေပြား ရောင်ရမ်းခြင်း

  ဂနို နဲ့ တခြားသော လိင်မှတစ်ဆင့် ရောဂါများ ကူးစက်ခံရခြင်း

ဒီအကြောင်းရင်းတွေက အမျိုးသားတွေရဲ့ လိင်အင်္ဂါတစ်ဝိုက်ကို အနံ့ဆိုး ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါပဲ။


#တစ်ကိုယ်ရေ သန့်ရှင်းရေးဟာ အမျိုးသားတွေအတွက် ဘာကြောင့် အရေးကြီးလဲ။


 ၁။ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိရင် ဝဲ၊ နှင်းခူ၊ ညှင်း၊ ပွေး စတဲ့ အရေပြားပြဿနာ ဖြစ်မယ်။


 ၂။ မိမိကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းစေတယ်။


 ၃။ ဆိုးရွားလွန်းတဲ့ အောက်သိုးသိုး အနံ့တွေဟာ ကိုယ့်ချစ်သူကို လိင်စိတ်ကုန်သွားစေတယ်။


 ၄။ ရောဂါပိုးမွှားတွေ အများအပြား ခိုအောင်းနေတယ်။


 ၅။ ဆီးလမ်းကြောင်း၊ ကျောက်ကပ်၊ ဝှေးစေ့၊ ထိပ်အရေပြား စတဲ့ နေရာတွေမှာ ပိုးဝင်ပြီး ရောဂါဖြစ်စေနိုင်တယ်။


 ၆။ ကိုယ့်ဆီက ရောဂါပိုးတွေက ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ဆီကို ကူးစက်စေနိုင်တယ်။


 ၇။ အဝတ်အစားတွေကိုပါ အနံ့ဆိုးတွေ ကပ်ငြိစေဖို့ လျှော်ဖွပ်တဲ့ နေရာမှာ အလုပ်ပိုစေတယ်။ ဖားဥစွဲစေသလို လျှော်ပြီးသွားရင်လည်း အနံ့တွေ ကျန်နေတတ်တယ်။


#ဒါဆို ဘာလုပ်ကြမလဲ။


 အဓိက ကိုယ့်ရဲ့ နေထိုင်မှုပုံစံတွေကို ပြင်မယ်၊ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်မယ်ဆိုရင် ရပါပြီ။ မဖြစ်မနေ အမျိုးသားတိုင်း လုပ်ပေးဖို့ လိုအပ်တာကတော့


 ၁။ ရေကို တစ်နေ့ ၂ကြိမ် မှန်မှန်ချိုးပါ။ ရေချိုးတဲ့အခါမှာလည်း ချွေးအောင်းနေနိုင်တဲ့ နေရာတွေ ဖြစ်တဲ့ ချိုင်း၊ ပေါင်ခြံ၊ လိင်အင်္ဂါကို ဆပ်ပြာနဲ့ သေချာ တိုက်ချွတ်ဆေးကြောပါ။


 ၂။ လိင်အင်္ဂါကို သန့်ရှင်းရေး လုပ်တော့မယ်ဆိုရင် ထိပ်အရေပြားကို နောက်ကို ဖြည်းဖြည်းချင်း လှန်ဆွဲပြီး ထိပ်ပတ်လည်မှာ ကပ်နေတဲ့ အဖြူရောင် အရိအချွဲ၊ အဖတ်တွေကို ရေနွေးနဲ့ အရင်လောင်းပြီး ပွတ်ဆေးပါ။ ပြီးတော့မှ ဆပ်ပြာနဲ့ ပွတ်တိုက်ပြီး ဆေးပါ။


 ၃။ လိင်အင်္ဂါကို အားနဲ့ ကုတ်ဖဲ့တာမျိုး မလုပ်ပါနဲ့၊ ဖြည်းဖြည်းချင်းပဲ ကြေးတွန်းပြီး သေချာ သန့်ရှင်းရေး လုပ်ပါ။


 ၄။ ဝှေးစေ့ကို ဆပ်ပြာ အမြှုပ်ထတဲ့အထိ သေချာပွတ်တိုက်ဆေးကြောပေးပါ။


 ၅။ ရေချိုးပြီးသွားရင် လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက်ကို ရေခြောက်အောင် သုတ်ပြီးမှ အဝတ်ဝတ်ပါ။


 ၆။ ခန္ဓာကိုယ်မှာ အမွေးအမျှင်တွေ ထူလွန်းနေရင် ရိတ်ပါ သို့မဟုတ် ကပ်ကြေးဖြင့် တိုပြီး ပါးသွားအောင် ညှပ်ပေးပါ။


 ၇။ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ထိပ်အရေပြားကို ဖြတ်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ မဖြတ်ချင်ဘူးဆိုရင်လည်း အပေါ်မှာ ပြောထားခဲ့တဲ့ နည်းလမ်းတွေကို နေ့တိုင်းလုပ်ပေးဖို့တော့ လိုပါမယ်။


 ၈။ ချည်သားအတွင်းခံ ပွပွ ဝတ်ဆင်ပါ။ အရမ်းကျပ်တာမျိုး တတ်နိုင်သလောက် ရှောင်ပါ။ အိမ်မှာနေရင် ပုဆိုး၊ ဘောင်းဘီပွပွ တိုတိုပဲ ဝတ်ပါ။ အတွင်းခံ ဝတ်မထားပါနဲ့။


 ၉။ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ မရစေဖို့ ကွန်ဒုံးသုံးပြီး လိင်ဆက်ဆံပါ။ အကယ်လို့ ရောဂါဖြစ်လာခဲ့ရင်လည်း ဆေးရုံ ဆေးခန်းတွေမှာ သေချာ ကုသမှုခံယူပါ။


 ၁၀။ လိင်ဆက်ဆံပြီးသွားတာနဲ့ ရေချိုးပါ။ ရေမချိုးချင်ရင်တောင် လိင်အင်္ဂါ တစ်ဝိုက်ကို ဆပ်ပြာ၊ ရေနဲ့ သေချာ ဆေးကြောသန့်ရှင်းပေးပါ။


 တစ်ကိုယ်ရေ သန့်ရှင်းမှုရှိခြင်းဟာ ကိုယ့်ရဲ့ ယောက်ျားပီသမှုနဲ့ အမျိုးသား ကျန်းမာရေးကို မြှင့်တင်ပေးစေတဲ့အတွက် ဖြစ်သလို နေတာမျိုး တတ်နိုင်သလောက် ရှောင်ပေးပါလို့ အကြံပြုလိုက်ပါရစေ။

Monday, April 25, 2022

ရှမ်းအမျိုးသားရိုးရာ ခေါင်းပေါင်း

 ရှမ်းအမျိုးသားရိုးရာ ခေါင်းပေါင်းအကြောင်း သိကောင်းစရာ။ 




▶️ရှမ်းလူမျိုး ၊ရှမ်းရိုးရာဝတ်စုံလို့ပြောလိုက်တာနဲ့ ရိုးရာဝတ်စုံအပါအဝင် ခေါင်းပေါ်ကထုပ်ပေါင်းထားတဲ့ရှမ်းရိုးရာခေါင်းပေါင်းကိုပါ တွဲမြင်ကြပါတယ်။ 


ဒါဆိုဘာလို့ရှမ်းတွေခေါင်းပေါင်းပေါင်းကြတာလဲ။

👉အလှအပအတွက်လား 

👉အဆင်တန်ဆာ အတွက်လား 

👉ရှမ်းလူမျိုးဖြစ်မှန်း သိစေချင်လို့လား။


▶️ခုသလော နာမည်ကြီးသရုပ်ဆောင်တွေအပါအဝင် တိုင်းရင်းသားယဉ်ကျေးမှု့ကပွဲ  စင်တင်ပွဲတွေမှာ တရှမ်းရှမ်းနဲ့နာမည်တပ်ပြီး ကတ်ထူစက္ကူ ကိုခေါင်းမှာစွပ်ပြနေကြတာ ကြည့်လို့မြင်လို့မသင့်တော် ဂုဏ်ကျက်သရေရှိရမဲ့အစား အရုပ်ဆိုးလွန်းလှပါတယ်။ 


▶️လူမျိုးတစ်မျိုးရဲ့ဝတ်စုံကိုဝတ်ဆင်ရင် အဲဒီလူမျိုးစုကို ကိုယ်စားပြုနေတယ်ဆိုတာ သတိထားဆင်ခြင်စေချင်သလို  ၊ကိုယ့်လူမျိုးတွေထဲကလဲ လှချင်ပချင် ထင်ပေါ်ချင်စောနဲ့နည်းလမ်းကိုမသိ ရိုးရာကို နားမလည်ပဲ သူ့ထက်ငါဖော်ကြ ထွင်ကြတာ ကြာရင် ကိုယ်တိုင်ဘာမှန်းမသိ ၊ဘယ်သူ့ကိုအဖေအမေပြေးခေါ်ရမှန်းမသိ ဖြစ်ကုန်ပါတော့မယ်။ 


▶️ဒါကြောင့်ရိုးရာကိုပြန်လည်ထုတ်ဖော်ပြီး သတိထားဆင်ခြင်တတ်ကြစေဖို့ 

ပထမဆုံးအနေနဲ့ရှမ်းအမျိုးသားတို့ရဲ့ရိုးရာ ခေါင်းပေါင်းပေါင်းခြင်းအကြောင်းကို ဆွေးနွေးလေ့လာကြည့်ရအောင် ။ 


▶️ရည်ရွယ်ချက် 


ရှမ်းအမျိုးသားတွေဟာ ခေါင်းပေါင်းကို အသုံးအဆောင်တစ်ခုထဲအတွက်မဟုတ်ပဲ အကာအကွယ်အနေနဲ့ပါအသုံးပြုကြပါတယ်။ရှေးခေတ်တုန်းက တရပ်တကျေးကို ကုန်ကူးသန်းရောင်းဝယ်ဖို့သွားလာတဲ့အခါ မြစ်ချောင်းတွေ လျှိမြောင်ကမ်းပါးတွေကိုဖြတ်ကျော်ရတဲ့အခါ ခေါင်းပေါင်းကိုဖြုတ်ပြီးကြိုးအစားအသုံးပြုကြပါတယ်။ဒါကြောင့်ခရီးထွက်ရာမှာကြိုးအပိုယူဆောင်သွားစရာမလိုပဲခေါင်းပေါင်းပေါင်းသွားရုံနဲ့အဆင်ပြေပါတယ်။ 


လယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့အခါမှာလဲအပူဒဏ်ကိုကာကွယ်ဖို့အသုံးပြုသလို ဘုရားကျောင်းကန်သွားရင်လဲခေါင်းပေါင်းကိုဖြည်ပြီးတဘက်အဖြစ်ပုခုံးပေါ်တင်ဖို့အသုံးပြုပါတယ်။


 နောက်တစ်ချက်ကရှေးစစ်သားတွေစစ်ထွက်တဲ့အခါ ခေါင်းပေါင်းပေါင်းထားတဲ့အတွက် မိမိတို့ခေါင်းကို ကာကွယ်ပြီးသားဖြစ်သလို စစ်နိုင်ရင်လဲ ရန်သူစစ်သုံ့ပန်းတွေကို အရေးပေါ်ချည်နှောင်ဖို့အထောက်အကူဖြစ်စေပါတယ်။   


▶️ခေါင်းပေါင်းပေါင်းနည်း 


🌟သာမန်ပြည်သူလူထု - မျက်နာသုတ်ပဝါကိုရိုးရိုးအုပ်ပေါင်း ပေါင်းပြီး ဘာအစမှမထွက်စေရပါ။ 


🌟အခမ်းအနားတက်ချိန်- ပေါင်းထားတဲ့အစပေါ်ကနေ နောက်ဆုံးပိုတဲ့အစကို ညာဖက်ခြမ်းမှာပဲထောင်ပြီးအလှဆင်ထားနိုင်သလို ညာဖက်နားအောက်နားမှာပဲ ခပ်တိုတိုချနိုင်ပါတယ် ။ ပုခုံးထက်ကျော်ပြီးခပ်ရှည်ရှည်ချရင် ဟိတ်ဟန်နည်းပြီး ရဲရင့်မှု့ ခန့်ညားမှု့မရှိဘူးလို့ ယုံကြည်ကြပါတယ်။ 


🌟စော်ဘွားမျိုးနွယ် - ၃လံခွဲအရှည်ရွှေကျင်ခပ်ပဝါ ကိုပေါင်းပါတယ်။ 

သက်တော် ၊ ဝါတော်ကြီးမားတဲ့ စဝ်ဖ တွေဟာ 

ခေါင်းပေါင်းကို ဘယ်ဘက် ချပေါင်းတတ်ကြတယ်။

သက်တော်ဝါတော်ငယ်တဲ့ စဝ်ဖ တွေသာ ခေါင်းပေါင်းကို 

ညာဘက်ချပေါင်းတတ်ကြပါတယ်။ ခေါင်းပေါင်း

ဘက်ဘက်အစချတာ က " ခိူဝ်းစဝ်ဖှ " လောက်သာ 

ပေါင်းတတ်ကြပါတယ်။ ခိူဝ်းစဝ်ဖ တွေဟာ သက်တော်ဝါတော် ငယ်တဲ့ စဝ်ဖ နဲ့ သာမန်လူတွေနဲ့ ခေါင်းပေါင်း ပေါင်းပုံချင်းမတူပါ။

ရွှေစလွယ်ရ စဝ်ဖတွေလည်း 

ရွှေစလွယ်ကို ဘယ်ဘက်တင်ရတာမို့ ဘယ်ဘက်ပဲ 

ချပြီး ပေါင်းကြပါတယ်။


🌟စစ်သား-စစ်စထွက်ချိန်၃လံအရှည်အစကို အုပ်ပေါင်းပေါင်းရပါတယ်။(အစချထားရင် တစ်ဖက်ရန်သူကအစလှမ်းဆွဲပြီးအနိုင်ယူနိုင်လို့ပါ) စစ်ရှုံးတာနဲ့ခေါင်းပေါင်းစကိုဘယ်ဖက်ချပြရပါတယ်။ 


🌟ဟော်တွင်းသက်တော်စောင့်-သိုင်းကိုယ်ခံပညာအယူအရ ခေါင်းပေါင်းအစကိုဘယ်ချရပါတယ်။ 


▶️ခေါင်းပေါင်းအရောင်ခွဲခြားပုံ။


👉လူပျိုလူလွတ်   - ပန်းရောင်ဖျော့

👉အိမ်ထောင်ကျသူ၊မင်္ဂလာဆောင်သတို့သား၊ တခုလပ်၊မုဆိုးဖို-အဝါရောင် 

👉အသက်ကြီးသူ၊သီလဆောက်တည်သူ-   အဖြူရောင် 

👉စစ်သည်တော်  -  အနီရောင် 

👉စော်ဘွား  -  ပန်းနုရောင်၊အဝါရောင်၊ဆင်စွယ်ရောင် 


အစိမ်းရောင်၊အပြာရောင်ပေါင်းခြင်းထုံးစံမရှိပါ ။ ဓလေ့ အနေနှင့်ပင် မရှိခဲ့ပါ ။


ထူးခြားမှုဟူ၍ နှောင်းခေတ် လက်ရှိ တိုင်းနေများနှင့် တိုင်းဆာများသာ အပြာရောင်အစကို ပေါင်းကြောင်း တွေ့ရပါသည်။


  

▶️ယနေ့ခေတ်ဖြစ်လေ့ဖြစ်ထရှိတတ်သောအမှား


အဓိပ္ပါယ်သေချာမသိပဲ အရောင်နဲ့ အစချတဲ့ဖက် မှားယွင်းတတ်တာပါ ။ 

လူပျိုဆိုရင် ပန်းနုရောင်ပဲပေါင်းပါတယ်။ အဝါရောင်ပေါင်းရင် အိမ်ထောင်ရှိတယ်လို့ အဓိပ္ပါယ်ရပါတယ် ။ တယောက်ထဲအယူမရှိဘူးဆိုပြီး ပေါင်းချင်တဲ့အရောင်ပေါင်းရင် နေရင်းထိုင်ရင်းအိမ်ထောင်ရှင်ပါလို့လူကြားထဲကြာ်ငြာသလိုဖြစ်သွားတတ်ပါတယ်။ 😄😄


ဘယ်ဖက်မှာအစချမိရင် 

စစ်ရှုံးတယ်လို့အဓိပ္ပါယ်ရပြီး နမိတ်မကောင်းတတ်ဘူးလို့အယူရှိပါတယ်။ 😐😐


ကပ်ထူစက္ကူခေါင်းပေါ်စွပ်ရင်တော့ ရုပ်အဆိုးဆုံးလူ ဖြစ်သွားပါလိမ့်မယ်။ 😂😂 


ဒါကြောင့် အားလုံးတွေးဆ ဆင်ခြင်ပြီး နည်းလမ်းမှန်ကန်သော ခေါင်းပေါင်းပုံစံများ နဲ့ ဂုဏ်ကျက်သရေပြည့်စုံကြပါစေ ။ 


Credit to all original sources 

Thank You


(Zawgyi)

ရွမ္းအမ်ိဳးသား႐ိုးရာ ေခါင္းေပါင္းအေၾကာင္း သိေကာင္းစရာ။ 




ရွမ္းလူမ်ိဳး ၊ရွမ္း႐ိုးရာဝတ္စုံလို႔ေျပာလိုက္တာနဲ႔ ႐ိုးရာဝတ္စုံအပါအဝင္ ေခါင္းေပၚကထုပ္ေပါင္းထားတဲ့ရွမ္း႐ိုးရာေခါင္းေပါင္းကိုပါ တြဲျမင္ၾကပါတယ္။ 


ဒါဆိုဘာလို႔ရွမ္းေတြေခါင္းေပါင္းေပါင္းၾကတာလဲ။

အလြအပအၾတကႅား 

အဆင္တန္ဆာ အၾတကႅား 

ရွမ္းလူမ်ိဳးျဖစ္မွန္း သိေစခ်င္လို႔လား။


ခုေသလာ နာမည္ႀကီးသ႐ုပ္ေဆာင္ေတြအပါအဝင္ တိုင္းရင္းသားယဥ္ေက်းမႈ႕ကပြဲ စင္တင္ပြဲေတြမွာ တရွမ္းရွမ္းနဲ႔နာမည္တပ္ၿပီး ကတ္ထူစကၠဴ ကိုေခါင္းမွာစြပ္ျပေနၾကတာ ၾကည့္လို႔ျမင္လို႔မသင့္ေတာ္ ဂုဏၠ္က္ေသရ႐ြိရမဲ့အစား အ႐ုပ္ဆိုးလြန္းလွပါတယ္။ 


လူမ်ိဳးတစ္မ်ိဳးရဲ႕ဝတ္စုံကိုဝတ္ဆင္ရင္ အဲဒီလူမ်ိဳးစုကို ကိုယ္စားျပဳေနတယ္ဆိုတာ သတိထားဆင္ျခင္ေစခ်င္သလို ၊ကိုယ့္လူမ်ိဳးေတြထဲကလဲ လွခ်င္ပခ်င္ ထင္ေပၚခ်င္ေစာနဲ႔နည္းလမ္းကိုမသိ ႐ိုးရာကို နားမလည္ပဲ သူ႔ထက္ငါေဖာ္ၾက ထြင္ၾကတာ ၾကာရင္ ကိုယ္တိုင္ဘာမွန္းမသိ ၊ဘယ္သူ႔ကိုအေဖအေမေျပးေခၚရမွန္းမသိ ျဖစ္ကုန္ပါေတာ့မယ္။ 


ဒါေၾကာင့္႐ိုးရာကိုျပန္လည္ထုတ္ေဖာ္ၿပီး သတိထားဆင္ျခင္တတ္ၾကေစဖို႔ 

ပထမဆုံးအေနနဲ႔ရွမ္းအမ်ိဳးသားတို႔ရဲ႕႐ိုးရာ ေခါင္းေပါင္းေပါင္းျခင္းအေၾကာင္းကို ေဆြးေႏြးေလ့လာၾကည့္ရေအာင္ ။ 


ရည္႐ြယ္ခ်က္ 


ရွမ္းအမ်ိဳးသားေတြဟာ ေခါင္းေပါင္းကို အသုံးအေဆာင္တစ္ခုထဲအတြက္မဟုတ္ပဲ အကာအကြယ္အေနနဲ႔ပါအသုံးျပဳၾကပါတယ္။ေရွးေခတ္တုန္းက တရေပၱက္းကို ကုန္ကူးသန္းေရာင္းဝယ္ဖို႔သြားလာတဲ့အခါ ျမစ္ေခ်ာင္းေတြ လွ်ိေျမာင္ကမ္းပါးေတြကိုျဖတ္ေက်ာ္ရတဲ့အခါ ေခါင္းေပါင္းကိုျဖဳတ္ၿပီးႀကိဳးအစားအသုံးျပဳၾကပါတယ္။ဒါေၾကာင့္ခရီးထြက္ရာမွာႀကိဳးအပိုယူေဆာင္သြားစရာမလိုပဲေခါင္းေပါင္းေပါင္းသြား႐ုံနဲ႔အဆင္ေျပပါတယ္။ 


လယ္ယာလုပ္ငန္းလုပ္ကိုင္တဲ့အခါမွာလဲအပူဒဏ္ကိုကာကြယ္ဖို႔အသုံးျပဳသလို ဘုရားေက်ာင္းကန္သြားရင္လဲေခါင္းေပါင္းကိုျဖည္ၿပီးတဘက္အျဖစ္ပုခုံးေပၚတင္ဖို႔အသုံးျပဳပါတယ္။


 ေနာက္တစ္ခ်က္ကေရွးစစ္သားေတြစစ္ထြက္တဲ့အခါ ေခါင္းေပါင္းေပါင္းထားတဲ့အတြက္ မိမိတို႔ေခါင္းကို ကာကြယ္ၿပီးသားျဖစ္သလို စစ္ႏိုင္ရင္လဲ ရန္သူစစ္သုံ႔ပန္းေတြကို အေရးေပၚခ်ည္ေႏွာင္ဖို႔အေထာက္အကူျဖစ္ေစပါတယ္။   


ေခါင္းေပါင္းေပါင္းနည္း 


သာမန္ျပည္သူလူထု - မ်က္နာသုတ္ပဝါကို႐ိုး႐ိုးအုပ္ေပါင္း ေပါင္းၿပီး ဘာအစမွမထြက္ေစရပါ။ 


အခမ္းအနားတက္ခ်ိန္- ေပါင္းထားတဲ့အစေပၚကေန ေနာက္ဆုံးပိုတဲ့အစကို ညာဖက္ျခမ္းမွာပဲေထာင္ၿပီးအလွဆင္ထားႏိုင္သလို ညာဖက္နားေအာက္နားမွာပဲ ခပ္တိုတိုခ်ႏိုင္ပါတယ္ ။ ပုခုံးထက္ေက်ာ္ၿပီးခပ္ရွည္ရွည္ခ်ရင္ ဟိတ္ဟန္နည္းၿပီး ရဲရင့္မႈ႕ ခန္႔ညားမႈ႕မရွိဘူးလို႔ ယုံၾကည္ၾကပါတယ္။ 


ေစာ္ဘြားမ်ိဳးႏြယ္ - ၃လံခြဲအရွည္ေ႐ႊက်င္ခပ္ပဝါ ကိုေပါင္းပါတယ္။ 

သက္ေတာ္ ၊ ဝါေတာ္ႀကီးမားတဲ့ စဝၹ ေတြဟာ 

ေခါင္းေပါင္းကို ဘယ္ဘက္ ခ်ေပါင္းတတ္ၾကတယ္။

သက္ေတာ္ဝါေတာ္ငယ္တဲ့ စဝၹ ေတြသာ ေခါင္းေပါင္းကို 

ညာဘက္ခ်ေပါင္းတတ္ၾကပါတယ္။ ေခါင္းေပါင္း

ဘက္ဘက္အစခ်တာ က " ခိူဝ္းစဝ္ဖွ " ေလာက္သာ 

ေပါင္းတတ္ၾကပါတယ္။ ခိူဝ္းစဝ္ဖ ေတြဟာ သက္ေတာ္ဝါေတာ္ ငယ္တဲ့ စဝၹ နဲ႔ သာမန္လူေတြနဲ႔ ေခါင္းေပါင္း ေပါင္းပုံခ်င္းမတူပါ။

ေ႐ႊစလြယ္ရ စဝ္ဖေတြလည္း 

ေ႐ႊစလြယ္ကို ဘယ္ဘက္တင္ရတာမို႔ ဘယ္ဘက္ပဲ 

ခ်ၿပီး ေပါင္းၾကပါတယ္။


စစ္သား-စစ္စထြက္ခ်ိန္၃လံအရွည္အစကို အုပ္ေပါင္းေပါင္းရပါတယ္။(အစခ်ထားရင္ တစ္ဖက္ရန္သူကအစလွမ္းဆြဲၿပီးအႏိုင္ယူႏိုင္လို႔ပါ) စစ္ရႈံးတာနဲ႔ေခါင္းေပါင္းစကိုဘယ္ဖက္ခ်ျပရပါတယ္။ 


ေဟာ္တြင္းသက္ေတာ္ေစာင့္-သိုင္းကိုယ္ခံပညာအယူအရ ေခါင္းေပါင္းအစကိုဘယ္ခ်ရပါတယ္။ 


ေခါင္းေပါင္းအေရာင္ခြဲျခားပုံ။


လူပ်ိဳလူလြတ္ - ပန္းေရာင္ေဖ်ာ့

အိမ္ေထာင္က်သူ၊မဂၤလာေဆာင္သတို႔သား၊ တခုလပ္၊မုဆိုးဖို-အဝါေရာင္ 

အသက္ႀကီးသူ၊သီလေဆာက္တည္သူ- အျဖဴေရာင္ 

စစ္သည္ေတာ္ - အနီေရာင္ 

ေစာ္ဘြား - ပန္းႏုေရာင္၊အဝါေရာင္၊ဆင္စြယ္ေရာင္ 


အစိမ္းေရာင္၊အျပာေရာင္ေပါင္းျခင္းထုံးစံမရွိပါ ။ ေဓလ့ အေနႏွင့္ပင္ မ႐ြိခဲ့ပါ ။


ထူးျခားမႈဟူ၍ ေႏွာင္းေခတ္ လက္ရွိ တိုင္းေနမ်ားႏွင့္ တိုင္းဆာမ်ားသာ အျပာေရာင္အစကို ေပါင္းေၾကာင္း ေတြ႕ရပါသည္။


  

ယေန႔ေခတ္ျဖစ္ေလ့ျဖစ္ထရွိတတ္ေသာအမွား


အဓိပၸါယ္ေသခ်ာမသိပဲ အေရာင္နဲ႔ အစခ်တဲ့ဖက္ မွားယြင္းတတ္တာပါ ။ 

လူပ်ိဳဆိုရင္ ပန္းႏုေရာင္ပဲေပါင္းပါတယ္။ အဝါေရာင္ေပါင္းရင္ အိမ္ေထာင္ရွိတယ္လို႔ အဓိပၸါယ္ရပါတယ္ ။ တေယာက္ထဲအယူမရွိဘူးဆိုၿပီး ေပါင္းခ်င္တဲ့အေရာင္ေပါင္းရင္ ေနရင္းထိုင္ရင္းအိမ္ေထာင္ရွင္ပါလို႔လူၾကားထဲၾကာ္ျငာသလိုျဖစ္သြားတတ္ပါတယ္။ 😄😄


ဘယ္ဖက္မွာအစခ်မိရင္ 

စစ္ရႈံးတယ္လို႔အဓိပၸါယ္ရၿပီး နမိတ္မေကာင္းတတ္ဘူးလို႔အယူရွိပါတယ္။ 😐😐


ကပ္ထူစကၠဴေခါင္းေပၚစြပ္ရင္ေတာ့ ႐ုပ္အဆိုးဆုံးလူ ျဖစ္သြားပါလိမ့္မယ္။ 😂😂 


ဒါေၾကာင့္ အားလုံးေတြးဆ ဆင္ျခင္ၿပီး နည္းလမ္းမွန္ကန္ေသာ ေခါင္းေပါင္းပုံစံမ်ား နဲ႔ ဂုဏ္က်က္သေရျပည့္စုံၾကပါေစ ။ 


Credit to all original sources 

Thank You


Tuesday, April 12, 2022

“Single mother ဖြစ်ရတာ လွယ်သလား”

 “Single mother ဖြစ်ရတာ လွယ်သလား”




ခုနောက်ပိုင်း Single mother ဆိုတဲ့ အသုံးအနှုန်းတစ်ခု ခေတ်စားလာတဲ့အခါ လူတွေက ပြောကြတယ်။ အဲ့လိုတွေ မြှောက်ပေးတာနဲ့ မိန်းကလေးတွေက လူအထင်ကြီးခံရတယ် ဆိုပြီး သိပ်မစဉ်းစားတော့ဘဲ ခပ်လွယ်လွယ် အိမ်ထောင်ကွဲလာကြလိမ့်မယ်တဲ့။ ဒါနဲ့ ပတ်သက်လို့ Single mother တစ်ယောက် ဖြစ်ရတာ လွယ်မလွယ် ကျွန်တော့်ပတ်ဝန်းကျင်မှာ မြင်မိသလောက်နဲ့ ရေးပြပါမယ်။


Single mother ဆိုတာ အကြောင်းကြောင်းကြောင့် လင်ယောကျာ်းမရှိဘဲ မိခင်တစ်ဦးတည်းကနေပဲ သားသမီးတွေကို၊ မိသားစုကို ဦးဆောင်ပြီး ရပ်တည်နေတဲ့သူတွေကို ခေါ်တာပါ။ ယောက်ျားဆုံးသွားတာ၊ ကွဲသွားပြီး အဲဒီယောက်ျားက သားသမီးကိစ္စ တစ်စက်ကလေးမှ တာဝန်မယူတာ၊ သမီးရည်းစား လွန်ကျူးသွားပြီး တာဝန်မယူဘဲ ထားသွားတာ၊ အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်ရသွားလို့ မွေးလိုက်ရတာ စသဖြင့် အမျိုးမျိုး ရှိပါတယ်။ လူတွေဆိုတာကလည်း Celebrity တွေ Single mother ဖြစ်ရင်သာ ချီးကျူးကြတာပါ။ သာမန်အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကတော့ အခက်အခဲပေါင်းများစွာ ရှိနေပါတယ်။ Celebrity ဆိုတဲ့ သူတွေမှာလည်း တကယ်တမ်း ကျွန်တော်တို့ မမြင်နိုင်၊ မသိနိုင်တဲ့ အခက်အခဲတွေ ရှိနေမှာ အသေအချာပါပဲ။


◾၁။ မွေးစာရင်းမှာ အဖေနာမည် ဖြည့်ဖို့


ဒါကတော့ ကိုယ်ဝန်ရသွားတာကို တာဝန်မယူဘဲ ထားသွားတဲ့ ကိစ္စတွေမှာ မိန်းကလေးတွေ အရင်ဆုံး ကြုံရတဲ့ ပြသနာပါ။ (အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်ရသွားတဲ့ မိန်းကလေးတွေမှာတော့ ဒီပြဿနာ မရှိတော့ပါဘူး။) ခပ်ရိုင်းရိုင်း ပြောရရင် အဲ့လိုယောက်ျားတွေဟာ တိရစ္ဆာန်သာသာပါပဲ။ တိရစ္ဆာန်တွေမှာ ကြည့်ကြည့်ပါ။ အထီးက အမကို မိတ်လိုက်တယ်။ ပြီးရင် အမက ဇီးရှိလာမယ်။ နောက်တော့ မွေးမယ်။ သူကပဲ အကုန်စောင့်ရှောက်ရတယ်။ အထီးတွေက ဘယ်ဆီနေမှန်း မသိဘူး။ တကယ်တော့ သုက်ထွက်လိုက်ရုံသက်သက်နဲ့ အဖေ မဖြစ်ပါဘူး။ ဒါပေမဲ့ အဖေဆိုတဲ့ နေရာမှာတော့ သူတို့နာမည်ကို ဖြည့်နေရတုန်းပါပဲ။ အဖေနဲ့ အမေ ကွဲသွားတဲ့ ကလေးထက် ဒီလိုအဖေက တာဝန်မယူတဲ့ ကလေးမျိုးက စိတ်ဒဏ်ရာရနိုင်ခြေ ပိုများပါတယ်။ သူ တစ်ချိန် အသက်ကြီးလာတဲ့အခါ အဖေ ဘယ်သူလဲ ဆိုတဲ့ မေးခွန်းကို အမေဖြစ်သူဟာ ရင်ဆိုင်ရမှာပါ။ ကလေးနားလည်အောင်၊ စိတ်ဓါတ်ကျမသွားဘဲလည်း ဘဝကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်အောင် အတော်လေး လုပ်ပေးရဦးမှာ ဖြစ်ပါတယ်။


◾၂။ စီးပွားရေး


များသောအားဖြင့်က စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဆိုတာမျိုးနဲ့ ယောက်ျားရဲ့ ဝင်ငွေပေါ်မှာပဲ မှီခိုနေကြတာများတော့ အိမ်ထောင်ကွဲပြီဆိုတဲ့အခါ ဒီပြဿနာက ထိပ်ဆုံးက စဉ်းစားစရာ ဖြစ်လာပါတယ်။ ဒါကြောင့်လည်း ယောက်ျားက ဘယ်လောက်ဖောက်ပြန်ဦးတော့ သည်းခံနေရတယ်ဆိုတာ ချစ်လို့အပြင် ဒီဝင်ငွေကိစ္စကလည်း အများကြီးပါပါတယ်။ ကွဲသွားပြီးနောက်ပိုင်း သားသမီးကိစ္စကို နှစ်ယောက်အတူ တာဝန်ယူကြတယ်ဆို တော်သေးတယ်၊ နောက်မှာ ဖြစ်ချင်ရာဖြစ် လှည့်ကိုမကြည့်တော့တဲ့ ယောက်ျားမျိုးနဲ့ဆို အတော်လေး အခက်အခဲ ဖြစ်ရပါတယ်။ ကိုယ်ပိုင်အလုပ် ရှိတဲ့သူဆိုရင်တောင် ကိုယ့်တစ်ယောက်တည်းရဲ့ ဝင်ငွေနဲ့ ကလေးကို တာဝန်ယူဖို့ဆိုတာ တအား ရုန်းကန်ကြရတာပါ။ ယောက်ျားအပေါ်သာ လုံးလုံးလျားလျား မှီခိုနေခဲ့ရင်တော့ မတွေးရဲစရာပါပဲ။ အဲ့လိုကနေ ပြည့်တန်ဆာဖြစ်ကုန်တဲ့ Single mother တွေလည်း အများကြီး ရှိပါတယ်။


◾၃။ နေ့စဉ်လူနေမှုဘဝ


မိသားစုတစ်စုမှာ ယောက်ျားအလုပ်၊ မိန်းမအလုပ်ဆိုပြီး အများအားဖြင့် သတ်မှတ်ထားကြတာတွေ ရှိတယ်။ ဥပမာ အဝတ်လျှော်၊ မီးပူတိုက်၊ ထမင်းချက်တာတွေက မိန်းမတွေ လုပ်ကြပြီး၊ ကားပြင်တာ၊ မီးချောင်းလဲတာ၊ ရေပိုက်ပြင်တာ စတာတွေကိုတော့ ယောက်ျားတွေက လုပ်ကြတယ်။ Single mother ဖြစ်သွားတဲ့အခါ အဲ့ဒါတွေကအစ ကိုယ့်အလုပ်၊ ကိုယ့်တာဝန် ဖြစ်လာတယ်။ နောက်ပြီး ညရေးညတာ ယောက်ျားသား မရှိဘူး ဆိုပြီး စိတ်ပူနေကြရတယ်။ မိန်းမတွေချည်း ရှိနေတဲ့ အိမ်ဟာ ရပ်ကွက်ထဲမှာဆို လေးစားခံရမှုလည်း နည်းတယ် မဟုတ်လား။ 


◾၄။ နောက်အိမ်ထောင်ပြုရ ခက်သွားတယ်


ယောက်ျားတစ်ယောက် အိမ်ထောင်ကွဲသွားလို့ တန်ဖိုးကျသွားပြီလို့ ဘယ်သူကမှ မသတ်မှတ်ပါဘူး။ သူ့ကို လက်ထပ်မယ့် မိန်းကလေးတွေ ရှိသလို သမီးရှင်တွေကလည်း ကြည်ဖြူကြပါတယ်။ မိန်းမတစ်ယောက် အိမ်ထောင်ကျဖူးတယ် ဆိုရင်တော့ မြတ်မြတ်နိုးနိုးနဲ့ ချစ်နိုင်သူ သိပ်မရှိသလို သူ့ကို နားလည်လက်ခံပေးမယ့် သားရှင်တွေလည်း သိပ်နည်းပါတယ်။ ကလေးကလည်း ကိုယ်နဲ့ ကျန်ခဲ့တော့ နောက်အိမ်ထောင်ပြုလိုက်ရင် ကလေးများ စိတ်ထိခိုက်သွားမလား ထည့်စဉ်းစားရသေးတယ်။ နောက်ယူတဲ့ ယောက်ျားကလည်း တအားကိုမှ နားလည်ပေးလို့ လက်ထပ်ကြပါမယ်ဆိုတောင် သူက ကလေးလိုချင်တယ်ဆို တစ်ခါ ဖြည့်ဆည်းပေးရပြန်ဦးမယ်။ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးခြင်းဆိုတဲ့ ဖြစ်စဉ်ကြီးကို ပြန်စရဦးမယ်။ ပြောရရင် Single mother တစ်ယောက်အတွက် နောက်အိမ်ထောင်ပြုဖို့ ဆိုတာ ထင်သလောက် မလွယ်ပါဘူး။


◾၅။ လိင်မှုဆန္ဒ


ဒါကို ရေးရင်တော့ အမျိုးသမီးတွေ ကြိုက်ချင်မှ ကြိုက်လိမ့်မယ်။ ဒါပေမဲ့လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ လူတွေပဲမို့ ဒီလိုဆန္ဒဆိုတာ ရှိကြတာပါပဲ။ ယောက်ျားတစ်ယောက်အတွက် ဒီဆန္ဒကို ဖြည့်ဆည်းဖို့ရာ သိပ်လွယ်တယ်။ နောက်မိန်းမ ထပ်ယူလို့လည်း ရသလို၊ အဲ့လိုမယူရင်တောင် ဆန္ဒပြည့်ဝစေမယ့် နေရာတွေ အများကြီးပဲ။ မိန်းမတစ်ယောက်အတွက်ကျ ဒီလိုမဟုတ်ဘူး။ သူ့ရဲ့ ဆန္ဒပြည့်ဝမှုအတွက်က တရားဝင် partner တစ်ယောက် လိုကိုလိုတယ်။ မြန်မာ့လူမှု အသိုင်းအဝိုင်းမှာက လိင်ဆန္ဒဆိုတာ ယောက်ျားတွေနဲ့သာ ပိုဆိုင်တယ် တွေးထားကြတာများတော့ ဒီလိုကိစ္စရပ်တွေမှာလည်း မိန်းကလေးတွေဟာ ရစရာမရှိအောင် ကဲ့ရဲ့အပြစ်တင်ခံကြရတယ်။ ကန်တော့ပါရဲ့၊ သွေးဆုံးခါနီးထိ ဒီစိတ်တွေ ရှိတုန်းပဲလား ဆိုတာမျိုးတွေ ပြောတတ်ကြတယ်။


နောက်ပြီး အဲ့ဒီ Sexual desire က ထိန်းချုပ်လို့ ရကောင်းရနိုင်တယ်၊ တချို့ အမျိုးသမီးတွေအတွက်လည်း ပြဿနာ ဟုတ်ချင်မှ ဟုတ်ပေမဲ့ အဲ့ဒီထက် ပိုဆိုးတာ တစ်ခုရှိတယ်။ အဲဒါကတော့ ယောက်ျားတွေရဲ့ အထင်တသေးနဲ့ ချဉ်းကပ်မှုပဲ။ သူက အိမ်ထောင်ကွဲထားတယ်၊ ယောက်ျားဆုံးသွားတယ် ဆိုတော့ ဒါကို လိုချင်နေမှာပဲ ဆိုပြီး ချဉ်းကပ်တာ၊ စကားစတာတွေကို ကြုံရတယ်။ အဲဒါက ကိုယ့်ဟာကိုယ် လိုအင်ဆန္ဒ မပြည့်ဝတာထက် အဆပေါင်းများစွာ ပိုခံရခက်တယ်။

 

◾၆။ လူမှုအသိုင်းအဝိုင်းရဲ့ အမြင်


တခြားသူစိမ်းတွေ ခဏထားဦး။ ကိုယ့်မိဘ၊ ကိုယ့်ဆွေမျိုးတွေကိုယ်တိုင်ကိုက နင် အထိန်းအသိမ်း ညံ့လို့ဖြစ်တာ ဆိုတဲ့ စကားတွေ တွင်တွင်ပြောတယ်။ မဆီမဆိုင် အပြစ်တင်ခံရတယ်။ ကိုယ့်သားက အိမ်ထောင်ကွဲသွားရင် မိဘက အေးဆေးပဲ။ ကိုယ့်သမီး အိမ်ထောင်ကွဲမှာကိုတော့ သမီးရှင်တွေက သိပ်ရှက်တယ်။


ယောက်ျားတွေကလည်း အထင်သေးတယ်။ မိန်းမအချင်းချင်းလည်း အထင်သေးတယ်။ အိမ်ထောင်ကွဲသွားပြီ ကြားလိုက်ရင်လည်း အားလုံးက သနားတဲ့အကြည့်နဲ့ ဝိုင်းကြည့်တာကို ခံရတယ်။ ကိုယ့်ဟာကိုယ် နေနေတာ အကောင်း၊ သူတို့က သတိပြန်ပြန်လာပေးတယ်။ ကိုယ့်ကလေးကို ကိုယ် ပျိုးထောင်နေတာ အကောင်း။ သူတို့လုပ်မှ ကလေးပါ အငုံ့စိတ် ဝင်သွားနိုင်တယ်။ ။


◾ပြောရရင်တော့ Single mother ဘဝဟာ သိပ်ခက်ခဲပါတယ်။ ဘယ်သူမှလည်း မဖြစ်ချင်ကြပါဘူး။ ဒါပေမဲ့ Single mother မဖြစ်အောင် ဆိုပြီးလည်း ကာကွယ်လို့ မရပြန်ဘူး။ ဘာလို့ဆိုတော့ ပြဿနာရဲ့ အရင်းခံက ကိုယ့်ဆီမှာ ရှိနေတာ မဟုတ်လို့ပဲ။


ဒါကြောင့် သမီးရှင်တွေအနေနဲ့ ကိုယ့်သမီးကို နင် Single mother မဖြစ်စေနဲ့နော် လို့ ဆုံးမထားလို့ မရဘူး။ Single mother ဖြစ်သွားမှာ စိုးတာနဲ့ အတင်းအကြပ် အိမ်ထောင်ကို ထိန်းသိမ်းခိုင်းတာမျိုး၊ သည်းခံခိုင်းတာမျိုးးကလည်း အဆင်မပြေပြန်ဘူး။ ဖြစ်လာရင်သာ အကောင်းဆုံး ရင်ဆိုင်နိုင်အောင် ပြင်ဆင်ပေးထားလို့ပဲ ရမယ်။


အိမ်ထောင်ရေးဆိုတာကို သေချာစဉ်းစား။ ပိုက်ဆံချမ်းသာလို့၊ ရုပ်ချောလို့၊ ရို ပြနေလို့ ဆိုပြီး အလွယ်တကူ မဆုံးဖြတ်လိုက်နဲ့။ ဘဝတစ်လျှောက်လုံးစာအတွက် စဉ်းစားပြီးမှ ဆုံးဖြတ်။ အနည်းဆုံး သဘောထား မတိုက်ဆိုင်လို့ ကွဲကြပြီဆိုရင်တောင် အဆင့်အတန်းရှိတဲ့ အမျိုးသားနဲ့ ယူခဲ့တာဆို Co-parenting လုပ်လို့ ရသေးတယ်။ ကလေးလည်း စိတ်ဒဏ်ရာနည်းမယ်။


◾နောက်ပြီး မှီခို မဖြစ်စေနဲ့။ မှီခို ဆိုတာ နှစ်မျိုးရှိတယ်။ စိတ်ပိုင်းဆိုင်ရာ မှီခိုနေခြင်း (Emotionally dependent) နဲ့ ငွေကြေးဆိုင်ရာ မှီခိုနေခြင်း (Financially dependent) ။


ကိုယ်ပိုင်အလုပ်လုပ်။ ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်။ ယောက်ျားယူတယ်ဆိုတာ ချစ်လို့ နှစ်ဦးသဘောတူ ဘဝတစ်ခုကို တည်ဆောက်တဲ့ Partnership ပဲ ဖြစ်ပါစေ။ သူ့ကို မှီခိုနေရမယ့်၊ သူပြုသမျှ နုရမယ့် ဘ၀ (Ownership) တော့ မဖြစ်စေနဲ့။ နင် ခြံခုန်ချင်ခုန်လေ၊ တာ့တာပဲ ဆိုပြီး ခပ်တည်တည် လက်ပြနိုင်ဖို့ဆိုတာ ကိုယ်ပိုင်ဝင်ငွေရှိမှ ရနိုင်တာပါ။


မိန်းကလေးတွေအနေနဲ့ ငါတို့က အားနွဲ့တဲ့ မိန်းမသားဆိုတဲ့ အတွေးကိုဖျောက်။ ဘာအားမှ နွဲ့မနေဘူး။ မတိုးတက်တဲ့ခေတ်ကတော့ ခွန်အားကို အခြေပြုရတာမို့ မိန်းမတွေကို အားနည်းသူအဖြစ် မြင်ခဲ့ကြတယ်။ ခုခေတ်မှာ တစ်နေ့ တစ်နေ့ ကိုယ်လုပ်ရတဲ့အလုပ်တွေကို စဉ်းစားကြည့်။ ဘယ်နှခုများ ခွန်အားတွေ အများကြီး သုံးနေရသေးလို့လဲ။ ဆိုတော့ အားနည်းတယ်ဆိုတာ တကယ်မဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတာကြီးပဲ။


ငယ်ငယ်က မိဘက တာဝန်ယူ၊ ကြီးတော့ ယောက်ျားက တာဝန်ယူ။ စဉ်းစားကြည့်၊ ကိုယ့်ဘဝကိုယ် တာဝန်မယူနိုင်ဘူးလား။ လင်မရှိတဲ့ မိန်းမ မျက်နှာငယ်တယ်တဲ့။ မှားတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်နိုင်တဲ့ မိန်းမကမှ မျက်နှာငယ်ရတာ။ အိမ်ထောင်ကွဲသွားတဲ့ မိန်းမက တန်ဖိုးမရှိတော့ဘူး။ မှားပြန်တယ်။ ကိုယ်တည်ဆောက်ထားတဲ့ အသိုက်အမြုံတစ်ခုကနေ ဘာတာဝန်မှ မယူဘဲ လက်လွတ်စပယ် ထွက်သွားတဲ့သူကသာ တန်ဖိုးမရှိတာ။ ဒီလိုမျိုး Emotionally strong ဖြစ်နေဖို့ လိုတယ်။




◾ဒီဆောင်းပါးက အိမ်ထောင်မရှိသေးတဲ့သူတွေရော၊ အိမ်ထောင်ရှင်တွေရော၊ လက်ရှိ Single mother တွေအတွက်ရော၊ သမီးရှင်တွေအားလုံးအတွက်ပါ ရည်ရွယ်တယ်။ ဘယ်သူမဆို အိမ်ထောင်ပြုကြတဲ့အခါ Happily ever after ပဲ ဖြစ်ချင်တာပဲ။ ဖြစ်မယ်လို့ မျှော်လင့်ကြတာပဲ။ ဒါပေမဲ့ စုံတွဲတိုင်းတော့ ဖြစ်မလာကြဘူး။ ဒီအတွက် မတော်တဆများ Single mother တစ်ယောက် ဖြစ်လာခဲ့ရင် ဘဝကို ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်နိုင်ဖို့ လိုတယ်။ အဲ့လိုရှေ့ဆက်နိုင်ဖို့ကလည်း Single mother ဖြစ်လာမှ ထကြိုးစားရင် သိပ်ခက်တယ်။ ဒါကြောင့် ငယ်ငယ်ကတည်းက သမီးမိန်းကလေးကို စနစ်တကျ ပျိုးထောင်ခဲ့ဖို့ လိုတယ်။ မိန်းကလေးတွေကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ် အားနည်းတဲ့သူ၊ တစ်ဆင့်နိမ့်တဲ့သူတွေအဖြစ် မြင်မထားဖို့ လိုပါတယ်။


ဒေါက်တာ ဖြိုးသီဟ

၂၆.၁၁.၂၀၁၉


#16DaysActivism

Wednesday, August 18, 2021

ရိုးရှင်းပြီး ပြီးပြည့်စုံတဲ့ skincare ဆိုတာ ..

ရိုးရှင်းပြီး ပြီးပြည့်စုံတဲ့ skincare ဆိုတာ .. 




#Skincare_Tips

#အလှအပရေးရာ


(အခုနောက်ပိုင်း လူငယ်တွေသာမက အသက်အရွယ်ရသူတွေပါ အရေပြားထိန်းသိမ်းတဲ့အလှကုန်တွေကို စိတ်ဝင်စားလာကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မိတ်ကပ်ပစ္စည်းတွေလို အလှအပသက်သက်အတွက်မဟုတ်ဘူး၊ အသက်အရွယ်ရာလာမှုကြောင့်ဖြစ်တတ်တဲ့ အရေးအကြောင်းတွေကို တတ်နိုင်သမျှလျော့ချဖို့၊ တင်းတိပ် အမည်းကွက်တွေလို ကြည့်ရစိုးတာတွေ မဖြစ်ဖို့ စတဲ့ရည်ရွယ်ချက်များ ကြောင့်ဖြစ်ပါတယ်။ ဇရာကို မတားမြစ်နိုင်သော်ငြား ကျက်သရေရှိရှိ အိုးမင်းကြမယ့်ပုံရိပ်ကို ပြသနိုင်တာပေါ့နော်။)


✅Cleansing 

-လိမ်းသမျှ စုပ်ယူမှုအားကောင်းစေဖို့ 

-အညစ်အကြေးတွေဖယ်ရှားပြီး ချွေးပေါက်တွေ သန့်စင်ဖို့ 


Cleansing ဆိုတဲ့နေရာမှာ ညဖက်ဆို makeup တွေ ၊ sunscreen တွေ လိမ်းတတ်တဲ့သူဆိုရင် double cleansing လို့ခေါ်တဲ့ cleansing ၂ ခါ လုပ်တာမျိုးလုပ်သင့်ပါတယ်။ 


ပထမတဆင့်က Makeup တွေ sunscreen တွေကို ညင်ညင်သာသာလေး သန့်စင်ပေးမယ့် အဆီကိုအခြေခံတဲ့ cleanser လေးကို သုံးသင့်ပါတယ်။​(Micellar water, makeup remover စသဖြင့်လည်း ခေါ်ကြပါတယ်) 

ဒုတိယ cleansing ကတော့ မျက်နှာသစ်ပြီးတဲ့ချိန်မှာ မျက်နှာကို စိုစိုအိအိလေးနဲ့ ရေဓာတ်ကျန်စေဖို့ ဖြည့်တင်းပေးတဲ့ ရေကို အခြေခံတဲ့ cleanser လေးကို ရွေးချယ်သင့်ပါတယ်။ 


✅Toning 


Toner ကို ချွေးပေါက်တွေကို ကျဉ်းပေးပြီး အသားအရေကို ထိန်းညှိပေးတဲ့အဆင့်ဆိုပြီး လူသိများပါတယ်။ 

Toner တွေက ပါဝင်ပစ္စည်းအပေါ်လိုက်ပြီး အာနိသင်အမျိုးမျိုးလာပါတယ်။

ဆားဝက်ခြံ အဆီဖုတွေများနေတဲ့သူတွေအတွက် toner ရှိမယ်။ 

မျက်နှာကို ရေဓာတ်ဖြည့်ပေးနိုင်မယ့် အားဖြည့် toner တွေရှိမယ်။ 


အသားအရေအမျိုးအစားကိုလိုက်ပြီး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ 


✅Serum 


Serum အဆင့်ကတော့ မျက်နှာအသားအရေရဲ့ ပြဿနာတွေကို ကုသပေးတဲ့ အဆင့်ပါ။ 


ဝက်ခြံများသူလား၊​အဆီပြန်သူလား၊ ချွေးပေါက်ကျယ်သူလား၊ အသားအရေခြောက်ကပ်နေသူလား၊ အရေးအကြောင်းအတွက်လား၊ အမာရွတ်ပျောက်ချင်တာလားအပေါ်မူတည်ပြီး serum တွေကို ရွေးချယ်ရပါတယ်။ 


Serum မတိုင်ခင် essence, ampoule, lotion စသဖြင့် အမျိုးမျိုးရှိပါသေးတယ်။ အရိုးရှင်းဆုံး skincare တစ်ခုအတွက် ကိုယ့်အသားအရေ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ serum ကို ရွေးချယ်ပေးပါ။ 


✅Moisturizer


မရှိမဖြစ် Step တစ်ခုပါ။ 


အဆီပြန်တဲ့သူတွေ အဆီပြန်လွန်းလို့ mosturiser မလိုလောက်ဘူးလို့ ထင်စရာအကြောင်းရှိပါတယ်။ အဆီပြန်လွန်းတာဟာ မျက်နှာမှာ လိုအပ်တဲ့ ရေဓာတ် အဆီဓာတ် ခမ်းခြောက်နေလို့ မျက်နှာက အဆီပိုထုတ်နေတာဖြစ်နိုင်ပါတယ်။


ကိုယ့်အသားအရေအမျိုးအစားကိုလိုက်ပြီး Mosturiser ကိုရွေးချယ်ပါ။ 


✅Sunscreen


နောက်ဆုံးအဆင့်ပေမယ့် မေ့ထားလို့တော့မရပါဘူး။ 

Sunscreen လိမ်းဖို့ပြောရင် sunscreen တွေဟာ မျက်နှာကို ဖြူပြာကြီးဖြစ်စေလို့ အသားအရေပေါ် ကပ်စီးစီးဖြစ်လို့ ဝက်ခြံထွက်လို့ ချွေးပေါက်ပိတ်လို့ဆိုပြီး လိမ်းဖို့ ဝန်လေးတတ်ကြပါတယ်။ 


Sunscreen ထဲမှာလည်း မျက်နှာအသားအရေကို အေးအေးစိုစိုလေးနဲ့ နေရောင်ဒဏ်ကို အပြည့်အဝကာကွယ်ပေးနိုင်တဲ့ essence type တွေ ထွက်ပေါ်လာပါပြီ။


 Sunscreen ဟာ အိုမင်းရင့်ရော်ခြင်း၊ အသားအရေမညီညာခြင်း၊ ဝက်ခြံအမာရွတ်၊ ဝက်ခြံ အသစ်ထွက်ခြင်း စတဲ့ပြဿနာတွေ အားလုံးအတွက် လိုအပ်တဲ့ skincare အဆင့်တစ်ခုဖြစ်ပါတယ်။ 


အိမ်မှာနေရင်းတောင် sunscreen ကလိမ်းကိုလိမ်းသင့်ပါတယ်နော်။ 


✅Exfoliation 


တစ်ပတ်ကို ၁-၃ ကြိမ်လုပ်ပေးသင့်တဲ့ exfoliation ဆိုတာ အကြမ်းဖျင်းပြောရရင်တော့ ဆဲလ်သေဖယ်ရှားခြင်းပါပဲ။ 

Facial scrub လို့ခေါ်တဲ့ အစိလေးတွေပါတဲ့ physical scrub ရယ် acid အပျော့စားလေးတွေ သုံးတဲ့ chemical scrub ရယ်ဆိုပြီး ၂ မျိုးရှိပါတယ်။ 


အစိအစိတွေပါတဲ့ Physical scrub ကတော့ နနယ်တဲ့ အသားအရေကို ထိခိုက်စေတာကြောင့် နောက်ပိုင်းမှာ အရေပြားဆရာဝန်တွေရော အလှအပရေးရာ ပညာရှင်တွေကပါ acid အပျော့အစားလေးတွေပါတဲ့ chemical exfoliation ကို ပိုပြီး ညွှန်လာကြပါတယ်။ 


Chemical exfoliation မှာ lactic acid, glycolic acid, salicylic acid ဆိုတဲ့ acid လေးတွေကို သုံးပြီး မျက်နှာ ချွေးပေါက်တွေကို သန့်စင်ပေးပါတယ်။ 

Toner အနေနဲ့လဲ အသုံးပြုကြပါတယ်။ 


✅Face Mask 


ဒါကတော့ အထူးတလည်ပြောပြစရာလိုမယ်မထင်ပါဘူး။ 


Face mask တွေမှာလည်း လိမ်းရတာမျိုးရှိသလို ကပ်လိုက်ရတာမျိုးလည်းရှိပါတယ်။ 


မျက်နှာကို အားဖြည့်ပေးနိုင်တဲ့ အာဟာရများစွာပါတဲ့ face mask တွေကို တစ်ပတ်တစ်ကြိမ်လောက်တော့ အနည်းဆုံး သုံးသင့်ပါတယ်။ 


🔴မျက်နှာပေါ်မှာ ကပ်ထားပြီးရင် မိနစ် ၂၀ ထက်တော့ ပိုမထားဖို့ အကြံပေးပါရစေ။ 


Skincare ဆိုတာ မိန်းကလေးတင်မဟုတ် ယောကျာ်းလေးတွေလည်း ဂရုစိုက်သင့်တဲ့အရာဖြစ်ပါတယ်။ ဒါမှ  အရွယ်မတိုင်ခင် အရေးအကြောင်းပြဿနာများကို ကာကွယ်နိင်မှာဖြစ်ပါတယ်။

Skincare ဆိုတိုင်းလည်း ဈေးကြီးမှ မဟုတ်ပါဘူး ကိုယ်တတ်နိုင်တဲ့ budget အတွင်းမှာတင် ဝယ်ယူနိုင်တဲ့ skincare တွေအမျိုးမျိုးရှိလာပါပြီ 


Less is better ဆိုတဲ့အတိုင်းပဲ သူများကောင်းတယ်ဆိုတိုင်း လျှောက်မသုံးဘဲ ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ skincare ပစ္စည်းတွေကို သုံးပြီး ပုံထဲမှာပြထားတဲ့ အဆင့်တွေကို သေချာလိုက်လုပ်ရင် မိတ်ကပ်လိမ်းစရာမလိုဘဲ မှန်လိုကြည်လင်တဲ့ အသားအရေ (Glass skin) ရရှိလာမှာဖြစ်ပါတယ်။


(***Skincare ပစ္စည်းတွေအကြောင်း၊ အသုံးပြုပုံအဆင့်ဆင့်ကို ယခင်က ပို့စ်တွေတင်ဖူးပါတယ်။ သည်တစ်ခါကတော့ မဖတ်ရသေးသူတွေကို စာနွှေးတဲ့သဘော အကျဉ်းချုပ်လေး ဗဟုသုတအဖြစ်ပေါ့နော်။)


[Zawgyi]ရိုးရွင္းၿပီး ၿပီးျပၫ့္စံုတဲ့ skincare ဆိုတာ .. 




#Skincare_Tips

#အလွအပေရးရာ


(အခုေနာက္ပိုင္း လူငယ္ေတြသာမက အသက္အရြယ္ရသူေတြပါ အေရျပားထိန္းသိမ္းတဲ့အလွကုန္ေတြကို စိတ္ဝင္စားလာၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ မိတ္ကပ္ပစၥည္းေတြလို အလွအပသက္သက္အတြက္မဟုတ္ဘူး၊ အသက္အရြယ္ရာလာမႈေၾကာင့္ျဖစ္တတ္တဲ့ အေရးအေၾကာင္းေတြကို တတ္ႏိုင္သမ်ွေလ်ာ့ခ်ဖို႔၊ တင္းတိပ္ အမည္းကြက္ေတြလို ၾကၫ့္ရစိုးတာေတြ မျဖစ္ဖို႔ စတဲ့ရည္ရြယ္ခ်က္မ်ား ေၾကာင့္ျဖစ္ပါတယ္။ ဇရာကို မတားျမစ္ႏိုင္ေသာ္ျငား က်က္သေရရိွရိွ အိုးမင္းၾကမယ့္ပံုရိပ္ကို ျပသႏိုင္တာေပါ့ေနာ္။)


✅Cleansing 

-လိမ္းသမ်ွ စုပ္ယူမႈအားေကာင္းေစဖို႔ 

-အညစ္အေၾကးေတြဖယ္ရွားၿပီး ေခြၽးေပါက္ေတြ သန႔္စင္ဖို႔ 


Cleansing ဆိုတဲ့ေနရာမွာ ညဖက္ဆို makeup ေတြ ၊ sunscreen ေတြ လိမ္းတတ္တဲ့သူဆိုရင္ double cleansing လို႔ေခၚတဲ့ cleansing ၂ ခါ လုပ္တာမ်ိဳးလုပ္သင့္ပါတယ္။ 


ပထမတဆင့္က Makeup ေတြ sunscreen ေတြကို ညင္ညင္သာသာေလး သန႔္စင္ေပးမယ့္ အဆီကိုအေျခခံတဲ့ cleanser ေလးကို သံုးသင့္ပါတယ္။​(Micellar water, makeup remover စသျဖင့္လည္း ေခၚၾကပါတယ္) 

ဒုတိယ cleansing ကေတာ့ မ်က္ႏွာသစ္ၿပီးတဲ့ခ်ိန္မွာ မ်က္ႏွာကို စိုစိုအိအိေလးနဲ႔ ေရဓာတ္က်န္ေစဖို႔ ျဖၫ့္တင္းေပးတဲ့ ေရကို အေျခခံတဲ့ cleanser ေလးကို ေရြးခ်ယ္သင့္ပါတယ္။ 


✅Toning 


Toner ကို ေခြၽးေပါက္ေတြကို က်ဉ္းေပးၿပီး အသားအေရကို ထိန္းၫွိေပးတဲ့အဆင့္ဆိုၿပီး လူသိမ်ားပါတယ္။ 

Toner ေတြက ပါဝင္ပစၥည္းအေပၚလိုက္ၿပီး အာနိသင္အမ်ိဳးမ်ိဳးလာပါတယ္။

ဆားဝက္ၿခံ အဆီဖုေတြမ်ားေနတဲ့သူေတြအတြက္ toner ရိွမယ္။ 

မ်က္ႏွာကို ေရဓာတ္ျဖၫ့္ေပးႏိုင္မယ့္ အားျဖၫ့္ toner ေတြရိွမယ္။ 


အသားအေရအမ်ိဳးအစားကိုလိုက္ၿပီး ေရြးခ်ယ္ဝယ္ယူႏိုင္ပါတယ္။ 


✅Serum 


Serum အဆင့္ကေတာ့ မ်က္ႏွာအသားအေရရဲ့ ျပႆနာေတြကို ကုသေပးတဲ့ အဆင့္ပါ။ 


ဝက္ၿခံမ်ားသူလား၊​အဆီျပန္သူလား၊ ေခြၽးေပါက္က်ယ္သူလား၊ အသားအေရေျခာက္ကပ္ေနသူလား၊ အေရးအေၾကာင္းအတြက္လား၊ အမာရြတ္ေပ်ာက္ခ်င္တာလားအေပၚမူတည္ၿပီး serum ေတြကို ေရြးခ်ယ္ရပါတယ္။ 


Serum မတိုင္ခင္ essence, ampoule, lotion စသျဖင့္ အမ်ိဳးမ်ိဳးရိွပါေသးတယ္။ အရိုးရွင္းဆံုး skincare တစ္ခုအတြက္ ကိုယ့္အသားအေရ ျပႆနာကို ေျဖရွင္းေပးႏိုင္တဲ့ serum ကို ေရြးခ်ယ္ေပးပါ။ 


✅Moisturizer


မရိွမျဖစ္ Step တစ္ခုပါ။ 


အဆီျပန္တဲ့သူေတြ အဆီျပန္လြန္းလို႔ mosturiser မလိုေလာက္ဘူးလို႔ ထင္စရာအေၾကာင္းရိွပါတယ္။ အဆီျပန္လြန္းတာဟာ မ်က္ႏွာမွာ လိုအပ္တဲ့ ေရဓာတ္ အဆီဓာတ္ ခမ္းေျခာက္ေနလို႔ မ်က္ႏွာက အဆီပိုထုတ္ေနတာျဖစ္ႏိုင္ပါတယ္။


ကိုယ့္အသားအေရအမ်ိဳးအစားကိုလိုက္ၿပီး Mosturiser ကိုေရြးခ်ယ္ပါ။ 


✅Sunscreen


ေနာက္ဆံုးအဆင့္ေပမယ့္ ေမ့ထားလို႔ေတာ့မရပါဘူး။ 

Sunscreen လိမ္းဖို႔ေျပာရင္ sunscreen ေတြဟာ မ်က္ႏွာကို ျဖဴျပာႀကီးျဖစ္ေစလို႔ အသားအေရေပၚ ကပ္စီးစီးျဖစ္လို႔ ဝက္ၿခံထြက္လို႔ ေခြၽးေပါက္ပိတ္လို႔ဆိုၿပီး လိမ္းဖို႔ ဝန္ေလးတတ္ၾကပါတယ္။ 


Sunscreen ထဲမွာလည္း မ်က္ႏွာအသားအေရကို ေအးေအးစိုစိုေလးနဲ႔ ေနေရာင္ဒဏ္ကို အျပၫ့္အဝကာကြယ္ေပးႏိုင္တဲ့ essence type ေတြ ထြက္ေပၚလာပါၿပီ။


 Sunscreen ဟာ အိုမင္းရင့္ေရာ္ျခင္း၊ အသားအေရမညီညာျခင္း၊ ဝက္ၿခံအမာရြတ္၊ ဝက္ၿခံ အသစ္ထြက္ျခင္း စတဲ့ျပႆနာေတြ အားလံုးအတြက္ လိုအပ္တဲ့ skincare အဆင့္တစ္ခုျဖစ္ပါတယ္။ 


အိမ္မွာေနရင္းေတာင္ sunscreen ကလိမ္းကိုလိမ္းသင့္ပါတယ္ေနာ္။ 


✅Exfoliation 


တစ္ပတ္ကို ၁-၃ ႀကိမ္လုပ္ေပးသင့္တဲ့ exfoliation ဆိုတာ အၾကမ္းဖ်င္းေျပာရရင္ေတာ့ ဆဲလ္ေသဖယ္ရွားျခင္းပါပဲ။ 

Facial scrub လို႔ေခၚတဲ့ အစိေလးေတြပါတဲ့ physical scrub ရယ္ acid အေပ်ာ့စားေလးေတြ သံုးတဲ့ chemical scrub ရယ္ဆိုၿပီး ၂ မ်ိဳးရိွပါတယ္။ 


အစိအစိေတြပါတဲ့ Physical scrub ကေတာ့ နနယ္တဲ့ အသားအေရကို ထိခိုက္ေစတာေၾကာင့္ ေနာက္ပိုင္းမွာ အေရျပားဆရာဝန္ေတြေရာ အလွအပေရးရာ ပညာရွင္ေတြကပါ acid အေပ်ာ့အစားေလးေတြပါတဲ့ chemical exfoliation ကို ပိုၿပီး ၫႊန္လာၾကပါတယ္။ 


Chemical exfoliation မွာ lactic acid, glycolic acid, salicylic acid ဆိုတဲ့ acid ေလးေတြကို သံုးၿပီး မ်က္ႏွာ ေခြၽးေပါက္ေတြကို သန႔္စင္ေပးပါတယ္။ 

Toner အေနနဲ႔လဲ အသံုးျပဳၾကပါတယ္။ 


✅Face Mask 


ဒါကေတာ့ အထူးတလည္ေျပာျပစရာလိုမယ္မထင္ပါဘူး။ 


Face mask ေတြမွာလည္း လိမ္းရတာမ်ိဳးရိွသလို ကပ္လိုက္ရတာမ်ိဳးလည္းရိွပါတယ္။ 


မ်က္ႏွာကို အားျဖၫ့္ေပးႏိုင္တဲ့ အာဟာရမ်ားစြာပါတဲ့ face mask ေတြကို တစ္ပတ္တစ္ႀကိမ္ေလာက္ေတာ့ အနည္းဆံုး သံုးသင့္ပါတယ္။ 


🔴မ်က္ႏွာေပၚမွာ ကပ္ထားၿပီးရင္ မိနစ္ ၂၀ ထက္ေတာ့ ပိုမထားဖို႔ အႀကံေပးပါရေစ။ 


Skincare ဆိုတာ မိန္းကေလးတင္မဟုတ္ ေယာက်ာ္းေလးေတြလည္း ဂရုစိုက္သင့္တဲ့အရာျဖစ္ပါတယ္။ ဒါမွ  အရြယ္မတိုင္ခင္ အေရးအေၾကာင္းျပႆနာမ်ားကို ကာကြယ္နိင္မွာျဖစ္ပါတယ္။

Skincare ဆိုတိုင္းလည္း ေဈးႀကီးမွ မဟုတ္ပါဘူး ကိုယ္တတ္ႏိုင္တဲ့ budget အတြင္းမွာတင္ ဝယ္ယူႏိုင္တဲ့ skincare ေတြအမ်ိဳးမ်ိဳးရိွလာပါၿပီ 


Less is better ဆိုတဲ့အတိုင္းပဲ သူမ်ားေကာင္းတယ္ဆိုတိုင္း ေလ်ွာက္မသံုးဘဲ ကိုယ့္အသားအေရနဲ႔ ကိုက္ညီတဲ့ skincare ပစၥည္းေတြကို သံုးၿပီး ပံုထဲမွာျပထားတဲ့ အဆင့္ေတြကို ေသခ်ာလိုက္လုပ္ရင္ မိတ္ကပ္လိမ္းစရာမလိုဘဲ မွန္လိုၾကည္လင္တဲ့ အသားအေရ (Glass skin) ရရိွလာမွာျဖစ္ပါတယ္။


(***Skincare ပစၥည္းေတြအေၾကာင္း၊ အသံုးျပဳပံုအဆင့္ဆင့္ကို ယခင္က ပို႔စ္ေတြတင္ဖူးပါတယ္။ သည္တစ္ခါကေတာ့ မဖတ္ရေသးသူေတြကို စာေနႊးတဲ့သေဘာ အက်ဉ္းခ်ဳပ္ေလး ဗဟုသုတအျဖစ္ေပါ့ေနာ္။)

Saturday, July 17, 2021

ချစ်စရာ့ လူပျိုလှည့်ခြင်း ဓလေ့

 [Unicode]ချစ်စရာ့ လူပျိုလှည့်ခြင်း ဓလေ့

============

ရက္ခ

News Watch Journal 

အတွဲ.၁၄.အမှတ်.၄၈(၁၅.၂.၂၀၂၀ ထုတ်)




 (ကျား) တစ်ခွန်းခေါ်လေ့ ခေါ်လို့ မထူး

 နှစ်ခွန်းခေါ်လေ့ ခေါ်လို့ မထူး

 ရွှီနားပြင်မာ ရွှီခင်လေးလို့ မကြားလီလားပုယေ…။


 (မ)  နားမကြားယောင် ဟန်မဆောင်

 ဘုန်းမောင်လူချော  

မောင်မောင်ခေါ်စွာ မကြားတကြား…။


(ရမ်းဗြဲနယ်မှ ရခိုင်ရိုးရာ ကျေးလက် ဇမ်းကဗျာ)


 (တစ်) 


 ဝါးထရံကာထားသောအိမ်တွင်းခန်းထဲမှ ကဗျာရွတ်

ဖတ်သံ တိုးတိုးညင်ညင်ကလေးကို ပြန်လည် ကြား လိုက်ရသဖြင့် ကိုကျော်စွာဟိန်း ရင်ထဲဒိန်းခနဲ့အခုန်ြ

မန်သွားမိသည်။ ထို့အပြင် သူ ရွတ်ဖတ်လိုက်သော ရခိုင် ရိုးရာ “ဇမ်းကဗျာ” ကို အချက်ကျကျ ပြန်လည်ေ

ချပနိုင်သော ငယ်သူငယ်ချင်းဖြစ်သူ ခိုင်သဇင် ကို

လည်းလေး စားမိ၏။ သည်ကောင်မလေးမဆိုးဟုေ

တွးရင်း ပါးစပ်မှ “ဟက်”ခနဲ့ရယ်သံတစ်ချက်မျှပင်

ထွက်ကျမိသေးသည်။ 


စင်စစ် ကိုကျော်စွာဟိန်း လူပျိုလှည့်ရန်(ရည်းစားစကာ

းပြောရန်) ရောက်ရှိနေသောမိန်းမပျိုကလေးသည် မြို့ င်္ကြိးပြကြီးတွင် ဆယ်စုနှစ်တစ်ခုခန့်မျှ နေထိုင်လာ

ခဲ့သူတစ်ဦးဖြစ်၏။ ထို့ကြောင့်လည်း မခိုင်သဇင်တစ်ေ

ယာက် ရပ်ရွာဓလေ့ကို သိမှသိပါလေဦးမည်လားဟု ကိုကျော်စွာဟိန်း က လျှော့တွက်ထားခဲ့မိသည်။ သို့ သော် သူ့အ ထင်နှင့် အမြင်များ တက်တက်စင်အောင်

လွဲသွားခဲ့ရသည်။အသက်-၂၀ကျော်အရွယ်ခေတ်ပညာ

တတ် အပျို ချောလေး ခိုင်သဇင်သည်ကျေးရွာလူပျို

လှည့်ဓလေ့စရိုက်နှင့် အံဝင်ကွင်ကျရှိနေရုံမျှမက ရှေးလူကြီးသူမများ စပ်ဆိုခဲ့ကြသော ဇမ်း ကဗျာကိုပင် ပိုင်ပိုင်နိုင်နိုင်ရွတ်ဆိုနိုင်လေသည်။  


 အချိန်က ခုနစ်စင်ကြယ် အမြှီးထောင်ခဲ့ပြီ။ သန်

းခေါင်ကြက်တွန်သံတချို့ကို ဟိုမှ သည်မှ ကြားရ၏။ တ ပေါင်းလဆန်း-၁၀ ရက်နေ့၏ ငွေလရောင်ဝါကြင်

ကြင်ကလေးသည် သံချောင်းကျေးရွာကလေးကို အဖြူရောင် ဇာပုဝါပါးလွှမ်းခြုံထားသကဲ့သို့ ရှိနေ၏။ ကိုကျော်စွာဟိန်း သည် မခိုင်သဇင်၏ အိပ်ခန်းေ

ခါင်းရင်းမှ ထုတ်တန်း တစ်ခုပေါ်တွင် လုံချည်တစ်

ထည်ကိုပုခက်ပုံသဏ္ဍာန်တွဲချည်၍ တွဲလောင်းချ

ထိုင်လျှက်ရှိနေသည်။ ခိုင်သဇင် ၏ အခန်းထဲမှ ဖယောင်းတိုင်မီးရောင်ကလေးက ဝါးထရံကွက်များ

ကိုဖောက်ထွက်ကာ သူ့ကိုယ်ပေါ်သို့ဖြာကျနေ သည်။ ဇန်နဝါရီဆောင်းသည် အတော်ပင် အေးစိမ့်လွန်းနေ

သည်။ ရွာအပြင်တောတန်းများဆီမှ ညလေညင်းက လေးများတချက်တချက်ဖြတ်တိုက်လာသောအခါ ကိုကျော်စွာဟိန်းတစ်ယောက် မေးခိုက်ခိုက်တုန်မိ၏။ သို့ သော် ဆောင်းည၏အအေးဒဏ်ကို သူ မမှုနို

င်ချေ။ နံရံတစ်ဖက်ခြားမှ ခိုင်သဇင်ထံသို့ ချစ်ခွင့်ပန်ေ

သာကဗျာ များကို မမောတမ်းရွတ်ဖတ်ရင်းလောကကြီး

ကိုပင် မေ့လျှော့နေတော့သည်။ 


(နှစ်)


ရခိုင်လူမျိုးတို့သည် ယဉ်ကျေးမှု ဓလေ့ထုံးတမ်း နှင့် စာပေအနုပညာဏ္ဍတွင် သမိုင်းအစဉ်အလာကြီး မားခဲ့

ကြသော လူမျိုးတစ်မျိုးဖြစ်သည်။တူညီသောသမိုင်းနှင့် တူညီသောရိုးရာယဉ်ကျေးမှုတို့ကို ရခိုင်တစ်မျိုးသား

လုံး တပြေးညီလက်ခံကျင့်သုံးလာခဲ့ကြသည်။ သို့ေ

သ်ာလက်ရှိအချိန်တွင် ရခိုင့်လူမျိုးတို့၏ ခေတ်အဆက် ဆက်လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြသော ယဉ်ေ

ကျးမှုဓလေ့ထုံးတမ်းစဉ်လာတချို့သည် မှေးမှိန်ပျောက် ပျက်ကိန်းနှင့် ကြုံတွေ့နေကြရသည်။ တချို့သော ရခိုင့်ရိုးရာဓလေ့စရိုက်များသည် ခေတ်ကာလအခြေ

အနေအ ရ မှေးမှိန်ကွယ်ပျောက်သွားခဲ့ရပြီးလည်း ဖြစ်သည်။ ခေတ်စနစ်နှင့် လူမှုပတ်ဝန်းကျင်အတွက် သဟစဇာတမဖြစ် တော့သည့် အမူအကျင့်များ မှေး

မှိန်ပပျောက်သွားခြင်း(သို့မဟုတ်)ပယ်ဖျက်ခံရခြင်းတို့ကို အဆိုးမဆိုနိုင်သော် ယဉ်ကျေးမှုအနုပညာနှင့်

သက်ဆိုင်သော ရိုးရာဓလေ့များ ပျောက်ကွယ်သြွား

ခင်းမှာ နှမျောစရာကောင်းလှ၏။ 


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ထဲမှ သံချောင်းေ

ကျးရွာသည် ရခိုင်ရိုးရာထုံးတမ်းစဉ်လာတစ်ခုဖြစ် သော လူပျိုလှည့်ခြင်း (လူပျိုနှင့်အပျို ချစ်ရေးချစ်ရာ

စကားပြောခြင်း) ဓလေ့ကို ရိုးရာမပျက် ထိန်းသိမ်း

ထားဆဲ ပင် ဖြစ်သည်။ သံချောင်းကျေးရွာကလေး

သည် ကျောက်ဖြူမြို့ထဲမှ အရှေ့ဖက်အရပ် မိုင်-၃၀ ခန့်အကွာတွင် တည်ရှိသည်။ သံချောင်းကျေးရွာအုပ်စု

သည် အမှတ်(၅)တိုက်နယ်ထဲတွင် ပါဝင်ပြီး သံေ

ချာင်းကျေးရွာ၊ ရေချမ်း ပြင်နှင့် အစိတ်တောင် စသေ

ာကျေး ရွာ(၃) ရွာဖြင့် ဖွဲ့စည်းထားသည်။  အိမ်ခြေ-

၁၁၅ အိမ်ခန့်ရှိသော ကျေးရွာ တစ်ရွာ ဖြစ်၏။ ရခိုင်ပြည်နယ်ထဲမှ ကျေးရွာအများစုတို့တွင် ရခိုင်ရိုးရာ

လူပျိုလှည့်ခြင်းဓလေ့စရိုက်သည် မှေးမှိန် ပပျောက်နေ

ခဲ့ပြီဖြစ်သော်လည်း သံချောင်းကျေးရွာကလေးထဲ

တွင်တော့ ထိုအလေ့အထကို ဆက်လက် ထိန်း သိမ်းထားဆဲပင်ဖြစ်သည်။


(သုံး)


 “ လူပျိုလှည့်တဲ့ ရိုးရာဓလေ့တစ်ခုကို ကျွန်မတို

့ကျေးရွာမှာ အခုအချိန်ထိတိုင် ထိမ်းသိမ်းထား

တာတော့ မှန်ပါတယ်… ဒါပေမယ့်… ဒီဘက်ခေတ်မှာ လက်ကိုင်ဖုန်းတွေကို ကိုယ်စီကိုယ်စီကိုင်နိုင်ကြ

တာဆိုတော့ ဟိုအရင် တုန်းကလိုမျိုး ကိုယ်သဘော

ကျတဲ့သူကို လူပျိုခေါင်းဆောင်တွေဆီ ခွင့်တောင်းပြီး စကားပြောကြတာမျိုးက နည်း လာပါတယ်… . ရံဖန်ရံခါလောက်ပဲ ရှိတော့တယ်… ဒါပေမယ့် အစဉ်အာအရတော့ ဒီဓလေ့က ..ကျွန်မတို့ရွာ မှာ ရှိနေဆဲပါပဲ….”


 ကျောက်ဖြူမြို့နယ်၊ သံချောင်းကျေးရွာမှ အပျိုခေါင်

းဆောင် မလှမိုးကြည် ပြောပြသောစကားများပင် ဖြစ်သည်။ လက်ရှိအချိန်တွင် ကျေးရွာထဲမှ လူပျိုနှင့် အပျို အများစုသည် ဘ၀တိုးတက်လမ်းနှင့် အလုပ်

အကိုင် အခွင့်အလန်းများရှိရာ မြို့ကြီူးများသို့ ရွှေ

့ပြောင်းမှုနှုံးများပြားလာသဖြင့် လူပျိုအပျို ရှားပါးခြင်ြး

ပသနာများ ရှိ လာနေကြောင်းဆိုသည်။ သို့သော် သံချောင်းကျေးရွာထဲတွင် အပျိုလူပျိုအဖွဲ့ကို အစဉ်

အမြဲ ဖွဲ့စည်းထား ကြောင်းနှင့် ထိုအပျိုလူပျိုအဖွဲ့မှ ကျေးရွာ၏ သာရေးနာရေးနှင့် ရပ်ရေးရွာရေးကိစ္စအ

၀၀တို့ကို ဦးစီးဦးဆောင် ကူညီပေးရလေ့ရှိကြောင်း ဆိုသည်။ 


 ရခိုင်လူမျိုးတို့တွင် ကျေးလက်နေပြည်သူအများ

စုသည် ကျေးရွာ၏လိုအပ်ချက်အရ အပျိုလူပျိုအဖွဲ့ကို ဖွဲ့စည်းထားလေ့ရှိကြသည်။ ထိုအပျိုလူပျိုအဖွဲ့ကို လူထုမှရွေးချယ်တင်မြှောက်ထားသော အပျိုကြီးနှင့် လူပျို ကြီး ခေါင်းဆောင်နှစ်ဦးကအုပ်ချုပ်ရသည်။ ကျေးရွာမှ အရွယ်ရောက်လာသော ယောက်ျားလေးနှင့် မိန်းကလေး များသည် အလိုအလျှောက်လူပျိုအပျို

အဖွဲ့ဝင်များ ဖြစ်ကြသည်။ လူပျိုလှည့်ခြင်းဓလေ့

ရှိသောကျေးရွာများတွင် လူပျိုခေါင်းဆောင်နှင့် အပျိုေ

ခါင်းဆောင်တို့က အခရာကျလှသည်။ တနယ်တကျေး

မှ ဧည့်သည်အာဂန္တုဖြစ်စေ၊ မိမိတို့ကျေးရွာသားအ

ချင်းချင်းဖြစ်စေ လူပျိုတစ်ဦးက အပျိုတစ်ဦးကို ချစ်

ခွင့်ပန်လိုပါက လူပျိုခေါင်းဆောင် ထံ တွင် စကာ

းပြောခွင့်တောင်းခံရသည်။ လူပျိုခေါင်းဆောင်က အပျိုခေါင်းဆောင်နှင့် ညှိနှိုင်းတိုင်ပင်ကာ အဆင် ပြေအောင်စီစဉ်ပေးရသည်။ 


(လေး)


 “ ကျွန်တော်တို့ရွာမှာတော့ လူပျိုလှည့်တဲ့စနစ်ကို “အောက်တွဲ” စနစ်လို့ ခေါ်ပါတယ်… အောက်တွဲ ဆို တာ လူပျိုက သူစကားပြောမယ့်အပျိုရဲ့ အိပ်ခန်းေ

အာက်ကနေ ခိုတွဲပြီးတော့  စကားပြောရတဲ့အတွက် တွင်လာ တဲ့နာမည်ပါ…  မိန်းကလေးက အိမ်ပေါ်

မှာ… ယောက်ျားလေးက အိမ်အောက်မှာပေါ့…တစ်ေ

ယာက်ကိုတစ် ယောက် မမြင်ရပါဘူး… အသံကိုပဲ ကြားကြရပါတယ်…”


 သံချောင်းကျေးရွ့ာမှ လူပျိုခေါင်းဆောင် ကိုကျော်စွာ

ဟိန်း ပြောပြသော စကားများပင် ဖြစ်သည်။ လူ ပျှိုလှည်ှ့မည့် အမျိုးသားသည် လူခြေတိတ်သော ညဆယ့်တစ်နာရီခန့်အချိန်တွင် သူစကားပြောမည့် အမျိုး သမီး၏နေအိမ်သို့သွားရသည်။ အမျိုးသမီး

အိပ်ပျော်နေခိုက်နှင့်ကြုံပါက ကြမ်းခင်းကြားမှ တုတ်ေ

ချာင်းကလေး ဖြင့်ထိုးကာလှုပ်နှိုးပြီး စကားပြော

ရခြင်းဖြစ်သည်။ အပျို၏နေအိမ်သည် အိမ်အနိမ်ြ့

ဖစ်ပါက အမျိုးသားအတွက် သက်တောင့်သက်သာ

အနေအထားဖြင့် စကားပြောနိုင်သည်။ အပျိုအမျိုး

သမီး၏ နေအိမ်မှာ ခြေတံရှည်အမြင့် ဖြစ်နေပါက စကားပြောမည့်အမျိုးသားသည် သူ့တွင်ပါလာသော လုံခြည်ကိုအမျိုးသမီး၏ အိပ်ခန်းခေါင်းရင်းမှ ထုတ်

တန်းပေါ်တွင် ပုခက်ပုံစံတွဲချည်ပြီး ထိုပုခက်ပေါ်တွင် တွဲလဲခိုကာ စကားပြောရသည်။ တချို့ အပျိုများ၏ နေအိမ်များသည် အလွန်မြင့်မားသဖြင့် လှေကား

ရှည်ကြီးများထောင်၍ စကားပြောရသည်များပင် ရှိ၏။ 

 

 ရခိုင်ပြည်နယ်အနှံ့တွင် အပျိုလူပျိုလှည့်သောဓလေ့

ကို ကျေးရွာအများစုက ကျင့်သုံးကြသည်။ သို့ သော် တနေရာနှင့်တစ်နေရာ မတူညီကြချေ။ ကျောက်ဖြူ

အပါအ၀င် ရမ်းဗြဲကျွန်းဖက်တွင် အောက်တွဲနည်းကို အသုံးပြုကြသည်။ မာန်အောင်ကျွန်းတွင်မူ လူပျို

လှည့်ခြင်းကို ဒေသန္တရစကားအရ (ရေးစားပြော= ရည်းစားစ ကားပြောခြင်း) ဟုခေါ်သည်။ လူပျိုခေါင်း

နှင့် အပျိုခေါင်းမှစီစဉ်ပေးသော အိမ်တစ်အိမ်တွင် စကားပြောကြရခြင်း ဖြစ်သည်။ ယောက်ျားလေးနှင့် မိန်းကလေးကို ထရံတစ်ချပ်ခြားထားသည်။ စကာ

းပြောနေစဉ်တွင် လူပျိုအပျို များက ခပ်လှမ်းလှမ်းမှ အရိပ်အခြေကြည့်ရင်း စောင့်နေပးကြရသည်။ 


အရွယ်ရောက်ာသောမိန်းကလေးငယ်တစ်ဦးသည် အပျိုလူပျိုခေါင်းဆောင်မှတဆင့် စကားပြောရန်ခွင့် တောင်းလာပါက မည်သူ့ကိုမဆို ၀တ်ကျေတမ်းကျေ စကားပြောပေးကြရသည်။ တစ်ဖက်လူ စိတ်ငြိုငြင်စေ

မည့် ကိုယ်နှုတ်အမူအရာ ရိုင်းစိုင်းစွာပြောဆိုက်ဆြံ

ခင်းများကို ရှောင်ရှားကြရသည်။ ရှေးယခင်က ရခိုင်ဘိုးဘေးဘီ ဘင်တို့ လူပျိုအပျိုစကားပြောကြ

ရာတွင် စကားထာများ၊ ကျေးလက်ကဗျာများ၊ တေးသီ

ချင်းများဖြင့် အနုပညာ ရသမြောက်စွာ ပြောဆိုခြင်းများ

ရှိခဲ့ကြောင်း ဆိုသည်။ ရမ်းဗြဲနယ်ဖက်တွင်တော့ လက်တန်းရွတ်ဆိုရသော ဇမ်း ကဗျာအမျိုးအစားသည် လူပျိုလှည့်ကဗျာအဖြစ် ထင်ရှားသည်။ ထိုအခါက ရခိုင်ရိုးရာလူပျိုလှည့်ခြင်းဓလေ့သည် ရခိုင်လူမျိုးတို့၏ စာပေအဆင့်အတန်းကို ပြသနိုင်ခဲ့သော ဓလေ့တစ်

ခုဖြဟစ်ကြောင်း ဆိုရမည် ဖြစ်သည်။ 


 (ငါး) 


 `မိုးလင်းကြယ်ကြီး ..

ရောင်ဖြူလာ ထွက်ခါနီးလို့ 

ကြက်ကြီးလည်းတွန် မိုးသောက်ယံ 

မောင်ပြန်ဖို့ယာ….။´ 


လင်းကြက်တွန်သံနှင့်အတူ ရွာဦးဘုန်းတော်ကြီးေ

ကျာင်းမှ အုန်းမောင်းခေါက်သံ လေးချက်ကို ကြားရ သည်။ ကိုကျော်စွာဟိန်း တစ်ယောက် ခိုင်သဇင် အတွက် နှုတ်ဆက်ကဗျာတစ်ပိုဒ်ကိုရွတ်လိုက်ပြီးနောက် လုံ ချည်ပုခက်တွင်းမှ မြေ ကြီးပေါ်သို့ ညင်သာစွာ ခုန်ဆင်းလိုက်၏။  သူ၏ နှုတ်ဆက်ကဗျာနှင့် မရှေး

မနှောင်းတွင် ခိုင်သဇင်၏ ကဗျာရွတ်သံကလေးက ကြည်ကြည်ရွှန်းရွန်းကလေး ကပ်ပါလာ၏။ 


ငွေလသာသောညအချိန်တွင် လာခဲ့ပါ။ သည်တစ်ခါ

လာလျှင် ပြန်မလွှတ်တော့ပဲ အပိုင်သိမ်းပိုက်လိုက်ေ

တာ့ မည်ဟုအဓိပ္ပါယ်ရသော အရွှန်း ဖောက်ကဗျာ

သံကိုကြားရသဖြင့် ကိုကျော်စွာဟိန်းတစ်ယောက် ကျေနပ်စွာပြုံးလိုက်မိလေတော့သည်။ 


`လပကောင်းယာ..တောက်လီယာ

လာရာလာလတ် ပြန်မလွှတ်ပါ မောင်းမောင်။´ ။


Crd-ရက္ခ


[Zawgyi]ခ်စ္စရာ့ လူပ်ိဳလွၫ့္ျခင္း ဓေလ့

============

ရကၡ

News Watch Journal 

အတြဲ.၁၄.အမွတ္.၄၈(၁၅.၂.၂၀၂၀ ထုတ္)


 (က်ား) တစ္ခြန္းေခၚေလ့ ေခၚလို႔ မထူး

 ႏွစ္ခြန္းေခၚေလ့ ေခၚလို႔ မထူး

 ရႊီနားျပင္မာ ရႊီခင္ေလးလို႔ မၾကားလီလားပုေယ…။


 (မ)  နားမၾကားေယာင္ ဟန္မေဆာင္

 ဘုန္းေမာင္လူေခ်ာ  

ေမာင္ေမာင္ေခၚစြာ မၾကားတၾကား…။


(ရမ္းၿဗဲနယ္မွ ရခိုင္ရိုးရာ ေက်းလက္ ဇမ္းကဗ်ာ)


 (တစ္) 


 ဝါးထရံကာထားေသာအိမ္တြင္းခန္းထဲမွ ကဗ်ာရြတ္

ဖတ္သံ တိုးတိုးညင္ညင္ကေလးကို ျပန္လည္ ၾကား လိုက္ရသျဖင့္ ကိုေက်ာ္စြာဟိန္း ရင္ထဲဒိန္းခနဲ႔အခုန္ျ

မန္သြားမိသည္။ ထို႔အျပင္ သူ ရြတ္ဖတ္လိုက္ေသာ ရခိုင္ ရိုးရာ “ဇမ္းကဗ်ာ” ကို အခ်က္က်က် ျပန္လည္ေ

ခ်ပႏိုင္ေသာ ငယ္သူငယ္ခ်င္းျဖစ္သူ ခိုင္သဇင္ ကို

လည္းေလး စားမိ၏။ သည္ေကာင္မေလးမဆိုးဟုေ

တြးရင္း ပါးစပ္မွ “ဟက္”ခနဲ႔ရယ္သံတစ္ခ်က္မ်ွပင္

ထြက္က်မိေသးသည္။ 


စင္စစ္ ကိုေက်ာ္စြာဟိန္း လူပ်ိဳလွၫ့္ရန္(ရည္းစားစကာ

းေျပာရန္) ေရာက္ရိွေနေသာမိန္းမပ်ိဳကေလးသည္ ၿမိဳ႔ ႄကၤိးျပၾကီးတြင္ ဆယ္စုႏွစ္တစ္ခုခန႔္မ်ွ ေနထိုင္လာ

ခဲ့သူတစ္ဦးျဖစ္၏။ ထို႔ေၾကာင့္လည္း မခိုင္သဇင္တစ္ေ

ယာက္ ရပ္ရြာဓေလ့ကို သိမွသိပါေလဦးမည္လားဟု ကိုေက်ာ္စြာဟိန္း က ေလ်ွာ့တြက္ထားခဲ့မိသည္။ သို႔ ေသာ္ သူ႔အ ထင္ႏွင့္ အျမင္မ်ား တက္တက္စင္ေအာင္

လြဲသြားခဲ့ရသည္။အသက္-၂၀ေက်ာ္အရြယ္ေခတ္ပညာ

တတ္ အပ်ိဳ ေခ်ာေလး ခိုင္သဇင္သည္ေက်းရြာလူပ်ိဳ

လွၫ့္ဓေလ့စရိုက္ႏွင့္ အံဝင္ကြင္က်ရိွေနရံုမ်ွမက ေရွးလူႀကီးသူမမ်ား စပ္ဆိုခဲ့ၾကေသာ ဇမ္း ကဗ်ာကိုပင္ ပိုင္ပိုင္ႏိုင္ႏိုင္ရြတ္ဆိုႏိုင္ေလသည္။  


 အခ်ိန္က ခုနစ္စင္ၾကယ္ အၿမႇီးေထာင္ခဲ့ၿပီ။ သန္

းေခါင္ၾကက္တြန္သံတခ်ိဳ႕ကို ဟိုမွ သည္မွ ၾကားရ၏။ တ ေပါင္းလဆန္း-၁၀ ရက္ေန့၏ ေငြလေရာင္ဝါၾကင္

ၾကင္ကေလးသည္ သံေခ်ာင္းေက်းရြာကေလးကို အျဖဴေရာင္ ဇာပုဝါပါးလႊမ္းၿခံဳထားသကဲ့သို႔ ရိွေန၏။ ကိုေက်ာ္စြာဟိန္း သည္ မခိုင္သဇင္၏ အိပ္ခန္းေ

ခါင္းရင္းမွ ထုတ္တန္း တစ္ခုေပၚတြင္ လံုခ်ည္တစ္

ထည္ကိုပုခက္ပံုသ႑ာန္တြဲခ်ည္၍ တြဲေလာင္းခ်

ထိုင္လ်ွက္ရိွေနသည္။ ခိုင္သဇင္ ၏ အခန္းထဲမွ ဖေယာင္းတိုင္မီးေရာင္ကေလးက ဝါးထရံကြက္မ်ား

ကိုေဖာက္ထြက္ကာ သူ႔ကိုယ္ေပၚသို႔ျဖာက်ေန သည္။ ဇန္နဝါရီေဆာင္းသည္ အေတာ္ပင္ ေအးစိမ့္လြန္းေန

သည္။ ရြာအျပင္ေတာတန္းမ်ားဆီမွ ညေလညင္းက ေလးမ်ားတခ်က္တခ်က္ျဖတ္တိုက္လာေသာအခါ ကိုေက်ာ္စြာဟိန္းတစ္ေယာက္ ေမးခိုက္ခိုက္တုန္မိ၏။ သို႔ ေသာ္ ေဆာင္းည၏အေအးဒဏ္ကို သူ မမႈႏို

င္ေခ်။ နံရံတစ္ဖက္ျခားမွ ခိုင္သဇင္ထံသို႔ ခ်စ္ခြင့္ပန္ေ

သာကဗ်ာ မ်ားကို မေမာတမ္းရြတ္ဖတ္ရင္းေလာကႀကီး

ကိုပင္ ေမ့ေလ်ွာ့ေနေတာ့သည္။ 


(ႏွစ္)


ရခိုင္လူမ်ိဳးတို႔သည္ ယဉ္ေက်းမႈ ဓေလ့ထံုးတမ္း ႏွင့္ စာေပအႏုပညာ႑တြင္ သမိုင္းအစဉ္အလာႀကီး မားခဲ့

ၾကေသာ လူမ်ိဳးတစ္မ်ိဳးျဖစ္သည္။တူညီေသာသမိုင္းႏွင့္ တူညီေသာရိုးရာယဉ္ေက်းမႈတို႔ကို ရခိုင္တစ္မ်ိဳးသား

လံုး တေျပးညီလက္ခံက်င့္သံုးလာခဲ့ၾကသည္။ သို႔ေ

သ္ာလက္ရိွအခ်ိန္တြင္ ရခိုင့္လူမ်ိဳးတို႔၏ ေခတ္အဆက္ ဆက္လက္ဆင့္ကမ္းသယ္ေဆာင္လာခဲ့ၾကေသာ ယဉ္ေ

က်းမႈဓေလ့ထံုးတမ္းစဉ္လာတခ်ိဳ႕သည္ ေမွးမိွန္ေပ်ာက္ ပ်က္ကိန္းႏွင့္ ႀကံဳေတြ့ေနၾကရသည္။ တခ်ိဳ႕ေသာ ရခိုင့္ရိုးရာဓေလ့စရိုက္မ်ားသည္ ေခတ္ကာလအေျခ

အေနအ ရ ေမွးမိွန္ကြယ္ေပ်ာက္သြားခဲ့ရၿပီးလည္း ျဖစ္သည္။ ေခတ္စနစ္ႏွင့္ လူမႈပတ္ဝန္းက်င္အတြက္ သဟစဇာတမျဖစ္ ေတာ့သၫ့္ အမူအက်င့္မ်ား ေမွး

မိွန္ပေပ်ာက္သြားျခင္း(သို႔မဟုတ္)ပယ္ဖ်က္ခံရျခင္းတို႔ကို အဆိုးမဆိုႏိုင္ေသာ္ ယဉ္ေက်းမႈအႏုပညာႏွင့္

သက္ဆိုင္ေသာ ရိုးရာဓေလ့မ်ား ေပ်ာက္ကြယ္ႂသြား

ခင္းမွာ ႏွေမ်ာစရာေကာင္းလွ၏။ 


ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴျမိဳ႔နယ္ထဲမွ သံေခ်ာင္းေ

က်းရြာသည္ ရခိုင္ရိုးရာထံုးတမ္းစဉ္လာတစ္ခုျဖစ္ ေသာ လူပ်ိဳလွၫ့္ျခင္း (လူပ်ိဳႏွင့္အပ်ိဳ ခ်စ္ေရးခ်စ္ရာ

စကားေျပာျခင္း) ဓေလ့ကို ရိုးရာမပ်က္ ထိန္းသိမ္း

ထားဆဲ ပင္ ျဖစ္သည္။ သံေခ်ာင္းေက်းရြာကေလး

သည္ ေက်ာက္ျဖဴျမိဳ႔ထဲမွ အေရ႔ွဖက္အရပ္ မိုင္-၃၀ ခန႔္အကြာတြင္ တည္ရိွသည္။ သံေခ်ာင္းေက်းရြာအုပ္စု

သည္ အမွတ္(၅)တိုက္နယ္ထဲတြင္ ပါဝင္ၿပီး သံေ

ခ်ာင္းေက်းရြာ၊ ေရခ်မ္း ျပင္ႏွင့္ အစိတ္ေတာင္ စေသ

ာေက်း ရြာ(၃) ရြာျဖင့္ ဖြဲ႔စည္းထားသည္။  အိမ္ေျခ-

၁၁၅ အိမ္ခန႔္ရိွေသာ ေက်းရြာ တစ္ရြာ ျဖစ္၏။ ရခိုင္ျပည္နယ္ထဲမွ ေက်းရြာအမ်ားစုတို႔တြင္ ရခိုင္ရိုးရာ

လူပ်ိဳလွၫ့္ျခင္းဓေလ့စရိုက္သည္ ေမွးမိွန္ ပေပ်ာက္ေန

ခဲ့ၿပီျဖစ္ေသာ္လည္း သံေခ်ာင္းေက်းရြာကေလးထဲ

တြင္ေတာ့ ထိုအေလ့အထကို ဆက္လက္ ထိန္း သိမ္းထားဆဲပင္ျဖစ္သည္။


(သံုး)


 “ လူပ်ိဳလွၫ့္တဲ့ ရိုးရာဓေလ့တစ္ခုကို ကြၽန္မတို

့ေက်းရြာမွာ အခုအခ်ိန္ထိတိုင္ ထိမ္းသိမ္းထား

တာေတာ့ မွန္ပါတယ္… ဒါေပမယ့္… ဒီဘက္ေခတ္မွာ လက္ကိုင္ဖုန္းေတြကို ကိုယ္စီကိုယ္စီကိုင္ႏိုင္ၾက

တာဆိုေတာ့ ဟိုအရင္ တုန္းကလိုမ်ိဳး ကိုယ္သေဘာ

က်တဲ့သူကို လူပ်ိဳေခါင္းေဆာင္ေတြဆီ ခြင့္ေတာင္းၿပီး စကားေျပာၾကတာမ်ိဳးက နည္း လာပါတယ္… . ရံဖန္ရံခါေလာက္ပဲ ရိွေတာ့တယ္… ဒါေပမယ့္ အစဉ္အာအရေတာ့ ဒီဓေလ့က ..ကြၽန္မတို႔ရြာ မွာ ရိွေနဆဲပါပဲ….”


 ေက်ာက္ျဖဴျမိဳ႔နယ္၊ သံေခ်ာင္းေက်းရြာမွ အပ်ိဳေခါင္

းေဆာင္ မလွမိုးၾကည္ ေျပာျပေသာစကားမ်ားပင္ ျဖစ္သည္။ လက္ရိွအခ်ိန္တြင္ ေက်းရြာထဲမွ လူပ်ိဳႏွင့္ အပ်ိဳ အမ်ားစုသည္ ဘ၀တိုးတက္လမ္းႏွင့္ အလုပ္

အကိုင္ အခြင့္အလန္းမ်ားရိွရာ ၿမိဳ႔ႀကီဴးမ်ားသို႔ ေရႊ

့ေျပာင္းမႈႏႈံးမ်ားျပားလာသျဖင့္ လူပ်ိဳအပ်ိဳ ရွားပါးျခင္ျး

ပသနာမ်ား ရိွ လာေနေၾကာင္းဆိုသည္။ သို႔ေသာ္ သံေခ်ာင္းေက်းရြာထဲတြင္ အပ်ိဳလူပ်ိဳအဖြဲ႔ကို အစဉ္

အၿမဲ ဖြဲ႔စည္းထား ေၾကာင္းႏွင့္ ထိုအပ်ိဳလူပ်ိဳအဖြဲ႔မွ ေက်းရြာ၏ သာေရးနာေရးႏွင့္ ရပ္ေရးရြာေရးကိစၥအ

၀၀တို႔ကို ဦးစီးဦးေဆာင္ ကူညီေပးရေလ့ရိွေၾကာင္း ဆိုသည္။ 


 ရခိုင္လူမ်ိဳးတို႔တြင္ ေက်းလက္ေနျပည္သူအမ်ား

စုသည္ ေက်းရြာ၏လိုအပ္ခ်က္အရ အပ်ိဳလူပ်ိဳအဖြဲ႔ကို ဖြဲ႔စည္းထားေလ့ရိွၾကသည္။ ထိုအပ်ိဳလူပ်ိဳအဖြဲ႔ကို လူထုမွေရြးခ်ယ္တင္ေျမႇာက္ထားေသာ အပ်ိဳႀကီးႏွင့္ လူပ်ိဳ ႀကီး ေခါင္းေဆာင္ႏွစ္ဦးကအုပ္ခ်ဳပ္ရသည္။ ေက်းရြာမွ အရြယ္ေရာက္လာေသာ ေယာက္်ားေလးႏွင့္ မိန္းကေလး မ်ားသည္ အလိုအေလ်ွာက္လူပ်ိဳအပ်ိဳ

အဖြဲ႔ဝင္မ်ား ျဖစ္ၾကသည္။ လူပ်ိဳလွၫ့္ျခင္းဓေလ့

ရိွေသာေက်းရြာမ်ားတြင္ လူပ်ိဳေခါင္းေဆာင္ႏွင့္ အပ်ိဳေ

ခါင္းေဆာင္တို႔က အခရာက်လွသည္။ တနယ္တေက်း

မွ ဧၫ့္သည္အာဂႏၲုျဖစ္ေစ၊ မိမိတို႔ေက်းရြာသားအ

ခ်င္းခ်င္းျဖစ္ေစ လူပ်ိဳတစ္ဦးက အပ်ိဳတစ္ဦးကို ခ်စ္

ခြင့္ပန္လိုပါက လူပ်ိဳေခါင္းေဆာင္ ထံ တြင္ စကာ

းေျပာခြင့္ေတာင္းခံရသည္။ လူပ်ိဳေခါင္းေဆာင္က အပ်ိဳေခါင္းေဆာင္ႏွင့္ ၫွိႏိႈင္းတိုင္ပင္ကာ အဆင္ ေျပေအာင္စီစဉ္ေပးရသည္။ 


(ေလး)


 “ ကြၽန္ေတာ္တို႔ရြာမွာေတာ့ လူပ်ိဳလွၫ့္တဲ့စနစ္ကို “ေအာက္တြဲ” စနစ္လို႔ ေခၚပါတယ္… ေအာက္တြဲ ဆို တာ လူပ်ိဳက သူစကားေျပာမယ့္အပ်ိဳရဲ့ အိပ္ခန္းေ

အာက္ကေန ခိုတြဲၿပီးေတာ့  စကားေျပာရတဲ့အတြက္ တြင္လာ တဲ့နာမည္ပါ…  မိန္းကေလးက အိမ္ေပၚ

မွာ… ေယာက္်ားေလးက အိမ္ေအာက္မွာေပါ့…တစ္ေ

ယာက္ကိုတစ္ ေယာက္ မျမင္ရပါဘူး… အသံကိုပဲ ၾကားၾကရပါတယ္…”


 သံေခ်ာင္းေက်းရြ႕ာမွ လူပ်ိဳေခါင္းေဆာင္ ကိုေက်ာ္စြာ

ဟိန္း ေျပာျပေသာ စကားမ်ားပင္ ျဖစ္သည္။ လူ ပ်ိႈလွည္ွ႔မၫ့္ အမ်ိဳးသားသည္ လူေျခတိတ္ေသာ ညဆယ့္တစ္နာရီခန႔္အခ်ိန္တြင္ သူစကားေျပာမၫ့္ အမ်ိဳး သမီး၏ေနအိမ္သို႔သြားရသည္။ အမ်ိဳးသမီး

အိပ္ေပ်ာ္ေနခိုက္ႏွင့္ႀကံဳပါက ၾကမ္းခင္းၾကားမွ တုတ္ေ

ခ်ာင္းကေလး ျဖင့္ထိုးကာလႈပ္ႏိႈးၿပီး စကားေျပာ

ရျခင္းျဖစ္သည္။ အပ်ိဳ၏ေနအိမ္သည္ အိမ္အနိမ္ျ့

ဖစ္ပါက အမ်ိဳးသားအတြက္ သက္ေတာင့္သက္သာ

အေနအထားျဖင့္ စကားေျပာႏိုင္သည္။ အပ်ိဳအမ်ိဳး

သမီး၏ ေနအိမ္မွာ ေျခတံရွည္အျမင့္ ျဖစ္ေနပါက စကားေျပာမၫ့္အမ်ိဳးသားသည္ သူ႔တြင္ပါလာေသာ လံုျခည္ကိုအမ်ိဳးသမီး၏ အိပ္ခန္းေခါင္းရင္းမွ ထုတ္

တန္းေပၚတြင္ ပုခက္ပံုစံတြဲခ်ည္ၿပီး ထိုပုခက္ေပၚတြင္ တြဲလဲခိုကာ စကားေျပာရသည္။ တခ်ိဳ႕ အပ်ိဳမ်ား၏ ေနအိမ္မ်ားသည္ အလြန္ျမင့္မားသျဖင့္ ေလွကား

ရွည္ႀကီးမ်ားေထာင္၍ စကားေျပာရသည္မ်ားပင္ ရိွ၏။ 

 

 ရခိုင္ျပည္နယ္အႏွံ႔တြင္ အပ်ိဳလူပ်ိဳလွၫ့္ေသာဓေလ့

ကို ေက်းရြာအမ်ားစုက က်င့္သံုးၾကသည္။ သို႔ ေသာ္ တေနရာႏွင့္တစ္ေနရာ မတူညီၾကေခ်။ ေက်ာက္ျဖဴ

အပါအ၀င္ ရမ္းၿဗဲကြၽန္းဖက္တြင္ ေအာက္တြဲနည္းကို အသံုးျပဳၾကသည္။ မာန္ေအာင္ကြၽန္းတြင္မူ လူပ်ိဳ

လွၫ့္ျခင္းကို ေဒသႏၲရစကားအရ (ေရးစားေျပာ= ရည္းစားစ ကားေျပာျခင္း) ဟုေခၚသည္။ လူပ်ိဳေခါင္း

ႏွင့္ အပ်ိဳေခါင္းမွစီစဉ္ေပးေသာ အိမ္တစ္အိမ္တြင္ စကားေျပာၾကရျခင္း ျဖစ္သည္။ ေယာက္်ားေလးႏွင့္ မိန္းကေလးကို ထရံတစ္ခ်ပ္ျခားထားသည္။ စကာ

းေျပာေနစဉ္တြင္ လူပ်ိဳအပ်ိဳ မ်ားက ခပ္လွမ္းလွမ္းမွ အရိပ္အေျခၾကၫ့္ရင္း ေစာင့္ေနပးၾကရသည္။ 


အရြယ္ေရာက္ာေသာမိန္းကေလးငယ္တစ္ဦးသည္ အပ်ိဳလူပ်ိဳေခါင္းေဆာင္မွတဆင့္ စကားေျပာရန္ခြင့္ ေတာင္းလာပါက မည္သူ႔ကိုမဆို ၀တ္ေက်တမ္းေက် စကားေျပာေပးၾကရသည္။ တစ္ဖက္လူ စိတ္ၿငိဳျငင္ေစ

မၫ့္ ကိုယ္ႏႈတ္အမူအရာ ရိုင္းစိုင္းစြာေျပာဆိုက္ႀဆံ

ခင္းမ်ားကို ေရွာင္ရွားၾကရသည္။ ေရွးယခင္က ရခိုင္ဘိုးေဘးဘီ ဘင္တို႔ လူပ်ိဳအပ်ိဳစကားေျပာၾက

ရာတြင္ စကားထာမ်ား၊ ေက်းလက္ကဗ်ာမ်ား၊ ေတးသီ

ခ်င္းမ်ားျဖင့္ အႏုပညာ ရသေျမာက္စြာ ေျပာဆိုျခင္းမ်ား

ရိွခဲ့ေၾကာင္း ဆိုသည္။ ရမ္းၿဗဲနယ္ဖက္တြင္ေတာ့ လက္တန္းရြတ္ဆိုရေသာ ဇမ္း ကဗ်ာအမ်ိဳးအစားသည္ လူပ်ိဳလွၫ့္ကဗ်ာအျဖစ္ ထင္ရွားသည္။ ထိုအခါက ရခိုင္ရိုးရာလူပ်ိဳလွၫ့္ျခင္းဓေလ့သည္ ရခိုင္လူမ်ိဳးတို႔၏ စာေပအဆင့္အတန္းကို ျပသႏိုင္ခဲ့ေသာ ဓေလ့တစ္

ခုျဖဟစ္ေၾကာင္း ဆိုရမည္ ျဖစ္သည္။ 


 (ငါး) 


 `မိုးလင္းၾကယ္ႀကီး ..

ေရာင္ျဖဴလာ ထြက္ခါနီးလို႔ 

ၾကက္ႀကီးလည္းတြန္ မိုးေသာက္ယံ 

ေမာင္ျပန္ဖို႔ယာ….။´ 


လင္းၾကက္တြန္သံႏွင့္အတူ ရြာဦးဘုန္းေတာ္ႀကီးေ

က်ာင္းမွ အုန္းေမာင္းေခါက္သံ ေလးခ်က္ကို ၾကားရ သည္။ ကိုေက်ာ္စြာဟိန္း တစ္ေယာက္ ခိုင္သဇင္ အတြက္ ႏႈတ္ဆက္ကဗ်ာတစ္ပိုဒ္ကိုရြတ္လိုက္ၿပီးေနာက္ လံု ခ်ည္ပုခက္တြင္းမွ ေျမ ႀကီးေပၚသို႔ ညင္သာစြာ ခုန္ဆင္းလိုက္၏။  သူ၏ ႏႈတ္ဆက္ကဗ်ာႏွင့္ မေရွး

မေနွာင္းတြင္ ခိုင္သဇင္၏ ကဗ်ာရြတ္သံကေလးက ၾကည္ၾကည္ရႊန္းရြန္းကေလး ကပ္ပါလာ၏။ 


ေငြလသာေသာညအခ်ိန္တြင္ လာခဲ့ပါ။ သည္တစ္ခါ

လာလ်ွင္ ျပန္မလႊတ္ေတာ့ပဲ အပိုင္သိမ္းပိုက္လိုက္ေ

တာ့ မည္ဟုအဓိပၸါယ္ရေသာ အရႊန္း ေဖာက္ကဗ်ာ

သံကိုၾကားရသျဖင့္ ကိုေက်ာ္စြာဟိန္းတစ္ေယာက္ ေက်နပ္စြာၿပံဳးလိုက္မိေလေတာ့သည္။ 


`လပေကာင္းယာ..ေတာက္လီယာ

လာရာလာလတ္ ျပန္မလႊတ္ပါ ေမာင္းေမာင္။´ ။


Crd-ရကၡ