[Unicode]ချစ်စရာ့ လူပျိုလှည့်ခြင်း ဓလေ့
============
ရက္ခ
News Watch Journal
အတွဲ.၁၄.အမှတ်.၄၈(၁၅.၂.၂၀၂၀ ထုတ်)
(ကျား) တစ်ခွန်းခေါ်လေ့ ခေါ်လို့ မထူး
နှစ်ခွန်းခေါ်လေ့ ခေါ်လို့ မထူး
ရွှီနားပြင်မာ ရွှီခင်လေးလို့ မကြားလီလားပုယေ…။
(မ) နားမကြားယောင် ဟန်မဆောင်
ဘုန်းမောင်လူချော
မောင်မောင်ခေါ်စွာ မကြားတကြား…။
(ရမ်းဗြဲနယ်မှ ရခိုင်ရိုးရာ ကျေးလက် ဇမ်းကဗျာ)
(တစ်)
ဝါးထရံကာထားသောအိမ်တွင်းခန်းထဲမှ ကဗျာရွတ်
ဖတ်သံ တိုးတိုးညင်ညင်ကလေးကို ပြန်လည် ကြား လိုက်ရသဖြင့် ကိုကျော်စွာဟိန်း ရင်ထဲဒိန်းခနဲ့အခုန်ြ
မန်သွားမိသည်။ ထို့အပြင် သူ ရွတ်ဖတ်လိုက်သော ရခိုင် ရိုးရာ “ဇမ်းကဗျာ” ကို အချက်ကျကျ ပြန်လည်ေ
ချပနိုင်သော ငယ်သူငယ်ချင်းဖြစ်သူ ခိုင်သဇင် ကို
လည်းလေး စားမိ၏။ သည်ကောင်မလေးမဆိုးဟုေ
တွးရင်း ပါးစပ်မှ “ဟက်”ခနဲ့ရယ်သံတစ်ချက်မျှပင်
ထွက်ကျမိသေးသည်။
စင်စစ် ကိုကျော်စွာဟိန်း လူပျိုလှည့်ရန်(ရည်းစားစကာ
းပြောရန်) ရောက်ရှိနေသောမိန်းမပျိုကလေးသည် မြို့ င်္ကြိးပြကြီးတွင် ဆယ်စုနှစ်တစ်ခုခန့်မျှ နေထိုင်လာ
ခဲ့သူတစ်ဦးဖြစ်၏။ ထို့ကြောင့်လည်း မခိုင်သဇင်တစ်ေ
ယာက် ရပ်ရွာဓလေ့ကို သိမှသိပါလေဦးမည်လားဟု ကိုကျော်စွာဟိန်း က လျှော့တွက်ထားခဲ့မိသည်။ သို့ သော် သူ့အ ထင်နှင့် အမြင်များ တက်တက်စင်အောင်
လွဲသွားခဲ့ရသည်။အသက်-၂၀ကျော်အရွယ်ခေတ်ပညာ
တတ် အပျို ချောလေး ခိုင်သဇင်သည်ကျေးရွာလူပျို
လှည့်ဓလေ့စရိုက်နှင့် အံဝင်ကွင်ကျရှိနေရုံမျှမက ရှေးလူကြီးသူမများ စပ်ဆိုခဲ့ကြသော ဇမ်း ကဗျာကိုပင် ပိုင်ပိုင်နိုင်နိုင်ရွတ်ဆိုနိုင်လေသည်။
အချိန်က ခုနစ်စင်ကြယ် အမြှီးထောင်ခဲ့ပြီ။ သန်
းခေါင်ကြက်တွန်သံတချို့ကို ဟိုမှ သည်မှ ကြားရ၏။ တ ပေါင်းလဆန်း-၁၀ ရက်နေ့၏ ငွေလရောင်ဝါကြင်
ကြင်ကလေးသည် သံချောင်းကျေးရွာကလေးကို အဖြူရောင် ဇာပုဝါပါးလွှမ်းခြုံထားသကဲ့သို့ ရှိနေ၏။ ကိုကျော်စွာဟိန်း သည် မခိုင်သဇင်၏ အိပ်ခန်းေ
ခါင်းရင်းမှ ထုတ်တန်း တစ်ခုပေါ်တွင် လုံချည်တစ်
ထည်ကိုပုခက်ပုံသဏ္ဍာန်တွဲချည်၍ တွဲလောင်းချ
ထိုင်လျှက်ရှိနေသည်။ ခိုင်သဇင် ၏ အခန်းထဲမှ ဖယောင်းတိုင်မီးရောင်ကလေးက ဝါးထရံကွက်များ
ကိုဖောက်ထွက်ကာ သူ့ကိုယ်ပေါ်သို့ဖြာကျနေ သည်။ ဇန်နဝါရီဆောင်းသည် အတော်ပင် အေးစိမ့်လွန်းနေ
သည်။ ရွာအပြင်တောတန်းများဆီမှ ညလေညင်းက လေးများတချက်တချက်ဖြတ်တိုက်လာသောအခါ ကိုကျော်စွာဟိန်းတစ်ယောက် မေးခိုက်ခိုက်တုန်မိ၏။ သို့ သော် ဆောင်းည၏အအေးဒဏ်ကို သူ မမှုနို
င်ချေ။ နံရံတစ်ဖက်ခြားမှ ခိုင်သဇင်ထံသို့ ချစ်ခွင့်ပန်ေ
သာကဗျာ များကို မမောတမ်းရွတ်ဖတ်ရင်းလောကကြီး
ကိုပင် မေ့လျှော့နေတော့သည်။
(နှစ်)
ရခိုင်လူမျိုးတို့သည် ယဉ်ကျေးမှု ဓလေ့ထုံးတမ်း နှင့် စာပေအနုပညာဏ္ဍတွင် သမိုင်းအစဉ်အလာကြီး မားခဲ့
ကြသော လူမျိုးတစ်မျိုးဖြစ်သည်။တူညီသောသမိုင်းနှင့် တူညီသောရိုးရာယဉ်ကျေးမှုတို့ကို ရခိုင်တစ်မျိုးသား
လုံး တပြေးညီလက်ခံကျင့်သုံးလာခဲ့ကြသည်။ သို့ေ
သ်ာလက်ရှိအချိန်တွင် ရခိုင့်လူမျိုးတို့၏ ခေတ်အဆက် ဆက်လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြသော ယဉ်ေ
ကျးမှုဓလေ့ထုံးတမ်းစဉ်လာတချို့သည် မှေးမှိန်ပျောက် ပျက်ကိန်းနှင့် ကြုံတွေ့နေကြရသည်။ တချို့သော ရခိုင့်ရိုးရာဓလေ့စရိုက်များသည် ခေတ်ကာလအခြေ
အနေအ ရ မှေးမှိန်ကွယ်ပျောက်သွားခဲ့ရပြီးလည်း ဖြစ်သည်။ ခေတ်စနစ်နှင့် လူမှုပတ်ဝန်းကျင်အတွက် သဟစဇာတမဖြစ် တော့သည့် အမူအကျင့်များ မှေး
မှိန်ပပျောက်သွားခြင်း(သို့မဟုတ်)ပယ်ဖျက်ခံရခြင်းတို့ကို အဆိုးမဆိုနိုင်သော် ယဉ်ကျေးမှုအနုပညာနှင့်
သက်ဆိုင်သော ရိုးရာဓလေ့များ ပျောက်ကွယ်သြွား
ခင်းမှာ နှမျောစရာကောင်းလှ၏။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ထဲမှ သံချောင်းေ
ကျးရွာသည် ရခိုင်ရိုးရာထုံးတမ်းစဉ်လာတစ်ခုဖြစ် သော လူပျိုလှည့်ခြင်း (လူပျိုနှင့်အပျို ချစ်ရေးချစ်ရာ
စကားပြောခြင်း) ဓလေ့ကို ရိုးရာမပျက် ထိန်းသိမ်း
ထားဆဲ ပင် ဖြစ်သည်။ သံချောင်းကျေးရွာကလေး
သည် ကျောက်ဖြူမြို့ထဲမှ အရှေ့ဖက်အရပ် မိုင်-၃၀ ခန့်အကွာတွင် တည်ရှိသည်။ သံချောင်းကျေးရွာအုပ်စု
သည် အမှတ်(၅)တိုက်နယ်ထဲတွင် ပါဝင်ပြီး သံေ
ချာင်းကျေးရွာ၊ ရေချမ်း ပြင်နှင့် အစိတ်တောင် စသေ
ာကျေး ရွာ(၃) ရွာဖြင့် ဖွဲ့စည်းထားသည်။ အိမ်ခြေ-
၁၁၅ အိမ်ခန့်ရှိသော ကျေးရွာ တစ်ရွာ ဖြစ်၏။ ရခိုင်ပြည်နယ်ထဲမှ ကျေးရွာအများစုတို့တွင် ရခိုင်ရိုးရာ
လူပျိုလှည့်ခြင်းဓလေ့စရိုက်သည် မှေးမှိန် ပပျောက်နေ
ခဲ့ပြီဖြစ်သော်လည်း သံချောင်းကျေးရွာကလေးထဲ
တွင်တော့ ထိုအလေ့အထကို ဆက်လက် ထိန်း သိမ်းထားဆဲပင်ဖြစ်သည်။
(သုံး)
“ လူပျိုလှည့်တဲ့ ရိုးရာဓလေ့တစ်ခုကို ကျွန်မတို
့ကျေးရွာမှာ အခုအချိန်ထိတိုင် ထိမ်းသိမ်းထား
တာတော့ မှန်ပါတယ်… ဒါပေမယ့်… ဒီဘက်ခေတ်မှာ လက်ကိုင်ဖုန်းတွေကို ကိုယ်စီကိုယ်စီကိုင်နိုင်ကြ
တာဆိုတော့ ဟိုအရင် တုန်းကလိုမျိုး ကိုယ်သဘော
ကျတဲ့သူကို လူပျိုခေါင်းဆောင်တွေဆီ ခွင့်တောင်းပြီး စကားပြောကြတာမျိုးက နည်း လာပါတယ်… . ရံဖန်ရံခါလောက်ပဲ ရှိတော့တယ်… ဒါပေမယ့် အစဉ်အာအရတော့ ဒီဓလေ့က ..ကျွန်မတို့ရွာ မှာ ရှိနေဆဲပါပဲ….”
ကျောက်ဖြူမြို့နယ်၊ သံချောင်းကျေးရွာမှ အပျိုခေါင်
းဆောင် မလှမိုးကြည် ပြောပြသောစကားများပင် ဖြစ်သည်။ လက်ရှိအချိန်တွင် ကျေးရွာထဲမှ လူပျိုနှင့် အပျို အများစုသည် ဘ၀တိုးတက်လမ်းနှင့် အလုပ်
အကိုင် အခွင့်အလန်းများရှိရာ မြို့ကြီူးများသို့ ရွှေ
့ပြောင်းမှုနှုံးများပြားလာသဖြင့် လူပျိုအပျို ရှားပါးခြင်ြး
ပသနာများ ရှိ လာနေကြောင်းဆိုသည်။ သို့သော် သံချောင်းကျေးရွာထဲတွင် အပျိုလူပျိုအဖွဲ့ကို အစဉ်
အမြဲ ဖွဲ့စည်းထား ကြောင်းနှင့် ထိုအပျိုလူပျိုအဖွဲ့မှ ကျေးရွာ၏ သာရေးနာရေးနှင့် ရပ်ရေးရွာရေးကိစ္စအ
၀၀တို့ကို ဦးစီးဦးဆောင် ကူညီပေးရလေ့ရှိကြောင်း ဆိုသည်။
ရခိုင်လူမျိုးတို့တွင် ကျေးလက်နေပြည်သူအများ
စုသည် ကျေးရွာ၏လိုအပ်ချက်အရ အပျိုလူပျိုအဖွဲ့ကို ဖွဲ့စည်းထားလေ့ရှိကြသည်။ ထိုအပျိုလူပျိုအဖွဲ့ကို လူထုမှရွေးချယ်တင်မြှောက်ထားသော အပျိုကြီးနှင့် လူပျို ကြီး ခေါင်းဆောင်နှစ်ဦးကအုပ်ချုပ်ရသည်။ ကျေးရွာမှ အရွယ်ရောက်လာသော ယောက်ျားလေးနှင့် မိန်းကလေး များသည် အလိုအလျှောက်လူပျိုအပျို
အဖွဲ့ဝင်များ ဖြစ်ကြသည်။ လူပျိုလှည့်ခြင်းဓလေ့
ရှိသောကျေးရွာများတွင် လူပျိုခေါင်းဆောင်နှင့် အပျိုေ
ခါင်းဆောင်တို့က အခရာကျလှသည်။ တနယ်တကျေး
မှ ဧည့်သည်အာဂန္တုဖြစ်စေ၊ မိမိတို့ကျေးရွာသားအ
ချင်းချင်းဖြစ်စေ လူပျိုတစ်ဦးက အပျိုတစ်ဦးကို ချစ်
ခွင့်ပန်လိုပါက လူပျိုခေါင်းဆောင် ထံ တွင် စကာ
းပြောခွင့်တောင်းခံရသည်။ လူပျိုခေါင်းဆောင်က အပျိုခေါင်းဆောင်နှင့် ညှိနှိုင်းတိုင်ပင်ကာ အဆင် ပြေအောင်စီစဉ်ပေးရသည်။
(လေး)
“ ကျွန်တော်တို့ရွာမှာတော့ လူပျိုလှည့်တဲ့စနစ်ကို “အောက်တွဲ” စနစ်လို့ ခေါ်ပါတယ်… အောက်တွဲ ဆို တာ လူပျိုက သူစကားပြောမယ့်အပျိုရဲ့ အိပ်ခန်းေ
အာက်ကနေ ခိုတွဲပြီးတော့ စကားပြောရတဲ့အတွက် တွင်လာ တဲ့နာမည်ပါ… မိန်းကလေးက အိမ်ပေါ်
မှာ… ယောက်ျားလေးက အိမ်အောက်မှာပေါ့…တစ်ေ
ယာက်ကိုတစ် ယောက် မမြင်ရပါဘူး… အသံကိုပဲ ကြားကြရပါတယ်…”
သံချောင်းကျေးရွ့ာမှ လူပျိုခေါင်းဆောင် ကိုကျော်စွာ
ဟိန်း ပြောပြသော စကားများပင် ဖြစ်သည်။ လူ ပျှိုလှည်ှ့မည့် အမျိုးသားသည် လူခြေတိတ်သော ညဆယ့်တစ်နာရီခန့်အချိန်တွင် သူစကားပြောမည့် အမျိုး သမီး၏နေအိမ်သို့သွားရသည်။ အမျိုးသမီး
အိပ်ပျော်နေခိုက်နှင့်ကြုံပါက ကြမ်းခင်းကြားမှ တုတ်ေ
ချာင်းကလေး ဖြင့်ထိုးကာလှုပ်နှိုးပြီး စကားပြော
ရခြင်းဖြစ်သည်။ အပျို၏နေအိမ်သည် အိမ်အနိမ်ြ့
ဖစ်ပါက အမျိုးသားအတွက် သက်တောင့်သက်သာ
အနေအထားဖြင့် စကားပြောနိုင်သည်။ အပျိုအမျိုး
သမီး၏ နေအိမ်မှာ ခြေတံရှည်အမြင့် ဖြစ်နေပါက စကားပြောမည့်အမျိုးသားသည် သူ့တွင်ပါလာသော လုံခြည်ကိုအမျိုးသမီး၏ အိပ်ခန်းခေါင်းရင်းမှ ထုတ်
တန်းပေါ်တွင် ပုခက်ပုံစံတွဲချည်ပြီး ထိုပုခက်ပေါ်တွင် တွဲလဲခိုကာ စကားပြောရသည်။ တချို့ အပျိုများ၏ နေအိမ်များသည် အလွန်မြင့်မားသဖြင့် လှေကား
ရှည်ကြီးများထောင်၍ စကားပြောရသည်များပင် ရှိ၏။
ရခိုင်ပြည်နယ်အနှံ့တွင် အပျိုလူပျိုလှည့်သောဓလေ့
ကို ကျေးရွာအများစုက ကျင့်သုံးကြသည်။ သို့ သော် တနေရာနှင့်တစ်နေရာ မတူညီကြချေ။ ကျောက်ဖြူ
အပါအ၀င် ရမ်းဗြဲကျွန်းဖက်တွင် အောက်တွဲနည်းကို အသုံးပြုကြသည်။ မာန်အောင်ကျွန်းတွင်မူ လူပျို
လှည့်ခြင်းကို ဒေသန္တရစကားအရ (ရေးစားပြော= ရည်းစားစ ကားပြောခြင်း) ဟုခေါ်သည်။ လူပျိုခေါင်း
နှင့် အပျိုခေါင်းမှစီစဉ်ပေးသော အိမ်တစ်အိမ်တွင် စကားပြောကြရခြင်း ဖြစ်သည်။ ယောက်ျားလေးနှင့် မိန်းကလေးကို ထရံတစ်ချပ်ခြားထားသည်။ စကာ
းပြောနေစဉ်တွင် လူပျိုအပျို များက ခပ်လှမ်းလှမ်းမှ အရိပ်အခြေကြည့်ရင်း စောင့်နေပးကြရသည်။
အရွယ်ရောက်ာသောမိန်းကလေးငယ်တစ်ဦးသည် အပျိုလူပျိုခေါင်းဆောင်မှတဆင့် စကားပြောရန်ခွင့် တောင်းလာပါက မည်သူ့ကိုမဆို ၀တ်ကျေတမ်းကျေ စကားပြောပေးကြရသည်။ တစ်ဖက်လူ စိတ်ငြိုငြင်စေ
မည့် ကိုယ်နှုတ်အမူအရာ ရိုင်းစိုင်းစွာပြောဆိုက်ဆြံ
ခင်းများကို ရှောင်ရှားကြရသည်။ ရှေးယခင်က ရခိုင်ဘိုးဘေးဘီ ဘင်တို့ လူပျိုအပျိုစကားပြောကြ
ရာတွင် စကားထာများ၊ ကျေးလက်ကဗျာများ၊ တေးသီ
ချင်းများဖြင့် အနုပညာ ရသမြောက်စွာ ပြောဆိုခြင်းများ
ရှိခဲ့ကြောင်း ဆိုသည်။ ရမ်းဗြဲနယ်ဖက်တွင်တော့ လက်တန်းရွတ်ဆိုရသော ဇမ်း ကဗျာအမျိုးအစားသည် လူပျိုလှည့်ကဗျာအဖြစ် ထင်ရှားသည်။ ထိုအခါက ရခိုင်ရိုးရာလူပျိုလှည့်ခြင်းဓလေ့သည် ရခိုင်လူမျိုးတို့၏ စာပေအဆင့်အတန်းကို ပြသနိုင်ခဲ့သော ဓလေ့တစ်
ခုဖြဟစ်ကြောင်း ဆိုရမည် ဖြစ်သည်။
(ငါး)
`မိုးလင်းကြယ်ကြီး ..
ရောင်ဖြူလာ ထွက်ခါနီးလို့
ကြက်ကြီးလည်းတွန် မိုးသောက်ယံ
မောင်ပြန်ဖို့ယာ….။´
လင်းကြက်တွန်သံနှင့်အတူ ရွာဦးဘုန်းတော်ကြီးေ
ကျာင်းမှ အုန်းမောင်းခေါက်သံ လေးချက်ကို ကြားရ သည်။ ကိုကျော်စွာဟိန်း တစ်ယောက် ခိုင်သဇင် အတွက် နှုတ်ဆက်ကဗျာတစ်ပိုဒ်ကိုရွတ်လိုက်ပြီးနောက် လုံ ချည်ပုခက်တွင်းမှ မြေ ကြီးပေါ်သို့ ညင်သာစွာ ခုန်ဆင်းလိုက်၏။ သူ၏ နှုတ်ဆက်ကဗျာနှင့် မရှေး
မနှောင်းတွင် ခိုင်သဇင်၏ ကဗျာရွတ်သံကလေးက ကြည်ကြည်ရွှန်းရွန်းကလေး ကပ်ပါလာ၏။
ငွေလသာသောညအချိန်တွင် လာခဲ့ပါ။ သည်တစ်ခါ
လာလျှင် ပြန်မလွှတ်တော့ပဲ အပိုင်သိမ်းပိုက်လိုက်ေ
တာ့ မည်ဟုအဓိပ္ပါယ်ရသော အရွှန်း ဖောက်ကဗျာ
သံကိုကြားရသဖြင့် ကိုကျော်စွာဟိန်းတစ်ယောက် ကျေနပ်စွာပြုံးလိုက်မိလေတော့သည်။
`လပကောင်းယာ..တောက်လီယာ
လာရာလာလတ် ပြန်မလွှတ်ပါ မောင်းမောင်။´ ။
Crd-ရက္ခ
[Zawgyi]ခ်စ္စရာ့ လူပ်ိဳလွၫ့္ျခင္း ဓေလ့
============
ရကၡ
News Watch Journal
အတြဲ.၁၄.အမွတ္.၄၈(၁၅.၂.၂၀၂၀ ထုတ္)
(က်ား) တစ္ခြန္းေခၚေလ့ ေခၚလို႔ မထူး
ႏွစ္ခြန္းေခၚေလ့ ေခၚလို႔ မထူး
ရႊီနားျပင္မာ ရႊီခင္ေလးလို႔ မၾကားလီလားပုေယ…။
(မ) နားမၾကားေယာင္ ဟန္မေဆာင္
ဘုန္းေမာင္လူေခ်ာ
ေမာင္ေမာင္ေခၚစြာ မၾကားတၾကား…။
(ရမ္းၿဗဲနယ္မွ ရခိုင္ရိုးရာ ေက်းလက္ ဇမ္းကဗ်ာ)
(တစ္)
ဝါးထရံကာထားေသာအိမ္တြင္းခန္းထဲမွ ကဗ်ာရြတ္
ဖတ္သံ တိုးတိုးညင္ညင္ကေလးကို ျပန္လည္ ၾကား လိုက္ရသျဖင့္ ကိုေက်ာ္စြာဟိန္း ရင္ထဲဒိန္းခနဲ႔အခုန္ျ
မန္သြားမိသည္။ ထို႔အျပင္ သူ ရြတ္ဖတ္လိုက္ေသာ ရခိုင္ ရိုးရာ “ဇမ္းကဗ်ာ” ကို အခ်က္က်က် ျပန္လည္ေ
ခ်ပႏိုင္ေသာ ငယ္သူငယ္ခ်င္းျဖစ္သူ ခိုင္သဇင္ ကို
လည္းေလး စားမိ၏။ သည္ေကာင္မေလးမဆိုးဟုေ
တြးရင္း ပါးစပ္မွ “ဟက္”ခနဲ႔ရယ္သံတစ္ခ်က္မ်ွပင္
ထြက္က်မိေသးသည္။
စင္စစ္ ကိုေက်ာ္စြာဟိန္း လူပ်ိဳလွၫ့္ရန္(ရည္းစားစကာ
းေျပာရန္) ေရာက္ရိွေနေသာမိန္းမပ်ိဳကေလးသည္ ၿမိဳ႔ ႄကၤိးျပၾကီးတြင္ ဆယ္စုႏွစ္တစ္ခုခန႔္မ်ွ ေနထိုင္လာ
ခဲ့သူတစ္ဦးျဖစ္၏။ ထို႔ေၾကာင့္လည္း မခိုင္သဇင္တစ္ေ
ယာက္ ရပ္ရြာဓေလ့ကို သိမွသိပါေလဦးမည္လားဟု ကိုေက်ာ္စြာဟိန္း က ေလ်ွာ့တြက္ထားခဲ့မိသည္။ သို႔ ေသာ္ သူ႔အ ထင္ႏွင့္ အျမင္မ်ား တက္တက္စင္ေအာင္
လြဲသြားခဲ့ရသည္။အသက္-၂၀ေက်ာ္အရြယ္ေခတ္ပညာ
တတ္ အပ်ိဳ ေခ်ာေလး ခိုင္သဇင္သည္ေက်းရြာလူပ်ိဳ
လွၫ့္ဓေလ့စရိုက္ႏွင့္ အံဝင္ကြင္က်ရိွေနရံုမ်ွမက ေရွးလူႀကီးသူမမ်ား စပ္ဆိုခဲ့ၾကေသာ ဇမ္း ကဗ်ာကိုပင္ ပိုင္ပိုင္ႏိုင္ႏိုင္ရြတ္ဆိုႏိုင္ေလသည္။
အခ်ိန္က ခုနစ္စင္ၾကယ္ အၿမႇီးေထာင္ခဲ့ၿပီ။ သန္
းေခါင္ၾကက္တြန္သံတခ်ိဳ႕ကို ဟိုမွ သည္မွ ၾကားရ၏။ တ ေပါင္းလဆန္း-၁၀ ရက္ေန့၏ ေငြလေရာင္ဝါၾကင္
ၾကင္ကေလးသည္ သံေခ်ာင္းေက်းရြာကေလးကို အျဖဴေရာင္ ဇာပုဝါပါးလႊမ္းၿခံဳထားသကဲ့သို႔ ရိွေန၏။ ကိုေက်ာ္စြာဟိန္း သည္ မခိုင္သဇင္၏ အိပ္ခန္းေ
ခါင္းရင္းမွ ထုတ္တန္း တစ္ခုေပၚတြင္ လံုခ်ည္တစ္
ထည္ကိုပုခက္ပံုသ႑ာန္တြဲခ်ည္၍ တြဲေလာင္းခ်
ထိုင္လ်ွက္ရိွေနသည္။ ခိုင္သဇင္ ၏ အခန္းထဲမွ ဖေယာင္းတိုင္မီးေရာင္ကေလးက ဝါးထရံကြက္မ်ား
ကိုေဖာက္ထြက္ကာ သူ႔ကိုယ္ေပၚသို႔ျဖာက်ေန သည္။ ဇန္နဝါရီေဆာင္းသည္ အေတာ္ပင္ ေအးစိမ့္လြန္းေန
သည္။ ရြာအျပင္ေတာတန္းမ်ားဆီမွ ညေလညင္းက ေလးမ်ားတခ်က္တခ်က္ျဖတ္တိုက္လာေသာအခါ ကိုေက်ာ္စြာဟိန္းတစ္ေယာက္ ေမးခိုက္ခိုက္တုန္မိ၏။ သို႔ ေသာ္ ေဆာင္းည၏အေအးဒဏ္ကို သူ မမႈႏို
င္ေခ်။ နံရံတစ္ဖက္ျခားမွ ခိုင္သဇင္ထံသို႔ ခ်စ္ခြင့္ပန္ေ
သာကဗ်ာ မ်ားကို မေမာတမ္းရြတ္ဖတ္ရင္းေလာကႀကီး
ကိုပင္ ေမ့ေလ်ွာ့ေနေတာ့သည္။
(ႏွစ္)
ရခိုင္လူမ်ိဳးတို႔သည္ ယဉ္ေက်းမႈ ဓေလ့ထံုးတမ္း ႏွင့္ စာေပအႏုပညာ႑တြင္ သမိုင္းအစဉ္အလာႀကီး မားခဲ့
ၾကေသာ လူမ်ိဳးတစ္မ်ိဳးျဖစ္သည္။တူညီေသာသမိုင္းႏွင့္ တူညီေသာရိုးရာယဉ္ေက်းမႈတို႔ကို ရခိုင္တစ္မ်ိဳးသား
လံုး တေျပးညီလက္ခံက်င့္သံုးလာခဲ့ၾကသည္။ သို႔ေ
သ္ာလက္ရိွအခ်ိန္တြင္ ရခိုင့္လူမ်ိဳးတို႔၏ ေခတ္အဆက္ ဆက္လက္ဆင့္ကမ္းသယ္ေဆာင္လာခဲ့ၾကေသာ ယဉ္ေ
က်းမႈဓေလ့ထံုးတမ္းစဉ္လာတခ်ိဳ႕သည္ ေမွးမိွန္ေပ်ာက္ ပ်က္ကိန္းႏွင့္ ႀကံဳေတြ့ေနၾကရသည္။ တခ်ိဳ႕ေသာ ရခိုင့္ရိုးရာဓေလ့စရိုက္မ်ားသည္ ေခတ္ကာလအေျခ
အေနအ ရ ေမွးမိွန္ကြယ္ေပ်ာက္သြားခဲ့ရၿပီးလည္း ျဖစ္သည္။ ေခတ္စနစ္ႏွင့္ လူမႈပတ္ဝန္းက်င္အတြက္ သဟစဇာတမျဖစ္ ေတာ့သၫ့္ အမူအက်င့္မ်ား ေမွး
မိွန္ပေပ်ာက္သြားျခင္း(သို႔မဟုတ္)ပယ္ဖ်က္ခံရျခင္းတို႔ကို အဆိုးမဆိုႏိုင္ေသာ္ ယဉ္ေက်းမႈအႏုပညာႏွင့္
သက္ဆိုင္ေသာ ရိုးရာဓေလ့မ်ား ေပ်ာက္ကြယ္ႂသြား
ခင္းမွာ ႏွေမ်ာစရာေကာင္းလွ၏။
ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴျမိဳ႔နယ္ထဲမွ သံေခ်ာင္းေ
က်းရြာသည္ ရခိုင္ရိုးရာထံုးတမ္းစဉ္လာတစ္ခုျဖစ္ ေသာ လူပ်ိဳလွၫ့္ျခင္း (လူပ်ိဳႏွင့္အပ်ိဳ ခ်စ္ေရးခ်စ္ရာ
စကားေျပာျခင္း) ဓေလ့ကို ရိုးရာမပ်က္ ထိန္းသိမ္း
ထားဆဲ ပင္ ျဖစ္သည္။ သံေခ်ာင္းေက်းရြာကေလး
သည္ ေက်ာက္ျဖဴျမိဳ႔ထဲမွ အေရ႔ွဖက္အရပ္ မိုင္-၃၀ ခန႔္အကြာတြင္ တည္ရိွသည္။ သံေခ်ာင္းေက်းရြာအုပ္စု
သည္ အမွတ္(၅)တိုက္နယ္ထဲတြင္ ပါဝင္ၿပီး သံေ
ခ်ာင္းေက်းရြာ၊ ေရခ်မ္း ျပင္ႏွင့္ အစိတ္ေတာင္ စေသ
ာေက်း ရြာ(၃) ရြာျဖင့္ ဖြဲ႔စည္းထားသည္။ အိမ္ေျခ-
၁၁၅ အိမ္ခန႔္ရိွေသာ ေက်းရြာ တစ္ရြာ ျဖစ္၏။ ရခိုင္ျပည္နယ္ထဲမွ ေက်းရြာအမ်ားစုတို႔တြင္ ရခိုင္ရိုးရာ
လူပ်ိဳလွၫ့္ျခင္းဓေလ့စရိုက္သည္ ေမွးမိွန္ ပေပ်ာက္ေန
ခဲ့ၿပီျဖစ္ေသာ္လည္း သံေခ်ာင္းေက်းရြာကေလးထဲ
တြင္ေတာ့ ထိုအေလ့အထကို ဆက္လက္ ထိန္း သိမ္းထားဆဲပင္ျဖစ္သည္။
(သံုး)
“ လူပ်ိဳလွၫ့္တဲ့ ရိုးရာဓေလ့တစ္ခုကို ကြၽန္မတို
့ေက်းရြာမွာ အခုအခ်ိန္ထိတိုင္ ထိမ္းသိမ္းထား
တာေတာ့ မွန္ပါတယ္… ဒါေပမယ့္… ဒီဘက္ေခတ္မွာ လက္ကိုင္ဖုန္းေတြကို ကိုယ္စီကိုယ္စီကိုင္ႏိုင္ၾက
တာဆိုေတာ့ ဟိုအရင္ တုန္းကလိုမ်ိဳး ကိုယ္သေဘာ
က်တဲ့သူကို လူပ်ိဳေခါင္းေဆာင္ေတြဆီ ခြင့္ေတာင္းၿပီး စကားေျပာၾကတာမ်ိဳးက နည္း လာပါတယ္… . ရံဖန္ရံခါေလာက္ပဲ ရိွေတာ့တယ္… ဒါေပမယ့္ အစဉ္အာအရေတာ့ ဒီဓေလ့က ..ကြၽန္မတို႔ရြာ မွာ ရိွေနဆဲပါပဲ….”
ေက်ာက္ျဖဴျမိဳ႔နယ္၊ သံေခ်ာင္းေက်းရြာမွ အပ်ိဳေခါင္
းေဆာင္ မလွမိုးၾကည္ ေျပာျပေသာစကားမ်ားပင္ ျဖစ္သည္။ လက္ရိွအခ်ိန္တြင္ ေက်းရြာထဲမွ လူပ်ိဳႏွင့္ အပ်ိဳ အမ်ားစုသည္ ဘ၀တိုးတက္လမ္းႏွင့္ အလုပ္
အကိုင္ အခြင့္အလန္းမ်ားရိွရာ ၿမိဳ႔ႀကီဴးမ်ားသို႔ ေရႊ
့ေျပာင္းမႈႏႈံးမ်ားျပားလာသျဖင့္ လူပ်ိဳအပ်ိဳ ရွားပါးျခင္ျး
ပသနာမ်ား ရိွ လာေနေၾကာင္းဆိုသည္။ သို႔ေသာ္ သံေခ်ာင္းေက်းရြာထဲတြင္ အပ်ိဳလူပ်ိဳအဖြဲ႔ကို အစဉ္
အၿမဲ ဖြဲ႔စည္းထား ေၾကာင္းႏွင့္ ထိုအပ်ိဳလူပ်ိဳအဖြဲ႔မွ ေက်းရြာ၏ သာေရးနာေရးႏွင့္ ရပ္ေရးရြာေရးကိစၥအ
၀၀တို႔ကို ဦးစီးဦးေဆာင္ ကူညီေပးရေလ့ရိွေၾကာင္း ဆိုသည္။
ရခိုင္လူမ်ိဳးတို႔တြင္ ေက်းလက္ေနျပည္သူအမ်ား
စုသည္ ေက်းရြာ၏လိုအပ္ခ်က္အရ အပ်ိဳလူပ်ိဳအဖြဲ႔ကို ဖြဲ႔စည္းထားေလ့ရိွၾကသည္။ ထိုအပ်ိဳလူပ်ိဳအဖြဲ႔ကို လူထုမွေရြးခ်ယ္တင္ေျမႇာက္ထားေသာ အပ်ိဳႀကီးႏွင့္ လူပ်ိဳ ႀကီး ေခါင္းေဆာင္ႏွစ္ဦးကအုပ္ခ်ဳပ္ရသည္။ ေက်းရြာမွ အရြယ္ေရာက္လာေသာ ေယာက္်ားေလးႏွင့္ မိန္းကေလး မ်ားသည္ အလိုအေလ်ွာက္လူပ်ိဳအပ်ိဳ
အဖြဲ႔ဝင္မ်ား ျဖစ္ၾကသည္။ လူပ်ိဳလွၫ့္ျခင္းဓေလ့
ရိွေသာေက်းရြာမ်ားတြင္ လူပ်ိဳေခါင္းေဆာင္ႏွင့္ အပ်ိဳေ
ခါင္းေဆာင္တို႔က အခရာက်လွသည္။ တနယ္တေက်း
မွ ဧၫ့္သည္အာဂႏၲုျဖစ္ေစ၊ မိမိတို႔ေက်းရြာသားအ
ခ်င္းခ်င္းျဖစ္ေစ လူပ်ိဳတစ္ဦးက အပ်ိဳတစ္ဦးကို ခ်စ္
ခြင့္ပန္လိုပါက လူပ်ိဳေခါင္းေဆာင္ ထံ တြင္ စကာ
းေျပာခြင့္ေတာင္းခံရသည္။ လူပ်ိဳေခါင္းေဆာင္က အပ်ိဳေခါင္းေဆာင္ႏွင့္ ၫွိႏိႈင္းတိုင္ပင္ကာ အဆင္ ေျပေအာင္စီစဉ္ေပးရသည္။
(ေလး)
“ ကြၽန္ေတာ္တို႔ရြာမွာေတာ့ လူပ်ိဳလွၫ့္တဲ့စနစ္ကို “ေအာက္တြဲ” စနစ္လို႔ ေခၚပါတယ္… ေအာက္တြဲ ဆို တာ လူပ်ိဳက သူစကားေျပာမယ့္အပ်ိဳရဲ့ အိပ္ခန္းေ
အာက္ကေန ခိုတြဲၿပီးေတာ့ စကားေျပာရတဲ့အတြက္ တြင္လာ တဲ့နာမည္ပါ… မိန္းကေလးက အိမ္ေပၚ
မွာ… ေယာက္်ားေလးက အိမ္ေအာက္မွာေပါ့…တစ္ေ
ယာက္ကိုတစ္ ေယာက္ မျမင္ရပါဘူး… အသံကိုပဲ ၾကားၾကရပါတယ္…”
သံေခ်ာင္းေက်းရြ႕ာမွ လူပ်ိဳေခါင္းေဆာင္ ကိုေက်ာ္စြာ
ဟိန္း ေျပာျပေသာ စကားမ်ားပင္ ျဖစ္သည္။ လူ ပ်ိႈလွည္ွ႔မၫ့္ အမ်ိဳးသားသည္ လူေျခတိတ္ေသာ ညဆယ့္တစ္နာရီခန႔္အခ်ိန္တြင္ သူစကားေျပာမၫ့္ အမ်ိဳး သမီး၏ေနအိမ္သို႔သြားရသည္။ အမ်ိဳးသမီး
အိပ္ေပ်ာ္ေနခိုက္ႏွင့္ႀကံဳပါက ၾကမ္းခင္းၾကားမွ တုတ္ေ
ခ်ာင္းကေလး ျဖင့္ထိုးကာလႈပ္ႏိႈးၿပီး စကားေျပာ
ရျခင္းျဖစ္သည္။ အပ်ိဳ၏ေနအိမ္သည္ အိမ္အနိမ္ျ့
ဖစ္ပါက အမ်ိဳးသားအတြက္ သက္ေတာင့္သက္သာ
အေနအထားျဖင့္ စကားေျပာႏိုင္သည္။ အပ်ိဳအမ်ိဳး
သမီး၏ ေနအိမ္မွာ ေျခတံရွည္အျမင့္ ျဖစ္ေနပါက စကားေျပာမၫ့္အမ်ိဳးသားသည္ သူ႔တြင္ပါလာေသာ လံုျခည္ကိုအမ်ိဳးသမီး၏ အိပ္ခန္းေခါင္းရင္းမွ ထုတ္
တန္းေပၚတြင္ ပုခက္ပံုစံတြဲခ်ည္ၿပီး ထိုပုခက္ေပၚတြင္ တြဲလဲခိုကာ စကားေျပာရသည္။ တခ်ိဳ႕ အပ်ိဳမ်ား၏ ေနအိမ္မ်ားသည္ အလြန္ျမင့္မားသျဖင့္ ေလွကား
ရွည္ႀကီးမ်ားေထာင္၍ စကားေျပာရသည္မ်ားပင္ ရိွ၏။
ရခိုင္ျပည္နယ္အႏွံ႔တြင္ အပ်ိဳလူပ်ိဳလွၫ့္ေသာဓေလ့
ကို ေက်းရြာအမ်ားစုက က်င့္သံုးၾကသည္။ သို႔ ေသာ္ တေနရာႏွင့္တစ္ေနရာ မတူညီၾကေခ်။ ေက်ာက္ျဖဴ
အပါအ၀င္ ရမ္းၿဗဲကြၽန္းဖက္တြင္ ေအာက္တြဲနည္းကို အသံုးျပဳၾကသည္။ မာန္ေအာင္ကြၽန္းတြင္မူ လူပ်ိဳ
လွၫ့္ျခင္းကို ေဒသႏၲရစကားအရ (ေရးစားေျပာ= ရည္းစားစ ကားေျပာျခင္း) ဟုေခၚသည္။ လူပ်ိဳေခါင္း
ႏွင့္ အပ်ိဳေခါင္းမွစီစဉ္ေပးေသာ အိမ္တစ္အိမ္တြင္ စကားေျပာၾကရျခင္း ျဖစ္သည္။ ေယာက္်ားေလးႏွင့္ မိန္းကေလးကို ထရံတစ္ခ်ပ္ျခားထားသည္။ စကာ
းေျပာေနစဉ္တြင္ လူပ်ိဳအပ်ိဳ မ်ားက ခပ္လွမ္းလွမ္းမွ အရိပ္အေျခၾကၫ့္ရင္း ေစာင့္ေနပးၾကရသည္။
အရြယ္ေရာက္ာေသာမိန္းကေလးငယ္တစ္ဦးသည္ အပ်ိဳလူပ်ိဳေခါင္းေဆာင္မွတဆင့္ စကားေျပာရန္ခြင့္ ေတာင္းလာပါက မည္သူ႔ကိုမဆို ၀တ္ေက်တမ္းေက် စကားေျပာေပးၾကရသည္။ တစ္ဖက္လူ စိတ္ၿငိဳျငင္ေစ
မၫ့္ ကိုယ္ႏႈတ္အမူအရာ ရိုင္းစိုင္းစြာေျပာဆိုက္ႀဆံ
ခင္းမ်ားကို ေရွာင္ရွားၾကရသည္။ ေရွးယခင္က ရခိုင္ဘိုးေဘးဘီ ဘင္တို႔ လူပ်ိဳအပ်ိဳစကားေျပာၾက
ရာတြင္ စကားထာမ်ား၊ ေက်းလက္ကဗ်ာမ်ား၊ ေတးသီ
ခ်င္းမ်ားျဖင့္ အႏုပညာ ရသေျမာက္စြာ ေျပာဆိုျခင္းမ်ား
ရိွခဲ့ေၾကာင္း ဆိုသည္။ ရမ္းၿဗဲနယ္ဖက္တြင္ေတာ့ လက္တန္းရြတ္ဆိုရေသာ ဇမ္း ကဗ်ာအမ်ိဳးအစားသည္ လူပ်ိဳလွၫ့္ကဗ်ာအျဖစ္ ထင္ရွားသည္။ ထိုအခါက ရခိုင္ရိုးရာလူပ်ိဳလွၫ့္ျခင္းဓေလ့သည္ ရခိုင္လူမ်ိဳးတို႔၏ စာေပအဆင့္အတန္းကို ျပသႏိုင္ခဲ့ေသာ ဓေလ့တစ္
ခုျဖဟစ္ေၾကာင္း ဆိုရမည္ ျဖစ္သည္။
(ငါး)
`မိုးလင္းၾကယ္ႀကီး ..
ေရာင္ျဖဴလာ ထြက္ခါနီးလို႔
ၾကက္ႀကီးလည္းတြန္ မိုးေသာက္ယံ
ေမာင္ျပန္ဖို႔ယာ….။´
လင္းၾကက္တြန္သံႏွင့္အတူ ရြာဦးဘုန္းေတာ္ႀကီးေ
က်ာင္းမွ အုန္းေမာင္းေခါက္သံ ေလးခ်က္ကို ၾကားရ သည္။ ကိုေက်ာ္စြာဟိန္း တစ္ေယာက္ ခိုင္သဇင္ အတြက္ ႏႈတ္ဆက္ကဗ်ာတစ္ပိုဒ္ကိုရြတ္လိုက္ၿပီးေနာက္ လံု ခ်ည္ပုခက္တြင္းမွ ေျမ ႀကီးေပၚသို႔ ညင္သာစြာ ခုန္ဆင္းလိုက္၏။ သူ၏ ႏႈတ္ဆက္ကဗ်ာႏွင့္ မေရွး
မေနွာင္းတြင္ ခိုင္သဇင္၏ ကဗ်ာရြတ္သံကေလးက ၾကည္ၾကည္ရႊန္းရြန္းကေလး ကပ္ပါလာ၏။
ေငြလသာေသာညအခ်ိန္တြင္ လာခဲ့ပါ။ သည္တစ္ခါ
လာလ်ွင္ ျပန္မလႊတ္ေတာ့ပဲ အပိုင္သိမ္းပိုက္လိုက္ေ
တာ့ မည္ဟုအဓိပၸါယ္ရေသာ အရႊန္း ေဖာက္ကဗ်ာ
သံကိုၾကားရသျဖင့္ ကိုေက်ာ္စြာဟိန္းတစ္ေယာက္ ေက်နပ္စြာၿပံဳးလိုက္မိေလေတာ့သည္။
`လပေကာင္းယာ..ေတာက္လီယာ
လာရာလာလတ္ ျပန္မလႊတ္ပါ ေမာင္းေမာင္။´ ။
Crd-ရကၡ
No comments:
Post a Comment