Sunday, July 18, 2021

ရေကြီးရေလျှံခြင်းနှင့် မြွေအန္တရာယ်

 [Unicode]ရေကြီးရေလျှံခြင်းနှင့် မြွေအန္တရာယ် 

=====================

#ဆောင်းပါးရှင် ပေါက်ပေါက်




              မုတ်သုံရာသီအတွင်း မိုးသည်းထန်ခြင်း နှင့်အတူ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်တို့ကို နှစ်စဉ်နှစ်တိုင်း အနည်းနှင့်အများဆိုသလို ခံစားရနိုင်သည်။ မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံခြင်းနှင့်အတူ မြွေအန္တရာယ်ကို လည်း ရင်ဆိုင်ကြရသော သာဓကများစွာရှိခဲ့သည်။ ၄င်း ရေဆိုး၊ ရေညစ်များနှင့်အတူ အဆိပ်ရှိမြွေများ၊ ကင်းများလည်း ရောနှော မြော၍ ပါလာတတ်သည်။ ထို့ကြောင့် ရေတွေစီးဝင်ပြီး နောက် ရေပြန်ကျသွားပါက မိမိအိမ်ခြံဝန်းအတွင်းအပြင် တင်ကျန်ရစ် သော မြွေများကို သတိထားသင့်သည်။ ထို့ပြင် အိမ်ထဲသို့ ရေ၀င်ပြီးနောက် အထဲမှာ ရေဆိုးရေညစ်များ၊ နုံးမြေအနယ်အနှစ်များ တင်ကျန်နေသော အဆောက်အအုံတွင်းသို့ သတိဖြင့် ၀င်ရောက်သင့်ပေသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်လူတစ်သောင်းခန့် မြွေ ကိုက်ခံနေရပြီး၊ ၄င်းတို့အနက် ၁၀ ရာခိုင်နှုန်းခန့် သေဆုံးနေရကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။ မြွေကိုက်ခံရ ခြင်းကြောင့် အသက်ဆုံးရှုံးခြင်း၊ အရေးပေါ် ဆေးကုသမှုခံယူရခြင်းများကို ကျေးလက်ဒေသများတွင်သာမက၊ လူစည်ကားရာ မြို့ကြီးများရှိ ဆင်ခြေဖုံး အရပ်ဒေသများ၌လည်း တွေ့မြင်လာရသည်။ 


မြို့လယ်ခေါင်တိုက်ခန်းများတွင် မြွေသတ္တဝါကိုမြင်တွေ့ရခဲသော်လည်း၊ သစ်ပင် လယ်မြေ မြက်ချုံပေါများကာ ရေစပ်စပ် ရှိသော မြို့နယ်များတွင်  မြွေကိုတွေ့ရတတ်သည်။  ထို့ကြောင့် ရေမြောင်း ရေကန်များ၊ ရေစပ်စပ်ရှိသော ခြံဝန်းခြံပြင်၊ မှောင်၍ စိုစွတ်ထိုင်းမှိုင်းသော အိမ်အတွင်းပိုင်းများကို မြွေအန္တရာယ် သတိရှိစွာဖြင့်နေထိုင်သင့်သည်။ မြန်မာပြည်ရှိ အဆိပ်ပြင်းသော မြွေ နှစ်မျိုးမှာ မြွေပွေး နှင့် မြွေဟောက်တို့ဖြစ်ကြပြီး၊ မြွေပွေးအဆိပ်က လူ့ခန္ဓာကိုယ် သွေးခဲသောစံနစ်ကို ထိခိုက်ပျက်စီးစေတတ် သည်။ ထို့ကြောင့် မြွေပွေးကိုက်ခံရပါက သွေးမတိတ်ဘဲ ဦးနှောက် နှင့် အစာချေစံနစ်လမ်းကြောင်းများတွင် သွေးယိုစိမ့်ခြင်း အပြင်၊ ဆီးထဲသွေးပါပြီး ကျောက်ကပ် ပျက်စီးတတ်သည်။ မြွေဟောက်အဆိပ်က အာရုံကြောစံနစ်ကို ထိခိုက်စေသဖြင့် လူနာက မှိန်းလာပြီး အာရုံခံစားမှု မရှိတော့ပဲ ထုံကျင်လာကာ၊ နောက်ဆုံးတွင်  အာရုံကြောများပျက်စီးပြီး ကြွက်သားလှုပ်ရှားမှု အားပျော့ သွားကာ အသက်ရှုခြင်း နှင့် အဆုတ်ကို ထိခိုက်လာသည်။


သဘောသဘာဝအရ မြွေဆိုသောသတ္တဝါတို့သည် လူကိုမြင်တိုင်း လိုက်ကိုက်တတ်ကြသည် မဟုတ်ပေ။ ၄င်းတို့ကို ထိ မိ၍ (သို့မဟုတ်) မလွဲမရှောင်သာသောအချိန်ကျမှသာ (သို့မဟုတ်) ၄င်းတို့ကို တစ်စုံတစ်ခုက အန္တရာယ်ပြုမည်ဟု ထင်မိသော အခါမှာ သူ့ကိုယ်သူ ကာကွယ်သည့်အနေဖြင့် လူကို ကိုက်လိုက်ခြင်းသာဖြစ်သည်။ သို့သော် အဆိပ်ရှိသော မြွေဖြစ်စေ၊ အဆိပ် မရှိသည်ဖြစ်စေ မြွေကိုမြင်ရင် လူတိုင်းနီးပါး ကြောက်လန့်လေ့ရှိပြီး၊ မြွေအကိုက်ခံရသော ဒဏ်ရာမှနာကျင်မှုဖြစ်စေသည်။ မြွေ အစွယ်ကြောင့် ဒဏ်ရာအပေါက်မှ သွေးထွက်တတ်ပြီး၊ အဆင်မသင့်ပါက ၄င်းဒဏ်ရာပေါက်မှတဆင့် မေးခိုင်ပိုးဝင်နိုင်သည်။ အကယ်၍ အဆိပ်ပြင်းသောမြွေအကိုက်ခံရပါက ဒဏ်ရာပတ်ဝန်းကျင်မှာ ၅ မိနစ်အတွင်း ပြင်းထန်စွာ ယောင်ယမ်းနာကျင်မှုဖြစ် ကာ၊ မီးလောင်ဒဏ်ရာကဲ့သို့ အရည်ကြည်ဖုများ ပေါ်ထွက်လာတတ်သည်။ ထို့ပြင် ကိုက်ခံရသောနေရာတဝိုက် ကြွက်သား နှင့် အရေပြားတွေ ပျက်စီးသွားပြီး နောက်ဆုံးတွင် ပုတ်သွားသည်အထိ အခြေအနေဆိုးရွားနိုင်သည်။ ကိုက်လိုက်သော မြွေ၏အစွယ် အနက်၊ သူထုတ်လိုက်သည့် အဆိပ်ပမာဏ နှင့် အကိုက်ခံရသော နေရာပေါ်တည်ပြီး အဆိပ်ပြန့်နှံ့မှု ဖြစ်စဉ်မှာလည်း အနှေး၊ အမြန် ကွာခြားသွားသည်။ ဥပမာ ဦးခေါင်းပိုင်း၊ မျက်နှာ၊ လည်ပင်းတို့ကို အကိုက်ခံရပါက နှလုံးသွေးပြန်ကြောနှင့် နီးစပ်သဖြင့် အဆိပ်ပြန့်တာလည်း ပို၍မြန်ဆန်သည်။


မြွေကိုက်ခံရသောအခါ အလွန်တရာ စိတ်တုန်လှုပ်ခြောက်ခြားခြင်း ဖြစ်မသွားပါနှင့်။ အောက်ပါနည်းနာများအတိုင်း သတိဆောင်ထားပါ။


·         monovalent နှင့် polyvalent ဟူ၍ မြွေဆိပ်ဖြေဆေး နှစ်မျိုးရှိသည်။ monovalent က သတ်မှတ်ထားသော  မြွေအမျိုးအစား တစ်မျိုးတည်းအတွက်သာ သုံးနိုင်ပြီး၊ polyvalent က မြွေအမျိုးအစား တစ်မျိုးမကသော  အဆိပ် များကို ပြေပျောက်စေသည်။ ထို့ကြောင့် သုံးစွဲရမည့်မြွေဆိပ်ဖြေဆေးသည်လည်း မတူနိုင်၍ မြွေကိုက်ခံရပါက (ဖြစ်နိုင်ပါက) ကိုက်သည့်မြွေကို တပါတည်း ဆေးရုံယူသွားပြဖို့လိုအပ်သည်။


·         မြွေဟူသောသတ္တဝါသည် လူကိုကိုက်ပြီးသည်နှင့် ၄င်းတို့အပြေးမြန်ကြသည်။ ထို့ကြောင့် မိမိအကိုက်ခံရသည့် မြွေ၏ အဆင်းသဏ္ဍာန်ကို မှတ်မိအောင်ကြည့်ထားပါ။ (မြွေဟောက်က ပါးပြင်းထောင်လေ့ရှိ၍ ခြေမျက်စိအပေါ်ကို ကိုက်တတ်ပြီး၊ မြေပွေးက ခြေမျက်စိအောက်ကို ကိုက်လေ့ရှိသည်။ အဆိပ်ရှိမြွေ၏ ဦးခေါင်းသည် များသောအားဖြင့် တြိဂံ ပုံသဏ္ဍန်ဖြစ်သည်)


·         ဒုတိယအကြိမ် ထပ်မံ၍အကိုက်မခံရအောင် မြွေနှင့်ဝေးရာသို့ရှောင်ထွက်သွားပါ။ ချုံဖုတ်နှင့်ဝေးရာ (သို့မဟုတ်)  ညီညာပြန့်ပြူးသောမြေက စိတ်ချရသည်။ သို့သော် ဟိုးအဝေးကြီးဆီသို့ တရှိန်ထိုးထွက်ပြေးဖို့မလိုအပ်ပေ။ ပြေး လွှားခြင်းက နှလုံးခုန်မြန်ဆန်ကာ ခန္ဓာကိုယ်ထဲသို့အဆိပ်ပြန့်လွယ်သည်။


·         စိတ်ချရသည့်နေရာဟု ယူဆပါက ငြိမ်ငြိမ်လေးလှဲချ၍ အသက်ကိုမှန်မှန်ရှုပါ။ စိတ်ငြိမ်ငြိမ်ထားပါ။ စိုးရိမ်ထိတ်လန့် ခြင်းက နှလုံးခုန်မြန်ဆန်စေပြီး မြွေဆိပ်တွေ မိမိခန္ဓာကိုယ်အတွင်း မြန်မြန်ပြန့်လာစေတတ်သည်။


·         အဆိပ်ပြင်းသောမြွေ အကိုက်ခံရပါက ချက်ချင်းဆိုသလို ရောင်ကိုင်းလာစေသည်။ ဥပမာ ခြေထောက်ကို ကိုက်ခံရ ပါက ဖိနပ်ချွတ်ပါ။ ဘောင်းဘီရှည်ဝတ်ထားပါက ခေါက်တင်လိုက်ပါ။ အကယ်၍ လက်ကိုအကိုက်ခံရပါက လက်စွပ်၊ လက်ပတ်နာရီကို ချွတ်ပါ။ အကျီလက်ကို အပေါ်သို့ခေါက်တင်ပါ။


·         မြွေကိုက်ဒဏ်ရာ၏ အထက်နားမှ ကြိုးဖြင့် ကြပ်ကြပ်စည်းနှောင်ပါ။ ဓားသန့်သန့်ကို မီးကင်ပြီး ဒဏ်ရာအနာပေါက် ကိုချဲ့ကာ မြွေဆိပ်များကို ပါးစပ်ဖြင့်စုပ်ထွေးထုတ်ပစ်ရမည်ဟု ရှေးယခင်ခေတ်က ဆိုထားကြသော်လည်း၊ ယခု မျက်မှောက်ခေတ်တွင် ဒဏ်ရာကိုဓါးဖြင့် ခွဲစိပ်ခြင်းက သွေးထွက်လွန်၍ မြေဆိပ်လည်း ပိုမိုပြန့်တတ်ပြီး မေးခိုင်ပိုး ၀င်တတ်၍ ရှေးနည်းကို မသုံးသင့်ပေ။ ထို့ကြောင့် မြွေကိုက်ခံရသောအခါ -


o   (က) သွေး နှင့် အဆိပ်ရည်တွေကို ကုန်စင်အောင်ညှစ်ပါ။


o   ( ခ) အဆိပ်မပြန့်စေဖို့အတွက် ဒဏ်ရာ၏ ၂ - ၃ လက္မအထက် အပေါ်နားကနေ၍ အ၀တ်ပတ်တီးကို ခပ်တင်းတင်း စည်းနှောင်ပါ(နိုင်လွန်ဆွဲသား အ၀တ်စတွေကို မသုံးပါနှင့်၊ သွေးတိတ်ပတ်တီး မစည်းပါနှင့်)


o   (ဂ) ပြင်ပကူးစက်ပိုးမ၀င်စေရန် မြွေကိုက်ခံရသောနေရာကို ဆပ်ပြာ၊ ရေသန့်တို့ဖြင့် စင်ကြယ်စွာဆေး ကြောပါ။ ကာဘော်လိပ်ဆပ်ပြာ (သို့မဟုတ်) ဒတ်တောလ် ပိုးသတ်ဆပ်ပြာ ရနိုင်ရင်ပိုကောင်းပါသည်။


o   (ဃ) ဒဏ်ရာပေါ် ရေခဲ မအုံပါနှင့်။


o   ( င) အထက်ဖော်ပြပါ ရှေးဦးသူနာပြုစုပြီးပါက အဆိပ်တွေမပြန့်အောင် ငြိမ်ငြိမ်လေးနေပါ။  ဆေးရုံ၊ ဆေး ခန်းသို့သွားသောအခါတွင်လည်း ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံးငြိမ်ငြိမ်လေးထားပြီးနေပါ။


·         တောရွာဓလေ့ "ပိုးထိတယ်" “အကောင်ရှည် ကိုက်တယ်” ဟု ခေါ်ဆိုလေ့ရှိသည်။ အောက်ပါ အိမ်တွင်းကုထုံးလေး များကလည်း မြွေဆိပ်အန္တရာယ်မှ ကာကွယ်ပေးနိုင်သဖြင့် အရေးပေါ်အသုံးပြုနိုင်ရန် မှတ်သားထားသင့်ပါသည်။


o   (က)  မြင်းခွာရွက်စားပါ၊ မြင်းခွာရွက်ကိုကြိတ်၍ ရလာသော အရည်ကို ဒဏ်ရာပေါ်လူးအုံပေးပါ။ (သို့မ ဟုတ်) ဆေးမြင်းခွာရွက်အနီပင်ကို ကျင်ငယ်ရေ(ဆီး)နှင့်သွေး၍ မြွေကိုက် ဒဏ်ရာပေါ်လူးပေးပါ။


o   ( ခ) ကြက်သဟင်းရွက်စားပါ။ ကြက်သဟင်းပင်အမြစ်ကို ထောင်းထု၍ ရေစိမ်သောက်ပါ။


o   ( ဂ) ဆေးခါးကြီးပင် (ခေါ်) ရှမ်းဆေးခါးကြီးပင် အခြောက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်းကို ရေနွေးဆူဆူ မတ်ခွက်ကြီး တစ်လုံးနှင့်ဖျော်၍ လက်ဖက်ရည်ကြမ်း ပန်းကန် နှစ်လုံးသောက်ပါ။ အကယ်၍ ဆေးခါးကြီး ပင်အစိမ်း လတ်လတ်ဆတ်ဆတ်ရရှိပါက ဆေးပင်လက်တစ်ဆုပ်ကို ရေသုံးပုလင်းထည့်၍ တစ်ဝက်ခန်း အောင် ကျိုပြီးသောက်ပါ။ မြွေကိုက်ခံရသူသည် ရေအလွန်ဆာတတ်၍ ရေကျက်အေး အသင့်ထား၍ ဆေးရည် တစ်ဇွန်းခန့်သောက်ပြီးနောက် ရေဆာတိုင်း ၄င်းရေကျက်အေးသောက်ပါ။ (သတိလစ်၍ သွေး အန်နေသူ လူနာပင် ပြန်လည်ကောင်းမွန်လာနိုင်သည်)


o   (ဃ) မြွေကိုက်ခံရသောအခါ မြွေအစွယ်ရာ နှစ်ပေါက်ဖြစ်သည့်အတွက် ကြက်ဥ(အစိမ်း)ကို ၄င်းဒဏ်ရာဖြင့် တိုင်းထွာပြီး အပေါက်နှစ်ပေါက်ဖောက်၍ ကပ်ပေးပါ။ ကြက်ဥက ဒဏ်ရာထဲကအဆိပ်ကို မိနစ်ပိုင်းအတွင်း စုပ်ယူသွားပါလိမ့်မည်။ လိုအပ်ပါက နောက်ထပ် ကြက်ဥ အသစ်ကို သုံးနိုင်သည် (ကြက်ဥကို ခွဲကြည့်ပါက  မြွေဆိပ်တွေ့နိုင်သည်၊ ထိုကြက်ဥကို သေသေချာချာ  စွန့်ပစ်ရန်လိုအပ်သည်)


o   (င) ဣဿရမူလီ အမြစ်ကို သွေးလိမ်းပေးခြင်းဖြင့် မြွေဟောက်အဆိပ်ကို တမဟုတ်ချင်းပြေစေနိုင်သည်။


o   (စ) သကြားသီးအစေ့ နှင့် အရွက်တို့ကိုထောင်းထုကာ သတ္တုရည်လိမ်းကျံပေးခြင်းဖြင့် အဆိပ်ပြေစေနိုင် သည်။


o   (ဆ) နေအိမ်ခြံဝန်းထဲတွင် ပင်စိမ်းပင် စိုက်ပျိုးထားခြင်းဖြင့် မြွေအန္တရာယ်မှ ကင်းဝေးစေနိုင်သည်။ မြေကိုက် ဒဏ်ရာပေါ် ပင်စိမ်းရွက်ကိုကြိတ်အုံပေးခြင်းဖြင့် အဆိပ်ပြေစေသည်။


o   (ဇ) မြွေကိုက်ခံရပါက၊ ဆေးရုံ၊ဆေးခန်းသို့မသွားခင် အဆိပ်၏ စုဖွဲ့မှုကိုအပူနှင့် တိုက်ထုတ်သည့်အနေဖြင့် ဆားရည်ပျစ်ပျစ် ဖျော်သောက်ပေးပါ။


o   (ဈ) သင်္ဘောသီး အကင်းကိုထိပ်မှဖြတ်ပြီး မြွေအကိုက်ခံရသည့်နေရာတွင် ကပ်ပေးခြင်းဖြင့် အဆိပ်ဖြေကာ အနာအမြန်ဆုံး ကျက်စေသည်။


o   (ည) ခြံ နှင့် အိမ်ပတ်ဝန်းကျင်ကို ဆီးဖြူသီးဖြန့်ပစ်ထားပါ။


o   (ဋ) ခြံပတ်ပတ်လည်ကို Kiss me quick ပင်၊ ရှဉ့်မတက်ပင်၊ နှင်းဆီပင် စသည့် ဆူးခက်များပါရှိသော အပင်များစိုက်ပျိုးထားခြင်းဖြင့်မြွေမလာနိုင်အောင် တာဆီးနိုင်သည်။


o   (ဌ) ရှေးမြန်မာကြီးများက မြွေကိုက်ခံရသော လူနာအား ကျည်းနီသီး၏ အဆံကို မှုန့်ညက်နေအောင်ကြိတ် ၍ မျက်စိနှစ်ဖက်စလုံးမှာ ခတ်ပေးခြင်းဖြင့် အသက်ချမ်းသာရာ ရစေသည်ဟု အဆို၇ှိသည်။


o   (ဍ) ရှေးမြန်မာကြီးများလက်ထက်က ပိုးထိသောသူ၏ ဒဏ်ရာမှအဆိပ်ကို ရှေးဦးသူနာပြုစုနည်း ပါးစပ်ဖြင့် စုပ်ထုတ်စဉ် ၄င်းအဆိပ်သည် ပါးစပ်ထဲသို့ မတော်တဆ၀င်၍ မျိုချမိပါက၊ ထိုပြဿနာအတွက် ဆင်ချေး (မစင်) ကို သွေး၍သောက်ခြင်းဖြင့် အဆိပ်ဖြေခဲ့ကြသည်။


o   (ဏ) အဆိပ်ရှိသော မြွေ၊ ကင်း ကိုက်ခံရပါသော ၄င်းဒဏ်ရာပေါ်သို့ ကျည်ဆန်ကို ကပ်ထားပေးပါ။  ၄င်း ကျည်ဆန်က ဒဏ်ရာထဲရှိ အဆိပ်များကို ပြင်ပသို့ အလိုအလျောက်ထွက်ရှိလာအောင် စုပ်ယူပေးနိုင်သည်။


အချုပ်အားဖြင့်ဆိုသော် မြွေအကိုက်မခံရအောင် မြက်ဖုတ်များ၊ မြေတွင်းများနှင့် သစ်ခေါင်းပေါက်များကို ဝေးဝေးရှောင် ပြီး သွားလာပါ။ အိမ်မွေး ခွေးများက မြွေအန္တရာယ်ကို ကြိုသိမြင်တတ်သဖြင့် ခွေးတွေစူးစူးဝါးဝါးဟောင်သောအခါ ဂရုတစိုက် စစ် ဆေးပါ။ ညဘက် အပြင်ထွက်သည့်အခါ လက်နှိပ်ဓာတ်မီးဆောင်ထားပါ။ ထို့ပြင် မြွေကိုအသံဖြင့်ခြောက်လှန့်သည့် အနေဖြင့် ဒုတ်(တုတ်)ရှည်ရှည် ဆောင်သွားပါ။ ရေမြောင်းများဆည်၍၊ ခြံအစပ်များကို ခုတ်ထွင်ရှင်းလင်းပါ။ မြွေရှိတတ်သည့် တချို့မြို့နယ် တို့တွင် ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုချောင်ကို သန့်ရှင်းရေး ဂရုစိုက်ကြပါရန် နှင့် မိမိအိပ်ယာကုတင် အပေါ်၊ အောက်တို့ကို သတိ နှင့် ဆင်ခြင်၍ မြွေအန္တရာယ်မှ ကာကွယ်ကြပါရန် သတိပေးနှိုးဆော် လိုက်ရပါသည်။


 

စေတနာများစွာဖြင့်

ဆောင်းပါးရှင်…ပေါက်ပေါက် Tin Htet Htet Zaw …ရေးသားမျှဝေသည်။


[Zawgyi]ေရႀကီးေရလ်ွံျခင္းႏွင့္ ေႁမြအႏၲရာယ္ 

=====================

#ေဆာင္းပါးရွင္ ေပါက္ေပါက္




              မုတ္သံုရာသီအတြင္း မိုးသည္းထန္ျခင္း ႏွင့္အတူ ေရႀကီးေရလ်ွံျခင္း၊ ေျမၿပိဳျခင္း စသၫ့္ သဘာဝေဘးအႏၲရာယ္တို႔ကို ႏွစ္စဉ္ႏွစ္တိုင္း အနည္းႏွင့္အမ်ားဆိုသလို ခံစားရႏိုင္သည္။ ျမန္မာႏိုင္ငံအတြင္း ေရႀကီးေရလ်ွံျခင္းႏွင့္အတူ ေႁမြအႏၲရာယ္ကို လည္း ရင္ဆိုင္ၾကရေသာ သာဓကမ်ားစြာရိွခဲ့သည္။ ၄င္း ေရဆိုး၊ ေရညစ္မ်ားႏွင့္အတူ အဆိပ္ရိွေႁမြမ်ား၊ ကင္းမ်ားလည္း ေရာေနွာ ေျမာ၍ ပါလာတတ္သည္။ ထို႔ေၾကာင့္ ေရေတြစီးဝင္ၿပီး ေနာက္ ေရျပန္က်သြားပါက မိမိအိမ္ၿခံဝန္းအတြင္းအျပင္ တင္က်န္ရစ္ ေသာ ေႁမြမ်ားကို သတိထားသင့္သည္။ ထို႔ျပင္ အိမ္ထဲသို႔ ေရ၀င္ၿပီးေနာက္ အထဲမွာ ေရဆိုးေရညစ္မ်ား၊ ႏံုးေျမအနယ္အႏွစ္မ်ား တင္က်န္ေနေသာ အေဆာက္အအံုတြင္းသို႔ သတိျဖင့္ ၀င္ေရာက္သင့္ေပသည္။ ျမန္မာႏိုင္ငံတြင္ ႏွစ္စဉ္လူတစ္ေသာင္းခန႔္ ေႁမြ ကိုက္ခံေနရၿပီး၊ ၄င္းတို႔အနက္ ၁၀ ရာခိုင္ႏႈန္းခန႔္ ေသဆံုးေနရေၾကာင္း သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။ ေႁမြကိုက္ခံရ ျခင္းေၾကာင့္ အသက္ဆံုးရႈံးျခင္း၊ အေရးေပၚ ေဆးကုသမႈခံယူရျခင္းမ်ားကို ေက်းလက္ေဒသမ်ားတြင္သာမက၊ လူစည္ကားရာ ၿမိဳ႔ႀကီးမ်ားရိွ ဆင္ေျခဖံုး အရပ္ေဒသမ်ား၌လည္း ေတြ့ျမင္လာရသည္။ 


ၿမိဳ႔လယ္ေခါင္တိုက္ခန္းမ်ားတြင္ ေႁမြသတၲဝါကိုျမင္ေတြ့ရခဲေသာ္လည္း၊ သစ္ပင္ လယ္ေျမ ျမက္ခ်ံဳေပါမ်ားကာ ေရစပ္စပ္ ရိွေသာ ၿမိဳ႔နယ္မ်ားတြင္  ေႁမြကိုေတြ့ရတတ္သည္။  ထို႔ေၾကာင့္ ေရေျမာင္း ေရကန္မ်ား၊ ေရစပ္စပ္ရိွေသာ ၿခံဝန္းၿခံျပင္၊ ေမွာင္၍ စိုစြတ္ထိုင္းမိႈင္းေသာ အိမ္အတြင္းပိုင္းမ်ားကို ေႁမြအႏၲရာယ္ သတိရိွစြာျဖင့္ေနထိုင္သင့္သည္။ ျမန္မာျပည္ရိွ အဆိပ္ျပင္းေသာ ေႁမြ ႏွစ္မ်ိဳးမွာ ေႁမြေပြး ႏွင့္ ေႁမြေဟာက္တို႔ျဖစ္ၾကၿပီး၊ ေႁမြေပြးအဆိပ္က လူ႔ခႏၶာကိုယ္ ေသြးခဲေသာစံနစ္ကို ထိခိုက္ပ်က္စီးေစတတ္ သည္။ ထို႔ေၾကာင့္ ေႁမြေပြးကိုက္ခံရပါက ေသြးမတိတ္ဘဲ ဦးေနွာက္ ႏွင့္ အစာေခ်စံနစ္လမ္းေၾကာင္းမ်ားတြင္ ေသြးယိုစိမ့္ျခင္း အျပင္၊ ဆီးထဲေသြးပါၿပီး ေက်ာက္ကပ္ ပ်က္စီးတတ္သည္။ ေႁမြေဟာက္အဆိပ္က အာရံုေၾကာစံနစ္ကို ထိခိုက္ေစသျဖင့္ လူနာက မိွန္းလာၿပီး အာရံုခံစားမႈ မရိွေတာ့ပဲ ထံုက်င္လာကာ၊ ေနာက္ဆံုးတြင္  အာရံုေၾကာမ်ားပ်က္စီးၿပီး ႂကြက္သားလႈပ္ရွားမႈ အားေပ်ာ့ သြားကာ အသက္ရႈျခင္း ႏွင့္ အဆုတ္ကို ထိခိုက္လာသည္။


သေဘာသဘာဝအရ ေႁမြဆိုေသာသတၲဝါတို႔သည္ လူကိုျမင္တိုင္း လိုက္ကိုက္တတ္ၾကသည္ မဟုတ္ေပ။ ၄င္းတို႔ကို ထိ မိ၍ (သို႔မဟုတ္) မလြဲမေရွာင္သာေသာအခ်ိန္က်မွသာ (သို႔မဟုတ္) ၄င္းတို႔ကို တစ္စံုတစ္ခုက အႏၲရာယ္ျပဳမည္ဟု ထင္မိေသာ အခါမွာ သူ႔ကိုယ္သူ ကာကြယ္သၫ့္အေနျဖင့္ လူကို ကိုက္လိုက္ျခင္းသာျဖစ္သည္။ သို႔ေသာ္ အဆိပ္ရိွေသာ ေႁမျြဖစ္ေစ၊ အဆိပ္ မရိွသည္ျဖစ္ေစ ေႁမြကိုျမင္ရင္ လူတိုင္းနီးပါး ေၾကာက္လန႔္ေလ့ရိွၿပီး၊ ေႁမြအကိုက္ခံရေသာ ဒဏ္ရာမွနာက်င္မႈျဖစ္ေစသည္။ ေႁမြ အစြယ္ေၾကာင့္ ဒဏ္ရာအေပါက္မွ ေသြးထြက္တတ္ၿပီး၊ အဆင္မသင့္ပါက ၄င္းဒဏ္ရာေပါက္မွတဆင့္ ေမးခိုင္ပိုးဝင္ႏိုင္သည္။ အကယ္၍ အဆိပ္ျပင္းေသာေႁမြအကိုက္ခံရပါက ဒဏ္ရာပတ္ဝန္းက်င္မွာ ၅ မိနစ္အတြင္း ျပင္းထန္စြာ ေယာင္ယမ္းနာက်င္မႈျဖစ္ ကာ၊ မီးေလာင္ဒဏ္ရာကဲ့သို႔ အရည္ၾကည္ဖုမ်ား ေပၚထြက္လာတတ္သည္။ ထို႔ျပင္ ကိုက္ခံရေသာေနရာတဝိုက္ ႂကြက္သား ႏွင့္ အေရျပားေတြ ပ်က္စီးသြားၿပီး ေနာက္ဆံုးတြင္ ပုတ္သြားသည္အထိ အေျခအေနဆိုးရြားႏိုင္သည္။ ကိုက္လိုက္ေသာ ေႁမြ၏အစြယ္ အနက္၊ သူထုတ္လိုက္သၫ့္ အဆိပ္ပမာဏ ႏွင့္ အကိုက္ခံရေသာ ေနရာေပၚတည္ၿပီး အဆိပ္ျပန႔္ႏွံ႔မႈ ျဖစ္စဉ္မွာလည္း အေနွး၊ အျမန္ ကြာျခားသြားသည္။ ဥပမာ ဦးေခါင္းပိုင္း၊ မ်က္ႏွာ၊ လည္ပင္းတို႔ကို အကိုက္ခံရပါက ႏွလံုးေသြးျပန္ေၾကာႏွင့္ နီးစပ္သျဖင့္ အဆိပ္ျပန႔္တာလည္း ပို၍ျမန္ဆန္သည္။


ေႁမြကိုက္ခံရေသာအခါ အလြန္တရာ စိတ္တုန္လႈပ္ေျခာက္ျခားျခင္း ျဖစ္မသြားပါႏွင့္။ ေအာက္ပါနည္းနာမ်ားအတိုင္း သတိေဆာင္ထားပါ။


·         monovalent ႏွင့္ polyvalent ဟူ၍ ေႁမြဆိပ္ေျဖေဆး ႏွစ္မ်ိဳးရိွသည္။ monovalent က သတ္မွတ္ထားေသာ  ေႁမြအမ်ိဳးအစား တစ္မ်ိဳးတည္းအတြက္သာ သံုးႏိုင္ၿပီး၊ polyvalent က ေႁမြအမ်ိဳးအစား တစ္မ်ိဳးမကေသာ  အဆိပ္ မ်ားကို ေျပေပ်ာက္ေစသည္။ ထို႔ေၾကာင့္ သံုးစြဲရမၫ့္ေႁမြဆိပ္ေျဖေဆးသည္လည္း မတူႏိုင္၍ ေႁမြကိုက္ခံရပါက (ျဖစ္ႏိုင္ပါက) ကိုက္သၫ့္ေႁမြကို တပါတည္း ေဆးရံုယူသြားျပဖို႔လိုအပ္သည္။


·         ေႁမြဟူေသာသတၲဝါသည္ လူကိုကိုက္ၿပီးသည္ႏွင့္ ၄င္းတို႔အေျပးျမန္ၾကသည္။ ထို႔ေၾကာင့္ မိမိအကိုက္ခံရသၫ့္ ေႁမြ၏ အဆင္းသ႑ာန္ကို မွတ္မိေအာင္ၾကၫ့္ထားပါ။ (ေႁမြေဟာက္က ပါးျပင္းေထာင္ေလ့ရိွ၍ ေျခမ်က္စိအေပၚကို ကိုက္တတ္ၿပီး၊ ေျမေပြးက ေျခမ်က္စိေအာက္ကို ကိုက္ေလ့ရိွသည္။ အဆိပ္ရိွေႁမြ၏ ဦးေခါင္းသည္ မ်ားေသာအားျဖင့္ ႀတိဂံ ပံုသ႑န္ျဖစ္သည္)


·         ဒုတိယအႀကိမ္ ထပ္မံ၍အကိုက္မခံရေအာင္ ေႁမြႏွင့္ေဝးရာသို႔ေရွာင္ထြက္သြားပါ။ ခ်ံဳဖုတ္ႏွင့္ေဝးရာ (သို႔မဟုတ္)  ညီညာျပန႔္ျပဴးေသာေျမက စိတ္ခ်ရသည္။ သို႔ေသာ္ ဟိုးအေဝးႀကီးဆီသို႔ တရိွန္ထိုးထြက္ေျပးဖို႔မလိုအပ္ေပ။ ေျပး လႊားျခင္းက ႏွလံုးခုန္ျမန္ဆန္ကာ ခႏၶာကိုယ္ထဲသို႔အဆိပ္ျပန႔္လြယ္သည္။


·         စိတ္ခ်ရသၫ့္ေနရာဟု ယူဆပါက ၿငိမ္ၿငိမ္ေလးလွဲခ်၍ အသက္ကိုမွန္မွန္ရႈပါ။ စိတ္ၿငိမ္ၿငိမ္ထားပါ။ စိုးရိမ္ထိတ္လန႔္ ျခင္းက ႏွလံုးခုန္ျမန္ဆန္ေစၿပီး ေႁမြဆိပ္ေတြ မိမိခႏၶာကိုယ္အတြင္း ျမန္ျမန္ျပန႔္လာေစတတ္သည္။


·         အဆိပ္ျပင္းေသာေႁမြ အကိုက္ခံရပါက ခ်က္ခ်င္းဆိုသလို ေရာင္ကိုင္းလာေစသည္။ ဥပမာ ေျခေထာက္ကို ကိုက္ခံရ ပါက ဖိနပ္ခြၽတ္ပါ။ ေဘာင္းဘီရွည္ဝတ္ထားပါက ေခါက္တင္လိုက္ပါ။ အကယ္၍ လက္ကိုအကိုက္ခံရပါက လက္စြပ္၊ လက္ပတ္နာရီကို ခြၽတ္ပါ။ အက်ီလက္ကို အေပၚသို႔ေခါက္တင္ပါ။


·         ေႁမြကိုက္ဒဏ္ရာ၏ အထက္နားမွ ႀကိဳးျဖင့္ ၾကပ္ၾကပ္စည္းေနွာင္ပါ။ ဓားသန႔္သန႔္ကို မီးကင္ၿပီး ဒဏ္ရာအနာေပါက္ ကိုခ်ဲ့ကာ ေႁမြဆိပ္မ်ားကို ပါးစပ္ျဖင့္စုပ္ေထြးထုတ္ပစ္ရမည္ဟု ေရွးယခင္ေခတ္က ဆိုထားၾကေသာ္လည္း၊ ယခု မ်က္ေမွာက္ေခတ္တြင္ ဒဏ္ရာကိုဓါးျဖင့္ ခြဲစိပ္ျခင္းက ေသြးထြက္လြန္၍ ေျမဆိပ္လည္း ပိုမိုျပန႔္တတ္ၿပီး ေမးခိုင္ပိုး ၀င္တတ္၍ ေရွးနည္းကို မသံုးသင့္ေပ။ ထို႔ေၾကာင့္ ေႁမြကိုက္ခံရေသာအခါ -


o   (က) ေသြး ႏွင့္ အဆိပ္ရည္ေတြကို ကုန္စင္ေအာင္ၫွစ္ပါ။


o   ( ခ) အဆိပ္မျပန႔္ေစဖို႔အတြက္ ဒဏ္ရာ၏ ၂ - ၃ လကၼအထက္ အေပၚနားကေန၍ အ၀တ္ပတ္တီးကို ခပ္တင္းတင္း စည္းေနွာင္ပါ(ႏိုင္လြန္ဆြဲသား အ၀တ္စေတြကို မသံုးပါႏွင့္၊ ေသြးတိတ္ပတ္တီး မစည္းပါႏွင့္)


o   (ဂ) ျပင္ပကူးစက္ပိုးမ၀င္ေစရန္ ေႁမြကိုက္ခံရေသာေနရာကို ဆပ္ျပာ၊ ေရသန႔္တို႔ျဖင့္ စင္ၾကယ္စြာေဆး ေၾကာပါ။ ကာေဘာ္လိပ္ဆပ္ျပာ (သို႔မဟုတ္) ဒတ္ေတာလ္ ပိုးသတ္ဆပ္ျပာ ရႏိုင္ရင္ပိုေကာင္းပါသည္။


o   (ဃ) ဒဏ္ရာေပၚ ေရခဲ မအံုပါႏွင့္။


o   ( င) အထက္ေဖာ္ျပပါ ေရွးဦးသူနာျပဳစုၿပီးပါက အဆိပ္ေတြမျပန႔္ေအာင္ ၿငိမ္ၿငိမ္ေလးေနပါ။  ေဆးရံု၊ ေဆး ခန္းသို႔သြားေသာအခါတြင္လည္း ခႏၶာကိုယ္ကို အတတ္ႏိုင္ဆံုးၿငိမ္ၿငိမ္ေလးထားၿပီးေနပါ။


·         ေတာရြာဓေလ့ "ပိုးထိတယ္" “အေကာင္ရွည္ ကိုက္တယ္” ဟု ေခၚဆိုေလ့ရိွသည္။ ေအာက္ပါ အိမ္တြင္းကုထံုးေလး မ်ားကလည္း ေႁမြဆိပ္အႏၲရာယ္မွ ကာကြယ္ေပးႏိုင္သျဖင့္ အေရးေပၚအသံုးျပဳႏိုင္ရန္ မွတ္သားထားသင့္ပါသည္။


o   (က)  ျမင္းခြာရြက္စားပါ၊ ျမင္းခြာရြက္ကိုႀကိတ္၍ ရလာေသာ အရည္ကို ဒဏ္ရာေပၚလူးအံုေပးပါ။ (သို႔မ ဟုတ္) ေဆးျမင္းခြာရြက္အနီပင္ကို က်င္ငယ္ေရ(ဆီး)ႏွင့္ေသြး၍ ေႁမြကိုက္ ဒဏ္ရာေပၚလူးေပးပါ။


o   ( ခ) ၾကက္သဟင္းရြက္စားပါ။ ၾကက္သဟင္းပင္အျမစ္ကို ေထာင္းထု၍ ေရစိမ္ေသာက္ပါ။


o   ( ဂ) ေဆးခါးႀကီးပင္ (ေခၚ) ရွမ္းေဆးခါးႀကီးပင္ အေျခာက္မႈန႔္ ထမင္းစားဇြန္း တစ္ဇြန္းကို ေရႏြေးဆူဆူ မတ္ခြက္ႀကီး တစ္လံုးႏွင့္ေဖ်ာ္၍ လက္ဖက္ရည္ၾကမ္း ပန္းကန္ ႏွစ္လံုးေသာက္ပါ။ အကယ္၍ ေဆးခါးႀကီး ပင္အစိမ္း လတ္လတ္ဆတ္ဆတ္ရရိွပါက ေဆးပင္လက္တစ္ဆုပ္ကို ေရသံုးပုလင္းထၫ့္၍ တစ္ဝက္ခန္း ေအာင္ က်ိဳၿပီးေသာက္ပါ။ ေႁမြကိုက္ခံရသူသည္ ေရအလြန္ဆာတတ္၍ ေရက်က္ေအး အသင့္ထား၍ ေဆးရည္ တစ္ဇြန္းခန႔္ေသာက္ၿပီးေနာက္ ေရဆာတိုင္း ၄င္းေရက်က္ေအးေသာက္ပါ။ (သတိလစ္၍ ေသြး အန္ေနသူ လူနာပင္ ျပန္လည္ေကာင္းမြန္လာႏိုင္သည္)


o   (ဃ) ေႁမြကိုက္ခံရေသာအခါ ေႁမြအစြယ္ရာ ႏွစ္ေပါက္ျဖစ္သၫ့္အတြက္ ၾကက္ဥ(အစိမ္း)ကို ၄င္းဒဏ္ရာျဖင့္ တိုင္းထြာၿပီး အေပါက္ႏွစ္ေပါက္ေဖာက္၍ ကပ္ေပးပါ။ ၾကက္ဥက ဒဏ္ရာထဲကအဆိပ္ကို မိနစ္ပိုင္းအတြင္း စုပ္ယူသြားပါလိမ့္မည္။ လိုအပ္ပါက ေနာက္ထပ္ ၾကက္ဥ အသစ္ကို သံုးႏိုင္သည္ (ၾကက္ဥကို ခြဲၾကၫ့္ပါက  ေႁမြဆိပ္ေတြ့ႏိုင္သည္၊ ထိုၾကက္ဥကို ေသေသခ်ာခ်ာ  စြန႔္ပစ္ရန္လိုအပ္သည္)


o   (င) ဣႆရမူလီ အျမစ္ကို ေသြးလိမ္းေပးျခင္းျဖင့္ ေႁမြေဟာက္အဆိပ္ကို တမဟုတ္ခ်င္းေျပေစႏိုင္သည္။


o   (စ) သၾကားသီးအေစ့ ႏွင့္ အရြက္တို႔ကိုေထာင္းထုကာ သတၲုရည္လိမ္းက်ံေပးျခင္းျဖင့္ အဆိပ္ေျပေစႏိုင္ သည္။


o   (ဆ) ေနအိမ္ၿခံဝန္းထဲတြင္ ပင္စိမ္းပင္ စိုက္ပ်ိဳးထားျခင္းျဖင့္ ေႁမြအႏၲရာယ္မွ ကင္းေဝးေစႏိုင္သည္။ ေျမကိုက္ ဒဏ္ရာေပၚ ပင္စိမ္းရြက္ကိုႀကိတ္အံုေပးျခင္းျဖင့္ အဆိပ္ေျပေစသည္။


o   (ဇ) ေႁမြကိုက္ခံရပါက၊ ေဆးရံု၊ေဆးခန္းသို႔မသြားခင္ အဆိပ္၏ စုဖြဲ႔မႈကိုအပူႏွင့္ တိုက္ထုတ္သၫ့္အေနျဖင့္ ဆားရည္ပ်စ္ပ်စ္ ေဖ်ာ္ေသာက္ေပးပါ။


o   (ဈ) သေဘၤာသီး အကင္းကိုထိပ္မျွဖတ္ၿပီး ေႁမြအကိုက္ခံရသၫ့္ေနရာတြင္ ကပ္ေပးျခင္းျဖင့္ အဆိပ္ေျဖကာ အနာအျမန္ဆံုး က်က္ေစသည္။


o   (ည) ၿခံ ႏွင့္ အိမ္ပတ္ဝန္းက်င္ကို ဆီးျဖဴသီးျဖန႔္ပစ္ထားပါ။


o   (ဋ) ၿခံပတ္ပတ္လည္ကို Kiss me quick ပင္၊ ရွၪ့္မတက္ပင္၊ ႏွင္းဆီပင္ စသၫ့္ ဆူးခက္မ်ားပါရိွေသာ အပင္မ်ားစိုက္ပ်ိဳးထားျခင္းျဖင့္ေႁမြမလာႏိုင္ေအာင္ တာဆီးႏိုင္သည္။


o   (ဌ) ေရွးျမန္မာႀကီးမ်ားက ေႁမြကိုက္ခံရေသာ လူနာအား က်ည္းနီသီး၏ အဆံကို မႈန႔္ညက္ေနေအာင္ႀကိတ္ ၍ မ်က္စိႏွစ္ဖက္စလံုးမွာ ခတ္ေပးျခင္းျဖင့္ အသက္ခ်မ္းသာရာ ရေစသည္ဟု အဆို၇ိွသည္။


o   (ဍ) ေရွးျမန္မာႀကီးမ်ားလက္ထက္က ပိုးထိေသာသူ၏ ဒဏ္ရာမွအဆိပ္ကို ေရွးဦးသူနာျပဳစုနည္း ပါးစပ္ျဖင့္ စုပ္ထုတ္စဉ္ ၄င္းအဆိပ္သည္ ပါးစပ္ထဲသို႔ မေတာ္တဆ၀င္၍ မ်ိဳခ်မိပါက၊ ထိုျပႆနာအတြက္ ဆင္ေခ်း (မစင္) ကို ေသြး၍ေသာက္ျခင္းျဖင့္ အဆိပ္ေျဖခဲ့ၾကသည္။


o   (ဏ) အဆိပ္ရိွေသာ ေႁမြ၊ ကင္း ကိုက္ခံရပါေသာ ၄င္းဒဏ္ရာေပၚသို႔ က်ည္ဆန္ကို ကပ္ထားေပးပါ။  ၄င္း က်ည္ဆန္က ဒဏ္ရာထဲရိွ အဆိပ္မ်ားကို ျပင္ပသို႔ အလိုအေလ်ာက္ထြက္ရိွလာေအာင္ စုပ္ယူေပးႏိုင္သည္။


အခ်ဳပ္အားျဖင့္ဆိုေသာ္ ေႁမြအကိုက္မခံရေအာင္ ျမက္ဖုတ္မ်ား၊ ေျမတြင္းမ်ားႏွင့္ သစ္ေခါင္းေပါက္မ်ားကို ေဝးေဝးေရွာင္ ၿပီး သြားလာပါ။ အိမ္ေမြး ေခြးမ်ားက ေႁမြအႏၲရာယ္ကို ႀကိဳသိျမင္တတ္သျဖင့္ ေခြးေတြစူးစူးဝါးဝါးေဟာင္ေသာအခါ ဂရုတစိုက္ စစ္ ေဆးပါ။ ညဘက္ အျပင္ထြက္သၫ့္အခါ လက္ႏိွပ္ဓာတ္မီးေဆာင္ထားပါ။ ထို႔ျပင္ ေႁမြကိုအသံျဖင့္ေျခာက္လွန႔္သၫ့္ အေနျဖင့္ ဒုတ္(တုတ္)ရွည္ရွည္ ေဆာင္သြားပါ။ ေရေျမာင္းမ်ားဆည္၍၊ ၿခံအစပ္မ်ားကို ခုတ္ထြင္ရွင္းလင္းပါ။ ေႁမြရိွတတ္သၫ့္ တခ်ိဳ႕ၿမိဳ႔နယ္ တို႔တြင္ ေရခ်ိဳးခန္း၊ အိမ္သာ၊ မီးဖိုေခ်ာင္ကို သန႔္ရွင္းေရး ဂရုစိုက္ၾကပါရန္ ႏွင့္ မိမိအိပ္ယာကုတင္ အေပၚ၊ ေအာက္တို႔ကို သတိ ႏွင့္ ဆင္ျခင္၍ ေႁမြအႏၲရာယ္မွ ကာကြယ္ၾကပါရန္ သတိေပးႏိႈးေဆာ္ လိုက္ရပါသည္။


 

ေစတနာမ်ားစြာျဖင့္

ေဆာင္းပါးရွင္…ေပါက္ေပါက္ Tin Htet Htet Zaw …ေရးသားမ်ွေဝသည္။

No comments: