Friday, July 16, 2021

ဘဲသားနာနတ်သီးကြော် - ငါးအသားပြားငရုတ်သီးကြော် - ယိုးဒယားဟင်းချို

 [Unicode]ဘဲသားနာနတ်သီးကြော် - ငါးအသားပြားငရုတ်သီးကြော် - ယိုးဒယားဟင်းချို


ဘဲသားနှင့် နာနတ်သီးကြော်




ပါဝင်ပစ္စည်းများ

ဘဲ တစ်ကောင်၊ ကြက်သွန်ဖြူ ၂ဥ၊ ချင်း(ဂျင်း) တစ်တက်၊ နာနတ်သီး တစ်လုံး၊ ပဲကြာဆံ အနည်းငယ်၊ ကြက်ဥ ၂လုံး၊ ကြက်သွန်မြိတ် ၂ ပင်၊ ကော်မှုန့် ဇွန်းကြီး ၂ဇွန်း၊ ပဲငံပြာရည် အကြည် အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်၊ ဆား သင့်တော်ရုံ၊ ကြက်သွန်နီ ၁လုံး။

ပြင်ဆင်ချက်ပြုတ်ပုံ

ဘဲသားကို ရေစင်အောင်ဆေးပြီး အရိုးထုတ်ထားပါ။ ပြီးလျှင် ဓားဖြင့် ပါးပါးလွှာ၍ ဆား၊ ကော်မှုန့်၊ ကြက်ဥတို့ဖြင့် နှံ့စပ်အောင်နယ်ထားပါ။ 

နာနတ်သီးကို အခွံနွှာ၍ လက်တစ်လုံးခန့်အရွယ်အစား ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ/ချင်း(ဂျင်း)တို့ကိုဓားပြားရိုက်ထားပါ။ ကြက်သွန်နီကို ၈စိပ် စိပ်ထားပါ။ ကြက်သွန်မြိတ်ကို အရှည် တစ်လက်မခွဲခန့် အစောင်းကလေးများဖြစ်အောင် လှီးထားပါ။

ဒယ်အိုးတစ်လုံးတွင် ဆီထည့်၍ အပူပေးပါ။ ဆီကျက်လျှင် အထက်ပါအတိုင်း ပြုပြင်ထားသော ဘဲသား၊ ကြက်သွန်နီတို့ကိုထည့်၍ ခေတ္တမျှ မွှေပေးပါ။ ပြီးလျှင် ဆန်ခါဖြင့် ၄င်းတို့ကို စစ်ထားပါ။

ပြုလုပ်မည့် ဒယ်အိုးတွင် ဆီအနည်းငယ်ထည့်၍ အထက်ပါပြုလုပ်ထားသော ကြက်သွန်ဖြူ၊ ချင်း(ဂျင်း)တို့ကို ဆီသတ်ပါ။ ပြီးလျှင် စစ်ထားသော ဘဲသား၊ ကြက်သွန်နီ၊ နာနတ်သီး၊ ပဲငံပြာရည်အကြည်၊ ကော်ရည်၊ ဆား၊ ဟင်းခတ်မှုန့်၊ ကြက်သွန်မြိတ်နှင့် ဆီမွှေးတို့ကို ထည့်ပြီး လုံးမွှေပေးပါ။

အားလုံးကျက်လျှင် စားမည့်ပန်းကန်တွင် ပုံစံကျစွာထည့်၍ ပဲကြာဆံကြော်ပြီးသားကို ဘေးမှရံပြီး ပြင်ဆင်နိုင်ပါသည်။


ငါးအသားပြားနှင့် ငရုတ်သီးကြော်




ပါဝင်သောပစ္စည်းများ

ငါးအသား ၁၀ကျပ်သား၊ ငရုတ်ပွစိမ်း ၁၀ကျပ်သား၊ ချင်း အနည်းငယ်၊ ကြက်သွန်ဖြူ တစ်ဥ၊ ကြက်သွန်နီ တစ်လုံး၊ ကြက်သွန်မြိတ် ၃ပင်၊ ဟင်းခတ်မှုန့် အနည်းငယ်၊ ကော်မှုန့် အနည်းငယ်၊ ဆား အနည်းငယ်၊ ကြက်ဥ ၁လုံး၊ ဆီမွှေး အနည်းငယ်၊ ဆီ ၂၀ကျပ်သား။

ပြင်ဆင်ပြုလုပ်ပုံ

ပြုလုပ်မည့် ငါးအသားကို ပါးပါးလှီးပြီး ဆား၊ ဟင်းခတ်မှုန့်၊ ကော်မှုန့်၊ ကြက်ဥအကာတို့နှင့် သမအောင် ခပ်ဖွဖွနယ်ထားပါ။ ချင်းကို အခွံသင်၍ အမျှင်ကလေးများလှီးထားပါ။ ကြက်သွန်နီကို ၄စိပ် စိပ်၍ ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။ ငရုတ်ပွအစိမ်းကို ၄စိပ် စိပ်ထားပါ။ ကြက်သွန်မြိတ်ကို အစောင်း အချောင်းကလေးများလှီးထားပါ။

ပန်းကန်လုံးတစ်ခုတွင် ကြက်ဥ၊ ကော်မှုန့်၊ ဆား၊ ဟင်းခတ်မှုန့်တို့ကိုထည့်ပြီး မပျစ်မကျဲဖျော်ထားပါ။

ပြီးလျှင် အထက်ပါပြုပြင်ထားသော ငါးအသားပြားတို့ကိုနှစ်၍ ဆီများများ မီးနွေးနွေးတွင် ကြက်သွန်နီတို့နှင့်အတူ ကြော်ပါ။ အနည်းငယ်ကျက်လျှင် အားလုံးကို ဆယ်ယူ၍ ဆီစစ်ထားပါ။ 

စားမည့်ပန်းကန်တွင် ပုံစံကျစွာထည့်၍ ဆီပူလှိမ့်ထားသော ငရုတ်စိမ်းအပွနှင့် ကြက်သွန်မြိတ်တို့ကို ဖြူးထည့်ပေးပါ။

ဒယ်အိုးတစ်လုံးတွင် ဆီအနည်းငယ်ထည့်၍ ကြက်သွန်ဖြူ၊ ချင်းတို့ကို ဆီသတ်ပါ။ ပြီးလျှင် အရက်အနည်းငယ်ထည့်၍ မွှေပေးပါ။ 

ဆား၊ ဟင်းခတ်မှုန့် လိုအပ်သလိုထည့်ပြီး ပန်းကန်လုံးတစ်လုံးတွင် ထည့်ထားပါ။ ၄င်းနောက် အထက်ပါ ငါးအပြားကြော်နှင့်တွဲဖက်၍ စားသုံးနိုင်ရန် ဧည့်သည်အားပေးနိုင်ပါသည်။


ယိုးဒယားဟင်းချို




ပါဝင်ပစ္စည်းများ

ကြက်သား (သို့) ၀က်သား - ၁၀ကျပ်သား၊ ပန်းဂေါ်ဖီ သင့်တော်ရုံ၊ ငရုတ်သီးစိမ်း ၁၀တောင့်၊ ဘိုစားပဲသီး ၅တောင့်၊ မုန်လာဥနီ ၃ဥ၊ ကြက်သွန်နီ ၂လုံး၊ ကြက်သွန်ဖြူ ၂ဥ၊ ရှောက်ရည် သို့မဟုတ် သံပရာရည် သင့်တော်ရုံ၊ ဆား သင့်တော်ရုံ၊ ဟင်းခတ်မှုန့် သင့်တော်ရုံ၊ ငရုတ်ကောင်းမှုန့် သင့်တော်ရုံ၊ ဆီ ၅ကျပ်သား၊ အရိုးပြုတ်ရည် ၇၅ကျပ်သား။

ပြင်ဆင်ပြုလုပ်ပုံ

ပြုလုပ်မည့်အသားကို လက်သန်းချောင်းပုံစံ လှီးဖြတ်ထားပါ။ ပန်းဂေါ်ဖီကို အပွင့်ကလေးများ ခြွေထားပါ။ ငရုတ်သီးစိမ်း၊ ဘိုစားပဲသီးတို့ကို အရှည်လိုက် သေးသေးလှီးထားပါ။ ကြက်သွန်နီ/ဖြူ နှင့် မုန်လာဥနီတို့ကို ပါးပါးလှီးထားပါ။

ပြင်ဆင်ချက်ပြုတ်မည့် ဒယ်အိုးတွင် ဆီအနည်းငယ်ထည့်၍ ကြက်သွန်နီ/ဖြူ တို့ကိုဆီသတ်ပါ။ ပြီးလျှင် ထက်ပါပြုလုပ်ထားသော အသားနှင့် ဟင်းသီးဟင်းရွက်များကို ထည့်၍လုံးပါ။ အရိုးပြုတ်ရည်ကို လိုအပ်သလို ထည့်ပေးပါ။

ဆူပွက်လျှင် ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ သံပရာရည်တို့ကို သင့်တော်ရုံထည့်ပေးနိုင်ပါသည်။


[Zawgyi]ဘဲသားနာနတ္သီးေၾကာ္ - ငါးအသားျပားငရုတ္သီးေၾကာ္ - ယိုးဒယားဟင္းခ်ိဳ

တရုတ္လူမ်ိဳးေတြခ်က္ျပဳတ္စားၾကတဲ့ ဟင္းလ်ာအခ်ိဳ႕ကို ကိုယ္ႀကိဳက္သလိုတြဲဖက္ခ်က္ျခင္းျဖစ္ပါတယ္။ ဟင္းအတြဲအစပ္လိုက္ဖက္မႈရိွမရိွ ကေတာ့ အခ်က္အျပဳတ္ဝါရင့္ေနသူမ်ားမွသိမွာပါပဲ။ ဒါေပမယ့္ စားေကာင္းေလာက္ပါတယ္။


ဘဲသားႏွင့္ နာနတ္သီးေၾကာ္




ပါဝင္ပစၥည္းမ်ား

ဘဲ တစ္ေကာင္၊ ၾကက္သြန္ျဖဴ ၂ဥ၊ ခ်င္း(ဂ်င္း) တစ္တက္၊ နာနတ္သီး တစ္လံုး၊ ပဲၾကာဆံ အနည္းငယ္၊ ၾကက္ဥ ၂လံုး၊ ၾကက္သြန္ၿမိတ္ ၂ ပင္၊ ေကာ္မႈန႔္ ဇြန္းႀကီး ၂ဇြန္း၊ ပဲငံျပာရည္ အၾကည္ အနည္းငယ္၊ ဟင္းခတ္မႈန႔္ အနည္းငယ္၊ ဆား သင့္ေတာ္ရံု၊ ၾကက္သြန္နီ ၁လံုး။

ျပင္ဆင္ခ်က္ျပဳတ္ပံု

ဘဲသားကို ေရစင္ေအာင္ေဆးၿပီး အရိုးထုတ္ထားပါ။ ၿပီးလ်ွင္ ဓားျဖင့္ ပါးပါးလႊာ၍ ဆား၊ ေကာ္မႈန႔္၊ ၾကက္ဥတို႔ျဖင့္ ႏွံ႔စပ္ေအာင္နယ္ထားပါ။ 

နာနတ္သီးကို အခြံႏႊာ၍ လက္တစ္လံုးခန႔္အရြယ္အစား ပါးပါးလွီးထားပါ။ ၾကက္သြန္ျဖဴ/ခ်င္း(ဂ်င္း)တို႔ကိုဓားျပားရိုက္ထားပါ။ ၾကက္သြန္နီကို ၈စိပ္ စိပ္ထားပါ။ ၾကက္သြန္ၿမိတ္ကို အရွည္ တစ္လက္မခြဲခန႔္ အေစာင္းကေလးမ်ားျဖစ္ေအာင္ လွီးထားပါ။

ဒယ္အိုးတစ္လံုးတြင္ ဆီထၫ့္၍ အပူေပးပါ။ ဆီက်က္လ်ွင္ အထက္ပါအတိုင္း ျပဳျပင္ထားေသာ ဘဲသား၊ ၾကက္သြန္နီတို႔ကိုထၫ့္၍ ေခတၲမ်ွ ေမႊေပးပါ။ ၿပီးလ်ွင္ ဆန္ခါျဖင့္ ၄င္းတို႔ကို စစ္ထားပါ။

ျပဳလုပ္မၫ့္ ဒယ္အိုးတြင္ ဆီအနည္းငယ္ထၫ့္၍ အထက္ပါျပဳလုပ္ထားေသာ ၾကက္သြန္ျဖဴ၊ ခ်င္း(ဂ်င္း)တို႔ကို ဆီသတ္ပါ။ ၿပီးလ်ွင္ စစ္ထားေသာ ဘဲသား၊ ၾကက္သြန္နီ၊ နာနတ္သီး၊ ပဲငံျပာရည္အၾကည္၊ ေကာ္ရည္၊ ဆား၊ ဟင္းခတ္မႈန႔္၊ ၾကက္သြန္ၿမိတ္ႏွင့္ ဆီေမႊးတို႔ကို ထၫ့္ၿပီး လံုးေမႊေပးပါ။

အားလံုးက်က္လ်ွင္ စားမၫ့္ပန္းကန္တြင္ ပံုစံက်စြာထၫ့္၍ ပဲၾကာဆံေၾကာ္ၿပီးသားကို ေဘးမွရံၿပီး ျပင္ဆင္ႏိုင္ပါသည္။


ငါးအသားျပားႏွင့္ ငရုတ္သီးေၾကာ္




ပါဝင္ေသာပစၥည္းမ်ား

ငါးအသား ၁၀က်ပ္သား၊ ငရုတ္ပြစိမ္း ၁၀က်ပ္သား၊ ခ်င္း အနည္းငယ္၊ ၾကက္သြန္ျဖဴ တစ္ဥ၊ ၾကက္သြန္နီ တစ္လံုး၊ ၾကက္သြန္ၿမိတ္ ၃ပင္၊ ဟင္းခတ္မႈန႔္ အနည္းငယ္၊ ေကာ္မႈန႔္ အနည္းငယ္၊ ဆား အနည္းငယ္၊ ၾကက္ဥ ၁လံုး၊ ဆီေမႊး အနည္းငယ္၊ ဆီ ၂၀က်ပ္သား။

ျပင္ဆင္ျပဳလုပ္ပံု

ျပဳလုပ္မၫ့္ ငါးအသားကို ပါးပါးလွီးၿပီး ဆား၊ ဟင္းခတ္မႈန႔္၊ ေကာ္မႈန႔္၊ ၾကက္ဥအကာတို႔ႏွင့္ သမေအာင္ ခပ္ဖြဖြနယ္ထားပါ။ ခ်င္းကို အခြံသင္၍ အမ်ွင္ကေလးမ်ားလွီးထားပါ။ ၾကက္သြန္နီကို ၄စိပ္ စိပ္၍ ၾကက္သြန္ျဖဴကို ဓားျပားရိုက္ထားပါ။ ငရုတ္ပြအစိမ္းကို ၄စိပ္ စိပ္ထားပါ။ ၾကက္သြန္ၿမိတ္ကို အေစာင္း အေခ်ာင္းကေလးမ်ားလွီးထားပါ။

ပန္းကန္လံုးတစ္ခုတြင္ ၾကက္ဥ၊ ေကာ္မႈန႔္၊ ဆား၊ ဟင္းခတ္မႈန႔္တို႔ကိုထၫ့္ၿပီး မပ်စ္မက်ဲေဖ်ာ္ထားပါ။

ၿပီးလ်ွင္ အထက္ပါျပဳျပင္ထားေသာ ငါးအသားျပားတို႔ကိုႏွစ္၍ ဆီမ်ားမ်ား မီးေနြးေနြးတြင္ ၾကက္သြန္နီတို႔ႏွင့္အတူ ေၾကာ္ပါ။ အနည္းငယ္က်က္လ်ွင္ အားလံုးကို ဆယ္ယူ၍ ဆီစစ္ထားပါ။ 

စားမၫ့္ပန္းကန္တြင္ ပံုစံက်စြာထၫ့္၍ ဆီပူလိွမ့္ထားေသာ ငရုတ္စိမ္းအပြႏွင့္ ၾကက္သြန္ၿမိတ္တို႔ကို ျဖဴးထၫ့္ေပးပါ။

ဒယ္အိုးတစ္လံုးတြင္ ဆီအနည္းငယ္ထၫ့္၍ ၾကက္သြန္ျဖဴ၊ ခ်င္းတို႔ကို ဆီသတ္ပါ။ ၿပီးလ်ွင္ အရက္အနည္းငယ္ထၫ့္၍ ေမႊေပးပါ။ 

ဆား၊ ဟင္းခတ္မႈန႔္ လိုအပ္သလိုထၫ့္ၿပီး ပန္းကန္လံုးတစ္လံုးတြင္ ထၫ့္ထားပါ။ ၄င္းေနာက္ အထက္ပါ ငါးအျပားေၾကာ္ႏွင့္တြဲဖက္၍ စားသံုးႏိုင္ရန္ ဧၫ့္သည္အားေပးႏိုင္ပါသည္။


ယိုးဒယားဟင္းခ်ိဳ




ပါဝင္ပစၥည္းမ်ား

ၾကက္သား (သို႔) ၀က္သား - ၁၀က်ပ္သား၊ ပန္းေဂၚဖီ သင့္ေတာ္ရံု၊ ငရုတ္သီးစိမ္း ၁၀ေတာင့္၊ ဘိုစားပဲသီး ၅ေတာင့္၊ မုန္လာဥနီ ၃ဥ၊ ၾကက္သြန္နီ ၂လံုး၊ ၾကက္သြန္ျဖဴ ၂ဥ၊ ေရွာက္ရည္ သို႔မဟုတ္ သံပရာရည္ သင့္ေတာ္ရံု၊ ဆား သင့္ေတာ္ရံု၊ ဟင္းခတ္မႈန႔္ သင့္ေတာ္ရံု၊ ငရုတ္ေကာင္းမႈန႔္ သင့္ေတာ္ရံု၊ ဆီ ၅က်ပ္သား၊ အရိုးျပဳတ္ရည္ ၇၅က်ပ္သား။

ျပင္ဆင္ျပဳလုပ္ပံု

ျပဳလုပ္မၫ့္အသားကို လက္သန္းေခ်ာင္းပံုစံ လွီးျဖတ္ထားပါ။ ပန္းေဂၚဖီကို အပြင့္ကေလးမ်ား ေႁခြထားပါ။ ငရုတ္သီးစိမ္း၊ ဘိုစားပဲသီးတို႔ကို အရွည္လိုက္ ေသးေသးလွီးထားပါ။ ၾကက္သြန္နီ/ျဖဴ ႏွင့္ မုန္လာဥနီတို႔ကို ပါးပါးလွီးထားပါ။

ျပင္ဆင္ခ်က္ျပဳတ္မၫ့္ ဒယ္အိုးတြင္ ဆီအနည္းငယ္ထၫ့္၍ ၾကက္သြန္နီ/ျဖဴ တို႔ကိုဆီသတ္ပါ။ ၿပီးလ်ွင္ ထက္ပါျပဳလုပ္ထားေသာ အသားႏွင့္ ဟင္းသီးဟင္းရြက္မ်ားကို ထၫ့္၍လံုးပါ။ အရိုးျပဳတ္ရည္ကို လိုအပ္သလို ထၫ့္ေပးပါ။

ဆူပြက္လ်ွင္ ဆား၊ ဟင္းခတ္မႈန႔္၊ ငရုတ္ေကာင္းမႈန႔္၊ သံပရာရည္တို႔ကို သင့္ေတာ္ရံုထၫ့္ေပးႏိုင္ပါသည္။

No comments: