Thursday, July 8, 2021

အောက်ဆီဂျင် ဘယ်တော့ စရှူရမလဲ?

 [Unicode]စာရှည်ပေမယ့် အစုံပါတယ်။ သေချာprint  ထုတ်ထားရင် ပိုကောင်းမယ်။ #COVID19


♦️အောက်ဆီဂျင် ဘယ်တော့ စရှူရမလဲ? 

♦️လူနာကို ဘယ်လောက် L/min  ရှူခိုင်းမှာလဲ?  

♦️ Oxygen Cylinder vs Oxygen Concentrator 


=============================




♦️အောက်ဆီဂျင် ဘယ်တော့ စရှူရမလဲ? 


လူနာအား Oximeter နဲ့ တိုင်းကြည့်ပါ။ 

SpO2အဖြေက 95% အထက်မှာ ရှိသင့်ပါတယ်။ 

Oxygen saturation ဟာ 93% to 92% အောက်ရောက်သွားရင် Oxygen ရှူဖို့ လိုအပ်ပါပြီ။  


-------------------

🔴အထူးသတိပြုရန်


Oxygen များများ ရှူလို့မရတဲ့ လူနာ 


ဆေးလိပ်စွဲသောက်တဲ့သူတွေမှာ COPD လို့ခေါ်တဲ့ နာတာရှည် အဆုတ်လမ်းကြောင်း ပိတ်ဆို့မှုရောဂါရှိတတ်ပါတယ်။ 


အဲလိုလူတွေမှာ လိုအပ်တဲ့ Oxygen target က 88%-92 % ပါ ။


အဲထက် ပိုပေးမိ ရင် သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုင် ပမာဏက တက်လာပြီး လူနာအန္တရာယ်ရှိပါတယ်။  ခုတ်ရာတစ်ခြား ရှရာတစ်လွဲ ဖြစ်တတ်ပါတယ် ။


ဘယ်သူ့မှာ COPD ရောဂါအခံရှိနေမှန်းကို သာမန်အားဖြင့် မသိရှိနိုင်တာကြောင့် Oxygen ပေးရမယ့်အခြေအနေရှိနေပါက  ဆရာဝန်နဲ့  အရင်တိုင်ပင်ဖို့ လိုအပ်ပါတယ်။


=====================


♦️လူနာကို ဘယ်လောက် L/min  ရှူခိုင်းမှာလဲ? 


- 94 % အောက်သို့ ရောက်သော Oximeter မှထွက်လာသည့် အဖြေ ဂဏန်းကို 94 ထဲက နုတ်ပါ။ 


-ပြီးရင် 4 ဖြင့်စားပါ ။

(a) 4 ဖြင့်စားလို့ အကြွင်းမရှိရင် 

စားလဒ် ဂဏန်းအတိုင်း  L/min အမှတ်ချိန်၍ ပေးပါ။

(b) စားလို့မပြတ်ဘဲ အကြွင်းရှိပါက 

စားလဒ်ဂဏန်းကို 1 ဖြင့်ပေါင်း၍ ပေးပါ။ 


ဥပမာ ။   ။ 

( ၁ )

လူနာအား Oximeter ဖြင့်တိုင်း၍ အဖြေဟာ 82 ထွက်သည် ဆိုပါစို့။ 


🏷️82 ကို 94 ထဲက နုတ်ပါ။ 

94-82 = 12


🏷️ထို 12 ကို 4 ဖြင့်စားပါ။

12÷4 = 3


စားလဒ်ဟာ 3 ဖြစ်ပြီး အကြွင်း 0 ကြွင်း၍ 

လူနာကို Oxygen 3 L/min ပေးရပါမယ်။ အိုးရဲ့ 

flow meter မှာ 3 ဆိုတဲ့ အနေအထားချိန်ပြီး လူနာကို Oxygen ပိုက်တပ်ပေးပါ ။


ဥပမာ ။    ။ 

( ၂ ) 

Oximeter ဖြင့်တိုင်း၍ 

အဖြေဟာ 80 ထွက်သည်ဆိုပါစို့ ။ 


🏷️94-80=14


🏷️14÷4 = 3*2

14 ကို 4 ဖြင့်စားပါက စားလဒ်ဟာ 3 ဖြစ်ပြီး  

2 ကြွင်းပါတယ်။ 


စားလဒ် 3 ကို အကြွင်း 1 ဖြင့်ပေါင်းပြီး လူနာကို oxygen  4 L/min ပေးပါ။ Oxygen အိုးရဲ့ Flow meter မှာ 4 မှတ် အနေအထားချိန်ပြီး လူနာကို Oxygen ပိုက်တပ်ပေးပါ ။


ဥပမာ ။ ။ 

(၃)

Oximeter မှ အဖြေဟာ 91% - 93 %

ဖြစ်နေလျှင်  Oxygen 2 L /min ပေးရပါမည်။ Oxygen အိုးရဲ့ Flow meter မှာ 2 မှတ် အနေအထားချိန်၍ပေးပါ။ 


-----------------




📍 အောက်ဆီဂျင် လိုအပ်ချက်က 3-4 L per min လောက် အထိပဲဆိုရင်  Nasal cannula  (နှာခေါင်းပိုက်) နဲ့ စပေးပါ။ 


♦️Nasal Oxygen Cannula 

Nasal Cannula က Oxygen flow rate ကို 3-4 L per min လောက်အထိပဲ ပေးလို့ရပါတယ်။ 


ဒီထက်များတဲ့ rate ဆိုရင် အချိန်ကြာလာတာနဲ့အမျှ  နှာခေါင်းအတွင်းပိုင်းအသား mucosa ကို ထိခိုက်စေတတ်ပါတယ် ။ 


Nasal Cannula ကို လူနာနှာခေါင်းမှာ မတပ်ခင် Oxygen flow ကို စိတ်ကြိုက်ချိန်ပြီး လိုတာရပြီဆိုမှ တပ်ပါ။ 


ဘာလို့လဲဆိုတော့ နှာခေါင်းမှာ တပ်ပြီးမှဆိုရင် flow  ချိန်တဲ့ tuning ball လေးကို လှည့်တဲ့အခါ  လက်က အတိုးအလျှော့ အရှိန်လွန်သွားရင် ရုတ်တရက် Oxygen ပြင်းအားများများနဲ့ ဆောင့်ထွက်လာတတ်လို့  နှာခေါင်းအတွင်းပိုင်းသားကို  မထိခိုက်ရအောင်ပါ။ 


Nasal cannula ပိုက်ဝယ်တဲ့အခါ ကလေးနဲ့လူကြီး ဆိုပြီး ၂ မျိုး လာပါတယ်။


----------------------


Flow rate  3-4 L per min လောက် အထိက  Nasal prongs/nasal cannula  နဲ့ စပေးပါ။ မိနစ် ၃၀ လောက် စောင့်ကြည့်နေပါ။ 


ကိုယ်ဘယ်လောက်ပေးရင် ဘယ်လောက်တက်လာလဲဆိုတာ oximeter နဲ့ ပြန်တိုင်းပါ။  လူနာကို တတ်နိုင်သလောက် မှောက်လျှက် နေခိုင်းပါ။


ရှူရင်း သွေးတွင်း oxygen ပမာဏ 92% ကျော်လာရင် အဲဒီအတိုင်း ဆက်ထားလို့ ရပါတယ်။  


📍 Spo2 မတက်လာရင် / တက်လာပေမယ့်  92% အထက် မရောက်လာရင် nasal prong ကနေ  Face mask နဲ့ပြောင်းပေးဖို့ လိုပါတယ်။ 

5-10 L/min အထိ လိုအပ်သလို flow တင်ပါ။ 


📍 ဒါနဲ့တောင် 92% မကျော်လာဘူးဆိုရင်  Face mask ကို reservoir bag ပါတပ်ပြီး  ပေးရပါမယ်။


နီးစပ်ရာ covid center သွားနိုင်ရင် ကောင်းပါမယ်။


-------------------------


♦️Water Level

Oxygen အိုး Flow meter က water level ကိုရေအမြဲဖြည့်ပါ။ ရေသန့် နဲ့ဖြည့်ပါ။ 


ရေကဘာကြောင့်ထည့်ရတာလဲဆိုရင် စိုထိုင်းဆ moisture ရချင်လို့ပါ။ 


Moisture မရှိရင် Oxygen ကြောင့် နာရီကြာလာရင် နှုတ်ခမ်း ၊ နှာခေါင်းအတွင်းပိုင်း ခြောက်သွေ့ကွဲအက်မှာစိုးလို့ စိုထိုင်းဆရအောင်  ရေကိုထည့်ထားခြင်းဖြစ်ပါတယ်။ 


ရေရှိမှ အောက်ဆီဂျင် ရတာမဟုတ်သလို oxygen ထွက်ဖို့ မရှိမဖြစ် လိုအပ်နေခြင်းလဲ မဟုတ်ပါဘူး။ 


အောက်ဆီဂျင် ရှူနေရတဲ့လူနာက အောက်ဆီဂျင်အရေးပေါ် လိုအပ်နေရင်  ရေဖြည့်တာကို အချိန်လုပြီး လုပ်စရာမလိုပါဘူး။ ရေဖြည့်ဖို့အတွက် oxygen အပြတ်မခံသင့်ပါ။ 


ဘေးမှာ အောက်ဆီဂျင်အိုးအပိုနဲ့ Oxygen ပိုက်အပိုကို ဆောင်ထားသင့်ပါတယ်။  ရေဖြည့်နေစဉ် အရန်တစ်အိုးနဲ့ ပေးထားရင် ပိုကောင်းပါသည်။


📍 သတိပြုဖို့က ရေဖြည့်ရင်  water Level ရဲ့ သတ်မှတ်ထားတဲ့ Scale ကို ကျော်လွန်ပြီး မထည့်ပါနဲ့။  Level ကျော်သွားရင်  ရေက oxygen ဖြတ်လို့ ပွက်လာတဲ့အခါ ပိုက်ထဲသို့ ဝင်ရောက်နိုင်သောကြောင့် ဖြစ်ပါတယ်။ 


Nasal Cannula  နဲ့ဆိုရင် နှာခေါင်းထဲတိုက်ရိုက်ရောက်သွားပြီး အသက်ရှူခြင်းကို ဒုက္ခပေးနိုင်သလို  Oxygen Mask သုံးနေသူဆိုလည်း  မျက်နှာကို ရေများ ရွှဲစိုသွားနိုင်ပါတယ်။ 


ထိုကြောင့် ရေကို water Level scale ကို မကျော်လွန်ပဲ ထည့်ရန် လိုပါတယ်။ 


📍 ရေဖြည့်ပြီးရင် ခွက်ကိုလုံအောင် လှည့်ပိတ်ပေးဖို့ သတိပြုရမှာပါ။ ခွက်ကိုလှည့်ပိတ်တဲ့အခါလည်း  တစောင်းအနေထား ဖြစ်နေရင် အရစ်ပြည့်ပြီးပြီလို့ မှားပြီး ထင်တတ်လို့ သတိထားပါ။  flow level အမြင့်ဆုံးပေးထားရင် မလုံတဲ့နေရာက တရှူးရှူး အသံမြည်လို့ သိရှိနိုင်ပေမယ့် flow level နည်းရင် လက်နဲ့ စမ်းကြည့်ပြီး လက်ကိုလေလာတိုးမှ သိပါတယ်။ 


လုံအောင်မပိတ်မိရင် Oxygen တွေက အဲဒီမလုံတဲ့အပေါက်ကနေ စိမ့်ထွက်သွားပြီး လူနာက ပေးသလောက် Oxygen ကို အပြည့်မရတော့ပါဘူး။ SpO2 တွေပါ ကျလာတတ်ပါတယ်။

-------------------------


♦️ပိုက်သန့်ရှင်းရေး


ရေရှည် အောက်ဆီဂျင်ရှူနေမည့်သူများသည် ပိုက်များကို  သန်ရှင်းအောင်ထားဖို့၊ လဲလှယ်ဖို့ လိုပါတယ်။ အောက်ဆီဂျင်ပိုက်များမှ တဆင့် အခြား Virus များ အသက်ရှူလမ်းကြောင်းကို ဝင်ရောက်နိုင်လို့ ဖြစ်ပါတယ်။ 


==========================


♦️ Oxygen cylinder


Cyliner အိုး‌တွေရဲ့ ကောင်းတဲ့အချက်က oxygen concentration အပြည့်ရပါတယ် ။ Flow ဘယ်လောက်တင်တင် ကိုယ်ရတာ 100 to 99-98 % oxygen ပါ။ 


အားနည်းချက်ကတော့  ပြန်ပြန်ဖြည့်ရပါတယ်။ ပြန်ဖြည့်ဖို့နေရာအရမ်းခက်ခဲနေလျှင် ကြိုတွက်ထားပြီး လုံလုံလောက်လောက် ရှာထားပါ။ 


⁉️ Oxygen တစ်အိုးက ဘယ်လောက်ခံမလဲ ? 


အရင်ဆုံး   Oxygen cylinder/Tank အရွယ်အစားတွေ ကြည့်ရအောင်။  


🔹Tank D လို့ ခေါ်တဲ့ အိုးပု (Oxygen ပမာဏ 400 L ဝန်းကျင်)


🔹Tank E လို့ခေါ်တဲ့ အိုးရှည် (Oxygen ပမာဏ 500 L ဝန်းကျင်)  size E ရဲ့ oxygen ပမာဏ က အကြမ်းဖျင်း   680 Liters ဆံ့ပါတယ်။ ဒီမှာတော့ အများအားဖြင့် safe ဖြစ်အောင် လျော့ပြီးထည့်တော့ 500 L ၀န်းကျင်ပဲ ပါတာ များပါတယ်။ 


🔹Tank H

အကြီးဆုံး size ဖြစ်ပါတယ်။  cylinder size H ကို ဆေးရုံတွေမှာ သုံးတာများပါတယ်။ Oxygen capacity 7000 L ကျော် ဆံ့ပေမယ့် ဒီမှာတော့ 5040 Liters လောက်နဲ့ပဲ ဖြည့်ပါတယ်။ 


-----------

4 L per min နဲ့ ရှူနေတဲ့ လူနာတစ်ယောက်ဟာ 

တစ်နာရီကို 240 L လိုပါတယ်။  

(4L x 60 min = 240 liters) 


အဲ့တော့ 

size E Tank (500 L)  ဟာ ၂ နာရီပဲ ခံပါတယ်။ 

Size H Tank (5040 L) ဟာ ၂၀ နာရီ လောက် ခံပါလိမ့်မယ်။ 


8L per min နဲ့ ရှူနေတဲ့ လူနာဆိုရင် 

size E တစ်လုံးကို ၁ နာရီပဲ ခံပါမယ်။

Size H တစ်လုံးဆို ၁၀ နာရီ ဝန်းကျင်လောက် ခံပါတယ်။ 


လက်ရှိ လူနာရှူနေတဲ့ Tank ထဲက Oxygen လက်ကျန် ဘယ်လောက်မိနစ်ပဲ ကြာကြာခံတော့မယ်ဆိုတာ အောက်ပါအတိုင်း တွက်လို့ရပါတယ်။ 


1) 

Tank pressure ကို ညွှန်ပြတဲ့ အိုးပေါ်က လက်တံလေးကို ဖတ်ပါ။ 

 eg. 1200 PSI


2) 

ပြီးရင် ဖတ်လို့ရတဲ့ အဖြေထဲက 200 နုတ်ပါ။  

eg. 1200-200 = 1000 PSI


3) 

ပြီးရင် ကိန်းသေနဲ့ မြှောက်ပါ။ 

 အိုးတိုအတွက်ဆို ကိန်းသေ 0.16

အိုးရှည်အတွက်ဆို ကိန်းသေ 0.28 နဲ့မြှောက်ပါ။ 


4) 

မြှောက်လို့ရလာတဲ့ အဖြေကို လူနာရှူနေတဲ့ Oxygen flow rate နဲ့ ÷ ပါ။  (eg. 5 L/min) 


ဥပမာ  

Tank pressure 1200 PSI ဆိုရင်

📍 1200-200 = 1000 

📍 1000 * 0.16 = 160

📍 160÷5 = 32 min ပဲ ခံပါတော့မယ်

 ၃၂ မိနစ်ပြီးရင် Oxygen ကုန်ပါပြီ။ 


Oxygen ကုန်သွားမှ မျက်လုံးပြူး မျက်ဆန်ပြူး Oxygen လိုက်ရှာနေရင် ကိုယ့်ရှေ့မှာတင် လူနာဟာ မချိမဆန့် ခံစားရနိုင်ပါတယ်။ 


ဖြစ်နိုင်ရင် Flow meter ကိုပါ ၂ ခုဝယ်ထားပြီး Oxygen အပိုတစ်အိုး ဆောင်ထားပါ။  လေပေါင်ကုန်သွားရင် ပိုက်ဂိုက်ဖြင့် Screws ကိုလှည့်နေတဲ့အချိန်မှာ  လူနာက အောက်ဆီဂျင် ပြတ်လပ်သွားနိုင်ပါတယ်။ 


နှစ်အိုးရှိရင်  (Oxygen အိုး နောက်တစ်ခုနဲ့ flow meter ၂ခုဆောင်ထားရင်)  ပိုက်ကိုသာဆွဲ ဖြုတ်၍ လျင်မြန်စွာ လဲနိုင်ပါတယ်။


==========================




♦️Oxygen  Concentrator


အားသာချက်က မီးရှိရင် ပလပ်ထိုးပြီး သုံးရုံပါပဲ။

ပြန်ဖြည့်ဖို့ မလိုပါဘူး။ သူက လေထုထဲကလေကို ယူပြီး အောက်ဆီဂျင်များများပါတဲ့ လေဖြစ်အောင် ပြန်စုပေးတဲ့စက်ပါ။ 


ဆက်တိုက်သုံးရင်စက်ပူပါတယ်။ တခါတလေ သိပ်ပူရင် စက်ကြောင်တတ်ပါတယ်။ 6 နာရီ လောက်ဆက်တိုက်မောင်းပြီးရင်တော့ ခဏ နားသင့်ပါတယ်။


Oxygen Concentrator ရွေးမယ်ဆိုရင်


🔵 Oxygen concentrator (1L) တွင် 

▪️Flow rate....1–5 L/min

▪️Oxygen Concentration...30% to 90%

▪️Input Power.....100VA လို့ ဖော်ပြထားပါတယ်။ 


5 L per minute ဆိုတာကတော့ တစ်မိနစ်ကို Oxygen 5 L flow အထိ ဒီစက်က ထုတ်ပေးနိုင်တာပါ။ 

ဒါပေမယ့် Flow ကိုတင်လေလေ oxygen concentration ကျလေလေပါ။


ဥပမာ 1L စက်ကို 

1 L per minute နဲ့ပေးရင် Oxygen concentration သူပြောထားတဲ့အတိုင်း 90 လောက်ထိပါသော်လည်း 


5 L per minute လုံး အပြည့်တင်လိုက်ရင် မြန်မြန်မှုတ်ထုတ်ရလို့ oxygen concentration ကျသွားပါလိမ့်မယ်။


 1L စက်ဖြစ်လို့  Input power နည်းသောကြောင့် Compressor သေးပါတယ်။ ဒီစက်နဲ့ဆို Flow rate  1L/min ထားမှသာ oxygen concentration 90% အထိရပါလိမ့်မယ်။  Flow rate 5 L/min အထိ တင်လိုက်ရင် oxygen 30% အထိ ကျသွားနိုင်ပါတယ်။ 1L/min နဲ့ပဲ ပုံသေရှူမယ့် လူနာ မဟုတ်ရင် အဆင်မပြေပါဘူး။ 


🔵 Oxygen concentrator (3L) စက် 

Technical Data:

▪️Flow rate...0.5–3L/min

▪️Oxygen Concentration....93%±3%

▪️output pressure...45±4.5kpa

▪️Input power...320VA


🔵 Oxygen Concentrator (5L) စက်

Technical Data:

▪️ Flow rate...0.5–5L/min

▪️Oxygen Concentration....87%- 95.5%

▪️ maximum outlet pressure....40–70kpa

▪️Input power.......500VA


🔵Oxygen concentrator (8L) 

Technical Data:

▪️Flow rate.....0.5–8 L/min

▪️ Oxygen Concentration. ....87%- 95.5%

▪️ maximum outlet pressure....40–70kpa

▪️Input power.....600VA


🔵 Oxygen concentrator (10L) 

Technical Data:

▪️ Flow rate....0.5–10L/min

▪️Oxygen Concentration...87%- 95.5%

▪️Input power....850VA 


10L စက်က  Input power များသောကြောင့် Compressor ကြီးတဲ့အတွက် 10 L/min အထိ တင်ရင်တောင်  oxygen concentration 95.5% ရမှာ ဖြစ်ပါတယ်။ 

 

ဒါကြောင့် flow rate များများရှူဖို့လိုတဲ့သူဆိုရင် concentration မကျအောင်  8L/10L  compressor တို့ကို ရွေးသင့်ပါတယ်။


အခုအတွေ့ရများတာက 5 L per minute ၊ 8 L per  minute၊ 10 L per minute စက်တွေ သုံးတာများပါတယ်။ 


(အောက်ဆီဂျင်ပေးတာနဲ့ ပတ်သတ်တဲ့ အချက်တွေကို  ဖတ်လို့လွယ်အောင် တွေ့တာအထဲက လိုတာတွေ ဖြတ်ပြီး ပြန်စုထားတာပါ။ မူရင်းပိုစ့်တွေအားလုံးကို credit ပါ။ )


======================


[Zawgyi]စာရွည္ေပမယ့္ အစံုပါတယ္။ ေသခ်ာprint  ထုတ္ထားရင္ ပိုေကာင္းမယ္။ #COVID19


♦️ေအာက္ဆီဂ်င္ ဘယ္ေတာ့ စရႉရမလဲ? 

♦️လူနာကို ဘယ္ေလာက္ L/min  ရႉခိုင္းမွာလဲ?  

♦️ Oxygen Cylinder vs Oxygen Concentrator 


=============================




♦️ေအာက္ဆီဂ်င္ ဘယ္ေတာ့ စရႉရမလဲ? 


လူနာအား Oximeter နဲ႔ တိုင္းၾကၫ့္ပါ။ 

SpO2အေျဖက 95% အထက္မွာ ရိွသင့္ပါတယ္။ 

Oxygen saturation ဟာ 93% to 92% ေအာက္ေရာက္သြားရင္ Oxygen ရႉဖို႔ လိုအပ္ပါၿပီ။  


-------------------

🔴အထူးသတိျပဳရန္


Oxygen မ်ားမ်ား ရႉလို႔မရတဲ့ လူနာ 


ေဆးလိပ္စြဲေသာက္တဲ့သူေတြမွာ COPD လို႔ေခၚတဲ့ နာတာရွည္ အဆုတ္လမ္းေၾကာင္း ပိတ္ဆို႔မႈေရာဂါရိွတတ္ပါတယ္။ 


အဲလိုလူေတြမွာ လိုအပ္တဲ့ Oxygen target က 88%-92 % ပါ ။


အဲထက္ ပိုေပးမိ ရင္ ေသြးထဲက ကာဗြန္ဒိုင္ေအာက္ဆိုင္ ပမာဏက တက္လာၿပီး လူနာအႏၲရာယ္ရိွပါတယ္။  ခုတ္ရာတစ္ျခား ရွရာတစ္လြဲ ျဖစ္တတ္ပါတယ္ ။


ဘယ္သူ႔မွာ COPD ေရာဂါအခံရိွေနမွန္းကို သာမန္အားျဖင့္ မသိရိွႏိုင္တာေၾကာင့္ Oxygen ေပးရမယ့္အေျခအေနရိွေနပါက  ဆရာဝန္နဲ႔  အရင္တိုင္ပင္ဖို႔ လိုအပ္ပါတယ္။


=====================


♦️လူနာကို ဘယ္ေလာက္ L/min  ရႉခိုင္းမွာလဲ? 


- 94 % ေအာက္သို႔ ေရာက္ေသာ Oximeter မွထြက္လာသၫ့္ အေျဖ ဂဏန္းကို 94 ထဲက ႏုတ္ပါ။ 


-ၿပီးရင္ 4 ျဖင့္စားပါ ။

(a) 4 ျဖင့္စားလို႔ အႂကြင္းမရိွရင္ 

စားလဒ္ ဂဏန္းအတိုင္း  L/min အမွတ္ခ်ိန္၍ ေပးပါ။

(b) စားလို႔မျပတ္ဘဲ အႂကြင္းရိွပါက 

စားလဒ္ဂဏန္းကို 1 ျဖင့္ေပါင္း၍ ေပးပါ။ 


ဥပမာ ။   ။ 

( ၁ )

လူနာအား Oximeter ျဖင့္တိုင္း၍ အေျဖဟာ 82 ထြက္သည္ ဆိုပါစို႔။ 


🏷️82 ကို 94 ထဲက ႏုတ္ပါ။ 

94-82 = 12


🏷️ထို 12 ကို 4 ျဖင့္စားပါ။

12÷4 = 3


စားလဒ္ဟာ 3 ျဖစ္ၿပီး အႂကြင္း 0 ႂကြင္း၍ 

လူနာကို Oxygen 3 L/min ေပးရပါမယ္။ အိုးရဲ့ 

flow meter မွာ 3 ဆိုတဲ့ အေနအထားခ်ိန္ၿပီး လူနာကို Oxygen ပိုက္တပ္ေပးပါ ။


ဥပမာ ။    ။ 

( ၂ ) 

Oximeter ျဖင့္တိုင္း၍ 

အေျဖဟာ 80 ထြက္သည္ဆိုပါစို႔ ။ 


🏷️94-80=14


🏷️14÷4 = 3*2

14 ကို 4 ျဖင့္စားပါက စားလဒ္ဟာ 3 ျဖစ္ၿပီး  

2 ႂကြင္းပါတယ္။ 


စားလဒ္ 3 ကို အႂကြင္း 1 ျဖင့္ေပါင္းၿပီး လူနာကို oxygen  4 L/min ေပးပါ။ Oxygen အိုးရဲ့ Flow meter မွာ 4 မွတ္ အေနအထားခ်ိန္ၿပီး လူနာကို Oxygen ပိုက္တပ္ေပးပါ ။


ဥပမာ ။ ။ 

(၃)

Oximeter မွ အေျဖဟာ 91% - 93 %

ျဖစ္ေနလ်ွင္  Oxygen 2 L /min ေပးရပါမည္။ Oxygen အိုးရဲ့ Flow meter မွာ 2 မွတ္ အေနအထားခ်ိန္၍ေပးပါ။ 


-----------------


📍 ေအာက္ဆီဂ်င္ လိုအပ္ခ်က္က 3-4 L per min ေလာက္ အထိပဲဆိုရင္  Nasal cannula  (ႏွာေခါင္းပိုက္) နဲ႔ စေပးပါ။ 


♦️Nasal Oxygen Cannula 

Nasal Cannula က Oxygen flow rate ကို 3-4 L per min ေလာက္အထိပဲ ေပးလို႔ရပါတယ္။ 


ဒီထက္မ်ားတဲ့ rate ဆိုရင္ အခ်ိန္ၾကာလာတာနဲ႔အမ်ွ  ႏွာေခါင္းအတြင္းပိုင္းအသား mucosa ကို ထိခိုက္ေစတတ္ပါတယ္ ။ 


Nasal Cannula ကို လူနာႏွာေခါင္းမွာ မတပ္ခင္ Oxygen flow ကို စိတ္ႀကိဳက္ခ်ိန္ၿပီး လိုတာရၿပီဆိုမွ တပ္ပါ။ 


ဘာလို႔လဲဆိုေတာ့ ႏွာေခါင္းမွာ တပ္ၿပီးမွဆိုရင္ flow  ခ်ိန္တဲ့ tuning ball ေလးကို လွၫ့္တဲ့အခါ  လက္က အတိုးအေလ်ွာ့ အရိွန္လြန္သြားရင္ ရုတ္တရက္ Oxygen ျပင္းအားမ်ားမ်ားနဲ႔ ေဆာင့္ထြက္လာတတ္လို႔  ႏွာေခါင္းအတြင္းပိုင္းသားကို  မထိခိုက္ရေအာင္ပါ။ 


Nasal cannula ပိုက္ဝယ္တဲ့အခါ ကေလးနဲ႔လူႀကီး ဆိုၿပီး ၂ မ်ိဳး လာပါတယ္။


----------------------




Flow rate  3-4 L per min ေလာက္ အထိက  Nasal prongs/nasal cannula  နဲ႔ စေပးပါ။ မိနစ္ ၃၀ ေလာက္ ေစာင့္ၾကၫ့္ေနပါ။ 


ကိုယ္ဘယ္ေလာက္ေပးရင္ ဘယ္ေလာက္တက္လာလဲဆိုတာ oximeter နဲ႔ ျပန္တိုင္းပါ။  လူနာကို တတ္ႏိုင္သေလာက္ ေမွာက္လ်ွက္ ေနခိုင္းပါ။


ရႉရင္း ေသြးတြင္း oxygen ပမာဏ 92% ေက်ာ္လာရင္ အဲဒီအတိုင္း ဆက္ထားလို႔ ရပါတယ္။  


📍 Spo2 မတက္လာရင္ / တက္လာေပမယ့္  92% အထက္ မေရာက္လာရင္ nasal prong ကေန  Face mask နဲ႔ေျပာင္းေပးဖို႔ လိုပါတယ္။ 

5-10 L/min အထိ လိုအပ္သလို flow တင္ပါ။ 


📍 ဒါနဲ႔ေတာင္ 92% မေက်ာ္လာဘူးဆိုရင္  Face mask ကို reservoir bag ပါတပ္ၿပီး  ေပးရပါမယ္။


နီးစပ္ရာ covid center သြားႏိုင္ရင္ ေကာင္းပါမယ္။


-------------------------


♦️Water Level

Oxygen အိုး Flow meter က water level ကိုေရအၿမဲျဖၫ့္ပါ။ ေရသန႔္ နဲ႔ျဖၫ့္ပါ။ 


ေရကဘာေၾကာင့္ထၫ့္ရတာလဲဆိုရင္ စိုထိုင္းဆ moisture ရခ်င္လို႔ပါ။ 


Moisture မရိွရင္ Oxygen ေၾကာင့္ နာရီၾကာလာရင္ ႏႈတ္ခမ္း ၊ ႏွာေခါင္းအတြင္းပိုင္း ေျခာက္ေသြ့ကြဲအက္မွာစိုးလို႔ စိုထိုင္းဆရေအာင္  ေရကိုထၫ့္ထားျခင္းျဖစ္ပါတယ္။ 


ေရရိွမွ ေအာက္ဆီဂ်င္ ရတာမဟုတ္သလို oxygen ထြက္ဖို႔ မရိွမျဖစ္ လိုအပ္ေနျခင္းလဲ မဟုတ္ပါဘူး။ 


ေအာက္ဆီဂ်င္ ရႉေနရတဲ့လူနာက ေအာက္ဆီဂ်င္အေရးေပၚ လိုအပ္ေနရင္  ေရျဖၫ့္တာကို အခ်ိန္လုၿပီး လုပ္စရာမလိုပါဘူး။ ေရျဖၫ့္ဖို႔အတြက္ oxygen အျပတ္မခံသင့္ပါ။ 


ေဘးမွာ ေအာက္ဆီဂ်င္အိုးအပိုနဲ႔ Oxygen ပိုက္အပိုကို ေဆာင္ထားသင့္ပါတယ္။  ေရျဖၫ့္ေနစဉ္ အရန္တစ္အိုးနဲ႔ ေပးထားရင္ ပိုေကာင္းပါသည္။


📍 သတိျပဳဖို႔က ေရျဖၫ့္ရင္  water Level ရဲ့ သတ္မွတ္ထားတဲ့ Scale ကို ေက်ာ္လြန္ၿပီး မထၫ့္ပါနဲ႔။  Level ေက်ာ္သြားရင္  ေရက oxygen ျဖတ္လို႔ ပြက္လာတဲ့အခါ ပိုက္ထဲသို႔ ဝင္ေရာက္ႏိုင္ေသာေၾကာင့္ ျဖစ္ပါတယ္။ 


Nasal Cannula  နဲ႔ဆိုရင္ ႏွာေခါင္းထဲတိုက္ရိုက္ေရာက္သြားၿပီး အသက္ရႉျခင္းကို ဒုကၡေပးႏိုင္သလို  Oxygen Mask သံုးေနသူဆိုလည္း  မ်က္ႏွာကို ေရမ်ား ရႊဲစိုသြားႏိုင္ပါတယ္။ 


ထိုေၾကာင့္ ေရကို water Level scale ကို မေက်ာ္လြန္ပဲ ထၫ့္ရန္ လိုပါတယ္။ 


📍 ေရျဖၫ့္ၿပီးရင္ ခြက္ကိုလံုေအာင္ လွၫ့္ပိတ္ေပးဖို႔ သတိျပဳရမွာပါ။ ခြက္ကိုလွၫ့္ပိတ္တဲ့အခါလည္း  တေစာင္းအေနထား ျဖစ္ေနရင္ အရစ္ျပၫ့္ၿပီးၿပီလို႔ မွားၿပီး ထင္တတ္လို႔ သတိထားပါ။  flow level အျမင့္ဆံုးေပးထားရင္ မလံုတဲ့ေနရာက တရႉးရႉး အသံျမည္လို႔ သိရိွႏိုင္ေပမယ့္ flow level နည္းရင္ လက္နဲ႔ စမ္းၾကၫ့္ၿပီး လက္ကိုေလလာတိုးမွ သိပါတယ္။ 


လံုေအာင္မပိတ္မိရင္ Oxygen ေတြက အဲဒီမလံုတဲ့အေပါက္ကေန စိမ့္ထြက္သြားၿပီး လူနာက ေပးသေလာက္ Oxygen ကို အျပၫ့္မရေတာ့ပါဘူး။ SpO2 ေတြပါ က်လာတတ္ပါတယ္။

-------------------------


♦️ပိုက္သန႔္ရွင္းေရး


ေရရွည္ ေအာက္ဆီဂ်င္ရႉေနမၫ့္သူမ်ားသည္ ပိုက္မ်ားကို  သန္ရွင္းေအာင္ထားဖို႔၊ လဲလွယ္ဖို႔ လိုပါတယ္။ ေအာက္ဆီဂ်င္ပိုက္မ်ားမွ တဆင့္ အျခား Virus မ်ား အသက္ရႉလမ္းေၾကာင္းကို ဝင္ေရာက္ႏိုင္လို႔ ျဖစ္ပါတယ္။ 


==========================


♦️ Oxygen cylinder


Cyliner အိုး‌ေတြရဲ့ ေကာင္းတဲ့အခ်က္က oxygen concentration အျပၫ့္ရပါတယ္ ။ Flow ဘယ္ေလာက္တင္တင္ ကိုယ္ရတာ 100 to 99-98 % oxygen ပါ။ 


အားနည္းခ်က္ကေတာ့  ျပန္ျပန္ျဖၫ့္ရပါတယ္။ ျပန္ျဖၫ့္ဖို႔ေနရာအရမ္းခက္ခဲေနလ်ွင္ ႀကိဳတြက္ထားၿပီး လံုလံုေလာက္ေလာက္ ရွာထားပါ။ 


⁉️ Oxygen တစ္အိုးက ဘယ္ေလာက္ခံမလဲ ? 


အရင္ဆံုး   Oxygen cylinder/Tank အရြယ္အစားေတြ ၾကၫ့္ရေအာင္။  


🔹Tank D လို႔ ေခၚတဲ့ အိုးပု (Oxygen ပမာဏ 400 L ဝန္းက်င္)


🔹Tank E လို႔ေခၚတဲ့ အိုးရွည္ (Oxygen ပမာဏ 500 L ဝန္းက်င္)  size E ရဲ့ oxygen ပမာဏ က အၾကမ္းဖ်င္း   680 Liters ဆံ့ပါတယ္။ ဒီမွာေတာ့ အမ်ားအားျဖင့္ safe ျဖစ္ေအာင္ ေလ်ာ့ၿပီးထၫ့္ေတာ့ 500 L ၀န္းက်င္ပဲ ပါတာ မ်ားပါတယ္။ 


🔹Tank H

အႀကီးဆံုး size ျဖစ္ပါတယ္။  cylinder size H ကို ေဆးရံုေတြမွာ သံုးတာမ်ားပါတယ္။ Oxygen capacity 7000 L ေက်ာ္ ဆံ့ေပမယ့္ ဒီမွာေတာ့ 5040 Liters ေလာက္နဲ႔ပဲ ျဖၫ့္ပါတယ္။ 


-----------




4 L per min နဲ႔ ရႉေနတဲ့ လူနာတစ္ေယာက္ဟာ 

တစ္နာရီကို 240 L လိုပါတယ္။  

(4L x 60 min = 240 liters) 


အဲ့ေတာ့ 

size E Tank (500 L)  ဟာ ၂ နာရီပဲ ခံပါတယ္။ 

Size H Tank (5040 L) ဟာ ၂၀ နာရီ ေလာက္ ခံပါလိမ့္မယ္။ 


8L per min နဲ႔ ရႉေနတဲ့ လူနာဆိုရင္ 

size E တစ္လံုးကို ၁ နာရီပဲ ခံပါမယ္။

Size H တစ္လံုးဆို ၁၀ နာရီ ဝန္းက်င္ေလာက္ ခံပါတယ္။ 


လက္ရိွ လူနာရႉေနတဲ့ Tank ထဲက Oxygen လက္က်န္ ဘယ္ေလာက္မိနစ္ပဲ ၾကာၾကာခံေတာ့မယ္ဆိုတာ ေအာက္ပါအတိုင္း တြက္လို႔ရပါတယ္။ 


1) 

Tank pressure ကို ၫႊန္ျပတဲ့ အိုးေပၚက လက္တံေလးကို ဖတ္ပါ။ 

 eg. 1200 PSI


2) 

ၿပီးရင္ ဖတ္လို႔ရတဲ့ အေျဖထဲက 200 ႏုတ္ပါ။  

eg. 1200-200 = 1000 PSI


3) 

ၿပီးရင္ ကိန္းေသနဲ႔ ေျမႇာက္ပါ။ 

 အိုးတိုအတြက္ဆို ကိန္းေသ 0.16

အိုးရွည္အတြက္ဆို ကိန္းေသ 0.28 နဲ႔ေျမႇာက္ပါ။ 


4) 

ေျမႇာက္လို႔ရလာတဲ့ အေျဖကို လူနာရႉေနတဲ့ Oxygen flow rate နဲ႔ ÷ ပါ။  (eg. 5 L/min) 


ဥပမာ  

Tank pressure 1200 PSI ဆိုရင္

📍 1200-200 = 1000 

📍 1000 * 0.16 = 160

📍 160÷5 = 32 min ပဲ ခံပါေတာ့မယ္

 ၃၂ မိနစ္ၿပီးရင္ Oxygen ကုန္ပါၿပီ။ 


Oxygen ကုန္သြားမွ မ်က္လံုးျပဴး မ်က္ဆန္ျပဴး Oxygen လိုက္ရွာေနရင္ ကိုယ့္ေရ႔ွမွာတင္ လူနာဟာ မခ်ိမဆန႔္ ခံစားရႏိုင္ပါတယ္။ 


ျဖစ္ႏိုင္ရင္ Flow meter ကိုပါ ၂ ခုဝယ္ထားၿပီး Oxygen အပိုတစ္အိုး ေဆာင္ထားပါ။  ေလေပါင္ကုန္သြားရင္ ပိုက္ဂိုက္ျဖင့္ Screws ကိုလွၫ့္ေနတဲ့အခ်ိန္မွာ  လူနာက ေအာက္ဆီဂ်င္ ျပတ္လပ္သြားႏိုင္ပါတယ္။ 


ႏွစ္အိုးရိွရင္  (Oxygen အိုး ေနာက္တစ္ခုနဲ႔ flow meter ၂ခုေဆာင္ထားရင္)  ပိုက္ကိုသာဆြဲ ျဖဳတ္၍ လ်င္ျမန္စြာ လဲႏိုင္ပါတယ္။


==========================


♦️Oxygen  Concentrator


အားသာခ်က္က မီးရိွရင္ ပလပ္ထိုးၿပီး သံုးရံုပါပဲ။

ျပန္ျဖၫ့္ဖို႔ မလိုပါဘူး။ သူက ေလထုထဲကေလကို ယူၿပီး ေအာက္ဆီဂ်င္မ်ားမ်ားပါတဲ့ ေလျဖစ္ေအာင္ ျပန္စုေပးတဲ့စက္ပါ။ 


ဆက္တိုက္သံုးရင္စက္ပူပါတယ္။ တခါတေလ သိပ္ပူရင္ စက္ေၾကာင္တတ္ပါတယ္။ 6 နာရီ ေလာက္ဆက္တိုက္ေမာင္းၿပီးရင္ေတာ့ ခဏ နားသင့္ပါတယ္။


Oxygen Concentrator ေရြးမယ္ဆိုရင္


🔵 Oxygen concentrator (1L) တြင္ 

▪️Flow rate....1–5 L/min

▪️Oxygen Concentration...30% to 90%

▪️Input Power.....100VA လို႔ ေဖာ္ျပထားပါတယ္။ 


5 L per minute ဆိုတာကေတာ့ တစ္မိနစ္ကို Oxygen 5 L flow အထိ ဒီစက္က ထုတ္ေပးႏိုင္တာပါ။ 

ဒါေပမယ့္ Flow ကိုတင္ေလေလ oxygen concentration က်ေလေလပါ။


ဥပမာ 1L စက္ကို 

1 L per minute နဲ႔ေပးရင္ Oxygen concentration သူေျပာထားတဲ့အတိုင္း 90 ေလာက္ထိပါေသာ္လည္း 


5 L per minute လံုး အျပၫ့္တင္လိုက္ရင္ ျမန္ျမန္မႈတ္ထုတ္ရလို႔ oxygen concentration က်သြားပါလိမ့္မယ္။


 1L စက္ျဖစ္လို႔  Input power နည္းေသာေၾကာင့္ Compressor ေသးပါတယ္။ ဒီစက္နဲ႔ဆို Flow rate  1L/min ထားမွသာ oxygen concentration 90% အထိရပါလိမ့္မယ္။  Flow rate 5 L/min အထိ တင္လိုက္ရင္ oxygen 30% အထိ က်သြားႏိုင္ပါတယ္။ 1L/min နဲ႔ပဲ ပံုေသရႉမယ့္ လူနာ မဟုတ္ရင္ အဆင္မေျပပါဘူး။ 


🔵 Oxygen concentrator (3L) စက္ 

Technical Data:

▪️Flow rate...0.5–3L/min

▪️Oxygen Concentration....93%±3%

▪️output pressure...45±4.5kpa

▪️Input power...320VA


🔵 Oxygen Concentrator (5L) စက္

Technical Data:

▪️ Flow rate...0.5–5L/min

▪️Oxygen Concentration....87%- 95.5%

▪️ maximum outlet pressure....40–70kpa

▪️Input power.......500VA


🔵Oxygen concentrator (8L) 

Technical Data:

▪️Flow rate.....0.5–8 L/min

▪️ Oxygen Concentration. ....87%- 95.5%

▪️ maximum outlet pressure....40–70kpa

▪️Input power.....600VA


🔵 Oxygen concentrator (10L) 

Technical Data:

▪️ Flow rate....0.5–10L/min

▪️Oxygen Concentration...87%- 95.5%

▪️Input power....850VA 


10L စက္က  Input power မ်ားေသာေၾကာင့္ Compressor ႀကီးတဲ့အတြက္ 10 L/min အထိ တင္ရင္ေတာင္  oxygen concentration 95.5% ရမွာ ျဖစ္ပါတယ္။ 

 

ဒါေၾကာင့္ flow rate မ်ားမ်ားရႉဖို႔လိုတဲ့သူဆိုရင္ concentration မက်ေအာင္  8L/10L  compressor တို႔ကို ေရြးသင့္ပါတယ္။


အခုအေတြ့ရမ်ားတာက 5 L per minute ၊ 8 L per  minute၊ 10 L per minute စက္ေတြ သံုးတာမ်ားပါတယ္။ 


(ေအာက္ဆီဂ်င္ေပးတာနဲ႔ ပတ္သတ္တဲ့ အခ်က္ေတြကို  ဖတ္လို႔လြယ္ေအာင္ ေတြ့တာအထဲက လိုတာေတြ ျဖတ္ၿပီး ျပန္စုထားတာပါ။ မူရင္းပိုစ့္ေတြအားလံုးကို credit ပါ။ )


======================

No comments: