Friday, July 23, 2021

ငရုပ်ဆီမွှေးကြက်ပေါင်း - ငါးပေါင်း - ပင်လယ်မျှော့နှင့် ၀က်ခြေထောက်ပေါင်

ငရုပ်ဆီမွှေးကြက်ပေါင်း - ငါးပေါင်း - ပင်လယ်မျှော့နှင့် ၀က်ခြေထောက်ပေါင်း


ငရုပ်ဆီမွှေး ကြက်ပေါင်း (တရုပ်)




ငရုတ်ဆီမွှေးလုပ်ရာမှာ အခြားပါဝင်ပစ္စည်းများကို မိမိနှစ်သက်ရာ ထည့်ကြသော်လည်း star anise နှင့် Sichuan pepper ကိုတော့မဖြစ်မနေ ထည့်လေ့ရှိပါတယ်။

ကျွန်မကတော့ Sichuan pepper အစား Black Cardamom ကိုအစားထိုးပြီးသုံးထားပါတယ်။

ကြက်သားပေါင်းရာမှ ထွက်လာသောအရည်များကို ရေအနည်းငယ်ရောကာ ကြက်သွန်ပင်နှင့် ငရုတ်ကောင်းမှုန့်ထည့်၍ ဟင်းရည်အဖြစ် သုံးဆောင်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း နှစ်သက်သလို အသုံးပြုနိုင်ပါတယ်။

ကြက်ပေါင်းရန်လိုအပ်တာလေးတွေကတော့ - 

အတွင်းကလီစာများကိုထုတ်ကာ ပြောင်စင်အောင်ဆေးထားသော အရေခွံများမပေါက်ပြဲသည့် ကြက်တစ်ကောင် - တစ်ကီလိုခန့်

ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ chicken powder လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ၅လက်မခန့် အရှည်ဖြတ်ထားသော ကြက်သွန်ပင် ငါးပင်၊ (ထည့်ပေါင်းမည့်ခွက်တွင် ဖြန့်ခင်းရန်)၊ ၃လက်မအရှည်ခန့် ဖြတ်ထားသော ကြက်သွန်ပင် ½ Cup (125 ml) ခန့် (ကြက်၏ဗိုက်ထဲထည့်ရန်)၊ ထောင်းထုထားသောဂျင်း ¼ cup (60 ml) ခန့်။

ပြင်ဆင်ပြုလုပ်ပုံ

ပေါင်းမည့်ခွက်တွင် ကြက်သားမကပ်စေရန် ကြက်သွန်ပင်ဖြန့်ခင်းထားပါ။ ထိုခွက်ထဲ ရေဆေးပြီးနောက် ရေစစ်ထားသော ကြက်ကို ဆား၊ chicken powder တို့ဖြင့် အတွင်းအပြင်အနှံ့အောင် ပွတ်လိမ်းပြီးထည့်ပါ။ ပြီးလျှင် ကြက်ဗိုက်ထဲ ကြက်သွန်ပင်နှင့် ဂျင်းသိပ်ထည့်ကာ တစ်နာရီခန့်နှပ်ထားပါ။ 

ပွက်ပွက်ဆူနေသော ရေအိုးထဲရှိ စင်လေးပေါ်တင်ကာ အဖုံးဖုံးပြီး (သို့) မိမိအဆင်ပြေရာနည်းသုံးကာ high heat ဖြင့် တစ်နာရီခန့်ပေါင်းပေးပါ။  တစ်နာရီခန့်ပေါင်းပြီးလျှင် မီးပိတ်ကာ အဖုံးမဖွင့်ဘဲ မိနစ်သုံးဆယ်ခန့်ဆက်ထားပါ။ (သို့မဟုတ်) ရေအေးပိုက် အောက်ထားပြီး အေးသွားအောင်လုပ်ပေးပါ။ အရေခွံများပဲ့ရွဲ့သွားနိုင်၍ ရေပိုက်မှလာသောရေကို ကြက်အပေါ် တိုက်ရိုက်မကျစေရပါ။

အေးသွားလျှင် ရေစစ် ဆယ်ထုတ်ကာ ဆီဖြင့်နှံ့အောင်သုတ်၍ ခြောက်ပြီး အကြောတင်းသွားစေရန် ပန်ကာလေရှေ့တွင် ထားပါ။ (သို့မဟုတ်) လေသလပ်ခံထားပါ။

ငရုတ်ဆီမွှေးလုပ်ရန် လိုအပ်တာလေးတွေ - ဆီ ½ Cup (125 ml)၊ အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်၊ ရှောက်ကော (အမည်းရောင် ဖာလာစေ့ Black Cardamom) ၅ခု၊ ပါးကော (နာနတ်ပွင့် star anise) ၅ပွင့်၊စပ်သော ငရုတ်သီးခြောက် အကြမ်းမှုန့် ထမင်းစားဇွန်းတစ်ဇွန်း၊ လက်ဆစ်တစ်ဝက်အရှည်ခန့် လှီးထားသည့် စပ်သော ငရုပ်သီးခြောက် ထမင်းစားဇွန်း တစ်ဇွန်း၊လှော်ထားသောနှမ်းဖြူ ထမင်းစားဇွန်းနှစ်ဇွန်း၊ ပဲငံပြာရည်အကျဲ (thin soy sauce) ထမင်းစားဇွန်း ၂ဇွန်း၊ လက်ဆစ်တစ်ဝက် အရှည်ခန့် လှီးထားသော ကြက်သွန်ပင် ထမင်းစားဇွန်း သုံးဇွန်းခန့်။

အပူပေးထားသောဆီ အငွေ့စထွက်လာသည်နှင့် ကျန်သည့် ပါဝင်ပစ္စည်းများရောထည့်ထားသော အိုးထဲ လောင်းထည့်ကာ တူးမသွားစေရန် ချက်ချင်း မွှေရောပေးပါ။ (ဆီလောင်းထည့်လိုက်သည်နှင့် အပူကြောင့် အမြှုပ်များထကာ ပွတက်လာမည်ဖြစ်သောကြောင့် အနည်းငယ်ကြီး သောအိုးကိုသုံးပေးပါ)

ရောမွှေပေးပြီးသည်နှင့် ဆီပူပူကို နှစ်သက်သလို ခုတ်ထားသော ကြက်သားပေါ်ဖြန့်လောင်းထည့်ပေးပါ။

ငရုတ်ဆီမွှေးကြက်ပေါင်းလေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။ (အနံ့မွှေးအောင်ထည့်သော ဖာလာစေ့နှင့် နာနတ်ပွင့်များကို ဖယ်ထုတ်ပစ်ပါ။)

ချက်ပြုတ်ပြသူ - Chaw Su Food Friends


ငါးအကောင်လိုက်ပေါင်း




ပါဝင်ပစ္စည်းများ

ငါးပါးနီ(ကပ်ကတစ်) ၄၀ကျပ်သား ၁ကောင်၊ ကြက်သွန်ဖြူ ၄ ဥ၊ ကြက်သွန်မြိတ် ၂ ပင်၊ မှို/၀ါးပိုးမျှစ်ပြုတ်/မုန်လာဥနီ အနည်းငယ်စီလွှာထား၊ ကော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း။

ပြင်ဆင်ချက်ပြုတ်ပုံ

ငါးကို သန့်စင်ပြီး မျက်နှာပြင်နှစ်ဖက်စလုံး သုံးချက်စီဓားမွှမ်းကာ ဆား၊ ပဲငံပြာရည်ဖြင့်နယ်ပါ။ ကြက်သွန်ဖြူ ၊ ချင်း ထုပြီး ငါးပေါ်တင်၊ ၀မ်းဗိုက်ထဲထည့်ပြီး နှစ်ထပ်ပေါင်းအိုးတွင် ပန်းကန်ပြားတင်ပါ။

ပန်းကန်ပြားပေါ်တွင် ငါးထည့်၊ ငါးပတ်လည်နှင့် အပေါ်တွင် မှို၊ မုန်လာဥနီ၊ မျှစ်တို့ကို စီထည့်ပြီး ပေါင်းပါ။ ပေါက်စီပေါင်းသော ပေါင်းအိုးဖြင့်လည်း မိနစ် ၂၀ခန့်ပေါင်းနိုင်ပါသည်။

ကျက်လျှင် ငါးပေါင်းပန်းကန်မှ အချိုရည်ငှဲ့ယူပြီး ကော်မှုန့်ကို ရေအနည်းငယ်နှင့် ဖျော်ပြီးထည့်ပါ။ မီးဖိုပေါ်တင် အပူအနည်းငယ်ပေးလို့ ရေဆူပြီး အနည်းငယ်ပျစ်လာလျှင် ငါးပေါင်းပေါ်လောင်းချပါ။ ၄င်းအပေါ်မှ ကြက်သွန်မြိတ်ဖြူးကာ သုံးဆောင်နိုင်ပါသည်။

ချက်ပြုတ်ပြသူ - မခိုင်


ပင်လယ်မျှော့နှင့် ၀က်ခြေထောက်ပေါင်း




ပါဝင်ပစ္စည်းများ

ပင်လယ်မျှော့(ရေစိမ်ပြီး) ၂၀ကျပ်သား၊ ဆီ ၅ကျပ်သား၊ ကြက်သွန်မြိတ် ၂ပင်၊ ၀က်ခြေထောက်(၆၀သားခန့်) ၁ချောင်း၊ သစ်ကြမ်းပိုး ၁ခေါက်၊ ဖာလာစေ့ ၂စေ့၊ ပတ်ကော(star anise) ၁ပွင့်၊ ဟင်းခတ်မှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ ဆား သင့်ရုံ၊ ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ကော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ အရက် စားပွဲတင်ဇွန်း တစ်ဇွန်း။

ပြင်ဆင်ချက်ပြုတ်နည်း

ပင်လယ်မျှော့ ရေစိမ်ပြီးသား ၂၀ကျပ်သားကို အောက်ပါအတိုင်းပြုတ်ပါ။ ဆီ စားပွဲဇွန်း တစ်ဇွန်း၊ ချင်း ဓားပြားရိုက်၊ အရက် စားပွဲတင်ဇွန်း တစ်ဇွန်း၊ ကြက်သွန်မြိတ်အရင်းပိုင်း ၂ပိုင်းထည့်ပြီး ဆီသတ်ပါ။ မျှော့ကို ၄င်းဆီနှင့်လှိမ့်၍ ရေ ၅၀ကျပ်သားထည့်ပြီး ၁၅မိနစ်ခန့် အဖုံးဖုံး၍ ပြုတ်ပါ။

ထို့နောက် ရေသွန်၍ မျှော့ကို ပါးပါးလွှာလှီး၍ အိုးထဲထည့်၊ ရေဆူတာထည့်ပြီး ၁၅မိနစ်ခန့်ပြန်တည်၍ ဆူလျှင် ဆည်ထားပါ။

၀က်ခြေထောက် တစ်ချောင်း(၆၀ကျပ်သားခန့်)ကို အနေတော်အတုံးများတုံး၍ ငံပြာရည်အနောက်ဖြင့်လူးပြီး ဆီပူတွင်လှိမ့်ပါ။ နီရဲပြီး အသားကျစ်လာပါက ပြုတ်မည့်အိုးထဲသို့ ၀က်ခြေထောက်များကိုပြောင်းထည့်ပါ။ သစ်ကြမ်းပိုးခေါက် ၁ခေါက်၊ ဖာလာစေ့ ၂စေ့၊ ပါကော (နာနတ်ပွင့်) ၁ပွင့်၊ ဟင်းခတ်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်၊ ရေမြှုပ်အောင်ထည့်ပြီး ၃ နာရီကြာ ပြုတ်ထားပါ။

၀က်ခြေထောက်အရည်ကို ငှဲ့ယူပြီး ဒယ်အိုးတွင်ထည့်၊ မီးဖိုပေါ်တည်၊ ဆူလာလျှင် ပင်လယ်မျှော့ထည့်၊ အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ကော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေနည်းနည်းနှင့် ဖျော်ပြီး လောင်းထည့်ပါ။ ထို့နောက် သမအောင်မွှေပါ။ ၀က်ခြေထောက်ကို ပန်းကန်တွင်ထည့်၊ ကော်ရည်ဆမ်းပြီး တရုတ်ပေါင်မုန့်ရံလျက် စားသုံးနိုင်ပါသည်။

ချက်ပြုတ်ပြသူ - မခိုင်


[Zawgyi]ငရုပ္ဆီေမႊးၾကက္ေပါင္း - ငါးေပါင္း - ပင္လယ္ေမ်ွာ့ႏွင့္ ၀က္ေျခေထာက္ေပါင္း


ငရုပ္ဆီေမႊး ၾကက္ေပါင္း (တရုပ္)




ငရုတ္ဆီေမႊးလုပ္ရာမွာ အျခားပါဝင္ပစၥည္းမ်ားကို မိမိႏွစ္သက္ရာ ထၫ့္ၾကေသာ္လည္း star anise ႏွင့္ Sichuan pepper ကိုေတာ့မျဖစ္မေန ထၫ့္ေလ့ရိွပါတယ္။

ကြၽန္မကေတာ့ Sichuan pepper အစား Black Cardamom ကိုအစားထိုးၿပီးသံုးထားပါတယ္။

ၾကက္သားေပါင္းရာမွ ထြက္လာေသာအရည္မ်ားကို ေရအနည္းငယ္ေရာကာ ၾကက္သြန္ပင္ႏွင့္ ငရုတ္ေကာင္းမႈန႔္ထၫ့္၍ ဟင္းရည္အျဖစ္ သံုးေဆာင္ႏိုင္ပါတယ္။ ဒါမွမဟုတ္လည္း ႏွစ္သက္သလို အသံုးျပဳႏိုင္ပါတယ္။

ၾကက္ေပါင္းရန္လိုအပ္တာေလးေတြကေတာ့ - 

အတြင္းကလီစာမ်ားကိုထုတ္ကာ ေျပာင္စင္ေအာင္ေဆးထားေသာ အေရခြံမ်ားမေပါက္ၿပဲသၫ့္ ၾကက္တစ္ေကာင္ - တစ္ကီလိုခန႔္

ဆား လက္ဖက္ရည္ဇြန္း တစ္ဇြန္း၊ chicken powder လက္ဖက္ရည္ဇြန္း တစ္ဇြန္း၊ ၅လက္မခန႔္ အရွည္ျဖတ္ထားေသာ ၾကက္သြန္ပင္ ငါးပင္၊ (ထၫ့္ေပါင္းမၫ့္ခြက္တြင္ ျဖန႔္ခင္းရန္)၊ ၃လက္မအရွည္ခန႔္ ျဖတ္ထားေသာ ၾကက္သြန္ပင္ ½ Cup (125 ml) ခန႔္ (ၾကက္၏ဗိုက္ထဲထၫ့္ရန္)၊ ေထာင္းထုထားေသာဂ်င္း ¼ cup (60 ml) ခန႔္။

ျပင္ဆင္ျပဳလုပ္ပံု

ေပါင္းမၫ့္ခြက္တြင္ ၾကက္သားမကပ္ေစရန္ ၾကက္သြန္ပင္ျဖန႔္ခင္းထားပါ။ ထိုခြက္ထဲ ေရေဆးၿပီးေနာက္ ေရစစ္ထားေသာ ၾကက္ကို ဆား၊ chicken powder တို႔ျဖင့္ အတြင္းအျပင္အႏွံ႔ေအာင္ ပြတ္လိမ္းၿပီးထၫ့္ပါ။ ၿပီးလ်ွင္ ၾကက္ဗိုက္ထဲ ၾကက္သြန္ပင္ႏွင့္ ဂ်င္းသိပ္ထၫ့္ကာ တစ္နာရီခန႔္ႏွပ္ထားပါ။ 

ပြက္ပြက္ဆူေနေသာ ေရအိုးထဲရိွ စင္ေလးေပၚတင္ကာ အဖံုးဖံုးၿပီး (သို႔) မိမိအဆင္ေျပရာနည္းသံုးကာ high heat ျဖင့္ တစ္နာရီခန႔္ေပါင္းေပးပါ။  တစ္နာရီခန႔္ေပါင္းၿပီးလ်ွင္ မီးပိတ္ကာ အဖံုးမဖြင့္ဘဲ မိနစ္သံုးဆယ္ခန႔္ဆက္ထားပါ။ (သို႔မဟုတ္) ေရေအးပိုက္ ေအာက္ထားၿပီး ေအးသြားေအာင္လုပ္ေပးပါ။ အေရခြံမ်ားပဲ့ရြဲ႔သြားႏိုင္၍ ေရပိုက္မွလာေသာေရကို ၾကက္အေပၚ တိုက္ရိုက္မက်ေစရပါ။

ေအးသြားလ်ွင္ ေရစစ္ ဆယ္ထုတ္ကာ ဆီျဖင့္ႏွံ႔ေအာင္သုတ္၍ ေျခာက္ၿပီး အေၾကာတင္းသြားေစရန္ ပန္ကာေလေရ႔ွတြင္ ထားပါ။ (သို႔မဟုတ္) ေလသလပ္ခံထားပါ။

ငရုတ္ဆီေမႊးလုပ္ရန္ လိုအပ္တာေလးေတြ - ဆီ ½ Cup (125 ml)၊ အေရာင္တင္မႈန႔္ လက္ဖက္ရည္ဇြန္းတစ္ဝက္ခန႔္၊ ဆား လက္ဖက္ရည္ဇြန္း တစ္ဝက္ခန႔္၊ ေရွာက္ေကာ (အမည္းေရာင္ ဖာလာေစ့ Black Cardamom) ၅ခု၊ ပါးေကာ (နာနတ္ပြင့္ star anise) ၅ပြင့္၊စပ္ေသာ ငရုတ္သီးေျခာက္ အၾကမ္းမႈန႔္ ထမင္းစားဇြန္းတစ္ဇြန္း၊ လက္ဆစ္တစ္ဝက္အရွည္ခန႔္ လွီးထားသၫ့္ စပ္ေသာ ငရုပ္သီးေျခာက္ ထမင္းစားဇြန္း တစ္ဇြန္း၊ေလွာ္ထားေသာႏွမ္းျဖဴ ထမင္းစားဇြန္းႏွစ္ဇြန္း၊ ပဲငံျပာရည္အက်ဲ (thin soy sauce) ထမင္းစားဇြန္း ၂ဇြန္း၊ လက္ဆစ္တစ္ဝက္ အရွည္ခန႔္ လွီးထားေသာ ၾကက္သြန္ပင္ ထမင္းစားဇြန္း သံုးဇြန္းခန႔္။

အပူေပးထားေသာဆီ အေငြ့စထြက္လာသည္ႏွင့္ က်န္သၫ့္ ပါဝင္ပစၥည္းမ်ားေရာထၫ့္ထားေသာ အိုးထဲ ေလာင္းထၫ့္ကာ တူးမသြားေစရန္ ခ်က္ခ်င္း ေမႊေရာေပးပါ။ (ဆီေလာင္းထၫ့္လိုက္သည္ႏွင့္ အပူေၾကာင့္ အျမႇဳပ္မ်ားထကာ ပြတက္လာမည္ျဖစ္ေသာေၾကာင့္ အနည္းငယ္ႀကီး ေသာအိုးကိုသံုးေပးပါ)

ေရာေမႊေပးၿပီးသည္ႏွင့္ ဆီပူပူကို ႏွစ္သက္သလို ခုတ္ထားေသာ ၾကက္သားေပၚျဖန႔္ေလာင္းထၫ့္ေပးပါ။

ငရုတ္ဆီေမႊးၾကက္ေပါင္းေလး အရသာရိွစြာ သံုးေဆာင္ရန္ အသင့္ျဖစ္ပါၿပီ။ (အနံ႔ေမႊးေအာင္ထၫ့္ေသာ ဖာလာေစ့ႏွင့္ နာနတ္ပြင့္မ်ားကို ဖယ္ထုတ္ပစ္ပါ။)

ခ်က္ျပဳတ္ျပသူ - Chaw Su Food Friends


ငါးအေကာင္လိုက္ေပါင္း




ပါဝင္ပစၥည္းမ်ား

ငါးပါးနီ(ကပ္ကတစ္) ၄၀က်ပ္သား ၁ေကာင္၊ ၾကက္သြန္ျဖဴ ၄ ဥ၊ ၾကက္သြန္ၿမိတ္ ၂ ပင္၊ မိႈ/ဝါးပိုးမ်ွစ္ျပဳတ္/မုန္လာဥနီ အနည္းငယ္စီလႊာထား၊ ေကာ္မႈန႔္ လက္ဖက္ရည္ဇြန္း တစ္ဇြန္း။

ျပင္ဆင္ခ်က္ျပဳတ္ပံု

ငါးကို သန႔္စင္ၿပီး မ်က္ႏွာျပင္ႏွစ္ဖက္စလံုး သံုးခ်က္စီဓားမႊမ္းကာ ဆား၊ ပဲငံျပာရည္ျဖင့္နယ္ပါ။ ၾကက္သြန္ျဖဴ ၊ ခ်င္း ထုၿပီး ငါးေပၚတင္၊ ၀မ္းဗိုက္ထဲထၫ့္ၿပီး ႏွစ္ထပ္ေပါင္းအိုးတြင္ ပန္းကန္ျပားတင္ပါ။

ပန္းကန္ျပားေပၚတြင္ ငါးထၫ့္၊ ငါးပတ္လည္ႏွင့္ အေပၚတြင္ မိႈ၊ မုန္လာဥနီ၊ မ်ွစ္တို႔ကို စီထၫ့္ၿပီး ေပါင္းပါ။ ေပါက္စီေပါင္းေသာ ေပါင္းအိုးျဖင့္လည္း မိနစ္ ၂၀ခန႔္ေပါင္းႏိုင္ပါသည္။

က်က္လ်ွင္ ငါးေပါင္းပန္းကန္မွ အခ်ိဳရည္ငွဲ႔ယူၿပီး ေကာ္မႈန႔္ကို ေရအနည္းငယ္ႏွင့္ ေဖ်ာ္ၿပီးထၫ့္ပါ။ မီးဖိုေပၚတင္ အပူအနည္းငယ္ေပးလို႔ ေရဆူၿပီး အနည္းငယ္ပ်စ္လာလ်ွင္ ငါးေပါင္းေပၚေလာင္းခ်ပါ။ ၄င္းအေပၚမွ ၾကက္သြန္ၿမိတ္ျဖဴးကာ သံုးေဆာင္ႏိုင္ပါသည္။

ခ်က္ျပဳတ္ျပသူ - မခိုင္


ပင္လယ္ေမ်ွာ့ႏွင့္ ၀က္ေျခေထာက္ေပါင္း




ပါဝင္ပစၥည္းမ်ား

ပင္လယ္ေမ်ွာ့(ေရစိမ္ၿပီး) ၂၀က်ပ္သား၊ ဆီ ၅က်ပ္သား၊ ၾကက္သြန္ၿမိတ္ ၂ပင္၊ ၀က္ေျခေထာက္(၆၀သားခန႔္) ၁ေခ်ာင္း၊ သစ္ၾကမ္းပိုး ၁ေခါက္၊ ဖာလာေစ့ ၂ေစ့၊ ပတ္ေကာ(star anise) ၁ပြင့္၊ ဟင္းခတ္မႈန႔္ လက္ဖက္ရည္ဇြန္း ၁ဇြန္း၊ ဆား သင့္ရံု၊ ပဲငံျပာရည္အၾကည္ လက္ဖက္ရည္ဇြန္း တစ္ဇြန္း၊ ပဲငံျပာရည္အေနာက္ လက္ဖက္ရည္ဇြန္း တစ္ဝက္၊ ေကာ္မႈန႔္ လက္ဖက္ရည္ဇြန္း တစ္ဇြန္း၊ အရက္ စားပြဲတင္ဇြန္း တစ္ဇြန္း။

ျပင္ဆင္ခ်က္ျပဳတ္နည္း

ပင္လယ္ေမ်ွာ့ ေရစိမ္ၿပီးသား ၂၀က်ပ္သားကို ေအာက္ပါအတိုင္းျပဳတ္ပါ။ ဆီ စားပြဲဇြန္း တစ္ဇြန္း၊ ခ်င္း ဓားျပားရိုက္၊ အရက္ စားပြဲတင္ဇြန္း တစ္ဇြန္း၊ ၾကက္သြန္ၿမိတ္အရင္းပိုင္း ၂ပိုင္းထၫ့္ၿပီး ဆီသတ္ပါ။ ေမ်ွာ့ကို ၄င္းဆီႏွင့္လိွမ့္၍ ေရ ၅၀က်ပ္သားထၫ့္ၿပီး ၁၅မိနစ္ခန႔္ အဖံုးဖံုး၍ ျပဳတ္ပါ။

ထို႔ေနာက္ ေရသြန္၍ ေမ်ွာ့ကို ပါးပါးလႊာလွီး၍ အိုးထဲထၫ့္၊ ေရဆူတာထၫ့္ၿပီး ၁၅မိနစ္ခန႔္ျပန္တည္၍ ဆူလ်ွင္ ဆည္ထားပါ။

၀က္ေျခေထာက္ တစ္ေခ်ာင္း(၆၀က်ပ္သားခန႔္)ကို အေနေတာ္အတံုးမ်ားတံုး၍ ငံျပာရည္အေနာက္ျဖင့္လူးၿပီး ဆီပူတြင္လိွမ့္ပါ။ နီရဲၿပီး အသားက်စ္လာပါက ျပဳတ္မၫ့္အိုးထဲသို႔ ၀က္ေျခေထာက္မ်ားကိုေျပာင္းထၫ့္ပါ။ သစ္ၾကမ္းပိုးေခါက္ ၁ေခါက္၊ ဖာလာေစ့ ၂ေစ့၊ ပါေကာ (နာနတ္ပြင့္) ၁ပြင့္၊ ဟင္းခတ္မႈန႔္ လက္ဖက္ရည္ဇြန္း တစ္ဇြန္း၊ ဆား လက္ဖက္ရည္ဇြန္း တစ္ဝက္ထၫ့္၊ ေရျမႇဳပ္ေအာင္ထၫ့္ၿပီး ၃ နာရီၾကာ ျပဳတ္ထားပါ။

၀က္ေျခေထာက္အရည္ကို ငွဲ႔ယူၿပီး ဒယ္အိုးတြင္ထၫ့္၊ မီးဖိုေပၚတည္၊ ဆူလာလ်ွင္ ပင္လယ္ေမ်ွာ့ထၫ့္၊ အခ်ိဳမႈန႔္ လက္ဖက္ရည္ဇြန္း တစ္ဝက္၊ ပဲငံျပာရည္အၾကည္ လက္ဖက္ရည္ဇြန္း တစ္ဇြန္း၊ ပဲငံျပာရည္အေနာက္ လက္ဖက္ရည္ဇြန္း တစ္ဝက္၊ ေကာ္မႈန႔္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းကို ေရနည္းနည္းႏွင့္ ေဖ်ာ္ၿပီး ေလာင္းထၫ့္ပါ။ ထို႔ေနာက္ သမေအာင္ေမႊပါ။ ၀က္ေျခေထာက္ကို ပန္းကန္တြင္ထၫ့္၊ ေကာ္ရည္ဆမ္းၿပီး တရုတ္ေပါင္မုန႔္ရံလ်က္ စားသံုးႏိုင္ပါသည္။

ခ်က္ျပဳတ္ျပသူ - မခိုင္

No comments: