Sunday, July 4, 2021

"မြန်မာ့ပန်းချီလောကနှင့် Abstract Art လှုပ်ရှားမှု"

 [Unicode]"မြန်မာ့ပန်းချီလောကနှင့် Abstract Art  လှုပ်ရှားမှု"




                    ကျွန်တော် Abstract Art  (ဒြပ်မဲ့ပန်းချီ (သို့) အနှစ်ချုပ်ပန်းချီလို့ ဘာသာပြန်ရမလား၊ဒီအတိုင်းထားတာက ပိုကောင်းမလား) နှင့်ပတ်သက်လို့ စာလေးတပုင်္ဒ ရေးချင်ပါတယ်။ ကျွန်တော်က အခု အသက် ၈၀ ကျန်းမာရေးလည်း သိပ်ကောင်းလှတာမဟုတ်လို့ စာကောင်းကောင်း မဖတ်နိုင်တော့တာကြောင့် အခုရေးတာကျမ်းကိုးရေးတာ မဟုတ်ပဲ လွန်ခဲ့တဲ့ အနှစ် ၃၀-၄၀ လောက်ကဖတ် ခဲ့တာတွေကို အခြေခံပြီး မှတ်မိသလောက်နှင့် ရေးသားထားခြင်းသာ ဖြစ်ပါတယ်။ ဟာကွက်များရှိလျှင် ခွင့် လွှတ်ပါ။


                  အပြည်ပြည်ဆိုင်ရာ ပန်းချီလောကမှာ Abstract Art ကိုစလုပ်သူဟာ Kandinsky (1878 - 1944) (ကင်ဒင်စကီး) ဟုထင်ပါသည်။ ၁၉၂၀ မှာ Pure Abstract  အဆင့်ထိ ဖန်တီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Abstract Art မှာကျွန်တော် အကြိုက်ဆုံးပန်းချီဆရာကြီးက ရုရှားလူမျိုး Malevich (1878- 1935) ( မလာဗစ်) ဖြစ်ပါတယ်။ ၁၉၁၃ ခုနှစ်မှာ သူဖန်တီးခဲ့တဲ့ Black Square on a white ground ( အဖြူရောင် အောက်ခံပေါ်က အနက်ရောင်စတုရန်း) ဟာ ၂၀ ရာစု ဒီဘက်ပိုင်းမှာ ထွန်းကားတဲ့ Abstract Art တို့ဧ။် မြစ်ဖျားခံရာတစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ ဒုတိယ ကျွန်တော် အကြိုက်ဆုံးကတော့ Mondrian (1872 - 1944 ) (မွန်ဒရီယန်) ဖြစ်ပါတယ်။ အခြားကျော်ကြားတဲ့ ပန်းချီဆရာကြီး အများအပြားလည်းရှိပါတယ်။ အထူးသဖြင့် Abstract Art ဟာ ၁၉၆၀ ခုနှစ် ဝန်းကျင်၊ America မှာ ပုံသဏ္ဍန် အမျိုးမျိုးနှင့် ထွန်းကားခဲ့ရာက Minimalism (၁၉၆၀ - ၇၀) အထိ ရောက်ခဲ့ပါတယ်။ Minimalism ကို Modern Art ဧ။် နောက်ဆုံးအပိုင်းဟုပင် ပညာရှင်များက ယူဆကြသည်။

                    ယခု မြန်မာ့ Abstract Art အကြောင်းနည်းနည်း ပြောကြရအောင်။ မြန်မာ့ Abstract Art ဘယ်တုန်းကစခဲ့တယ်၊ ဘယ်သူတွေ ကစခဲ့တယ်ဆိုတာ ကျွန်တော် မပြောနိုင်ပါ။ အသေအချာ သုတေသန လုပ်ပြီးမှ ပြောရမည့် ကိစ္စဖြစ်ပါသည်။ ကျွန်တော်ပြောမှာက ကျွန်တော်နှင့် ပုဂ္ဂလိက သက်ဆိုင်သော မြန်မာ Abstract Art တစ်ပိုင်းတစ်စ ဖြစ်ပါသည်။

                    ကျွန်တော်ပြောမည့် Artist ကတော့ ခင်မောင်ရင်ပါပဲ။ ပန်းချီသူတော်စင်အဖြစ် ပြောဆိုလာကြတဲ့ သူပါပဲ။ သူက ကျွန်တော့် ထက် တစ်နှစ်ကြီးတယ်။ ၂ ယောက်စလုံး လေ့ကျင့်ရေး ကျောင်း TTC ကျောင်းထွက်တွေပဲ။ သူက ဗိသုကာ ဘွဲ့ရပြီး လှည်းတန်းမှာ လေလွင့်နေချိန်၊ ကျွန်တော် ကလည်းတက္ကသိုလ်ဝင်တန်း တဘုန်းဘုန်းကျပြီး လေလွင့်နေချိန် ချိန်မှာ ကျွန်တော်တို့ ဆုံခဲ့ကြတာပါပဲ။ သူလည်း ပန်းချီကောင်းကောင်း မရေးသေးဘူး၊ ကျွန်တော် လည်း ပန်းချီကောင်းကောင်း မရေးသေးဘူး။ ပန်းချီပိုးကတော့ ကိန်းဝပ်နေလေရဲ့။ အဲ့ဒါ ထားပါ။

                    Abstract Art နဲ့ ခင်မောင်ရင် ကို တွဲမှတ်မိနေတာ ကျွန်တော့်မှာ အကြောင်းရှိတယ်။ ၁၉၆၆ ခုနှစ်လောက်တုန်းကလို့ ထင်တယ်။ အဲဒီအချိန်မှာ ကျွန်တော်က ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် မှာ Maths Major နှင့် final year တက်နေပြီ။ တစ်နေ့မှာ အသိတစ်ယောက် ကို ပန်းချီကားလက်ဆောင်ကောင်းကောင်းပေးချင်တာကြောင့် ခင်မောင်ရင်ရဲ့ ဗိသုကာ ရုံးခန်းထဲကိုသွားပြီး ပန်းချီကားတစ်ချပ် တောင်းခဲ့တယ်။ သူ့စရိုက်အတိုင်း ကြိုက်ရာကား ယူသွားပေါ့။ ၃' × ၆' သုံးထပ်သားပြားတစ်ချပ်လုံးအပေါ်  သဘောင်္ ဆေးတွေ ပက်ထား၊ လောင်းထား၊ လုပ်ချင်တာလုပ်ထားတဲ့ (Pollock style မျိုး) ပန်းချီကားကြီးတစ်ချပ် ကို ယူခဲ့တယ်။ ပန်းချီကားဖိုး တစ်ပြားမှ မပေးခဲ့ပါဘူး။ သူကလဲ မတောင်းပါဘူး။ အဲဒီ ပန်းချီကား အချပ်ကြီးကို သုံးဘီးကားပေါ်တင်ပြီး ကျွန်တော့် အသိဆီ အရောက် သွားပြီးပေးခဲ့တယ်။ မကြာပါဘူး ၊ အဲ့ဒီ အသိနဲ့ ကျွန်တော် မိတ်ပျက်သွားခဲ့ကြတယ်။ ပန်းချီကား ပျက်ဆီးသွားတယ်လို့ သိရတယ်။ ပန်းချီကားက ကြားချောင်ဓါးစာခံဖြစ်သွားတာပေါ့။ အခုဆိုရင် အဲ့ ပန်းချီကား တော်တော် အဖိုးတန်နေလောက်ပြီနော်။ 

                  ၁၉၇၀ - ၈၀ ပတ်ဝန်းကျင်လောက်မှာ ခင်မောင်ရင်  ဦးစီးတဲ့ Movement ပန်းချီပြပွဲများ ပြည်လမ်း ၊ လိပ်ခုံး မှာ ပြနေချိန်မှာ Abstract ပန်းချီကား အချို့ ပြလာတာ တွေ့ခဲ့ရတယ်။ ဥပမာ ညွှန့်မြတ် (သူ့ကို ဒီကနေ့အထိ ကျွန်တော် မတွေ့ဘူးပါ) ဆိုတဲ့ RIT ကျောင်းသားတစ်ယောက်ရေးတဲ့ Abstract ပန်းချီကားတစ်ချပ် ပြပွဲမှာ ဈေးကောင်းကောင်းနဲ့ ရောင်းရတယ်ဆိုတဲ့ သီတင်းကြားရတာကြောင့် ထိုပန်းချီကားကို မြင်ဘူးအောင် တကူးတကန့် သွားကြည့်ခဲ့တာကို မှတ်မိပါသေးတယ် ။

                 ဟိုတုန်းကိစ္စ(ချေဆင်း) ကို ဒီမှာ ခတ္တရပ်ပြီး ဒီစာရေးရတဲ့ လက်ရှိကိစ္စကို ရေးကြည့်ရအောင်။


                ဒီနေ့ Nov 18, 2018 နေ့မှာ နေမကောင်းလို့ နားနေရာက facebook ဖွင့်ကြည့်မိတယ်။ post တစ်ခုတွေ့လိုက်တယ်။ OK Gallery မှာ ပြနေတဲ့ Lu Maw Solo Show ပြပွဲမှာ ပန်းချီဆရာ နင့် ဧည့်သည် ပန်းချီဆရာများ ပါတဲ့ ဓါတ်ပုံကို တင်ထားတယ်။ ဓါတ်ပုံထဲမှာ နံရံမှာချိတ်ဆွဲထားတဲ့    Abstract ပန်းချီကား ၂ ချပ်၊ ၃ချပ်ရဲ့ ပုံကို မြင်ရတယ်။ သွားကြည့်ချင်တယ်။ နေမကောင်းလို့ သွားလို့မရဘူးလေ။ အဲဒီကနေ ခေါင်းထဲ Abstract Art ကိစ္စ ရောက်လာပြန်တယ်။ 

                ဒီကနေ့ မြန်မာပန်းချီ လောကမှာ Abstract Art (အထူးသဖြင့် Abstract Expression ကိုမြန်မာ Abstract Artist တွေ ပိုကြိုက်ပုံရတယ်။) ကို ပန်းချီလောကမှာ ဩဇာကြီးတဲ့ ပန်းချီဆရာကြီး အချို့၊ အထူးသဖြင့် လူလတ်ပိုင်းနှင့် လူငယ်ပိုင်း ပန်းချီဆရာတွေ ယုံကြည်မှု အပြည့်နှင့် ထပ်ကာထပ်ကာ တင်ပြလာတာ တွေ့ရတယ်။ Group show အများကြီး၊ Solo show တွေ အများကြီး။ တစ်ဆစ်ချိုးပဲ။ ပန်းချီပြပွဲတွေမှာ စစ်ဆေးရေး မရှိတာရယ်၊ ဒီမိုကရေစီ အစိုးရခေတ်မှာ မိမိယုံကြည်ရာ ကို လွတ်လပ်စွာ ဖန်တီးတင်ပြခွင့် ရှိတယ်လို့ ယုံကြည်လာတာရယ် ၊ အကြောင်းတစ်ကြောင်း ကြောင့်ဖြစ်မယ်လို့ ထင်ပါတယ်။ 

                  ဒီလိုပြောကြည့်ရအောင်  - အခုအချိန် မြန်မာ ပန်းချီလောကမှာ  Abstract Art ဟာ Movement (လှုပ်ရှားမှု) ပုံစံဖြစ်လာပြီလို့တောင် ထင်ရတယ်။ အံ့ဩဖို့ကောင်းတာက (ယခင်နဲ့မတူတာက) Abstract Artist တွေများလာတယ်။ လုပ်ရဲတယ်။ ပြရဲတယ်။ အထူးခြားဆုံးကတော့ Abstract Painting တွေကို မြန်မာ collector များ ပိုမိုစုဆောင်းလာကြတာပါပဲ။ (ပြည်ပမှာတော့ အချို့ အတော် အလုပ်ဖြစ်နေပြီ)။ ကျွန်တော် မှန်းကြည့်တာပါ။ မြန်မာ့ ပန်းချီလောကမှာ Abstract Art လှုပ်ရှားမှုဟာအတော်အတန် အောင်မြင်မှု ရလာတယ် ထင်ပါတယ်။ လှုပ်ရှားမှုဟာ အရှိန်အဟုန်နဲ့  ဖြစ်လာပြီး အနာဂတ်ကာလတစ်ခုမှာ Abstract Art ဟာ မြန်မာ့ ပန်းချီလောကမှာ အထင်ကရနေရာ တစ်နေရာ ရရှိလာမလားလို့တောင် တွေးမိပါတယ်။ 

                     ကျွန်တော် ကိုယ်တိုင်လည်း Abstract Art ကို ကြိုးကြားကြိုးကြားလုပ်ပါတယ်။ 

                      ခက်တယ်ဗျ။

                       ပိုခက်တာက Abstract Art ကို ၂၀ ရာစုတစ်ဝက်လောက်မှာ အနောက်နိုင်ငံတွေက ပါရမီကြီးတဲ့ ပန်းချီပညာရှင်တွေက ကုန်သလောက် လုပ်ခဲ့ပြီး ( စကားချပ်.... အနုပညာ ဆိုတာကုန်တယ် မရှိပါဘူး )၊ ၂၁ရာစုမှာ တစ်ကမ္ဘာလုံးက ဆက်လက်လုပ်လာကြတော့ လုပ်ပြီးတာတွေများနေတာ ၊ အားလုံးလိုလို ဟာ ရှိပြီးသား ဖြစ်နေတာကြောင့် တုဖို့ တော့ လွယ်မှာပေါ့။ကိုယ့်နည်း ကိုယ့်ဟန်နှင့် လုပ်ဖို့ကျတော့ ခက်မှာပေါ့။


                        အတုများလာရင် အပေါစားဖြစ်သွားမယ်။

                        ကိုယ်ပိုင်ဖြစ်တာများရင် အနုပညာဖြစ်သွားမယ်။


                          ကျွန်တော် စဉ်းစားမိတာတော့ ဒါပါပဲ။ ကျွန်တော် ရေးပြချင်တဲ့ စာလေးတစ်ပုဒ်က ဒီမှာဆုံးပါပြီ။အောက်မှာ လွန်ခဲ့တဲ့ ၃၇ နှစ် က စီးပွားရေး တက္ကသိုလ်မဂ္ဂဇင်းမှာ ကျွန်တော် ဘာသာပြန်ထည့်ခဲ့တဲ့ " ခေတ်သစ်ပန်းချီ နိဒါန်း " ဆိုတဲ့ ဆောင်းပါးလေးရဲ့ နိဂုံးချုပ် ကောက်ချက် စာပိုဒ်လေးကို ကူးပြီးဖော်ပြလိုက်ပါတယ်။ 


                         "ခေတ်သစ်ပန်းချီ၌ ဟန်ဆောင်မှု နှင့် ရူးကြောင်ကြောင်နိုင်မှုများ မရှိဟု မဆိုနိုင်ပေ။ ယင်းတို့ကို အချိန်နှင့်အမှန်တရား က ဆုံးဖြတ်ပေးပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ခေတ်သစ်ပန်းချီ၌ အလောင်းအစားဆန်ခြင်း ၊ ငြင်းပယ်ခြင်း ၊ ပြုပြင်ခြင်းနှင့် အသိအမှတ်မပြုခြင်း စသည်တို့ရှိနေမည်မှာ အမှန်ပင်ဖြစ်လေသည်။ အကြောင်းမှာ ယင်းတို့သည် ခေတ်အဆက်ဆက် ပန်းချီ က ဖြတ်သန်းခဲ့ရသော လမ်းကြောင်းအတိုင်းပင် ဖြစ်သောကြောင့် ဖြစ်လေသည်။ 


                                                                                                          ဖတ်ပေးတာကျေးဇူးတင်ပါတယ် ။

                                                                                                                               ကြီးမြင့်စေ

၁၂ရက် နိုဝင်ဘာ ၂၀၁၈။


#theavaartgallery #KyeeMyintSaw


[Zawgyi]"ျမန္မာ့ပန္းခ်ီေလာကႏွင့္ Abstract Art  လႈပ္ရွားမႈ"




                    ကြၽန္ေတာ္ Abstract Art  (ျဒပ္မဲ့ပန္းခ်ီ (သို႔) အႏွစ္ခ်ဳပ္ပန္းခ်ီလို႔ ဘာသာျပန္ရမလား၊ဒီအတိုင္းထားတာက ပိုေကာင္းမလား) ႏွင့္ပတ္သက္လို႔ စာေလးတပုဒၤ ေရးခ်င္ပါတယ္။ ကြၽန္ေတာ္က အခု အသက္ ၈၀ က်န္းမာေရးလည္း သိပ္ေကာင္းလွတာမဟုတ္လို႔ စာေကာင္းေကာင္း မဖတ္ႏိုင္ေတာ့တာေၾကာင့္ အခုေရးတာက်မ္းကိုးေရးတာ မဟုတ္ပဲ လြန္ခဲ့တဲ့ အႏွစ္ ၃၀-၄၀ ေလာက္ကဖတ္ ခဲ့တာေတြကို အေျခခံၿပီး မွတ္မိသေလာက္ႏွင့္ ေရးသားထားျခင္းသာ ျဖစ္ပါတယ္။ ဟာကြက္မ်ားရိွလ်ွင္ ခြင့္ လႊတ္ပါ။


                  အျပည္ျပည္ဆိုင္ရာ ပန္းခ်ီေလာကမွာ Abstract Art ကိုစလုပ္သူဟာ Kandinsky (1878 - 1944) (ကင္ဒင္စကီး) ဟုထင္ပါသည္။ ၁၉၂၀ မွာ Pure Abstract  အဆင့္ထိ ဖန္တီးႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ Abstract Art မွာကြၽန္ေတာ္ အႀကိဳက္ဆံုးပန္းခ်ီဆရာႀကီးက ရုရွားလူမ်ိဳး Malevich (1878- 1935) ( မလာဗစ္) ျဖစ္ပါတယ္။ ၁၉၁၃ ခုႏွစ္မွာ သူဖန္တီးခဲ့တဲ့ Black Square on a white ground ( အျဖဴေရာင္ ေအာက္ခံေပၚက အနက္ေရာင္စတုရန္း) ဟာ ၂၀ ရာစု ဒီဘက္ပိုင္းမွာ ထြန္းကားတဲ့ Abstract Art တို႔ဧ။္ ျမစ္ဖ်ားခံရာတစ္ခုလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ဒုတိယ ကြၽန္ေတာ္ အႀကိဳက္ဆံုးကေတာ့ Mondrian (1872 - 1944 ) (မြန္ဒရီယန္) ျဖစ္ပါတယ္။ အျခားေက်ာ္ၾကားတဲ့ ပန္းခ်ီဆရာႀကီး အမ်ားအျပားလည္းရိွပါတယ္။ အထူးသျဖင့္ Abstract Art ဟာ ၁၉၆၀ ခုႏွစ္ ဝန္းက်င္၊ America မွာ ပံုသ႑န္ အမ်ိဳးမ်ိဳးႏွင့္ ထြန္းကားခဲ့ရာက Minimalism (၁၉၆၀ - ၇၀) အထိ ေရာက္ခဲ့ပါတယ္။ Minimalism ကို Modern Art ဧ။္ ေနာက္ဆံုးအပိုင္းဟုပင္ ပညာရွင္မ်ားက ယူဆၾကသည္။

                    ယခု ျမန္မာ့ Abstract Art အေၾကာင္းနည္းနည္း ေျပာၾကရေအာင္။ ျမန္မာ့ Abstract Art ဘယ္တုန္းကစခဲ့တယ္၊ ဘယ္သူေတြ ကစခဲ့တယ္ဆိုတာ ကြၽန္ေတာ္ မေျပာႏိုင္ပါ။ အေသအခ်ာ သုေတသန လုပ္ၿပီးမွ ေျပာရမၫ့္ ကိစၥျဖစ္ပါသည္။ ကြၽန္ေတာ္ေျပာမွာက ကြၽန္ေတာ္ႏွင့္ ပုဂၢလိက သက္ဆိုင္ေသာ ျမန္မာ Abstract Art တစ္ပိုင္းတစ္စ ျဖစ္ပါသည္။

                    ကြၽန္ေတာ္ေျပာမၫ့္ Artist ကေတာ့ ခင္ေမာင္ရင္ပါပဲ။ ပန္းခ်ီသူေတာ္စင္အျဖစ္ ေျပာဆိုလာၾကတဲ့ သူပါပဲ။ သူက ကြၽန္ေတာ့္ ထက္ တစ္ႏွစ္ႀကီးတယ္။ ၂ ေယာက္စလံုး ေလ့က်င့္ေရး ေက်ာင္း TTC ေက်ာင္းထြက္ေတြပဲ။ သူက ဗိသုကာ ဘြဲ႔ရၿပီး လွည္းတန္းမွာ ေလလြင့္ေနခ်ိန္၊ ကြၽန္ေတာ္ ကလည္းတကၠသိုလ္ဝင္တန္း တဘုန္းဘုန္းက်ၿပီး ေလလြင့္ေနခ်ိန္ ခ်ိန္မွာ ကြၽန္ေတာ္တို႔ ဆံုခဲ့ၾကတာပါပဲ။ သူလည္း ပန္းခ်ီေကာင္းေကာင္း မေရးေသးဘူး၊ ကြၽန္ေတာ္ လည္း ပန္းခ်ီေကာင္းေကာင္း မေရးေသးဘူး။ ပန္းခ်ီပိုးကေတာ့ ကိန္းဝပ္ေနေလရဲ့။ အဲ့ဒါ ထားပါ။

                    Abstract Art နဲ႔ ခင္ေမာင္ရင္ ကို တြဲမွတ္မိေနတာ ကြၽန္ေတာ့္မွာ အေၾကာင္းရိွတယ္။ ၁၉၆၆ ခုႏွစ္ေလာက္တုန္းကလို႔ ထင္တယ္။ အဲဒီအခ်ိန္မွာ ကြၽန္ေတာ္က ရန္ကုန္ ဝိဇၨာႏွင့္ သိပၸံ တကၠသိုလ္ မွာ Maths Major ႏွင့္ final year တက္ေနၿပီ။ တစ္ေန့မွာ အသိတစ္ေယာက္ ကို ပန္းခ်ီကားလက္ေဆာင္ေကာင္းေကာင္းေပးခ်င္တာေၾကာင့္ ခင္ေမာင္ရင္ရဲ့ ဗိသုကာ ရံုးခန္းထဲကိုသြားၿပီး ပန္းခ်ီကားတစ္ခ်ပ္ ေတာင္းခဲ့တယ္။ သူ႔စရိုက္အတိုင္း ႀကိဳက္ရာကား ယူသြားေပါ့။ ၃' × ၆' သံုးထပ္သားျပားတစ္ခ်ပ္လံုးအေပၚ  သေဘာင္္ ေဆးေတြ ပက္ထား၊ ေလာင္းထား၊ လုပ္ခ်င္တာလုပ္ထားတဲ့ (Pollock style မ်ိဳး) ပန္းခ်ီကားႀကီးတစ္ခ်ပ္ ကို ယူခဲ့တယ္။ ပန္းခ်ီကားဖိုး တစ္ျပားမွ မေပးခဲ့ပါဘူး။ သူကလဲ မေတာင္းပါဘူး။ အဲဒီ ပန္းခ်ီကား အခ်ပ္ႀကီးကို သံုးဘီးကားေပၚတင္ၿပီး ကြၽန္ေတာ့္ အသိဆီ အေရာက္ သြားၿပီးေပးခဲ့တယ္။ မၾကာပါဘူး ၊ အဲ့ဒီ အသိနဲ႔ ကြၽန္ေတာ္ မိတ္ပ်က္သြားခဲ့ၾကတယ္။ ပန္းခ်ီကား ပ်က္ဆီးသြားတယ္လို႔ သိရတယ္။ ပန္းခ်ီကားက ၾကားေခ်ာင္ဓါးစာခံျဖစ္သြားတာေပါ့။ အခုဆိုရင္ အဲ့ ပန္းခ်ီကား ေတာ္ေတာ္ အဖိုးတန္ေနေလာက္ၿပီေနာ္။ 

                  ၁၉၇၀ - ၈၀ ပတ္ဝန္းက်င္ေလာက္မွာ ခင္ေမာင္ရင္  ဦးစီးတဲ့ Movement ပန္းခ်ီျပပြဲမ်ား ျပည္လမ္း ၊ လိပ္ခံုး မွာ ျပေနခ်ိန္မွာ Abstract ပန္းခ်ီကား အခ်ိဳ႕ ျပလာတာ ေတြ့ခဲ့ရတယ္။ ဥပမာ ၫႊန႔္ျမတ္ (သူ႔ကို ဒီကေန့အထိ ကြၽန္ေတာ္ မေတြ့ဘူးပါ) ဆိုတဲ့ RIT ေက်ာင္းသားတစ္ေယာက္ေရးတဲ့ Abstract ပန္းခ်ီကားတစ္ခ်ပ္ ျပပြဲမွာ ေဈးေကာင္းေကာင္းနဲ႔ ေရာင္းရတယ္ဆိုတဲ့ သီတင္းၾကားရတာေၾကာင့္ ထိုပန္းခ်ီကားကို ျမင္ဘူးေအာင္ တကူးတကန႔္ သြားၾကၫ့္ခဲ့တာကို မွတ္မိပါေသးတယ္ ။

                 ဟိုတုန္းကိစၥ(ေခ်ဆင္း) ကို ဒီမွာ ခတၲရပ္ၿပီး ဒီစာေရးရတဲ့ လက္ရိွကိစၥကို ေရးၾကၫ့္ရေအာင္။


                ဒီေန့ Nov 18, 2018 ေန့မွာ ေနမေကာင္းလို႔ နားေနရာက facebook ဖြင့္ၾကၫ့္မိတယ္။ post တစ္ခုေတြ့လိုက္တယ္။ OK Gallery မွာ ျပေနတဲ့ Lu Maw Solo Show ျပပြဲမွာ ပန္းခ်ီဆရာ နင့္ ဧၫ့္သည္ ပန္းခ်ီဆရာမ်ား ပါတဲ့ ဓါတ္ပံုကို တင္ထားတယ္။ ဓါတ္ပံုထဲမွာ နံရံမွာခ်ိတ္ဆြဲထားတဲ့    Abstract ပန္းခ်ီကား ၂ ခ်ပ္၊ ၃ခ်ပ္ရဲ့ ပံုကို ျမင္ရတယ္။ သြားၾကၫ့္ခ်င္တယ္။ ေနမေကာင္းလို႔ သြားလို႔မရဘူးေလ။ အဲဒီကေန ေခါင္းထဲ Abstract Art ကိစၥ ေရာက္လာျပန္တယ္။ 

                ဒီကေန့ ျမန္မာပန္းခ်ီ ေလာကမွာ Abstract Art (အထူးသျဖင့္ Abstract Expression ကိုျမန္မာ Abstract Artist ေတြ ပိုႀကိဳက္ပံုရတယ္။) ကို ပန္းခ်ီေလာကမွာ ဩဇာႀကီးတဲ့ ပန္းခ်ီဆရာႀကီး အခ်ိဳ႕၊ အထူးသျဖင့္ လူလတ္ပိုင္းႏွင့္ လူငယ္ပိုင္း ပန္းခ်ီဆရာေတြ ယံုၾကည္မႈ အျပၫ့္ႏွင့္ ထပ္ကာထပ္ကာ တင္ျပလာတာ ေတြ့ရတယ္။ Group show အမ်ားႀကီး၊ Solo show ေတြ အမ်ားႀကီး။ တစ္ဆစ္ခ်ိဳးပဲ။ ပန္းခ်ီျပပြဲေတြမွာ စစ္ေဆးေရး မရိွတာရယ္၊ ဒီမိုကေရစီ အစိုးရေခတ္မွာ မိမိယံုၾကည္ရာ ကို လြတ္လပ္စြာ ဖန္တီးတင္ျပခြင့္ ရိွတယ္လို႔ ယံုၾကည္လာတာရယ္ ၊ အေၾကာင္းတစ္ေၾကာင္း ေၾကာင့္ျဖစ္မယ္လို႔ ထင္ပါတယ္။ 

                  ဒီလိုေျပာၾကၫ့္ရေအာင္  - အခုအခ်ိန္ ျမန္မာ ပန္းခ်ီေလာကမွာ  Abstract Art ဟာ Movement (လႈပ္ရွားမႈ) ပံုစံျဖစ္လာၿပီလို႔ေတာင္ ထင္ရတယ္။ အံ့ဩဖို႔ေကာင္းတာက (ယခင္နဲ႔မတူတာက) Abstract Artist ေတြမ်ားလာတယ္။ လုပ္ရဲတယ္။ ျပရဲတယ္။ အထူးျခားဆံုးကေတာ့ Abstract Painting ေတြကို ျမန္မာ collector မ်ား ပိုမိုစုေဆာင္းလာၾကတာပါပဲ။ (ျပည္ပမွာေတာ့ အခ်ိဳ႕ အေတာ္ အလုပ္ျဖစ္ေနၿပီ)။ ကြၽန္ေတာ္ မွန္းၾကၫ့္တာပါ။ ျမန္မာ့ ပန္းခ်ီေလာကမွာ Abstract Art လႈပ္ရွားမႈဟာအေတာ္အတန္ ေအာင္ျမင္မႈ ရလာတယ္ ထင္ပါတယ္။ လႈပ္ရွားမႈဟာ အရိွန္အဟုန္နဲ႔  ျဖစ္လာၿပီး အနာဂတ္ကာလတစ္ခုမွာ Abstract Art ဟာ ျမန္မာ့ ပန္းခ်ီေလာကမွာ အထင္ကရေနရာ တစ္ေနရာ ရရိွလာမလားလို႔ေတာင္ ေတြးမိပါတယ္။ 

                     ကြၽန္ေတာ္ ကိုယ္တိုင္လည္း Abstract Art ကို ႀကိဳးၾကားႀကိဳးၾကားလုပ္ပါတယ္။ 

                      ခက္တယ္ဗ်။

                       ပိုခက္တာက Abstract Art ကို ၂၀ ရာစုတစ္ဝက္ေလာက္မွာ အေနာက္ႏိုင္ငံေတြက ပါရမီႀကီးတဲ့ ပန္းခ်ီပညာရွင္ေတြက ကုန္သေလာက္ လုပ္ခဲ့ၿပီး ( စကားခ်ပ္.... အႏုပညာ ဆိုတာကုန္တယ္ မရိွပါဘူး )၊ ၂၁ရာစုမွာ တစ္ကမ႓ာလံုးက ဆက္လက္လုပ္လာၾကေတာ့ လုပ္ၿပီးတာေတြမ်ားေနတာ ၊ အားလံုးလိုလို ဟာ ရိွၿပီးသား ျဖစ္ေနတာေၾကာင့္ တုဖို႔ ေတာ့ လြယ္မွာေပါ့။ကိုယ့္နည္း ကိုယ့္ဟန္ႏွင့္ လုပ္ဖို႔က်ေတာ့ ခက္မွာေပါ့။


                        အတုမ်ားလာရင္ အေပါစားျဖစ္သြားမယ္။

                        ကိုယ္ပိုင္ျဖစ္တာမ်ားရင္ အႏုပညာျဖစ္သြားမယ္။


                          ကြၽန္ေတာ္ စဉ္းစားမိတာေတာ့ ဒါပါပဲ။ ကြၽန္ေတာ္ ေရးျပခ်င္တဲ့ စာေလးတစ္ပုဒ္က ဒီမွာဆံုးပါၿပီ။ေအာက္မွာ လြန္ခဲ့တဲ့ ၃၇ ႏွစ္ က စီးပြားေရး တကၠသိုလ္မဂၢဇင္းမွာ ကြၽန္ေတာ္ ဘာသာျပန္ထၫ့္ခဲ့တဲ့ " ေခတ္သစ္ပန္းခ်ီ နိဒါန္း " ဆိုတဲ့ ေဆာင္းပါးေလးရဲ့ နိဂံုးခ်ဳပ္ ေကာက္ခ်က္ စာပိုဒ္ေလးကို ကူးၿပီးေဖာ္ျပလိုက္ပါတယ္။ 


                         "ေခတ္သစ္ပန္းခ်ီ၌ ဟန္ေဆာင္မႈ ႏွင့္ ရူးေၾကာင္ေၾကာင္ႏိုင္မႈမ်ား မရိွဟု မဆိုႏိုင္ေပ။ ယင္းတို႔ကို အခ်ိန္ႏွင့္အမွန္တရား က ဆံုးျဖတ္ေပးေပလိမ့္မည္။ မည္သို႔ပင္ဆိုေစ ေခတ္သစ္ပန္းခ်ီ၌ အေလာင္းအစားဆန္ျခင္း ၊ ျငင္းပယ္ျခင္း ၊ ျပဳျပင္ျခင္းႏွင့္ အသိအမွတ္မျပဳျခင္း စသည္တို႔ရိွေနမည္မွာ အမွန္ပင္ျဖစ္ေလသည္။ အေၾကာင္းမွာ ယင္းတို႔သည္ ေခတ္အဆက္ဆက္ ပန္းခ်ီ က ျဖတ္သန္းခဲ့ရေသာ လမ္းေၾကာင္းအတိုင္းပင္ ျဖစ္ေသာေၾကာင့္ ျဖစ္ေလသည္။ 


                                                                                                          ဖတ္ေပးတာေက်းဇူးတင္ပါတယ္ ။

                                                                                                                               ႀကီးျမင့္ေစာ

၁၂ရက္ ႏိုဝင္ဘာ ၂၀၁၈။


#theavaartgallery #KyeeMyintSaw

No comments: