Saturday, July 31, 2021

ဘာသာခြားနှင့် အိမ်ထောင်ပြုခြင်းကို ထိန်းချုပ်ရန်ကြိုးစားခြင်း

ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ ဘာသာခြားနှင့် အိမ်ထောင်ပြုခြင်းကို ထိန်းချုပ်ရန်ကြိုးစားခြင်းဆိုင်ရာ ဒဿနများ




#ဘာသာခြားနှင့်လက်ထပ်ခြင်း

#ဓလေ့ထုံးတမ်းဥပဒေ

#opinions 


(အချိန်တန်အရွယ်ရောက်လို့ ဆန့်ကျင်ဘက်လိင်ခြင်းလက်ထပ်ထိမ်းမြားကြရာမှာ ဘာသာတရားအဆုံးအမခံယူချက် မတူသူခြင်း ဘာကြောင့်လက်ထပ်ကြရသလဲ အတွေးအထင်အမြင်အယူအဆတွေ ကွဲပြားကြတာ ကာလကြာပါပြီ။ သူ့ဘာသာဘယ်သူနဲ့ယူယူ ဆိုသော်ငြားလည်း တရားတဘောင် ဥပဒေရေးရာကိစ္စတွေ ရှုပ်ထွေးလာချိန်မှာတော့ အတော်ခေါင်းခဲစရာတွေဖြစ်လာပြီပေါ့။ သည်ဆောင်းပါးမှာ ဥပဒေရေးရာအချက်အလက်တွေကို ပြောပြသွားမှာမဟုတ်ဘဲ ဘာသာခြားတစ်ယောက်နဲ့ လက်ထပ်ခြင်းအပေါ် ဘယ်လိုတွေးခေါ်ထားကြသလဲဆိုတဲ့ ဒဿနကို ပြန်လည်မျှဝေသွားမှာပါ။)


Venus News Weekly ဂျာနယ်၊ ၂၀၁၃ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ထုတ်အရ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ ဘာသာခြားနှင့် အိမ်ထောင်ပြုခြင်း ကိုထိန်းချုပ်ရန်ကြိုးစားသည့် မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းရန်ကြိုးစားခြင်းကို အမျိုးသမီးအဖွဲ့တော်တော်များများက ကန့်ကွက်ကြကြောင်း သိရပါသည်။ ဤသို့ပြုခြင်းသည် အမျိုးသမီးအခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အမျိုးသမီးအဖွဲ့တချို့က ဆိုပါသည်။ မျိုးစောင့်ဥပဒေ ကို ပြဋ္ဌာန်းရန်ကြိုးစားခြင်းဟုဆိုရာတွင် မိမိတို့မျိုးနွယ် မတိမ်ကောရန်ကြိုးစားခြင်းအတွက် ယေဘုယျအားဖြင့် မျိုးနွယ်မတိမ်ကောရေး စေတနာကို လေးစားအသိအမှတ်ပြုရပါမည်။ သို့သော် နိုင်ငံသားများအကြားမှာ လူအမျိုးမျိုး၊ အယူအဆအမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုး ရှိရာ မတူသော အယူအဆတွေ ထွက်ပေါ်လာတာဖြစ်၍ အယူအဆမတူသူတွေကိုလည်း လေးစားရမည်ဖြစ်ပါသည်။ ကျွန်တော် မောင်ထွန်းဝင်းသည်လည်း နိုင်ငံသားတစ်ဦးဖြစ်ပါသောကြောင့် နိုင်ငံသားတစ်ဦး၏အမြင်ကို ရှုထောင့်တစ်ခုမှ တင်ပြခွင့်ပြုပါရန် ပန်ကြားရင်း ဤဆောင်းပါးကို တင်ဆက်လိုက်ရပါသည်။


#မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၌ လက်ထပ်ခြင်းဆိုတာ၏ ဒဿန


မြန်မာနိုင်ငံတွင် အထင်ကရဥပဒေပညာရှင်တစ်ဦးဖြစ်ပြီး တရားရေးဝန်ကြီးဖြစ်ခဲ့သူ ဒေါက်တာဦးအေးမောင်က မြန်မာတို့ လက်ထပ်ခြင်းသည် ဗုဒ္ဓဘာသာပြန့်ပွားအောင်လုပ်ခြင်းနှင့် သက်ဆိုင်ခြင်းမရှိ။ လက်ထပ်ခြင်းသည် ဘာသာရေးနှင့် မသက်ဆိုင်သော လောကီကိစ္စဖြစ်ပြီး အလွန် ရှုပ်ထွေး၊ နူးညံ့သိမ်မွေ့နက်နဲသော လူမှုရေးကိစ္စဖြစ်သည်ဟု ရေးသားခဲ့ဖူးပါသည်။ ၄င်းအယူအဆကို တရားရေးဝန်ကြီး ဒေါက်တာမောင်မောင်(နောင်အခါ သမ္မတကြီးဖြစ်လာသူ)က ရေးသားထောက်ခံခဲ့ပါသည်။


အခြားဘာသာတွင် လက်ထပ်သောအခါ သက်ဆိုင်ရာ ဘုရားကျောင်း သာသနာ့ဝန်ထမ်းရှေ့မှောက်၌ လက်ထပ်သောအစဉ်အလာ ရှိကြ ပါသည်။ ဗုဒ္ဓဘာသာတို့ လက်ထပ်ရာတွင် ဘုန်းကြီးကျောင်း၌ လက်ထပ်မှ တရားဝင်သည်ဟု မဆိုလိုပါ။ မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ ပုဆိုးတန်းတင် အကြင်လင်မယားဖြစ်ကြရာတွင် လက်ထပ်စာချုပ်မလို၊ မင်္ဂလာအခမ်းအနားမလို ပတ်ဝန်းကျင်က အရှေ့ခုနှစ်အိမ်၊ အနောက် ခုနှစ်အိမ်၊ တောင်ခုနှစ်အိမ်၊ မြောက်ခုနှစ်အိမ်က လင်မယားအဖြစ် အသိအမှတ်ပြုလျှင် တရားဝင်ပါသည်။ လင်မယား ဟုတ် မဟုတ်ကို အငြင်းပွားသည့်ပြဿနာ ပေါ်ပေါက်လျှင်တော့ လက်ထပ်စာချုပ်တင်ပြမှ လင်မယားဖြစ်တာမဟုတ်ဘဲ လင်မယားဖြစ်ကြောင်း ပတ်ဝန်းကျင် က သက်သေခံလျှင် လင်မယားဟု အသိအမှတ်ပြုပါသည်။


#ရှေးယခင်က ဘာသာခြားနှင့် အိမ်ထောင်ပြုသော ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများ နစ်နာခဲ့ပုံ


ဗြိတိသျှကိုလိုနီခေတ်က မြန်မာနိုင်ငံသို့ အိန္ဒိယလူမျိုးများ၊ တရုတ်လူမျိုးများ လာရောက်၍ လုပ်ကိုင်စားသောက် အခြေချနေထိုင်ကြပါတယ်။ ထိုအခါ လူမျိုးခြားများနှင့် မြန်မာအမျိုးသမီးများ အိမ်ထောင်ကျတာတွေ ရှိပါတယ်။ လူမျိုးခြား၊ ဘာသာခြားလင်ယောက်ျား သေဆုံးသောအခါ အမွေဆက်ခံရေးနှင့် စပ်လျဉ်း၍ ပြဿနာပေါ်တာတွေ ရှိခဲ့ဖူးပါတယ်။


ဘာသာခြားလင်ယောက်ျား၏ သက်ဆိုင်ရာဓလေ့ထုံးတမ်းဥပဒေအရ ယောက်ျားဟာ ဘာသာခြားနဲ့ အိမ်ထောင်ပြုတာ တရားမ၀င်ဟုဆို၍ ဘာသာခြားနဲ့ အိမ်ထောင်ပြုတဲ့ မြန်မာအမျိုးသမီးတွေဟာ အလိုအလျောက် တရားမ၀င်မိန်းမတွေဖြစ်ကုန်ပြီး အမွေဆက်ခံခွင့် မရှိတော့ဘဲ နစ်နာကုန်တာတွေ ရှိပါတယ်။ ဒါကြောင့် လွတ်လပ်ရေးရပြီးနောက် ၁၉၅၄ခုနှစ်မှာ “ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများ အထူးထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဥပဒေ”ဟူ၍ အထူးဥပဒေတစ်ရပ်ကို လွှတ်တော်က ပြဋ္ဌာန်းခဲ့ပါတယ်။


၄င်းဥပဒေအရ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများသည် ဘာသာခြားနှင့် လက်ထပ်သော် တရားဝင်လက်ထပ်နိုင်ပြီး ၄င်းတို့၏ အိမ်ထောင်ရေး ပြဿနာများနှင့် အမွေဆက်ခံခွင့် ပြဿနာများကို မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရသာ ပြဿနာဖြေရှင်းမည်ဟု ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီတော့ ၁၉၅၄ခုနှစ်ကစ၍ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးများကို ဥပဒေအရ အထိုက်အလျောက် ကာကွယ်ခဲ့ပါတယ်။


#ဘာသာခြား လူမျိုးခြားနှင့် လက်ထပ်သော မိန်းကလေးများကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း


ဘာသာခြားနှင့် လက်ထပ်သောမိန်းကလေးတို့ကို ယေဘုယျအားဖြင့် သုံးမျိုးတွေ့နိုင်ပါတယ်။


#ပထမအမျိုးအစား

ဤအမျိုးအစားကတော့ ချစ်ခြင်းမေတ္တာအရ အရိုးခံသက်သက်နဲ့ လက်ထပ်တာပါ။


#ဒုတိယအမျိုးအစား

ဤအမျိုးအစားကတော့ ဂုဏ်မက်၊ ငွေမက်လို့ လူမျိုးခြားကို လက်ထပ်တာပါ။ ဂုဏ်မက်လို့ မိန်းကလေးကိုယ်တိုင် လိုလိုချင်ချင် လက်ထပ်တာပါ။


#တတိယအမျိုးအစား

တတိယအမျိုးအစားကတော့ သနားစရာကောင်းပါတယ်။ ဘယ်လိုလဲဆိုတော့ ဘာသာခြားကို မေတ္တာလည်းမရှိ၊ ဂုဏ်လည်းမမက်၊ ဒါပေမဲ့ မိမိဘ၀၊ မိမိရဲ့ မိသားစုဘ၀မှာ စားဝတ်နေရေး ဒုက္ခအကျပ်အတည်းကြောင့် ဘ၀ရဲ့ပြဿနာကို ဖြေရှင်းရန် မလွှဲမရှောင်သာ စိတ်ဆင်းရဲစွာနဲ့ ဘာသာခြားကို လက်ထပ်ရတာမျိုးပေါ့။


အထက်ပါသုံးမျိုးကို လေ့လာဝေဖန်ရင်တော့ ပထမအမျိုးအစားမှာ သူ့ဘာသာသူ ချစ်လို့လက်ထပ်တာကတော့ ဘေးပတ်ဝန်းကျင်က ဘာမှ မတတ်နိုင်ပါဘူး။ မချစ်ရဘူးလို့ ပြောလို့မရပါဘူး။ ဘာသာခြားအမျိုးသားကလည်း မြန်မာမိန်းကလေးကို မေတ္တာစစ်နဲ့ချစ်တာဆိုရင် သူ့ကို အပြစ်တင်ရန် ခက်ပြန်ပါတယ်။


ဒုတိယအမျိုးအစားကတော့ ဂုဏ်မက်၊ ငွေမက်လို့ တခြားရွေးချယ်စရာရှိရဲ့သားနဲ့ ဘာသာခြားကိုလက်ထပ်တာဆိုတော့ သူ့စိတ်နဲ့သူ့ကိုယ် သူ့သဘော သူဆောင်တာဖြစ်လို့ သူတို့ကို မသနားပေမယ့် ဒီလိုမလုပ်နဲ့လို့ ဖိအားမပေးချင်ပါ။


ဒါပေမယ့် (၃၈)ဖြာ မင်္ဂလာတရားတော်မှာ လောဘနည်းခြင်း၊ ရသမျှနှင့် ရောင့်ရဲခြင်းသည် မင်္ဂလာလို့ ဘုရားဟောရှိတာကြောင့် (၃၈)ဖြာ မင်္ဂလာတရားကို ပြောပြရုံလောက်ပဲ တတ်နိုင်ပါတယ်။ တတိယအမျိုးအစားဖြစ်တဲ့ စားဝန်နေရေးကျပ်တည်းပြီး တခြားရွေးစရာမရှိလို့ ဘာသာခြားကို လက်ထပ်ရတာဆိုရင်တော့ ဒီလိုမိန်းကလေးမျိုးကို ကရုဏာထားသင့်ပါတယ်။


ချစ်သောသူနဲ့ ကွေကွင်းရခြင်းဟာ ဒုက္ခဖြစ်သလို မချစ်မနှစ်သက်သောသူနဲ့ ပေါင်းသင်းရခြင်းကလည်း ဒုက္ခပဲဖြစ်တယ်လို့ ဘုရားဟောရှိခဲ့ ပါတယ်။


ဒီနေရာမှာ ကျယ်ကျယ်ပြန့်ပြန့် တင်ပြချင်တာကတော့ ဗုဒ္ဓဘာသာမိန်းကလေးမှမဟုတ်၊ ကမ္ဘာပေါ်မှာ ဘယ်ဘာသာမဆို ကိုးကွယ်တဲ့ မိန်းကလေးကို ဒီလိုကိစ္စမျိုး မဖြစ်စေချင်ဘူး။


အသက် ၂၀ ၀န်းကျင် မြန်မာမိန်းကလေးက စားဝတ်နေရေးကျပ်တည်းလို့ အသက် ၇၀ ၀န်းကျင် ဘာသာခြား ဘဘကြီးတစ်ယောက်ကို ယူလိုက်ရတာမျိုး မဖြစ်စေချင်သလို၊ အသက် ၂၅နှစ်ဝန်းကျင် ဘာသာခြားမိန်းကလေးကလည်း စားဝတ်နေရေးကျပ်တည်းလို့ အသက် ၆၀ ၀န်းကျင် မြန်မာဘဘကြီးကို ယူရတာမျိုးလည်း မဖြစ်စေချင်ဘူး။ မြန်မာနဲ့ မြန်မာချင်းလည်း စားဝတ်နေရေးကျပ်တည်းလို့ ယူရတာမျိုး မဖြစ်စေချင်ဘူး။ ဒါကြောင့် ဒီလိုမဖြစ်ရလေအောင် ပတ်ဝန်းကျင်က ကူညီသင့်ပါတယ်။


အမျိုးသမီးတွေ စားဝတ်နေရေးကျပ်တည်းမှုကို ကူညီတဲ့ စီမံကိန်းတွေ ပေါ်ပေါက်ဖူးပါတယ်။ ဒါပေမယ့် အဲဒီလုပ်ငန်းတွေက ဘာသာရေးနဲ့ ဘာသာရေးနဲ့မပတ်သက်ဘဲ ဆင်းရဲမှုတိုက်ဖျက်ရေး (Poverty Fighting)နဲ့ပဲပတ်သက်ပါတယ်။


ကမ္ဘာ့ပြည်သူ သန်းတစ်ထောင်ကျော်ဟာ ဆင်းရဲမွဲတေနေကြတယ်လို့ ဆိုပါတယ်။ ဆင်းရဲနေတဲ့ မြန်မာမိန်းကလေးတွေလည်း ရှိပါတယ်။


(Poverty Fighting) ဆိုတဲ့ စကားသံတွေဟာ ဓာတ်ပြားဟောင်းကြီးပါ။ ဒါပေမဲ့ အဲဒီဓာတ်ပြားဟောင်းကြီးကိုပဲ ကျွန်တော်တို့ ထပ်ခါတလဲလဲ ဖွင့်နေကြရဦးမှာပါရယ်လို့ ကျွန်တော်ထင်မြင်ယူဆမိပါတယ်။ မြန်မာအမျိုးသမီးတွေ စီးပွားရေးချောင်လည်ရင် ဆင်းရဲလို့ ဘာသာခြားကို လက်ထပ်ရတာမျိုး မရှိနိုင်တော့ပါကြောင်း…။


(မှတ်ချက်။ ။ ဤဆောင်းပါးကို ရေးသားပြီးနောက် အယ်ဒီတာထံသို့ မပို့မီ ကျွန်တော့်ရဲ့ ဇနီးကို ဖတ်ရှုခိုင်းကြည့်မိပါတယ်။ ဇနီးသည်က ဤဆောင်းပါးကို သဘောမတူပါဘူး။ သူမက မျိုးစောင့်ဥပဒေပြဋ္ဌာန်းတာကို အားသန်တယ်။ ကျွန်တော်တို့ လင်မယားနှစ်ယောက်စလုံး ဗုဒ္ဓဘာသာဖြစ်လို့ အမျိုးဘာသာကို စောင့်ရှောက်ချင်တဲ့ဆန္ဒကတော့ တူညီကြပါတယ်။ ဒါပေမဲ့ အဲဒီလိုစောင့်ရှောက်နေရာမှာ ဇနီးက ဥပဒေရဲ့ အကူအညီကို ရယူချင်တယ်။ ကျွန်တော်ကတော့ စာရေးခြင်း၊ ဆင်းရဲခြင်းကို တိုက်ဖျက်ခြင်း၊ တရားဟောခြင်း စတဲ့ဗျူဟာတွေနဲ့ သက်ဆိုင်ရာ ကာယကံရှင်တို့ရဲ့ ဉာဏ်ပညာကို စေ့ဆော်ပြီး သူတို့ဘ၀နဲ့ အဆီလျော်ဆုံး ဆုံးဖြတ်ချက်တွေ ချနိုင်အောင် ကူညီတဲ့ဗျူဟာကို ပိုပြီးအားသန်တယ်။

ဒီလိုသဘောထားကွဲမှုကို ဆွေးနွေးညှိနှိုင်းတဲ့ အတွေ့အကြုံဟာ ဒီမိုကရေစီအလေ့အကျင့်ဖြစ်လို့ ကျွန်တော် ၀မ်းသာမိပါကြောင်း။)


ရေးသားသူ - ဒေါက်တာ ထွန်းဝင်း


*** ဒေါက်တာထွန်းဝင်း - လိင်နှင့် ကျားမဆိုင်ရာနိုင်ငံရေး (Sex and Gender Politics) စာအုပ်ရဲ့ စာမျက်နှာ ၉၃ပါဆောင်းပါး။


[Zawgyi]ဗုဒၶဘာသာဝင္အမ်ိဳးသမီးမ်ား ဘာသာျခားႏွင့္ အိမ္ေထာင္ျပဳျခင္းကို ထိန္းခ်ဳပ္ရန္ႀကိဳးစားျခင္းဆိုင္ရာ ဒႆနမ်ား




#ဘာသာျခားႏွင့္လက္ထပ္ျခင္း

#ဓေလ့ထံုးတမ္းဥပေဒ

#opinions 


(အခ်ိန္တန္အရြယ္ေရာက္လို႔ ဆန႔္က်င္ဘက္လိင္ျခင္းလက္ထပ္ထိမ္းျမားၾကရာမွာ ဘာသာတရားအဆံုးအမခံယူခ်က္ မတူသူျခင္း ဘာေၾကာင့္လက္ထပ္ၾကရသလဲ အေတြးအထင္အျမင္အယူအဆေတြ ကြဲျပားၾကတာ ကာလၾကာပါၿပီ။ သူ႔ဘာသာဘယ္သူနဲ႔ယူယူ ဆိုေသာ္ျငားလည္း တရားတေဘာင္ ဥပေဒေရးရာကိစၥေတြ ရႈပ္ေထြးလာခ်ိန္မွာေတာ့ အေတာ္ေခါင္းခဲစရာေတျြဖစ္လာၿပီေပါ့။ သည္ေဆာင္းပါးမွာ ဥပေဒေရးရာအခ်က္အလက္ေတြကို ေျပာျပသြားမွာမဟုတ္ဘဲ ဘာသာျခားတစ္ေယာက္နဲ႔ လက္ထပ္ျခင္းအေပၚ ဘယ္လိုေတြးေခၚထားၾကသလဲဆိုတဲ့ ဒႆနကို ျပန္လည္မ်ွေဝသြားမွာပါ။)


Venus News Weekly ဂ်ာနယ္၊ ၂၀၁၃ခုႏွစ္၊ ဇြန္လ ၂၀ ရက္ေန့ထုတ္အရ ဗုဒၶဘာသာဝင္အမ်ိဳးသမီးမ်ား ဘာသာျခားႏွင့္ အိမ္ေထာင္ျပဳျခင္း ကိုထိန္းခ်ဳပ္ရန္ႀကိဳးစားသၫ့္ မ်ိဳးေစာင့္ဥပေဒကို ျပ႒ာန္းရန္ႀကိဳးစားျခင္းကို အမ်ိဳးသမီးအဖြဲ႔ေတာ္ေတာ္မ်ားမ်ားက ကန႔္ကြက္ၾကေၾကာင္း သိရပါသည္။ ဤသို႔ျပဳျခင္းသည္ အမ်ိဳးသမီးအခြင့္အေရးကို ခ်ိဳးေဖာက္ျခင္းျဖစ္ေၾကာင္း အမ်ိဳးသမီးအဖြဲ႔တခ်ိဳ႕က ဆိုပါသည္။ မ်ိဳးေစာင့္ဥပေဒ ကို ျပ႒ာန္းရန္ႀကိဳးစားျခင္းဟုဆိုရာတြင္ မိမိတို႔မ်ိဳးႏြယ္ မတိမ္ေကာရန္ႀကိဳးစားျခင္းအတြက္ ေယဘုယ်အားျဖင့္ မ်ိဳးႏြယ္မတိမ္ေကာေရး ေစတနာကို ေလးစားအသိအမွတ္ျပဳရပါမည္။ သို႔ေသာ္ ႏိုင္ငံသားမ်ားအၾကားမွာ လူအမ်ိဳးမ်ိဳး၊ အယူအဆအမ်ိဳးမ်ိဳး၊ အေတြးအေခၚအမ်ိဳးမ်ိဳး ရိွရာ မတူေသာ အယူအဆေတြ ထြက္ေပၚလာတာျဖစ္၍ အယူအဆမတူသူေတြကိုလည္း ေလးစားရမည္ျဖစ္ပါသည္။ ကြၽန္ေတာ္ ေမာင္ထြန္းဝင္းသည္လည္း ႏိုင္ငံသားတစ္ဦးျဖစ္ပါေသာေၾကာင့္ ႏိုင္ငံသားတစ္ဦး၏အျမင္ကို ရႈေထာင့္တစ္ခုမွ တင္ျပခြင့္ျပဳပါရန္ ပန္ၾကားရင္း ဤေဆာင္းပါးကို တင္ဆက္လိုက္ရပါသည္။


#ျမန္မာ့ဓေလ့ထံုးတမ္းဥပေဒ၌ လက္ထပ္ျခင္းဆိုတာ၏ ဒႆန


ျမန္မာႏိုင္ငံတြင္ အထင္ကရဥပေဒပညာရွင္တစ္ဦးျဖစ္ၿပီး တရားေရးဝန္ႀကီးျဖစ္ခဲ့သူ ေဒါက္တာဦးေအးေမာင္က ျမန္မာတို႔ လက္ထပ္ျခင္းသည္ ဗုဒၶဘာသာျပန႔္ပြားေအာင္လုပ္ျခင္းႏွင့္ သက္ဆိုင္ျခင္းမရိွ။ လက္ထပ္ျခင္းသည္ ဘာသာေရးႏွင့္ မသက္ဆိုင္ေသာ ေလာကီကိစၥျဖစ္ၿပီး အလြန္ ရႈပ္ေထြး၊ ႏူးညံ့သိမ္ေမြ့နက္နဲေသာ လူမႈေရးကိစၥျဖစ္သည္ဟု ေရးသားခဲ့ဖူးပါသည္။ ၄င္းအယူအဆကို တရားေရးဝန္ႀကီး ေဒါက္တာေမာင္ေမာင္(ေနာင္အခါ သမၼတႀကီးျဖစ္လာသူ)က ေရးသားေထာက္ခံခဲ့ပါသည္။


အျခားဘာသာတြင္ လက္ထပ္ေသာအခါ သက္ဆိုင္ရာ ဘုရားေက်ာင္း သာသနာ့ဝန္ထမ္းေရ႔ွေမွာက္၌ လက္ထပ္ေသာအစဉ္အလာ ရိွၾက ပါသည္။ ဗုဒၶဘာသာတို႔ လက္ထပ္ရာတြင္ ဘုန္းႀကီးေက်ာင္း၌ လက္ထပ္မွ တရားဝင္သည္ဟု မဆိုလိုပါ။ ျမန္မာဓေလ့ထံုးတမ္း ဥပေဒအရ ပုဆိုးတန္းတင္ အၾကင္လင္မယားျဖစ္ၾကရာတြင္ လက္ထပ္စာခ်ဳပ္မလို၊ မဂၤလာအခမ္းအနားမလို ပတ္ဝန္းက်င္က အေရ႔ွခုႏွစ္အိမ္၊ အေနာက္ ခုႏွစ္အိမ္၊ ေတာင္ခုႏွစ္အိမ္၊ ေျမာက္ခုႏွစ္အိမ္က လင္မယားအျဖစ္ အသိအမွတ္ျပဳလ်ွင္ တရားဝင္ပါသည္။ လင္မယား ဟုတ္ မဟုတ္ကို အျငင္းပြားသၫ့္ျပႆနာ ေပၚေပါက္လ်ွင္ေတာ့ လက္ထပ္စာခ်ဳပ္တင္ျပမွ လင္မယားျဖစ္တာမဟုတ္ဘဲ လင္မယားျဖစ္ေၾကာင္း ပတ္ဝန္းက်င္ က သက္ေသခံလ်ွင္ လင္မယားဟု အသိအမွတ္ျပဳပါသည္။


#ေရွးယခင္က ဘာသာျခားႏွင့္ အိမ္ေထာင္ျပဳေသာ ဗုဒၶဘာသာ ျမန္မာအမ်ိဳးသမီးမ်ား နစ္နာခဲ့ပံု


ၿဗိတိသ်ွကိုလိုနီေခတ္က ျမန္မာႏိုင္ငံသို႔ အိႏၵိယလူမ်ိဳးမ်ား၊ တရုတ္လူမ်ိဳးမ်ား လာေရာက္၍ လုပ္ကိုင္စားေသာက္ အေျခခ်ေနထိုင္ၾကပါတယ္။ ထိုအခါ လူမ်ိဳးျခားမ်ားႏွင့္ ျမန္မာအမ်ိဳးသမီးမ်ား အိမ္ေထာင္က်တာေတြ ရိွပါတယ္။ လူမ်ိဳးျခား၊ ဘာသာျခားလင္ေယာက္်ား ေသဆံုးေသာအခါ အေမြဆက္ခံေရးႏွင့္ စပ္လ်ဉ္း၍ ျပႆနာေပၚတာေတြ ရိွခဲ့ဖူးပါတယ္။


ဘာသာျခားလင္ေယာက္်ား၏ သက္ဆိုင္ရာဓေလ့ထံုးတမ္းဥပေဒအရ ေယာက္်ားဟာ ဘာသာျခားနဲ႔ အိမ္ေထာင္ျပဳတာ တရားမ၀င္ဟုဆို၍ ဘာသာျခားနဲ႔ အိမ္ေထာင္ျပဳတဲ့ ျမန္မာအမ်ိဳးသမီးေတြဟာ အလိုအေလ်ာက္ တရားမ၀င္မိန္းမေတျြဖစ္ကုန္ၿပီး အေမြဆက္ခံခြင့္ မရိွေတာ့ဘဲ နစ္နာကုန္တာေတြ ရိွပါတယ္။ ဒါေၾကာင့္ လြတ္လပ္ေရးရၿပီးေနာက္ ၁၉၅၄ခုႏွစ္မွာ “ဗုဒၶဘာသာ ျမန္မာအမ်ိဳးသမီးမ်ား အထူးထိမ္းျမားျခင္းႏွင့္ အေမြဆက္ခံျခင္းဥပေဒ”ဟူ၍ အထူးဥပေဒတစ္ရပ္ကို လႊတ္ေတာ္က ျပ႒ာန္းခဲ့ပါတယ္။


၄င္းဥပေဒအရ ဗုဒၶဘာသာ ျမန္မာအမ်ိဳးသမီးမ်ားသည္ ဘာသာျခားႏွင့္ လက္ထပ္ေသာ္ တရားဝင္လက္ထပ္ႏိုင္ၿပီး ၄င္းတို႔၏ အိမ္ေထာင္ေရး ျပႆနာမ်ားႏွင့္ အေမြဆက္ခံခြင့္ ျပႆနာမ်ားကို ျမန္မာ့ဓေလ့ထံုးတမ္းဥပေဒအရသာ ျပႆနာေျဖရွင္းမည္ဟု ျပ႒ာန္းခဲ့ပါတယ္။ ဒီေတာ့ ၁၉၅၄ခုႏွစ္ကစ၍ ဗုဒၶဘာသာ ျမန္မာမိန္းကေလးမ်ားကို ဥပေဒအရ အထိုက္အေလ်ာက္ ကာကြယ္ခဲ့ပါတယ္။


#ဘာသာျခား လူမ်ိဳးျခားႏွင့္ လက္ထပ္ေသာ မိန္းကေလးမ်ားကို ခြဲျခမ္းစိတ္ျဖာေလ့လာျခင္း


ဘာသာျခားႏွင့္ လက္ထပ္ေသာမိန္းကေလးတို႔ကို ေယဘုယ်အားျဖင့္ သံုးမ်ိဳးေတြ့ႏိုင္ပါတယ္။


#ပထမအမ်ိဳးအစား

ဤအမ်ိဳးအစားကေတာ့ ခ်စ္ျခင္းေမတၲာအရ အရိုးခံသက္သက္နဲ႔ လက္ထပ္တာပါ။


#ဒုတိယအမ်ိဳးအစား

ဤအမ်ိဳးအစားကေတာ့ ဂုဏ္မက္၊ ေငြမက္လို႔ လူမ်ိဳးျခားကို လက္ထပ္တာပါ။ ဂုဏ္မက္လို႔ မိန္းကေလးကိုယ္တိုင္ လိုလိုခ်င္ခ်င္ လက္ထပ္တာပါ။


#တတိယအမ်ိဳးအစား

တတိယအမ်ိဳးအစားကေတာ့ သနားစရာေကာင္းပါတယ္။ ဘယ္လိုလဲဆိုေတာ့ ဘာသာျခားကို ေမတၲာလည္းမရိွ၊ ဂုဏ္လည္းမမက္၊ ဒါေပမဲ့ မိမိဘ၀၊ မိမိရဲ့ မိသားစုဘ၀မွာ စားဝတ္ေနေရး ဒုကၡအက်ပ္အတည္းေၾကာင့္ ဘ၀ရဲ့ျပႆနာကို ေျဖရွင္းရန္ မလႊဲမေရွာင္သာ စိတ္ဆင္းရဲစြာနဲ႔ ဘာသာျခားကို လက္ထပ္ရတာမ်ိဳးေပါ့။


အထက္ပါသံုးမ်ိဳးကို ေလ့လာေဝဖန္ရင္ေတာ့ ပထမအမ်ိဳးအစားမွာ သူ႔ဘာသာသူ ခ်စ္လို႔လက္ထပ္တာကေတာ့ ေဘးပတ္ဝန္းက်င္က ဘာမွ မတတ္ႏိုင္ပါဘူး။ မခ်စ္ရဘူးလို႔ ေျပာလို႔မရပါဘူး။ ဘာသာျခားအမ်ိဳးသားကလည္း ျမန္မာမိန္းကေလးကို ေမတၲာစစ္နဲ႔ခ်စ္တာဆိုရင္ သူ႔ကို အျပစ္တင္ရန္ ခက္ျပန္ပါတယ္။


ဒုတိယအမ်ိဳးအစားကေတာ့ ဂုဏ္မက္၊ ေငြမက္လို႔ တျခားေရြးခ်ယ္စရာရိွရဲ့သားနဲ႔ ဘာသာျခားကိုလက္ထပ္တာဆိုေတာ့ သူ႔စိတ္နဲ႔သူ႔ကိုယ္ သူ႔သေဘာ သူေဆာင္တာျဖစ္လို႔ သူတို႔ကို မသနားေပမယ့္ ဒီလိုမလုပ္နဲ႔လို႔ ဖိအားမေပးခ်င္ပါ။


ဒါေပမယ့္ (၃၈)ျဖာ မဂၤလာတရားေတာ္မွာ ေလာဘနည္းျခင္း၊ ရသမ်ွႏွင့္ ေရာင့္ရဲျခင္းသည္ မဂၤလာလို႔ ဘုရားေဟာရိွတာေၾကာင့္ (၃၈)ျဖာ မဂၤလာတရားကို ေျပာျပရံုေလာက္ပဲ တတ္ႏိုင္ပါတယ္။ တတိယအမ်ိဳးအစားျဖစ္တဲ့ စားဝန္ေနေရးက်ပ္တည္းၿပီး တျခားေရြးစရာမရိွလို႔ ဘာသာျခားကို လက္ထပ္ရတာဆိုရင္ေတာ့ ဒီလိုမိန္းကေလးမ်ိဳးကို ကရုဏာထားသင့္ပါတယ္။


ခ်စ္ေသာသူနဲ႔ ေကြကြင္းရျခင္းဟာ ဒုကၡျဖစ္သလို မခ်စ္မႏွစ္သက္ေသာသူနဲ႔ ေပါင္းသင္းရျခင္းကလည္း ဒုကၡပဲျဖစ္တယ္လို႔ ဘုရားေဟာရိွခဲ့ ပါတယ္။


ဒီေနရာမွာ က်ယ္က်ယ္ျပန႔္ျပန႔္ တင္ျပခ်င္တာကေတာ့ ဗုဒၶဘာသာမိန္းကေလးမွမဟုတ္၊ ကမ႓ာေပၚမွာ ဘယ္ဘာသာမဆို ကိုးကြယ္တဲ့ မိန္းကေလးကို ဒီလိုကိစၥမ်ိဳး မျဖစ္ေစခ်င္ဘူး။


အသက္ ၂၀ ၀န္းက်င္ ျမန္မာမိန္းကေလးက စားဝတ္ေနေရးက်ပ္တည္းလို႔ အသက္ ၇၀ ၀န္းက်င္ ဘာသာျခား ဘဘႀကီးတစ္ေယာက္ကို ယူလိုက္ရတာမ်ိဳး မျဖစ္ေစခ်င္သလို၊ အသက္ ၂၅ႏွစ္ဝန္းက်င္ ဘာသာျခားမိန္းကေလးကလည္း စားဝတ္ေနေရးက်ပ္တည္းလို႔ အသက္ ၆၀ ၀န္းက်င္ ျမန္မာဘဘႀကီးကို ယူရတာမ်ိဳးလည္း မျဖစ္ေစခ်င္ဘူး။ ျမန္မာနဲ႔ ျမန္မာခ်င္းလည္း စားဝတ္ေနေရးက်ပ္တည္းလို႔ ယူရတာမ်ိဳး မျဖစ္ေစခ်င္ဘူး။ ဒါေၾကာင့္ ဒီလိုမျဖစ္ရေလေအာင္ ပတ္ဝန္းက်င္က ကူညီသင့္ပါတယ္။


အမ်ိဳးသမီးေတြ စားဝတ္ေနေရးက်ပ္တည္းမႈကို ကူညီတဲ့ စီမံကိန္းေတြ ေပၚေပါက္ဖူးပါတယ္။ ဒါေပမယ့္ အဲဒီလုပ္ငန္းေတြက ဘာသာေရးနဲ႔ ဘာသာေရးနဲ႔မပတ္သက္ဘဲ ဆင္းရဲမႈတိုက္ဖ်က္ေရး (Poverty Fighting)နဲ႔ပဲပတ္သက္ပါတယ္။


ကမ႓ာ့ျပည္သူ သန္းတစ္ေထာင္ေက်ာ္ဟာ ဆင္းရဲမြဲေတေနၾကတယ္လို႔ ဆိုပါတယ္။ ဆင္းရဲေနတဲ့ ျမန္မာမိန္းကေလးေတြလည္း ရိွပါတယ္။


(Poverty Fighting) ဆိုတဲ့ စကားသံေတြဟာ ဓာတ္ျပားေဟာင္းႀကီးပါ။ ဒါေပမဲ့ အဲဒီဓာတ္ျပားေဟာင္းႀကီးကိုပဲ ကြၽန္ေတာ္တို႔ ထပ္ခါတလဲလဲ ဖြင့္ေနၾကရဦးမွာပါရယ္လို႔ ကြၽန္ေတာ္ထင္ျမင္ယူဆမိပါတယ္။ ျမန္မာအမ်ိဳးသမီးေတြ စီးပြားေရးေခ်ာင္လည္ရင္ ဆင္းရဲလို႔ ဘာသာျခားကို လက္ထပ္ရတာမ်ိဳး မရိွႏိုင္ေတာ့ပါေၾကာင္း…။


(မွတ္ခ်က္။ ။ ဤေဆာင္းပါးကို ေရးသားၿပီးေနာက္ အယ္ဒီတာထံသို႔ မပို႔မီ ကြၽန္ေတာ့္ရဲ့ ဇနီးကို ဖတ္ရႈခိုင္းၾကၫ့္မိပါတယ္။ ဇနီးသည္က ဤေဆာင္းပါးကို သေဘာမတူပါဘူး။ သူမက မ်ိဳးေစာင့္ဥပေဒျပ႒ာန္းတာကို အားသန္တယ္။ ကြၽန္ေတာ္တို႔ လင္မယားႏွစ္ေယာက္စလံုး ဗုဒၶဘာသာျဖစ္လို႔ အမ်ိဳးဘာသာကို ေစာင့္ေရွာက္ခ်င္တဲ့ဆႏၵကေတာ့ တူညီၾကပါတယ္။ ဒါေပမဲ့ အဲဒီလိုေစာင့္ေရွာက္ေနရာမွာ ဇနီးက ဥပေဒရဲ့ အကူအညီကို ရယူခ်င္တယ္။ ကြၽန္ေတာ္ကေတာ့ စာေရးျခင္း၊ ဆင္းရဲျခင္းကို တိုက္ဖ်က္ျခင္း၊ တရားေဟာျခင္း စတဲ့ဗ်ူဟာေတြနဲ႔ သက္ဆိုင္ရာ ကာယကံရွင္တို႔ရဲ့ ဉာဏ္ပညာကို ေစ့ေဆာ္ၿပီး သူတို႔ဘ၀နဲ႔ အဆီေလ်ာ္ဆံုး ဆံုးျဖတ္ခ်က္ေတြ ခ်ႏိုင္ေအာင္ ကူညီတဲ့ဗ်ူဟာကို ပိုၿပီးအားသန္တယ္။

ဒီလိုသေဘာထားကြဲမႈကို ေဆြးေနြးၫွိႏိႈင္းတဲ့ အေတြ့အႀကံဳဟာ ဒီမိုကေရစီအေလ့အက်င့္ျဖစ္လို႔ ကြၽန္ေတာ္ ၀မ္းသာမိပါေၾကာင္း။)


ေရးသားသူ - ေဒါက္တာ ထြန္းဝင္း


*** ေဒါက္တာထြန္းဝင္း - လိင္ႏွင့္ က်ားမဆိုင္ရာႏိုင္ငံေရး (Sex and Gender Politics) စာအုပ္ရဲ့ စာမ်က္ႏွာ ၉၃ပါေဆာင္းပါး။

No comments: