Sunday, August 1, 2021

ကျွန်တော်သိတဲ့ ရင်းနှီးမြုပ်နှံမှု ဆိုတာ … အပိုင်း (၄)

ကျွန်တော်သိတဲ့ ရင်းနှီးမြုပ်နှံမှု ဆိုတာ … အပိုင်း (၄)




ရင်းနှီးမြုပ်နှံမှုတွေ အကြောင်းကို Investor တွေ သူဌေးကြီးတွေ က ပြန်ပြောတဲ့အခါမှာ တကယ် အားကျစရာကောင်း တဲ့ အဖြစ်အပျက်တွေ ၊ အမြတ်အစွန်း နဲ့အောင်မြင်မှုတွေကိုသာ ကြားကြ ရလေ့ရှိပါတယ်။ ဒါပေမယ့် ဒီလိုတွေ မဖြစ်လာခင်မှာ ဆုံးရှုံးခဲ့ရတာတွေ၊ အတွေ့အကြုံ ရဖို့ ရင်းခဲ့တာ တွေ၊ အမှားတွေ ၊ အများအပြားရှိနေမယ်ဆိုတာ သေချာသလောက်ရှိပါတယ်။ ဒါကြောင့် အရင် မျှဝေမှုတုန်းက ကျွန်တော်လုပ်ခဲ့တဲ့ မဟာဗျူဟာ တစ်ခု အနေနဲ့ အရင်းပမာဏ နည်းနည်း နဲ့. High Risk, Hign Return ရင်းနှီးမြုပ်နှံမှုတွေကို လုပ် ပြီး နောက် တတ်နိုင်တဲ့ အရင်းပမာဏ များလာတော့ မှ Low Risk, Medium Return ရင်းနှီးမြုပ်နှံမှုတွေကို လုပ် တယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာ တကယ် တော့ ရင်းနှီးမြုပ်နှံမှု ကို အကျွမ်းမဝင်ခင်မှာ ဆုံးရှုံး ရင်လဲ ခံနိုင်လောက်တဲ့ ငွေရင်းပမာဏ လောက်နဲ့ လေ့ကျင့်ခန်း ဆင်းတဲ့ သဘောလဲ ဖြစ်ပါတယ်။ ဒီအတွက် အချို့ကတော့ High Return. ပုံမှန် ရသွား ပေမယ့် အချို့ကနေတော့ ဘာတွေ သုံးသပ်ရမယ် ကြည့်ရှုရမယ်ဆိုတဲ့ အတွေ့အကြုံ ကောင်းတွေ ရလိုက်တာပါပဲ။

.

.s

(၇) ကောင်းကင်က ကြယ်တွေ အကြောင်း မြေပြင် ကကုန်ထမ်းသမားကို မမေးပါနဲ့

.

ဒါပေမယ့် ကိုယ်က ရင်းနှီးမြုပ်နှံမှု လုပ်နေ ကျသူမဟုတ်ပဲ အထက်က လို ငွေရင်းပမာဏ နည်းတဲ့ ရင်းနှီးမြုပ်နှံမှုလေးတွေကိုလဲ လေ့ကျင့်ထား ခွင့် ရရှိခဲ့သူမဟုတ်ဘူးဆိုရင်တော့ မှန်ကန်တဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခု ဖြစ်ဖို့က အတွေ့အကြုံရှိတဲ့ သက်ဆိုင်ရာနယ်ပယ် နားလည် သူတွေ လုပ်ဖူး သူတွေ လက်ရှိကျင်လည်နေသူတွေကို တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

.

ဒါပေမယ့် လည်း လူအတော်များများဟာ သူတို့ ရဲ့ ပထမဆုံး ရင်းနှီးမြုပ်နှံမှုကို တိုင်ပင် မိသူတွေဟာ သူ တို့ရင်းနှီးတဲ့ ၊သူတို့နဲ့ ဘာမှသိပ်မကွာတဲ့ သူငယ်ချင်း မိတ်ဆွေတွေကိုသာ တိုင် ပင် လုပ်ဆောင် ဖြစ်ကြလေ့ရှိနေပါရော။ ဒါဟာ ပထမ ဆုံး ရင်းနှီးမြုပ်နှံမှု အတော်များများကို ဆုံးရှုံး စေတတ် တာတွေ့ ရပါတယ်။ တစ်ခါ က ကျွန်တော့်ကို သင်တန်းသားတစ်ဦးက မေးပါတယ်။ ဆရာ ……….. ဖက်မှာ မြေကွက်လေး တစ်ခု ဝယ်မလို့ဆရာ .. လက်ထဲမှာ ငွေပိုလေး ရှိတော့ အိမ်နီးချင်း သူငယ်ချင်း ကိုတိုင် ပင်ရင်း သူက အဲဒီဖက်မှာ မြေကွက်လေး ဝယ်ထားဖို့ အကြံပြုလို့ပါဗျ လို့ ဆိုပါတယ်။ ဒီတော့ ကျွန်တော်က ပြန်မေးပါတယ်။ အဲဒီ သူငယ်ချင်းက အိမ်ခြံမြေ ဆိုင်ရာ ကျွမ်းကျင်သူလား …….ဆိုတော့ မဟုတ်ပါဘူးတဲ့…ဒါဆိုလဲ အဲဒီ ဖက်မှာ နေပြီး အဲဒီက အိမ်ခြံမြေ ဈေး တွေ သဘာဝတွေကို နားလည်နေသူလား ဆိုတော့လဲ မဟုတ်ပါဘူးတဲ့……..ဒါဖြင့် သူကိုယ်တိုင်ရော အဲဒီဖက်မှာ အိမ်ခြံမြေ တစ်ခုခု ဝယ်ယူထား တဲ့သူလား …လို့မေးတော့လဲ မဟုတ်ပါဘူးဆရာ..သူကိုယ်တိုင်တောင်မှ အိမ်ပိုင်မရှိသေးပဲ ငှားနေရတာပါ လို့ဆိုပါတယ်။ ဒါဖြင့် သူက ဘယ်ကနေ အဲဒီမှာ ဝယ် ထားရင်မြတ်မယ်လို့ သိတာတုန်း ဆိုတော့….ဖေ့စ်ဘုတ် ကနေ တွေ့တာပါလို့ပြောပါတယ်ဆရာတဲ့..

.

ကျွန်တော် အကြုံပြုလိုတာကတော့ သက်ဆိုင်ရာ ကျွမ်းကျင်နယ်ပယ် က လက်ရှိလုပ်ကိုင်နေသူများ ကိုသာ သက်ဆိုင်ရာ အကြုံပြုချက်များတောင်းခံ တာ ပိုပြီး အဆင်ပြေနိုင်လေ့ရှိပါတယ်။ ကျွန်တော်ကိုယ် တိုင် လဲ သိပ်မရင်းနှီးတဲ့ နေရာဒေသ တွေဆိုရင် ကိုယ်တိုင်လဲ ရသလောက် လေ့လာ သလို နယ်မြေမှာ လုပ်ကိုင်နေတဲ့ အကျိုးဆောင်တွေ ပွဲစားတွေ ကို မေးမြန်းလေ့လာရတာပါပဲ။ ဒါမှမဟုတ် သက်ဆိုင်ရာ ကျွမ်းကျင်သူတွေကိုပေါ့။ 

.

ဒီလိုပြောလို့ ဘေးက နေ အကြံပေးလေ့ရှိကြတဲ့ သူငယ်ချင်းတွေ ၊ ဆွေမျိုး မိတ်ဆွေတွေကို မကောင်းပြောတာတော့ မဟုတ်ပါဘူး။ သူတို့ ကျင်လည် နေတဲ့ သက်ဆိုင်ရာ နယ်ပယ် ဆိုရင်တော့ ကိုယ့်လူရင်း ပြောတာကို ပိုပြီးနားထောင်ရမှာပါပဲ။ ဒါပေမယ့် သူငယ်ချင်းက တိုက်တွန်းလို့၊ အမျိုးတွေ ကအားပေးလို့ ၊ ဆိုတာလောက်နဲ့ စိတ်ပါပြီး ပထမဆုံး ရင်းနှီးမြုပ်နှံမှု ကို မလုပ် စေချင်တာပါပဲ။

.

ရင်းနှီးမြုပ်နှံမှု လုပ်လေ့ရှိ သူတွေ မှာ အခြေအနေကို အကဲခတ်လိုက်တာနဲ့ ဘယ်လို ဖြစ်နိုင်တယ် မူမှန်တယ် မူမမှန်ဘူး စတာတွေကို သုံးသပ်နိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ ရဲ့အတွေ့အကြုံ တွေကို ပြောပြဖို့လဲအများစုက အဆင်သင့်ရှိတတ်ကြပါတယ်။ ဒီအတွက် ကိုယ့်လုပ်မယ့် ရင်းနှီးမြုပ်နှံမှုတွေကို အဲဒီနယ်ပယ်မှာ လုပ်ကိုင်နေတဲ့ ကျွမ်းကျင်တဲ့သူများကိုမေးမြန်း ဖို့ လိုအပ်ပါတယ်။ အချို့ ကျွမ်းကျင်သူ များ ဆိုရင် လဲ အကြံပေးခ consultation fees နဲ့ တိုင်ပင် လို့ရပါတယ်။ ဥပမာ နိုင်ငံခြားမှာ အိမ်ခြံမြေရင်းနှီးမြုပ်နှံမယ်ဆိုရင် ဘယ်နေရာအကောင်းဆုံးဆိုတာကို data. အချက် အလက် နဲ့ အကြံပေးချက်တွေကို ဝယ်ယူလို့ ရနိုင်တာမျိုးပါပဲ။စာချုပ်စာတမ်း အတွက် ရှေ့နေ တစ်ဦး ကိုတိုင်ပင်တာ၊  စီးပွားရေး တစ်ခု လုပ်မယ်ဆိုရင်လဲ ကျွမ်းကျင် တဲ့ စီးပွားရေး အကြံပေး business consultant တစ်ဦးနဲ့ တွေ့ဆုံ ပြီး အကြံဉာဏ် ရယူ တာမျိုးပါပဲ။ ဒီအတွက် ဝယ်ယူလိုက်ရတဲ့ သို့မဟုတ် အကြံပေး ချက် အတွက် ပေးရတဲ့ fees ဒေါ်လာ တစ်ရာ နှစ်ရာလောက်ဟာ မိမိ ရင်းနှီးမြုပ်နှံမှု ကြီးတစ်ခု လုံး ဆုံးရှုံးမသွားစေ တဲ့အပြင် ပိုပြီး အမြတ် အစွန်း ရစေနိုင်ပါသေးတယ်။

.

ဆိုလိုတာကတော့ လူများများ ကပြောတာနဲ့ တစ်နည်းအားဖြင့် quantity အရ များတာ နဲ့ မှန်ကန် တယ်လို့ ဆုံးဖြတ်လို့မရပဲ နားလည် ကျွမ်းကျင်သူကိုသာ မေး မြန်းဖို့ အကြံပြုလိုတာပါပဲ။

.

.

(၈) ဘာတစ်ခုမှ မရနိုင်ပဲ ငွေပဲ ရနိုင်မယ်ဆိုတဲ့ ရင်းနှီးမြုပ်နှံမှုတွေ လုပ်သင့်လား…

.

ခေါင်းစဉ်က တစ်မျိုး ကြီးဖြစ်နေနိုင်ပါတယ်။ ရင်းနှီးမြုပ်နှံမှု လုပ်ပါတယ်ဆိုမှ ငွေ ရချင်လို့ပေါ့။ ငွေ ရရင် အဆင်ပြေနေပြီပဲလို့ တွေးစရာရှိပါတယ်။ ဒီနေရာမှာ ရှင်းလင်းအောင် ပြောချင်တာက တော့ ရင်းနှီးမြုပ်နှံမှု ဆိုတာဟာ ရေရှည် လုပ်ဆောင်ရတဲ့အရာဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံမှု တစ်ခု ထဲနဲ့ တစ်သက်တာ စားမကုန်ဖြစ်သွားတယ်ဆိုတာမျိုး ရှားပါးလှပါတယ်။ ဆိုတော့ ဘဝ မှာ ရင်းနှီးမြုပ်နှံ မှုတွေ ဟာ ဆက်တိုက် လုပ်ဖို့ သာ များပါတယ်။ ဥပမာ world investor တွေ ဆိုရင် တိုင်းပြည် မငြိမ်သက်တာ၊ အစိုးရပြောင်းတာ၊ ငွေကြေးဖောင်းပွတာတွေ ဖြစ်လာတော့မယ်လို့ ခန့်မှန်းမိတာတဲ့ စီးပွားရေး လုပ်ငန်း တွေထဲကငွေတွေကိုထုတ်ပြီးစိတ်ချရမယ့် ရွှေ တို့ အစိုးရ ငွေတိုက်စာချုပ်တို့ကို ပြောင်းဝယ် ကြပါတယ်။ စီးပွားရေး ပြန်ကောင်းတော့မယ်ဆိုရင်တော့ ရွှေ တွေကိုရောင်းချပြီး ခေတ်ကာလ အရ အမြတ်ဆုံးဖြစ်မယ့် စီးပွားရေး လုပ်ငန်းတွေကို ပြန်ရင်း ကြပါတယ်။ ဒီနည်းနဲ့ ပိုင်ဆိုင်မှုတွေကို မလျော့ပါးအောင် ထိန်း သိမ်း နိုင်အောင် အမျိုးမတူတဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ပြောင်းလဲ လုပ်ဆောင်နေကြရပါတယ်။ ဒီအတွက် အချိန်ကြာလေလေ ပိုပြီး အတွေ့အကြုံ ရလာလေလေ ဈေးကွက်ကိုပိုခန့်မှန်းနိုင်လာလေလေ ဖြစ်လာကာ အမြတ်အစွန်းပိုရလာအောင် လုပ်နိုင်လာကြပါတယ်။ ဥပမာ ပွဲရုံ ဖွင့်ပြီး အမြဲ စပါး အရောင်း အဝယ် လုပ်နေတဲ့ သူက ဘယ်အချိန် စပါး ဈေးတက်ပြီး ဘယ်အချိန်ဈေးကျမယ် ဘယ်အချိန်ဝယ် လှောင်ပြီး ဘယ်တော့ ပြန်ရောင်း ရင် ဘယ်လောက် မြတ်မယ်ဆိုတာ အေးအေး ဆေးဆေး နားလည် နေမှာ ဖြစ်ပါတယ်။ ဒီအတွက် ဒီ စပါး ဆိုတဲ့ ကုန် ရှိနေသရွေ့ သူဟာ စီးပွားရေး ကို အေးအေးဆေးဆေး လုပ်နေနိုင်မှာ ဖြစ်ပါတယ်။

.

ဆိုတော့ ရင်းနှီးမြုပ်နှံမှု တစ်ခု လုပ်လေ အတွေ့အကြုံ တစ်ခု တိုးလေ level 1 ခု မြင့်လေ ဖြစ်သွားတာမျိုး က ပိုကောင်းပါတယ်။ နောက်ဆုံး ဒီလို အခြေအနေက ငွေ မမြတ်ပဲ ဆုံးရှုံးတယ် ဆိုရင်တောင် ဘဝပျက်လောက်တဲ့ ပမာဏ မဟုတ်ရင် ကောင်းတယ်လို့ပြောလို့ရပါသေးတယ်။ 

.

ဒီလို level မြင့်မလာပဲ ငွေသက်သက် ပဲ ရမယ်ဆိုတဲ့ ရင်းနှီးမြုပ်နှံမှုတွေလဲ ရှိပါသေးတယ်။ ဥပမာ ရွှေ အရောင်းအဝယ် လုပ်နေတဲ့ သူ ကို အတင်းငွေတွေ သွားပေးထားပြီး အရောင်းအဝယ် ထဲ ထည့်လုပ်ပေးပါ လစဉ် ဘယ်လောက် အမြတ် ကိုသာပေးပါ ဆိုတာမျိုး ပါပဲ။ ဒီလို အလား တူ ပုံစံတွေ အများအပြား ရှိပါတယ်။ ဒီလိုနည်းဟာ လုပ်ပေးတဲ့သူက တကယ်ယုံကြည် စိတ်ချရပြီး မှန်ကန်တယ် ဆိုရင်တောင် ကျွန်တော်ကတော့ သိပ်အားမပေးချင်ပါဘူး။ တကယ်လို့ လုပ်ချင်တယ်ဆိုရင်လဲ အဆုံးခံနိုင်တဲ့ ပမာဏ တစ်ခု လောက် နဲ့ သာ လုပ်ဆောင်ပြီး main income အဖြစ် မရပ်တည် ဖို့၊ ရှိသမျှ ငွေအားလုံး မထည့်ဖို့ အကြံပြုလိုပါတယ်။

.

ဘာကြောင့်လဲ ဆိုတော့ ဒီလို ငွေပဲ ရမယ်ဆိုတဲ့ ရင်းနှီးမြုပ်နှံမှုမျိုးဟာ ကိုယ့်အနေနဲ့ အတွေ့အကြုံ ဘာမှ မရဘူးဆိုရင် နောက်ထပ် investment တွေ ထပ်လုပ်လို့ မရ နိုင် တော့ပါဘူး။ လုပ်ပေးတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် လူက စိတ်ချရတယ်ဆိုရင်တောင် ကိုယ်က အလုပ်ကို နားမလည် တဲ့အတွက် လုပ်ပေးသူကိုသာ totally depend မှီခိုရမှာ ဖြစ်ပါတယ်။ ကိုယ့်မှ ဘာ. Control မှ မရှိနိုင်ပါဘူး။ အဆိုးဆုံးကတော့ သူက မလုပ်ပေးတော့ဘူး ငွေတွေ ပြန်ယူပါ လို့ဆို လိုက်တာနဲ့ ကိုယ့်မှာ ငွေပုံကြီး ပိုက်ပြီးနောက်ထပ် ရင်းနှီးမြုပ်နှံမှု ကောင်း တစ်ခုခု ရဖို့ အခက်တွေ့တော့တာပါပဲ။ 

.

ဒီလိုမဟုတ်ပဲ ရွှေ ကုန်သည် ဆီမှာ ရွှေ ပညာသင်၊ အရောင်းအဝယ် ပညာသင်၊ ကိုယ်တိုင် အရင်းအနှီးလဲ ထည့်၊ လုပ်ငန်းသဘာဝ လဲလေ့လာ၊ network လဲ ရ ဆိုတာမျိုးက ပိုကောင်းပါတယ်။ အနည်းဆုံး တော့ ရွှေ အရောင်းအဝယ်လုပ်နည်းကို သင်ကြားပြီး ကိုယ့်ဟာကိုယ် တစ်နိုင်လေး အရောင်းအဝယ်လုပ်၊ အရှုံး တွေ့လဲ ဘာကြောင့်ဆိုတာကို ပြန်သုံးသပ်၊ ပြင်ဆင်၊ ထပ်လုပ် ဆိုတာက ရေတို မှာ စိတ်ချရတဲ့ income တစ်ခု သို့မဟုတ် အမြတ် အစွန်းတစ်ခု မရနိုင်သေးပေမယ့် ရေရှည်မှာ ကိုယ့်ကို အမြဲ အထောက်အပံပေးနေမယ့် အတွေ့အကြုံနဲ့ ပညာရပ်ကို ရလိုက် မှာဖြစ်ပါတယ်။ 

.

ဆိုတော့ရွှေ ကုန်သည်ဆီမှာ သိန်း ၁၀၀ ပေးထားလိုက်ပြီး သူ့ ကုန်သွယ်မှုထဲကို ထည့်လုပ်ပေး တစ်လကို ၂ သိန်း အမြတ် ရမယ် ဆိုတဲ့ ရင်းနှီးမြုပ်နှံမှုထက် ရွှေ အရောင်းအဝယ်ကို သင်ပြီး ကိုယ်တိုင် ပမာဏ နည်းနည်းပဲ လုပ် တစ်လမှ သောင်းဂဏာန်း ပဲမြတ် မယ် ဆိုရင် ရေရှည် အတွက် က ဒုတိယ တစ်ခုက ပိုကောင်းပါတယ်။ ရေတိုအတွက် ပထမ အမျိုးအစား က ပမာဏ အနည်းငယ်တော့ ရှိလို့ ရပါတယ်။ သဘောကတော့ ကိုယ့်ပိုင်ဆိုင်မှု ရင်းနှီးမြုပ်နှံမှု အချိုးမှာ ပထမ နဲ့ ဒုတိယ နှစ်မျိုးစလုံးရှိနေလို့ ရပေမယ့် ဒုတိယ အမျိုးအစားက ပိုများရမှာ ဖြစ်ပါတယ်။ ဒါမှသာ ရေရှည် ကိုယ့် ပိုင်ဆိုင်မှုတွေကို ကိုယ်တိုင် စောင့်ရှောက်နိုင်မှာပါပဲ။

.

ဥပမာ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ဟာ အိမ်ခြံမြေ ရင်းနှီးမြုပ်နှံမှု အတွေ့အကြုံ လုံးဝ မရှိ  ပါဘူး။ ဒီအတွက် တိုက်ခန်း တစ်ခန်း ဝယ်ပြီး Rental income ရဖို့ ဆောင်ရွက် လိုတဲ့အခါ ကျွန်တော် ကို ကူညီ ဝယ်ပေးဖို့ ပြောပါတယ်။  ဒါနဲ့ ပဲ ကျွန်တော် နဲ့ သူငယ်ချင်း နှစ်ဦးသား ပွဲစား ပြတဲ့ တိုက်ခန်းတွေကို ခြေတိုအောင် လိုက်ပြီး ကြည့်ပါတော့တယ်။ တစ်ခန်းကြည့် ပြီးတာနဲ့ ဒီတိုက်ခန်းက ဘယ်လို အခြေအနေ ရှိတယ်။ ဝယ်သင့် မဝယ်သင့်၊ ဘယ်လို တွက်ချက် ရမယ် စတာတွေ အပြင် တိုက်ခန်းတွေ အကြောင်း စာချုပ်တွေ အကြောင်း ဖြစ်တတ်တဲ့ ပြသနာ တွေကို ပါ သူ့ကို တစ်ခါထဲ ရှင်းပြ ပါတယ်။ ဒီတော့ အခန်း လေး ငါးခန်း လောက်လဲ ကြည့်ပြီးရော သူငယ်ချင်း က တိုက်ခန်းတွေ အကြောင်းကို အတော်လေးနားလည် သွားပါတော့တယ်။ နောက် အခန်းတွေ ကျတော့ ဒီလို ဒီလို ဖြစ်နိုင်တယ် အဲဒီယူဆချက် ဟုတ်လား လို့ သူ့ဟာသူသုံးသပ် ပြီး  ကျွန်တော့်ကို မှန်. မမှန် ပြန်မေး နိုင်တဲ့ အခြေအနေကို ရောက်သွားပါတော့တယ်။ ဒီလိုနဲ့ နောက်ဆုံး မှာ ဈေးလဲ တန် ၊ သူ့ရည်ရွယ်ချက်ဖြစ်တဲ့ Rental Income ရမယ့် တိုက်ခန်း တစ်ခန်းကို ရရှိသွားပါတော့တယ်။ တကယ်တော့ ကျွန်တော့် ပွဲစားနဲ့ပဲ သူငယ်ချင်းကို လွတ်ပေးလိုက်ပြီး သူ့စိတ်ကြိုက်ရွေး ဆိုလဲ ရပါတယ်။ ဒါဆို စိတ်ချရတဲ့ပွဲစားကြောင့် အမြတ် အစွန်းရနိုင်ပေမယ့် အတွေ့အကြုံတော့ မရနိုင် တော့ပါဘူး။ 

.

အချုပ်အားဖြင့်ကတော့ ရင်းနှီးမြုပ်နှံမှု တစ်ခုက နေ ကောင်းမွန်တဲ့ အမြတ် အစွန်း အပြင်  ကောင်းမွန်တဲ့ သင်ခန်းစာ အတွေ့အကြုံ ကိုပါ ရရှိ ဖို့လိုအပ်ပါတယ်။ ဒီနှစ်ခုလုံးရမှသာ နောက်ထပ် ရင်းနှီးမြုပ်နှံမှုတွေ ဟာ အမှားတွေ နည်းသထက်နည်းလာပြီး ပိုမိုမြတ်စွန်းလာမှာ ဖြစ်ပါကြောင်း…

.

ဆက်ရန်

.

.

လုံလောက်တဲ့ အသိပညာ ဟာ ပြင်းထန်တဲ့အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင် ပါတယ်။

.

.

Kaung Hein Soe – Strategic

Business Consultant


[Zawgyi]ကြၽန္ေတာ္သိတဲ့ ရင္းႏွီးျမဳပ္ႏွံမႈ ဆိုတာ … အပိုင္း (၄)




ရင္းႏွီးျမဳပ္ႏွံမႈေတြ အေၾကာင္းကို Investor ေတြ သူေဌးႀကီးေတြ က ျပန္ေျပာတဲ့အခါမွာ တကယ္ အားက်စရာေကာင္း တဲ့ အျဖစ္အပ်က္ေတြ ၊ အျမတ္အစြန္း နဲ႔ေအာင္ျမင္မႈေတြကိုသာ ၾကားၾက ရေလ့ရိွပါတယ္။ ဒါေပမယ့္ ဒီလိုေတြ မျဖစ္လာခင္မွာ ဆံုးရႈံးခဲ့ရတာေတြ၊ အေတြ့အႀကံဳ ရဖို႔ ရင္းခဲ့တာ ေတြ၊ အမွားေတြ ၊ အမ်ားအျပားရိွေနမယ္ဆိုတာ ေသခ်ာသေလာက္ရိွပါတယ္။ ဒါေၾကာင့္ အရင္ မ်ွေဝမႈတုန္းက ကြၽန္ေတာ္လုပ္ခဲ့တဲ့ မဟာဗ်ူဟာ တစ္ခု အေနနဲ႔ အရင္းပမာဏ နည္းနည္း နဲ႔. High Risk, Hign Return ရင္းႏွီးျမဳပ္ႏွံမႈေတြကို လုပ္ ၿပီး ေနာက္ တတ္ႏိုင္တဲ့ အရင္းပမာဏ မ်ားလာေတာ့ မွ Low Risk, Medium Return ရင္းႏွီးျမဳပ္ႏွံမႈေတြကို လုပ္ တယ္လို႔ ေျပာခဲ့ပါတယ္။ ဒါဟာ တကယ္ ေတာ့ ရင္းႏွီးျမဳပ္ႏွံမႈ ကို အကြၽမ္းမဝင္ခင္မွာ ဆံုးရႈံး ရင္လဲ ခံႏိုင္ေလာက္တဲ့ ေငြရင္းပမာဏ ေလာက္နဲ႔ ေလ့က်င့္ခန္း ဆင္းတဲ့ သေဘာလဲ ျဖစ္ပါတယ္။ ဒီအတြက္ အခ်ိဳ႕ကေတာ့ High Return. ပံုမွန္ ရသြား ေပမယ့္ အခ်ိဳ႕ကေနေတာ့ ဘာေတြ သံုးသပ္ရမယ္ ၾကၫ့္ရႈရမယ္ဆိုတဲ့ အေတြ့အႀကံဳ ေကာင္းေတြ ရလိုက္တာပါပဲ။

.

.s

(၇) ေကာင္းကင္က ၾကယ္ေတြ အေၾကာင္း ေျမျပင္ ကကုန္ထမ္းသမားကို မေမးပါနဲ႔

.

ဒါေပမယ့္ ကိုယ္က ရင္းႏွီးျမဳပ္ႏွံမႈ လုပ္ေန က်သူမဟုတ္ပဲ အထက္က လို ေငြရင္းပမာဏ နည္းတဲ့ ရင္းႏွီးျမဳပ္ႏွံမႈေလးေတြကိုလဲ ေလ့က်င့္ထား ခြင့္ ရရိွခဲ့သူမဟုတ္ဘူးဆိုရင္ေတာ့ မွန္ကန္တဲ့ ရင္းႏွီးျမဳပ္ႏွံမႈ တစ္ခု ျဖစ္ဖို႔က အေတြ့အႀကံဳရိွတဲ့ သက္ဆိုင္ရာနယ္ပယ္ နားလည္ သူေတြ လုပ္ဖူး သူေတြ လက္ရိွက်င္လည္ေနသူေတြကို တိုင္ပင္ေဆြးေနြးတာ အေကာင္းဆံုးပါပဲ။

.

ဒါေပမယ့္ လည္း လူအေတာ္မ်ားမ်ားဟာ သူတို႔ ရဲ့ ပထမဆံုး ရင္းႏွီးျမဳပ္ႏွံမႈကို တိုင္ပင္ မိသူေတြဟာ သူ တို႔ရင္းႏွီးတဲ့ ၊သူတို႔နဲ႔ ဘာမွသိပ္မကြာတဲ့ သူငယ္ခ်င္း မိတ္ေဆြေတြကိုသာ တိုင္ ပင္ လုပ္ေဆာင္ ျဖစ္ၾကေလ့ရိွေနပါေရာ။ ဒါဟာ ပထမ ဆံုး ရင္းႏွီးျမဳပ္ႏွံမႈ အေတာ္မ်ားမ်ားကို ဆံုးရႈံး ေစတတ္ တာေတြ့ ရပါတယ္။ တစ္ခါ က ကြၽန္ေတာ့္ကို သင္တန္းသားတစ္ဦးက ေမးပါတယ္။ ဆရာ ……….. ဖက္မွာ ေျမကြက္ေလး တစ္ခု ဝယ္မလို႔ဆရာ .. လက္ထဲမွာ ေငြပိုေလး ရိွေတာ့ အိမ္နီးခ်င္း သူငယ္ခ်င္း ကိုတိုင္ ပင္ရင္း သူက အဲဒီဖက္မွာ ေျမကြက္ေလး ဝယ္ထားဖို႔ အႀကံျပဳလို႔ပါဗ် လို႔ ဆိုပါတယ္။ ဒီေတာ့ ကြၽန္ေတာ္က ျပန္ေမးပါတယ္။ အဲဒီ သူငယ္ခ်င္းက အိမ္ၿခံေျမ ဆိုင္ရာ ကြၽမ္းက်င္သူလား …….ဆိုေတာ့ မဟုတ္ပါဘူးတဲ့…ဒါဆိုလဲ အဲဒီ ဖက္မွာ ေနၿပီး အဲဒီက အိမ္ၿခံေျမ ေဈး ေတြ သဘာဝေတြကို နားလည္ေနသူလား ဆိုေတာ့လဲ မဟုတ္ပါဘူးတဲ့……..ဒါျဖင့္ သူကိုယ္တိုင္ေရာ အဲဒီဖက္မွာ အိမ္ၿခံေျမ တစ္ခုခု ဝယ္ယူထား တဲ့သူလား …လို႔ေမးေတာ့လဲ မဟုတ္ပါဘူးဆရာ..သူကိုယ္တိုင္ေတာင္မွ အိမ္ပိုင္မရိွေသးပဲ ငွားေနရတာပါ လို႔ဆိုပါတယ္။ ဒါျဖင့္ သူက ဘယ္ကေန အဲဒီမွာ ဝယ္ ထားရင္ျမတ္မယ္လို႔ သိတာတုန္း ဆိုေတာ့….ေဖ့စ္ဘုတ္ ကေန ေတြ့တာပါလို႔ေျပာပါတယ္ဆရာတဲ့..

.

ကြၽန္ေတာ္ အႀကံဳျပဳလိုတာကေတာ့ သက္ဆိုင္ရာ ကြၽမ္းက်င္နယ္ပယ္ က လက္ရိွလုပ္ကိုင္ေနသူမ်ား ကိုသာ သက္ဆိုင္ရာ အႀကံဳျပဳခ်က္မ်ားေတာင္းခံ တာ ပိုၿပီး အဆင္ေျပႏိုင္ေလ့ရိွပါတယ္။ ကြၽန္ေတာ္ကိုယ္ တိုင္ လဲ သိပ္မရင္းႏွီးတဲ့ ေနရာေဒသ ေတြဆိုရင္ ကိုယ္တိုင္လဲ ရသေလာက္ ေလ့လာ သလို နယ္ေျမမွာ လုပ္ကိုင္ေနတဲ့ အက်ိဳးေဆာင္ေတြ ပြဲစားေတြ ကို ေမးျမန္းေလ့လာရတာပါပဲ။ ဒါမွမဟုတ္ သက္ဆိုင္ရာ ကြၽမ္းက်င္သူေတြကိုေပါ့။ 

.

ဒီလိုေျပာလို႔ ေဘးက ေန အႀကံေပးေလ့ရိွၾကတဲ့ သူငယ္ခ်င္းေတြ ၊ ေဆြမ်ိဳး မိတ္ေဆြေတြကို မေကာင္းေျပာတာေတာ့ မဟုတ္ပါဘူး။ သူတို႔ က်င္လည္ ေနတဲ့ သက္ဆိုင္ရာ နယ္ပယ္ ဆိုရင္ေတာ့ ကိုယ့္လူရင္း ေျပာတာကို ပိုၿပီးနားေထာင္ရမွာပါပဲ။ ဒါေပမယ့္ သူငယ္ခ်င္းက တိုက္တြန္းလို႔၊ အမ်ိဳးေတြ ကအားေပးလို႔ ၊ ဆိုတာေလာက္နဲ႔ စိတ္ပါၿပီး ပထမဆံုး ရင္းႏွီးျမဳပ္ႏွံမႈ ကို မလုပ္ ေစခ်င္တာပါပဲ။

.

ရင္းႏွီးျမဳပ္ႏွံမႈ လုပ္ေလ့ရိွ သူေတြ မွာ အေျခအေနကို အကဲခတ္လိုက္တာနဲ႔ ဘယ္လို ျဖစ္ႏိုင္တယ္ မူမွန္တယ္ မူမမွန္ဘူး စတာေတြကို သံုးသပ္ႏိုင္ၾကပါတယ္။ ဒါ့အျပင္ သူတို႔ ရဲ့အေတြ့အႀကံဳ ေတြကို ေျပာျပဖို႔လဲအမ်ားစုက အဆင္သင့္ရိွတတ္ၾကပါတယ္။ ဒီအတြက္ ကိုယ့္လုပ္မယ့္ ရင္းႏွီးျမဳပ္ႏွံမႈေတြကို အဲဒီနယ္ပယ္မွာ လုပ္ကိုင္ေနတဲ့ ကြၽမ္းက်င္တဲ့သူမ်ားကိုေမးျမန္း ဖို႔ လိုအပ္ပါတယ္။ အခ်ိဳ႕ ကြၽမ္းက်င္သူ မ်ား ဆိုရင္ လဲ အႀကံေပးခ consultation fees နဲ႔ တိုင္ပင္ လို႔ရပါတယ္။ ဥပမာ ႏိုင္ငံျခားမွာ အိမ္ၿခံေျမရင္းႏွီးျမဳပ္ႏွံမယ္ဆိုရင္ ဘယ္ေနရာအေကာင္းဆံုးဆိုတာကို data. အခ်က္ အလက္ နဲ႔ အႀကံေပးခ်က္ေတြကို ဝယ္ယူလို႔ ရႏိုင္တာမ်ိဳးပါပဲ။စာခ်ဳပ္စာတမ္း အတြက္ ေရ႔ွေန တစ္ဦး ကိုတိုင္ပင္တာ၊  စီးပြားေရး တစ္ခု လုပ္မယ္ဆိုရင္လဲ ကြၽမ္းက်င္ တဲ့ စီးပြားေရး အႀကံေပး business consultant တစ္ဦးနဲ႔ ေတြ့ဆံု ၿပီး အႀကံဉာဏ္ ရယူ တာမ်ိဳးပါပဲ။ ဒီအတြက္ ဝယ္ယူလိုက္ရတဲ့ သို႔မဟုတ္ အႀကံေပး ခ်က္ အတြက္ ေပးရတဲ့ fees ေဒၚလာ တစ္ရာ ႏွစ္ရာေလာက္ဟာ မိမိ ရင္းႏွီးျမဳပ္ႏွံမႈ ႀကီးတစ္ခု လံုး ဆံုးရႈံးမသြားေစ တဲ့အျပင္ ပိုၿပီး အျမတ္ အစြန္း ရေစႏိုင္ပါေသးတယ္။

.

ဆိုလိုတာကေတာ့ လူမ်ားမ်ား ကေျပာတာနဲ႔ တစ္နည္းအားျဖင့္ quantity အရ မ်ားတာ နဲ႔ မွန္ကန္ တယ္လို႔ ဆံုးျဖတ္လို႔မရပဲ နားလည္ ကြၽမ္းက်င္သူကိုသာ ေမး ျမန္းဖို႔ အႀကံျပဳလိုတာပါပဲ။

.

.

(၈) ဘာတစ္ခုမွ မရႏိုင္ပဲ ေငြပဲ ရႏိုင္မယ္ဆိုတဲ့ ရင္းႏွီးျမဳပ္ႏွံမႈေတြ လုပ္သင့္လား…

.

ေခါင္းစဉ္က တစ္မ်ိဳး ႀကီးျဖစ္ေနႏိုင္ပါတယ္။ ရင္းႏွီးျမဳပ္ႏွံမႈ လုပ္ပါတယ္ဆိုမွ ေငြ ရခ်င္လို႔ေပါ့။ ေငြ ရရင္ အဆင္ေျပေနၿပီပဲလို႔ ေတြးစရာရိွပါတယ္။ ဒီေနရာမွာ ရွင္းလင္းေအာင္ ေျပာခ်င္တာက ေတာ့ ရင္းႏွီးျမဳပ္ႏွံမႈ ဆိုတာဟာ ေရရွည္ လုပ္ေဆာင္ရတဲ့အရာျဖစ္ပါတယ္။ ရင္းႏွီးျမဳပ္ႏွံမႈ တစ္ခု ထဲနဲ႔ တစ္သက္တာ စားမကုန္ျဖစ္သြားတယ္ဆိုတာမ်ိဳး ရွားပါးလွပါတယ္။ ဆိုေတာ့ ဘဝ မွာ ရင္းႏွီးျမဳပ္ႏွံ မႈေတြ ဟာ ဆက္တိုက္ လုပ္ဖို႔ သာ မ်ားပါတယ္။ ဥပမာ world investor ေတြ ဆိုရင္ တိုင္းျပည္ မၿငိမ္သက္တာ၊ အစိုးရေျပာင္းတာ၊ ေငြေၾကးေဖာင္းပြတာေတြ ျဖစ္လာေတာ့မယ္လို႔ ခန႔္မွန္းမိတာတဲ့ စီးပြားေရး လုပ္ငန္း ေတြထဲကေငြေတြကိုထုတ္ၿပီးစိတ္ခ်ရမယ့္ ေရႊ တို႔ အစိုးရ ေငြတိုက္စာခ်ဳပ္တို႔ကို ေျပာင္းဝယ္ ၾကပါတယ္။ စီးပြားေရး ျပန္ေကာင္းေတာ့မယ္ဆိုရင္ေတာ့ ေရႊ ေတြကိုေရာင္းခ်ၿပီး ေခတ္ကာလ အရ အျမတ္ဆံုးျဖစ္မယ့္ စီးပြားေရး လုပ္ငန္းေတြကို ျပန္ရင္း ၾကပါတယ္။ ဒီနည္းနဲ႔ ပိုင္ဆိုင္မႈေတြကို မေလ်ာ့ပါးေအာင္ ထိန္း သိမ္း ႏိုင္ေအာင္ အမ်ိဳးမတူတဲ့ ရင္းႏွီးျမဳပ္ႏွံမႈေတြကို ေျပာင္းလဲ လုပ္ေဆာင္ေနၾကရပါတယ္။ ဒီအတြက္ အခ်ိန္ၾကာေလေလ ပိုၿပီး အေတြ့အႀကံဳ ရလာေလေလ ေဈးကြက္ကိုပိုခန႔္မွန္းႏိုင္လာေလေလ ျဖစ္လာကာ အျမတ္အစြန္းပိုရလာေအာင္ လုပ္ႏိုင္လာၾကပါတယ္။ ဥပမာ ပြဲရံု ဖြင့္ၿပီး အၿမဲ စပါး အေရာင္း အဝယ္ လုပ္ေနတဲ့ သူက ဘယ္အခ်ိန္ စပါး ေဈးတက္ၿပီး ဘယ္အခ်ိန္ေဈးက်မယ္ ဘယ္အခ်ိန္ဝယ္ ေလွာင္ၿပီး ဘယ္ေတာ့ ျပန္ေရာင္း ရင္ ဘယ္ေလာက္ ျမတ္မယ္ဆိုတာ ေအးေအး ေဆးေဆး နားလည္ ေနမွာ ျဖစ္ပါတယ္။ ဒီအတြက္ ဒီ စပါး ဆိုတဲ့ ကုန္ ရိွေနသေရြ့ သူဟာ စီးပြားေရး ကို ေအးေအးေဆးေဆး လုပ္ေနႏိုင္မွာ ျဖစ္ပါတယ္။

.

ဆိုေတာ့ ရင္းႏွီးျမဳပ္ႏွံမႈ တစ္ခု လုပ္ေလ အေတြ့အႀကံဳ တစ္ခု တိုးေလ level 1 ခု ျမင့္ေလ ျဖစ္သြားတာမ်ိဳး က ပိုေကာင္းပါတယ္။ ေနာက္ဆံုး ဒီလို အေျခအေနက ေငြ မျမတ္ပဲ ဆံုးရႈံးတယ္ ဆိုရင္ေတာင္ ဘဝပ်က္ေလာက္တဲ့ ပမာဏ မဟုတ္ရင္ ေကာင္းတယ္လို႔ေျပာလို႔ရပါေသးတယ္။ 

.

ဒီလို level ျမင့္မလာပဲ ေငြသက္သက္ ပဲ ရမယ္ဆိုတဲ့ ရင္းႏွီးျမဳပ္ႏွံမႈေတြလဲ ရိွပါေသးတယ္။ ဥပမာ ေရႊ အေရာင္းအဝယ္ လုပ္ေနတဲ့ သူ ကို အတင္းေငြေတြ သြားေပးထားၿပီး အေရာင္းအဝယ္ ထဲ ထၫ့္လုပ္ေပးပါ လစဉ္ ဘယ္ေလာက္ အျမတ္ ကိုသာေပးပါ ဆိုတာမ်ိဳး ပါပဲ။ ဒီလို အလား တူ ပံုစံေတြ အမ်ားအျပား ရိွပါတယ္။ ဒီလိုနည္းဟာ လုပ္ေပးတဲ့သူက တကယ္ယံုၾကည္ စိတ္ခ်ရၿပီး မွန္ကန္တယ္ ဆိုရင္ေတာင္ ကြၽန္ေတာ္ကေတာ့ သိပ္အားမေပးခ်င္ပါဘူး။ တကယ္လို႔ လုပ္ခ်င္တယ္ဆိုရင္လဲ အဆံုးခံႏိုင္တဲ့ ပမာဏ တစ္ခု ေလာက္ နဲ႔ သာ လုပ္ေဆာင္ၿပီး main income အျဖစ္ မရပ္တည္ ဖို႔၊ ရိွသမ်ွ ေငြအားလံုး မထၫ့္ဖို႔ အႀကံျပဳလိုပါတယ္။

.

ဘာေၾကာင့္လဲ ဆိုေတာ့ ဒီလို ေငြပဲ ရမယ္ဆိုတဲ့ ရင္းႏွီးျမဳပ္ႏွံမႈမ်ိဳးဟာ ကိုယ့္အေနနဲ႔ အေတြ့အႀကံဳ ဘာမွ မရဘူးဆိုရင္ ေနာက္ထပ္ investment ေတြ ထပ္လုပ္လို႔ မရ ႏိုင္ ေတာ့ပါဘူး။ လုပ္ေပးတဲ့ အဖြဲ႔အစည္း ဒါမွမဟုတ္ လူက စိတ္ခ်ရတယ္ဆိုရင္ေတာင္ ကိုယ္က အလုပ္ကို နားမလည္ တဲ့အတြက္ လုပ္ေပးသူကိုသာ totally depend မွီခိုရမွာ ျဖစ္ပါတယ္။ ကိုယ့္မွ ဘာ. Control မွ မရိွႏိုင္ပါဘူး။ အဆိုးဆံုးကေတာ့ သူက မလုပ္ေပးေတာ့ဘူး ေငြေတြ ျပန္ယူပါ လို႔ဆို လိုက္တာနဲ႔ ကိုယ့္မွာ ေငြပံုႀကီး ပိုက္ၿပီးေနာက္ထပ္ ရင္းႏွီးျမဳပ္ႏွံမႈ ေကာင္း တစ္ခုခု ရဖို႔ အခက္ေတြ့ေတာ့တာပါပဲ။ 

.

ဒီလိုမဟုတ္ပဲ ေရႊ ကုန္သည္ ဆီမွာ ေရႊ ပညာသင္၊ အေရာင္းအဝယ္ ပညာသင္၊ ကိုယ္တိုင္ အရင္းအႏွီးလဲ ထၫ့္၊ လုပ္ငန္းသဘာဝ လဲေလ့လာ၊ network လဲ ရ ဆိုတာမ်ိဳးက ပိုေကာင္းပါတယ္။ အနည္းဆံုး ေတာ့ ေရႊ အေရာင္းအဝယ္လုပ္နည္းကို သင္ၾကားၿပီး ကိုယ့္ဟာကိုယ္ တစ္ႏိုင္ေလး အေရာင္းအဝယ္လုပ္၊ အရႈံး ေတြ့လဲ ဘာေၾကာင့္ဆိုတာကို ျပန္သံုးသပ္၊ ျပင္ဆင္၊ ထပ္လုပ္ ဆိုတာက ေရတို မွာ စိတ္ခ်ရတဲ့ income တစ္ခု သို႔မဟုတ္ အျမတ္ အစြန္းတစ္ခု မရႏိုင္ေသးေပမယ့္ ေရရွည္မွာ ကိုယ့္ကို အၿမဲ အေထာက္အပံေပးေနမယ့္ အေတြ့အႀကံဳနဲ႔ ပညာရပ္ကို ရလိုက္ မွာျဖစ္ပါတယ္။ 

.

ဆိုေတာ့ေရႊ ကုန္သည္ဆီမွာ သိန္း ၁၀၀ ေပးထားလိုက္ၿပီး သူ႔ ကုန္သြယ္မႈထဲကို ထၫ့္လုပ္ေပး တစ္လကို ၂ သိန္း အျမတ္ ရမယ္ ဆိုတဲ့ ရင္းႏွီးျမဳပ္ႏွံမႈထက္ ေရႊ အေရာင္းအဝယ္ကို သင္ၿပီး ကိုယ္တိုင္ ပမာဏ နည္းနည္းပဲ လုပ္ တစ္လမွ ေသာင္းဂဏာန္း ပဲျမတ္ မယ္ ဆိုရင္ ေရရွည္ အတြက္ က ဒုတိယ တစ္ခုက ပိုေကာင္းပါတယ္။ ေရတိုအတြက္ ပထမ အမ်ိဳးအစား က ပမာဏ အနည္းငယ္ေတာ့ ရိွလို႔ ရပါတယ္။ သေဘာကေတာ့ ကိုယ့္ပိုင္ဆိုင္မႈ ရင္းႏွီးျမဳပ္ႏွံမႈ အခ်ိဳးမွာ ပထမ နဲ႔ ဒုတိယ ႏွစ္မ်ိဳးစလံုးရိွေနလို႔ ရေပမယ့္ ဒုတိယ အမ်ိဳးအစားက ပိုမ်ားရမွာ ျဖစ္ပါတယ္။ ဒါမွသာ ေရရွည္ ကိုယ့္ ပိုင္ဆိုင္မႈေတြကို ကိုယ္တိုင္ ေစာင့္ေရွာက္ႏိုင္မွာပါပဲ။

.

ဥပမာ ကြၽန္ေတာ့္ သူငယ္ခ်င္း တစ္ေယာက္ဟာ အိမ္ၿခံေျမ ရင္းႏွီးျမဳပ္ႏွံမႈ အေတြ့အႀကံဳ လံုးဝ မရိွ  ပါဘူး။ ဒီအတြက္ တိုက္ခန္း တစ္ခန္း ဝယ္ၿပီး Rental income ရဖို႔ ေဆာင္ရြက္ လိုတဲ့အခါ ကြၽန္ေတာ္ ကို ကူညီ ဝယ္ေပးဖို႔ ေျပာပါတယ္။  ဒါနဲ႔ ပဲ ကြၽန္ေတာ္ နဲ႔ သူငယ္ခ်င္း ႏွစ္ဦးသား ပြဲစား ျပတဲ့ တိုက္ခန္းေတြကို ေျခတိုေအာင္ လိုက္ၿပီး ၾကၫ့္ပါေတာ့တယ္။ တစ္ခန္းၾကၫ့္ ၿပီးတာနဲ႔ ဒီတိုက္ခန္းက ဘယ္လို အေျခအေန ရိွတယ္။ ဝယ္သင့္ မဝယ္သင့္၊ ဘယ္လို တြက္ခ်က္ ရမယ္ စတာေတြ အျပင္ တိုက္ခန္းေတြ အေၾကာင္း စာခ်ဳပ္ေတြ အေၾကာင္း ျဖစ္တတ္တဲ့ ျပသနာ ေတြကို ပါ သူ႔ကို တစ္ခါထဲ ရွင္းျပ ပါတယ္။ ဒီေတာ့ အခန္း ေလး ငါးခန္း ေလာက္လဲ ၾကၫ့္ၿပီးေရာ သူငယ္ခ်င္း က တိုက္ခန္းေတြ အေၾကာင္းကို အေတာ္ေလးနားလည္ သြားပါေတာ့တယ္။ ေနာက္ အခန္းေတြ က်ေတာ့ ဒီလို ဒီလို ျဖစ္ႏိုင္တယ္ အဲဒီယူဆခ်က္ ဟုတ္လား လို႔ သူ႔ဟာသူသံုးသပ္ ၿပီး  ကြၽန္ေတာ့္ကို မွန္. မမွန္ ျပန္ေမး ႏိုင္တဲ့ အေျခအေနကို ေရာက္သြားပါေတာ့တယ္။ ဒီလိုနဲ႔ ေနာက္ဆံုး မွာ ေဈးလဲ တန္ ၊ သူ႔ရည္ရြယ္ခ်က္ျဖစ္တဲ့ Rental Income ရမယ့္ တိုက္ခန္း တစ္ခန္းကို ရရိွသြားပါေတာ့တယ္။ တကယ္ေတာ့ ကြၽန္ေတာ့္ ပြဲစားနဲ႔ပဲ သူငယ္ခ်င္းကို လြတ္ေပးလိုက္ၿပီး သူ႔စိတ္ႀကိဳက္ေရြး ဆိုလဲ ရပါတယ္။ ဒါဆို စိတ္ခ်ရတဲ့ပြဲစားေၾကာင့္ အျမတ္ အစြန္းရႏိုင္ေပမယ့္ အေတြ့အႀကံဳေတာ့ မရႏိုင္ ေတာ့ပါဘူး။ 

.

အခ်ဳပ္အားျဖင့္ကေတာ့ ရင္းႏွီးျမဳပ္ႏွံမႈ တစ္ခုက ေန ေကာင္းမြန္တဲ့ အျမတ္ အစြန္း အျပင္  ေကာင္းမြန္တဲ့ သင္ခန္းစာ အေတြ့အႀကံဳ ကိုပါ ရရိွ ဖို႔လိုအပ္ပါတယ္။ ဒီႏွစ္ခုလံုးရမွသာ ေနာက္ထပ္ ရင္းႏွီးျမဳပ္ႏွံမႈေတြ ဟာ အမွားေတြ နည္းသထက္နည္းလာၿပီး ပိုမိုျမတ္စြန္းလာမွာ ျဖစ္ပါေၾကာင္း…

.

ဆက္ရန္

.

.

လံုေလာက္တဲ့ အသိပညာ ဟာ ျပင္းထန္တဲ့အခက္အခဲေတြကို လြယ္ကူစြာေက်ာ္ျဖတ္ေစႏိုင္ ပါတယ္။

.

.

Kaung Hein Soe – Strategic

Business Consultant

No comments: