တာလီဘန်ရဲ့မူလအစ
****************
ဆိုဗီယက်အာဖဂန်စစ်ပွဲ အထွတ်အထိပ်ရောက်လာချိန်မှာ အမျိုးသမီးနဲ့ကလေးငယ် ၆သန်းဟာ ပြည်ပနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး အမျိုးသားတွေဟာ လက်နက်ကိုင်တိုက်ခိုက်ဖို့ ကျန်ရစ်ခဲ့ကြပါတယ်။
စစ်ရှောင်ကလေးတွေဟာ နောက်ပိုင်းမှာ ပါကစ္စတန် ဘာသာရေးခေါင်းဆောင်တွေရဲ့ ဝါဒသွတ်သွင်းမှုကို ခံရပြီး တာလီဘန်ရယ်လို့ ဖြစ်လာကြပါတယ်။
ဆယ်စုနှစ်တခုအကြာမှာတော့ တာလီဘန်လူငယ်တွေဟာ အစ္စလာမ်မစ်နိုင်ငံဖြစ်လာစေရေး ရည်မှန်းချက်နဲ့ မွေးရပ်မြေကို ပြန်လာကြပါတယ်။
ဒီတော့ တာလီဘန်ရဲ့ ဘယ်လိုပေါ်ပေါက်ပြီး ပြောင်းလဲလာခဲ့လဲဆိုတာကို ပြောရအောင်။
စစ်ပွဲသိပ္ပံ
*******
၁၉၇၉မှာ ဆိုဗီယက်ပြည်ထောင်စုဟာ မူဂျာဟစ်သူပုန်တွေနဲ့ ပဋိပက္ခဖြစ်နေတဲ့ အာဖဂန်ဒီမိုကရက်တစ်သမ္မတနိုင်ငံကို အုပ်ချုပ်နေတဲ့ အာဖဂန်ကွန်မြူနစ်ပါတီကို စစ်ရေးအရကူညီဖို့ အာဖဂန်နစ္စတန်ကို ကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။
ဆိုဗီယက်တွေဟာ အင်အားကြီးတဲ့ စစ်ရေးအင်အားနဲ့ စစ်မြေပြင်ဆီရောက်လာခဲ့ပါတယ်။
ဆိုဗီယက် တင့်ကား၊ ဂျက်လေယာဉ်တွေနဲ့ အမြှောက်တပ်တွေဟာ အစိုးရကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ မူဂျာဟစ်သူပုန်တွေကို လျင်လျင်မြန်မြန် ချေမှုန်းခဲ့ပါတယ်။
ဒါပေမယ့် တိုက်ပွဲတွေ ဘယ်လောက်ပဲ နိုင်လာနိုင်လာ စစ်ပွဲတခုလုံးမှာတော့ ဆိုဗီယက်တွေ ရှုံးနေရပါတယ်။
မူဂျာဟစ်တွေဟာ တစုတစည်းထား စုစည်းထားတဲ့ အဖွဲ့အစည်းမရှိတာကြောင့် ဗဟိုပြုညွှန်ကြားမှုလည်း မရှိပါဘူး။
တစုတည်းမဟုတ်ပဲ တကွဲတပြားစီ လှုပ်ရှားနေကြတာကြောင့်လည်း သံတမန်ရေးရာနဲ့ ညှိနှိုင်းအဖြေရှာဖို့ နည်းလမ်း မရှိခဲ့ပါဘူး။
သူတို့ဟာ ကျားနဲ့ဆင်လယ်ပြင်မှာတွေ့သလို ရန်သူကို တိုက်ရိုက်မရင်ဆိုင်ကြပဲ ဗျူဟာကျပထဝီဝင်အနေအထားရှိတဲ့နေရာတွေမှာသာ တိုက်ခိုက်လေ့ရှိပါတယ်။
ဒါကြောင့် မူဂျာဟစ်ပြောက်ကြားတပ်တွေဟာ တိုက်ချင်တဲ့အချိန် ဝင်တိုက်ပြီး ထူထပ်တဲ့တောင်တွေထဲကို အချိန်မရွေး တပ်ပြန်ဆုတ်နိုင်ပါတယ်။
ဆိုဗီယက်တင့်ကားတွေနဲ့ သံချပ်ကာတပ်တွေဟာလည်း လုံခြုံမှုမရှိတဲ့ ကုန်းမြင့်တွေဆီကို လိုက်လံ မချေမှုန်းနိုင်ပါဘူး။
မူဂျာဟစ်တွေဟာ ငှက်တွေရဲ့ ပျံပုံကိုကြည့်ပြီး လေကြောင်းရန်ကို ခန့်မှန်းနိုင်ခဲ့တာကြောင့် ဆိုဗီယက်ဂျက်လေယာဉ်တွေဟာ မထိရောက်ခဲ့ပါဘူး။
ငှက်တွေအုပ်လိုက်ပျံတက်သွားရင် ပြောက်ကြားတပ်တွေဟာလည်း တခုခုဖြစ်တော့မယ်ဆိုတာကို ကြိုသိပြီး အကာအကွယ်ကြိုရှာကြပါတယ်။
ဆိုဗီယက်တွေဟာ တစ္ဆေသရဲတွေနဲ့ တိုက်ခိုက်နေရပြီး တိုက်ပွဲအများစုမှာ ကောင်းကောင်းပညာပြခံနေရပါတယ်။
စစ်ပွဲရဲ့အစပိုင်းမှာတော့ ဆိုဗီယက်စစ်တပ်ဟာ ကျောက်တုံးတွေ ဖုန်မှုန့်တွေကိုသာ ပစ်နေရပြီး ဒီလိုတိုက်ပွဲမျိုးတွေမှာ ဆိုဗီယက်တွေရဲ့ စစ်လက်နက်အားလုံးလိုလိုဟာ အသုံးမဝင်ဘူးဖြစ်နေပါတယ်။
တခုကလွဲလို့ အားလုံးလိုလိုပေါ့။
ဒီလက်နက်ကတော့ Mi-24 gunship တိုက်ခိုက်ရေးရဟတ်ယာဉ်ပါပဲ။
ဒီရဟတ်ယာဉ်ဟာ အသေးစားကျည်ဆံတွေကို ခံနိုင်တဲ့ သံချပ်ကာရှိပြီး လေပေါ်မှာပျံဝဲရင်း ရန်သူတွေကို ဒုံးကျည်တွေနဲ့ ချေမှုန်းနိုင်ပါတယ်။
ဒါပေမယ့် အမေရိကန်တွေဟာ မူဂျာဟစ်တွေကို မြေပြင်ကနေ ဝေဟင်ပစ် stinger မစ်ဆိုင်းဒုံးကျည်တွေ ထောက်ပံ့ပေးလိုက်ချိန်မှာတော့ ပွဲပြီးသွားရပါပြီ။
ဘောဂဗေဒကို ကြည့်ရအောင်။
stingerတခုဟာ ထုတ်လုပ်ဖို့ ၄၀,၀၀၀ဒေါ်လာအောက်သာ ကုန်ကျပြီး Mi-24 ရဟတ်ယာဉ်ကတော့ ဒေါ်လာ ၁၀သန်းလောက် ကုန်ကျပါတယ်။
မကြာခင်မှာပဲ အာဖဂန်တပ်တွေဟာ ဒီလက်နက်တွေနဲ့ တနေ့ကို ရဟတ်ယာဉ်နှစ်စင်းလောက် ပစ်ချနိုင်နေပါတယ်။
၁၉၈၅မှာတော့ ဆိုဗီယက်ခေါင်းဆောင်ပိုင်းဟာ စစ်ရေးကုန်ကျမှုဟာ တာရှည်မခံနိုင်ဘူးဆိုတာကို နားလည်လာကြပါတယ်။
မူဂျာဟစ်တွေဟာ ဒီလက်နက်သစ်တွေကြောင့် တိုက်ဖို့ ခက်လာရုံသာမက မူဂျာဟစ်တွေဟာ ကျေးလက်ဒေသက သာမန်အာဖဂန်တွေနဲ့လည်း တူပါတယ်။
မူဂျာဟစ်တိုက်ခိုက်ရေးသမားတွေဟာလည်း လယ်သမားဆင်းရဲသားတွေဖြစ်ပြီး ဆိုဗီယက်ကိုသာ မတိုက်နေရရင် သူတို့ရဲ့ယာမြေတွေရိတ်သိမ်းရင်း နေ့စဉ်ဘဝကို နေထိုင်နေရပါပြီ။
ဆိုဗီယက်စစ်ရေးသမားတွေဟာလည်း စစ်ရေးဗျူဟာအရ အကျပ်ရိုက်နေတဲ့ အနေအထားကို ကြုံနေရပြီးချိန်မှာတော့ အစွန်းရောက်ဝါဒကို စွဲကိုင်လာပါတော့တယ်။
အာဖဂန်ပြောက်ကြားတပ်တွေဟာ သာမန်ကျေးလက်အာဖဂန်လူထုနဲ့ လုံးဝခွဲခြားလို့မရတာကြောင့် နှစ်ခုလုံးကို ရန်သူတိုက်ခိုက်ရေးသမားအနေနဲ့ ဆက်ဆံဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။
နိုဗယ်ဆုပိုင်ရှင် ဆိုဗီယက်ခေါင်းဆောင် မီခိုင်းဂေါ်ဘယ်ချော့ကိုယ်တိုင်လည်း အစုလိုက်အပြုံလိုက်မောင်းထုတ်ရေး အစီအစဉ်ချခဲ့ပါတယ်။
လာမယ့်နှစ်တွေမှာတော့ ဆိုဗီယက်စစ်တပ်ဟာ မရေမတွက်နိုင်တဲ့ ကျေးရွာတွေကို ဗုံးကြဲခဲ့ပြီး စက်ရုံတွေကိုလည်း ပိတ်သိမ်းတာ၊ မွေးမြူရေးတိရစ္ဆာန်တွေကိုပါ အဓမ္မလုယက်တာ၊ ယာမြေတွေမှာ မြေမြှုပ်မိုင်းတွေထောင်တာစတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီကာလတုန်းက မြေမြှုပ်မိုင်းတော်တော်များများဟာ ယခုထိရှိနေဆဲဖြစ်တာကြောင့် အမှန်တကယ် သီူနှံစိုက်ပျိုးလို့ရမယ့်မြေဟာ အာဖဂန်ဟာ တော်တော်ကြီးရှားပါးတဲ့အရာ ဖြစ်နေရပါတယ်။
ဒီအစွန်းရောက်ဝါဒီစပြီးတဲ့ ပထမတနှစ်မှာပဲ အာဖဂန်ပြည်သူတသန်းကျော် သေဆုံးခဲ့ရပါတယ်။
အရက်စက်ဆုံးနည်းလမ်းတခုကတော့ ဆိုဗီယက်ရဲ့ (toy mine) ကစားစရာအရုပ်မိုင်းတွေပါပဲ။
ဒါတွေဟာ ကလေးသူငယ်တွေကို လာကောက်မိအောင် ပြုလုပ်ထားတာဖြစ်ပြီး ကိုယ်လက်အင်္ဂါတွေ ချို့တဲ့စေတဲ့အထိ ပေါက်ကွဲအားပြင်းထန်ပါတယ်။
ဒါရဲ့နောက်ကွယ်က အကြောင်းရင်းကတော့ ဒဏ်ရာရနေတဲ့ မိသားစုတွေဟာ ပိုပြီးခုခံနိုင်စွမ်းရှိတော့မှာ မဟုတ်တာကြောင့်ပါပဲ။
ဒီစစ်ပွဲဟာ ဒီလောက်ထိရက်စက်တဲ့ စစ်ပွဲမျိုးဖြစ်ခဲ့ပါတယ်။
ဒါတွေရဲ့ အဓိကရည်မှန်းချက်ကတော့ ကျေးလက်နေလူထုကို ဆိုဗီယက်တွေ ထိန်းချုပ်ထားနိုင်တဲ့ မြို့ပြပေါ် ရွှေ့ပြောင်းစေဖို့ပါ။
ကာဘူးလ်မြို့လူဦးရေဟာလည်း သုံးဆနီးပါး တိုးလာခဲ့ပေမယ့် အာဖဂန်ပြည်သူ ၆သန်းကျော်လောက်ကတော့ ပြည်ပအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ပါကစ္စတန်နဲ့ အီရန်နိုင်ငံတွေဆီကို ထွက်ပြေးခဲ့ရပါတယ်။
စစ်ရှောင်ဒုက္ခသည်တွေထဲမှာ ကလေးသူငယ်တွေဟာ အဆမတန်များပါတယ်။
ဒီကလေးငယ်တွေကို မှတ်ထားပါ။
ဘာလို့လဲဆိုတော့ တနေ့ကျရင် သူတို့ပြန်လာမှာ မို့လို့ပါ။
စစ်ဘေးရှောင်တွေကတော့ မိသားစုစုံစုံလင်လင် မရှိပါဘူး။
အမျိုးသမီးတွေ၊ ကလေးသူငယ်တွေနဲ့ လူအိုတွေဟာ သူတို့ရဲ့နေရပ်တွေကို စွန့်ခွာခဲ့ပြီး အရွယ်ရောက်အမျိုးသားတွေကတော့ နေရပ်ကိုကာကွယ်ဖို့ နေရစ်ခဲ့ကြရပါတယ်။
တိုက်နိုင်ခိုက်နိုင်တဲ့အရွယ်ဖြစ်ရင် ဘယ်သူမဆို ရိုင်ဖယ်သေနတ်ကိုင်ပြီး ပြည်ပကျူးကျော်သူတွေရှိရာ အရပ်ကို ချိန်ရွယ်ထားရပါတယ်။
အာဖဂန်ဟာ တိုက်ပွဲတွေနဲ့ ရင်းနှီးနေပြီးသား နိုင်ငံတခုဖြစ်ပေမယ့် ဒီလောက်ထိ ရက်စက်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုပုံစံ စစ်ပွဲမျိုးကတော့ အရင်က လုံးဝမမြင်ဖူးတဲ့ အနေအထားမျိုးပါပဲ။
အာဖဂန်အတွက်တော့ ဒါဟာ ပြင်ပကျူးကျော်သူတွေနဲ့ တိုက်ရတဲ့ စစ်ပွဲမဟုတ်တော့ပါဘူး။
ရှင်သန်ရပ်တည်ရေးအတွက် တိုက်ရတဲ့စစ်ပွဲဖြစ်နေပါပြီ။
မိသားစုတွေဟာ တကွဲတပြားစီ ဖြစ်ကုန်ကြရတာနဲ့အမျှ အာဖဂန်နစ္စတန်ဟာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ မရှိတော့တဲ့ နိုင်ငံဖြစ်လာရပါတယ်။
ဒါဟာ ကြီးမားတဲ့ အချိုးအကွေ့တခုပါပဲ။
အာဖဂန်ယဉ်ကျေးမှုဟာ ဖိုဝါဒီကြီးစိုးပေမယ့်လည်း မိသားစုဆိုတဲ့ အချုပ်အနှောင်ဟာ ဒီအပြုအမူကို ထိန်းချုပ်ပေးထားပါတယ်။
အမျိုးသားတွေဟာ စရိုက်ကြမ်းကြလေ့ရှိပါတယ်။
ဒါပေမယ့်လည်း ဂုဏ်ယူမှု၊ ချစ်မြတ်နိုးမှု၊ ရက်ရောမှုနဲ့ အကာအကွယ်ပေးနိုင်မှုစတဲ့ အမူအရာတွေကိုလည်း ဗီဇအားဖြင့် ပြသနိုင်ပါတယ်။
သူတို့ရဲ့မိသားစုတွေနဲ့ နှစ်ချီအဆက်အသွယ်ပြတ်နေပြီးတဲ့နောက်မှာ အာဖဂန့တိုက်ခိုက်ရေးသမားတွေဟာ စိတ်ခံစားမှုပိုင်းမှာ ဝေဒနာဖြစ်လာကြရပါတယ်။
မူဂျာဟစ်ပြောက်ကြားတိုက်ခိုက်ရေးသမား အများစုဟာ တခြားအရွယ်ရောက်ပြီး အမျိုးသားတွေနဲ့ပဲ စိတ်ကူးယဉ်ကြည့်လို့ရတဲ့ အကြမ်းတမ်းဆုံး အနေအထားမျိုးတွေမှာ နေထိုင်ကြရပါတယ်။
စစ်ပွဲဟာ အမျိုးသားတွေကို ပြောင်းလဲနိုင်ပါတယ်။
အာဖဂန်နစ္စတန်မှာတော့ သန်းချီပြောင်းလဲစေခဲ့ပါတယ်။
ဝံပုလွေတွေဆီခိုလှုံခြင်း
******************
ပါကစ္စတန်နိုင်ငံ ပက်ရှဝါမြို့မှာတော့ ပါရှတွန်လူမျိုးတွေဟာ စုပေါင်းအလှူငွေကောက်ခံမှုတွေလုပ်၊ လက်နက်တွေစုဆောင်းပြီး အာဖဂန်နစ္စတန်က သူတို့လူမျိုးတွေနဲ့အတူတိုက်ဖို့ ဆန္ဒအလျောက်ပါဝင်တိုက်ခိုက်လိုသူတွေကို စုဆောင်းခဲ့ပါတယ်။
မကြာခင်မှာပဲ အဖွဲ့၈၅ဖွဲ့လောက် ပေါ်လာပြီး အားလုံးဟာ မြင့်မြတ်တဲ့စစ်ပွဲတခုကို တိုက်ခိုက်နေတယ်လို့ မှတ်ယူထားကြပါတယ်။
Interservice Intelligence သို့မဟုတ် အတိုကောက်အခေါ် ISI ဟာ ဒီအခြေအနေကို ကိုင်တွယ်ခဲ့ပါတယ်။
ဒီမတိုင်ခင်ကတော့ ISIဟာ ပါကစ္စတန်နိုင်ငံရေးမှာ အသေးစားကစားသမားပါပဲ။
ဒါပေမယ့် အမေရိကန်ပြည်ထောင်စုနဲ့ ဆော်ဒီအာရေဗျကနေ အာဖဂန်စစ်ပွဲကို ထောက်ပံ့ဖို့ အထောက်အပံ့များစွာ ရချိန်မှာတော့ ISIဟာ ပါကစ္စတန်ရဲ့ နိုင်ငံရေးလောကထဲမှာ ထိပ်ရောက်လာခဲ့ပါတယ်။
ISIဟာ ငွေကြေး၊ လက်နက်နဲ့ ဆန္ဒအရပါဝင်တိုက်ခိုက်သူတွေကို သူသဘောကျတဲ့ ပါကစ္စတန်အခြေစိုက် အဖွဲ့တွေဆီဖြန့်ဖြူးပေးခဲ့ပြီး နယ်စပ်ကနေတဆင့် အာဖဂန်နစ္စတန်ဆီကို ပို့ပေးခဲ့ပါတယ်။
ပါကစ္စတန်ကအဖွဲ့တိုင်းဟာ ခေါင်းဆောင်အမည်ခံထားကြပြီး အဖွဲ့တိုင်းဟာ အစွန်းရောက် အစ္စလာမ်မစ်ရှုထောင့်နဲ့ အာဖဂန်စစ်ပွဲအပေါ် ဘယ်လောက်ထိ ယုံကြည်ချက်ရှိရှိ သံဒိတ်ဌာန်ချမှတ်ထားကြောင်း သက်သေပြလိုကြပါတယ်။
အာဖဂန်စစ်ပွဲဆက်အရှိန်ရလာတာနဲ့အမျှ ပါကစ္စတန်က အုပ်စုတွေဟာ ဘာသာရေးနဲ့ နိုင်ငံရေးမှာအစွန်းရောက်လွန်းတဲ့ အမြင်မျိုးရှိလာကြပြီး အဖွဲ့တိုင်းဟာလည်း တဖွဲ့ထက်တဖွဲ့ ပိုပြီးအစွန်းရောက်လာကြပြီး အစ္စလာမ်မစ် အစွန်းရောက်ဝါဒီဟာ မူဂျာဟစ်တွေအဖို့ လက်ခံယုံကြည်မှုသစ်ဖြစ်လာရပါတယ်။
၁၉၈၈မှာတော့ ဆိုဗီယက်စစ်ယန္တရားကြီးဟာ ဆက်ပြီး မတောင့်ခံနိုင်တော့ပဲ တပ်ဆုတ်ခဲ့ပါတော့တယ်။
ဆိုဗီယက်တွေဟာ သူတို့ရဲ့ အာဖဂန်ကွန်မြူနစ်မဟာမိတ်တွေကို ဝံပုလွေတွေရဲ့ လက်ထဲအပ်လိုက်ပြီး ကာဘူးလ်က အစိုးရဟာလည်း ကြံရာမရပဲ ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ ကြိုးစားခဲ့ပေမယ့်လည်း သဲထဲရေသွန်သာဖြစ်လာခဲ့ပါတယ်။
သွေးချောင်းစီးခဲ့ရပြီးတဲ့နောက်မှာတော့ ဆိုဗီယက်အထောက်အပံ့မရှိတော့ချိန်မှာ ကာဘူးလ်အစိုးရဟာ ဆွေးနွေးညှိနှိုင်းရေးအတွက် အင်အားအရှိန်အဝါမရှိတော့ပါဘူး။
ဆက်ခုခံဖို့ လုံလောက်တဲ့ ဆိုဗီယက်စစ်လက်နက်တွေရှိနေပေမယ့်လည်း ၁၉၉၂မှာတော့ အားလုံးပြိုလဲသွားရပါပြီ။
မူဂျာဟစ်တွေဟာ ကာဘူးလ်ကိုသိမ်းပြီး ကွန်မြူနစ်အစိုးရကို ဖြုတ်ချလိုက်ပါတော့တယ်။
ဒါပေမယ့် ကာဘူးလ်ကိုရောက်တာနဲ့ မူဂျာဟစ်အုပ်စုတွေဟာ တဖွဲ့နဲ့တဖွဲ့ ဆတ်တောက်ဆတ်တောက်ဖြစ်လာကြပြီး မတူညီတဲ့ မြို့တော်ရဲ့အစိတ်အပိုင်းတွေကို သိမ်းပိုက်စပြုလာကြပြီး တဖွဲ့နဲ့တဖွဲ့ ထောင်ချီတဲ့ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ကြပါတော့တယ်။
ဒီပစ်ခတ်သတ်ဖြတ်မှုတွေဟာ ကာဘူးလ်ကို တစစီဖြစ်စေခဲ့ပြီး မြို့တော်ရဲ့တဝက်လောက်ဟာ အပျက်အစီးပုံတွေ ဖြစ်ခဲ့ရပါတယ်။
တခြားမြို့တွေမှာလည်း ဒီလိုမျိုး အဖြစ်အပျက်တွေဖြစ်ခဲ့ပြီး တဖွဲ့နဲ့တဖွဲ့ အပြိုင်အဆိုင်ပြန်ဖြစ်ကုန်ကြပြီး မူဂျာဟစ်အဖွဲ့တွေဟာ တဖွဲ့နဲ့တဖွဲ့ သေနတ်ပြောင်းဝတေ့ကုန်ကြပြီး သူတို့သိမ်းပိုက်ထားတဲ့နယ်တွေကို ဆက်လက်ချုပ်ကိုင်ဖို့ အားပြိုင်တိုက်ခိုက်လာကြပါတယ်။
လိုရင်းပြောရရင်တော့ ဆိုဗီယက်တွေဟာ ကျေးလက်ဒေသကို ဖျက်ဆီးခဲ့တဲ့ပုံစံအတိုင်း မြို့ကြီးတွေကို ဖျက်ဆီးခဲ့ပါတယ်။
မကြာခင်မှာပဲ ပရမ်းပတာဖြစ် ပြိုကွဲပျက်စီးမှုတွေဟာ အာဖဂန်နစ္စတန်ကို လွှမ်းခြုံသွားခဲ့ပြီး အာဖဂန်နစ္စတန်တလျောက်လုံးမှာ အသေးစား စစ်ဘုရင်ဆန်ဆန်နယ်တွေပေါ်လာပြီး ကျန်ရှိနေသေးတဲ့လမ်းတွေတိုင်းမှာလည်း စစ်ဆေးရေးဂိတ်တွေ ပေါ်လာပါတယ်။
ဆိုဗီယက်ရဲ့ လူဦးရေရှင်းလင်းရေးဗျူဟာကြောင့် နေရပ်တွေကို စွန့်ခွာပြေးခဲ့ရတဲ့ ကလေးငယ်တွေကို မှတ်မိကြမယ်ထင်ပါတယ်။
ဒီကလေးငယ်တွေအဖို့လည်း ဘဝဟာ မချောမွေ့ခဲ့ပါဘူး။
ကလေးဘဝကာလတော်တော်များများမှာ စစ်ရှောင်စခန်းတွေမှာ ကြီးပြင်းခဲ့ရပြီး သူတို့အဖို့ ဖခင်လိုဦးဆောင်လမ်းပြပေးမယ့်သူမရှိခဲ့ပဲ သူတို့သိတာဆိုလို့ ဆင်းရဲကျပ်တည်းမှုပဲ ရှိခဲ့ပါတယ်။
အာဖဂန်ကလေးသူငယ်မျိုးဆက်တခုလုံးဟာ ဒီစစ်ရှောင်စခန်းတွေမှာ ကြီးပြင်းခဲ့ရပြီး သူတို့အနေနဲ့ စိတ်လွတ်မြောက်ရာဆိုလို့ တနေရာပဲ ရှိခဲ့ပါတယ်။
ပါကစ္စတန်မဒရာဆာ(Madrassa)ကျောင်း (ဘာသာရေးကျောင်း) တွေပါပဲ။
ဒါတွေဟာ အခမဲ့ပညာရေးထောက်ပံ့တဲ့ ဘာသာရေးကျောင်းတွေဖြစ်ပြီး ကလေးငယ်တွေကို ပုံမှန်ဘဝကိုနေနေရတဲ့စိတ်ခံစားချက်ရစေပြီး လုပ်ငန်းဆောင်တာတွေနဲ့ သူတို့ကိုးကွယ်ယုံကြည်အားထားစရာ တခုခုရှိအောင် လုပ်ပေးပါတယ်။
ဒီကျောင်းတွေဟာ ပါကစ္စတန်ရဲ့ အစ္စလာမ်မစ်ပါတီတွေလက်အောက်မှာ အလုပ်လုပ်တဲ့ ဘာသာရေးခေါင်းဆောင်တွေက စီမံပြီး ISIနဲ့လည်း နီးနီးကပ်ကပ်ရှိပြီး ထောက်ပံ့ငွေတွေဟာလည်းကျိကျိတက်ချမ်းသာတဲ့ ဆော်ဒီမိသားစုတွေဆီက လာပါတယ်။
အာဖဂန်နယ်စပ်က ပါကစ္စတန်နယ်နိမိတ်တွင်းမှာ ဒီလိုမျိုးမဒရာဆာကျောင်းပေါင်း နှစ်ထောင်လောက်ရှိပြီး ခန့်မှန်းခြေ ကလေးသူငယ်ပေါင်း ၂၂၀,၀၀၀လောက် ဒီကျောင်းတွေမှာ ပညာသင်ပါတယ်။
အခုဆိုရင် ဒါဘယ်ကိုသွားနေလဲဆိုတော့ ခင်ဗျားမြင်ရလောက်မှာပါ။
စစ်ရှောင်ကလေးတွေဟာ ကမ္ဘာ့သတင်းတွေနဲ့ လုံးဝအဆက်ပြတ်နေပြီး (အစ္စလာမ်မစ်အစွန်းရောက်) "ဝါဟာဘီ" (Wahabi) ယုံကြည်မှုထဲကို သွတ်သွင်းခံရပါတယ်။
ဒီကျောင်းသားတွေဟာ သူတို့ဟာ ကမ္ဘာကြီးကို ဆိုးယုတ်မှုတွေကနေ ကယ်တင်ရမယ့် ကံကြမ္မာရှိတယ်လို့ အယုံသွင်းခံရပါတယ်။
သူတို့မရင်းနှီးတာမှန်သမျှကို ဆိုးယုတ်တယ်လို့ သတ်မှတ်ထားတဲ့ ဆိုးယုတ်မှုပေါ့။
ဒီမဒရာဆာကျောင်းအများစုဟာ ဘာသာရေးအပြင် တိုက်ခိုက်ရေးစွမ်းရည်တွေကိုပါ သင်ကြားပေးတာကြောင့် ဒီကျောင်းသားတွေဟာ ကမ္ဘာကြီးကို ဖျက်ဆီးမယ့်အရာကို တိုက်ခိုက်နေရတဲ့ ရှုထောင့်မျိုးကိုပါ ရိုက်သွင်းလိုက်ပြီးသားဖြစ်သွားပါတယ်။
ဒီကျောင်းသားတွေဟာ တာလီဘန်တွေဖြစ်လာကြပါတယ်။
တာလီဘန်ဆိုတဲ့ စကားလုံးဟာ အာရေဗျဘာသာမှာ ကျောင်းသားဆိုတဲ့စကားလုံးရဲ့ အများကိန်းဖြစ်ပါတယ်။
ကန်ဒဟာ(Kandahar)ဆိုတဲ့ အာဖဂန်မြို့မှာ Mullah Omar ဆိုတဲ့ တာလီဘန်ဘာသာရေးသမားတယောက်ဟာ လူငယ်တစုကို ဦးဆောင်ပြီး မူဂျာဟစ်တွေ ထိန်းချုပ်ထားတဲ့ ခရိုင်တွေကို သိမ်းပိုက်ဖို့စည်းရုံးခဲ့ပါတယ်။
ဒေသခံတွေအတွက်ကတော့ ဒါဟာ လက်ဖွင့်ကြိုဆိုရမယ့် အပြောင်းအလဲတခုလိုပါပဲ။
မူဂျာဟစ်အုပ်စုအသေးစားတွေဟာ ခြိမ်းခြောက်ငွေညှစ်မှု၊ အနှောင့်အယှက်ပေးမှုနဲ့ ကွပ်မျက်မှုတွေကို လုပ်ဆောင်ကြပါတယ်။
ဒါပေမယ့် တာလီဘန်လူငယ်တွေအဖို့ကတော့ မုဒိန်းသမားတွေကို ကြိုးပေး၊ သူခိုးတွေကို ခြေလက်ဖြတ်တောက်ပြီး တခြားရာဇဝတ်မှုလုပ်သူတွေကိုလည်း သက်ဆိုင်သလို အပြစ်ပေးခဲ့ပါတယ်။
ဒီအချိန်မှာတော့ အာဖဂန်ပြည်သူအများစုအဖို့ တာလီဘန်ဟာ ယခင်မူဂျာဟစ်အဖွဲ့တွေနဲ့ယှဉ်ရင် တည်ငြိမ်အေးချမ်းမှုကို ယူဆောင်လာပေးတဲ့သူတွေလို့ ရှုမြင်ခံခဲ့ရပါတယ်။
ကန်ဒဟာက အဖြစ်အပျက်ဟာ ပါကစ္စတန်လုံခြုံရေးယန္တရားရဲ့ မျက်စိကျစရာဖြစ်လာခဲ့ပြီး မကြာခင်မှာပဲ ISIဟာ တာလီဘန်ကို လက်နက်၊ ငွေကြေးအထောက်အပံ့နဲ့ စစ်ရေးသင်တန်းတွေ ဆက်ပေးခဲ့ပါတယ်။
၁၉၉၄မှာတော့ တာလီဘန်ဟာ အာဖဂန်-ပါကစ္စတန်နယ်စပ်က စစ်ဆေးရေးဂိတ်တွေကို သိမ်းပိုက်နိုင်ခဲ့ပြီး ကုန်ပစ္စည်းတွေကို အာဖဂန်ဈေးကွက်ထဲဝင်ရောက်လာစေခဲ့ပါတယ်။
လမ်း၊တံတားဖြတ်သန်းခတွေလည်း မရှိတော့တာကြောင့် ကုန်ပစ္စည်းဈေးတွေဟာလည်း သက်သာခဲ့ပါတယ်။
နောက်မှာတော့ တာလီဘန်ဟာ ကန်ဒဟာကို လုံးဝ သိမ်းနိုင်ခဲ့ပြီး အမြောက်၊ တင့်ကား၊ ရဟတ်ယာဉ်နဲ့ ရေဒီယိုပစ္စည်းတွေအပြင် သေနတ်တွေ၊ ကျည်ဆံတွေနဲ့ ပိုက်ဆံတွေကိုပါ ထရပ်ကားလိုက်တွေ ရရှိခဲ့ပါတယ်။
တဖက်မှာတော့ ပါကစ္စတန်ဟာ အာဖဂန် စစ်ရှောင်စခန်းတံခါးတွေကို ဖွင့်ပေးလိုက်ပြီး တာလီဘန်ကျောင်းသားတွေကို အာဖဂန်နစ္စတန်ထဲ ပြန်လည်ဝင်ရောက်လာစေခဲ့ပါတယ်။
ဘီလီယံချီတဲ့ အာဖဂန်တွေဟာ မူဂျာဟစ်လူရမ်းကားတွေအောက်မှာ ကြောက်ရွံ့ထိတ်လန့်နေရတဲ့ဘဝတွေကို နေထိုင်ရတာကြောင့်လည်း အစပိုင်းမှာ အာဖဂန်တွေဟာ တာလီဘန်တွေကို ကြိုဆိုခဲ့ပါတယ်။
အာဖဂန်တွေဟာ ကယ်တင်ရှင်ကို မျှော်နေကြပြီး တာလီဘန်တွေဟာ ဒီကဏ္ဍကို နေရာယူနိုင်ခဲ့ပါတယ်။
ကန်ဒဟာအပြီးမှာတော့ တာလီဘန်ဟာ တမြို့ပြီးတမြို့ မူဂျာဟစ်တွေကို မောင်းထုတ်နိုင်ခဲ့ပါတယ်။
၁၉၉၅မှာတော့ ဟရာဒ့်(Herat)မြို့ကိုသိမ်းပြီး အာဖဂန်မြို့တော် ကာဘူးလ်ဆီကို ဦးတည်နေပါပြီ။
အိမ်ထဲရောက်လာတဲ့သူစိမ်း
********************
၁၉၉၆စက်တင်ဘာနှောင်းပိုင်းမှာတော့ ကာဘူးလ်မြို့နေသူတွေဟာ သူတို့ရဲ့လမ်းတွေမှာ အနက်ရောင် တာဘန်တွေဆောင်းထားတဲ့ လူငယ်တွေ ကင်းလှည့်နေတာကို တွေ့နေရပါပြီ။
တာလီဘန်တွေဟာ ရုရှားတွေလိုပဲ ပြင်ပကလူတွေလို ဖြစ်နေကြပါတယ်။
သူတို့ဟာ မတူညီတဲ့ (dialect)ဒေယိယစကားကိုပြောကြပြီး ဝေးကွာလွန်းတဲ့ဒေသတွေမှာ ပညာသင်လာခဲ့ကြပြီး ၁၉၈၀ပြည့်နှစ်အလယ်လောက်က စစ်ရှောင်မိသားစုတွေကနေ ဆင်းသက်လာပါတယ်။
တာလီဘန်ဟာ အာဏာရလာတာနဲ့တပြိုင်နက် လက်တွေ့မျှော်လင့်ထားသမျှဟာ တိမ်မြှုပ်ကုန်ရပါတယ်။
အမျိုးသမီးတွေဟာ ပြင်ပလူ့အဖွဲ့အစည်းမှာ ပါဝင်ဖို့ တားမြစ်ခံရပြီး သူခိုးတွေဟာ လက်ပြတ်ခြေပြတ် ဖြစ်ရသလို သီချင်း၊ ဇာတ်ကားနဲ့ ဓာတ်ပုံတွေကအစ တားမြစ်ပိတ်ပင်ခံရပြီး ရုပ်ရှင်ရုံတွေဟာ ပလီအဖြစ်အပြောင်းခံခဲ့ရပါတယ်။
ဗီဒီယိုစတိုးတွေကိုလည်း မီးရှို့ဖျက်ဆီးပြီး tvတွေကို ရိုက်ခွဲဖျက်ဆီးခဲ့ပါတယ်။
လောင်းကစားလုပ်ခြင်းဟာ တရားမဝင်ဖြစ်သွားပြီး အိမ်မွေးတိရစ္ဆာန်တွေ မွေးခြင်းဟာလည်း တားမြစ်ပိတ်ပင်ခံရပြီး အစ္စလာမ်ဘာသာရေးမဟုတ်တဲ့ ပွဲတော်တွေ ဆင်နွှဲခြင်းဟာ ရာဇဝတ်မှုအဖြစ် သတ်မှတ်ခံခဲ့ရပြီး ဓလေ့ထုံးတမ်းအစဉ်အလာတွေကိုတောင် စွန်လွှတ်တာကအစ တားမြစ်ခံရပါတယ်။
အမျိုးသား၊အမျိုးသမီးတိုင်းဟာ Shariaဘာသာရေးအတိုင်း အဝတ်အစားကို ဝတ်ဆင်ရပြီး အမျိုးသားတိုင်း မုတ်ဆိတ်ထားရပြီး သတ်မှတ်ထားတဲ့အချိန်မှာ ဝတ်ပြုဖို့ပျက်ကွက်သူမှန်သမျှဟာ အပြစ်ပေးခံရပါတယ်။
အာဖဂန်နစ္စတန်ဟာ အကြွင်းမဲ့အာဏာရှင်နိုင်ငံတခုဖြစ်လာပါတယ်။
ကမ္ဘာ့နိုင်ငံတော်တော်များများကတော့ အရှေ့ဥရောပက ကွန်မြူနစ်နိုင်ငံတွေ ကျဆုံးတဲ့ အဖြစ်အပျက်တွေကြောင့် အာဖဂန်က အဖြစ်အပျက်တွေကို မျက်ကွယ်ပြုခဲ့ကြပါတယ်။
အမေရိကန်ဥပဒေပြုသူတွေဟာ တာလီဘန်နဲ့ပတ်သက်လို့ အနည်းငယ်သာ သိကြပြီး အများစုဟာ ဆော်ဒီအာရေးဘီးယားလို ပြောင်းလဲပေါ်ပေါက်လာမယ်လို့ ထင်ခဲ့ကြပါတယ်။
အိမ်ဖြူတော်အတွက်ကတော့ ဒါဟာ ပုံမှန်လို စီးပွားရေးလုပ်လို့ရမယ့် အနေအထားမျိုးပါပဲ။
ဒါပေမယ့် ၁၉၉၈မှာ အာရပ်-အာဖဂန် မူဂျာဟစ် အုပ်စုတစုဖြစ်တဲ့ အယ်လ်ကိုင်းဒါးဟာ အမေရိကန်ပြည်ထောင်စုကို စစ်ကြေညာပြီးနောက်မှာတော့ ဒီရှုထောင့်ဟာ လျင်မြန်စွာပြောင်းလဲသွားရပါတယ်။
အမေရိကန်ဥပဒေပြုသူတွေဟာ အငိုက်မိသလိုဖြစ်သွားပြီး ပါကစ္စတန်ဥပဒေပြုသူတွေကို ဒီအခြေအနေကို စုံစမ်းဖို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ဒီအချိန်မှာတော့ ပါကစ္စတန်ဟာ တာလီဘန်အပေါ် လွှမ်းမိုးမှုမရှိတော့ပါဘူး။
ဒါ့အပြင် တာလီဘန်ရဲ့ ပါရှတွန်လူမျိုးကြီးဝါဒကျင့်သုံးမှုဟာ ပါကစ္စတန်ရဲ့ နိုင်ငံဂုဏ်သိက္ခာကိုပါ ထိခိုက်လာစေပါတယ်။
ISIဟာ ဒီလိုပြောင်းလဲမှုဖြစ်လာမယ်လို့ မခန့်မှန်းနိုင်ခဲ့ပါဘူး။
ဒါ့အပြင် ISIရဲ့ ရာထူးနိမ့်အေးဂျင့်တွေကိုယ်တိုင် တာလီဘန်တွေနဲ့ အတူအလုပ်လုပ်ခဲ့ပြီး တာလီဘန်တွေအပေါ် ပုဂ္ဂိုလ်ရေးကရုဏာတွေရှိလာပါတယ်။
လက်တွေ့မှာလည်း ဒီISIအေးဂျင့်တွေဟာ တာလီဘန်အဖွဲ့ဝင်တွေလိုပဲ ပါကစ္စတန်မျိုးချစ်တွေဖြစ်နေပါတယ်။
ပါကစ္စတန်ခေါင်းဆောင်ပိုင်းဟာ သူတို့ဟာ မကောင်းဆိုးဝါးကို ဖန်တီးခဲ့မိကြောင်း သတိရလာကြပါတယ်။
တာလီဘန်ဝါဒီဟာ ISIရဲ့ အောက်ခြေအေးဂျင့်တွေဆီပါ ကူးစက်နေပြီးဖြစ်ပြီး အစ္စလာမ်မာဘတ် (Islamabad)က အစိုးရဟာ ISIရဲ့ အောက်ခြေအေးဂျင့်တွေက အမိန့်မနာခံတော့ပဲ အာဏာသိမ်းမှာကိုပါ ကြောက်ရွံ့လာရတာကြောင့် တာလီဘန်နဲ့ပတ်သက်ပြီး တခုခုလုပ်ဖို့ လက်တွန့်လာရပါတယ်။
ဒီအဖြစ်အပျက်တွေဟာ တာလီဘန်ကို ထင်ရာစိုင်းခွင့်ပေးလိုက်သလိုဖြစ်ခဲ့ပြီး တာလီဘန်ဝါဒီ ဒါမှမဟုတ် ပါရှတွန်လူမျိုးကြီးဝါဒီဟာ အာဖဂန်-ပါကစ္စတန်နယ်စပ်တလျောက်လုံးကို ကူးစက်ခဲ့ပါတယ်။
တာလီဘန်ဟာ သူကြိုက်သလို လုပ်နိုင်သွားပါပြီ။
ပြိုင်ဘက်မူဂျာဟစ်ခေါင်းဆောင်တွေဟာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး အေဒီ၆ရာစုက ဘာမရန် ဗုဒ္ဓရုပ်ပွားတော်တွေဟာ ဖျက်ဆီးခံခဲ့ရပြီး တာလီဘန်ခေါင်းဆောင် Mullah Omar ဟာ ပါကစ္စတန်ဝန်ကြီးချုပ်ကို Shariaဥပဒေပြဌာန်း ဒါမှမဟုတ်ရင် ပြည်တွင်းမငြိမ်မသက်မှုတွေကို ရင်ဆိုင်ဖို့ပြင်ထားဖို့တောင် ခြိမ်းခြောက်ခဲ့ပါတယ်။
တာလီဘန်နဲ့ပတ်သက်လို့လည်း စိုးရိမ်စရာပိုဖြစ်လာရပါတယ်။
အထူးသဖြင့် စက်တင်ဘာ ၁၁ရက်နေ့ တိုက်ခိုက်မှုအပြီးမှာ အာဖဂန်နစ္စတန်ဟာ စင်မြင့်ပေါ်ပြန်ရောက်လာတာနဲ့အမျှ ပိုပြီးသိသာလာရပါတယ်။
#crd
ကိုးကား: Caspian Report/ The Origins of Taliban
[Zawgyi]တာလီဘန္ရဲ့မူလအစ
****************
ဆိုဗီယက္အာဖဂန္စစ္ပြဲ အထြတ္အထိပ္ေရာက္လာခ်ိန္မွာ အမ်ိဳးသမီးနဲ႔ကေလးငယ္ ၆သန္းဟာ ျပည္ပႏိုင္ငံေတြဆီ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကရၿပီး အမ်ိဳးသားေတြဟာ လက္နက္ကိုင္တိုက္ခိုက္ဖို႔ က်န္ရစ္ခဲ့ၾကပါတယ္။
စစ္ေရွာင္ကေလးေတြဟာ ေနာက္ပိုင္းမွာ ပါကစၥတန္ ဘာသာေရးေခါင္းေဆာင္ေတြရဲ့ ဝါဒသြတ္သြင္းမႈကို ခံရၿပီး တာလီဘန္ရယ္လို႔ ျဖစ္လာၾကပါတယ္။
ဆယ္စုႏွစ္တခုအၾကာမွာေတာ့ တာလီဘန္လူငယ္ေတြဟာ အစၥလာမ္မစ္ႏိုင္ငံျဖစ္လာေစေရး ရည္မွန္းခ်က္နဲ႔ ေမြးရပ္ေျမကို ျပန္လာၾကပါတယ္။
ဒီေတာ့ တာလီဘန္ရဲ့ ဘယ္လိုေပၚေပါက္ၿပီး ေျပာင္းလဲလာခဲ့လဲဆိုတာကို ေျပာရေအာင္။
စစ္ပြဲသိပၸံ
*******
၁၉၇၉မွာ ဆိုဗီယက္ျပည္ေထာင္စုဟာ မူဂ်ာဟစ္သူပုန္ေတြနဲ႔ ပဋိပကၡျဖစ္ေနတဲ့ အာဖဂန္ဒီမိုကရက္တစ္သမၼတႏိုင္ငံကို အုပ္ခ်ဳပ္ေနတဲ့ အာဖဂန္ကြန္ျမဴနစ္ပါတီကို စစ္ေရးအရကူညီဖို႔ အာဖဂန္နစၥတန္ကို က်ူးေက်ာ္တိုက္ခိုက္ခဲ့ပါတယ္။
ဆိုဗီယက္ေတြဟာ အင္အားႀကီးတဲ့ စစ္ေရးအင္အားနဲ႔ စစ္ေျမျပင္ဆီေရာက္လာခဲ့ပါတယ္။
ဆိုဗီယက္ တင့္ကား၊ ဂ်က္ေလယာဉ္ေတြနဲ႔ အေျမႇာက္တပ္ေတြဟာ အစိုးရကိုဆန႔္က်င္တိုက္ခိုက္ေနတဲ့ မူဂ်ာဟစ္သူပုန္ေတြကို လ်င္လ်င္ျမန္ျမန္ ေခ်မႈန္းခဲ့ပါတယ္။
ဒါေပမယ့္ တိုက္ပြဲေတြ ဘယ္ေလာက္ပဲ ႏိုင္လာႏိုင္လာ စစ္ပြဲတခုလံုးမွာေတာ့ ဆိုဗီယက္ေတြ ရႈံးေနရပါတယ္။
မူဂ်ာဟစ္ေတြဟာ တစုတစည္းထား စုစည္းထားတဲ့ အဖြဲ႔အစည္းမရိွတာေၾကာင့္ ဗဟိုျပဳၫႊန္ၾကားမႈလည္း မရိွပါဘူး။
တစုတည္းမဟုတ္ပဲ တကြဲတျပားစီ လႈပ္ရွားေနၾကတာေၾကာင့္လည္း သံတမန္ေရးရာနဲ႔ ၫွိႏိႈင္းအေျဖရွာဖို႔ နည္းလမ္း မရိွခဲ့ပါဘူး။
သူတို႔ဟာ က်ားနဲ႔ဆင္လယ္ျပင္မွာေတြ့သလို ရန္သူကို တိုက္ရိုက္မရင္ဆိုင္ၾကပဲ ဗ်ူဟာက်ပထဝီဝင္အေနအထားရိွတဲ့ေနရာေတြမွာသာ တိုက္ခိုက္ေလ့ရိွပါတယ္။
ဒါေၾကာင့္ မူဂ်ာဟစ္ေျပာက္ၾကားတပ္ေတြဟာ တိုက္ခ်င္တဲ့အခ်ိန္ ဝင္တိုက္ၿပီး ထူထပ္တဲ့ေတာင္ေတြထဲကို အခ်ိန္မေရြး တပ္ျပန္ဆုတ္ႏိုင္ပါတယ္။
ဆိုဗီယက္တင့္ကားေတြနဲ႔ သံခ်ပ္ကာတပ္ေတြဟာလည္း လံုၿခံဳမႈမရိွတဲ့ ကုန္းျမင့္ေတြဆီကို လိုက္လံ မေခ်မႈန္းႏိုင္ပါဘူး။
မူဂ်ာဟစ္ေတြဟာ ငွက္ေတြရဲ့ ပ်ံပံုကိုၾကၫ့္ၿပီး ေလေၾကာင္းရန္ကို ခန႔္မွန္းႏိုင္ခဲ့တာေၾကာင့္ ဆိုဗီယက္ဂ်က္ေလယာဉ္ေတြဟာ မထိေရာက္ခဲ့ပါဘူး။
ငွက္ေတြအုပ္လိုက္ပ်ံတက္သြားရင္ ေျပာက္ၾကားတပ္ေတြဟာလည္း တခုခုျဖစ္ေတာ့မယ္ဆိုတာကို ႀကိဳသိၿပီး အကာအကြယ္ႀကိဳရွာၾကပါတယ္။
ဆိုဗီယက္ေတြဟာ တစၧေသရဲေတြနဲ႔ တိုက္ခိုက္ေနရၿပီး တိုက္ပြဲအမ်ားစုမွာ ေကာင္းေကာင္းပညာျပခံေနရပါတယ္။
စစ္ပြဲရဲ့အစပိုင္းမွာေတာ့ ဆိုဗီယက္စစ္တပ္ဟာ ေက်ာက္တံုးေတြ ဖုန္မႈန႔္ေတြကိုသာ ပစ္ေနရၿပီး ဒီလိုတိုက္ပြဲမ်ိဳးေတြမွာ ဆိုဗီယက္ေတြရဲ့ စစ္လက္နက္အားလံုးလိုလိုဟာ အသံုးမဝင္ဘူးျဖစ္ေနပါတယ္။
တခုကလြဲလို႔ အားလံုးလိုလိုေပါ့။
ဒီလက္နက္ကေတာ့ Mi-24 gunship တိုက္ခိုက္ေရးရဟတ္ယာဉ္ပါပဲ။
ဒီရဟတ္ယာဉ္ဟာ အေသးစားက်ည္ဆံေတြကို ခံႏိုင္တဲ့ သံခ်ပ္ကာရိွၿပီး ေလေပၚမွာပ်ံဝဲရင္း ရန္သူေတြကို ဒံုးက်ည္ေတြနဲ႔ ေခ်မႈန္းႏိုင္ပါတယ္။
ဒါေပမယ့္ အေမရိကန္ေတြဟာ မူဂ်ာဟစ္ေတြကို ေျမျပင္ကေန ေဝဟင္ပစ္ stinger မစ္ဆိုင္းဒံုးက်ည္ေတြ ေထာက္ပံ့ေပးလိုက္ခ်ိန္မွာေတာ့ ပြဲၿပီးသြားရပါၿပီ။
ေဘာဂေဗဒကို ၾကၫ့္ရေအာင္။
stingerတခုဟာ ထုတ္လုပ္ဖို႔ ၄၀,၀၀၀ေဒၚလာေအာက္သာ ကုန္က်ၿပီး Mi-24 ရဟတ္ယာဉ္ကေတာ့ ေဒၚလာ ၁၀သန္းေလာက္ ကုန္က်ပါတယ္။
မၾကာခင္မွာပဲ အာဖဂန္တပ္ေတြဟာ ဒီလက္နက္ေတြနဲ႔ တေန့ကို ရဟတ္ယာဉ္ႏွစ္စင္းေလာက္ ပစ္ခ်ႏိုင္ေနပါတယ္။
၁၉၈၅မွာေတာ့ ဆိုဗီယက္ေခါင္းေဆာင္ပိုင္းဟာ စစ္ေရးကုန္က်မႈဟာ တာရွည္မခံႏိုင္ဘူးဆိုတာကို နားလည္လာၾကပါတယ္။
မူဂ်ာဟစ္ေတြဟာ ဒီလက္နက္သစ္ေတြေၾကာင့္ တိုက္ဖို႔ ခက္လာရံုသာမက မူဂ်ာဟစ္ေတြဟာ ေက်းလက္ေဒသက သာမန္အာဖဂန္ေတြနဲ႔လည္း တူပါတယ္။
မူဂ်ာဟစ္တိုက္ခိုက္ေရးသမားေတြဟာလည္း လယ္သမားဆင္းရဲသားေတျြဖစ္ၿပီး ဆိုဗီယက္ကိုသာ မတိုက္ေနရရင္ သူတို႔ရဲ့ယာေျမေတြရိတ္သိမ္းရင္း ေန့စဉ္ဘဝကို ေနထိုင္ေနရပါၿပီ။
ဆိုဗီယက္စစ္ေရးသမားေတြဟာလည္း စစ္ေရးဗ်ူဟာအရ အက်ပ္ရိုက္ေနတဲ့ အေနအထားကို ႀကံဳေနရၿပီးခ်ိန္မွာေတာ့ အစြန္းေရာက္ဝါဒကို စြဲကိုင္လာပါေတာ့တယ္။
အာဖဂန္ေျပာက္ၾကားတပ္ေတြဟာ သာမန္ေက်းလက္အာဖဂန္လူထုနဲ႔ လံုးဝခြဲျခားလို႔မရတာေၾကာင့္ ႏွစ္ခုလံုးကို ရန္သူတိုက္ခိုက္ေရးသမားအေနနဲ႔ ဆက္ဆံဖို႔ဆံုးျဖတ္ခဲ့ၾကပါတယ္။
ႏိုဗယ္ဆုပိုင္ရွင္ ဆိုဗီယက္ေခါင္းေဆာင္ မီခိုင္းေဂၚဘယ္ေခ်ာ့ကိုယ္တိုင္လည္း အစုလိုက္အၿပံဳလိုက္ေမာင္းထုတ္ေရး အစီအစဉ္ခ်ခဲ့ပါတယ္။
လာမယ့္ႏွစ္ေတြမွာေတာ့ ဆိုဗီယက္စစ္တပ္ဟာ မေရမတြက္ႏိုင္တဲ့ ေက်းရြာေတြကို ဗံုးႀကဲခဲ့ၿပီး စက္ရံုေတြကိုလည္း ပိတ္သိမ္းတာ၊ ေမြးျမဴေရးတိရစၧာန္ေတြကိုပါ အဓမၼလုယက္တာ၊ ယာေျမေတြမွာ ေျမျမႇဳပ္မိုင္းေတြေထာင္တာစတာေတြ လုပ္ေဆာင္ခဲ့ပါတယ္။
အဲဒီကာလတုန္းက ေျမျမႇဳပ္မိုင္းေတာ္ေတာ္မ်ားမ်ားဟာ ယခုထိရိွေနဆဲျဖစ္တာေၾကာင့္ အမွန္တကယ္ သီူႏွံစိုက္ပ်ိဳးလို႔ရမယ့္ေျမဟာ အာဖဂန္ဟာ ေတာ္ေတာ္ႀကီးရွားပါးတဲ့အရာ ျဖစ္ေနရပါတယ္။
ဒီအစြန္းေရာက္ဝါဒီစၿပီးတဲ့ ပထမတႏွစ္မွာပဲ အာဖဂန္ျပည္သူတသန္းေက်ာ္ ေသဆံုးခဲ့ရပါတယ္။
အရက္စက္ဆံုးနည္းလမ္းတခုကေတာ့ ဆိုဗီယက္ရဲ့ (toy mine) ကစားစရာအရုပ္မိုင္းေတြပါပဲ။
ဒါေတြဟာ ကေလးသူငယ္ေတြကို လာေကာက္မိေအာင္ ျပဳလုပ္ထားတာျဖစ္ၿပီး ကိုယ္လက္အဂၤါေတြ ခ်ိဳ႕တဲ့ေစတဲ့အထိ ေပါက္ကြဲအားျပင္းထန္ပါတယ္။
ဒါရဲ့ေနာက္ကြယ္က အေၾကာင္းရင္းကေတာ့ ဒဏ္ရာရေနတဲ့ မိသားစုေတြဟာ ပိုၿပီးခုခံႏိုင္စြမ္းရိွေတာ့မွာ မဟုတ္တာေၾကာင့္ပါပဲ။
ဒီစစ္ပြဲဟာ ဒီေလာက္ထိရက္စက္တဲ့ စစ္ပြဲမ်ိဳးျဖစ္ခဲ့ပါတယ္။
ဒါေတြရဲ့ အဓိကရည္မွန္းခ်က္ကေတာ့ ေက်းလက္ေနလူထုကို ဆိုဗီယက္ေတြ ထိန္းခ်ဳပ္ထားႏိုင္တဲ့ ၿမိဳ႔ျပေပၚ ေရႊ့ေျပာင္းေစဖို႔ပါ။
ကာဘူးလ္ၿမိဳ႔လူဦးေရဟာလည္း သံုးဆနီးပါး တိုးလာခဲ့ေပမယ့္ အာဖဂန္ျပည္သူ ၆သန္းေက်ာ္ေလာက္ကေတာ့ ျပည္ပအိမ္နီးခ်င္းႏိုင္ငံေတျြဖစ္တဲ့ ပါကစၥတန္နဲ႔ အီရန္ႏိုင္ငံေတြဆီကို ထြက္ေျပးခဲ့ရပါတယ္။
စစ္ေရွာင္ဒုကၡသည္ေတြထဲမွာ ကေလးသူငယ္ေတြဟာ အဆမတန္မ်ားပါတယ္။
ဒီကေလးငယ္ေတြကို မွတ္ထားပါ။
ဘာလို႔လဲဆိုေတာ့ တေန့က်ရင္ သူတို႔ျပန္လာမွာ မို႔လို႔ပါ။
စစ္ေဘးေရွာင္ေတြကေတာ့ မိသားစုစံုစံုလင္လင္ မရိွပါဘူး။
အမ်ိဳးသမီးေတြ၊ ကေလးသူငယ္ေတြနဲ႔ လူအိုေတြဟာ သူတို႔ရဲ့ေနရပ္ေတြကို စြန႔္ခြာခဲ့ၿပီး အရြယ္ေရာက္အမ်ိဳးသားေတြကေတာ့ ေနရပ္ကိုကာကြယ္ဖို႔ ေနရစ္ခဲ့ၾကရပါတယ္။
တိုက္ႏိုင္ခိုက္ႏိုင္တဲ့အရြယ္ျဖစ္ရင္ ဘယ္သူမဆို ရိုင္ဖယ္ေသနတ္ကိုင္ၿပီး ျပည္ပက်ူးေက်ာ္သူေတြရိွရာ အရပ္ကို ခ်ိန္ရြယ္ထားရပါတယ္။
အာဖဂန္ဟာ တိုက္ပြဲေတြနဲ႔ ရင္းႏွီးေနၿပီးသား ႏိုင္ငံတခုျဖစ္ေပမယ့္ ဒီေလာက္ထိ ရက္စက္တဲ့ လူမ်ိဳးတံုးသတ္ျဖတ္မႈပံုစံ စစ္ပြဲမ်ိဳးကေတာ့ အရင္က လံုးဝမျမင္ဖူးတဲ့ အေနအထားမ်ိဳးပါပဲ။
အာဖဂန္အတြက္ေတာ့ ဒါဟာ ျပင္ပက်ူးေက်ာ္သူေတြနဲ႔ တိုက္ရတဲ့ စစ္ပြဲမဟုတ္ေတာ့ပါဘူး။
ရွင္သန္ရပ္တည္ေရးအတြက္ တိုက္ရတဲ့စစ္ပြဲျဖစ္ေနပါၿပီ။
မိသားစုေတြဟာ တကြဲတျပားစီ ျဖစ္ကုန္ၾကရတာနဲ႔အမ်ွ အာဖဂန္နစၥတန္ဟာ အမ်ိဳးသမီးနဲ႔ ကေလးသူငယ္ေတြ မရိွေတာ့တဲ့ ႏိုင္ငံျဖစ္လာရပါတယ္။
ဒါဟာ ႀကီးမားတဲ့ အခ်ိဳးအေကြ့တခုပါပဲ။
အာဖဂန္ယဉ္ေက်းမႈဟာ ဖိုဝါဒီႀကီးစိုးေပမယ့္လည္း မိသားစုဆိုတဲ့ အခ်ဳပ္အေနွာင္ဟာ ဒီအျပဳအမူကို ထိန္းခ်ဳပ္ေပးထားပါတယ္။
အမ်ိဳးသားေတြဟာ စရိုက္ၾကမ္းၾကေလ့ရိွပါတယ္။
ဒါေပမယ့္လည္း ဂုဏ္ယူမႈ၊ ခ်စ္ျမတ္ႏိုးမႈ၊ ရက္ေရာမႈနဲ႔ အကာအကြယ္ေပးႏိုင္မႈစတဲ့ အမူအရာေတြကိုလည္း ဗီဇအားျဖင့္ ျပသႏိုင္ပါတယ္။
သူတို႔ရဲ့မိသားစုေတြနဲ႔ ႏွစ္ခ်ီအဆက္အသြယ္ျပတ္ေနၿပီးတဲ့ေနာက္မွာ အာဖဂန႔တိုက္ခိုက္ေရးသမားေတြဟာ စိတ္ခံစားမႈပိုင္းမွာ ေဝဒနာျဖစ္လာၾကရပါတယ္။
မူဂ်ာဟစ္ေျပာက္ၾကားတိုက္ခိုက္ေရးသမား အမ်ားစုဟာ တျခားအရြယ္ေရာက္ၿပီး အမ်ိဳးသားေတြနဲ႔ပဲ စိတ္ကူးယဉ္ၾကၫ့္လို႔ရတဲ့ အၾကမ္းတမ္းဆံုး အေနအထားမ်ိဳးေတြမွာ ေနထိုင္ၾကရပါတယ္။
စစ္ပြဲဟာ အမ်ိဳးသားေတြကို ေျပာင္းလဲႏိုင္ပါတယ္။
အာဖဂန္နစၥတန္မွာေတာ့ သန္းခ်ီေျပာင္းလဲေစခဲ့ပါတယ္။
ဝံပုေလြေတြဆီခိုလႈံျခင္း
******************
ပါကစၥတန္ႏိုင္ငံ ပက္ရွဝါၿမိဳ႔မွာေတာ့ ပါရွတြန္လူမ်ိဳးေတြဟာ စုေပါင္းအလႉေငြေကာက္ခံမႈေတြလုပ္၊ လက္နက္ေတြစုေဆာင္းၿပီး အာဖဂန္နစၥတန္က သူတို႔လူမ်ိဳးေတြနဲ႔အတူတိုက္ဖို႔ ဆႏၵအေလ်ာက္ပါဝင္တိုက္ခိုက္လိုသူေတြကို စုေဆာင္းခဲ့ပါတယ္။
မၾကာခင္မွာပဲ အဖြဲ႔၈၅ဖြဲ႔ေလာက္ ေပၚလာၿပီး အားလံုးဟာ ျမင့္ျမတ္တဲ့စစ္ပြဲတခုကို တိုက္ခိုက္ေနတယ္လို႔ မွတ္ယူထားၾကပါတယ္။
Interservice Intelligence သို႔မဟုတ္ အတိုေကာက္အေခၚ ISI ဟာ ဒီအေျခအေနကို ကိုင္တြယ္ခဲ့ပါတယ္။
ဒီမတိုင္ခင္ကေတာ့ ISIဟာ ပါကစၥတန္ႏိုင္ငံေရးမွာ အေသးစားကစားသမားပါပဲ။
ဒါေပမယ့္ အေမရိကန္ျပည္ေထာင္စုနဲ႔ ေဆာ္ဒီအာေရဗ်ကေန အာဖဂန္စစ္ပြဲကို ေထာက္ပံ့ဖို႔ အေထာက္အပံ့မ်ားစြာ ရခ်ိန္မွာေတာ့ ISIဟာ ပါကစၥတန္ရဲ့ ႏိုင္ငံေရးေလာကထဲမွာ ထိပ္ေရာက္လာခဲ့ပါတယ္။
ISIဟာ ေငြေၾကး၊ လက္နက္နဲ႔ ဆႏၵအရပါဝင္တိုက္ခိုက္သူေတြကို သူသေဘာက်တဲ့ ပါကစၥတန္အေျခစိုက္ အဖြဲ႔ေတြဆီျဖန႔္ျဖဴးေပးခဲ့ၿပီး နယ္စပ္ကေနတဆင့္ အာဖဂန္နစၥတန္ဆီကို ပို႔ေပးခဲ့ပါတယ္။
ပါကစၥတန္ကအဖြဲ႔တိုင္းဟာ ေခါင္းေဆာင္အမည္ခံထားၾကၿပီး အဖြဲ႔တိုင္းဟာ အစြန္းေရာက္ အစၥလာမ္မစ္ရႈေထာင့္နဲ႔ အာဖဂန္စစ္ပြဲအေပၚ ဘယ္ေလာက္ထိ ယံုၾကည္ခ်က္ရိွရိွ သံဒိတ္ဌာန္ခ်မွတ္ထားေၾကာင္း သက္ေသျပလိုၾကပါတယ္။
အာဖဂန္စစ္ပြဲဆက္အရိွန္ရလာတာနဲ႔အမ်ွ ပါကစၥတန္က အုပ္စုေတြဟာ ဘာသာေရးနဲ႔ ႏိုင္ငံေရးမွာအစြန္းေရာက္လြန္းတဲ့ အျမင္မ်ိဳးရိွလာၾကၿပီး အဖြဲ႔တိုင္းဟာလည္း တဖြဲ႔ထက္တဖြဲ႔ ပိုၿပီးအစြန္းေရာက္လာၾကၿပီး အစၥလာမ္မစ္ အစြန္းေရာက္ဝါဒီဟာ မူဂ်ာဟစ္ေတြအဖို႔ လက္ခံယံုၾကည္မႈသစ္ျဖစ္လာရပါတယ္။
၁၉၈၈မွာေတာ့ ဆိုဗီယက္စစ္ယႏၲရားႀကီးဟာ ဆက္ၿပီး မေတာင့္ခံႏိုင္ေတာ့ပဲ တပ္ဆုတ္ခဲ့ပါေတာ့တယ္။
ဆိုဗီယက္ေတြဟာ သူတို႔ရဲ့ အာဖဂန္ကြန္ျမဴနစ္မဟာမိတ္ေတြကို ဝံပုေလြေတြရဲ့ လက္ထဲအပ္လိုက္ၿပီး ကာဘူးလ္က အစိုးရဟာလည္း ႀကံရာမရပဲ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ရဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း သဲထဲေရသြန္သာျဖစ္လာခဲ့ပါတယ္။
ေသြးေခ်ာင္းစီးခဲ့ရၿပီးတဲ့ေနာက္မွာေတာ့ ဆိုဗီယက္အေထာက္အပံ့မရိွေတာ့ခ်ိန္မွာ ကာဘူးလ္အစိုးရဟာ ေဆြးေနြးၫွိႏိႈင္းေရးအတြက္ အင္အားအရိွန္အဝါမရိွေတာ့ပါဘူး။
ဆက္ခုခံဖို႔ လံုေလာက္တဲ့ ဆိုဗီယက္စစ္လက္နက္ေတြရိွေနေပမယ့္လည္း ၁၉၉၂မွာေတာ့ အားလံုးၿပိဳလဲသြားရပါၿပီ။
မူဂ်ာဟစ္ေတြဟာ ကာဘူးလ္ကိုသိမ္းၿပီး ကြန္ျမဴနစ္အစိုးရကို ျဖဳတ္ခ်လိုက္ပါေတာ့တယ္။
ဒါေပမယ့္ ကာဘူးလ္ကိုေရာက္တာနဲ႔ မူဂ်ာဟစ္အုပ္စုေတြဟာ တဖြဲ႔နဲ႔တဖြဲ႔ ဆတ္ေတာက္ဆတ္ေတာက္ျဖစ္လာၾကၿပီး မတူညီတဲ့ ၿမိဳ႔ေတာ္ရဲ့အစိတ္အပိုင္းေတြကို သိမ္းပိုက္စျပဳလာၾကၿပီး တဖြဲ႔နဲ႔တဖြဲ႔ ေထာင္ခ်ီတဲ့ဒံုးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ၾကပါေတာ့တယ္။
ဒီပစ္ခတ္သတ္ျဖတ္မႈေတြဟာ ကာဘူးလ္ကို တစစီျဖစ္ေစခဲ့ၿပီး ၿမိဳ႔ေတာ္ရဲ့တဝက္ေလာက္ဟာ အပ်က္အစီးပံုေတြ ျဖစ္ခဲ့ရပါတယ္။
တျခားၿမိဳ႔ေတြမွာလည္း ဒီလိုမ်ိဳး အျဖစ္အပ်က္ေတျြဖစ္ခဲ့ၿပီး တဖြဲ႔နဲ႔တဖြဲ႔ အၿပိဳင္အဆိုင္ျပန္ျဖစ္ကုန္ၾကၿပီး မူဂ်ာဟစ္အဖြဲ႔ေတြဟာ တဖြဲ႔နဲ႔တဖြဲ႔ ေသနတ္ေျပာင္းဝေတ့ကုန္ၾကၿပီး သူတို႔သိမ္းပိုက္ထားတဲ့နယ္ေတြကို ဆက္လက္ခ်ဳပ္ကိုင္ဖို႔ အားၿပိဳင္တိုက္ခိုက္လာၾကပါတယ္။
လိုရင္းေျပာရရင္ေတာ့ ဆိုဗီယက္ေတြဟာ ေက်းလက္ေဒသကို ဖ်က္ဆီးခဲ့တဲ့ပံုစံအတိုင္း ၿမိဳ႔ႀကီးေတြကို ဖ်က္ဆီးခဲ့ပါတယ္။
မၾကာခင္မွာပဲ ပရမ္းပတာျဖစ္ ၿပိဳကြဲပ်က္စီးမႈေတြဟာ အာဖဂန္နစၥတန္ကို လႊမ္းၿခံဳသြားခဲ့ၿပီး အာဖဂန္နစၥတန္တေလ်ာက္လံုးမွာ အေသးစား စစ္ဘုရင္ဆန္ဆန္နယ္ေတြေပၚလာၿပီး က်န္ရိွေနေသးတဲ့လမ္းေတြတိုင္းမွာလည္း စစ္ေဆးေရးဂိတ္ေတြ ေပၚလာပါတယ္။
ဆိုဗီယက္ရဲ့ လူဦးေရရွင္းလင္းေရးဗ်ူဟာေၾကာင့္ ေနရပ္ေတြကို စြန႔္ခြာေျပးခဲ့ရတဲ့ ကေလးငယ္ေတြကို မွတ္မိၾကမယ္ထင္ပါတယ္။
ဒီကေလးငယ္ေတြအဖို႔လည္း ဘဝဟာ မေခ်ာေမြ့ခဲ့ပါဘူး။
ကေလးဘဝကာလေတာ္ေတာ္မ်ားမ်ားမွာ စစ္ေရွာင္စခန္းေတြမွာ ႀကီးျပင္းခဲ့ရၿပီး သူတို႔အဖို႔ ဖခင္လိုဦးေဆာင္လမ္းျပေပးမယ့္သူမရိွခဲ့ပဲ သူတို႔သိတာဆိုလို႔ ဆင္းရဲက်ပ္တည္းမႈပဲ ရိွခဲ့ပါတယ္။
အာဖဂန္ကေလးသူငယ္မ်ိဳးဆက္တခုလံုးဟာ ဒီစစ္ေရွာင္စခန္းေတြမွာ ႀကီးျပင္းခဲ့ရၿပီး သူတို႔အေနနဲ႔ စိတ္လြတ္ေျမာက္ရာဆိုလို႔ တေနရာပဲ ရိွခဲ့ပါတယ္။
ပါကစၥတန္မဒရာဆာ(Madrassa)ေက်ာင္း (ဘာသာေရးေက်ာင္း) ေတြပါပဲ။
ဒါေတြဟာ အခမဲ့ပညာေရးေထာက္ပံ့တဲ့ ဘာသာေရးေက်ာင္းေတျြဖစ္ၿပီး ကေလးငယ္ေတြကို ပံုမွန္ဘဝကိုေနေနရတဲ့စိတ္ခံစားခ်က္ရေစၿပီး လုပ္ငန္းေဆာင္တာေတြနဲ႔ သူတို႔ကိုးကြယ္ယံုၾကည္အားထားစရာ တခုခုရိွေအာင္ လုပ္ေပးပါတယ္။
ဒီေက်ာင္းေတြဟာ ပါကစၥတန္ရဲ့ အစၥလာမ္မစ္ပါတီေတြလက္ေအာက္မွာ အလုပ္လုပ္တဲ့ ဘာသာေရးေခါင္းေဆာင္ေတြက စီမံၿပီး ISIနဲ႔လည္း နီးနီးကပ္ကပ္ရိွၿပီး ေထာက္ပံ့ေငြေတြဟာလည္းက်ိက်ိတက္ခ်မ္းသာတဲ့ ေဆာ္ဒီမိသားစုေတြဆီက လာပါတယ္။
အာဖဂန္နယ္စပ္က ပါကစၥတန္နယ္နိမိတ္တြင္းမွာ ဒီလိုမ်ိဳးမဒရာဆာေက်ာင္းေပါင္း ႏွစ္ေထာင္ေလာက္ရိွၿပီး ခန႔္မွန္းေျခ ကေလးသူငယ္ေပါင္း ၂၂၀,၀၀၀ေလာက္ ဒီေက်ာင္းေတြမွာ ပညာသင္ပါတယ္။
အခုဆိုရင္ ဒါဘယ္ကိုသြားေနလဲဆိုေတာ့ ခင္ဗ်ားျမင္ရေလာက္မွာပါ။
စစ္ေရွာင္ကေလးေတြဟာ ကမ႓ာ့သတင္းေတြနဲ႔ လံုးဝအဆက္ျပတ္ေနၿပီး (အစၥလာမ္မစ္အစြန္းေရာက္) "ဝါဟာဘီ" (Wahabi) ယံုၾကည္မႈထဲကို သြတ္သြင္းခံရပါတယ္။
ဒီေက်ာင္းသားေတြဟာ သူတို႔ဟာ ကမ႓ာႀကီးကို ဆိုးယုတ္မႈေတြကေန ကယ္တင္ရမယ့္ ကံၾကမၼာရိွတယ္လို႔ အယံုသြင္းခံရပါတယ္။
သူတို႔မရင္းႏွီးတာမွန္သမ်ွကို ဆိုးယုတ္တယ္လို႔ သတ္မွတ္ထားတဲ့ ဆိုးယုတ္မႈေပါ့။
ဒီမဒရာဆာေက်ာင္းအမ်ားစုဟာ ဘာသာေရးအျပင္ တိုက္ခိုက္ေရးစြမ္းရည္ေတြကိုပါ သင္ၾကားေပးတာေၾကာင့္ ဒီေက်ာင္းသားေတြဟာ ကမ႓ာႀကီးကို ဖ်က္ဆီးမယ့္အရာကို တိုက္ခိုက္ေနရတဲ့ ရႈေထာင့္မ်ိဳးကိုပါ ရိုက္သြင္းလိုက္ၿပီးသားျဖစ္သြားပါတယ္။
ဒီေက်ာင္းသားေတြဟာ တာလီဘန္ေတျြဖစ္လာၾကပါတယ္။
တာလီဘန္ဆိုတဲ့ စကားလံုးဟာ အာေရဗ်ဘာသာမွာ ေက်ာင္းသားဆိုတဲ့စကားလံုးရဲ့ အမ်ားကိန္းျဖစ္ပါတယ္။
ကန္ဒဟာ(Kandahar)ဆိုတဲ့ အာဖဂန္ၿမိဳ႔မွာ Mullah Omar ဆိုတဲ့ တာလီဘန္ဘာသာေရးသမားတေယာက္ဟာ လူငယ္တစုကို ဦးေဆာင္ၿပီး မူဂ်ာဟစ္ေတြ ထိန္းခ်ဳပ္ထားတဲ့ ခရိုင္ေတြကို သိမ္းပိုက္ဖို႔စည္းရံုးခဲ့ပါတယ္။
ေဒသခံေတြအတြက္ကေတာ့ ဒါဟာ လက္ဖြင့္ႀကိဳဆိုရမယ့္ အေျပာင္းအလဲတခုလိုပါပဲ။
မူဂ်ာဟစ္အုပ္စုအေသးစားေတြဟာ ၿခိမ္းေျခာက္ေငြၫွစ္မႈ၊ အေနွာင့္အယွက္ေပးမႈနဲ႔ ကြပ္မ်က္မႈေတြကို လုပ္ေဆာင္ၾကပါတယ္။
ဒါေပမယ့္ တာလီဘန္လူငယ္ေတြအဖို႔ကေတာ့ မုဒိန္းသမားေတြကို ႀကိဳးေပး၊ သူခိုးေတြကို ေျခလက္ျဖတ္ေတာက္ၿပီး တျခားရာဇဝတ္မႈလုပ္သူေတြကိုလည္း သက္ဆိုင္သလို အျပစ္ေပးခဲ့ပါတယ္။
ဒီအခ်ိန္မွာေတာ့ အာဖဂန္ျပည္သူအမ်ားစုအဖို႔ တာလီဘန္ဟာ ယခင္မူဂ်ာဟစ္အဖြဲ႔ေတြနဲ႔ယွဉ္ရင္ တည္ၿငိမ္ေအးခ်မ္းမႈကို ယူေဆာင္လာေပးတဲ့သူေတြလို႔ ရႈျမင္ခံခဲ့ရပါတယ္။
ကန္ဒဟာက အျဖစ္အပ်က္ဟာ ပါကစၥတန္လံုၿခံဳေရးယႏၲရားရဲ့ မ်က္စိက်စရာျဖစ္လာခဲ့ၿပီး မၾကာခင္မွာပဲ ISIဟာ တာလီဘန္ကို လက္နက္၊ ေငြေၾကးအေထာက္အပံ့နဲ႔ စစ္ေရးသင္တန္းေတြ ဆက္ေပးခဲ့ပါတယ္။
၁၉၉၄မွာေတာ့ တာလီဘန္ဟာ အာဖဂန္-ပါကစၥတန္နယ္စပ္က စစ္ေဆးေရးဂိတ္ေတြကို သိမ္းပိုက္ႏိုင္ခဲ့ၿပီး ကုန္ပစၥည္းေတြကို အာဖဂန္ေဈးကြက္ထဲဝင္ေရာက္လာေစခဲ့ပါတယ္။
လမ္း၊တံတားျဖတ္သန္းခေတြလည္း မရိွေတာ့တာေၾကာင့္ ကုန္ပစၥည္းေဈးေတြဟာလည္း သက္သာခဲ့ပါတယ္။
ေနာက္မွာေတာ့ တာလီဘန္ဟာ ကန္ဒဟာကို လံုးဝ သိမ္းႏိုင္ခဲ့ၿပီး အေျမာက္၊ တင့္ကား၊ ရဟတ္ယာဉ္နဲ႔ ေရဒီယိုပစၥည္းေတြအျပင္ ေသနတ္ေတြ၊ က်ည္ဆံေတြနဲ႔ ပိုက္ဆံေတြကိုပါ ထရပ္ကားလိုက္ေတြ ရရိွခဲ့ပါတယ္။
တဖက္မွာေတာ့ ပါကစၥတန္ဟာ အာဖဂန္ စစ္ေရွာင္စခန္းတံခါးေတြကို ဖြင့္ေပးလိုက္ၿပီး တာလီဘန္ေက်ာင္းသားေတြကို အာဖဂန္နစၥတန္ထဲ ျပန္လည္ဝင္ေရာက္လာေစခဲ့ပါတယ္။
ဘီလီယံခ်ီတဲ့ အာဖဂန္ေတြဟာ မူဂ်ာဟစ္လူရမ္းကားေတြေအာက္မွာ ေၾကာက္ရြံ႔ထိတ္လန႔္ေနရတဲ့ဘဝေတြကို ေနထိုင္ရတာေၾကာင့္လည္း အစပိုင္းမွာ အာဖဂန္ေတြဟာ တာလီဘန္ေတြကို ႀကိဳဆိုခဲ့ပါတယ္။
အာဖဂန္ေတြဟာ ကယ္တင္ရွင္ကို ေမ်ွာ္ေနၾကၿပီး တာလီဘန္ေတြဟာ ဒီက႑ကို ေနရာယူႏိုင္ခဲ့ပါတယ္။
ကန္ဒဟာအၿပီးမွာေတာ့ တာလီဘန္ဟာ တၿမိဳ႔ၿပီးတၿမိဳ႔ မူဂ်ာဟစ္ေတြကို ေမာင္းထုတ္ႏိုင္ခဲ့ပါတယ္။
၁၉၉၅မွာေတာ့ ဟရာဒ့္(Herat)ၿမိဳ႔ကိုသိမ္းၿပီး အာဖဂန္ၿမိဳ႔ေတာ္ ကာဘူးလ္ဆီကို ဦးတည္ေနပါၿပီ။
အိမ္ထဲေရာက္လာတဲ့သူစိမ္း
********************
၁၉၉၆စက္တင္ဘာေနွာင္းပိုင္းမွာေတာ့ ကာဘူးလ္ၿမိဳ႔ေနသူေတြဟာ သူတို႔ရဲ့လမ္းေတြမွာ အနက္ေရာင္ တာဘန္ေတြေဆာင္းထားတဲ့ လူငယ္ေတြ ကင္းလွၫ့္ေနတာကို ေတြ့ေနရပါၿပီ။
တာလီဘန္ေတြဟာ ရုရွားေတြလိုပဲ ျပင္ပကလူေတြလို ျဖစ္ေနၾကပါတယ္။
သူတို႔ဟာ မတူညီတဲ့ (dialect)ေဒယိယစကားကိုေျပာၾကၿပီး ေဝးကြာလြန္းတဲ့ေဒသေတြမွာ ပညာသင္လာခဲ့ၾကၿပီး ၁၉၈၀ျပၫ့္ႏွစ္အလယ္ေလာက္က စစ္ေရွာင္မိသားစုေတြကေန ဆင္းသက္လာပါတယ္။
တာလီဘန္ဟာ အာဏာရလာတာနဲ႔တၿပိဳင္နက္ လက္ေတြ့ေမ်ွာ္လင့္ထားသမ်ွဟာ တိမ္ျမႇဳပ္ကုန္ရပါတယ္။
အမ်ိဳးသမီးေတြဟာ ျပင္ပလူ႔အဖြဲ႔အစည္းမွာ ပါဝင္ဖို႔ တားျမစ္ခံရၿပီး သူခိုးေတြဟာ လက္ျပတ္ေျချပတ္ ျဖစ္ရသလို သီခ်င္း၊ ဇာတ္ကားနဲ႔ ဓာတ္ပံုေတြကအစ တားျမစ္ပိတ္ပင္ခံရၿပီး ရုပ္ရွင္ရံုေတြဟာ ပလီအျဖစ္အေျပာင္းခံခဲ့ရပါတယ္။
ဗီဒီယိုစတိုးေတြကိုလည္း မီးရိႈ႔ဖ်က္ဆီးၿပီး tvေတြကို ရိုက္ခြဲဖ်က္ဆီးခဲ့ပါတယ္။
ေလာင္းကစားလုပ္ျခင္းဟာ တရားမဝင္ျဖစ္သြားၿပီး အိမ္ေမြးတိရစၧာန္ေတြ ေမြးျခင္းဟာလည္း တားျမစ္ပိတ္ပင္ခံရၿပီး အစၥလာမ္ဘာသာေရးမဟုတ္တဲ့ ပြဲေတာ္ေတြ ဆင္ႏႊဲျခင္းဟာ ရာဇဝတ္မႈအျဖစ္ သတ္မွတ္ခံခဲ့ရၿပီး ဓေလ့ထံုးတမ္းအစဉ္အလာေတြကိုေတာင္ စြန္လႊတ္တာကအစ တားျမစ္ခံရပါတယ္။
အမ်ိဳးသား၊အမ်ိဳးသမီးတိုင္းဟာ Shariaဘာသာေရးအတိုင္း အဝတ္အစားကို ဝတ္ဆင္ရၿပီး အမ်ိဳးသားတိုင္း မုတ္ဆိတ္ထားရၿပီး သတ္မွတ္ထားတဲ့အခ်ိန္မွာ ဝတ္ျပဳဖို႔ပ်က္ကြက္သူမွန္သမ်ွဟာ အျပစ္ေပးခံရပါတယ္။
အာဖဂန္နစၥတန္ဟာ အႂကြင္းမဲ့အာဏာရွင္ႏိုင္ငံတခုျဖစ္လာပါတယ္။
ကမ႓ာ့ႏိုင္ငံေတာ္ေတာ္မ်ားမ်ားကေတာ့ အေရ႔ွဥေရာပက ကြန္ျမဴနစ္ႏိုင္ငံေတြ က်ဆံုးတဲ့ အျဖစ္အပ်က္ေတြေၾကာင့္ အာဖဂန္က အျဖစ္အပ်က္ေတြကို မ်က္ကြယ္ျပဳခဲ့ၾကပါတယ္။
အေမရိကန္ဥပေဒျပဳသူေတြဟာ တာလီဘန္နဲ႔ပတ္သက္လို႔ အနည္းငယ္သာ သိၾကၿပီး အမ်ားစုဟာ ေဆာ္ဒီအာေရးဘီးယားလို ေျပာင္းလဲေပၚေပါက္လာမယ္လို႔ ထင္ခဲ့ၾကပါတယ္။
အိမ္ျဖဴေတာ္အတြက္ကေတာ့ ဒါဟာ ပံုမွန္လို စီးပြားေရးလုပ္လို႔ရမယ့္ အေနအထားမ်ိဳးပါပဲ။
ဒါေပမယ့္ ၁၉၉၈မွာ အာရပ္-အာဖဂန္ မူဂ်ာဟစ္ အုပ္စုတစုျဖစ္တဲ့ အယ္လ္ကိုင္းဒါးဟာ အေမရိကန္ျပည္ေထာင္စုကို စစ္ေၾကညာၿပီးေနာက္မွာေတာ့ ဒီရႈေထာင့္ဟာ လ်င္ျမန္စြာေျပာင္းလဲသြားရပါတယ္။
အေမရိကန္ဥပေဒျပဳသူေတြဟာ အငိုက္မိသလိုျဖစ္သြားၿပီး ပါကစၥတန္ဥပေဒျပဳသူေတြကို ဒီအေျခအေနကို စံုစမ္းဖို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္ ဒီအခ်ိန္မွာေတာ့ ပါကစၥတန္ဟာ တာလီဘန္အေပၚ လႊမ္းမိုးမႈမရိွေတာ့ပါဘူး။
ဒါ့အျပင္ တာလီဘန္ရဲ့ ပါရွတြန္လူမ်ိဳးႀကီးဝါဒက်င့္သံုးမႈဟာ ပါကစၥတန္ရဲ့ ႏိုင္ငံဂုဏ္သိကၡာကိုပါ ထိခိုက္လာေစပါတယ္။
ISIဟာ ဒီလိုေျပာင္းလဲမႈျဖစ္လာမယ္လို႔ မခန႔္မွန္းႏိုင္ခဲ့ပါဘူး။
ဒါ့အျပင္ ISIရဲ့ ရာထူးနိမ့္ေအးဂ်င့္ေတြကိုယ္တိုင္ တာလီဘန္ေတြနဲ႔ အတူအလုပ္လုပ္ခဲ့ၿပီး တာလီဘန္ေတြအေပၚ ပုဂၢိုလ္ေရးကရုဏာေတြရိွလာပါတယ္။
လက္ေတြ့မွာလည္း ဒီISIေအးဂ်င့္ေတြဟာ တာလီဘန္အဖြဲ႔ဝင္ေတြလိုပဲ ပါကစၥတန္မ်ိဳးခ်စ္ေတျြဖစ္ေနပါတယ္။
ပါကစၥတန္ေခါင္းေဆာင္ပိုင္းဟာ သူတို႔ဟာ မေကာင္းဆိုးဝါးကို ဖန္တီးခဲ့မိေၾကာင္း သတိရလာၾကပါတယ္။
တာလီဘန္ဝါဒီဟာ ISIရဲ့ ေအာက္ေျခေအးဂ်င့္ေတြဆီပါ ကူးစက္ေနၿပီးျဖစ္ၿပီး အစၥလာမ္မာဘတ္ (Islamabad)က အစိုးရဟာ ISIရဲ့ ေအာက္ေျခေအးဂ်င့္ေတြက အမိန႔္မနာခံေတာ့ပဲ အာဏာသိမ္းမွာကိုပါ ေၾကာက္ရြံ႔လာရတာေၾကာင့္ တာလီဘန္နဲ႔ပတ္သက္ၿပီး တခုခုလုပ္ဖို႔ လက္တြန႔္လာရပါတယ္။
ဒီအျဖစ္အပ်က္ေတြဟာ တာလီဘန္ကို ထင္ရာစိုင္းခြင့္ေပးလိုက္သလိုျဖစ္ခဲ့ၿပီး တာလီဘန္ဝါဒီ ဒါမွမဟုတ္ ပါရွတြန္လူမ်ိဳးႀကီးဝါဒီဟာ အာဖဂန္-ပါကစၥတန္နယ္စပ္တေလ်ာက္လံုးကို ကူးစက္ခဲ့ပါတယ္။
တာလီဘန္ဟာ သူႀကိဳက္သလို လုပ္ႏိုင္သြားပါၿပီ။
ၿပိဳင္ဘက္မူဂ်ာဟစ္ေခါင္းေဆာင္ေတြဟာ လုပ္ႀကံသတ္ျဖတ္ခံခဲ့ရၿပီး ေအဒီ၆ရာစုက ဘာမရန္ ဗုဒၶရုပ္ပြားေတာ္ေတြဟာ ဖ်က္ဆီးခံခဲ့ရၿပီး တာလီဘန္ေခါင္းေဆာင္ Mullah Omar ဟာ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ကို Shariaဥပေဒျပဌာန္း ဒါမွမဟုတ္ရင္ ျပည္တြင္းမၿငိမ္မသက္မႈေတြကို ရင္ဆိုင္ဖို႔ျပင္ထားဖို႔ေတာင္ ၿခိမ္းေျခာက္ခဲ့ပါတယ္။
တာလီဘန္နဲ႔ပတ္သက္လို႔လည္း စိုးရိမ္စရာပိုျဖစ္လာရပါတယ္။
အထူးသျဖင့္ စက္တင္ဘာ ၁၁ရက္ေန့ တိုက္ခိုက္မႈအၿပီးမွာ အာဖဂန္နစၥတန္ဟာ စင္ျမင့္ေပၚျပန္ေရာက္လာတာနဲ႔အမ်ွ ပိုၿပီးသိသာလာရပါတယ္။
#crd
ကိုးကား: Caspian Report/ The Origins of Taliban
No comments:
Post a Comment