Tuesday, August 3, 2021

ပိန်းဥ စိုက်ပျိုး ထုတ်လုပ်နည်း

ပိန်းဥ စိုက်ပျိုး ထုတ်လုပ်နည်း




၁။ ပိန်းဥနှင့်ကျန်းမာရေး- ပိန်းဥကို စားသုံးခြင်းဖြင့် ရရှိသောကောင်းကျိုးများမှာ အဆုတ်နှင့် နှလုံးကြွက်သားကင်ဆာကို တားဆီးနိုင်ခြင်း၊ ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်များနှင့် အရည်ကြည်အိတ်များကို သက်တမ်းရှည်စေခြင်း၊ သွေးတိုးနှင့်နှလုံးရောဂါများကို သက်သာစေခြင်း၊ အရေပြား ခံတွင်းကင်ဆာများ ကာကွယ်နိုင်ခြင်း၊ အမြင်အာရုံကို ပိုမိုကောင်းမွန်စေခြင်းတို့ ဖြစ်ပေါ်စေသည်။


ပိန်းဥ၏ အင်္ဂလိပ် အမည် Taro Root၊ ရုက္ခဗေဒ အမည် Calocasia esculenta၊ မူရင်း Araceae။


(က) ပိန်းဥတွင် ပါဝင်သော အာဟာဓာတ်များ


ပိန်းဥ (၁၀၀) ဂရမ်လျှင် ကာဗွန်ဟိုက်ဒရိတ်-၂၆.၄၆ဂရမ်


ပရိုတိန်း-၁.၅၀ဂရမ်


အဆီ-၀.၂၀ဂရမ်


အမျှင်ဓါတ်- ၄.၁၀ဂရမ်


စွမ်းအင်-၁၁၂ Kcal


 (ခ) ပိန်းဥတွင် ပါဝင်သော ဗီတာမင်များ


ဖောလစ်အက်ဆစ် ၂၂  g၊ နိုင်ယာစင်-၀.၆၀၀ mg၊ ဗီတာမင်အေ-၇၆g၊ ဗီတာမင်စီ-၄.၅ mg၊ ဗီတာမင်အီး-၂.၃၈ mg၊ ရိုင်ဗိုဖလေဗင်-၀.၀၂၅ mg၊ သိုင်ယာမင်း-၀.၀၉၅ mg၊ ဗီတာမင်ကေ-၁.၀၀။


(ဂ) ပိန်းဥတွင် ပါဝင်သော သတ္တုဓါတ်များ


ကယ်ဆီယမ် ၄၃mg၊ ကော့ပါး ၀.၁၇၂ mg၊ သံဓါတ် ၀.၅၅mg၊ မဂ္ဂနိဆီယမ် ၃၃mg၊ မဂ္ဂနီးစ် ၀.၃၈၃ mg၊ ဆီလီနီယမ် ၀.၇၀mg၊ ဇင့် ၀.၂၃mg။


(ဃ) ကင်ဆာရောဂါ ကာကွယ်သည့် ဒြပ်ပေါင်းများ


ကယ်ရိုတင်း ၃၅  g


ကယ်ရိုတင်း -၀  g


ကရိုင်တိုဇန်သင်-၂၀  g


လူတိန်း-ဇီဇန်သင်-၀  g


၂။ ပိန်းဥ စိုက်ပျိုးနည်း


ပိန်းဥ၏ မူရင်းဒေသသည် အိန္ဒိယတောင်ပိုင်းနှင့် အရှေ့တောင်အာရှ ဖြစ်သည်။ စပါးစိုက် လယ်မြေများ၊ မိုးများသည့်ဒေသများတွင် သဘာဝအလျောက် စိုက်ပျိုး ဖြစ်ထွန်းသည်။ မိုးနည်းသည့် အထက် မြန်မာပြည် ယာမြေများတွင်လည်းရေသွင်း စိုက်ပျိုးနိုင်ပါကကောင်းစွာ စိုက်ပျိုး ဖြစ်ထွန်းသည်။


 (က) နှစ်သက်သော ရာသီဥတု


မိုးရည်ချိန် (၈-၁၀) လက်မ အထက် ရွာသွန်းသောဒေသများတွင် အကောင်းဆုံး ဖြစ်ထွန်းသည်။ နေ့အပူချိန် (၂၇-၃၅) စင်တီဂရိတ်၊ ညအပူချိန် (၂၀-၂၂) စင်တီဂရိတ်တွင် ကောင်းစွာ ဖြစ်ထွန်းသည်။


 (ခ) မြေအမျိုးအစား


ပိန်းဥသည် နုံးမြေ နှင့်ရေစီးဆင်းမှုကောင်းမွန်သည့်မြေအမျိုးအစားကို ကြိုက်သည်။ မြေချဉ်ငံဓာတ် (၅.၅) မှ (၆.၅) အတွင်း စိုက်ပျိုး ဖြစ်ထွန်းသည်။ မြေ အမျိုးအစားမရွေး စိုက်ပျိုးနိုင်သည်။


 ၂။ မျိုးရွေးချယ်ခြင်း


ပိန်းဥ၏ ဥမွှာနှင့်သားတက် (၂) မျိုးလုံး အသုံးပြုနိုင်သည်။ ဥမွှာ၏ အရွယ်အစားပေါ် မူတည်၍ တစ်ဧကအထွက်နှုန်း ကွာခြားသည်။


 အရွယ်အစား အထွက်နှုန်း


(၂) လက်မအထက် (၉.၀၄)တန်/ဧက (၅၅၀၀ ပိဿ/ဧက)


(၁-၂) လက်မကြား (၈.၁)တန်/ဧက(၄၉၇၀ ပိဿ/ဧက)


(၂) လက်မအောက် (၇.၄)တန်/ဧက (၄၅၄၀ ပိဿ/ဧက)


မျိုးဥရွေးချယ်ရာတွင် ရောဂါပိုးမွှားကင်းသော မိခင်ပင်မှ ယူရမည်။ မှိုသတ်ဆေး ကတ်ပတန်(၄၀ ဂရမ်/လီတာ) တွင် (၂) မိနစ်ခန့် စိမ်ပြီး စိုက်ပါက ဥပုပ်ရောဂါ (Corm Rot) ကို ကာကွယ်နိုင်သည်။


 ၃။ မြေသြဇာ ထည့်သွင်းခြင်း


မြေသြဇာအနေဖြင့်ဖော့စဖောရပ်စ် မြေသြဇာ လုံလောက်ရန် အရေးကြီးသည်။ ဥပုပ်ရောဂါကို ကာကွယ်နိုင်ရန် စိုက်ဘောင်များ အတွင်းတွင် ပိုတက်စီယမ် ၂၆ ပေါင်/ဧက (၇.၄ ပိဿ/ဧက) နှုန်း ထည့်သွင်းပေးသင့်သည်။ အခြား အနည်းလို အာဟာရများ ဖြစ်သော အာဟာရများ ဖြစ်သော ဇင့်၊ ကယ်ဇီယမ်နှင့် ဆာလဖာဓာတ်များ ချို့တဲ့ပါက ပိန်းအရွက်နှင့် ရိုးတံတို့တွင် လက္ခဏာများ ထင်ရှားစွာ ပြတတ်သည်။


 ၄။ စိုက်ခင်းပြုစုခြင်း


ပိန်းဥကို သားတက် (Sucker) မှလည်းကောင်း၊ ဥမွှာမှ လည်းကောင်း၊ ပိန်းရိုး၏ အရင်းမှ လည်းကောင်း ထိပ်ဖျားမှ (၀.၅-၁) လက်မခန့်ဖြတ်၍လည်းကောင်း စိုက်ပျိုးနိုင်သည်။ သားတက်မှ စိုက်ပျိုးပါက ပျိုးခင်းထဲတွင် အညှောင့်ပေါက်စေရန် အရင် ပျိုးထောင်ပြီးမှ စိုက်ခင်းထဲသို့ ချရမည်။ မြေသားနက်၍လေဝင်လေထွက်ကောင်းပြီးရေမဝပ်စေရန် လိုအပ်သည်။


၅။ ရိတ်သိမ်းခြင်း


စိုက်ပျိုးပြီး(၅-၁၁) လကြာလျှင် (အပူပိုင်းဒေသ) စိုက်ပျိုးပြီး (၆-၁၅) လကြာလျှင် (မိုးများသည့်ဒေသ) များတွင် ရိတ်သိမ်းနိုင်သည်။ လက်ဖြင့် ရိတ်သိမ်းခြင်းမှာ စက်ဖြင့် တူးဖော်ခြင်းထက် အရည်အသွေးနှင့် ထိခိုက် ဒဏ်ရာရမှုကို သက်သာစေသည်။ အေး၍ခြောက်သွေ့သောဒေသများတွင် ၁၂.၆ တန်/ဧက (၇၇၃၀ ပိဿ/ဧက)ရရှိနိုင်သည်။


၆။ အာဟာရဓာတ်များ ဆုံးရှုံးမှု မရှိစေရန် သိုလှောင်နည်းစနစ်


ဒေသထွက်ပစ္စည်းများ ဖြစ်သော လွှစာမှုန့်/ရေပေါ်စာများကို စိုစွတ်အောင် ပြုလုပ်၍ ပိန်းဥများကို ပလတ်စတစ်အိတ်ပါး (သို့) ပီနန်အိတ် ဘေးပတ်လည်တွင် ဝိုင်းရံပေးထားခြင်းဖြင့် စိုထိုင်းဆ ကောင်းမွန်စေသောကြောင့် ရက်သတ္တပတ် (၄-၆) ပတ်ထိ အာဟာရဓာတ်များ ပျက်စီးဆုံးရှုံးမှု မရှိပဲ သိုလှောင်နိုင်သည်။


စိုက်ခင်းမှ တူးပြီးသော ပိန်းဥများအား အေး/မှောင်/ခြောက်သွေ့သောနေရာတွင် ကျင်းများတူး၍ အုန်းခွံ၊ ငှက်ပျောရွက်များအောက်မှ ခင်း၍ ပိန်းဥများကို အလယ်တွင်ထားပြီး အပေါ်မှ ခြောက်သွေ့သော သဲမြေ (၆လက်မ) ခန့် ဖုံးအုပ်၍ သိုလှောင်ပါက (၂-၃) လခန့်ထိ အရည်အသွေး သိုလှောင်ပါက (၂-၃) လခန့်ထိ အရည်သွေးမပျက် သိုလှောင်နိုင်သည်။


 ၇။ ပိန်းဥမှ ထုတ်လုပ်နိုင်သော တန်ဖိုးမြင့် ထုတ်ကုန်များ


ပိန်းဥအခြောက်ပြား(Dried Taro Chips)


အအေးခံပိန်းဥ(frozen Taro Cubes)


ပိန်းဥကွတ်ကီး(Taro Cookie)


ပိန်းဥခြောက်ကြော်(Fried Taro Chips)


ပိန်းဥရေခဲမုန့် (Taro Flavoured Ice_cream)


ပိန်းဥသကြားလုံး(Taro Chew Canddy)


ပိန်းဥဂျယ်လီ(Jelly Cup Taro)


ပိန်းဥခြောက် အလုံးလိုက်(Vacuum Dried Taro)


ပိန်းဥဝေဖာ(Taro cream Wafer)


Credit : စိုက်ပျိုးရေး ဦးစီးဌာန


[Zawgyi]ပိန္းဥ စိုက္ပ်ိဳး ထုတ္လုပ္နည္း




၁။ ပိန္းဥႏွင့္က်န္းမာေရး- ပိန္းဥကို စားသံုးျခင္းျဖင့္ ရရိွေသာေကာင္းက်ိဳးမ်ားမွာ အဆုတ္ႏွင့္ ႏွလံုးႂကြက္သားကင္ဆာကို တားဆီးႏိုင္ျခင္း၊ ခႏၶာကိုယ္ အတြင္းရိွ ဆဲလ္မ်ားႏွင့္ အရည္ၾကည္အိတ္မ်ားကို သက္တမ္းရွည္ေစျခင္း၊ ေသြးတိုးႏွင့္ႏွလံုးေရာဂါမ်ားကို သက္သာေစျခင္း၊ အေရျပား ခံတြင္းကင္ဆာမ်ား ကာကြယ္ႏိုင္ျခင္း၊ အျမင္အာရံုကို ပိုမိုေကာင္းမြန္ေစျခင္းတို႔ ျဖစ္ေပၚေစသည္။


ပိန္းဥ၏ အဂၤလိပ္ အမည္ Taro Root၊ ရုကၡေဗဒ အမည္ Calocasia esculenta၊ မူရင္း Araceae။


(က) ပိန္းဥတြင္ ပါဝင္ေသာ အာဟာဓာတ္မ်ား


ပိန္းဥ (၁၀၀) ဂရမ္လ်ွင္ ကာဗြန္ဟိုက္ဒရိတ္-၂၆.၄၆ဂရမ္


ပရိုတိန္း-၁.၅၀ဂရမ္


အဆီ-၀.၂၀ဂရမ္


အမ်ွင္ဓါတ္- ၄.၁၀ဂရမ္


စြမ္းအင္-၁၁၂ Kcal


 (ခ) ပိန္းဥတြင္ ပါဝင္ေသာ ဗီတာမင္မ်ား


ေဖာလစ္အက္ဆစ္ ၂၂  g၊ ႏိုင္ယာစင္-၀.၆၀၀ mg၊ ဗီတာမင္ေအ-၇၆g၊ ဗီတာမင္စီ-၄.၅ mg၊ ဗီတာမင္အီး-၂.၃၈ mg၊ ရိုင္ဗိုဖေလဗင္-၀.၀၂၅ mg၊ သိုင္ယာမင္း-၀.၀၉၅ mg၊ ဗီတာမင္ေက-၁.၀၀။


(ဂ) ပိန္းဥတြင္ ပါဝင္ေသာ သတၲုဓါတ္မ်ား


ကယ္ဆီယမ္ ၄၃mg၊ ေကာ့ပါး ၀.၁၇၂ mg၊ သံဓါတ္ ၀.၅၅mg၊ မဂၢနိဆီယမ္ ၃၃mg၊ မဂၢနီးစ္ ၀.၃၈၃ mg၊ ဆီလီနီယမ္ ၀.၇၀mg၊ ဇင့္ ၀.၂၃mg။


(ဃ) ကင္ဆာေရာဂါ ကာကြယ္သၫ့္ ျဒပ္ေပါင္းမ်ား


ကယ္ရိုတင္း ၃၅  g


ကယ္ရိုတင္း -၀  g


ကရိုင္တိုဇန္သင္-၂၀  g


လူတိန္း-ဇီဇန္သင္-၀  g


၂။ ပိန္းဥ စိုက္ပ်ိဳးနည္း


ပိန္းဥ၏ မူရင္းေဒသသည္ အိႏၵိယေတာင္ပိုင္းႏွင့္ အေရ႔ွေတာင္အာရွ ျဖစ္သည္။ စပါးစိုက္ လယ္ေျမမ်ား၊ မိုးမ်ားသၫ့္ေဒသမ်ားတြင္ သဘာဝအေလ်ာက္ စိုက္ပ်ိဳး ျဖစ္ထြန္းသည္။ မိုးနည္းသၫ့္ အထက္ ျမန္မာျပည္ ယာေျမမ်ားတြင္လည္းေရသြင္း စိုက္ပ်ိဳးႏိုင္ပါကေကာင္းစြာ စိုက္ပ်ိဳး ျဖစ္ထြန္းသည္။


 (က) ႏွစ္သက္ေသာ ရာသီဥတု


မိုးရည္ခ်ိန္ (၈-၁၀) လက္မ အထက္ ရြာသြန္းေသာေဒသမ်ားတြင္ အေကာင္းဆံုး ျဖစ္ထြန္းသည္။ ေန့အပူခ်ိန္ (၂၇-၃၅) စင္တီဂရိတ္၊ ညအပူခ်ိန္ (၂၀-၂၂) စင္တီဂရိတ္တြင္ ေကာင္းစြာ ျဖစ္ထြန္းသည္။


 (ခ) ေျမအမ်ိဳးအစား


ပိန္းဥသည္ ႏံုးေျမ ႏွင့္ေရစီးဆင္းမႈေကာင္းမြန္သၫ့္ေျမအမ်ိဳးအစားကို ႀကိဳက္သည္။ ေျမခ်ဉ္ငံဓာတ္ (၅.၅) မွ (၆.၅) အတြင္း စိုက္ပ်ိဳး ျဖစ္ထြန္းသည္။ ေျမ အမ်ိဳးအစားမေရြး စိုက္ပ်ိဳးႏိုင္သည္။


 ၂။ မ်ိဳးေရြးခ်ယ္ျခင္း


ပိန္းဥ၏ ဥမႊာႏွင့္သားတက္ (၂) မ်ိဳးလံုး အသံုးျပဳႏိုင္သည္။ ဥမႊာ၏ အရြယ္အစားေပၚ မူတည္၍ တစ္ဧကအထြက္ႏႈန္း ကြာျခားသည္။


 အရြယ္အစား အထြက္ႏႈန္း


(၂) လက္မအထက္ (၉.၀၄)တန္/ဧက (၅၅၀၀ ပိႆ/ဧက)


(၁-၂) လက္မၾကား (၈.၁)တန္/ဧက(၄၉၇၀ ပိႆ/ဧက)


(၂) လက္မေအာက္ (၇.၄)တန္/ဧက (၄၅၄၀ ပိႆ/ဧက)


မ်ိဳးဥေရြးခ်ယ္ရာတြင္ ေရာဂါပိုးမႊားကင္းေသာ မိခင္ပင္မွ ယူရမည္။ မိႈသတ္ေဆး ကတ္ပတန္(၄၀ ဂရမ္/လီတာ) တြင္ (၂) မိနစ္ခန႔္ စိမ္ၿပီး စိုက္ပါက ဥပုပ္ေရာဂါ (Corm Rot) ကို ကာကြယ္ႏိုင္သည္။


 ၃။ ေျမၾသဇာ ထၫ့္သြင္းျခင္း


ေျမၾသဇာအေနျဖင့္ေဖာ့စေဖာရပ္စ္ ေျမၾသဇာ လံုေလာက္ရန္ အေရးႀကီးသည္။ ဥပုပ္ေရာဂါကို ကာကြယ္ႏိုင္ရန္ စိုက္ေဘာင္မ်ား အတြင္းတြင္ ပိုတက္စီယမ္ ၂၆ ေပါင္/ဧက (၇.၄ ပိႆ/ဧက) ႏႈန္း ထၫ့္သြင္းေပးသင့္သည္။ အျခား အနည္းလို အာဟာရမ်ား ျဖစ္ေသာ အာဟာရမ်ား ျဖစ္ေသာ ဇင့္၊ ကယ္ဇီယမ္ႏွင့္ ဆာလဖာဓာတ္မ်ား ခ်ိဳ႕တဲ့ပါက ပိန္းအရြက္ႏွင့္ ရိုးတံတို႔တြင္ လကၡဏာမ်ား ထင္ရွားစြာ ျပတတ္သည္။


 ၄။ စိုက္ခင္းျပဳစုျခင္း


ပိန္းဥကို သားတက္ (Sucker) မွလည္းေကာင္း၊ ဥမႊာမွ လည္းေကာင္း၊ ပိန္းရိုး၏ အရင္းမွ လည္းေကာင္း ထိပ္ဖ်ားမွ (၀.၅-၁) လက္မခန႔္ျဖတ္၍လည္းေကာင္း စိုက္ပ်ိဳးႏိုင္သည္။ သားတက္မွ စိုက္ပ်ိဳးပါက ပ်ိဳးခင္းထဲတြင္ အေၫွာင့္ေပါက္ေစရန္ အရင္ ပ်ိဳးေထာင္ၿပီးမွ စိုက္ခင္းထဲသို႔ ခ်ရမည္။ ေျမသားနက္၍ေလဝင္ေလထြက္ေကာင္းၿပီးေရမဝပ္ေစရန္ လိုအပ္သည္။


၅။ ရိတ္သိမ္းျခင္း


စိုက္ပ်ိဳးၿပီး(၅-၁၁) လၾကာလ်ွင္ (အပူပိုင္းေဒသ) စိုက္ပ်ိဳးၿပီး (၆-၁၅) လၾကာလ်ွင္ (မိုးမ်ားသၫ့္ေဒသ) မ်ားတြင္ ရိတ္သိမ္းႏိုင္သည္။ လက္ျဖင့္ ရိတ္သိမ္းျခင္းမွာ စက္ျဖင့္ တူးေဖာ္ျခင္းထက္ အရည္အေသြးႏွင့္ ထိခိုက္ ဒဏ္ရာရမႈကို သက္သာေစသည္။ ေအး၍ေျခာက္ေသြ့ေသာေဒသမ်ားတြင္ ၁၂.၆ တန္/ဧက (၇၇၃၀ ပိႆ/ဧက)ရရိွႏိုင္သည္။


၆။ အာဟာရဓာတ္မ်ား ဆံုးရႈံးမႈ မရိွေစရန္ သိုေလွာင္နည္းစနစ္


ေဒသထြက္ပစၥည္းမ်ား ျဖစ္ေသာ လႊစာမႈန႔္/ေရေပၚစာမ်ားကို စိုစြတ္ေအာင္ ျပဳလုပ္၍ ပိန္းဥမ်ားကို ပလတ္စတစ္အိတ္ပါး (သို႔) ပီနန္အိတ္ ေဘးပတ္လည္တြင္ ဝိုင္းရံေပးထားျခင္းျဖင့္ စိုထိုင္းဆ ေကာင္းမြန္ေစေသာေၾကာင့္ ရက္သတၲပတ္ (၄-၆) ပတ္ထိ အာဟာရဓာတ္မ်ား ပ်က္စီးဆံုးရႈံးမႈ မရိွပဲ သိုေလွာင္ႏိုင္သည္။


စိုက္ခင္းမွ တူးၿပီးေသာ ပိန္းဥမ်ားအား ေအး/ေမွာင္/ေျခာက္ေသြ့ေသာေနရာတြင္ က်င္းမ်ားတူး၍ အုန္းခြံ၊ ငွက္ေပ်ာရြက္မ်ားေအာက္မွ ခင္း၍ ပိန္းဥမ်ားကို အလယ္တြင္ထားၿပီး အေပၚမွ ေျခာက္ေသြ့ေသာ သဲေျမ (၆လက္မ) ခန႔္ ဖံုးအုပ္၍ သိုေလွာင္ပါက (၂-၃) လခန႔္ထိ အရည္အေသြး သိုေလွာင္ပါက (၂-၃) လခန႔္ထိ အရည္ေသြးမပ်က္ သိုေလွာင္ႏိုင္သည္။


 ၇။ ပိန္းဥမွ ထုတ္လုပ္ႏိုင္ေသာ တန္ဖိုးျမင့္ ထုတ္ကုန္မ်ား


ပိန္းဥအေျခာက္ျပား(Dried Taro Chips)


အေအးခံပိန္းဥ(frozen Taro Cubes)


ပိန္းဥကြတ္ကီး(Taro Cookie)


ပိန္းဥေျခာက္ေၾကာ္(Fried Taro Chips)


ပိန္းဥေရခဲမုန႔္ (Taro Flavoured Ice_cream)


ပိန္းဥသၾကားလံုး(Taro Chew Canddy)


ပိန္းဥဂ်ယ္လီ(Jelly Cup Taro)


ပိန္းဥေျခာက္ အလံုးလိုက္(Vacuum Dried Taro)


ပိန္းဥေဝဖာ(Taro cream Wafer)


Credit : စိုက္ပ်ိဳးေရး ဦးစီးဌာန

No comments: