Showing posts with label စိုက်​ပျိုး​ရေးနည်းပညာ. Show all posts
Showing posts with label စိုက်​ပျိုး​ရေးနည်းပညာ. Show all posts
Wednesday, February 7, 2024
ရှားစောင်းလက်ပတ်ပင် စိုက်ပျိုးထိန်းသိမ်းနည်း
 #သဘာဝကပေးတဲ့နတ်ဆေးပင်
#အောက်ဆီဂျင်အပေးနိုင်ဆုံးအပင်ဖြစ်တဲ့.....
..............................................
ရှားစောင်းလက်ပတ်ပင် စိုက်ပျိုးထိန်းသိမ်းနည်း
*******************************
*ဒီနေ့မှာတော့ ရှားစောင်းလက်ပတ်အပင်ကို စိုက်ပျိုးတဲ့နေရာမှာ #ဆောင်ရန်ရှောင်ရန်အချက်လေးတွေ နဲ့ #အသုံး၀င်ပုံ၊‌ #သိကောင်းစရာ‌တွေ ကို အဓိကထား ဖော်ပြပေးသွားပါမယ်။
ရှားစောင်းလက်ပတ်ပင်ကို အဓိကအားဖြင့် ပြုစုပျိုးထောင်တဲ့အခါမှာ နေရောင် ခြည် လုံလုံလောက်လောက် ရရှိရပါမယ်၊🌤️ ရေလောင်းတဲ့အကြိမ်ရေကို လျှော့လောင်းရမယ်၊ ရှားစောင်းလက်ပပ်စိုက်ပျိုးသင့်တဲ့ မြေအမျိုးအစားကတော့ လေဝင်လေထွက်ကောင်းစေတဲ့ မြေအမျိုးအစား၊ ရေစီးဆင်းမှုလွယ်စေပြီး ရေဓာတ်သိုမှီထား နိုင်တဲ့မြေမျိုးဖြစ် ရပါမယ်၊ အိမ်မှာ အိုးနဲ့စိုက်မယ်ဆိုရင်တော့ ဈေးကွက်မှာ အလွယ်တကူဝယ်ယူနိုင်တဲ့ အဆင့်သင့်မြေတွေကို မြေဆွေးတွေနဲ့ ရောမွှေ၍ စိုက်ပျိုးလိုက်ရင်ရပါတယ်။💁🏼‍♂️
 ရှားစောင်းလက်ပပ်ပင်ကို မြေနီ၊ မြေကျစ်၊ မြေပွများတွင် အစိုဓာတ်အသင့်အတင့်ရရှိယုံနှင့် စိုက်ပျိုးနိုင်ပါတယ်။
စိုက်ပျိုးမယ်ဆိုရင် မြေထဲမှာ သဲကြမ်းနည်းနည်း၊ သစ်ရွက်စေးမြေ နည်းနည်း၊ မီးသွေးမှုန့်နည်းနည်း ဖြည့်စွက်ရောနှောစိုက်ပျိုးရပါတယ်။
💁🏼‍♂️📈 သစ်ရွက်ဆွေး မြေတွေထဲမှာ ဇီဝမြေသြဇာတွေ အများအပြား ပါဝင်နေတဲ့အတွက် အကောင်းစားမြေမျိုး ဖြစ်သွားမှာ ဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်က အက်ဆစ်အချဉ် ဓာတ်နည်းပါးပြီး အယ်လ်ကာလီများတဲ့ မြေမျိုးကိုနှစ်သက်ပါတယ်။
**** ရှားစောင်းလက်ပက်ပင်စိုက်ပျိုးနည်းများ ****
ရှားစောင်းလက်ပက်ကို ပန်းအိုးထဲထည့်စိုက်တဲ့နည်းနှင့် မြေကြီးမှာ တိုက်ရိုက် စိုက်တဲ့နည်းဆိုပြီး နှစ်နည်းစိုက်ပျိုးလို့ရပါတယ်၊✌️
 မိမိကြိုက်နှစ်သက်တဲ့နည်းနဲ့ စိုက်ပျိုး နိုင်ပါတယ်၊ စိုက်နည်းမတူညီတဲ့အတွက် ပေါက်ရောက်ကြီးထွားမှုမှာလဲ ကွာခြား မှုရှိ တတ်ပါတယ်💁🏼‍♂️
 မြေကြီးမှာချစိုက်တဲ့ ရှားစောင်းလက်ပပ်က ပန်းအိုးထဲ ထည့်စိုက်တဲ့ ရှားစောင်းလက်ပပ်ထက် ပိုပြီးအပေါက်မြန်ပြီး အကြီးထွားသန်မာစေပါတယ်။
 ရှားစောင်းလက်ပပ်ပင်ကို တစ်ပင်နှင့်တစ်ပင် (၅)ပေခြား စိုက်ပျိုးရပါတယ်၊ စိုက်ပျိုးပြီးတစ်နှစ်သားအရွယ်မှာ အပင်လက်များ သန်မာထွားကျိုင်းကာ ဖြစ်ထွန်းအောင်မြင် လာပါလိမ့်မယ်။💕
အပင်အလက်များသည် နွေဥတု၌ အတွင်းအနှစ်အနည်း ငယ်သာရှိပြီး မိုးနှင့်၊ ဆောင်းဥတုမှာ အတွင်းအနှစ်များသည် ဂျယ်လီကဲ့သို့ ဖောင်းနေပြီး အပင်အလက်ကို ဓားဖြင့်လှီးဖြတ်လျှင် အတွင်းအနှစ်များသည် ဂျယ်လီသဏ္ဍန် အိတွဲတွဲဖြင့် ဆေးဘက်ဝင်တယ်လို့ ဆိုပါတယ်။
 ရှားစောင်းလက်ပပ်အပင်ကို အပင်ခြေရင်းတွင် ပြာအနည်းငယ်စီပုံပေးပါက ပို၍ဖြစ်ထွန်း လွယ်ပါတယ်။ 💁🏼‍♂️💕
**** မြေသြဇာမများရ***
ရှားစောင်းလက်ပပ်က စင်စစ်မှာတော့ မြေသြဇာမကျွေးလဲ ရှားစောင်းလက်ပပ်က ကြီးထွားမှာပါပဲ၊ ဒါပေမယ့် သင့်လျော်တဲ့ မြေသြဇာနည်းနည်းကျွေးပေးရင်တော့ ကြီးထွားမှု့ကို မြန်ဆန်စေပါတယ်၊ မြေသြဇာအကျွေးများ လွန်းပြန်လျှင်လည်း အမြစ်ပုပ်သွားတတ်ပါတယ်၊🙅🏼‍♂️ မြေသြဇာကို သင့်ရုံလောက်သာထည့်ပါ။💁🏼‍♂️
**** မြေကြီးမှာစိုက်ရင် လိုက်နာရမည့် အချက်များ ****
မြေကြီးမှာချစိုက်တဲ့ ရှားစောင်းလက်ပပ်က ပန်းအိုးထဲထည့်စိုက်တဲ့ ရှားစောင်းလက်ပပ်ထက် ပိုပြီးကြီးထွားလေ့ ရှိပါတယ်။ ရှားစောင်းလက်ပပ်ကို အကောင်းဆုံးက နေရောင်ခြည်ကောင်းကောင်းရတတ်တဲ့ အရှေ့အရပ်နဲ့ တောင်အရပ်က စိုက်ပျိုးသင့်တဲ့နေရာကောင်းတွေပါပဲ။ ရှားစောင်းလက်ပပ်ကို မိုးရေဝပ်တဲ့နေရာမျိုးမှာ လုံးဝမစိုက်ပျိုးသင့်ပါဘူး🙅🏼‍♂️ ၊
 ဘာကြောင့်လဲဆိုတော့ ရှားစောင်းလက်ပပ်က သဲကန္တာရဒေသဇာတိအပင် မျိုးဖြစ် လေတော့ ရေများတာကိုမကြိုက်ပါဘူး၊ မိုးရွာပင်ရွာသော်လည်း ရေမြန်မြန်စီးပြီး ရေတင်မကျန် ရေမဝပ်ဖို့ သိပ်အရေးကြီးပါတယ်။
**** အသစ်ပြန်စိုက်ပြီးတဲ့ နောက်တစ်လ ရေမလောင်းပါနဲ့ ****
တခြားအပင်တွေဟာ အပင်ပြောင်းရွှေ့စိုက်တာပဲဖြစ်ဖြစ်၊ အသစ်ပြန်စိုက်တာပဲဖြစ်ဖြစ်၊ ရေလုံလုံလောက်လောက် လောင်းရစမြဲပါ၊ ဒါပေမယ့် ရှားစောင်းလက်ပပ်ကတော့ လုံးဝမတူဘဲ အသစ်ပြန်စိုက်ပြီးတဲ့နောက်တစ်လလုံး ရေလောင်းကို မလောင်းရပါဘူး ၊
တစ်လပြည့်ပြီးနောက်မှ ရေအဝလောင်းရပါတယ်၊ အဲဒီအချက်ကိုတော့ အထူးသတိပြုသင့်ပါတယ်။🙋🏼‍♂️
 ဆောင်းကာလကုန်လွန်တာနဲ့ နွေပေါက်ပြီဆိုရင် ရှားစောင်းလက်ပပ်ပင်ကို အသစ်ပြန်စိုက်လို့ရပါပြီ၊ အသစ်ပြန်စိုက်ပြီး နှစ်လကြာပြီးနောက် ပဲဖတ်၊ (သို့) နှမ်းဖတ်ကို တစ်ကော်၊ နှစ်ကော် (သို့) ကြက် ချေးခြောက် တစ်ကော်၊နှစ်ကော် ကျွေးလိုက်ပါ၊ ဆောင်းတွင်းမှာတော့ ဘာမြေသြဇာမှ ကျွေးဖို့မလိုပါဘူး။
**** သားတက်ခွဲစိုက်နည်း ****
သားတက်ခွဲစိုက်နည်းကတော့ မိခင်အပင်မကြီးရဲ့အမြစ်ကို မထိခိုက်စေဘဲ သားတက်ကို အမြစ်ပါနုတ်ယူပြီး အဲဒီသားတက်ကို အမြစ်ပါစိုက်တဲ့နည်းပဲဖြစ်ပါတယ်၊ ပထမဆုံးသားတက်ကို နုတ်ယူပါ ၊ လေဝင်လေထွက်ကောင်းပြီး နေရိပ်ရတဲ့နေရာမှာ ရက်သတ္တတစ်ပတ်လောက် အခြောက်ခံထားပါ၊ သေသေချာချာခြောက်ပြီဆိုတော့မှ မြေထဲကိုစိုက်ထည့်လိုက်ပါ၊ ချက်ချင်းရေမလောင်းပါနဲ့၊ အမြစ်တွေ အသေအချာခိုင်လာမှ ရေလောင်းပါ။ မကြာခင် အပင်သစ်က အမြစ်ထွက်လာပါမယ်၊ အပင်သစ်ရဲ့ အရွက်နည်းနည်း အဝါရောင်သန်းလာပေမယ့် တစ်ခုခုဖြစ်သွားပီလို့ မထင်လိုက်ပါနဲ့ ၊ စိတ်မပူပါနဲ့၊🙋🏼‍♂️
 အမြစ် တဖြည်းဖြည်းရှည်ထွက်လာရငိ အရွက်လဲပိုပြီး သန်လာပါလိမ့်မယ်၊ အရွက်ရဲ့အရောင်ကလဲ အစိမ်းရင့်ရောင် ပြောင်းလဲလာပါလိမ့်မယ်၊ အဲဒီတော့မှ အသေအချာစစ်ဆေးကြည့်ပြီးမှ ရောင်းလောင်းပါလို့ အကြုံပြု ချင်ပါတယ်။💁🏼‍♂️
#Source – DOCA
#OPEN_DOORTechnology
ရှားစောင်းလက်ပတ်ပင် အကြောင်းသိကောင်းစရာ
(အူမကြီးကိုသန့်စင်ပေးရာတွင် အလွန်အစွမ်းထက်သည်)
 ဆေးဖက်ဝင် ဖြစ်၍ စိုက်ပျိုး ထားသည်။
✅အသုံးပြုပုံ 
ရှားစောင်းလက်ပပ်သည် မီးယပ်ဆေးအဖြစ် အလွန်အသုံးဝင် ထင်ရှားသည်။ရှားစောင်း လက်ပပ်ကို ပါးပါး လှီး၍ ဟင်းချက် စားပါက ဓမ္မတာကို မှန်စေသည်။ရှားစောင်း လက်ပပ်ကို လိမ်းဆေးအဖြစ် အနှစ်ကို ခပ်ပါးပါး လှီး၍ သွေးစုနာ၊ အကြိတ် အဖုအနာ၊ သွေးလုံး၊ လေလုံး အပေါ် ကပ်ထား ပေးခဲ့သော် ပြင်ပသို့ ထုတ်ဆောင်ပြီး အကြိတ် ကြေစေသည်။ ပြည်ပေါက် မြန်၍ ငန်းမန်း ကြေစေသည်။ ရှားစောင်း လက်ပပ် အနှစ်ကို မျက်စိ အုံပေးပါက မျက်စိ နာခြင်း၊ ကိုက်ခြင်း၊ ပူစပ်ခြင်း၊ ယားယံခြင်း တို့ကို ပျောက်စေသည်။ ရှားစောင်း လက်ပပ် အတွင်းသားကို အရည်ညှစ်ပြီး မီးနွေးနွေး ပြု၍ နားတွင်းသို့ ခတ်ပေးပါက နားကိုက်၊ နားနာ မြန်စွာပျောက်သည်။ ကိုယ်ရေဝါ ရောဂါရှိသူများ အတွင်းသား စားပါက ဆီးဝမ်း သက်သာပြီး ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို လက်ချား မီးပေါက် အနည်းငယ် ဖြူး၍ စားလျှင် ရေဖျဉ်း ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို ခြစ်ယူ၍ ဆန်ဆေးရည်တွင် စိမ်ပြီး သကြား ထည့်သောက် ပါက ဆီးပူ၊ ဆီးအောင့်၊ ဆီးထိုး ရောဂါ ပျောက်ကင်း၏။ သတ္တုရည်သည် အအေးမိခြင်း ဖျားခြင်းတို့ကို သက်သာ ပျောက်ကင်း စေနိုင်သည်။
ပုံပန်းအသွင်ပြင်
အရည်ရွှမ်းသော ပင်ပျော့ ပင်ငယ်မျိုးဖြစ်၍ အမြင့် ၁-ပေ၊ ၁-ပေခွဲ အထိရှိသည်။
အသုံးဝင်သောအပိုင်း 
အရွက်
Item Name : Barbodos Aloes (ရှားစောင်းလက်ပပ်) 
အပူပိုင်း ဒေသများ တွင် ပေါက်ရောက် သည်။ သဘာဝ အလျောက် အလေ့ကျ ပေါက်ရောက် သည်။ ဆေးဖက် ဝင် အဖြစ်လည်း ပန်းအိုး များ ဖြင့် သော်လည်း ကောင်း ၊ မြေတွင် ချ၍ သော် လည်း ကောင်း ပြုစု စိုက်ပျိုး ထား နိုင်သည်။ Appearance : -အရည်ရွှမ်းသော နှစ်ရှည်ခံ ပင်ပျော့မျိုး ဖြစ်သည်။ အရည်ရွှမ်းသော အပင်ရင်းမှ စုပြုံ၍ ဖြာထွက်သည်။
 အပေါ် မျက်နှာပြင်သည် အနည်းငယ် ခွက်သည်။ ရွက်ထိပ်ချွန်၍ ရွက်နားတွင် ဆူးကလေးများ ရှိသည်။
အပင် -အရည် ရွှမ်းသော ပင်ပျော့ ပင်ငယ် မျိုး ဖြစ်၍ အမြင့် ၁ ပေ မှ ၁၁/၂ ပေ ထိ မြင့်၏ ။
 ပင်စည်လုံး သတ်သတ် မရှိဘဲ အပင်ရင်း မှ အရွက်များ ၅ ခု ၆ ခု ဖြာ လျက် ထွက်သည်။ အရွက် - အပေါ် အခွံ အစိမ်းနုရောင် ရှိပြီး အတွင်း၌ ကျောက်ကျော ကဲ့သို့ ပျစ်ချွဲ သော အရည်အသား များ ပြည့်လျက် ရှိသည်။ အလျား နှစ်တောင် မျှ ရှည်၍ အနံ လေးလက်မ ၊ အထူ ၁ လက်မ ၂ လက်မ ထိ ထူ၏ ။ ရွက်နား ပတ်လည် ဆူးကလေး များ ခြား ၍ ရှိသည်။ 
အပွင့်*
၃-၄ နှစ်သား အရွယ် ရှိသော အပင်တွင် ရှည်လျား သော ပန်းခိုင် ထွက်လာပြီး နီဝါရောင် ပန်းပွင့် လေးများ ပန်းခိုင် ထိပ်တွင် စုပြုံ ပွင့်၏ ။
-မြန်မာ ဆေးကျမ်းများ အလိုအရ ရှားစောင်းလက်ပပ် သည် အေး ခါး သော အရသာ ရှိပြီး လေကို နိုင်၏။ အားကို ဖြစ်စေသော အစွမ်း သတ္တိ ရှိသည်။
ရှားစောင်းလက်ပတ်၏ ကောင်းခြင်းများမှာ 
ရှားစောင်း လက်ပတ်ရည်သည် ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အမိုင်နိုအက်ဆစ်များသာမက အဆိပ်အတောက်ဖြစ်မှုကို ဟန့်တားပေးသော အစွမ်းသတ္တိများ ကြွယ်စွာပါဝင်သည်။အူမကြီးကို ရှင်းလင်းပေးသည့် ဝမ်းနုတ်ဆေးဟုပင် ဆိုနိုင်ပါသည်။
လေ့လာချက်များအရ 
● ဆီး ၊ ဝမ်း ချုပ်ခြင်းတို့ကို ကောင်းမွန်စေခြင်း၊💁🏼‍♂️ အူသိမ် အူမလမ်းကြောင်းရှိ မှို၊ ဒုက္ခပေးသော ဘက်တီးရီးယားပိုးများ၊ ကပ်ပါးပိုးများကို ဖျက်ဆီးပေးခြင်း၊🦠 အစာခြေရာ တွင် ကူညီခြင်းတို့ကို တွေ့ရှိရသည်။
ခန္ဓာကိုယ်ရှိ ရောဂါပိုးများကို တိုက်ဖျက်သည့် T-cells များနှင့် antibodies များထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးခြင်း၊ ရောဂါမဝင်အောင် ဆောင်ရွက်ပေးရာတွင်များစွာ အကျိုးရှိသည်။
 ရှားစောင်းလက်ပတ်သည် ဆဲလ်နံရံများထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်သော ဓာတုပစ္စည်းများ ပါဝင်ပြီး အရည်အဖြစ် ဆဲလ်အတွင်း ထိုးဖောက် ဝင်ရောက်ကာ(toxins) များကို ဆဲလ်အပြင်သို့ ထုတ်ပေး၍ အာဟာရဓာတ်များ (nutrients) ကို ဆဲလ်အတွင်း ဝင်ရောက်သွားစေရန် ဆောင်ရွက်ပေးပါသည်။
ရှားစောင်းလက်ပပ်ရဲ့ ဂျဲလ်ပုံစံကြောင့် အေးမြစေတဲ့ ဂုဏ်သတ္တိရှိပြီး မျက်စိအောက်က အရေပြားပျော့ ဖောင်းနေတာကို သက်သာစေပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို မျက်လုံးခရင်မ် (Eye Cream)တွေ၊ အစက်အပြောက်ဖုံးမိတ်ကပ် (Concealer)နဲ့ အိုင်းရှဲဒိုးမှာတောင် ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ ထည့်သွင်းထုတ်လုပ်လာကြပါတယ်။ ရှားစောင်းလက်ပပ်ဟာ အန္တရာယ်ကင်းပြီး ဓာတ်မတည့်မှု မဖြစ်စေတဲ့အတွက် ဒီနေ့ခေတ် အမျိုးသမီးတွေဟာ ရှားစောင်းလက်ပပ် အခြေခံမိတ်ကပ်ပစ္စည်းတွေကို အားကိုးအားထားပြုလာ ကြပါတယ်။
နှုတ်ခမ်းအတွက်💋
ရှားစောင်းလက်ပပ်မှာ ဗီတာမင်အီး ကြွယ်ဝစွာပါဝင်ပြီး ရေဓာတ်လည်း ပြည့်ဝစွာပါဝင်တာကြောင့် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။
အသားအရေအတွက်🧏🏻
ရှားစောင်းလက်ပပ်ဂျဲလ်ဟာ အသားအရေအတွက် အစိုဓာတ်ထိန်းဆေး (Moisturizer)ပါပဲ။ အရေပြားရဲ့ သဘာဝ pH ကိုလည်း ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပပ်မှာ အရောင်ကျစေတဲ့အာနိသင်ရှိတဲ့အတွက် ခြောက်သွေ့ယားယံတဲ့ အရေးပြာအတွက်လည်း အကျိုးပြုပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို အသားအရေ အတွက်လိမ်းတဲ့အလှကုန် ပစ္စည်းတွေမှာ အဆီ ဒါမှမဟုတ် ပေါင်ဒါလိုမျိုး ပါဝင်ပစ္စည်းတွေနဲ့ ရောစပ်ထည့်သွင်း ကြပါတယ်။
မျက်နှာပေါ်မှအမဲစက်များအတွက် 👉
ပျိုမေများရာသီမမှန်လို့ မျက်နှာမှာ အမဲစက်များ ဖြစ်ပေါ်လာလျှင် ရှားစောင်းလက်ပပ်၏ အတွင်းသားအနှစ်ကိုခြစ်ယူပြီး သကြား အနည်း ငယ်ရောပြီး စားသုံးနိုင်ပါသည်။💁🏼‍♀️
ပုံမှန်စားသုံးပေးပါက အမဲစက်များ ပါးသွားပါမည်။
Wednesday, January 31, 2024
ကော်ဖီအကြောင်း (Coffee)
 ကော်ဖီအကြောင်း (Coffee)
***************************
            (၁၇) ရာစု မတိုင်မီက ဥရောပတိုက်ရှိ လူများသည် ကော်ဖီကို သောက်ရမှန်း မသိခဲ့ကြပေ။ ထိုစဉ်က အက်ဗီဆီးနီးယား နိုင်ငံနှင့် အာရေဗျ ကျွန်းဆွယ်တို့၌ ကော်ဖီကို မြိန်ရှက်စွာ သောက်သုံးနေကြပြီဖြစ်သော်လည်း မည်သည့်အချိန်က စတင် သောက်သုံးခဲ့ကြသည်ကို အတိအကျ မပြောနိုင်ကြချေ။
စတင်တွေ့ရှိပုံ
           ကော်ဖီကို စတင်တွေ့ရှိပုံ အကြောင်းနှင့် စပ်လျဉ်း၍ သမိုင်းပုံပြင် အမြောက်အမြားရှိသည်။ (၃) ရာစုနှစ် အကုန်လောက်တွင် အာရေဗျမှ ခရစ်ယာန် ဘုန်းတော်ကြီး တစ်စုသည် နှိပ်စက် ညှဉ်းပန်းမှု ဘေးရန်များကြောင့် အက်ဗီဆီးနီးယား နိုင်ငံရှိ တောတောင် ထူထပ်ရာ ဒေသသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။ တစ်ခါသော် ထိုဘုန်းတော်ကြီးများ မွေးမြူထားသည့် သိုးနှင့် ဆိတ်တို့သည် ညရောက်သော်လည်း အိပ်စက်ခြင်း မရှိပဲ မြူးထူး ခုန်ပေါက်၍ သွားလာနေကြသည်ကို တအံ့တဩ တွေ့မြင်ကြရသည်။ ညဆက်တိုက်ပင် ထိုသို့ ဖြစ်နေသည့်အတွက် ဘုန်းတော်ကြီးများသည် သိုးနှင့် ဆိတ်တို့ စားသောက်လေ့ရှိသော သစ်ပင်များကို လိုက်လံ စစ်ဆေး၍ စားသုံးကြည့်ရာမှ အပင်တစ်မျိုး၏ အရွက်နှင့် အသီးတို့ကြောင့် ဖြစ်ရကြောင်း တွေ့ရှိရလေသည်။ ထိုအပင်မှာ ကော်ဖီပင် ဖြစ်၍ ကော်ဖီရွက်နှင့် ကော်ဖီသီးများကို စားသုံးမိသော ဘုန်းတော်ကြီးများမှာ စိတ်ရွှင်မြူး၍ အိပ်မပျော်နိုင်အောင် ဖြစ်ရသည်ဆို၏။ ထိုသမိုင်း ပုံပြင်မှာ ယုံတမ်းမျှသာ ဖြစ်နိုင်သော်လည်း (၁၅) ရာစုနှစ်ခန့်က မက္ကာမြို့သို့ ဘုရားဖူးသွားကြသော မွတ်စလင်တို့သည် ညဘက် တရားအားထုတ်ချိန်များ၌ အိပ်ငိုက်ပြေစေရန် ကော်ဖီစေ့ကို လှော်၍ အမှုန့်ကြိတ်ပြီးလျှင် ရေတွင်ဖျော်ကာ သောက်သုံးခဲ့ကြကြောင်း အထောက်အထားများ ရှိလေသည်။ နောင်သော် ကော်ဖီ သောက်ခြင်းအလေ့သည် တစ်စတစ်စ ပျံ့နှံ့လာပြီးလျှင် တရုတ် နိုင်ငံ၌ လက်ဖက်ရည်ကို ကြိုက်နှစ်သက်သကဲ့သို့ပင် အာရေဗျ ကျွန်းဆွယ်၌လည်း ကော်ဖီကို အထူး နှစ်သက်လာကြလေသည်။
ပျံ့နှံ့သွားပုံ
          အေဒီ (၁၃)ရာစုတွင် အီသီယိုးပီးယားနိုင်ငံမှ ဆိတ်ကျောင်းသား ကယ်(လ်)ဒီမှ စတင်တွေ့ရှိခဲ့ပါသည်။ ဆိတ်ကျောင်းရင်း ဆိတ်များ အသီးတစ်မျိုးကို စားမိပြီး မြူးထူးခုံပေါက်နေသည်ကို သတိထားမိပြီး မိမိကိုယ်တိုင်မြည်းစမ်းကြည့်ရာမှ ကော်ဖီကိုစတင်သတိပြု သောက်သုံးခဲ့ပါသည်။
ကော်ဖီပေါက်ရောက်ရာအရပ်ဒေသများ
         ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုတွင် ထိပ်ဆုံးမှ ဦးဆောင်ပါဝင်သည်။ ကမ္ဘာပေါ်တွင် ဘရာဇီးနိုင်ငံနှင့် အနောက် အိန္ဒိယ ကျွန်းစုတို့မှအပ ကော်ဖီကို အကြီးအကျယ် စိုက်ပျိုးသော ဒေသများမှာ အမေရိကတိုက် အလယ်ပိုင်း ၊ မက္ကဆီကို ၊ အာရေဗျကျွန်းဆွယ် ၊ အာဖရိကတိုက်နှင့် အိန္ဒိယနိုင်ငံရှိ အချို့ဒေသများ ၊ သီဟိုဠ်ကျွန်း ၊ ဆူမတြာကျွန်း ၊ ဂျာဗားကျွန်းနှင့် ပစိဖိတ် သမုဒ္ဒရာရှိ ကျွန်းများ ဖြစ်ကြသည်။
ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု
         ကော်ဖီပင်သည် ပူနွေးသော တိုင်းပြည်များ၌ အထူးသဖြင့် ပင်လယ်ပြင်အထက် ပေပေါင်း ၁၂ဝဝ နှင့် ပေ ၂ဝ⁠ဝဝ ကြား ရှိ ရေကောင်းစွာရသော ကုန်းမြင့်ဒေသများတွင် ကောင်းစွာ ဖြစ်ထွန်းလေ့ရှိသည်။ ကော်ဖီပင်သည် အမြဲစိမ်းအပင် ကလေးမျိုး ဖြစ်၍ အလိုအလျောက် ပစ်ထားလျှင် ပေ ၂ဝ ကျော်မြင့်တတ်သည်။ သို့သော် စိုက်ပျိုးထားသော ခြံများတွင် အသီးများကို လွယ်လင့်တကူ ဆွတ်ခူးနိုင်စိမ့်သောငှါ အပင်များကို ချိုင်ပေးလေ့ ရှိကြသည်။ ကော်ဖီပင်တွင် အရွက်နှင့် အကိုင်းများဆုံသည့် အရွက်ညှာခွများတွင် အလွန်မွှေးကြိုင်သည့် ပန်းဖြူများ အစု လိုက်ပွင့်တတ်ကြသည်။ ကော်ဖီပင်များသည် ၃ နှစ်သားအရွယ် ခန့်တွင် စတင်သီးပွင့်လာကြ၍ ၅ နှစ်သားအရွယ်တွင် သီးအား ပြည့်စုံလာသည်။ တစ်ပင်လျှင် အနှစ် ၂ဝမျှကြာအောင် သီးပွင့် လေ့ရှိသည်။ အသီးများသည် ပထမ၌ အစိမ်းရောင်ဖြစ်၏။ ထိုနောက် ဝါလာပြီးလျှင် နောက်ဆုံးတွင် နီသွားသည်။ ရာသီဥတုကောင်းသော ဒေသများတွင် ကော်ဖီပင်သည် တစ်နှစ်လျှင် နှစ်ကြိမ်သုံးကြိမ်တိုင်အောင် ပွင့်နိုင်သီးနိုင်၍ တစ်ပင်တည်း မှာပင် အပွင့်နှင့်အသီးစိမ်း၊ အသီးမှည့်များကို တစ်ပြိုင်နက် တွေ့ရတတ်သည်။
          ကော်ဖီသီးများ မှည့်သောအခါ အသီးများကို ခူး၍ဖြစ်စေ၊ အောက်မှ အဝတ်ခံကာ အပင်ကို လှုပ်ပေး၍ ဖြစ်စေ သိမ်းယူ ရသည်။ ထိုနောက် နည်းအမျိုးမျိုးဖြင့် အခြောက်လှမ်းခြင်း၊ အစေ့ချွတ်ထုတ်ခြင်းများ ပြုလုပ် ကြသည်။ သို့သော် အသီး မှည့်တွင် အစေ့အပြင်ဖက်၌ အသားဖတ် ရှိနေရုံမက အစေ့ ပေါ်တွင်လည်း အမြှေး ခွံများ ၂ထပ်မျှ ကပ်နေသေးသည့် အတွက် အစေ့ချွတ်သည့်အလုပ်မှာ မလွယ်ကူလှပေ။ အစေ့ များမှ အမြှေး စင်သွားအောင် လုပ်ရာတွင် အစေ့များကို တစ်နည်း⁠နည်းနှင့် အခြောက်လှန်းပြီးနောက် ဒလိမ့်များနှင့် လိမ့်ပေးခြင်း၊ ပွတ်ထုတ်ပစ်ခြင်းများ ပြုလုပ်ရသည်။ နောက်ဆုံး ၌ အစေ့များကို ချွတ်ပြီးသောအခါ အရွယ်အလိုက် အစားစားခွဲ ပြီးလျှင် အိတ်ကြီးများတွင်ထည့်၍ နိုင်ငံခြားသို့ တင်ပို့ရောင်းချ ကြသည်။
        အနံ့အရသာနှင့် ပြည့်စုံသည့် ကော်ဖီကို သောက်သုံးနိုင်ရန် အတွက် ကော်ဖီစေ့ အစိမ်းများကို ညိုဝါရောင် ရအောင် လှော်ပေးရသေးသည်။ ဤသို့ လှော်ပေးရာတွင် ဂရုတစိုက် ပြုလုပ် ရန် လို၏။ သို့မဟုတ်လျှင် လိုသည့်အနံ့အရသာ ထွက်မလာဘဲ နေတတ်သည်။ ရှေးက ကော်ဖီစေ့များကို အိမ်မှာပင် လှော်ယူကြ သော်လည်း ယခုအခါ၌မူ ဤအလုပ်ကို ရုံကြီးများတွင် အကြီးအကျယ် လုပ်ကိုင်လျက်ရှိပေပြီ။ ကော်ဖီစေ့များကို လှော်ပြီးသော အခါ အမှုန့်ကြိတ်ရပြန်၏။ ကော်ဖီအမျိုးမျိုးကို ရောစပ်ရာတွင် အချို့အလုပ်ရုံကြီးများ၌ အရသာ ကောင်းမကောင်းကို စမ်းသပ် ရန်အတွက် ကျွမ်းကျင်သော ပုဂ္ဂိုလ်များကိုပင်လျှင် ငှါးရမ်းထား ကြရသည်။ ကော်ဖီကို အမှုန့်ကြိတ်ပြီးလျှင်ပြီးခြင်း ဖျော်သောက် နိုင်လျှင် အကောင်းဆုံး ဖြစ်သည်ကို တွေ့ရသည်။
        ကော်ဖီတွင် ကက်ဖီအင်း(Caffeing)ခေါ် ဓာတ်တစ်မျိုး ပါဝင်သည်။ ထိုဓာတ်များ လက်ဖက်ခြောက်တွင် ပါဝင်သော သီးအင်းနှင့် အတူတူပင် ဖြစ်သော်လည်း သီးအင်းဓာတ်ထက် ပို၍ပြင်းသည်။ ကာဖီကို စွဲခြင်းမှာ ထိုဓာတ်ကြောင့်ပင် ဖြစ်၏။ ကော်ဖီကို အားပျော့စေလိုလျှင် အခြားပစ္စည်းများ ရောစပ်ပေးခြင်းဖြင့် ထိုဓာတ်ကို လိုသလောက် လျော့ချထားနိုင်သည်။ အထူးသဖြင့် ဥရောပတိုက်တွင် ချစ်ကိုရီခေါ် သစ်မြစ်တမျိုးကို အမှုန့်ကြိတ် ၍ ကာဖီနှင့် ရောစပ်ကာ ရောင်းချသောက်သုံးလေ့ရှိကြသည်။ အချို့ မရိုးဖြောင့်သော ကုန်သည်များသည် ချစ်ကိုရီသာမက အခြားသစ်မြစ် သစ်စေ့များနှင့် တမင်တကာ ရောစပ်၍ ရောင်းချသည့်အခါမျိုးလည်း ရှိသေးသည်။
        ကော်ဖီအမျိုးပေါင်း ၈ဝ ခန့်ရှိ၏။ သို့သော် အာရေဘီးယန်းနှင့် လိုက်ဘေးရီးယန်းကော်ဖီပင် နှစ်မျိုးကိုသာ အများအပြား စိုက်ပျိုး လေ့ရှိကြပေသည်။ ကမ္ဘာပေါ်တွင် ဘရာဇီးနိုင်ငံနှင့် အနောက် အိန္ဒိယကျွန်းစုတို့မှလွဲ၍ ကော်ဖီကို အကြီးအကျယ် စိုက်ပျိုးသော ဒေသများမှာ အမေရိကတိုက် အလယ်ပိုင်း၊ မက္ကဆီကိုနိုင်ငံ၊ အာရေဗျကျွန်းဆွယ်၊ အာဖရိကတိုက်နှင့် အိန္ဒိယနိုင်ငံရှိ အချို့ ဒေသများ၊ သီဟိုဠ်ကျွန်း၊ ဆူမတြာကျွန်း၊ ဂျားဗါးကျွန်းနှင့် ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ ကျွန်းများ ဖြစ်ကြသည်။
      ကော်ဖီကို ဖျော်သောက်ရာတွင် ရေဆူ⁠ဆူဖြင့် ကောင်းစွာ နှပ်ပေးဖို့ အရေးကြီးသည်။ ကာဖီရည်ကို သူ့ချည်းသက်သက် သောက်သူလည်းရှိ၍၊ နွားနို့သကြားတို့နှင့်ဖြစ်စေ၊ ကြက်ဥ အကာနှင့်ဖြစ်စေ၊ ဖျော်သောက် သူများလည်း ရှိသည်။ အချို့ ပျော်ပွဲစားရုံကို ယခုအခါ ကာဖေးဟုလည်း ခေါ်လေ့ရှိကြရာ ထိုစကားမှာ ကော်ဖီ သို့မဟုတ် ကော်ဖီဆိုင်ဟု အဓိပ္ပါယ်ရသော ပြင်သစ်စကားဖြစ်သည်။
ကော်ဖီနှင့် ကျန်းမာရေး
      ကော်ဖီသည် ကျန်းမာရေးအတွက် နည်းလမ်းအချို့ဖြင့် အကျိုးပြုသည်။ ဥပမာ - အမျိုးသား ၄၆၀၀၀ ကျော်အား လေ့လာမှုတစ်ခုအရ တစ်နေ့လျှင် ကော်ဖီ (၂-၃) ခွက် သောက်သူ အမျိုးသားများတွင် သည်းခြေအိတ် ကျောက်တည်ရောဂါဖြစ်နှုန်း ၃၀ မှ ၄၀ ရာခိုင်နှုန်းအထိ လျှော့ကျသွားကြောင်း၊ ၄ ခွက်ထက် ပိုသောက်လျှင် ၅၀ ရာခိုင်နှုန်းအထိ လျှော့ကျကြောင်း တွေ့ရှိခဲ့ရသည်။ ဤသို့သော ကျန်းမာရေးအကျိုးပြုမှုများ ကော်ဖီတွင် ပါရှိသည်။ သို့သော် ကော်ဖီကို ဖြည့်စွက်အာဟာရအနေဖြင့် မသုံးထိုက်ပါ။ ကော်ဖီတွင် ပါရှိသော ကဖိန်းဓာတ်သည် အလွန်အကျွံသောက်လျှင် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ များများသောက်လျှင် သွေးတိုးခြင်း၊ ရင်တုန်ခြင်း၊ ကတုန်ကရင်ဖြစ်ခြင်း၊ စိတ်မငြိမ်မသက်ဖြစ်ခြင်း စသည့် ဆိုးကျိုးများကို ခံစားရသည်။ ထို့ကြောင့်ပင် အထက်တွင်ဖော်ပြခဲ့သော အစီရင်ခံစာ၌ ထိုကဲ့သို့ ဆိုးကျိုးများရှိသဖြင့် ကျောက်တည်ရောဂါကာကွယ်ရန် အသုံးပြုဖို့ မထောက်ခံကြောင်း ဆက်လက်တင်ပြထားသည်။
မြန်မာ့ကော်ဖီ
       မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးမှုသည် ၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ပြည့်နှစ်အကြား ဧကနှစ်သိန်းထိ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ ခန့်မှန်းတွက်ချက်ထားသခဲ့သို့ မြန်မာနိုင်ငံ၏ ကော်ဖီ စိုက်ပျိုးမှုကို တိုးချဲ့ဆောင်ရွက်နိုင်ပါက ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန်ခြောက်သောင်းအထိ ရှိလာမည်ဖြစ်သည်။ မြန်မာနိုင်ငံထွက်ကော်ဖီတို့ကို အမေရိကန်နိုင်ငံ၊ ဥရောပ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်ဝမ်သို့ တင်ပို့ရောင်းချလျက်ရှိသည်။ အမေရိကန်နိုင်ငံကဲ့သို့သော တင်ပို့သည့် အရည်သွေးမြင့် မြန်မာကော်ဖီသည် တစ်တန်လျင် အမေရိကန်ဒေါ်လာ ၇၀၀၀ခန့်ရရှိသည်။ လက်ရှိချိန်၌ မြန်မာနိုင်ငံ၏ နှစ်စဉ်ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၇၀၀၀ ခန့်ရှိ၍ ထက်ဝက်ခန့်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။
ကြောင်ကတိုးကော်ဖီ
        ကြောင်ကတိုးခေါ် ကြောင်နံ့သာ တိရစ်ဆာန်သည် နို့တိုက်သတ္တဝါများဖြစ်ကြသည်။ ကြောင်ကတိုးများကို အာဖရိကနှင့် အာရှဒေသများတွင် တွေ့ရလေ့ရှိပြီး ကမ္ဘာ့ဈေးအကြီးဆုံးကော်ဖီကို ပြုလုပ်ပေးနိုင်သည်။ ကြောင်ကတိုးမှ ပြုလုပ်ပေးသော ကော်ဖီသည် အမေရိကန် ဒေါ်လာ ၆၀၀ တန်သည်။ အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားမှ လယ်သမားတစ်ဦးသည် အရင်ဆုံး ကော်ဖီသီးလေးများကို ရွေးထုတ်ကာ ကြောင်ကတိုးများကို ကော်ဖီသီးများ ချကျွေးပါသည်။ ကြောင်ကတိုးများသည် ကော်ဖီသီးလေးများကို စားသုံးကြသည်။ ကြောင်ကတိုး၏ အင်ဇိုင်းစနစ် အတွင်းမှာ အစာခြေမှု ပြုလုပ်နေစဉ်အတွင်း ကော်ဖီအစေ့လေးများ ရောနှောသွားပါသည်။ ကြောင်ကတိုးမစင်များကို လက်အိတ်နှင့် လိုက်ကောက်ရပါသည်။ ဤစားသောက်ဖွယ်ရာ ကော်ဖီ၏ အရသာ ရလဒ်ကို ပျက်မှာစိုးသည့်အတွက် လက်အိတ်ကို အသုံးပြုရပါသည်။ မစင်စွန့်ထုတ်၍ ရရှိလာသော ကော်ဖီစေ့များကို စင်ကြယ်စွာ ဆေးကြော ပြုလုပ်ရပါသည်။ ထို့နောက် ကော်ဖီစေ့များကို လှော်၍ အမှုန့်ကြိတ်ကာ ကြောင်ကတိုးကော်ဖီ ရရှိလာပါသည်။ ကြောင်ကတိုး ကော်ဖီသည် အလွန်ကောင်းမွန်၍ ခါးသက်သော အရသာရှိသည့် ကော်ဖီဖြစ်ပြီး သောက်ဘူးသူတိုင်း စွဲလန်းနှစ်သက်ကြပေသည်။ ထိုင်းနိုင်ငံတွင် ကြောင်ကတိုး ကော်ဖီအပြင် ဆင်၏ချေးမှရရှိသော ကော်ဖီလည်း ရှိပါသေးသည်။
ဆင်၏မစင်မှရသောကော်ဖီ
       ဘန်ကောက်- ထိုင်းနိုင်ငံ၏ နာမည်ကြီး ဟိုတယ်တစ်ခုဖြစ်သည့် Anantara ဟိုတယ်တွင် ဆင်၏ချေးမှရရှိသော ကော်ဖီကို ရောင်းချလျက်ရှိသည်။ ၎င်းကော်ဖီကို The Black Ivory ဟု အမှတ်တံဆိပ်ပေးထားပြီး ၎င်းမှာ ဆင်ကို ကော်ဖီသီးများကျွေး၍ အစာခြေစေသည်။ ထို့နောက် အစာ ဟောင်းအဖြစ် စွန့်လိုက်သော ဆင်၏ မစင်မှ ကော်ဖီစေ့များကို ပြန်လည်ကောက်ယူ အခြောက်လှန်းပြီး အမှုန့် ကြိတ်၍ ကော်ဖီမှုန့်အဖြစ် ထုတ်လုပ် ခြင်းဖြစ်သည်။ ယင်းကော်ဖီမှုန့်ဖြင့် ဖျော်သည့် ကော်ဖီကို တစ်ကီလိုဂရမ်လျှင် အမေရိ ကန်ဒေါ်လာ ၁,၁၀၀ ဖြင့် ရောင်းချသည်။
သုတေသနပြု လေ့လာချက်များအရ အစာခြေနေစဉ် တွင် ဆင်၏ခန္ဓာကိုယ်မှ အင်ဇိုင်းဓာတ်များသည် ကော်ဖီ၏ ပရိုတင်းဓာတ်ကို ချေဖျက်ပစ်လိုက်သည်။ ကော်ဖီ၏ ခါးသက်သော အရသာမှာ ယင်းပရိုတင်းဓာတ်ကြောင့် အဓိက ဖြစ်၍ ပရိုတင်းဓာတ်နည်းပါးသွားလျှင် အခါးအရသာ မရှိသလောက်ဖြစ်သွား သည်ဟု ဆိုသည်။ ထိုင်းအခြေစိုက် Anantara ဟိုတယ်လုပ်ငန်းတစ်ခုက ၎င်းတို့၏ ဆင်ကယ်ဆယ်ရေးစခန်းတွင် ဆင်ထိန်းများနှင့်အတူ ဆင်အကောင် ရေ ၃၀ ခန့် ထားရှိသည်။ ထိုင်းဟိုတယ်၏ ဆင်ချေး ကော်ဖီမှာ နှစ်ခွက်လျှင် အမေရိကန် ဒေါ်လာ ၅၀ ရောင်းချပြီး ကြောင်ကတိုး ကော်ဖီမှာ တစ်ကီလိုဂရမ်လျှင် ၇၄၈ ဒေါ်လာကုန်ကျသည်။ 
Crd - Dr.Lotus Black
Saturday, December 9, 2023
နှစ်တရာပင် (Ginkgo)
 Myanmar name: နှစ်တရာပင်
ယနေ့ကမ္ဘာမှာ ၎င်းအပင်ကို Ginkgo လို့ ခေါ်ပါတယ်။ Ginkgo ဟူသောအသုံးအနှုန်းမှာ ဂျာမန်လူမျိုး ရုက္ခဗဒပညာရှင်ကြောင့် ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ၁၆၉၀ ပြည့်နှစ်တွင် ဂျပန်ဘုရားကျောင်း၀င်းဥယျာဉ်တစ်ခုထဲတွင် အပင်များကို လေ့လာရင်း ဂျပန်အခေါ် Ginkgo (ဂျင်ကျို)ပင်ကို စတင်တွေ့ရှိ ခဲ့ပါတယ်။ ထိုဂျာမန်ပညာရှင်က ဂျင်ကျိုပင်ကို လေ့လာ၍ သုတေသနများစွာ လုပ်ခဲ့ပါတယ်။ ၁၇၁၂ ခုနှစ်မှာ Ginkyo ဂျပန်အသံထွက်ကိုလိုက်ပြီး Ginkgo ဟု ရေးသားဖော်ပြ ရာမှအစပြု၍ ၎င်းအပင်ကို Ginkgo Biloba ဟု အမည်တွင်ခဲ့ပါတယ်။ ရုက္ခဗဒအရ Ginkgoaceae မျိုးရင်းဖြစ်ပြီး မျိုးစိတ်မှာ Ginkgoales ဖြစ်ပါတယ်။
လွန်ခဲ့သော နှစ်သန်းပေါင်း ၂၇၀ ကျော်က Ginkgo ပင်၏ ကျောက် ဖြစ်ရုပ်ကြွင်းကို တွေ့ရှိ ခဲ့ရတာကြောင့်လည်း ပြည်ပနိုင်ငံတော် တော်များများက နှစ်တစ်ရာပင် ကို ကမ္ဘာဦးပင်လို့လည်း ခေါ်ကြပါတယ်။
သက်ရှိအပင်တွေထဲတွင် သက်တမ်း အရှည်ကြာဆုံးနှင့် ရာသီဥတုဒဏ္ကို အခံနိုင်ဆုံးသော အပင်အမျိုးအစား ဖြစ်ပါတယ်။ ပင်ရင်းဒေသမှာ တရုတ်ပြည်ဖြစ်ပြီး တရုတ်လူမျိုးများက ယင်ရှင် ့လို့သုံးကာ ငွေရောင်အဆင်းရှိေ သာ တရုတ်ဆီးသီးဟု အဓိပ္ပါယ် ပါတယ်။ ယင်ရှင့်မှ ရင်းကော၊ ရင်းကောမှပိုင်ကောလို့ ခေါ်ဆိုလာကြပြီး နောက်၄င်းတရုတ်အမည် ပိုင်ကောကို မြန်မာမှုပြု၍ ပဲကော (နှစ်တစ်ရာပဲ)ဟု အမည်တွင်ဖြစ်ပါတယ်။ အမည်တွင် ပဲ ဟုပါရှိသော်လည် ပဲစေ့အမျိုး အစားမဟုတ်ပါ။ ချို၊ ဆိမ့်၊ ခါးသက်ရသာ သုံးမျိုးရောထားသည့် အရသာထူးလွေသာ အစေ့ဖြစ်ပါတယ်။ ပဲကောစေ့ကို ကြော်စားလေ့ရှိကြသလို စွပ်ပြုတ်အဖြစ်လည်း သောက်သုံးကြ ပါတယ်။ တရုတ်ရိုးရာ ဟင်းလျာအမျိုးမျိုးတွင် ချက်ပြုတ်လေ့ရှိကြပြီး ကိုရီးယားနိုင်ငံ၏ မင်္ဂလာဆောင်ပွဲ များနှင့်ရိုးအစားအစာများတွင်လည်း ပဲကောစေ့ကို အသုံးပြု ကြပါတယ်။
ထူးခြားဆန်းပြား နှစ်တစ်ရာပဲပင်များ
နှစ်တစ်ရာပဲပင်၏ အသက်ရှည်သော အစွမ်းသတိ်္တမှာ အံ့မခန်းပါ။ ၁၉၄၅ ခုနှစ် ဒုတိယကမ်ဘာစစ်ကြီးတွင် ဂျပန်နိုင်ငံ ၏ဟီရိုရှီးမားနှင့် နာဂါစကီမြို့တို့ကို အဏုမြူဗုံးကြဲချခံရပြီး ၄င်းမြို့ များနှင့်ပတ်၀န်း ကျင်များတွင်လည်း ပြာပုံအတိ လောင်မီးကျခဲ့ပါတယ်။ အဏုမြူဗုံးပေါက်သော နေရာနှင့် ၂ ကီလိုမီတာ အတွင်း မှာရှိနေသော Ginkgo Biloba အပင်သည်လည်း မီးသွေးခြောက်ဘ၀ရောက်ခဲ့ပါတယ်။ သို့သော် မီးသွေးခြောက်ဖြစ်နေသော ၎င်းအပင်ဟာ ဗုံးဒဏ်သင့်ပြီး ရက် ၂၀ ခန့်အကြာတွင် အရွက်နုများပြန်၍ ထွက်လာသည်ကို အံ့သြဖွယ်တွေ့မြင်ကြ ရပါတယ်။ ဒါကြောင့် ၎င်းအပင်အမျိုးအစား ကို နျူကလီးယား ဗုံးပေါက်ပြီး မသေတဲ့အပင်၊ ၎င်းအသီးကို မသေသီးဟုဆို ကြကာ ဆေးပညာရှုထောင့်မှနေ၍ ၀ိသေသကို ထုတ်ဖော်ပြောဆိုလာကြတယ်။
နှစ်ပေါင်းထောင်နှင့်ချီ၍ အသက်ရှည်သော အပင်ဖြစ်ပြီး တရုတ်ပြည်၏ ရှန်ဟိုင်းဒေသတွင် နှစ် ၁၅၀၀ ကျော် သက်တမ်းရှိသော Ginkgo ပင်ကို တွေ့မြင်နိုင်ပါတယ်။ အေးမြ၍ စွတ်စိုသော ဒေသများ တွင်ဖြစ်ထွန်းပြီး အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ၊ ဂျပန်၊ ကိုရီးယား တို့တွင်လည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံ ၏ပြင်ဦးလွင် နှင့်မြန်မာ ပြည်မြောက်ပိုင်း တို့တွင် နှစ်တစ်ရာပဲပင်များ ဖြစ်ထွန်းကြပြီး ယနေ့ပြင်ဦးလွင်၏ ရုက္ခဗေဒ ဥယျာဉ်ထဲတွင် နှစ်ပေါင်း ၅၀၀ ကျော်ပြီဖြစ်သော Ginkgo Biloba ပင်ကို တွေ့မြင်နိုင်ပါတယ်။
နှစ်တစ်ရာ ၏ ထူးခြားချက်များဟာ လေဒဏ်၊ မိုးဒဏ်သာမက ပိုးမွှားဒဏ်တွေပါ ကာကွယ်ပေးနိုင်ပါ တယ်။ ပြင် လေထုညစ်ညမ်းမှုကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ပြီး မသန့်ရှင်းသော လေကိုစုပ်ယူ၍ သန့်ရှင်းေ သာအောက်ဆီဂျင်ကို ပြန်လည်ထုတ်ပေးနိုင်သောအ ပင်အမျိုးအစား ဖြစ်ပါတယ်။ ရေစီးရေလား ပြား နှစ်တစ်ရာပဲ ပင်များနှစ်တစ်ရာပဲပင်၏ အသက်ရှည်သောကောင်း မွန်သောနေရာများမှာ အဓိကပေါက်ရောက်ကြပါတယ်။ အရွက်၏ ပုံသဏ္ဌာန်မှာ အ၀ိုက်နှစ်၀ိုက်ပါသော ယပ်တောင်ပုံစံ ဖြင့်လှပပါတယ်။ အရွက်၏ထူးခြားချက်မှာ ပုံမှန်အားဖြင့် အစိမ်းရောင်ရှိ၍ နွေရာသီတွင် စိမ်းနေသောအရွက်ဟာ ဆောင်းဦးပေါက်ရောက်သောအခါ အဝါရောင် ပြောင်းသွားပါတယ်။ ဝါပြီးနောက် ရက်သတ္တတစ်ပတ်မှ တစ်လအတွင်း အရွက်ကြွေကျပါတယ်။ ဆောင်းဦးရွက်ကြွေ အပင်မျိုးဖြစ်ပါတယ်။
အပင်မှာ အဖိုပင်၊ အမပင်နှစ်မျိုးရှိပါတယ်။ အမပင်မှ အသီးသီး၍ ထိုအသီးတွင် အခွံနှစ်ခုပါရှိနေပြီး နူးညံ့၍ အရည်ရွှမ်းသော အပြင်ခွံနှင့် မာသောအတွင်းအခွံ တို့ဖြစ်ကြပါတယ်။ နူးညံ့သော အပြင်ခွံမှ နှစ်လိုဖွယ်ရာ မရှိသော ရနံ့ကိုထုတ်လေ့ ရှိပါတယ်။ မာသောအတွင်းခွံကို ဖယ်လိုက်ပါက အစေ့ကို ရရှိပါတယ်။ ၎င်းင်းအစေ့ကို ပဲကော (နှစ်တစ်ရာပဲ)အဖြစ် နှစ်ခြိုက်စွာ စားသုံးကြပါတယ်။
နှစ်တစ်ရာပင်နှင့်ကျန်းမာရေး
အသီးသာမက အရွက်တွေပါဆေးဖက်၀င်ကာ သမိုင်းမတင်မီ ခေတ်ကတည်း ကစ၍ ဆေးဝါးအဖြစ် သုံးစွဲလာခဲ့ကြပါတယ်။ USDA ခေါ် အမျိုးသား အာဟာရပြုအဖွဲ့မှ လေ့လာမှုအရ ၁၀၀ ဂရမ်အလေးချိန်ရှိသော ပဲကောစေ့တွင် ခွန်အား ၁၈၂ ကယ်လိုရီ၊ ကစီဓာတ် ၃၇ ဒသမ ၆ ဂရမ်၊ ပရိုတင်း ၄ ဒသမ ၃၂ ဂရမ်၊ အဆီဓာတ် ၁ ဒသမ ၆၈ ဂရမ်၊ ဖောလိပ် ၅၄ မိုက်ခရိုဂရမ်၊ နီအာစင်း ၆ မီလီဂရမ်၊ ပန်တိုသနစ်အက်စစ် သုည ဒသမ ၁၆ မီလီဂရမ်၊ ပိုင်ရီဒေါက်ဆင်း သုည ဒသမ ၃၂၈ မီလီဂရမ်၊ ရီဘိုဖလာဗင် သုည ဒသမ ၁၆ မီလီဂရမ်၊ သီအာမင် သုည ဒသမ ၂၂ မီလီဂရမ်၊ ဗီတာမင်အေ ၅၅၈ IU ၊ ဗီတာမင်စီ ၁၅ မီလီဂရမ်၊ ဆိုဒီယမ် ၇ မီလီဂရမ်၊ ပိုတက်စီယမ် ၅၁၀ မီလီဂရမ်၊ ကယ်လ်စီယမ် ၂ မီလီဂရမ်၊ ကော့ပါး သုည ဒသမ ၂၇၄ မီလီဂရမ်၊ သံဓာတ် ၁ ဒသမ ၀၀ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၂၇ မီလီဂရမ်၊ မဂ္ဂနီးစ် သုည ဒသမ ၁၁၃ မီလီဂရမ်၊ မီးစုန်း ၁၂၄ မီလီဂရမ်နှင့် ဇင့် သုည ဒသမ ၃၄ မီလီဂရမ်တို့ အသီးသီးပါရှိနေကြပါတယ်။
အရွက်နှင့်ကျန်းမာရေး
အရွက်ထဲတွင် ဖလေဗိုနွိုက်ဓာတ်နှင့် တာပင်းနွိုက်ဓာတ် တွေပါရှိနေကြပြီး ၄င်းဓာတ်ပေါင်းစုက အောက်ဖော်ပြပါကျန်းမာ ရေးအကျိုးအာနိသင် တွေဖြစ်စေပါတယ်။ အရွက်ကို ရေနွေးဆူဆူတွင်ခတ်၍ သောက်သုံးပေးပါ။
အနောက်နိုင်ငံများတွင် အရွက်မှ အဆီအနှစ်ထုတ်ယူပြီး ဆေးဝါးဖော်စပ် ကြပါတယ်။ အမေရိကန်နိုင်ငံ ၏ရောင်း အားအကောင်းဆုံး ဆေးဖက်၀င်အပင် တစ်မျိုးလည်းဖြစ်ပါတယ်။ အရွက်တွင်ပါ၀င်သော ဓာတ်ပေါင်းစုများက လူ့ခန္ဓာ ကိုယ်ရှိ ဆံခြည်မျှင် သွေးကြောလေးများကို သွေးကောင်းစွာ လှည့်ပတ်စီးဆင်း စေပါတယ်။ ခြေဖျား၊ လက္ဖ်ား၊ နားရွက်၊ မ်က္စိ၊ ဦးနှောက်၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အသည်း စသည့်တစ်သျှူးများထံသို့ ဆံခြည်မျှင် သွေးကြောများ မှတစ်ဆင့် အောက်ဆီဂျင် ရောက်အောင် ပို့ဆောင်ပေးနိုင် စွမ်းရှိပါတယ်။ ဆီးချို၊ သွေးချိုရောဂါ၏ နောက်ဆက်တွဲ ဝေဒနာဆိုးများဖြစ် ကြသော မျက်စိကွယ်ခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း၊ ထုံကျင်ခြင်း၊ သတိမေ့လျော့ခြင်း၊ ပန်းသေပန်း ညှိုးဖြစ်ခြင်း၊ ခြေထောက်ဖြတ်ရခြင်း၊ အနာမကျက် ခြင်းတို့အတွက် နှစ်တစ်ရာပင်၏အရွက်က ကောင်းကျိုးပြုပေးနိုင်ပါတယ်။ သွေးကြောပိတ်၍ လေဖြတ်ခြင်း၊ ရုတ်တရက်နှလုံး တိုက်ခိုက်ခံရခြင်း၊ သွေးကြောနံရံ ထူ၍ သွေး ကြောကျဉ်း ခြင်းတို့မှလည်း ကာကွယ်ပေးနိုင်ပါတယ်။ သွေးတိုးရောဂါသည်များအတွက် နှစ်တစ်ရာပင်၏အရွက်ကို အားကိုးထိုက် ပါတယ်။
နှစ်တစ်ရာပဲ(ပဲကော)နှင့်ကျန်းမာရေး
ပဲဟုခေါ်သော်လည်း အမှန်စင်စစ်ပဲ အမျိုးအစားမဟုတ်ပါ။ Ginkgo Biloba သီးအတွင်း မှရရှိသော အစေ့ဖြစ်ပါတယ်။ ကိုယ်တွင်းကိုယ် ရောင်ရမ်းနာများ ဖြစ်နိုင်ခြေအလား အလာများကို လျှော့ချပေးနိုင်ပါတယ်။ ပဲကောစေ့ထဲတွင် စွမ်းအားပြည့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများပါရှိနေကြပြီး ၄င်းပစ္စည်းများက ခန္ဓာကိုယ်တွင်းရှိ ဖရီးရယ်ဒီကယ်လ်များ အန္တရာယ်ကို တိုက်ထုတ်ပေးကာ ကျန်းမာရေး ကိုအထောက်အပံ့ ပေးနိုင်ပါတယ်။ နှလုံးနှင့် နှလုံးသွေးကြောများတွင် သွေးလည်ပတ်မှု အားကောင်းစေ၍ နှလုံးကိုကျန်းမာစေပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောနှင် ့ပတ်သက်ဆက်စပ်လျက်ရှိသော လေဖြတ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ပဲကောစေ့က ဦးနှောက်သို့ သွေးစီးဆင်း လည်ပတ်စေနိုင်၍ ဦးနှောက်စွမ်းဆောင်ရည်အား ကောင်းမွန် စေပါတယ်။ စိတ်ရူးသွပ်ပျံ့လွင့် ခြင်းရောဂါနှင့် အယ်လ်ဇိုင်းမားရောဂါတို့ အတွက်ကိုလည်း ပဲကောစေ့က လွန်စွာကောင်း ကျိုးပြုပေးနိုင်ပါတယ်။ ဆီးအိမ်ရောင်ခြင်းကို ကောင်းကျိုးပြုပေးနိုင်ပါတယ်။ စိတ်ကျရောဂါရှိသူများ ပဲကောစေ့ကို မကြာခဏစားပေးပါ။ မျက်လုံးကြွက်သား တစ်၀ိုက်အတွင်းရှိ ဆံခြည်မျှင်သွေးကြောများ အတွင်း သွေးလည်ပတ်မှု ကောင်းစေ၍ မျက်စိကို ကျန်းမာစေပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်ပေါ်လေ့ရှိသော မျက်စိမှုန် ေ၀ခြင်းကို လျော့ပါးသက်သာမှုပေးစွမ်းနိုင်ပါတယ်။ ပဲကောစေ့က သွေးလည် ပတ်မှုကောင်းစေ တဲ့အပြင် ရောင်ရမ်းနာအမျိုးမျိုးတို့မှ ကာကွယ်ပေးနိုင်၍ ခေါင်းအုံ၊ ခေါင်းခဲ၊ ခေါင်းကိုက် ခြင်းနှင့်ခေါင်းတစ်ခြမ်းကိုက် ဝေဒနါများအတွက် သက်သာပျောက်ကင်း စေပါတယ်။ ပဲကောစေ့ တွင်ပါရှိနေသော သဘာ၀ ဓာတ်ပေါင်းစုများက အသက်ရှူလမ်းကြောင်း စနစ်ကို ကောင်းမွန်တိုးတက်စေ ပါတယ်။ ပန်းနာရင်ကျပ် ဝေဒနာသည်များ အတွက်ကိုလည်း ပဲကောစေ့က ကောင်း ကျိုး ပြု ပေးနိုင်ပါတယ်။ သွေးဆုံး ကိုင်ေ၀ဒနာများ အတွက် ပဲကောစေ့က ဆေးဖက်၀င်ပါတယ်။ အမျိုးသမီးများသွေးဆုံးပြီးနောက် လိင်စိတ်လျော့ နည်း၍ အိမ်ထောင်ရေးသုခမခံစားနိုင်သူများအတွက်ကိုလည်း ပဲကောစေ့ မကြာခဏစားပေးသင့်ပါတယ်။
သတိပြုရန်
အထူးအားဖြင့် သတိပေးလိုသည်မှာ ကိုယ်၀န်ဆောင်များနှင့် နို့တိုက်မိခင်များမစားသင့်ပေ။ ခွဲစိတ်ခန်း၀င်မည့်သူများ မစားရ။ သီဟိုဠ်စေ့နှင့်ဓာတ်မတည့်သူများ ပဲကောစေ့မစားသင့်ပေ။ သွေးကျဲရောဂါ ရှိသူများနှင့် မကြာခဏနှာခေါင်း သွေးလျှံ တတ်သူများအထူးရှောင်ရှားပါ။ အချို့သူတွေမှာ ပဲကောစေ့နှင့်မွေးရာပါဓာတ်မတည့်ရောဂါပါလာတတ်၍ ပဲကောစေ့စားပြီးနောက် ရင်တုန်၊ မောပန်း၊ မူးဝေ၊ နှာစေး၊ ဗိုက်နာ၊ အော့အန်၊ ၀မ်းသွားခြင်း၊ အကြောပျော့ခြင်းများဖြစ်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် ပဲကောစေ့ကို ပထမဦးဆုံးအကြိမ် စားဖူးသူများအနေဖြင့် သင့်တင့်ရုံ လောက်သာစားပါ။
Common name:Ginkgo biloba, Ginkgo, Gingko, Maidenhair tree.
Botanical term:Ginkgo biloba L.
Family:Ginkgoaceae.
#credit
Wednesday, November 30, 2022
Vanda_ဗန်ဒါသစ်ခွ
 Vanda_ဗန်ဒါသစ်ခွ
-------------------------
(Vanda)ဗန်ဒါဆိုတဲ့စကားလုံးဟာ 
သက္ကတ(Sanskrit)ဘာသာမှ ဆင်းသက်လာတဲ့စကားလုံးပါ။ အဓိပ္ပာယ်အားဖြင့် "သစ်ကပ်ပင်"လို့ခေါ်ပါတယ်။ အိန္ဒိယ၊မြန်မာ၊သီရိလင်္ကာနိုင်ငံတို့မှာ ပေါက်တဲ့
Vanda tesselataမျိုးကို စတင်တွေ့ရာကနေ ခေါ်ဝေါ်ခဲ့ခြင်းဖြစ်တယ်။ ဆိုတော့ကာ ဗန်ဒါသစ်ခွရဲ့ မူရင်းဇာတိဟာ အာရှတိုက် အပူပိုင်းဒေသဖြစ်လို့ အပူကြိုက်တဲ့အပင်ထဲ ပါပါတယ်။
#မတူကွဲပြား_ဗန်ဒါအမျိုးအစား
ဗန်ဒါမျိုးစုမှာ မျိုးစိတ်ပေါင်း ၈၀လောက် ရှိပါတယ်။ အဲ့ထဲကမှ ကျွန်တော်တို့နဲ့ရင်းနီးပြီးသား မျိုးစိတ်တွေကတော့ TMAတို့ ၊ မိုကာရာတို့ပဲ ဖြစ်ပါတယ်။အရွက်ပုံသဏ္ဌာန်ကိုကြည့်ပြီး အုပ်စုသုံးစုခွဲလို့ရပါတယ်။
(၁)ရွက်ပြားဗန်ဒါအုပ်စု(Strap leaf Vanda)
      အရွက်ပြားပြီး အသားထူတယ်။ အရွက်ရဲ့အရင်း
      ပိုင်းဟာ ပင်စည်မှာ V shapeရှိတယ်။
(၂)ရွက်လုံးဗန်ဒါ (Terete leaf Vanda)
     အရွက်တွေဟာ ခဲတံလုံးလို လုံးပြီး အဖျားချွန်တယ်။
     အရွက်ကို ကန့်လန့်ဖြတ်ကြည့်ရင် လုံး၀န်းနေမယ်။
(၃)အရွက် မလုံးတလုံး၊မပြားတပြား🙄(Semi Terete
     leaf Vanda)
     ရွက်လုံးဗန်ဒါနဲ့ ရွက်ပြားဗန်ဒါစပ်ထားတာဖြစ်တယ်။
     အရွက်ပုံစံဟာ ခဲတံလိုဖြစ်ပြီး အရွက်ပိုကြီး ပိုရှည်ပြီး
     အဖျားချွန်မယ်။ဥပမာ TMAပေါ့။
ခုရေးမှာက ဗန်ဒါလို့ခေါ်တဲ့ဗန်ဒါအကြောင်းပဲနော်။ရှင်းသွားလား🙄🙄😅။
-------------------------------။--------------------
 #ဗန်ဒါစိုက်ပျိုးခြင်း
ဗန်ဒါရဲ့သဘောသဘာ၀လေးကို အရင်းပြောကြရအောင်
ဗန်ဒါရဲ့မူရင်းပေါက်ရောက်တဲ့ပုံစံဟာ ကျောက်တုံးတွေ၊ကျောက်နံရံတွေ၊ကျောက်အဲကွဲကြောင်းတွေမှာ ပေါက်ပါတယ်။သစ်ပင်အကြီးကြီးတွေရဲ့ သစ်ခေါက်တွေမှာလည်း ကပ်ပြီး ပေါက်တယ်။ ရေ၀ပ်တဲ့သစ်ပင်ခွကြားမှာတော့ မပေါက်ပါဘူး။ဒါကြောင့် ဗန်ဒါကို စိုက်တော့မယ်ဆိုရင် သူတို့ရဲ့သဘာ၀အတိုင်း တုပပြီး စိုက်ဖို့ လိုပါတယ်။
ဗန်ဒါကို အများစုကတော့ ဒီအတိုင်း  ချိတ်ထားကြတာပါပဲ။တချို့ကတော့ ခြင်းထဲမှာ အုတ်ခဲကျိုး၊မီးသွေးအနည်းငယ်ထည့်ပြီး စိုက်ကြတယ်။#သစ်သားခြင်းနဲ့စိုက်ရင်ပိုကောင်းပါတယ်။ အုတ်ခွံတော့စိုက်ရင်တော့ မဖြစ်တာများပါတယ်။ 
ဗန်ဒါရဲ့အမြစ်တွေဟာ လေရှုမြစ်တွေမို့ လေထဲက ရေငွေ့တို့ အစာအဟာရတို့ကို စုပ်ယူတဲ့အတွက် လေ၀င်လေထွက်ကောင်းဖို့လိုပါတယ်။
(နေ)
တိုက်ရိုက်နေရောင်ခြည်မဟုတ်ဘဲ အလင်းရောင်ကောင်းကောင်းရတဲ့နေရာမှာ ဗန်ဒါတွေကို ထားရမယ်။
(အပူချိန်)
ဗန်ဒါတွေ ကောင်းကောင်းရှင်သန်နိုင်ကြတဲ့အပူချိန်ဟာ
၁၃°C နဲ့ ၃၅°Cကြားပါ။အပူကြိုက်တဲ့အပင်ဖြစ်တာကြောင့် အပူများတဲ့ဒဏ်ခံနိုင်ပေမယ့် အေးတဲ့ဒဏ်တော့မခံနိုင်ပါဘူး။အေးတဲ့အရပ်ဒေသမှာ တစ်နှစ်လောက်ကြာတာတောင် ပန်းပွင့်လာဖို့ ခက်ခဲပါတယ်။
(ရေ)
ဒါဆို ဗန်ဒါက ရေမကြိုက်ဘူးလားဆိုတော့ တော်တော်လေးကြိုက်ပါတယ်။ရေလိုအပ်ပြီဆိုရင် အရွက်တွေ့ဟာပြည့်ဖောင်းမနေဘဲ ရှုံ့တွလာပါမည်။ဗန်ဒါမှာ အပင်စိုရုံ ရေဖျန်းပေးရုံနဲ့ မလုံလောက်ပါဘူး။ဒီ‌နေရာမှာဗဟုသုတအနေနဲ့ပြောချင်ပါတယ်။တချို့ဗန်ဒါစိုက်သူတွေဟာ ရေပန်းနဲ့ရေဖျန်းတဲ့အခါ မိနစ်၂၀၊နာရီ၀က်လောက် ရေဖန်းလေ့ရှိပါတယ်။ဒါပေမယ့် ဗန်ဒါအမြစ်တွေရဲ့ တခါတည်းဆက်တိုက် ရေစုပ်နိုင်မှုဟာ ၈မိနစ်တာဖြစ်ပါတယ်။၈မိနစ်ထက်ပိုဖျန်းတော့ ဘာဖြစ်လဲ ဘာမှမဖြစ်ပါဘူး။ပြည့်နေတဲ့အိုးကို ရေထပ်လောင်းနေသလိုပဲရှိမယ်။
ဒီလိုဆို နေသာတဲ့နေ့တွေ့မှာ ရေခဏခဏလောင်းပေးပြီးမိုးအုံ့တဲ့နေ့တွေ့မှာ ရေလျော့လောင်းပေးရပါမယ်။
(စိုထိုင်းဆ)
အပူလည်း ကြိုက်၊ရေလည်းကြိုက်တဲ့ဗန်ဒါအတွက် ပတ်၀န်ကျင်စိုထိုင်းဆ ၈၀%အထိ ရှိဖို့လိုပါတယ်။
(မြေဩဇာ)
ဗန်ဒါတွေကြီးထွားနေစဉ်မှာ  ငါးရက်တခါ သို့မဟုတ် တပတ်တခါ NPK အချိုး ၂၁-၂၁-၂၁(နှစ်ဆယ့်တစ်ပတ်လည်)ကို ကျွေးပါ။ ၂၁ပတ်လည် သုံးပတ်ကျွေးပြီး လေးပတ်မြောက်မှာ ၁၀-၃၀-၂၀ သို့မဟုတ် ၁၀-၅၂-၁၇ကို ကျွေးပါ။အေးတဲ့ရာသီမှာ အပင်ကြီးထွားနှုန်းနှေးတဲ့အတွက် မြေဩဇာလျော့ကျွေးသင့်ပါတယ်။
----------------------------------။-----------------------
ဗန်ဒါတွေစိုက်တဲ့အခါ 
ရေငတ်ပြီး အားပြတ်သလိုဖြစ်တဲ့အပင်တွေကို ကြုံဖူးကြလားဗျ။အဲ့သလို အပင်မျိုးရှိလာခဲ့ရင် မိနစ်အနည်းငယ်လောက် ရေစိမ်ပေးပြီး ပြန်ကုသနိုင်ပါတယ်။ရေစိမ်တဲ့အခါ အမြစ် သာမက တပင်လုံးပါ စိမ်ပေးဖို့ လိုပါတယ်။
‌ဆန်ဆေးရေစိမ်လဲရပါတယ်။နောက်ပိုင်းမှာ အပင်ဟာ အမြစ်တွေထွက်လာပြီး အလန်းလွန် အလွန်လန်းလာပါလိမ့်မယ်😎။
ရေးသားသူ Kyaw Chan Nyein
(ပြီးခဲ့တဲ့တနင်္ဂနွေနေ့အတွက် အကြွေးလာဆပ်တာ)
#ထက်၀ဠာသိန်းသစ်ခွဆိုင် #ကျော်ချမ်းငြိမ်းသစ်ခွ
☎️09-455110276           & ☎️09-447443424
🏘️ရန်ကုန်မြို့ ...                & 🏡ပခုက္ကုမြို့.....
References: Wikipedia
                    KyiMoeMyint
                    Orchid Lover
သက္ကတဆိုတဲ့စကားလုံးအတွက်koGiDaYa
Photo;from internet and our own Plants
Tuesday, October 25, 2022
COCOA (CHOCOLATE TREE)
 မြန်မာအမည် - ကိုကိုး
အင်္ဂလိပ်အမည် - COCOA (CHOCOLATE TREE)
ရုက္ခဗေဒအမည် - Theovroma cacao
မျိုးရင်းအမည် - STERCULIACEAE
၁။ စိုက်ပျိုးသည့်ဒေသများ
မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် စိုက်ပျိုးပါသည်။
၂။ ရေမြေရာသီဥတု
ကိုကိုးပင်သည် ရေအစိုဓါတ် ထိန်းသိမ်းနိုင်သော မြေမျိုးဖြစ်သည့် ရွှံ့နုန်းမြေ၊ နုန်းမြေနှင့် သဲနုန်းမြေမျိုးကို နှစ်သက်ပါသည်။ အမြစ်များ ကောင်းစွာကြီးထွားနိုင်မည့် မကျစ်လွန်း မပွလွန်း သော မြေမျိုးလိုအပ်ပါသည်။ မြေ pH ၆ - ၇ ရှိသောမြေမျိုးကို နှစ်သက်ပါသည်။ အပူချိန် ၆၀ မှ ၇၀ ဖာရင်ဟိုက်ရှိ၍ မိုးရေချိန် ၅၀ လက်မအထက် ရွာသွန်းသော ရာသီဥတုမျိုးကို နှစ်သက်ပါသည်။ ကိုကိုးပင်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၂၀၀၀ အထိ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါ သည်။
၃။ မြေပြုပြင်ခြင်း 
အပင်ကြီးများ၊ ချုံနွယ်များကိုရှင်းလင်းပြီး မိုးမကျမီ မီးရှို့ပစ်ရပါသည်။ အချို့အပင်ကြီး များကို အရိပ်ပင်အဖြစ် ချန်ထားရပါသည်။ စိုက်ကျင်းများကို ပင်ကြားတန်းကြား အကွာအဝေး ၉ x ၉ ပေ ထား၍ နှစ်ပေပတ်လည် စိုက်ကျင်းများ တူးဖော်ရပါမည်။
၄။ မျိုးပွားခြင်း 
ကိုကိုးပင်များ မျိုးပွားရာတွင် ပထမဦးစွာ မျိုးရွေးချယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရပါ မည်။ မျိုးယူရမည့် ကိုကိုးပင်ကို အောက်ပါအချက်များပေါ်မူတည်၍ ရွေးချယ်ရပါမည်။ 
➤ ၁၀ နှစ် ၁၅ နှစ်သားအပင်မှ ရွေးချယ်ရပါမည်။
➤ အသီးမှန်မှန်သီး၍ တစ်နှစ်လျှင် တစ်ပင်မှ သီးလုံး ၃၀ မှ ၄၀ သီးရမည်။
➤ အပင်အနေအထား ကောင်းရမည်။ 
➤ အသီးများအသင့်အတင့်ကြီး၍ အရွယ်အစား ညီညာရမည်။
➤ ပိုးမွှားရောဂါဒဏ် ခံနိုင်သောအပင်ဖြစ်ရမည်။
➤ အစေ့အရောင်ညီညာ၍ ပြည့်ဖြိုးပြီး အနံ့အရသာနှင့် ပြည့်စုံရမည်။
➤ အပင်ပေါက်နှုန်း ကောင်းရမည်။
အဓိက မျိုးပွားနည်း နှစ်နည်းရှိပါသည်။
(က) အစေ့မှ မျိုးပွားခြင်း
(ခ) ကိုင်းပြတ်မှ မျိုးပွားခြင်း
(က) အစေ့မှ မျိုးပွားခြင်း
အပေါ်ယံမြေ၊ သဲ၊ နွားချေးဆွေး (သို့မဟုတ်) သစ်ရွက်ဆွေးများ ဆန်ခါချ၍ ဆတူရောစပ် ထည့်ထားသော ပျိုးသေတ္တာ (သို့) ပျိုးဘောင်များတွင် ရွေးချယ်ထားသော အစေ့ကောင်းများကို ခြောက်လက်မခန့် မြေမြှုပ်၍ စိုက်ပျိုးနိုင်ပါသည်။ ပျိုးဘောင်များတွင် စိုက်ပါက ပင်ကြား တန်းကြား ၄ x ၆ လက်မထား၍ စိုက်ပျိုးသင့်ပါသည်။ ပျိုးပင်ငယ်များကို အရိပ် ၇၅ ရာခိုင်နှုန်းခန့် ရစေရန် ပြုလုပ်ပေးရပါမည်။ ပျိုးပင် ၄ လသားအရွယ်တွင် အရိပ်ကိုလျှော့ပေးရသည်။ မူမှန်ရွက် နှစ်ရွက် သုံးရွက်ထွက်ချိန်တွင် ပျိုးဘောင်မှ ခြင်း (သို့) အိတ်သို့ ပြောင်းရွှေ့စိုက်ပျိုးရပါသည်။ အမြစ်မပျက်စေရန် မြေလုံးပါအောင် တူးယူစိုက်ပျိုးရပါသည်။
(ခ) ကိုင်းပြတ်မှ မျိုးပွားခြင်း
မျိုးရွေးချယ်ထားသောအပင်မှ တစ်နှစ်သားရှိသည့် မပျော့မမာသောကိုင်းကို ရွေးချယ် ရ မည်။ အရှည် ၅ - ၁၂ လက်မခန့်နှင့် သုံးရွက် ခုနှစ်ရွက်ပါသော ကိုင်းပြတ်များကို သုံးနိုင်ပါသည်။ အရွယ်တစ်ရွက်တည်းပါသော ကိုင်းပြတ်များကို သုံးလျှင် ပင်ပွားပိုမိုရရှိနိုင်ပါသည်။ မျိုးကိုင်းကို အဆစ်တစ်ဆစ်စီ၏ အထက်လက်မဝက်ခန့်နေရာမှ ဖြတ်ပေးရပြီး အရွက်ကို တစ်ဝက်ခန့်ဖြတ်ပေး ရပါသည်။ ယင်းနောက် အမြစ်ထွက်စေသော ဟော်မုန်းအပျော့စားတွင်စိမ်၍ ခြင်းများတွင် ထည့်စိုက်ကာ အပေါ်မှပလပ်စတစ် ဖုံးပေးရပါသည်။ အရိပ် ၁၅ ရာခိုင်နှုန်း ရရှိရန် လိုအပ်ပါ သည်။ စိုက်ပြီး တတိယနေ့တွင် ရေအနည်းငယ်လောင်းပေးရသည်။ စိုက်ပြီးလေးပတ်ကြာလျှင် အကိုင်းများ အမြစ်စွဲစပြုပါသည်။ အပင်သန်စွမ်းစေရန် ပလပ်စတစ်စကို ရံဖန်ရံခါ ဖွင့်ပေးရပါ သည်။ တတိယပတ်မှစ၍ ပလပ်စတစ်စကို လုံးဝဖွင့်ထားပြီး စိုက်ခင်းသို့ ပြောင်းရွှေ့ချိန်အထိ အရိပ်အောက်တွင် ထားရပါမည်။
၅။ စိုက်ပျိုးခြင်း
အသင့်ပြုပြင်ထားသော စိုက်ကျင်းများတွင် အပေါ်ယံမြေကို နွားချေးဆွေး၊ သစ်ရွက်ဆွေး၊ မြေဆွေး ဆတူရော၍ ကျဲဖြန့်ပေးရပါသည်။ ဇွန်လကုန်မှ ဇူလိုင်လ ဒုတိယပတ်အထိ ရွှေ့ပြောင်း စိုက်ပျိုးနိုင်ပါသည်။ ပျိုးပင်ငယ်ကို စိုက်ကျင်းအလယ်တည့်တည့်တွင် မတ်မတ်ထောင်၍ ပြောင်း စိုက်ရပါသည်။ ၉ x ၉ ပေ စိုက်စနစ်ဖြင့် စိုက်ပျိုးပါက တစ်ဧက ဝင်ဆံ့သောပင်ရေမှာ ၆၀၅ ပင် ဖြစ်ပါသည်။
၆။ မြေသြဇာကျွေးခြင်း
ကိုကိုးပင်များကို ကျွေးရမည့် မြေသြဇာနှုန်းထားမှာ အပင်သက်တမ်းအလိုက် တစ်ပင်နှုန်း ထားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
အပင်သက် နှစ် ရောစပ်သည့် N:P:K မြေသြဇာအချိုးကျွေးရမည့်နှုန်းထား
၁ ၁ : ၁ : ၁ ဝ.၅ ပေါင်
၂ - ၄ ၁ : ၂ : ၁ ၂ ပေါင်
၄ နှစ်အထက် ၁ : ၂ : ၁ ၅.၅ ပေါင်
၇။ ရေသွင်းခြင်း
တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ်ကျ မှန်မှန် ရေဝအောင် ပေးသွင်းရပါမည်။
၈။ အပင်ပြုစုခြင်း
အပင်ငယ်များကို စိုက်ခင်းထဲတွင် စိုက်ပြီးနောက် သုံးလ လေးလခန့် ရှိလျှင် အပင်ခြေ ပတ်လည်၌ မြေအနည်းငယ်တူးဆွပေးရသည်။ အမြစ်များ ဘေးသို့ပို၍ ဖြာထွက်နိုင်သည်။ ပင်ခြေတွင် ပေါင်းမြက်ရှင်းပေးရမည်။ အပင်ငယ်များစိုက်ပျိုးပြီး နှစ်နှစ်အတွင်း အသေအပျောက် များကို အစားထိုးစိုက်ရမည်။
စိုက်ပျိုးပြီးသည်မှ သုံးနှစ်အကြာတွင် ပထမအကြိမ် ဘေးကိုင်းဖြာထွက်လာပါက ပင်စည် ထိပ်ပိုင်းကို ဖြတ်ပစ်လေ့ရှိပါသည်။ 
အပင်ကိုပို၍ ရှည်စေလိုလျှင် ပင်စည်ကို နောက်တစ်ကြိမ်ဘေးကိုင်းများ ထွက်သည့် တိုင်အောင် ထားပြီးမှ ဖြတ်ရမည်။ ထိုနောက်ပိုင်းတွင် အဓိကပင်စည်မှ ထွက်ပေါ်လာသည့် အစို့ အတက်များကို ဖယ်ရှားပစ်ရမည်။ အပင်များ၏ ဘေးဖြာကိုင်းများ အချင်းချင်း မကပ်စေရန် အဖျားပိုင်းကို အနည်းငယ်ဖြတ်ပေးရပါမည်။ သို့မှသာ အပင်တွင် နေရောင်နှင့် လေဝင်လေထွက် ကောင်းစွာရစေနိုင်ပြီး မှိုရောဂါကျရောက်မှုကို ဟန့်တားနိုင်ပါသည်။
၉။ ပိုးမွှားရောဂါကာကွယ်ခြင်း
ပင်စည်ထိုးပိုး၊ ရွက်စားပိုးနှင့် သီးပုပ်ရောဂါများသည် အဓိက အန္တရာယ်များဖြစ်ပါသည်။ အသီးသီးချိန်တွင် ကြွက်၊ ပူး၊ ရှဉ့်၊ ရှူးပျံတို့မှာ သီးဖျက် တိရစ္ဆာန်များဖြစ်ပါသည်။ ပင်စည် ထိုးပိုးကျလျှင် အပင်နာလန်မထူတော့ဘဲ ကိုင်းဖျားများခြောက်ခြင်း၊ ပင်စည်နှင့် အကိုင်းများ ပုံပျက်ခြင်း၊ ကျိုးကြေခြင်းဖြစ်ကာ ခြံကို ပျက်စီးစေပါသည်။ မိုးဦးကျနှင့် မိုးပြတ်စ ရွက်နုထွက်ချိန တွင် ရွက်စားပုရစ်များ၊ ပိတုန်းများ ကျရောက်သဖြင့် ချိန်ခါမီ စောင့်ကြပ်ကာကွယ် ပေးရပါသည်။ သီးထိုးပိုးနှင့် သီးပုပ်ရောဂါများကိုလည်း ချိန်ခါမီကာကွယ်ခြင်း၊ သန့်ရှင်းသော ကတ်ကြေးဖြင့် ဖြတ်တောက်ဆွတ်ခူးခြင်း၊ သီးနာသီးပုပ်များကို မြေမြှုပ်၊ မီးရှို့ခြင်းဖြင့် အသီးဖျက် တိရစ္ဆာန် များကို ကာကွယ်ခြင်းများ ပြုလုပ်မှသာ သီးထွက်ကောင်းသော ကိုကိုးခြံတစ်ခု ဖြစ်လာပါမည်။
၁၀။ ဆွတ်ခူးခြင်းနှင့် အထွက်
ကိုကိုးပင်များသည် သက်တမ်း ငါးနှစ် ခြောက်နှစ်တွင် စတင်၍ သီးပါသည်။ ပန်းပွင့်သည်မှ အသီးများ ရင့်မှည့်ချိန်အထိ ခြောက်လခန့် ကြာမြင့်ပါသည်။ ကိုကိုးသီးများ ရင့်မှည့်သောအခါ လိမ္မော်ရောင်မှ အဝါရောင်သို့ ပြောင်းလာပါသည်။ အသီးအညှာမှ အထူးပြုလုပ်ထားသော ဓါးထက်ထက်ဖြင့် ဖြတ်ခူးရပါသည်။ အသီးဆွတ်ခူးရာတွင် အခေါက်ကို မထိခိုက်စေရပါ။
ကိုကိုးပင်သက်တမ်းမှာ ၄၅ နှစ်ကျော်ထိရှိပြီး အပင်သက် ၂၀ တွင် အသီးဖြိုင်ဖြိုင် ရရှိနိုင်ပါသည်။ အပင်သက် ငါးနှစ် ခြောက်နှစ်တွင် စတင်သီးသော်လည်း ၁၀ နှစ်သား ရှိမှသာ ကိုကိုးသီး အများအပြား ရရှိနိုင်ပါသည်။ ကိုကိုးပင်တစ်ပင်မှ ကိုကိုးသီး ၇၀ - ၈၀ ထိ ရရှိနိုင်ပြီး ကိုကိုးသီး တစ်သီးလျှင် ကိုကိုးစေ့ ၃၂ စေ့ခန့် ပါရှိနိုင်ပါသည်။ တစ်ဧကလျှင် ကိုကိုးစေ့အခြောက် ပေါင် ၃၅၀ မှ ၆၀၀ အထိ ရရှိနိုင်ပါသည်။
အပင်သက်တမ်းအလိုက် တစ်ဧကမှ ရရှိနိုင်သော ကိုကိုးစေ့အခြောက် အထွက်နှုန်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
အပင်သက်နှစ် ၅ ၆ ၇ ၈ ၉
အထွက် (ပေါင်ချိန်) ၅၅ ၁၀၀ ၃၆၀ ၅၅၀ ၇၀၀
ကိုးကား - သစ်သီးဝလံစိုက်ပျိုးနည်းစာအုပ်မှ
Htwettoe
Sunday, September 11, 2022
❄ ကြာ ❄
 ❄ ကြာ ❄
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်းလောက:Plantae
မျိုးပေါင်းစု:Magnoliophyta
မျိုးပေါင်း:Magnoliopsida
မျိုးစဉ်:Nymphaeales
မျိုးရင်း:Nymphaeaceae
မျိုးစု:Nymphaea
မျိုးစိတ်:Nymphaea rubra၊ Nymphaea alba၊ Nymphaea stellata
ကြာပင်သည် 'နင်ဖီအေးစီး'မျိုးစဉ်တွင် ပါဝင်သည်။ ရေ၌ပေါလောပေါ်ပေါက်၍ အပွင့်ပွင့်သော အပင်မျိုး အားလုံး မှာ နင်ဖီအေးစီးမျိုးစဉ်ဝင်အပင်များ ဖြစ်သည်။ ကြာပင်သည် ရေကန်အင်းအိုင်များတွင်၎င်း။ ချောင်းရိုး ကမ်းစပ်များတွင်၎င်း ပေါက်ရောက်သည်။ အမြစ်များမှာ ပွ၍ ရွံ့ညွန်များကို ကုပ်တွယ်ထားသည်။ ကြာရွက်ဝိုင်းများသည် ရေပေါ်တွင် အမြဲ ပေါ်လျက်ရှိသည်။ ကြာပွင့်များသည် ကြာရွက်ဝိုင်းများ အကြား မှ ငွါးငွါးစွင့်စွင့် ရေပြင်ပေါ်တွင် ပွင့်ကြသည်။ ပွင့်ညှာတစ်ခု အဖျားတွင် များသောအားဖြင့် ကြာပွင့်တစ်ပွင့်သာ ပွင့်သည်။ ပွင့်ညှာတွင် အရွက်များ လုံးဝမပေါက်ချေ။
ကြာပွင့်တစ်ပွင့်တွင် ပွင့်ချပ်နှင့် ပွင့်ဖတ်ပေါင်း များပြား စွာ ရှိသည်။ ဝတ်ဆံဖိုတံများမှလည်း အများအပြား တစ်စု တစ်ဝေးတည်း ပေါက်ကြသည်။ ဝတ်ဆံမ တံတားတစ်ခု တည်းပင် ရှိသည်။ ဝတ်ဆံမတံ၏ အဖျားတွင် ပြားနေသော ဝတ်ဆံမထိပ် တစ်ခုရှိသည်။ အိုဗာရီခေါ် မျိုးစေ့အိမ်ကြီးထဲ တွင် မျိုးမှုန်အမကလေးများစွာ ပါရှိသည်။ ကြာပွင့်ကြာရွက် တို့နှင့် ဆက်သောကြာရိုးတို့မှာ လေလျှောက်နိုင်သော ခေါင်းပွများ ဖြစ်ကြသည်။ လေနှင့် အလင်းရောင်ကို ရေပေါ် တွင်ရှိသော အရွက်များက သိုမှီး၍ သတ္တုဓာတ်နှင့် ရေတို့ကို ကား အမြစ်များက စုတ်ယူကြသည်။
ကြာပွင့်များမှာ မျိုးကိုလိုက်၍ အရောင်အမျိုးမျိုးရှိသည်။ အဖြူ၊ အဝါ၊ အပြာ၊ အညို စသည်ဖြင့် အရောင်အမျိုးမျိုး ရှိလေသည်။ အများအားဖြင့် ကြာဖူးများသည် နံနက်အရုဏ် တက်ချိန်တွင် ပွင့်ကြ၍ ညနေ နေဝင်ခါနီးတွင် ပြန်၍ငုံသွားကြ သည်။ အချို့ ကြာမျိုးသည် ညနေတွင် ပွင့်ကြသည်။ ကြာပွင့် သည် ၃ ရက်လောက်သာ ခံသည်။ ၃ ရက်မှ လွန်လျှင် ညှိုးနွမ်းသွားလေ့ ရှိသည်။ ကုမုဒြာကြာသည် ညအခါ လရောင်ခံ၍ ပွင့်သည်ဟု ဆိုကြသည်။ ကြာပွင့်၏ အလယ်တွင် ကြာခွက်ကလေးများ ရှိသည်။ ကြာပွင့် မကြီးရင့်မီ ကြာခွက်မှာ မြင်နိုင်ရုံလောက်သာ ရှိ၏။ ကြာပွင့်မှ ပွင့်ဖတ်နှင့် ပွင့်ချပ်များ ကြွေကျပြီးနောက် တွင် ကြာခွက်သည် တဖြည်းဖြည်း ကြီးရင့်လာသည်။ ကြာခွက်ထဲမှ ကြာစေ့များကို ကလေးသူငယ်များသည် သရေစာအဖြစ် စားတတ်ကြသည်။
#ကြာအမျိုးအစားများ
"ပျံ့မွှမ်း နံ့သာ၊ ငါးမည် ကြာတုံ
ငုံအာစွင့်စွင့်၊ ရေထက်မြင့်၍
လှတင့်ပွပွ၊ ကုမုဒဟု
လွလွဖိတ်ဖိတ်၊ ပုဏ္ဍရိတ်နှင့် 
ကောင်းစိတ်ရွှင်စွာ၊ ပဒုမ္မာတို့
သန္တာနှင်းပန်း၊ စွေးစွေးစွန်းသား
ရောင်ထွန်းရွှေဝါ၊ နီသည့်ကြာမူ
များစွာ ချပ်ဆင့်၊ လှိုင်တွေပွင်၏။
မြနှင့်ယိုးဆို၊ ပန်းကြာညိုလည်း 
နေကို မငံ့၊ ပွင့်လင်းအံ့ဟု 
ပျံ့ပျံ့နံ့မျိုး၊ ရေပေါ်မိုး၍"
အထက်ပါ ကြာပန်းဘွဲ့၌ (၁) ကုမုဒ(ကုမုဒြ)ကြာ၊ (၂) ပုဏ္ဍရိတ်ကြာ၊ (၃) ပဒုမ္မာ(ပဒုမ)ကြာ၊ (၄) ကြာနီနှင့် (၅) ကြာညို ဟူသော ကြာငါးမျိုးသည် ဗုဒ္ဓဝင် ပါဠိတော်ကို မှီငြမ်း၍ ဖော်ပြသောကြာများ ဖြစ်သည်ဟု ဆိုသည်။ အချို့ပညာရှင်တို့က ကုမုဒ(ကုမုဒြာ)ကြာကို ပဒုမ္မာ(ပဒုမ)ကာပင်ဟု ခေါ်ကြောင်း၊ ပွင့်ချပ် တစ်ရာ ပြည့်သော ကြာကို ပဒုမ္မာဟု ခေါ်၍ ပွင့်ချပ် တစ်ရာ မပြည့်သော ကြာကို ပုဏ္ဍရိတ်ကြာဟု ခေါ်ကြောင်း ဖော်ပြကြ၏။ သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ၌ (၁) ဥပ္ပလကြာ၊ (၂) ပဒုမကြာ၊ (၃) ကုမုဒကြာ၊ (၄) ကလမကြာ ဟူ၍ ဖော်ပြထားသည်များလည်း ရှိ၏။ သို့ရာတွင် ထိုကြာတို့၏ အရွယ်အစား ပုံသဏ္ဌာန် အရောင်အသွေးတို့နှင့် ပတ်သက်၍မူ အတိအကျ ဖော်ပြထားသည်ကိုမူ မတွေ့ရချေ။ လန်ဒန်ပါဠိစာပေအသင်းမှ ထုတ်သော ပါဠိအဘိဓာန်ကျမ်း၌မူ အရောင်အသွေးကိုပါ ဖော်ပြ၍ ကြာနီ၊ ကြာဖြူ၊ ကြာညိုနှင့် ကြာပန်းရောင်ဟု ကြာလေးမျိုးကို ဖော်ပြထားသည်။ H.G. Hundley ၏ မြန်မာပြည်ရှိ အပင်များအကြောင်း ဖော်ပြထားသော စာအုပ်၌ ကြာ အမျိုးအစားတို့ကို အရပ်သုံးအနေဖြင့် (၁) ကြာဖြူ၊ (၂) ပဒုမ္မာကြာ၊ (၃) ကြာပြာ (၄) ကြာနီ၊ (၅) ကြာညို၊ (၆) ကြာခေါင်းလောင်း၊ (၇) တောကြာ ဟူ၍ ၇ မျိုး ဖော်ပြထားသည်။ [
အာယုဗ္ဗကျမ်းတစ်ချို့၌ ကြာကို အောက်ပါကဲ့သို့ ဖော်ပြထားခြင်းများလည်း ရှိသည်။
ပဒုမ္မာကြာ - ၎င်းကြာသည် အနည်ငယ်ဖြူ၍ နေရောင်ဖြင့် ပွင့်သည်။ဥပ္ပလာကြာ - ၎င်းကြာ၏ အရောင်မှာ အနည်းငယ် ညိုသည်။နိလနကြာ - ၎င်းကြာ၏ အရောင်မှာ အနည်းငယ်နီသည်။ကုမုဒြာကြာ - ၎င်းကြာသည် လရောင်ဖြင့် ပွင့်သည်(တချို့က ဤကြာ၏ အရောင်မှာ အဝါရောင်ရှိသည်ဟု ဆိုကြသည်။)သောဂန္ဓိကကြာ - ၎င်းကြာသည် လရောင်ဖြင့်ပင် ပွင့်ပြီး အလွန်မွှေးကြိုင်သော ရနံ့ရှိ၍ အရောင်မှာ အပြာရောင် ဖြစ်သည်။ကုဝလယကြာ - ၎င်းကြာသည် အနီရောင် ရှိသော ကြာ ဖြစ်သည်။ပုဏ္ဍရိတ်ကြာ - ၎င်းကြာသည် အလွန်ဖြူသော ကြာဖြစ်သည်။
ရေကန်အင်းအိုင်များတွင် အတွေ့ရများသော ကြာတို့မှာ ကြာဖြူ၊ ကြာနီနှင့် ကြာညိုများ ဖြစ်သည်။ ကြာဖြူကို ရုက္ခဗေဒအမည်အားဖြင့် 'နင်ဖီအာအယ်လဗာ'ဟု ခေါ်သည်။ ဗြိတိသျှကြာမျိုးထဲတွင် အဝါရောင်ကြာပန်းမျိုးကို တွေ့ရသည်။ ကြာအပေါင်းတွင် အလှဆုံးကား ကြာပဒုမာပင် ဖြစ်သည်။အလွန်အံ့ဩဖွယ်ကောင်းသော ကြာပင်ကြီးတစ်မျိုးကို တောင်အမေရိကတိုက် အမေဇုန်မြစ်ကမ်းစပ်တစ်လျှောက်တွင် တွေ့ရသည်။ ထိုကြာကို ရုက္ခဗေဒအမည်ဖြင့် 'ဗစ်တိုးရီးယား ရီဂျီးယား'ဟု ခေါ်သည်။ ထိုကြာပင်မှာ မည်မျှကြီးမား သနည်းဟူမူ ကြာရွက်ပေါ်တွင် လူတစ်ယောက် ကောင်းစွာ ရပ်နေနိုင်လောက်အောင် ကြီးမားလေသည်။ အရွက်၏ အချင်းမှာ ၆ ပေမှ ရ ပေအထိ ရှိ၍ အပွင့်၏ အချင်းမှာ ၈ လက်မမှ ၁၆ လက်မအထိ ရှိသည်။
ကြာမျိုး ၅ ပါးရှိရာ ယင်းတို့မှာ ကုမုဒြာ၊ ပုဏ္ဏရိတ်၊ ပဒုမ၊ ကြာနီ၊ ကြာညိုတို့ ဖြစ်ကြသည်။ 
ဗုဒ္ဓဘာသာဝင်တို့၏ ကြာနှင့်ပတ်သက်သော အယူအဆများနှင့် အသုံးပြုပုံများ
ဂေါတမ ဗုဒ္ဓ ပွင့်ထွန်းလာသည့်နောက်၌ ကြာသည် မြင့်မြတ် စင်ကြယ်ခြင်းတို့နှင့် ယှဉ်တွဲ၍ ဖော်ပြမှုကို ခံရသောကြောင့် ဗုဒ္ဓဝါဒီတို့ အမြတ်နိုးဆုံးသော ပန်းဖြစ်လာခဲ့ဟန် တူသည်။
"ရေ၌ပေါက်သော ရေ၌ ကြီးပွားသော ဥပ္ပလကြာသည် လည်ကောင်း၊ ပဒုမ္မာကြသည် လည်းကောင်း၊ ပုဏ္ဍရိတ်ကြသည် လည်းကောင်း၊ ရေမှ အထက်သို့တက်၍ ရေဖြင့် မလိမ်းကျံဘဲ တည်သကဲ့သို့ ထို့အတူသာလျှင် လောက၌ ဖြစ်သော လောက၌ ကြီးပွားသော ငါသည် လောကကို လွှမ်းမိုး၍ (သင်္ခါရလောက) နှင့် လိမ်းကျံ ကပ်ငြိခြင်း မရှိဘဲနေ၏။"
အထက်ပါ ဗုဒ္ဓ၏ ခိုင်းနှိုင်း တင်စားချက်စကားကို အမှီပြု၍ ကြာ သည် ကိလေသာ စင်ကြယ်သူ (ဝါ) ကိလေသာ စင်ကြယ်ခြင်း၏ သင်္ကေတ ဖြစ်လာခဲ့သည်။ 
ကြာတို့သည် ရွံ့ညွန့်၌ အခြေခံသော်လည်း ရေထုကို ဖောက်ကာ လေပြင်တွင်ပွင်ကြကုန် သကဲ့သို့ ဗုဒ္ဓသည်လည်း အဝိဇ္ဇာကိုဖောက်၍ ဝိဇ္ဇာဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုတော်မူနိုင်သည်ဟူသော သဘောအနက်ကိုမှီ၍ ကြာသည် မဂ်ဖိုလ်ဉာဏ်ပညာ၏ သင်္ကေတအဖြစ်လည်း အမြတ်တနိုး အသုံးပြုလာခဲ့သည်။ 
ကြာကို ကမ္ဘာဦးကတည်းက ပေါ်ခဲ့သောပန်းဖြစ်သည်ဟု ယုံကြည်ခဲ့ခြင်းများလည်း ရှိသည်။ 
"အကြင်ကမ္ဘာ၌ ဘုရားဖြစ်အံ့။ ကြာပွင့်သည်လည်း ဖြစ်၏။ တစ်ဆူဖြစ်တော်မူလျှင် ကြာတစ်ပွင့် သင်္ကန်းတစ်စုံပါသည်"ဟုဆိုသည်။ "ငါးဆူရွှေကြာ၊ နိမိတ်လာ၍၊ ငါးဖြာပွင့်လျက်၊ တစ်ပင်နက်ဝယ်၊ ငါးဆက်ဖူးငုံ၊ ပေါ်လတ်တုံက" ဟူသော ရှင်မဟာရဋ္ဌသာရ၏ အရေးအဖွဲ့အရ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ၊ အရိမေတ္တယျ ဟူသော ဘုရားငါးဆူပွင့်မည့် ပုဗ္ဗနိမိတ်အနေဖြင့် ဤဘဒ္ဒကမ္ဘာ ဖြစ်တည်လာသောအခါက သင်္ကန်းပရိက္ခရာ အစုံအလင်နှင့် တကွ ကြားငါးပွင့် ပါလာသည်ဟု ဆိုသည်။ 
ထို့ပြင် ကြာ သည် ဂေါတမနှင့် သူ၏ သာဝက ဖြစ်လာမည့်သူများ၏ ဘဝဖြစ်စဉ် အများအပြား၌ ပါဝင် ပတ်သက်ခဲ့ဖူး၏။ ဗုဒ္ဓ၏ ဘဝဖြစ်စဉ် (ဗုဒ္ဓဝင်)၌လာသည့် အောက်ပါ အဖြစ်အပျက်တွင် ကြာကို မြတ်နိုးဖွယ်ရာ တွေ့နိုင်သည်။
သုမေဓာ ရှင်ရသေ့ ဘုရားဖြစ်ရန် စိတ်တော်ကြံစည်နေခိုင်တွင် သုမိတ္တာ အမည်ရှိသော ပုဏ္ဏေးမ(ပုဏ္ဏားပျိုမလေး) သည် ဒီပင်္ကရာ မြတ်စွာဘုရားထံ၌ စည်းဝေးကြသော လူထု အစည်းအဝေးကြီးသို့ ကပ်ရောက်လာ၏။ ထို သုမိတ္တာ၏လက်၌ မြတ်စွာဘုရားကို ပူဇော်ရန် ကြာရှစ်လက်တို့ကို ယူဆောင်၍လာရာ ပရိသတ် အလယ်သို့ရောက်၍ သုမေဓာရှင်ရသေ့ အပေါ်၌ မေတ္တပေမဓာတ်များစွာပင် ဝင်လတ်သဖြင့် လှူဖွယ်ဝတ္တုတို့ကို လှူဒါန်းချင်လှပါသော်လည်း ကြာ ရှစ်လက်မှတစ်ပါး အခြားလှူဖွယ် မပါရကား...." အရှင်ရသေ့ မြတ်စွာဘုရားအား အရှင်ရသေ့ အလိုရှိသလို လှူဒါန်းရန် ငါးလက်သော ကြာတို့ကို အရှင့်အား ပေးအပ်ပါ၏။ ကျန်သော ကြာသုံးလက်ကို မူကား အကျွန်ုပ်လှူဒါန်းရန် အတွက် ဖြစ်ပါစေ" ဟု ပြောဆို လှူဒါန်းပြီးလျှင် "အရှင် ရသေ့ သည် ဘုရားဖြစ်ဖို့ရန် ဖြည့်ကျင့်နေသမျှ အတောအတွင်း အကျွန်ုပ်သည် အရှင်နှင့်တကွ ညီမျှသော သူတို့ ဖြစ်ကြရပါစေကုန်သတည်း" ဟု ဆုပန်ခဲ့လေသည်။ 
သုမေဓာ ရှင့်ရသေ့လည်း သုမိတ္တာ ပုဏ္ဏားပျိုမ ပေးအပ်သော ကြာငါးလက်တို့ကို ခံယူ၍ မျက်မှောက် တူရူ ကြွလာတော်မူသော ဒီပင်္ကရာမြတ်စွာဘုရားကို ပရိသတ်တို့ အလယ်၌ပင် "သမ္မာသမ္ဗောဓိဉာဏ်" အထိ ဆုပန် ကြည်ဖြူ ပူဇော်လေသည်။ 
အထက်ပါ အဖြစ်အပျက်ကို ထောက်၍ မြတ်သောဆုကို ပန်ဆင်ကြခြင်း၌ ကြာသည် အလောင်းတော်နှင့် သူ၏ ပါရမီဖြည့်ဖက်တို့ လက်ဝယ် တင့်တင့်တယ်တယ်ရှိနေခဲ့ဖူးသည်။
မြန်မာမင်းတို့၏ ကြာနှင့်ပတ်သက်သော အယူအဆနှင့် အသုံးပြုပုံ
ကြာ၏ အထိမ်းအမှတ်နှင့် စပ်လျည်း၍ ထူးခြားသော အချက်မှာ မင်းနှင့် စပ်သော ကိစ္စအတွက် မြန်မာပညာရှိများက အဓိပ္ပာယ်သစ် ထပ်ထည့်လာခြင်း ဖြစ်လေသည်။ ထိုအဓိပ္ပာယ်သစ်သည် အခြားမဟုတ်၊ ကျေးဇူးသိတက်ခြင်း၊ ဘေးအန္တရာယ်ကင်းခြင်းနှင့် ပတ်သက်သော အထိမ်းအမှတ် (သင်္ကေတ) များ ဖြစ်သည်။ ထိုအထိမ်းအမှတ်များဖြင့် မင်းတို့၏ ပလ္လင်များ၌ ကြာရိုး၊ ကြာရွက်၊ ကြာပွင့်၊ ကြာချပ်တို့ကို ထုလုပ် သုံးဆောင်ခြင်း ပြုခဲ့ကြသည် ဟု ဇေယျသင်္ခယာဘွဲ့ရ မြဝတီမင်းကြီး ဦးစ၏ ရွှေဘုံနိဒါန်း၌ ရှင်းပြထားသည်။ 
ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းလာ ကြာနှင့်ပတ်သက်သော အယူအဆများ
မွန်ဘာသာ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းတွင် ဗညားနွဲ့သည် ဒဂုန်၌ ခြားနားနေစဉ် လူတစ်ယောက်က ၎င်းအား ကြာပန်းတစ်စီးဖြင့် လာရောက်ဆက်သ၏။ ထိုအခါ ပညာရှိ မင်းကံစီသည် လွန်စွာ ဝမ်းသာသဖြင့် လက်သီးလက်မောင်းတန်းလေသည်။ ထိုအခါက ဗညားနွဲ့က မေးလေရာ "ကြာပန်းဟူသည် တနင်္လာနံ၊ ဗဂိုးလည်း တနင်္လာနံ၊ ဟံသာဝတီကို အရှင်မင်းသား လွယ်ကာသာ ရမည်နိမိတ်ဖြစ်သည်။ ထို့ပြင် ကြာပန်းဟူသည် ဘုရားလောင်း ဗောဓိသတ္တတို့၏ အရိပ် နိမိတ်လည်း ဖြစ်သည်။ ဘုရားလောင်းသည် ပါရမီနုစဉ်အခါက သုံဂမိတ်မင်း(သုမ္ဘမိတ္တ) ဘဝ၌ လွန်စွာ ဆင်းရဲခြင်းကို ခံရသည်။ နောင်အခါ ပါရမီ ရင့်သန်လတ်သော် သုံးဆယ့်တစ်ဘုံသားတို့၏ အထွက်အထိပ် ဘုရားရှင် ဖြစ်ရသည် မဟုတ်လော။ ယခု ကြာပန်းရသည့် နိမိတ်သည် မကြာမီအတွင်း ဟံသာဝတီ ရွှေနန်းထက်၌ သုခ စည်းစိမ်ကို အရှင်မင်းသား ခံစားရတော့မည် မချွတ်၊ ဤသည်ကို မြင်၍ ကျွန်ုပ်ဝမ်းသာလွန်းသဖြင့် လက်သီးလက်မောင်း တန်းမိခြင်း ဖြစ်ပေသည်" ဟု မင်းကံစီက ဖြေလေသည်။ 
အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့ရှိ ကြာနှင့် ပတ်သက်သော အယူအဆများနှင့် အသုံးပြုပုံများ
လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့် (ဘီစီ - ၃၀၀၀ခန့်) က ယခု ပါကစ္စတန်နိုင်ငံရှိ အိန္ဒုမြစ်ဝှမ်းတွင် မိုဟင်ဂျိုဒါရိုမြို့၊ ဟာရပ္ပမြို့များ ထွန်းကားခဲ့သည်။ ထိုမြို့များတွင် နေထိုင်သူများမှာ ဒြာဗီးဒီးယန်း လူမျိုးများ ဖြစ်ကြသည်။ ထိုမြို့တို့ကို တူးဖော်ရာ၌ ထိုမြို့တို့တွင် နေထိုင်သူများသည် ကြာကို အမြတ်တနိုး ပန်ဆန် အသုံးပြုခဲ့ကြသည်ဟု ယူဆရသော အထောက်အထားများကို တွေ့ရသည်။ ဦးခေါင်းတွင် ကြာပန်းကို ပန်ထားသော အမျိုးသမီးရုပ်တုများ၊ ကြာပွင့်ပေါ်တွင် ထိုင်နေသောပုံမျာ "ပဒုမ္မာသန" ထိုင်ပုံထိုင်နည်းဖြစ်ပြီး၊ ထို ထိုင်ပုံထိုင်နည်းကို ထောက်၍ ထိုခေတ်က ဒြာဗီးဒီးယန်း လူမျိုးတို့တွင် ယောဂကျင့်စဉ်သည် အာရိယန်လူမျိုးတို့ အိန္ဒိယသို့ မဝင်ရောက်မီကပင် ရှိနေနှင့်ပြီးဖြစ်ကြောင်း သုတေသီများက ကောက်ချက်ချကြသည်။
#သူရဿတီနတ်သမီး
ကြာနှင့်ပတ်သက်သော အခြားသော အထောက်အထားများကို အိန္ဒိယသို့ ဝင်ရောက်လာသော အာရိယန်လူမျိုးတို့၏ နောက်ဆက်တွဲ ဝေဒကျမ်းများတွင် တွေ့ရသည်။ ထိုကျမ်းတို့၏ အလိုအရ ဤကမ္ဘာလောကကြီး၏ မူလအစသည် ပွင့်ချပ် တစ်ထောင်ရှိသော ကြာပန်း ဖြစ်သည်။ အလင်းရောင်ကိုမှီ၍ ထိုကြာသည် ပွင့်လာသည်။ ထိုကြာမှ ဗြဟ္မန်(ပရမတ္တမ)၊ ထိုဗြဟ္မန်မှ ကမ္ဘာကို အစိုးရသော ဗြဟ္မာနှင့် ၎င်း၏ ကြင်ယာတော် သူရဿတီနတ်သမီးသည် ထွက်ပေါ်လာသည်။ ထိုဗြဟ္မာနှင့် ကြင်ဖက်တို့မှ အခြားသက်ရှိ သက်မဲ့များ ဖြစ်ပေါ်လာရသည်။ ၎င်း ဗြဟ္မာ၏ ကြင်ဖက် သူရဿသီ နတ်သမီးကို ရှေးခေတ် အာရိယန်တို့က သီရိနတ်သမီးဟု ခေါ်ဝေါ်ကြ၍ ဥစ္စာပစ္စည်းများကို ပေးဆောင်သူအနေဖြင့် ကိုးကွယ်ကြသည်။ ထို နတ်သမီးသည် ကျန်းမာခြင်း၊ အသက်ရှည်ခြင်းတို့ကို ပေးနိုင်သူ၊ သားသမီး ကျေးကျွန် စည်းစိမ်ချမ်းသာတို့ကို ပေးဆောင်နိုင်သူ ဖြစ်သည်ဟူသော ဂုဏ်ထူးဝိသေသအမျိုးမျိုးဖြင့် ကြာပန်းပေါ်၌ မတ်တပ်ရပ် အနေအထားဖြင့် ထုလုပ်ထားတက်ကြသည်။ ထိုအကြောင်းအရာတို့ အပေါ်တွင် အမှီပြု၍ ကြာသည် အသက်ရှည်ခြင်း၊ ဥစ္စာတိုးတက်ခြင်း၊ သားသမီး အစရှိသည်တို့ တိုးပွားခြင်း၊ ကျော်စောထင်ရှားခြင်း၊ မင်္ဂလာရှိခြင်းတို့၏ သင်္ကေတ အထိမ်းအမှတ် ဖြစ်လာခဲ့သည်။
ကြာပင်၏အသုံးဝင်မှုများ
သင်သည်ကြာတစ်ပင်ကိုသေချာကြည့်သင့်ပါသည်။ ကြာပင်သည်လှပမှုအတွက်သာမက လူသားများအတွက်အသုံးဝင်မှုများလည်းရှိသည်။ တစ်နည်းအားဖြင့် ကြာပင်သည် အမြစ်မှသည် အရွက်တိုင် အသုံးဝင်သည့်အရာများဖြစ်ကြပါသည်။
(က) ကြာစေ့ သည်တရုတ်လူမျိုးများ၏ အရသာရှိသောဟင်းချိုတစ်ခွက်ဖြစ်သည်။ အချိုရည်ထုတ်လုပ်ရာတွင်လည်းကောင်း၊ မွန်းကိတ် ခေါ်ကိတ်မုန့်များတွင်လည်းကောင်းကြာစေ့ကိုထည့်သွင်းစားသုံးကြသည်။
(ခ) ကြာရွက် သည်အသား၊ ငါးစသည်တို့ကိုကြာရွက်ဖြင့် ထုပ်ပိုးနိုင်သည်။ စားသောက်ဆိုင်များတွင် အသား၊ ငါးတို့ကိုကြာရွက်ဖြင့်ပတ်ကာ ရေနွေးငွေ့ဖြင့် ပေါင်းချက်ကြသည်။
(ဂ) ကြာမြစ် သည်အစိမ်းသက်သက်စားနိုင်ပြီး ဟင်းချို၊ ဟင်းချိုစွပ်ပြုတ်အဖြစ်စားသုံးနိုင်သည်။ အချို့ကအစာမကြေသည့် ဝေဒနာမျိုးအတွက်ဆေးဝါးအဖြစ်ဖော်စပ် အသုံးပြုကြသည်။
ကြာပင်သည် အအေးမိ၊ ဖျားနာ၊ သွေးမတိတ်သည့် ဝေဒနာများကိုကုစားနိုင်သည်ဟု တရုတ်လူမျိုးတို့က ယုံကြည်ထားကြပါသည်။
Source: ဝီကီပီးဒီးယား
Sunday, July 10, 2022
"နတ်ပြည်က ပေးတဲ့ရတနာသစ်ပင် "
 "နတ်ပြည်က ပေးတဲ့ရတနာသစ်ပင် "
=======================
Tropical Treasures မဂ္ဂဇင်းရဲ့ ၂၀၀၉ ခုနှစ်တုန်းက ညွှန်းထားတဲ့ အပင် 
အခုပြောမယ့်အပင်က သခွပ်နီပင်လို့ပဲ ကင်ပွန်းတပ်လိုက်ကြပါစို့။ ဒီအပင်ရဲ့ သိပ္ပံအမည်ကတော့ Muntingia calabura လို့ခေါ်ပြီး မျိုးရင်းကတော့ Muntingiaceae ပါ။ ထိုင်းနိုင်ငံမှာတော့ သခွပ်လို့ခေါ်ပါတယ်။ မြန်မာပြည်မှာ သကြားသီးပင် လို့လည်းခေါ်လေ့ရှိပါတယ်။နာမည်တွေကတော့ အမျိုးမျိုးခေါ်ကြပါတယ်။ ရှမ်းတောင်ဘက်မှာဆိုရင် မာကာကွတ်ပင်လို့ခေါ်ကြတယ်
ဒေသအလိုက် ခေါ်တာချင်းလဲမတူကြပါဘူး။ အသီးက ချိုအီအီအရသာရှိပါတယ်။ ဂျမေကန်ချယ်ရီ၊ စင်္ကာပူချယ်ရီ၊ ပနားမားဘယ်ရီ စသည်ဖြင့် လည်း ခေါ်ကြပြီး အထွားမြန်၊ အရိပ်ရအပင်ဖြစ်ကာ ၂ နှစ်အတွင်း ၁၀ မှ ၂၀ ပေခန့်မြင့်ပြီး အမြင့်ဆုံး ပေ ၂၀ မှ ၄၀ အထိ ရှိနိုင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။
အသီးကို စားလို့ရပြီး အရွက်ကို လက်ဘက်ခြောက်လုပ်လို့ရတယ်။ အပွင့်ကို ပဋိဇီဝဆေးဖော်ရာမှာသုံးတယ်။ ဝမ်းဗိုက်ထဲမှာ ထိုးအောင့်တတ်တဲ့ ရောဂါကိုကုသဖို့နဲ့ အပုပ်နိုင်ဆေး၊ ပိုးသတ်ဆေးအဖြစ်သုံးတယ်။ ငှက်တွေက အသီးကိုကြိုက်တတ်လို့ ဥယျာဉ်တွေမှာ စိုက်ကြပါတယ်။ အိမ်ခြံတွေနဲ့ လမ်းဘေးဝဲယာတလျှောက်မှာလည်း အရိပ်ရပင်အဖြစ် စိုက်ကြတယ်။
အခေါက်ကို လျှော်ကြိုးအနေနဲ့ အသုံးပြုလို့ရပြီး အသားကို သစ်မာအနေနဲ့ သုံးနိုင်ပါတယ်။ ထင်းအဖြစ်လည်း သုံးကြပါတယ်။ စွယ်စုံရတယ်လို့ ပြောရပါမယ်။
"အပင်ရဲ့ဂုဏ်သတ္တိတွေ"
================
မြေဆီညံ့တဲ့နေရာမှာ စိုက်ပျိုးလို့ဖြစ်တယ်။ PH နည်းလွန်း၊ များလွန်းတဲ့နေရာတွေမှာတောင် စိုက်လို့ဖြစ်တယ်။ အငံဓါတ် ရှိတဲ့မြေမှာလည်းပေါက်နိုင်တယ်။ အမြစ်ရှည်ပြီး မြစ်ဖုတွေပါကာ ပဲမျိုးရင်း၀င်တွေလို နိုက်ထရိုဂျင်ဖမ်းပေးတဲ့ ရိုင်ဇိုဘီယမ် တွေရှိတာကြောင့် နိုက်ထရိုဂျင်နည်းတဲ့ တနည်း မြေဆီညံ့ဒေသတွေမှာတောင် အလေ့ကျအပင်အဖြစ် ရှင်သန်နိုင်တယ်။
နောက်ပြီး သူ့ဆီက ကြွေကျတဲ့ အသီးတွေကို ငါးတွေ အလွန်ကြိုက်တယ်။ မြစ်ကမ်းနံဘေးမှာစိုက်ပြီး ငါးမျှားကြတယ်ဆိုပဲ။ ဒါ့အပြင် ငါးတွေအတွက် အဟာရဓာတ်ဖြစ်ဖို့ သူ့ဆီက အရွက်၊ အသီးတွေမှာပါတာမို့ ငါးမွေးကန်ဘေး ပတ်ပတ်လည်မှာ စိုက် ထားသင့်တယ်။
သူ့ဆီက ကြွေကျတဲ့ အရွက်တွေကလည်း မြေဆီကြွယ်ဝစေပြီး ဝါးရွက်မြေဆွေးတွေမှာ တွေ့ရတတ်တဲ့ မှိုတစ်မျိုး တနည်း ဒိုချက်ကင် မှိုလိုမျိုး အကျိုးပြုမှိုတွေက ဒီ အပင်ရဲ့ အရွက်တွေကို သဘာ၀နည်းနဲ့ ဆွေးစေလို့ မြေသြဇာ ကောင်းမွန်စေပါ တယ်။
မြန်မာနိုင်ငံရဲ့ လမ်းဘေးဝဲယာတွေမှာ မလေးရှားပိတောက်ဆိုတာကို စိုက်မယ့်အစား ဒီ သခွပ်နီပင်ကို စိုက်ဖို့ အကြံပြုချင်ပါ တယ်။ မလေးရှားပိတောက်ပင်တွေထက် ဒီ သခွပ်နီပင်တွေက ငှက်နဲ့ အခြားတိရိစ္ဆာန်တွေအတွက်၊ သဘာ၀ပတ်၀န်းကျင် စိမ်းလန်းရေးအတွက်၊ ဂေဟစနစ်တိုးတက်ဖြစ်ထွန်းရေးအတွက် ပိုပြီးအကျိုးရှိလိမ့်မယ်လို့ ယူဆမိပါတယ်။
အရိပ်လိုအပ်တဲ့ ကော်ဖီခြံနဲ့ သစ်မွှေးခြံတွေမှာလည်း ဒီ သခွပ်နီပင်ကို အရိပ်ရပင်အဖြစ် စမ်းသပ်စိုက်ပျိုးကြည့်သင့်ပါတယ်။
  ​နောက်ပြီး သူ့မှာ လူသိပ်မသိတဲ့ ကျန်းမာရေးကိုအထောက်အကူပြုတဲ့ အချက်တွေလည်းရှိနေပါ​တေးတယ်။
၁။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ဂုဏ်သတ္တိ
    သခွပ်နီသီးက သဘာဝပဋိဇီဝဆေးတစ်မျိုးဖြစ်ပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ရောင်ရမ်းခြင်းများကိုလည်း သက်သာစေပါတယ်။
၂။ ဗီတာမင် စီ ရဲ့အရင်းအမြစ်တစ်ခု
    သခွပ်နီသီး ၁၀၀ ဂရမ်သည် ဗီတာမင်စီ ၁၅၀ မီလီဂရမ်နဲ့ ညီမျှတယ်လို့ လေ့လာချက်အရ သိရပါတယ်။ ဗီတာမင်စီပါတဲ့အတွက် ကိုယ်ခံအားကောင်းစေပြီး အအေးမိ၊ နှာစေးအတွက်လည်း သက်သာစေနိုင်ပါတယ်။ နှလုံးသွေးကြောဆိုင်ရာ တိုးတက်ကောင်းမွန်ဖို့အတွက်လည်း လုပ်ဆောင်ပေးပါတယ်။
၃။ ဂေါက်ရောဂါကို သက်သာစေသည်
     ဂေါက်ရောဂါဟာ အချို့သောအစားအစာများကို လွန်စွာစားသုံးခြင်းနှင့် ရေလုံလောက်စွာမသောက်ခြင်းတို့ကြောင့် ယူရစ်အက်စစ် (uric acid) များ စုပုံလာခြင်းကြောင့်ဖြစ်သော အဆစ်နာခြင်းတစ်မျိုးဖြစ်ပါတယ်။ သခွပ်သီးသည် ဂေါက်ရောဂါကို ပျောက်ကင်းအောင်မကုသနိုင်သော်လည်း တစ်နေ့လျှင် ၉ လုံးကနေ ၁၂ လုံးထိကို ၃ ကြိမ်ပုံမှန်စားပေးပါက အဆစ်နာခြင်းကို သက်သာစေနိုင်တယ်လို့ သိရပါတယ်။
၄။ ခေါင်းကိုက်ခြင်းကို သက်သာစေသည်
    သခွပ်နီသီးက သွေးကြောပိတ်ဆို့ခြင်းကြောင့် ခေါင်းကိုက်ဝေဒနာ ပြင်းထန်စွာခံစားရခြင်းကိုလည်း သက်သာစေပါတယ်။ သွေးလည်ပတ်ခြင်းကို ပုံမှန်လည်ပတ်စေနိုင်သောကြောင့် ဖြစ်ပါတယ်။
၅။ ဆီးချိုရောဂါရှိသူများအတွက် အသုံးဝင်သည်
    သခွပ်နီသီးရဲ့အရသာသည် ချိုသော်လည်း သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေရန် ကူညီပေးပါတယ်။ ဒါ့ကြောင့် ပုံမှန်စားသုံးပေးခြင်းဖြင့် ဆီးချိုသမားများအတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။
၆။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ
    ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတဲ့အတွက် နှလုံးနဲ့ပတ်သက်တဲ့ နှလုံးသွေးကြောကျဉ်းခြင်းကို သက်သာစေပြီး နှလုံးကိုလည်း အားကောင်းစေပါတယ်။
၇။ အရေးကြီးတဲ့ အာဟာရဓာတ်များ
    အသီးမှာဆိုရင် အမျှင်ဓာတ်၊ ပရိုတင်း၊ ကယ်လစီယမ်၊ ဖော့စဖောရပ်စ်၊ အိုင်းရွင်းနဲ့ ဗီတာမင် ဘီ ဓာတ်တို့ ပါဝင်ပါတယ်။ အမျှင်ဓာတ်တွေပါဝင်တဲ့အတွက်ကြောင့် သွေးတွင်းအဆီနဲ့ ကိုလက်စထရောကို ကျဆင်းစေပြီး ဝမ်းမှန်စေပါတယ်။ ဒီလိုအာဟာရဓာတ်တွေပါဝင်နေမှုကြောင့်လည်း ကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်စေသည်မှာ မထူးဆန်းပါပေ။  
၈။ ကင်ဆာကာကွယ်ပေးနိုင်တယ်
    သုတေသနပြုချက်တွေအရ အရွက်သည် ကင်ဆာအကြိတ်ကြီးထွားမှုကို လျော့ချပေးသော ဂုဏ်သတ္တိများရှိသည်ကို တွေ့ရှိခဲ့ရသည်။ 
၉။ ရောင်ရမ်းမှုများကို သက်သာစေသည်
     အရွက်ကို အခြောက်ခံ အပိုင်းအစတွေချေပြီး လက်ဖက်ရည်အနေနဲ့ သောက်သုံးမယ်ဆိုရင် အဆစ်များရောင်ခြင်းနဲ့ အဖျားကို သက်သာလျော့ကျစေနိုင်ပါတယ်။
၁၀။ သွေးဖိအားကို လျော့နည်းစေသည်
    ဆေးလိပ်သောက်ခြင်း၊ ဆား အရမ်းသုံးခြင်း၊ အဆီများသောအစားအစာနဲ့ မျိုးရိုးလိုက်ခြင်းတို့ကြောင့် သွေးဖိအားမြင့်တဲ့ အခြေအနေမျိုးဖြစ်တတ်ပါတယ်။ သွေးကြောများက ခန္ဓာကိုယ်တစ်လျောက် ရွေ့ဖို့ခက်ခဲသွားတဲ့အချိန်မှာ သွေးကြောတွေမှာ ဖိအားမြင့်လာစေပါတယ်။ သွေးဖိအားမြင့်လာတဲ့အခါ နှလုံးဖောက်ခြင်း (heart attacks) နဲ့ လေဖြတ်ခြင်းတို့ ဖြစ်လာရပါတယ်။ သခွပ်နီရွက်လက်ဖက်ရည်မှာပါဝင်တဲ့ နိုက်ထရစ်အောက်ဆိုဒ်ပမာဏက သွေးကြောတွေကို ပုံမှန် လွတ်လွတ်လပ်လပ်စီးဆင်းစေပြီး သွေးဖိအားကိုလျော့ကျစေပါတယ်။ 
၁၁။ အစာချေဖျက်အားကောင်းစေသည်
    အသီးက အစာအိမ်ထဲလေထခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ အစာမကြေခြင်းကိုလည်း သက်သာစေတဲ့အတွက်ကြောင့် ပုံမှန်စားပေးသင့်ပါတယ်
အာဟာရပညာရှင်တွေရဲ့ ညွှန်ကြားချက်မှာ အသီးအတိုင်းစားရင်ကို ကျန်းမာရေးအတွက်ကောင်းကျိုးတွေရှိနေတဲ့အပြင် ပတ်ဝန်းကျင်စိမ်းလန်းမှုနဲ့ ဂေဟစနစ်ကိုပါ ထိန်းသိမ်းသွားနိုင်ဖို့အတွက် ကိုယ့်အိမ်ပတ်ဝန်းကျင်မှာလည်း သခွပ်နီပင်ကိုစိုက်ထားကြဖို့ တိုက်တွန်းလိုက်ပါရစေ။
Wednesday, May 4, 2022
ချစ်စရာ🍒 မွန်းသီး 🍒လေးတွေ
 ရွှေဖီချိန်နဲ့အတူ ပွင့်သီးလာကြတဲ့ 
ချစ်စရာ🍒 မွန်းသီး 🍒လေးတွေ
မြန်မာအမည်(‌ဒေသအခေါ် ) - မွန်းသီးကြီး
ပအိုဝ့်လို                 - တသင်;ရာ;
တရုတ်လို               - Yangmei (ရမ်မိန်း)
ဂျပန်လို                 - Mountain Peach
Botanical Name    - Myrica rubra
Common Names - Chinese bayberry,        
                                 Japanese bayberry,
                                 red bayberry,
                                 yumberry, waxberry,
                                Chinese strawberry
Species:               - M. rubra
Family:                 - Myricaceae
ရှမ်းတောင်တန်းတွေပေါ်မှာ သဘာဝအတိုင်း
ပေါက်‌ရောက်ကြပီး ပွင့်ကြ၊ သီးကြတဲ့ ပန်းပင်တွေသစ်သီးပင်တွေ အများကြီးရှိပါတယ်။
သဘာဝကပေးတဲ့အလှအပတွေနဲ့ အဖိုးတန် အာဟာရတွေပါပဲ။
ဒီနေ့ဖော်ပြပေးမဲ့ အသီးလေးကတော့ ရှမ်းပြည်ဒေသအခေါ် #မွန်းသီးကြီး လို့ခေါ်တဲ့ ချစ်စရာ အသီးလေး အကြောင်းပဲ ဖြစ်ပါတယ်။ ပအိုဝ့်လို
တသင်,ရာ; လို့ ခေါ်ကြပါတယ်။
#မွန်းသီးကြီး အပင်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း
ပအို့ဝ်ဒေသဖြစ်တဲ့ ဟိုပုံးမြို့နယ်ထဲက မဲနယ်တောင်ပတ်ဝန်းကျင်၊ လွယ်မှိုင်းတောင်ပတ်ဝန်းကျင်နဲ့
ပင်လောင်ဒေသပတ်ဝန်းကျင်တွေမှာ အလေ့ကျအပင်အဖြစ် ပေါက်ရောက်ကြပါတယ်။ ရွာငံမြို့နယ်ထဲက တောတောင်တွေမှာလဲ ပေါက်ရောက်တယ်လို့ သိရပါတယ်။ အပင်ကြီး အမျိုးအစားဖြစ်ပါတယ်။ ၃၃-၆၆ ပေအမြက့်အထိ ကြီးထွားနိုင်ပါတယ်။  ရာသီဥတုအနေနဲ့ အပူအအေး မျှတတဲ့နေရာတွေမှာ ရှင်သန်ကြီးထွားနိုင်ပါတယ်။
ခုလိုနွေရာသီ မတ်လနဲ့ ဧပရယ်လတွေဟာ ရွှေဖီချိန်ဖြစ်ပါတယ်။ ပင်လောင်းဒေသဘက်မှာတော့ လက်ဖက်ခူးချိန်ပေါ့ဗျာ။ ဒီချိန် ဒီရာသီခူးတဲ့ လက်ဖက်ဟာ အကောင်းဆုံးလို့ ဆိုပါတယ်။ ပင်လောင်းဘက်က လက်ဖက်စိုက်တဲ့ ပအိုဝ့်၊
ပလောင်တိုင်းရင်းသားတွေဟာ လက်ဖက်ခူးသွားရင်း ဒီမွန်းသီးကြီးတွေ ခူးစားရတာဟာ အရမ်းပျော်စရာကောင်းတယ်လို့ ပြောကြပါတယ်။ မွန်းသီးကြီး ရဲ့ အရသာကတော့ ချိုချိုချဉ်ချဉ် အရသာလေးဖြစ်ပါတယ်။ မွန်းသီးကြီးအမှည့်နီရဲရဲလေးရဲ့ ချိုချဉ်အရသာလေးက တကယ်နှစ်လိုဖွယ် ကောင်းလှပါတယ်။ အသီးရဲ့အရွယ်အစားက ၁ လက်မအချင်းခန့်ရှိပါတယ်။ အသီးမျက်နှာပြင်မှာ နူးညံ့တဲ့
ဂျယ်လီအဖုလေးတွေရှိပါတယ်။ မှည့်တဲ့အသီးက အနီရဲရဲနဲ့ ခရမ်းရောင် အသီးတွေအဖြစ်တွေ့နိုင်ပါတယ်။
#မွန်းသီးကြီး ကို အာရှနဲ့ဥရောပမှာတော့ နာမည်အမျိုးမျိုး ခေါ်ကြပါတယ်။ တရုတ်နိုင်ငံမှာ အများဆုံး စိုက်ပျိုးကြတယ်လို့လဲ သိရပါတယ်။ ဂျပန်နဲ့ တရုတ်နိုင်ငံတွေမှာ လမ်းဘေးအလှဆင်အပင်အဖြစ်လည်းကောင်း၊ ပန်းခြံများတွင် အလှပင်အဖြစ်လည်း စိုက်ပျိုးကြပါတယ်။ သုတေသနပြုချက်တွေအရ လူအများအသိအမှတ်ပြုတဲ့နာမည်က Chinese bayberry ဖြစ်ပါတယ်။ တချို့နေရာတွေမှာ wax berry လို့လဲခေါ်ကြပါတယ်။ wax berry ‌အခေါ်ဟာ တရုတ်နိုင်ငံမှာ ဘွန်းဆိုင်းအဖြစ်စိုက်ပျိုးကြတဲ့ Arbutus ဆိုတဲ့ အသီးပင်လေးနဲ့ (mistranslation) မှားယွင်းဘာသာပြန်ခြင်း ဖြစ်တယ်လို့ wikipedia မှာ ဖော်ပြထားပါတယ်။ 
#အသုံးဝင်ပုံ
လတ်ဆတ်သောသစ်သီးအဖြစ် စားသုံးနိုင်သည်။အခြောက်လှန်း၍ (dried fruit)အဖြစ်စားသုံးနိုင်သည်။
စည်သွတ်ထားသော baijiu (တရုတ်အရက်)တွင်
စိမ်ထားနိုင်သည်။
ဝိုင်၊ ဘီယာ သို့မဟုတ် ကော့တေးများကဲ့သို့သော အရက်အဖျော်ယမကာများတွင် စိမ်ထားနိုင်သည်။  သစ်သီးခြောက်များကို ရှောက်သီး huamei (prunus mume ကဲ့သို့ အနံ့အရသာရှိသော ရှောက်ချိုသီး သို့မဟုတ် ဆားငံပြာရည်) ဖြင့် ပြင်ဆင်စားသုံးနိုင်သည်။
ဖျော်ရည်ကို ဥရောပတွင် ကုန်သွယ်မှုအမှတ်တံဆိပ်အမည်ဖြင့် အမှတ်တံဆိပ်အမည် "Yumberry" အောက်တွင် စီးပွားဖြစ်ရောင်းသည်ဟု သိရပါသည်။ 
ဖိလစ်ပိုင်တွင် ၎င်းတို့ကို ဆားရည်နှင့် ရှာလကာရည်ဖြင့် အခြောက်လှန်းထားပြီး တရုတ် huamei ၏ ဒေသထွက်ဗားရှင်းဖြစ်သော Champóy အဖြစ် ပြုလုပ်‌‌ရောင်းချကြသည်။
#အာဟာရဆိုင်ရာအချက်များ- 
ဗီတာမင်များ၊ သတ္တုဓာတ်များနှင့် Phytochemical အစိတ်အပိုင်းများပါဝင်သည်။
Chinese Bayberry တွင် သကြား-အက်ဆစ် မျှတမှု အားကောင်းပြီး thiamine၊ riboflavin၊ carotene၊ သတ္တုဓာတ်၊ အမျှင်ဓာတ်နှင့် ဗီတာမင် C မြင့်မားစွာ ပါဝင်ပါသည်။
anthocyanins အပြင်၊ flavonols၊ ellagitannins နှင့် gallic acid၊ quercetin hexoside၊ quercetin deoxyhexoside နှင့် quercetin ကဲ့သို့သော phenolic ဒြပ်ပေါင်းများပါရှိသည်။  rhamnose၊ arabinose၊ mannose၊ ဂလူးကို့စ်နှင့် galactose ကဲ့သို့သော Monosaccharides များကို ဤအသီးတွင် တွေ့ရသည့်အပြင် ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်၊ သံနှင့် ကြေးနီကဲ့သို့သော သတ္တုအိုင်းယွန်းများ ကြွယ်ဝစွာပါဝင်သည်။
Chinese Bayberry တွင် အစွမ်းထက်ဆုံး
free-radical-scavenging antioxidants အမျိုးအစားဖြစ်သော oligomeric proanthocyanidins (OPCs) ကြွယ်ဝစွာပါဝင်သည်။  OPCs များသည် ခန္ဓာကိုယ်တွင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဖိစီးမှုများကို ကာကွယ်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ ဇီဝဖြစ်စဉ်အားလုံးကို ပံ့ပိုးပေးသည်ဟု သုတေသနပြုချက်များအရ သိရှိသည်။
ဗီတာမင်စီထက် အဆနှစ်ဆယ်ပိုအားကောင်းပြီး ဗီတာမင် E ထက် အဆ ၅၀ ပိုအစွမ်းထက်သော OPCs များသည် နှလုံးသွေးကြောဆိုင်ရာရောဂါများနှင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးသည်ဟု ဆိုကြသည်။
OPCs များသည် ကိုယ်ခံအားစနစ်ကို မြှင့်တင်ရန်၊ သွေးဖိအားကို ကျဆင်းစေပြီး LDL ကိုလက်စထရောအဆင့်ကို လျှော့ချရန် ကူညီပေးသည်။  OPCs များသည် အိုမင်းမှုကို နှေးကွေးစေပြီး သွေးကြောများ၏ ခိုင်ခံ့မှုနှင့် ပျော့ပျောင်းမှုကို တိုးမြင့်စေပြီး အရေပြားကို တင်းမာစေကာ ကင်ဆာဆဲလ်များ
ကြီးထွားမှုကို ဟန့်တားပေးသည်။
#ကျန်းမာရေးအကျိုးကျေးဇူးများ-
သိပ္ပံနည်းကျ လေ့လာမှုများအပေါ် အခြေခံ၍ ဆေးဘက်ဆိုင်ရာ အသုံးပြုမှုများ
အစာခြေစွမ်းအားကို တိုးမြှင့်ပေးသည်။
ပင်စည်အခေါက်ကို အာဆင်းနစ်အဆိပ်သင့်ခြင်း၊ အရေပြားရောဂါများနှင့် အနာများကို
ကုသရာတွင် အသုံးပြုသည်။
အစေ့ကို ချွေးစေးများတဲ့ ခြေဖဝါးတွေကို ကုသရာမှာ အသုံးပြုပြီး အသီးကို ကာလဝမ်းရောဂါ၊ နှလုံးရောဂါ၊ အစာအိမ်ရောဂါတွေကို ကုသရာမှာ အသုံးပြုပါတယ်။
Chinese Bayberry သည် အစွမ်းထက်ဆုံး antioxidants များထဲမှ တစ်ခုဖြစ်သောကြောင့်ဦးနှောက်နှင့် အာရုံကြောစနစ်ကို ကောင်းမွန်စေသည်။
အတွင်းတိမ်၊ အရေပြားအိုမင်းခြင်းကို ကာကွယ်နိုင်ပြီး အဆစ်အမြစ်ရောင်ခြင်းကို သက်သာ‌ေစသည်။
သွေးဖိအားကို လျှော့ချရန်၊ သွေးကြောများ၏ ပျော့ပျောင်းမှုကို ပြန်လည်ရရှိရန်ပင် အသုံးပြုနိုင်သည်။  ဆီးချိုရောဂါအတွက် ကုသမှုတစ်ခုအနေဖြင့် bayberry ဖျော်ရည်သည် ဆဲလ်များကို
ပုံမှန်ဖြစ်စေပြီး ပန်ကရိယကို ကာကွယ်ပေးသည်။
မကြာသေးမီက လေ့လာမှုများအရ အရွက်မှ ထုတ်ယူရရှိသော အဆီများနှင့် အဆီများသည် acaricidal၊ ပိုးသတ်ဆေး၊ ပိုးသတ်ဆေး၊ နှင့် arthropod တို့ကို တွန်းလှန်နိုင်သော ဂုဏ်သတ္တိများရှိကြောင်း ဖော်ပြထားသည်။
Sai Win Min
24 April 2022
Reference : Wikipedia & healthline.com
All photos are copy from internet & fb
Sunday, April 10, 2022
နှင်းဆီစိုက်ပျိုးရာတွင် ဂရုစိုက်ရမည့် အချက်မျာ
 နှင်းဆီစိုက်ပျိုးရာတွင် ဂရုစိုက်ရမည့် အချက်များ
===🌹🌹🌹===
နှင်းဆီပန်းသည် အခြားပန်းများနှင့် မတူဘဲ တစ်နှစ်လျှင် (၄-၅) လခန့် ရေခဲသော အရပ်မှလွဲ၍ အပူပိုင်းတိုင်းပြည်များမှ အအေးပိုင်းတိုင်းပြည်များအထိ ကမ္ဘာအနှံ့ စိုက်ပျိုးနိုင်ပါသည်။ နှင်းဆီပန်းသည် အရောင်အသွေးစုံလင်ပြီး သင်းပျံ့သော ရနံ့ ရရှိခြင်းကြောင့် “ပန်းဘုရင်မ” ဟု တင်စားခေါ်ဝေါ်ကြပါသည်။ နှင်းဆီ စိုက်ပျိုးမှု၏ ၄၀% သည် အနီရောင် ဖြစ်ပါသည်။
🔰စိုက်ပျိုးမည့် မြေနေရာရွေးချယ်ခြင်း
✅ နှင်းဆီစိုက်ပျိုးမည့် နေရာသည် အရိပ်ကင်းလွတ်ရမည်။
✅ လေပြင်းတိုက်ခတ်ခြင်းမှ လွတ်ကင်းရပါမည်။ လေထုညစ်ညမ်းမှု ကင်းစင်ပြီး လေဝင်လေထွက် ကောင်းရမည်။
✅ ရေစီးဆင်းမှု ကောင်းရပါမည်။ တစ်နေ့လျှင် နေရောင်ခြည် အနည်းဆုံး ၆ နာရီ ရရှိရပါမည်။
✅ မြေချဉ်ငံဓာတ် ၅.၆ မှ ၆.၅ တွင် ကောင်းစွာ စိုက်ပျိုးနိုင်ပါသည်။
🔰မြေချမစိုက်မီ သတိပြုရမည့် အချက်များ
✅ နှင်းဆီပင် တစ်ပင်မှ (၄-၆)နှစ်အထိ ပန်းရနိုင်ပါသည်။
✅ မြေချ မစိုက်မီ ရှည်လွန်းသော အမြစ်၊ လိမ်ကောက်သော အမြစ်များနှင့် ကျိုးပဲ့ပျက်စီးနေသော အမြစ်များကို ကတ်ကြေးထက်ထက်ဖြင့် ဖြတ်ပေးရပါမည်။
✅ ရွေ့ပြောင်းစိုက်စဉ် ကျိုးပဲ့ပျက်စီးသွားသော အကိုင်းအညွန့်များအား ဖယ်ရှားပေးရမည်။
✅ အဖူးမြှုပ်ထားသော နေရာ၏ အထက်ကပ်လျက်ရှိ အောက်ခံပင် ငုတ်တိုအား တတ်နိုင်သမျှ အဖူးမြှုပ်ထားသောနေရာ အနီးကပ်၍ ဖြတ်ပေးရပါမည်။ ပန်းဖူးများပါရှိပါက ဖယ်ရှားပေးရမည်။
✅ ရောဂါရနေသော အစိတ်အပိုင်းများကို လုံးဝဖယ်ရှားပေရပါမည်။ ရောဂါကာကွယ်နိုင်ရန် မှိုသတ်ဆေးဖြင့် ကြိုတင်ပက်ဖျန်းခြင်း၊ စိမ်ပေးခြင်း ပြုလုပ်ပေးရပါမည်။
🔰ရေပေးခြင်းနှင့် အပင်ပြုစုခြင်း
✅ နှင်းဆီတွင် ရေပေးမှု မမှန်ပါက အပင်ဖြစ်ထွန်းမှု နည်းစေပါသည်။ နှင်းဆီသည် အမြစ်မှ ရေဝပ်ခြင်းကို မကြိုက်သလို အရွက်များခြောက်သည်အထိ ရေပြတ်ခြင်းကိုလည်း မနှစ်သက်ပေ။
✅ နုံးမြေတွင် စိုက်သော နှင်းဆီခင်းကို နွေရာသီတွင် တစ်ပတ်တစ်ကြိမ်၊ မိုးရာသီတွင် အပင်အခြေအနေကို ကြည့်၍လည်းကောင်း၊ ဆောင်းရာသီတွင် ၁၀ ရက် ၁၄ ရက်တစ်ကြိမ် ရေသွင်းပါက လုံလောက်ပါသည်။
✅ သဲဆန်သော မြေတွင်မှု နွေရာသီ၌ လိုအပ်လျှင် နေ့စဉ်လောင်းသင့်ပါသည်။ ရေလောင်းရေသွင်းခြင်းကို နံနက်ခင်းနှင့် ညနေခင်းတွင်သာ ပြုလုပ်သင့်ပါသည်။ ရေသွင်းချိန် တစ်ကြိမ်နှင့် တစ်ကြိမ်အကြား အပေါ်ယံမြေခြောက်လျှင် မြေဆွပေးရန် သင့်တော်ပါသည်။
🔰 ပိုးရောဂါ ကာကွယ်ခြင်း
✅ ယခုလိုဆောင်းရာသီတွင် နှင်းဆီ ကွမ်းတံတွေးကွက်(ဒေါင်းနီး) ရောဂါနှင့် လှေးပိုး၊ မွှားပင့်ကူနီများ အကျများသောကြောင့် ပိုးရောဂါ စတင်တွေ့ရှိကတည်းက နှင်းဆီ ပန်းဖြတ်မည့်ရက်နှင့်ခွာပြီး ကြိုတင်ဆေးသုံးပေးသင့်ပါသည်။
🔰ပန်းခူးခြင်း
✅ နှင်းဆီပန်းစိုက်ပျိုးရာတွင် ပန်းခူးသူသည် အဓိက ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပန်းခူးသူသည် နှင်းဆီပန်း စီးပွားဖြစ်စိုက်ပျိုးရာတွင် အရှုံးအမြတ်ကို အဆုံးအဖြတ်ပေးနိုင်သောကြောင့် ဖြစ်ပါသည်။
✅ နှင်းဆီပန်းခိုင်တွင် ပန်းပွင့်အောက်ကပ်လျက် ပထမအရွက်နှင့် ဒုတိယရွက်များမှာ အများအားဖြင့် အရွက်မွှာ (၃) ခုစီသာပါတတ်ပြီး တတိယရွက်မှစကာ အရွက်မွှာ (၅) ခုမှ (၇) ခုထိ မျိုးအလိုက်ပါတတ်ပါသည်။ တတိယအရွက်သည် ပုံမှန်အရွက် ဖြစ်ပါသည်။
✅ ပန်းဖြတ်ပြီး ပင်စည်ငုတ်နှင့် အနီးဆုံးအဆစ်များတွင် (၃) ရွက်မှာ တစ်ရွက်စ နှစ်ရွက်စ ပြန်ထွက်တတ်ပါသည်။ ပန်းခိုင်ကို ပင်စည်ငုတ်အနီးရှိ သုံးရွက်မွှာအရွက်၏ အထက်မှ ဖြတ်ပါက ပန်းဖူးမပါသော အညွန့်သာ ထွက်လာမည် ဖြစ်ပါသည်။
✅ ပန်းပွင့်အောက်ကပ်လျက် ပထမ၊ ဒုတိယ သုံးရွက်မွှာ အရွက်များနှင့် ငါးရွက်မွှာပါသော တတိယအရွက်များမှ ဖြတ်ပါကလည်း အခိုင်တိုသော ပန်းပွင့်များသာ ရရှိမည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရွက်များအရင်းရှိ ကြားဖူးများသည် ချွန်သော အဖူးများဖြစ်ပြီး ၎င်းတို့မှ အရိုးတို ပန်းပွင့်များ ထွက်လေ့ရှိပါသည်။
✅ တတိယအရွက်၏ အောက်ဘက်ရှိ အရွက်များ အရင်းတွင်မူ လုံးဝန်းသော ကြားဖူးသာ ရှိပြီး ၎င်းတို့မှ အရိုးရှည် ပန်းခိုင်များ ထွက်စေပါသည်။
✅ ပန်းခိုင်တစ်ခိုင်ဖြတ်မည်ဆိုပါက လုံးဝန်းသော အဖူးများရှိသော အပိုင်း သို့မဟုတ် ပင်စည် အကိုင်း ပေါ်၌ ငါးရွက်မွှာ အရွက်နှစ်ရွက်ချန်ပြီးမှ ဖြတ်သင့်ပါသည်။
===🌹🌹🌹===
#ဒေါက်တာ ညိုညို နှင်းဆီစိုက်ပျိုးနည်းမှ ကိုးကား ကောက်နှုတ်ထားပါသည်။
#Awba #Cometfertilizer
#နှင်းဆီ
ကိုင်းဖြတ်ရာမှ အပင်ပျိုးနည်း =>
ပန်းစည်းမှ ကိုင်းကို အပင်ပျိုးနည်း =>
မြေပြင်တွင် ပျိုးပင်ကို ချစိုက်နည်း =>
(Zawgyi)
===🌹🌹🌹===
🔰ပန်းခူးခြင်း
===🌹🌹🌹===
#Awba #Cometfertilizer
#နှင်းဆီ
Thursday, December 30, 2021
စွန်ပလွန်သီးအပင် (ခေါ်) Date Palm စိုက်ပျိုးနည်း
 စိုက်ပျီုးရေးလုပ်ငန်းမှာစီးပွားရေးအလားအလာကောင်းမဲ့စွန်ပလွန်စိုက်ပျီုးကြစို့
စွန်ပလွန်သီးအပင် (ခေါ်) Date Palm စိုက်ပျိုးနည်း
မြန်မာနိုင်ငံတွင် အလေ့ကျပေါက်သီးပွင့်နေသောစွန်ပလွန်ပင်များကို နေရာအနှံတွေ့မြင်နိုင်ပါ သည်။ အသီးများ ကို လတ်လတ်ဆတ်စားကြသလို ယိုထိုးထားသောစွန်ပလွန်သီးများကို လူတော် တော်များများ ကြိုက်နှစ်သက် ကြပါသည်။
အပူပိုင်းနှင့် အပူပိုင်းသမဒေသများတွင် အလွယ်တကူစိုက်ပျိုးကြီးထွား နိုင်ပါသည်။ စွန်ပလွန်သီးများ ကို ဒေသစျေးကွက်နှင့် နိုင်ငံတကာစျေးကွက်တို့တွင် မြင့်မားစွာ လို အပ်နေသောကြောင့် စွန်ပလွန်ပင်များကို စီးပွားဖြစ်စိုက်ပျိုးသူတို့အတွက် အလွန်အောင်မြင်မှုကို ရစေပါသည်။ စွန်ပလွန်စေ့ ( Date seed ) ကို ရေစိမ်ကြိတ်ခွဲ၍ တိရစ္ဆာန်အစားအစာဖြင့် အသုံးပြုနိုင်ပါသည်။ အလှကုန်ပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတို့ သည် စွန်ပလွန်ဆီကို အလှကုန်ပစ္စည်းများပြုလုပ်ရာတွင် သုံးစွဲကြသည်။
စွန်ပလွန်အပင် ( date tree ) သည် အမြင့် ပေ ၇၀ ထိမြင့်သည်။ ပင်စည်တစ်ခုတည်း သို့မဟုတ် ပင်စည်အများကြီးဖြင့် ကြီးထွားကြသော်လည်း ရေသောက်မြစ်တစ်ခုတည်းသာရှိသည်။ အရွက်များမှာ ၁၅-၂၀ ပေရှည်ပြီး ရိုးတံတွင်ဆူးများပါရှိသည်။ အရွက်ငယ်များသည် ၁ ပေခန့် ရှည်သည်။
စွန်ပလွန်သီး(date fruit) များသည် ဘဲဥလုံးရှည်ပုံရှိပြီး အရှည် ၁လက်မခွဲ ၂ လက်မ ၊ အချင်း ၁လက်မ ရှိသည်။ ကျောက်ခဲကဲ့သို့မာကျောသော အစေ့တစ်စေ့တည်းသာရှိပြီး အစေ့မှာ အရှည် ၁လက်မခန့် ရှိသည်။ စွန်ပလွန်သီး များ (Dates) သည် စိုက်ပျိုးသည့် မျိုးပေါ်မူတည်၍ အနီရောင်ရင့်ရင့်မှ အဝါရင့်ရင့် အရောင်များအထိရှိသည်။
အသီးများရင့်မှည့်သည့် အဆင့် (၄) ဆင့်ရှိသည်-
- အသီးနုချိန်
- အသီးကြီးချိန်
- အသီးရင့်မှည့်ကာစ
- အသီးရင့်မှည့်ချိန် 
ရုက္ခဗေဒအမည် - Phoenix dactylifera
မျိုးရင်းအမည် - Arecsceae
မျိုးအုပ်စု - Phoenix
အင်္ဂလိပ်အမည် - Dates
ရာသီဥတု
ရာသီဥတုလိုအပ်ချက်အနေဖြင့် နေ့တာရှည်ပြီး အပူချိန်မြင့်သော နွေရာသီ ကာလနှင့် ဆီးနှင်းမရှိသောဆောင်း အခါသည် အပင်ကြီးထွားပြီး ပန်းပွင့်ကာ အသီးသီးရန်အတွက် အကောင်းဆုံးအနေအထားဖြစ်သည်။ ပန်းပွင့်၍ အသီးသီးချိန်တွင် စိုထိုင်းမှုအနည်းငယ်ရှိတဲ့အခြေအနေနှင့် နေရောင်အများကြီး ရရှိရန်လိုအပ်ပြီး မိုးရွာခြင်းကို မကြိုက်နှစ်သက်ပါ။
မြေအမျိုးအစား
မည်သည့်မြေအမျိုးအစားတွင်မဆို စိုက်ပျိုးနိုင်သော်လည်း လေ၀င်လေထွက်ကောင်းမွန်ပြီးရေစီးဆင်းမှု ကောင်း မွန်သော သဲနုံးမြေဖြစ်ရန်လိုအပ်ပြီး pH 8.0 -11 ရှိရပါမည်။ စိုက်ပျိုးမြေသည် စိုထိုင်းဆကို ကောင်းစွာ ထိန်းနိုင် ရပါမည်။ ထုံး များ မြေထဲတွင်မရှိရပါ။ သဲဆန်သော မြေများတွင်လည်း ရှင်သန်ကြီးထွားနိုင်ပါသည်။
မျိုးပွားခြင်း
မျိုးစေ့၊ ဘေးတက် (offshoots)၊ တစ်ရှုးမျိုးပွားခြင်းတို့ဖြင့် မျိုးပွားစိုက်ပျိုးနိုင်သည်။ အပင်ပေါက်နှုန်းသည် မျိုးစေ့သက်တမ်းနှင့် ပျိုးထောင်မြေပေါ်မူတည်သည်။ မျိုးစေ့များ ပျိုးထောင်သည်မှ စ၍ သတ်မှတ်ထားသော အခြေနေတခုတွင် ၂-၃ ပတ်အကြာ အပင်ပေါက်သည်။ စီးပွားဖြစ်စိုက်ပျိုး သူတို့သည် မျိုးစေ့များထက် ဘေးတက်များမှ မျိုးပွားခြင်းကို ဦးစားပေးလုပ်ဆောင်ကြသည်။ မျိုးစေ့မှ ပျိုးထောင်စိုက်အပင်များတွင် အဖိုပင် နှင့် အမပင်များရောထွေးပြီး ပန်းပွင့်သည့်အခါမှ အဖိုပင် နှင့် အမပင်ကို ခွဲခြားနိုင်သည်။ သို့ဖြစ်၍ မျိုးစေ့မှ အပင်ပျိုးထောင်စိုက်ပျိုးပင်များတွင် ပန်းပွင့်သည့် အခါနှင့် အသီးသီးသည့်အခါတို့တွင် မတူညီမှုများစွာကို တွေ့ရမည်။
မြေပြင်ခြင်း နှင့် စိုက်ပျိုးခြင်း
စိုက်ပျိုးမည့်မြေကို တောရှင်း၊ ငုတ်ထုတ်ပြီး မြေကောင်းစွာပြုပြင်ပါ။ ၂ပေ ပတ်လည် အရွယ်ရှိ စိုက်ကျင်းတူး ပါ။ ပင်ကြား x တန်းကြား ကို (6 x 6) m အကွာအဝေးထားစိုက်ပါ။ စိုက်ကျင်းထဲသို့ ကောင်းစွာဆွေးမြေ့သော သဘာဝမြေသြဇာ နွားချေးဆွေး/ တီဆွေးမြေသြဇာ (သို့) သိုးချေး (အခြောက်များ) ထည့်ပါ။
ရေလောင်းခြင်း
အသီးကောင်းကောင်းရရှိရန်အတွက် ပုံမှန်နှင့် အချိန်မှန်ရေလောင်းပေးရန် လိုအပ်ပါသည်။
-ပထမတစ်နှစ်ထိနှင့်အထက်ကို ရေ 30-35 လီတာ / အပင် နှုန်း အစက်ချရေပေးစနစ်ဖြင့်ရေပေးပါ။
-ဒုတိယနှစ်နှင့်တတိယနှစ် တွင် ရေ 50 - 55 လီတာ/ အပင်/ ၂ ပတ် နှုန်း အစက်ချရေပေး စနစ် ဖြင့် ရေပေးပါ။
-စတုတ္ထနှစ်နှင့် ပဉ္စမနှစ် တို့တွင် ရေ 100-110 လီတာ/ အပင်/ လ နှုန်း အစက်ချရေပေး စနစ် ဖြင့် ရေပေးပါ။
-အပင်သက်တမ်း ၅နှစ်မှ ၆နှစ်ရှိသောအခါ ရေပေးစနစ်အား အစက်ချစနစ်မှ ရေသွင်းစနစ် သို့ ပြောင်းလဲပါ။
-ကြီးထွားနေဆဲအပင် သို့ အရွယ်ရောက်အပင်သည် ဆောင်းအခါတွင် နှစ်ပတ်တစ်ကြိမ်ရေရရှိရန်လိုအပ်ပြီး နွေအခါတွင် တစ်ပတ်တစ်ကြိမ်ရေရှိရန် လိုအပ်ပါသည်။
ပြုစုထိန်းသိမ်းခြင်း
ခေါင်နှိမ်ခြင်း
ခေါင်နှိမ်ရာတွင် ရောဂါကျသောအရွက်များ၊ ခြောက်သွေ့ပျက်စီးနေသော အရွက်များ၊ ဆူး များဖယ်ရှားခြင်း၊ ပုံမမှန်သောပန်းခိုင်များ ဖြတ်တောက်ခြင်း၊ အသီးများခြွေခြင်းတို့ ပါဝင်ပါသည်။ အပင်ပေါ်ရှိ အရွက်အရေ အတွက်ကို ကြည့်ခြင်းဖြင့် အပင်မှရရှိလာမည့် သီးခိုင်အရေအတွက်ကို ခန့်မှန်း ဆုံးဖြတ်နိုင်သည်။ အရွက်အရေ အတွက် နည်းသောအပင်သည် အသီးအထွက်နှင့် အရည် အသွေးကို ကျဆင်းစေပါသည်။
အသီးခြွေခြင်း
အသီးအရည်အသွေး တိုးတက်စေရန်အတွက် အသီးများချွေပေးခြင်းကို ပြုလုပ်ပေးရန် လိုအပ်ပါသည်။ အသီးခြွေခြင်းနည်း (၃)နည်း ရှိသည်။
- သီးခိုင်ရှိ အသီးကိုင်းငယ်များ၏အရှည်ကို ဖြတ်ပေးခြင်း
- သီးခိုင်ရှိ အလယ်အသီးကိုင်းငယ်ခိုင်ဘေးနားရှိ အသီးကိုင်းငယ်များကို ဖယ်ရှားခြင်း
- သီးခိုင်ရှိ အသီးကိုင်းငယ်အသီးသီးမှ အသီးအရေအတွက်များကို လျော့ချခြင်း.
ဝတ်မှုန်ကူးခြင်း
စွန်ပလွန်ပင်( Date Palms) များသည် အဖိုပင် သို့မဟုတ် အမပင်ဖြစ်နိုင်သောကြောင့် စိုက်ပျိုးရာတွင် လက်ဖြင့် ၀တျမှုနျကူးပေးရနျ လိုအပ်သည်။ အခြေခံအားဖြင့် အဖိုပွင့်များတွင် ၀တျမှုနျမြား အဆင်သင့်ဖြစ်သော အခါ အမပွင့်ပေါ်သို့ ကျရောက်အောင် ပြုလုပ်ပေးခြင်းဖြစ်သည်။ အမပင် အရေအတွက် ၁၀၀ ပင်ကို ဝတ်မှုန် ကူးရန် အဖိုပင် ၄ - ၅ ပင် ရှိလျှင် လုံလောက်ပါ သည်။
မြေသြဇာကျွေးခြင်း
အပင်စိုက်တဲ့အချိန်မှာဖော်ပြခဲ့သော သဘာဝမြေသြဇာများထည့်ပါ။ N:P:K မြေသြဇာများ ကို တစ်ပင်ကို တစ်နှစ်လျှင်( 650 : 650 : 870) ဂရမ် ထည့်သွင်းသင့်ပါသည်။
ပိုးမွှားရောဂါကျရောက်မှု
Fusarium oxysporum မှိုကြောင့်ဖြစ်သော Bayoud disease ကျရောက်တတ်ပြီး အထွက်နှုန်းကို လျော့ချ စေသဖြင့် မှိုရောဂါကိုခံနိုင်ရည်ရှိသော မျိုးကိုရွေးချယ်စိုက်ပျိုးရပါမည်။ ပိုးမွှားအနေဖြင့် အနီရောင် ကျိုင်းကောင် များ ကျရောက်တတ်ပါသည်။
ရိတ်သိမ်းခြင်း
စိုက်ပျိုးပြီးသည်မှစ ၄ နှစ်အကြာတွင် စတင်ခူးဆွတ်နိုင်ပါသည်။ အသီးများရင့်မှည့်ချိန် တူညီကြသဖြင့် အသီး ခူးဆွတ်ချိန်တွင် အမြောက်အမြားခူးဆွတ်ရမည်ဖြစ်သည်။ စျေးကွက်ဝင် အကောင်းဆုံးအသီးများ ရရှိရန်အ တွက် အသီးခြွေခြင်းနှင့် အိတ်စွပ်ခြင်းကို မရင့်မှည့်မီပြုလုပ်ပေးခြင်းဖြင့် အသီးများ၏ အရွယ်အစားကြီးပြီး အသီးများကို ငှက်နှင့်ရာသီဥတုဒါဏ်မှ ကာကွယ်နိုင် ပါမည်။
အထွက်နှုန်း
အသီးအထွက်သည် စိုက်ပျိုးသည့်မျိုး၊ အပင်သက်တမ်း၊ စိုက်ပျိုးမြေအမျိုးအစား၊ ရေရရှိမှု၊ အခြားသောစနစ် တကျ ပြုစုထိန်းသိမ်းမှုနည်းစနစ်များပေါ် မူတည်ပါသည်။ စနစ်တကျစိုက် ပျိုးပြုစုပါကစိုက်ပျိုးပြီး ၄ နှစ်သား တွင် အသီးစတင်ခူးဆွတ်ကာ ၇ - ၁၀ နှစ်ကြာသည်နောက် စီးပွား ရေးတွက်ခြေကိုက် အထွက်နှုန်း ရရှိမည် ဖြစ်ပါသည်။ စိုက်ပျိုးပြီး စွန်ပလွန်အပင်သည် နှစ် ၆၀ - ၇၀ အထိ အသီးခူးဆွတ်နိုင်ပါသည်။ အသီးခူးရသည့် အပင်တစ်ပင်မှအနည်းဆုံးပျမ်းမျှ ၁၀၀-၂၀၀ ကီလိုဂရမ် အထိ ထွက်နိုင်ပါသည်။
စျေကွက်အခြေအနေ
မိမိဒေသစျေးကွက်တွင် လတ်ဆတ်သောအသီးများရောင်းချခြင်း သို့မဟုတ် အစားသောက်ပြုပြင်ရောင်းချသည့် ကုမ္ပဏီများသို့ ရောင်းချခြင်းတို့ ပြုလုပ်ရောင်းချနိုင်ပါသည်။ ကမ္ဘာ့စျေးကွက် ရည်ရွယ်ပါက စျေးကွက်လိုအပ် ချက် ပုံစံပေါ်မူတည်၍ စနစ်ကျဂရုစိုက်ရန်လိုအပ်ပါသည်။
Credit:သုတဇုန် ထွန်းလင်း
(Zawgyi)
- အသီးနုချိန်
- အသီးကြီးချိန်
- အသီးရင့်မှည့်ကာစ
- အသီးရင့်မှည့်ချိန် 
မျိုးအုပ်စု - Phoenix
အင်္ဂလိပ်အမည် - Dates
ရာသီဥတု
မြေအမျိုးအစား
မျိုးပွားခြင်း
ရေလောင်းခြင်း
-ကြီးထွားနေဆဲအပင် သို့ အရွယ်ရောက်အပင်သည် ဆောင်းအခါတွင် နှစ်ပတ်တစ်ကြိမ်ရေရရှိရန်လိုအပ်ပြီး နွအေခါတွင် တစ်ပတ်တစ်ကြိမ်ရေရှိရန် လိုအပ်ပါသည်။
ခေါင်နှိမ်ခြင်း
အသီးခြွေခြင်း
ဝတ်မှုန်ကူးခြင်း
မြေသြဇာကျွေးခြင်း
ရိတ်သိမ်းခြင်း
အထွက်နှုန်း
ဈေကွက်အခြေအနေ
မိမိဒေသဈေးကွက်တွင် လတ်ဆတ်သောအသီးများရောင်းချခြင်း သို့မဟုတ် အစားသောက်ပြုပြင်ရောင်းချသည့် ကုမ္ပဏီများသို့ ရောင်းချခြင်းတို့ ပြုလုပ်ရောင်းချနိုင်ပါသည်။ ကမ္ဘာ့ဈေးကွက် ရည်ရွယ်ပါက ဈေးကွက်လိုအပ် ချက် ပုံစံပေါ်မူတည်၍ စနစ်ကျဂရုစိုက်ရန်လိုအပ်ပါသည်။