Sunday, May 14, 2017

Detox Water For Weight Loss

#DETOX #DIET
နွေနေပူပူမှာ အဆီကျအဆိပ်ပြေစေဖို့ အဆီကျ အဆိပ်ပြေဖျော်ရည်အမျိုးမျိုး ပြုလုပ်နည်း



ရာသီဥတု ပူပူနဲ့ နွေလမှာတော့ သံပရာသီးကို အဓိက အသုံးပြုပြီး အဆီကျ အဆိပ်ပြေစေမယ့် နည်းလမ်းတွေ ဖော်ပြလိုက်ပါတယ်။

သံပရာ အဆီကျ အဆိပ်ပြေဖျော်ရည်

#လိုအပ်သည်များ

 သံပရာသီး၊ ပူဒီနာတို့ပါပဲ။

#ပြုလုပ်ပုံ

၁။ သံပရာသီး သုံးလုံးခန့်ကို ရေဆေးသန့်စင်ကာ ရေကရားထဲထည့် ပြီး ရေခဲသေတ္တာထဲ တစ်ညထားပါ။

၂။ နောက်နေ့ မနက်မှာတော့ သံပရာစိမ်ထားတဲ့ရေထဲ သံပရာသီး ညှစ်ပြီး ရိုးရိုးရေနဲ့ သောက်ပေးပါ။

၃။ ပူဒီနာရွက် အနည်းငယ်ထည့်သောက်ပေးပါ။

ပျားသံပရာယို ပြုလုပ်နည်း

#လိုအပ်သည်များ

 သံပရာသီး၊ ပျားရည်၊ သံပရာခွံတို့ပါပဲ။

#ပြုလုပ်ပုံ

၁။ သံပရာခွံ တစ်လုံးစာကို အမျှင်လေးများ ခြစ်ပေးထားပါ။

၂။ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာထည့်ပါ။

၃။ သံလွင်ဆီ အနည်းငယ်ထည့်ပါမယ်။

၎။ Apple Cider Vinegar လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာထည့်ပါမယ်။ (City Mart  မှာ အလွယ်တကူရပါတယ်။)

၅။ ငရုတ်ကောင်းနဲ့ ဆားအနည်းငယ်ထည့်ပါမယ်။

၆။ အထက်ပါ ပါဝင်အမည်တွေကို ဇလုံ(သို့) ခွက်တစ်ခုထဲ စုထည့်ပြီး နှံ့အောင်မွှေပေးပါ။

 ဒါဆိုရင် အဟာရဓာတ်ကြွယ်ဝပြီး အရသာရှိတဲ့ ပျားသံပရာယို ရရှိပါပြီ။

ပျား သံပရာဖျော်ရည်

#လိုအပ်သည်များ

 သံပရာသီး၊ ပျားရည်၊ သံပရာခွံ တို့ပါပဲ။

#ပြုလုပ်ပုံ

၁။ သံပရာခွံကို အမျှင်လေးများ ခြစ်ပေးထားပါ။

၂။ ပျားရည်၊ ရေအနည်းငယ်နဲ့ သံပရာခွံ
 အမျှင်လေးတွေကို မီးဖိုမှာ အပူပေးပါ။ ပျားရည်တွေ ပျော်ဝင်တဲ့ထိ အပူပေး ရမှာဖြစ်ပါတယ်။

၃။ သံပရာသီးကို အရည်ညှစ်ပြီး သံပရာရည် ရေခွက်တစ်ဝက်စာခန့်ထည့်ပါ။

၎။ အရသာကို မြည်းကြည့်ပြီး ပျားရည်နဲ့သံပရာသီးကို လိုသလို ထည့်ပေးပါ။

၅။ ရေခဲသေတ္တာထဲ ၂ နာရီခန့် ထားပြီးနောက် သောက်သုံးလို့ ရပါပြီ။

ကြက် သံပရာရည်ပြုလုပ်နည်း

#လိုအပ်သည်များ

 ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်ရိုးနဲ့ ကြက်သား အနည်းငယ်၊ သံပရာသီး၊ တရုတ်နံနံ၊ ဆားနဲ့ ငရုတ်ကောင်းတို့ပါပဲ။

#ပြုလုပ်ပုံ

၁။ ကြက်သွန်ဖြူ ၅ မြွှာခန့်ကို ထုခြေပေးပါ။

၂။ ကြက်သွန်နီ တစ်ဥကို နုပ်နုပ်စဉ်းထားပါ။

၃။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီ အနည်းငယ်ထည့်ကာ ထုခြေ နုပ်နုပ်စဉ်းထားတဲ့  ကြက်သွန်ဖြူ နဲ့  ကြက်သွန်နီတွေ ထည့်ပေးပါ။

၎။ ကြက်သား အနည်းငယ်ကိုပါ ထည့်ပေးပါ။ အသားတွေ ကျက်တဲ့ထိ မီးဖိုမှာ ထားပေးပါ။

၅။ ကြက်ရိုးပြုတ်ရည် ၃ ခွက်စာခန့်ရအောင် ကျိုချက်ပေးကာ ထည့်ပေးပါ။

၆။ သံပရာရည်ပါ ညှစ်ထည့်ပေးပါ။ နာရီဝက်ခန့် အပူပေး ပေးပါ။
 အဲ့ဒီနောက် ဆား၊ ငရုတ်ကောင်းနဲ့ တရုတ်နံနံတွေ ထည့်ပြီးနောက် သုံးဆောင်နိုင်ပါပြီ။

ဒီလမှာတော့ သံပုရာသီး အထူးပြု အဆီကျ အဆိပ်ပြေစေတဲ့ နည်းတွေပဲ ဖော်ပြထားတာမို့ သံပရာသီးရဲ့ ကျန်းမာရေး ကောင်းကျိုးနဲ့ သိထားရမယ့် အချက်တွေကို ဖော်ပြလိုက်ပါတယ်။

#အကျိုးပြုပုံ
ခွန်အားတိုးစေပါတယ်။ လည်ချောင်းနာခြင်းနဲ့ ချောင်းဆိုးခြင်းကို  သက်သာစေကာ ချွဲသလိပ်ကို ပျော်စေပါတယ်။ အအေးမိခြင်းကို ကာကွယ် ပေးနိုင်သလို ပန်းနာရောဂါအတွက်လည်း သောက်သုံးပေးနိုင်ပါတယ်။
 သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး  ဦးနှောက်စွမ်း ဆောင်ရည်ကောင်းစေပါတယ်။ သွေးတိုးခြင်းကို သက်သာစေပြီး နှလုံး ကျန်းမာရေးကောင်းစေပါတယ်။ ကျောက်ကပ်ကျောက်တည်ခြင်းကို ကာ ကွယ်ပေးကာ ဆီးချိုကြောင့် မျက်လုံးထိခိုက်ခြင်းကို သက်သာစေပါတယ်။
အစာခြေစနစ်ကိုကောင်းစေပြီး အစားကြူးခြင်းကို ဟန့်ထားပေးပြန်ပါတယ်။ ဒါကြောင့် ၀ိတ်ကိုကျစေပါတယ်။ စိတ်ပိုင်းဆိုင်ရာ အနေနဲ့တော့ စိတ်ကျ ခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အရိုးကိုသန်မာစေကာ အသားအရေကို လှပစေပါတယ်။ ဒါကတော့ သံပရာသီးကနေ ရရှိစေမယ့် ကျန်းမာရေး ကောင်းကျိုးအချို့ပါ။

♦ သတိပြုရန် ♦

သံပရာရည်သောက်ပေးခြင်းက ကျန်းမာရေးအတွက် ကောင်းစေပေမယ့် သတိပြုရမယ့်အချက်လေးတွေတော့ ရှိပါတယ်။

၁။ သံပရာသီးမှာ အက်ဆစ်ဓာတ်မြင့်မားစွာ ပါဝင်တာကြောင့် သွားတွေကို ပျက်စီးစေပါတယ်။

၂။ အခန့်မသင့်ရင် သံပရာသီးရဲ့ အချဉ်ဓာတ်က အစာအိမ်ကို ပြသနာဖြစ် စေပါတယ်။

၃။ ခံတွင်းမှာ အနာပေါက်တာ၊ အနာရှိနေတာမျိုး အခြေအနေမှာ သံပရာ ရည်က အနာကို ပိုဆိုးစေပါလိမ့်မယ်။

♦ ♦ သိထားရမယ့်အချက်တွေ

၁။ သံပရာသီးကို မိုက်ခရိုဝေ့ဖ်နဲ့ အပူမပေးပါနဲ့ ။ မိုက်ခရိုဝေ့ဖ်က သံပရာသီးရဲ့ အဟာရတွေကို ပျက်စီးစေပါတယ်။

၂။ တကယ်လို့ ပေါင် ၁၅၀ အောက်ဆိုရင် အဆင့် ၂ပါ အချက်အတိုင်း သံပရာသီးညှစ်ပါက သံပရာသီး တစ်ခြမ်းဆိုလုံလောက်ပါတယ်။ ပေါင် ၁၅၀ အထက်ဆိုရင်တော့ သံပရာသီး တစ်ခြမ်းထက် ပိုရမှာဖြစ်ပါတယ်။

၃။ သံပရာအခွံကို အမျှင်လေးတွေခြစ်ပြီး ထည့်ပေးပါက အနံ့အရသာကို ပိုကောင်းစေသလို အာရုံစူးစိုက်မှုလည်း ကောင်းစေပါတယ်။

၎။ ဇီဝကမ္မသဘောအရ သံပရာရည်ကို ရေခပ်နွေးနွေးနဲ့သာ သောက်ပေး သင့်ပါတယ်။ ရေနွေးပူပူနဲ့သောက်ဖို့ မသင့်တော်ဘူးလို့ ဆိုပါတယ်။

၅။ ၀ိတ်လျှော့ချင်ဇောနဲ့ သံပရာရည် အလွန်အကျွံသောက်သုံးတာမျိုး မဖြစ်ရလေအောင် အစားအစာတစ်ခုခုစားပြီးမှ သောက်ပေးတာမျိုးနဲ့ ထိန်းချုပ်လို့ရပါတယ်။

၆။ သံပရာသီးကြောင့် သွားတွေ ထိခိုက်မှု သက်သာအောင် ခွက်နဲ့ မော့ သောက်တာထက် ပိုက်နဲ့သောက်တာက ပိုသင့်တော်တယ်လို့ ဆိုပါ တယ်။
၇။ သံပရာသီးကို ၀ယ်ပြီးရင် ပလပ်စတစ်အိတ်နဲ့ ထုတ်ပိုးထားတာက တာရှည်ခံစေတယ်လို့ ဖော်ပြထားပါတယ်။

#WAI

(THE CHIC MAGAZINE - April 2017 Issue မှ)

No comments: