Tuesday, July 20, 2010

" ကော်ဖီသမိုင်း "


အငွေ့တထောင်းထောင်းထနေတဲ့ ကော်ဖီ (Coffee)ကော်ဖီနဲ့ပက်သက်တဲ့ ယုံတမ်းပုံပြင်အများအပြားရှိပါတယ်။

ကိုယ်ကလည်းကော်ဖီနံ့ ရရင်ကို မနေနိုင်တဲ့ကော်ဖီချိုးဆိုတော့တတ်နိုင်သလောက်လေးတွေရှာပြီးဖော်ပြလိုက်ပါတယ်။ယုံတမ်းပုံပြင်ဆိုပေမဲ့လည်းကော်ဖီ မြင်ရင်ကို မနေနိုင်တဲ့သူတွေကတော့ ဘာပဲပြောပြော ကော်ဖီအကြောင်းလေး ဗဟုသုတတော့ ရသွားမှာပါ ။ ကဲ ဖတ်ကြည့်ပါဦး ။

(၁၇)ရာစု မတိုင်မီက ဥရောပတိုက်ရှိ လူများသည် ကော်ဖီကို သောက်ရမှန်းမသိခဲ့ကြပေ။ ထိုစဉ်က အက်ဗီဆီးယားနိုင်ငံနှင့် အာရေဗျကျွန်းဆွယ်တို့တွင် ကော်ဖီကိုမြိန်ရှက်စွာသောက်သုံး နေကြပြီဖြစ်သော်လည်း မည်သည့်အချိန်က စတင်သောက်သုံးခဲ့ကြသည်ကို အတိအကျ မပြောနိုင်ကြချေ။

စတင်တွေ့ရှိပုံ

ကော်ဖီကို စတင်တွေ့ရှိပုံအကြောင်းနှင့် စပ်လျဉ်း၍ သမိုင်းပုံပြင်အမြောက်အများရှိသည်။ (၃) ရာစု နှစ်ကုန်လောက်တွင်အာရေဗျမှခရစ်ယာန်ဘုန်းတော်ကြီးတစ်စုသည် နှိပ်စက်ညှဉ်းပန်းမှုများကြောင့် အက်ဗီဆီးယားနိုင်ငံရှိ တောတောင်ထူထပ်ရာ ဒေသသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ တစ်ခါသော် ထိုဘုန်းတော်ကြီးများမွေးမြူထားသည့် သိုးနှင့်ဆိတ်တို့သည် ညရောက်သော်လည်း အိပ်စက်ခြင်းမရှိဘဲ မြူးထူးခုန်ပေါက်၍ သွားလာနေကြသည်ကို တအံ့တသြတွေ့မြင်ကြရသည်။ ညဆက်တိုက်ပင် ထိုသို့ဖြစ်နေသည့်အတွက် ဘုန်းတော်ကြီးများသည် သိုးနှင့်ဆိတ်တို့စားသောက်လေ့ရှိသော သစ်ပင်များကို လိုက်လံ စစ်ဆေး၍ စားသုံးကြည့်ရာမှအပင်တစ်မျိုး၏ အရွက်နှင့်အသီးတို့ကြောင့် ဖြစ်ရကြောင်း တွေ့ရှိရလေသည်။ ထိုအပင်မှာ ကော်ဖီပင်ဖြစ်၍ကော်ဖီရွက်နှင့် ကော်ဖီသီးများကို စားသုံးမိသော ဘုန်းတော်ကြီးများမှာ စိတ်ရွှင်မြူး၍ အိပ်မပျော်နိုင်အောင်ဖြစ်ကြရသည်ဟုဆို၏။ ထိုသမိုင်းပုံပြင်မှာ ယုံတမ်းမျှသာ ဖြစ်နိုင်သော်လည်း (၁၅) ရာစုနှစ်ခန့်က မက္ကာမြို့သို့ဘုရားဖူးသွားကြသော မွတ်ဆလင်တို့သည်ညဘက်တရားအားထုတ်ချိန်များတွင်အိပ်ငိုက်ပြေစေရန်ကော်ဖီစေ့ကို လှော်၍အမှုန့်ကြိတ်ပြီးလျှင်ရေတွင်ဖျော်ကာသောက်သုံးခဲ့ကြကြောင်းအထောက်အထားများရှိသည်။

ပျံ့နှံ့သွားခြင်း

(၁၇) ရာစုသို့ရောက်သောအခါ ဥရောပသို့ ကော်ဖီသောက်ခြင်းဓလေ့ကူးစက်လာ၍ ကော်ဖီဆိုင်များအနှံ့အ
ပြားပေါ်ပေါက်လာ၏။အင်္ဂလန်ပြည်တွင်ကော်ဖီဆိုင်များကို၁၆၅၂ခုနှစ်မှစ၍တည်ထောင်ခဲ့ကြောင်းသိရသည်။
(၁၇)ရာစုအကုန်တိုင်အောင် ဥရောပတိုက်ရှိလူများသည် အနံ့အရသာနှင့်ပြည့်စုံသော မိုးကား(Mocha) ခေါ်
အာရေဗျကော်ဖီကိုသာ သောက်သုံးခဲ့ကြသည်။

ကော်ဖီပင်ပေါက်ရောက်ရာ ဒေသများ

ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုတွင် ထိပ်ဆုံးမှဦးဆောင်ပါဝင်သည်။ ကမ္ဘာပေါ်တွင် ဘရာဇီးနိုင် ငံနှင့် အနောက်အိန္နိယကျွန်းစုတို့မှအပ ကော်ဖီကိုအကြီးအကျယ်စိုက်ပျိုးသော ဒေသများမှာ အမေရိကတိုက်အလယ်ပိုင်း၊ မက္ကဆီကို၊ အာရေဗျကျွန်းဆွယ်၊ အာဖရိကတိုက်နှင့် အိန္နိယ နိုင်ငံရှိ အချို့ဒေသများ၊ သီဟိုဠ်ကျွန်း၊ ဆူမားတြားကျွန်း၊ ဂျာဗားကျွန်း နှင့် ပစိဖိတ်သမုဒ္ဒရာရှိကျွန်းများဖြစ်ကြသည်။

(wikimyanmar)
အောက်ပါတို့ကတော့ ဘာသာပြန်ထားတာလေးပါ။


ကော်ဖီသမိုင်း

ယုံတမ်းပုံပြင်အရပြောရမယ်ဆိုရင်တော့ ကော်ဖီကို အီသီယိုးပီးယားမှာ တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ ကော်ဖီရိုင်းအနေနဲ့ပေါက်ရောက်တာပါ။ အဲဒီမှာရှိတဲ့ သိုးကျောင်းသားတွေက ကော်ဖီစေ့တွေစားစားပြီး ညညအိပ်မပျော်ဘဲမြူးတူးလန်းဆန်းနေတဲ့သိုးတစ်အုပ်ကို သတိထားတွေ့ရှိသွားတာက စတယ်လို့ပြောရမှာပါ။ နောက်ယုံတမ်းပုံပြင်တစ်ခုကတော့ မိုခါး ဒါမှမဟုတ် ကော်ဖီဆိုတဲ့နာမည်ကို ပေးပါတယ်။ အာရေဗျလူမျိုးတစ်ဦးကိုသူ့နောက်လိုက်တွေနဲ့ အတူ သဲကန္တာရတစ်ခုကို အစာငတ်သေအောင် ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။ အဲဒီမှာ အိုမရ်လို့ခေါ်တဲ့ အာရေဗျတစ်ယောက်နဲ့ သူ့အဖော်တွေဟာ အမျိုးအမည်မသိတဲ့ အပင်ကရတဲ့ အသီးကိုပြုတ်ပြီးစားကြပါတယ်။ အဲဒီအသီးတွေက အာရေးဗျပြည်ပြေးတွေရဲ့အသက်ကို ကယ်နိုင်ရုံတင်မက အနီးဆုံးမြို့ဖြစ်တဲ့ Mocha မြို့ကိုပါ ဂုဏ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို အစွဲပြုပြီး အဲဒီအပင်နဲ့ အဖျော်ရည်ကို Mocha လို့ အမည်ပေးခဲ့ကြပါတယ်။ကိုးရာစုလောက်က မွတ်ဆလင်မ်ကမ္ဘာမှာ ကော်ဖီကို ဆေးအနေနဲ့ စတင်အသုံးပြုခဲ့ကြတယ်။ နောက်ပိုင်းမှာ
ကော်ဖီကို အရသာခံဖို့နဲ့ သောက်စရာကောင်းတဲ့ အရာအဖြစ် ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ ၁၄ရာစုအတွင်းမှာတော့ အာရေးဗျ မှာ ကော်ဖီပင်အချို့ကိုစိုက်ပျိုးခဲ့ကြပါတယ်။ သူတို့ဟာအုပ်စုလိုက်ဝင်ရောက်စီးနင်းတိုက်ခိုက်ကြတဲ့အခါ ကော်ဖီစေ့တွေကို အဓိကအာဟာရအရင်းအမြစ်အဖြစ် သားကောင်တွေရဲ့ အဆီထဲမှာ မြှုပ်နှံထားခဲ့ကြပါတယ်။တူရကီတွေကတော့ သောက်စရာတစ်ခုအဖြစ်မွေးစားခဲ့တဲ့ ပထမဦးဆုံးနိုင်ငံဖြစ်ပါတယ်။တခါတရံမှာ လေးညှင်းပွင့်၊ သစ်ကြံပိုးခေါက်၊ ဂျင်းမျိုးနွယ်ဝင်အပင်များထည့်ပြီး ခေါင်ရည် ဖြစ်အောင်လုပ်ကြလေ့ရှိပါတယ်။
၁၅ဝဝမတိုင်မီလောက်မှာ တူရကီ၊ နောက် အီတလီတို့မှာရောက်ရှိပြီးသွားပြီဖြစ်ပါတယ်။ ၁၇၂၀ မှာ ပြင်သစ်မရိန်းတပ်အရာရှိ GabrielMathieu deChieu ဟာ မာတီနီကာ ကို ပဲရစ်စ်ကနေ ကော်ဖီပင် သုံးပင်ယူလာခဲ့ပါတယ်။ ခရီးလမ်းမှာ သုံးပင်ထဲက တစ်ပင်ပဲရှင်ခဲ့ပါတယ်။ အဲဒီအပင်ကနေ ကမ္ဘာသစ်ဆီကို ကော်ဖီတွေစတင်စိုက်ပျိုးခဲ့ကြတာပါပဲ။ ကော်ဖီဆိုင်တွေကိုတော့ နိုင်ငံကြီးတွေရဲ့ မြို့တော် ၊ နောက်ပိုင်းမှ မြို့ကြီးတော်တော်များများမှာ စတင်ဖွင့်လှစ်ခဲ့ကြပါတယ်။ ၁၆၀၀ ပြည့်နှစ်နောက်ပိုင်းမှာပေါ့။ အဲဒီကနေမှ တစ်ဆင့် အိမ်မှာသောက်သုံးတဲ့ အထိ ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။
ဒါကတော့ ကော်ဖီရဲ့ သမိုင်းကြောင်းနဲ့ လူတို့ စတင်အသုံးပြုသောက်သုံးလာတဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။
(justaboutcoffee) မှ ဘာသာပြန်ပါတယ်။


ရေးသူ ကြယ်စင်က

Resource; http://www.thungechinmyar.co.cc/

Saturday, July 17, 2010

သတင်းစာများ၌ သတင်းထောက်များရေးခဲ့ကြသော ကမ္ဘာကျော်လူသတ်မှုကြီး

တရားခံများ- ဦးစော၊ မှုံကြီး၊ စိန်ကြီး၊ သက်နှင်း၊ ရန်ကြီးအောင်၊ သုခ၊ခင်မောင်ရင်နှင့်မောင်နီ

အမှုဖြစ်ပွားရက် - ၁၉၄၇ဇူလိုင်လ၊၁၉ရက်(စနေနေ့) နံနက် ၁၀း၁၀မိနစ်

ပြစ်ဒဏ်စီရင်နေ့ - ၁၉၄၇ဒီဇင်ဘာလ(၃၀)ရက်၊နံနက်၁၀း၀၀နာရီ

သေဒဏ်အပြစ်ပေးနေ့ - ၁၉၄၈ခု၊မေလ(၈)ရက်၊ နံနက်လင်းအားကြီး၊အင်းစိန်ထောင်

ကမ္ဘာကျော်လူသတ်မှုကြီးသည် ၁၉၄၇ခုနှစ်၊ ဇူလိုင် ၁၉ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့၊ အတွင်းဝန်များ (secretriet) (နောင်ဝန်ကြီး များရုံး) ၌ ဖြစ်ပွားခဲ့သည်။ အသတ်ခံရသူများမှာ ဗြိတိသျှအစိုးရမြန်မာနိုင်ငံဆိုင်ရာ ဘုရင်ခံ၏အတိုင်ပင်ခံကောင်စီ ဒုတိယသဘာပတိ ဦးအောင်ဆန်း(ဗိုလ်ချုပ်အောင်ဆန်း)နှင့် အတိုင်ပင်ခံကောင်စီဝင်များဖြစ်ကြသော သခင်မြ (ဘဏ္ဍာရေး)၊ မန်းဘခိုင် (စက်မှု/ အလုပ် သမား)၊ မစ္စတာ ရာဇတ် (ပညာရေး)၊ ဦးဘ၀င်း (ဦးအောင်ဆန်း၏ အစ်ကို) (ကူးသန်းရောင်းဝယ်)၊  မိုင်းပွန်စော်ဘွား စပ်စံထွန်း၊ ဦးဘချို (ဒီးဒုတ်) (ပြန်ကြားရေး)၊ ဒုတိယအတွင်းဝန် ဦးအုန်းမောင်(သယ်/ပို့)နှင့် မစ္စတာရာဇတ်နှင့် သူ၏ သက်တော်စောင့် ကိုထွေး(၁၈နှစ်)တို့ ဖြစ်ကြသည်။

ကံကောင်းသူ

သတ်ဖြတ်မှုမှ လွတ်မြောက်ခဲ့သူ (၂)ဦးမှာ ဦးအောင်ဇံဝေနှင့် ဦးဘဂျမ်းဖြစ်ကြသည်။

သတင်းထောက်နှင့် သတင်းစာများ

ယင်းလူသတ်မှုကြီးနှင့်ပတ်သက်သော သတင်းကို ထိုစဉ်က ပုဂ္ဂလိက သတင်းစာများဖြစ်ကြသော ဟံသာဝတီမှ ဦးစိန်၊ မြန်မာ့အလင်းမှ ဦးမောင်မောင်ခင်၊ သံတော်ဆင့်မှ ဦးလှကျော်၊ သမာဓိမှ ဦးထိန်၊ သူရိယမှ ဦးအောင်ထူး၊ အိုးဝေမှ ဦးမျိုးညွန့်၊ ရာစီကာရန်ဂျာနီမှ မစ္စတာ ပဏ္ဍစ်တို့နှင့်တကွ၊ ဗမာ့ခေတ်၊ရှေ့ဆောင်၊ဟစ်တိုင်၊စီးပွားရေးသတင်းစာများ၊ ဘားမင်းအစရှိသော အင်္ဂလိပ်ဘာသာနှင့် ထုတ်ဝေသည့် သတင်းစာများက အစဉ်မပြတ်ရေးသားဖော်ပြခဲ့ကြသည်။

သံတော်ဆင့်

သတင်းစာများအနက် သံတော်ဆင့်သတင်းထောက်ဦးလှကျော်သည် ယင်းလူသတ်မှုကြီးအား ကိုယ်တွေ့မျက်မြင်အတိုင်း သတင်းရေးသားဖော်ပြခဲ့သည်ကို ပြန်လည်ထုတ်နှုတ်ဖော်ပြပါသည်။

ဦးစောနှင့် ဘညွန့်

၁။ ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ = မျိုးချစ်ပါတီခေါင်းဆောင် ဦးစောသည် သာယာဝတီနယ်၊ အုတ်ဖိုသို့ စည်းရုံးရေးရောက်ရှိစဉ်၊ ၄င်း၏တရားပွဲ၌ အခမ်းအနားမှူးလုပ်သူ အသက်(၂၉)နှစ်အရွယ် မောင်ဘညွန့်(အိုးသည်ကုန်းရွာသား)နှင့် တွေ့ဆုံစည်းရုံးသိမ်း သွင်းနိုင်ခဲ့(မောင်ဘညွန့်သည် အမှု၌ အစိုးရသက်သေဖြစ်သွားခဲ့၍ ဖော်ကောင်ဘညွန့်ဟု သတင်းစာများ၌ ဖော်ပြခံခဲ့ရ)။

ဦးစောဝါဒများ

၂။ မောင်ဘညွန့် - ဦးစော၏နိုင်ငံရေးလက်ရုံးဖြစ်သော ဂဠုန်တပ်ဖွဲ့၊ အများက (၀ါးရင်းတုတ်တပ်ဖွဲ့) ဟုခေါ်သော အဖွဲ့ကို မျိုးချစ် ပါတီဝင်များအဖြစ်ထည့်သွင်းရန် ဆိုရှယ်လစ်နှင့် ကွန်မြူနစ်သဘောတရားများကို မျိုးချစ်ပါတီ၏မူဝါဒတွင် ထည့်သွင်းရန်တောင်းဆိုခဲ့၊ ဦးစောက "နောက်ဆုံးမှာ လက်နက်ကောင်းကောင်းရှိထားတဲ့ပါတီက တိုင်းပြည်ကိုအုပ်စိုးသွားမှာပဲ" ဟုပြောခဲ့။

၃။ ဦးစောက လွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဆင်နွှဲရန် မောင်ဘညွန့်ကို လက်နက်စုဆောင်းခြင်း၊ ခဲယမ်းမီးကျောက် စုဆောင်းခြင်း၊ ရန်ပုံငွေစုဆောင်းခြင်း တာဝန်သုံးရပ်ပေးခဲ့။

၎။ ၁၉၄၇ ဇူလိုင်လဆန်းတွင် ဦးစောက မောင်ဘညွန့်နှင့် မောင်စိုး(တရားခံတစ်ဦးဖြစ်သွားခဲ့သူ) တို့ကို ယခင်အခေါ် "ဗမာပြည်မှာ နိုင်ငံရေးဆက်လုပ်သွားမှာဆိုရင်၊ သည့်ပြင် ခေါင်းဆောင်အားလုံးကို သတ်ဖြစ်ပစ်ရလိမ့်မယ်" ဟုပြောခဲ့။

ဦးစောညွှန်ကြားမှု

၅။ ၁၉၄၇ခု၊ ဇူလိုင်လ ၁၈ရက်နေ့ည ၉နာရီတွင် ဦးစောက မောင်ဘညွန့်ကို "မနက်ဖြန် (၁၉.၇.၁၉၄၇-စနေ) ဘုရင်ခံအမှုဆောင် ကောင်စီအစည်းအဝေးရှိတယ်။ အစည်းအဝေးလုပ်နေတုန်း ရုံးပေါ်တက်သွား အစည်းအဝေးထိုင်နေတဲ့ လူအားလုံးကို ပစ်သတ်ဖို့ ဟောဒီသူအားလုံးကို တာဝန်ပေးထားပြီးပြီ" လို့ပြောပြီး အတူရှိနေကြသော မောင်စိုး၊ သက်နှင်း၊ မောင်စိန်နှင့် သုခတို့ကို ညွှန်ပြ။

၆။ မောင်ဘညွန့်ကို "နက်ဖြန် ခင်မောင်ရင်ကားနှင့်လိုက်သွား၊ သခင်နုရုံးခန်း(မောင်ဘညွန့်ကနေရာသိထားပြီး)မှာစောင့်၊ မောင်စိန်တို့ဂျစ်ကားနဲ့ရောက်လာမယ်၊ မောင်စိန်တို့ ရုံးပေါ်တက်သွားပြီး သေနတ်သံကြားတာနဲ့ ဂျစ်ကားပေါ်မှာပါလာတဲ့ သေနတ်အပိုကိုယူ သခင်နုကိုပစ်သတ်ရမယ်" ဟုပြောခဲ့။

ဘညွန့်တာဝန်

၇။ ၁၉၄၇ခု၊ ဇူလိုင်လ ၁၉(စနေ) နံနက် ၈နာရီခွဲခန့်၊ မောင်ဘညွန့်သည် ခင်မောင်ရင်ကားနှင့် မှုံကြီး၊ မောင်စိန်တို့ပါလိုက်ပါလျက် အတွင်းဝန်များရုံး ဒါလ်ဟိုဇီလမ်း (ယခုမဟာဗန္ဓုလ)နှင့် ၄၁လမ်းသို့သွား၊ ကားရပ်ပြီး ခင်မောင်ရင်နှင့်မှုံကြီးတို့ဆင်း၊ စပတ်လမ်း(ယခု ဗိုလ်အောင်ကျော်) ထဲဝင်သွား၊ မောင်နီက ကားအစောင့်ထားပြီး၊ မောင်ဘညွန့်က သခင်နုရုံးခန်းရှိရာ ဥပဒေပြုလွှတ်တော် အဆောက် အအုံအနောက်ဖက်တန်း၊ ပထမဆုံးအခန်းကိုသွားကြည့်၊ ရုံးခန်းတွင်း၌ အပေါ်အင်္ကျီအနက်ရောင်ဝတ်ဆင်ထားရှိသူရှိနေ သခင်နုမဟုတ်။

အားလုံးကိုဖမ်းမိ

၈၊ ၁၉၄၇ခု၊ဇူလိုင်လ ၁၉ရက်၊မွန်းလွဲ ၂နာရီခွဲအချိန်၊ ရဲအဖွဲ့ ဦးစောနှင့် အပေါင်းအပါများ၊ ဦးစော၏နေအိမ်သို့လာရောက် ဖမ်းဆီးလိုက်။

ဘရင်းဂန်း ၂၀၀ အမှု

၉။ ၁၉၄၇ခု၊ ဇွန်လ ၂၄ရက်နေ့၊ မောင်ဘညွန့်သည် ရန်ကုန်မြို့၊ဗိုလ်တထောင်ရှိ ဗြိတိသျှစစ်တပ်လက်နက်သိုလှောင်ရုံ (COD) မှ ဘရင်းဂန်းအလက် ၂၀၀ကို ၃တန်ထရပ်ကားနှင့် ထုတ်ယူပြီး ဦးစောအိမ်သို့ ပို့ပေးခဲ့၊ပြည်လမ်း ၁၆မိုင်ရှိ ဗြိတိသျှစစ်တပ်ခဲယမ်း ကျည်ဆံများထားသိုရာ နေရာတစ်ခုမှ ၃၀၃ (303) ကျည်ဆန် တစ်သိန်းကို သွားထုတ်ယူခဲ့။

သုခ၊ စိန်ကြီး၊ ရန်ကြီးအောင်

၁၀။ လူသတ်တရားခံစာရင်းတွင် ပါဝင်သော "သုခ"သည် အလုပ်လက်မဲ့ဘ၀ဖြင့် မိတ်ဆွေတစ်ဦး၏ ဆက်သွယ်ပေးမှုဖြင့် ဦးစော၏ လူယုံ တပည့်ဖြစ်လာသူ၊ "စိန်ကြီး" (၂၂နှစ်)သည် ကြို့ပင်ကောက်၊ ပြည့်သူ့ရဲဘော်တပ်ဖွဲ့ခေါင်းဆောင်ဖြစ်၊ စိန်ကြီး၏မိဘများနှင့် ဦးစောတို့ ရင်းနှီးကြသဖြင့် စိန်ကြီးကိုရန်ကုန်အိမ်သို့ခေါ်ဆောင်လာခြင်းခံရသူ၊ "ရန်ကြီးအောင်" (၁၈နှစ်) သည် ဦးစော၏ဆွေမျိုးနီးစပ်ဖြစ်၍ ဦးစော အိမ်၌မှီခိုနေသူ။

၁၁။ လူသတ်တရားခံများအသုံးပြုသော ဂျစ်ကားနံပါတ် အာရ်စီ ၁၈၁၄၏ လိုင်စင်အမည်ပေါက်မှာ ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်၊ဇလွန် လမ်းနေ ဦးဘအေးဖြစ်၊ ယင်းကားနံပါတ်ပြား အာရ်စီ၁၈၁၄ကို ဦးစောအိမ်အနီး၊ အင်းလျားကန်ရေအောက်မှ သိမ်းဆည်းရမိခဲ့။

နိုင်ငံရေးသမားများဖမ်း

၁၂။ ၁၉၄၇ခု၊ ဇူလိုင် ၂၁ ရက်နေ့ ဦးစောအား ရန်ကုန်ထောင်(ယခုဖျက်လိုက်ပြီ)သို့ ခေါ်ဆောင် ဦးစောကိုဖမ်းပြီး၊ အခြားထင်ရှားသော နိုင်ငံရေးသမားများ (ဒေါက်တာဘမော်၊ သားငယ် - ရဲဘော်သုံးကျိပ် ဗိုလ်ရန်နိုင်၊ သခင်ဗစိန်တို့အပါအ၀င်) လူ၈၀၀ခန့်ဖမ်းဆီးထိန်း သိမ်းခဲ့။

အထူးတရားခုံရုံးဖွဲ့

၁၃။ ယင်းလူသတ်မှုကြီးကို စစ်ဆေးရန် အထူးတရားခုံရုံးအမှတ် (၁) ကို ဗြိတိသျှအစိုးရက ၁၉၄၇ခု၊ သြဂုတ် ၃၀ ရက်နေ့၌ ဖွဲ့စည်း ပေးခဲ့။ အထူးခုံရုံးတရားသူကြီးများမှာ ဦးကျော်မြင့်၊ ဦးအောင်သာကျော်နှင့် ဦးစီဘူးတို့ဖြစ်ကြ၊ ၁၉၄၇ခု၊ စက်တင်ဘာ ၂၀ရက်မှာ အမိန့် ထုတ်ပြန်၊ ၂၄ရက်မှာ ရုံးစထိုင်၊ အစိုးရရှေ့နေချုပ် ဦးထွန်းဖြူက အမှုတင်သွင်း၊လက်ထောက်များ အဖြစ် ဦးချွန်ဖောင်နှင့် ဦးမြသိန်းတို့ ဆောင်ရွက် အမှုစစ်ဆေးရန် ၁၉၄၇ခု၊ အောက်တိုဘာ ၈ရက်နေ့ကို သတ်မှတ်၊ အမှုစစ်ရန် တရားရုံးကို အင်းစိန် ဗဟိုအကျဉ်းထောင် အိပ်ဆောင်ငယ် တစ်ခု၊ ထောင်ဗူးဝ၏ ညာဘက်ကျကျ၊ အပေါ်ထပ်ကိုသတ်မှတ်။

ရန်ကုန်ကရှေ့နေမလိုက်

၁၄။ ရန်ကိုမြို့မှ ထိပ်တန်းရှေ့နေများက ဦးစောအတွက်ရှေ့နေမလုပ်ချင်ကြ၍၊ ရန်ကုန်တွင် ရှေ့နေလုပ်ခဲ့ပြီး။ လန်ဒန် (ယူကေ)၌ နေထိုင်သူ မစ္စတာ ဗားတင်းနက်(စ်)ကို ငှားရမ်းပြီး ရုံးချိန်ကို တရားခံရှေ့နေရောက်နိုင်မည့် အောက်တိုဘာ ၁၅ရက်နေ့ကိုချိန်း၊ ကျန်တရားခံများအတွက် မျိုးချစ်ပါတီရှေ့နေများဖြစ်ကြသော ဦးစံဝင်း၊ ဦးသိန်းကျော်ကိုငှား၊ တရားခံသုခအတွက် ဦးဘထွန်းကို အစိုးရကငှားပေး၊ တရားခံသုခက လက်မခံတော့ဘဲ၊ငြင်းပယ်။

ခုံရုံးမြင်ကွင်း

၁၅။ အထူးခုံရုံးမြင်ကွင်းမှာ လျှပ်စစ်ပန်ကာမသုံး၊ ဗြိတိသျှခေတ်အစိုးရရုံးသုံး လူဆွဲယပ်ရှည်ကြီးကိုသုံး၊ သတင်းစာတိုက်မှ သတင်း ထောက်များနှင့် ပြန်ကြားရေးဌာန သတင်းထောက်များအတွက် နေရာခုံပေး၊ နံနက်၉နာရီအရောက် သတင်းထောက်များ အရောက်လာရ၊ သတင်းထောက်များကို ပြန်ကြားရေးဌာနက အသိအမှတ်ပြုလတ်မှတ်များ ထုတ်ပေးထား၊ ဓာတ်ပုံရိုက်ခွင့်မရှိ၍ ပန်းချီဆွဲတတ်သော သတင်းထောက်ဦးလှကျော်(သံတော်ဆင့်)က တစ်ကြောင်းဆွဲပန်းချီ(စကက်ခ်ျ)ဖြင့် ပုံဖော်ရေးဆွဲပြီး သတင်းစာတွင်ဖော်ပြခဲ့

ရူးလို့သာဖြစ်မည်

၁၆။ ၁၉၄၇ ခုနှစ်၊နိုဝင်ဘာလလယ်ခန့်တွင် အမှုစစ်ပြီး စွဲချက်တင်၊ ဦးစောနှင့် တရားခံများက အပြစ်မရှိဟုငြင်းဆို၊ ပြန်ခေါ်သက်သေများ (Recall) စစ်ပြီး ဦးစောက လန်ဒန်ရှိ သူ၏ညီတော်သူ ဦးမောင်မောင်ကြီး၏ အကူအညီဖြင့် မစ္စတာကာတစ်တင်းနစ်(ကေစီ)ကို ထပ်မံငှား ရမ်းခွင့်ပြု လိုက်၊ မစ္စတာကေစီမှာ ရုံးချိန်တိုင်းအရက်သောက်လာသည်ကို သတင်းထောက်များ သတိထားမိ၊ (၁၉၄၇ခု၊ ဒီဇင်ဘာ ၁၉ရက် နေ့၌) နောက်ဆုံးလျှောက်လဲချက်ပေးရာတွင် မစ္စတာကေစီက "ဦးစောကဲ့သို့ တိုင်းပြည်၏နန်းရင်းဝန်တစ်ဦးဖြစ်လာခဲ့သောပုဂ္ဂိုလ်တစ် ယောက်မှာ ဤလုပ်ကြံမှုကဲ့သို့သော ရာဇ၀တ်မှုမျိုးကို ကြံစည်ကျူးလွန်သည်ဆိုပါက ရူးနေသူသာဖြစ်ဖွယ်ရာရှိသည်" ဟုဖော်ပြလျှောက် လဲခဲ့သည်။ လျှောက်လဲချက်ပေးအပြီး၊ သတင်းထောက်များနှင့် တရားခံရှေ့နေမစ္စတာကေစီတို့ တွေ့ဆုံပြောကြားရာတွင် "အမှုကိုကြား နာစစ်ဆေးသွားပုံမှာ တရားမျှတမှုရှိကြောင်း၊ မှန်သည့်အတိုင်း အဆုံးအဖြတ်ပေးလိမ့်မည်ဟု မိမိမျှော်လင့်ကြောင်း" ပြောဆိုခဲ့၊ နောက်တစ် နေ့တွင် လန်ဒန်သို့ပြန်လည်ထွက်ခွာသွားခဲ့။

သေဒဏ်

၁၉၄၇ခု ဒီဇင်ဘာလ ၃၀ရက်နေ့တွင် စီရင်ချက်ချ၊ စီရင်ချက် (Judgement) ကို ထိုခေတ်က အင်္ဂလိပ်ဘာသာဖြင့်ရေးသား၊ဖတ်ပြ၊ သေဒဏ်အပြစ်ချမှတ်၊ ဦးစောမှာ အိနြေ္ဒမပျက်တည်ငြိမ်စွာရှိနေ၊ မျက်နှာမှာ သွေးယောင်လွှမ်းနေ။

အယူခံဝင်ပေမယ့်ပယ်

အမှုကို အထက်ရုံးသို့အယူခံဝင် တရားလွှတ်တော်မှ တရားဝန်ကြီးများဖြစ်ကြသော ဦးအုန်းဖေ၊ ဦးစံမောင်၊ ဦးဘိုကြီး ရုံးတော်မှ လက်ခံ ကြားနာ တရားခံဦးစောအတွက် မစ္စတာ အက်ဖ်အေဂျာလစ်ဗာရီယာမော့စ်၊ တရားခံမောင်စိုး၊ သက်နှင်း၊ ရန်ကြီးအောင်နှင့် မှုံကြီးတို့ အတွက် ရှေ့နေဦးကြာခိုင်၊ တရားခံမောင်စိန်အတွက် ဦးစောလှဖရူးတို့က အယူခံတင်ပေးသည်။ အစိုးရဖက်မှ လွတ်လပ်ရေးရပြီး ပထမ ဆုံးရှေ့နေချုပ် ဦးချိန်ထွန်းဖြစ်သည်။ အယူခံကိုပယ်ချလိုက်၍ နိုင်ငံတော်တရားလွှတ်တော်ချုပ် (supreme court) တရားဝန်ကြီးချုပ် ဦးဘဦး၊ တရားဝန်ကြီး ဦးအေးမောင်၊ တရားလွှတ်တော်(High Court) တရားဝန်ကြီးချုပ် ဦးသိမ်းမောင်တို့ရုံးသို့ ထပ်မံလျှောက်ထား သည်။ တရားရုံး ချုပ်က ပယ်ချလိုက်။

တရားခံ၃ဦးပြစ်ဒဏ်လျော့

နောက်ဆုံးအသနားခံလွှာကို ဥပဒေပါအခွင့်အရေးအတိုင်း နိုင်ငံတော် သမ္မတ (စ၀်ရွှေသိုက်)ထံသို့တင်သွင်းရာ တရားခံ သုခ၊ ခင်မောင်ရင်နှင့် မောင်နီတို့ကို သေဒဏ်မှ တစ်သက်တစ်ကျွန်း (အနှစ်၂၀) လျှော့ ၊ ကျန်တရားခံများ ဦးစောနှင့်အပေါင်းအပါတို့အား ခုံရုံးစီရင်ချက်အတိုင်း အတည်ပြုလိုက်။

ကြိုးစင်သို့

၁၉၄၈ခု၊မေလ ဂရက် လင်းအားကြီးအချိန် ဦးစော၊မှုံကြီး၊စိန်ကြီး၊သက်နှင်းနှင့် ရန်ကြီးအောင်တို့သည် အင်းစိန်ထောင်တွင်းရှိ ကြိုးစင်၌ သေဒဏ်အစီရင်ခံလိုက်ရသည်။

ဖိုးသောကြာ (ခေတ်+မိုး)

စာကိုး။   ။ ရန်ကုန်ရာဇ၀င် (၁၉၆၂) ၂၉၃-၃၀၃

Thursday, July 15, 2010

အိပ်ခ်ျအိုင်ဗွီပိုး ၉၁ ရာခိုင်နှုန်းကို ပျက်ပြယ်စေသည့် ပဋိပစ္စည်းတွေ့ရှိ

Attack HIV

Attacit to HIVအိပ်ခ်ျအိုင်ဗွီပိုး ၉၁ ရာခိုင်နှုန်းကို ပျက်ပြယ်စေသည့် အားအကောင်းဆုံး ပဋိပစ္စည်းအပါအ၀င် အားကောင်းသော ပဋိပစ္စည်းသုံးမျိုးကို တွေ့ရှိခဲ့ကြောင်း အမေရိကန်နိုင်ငံမှ
သိပ္ပံပညာရှင်များက ထုတ်ပြန်ကြေညာခဲ့သည်။ ယခု တွေ့ရှိမှုကြောင့် အေအိုင်ဒီအက်စ်ရောဂါအတွက် ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် လမ်းသစ်များပွင့်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ အိပ်ခ်ျအိုင်ဗွီ ပဋိပစ္စည်းများကိုDonor 45 ဟု အမည်ဝှက်ပေးထားသော အသက် ၆၀ အရွယ်ရှိ လူမည်းမိန်းမလျာတစ်ဦး၏ဆဲလ်များအတွင်းတွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်သည်ပဋိပစ္စည်းများကို သဘာဝအတိုင်း ထုတ်ပေးနေသည်။

သိပ္ပံပညာရှင်များအတွက် စိန်ခေါ်မှုမှာ ၎င်း၏ခန္ဓာကိုယ်ကဲ့သို့ အခြားသူများ၏ ခန္ဓာကိုယ်တွင် ယင်းကဲ့သို့ ပဋိပစ္စည်းထုတ်ပေးနိုင်မည့် နည်းလမ်း သို့မဟုတ် ကာကွယ်ဆေး အောင်မြင်စွာ
ထုတ်လုပ်နိုင်ရန် ဖြစ်သည်။ ဓာတ်မတည့်ခြင်းနှင့် ကူး စက်ရောဂါဆိုင်ရာအမေရိကန်အမျိုးသားဌာနမှ ကာကွယ်ဆေးသုတေသန ဗဟိုညွှန်ကြားရေးမှူး ဂယ်ရီနေဗယ်လ်က
ယင်းသို့ဆောင်ရွက်ရန် လိုအပ်နေကြောင်း၊ အချိန်တိုအတွင်းဖန်တီးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းသုတေသန ဇူလိုင်လ ၈ ရက်နေ့ထုတ် သိပ္ပံဂျာနယ်အွန်လိုင်းစာစောင်တွင် စာတမ်းနှစ်ခုဖြင့် တင်ပြထားခဲ့သည်။၂၀၀၈ ခုနှစ် နှစ်ကုန်တွင် လူ ၃၃ သန်းခန့် HIVပိုးကူးစက်ခံထားရကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။

ခန္ဓာကိုယ်၏ ပဋိပစ္စည်းများ ထုတ်လုပ်နိုင်သည့် စွမ်းရည်ကို လှုံ့ဆော်ပေးမည့် ဆေးထုတ်လုပ်နိုင်ပါက အေအိုင်ဒီအက်စ်ရောဂါအပြင် ရေကျောက်၊ ပိုလီယိုနှင့် အခြားသေစေနိုင် လောက်သော ရောဂါများအတွက်ပါ ပိုမိုကောင်းမွန်သည့် ဆေးဝါးများထုတ်လုပ်ပေးနိုင်ရန် ပညာရှင်များက မျှော်လင့်နေသည်။ ပြီးခဲ့သည့်နှစ်ကထိုင်းနိုင်ငံတွင် စမ်းသပ်ခဲ့မှုအရ ပထမဆုံးအလုပ်ဖြစ်သည့် HIV ကာကွယ်ဆေးပေါ်ထွက်လာပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ သို့ရာတွင် ယင်းဆေးမှာကူးစက်နိုင်ချေကို ၃၀ ရာခိုင်နှုန်းခန့်သာ ကာကွယ်ပေးနိုင်ခဲ့သည်။

ယခု တွေ့ရှိမှုသည် အပြည်ပြည်ဆိုင်ရာ အေအိုင်ဒီအက်စ် ကာကွယ်ဆေး ပေါ်ပေါက်ရေးလှုပ်ရှားမှု၊ သုတေသနနှင့်ဖွံ့ဖြိုးရေး အကြီးအကဲ ၀ိန်းကော့ဖ်၏ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။ ပဋိပစ္စည်းများသည် ပုံမှန်အားဖြင့်ဆိုလျှင်သက်ရောက်မှုနည်းပြီး HIV ပိုး တစ်ကောင်နှစ်ကောင်ကိုသာ ရပ်တန့်စေနိုင်သည်။ယမန်နှစ်က HIV ပိုး ၄၀ ရာခိုင်နှုန်းအထိ ဟန့်တားနိုင်သည့် ပဋိပစ္စည်းများကိုတွေ့ရှိခဲ့ရသည်။ ယခု တွေ့ရှိမှုတွင် Donor 45 ၏ ပဋိပစ္စည်းများသည် HIV ပိုးခန္ဓာကိုယ်အတွင်း မ၀င်ရောက်စေရန် ကာကွယ်မထားခဲ့ကြောင်း တွေ့ရှိခဲ့သည်။ယင်းမှာ ၎င်း၏ခန္ဓာကိုယ်မှ ပဋိပစ္စည်းများ မထုတ်လုပ်မီ ဗိုင်းရပ်စ်ပိုးကဦးစွာဝင်ရောက်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့ရာတွင် သူသည် HIVပိုးရှိလျက်နှင့် အနှစ်နှစ်ဆယ်ကြာ အသက်ရှင်နေထိုင်နိုင်ဆဲ ဖြစ်သည်။

၎င်းသည် တွေ့ရှိသမျှထဲတွင် အားအကောင်းဆုံး HIV ပိုးပျက်ပြယ်စေသည့် ပဋိပစ္စည်းများ ထုတ်လုပ်ပေးနိုင်ခြင်းအတွက် သူ၏မျိုးဗီဇထဲတွင် မည်သို့သောထူးခြားချက်ရှိနေခြင်းကိုမူ မသိရသေးပေ။ အကယ်၍ အခြားသူများတွင်
ပဋိပစ္စည်းထုတ် လုပ်မှုကို လှုံ့ဆော်ပေးနိုင်လျှင် ကာကွယ်နိုင်မည်ဟုပညာရှင်များက ယူဆနေသည်။

Fight AIDS

..
link: http://www.biweeklyeleven.com/index.php?option=com_content&view...

HIV ကာကွယ်ကုသဆေးဆိုတာ နောက်ဆုံးတော့ တကယ်ပေါ်လာခဲ့ပါပြီ



အေအိုင်ဒီအက်စ် ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်စွမ်းရှိသည့်ပဋိဇီဝပစ္စည်း(antibody) တစ်ခုကို ဓာတ်မတည့်ခြင်းနှင့်ကူးစက်ရောဂါများဆိုင်ရာ အမေရိကန် အမျိုးသားတက္ကသိုလ် (National Institute of
Allergy and Infectious Diseases) မှ သုတေသီများက တွေ့ရှိခဲ့ကြသည်။

ထိုပဋိဇီဝပစ္စည်းကို တွေ့ရှိလိုက်ခြင်းသည် ကုရာနတ္ထိဆေးမရှိဖြစ်သော ခုခံအားကျဆင်းမှုကူးစက်ရောဂါကြီးအတွက် ထိရောက်သော ကာကွယ်ဆေးနှင့် ကုသဆေးများပေါ်ပေါက်လာစေရန် သေချာသွားခဲ့ပြီဟု သုတေသီများက မှတ်ချက်ပြုကြသည်။ ထိုစွမ်းရည်မြင့်ပဋိဇီဝပစ္စည်း (Super Antibodies) ကို အခြေခံ၍ ထုတ်လုပ်သောကာကွယ်ဆေးသည် လူတိုင်း၏ ခန္ဓာကိုယ်တွင် အလားတူစွမ်းရည်မြင့်ပဋိဇီဝပစ္စည်းများ ထွက်ပေါ်လာစေကာ HIV ပိုး ကူစက်မှုကို
ခံနိုင်ရည်ရှိစေမည်ဟု မျှော်လင့်ထားကြောင့် အဆိုပါ ပညာရှင်များကပြောကြားခဲ့ကြသည်။

ရှေးယခင်ကတည်းက HIV ဗိုင်းရပ်စ်ကို သတ်နိုင်မည့် ပဋိဇီဝပစ္စည်းအမျိုးမျိုးကို ပညာရှင်များ ကြိုးစား ဖော်ဆောင်ခဲ့သော်လည်းHIV ပိုးကို သတ်နိုင်သော ပဋိဇီဝပစ္စည်းများ ပေါ်ပေါက်လာခဲ့သော်လည်းအဆိုပါပိုး၏ ဗီဇမျိုးစိတ် (Strain) ၂ ခုခန့်ကိုသာ ချေမှုန်းနိုင်မည်ဖြစ်သောကြောင့် ရလဒ်များမှာ ကျေနပ်ဖွယ် မထူးခြားခဲ့ပါ။ လွန်ခဲ့သောနှစ်အနည်းငယ် အတွင်းကမူ ဗီဇမျိုးစိတ်ပေါင်း မြောက်မြားစွာအထိဖယ်ရှားသုတ်သင်နိုင်မည့် ပဋိဇီဝပစ္စည်းများ ပေါ်ပေါက်လာခဲ့ ပြန်သော်လည်း ထိုပဋိဇီဝပစ္စည်းများ၏ အစွမ်းသည် ကာကွယ်နိုင်သော ဗီဇမျိုးစိတ် အရေအတွက် ၄၀%လုံးဝမကျော်ခဲ့သဖြင့် ဆေးဝါးတစ်စုံတစ်ရာ ထုတ်လုပ်နိုင်ရန် မဖြစ်နိုင်သောအနေအထား ရှိခဲ့သည်။

ယခုတွေ့ရှိရသော စွမ်းရည်မြင့် ပဋိဇီဝပစ္စည်း ၃ ခုကမူ HIV ဗိုင်းရပ်စ်အားလုံး၏ ၉၁% ဗီဇမျိုးစိတ်များကိုဖျက်ဆီးဟန့်တားနိုင်ကြောင်း နှင့် အဆိုပါ ပဋိဇီဝ ပစ္စည်းများ၏ အသေးစိတ်အကြောင်းအရာများကို ယခုလ ၉ ရက်နေ့ထုတ် Science ဂျာနယ်တွင်ဖော်ပြပါရှိခဲ့သည်။ ယခုလေ့လာမှု၏ သုတေသီတစ်ဦး ဖြစ်သော ဒေါက်တာဂရေးနေဘယ်လ်ကအဆိုပါ ဆောင်းပါးတွင် "ပိုးကို ပြန်တိုက်နိုင်တဲ့ ပဋိဇီဝပစ္စည်း ဆိုတာဟာပိုးဝင်ပြီး နောက်မှ ခန္ဓာကိုယ်က ထုတ်လို့ ရတာဖြစ်ပါတယ်။
ရောဂါတော်တော်များများမှာ ပဋိဇီဝပစ္စည်းက ပိုးကို နောက်ဆုံးမှာတော့သတ်ပစ်လိုက်နိုင်တာပါပဲ။ ဒါပေမယ့် HIV ပိုးဟာ တခြားဗိုင်းရပ်စ်တွေနဲ့ မတူပဲပြင်းထန်လွန်းတဲ့အတွက် သူက ခုခံအားစနစ် (Immune System) ထက် လက်ဦးမှု
ရယူကာ ခုခံအားစနစ်ကိုပါ ဖျက်ပစ်လိုက်တဲ့အတွက် သူ့ကူးစက်မှုဟာ ရာသက်ပန်ဖြစ်သွားရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ HIV ဗိုင်းရပ်စ်အရင်လက်ဦးမှု ရယူကာ ပဋိဇီဝပစ္စည်း အရင်ထုတ်နိုင်မယ့် ကာကွယ်ဆေးကို
ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ပြီး ကြိုးစားနေကြပါတယ်"ရေးသားဖော်ပြထားသည်ကို တွေ့ရပါသည်။

လက်ရှိ ဗြိတိန်တစ်နိုင်ငံတည်းတွင်ပင် HIV ပိုးရှိပြီး AIDS ရောဂါအဖြစ်ကူးပြောင်းနေသူ ၇၃,၀၀၀ ရှိနေပြီး ထိုလူများထဲမှ ၃၀%သည် ၄င်းတို့၌ပိုးရှိမှန်းပင် မသိကြသေးကြဟု ကျန်းမာရေး ပါရဂူများက ခန့်မှန်းထားကြသည်။
ထို့ပြင် ယနေ့ကမ္ဘာပေါ်၌ လူပေါင်း ၃၃ သန်းတွင် HIV ပိုး ရှိနေကြပြီးအဆိုပါပိုး စတင်ပေါ်ပေါက်လာခဲ့သော ၁၉၈၀ ပြည့်နှစ်များကတည်းမှ ယနေ့အထိလူပေါင်း ၂၅ သန်းကျော် AIDS ရောဂါကြောင့် သေဆုံးခဲ့ပြီး ဖြစ်ကြသည်။


AIDS ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေရှာဖွေပေးနေသူ နှစ်ဦး ဖြစ်သည့် ဘောလုံးအားကစားသမား ဒရော့ဘာနှင့်ဂီတပညာရှင် ဘိုနို

လက်ရှိအခြေအနေတွင် AIDS ဝေဒနာသည်များသည် ကာကွယ်ဆေးရော ကုသဆေးပါ မရရှိနိုင်သေးဘဲ ရှုပ်ထွေးသောဓာတုဆေးဝါး အပြင်းစားများနှင့်သာ အသက်ဆက်နေရသည်သာ ဖြစ်ပြီးကမ္ဘာတစ်ဝန်းတွင်လည်း ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် ကြားမှပိုးကူးစက်နှုန်းများ တစ်နှစ်ထက် တစ်နှစ် များပြား လာနေရာ ယခုတွေ့ရှိချက်မှဆေးဝါး တစ်စုံတစ်ရာ ရရှိခဲ့လျှင်တော့ အထက်ပါ အရေအတွက်နှုန်းထားများကိုသေချာပေါက် လျှော့ချနိုင်မည် ဖြစ်ပါသည်။



HIV ပိုးသည်တည်ဆောက်ပုံအားဖြင့် လူသား၏ ခုခံအားစနစ်မှတိုက်ထုတ်ရန် မှတ်သားနိုင်ခြင်းစွမ်း လုံးဝ မရှိသော သကြားဓာတ်ဖြင့်ဖုံးအုပ်ကာကွယ်ထားသည့် ဆူးချွန်လေးများ ရှိပြီး သူ၏ မျိုးရိုးဗီဇကိုလည်းအချိန်နှင့်အမျှ ပြောင်းလဲပစ်နိုင်စွမ်းရှိသလို ခုခံအားစနစ်ကိုလည်းထိရောက်စွာ ဖျက်ဆီးပစ်နိုင်စွမ်း ရှိခြင်း တို့ကြောင့် ၄င်းကို သတ်ရန်ထွင်လိုက်သမျှ ဆေးများ၏ ပစ်မှတ်ကို လွဲချော်စေခဲ့သည်။
ထိုအကြောင်းအချက်များကြောင့်

၎င်းပိုးအတွက် ကာကွယ်ဆေး ဖော်စပ်နိုင်ရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ဟုပညာရှင်အများစုက ထင်မြင်ယူဆခဲ့ကြသည်။ ပြီးခဲ့သော စက်တင်ဘာကထိုင်းနိုင်ငံအခြေစိုက် ကျန်းမာရေးသုတေသနအဖွဲ့ တစ်ခု၏ HIV ပိုးကူးစက်မှုကို
၃၀% အထိ တားဆီးနိုင်သည့် ဆေးဝါးပေါ်ထွက်လာသည်ဆိုသော သတင်းကို ကမ္ဘာတစ်ဝန်းကြားသိခဲ့ရသော်လည်း တကယ့်တကယ်တော့ သိပ္မံနည်းကျ စာရင်းဇယားတကျအစွမ်းမထက်ပါဟု ခွဲခြမ်းစိတ်ဖြာ လေ့လာချက်များအရ တွေ့ရှိခဲ့ရသည်။

ယခု ပဋိဇီဝဆေးကို တွေ့ရှိရခြင်းမှာ HIV ပိုး၏ ဗီဇမျိုးစိတ် တည်ဆောက်ပုံသည် မည်မျှပင် အချိန်နှင့်အမျှပြောင်းလဲနေစေကာမူ လုံးဝမပြောင်းလဲဘဲ ကျန်နေတတ်သော အစိတ်အပိုင်းများကိုဗြိတိန်သုတေသီများက တွေ့ရှိခဲ့ရာမှ အဆိုပါ မပြောင်းလဲသော ဗီဇမျိုးစိတ်အပိုင်းများကို တိုက်ခိုက်ရန် စွမ်းရည်မြင့် ပဋိဇီဝပစ္စည်းကိုပါထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။

ထိုစွမ်းရည်မြင့် ပဋိဇီဝပစ္စည်းများ၏ ပိုးကို တိုက်ခိုက်ပုံသည် ခုခံအားစနစ်ခေါင်းဆောင် CD4ဆဲလ်များ၏ တိုက်ခိုက်ပုံနှင့် တစ်စိတ်တစ်ပိုင်းအားဖြင့် တူညီမှုရှိပြီးအစွမ်းထက်မြက်မှု ရှိလှကြောင်း သုတေသီများက ပြောကြားကြသည်။ အဆိုပါ ပဋိဇီဝပစ္စည်းများသည် ဗိုင်းရပ်စ်၏ မပြောင်းလဲနိုင်သော မျိုးရိုးဗီဇအပိုင်းများကို တွယ်ကပ် တိုက်ခိုက်နိုင်ပြီး များပြားလှစွာသောဗီဇမျိုးကွဲများကို သုတ်သင်ဖယ်ရှားနိုင်ကြောင်း လေ့လာမှုကို ဦးဆောင်ခဲ့သူသုတေသီများထဲမှ တစ်ဦးဖြစ်သော ဒေါက်တာဂျွန်မက်စ်ကိုလာက ယခုလ ၉ ရက်နေ့ကရှင်းလင်းပြောဆို သွားခဲ့သည်။


၎င်းတို့အဖွဲ့သည် အခြား စမ်းသပ်မှု တစ်ခု အနေဖြင့်လည်း အဆိုပါ ပဋိဇီဝပစ္စည်းက HIV ဗိုင်းရပ်စ်ကို တွယ်ကပ်သတ်ဖြတ် နိုင်ပုံကို x-raycrystallography ခေါ် အိတ်စ်ရောင်ခြည်သုံး ပုံဖော်စက်ဖြင့်အနုမြူအရွယ်အစားအထိ ရှုမြင်လေ့လာနိုင်ကြပြီး အဆိုပါတွေ့ရှိချက်အမျိုးမျိုးတို့သည် HIV နှင့် တကွ ကူးစက်ရောဂါများတိုက်ဖျက်ရေးဆေးပညာအတွက် ပညာအလင်းမွေးဖွားခြင်း (Renaissance) တစ်ခု ဖြစ်ခဲ့ပြီဟုဆိုနိုင်ခဲ့ပြီ ဖြစ်ပါသည်။


မှတ်ချက်။ ။ ဘယ်ဟာ original မှန်းမသိလို့ link အားလုံးထည့်ပေးလိုက်ပါတယ်.
http://chocolatemyotaw.ning.com/profiles/blog/show?id=3019402%3ABlo...
http://www.myanmarfriendconnect.com/_HIV-/BLOG/2446402/67853.html
http://crazybag.ning.com/profiles/blogs/4800960:BlogPost:56326

တစ်ဘက်သတ် ရုပ်ရှင်

တစ်ဘက်သတ် ရုပ်ရှင်

ပြတင်းပေါက်နား ရပ်ကာ ... ရင်မှာ ငေးမောကြည့်ရုံပါ ...
တစ်ဘက်သတ်အချစ်ဆိုတာ ... ခုမှ နားလည်လာ ...

မင်း ရှိတတ်တဲ့နေရာ ... မယောင်မလည် လှမ်းလို့ တွေ့အောင်ရှာ ...
တစ်ဘက်သတ်အချစ်ဆိုတာ ... ဟန်ဆောင်မှုများသာ ...

ဒီမှာ ငါ့ တစ်ယောက်တည်း ... အရမ်းလွမ်းတဲ့အခါ မင်းကမေ့နေတာ ...
တစ်ဘက်သတ်အချစ်ဆိုတာ ... ရက်စက်တတ်တဲ့ အရာ ...

Oh ... Baby ! 

ဘာပဲ လုပ်လုပ် မင်းအတွက်လဲ ရည်စူးထား ... ဘယ်နားသွားသွား ဒို့ ခွင့်တောင်းတယ် စိတ်က ...
သူမသိလဲ ကံပါပဲ ... ဒီလိုနဲ့သာ အသားကျတဲ့ အရှုံးများ ...
အမှတ်တမဲ့နဲ့ ဒို့ဆုံတွေ့ချိန် အပြုံးများ ... အိပ်မက်တို့ ဒုက္ခလမ်းပေါ် မွေးဖွား ...
တစ်ဘက်သတ်အချစ်ရဲ့  အရသာ ... မင်းချစ်ဖူးမှ သိမှာ ... အကြိမ်ကြိမ်သာ ကျရှုံးရ ... မင်း မသိနိုင်ပြီ ...


လွမ်းခန်းများနဲ့သာ ... စီစဉ်ထားတဲ့ ရုပ်ရှင်မှာ ...
တစ်ဦးတည်း သရုပ်ဆောင်ကာ ... ပရိသတ်လည်း ငါပါ ...

Oh .. Yay ... အဝေးကငေးလဲ ... နင် ပျော်ရင် ငါ စိတ်ချမ်းသာ ...
တစ်ဘက်သတ်ရုပ်ရှင်မှာ ... အနိုင်ယူမှုများ မပါ ...

ဒီမှာ တခြားတစ်ယောက်နဲ့ မင်း အပြုံးနဲ့ရှိချိန် ... ငါတော့ လွမ်းခဲ့ရ ...
တစ်ဘက်သတ် ရုပ်ရှင်မှာ ... အမြဲတမ်း သရုပ်ဆောင်ကာ ...

ဘာပဲ လုပ်လုပ် မင်းအတွက်လဲ ရည်စူးထား ... ဘယ်နားသွားသွား ဒို့ ခွင့်တောင်းတယ် စိတ်က ...
သူမသိလဲ ကံပါပဲ ... ဒီလိုနဲ့သာ အသားကျတဲ့ အရှုံးများ ...
အမှတ်တမဲ့နဲ့ ဒို့ဆုံတွေ့ချိန် အပြုံးများ ... အိပ်မက်တို့ ဒုက္ခလမ်းပေါ် မွေးဖွား ...
တစ်ဘက်သတ်အချစ်ရဲ့  အရသာ ... မင်းချစ်ဖူးမှ သိမှာ ... အကြိမ်ကြိမ်သာ ကျရှုံးရ ... မင်း မသိနိုင်ပြီ ...


( တစ်ဘက်သတ် ရုပ်ရှင်ပဲ )

ဒီမှာ ငါ့တစ်ယောက်တည်း ... အရမ်းလွမ်းတဲ့အခါ နင်က တခြားတစ်ယောက်အနား ... တစ်ဘက်သတ်အချစ်ဆိုတာ ... ရက်စက်တတ်တဲ့ အရာ ...

ဘာပဲ လုပ်လုပ် မင်းအတွက်လဲ ရည်စူးထား ... ဘယ်နားသွားသွား ဒို့ ခွင့်တောင်းတယ် စိတ်က ...
သူမသိလဲ ကံပါပဲ ... ဒီလိုနဲ့သာ အသားကျတဲ့ အရှုံးများ ...
အမှတ်တမဲ့နဲ့ ဒို့ဆုံတွေ့ချိန် အပြုံးများ ... အိပ်မက်တို့ ဒုက္ခလမ်းပေါ် မွေးဖွား ...
တစ်ဘက်သတ်အချစ်ရဲ့  အရသာ ... မင်းချစ်ဖူးမှ သိမှာ ... အကြိမ်ကြိမ်သာ ကျရှုံးရ ... မင်း မသိနိုင်ပြီ ...

( Ahh ... တစ်ဘက်သတ်ရုပ်ရှင် အမြဲ )

Wednesday, July 14, 2010

Mail Tracing (email ဘယ်ကပို့သလဲ ..?)

ဒီနည်းကတော့ တခြားသူတစ်ယောက် (ဘယ်သူလဲတော့ မမှတ်မိတော့ဘူးဗျ ..)ရေးထားတဲ့ နည်းလေးပါ .. သူ့နည်းလေးလည်း အသုံးဝင်မယ်ထင်လို့
မျှဝေလိုက်ပါတယ် .. ။


အားလုံးကြုံဘူးကြမှာပါ .. ကိုယ့်ဆီကိုမေးလ်တော့ရောက်လာတယ် .. ဒါပေမယ့်အဲဒီလူကဘယ်ကမှန်းလည်းမသိဘူး .. ဒါပေမယ့်ကိုယ်နဲ့သိတဲ့လူလိုလို ဘာလိုလိုကိုယ့် nick ထဲကိုကြည့်တော့လည်း အဲဒီ nick နဲ့တူတာလားလားမှမရှိဘူး..ပဟေဠိဆန်ဆန် အဲလိုလူတွေကိုရှာနိုင်အောင်ပါ ..ဘယ်သူလဲတော့ မသိဘူးနော် ..ဒါပေမယ့် သူဘယ်ကနေပြီးတော့ ကိုယ့်ဆီကို မေးလ်ပို့သလဲဆိုတာတော့သိမယ်...သူက online ကိုတက်ပြီးတော့ ကိုယ် ပို့လိုက်တဲ့မေးလ် ကိုဖတ်လိုက်တာနဲ့ပေါ့ ..အဲနည်းနည်းလေးတောင်လေကြောရှည်သွားပြီ ...။

အရင်ဆုံး လုပ်ရမှာက ကိုယ်ပို့မယ့် compose mail ကို new windowကလေးနဲ့ဖွင့်ထားလိုက်ပါ ..။ ပြီးရင် http://spypig.com/ ကိုသွားလိုက်ပါ ...ရောက်သွားပြီဆိုရင် .အဲဒီမှာဖြည့်ရမှာက အဆင့် ၄ ဆင့်ပေါ့ ..

၁။ ကိုယ့်ရဲ့ mail address

၂။ your massage title အဲဒါက ကိုယ်ကြိုက်တာရေးပေါ့..မင်္ဂလာပါဖြစ်ဖြစ် ပေါ့ ..

၃။ သုံးမှာကတော့ကိုယ်ကြိုက်တဲ့ပုံကလေးကိုရွေးလိုက်ပါ..အောက်ကအစက်ကလေးကိုဖြည့်လိုက်ပေါ့..ကိုယ်ကြိုက် တဲ့ပုံတင်လည်းရတယ်နော်

၎။ 3 ဆိုတာလေးကိုရွေးလိုက်ပါ ..

ရွေးပြီးသွားပြီဆိုရင်တော့

အဆင့် ၅ က ခလုတ်ကလေးကိုနှိပ်လိုက် ပါ ..အဲဒါကလေးကိုနှိပ်လိုက်ရင် ၅ရဲ့အောက်မှာစောစောက အဆင့် ၃ မှာ ကိုယ်ထည့်ထားတဲ့ပုံကလေး တွေ့လိမ့်မယ် ..တွေ့ပြီဆိုတာနဲ့ အရင်ဆုံး

  Firefox new window မှာ ကိုယ်ဖွင့်ထားခဲ့တဲ့ mail massage ထဲကိုအဲဒီပုံကလေးကို ဆွဲပြီးတော့ထည့်လိုက်ဗျာ ..။

ထည့်ပြီးပြီဆိုရင် ကိုယ်ကြိုက်တာကလေးကိုရေး . ပြီးရင် send လိုက်တော့ဗျာ..ရပြီ ..အဲဒီ့အခါကျရင် သူကိုယ်ပို့လိုက်တဲ့မေးလ် ကိုဖတ်ပြိဆိုတာနဲ့ ရပြီသူနေတဲ့နေရာကိုသိရပါပြီ...။

ဒီ့ထက်ပိုပြီးတော့ သေသေချာချာသိချင်ရင်တော့ ရတဲ့ IP address ကိုhttp://whatismyipaddress.com/ အဲဒီနေရာကလေးမှာ ထည့်ပြီးတော့ traceလိုက်ပါ .. မြေပုံကလေးနဲ့ပါပြလိမ့်မယ်ဗျား..စမ်းကြည့်ချင် တဲ့လူ ရှိရင်စမ်းကြည့်လိုက်ဦးနော်..။
http://www.phaster.com/find_info_net_traffic.shtmlအဲဒီကိုသွား ..အခုလက်ရှိ ip address ပါကြည့်လို့ ရတယ်..။

Resource: http://www.area81.co.cc/

Tuesday, July 13, 2010

(ORAL SEX) Oral practice ပါးစပ်ကို လိင်ဆက်ဆံရာမှာ အသုံး ပြု ခြင်း

 (၇) Oral practice ပါးစပ်ကို လိင်ဆက်ဆံရာမှာ အသုံးပြုတဲ့အကြောင်းလေး ရေးပါမယ်။ မေးသူလဲရှိ၊ ရေးဘို့လဲလိုတယ် ထင်လို့ပါ။ (အိုရယ်လ်-ဆက်က်စ်) လို့ ခေါ်တာပေါ့။ အကြောင်းအရာ တခုခုကို ရေးတဲ့အခါ အဓိပ္ပါယ် ဖွင့်တာမျိုးနဲ့ စလေ့ရှိတယ်။ အခေါ်အဝေါ် အမျိုးမျိုးကိုလဲ ဗဟုသုတ ပွါးပေးတတ်ကြတယ်။ ဒီဟာမှာတော့ ထည့်မရေးလိုပါဘူး။ ခေတ်စားတဲ့ ဘန်းစကာတွေပါ ထည့်ရေးရင် အတော် ရိုင်းပြီး၊ ပညာပေးနဲ့ မတူတဲ့အပြင် လမ်းလွဲပို့ရာလဲ ကျနိုင်ပါသေးတယ်။

လိင်ဆက်ဆံရာမှာ ပါးစပ်ကို အသုံးပြုတာက သိပ်မဆန်းတော့ပါ။ ဒါပေမဲ့ ဒီလိုနည်း လုပ်ပါ-မလုပ်ပါနဲ့လို့ ပြောဘို့က ဆရာဝန်တွေအလုပ် မဟုတ်ပါ။ သတိထားစရာတွေ မလုပ်မိရင်တော့ ရနိုင်တဲ့ ရောဂါတွေ ရှိပါတယ်။ အများသိကြတဲ့ STD လို့ခေါ်တဲ့ လိင်ကတဆင့်ရတဲ့ ကူးစက်ရောဂါတွေပါ။ ဒီရောဂါတွေ အကြောင်း အကြမ်းဖျင်းလောက်ဘဲ ဒီနေရာမှာ ရေးပါမယ်။ STD ဆိုတာ လိင်ဆက်ဆံရင်းနဲ့ ရောဂါပိုးရှိနေသူဆီက သူ့အဖေါ်ကို ကူးစက်စေတဲ့ ရောဂါတွေ ဖြစ်ပါတယ်။ အကောင် အမျိုးမျိုးက နေရာအမျိုးမျိုးမှာ ဖြစ်တယ်။ နေရာဆိုတာ ထိစပ်မှုရှိတဲ့နေရာတွေပါ။

 ကျား-မ လိင်အင်္ဂါတွေ ဆိုတာတော့ မပြောစရာ မလို့ဘူးပေါ့။ သမားရိုးကျ မဟုတ်တဲ့ နေရာတွေကတော့ စအို နဲ့ ပါးစပ်။ ဒီနေရာတွေကိုလဲ အသုံးချလို့ ဖြစ်ရတာပါ။ အမှတ် (၁)ကို စအိုအကြောင်းနဲ့ စခဲ့ပါတယ်။ အခု ပါးစပ်နည်း ရေးပါတယ်။ "အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ" ပညာပေးကို ရေးရတာက လက်ကို တုပ်ထားသလို၊ စဉ်းစားမှုကိုလဲ ချုပ်ထားသလို ရှိရပါတယ်။ ခြေတဖက်ကို ဘရိတ်ပေါ်မှာ တင်ပြီး၊ ကားမောင်းရသလိုပါဘဲ။ (ဆဲလ်ဖ်-ဆင်ဆာ) ကိုလဲ အထပ်ထပ် လုပ်ပါမှ။ ကျွန်တော်တို့ ခပ်ရွယ်ရွယ် ခေတ်တုံးက ဗမာစာနဲ့ရေးတဲ့ ဒီလိုင်းပညာပေးဆိုတာက အတော် ရှားပါတယ်။ ဆရာပီမိုးနင်း ရေးတာ တစ်တစ်ခွခွ ရှိလွန်းလှတယ် ထင်တယ်။ အခုစာရေးတဲ့လူကိုလဲ မိတ်ဆွေတွေက "ဒီနံပါတ်ကတော့ နဲနဲများသွားသလား မသိဘူး" လို့ ထောက်ပြရသေးတာ။

ကျေးဇူးတင်တယ်ဗျာ။ ဒီလိုရေးသားရတာကို မျိုးပွါးကျန်းမာရေးလို့ ခေါ်ကြသလို ဖို-မဆက်ဆံရေး ပညာပေးလို့လဲ ခေါ်သေးတယ်။ တိတိပပ ပြောရရင် တခုမှ မပြည့်စုံဘူး။ မျိုးမပွါးဘို့လဲ ပါသလို၊ ဖိုနဲ့မ မဟုတ်တာလဲ ပါသေးတာကိုး။ အင်္ဂလိပ်လိုကြ Sex ဆိုတာနဲ့ လုံလောက်တယ်။ ဒီစာလုံးကို ခုနောက်ပိုင်းမှာ တမင်းစားရေသောက် သုံးလာကြတယ်။ တိုက်ရိုက် ဘာသာပြန်ရင်တော့ "လိင်" ပေါ့။ ဗမာလိုကြတော့ ဒီစာလုံးကို သုံးဘို့ မကောင်းလှသေးဘူး။ ၁၉၉၈ ကတည်းက စဉ်တိုက် ဆက်တိုက် အခန်းပေါင်း ၉၄ ခုအထိ ပြသခဲ့တဲ့ Sex and the City ဆိုတာက အတော် နာမယ်ကြီးပါတယ်။ HBO ကနေပြတာပါ။ ဒီဇာတ်လမ်းတွဲမှာ STDs လိင်ကတဆင့် ကူးစက်ရောဂါ၊ Safe sex စိတ်ချရတဲ့ လိင်ဆက်ဆံရေးနဲ့ Promiscuity အမျိုးမျိုး အထွေထွေသော နည်းတွေ ဆိုတာတွေပါတယ်။ ကနေ့ကမ္ဘာမှာ ဆူပါနေရာ ရောက်နေတဲ့ အမေရိကဆိုတဲ့ တိုင်းပြည်၊ ရှေ့မှာပြေးနေတဲ့ နယူးယောက်ဆိုတဲ့ မြို့တော်၊ သူ့ရဲ့ ထိပ်တန်းရပ်ကွက် (မင်ဟတ်တန်) က ရေပေါ်ဆီအလွှာခေါ်မဲ့ Big-city professional women တွေရဲ့ လူမှုဘဝထဲက လိင်မှုဘဝတွေကို ကွက်ကွက် ကွင်းကွင်း ဖေါ်ပြထားတာပါ။

ကျွန်တော့်တို့ဘ၀ကတော့ သိတဲ့အတိုင်းပါဘဲ။ ဒါ့ကြောင့် နေရာတကာမှာ သွားတူချင်လို့ မရပါ။ ရောဂါပိုးတွေက သွေးတို့၊ (လင့်ဖ်) တို့အပြင် ကိုယ်ခန္ဓာကိုယ် အရည်တွေထဲမှာလဲ နေကြတယ်။ ဆက်ဆံတဲ့အခါ နှစ်ယောက်လုံးကနေ အရည်ဆိုတာမျိုး ထွက်ပါတယ်။ သွားရည်ထဲမှာ ဒုက္ခမပေးတဲ့ ပိုးတွေ ရှိနေတယ်။ သာမန်အရေပြား ဆိုတာက ကောင်းနေရင် ရောဂါရစေတဲ့ပိုးတွေ အလွယ်တကူ ဝင်မလာနိုင်ဘူး။ အနာအဆာရှိရင်တော့ ဝင်လာနိုင်တယ်။ သတိထားဘို့က ကောင်းနေတဲ့ လိင်အင်္ဂါကိုဖုံးထားတဲ့ ပါးလွှာလွှာအရေပြားဟာ ဆက်ဆံရင်းနဲ့ သေးငယ်လှတဲ့ ဒဏ်ရာလေးတွေ ရတတ်တယ်။ မျက်စိနဲ့ မမြင်နိုင်အောင် ငယ်လွန်းတယ်။ ဒါပေမဲ့ မှန်ဘီလူးနဲ့ ကောင်းကောင်းနဲ့ကြည့်မှ မြင်ရလောက်အောင် သေးတဲ့ ရောဂါပိုးတွေအတွက်တော့ အဲဒီဒဏ်ရာလေးတွေက လမ်းကျယ်ကြီးတွေလို ဖြစ်နေတာမို့ အထဲဝင်လာနိုင်တယ်။ သီအိုရီတော့ ရှိတာပေါ့၊ ဒါပေမဲ့ လက်တွေ့ပြောရရင် လိင်ဆက်ဆံရာမှာ ပါးစပ်ကို အသုံးပြုနည်းက STD ရောဂါဝင်တာ အတော် နည်းပါတယ်။ ရောဂါပိုး နာမယ်တွေကို သိအောင် ရေးရရင် Chlamydia, Syphilis, Gonorrhea နဲ့ Herpes တွေပါ။ HIV ကတော့ အနာအဆာရှိနေမှ ဝင်မှာပါ။ ဒါတောင် သုတေသနအရ ပြောရင် Inconclusive "ဟုတ်တယ်လို့ အတိအကျ ပြောမရသေးဘူး" တဲ့။

အကြံပေးတာတခုက ဒီပါးစပ်အသုံးပြုနည်းကို သုံးချင်ရင် အကာအကွယ် လုပ်ဘို့ဖြစ်တယ်။ ကိုယ့်ပါးစပ်နဲ့ အဖေါ်ရဲ့အင်္ဂါကို တိုက်ရိုက် မထိတွေ့စေအောင် အဖုံးသုံးခိုင်းတာပါ။ ကွန်ဒွန်လိုဟာ ဖြစ်ပါတယ်။ Barrier Methods ခေါ်ပါတယ်။ Saran or Cling Wrap လို့ခေါ်တဲ့ ပလပ်စတစ်ကိုလဲ သုံးနိုင်တယ်။ ချောစေတဲ့ဆေး မပါတဲ့ Non-Lubricated Condom ဖြစ်ဖြစ် Flavored Lubricated Condoms ဖြစ်ဖြစ် Kiss of Mint Condoms ဖြစ်ဖြစ်ကို သုံးနိုင်တယ်။ ပြည့်စုံအောင်ထည့်ရေးရရင် Gay တွေအတွက် Dental Dams တွေကို အသုံးခိုင်းတယ်။ တလောက မေးတာတခုရှိတယ်။ "သုတ်ရည်ပါးစပ်ထဲ ဝင်မိသွားရင် ကိုယ်ဝန်ရနိုင်သလား" တဲ့။ မရပါခင်ဗျား။ လက်ခံသူမှာ HIV နဲ့ B ပိုး ရှိနေပြီး၊ လုပ်ပေးသူရဲ့ ပါးစပ်မှာ အနာအဆာရှိရင်၊ ဝင်လာနိုင်ပါတယ်။

ပါးစပ်သုံးနည်းကို ကိုယ်ဝန် မရှိအောင် ဆက်ဆံနည်းအဖြစ် သုံးနိုင်သလို အင်္ဂါနှစ်ခု တကယ်ထိတွေ့မှု မလုပ်ခင် Foreplay before intercourse အဖြစ်လဲ သုံးလို့ ရပါတယ်။ လစဉ်ရာသီဆင်းချိန်မျိုးမှာလဲ Alternative အဖြစ်သုံးနိုင်သေးတယ်။ ကောင်းတာလေးတွေ ရွေးရေးရရင် ပါးစပ်ကို ဖုံးထားတဲ့အလွှာ Mucus membrane က ပိုပြီး ခိုင်မာလို့ တော်တော့ ပိုး ဝင်မလာနိုင်ဘူး။ ကြိုက်လွန်းလို့ ရှေ့နေလိုက်သူများကဆိုရင် တံတွေးထဲမှာရှိတဲ့ Enzymes အင်ဇိုင်းမ် ဓါတ်ဟာ ဗိုင်းရပ်စ်ကို အာနိသင်ပျက်ပြယ်အောင် Neutralize လုပ်နိုင်တယ်တဲ့။ သေခြာတာကတော့ အင်္ဂါချင်းထိစပ်တာနဲ့ စာရင်တော့ ရောဂါဝင်တာ နည်းပါတယ်။ နည်းတယ်ဆိုတာ မဖြစ်တာကို ဆိုချင်တာတော့ မဟုတ်ပါ။ ဆန့်ကျင်သူတွေ အယူခံဝင်တာကတော့ ပါးစပ်နည်း Oral sex ဟာ ပါးစပ်ကင်ဆာ Oral cancer ဖြစ်ချင်ဖြစ်မယ်တဲ့။ New England Journal of Medicine ရဲ့သုတေသနတခုက ဆိုတာကတော့ တသက်တာမှာ ပါးစပ်နည်းသုံးတဲ့အဖါ် ၅ ယောက် အထိထားသူများဟာ Throat cancer လည်ချောင်းကင်ဆာ ဖြစ်ဘို့ ၂ ဆလောက်ရှိတယ်တဲ့။

ဆေးပညာပေး အချုပ်ရေးရရင် -

 ၁။ အခြေခံကျတဲ့ တကိုယ်ရေသန့်ရှင်းရေးလုပ်ဘို့ လိုတယ်။ ရေမိုးချိုး၊ သွားတိုက်၊ ပါးစပ်ဆေး သန့်ရှင်းရေး လုပ်ပါ။

၂။ အင်္ဂါနေရာမှာ ပေါက်တဲ့ အမွှေးအမြှင်ထဲမှာ ပိုးရော၊ ချွေးရော၊ အညစ်အကြေးရော အောင်းနေနိုင်တယ်။ တချို့မှာ သန်း တွေရှိတယ်။ ယေက်ျားတွေမှာ ဂျွတ်ပေါက်တယ်။ ဒါတွေက တကိုယ်ရေ သန့်ရှင်းရေး လိုလို့ပါ။

 ၃။ ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် အင်္ဂါတဝှိုက်မှာ ကြွက်နို့ရှိနေရင် ဒါ STD ဖြစ်ဘို့များတယ်။

၎။ ပေါင်ခြံ Groin မှာ Lymph nodes တက်စေ့တွေ ရောင်နေရင်လဲ STD ဖြစ်ဘို့များတယ်။

၅။ ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် အဖြူ-အရည်ဆင်းနေရင်၊ ယားရင်လဲ STD ဖြစ်ဘို့များတယ်။

၆။ http://dts-medicaleducation.blogspot.com/ မှာ ဖတ်နိုင်ပါတယ်။

၇။ ကျားဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဆီးအောင့်ရင် အရင် ဆေးကုပါ။

ဂ။ ပါးစပ်မှာ အနာ-အဆာ-အကွဲ-အရှ ရှိနေရင် ရှောင်ပါ။

၉။ တယောက်နဲ့ တယောက် အတွင်းသိ အစင်းသိဆိုရင် ပိုသင့်လျော်ပါတယ်။

၁ဝ။ အဲလိုမဟုတ်ရင် ကွန်ဒွန် Condom သုံးပါ။ ကွန်ဒွန်သုံးတာဟာ တိုက်ရိုက်ထိတွေ့မှု မဟုတ်လို့ သာယာမှု နည်းတယ်ဆိုတာ စိတ်ပါ။ အရွယ်ရှိသူများမှာ ဟော်မုန်းတွေ ရှိနေလို့ လိင်ဆက်ဆံချင်စိတ် အမြဲကိန်းအောင်းနေပါတယ်။ "စိတ်ကစားမှု" ကနေ ဆန္ဒ ဖြစ်ပေါ်လာတယ်။ "အထိအတွေ့" ရှိလာရင် ဆက်ပြီး စခန်းသွားချင်လာတယ်။ အထိအတွေ့မှာ သာယာတာဟာ စိတ်ကြောင့်ပါ။ ဆန့်ကျင်ဘက် လိင်နှစ်ဦး လက်ချင်း ထိမိတာတောင် လိင်စိတ် နိုးထတတ်တယ်။ တချို့က မျက်စိချင်း ဆုံတာနဲ့ မေတ္တာ သက်ဝင်တယ် လို့ ပြောကြတယ် မဟုတ်လား။ စိတ်ပါဘဲ။ လူနာတယောက်ကို ထိကိုင်၊ စမ်းသပ်တဲ့အခါ အဲလိုစိတ် မဝင်အောင် ထားတတ်တာက ခိုင်မာတဲ့စိတ်၊ ဘာသာရေး ကိုင်းရှိုင်းသူများမှာ အဲလိုစိတ်ကို ထိန်းနိုင်တာတို့ဟာ သန့်ရှင်းတဲ့စိတ်ပါ။ လိင်တူကို စိတ်ဝင်စားတာကလဲ ဆန်းပြားတဲ့စိတ်။ ဆေးပညာအရ စိတ်အမျိုးမျိုး ဖြစ်ပေါ်စေနိုင်တဲ့ သတ္တိဟာ ဟော်မုန်းတွေ အချိုးအဆကြောင့် ဖြစ်ပါတယ်။

ဟော်မုန်းရဲ့ အထက်မှာက "ထိန်းလို့ ရတဲ့"၊ "လွှတ်လို့ လွယ်တဲ့" စိတ်ဆိုတာ ရှိပါတယ်။ လိင်စိတ်ဖြစ်ပေါ်တာ ပုံမှန်ပါ။ နည်းစမ်းချင်တာလဲ (နော်မယ်)ပါ။ ဖြစ်ပေါ်လာတဲ့စိတ်အတိုင်း စမ်းချင်တဲ့ နည်းကို ကာယကံ မြောက်တော့မယ်ဆိုရင် ကျန်းမာရေးပညာပေးတွေနဲ့ ချင့်ချိန်ပါလေ။

Dr. တင့်ဆွေ

၂၈-၁-၂ဝ၁ဝ

Monday, July 12, 2010

ဆံပင်ဆေးမဆိုးမီနဲ့ ဆေးဆိုးပြီးမှာ ပြုလုပ်သင့်တဲ့ ဆံကေသာထိန်းသိမ်းနည်းများ

ဒီနေ့ခေတ်မှာ ၀ယ်ယူရရှိနိုင်တဲ့ ဆံပင်ဆိုးဆေး Product များဟာ လွန်ခဲ့တဲ့နှစ်များဆီက ပစ္စည်းများထက် အများကြီး ပိုမိုကောင်းမွန်လာနေပြီဖြစ်ပါတယ်။ မိမိနဲ့လိုက်ဖက်မယ့်အရောင်ကို စိတ်ကြိုက်ရွေးချယ်နိုင်ရုံသာမကဘဲ ဆံပင်သား ကိုလည်း ပိုးသားအသွင်တောက်ပစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုသွင်ပြင်မျိုးကို ရရှိပြီးတဲ့အခါမှာ ကြာရှည် တည်မြဲကောင်းမွန်စေဖို့ ထိန်းသိမ်းခြင်းဟာ လွန်စွာအရေးကြီးလှပါတယ်။ မိမိရဲ့ ဆံကေသာကို ကောင်းမွန်စွာထိန်းသိမ်း ခြင်းအားဖြင့် ဆံပင်အရောင်ကိုလည်း ကြာရှည်စွဲမြဲလှပစေနိုင်မှာဖြစ်ပါတယ်။

Pre-Coloring Hair Care Tips

- ဆေးမဆိုးမီ ဆံပင်ညှပ်ပါ။ ဒီလိုပုံသွင်းခြင်းအားဖြင့် ဆံပင်ကို ပိုမိုလွယ်ကူစွာကိုင်တွယ်နိုင်ပြီး ဆံပင်နှစ်ခွဖြစ်နေခဲ့ရင် လည်း ဖြတ်ပေးပြီးသားဖြစ်နိုင်ပါတယ်။

-ဆေးဆိုးခြင်းနဲ့ ဆံပင်ဖြောင့်ခြင်း၊ကောက်ခြင်းများကို တစ်ပြိုင်နက်တည်း မပြုလုပ်သင့်ပါဘူး။ ဓာတုဆေးဝါးများ အသုံးပြု ရခြင်းကြောင့် ဆံပင်များ ပျက်စီးနိုင်တဲ့အတွက် တစ်ပြိုင်တည်းမလုပ်ဘဲ နှစ်ပတ် ဒါမှမဟုတ် သုံးပတ်ခြားပြီးမှသာ လုပ် ဆောင်ပါ။

-ဆံပင်ကို ဆေးမဆိုးမီ Conditioning Treatment မပြုလုပ်သင့်ပါဘူး။ ခေါင်းလျှော်ပြီး ဆံပင်ကို ဦးရေပြားက သဘာဝ အဆီပြန်လည်ဖုံးလွှမ်းပေးနိုင်ဖို့ (၂)ရက်ခန့် အချိန်ယူပြီးမှ ဆေးဆိုးသင့်ပါတယ်။ ဆေးမဆိုးမီ Conditioning လုပ်ထား တဲ့ဆံသားဟာ ဆေးသားမ၀င်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

Post-Coloring Hair Care Tips

-ဆေးဆိုးထားတဲ့ ဆံပင်သားများအတွက် စီမံထုတ်လုပ်ထားတဲ့ Shampooကို အသုံးပြုပါ။ ဒီ Shampooများဟာ ဆံပင်ရဲ့ သဘာဝအစိုဓာတ်ကို ထိန်းထားပေးပြီး ဆံပင်အရောင်ကို မှန်ကန်လှပစေပါတယ်။

- ဆံပင်ကို အပူချိန်မြင့်မားစွာ Blow-dry လုပ်ခြင်းမှ ရှောင်ကြဉ်ပါ။ တတ်နိုင်သရွေ့ သဘာဝအတိုင်း ပ၀ါနဲ့ ခြောက်သွေ့ အောင် သုတ်ပေးသင့်ပါတယ်။

- Leave – in conditioner ကိုသုံးပေးပါ။ Leave – in အမျိုးအစား Conditioner အများစုမှာ Sunscreen ပါဝင်တဲ့အတွက် UV Ray များကြောင့် ဆံပင်ပျက်စီးမှုကိုပါ ကာကွယ်ပေးပြီး ဖြစ်နိုင်ပါလိမ့်မယ်။

- ကလိုရင်းဟာ ဆေးဆိုးထားတဲ့ဆံပင်များကို အလွန်အမင်း ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ဆေးဆိုးပြီး ရက်သတ္တ ပတ် အနည်းငယ်ခန့်အထိ ရေကူးကန်ထဲမှာ ရေမကူးသင့်ပါဘူး။ မဖြစ်မနေ ကူးမယ်ဆိုရင်လည်း လုံခြုံတဲ့ Swimming Cap ကို သေချာစွာဆောင်းပြီးမှ ရေထဲဆင်းသင့်ပါတယ်။

Resource: Fashion Image Magazine Vol.13, No.5, July 2010

Saturday, July 10, 2010

မုတ်သုန်ရာသီတွင် ဖြစ်တတ်သောရောဂါများမှ ကာကွယ်ခြင်း

မုန်သုန်ဝင်ရောက်လာပြီဖြစ်သောကြောင့် အပူချိန်တဖြေးဖြေး ကျဆင်းလာမှုနှင့်အတူ စိုစွတ်၊ စိုထိုင်းမှုများလည်းဖြစ်ပေါ်လာသောကြောင့် စိုထိုင်းမှုပြဿနာများလည်း ရှိလာလေသည်။ ထို့ကြောင့် ကြိုတင်ကာကွယ်ရန် စီစဉ်ထားသင့်သည်။ အောက်ပါအတိုင်း ကြိုတင်ပြင်ဆင်ထားမှုများသည် စိုစွတ်သောရာသီဥတုအတွက် အသင့်လျော်ဆုံးဖြစ်သည်။

သုတေသနပြုလုပ်ချက်များအရ စိုစွတ်သောရာသီဥတုတွင် အဖြစ်များဆုံးရောဂါများမှာ -

ဝမ်းရောဂါနှင့် အသဲရောင်အသားဝါ(A)ရောဂါတို့ဖြစ်သည်။ ထိုရောဂါများခံစားရသူတို့သည် အားနည်းခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနှင့် ဖျားနာခြင်းတို့ဖြစ်တတ်သည်။ အဓိက အကြောင်းရင်းမှာ မသန့်ရှင်းသောရေနှင့် အစာများကြောင့်ဖြစ်သည်။ နောက်ဆက်တွဲရောဂါများလည်း ခံစားရနိုင်သည်။ ဆရာဝန်များအဆိုအရ ၀မ်းရောဂါသည် ရာသီဥတုအပေါ်တွင် များစွာမူတည်သည်။ အစာအိမ်နှင့်ပတ်သက်သောရောဂါအများစုသည် မိုးရာသီကဲ့သို့ စိုစွတ်သော ရာသီဥတုတွင် ပိုမိုလျှင်မြန်စွာ ကူးစက်တတ်သည်။ ရောဂါပိုးများသည် မိုးရာသီတွင် ပေါက်ဖွားလွယ်သောကြောင့်ဖြစ်သည်။

ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးသောကုသနည်းဖြစ်သည်။

မုတ်သုန်ရာသီတွင် မိုးရေနှင့်အတူ ရေဆိုးရေညစ်များ စီးဆင်းလာ၍ မြေကြီးထဲတွင် ပျော်ဝင်မှုကြောင့် ရောဂါများဖြစ်လာစေသည်။ ထို့ကြောင့် ရေစီးဆင်းမှုကောင်းမွန်အောင် ရေမြောင်းဖော်ပေးခြင်း၊ ရေးစီးလမ်းဖောက်ပေးခြင်းများပြုလုပ်ပေးရမည်။ ရေ၀ပ်နိုင်သော နေရာများတွင် ခြင်များလျှင်မြန်စွာ ပေါက်ဖွားလာမှုကြောင့် တုတ်ကွေး၊ ငှက်ဖျားကဲ့သို့ရောဂါများနှင့် ယင်ကောင်များကြောင့်လည်း အူရောင်ငန်းဖျားရောဂါများ ပျံ့နှံ့လာစေသည်။ ကြိုတင်ပြင်ဆင်မှုများဖြင့် ထိုရောဂါများမဖြစ်ပွားအောင် ရှောင်ရှားကာကွယ်သင့်သည်။

ကဲ...အောက်ပါအချက်လေးတွေကို ဒီလိုရာသီမျိုးမှာလိုက်နာခြင်းဖြင့် ကာကွယ်မှုပြုကြပါစို့။

(၁) မျက်နှာပေါ်ရှိ ချွေးနှင့်အညစ်အကြေးများကို မကြာခဏ သုတ်ပေးပါ။ မကြာခဏ ရေဆေးပေးခြင်းဖြင့် အေးမြလန်းဆန်းအောင် ပြုလုပ်ပါ။ အထူးသဖြင့် ခြေထောက်များကို ခြောက်သွေ့အောင်ထားပါ။ စွတ်စိုနေသော အ၀တ်အစားများကို တာရှည်စွာမ၀တ်ထားဘဲ အရေပြားနှင့် ခြေသည်း လက်သည်းမှိုစွဲခြင်းကို ကာကွယ်ပါ။

(၂) ကျိုချက်ထားသောရေနွေး(သို့) သန့်စင်ထားသောရေသန့်ကို များများသောက်ပါ။

(၃) လမ်းဘေးရှိ လှီးဖြတ်ထားသော သစ်သီးများ၊ အသင့်စားရန်ပြင်ဆင်ထားသော အသုပ်များကဲ့သို့သော ယင်နားစာများကိုရှောင်ပါ။

(၄) ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို ရေစင်အောင်ဆေးပါ။ စီးဆင်းနေသော ရေတွင်ဆေးခြင်းသည် အကောင်းဆုံးဖြစ်သည်။ အင်းဆက်ပိုးမွှားများမပေါက်ပွားအောင် ဆားရေထဲတွင် (၁၀)မိနစ်ခန့်စိမ်ထား၍ စားသုံးသင့်သည်။

(၅) အောက်သိုးသိုးအနံ့(သို့မဟုတ်) ဆီချေးစော်နံနေသော အစာများကို ရှောင်ရှားပါ။ အစားအစာများအား ပြင်ပတွင် တာရှည်မထားဘဲ ရေခဲသေတ္တာထဲတွင် သိမ်းဆည်းပါ။

(၆) အသုံးပြုလှီးဖြတ်ရသော စဉ်းနှီးတုံးများကို သန့်ရှင်းအောင်ထားပါ။

(၇) အစားအစာများ မကိုင်တွယ်မီအချိန်၊ အစာစားပြီးချိန်နှင့် အိမ်သာမှပြန်လာပြီးချိန်တို့တွင် လက်ဆေးခြင်းဖြင့် တကိုယ်ရေသန့်ရှင်းရေးကို ထိန်းသိမ်းပါ။

(၈) နေအိမ်အနီးတွင် ရေစု၊ရေ၀ပ်နိုင်သောနေရာများမရှိအောင် ဆောင်ရွက်ပါ။ ပန်းအိုးများကို ရေမှန်မှန်လဲပေးပါ။ ဖုံးသွန်လဲစစ် လေးချက်ကိုလိုက်နာပါ။

(၉) ပိုးမွှားသုတ်သင်နိုင်သော ဖြန်ဆေးလိမ်းဆေးများ အသုံးပြု၍ ယင်မနားနိုင်၊ ခြင်မကိုက်နိုင်အောင် ကာကွယ်ထားပါ။

(၁၀) ရေစိမ့်၊ ရေယိုနေသော ရေပိုက်များ၊ ရေ၀င်နေသော မီးကြိုးများ၊ မီးခလုပ်များ မရှိရအောင် စေ့စပ်သေချာစွာ စစ်ဆေးပါ။ ရေထဲသွားလျှင် ဖိနပ်စီးခြင်းဖြင့် မတော်တဆထိခိုက်မှုမရှိရအောင် ကာကွယ်ပါ။

Reference: Healthy Living Tips Pamphlet

Tuesday, July 6, 2010

အမျိုးသားတို့ သတိထားသင့်တဲ့ အပြုအမူ (၇)ချက်

အပြုအမူ(၁)

ရေမွှေးတရားလွန်ဆွတ်ဖျန်းခြင်း

ဘယ်လောက်ပဲ ကောင်းမွန်တဲ့အရာဖြစ်ပါစေ တန်ဆေးလွန်ဘေးဆိုတာမျိုးရှိပါတယ်။ ဒီစကားပုံဟာ ရေမွှေးစွတ်တဲ့ကိစ္စရပ်မှာ အတော့်ကိုမှန်ကန်တဲ့ စကားပုံတစ်ခုပဲဖြစ်ပါတယ်။ ရေမွှေးစွတ်တာ အနည်းငယ်များသွားရင်ကိုပဲ ကောင်းမွန်တဲ့အနံ့ကို ဆိုးရွားတဲ့အနံ့အဖြစ် ပြောင်းသွားစေနိုင်ပါတယ်။ ဒါကြောင့်မှန်ကန်တဲ့နေရာအနည်းငယ်မှာ ဆွတ်ဖျန်းပေးရင် လုံလောက်ပါပြီ။ သွေးခုန်နှုန်းရှိတဲ့ လက်ကောက်ဝတ်နေရာများနဲ့ နားရဲ့နောက်ဘက်နေရာတို့မှာ စွတ်ပေးရင်ပဲ တစ်နေ့တာလုံးအတွက် မွှေးပျံ့နေစေမှာပါ။

အပြုအမူ(၂)

ဆံပင်ကို Gel အလွန်အကျွံလိမ်းခြင်း

ထိုင်နေအကောင်းသား၊ ထသွားမှကျိုးမှန်းသိ ဆိုသလို ဘာမှမသုံးဘဲ နဂိုအတိုင်းကမှ ပိုကောင်းတယ်လို့ အပြောခံရနိုင်တဲ့ အချက်တစ်ချက်ကတော့ ဆံပင်ကို ဦးထုပ်ဆောင်းထားသလို Gel တွေအများကြီးလိမ်းတာပါပဲ။ ဒါဟာ မာတောင့်ကြွပ်ဆတ်ပြီး အချိုးမကျတဲ့ ဆံပင်ပုံစံကို ဖြစ်ပေါ်စေပါတယ်။ အရမ်းစိုထိုင်းနေအောင်လိမ်းရင်လည်း ပုံသွင်းရတာ မလွယ်ကူပါဘူး။ ဒါကြောင့် ကိုယ်လိုချင်တဲ့ပုံစံကိုရနိုင်မယ့် ပေါ့ပါးတဲ့ Gel ကိုရွေးချယ်အသုံးပြုပြီး သဘာဝကျကျခန့်ညားတဲ့အသွင်သဏ္ဌာန်ကို ဖော်ဆောင်နိုင်ပါတယ်။

အပြုအမူ(၃)

မသန့်ရှင်းတဲ့ လက်သည်းရှည်များ

အ၀တ်အစား သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက်မှာ ညစ်ပတ်ပြီး ရှည်လျားတဲ့လက်သည်းတွေ ရှိမနေသင့်ပါဘူး။ လက်သည်းတွေကို အမြဲသေသပ်ညီညာစွာ ညှပ်ထားသင့်ပါတယ်။ ဒါပေမဲ့ အရမ်းကြီးတိုအောင် မညှပ်ပါနဲ့။ အရမ်းတိုတဲ့အခါ လက်ထိပ်တွေကို နာကျင်စေတတ်ပါတယ်။ လိုအပ်တဲ့အခါ ခြေသည်းလက်သည်းပြုပြင်မှု ပြုလုပ်ပါ။ ဒါဆိုရင် လက်သည်းမှိုစွဲတာလိုရောဂါမျိုးတွေ မဖြစ်နိုင်တော့ပါဘူး။

အပြုအမူ(၄)

မုတ်ဆိတ်ရိတ်ရာမှာ Shaving Cream မသုံးခြင်း

လျှပ်စစ်မုတ်ဆိတ်ရိတ်ကိရိယာတွေ ပေါ်လာပေမယ့် ရိုးရိုးမုတ်ဆိတ်ရိတ်ဓားကို လူသုံးများနေဆဲပါ။ ဒါပေမဲ့ အများစုက မုတ်ဆိတ်ရိတ်ရာမှာ သုံးသင့်တဲ့ Cream တစ်မျိုးမျိုးကိုမသုံးကြပါဘူး။ ဒါဟာ မုတ်ဆိတ်ရိတ်ရာကနေ အနာတရဖြစ်စေနိုင်ပြီး အမွှေးနုလေးတွေနဲ့ ဓားကို ရှိသင့်တဲ့အကွာအဝေးတစ်ခုလည်း မရစေနိုင်တော့ပါဘူး။ မုတ်ဆိတ်ရိတ်ပြီးသွားတဲ့အခါမှာလည်း မျက်နှာပေါ်က အညစ်အကြေးတွေ သန့်စင်သွားအောင် သေသေချာချာ ပြန်လည်ဆေးကြောသင့်ပါတယ်။ အရေးအကြီးဆုံးအချက်ကတော့ Shaving Cream သုံးပါ။ သန့်စင်တဲ့ဓားကိုသုံးပါ။ ဒါမှ နာကျင်မှုနည်းနည်းနဲ့ အကောင်းဆုံးရလာဒ်ကို ရနိုင်ပါလိမ့်မယ်။

အပြုအမူ(၅)

ဆံပင်ပါးလာခြင်းကို လျစ်လျူရှုခြင်း

အလွန်ကံကောင်းတဲ့အမျိုးသားအနည်းစုသာ ဆံပင်ပါးလာခြင်းဒုက္ခကနေ ကင်းလွတ်နိုင်ကြပါတယ်။ အမျိုးသားတွေမှာဖြစ်တတ်တဲ့ ထိပ်ပြောင်ခြင်းဟာ အသက်(၂၀)မှာကတည်းက စတင်ပြီး တစ်နှစ်ကိုတိုးနှုန်း (၄)ရာခိုင်နှုန်းရှိပါတယ်။ ဒီနှုန်းဟာ ဆံပင်လုံးဝမရှိတော့တဲ့အထိ ဒီအတိုင်းပဲ ဆက်ပြီးဖြစ်နေမှာပါပဲ။ မှန်ကန်တဲ့ဆံပင်ပုံစံဟာ ထိပ်ပြောင်ခြင်းကို အနည်းငယ်ဖုံးအုပ်နိုင်ပေမယ့် ဆံပင်ကျွတ်နှုန်းကိုတော့ မရပ်တန့်စေနိုင်ပါဘူး။ ဒါပေမဲ့ ဆံပင်ကျွတ်ခြင်းကို ကုသဖို့ အလွယ်တကူ ၀ယ်လို့ရနိုင်တဲ့ ဆေးဝါးတွေလည်းရှိပါတယ်။ ဒီဆေးတွေက ဆံပင်ကျွတ်နှုန်းကို နှေးကွေးစေပြီး ဆံပင်ကိုတောင် ပြန်ပေါက်စေနိုင်ပါတယ်။ ဒီဆေးတွေသုံးလို့ မသက်သာဘူးဆိုရင်တော့ အရေပြားဆရာဝန်နဲ့ပြသပြီး အကြံဥာဏ်တောင်းခံနိုင်ပါတယ်။

အပြုအမူ (၆)

Moisturizer မသုံးစွဲခြင်း

နဂိုမူလဗီဇအရ အမျိုးသားများဟာ ထူထဲတဲ့ အရေပြားကို ပိုင်ဆိုင်ကြသူများဖြစ်ပါတယ်။ ဒါပေမဲ့ နဂိုအကြမ်းခံတဲ့ အသားအရေဟာလည်း ဂရုတစိုက်မထိန်းသိမ်းတဲ့အခါ အရေးအကြောင်းများနဲ့ အရေပြားတွန့်ခြင်းတွေကို ဖြစ်လာစေပါတယ်။ အမျိုးသားများရဲ့ အသားအရေဟာ အကြမ်းခံတယ်လို့ ထင်ရပေမယ့် ပုံမှန်ရေချိုးပြီးရင်တောင် ခြောက်သွေ့နေတတ်ပါတယ်။ မုတ်ဆိတ်ရိတ်ရာကနေရရှိတဲ့ ပွန်းပဲ့ရှနာတွေကလည်း မီးလောင်ရာလေပင့်သလိုပါပဲ။ ဒါကြောင့်ပေါ့ပါးပြီး စေးကပ်ခြင်းမရှိတဲ့ SPF ပါတဲ့ Moisturizer ကို မျက်နှာနဲ့ လည်ပင်းအတွက် နေ့စဉ်သုံးပေးသင့်ပါတယ်။ ဒါမှ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပြီး နေလောင်ဒဏ်ကို ကာကွယ်နိုင်ကာ ချောမွေ့မှုကို ရရှိလာပါလိမ့်မယ်။

အပြုအမူ (၇)

နားနဲ့နှာခေါင်းက အမွှေးအမှင်များကို ဂရုမပြုခြင်း

လူတစ်ယောက်မှာ Personality ဆိုတာဟာလည်းအရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးကို အနှောင့်ယှက် ဆုံး အကြောင်းအရာတစ်ခုကတော့ နားမွှေးတွေ၊ နှာခေါင်းမွှေးတွေ တရားလွန်ရှည်ထွက်နေခြင်းပါ။ ဒီအမွှေးအမှင်တွေဟာ ပြင်ပက ဖုန် တွေ၊ အမှုန်တွေကို ကာကွယ်ရာမှာ အရေးပါပေမယ့် မလိုအပ်ဘဲ အပြင်ကိုရှည်ထွက်နေတာကတော့ အလွန်ပဲစိတ်အနှောင့်အယှက်ဖြစ် စေပါတယ်။ ဒါကြောင့် ကပ်ကြေးအသေးလေးကို အသုံးပြုပြီး ညှပ်ပေးသင့်ပါတယ်။

Ref: Fashion Image Magazine Vol.13, No.4 June 2010

ဝက်ခြံပြဿနာကို ဖြေရှင်းပေးမယ့် A to Z

A - Acne Vulgaris

Acne Vulgaris ဆိုတာ ၀က်ခြံကို ဆေးပညာအခေါ်အဝေါ်အရ ခေါ်တဲ့နာမည်ဖြစ်ပါတယ်။ အဆီဂလင်းတွေထဲက အဆီနဲ့ ဆဲလ်သေတွေပေါင်းစပ်ကာ မွေးညင်းပေါက်တွေကို ပိတ်ဆို့လိုက်ပါတယ်။ ဘက်တီးရီးယားနဲ့ မွေးညင်းပေါက်မှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေ ပေါင်းစပ်လိုက်တဲ့အခါ ၀က်ခြံပုံစံအမျိုးမျိုး ဖြစ်ပေါ်လာပါတော့တယ်။

Antioxidants

အင်တီအောက်ဆီးဒင့်ဟာ Free Radical တွေကို ပျက်ပြယ်စေပြီး အသားအရေကို နူးညံ့တောက်ပစေပါတယ်။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကနေ အင်တီအောက်ဆီးဒင့်ကို ရရှိနိုင်ပါတယ်။ ယေဘုယျအားဖြင့် ဗီတာမင် A, C, E, Selenium and Zinc တို့ဟာ လူသိများတဲ့ အင်တီအောက်ဆီးဒင့်တွေ ဖြစ်ပါတယ်။

B - Benzoyl Peroxide

Benzoyl Peroxide ဟာ ၀က်ခြံပြဿနာအတွက် ထုတ်လုပ်တဲ့ Product တွေမှာ ထည့်သွင်းတဲ့ ပါဝင်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ၀က်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး မွှေးညင်းပေါက်တွေကို သန့်စင်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။

C - Chocolate

Chocolate စားသုံးခြင်းဟာ ၀က်ခြံပြဿနာကို ပိုမိုဆိုးရွားစေလားဆိုတာကို အခုချိန်ထိ သဘောထားကွဲလွဲမှု ရှိနေဆဲ ပါ။ ဒါပေမဲ့ အချိုနဲ့အဆီတွေ လွန်ကဲစွာစားသုံးခြင်းက ၀က်ခြံထွက်ခြင်းနဲ့ အဆီထုတ်လုပ်မှုကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေပေါ်ကို အကျိုးသက်ရောက်မှုရှိစေပါတယ်။

D - Dry Skin

အရေပြားမျက်နှာပြင် တင်းခြောက်နေခြင်းကြောင့် စွန့်ထုတ်ပစ္စည်းတွေဟာ အပေါ်ယံအရေပြားအလွှာအောက်မှာ ပိတ်မိပြီး ၀က်ခြံပြဿနာဖြစ်ပေါ်လာနိုင်ပါတယ်။ အရေပြားမှာ လိုအပ်တဲ့ စိုထိုင်းဆရှိမှသာ စိုပြည်ကျန်းမာတဲ့ အ သားအရေကို ရရှိပါလိမ့်မည်။

E - Exercise

Exercise လုပ်ခြင်းက ခန္ဓာကိုယ်အတွက်ရော အသားအရေအတွက်ပါ အကျိုးသက်ရောက်မှုရှိပါတယ်။ သွေးလှည့် ပတ်မှုကောင်းမွန်စေခြင်း၊ အရေပြားဆဲလ်တွေဆီ အဟာရဓာတ်များ ရောက်ရှိစေခြင်း၊ ကိုယ်တွင်းအဆိပ်အတောက် များကို ချွေးမှတစ်ဆင့် စွန့်ထုတ်ပစ်ခြင်းတို့ကို ပြုလုပ်ပေးပါတယ်။ လှုပ်ရှားမှုပြုလုပ်ခြင်းက ဟော်မုန်းမညီမျှမှုကို ထိန်းညှိပေးပြီး ၀က်ခြံပြဿနာကို ဖြစ်ပေါ်စေတဲ့ Male Type ဟော်မုန်းထုတ်လုပ်မှုကို လျော့ကျစေပါတယ်။

Exfoliate

ဝက်ခြံပြဿနာကို ဖြေရှင်းဖို့ အဓိကအကျဆုံး ခြေလှမ်းတစ်ခုက အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့ပါပဲ။ ဆဲလ်သေဖယ်ရှားခြင်းက အရေပြားကို အသက်ရှူခွင့်ရစေပြီး ဆဲလ်သစ်ဖြစ်ပေါ်မှုကို ထိထိရောက်ရောက် အကျိုးပြုနိုင်ပါတယ်။

F - Facts and Figures

အမျိုးသား အမျိုးသမီးအားလုံးဟာ ၀က်ခြံပြဿနာနဲ့ ရင်ဆိုင်ရပါတယ်။ ယေဘုယျအားဖြင့် အသက်(၁၂)နှစ်မှ (၂၄)နှစ်အတွင်း အရွယ်အပိုင်းအခြားမှာ ၀က်ခြံပိုမိုထွက်ပေါ်လေ့ရှိပါတယ်။ ၀သောအမျိုးသမီးများ၊ အမွေးအမှင်ထူသော အမျိုးသမီးများနဲ့ ရာသီစက်ဝန်းမမှန်သော အမျိုးသမီးများဟာ ၀က်ခြံပြဿနာဖြစ်ပေါ်နှုန်း ပိုမိုမြင့်မားလေ့ရှိပါတယ်။

G - Genetics

ဝက်ခြံပြဿနာဟာ မျိုးရိုးနဲ့လည်း သက်ဆိုင်တယ်လို့ ယူဆရပါတယ်။ သင့်ရဲ့အမေဟာ ၀က်ခြံထွက်လေ့ရှိသူဆိုရင် သင်ဟာလည်း ၀က်ခြံထွက်ဖို့ အလားအလာတွေရှိနေပါတယ်။ သင့်မိဘတွေဟာ ၀က်ခြံပြဿနာမရှိသူမျိုးတွေဆိုရင် သင်ဟာလည်း ၀က်ခြံပြဿနာ ကြီးကြီးမားမား မခံစားရနိုင်ပါဘူး။

H - Hormones

အမျိုးသားရော အမျိုးသမီးမှာပါ ၀က်ခြံထွက်ပေါ်ခြင်းနဲ့ ဆက်စပ်နေတဲ့ Androgens ဟော်မုန်းကို တွေ့ရှိရပါတယ်။ ဒါပေမဲ့ အမျိုးသားတွေမှာ ပိုမိုများပြားလေ့ရှိပါတယ်။ ဟော်မုန်း Level မညီမျှတော့တဲ့အခါ အဆီထုတ်လုပ်မှု ပိုမိုများ ပြားလာပြီး ၀က်ခြံပြဿနာဆီကို ဦးတည်လာပါတော့တယ်။ အမျိုးသမီးတွေဟာ အပျိုဖော်ဝင်ချိန်၊ သွေးဆုံးချိန်၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ လစဉ်ဓမ္မတာလာချိန်တွေမှာ ဟော်မုန်းမညီမျှမှုဖြစ်ပေါ်ပြီး ၀က်ခြံထွက်ပေါ်လာလေ့ရှိပါတယ်။

I - Ice

ရေခဲဟာ ရောင်ရမ်းခြင်း၊ ချွေးပေါက်ပိတ်ခြင်းနဲ့ အမည်းကွက်ဖြစ်ခြင်းများကို လျော့ပါးသက်သာစေပါတယ်။ ဒါကြောင့် အ၀တ်ပါးလေးထဲမှာ ရေခဲတုံးလေးကိုထည့်ပတ်ပြီး မျက်နှာပေါ်ကို ကပ်ပေးနိုင်ပါတယ်။

J- Jojoba Oil

Jojoba ပင်ရဲ့ အစေ့မှ ထုတ်ယူရရှိတဲ့ အဆီဟာ ခန္ဓာကိုယ်ရဲ့ အဆီထုတ်လုပ်မှုကို မျှတစေတဲ့အတွက် ၀က်ခြံထွက်သူ များအနေနဲ့ သုံးစွဲသင့်တဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။

K – Kola Nut Extract

Kola Nut Extract ဟာ အရေပြားပေါ်က အပြစ်အနာအဆာနဲ့ အနီစက်များကို လျော့နည်းပျောက်ကင်းစေပါတယ်။ ၀က်ခြံအများအပြားထွက်လေ့ရှိတဲ့ အရေပြားအတွက် အားပျော့တဲ့ Cleanser အဖြစ်လည်း သုံးနိုင်ပါတယ်။

L- Lemon Juice

Lemon Juice ဟာ အစွမ်းထက်မြက်တဲ့ ကုထုံးတစ်မျိုးဖြစ်ပါတယ်။ Lemon Juice မှာ ဘက်တီးရီးယားနဲ့ မှိုရောဂါ များကို ဆန့်ကျင်တိုက်ဖျက်နိုင်တဲ့အတွက် ၀က်ခြံများကိုလည်း ထိရောက်စွာကုသပေးနိုင်ပါတယ်။ Lemon Juice ကို ပျားရည် ဒါမှမဟုတ် ကြက်ဥအကာနဲ့ရောမွှေပြီး ၀က်ခြံပေါ်ကို ဂွမ်းစလေးနဲ့သုတ်ကာ ကပ်ထားပေးနိုင်ပါတယ်။ (၁၅) မိနစ်ခန့်ထားပေးပြီးမှ ဂွမ်းစလေးကို ဖယ်ရှားပေးလိုက်ပါ။

M - Moisturise

အဆီပြန်တဲ့ အသားအရေဟာလည်း အစိုဓာတ်ကို မရှိမဖြစ် လိုအပ်ပါတယ်။ စိုပြည်ကောင်းမွန်တဲ့ အသားအရေကို ရရှိနိုင်ဖို့ Light Moisturizer ကိုရွေးချယ်သုံးစွဲနိုင်ပါတယ်။

Make - up

ဝက်ခြံထွက်ခြင်းကို ရှောင်ရှားဖို့အတွက် မိတ်ကပ်မလိမ်းသင့်ဘူးဆိုတာဟာ မှားယွင်းတဲ့ အယူအဆဖြစ်ပါတယ်။ Mineral – Based Make-up လိုမျိုး တချို့မိတ်ကပ်များဟာ အသားအရေကို အမှန်တကယ် အားဖြည့်ပေးနိုင်ပြီး အကောင်းဆုံး အကာအကွယ်ပေးနိုင်ပါတယ်။

N – Non Comedogenic

Face – Care Product များကို ၀ယ်ယူတဲ့အခါ Non – Comedogenic နဲ့ Non – Acnegenic ဆိုတဲ့ စကားလုံးများကို သတိပြုရွေးချယ်ပါ။ ဒီ Product များဟာ ချွေးပေါက်များ ပိတ်ဆို့ခြင်းကို ကင်းဝေးစေပါတယ်။

O – Omega 3 Fatty Acids

အဆီအလွန်အကျွံစားသုံးခြင်းဟာ ၀က်ခြံထွက်ခြင်းကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဒါပေမဲ့ Omega – 3 Fatty Acids များဟာ သင့်အရေပြားမှာရှိသင့်တဲ့ အဆီပမာဏကို မျှတစေပြီး ကျန်းမာစေတဲ့အသားအရေကို ပေးစွမ်းနိုင်တာမို့ စား သုံးသင့်တဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။

P – Popping Pimples

ဝက်ခြံကိုညှစ်ခြင်းဟာ ဘက်တီးရီးယားပိုးမွှားများကို အလွယ်တကူပြန့်ပွားစေနိုင်တဲ့အတွက် မလုပ်သင့်တဲ့ အပြုအမူ တစ်ခုဖြစ်ပါတယ်။ ၀က်ခြံရင့်မှည့်လာလို့ မဖြစ်မနေ ညှစ်ရတဲ့အခါမှာလည်း စနစ်တကျပြုမူသင့်ပါတယ်။ ၀က်ခြံမညှစ် ခင်မှာ မျက်နှာကို ရေနွေးနွေးနဲ့သန့်စင်ပါ။ ၀က်ခြံရဲ့ထိပ်က ပြည်တည်နေတဲ့နေရာကို ပိုးသတ်ထားတဲ့အပ်နဲ့ ညင်သာ စွာဖောက်ပါ။ သင့်ရဲ့လက်ညှိုးမှာ သန့်စင်တဲ့တစ်ရှူးစလေးကို ရစ်ပတ်ပြီး ၀က်ခြံကို အသာအယာဖိပေးပါ။ ဒီအခါမှာ ၀က်ခြံအတွင်းကပြည်များ အလွယ်တကူ ထွက်သွားနိုင်ပြီး လက်ဆိပ်တက်ခြင်းကိုလည်း သက်သာစေပါလိမ့်မယ်။

Q – Quick Fix

အက်စ်ပရင် ဆေးပြားနှစ်ပြားကို အမှုန့်ကြိတ်ပြီး သန့်စင်တဲ့ရေနဲ့ ပျစ်ပျစ်ဖျော်ပါ။ ၀က်ခြံညှစ်ပြီးတဲ့အခါ ရောင်ရမ်းမှုကို သက်သာစေနိုင်ဖို့ ၀က်ခြံပေါ်ကို တို့ပေးထားပြီးမှ ညအိပ်ပါ။ မနက်ရောက်တဲ့အခါ ၀က်ခြံဟာ ရောင်ရမ်းခြင်းမရှိဘဲ သက်သာပျောက်ကင်းသွားတာကို တွေ့ရပါလိမ့်မယ်။

R – Raw Food

လတ်ဆတ်တဲ့ သဘာဝအသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များနဲ့ ကျောက်ပွင့် ကျောက်ခက်၊ ရေညှိ စတဲ့ Raw Food များဟာ ၀က်ခြံထွက်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

S – Salicylic Acid

ဆီမှာပျော်ဝင်နိုင်တဲ့ Salicylic ဟာ မွေးညင်းအိတ်လေးများကို သန့်စင်စေပြီး ဆဲလ်သေများကို ဖယ်ရှားရာမှာ ကူညီ နိုင်ပါတယ်။

T – Tea Tree Oil

Tea Tree Oil ဟာ အသားခြောက်ခြင်းကို သက်သာစေပြီး အသားအရေကို အဟာရဖြည့်တင်းပေးနိုင်ပါတယ်။ အသားအရေပြဿနာများကို သက်သာပျောက်ကင်းစေပြီး ချောမွေ့နူးညံ့မှုကို ပေးစွမ်းနိုင်ပါတယ်။

U – UV Rays

နေရောင်ခြည်ဟာ အဆီဂလင်းများကို တိုက်ရိုက်လှုံ့ဆော်မှုပြုတဲ့အတွက် အဆီကို ပိုမိုထွက်ရှိစေပါတယ်။ ပိုလျှံထွက် လာတဲ့ အဆီများဟာ မွေးညှင်းအိတ်လေးများထဲမှာ ပိတ်ဆို့နေပြီး ဆားဝက်ခြံများကို ဖြစ်ပေါ်စေပါတယ်။

V – Vinegar

ဗီနီဂါဟာ ၀က်ခြံကို ကုသရာမှာ အစွမ်းထက်မြက်တဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။ ဗီနီဂါတစ်ဆနဲ့ ရေဆယ်ဆကို ရော နှောပြီး ၀က်ခြံပေါ်ကို တို့သုတ်ပေးနိုင်ပါတယ်။ ဗီနီဂါဟာ ဗက်တီးရီးယားပိုးမွှားများကိုသေစေနိုင်ပြီး အရေပြားရဲ့ pH Level ကိုထိန်းညှိပေးပါတယ်။

W – Water

ရေဓာတ်ဟာ Collagen များအသစ်ဖြစ်ပေါ်ရာမှာ လိုအပ်သလို ခန္ဓာကိုယ်ရဲ့အဆိပ်အတောက်များကိုလည်း ဖယ်ရှား ရှင်းလင်းပေးတဲ့အတွက် ကျန်းမာတဲ့အသားအရေကို ပိုင်ဆိုင်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် ရေ(၈)အောင်စခန့်ဝင် တဲ့ ဖန်ခွက်နဲ့ ရေ(၆)ခွက်ခန့် မှန်မှန်သောက်သုံးပေးသင့်ပါတယ်။

X – Acne Dont's

မျက်နှာကို မကြာခဏဆေးကြောခြင်းဟာ ချွေးပေါက်များကို ထိခိုက်စေနိုင်ပြီး မလိုလားအပ်တဲ့ ပြဿနာများကို ဖြစ်စေပါတယ်။ ဒါကြောင့် တစ်နေ့ကိုနှစ်ကြိမ် ညင်သာစွာ မျက်နှာသစ်ပေးပြီး တစ်လမှာ နှစ်ကြိမ် Exfoliation (ဆဲလ်သေများဖယ်ရှားခြင်း) လုပ်နိုင်ပါတယ်။ Exfoliate လုပ်တဲ့အခါ အားသုံးပြီး ပွတ်တိုက်ခြင်းကို ရှောင်ရှားဖို့ သတိပြုသင့်ပါတယ်။

Y – Yogurt

ဒိန်ချဉ်ဟာ ၀က်ခြံကို ကုသရာမှာ အံ့သြဖွယ်အစွမ်းရှိတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဒိန်ချဉ်ဟာ မွေးညင်းအိတ်ထဲမှာ ပေါက်ဖွားတတ်တဲ့ ဘက်တီးရီးယားပိုးမွှားများကို သေစေနိုင်ပြီး ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် ဒိန်ချဉ်ကို ပုံမှန်မှီဝဲသင့်ပါတယ်။

Z - Zzzs

အိပ်ရေးပျက်တဲ့အခါ ၀က်ခြံထွက်ခြင်းကိုအားပေးတဲ့ ဟော်မုန်းတွေ ပိုမိုထွက်ရှိတတ်ပါတယ်။ ဒါကြောင့် အိပ်ရေး၀၀ အိပ်ခြင်းအားဖြင့် ၀က်ခြံထွက်ခြင်း သက်သာစေဖို့ကို မိမိဘာသာ ကုသနိုင်ပါတယ်။

Ref: Health Digest Journal – Vol.7 No.1. October 14 Wednesday 2009

Saturday, July 3, 2010

စိုးရိမ်သောကများခြင်း၏ ဝေဒနာလက္ခဏာများ

အထွေထွေ မည်သည့်ကိစ္စမဆို စိုးရိမ်သောကဖြစ်လေ့ရှိသောသူများနှင့် ထိတ်လန့်တကြားဖြစ်လေ့ရှိသောသူများဟာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာများရော၊ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများပါ နှစ်မျိုးစလုံးကို ခံစားကြုံတွေ့ရတတ်ပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ အထွေထွေစိုးရိမ်သောကများတတ်သော လူအချို့တွင် စိတ်ပိုင်းဆိုင်ရာ ဝေဒနာများသည် အမြဲတမ်းရှိနေတတ်ပြီဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများကတော့ ပျောက်လိုက်ပေါ်လိုက်ဖြစ်တတ်ပါတယ်။ ထိတ်လန့်တကြားဖြစ်တတ်ခြင်းသည် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများပါ အတူတကွတွဲပြီး ရုတ် တရက်ဖြစ်ပေါ်လာတတ်ပါတယ်။ ကြိုတင်ပြီး ခန့်မှန်းထားနိုင်ခြင်းလည်း မရှိတတ်ပါဘူး။

စိုးရိမ်သောကဖြစ်စေလျှင် ခံစားရသော ဝေဒနာများမှာ -

(၁) သိသာထင်ရှားသော အကြောင်းရင်းမရှိဘဲ အမျိုးအမည်မဖော်ပြတတ်သည့် စိတ်ထင့်ခြင်း တစ်ခုခုကို ခံစားရတတ်ခြင်း။

(၂) နေမထိ ထိုင်မသာဖြစ်ကာ စိတ်ပြေလျော့မှုရောက်အောင် မလုပ်နိုင်ခြင်း။

(၃) အာရုံစူးစိုက်မှု မကောင်းခြင်း။

(၄) စိုးရိမ်ကြောင့်ကြသော အတွေးများကို ထပ်ကာတလဲလဲတွေးနေခြင်း။

(၅) အိပ်မပျော်ခြင်းနှင့် တစ်ခါတစ်ရံ အိပ်မက်ဆိုးများမက်ခြင်းတို့အပြင် စိတ်ဓာတ်ကျခြင်း၊ အိပ်ရာမှ အစောကြီးနိုး ခြင်း၊ မျှော်လင့်ချက်ကင်းမဲ့သလို ခံစားရခြင်း...စသည်တို့ဖြစ်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများကတော့ ပေါ်လိုက်ပျောက်လိုက်ဖြစ်တတ်သော ဝေဒနာများမှာ -

(၁) ခေါင်းကိုက်ခြင်း။

(၂) ဗိုက်အောင့်ခြင်း၊ တစ်ခါတစ်ရံ ၀မ်းလျှောခြင်းနှင့် အော့အန်ခြင်း။

(၃) ဆီးခဏခဏသွားခြင်း။

(၄) ချွေးစေးများထွက်ခြင်း၊ မျက်နှာနီမြန်းခြင်း၊ ခြေတုန်လက်တုန်ဖြစ်ခြင်း။

(၅) လည်ချောင်းထဲမှာ တစ်ခုခု ကပ်နေသလို ခံစားရခြင်း တို့ဖြစ်ပါတယ်။

ထိတ်လန့်တကြားဖြစ်ခြင်းတွင် ခံစားရနိုင်သော ဝေဒနာများမှာ -

(၁) အသက်ရှူမြန်လာခြင်း။

(၂) ချွေးစေးများထွက်ခြင်း၊ အော့အန်ကာ ကတုန်ကယင်ဖြစ်လာခြင်း။

(၃) ရင်တုန်ခြင်း (ရင်ခုန်သံပုံမှန် မဟုတ်ဘဲ မြန်လာသည်ကို သတိပြုမိခြင်း)။

(၄) ခေါင်းမူးခြင်းနှင့် ခေါင်းအုံခြင်း။

(၅) အသက်ရှူကျပ်ပြီး သေဆုံးမှာကို ကြောက်ရွံ့ခြင်း။

(၆) အမှန်တရားမဟုတ်သည်များကို ခံစားမိပြီး စိတ်ထားကောင်းများ လွင့်ပျောက်ဆုံးရှုံးမှာကို ကြောက်ရွံ့စိုးရိမ်ခြင်း စသည်တို့ဖြစ်သည်။

ဖော်ပြပါဝေဒနာလက္ခဏာများကို ကြီးကျယ်သော ရုပ်ပိုင်းဆိုင်ရာ ရောဂါကြီးတစ်ခု၏ လက္ခဏာများအဖြစ် လွဲမှားပြီး ယူဆတတ်သည်။ ဤသို့ယူဆမိသည်နှင့်အမျှ စိုးရိမ်မှု ဒီဂရီလည်းမြင့်တက်လာသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိတ်လန့်တကြားဖြစ်ခြင်းဟူသော ခံစားမှုသည် လူထုအတွင်း ဖြစ်ပွားလာပါက လူထုအနေနှင့် စားသောက်ဆိုင်များ တွင် စားရမှာကိုကြောက်ခြင်း၊ လူစုလူဝေးအတွင်းရောက်ရမှာကို ကြောက်ရွံ့ခြင်းများဖြစ်ပေါ်လာတတ်ပါတယ်။

Ref: Health Digest Journal – Vol.7 No.1. October 14 Wednesday 2009

Friday, July 2, 2010

ချစ်သူပေးတဲ့ ပန်းတွေရဲ့  အဓိပ္ပာယ်

ချစ်သူဘ၀ ရည်းစားဘ၀မှာ ကိုယ်ချစ်တဲ့လူကိုပန်းပေးဖူးမယ် ဒါမှမဟုတ် ချစ်သူပေးတဲ့ပန်း ရဖူးမယ်လို့ ထင်ပါ တယ်။ ဒီလိုပန်းပေးတဲ့အခါမှာလည်း ပန်းကိုယ်စီမှာ အဓိပ္ပာယ်တွေရှိပါတယ်။ ကိုယ့်ချစ်သူကိုပန်းပေးတော့မယ်ဆိုရင် ပေးမယ့်ပန်းရဲ့ အဓိပ္ပာယ်လောက်တော့ သိသင့်တယ်ထင်လို့အဘိဓာန် ပေါင်းစုံက ဖြတ်ညှပ်ကပ်လာတဲ့ အဓိပ္ပာယ်များကို ဖော်ပြလိုက်ပါတယ်။mybustket

နှင်းဆီအဖြူ = သယ်ရင်းလေးလိုလဲချစ်တယ် ဟိုလိုလိုဒီလိုလိုလည်းချစ်တယ်။ ပြောရမယ်ဆိုရင် ငါ့အချစ်က ဟိုမရောက်ဒီမရောက်ပေါ့။

နှင်းဆီအ၀ါ = သူငယ်ချင်းကနေပြီး ချစ်သူအဖြစ်ကိုရောက်ချင်တာဟာ စည်းကျော်တယ်မထင်နဲ့။ ဒါဟာ ဆက်ဆံရေးကို Upgrade လုပ်လိုက်တာပါ။

နှင်းဆီအနီ = နင့်ကိုငါ လုံးဝကြွေပါတယ်။ ပန်းပေးတာကိုအားနာပြီး ငါ့ကိုစဉ်းစားပေးဦးနော်။

စံပယ်ပန်း = ငါ့ရင်ထဲမှာ နင့်ကို အမြဲသတိရနေတယ်။ အခုတောင်ဘုရားမှာ ပန်းတွေတွေ့လို့နင့်အတွက် စွန့်လာခဲ့တယ်။

ကံကော်ပန်း = နင်နဲ့တွေ့ရတာကံကောင်းတယ်။ (တခြားလူ သိုက်တူးစရာမလိုတော့လို့)။

ဆောင်တော်ကူးပန်း = ငါနင့်ကိုသတ်ချင်တယ် (မျက်နှာများလွန်းလို့)။

ခရေပန်း = နင့်ကိုငါ တကယ်ကိုချစ်မိပြီ။ နင်ရည်းစားတွေများခဲ့လည်းချစ်တယ်။ နင်ယောက်ျားရှိတယ်ဆိုဦးတော့ ကြာကူလီဘွဲ့ခံယူပြီး ချစ်ပြမယ့်ငါပါ။

ညမွှေးပန်း = ငါ့အချစ်က ခရေပန်းအချစ်ထက်လန်းပါတယ်။ လှည်းကျိုးထမ်းရပါစေဦးတော့ ဆက်ချစ်မယ့်အချစ်ပါ။

ပိတောက်ပန်း = တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် ဆိုတာ လူကြီးတွေပြောတာပါ။ ငါ့အချစ်က ပိတောက်ပန်းလို ခဏတာချစ်မယ့်အချစ်။

ကြာပန်း = မင်းနဲ့ချစ်ရတာ ကြာလာရင် ငါပန်းတော့မယ် (လူ+ငွေ)

နှင်းပန်း = ချစ်သူ.. မင်းကိုလည်းချစ်ပါတယ်၊ မင်းနှမလေးကိုလည်း တာဝန်ယူပါရစေ။ (အဲလေ) မင်းနှမလေးကိုလည်း ငါ့နှမလို သဘောထားပါတယ်။

ဒေါနပန်း = မင်းကိုမြင်ရင် အလိုလိုဒေါသဖြစ်တယ် (အကြောင်းတစ်ခုခုတော့ရှိရမယ်)

သော်ကပန်း = မင်းကိုတော့ချစ်ပါတယ်။ ဒါပေမယ့် ဒီဗိုက်ဟာ ကိုယ့်ဟာမဟုတ်ဘူး။

သစ်ခွပန်း = နှစ်ယောက်ကြားဗျာများနေတာ အခုတော့မင်းကိုပဲချစ်ပါတော့မယ်။

ဂန္ဓမာပန်း = မင်းကိုချစ်တော့ချစ်ပါတယ်။ မင်းအကြွေးတွေကိုတော့ တာဝန်မယူပါရစေနဲ့ ။

ဆယ့်နှရာသီပန်း = မင်းခိုင်းချင်ရင် နဖားကြိုးတပ်လိုက်ပါ။ (အဲလေ) မင်းလိုအပ်တဲ့အချိန် ကိုယ်အမြဲရောက်လာပေးပါ့မယ်။

နေကြာပန်း = ချစ်တော့ချစ်တယ်။ ဒါပေမယ့် ယောက္ခမတွေကိုတော့ တာဝန်မယူပါရစေနဲ့။

ရွက်လှပန်း = ကိုယ့်ကိုချစ်ရင် ကိုယ့်အကြွေးတွေကို မင်းဆပ်ပေးပါလား။

ဂေါ်ဖီပန်း = မိန်းမကောင်း ပန်းတစ်ပွင့်ပန်တဲ့ ကိုယ့်ချစ်သူ တစ်ပွင့်တည်းသောပန်းနဲ့ တင့်တယ်ပါစေ။

ခွေးသေးပန်း = မင်းကို ဒီပန်းလေးလိုပဲ ကိုယ်တန်ဖိုးထားပါတယ်ကွာ။

သာဓုနဲ့ ပါပု

သာဓု - "အိမ်ထောင်ဆိုတာဘာလဲ"
ပါပု - "အိမ်ထောင်ဆိုတာ အ၀ိုင်းခံထားရတဲ့ ရဲတိုက်နဲ့တူတယ်။ အထဲရောက်နေတဲ့
လူတွေကအပြင်ကိုထွက်ချင်တယ်။ အဲ အပြင်ကလူတွေကြတော့ အထဲဝင်ဖို့ အားခဲနေကြတယ်"

သာဓု - "လူငယ်တွေဟာ မိန်းမယူပြီးတဲ့နောက်မှ ဆင်ခြင်ဉာဏ် ပိုလာသလား"
ပါပု - "ဆင်ခြင်ဉာဏ်ရှိရင် သူတို့ မိန်းမ မယူဘူး"

သာဓု - "လူပျိုနဲ့ လူအို ဘာကွာသလဲ"
ပါပု - "လူပျိုက အိမ်အလုပ်ကို သူ့ဟာသူလုပ်တယ်၊ လူအိုကတော့ မိန်းမခိုင်းလို့
လုပ်ရတယ်"

သာဓု - "မိန်းမဆိုတာဘာလဲ"
ပါပု - "မိန်းမဆိုတာ နှင်းဆီပန်းပဲ၊ ပွင့်ချပ်တွေကို ချစ်သူ ရည်းစားတွေက
ခူးသွားကြတယ်၊ သူယူတဲ့ ယောက်ျားအတွက် ဆူးပဲ ကျန်တယ်"

သာဓု - "မယားငယ်ဆိုတာ ဘာလဲ"
ပါပု - "အိမ်ခန်းထဲမှာ ထားစရာ နေရာမရှိတဲ့ အဖိုးတန် ပရိဘောဂ"

သာဓု - "မိန်းမတစ်ယောက်ထဲ ယူတဲ့စနစ်နဲ့ မိန်းမနှစ်ယောက် ယူတဲ့စနစ် ဘာကွာသလဲ"
ပါပု - "ဘာမှ အကွာဘူး၊ နှစ်ခုစလုံးမှာ မိန်းမတစ်ယောက် ပိုနေတယ်"

သာဓု - "မိုက်တွင်းနက်ပြီး မိန်းမနဲ့ ကွာရှင်းနိုင်သလား"
ပါပု - "မသိဘူး၊ ဒါပေမယ့် မိုက်တွင်းနက်ပြီး မိန်းမတွေကို တစ်ယောက်ပြီးတစ်ယောက်
ကောက်ယူနိုင်တာတော့ အမှန်ပဲ"

သာဓု - "မိန်းမကိုဘာနဲ့ နှိုင်းလို့ ရမလဲ"
ပါပု - "စောင်နဲ့ ၊ ခြုံလိုက်ရင် အိုက်တယ်၊ ဖယ်လိုက်ရင် ချမ်းတယ်"

သာဓု - "အလွန်အကျွံ သတိမေ့ခြင်းဆိုတာ ဘာလဲ"
ပါပု - "နယ်ကပြန်လာတဲ့ ယောက်ျားက ရွှေဆွဲကြိုးကို မယားကြီးကိုပေးပြီး
ညစ်ပတ်နေတဲ့
အ၀တ်အစားကို လျှော်ဖွတ်ဖို့ မယားငယ်ကိုပေးခြင်း"

သာဓု - "အကောင်းမြင်သမားဆိုတာ ဘယ်လိုလူမျိုးလဲ"
ပါပု - "အိမ်မှာ ဆေးပေါ့လိပ်တိုကို မြင်တဲ့အခါ မိန်းမလုပ်တဲ့သူ စီးကရက်
ဖြတ်လိုက်ပြီလို့ ကောက်ချက်ချတဲ့ ယောက်ျား"

သာဓု - "ယောက်ျားနဲ့ မိန်းမ သူတို့ရဲ့ပါတနာတွေကို ဘာကြောင့်လဲသလဲ"
ပါပု - "အမျိုးမျိုးခံစားချင်တဲ့အခါ ယောက်ျားဟာ မိန်းမကိုလဲတယ်၊ အဲမိန်းမကတော့
ဘာမှမခံစားရတဲ့အခါမှာ ယောက်ျားကိုလဲတယ်"

သာဓု - "မိန်းမတစ်ယောက်ဟာ မိချောင်းနဲ့ အတူတူနေနိုင်သလား"
ပါပု - "မိချောင်းမှာ ပိုက်ဆံရှိရင်နေမှာပေါ့"

သာဓု - "ငွေသာ ပဓာနဆိုတာ အမှန်ပဲလား"
ပါပု - "မဟုတ်ဘူး၊ အဲဒီငွေရဲ့ အရေအတွက်ကသာ ပဓာန"

သာဓု - "ဘယ်အရာက မိန်းမတစ်ယောက်ကို အလှတိုးစေသလဲ"
ပါပု - "ယောက်ျားတစ်ယောက်ရဲ့ အစာအိမ်ထဲက ၀ီစကီနှစ်ခွက်"

သာဓု - "ယောက်ျားတစ်ယောက်ဟာ ဘယ်အချိန်မှာ အင်အားချိနဲ့တဲ့ သဘောကို ခံစားရသလဲ"
ပါပု - "မိန်းမချောတစ်ယောက်က ရှင်အင်မတန်တော်တဲ့ လူပါလားလို့
ချီးကျုးတဲ့အခါမှာ"

သာဓု - "ယောက်ျား ယူတဲ့မိန်းမတစ်ယောက်ရဲ့ လုပ်ရပ်ကိုဘယ်လို အကဲဖြတ်နိုင်သလဲ"
ပါပု - "ယောက်ျားအများကြီးရဲ့ အာရုံစိုက်မှုကို ခံရတဲ့ဘ၀ကို
ယောက်ျားတစ်ယောက်ထဲရဲ့ အာရုံစိုက်မှုကိုခံရတဲ့ဘ၀နဲ့ လဲလိုက်ခြင်းပဲပေါ့"

သာဓု - "မိန်းမတစ်ယောက်ရဲ့ ချို့ယွင်းချက် မှန်သမျှကို သိအောင် ဘယ်လိုရမလဲ"
ပါပု - "သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းရှေ့မှာသူ့ကို ချီးမွမ်းကြည့်"

သာဓု - "မိန်းမဖြစ်တဲ့သူကို အံ့သြအောင် ဘာလုပ်ရမလဲ"
ပါပု - "သူ တစ်ချိန်လုံးပူဆာနေတဲ့ စိန်နားကပ်အစား လက်ကိုင်ပ၀ါတစ်ထည်
ဝယ်ပေးလိုက်"

သာဓု - "မိန်းမဟာ ဓားပြထက်ပိုကြောက်စရာ ကောင်းတယ်လို့ ပြောကြတယ်၊ ဘာကြောင့်လဲ"
ပါပု - "ဓားပြဟာ ပိုက်ဆံအိတ်ကိုပေးမလား၊ ဒါမှမဟုတ် ဘ၀ကို
အဆုံးခံမလားလို့မေးတယ်၊
မိန်းမကတော့ နှစ်ခုစလုံးကို တောင်းတယ်"

သာဓု - "ခြောက်လုံးပြူး နဲ့ စက်သေနတ် ဘာကွာသလဲ"
ပါပု - "စကားပြောနေကြတဲ့အခါမှာ ယောက်ျားနဲ့မိန်းမ ကွာသလဲလိုပဲပေါ့"

သာဓု - "ဘီယာနဲ့မိန်းမ ဘာကွာသလဲ"
ပါပု - "ဘီယာက ခင်ဗျားဘယ်အချိန် အိမ်ပြန်မလဲဆိုတာ စိတ်မပူဘူး"

သာဓု - "ရုပ်ချော၊ ဉာဏ်ကောင်း၊ ဂရုစိုက်တတ်ပြီး ပိုက်ဆံလည်း ချမ်းသာတဲ့
ယောက်ျားကို ယူချင်ရင် ဖြစ်မလား"
ပါပု - "ဖြစ်ပါတယ် ဒါပေမယ့် လင်လေးခါယူရမယ်"

သာဓု - " ဒါနဲ့ ခင်ဗျားရဲ့ ခွေးကို ဘာဖြစ်လို့ ငထုံကြီး"လို့ နာမည်ပေးရတာလဲ"
ပါပု - "လမ်းမှာ ဒီကောင့်ကို ငထုံကြီးခေါ်လိုက်ရင် ယောက်ျားတွေ အတော်များများ
လှည့်ကြည့်ကြတာ အရသာရှိလွန်းလို့"

သာဓု - "ကိုယ့်မိန်းမနဲ့စကားများကြရာမှာ ကိုယ်က အနိုင်ရတယ်ဆိုရင် ဘာလုပ်ရမလဲ"
ပါပု - "ရှင်းရှင်းလေးပဲ သူ့ကို တောင်းပန်လိုက်"

သာဓု - "ဆင်းရဲတဲ့မိန်းကလေးကို ပျော်ရွင်အောင် လုပ်နိုင်သလား"
ပါပု - "လုပ်နိုင်တယ်၊ ဒါပေမယ့် ချမ်းသာတဲ့ မိန်းကလေးကို စိတ်ဆင်းရဲအောင်လုပ်တာ
ပိုကောင်းတယ်"

သာဓု - "ပညာနဲ့ အသပြာ ဘယ်ဟာကို ယူသင့်သလဲ"
ပါပု - "ကိုယ့်ဆီမှာ မလုံလောက်တာကို ယူ"


Reference : Forward Mail