Thursday, July 15, 2010

တစ်ဘက်သတ် ရုပ်ရှင်

တစ်ဘက်သတ် ရုပ်ရှင်

ပြတင်းပေါက်နား ရပ်ကာ ... ရင်မှာ ငေးမောကြည့်ရုံပါ ...
တစ်ဘက်သတ်အချစ်ဆိုတာ ... ခုမှ နားလည်လာ ...

မင်း ရှိတတ်တဲ့နေရာ ... မယောင်မလည် လှမ်းလို့ တွေ့အောင်ရှာ ...
တစ်ဘက်သတ်အချစ်ဆိုတာ ... ဟန်ဆောင်မှုများသာ ...

ဒီမှာ ငါ့ တစ်ယောက်တည်း ... အရမ်းလွမ်းတဲ့အခါ မင်းကမေ့နေတာ ...
တစ်ဘက်သတ်အချစ်ဆိုတာ ... ရက်စက်တတ်တဲ့ အရာ ...

Oh ... Baby ! 

ဘာပဲ လုပ်လုပ် မင်းအတွက်လဲ ရည်စူးထား ... ဘယ်နားသွားသွား ဒို့ ခွင့်တောင်းတယ် စိတ်က ...
သူမသိလဲ ကံပါပဲ ... ဒီလိုနဲ့သာ အသားကျတဲ့ အရှုံးများ ...
အမှတ်တမဲ့နဲ့ ဒို့ဆုံတွေ့ချိန် အပြုံးများ ... အိပ်မက်တို့ ဒုက္ခလမ်းပေါ် မွေးဖွား ...
တစ်ဘက်သတ်အချစ်ရဲ့  အရသာ ... မင်းချစ်ဖူးမှ သိမှာ ... အကြိမ်ကြိမ်သာ ကျရှုံးရ ... မင်း မသိနိုင်ပြီ ...


လွမ်းခန်းများနဲ့သာ ... စီစဉ်ထားတဲ့ ရုပ်ရှင်မှာ ...
တစ်ဦးတည်း သရုပ်ဆောင်ကာ ... ပရိသတ်လည်း ငါပါ ...

Oh .. Yay ... အဝေးကငေးလဲ ... နင် ပျော်ရင် ငါ စိတ်ချမ်းသာ ...
တစ်ဘက်သတ်ရုပ်ရှင်မှာ ... အနိုင်ယူမှုများ မပါ ...

ဒီမှာ တခြားတစ်ယောက်နဲ့ မင်း အပြုံးနဲ့ရှိချိန် ... ငါတော့ လွမ်းခဲ့ရ ...
တစ်ဘက်သတ် ရုပ်ရှင်မှာ ... အမြဲတမ်း သရုပ်ဆောင်ကာ ...

ဘာပဲ လုပ်လုပ် မင်းအတွက်လဲ ရည်စူးထား ... ဘယ်နားသွားသွား ဒို့ ခွင့်တောင်းတယ် စိတ်က ...
သူမသိလဲ ကံပါပဲ ... ဒီလိုနဲ့သာ အသားကျတဲ့ အရှုံးများ ...
အမှတ်တမဲ့နဲ့ ဒို့ဆုံတွေ့ချိန် အပြုံးများ ... အိပ်မက်တို့ ဒုက္ခလမ်းပေါ် မွေးဖွား ...
တစ်ဘက်သတ်အချစ်ရဲ့  အရသာ ... မင်းချစ်ဖူးမှ သိမှာ ... အကြိမ်ကြိမ်သာ ကျရှုံးရ ... မင်း မသိနိုင်ပြီ ...


( တစ်ဘက်သတ် ရုပ်ရှင်ပဲ )

ဒီမှာ ငါ့တစ်ယောက်တည်း ... အရမ်းလွမ်းတဲ့အခါ နင်က တခြားတစ်ယောက်အနား ... တစ်ဘက်သတ်အချစ်ဆိုတာ ... ရက်စက်တတ်တဲ့ အရာ ...

ဘာပဲ လုပ်လုပ် မင်းအတွက်လဲ ရည်စူးထား ... ဘယ်နားသွားသွား ဒို့ ခွင့်တောင်းတယ် စိတ်က ...
သူမသိလဲ ကံပါပဲ ... ဒီလိုနဲ့သာ အသားကျတဲ့ အရှုံးများ ...
အမှတ်တမဲ့နဲ့ ဒို့ဆုံတွေ့ချိန် အပြုံးများ ... အိပ်မက်တို့ ဒုက္ခလမ်းပေါ် မွေးဖွား ...
တစ်ဘက်သတ်အချစ်ရဲ့  အရသာ ... မင်းချစ်ဖူးမှ သိမှာ ... အကြိမ်ကြိမ်သာ ကျရှုံးရ ... မင်း မသိနိုင်ပြီ ...

( Ahh ... တစ်ဘက်သတ်ရုပ်ရှင် အမြဲ )

No comments: