Sunday, March 31, 2013

ခုနှစ်ရက်အတွင်း ဆယ်ပေါင် နှင့်အထက် အဆီချ Diet Program




ကဲ ဒီအဆီချနည်းကို စောင့်နေကြတဲ့လူတွေ အတော်များမယ်ထင်ပါတယ်.... ဒီစာတွေအားလုံးကို ကျွန်တော့ ကောင်မလေးက ကျွန်တော့ အတွက် အပင်ပန်းခံရိုက်ပေးထားရှာတာပါ...... အခု သူ့ ခွင့်ပြုချက်နဲ့ ပဲ သူငယ်ချင်းတွေကို ဝေမျှပါတယ်.... :) ဒီ Program ကိုလည်း သူပဲရှာပေးခဲ့တာကိုး......

အဆီကျဟင်းရည် ချက်နည်း

ကြက်သွန်နီဥကြီး 6 လုံး
ငရုတ်သီးပွ (အစိမ်း) 2 ခု
ခရမ်းချဉ်သီး 6 လုံး
တ၇ုတ် နံနံပင်
ဂေါ်ဖီထုပ် 1 လုံး
Lapton Omon Soup Mix တစ်ထုပ် (လိုအပ်လျှင် စွပ်ပြုတ်အခဲ (၁-၂) ခဲ)
အရသာရှိစေရန် ဆား၊ ငရုတ်ကောင်း၊ မဆလာ၊ အမွှေးအကြိုင် လိုအပ်သလိုထည့်ပါ။ (တုန်ယမ်း ချဉ်စပ် အနှစ်နဲ့ တွဲဖက်ချက်လျှင်လည်းရပါသည်... ကျွန်တော်ကတော့ တုန်ယမ်းနှင့်တွဲချက်ပါသည်.... အနံအသက်အတော်သက်သာသည်ကို တွေ့ရပါသည်..)


အသီးအရွက်များကို အရွယ်တော် အတုံးများဖြစ်အောင်ဖြတ်ပါ။ ရေဖုံးအောင်ထည့်ပါ။ သစ်သီး၊ ဟင်းသီးဟင်းရွက်မှ ရသောအရည်များကို ထည့်ခြင်းဖြင့်လည်း အနံ့နှင့် အရသာကို ပိုမိုကောင်းမွန်စေပါသည်။
ပွက်ပွက်ဆူ အနေအထားမှာ ၁၀ မိနစ်ခန့် ထားပါ။ ထို့နောက် မီးလျှော့ပြီး ဟင်းသီးဟင်းရွက်များကို နူးနပ်သည်အထိ ချက်ပါ။

အထက်ပါအဆီကျဟင်းရည်ကို အချိန်မရွေး၊ စားချင်သလောက် စားသုံးနိုင်ပါသည်။ ဤဟင်းရည်ကို စားသုံးခြင်းဖြင့် ကယ်လိုရီများမတိုးလာနိုင်ပါ။ များများစားလေ အလေးချိန်ပိုလျော့နိုင်လေဖြစ်ပါသည်။ အလွန်ကြာရှည်စွာစားသုံးလျှင်မူ အာဟာရချို့တဲ့ခြင်းဖြစ်လာနိုင်ပါသည်။ နေ့လည်ပိုင်းများတွင် အပြင်သွားနေရမည်ဆိုပါက ထမင်းချိုင့်ထဲထည့်၍ သယ်ယူသုံးဆောင်နိုင်ပါသည်။

(၇) ရက်စားသုံးနည်းအစီအစဉ်ကို သင်အဆင်ပြေသလို စားသုံးနိုင်ပါသည်။ အညွှန်းအတိုင်း တိကျစွာလိုက်နာပါက သင့်ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများ သန့်စင်သွားပါလိမ့်မည်။ ပေါ့ပါးကျန်းမာခြင်း ကိုလည်း ခံစားရပါလိမ့်မည်။

ဤအစီအစဉ်ကို ရက်အနည်းငယ်အတွင်းမှပါပင် ပေါ့ပါးလာသည်ကို တွေ့ရမည်ဖြစ်ပြီး ခွန်အားများလည်း ရှိလာမည်ဖြစ်သည်။ ဤအစီအစဉ်ကို သင်စားနိုင်သလောက်အချိန်အထိ ကြာရှည်စွာစားသုံးနိုင်ပါသည်။ ဤစားသုံးနည်းသည် အဆီများကို လျှင်မြန်စွာ ချေဖျက်နိုင်သည့်နည်း ဖြစ်ပြီး အဓိကလျှို့ဝှက်ချက်မှာ ကယ်လိုရီများကို သင်စားသုံးနိုင်သည့်ပမာဏထက်ပို၍ ချေဖျက်နိုင်ခြင်းဖြစ်ပါသည်။
ဤစားသုံးနည်းကို စားသုံးနေချိန်အတွင်း ကိုယ်ခန္ဓာအတွင်းရှိအဆီများကို ဖယ်ရှားနေသည့်ကာလဖြစ်သောကြောင့် အရက်၊ ယမကာသောက်ခြင်း မသင့်လျော်ပါ။ ဤဟင်းရည်စားသုံးခြင်းကို အနည်းဆုံး ၂၄ နာရီခွာ၍ ရပ်ပြီးမှ အရက်သုံးဆောင်သင့်ပါသည်။
လူတစ်ဦးစီ၏ အစာချေဖျက်စနစ်မတူညီသောကြောင့် ဤစားသုံးနည်း၏ လူတစ်ဦးစီပေါ် သက်ရောက်မှုမှာလည်း ကွဲပြားနိုင်ပါသည်။ ဤစားသုံးနည်းကိုစတင်ပြီး ရက်အနည်းငယ်အတွင်း သင်၏၀မ်းဗိုက်လှုပ်ရှားမှုအခြေအနေ ပြောင်းလဲခဲ့ပါက bran နှင့် fiber ကိုတစ်ခွက်စာစားသုံးနိုင်ပါသည်။ ဤ (၇) ရက်အတွင်း ဘလက်ကော်ဖီ သုံးဆောင်နိုင်သော်လည်း ကော်ဖီမှ ကဖိန်းဓာတ်ကို မလိုအပ်တော့ကြောင်း (၃) ရက်အကြာတွင်တွေ့ရလိမ့်မည်။

အထူးရှောင်ကြဉ်ရန်

ပေါင်မုန့်၊ အရက်နှင့် ဂက်စ်ပါသော အချိုရည်များကို ရှောင်ရပါမည်။ ရေ၊ အချိုမပါသော လက်ဖက်ရည်၊ ဘလက်ကော်ဖီ၊ အချိုမပါသော အသီးဖျော်ရည်များနှင့် အဆီဖယ်ထုတ်ထားသော နွားနို့တို့ကို သုံးဆောင်နိုင်ပါသည်။ အရေခွံမပါသော ကြက်သားပြုတ် (သို့) ကြက်သားကင်ကို အမဲသားအစား သုံးဆောင်နိုင်ပါသည်။ သင်ပိုမိုနှစ်သက်မည်ဆိုပါက အမဲသားစားရမည့်တစ်ရက်ကို ငါးပြုတ်နှင့် အစားထိုးနိုင်ပါသည်။ နောက်တစ်ရက်မှာတော့ အမဲသားမှာပါတဲ့ ပရိုတင်းဓာတ်ကို သင်လိုပါလိမ့်မည်။
ဤအဆီကျဟင်းရည်ကို ဆာလောင်သည့်အချိန်တိုင်း၊ ကြိုက်သလောက် ထပ်ကာထပ်ကာစားသုံးနိုင်ပါသည်။ ဤဟင်းရည်ကိုစားသုံးခြင်းဖြင့်ကယ်လိုရီမတိုးလာနိုင်ပါ။ များများစားလေ များများ အလေးချိန်ပိုလျော့လေဖြစ်ပါသည်။
မည်သည့်ဆေးဝါးမဆို ဤစားသုံးနည်းအစီအစဉ်ဖြင့် အန္တရာယ်မဖြစ်လာနိုင်ပါ။ သင်လိုသလောက်အချိန် ကာလအထိ ဤအစီအစဉ်ကို အသုံးပြုနိုင်ပါသည်။ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို သင်ကိုယ်တွေ့ခံစားကြည့်ပါ။

Satred Heart Hospital မှ
ခွဲစိတ်ကုသမှုမခံယူမီ ကိုယ်အလေးချိန်လျင်မြန်စွာကျဆင်းရန် လိုအပ်သော အ၀လွန်လူနာများအတွက် အသုံးပြုသည်။

ပထမနေ့

သစ်သီးများအားလုံး (ငှက်ပျောသီးမှအပ)၊ ပထမနေ့တွင်ငှက်ပျောသီးမှ အပ၊ အခြားသစ်သီးများအားလုံးကို စားသုံးနိုင်ပါသည်။ သခွားမွှေးသီးနှင့် ဖရဲသီးများမှာ အခြားသစ်သီးများထက် ကယ်လိုရီပါဝင်မှု လျော့နည်းပါသည်။ ပထမနေ့တွင်အဆီကျဟင်းရည်နှင့် သစ်သီးများကိုသာ စားသုံးခွင့်ရှိပါသည်။ အချိုမပါသော လက်ဖက်ရည်၊ cranberry juice နှင့်ရေကို သောက်သုံးနိုင်ပါသည်။ (ကျွန်တော့ တုန်းက တော့ .. ဖရဲသီး နှင့် အဲဒီဟင်းရည်နှစ်မျိုးတည်းကို ပဲ သောက်ပါတယ်.. ပထမနေ့မှာ အတော်ခံရခက်ပါလိမ့်မယ်... စိတ်လည်း တိုတတ်ပါတယ်... :) )

ဒုတိယနေ့

ဟင်းသီးဟင်းရွက်များအားလုံး၊ အစိမ်းဖြစ်စေ၊ ကျက်ပြီးသားဖြစ်စေ သင်ကြိုက်ရာ ဟင်းသီးဟင်းရွက်များကို ဗိုက်ပြည့်သည်အထိ စားသုံးနိုင်ပါသည်။ အစိမ်းရောင်ရှိ၊ အရွက်ပါသော ဟင်းရွက်များကို ပို၍စားသုံးသင့်ပါသည်။ ပဲအမျိုးမျိုးနှင့် ပြောင်းဖူးများကိုတော့ ရှောင်ကြဉ်သင့်ပါသည်။ သင်ကြိုက်ရာ ဟင်းသီးဟင်းရွက်နှင့် အဆီကျဟင်းရည်ကိုတွဲဖက်၍ ညစာအတွက်သုံးဆောင်ပါ။ ကင်ထားတဲ့ အာလူးကြီးတစ်လုံးကို ထောပတ်နှင့်ရောပြီး တစ်ခါစားသုံးခွင့်ရှိပါသည်။ ဒုတိယနေ့မှာ အဆီကျဟင်းရည်ကို ကြိုက်သလောက်စားသုံးခွင့်ရှိပါသည်။ သစ်သီးစားခွင့်တော့မရှိပါ။ (ကန်စွန်းရွက် ဂေါ်ဖီထုတ် စတာတွေကို နည်းမျိုးစုံနဲ့ ကြော်စားခဲ့ပါတယ်... ဆီကို ပါလေ့ရုံ အနံ့ကလေး လောက်ထည့်ပြီးရေနဲ့ ကြော်ပါ...... အဆင်ပြေပါလိမ့်မယ်. .... သူတို့ ကတော့ ဘိုစာဆိုတော့ အာလူးကင်ပေါ့လေ... ကျွန်တော်ကတော့ နီးနီးနားနား အဆင်ပြေတဲ့ ကိုရီးယားထမင်းလိပ်တစ်ပွဲဝယ်စားလိုက်ပါတယ်.. အဓိက ကစိဓာတ်ပါတာချင်းတူတူပဲလေ... . )

တတိယနေ့

ပထမနေ့နှင့် ဒုတိယနေ့ကို ရောပြီးစားပါ။ သင်ကြိုက်သလောက် အဆီကျဟင်းရည်၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးခွင့်ရှိပါသည်။ အာလူးပြုတ်ကိုတော့ စားခွင့်မရှိပါ။

စတုတ္ထနေ့

ငှက်ပျောသီးနှင့် အဆီထုတ်ထားသော နွားနို့၊ အဆီကျဟင်းရည်နှင့် တွဲဖက်စားသုံးတဲ့အခါမှာ ငှက်ပျောသီးကို (၈) လုံးအထိ စားခွင့်ရှိပြီး အဆီထုတ်ထားတဲ့နွားနို့ကိုတော့ ကြိုက်သလောက် သောက်ခွင့်ရှိပါ သည်။ ငှက်ပျောသီးနှင့် နွားနို့မှာ ကယ်လိုရီနှင့် ကာဗိုဟိုက်ဒြိတ်အများအပြားပါဝင်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာ အချိုကိုတောင့်တစိတ်တွေ လျော့ကျသွားစေဖို့ အတွက် ပိုတက်ဆီယမ်၊ ကာဗိုဟိုက်ဒြိတ်၊ ပရိုတင်းနှင့် ကယ်(လ)စီယမ်တို့ကို သင့်ခန္ဓာကိုယ်က လိုအပ်ပါသည်။
(အဆီထုတ်ထားတဲ့ နွားနို့ ရှာမတွေ့နိုင်ခဲ့တာကြောင့် .... ငှက်ပျော်သီး ရှစ်လုံးကို မနက်စာအဖြစ် စားပြီး .. နေ့လည် နဲ့ ညနေကို အရွက်ကြော်ပဲစားခဲ့ပါတယ်... သူမှာတဲ့အတိုင်းတော့ မစားဖြစ်ခဲ့ပါဘူး)


ပဉ္စမနေ့


အမဲသားနှင့်ခရမ်းချဉ်သီး။ ၁၀-၂၀ အောင်စရှိတဲ့ အမဲသားကို လတ်ဆတ်တဲ့ ခရမ်းချဉ်သီး (၆)လုံး လောက်အထိတွဲပြီးစားသုံးနိုင်ပါသည်။ ခန္ဓာကိုယ်မှာရှိတဲ့ urine acid ကိုဆေးချဖို့အတွက် အနည်းဆုံးရေ (၈) ခွက် သောက်ပေးပါ။ အဆီကျဟင်းရည်ကို အနည်းဆုံးတစ်ခါလောက်တော့ စားသုံးဖို့လိုပါတယ်။
(ကြက်သားကို ပြုတ်လိုက်ပြီး .... ခရမ်းချဉ်သီးနဲ့ တွဲစားပါတယ်.... ညနေဗိုက်ဆာတော့လည်း ခရမ်းချဉ်သီးပဲစားပါတယ်...... )

ဆဌမနေ့


အမဲသားနှင့် ဟင်းသီးဟင်းရွက်များ။ ဒီနေ့အတွက်တော့ သင်ဆန္ဒရှိသလောက် အမဲသားနှင့် ဟင်းသီးဟင်းရွက်တွေ ရောပြီးစားသုံးနိုင်ပါတယ်။ အရွယ်တော်အသားတုံး (၆)တုံး လောက်အထိကို အရွက်ပါတဲ့ ဟင်းရွက်နှင့်တွဲပြီး စားသုံးနိုင်ပါတယ်။ အာလူးကင်ကိုတော့ စားခွင့်မရှိပါ။ အဆီကျဟင်းရည်ကို အနည်းဆုံးတစ်ခေါက်လောက်တော့ သောက်ဖြစ်အောင်ဂရုစိုက်ပြီး သောက်ပါ။
(ပျော်စရာကောင်းတဲ့နေ့ပါပဲ ... ကြက်ကင် တစ်ခြမ်းဝယ်လိုက်ပြီး မနက်ညကို အရွက် တစ်မျိုးမျိုးနဲ့ တွဲကြော်ပြီး စားလိုက်တယ်.... ညနေဗိုက်ဆာတော့ ခရမ်းချဉ်သီးပဲစားပါတယ်...)


သတ္တမနေ့

ဆန်လုံးညို၊ အချိုမပါသော သစ်သီးရည်များနှင့် ဟင်းသီးဟင်းရွက်များ။ ဒီ (၃) မျိုးကိုလည်း ကြိုက်သလောက် စားနိုင်ခွင့်ရှိပါတယ်။ အဆီကျဟင်းရည်ကို လည်း မမေ့မလျော့ အနည်းဆုံးတစ်ခေါက်လောက် သုံးဆောင်ပေးပါ။

(သစ်သီးရည်က ရှာရခက်တာကြောင့် .... သစ်သီးနဲ့ အရွက်ကြော်ကို တတိယနေ့ ကစားသလိုပဲစားခဲ့ပါတယ်..)

(၇) ရက် ပြည့်ပြီး၊ သင့်ဘက်ကလည်း အညွှန်းအတိုင်း အတိအကျ လိုက်နာခဲ့တယ်ဆိုရင် (၁၀) ပေါင်ကနေ (၁၇) ပေါင် အထိ အလေးချိန်လျော့ကျပြီး ဖြစ်နေပါလိမ့်မယ်။ အကယ်၍ (၁၇) ပေါင်ထက်ပိုပြီး ကျသွားခဲ့တယ်ဆိုရင်တော့ ဒီစားသုံးနည်းကို နောက်တစ်ခါ ပထမနေ့ကပြန်မစခင် အနည်းဆုံး (၂) ရက် ရပ်ထားလိုက်ပါ

(တစ်ပါတ်ပြည့်တဲ့ အခါ ကိုးပေါင်တိတိကျပါတယ်.... ဒါက ဒီကြားထဲမှာ ကျွန်တော် တို့ ဟူးကြော်နည်းနည်းစားလိုက်တာ ပါလိမ့်မယ်ထင်ပါတယ်... နောက်မုန့်ဟင်းခါး တစ်ပွဲလည်း စားမိပါတယ်.. ကဲ ချစ်လှစွာသော သူငယ်ချင်းမိတ်ဆွေပရိသတ်များ လည်း တစ်ပါတ်လောက်စမ်းကြည့်စေချင်ပါတယ်.... အဆင်ပြေမှာပါ.... အစပိုင်းမှာ အနည်းငယ်ဒေါသကြီးပြီး နောက်ပိုင်းတော့ အသားကျလာမှာပါ.... အောင်မြင်ကြပါစေဗျာ.... )

(ဒီ diet program ကို ကျားမ မရွေးလုပ်နိုင်ပါတယ်... မိန်းမပုံပဲပြထားလို့ ယောက်ကျားတွေ လုပ်လို့ မရဘူးထင်မှာစိုးလို့ပါ)

မေတ္တာ သက်သက်ဖြင့်
လင်းလွန်းညို

ဆစ်ဖလစ် စမ်းသပ်နည်းတခု



လွန်ခဲ့တဲ့ ၃ လ လောက်စပြီး တံဆာထိပ်မှာ စိုရွှဲမှု စဖြစ်ခဲ့ပါတယ်။ ထိုင်းကဆေးရုံတခုမှာ ဆီးစစ်ပြီး ဆရာဝန်က Ciprofloxacin Extended Release Tablets 1000 Mg ငါးလုံး သောက်ခိုင်းခဲ့ပါတယ်။ ဒီအကြောင်း ကျွန်တော် ပထမတုန်းက ဆရာဆီ မေးလ်ပို့ပြီး အကြံ ယူခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းလည်း ဆီးသွားရင် တခုခု ကျန်နေသလို ဖြစ်လိုက်၊ အရည်ကြည် စိမ့်လာလိုက်ပဲ ဖြစ်နေပါတယ်။ အခုဆိုရင် ၃ လနီးပါး ကြာပါတယ်။ ဒီကြားထဲမှာလဲ ကျွန်တော့ ဂဲလ်ဖရန်းနဲ့ အတူတူ ပြန်နေဖြစ်ပြီး သူ့မှာ ရောဂါလက္ခဏာမပြပဲ ကျွန်တော်မှာပဲ ထိပ်စိုစွတ်မှု ပြန်ဖြစ်လာပါတယ်။ ပုံမှန်ဆက်ဆံမှု မရှိရင် ဖြစ်လာတာပါ။ ပုံမှန် ဆက်ဆံမှုရှိနေရင်တော့ မဖြစ်ပါဘူး။ မာစတာဗေးရှင်း လုပ်ဖြစ်ပြီးရင်လည်း အချိန်အတော်အကြာအထိ အရည်ကြည် စွတ်စိုမှု ဖြစ်နေပါတယ်။ နောက် တံဆာအောက်ပိုင်း အကြောတွေကလည်း အရင်ကနဲ့မတူပဲ တင်းနေတာကို ခံစားနေရ ပါတယ်။ ဒါ ပိုးမသေလို့ ဖြစ်တာလားဆိုတာ သိလိုပါတယ်။ နှစ်ယောက် စလုံးအတူတူ ဆေးသောက်ဖို့ လိုအပ်ရင်လည်း ညွှန်ပြပေးစေလိုပါတယ် ဆရာ။ ဆေးစစ်ဖို့ ဆီးစစ်ဖို့ လိုအပ်ရင်လည်း အကြံပြုပေးပါ။

• STDs (1) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၁) http://dts-medicaleducation-adult.blogspot.in/2012/04/sexually-transmitted-diseases-stds.html
• STDs (2) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၂) http://dts-medicaleducation-adult.blogspot.in/2012/06/stds-2.html
• STDs (3) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၃) http://dts-medicaleducation-adult.blogspot.in/2012/06/stds-3.html
• STDs (4) လိင်ကတဆင့် ကူးစက်ရောဂါများ ဆေးညွှန်း http://dts-medicaleducation-adult.blogspot.in/2012/03/stdsstis-general-recommendations.html
• STDs (5) လိင်ကတဆင့် ကူးစက်ရောဂါများ အခြေခံ http://dts-medicaleducation-adult.blogspot.in/2012/03/1_30.html


Sun, Mar 24, 2013 at 8:46 PM
ကျွန်တော် အခြေအနေကို သိရဖို့ ထိုင်းက ဆေးရုံတစ်ခုမှာ ဆီးကို ထပ်ပြီးစစ်ခဲ့ပါတယ်။ သူတို့က ဆစ်ဖလစ်တော့ မရှိဘူးပဲ ပြောပါတယ်။ ဆေးစစ်ချက် အောင်တယ် ဆိုပေမယ့် ထပ်စစ်ရင် ကောင်းမယ်လို့ ပြောပါတယ်။ ကျွန်တော်လည်း ဘာကို ထပ်စစ်ရမှန်း မသိဖြစ်နေပါတယ်။ ဒီဆေးစစ်ချက်တွေကိုလည်း ဆရာဆီကို ထပ်ပို့ပေး လိုက်ပါတယ်။ နောက် အခုအချိန်အထိ ဖြစ်နေတာက မာစတာဗေးရှင်း လုပ်လို့ ပြီးတဲ့ အချိန်မျိုးမှာ အင်္ဂါအောက်ပိုင်း အကြောတွေက သိသိသာ မာပြီး ထိတွေခံစားမှု တခု ရှိနေပါတယ်။ ပြီးတာ အတော်ကြာတဲ့ အချိန်အထိ အရည်ကြည်က ထွက်နေတာမျိုးလည်း ဖြစ်နေတက်ပါတယ်။ လိင်စိတ်လည်း အရင်ကလို ပုံမှန်မဟုတ်တော့သလို ခံစားနေရပါတယ်။ 


အရင်မေးလ်တွေတုန်းက ပြောခဲ့သလို ကျွန်တော် ဆက်ဆံဖော်နဲ့လည်း အမြဲတမ်းအတူမနေဖြစ်တော့ သူ့ကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြ ထားပြီး စောင့်ကြည့်ဖို့ ပြောထား ပါတယ်။ တကယ်လို့ ဆေးနဲ့ ဆီးကို ဘယ်လိုတွေ ထပ်စစ်ရမယ်ဆိုတာ လိုအပ်ရင်လည်း ထပ်ပြီးတော့ အကြံပြုစေချင်ပါတယ်။ ကျွန်တော် စိတ်ထင် ဆရာတင်ထားတဲ့ http://dts-medicaleducation-adult.blogspot.in/2012/03/stdsstis-general-recommendations.html ထဲက အောက်က ဟာများ ဖြစ်နေ သလားလို့ ခံစားနေရပါတယ်။ ဆီးစစ်ချက်တွေကိုလည်း ကျွန်တော် ဆရာဖတ်လို့ရအောင် တခါတည်း တွဲပို့လိုက်ပါတယ်။ ဆီးနဲ့ဆေး တကယ်လို့ ထပ်စစ်ဖို့ လိုရင် ဘယ်အမျိုးအစားနဲ့ စစ်ရမယ်ဆိုတာ သိလိုပါတယ်ခင်ဗျ။

Mon, Mar 25, 2013 at 10:04 AM
ဆစ်ဖလစ်ကို သွေးစစ်မှ သိပါမယ်။ VDRL နဲ့ TPHA ကာလသားရောဂါ စစ်ဆေးခြင်း ကိုပို့လိုက်ပါတယ်။


Sat, Mar 30, 2013 at 9:43 AM
ဆစ်ဖလစ်ကို RPR နဲ့ စစ်ထားတဲ့။ စစ်ချက်က အောက်ကအတိုင်း ထွက်ပါတယ်။ Syphilis By RPR နဲ့စစ်တာ Non reactive ဒါကြောင့် VDRL နဲ့ TPHA တို့နဲ့ ထပ်ပြီးစစ်ဖို့လိုမလား သိချင်ပါတယ်။

၃ဝ-၃-၂ဝ၁၃

• Rapid Plasma Reagin (RPR) လို့ခေါ်ပါတယ်။ Antibodies (အင်တီဘော်ဒီ) ခေါ်တဲ့ ပိုးတမျိုးမျိုးဝင်လာရင် ကိုယ်ကနေ အလိုလို ထွက်လာတဲ့ ပိုးကို ဆန့်ကျင်တဲ့ ဓါတ် ရှိ-မရှိကို စမ်းတဲ့ နည်းတခုဖြစ်ပါတယ်။ ဒါပေမဲ့ သွေးထဲမှာ Non-specific antibodies တိတိကျကျကြီးမဟုတ်တဲ့ (အင်တီဘော်ဒီ) ကိုသာ သိနိုင်တယ်။ ဒီစမ်းသပ်နည်းမှာ အပေါင်းထွက်ရင် ဆစ်ဖလစ်ရောဂါကိုဖြစ်စေတဲ့ Treponema pallidum ပိုကူးစက် ထားနိုင်လောက်တယ်လို့ ကောက်ယူရပါတယ်။


• ဘယ်လောက်တိကျသလဲ -
• လူအများစုကို ဆစ်ဖလစ်ရှိနေ-မနေစမ်းနည်း အဖြစ်နဲ့ရော ဆေးကုသမှုခံယူနေသူရဲ့ ကျန်းမာရေး တိုးတက်မှုကို သိဘို့ရာ အတွက်ပါ သုံးပါတယ်။
• ရောဂါရှာရာမှာတော့ False positives မမှန်တဲ့ အပေါင်းပြစေနိုင်တာ သတိ ထားရပါမယ်။
• (Epstein-Barr, hepatitis, varicella, measles) ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတွေရှိနေသူတွေ၊ lymphoma, tuberculosis, malaria, endocarditis, connective tissue disease, autoimmune diseases, intravenous drug abuse, or contamination ရောဂါတခုခုရှိနေသူတွေနဲ့ ကိုယ်ဝန်ဆောင်စေရင်လည်း မမှန်တဲ့ အပေါင်း အဖြေထွက်စေနိုင်ပါတယ်။
• Treponema pallidum hemagglutination assay (TPHA) နည်းနဲ့ Fluorescent Treponemal Antibody Absorption (FTA-ABS) နည်းတွေကိုဆက်စမ်းမှ သေချားပါမယ်။
• RPR test ဟာ သွေးကိုသာစမ်းရတာဖြစ်ပါတယ်။
• Negative test result အဖြေက အနုတ်ထွက်ရင် ပုံမှန်လို့ပြောနိုင်ပါတယ်။ ရောဂါမရှိဘူး။
• False-negatives မမှန်တဲ့ အနုတ်ဆိုတာလည်း ဖြစ်နိုင်သေးပါတယ်။ ပိုးဝင်ထားတာ သိပ်စေနတုံးစမ်းရင်နဲ့ ရောဂါဖြစ်နေတာ သိပ်နောက်ကျရင် မမှန်တဲ့ အနုတ်ပြနိုင်ပါတယ်။ ရောဂါဖြစ်နေတဲ့ ကာလ အလယ်ပိုင်း အချိန်မှာ စမ်းရင် ၁ဝဝ% တိကျပါတယ်။


ဒေါက်တာတင့်ဆွေ (၃ဝ-၃-၂ဝ၁၃ )
ဒေါက်တာတင့်ဆွေ - ဆစ်ဖလစ် စမ်းသပ်နည်းတခု

Saturday, March 30, 2013

Edgy ဖက်ရှင်



လောကကြီးမှာ ဘုရားသခင်ရဲ့ အလိုကျ၊ မိုးနတ်မင်း ရဲ့ဆန္ဒအရ၊ ကံကြမ္မာရဲ့ အလိုအရထက် လူတွေရဲ့ အလိုအတိုင်း နေထိုင်လိုက်လံ ကျင့်သုံးနေရတာ ပိုများတယ်။ 

လူ တွေ မြင်စေချင်တဲ့ပုံစံမျိုးအတိုင်း နေရတာကိုမုန်းတဲ့သူတွေကတော့ Edgy Style ကို ကြိုက်ကြတယ်။ Edgy Style ဆိုတာ မူကွဲပြီးဆွဲ ဆောင်မှုရှိလှတဲ့ စတိုင်လ်တစ်မျိုးလို့ ယူဆနိုင်ပါတယ်။ အနက်နဲ့ပန်း ရောင်ဝတ်တဲ့ စတိုင်လ်မျိုးတို့လိုပါ။ အသေးစိတ်ကိုတော့...

ဆိုဒ်မှန်စေ
လောကကြီးမှာ အလွယ်ကူ ဆုံးအလုပ်ဖြစ်တဲ့အလုပ်က အမှား တွေလုပ်တာပါ။ သိပ်လွယ်လွန်းလှ တဲ့အလုပ်တွေကို ထက်ထက်မြက် မြက်ပုဂ္ဂိုလ်တွေဟာ လုပ်လေ့မရှိပါ ဘူး။ အဝတ်အစားဝတ်တဲ့အခါမှာ လည်း ကိုယ့်ရဲ့ဘော်ဒီဆိုဒ်နဲ့ ကိုက်ညီတဲ့ဆိုဒ်ကို မှန်ကန်စွာရွေးချယ် ဝယ်ယူဝတ်ဆင် တတ်ဖို့ လိုပါတယ်။ အပ်ကြောင်းထပ်နေတဲ့ ဒီစကားအတွက် အမြင်တော့ မကပ်ကြပါနဲ့။ ကိုယ့်ရဲ့ခန္ဓာကိုယ် အချိုးအစားနဲ့ ကိုက်ညီတဲ့ အဝတ်အစားဆိုဒ်ကို မှန်ကန်စွာ ဝတ်ပေးတာဟာ ကြီးမားတဲ့ အကျိုးကျေးဇူး တစ်ခုကို ဖြစ်ထွန်းစေ ပါတယ်။ ကိုထက်မြက်၊ မထက် မြက်တွေအနေနဲ့ အဦးဆုံးတပ်ဆင် သင့်တဲ့ လက်နက် ကတော့ ဘော်ဒီ သံချပ်ကာပါပဲ။

ဗဟုကိစ္စရှောင်ပါ
ဗဟု-များပြားခြင်းရှိလှတဲ့ ဖက်ရှင်တွဲဖက်ပစ္စည်းတွေနဲ့ ခန္ဓာ ကိုယ်ကို ပြတိုက်တစ်ခုသဖွယ်ဝတ် စားဆင်ယင်မှုတွေကို အက်ဂျီစ တိုင်လ်ကငြိုငြင်ပါတယ်။ ပယ်ချ ပါတယ်။ ဒီဇိုင်းပိုင်းဆိုင်ရာအရလည်း ရိုးရှင်းရမယ်။ ဟိုဟိုဒီဒီပစ္စည်းတွေ အများအပြား ဝတ်ဆင်မှုလည်း မရှိရဘူး။ ရိုးရှင်းပြီး နည်းနည်း နဲ့ကောင်းကောင်းဖြစ်ရပါမယ်။ ဒါ ဟာ ဒုတိယမြားတစ်စင်းဖြစ်ပြီး ဒီ မြားကို ထက်အောင်သွေးဖို့ကတော့ သင့်တာဝန်ပါ။

ဖိနပ်
မိန်းမက ယောကျာ်းတွေကို ကြည့်တတ်တဲ့နေရာနဲ့ ယောကျာ်းက မိန်းမတွေကို ကြည့်တတ်ကြတဲ့ နေရာတွေဟာ မတူကြပါဘူး။ နှစ် ဖက်စလုံးက ကိုယ်စိတ်ဝင်စားရာကို ကြည့်တတ်၊ အကဲဖြတ်တတ်ကြ တယ်။ မိန်းမတွေကတော့ ယောကျာ်းတွေရဲ့ဖိနပ်ကိုကြည့် တတ်တယ်။ ဖိနပ်ဟာ အဝတ်အ စားနဲ့ကိုက်ညီမှုရှိရဲ့လား၊ သပ်ရပ်ရဲ့လား၊ သန့်ရှင်းရဲ့လားဆိုတာကို အကဲခတ်ကြည့်ရှု တတ်ကြတယ်။ ဒါ ကြောင့်ဖိနပ်ရဲ့ သွင်ပြင်လက္ခဏာကို မမှေးမှိန်စေပါနဲ့။ ဒီဟာကတော့ တတိယမြောက် ခြေနင်းစင်္ကြာပါ။

ဆံပင်ပုံစံ
ဆံပင်ကို ဖရိုဖရဲနဲ့ ကဗျာဆန် နေအောင်လုပ်တာဟာလည်း အလှ တစ်ခုပါပဲ။ အလှအပကို လေ့လာ တဲ့ပညာထဲမှာ တချို့သူတွေဟာ ကေသာဖရိုဖရဲ၊ ကပိုကရိုပုံစံနဲ့ ပိုပြီး လိုက်ဖက်မှုရှိတယ်။ ဖရိုဖရဲ၊ ကပို ကရိုဆိုပေမယ့် အနုပညာတော့ ပါရမယ်။ ဒါမှလည်း လှပမှု၊ ဆွဲ ဆောင်မှုရှိမှာ ဖြစ်ပါတယ်။ ဒါက တော့ စတုတ္ထမြောက်ကေသာဓား ပါ။

လေ့လာပါ
ရှေ့ရောက်ချင်နေတဲ့သူတွေ မှာ ရှေ့ရောက်ဖို့ဆိုတဲ့ အတွေးတွေ ပဲရှိတယ်။ နောက်ပြန်ဆွဲလှန်ချင်တဲ့ အိုင်ဒီယာတွေ ဖဝါးအောက် ပို့ ထားတယ်။ ဒီလိုပဲ ဒီဇိုင်းနဲ့ပတ် သက်ပြီး နိုင်ငံတကာမှာ ဘာက တော့ ဘယ်လိုတွေခေတ်စားနေပြီ၊ ဘာကတော့ မကြာခင်ခေတ်စား လာတော့မယ်ဆိုတာ လေ့လာပေး ပါ။ ပြီးတော့အသုံးချပါ။ ဒါကတော့ ပဉ္စမမြောက်လက်နက် ဓားသွေး ကျောက်ပါ။

တစ်ကိုယ်ရေ သန့်ရှင်းမှု
တစ်ကိုယ်ရေ သန့်ရှင်းမှုဆိုတာ ရေမှန်မှန်ချိုးဖို့ တစ်ခုတည်းကို ပြောတာမဟုတ်ဘူး။ လက်သည်း၊ ခြေသည်း ကြေးညှော် ကင်းရှင်းရမယ်။ ချိုင်းနံ့၊ ခံတွင်းနံ့၊ ခြေဆီနံ့ စတဲ့ဘော်ဒီက ထွက်တဲ့ အနံ့ဆိုးမှန်သမျှ အငွေ့ပျံစေဖို့လုပ်ထားသင့် တယ်။ ချစ်သူ အချင်းချင်းတောင် မောင့်မူပိုင်ကာဗွန်ဒိုင်အောက်ဆိုဒ် အငွေ့ကို မက်မက်မောမောရှူချင် တဲ့သူက အရှားသားမဟုတ်လား။ ဒါကတော့ ဆဌမမြောက် ဗီးနပ်စ် ကိုယ်ရုံလွှာပါ။

ရှောင်ရှားစရာ ဒိတ်
ဒိတ်အောက်ဆိုရင်ရှေးဟောင်း ပစ္စည်းနဲ့အမွေအနှစ်ပဲ ကောင်းတယ်။ ဒိတ်အောက်စတိုင်လ်၊ ဒိတ် အောက်အတွေး၊ ဒိတ်အောက်အ ဝတ်အစားတွေဟာ ဒိတ်အောက်ဆို တဲ့အတိုင်း ဒိတ်အောက်ပါတယ်။ ဦးထုပ်နောက်ပြန်ဆောင်းပြီး ဘောင်းဘီပွပွနဲ့စတိုင်လ်တွေဟာ ၉၀ ပြည့်နှစ်တုန်းက ခေတ်စားခဲ့တဲ့ စတိုင်လ်တွေပါ။ ခေါင်းလောင်း ဘောင်းဘီတွေ ခေတ်စားတဲ့ခေတ် မဟုတ်တော့ပါဘူး။ အက်ဂျီသမား တွေဟာ အနာဂတ်ကိုပဲကြည့်တယ်။ အနာဂတ်မှာ ခေတ်စားလာမယ့် ဖက်ရှင်ထရန်းတွေကိုပဲ အာရုံစိုက်တယ်။ ဒါကြောင့် ဒိတ်အောက်တွေ ကိုရှောင်ပါ။ ဒါကတော့ သတ္တမ မြောက်လက်နက်ဖြစ်တဲ့ မရဏ ခေါင်းလောင်းသံပါ။

တီထွင်
တီထွင်စရာတွေထဲမှာ ပြဿ နာတစ်ခုကိုရှောင်ပြီး ဖက်ရှင်အ တွက်တီထွင်ပေးပါ။ ပြဿနာတော့ မတီထွင်ပါနဲ့။ လက်ဆောင်လည်း မပေးပါနဲ့။ ကိုယ့်ရဲ့ ဖက်ရှင်နဲ့ပတ် သက်ပြီး စဉ်ဆက်မပြတ် လေ့လာ သင်ယူတီထွင်နေပါ။ ကိုယ့်ကို လူ တွေက "လှောင်လား၊ ပြောင်လား" လာလုပ်ရင်လည်း ပြုံးပြုံးလေးနဲ့ စတိုင်လ်ထုတ်ပြီး အနားကဖယ် ထွက်သွားလိုက်ပါ။ သူတို့အမြင်ကို မဝယ်ပါနဲ့။ Edgy Men တွေဟာ ကိုယ်ထင်ရာကိုပဲ ကိုယ်လုပ်တယ်။ ကိုယ့်လုပ်ရပ်အတွက် လူတစ်ပါး ရဲ့အထင်၊ အမြင်တွေ မဝယ်ဘူး။ ဒါပေမဲ့ မူးယစ်ဆေးဝါးသုံးစွဲတာ မျိုးတို့လိုတော့မလုပ်ကြဘူး။ ကိုယ့် ရဲ့တစ်မူထူးတဲ့ပုံစံအတွက် ကိုယ် ကိုယ်တိုင်ဂုဏ်ယူကြတယ်။ အဌမ မြောက်လက်နက်ကတော့ ဦး နှောက်သွေးခြင်းကျင့်စဉ်ပါ။

မျက်မှန်
Edgy men တွေအတွက် လိုအပ်တဲ့ နဝမမြောက်လက်နက် ကတော့ နျူကလီးယားဒုံးကျည်လို ပါဝါပြင်းတဲ့အကြည့်နဲ့ ကြည့်ဖို့ မျက်မှန်လိုပါတယ်။

တီရှပ်
လိုအပ်ချက်တွေထဲမှာ တီရှပ် ရယ်၊ ဗွီ-လည်ပင်းပုံစံအင်္ကျီရယ်ဟာ Edgy men တွေအတွက် နောက် ဆုံးလိုအပ်ချက်တွေ လည်း ဖြစ်ပါ တယ်။ အမျိုးသမီးတွေအတွက် ရီဟားနား၊ ကေတီပယ်ရီ၊ တေလာ မွန်ဆွန်တို့ဟာ Edgy Style အဖြစ် သတ်မှတ်ခြင်း ခံထားရ ပါတယ်။

နွေဦးအိမ်
Credit: 8 Days Journal

Friday, March 29, 2013

ဘယ်လို ကျောင်းသား ဗဟိုပြုမှာလဲ



ကျောင်းဆိုတာဟာ စာသင်ရုံ သက်သက် မဟုတ်ဘဲ လူ့ဘ၀ရဲ့ နေနည်း ထိုင်နည်းတွေကိုပါ သင်ကြားပေးတဲ့နေရာ (ဓာတ်ပုံ – edu-sources.org)

ကလေးတို့ရဲ့ အနာဂါတ် အကြောင်းကို ကျမတို့ ပြောကြဆိုကြ ဆွေးနွေးကြတဲ့အခါမှာ ပညာရေးဆိုတဲ့အကြောင်းက မပါမဖြစ် ပါလာရပါပြီ။ မူလတန်းအရွယ် ပညာရေးကစလို့ တက္ကသိုလ်ပညာရေး အဆုံးအထိ ပညာရေး အကြောင်းကို ပြောမယ်ဆိုရင်ဖြင့် သိပ်ကို ကျယ်ပြန့်လွန်းပါတယ်။ အခုတလော ကျမတို့တိုင်းပြည်မှာ ကျောင်းသားဗဟိုပြုစနစ် ကို ပြောင်းမယ်ဆိုတဲ့ အသံတွေကို ကြားနေရပါတယ်။

ကလေး ဗဟိုပြု သင်ကြားရေးစနစ် တနည်းပြောရရင် ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ် ဆိုတာဟာ တကယ်တော့ အင်မတန် သဘောကျစရာ ကောင်းတဲ့ သင်ကြားရေး စနစ်တစ်ခုပါပဲ။ ပညာရေးကို လမ်းသစ်ထွင်သူ၊ အတွေးအခေါ်ပညာရှင်ကြီး ဂျွန်ဒေ၀ီ (June Dewey) တို့ တွေးခဲ့ခေါ်ခဲ့ စဉ်းစားခဲ့တဲ့ နည်းပါ။ ကျောင်းဆိုတာဟာ စာသင်ရုံသက်သက်မဟုတ်ဘဲ လူ့ဘ၀ရဲ့ နေနည်းထိုင်နည်းတွေကိုပါ သင်ကြားပေးတဲ့နေရာမို့ ကျောင်းစာသင်ခန်းဆိုတာဟာ တကယ်တော့ လူမှုအဖွဲ့အစည်းကြီးတခုကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ လူတယောက်ချင်းစီဟာလည်း ဉာဏ်ရည်အမျိုးမျိုး၊ သင်ယူပုံ သင်ယူနည်း အမျိုးမျိုး၊ လေ့လာပုံ လေ့လာနည်း အမျိုးမျိုးနဲ့ စိတ်ဝင်စားမှု အမျိုးမျိုး ရှိတာမို့ သူတို့စိတ်ဝင်စားရာကို သင်ယူချင်တဲ့ ပုံစံအတိုင်း သင်ယူခွင့်ပေးတဲ့ စနစ်ပါပဲ။

ဆရာဗဟိုပြု စနစ်မှာကတော့ ဆရာဆိုတာဟာ ဆရာပဲမို့ အားလုံးသိနေတယ်၊ သင်ရိုးညွှန်းတန်း အတိုင်းပဲ ဆရာက သင်တယ်၊ သင်တဲ့အတိုင်းပဲ ကျောင်းသားက ဖြေရပါတယ်။ ကျမတို့ တိုင်းပြည်မှာ  ဆရာဗဟိုပြုစနစ်က ဗဟိုပြုလွန်းလှတယ်လို့တောင် ဆိုရဦးမှာပါပဲ။ ဘာလို့လဲဆိုတော့ ကျနော့်အဖေသည် ဦးဘဖြစ်ပါသည်လို့ ပုံနှိပ်စာအုပ်မှာ ရေးထားရင် ကိုယ့်အဖေက ဦးအောင်အောင် ဖြစ်ဦးတော့ ဦးဘလို့ပဲ တတန်းလုံးဖြေမှ အမှတ်ရတာမို့ပါပဲ။ စာအုပ်ထဲကအတိုင်း သည်၏ မရွေး ဖြေကြရတာကိုး။

ကျောင်းသားဗဟိုပြုစနစ်မှာတော့ အဲလိုမဟုတ်တော့ပါဘူး။ ဆရာဆိုတာဟာ ကူညီရုံသက်သက်ပါပဲ။ ကျောင်းသားလေ့လာချင်တဲ့ စာအုပ်စာတမ်းတွေကို ဘယ်မှာ ရှာဖတ်လို့ ရတယ်လို့ ပြောပြရုံပါပဲ။ ကျောင်းသားဟာ သူလေ့လာချင်၊ ရှာဖွေချင်တာကို သူ့ဖာသာသူ လေ့လာ အားထုတ် ရှာဖွေရပါတယ်။ ဆရာဗဟိုပြု စနစ်တုန်းကလိုမျိုး ဆရာက ကျောင်းသားကို မေးခွန်းမေးပြီးတော့ ဖြေခိုင်းရုံ မဟုတ်တော့ဘူး။ သူ့ဖာသာ သူ စာတွေဖတ် လေ့လာရင်းနဲ့ မေးစရာမေးခွန်းတွေ ထွက်လာမယ် (တနည်းပြောရရင် သိချင်လာမယ်)။ ကိုယ်သိချင်တာကို ကိုယ့်ဘာသာ လေ့လာ ရှာဖွေရမှာပါ။ သင်ရိုးညွှန်းတန်းကလည်း လွတ်လပ်ပါတယ်။

ကျောင်းသားဗဟိုပြု သင်ကြားရေးကို လုပ်မယ်ဆိုရင်ဖြင့် ပထမဆုံးလိုအပ်တာက ကျောင်းသားနဲ့ ဆရာ ရဲ့ဦးရေပါ။ အတန်းတတန်းမှာ လူ ငါးဆယ် ခြောက်ဆယ် ရှိပြီးတော့ ဆရာ တယောက်တည်းနဲ့တော့ဖြင့် ကျောင်းသားဗဟိုပြု သင်ကြားရေးကို လုပ်ဖို့မလွယ်လှပါဘူး။ ဒီသင်ကြားရေးစနစ်မှာ အရေးကြီးဆုံးကတော့ ကျောင်းသားများ လေ့လာချင်ရာကို လေ့လာ နိုင်ဖို့အတွက် စာအုပ်စာတမ်းများ အင်မတန်စုံတဲ့ စာကြည့်တိုက်တွေလိုပါတယ်။ သိပံ္ပဆိုလည်း သိပံ္ပကို လေ့လာဖို့ စမ်းသပ်ခန်းတွေ လိုပါတယ်။ အရည်အချင်း ပြည့်မှီတဲ့ ညွှန်ကြားနိုင်တဲ့ (သင်ကြားတာမဟုတ်ပါ) ဆရာ လိုပါတယ်။ လေ့လာချင်ရာကို လေ့လာနိုင်ဖို့အတွက်၊ ရှာဖွေနိုင်ဖို့အတွက် ကမာ့ဆက်သွယ်ရေး ကွန်ယက် အင်တာနက်ကို ကျောင်းသားတိုင်း ပေါပေါလွယ်လွယ်နဲ့ ကျောင်းမှာသုံးနိုင်ဖို့လိုပါတယ်။

ဒီလိုမှ မဟုတ်ပါဘဲနဲ့ ကျောင်းသားဗဟိုပြုစနစ်ကို ပြောင်းမယ်ဆိုရင်ဖြင့် ဘာတွေကို ဘယ်လိုရှာပြီး ဘယ်လိုတွေလေ့လာကြမလဲလို့ မေးစရာဖြစ်လာရပါပြီ။ ပညာရေးစနစ်နဲ့ သင်ရိုးညွှန်းတန်းဟာ ကျမတို့နိုင်ငံလောက် ပြောင်းတာ ကျမတို့နိုင်ငံပါ။ တော်ကြာ ၀ိဇ္ဇာနဲ့ သိပံ္ပ တွဲလိုက်၊ တော်ကြာ ခွဲလိုက်နဲ့ အမျိုးမျိုး ပြောင်းနေတာပါ။ ၁၉၉၀ ခု ၀န်းကျင် လောက်ကလည်း  ဂျပန်မှာအသုံးတွင်ကျယ်နေတဲ့  CPR (comprehensive personal record) လို့ခေါ်တဲ့ ကျောင်းသားတဦးရဲ့ အရည်အချင်းလိုက် အမှတ်ပေးစနစ် သုံးခဲ့ဖူးပါတယ်။ ရိုးရိုးနဲ့လွယ်လွယ် ပြောရရင်ဖြင့် အဲဒီစနစ်က ကျသူ မရှိစနစ် ဖြစ်လာရတော့တာပါပဲ။ ကျောင်းသားတဦးချင်းစီရဲ့ အရည်အချင်းတွေ မပြောင်မြောက်လာပဲ မြန်မာစာတောင် ကောင်းကောင်း မဖတ်တတ်၊ မရေးတတ်တဲ့ ကလေးတွေ များလာတာကို တွေ့ကြရပါတယ်။ သချာင်္မှာ ဒဿမတောင် မဖြတ်တတ်တဲ့ အထက်တန်းကျောင်းသားတွေ၊ ပထဝီမှာလည်း လူတွေဟာ ကမ္ဘာလုံးရဲ့ အတွင်းထဲမှာ ၀င်နေတယ်လို့ ထင်တဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူ တော်တော်များများကို မွေးထုတ်ပေးလိုက်တာပါပဲ။

ပြောင်းလို့ ပြောလိုက်ရတာက လွယ်လှပါတယ်။ ဒါပေမယ့် တကယ်ရော ပြောင်းနိုင်ရဲ့လား။ ပြောင်းလို့ရော ရရဲ့လား။ ပြောင်းလို့ လွယ်ရဲ့လားဆိုတာ စဉ်းစားကြဖို့ လိုပါတယ်။  ကျောင်းသားဗဟိုပြုစနစ်ကို တကယ်ပြောင်းနိုင်ဖို့အတွက် ကျမတို့ သင်ရိုးညွှန်းတန်းတွေကို တကယ် လွတ်လပ်စေပြီလား။ လွတ်လပ်စွာ လေ့လာဖို့ လေ့လာစရာ စာအုပ်စာတမ်းတွေ၊ စာကြည့်တိုက်တွေကို တည်ထောင်နိုင်ပြီလား။ ကျောင်းတွေမှာ ကျောင်းသားတိုင်း အင်တာနက်သုံးခွင့်ရှိပြီလား၊ သုံးနိုင်ပြီလား။ ဆရာနဲ့ကျောင်းသား အချိုးအဆ ညီညီရော စာသင်ခန်းတွေမှာ ထားနိုင်ပြီလား ဆိုတာကို အရင် စဉ်းစားကြပါဦး။ ကျောင်းသားဗဟိုပြုစနစ်ကို နားလည်သူပညာရှင်များအနေနဲ့လည်း ၀ိုင်းဝန်း ဆွေးနွေး ပေးကြပါဦးလို့။     ။