Sunday, March 31, 2013

ဆစ်ဖလစ် စမ်းသပ်နည်းတခု



လွန်ခဲ့တဲ့ ၃ လ လောက်စပြီး တံဆာထိပ်မှာ စိုရွှဲမှု စဖြစ်ခဲ့ပါတယ်။ ထိုင်းကဆေးရုံတခုမှာ ဆီးစစ်ပြီး ဆရာဝန်က Ciprofloxacin Extended Release Tablets 1000 Mg ငါးလုံး သောက်ခိုင်းခဲ့ပါတယ်။ ဒီအကြောင်း ကျွန်တော် ပထမတုန်းက ဆရာဆီ မေးလ်ပို့ပြီး အကြံ ယူခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းလည်း ဆီးသွားရင် တခုခု ကျန်နေသလို ဖြစ်လိုက်၊ အရည်ကြည် စိမ့်လာလိုက်ပဲ ဖြစ်နေပါတယ်။ အခုဆိုရင် ၃ လနီးပါး ကြာပါတယ်။ ဒီကြားထဲမှာလဲ ကျွန်တော့ ဂဲလ်ဖရန်းနဲ့ အတူတူ ပြန်နေဖြစ်ပြီး သူ့မှာ ရောဂါလက္ခဏာမပြပဲ ကျွန်တော်မှာပဲ ထိပ်စိုစွတ်မှု ပြန်ဖြစ်လာပါတယ်။ ပုံမှန်ဆက်ဆံမှု မရှိရင် ဖြစ်လာတာပါ။ ပုံမှန် ဆက်ဆံမှုရှိနေရင်တော့ မဖြစ်ပါဘူး။ မာစတာဗေးရှင်း လုပ်ဖြစ်ပြီးရင်လည်း အချိန်အတော်အကြာအထိ အရည်ကြည် စွတ်စိုမှု ဖြစ်နေပါတယ်။ နောက် တံဆာအောက်ပိုင်း အကြောတွေကလည်း အရင်ကနဲ့မတူပဲ တင်းနေတာကို ခံစားနေရ ပါတယ်။ ဒါ ပိုးမသေလို့ ဖြစ်တာလားဆိုတာ သိလိုပါတယ်။ နှစ်ယောက် စလုံးအတူတူ ဆေးသောက်ဖို့ လိုအပ်ရင်လည်း ညွှန်ပြပေးစေလိုပါတယ် ဆရာ။ ဆေးစစ်ဖို့ ဆီးစစ်ဖို့ လိုအပ်ရင်လည်း အကြံပြုပေးပါ။

• STDs (1) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၁) http://dts-medicaleducation-adult.blogspot.in/2012/04/sexually-transmitted-diseases-stds.html
• STDs (2) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၂) http://dts-medicaleducation-adult.blogspot.in/2012/06/stds-2.html
• STDs (3) လိင်မှတဆင့် ကူးစက်သော ရောဂါများ (၃) http://dts-medicaleducation-adult.blogspot.in/2012/06/stds-3.html
• STDs (4) လိင်ကတဆင့် ကူးစက်ရောဂါများ ဆေးညွှန်း http://dts-medicaleducation-adult.blogspot.in/2012/03/stdsstis-general-recommendations.html
• STDs (5) လိင်ကတဆင့် ကူးစက်ရောဂါများ အခြေခံ http://dts-medicaleducation-adult.blogspot.in/2012/03/1_30.html


Sun, Mar 24, 2013 at 8:46 PM
ကျွန်တော် အခြေအနေကို သိရဖို့ ထိုင်းက ဆေးရုံတစ်ခုမှာ ဆီးကို ထပ်ပြီးစစ်ခဲ့ပါတယ်။ သူတို့က ဆစ်ဖလစ်တော့ မရှိဘူးပဲ ပြောပါတယ်။ ဆေးစစ်ချက် အောင်တယ် ဆိုပေမယ့် ထပ်စစ်ရင် ကောင်းမယ်လို့ ပြောပါတယ်။ ကျွန်တော်လည်း ဘာကို ထပ်စစ်ရမှန်း မသိဖြစ်နေပါတယ်။ ဒီဆေးစစ်ချက်တွေကိုလည်း ဆရာဆီကို ထပ်ပို့ပေး လိုက်ပါတယ်။ နောက် အခုအချိန်အထိ ဖြစ်နေတာက မာစတာဗေးရှင်း လုပ်လို့ ပြီးတဲ့ အချိန်မျိုးမှာ အင်္ဂါအောက်ပိုင်း အကြောတွေက သိသိသာ မာပြီး ထိတွေခံစားမှု တခု ရှိနေပါတယ်။ ပြီးတာ အတော်ကြာတဲ့ အချိန်အထိ အရည်ကြည်က ထွက်နေတာမျိုးလည်း ဖြစ်နေတက်ပါတယ်။ လိင်စိတ်လည်း အရင်ကလို ပုံမှန်မဟုတ်တော့သလို ခံစားနေရပါတယ်။ 


အရင်မေးလ်တွေတုန်းက ပြောခဲ့သလို ကျွန်တော် ဆက်ဆံဖော်နဲ့လည်း အမြဲတမ်းအတူမနေဖြစ်တော့ သူ့ကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြ ထားပြီး စောင့်ကြည့်ဖို့ ပြောထား ပါတယ်။ တကယ်လို့ ဆေးနဲ့ ဆီးကို ဘယ်လိုတွေ ထပ်စစ်ရမယ်ဆိုတာ လိုအပ်ရင်လည်း ထပ်ပြီးတော့ အကြံပြုစေချင်ပါတယ်။ ကျွန်တော် စိတ်ထင် ဆရာတင်ထားတဲ့ http://dts-medicaleducation-adult.blogspot.in/2012/03/stdsstis-general-recommendations.html ထဲက အောက်က ဟာများ ဖြစ်နေ သလားလို့ ခံစားနေရပါတယ်။ ဆီးစစ်ချက်တွေကိုလည်း ကျွန်တော် ဆရာဖတ်လို့ရအောင် တခါတည်း တွဲပို့လိုက်ပါတယ်။ ဆီးနဲ့ဆေး တကယ်လို့ ထပ်စစ်ဖို့ လိုရင် ဘယ်အမျိုးအစားနဲ့ စစ်ရမယ်ဆိုတာ သိလိုပါတယ်ခင်ဗျ။

Mon, Mar 25, 2013 at 10:04 AM
ဆစ်ဖလစ်ကို သွေးစစ်မှ သိပါမယ်။ VDRL နဲ့ TPHA ကာလသားရောဂါ စစ်ဆေးခြင်း ကိုပို့လိုက်ပါတယ်။


Sat, Mar 30, 2013 at 9:43 AM
ဆစ်ဖလစ်ကို RPR နဲ့ စစ်ထားတဲ့။ စစ်ချက်က အောက်ကအတိုင်း ထွက်ပါတယ်။ Syphilis By RPR နဲ့စစ်တာ Non reactive ဒါကြောင့် VDRL နဲ့ TPHA တို့နဲ့ ထပ်ပြီးစစ်ဖို့လိုမလား သိချင်ပါတယ်။

၃ဝ-၃-၂ဝ၁၃

• Rapid Plasma Reagin (RPR) လို့ခေါ်ပါတယ်။ Antibodies (အင်တီဘော်ဒီ) ခေါ်တဲ့ ပိုးတမျိုးမျိုးဝင်လာရင် ကိုယ်ကနေ အလိုလို ထွက်လာတဲ့ ပိုးကို ဆန့်ကျင်တဲ့ ဓါတ် ရှိ-မရှိကို စမ်းတဲ့ နည်းတခုဖြစ်ပါတယ်။ ဒါပေမဲ့ သွေးထဲမှာ Non-specific antibodies တိတိကျကျကြီးမဟုတ်တဲ့ (အင်တီဘော်ဒီ) ကိုသာ သိနိုင်တယ်။ ဒီစမ်းသပ်နည်းမှာ အပေါင်းထွက်ရင် ဆစ်ဖလစ်ရောဂါကိုဖြစ်စေတဲ့ Treponema pallidum ပိုကူးစက် ထားနိုင်လောက်တယ်လို့ ကောက်ယူရပါတယ်။


• ဘယ်လောက်တိကျသလဲ -
• လူအများစုကို ဆစ်ဖလစ်ရှိနေ-မနေစမ်းနည်း အဖြစ်နဲ့ရော ဆေးကုသမှုခံယူနေသူရဲ့ ကျန်းမာရေး တိုးတက်မှုကို သိဘို့ရာ အတွက်ပါ သုံးပါတယ်။
• ရောဂါရှာရာမှာတော့ False positives မမှန်တဲ့ အပေါင်းပြစေနိုင်တာ သတိ ထားရပါမယ်။
• (Epstein-Barr, hepatitis, varicella, measles) ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတွေရှိနေသူတွေ၊ lymphoma, tuberculosis, malaria, endocarditis, connective tissue disease, autoimmune diseases, intravenous drug abuse, or contamination ရောဂါတခုခုရှိနေသူတွေနဲ့ ကိုယ်ဝန်ဆောင်စေရင်လည်း မမှန်တဲ့ အပေါင်း အဖြေထွက်စေနိုင်ပါတယ်။
• Treponema pallidum hemagglutination assay (TPHA) နည်းနဲ့ Fluorescent Treponemal Antibody Absorption (FTA-ABS) နည်းတွေကိုဆက်စမ်းမှ သေချားပါမယ်။
• RPR test ဟာ သွေးကိုသာစမ်းရတာဖြစ်ပါတယ်။
• Negative test result အဖြေက အနုတ်ထွက်ရင် ပုံမှန်လို့ပြောနိုင်ပါတယ်။ ရောဂါမရှိဘူး။
• False-negatives မမှန်တဲ့ အနုတ်ဆိုတာလည်း ဖြစ်နိုင်သေးပါတယ်။ ပိုးဝင်ထားတာ သိပ်စေနတုံးစမ်းရင်နဲ့ ရောဂါဖြစ်နေတာ သိပ်နောက်ကျရင် မမှန်တဲ့ အနုတ်ပြနိုင်ပါတယ်။ ရောဂါဖြစ်နေတဲ့ ကာလ အလယ်ပိုင်း အချိန်မှာ စမ်းရင် ၁ဝဝ% တိကျပါတယ်။


ဒေါက်တာတင့်ဆွေ (၃ဝ-၃-၂ဝ၁၃ )
ဒေါက်တာတင့်ဆွေ - ဆစ်ဖလစ် စမ်းသပ်နည်းတခု

No comments: