Thursday, March 14, 2013

ပျားအဆိပ်သည် HIV ပိုးကို တားဆီး ကာကွယ်နိုင်ကြောင်း


ပျားအဆိပ်သည် HIV ပိုးကို တားဆီး ကာကွယ်နိုင်ကြောင်း သုတေသန ပညာရှင်များ လေ့လာ တွေ့ ရှိ

"melittin" အမည်ရှိ ပျားအဆိပ် တစ်မျိုးသည HIV ပိုးကို တိုက်ဖျက်နိုင်ပြီး ၎င်းပတ်ဝန်း ကျင်ရှိ အခြားဆဲလ်များကို ထိခိုက်စေခြင်း မရှိကြောင်း အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသန ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။
AIDS ရောဂါ ဖြစ်စေနိုင်သည့် HIV ပိုး ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်သည့် ga (ဂျဲလ်) တစ်မျိုးကို ထုတ်လုပ်ရာတွင် ပျားအဆိပ်သည် အရေးပါသောကြောင့် အဆိုပါ လေ့လာတွေ့ ရှိမှုကို ချီးကျူး ဂုဏ်ပြုခဲ့ကြသည်။

"melittin" အမည်ရှိ ပျားအဆိပ်ကို သေးငယ်သော အမှုန်အစိတ် အပိုင်းများဖြစ်အောင် သိပ္ပံ ပညာရှင်များက ဖန်တီးခဲ့ကြပြီး HIV ဆဲလ်များပေါ်သို့ ထည့်သွင်းလိုက်သည့် အခါတွင် HIV ဆဲလ်များ သေဆုံးခဲ့သည်ကို သိပ္ပံပညာ ရှင်များက လေ့လာ တွေ့ရှိခဲ့သည်။
အဆိုပါ လေ့လာမှုကို အမေရိကန် ပြည်ထောင်စု စိန့်လူးဝစ်မြို့ရှိ ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသန ပညာရှင်များ အဖွဲ့က လုပ်ဆောင်ခဲ့ပြီး HIV ပိုး ကူးစက် ပျံ့နှံ့ခြင်းကို ကာကွယ်ရန် အတွက် ပျားအဆိပ်ကို အမျိုးသမီး အင်္ဂါတွင် ထည့်သွင်းသည့် ဂျဲလ်ထဲတွင် ထည့်သွင်း အသုံးပြုနိုင်ကြောင်း သုတေသန ပညာရှင် ဒေါက်တာ ဂျို့စ်ဟွာ အယ်လ်ဟုဒ်က ပြောကြားခဲ့သည်။
HIV ပိုးကနဦး ကူးစက်ခံရမှုကို ထိန်းချုပ်နိုင်ရန် ကာကွယ်ရေး အစီအစဉ် တစ်ရပ်အဖြစ် ပြည်သူများသည် ၎င်းဂျဲလ်ကို အသုံးပြုနိုင်မည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အမှန်စင် စစ်အားဖြင့် HIV ပိုးတိုက်ဖျက်သည့် ဆေးဝါး အများစုသည် ဗိုင်းရပ်စ်ပိုးများ မျိုးပွားခြင်းကို ဟန့်တား နိုင်စွမ်းသာရှိပြီး ပျားအဆိပ်များသည် ဗိုင်းရပ်စ်ပိုး ဖွဲ့စည်း တည်ဆောက်ပုံကို အမှန်တကယ် တိုက်ဖျက် နိုင်စွမ်း ရှိ၍ ကူးစက်မှုကို ကာကွယ် နိုင်စွမ်းရှိသည် ကို သုတေသန ပညာရှင်များက တွေ့ရှိခဲ့သည်။ ထို့ပြင် ပျားအဆိပ် အမှုန်လေး များသည် အကျိတ်ဆဲလ်များကို သေစေရန် အသုံးပြုနိုင်သည့် ထိရောက်သော နည်းလမ်း တစ်ခုဖြစ်လာ နိုင်ဖွယ်ရှိကြောင်း ဒေါက်တာ အယ်လ်ဟုဒ် က ပြောကြား ခဲ့သည်။
မြဝတီ - ပျားအဆိပ်သည် HIV ပိုးကို တားဆီး ကာကွယ်နိုင်ကြောင်း သုတေသန ပညာရှင်များ လေ့လာ တွေ့ ရှိ

HIV ရောဂါပိုးဖြင့် မွေးလာသော ကလေးငယ်အား ပထမဆုံး အကြိမ်အဖြစ် ရောဂါ ပိုး ပျောက်ကင်းအောင် ကုသနိုင်ခဲ့

အိတ်ခ်ျအိုင်ဗွီ (HIV) ရောဂါပိုးဖြင့် မွေးလာသော ကလေးငယ် တစ်ဦးအား ပထမဆုံး အကြိမ်အဖြစ် ရောဂါပိုး ပျောက်ကင်းအောင် ကုသနိုင်ခဲ့ကြောင်းနှင့် ယင်းကဲ့သို့ ကုသနိုင်မှုသည် HIV ရောဂါပိုး ကူးစက်ခံရသော ကလေးငယ်များကို ကုသရာတွင် အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း သုတေသန ပညာရှင်များက ပြောကြား ခဲ့သည်။ အဆိုပါ ကုသမှုသည် နည်းပညာပိုင်း ဆိုင်ရာအရ အရေးပါမှု တစ်ရပ် ဖြစ်သော်လည်း ရောဂါ အရှင်းပျောက်ကင်းနိုင်သော ကုထုံးထက် လက်တွေ့ အသုံးဝင်သော ကုထုံးတစ်ရပ် ဖြစ်ကြောင်း သုတေသန ပညာရှင်များက ပြောကြားခဲ့သည်။

ယင်း ကုသမှုသည် ရောဂါပိုးကို အမြစ်ဖြတ် ချေမှုန်းနိုင်ခြင်း မဟုတ်သော်လည်း ခန္ဓာကိုယ်တွင်း ရှိနေသော ရောဂါပိုးကို နည်းပါးသော အဆင့် တစ်ခုသို့ လျှော့ချ နိုင်ခြင်းဖြစ်သည်။ ကမ္ဘာ တစ်ဝန်းတွင် အေအိုင်ဒီအက်စ် (AIDS) ရောဂါ အရှင်း ပျောက်ကင်းသူ "Berlin Patient" ဟု ခေါ်ဆိုခြင်း ခံရသော အမေရိကန် နိုင်ငံသား တီမိုသီဘရောင်း တစ်ဦးသာ ရှိပြီး ၎င်းသည် HIV ပိုးကို ခုခံနိုင်စွမ်း ရှိသော အလှူရှင်ထံမှ ရိုးတွင်း ခြင်ဆီများဖြင့် အစားထိုး ကုသမှု ခံယူခဲ့ရာ HIV ရောဂါနှင့် သွေးကင်ဆာ ရောဂါကို ငါးနှစ် အကြာတွင် ပျောက်ကင်းအောင်  ကုသနိုင်ခဲ့ကြောင်း သိရသည်။
ကုသမှု သစ်တွင် ကလေးငယ်အား ပုံမှန် အသုံးပြုနေကျ HIV ရောဂါပိုး ကုသရာတွင် အသုံးပြုသော ဆေးထက် အခြားဆေးများကို တိုက်ကျွေးခဲ့ခြင်း မရှိကြောင်းနှင့် ကလေးငယ် မွေးဖွားပြီး နာရီ ၃ဝ မပြည့်မီ ဆေးတိုက်ကျွေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်း ကုသမှုသည်  လက်တွေ့ကျသော ကုသမှု တစ်ရပ် ဖြစ်ကြောင်း ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမြို့တွင်  ပြုလုပ်သော အကြိမ် (၂ဝ) မြောက် Conferenceon  Retroviruses and Opportunistic Infections (CROI) နှစ်ပတ်လည် ညီလာခံတွင် သုတေသန ပညာရှင်များက ပြောကြားခဲ့သည်။

HIV ရောဂါပိုး  ကူးစက်ခံရသော လူနာများကို ARV ဆေး တိုက်ကျွေးမှု ရပ်တန့် ပြီးနောက် ရက်သတ္တပတ် အနည်းငယ်အတွင်း ငုပ်လျှိုးနေသော ရောဂါပိုးများ ပြန်လည်ထကြွ လာသည်ကို  တွေ့ရကြောင်း HIV ရော ဂါ ဝေဒနာရှင်များကို ၎င်းတို့ဘဝ အသက်ရှင် နေထိုင်မှု အတွက် ဆေးသောက်သုံး ရန် ဆရာဝန်များက တိုက်တွန်းလျက် ရှိသည်။
HIV ရောဂါပိုးဖြင့် မွေးလာသော မွေးကင်းစ ကလေးများကို ရက်ပေါင်းများစွာ အတွင်း ARV ဆေး တိုက်ကျွေးခြင်းသည် နို့စို့အရွယ် ကလေးများကို အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ကင်းစင်အောင် အကူအညီ ပေးနိုင်ပြီး ပထမ အဆင့်တွင် ငုပ်လျှိုးနေသော HIV ပိုးကို ကာကွယ်ပေးခြင်းဖြင့် ဘဝ တစ်လျှောက်လုံး ဆေးကုသမှု ခံယူခြင်း မရှိဘဲ သက်တမ်း ကြာရှည်စွာ နေထိုင်နိုင်ကြောင်း မေရီလန်းပြည်နယ် ဘာလ်တီမိုးရှိ Johns Hopkins ကလေး ကုသရေး ဌာနမှ သုတေသန ပညာရှင် ဒီဘိရက်ရှ် ပါဆက်ဒ်က ပြောကြား ခဲ့သည်။

ဆေးကုသမှု သစ်ကို  ကလေးငယ်အား ပထမဆုံး အကြိမ်အဖြစ် ကုသခဲ့ရာ အောင်မြင်မှု ရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ပုံမှန်အားဖြင့် အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ကူးစက်ရန် အလားအလာ များသော မွေးကင်းစ ကလေးများကို ရက်သတ္တ ခြောက်ပတ် အရွယ်တွင် HIV ရောဂါပိုး ရှိ၊ မရှိ သွေးစစ်ဆေးမှု ရရှိသည် အထိ ဆေးတိုက်ကျွေးရကြောင်း သိရသည်။
မြဝတီ - HIV ရောဂါပိုးဖြင့် မွေးလာသော ကလေးငယ်အား ပထမဆုံး အကြိမ်အဖြစ် ရောဂါပိုး ပျောက်ကင်းအောင် ကုသနိုင်ခဲ့

သုက်ပိုးတွေ ဘယ်လောက် ကြာကြာရှင် နေနိုင်သလဲ

ယောက်ျားလေးရဲ့ သုက်ရည်ထဲက သုက်ပိုးဟာ ခန္ဓာကိုယ် အပြင်ဘက်မှာ အချိန် ဘယ်လောက်ကြာကြာ နေနိုင်ပါသလဲ။ တကယ်လို့ သုက်ပိုးဟာ ခနွာကိုယ် အပြင်ဘက်ရောက်ပြီး အချိန် နည်းနည်းကြာမှ မိန်းမ အင်္ဂါထဲကို လက်ကနေတဆင့် အနည်းငယ် ကပ်ပါသွားခဲ့ရင်ရော ကိုယ်ဝန် ရနိုင်ပါသလား။

- Sperm သုက်ပိုးက ဘယ်မှာနေတာလဲ သိရမယ်။ သူတို့နေစရာ အပ်ါမှာ မူတည်ပြီး ဘယ်လောက်ကြာကြာ ရှင်နိုင်သလဲ ကွာခြားတယ်။
- သုက်ရည်ကို အမျိုသမီးရဲ့ ဗဂျိုင်းနားထဲမှာ ထုတ်လွှတ်ရင် အကြာဆုံး အသက်ရှင်နေနိုင်တယ်။ ဗဂျိုင်းနား၊ သားအိမ်အဝနဲ့ သားမအိမ်ထဲ၊ သားအိမ်ပြွန်နေရာတွေမှာ ၃ ရက်ကနေ ၅ ရက်အထိ ရှင်နေကြမယ်။
- ဒါကြောင့် အမျိုးသမီးတွေဟာ တလမှာ တရက်တည်းမှာသာ မျိုးဥက ထွက်ပေမဲ့ မျိုးဥမထွက်ခင် သုက်ပိုးတွေက အရင်ရောက်နေလို့ ရှင်နေသေးရင် ကိုယ်ဝန်ရနိုင်မယ်။
- အလားတူ မျိုးဥထွက်ပြီးနောက် မျိုးဥ ရှင်နေချိန်အတွင်း သုက်ပိုးနဲ့ တွေ့ဆုံပေါင်းစပ်ရင်လဲ ကိုယ်ဝန် ရစေနိုင်တယ်။
- လူ့ကိုယ် ခန္ဓာပြင်ပမှာ သုက်နေရရင် သုက်ပိုးနဲ့ အတူ ထွက်တဲ့ Semen (စီမင်) အရည်ထဲမှာ ဆိုရင် ရှင်နေနိုင်သေးတယ်။ နာရီ အနည်းငယ်လို့ ပြောနိုင်တယ်။
- (စီမင်) ကို အေးအောင်ထားရင် ပိုကြာကြာထားနိုင်တယ်။ ခဲအောင်လုပ်ထားရင် နှစ်နဲ့ အထိထားနိုင်တယ်။
- လူ့ကိုယ်ခန္ဓာပြင်ပမှာ သုက်ပိုးတွေက မိနစ် ၂ဝ ကနေ ၁ နာရီအထိ ရှင်နိုင်တယ်။ သုတေသန တချို့က မိနစ် အနည်းငယ်မှ ၁-၂ ရက်လို့ပြောတယ်။
- ဘာမှာကွာသလဲဆိုရင် အပူချိန်၊ အစိုဓါတ်၊ ပါတ်ဝန်းကျင် အခြေအနေတွေပေါ်မှာ မူတည်တယ်။ အက်စစ် အခြေအနေ၊ ဖိအား၊ စိုထိုင်းဆစတာတွေ။
- ကိုယ်ဝန် ရမှာစိုးရိမ်ရင် သုက်ရည်ကို ဗဂျိုင်းနားနဲ့ ဝေလေကောင်းလေ ဥပဒေသကို လိုက်နာသင့်တယ်။
- တကယ်တန်း သုက်လွှတ်ခြင်းဖြစ်စဉ် မတိုင်ခင်မျာ စိုစွပ်မှုပေးတဲ့ လိင်စိတ်ကနေဖြစ်စေတဲ့ အရည်ထဲမှာ သုက်ပိုးပါနေ-မနေ ကံသေကမ္မပြောမရပါ။ ရာခိုင်နှုန်းနည်းနည်းတော့ ပါနေနိုင်တယ်။
- ပုဝါအစိုထဲ၊ အဝတ်စိုထဲ၊ ရေထဲ၊ ရေချိုးကန်ထဲမှာ ပိုနေနိုင်မယ်။
- မျိုးဥသက်တမ်းက ပိုတိုတယ်။ သူ့ကိုယ်ထဲမှာသာ ရှိနေပေမဲ့ မျိုးဥအိမ်ကနေ ထွက်လာပြီးနောက်မှာ ၁၂ နာရီကနေ ၂၄ နာရီသာ ရှင်တယ်လို့ သုတေသန အများစုက ဆိုတယ်။ တချို့ကတော့ ၇၂ ကနေ ၁၂ဝ နာရီအထိ နေနိုင်တယ်လို့ ပြောတယ်။
- ရှားပါးပေမဲ့ ဖြစ်နိုင်သေးတာက အမျိုးသမီးဟာ တလတည်းမှာ မျိုးဥနှစ်ခုကို ၂၄ နာရီအတွင်းမှာ ထွက်နိုင်တယ်။ တရက်ကျော်မှ ထွက်တာလဲ ပြောမရဘူး။ ထွက်လာရင် ၂ ရက်အထိ ရှင်နိုင်တယ်လို့ ဆိုတာလဲ ရှိပါတယ်။
- ဒါကြောင့် အများဆုံးရက်တွေကို စုပေါင်းလိုက်ရင် တလမှာ ကိုယ်ဝန်ရနိုင်ခြေက သုက်ပိုးအသက် ၅ ရက်နဲ့ မျိုးဥအသက်၂ ရက်ဖြစ်လို့ (၅ + ၂ = ၇) ရက် ဖြစ်တယ်။
- အကောင်းဆုံး ကိုယ်ဝန်ရစေနိုင်တဲ့ ရက်ဟာ အမျိုးသမီး မျိုဥမထွက်ခင် ၁ ရက်မှာ ယောက်ျားသုက်ပိုး ဝင်လာစေတာ ဖြစ်တယ်။


ဒေါက်တာတင့်ဆွေ (၉-၃-၂ဝ၁၃ )
ဒေါက်တာတင့်ဆွေ - သုက်ပိုးတွေ ဘယ်လောက် ကြာကြာရှင် နေနိုင်သလဲ 

No comments: