Saturday, April 30, 2022

စျေးလျော့ပေမယ့် ဘာကြောင့်မရောင်းရတာလဲ

 စျေးလျော့ပေမယ့် ဘာကြောင့်မရောင်းရတာလဲ




စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ မိမိ ကုန်ပစ္စည်းတွေကို စျေးလျော့ပြီး ရောင်းချ ရတဲ့ အခြေအနေ တစ်ခု ကို ကြုံရတတ်လေ့ရှိပါတယ်။ ဥပမာ Dead Stock ဆိုတဲ့ အရောင်းထိုင်း ပစ္စည်းတွေကို ရှင်းထုတ်ချင်တဲ့အခါ၊ အရောင်းနှေးတဲ့ ပစ္စည်းတွေ သွက်သွားစေချင်တဲ့အခါ၊  Stock တွေ ပမာဏ များများ ပုံမှန်ထက်ပိုပြီး ဝယ်ထား မိလိုက်တဲ့ အခါ၊ ပြိုင်ဖက် ထက် စျေးကွက် ပိုရချင်တဲ့ အခါမျိုးတွေ ပဲဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ကုန်ပစ္စည်းကို စျေး အတော်လေး လျော့ရောင်းပေမယ့်ရောင်းမထွက်ဘူး ဆိုတဲ့ အခြေအနေ မျိုး လဲ ကြုံရတတ်ပြန်ပါတယ်။ ဒါဆိုရင် ဘာကြောင့် ဆိုတဲ့ အခြေအနေကို သုံးသပ်ပြီး ပြုပြင်ပြောင်းလဲ မှုတွေ လုပ်ဆောင်မှ သာ လုပ်ငန်း အဆင်ပြေပြေလည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီတစ်ခါတော့ စျေးလျော့ပေမယ့် ဘာလို့ မရောင်းရတာလဲ ဆိုတဲ့မေးခွန်းရဲ့ ဖြစ်နို်င်ချေ တွေကို မျှဝေပေးချင်ပါတယ်။ 

.

(၁) Price of Substitutes

.

အစားထိုး ကုန်စည် တွေရဲ့ စျေးနှုန်းတွေ က အရမ်းသက်သာနေတာကြောင့်ဖြစ်နိုင်ပါတယ်။  Substitutes Product ဆိုတာကတော့ မိမိ ကုန်ပစ္စည်း သို့မဟုတ် ထုတ်ကုန်နဲ့ ပုံစံ သဘောသဘာဝ လုံးဝ မတူကွဲပြား ပေမယ့် အသုံးပြုရတဲ့ ရည်ရွယ်ချက် ကတော့ တူညီနေတဲ့ ထုတ်ကုန်မျိုးတွေ ဖြစ်ပါတယ်။ ဥပမာ ဆပ်ပြာ တုံး နဲ့ဆပ်ပြာ အဆီ ဟာပုံစံ သဘာဝ မတူပေမယ့် သန့်ရှင်းရေးအတွက် ဆိုတဲ့ ရည်ရွယ်ချက်တူသလိုပါပဲ။ ဒါကြောင့် အစားထိုး ကုန်စည်တွေ စျေးအရမ်းကျနေချိန်မှာ ကိုယ့် ထုတ်ကုန်ကို စျေးလျော့ရောင်းချမိ ရင် လည်း ထင်သလောက် ရောင်းအား မတက်တတ်ပါဘူး။ ဥပမာ ကိုယ်က မနက်စာ ထမင်းကြော်ဆိုင် ဖွင့် တယ်ဆိုပါစို့။ မုန့်ဟင်းခါး ဆိုင် ဟာ ကိုယ်နဲ့ ထုတ်ကုန်ချင်း သဘောသဘာဝ ဘာမှ မတူပေမယ့် မနက်စာ ဆိုတဲ့ ရည်ရွယ်ချက်ချင်းတူနေတဲ့အတွက် ထမင်းကြော် စားသုံးသူတွေဟာ မနက်စာ အဖြစ် မုန့်ဟင်းခါး ကိုလဲ အစားထိုး စားသုံးတတ်လေ့ရှိပါတယ်။ ဒီလို ပုံမှန်အခြေအနေကိုမှ မုန့်ဟင်းခါးက ထက်ဝက်လောက် စျေးလျော့ရောင်းလိုက်ရင် ကိုယ့်ထမင်းကြော်ဆိုင်အတွက် အရောင်းပါး သွားမှာပါပဲ။ ဒီအေခြေအနေမှာ ကိုယ်က စျေး လိုက်လျော့တာထက် ကိုယ့်ထုတ်ကုန်ကိုပဲ ပိုကောင်းအောင်ဖြစ်စေ၊ customer retention. နည်းလမ်းတွေနဲ့ ဖြစ်စေ အသုံးပြု ပြီး တဖက်ကုန်စည်ကို လူတွေရိုးသွားကာ ကိုယ့်ဆီပြန်လှည့်လာမယ့် အချိန် ကိုစောင့် တာပိုကောင်းပါတယ်။

.

.

(၂) Price of Complements 

.

တွဲဖက်ကုန်စည် တွေရဲ့ စျေးတွေ မြင့်နေရင်လည်း ကိုယ့်ထုတ်ကုန်ကိုစျေးလျော့ရောင်းတာ အလုပ်မဖြစ် တတ်ပါဘူး။ တွဲဖက်ကုန်စည် Complement Products ဆိုတာကတော့ ကိုယ့်ရဲ့ ုထုတ်ကုန်နဲ့ မဖြစ်မနေ တွဲဖက် သုံးရလေ့ရှိတဲ့ အခြား ထုတ်ကုန်တွေကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ ကိုယ်က DVD အခွေရောင်း ဆိုင်ဖွင့်တယ်ဆိုရင် DVD ခွေ တွေ ဟာ DVD စက် ရှိမှ သုံးလို့ ရမှာ ဖြစ်လို့ DVD အခွေ နဲ့ စက်ဟာ တွဲဖက် ကုန်စည် ဖြစ်ပါတယ်။ ဒီအတွက် DVD စက်တွေ ရှားပါးပြီး စျေးတက်သွားရင် ကိုယ့် ရဲ့ အခွေရောင်းအား ကလဲ ကျသွားတတ်ပါတယ်။

.

ဥပမာ လက်ရှိ အခြေအနေနဲ့ ပြောရရင် ဓာတ်ဆီစျေး တွေ ထိုးတက်သွားတဲ့အတွက် ဆီ ထည့်မောင်းရတဲ့ မော်တော်ကား တွေ ထဲက ဆီစားများ တဲ့ အင်ဂျင် တပ်ဆင်ထားတဲ့ ကားတွေဟာ ဝယ်လိုအား ပမာဏ တစ်ခု ကျသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ 

.

ဒီလို တွဲဖက်ကုန်စည်က စျေးသိပ်မြင့်နေတဲ့အချိန်မှာ ကိုယ့် ကုန်ပစ္စည်းကို စျေးလျော့ရောင်းတာ သိပ်မထိရောက် နိုင် သလို လျော့ရောင်းချင်ရင်လဲ အတော်လေးမက်လောက်စရာ ရာခိုင်နှုန်းအထိ လျော့မှ သာ ရောင်းထွက်နိုင်လေ့ရှိပြန်ပါတယ်။

.

.

(၃) Consumer Income

.

သုံးစွဲသူတွေရဲ့ ဝင်ငွေ လျော့ကျသွား ရင်လည်း ကိုယ်က စျေးလျော့ပေမယ့် မရောင်းရပဲလည်း ဖြစ်တတ် ပါသေးတယ်။ ဒီအတွက်ကတော့ ကိုယ့် လုပ်ငန်းဟာ ဘယ်လို Customer အမျိုးအစား တွေကို ဦးတည် ရောင်းချ ထိုးဖောက်နေတာလဲ၊ ဘယ်လိုလူတွေက ကိုယ့် လုပ်ငန်းကို အဓိက အားပေးနေတာလဲ စတဲ့ မိမိ customer အကြောင်းကို ကောင်းကောင်းနားလည်း သဘောပေါက်ဖို့လိုအပ်ပါတယ်။ customer တွေဟာ ပျှမ်းမျှ ဝင်ငွေဘယ်လောက်ဝင်လဲ ဘယ်အချိန်တွေ မှာ ငွေပိုဝင်ပြီး သုံးတတ်သလဲ စတာတွေ ကိုလဲ သိဖို့လိုပါတယ်။ 

.

ဥပမာ နယ် မြို့တစ်ခုမှာ ဆိုရင် စိုက်ပျိုးရေး လုပ်ငန်းတွေများတော့ သီးနှံ တွေ ရိတ်သိမ်း ကြတဲ့အ ချိန် ဆိုရင် လူတိုင်းငွေ ပေါ် ပြီး သုံးစွဲမှုတွေ ထိုးတက် လေ့ရှိပါတယ်။ ဒီလိုအချိန်မျိုးအတွက် ကုန်ပစ္စည်းအသစ်တွေ များများ ပြင်ဆင်ထားပြီး ရောင်းချကြရလေ့ရှိပါတယ်။ ရေလုပ်ငန်း လုပ်ကြတဲ့ နယ် တစ်ခုမှာတော့ စက်လှေ သမားတွေ အများစု က စက်လှေ မထွက်ခင် မှာ ငွေသိပ်မသုံးနိုင်ပဲ စက်လှေပြန်ဝင်လာ ရင်တော့ ငွေ တစ်လုံး ထဲ ပါလာကာ အတိုးချ သုံးစွဲလေ့ရှိတတ်ပြန်ပါတယ်။ 

.

ဒီလို ကိုယ့် Customer ရဲ့ ငွေပေါချိ်န်မဟုတ်ပဲ ငွေ မဝင်သေးချိန်မှာ စျေးလျော့ရောင်း မိရင်လဲ ထင်သလောက်ရောင်းအား မတက်ပဲဖြစ်တတ်ပါတယ်။

.

.

(၄) Tastes and Preferences

.

လူတွေ ရဲ့ အကြိုက်တွေ ပြောင်း ကုန်ရင်လဲ ကိုယ့် ထုတ်ကုန်ဟာစျေးလျော့ ပေမယ့် ရောင်းအား ကျ တတ်ပါ တယ်။ ဥပမာ မြန်မာ ပြည်ရဲ့ စားသောက်ကုန် အရသာ တွေ မှာ လွန်ခဲ့တဲ့ ငါးနှစ်လောက် အတွင်းသိသိသာသာ လူတွေ အကြိုက်ပြောင်းလဲ လာတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဒီငါးနှစ်လောက် အတွင်း စားသုံးသူတွေဟာ မာလာ ရှမ်းကော အရသာ၊ ဟော့ပေါ့၊ အကင် စတဲ့ အရသာ တွေကို ပိုပြီး နှစ်သက် လာကြတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ 

.

မော်တော်ကား တွေနဲ့ ဥပမာ ပေးရရင်လည်း ယခင်က Car segment အမျိုးအစား အစုံ လူတွေ ကြိုက်ခဲ့ ကြပေမယ့် လက်ရှိမှာတော့ Compact SUV or Crossover SUV ဆိုတဲ့ ဒီဇိုင်းလဲလှ လူလဲများများဆန့်၊ ကားအမြင့်လဲဖြစ်၊ မြို့တွင်းနယ်ဝေး သွားရ အဆင်ပြေ၊ တဲ့ ကားအမျိုးအစား တွေ ပိုပြီး ကြိုက်နှစ်သက်လာ တဲ့အတွက် Crossover SUV ကား အမျိုးအစား အသစ်တွေ များစွာ ပေါ်ထွက်လာတာကိုတွေ့ရမှာ ဖြစ်ပါတယ်။

.

ဒီလို စားသုံးသူ တွေ သုံးစွဲသူတွေရဲ့ ပြောင်းလဲ လာတဲ့ အကြိုက်တွေကို လိုက်လံ မဖြည့်ဆည်းနိုင်ဘူး ဆိုရင် စျေးလျော့ရောင်းပေမယ့် မထိရောက်တာမျိုး ဖြစ်လာနိုင်ပါတယ်။

.

.

(၅) Price Expectations

.

ရွှေစျေးတွေ ထိုးကျ လာတဲ့ အခါ လူအများစုက နောင် ဒီထက် ကျလာနိုင်သေးတယ် ဆိုပြီး မဝယ်သေး ပဲ စျေးအကျဆုံးအချိန်ကို စောင့်တတ် ကြပါတယ်။ ဒီလိုပါပဲ ရွှေစျေးတက်လာတဲ့ အခါမှာလည်း နောင် ဒီထက် ထပ်တက်ဦးမှာပဲ လို့ မျှော်လင့်ပြီး အတက်စျေးမှာ ပဲ အလုအယက် ဝယ်ယူ တတ်ကြပြန်ပါတယ်။ ဒါဟာ Price Expectations ဆိုတဲ့စျေးနှုန်း မျှော်လင့်ချက် ကြောင့်ဖြစ်ပါတယ်။

.

ဥပမာ မကြာသေးခင်က ကား အသစ် တင်သွင်းခွင့်တွေ ရပ်ဆိုင်းထားမယ်ဆိုတဲ့ ကြေငြာချက် ထွက်လာတဲ့ အခါ နေ့ချင်းညချင်း တစ်နာရီ အတွင်းမှာ ပဲ ကားစျေးတွေ ဟာ သိန်းဆယ်နဲ့ ရာနဲ့ချီပြီး မြင့်တက်သွား ခဲ့ ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကား အသစ်ဝင်မလာတော့ရင် ရှိပြီးသားကားတွေ စျေးတက်တော့မှာ ပဲ ဆိုတဲ့ Price Expectations ကြောင့်ပါပဲ။

.

ဒါကြောင့် Customer. တွေက မိမိ ထုတ်ကုန်ဟာ နောင် ဒီထက်ပိုပြီး စျေးကျ နိုင်သေးတယ် လို့ Price Expectation ရှိနေရင်လည်း လက်ရှိ စျေးလျော့ရောင်း နေတာက မထိရောက်ပဲ ဖြစ်နေတတ်ပါသေးတယ်။ 

.

.

.

ဒါတွေကတော့ စျေးလျော့ရောင်းပေမယ့် မရောင်းရပဲ ဖြစ်နေတယ် ဆိုတဲ့ အခြေအနေအတွက် ဖြစ်နို်င်ခြေအရှိ ဆုံး အချက်တွေ ဖြစ်ပါတယ်။ ဒါတွေကို သုံးသပ်ရှာဖွေပြီး လိုအပ်သလို ဆောင်ရွက်နိုင်ရင်တော့ ရောင်းအားတက်လာမှာဖြစ်ပါကြောင်း မျှဝေလိုက်ရပါတယ်ဗျား။

.

.

.

လုံလောက်တဲ့အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာ ကျော်ဖြတ်စေနိုင်ပါတယ်။

.

Kaung Hein Soe  Strategic

Business Consultant

Wednesday, April 27, 2022

ဗုဒ္ဓဝါဒ ဘဝကူးပုံ

 ဗုဒ္ဓဝါဒ ဘဝကူးပုံ




လောက၌ အခက်ကြီး လေးပါး ရှိပါသည်။


(၁)     သစ္စာလေးပါးကို နားလည်အောင်ရှင်းပြရန် ခက်ပါသည်။


(၂)     သင်္ခါရတရားများကို သတ္တဝါဟု ထင်နေသည့်အတွက်ကြောင့် သင်္ခါရတရားတို့၏ သတ္တသုညဖြစ်ပုံကို သင်္ခါရတရားတို့ကို သတ္တဝါနှင့်စပ်၍ နားလည်အောင် ရှင်းပြဖို့ ခက်ပါသည်။


(၃)     တစ်ဘဝ စုတေ၍ နောင်ဘဝသို့ ရောက်ရှိခြင်း ဆိုသော ဘဝနှစ်ခု ဆက်စပ်မှု ပဋိသန္ဓကေို နားလည်အောင် ရှင်းပြရန် ခက်ပါသည်။


(၄)     ပဋိစ္စသမုပ္ပာဒ်ကိုလည်း နားလည်အောင် ရှင်းပြဖို့ ခက်ပါသည်။ (ဝိသုဒ္ဓိမဂ်)


          ဗုဒ္ဓဘာသာဝင်တို့သည် ကမ္မသတ္တိသဘောကို    ယုံကြည်ကြပါသည်။ထို့ကြောင့် ကမ္မသတ္တိကြောင့် နောင် ဘဝသို့ရောက်ရှိခြင်း သံသရာလည်ရခြင်းကို လက်ခံ ကြပါသည်။ သို့သော် အမြင်မရှင်းကြပါ။


          သာသနာပ ဗြာဟ္မဏဝါဒတွင်လည်း ကမ္မဝါဒကို ယုံကြည်မှုများ ရှိကြပါသည်။ နောင်ဘဝသံသရာကို ယုံကြည်ကြပါသည်။ သူတို့ ယုံကြည်မှုသည်ကား ]အတ္တ}ကို အခြေခံသောယုံကြည်မှုဖြစ်သည်။ ကံပြုသူ မှာ အတ္တသာဖြစ်၍ ထိုကံ၏အကျိုးကို ခံစားသူမှာ လည်း အတ္တသာ ဖြစ်သည်။ သို့ဖြစ်၍ အတ္တလေး သည် အစွမ်းအစရှိသော နိစ္စတရား ဖြစ်လေသည်။ ပုဂ္ဂိုလ်၊ သတ္တဝါဆိုသော ဤကိုယ်ကောင်သည် သေ တတ်သည်။ မမြဲ။ ထိုပုဂ္ဂိုလ်သတ္တဝါအတွင်း အမြုတေ အဖြစ်ကိန်းနေသော အတ္တသည်ကား မသေ။ မြဲ၏။ ထို့ကြောင့် ဘဝသံသရာကို ကမ္မသတ္တိအလျောက် အတ္တလေးက တစ်ဘဝပြီးတစ်ဘဝ ပြောင်း၍ ကျင်လည်နေလေ၏။


          ထို အတ္တလေးသည် နှစ်မျိုးရှိ၏။ ပရမအတ္တ နှင့်ဇီဝအတ္တဟူ၍ ဖြစ်၏။ ထို ပရမအတ္တကို မဟာ ဗြဟ္မာ၊ ပဇာပတိ၊ ဣသရ၊ ပရမအတ္တ၊ မဟာတ်မ၊ မဟာအတ္တစသည်ဖြင့် ခေါ်ကြ၏။


          ထိုမဟာဗြဟ္မာကြီးသည် သတ္တဝါများကို ဖန်ဆင်း ပြီး သတ္တဝါများ၏ခန္ဓာအတွင်း၌ အတ္တကလေးအသီး သီး ထည့်ပေးလိုက်၏၊ (ချမ်းမြေ့ဆရာတော်၊ ဆင်းရဲ ငြိမ်းအေးချမ်းသာရေးတရား)


          ဤကား အကြမ်းဖျင်း နားလည်လွယ်အောင် ပြောခြင်းသာ ဖြစ်၏။ အချို့ဟိန္ဒူကျမ်းများတွင် အတ္တ အယူအဆမှာ ပို၍သိမ်မွေ့ပါသည်။


          သတ္တဝါတို့၏ခန္ဓာကိုယ်ထဲတွင် အတ္တကလေး ရှိနေမှ သွားလာလှုပ်ရှား အသက်ရှင်နိုင်ပါသည်။ သို့ဖြစ်၍ သတ္တဝါများ သွားလာလှုပ်ရှားနိုင်အောင် အသက်ရှင် နိုင်အောင် မဟာဗြဟ္မာက ထည့်ပေးလိုက်သော အတ္တကို ဇီဝအတ္တဟု ခေါ်လေသည်။ ထို့ကြောင့် ဇီဝအတ္တသည် မဟာဗြဟ္မာ၏အစိတ်အပိုင်းလေး ဖြစ်သည်။


          ဇီဝအတ္တကို အသက်၊ လိပ်ပြာ၊ ဝိညာဉ်ဟု ခေါ်ကြ၏။ ထိုဇီဝအတ္တ လိပ်ပြာ ဝိညာဉ်လေး ခန္ဓာ ကိုယ်မှ ထွက်သွားခြင်းကို သတ္တဝါသေသည်ဟု ခေါ် ၏။ သတ္တဝါ သေသော်လည်း ထိုဝိညာဉ်လေးက နောက်ခန္ဓာတစ်ခုထဲသို့ ဝင်ရောက်သွား၏။ ဤသည် ကို ပဋိသန္ဓေနေသည်ဟု ခေါ်၏။


          ဝင်ကစွပ်ကောင်များကဲ့သို့ ခန္ဓာအိမ်တစ်ခုကို ထား ခဲ့ပြီး အခြားခန္ဓာအိမ်တစ်ခုထဲသို့ ပြောင်းရွှေ့နေထိုင် ၏။ အတ္တလိပ်ပြာဝိညာဉ်ကလေးသည် ခန္ဓာဟောင်း ကိုစွန့်၍ ခန္ဓာအိမ်အသစ်ကို မတွေ့သေးလျှင် ဝိညာဉ် လေးသည် ကြားကာလတစ်ခု၌ ကျင်လည်နေသေး၏။ တိဗက်တို့က ကြားကာလ (၄၉)ရက်ခန့် ကျင်လည် နေသေးသည်ဟု ယူဆ၏။


          ဤကား သာသနာပ အတ္တအယူအဆ ဘဝကူး ပုံဖြစ်သည်။


          ဗုဒ္ဓဝါဒတွင် အတ္တအယူအဆ မရှိပါ။ ဗုဒ္ဓက အတ္တမရှိ၊ အနတ္တဟုသာ ဟောပါသည်။ သို့သော် ဗုဒ္ဓဘာသာဝင်အချို့က ပါးစပ်က အနတ္တပြောသော် လည်း အတ္တအယူအဆ မကင်းကြသေးပါ။ လူသေ သောအခါ လိပ်ပြာဖြတ်ခြင်း၊ ဘဝကူးကောင်းအောင် ကုတို့ခထည့်ပေးခြင်း၊ ဝိညာဉ်လေးသည် အိမ်နားတွင် ခုနစ်ရက်ခန့် နေခြင်း စသည့်အယူအဆများကို လက် ခံနေကြပြန်သေးသည်။ မဟာယာန ဗုဒ္ဓဘာသာ ဆို လျှင် အတ္တအယူဝါဒ လွှမ်းမိုးထားကြလေပြီ ဖြစ် သည်။


          ထေရဝါဒဗုဒ္စဘာသာတွင် အတ္တအယူအဆလုံးဝ မရှိ။ သတ္တဝါ ဆိုသည်မှာ ခန္ဓာငါးပါးအစုအဝေးသာ ဖြစ်သည်။ ထိုခန္ဓာငါးပါးသည် အကြောင်းအထောက် အပံ့ကြောင့်သာ အခိုက်အတန့်ဖြစ်ပေါ်လာပြီး ပျက် သွားရသော သင်္ခတတရားများသာ ဖြစ်သည်။


          ဤသို့ အကြောင်းအထောက်အပံ့များကြောင့်သာ  ဖြစ်လာရသော ခန္ဓာငါးပါးသည် မည်သို့သောအစွမ်း အစမျိုး ရှိပါတော့မည်နည်း။ မည်သို့ အမြဲတည်နေ နိုင်ပါတော့မည်နည်း။ သူတို့ကိုယ်တိုင်က အခြားတစ်ခု ကို မှီခိုနေရပေသည်။ အကြောင်းတရားများသည်လည်း အခြားအကြောင်းတစ်ခုကို မှီခိုရပြန်သည်။


          ဤသို့ ပတ်ချာလည်မှီခိုနေရသော အကြောင်း အကျိုးသဘာဝသာ ရှိ၍ မူလအစဆိုသော အကြောင်း အကျိုး မရှိပေ။ ဤကား ပဋိစ္စသမုပ္ပာဒ်ဖြစ်သည်။


          သို့ဆိုလျှင် အတ္တမည်သို့ရှိနိုင်ပါတော့မည်နည်း။ ခန္ဓာငါးပါးသည် အကြောင်းတရားများပေါ် မှီတည် နေရသော အကျိုးတရားဖြစ်ပျက်၊ ဒုက္ခသစ္စာသာ ဖြစ် သည်။ ဖြစ်ပျက် သန္တတိ အစဉ်တန်းအနေဖြင့်သာ ရှိ နေပေသည်။ ထိုဖြစ်ချုပ်အစဉ်တန်း၏လျင်မြန်မှုကြောင့် သာမန်မျက်စိဖြင့် မမြင်ရတော့ချေ။ ထို့ကြောင့် သတ္တဝါ ဟာ အမြဲရှိနေသည်ဟု ထင်နေကြကုန်သည်။ ဤကား မှားယွင်းချွတ်ချော်စွာ မြင်နေသော ဝိပ္ပလ္လာသ တရား သာ ဖြစ်သည်။


          အကယ်၍ ရုပ်တရားသည် အတ္တကဲ့သို့ အမြဲရှိ သော နိစ္စတရားသာဆိုလျှင် မွေးကင်းစရုပ်သည် ကြီး လာစရာအကြောင်း မရှိပေ။ မွေးကင်းစရုပ်များ လုံးဝ ပျက်စီးပျောက်ကွယ်မှသာ နောက်ထပ် ရုပ်သစ်များ အစားထိုးပြီး လူကောင်ကြီးလာရခြင်းဖြစ်သည်။


          အမှန်တကယ်တွင် မနေ့က ရုပ်သည် ဤနေ့ မရှိတော့ပါ။ စောစောက ရုပ်သည် အခုမရှိတော့ပါ။ စာတစ်လုံးကို စ,ရေးနေသော ပညာသီရိသည် ဒုတိယ တစ်လုံးတွင် မရှိတော့ပါ။ ဒုတိယတစ်လုံးကို ဆက် ရေးနေသော ပညာသီရိသည် အသစ်ဖြစ်သော          ပညာသီရိသာ ဖြစ်သည်။


          ပထမပညာသီရိ၏ အကြောင်း အထောက်အပံ့ ကြောင့်သာ ဒုတိယပညာသီရိ ဖြစ်လာရပေသည်။ အကြောင်းအကျိုးသဘောသာ ဖြစ်သည်။ ဤသည်ကို တစ်ဘဝအတွင်းမှာတော့ တစ်ယောက်တည်းဟု ခေါ်နေရခြင်းဖြစ်သည်။


          ဤသဘောတရားကို နားလည်လျှင် ဘဝကူး သည်ဆိုသည်ကို နားလည်နိုင်ပေးသည်။ ဒီတစ်ဘဝ တည်းမှာပင် လူတစ်ယောက်ဟာ ပရတ်သဘောအရ အကြိမ်ကြိမ် သေလိုက် မွေးလိုက်ဖြစ်နေလျှင် သေပြီး နောင်ဘဝဆိုတာကိုကော ဘာများ ကူးပြောင်းသွား နိုင်ပါမည်နည်း။


          လူတစ်ယောက် သေပြီဆိုလျှင် ဤဘဝမှာတင် ရုပ်နာမ်အားလုံး ချုပ်၍ နောင်ဘဝသို့ ဘာမှမကူးပါ။ ဤနေရာ၌ သံသယဖြစ်စရာတွေနှင့် ရှုပ်ထွေးကုန်ကြ တော့သည်။ ဒီဘဝက ဘာမှမကူးလျှင် ဟိုဘဝဆိုတာ ဘယ်လိုဖြစ်လာပါသလဲ။


          အချို့အရာတွေက ပုဂ္ဂိုလ်၊ သတ္တဝါ ဆိုသော အခြေခံအစွဲစိတ်နှင့် စဉ်းစားလျှင် အဖြေမရဘဲ ပိုရှုပ်တတ်ပါသည်။ ရုပ်နာမ် ပရမတ်ဖြစ်စဉ်ကိုသာ စဉ်းစား ပါက အဖြေရပါ၏။


          သို့သော် အများစုကတော့ ပုဂ္ဂိုလ်သတ္တဝါဆိုတဲ့ အသိစိတ်ဖြင့် တွေးတတ်ကြသည်။ ရေးခဲ့ဖူးသော      ဥပမာလေး ပြန်သုံးပါမည်။


          လိုဏ်ဂူတစ်ခုထဲဝင်၍ အော်လိုက်လျှင် ပဲ့တင်သံ ဖြစ်လာပါသည်။ ပဲ့တင်သံသည် မူလအသံ မဟုတ် တော့ပါ။ နောက် အသစ်ဖြစ်လာသော ဒုတိယအသံ ဖြစ်သည်။ ထို အသစ်ဖြစ်လာသော  ပဲ့တင်သံသည် ပထမအော်လိုက်သော အသံကို အကြောင်းပြု၍ဖြစ် လာရခြင်း ဖြစ်သည်။ ပထမအော်လိုက်သော အသံ သည် အော်, အော်ပြီးချင်း ပျောက်သွားပါသည်။ နောက်ပဲ့တင်သံကသာ ဆက်လက်ဖြစ်ပေါ်နေရသည်။ သို့ဆိုလျှင် ပထမအသံနှင့် ဒုတိယအသံ လုံးဝမတူ တော့ပါ။


          ထိုသဘောတရားအတိုင်း ဖြစ်ပါသည်။ ခန္ဓာငါးပါး အစုဖြစ်သော လူသေသောအခါ ဒီဘက်က စုတိ သေစိတ်ဖြစ်သည်နှင့် အကြားမရှိဘဲ ပြုလုပ်ခဲ့သော ကံကြောင့် ဟိုဘက်ဘဝတွင် ပဋိသန္ဓစေိတ်အသစ် သွားဖြစ်ပါသည်။ ဤမှာဘက်မှ ရုပ်ရော နာမ်ရော တစ်ခုမျှ ကူးမသွားပါ။ ဟိုမှာဘက်ဘဝ၌ ရုပ်၊ နာမ် အသစ်ဖြစ်ခြင်းသာ ဖြစ်သည်။


          စုတိ ဆိုသော သေသည်နှင့်တစ်ပြိုင်နက် နောင် ဘဝအသစ် ဖြစ်ရပါသည်။ ဘဝအသစ်မဖြစ်မီ ကြား ဘဝတစ်ခု၌ ကျင်လည်စရာလည်း မလိုတော့ပါ။ အချို့ ဗုဒ္ဓဘာသာဝင်များ ယူဆသလို အိမ်နား၌ ဝိညာဉ်ဘဝ နှင့် ခုနစ်ရက်နေစရာလည်း မလိုတော့ပါ။ အစွဲအလမ်း ကြောင့် အိမ်အနား၌ ပြိတ္တာဖြစ်နေလျှင်လည်း ဤ သည်မှာ ဘဝအသစ်ရနေခြင်းသာ ဖြစ်ပါသည်။ ထို ဘဝအသစ်၌ ရုပ်ရော နာမ်ပါ အပြည့်အစုံရှိပါသည်။ ဝိညာဉ်လေးဆိုသည်မှာ အယူလွဲမှုသာ ဖြစ်ပါသည်။


          အချို့ လူဝင်စား ဆိုသူများသည် ဟိုဘက်ဘဝမှ ဒီဘက်ဘဝသို့ ရောက်လာပုံကို ပြောတတ်ကြပါသည်။ သား အမေ့ဗိုက်ထဲကို ရေခွက်က တစ်ဆင့် ဝင်လာတာ၊ သား နေစရာမရှိလို့ လျှောက်သွားနေတုန်း အမေ့ကို လမ်းမှာတွေ့တယ်။ ဒါနဲ့ အမေ့နောက်ကို အသာလေး လိုက်ခဲ့ပြီး အမေ ရေသောက်တော့ အသာလေး ခွက်ထဲ ဝင်နေလိုက်တာ၊ ဒီလိုနဲ့ အမေ့သား ဖြစ်လာတာ


          ဒီလိုအဖြစ်အပျက်မျိုး၊ ဇာတ်လမ်းမျိုး မကြာခဏ ကြားဖူးကြပေမည်။ ဤနေရာ၌ မယူဆတတ်၍ လွဲ ပါတော့သည်။ အခုပြောခဲ့သောဇာတ်လမ်းကို ကြည့်ပါ။ အတ္တ၊ လိပ်ပြာ၊ ဝိညာဉ်ဝါဒနှင့် တူနေပါသည်။  ပြောသည့်သူကလည်း မလိမ်ပါ။ သူ မှတ်မိတာကို ပြန်ပြောနေခြင်းသာ ဖြစ်ပါသည်။ သို့ဆိုလျှင် လူသေ သောအခါ နောင်ဘဝအသစ် မရမီ လျှောက်သွားနေ သော လိပ်ပြာ၊ ဝိညာဉ်သည် အမှန်တကယ်ရှိနေပါ သလား။


          မရှိပါ။ လုံးဝ မရှိပါ။ မြတ်စွာဘုရားသည် အတ္တ၊ လိပ်ပြာ၊ ဝိညာဉ် မရှိဟု အတိအလင်းဟောထားပြီး ဖြစ်၏။ သို့ဆိုလျှင် အထက်ပါဇာတ်လမ်းကို မည်သို့ ယူဆရပေမည်နည်း။


          သတ္တဝါများတွင် မသေခင် သေခါနီး မရဏာ      သန္နဇော အချိန်၌ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ဖြစ်ပေါ်ရ ပါသည်။ကံနိမိတ်ဆိုသည်မှာ မိမိ ကုသိုလ် အကုသိုလ် ပြုခဲ့စဉ် စိတ်ခံစားချက်မျိုး ဖြစ်သည်။ ကံနိမိတ်ကို ယူသူသည် ထိုခံစားချက်မျိုး သေခါနီး၌ ပြန်ခံစားရပါ သည်။ ကမ္မနိမိတ်ဆိုသည်မှာ ကုသိုလ် အကုသိုလ် ပြုခဲ့စဉ်က အခြံရံပစ္စည်း၊ ပုဂ္ဂိုလ်များ ဖြစ်သည်။ အလှူ ပြုခဲ့လျှင် အလှူပစ္စည်း၊ အလှူခံပုဂ္ဂိုလ် စသည်တို့ကို မြင်ပြီး ဝက်သတ်ခဲ့ပါက သတ်ခဲ့သော ဝက်၊ အသုံးပြုခဲ့ သော တုတ်၊ ဓား လက်နက်များကို ပြန်မြင်ပါသည်။ ဂတိ နိမိတ် ဆိုသည်ကား မိမိ ရောက်ရမည့် ဘုံဌာန ဖြစ်သည်။ နတ်ဘုံရောက်မည့်သူက နတ်ဘုံနတ်နန်း များ၊ ငရဲ ရောက်မည့်သူက မီးလျှံများ၊ ခွေးနက်ကြီးများ၊ ပြိတ္တာဖြစ်မည့်သူက တောနက်ကြီး၊ မဲမှောင်နေသော လိုဏ်ခေါင်းများ စသည် မြင်တတ်ပြီး လူ့ဘဝ၌ ပြန် ဖြစ်မည့်သူက နီရဲနေသော မိခင်၏ဗိုက်ဝမ်းရေ၊ မိမိ အမေတော်ရမည့် မိခင် စသည်များကို မြင်တတ်ကြ ပါသည်။


          အထက်ပါ လူဝင်စားဇာတ်လမ်းသည်ကား ဂတိ နိမိတ်ကိုယူနေခြင်းသာ ဖြစ်ကြောင်း မဟာစည်ဆရာ တော်ဘုရားက ဖြေရှင်းထားပါသည်။ အမေကို တွေ့ တယ်၊ ရေခွက်ထဲဝင်လိုက်တယ်၊ ဗိုက်ထဲရောက်သွား တယ်စသည်များသည် မသေခင်ကတည်းက ဂတိ နိမိတ်ယူနေခြင်းဖြစ်သည်။ ဤသည်ကို သည်ဘဝ၌ ပြန်မှတ်မိ၍ ပြောနေနိုင်ခြင်းဖြစ်သည်။ ဇာတိဿရဉာဏ် ရသည်ဟု ပြောရပါမည်။ လူတိုင်းတော့ ဤာဏ် မရကြ ပါ။ အချို့ဆိုလျှင် ရှေ့ပိုင်းဘဝ အဖြစ်အပျက်များကိုပင် ပြန်ပြောနိုင်ပေသည်။


          ဤသည်ကို သဘောမပေါက်လျှင် လိပ်ပြာ၊ ဝိညာဉ်လေး ဝင်လာသလို ထင်တတ်ပါသည်။


          ရှိပါသေးသည်။ အချို့လူဝင်စားများမှာ ဟိုဘက် ဘဝမှ ဒဏ်ရာအမှတ်အသားများ ဤမှာဘက်ဘဝသို့ ပါလာတတ်ကြပါသေးသည်။ ဤသည်ကို ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသက ရှင်းပြထားပါသည်။


          စိတ်အစွဲကြောင့် ဖြစ်ပါသည်။ ဟိုဘက်ဘဝမှ ဓား ခုတ်ဒဏ်ရာများ ပါလာခြင်း၊ ကြိုးတုပ် ရေနှစ်သတ် ခံရ၍ ကြိုးရာများ ပါလာခြင်းသည် သူတို့ စိတ်ထဲ၌  မသေခင် အပြင်းအထန် ကြောက်လန့်၍ စိတ်စွဲပြီး သေခဲ့ကြ၍ ဖြစ်ပါသည်။ အချို့ မြင်ဖူး ကြားဖူးကြပေ မည်။ ရေနစ်သေလာသူသည် ဤဘဝ၌ ရေမြင်လျှင် ကြောက်နေခြင်း၊ မိမိရန်သူကို ဤဘဝ၌ ပြန်မြင်လျှင် အလိုလိုကြောက်နေခြင်းများသည် စိတ်စွဲလမ်းမှုများ ကြောင့် ဖြစ်ပါသည်။ ထိုစွဲလမ်းသည့်စိတ်က စိတ္တဇ ရုပ်ကို ပြန်ထုတ်လိုက်၍ ဤဘဝ၌ အမှတ်အသားများ ဖြစ်လာရခြင်း ဖြစ်ပါသည်။


          စိတ်အစွဲအလမ်းသည် အလွန်ထူးဆန်းပေသည်။ ဖတ်ခဲ့ဖူးပါသည်။ လူတစ်ယောက်ကို အိပ်မွေ့ချ၍ အမိန့်ပေး၏။ မင်းကို သံပူနဲ့ ထိုးတော့မယ်နော် ဟု ပြောပြီး လက်ကို အရာဝတ္ထုတစ်ခုနှင့် ဆတ်ခနဲ တို့ လိုက်၏။ ထိုအခါ အိပ်မွေ့ချခံရသူသည် အားခနဲ ထ အော်လေ၏။ ထူးဆန်းစွာပဲ လက်ကို ထိလိုက်သော နေရာ၌ မီးလောင်အရည်ကြည်ဖု ထလာလေတော့၏။


          ဤသည်မှာ စိတ်အစွဲကြောင့် ဖြစ်လာသော အရည်ကြည်ဖု ဖြစ်သည်။ သူ၏စိတ်ထဲ၌ ]ငါ့ကို မီး လောင်သွားပြီ}ဟု အပြင်းအထန် ယုံကြည်ကြောက် လန့်သွား၏။ ထိုကြောက်စိတ်က အရည်ကြည်ဖုကို ဖြစ်ပေါ်စေခဲ့လေသည်။ စိတ္တဇရုပ်ဖြစ်ပေသည်။ ဗုဒ္ဓ ဝါဒနှင့် ကိုက်ညီပါသည်။


          ဤမျှလောက်ဆိုလျှင် ဗုဒ္ဓဝါဒအရ ဘဝကူးပုံနှင့် ကံ၊ စိတ်တို့၏လုပ်ဆောင်ချက်များကို နားလည်မည် ဟု ထင်မြင်မိပါသည်။ ထိုသို့ နားလည်မှ ဗုဒ္ဓဘာသာ ဖြစ်ရကျိုးနပ်ပြီး အနတ္တတရားကို ခိုင်မြဲစွာ ယုံကြည် ရပါတော့သည်။


အရှင်ပညာသီရိ(ရမ္မာကျွန်း)


{အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်း}


(Zawgyi) 

ဗုဒၶဝါဒ ဘဝကူးပုံ



ေလာက၌ အခက္ႀကီး ေလးပါး ရွိပါသည္။


(၁)     သစၥာေလးပါးကို နားလည္ေအာင္ရွင္းျပရန္ ခက္ပါသည္။


(၂)     သခၤါရတရားမ်ားကို သတၱဝါဟု ထင္ေနသည့္အတြက္ေၾကာင့္ သခၤါရတရားတို႔၏ သတၱသုညျဖစ္ပုံကို သခၤါရတရားတို႔ကို သတၱဝါႏွင့္စပ္၍ နားလည္ေအာင္ ရွင္းျပဖို႔ ခက္ပါသည္။


(၃)     တစ္ဘဝ စုေတ၍ ေနာင္ဘဝသို႔ ေရာက္ရွိျခင္း ဆိုေသာ ဘဝႏွစ္ခု ဆက္စပ္မႈ ပဋိသႏၶေကို နားလည္ေအာင္ ရွင္းျပရန္ ခက္ပါသည္။


(၄)     ပဋိစၥသမုပၸာဒ္ကိုလည္း နားလည္ေအာင္ ရွင္းျပဖို႔ ခက္ပါသည္။ (ဝိသုဒၶိမဂ္)


          ဗုဒၶဘာသာဝင္တို႔သည္ ကမၼသတၱိသေဘာကို    ယုံၾကည္ၾကပါသည္။ထို႔ေၾကာင့္ ကမၼသတၱိေၾကာင့္ ေနာင္ ဘဝသို႔ေရာက္ရွိျခင္း သံသရာလည္ရျခင္းကို လက္ခံ ၾကပါသည္။ သို႔ေသာ္ အျမင္မရွင္းၾကပါ။


          သာသနာပ ျဗာဟၼဏဝါဒတြင္လည္း ကမၼဝါဒကို ယုံၾကည္မႈမ်ား ရွိၾကပါသည္။ ေနာင္ဘဝသံသရာကို ယုံၾကည္ၾကပါသည္။ သူတို႔ ယုံၾကည္မႈသည္ကား ]အတၱ}ကို အေျခခံေသာယုံၾကည္မႈျဖစ္သည္။ ကံျပဳသူ မွာ အတၱသာျဖစ္၍ ထိုကံ၏အက်ိဳးကို ခံစားသူမွာ လည္း အတၱသာ ျဖစ္သည္။ သို႔ျဖစ္၍ အတၱေလး သည္ အစြမ္းအစရွိေသာ နိစၥတရား ျဖစ္ေလသည္။ ပုဂၢိုလ္၊ သတၱဝါဆိုေသာ ဤကိုယ္ေကာင္သည္ ေသ တတ္သည္။ မၿမဲ။ ထိုပုဂၢိုလ္သတၱဝါအတြင္း အျမဳေတ အျဖစ္ကိန္းေနေသာ အတၱသည္ကား မေသ။ ၿမဲ၏။ ထို႔ေၾကာင့္ ဘဝသံသရာကို ကမၼသတၱိအေလ်ာက္ အတၱေလးက တစ္ဘဝၿပီးတစ္ဘဝ ေျပာင္း၍ က်င္လည္ေနေလ၏။


          ထို အတၱေလးသည္ ႏွစ္မ်ိဳးရွိ၏။ ပရမအတၱ ႏွင့္ဇီဝအတၱဟူ၍ ျဖစ္၏။ ထို ပရမအတၱကို မဟာ ျဗဟၼာ၊ ပဇာပတိ၊ ဣသရ၊ ပရမအတၱ၊ မဟာတ္မ၊ မဟာအတၱစသည္ျဖင့္ ေခၚၾက၏။


          ထိုမဟာျဗဟၼာႀကီးသည္ သတၱဝါမ်ားကို ဖန္ဆင္း ၿပီး သတၱဝါမ်ား၏ခႏၶာအတြင္း၌ အတၱကေလးအသီး သီး ထည့္ေပးလိုက္၏၊ (ခ်မ္းေျမ့ဆရာေတာ္၊ ဆင္းရဲ ၿငိမ္းေအးခ်မ္းသာေရးတရား)


          ဤကား အၾကမ္းဖ်င္း နားလည္လြယ္ေအာင္ ေျပာျခင္းသာ ျဖစ္၏။ အခ်ိဳ႕ဟိႏၵဴက်မ္းမ်ားတြင္ အတၱ အယူအဆမွာ ပို၍သိမ္ေမြ႕ပါသည္။


          သတၱဝါတို႔၏ခႏၶာကိုယ္ထဲတြင္ အတၱကေလး ရွိေနမွ သြားလာလႈပ္ရွား အသက္ရွင္နိုင္ပါသည္။ သို႔ျဖစ္၍ သတၱဝါမ်ား သြားလာလႈပ္ရွားနိုင္ေအာင္ အသက္ရွင္ နိုင္ေအာင္ မဟာျဗဟၼာက ထည့္ေပးလိုက္ေသာ အတၱကို ဇီဝအတၱဟု ေခၚေလသည္။ ထို႔ေၾကာင့္ ဇီဝအတၱသည္ မဟာျဗဟၼာ၏အစိတ္အပိုင္းေလး ျဖစ္သည္။


          ဇီဝအတၱကို အသက္၊ လိပ္ျပာ၊ ဝိညာဥ္ဟု ေခၚၾက၏။ ထိုဇီဝအတၱ လိပ္ျပာ ဝိညာဥ္ေလး ခႏၶာ ကိုယ္မွ ထြက္သြားျခင္းကို သတၱဝါေသသည္ဟု ေခၚ ၏။ သတၱဝါ ေသေသာ္လည္း ထိုဝိညာဥ္ေလးက ေနာက္ခႏၶာတစ္ခုထဲသို႔ ဝင္ေရာက္သြား၏။ ဤသည္ ကို ပဋိသႏၶေေနသည္ဟု ေခၚ၏။


          ဝင္ကစြပ္ေကာင္မ်ားကဲ့သို႔ ခႏၶာအိမ္တစ္ခုကို ထား ခဲ့ၿပီး အျခားခႏၶာအိမ္တစ္ခုထဲသို႔ ေျပာင္းေ႐ႊ႕ေနထိုင္ ၏။ အတၱလိပ္ျပာဝိညာဥ္ကေလးသည္ ခႏၶာေဟာင္း ကိုစြန့္၍ ခႏၶာအိမ္အသစ္ကို မေတြ႕ေသးလွ်င္ ဝိညာဥ္ ေလးသည္ ၾကားကာလတစ္ခု၌ က်င္လည္ေနေသး၏။ တိဗက္တို႔က ၾကားကာလ (၄၉)ရက္ခန့္ က်င္လည္ ေနေသးသည္ဟု ယူဆ၏။


          ဤကား သာသနာပ အတၱအယူအဆ ဘဝကူး ပုံျဖစ္သည္။


          ဗုဒၶဝါဒတြင္ အတၱအယူအဆ မရွိပါ။ ဗုဒၶက အတၱမရွိ၊ အနတၱဟုသာ ေဟာပါသည္။ သို႔ေသာ္ ဗုဒၶဘာသာဝင္အခ်ိဳ႕က ပါးစပ္က အနတၱေျပာေသာ္ လည္း အတၱအယူအဆ မကင္းၾကေသးပါ။ လူေသ ေသာအခါ လိပ္ျပာျဖတ္ျခင္း၊ ဘဝကူးေကာင္းေအာင္ ကုတို႔ခထည့္ေပးျခင္း၊ ဝိညာဥ္ေလးသည္ အိမ္နားတြင္ ခုနစ္ရက္ခန့္ ေနျခင္း စသည့္အယူအဆမ်ားကို လက္ ခံေနၾကျပန္ေသးသည္။ မဟာယာန ဗုဒၶဘာသာ ဆို လွ်င္ အတၱအယူဝါဒ လႊမ္းမိုးထားၾကေလၿပီ ျဖစ္ သည္။


          ေထရဝါဒဗုဒၥဘာသာတြင္ အတၱအယူအဆလုံးဝ မရွိ။ သတၱဝါ ဆိုသည္မွာ ခႏၶာငါးပါးအစုအေဝးသာ ျဖစ္သည္။ ထိုခႏၶာငါးပါးသည္ အေၾကာင္းအေထာက္ အပံ့ေၾကာင့္သာ အခိုက္အတန့္ျဖစ္ေပၚလာၿပီး ပ်က္ သြားရေသာ သခၤတတရားမ်ားသာ ျဖစ္သည္။


          ဤသို႔ အေၾကာင္းအေထာက္အပံ့မ်ားေၾကာင့္သာ  ျဖစ္လာရေသာ ခႏၶာငါးပါးသည္ မည္သို႔ေသာအစြမ္း အစမ်ိဳး ရွိပါေတာ့မည္နည္း။ မည္သို႔ အၿမဲတည္ေန နိုင္ပါေတာ့မည္နည္း။ သူတို႔ကိုယ္တိုင္က အျခားတစ္ခု ကို မွီခိုေနရေပသည္။ အေၾကာင္းတရားမ်ားသည္လည္း အျခားအေၾကာင္းတစ္ခုကို မွီခိုရျပန္သည္။


          ဤသို႔ ပတ္ခ်ာလည္မွီခိုေနရေသာ အေၾကာင္း အက်ိဳးသဘာဝသာ ရွိ၍ မူလအစဆိုေသာ အေၾကာင္း အက်ိဳး မရွိေပ။ ဤကား ပဋိစၥသမုပၸာဒ္ျဖစ္သည္။


          သို႔ဆိုလွ်င္ အတၱမည္သို႔ရွိနိုင္ပါေတာ့မည္နည္း။ ခႏၶာငါးပါးသည္ အေၾကာင္းတရားမ်ားေပၚ မွီတည္ ေနရေသာ အက်ိဳးတရားျဖစ္ပ်က္၊ ဒုကၡသစၥာသာ ျဖစ္ သည္။ ျဖစ္ပ်က္ သႏၱတိ အစဥ္တန္းအေနျဖင့္သာ ရွိ ေနေပသည္။ ထိုျဖစ္ခ်ဳပ္အစဥ္တန္း၏လ်င္ျမန္မႈေၾကာင့္ သာမန္မ်က္စိျဖင့္ မျမင္ရေတာ့ေခ်။ ထို႔ေၾကာင့္ သတၱဝါ ဟာ အၿမဲရွိေနသည္ဟု ထင္ေနၾကကုန္သည္။ ဤကား မွားယြင္းခြၽတ္ေခ်ာ္စြာ ျမင္ေနေသာ ဝိပၸလႅာသ တရား သာ ျဖစ္သည္။


          အကယ္၍ ႐ုပ္တရားသည္ အတၱကဲ့သို႔ အၿမဲရွိ ေသာ နိစၥတရားသာဆိုလွ်င္ ေမြးကင္းစ႐ုပ္သည္ ႀကီး လာစရာအေၾကာင္း မရွိေပ။ ေမြးကင္းစ႐ုပ္မ်ား လုံးဝ ပ်က္စီးေပ်ာက္ကြယ္မွသာ ေနာက္ထပ္ ႐ုပ္သစ္မ်ား အစားထိုးၿပီး လူေကာင္ႀကီးလာရျခင္းျဖစ္သည္။


          အမွန္တကယ္တြင္ မေန႕က ႐ုပ္သည္ ဤေန႕ မရွိေတာ့ပါ။ ေစာေစာက ႐ုပ္သည္ အခုမရွိေတာ့ပါ။ စာတစ္လုံးကို စ,ေရးေနေသာ ပညာသီရိသည္ ဒုတိယ တစ္လုံးတြင္ မရွိေတာ့ပါ။ ဒုတိယတစ္လုံးကို ဆက္ ေရးေနေသာ ပညာသီရိသည္ အသစ္ျဖစ္ေသာ          ပညာသီရိသာ ျဖစ္သည္။


          ပထမပညာသီရိ၏ အေၾကာင္း အေထာက္အပံ့ ေၾကာင့္သာ ဒုတိယပညာသီရိ ျဖစ္လာရေပသည္။ အေၾကာင္းအက်ိဳးသေဘာသာ ျဖစ္သည္။ ဤသည္ကို တစ္ဘဝအတြင္းမွာေတာ့ တစ္ေယာက္တည္းဟု ေခၚေနရျခင္းျဖစ္သည္။


          ဤသေဘာတရားကို နားလည္လွ်င္ ဘဝကူး သည္ဆိုသည္ကို နားလည္နိုင္ေပးသည္။ ဒီတစ္ဘဝ တည္းမွာပင္ လူတစ္ေယာက္ဟာ ပရတ္သေဘာအရ အႀကိမ္ႀကိမ္ ေသလိုက္ ေမြးလိုက္ျဖစ္ေနလွ်င္ ေသၿပီး ေနာင္ဘဝဆိုတာကိုေကာ ဘာမ်ား ကူးေျပာင္းသြား နိုင္ပါမည္နည္း။


          လူတစ္ေယာက္ ေသၿပီဆိုလွ်င္ ဤဘဝမွာတင္ ႐ုပ္နာမ္အားလုံး ခ်ဳပ္၍ ေနာင္ဘဝသို႔ ဘာမွမကူးပါ။ ဤေနရာ၌ သံသယျဖစ္စရာေတြႏွင့္ ရႈပ္ေထြးကုန္ၾက ေတာ့သည္။ ဒီဘဝက ဘာမွမကူးလွ်င္ ဟိုဘဝဆိုတာ ဘယ္လိုျဖစ္လာပါသလဲ။


          အခ်ိဳ႕အရာေတြက ပုဂၢိုလ္၊ သတၱဝါ ဆိုေသာ အေျခခံအစြဲစိတ္ႏွင့္ စဥ္းစားလွ်င္ အေျဖမရဘဲ ပိုရႈပ္တတ္ပါသည္။ ႐ုပ္နာမ္ ပရမတ္ျဖစ္စဥ္ကိုသာ စဥ္းစား ပါက အေျဖရပါ၏။


          သို႔ေသာ္ အမ်ားစုကေတာ့ ပုဂၢိုလ္သတၱဝါဆိုတဲ့ အသိစိတ္ျဖင့္ ေတြးတတ္ၾကသည္။ ေရးခဲ့ဖူးေသာ      ဥပမာေလး ျပန္သုံးပါမည္။


          လိုဏ္ဂူတစ္ခုထဲဝင္၍ ေအာ္လိုက္လွ်င္ ပဲ့တင္သံ ျဖစ္လာပါသည္။ ပဲ့တင္သံသည္ မူလအသံ မဟုတ္ ေတာ့ပါ။ ေနာက္ အသစ္ျဖစ္လာေသာ ဒုတိယအသံ ျဖစ္သည္။ ထို အသစ္ျဖစ္လာေသာ  ပဲ့တင္သံသည္ ပထမေအာ္လိုက္ေသာ အသံကို အေၾကာင္းျပဳ၍ျဖစ္ လာရျခင္း ျဖစ္သည္။ ပထမေအာ္လိုက္ေသာ အသံ သည္ ေအာ္, ေအာ္ၿပီးခ်င္း ေပ်ာက္သြားပါသည္။ ေနာက္ပဲ့တင္သံကသာ ဆက္လက္ျဖစ္ေပၚေနရသည္။ သို႔ဆိုလွ်င္ ပထမအသံႏွင့္ ဒုတိယအသံ လုံးဝမတူ ေတာ့ပါ။


          ထိုသေဘာတရားအတိုင္း ျဖစ္ပါသည္။ ခႏၶာငါးပါး အစုျဖစ္ေသာ လူေသေသာအခါ ဒီဘက္က စုတိ ေသစိတ္ျဖစ္သည္ႏွင့္ အၾကားမရွိဘဲ ျပဳလုပ္ခဲ့ေသာ ကံေၾကာင့္ ဟိုဘက္ဘဝတြင္ ပဋိသႏၶေစိတ္အသစ္ သြားျဖစ္ပါသည္။ ဤမွာဘက္မွ ႐ုပ္ေရာ နာမ္ေရာ တစ္ခုမွ် ကူးမသြားပါ။ ဟိုမွာဘက္ဘဝ၌ ႐ုပ္၊ နာမ္ အသစ္ျဖစ္ျခင္းသာ ျဖစ္သည္။


          စုတိ ဆိုေသာ ေသသည္ႏွင့္တစ္ၿပိဳင္နက္ ေနာင္ ဘဝအသစ္ ျဖစ္ရပါသည္။ ဘဝအသစ္မျဖစ္မီ ၾကား ဘဝတစ္ခု၌ က်င္လည္စရာလည္း မလိုေတာ့ပါ။ အခ်ိဳ႕ ဗုဒၶဘာသာဝင္မ်ား ယူဆသလို အိမ္နား၌ ဝိညာဥ္ဘဝ ႏွင့္ ခုနစ္ရက္ေနစရာလည္း မလိုေတာ့ပါ။ အစြဲအလမ္း ေၾကာင့္ အိမ္အနား၌ ၿပိတၱာျဖစ္ေနလွ်င္လည္း ဤ သည္မွာ ဘဝအသစ္ရေနျခင္းသာ ျဖစ္ပါသည္။ ထို ဘဝအသစ္၌ ႐ုပ္ေရာ နာမ္ပါ အျပည့္အစုံရွိပါသည္။ ဝိညာဥ္ေလးဆိုသည္မွာ အယူလြဲမႈသာ ျဖစ္ပါသည္။


          အခ်ိဳ႕ လူဝင္စား ဆိုသူမ်ားသည္ ဟိုဘက္ဘဝမွ ဒီဘက္ဘဝသို႔ ေရာက္လာပုံကို ေျပာတတ္ၾကပါသည္။ သား အေမ့ဗိုက္ထဲကို ေရခြက္က တစ္ဆင့္ ဝင္လာတာ၊ သား ေနစရာမရွိလို႔ ေလွ်ာက္သြားေနတုန္း အေမ့ကို လမ္းမွာေတြ႕တယ္။ ဒါနဲ႕ အေမ့ေနာက္ကို အသာေလး လိုက္ခဲ့ၿပီး အေမ ေရေသာက္ေတာ့ အသာေလး ခြက္ထဲ ဝင္ေနလိုက္တာ၊ ဒီလိုနဲ႕ အေမ့သား ျဖစ္လာတာ


          ဒီလိုအျဖစ္အပ်က္မ်ိဳး၊ ဇာတ္လမ္းမ်ိဳး မၾကာခဏ ၾကားဖူးၾကေပမည္။ ဤေနရာ၌ မယူဆတတ္၍ လြဲ ပါေတာ့သည္။ အခုေျပာခဲ့ေသာဇာတ္လမ္းကို ၾကည့္ပါ။ အတၱ၊ လိပ္ျပာ၊ ဝိညာဥ္ဝါဒႏွင့္ တူေနပါသည္။  ေျပာသည့္သူကလည္း မလိမ္ပါ။ သူ မွတ္မိတာကို ျပန္ေျပာေနျခင္းသာ ျဖစ္ပါသည္။ သို႔ဆိုလွ်င္ လူေသ ေသာအခါ ေနာင္ဘဝအသစ္ မရမီ ေလွ်ာက္သြားေန ေသာ လိပ္ျပာ၊ ဝိညာဥ္သည္ အမွန္တကယ္ရွိေနပါ သလား။


          မရွိပါ။ လုံးဝ မရွိပါ။ ျမတ္စြာဘုရားသည္ အတၱ၊ လိပ္ျပာ၊ ဝိညာဥ္ မရွိဟု အတိအလင္းေဟာထားၿပီး ျဖစ္၏။ သို႔ဆိုလွ်င္ အထက္ပါဇာတ္လမ္းကို မည္သို႔ ယူဆရေပမည္နည္း။


          သတၱဝါမ်ားတြင္ မေသခင္ ေသခါနီး မရဏာ      သႏၷေဇာ အခ်ိန္၌ ကံ၊ ကမၼနိမိတ္၊ ဂတိနိမိတ္ ျဖစ္ေပၚရ ပါသည္။ကံနိမိတ္ဆိုသည္မွာ မိမိ ကုသိုလ္ အကုသိုလ္ ျပဳခဲ့စဥ္ စိတ္ခံစားခ်က္မ်ိဳး ျဖစ္သည္။ ကံနိမိတ္ကို ယူသူသည္ ထိုခံစားခ်က္မ်ိဳး ေသခါနီး၌ ျပန္ခံစားရပါ သည္။ ကမၼနိမိတ္ဆိုသည္မွာ ကုသိုလ္ အကုသိုလ္ ျပဳခဲ့စဥ္က အၿခံရံပစၥည္း၊ ပုဂၢိုလ္မ်ား ျဖစ္သည္။ အလႉ ျပဳခဲ့လွ်င္ အလႉပစၥည္း၊ အလႉခံပုဂၢိုလ္ စသည္တို႔ကို ျမင္ၿပီး ဝက္သတ္ခဲ့ပါက သတ္ခဲ့ေသာ ဝက္၊ အသုံးျပဳခဲ့ ေသာ တုတ္၊ ဓား လက္နက္မ်ားကို ျပန္ျမင္ပါသည္။ ဂတိ နိမိတ္ ဆိုသည္ကား မိမိ ေရာက္ရမည့္ ဘုံဌာန ျဖစ္သည္။ နတ္ဘုံေရာက္မည့္သူက နတ္ဘုံနတ္နန္း မ်ား၊ ငရဲ ေရာက္မည့္သူက မီးလွ်ံမ်ား၊ ေခြးနက္ႀကီးမ်ား၊ ၿပိတၱာျဖစ္မည့္သူက ေတာနက္ႀကီး၊ မဲေမွာင္ေနေသာ လိုဏ္ေခါင္းမ်ား စသည္ ျမင္တတ္ၿပီး လူ႕ဘဝ၌ ျပန္ ျဖစ္မည့္သူက နီရဲေနေသာ မိခင္၏ဗိုက္ဝမ္းေရ၊ မိမိ အေမေတာ္ရမည့္ မိခင္ စသည္မ်ားကို ျမင္တတ္ၾက ပါသည္။


          အထက္ပါ လူဝင္စားဇာတ္လမ္းသည္ကား ဂတိ နိမိတ္ကိုယူေနျခင္းသာ ျဖစ္ေၾကာင္း မဟာစည္ဆရာ ေတာ္ဘုရားက ေျဖရွင္းထားပါသည္။ အေမကို ေတြ႕ တယ္၊ ေရခြက္ထဲဝင္လိုက္တယ္၊ ဗိုက္ထဲေရာက္သြား တယ္စသည္မ်ားသည္ မေသခင္ကတည္းက ဂတိ နိမိတ္ယူေနျခင္းျဖစ္သည္။ ဤသည္ကို သည္ဘဝ၌ ျပန္မွတ္မိ၍ ေျပာေနနိုင္ျခင္းျဖစ္သည္။ ဇာတိႆရဥာဏ္ ရသည္ဟု ေျပာရပါမည္။ လူတိုင္းေတာ့ ဤာဏ္ မရၾက ပါ။ အခ်ိဳ႕ဆိုလွ်င္ ေရွ႕ပိုင္းဘဝ အျဖစ္အပ်က္မ်ားကိုပင္ ျပန္ေျပာနိုင္ေပသည္။


          ဤသည္ကို သေဘာမေပါက္လွ်င္ လိပ္ျပာ၊ ဝိညာဥ္ေလး ဝင္လာသလို ထင္တတ္ပါသည္။


          ရွိပါေသးသည္။ အခ်ိဳ႕လူဝင္စားမ်ားမွာ ဟိုဘက္ ဘဝမွ ဒဏ္ရာအမွတ္အသားမ်ား ဤမွာဘက္ဘဝသို႔ ပါလာတတ္ၾကပါေသးသည္။ ဤသည္ကို ဆရာေတာ္ ေဒါက္တာနႏၵမာလာဘိဝံသက ရွင္းျပထားပါသည္။


          စိတ္အစြဲေၾကာင့္ ျဖစ္ပါသည္။ ဟိုဘက္ဘဝမွ ဓား ခုတ္ဒဏ္ရာမ်ား ပါလာျခင္း၊ ႀကိဳးတုပ္ ေရႏွစ္သတ္ ခံရ၍ ႀကိဳးရာမ်ား ပါလာျခင္းသည္ သူတို႔ စိတ္ထဲ၌  မေသခင္ အျပင္းအထန္ ေၾကာက္လန့္၍ စိတ္စြဲၿပီး ေသခဲ့ၾက၍ ျဖစ္ပါသည္။ အခ်ိဳ႕ ျမင္ဖူး ၾကားဖူးၾကေပ မည္။ ေရနစ္ေသလာသူသည္ ဤဘဝ၌ ေရျမင္လွ်င္ ေၾကာက္ေနျခင္း၊ မိမိရန္သူကို ဤဘဝ၌ ျပန္ျမင္လွ်င္ အလိုလိုေၾကာက္ေနျခင္းမ်ားသည္ စိတ္စြဲလမ္းမႈမ်ား ေၾကာင့္ ျဖစ္ပါသည္။ ထိုစြဲလမ္းသည့္စိတ္က စိတၱဇ ႐ုပ္ကို ျပန္ထုတ္လိုက္၍ ဤဘဝ၌ အမွတ္အသားမ်ား ျဖစ္လာရျခင္း ျဖစ္ပါသည္။


          စိတ္အစြဲအလမ္းသည္ အလြန္ထူးဆန္းေပသည္။ ဖတ္ခဲ့ဖူးပါသည္။ လူတစ္ေယာက္ကို အိပ္ေမြ႕ခ်၍ အမိန့္ေပး၏။ မင္းကို သံပူနဲ႕ ထိုးေတာ့မယ္ေနာ္ ဟု ေျပာၿပီး လက္ကို အရာဝတၳဳတစ္ခုႏွင့္ ဆတ္ခနဲ တို႔ လိုက္၏။ ထိုအခါ အိပ္ေမြ႕ခ်ခံရသူသည္ အားခနဲ ထ ေအာ္ေလ၏။ ထူးဆန္းစြာပဲ လက္ကို ထိလိုက္ေသာ ေနရာ၌ မီးေလာင္အရည္ၾကည္ဖု ထလာေလေတာ့၏။


          ဤသည္မွာ စိတ္အစြဲေၾကာင့္ ျဖစ္လာေသာ အရည္ၾကည္ဖု ျဖစ္သည္။ သူ၏စိတ္ထဲ၌ ]ငါ့ကို မီး ေလာင္သြားၿပီ}ဟု အျပင္းအထန္ ယုံၾကည္ေၾကာက္ လန့္သြား၏။ ထိုေၾကာက္စိတ္က အရည္ၾကည္ဖုကို ျဖစ္ေပၚေစခဲ့ေလသည္။ စိတၱဇ႐ုပ္ျဖစ္ေပသည္။ ဗုဒၶ ဝါဒႏွင့္ ကိုက္ညီပါသည္။


          ဤမွ်ေလာက္ဆိုလွ်င္ ဗုဒၶဝါဒအရ ဘဝကူးပုံႏွင့္ ကံ၊ စိတ္တို႔၏လုပ္ေဆာင္ခ်က္မ်ားကို နားလည္မည္ ဟု ထင္ျမင္မိပါသည္။ ထိုသို႔ နားလည္မွ ဗုဒၶဘာသာ ျဖစ္ရက်ိဳးနပ္ၿပီး အနတၱတရားကို ခိုင္ၿမဲစြာ ယုံၾကည္ ရပါေတာ့သည္။


အရွင္ပညာသီရိ(ရမၼာကြၽန္း)


{အပၸမာဒ ဓမၼရသ မဂၢဇင္း}

Tuesday, April 26, 2022

မျှော်လင့်ချက်မဲ့ သလို ခံစားနေရတယ်ဆိုရင်

မျှော်လင့်ချက်မဲ့ သလို ခံစားနေရတယ်ဆိုရင်




#စာရေးသူ Dr. Htet Htet Zaw Win မှ ရေးသားသည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။

#စိတ်ကျန်းမာရေး
#စိတ်ခံစားမှုပိုင်းဆိုင်ရာပြဿနာများ

မျှော်လင့်ချက်မဲ့ သလို ခံစားနေရတယ်ဆိုရင်

မျှော်လင့်ချက်မဲ့ သလို ခံစားရတယ်ဆိုတာ အဆိုးရွားဆုံး ခံစားမှုပါ။ အသက်သာ ရှင်နေရတယ်၊ ဘာကို မျှော်လင့်ပြီး ရှင်နေရမှန်း မသိ။ လုပ်ချင်တာ ဖြစ်ချင်တာရယ်လို့လည်း သီးသီးသန့်သန့်မရှိ။ အကောင်းမြင်ဖို့၊ ပျော်အောင်နေဖို့ဆိုတာ ဝေးရော။ ရင်ထဲမှာ တင်းကျပ်ကျပ်နဲ့ နေရခက်တဲ့ ခံစားမှုမျိုးပါ။ သက်ပြင်းတွေအခါခါချပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့အချိန်ပါ။

ထွက်ပေါက်ပိတ်နေသလို ခံစားချက်နဲ့ လက်ရှိလုပ်နေတာတွေကိုလည်း ဆက်မလုပ်ချင်၊ နောင်အနာဂတ်ဆိုတာကိုလည်း ထည့်မတွေးချင် (တွေးစရာလည်း မရှိ)ဘဲ တအုံနွေးနွေး ခံစားနေရတာမျိုးပါ။ ဒီလိုဆို မတွေးပါနဲ့လားဆိုတော့လည်း မတွေးဘဲကို ခေါင်းထဲကို အလိုလို ရောက်လာ၊ ရောက်လာလို့ တွေးမိတိုင်းလည်း သက်ပြင်းချရုံအပြင် ဘာမှမတတ်နိုင်တာမျိုးပေါ့။

ဒီလိုနဲ့ သံသရာတွေလည်ပြီး နောက်ဆုံးတော့ မျှော်လင့်ချက်မဲ့တဲ့ ဒီလှောင်အိမ်ထဲမှာပဲ ပြန်ပိတ်မိနေပြန်ရော။

ဒါပေမယ့် ဒီတိုင်းနေလို့တော့ မဖြစ်သေးပြန်ဘူး။ ကြာလာလေလေ ထိခိုက်လေလေက ကိုယ်ကိုယ်တိုင်ပဲ ဖြစ်မှာပါ။ ဒီတော့ ဒီသံသရာထဲက အမြန်လွတ်ကျွတ်အောင်၊ ကိုယ့်ကိုယ်ကို ဘယ်လိုများ ဖေးမနိုင်မလဲ။ ဘာတွေနဲ့ ပြန်ပြီး ထူထောင်နိုင်မလဲ။

#မျှော်လင့်ချက်မဲ့ တဲ့ သံသရာထဲက လွတ်မြောက်ဖို့
မျှော်လင့်ချက်မဲ့တယ်ဆိုတာ လက်ခံလိုက်ပါ။
ဟုတ်တယ်။ လတ်တလောမှာ မျှော်လင့်ချက်မရှိတော့ဘူး။ အနာဂတ်ဆိုတာလည်း မသေချာဘူး။ အနာဂတ်မပြောနဲ့ မနက်ဖြန်တောင် ဘာမှန်း မသိဘူး။ ဘယ်သူမှလည်း လာမကယ်နိုင်ဘူး။ လုပ်လို့ရတာလည်း မရှိဘူး။ ပျော်လည်း မပျော်နိုင်ဘူး စသဖြင့် အရှိကို အရှိအတိုင်း ခဏ လက်ခံလိုက်ပါ။

ခဏလက်ခံခိုင်းတာက မျှော်လင့်ချက်မဲ့တယ်ဆိုတာကို အတည်ပြုချင်လို့ပါ။ ရောဂါအမည်တပ်သလိုပဲပေါ့။ အနာသိရင်တော့ ဆေးရှိပါပြီ။ မျှော်လင့်ချက်မဲ့တယ်ဆိုတာ လက်ခံလိုက်မှ ဒါကို တွန်းလှန်လို့ရမှာပါ။ မဟုတ်ရင် ဝေဝေဝါးဝါး ဖြစ်နေမှာစိုးလို့ပါ။

#ဒီမျှော်လင့်ချက်မဲ့တာ ဘယ်က ဖြစ်လာတာလဲဆိုတာကို ရှာပါ။
တစ်ခါတလေ မျှော်လင့်ချက်မဲ့သလို ခံစားရတာက ဒီတိုင်း ခံစားရတာသက်သက် မဟုတ်ဘဲ ကိုယ်မသိတဲ့ စိတ်ရောဂါတစ်ခုခုရဲ့ လက္ခဏာ (ဥပမာ စိတ်ကျရောဂါ)လည်း ဖြစ်နေနိုင်ပါတယ်။ ဒါမှမဟုတ် လတ်တလော ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်ဆိုး တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကို သိမှ ဘယ်လိုနည်းနဲ့ ဖြေရှင်းလို့ရမလဲဆိုတာ သိနိုင်မှာပါ။

#မျှော်လင့်ချက်မဲ့ သလို ခံစားနေရတယ်ဆိုရင်

မတူတဲ့ဘက်က ပြောင်းမြင်ကြည့်ပါ။
လက်ရှိ မျှော်လင့်ချက်မဲ့အဖြစ်အပျက်ကို ဖယ်ပြီး ကျန်တဲ့ ကောင်းတဲ့အချက်တွေကို ပြောင်းပြီး မြင်ကြည့်ပါ။ ဥပမာ အလုပ်လုပ်လို့ ရသေးတယ်။ ပိုက်ဆံရှာနိုင်သေးတယ်။ ကျန်းမာနေသေးတယ် စသဖြင့်ပေါ့။ မျှော်လင့်ချက်မဲ့တာ လုံးဝမပျောက်သွားသည့်တိုင် ငါ့မှာ ဒါလေးတွေ ကျန်ပါသေးလားဆိုပြီး နည်းနည်းတော့ အားတက်လာမှာပါ။

အတင်းကြီး ပျော်အောင်နေဖို့ မလိုပါဘူး။ ပျော်ချင်ယောင် မဆောင်လည်း ရပါတယ်။ မျှော်လင့်ချက်မဲ့တဲ့ အချိန်မှာ မပျော်နိုင်တာ သဘာဝပါပဲ။ ကိုယ့်ကို ပျော်အောင် လုပ်ဖို့ ငွေတွေ အများကြီး သုံးဖြုန်းနေစရာ မလိုပါဘူး။ အတွင်းစိတ်ပျော်မှ တကယ်ပျော်တဲ့သူ ဖြစ်လာမှာပါ။

#လက်ရှိမှာပဲ နေပါ။
အနာဂတ်က မသေချာဘူး။ မနက်ဖြန် ဘာဖြစ်မှန်း မသိဘူးဆိုပေမယ့် တကယ်တမ်း ပိုကောင်းလာမှာလား၊ ပိုဆိုးလာမှာလားဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ ပိုဆိုးမယ်ဆိုတာ ကိုယ့်ရဲ့ အတွေးသက်သက်ပါပဲ။ မရောက်သေးတဲ့ အနာဂတ်မှာ စိတ်မောနေမယ့်အစား ခုချိန်မှာ ကိုယ်လုပ်နိုင်တာကို လုပ်ပါ။ ကိုယ့်နားမှာ ရှိတဲ့ ကံကောင်းခြင်းတွေကို အသိအမှတ်ပြုပါ။

အနည်းဆုံးတော့ တစ်နေ့စာလေးကို ကောင်းကောင်းလေး ဖြတ်သန်းသွားရင် အနာဂတ်က ထင်သလောက် ဆိုးမှာ မဟုတ်ပါဘူး။ မျှော်လင့်ချက်မဲ့စရာတွေကို သိပ်မတွေးမိလို့ နေရတာ သက်သာလာမှာပါ။

#ကိုယ်ပြောင်းလဲနိုင်တာကိုပဲ လုပ်ပါ။
တချို့ကိစ္စတွေက ကိုယ်ဘာမှမတတ်နိုင်ဘူး။ မပြောင်းလဲနိုင်ဘူးဆိုတာ မှန်ပေမယ့် အရာရာတိုင်းတော့ မဟုတ်ပါဘူး။ တချို့ကတော့ ကိုယ်ပြောင်းလဲလို့ ရပါတယ်။ မျှော်လင့်ချက်မဲ့နေတဲ့အချိန်မှာ ဘာကိုမှ စိတ်ဝင်တစား မလုပ်နိုင်တာ သဘာဝပါ။ ဒါကြောင့် အများကြီး မပြောင်းပါနဲ့။ တစ်ခုလောက်ပဲ စလုပ်ကြည့်ပါ။

ဥပမာ ဒီရက်တွေမှာ တစ်နေ့ကို ၁၅မိနစ်လောက် စာအုပ်ဖတ်မယ်။ နောက်တစ်ပတ်လောက် နေရင် တစ်နေ့ကို ၁၀မိနစ်လောက် စာရေးမယ် စသဖြင့်ပေါ့။ ကိုယ်ပြောင်းလဲနိုင်တာတွေ၊ ကိုယ့်အတွက် ရေရှည်မှာ ကောင်းမှာလေးတွေကို ကြိုးစားပြီး လုပ်ကြည့်ပါ။

#မျှော်လင့်ချက်မဲ့ သလို ခံစားနေရတယ်ဆိုရင်

ကောင်းမယ်ထင်တာတွေကို လုပ်ကြည့်ပါ။
တရားထိုင်တာ ကောင်းတယ်၊ လေ့ကျင့်ခန်းလုပ်တာ ကောင်းတယ် ဒါတွေ ကျွန်တော်တို့ သိပြီးသားပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်နှခါများ လိုက်လုပ်ဖူးလဲ။ ကောင်းမှန်းသိပေမယ့် ပေလယျကန်ပဲ နေလိုက်ကြတယ်လေ။ ခုလို မျှော်လင့်ချက်မဲ့နေတဲ့အချိန်မျိုးဆို လုပ်ချင်ချင် မလုပ်ချင်ချင် ဒီလိုကောင်းတယ်ဆိုတဲ့အကျင့်လေးတွေ စမ်းလုပ်ကြည့်ပါ။

စိတ်ပါပါ မပါပါ လုပ်ရင်းက အလေ့အကျင့် တစ်ခုဖြစ်သွားတော့လည်း ကိုယ့်အတွက် အရှုံး မရှိပါဘူး။ အနည်းဆုံးတော့ မျှော်လင့်ချက်မဲ့တဲ့ လှောင်အိမ်ထဲက ခဏ ထွက်ဖြစ်တာပေါ့။

#တစ်နေ့စာ goalတွေ သတ်မှတ်ထားပါ။
နှစ်ကုန်ရင် ငါတော့ ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ်တွေ ခဏထားလိုက်ပါ။ မျှော်လင့်ချက်မဲ့နေပါတယ်ဆိုမှ ဒီလောက်ရေရှည်ထိ တွေးထားဖို့ သတ္တိမရှိပါဘူး။ ဒါပေမယ့် တစ်နေ့စာတော့ သတ်မှတ်ထားလို့ ရပါတယ်။ ဒီနေ့တော့ ငါတွေ လုပ်မယ်ဆိုပြီး စာရင်းတို့ထားပါ။ လုပ်နိုင်တဲ့ ပမာဏလောက်ပဲ ဖြစ်ပါစေ။

ဒါလေးကိုပဲ အာရုံစူးစိုက်ပြီး လုပ်ပါ။ စာရင်းတွေ အကုန်ပြီးသွားတဲ့အခါ လွတ်လပ်ပေါ့ပါးပြီး တာဝန်ကျေသွားသလို ခံစားရပါလိမ့်မယ်။

#လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
ကိုယ့်ကိုယ်ကို ဖြေဆည်မရအောင် ဖြစ်နေပြီ။ နေ့စဉ်အလုပ်တွေ မလုပ်နိုင်လောက်အောင် ခြောက်ခြားနေပြီဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။ ဆေးဝါးအကူအညီ၊ နှစ်သိမ့်ဆွေးနွေးတဲ့ အကူအညီ ရယူပါ။ ဒါရှက်စရာ မဟုတ်ပါဘူး။ ဒီလို လူနာတွေ အများကြီးရှိလို့ ဒီရောဂါကို အထူးပြုပြီး ကုရတဲ့ဆရာဝန်ဆိုတာ ရှိနေတာပါ။ သင့်လိုမျိုး ခံစားနေရတဲ့သူတွေ အများကြီး ရှိပါတယ်။ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။

ကိုယ်မတတ်နိုင်တဲ့ အခြေအနေ၊ ကိုယ်လိုက်လုပ်လို့ မမီတဲ့ အခြေအနေတစ်ခုရောက်ရင် မျှော်လင့်ချက်မဲ့သလို ခံစားရတယ်ဆိုတာ ပုံမှန်ပါပဲ။ မျှော်လင့်ချက်မဲ့တယ်ဆိုတာကို လက်ခံလိုက်ပါ။ ပြီးရင် ရုန်းထပါ။ ဖြည်းဖြည်းချင်း ကိုယ်တတ်နိုင်တာကို စပြောင်းလဲပါ။ တဖြည်းဖြည်းနဲ့တော့ မျှော်လင့်ချက်ရောင်ခြည်ကို တွေ့လာမှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


(Zawgyi) 


ေမွ်ာ္လင့္ခ်က္မဲ့ သလို ခံစားေနရတယ္ဆိုရင္




#စာေရးသူ Dr. Htet Htet Zaw Win မြ ေရးသားသည္။ 

Dr. Phyo Wai Lynn မြ အခ်က္အလက္ စစ္ေဆးထားပါသည္။


#စိတ္က်န္းမာေရး

#စိတ္ခံစားမႈပိုင္းဆိုင္ရာျပႆနာမ်ား


ေမွ်ာ္လင့္ခ်က္မဲ့ သလို ခံစားေနရတယ္ဆိုရင္


ေမွ်ာ္လင့္ခ်က္မဲ့ သလို ခံစားရတယ္ဆိုတာ အဆိုး႐ြားဆုံး ခံစားမႈပါ။ အသက္သာ ရွင္ေနရတယ္၊ ဘာကို ေမွ်ာ္လင့္ၿပီး ရွင္ေနရမွန္း မသိ။ လုပ္ခ်င္တာ ျဖစ္ခ်င္တာရယ္လို႔လည္း သီးသီးသန္႔သန္႔မရွိ။ အေကာင္းျမင္ဖို႔၊ ေပ်ာ္ေအာင္ေနဖို႔ဆိုတာ ေဝးေရာ။ ရင္ထဲမွာ တင္းက်ပ္က်ပ္နဲ႔ ေနရခက္တဲ့ ခံစားမႈမ်ိဳးပါ။ သက္ျပင္းေတြအခါခါခ်ၿပီး ဘာလုပ္လို႔ ဘာကိုင္ရမွန္း မသိတဲ့အခ်ိန္ပါ။


ထြက္ေပါက္ပိတ္ေနသလို ခံစားခ်က္နဲ႔ လက္ရွိလုပ္ေနတာေတြကိုလည္း ဆက္မလုပ္ခ်င္၊ ေနာင္အနာဂတ္ဆိုတာကိုလည္း ထည့္မေတြးခ်င္ (ေတြးစရာလည္း မ႐ြိ)ဘဲ တအုံေႏြးေႏြး ခံစားေနရတာမ်ိဳးပါ။ ဒီလိုဆို မေတြးပါနဲ႔လားဆိုေတာ့လည္း ေမၾတးဘဲကို ေခါင္းထဲကို အလိုလို ေရာက္လာ၊ ေရာက္လာလို႔ ေတြးမိတိုင္းလည္း သက္ျပင္းခ်႐ုံအျပင္ ဘာမွမတတ္ႏိုင္တာမ်ိဳးေပါ့။


ဒီလိုနဲ႔ သံသရာေတြလည္ၿပီး ေနာက္ဆုံးေတာ့ ေမွ်ာ္လင့္ခ်က္မဲ့တဲ့ ဒီေလွာင္အိမ္ထဲမွာပဲ ျပန္ပိတ္မိေနျပန္ေရာ။


ဒါေပမယ့္ ဒီတိုင္းေနလို႔ေတာ့ မျဖစ္ေသးျပန္ဘူး။ ၾကာလာေလေလ ထိခိုက္ေလေလက ကိုယ္ကိုယ္တိုင္ပဲ ျဖစ္မွာပါ။ ဒီေတာ့ ဒီသံသရာထဲက အျမန္လြတ္ကြၽတ္ေအာင္၊ ကိုယ့္ကိုယ္ကို ဘယႅိုမ္ား ေဖးမႏိုင္မလဲ။ ဘာေတြနဲ႔ ျပန္ၿပီး ထူေထာင္ႏိုင္မလဲ။


#ေမွ်ာ္လင့္ခ်က္မဲ့ တဲ့ သံသရာထဲက လြတ္ေျမာက္ဖို႔

ေမွ်ာ္လင့္ခ်က္မဲ့တယ္ဆိုတာ လက္ခံလိုက္ပါ။

ဟုတ္တယ္။ လေတၱလာမြာ ေမွ်ာ္လင့္ခ်က္မရွိေတာ့ဘူး။ အနာဂတ္ဆိုတာလည္း ေမသခ္ာဘူး။ အနာဂတ္မေျပာနဲ႔ မနက္ျဖန္ေတာင္ ဘာမွန္း မသိဘူး။ ဘယ္သူမွလည္း လာမကယ္ႏိုင္ဘူး။ လုပ္လို႔ရတာလည္း မ႐ြိဘူး။ ေပ်ာ္လည္း မေပ်ာ္ႏိုင္ဘူး စသျဖင့္ အ႐ြိကို အရွိအတိုင္း ခဏ လက္ခံလိုက္ပါ။


ခဏလက္ခံခိုင္းတာက ေမွ်ာ္လင့္ခ်က္မဲ့တယ္ဆိုတာကို အတည္ျပဳခ်င္လို႔ပါ။ ေရာဂါအမည္တပ္သလိုပဲေပါ့။ အနာသိရင္ေတာ့ ေဆးရွိပါၿပီ။ ေမွ်ာ္လင့္ခ်က္မဲ့တယ္ဆိုတာ လက္ခံလိုက္မွ ဒါကို တြန္းလွန္လို႔ရမွာပါ။ မဟုတ္ရင္ ေဝေဝဝါးဝါး ျဖစ္ေနမွာစိုးလို႔ပါ။


#ဒီေမွ်ာ္လင့္ခ်က္မဲ့တာ ဘယၠ ျဖစ္လာတာလဲဆိုတာကို ႐ြာပါ။

တစ္ခါတေလ ေမွ်ာ္လင့္ခ်က္မဲ့သလို ခံစားရတာက ဒီတိုင္း ခံစားရတာသက္သက္ မဟုတ္ဘဲ ကိုယၼသိတဲ့ စိတ္ေရာဂါတစ္ခုခုရဲ႕ လကၡဏာ (ဥပမာ စိတ္က်ေရာဂါ)လည္း ျဖစ္ေနႏိုင္ပါတယ္။ ဒါမွမဟုတ္ လေတၱလာ ျဖစ္ပ်က္သြားတဲ့ အျဖစ္အပ်က္ဆိုး တစ္ခုခုေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ဒါကို သိမြ ဘယ္လိုနည္းနဲ႔ ေျဖရွင္းလို႔ရမလဲဆိုတာ သိႏိုင္မွာပါ။



#ေမွ်ာ္လင့္ခ်က္မဲ့ သလို ခံစားေနရတယ္ဆိုရင္


မတူတဲ့ဘကၠ ေျပာင္းျမင္ၾကည့္ပါ။

လက္ရွိ ေမွ်ာ္လင့္ခ်က္မဲ့အျဖစ္အပ်က္ကို ဖယ္ၿပီး က်န္တဲ့ ေကာင္းတဲ့အခ်က္ေတြကို ေျပာင္းၿပီး ျမင္ၾကည့္ပါ။ ဥပမာ အလုပ္လုပ္လို႔ ရေသးတယ္။ ပိုက္ဆံရွာႏိုင္ေသးတယ္။ က်န္းမာေနေသးတယ္ စသျဖင့္ေပါ့။ ေမွ်ာ္လင့္ခ်က္မဲ့တာ လုံးဝမေပ်ာက္သြားသည့္တိုင္ ငါ့မြာ ဒါေလးေတြ က်န္ပါေသးလားဆိုၿပီး နည္းနည္းေတာ့ အားတကႅာမြာပါ။


အတင္းႀကီး ေပ်ာ္ေအာင္ေနဖို႔ မလိုပါဘူး။ ေပ်ာ္ခ်င္ေယာင္ မေဆာင္လည္း ရပါတယ္။ ေမွ်ာ္လင့္ခ်က္မဲ့တဲ့ အခ်ိန္မွာ မေပ်ာ္ႏိုင္တာ သဘာဝပါပဲ။ ကိုယ့္ကို ေပ်ာ္ေအာင္ လုပ္ဖို႔ ေငြေတြ အမ်ားႀကီး သုံးျဖဳန္းေနစရာ မလိုပါဘူး။ အတြင္းစိတ္ေပ်ာ္မွ တကယ္ေပ်ာ္တဲ့သူ ျဖစ္လာမွာပါ။


#လက္ရွိမွာပဲ ေနပါ။

အနာဂတၠ ေမသခ္ာဘူး။ မနက္ျဖန္ ဘာျဖစ္မွန္း မသိဘူးဆိုေပမယ့္ တကယ္တမ္း ပိုေကာင္းလာမွာလား၊ ပိုဆိုးလာမြာလားဆိုတာ ဘယ္သဴမြ မေျပာႏိုင္ပါဘူး။ ပိုဆိုးမယ္ဆိုတာ ကိုယ့္ရဲ႕ အေတြးသက္သက္ပါပဲ။ မေရာက္ေသးတဲ့ အနာဂတ္မွာ စိတ္ေမာေနမယ့္အစား ခုခ်ိန္မွာ ကိုယ္လုပ္ႏိုင္တာကို လုပ္ပါ။ ကိုယ့္နားမွာ ႐ြိတဲ့ ကံေကာင္းျခင္းေတြကို အသိအမွတ္ျပဳပါ။


အနည္းဆုံးေတာ့ တစ္ေန႔စာေလးကို ေကာင္းေကာင္းေလး ျဖတ္သန္းသြားရင္ အနာဂတၠ ထင္သေလာက္ ဆိုးမြာ မဟုတ္ပါဘူး။ ေမွ်ာ္လင့္ခ်က္မဲ့စရာေတြကို သိပ္မေတြးမိလို႔ ေနရတာ သက္သာလာမြာပါ။


#ကိုယ္ေျပာင္းလဲႏိုင္တာကိုပဲ လုပ္ပါ။

တခ်ိဳ႕ကိစၥေတြက ကိုယ္ဘာမွမတတ္ႏိုင္ဘူး။ မေျပာင္းလဲႏိုင္ဘူးဆိုတာ မွန္ေပမယ့္ အရာရာတိုင္းေတာ့ မဟုတ္ပါဘူး။ တခ်ိဳ႕ကေတာ့ ကိုယ္ေျပာင္းလဲလို႔ ရပါတယ္။ ေမွ်ာ္လင့္ခ်က္မဲ့ေနတဲ့အခ်ိန္မွာ ဘာကိုမြ စိတ္ဝင္တစား မလုပ္ႏိုင္တာ သဘာဝပါ။ ဒါေၾကာင့္ အမ်ားႀကီး မေျပာင္းပါနဲ႔။ တစ္ခုေလာက္ပဲ စလုပ္ၾကည့္ပါ။


ဥပမာ ဒီရက္ေတြမွာ တစ္ေန႔ကို ၁၅မိနစ္ေလာက္ စာအုပ္ဖတ္မယ္။ ေနာက္တစ္ပတ္ေလာက္ ေနရင္ တစ္ေန႔ကို ၁၀မိနစ္ေလာက္ စာေရးမယ္ စသျဖင့္ေပါ့။ ကိုယ္ေျပာင္းလဲႏိုင္တာေတြ၊ ကိုယ့္အတြက္ ေရရွည္မွာ ေကာင္းမွာေလးေတြကို ႀကိဳးစားၿပီး လုပ္ၾကည့္ပါ။


#ေမွ်ာ္လင့္ခ်က္မဲ့ သလို ခံစားေနရတယ္ဆိုရင္


ေကာင္းမယ္ထင္တာေတြကို လုပ္ၾကည့္ပါ။

တရားထိုင္တာ ေကာင္းတယ္၊ ေလ့က်င့္ခန္းလုပ္တာ ေကာင္းတယ္ ဒါေတြ ကြၽန္ေတာ္တို႔ သိၿပီးသားပဲ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဘယ္ႏွခါမ်ား လိုကႅဳပၹဴးလဲ။ ေကာင္းမွန္းသိေပမယ့္ ေပလယ်ကန္ပဲ ေနလိုက္ၾကတယ္ေလ။ ခုလို ေမွ်ာ္လင့္ခ်က္မဲ့ေနတဲ့အခ်ိန္မ်ိဳးဆို လုပ္ခ်င္ခ်င္ မလုပ္ခ်င္ခ်င္ ဒီလိုေကာင္းတယ္ဆိုတဲ့အက်င့္ေလးေတြ စမ္းလုပ္ၾကည့္ပါ။


စိတ္ပါပါ မပါပါ လုပ္ရင္းက အေလ့အက်င့္ တစ္ခုျဖစ္သြားေတာ့လည္း ကိုယ့္အတြက္ အရႈံး မ႐ြိပါဘူး။ အနည္းဆုံးေတာ့ ေမွ်ာ္လင့္ခ်က္မဲ့တဲ့ ေလွာင္အိမ္ထဲက ခဏ ထြက္ျဖစ္တာေပါ့။


#တစ္ေန႔စာ goalေတြ သတ္မွတ္ထားပါ။

ႏွစ္ကုန္ရင္ ငါေတာ့ ဘာျဖစ္ရမယ္၊ ညာျဖစ္ရမယ္ေတြ ခဏထားလိုက္ပါ။ ေမွ်ာ္လင့္ခ်က္မဲ့ေနပါတယ္ဆိုမွ ဒီေလာက္ေရရွည္ထိ ေတြးထားဖို႔ သတၱိမရွိပါဘူး။ ဒါေပမယ့္ တစ္ေန႔စာေတာ့ သတ္မွတ္ထားလို႔ ရပါတယ္။ ဒီေန႔ေတာ့ ငါေတြ လုပ္မယ္ဆိုၿပီး စာရင္းတို႔ထားပါ။ လုပ္ႏိုင္တဲ့ ပမာဏေလာက္ပဲ ျဖစ္ပါေစ။


ဒါေလးကိုပဲ အာ႐ုံစူးစိုက္ၿပီး လုပ္ပါ။ စာရင္းေတြ အကုန္ၿပီးသြားတဲ့အခါ လြတ္လပ္ေပါ့ပါးၿပီး တာဝန္ေက်သြားသလို ခံစားရပါလိမ့္မယ္။


#လိုအပ္ရင္ ဆရာဝန္နဲ႔ တိုင္ပင္ပါ။

ကိုယ့္ကိုယ္ကို ေျဖဆည္မရေအာင္ ျဖစ္ေနၿပီ။ ေန႔စဥ္အလုပ္ေတြ မလုပ္ႏိုင္ေလာက္ေအာင္ ေျခာက္ျခားေနၿပီဆိုရင္ ဆရာဝန္နဲ႔ ေဆြးေႏြးပါ။ ေဆးဝါးအကူအညီ၊ ႏွစ္သိမ့္ေဆြးေႏြးတဲ့ အကူအညီ ရယူပါ။ ဒါ႐ြကၥရာ မဟုတ္ပါဘူး။ ဒီလို လူနာေတြ အမ်ားႀကီးရွိလို႔ ဒီေရာဂါကို အထူးျပဳၿပီး ကုရတဲ့ဆရာဝႏ္ဆိုတာ ရွိေနတာပါ။ သင့္လိုမ်ိဳး ခံစားေနရတဲ့သူေတြ အမ်ားႀကီး ရွိပါတယ္။ သင္တစ္ေယာက္တည္း မဟုတ္ပါဘူး။


ကိုယ္မတတ္ႏိုင္တဲ့ အေျခအေန၊ ကိုယ္လိုက္လုပ္လို႔ မမီတဲ့ အေျခအေနတစ္ခုေရာက္ရင္ ေမွ်ာ္လင့္ခ်က္မဲ့သလို ခံစားရတယ္ဆိုတာ ပုံမွန္ပါပဲ။ ေမွ်ာ္လင့္ခ်က္မဲ့တယ္ဆိုတာကို လက္ခံလိုက္ပါ။ ၿပီးရင္ ႐ုန္းထပါ။ ျဖည္းျဖည္းခ်င္း ကိုယ္တတ္ႏိုင္တာကို စေျပာင္းလဲပါ။ တျဖည္းျဖည္းနဲ႔ေတာ့ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ကို ေတြ႕လာမွာပါ။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။


Monday, April 25, 2022

ရှမ်းအမျိုးသားရိုးရာ ခေါင်းပေါင်း

 ရှမ်းအမျိုးသားရိုးရာ ခေါင်းပေါင်းအကြောင်း သိကောင်းစရာ။ 




▶️ရှမ်းလူမျိုး ၊ရှမ်းရိုးရာဝတ်စုံလို့ပြောလိုက်တာနဲ့ ရိုးရာဝတ်စုံအပါအဝင် ခေါင်းပေါ်ကထုပ်ပေါင်းထားတဲ့ရှမ်းရိုးရာခေါင်းပေါင်းကိုပါ တွဲမြင်ကြပါတယ်။ 


ဒါဆိုဘာလို့ရှမ်းတွေခေါင်းပေါင်းပေါင်းကြတာလဲ။

👉အလှအပအတွက်လား 

👉အဆင်တန်ဆာ အတွက်လား 

👉ရှမ်းလူမျိုးဖြစ်မှန်း သိစေချင်လို့လား။


▶️ခုသလော နာမည်ကြီးသရုပ်ဆောင်တွေအပါအဝင် တိုင်းရင်းသားယဉ်ကျေးမှု့ကပွဲ  စင်တင်ပွဲတွေမှာ တရှမ်းရှမ်းနဲ့နာမည်တပ်ပြီး ကတ်ထူစက္ကူ ကိုခေါင်းမှာစွပ်ပြနေကြတာ ကြည့်လို့မြင်လို့မသင့်တော် ဂုဏ်ကျက်သရေရှိရမဲ့အစား အရုပ်ဆိုးလွန်းလှပါတယ်။ 


▶️လူမျိုးတစ်မျိုးရဲ့ဝတ်စုံကိုဝတ်ဆင်ရင် အဲဒီလူမျိုးစုကို ကိုယ်စားပြုနေတယ်ဆိုတာ သတိထားဆင်ခြင်စေချင်သလို  ၊ကိုယ့်လူမျိုးတွေထဲကလဲ လှချင်ပချင် ထင်ပေါ်ချင်စောနဲ့နည်းလမ်းကိုမသိ ရိုးရာကို နားမလည်ပဲ သူ့ထက်ငါဖော်ကြ ထွင်ကြတာ ကြာရင် ကိုယ်တိုင်ဘာမှန်းမသိ ၊ဘယ်သူ့ကိုအဖေအမေပြေးခေါ်ရမှန်းမသိ ဖြစ်ကုန်ပါတော့မယ်။ 


▶️ဒါကြောင့်ရိုးရာကိုပြန်လည်ထုတ်ဖော်ပြီး သတိထားဆင်ခြင်တတ်ကြစေဖို့ 

ပထမဆုံးအနေနဲ့ရှမ်းအမျိုးသားတို့ရဲ့ရိုးရာ ခေါင်းပေါင်းပေါင်းခြင်းအကြောင်းကို ဆွေးနွေးလေ့လာကြည့်ရအောင် ။ 


▶️ရည်ရွယ်ချက် 


ရှမ်းအမျိုးသားတွေဟာ ခေါင်းပေါင်းကို အသုံးအဆောင်တစ်ခုထဲအတွက်မဟုတ်ပဲ အကာအကွယ်အနေနဲ့ပါအသုံးပြုကြပါတယ်။ရှေးခေတ်တုန်းက တရပ်တကျေးကို ကုန်ကူးသန်းရောင်းဝယ်ဖို့သွားလာတဲ့အခါ မြစ်ချောင်းတွေ လျှိမြောင်ကမ်းပါးတွေကိုဖြတ်ကျော်ရတဲ့အခါ ခေါင်းပေါင်းကိုဖြုတ်ပြီးကြိုးအစားအသုံးပြုကြပါတယ်။ဒါကြောင့်ခရီးထွက်ရာမှာကြိုးအပိုယူဆောင်သွားစရာမလိုပဲခေါင်းပေါင်းပေါင်းသွားရုံနဲ့အဆင်ပြေပါတယ်။ 


လယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့အခါမှာလဲအပူဒဏ်ကိုကာကွယ်ဖို့အသုံးပြုသလို ဘုရားကျောင်းကန်သွားရင်လဲခေါင်းပေါင်းကိုဖြည်ပြီးတဘက်အဖြစ်ပုခုံးပေါ်တင်ဖို့အသုံးပြုပါတယ်။


 နောက်တစ်ချက်ကရှေးစစ်သားတွေစစ်ထွက်တဲ့အခါ ခေါင်းပေါင်းပေါင်းထားတဲ့အတွက် မိမိတို့ခေါင်းကို ကာကွယ်ပြီးသားဖြစ်သလို စစ်နိုင်ရင်လဲ ရန်သူစစ်သုံ့ပန်းတွေကို အရေးပေါ်ချည်နှောင်ဖို့အထောက်အကူဖြစ်စေပါတယ်။   


▶️ခေါင်းပေါင်းပေါင်းနည်း 


🌟သာမန်ပြည်သူလူထု - မျက်နာသုတ်ပဝါကိုရိုးရိုးအုပ်ပေါင်း ပေါင်းပြီး ဘာအစမှမထွက်စေရပါ။ 


🌟အခမ်းအနားတက်ချိန်- ပေါင်းထားတဲ့အစပေါ်ကနေ နောက်ဆုံးပိုတဲ့အစကို ညာဖက်ခြမ်းမှာပဲထောင်ပြီးအလှဆင်ထားနိုင်သလို ညာဖက်နားအောက်နားမှာပဲ ခပ်တိုတိုချနိုင်ပါတယ် ။ ပုခုံးထက်ကျော်ပြီးခပ်ရှည်ရှည်ချရင် ဟိတ်ဟန်နည်းပြီး ရဲရင့်မှု့ ခန့်ညားမှု့မရှိဘူးလို့ ယုံကြည်ကြပါတယ်။ 


🌟စော်ဘွားမျိုးနွယ် - ၃လံခွဲအရှည်ရွှေကျင်ခပ်ပဝါ ကိုပေါင်းပါတယ်။ 

သက်တော် ၊ ဝါတော်ကြီးမားတဲ့ စဝ်ဖ တွေဟာ 

ခေါင်းပေါင်းကို ဘယ်ဘက် ချပေါင်းတတ်ကြတယ်။

သက်တော်ဝါတော်ငယ်တဲ့ စဝ်ဖ တွေသာ ခေါင်းပေါင်းကို 

ညာဘက်ချပေါင်းတတ်ကြပါတယ်။ ခေါင်းပေါင်း

ဘက်ဘက်အစချတာ က " ခိူဝ်းစဝ်ဖှ " လောက်သာ 

ပေါင်းတတ်ကြပါတယ်။ ခိူဝ်းစဝ်ဖ တွေဟာ သက်တော်ဝါတော် ငယ်တဲ့ စဝ်ဖ နဲ့ သာမန်လူတွေနဲ့ ခေါင်းပေါင်း ပေါင်းပုံချင်းမတူပါ။

ရွှေစလွယ်ရ စဝ်ဖတွေလည်း 

ရွှေစလွယ်ကို ဘယ်ဘက်တင်ရတာမို့ ဘယ်ဘက်ပဲ 

ချပြီး ပေါင်းကြပါတယ်။


🌟စစ်သား-စစ်စထွက်ချိန်၃လံအရှည်အစကို အုပ်ပေါင်းပေါင်းရပါတယ်။(အစချထားရင် တစ်ဖက်ရန်သူကအစလှမ်းဆွဲပြီးအနိုင်ယူနိုင်လို့ပါ) စစ်ရှုံးတာနဲ့ခေါင်းပေါင်းစကိုဘယ်ဖက်ချပြရပါတယ်။ 


🌟ဟော်တွင်းသက်တော်စောင့်-သိုင်းကိုယ်ခံပညာအယူအရ ခေါင်းပေါင်းအစကိုဘယ်ချရပါတယ်။ 


▶️ခေါင်းပေါင်းအရောင်ခွဲခြားပုံ။


👉လူပျိုလူလွတ်   - ပန်းရောင်ဖျော့

👉အိမ်ထောင်ကျသူ၊မင်္ဂလာဆောင်သတို့သား၊ တခုလပ်၊မုဆိုးဖို-အဝါရောင် 

👉အသက်ကြီးသူ၊သီလဆောက်တည်သူ-   အဖြူရောင် 

👉စစ်သည်တော်  -  အနီရောင် 

👉စော်ဘွား  -  ပန်းနုရောင်၊အဝါရောင်၊ဆင်စွယ်ရောင် 


အစိမ်းရောင်၊အပြာရောင်ပေါင်းခြင်းထုံးစံမရှိပါ ။ ဓလေ့ အနေနှင့်ပင် မရှိခဲ့ပါ ။


ထူးခြားမှုဟူ၍ နှောင်းခေတ် လက်ရှိ တိုင်းနေများနှင့် တိုင်းဆာများသာ အပြာရောင်အစကို ပေါင်းကြောင်း တွေ့ရပါသည်။


  

▶️ယနေ့ခေတ်ဖြစ်လေ့ဖြစ်ထရှိတတ်သောအမှား


အဓိပ္ပါယ်သေချာမသိပဲ အရောင်နဲ့ အစချတဲ့ဖက် မှားယွင်းတတ်တာပါ ။ 

လူပျိုဆိုရင် ပန်းနုရောင်ပဲပေါင်းပါတယ်။ အဝါရောင်ပေါင်းရင် အိမ်ထောင်ရှိတယ်လို့ အဓိပ္ပါယ်ရပါတယ် ။ တယောက်ထဲအယူမရှိဘူးဆိုပြီး ပေါင်းချင်တဲ့အရောင်ပေါင်းရင် နေရင်းထိုင်ရင်းအိမ်ထောင်ရှင်ပါလို့လူကြားထဲကြာ်ငြာသလိုဖြစ်သွားတတ်ပါတယ်။ 😄😄


ဘယ်ဖက်မှာအစချမိရင် 

စစ်ရှုံးတယ်လို့အဓိပ္ပါယ်ရပြီး နမိတ်မကောင်းတတ်ဘူးလို့အယူရှိပါတယ်။ 😐😐


ကပ်ထူစက္ကူခေါင်းပေါ်စွပ်ရင်တော့ ရုပ်အဆိုးဆုံးလူ ဖြစ်သွားပါလိမ့်မယ်။ 😂😂 


ဒါကြောင့် အားလုံးတွေးဆ ဆင်ခြင်ပြီး နည်းလမ်းမှန်ကန်သော ခေါင်းပေါင်းပုံစံများ နဲ့ ဂုဏ်ကျက်သရေပြည့်စုံကြပါစေ ။ 


Credit to all original sources 

Thank You


(Zawgyi)

ရွမ္းအမ်ိဳးသား႐ိုးရာ ေခါင္းေပါင္းအေၾကာင္း သိေကာင္းစရာ။ 




ရွမ္းလူမ်ိဳး ၊ရွမ္း႐ိုးရာဝတ္စုံလို႔ေျပာလိုက္တာနဲ႔ ႐ိုးရာဝတ္စုံအပါအဝင္ ေခါင္းေပၚကထုပ္ေပါင္းထားတဲ့ရွမ္း႐ိုးရာေခါင္းေပါင္းကိုပါ တြဲျမင္ၾကပါတယ္။ 


ဒါဆိုဘာလို႔ရွမ္းေတြေခါင္းေပါင္းေပါင္းၾကတာလဲ။

အလြအပအၾတကႅား 

အဆင္တန္ဆာ အၾတကႅား 

ရွမ္းလူမ်ိဳးျဖစ္မွန္း သိေစခ်င္လို႔လား။


ခုေသလာ နာမည္ႀကီးသ႐ုပ္ေဆာင္ေတြအပါအဝင္ တိုင္းရင္းသားယဥ္ေက်းမႈ႕ကပြဲ စင္တင္ပြဲေတြမွာ တရွမ္းရွမ္းနဲ႔နာမည္တပ္ၿပီး ကတ္ထူစကၠဴ ကိုေခါင္းမွာစြပ္ျပေနၾကတာ ၾကည့္လို႔ျမင္လို႔မသင့္ေတာ္ ဂုဏၠ္က္ေသရ႐ြိရမဲ့အစား အ႐ုပ္ဆိုးလြန္းလွပါတယ္။ 


လူမ်ိဳးတစ္မ်ိဳးရဲ႕ဝတ္စုံကိုဝတ္ဆင္ရင္ အဲဒီလူမ်ိဳးစုကို ကိုယ္စားျပဳေနတယ္ဆိုတာ သတိထားဆင္ျခင္ေစခ်င္သလို ၊ကိုယ့္လူမ်ိဳးေတြထဲကလဲ လွခ်င္ပခ်င္ ထင္ေပၚခ်င္ေစာနဲ႔နည္းလမ္းကိုမသိ ႐ိုးရာကို နားမလည္ပဲ သူ႔ထက္ငါေဖာ္ၾက ထြင္ၾကတာ ၾကာရင္ ကိုယ္တိုင္ဘာမွန္းမသိ ၊ဘယ္သူ႔ကိုအေဖအေမေျပးေခၚရမွန္းမသိ ျဖစ္ကုန္ပါေတာ့မယ္။ 


ဒါေၾကာင့္႐ိုးရာကိုျပန္လည္ထုတ္ေဖာ္ၿပီး သတိထားဆင္ျခင္တတ္ၾကေစဖို႔ 

ပထမဆုံးအေနနဲ႔ရွမ္းအမ်ိဳးသားတို႔ရဲ႕႐ိုးရာ ေခါင္းေပါင္းေပါင္းျခင္းအေၾကာင္းကို ေဆြးေႏြးေလ့လာၾကည့္ရေအာင္ ။ 


ရည္႐ြယ္ခ်က္ 


ရွမ္းအမ်ိဳးသားေတြဟာ ေခါင္းေပါင္းကို အသုံးအေဆာင္တစ္ခုထဲအတြက္မဟုတ္ပဲ အကာအကြယ္အေနနဲ႔ပါအသုံးျပဳၾကပါတယ္။ေရွးေခတ္တုန္းက တရေပၱက္းကို ကုန္ကူးသန္းေရာင္းဝယ္ဖို႔သြားလာတဲ့အခါ ျမစ္ေခ်ာင္းေတြ လွ်ိေျမာင္ကမ္းပါးေတြကိုျဖတ္ေက်ာ္ရတဲ့အခါ ေခါင္းေပါင္းကိုျဖဳတ္ၿပီးႀကိဳးအစားအသုံးျပဳၾကပါတယ္။ဒါေၾကာင့္ခရီးထြက္ရာမွာႀကိဳးအပိုယူေဆာင္သြားစရာမလိုပဲေခါင္းေပါင္းေပါင္းသြား႐ုံနဲ႔အဆင္ေျပပါတယ္။ 


လယ္ယာလုပ္ငန္းလုပ္ကိုင္တဲ့အခါမွာလဲအပူဒဏ္ကိုကာကြယ္ဖို႔အသုံးျပဳသလို ဘုရားေက်ာင္းကန္သြားရင္လဲေခါင္းေပါင္းကိုျဖည္ၿပီးတဘက္အျဖစ္ပုခုံးေပၚတင္ဖို႔အသုံးျပဳပါတယ္။


 ေနာက္တစ္ခ်က္ကေရွးစစ္သားေတြစစ္ထြက္တဲ့အခါ ေခါင္းေပါင္းေပါင္းထားတဲ့အတြက္ မိမိတို႔ေခါင္းကို ကာကြယ္ၿပီးသားျဖစ္သလို စစ္ႏိုင္ရင္လဲ ရန္သူစစ္သုံ႔ပန္းေတြကို အေရးေပၚခ်ည္ေႏွာင္ဖို႔အေထာက္အကူျဖစ္ေစပါတယ္။   


ေခါင္းေပါင္းေပါင္းနည္း 


သာမန္ျပည္သူလူထု - မ်က္နာသုတ္ပဝါကို႐ိုး႐ိုးအုပ္ေပါင္း ေပါင္းၿပီး ဘာအစမွမထြက္ေစရပါ။ 


အခမ္းအနားတက္ခ်ိန္- ေပါင္းထားတဲ့အစေပၚကေန ေနာက္ဆုံးပိုတဲ့အစကို ညာဖက္ျခမ္းမွာပဲေထာင္ၿပီးအလွဆင္ထားႏိုင္သလို ညာဖက္နားေအာက္နားမွာပဲ ခပ္တိုတိုခ်ႏိုင္ပါတယ္ ။ ပုခုံးထက္ေက်ာ္ၿပီးခပ္ရွည္ရွည္ခ်ရင္ ဟိတ္ဟန္နည္းၿပီး ရဲရင့္မႈ႕ ခန္႔ညားမႈ႕မရွိဘူးလို႔ ယုံၾကည္ၾကပါတယ္။ 


ေစာ္ဘြားမ်ိဳးႏြယ္ - ၃လံခြဲအရွည္ေ႐ႊက်င္ခပ္ပဝါ ကိုေပါင္းပါတယ္။ 

သက္ေတာ္ ၊ ဝါေတာ္ႀကီးမားတဲ့ စဝၹ ေတြဟာ 

ေခါင္းေပါင္းကို ဘယ္ဘက္ ခ်ေပါင္းတတ္ၾကတယ္။

သက္ေတာ္ဝါေတာ္ငယ္တဲ့ စဝၹ ေတြသာ ေခါင္းေပါင္းကို 

ညာဘက္ခ်ေပါင္းတတ္ၾကပါတယ္။ ေခါင္းေပါင္း

ဘက္ဘက္အစခ်တာ က " ခိူဝ္းစဝ္ဖွ " ေလာက္သာ 

ေပါင္းတတ္ၾကပါတယ္။ ခိူဝ္းစဝ္ဖ ေတြဟာ သက္ေတာ္ဝါေတာ္ ငယ္တဲ့ စဝၹ နဲ႔ သာမန္လူေတြနဲ႔ ေခါင္းေပါင္း ေပါင္းပုံခ်င္းမတူပါ။

ေ႐ႊစလြယ္ရ စဝ္ဖေတြလည္း 

ေ႐ႊစလြယ္ကို ဘယ္ဘက္တင္ရတာမို႔ ဘယ္ဘက္ပဲ 

ခ်ၿပီး ေပါင္းၾကပါတယ္။


စစ္သား-စစ္စထြက္ခ်ိန္၃လံအရွည္အစကို အုပ္ေပါင္းေပါင္းရပါတယ္။(အစခ်ထားရင္ တစ္ဖက္ရန္သူကအစလွမ္းဆြဲၿပီးအႏိုင္ယူႏိုင္လို႔ပါ) စစ္ရႈံးတာနဲ႔ေခါင္းေပါင္းစကိုဘယ္ဖက္ခ်ျပရပါတယ္။ 


ေဟာ္တြင္းသက္ေတာ္ေစာင့္-သိုင္းကိုယ္ခံပညာအယူအရ ေခါင္းေပါင္းအစကိုဘယ္ခ်ရပါတယ္။ 


ေခါင္းေပါင္းအေရာင္ခြဲျခားပုံ။


လူပ်ိဳလူလြတ္ - ပန္းေရာင္ေဖ်ာ့

အိမ္ေထာင္က်သူ၊မဂၤလာေဆာင္သတို႔သား၊ တခုလပ္၊မုဆိုးဖို-အဝါေရာင္ 

အသက္ႀကီးသူ၊သီလေဆာက္တည္သူ- အျဖဴေရာင္ 

စစ္သည္ေတာ္ - အနီေရာင္ 

ေစာ္ဘြား - ပန္းႏုေရာင္၊အဝါေရာင္၊ဆင္စြယ္ေရာင္ 


အစိမ္းေရာင္၊အျပာေရာင္ေပါင္းျခင္းထုံးစံမရွိပါ ။ ေဓလ့ အေနႏွင့္ပင္ မ႐ြိခဲ့ပါ ။


ထူးျခားမႈဟူ၍ ေႏွာင္းေခတ္ လက္ရွိ တိုင္းေနမ်ားႏွင့္ တိုင္းဆာမ်ားသာ အျပာေရာင္အစကို ေပါင္းေၾကာင္း ေတြ႕ရပါသည္။


  

ယေန႔ေခတ္ျဖစ္ေလ့ျဖစ္ထရွိတတ္ေသာအမွား


အဓိပၸါယ္ေသခ်ာမသိပဲ အေရာင္နဲ႔ အစခ်တဲ့ဖက္ မွားယြင္းတတ္တာပါ ။ 

လူပ်ိဳဆိုရင္ ပန္းႏုေရာင္ပဲေပါင္းပါတယ္။ အဝါေရာင္ေပါင္းရင္ အိမ္ေထာင္ရွိတယ္လို႔ အဓိပၸါယ္ရပါတယ္ ။ တေယာက္ထဲအယူမရွိဘူးဆိုၿပီး ေပါင္းခ်င္တဲ့အေရာင္ေပါင္းရင္ ေနရင္းထိုင္ရင္းအိမ္ေထာင္ရွင္ပါလို႔လူၾကားထဲၾကာ္ျငာသလိုျဖစ္သြားတတ္ပါတယ္။ 😄😄


ဘယ္ဖက္မွာအစခ်မိရင္ 

စစ္ရႈံးတယ္လို႔အဓိပၸါယ္ရၿပီး နမိတ္မေကာင္းတတ္ဘူးလို႔အယူရွိပါတယ္။ 😐😐


ကပ္ထူစကၠဴေခါင္းေပၚစြပ္ရင္ေတာ့ ႐ုပ္အဆိုးဆုံးလူ ျဖစ္သြားပါလိမ့္မယ္။ 😂😂 


ဒါေၾကာင့္ အားလုံးေတြးဆ ဆင္ျခင္ၿပီး နည္းလမ္းမွန္ကန္ေသာ ေခါင္းေပါင္းပုံစံမ်ား နဲ႔ ဂုဏ္က်က္သေရျပည့္စုံၾကပါေစ ။ 


Credit to all original sources 

Thank You


Sunday, April 24, 2022

သက်ကြီးရွယ်အိုတွေကို နွေရာသီမှာ ဘယ်လိုစောင့်ရှောက်ပေးမလဲ

 သက်ကြီးရွယ်အိုတွေကို နွေရာသီမှာ ဘယ်လိုစောင့်ရှောက်ပေးမလဲ




စာရေးသူ Aye Thi Mon မှ ရေးသားသည်။ 

Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။


#သက်ကြီးရွယ်အိုတွေကို နွေရာသီမှာ ဘယ်လိုစောင့်ရှောက်ပေးမလဲ


နွေရာသီက လူအများစုအတွက်ပျော်ရွှင်စရာကောင်းသလို အပန်းဖြေလို့လည်းကောင်းတဲ့ ရာသီတစ်ခုပါ။ ဒါပေမယ့် လူကြီးတွေအတွက်တော့ ဒီလိုမဟုတ်ပါဘူး။နွေရာသီရဲ့ အပူရှိန်က အမှုမဲ့အမှတ်မဲ့နေလိုက်မယ်ဆိုရင် အန္တရာယ်များတဲ့ အခြေအနေတွေတောင်ဖြစ်နိုင်ပါတယ်။ နွေရာသီမှာ အပူရှိန်ပြင်းထန်တာကြောင့် ဖျားနာတာတွေတော်တော်လေးဖြစ်နိုင်ပါတယ်။ လူကြီးတွေကနွေရာသီရဲ့ အပူဒဏ်ကို ခံနိုင်ရည်မရှိကြပါဘူး။ အပူရှိန်အရမ်းပြင်းတာက အရွယ်သုံးပါးစလုံးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။


#လူကြီးတွေဘာလို့ အပူဒဏ်ကိုမခံနိုင်ကြတာလဲ


အသက်အရွယ်ရလာတာနဲ့အမျှ ခန်ဓါကိုယျရဲ့ စနစ်တွေက ပုံမှန်အလုပ်မလုပ်နိုင်တော့ပါဘူး။ တဖြည်းဖြည်းချင်းနှေးလာနေပါတယ်။ချွေးဂလင်းတွေနဲ့ကိုယ်တွင်းသွေးလည်ပတ်မှုတွေကနေတဆင့် ခန်ဓါကိုယျအပူခြိနျကို ထိန်းညှိပေးနိုင်စွမ်းကျဆင်းသွားတာက လူကြီးတွေ အပူဒဏ်ကိုမခံနိုင်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခုပါ။ ခန်ဓါကိုယျမှာ ကိုယ်ခံအားနည်းလာတာ၊ နှလုံးရောဂါခံစားနေရတာ၊သောက်သုံးနေရတဲ့ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့် အပူဒဏ်ကိုခံနိုင်စွမ်းနည်းရတာမျိုးလည်းရှိပါတယ်။


#သက်ကြီးရွယ်အိုတွေကို နွေရာသီမှာ ဘယ်လိုစောင့်ရှောက်ပေးမလဲ


သက်ကြီးရွယ်အိုတွေကို နွေရာသီမှာ ဘယ်လိုစောင့်ရှောက်ပေးမလဲ . ပူပြင်းတဲ့နွေရာသီမှာ ကိုယ်ချစ်ရတဲ့ လူကြီးမိဘတွေကို ကျန်းမာစေဖို့အတွက် ဂရုစိုက်ပေးလို့ရတဲ့ နည်းလမ်းတွေကိုပြောပြပေးပါရစေ။


#အိမ်ထဲမှာအေးနေအောင်ထားပါ  

တကယ်လို့ အိမ်မှာ လေအေးပေးစက်ရှိတယ်ဆိုရင်နွေရာသီရက်တွေမှာလေအေးပေးစက်ကို အချိန်ပြည့်ဖွင့်ထားပေးပါ။လေအေးပေးစက်မရှိဘူးဆိုရင်နေ့ခင်းဘက် အိမ်ထဲကိုနေရောင်တိုက်ရိုက်မဝင်နိုင်အောင်ပြတင်းပေါက်မှန်တွေကို ကာထားပေးပြီး အိမ်ထဲမှာအေးနေအောင်ထားပေးပါ။ ညဘက်မှပြတင်းတံခါးကိုဖွင့်ပြီးလေကောင်းလေသန့်ရအောင်လုပ်ပါ။ မျက်နှာကျက်မှာ ပန်ကာတပ်ထားတယ်ဆိုရင် ပန်ကာဖွင့်ပေးလိုက်ပါ။


#သက်တောင့်သက်သာရှိမယ့် အဝတ်အစားတွေ ဝတ်ပေးပါ 

နွေရာသီမှာ အနက်ရောင်အထည်တွေ နဲ့ ထူထဲတဲ့အဝတ်အစားတွေကို မဝတ်ပေးပါနဲ့။ချောင်ချောင်ချိချိပေါ့ပေါ့ပါးပါးဖြစ်မယ့် ချည်ထည်လေးတွေ လီနင်ထည်လေးတွေဝတ်ပေးပါ။ ချွေးစုပ်တဲ့အထည်မျိုးလေးတွေ ကိုနွေရာသီဝတ်ဖို့ပြင်ဆင်ပေးလိုက်ပါ။


#ရေဓါတ်ပြည့်နေအောင်ထားပေးပါ 

ရေ၊သစ်သီးဖျော်ရည်လိုမျိုး အရည်တွေကိုတိုက်ပေးပါ။ ကဖင်းဓါတ်နဲ့ အယ်လ်ကိုဟောပါတာတွေကို တတ်နိုင်သမျှမတိုက်ပါနဲ့။ ကဖင်းဓါတ်နဲ့ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေက ခန်ဓါကိုယျရဓေါတျကို ဆုံးရှုံးစေနိုင်ပါတယ်။ လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဓါတ်ဆားတိုက်ပေးလို့ရပါတယ်။


#နေ့ခင်းနေပြင်းချိန်တွေ အိမ်ထဲမှာပဲနေခိုင်းပါ 

နေ့တစ်နေ့တာမှာ မနက်ခင်း ၁၀ နာရီကနေ ညနေခင်း ၃ နာရီလောက်အထိက အပူချိန်အမြင့်ဆုံးပါ။ ဒီလိုအချိန်တွေမှာ အိမ်ထဲမှာနေတာကအကောင်းဆုံးပါ။ အပြင်ထွက်မယ်ဆိုရင်လည်း ချည်သားအင်္ကျီလက်ရှည်ဝတ်တာ၊ ထီးဆောင်းတာမျိုးလုပ်သွားဖို့လိုပါမယ်။ အရိပ်ရတဲ့နေရာတွေကနေဖြတ်သန်းသွားတာကအဆင်အပြေဆုံးဖြစ်မှာပါ။နေလောင်ကာခရင်မ်လူးသွားဖို့လည်း မမေ့ပါနဲ့။


#လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်မလုပ်ပါနဲ့ တကယ်လို့လေ့ကျင့်ခန်းကို အပြင်မှာလုပ်တတ်တဲ့ အလေ့အကျင့်ရှိတယ်ဆိုရင် မနက်ခင်း စောစောပိုင်းလေး ဒါမှမဟုတ် ညနေနေအေးချိန်လောက်မှ လုပ်ပါ။ အပူရှိန်မြင့်နေချိန်မှာချွေးအရမ်းထွက်စေမယ့် လှုပ်ရှားမှုတွေမလုပ်ပါနဲ့။ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းမျိုးပဲပေးလုပ်ပါ။လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း တဆက်တည်း မလုပ်ဘဲ အနားယူပြီးဖြည်းဖြည်းချင်းလုပ်ခိုင်းပါ။


#အစားအသောက်ဂရုစိုက်ပါ 

သွေးတိုးရှိတယ်ဆိုရင် အငန်များတဲ့ အစားအစာတွေကို မစားမိဖို့ သတိထားဖို့လိုပါမယ်။နွေအရမ်းပူတဲ့အခါသွေးတက်စေနိုင်တဲ့ အစားအစာတွေ၊ အငန်ဓါတ်နဲ့ အစပ်ကဲတဲ့အစားအစာတွေ၊ အချဉ်စူးတာမျိုးတွေ၊ အဆီများတာမျိုးတွေကို မကျွေးမိဖို့ သတိထားရပါမယ်။


#ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကို သိထားပါ။ အရေးပေါ်အခြေအနေဖြစ်လာခဲ့ရင် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို အလွယ်တကူရနိုင်မယ့်နေရာမှာထားပါ။


#သိထားရမယ့်အချက်လေးများ

ရာသီဥတု အခြေအနေနဲ့ ကိုက်ညီအောင်ဝတ်ဆင်ပေးပါ။

အပူချိန်က အရမ်းပူနေတဲ့အခါ အပြင်မထွက်မိအောင် သတိထားပေးပါ။ အပူကြာင့် ဖျားနာတာမျိုးဖြစ်နေတဲ့ လက္ခဏာတစ်ခုခုရှိနေလားဆိုတာကိုသေချာဂရုစိုက်စောင့်ကြည့်ပါ။

ရေငတ်မှရေသောက်တာမျိုးမလုပ်ပါနဲ့။ရေငတ်ချိန်မှသောက်မယ်ဆိုရင် ခန်ဓါကိုယျမှာရဓေါတျခမျးခွောကျနလေောကျပါပွီ။

သွားလေရာကိုရေဗူးယူသွားပေးလိုက်ပါ။

ရေဓါတ်ဖြည့်ပေးနိုင်မယ့် အစားအသောက်တွေဖြစ်တဲ့ သခွားသီး၊ မုန်လာဥဖြူ၊ ဖရဲသီး၊ စတော်ဘယ်ရီသီးလိုမျိုး အသီးတွေစားပေးပါ။


#နွေရာသီမှာ ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေက


ရေဓါတ်ခမ်းခြောက်တာ ရေဓါတ်ခမ်းခြောက်တာကနွေရာသီမှာ လူကြီးတွေအဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ လူကြီးတွေက အသက်ကြီးလာတာနဲ့အမျှရေသောက်နည်းသွားတာကြောင့် ပူပြင်းတဲ့အချိန်မှာ အလွယ်တကူရေဓါတ်ခမ်းခြောက်နိုင်ပါတယ်။နေပြင်းတဲ့အခါ ပုံမှန်ထက်ရေပိုသောက်ဖြစ်အောင်ဂရုစိုက်ပေးပါ။


#ရာသီဥတုပူတာကြောင့်ခြေကုန်လက်ပန်းကျတာ 


 ရာသီဥတုပူပြင်းတာကြောင့်ခြေကုန်လက်ပန်းကျတာက အသက်အန္တရာယ်မရှိပေမယ့် နည်းနည်းတော့ပြင်းထန်ပါတယ်။နေ့စဉ်ရက်ဆက်နေပူဒဏ်ခံရတဲ့အခါ ခန်ဓါကိုယျက ဆားဓါတ်နဲ့ရေဓါတ်ဆုံးရှုံးလာပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ ညီးစီစီဖြစ်လာတာ၊ခေါင်းကိုက်တာ၊ ကြွက်တက်တာ၊မောပန်းနွမ်းနယ်တာ၊အားနည်းလာတာ၊အမြင်တွေဝါးလာတာ၊အော့အန်တာ၊ နှလုံးခုန်မြန်လာတာ၊ချွေးအရမ်းထွက်တာ၊ခေါင်းထဲက ရိပ်တိပ်တိပ်နဲ့မူးလာတာမျိုးတွေတွေခံစားရနိုင်ပါတယ်။


အပူလျှပ်တာ အပူလျှပ်တာက အပူဒဏ်ကြောင့်ဖြစ်တဲ့ အရမ်းပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ခန်ဓါကိုယျက သူ့ဘာသာအေးမြအောင်မလုပ်နိုင်တဲ့အခါ အပူလျှပ်တာဖြစ်လာပါတော့တယ်။ အပူလျှပ်တဲ့အခါခေါင်းကိုက်တာ၊ ရိပ်တိပ်တိပ်မူးတာ၊ စိတ်ရှုပ်ထွေးတာ၊ စိတ်ရှုပ်တာ၊ သတိလစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေတွေဖြစ်လာရင်တော့ နီးစပ်ရာဆေးခန်းကိုသွားရောက်ပြသတာ အကောင်းဆုံးဖြစ်မှာပါ။


အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ပြီး ပူပြင်းတဲ့နွေရာသီမှာချစ်ခင်ရတဲ့ လူကြီးမိဘတွေကို အပူဒဏ်ကြောင့် ကျန်းမာရေးပြဿနာတွေ မကြုံတွေ့အောင်လုပ်ဆောင်ပေးနိုင်ကြပါစေကြောင်း 🙏


(Zawgyi) 

သက္ႀကီး႐ြယ္အိုေတြကို ႏြေရာသီမွာ ဘယ္လိုေစာင့္ေရွာက္ေပးမလဲ




စာေရးသူ Aye Thi Mon မွ ေရးသားသည္။ 

Hello Sayarwon Panel မွ အခ်က္အလက္ စစ္ေဆးထားပါသည္။


#သက္ႀကီး႐ြယ္အိုေတြကို ႏြေရာသီမွာ ဘယ္လိုေစာင့္ေရွာက္ေပးမလဲ


ႏြေရာသီက လူအမ်ားစုအတြက္ေပ်ာ္႐ႊင္စရာေကာင္းသလို အပန္းေျဖလို႔လည္းေကာင္းတဲ့ ရာသီတစ္ခုပါ။ ဒါေပမယ့္ လူႀကီးေတြအတြက္ေတာ့ ဒီလိုမဟုတ္ပါဘူး။ႏြေရာသီရဲ႕ အပူရွိန္က အမႈမဲ့အမွတ္မဲ့ေနလိုက္မယ္ဆိုရင္ အႏၱရာယ္မ်ားတဲ့ အေျခအေနေတြေတာင္ျဖစ္နိုင္ပါတယ္။ ႏြေရာသီမွာ အပူရွိန္ျပင္းထန္တာေၾကာင့္ ဖ်ားနာတာေတြေတာ္ေတာ္ေလးျဖစ္နိုင္ပါတယ္။ လူႀကီးေတြကႏြေရာသီရဲ႕ အပူဒဏ္ကို ခံနိုင္ရည္မရွိၾကပါဘူး။ အပူရွိန္အရမ္းျပင္းတာက အ႐ြယ္သုံးပါးစလုံးအတြက္ အႏၱရာယ္ရွိနိုင္ပါတယ္။


#လူႀကီးေတြဘာလို႔ အပူဒဏ္ကိုမခံနိုင္ၾကတာလဲ


အသက္အ႐ြယ္ရလာတာနဲ႕အမွ် ခန္ဓါကိုယ်ရဲ႕ စနစ္ေတြက ပုံမွန္အလုပ္မလုပ္နိုင္ေတာ့ပါဘူး။ တျဖည္းျဖည္းခ်င္းႏွေးလာေနပါတယ္။ေခြၽးဂလင္းေတြနဲ႕ကိုယ္တြင္းေသြးလည္ပတ္မႈေတြကေနတဆင့္ ခန္ဓါကိုယ်အပူၿခိန်ကိဳ ထိန္းညွိေပးနိုင္စြမ္းက်ဆင္းသြားတာက လူႀကီးေတြ အပူဒဏ္ကိုမခံနိုင္ရျခင္းရဲ႕ အဓိကအေၾကာင္းအရင္းတစ္ခုပါ။ ခန္ဓါကိုယ်မွာ ကိုယ္ခံအားနည္းလာတာ၊ ႏွလုံးေရာဂါခံစားေနရတာ၊ေသာက္သုံးေနရတဲ့ေဆးဝါးေတြရဲ႕ေဘးထြက္ဆိုးက်ိဳးေတြေၾကာင့္ အပူဒဏ္ကိုခံနိုင္စြမ္းနည္းရတာမ်ိဳးလည္းရွိပါတယ္။


#သက္ႀကီး႐ြယ္အိုေတြကို ႏြေရာသီမွာ ဘယ္လိုေစာင့္ေရွာက္ေပးမလဲ


သက္ႀကီး႐ြယ္အိုေတြကို ႏြေရာသီမွာ ဘယ္လိုေစာင့္ေရွာက္ေပးမလဲ . ပူျပင္းတဲ့ႏြေရာသီမွာ ကိုယ္ခ်စ္ရတဲ့ လူႀကီးမိဘေတြကို က်န္းမာေစဖို႔အတြက္ ဂ႐ုစိုက္ေပးလို႔ရတဲ့ နည္းလမ္းေတြကိုေျပာျပေပးပါရေစ။


#အိမ္ထဲမွာေအးေနေအာင္ထားပါ  

တကယ္လို႔ အိမ္မွာ ေလေအးေပးစက္ရွိတယ္ဆိုရင္ႏြေရာသီရက္ေတြမွာေလေအးေပးစက္ကို အခ်ိန္ျပည့္ဖြင့္ထားေပးပါ။ေလေအးေပးစက္မရွိဘူးဆိုရင္ေန႕ခင္းဘက္ အိမ္ထဲကိုေနေရာင္တိုက္ရိုက္မဝင္နိုင္ေအာင္ျပတင္းေပါက္မွန္ေတြကို ကာထားေပးၿပီး အိမ္ထဲမွာေအးေနေအာင္ထားေပးပါ။ ညဘက္မွျပတင္းတံခါးကိုဖြင့္ၿပီးေလေကာင္းေလသန႔္ရေအာင္လုပ္ပါ။ မ်က္ႏွာက်က္မွာ ပန္ကာတပ္ထားတယ္ဆိုရင္ ပန္ကာဖြင့္ေပးလိုက္ပါ။


#သက္ေတာင့္သက္သာရွိမယ့္ အဝတ္အစားေတြ ဝတ္ေပးပါ 

ႏြေရာသီမွာ အနက္ေရာင္အထည္ေတြ နဲ႕ ထူထဲတဲ့အဝတ္အစားေတြကို မဝတ္ေပးပါနဲ႕။ေခ်ာင္ေခ်ာင္ခ်ိခ်ိေပါ့ေပါ့ပါးပါးျဖစ္မယ့္ ခ်ည္ထည္ေလးေတြ လီနင္ထည္ေလးေတြဝတ္ေပးပါ။ ေခြၽးစုပ္တဲ့အထည္မ်ိဳးေလးေတြ ကိုႏြေရာသီဝတ္ဖို႔ျပင္ဆင္ေပးလိုက္ပါ။


#ေရဓါတ္ျပည့္ေနေအာင္ထားေပးပါ 

ေရ၊သစ္သီးေဖ်ာ္ရည္လိုမ်ိဳး အရည္ေတြကိုတိုက္ေပးပါ။ ကဖင္းဓါတ္နဲ႕ အယ္လ္ကိုေဟာပါတာေတြကို တတ္နိုင္သမွ်မတိုက္ပါနဲ႕။ ကဖင္းဓါတ္နဲ႕ အယ္လ္ကိုေဟာပါတဲ့ေသာက္စရာေတြက ခန္ဓါကိုယ်ရေဓါတ်ကိဳ ဆုံးရႈံးေစနိုင္ပါတယ္။ လိုအပ္ရင္ ဆရာဝန္နဲ႕တိုင္ပင္ၿပီး ဓါတ္ဆားတိုက္ေပးလို႔ရပါတယ္။


#ေန႕ခင္းေနျပင္းခ်ိန္ေတြ အိမ္ထဲမွာပဲေနခိုင္းပါ 

ေန႕တစ္ေန႕တာမွာ မနက္ခင္း ၁၀ နာရီကေန ညေနခင္း ၃ နာရီေလာက္အထိက အပူခ်ိန္အျမင့္ဆုံးပါ။ ဒီလိုအခ်ိန္ေတြမွာ အိမ္ထဲမွာေနတာကအေကာင္းဆုံးပါ။ အျပင္ထြက္မယ္ဆိုရင္လည္း ခ်ည္သားအကၤ်ီလက္ရွည္ဝတ္တာ၊ ထီးေဆာင္းတာမ်ိဳးလုပ္သြားဖို႔လိုပါမယ္။ အရိပ္ရတဲ့ေနရာေတြကေနျဖတ္သန္းသြားတာကအဆင္အေျပဆုံးျဖစ္မွာပါ။ေနေလာင္ကာခရင္မ္လူးသြားဖို႔လည္း မေမ့ပါနဲ႕။


#ေလ့က်င့္ခန္းျပင္းျပင္းထန္ထန္မလုပ္ပါနဲ႕ တကယ္လို႔ေလ့က်င့္ခန္းကို အျပင္မွာလုပ္တတ္တဲ့ အေလ့အက်င့္ရွိတယ္ဆိုရင္ မနက္ခင္း ေစာေစာပိုင္းေလး ဒါမွမဟုတ္ ညေနေနေအးခ်ိန္ေလာက္မွ လုပ္ပါ။ အပူရွိန္ျမင့္ေနခ်ိန္မွာေခြၽးအရမ္းထြက္ေစမယ့္ လႈပ္ရွားမႈေတြမလုပ္ပါနဲ႕။ေပါ့ေပါ့ပါးပါးေလ့က်င့္ခန္းမ်ိဳးပဲေပးလုပ္ပါ။ေလ့က်င့္ခန္းလုပ္တဲ့အခါမွာလည္း တဆက္တည္း မလုပ္ဘဲ အနားယူၿပီးျဖည္းျဖည္းခ်င္းလုပ္ခိုင္းပါ။


#အစားအေသာက္ဂ႐ုစိုက္ပါ 

ေသြးတိုးရွိတယ္ဆိုရင္ အငန္မ်ားတဲ့ အစားအစာေတြကို မစားမိဖို႔ သတိထားဖို႔လိုပါမယ္။ႏြေအရမ္းပူတဲ့အခါေသြးတက္ေစနိုင္တဲ့ အစားအစာေတြ၊ အငန္ဓါတ္နဲ႕ အစပ္ကဲတဲ့အစားအစာေတြ၊ အခ်ဥ္စူးတာမ်ိဳးေတြ၊ အဆီမ်ားတာမ်ိဳးေတြကို မေကြၽးမိဖို႔ သတိထားရပါမယ္။


#ဆက္သြယ္ရမယ့္ဖုန္းနံပါတ္ေတြကို သိထားပါ။ အေရးေပၚအေျခအေနျဖစ္လာခဲ့ရင္ ဆက္သြယ္ရမယ့္ ဖုန္းနံပါတ္ေတြကို အလြယ္တကူရနိုင္မယ့္ေနရာမွာထားပါ။


#သိထားရမယ့္အခ်က္ေလးမ်ား

ရာသီဥတု အေျခအေနနဲ႕ ကိုက္ညီေအာင္ဝတ္ဆင္ေပးပါ။

အပူခ်ိန္က အရမ္းပူေနတဲ့အခါ အျပင္မထြက္မိေအာင္ သတိထားေပးပါ။ အပူၾကာင့္ ဖ်ားနာတာမ်ိဳးျဖစ္ေနတဲ့ လကၡဏာတစ္ခုခုရွိေနလားဆိုတာကိုေသခ်ာဂ႐ုစိုက္ေစာင့္ၾကည့္ပါ။

ေရငတ္မွေရေသာက္တာမ်ိဳးမလုပ္ပါနဲ႕။ေရငတ္ခ်ိန္မွေသာက္မယ္ဆိုရင္ ခန္ဓါကိုယ်မွာရေဓါတ်ခမ်းေခြာက်နေလောက်ပါပြီ။

သြားေလရာကိုေရဗူးယူသြားေပးလိုက္ပါ။

ေရဓါတ္ျဖည့္ေပးနိုင္မယ့္ အစားအေသာက္ေတြျဖစ္တဲ့ သခြားသီး၊ မုန္လာဥျဖဴ၊ ဖရဲသီး၊ စေတာ္ဘယ္ရီသီးလိုမ်ိဳး အသီးေတြစားေပးပါ။


#ႏြေရာသီမွာ ျဖစ္နိုင္တဲ့ က်န္းမာေရးျပႆနာေတြက


ေရဓါတ္ခမ္းေျခာက္တာ ေရဓါတ္ခမ္းေျခာက္တာကႏြေရာသီမွာ လူႀကီးေတြအျဖစ္မ်ားတဲ့ က်န္းမာေရးျပႆနာတစ္ခုပါ။ လူႀကီးေတြက အသက္ႀကီးလာတာနဲ႕အမွ်ေရေသာက္နည္းသြားတာေၾကာင့္ ပူျပင္းတဲ့အခ်ိန္မွာ အလြယ္တကူေရဓါတ္ခမ္းေျခာက္နိုင္ပါတယ္။ေနျပင္းတဲ့အခါ ပုံမွန္ထက္ေရပိုေသာက္ျဖစ္ေအာင္ဂ႐ုစိုက္ေပးပါ။


#ရာသီဥတုပူတာေၾကာင့္ေျခကုန္လက္ပန္းက်တာ 


 ရာသီဥတုပူျပင္းတာေၾကာင့္ေျခကုန္လက္ပန္းက်တာက အသက္အႏၱရာယ္မရွိေပမယ့္ နည္းနည္းေတာ့ျပင္းထန္ပါတယ္။ေန႕စဥ္ရက္ဆက္ေနပူဒဏ္ခံရတဲ့အခါ ခန္ဓါကိုယ်က ဆားဓါတ္နဲ႕ေရဓါတ္ဆုံးရႈံးလာပါတယ္။ ဒီလိုျဖစ္လာတဲ့အခါ ညီးစီစီျဖစ္လာတာ၊ေခါင္းကိုက္တာ၊ ႂကြက္တက္တာ၊ေမာပန္းႏြမ္းနယ္တာ၊အားနည္းလာတာ၊အျမင္ေတြဝါးလာတာ၊ေအာ့အန္တာ၊ ႏွလုံးခုန္ျမန္လာတာ၊ေခြၽးအရမ္းထြက္တာ၊ေခါင္းထဲက ရိပ္တိပ္တိပ္နဲ႕မူးလာတာမ်ိဳးေတြေတြခံစားရနိုင္ပါတယ္။


အပူလွ်ပ္တာ အပူလွ်ပ္တာက အပူဒဏ္ေၾကာင့္ျဖစ္တဲ့ အရမ္းျပင္းထန္တဲ့ က်န္းမာေရးျပႆနာတစ္ခုပါ။ ခန္ဓါကိုယ်က သူ႕ဘာသာေအးျမေအာင္မလုပ္နိုင္တဲ့အခါ အပူလွ်ပ္တာျဖစ္လာပါေတာ့တယ္။ အပူလွ်ပ္တဲ့အခါေခါင္းကိုက္တာ၊ ရိပ္တိပ္တိပ္မူးတာ၊ စိတ္ရႈပ္ေထြးတာ၊ စိတ္ရႈပ္တာ၊ သတိလစ္တာမ်ိဳးေတြခံစားရနိုင္ပါတယ္။ ဒီလိုအေျခအေနေတြျဖစ္လာရင္ေတာ့ နီးစပ္ရာေဆးခန္းကိုသြားေရာက္ျပသတာ အေကာင္းဆုံးျဖစ္မွာပါ။


အခုေျပာျပခဲ့တဲ့ နည္းလမ္းေလးေတြကို လိုက္လုပ္ၾကည့္ၿပီး ပူျပင္းတဲ့ႏြေရာသီမွာခ်စ္ခင္ရတဲ့ လူႀကီးမိဘေတြကို အပူဒဏ္ေၾကာင့္ က်န္းမာေရးျပႆနာေတြ မႀကဳံေတြ႕ေအာင္လုပ္ေဆာင္ေပးနိုင္ၾကပါေစေၾကာင္း 🙏

Saturday, April 23, 2022

The Rise and Fall of Tatmadaw

  မြန်မာ့တပ်မတော် နေထွက်ချိန်နှင့် နေဝင်ချိန် 

 (The Rise and Fall of Tatmadaw) 




မြန်မာစစ်တပ်ဟာ ပြိုကွဲဖို့ ခဲယဉ်းလှတယ်လို့ ထင်မြင်ခဲ့သူတွေထဲမှာလည်း ကျနော်ပါခဲ့တယ်လို့ ဝန်ခံပါရစေ။ သို့သော်လည်း စစ်အာဏာသိမ်းမှု နောက်ပိုင်းကာလ အတွင်းဖြစ်ပျက်တဲ့ဖြစ်စဉ် ဖြစ်ရပ်တွေကို ကျနော် မပြတ် စောင့်ကြည့်လေ့လာခဲ့ပါတယ်။ အထူးသဖြင့် မြေပြင်သတင်းတွေကို အနီးစပ်ဆုံးရနိုင်အောင် ကျနော် လုပ်ခဲ့ပါ တယ်။ အောက်ခြေက အဖြစ်အပျက်တွေဟာ သတင်းတိုက်ပွဲတွေနဲ့ ဝါဒဖြန့်ချိနေတာတွေလား၊ ဘယ်အရာ ဘယ်လောက်ဖြစ်တန်ခြေရှိတယ်ဆိုတာကို မပြတ် အကဲခတ်ခဲ့ပါတယ်။ အခုလည်း မပြတ်ကြည့်နေဆဲဖြစ်ပါ တယ်။ 


 ဗမာအမျိုးသားရေးဝါဒ


အမျိုးသားရေးဝါဒကို ဗဟိုပြုပြီး ဆွဲစုထားတဲ့ မြန်မာစစ်တပ်အတွင်းမှာ တကယ် စစ်မှန်တဲ့ မျိုးချစ်ဝါဒ (တနည်း) အမျိုးသားရေးဝါဒ ခိုင်မာကျစ်လစ်သလားဆိုတာကိုလည်း စစ်အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်လောက်ကတည်းက ကျနော် စဉ်ဆက်မပြတ် လေ့လာခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုဖြစ်တော့လည်း၊ တပ်အင်စတီကျူးရှင်းရဲ့ သဘော အနက်ကို ဖော့မတွေးခဲ့သူတစ်ယောက်အနေနဲ့၊ တို့တတွေ တော်ရုံနဲ့တော့ မရဘူးနော် ဆိုတဲ့ သတိပေးမှုမျိုးနဲ့ နိုင်ငံရေးဆောင်းပါးတွေမှာ တွန်းတွန်းတိုက်တိုက် သတိပေးရေးသားခဲ့ပါတယ်။ တခါတရံ အားလုံး လျော့တွက်မိ မစိုးလို့ စိုးရိမ်ချက်နဲ့ ရေးသားတာကြောင့်လည်း၊ လူတချို့က အထင်အမြင် လွဲတာတွေ ကြုံခဲ့ရပါတယ်။ ဒါက ကိစ္စ မရှိပါ။ နားလည်ပြီးသား ကိစ္စဖြစ်သလို၊ ကြုံတွေ့နေကျ ဖြစ်လို့ မမှုခဲ့ပါ။ 


 တဖြည်းဖြည်း လက်ဝါးကြီးအုပ်


လူမျိုးစုအသီးသီးနဲ့ စတင်စုဖွဲ့ခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ ပါလီမန်ဒီမိုကရေစီခေတ်ဦးကာလမှာတင် တတိတိနဲ့ သင်းကွဲသလို ဖြစ်ခဲ့ပါတယ်။ ဒီကြားထဲ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်တွေရဲ့ ကေဒါမွေးတဲ့ လုပ်ရပ်တွေကြောင့်၊ တပ်ရင်း အလိုက် တောခိုတာတွေ ဖြစ်ခဲ့ပါတယ်။ တကယ်တော့ မြန်မာစစ်တပ်ဟာ သမိုင်းသင်ခန်းစာကို ကောင်းကောင်း ယူပြီး တည်ဆောက်နိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက် တွေမှာ၊ တပ်တွင်း မှာ ဘာသာခြားတွေကို တဖြည်းဖြည်း ကန့်လာတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းခေတ် ကနေ စတင်ပြီးတော့ လူမျိုးစုတွေကို တဖြည်းဖြည်း ဖယ်လာတာတွေ့ရပါတယ်။ နောက်ပိုင်းတဖြည်းဖြည်း အသားကျလာပြီး အညာဗမာတောသားတွေချည်းပဲ. အုပ်စီးမိတဲ့ မြန်မာစစ်တပ်ဖြစ်လာပါတယ်။ 


ဗိုလ်ချုပ်မှူး ကြီးသန်းရွှေခေတ်မှာ၊ ထိပ်ပိုင်းစစ်ဗိုလ်အုပ်စုက တစ်ဦးတည်း လက်ဝါးကြီးအုပ်တာမျိုး မလုပ်ဘဲ၊ ဝေစားမျှစား လုပ်ခဲ့လို့ စစ်အစိုးရဟာ အာဏာသက်ကို ဆန့်နိုင်ခဲ့တယ် လို့ ပြောရမယ်။ အချင်းချင်း မျှဝေစားပြီး ဝိုင်းကြီးချုပ်နဲ့ တုပ်နှောင်ထားတဲ့ ပုံစံက၊ တပ်တွင်းပြိုကွဲမှုကိုလည်း ထိန်း ထားနိုင်သလို၊ ပြင်ပအုပ်စုကိုလည်း စုစုစည်းစည်း ခုခံနိုင်တယ်ဆိုတဲ့ ရလဒ်ကို ပေးပါတယ်။ တစ်ဖက်မှာလည်း တပ်အသိုင်းအဝိုင်းထဲ ဝင်လာသူကို နေပျော်အောင် လုပ်ပေးသလို ဖြစ်တော့၊ တပ်ထောက်ခံတဲ့ အသိုင်းအဝိုင်းကို တဖြည်းဖြည်း ချဲ့ထွင်လာနိုင်တဲ့ သဘောရှိတာကို လည်း တွေ့ရတယ်။ ထားတော့။ 


 စစ်တပ်အတွက် ဂယ်ပေါက်


ဒီလိုနဲ့ တစ်ဖက်မှာလည်း အသက်ရှုပေါက်ချောင်အောင် နိုင်ငံရေးအရ ဖြေလျော့ရေးလုပ်ပြီး မြန်မာစစ်တပ်က သူရဲ့ ဂယ်ပေါက်ကို ဖန်တီးနိုင်ခဲ့တယ်။ ခေတ်မီတဲ့ ပရော်ဖက်ရှင်နယ် တပ်မတော်ဖြစ်အောင် တည်ဆောက်မယ်ဆိုတဲ့ စကားဟာ ပြည်မက ဗမာ/မြန်မာ လူထုကို တစ်စုံတစ်ရာအထိတော့ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ယုတ်စွအဆုံး စစ် အာဏာရှင်ဆန့်ကျင်ရေးကို နှစ်ပေါင်းများစွာ ထောင်ကျတန်းကျခံပြီး လုပ်လာခဲ့တဲ့ ဒီမိုကရေစီအတိုက်အခံအုပ်စု ကိုတောင် ဆွဲဆောင်နိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ သို့သော်လည်း စစ်အာဏာသိမ်းရင် ငါတို့ ထိန်းနိုင်ပါတယ် လို့ ခပ်ပေါ့ပေါ့ စဉ်းစားပြီး မျက်ကန်းတစ်ဆေမကြောက်၊ ဆင်ကန်းတောတိုး လုပ်ခဲ့တဲ့ လုပ်ရပ်ဟာ အမှားပေါ် အမှား ဆင့်ပြီး မြန်မာစစ်တပ်အတွက် တဖြည်းဖြည်း ဘေးထွက်ဆိုးကျိုးများလာပါတယ်။ 


 အရှုံးပေါ် အရှုံးဆင့်လာခဲ့


စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာစစ်တပ်ဟာ နိုင်ငံရေးအရ စပြီး အရှုံးပြလာတယ်။ နောက် ဖိနှိပ်ဖြိုခွင်းမှု တွေကို အကန့်အသတ်နဲ့ ချင့်ချင့်ချိန်ချိန် မလုပ်ဘဲ ဇွတ်တိုးတော့ လက်နက်ကိုင်လမ်းစဉ် ထိပ်တက်လာတယ်။ ဗမာပြည်မက အုံလိုက်ကျင်းလိုင်း လက်နက်ကိုင်တော်လှန်ရေးကို စတင်လာတဲ့အခါမှာ၊ မြန်မာစစ်တပ်ဟာ အုပ်ချုပ်ရေးအရ ထပ်ပြီး အရှုံးပေါ်ပြန်တယ်။ လူထုတိုက်ပွဲတွေမှာ အကြမ်းမဖက်တဲ့ သပိတ်တိုက်ပွဲတွေ၊ သပိတ် မှောက်တာတွေ၊ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေ ကြီးကြီးမားမား ပေါ်လာတော့လည်း၊ မြန်မာစစ်တပ်ဟာ စီးပွားရေးအရ ထပ်ရှုံးပြန်တယ်။ ဒီတော့ အရှုံးပေါ် အရှုံးဆင့်လာတယ်။ 


နိုင်ငံတကာရေးရာမှာလည်း စစ်ရေးအရ ရုရှားနဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအရ တရုတ်သာ ထောက်ခံရင် မြန်မာစစ်တပ်ဟာ ဘယ်တော့မှ မပြိုလဲနိုင်ဘူးလို့ နလပိန်းတုံး အတွေးအခေါ်နဲ့ နိုင်ငံတကာနိုင်ငံရေးကို တိုးဝင်တဲ့အခါမှာလည်း ထပ်ပြီး အရှုံးပြပြန်တယ်။ နိုင်ငံ တကာနိုင်ငံရေးမှာ ဘယ်သူမှ သစ္စာ မရှိဘူး၊ အားလုံးဟာ အကျိုးစီးပွားနဲ့ကစားနေကြတယ်ဆိုတာကို မြန်မာစစ် ခေါင်းဆောင်တွေ သိကောင်း သိပေမယ့်၊ တကယ်နားမလည်ဘူး။ 


 လက်နက်ကိုင်ပုန်ကန်မှုနဲ့ ကြုံ


စစ်အာဏာသိမ်းပြီး လက်နက်ကိုင်လမ်းစဉ် နိဒါန်းပိုင်းရောက်လာတဲ့အခါမှာ၊ လူမျိုးစုနယ်ပယ်အသီးသီးကလည်း သူတို့ အမျိုးသားရေးလွတ်မြောက်မှုအတွက် အသီးသီး စစ်ပူပေးတာတွေ ရှိလာတယ်။ တဖြည်းဖြည်းနဲ့ ဗမာ တော်လှန်ရေးအင်အားစုတွေနဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ အစေးကပ်လာတယ်။ ဒါဟာ မြန်မာစစ်တပ် အတွက် ကြီးကျယ်သော ရိုက်ခတ်ချက်ပဲ ဖြစ်တယ်။ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ ဗမာတော်လှန်ရေးအင်အား စုတွေအကြား ပူးကပ်မှုတွေ ထဲထဲဝင်ဝင် မဖြစ်အောင် မြန်မာစစ်တပ်က ကြိုးစားပေမယ့် မအောင်မြင်ဘူး။ အပစ် အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆိုတာကို စစ်ဗျူဟာတစ်ခုလို ကစားတတ်တဲ့ မြန်မာစစ်တပ်ရဲ့ စောက်ကျင့်ကို လူမျိုးစုလက်နက်ကိုင်အဖွဲ့ အားလုံးက သိတယ်။ သို့သော်လည်း မြန်မာစစ်တပ်နဲ့ ပလဲပနံသင့်ပြီး ပေါင်းစားတဲ့ ပြည်သူ့စစ်အုပ်စုနဲ့ BGF အုပ်စုကတော့ အကျိုးစီးပွားအထိုင်ပေါ်မှာပဲ ဆက်ကစားတယ်။ 


လူမျိုးစုလက်နက်ကိုင် အဖွဲ့ အားလုံးလိုလိုဟာ ဗမာတော်လှန်ရေးအင်အားစုတွေရဲ့ နွေဦးတော်လှန်ရေးဆိုတာကို ကာယကံမြောက် မကူညီစေအုံးတော့. မူအားဖြင့် ထောက်ခံတယ်ဆိုတာကို ပြသလာကြတယ်။ ဒီလိုနဲ့ စစ်အာဏာသိမ်းမှု တစ်နှစ် ပြည့်ပြီး ကာလနောက်ပိုင်းမှာ၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့ကြီးတွေနဲ့ ဗမာတော်လှန်ရေးတပ်သားတွေ တဖြည်း ဖြည်း ပေါင်းစည်းမှု အားကြီးလာတာကို တွေ့ရတယ်။ 


 လှေကြီးထိုးရိုးရိုး


မြန်မာစစ်တပ်ဟာ ခေတ်တွေ ပြောင်းလာပေမယ့် သူ့ရဲ့ ရှေးနည်းဟောင်းဖြစ်တဲ့ လှေကြီးထိုးရိုးရိုးဗျူဟာကိုပဲ ဆက်လက်သုံးစွဲတယ်။ မြန်မာစစ်တပ်ရဲ့ အစဉ်အလာအတိုင်းလုပ်ခဲ့တဲ့ လှေကြီးထိုးရိုးရိုးဗျူဟာကပဲ၊ မြန်မာစစ်တပ် ကို ရန်သူတွေ ပွားသထက် ပွားအောင်၊ တိုးသထက် တိုးအောင် လုပ်နေသလို ဖြစ်ခဲ့တယ်။ အထူးသဖြင့် သတင်း အချက်အလက် နည်းပညာ အပြန့်ကျယ်တဲ့ခေတ်မှာ၊ မြန်မာစစ်တပ် လုပ်တဲ့ အကြောက်တရားနဲ့ ခြိမ်းခြောက်ပြီး ငြိမ်ဝပ်ပိပြားအောင်လုပ်တဲ့ ဗျူဟာဟာ - မြန်မာစစ်တပ်အဖို့ ရန်သူတွေ မွေးနေသလိုသာ ဖြစ်ခဲ့တယ်။ 


မြန်မာစစ်တပ်ရဲ့ လုပ်နည်းလုပ်ဟန်တွေကို ကြည့်ရင် - အကြပ်ကိုင်တာ၊ ခြိမ်းခြောက်တာ၊ ဖိနှိပ်တာ၊ အကြောက် တရားသွင်းပေးတာ၊ တိုက်ခိုက်တာ၊ သတ်ဖြတ်တာ၊ မီးရှို့တာ၊ ချိပ်ပိတ်တာ၊ ဖမ်းဆီးတာ. စတဲ့နည်းက လွဲလို့ သီးခြားနည်းနာတွေ သုံးစွဲတာ မတွေ့ရဘူး။ ဒီလိုတွေ လုပ်ရင် ကြောက်ပြီး ငြိမ်မယ်လို့ ထင်ထားတဲ့ အစွဲကို အခုထိ မြန်မာစစ်တပ်ဟာ မဖျောက်နိုင်တာကို တွေ့ရတယ်။ သတ်ပြလိုက်မယ်၊ ညှင်းဆဲပြလိုက်မယ် ဒါဆိုရင် ငြိမ်မယ် လို့ ထင်နေတယ်။ ဆွေမျိုးနီးစပ်တွေကို အသိုင်းအဝိုင်းနဲ့ ဖိအားပေးရင် ဖြစ်မယ်လို့ ထင်ပြီး ဒါကို ဆက်လုပ်တယ်။ 


 သိမ်ငယ်စိတ်ဝင်လာတဲ့ စစ်ဗိုလ်တွေ


လူထုဟာ မြန်မာစစ်တပ်ကို ရန်သူလို့ မြင်လာတယ်။ နောက်ဆုံး ရန်သူလို့ မြင်တဲ့အဆင့်ကနေ ပိုဆိုးလာတယ်။ ရွံလာတယ်။ မုန်းလာတယ်။ ကိုယ့်တူကိုယ့်သားက စစ်တပ်ထဲမှာ ရှိနေရင်တောင် လူကြားထဲ ထုတ်မပြောဝံ့ လောက်အောင် စစ်သားဂုဏ်သိက္ခာပျက်ယွင်းလာတယ်။ ငါ့အဖေက စစ်သားကြီးကွ ငါ့တူ ငါ့သား ငါ့အစ်ကို ငါ့မောင်က စစ်သားကွ၊ စစ်ဗိုလ်ကွ ဆိုတာကို ထုတ်ဖော် မပြောရဲတော့ဘူး။ နောက်ဆုံး တပ်ထဲမှာ တာဝန်ထမ်း ဆောင်နေတဲ့ စစ်ဗိုလ်တွေတောင် လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ စစ်ယူနီဖောင်းဝတ်ပြီး သူတို့ ဓာတ်ပုံကို မတင်ရဲတော့ဘူး။ အခုအချိန်ထိ အဲသည်လို တင်ရဲသေးတယ်ဆိုရင်တော့ အဲသည့်ကောင် တကယ့် အကောင်ပဲ။ ဘာအကောင်လဲတော့ မသိဘူး။ သေနာကောင် ဖြစ်မယ် ထင်တယ်။ 


 အာရုံတွေ များ / အင်အားတွေ ပြယ်


မြန်မာစစ်ခေါင်းဆောင်တွေဟာ သူတို့ လုပ်ရပ်မှားကြောင်း ဝန်မခံလိုဘူး။ အမှားကို ဖာထေးဖို့လည်း မကြိုးစားဘူး။ ငါတို့လုပ်ရင် ဖြစ်ရမပေါ့လို့ ထင်မြင်တဲ့အထင်ဟာ တဖြည်းဖြည်းနဲ့ ကြီးသထက်ကြီးလာနေတယ်။ ဒီလို အထင် အမြင် ကြီးလာလေလေ၊ အမှားတွေကို ပိုလုပ်မိလာလေလေ ဖြစ်လာတယ်။ တပ်တွင်းမှာ ပြောရေးဆိုခွင့် ဝေဖန် ထောက်ပြခွင့်ကို ပိတ်ပင်ထားတော့၊ တဖြည်းဖြည်းနဲ့ အထက်နဲ့ အောက်ခြေစစ်သားတွေအကြား ဖြစ်ရပ်မှန်သိရှိမှု ကင်းပျောက်လာတယ်။ ဒါက တဖြည်းဖြည်းနဲ့ အမှားတွေကို ကြီးထွားလာစေတဲ့ အကြောင်းတရားဖြစ်လာတယ်။ 


မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးကာလနောက်ပိုင်းကတည်းက တစ်ရက်မှ မနားရသေးဘူး။ အနေချောင်တဲ့ ကောင်တွေကတော့ နားရသပေါ့။ သို့သော်လည်း စစ်ခေါင်းဆောင်တွေနဲ့ အောက်ခြေစစ်သားတွေက နေ့တိုင်းလိုလို အပူတွေနဲ့ ဖြတ်သန်းနေရတယ်။ 

မြန်မာစစ်တပ်ဟာ နေရာတိုင်း ဒေသတိုင်း ကဏ္ဍတိုင်းကို အာရုံစိုက်နေရလို့ နေရာတိုင်း ဒေသတိုင်း ကဏ္ဍတိုင်းမှာ အားနည်းနေတယ်။ ဘာကိုမှ ဖိဖိစီးစီး မလုပ်နိုင်သေးဘူး။ ဘယ်နေရာမှ ဖိဖိ စီးစီးနဲ့ အာရုံမစိုက်နိုင်ခြင်းဟာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အားနည်းမှုကို ထပ်အားနည်းအောင်၊ တတိတိ ပွန်း ပြတ်ပြတ်အောင် လုပ်ပေးသလို ဖြစ်နေတယ်။ 


ဒါကိုလည်း အထက်အမိန့်အရပဲ လုပ်ခွင့်ရတဲ့ တပ်အင်စတီကျူးရှင်း မှာ မပြောင်းနိုင်ဘူး မပြင်နိုင်ဘူး။ ပြောခွင့်ဆိုခွင့် အကြံပြုခွင့်လည်း မရှိဘူး။ လက်ရှိ မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နံဘေးမှာ - ဗောင်းတော်ငြိမ့် စိတ်တော်သိတွေပဲ ရှိတယ်။ အားလုံး က မှန်ပါ့ဘုရားနဲ့ စခန်းသွားနေတယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ နံဘေးမှာ ဝေဖန်ထောက်ပြမယ့်သူ မရှိခြင်း ဟာ အဲသည့်ခေါင်းဆောင်ရဲ့ ကျရှုံးခန်းအစပဲ။ အခုတော့ ကျရှုံးခန်းဟာ တဖြည်းဖြည်းနဲ့ နီးလာပြီ။ 


 တအိအိနဲ့ ပြိုဆင်းလာ


မြန်မာစစ်တပ် ဟာ ချက်ချင်း ဝုန်းဒိုင်းကြီး ပြိုကွဲဖို့ ခက်ခဲလှပါတယ်။ သို့သော်လည်း ယခု တွေ့နေရတာကတော့ တဖြည်းဖြည်း ပွန်းပြတ် ပြတ်လာတယ်။ တအိအိ ပဲ့ယွင်းပြီး ကျဆင်းလာတာတွေ့ရတယ်။ အတွင်းလှိုက် ယိုယွင်းမှုတွေကလည်း ထိန်းမနိုင် သိမ်းမရ ဖြစ်လာတယ်။ ဒါကို တပ်တွင်းအသိုင်းအဝိုင်းက စစ်ဗိုလ်အများစု သိတယ်။ သို့သော်လည်း ချွန် မထွက်အောင် နေနေကြတယ်။ မြန်မာစစ်တပ်ထဲမှာလည်း အုပ်စုအားသိပ်ကြီးတယ်။ ဒီတော့ တစ်ယောက် ယောက်က ချွန်ထွက်လာရင်၊ ချက်ချင်း ဆွဲစေ့ခံရလို့ ဘယ်သူမှ မပြောဝံ့ဘူး။ ဒါပေမယ့် အချင်းချင်း ကြိတ်ဝိုင်းတွေ တော့ ရှိတတ်တယ်။ အတော်များများတော့ အတွင်းကြိတ်ပုန်းပဲ ဖြစ်ကြတယ်။ ပေါ်ပေါ်ထင်ထင် ထွက်မလာဘူး။ 


သို့သော်လည်း သူတို့ အချင်းချင်းတော့ သိနေတယ်။ ငါတို့တော့ သွားပြီ ဆိုတာမျိုး။ ဒါပေမယ့် စစ်ဗိုလ်ဆိုတာ လည်း မာန်နဲ့ပါ။ အရှုံးဆိုရင်တောင် ဝန်ခံမှာ မဟုတ်ပါဘူး။ မတတ်သာလို့ တပ်ဆုတ်ရင်တောင် အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီ ဆိုတဲ့ ဖြေတွေးနဲ့ ကိုယ့်ကိုယ်ကို လီဆယ်တတ်ပါတယ်။ 


မြန်မာစစ်တပ်ဟာ တဖြည်းဖြည်း တအိအိနဲ့ အဆင်းလမ်းကို ပြိုဆင်းလာတာတွေ့နေရတယ်။ နောက်ဆုံး ဇာတ်သိမ်းတော့ မကြုံသေးပါ။ ဘယ်တော့ ကြုံမလဲတော့ မသိပါ။ 


ယခု မြန်မာစစ်တပ်ကိုယ်တိုင် အရေးပေါ် အခြေအနေ ဖြစ်ကြောင်း တပ်လှန့်တယ်ဆိုတာကတော့ - ကိုယ့်တပ်ရင်းမှာ ကိုယ့်အားကိုယ်ကိုးသာ လုပ်ကြတော့ လို့ အချက်ပေးသလို ဖြစ်တာ တွေ့ရပါတယ်။ 


မြန်မာစစ်တပ်ရဲ့ နိဂုံးပိုင်းဟာ မကြာခင် ရောက်လာတော့မှာပါ။ ဒါဆိုရင်တော့ The Rise and Fall of Tatmadaw ဆိုတဲ့ စာအုပ်ကို မြန်မာလူထုက မိန့်မိန့်ကြီး ဖတ်ခွင့်ရတော့ မပေါ့။ 


မင်းသေ့ 

ည ၁၂း၅၇

၂၁၊ ဧပြီ၊ ၂၀၂၂။ 


၎င်းဆောင်းပါးကို မင်းသေ့ဝက်ဆိုဒ်မှာလည်း ဝင်ဖတ်နိုင်ပါတယ်။ 


Website Link: 


https://minthayt.com/archives/2151


(Zawgyi)

 ျမန္မာ့တပ္မေတာ္ ေနထြက္ခ်ိန္ႏွင့္ ေနဝင္ခ်ိန္ 

 (The Rise and Fall of Tatmadaw) 


ျမန္မာစစ္တပ္ဟာ ၿပိဳကြဲဖို႔ ခဲယဥ္းလွတယ္လို႔ ထင္ျမင္ခဲ့သူေတြထဲမွာလည္း က်ေနာ္ပါခဲ့တယ္လို႔ ဝန္ခံပါရေစ။ သို႔ေသာ္လည္း စစ္အာဏာသိမ္းမႈ ေနာက္ပိုင္းကာလ အတြင္းျဖစ္ပ်က္တဲ့ျဖစ္စဥ္ ျဖစ္ရပ္ေတြကို က်ေနာ္ မျပတ္ ေစာင့္ၾကည့္ေလ့လာခဲ့ပါတယ္။ အထူးသျဖင့္ ေျမျပင္သတင္းေတြကို အနီးစပ္ဆုံးရနိုင္ေအာင္ က်ေနာ္ လုပ္ခဲ့ပါ တယ္။ ေအာက္ေျခက အျဖစ္အပ်က္ေတြဟာ သတင္းတိုက္ပြဲေတြနဲ႕ ဝါဒျဖန႔္ခ်ိေနတာေတြလား၊ ဘယ္အရာ ဘယ္ေလာက္ျဖစ္တန္ေျခရွိတယ္ဆိုတာကို မျပတ္ အကဲခတ္ခဲ့ပါတယ္။ အခုလည္း မျပတ္ၾကည့္ေနဆဲျဖစ္ပါ တယ္။ 


 ဗမာအမ်ိဳးသားေရးဝါဒ


အမ်ိဳးသားေရးဝါဒကို ဗဟိုျပဳၿပီး ဆြဲစုထားတဲ့ ျမန္မာစစ္တပ္အတြင္းမွာ တကယ္ စစ္မွန္တဲ့ မ်ိဳးခ်စ္ဝါဒ (တနည္း) အမ်ိဳးသားေရးဝါဒ ခိုင္မာက်စ္လစ္သလားဆိုတာကိုလည္း စစ္အာဏာမသိမ္းခင္ ၂၀၁၉ ခုႏွစ္ေလာက္ကတည္းက က်ေနာ္ စဥ္ဆက္မျပတ္ ေလ့လာခဲ့ပါတယ္။ စစ္အာဏာသိမ္းမႈျဖစ္ေတာ့လည္း၊ တပ္အင္စတီက်ဴးရွင္းရဲ႕ သေဘာ အနက္ကို ေဖာ့မေတြးခဲ့သူတစ္ေယာက္အေနနဲ႕၊ တို႔တေတြ ေတာ္႐ုံနဲ႕ေတာ့ မရဘူးေနာ္ ဆိုတဲ့ သတိေပးမႈမ်ိဳးနဲ႕ နိုင္ငံေရးေဆာင္းပါးေတြမွာ တြန္းတြန္းတိုက္တိုက္ သတိေပးေရးသားခဲ့ပါတယ္။ တခါတရံ အားလုံး ေလ်ာ့တြက္မိ မစိုးလို႔ စိုးရိမ္ခ်က္နဲ႕ ေရးသားတာေၾကာင့္လည္း၊ လူတခ်ိဳ႕က အထင္အျမင္ လြဲတာေတြ ႀကဳံခဲ့ရပါတယ္။ ဒါက ကိစၥ မရွိပါ။ နားလည္ၿပီးသား ကိစၥျဖစ္သလို၊ ႀကဳံေတြ႕ေနက် ျဖစ္လို႔ မမႈခဲ့ပါ။ 


 တျဖည္းျဖည္း လက္ဝါးႀကီးအုပ္


လူမ်ိဳးစုအသီးသီးနဲ႕ စတင္စုဖြဲ႕ခဲ့တဲ့ ျမန္မာ့တပ္မေတာ္ဟာ ပါလီမန္ဒီမိုကေရစီေခတ္ဦးကာလမွာတင္ တတိတိနဲ႕ သင္းကြဲသလို ျဖစ္ခဲ့ပါတယ္။ ဒီၾကားထဲ ကြန္ျမဴနစ္နဲ႕ ဆိုရွယ္လစ္ေတြရဲ႕ ေကဒါေမြးတဲ့ လုပ္ရပ္ေတြေၾကာင့္၊ တပ္ရင္း အလိုက္ ေတာခိုတာေတြ ျဖစ္ခဲ့ပါတယ္။ တကယ္ေတာ့ ျမန္မာစစ္တပ္ဟာ သမိုင္းသင္ခန္းစာကို ေကာင္းေကာင္း ယူၿပီး တည္ေဆာက္နိုင္ခဲ့တယ္လို႔ ေျပာနိုင္ပါတယ္။ ဒါ့ေၾကာင့္ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းနဲ႕ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊ လက္ထက္ ေတြမွာ၊ တပ္တြင္း မွာ ဘာသာျခားေတြကို တျဖည္းျဖည္း ကန႔္လာတယ္။ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းေခတ္ ကေန စတင္ၿပီးေတာ့ လူမ်ိဳးစုေတြကို တျဖည္းျဖည္း ဖယ္လာတာေတြ႕ရပါတယ္။ ေနာက္ပိုင္းတျဖည္းျဖည္း အသားက်လာၿပီး အညာဗမာေတာသားေတြခ်ည္းပဲ. အုပ္စီးမိတဲ့ ျမန္မာစစ္တပ္ျဖစ္လာပါတယ္။ 


ဗိုလ္ခ်ဳပ္မႉး ႀကီးသန္းေ႐ႊေခတ္မွာ၊ ထိပ္ပိုင္းစစ္ဗိုလ္အုပ္စုက တစ္ဦးတည္း လက္ဝါးႀကီးအုပ္တာမ်ိဳး မလုပ္ဘဲ၊ ေဝစားမွ်စား လုပ္ခဲ့လို႔ စစ္အစိုးရဟာ အာဏာသက္ကို ဆန႔္နိုင္ခဲ့တယ္ လို႔ ေျပာရမယ္။ အခ်င္းခ်င္း မွ်ေဝစားၿပီး ဝိုင္းႀကီးခ်ဳပ္နဲ႕ တုပ္ႏွောင္ထားတဲ့ ပုံစံက၊ တပ္တြင္းၿပိဳကြဲမႈကိုလည္း ထိန္း ထားနိုင္သလို၊ ျပင္ပအုပ္စုကိုလည္း စုစုစည္းစည္း ခုခံနိုင္တယ္ဆိုတဲ့ ရလဒ္ကို ေပးပါတယ္။ တစ္ဖက္မွာလည္း တပ္အသိုင္းအဝိုင္းထဲ ဝင္လာသူကို ေနေပ်ာ္ေအာင္ လုပ္ေပးသလို ျဖစ္ေတာ့၊ တပ္ေထာက္ခံတဲ့ အသိုင္းအဝိုင္းကို တျဖည္းျဖည္း ခ်ဲ့ထြင္လာနိုင္တဲ့ သေဘာရွိတာကို လည္း ေတြ႕ရတယ္။ ထားေတာ့။ 


 စစ္တပ္အတြက္ ဂယ္ေပါက္


ဒီလိုနဲ႕ တစ္ဖက္မွာလည္း အသက္ရႈေပါက္ေခ်ာင္ေအာင္ နိုင္ငံေရးအရ ေျဖေလ်ာ့ေရးလုပ္ၿပီး ျမန္မာစစ္တပ္က သူရဲ႕ ဂယ္ေပါက္ကို ဖန္တီးနိုင္ခဲ့တယ္။ ေခတ္မီတဲ့ ပေရာ္ဖက္ရွင္နယ္ တပ္မေတာ္ျဖစ္ေအာင္ တည္ေဆာက္မယ္ဆိုတဲ့ စကားဟာ ျပည္မက ဗမာ/ျမန္မာ လူထုကို တစ္စုံတစ္ရာအထိေတာ့ ဆြဲေဆာင္နိုင္ခဲ့ပါတယ္။ ယုတ္စြအဆုံး စစ္ အာဏာရွင္ဆန႔္က်င္ေရးကို ႏွစ္ေပါင္းမ်ားစြာ ေထာင္က်တန္းက်ခံၿပီး လုပ္လာခဲ့တဲ့ ဒီမိုကေရစီအတိုက္အခံအုပ္စု ကိုေတာင္ ဆြဲေဆာင္နိုင္ခဲ့တယ္လို႔ ေျပာနိုင္ပါတယ္။ သို႔ေသာ္လည္း စစ္အာဏာသိမ္းရင္ ငါတို႔ ထိန္းနိုင္ပါတယ္ လို႔ ခပ္ေပါ့ေပါ့ စဥ္းစားၿပီး မ်က္ကန္းတစ္ေဆမေၾကာက္၊ ဆင္ကန္းေတာတိုး လုပ္ခဲ့တဲ့ လုပ္ရပ္ဟာ အမွားေပၚ အမွား ဆင့္ၿပီး ျမန္မာစစ္တပ္အတြက္ တျဖည္းျဖည္း ေဘးထြက္ဆိုးက်ိဳးမ်ားလာပါတယ္။ 


 အရႈံးေပၚ အရႈံးဆင့္လာခဲ့


စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ ျမန္မာစစ္တပ္ဟာ နိုင္ငံေရးအရ စၿပီး အရႈံးျပလာတယ္။ ေနာက္ ဖိႏွိပ္ၿဖိဳခြင္းမႈ ေတြကို အကန႔္အသတ္နဲ႕ ခ်င့္ခ်င့္ခ်ိန္ခ်ိန္ မလုပ္ဘဲ ဇြတ္တိုးေတာ့ လက္နက္ကိုင္လမ္းစဥ္ ထိပ္တက္လာတယ္။ ဗမာျပည္မက အုံလိုက္က်င္းလိုင္း လက္နက္ကိုင္ေတာ္လွန္ေရးကို စတင္လာတဲ့အခါမွာ၊ ျမန္မာစစ္တပ္ဟာ အုပ္ခ်ဳပ္ေရးအရ ထပ္ၿပီး အရႈံးေပၚျပန္တယ္။ လူထုတိုက္ပြဲေတြမွာ အၾကမ္းမဖက္တဲ့ သပိတ္တိုက္ပြဲေတြ၊ သပိတ္ ေမွာက္တာေတြ၊ ျပည္သူ႕အာဏာဖီဆန္ေရးလႈပ္ရွားမႈေတြ ႀကီးႀကီးမားမား ေပၚလာေတာ့လည္း၊ ျမန္မာစစ္တပ္ဟာ စီးပြားေရးအရ ထပ္ရႈံးျပန္တယ္။ ဒီေတာ့ အရႈံးေပၚ အရႈံးဆင့္လာတယ္။ 


နိုင္ငံတကာေရးရာမွာလည္း စစ္ေရးအရ ႐ုရွားနဲ႕ စီးပြားေရးနဲ႕ နိုင္ငံေရးအရ တ႐ုတ္သာ ေထာက္ခံရင္ ျမန္မာစစ္တပ္ဟာ ဘယ္ေတာ့မွ မၿပိဳလဲနိုင္ဘူးလို႔ နလပိန္းတုံး အေတြးအေခၚနဲ႕ နိုင္ငံတကာနိုင္ငံေရးကို တိုးဝင္တဲ့အခါမွာလည္း ထပ္ၿပီး အရႈံးျပျပန္တယ္။ နိုင္ငံ တကာနိုင္ငံေရးမွာ ဘယ္သူမွ သစၥာ မရွိဘူး၊ အားလုံးဟာ အက်ိဳးစီးပြားနဲ႕ကစားေနၾကတယ္ဆိုတာကို ျမန္မာစစ္ ေခါင္းေဆာင္ေတြ သိေကာင္း သိေပမယ့္၊ တကယ္နားမလည္ဘူး။ 


 လက္နက္ကိုင္ပုန္ကန္မႈနဲ႕ ႀကဳံ


စစ္အာဏာသိမ္းၿပီး လက္နက္ကိုင္လမ္းစဥ္ နိဒါန္းပိုင္းေရာက္လာတဲ့အခါမွာ၊ လူမ်ိဳးစုနယ္ပယ္အသီးသီးကလည္း သူတို႔ အမ်ိဳးသားေရးလြတ္ေျမာက္မႈအတြက္ အသီးသီး စစ္ပူေပးတာေတြ ရွိလာတယ္။ တျဖည္းျဖည္းနဲ႕ ဗမာ ေတာ္လွန္ေရးအင္အားစုေတြနဲ႕ လူမ်ိဳးစုလက္နက္ကိုင္အဖြဲ႕ေတြ အေစးကပ္လာတယ္။ ဒါဟာ ျမန္မာစစ္တပ္ အတြက္ ႀကီးက်ယ္ေသာ ရိုက္ခတ္ခ်က္ပဲ ျဖစ္တယ္။ လူမ်ိဳးစုလက္နက္ကိုင္အဖြဲ႕ေတြနဲ႕ ဗမာေတာ္လွန္ေရးအင္အား စုေတြအၾကား ပူးကပ္မႈေတြ ထဲထဲဝင္ဝင္ မျဖစ္ေအာင္ ျမန္မာစစ္တပ္က ႀကိဳးစားေပမယ့္ မေအာင္ျမင္ဘူး။ အပစ္ အခတ္ရပ္စဲေရးနဲ႕ ၿငိမ္းခ်မ္းေရးဆိုတာကို စစ္ဗ်ဴဟာတစ္ခုလို ကစားတတ္တဲ့ ျမန္မာစစ္တပ္ရဲ႕ ေစာက္က်င့္ကို လူမ်ိဳးစုလက္နက္ကိုင္အဖြဲ႕ အားလုံးက သိတယ္။ သို႔ေသာ္လည္း ျမန္မာစစ္တပ္နဲ႕ ပလဲပနံသင့္ၿပီး ေပါင္းစားတဲ့ ျပည္သူ႕စစ္အုပ္စုနဲ႕ BGF အုပ္စုကေတာ့ အက်ိဳးစီးပြားအထိုင္ေပၚမွာပဲ ဆက္ကစားတယ္။ 


လူမ်ိဳးစုလက္နက္ကိုင္ အဖြဲ႕ အားလုံးလိုလိုဟာ ဗမာေတာ္လွန္ေရးအင္အားစုေတြရဲ႕ ႏြေဦးေတာ္လွန္ေရးဆိုတာကို ကာယကံေျမာက္ မကူညီေစအုံးေတာ့. မူအားျဖင့္ ေထာက္ခံတယ္ဆိုတာကို ျပသလာၾကတယ္။ ဒီလိုနဲ႕ စစ္အာဏာသိမ္းမႈ တစ္ႏွစ္ ျပည့္ၿပီး ကာလေနာက္ပိုင္းမွာ၊ လူမ်ိဳးစုလက္နက္ကိုင္အဖြဲ႕ႀကီးေတြနဲ႕ ဗမာေတာ္လွန္ေရးတပ္သားေတြ တျဖည္း ျဖည္း ေပါင္းစည္းမႈ အားႀကီးလာတာကို ေတြ႕ရတယ္။ 


 ေလွႀကီးထိုးရိုးရိုး


ျမန္မာစစ္တပ္ဟာ ေခတ္ေတြ ေျပာင္းလာေပမယ့္ သူ႕ရဲ႕ ေရွးနည္းေဟာင္းျဖစ္တဲ့ ေလွႀကီးထိုးရိုးရိုးဗ်ဴဟာကိုပဲ ဆက္လက္သုံးစြဲတယ္။ ျမန္မာစစ္တပ္ရဲ႕ အစဥ္အလာအတိုင္းလုပ္ခဲ့တဲ့ ေလွႀကီးထိုးရိုးရိုးဗ်ဴဟာကပဲ၊ ျမန္မာစစ္တပ္ ကို ရန္သူေတြ ပြားသထက္ ပြားေအာင္၊ တိုးသထက္ တိုးေအာင္ လုပ္ေနသလို ျဖစ္ခဲ့တယ္။ အထူးသျဖင့္ သတင္း အခ်က္အလက္ နည္းပညာ အျပန႔္က်ယ္တဲ့ေခတ္မွာ၊ ျမန္မာစစ္တပ္ လုပ္တဲ့ အေၾကာက္တရားနဲ႕ ၿခိမ္းေျခာက္ၿပီး ၿငိမ္ဝပ္ပိျပားေအာင္လုပ္တဲ့ ဗ်ဴဟာဟာ - ျမန္မာစစ္တပ္အဖို႔ ရန္သူေတြ ေမြးေနသလိုသာ ျဖစ္ခဲ့တယ္။ 


ျမန္မာစစ္တပ္ရဲ႕ လုပ္နည္းလုပ္ဟန္ေတြကို ၾကည့္ရင္ - အၾကပ္ကိုင္တာ၊ ၿခိမ္းေျခာက္တာ၊ ဖိႏွိပ္တာ၊ အေၾကာက္ တရားသြင္းေပးတာ၊ တိုက္ခိုက္တာ၊ သတ္ျဖတ္တာ၊ မီးရွို႔တာ၊ ခ်ိပ္ပိတ္တာ၊ ဖမ္းဆီးတာ. စတဲ့နည္းက လြဲလို႔ သီးျခားနည္းနာေတြ သုံးစြဲတာ မေတြ႕ရဘူး။ ဒီလိုေတြ လုပ္ရင္ ေၾကာက္ၿပီး ၿငိမ္မယ္လို႔ ထင္ထားတဲ့ အစြဲကို အခုထိ ျမန္မာစစ္တပ္ဟာ မေဖ်ာက္နိုင္တာကို ေတြ႕ရတယ္။ သတ္ျပလိုက္မယ္၊ ညွင္းဆဲျပလိုက္မယ္ ဒါဆိုရင္ ၿငိမ္မယ္ လို႔ ထင္ေနတယ္။  ေဆြမ်ိဳးနီးစပ္ေတြကို အသိုင္းအဝိုင္းနဲ႕ ဖိအားေပးရင္ ျဖစ္မယ္လို႔ ထင္ၿပီး ဒါကို ဆက္လုပ္တယ္။ 


 သိမ္ငယ္စိတ္ဝင္လာတဲ့ စစ္ဗိုလ္ေတြ


လူထုဟာ ျမန္မာစစ္တပ္ကို ရန္သူလို႔ ျမင္လာတယ္။ ေနာက္ဆုံး ရန္သူလို႔ ျမင္တဲ့အဆင့္ကေန ပိုဆိုးလာတယ္။ ႐ြံလာတယ္။ မုန္းလာတယ္။ ကိုယ့္တူကိုယ့္သားက စစ္တပ္ထဲမွာ ရွိေနရင္ေတာင္ လူၾကားထဲ ထုတ္မေျပာဝံ့ ေလာက္ေအာင္ စစ္သားဂုဏ္သိကၡာပ်က္ယြင္းလာတယ္။ ငါ့အေဖက စစ္သားႀကီးကြ ငါ့တူ ငါ့သား ငါ့အစ္ကို ငါ့ေမာင္က စစ္သားကြ၊ စစ္ဗိုလ္ကြ ဆိုတာကို ထုတ္ေဖာ္ မေျပာရဲေတာ့ဘူး။ ေနာက္ဆုံး တပ္ထဲမွာ တာဝန္ထမ္း ေဆာင္ေနတဲ့ စစ္ဗိုလ္ေတြေတာင္ လူမႈကြန္ယက္စာမ်က္ႏွာေတြေပၚမွာ စစ္ယူနီေဖာင္းဝတ္ၿပီး သူတို႔ ဓာတ္ပုံကို မတင္ရဲေတာ့ဘူး။ အခုအခ်ိန္ထိ အဲသည္လို တင္ရဲေသးတယ္ဆိုရင္ေတာ့ အဲသည့္ေကာင္ တကယ့္ အေကာင္ပဲ။ ဘာအေကာင္လဲေတာ့ မသိဘူး။ ေသနာေကာင္ ျဖစ္မယ္ ထင္တယ္။ 


 အာ႐ုံေတြ မ်ား / အင္အားေတြ ျပယ္


ျမန္မာစစ္ေခါင္းေဆာင္ေတြဟာ သူတို႔ လုပ္ရပ္မွားေၾကာင္း ဝန္မခံလိုဘူး။ အမွားကို ဖာေထးဖို႔လည္း မႀကိဳးစားဘူး။ ငါတို႔လုပ္ရင္ ျဖစ္ရမေပါ့လို႔ ထင္ျမင္တဲ့အထင္ဟာ တျဖည္းျဖည္းနဲ႕ ႀကီးသထက္ႀကီးလာေနတယ္။ ဒီလို အထင္ အျမင္ ႀကီးလာေလေလ၊ အမွားေတြကို ပိုလုပ္မိလာေလေလ ျဖစ္လာတယ္။ တပ္တြင္းမွာ ေျပာေရးဆိုခြင့္ ေဝဖန္ ေထာက္ျပခြင့္ကို ပိတ္ပင္ထားေတာ့၊ တျဖည္းျဖည္းနဲ႕ အထက္နဲ႕ ေအာက္ေျခစစ္သားေတြအၾကား ျဖစ္ရပ္မွန္သိရွိမႈ ကင္းေပ်ာက္လာတယ္။ ဒါက တျဖည္းျဖည္းနဲ႕ အမွားေတြကို ႀကီးထြားလာေစတဲ့ အေၾကာင္းတရားျဖစ္လာတယ္။ 


ျမန္မာစစ္တပ္ဟာ အာဏာသိမ္းၿပီးကာလေနာက္ပိုင္းကတည္းက တစ္ရက္မွ မနားရေသးဘူး။ အေနေခ်ာင္တဲ့ ေကာင္ေတြကေတာ့ နားရသေပါ့။ သို႔ေသာ္လည္း စစ္ေခါင္းေဆာင္ေတြနဲ႕ ေအာက္ေျခစစ္သားေတြက ေန႕တိုင္းလိုလို အပူေတြနဲ႕ ျဖတ္သန္းေနရတယ္။ 

ျမန္မာစစ္တပ္ဟာ ေနရာတိုင္း ေဒသတိုင္း က႑တိုင္းကို အာ႐ုံစိုက္ေနရလို႔ ေနရာတိုင္း ေဒသတိုင္း က႑တိုင္းမွာ အားနည္းေနတယ္။ ဘာကိုမွ ဖိဖိစီးစီး မလုပ္နိုင္ေသးဘူး။ ဘယ္ေနရာမွ ဖိဖိ စီးစီးနဲ႕ အာ႐ုံမစိုက္နိုင္ျခင္းဟာ ျမန္မာစစ္ေခါင္းေဆာင္ေတြရဲ႕ အားနည္းမႈကို ထပ္အားနည္းေအာင္၊ တတိတိ ပြန္း ျပတ္ျပတ္ေအာင္ လုပ္ေပးသလို ျဖစ္ေနတယ္။ 


ဒါကိုလည္း အထက္အမိန႔္အရပဲ လုပ္ခြင့္ရတဲ့ တပ္အင္စတီက်ဴးရွင္း မွာ မေျပာင္းနိုင္ဘူး မျပင္နိုင္ဘူး။ ေျပာခြင့္ဆိုခြင့္ အႀကံျပဳခြင့္လည္း မရွိဘူး။ လက္ရွိ ျမန္မာစစ္အာဏာသိမ္း ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ရဲ႕ နံေဘးမွာ - ေဗာင္းေတာ္ၿငိမ့္ စိတ္ေတာ္သိေတြပဲ ရွိတယ္။ အားလုံး က မွန္ပါ့ဘုရားနဲ႕ စခန္းသြားေနတယ္။ ေခါင္းေဆာင္တစ္ေယာက္ရဲ႕ နံေဘးမွာ ေဝဖန္ေထာက္ျပမယ့္သူ မရွိျခင္း ဟာ အဲသည့္ေခါင္းေဆာင္ရဲ႕ က်ရႈံးခန္းအစပဲ။ အခုေတာ့ က်ရႈံးခန္းဟာ တျဖည္းျဖည္းနဲ႕ နီးလာၿပီ။ 


 တအိအိနဲ႕ ၿပိဳဆင္းလာ


ျမန္မာစစ္တပ္ ဟာ ခ်က္ခ်င္း ဝုန္းဒိုင္းႀကီး ၿပိဳကြဲဖို႔ ခက္ခဲလွပါတယ္။ သို႔ေသာ္လည္း ယခု ေတြ႕ေနရတာကေတာ့ တျဖည္းျဖည္း ပြန္းျပတ္ ျပတ္လာတယ္။ တအိအိ ပဲ့ယြင္းၿပီး က်ဆင္းလာတာေတြ႕ရတယ္။ အတြင္းလွိုက္ ယိုယြင္းမႈေတြကလည္း ထိန္းမနိုင္ သိမ္းမရ ျဖစ္လာတယ္။ ဒါကို တပ္တြင္းအသိုင္းအဝိုင္းက စစ္ဗိုလ္အမ်ားစု သိတယ္။ သို႔ေသာ္လည္း ခြၽန္ မထြက္ေအာင္ ေနေနၾကတယ္။ ျမန္မာစစ္တပ္ထဲမွာလည္း အုပ္စုအားသိပ္ႀကီးတယ္။ ဒီေတာ့ တစ္ေယာက္ ေယာက္က ခြၽန္ထြက္လာရင္၊ ခ်က္ခ်င္း ဆြဲေစ့ခံရလို႔ ဘယ္သူမွ မေျပာဝံ့ဘူး။ ဒါေပမယ့္ အခ်င္းခ်င္း ႀကိတ္ဝိုင္းေတြ ေတာ့ ရွိတတ္တယ္။ အေတာ္မ်ားမ်ားေတာ့ အတြင္းႀကိတ္ပုန္းပဲ ျဖစ္ၾကတယ္။ ေပၚေပၚထင္ထင္ ထြက္မလာဘူး။ 


သို႔ေသာ္လည္း သူတို႔ အခ်င္းခ်င္းေတာ့ သိေနတယ္။ ငါတို႔ေတာ့ သြားၿပီ ဆိုတာမ်ိဳး။ ဒါေပမယ့္ စစ္ဗိုလ္ဆိုတာ လည္း မာန္နဲ႕ပါ။ အရႈံးဆိုရင္ေတာင္ ဝန္ခံမွာ မဟုတ္ပါဘူး။ မတတ္သာလို႔ တပ္ဆုတ္ရင္ေတာင္ ေအာင္ျမင္စြာ ဆုတ္ခြာနိုင္ခဲ့ၿပီ ဆိုတဲ့ ေျဖေတြးနဲ႕ ကိုယ့္ကိုယ္ကို လီဆယ္တတ္ပါတယ္။ 


ျမန္မာစစ္တပ္ဟာ တျဖည္းျဖည္း တအိအိနဲ႕ အဆင္းလမ္းကို ၿပိဳဆင္းလာတာေတြ႕ေနရတယ္။ ေနာက္ဆုံး ဇာတ္သိမ္းေတာ့ မႀကဳံေသးပါ။ ဘယ္ေတာ့ ႀကဳံမလဲေတာ့ မသိပါ။ 


ယခု ျမန္မာစစ္တပ္ကိုယ္တိုင္ အေရးေပၚ အေျခအေန ျဖစ္ေၾကာင္း တပ္လွန႔္တယ္ဆိုတာကေတာ့ - ကိုယ့္တပ္ရင္းမွာ ကိုယ့္အားကိုယ္ကိုးသာ လုပ္ၾကေတာ့ လို႔ အခ်က္ေပးသလို ျဖစ္တာ ေတြ႕ရပါတယ္။ 


ျမန္မာစစ္တပ္ရဲ႕ နိဂုံးပိုင္းဟာ မၾကာခင္ ေရာက္လာေတာ့မွာပါ။ ဒါဆိုရင္ေတာ့ The Rise and Fall of Tatmadaw ဆိုတဲ့ စာအုပ္ကို ျမန္မာလူထုက မိန႔္မိန႔္ႀကီး ဖတ္ခြင့္ရေတာ့ မေပါ့။ 


မင္းေသ့ 

ည ၁၂း၅၇

၂၁၊ ဧၿပီ၊ ၂၀၂၂။ 


၎ေဆာင္းပါးကို မင္းေသ့ဝက္ဆိုဒ္မွာလည္း ဝင္ဖတ္နိုင္ပါတယ္။ 


Website Link: 


https://minthayt.com/archives/2151

Friday, April 22, 2022

ရွှေဖြူ က ပလက်တီနမ်လား?

 ရွှေဖြူ က ပလက်တီနမ်လား?




        ရွှေသည် သန့်ရှင်းစင်ကြယ်သောသတ္တုဖြစ်ပြီး ဝါ၍အနည်းငယ် နီသော အရောင်ရှိသည်။


        ရွှေကို အခြားသတ္တု များဖြစ်သည့် ငွေဖြူရောင်ရှိသော ငွေ (Silver), ငွေဖြူရောင်သတ္တု ဒြပ်စင် (Palladium), နီကယ် (Nickel), ဇင့် (Zinc), ပလက်တီနမ် (Platinum) စသည့် သတ္တု များကို စနစ်တကျပေါင်းစပ်ရောနှောကာ ရိုဒီယမ်(Rhodium) ဟု အမည်ရသော သတ္တု တစ်မျိုး ဖြင့် အရောင်တင် လိုက် သောအခါ အဖြူရောင် ရွှေ (White Gold) ကို ရရှိသည်။ 


          Rhodium ဆိုတာ ငွေဖြူရောင်ရှိသော ဒြပ်စင်တစ်မျိုးဖြစ်ပြီ ရောင်ပြန်ဟပ်မှု အလွန်ပြင်းထန်သော အစွမ်းရှိသည်။ Rhodium ကို ကမ္ဘာ့အရှားပါးဆုံးနှင့် အဖိုးတန်သတ္တုအဖြစ် သတ်မှတ်ထားသည်။ Rhodium ဟူသောအမည်သည် ဂရိ စကားလုံး ရိုဒွန် (Rhodon) မှ ဆင်းသက် လာခြင်းဖြစ်သည်။ Rhodon သည် ဆား၏နှင်းဆီအနီရောင် (The Rose-Red Color of Its Salts) ဟု အဓိပ္ပာယ်ရသည်။ Rhodium ကို 1803 ခုနှစ်တွင် အင်္ဂလိပ် ဓာတုဗေဒ ပညာရှင် ဝီ လျံဟိုက်(ဒ်)ဝေါလားစတန် (William Hyde Wallaston) က တောင်အမေရိကမှ ရရှိသော Platinum သတ္တုရိုင်းမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု မှတ်တမ်းများအရသိရသည်။     


          Rhodium ကို သံ အရောင်တင်ခြင်း၊ ငွေ အရောင်တင်ခြင်း၊ ရွှေ အရောင်တင်ခြင်း အစရှိသော သတ္တု များတွင် အသုံးပြုသည်။ တောက်ပသော စွမ်းအင်ရှိသည့် Rhodium သည် ရွှေဖြင့် အခြားသတ္တုများ ပေါင်းစပ်၍ ရွှေဖြူ (White Gold) အဖြစ်သို့ အရောင်တင်ရာတွင် အထူးပါဝင်ပစ္စည်း ဖြစ်သည်။


          ရွှေဖြူ (White Gold) ကို 14K , 18K ,22K , 24K စသည်ဖြင့် ရွှေ၏ အရည်အသွေးအလိုက် ကာရက် (Karat) ဟူသော အတိုင်းအတာဖြင့်ဖော်ပြကြသည်။ 18K သည် ရွှေပါဝင်မှူ 75% ဖြစ်ပြီး 14K သည် ရွှေပါဝင်မှူ 60% ခန့် ဖြစ်သည်။ 14K နှင့် 18Kတို့ သည်လက်စွပ်၊ ဆွဲကြိုး၊ နားကပ် အစရှိသော လက်ဝတ် ရတနာများ ပြုလုပ်ရာတွင် အသုံးပြုသည်။ တစ်ချို့သော ရွှေဖြူထည်များသည် 750 ဟု ရေးသားဖော်ပြထားလေ့ရှိသည်။750 ဆို တာ ရွှေပါဝင်မှူ 75%(18K) ကို ဆိုလိုသည်။


         မပြောမဖြစ်ပြောရဦးမည့်အရာမှာ ပလက်တီနမ် (Platinum) ပင် ဖြစ်သည်။ အကြောင်းမှာ ရွှေဖြူ (White Gold) ကို ပလက်တီနမ် (Platinum) ဟူ၍ မှားယွင်းစွာ သိနေခြင်းပဲဖြစ်သည်။ Platinum သည် အဖြူရောင်ဖြစ်ပြီး White Gold ကဲ့သို့ Rhodium ရောနှောကာ အရောင်ပြောင်း လာခြင်းမဟုတ်ပါ။ နဂို မူလသဘာဝ အဖြူရောင်ဖြစ်သည်။ Platinum ၏ သင်္ကေတမှာ PT ဖြစ်သည်။ Platinum သည် PT နှင့် အက်တမ်အမှတ် ၇၈ သင်္ကေတပါသော ဓာတုဒြပ်စင် ဖြစ်သည်။ ၄င်းသည် သိပ်သည်းပြီး ပုံသွင်းရလွယ်ကူ၍ အဖိုးတန်သော အဖြူရောင်သတ္တုဖြစ်သည်။ ၄င်း၏အမည်မှာ စပိန်စကားလုံး ပလက်တီနို (Platino) ဟူသော စကားလုံးမှ ဆင်းသက်လာခြင်း ဖြစ်သည်။ Platino ကို ငွေ အနည်းငယ် ဟု အဓိပ္ပာယ်ရသည်။ Platinum တွင် သဘာဝတွင် တွေ့ရှိရသော အိုင်ဆိုတုပ် (Isotopes) ၆ခု ရှိသည်။ ၄င်းသည် ပျမ်းမျှ အားဖြင့် 5 Lg / kg နှင့်အတူ ကမ္ဘာ့အပေါ်ယံလွှာတွင် အလွန် ရှားပါးသော ဒြပ်စင်တစ်ခု ဖြစ်သည်။ အလွန်ရှားပါးသော သတ္တု ဖြစ်သောကြာင့် နှစ်စဉ် တန်ပေါင်း ရာဂဏန်းအနည်းငယ်သာ ထုတ်လုပ်နိုင်သည်။


            Platinum ကို ဓာတ်ကူပစ္စည်း အဖြစ်ပြောင်းလဲပြီး ဓာတ်ခွဲခန်း သုံးကိရိယာများ၊ လျှပ်ကူးပစ္စည်းများ၊ အပူချိန်တိုင်းကိရိယာများ၊ သွားနှင့်ပတ်သက်သော ပစ္စည်းများနှင့် လက်ဝတ်ရတနာများ တွင် အသုံးပြုကြသည်။ Platinumတွင် ပါဝင်သော ဒြပ်ပေါင်း များဖြစ်သည့် Cisplatin , Oxaliplatin နှင့် Carboplatin သည် ကင်ဆာရောဂါအချို့ ကို ဓာတုကုထုံးဖြင့် ကုသရာတွင် အသုံးပြု သည်။


         ဘီစီ 1200 အစောပိုင်းကာလက အသုံးပြုခဲ့သော ရှေးဟောင်း အီဂျစ်ဂူသင်္ချိုင်းများရှိ ရွှေများတွင် Platinum ၏ သဲလွန်စများ ရှာဖွေ တွေ့ရှိခဲ့သည်ဟု မှတ်တမ်းတင်ထားခြင်း ရှိသည်။ ပိုင်းအီဂျစ်လူ မျိုးတို့သည် Platinum နှင့် ပတ်သက်၍ သိရှိမှုမှာ နည်းပါးလှသည်။ လုံးဝမသိရှိခြင်းတောင် ဖြစ်နိုင်သည်။ ထို့ကြောင့် အီဂျစ်တို့သည် သူတို့၏ ရွှေများတွင် Platinum ပါဝင် သည်ကို မသိရှိခဲ့ကြပေ။


          Platinum သည် အဖိုးတန် ရှားပါးသတ္တုဖြစ်သောကြောင့် သူ၏ တန်ဖိုးအတိုင်း အရောင်မှိန်လွင့်စင်သွားခြင်းမရှိပါ။ Rhodium သတ္တု ဖြင့်လဲ အရောင်တင်ရန် မလိုအပ်ပါ။ လက်ဝတ်ရတနာ များပြုလုပ်ရာတွင်လည်း Platinum ကို White Gold ကဲ့သို့ အခြားသတ္တုများဖြင့် ရောစပ်စရာမလိုပါ။


        Platinumသည် ရွှေထက် သိပ်သည်းဆများပြီး ပိုမိုမာကြော သည်။ ထို့ကြောင့် Platinumသည် ရွှေထက်ပိုလေးသည်။ Platinumသည် ရှားပါးသော သတ္တု တစ်မျိုးဖြစ်သည့်အတွက် Gold၊ White Gold ထက် ပို၍ဈေးကြီးသည်။ White Gold သည် အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ အရောင်လွင့်စင်၍ မှိန်သွားတက်သည်။ ထို့ ကြောင့် Rhodium သတ္တုဖြင့် အရောင်ပြန်တင်ပေးရသည်။ ထိုသို့ မကြာခဏအရောင်ပြန်တင်ပေးရသော ကြောင့် လူသားတို့ ဝတ်ဆင်ရာတွင် အနည်းငယ် အဆင်မပြေမှု ဖြစ်စေသည်။ သို့သော် တန်ဖိုးနည်း ရတနာပစ္စည်းမဟုတ်ပါ။ 


        White Gold နှင် Platinum သည် လူသားတို့ အတွက် ဝတ်ဆင် ရာတွင် အလွန်လှပပြီး တန်ဖိုးအားဖြင့် White Gold သည် Gold ထက် ဈေးသက်သာ၍ Platinum သည် Gold ထက် ဈေးပိုကြီး သည်။ 


        Gold ကို နောင်ရေးအတွက် ဝယ်ယူစုဆောင်းမှုများရှိ သော်လည်း Platinum နှင် White Gold ကိုတော့ ဝယ်ယူ စုဆောင်းမှု နည်းလှသည်။ ဖွံ့ဖြိုးလာသော ဆန်းသစ်တီထွင် မှု များကြောင့် Gold နှင့် Platinum ရောစပ်ဖန်တီးသော လက်ဝတ် ရတနာများသည် ဆန်းသစ်ခေတ်မှီသော ဒီဇိုင်းများဖြင့် လူသား တို့၏ တင့်တယ်လှပသော နေ့စဉ်လူနေမှုဘဝတွင် နေရာယူထား ကြပြီးဖြစ်သည်။


Credit to uhtongoldsmith.


Photo by Google


Shared by Heain Minn Zar


မူလမျှဝေသူ: https://www.facebook.com/100008386724259/posts/3231903670432492/


(Zawgyi) 

ေ႐ႊျဖဴ က ပလက္တီနမ္လား?




        ေ႐ႊသည္ သန႔္ရွင္းစင္ၾကယ္ေသာသတၱဳျဖစ္ၿပီး ဝါ၍အနည္းငယ္ နီေသာ အေရာင္ရွိသည္။


        ေ႐ႊကို အျခားသတၱဳ မ်ားျဖစ္သည့္ ေငြျဖဴေရာင္ရွိေသာ ေငြ (Silver), ေငြျဖဴေရာင္သတၱဳ ျဒပ္စင္ (Palladium), နီကယ္ (Nickel), ဇင့္ (Zinc), ပလက္တီနမ္ (Platinum) စသည့္ သတၱဳ မ်ားကို စနစ္တက်ေပါင္းစပ္ေရာေႏွာကာ ႐ိုဒီယမ္(Rhodium) ဟု အမည္ရေသာ သတၱဳ တစ္မ်ိဳး ျဖင့္ အေရာင္တင္ လိုက္ ေသာအခါ အျဖဴေရာင္ ေ႐ႊ (White Gold) ကို ရရွိသည္။ 


          Rhodium ဆိုတာ ေငြျဖဴေရာင္ရွိေသာ ျဒပ္စင္တစ္မ်ိဳးျဖစ္ၿပီ ေရာင္ျပန္ဟပ္မႈ အလြန္ျပင္းထန္ေသာ အစြမ္းရွိသည္။ Rhodium ကို ကမာၻ႔အရွားပါးဆုံးႏွင့္ အဖိုးတန္သတၱဳအျဖစ္ သတ္မွတ္ထားသည္။ Rhodium ဟူေသာအမည္သည္ ဂရိ စကားလုံး ႐ိုဒြန္ (Rhodon) မွ ဆင္းသက္ လာျခင္းျဖစ္သည္။ Rhodon သည္ ဆား၏ႏွင္းဆီအနီေရာင္ (The Rose-Red Color of Its Salts) ဟု အဓိပၸာယ္ရသည္။ Rhodium ကို 1803 ခုႏွစ္တြင္ အဂၤလိပ္ ဓာတုေဗဒ ပညာရွင္ ဝီ လ်ံဟိုက္(ဒ္)ေဝါလားစတန္ (William Hyde Wallaston) က ေတာင္အေမရိကမွ ရရွိေသာ Platinum သတၱဳ႐ိုင္းမွ ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္ဟု မွတ္တမ္းမ်ားအရသိရသည္။     


          Rhodium ကို သံ အေရာင္တင္ျခင္း၊ ေငြ အေရာင္တင္ျခင္း၊ ေ႐ႊ အေရာင္တင္ျခင္း အစရွိေသာ သတၱဳ မ်ားတြင္ အသုံးျပဳသည္။ ေတာက္ပေသာ စြမ္းအင္ရွိသည့္ Rhodium သည္ ေ႐ႊျဖင့္ အျခားသတၱဳမ်ား ေပါင္းစပ္၍ ေ႐ႊျဖဴ (White Gold) အျဖစ္သို႔ အေရာင္တင္ရာတြင္ အထူးပါဝင္ပစၥည္း ျဖစ္သည္။


          ေ႐ႊျဖဴ (White Gold) ကို 14K , 18K ,22K , 24K စသည္ျဖင့္ ေ႐ႊ၏ အရည္အေသြးအလိုက္ ကာရက္ (Karat) ဟူေသာ အတိုင္းအတာျဖင့္ေဖာ္ျပၾကသည္။ 18K သည္ ေ႐ႊပါဝင္မႉ 75% ျဖစ္ၿပီး 14K သည္ ေ႐ႊပါဝင္မႉ 60% ခန႔္ ျဖစ္သည္။ 14K ႏွင့္ 18Kတို႔ သည္လက္စြပ္၊ ဆြဲႀကိဳး၊ နားကပ္ အစရွိေသာ လက္ဝတ္ ရတနာမ်ား ျပဳလုပ္ရာတြင္ အသုံးျပဳသည္။ တစ္ခ်ိဳ႕ေသာ ေ႐ႊျဖဴထည္မ်ားသည္ 750 ဟု ေရးသားေဖာ္ျပထားေလ့ရွိသည္။750 ဆို တာ ေ႐ႊပါဝင္မႉ 75%(18K) ကို ဆိုလိုသည္။


         မေျပာမျဖစ္ေျပာရဦးမည့္အရာမွာ ပလက္တီနမ္ (Platinum) ပင္ ျဖစ္သည္။ အေၾကာင္းမွာ ေ႐ႊျဖဴ (White Gold) ကို ပလက္တီနမ္ (Platinum) ဟူ၍ မွားယြင္းစြာ သိေနျခင္းပဲျဖစ္သည္။ Platinum သည္ အျဖဴေရာင္ျဖစ္ၿပီး White Gold ကဲ့သို႔ Rhodium ေရာေႏွာကာ အေရာင္ေျပာင္း လာျခင္းမဟုတ္ပါ။ နဂို မူလသဘာဝ အျဖဴေရာင္ျဖစ္သည္။ Platinum ၏ သေကၤတမွာ PT ျဖစ္သည္။ Platinum သည္ PT ႏွင့္ အက္တမ္အမွတ္ ၇၈ သေကၤတပါေသာ ဓာတုျဒပ္စင္ ျဖစ္သည္။ ၄င္းသည္ သိပ္သည္းၿပီး ပုံသြင္းရလြယ္ကူ၍ အဖိုးတန္ေသာ အျဖဴေရာင္သတၱဳျဖစ္သည္။ ၄င္း၏အမည္မွာ စပိန္စကားလုံး ပလက္တီႏို (Platino) ဟူေသာ စကားလုံးမွ ဆင္းသက္လာျခင္း ျဖစ္သည္။ Platino ကို ေငြ အနည္းငယ္ ဟု အဓိပၸာယ္ရသည္။ Platinum တြင္ သဘာဝတြင္ ေတြ႕ရွိရေသာ အိုင္ဆိုတုပ္ (Isotopes) ၆ခု ရွိသည္။ ၄င္းသည္ ပ်မ္းမွ် အားျဖင့္ 5 Lg / kg ႏွင့္အတူ ကမာၻ႔အေပၚယံလႊာတြင္ အလြန္ ရွားပါးေသာ ျဒပ္စင္တစ္ခု ျဖစ္သည္။ အလြန္ရွားပါးေသာ သတၱဳ ျဖစ္ေသာၾကာင့္ ႏွစ္စဥ္ တန္ေပါင္း ရာဂဏန္းအနည္းငယ္သာ ထုတ္လုပ္ႏိုင္သည္။


            Platinum ကို ဓာတ္ကူပစၥည္း အျဖစ္ေျပာင္းလဲၿပီး ဓာတ္ခြဲခန္း သုံးကိရိယာမ်ား၊ လွ်ပ္ကူးပစၥည္းမ်ား၊ အပူခ်ိန္တိုင္းကိရိယာမ်ား၊ သြားႏွင့္ပတ္သက္ေသာ ပစၥည္းမ်ားႏွင့္ လက္ဝတ္ရတနာမ်ား တြင္ အသုံးျပဳၾကသည္။ Platinumတြင္ ပါဝင္ေသာ ျဒပ္ေပါင္း မ်ားျဖစ္သည့္ Cisplatin , Oxaliplatin ႏွင့္ Carboplatin သည္ ကင္ဆာေရာဂါအခ်ိဳ႕ ကို ဓာတုကုထုံးျဖင့္ ကုသရာတြင္ အသုံးျပဳ သည္။


         ဘီစီ 1200 အေစာပိုင္းကာလက အသုံးျပဳခဲ့ေသာ ေရွးေဟာင္း အီဂ်စ္ဂူသခ်ႋဳင္းမ်ားရွိ ေ႐ႊမ်ားတြင္ Platinum ၏ သဲလြန္စမ်ား ရွာေဖြ ေတြ႕ရွိခဲ့သည္ဟု မွတ္တမ္းတင္ထားျခင္း ရွိသည္။ ပိုင္းအီဂ်စ္လူ မ်ိဳးတို႔သည္ Platinum ႏွင့္ ပတ္သက္၍ သိရွိမႈမွာ နည္းပါးလွသည္။ လုံးဝမသိရွိျခင္းေတာင္ ျဖစ္ႏိုင္သည္။ ထို႔ေၾကာင့္ အီဂ်စ္တို႔သည္ သူတို႔၏ ေ႐ႊမ်ားတြင္ Platinum ပါဝင္ သည္ကို မသိရွိခဲ့ၾကေပ။


          Platinum သည္ အဖိုးတန္ ရွားပါးသတၱဳျဖစ္ေသာေၾကာင့္ သူ၏ တန္ဖိုးအတိုင္း အေရာင္မွိန္လြင့္စင္သြားျခင္းမရွိပါ။ Rhodium သတၱဳ ျဖင့္လဲ အေရာင္တင္ရန္ မလိုအပ္ပါ။ လက္ဝတ္ရတနာ မ်ားျပဳလုပ္ရာတြင္လည္း Platinum ကို White Gold ကဲ့သို႔ အျခားသတၱဳမ်ားျဖင့္ ေရာစပ္စရာမလိုပါ။


        Platinumသည္ ေ႐ႊထက္ သိပ္သည္းဆမ်ားၿပီး ပိုမိုမာေၾကာ သည္။ ထို႔ေၾကာင့္ Platinumသည္ ေ႐ႊထက္ပိုေလးသည္။ Platinumသည္ ရွားပါးေသာ သတၱဳ တစ္မ်ိဳးျဖစ္သည့္အတြက္ Gold၊ White Gold ထက္ ပို၍ေဈးႀကီးသည္။ White Gold သည္ အခ်ိန္ကာလ ၾကာျမင့္လာသည္ႏွင့္အမွ် အေရာင္လြင့္စင္၍ မွိန္သြားတက္သည္။ ထို႔ ေၾကာင့္ Rhodium သတၱဳျဖင့္ အေရာင္ျပန္တင္ေပးရသည္။ ထိုသို႔ မၾကာခဏအေရာင္ျပန္တင္ေပးရေသာ ေၾကာင့္ လူသားတို႔ ဝတ္ဆင္ရာတြင္ အနည္းငယ္ အဆင္မေျပမႈ ျဖစ္ေစသည္။ သို႔ေသာ္ တန္ဖိုးနည္း ရတနာပစၥည္းမဟုတ္ပါ။ 


        White Gold ႏွင္ Platinum သည္ လူသားတို႔ အတြက္ ဝတ္ဆင္ ရာတြင္ အလြန္လွပၿပီး တန္ဖိုးအားျဖင့္ White Gold သည္ Gold ထက္ ေဈးသက္သာ၍ Platinum သည္ Gold ထက္ ေဈးပိုႀကီး သည္။ 


        Gold ကို ေနာင္ေရးအတြက္ ဝယ္ယူစုေဆာင္းမႈမ်ားရွိ ေသာ္လည္း Platinum ႏွင္ White Gold ကိုေတာ့ ဝယ္ယူ စုေဆာင္းမႈ နည္းလွသည္။ ဖြံ႕ၿဖိဳးလာေသာ ဆန္းသစ္တီထြင္ မႈ မ်ားေၾကာင့္ Gold ႏွင့္ Platinum ေရာစပ္ဖန္တီးေသာ လက္ဝတ္ ရတနာမ်ားသည္ ဆန္းသစ္ေခတ္မွီေသာ ဒီဇိုင္းမ်ားျဖင့္ လူသား တို႔၏ တင့္တယ္လွပေသာ ေန႔စဥ္လူေနမႈဘဝတြင္ ေနရာယူထား ၾကၿပီးျဖစ္သည္။


Credit to uhtongoldsmith.


Photo by Google


Shared by Heain Minn Zar


မူလမွ်ေဝသူ: https://www.facebook.com/100008386724259/posts/3231903670432492/