Saturday, April 16, 2022

Employees engagement ရှိစေဖို့

 Employees engagement ရှိစေဖို့ 


▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️




Htain Lin Kyaw (HR)


Employee Engagement လို့ ဆိုလိုက်တာနဲ့ ၀န်ထမ်းတွေ အလိုလို အလုပ်လုပ်ချင်စိတ်၊ တာ၀န်ခံမှု တာ၀န်ယူမှု အပြည့်အ၀ ရှိခြင်းနဲ့ ပြည့်စုံပြီး ကောင်းမွန်သော ရလာဒ်များကို စွမ်းဆောင်နိုင်မယ့် အခြေအနေအဖြစ် တော်တော်များများသိထားပြီးဖြစ်မှာပါ ။  


၀န်ထမ်းတွေ အလုပ်အပေါ်မှာ ဘယ်လောက်ထိ Engagement ရှိလဲ ဆိုတာကို သိဖို့အတွက် Employee Engagement Survey တွေ တောင် သေသေချာချာလေးလုပ်ကြပြီး ဆောင်ရွက်နေကြတာကို တွေ့ရမှာဖြစ်ပါတယ် ။


ဒီနေရာမှာ ကြုံတုန်း တစ်ခုမျှဝေချင်တာလေး ရှိပါတယ် ၊  Employee Engagement နဲ့ Employee Satisfaction ကမတူညီဘူးဆိုတာကိုပါ ။ ၀န်ထမ်းတစ်ယောက်က အလုပ်မှာ ကျေနပ်နေတယ်ဆိုတာနဲ့ စိတ်ပါ၀င်စားမှု ရှိခြင်း၊ တတ်ကြွခြင်းလုပ်ဆောင်တတ်ခြင်း ၊ တာ၀န်သိခြင်း၊ တာ၀န်ရှိခြင်းက မတူပါဘူး ။


၀န်ထမ်းတစ်ယောက်က သူ့အလုပ်မှာကျေနပ်နေတယ် ဆိုတာက လုပ်ငန်းက သိပ်အများကြီး မရှုပ်လို့ လည်းဖြစ်နိုင်သလို ၊ အတူတူလုပ်ကိုင်နေတဲ့ ၀န်ထမ်းတွေနဲ့ အဆင်ပြေပျော်ရွင်နေတာ ၊တွဲလုပ်ရတာ အဆင်ပြေတာ ၊ လစာနဲ့ လုပ်အား မျှတတယ်လို့ ယူဆတာ ဆိုပြီး တနည်းနည်းနဲ့ လည်း ဖြစ်နိုင်ပါတယ် ။


ဒါပေမဲ့ Engagement ရှိတဲ့ ၀န်ထမ်းကတော့ မိမိအဖွဲ့အစည်းအတွက် ရေရှည်မျှော်မှန်းချက်တွေကို သေချာရှင်းလင်းစွာသိရှိတယ် ၊ မသိသေးရင်လည်း သိအောင် ကြိုးစားတယ် ၊ဒါကြောင့် Engagement ဘယ်လောက်ထိရှိသလဲ (Level of Engagement) နဲ့ မိမိအဖွဲ့အစည်းအတွက် အဲ့လို ၀န်ထမ်းတွေ ဘယ်လောက်များများ ရှိမလဲ ဆိုတာ အဖွဲ့အစည်းတိုးတတ်ရေးအတွက်ပိုပြီး အရေးပါတယ် ဆိုတာ မှားမယ် မထင်ပါဘူး ။


ခက်တာ ဒီ Engagement ဆိုတဲ့ အရာကြီးက သူ့အလိုလို ဖြစ်လာတာ မဟုတ်ပါဘူး ၊ ဖန်တီးရပါတယ် ၊ အခြေအနေ တစ်ခုအထိ ရောက်အောင် ဖန်တီးရပါတယ် ၊ အဲ့လို ဖန်တီးဖို့လိုတဲ့အပြင် ဘာလို Engagement တိုးတတ်လာအောင် လုပ်မလဲ ဆိုတာကို သိဖို့လည်း လိုအပ်ပါတယ် ၊ 


ကနဦး Engagement of components (၂)  မျိုးကို အရင်ဆုံးရှင်းပြချင်ပါတယ် ။ 


❗အဖွဲ့အစည်းအပေါ်မှာ ရှိနေတဲ့ Engagement လား ?  


❗Manager တွေအပေါ်မှာ ရှိနေတဲ့ Engagement လား?


ဆိုတာကို သေချာရှင်းလင်းစွာ သိဖို့လိုအပ်ပါတယ် ။


✔️Engagement with The Organization 


အဖွဲ့အစည်းရဲ့ ပန်းတိုင်ယုံကြည်ချက် ၊ မျှော်မှန်းချက်တွေနဲ့ လုပ်ဆောင်ချက်တွေ ၊စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု ဆိုင်ရာကိစ္စများ ၊ တန်ဖိုးထားမှုတွေကို လက်ခံနားလည်ပြီး ရှိတဲ့ Engagement ရှိတဲ့အပိုင်းဖြစ်ပါတယ် ။


✔️Engagement with My Manager 


သူကတော့ ပိုပြီးတိကျတဲ့အပိုင်းဖြစ်ပါတယ် ၊ သူတို့ကို အနီးကပ်အုပ်ချုပ်နေတဲ့ ကြီးကြပ်သူတွေ ၊ မန်နေဂျာတွေအပေါ်မှာ မူတည်ပြီးရှိတဲ့ Engagement ပါ။ ယုံကြည်လေးစားမှု ၊အားကိုး တန်းဖိုးထားမှု တွေနဲ့အတူ ကောင်းမွန်တဲ့ ဆက်ဆံရေးကြောင့် အပြန် အလှန် လေးစားမှုတွေပါ ပါ၀င်ပါတယ် ။


ဒီတော့ Engagement လို့ ဆိုတိုင်း ဘယ်အပိုင်းမှာဖြစ်တည်နေသလဲ ဆိုတာကို သေချာစွာ လေ့လာ သုံးသပ်နိုင်ဖို့လည်းလိုအပ်ပါတယ် ။ 


အပေါ်က တင်ပြခဲ့တဲ့အထဲကမှ (၂)ခုထပ်ခွဲရင် အချက် လေးချက် ထပ်ရပါတယ်။


Engagement with The Organization  မှာ


🔹Culture of Engagement 


🔹Strategic Alignment)

      

Engagement with My Manager  ဆိုရင် 


🔹Motivating and Relating 


🔹Managing Execution


ဆိုပြီး ပြန်ကြည့်ရမှာဖြစ်ပါတယ် ။ 


ဒီအကြောင်းကို အသေးစိတ် ဆောင်းပါး တစ်ပုဒ်ရေးပါဦးမယ် ။


ဒီတော့  Engagement က အရေးကြီးပါတယ် ဆိုတာ သိတဲ့အခါ ဘာကြောင့်  Employee Engagement 

ကျဆင်းရတာလဲ ဆိုတာကို သိရှိဖို့လည်း လိုအပ်လာပြန်ပါတယ် ။ 


ဘယ်လို အခြေအနေတွေကြောင့် Employee Engagement ကျဆင်းရသလဲ  ၊အဲ့အရာတွေက ဘာတွေလဲ ဆိုတာကို တင်ပြချင်ပါတယ် ။


👇🏻👇🏻👇🏻👇🏻


❗Poor Management ( စီမံခန့်ခွဲမှုအားနည်းတာ)


❗Poor Communication ( လုပ်ငန်းခွင်အတွင်း ပေါင်းသင်းဆက်ဆံရေး သိပ်မကောင်းကြတာ)


❗Lack of career growth ( အသက်မွေး၀မ်းကြောင်းဆိုင်ရာ တိုးတတ်မှု အတွက် အခွင့်အလမ်းမရှိတာ)


❗Pay  ( ထိုက်သင့် မျှတတဲ့ လုပ်ခလစာ မရရှိတာ)


❗Lack of recognition ( အသိအမှတ်ပြုမှု နည်းပါးတာ)


❗Poor leadership  ( ခေါင်းဆောင်မှုပိုင်းမှာ အားနည်းတာ)


❗Lack of training ( လေ့ကျင့်သင်ကြားပေးမှုတွေ သိပ်မရှိတာ)


❗Excessive workload ( လုပ်ငန်းတာ၀န်တွေ အလွန်များပြားတာ)


❗Lack of tools and resources ( လုံလောက်သော အရင်းအမြစ်များနဲ့ ပံ့ပိုးပေးမှု မရှိတာ)


❗Lack of collaboration ( ပူးပေါင်းဆောင်ရွက်မှု မရှိတာ)


ဒိအချက်တွေက ၀န်ထမ်းတွေရဲ့ Engagement ကို ကျစေတဲ့ အကြောင်းအရင်းတွေပဲဖြစ်ပါတယ် ။


ကိုယ်က Employee Engagement ကောင်းအောင် လုပ်ဆောင်တဲ့အခါ ဒီအချက်တွေကြောင့်လည်း ကျမသွားအောင် ပြင်ဆင်ထိန်းသိမ်းရမှာဖြစ်ပါတယ် ၊  ၀န်ထမ်းတွေရဲ့ Engagement ကောင်းအောင်လုပ်ဆောင်ဖို့ အတွက် ကတော့ ကြိုးစားဆောင်ရွက်ရင်း အထက်က ဖော်ပြခဲ့တာတွေကိုလည်း အကောင်းဆုံးပြင်ဆင်နိုင်ပါစေ …..

 


ထိန်လင်းကျော် ( HR)


(Zawgyi)

Employees engagement ရွိေစဖို႔ 


▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️




Htain Lin Kyaw (HR)


Employee Engagement လို႔ ဆိုလိုက္တာနဲ႔ ၀န္ထမ္းေတြ အလိုလို အလုပ္လုပ္ခ်င္စိတ္၊ တာ၀န္ခံမႈ တာ၀န္ယူမႈ အျပည့္အ၀ ရွိျခင္းနဲ႔ ျပည့္စုံၿပီး ေကာင္းမြန္ေသာ ရလာဒ္မ်ားကို စြမ္းေဆာင္ႏိုင္မယ့္ အေျခအေနအျဖစ္ ေတာ္ေတာ္မ်ားမ်ားသိထားၿပီးျဖစ္မွာပါ ။  


၀န္ထမ္းေတြ အလုပ္အေပၚမွာ ဘယ္ေလာက္ထိ Engagement ရွိလဲ ဆိုတာကို သိဖို႔အတြက္ Employee Engagement Survey ေတြ ေတာင္ ေသေသခ်ာခ်ာေလးလုပ္ၾကၿပီး ေဆာင္႐ြက္ေနၾကတာကို ေတြ႕ရမွာျဖစ္ပါတယ္ ။


ဒီေနရာမွာ ႀကဳံတုန္း တစ္ခုမွ်ေဝခ်င္တာေလး ရွိပါတယ္ ၊  Employee Engagement နဲ႔ Employee Satisfaction ကမတူညီဘူးဆိုတာကိုပါ ။ ၀န္ထမ္းတစ္ေယာက္က အလုပ္မွာ ေက်နပ္ေနတယ္ဆိုတာနဲ႔ စိတ္ပါ၀င္စားမႈ ရွိျခင္း၊ တတ္ႂကြျခင္းလုပ္ေဆာင္တတ္ျခင္း ၊ တာ၀န္သိျခင္း၊ တာ၀န္ရွိျခင္းက မတူပါဘူး ။


၀န္ထမ္းတစ္ေယာက္က သူ႔အလုပ္မွာေက်နပ္ေနတယ္ ဆိုတာက လုပ္ငန္းက သိပ္အမ်ားႀကီး မရႈပ္လို႔ လည္းျဖစ္ႏိုင္သလို ၊ အတူတူလုပ္ကိုင္ေနတဲ့ ၀န္ထမ္းေတြနဲ႔ အဆင္ေျပေပ်ာ္႐ြင္ေနတာ ၊တြဲလုပ္ရတာ အဆင္ေျပတာ ၊ လစာနဲ႔ လုပ္အား မွ်တတယ္လို႔ ယူဆတာ ဆိုၿပီး တနည္းနည္းနဲ႔ လည္း ျဖစ္ႏိုင္ပါတယ္ ။


ဒါေပမဲ့ Engagement ရွိတဲ့ ၀န္ထမ္းကေတာ့ မိမိအဖြဲ႕အစည္းအတြက္ ေရရွည္ေမွ်ာ္မွန္းခ်က္ေတြကို ေသခ်ာရွင္းလင္းစြာသိရွိတယ္ ၊ မသိေသးရင္လည္း သိေအာင္ ႀကိဳးစားတယ္ ၊ဒါေၾကာင့္ Engagement ဘယ္ေလာက္ထိရွိသလဲ (Level of Engagement) နဲ႔ မိမိအဖြဲ႕အစည္းအတြက္ အဲ့လို ၀န္ထမ္းေတြ ဘယ္ေလာက္မ်ားမ်ား ရွိမလဲ ဆိုတာ အဖြဲ႕အစည္းတိုးတတ္ေရးအတြက္ပိုၿပီး အေရးပါတယ္ ဆိုတာ မွားမယ္ မထင္ပါဘူး ။


ခက္တာ ဒီ Engagement ဆိုတဲ့ အရာႀကီးက သူ႔အလိုလို ျဖစ္လာတာ မဟုတ္ပါဘူး ၊ ဖန္တီးရပါတယ္ ၊ အေျခအေန တစ္ခုအထိ ေရာက္ေအာင္ ဖန္တီးရပါတယ္ ၊ အဲ့လို ဖန္တီးဖို႔လိုတဲ့အျပင္ ဘာလို Engagement တိုးတတ္လာေအာင္ လုပ္မလဲ ဆိုတာကို သိဖို႔လည္း လိုအပ္ပါတယ္ ၊ 


ကနဦး Engagement of components (၂)  မ်ိဳးကို အရင္ဆုံးရွင္းျပခ်င္ပါတယ္ ။ 


❗အဖြဲ႕အစည္းအေပၚမွာ ရွိေနတဲ့ Engagement လား ?  


❗Manager ေတြအေပၚမွာ ရွိေနတဲ့ Engagement လား?


ဆိုတာကို ေသခ်ာရွင္းလင္းစြာ သိဖို႔လိုအပ္ပါတယ္ ။


✔️Engagement with The Organization 


အဖြဲ႕အစည္းရဲ႕ ပန္းတိုင္ယုံၾကည္ခ်က္ ၊ ေမွ်ာ္မွန္းခ်က္ေတြနဲ႔ လုပ္ေဆာင္ခ်က္ေတြ ၊စီမံခန္႔ခြဲမႈႏွင့္ ေခါင္းေဆာင္မႈ ဆိုင္ရာကိစၥမ်ား ၊ တန္ဖိုးထားမႈေတြကို လက္ခံနားလည္ၿပီး ရွိတဲ့ Engagement ရွိတဲ့အပိုင္းျဖစ္ပါတယ္ ။


✔️Engagement with My Manager 


သူကေတာ့ ပိုၿပီးတိက်တဲ့အပိုင္းျဖစ္ပါတယ္ ၊ သူတို႔ကို အနီးကပ္အုပ္ခ်ဳပ္ေနတဲ့ ႀကီးၾကပ္သူေတြ ၊ မန္ေနဂ်ာေတြအေပၚမွာ မူတည္ၿပီးရွိတဲ့ Engagement ပါ။ ယုံၾကည္ေလးစားမႈ ၊အားကိုး တန္းဖိုးထားမႈ ေတြနဲ႔အတူ ေကာင္းမြန္တဲ့ ဆက္ဆံေရးေၾကာင့္ အျပန္ အလွန္ ေလးစားမႈေတြပါ ပါ၀င္ပါတယ္ ။


ဒီေတာ့ Engagement လို႔ ဆိုတိုင္း ဘယ္အပိုင္းမွာျဖစ္တည္ေနသလဲ ဆိုတာကို ေသခ်ာစြာ ေလ့လာ သုံးသပ္ႏိုင္ဖို႔လည္းလိုအပ္ပါတယ္ ။ 


အေပၚက တင္ျပခဲ့တဲ့အထဲကမွ (၂)ခုထပ္ခြဲရင္ အခ်က္ ေလးခ်က္ ထပ္ရပါတယ္။


Engagement with The Organization  မွာ


🔹Culture of Engagement 


🔹Strategic Alignment)

      

Engagement with My Manager  ဆိုရင္ 


🔹Motivating and Relating 


🔹Managing Execution


ဆိုၿပီး ျပန္ၾကည့္ရမွာျဖစ္ပါတယ္ ။ 


ဒီအေၾကာင္းကို အေသးစိတ္ ေဆာင္းပါး တစ္ပုဒ္ေရးပါဦးမယ္ ။


ဒီေတာ့  Engagement က အေရးႀကီးပါတယ္ ဆိုတာ သိတဲ့အခါ ဘာေၾကာင့္  Employee Engagement 

က်ဆင္းရတာလဲ ဆိုတာကို သိရွိဖို႔လည္း လိုအပ္လာျပန္ပါတယ္ ။ 


ဘယ္လို အေျခအေနေတြေၾကာင့္ Employee Engagement က်ဆင္းရသလဲ  ၊အဲ့အရာေတြက ဘာေတြလဲ ဆိုတာကို တင္ျပခ်င္ပါတယ္ ။


👇🏻👇🏻👇🏻👇🏻


❗Poor Management ( စီမံခန္႔ခြဲမႈအားနည္းတာ)


❗Poor Communication ( လုပ္ငန္းခြင္အတြင္း ေပါင္းသင္းဆက္ဆံေရး သိပ္မေကာင္းၾကတာ)


❗Lack of career growth ( အသက္ေမြး၀မ္းေၾကာင္းဆိုင္ရာ တိုးတတ္မႈ အတြက္ အခြင့္အလမ္းမရွိတာ)


❗Pay  ( ထိုက္သင့္ မွ်တတဲ့ လုပ္ခလစာ မရရွိတာ)


❗Lack of recognition ( အသိအမွတ္ျပဳမႈ နည္းပါးတာ)


❗Poor leadership  ( ေခါင္းေဆာင္မႈပိုင္းမွာ အားနည္းတာ)


❗Lack of training ( ေလ့က်င့္သင္ၾကားေပးမႈေတြ သိပ္မရွိတာ)


❗Excessive workload ( လုပ္ငန္းတာ၀န္ေတြ အလြန္မ်ားျပားတာ)


❗Lack of tools and resources ( လုံေလာက္ေသာ အရင္းအျမစ္မ်ားနဲ႔ ပံ့ပိုးေပးမႈ မရွိတာ)


❗Lack of collaboration ( ပူးေပါင္းေဆာင္႐ြက္မႈ မရွိတာ)


ဒိအခ်က္ေတြက ၀န္ထမ္းေတြရဲ႕ Engagement ကို က်ေစတဲ့ အေၾကာင္းအရင္းေတြပဲျဖစ္ပါတယ္ ။


ကိုယ္က Employee Engagement ေကာင္းေအာင္ လုပ္ေဆာင္တဲ့အခါ ဒီအခ်က္ေတြေၾကာင့္လည္း က်မသြားေအာင္ ျပင္ဆင္ထိန္းသိမ္းရမွာျဖစ္ပါတယ္ ၊  ၀န္ထမ္းေတြရဲ႕ Engagement ေကာင္းေအာင္လုပ္ေဆာင္ဖို႔ အတြက္ ကေတာ့ ႀကိဳးစားေဆာင္႐ြက္ရင္း အထက္က ေဖာ္ျပခဲ့တာေတြကိုလည္း အေကာင္းဆုံးျပင္ဆင္ႏိုင္ပါေစ …..

 


ထိန္လင္းေက်ာ္ ( HR)

No comments: