Tuesday, April 19, 2022

စားသောက်ဆိုင် တစ်ဆိုင်ဖွင့်တော့မယ်ဆိုရင်

 စားသောက်ဆိုင် တစ်ဆိုင်ဖွင့်တော့မယ်ဆိုရင်

.................................... 




ရေးသားသူ ~ AungMyths


ကျွန်တော် ဒီအပတ်ပြောပြချင်တာကတော့ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်တော့မယ်ဆိုရင် ဘာတွေက ဘယ်လိုရှိလဲ ဘာတွေကိုတော့ ထည့်တွက်ရမယ် အမြတ်ရာခိုင်နှုန်းက ဘယ်လောက်ရှိရမယ် ငှားခ/ဝန်ထမ်းလစာ/ရေဖိုးမီးဖိုး/အခွန်/ပစ္စည်းလျော့တွက် တွေရဲ့အချိုး အစားဘယ်လာက်ရှိသင့်တယ်ဆိုတာတွေ အားလုံးကို ထည့်ပြီးရေးသွားပါ့မယ်...


ကျွန်တော်တို့လူငယ်တွေ တော်တော်များများက အလုပ်ထဲမှာ စားသောက်ဆိုင်တို့ Bar တို့ ဖွင့်ရတာက အလွယ်ဆုံးလို့ထင်ကြပါတယ်... ဒါကြောင့်လဲ စားသောက်ဆိုင်တွေအများကြီးတိုးလာနေတယ်... တိုက်ခန်းလေးကိုငှားဖွင့်ကြတဲ့သူတွေ၊ အိမ် ခြံဝင်းကြီးငှားပြီး ဖွင့်ကြတဲ့သူတွေ၊ shopping mall တွေမှာဖွင့်ကြတယ်၊ ကားလေးတွေနဲ့ရောင်းတယ်၊ လက်တွန်းလှည်းလေးတွေနဲ့ရောင်းကြတယ်၊ အိမ်ကနေပြီး Deliver လုပ်တဲ့ Online ဆိုင်လေး တွေလုပ်ကြတယ်...


ပထမဆုံးဆိုင်ဖွင့်တော့မယ်ဆိုရင် အရင်ဆုံးစဉ်းစားရတဲ့အချက်က နေရာပါ... ကိျုယျပိုငျတဲ့နရော၊ ငှားဖွင့်ရမည့်နေရာ၊ စျေးနှုန်း၊ စျေးကွက်အနေအထားနဲ့ လာနိုင်တဲ့လူပမာဏတို့ပါ... Shopping Mall တစ်ခုကို တရက် လူ ၅,၀၀၀ လာတယ်ဆိုကြပါစို့ အဲဒီ ၅,၀၀၀ ထဲက လူဘယ်နှစ်ယောက်က ကိုယ့်ဆီလာမယ်လို့တွက်မလဲပေါ့... အရင်က ရန်ကုန်မြို့မှာ နံမည်ကြီးတဲ့ဆိုင်တွေကို လူတွေ တကူးတက သွားစားကြတယ်... ခုလို ကားတွေအရမ်းကျပ်လာတော့ သွားမစားကြတော့ဘူး အနီးအနားက ဆိုငျေ တွမှာဘဲစားကြတော့တာ... ဒါကြောင့် မြို့လည်ခေါင်တည့်တည့် ပန်ဆိုးတန်းဘက် ကဆိုင်တွေက Fri-Sat-Sun Night တွေမှာ လူတွေလာကြတာနဲသွားတယ်... 


ဘယ်လောက်ပေးပြီးငှားမလဲ အကျယ်ဘယ်လောက်ရလဲ? စျေးပေါလို့ချောင်ထဲမှာဖွင့်ရင်လဲ အဆင်မပြေဘူး... လမ်းမကြီးပေါ်ဖွင့်လို့ စျေးသိပ်ကြီးပြန်ရင်လဲ အဆင်မပြေပါဘူး... ဒီတော့ နေရာကို သေသေချာချာရွေးဖို့လိုပါတယ်... ၁နှစ်ငှားပြီး စျေးတက် ကိုယ်က ရွှေ့ရမယ်ဆိုပြန်ရင်လဲ ဒုက္ခက လှလှနဲ့တွေ့ရတော့မှာ ဒီတော့ ဒီအပိုင်းကို သေချာလေးစဉ်းစားဖို့လိုပါတယ်... 


Shopping Mall တွေကို လူဝင်မဝင်မေးရင်လဲ Mon-Thurs ဘယ်လောက်ဝင်လဲ၊ Fri-Sat-Sun ဘယ်လောက်ဝင်လဲ ခွဲမေးဖို့လိုပါမယ်... တချို့ Mall တွေက Fri-Sun လူကျပြီး Mon-Thurs လူမရှိရင် ငုတ်တုပ်ထိုင်ရမှာပါ....


ဒုတိယအရေးအကြီးဆုံးက ဟင်းတွေကို ဘယ်လောက်နဲ့ရောင်းမှာလဲ? အဲဒါ ကျွန်တော်တို့ မြန်မာပြည်က စားဖိုမှုးဆိုတဲ့သူတွေ လုပ်မတတ်တဲ့အချက်ပါ... အသား၊ငါးစျေးက လတိုင်းပြောင်းနေတယ်... တက်နေတယ်ဆိုရင်ပိုမှန်မယ်ထင်တယ်... သူတို့ပြောတိုင်းမယုံပါနဲ့ ကိုယ်တိုင် ချိန်ပြီးတွက်ပါ... ပထမတခေါက် အပင်ပန်းခံပြီး ကိုယ်တိုင်စျေးသွားပါ... ဒါမှ တပိဿာဘယ်လောက်စျေးလဲဆိုတာ အကြမ်းမျဉ်း သိသွားရင်ဟင်းတပွဲစီရဲ့စျေးနှုန်းကို စိတ်တွက် တွက်လို့ရပါပြီ... ဒီတော့ ကုန်ကျစားရိတ်ကို ဘယ်လိုတွက်မလဲ ဒီလိုပါ

> ထည့်ရတဲ့ အသားအချိန်

> အရွက် ပမာဏ

> ထည့်ရတဲ့ Sauce တွေရဲ့ မှန်းချေကုန်ကျစားရိတ်

> ချက်ချိန်ကြာတဲ့ အပေါ်မှာမူတည်ပြီးကုန်မည့် Gasဖိုး/မီတာခ

> ပန်းကန်ပေါ်က အလှဆင်ပစ္စည်း အရွက်တွေရဲ့ ကုန်ကျစားရိတ်

> ပေးတဲ့ တခါသုံး တူ၊ဇွန်းတွေရဲ့ ကုန်ကျစားရိတ်

> ပါဆယ်ထည့်တဲ့ဗူးက ဘယ်လောက်ကျလဲ,  ဗူးပေါ်မှာကပ်တဲ့ တံဆိပ်ကရော ဘယ်လောက်ကျလဲ

ရောင်းတဲ့ ထမင်း၊ ဟင်းတပွဲ အပေါ်မှာဒါတွေ အားလုံးထည့်တွက်ရမှာဖြစ်ပါတယ်။ ဒါတွေထည့်တွက်လိုက်ရင် ဘာမှမကျန်တော့ဘူးလေ ဆိုလို့ရှိရင်တော့ သင်ဟာအရှုံးဖက်ကို ဦးတည်ဖို့ဖြစ်နေပါပြီ... အသား၊ငါးစျေးလဲ နဲနဲစီတက်လိုက်တာနဲ့တင် ရှုံးတော့မှာပါ... ကျွန်တော်တို့ မီးဖိုခန်းတွေရဲ့ ၈၀% လောက်မှာ ချိန်ခွင်ဆိုတာမရှိပါဘူး... ချိန်လဲ မချိန်ကြပါဘူး... 


ကဲဥပမာအနေနဲ့ ကုန်းဘောင်ကြီးကြော် တပွဲကိုအကြမ်းမျဉ်းတွက်ကြည့်ရအောင်

> ကြက်သား > ၇၀၀

> ငရုပ်သီးအပွခြောက် > ၅၀

> ကြက်သွန်ဖြူ၊နီ၊ဂျင်း > ၁၀၀

> မုန်လာဥနီ > ၂၀၀

> ပဲသီး > ၁၀၀

> ပဲငံပြာရည်၊ခရုဆီ > ၅၀

> ဆီ > ၁၅၀

> Gas > ၁၅၀

စုစုပေါင်းကုန်ကျစားရိတ် > ၁၅၀၀

ရောင်းစျေး > ၃၅၀၀

အကြမ်းအမြတ် > ၂,၀၀၀

ရခိုင်နှုန်းအားဖြင့် > ၅၇%


မရောင်းရလို့ ထားတာကြာသွားလို့ ပြစ်ရမည့် အလေအလွင့် ဆုံးရှုံးမှုတွေ အများကြီးရှိသေးတဲ့အတွက်ကြောင့် ရောင်းစျေးအပေါ်မှာ ရာခိုင်နှုန်း ၆၀-၆၅% မမြတ်ရင် အဲဒီဟင်းပွဲကို မရောင်းသင့်ပါဘူး... 


ကဲဒါဆို ကျန်တဲ့စားရိတ်တွေ ဆက်ပြီးတွက်ကြည့်ကြရအောင်...


ဆိုင်ခန်းငှားခ > သိန်း ၂၀

ဝန်ထမ်းခ > သိန်း ၁၂

မန်နေဂျာ x 1 ( 2.5 Thein )

Chef x 1 ( 2.5 Thein )

ဓားကိုင် x 1 ( 1.5 Thein )

ပန်းကန်ဆေး x 1 ( 1 Thein )

Waiter x 3 ( 1.5 Thein )

ဒါတောင် ကိုယ့်လခထည့်တွက်မထားသေးဘူး... မန်နေဂျာမရှိရင် မန်နေဂျာလခကို ကိုယ့်အတွက် ထည့်တွက်ပါ

မီတာခ > ၁သိန်း

Gas ဖိုး > ၁သိန်း

ဆိုင်းဘုတ်ခွန် > ၀.၂ သိန်း

ဝန်ထမ်းထမင်းစား > ၁.၅သိန်း

ပေါင်း> ၃၅.၇သိနျး ဒါတွေက လစဉ်ကုန်တော့မှာ 


ဒါဆို ၃၅.၇ သိန်းပြန်ရအောင် တရက်ဘယ်နှစ်ပွဲရောင်းကြမလဲ? ရက် ၃၀နဲ့တွက်မယ်ဆိုရင် 

> တလကို ၁၇၈၅ပြဲ 

> ၁ရက်ပျမ်းမျှ ပွဲ ၆၀ရောင်းရပါမယ်... 

စနေတနင်္ဂနွေ ပိုရောင်းရမယ်... အဲဒါက ဆိုပါစို့ Sat/Sun ပွဲ ၈၀ ရောင်းရတယ်ဆိုရင် စမြတ်မယ်ပေါ့... Sat/Sun ပွဲ ၁၂၀ ရောင်းရတယ်ဆို မဆိုးဘူးပေါ့... ဒီအပေါ်မှာ ၅% ကုန်သွယ်ခွန်၊ အမြတ်တော်ခွန်၊ စည်ပင်ခွန်၊ အရက်လိုင်စင်ခွန်၊ အမှိုက်ခွန်၊ မီးဖိုချောင် Waste ဒါတွေ တခုမှထည့်မတွက်ရသေးဘူးနော်...


ဒါတွေပါထည့်တွက်ရင် တရက်ကို ပွဲ ၁၀၀ ပျမ်းမျှရောင်းရဖို့ လိုတာ သေချာသွားပါပြီ... 


ဒီတော့ စားသုံးသူတွေဖက်ကနေပြန်ကြည့်ကြရအောင်... သူ့ဟင်းက ၃,၅၀၀ နဲ့ရောင်းတယ် ဒါလေးချက်တာ ဘယ်လောက်တောင် ကုန်လို့လဲ မိုင်ကုန် ၁၅၀၀ ပေါ့ တပွဲ ၂၀၀၀ မြတ်တယ် အမြတ်ကြီးစားဘဲလို့ စိတ်ထဲကနေထင်ကြမှာ... ဒါလဲ အပြစ်တော့မဟုတ်ဘူး ဖြစ်နေတာက ဒီလိုဖြစ်နေတာ... ဒါ ပုဇွန်တွေ၊ ငါးတွေ၊ ဂဏန်းတွေ မပါသေးဘူး... အဲဒါတွေက ပိုပြီးတော့ စျေးကြီးသေးတယ်... ဒါဆို အဲဒီ မြတ်တဲ့ ၂၀၀၀ ကဘယ်ကိုရောက်သွားလဲပေါ့...

ရောင်းစျေး တပွဲ ၃,၅၀၀  ရတဲ့အပေါ်မှာ အချိုးချရင်

Raw > 40%

Rental > 30%

Human > 15%

ဒါဆို 15% ကျန်သေးတယ်... ဟုတ်ပါတယ် ဒီ 15% ထဲမှာမှ

Maintainance > 3%

Depreciation > 5%

Waste > 2%


နှုတ်လိုက်ရင် စားသောက်ဆိုင်ဖွင့်တဲ့ လူတွေရဲ့ ဘဝအခြေအနေကိုသိရမှာပါ...

ဒီတော့ တပွဲ ၃,၅၀၀ ကို လမ်းဘေးမှာ မီးဖိုချ ဒယ်အိုးတလုံးနဲ့ ရောင်းတဲ့ဆိုင်တွေကတော့ အမြတ်ကောင်းမှာပါ... သူတို့မှာလဲ ဘယ်နှစ်ယောက်လာဝယ်မလဲဆိုတဲ့ Risk တော့ရှိတာပေါ့...


စားသောက်ဆိုင်ဖွင့်တဲ့သူတွေဖက်ကလဲ လာစားတဲ့သူတွေက အမြတ်ကြီးစားလို့ မထင်ရအောင် ဟင်းတူရင်တောင် အရသာကွဲရမယ်၊ အရသာမကွဲရင် Service ကောင်းရမယ်... သူ ကြက်ကုန်းဘောင်ရောင်းလို့ ငါလဲလိုက်ရောင်းမယ် အရသာကလဲ အတူတူဘဲ ပေးတဲ့ service ကလဲ အတူတူဘဲဆို အစောကြီးတည်းက မလုပ်သင့်ပါဘူး... ၂ယောက်လုံး Market ကိုမျှယူပြီး အပြိုင် Promotion တွေကြောင့် ရေရှည်မှာ ၂ယောက်ထဲက ၁ယောက်ကတော့ သွားရမှာ... အဲ ကိုယ့်ပြိုင်ဖက်က ဆိုင်ပိတ်သွားတဲ့အချိန် ကိုယ်လဲမျော့နေတဲ့အချိန် နောက်တယောက် ထပ်ရောက်လာရင် အရင်က ဖွင့်တဲ့ ၂ယောက်လုံး သေသွားပြီး တတိယ တယောက်ကကျန်နေခဲ့မယ်... 


Promotion တွေပေးနေပေမယ့်လဲ လစဉ် အရှုံးနဲ့ ရင်ဆိုင်ရတဲ့ ဖိအားကြောင့် ကာစတမ်မာတွေကိုပေးတဲ့ Service ပိုင်းမှာ အားလျော့တာတွေလဲဖြစ်နိုင်သေးတယ်....




ဒီတော့ သေချာပေါက်မြတ်ချင်ရင် Rental ကို Attack လုပ်ပါ Revenue ကို တင်ပါ... Menu မှာ အမျိုး ၂၀၀ မရောင်းပါတဲ့ စာမျက်နှာ ၃မျက်နှာရောင်းပြီး ၃မျက်နှာလုံးမှာ ပါတဲ့ဟင်းတိုင်းက ကောင်းအောင်လုပ်ပါ... ၁လ ကို ၁ရက်လောက် မီးဖိုထဲမှာ အနဲဆုံး ၄နာရီလောက်နေပါ... Waste က ချက်တဲ့သူက အဓိကဘဲ... သူတို့တွေဖြုန်းပြစ်တာပါ... မှားသွားလို့၊ မကောင်းတော့လို့၊ မေ့သွားလို့ လွင့်ပြစ်ရတဲ့ ကိစ္စတွေ ဒုနဲ့ဒေး... ပစ္စည်းစာရင်း အတိအကျမရှိ၊ မရှိဘူးထင်ပြီး စွတ်ဝယ်၊ အရင်ဝယ်ထားတာတွေကိုမသုံးလို့ ပြစ်ရနဲ့... မြန်မာပြည်က စားဖိုမှူးတချို့တွေက တကယ်တမ်းတော့ ဒယ်ကိုင်အဆင့်ဘဲရှိတယ်။ ကိုယ့်မီးဖိုခန်းက ပစ္စည်းတွေကိုမှ မစီမံနိုင်ဘဲနဲ့ ကိုယ့်ဟာကိုယ် Chef/ချက်ကြီး လို့ နံမည်တတ်နေတာ အင်မတန်ရှက်စရာကောင်းတယ်... လစာ 3.5 Thein အထိအောင် မီးဖိုခန်းကို သူတို့ ၁၀၀% စီမံတတ်လေ့မယ်လို့ မျှော်လင့်လို့မရပါဘူး... ကွမ်းစားတဲ့ စဖိုမှုးတွေရှိသေးတယ်... ကွမ်းယာဟာ ရှာကို ထုံစေတဲ့အတွက် ကွမ်းစားရင် အရသာမြည်းလို့ မပေါက်ပါဘူး...


ဒီတော့ စားသောက်ဆိုင်ဖွင့်တော့မယ်ဆိုရင် ဒါလေးတွေ ကို့ကိျုယျမေးကွညျ့ပါ

> ကိျုယျတိုငျက အစားအသောက် သမားလား?

> ကိုယ်တိုင် ဟင်းချက်တတ်လား?

> ကိုယ်တိုင် စျေးသွားဖူးလား?

> ဆိုင်အပြင်အဆင်ကို ဘယ်လောက်ဖိုးသုံးမှာလဲ?

> အရှုံးခံနိုင်ဖို့ ၆လစာ ပိုက်ဆံ လက်ထဲမှာရှိလား?

> နေ့တိုင်း ဆိုင်မှာထိုင်ကြည့်နိုင်လား?

> အရသာတွေကို ကောင်းကောင်းမြည်းတတ်လား?

> ဟင်းပွဲ အသစ်တွေ ကိုယ့်ဟာကိုယ်ထုတ်ဖို့ စီစဉ်တတ်လား? ( စားဖိုမှုးတွေခိုင်းရင် တုန်ယမ်း၊ချဉ်စပ်၊ချိုချဉ် သံသရာထဲက ထွက်မှာမဟုတ်ဘူး )


နောက်ဆုံး အနေနဲ့ အရေးအကြီးဆုံး တစ်ခုမှာချင်တာကတော့ ငွေအတိုး(၂-၃ကျပ်တိုး) နဲ့ယူပြီး စားသောက်ဆိုင် လုံးဝ(လုံးဝ) မဖွင့်ပါနဲ့ ဆိုတာပါဘဲ...


Credit - #AungMyths

No comments: