Saturday, April 23, 2022

The Rise and Fall of Tatmadaw

  မြန်မာ့တပ်မတော် နေထွက်ချိန်နှင့် နေဝင်ချိန် 

 (The Rise and Fall of Tatmadaw) 




မြန်မာစစ်တပ်ဟာ ပြိုကွဲဖို့ ခဲယဉ်းလှတယ်လို့ ထင်မြင်ခဲ့သူတွေထဲမှာလည်း ကျနော်ပါခဲ့တယ်လို့ ဝန်ခံပါရစေ။ သို့သော်လည်း စစ်အာဏာသိမ်းမှု နောက်ပိုင်းကာလ အတွင်းဖြစ်ပျက်တဲ့ဖြစ်စဉ် ဖြစ်ရပ်တွေကို ကျနော် မပြတ် စောင့်ကြည့်လေ့လာခဲ့ပါတယ်။ အထူးသဖြင့် မြေပြင်သတင်းတွေကို အနီးစပ်ဆုံးရနိုင်အောင် ကျနော် လုပ်ခဲ့ပါ တယ်။ အောက်ခြေက အဖြစ်အပျက်တွေဟာ သတင်းတိုက်ပွဲတွေနဲ့ ဝါဒဖြန့်ချိနေတာတွေလား၊ ဘယ်အရာ ဘယ်လောက်ဖြစ်တန်ခြေရှိတယ်ဆိုတာကို မပြတ် အကဲခတ်ခဲ့ပါတယ်။ အခုလည်း မပြတ်ကြည့်နေဆဲဖြစ်ပါ တယ်။ 


 ဗမာအမျိုးသားရေးဝါဒ


အမျိုးသားရေးဝါဒကို ဗဟိုပြုပြီး ဆွဲစုထားတဲ့ မြန်မာစစ်တပ်အတွင်းမှာ တကယ် စစ်မှန်တဲ့ မျိုးချစ်ဝါဒ (တနည်း) အမျိုးသားရေးဝါဒ ခိုင်မာကျစ်လစ်သလားဆိုတာကိုလည်း စစ်အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်လောက်ကတည်းက ကျနော် စဉ်ဆက်မပြတ် လေ့လာခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုဖြစ်တော့လည်း၊ တပ်အင်စတီကျူးရှင်းရဲ့ သဘော အနက်ကို ဖော့မတွေးခဲ့သူတစ်ယောက်အနေနဲ့၊ တို့တတွေ တော်ရုံနဲ့တော့ မရဘူးနော် ဆိုတဲ့ သတိပေးမှုမျိုးနဲ့ နိုင်ငံရေးဆောင်းပါးတွေမှာ တွန်းတွန်းတိုက်တိုက် သတိပေးရေးသားခဲ့ပါတယ်။ တခါတရံ အားလုံး လျော့တွက်မိ မစိုးလို့ စိုးရိမ်ချက်နဲ့ ရေးသားတာကြောင့်လည်း၊ လူတချို့က အထင်အမြင် လွဲတာတွေ ကြုံခဲ့ရပါတယ်။ ဒါက ကိစ္စ မရှိပါ။ နားလည်ပြီးသား ကိစ္စဖြစ်သလို၊ ကြုံတွေ့နေကျ ဖြစ်လို့ မမှုခဲ့ပါ။ 


 တဖြည်းဖြည်း လက်ဝါးကြီးအုပ်


လူမျိုးစုအသီးသီးနဲ့ စတင်စုဖွဲ့ခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ ပါလီမန်ဒီမိုကရေစီခေတ်ဦးကာလမှာတင် တတိတိနဲ့ သင်းကွဲသလို ဖြစ်ခဲ့ပါတယ်။ ဒီကြားထဲ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်တွေရဲ့ ကေဒါမွေးတဲ့ လုပ်ရပ်တွေကြောင့်၊ တပ်ရင်း အလိုက် တောခိုတာတွေ ဖြစ်ခဲ့ပါတယ်။ တကယ်တော့ မြန်မာစစ်တပ်ဟာ သမိုင်းသင်ခန်းစာကို ကောင်းကောင်း ယူပြီး တည်ဆောက်နိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက် တွေမှာ၊ တပ်တွင်း မှာ ဘာသာခြားတွေကို တဖြည်းဖြည်း ကန့်လာတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းခေတ် ကနေ စတင်ပြီးတော့ လူမျိုးစုတွေကို တဖြည်းဖြည်း ဖယ်လာတာတွေ့ရပါတယ်။ နောက်ပိုင်းတဖြည်းဖြည်း အသားကျလာပြီး အညာဗမာတောသားတွေချည်းပဲ. အုပ်စီးမိတဲ့ မြန်မာစစ်တပ်ဖြစ်လာပါတယ်။ 


ဗိုလ်ချုပ်မှူး ကြီးသန်းရွှေခေတ်မှာ၊ ထိပ်ပိုင်းစစ်ဗိုလ်အုပ်စုက တစ်ဦးတည်း လက်ဝါးကြီးအုပ်တာမျိုး မလုပ်ဘဲ၊ ဝေစားမျှစား လုပ်ခဲ့လို့ စစ်အစိုးရဟာ အာဏာသက်ကို ဆန့်နိုင်ခဲ့တယ် လို့ ပြောရမယ်။ အချင်းချင်း မျှဝေစားပြီး ဝိုင်းကြီးချုပ်နဲ့ တုပ်နှောင်ထားတဲ့ ပုံစံက၊ တပ်တွင်းပြိုကွဲမှုကိုလည်း ထိန်း ထားနိုင်သလို၊ ပြင်ပအုပ်စုကိုလည်း စုစုစည်းစည်း ခုခံနိုင်တယ်ဆိုတဲ့ ရလဒ်ကို ပေးပါတယ်။ တစ်ဖက်မှာလည်း တပ်အသိုင်းအဝိုင်းထဲ ဝင်လာသူကို နေပျော်အောင် လုပ်ပေးသလို ဖြစ်တော့၊ တပ်ထောက်ခံတဲ့ အသိုင်းအဝိုင်းကို တဖြည်းဖြည်း ချဲ့ထွင်လာနိုင်တဲ့ သဘောရှိတာကို လည်း တွေ့ရတယ်။ ထားတော့။ 


 စစ်တပ်အတွက် ဂယ်ပေါက်


ဒီလိုနဲ့ တစ်ဖက်မှာလည်း အသက်ရှုပေါက်ချောင်အောင် နိုင်ငံရေးအရ ဖြေလျော့ရေးလုပ်ပြီး မြန်မာစစ်တပ်က သူရဲ့ ဂယ်ပေါက်ကို ဖန်တီးနိုင်ခဲ့တယ်။ ခေတ်မီတဲ့ ပရော်ဖက်ရှင်နယ် တပ်မတော်ဖြစ်အောင် တည်ဆောက်မယ်ဆိုတဲ့ စကားဟာ ပြည်မက ဗမာ/မြန်မာ လူထုကို တစ်စုံတစ်ရာအထိတော့ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ယုတ်စွအဆုံး စစ် အာဏာရှင်ဆန့်ကျင်ရေးကို နှစ်ပေါင်းများစွာ ထောင်ကျတန်းကျခံပြီး လုပ်လာခဲ့တဲ့ ဒီမိုကရေစီအတိုက်အခံအုပ်စု ကိုတောင် ဆွဲဆောင်နိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ သို့သော်လည်း စစ်အာဏာသိမ်းရင် ငါတို့ ထိန်းနိုင်ပါတယ် လို့ ခပ်ပေါ့ပေါ့ စဉ်းစားပြီး မျက်ကန်းတစ်ဆေမကြောက်၊ ဆင်ကန်းတောတိုး လုပ်ခဲ့တဲ့ လုပ်ရပ်ဟာ အမှားပေါ် အမှား ဆင့်ပြီး မြန်မာစစ်တပ်အတွက် တဖြည်းဖြည်း ဘေးထွက်ဆိုးကျိုးများလာပါတယ်။ 


 အရှုံးပေါ် အရှုံးဆင့်လာခဲ့


စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာစစ်တပ်ဟာ နိုင်ငံရေးအရ စပြီး အရှုံးပြလာတယ်။ နောက် ဖိနှိပ်ဖြိုခွင်းမှု တွေကို အကန့်အသတ်နဲ့ ချင့်ချင့်ချိန်ချိန် မလုပ်ဘဲ ဇွတ်တိုးတော့ လက်နက်ကိုင်လမ်းစဉ် ထိပ်တက်လာတယ်။ ဗမာပြည်မက အုံလိုက်ကျင်းလိုင်း လက်နက်ကိုင်တော်လှန်ရေးကို စတင်လာတဲ့အခါမှာ၊ မြန်မာစစ်တပ်ဟာ အုပ်ချုပ်ရေးအရ ထပ်ပြီး အရှုံးပေါ်ပြန်တယ်။ လူထုတိုက်ပွဲတွေမှာ အကြမ်းမဖက်တဲ့ သပိတ်တိုက်ပွဲတွေ၊ သပိတ် မှောက်တာတွေ၊ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေ ကြီးကြီးမားမား ပေါ်လာတော့လည်း၊ မြန်မာစစ်တပ်ဟာ စီးပွားရေးအရ ထပ်ရှုံးပြန်တယ်။ ဒီတော့ အရှုံးပေါ် အရှုံးဆင့်လာတယ်။ 


နိုင်ငံတကာရေးရာမှာလည်း စစ်ရေးအရ ရုရှားနဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအရ တရုတ်သာ ထောက်ခံရင် မြန်မာစစ်တပ်ဟာ ဘယ်တော့မှ မပြိုလဲနိုင်ဘူးလို့ နလပိန်းတုံး အတွေးအခေါ်နဲ့ နိုင်ငံတကာနိုင်ငံရေးကို တိုးဝင်တဲ့အခါမှာလည်း ထပ်ပြီး အရှုံးပြပြန်တယ်။ နိုင်ငံ တကာနိုင်ငံရေးမှာ ဘယ်သူမှ သစ္စာ မရှိဘူး၊ အားလုံးဟာ အကျိုးစီးပွားနဲ့ကစားနေကြတယ်ဆိုတာကို မြန်မာစစ် ခေါင်းဆောင်တွေ သိကောင်း သိပေမယ့်၊ တကယ်နားမလည်ဘူး။ 


 လက်နက်ကိုင်ပုန်ကန်မှုနဲ့ ကြုံ


စစ်အာဏာသိမ်းပြီး လက်နက်ကိုင်လမ်းစဉ် နိဒါန်းပိုင်းရောက်လာတဲ့အခါမှာ၊ လူမျိုးစုနယ်ပယ်အသီးသီးကလည်း သူတို့ အမျိုးသားရေးလွတ်မြောက်မှုအတွက် အသီးသီး စစ်ပူပေးတာတွေ ရှိလာတယ်။ တဖြည်းဖြည်းနဲ့ ဗမာ တော်လှန်ရေးအင်အားစုတွေနဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေ အစေးကပ်လာတယ်။ ဒါဟာ မြန်မာစစ်တပ် အတွက် ကြီးကျယ်သော ရိုက်ခတ်ချက်ပဲ ဖြစ်တယ်။ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ ဗမာတော်လှန်ရေးအင်အား စုတွေအကြား ပူးကပ်မှုတွေ ထဲထဲဝင်ဝင် မဖြစ်အောင် မြန်မာစစ်တပ်က ကြိုးစားပေမယ့် မအောင်မြင်ဘူး။ အပစ် အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆိုတာကို စစ်ဗျူဟာတစ်ခုလို ကစားတတ်တဲ့ မြန်မာစစ်တပ်ရဲ့ စောက်ကျင့်ကို လူမျိုးစုလက်နက်ကိုင်အဖွဲ့ အားလုံးက သိတယ်။ သို့သော်လည်း မြန်မာစစ်တပ်နဲ့ ပလဲပနံသင့်ပြီး ပေါင်းစားတဲ့ ပြည်သူ့စစ်အုပ်စုနဲ့ BGF အုပ်စုကတော့ အကျိုးစီးပွားအထိုင်ပေါ်မှာပဲ ဆက်ကစားတယ်။ 


လူမျိုးစုလက်နက်ကိုင် အဖွဲ့ အားလုံးလိုလိုဟာ ဗမာတော်လှန်ရေးအင်အားစုတွေရဲ့ နွေဦးတော်လှန်ရေးဆိုတာကို ကာယကံမြောက် မကူညီစေအုံးတော့. မူအားဖြင့် ထောက်ခံတယ်ဆိုတာကို ပြသလာကြတယ်။ ဒီလိုနဲ့ စစ်အာဏာသိမ်းမှု တစ်နှစ် ပြည့်ပြီး ကာလနောက်ပိုင်းမှာ၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့ကြီးတွေနဲ့ ဗမာတော်လှန်ရေးတပ်သားတွေ တဖြည်း ဖြည်း ပေါင်းစည်းမှု အားကြီးလာတာကို တွေ့ရတယ်။ 


 လှေကြီးထိုးရိုးရိုး


မြန်မာစစ်တပ်ဟာ ခေတ်တွေ ပြောင်းလာပေမယ့် သူ့ရဲ့ ရှေးနည်းဟောင်းဖြစ်တဲ့ လှေကြီးထိုးရိုးရိုးဗျူဟာကိုပဲ ဆက်လက်သုံးစွဲတယ်။ မြန်မာစစ်တပ်ရဲ့ အစဉ်အလာအတိုင်းလုပ်ခဲ့တဲ့ လှေကြီးထိုးရိုးရိုးဗျူဟာကပဲ၊ မြန်မာစစ်တပ် ကို ရန်သူတွေ ပွားသထက် ပွားအောင်၊ တိုးသထက် တိုးအောင် လုပ်နေသလို ဖြစ်ခဲ့တယ်။ အထူးသဖြင့် သတင်း အချက်အလက် နည်းပညာ အပြန့်ကျယ်တဲ့ခေတ်မှာ၊ မြန်မာစစ်တပ် လုပ်တဲ့ အကြောက်တရားနဲ့ ခြိမ်းခြောက်ပြီး ငြိမ်ဝပ်ပိပြားအောင်လုပ်တဲ့ ဗျူဟာဟာ - မြန်မာစစ်တပ်အဖို့ ရန်သူတွေ မွေးနေသလိုသာ ဖြစ်ခဲ့တယ်။ 


မြန်မာစစ်တပ်ရဲ့ လုပ်နည်းလုပ်ဟန်တွေကို ကြည့်ရင် - အကြပ်ကိုင်တာ၊ ခြိမ်းခြောက်တာ၊ ဖိနှိပ်တာ၊ အကြောက် တရားသွင်းပေးတာ၊ တိုက်ခိုက်တာ၊ သတ်ဖြတ်တာ၊ မီးရှို့တာ၊ ချိပ်ပိတ်တာ၊ ဖမ်းဆီးတာ. စတဲ့နည်းက လွဲလို့ သီးခြားနည်းနာတွေ သုံးစွဲတာ မတွေ့ရဘူး။ ဒီလိုတွေ လုပ်ရင် ကြောက်ပြီး ငြိမ်မယ်လို့ ထင်ထားတဲ့ အစွဲကို အခုထိ မြန်မာစစ်တပ်ဟာ မဖျောက်နိုင်တာကို တွေ့ရတယ်။ သတ်ပြလိုက်မယ်၊ ညှင်းဆဲပြလိုက်မယ် ဒါဆိုရင် ငြိမ်မယ် လို့ ထင်နေတယ်။ ဆွေမျိုးနီးစပ်တွေကို အသိုင်းအဝိုင်းနဲ့ ဖိအားပေးရင် ဖြစ်မယ်လို့ ထင်ပြီး ဒါကို ဆက်လုပ်တယ်။ 


 သိမ်ငယ်စိတ်ဝင်လာတဲ့ စစ်ဗိုလ်တွေ


လူထုဟာ မြန်မာစစ်တပ်ကို ရန်သူလို့ မြင်လာတယ်။ နောက်ဆုံး ရန်သူလို့ မြင်တဲ့အဆင့်ကနေ ပိုဆိုးလာတယ်။ ရွံလာတယ်။ မုန်းလာတယ်။ ကိုယ့်တူကိုယ့်သားက စစ်တပ်ထဲမှာ ရှိနေရင်တောင် လူကြားထဲ ထုတ်မပြောဝံ့ လောက်အောင် စစ်သားဂုဏ်သိက္ခာပျက်ယွင်းလာတယ်။ ငါ့အဖေက စစ်သားကြီးကွ ငါ့တူ ငါ့သား ငါ့အစ်ကို ငါ့မောင်က စစ်သားကွ၊ စစ်ဗိုလ်ကွ ဆိုတာကို ထုတ်ဖော် မပြောရဲတော့ဘူး။ နောက်ဆုံး တပ်ထဲမှာ တာဝန်ထမ်း ဆောင်နေတဲ့ စစ်ဗိုလ်တွေတောင် လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ စစ်ယူနီဖောင်းဝတ်ပြီး သူတို့ ဓာတ်ပုံကို မတင်ရဲတော့ဘူး။ အခုအချိန်ထိ အဲသည်လို တင်ရဲသေးတယ်ဆိုရင်တော့ အဲသည့်ကောင် တကယ့် အကောင်ပဲ။ ဘာအကောင်လဲတော့ မသိဘူး။ သေနာကောင် ဖြစ်မယ် ထင်တယ်။ 


 အာရုံတွေ များ / အင်အားတွေ ပြယ်


မြန်မာစစ်ခေါင်းဆောင်တွေဟာ သူတို့ လုပ်ရပ်မှားကြောင်း ဝန်မခံလိုဘူး။ အမှားကို ဖာထေးဖို့လည်း မကြိုးစားဘူး။ ငါတို့လုပ်ရင် ဖြစ်ရမပေါ့လို့ ထင်မြင်တဲ့အထင်ဟာ တဖြည်းဖြည်းနဲ့ ကြီးသထက်ကြီးလာနေတယ်။ ဒီလို အထင် အမြင် ကြီးလာလေလေ၊ အမှားတွေကို ပိုလုပ်မိလာလေလေ ဖြစ်လာတယ်။ တပ်တွင်းမှာ ပြောရေးဆိုခွင့် ဝေဖန် ထောက်ပြခွင့်ကို ပိတ်ပင်ထားတော့၊ တဖြည်းဖြည်းနဲ့ အထက်နဲ့ အောက်ခြေစစ်သားတွေအကြား ဖြစ်ရပ်မှန်သိရှိမှု ကင်းပျောက်လာတယ်။ ဒါက တဖြည်းဖြည်းနဲ့ အမှားတွေကို ကြီးထွားလာစေတဲ့ အကြောင်းတရားဖြစ်လာတယ်။ 


မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးကာလနောက်ပိုင်းကတည်းက တစ်ရက်မှ မနားရသေးဘူး။ အနေချောင်တဲ့ ကောင်တွေကတော့ နားရသပေါ့။ သို့သော်လည်း စစ်ခေါင်းဆောင်တွေနဲ့ အောက်ခြေစစ်သားတွေက နေ့တိုင်းလိုလို အပူတွေနဲ့ ဖြတ်သန်းနေရတယ်။ 

မြန်မာစစ်တပ်ဟာ နေရာတိုင်း ဒေသတိုင်း ကဏ္ဍတိုင်းကို အာရုံစိုက်နေရလို့ နေရာတိုင်း ဒေသတိုင်း ကဏ္ဍတိုင်းမှာ အားနည်းနေတယ်။ ဘာကိုမှ ဖိဖိစီးစီး မလုပ်နိုင်သေးဘူး။ ဘယ်နေရာမှ ဖိဖိ စီးစီးနဲ့ အာရုံမစိုက်နိုင်ခြင်းဟာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အားနည်းမှုကို ထပ်အားနည်းအောင်၊ တတိတိ ပွန်း ပြတ်ပြတ်အောင် လုပ်ပေးသလို ဖြစ်နေတယ်။ 


ဒါကိုလည်း အထက်အမိန့်အရပဲ လုပ်ခွင့်ရတဲ့ တပ်အင်စတီကျူးရှင်း မှာ မပြောင်းနိုင်ဘူး မပြင်နိုင်ဘူး။ ပြောခွင့်ဆိုခွင့် အကြံပြုခွင့်လည်း မရှိဘူး။ လက်ရှိ မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နံဘေးမှာ - ဗောင်းတော်ငြိမ့် စိတ်တော်သိတွေပဲ ရှိတယ်။ အားလုံး က မှန်ပါ့ဘုရားနဲ့ စခန်းသွားနေတယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ နံဘေးမှာ ဝေဖန်ထောက်ပြမယ့်သူ မရှိခြင်း ဟာ အဲသည့်ခေါင်းဆောင်ရဲ့ ကျရှုံးခန်းအစပဲ။ အခုတော့ ကျရှုံးခန်းဟာ တဖြည်းဖြည်းနဲ့ နီးလာပြီ။ 


 တအိအိနဲ့ ပြိုဆင်းလာ


မြန်မာစစ်တပ် ဟာ ချက်ချင်း ဝုန်းဒိုင်းကြီး ပြိုကွဲဖို့ ခက်ခဲလှပါတယ်။ သို့သော်လည်း ယခု တွေ့နေရတာကတော့ တဖြည်းဖြည်း ပွန်းပြတ် ပြတ်လာတယ်။ တအိအိ ပဲ့ယွင်းပြီး ကျဆင်းလာတာတွေ့ရတယ်။ အတွင်းလှိုက် ယိုယွင်းမှုတွေကလည်း ထိန်းမနိုင် သိမ်းမရ ဖြစ်လာတယ်။ ဒါကို တပ်တွင်းအသိုင်းအဝိုင်းက စစ်ဗိုလ်အများစု သိတယ်။ သို့သော်လည်း ချွန် မထွက်အောင် နေနေကြတယ်။ မြန်မာစစ်တပ်ထဲမှာလည်း အုပ်စုအားသိပ်ကြီးတယ်။ ဒီတော့ တစ်ယောက် ယောက်က ချွန်ထွက်လာရင်၊ ချက်ချင်း ဆွဲစေ့ခံရလို့ ဘယ်သူမှ မပြောဝံ့ဘူး။ ဒါပေမယ့် အချင်းချင်း ကြိတ်ဝိုင်းတွေ တော့ ရှိတတ်တယ်။ အတော်များများတော့ အတွင်းကြိတ်ပုန်းပဲ ဖြစ်ကြတယ်။ ပေါ်ပေါ်ထင်ထင် ထွက်မလာဘူး။ 


သို့သော်လည်း သူတို့ အချင်းချင်းတော့ သိနေတယ်။ ငါတို့တော့ သွားပြီ ဆိုတာမျိုး။ ဒါပေမယ့် စစ်ဗိုလ်ဆိုတာ လည်း မာန်နဲ့ပါ။ အရှုံးဆိုရင်တောင် ဝန်ခံမှာ မဟုတ်ပါဘူး။ မတတ်သာလို့ တပ်ဆုတ်ရင်တောင် အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီ ဆိုတဲ့ ဖြေတွေးနဲ့ ကိုယ့်ကိုယ်ကို လီဆယ်တတ်ပါတယ်။ 


မြန်မာစစ်တပ်ဟာ တဖြည်းဖြည်း တအိအိနဲ့ အဆင်းလမ်းကို ပြိုဆင်းလာတာတွေ့နေရတယ်။ နောက်ဆုံး ဇာတ်သိမ်းတော့ မကြုံသေးပါ။ ဘယ်တော့ ကြုံမလဲတော့ မသိပါ။ 


ယခု မြန်မာစစ်တပ်ကိုယ်တိုင် အရေးပေါ် အခြေအနေ ဖြစ်ကြောင်း တပ်လှန့်တယ်ဆိုတာကတော့ - ကိုယ့်တပ်ရင်းမှာ ကိုယ့်အားကိုယ်ကိုးသာ လုပ်ကြတော့ လို့ အချက်ပေးသလို ဖြစ်တာ တွေ့ရပါတယ်။ 


မြန်မာစစ်တပ်ရဲ့ နိဂုံးပိုင်းဟာ မကြာခင် ရောက်လာတော့မှာပါ။ ဒါဆိုရင်တော့ The Rise and Fall of Tatmadaw ဆိုတဲ့ စာအုပ်ကို မြန်မာလူထုက မိန့်မိန့်ကြီး ဖတ်ခွင့်ရတော့ မပေါ့။ 


မင်းသေ့ 

ည ၁၂း၅၇

၂၁၊ ဧပြီ၊ ၂၀၂၂။ 


၎င်းဆောင်းပါးကို မင်းသေ့ဝက်ဆိုဒ်မှာလည်း ဝင်ဖတ်နိုင်ပါတယ်။ 


Website Link: 


https://minthayt.com/archives/2151


(Zawgyi)

 ျမန္မာ့တပ္မေတာ္ ေနထြက္ခ်ိန္ႏွင့္ ေနဝင္ခ်ိန္ 

 (The Rise and Fall of Tatmadaw) 


ျမန္မာစစ္တပ္ဟာ ၿပိဳကြဲဖို႔ ခဲယဥ္းလွတယ္လို႔ ထင္ျမင္ခဲ့သူေတြထဲမွာလည္း က်ေနာ္ပါခဲ့တယ္လို႔ ဝန္ခံပါရေစ။ သို႔ေသာ္လည္း စစ္အာဏာသိမ္းမႈ ေနာက္ပိုင္းကာလ အတြင္းျဖစ္ပ်က္တဲ့ျဖစ္စဥ္ ျဖစ္ရပ္ေတြကို က်ေနာ္ မျပတ္ ေစာင့္ၾကည့္ေလ့လာခဲ့ပါတယ္။ အထူးသျဖင့္ ေျမျပင္သတင္းေတြကို အနီးစပ္ဆုံးရနိုင္ေအာင္ က်ေနာ္ လုပ္ခဲ့ပါ တယ္။ ေအာက္ေျခက အျဖစ္အပ်က္ေတြဟာ သတင္းတိုက္ပြဲေတြနဲ႕ ဝါဒျဖန႔္ခ်ိေနတာေတြလား၊ ဘယ္အရာ ဘယ္ေလာက္ျဖစ္တန္ေျခရွိတယ္ဆိုတာကို မျပတ္ အကဲခတ္ခဲ့ပါတယ္။ အခုလည္း မျပတ္ၾကည့္ေနဆဲျဖစ္ပါ တယ္။ 


 ဗမာအမ်ိဳးသားေရးဝါဒ


အမ်ိဳးသားေရးဝါဒကို ဗဟိုျပဳၿပီး ဆြဲစုထားတဲ့ ျမန္မာစစ္တပ္အတြင္းမွာ တကယ္ စစ္မွန္တဲ့ မ်ိဳးခ်စ္ဝါဒ (တနည္း) အမ်ိဳးသားေရးဝါဒ ခိုင္မာက်စ္လစ္သလားဆိုတာကိုလည္း စစ္အာဏာမသိမ္းခင္ ၂၀၁၉ ခုႏွစ္ေလာက္ကတည္းက က်ေနာ္ စဥ္ဆက္မျပတ္ ေလ့လာခဲ့ပါတယ္။ စစ္အာဏာသိမ္းမႈျဖစ္ေတာ့လည္း၊ တပ္အင္စတီက်ဴးရွင္းရဲ႕ သေဘာ အနက္ကို ေဖာ့မေတြးခဲ့သူတစ္ေယာက္အေနနဲ႕၊ တို႔တေတြ ေတာ္႐ုံနဲ႕ေတာ့ မရဘူးေနာ္ ဆိုတဲ့ သတိေပးမႈမ်ိဳးနဲ႕ နိုင္ငံေရးေဆာင္းပါးေတြမွာ တြန္းတြန္းတိုက္တိုက္ သတိေပးေရးသားခဲ့ပါတယ္။ တခါတရံ အားလုံး ေလ်ာ့တြက္မိ မစိုးလို႔ စိုးရိမ္ခ်က္နဲ႕ ေရးသားတာေၾကာင့္လည္း၊ လူတခ်ိဳ႕က အထင္အျမင္ လြဲတာေတြ ႀကဳံခဲ့ရပါတယ္။ ဒါက ကိစၥ မရွိပါ။ နားလည္ၿပီးသား ကိစၥျဖစ္သလို၊ ႀကဳံေတြ႕ေနက် ျဖစ္လို႔ မမႈခဲ့ပါ။ 


 တျဖည္းျဖည္း လက္ဝါးႀကီးအုပ္


လူမ်ိဳးစုအသီးသီးနဲ႕ စတင္စုဖြဲ႕ခဲ့တဲ့ ျမန္မာ့တပ္မေတာ္ဟာ ပါလီမန္ဒီမိုကေရစီေခတ္ဦးကာလမွာတင္ တတိတိနဲ႕ သင္းကြဲသလို ျဖစ္ခဲ့ပါတယ္။ ဒီၾကားထဲ ကြန္ျမဴနစ္နဲ႕ ဆိုရွယ္လစ္ေတြရဲ႕ ေကဒါေမြးတဲ့ လုပ္ရပ္ေတြေၾကာင့္၊ တပ္ရင္း အလိုက္ ေတာခိုတာေတြ ျဖစ္ခဲ့ပါတယ္။ တကယ္ေတာ့ ျမန္မာစစ္တပ္ဟာ သမိုင္းသင္ခန္းစာကို ေကာင္းေကာင္း ယူၿပီး တည္ေဆာက္နိုင္ခဲ့တယ္လို႔ ေျပာနိုင္ပါတယ္။ ဒါ့ေၾကာင့္ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းနဲ႕ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊ လက္ထက္ ေတြမွာ၊ တပ္တြင္း မွာ ဘာသာျခားေတြကို တျဖည္းျဖည္း ကန႔္လာတယ္။ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းေခတ္ ကေန စတင္ၿပီးေတာ့ လူမ်ိဳးစုေတြကို တျဖည္းျဖည္း ဖယ္လာတာေတြ႕ရပါတယ္။ ေနာက္ပိုင္းတျဖည္းျဖည္း အသားက်လာၿပီး အညာဗမာေတာသားေတြခ်ည္းပဲ. အုပ္စီးမိတဲ့ ျမန္မာစစ္တပ္ျဖစ္လာပါတယ္။ 


ဗိုလ္ခ်ဳပ္မႉး ႀကီးသန္းေ႐ႊေခတ္မွာ၊ ထိပ္ပိုင္းစစ္ဗိုလ္အုပ္စုက တစ္ဦးတည္း လက္ဝါးႀကီးအုပ္တာမ်ိဳး မလုပ္ဘဲ၊ ေဝစားမွ်စား လုပ္ခဲ့လို႔ စစ္အစိုးရဟာ အာဏာသက္ကို ဆန႔္နိုင္ခဲ့တယ္ လို႔ ေျပာရမယ္။ အခ်င္းခ်င္း မွ်ေဝစားၿပီး ဝိုင္းႀကီးခ်ဳပ္နဲ႕ တုပ္ႏွောင္ထားတဲ့ ပုံစံက၊ တပ္တြင္းၿပိဳကြဲမႈကိုလည္း ထိန္း ထားနိုင္သလို၊ ျပင္ပအုပ္စုကိုလည္း စုစုစည္းစည္း ခုခံနိုင္တယ္ဆိုတဲ့ ရလဒ္ကို ေပးပါတယ္။ တစ္ဖက္မွာလည္း တပ္အသိုင္းအဝိုင္းထဲ ဝင္လာသူကို ေနေပ်ာ္ေအာင္ လုပ္ေပးသလို ျဖစ္ေတာ့၊ တပ္ေထာက္ခံတဲ့ အသိုင္းအဝိုင္းကို တျဖည္းျဖည္း ခ်ဲ့ထြင္လာနိုင္တဲ့ သေဘာရွိတာကို လည္း ေတြ႕ရတယ္။ ထားေတာ့။ 


 စစ္တပ္အတြက္ ဂယ္ေပါက္


ဒီလိုနဲ႕ တစ္ဖက္မွာလည္း အသက္ရႈေပါက္ေခ်ာင္ေအာင္ နိုင္ငံေရးအရ ေျဖေလ်ာ့ေရးလုပ္ၿပီး ျမန္မာစစ္တပ္က သူရဲ႕ ဂယ္ေပါက္ကို ဖန္တီးနိုင္ခဲ့တယ္။ ေခတ္မီတဲ့ ပေရာ္ဖက္ရွင္နယ္ တပ္မေတာ္ျဖစ္ေအာင္ တည္ေဆာက္မယ္ဆိုတဲ့ စကားဟာ ျပည္မက ဗမာ/ျမန္မာ လူထုကို တစ္စုံတစ္ရာအထိေတာ့ ဆြဲေဆာင္နိုင္ခဲ့ပါတယ္။ ယုတ္စြအဆုံး စစ္ အာဏာရွင္ဆန႔္က်င္ေရးကို ႏွစ္ေပါင္းမ်ားစြာ ေထာင္က်တန္းက်ခံၿပီး လုပ္လာခဲ့တဲ့ ဒီမိုကေရစီအတိုက္အခံအုပ္စု ကိုေတာင္ ဆြဲေဆာင္နိုင္ခဲ့တယ္လို႔ ေျပာနိုင္ပါတယ္။ သို႔ေသာ္လည္း စစ္အာဏာသိမ္းရင္ ငါတို႔ ထိန္းနိုင္ပါတယ္ လို႔ ခပ္ေပါ့ေပါ့ စဥ္းစားၿပီး မ်က္ကန္းတစ္ေဆမေၾကာက္၊ ဆင္ကန္းေတာတိုး လုပ္ခဲ့တဲ့ လုပ္ရပ္ဟာ အမွားေပၚ အမွား ဆင့္ၿပီး ျမန္မာစစ္တပ္အတြက္ တျဖည္းျဖည္း ေဘးထြက္ဆိုးက်ိဳးမ်ားလာပါတယ္။ 


 အရႈံးေပၚ အရႈံးဆင့္လာခဲ့


စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ ျမန္မာစစ္တပ္ဟာ နိုင္ငံေရးအရ စၿပီး အရႈံးျပလာတယ္။ ေနာက္ ဖိႏွိပ္ၿဖိဳခြင္းမႈ ေတြကို အကန႔္အသတ္နဲ႕ ခ်င့္ခ်င့္ခ်ိန္ခ်ိန္ မလုပ္ဘဲ ဇြတ္တိုးေတာ့ လက္နက္ကိုင္လမ္းစဥ္ ထိပ္တက္လာတယ္။ ဗမာျပည္မက အုံလိုက္က်င္းလိုင္း လက္နက္ကိုင္ေတာ္လွန္ေရးကို စတင္လာတဲ့အခါမွာ၊ ျမန္မာစစ္တပ္ဟာ အုပ္ခ်ဳပ္ေရးအရ ထပ္ၿပီး အရႈံးေပၚျပန္တယ္။ လူထုတိုက္ပြဲေတြမွာ အၾကမ္းမဖက္တဲ့ သပိတ္တိုက္ပြဲေတြ၊ သပိတ္ ေမွာက္တာေတြ၊ ျပည္သူ႕အာဏာဖီဆန္ေရးလႈပ္ရွားမႈေတြ ႀကီးႀကီးမားမား ေပၚလာေတာ့လည္း၊ ျမန္မာစစ္တပ္ဟာ စီးပြားေရးအရ ထပ္ရႈံးျပန္တယ္။ ဒီေတာ့ အရႈံးေပၚ အရႈံးဆင့္လာတယ္။ 


နိုင္ငံတကာေရးရာမွာလည္း စစ္ေရးအရ ႐ုရွားနဲ႕ စီးပြားေရးနဲ႕ နိုင္ငံေရးအရ တ႐ုတ္သာ ေထာက္ခံရင္ ျမန္မာစစ္တပ္ဟာ ဘယ္ေတာ့မွ မၿပိဳလဲနိုင္ဘူးလို႔ နလပိန္းတုံး အေတြးအေခၚနဲ႕ နိုင္ငံတကာနိုင္ငံေရးကို တိုးဝင္တဲ့အခါမွာလည္း ထပ္ၿပီး အရႈံးျပျပန္တယ္။ နိုင္ငံ တကာနိုင္ငံေရးမွာ ဘယ္သူမွ သစၥာ မရွိဘူး၊ အားလုံးဟာ အက်ိဳးစီးပြားနဲ႕ကစားေနၾကတယ္ဆိုတာကို ျမန္မာစစ္ ေခါင္းေဆာင္ေတြ သိေကာင္း သိေပမယ့္၊ တကယ္နားမလည္ဘူး။ 


 လက္နက္ကိုင္ပုန္ကန္မႈနဲ႕ ႀကဳံ


စစ္အာဏာသိမ္းၿပီး လက္နက္ကိုင္လမ္းစဥ္ နိဒါန္းပိုင္းေရာက္လာတဲ့အခါမွာ၊ လူမ်ိဳးစုနယ္ပယ္အသီးသီးကလည္း သူတို႔ အမ်ိဳးသားေရးလြတ္ေျမာက္မႈအတြက္ အသီးသီး စစ္ပူေပးတာေတြ ရွိလာတယ္။ တျဖည္းျဖည္းနဲ႕ ဗမာ ေတာ္လွန္ေရးအင္အားစုေတြနဲ႕ လူမ်ိဳးစုလက္နက္ကိုင္အဖြဲ႕ေတြ အေစးကပ္လာတယ္။ ဒါဟာ ျမန္မာစစ္တပ္ အတြက္ ႀကီးက်ယ္ေသာ ရိုက္ခတ္ခ်က္ပဲ ျဖစ္တယ္။ လူမ်ိဳးစုလက္နက္ကိုင္အဖြဲ႕ေတြနဲ႕ ဗမာေတာ္လွန္ေရးအင္အား စုေတြအၾကား ပူးကပ္မႈေတြ ထဲထဲဝင္ဝင္ မျဖစ္ေအာင္ ျမန္မာစစ္တပ္က ႀကိဳးစားေပမယ့္ မေအာင္ျမင္ဘူး။ အပစ္ အခတ္ရပ္စဲေရးနဲ႕ ၿငိမ္းခ်မ္းေရးဆိုတာကို စစ္ဗ်ဴဟာတစ္ခုလို ကစားတတ္တဲ့ ျမန္မာစစ္တပ္ရဲ႕ ေစာက္က်င့္ကို လူမ်ိဳးစုလက္နက္ကိုင္အဖြဲ႕ အားလုံးက သိတယ္။ သို႔ေသာ္လည္း ျမန္မာစစ္တပ္နဲ႕ ပလဲပနံသင့္ၿပီး ေပါင္းစားတဲ့ ျပည္သူ႕စစ္အုပ္စုနဲ႕ BGF အုပ္စုကေတာ့ အက်ိဳးစီးပြားအထိုင္ေပၚမွာပဲ ဆက္ကစားတယ္။ 


လူမ်ိဳးစုလက္နက္ကိုင္ အဖြဲ႕ အားလုံးလိုလိုဟာ ဗမာေတာ္လွန္ေရးအင္အားစုေတြရဲ႕ ႏြေဦးေတာ္လွန္ေရးဆိုတာကို ကာယကံေျမာက္ မကူညီေစအုံးေတာ့. မူအားျဖင့္ ေထာက္ခံတယ္ဆိုတာကို ျပသလာၾကတယ္။ ဒီလိုနဲ႕ စစ္အာဏာသိမ္းမႈ တစ္ႏွစ္ ျပည့္ၿပီး ကာလေနာက္ပိုင္းမွာ၊ လူမ်ိဳးစုလက္နက္ကိုင္အဖြဲ႕ႀကီးေတြနဲ႕ ဗမာေတာ္လွန္ေရးတပ္သားေတြ တျဖည္း ျဖည္း ေပါင္းစည္းမႈ အားႀကီးလာတာကို ေတြ႕ရတယ္။ 


 ေလွႀကီးထိုးရိုးရိုး


ျမန္မာစစ္တပ္ဟာ ေခတ္ေတြ ေျပာင္းလာေပမယ့္ သူ႕ရဲ႕ ေရွးနည္းေဟာင္းျဖစ္တဲ့ ေလွႀကီးထိုးရိုးရိုးဗ်ဴဟာကိုပဲ ဆက္လက္သုံးစြဲတယ္။ ျမန္မာစစ္တပ္ရဲ႕ အစဥ္အလာအတိုင္းလုပ္ခဲ့တဲ့ ေလွႀကီးထိုးရိုးရိုးဗ်ဴဟာကပဲ၊ ျမန္မာစစ္တပ္ ကို ရန္သူေတြ ပြားသထက္ ပြားေအာင္၊ တိုးသထက္ တိုးေအာင္ လုပ္ေနသလို ျဖစ္ခဲ့တယ္။ အထူးသျဖင့္ သတင္း အခ်က္အလက္ နည္းပညာ အျပန႔္က်ယ္တဲ့ေခတ္မွာ၊ ျမန္မာစစ္တပ္ လုပ္တဲ့ အေၾကာက္တရားနဲ႕ ၿခိမ္းေျခာက္ၿပီး ၿငိမ္ဝပ္ပိျပားေအာင္လုပ္တဲ့ ဗ်ဴဟာဟာ - ျမန္မာစစ္တပ္အဖို႔ ရန္သူေတြ ေမြးေနသလိုသာ ျဖစ္ခဲ့တယ္။ 


ျမန္မာစစ္တပ္ရဲ႕ လုပ္နည္းလုပ္ဟန္ေတြကို ၾကည့္ရင္ - အၾကပ္ကိုင္တာ၊ ၿခိမ္းေျခာက္တာ၊ ဖိႏွိပ္တာ၊ အေၾကာက္ တရားသြင္းေပးတာ၊ တိုက္ခိုက္တာ၊ သတ္ျဖတ္တာ၊ မီးရွို႔တာ၊ ခ်ိပ္ပိတ္တာ၊ ဖမ္းဆီးတာ. စတဲ့နည္းက လြဲလို႔ သီးျခားနည္းနာေတြ သုံးစြဲတာ မေတြ႕ရဘူး။ ဒီလိုေတြ လုပ္ရင္ ေၾကာက္ၿပီး ၿငိမ္မယ္လို႔ ထင္ထားတဲ့ အစြဲကို အခုထိ ျမန္မာစစ္တပ္ဟာ မေဖ်ာက္နိုင္တာကို ေတြ႕ရတယ္။ သတ္ျပလိုက္မယ္၊ ညွင္းဆဲျပလိုက္မယ္ ဒါဆိုရင္ ၿငိမ္မယ္ လို႔ ထင္ေနတယ္။  ေဆြမ်ိဳးနီးစပ္ေတြကို အသိုင္းအဝိုင္းနဲ႕ ဖိအားေပးရင္ ျဖစ္မယ္လို႔ ထင္ၿပီး ဒါကို ဆက္လုပ္တယ္။ 


 သိမ္ငယ္စိတ္ဝင္လာတဲ့ စစ္ဗိုလ္ေတြ


လူထုဟာ ျမန္မာစစ္တပ္ကို ရန္သူလို႔ ျမင္လာတယ္။ ေနာက္ဆုံး ရန္သူလို႔ ျမင္တဲ့အဆင့္ကေန ပိုဆိုးလာတယ္။ ႐ြံလာတယ္။ မုန္းလာတယ္။ ကိုယ့္တူကိုယ့္သားက စစ္တပ္ထဲမွာ ရွိေနရင္ေတာင္ လူၾကားထဲ ထုတ္မေျပာဝံ့ ေလာက္ေအာင္ စစ္သားဂုဏ္သိကၡာပ်က္ယြင္းလာတယ္။ ငါ့အေဖက စစ္သားႀကီးကြ ငါ့တူ ငါ့သား ငါ့အစ္ကို ငါ့ေမာင္က စစ္သားကြ၊ စစ္ဗိုလ္ကြ ဆိုတာကို ထုတ္ေဖာ္ မေျပာရဲေတာ့ဘူး။ ေနာက္ဆုံး တပ္ထဲမွာ တာဝန္ထမ္း ေဆာင္ေနတဲ့ စစ္ဗိုလ္ေတြေတာင္ လူမႈကြန္ယက္စာမ်က္ႏွာေတြေပၚမွာ စစ္ယူနီေဖာင္းဝတ္ၿပီး သူတို႔ ဓာတ္ပုံကို မတင္ရဲေတာ့ဘူး။ အခုအခ်ိန္ထိ အဲသည္လို တင္ရဲေသးတယ္ဆိုရင္ေတာ့ အဲသည့္ေကာင္ တကယ့္ အေကာင္ပဲ။ ဘာအေကာင္လဲေတာ့ မသိဘူး။ ေသနာေကာင္ ျဖစ္မယ္ ထင္တယ္။ 


 အာ႐ုံေတြ မ်ား / အင္အားေတြ ျပယ္


ျမန္မာစစ္ေခါင္းေဆာင္ေတြဟာ သူတို႔ လုပ္ရပ္မွားေၾကာင္း ဝန္မခံလိုဘူး။ အမွားကို ဖာေထးဖို႔လည္း မႀကိဳးစားဘူး။ ငါတို႔လုပ္ရင္ ျဖစ္ရမေပါ့လို႔ ထင္ျမင္တဲ့အထင္ဟာ တျဖည္းျဖည္းနဲ႕ ႀကီးသထက္ႀကီးလာေနတယ္။ ဒီလို အထင္ အျမင္ ႀကီးလာေလေလ၊ အမွားေတြကို ပိုလုပ္မိလာေလေလ ျဖစ္လာတယ္။ တပ္တြင္းမွာ ေျပာေရးဆိုခြင့္ ေဝဖန္ ေထာက္ျပခြင့္ကို ပိတ္ပင္ထားေတာ့၊ တျဖည္းျဖည္းနဲ႕ အထက္နဲ႕ ေအာက္ေျခစစ္သားေတြအၾကား ျဖစ္ရပ္မွန္သိရွိမႈ ကင္းေပ်ာက္လာတယ္။ ဒါက တျဖည္းျဖည္းနဲ႕ အမွားေတြကို ႀကီးထြားလာေစတဲ့ အေၾကာင္းတရားျဖစ္လာတယ္။ 


ျမန္မာစစ္တပ္ဟာ အာဏာသိမ္းၿပီးကာလေနာက္ပိုင္းကတည္းက တစ္ရက္မွ မနားရေသးဘူး။ အေနေခ်ာင္တဲ့ ေကာင္ေတြကေတာ့ နားရသေပါ့။ သို႔ေသာ္လည္း စစ္ေခါင္းေဆာင္ေတြနဲ႕ ေအာက္ေျခစစ္သားေတြက ေန႕တိုင္းလိုလို အပူေတြနဲ႕ ျဖတ္သန္းေနရတယ္။ 

ျမန္မာစစ္တပ္ဟာ ေနရာတိုင္း ေဒသတိုင္း က႑တိုင္းကို အာ႐ုံစိုက္ေနရလို႔ ေနရာတိုင္း ေဒသတိုင္း က႑တိုင္းမွာ အားနည္းေနတယ္။ ဘာကိုမွ ဖိဖိစီးစီး မလုပ္နိုင္ေသးဘူး။ ဘယ္ေနရာမွ ဖိဖိ စီးစီးနဲ႕ အာ႐ုံမစိုက္နိုင္ျခင္းဟာ ျမန္မာစစ္ေခါင္းေဆာင္ေတြရဲ႕ အားနည္းမႈကို ထပ္အားနည္းေအာင္၊ တတိတိ ပြန္း ျပတ္ျပတ္ေအာင္ လုပ္ေပးသလို ျဖစ္ေနတယ္။ 


ဒါကိုလည္း အထက္အမိန႔္အရပဲ လုပ္ခြင့္ရတဲ့ တပ္အင္စတီက်ဴးရွင္း မွာ မေျပာင္းနိုင္ဘူး မျပင္နိုင္ဘူး။ ေျပာခြင့္ဆိုခြင့္ အႀကံျပဳခြင့္လည္း မရွိဘူး။ လက္ရွိ ျမန္မာစစ္အာဏာသိမ္း ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ရဲ႕ နံေဘးမွာ - ေဗာင္းေတာ္ၿငိမ့္ စိတ္ေတာ္သိေတြပဲ ရွိတယ္။ အားလုံး က မွန္ပါ့ဘုရားနဲ႕ စခန္းသြားေနတယ္။ ေခါင္းေဆာင္တစ္ေယာက္ရဲ႕ နံေဘးမွာ ေဝဖန္ေထာက္ျပမယ့္သူ မရွိျခင္း ဟာ အဲသည့္ေခါင္းေဆာင္ရဲ႕ က်ရႈံးခန္းအစပဲ။ အခုေတာ့ က်ရႈံးခန္းဟာ တျဖည္းျဖည္းနဲ႕ နီးလာၿပီ။ 


 တအိအိနဲ႕ ၿပိဳဆင္းလာ


ျမန္မာစစ္တပ္ ဟာ ခ်က္ခ်င္း ဝုန္းဒိုင္းႀကီး ၿပိဳကြဲဖို႔ ခက္ခဲလွပါတယ္။ သို႔ေသာ္လည္း ယခု ေတြ႕ေနရတာကေတာ့ တျဖည္းျဖည္း ပြန္းျပတ္ ျပတ္လာတယ္။ တအိအိ ပဲ့ယြင္းၿပီး က်ဆင္းလာတာေတြ႕ရတယ္။ အတြင္းလွိုက္ ယိုယြင္းမႈေတြကလည္း ထိန္းမနိုင္ သိမ္းမရ ျဖစ္လာတယ္။ ဒါကို တပ္တြင္းအသိုင္းအဝိုင္းက စစ္ဗိုလ္အမ်ားစု သိတယ္။ သို႔ေသာ္လည္း ခြၽန္ မထြက္ေအာင္ ေနေနၾကတယ္။ ျမန္မာစစ္တပ္ထဲမွာလည္း အုပ္စုအားသိပ္ႀကီးတယ္။ ဒီေတာ့ တစ္ေယာက္ ေယာက္က ခြၽန္ထြက္လာရင္၊ ခ်က္ခ်င္း ဆြဲေစ့ခံရလို႔ ဘယ္သူမွ မေျပာဝံ့ဘူး။ ဒါေပမယ့္ အခ်င္းခ်င္း ႀကိတ္ဝိုင္းေတြ ေတာ့ ရွိတတ္တယ္။ အေတာ္မ်ားမ်ားေတာ့ အတြင္းႀကိတ္ပုန္းပဲ ျဖစ္ၾကတယ္။ ေပၚေပၚထင္ထင္ ထြက္မလာဘူး။ 


သို႔ေသာ္လည္း သူတို႔ အခ်င္းခ်င္းေတာ့ သိေနတယ္။ ငါတို႔ေတာ့ သြားၿပီ ဆိုတာမ်ိဳး။ ဒါေပမယ့္ စစ္ဗိုလ္ဆိုတာ လည္း မာန္နဲ႕ပါ။ အရႈံးဆိုရင္ေတာင္ ဝန္ခံမွာ မဟုတ္ပါဘူး။ မတတ္သာလို႔ တပ္ဆုတ္ရင္ေတာင္ ေအာင္ျမင္စြာ ဆုတ္ခြာနိုင္ခဲ့ၿပီ ဆိုတဲ့ ေျဖေတြးနဲ႕ ကိုယ့္ကိုယ္ကို လီဆယ္တတ္ပါတယ္။ 


ျမန္မာစစ္တပ္ဟာ တျဖည္းျဖည္း တအိအိနဲ႕ အဆင္းလမ္းကို ၿပိဳဆင္းလာတာေတြ႕ေနရတယ္။ ေနာက္ဆုံး ဇာတ္သိမ္းေတာ့ မႀကဳံေသးပါ။ ဘယ္ေတာ့ ႀကဳံမလဲေတာ့ မသိပါ။ 


ယခု ျမန္မာစစ္တပ္ကိုယ္တိုင္ အေရးေပၚ အေျခအေန ျဖစ္ေၾကာင္း တပ္လွန႔္တယ္ဆိုတာကေတာ့ - ကိုယ့္တပ္ရင္းမွာ ကိုယ့္အားကိုယ္ကိုးသာ လုပ္ၾကေတာ့ လို႔ အခ်က္ေပးသလို ျဖစ္တာ ေတြ႕ရပါတယ္။ 


ျမန္မာစစ္တပ္ရဲ႕ နိဂုံးပိုင္းဟာ မၾကာခင္ ေရာက္လာေတာ့မွာပါ။ ဒါဆိုရင္ေတာ့ The Rise and Fall of Tatmadaw ဆိုတဲ့ စာအုပ္ကို ျမန္မာလူထုက မိန႔္မိန႔္ႀကီး ဖတ္ခြင့္ရေတာ့ မေပါ့။ 


မင္းေသ့ 

ည ၁၂း၅၇

၂၁၊ ဧၿပီ၊ ၂၀၂၂။ 


၎ေဆာင္းပါးကို မင္းေသ့ဝက္ဆိုဒ္မွာလည္း ဝင္ဖတ္နိုင္ပါတယ္။ 


Website Link: 


https://minthayt.com/archives/2151

No comments: