Sunday, October 10, 2021

PrEP ဆေးနဲ့ PEP ဆေးတို့ရဲ့ အဓိပ္ပာယ်နဲ့ သုံးစွဲပုံ

PrEP ဆေးနဲ့ PEP ဆေးတို့ရဲ့ အဓိပ္ပာယ်နဲ့ သုံးစွဲပုံ




#PrEP

#HIVPrevention

#PEP

#HIV


(လိင်မှုကိစ္စ အရှုပ်အရှင်းမကင်းတဲ့လူများက သိပြီးသားဆိုပေမယ့် အချို့သောလူများအတွက် သည်ဆေးနှစ်မျိုး သုံးစွဲပုံကို ဇေ၀ဇဝါ ဖြစ်တတ်ကြပါတယ်။ PrEP ဆေးနဲ့ပတ်သက်ပြီး ယခင်က အသေးစိတ်ဆောင်းပါးတစ်စောင်အနေဖြင့် ေ၀ငှပေးခဲ့ပြီးပါပြီ။ အခုတော့ PrEP နဲ့ PEP ဆေးအကြောင်း သိရအောင် အကျဉ်းချုပ်ထပ်မံေ၀ငှပါမယ်။)


လိင်အပျော်အပါးလိုက်စားမှုနဲ့ မကင်းတဲ့ လူပုဂ္ဂိုလ်များအနေဖြင့် သည်ဆေးနှစ်မျိုးကို ကွဲကွဲပြားပြားသိထားမှဖြစ်ပါလိမ့်မယ်။ သည်ဆေး နှစ်မျိုးဟာ အဓိကအားဖြင့် HIV Vrius ကူးစက်ခံရမှုနှုန်းလျော့ချဖို့အတွက် မှီ၀ဲသုံးစွဲလာကြသော ဆေးများဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများ၌ အခမဲ့နည်းပါး စီမံချက်အတိုင်း ရယူသုံးစွဲလို့ရနိုင်ပြီး ပြင်ပမှ ၀ယ်ယူသုံးစွဲဖို့က ခက်ခဲသလို ဈေးနှုန်း အဆမတန္မ်ားတာ သေချာတယ်။ 

PrEP နဲ့ PEP ဆေးတွေဟာ HIV ပိုး ကူးစက်ခံရခြင်း လျော့နည်းစေဖို့ ကာကွယ်ပေးတဲ့ ဆေးတွေ ဖြစ်ပါတယ်။ ကိုယ္က လိင်အပျော်အပါး မကြာခဏ လိုက်စားတဲ့သူဖြစ်စေ၊ ကိုယ့်ချစ်သူမှာ HIV ပိုးရှိတယ်ဆိုရင် ဒီဆေးတွေအကြောင်း နားလည်ထားဖို့ လိုတယ်။


#PrEP ဆေးဆိုတာဘာလဲ။


ဆေးရဲ့ အရှည်ကောက်ကတော့ Pre-exposure prophylaxis ဖြစ်ပြီး ပုံမှန်စွဲသောက်ပေးရတဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။

အဓိကကေတာ့ HIV ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။

HIV ပိုးရှိသူတွေ၊ ကိုယ့်ချစ်သူမှာ HIV ပိုးရှိလို့ ကိုယ့်ဆီကို မကူးစက်စေအောင် ကာကွယ်ပေးဖို့ သောက်ပေးရတာဖြစ်ပါတယ်။

နေ့စဉ် သောက်ပေးရတဲ့ ဆေးဖြစ်ပြီး ကာကွယ်မှုအာနိသင်အမြင့်ဆုံးကို ရောက်ဖို့ ဆေးသောက်တာ အနည်းဆုံး ၇ရကျ ရှိဖို့ လိုအပ်ပါတယ်။

နေ့တိုင်း PrEP ဆေးကို မှန်မှန်သောက်ပေးမယ်ဆိုရင် အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ HIV ကူးစက်နိုင်ခြေ ၉၀ ရာခိုင်နှုန်းထက် မနည်း လျှော့ချပေးနိုင်ပါတယ်။

ဆေးထိုးအပ်မျှဝေသုံးစွဲရာမှ HIV ကူးစက်နိုင်ခြေကိုတော့ ၇၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။

မူးဝေတာ၊ အော့အန်တာ အစရွိတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ဆေးသောက်ကာစအချိန်မှာ တွေ့ရတတ်ပါတယ်။

ဆေးပညာကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်ရဲ့ ခွင့်ပြုချက်ပါတဲ့ တရားဝင် PrEP ဆေးဝါးတွေကို သုံးစြဲတာက ပိုထိရောက်တဲ့ အာနိသင်ကို ရနိုင်ပါတယ်။

PrEP ဆေးကို နေ့စဉ်ပုံမှန်သောက်ဖို့ လိုပါတယ်။

ဒီဆေးဟာ HIV ကို ရာနှုန်းပြည့် ကာကွယ်ပေးနိုင်တာ မဟုတ်တဲ့အတွက် ဆေးသောက်နေစဉ်မှာလည်း ကွန်ဒုံးအသုံးပြုပေးနိုင်ရင် ပိုကောင်းပါတယ်။

၃လျခား တစ်ခါ HIV ပိုးရွိ၊ မရွိကို သွေးစစ်ကြည့်ဖို့ လိုပါတယ်။




#PEP ဆေးကို ဘာအတွက် သောက်တာလဲ။

Post-exposure prophylaxis လို့ အမည်ရတဲ့ PEP ဆေးဟာ အရေးပေါ် သောက်ရတဲ့ HIV ပိုးကာကွယ်ဆေးဖြစ်ပါတယ်။

ကိုယ့်မှာတော့ HIV ရောဂါပိုးမရှိဘူး။ ဒါပေမယ့် HIV ရှိတယ်လို့ သံသယဖြစ်ရတဲ့ သူတစ်ယောက်နဲ့ အကာအကြယ္မပါဘဲ လိင်ဆက်ဆံမိတဲ့အခါ ဒီဆေးကို အရေးပေါ်အနေနဲ့ သောက်ဖို့ လိုပါတယ်။

လိင်ဆက်ဆံပြီး ၇၂နာရီအတွင်း သောက်မှ ဆေးရဲ့ အာနိသင်ကို အပြည့်အဝခံစားရမှာဖြစ်ပါတယ်။

အထူးသဖြင့် အလိုမတူဘဲ အဓမ္မပြုကျင့်ခံရပြီးနောက် HIV ပိုး ကူးစက်ခံရခြင်းမဖြစ်စေဖို့ PEP ဆေးကို စောနိုင်သမျှ အေစာဆုံး သောက်ပေးရပါမယ်။

အရေးပေါ် ကာကွယ်ဆေးဖြစ်တဲ့အတွက် နေ့စဉ်သောက်ပေးဖို့ မလိုပါဘူး။

PrEP ဆေးလိုပဲ မူးဝေတာ၊ အော့အန်တာ၊ ခေါင်းမူးတာ၊ ကိုယ်လက်မအီမသာဖြစ်တာ အစရွိတဲ့ ဓာတ်မတည့်လက္ခဏာတချို့ကို တွေ့ရတတ်ပါတယ်။

ဒီဆေးကို သောက်ဖို့အတွက် ဆရာဝန်နဲ့ အရင်တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။


#PrEP သောက်မယ်ဆိုရင် ဘာတွေလိုအပ်လဲဆိုတော့ - 

HIV ပိုးမရွိရပါဘူး။

HIV ပိုးမဝင်ခင်ကြိုတင်ကာကွယ်သောက်သုံးရမယ့် PrEP ဆေးဖြစ်ပါတယ်။ 

မကြာသေးမီအချိန်ကာလက (၂ ပတ်မှ ၄ ပတ်အတွင်း) HIV ကူးစက်နိုင်သည့်အပြုအမူပြုလုပ်ခဲ့ခြင်း၊ လတ္တေလာ HIV ကူးစက်ခံထားရသည့် လက္ခဏာရှိခြင်းများ မဖြစ်ရပါဘူး။

PrEP အကြောင်းသေချာသိရှိနားလည်ပြီး သောက်ရန် ဆန္ဒရှိရပါမယ်။


သတိပြုရန်

-------------

 HIV ပိုး ရှိပြီးသူများ သောက်လို့မရပါ (ART ဆေးသောက်ရပါမည်)

 ဆေးသောက်ပျက်ပါက ဆေးအာနိသင်လျော့နည်းတတ်လို့ ဆေးသောက်မပျက်စေရန်သတိထားသင့်ပါတယ်။

 ဆရာဝန်ဖြင့် ပုံမှန်စစ်ဆေးရမည့် ဆေးခန်းရက်ချိန်းများ အတိအကျလိုက်နာဖို့လိုအပ်ပါတယ်။

 HIV ပိုး ကိုသာကာကွယ်ပေးနိုင်ပြီး ကာလသားရောဂါများကိုမကာကွယ်နိုင်တဲ့အတွက် ကာလသားရောဂါများကူးစက်နိုင်မှု ကိုသတိပြုသင့်ပါတယ်။


အတိုချုံးမှတ်ပြောရရင် -

(၁) PrEP ဆိုတာ HIV ပိုး မကူးစက်အောင် ကြိုတင်ကာကွယ်တဲ့ဆေးဖြစ်ပြီး ကူးစက်နိုင်တဲ့အပြုအမူများကို မလုပ်ဆောင်တော့တဲ့အချိန် ထိ နေစဉ်ပုံမှန် သောက်သုံးသင့်တဲ့ဆေးဖြစ်ပါတယ် ။ PEP ဆိုတဲ့ဆေးကတော့ အကွာအကွယ်မဲ့ လိင်ဆက်ဆံမိတာပဲဖြစ်ဖြစ် HIV ကူးစက်နိုင်ချေရှိသော အပြုအမူလုပ်ပြီးပြီးချင်းနောက် 72 နာရီ အတွင်း သောက်သုံးသင့်သောဆေးဖြစ်ပါတယ်။


(၂) PrEP က ကြိုတင်သောက်ရပြီး..PEP က. လိင်ဆက်ဆံပြီးနောက် ၃ရက်တွင်းသောက်ရတာပါ။ ကြာဟခ်က္ကေတာ့.. PrEP ကို လိင်ဆက်ဆံဖက်များတဲ့အချိန်ကာလအတွင်း နေ့တိုင်းသောက်ရမှာဖြစ်ပြီး PEP ကေတာ့ လိင်ဆက်ဆံဖက်နှင့်ကိစ္စပြီးမှ အချိန်မီ သောက်ရပါတယ်။ PrEP ကို ကြိုတင်သောက်သုံးထားရမယ်။ လိင်တူဆိုရင် 7ရက်ကြိုပီးသောက်၊ လိင်ကွဲဆို 21 ရက်ကြိူသောက်ထားရင် Safe ဖြစ်တယ်လို့သိထားပါတယ်။


 PrEP နဲ့ PEP ဆေး ၂မျိုးလုံးကို သေချာသောက်ပေးမယ်ဆိုရင် HIV ပိုးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေဖြစ်တဲ့ လိင်အင်္ဂါကြွက်နို့၊ ဂနို၊ ကာလသားရောဂါတွေ၊ အရေပြားပြဿနာတွေ၊ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကိုတော့ ကာကွယ်ပေးနိုင်ခြင်း မရွိပါဘူး။ ဒါကြောင့် ဘေးကင်းအန္တရာယ်ရှင်းစွာ လိင်ဆက်ဆံနိုင်ဖို့ ကွန်ဒုံးအသုံးပြုဖို့ အကြံပေးလိုက်ချင်ပါတယ်။


မေးမြန်းဆက်သွယ်နိုင်တဲ့ Page နဲ့ ဖုန်းနံပါတ်များ -


https://www.facebook.com/preventyangon/

Prevent Yangon Page Messenger မှလည်းကောင်း Hotline ဖုန်းနံပါတ် ၀၉၄၅၂၈၄၈၂၈၉ သို့လည်းကောင်း မေးမြန်းဆက်သွယ်နိုင်ပါတယ်။


https://www.facebook.com/topcentermyanmar/

TOP Center Page Messenger မှလည်းကောင်း Hot Line - 09979020465 သို့ ဆက်သွယ်၍လည်းကောင်း ဆွေးနွေးနိုင်ပါတယ်။

တိုးတိုးဖော် စာမျက်နှာ https://www.facebook.com/asktoetoephaw/ မှာလည်း လေ့လာနိုင်ပါတယ်။


 PrEP ေဆးနဲ႔ PEP ေဆးတို႔ရဲ႕ အဓိပၸာယ္နဲ႔ သံုးစြဲပံု




#PrEP

#HIVPrevention

#PEP

#HIV


(လိင္မႈကိစၥ အရႈပ္အရွင္းမကင္းတဲ့လူမ်ားက သိျပီးသားဆိုေပမယ့္ အခ်ိဳ႕ေသာလူမ်ားအတြက္ သည္ေဆးႏွစ္မ်ိဳး သံုးစြဲပံုကို ဇေ၀ဇ၀ါ ျဖစ္တတ္ၾကပါတယ္။ PrEP ေဆးနဲ႔ပတ္သက္ျပီး ယခင္က အေသးစိတ္ေဆာင္းပါးတစ္ေစာင္အေနျဖင့္ ေ၀ငွေပးခဲ့ျပီးပါျပီ။ အခုေတာ့ PrEP နဲ႔ PEP ေဆးအေၾကာင္း သိရေအာင္ အက်ဥ္းခ်ဳပ္ထပ္မံေ၀ငွပါမယ္။)


လိင္အေပ်ာ္အပါးလိုက္စားမႈနဲ႔ မကင္းတဲ့ လူပုဂၢိဳလ္မ်ားအေနျဖင့္ သည္ေဆးႏွစ္မ်ိဳးကို ကြဲကြဲျပားျပားသိထားမွျဖစ္ပါလိမ့္မယ္။ သည္ေဆး ႏွစ္မ်ိဳးဟာ အဓိကအားျဖင့္ HIV Vrius ကူးစက္ခံရမႈႏႈန္းေလ်ာ့ခ်ဖို႔အတြက္ မွီ၀ဲသံုးစြဲလာၾကေသာ ေဆးမ်ားျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ ေတာ့ အစိုးရမဟုတ္တဲ့ အဖြဲ႕အစည္းမ်ား၌ အခမဲ့နည္းပါး စီမံခ်က္အတိုင္း ရယူသံုးစြဲလို႔ရႏိုင္ျပီး ျပင္ပမွ ၀ယ္ယူသံုးစြဲဖို႔က ခက္ခဲသလို ေစ်းႏႈန္း အဆမတန္မ်ားတာ ေသခ်ာတယ္။ 

PrEP နဲ႕ PEP ေဆးေတြဟာ HIV ပိုး ကူးစက္ခံရျခင္း ေလ်ာ့နည္းေစဖို႔ ကာကြယ္ေပးတဲ့ ေဆးေတြ ျဖစ္ပါတယ္။ ကိုယ္က လိင္အေပ်ာ္အပါး မၾကာခဏ လိုက္စားတဲ့သူျဖစ္ေစ၊ ကိုယ့္ခ်စ္သူမွာ HIV ပိုးရွိတယ္ဆိုရင္ ဒီေဆးေတြအေၾကာင္း နားလည္ထားဖို႔ လိုတယ္။


#PrEP ေဆးဆိုတာဘာလဲ။


ေဆးရဲ႕ အရွည္ေကာက္ကေတာ့ Pre-exposure prophylaxis ျဖစ္ၿပီး ပုံမွန္စြဲေသာက္ေပးရတဲ့ ကာကြယ္ေဆးတစ္မ်ိဳးျဖစ္ပါတယ္။

အဓိကကေတာ့ HIV ဗိုင္းရပ္စ္ပိုးကို ကာကြယ္ဖို႔အတြက္ ျဖစ္ပါတယ္။

HIV ပိုးရွိသူေတြ၊ ကိုယ့္ခ်စ္သူမွာ HIV ပိုးရွိလို႔ ကိုယ့္ဆီကို မကူးစက္ေစေအာင္ ကာကြယ္ေပးဖို႔ ေသာက္ေပးရတာျဖစ္ပါတယ္။

ေန႕စဥ္ ေသာက္ေပးရတဲ့ ေဆးျဖစ္ၿပီး ကာကြယ္မႈအာနိသင္အျမင့္ဆုံးကို ေရာက္ဖို႔ ေဆးေသာက္တာ အနည္းဆုံး ၇ရက် ရွိဖို႔ လိုအပ္ပါတယ္။

ေန႕တိုင္း PrEP ေဆးကို မွန္မွန္ေသာက္ေပးမယ္ဆိုရင္ အကာအကြယ္မဲ့ လိင္ဆက္ဆံရာမွ HIV ကူးစက္နိုင္ေျခ ၉၀ ရာခိုင္ႏႈန္းထက္ မနည္း ေလွ်ာ့ခ်ေပးနိုင္ပါတယ္။

ေဆးထိုးအပ္မွ်ေဝသုံးစြဲရာမွ HIV ကူးစက္နိုင္ေျခကိုေတာ့ ၇၀ ရာခိုင္ႏႈန္းထိ ေလွ်ာ့ခ်ေပးနိုင္ပါတယ္။

မူးေဝတာ၊ ေအာ့အန္တာ အစရွိတဲ့ ေဘးထြက္ဆိုးက်ိဳးေတြကိုေတာ့ ေဆးေသာက္ကာစအခ်ိန္မွာ ေတြ႕ရတတ္ပါတယ္။

ေဆးပညာကြၽမ္းက်င္ပညာရွင္ေတြ၊ ဆရာဝန္ရဲ႕ ခြင့္ျပဳခ်က္ပါတဲ့ တရားဝင္ PrEP ေဆးဝါးေတြကို သုံးစြဲတာက ပိုထိေရာက္တဲ့ အာနိသင္ကို ရနိုင္ပါတယ္။

PrEP ေဆးကို ေန႕စဥ္ပုံမွန္ေသာက္ဖို႔ လိုပါတယ္။

ဒီေဆးဟာ HIV ကို ရာႏႈန္းျပည့္ ကာကြယ္ေပးနိုင္တာ မဟုတ္တဲ့အတြက္ ေဆးေသာက္ေနစဥ္မွာလည္း ကြန္ဒုံးအသုံးျပဳေပးနိုင္ရင္ ပိုေကာင္းပါတယ္။

၃လျခား တစ္ခါ HIV ပိုးရွိ၊ မရွိကို ေသြးစစ္ၾကည့္ဖို႔ လိုပါတယ္။


#PEP ေဆးကို ဘာအတြက္ ေသာက္တာလဲ။

Post-exposure prophylaxis လို႔ အမည္ရတဲ့ PEP ေဆးဟာ အေရးေပၚ ေသာက္ရတဲ့ HIV ပိုးကာကြယ္ေဆးျဖစ္ပါတယ္။

ကိုယ့္မွာေတာ့ HIV ေရာဂါပိုးမရွိဘူး။ ဒါေပမယ့္ HIV ရွိတယ္လို႔ သံသယျဖစ္ရတဲ့ သူတစ္ေယာက္နဲ႕ အကာအကြယ္မပါဘဲ လိင္ဆက္ဆံမိတဲ့အခါ ဒီေဆးကို အေရးေပၚအေနနဲ႕ ေသာက္ဖို႔ လိုပါတယ္။

လိင္ဆက္ဆံၿပီး ၇၂နာရီအတြင္း ေသာက္မွ ေဆးရဲ႕ အာနိသင္ကို အျပည့္အဝခံစားရမွာျဖစ္ပါတယ္။

အထူးသျဖင့္ အလိုမတူဘဲ အဓမၼျပဳက်င့္ခံရၿပီးေနာက္ HIV ပိုး ကူးစက္ခံရျခင္းမျဖစ္ေစဖို႔ PEP ေဆးကို ေစာနိုင္သမွ် အေစာဆုံး ေသာက္ေပးရပါမယ္။

အေရးေပၚ ကာကြယ္ေဆးျဖစ္တဲ့အတြက္ ေန႕စဥ္ေသာက္ေပးဖို႔ မလိုပါဘူး။

PrEP ေဆးလိုပဲ မူးေဝတာ၊ ေအာ့အန္တာ၊ ေခါင္းမူးတာ၊ ကိုယ္လက္မအီမသာျဖစ္တာ အစရွိတဲ့ ဓာတ္မတည့္လကၡဏာတခ်ိဳ႕ကို ေတြ႕ရတတ္ပါတယ္။

ဒီေဆးကို ေသာက္ဖို႔အတြက္ ဆရာဝန္နဲ႕ အရင္တိုင္ပင္ေဆြးေႏြးဖို႔ လိုအပ္ပါတယ္။


#PrEP ေသာက္မယ္ဆိုရင္ ဘာေတြလိုအပ္လဲဆိုေတာ့ - 

HIV ပိုးမရွိရပါဘူး။

HIV ပိုးမဝင္ခင္ႀကိဳတင္ကာကြယ္ေသာက္သုံးရမယ့္ PrEP ေဆးျဖစ္ပါတယ္။ 

မၾကာေသးမီအခ်ိန္ကာလက (၂ ပတ္မွ ၄ ပတ္အတြင္း) HIV ကူးစက္နိုင္သည့္အျပဳအမူျပဳလုပ္ခဲ့ျခင္း၊ လတ္တေလာ HIV ကူးစက္ခံထားရသည့္ လကၡဏာရွိျခင္းမ်ား မျဖစ္ရပါဘူး။

PrEP အေၾကာင္းေသခ်ာသိရွိနားလည္ၿပီး ေသာက္ရန္ ဆႏၵရွိရပါမယ္။


သတိျပဳရန္

-------------

 HIV ပိုး ရွိၿပီးသူမ်ား ေသာက္လို႔မရပါ (ART ေဆးေသာက္ရပါမည္)

 ေဆးေသာက္ပ်က္ပါက ေဆးအာနိသင္ေလ်ာ့နည္းတတ္လို႔ ေဆးေသာက္မပ်က္ေစရန္သတိထားသင့္ပါတယ္။

 ဆရာဝန္ျဖင့္ ပုံမွန္စစ္ေဆးရမည့္ ေဆးခန္းရက္ခ်ိန္းမ်ား အတိအက်လိုက္နာဖို႔လိုအပ္ပါတယ္။

 HIV ပိုး ကိုသာကာကြယ္ေပးနိုင္ၿပီး ကာလသားေရာဂါမ်ားကိုမကာကြယ္နိုင္တဲ့အတြက္ ကာလသားေရာဂါမ်ားကူးစက္နိုင္မႈ ကိုသတိျပဳသင့္ပါတယ္။


အတိုခ်ဳံးမွတ္ေျပာရရင္ -

(၁) PrEP ဆိုတာ HIV ပိုး မကူးစက္ေအာင္ ႀကိဳတင္ကာကြယ္တဲ့ေဆးျဖစ္ၿပီး ကူးစက္နိုင္တဲ့အျပဳအမူမ်ားကို မလုပ္ေဆာင္ေတာ့တဲ့အခ်ိန္ ထိ ေနစဥ္ပုံမွန္ ေသာက္သုံးသင့္တဲ့ေဆးျဖစ္ပါတယ္ ။ PEP ဆိုတဲ့ေဆးကေတာ့ အကြာအကြယ္မဲ့ လိင္ဆက္ဆံမိတာပဲျဖစ္ျဖစ္ HIV ကူးစက္နိုင္ေခ်ရွိေသာ အျပဳအမူလုပ္ၿပီးၿပီးခ်င္းေနာက္ 72 နာရီ အတြင္း ေသာက္သုံးသင့္ေသာေဆးျဖစ္ပါတယ္။


(၂) PrEP က ႀကိဳတင္ေသာက္ရျပီး..PEP က. လိင္ဆက္ဆံျပီးေနာက္ ၃ရက္တြင္းေသာက္ရတာပါ။ ကြာဟခ်က္ကေတာ့.. PrEP ကို လိင္ဆက္ဆံဖက္မ်ားတဲ့အခ်ိန္ကာလအတြင္း ေန႕တိုင္းေသာက္ရမွာျဖစ္ျပီး PEP ကေတာ့ လိင္ဆက္ဆံဖက္ႏွင့္ကိစၥျပီးမွ အခ်ိန္မီ ေသာက္ရပါတယ္။ PrEP ကို ႀကိဳတင္ေသာက္သုံးထားရမယ္။ လိင္တူဆိုရင္ 7ရက္ႀကိဳပီးေသာက္၊ လိင္ကြဲဆို 21 ရက္ႀကိဴေသာက္ထားရင္ Safe ျဖစ္တယ္လို႔သိထားပါတယ္။


 PrEP နဲ႕ PEP ေဆး ၂မ်ိဳးလုံးကို ေသခ်ာေသာက္ေပးမယ္ဆိုရင္ HIV ပိုးကို ထိထိေရာက္ေရာက္ ကာကြယ္ေပးနိုင္ပါတယ္။ ဒါေပမယ့္ တျခားလိင္မွတစ္ဆင့္ ကူးစက္ေရာဂါေတြျဖစ္တဲ့ လိင္အဂၤါႂကြက္နို႔၊ ဂနို၊ ကာလသားေရာဂါေတြ၊ အေရျပားျပႆနာေတြ၊ မလိုလားအပ္တဲ့ ကိုယ္ဝန္ေတြကိုေတာ့ ကာကြယ္ေပးနိုင္ျခင္း မရွိပါဘူး။ ဒါေၾကာင့္ ေဘးကင္းအႏၱရာယ္ရွင္းစြာ လိင္ဆက္ဆံနိုင္ဖို႔ ကြန္ဒုံးအသုံးျပဳဖို႔ အႀကံေပးလိုက္ခ်င္ပါတယ္။


ေမးျမန္းဆက္သြယ္နိုင္တဲ့ Page နဲ႔ ဖုန္းနံပါတ္မ်ား -


https://www.facebook.com/preventyangon/

Prevent Yangon Page Messenger မွလည္းေကာင္း Hotline ဖုန္းနံပါတ္ ၀၉၄၅၂၈၄၈၂၈၉ သို႔လည္းေကာင္း ေမးျမန္းဆက္သြယ္နိုင္ပါတယ္။


https://www.facebook.com/topcentermyanmar/

TOP Center Page Messenger မွလည္းေကာင္း Hot Line - 09979020465 သို႔ ဆက္သြယ္၍လည္းေကာင္း ေဆြးေႏြးနိုင္ပါတယ္။

တိုးတိုးေဖာ္ စာမ်က္ႏွာ https://www.facebook.com/asktoetoephaw/ မွာလည္း ေလ့လာႏိုင္ပါတယ္။

No comments: