Friday, October 1, 2021

မုန့်လုံးကြီးကြော် - MILO Pudding - ကော်ပြန့်စိမ်း - ကပ်စေးနှဲ

မုန့်လုံးကြီးကြော် - MILO Pudding - ကော်ပြန့်စိမ်း - ကပ်စေးနှဲ


မုန့်လုံးကြီးကြော်

........................




မုန့်လုံးကြီးကြော်ကတော့ ကျွန်မအလွန်နှစ်သက်ပြီး ခဏခဏ လုပ်စားဖြစ်တဲ့ မုန့် လေးပါ။ ကျွန်မက အုန်းသီးနဲ့လုပ်တဲ့မုန့်မှန်သမျှ 

အကုန်ကြိုက်ပါတယ်။ အုန်းသီးဋ္ဌာပနာ ထားပြီဆိုရင် ပိုလို့တောင် ကြိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

......................

 ကောက်ညှင်းမှုန့် - ဟင်းချက်ဇွန်း ၅ ဇွန်း 

 ဆန်မှုန့် - ဟင်းချက်ဇွန်း ၂ ဇွန်း  

 ဆား - နည်းနည်း

 သကြား - ဟင်းချက်ဇွန်း ၁ ဇွန်း

 အုန်းသီးဖတ် - ဆန်ချိန်ခွက် ၁ ခွက် 


ပြုလုပ်နည်း

...................

၁။ သကြားများများနဲ့ အုန်းသီးကို ဒယ်ပေါ်မှာ သကြားပွင့် ပျောက်သွားရုံ လှိမ့်ထားပေး ပါ။


၂။ ကောက်ညှင်းနဲ့ ဆန်မှုန့်ကို ရေအေး (စားပွဲဇွန်း ၅ ဇွန်း)ဖြင့်နယ်ပြီး ၂ နာရီခန့် မုန့် သားပေါက်အောင် နှပ်ထား လိုက်ပါ။ ဆားနည်းနည်းနဲ့ ထည့်နယ်ရပါမယ်။


၃။ ၂ နာရီပြည့်လို့ မုန့်သားပေါက်ပြီဆိုရင် မုန့်သားအနည်းငယ်ကို လက်ပေါ်တင် ပြား လိုက်ပါ။ အုန်းယိုကို အလယ်မှာ ဋ္ဌာပနာထည့်ပြီး လုံးလိုက်ပါ။ ဆီပူပူမွာ မြုပ်အောင် မီးအေးအေးနဲ့ ကြော်ပေးပါ။ 


မုန့်သားနီရောင်သမ်းရင် ဆယ်ပြီးသုံးဆောင်လို့ရပါပြီ။


..............................

Htet Family's Creation


မိုင်လို ပူတင်း (MILO Pudding)




(၁) ဒယ်အိုးပူလာရင် သကြား 2 ဇွန်းကိုထည့်မွှေ၊ သကြားတွေအရည်ပျော်ပြီး အရောင်ညိုလာရင် ရေနွေး 2ဇွန်းထည့်မွှေ၊

ပေါင်းမဲ့ပန်းဂံထဲထည့်ကာ အေအးခံထားပါ။ 

(၂) ကြက်ဥ 3 လုံး၊ ပေါင်မုန့် 2ချပ် ၊ -သကြား 2ဇွန်း (ထမင်းစားဇွန်း)၊ Milo 2ထုပ်၊ နို့ 250ml အကုန်လုံးကို blender ထဲထည့်ပြီးကြေအောင်မွှေပါ။ 

(၃) သကြားရည်အအေးခံထားတဲ့ပန်းကန်ထဲ Blender နဲ့မွှေထားတာတွေထည့်ကာ ပန်းကန်ကို အဖုံးပိတ်ပါ။ အဖုံးမပိတ်ရင် ပြတက္လာ လို့ ပုံမလှဖြစ်တတ်ပါတယ်။ 

(၄) ရေဆူအိုးပေါ် ပေါင်းဇကာတင်ပြီး 45 မိနစ် ကြာအောင်ပေါင်းပါ။

(၅) မီးပိတ်ပြီး 15 မိနစ်လောက်ကြာမှ အပြင်ထုတ်ပြီး အခန်းအပူချိန်မှာပဲအအေးခံပါ။ 

(၆) နာရီဝက်လောက်ကြာရင် ပန်းကန်ဘေးကို ဓါးဖြင့်ပူတင်းကွာအောင် ဖြည်းဖြည်းခွာပါ။ 

(၇) ပန်းကန်ပြားပေါ် မှောက်ချလိုက်ပါ။ 

(၈) ကြိုက်နှစ်သက်သလိုလှီးပြီး စားနိုင်ပါပြီ။ 


*** ရိုးရိုးပူတင်းလုပ်သလိုပါပဲ မိုင်လိုပဲပိုထည့်ရတာ။


ကော်ပြန့်စိမ်း 

=======




ပါ၀င်တဲ့ပစ္စည်းတွေကတော့


ကော်ပြန့်စိမ်း ၂၀ ရွက် (Supermarket မ်ားမွာ အလွယ်တကူ၀ယ်လို့ ရပါတယ် )

ကြက်သား ( ထည့်လိုလျင် ) အသား ၁၀ ကျပ်သား

ဂေါ်ဖီထုတ် ၁၅ ကျပ်သား

မုန္လာဥနီ ၁ လုံး (အနေတော်အရွယ်အစား)

တရုတ်နံနံ ၁ စီး

နှမ်းမွေးဆီ အနည်းငယ်

ကြ က်ဥ ၁ လုံး

တရုတ်မဆလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရသာမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကြက်သွန်နီ ၂ လုံး

ကြက်သွန်ဖြူ ၁ လုံး

ပဲပိစပ္ဆီ စတီးဇွန်း ( ၁ ) ဇွန်း


ပြင်ဆင်ပြုလုပ်ပုံ

ကြက်သားကို နုတ်နုတ်စဉ်းပြီး ၊ ကြက်သွန်ဖြူ ၅ မွှာခန့်ထောင်းထည့်၊ အရသာမှုန့်ထည့်နယ်ကာ နှပ်ထားရပါမယ်။


ဂေါ်ဖီထုတ်ကို ပါးပါးလွီး၊ မုန္လာဥနီကို ပါးပါးလွီး၊ ကြက်သွန်နီကို အတုံးလေး တွေဖြစ်အောင်လှီး၊ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားရပါမယ်။


ဆီအိုးတည်ပြီး ပဲပိစပ်ဆီကျက်ရင် ကြက်သွန်ဖြူကို ဆီသပ်ပါမယ်။ နယ္ထားတဲ့ ကြက်သားကို ထည့်ပြီး ၅ မိနစ်ခန့်ရေကုန်အောင် လုံးရပါမယ်။ နုတ်နုတ်စဉ်းထားတဲ့အတွက် ၅ မိနစ် ကေန ၇ မိနစ်ကြားရေကုန်ရင် ကျက်ပါပြီ။ ကြက်သွန်နီ ဂေါ်ဖီထုတ် မုန္လာဥနီ တို့ကို အစဉ်လိုက်ထည့်ရပါမယ်။ အရမ်းနူးသွားရင်စားမကောင်းတဲ့အတွက် အရသာမှုန့်ထည့်ပြီးတာနဲ့ ၂ မိနစ်ခန့်မွှေပြီး၇င်၊ ခေါက်ထားတဲ့ ကြက်ဥ ၁လုံး ၊ နှမ်းဆီမွှေး နဲ့ တရုတ်မဆလာ ထည့်ရပါမယ်။ ပြီးတာနဲ့ အနေတော်ညှပ်ထားတဲ့ တရုတ်နံနံထည့်အုပ်လိုက်ပြီးရင် အအေးခံထားရပါမယ်။


တချို့ကလဲ အဲဒီ အချိန်မှာ ကော်မှုန့်စတီးဇွန်း ၁ဇွန်းစာလောက်ကို ခပ်ပြစ်ပြစ်ဖျော်ပြီး လောင်းထည့်တတ်ပါတယ်။ ကော်နဲ့ မကြိုက်ရင်တော့ မထည့်ဘဲ ချထားပြီး အအေးခံထားလို့ ရပါပြီ။


၀ယ်ထားတဲ့ ကော်ပြန့်ဖတ်တွေကို တလွှာခြင်းဆီ ခွါထားရပါမယ်။ အကယ်လို့ ခ်က္ထားတဲ့ အစာမွာ ဆီကျန်နေသေးတယ်ဆိုရင် အိုးကို နဲနဲစောင်းပြီး ဆီစစ်ထားရင် ပိုကောင်းပါတယ်။


ကော်ပြန့်ဖတ်ကိုခင်း၊ ချက်ထားတဲ့အစာကိုထည့်ပြီး လိပ်လိုက်ရင် ကော်ပြန့်စိမ်းရပါပြီ။


ကော်ပြန့်စိမ်းကို ခပ်နွေးနွေးလေး ကိုက်စားပြီး၊ အချဉ်ရည်တို့လိုက တို့၊ မတို့ရင် ငရုတ်သီးစိမ်းလေးကိုက်စားကာ၊ ရေနွေးပူပူလေး မှုတ်သောက်လိုက်ရင်တော့ လိုက်ဖက်လွန်းတဲ့ စားဖွယ်တစ်မျိုး ဖြစ်မှာပါ။


ကပ်စေးနှဲ 




ပါဝင်ပစ္စည်းများ

..........................

(ဗန်းကြီးတဗန်းစာအတွက်)

ထန်းလျက် ၃ပိဿာ ၅၀သား

ကပ်စေးနှဲ ၃၅ကျပ်သား

(ထန်းလျက်ညံ့တယ်ဆိုရင် ကပ်စေးနှဲ ၅၀ကျပ်သားထည့်ရပါမယ်။)

ဆီ ၂၅ကျပ်သား

မြေပဲ ၈၅ ကျပ်သား တစ်ထုပ်

နှမ်း ၁၀ ကျပ်သား

ကြက်သွန်ကြော် ၁၀ ကျပ်သား

ဆီ ဗန်းပေါ်ကို ၂၀ကျပ်သားခင်းပါ။


ပြုလုပ်နည်း

.....................

ထန်းလျက်နဲ့ ကပ်စေးနှဲကိုပြစ်ပြစ်ကျိုပါမယ်။

သဲ အမှိုက်စစ်ပါ။

သန့်ပြီးသားထန်းလျက်ရည်ကို ဆီ၂၅ကျပ်သားရော ပြန်ကျိုပါ။

ထန်းလျက်ရည် ကြွက်မြီးတန်း ညောင်စေးကျပြီဆိုရင် အမြုပ်သေတဲ့အချိန် မီးဖိုပေါ်ကချလို့ရပါပြီ။ ဇလုံထဲမွာ ရေအေးနဲ့ ညောင်းစေးချပြီးစမ်းကြည့်လို့ရပါတယ်။

ထန်းလျက်ကြော် အပျော့လိုချင်ရင် အမြုပ်သေတာနဲ့ချပါ။

မာမာလိုချင်ရင် အမြုပ်သေပြီး ၁၅မိနစ်လောက်မှ ဖိုပေါ်ကချပါ။

ဆီလောင်းထားတဲ့ဗန်းပေါ် နှမ်းအရင်ဖြူး၊ ပြီးမှ မြေပဲဖြူး ၊ေနာက္ဆုံးမွ ကြက်သွန်ကြော်ဖြူးပါ။ 

အေးခဲသွားရင် ထန်းလျက်ကြော် လိပ်လို့ရပါပြီနော်။

အားလုံးပဲ ငယ္ဘဝကို အမွတ္တရ ပြန်လည်သတိရရင်း ပျော်ရွှင်မှူများခဏတာရရှိနိုင်ပါစေ။ 

ပြုလုပ်ပြသူ - Amt Good Taste


မုန္႔လံုးၾကီးေၾကာ္ - MILO Pudding - ေကာ္ျပန္႔စိမ္း - ကပ္ေစးႏွဲ


မုန့္လုံးႀကီးေၾကာ္

........................




မုန့္လုံးႀကီးေၾကာ္ကေတာ့ ကြၽန္မအလြန္ႏွစ္သက္ၿပီး ခဏခဏ လုပ္စားျဖစ္တဲ့ မုန့္ ေလးပါ။ ကြၽန္မက အုန္းသီးနဲ႕လုပ္တဲ့မုန့္မွန္သမွ် 

အကုန္ႀကိဳက္ပါတယ္။ အုန္းသီး႒ာပနာ ထားၿပီဆိုရင္ ပိုလို႔ေတာင္ ႀကိဳက္ပါတယ္။


ပါဝင္ပစၥည္းမ်ား

......................

 ေကာက္ညွင္းမႈန့္ - ဟင္းခ်က္ဇြန္း ၅ ဇြန္း 

 ဆန္မႈန့္ - ဟင္းခ်က္ဇြန္း ၂ ဇြန္း  

 ဆား - နည္းနည္း

 သၾကား - ဟင္းခ်က္ဇြန္း ၁ ဇြန္း

 အုန္းသီးဖတ္ - ဆန္ခ်ိန္ခြက္ ၁ ခြက္ 


ျပဳလုပ္နည္း

...................

၁။ သၾကားမ်ားမ်ားနဲ႕ အုန္းသီးကို ဒယ္ေပၚမွာ သၾကားပြင့္ ေပ်ာက္သြား႐ုံ လွိမ့္ထားေပး ပါ။


၂။ ေကာက္ညွင္းနဲ႕ ဆန္မႈန့္ကို ေရေအး (စားပြဲဇြန္း  ၅ ဇြန္း)ျဖင့္နယ္ၿပီး ၂ နာရီခန့္ မုန့္ သားေပါက္ေအာင္ ႏွပ္ထား လိုက္ပါ။ ဆားနည္းနည္းနဲ႕ ထည့္နယ္ရပါမယ္။


၃။ ၂ နာရီျပည့္လို႔ မုန့္သားေပါက္ၿပီဆိုရင္ မုန့္သားအနည္းငယ္ကို လက္ေပၚတင္ ျပား လိုက္ပါ။ အုန္းယိုကို အလယ္မွာ ႒ာပနာထည့္ၿပီး လုံးလိုက္ပါ။ ဆီပူပူမွာ ျမဳပ္ေအာင္ မီးေအးေအးနဲ႕ ေၾကာ္ေပးပါ။ 


မုန့္သားနီေရာင္သမ္းရင္ ဆယ္ၿပီးသုံးေဆာင္လို႔ရပါၿပီ။


..............................

Htet Family's Creation


မိုင္လို ပူတင္း (MILO Pudding)




(၁) ဒယ္အိုးပူလာရင္ သၾကား 2 ဇြန္းကိုထည့္ေမႊ၊ သၾကားေတြအရည္ေပ်ာ္ၿပီး အေရာင္ညိုလာရင္ ေရႏြေး 2ဇြန္းထည့္ေမႊ၊

ေပါင္းမဲ့ပန္းဂံထဲထည့္ကာ အေအးခံထားပါ။ 

(၂) ၾကက္ဥ 3 လုံး၊ ေပါင္မုန့္ 2ခ်ပ္ ၊ -သၾကား 2ဇြန္း (ထမင္းစားဇြန္း)၊ Milo 2ထုပ္၊ နို႔ 250ml အကုန္လံုးကို blender ထဲထည့္ၿပီးေၾကေအာင္ေမႊပါ။ 

(၃) သၾကားရည္အေအးခံထားတဲ့ပန္းကန္ထဲ Blender နဲ႕ေမႊထားတာေတြထည့္ကာ ပန္းကန္ကို အဖုံးပိတ္ပါ။ အဖုံးမပိတ္ရင္ ပြတက္လာ လို႔ ပုံမလွျဖစ္တတ္ပါတယ္။ 

(၄) ေရဆူအိုးေပၚ ေပါင္းဇကာတင္ၿပီး 45 မိနစ္ ၾကာေအာင္ေပါင္းပါ။

(၅) မီးပိတ္ၿပီး 15 မိနစ္ေလာက္ၾကာမွ အျပင္ထုတ္ၿပီး အခန္းအပူခ်ိန္မွာပဲအေအးခံပါ။ 

(၆) နာရီဝက္ေလာက္ၾကာရင္ ပန္းကန္ေဘးကို ဓါးျဖင့္ပူတင္းကြာေအာင္ ျဖည္းျဖည္းခြာပါ။ 

(၇) ပန္းကန္ျပားေပၚ ေမွာက္ခ်လိုက္ပါ။ 

(၈) ႀကိဳက္ႏွစ္သက္သလိုလွီးၿပီး စားနိုင္ပါၿပီ။ 


*** ရိုးရိုးပူတင္းလုပ္သလိုပါပဲ မိုင္လိုပဲပိုထည့္ရတာ။


ေကာ္ျပန့္စိမ္း 

=======




ပါ၀င္တဲ့ပစၥည္းေတြကေတာ့


ေကာ္ျပန့္စိမ္း ၂၀ ႐ြက္ (Supermarket မ်ားမွာ အလြယ္တကူ၀ယ္လို႔ ရပါတယ္ )

ၾကက္သား ( ထည့္လိုလ်င္ ) အသား ၁၀ က်ပ္သား

ေဂၚဖီထုတ္ ၁၅ က်ပ္သား

မုန္လာဥနီ ၁ လုံး (အေနေတာ္အရြယ္အစား)

တ႐ုတ္နံနံ ၁ စီး

ႏွမ္းေမြးဆီ အနည္းငယ္

ၾက က္ဥ ၁ လုံး

တ႐ုတ္မဆလာ လက္ဖက္ရည္ဇြန္း ၁ ဇြန္း

အရသာမႈန့္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း

ၾကက္သြန္နီ ၂ လုံး

ၾကက္သြန္ျဖဴ ၁ လုံး

ပဲပိစပ္ဆီ စတီးဇြန္း ( ၁ ) ဇြန္း


ျပင္ဆင္ျပဳလုပ္ပုံ

ၾကက္သားကို ႏုတ္ႏုတ္စဥ္းၿပီး ၊ ၾကက္သြန္ျဖဴ ၅ မႊာခန့္ေထာင္းထည့္၊ အရသာမႈန့္ထည့္နယ္ကာ ႏွပ္ထားရပါမယ္။


ေဂၚဖီထုတ္ကို ပါးပါးလွီး၊ မုန္လာဥနီကို ပါးပါးလွီး၊ ၾကက္သြန္နီကို အတုံးေလး ေတြျဖစ္ေအာင္လွီး၊ ၾကက္သြန္ျဖဴကို ဓါးျပားရိုက္ထားရပါမယ္။


ဆီအိုးတည္ၿပီး ပဲပိစပ္ဆီက်က္ရင္ ၾကက္သြန္ျဖဴကို ဆီသပ္ပါမယ္။ နယ္ထားတဲ့ ၾကက္သားကို ထည့္ၿပီး ၅ မိနစ္ခန့္ေရကုန္ေအာင္ လုံးရပါမယ္။ ႏုတ္ႏုတ္စဥ္းထားတဲ့အတြက္ ၅ မိနစ္ ကေန ၇ မိနစ္ၾကားေရကုန္ရင္ က်က္ပါၿပီ။ ၾကက္သြန္နီ ေဂၚဖီထုတ္ မုန္လာဥနီ တို႔ကို အစဥ္လိုက္ထည့္ရပါမယ္။ အရမ္းႏူးသြားရင္စားမေကာင္းတဲ့အတြက္ အရသာမႈန့္ထည့္ၿပီးတာနဲ႕ ၂ မိနစ္ခန့္ေမႊၿပီး၇င္၊ ေခါက္ထားတဲ့ ၾကက္ဥ ၁လုံး ၊ ႏွမ္းဆီေမႊး နဲ႕ တ႐ုတ္မဆလာ ထည့္ရပါမယ္။ ၿပီးတာနဲ႕ အေနေတာ္ညွပ္ထားတဲ့ တ႐ုတ္နံနံထည့္အုပ္လိုက္ၿပီးရင္ အေအးခံထားရပါမယ္။


တခ်ိဳ႕ကလဲ အဲဒီ အခ်ိန္မွာ ေကာ္မႈန့္စတီးဇြန္း ၁ဇြန္းစာေလာက္ကို ခပ္ျပစ္ျပစ္ေဖ်ာ္ၿပီး ေလာင္းထည့္တတ္ပါတယ္။ ေကာ္နဲ႕ မႀကိဳက္ရင္ေတာ့ မထည့္ဘဲ ခ်ထားၿပီး အေအးခံထားလို႔ ရပါၿပီ။


၀ယ္ထားတဲ့ ေကာ္ျပန့္ဖတ္ေတြကို တလႊာျခင္းဆီ ခြါထားရပါမယ္။ အကယ္လို႔ ခ်က္ထားတဲ့ အစာမွာ ဆီက်န္ေနေသးတယ္ဆိုရင္ အိုးကို နဲနဲေစာင္းၿပီး ဆီစစ္ထားရင္ ပိုေကာင္းပါတယ္။


ေကာ္ျပန့္ဖတ္ကိုခင္း၊ ခ်က္ထားတဲ့အစာကိုထည့္ၿပီး လိပ္လိုက္ရင္ ေကာ္ျပန့္စိမ္းရပါၿပီ။


ေကာ္ျပန့္စိမ္းကို ခပ္ႏြေးႏြေးေလး ကိုက္စားၿပီး၊ အခ်ဥ္ရည္တို႔လိုက တို႔၊ မတို႔ရင္ င႐ုတ္သီးစိမ္းေလးကိုက္စားကာ၊ ေရႏြေးပူပူေလး မႈတ္ေသာက္လိုက္ရင္ေတာ့ လိုက္ဖက္လြန္းတဲ့ စားဖြယ္တစ္မ်ိဳး ျဖစ္မွာပါ။


ကပ္ေစးႏွဲ 




ပါဝင္ပစၥည္းမ်ား

..........................

(ဗန္းႀကီးတဗန္းစာအတြက္)

ထန္းလ်က္ ၃ပိႆာ ၅၀သား

ကပ္ေစးႏွဲ ၃၅က်ပ္သား

(ထန္းလ်က္ညံ့တယ္ဆိုရင္ ကပ္ေစးႏွဲ ၅၀က်ပ္သားထည့္ရပါမယ္။)

ဆီ ၂၅က်ပ္သား

ေျမပဲ ၈၅ က်ပ္သား တစ္ထုပ္

ႏွမ္း ၁၀ က်ပ္သား

ၾကက္သြန္ေၾကာ္ ၁၀ က်ပ္သား

ဆီ ဗန္းေပၚကို ၂၀က်ပ္သားခင္းပါ။




ျပဳလုပ္နည္း

.....................

ထန္းလ်က္နဲ႕ ကပ္ေစးႏွဲကိုျပစ္ျပစ္က်ိဳပါမယ္။

သဲ အမွိုက္စစ္ပါ။

သန့္ၿပီးသားထန္းလ်က္ရည္ကို ဆီ၂၅က်ပ္သားေရာ ျပန္က်ိဳပါ။

ထန္းလ်က္ရည္ ႂကြက္ၿမီးတန္း ေညာင္ေစးက်ၿပီဆိုရင္ အျမဳပ္ေသတဲ့အခ်ိန္ မီးဖိုေပၚကခ်လို႔ရပါၿပီ။ ဇလုံထဲမွာ ေရေအးနဲ႕ ေညာင္းေစးခ်ၿပီးစမ္းၾကည့္လို႔ရပါတယ္။

ထန္းလ်က္ေၾကာ္ အေပ်ာ့လိုခ်င္ရင္ အျမဳပ္ေသတာနဲ႕ခ်ပါ။

မာမာလိုခ်င္ရင္ အျမဳပ္ေသၿပီး ၁၅မိနစ္ေလာက္မွ ဖိုေပၚကခ်ပါ။

ဆီေလာင္းထားတဲ့ဗန္းေပၚ ႏွမ္းအရင္ျဖဴး၊ ၿပီးမွ ေျမပဲျဖဴး ၊ေနာက္ဆုံးမွ ၾကက္သြန္ေၾကာ္ျဖဴးပါ။ 

ေအးခဲသြားရင္ ထန္းလ်က္ေၾကာ္ လိပ္လို႔ရပါၿပီေနာ္။




အားလုံးပဲ ငယ္ဘဝကို အမွတ္တရ ျပန္လည္သတိရရင္း ေပ်ာ္႐ႊင္မႉမ်ားခဏတာရရွိနိုင္ပါေစ။ 

ျပဳလုပ္ျပသူ - Amt Good Taste


No comments: