Wednesday, October 20, 2021
အဘိဓမ္မာအခါတော်နေ့- သီတင်းကျွတ်လပြည့်
 အဘိဓမ္မာအခါတော်နေ့- သီတင်းကျွတ်လပြည့်
သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့အကြောင်းကို လူအမ်ားစု သိရှိကြတာ များပါသည်။လူအများ သိရှိထားကြသလိုပင် ဗုဒ္ဓလက်ထက်တော်မှ စကာ ယနေ့အထိ အစဉ်အလာ ကောင်းခဲ့သော နေ့ထူးနေ့မြတ် တစ်နေ့လည်း ဖြစ်နေသည်။
#သီတင်းကျွတ်လပြည့်နေ့၏ ဂုဏ္ပုဒ္မ်ား
ဘုရားသားတော် ရဟန်းတော်များ ဝါတွင်းသုံးလအတွင်းမှ ဝါကျွတ်သောနေ့၊အပြစ်ရှိက ပြောကြားပါရန် ဝါဆိုသောသံဃာအချင်းချင်း ဖိတ်မာန် အမှုပြုကြသော မဟာပဝါရဏာနေ့၊ဘုရားရှင်တာ၀တိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကိုဟောကြား အောင်မြင်တော်မူ သော အဘိဓမ္မာအခါတော်နေ့၊နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာ၀တိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ထိုသို့ ဘုရားရှင် ဆင်းသက်တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည် ထွန်းညှိပူဇော်သောနေ့၊စကြ၀ဠာတိုက်တစ်သောင်းမှ လူ နတ် ဗြဟ္မာ သတ္တဝါ အားလုံးတို့သည် တဦးကို တဦးအချင်းချင်းမြင်နေကြရပြီး လူ့ပြည်၊နတ်ပြည်၊ဗြဟ္မာ့ပြည်အားဖြင့် ဒိုးယိုပေါက် ထုတ်ချင်းပေါက် ရောင်ခြည်တော်များဖြင့် လင်းထိန်နေကာ ဘုရားရှင်အား အတူတကြ ကြည်ညို ပူဇော်ရသောနေ့၊နတ်လူအများတို့သည် ဘုရားရှင်၏ တန်ခိုးတော်အနန္တကို ဖူးမြင်ကြရကား အားကျကြည်ညိုစိတ်ဖြင့် သင်္ကဿမြို့တွင် စုဝေးနေကြသော ပရိသတ်အများစု၏ ဘုရားဆုပန်သောနေ့၊.စေသာ ဂုဏ်ပေါင်းတို့ဖြင့် ပြည့်စုံသောနေ့ထူးနေ့မြတ်ပင်ဖြစ်ပါသည်။
#တာ၀တိံသာနတ်ပြည် မကြွခင် အခြေအနေများ
ဗုဒ္ဓမြတ်စွာသည် ဘုရားဖြစ်တော်မူပြီး (၇) ဝါမြောက်ဝါဆိုခါနီးတှငျ သာ၀တၳိမြို့ကဏ္႑သရက်ဥယျာဉ်အတွင်း၌ တိတၳိများ နှင့် တန်ခိုးပြိုင်မည် ဟု ကြေညာတော်မူကာရေမီးအစုံစုံ တန်ခိုးပြာဋိဟာတို့ကို ပြတော်မူခဲ့သည်။
-ဃရဏီမည်သော အနာဂါမ်ဥပါသိကာမ၊ 
-စူဠအနာထပိဏ်မည်သော အနာဂါမ်ဥပါသကာ၊ 
-ပဋိသမ်ဘိဒါပတ္တ စီရမည်သော ရဟန္တာသာမဏေမ၊ 
-စုန္ဒမည်သော ရဟန္တာကိုရင်လေး၊ 
-ဘိက္ခုနီလက်ဝဲတော်ရံတန်ခိုးအရာဧတဒဂ်ရ ရဟန္တာမ ဥပ္ပလ၀ဏ္ဏာ နှင့် 
-လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန် မထေရ် တို့က ဘုရားရှင်ကိုယ်တော် အစား တိတၳိတို့နှင့် တန်ခိုးပြိုင်ပါမည်ဟု လျှောက်ထားကြသည်။
သို့သော်လည်း ဘုရားရှင်သည် ဤနေရာတွင် ငါဘုရား၏ တာ၀န်ဖြစ်သည်။သင်တို့နှင့် မသက်ဆိုင်ပါ။တကယ် အရေးကြုံလာလျင် ငါဘုရားထမ်းဆောင်ရမည့် တာ၀န္ကို မည်သူတဦးတယောက်ကမှ မထမ်းဆောင်နိုင်ကြပေဘူး ဟု မိန့်မြွှက်တော်မူကာ ကဏှဥသဘဇာတ်တော် (ဇာ ဋ္ဌ ၁၊ ၁၊ ၁၉) နှင့် နန္ဒိဝိသာလ ဘုရားအလောင်း နွားလားဥသဘ ဇာတ်တော် တို့ကို ဟောကြားတော်မူကာ တပည့်ပရိသတ်များကို ဖြေသိမ့်ပေးတော်မူ ခဲ့သည်။
ထို့နောက်တွင်တော့ ကိုယ်တော်တိုင် တေဇောကသိုဏ်းသမာပတ်၏ အစွမ်းဖြင့် ခန္ဓာကိုယ်အောက်ပိုင်းမှ မီးတောက် အလ်ံမ်ား ထွက်နေသော်လည်း ကိုယ်တော် အထက်ပိုင်းမှ အာပေါကသိုဏ်းသမာပတ်၏ အစွမ်းဖြင့် ရေအလျံများ ထွက်ကျနေအောင်တန်ခိုး အမျိုးမျိုးကို ဖန်ဆင်းပြတော်မူသည်။
ခန္ဓာကိုယ်နောက်ပိုင်းမှ ရေအလျံများ ကျနေလျင် ရှေ့ပိုင်းကိုယ်မှ မီးတောက်များ ထွက်နေအောင် ဖန်ဆင်း ပြတော်မူခဲ့သည်။ ပရိသတ်ထဲမှ တယောက်ချင်းစီ၏ စိတ်အလိုကို ကြည့်တော်မူကာ သူတို့စိတ် အလိုက်၊ မြင်ချင်သလို တန်ခိုးအမျိုးအစားကို ဖန်ဆင်းတော်မူပြီး၊ နှုတ်တော်မှလည်း တရားဟောတော်မူသည်။
ဘုရားရှင်၏ စိတ်ဖြစ်စဉ် လျင်မြန်လွန်းသောကြောင့် ကသိုဏ်းဈာန်များကို နိုင်နိုင်နင်းနင်း ၀င်စားကာ တန်ခိုးတော်တို့ကို တမျိုးပြီးတမျိုး မရိုးနိုင်အောင် ဖန်ဆင်းနေသည်ကို ကြည့်ရှုဖူးမြင်ရသူ လူအပေါင်းတို့၏ စိတ်ထဲတွင် တပြိုင်နက်တည်း ရေရော၊မီးရောထွက်နေသယောင် ထင်မှတ်နေကြရသည်။ ဤကား ဘုရားရှင်၏ တိတၳိတို့နှင့် တန်ခိုးပြိုင်စဉ် မြင်ကွင်း တစ်ချို့ဖြစ်ပါသည်။ 
ထိုအချိန်မှ စ၍ တိတၳိတို့လဲ ကစဥ့်ကလျား ဖရိုဖရဲ ထွက်ပြေးကြကာ ပုရာဏကဿပသည်ကား မိမိလည်ပင်းတွင် သဲအိုးကို ကြိုးချည်ဆွဲကာ မြစ်ထဲခုန်ချပြီး ဘ၀နိဂုံးအဆုံးသတ် သွားသည်ဟူ၏။ ယနေ့အထိ အဝီစိငရဲမှာရှိနေသည်ဟု ဆိုပါသည်။
ရေမီးအစုံစုံသော တန်ခိုးပြာဋိဟာတို့ကို ပြတော်မူပြီးသည်နှင့်တပြိုင်နက် ညာဖက်ခြေဖဝါးကို လှမ်းကာ ယုဂန္ဓိုရ်တောင် ထိပ်ပေါ်နင်းပြီး၊ ဘယ်ဖက်ခြေလှမ်းကို မြင့်မိုရ်တောင်ထိပ်တွင် ချတော်မူသည်။ထို့နောက် တာ၀တိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ခြေရင်းမှ သိကြားမင်း၏ပဏ္႑ုကမ္ဗလာ မြကျောက်ဖြာထက်တွင် ထိုင်တော်မူကာ လူ့ဘ၀က မယ်တော်ဖြစ်ခဲ့ဖူးသော မယ်တော်မာယာတဖြစ်လဲ
သန္တုဿိတနတ်သား အမှူးပြုသော နတ်ဗြဟ္မာများအား အဘိဓမ္မာပဋ္ဌာန်းတရားတော်ကြီးကိုအကျယ်တ၀င့် ဟောပြတော်မူခဲ့သည်။
မြတ်စွာဘုရားရှင်သည် တာ၀တိံသာနတ်ပြည်တွင် ဝါတွင်းသုံးလ ပတ်လုံးနေ့မနား၊ညမနား ပဋ္ဌာန်းတရားတော်ကို ဟောကြားတော်မူရာ တွင် နတ်တို့အတွက် မိနစ်ပိုင်းမျှ ဖြစ်သော်လည်း လူသားဖြစ်သော ဘုရားရှင်အတွက်မူ အစာအာဟာရ မဘုန်းပေးပဲ မဖြစ်နိုင်ရကား ပုံတူနိမ္မိတ ဘုရားရှင်ကို ဖန်ဆင်းပြီး တရားကို ဒီနေရာမှ ဒီနေရာအထိ ဟောခဲ့စေသတည်း ဟု အဓိဋ္ဌာန်ကာ ကိုယ်တော်တိုင်က မြောက်ကျွန်း အနောတတ္တရေအိုင်သို့ ကြွကာ ဆွမ်းဘုန်းပေး တော်မူပြီး တဖန်ပြန်လည် ဟောကြားတော်မူခဲ့သည်၊ နတ်ဗြဟ္မာတို့၏ စိတ်တွင်ကား ဘုရားရှင်တပါးတည်း ဟောကြားနေသည် ဟု မှတ်ထင်နေကြ၏၊ ပြန်ရောက်ပါမှ တရားတော်ကို ရောက်သည့်နေရာမှ ဆက်လက် ဟောကြားတော်မူသည်။
အရှင်သာရိပုတ္တရာ သည်လည်း လူ့ပြည်မှတက်ကာ ဘုရားရှင် ဆွမ်းဘုန်းပေးနေစဉ်အတွင်း ၀တ်ကြီး၀တ်ငယ်ကို ပြုစုပေးတော်မူ၏။
ထိုအချိန်လေးအတွင်းမှာပင် သာရိပုတ္တရာ ငါဘုရားကေတာ့ ဒီနေ့မှာ အဘိဓမ္မာတရားကို ဒီနေရာကနေ၊ဒီနေရာ အထိ ဘယ္လို ဘယ္လို 
ဟောထားခဲ့တယ် ဆိုပြီး အကျဉ်းဆုံးနည်းကို လမ်းပြညွှန်တော်မူ၏။
ထိုအကျဉ်းဆုံးကိုပင် အရှင် သာရိပုတ္တရာကလည်း သူဉာဏ်ရှိသလို ချဲ့ထွင်ကာ ရှေးအခါက လင်းနို့သား ငါးရာအဖြစ်ဖြင့် အဘိဓမ္မာတရားကို နာဖူးခဲ့သော ပါရမီအထုံရှိခဲ့သည့် တပည့်သားရဟန်းနောက်လိုက် ငါးရာကို တဆင့်ပြန်လည်ဟောကြားခဲ့သည်။ ထိုရဟန်းများသည် ဝါမဆိုခင်အချိန်က ဘုရားရှင်တန်ခိုးပြသည်ကို ကြည်ညိုကာ သာသနာ့ဘောင် ၀င်ရောက်ခဲ့ကြသော လူဒကာများဖြစ် ကြ၏။
ယနေ့စာရေးသူတို့ သင်ယူလေ့လာနေကြရသော အဘိဓမ္မာ ပဋ္ဌာန်းတရားတော်များသည် အရှင်သာရိပုတ္တရာဟောကြားတော်မူခဲ့သော 
မကျဉ်းမကျယ်နည်းမျှသာတည်း။အကယ်၍သာ ဘုရားရှင်ဟောခဲ့သလို အကျယ်တ၀င့် သင်ယူရပါမူ မည်သို့မျှ ဆုံးခန်းတိုင်မည် မဟုတ်ဟု မှတ်ထင်ရပေသည်။ အဘယ့်ကြောင့်ဆိုသော် ဉာဏ်ရှိလျင် ရှိသလောက်၊ ချဲ့ထွင်နိုင်လျှင် ချဲ့ထွင်နိုင်သလောက် နည်းပေါင်း မ်ားစြာ နယ်ပယ်ပေါင်းများစွာကျယ်၀န်းသောကြောင့် ဖြစ်ပါသည်။ ဤသည်ကား သီတင်းကျွတ်လပြည့်မရောက်ခင်၊ တနည်းအားဖြင့် ဝါမကျွတ်ခင် နတ်ပြည်သို့တက်လှမ်းကာ တရားဟောပုံဖြစ်ပါသည်။
#သီတင်းကျွတ်လပြည့်နေ့၏ မြင်ကွင်းများ
ဗုဒ္ဓမြတ်စွာသည် အဘိဓမ္မာတရားတော်ကို ဟောပြီးသည့်အခါ အရှင်မောဂ္ဂလာန်က နတ်ပြည်တက်လာကာ မြတ်စွာဘုရား လူ့ပြည်မှာ ဘယ်နေရာမှာ ဆင်းသက်ပါမလဲ ဘုရားဟု လျှောက်ထားသောကြောင့် .. ငါ၏ သားကြီးလက်ယာတော်ရံ သာရိပုတ္တရာနှင့် တပည့်ငါးရာ ရှိနေရာ သင်္ကဿမြို့ကို ဆင်းတော်မူမယ်။ သို့သော်လည်း ယခုလက်ရှိ သာ၀တၳိကပရိသတ်တွေ အားလုံးကို တန်ခိုးတော်နဲ့ မနက်ခင်းမှာ ကျောင်းကို ဥပုသ်စောင့်သွားကြသလို သင်္ကဿမြို့ကို ခေါ်စေမယ်ဟု မိန့်တော်မူသည်။ ထိုသို့ဆင်းသက်စဉ် သိကြားမင်း သည် စောင်းတန်းသုံးမျိုးဖန်ဆင်းကာ အလယ်ပတ္တမြားစောင်းတန်းမှ ဆင်းသက်တော်မူသည်။
ဗြဟ္မာပရိသတ်များက ဘုရားရှင်၏ လက်ဝဲဘက် ငွေစောင်းတန်းမှ၄င်း၊ နတ်ပရိသတ်များက လက်ယာဘက် ရွှေစောင်း တန်းမှ၄င်း၊ 
ပဉ္စသီခ နတ္သားက ဘုရားရှင်၏ လက်ယာဘက်မှ ဗေလု၀နတ်စောင်းကို တီးခတ္ကာ ဂုဏ်တော်တို့ကို ရွတ်ဆိုသီကြူးလျက်၄င်း၊
မာတလိနတ္သားက လက်ဝဲဘက်မှ နတ်ပန်းနံ့သာများကြဲချလျက်၄င်း၊ဗြဟ္မာ့ပြည်မှ တန်ခိုးအကြီးဆုံး မဟာဗြဟ္မာကြီးသည် ဘုရားရှင်အား ထီးမိုးလျက်၄င်း၊သုယာမနတ်မင်းကြီးသည် ဘုရားရှင်အား သားမြီးယပ်ခပ်ပေးလျက်၄င်း ကြည်နူးမဆုံးနိုင်သော 
အသရေတော်ဖြင့် ရတနာစောင်းတန်းအသီးသီးမှ ဆင်းသက်တော်မူခဲ့သည်။
အထူးခြားဆုံးကား လူတွေ နတ်တွေ ဗြဟ္မာတွေ အားလုံးတယောက်မျက်နှာ တစ်ယောက် မြင်နိုင်ကြခြင်းဖြစ်ရကား အတွေးဖြင့် မြင်ယောင်ကြည့်သည်ကပင် တော်တော် ပီတိဖြစ်စရာကောင်းပါလိမ့်မည်။ ထို့ကြောင့်လည်း မြင်သမျှ ပရိသတ်များက ဆီမီးမျိုးစုံ ထွန်းညှိကာ ပူဇော်ကြိုဆိုနေကြရကား အားကျကြည်ညိုသောကြောင့် ဘုရားဆု တောင်းကြခြင်းများလည်း ဖြစ်နိုင်ပါသည်။
ဘုရားရှင် တာ၀တိံသာနတ်ပြည်မှ အဆင်းတွင် ပရိသတ်အားလုံးတို့အား တရားဟောတော်မူရာ လင်းနို့သားငါးရာ ဖြစ်ဖူးသော ရဟန်းငါးရာရဟန္တာဖြစ်တော်မူကြသည်။နောက်တဖန် ဘုရားရှင်၏ သင်္ကဿမြို့၌ လက်ယာဘက် ခြေချမိရာ ဋ္ဌာနတွင် ဘုရားအားလုံးတို့ မစွန့်လွှတ်ရာ နေရာတစ်ခုဖြစ်သော အဝိဇဟိတဋ္ဌာနအဖြစ် အစလေစတီ ဟု ယနေ့တိုင် ခေါ်ဝေါ်နေကြဆဲဖြစ်သည်။
#ယနေ့ခေတ် သင်္ကဿနဂိုရ်မြို့
ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတော်မူပြီးနောက်ပိုင်း သာသနာသက္ကရာဇ် ( ၂၁၈ ) ခုနှစ်တွင် သီရိဓမ္မာသောကမင်းကြီးသည် ဘုရားရှင် 
နတ်ပြည်မှ ဆင်းသက်ခဲ့ရာ နေရာ၌ စေတီကြီးတစ်ဆူ၊ ကျောင်းတိုက်ကြီးတစ်ခုနှင့် ဆင်ရုပ်ပါ ကျောက်တိုင်တစ်တိုင်ကို စိုက္ထူထား ခဲ့သည်။သို့ရာတွင် ခရစ်နှစ် ( ၁၁၈၃ ) တွင် ဇယချန္ဒရ Jayachandra မည်သော ဟိန္ဒူဘာသာကိုးကွယ်သောမင်းသည် သာသနာပ ပုဏ္ဏားတို့၏ စကားကို နားထောင်ကာ အစလစေတီနေရာရှိ အသောကမင်းကြီး ကောင်းမှုစေတီနှင့် ကျောင်းတိုက်ကြီးတို့ကို အစဖျောက် ဖျက်ဆီးပစ်ခဲ့လေသည်။ တိုင်းပြည်အုပ်ချုပ်သော ရှင်ဘုရင် မကောင်းလျှင် သာသနာသည်လည်း ရေရှည်မတည်တံ့နိုင် ဟူသော သာဓကတစ်ရပ်ပင် မဟုတ်ပါလော။
အေသာက မင်းကြီး၏ ကောင်းမှုတော်သငေ်္ကတကို ယနေ့ခေတ် သင်္ကဿမြို့တွင် မြင်နိုင်ဦးမည်လားမသေချာတော့ပါ။သင်္ကဿမြို့ ဘုရားရှင်၏ လက်ယာ ခြေတော်ရာချနင်းရာ နေရာတွင် အစလေစတီ နေရာကို အေသာက မင်းကြီးကောင်းမှုဖြင့် ဖူးတွ့နိုင်သေးပါသည်။
1842 ခုနှစ်တွင် ဘရစ်တစ် ပညာရှင် အလက်ဇန္ဒား ချန်နင်ဂန် Alexander Cunningham မွ ရှာဖွေတွေ့ရှိခဲ့ပြီး ထိုမှနောက် နှစ်ပေါင်း ( ၈၇ ) နှစ်အကြာတွင် အနာဂါရိက ဓမ္မပါလ Sir Anagarika Dharmmapala က သီရိလင်္ကာနိုင်ငံမှ လာရောက် ရှာဖွေဖော်ထုတ်ခဲ့ပြန် သည်။
သင်္ကဿမြို့၏ မြောက်ဖက်တွင် ဂင်္ဂါမြစ်ရှိ၍၊တောင်ဘက်တွင် ယမုံနာမြစ်ရှိရကား မြစ်နှစ်ခု ကြားကထူးခြားသောမြို့ဟုပင်ဆိုရပါမည်။ မထုရာမြို့မှ ၄ ယူဇနာ ( မိုင်ပေါင်း ၂၄ မိုင် ) မွ်သာ ဝေးကွာ၏၊( ဣေတာ မထုရာယ စတူသု ယောဇနေသု သင်္ကဿံနာမ နဂရံ အတၳိ )
မှတ်ချက်-- ခေတ်သစ် အနောက်တိုင်း ပညာရှင်တို့၏ တိုင်းထွာချက်အရ တယူဇနာတွင် ( ၈ ) မိုင်မျှသာ ရှိသည်ဟု သတ်မှတ်ကြသည်။
သို့သော် အချို့သော စာပေများတွင် ၁၀ မိုင်၊ ၁၂ မိုင်စသည်ဖြင့် မူကြဲမ်ားစြာ တွေ့ရတတ်သေး၏။ ဗုဒ္ဓခေတ်က ယူဇနာအကြာအေဝးကို သုံးကြပြီး ယနေ့ခေတ်မှာတော့ မြန်မာလူမျိုးများ ရှေးခေတ်ကသုံးခဲ့ကြသလို အတောင်၊ အထြာ အသုံးအနှုံးများလဲ မသုံးတော့ပါ၊ မိုင်၊ တိုင်၊ ကီလိုမီတာ စသည်ဖြင့်သာ သုံးကြတော့သည်။တိုးတက်သော ခေတ်ကာလ ၏ ပြယုဂ်တစ်ခုပင်တည်း။
ယနေ့အချိန်တွင် သင်္ကဿမြို့Sankasyaသည် အိန္ဒိယငံ ဥတ္တရာပရာဒေရှ် (Uttar Pradesh) ပြည်နယ်၊အရှေ့ပိုင်း အိန္ဒိယရထား လမ်းပေါ်ရှိ ကိုဟာဘတ်နှင့် ဖရုခါဗဒ် (Farukhabad) မြို့အကြား ပခန (Pakhna) ဘူတာမွ ၅ မိုင်ဝေးကွာ သော ဗဆန္တပုရ် (Basantpur) ရွာအနီး၌ တည်ရှိနေဆဲ ဖြစ်ပါသည်။
ဤသို့သော အဖြစ်အပျက်များကို လေ့လာခြင်းဖြင့် သီတင်းကျွတ်လပြည့်နေ့တွင် သံဃာတော်များက ပဝါရဏာပြုရန် စုဝေးကြရခြင်း၊ 
ဗုဒ္ဓဘာသာ၀င်အားလုံးတို့သည်လည်း ဘုရားရှင်အား ဆီမီးမျိုးစုံဖြင့် ပူဇော်ခြင်း၊ အဘိဓမ္မာပဋ္ဌာန်း တရားတော်ဖြင့် ရွတ်ဖတ် 
ပူဇော်ကြခြင်းဖြင့် ကောင်းမြတ်သော အထွဋ်အမြတ်ဖြစ်သော ဘုရားရှင်၏ ဂုဏ်တော်တို့ကို အာရုံပြုကာ အထူးတလည် ကြည်ညိုစရာ 
နေ့ထူးနေ့မြတ်တစ်နေ့သာ ဖြစ်ပါတော့သည်။ ။
အရှင်သုနန္ဒာလင်္ကာရ -M.A (ပန်းကမ်ဘာ)
#သီတင်းကျွတ်လပြည့်နေ့၏ ဂုဏ်ပုဒ်များ
ဘုရားသားတော် ရဟန်းတော်များ ဝါတွင်းသုံးလအတွင်းမှ ဝါကျွတ်သောနေ့၊အပြစ်ရှိက ပြောကြားပါရန် ဝါဆိုသောသံဃာအချင်းချင်း ဖိတ်မာန် အမှုပြုကြသော မဟာပဝါရဏာနေ့၊ဘုရားရှင်တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကိုဟောကြား အောင်မြင်တော်မူ သော အဘိဓမ္မာအခါတော်နေ့၊နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ထိုသို့ ဘုရားရှင် ဆင်းသက်တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည် ထွန်းညှိပူဇော်သောနေ့၊စကြ၀ဠာတိုက်တစ်သောင်းမှ လူ နတ် ဗြဟ္မာ သတ္တဝါ အားလုံးတို့သည် တဦးကို တဦးအချင်းချင်းမြင်နေကြရပြီး လူ့ပြည်၊နတ်ပြည်၊ဗြဟ္မာ့ပြည်အားဖြင့် ဒိုးယိုပေါက် ထုတ်ချင်းပေါက် ရောင်ခြည်တော်များဖြင့် လင်းထိန်နေကာ ဘုရားရှင်အား အတူတကွ ကြည်ညို ပူဇော်ရသောနေ့၊နတ်လူအများတို့သည် ဘုရားရှင်၏ တန်ခိုးတော်အနန္တကို ဖူးမြင်ကြရကား အားကျကြည်ညိုစိတ်ဖြင့် သင်္ကဿမြို့တွင် စုဝေးနေကြသော ပရိသတ်အများစု၏ ဘုရားဆုပန်သောနေ့၊.စသော ဂုဏ်ပေါင်းတို့ဖြင့် ပြည့်စုံသောနေ့ထူးနေ့မြတ်ပင်ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာသည် ဘုရားဖြစ်တော်မူပြီး (၇) ဝါမြောက်ဝါဆိုခါနီးတှငျ သာဝတ္ထိမြို့ကဏ္ဍသရက်ဥယျာဉ်အတွင်း၌ တိတ္ထိများ နှင့် တန်ခိုးပြိုင်မည် ဟု ကြေညာတော်မူကာရေမီးအစုံစုံ တန်ခိုးပြာဋိဟာတို့ကို ပြတော်မူခဲ့သည်။
-ပဋိသမ္ဘိဒါပတ္တ စီရမည်သော ရဟန္တာသာမဏေမ၊ 
-လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန် မထေရ် တို့က ဘုရားရှင်ကိုယ်တော် အစား တိတ္ထိတို့နှင့် တန်ခိုးပြိုင်ပါမည်ဟု လျှောက်ထားကြသည်။
ထို့နောက်တွင်တော့ ကိုယ်တော်တိုင် တေဇောကသိုဏ်းသမာပတ်၏ အစွမ်းဖြင့် ခန္ဓာကိုယ်အောက်ပိုင်းမှ မီးတောက် အလျံများ ထွက်နေသော်လည်း ကိုယ်တော် အထက်ပိုင်းမှ အာပေါကသိုဏ်းသမာပတ်၏ အစွမ်းဖြင့် ရေအလျံများ ထွက်ကျနေအောင်တန်ခိုး အမျိုးမျိုးကို ဖန်ဆင်းပြတော်မူသည်။
ထိုအချိန်လေးအတွင်းမှာပင် သာရိပုတ္တရာ ငါဘုရားကတော့ ဒီနေ့မှာ အဘိဓမ္မာတရားကို ဒီနေရာကနေ၊ဒီနေရာ အထိ ဘယ်လို ဘယ်လို 
ဗြဟ္မာပရိသတ်များက ဘုရားရှင်၏ လက်ဝဲဘက် ငွေစောင်းတန်းမှ၎င်း၊ နတ်ပရိသတ်များက လက်ယာဘက် ရွှေစောင်း တန်းမှ၎င်း၊ 
ပဉ္စသီခ နတ်သားက ဘုရားရှင်၏ လက်ယာဘက်မှ ဗေလုဝနတ်စောင်းကို တီးခတ်ကာ ဂုဏ်တော်တို့ကို ရွတ်ဆိုသီကြူးလျက်၎င်း၊
မာတလိနတ်သားက လက်ဝဲဘက်မှ နတ်ပန်းနံ့သာများကြဲချလျက်၎င်း၊ဗြဟ္မာ့ပြည်မှ တန်ခိုးအကြီးဆုံး မဟာဗြဟ္မာကြီးသည် ဘုရားရှင်အား ထီးမိုးလျက်၎င်း၊သုယာမနတ်မင်းကြီးသည် ဘုရားရှင်အား သားမြီးယပ်ခပ်ပေးလျက်၎င်း ကြည်နူးမဆုံးနိုင်သော 
အသောက မင်းကြီး၏ ကောင်းမှုတော်သင်္ကေတကို ယနေ့ခေတ် သင်္ကဿမြို့တွင် မြင်နိုင်ဦးမည်လားမသေချာတော့ပါ။သင်္ကဿမြို့ ဘုရားရှင်၏ လက်ယာ ခြေတော်ရာချနင်းရာ နေရာတွင် အစလစေတီ နေရာကို အသောက မင်းကြီးကောင်းမှုဖြင့် ဖူးတွ့နိုင်သေးပါသည်။
1842 ခုနှစ်တွင် ဘရစ်တစ် ပညာရှင် အလက်ဇန္ဒား ချန်နင်ဂန် Alexander Cunningham မှ ရှာဖွေတွေ့ရှိခဲ့ပြီး ထိုမှနောက် နှစ်ပေါင်း ( ၈၇ ) နှစ်အကြာတွင် အနာဂါရိက ဓမ္မပါလ Sir Anagarika Dharmmapala က သီရိလင်္ကာနိုင်ငံမှ လာရောက် ရှာဖွေဖော်ထုတ်ခဲ့ပြန် သည်။
ယနေ့အချိန်တွင် သင်္ကဿမြို့Sankasyaသည် အိန္ဒိယငံ ဥတ္တရာပရာဒေရှ် (Uttar Pradesh) ပြည်နယ်၊အရှေ့ပိုင်း အိန္ဒိယရထား လမ်းပေါ်ရှိ ကိုဟာဘတ်နှင့် ဖရုခါဗဒ် (Farukhabad) မြို့အကြား ပခန (Pakhna) ဘူတာမှ ၅ မိုင်ဝေးကွာ သော ဗဆန္တပုရ် (Basantpur) ရွာအနီး၌ တည်ရှိနေဆဲ ဖြစ်ပါသည်။
အရှင်သုနန္ဒာလင်္ကာရ -M.A (ပန်းကမ္ဘာ)
No comments: