Tuesday, October 5, 2021

" ရွှေနန်းတော်တွင်းမှ အပျိုတော်လောက "

 " ရွှေနန်းတော်တွင်းမှ အပျိုတော်လောက "

============================




#နန်းတွင်းအပျိုတော်

#နန်းမှုရေးရာ

#သမိုင်းဆိုင်ရာဗဟုသုတ


(ဘုရင်စနစ်အုပ်ချုပ်ရေးရှိစဉ်အခါက မင်းညီမင်းသားများအနားမှာ လူပျိုတော်များ ၀န်းရံခစားကြရသကဲ့သို့ မိဖုရားကအစ မင်းသမီးများ အနားမယ် အပျိုတော်များ ၀န်းရံခစားကြရပါတယ်။ အပျိုတော်များသော်မှ အသက်အရွယ်အလိုက်၊ တတ်မြောက်ကျွမ်းကျင်မှုအလိုက် အမည်ခေါ်ဆိုကွာခြားသလို ခစားနေထိုင်ရာဌာနတွေလည်း အနည်းငယ်ကွဲပြားကြပါတယ်။ ချက်ပြုတ်ဆောင်၊၀တ်လဲတော်ဆောင်၊ အငြိမ့်ဆောင်အပျိုတော်ရယ် စသဖြင့်ပေါ့။  အခုခေတ်နဲ့ကွာဟသော်ငြား တစ်ခေတ်တစ်ခါက သည်လိုရှိခဲ့ပါလားဆိုတာ သိကြရအောင် ကူးယူေ၀ငှလိုက်ပါတယ်။)


         စုံတစ်ခို့

         ထုံညို့နံ့သင်း

         ရွှေနန်းသူ ပျော်ဓလေ့ပေပ

         ပန်းမွေ့ယာ ခင်း။

                             (ကင်းဝန်မင်းကြီးဦးကောင်း

                                           ရတနာပုံခေတ်)


     ရွှေနန်းတော်တွင်း၌ မိဖုရား၊မောင်းမမိဿံ ကိုယ်လုပ်တော်များ နှင့် အပျိုတော်များဟူ၍ရှိရာ သားတော်သမီးတော်တို့၏ အချီတော်၊အထိန်းတော်၊အချော့တော် တို့ကို လည်း အပျိုတော်စာရင်းတွင် ထည့်သွင်းထားရှိသည်။မင်းတုန်းမင်းကြီး လက်ထက်တွင် မိဖုရားကြီးလေးပါးနှင့် သမီးတော်မင်းသမီးကြီးလေးပါးတို့ အတွက် အပျိုတော်များကို နန်းတော်အနောက်ရေမြောင်းနှင့်အတွင်းတံတိုင်း အတွင်းဘက်၌ သီးခြားတန်းလျား အဆောင်ရရှိသူတို့ကိုသာ အပျိုတော်ဟု သတ်မှတ်သည်။ အျခား မိဖုရားနှင့်မင်းသမီးများ၏ အစေအပါးအမျိုးသမီးများကိုမူ အပျိုဟုသာခေါ်တွင်ပြီး သူတို့အတွက်သီးခြားနေထိုင်ရန် အဆောင်မရှိပေ။


         ကုန်းဘောင်ခေတ်၏နောက်ဆုံး ပဒေသရာဇ်သီပေါမင်းလက်ထက်တွင် ရွှေနန်းတော်တွင်း၌ အပျိုတော်ပေါင်း၂၄၈ဦးရှိ၏။ မိဖုရားခေါင်ကြီး'စုဖုရားလတ်တစ်ဦးထဲ၌ပင် အပျိုတော်၄၈ဦးရှိသည်။မယ်တော်ဆင်ဖြူမရှင်တွင် အပျိုတော် ၂၃ဦးရွိ၏။ သီပေါမင်း စံမြန်းရာဘမရာသနပလ္လင်တော်ထားရှိသည့် မှန်နန်းဆောင်ကြီး၌ မှန်နန်းအပျိုတော်၄၈ဦးရှိသည်။ 


      ထိုအထဲတွင် နိုင်ငံခြားသူအပျိုတော်များလည်း ပါဝင်သည်။အငြိမ့်အပျိုတော်ပေါင်းမှာ ၃၀ဦးရှိသည်။ဘုရင်ထံပါး မှန်နန်းဆောင်တွင် ခစားရသည့် အပျိုတော်များကို မှန်နန်းအပျိုတော်ဟုခေါ်သည်။၎င်းတို့မှာ အမျိုးအနွယ်မြင့်မြတ်သော မှူးကြီးမတ်ကြီးတို့၏ သမီးမ်ား၊ ထို့ထက် မြင့်မြတ်သော ဆွေတော်မျိုးတော် တို့မှ ဆင်းသက်သူများ၊စော်ဘွား နယ်စားကြီးများ၏ ရင်သွေးသမီးကညာတို့အနက်မှ အပြစ်ခြောက်ပါး ကင်း၍ ရုပ်ရည်ချောမောလှပသူတို့ကိုသာမှန်နန်းအပျိုတော်အဖြစ်ရွေးချယ်သည်။


          နေ့လှည့် ညလှည့်ဟုခွဲခြားထားရာ နေ့အခါ ဘုရင့်အပါး၌ ပွဲတော်ကွမ်းတော်ပန်းတော်များဆက်သရပြီး ကြည်ချပ်၊ ရွှေဒေါင်း တောင်ယပ်၊ပတ္တမြားစီယပ်ခတ်ရခြင်း၊ အနှိပ်တော်ဆက်ခြင်း၊ဆေးလိပ်တော်ဆက်ခြင်း အစရှိသည့် ဘုရင်ခိုင်းစေသည်များကို ပြုလုပ်ကြရသည်။ညအလှည့်ကျသူတို့မှာ စာပေကျွမ်းကျင်သူအပျိုတော်တို့ကစာတော်ဖတ်ရသည်။ စာတော်ဖတ်များသည် ဣန္ဒဝံသအီနောင်၊ ရာမ၊ ဝိဇယကာရီ စသည့်ဇာတ်ဝတၳုများ ဇာတ်တော်များကို ဖတ်ကြားရခြင်း၊ ဘုရင်နှင့်မိဖုရားတို့အားသံဝေဂ ဒီပနီစေသာ တရားစာပေ များကိုလည်း ဖတ်ပြရခြင်း နှင့် အိပ်ဖန်တော်စောင့်ရခြင်းများလည်း ပြုလုပ်ကြရသည်။


          ထို့အပြင် မှန်နန်းအပျိုတော်တို့ကို ဝဲလှည့်၊ယာလှည့်ဟူ၍လည်း ခွဲခြားထားသေးသည်။ဝဲလှည့်အပျိုတော်များတွင် ဝန်ကြီး မှူးမတ်သမီး များပါဝင်၍ ဘုရင်၏ခြေတော်တင်မခံရသူများဖြစ်သည်။ယာလှည့်အပျိုတော်တို့မှာ ဘုရင့်ထံဆက်သထားသည့် စော်ဘွားတို့၏သမီးများနှင့် ကိုယ်လုပ်တော် မောင်းမတော်တို့မှာယာဘက်မှခစားရသည်။ဘုရင်၏မိဖုရားလောင်းများဖြစ်၍ အနက်ရောင်သလွန်တော်နှင့်အိပ်ရသည်။ မိဖုရားငယ် ဖြစ်သည်နှင့်တပြိုင်နက် သလွန်တော်ကိုရွှေပိန်းထည့်ရ၏။


           သီပေါမင်းလက်ထက် သက္ကရာဇ်၁၂၄၀(အေဒီ-၁၈၇၈)ခုနှစ်တွင် အနောက်ဆောင်အတွင်းတော်၌ မင်းတုန်းမင်းကြီး၏ မိဖုရားဟောင်း၅ပါး၊သမီးတော် ၅ပါးအိမ်ရှေ့မင်းသမီးတော်၄ပါး၊မှန်နန်းအပျိုတော်-၄၁ဦး၊မယ်တော်ဆင်ဖြူမရှင်အပျိုတော်-၂၁ဦး၊ မယ်တော်မိဖုရားကြီးအပျိုတော်-၁၅ဦး၊မိဖုရားခေါင်ဘုရား၂ပါး၏အပျိုတော်-၇၂ဦး၊ထိပ်စုဖုရား၏အပျိုတော်-၁၇ဦး၊ ပုခန်းကြီးစုဖုရား၏ အပျိုတော်-၃၂ဦး၊မိတၳီလာစုဖုရား၏အပျိုတော်-၃၅ဦး၊အငြိမ့်အပျိုတော်-၃၁ဦး၊စုစုပေါင်း၂၈၅ဦးတို့ကို သစ္စာရေတိုက်သည်။ 


၎င်းအနက် မှန်နန်းအပျိုတော်မခင် ခေါင်းစု-၁၁၊မအုန်း ခေါင်းစု-၇၊မသက် ခေါင်းစု-၉၊မမြစ် ခေါင်းစု-၁၄ တို့အပါအဝင်ဖြစ်သည်ဟု မှတ်တမ်းတင်ခဲ့ကြောင်း ဦးမောင်မောင်တင်၏ရွှေနန်းသုံးဝေါဟာရအဘိဓာန်၌တွေ့ရှိရပါသည်။


         အပျိုတော်တို့တွင် "ဝတီ"ဘွဲ့သည်အမြတ်ဆုံးဖြစ်၍ "မုတ္တာ"ဘွဲ့မှာအနိမ့်ဆုံးဖြစ်၏။အပျိုတော်၂၈၀ကျော်ရှိသည့် အနက်"ဝတီ" ဘွဲ့ရ ၁၂ယောက်၊"ရုစာ"ဘွဲ့ရ ၅ယောက်၊"ပဘာ"ဘွဲ့ရ ၆ယောက်၊"ကေသာ"ဘွဲ့ရ ၅ယောက်၊ "စန္ဒာ"ဘွဲ့ရ ၃ယောက်၊"မာလာ"ဘြဲရ ၇ယောက်၊ "မုတ္တာ"ဘွဲ့ရသူ ၉ယောက်ရှိသည်။ မြို့စားရွာစားပေးသနားခံရသောအပျိုတော်များလည်းရှိ၏။ ပင်းယမင်းသမီးဆိုသော အပျိုတော်မှာ ပင်းယမြို့ကိုစားရ၍ မင်းသမီးတွင်ရုံသာမက ရွှေပြားပေါ်၌"သုသီရိကုမ္မာဝတီ"ဟူသောဘွဲ့တံဆိပ်ဖြင့် ဝင်းငါးရာ ရွှေထီး လေးချက်နှင့် မိဖုရားလတ်တို့၏ အဆောင်အရွက်အစီးအနင်းမျိုးပါ အရှင်နှစ်ပါးက ပေးသနားခံယူရသော အပျိုတော်ဖြစ်ပေသည်။


      နိုင်ငံခြားသူအပျိုတော်များမှာ နန်းတော်တွင်း၌ ဘုရင့်လစာနှင့် ခန့်ထားသော နိုင်ငံခြားသားများ၏ ဇနီးသည်များနှင့် သမီး များလည်း ပါဝင်သည်။ အင်္ဂလိပ်၊ပြင်သစ်၊အီတလီ နှင့် မူစလင်အပျိုတော်များဖြစ်သည်။နိုင်ငံခြားသူအပျိုတော်များတွင် အရေးပေးခံရသူများ လည်း ရွိ၏။ အချို့လည်း နန်းတွင်းအရေးအခင်းများ၌ လျှို့ဝှက်သတင်းပေးများအဖြစ် လှုပ်ရှားခဲ့ကြသည်။ နိုင်ငံခြားသူအပျိုတော်များအနက် အသက် အငယ္ဆုံး အာမေးနီးယန်းလူမျိုး မာရီနာ(မြန်မာအမည်မယ်ခင်)မှာအလွန်ချောမောလှပကြောင်းသိရပြီး ဂါဝန်နှင့် မြန်မာဝတ်စုံကိုလည်း နှစ်သက်သလို ဝတ်ဆင်ခွင့်ပေးခဲ့ကြောင်း သိရသည်။


          အငြိမ့်အပျိုတော်များမှာ ဘုရင်မင်းမြတ်နှင့် မိဖုရားကြီးများ၏ အဆောင်တော်တို့တွင် ကျပ တီးမှုတ်ဖျော်ဖြေကြရသည့် အပျိုတော် များဖြစ်သည်။နေ့ညမပြတ်လည်း အတီးအမှုတ်အဆိုအက တို့ကိုလေ့လာသင်ကြားနေရသည်။ ပတ်ဝန်းကြေးဝန်း၊ စောင်း၊ ပတ္တလား၊ စည်း၊လင်ကွင်း၊နှဲ၊ပုလွေစသည့်အတီးအမှုတ်များ၊မင်းကြီး၊ဝန်၊လူပြက်၊လူကြမ်း၊မင်းသမီး၊မင်းသား၊တို့နေရာတွင်အပျိုတော်များကသာ ဝင်ရောက်ကပြရသည်။သံတမန်များကိုဧည့်ခံရာတွင်လည်းကောင်း၊အလှူတော်ပွဲအမျိုးမျိုးတွင်လည်းကောင်း ကပြဆင်နွှဲရသည်။


အငြိမ့်အပျိုတော်များ၏ အခြားတာဝန်တစ်ရပ်မှာ ဘုရင့်ရေအိမ်တော်ကိုစောင့်ပေးရခြင်း၊ ရေလဲပေးခြင်း၊လက်သုတ်ဝတ်ထားပေးခြင်း၊ ဖိနပ်တော်ခင်းပေးခြင်းတို့လုပ်ကြရသည်။လွှတ်တော်မှ တင်ပြလာသောသေဒဏ်အမိန့်ကို ဘုရင်ရေအိမ်တော်မှအဆင်း နံနက်ခင်းတွင် တင်ပြလျှောက်ထားရသည်။ ဘုရင်က သေဒဏ်မှ ပယ်ခြင်းအတည်ပြုခြင်း အမိန့်ချမှတ်သည်။အငြိမ့်အပျိုတော်တို့အနက် ခေါင်းအကြီးလုပ်သူ ၂ဦးသာလျှင် ဘုရင့်မှန်နန်းတော်သို့ ဝဲတစ်လှည့် ယာတစ်လှည့်ခစားခွင့်ရရှိသည်။


         ရွှေနန်းတော်ကြီး၏ အနောက်ဥယျာဉ်တွင် တောင်မြောက်စီးဆင်းနေသော ရေမြောင်းကြီး၏ ကမ်းထိပ်ရှိ တိုက်တန်းလျားကြီးတွင် အရှင်နန်းမတော်ဖုရား၏အပျိုတော်များ၊အလယ်နန်းမတော်ဖုရား၏ အပျိုတော်များနှင့် ပင်တိုင်စံစလင်းစုဖုရား၏ အပျိုတော်များကို နေရာချထားသည်။

ယင်းအနောက်ဘက် လမ်းမြှောင်ခြားသည့်အိမ်တန်းလျားကြီးတွင်မူ အငြိမ့်အပျိုတော်၃၀ကျော်ကိုနေရာချထားသည်။နန်းတော်တွင်း ရံရွေတော်သုံးပါးဟူ၍လည်းရှိသေးသည်။ (၁)အတွင်းရံရွေတော် (၂)အလယ်ရံရွေတော် (၃)အပြင်ရံရွေတော်ဟူ၍ ဖြစ်သည်။


            အတွင်းရံရွေတော်များမှာ သက်ကြီးအပျိုတော်ကြီးများဖြစ်၍ မိဖုရားအနားတွင်နေကြရပြီး ဆံထုံးထုံးပေးခြင်း၊ ပန်းပန်ခြင်း၊ ဝတ်လဲတော်ဝတ်ဆင်ပေးခြင်း၊ကောင်းဆိုးတိုင်ပင်အကြံဉာဏ်ပေးခြင်း၊ပုံဝတၳုပြောခြင်းစသည်တို့လုပ်ကြရသည်။အလယ်ရံရွေတော်တို့မှာ စံပယ်ဆီပွတ်ပေးရခြင်း၊ဖိနပ်တော်ခင်းပေးရခြင်း၊အဝတ်လျှော်ပေးရခြင်း၊ဘုရားတင်ရန် ပန်းများသီကုံးပေးရခြင်းတို့ဖြစ်ပြီး သူတို့သည် မောင်းမလည်အထိလာနိုင်ပြီးအတွင်းတော်အထိ ဝင်ခွင့်မရပေ။အပြင်ရံရွေတော်တို့မှာ အသက်ငယ်ရွယ်သူများဖြစ်၍ ပန်းခူးပေးခြင်း အိမ်သာတော်သန့်ရှင်းရေးလုပ်ခြင်း၊ရေဆေးခြင်း အညစ်အကြေးသန့်ရှင်းသိမ်းဆည်းခြင်းများပြုလုပ်ရ၍ အတွင်းတော်သို့ဝင်ခွင့်မရှိပေ။


         အထိန်းတော်တို့မှာ နို့စို့အရွယ်သားသမီးရှိသူများဖြစ်သည်။ဘုရင့်သားတော်သမီးတော်လေးများ မွေးဖွားပြီးလျှင် မိဖုရားမ်ားက မီးတွင်း ၌သာ နို့တိုက်ကြပြီး အခြားအချိန်များတွင် နို့ထိန်းများက နို့တိုက်ကြရသည်။အဆောင်အယောင်အခမ်းအနားနှင့် အချို့မြို့စား ရွာစား ပေးအပ် ချီးမြှင့်ခံရသည့် အပျိုတော်စာရင်းဝင်များဖြစ်၏။အချီတော်တို့မှာ ကလေးကိုမြေပေါ်ခြေမချအောင် ချီပိုးကြရသူများဖြစ်ပြီး အချော့တော်တို့က ကလေးအငိုတိတ်အောင် ချော့မော့ရပြီး အရုပ်အမျိုးမျိုးနှင့်ကလေးကို ချော့မြူရသည်။ပုံပြောခြင်းကိုလည်း တတ်မြောက်ရသည်။ အယတော် ဆိုသည်မှာ ယုယကြင်နာစွာကလေးအပေါ်ပြုစုစောင့်ရှောက်ရသူများဖြစ်၍ အဝတ်အစားလဲလှယ်ပေး ခြင်း၊ ရေချိုးပေးခြင်း၊ပုခက်ပေါ်သိပ်ပေး ရခြင်း၊နိုးလာသည်နှင့် နို့ထိန်းအပ်ရခြင်းစသည်တို့ပြုလုပ်ပေးရသည့် အပျိုတော်များဖြစ်သည်။


          မင်းတုန်းမင်းကြီးလက်ထက်တွင် မိဖုရားကြီးလေးပါးနှင့် မင်းသမီးလေးပါး (စလင်းစုဖုရား၊စုဖုရားကြီး၊စုဖုရားလတ်နှင့်စုဖုရား ကေလး) တို့အတွက်ထားရှိသည့်အမျိုးသမီးများကိုသာ"အပျိုတော်"ဟုခေါ်တွင်ပြီး အခြားမိဖုရားများနှင့် မင်းသမီးများအား ခစားရသောအမျိုးသမီးများကို "အပျို"ဟုသာခေါ်ဆိုရသည်။


အပျိုတော်များသည် အပျိုတော်ဟုသာခေါ်တွင်သော်လည်း အိမ်ထောင်ပြုနိုင်ပြီး သားသမီးမွေးနိုင်သည့်အခွင့်အရေးရှိပြီး အချို့မှာ အိမ်ထောင်ရှိသူ သားသမီးရှိသူများလည်း ပါဝင်လေသည်။ဝတ်စားဆင်ယင်ပုံကိုကြည့်၍ အပျိုအအို ခွဲခြားနိုင်သည်။အပျိုတို့မှာ ရင်ကြပ် အက်ျီဝတ်ကြရပြီး အအိုဆိုပါက ရင်စီးအကျီ င်္ဝတ်ဆင်ကြရသည်။ထဘီများမှာ လွန်းတစ်ရာ၊ကျေးတစ်ရာစသည့် အဆင်များကို ယက်လုပ်ဝတ်ဆင်ကြ၏။


           ရွှေဆတ်ခိုင်လက်ကောက်၊ရွှေနော်ဇာလည်ကပ်၊မြထိပ်တင်နားတောင်း၊ကျောက်နီ နားတောင်းများချီးမြှင့်ခံရသည်ဟု ဆိုပါသည်။ နန်းတော်တစ်ခုလုံးမွှေးပျံ့ကြိုင်လှိုင်နေစေရန် ဒေါန၊စံပယ်၊မြတ်လေးပန်းများကို ကြိတ်၍ အဆီကိုလူးကြခြင်း၊ ကံ့ကော်၊သရဖီ၊နှင်းရည် ပေါင်းထုပ်များ ထုပ်ကြခြင်း၊ ပန်းဝတ်ဆံ၊ပန်းပေါင်းခဲနှင့်ပန်းပေါင်းပုတီးများ သီကုံးရကြရသည်။ရွှေနန်းတော်အတွင်းယောင်္ကျားမှန်သမျှ မည်မျှ အဆင့်မြင့်သူဖြစ်ပါစေ အနောက်ဆောင်ဟုခေါ်သော မိန်းမပိုင်းသို့လုံးဝသွားလာခွင့်မရှိပေ။မိန်းမပိုင်းကလည်း ဘုရင်နှင့် မိဖုရားခေါင်ကြီး၏ စေခိုင်းချက်မဟုတ်လျှင် ယောင်္ကျားပိုင်းမကူးရ။


           မိဖုရား မောင်းမ ကိုယ်လုပ်တော်တို့ နေရာဝင်းကို နေ့ညမဟူ မိန်းမစိုးများက ကင်းလှည့်စောင့်ရှောက်ကြရသည်။ သူတို့မှာ နပုန်းပဏ္႑ုတ်များဖြစ်ကြ၏။အဆောင်ရှေ့၁၀ပေအကွာ၌ အမြင့်တစ်ပေကျော်ရှိ အဖြူရောင်သစ်သားပိုင်းတားများကာရံထားသည်။ အဆောင်ရနန်းရမိဖုရားသည်လည်းကောင်း အပျိုတော်တို့သည်လည်းကောင်း အဆောင်တော်သို့ဝင်ရောက်လိုလျှင် ယင်းပိုင်းတားကို ကျော်ပြီးမှဝင်ရောက်နိုင်သည်။ထဘီရှေ့ခွဲများဝတ်ဆင်ထားသဖြင့်ထဘီမ၍ကျော်နိုင်ကြသည်။ညအခါတွင် မိန်းမစိုးများသည် ယင်းပိုင်းတား ကိုကျော်လာသူ အပျိုတော်များကို မီးရောင်အောက်တွင်ထဘီမကျော်လိုက်သည်ကို စောင့်ကြည့်ရသည်။မသင်္ကာလျှင် ချက်ချင်းစစ်ဆေးကာ အနောက်ဝန်သို့တိုင်ကြားရသည်။


        မင်းတုန်းမင်းကြီးလက်ထက်တွင် သစ်ဆိမ့်မိဖုရားအဆောင်တော်သို့ ထိုပိုင်းတားအားထဘီမကာကျော်ဝင်သူ အပျိုတော်တစ်ဦး၏ ပေါင်တွင် ထိုးကွင်းမင်ကြောင်များတွေ့ရှိရာမှ မြောက်ပြင် ဂေါသီတာရာမကျောင်းတိုက်ဆရာတော်ကြီး၏ တပည့်သားငမြတ်စံသည် အပျိုတော်များနှင့်ရောနှောလျှက် အပျိုတော်အဝတ်အစားများဝတ်စားဟန်ဆောင်ကာ ညအချိန်ဝင်ရောက်သည့်အမှု့ပေါ်ပေါက်ခဲ့သည်ဟု (ချစ်စိန်လွင်ရေး ကုန်းဘောင်ခေတ်ဆောင်ကြာမြိုင်မှတ်တမ်း)စာအုပ်တွင် ဖော်ပြပါရှိသည်။အနောက်ရုံးတော်၌ အနောက်ဝန်နှင့် စာရေးတော် ကြီး၄ဦးထားရှိသည်။မိဖုရား၊မင်းသမီးနှင့်အပျိုတော်များသည် မင်းမိန့်မပါပဲ နန်းပြင်ထွက်ခွင့်မရှိ။အမိန့်ကို မိန်းမစိုးချုပ်မှ အနောက်ဝန်၊ အနောက်ဝန်မှ ဝင်းတော်မှူးဆီသို့ အဆင့်ဆင့်ပေးပို့ကာ အချိန်နာရီနှင့်တကွ ဝင်ထွက်သွားလာခွင့်ကိုအကြောင်းကြားထားရသည်။


             နန်းမတော်ဘုရား၊အလယ်နန်း၊မြောက်နန်းနှင့်အနောက်နန်းမိဖုရားကြီးလေးပါးက မိမိတို့ဆိုင်ရာအပျိုတော်များကို အပြင် သြားလာ ခွင့်ပြုနိုင်သည်။မိဖုရားများနှင့် အရွယ်ရောက်ပြီးသော မင်းသမီးများကို အဆင့်အလိုက်သီးသန့်အခန်းများရရှိသည်။စော်ဘွား နယ္စားမ်ား၏ ရင်သွေး သမီးကညာများနှင့် မှန်နန်းအပျိုတော်များသည် ဘုရင့်ထံပါးခစားရသည့်အပျိုတော်များဖြစ်သဖြင့် သီးခြား အခန်းများရရှိသည်။ အငြိမ့်အပျိုတော်များမှာ အနောက်ဆောင်တန်းလျားတွင်နေရပြီး "အပျို"များအတွက် နေရာသီးခြားသတ်မှတ် မထားပေ။


          တောင်နန်းမတော်ဆောက်သည် အလျား၆၀ပေအနံ၆၀ပေရှိရာ သည်ထွေးသည်ရံဆိုသည့် တိုင်လုံးကြီးများနှင့် အဆောင်ကို ပိုင်းခြားထားသည်။ထိုတိုင်ကြီးများနှင့် ခြားထားသော ကပြင်၌ အပျိုတော်များအနားယူရန်နေရာအဖြစ်သတ်မှတ်ထားသည်။ မိဖုရားခေါင်ကြီး စံမြန်းရာနေရာနှင့် ပေ၃၀ခန့်ဝေးသည်။ထိုနေရာ၌ ဆေးလိပ်သောက်နိုင်သလို  ဆူညံခြင်းမရှိစေပဲစကားပြောဆိုနိုင်ကြ သည်။ထိုသည်ထွေး သည်ရံတိုင်ကြီးများကို လွန်သည်နှင့် ကိုယ်ကိုကိုင်းညွှတ်ကာ လက်ယှက်ရှိခိုးခေါင်းငုံ့သွားကြရသည်။ မိဖုရားခေါင်ကြီးက အဆောင်တော် အလယ် သလွန်တော်၌စံနေတော်မူသည်။သလွန်တော်၏ ဘေးပတ်လည် စတုရန်း၁၅ပေခန့် အကျယ်အမြင့် တစ်ထွာခန့် ရှိသည့် ခုံရွိရာ မောင်းမများသည်ထိုခုံနေရာအထိလာရောက်ကာ ဒူးတုပ်ရှိခိုးပြီးမှ သလွန်တော်အနီးကပ်ခွင့်ရှိ သဖြင့် မောင်းမများ လှည့်လည်ခစားရာ နေရာဖြစ်၍ ထိုနေရာကို"မောင်းမလည်"ဟုခေါ်ဆိုသည်။ထိုမောင်းမလည်နေရာရောက်သည်နှင့် ပဆစ်ဒူးတုပ်လျှက် ခေါင်းငုံ့ကာ ဒူးတိုက်သွားလာရသည်။


        သီပေါမင်းလက်ထက် တစ်လင်တစ်မယားစံနစ်ကိုအကောင်အထည်ဖော်လိုသည့် မိဖုရားခေါင်စုဖုရားလတ်က နန်းတွင်း အပျိုတော် များနှင့်ပက်သက်၍ စည်းကမ်းချက်အမိန့်များပြောင်းလဲခဲ့ရာနန်းတော်တွင်း မင်းမှူးမတ်သမီးများအားလုံး အပျိုတော်မှထွက်ခွာ၍ မိဘအိမ် ပြန်ကြစေသည်။နန်းတော်တွင်း မြောက်ပန်းခုံတော်ကိုဖျက်ပစ်ခဲ့ပြီးလအနောက်နန်းမိဖုရားအဆောင်တော်မြောက်နန်းနှင့် အလယ်နန်း စေသာ နန်းရမိဖုရားအဆောင်တော်များနှင့် ရွှေရေးဆောင်များ တောင်ဆောင်တော် မြောက်ဆောင်တော် စသည့်မိဖုရားဆောင်များ အားလုံးကို သူကိုယ်တိုင်သော့ခတ်ကာ မည်သူ့မျှနန်းမတင်စေရဟုအမိန့်ထုတ်ခဲ့ကြောင်းမှတ်သားရသည်။ ပါတော်မူခါနီးနန်းမတော် မိဖုရားပရိသောက တောက်လောင်နေချိန်၌ မတ်တီ၊ဒင်နီဂရီ၊ဆေလာ စသည့် လက်ဝဲအပျိုတော်နိုင်ငံခြားသူများ အပါးတော်တွင်မရှိကြ တော့ပေ။ အရှင့်သစ္စာကို စောင့်သိသည့် အထိန်းတော်ကြီးများနှင့် ပင်းယမင်းသမီးကဲ့သို့ အပျိုတော်များသာ အပါး၌ နေရစ်ခဲ့ကြ၏။


      ပူဆွေးနေသော ရံရွေတော်များအား စုဖုရားလတ်ကသူကိုယ်တိုင် သောကပရိဒေဝကြားမှ သူ၏နန်းတွင်းအပျိုတော်များကို နောက်ဆုံးမိန့် မှာခဲ့သည်မှာ "မယ်မင်းတို့ အင်္ဂလိပ်စစ်သားတွေရောက်လာကြတော့မယ်။ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ္သူမွ မပြောနိုင်ဘူး။ ခုလိုကံဆိုး မိုးမှောင်ကျနေချိန်မှာ မဖုရားလည်းအကာကွယ်ပေးနနိုင်မှာမဟုတ်ဘူး။မယ်မင်းတို့ ကိုယ့်အိမ်ကိုယ့်ယာကို အခုပဲပြန်ကြပါ။ တခြားဘယ်နေရာ ဖြစ်ဖြစ် ဒီနန်းတော်မှာထက်တော့ အန္တရာယ်ကင်းမှာအမှန်ပဲ။ ခိုကိုးစရာလုံးလုံးမရှိတဲ့အပျိုတော် တွေကတော့ မဖုရားနဲ့အတူတူနေနိုင်ပါတယ်။ မဖုရားကေတာ့ မောင်တော်ဘုရင်မင်းမြတ်နဲ့အတူ စံနေမှာပါပဲ။"ဟုနောက်ဆုံး မိန့်ကြားခဲ့ပါသည်။


           အပျိုတော်အချို့မှာ ပါတော်မူစဉ် အထုပ်အပိုးကိုယ်စီဖြင့် ဘီရိုလှည်းများနောက် ခပ်လှမ်းလှမ်းမှ ငိုကြွေးပူဆွေးလျှက် တရွေ့ရွေ့ လိုက်ပါရင်း မရေရာသောဘဝခရီးကို ဆက်လက်ထွက်ခွာသွားခဲ့ကြသည်။အရှင်နှစ်ပါးနှင့်အတူ ရန်ကုန်မှတဆင့်  အိန္ဒိယနိုင်ငံသို့လိုက်ပါ ခဲ့ကြ သူမ်ားမွာ သမီးတော်နှစ်ပါး၏ အထိန်းတော်များဖြစ်သော သုံးဆယ်မြို့စားနှင့် တောင်ဆင်းမြို့စားမင်းသမီး၊မိုးညှင်းမင်းသမီး၊ ချွန်းတောင်နှင့် ပင်းယမင်းသမီး၊နဂါးဆင်မြို့စားအပျိုတော်ခင်လေး၊အပျိုတော် ဝဿန်ခါနွေ၊တိမ်ပြာ၊မိလ္လာ၊ဇေဌာ၊သောရီ၊နန်းပေါနှင့် နန်းထူးတို့ဖြစ်ကြသည်။ ထိုအထဲမွ အပျိုတော်အချို့သည်လအနည်းငယ်အကြာ အက်စ်အက်စ်အေရှားသငေ်္ဘာဖြင့်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြပြီး ဗြိတိသျတို့၏ထောက်ပံ့ကြေးရရှိခဲ့သည်။ကျန်နန်းတွင်းအပျိုတော်များမှာမည်သည့်ထောက်ပံ့ကြေးကိုမှ ရရှိခံစားရသည်မဟုတ်ပေ။


စာကိုး။      ဦးမောင်မောင်တင်"ရွှေနန်းသုံး ဝေါဟာရအဘိဓာန်"၊

               ညိုမြ"ကုန်းဘောင်ရှာပုံတော်"၊

               မြကေတု"နန်းမူနန်းရာ"၊

                  စောမုံညင်း"မြန်မာအမျိုးသမီး ဆင်ယင်ထုံးဖွဲ့မှု့"၊

                  ဒေါက်တာသန်းထွန်း"နယ်လှည့် ရာဇဝင်"၊

                  ချစ်စိန်လွင်"ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင်မှတ်တမ်း"၊

                  ဒေါက်တာနှင်းအေးခိုင်ဆွေ"မြန်မာ့ဓလေ့ယဉ်ကျေးမှု့သုတပဒေသာ"။                  

Phoe K(23:10:2018) ပြန်လည်မျှဝေပါသည်။


" ေ႐ႊနန္းေတာ္တြင္းမွ အပ်ိဳေတာ္ေလာက "

============================




#နန္းတြင္းအပ်ိဳေတာ္

#နန္းမႈေရးရာ

#သမိုင္းဆိုင္ရာဗဟုသုတ


(ဘုရင္စနစ္အုပ္ခ်ဳပ္ေရးရွိစဥ္အခါက မင္းညီမင္းသားမ်ားအနားမွာ လူပ်ိဳေတာ္မ်ား ၀န္းရံခစားၾကရသကဲ့သို႔ မိဖုရားကအစ မင္းသမီးမ်ား အနားမယ္ အပ်ိဳေတာ္မ်ား ၀န္းရံခစားၾကရပါတယ္။ အပ်ိဳေတာ္မ်ားေသာ္မွ အသက္အရြယ္အလိုက္၊ တတ္ေျမာက္ကၽြမ္းက်င္မႈအလိုက္ အမည္ေခၚဆိုကြာျခားသလို ခစားေနထိုင္ရာဌာနေတြလည္း အနည္းငယ္ကြဲျပားၾကပါတယ္။ ခ်က္ျပဳတ္ေဆာင္၊၀တ္လဲေတာ္ေဆာင္၊ အျငိမ့္ေဆာင္အပ်ိဳေတာ္ရယ္ စသျဖင့္ေပါ့။  အခုေခတ္နဲ႔ကြာဟေသာ္ျငား တစ္ေခတ္တစ္ခါက သည္လိုရွိခဲ့ပါလားဆိုတာ သိၾကရေအာင္ ကူးယူေ၀ငွလိုက္ပါတယ္။)


         စုံတစ္ခို႔

         ထုံညို႔နံ႕သင္း

         ေ႐ႊနန္းသူ ေပ်ာ္ဓေလ့ေပပ

         ပန္းေမြ႕ယာ ခင္း။

                             (ကင္းဝန္မင္းႀကီးဦးေကာင္း

                                           ရတနာပုံေခတ္)


     ေ႐ႊနန္းေတာ္တြင္း၌ မိဖုရား၊ေမာင္းမမိႆံ ကိုယ္လုပ္ေတာ္မ်ား ႏွင့္ အပ်ိဳေတာ္မ်ားဟူ၍ရွိရာ သားေတာ္သမီးေတာ္တို႔၏ အခ်ီေတာ္၊အထိန္းေတာ္၊အေခ်ာ့ေတာ္ တို႔ကို လည္း အပ်ိဳေတာ္စာရင္းတြင္ ထည့္သြင္းထားရွိသည္။မင္းတုန္းမင္းႀကီး လက္ထက္တြင္ မိဖုရားႀကီးေလးပါးႏွင့္ သမီးေတာ္မင္းသမီးႀကီးေလးပါးတို႔ အတြက္ အပ်ိဳေတာ္မ်ားကို နန္းေတာ္အေနာက္ေရေျမာင္းႏွင့္အတြင္းတံတိုင္း အတြင္းဘက္၌ သီးျခားတန္းလ်ား အေဆာင္ရရွိသူတို႔ကိုသာ အပ်ိဳေတာ္ဟု သတ္မွတ္သည္။ အျခား မိဖုရားႏွင့္မင္းသမီးမ်ား၏ အေစအပါးအမ်ိဳးသမီးမ်ားကိုမူ အပ်ိဳဟုသာေခၚတြင္ၿပီး သူတို႔အတြက္သီးျခားေနထိုင္ရန္ အေဆာင္မရွိေပ။


         ကုန္းေဘာင္ေခတ္၏ေနာက္ဆုံး ပေဒသရာဇ္သီေပါမင္းလက္ထက္တြင္ ေ႐ႊနန္းေတာ္တြင္း၌ အပ်ိဳေတာ္ေပါင္း၂၄၈ဦးရွိ၏။ မိဖုရားေခါင္ႀကီး'စုဖုရားလတ္တစ္ဦးထဲ၌ပင္ အပ်ိဳေတာ္၄၈ဦးရွိသည္။မယ္ေတာ္ဆင္ျဖဴမရွင္တြင္ အပ်ိဳေတာ္ ၂၃ဦးရွိ၏။ သီေပါမင္း စံျမန္းရာဘမရာသနပလႅင္ေတာ္ထားရွိသည့္ မွန္နန္းေဆာင္ႀကီး၌ မွန္နန္းအပ်ိဳေတာ္၄၈ဦးရွိသည္။ 


      ထိုအထဲတြင္ နိုင္ငံျခားသူအပ်ိဳေတာ္မ်ားလည္း ပါဝင္သည္။အၿငိမ့္အပ်ိဳေတာ္ေပါင္းမွာ ၃၀ဦးရွိသည္။ဘုရင္ထံပါး မွန္နန္းေဆာင္တြင္ ခစားရသည့္ အပ်ိဳေတာ္မ်ားကို မွန္နန္းအပ်ိဳေတာ္ဟုေခၚသည္။၎တို႔မွာ အမ်ိဳးအႏြယ္ျမင့္ျမတ္ေသာ မႉးႀကီးမတ္ႀကီးတို႔၏ သမီးမ်ား၊ ထို႔ထက္ ျမင့္ျမတ္ေသာ ေဆြေတာ္မ်ိဳးေတာ္ တို႔မွ ဆင္းသက္သူမ်ား၊ေစာ္ဘြား နယ္စားႀကီးမ်ား၏ ရင္ေသြးသမီးကညာတို႔အနက္မွ အျပစ္ေျခာက္ပါး ကင္း၍ ႐ုပ္ရည္ေခ်ာေမာလွပသူတို႔ကိုသာမွန္နန္းအပ်ိဳေတာ္အျဖစ္ေ႐ြးခ်ယ္သည္။


          ေန႕လွည့္ ညလွည့္ဟုခြဲျခားထားရာ ေန႕အခါ ဘုရင့္အပါး၌ ပြဲေတာ္ကြမ္းေတာ္ပန္းေတာ္မ်ားဆက္သရၿပီး ၾကည္ခ်ပ္၊ ေ႐ႊေဒါင္း ေတာင္ယပ္၊ပတၱျမားစီယပ္ခတ္ရျခင္း၊ အႏွိပ္ေတာ္ဆက္ျခင္း၊ေဆးလိပ္ေတာ္ဆက္ျခင္း အစရွိသည့္ ဘုရင္ခိုင္းေစသည္မ်ားကို ျပဳလုပ္ၾကရသည္။ညအလွည့္က်သဴတို႔မွာ စာေပကြၽမ္းက်င္သူအပ်ိဳေတာ္တို႔ကစာေတာ္ဖတ္ရသည္။ စာေတာ္ဖတ္မ်ားသည္ ဣႏၵဝံသအီေနာင္၊ ရာမ၊ ဝိဇယကာရီ စသည့္ဇာတ္ဝတၳဳမ်ား ဇာတ္ေတာ္မ်ားကို ဖတ္ၾကားရျခင္း၊ ဘုရင္ႏွင့္မိဖုရားတို႔အားသံေဝဂ ဒီပနီစေသာ တရားစာေပ မ်ားကိုလည္း ဖတ္ျပရျခင္း ႏွင့္ အိပ္ဖန္ေတာ္ေစာင့္ရျခင္းမ်ားလည္း ျပဳလုပ္ၾကရသည္။


          ထို႔အျပင္ မွန္နန္းအပ်ိဳေတာ္တို႔ကို ဝဲလွည့္၊ယာလွည့္ဟူ၍လည္း ခြဲျခားထားေသးသည္။ဝဲလွည့္အပ်ိဳေတာ္မ်ားတြင္ ဝန္ႀကီး မႉးမတ္သမီး မ်ားပါဝင္၍ ဘုရင္၏ေျခေတာ္တင္မခံရသူမ်ားျဖစ္သည္။ယာလွည့္အပ်ိဳေတာ္တို႔မွာ ဘုရင့္ထံဆက္သထားသည့္ ေစာ္ဘြားတို႔၏သမီးမ်ားႏွင့္ ကိုယ္လုပ္ေတာ္ ေမာင္းမေတာ္တို႔မွာယာဘက္မွခစားရသည္။ဘုရင္၏မိဖုရားေလာင္းမ်ားျဖစ္၍ အနက္ေရာင္သလြန္ေတာ္ႏွင့္အိပ္ရသည္။ မိဖုရားငယ္ ျဖစ္သည္ႏွင့္တၿပိဳင္နက္ သလြန္ေတာ္ကိုေ႐ႊပိန္းထည့္ရ၏။


           သီေပါမင္းလက္ထက္ သကၠရာဇ္၁၂၄၀(ေအဒီ-၁၈၇၈)ခုႏွစ္တြင္ အေနာက္ေဆာင္အတြင္းေတာ္၌ မင္းတုန္းမင္းႀကီး၏ မိဖုရားေဟာင္း၅ပါး၊သမီးေတာ္ ၅ပါးအိမ္ေရွ႕မင္းသမီးေတာ္၄ပါး၊မွန္နန္းအပ်ိဳေတာ္-၄၁ဦး၊မယ္ေတာ္ဆင္ျဖဴမရွင္အပ်ိဳေတာ္-၂၁ဦး၊ မယ္ေတာ္မိဖုရားႀကီးအပ်ိဳေတာ္-၁၅ဦး၊မိဖုရားေခါင္ဘုရား၂ပါး၏အပ်ိဳေတာ္-၇၂ဦး၊ထိပ္စုဖုရား၏အပ်ိဳေတာ္-၁၇ဦး၊ ပုခန္းႀကီးစုဖုရား၏ အပ်ိဳေတာ္-၃၂ဦး၊မိတၳီလာစုဖုရား၏အပ်ိဳေတာ္-၃၅ဦး၊အၿငိမ့္အပ်ိဳေတာ္-၃၁ဦး၊စုစုေပါင္း၂၈၅ဦးတို႔ကို သစၥာေရတိုက္သည္။ 


၎အနက္ မွန္နန္းအပ်ိဳေတာ္မခင္ ေခါင္းစု-၁၁၊မအုန္း ေခါင္းစု-၇၊မသက္ ေခါင္းစု-၉၊မျမစ္ ေခါင္းစု-၁၄ တို႔အပါအဝင္ျဖစ္သည္ဟု မွတ္တမ္းတင္ခဲ့ေၾကာင္း ဦးေမာင္ေမာင္တင္၏ေ႐ႊနန္းသုံးေဝါဟာရအဘိဓာန္၌ေတြ႕ရွိရပါသည္။


         အပ်ိဳေတာ္တို႔တြင္ "ဝတီ"ဘြဲ႕သည္အျမတ္ဆုံးျဖစ္၍ "မုတၱာ"ဘြဲ႕မွာအနိမ့္ဆုံးျဖစ္၏။အပ်ိဳေတာ္၂၈၀ေက်ာ္ရွိသည့္ အနက္"ဝတီ" ဘြဲ႕ရ ၁၂ေယာက္၊"႐ုစာ"ဘြဲ႕ရ ၅ေယာက္၊"ပဘာ"ဘြဲ႕ရ ၆ေယာက္၊"ေကသာ"ဘြဲ႕ရ ၅ေယာက္၊ "စႏၵာ"ဘြဲ႕ရ ၃ေယာက္၊"မာလာ"ဘြဲရ ၇ေယာက္၊ "မုတၱာ"ဘြဲ႕ရသူ ၉ေယာက္ရွိသည္။ ၿမိဳ႕စား႐ြာစားေပးသနားခံရေသာအပ်ိဳေတာ္မ်ားလည္းရွိ၏။ ပင္းယမင္းသမီးဆိုေသာ အပ်ိဳေတာ္မွာ ပင္းယၿမိဳ႕ကိုစားရ၍ မင္းသမီးတြင္႐ုံသာမက ေ႐ႊျပားေပၚ၌"သုသီရိကုမၼာဝတီ"ဟူေသာဘြဲ႕တံဆိပ္ျဖင့္ ဝင္းငါးရာ ေ႐ႊထီး ေလးခ်က္ႏွင့္ မိဖုရားလတ္တို႔၏ အေဆာင္အ႐ြက္အစီးအနင္းမ်ိဳးပါ အရွင္ႏွစ္ပါးက ေပးသနားခံယူရေသာ အပ်ိဳေတာ္ျဖစ္ေပသည္။


      နိုင္ငံျခားသူအပ်ိဳေတာ္မ်ားမွာ နန္းေတာ္တြင္း၌ ဘုရင့္လစာႏွင့္ ခန့္ထားေသာ နိုင္ငံျခားသားမ်ား၏ ဇနီးသည္မ်ားႏွင့္ သမီး မ်ားလည္း ပါဝင္သည္။ အဂၤလိပ္၊ျပင္သစ္၊အီတလီ ႏွင့္ မူစလင္အပ်ိဳေတာ္မ်ားျဖစ္သည္။နိုင္ငံျခားသူအပ်ိဳေတာ္မ်ားတြင္ အေရးေပးခံရသူမ်ား လည္း ရွိ၏။ အခ်ိဳ႕လည္း နန္းတြင္းအေရးအခင္းမ်ား၌ လွ်ို႔ဝွက္သတင္းေပးမ်ားအျဖစ္ လႈပ္ရွားခဲ့ၾကသည္။ နိုင္ငံျခားသူအပ်ိဳေတာ္မ်ားအနက္ အသက္ အငယ္ဆုံး အာေမးနီးယန္းလူမ်ိဳး မာရီနာ(ျမန္မာအမည္မယ္ခင္)မွာအလြန္ေခ်ာေမာလွပေၾကာင္းသိရၿပီး ဂါဝန္ႏွင့္ ျမန္မာဝတ္စုံကိုလည္း ႏွစ္သက္သလို ဝတ္ဆင္ခြင့္ေပးခဲ့ေၾကာင္း သိရသည္။


          အၿငိမ့္အပ်ိဳေတာ္မ်ားမွာ ဘုရင္မင္းျမတ္ႏွင့္ မိဖုရားႀကီးမ်ား၏ အေဆာင္ေတာ္တို႔တြင္ ကျပ တီးမႈတ္ေဖ်ာ္ေျဖၾကရသည့္ အပ်ိဳေတာ္ မ်ားျဖစ္သည္။ေန႕ညမျပတ္လည္း အတီးအမႈတ္အဆိုအက တို႔ကိုေလ့လာသင္ၾကားေနရသည္။ ပတ္ဝန္းေၾကးဝန္း၊ ေစာင္း၊ ပတၱလား၊ စည္း၊လင္ကြင္း၊ႏွဲ၊ပုေလြစသည့္အတီးအမႈတ္မ်ား၊မင္းႀကီး၊ဝန္၊လူျပက္၊လူၾကမ္း၊မင္းသမီး၊မင္းသား၊တို႔ေနရာတြင္အပ်ိဳေတာ္မ်ားကသာ ဝင္ေရာက္ကျပရသည္။သံတမန္မ်ားကိုဧည့္ခံရာတြင္လည္းေကာင္း၊အလႉေတာ္ပြဲအမ်ိဳးမ်ိဳးတြင္လည္းေကာင္း ကျပဆင္ႏႊဲရသည္။


အၿငိမ့္အပ်ိဳေတာ္မ်ား၏ အျခားတာဝန္တစ္ရပ္မွာ ဘုရင့္ေရအိမ္ေတာ္ကိုေစာင့္ေပးရျခင္း၊ ေရလဲေပးျခင္း၊လက္သုတ္ဝတ္ထားေပးျခင္း၊ ဖိနပ္ေတာ္ခင္းေပးျခင္းတို႔လုပ္ၾကရသည္။လႊတ္ေတာ္မွ တင္ျပလာေသာေသဒဏ္အမိန့္ကို ဘုရင္ေရအိမ္ေတာ္မွအဆင္း နံနက္ခင္းတြင္ တင္ျပေလွ်ာက္ထားရသည္။ ဘုရင္က ေသဒဏ္မွ ပယ္ျခင္းအတည္ျပဳျခင္း အမိန့္ခ်မွတ္သည္။အၿငိမ့္အပ်ိဳေတာ္တို႔အနက္ ေခါင္းအႀကီးလုပ္သူ ၂ဦးသာလွ်င္ ဘုရင့္မွန္နန္းေတာ္သို႔ ဝဲတစ္လွည့္ ယာတစ္လွည့္ခစားခြင့္ရရွိသည္။


         ေ႐ႊနန္းေတာ္ႀကီး၏ အေနာက္ဥယ်ာဥ္တြင္ ေတာင္ေျမာက္စီးဆင္းေနေသာ ေရေျမာင္းႀကီး၏ ကမ္းထိပ္ရွိ တိုက္တန္းလ်ားႀကီးတြင္ အရွင္နန္းမေတာ္ဖုရား၏အပ်ိဳေတာ္မ်ား၊အလယ္နန္းမေတာ္ဖုရား၏ အပ်ိဳေတာ္မ်ားႏွင့္ ပင္တိုင္စံစလင္းစုဖုရား၏ အပ်ိဳေတာ္မ်ားကို ေနရာခ်ထားသည္။

ယင္းအေနာက္ဘက္ လမ္းေျမႇာင္ျခားသည့္အိမ္တန္းလ်ားႀကီးတြင္မူ အၿငိမ့္အပ်ိဳေတာ္၃၀ေက်ာ္ကိုေနရာခ်ထားသည္။နန္းေတာ္တြင္း ရံေ႐ြေတာ္သုံးပါးဟူ၍လည္းရွိေသးသည္။ (၁)အတြင္းရံေ႐ြေတာ္ (၂)အလယ္ရံေ႐ြေတာ္ (၃)အျပင္ရံေ႐ြေတာ္ဟူ၍ ျဖစ္သည္။


            အတြင္းရံေ႐ြေတာ္မ်ားမွာ သက္ႀကီးအပ်ိဳေတာ္ႀကီးမ်ားျဖစ္၍ မိဖုရားအနားတြင္ေနၾကရၿပီး ဆံထုံးထုံးေပးျခင္း၊ ပန္းပန္ျခင္း၊ ဝတ္လဲေတာ္ဝတ္ဆင္ေပးျခင္း၊ေကာင္းဆိုးတိုင္ပင္အႀကံဥာဏ္ေပးျခင္း၊ပုံဝတၳဳေျပာျခင္းစသည္တို႔လုပ္ၾကရသည္။အလယ္ရံေ႐ြေတာ္တို႔မွာ စံပယ္ဆီပြတ္ေပးရျခင္း၊ဖိနပ္ေတာ္ခင္းေပးရျခင္း၊အဝတ္ေလွ်ာ္ေပးရျခင္း၊ဘုရားတင္ရန္ ပန္းမ်ားသီကုံးေပးရျခင္းတို႔ျဖစ္ၿပီး သူတို႔သည္ ေမာင္းမလည္အထိလာနိုင္ၿပီးအတြင္းေတာ္အထိ ဝင္ခြင့္မရေပ။အျပင္ရံေ႐ြေတာ္တို႔မွာ အသက္ငယ္႐ြယ္သူမ်ားျဖစ္၍ ပန္းခူးေပးျခင္း အိမ္သာေတာ္သန့္ရွင္းေရးလုပ္ျခင္း၊ေရေဆးျခင္း အညစ္အေၾကးသန့္ရွင္းသိမ္းဆည္းျခင္းမ်ားျပဳလုပ္ရ၍ အတြင္းေတာ္သို႔ဝင္ခြင့္မရွိေပ။


         အထိန္းေတာ္တို႔မွာ နို႔စို႔အ႐ြယ္သားသမီးရွိသူမ်ားျဖစ္သည္။ဘုရင့္သားေတာ္သမီးေတာ္ေလးမ်ား ေမြးဖြားၿပီးလွ်င္ မိဖုရားမ်ားက မီးတြင္း ၌သာ နို႔တိုက္ၾကၿပီး အျခားအခ်ိန္မ်ားတြင္ နို႔ထိန္းမ်ားက နို႔တိုက္ၾကရသည္။အေဆာင္အေယာင္အခမ္းအနားႏွင့္ အခ်ိဳ႕ၿမိဳ႕စား ႐ြာစား ေပးအပ္ ခ်ီးျမႇင့္ခံရသည့္ အပ်ိဳေတာ္စာရင္းဝင္မ်ားျဖစ္၏။အခ်ီေတာ္တို႔မွာ ကေလးကိုေျမေပၚေျခမခ်ေအာင္ ခ်ီပိုးၾကရသူမ်ားျဖစ္ၿပီး အေခ်ာ့ေတာ္တို႔က ကေလးအငိုတိတ္ေအာင္ ေခ်ာ့ေမာ့ရၿပီး အ႐ုပ္အမ်ိဳးမ်ိဳးႏွင့္ကေလးကို ေခ်ာ့ျမဴရသည္။ပုံေျပာျခင္းကိုလည္း တတ္ေျမာက္ရသည္။ အယေတာ္ ဆိုသည္မွာ ယုယၾကင္နာစြာကေလးအေပၚျပဳစုေစာင့္ေရွာက္ရသူမ်ားျဖစ္၍ အဝတ္အစားလဲလွယ္ေပး ျခင္း၊ ေရခ်ိဳးေပးျခင္း၊ပုခက္ေပၚသိပ္ေပး ရျခင္း၊နိုးလာသည္ႏွင့္ နို႔ထိန္းအပ္ရျခင္းစသည္တို႔ျပဳလုပ္ေပးရသည့္ အပ်ိဳေတာ္မ်ားျဖစ္သည္။


          မင္းတုန္းမင္းႀကီးလက္ထက္တြင္ မိဖုရားႀကီးေလးပါးႏွင့္ မင္းသမီးေလးပါး (စလင္းစုဖုရား၊စုဖုရားႀကီး၊စုဖုရားလတ္ႏွင့္စုဖုရား ကေလး) တို႔အတြက္ထားရွိသည့္အမ်ိဳးသမီးမ်ားကိုသာ"အပ်ိဳေတာ္"ဟုေခၚတြင္ၿပီး အျခားမိဖုရားမ်ားႏွင့္ မင္းသမီးမ်ားအား ခစားရေသာအမ်ိဳးသမီးမ်ားကို "အပ်ိဳ"ဟုသာေခၚဆိုရသည္။


အပ်ိဳေတာ္မ်ားသည္ အပ်ိဳေတာ္ဟုသာေခၚတြင္ေသာ္လည္း အိမ္ေထာင္ျပဳနိုင္ၿပီး သားသမီးေမြးနိုင္သည့္အခြင့္အေရးရွိၿပီး အခ်ိဳ႕မွာ အိမ္ေထာင္ရွိသူ သားသမီးရွိသူမ်ားလည္း ပါဝင္ေလသည္။ဝတ္စားဆင္ယင္ပုံကိုၾကည့္၍ အပ်ိဳအအို ခြဲျခားနိုင္သည္။အပ်ိဳတို႔မွာ ရင္ၾကပ္ အက္်ီဝတ္ၾကရၿပီး အအိုဆိုပါက ရင္စီးအက်ီ ဝၤတ္ဆင္ၾကရသည္။ထဘီမ်ားမွာ လြန္းတစ္ရာ၊ေက်းတစ္ရာစသည့္ အဆင္မ်ားကို ယက္လုပ္ဝတ္ဆင္ၾက၏။


           ေ႐ႊဆတ္ခိုင္လက္ေကာက္၊ေ႐ႊေနာ္ဇာလည္ကပ္၊ျမထိပ္တင္နားေတာင္း၊ေက်ာက္နီ နားေတာင္းမ်ားခ်ီးျမႇင့္ခံရသည္ဟု ဆိုပါသည္။ နန္းေတာ္တစ္ခုလုံးေမႊးပ်ံ့ႀကိဳင္လွိုင္ေနေစရန္ ေဒါန၊စံပယ္၊ျမတ္ေလးပန္းမ်ားကို ႀကိတ္၍ အဆီကိုလူးၾကျခင္း၊ ကံ့ေကာ္၊သရဖီ၊ႏွင္းရည္ ေပါင္းထုပ္မ်ား ထုပ္ၾကျခင္း၊ ပန္းဝတ္ဆံ၊ပန္းေပါင္းခဲႏွင့္ပန္းေပါင္းပုတီးမ်ား သီကုံးရၾကရသည္။ေ႐ႊနန္းေတာ္အတြင္းေယာကၤ်ားမွန္သမွ် မည္မွ် အဆင့္ျမင့္သူျဖစ္ပါေစ အေနာက္ေဆာင္ဟုေခၚေသာ မိန္းမပိုင္းသို႔လုံးဝသြားလာခြင့္မရွိေပ။မိန္းမပိုင္းကလည္း ဘုရင္ႏွင့္ မိဖုရားေခါင္ႀကီး၏ ေစခိုင္းခ်က္မဟုတ္လွ်င္ ေယာကၤ်ားပိုင္းမကူးရ။


           မိဖုရား ေမာင္းမ ကိုယ္လုပ္ေတာ္တို႔ ေနရာဝင္းကို ေန႕ညမဟူ မိန္းမစိုးမ်ားက ကင္းလွည့္ေစာင့္ေရွာက္ၾကရသည္။ သူတို႔မွာ နပုန္းပ႑ဳတ္မ်ားျဖစ္ၾက၏။အေဆာင္ေရွ႕၁၀ေပအကြာ၌ အျမင့္တစ္ေပေက်ာ္ရွိ အျဖဴေရာင္သစ္သားပိုင္းတားမ်ားကာရံထားသည္။ အေဆာင္ရနန္းရမိဖုရားသည္လည္းေကာင္း အပ်ိဳေတာ္တို႔သည္လည္းေကာင္း အေဆာင္ေတာ္သို႔ဝင္ေရာက္လိုလွ်င္ ယင္းပိုင္းတားကို ေက်ာ္ၿပီးမွဝင္ေရာက္နိုင္သည္။ထဘီေရွ႕ခြဲမ်ားဝတ္ဆင္ထားသျဖင့္ထဘီမ၍ေက်ာ္နိုင္ၾကသည္။ညအခါတြင္ မိန္းမစိုးမ်ားသည္ ယင္းပိုင္းတား ကိုေက်ာ္လာသူ အပ်ိဳေတာ္မ်ားကို မီးေရာင္ေအာက္တြင္ထဘီမေက်ာ္လိုက္သည္ကို ေစာင့္ၾကည့္ရသည္။မသကၤာလွ်င္ ခ်က္ခ်င္းစစ္ေဆးကာ အေနာက္ဝန္သို႔တိုင္ၾကားရသည္။


        မင္းတုန္းမင္းႀကီးလက္ထက္တြင္ သစ္ဆိမ့္မိဖုရားအေဆာင္ေတာ္သို႔ ထိုပိုင္းတားအားထဘီမကာေက်ာ္ဝင္သူ အပ်ိဳေတာ္တစ္ဦး၏ ေပါင္တြင္ ထိုးကြင္းမင္ေၾကာင္မ်ားေတြ႕ရွိရာမွ ေျမာက္ျပင္ ေဂါသီတာရာမေက်ာင္းတိုက္ဆရာေတာ္ႀကီး၏ တပည့္သားငျမတ္စံသည္ အပ်ိဳေတာ္မ်ားႏွင့္ေရာေႏွာလွ်က္ အပ်ိဳေတာ္အဝတ္အစားမ်ားဝတ္စားဟန္ေဆာင္ကာ ညအခ်ိန္ဝင္ေရာက္သည့္အမႈ႕ေပၚေပါက္ခဲ့သည္ဟု (ခ်စ္စိန္လြင္ေရး ကုန္းေဘာင္ေခတ္ေဆာင္ၾကာၿမိဳင္မွတ္တမ္း)စာအုပ္တြင္ ေဖာ္ျပပါရွိသည္။အေနာက္႐ုံးေတာ္၌ အေနာက္ဝန္ႏွင့္ စာေရးေတာ္ ႀကီး၄ဦးထားရွိသည္။မိဖုရား၊မင္းသမီးႏွင့္အပ်ိဳေတာ္မ်ားသည္ မင္းမိန့္မပါပဲ နန္းျပင္ထြက္ခြင့္မရွိ။အမိန့္ကို မိန္းမစိုးခ်ဳပ္မွ အေနာက္ဝန္၊ အေနာက္ဝန္မွ ဝင္းေတာ္မႉးဆီသို႔ အဆင့္ဆင့္ေပးပို႔ကာ အခ်ိန္နာရီႏွင့္တကြ ဝင္ထြက္သြားလာခြင့္ကိုအေၾကာင္းၾကားထားရသည္။


             နန္းမေတာ္ဘုရား၊အလယ္နန္း၊ေျမာက္နန္းႏွင့္အေနာက္နန္းမိဖုရားႀကီးေလးပါးက မိမိတို႔ဆိုင္ရာအပ်ိဳေတာ္မ်ားကို အျပင္ သြားလာ ခြင့္ျပဳနိုင္သည္။မိဖုရားမ်ားႏွင့္ အ႐ြယ္ေရာက္ၿပီးေသာ မင္းသမီးမ်ားကို အဆင့္အလိုက္သီးသန့္အခန္းမ်ားရရွိသည္။ေစာ္ဘြား နယ္စားမ်ား၏ ရင္ေသြး သမီးကညာမ်ားႏွင့္ မွန္နန္းအပ်ိဳေတာ္မ်ားသည္ ဘုရင့္ထံပါးခစားရသည့္အပ်ိဳေတာ္မ်ားျဖစ္သျဖင့္ သီးျခား အခန္းမ်ားရရွိသည္။ အၿငိမ့္အပ်ိဳေတာ္မ်ားမွာ အေနာက္ေဆာင္တန္းလ်ားတြင္ေနရၿပီး "အပ်ိဳ"မ်ားအတြက္ ေနရာသီးျခားသတ္မွတ္ မထားေပ။


          ေတာင္နန္းမေတာ္ေဆာက္သည္ အလ်ား၆၀ေပအနံ၆၀ေပရွိရာ သည္ေထြးသည္ရံဆိုသည့္ တိုင္လုံးႀကီးမ်ားႏွင့္ အေဆာင္ကို ပိုင္းျခားထားသည္။ထိုတိုင္ႀကီးမ်ားႏွင့္ ျခားထားေသာ ကျပင္၌ အပ်ိဳေတာ္မ်ားအနားယူရန္ေနရာအျဖစ္သတ္မွတ္ထားသည္။ မိဖုရားေခါင္ႀကီး စံျမန္းရာေနရာႏွင့္ ေပ၃၀ခန့္ေဝးသည္။ထိုေနရာ၌ ေဆးလိပ္ေသာက္နိုင္သလို  ဆူညံျခင္းမရွိေစပဲစကားေျပာဆိုနိုင္ၾက သည္။ထိုသည္ေထြး သည္ရံတိုင္ႀကီးမ်ားကို လြန္သည္ႏွင့္ ကိုယ္ကိုကိုင္းၫႊတ္ကာ လက္ယွက္ရွိခိုးေခါင္းငုံ႕သြားၾကရသည္။ မိဖုရားေခါင္ႀကီးက အေဆာင္ေတာ္ အလယ္ သလြန္ေတာ္၌စံေနေတာ္မူသည္။သလြန္ေတာ္၏ ေဘးပတ္လည္ စတုရန္း၁၅ေပခန့္ အက်ယ္အျမင့္ တစ္ထြာခန့္ ရွိသည့္ ခုံရွိရာ ေမာင္းမမ်ားသည္ထိုခုံေနရာအထိလာေရာက္ကာ ဒူးတုပ္ရွိခိုးၿပီးမွ သလြန္ေတာ္အနီးကပ္ခြင့္ရွိ သျဖင့္ ေမာင္းမမ်ား လွည့္လည္ခစားရာ ေနရာျဖစ္၍ ထိုေနရာကို"ေမာင္းမလည္"ဟုေခၚဆိုသည္။ထိုေမာင္းမလည္ေနရာေရာက္သည္ႏွင့္ ပဆစ္ဒူးတုပ္လွ်က္ ေခါင္းငုံ႕ကာ ဒူးတိုက္သြားလာရသည္။


        သီေပါမင္းလက္ထက္ တစ္လင္တစ္မယားစံနစ္ကိုအေကာင္အထည္ေဖာ္လိုသည့္ မိဖုရားေခါင္စုဖုရားလတ္က နန္းတြင္း အပ်ိဳေတာ္ မ်ားႏွင့္ပက္သက္၍ စည္းကမ္းခ်က္အမိန့္မ်ားေျပာင္းလဲခဲ့ရာနန္းေတာ္တြင္း မင္းမႉးမတ္သမီးမ်ားအားလုံး အပ်ိဳေတာ္မွထြက္ခြာ၍ မိဘအိမ္ ျပန္ၾကေစသည္။နန္းေတာ္တြင္း ေျမာက္ပန္းခုံေတာ္ကိုဖ်က္ပစ္ခဲ့ၿပီးလအေနာက္နန္းမိဖုရားအေဆာင္ေတာ္ေျမာက္နန္းႏွင့္ အလယ္နန္း စေသာ နန္းရမိဖုရားအေဆာင္ေတာ္မ်ားႏွင့္ ေ႐ႊေရးေဆာင္မ်ား ေတာင္ေဆာင္ေတာ္ ေျမာက္ေဆာင္ေတာ္ စသည့္မိဖုရားေဆာင္မ်ား အားလုံးကို သူကိုယ္တိုင္ေသာ့ခတ္ကာ မည္သူ႕မွ်နန္းမတင္ေစရဟုအမိန့္ထုတ္ခဲ့ေၾကာင္းမွတ္သားရသည္။ ပါေတာ္မူခါနီးနန္းမေတာ္ မိဖုရားပရိေသာက ေတာက္ေလာင္ေနခ်ိန္၌ မတ္တီ၊ဒင္နီဂရီ၊ေဆလာ စသည့္ လက္ဝဲအပ်ိဳေတာ္နိုင္ငံျခားသူမ်ား အပါးေတာ္တြင္မရွိၾက ေတာ့ေပ။ အရွင့္သစၥာကို ေစာင့္သိသည့္ အထိန္းေတာ္ႀကီးမ်ားႏွင့္ ပင္းယမင္းသမီးကဲ့သို႔ အပ်ိဳေတာ္မ်ားသာ အပါး၌ ေနရစ္ခဲ့ၾက၏။


      ပူေဆြးေနေသာ ရံေ႐ြေတာ္မ်ားအား စုဖုရားလတ္ကသူကိုယ္တိုင္ ေသာကပရိေဒဝၾကားမွ သူ၏နန္းတြင္းအပ်ိဳေတာ္မ်ားကို ေနာက္ဆုံးမိန့္ မွာခဲ့သည္မွာ "မယ္မင္းတို႔ အဂၤလိပ္စစ္သားေတြေရာက္လာၾကေတာ့မယ္။ဘာေတြျဖစ္လာမယ္ဆိုတာ ဘယ္သူမွ မေျပာနိုင္ဘူး။ ခုလိုကံဆိုး မိုးေမွာင္က်ေနခ်ိန္မွာ မဖုရားလည္းအကာကြယ္ေပးနနိုင္မွာမဟုတ္ဘူး။မယ္မင္းတို႔ ကိုယ့္အိမ္ကိုယ့္ယာကို အခုပဲျပန္ၾကပါ။ တျခားဘယ္ေနရာ ျဖစ္ျဖစ္ ဒီနန္းေတာ္မွာထက္ေတာ့ အႏၱရာယ္ကင္းမွာအမွန္ပဲ။ ခိုကိုးစရာလုံးလုံးမရွိတဲ့အပ်ိဳေတာ္ ေတြကေတာ့ မဖုရားနဲ႕အတူတူေနနိုင္ပါတယ္။ မဖုရားကေတာ့ ေမာင္ေတာ္ဘုရင္မင္းျမတ္နဲ႕အတူ စံေနမွာပါပဲ။"ဟုေနာက္ဆုံး မိန့္ၾကားခဲ့ပါသည္။


           အပ်ိဳေတာ္အခ်ိဳ႕မွာ ပါေတာ္မူစဥ္ အထုပ္အပိုးကိုယ္စီျဖင့္ ဘီရိုလွည္းမ်ားေနာက္ ခပ္လွမ္းလွမ္းမွ ငိုေႂကြးပူေဆြးလွ်က္ တေ႐ြ႕ေ႐ြ႕ လိုက္ပါရင္း မေရရာေသာဘဝခရီးကို ဆက္လက္ထြက္ခြာသြားခဲ့ၾကသည္။အရွင္ႏွစ္ပါးႏွင့္အတူ ရန္ကုန္မွတဆင့္  အိႏၵိယနိုင္ငံသို႔လိုက္ပါ ခဲ့ၾက သူမ်ားမွာ သမီးေတာ္ႏွစ္ပါး၏ အထိန္းေတာ္မ်ားျဖစ္ေသာ သုံးဆယ္ၿမိဳ႕စားႏွင့္ ေတာင္ဆင္းၿမိဳ႕စားမင္းသမီး၊မိုးညွင္းမင္းသမီး၊ ခြၽန္းေတာင္ႏွင့္ ပင္းယမင္းသမီး၊နဂါးဆင္ၿမိဳ႕စားအပ်ိဳေတာ္ခင္ေလး၊အပ်ိဳေတာ္ ဝႆန္ခါေႏြ၊တိမ္ျပာ၊မိလႅာ၊ေဇဌာ၊ေသာရီ၊နန္းေပါႏွင့္ နန္းထူးတို႔ျဖစ္ၾကသည္။ ထိုအထဲမွ အပ်ိဳေတာ္အခ်ိဳ႕သည္လအနည္းငယ္အၾကာ အက္စ္အက္စ္ေအရွားသေဘၤာျဖင့္ျမန္မာနိုင္ငံသို႔ ျပန္လည္ေရာက္ရွိလာၾကၿပီး ၿဗိတိသ်တို႔၏ေထာက္ပံ့ေၾကးရရွိခဲ့သည္။က်န္နန္းတြင္းအပ်ိဳေတာ္မ်ားမွာမည္သည့္ေထာက္ပံ့ေၾကးကိုမွ ရရွိခံစားရသည္မဟုတ္ေပ။


စာကိုး။      ဦးေမာင္ေမာင္တင္"ေ႐ႊနန္းသုံး ေဝါဟာရအဘိဓာန္"၊

               ညိုျမ"ကုန္းေဘာင္ရွာပုံေတာ္"၊

               ျမေကတု"နန္းမူနန္းရာ"၊

                  ေစာမုံညင္း"ျမန္မာအမ်ိဳးသမီး ဆင္ယင္ထုံးဖြဲ႕မႈ႕"၊

                  ေဒါက္တာသန္းထြန္း"နယ္လွည့္ ရာဇဝင္"၊

                  ခ်စ္စိန္လြင္"ကုန္းေဘာင္ေခတ္ ေဆာင္ၾကာၿမိဳင္မွတ္တမ္း"၊

                  ေဒါက္တာႏွင္းေအးခိုင္ေဆြ"ျမန္မာ့ဓေလ့ယဥ္ေက်းမႈ႕သုတပေဒသာ"။                  


Phoe K(23:10:2018) ျပန္လည္မွ်ေဝပါသည္။

Original Sharing Post: https://www.facebook.com/106702214699987/posts/257425446294329/

No comments: