Friday, October 8, 2021
မုန့်ဦးနှောက် - ထန်းသီးမုန့် - သာကူဟာလဝါ - မုန့်လင်မယား - စိန်ဖေကြီး
မုန့်ဦးနှောက် - ထန်းသီးမုန့် - သာကူဟာလဝါ - မုန့်လင်မယား - စိန်ဖေကြီး
မုန့်ဦးနှောက်
ပါဝင်ပစ္စည်းများ
1. ဆန်စိမ်းမှုန့်-(၂) ခွက် = (၃၀၀)ဂရမ်
2. သာကူစေ့-(၁)ခွက်=(၁၅၀)ဂရမ်
3. အုန်းနို့-400ml (၃)ဗူး
4. သကြား- (၁)ခွက် နှင့် 2 tbs
5. ဆား- 1/2 tsp
6. အုန်းဆီ- (၁) ဇွန်း
7. ရေ-(၁၂)ခွက်
ပြုလုပ်ပုံ
1. ဆန်မှုန့်(၂)ခြက္ကို ရေ(၇)ခွက်နှင့်ရောမွှေ၍ခေတ္တနှပ်ထားပါ။
2. အိုးတခုထဲသို့ရေ(၅)ခွက်ထည့်၍ပွက်ပွက်ဆူအောင်ကျိုပါ။ဆူလျှင်သာကူ(၁)ခွက်ထည့်ပြီးယောင်းမနှင့်မွှေပေးပါ။ထို့နောက် သကြား(၁)ခြက္ကို နည်းနည်းချင်းဆီလောင်းထည့်ပြီးအဆက်မပြတ်မွှေပေးပါ။
3. သာကူမ်က္ဆံ(၈၀)%ခန့်ပျောက်ပြီဆိုလျှင်မူလကခေတ္တနှပ်ထားသောဆန်မှုန့်ရည်ကိုလောင်းထည့်၍တောက်လျှောက်မွှေပေးပါ။ အုန်းနို့(၄)ခွက်, ဆား ၁/၄ ဇွန်းထည့်ပြီးမိနစ်(၃၀)ခန့်ကြာသည်အထိဆက်တိုက်မွှေနေရပါမည်။နာရီဝက်ခန့်ကြာလျှင် မူလထက် ထက်ဝက်ခန့်ရေခန်းသွားပါလိမ့်မည်, မုန့်နှစ်များလည်းစေးပျစ်တွဲလာပါလိမ့်မည်။
4. မုန့်နှစ်များကို လေးဘက်လေးတန်ဆီသုတ်ထားသောမုန့်ဘမ်းအတွင်းသို့လောင်းချပြီး မျက်နှာပြငိညှိပါ။ နာရီဝက်ခန့်အအေးခံထားပါ။ မျက်နှာပြင်တင်းလာလျှင် မုန့်ဘမ်းအပေါ်မှပလပ်စတစ်ဖြင့်အုပ်ထားပေးပါ(မျက်နှာပြင်ကွဲအက်တတ်သဖြင့်)။
5. အုန်းနို့ဆီဆမ်းရန်အတွက် အုန်းနို့တဗူးကို အုန်းဆီ (၁)ဇွန်းထည့်၍မီးဖိုပေါ်၌ကျိုပါ။အချိုကြိုက်လျှင်သကြား(၂)ဇွန်းထည့်ပါ, ဆီသတ်သတ်အနှစ်သပ်သပ်ရလာလျှင်အအေးခံပါ။
6. ထို့နောက်အအေးခံထားသော မုန့်ကို ဆီဝဝသုတ်ထားသောဓားဖြင့်လှီးပါ, အပေါ်မှအုန်းနို့ဆီဆမ်း၍စားသုံးနိုင်ပါပြီ။
ထန်းသီးမုန့် မွှေးမွှေးလေး အိမ်မှာလုပ်စားကြရအောင်
ထန်းသီးရဲ့အခွံများ ဓါးဖြင့်ခွာပါ။ ထန်းသီးအနှစ်ရဖို့ ခြာထားတဲ့ ထန်းသီးခွံကို ဇကာလေးနဲ့ ခြစ်ပြီးတိုက်ချပေးပါ။ ရေလေးစွတ်လိုက် ဇကာလေးနဲ့ ခြစ်ချလိုက် လုပ်ပေးရပါမယ်။ ဇကာအောက်မှာ ထန်းသီးအနှစ်ခံဖို့ ဇလုံအသင့်ရှိပါစေ။ 
ပြီးပြီဆို ရလာတဲ့ထန်းသီးအနှစ်တွေကို အမှုန်တွေဖယ်ရှားသန့်စင်ဖို့ ခြစ်ထားတဲ့ အနှစ်တွေကို အဝတ်သန့်သန့်လေးထဲသို့ ထည့်ပြီး အောက်က ဇလုံထဲသို့ ညှစ်ချပေးပါ။ ဒါမွ အမှုန်များအဖတ်များ အဝတ်စတွင် ကျန်ခဲ့ပြီး သန့်ရှင်းသော ထန်းသီးအနှစ်လေးရပါမယ်။ Readymade ထန်းသီးအနှစ်ထုပ်များလည်း Ocean / Citymart တို့မှာဝယ်လို့ရနေပါပြီ။
အုန်းနို့တစ်ဗူး ရေအနည်းငယ် ဆားအနည်းငယ် သကြား ရောပြီး မီးအေးအေးဖြင့်အပူပေးပြီး အရည်ဖြစ်အောင် ကြိုပေးပါ။ ဆူရင် မီးပြန်ပိတ်ပြီး အအေးခံပေးထားပါ။
အုန်းနို့ရည်ရပြီဆိုရင် ထန်းသီးအနှစ်ထဲသို့ အေအးခံထားတဲ့ အုန်းနို့ရည် အနည်းငယ်ရောလိုက် မွှေလိုက် အရည်ထပ်ရောလိုက် မွှေလိုက်လုပ်ပေးရပါမယ်။ မပျစ်မကျဲအနေထားရပြီဆို အုန်းနို့ရည်ရောခြင်းရပ်လိုက်ပါ။
အုန်းရည်ရောထားတဲ့ထန်းသီးအနှစ်ကို ပလပ်စတစ်အကြည်ဖြင့် အပေါ်မှ လေမဝင်အောင် ပတ်ပတ်လည် အုပ်ပြီး ၄နာရီလောက် နှပ်ထားပေးပါ ( ရေခဲသေတ္တာထဲထည့်စရာမလိုပါ )
၄နာရီပြည့်ပြီဆို Baking powder နည်းနည်း ထည့်ပြီး 3မိနစ်ခန့် နှံ့စပ်အောင် မွှေပေးရမယ်။
နောက်ဆုံးမှာ ပေါင်းမယ့်အိုးထဲ နှစ်သက်တဲ့ ပုံစံခွက် ဖြင့် ထန်းသီးမုန့်အနှစ်ကို ထည့်ပြီး နာရီဝက်ခန့်ပေါင်းပေးရပါ။ သန့်ရှင်းတဲ့ ကိုယ်တိုင်လုပ် ထန်းသီးမုန့်လေးရပါပြီ။
ပြုလုပ်ပြသူ - Ma May Moe Phyu
သာကူဟာလဝါ
သာကူဟာလဝါလေးလုပ်ပြီးကျေွးကြည့်တာ စားကြည့်တဲ့သူတိုင်းကောင်းတယ်ပြောကြတော့ အရမ်းပျော်သွားတာပေါ့။ အဲ့ဒီထဲကမွ ချေးများသော အိစံရဲ့အမျိုးသားက အရမ်းကြိုက်ဆိုတော့ ပိုလို့တောင်ပျော်သေးတယ်။ သားငယ်လေးလဲ အရမ်းစားပဲ။ အခုလုပ်နည်းလေးမှာ ဘိန်းစေ့ကို အပေါ်ကဖြူးထားတာပါ။ ရောင်းမယ်ဆိုရင်တော့ ဘိန်းစေ့လေးအပေါ်ကဖြူးတာလှပေမယ့် ဘိန်းစေ့ကို သာကူကြိုပြီးရခါနီးထည့်ရင်ပိုစားကောင်းပါတယ်။ လုပ်ကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ အေသးဆုံး သာကူစေ့ - ၄၀၀ ဂရမ် (သို့) ၂ ခြက္ခြဲ 
၂။ ရေ - ၃ ခွက် (သို့) ၇၂၀ မီလီလီတာ ml
၃။ အုန်းနို့- ၄၀၀ ml
၄။ နွားနို့- ၄၀၀ ml
၅။ သကြား - ထမင်းစားဇွန်း ၁၀ ဇွန်း 
၆။ ညောင်စေးကျအောင်ကျိုထားသော ကြံသကာရည် - ၁ ခွက် (သို့) ထမင်းစားဇွန်း ၁၆ ဇွန်း (ကြံသကာကိုအရောင်ရင့်ရင့်လေးဟာသုံးရင် အရောင်ပိုလှပါတယ်။)
၇။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၈။ ထောပတ် - ထမင်းစားဇွန်း ၁၀ ဇွန်း
၉။ ဆီ - ထမင်းစားဇွန်း ၅ ဇွန်း
၁၀။ ဘိန်းစေ့ - ထမင်းစားဇွန်း ၃ ဇွန်း 
(၁ခွက် =240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon= 15ml)
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon= 5 ml)
ပြုလုပ်နည်း
၁။ သာကူစေ့ကိုရေဆေးပြီးရေစစ်ထားပါ။ 
၂။ အိုးကြီးကြီးတခုထဲမှာ ရေ၊ အုန်းနို့၊နွားနို့၊ဆား၊ ဆီတို့ကိုထည့်ပြီးပွက်လာအောင်တည်ပါ။ ပွက်လာလျှင် သာကူကိုထည့်ရ်ျ အဆက်မပျက်မွှေပေးပါ။
၃။ မွှေနေပြီး ၃ မိနစ်လောက်နေလျှင် သကြား၊ ကြံသကာရည်တို့ကိုထည့်ပါ။ ထို့နောက်ထောပတ်ကိုထည့်ပြီး အဆက်မပျက် ဆီပြန်လာသည်အထိမွှေပေးပါ။ 
၄။ ဆီပြန်လာလျှင် ဘိန်းစေ့ကိုထည့်မွှေပါ။ (ဘိန်းစေ့ကိုအပေါ်ကဖြူးမည်ဆိုလျှင်တော့ နောက်ဆုံးဘန်းထဲကိုထည့်ပြီးမှအပေါ်ကဖြူးပါ။) ရေမကျန်တော့ပဲ ဆီပြန်ပြီးလုံးလာလျှင် မီးဖိုပေါ်မှချရ်ျ ဘန်းထဲထည့်အအေးခံပါ။ (Comment မွာ video နဲ့ပြထားပါတယ်။)
၅။ အေးသွားလျှင် ကြိုက်နှစ်သက်ရာ အရွယ်အစားလှီးရ်ျ သုံးဆောင်နိုင်ပါပြီရှင်။
မုန့်လင်မယား
----------------
ပါဝင်ပစ္စည်းများ
 မွှေးဆန်အစိမ်းမှုန့် - ၄၅၀ ဂရမ်
 မွှေးကောက်ညှင်းမှုန့် - ၅၀ ဂရမ်
 မွှေးပဲစိမ်းမှုန့် - ၂၅ ဂရမ်
 ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
 ချင်းရည် - စားပွဲဇွန်း ၁ ဇွန်း
 ရေ - ၆ဝဝ မီလီလီတာ
 ငုံးဥ - ၁၀ လုံး
 ပြောင်းဖူး - ၁၅ ဂရမ် (ပြုတ်ပြီး ြွခေထားပါ)
 ပုစွန် - ၂ဝဝ ဂရမ်
ပြုလုပ်နည်း
၁။ ဇလုံတစ္လုံးထဲ မွှေးဆန်အစိမ်းမှုန့်၊ မွှေးကောက်ညှင်းမှုန့်၊ မွှေးပဲစိမ်းမှုန့်၊ ဆား၊ ချင်းရည်နှင့် ရေတို့ကိုထည့်ပြီး သမအောင်မွှေပါ။ ပြီးလျှင် မုန့်နှစ်ဖျော်ရည်ကို ၂ နာရီခန့် နှပ်ထားပါ။ 
၂။ မုန့်လင်မယားလုပ်မည့် ဗန်းထဲ ဆီအနည်းငယ်ဖျန်းပါ။ ပြီးလျှင် မုန့်ခွက်လေးတွေထဲ မုန့်နှစ်ရည်ထည့်ပါ။ မုန့်ခွက်တစ်ခုစီထဲ အဆာပလာတစ်မျိုးစီ ထည့်ပါ။ ဆီဖျန်းပါ။ အရောင်ရဲရဲလေးဖြစ်ပြီး မုန့်ကျက်ပြီဆိုလျှင် ဆယ်ယူ၍ ပန်းကန်ထဲထည့်ပါ။
ကောက်ညင်းဆနွင်းမကင်း 
(စိန်ဖေကြီးနည်း)
ပါဝင်ပစ္စည်း
******
ကောက်ညင်း - ဆန်ချိန်ခွက်၃ခွက်
သကြား - ဆန်ချိန်ခွက် ၁ခွက် ၁၅၀ ဂရမ်
အုန်းနို့ - ဘူးသေးတဘူး ၂၀၀ml
ဆား - လ်ဘက်ဇွန်းတဝက်
ဆီ - ၃ဇွန်း စားပွဲတင်
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ကောက်ညင်းကိုရေတစ်ည သို့မဟုတ် လေးနာရီခန့်စိမ်ထားပါ။
(၂)ထမင်းပေါင်းအိုးတွင်ကောက်ညင်းဆန်ထည့်ပါ။ရေနှင့်အုန်းနို့ရောပြီးဆန်နှင့်ရေမျက်နှာပြင်ညီထည့်ပါ။အုန်းနို့တဇွန်းခန့်မျက်နှာပြင်ကိုလူးရန်ချန်ထားပါ။
(၃)ဆားသကြားနှင့်ဆီထည့်ပြီးမွှေပေးပါ။
(၄)ခလုတ်နှိပ်ပြီးကောက်ညင်းကိုချက်ထားပါ။
(၅)ရေခမ်းပြီးခလုတ်ပြုတ်ပါက ၁၅မိနစ်ခန့်အဖုံးမဖွင့်ဘဲထားပါ။
(၆)ကျက်ပြီသားကောက်ညင်းကိုအထက်အောက်သေချာမွေပေးပါ။
(၇)ဆီသုတ်ထားသောမုန့်ဖုတ်မည့်ဘမ်းတွင်ဖိထည့်ပြီးမျက်နှာပြင်ညီအောင်ပြုလုပ်ပါ။
(၈)အပေါ်ဆုံးမှချန်ထားသောအုန့်နို့ကိုလူးပြီးအပေါ်မီးများများဖြင့်အရောင်ရအောင်ဖုတ်ပေးပါ။ 
(၉)အရောင်ရပါကအအေးခံကာလိုသလိုလှီးဖြတ်ပြီးသုံးဆောင်နိုင်ပါပြီ။
မုန့်ဦးနှောက်
ပါဝင်ပစ္စည်းများ
3. အုန်းနို့-400ml× (၃)ဗူး
5. ဆား- 1/2 tsp
6. အုန်းဆီ- (၁) ဇွန်း
7. ရေ-(၁၂)ခွက်
ပြုလုပ်ပုံ
1. ဆန်မှုန့်(၂)ခွက်ကို ရေ(၇)ခွက်နှင့်ရောမွှေ၍ခေတ္တနှပ်ထားပါ။
၎နာရီပြည့်ပြီဆို Baking powder နည်းနည်း ထည့်ပြီး 3မိနစ်ခန့် နှံ့စပ်အောင် မွှေပေးရမယ်။
သာကူဟာလဝါ
ပါဝင်သောပစ္စည်းများ
၁။ အသေးဆုံး သာကူစေ့ - ၄၀၀ ဂရမ် (သို့) ၂ ခွက်ခွဲ 
၃။ အုန်းနို့- ၄၀၀ ml
၎။ နွားနို့- ၄၀၀ ml
ပြုလုပ်နည်း
မုန့်လင်မယား
----------------
ပါဝင်ပစ္စည်းများ
 ရေ  -  ၆ဝဝ မီလီလီတာ
 ငုံးဥ  -  ၁၀ လုံး
 ပုစွန်  -  ၂ဝဝ ဂရမ်
ပြုလုပ်နည်း
(စိန်ဖေကြီးနည်း)
ပါဝင်ပစ္စည်း
******
ဆား - လ္ဘက်ဇွန်းတဝက်
ဆီ - ၃ဇွန်း စားပွဲတင်
ပြင်ဆင်ပြုလုပ်နည်း
**********
No comments: