Saturday, October 16, 2021

အနှိပ်ခန်းထဲ ၀င်ချင်ရင်

 အနှိပ်ခန်းထဲ ၀င်ချင်ရင်




#Body_Massage

#Massage_Services


(SPA အမည်ခံတွေစီသွားပြီ အနှိပ်ပညာမမည်တဲ့ ခံစားမှုကောင်းရုံနှှိုးဆွနှိပ်နယ်တာမျိုးကို အဓိကပြောချင်တာမျိုးမဟုတ်ဘဲ သွေးကြော ကွက်တွေ၊ ကြွက်သားနဲ့ အရိုးအဆစ်တွေကို သေချာနှိပ်နယ်တတ်တဲ့ ပညာရှင်တွေနဲ့ နှိပ်နယ်ခံတာမျိုးကိစ္စမှာ သတိထားဖို့လိုတဲ့ အကြောင်းအရာအချို့ကို သတိပေးလိုသည်မို့ ကူးယူဖော်ပြလိုက်ပါတယ်။)


ကိုယ်ခန္ဓာကို နှိပ်နယ်ပေးတာဟာ သွေးလှည့်ပတ်တာတွေကို ကောင်းမွန်စေပြီး အကြောအခြင် ညောင်းညာတာနဲ့ စိတ္ဖိ စီးတာတွေကိုပါ ပြေပျောက်စေတဲ့အတွက် လူတော်တော်များများဟာ အနှိပ်ခံရတာကို နှစ်ခြိုက်ကြလေ့ရှိပါတယ်။ လင်နဲ့ မယား တစ်ဦးကိုတစ်ဦး ခြေဆုပ်လက်နယ်ပြုပြီး ယုယမှုတစ်ရပ်အနေနဲ့ နှိပ်နယ်ပေးတတ်ကြသလို လူကြီးသူမတွေကို လေးစားသမှုပြုတဲ့အနေနဲ့ လူငယ်တွေက နှိပ်ပေးကြတာတွေလည်းရှိပါတယ်။ နှိပ်ပေးတဲ့အတွက် တစ်ဦးကိုတစ်ဦး ရင်းနှီး မှုနဲ့ အလေးထားမှုတွေ ပိုမိုရရှိသွားကြပါတယ်။ အချို့လူကြီးတွေဟာ ပင်ပန်းနွမ်းနယ်လာရင် အိမ်မှာရှိတဲ့ ကလေးငယ် တွေကို နင်းခိုင်း၊နှိပ်ခိုင်းပြီးမှ အနားယူအိပ်စက်တတ်ကြပါတယ်။ အနှိပ်သည်ခေါ်ပြီး အနှိပ်ခံကြသူတွေလည်းရှိပါတယ်။ မြန်မာဘုရင်တွေလက်ထက်ကဆိုရင် နန်းတွင်းအနှိပ်တော်တွေကိုခန့်အပ်ပြီး အနှိပ်ခံယူကြလေ့ရှိပါတယ်။


အနှိပ်ပညာအစ

လူနာကို နှိပ်ပေးတဲ့ ကုထုံးမျိုးကိုတော့ တရုတ်တိုင်းရင်းဆေးဆရာတွေက လွန်ခဲ့တဲ့နှစ်ပေါင်း လေးထောင်ကျော် ကတည်း က ကျင့်သုံးလာခဲ့ကြပါတယ်။ အနှိပ်ပညာကို အသုံးချပြီး ဆေးကုသတာဟာအနောက်တိုင်းဆေးပညာမဟုတ်ပေမယ့် ပေါင်းကူးဆေးပညာ ခေတ်စားလာတဲ့ခေတ်မှာ လိုင်စင်ရ အနှိပ်ကျွမ်းကျင်သူတွေကို နိုင်ငံတကာဆေးရုံကြီးတွေမှာ ခန့် အပ်ပြီး အနောက်တိုင်းနည်းနဲ့ ပူးတွဲကုသပေးတာတွေ ရှိလာပါတယ်။ နိုင်ငံတကာလေဆိပ်တွေမှာ ခရီးသည်တွေကို အနှိပ်ကျွမ်းကျင်သူတွေက နှိပ်နယ်ပေးနေတာတွေ ရှိနေပါတယ်။


အနှိပ်ခံရတဲ့ အကျိုးကျေးဇူး

အနှိပ်ခံလိုက်ရရင် စိတ်သောကတွေ ပြေပျောက်ပြီး စိတ်ဓာတ်ကျဆင်းနေတာတွေလည်း လျော့နည်းသွားစေနိုင်ပါတယ်။ အကြောတက်တာ၊ ကိုယ်လက်တောင့်တင်းတာ၊ပင်ပန်းနွမ်းနယ်တာနဲ့ ကိုက်ခဲတာတွေလည်း သက်သာသွားစေနိုင် ပါတယ်။ သွေးတိုးေ၀ဒနာရှင်တစ်ယောက်ကိုနှိပ်နယ်ပေးရင် အပေါ်သွေး ၁၀မီလီမီတာအထိ ကျဆင်းသွားနိုင်ပြီး အိပ်ရာထဲ လဲနေတဲ့လူနာကို တင်ပါးနှိပ်ပေးရင် အိပ်ရာနာတွေ ထွက်မလာအောင် တားဆီးထားနိုင်ပါတယ်။ ခြဲစိတ္ကုသထားတဲ့ လူနာ ကို သွေးကြောထဲမှာ သွေးတွေခဲမသွားရအောင် ခြေသလုံးကိုနှိပ်နယ်ပေးဖို့ လိုအပ်ပါတယ်။ ကလေးငယ်တွေကို မိခင်ရဲ့ လက်ချောင်းကလေးတွေနဲ့ အသာအယာ နှိပ်နယ်ပေးရင် ကြီးထွားတာ မြန်ဆန်ပြီး လန်းဆန်းစေတဲ့အပြင် လေနာထတာ လျော့နည်းပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်တယ်လို့ သိရှိထားကြပါတယ်။


အနှိပ်လိုင်စင် လိုအပ်ပါသလား

နှိပ်တယ်လို့ဆိုရာမှာ အနှိပ်ခံသူရဲ့ကြွက်သား၊အရေပြားနဲ့ အရွတ်တွေကိုနှိပ်ပေးတဲ့သူရဲ့ လက်ချောင်း၊ လက်ဖဝါး၊ လက်သီးဆုပ်၊ လက်ဖမိုးနဲ့ တစ်ခါတလေမှာ တံတောင်ဆစ်နဲ့ ခြေထောက်တွေကိုပါ အသုံးချပြီး ညင်ညင်သာသာ ကိုင်တွယ်၊ဖိနှိပ်၊ပွတ်ခြေ၊ ဆွဲဆန့်၊ ဆုပ်နယ်ပေးရတာကို ဆိုလိုတာဖြစ်ပါတယ်။ နာကျင်ရောင်ကိုင်းသွားအောင်နှိပ်ရင် နှိပ်စက်တာဖြစ်သွားနိုင်ပါတယ်။ နိုင်ငံတကာမှာ အနှိပ်သည်လုပ်နိုင်ဖို့ အနှိပ်လိုင်စင်ရယူထားဖို့ လိုအပ်ပါတယ်။ နာရီပေါင်း ၅၀၀ကျော်ကြာအောင် လေ့ကျင့်သင်ယူကြရပါတယ်။ အနှိပ်ပညာ အမျိုးအစားပေါင်း ၁၀၀နီးပါးရှိနေပြီး အဆီ လူးပြီးနှိပ်တာ၊ ဦးခေါင်းနဲ့ ခါးရိုးတစ်လျှောက်ကိုနှိပ်တာ၊ သားငန်ရည်ကြောတွေကို နှိုးဆွနှိပ်နယ်ပေးတာနဲ့ အနှိပ် ထိုင်ခုံ ပေါ်မှာ ထိုင်ခိုင်းပြီးနှိပ်တာတွေ ပါ၀င်ပါတယ်။ လက်ချောင်းအဖျားကလေးတွေနဲ့ စန္ဒရားခလုတ် တီးသလို နှိပ်တာ၊ လက် ဝါးစောင်းနဲ့ စည်းချက်ကျကျ အသာအယာခုတ်တာနဲ့ အားကစားသမားကို နှိပ်တဲ့ အနှိပ်ပညာ ဆိုတာ တွေလည်း သီးခြား ရှိနေပါသေးတယ်။ နှိပ်နေတဲ့အချိန်မှာ ဂီတသံစဉ်ကလေးကိုလည်း ဖွင့်ပေးထား တတ်ကြ ပါတယ်။ ညင်ညင် သာသာအနှိပ် ခံယူရတာဟာ အန္တရာယ်ကင်းရှင်းတဲ့အတွက် မေးစေ့ကလေးနဲ့ နှိပ်တာကို ခံယူချင် တတ်ကြ ပါတယ်။


အနှိပ်သည်ဗျို့

မြန်မာနိုင်ငံက အနှိပ်သည်တွေဟာ အနှိပ်ပညာကို မိရိုးဖလာတတ်မြောက်လာကြပြီး ခန္ဓဗေဒအကြောင်းကို သင်ယူတတ် မြောက်ထားကြတဲ့သူတွေ မဟုတ်ကြပါဘူး။ နာကျင်အောင် ဖိပြီးနှိပ်မှ လက်ပေါက်တယ်လို့ မှတ်ယူနေကြပါတယ်။ သစ္သားကို လက်သီးဆုပ်လောက် ဖုထစ်ထွင်းထုတားထဲ့ အနှိပ်သည်ဖုဆိုတာနဲ့ ကိုယ့်ကိုယ်ကို အနှိပ်ခံယူနေကြသူတွေ ရွိသလို လူ့လက်ဖဝါးနှစ်ဖက်ပုံစံနဲ့ သစ်သားအနှိပ်သည်လက်တွေကိုလည်း ကုန်စုံဆိုင်တွေမှာ ၀ယ်ယူလို့ရနေပါတယ်။ ရန်ကုန်မြို့ရဲ့ ဘုရင့်နောင်ဈေးနဲ့ကားရောင်း၀ယ်ရေးစခန်းတွေမှာ ထိုင်ခုံလေးတွေချပြီး နှိပ်ပေးနေကြတဲ့ လူငယ်အနှိပ် သည်လေးတွေလည်း ရှိနေကြပါတယ်။ အရပ်အနှိပ်သည်တွေဟာ အရိုးအဆစ်ကိုဆွဲဆန့်တာ၊ အပူထုတ်တာနဲ့ လည်ပင်း ကိုဂျွတ်ကနဲ အသံမြည်အောင် ဆွဲလှည့်တာမျိုးတွေကို ပြုလုပ်တတ်ကြပါတယ်။ အုံးလွဲနေတဲ့သူတွေကို လည်ပင်းဆွဲလှည့် လိုက်တဲ့အတွက် ဇက်တစ်ခုလုံး ရောင်ကိုင်းသွားရတဲ့ လူနာတစ်ယောက်ကို တွေ့ခဲ့ရဖူးပါတယ်။ ပေါင်ရင်းသွေးကြောမကြီး ပေါ်ကို လက်နဲ့ဖိထားပြီး ရုတ်တရက်လွှတ်လိုက်တဲ့အခါမှာ ရှိန်းကနဲ ဖိန်းကနဲ ခံစားလိုက်ရတာကို အပူထုတ်တယ်လို့ပြော ဆိုနေတတ်ကြပါတယ်။ လည်ပင်းညှပ်ရိုးပေါ်က ချိုင့်ခွက်ထဲကိုလက်ချောင်းနဲ့အတင်းထိုးသွင်းတာကို ထန်းလျက်အိုးနှိုက် တယ်လို့ ခေါ်ဆိုနေကြပြန်ပါတယ်။ ထန်းလျက်အိုး အနှိုက်ခံလိုက်ရတဲ့အတွက် ဦးနှောက်ကို သွေးမရောက်နိုင်တော့ဘဲ သတိလစ္သြားရတဲ့ အနှိပ်ခံသူတစ်ယောက်ကိုလည်း ကြုံခဲ့ရဖူးပါတယ်။ ဒူးဆစ်အနှိပ်ခံလိုက်ရလို့ လမ်းမလျှောက်နိုင်တဲ့ သူနဲ့ လက်ဆစ်ဆွဲချိုးခံရလို့ လက်ချောင်းကျိုးသွားရတဲ့သူတွေလည်း ရှိခဲ့ဖူးပါတယ်။ ၀မ်းဗိုက်ထဲက အလုံးကိုအနှိပ်သည် က ဖျောက်ဖျက်ပေးမယ်ဆိုလို့ အနှိပ်ခံလိုက်တဲ့အတွက် သွေးကြောလုံးကြီးပေါက်ထွက်ပြီး အသက်ဆုံးရှုံးသွားရတာကို လည်း ကြုံတွေ့ခဲ့ရဖူးပါတယ်။


အနှိပ်ခံတော့မယ်ဆိုရင်

ဘယ္သူမဆို အနှိပ်မခံခင်မှာ ကြိုတင်သတိထားရမယ့်အချက်တွေ ရှိနေပါတယ်။ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ် ရောဂါနဲ့ သွေးကြောရောင်ရမ်းနာတွေ ရှိနေရင် အနှိပ်ခံယူဖို့ မသင့်ပါဘူး။ ကိုယ်၀န်ရှိနေရင် ၀မ်းဗိုက်ကို အနှိပ်မခံသင့်ပါ ဘူး။ ဗိုက်အောင့်နေတာကို ဗိုက်ကိုအနှိပ်ခံလိုက်ရင် အူပေါက်သွားရနိုင်ပါတယ်။ ခြေသလုံးသွေးခဲနေတဲ့ လူနာကို ခြေ သလုံးနှိပ်ပေးလိုက်ရင် သွေးခဲတွေက အဆုတ်ထဲကိုရောက်သွားပြီး ရုတ်တရက်အသက်သေဆုံးသွားရနိုင်ပါတယ်။ အေရ ပြားအနာရှိတဲ့သူက အနှိပ်ခံရင် အနာတွေတစ်ကိုယ်လုံးကို ပျံ့နှံ့သွားနိုင်ပါတယ်။ မကြာခဏ သွေးခြည်ဥတတ်ရင်လည်း အနှိပ်ခံယူဖို့ မသင့်ပြန်ပါဘူး။ ဓာတ်ကင်ကုသမှုခံယူထားတဲ့ လူနာနဲ့ ကင်ဆာဆေးသွင်း ကုသမှုခံယူထားတဲ့ လူနာတွေ ဟာ ကိုယ်အင်္ဂါတစ်သျှူးတွေထိခိုက် ပျက်စီးလွယ်တတ်တဲ့အတွက် အနှိပ်ခံမယ်ဆိုရင် ပိုမိုညင်သာဖို့ လိုအပ်နေပါတယ်။


အနှိပ်ခန်းထဲကို ၀င်မယ်ဆိုရင်

အချို့အမျိုးသားတွေဟာ တစ်ဆက်ရှင် (One Section) ကို ကျပ်၃၀၀၀ကနေ ကျပ်၁၀၀၀၀အထိပေးပြီး အမျိုးသမီးတွေနှိပ် ပေးတဲ့ အနှိပ်ခန်းတွေမှာ အနှိပ်ခံယူနေတတ်ကြပါတယ်။ ဆီးပူညောင်းကျရောဂါဖြစ်နေတဲ့ လူငယ်တစ်ယောက်ရဲ့ ပေါင် ရင်းကို နှိပ်နယ်ပေးပြီး လက်မဆေးဘဲ နောက်လူငယ်တစ်ယောက်ရဲ့ ပေါင်ရင်းကိုထပ်မံနှိပ်နယ်ပေးလိုက်တဲ့အတွက် နောက်လူမှာ လိင်မဆက်ဆံလိုက်ရဘဲ ဂနိုရောဂါအကူးစက်ခံလိုက်ရတာကိုလည်း ဆေးကုသပေးခဲ့ရဖူးပါတယ်။ အနှိပ်ခံ တာဟာ အညောင်းအညာသက်သာစေတာ မှန်ပေမယ့် အန္တရာယ်တွေလည်း ရှိလာနိုင်တဲ့အတွက် သတိထားဆင်ခြင်ပြီး အနှိပ်ခံယူကြဖို့ တင်ဆက်လိုက်ရပါတယ်ခင်ဗျာ။


ဒေါက်တာမြင့်ဦး(ဂျီပီ)

Credit: Health Digest Journal  Vol.8, No.49, 12-10-2011


အႏွိပ္ခန္းထဲ ၀င္ခ်င္ရင္




#Body_Massage

#Massage_Services


(SPA အမည္ခံေတြစီသြားျပီ အႏွိပ္ပညာမမည္တဲ့ ခံစားမႈေကာင္းရံုႏွႈိးဆြႏွိပ္နယ္တာမ်ိဳးကို အဓိကေျပာခ်င္တာမ်ိဳးမဟုတ္ဘဲ ေသြးေၾကာ ကြက္ေတြ၊ ၾကြက္သားနဲ႔ အရိုးအဆစ္ေတြကို ေသခ်ာႏွိပ္နယ္တတ္တဲ့ ပညာရွင္ေတြနဲ႔ ႏွိပ္နယ္ခံတာမ်ိဳးကိစၥမွာ သတိထားဖို႔လိုတဲ့ အေၾကာင္းအရာအခ်ိဳ႕ကို သတိေပးလိုသည္မို႔ ကူးယူေဖာ္ျပလိုက္ပါတယ္။)


ကိုယ္ခႏၶာကို ႏွိပ္နယ္ေပးတာဟာ ေသြးလွည့္ပတ္တာေတြကို ေကာင္းမြန္ေစျပီး အေၾကာအျခင္ ေညာင္းညာတာနဲ႕ စိတ္ဖိ စီးတာေတြကိုပါ ေျပေပ်ာက္ေစတဲ့အတြက္ လူေတာ္ေတာ္မ်ားမ်ားဟာ အႏွိပ္ခံရတာကို ႏွစ္ျခိဳက္ၾကေလ့ရွိပါတယ္။ လင္နဲ႕ မယား တစ္ဦးကိုတစ္ဦး ေျခဆုပ္လက္နယ္ျပဳျပီး ယုယမႈတစ္ရပ္အေနနဲ႕ ႏွိပ္နယ္ေပးတတ္ၾကသလို လူၾကီးသူမေတြကို ေလးစားသမႈျပဳတဲ့အေနနဲ႕ လူငယ္ေတြက ႏွိပ္ေပးၾကတာေတြလည္းရွိပါတယ္။ ႏွိပ္ေပးတဲ့အတြက္ တစ္ဦးကိုတစ္ဦး ရင္းႏွီး မႈနဲ႕ အေလးထားမႈေတြ ပိုမိုရရွိသြားၾကပါတယ္။ အခ်ိဳ႕လူၾကီးေတြဟာ ပင္ပန္းႏြမ္းနယ္လာရင္ အိမ္မွာရွိတဲ့ ကေလးငယ္ ေတြကို နင္းခိုင္း၊ႏွိပ္ခိုင္းျပီးမွ အနားယူအိပ္စက္တတ္ၾကပါတယ္။ အႏွိပ္သည္ေခၚျပီး အႏွိပ္ခံၾကသူေတြလည္းရွိပါတယ္။ ျမန္မာဘုရင္ေတြလက္ထက္ကဆိုရင္ နန္းတြင္းအႏွိပ္ေတာ္ေတြကိုခန္႕အပ္ျပီး အႏွိပ္ခံယူၾကေလ့ရွိပါတယ္။


အႏွိပ္ပညာအစ

လူနာကို ႏွိပ္ေပးတဲ့ ကုထံုးမ်ိဳးကိုေတာ့ တရုတ္တိုင္းရင္းေဆးဆရာေတြက လြန္ခဲ့တဲ့ႏွစ္ေပါင္း ေလးေထာင္ေက်ာ္ ကတည္း က က်င့္သံုးလာခဲ့ၾကပါတယ္။ အႏွိပ္ပညာကို အသံုးခ်ျပီး ေဆးကုသတာဟာအေနာက္တိုင္းေဆးပညာမဟုတ္ေပမယ့္ ေပါင္းကူးေဆးပညာ ေခတ္စားလာတဲ့ေခတ္မွာ လိုင္စင္ရ အႏွိပ္ကြၽမ္းက်င္သူေတြကို ႏိုင္ငံတကာေဆးရံုၾကီးေတြမွာ ခန္႕ အပ္ျပီး အေနာက္တိုင္းနည္းနဲ႕ ပူးတြဲကုသေပးတာေတြ ရွိလာပါတယ္။ ႏိုင္ငံတကာေလဆိပ္ေတြမွာ ခရီးသည္ေတြကို အႏွိပ္ကြၽမ္းက်င္သူေတြက ႏွိပ္နယ္ေပးေနတာေတြ ရွိေနပါတယ္။


အႏွိပ္ခံရတဲ့ အက်ိဳးေက်းဇူး

အႏွိပ္ခံလိုက္ရရင္ စိတ္ေသာကေတြ ေျပေပ်ာက္ျပီး စိတ္ဓာတ္က်ဆင္းေနတာေတြလည္း ေလ်ာ့နည္းသြားေစႏိုင္ပါတယ္။ အေၾကာတက္တာ၊ ကိုယ္လက္ေတာင့္တင္းတာ၊ပင္ပန္းႏြမ္းနယ္တာနဲ႕ ကိုက္ခဲတာေတြလည္း သက္သာသြားေစႏိုင္ ပါတယ္။ ေသြးတိုးေ၀ဒနာရွင္တစ္ေယာက္ကိုႏွိပ္နယ္ေပးရင္ အေပၚေသြး ၁၀မီလီမီတာအထိ က်ဆင္းသြားႏိုင္ျပီး အိပ္ရာထဲ လဲေနတဲ့လူနာကို တင္ပါးႏွိပ္ေပးရင္ အိပ္ရာနာေတြ ထြက္မလာေအာင္ တားဆီးထားႏိုင္ပါတယ္။ ခြဲစိတ္ကုသထားတဲ့ လူနာ ကို ေသြးေၾကာထဲမွာ ေသြးေတြခဲမသြားရေအာင္ ေျခသလံုးကိုႏွိပ္နယ္ေပးဖို႕ လိုအပ္ပါတယ္။ ကေလးငယ္ေတြကို မိခင္ရဲ႕ လက္ေခ်ာင္းကေလးေတြနဲ႕ အသာအယာ ႏွိပ္နယ္ေပးရင္ ၾကီးထြားတာ ျမန္ဆန္ျပီး လန္းဆန္းေစတဲ့အျပင္ ေလနာထတာ ေလ်ာ့နည္းျပီး ႏွစ္ႏွစ္ျခိဳက္ျခိဳက္ အိပ္ေပ်ာ္ေစႏိုင္တယ္လို႕ သိရွိထားၾကပါတယ္။


အႏွိပ္လိုင္စင္ လိုအပ္ပါသလား

ႏွိပ္တယ္လို႕ဆိုရာမွာ အႏွိပ္ခံသူရဲ႕ၾကြက္သား၊အေရျပားနဲ႕ အရြတ္ေတြကိုႏွိပ္ေပးတဲ့သူရဲ႕ လက္ေခ်ာင္း၊ လက္ဖ၀ါး၊ လက္သီးဆုပ္၊ လက္ဖမိုးနဲ႕ တစ္ခါတေလမွာ တံေတာင္ဆစ္နဲ႕ ေျခေထာက္ေတြကိုပါ အသံုးခ်ျပီး ညင္ညင္သာသာ ကိုင္တြယ္၊ဖိႏွိပ္၊ပြတ္ေျခ၊ ဆြဲဆန္႕၊ ဆုပ္နယ္ေပးရတာကို ဆိုလိုတာျဖစ္ပါတယ္။ နာက်င္ေရာင္ကိုင္းသြားေအာင္ႏွိပ္ရင္ ႏွိပ္စက္တာျဖစ္သြားႏိုင္ပါတယ္။ ႏိုင္ငံတကာမွာ အႏွိပ္သည္လုပ္ႏိုင္ဖို႕ အႏွိပ္လိုင္စင္ရယူထားဖို႕ လိုအပ္ပါတယ္။ နာရီေပါင္း ၅၀၀ေက်ာ္ၾကာေအာင္ ေလ့က်င့္သင္ယူၾကရပါတယ္။ အႏွိပ္ပညာ အမ်ိဳးအစားေပါင္း ၁၀၀နီးပါးရွိေနျပီး အဆီ လူးျပီးႏွိပ္တာ၊ ဦးေခါင္းနဲ႕ ခါးရိုးတစ္ေလွ်ာက္ကိုႏွိပ္တာ၊ သားငန္ရည္ေၾကာေတြကို ႏႈိးဆြႏွိပ္နယ္ေပးတာနဲ႕ အႏွိပ္ ထိုင္ခုံ ေပၚမွာ ထိုင္ခိုင္းျပီးႏွိပ္တာေတြ ပါ၀င္ပါတယ္။ လက္ေခ်ာင္းအဖ်ားကေလးေတြနဲ႕ စႏၵရားခလုတ္ တီးသလို ႏွိပ္တာ၊ လက္ ၀ါးေစာင္းနဲ႕ စည္းခ်က္က်က် အသာအယာခုတ္တာနဲ႕ အားကစားသမားကို ႏွိပ္တဲ့ အႏွိပ္ပညာ ဆိုတာ ေတြလည္း သီးျခား ရွိေနပါေသးတယ္။ ႏွိပ္ေနတဲ့အခ်ိန္မွာ ဂီတသံစဥ္ကေလးကိုလည္း ဖြင့္ေပးထား တတ္ၾက ပါတယ္။ ညင္ညင္ သာသာအႏွိပ္ ခံယူရတာဟာ အႏၲရာယ္ကင္းရွင္းတဲ့အတြက္ ေမးေစ့ကေလးနဲ႕ ႏွိပ္တာကို ခံယူခ်င္ တတ္ၾက ပါတယ္။


အႏွိပ္သည္ဗ်ိဳ႕

ျမန္မာႏိုင္ငံက အႏွိပ္သည္ေတြဟာ အႏွိပ္ပညာကို မိရိုးဖလာတတ္ေျမာက္လာၾကျပီး ခႏၶေဗဒအေၾကာင္းကို သင္ယူတတ္ ေျမာက္ထားၾကတဲ့သူေတြ မဟုတ္ၾကပါဘူး။ နာက်င္ေအာင္ ဖိျပီးႏွိပ္မွ လက္ေပါက္တယ္လို႕ မွတ္ယူေနၾကပါတယ္။ သစ္သားကို လက္သီးဆုပ္ေလာက္ ဖုထစ္ထြင္းထုတားထဲ့ အႏွိပ္သည္ဖုဆိုတာနဲ႕ ကိုယ့္ကိုယ္ကို အႏွိပ္ခံယူေနၾကသူေတြ ရွိသလို လူ႕လက္ဖ၀ါးႏွစ္ဖက္ပံုစံနဲ႕ သစ္သားအႏွိပ္သည္လက္ေတြကိုလည္း ကုန္စံုဆိုင္ေတြမွာ ၀ယ္ယူလို႕ရေနပါတယ္။ ရန္ကုန္ျမိဳ႕ရဲ႕ ဘုရင့္ေနာင္ေစ်းနဲ႕ကားေရာင္း၀ယ္ေရးစခန္းေတြမွာ ထိုင္ခံုေလးေတြခ်ျပီး ႏွိပ္ေပးေနၾကတဲ့ လူငယ္အႏွိပ္ သည္ေလးေတြလည္း ရွိေနၾကပါတယ္။ အရပ္အႏွိပ္သည္ေတြဟာ အရိုးအဆစ္ကိုဆြဲဆန္႕တာ၊ အပူထုတ္တာနဲ႕ လည္ပင္း ကိုဂြၽတ္ကနဲ အသံျမည္ေအာင္ ဆြဲလွည့္တာမ်ိဳးေတြကို ျပဳလုပ္တတ္ၾကပါတယ္။ အံုးလြဲေနတဲ့သူေတြကို လည္ပင္းဆြဲလွည့္ လိုက္တဲ့အတြက္ ဇက္တစ္ခုလံုး ေရာင္ကိုင္းသြားရတဲ့ လူနာတစ္ေယာက္ကို ေတြ႕ခဲ့ရဖူးပါတယ္။ ေပါင္ရင္းေသြးေၾကာမၾကီး ေပၚကို လက္နဲ႕ဖိထားျပီး ရုတ္တရက္လႊတ္လိုက္တဲ့အခါမွာ ရွိန္းကနဲ ဖိန္းကနဲ ခံစားလိုက္ရတာကို အပူထုတ္တယ္လို႕ေျပာ ဆိုေနတတ္ၾကပါတယ္။ လည္ပင္းညႇပ္ရိုးေပၚက ခ်ိဳင့္ခြက္ထဲကိုလက္ေခ်ာင္းနဲ႕အတင္းထိုးသြင္းတာကို ထန္းလ်က္အိုးႏႈိက္ တယ္လို႕ ေခၚဆိုေနၾကျပန္ပါတယ္။ ထန္းလ်က္အိုး အႏႈိက္ခံလိုက္ရတဲ့အတြက္ ဦးေႏွာက္ကို ေသြးမေရာက္ႏိုင္ေတာ့ဘဲ သတိလစ္သြားရတဲ့ အႏွိပ္ခံသူတစ္ေယာက္ကိုလည္း ၾကံဳခဲ့ရဖူးပါတယ္။ ဒူးဆစ္အႏွိပ္ခံလိုက္ရလို႕ လမ္းမေလွ်ာက္ႏိုင္တဲ့ သူနဲ႕ လက္ဆစ္ဆြဲခ်ိဳးခံရလို႕ လက္ေခ်ာင္းက်ိဳးသြားရတဲ့သူေတြလည္း ရွိခဲ့ဖူးပါတယ္။ ၀မ္းဗိုက္ထဲက အလံုးကိုအႏွိပ္သည္ က ေဖ်ာက္ဖ်က္ေပးမယ္ဆိုလို႕ အႏွိပ္ခံလိုက္တဲ့အတြက္ ေသြးေၾကာလံုးၾကီးေပါက္ထြက္ျပီး အသက္ဆံုးရႈံးသြားရတာကို လည္း ၾကံဳေတြ႕ခဲ့ရဖူးပါတယ္။


အႏွိပ္ခံေတာ့မယ္ဆိုရင္

ဘယ္သူမဆို အႏွိပ္မခံခင္မွာ ၾကိဳတင္သတိထားရမယ့္အခ်က္ေတြ ရွိေနပါတယ္။ ဆီးခ်ိဳေရာဂါ၊ ႏွလံုးေရာဂါ၊ ေက်ာက္ကပ္ ေရာဂါနဲ႕ ေသြးေၾကာေရာင္ရမ္းနာေတြ ရွိေနရင္ အႏွိပ္ခံယူဖို႕ မသင့္ပါဘူး။ ကိုယ္၀န္ရွိေနရင္ ၀မ္းဗိုက္ကို အႏွိပ္မခံသင့္ပါ ဘူး။ ဗိုက္ေအာင့္ေနတာကို ဗိုက္ကိုအႏွိပ္ခံလိုက္ရင္ အူေပါက္သြားရႏိုင္ပါတယ္။ ေျခသလံုးေသြးခဲေနတဲ့ လူနာကို ေျခ သလံုးႏွိပ္ေပးလိုက္ရင္ ေသြးခဲေတြက အဆုတ္ထဲကိုေရာက္သြားျပီး ရုတ္တရက္အသက္ေသဆံုးသြားရႏိုင္ပါတယ္။ အေရ ျပားအနာရွိတဲ့သူက အႏွိပ္ခံရင္ အနာေတြတစ္ကိုယ္လံုးကို ပ်ံ႕ႏွံ႕သြားႏိုင္ပါတယ္။ မၾကာခဏ ေသြးျခည္ဥတတ္ရင္လည္း အႏွိပ္ခံယူဖို႕ မသင့္ျပန္ပါဘူး။ ဓာတ္ကင္ကုသမႈခံယူထားတဲ့ လူနာနဲ႕ ကင္ဆာေဆးသြင္း ကုသမႈခံယူထားတဲ့ လူနာေတြ ဟာ ကိုယ္အဂၤါတစ္သွ်ဴးေတြထိခိုက္ ပ်က္စီးလြယ္တတ္တဲ့အတြက္ အႏွိပ္ခံမယ္ဆိုရင္ ပိုမိုညင္သာဖို႕ လိုအပ္ေနပါတယ္။


အႏွိပ္ခန္းထဲကို ၀င္မယ္ဆိုရင္

အခ်ိဳ႕အမ်ိဳးသားေတြဟာ တစ္ဆက္ရွင္ (One Section) ကို က်ပ္၃၀၀၀ကေန က်ပ္၁၀၀၀၀အထိေပးျပီး အမ်ိဳးသမီးေတြႏွိပ္ ေပးတဲ့ အႏွိပ္ခန္းေတြမွာ အႏွိပ္ခံယူေနတတ္ၾကပါတယ္။ ဆီးပူေညာင္းက်ေရာဂါျဖစ္ေနတဲ့ လူငယ္တစ္ေယာက္ရဲ႕ ေပါင္ ရင္းကို ႏွိပ္နယ္ေပးျပီး လက္မေဆးဘဲ ေနာက္လူငယ္တစ္ေယာက္ရဲ႕ ေပါင္ရင္းကိုထပ္မံႏွိပ္နယ္ေပးလိုက္တဲ့အတြက္ ေနာက္လူမွာ လိင္မဆက္ဆံလိုက္ရဘဲ ဂႏိုေရာဂါအကူးစက္ခံလိုက္ရတာကိုလည္း ေဆးကုသေပးခဲ့ရဖူးပါတယ္။ အႏွိပ္ခံ တာဟာ အေညာင္းအညာသက္သာေစတာ မွန္ေပမယ့္ အႏၲရာယ္ေတြလည္း ရွိလာႏိုင္တဲ့အတြက္ သတိထားဆင္ျခင္ျပီး အႏွိပ္ခံယူၾကဖို႕ တင္ဆက္လိုက္ရပါတယ္ခင္ဗ်ာ။


ေဒါက္တာျမင့္ဦး(ဂ်ီပီ)

Credit: Health Digest Journal – Vol.8, No.49, 12-10-2011

No comments: