Tuesday, October 12, 2021

စိတ်ကြွစိတ်ကျဝေဒနာခံစားနေရသူများရဲ့ အနားမွာ ဘယ်လိုနေမလဲ

စိတ်ကြွစိတ်ကျဝေဒနာခံစားနေရသူများရဲ့ အနားမွာ ဘယ်လိုနေမလဲ




#ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

#ရေးသားသူ Dr.Thant Zin

#Mental_Health

#Bipolar_Affective_Disorder

#Manic_Depression

#စိတ်ကျန်းမာရေး


(သည်ရောဂါဟာ နာမည်အတိုင်းပဲ စိတ်ကြွရောဂါ (Mania/Hypomania) နဲ့ စိတ်ဓာတ်ကျရောဂါ (Depression) နှစ်မျိုးပေါင်းထားတာ ဖြစ်ပါတယ်။ ေ၀ဒနာရှင်ဟာ စိတ်ကြွရောဂါနဲ့ စိတ်ဓာတ်ကျရောဂါ အနည်းဆုံး တစ်ကြိမ်စီ သို့မဟုတ် စိတ်ကြွရောဂါ အနည်းဆုံး နှစ်ကြိမ် ခံစားရဖူးတယ်ဆိုရင် စိတ်ကြွ စိတ်ကျရောဂါ ခံစားနေရပြီလို့ သတ်မှတ်နိုင်ပါတယ်။ သည်လိုေ၀ဒနာရှင်များအကြောင်း အတူနေမိသားစု မ်ားက ဗဟုသုတရှိထားဖို့လိုသလို နားလည်မှုပေးနိုင်ဖို့လည်းကြိုးစားဖို့လိုပါတယ်။ သည်လိုစိတ်ေ၀ဒနာရှင်များကို စောင့်ရှောက်မှုပေး နိုင်တဲ့ သူနာပြုများရှိရင်၊ ထားလို့ရရင်တော့ အဆင်ပြေမှာပါ။ ဘာပဲဖြစ်ဖြစ် သည်ရောဂါအကြောင်း မပြောပြခင် သူတို့နဲ့ဘယ်လိုနေထိုင် ရမလဲ သိထားရအောင် အရင်ပြောပြပါ့မယ်။)


စိတ်ကြွစိတ်ကျဝေဒနာခံစားနေရသူများရဲ့ အနားမွာ နေရတာဟာ စိန်ခေါ်မှုတရပ်ပါပဲ။ စိတ်အတက်အကျမြန်တဲ့သူတွေနဲ့ နေရတာ ခက်ခဲမှုရှိပါတယ်။ သူတို့ဘဝကို နားလည်ပေးနိုင်မှ အဆင်ပြေပါလိမ့်မယ်။ သူတို့ရဲ့လက္ခဏာတွေနဲ့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲခြင်းတွေကို သတိပြုမိဖို့ လိုပါတယ်။ သူတို့ရဲ့ဝေဒနာဟာ သင့်အပေါ်မှာလည်း ထိခိုက်မလာစေဘဲ သူတို့ကို ကူညီပေးနိုင်ဖို့၊ အတူရှိနိုင်ပေးဖို့ လိုအပ်ပါတယ်။


ယခုဆက်လက်ဖော်ပြမှာကတော့ စိတ်ကြွစိတ်ကျဝေဒနာခံစားရသူတွေနဲ့ အတူနေတဲ့အခါ ဘယ်လိုအချက်တွေကို လုပ်ဆောင်သင့်သလဲဆိုတာပါပဲ။


၁။ လေ့လာပြီး ချဉ်းကပ်ပါ


စိတ်ကြွစိတ်ကျဝေဒနာမှာ အလွန်အမင်း အထီးကျန်တဲ့ အခြေအနေကို ဦးတည်တတ်ပါတယ်။ သူတို့ဘာတွေကြုံနေရတယ်ဆိုတာကို ဘယ်သူကမွ နားလည်ဂရုစိုက်ခြင်းမရှိဘူးလို့ ထင်မြင်ကြပါတယ်။ အထူးသဖြင့် စိတ်ကျတဲ့အခြေအနေမှာ ဖြစ်ပါတယ်။ ဒီလို စိတ်အခြေအနေတွေကို သိမြင်အောင်လေ့လာဖို့ လိုပါတယ်။ ဒါမြသာ သူတို့ဘာတွေ ရင်ဆိုင်နေရသလဲ နားလည်နိုင်ပါ့မယ်။ သူတို့ဖက်ကလည်း သူတို့ကို နားလည်ပေးနိုင်တဲ့သူ ရှိနေတယ်လို့ ခံစားနိုင်မှာ ဖြစ်ပါတယ်။


၂။ လက္ခဏာတွေကို မွတ္သားထားပါ။


သူတို့ရဲ့ အတက်အကျကို သိအောင်လုပ်ပါ။ စိတ်ကြွစိတ်ကျဝေဒနာသည်တချို့ရဲ့ အတက်အကျဆက်တိုက်ဖြစ်ခြင်းဟာ အတော်ကြာမှ တကြိမ်လောက် ဖြစ်တတ်ကြပါတယ်။ တချို့ကတော့ မကြာခဏ ပြောင်းလဲလွယ်ပါတယ်။ သူတို့ရဲ့ ပြောင်းလဲမှုပုံစံကို မှတ်သားထားရင် သူတို့ရဲ့ဖြစ်နိုင်ခြေ အေနအထားကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။


၃။ အာရုံစိုက် နားထောင်ပါ


စိတ်ကြွစိတ်ကျဝေဒနာသည်တွေပြောတဲ့ စကားတွေကို အာရုံစိုက်နားထောင်ပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် သူတို့တွေ စိတ်ကျနေချိန်မှာ သူတို့ဘာကြောင့် အရမ်းဝမ်းနည်းနေရသလဲဆိုတာကို သင်နားလည်ဖို့ ခက်ပါလိမ့်မယ်။ အကောင်းဆုံးကတော့ သူတို့ပြောတာတွေကို နားထောင်ပေးဖို့ပါပဲ။ သူတို့ရဲ့ ခံစားချက်တွေကို စိတ်ပါလက်ပါ နားထောင်ပေးခြင်းဟာ သူတို့ကို ပိုပြီး နေလို့ထိုင်လို့ ကောင်းစေပါတယ်။


၄။ စိတ်ကြွတဲ့ အခြေအနေကို ဂရုပြုစောင့်ကြည့်ပါ


စိတ္က်တဲ့အေနအထားမွာ တယောက်နဲ့တယောက် ဆင်တူကြပေမယ့် စိတ်ကြွတဲ့အနေအထားမှာတော့ ကွာခြားပါတယ်။ စိတ်ကြွချိန်မှာ လည်း ပြောဆိုဆက်ဆံဖို့ အင်မတန်ခက်ခဲပါတယ်။ ကွန်ပျူတာရှေ့မှာ တချိန်လုံး အလုပ်ထိုင်လုပ်နေတာ၊ အတွေးအခေါ်တွေကို တချိန်လုံး ထုတ်ဖော်နေတာ စတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။ သူတို့ကို အကဲဖြတ်ခြင်း၊ ဝေဖန်ခြင်း မပြုပါနဲ့။ သူတို့ကို ပြန်ငြိမ်သွား အောင်ဆိုရင် သူတို့ရဲ့ အမူအကျင့်တွေကို သိပ်ပြီး အာရုံမစိုက်ပါနဲ့။ သူတို့ပြုလုပ်နေတဲ့ လုပ်ရပ်တွေကနေ အာရုံလွဲသွားအောင်သာ ကူညီပေးပါ။


၅။ ဘာကူညီရမလဲဖွင့်မေးပါ


စိတ်ကြွစိတ်ကျဝေဒနာရှင်တွေမှာ သူတို့ရဲ့ကိစ္စ အ၀၀အတွက် အခက်အခဲရှိပါတယ်။ ကလေးတွေကို မကြည့်နိုင်တာ၊ လုပ်ငန်းခွင်ကို အာရုံမစိုက်နိုင်တာ စတာမျိုးတွေ ဖြစ်ပါတယ်။ သင်ကူညီနိုင်တဲ့ အတိုင်းအတာဆိုရင် ကူညီရမလားဆိုတာ ဖွင့်မေးပါ။ တတ်နိုင်တာမျိုးကို လုပ်ပေးပါ။


၆။ ဖိအားမပေးပါနဲ့


စိတ်ကြွစိတ်ကျဝေဒနာသည်တွေနဲ့ ဆက္ဆံရာမြာ သူတို့ကို ဖိအားမပေးပါနဲ့။ ဒီပြဿနာဟာ သင်လိုသလို ဖွင့်နိုင်ပိတ်နိုင်တဲ့ ခလုတ်တခုမဟုတ်ပါဘူး။


၇။ ဆေးသောက်ဖို့ တိုက်တွန်းပါ


စိတ်ကြွစိတ်ကျခြင်းဟာ ပေါ်လိုက်ပျောက်လိုက် ဖြစ်တတ်တာမို့ တခါတရံမြာ ဆေးသောက်ဖို့ မလိုအပ်သလို ထင်မိကြပါတယ်။ ခဏတာသက်သာနေပြိးမှာ စိတ်ကြွလာခြင်း၊ စိတ်ကျသွားခြင်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆေးမှန်မှန်သောက်ဖို့ တိုက်တွန်းရပါမယ်။


၈။ သင့်ရဲ့ခံစားချက်တွေကိုလည်း ပြောပြပါ။


သူတို့ပြောတာတွေကိုပဲ နားထောင်ရုံသာမကဘဲ သင့်ခံစားချက်တွေကိုလည်း သူတို့ကို ပြောပြဖို့လိုပါတယ်။ စိတ်ကြွစိတ်ကျခြင်းဟာ သူတို့အပေါ်မှာပဲ ထိခိုက်တာမဟုတ်ဘဲ သူတို့အနားမှာရှိတဲ့ သင့်အပေါ်မှာလည်း ရိုက်ခတ်မှုရှိကြောင်း ပြောပြပါ။


၉။ သင့်အတွက်လည်း အကူအညီရယူပါ


စိတ်ကြွစိတ်ကျနေသူများနဲ့ နေထိုင်ဆက်ဆံရတာ ခက်ခဲပါတယ်။ ရေရှည်မှာ သင့်ကိုလည်း ထိခိုက်လာနိုင်ပါတယ်။ သင့်ပြဿနာတွေအတွက် တခြားတယောက်ယောက်ဆီကလည်း အကူအညီယူပါ။ သင့်အခက်အခဲတွေကို ဖွင့်ဟပါ။


၁၀။ ခဏအနားယူပါ


သင့်အနေနဲ့လည်း သူတပါးကို ကူညီပေးနေပေမယ့် အတိုင်းအတာတခုရှိတာ သတိပြုရပါမယ်။ သင်ကိုယ်တိုင် ပင်ပန်းလာချိန်မှာ သူတို့နားကနေ ခဏခွာပြီး စိတ်ပြေလက်ပျောက်အနားယူသင့်ပါတယ်။ ကိုယ်ပိုင်အချိန် ရှိသင့်ပါတယ်။ ဒါမြသာ သူတို့ကို ရေရှည်အကူအညီပေးဖို့ အားပြည့်ပါလိမ့်မယ်။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



စိတ္ႂကြစိတ္က်ေဝဒနာခံစားေနရသူမ်ားရဲ႕ အနားမွာ ဘယ္လိုေနမလဲ




#ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Phyo Wai Lynn

#ေရးသားသူ Dr.Thant Zin

#Mental_Health

#Bipolar_Effective_Disorder

#Manic_Depression

#စိတ္က်န္းမာေရး


(သည္ေရာဂါဟာ နာမည္အတိုင္းပဲ စိတ္ၾကြေရာဂါ (Mania/Hypomania) နဲ႔ စိတ္ဓာတ္က်ေရာဂါ (Depression) ႏွစ္မ်ိဳးေပါင္းထားတာ ျဖစ္ပါတယ္။ ေ၀ဒနာရွင္ဟာ စိတ္ၾကြေရာဂါနဲ႔ စိတ္ဓာတ္က်ေရာဂါ အနည္းဆံုး တစ္ၾကိမ္စီ သို႕မဟုတ္ စိတ္ၾကြေရာဂါ အနည္းဆံုး ႏွစ္ၾကိမ္ ခံစားရဖူးတယ္ဆိုရင္ စိတ္ၾကြ စိတ္က်ေရာဂါ ခံစားေနရျပီလို႔ သတ္မွတ္ႏိုင္ပါတယ္။ သည္လိုေ၀ဒနာရွင္မ်ားအေၾကာင္း အတူေနမိသားစု မ်ားက ဗဟုသုတရွိထားဖို႔လိုသလို နားလည္မႈေပးႏိုင္ဖို႔လည္းၾကိဳးစားဖို႔လိုပါတယ္။ သည္လိုစိတ္ေ၀ဒနာရွင္မ်ားကို ေစာင့္ေရွာက္မႈေပး ႏိုင္တဲ့ သူနာျပဳမ်ားရွိရင္၊ ထားလို႔ရရင္ေတာ့ အဆင္ေျပမွာပါ။ ဘာပဲျဖစ္ျဖစ္ သည္ေရာဂါအေၾကာင္း မေျပာျပခင္ သူတို႔နဲ႔ဘယ္လိုေနထိုင္ ရမလဲ သိထားရေအာင္ အရင္ေျပာျပပါ့မယ္။)


စိတ္ႂကြစိတ္က်ေဝဒနာခံစားေနရသူမ်ားရဲ႕ အနားမွာ ေနရတာဟာ စိန္ေခၚမႈတရပ္ပါပဲ။ စိတ္အတက္အက်ျမန္တဲ့သူေတြနဲ႔ ေနရတာ ခက္ခဲမႈရွိပါတယ္။ သူတို႔ဘဝကို နားလည္ေပးႏိုင္မွ အဆင္ေျပပါလိမ့္မယ္။ သူတို႔ရဲ႕လကၡဏာေတြနဲ႔ စိတ္ပိုင္းဆိုင္ရာေျပာင္းလဲျခင္းေတြကို သတိျပဳမိဖို႔ လိုပါတယ္။ သူတို႔ရဲ႕ေဝဒနာဟာ သင့္အေပၚမွာလည္း ထိခိုက္မလာေစဘဲ သူတို႔ကို ကူညီေပးႏိုင္ဖို႔၊ အတူရွိႏိုင္ေပးဖို႔ လိုအပ္ပါတယ္။


ယခုဆက္လက္ေဖာ္ျပမွာကေတာ့ စိတ္ႂကြစိတ္က်ေဝဒနာခံစားရသူေတြနဲ႔ အတူေနတဲ့အခါ ဘယ္လိုအခ်က္ေတြကို လုပ္ေဆာင္သင့္သလဲဆိုတာပါပဲ။


၁။ ေလ့လာၿပီး ခ်ဥ္းကပ္ပါ


စိတ္ႂကြစိတ္က်ေဝဒနာမွာ အလြန္အမင္း အထီးက်န္တဲ့ အေျခအေနကို ဦးတည္တတ္ပါတယ္။ သူတို႔ဘာေတြႀကဳံေနရတယ္ဆိုတာကို ဘယ္သဴကမြ နားလည္ဂ႐ုစိုက္ျခင္းမရွိဘူးလို႔ ထင္ျမင္ၾကပါတယ္။ အထူးသျဖင့္ စိတ္က်တဲ့အေျခအေနမွာ ျဖစ္ပါတယ္။ ဒီလို စိတ္အေျခအေနေတြကို သိျမင္ေအာင္ေလ့လာဖို႔ လိုပါတယ္။ ဒါမြသာ သူတို႔ဘာေတြ ရင္ဆိုင္ေနရသလဲ နားလည္ႏိုင္ပါ့မယ္။ သူတို႔ဖက္ကလည္း သူတို႔ကို နားလည္ေပးႏိုင္တဲ့သူ ရွိေနတယ္လို႔ ခံစားႏိုင္မွာ ျဖစ္ပါတယ္။


၂။ လကၡဏာေတြကို မွတ္သားထားပါ။


သူတို႔ရဲ႕ အတက္အက်ကို သိေအာင္လုပ္ပါ။ စိတ္ႂကြစိတ္က်ေဝဒနာသည္တခ်ိဳ႕ရဲ႕ အတက္အက်ဆက္တိုက္ျဖစ္ျခင္းဟာ အေတာ္ၾကာမွ တႀကိမ္ေလာက္ ျဖစ္တတ္ၾကပါတယ္။ တခ်ိဳ႕ကေတာ့ မၾကာခဏ ေျပာင္းလဲလြယ္ပါတယ္။ သူတို႔ရဲ႕ ေျပာင္းလဲမႈပုံစံကို မွတ္သားထားရင္ သူတို႔ရဲ႕ျဖစ္ႏိုင္ေျခ ေအနအထားကို ႀကိဳတင္ခန႔္မွန္းႏိုင္ပါတယ္။


၃။ အာ႐ုံစိုက္ နားေထာင္ပါ


စိတ္ႂကြစိတ္က်ေဝဒနာသည္ေတြေျပာတဲ့ စကားေတြကို အာ႐ုံစိုက္နားေထာင္ေပးဖို႔ အေရးႀကီးပါတယ္။ အထူးသျဖင့္ သူတို႔ေတြ စိတ္က်ေနခ်ိန္မွာ သူတို႔ဘာေၾကာင့္ အရမ္းဝမ္းနည္းေနရသလဲဆိုတာကို သင္နားလည္ဖို႔ ခက္ပါလိမ့္မယ္။ အေကာင္းဆုံးကေတာ့ သူတို႔ေျပာတာေတြကို နားေထာင္ေပးဖို႔ပါပဲ။ သူတို႔ရဲ႕ ခံစားခ်က္ေတြကို စိတ္ပါလက္ပါ နားေထာင္ေပးျခင္းဟာ သူတို႔ကို ပိုၿပီး ေနလို႔ထိုင္လို႔ ေကာင္းေစပါတယ္။


၄။ စိတ္ႂကြတဲ့ အေျခအေနကို ဂ႐ုျပဳေစာင့္ၾကည့္ပါ


စိတၠ္တဲ့ေအနအထားမြာ တေယာက္နဲ႔တေယာက္ ဆင္တူၾကေပမယ့္ စိတ္ႂကြတဲ့အေနအထားမွာေတာ့ ကြာျခားပါတယ္။ စိတ္ႂကြခ်ိန္မွာ လည္း ေျပာဆိုဆက္ဆံဖို႔ အင္မတန္ခက္ခဲပါတယ္။ ကြန္ပ်ဴတာေရွ႕မွာ တခ်ိန္လုံး အလုပ္ထိုင္လုပ္ေနတာ၊ အေတြးအေခၚေတြကို တခ်ိန္လုံး ထုတ္ေဖာ္ေနတာ စတာမ်ိဳးေတြ ျဖစ္ေနတတ္ပါတယ္။ သူတို႔ကို အကဲျဖတ္ျခင္း၊ ေဝဖန္ျခင္း မျပဳပါနဲ႔။ သူတို႔ကို ျပန္ၿငိမ္သြား ေအာင္ဆိုရင္ သူတို႔ရဲ႕ အမူအက်င့္ေတြကို သိပ္ၿပီး အာ႐ုံမစိုက္ပါနဲ႔။ သူတို႔ျပဳလုပ္ေနတဲ့ လုပ္ရပ္ေတြကေန အာ႐ုံလြဲသြားေအာင္သာ ကူညီေပးပါ။


၅။ ဘာကူညီရမလဲဖြင့္ေမးပါ


စိတ္ႂကြစိတ္က်ေဝဒနာရွင္ေတြမွာ သူတို႔ရဲ႕ကိစၥ အ၀၀အတြက္ အခက္အခဲရွိပါတယ္။ ကေလးေတြကို မၾကည့္ႏိုင္တာ၊ လုပ္ငန္းခြင္ကို အာ႐ုံမစိုက္ႏိုင္တာ စတာမ်ိဳးေတြ ျဖစ္ပါတယ္။ သင္ကူညီႏိုင္တဲ့ အတိုင္းအတာဆိုရင္ ကူညီရမလားဆိုတာ ဖြင့္ေမးပါ။ တတ္ႏိုင္တာမ်ိဳးကို လုပ္ေပးပါ။


၆။ ဖိအားမေပးပါနဲ႔


စိတ္ႂကြစိတ္က်ေဝဒနာသည္ေတြနဲ႔ ဆက္ဆံရာမြာ သူတို႔ကို ဖိအားမေပးပါနဲ႔။ ဒီျပႆနာဟာ သင္လိုသလို ဖြင့္ႏိုင္ပိတ္ႏိုင္တဲ့ ခလုတ္တခုမဟုတ္ပါဘူး။


၇။ ေဆးေသာက္ဖို႔ တိုက္တြန္းပါ


စိတ္ႂကြစိတ္က်ျခင္းဟာ ေပၚလိုက္ေပ်ာက္လိုက္ ျဖစ္တတ္တာမို႔ တခါတရံမြာ ေဆးေသာက္ဖို႔ မလိုအပ္သလို ထင္မိၾကပါတယ္။ ခဏတာသက္သာေနၿပိးမွာ စိတ္ႂကြလာျခင္း၊ စိတ္က်သြားျခင္း ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ေဆးမွန္မွန္ေသာက္ဖို႔ တိုက္တြန္းရပါမယ္။


၈။ သင့္ရဲ႕ခံစားခ်က္ေတြကိုလည္း ေျပာျပပါ။


သူတို႔ေျပာတာေတြကိုပဲ နားေထာင္႐ုံသာမကဘဲ သင့္ခံစားခ်က္ေတြကိုလည္း သူတို႔ကို ေျပာျပဖို႔လိုပါတယ္။ စိတ္ႂကြစိတ္က်ျခင္းဟာ သူတို႔အေပၚမွာပဲ ထိခိုက္တာမဟုတ္ဘဲ သူတို႔အနားမွာရွိတဲ့ သင့္အေပၚမွာလည္း ႐ိုက္ခတ္မႈရွိေၾကာင္း ေျပာျပပါ။


၉။ သင့္အတြက္လည္း အကူအညီရယူပါ


စိတ္ႂကြစိတ္က်ေနသူမ်ားနဲ႔ ေနထိုင္ဆက္ဆံရတာ ခက္ခဲပါတယ္။ ေရရွည္မွာ သင့္ကိုလည္း ထိခိုက္လာႏိုင္ပါတယ္။ သင့္ျပႆနာေတြအတြက္ တျခားတေယာက္ေယာက္ဆီကလည္း အကူအညီယူပါ။ သင့္အခက္အခဲေတြကို ဖြင့္ဟပါ။


၁၀။ ခဏအနားယူပါ


သင့္အေနနဲ႔လည္း သူတပါးကို ကူညီေပးေနေပမယ့္ အတိုင္းအတာတခုရွိတာ သတိျပဳရပါမယ္။ သင္ကိုယ္တိုင္ ပင္ပန္းလာခ်ိန္မွာ သူတို႔နားကေန ခဏခြာၿပီး စိတ္ေျပလက္ေပ်ာက္အနားယူသင့္ပါတယ္။ ကိုယ္ပိုင္အခ်ိန္ ရွိသင့္ပါတယ္။ ဒါမြသာ သူတို႔ကို ေရရွည္အကူအညီေပးဖို႔ အားျပည့္ပါလိမ့္မယ္။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

No comments: