Sunday, October 3, 2021

Sexual Objectification

 Sexual objectification




မြန်မာလို အဓိပ်ပါယျကတော့ လူတစ်ဦးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုအတွက် အသုံးခ်စရာ အရာဝတၳုတစ်ခုလို သေဘာထား ဆက်ဆံတာမျိုးကို ခေါ်တာပါ။


ခပ်ဟော့ဟော့ ဝတ်စားတတ်တဲ့ နာမည်ကျော် မင်းသမီးကို ဆိုင်ဖွင့်ပွဲ ဖိတ်တယ်။ ဒီအတိုင်း မင်းသမီးတစ်လက်ကို ပွဲတက်ဖို့ ဖိတ်တာမျိုး မဟုတ်ဘဲ ဘယ္လို ဝတ်လာပေးရင် ဈေးပိုပေးမယ် ဆိုတာဟာ ဒီသေဘာပါပဲ။ ကားဘက္ထရီ ကြော်ငြာတွေမှာ Sexy model တွေ သုံးတာ၊ Hip Hop MTV တွေမှာ အတိုအပြတ် ဝတ္ထားတဲ့ မိန်းကလေးတွေ အများကြီးနဲ့ ရိုက်ပြတာ၊ ဓါတ်မြေသြဇာကြော်ငြာကို Sexy မင်းသမီး ၃ လက်နဲ့ ကြော်ငြာတာ၊ ဒါတွေဟာလည်း Sexual objectification လုပ်နေတာပဲ ဖြစ်ပါတယ်။


တကယ်တော့ ဒီလိုလုပ်ရပ်မျိုးတွေက ကမ်ဘာမှာလည်း ရှိပါတယ်။ ဥပမာ ကားမောင်းပြိုင်ပွဲတွေမှာ ပွဲစဖို့ အလံထောင်တဲ့ မိန်းကလေးတွေ၊ လက်ဝှေ့ပြိုင်ပွဲတွေမှာ ဘယ်နှချီမြောက် ရောက်ပြီ ဆိုတာကို ဆိုင်းဘုတ်ထောင်ပြတဲ့ Ring girl တွေ စသဖြင့် တွေ့ဖူးကြမှာပါ။ ယူနီဆက်ဖ်က ကိုးကားထားတဲ့ လေ့လာချက်တစ်ခုမှာတော့ အမျိုးသားမဂ္ဂဇင်းတွေမှာ ပါတဲ့ ကြော်ငြာတွေရဲ့ ၇၆ % မွာ အမျိုးသမီးတွေကို အဲ့လို Sexual object အဖြစ် ဖော်ပြထားကြတယ်လို့ သိရပါတယ်။


နောက်ပြီး ဒီလိုပုံဖော်တာက အမျိုးသမီးတွေတင် မဟုတ်ပါဘူး။ အမျိုးသားတွေကိုလည်း ပုံဖော်ကြပါတယ်။ ဒါကို MTV တွေ၊ ကြော်ငြာတွေမှာ တွေ့နိုင်ပါတယ်။ ဗလတောင့်တောင့်၊ Six packs နဲ့ အမျိုးသားတစ်ယောက်ကို မဆီမဆိုင် ထည့်ရိုက်ပြတာမျိုးပေါ့။ နောက် အမျိုးသားချင်း ချစ်ကြိုက်သူတွေကို ရည်ရွယ်တဲ့ ကြော်ငြာမျိုးတွေမှာလည်း အဲ့လို Sexual object အနေနဲ့ သဘောထားခံနေရပါတယ်။ အမျိုးသမီးနဲ့ ယှဉ်လိုက်ရင်တော့ နည်းကောင်းနည်းမယ်ပေါ့။ ဒါကြောင့် အမျိုးသမီးနဲ့ ပတ္သက္တာကို ဆက်ပြီး ရေးသွားပါ့မယ်။


(တစ်လက်စတည်း ရှင်းပြချင်တာက မိန်းကလေးတစ်ယောက် ခန္ဓာကိုယ် အချိုးအစား လွတာကို ပြသတိုင်း၊ ယောက်ျားလေးတစ်ယောက် သူ့ဗလကိုသူ ပြတိုင်း Sexual objectification မဟုတ္ဘူးဆိုတာပါပဲ။ မိန်းကလေးဟာ သူ့အလှကို ပေါ်လွင်စေမဲ့ ဝတ်စားဆင်ယင်မှုမျိုး လုပ်လို့ရတယ်။ မင်းသမီးအနေနဲ့ ကျပ၊ သရုပ်ဆောင်ပြလို့ ရတယ်။ သို့သော် သူ့ရင်သားဟာ ကြော်ငြာတစ်ခုလုံးရဲ့ အဓိက အာရုံစိုက်စရာ ဖြစ်နေရင်တော့ Sexual objectification ဖြစ်ပါတယ်။)


ဒီလို လုပ်ရပ်တွေကြောင့် ဘာဆက်ဖြစ်လာသလဲဆို အရင်ဆုံးအနေနဲ့ လူတစ်ယောက်၊ အထူးသဖြင့် မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ၊ လူရာဝင်မှု၊ အောင်မြင်မှုတွေဟာ ဒီလိုခန္ဓာကိုယ် လှပမှုအပေါ်မှာ မူတည်တယ် ဆိုတဲ့ အမြင်တွေ ရကုန်ပါတယ်။ ဒီမင်းသမီးဟာ သရုပ်ဆောင် ကောင်းစရာ မလိုဘူး။ ဒီလိုဝတ်စားတတ်ရင်၊ ဝတ်စားရဲရင် ရပြီ ဆိုတာမျိုးပေါ့။ အဲ့တော့ အနုပညာဝမ်းစာ ဖြည့်ဖို့ထက် ခန္ဓာကိုယ်က လိင်ဆွဲဆောင်မှု ရှိဖို့ကိုပဲ ကြိုးစားကြတော့တယ်။ ခွဲစိတ်ပြုပြင်ကြတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ် ပုံပန်းသွင်ပြင်နဲ့ ပတ်သက်လို့ ရှက်ရွံ့တာ၊ သိမ်ငယ်တာတွေ ဖြစ်လာကြတယ်။ 


နောက်ပြီး အမျိုးသမီးတွေအပေါ်မှာ အထင်သေးတဲ့ အမြင်တွေ ရှိလာတယ်။ လိင်ဖျော်ဖြေမှုအတွက်ပဲလို့ မြင်လာကြတယ်။ ဒီကနေမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာ၊ အကြမ်းဖက်တာတွေ ဖြစ်လာတယ်။ ဒါကိုလည်း သာမန်လုပ်ရပ်တစ်ခုလိုပဲ ယူဆနေကြတယ်။ အဆိုးဆုံးကေတာ့ Self-objectification လို့ခေါ်တဲ့၊ အမျိုးသမီးတွေကိုယ်တိုင်က သူတို့ကိုယ်သူတို့ အဲ့လိုသဘောထားလာကြတာပဲ။


ခုနက ဆိုင်ဖွင့်ပွဲတက်တဲ့ မင်းသမီးကို ဒီအကြောင်း ပြောပြကြည့်ပါလား။ ဘာပြန်ပြောမယ် ထင်သလဲ။ ငါ့အလှနဲ့ငါ ပိုက်ဆံရှာနေတာ နင့်အပူပါလားလို့ ပြန်ဖြေမှာပေါ့။ ပိုလည်း ဝင်ငွေရတယ်။ ပိုလည်း နာမည်ကြီးတယ်။ ပိုလည်း အောင်မြင်တယ်။ ငါ့ကို စော်ကားနေပါလားလို့လည်း မခံယူဘူး။


ဆိုပါစို့၊ ဒါရိုက်တာတစ်ယောက်က လာကမ်းလှမ်းတဲ့အခါ မျက်နှာသစ် သရုပ်ဆောင် မိန်းကလေးက ငြင်းမယ်။ ကျွန်မ ဒါမျိုး မရိုက်နိုင်ဘူး။ ဒါရိုက္တာက ဘာပြန်ပြောမယ် ထင်သလဲ။ သြော် အိုခေပေါ့ ဆိုပြီး နောက်တစ်ယောက် သွားခေါ်မယ်။ ဟိုက လက်ခံလိုက်မယ်။ နာမည်ကြီးသွားမယ်။ ဆိုတော့ သူပဲ မရိုက်လိုက်ရတာ အဖတ်တင်မယ်ပေါ့။ ဒီလိုနဲ့ Sexual objectification ဟာ မိန်းကလေးတွေအတွက် အောင်မြင်ဖို့ လမ်းစ ဖြစ်လာတော့တယ်။


ဒါကြောင့် ဒီလိုမျိုး ရိုက်တဲ့ မင်းသမီးတွေ၊ သရုပ်ဆောင်တွေထက်စာရင် သူ့ကို ကမ်းလှမ်းတဲ့သူ၊ ဒါမျိုး ရိုက်ဖို့ လုပ်တဲ့သူကို ရှုံ့ချရမယ်။ ဒါဖြင့် ဆက်စဉ်းစားတော့ သူတို့ ဘာလို့ အဲ့လိုရိုက်လဲ။ ရှင်းပါတယ်။ ကြည့်တဲ့သူ ရှိလို့ပေါ့။ နောက်ပြီး ဆဲခံရေလ နာမည်ကြီးလေလို့ ယူဆကြတဲ့ ခေတ်ကြီးလည်း ဖြစ်နေပြန်တယ်လေ။


ဒါဆို ကျွန်တော်တို့ ဘာလုပ္မလဲ။ မကြည့်နဲ့ပေါ့။ အားမပေးနဲ့ပေ့ါ။ ဒီလိုရိုက္ထားတဲ့ ကုန်ပစ္စည်းဆို မဝယ္ဘူး။ ဒီလိုကြော်ငြာထားတဲ့ ဆိုင်ဆို အားမေပးဘူး။ ဒါမျိုးတွေသာ လုပ်ကြမယ်ဆိုရင် ဘယ်ရိုက်တော့မလဲ။ 


ဒါကလည်း ပြောတော့သာ လြယ္တာ။ Sexual objectification ကို ပုံမွန္လိုပဲ ယူဆနေကြသူတွေက တစ်ပုံကြီးမို့လား။ အများစုကလည်း တက္သစ္စကိုသာ ဆဲနေကြတာ။ နာမည်ကျော် မင်းသမီးဆိုရင်တော့ အားပေးကြတာကိုး။ 


ဆိုတော့ ဒီယဉ်ကျေးမှုကြီးက ကာလတစ်ခုထိတော့ ရှိနေဦးမှာပဲ။ Demand ရှိရင် ကြော်ငြာချင်တဲ့သူ ရှိမယ်။ ရိုက်ချင်တဲ့သူ ရှိမယ်။ ဒီအခါ တက္သစ္စေတြ၊ ငွေကြေးလိုအပ်နေသူတွေ၊ ဝမ်းစာမပြည့်သူတွေ၊ တစ်နည်းအားဖြင့် ငြင်းဆန်တောင့်ခံနိုင်စွမ်း မရှိသူတွေဟာ ဒါတွေကို လုပ်နေကြရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စတွေနဲ့ ပတ်သက်ရင် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ် ဆိုတာကို သိစေချင်တယ်။


နောက်တစ်ခု ထပ်စဉ်းစားကြည့်မယ်။ ကားဘက္ထရီပဲ ဆိုပါတော့။ အကုန္လုံးက အဲ့လိုမျိုးတွေ ကြော်ငြာထားကြတယ်ဆိုရင် ကျွန်တော်တို့က ငြင်းမယ်ဆို ဘယ်လိုငြင်းမလဲ။ ကားမစီးဘဲ နေရတော့မလို ဖြစ်နေပြီပေါ့။ ဒီတော့ လုပ်ငန်းရှင်တွေဘက်ကလည်း ဒါမျိုး မလုပ်တော့ဖို့၊ ဝယ်သူတွေဘက်ကလည်း ဒါမျိုး မကြော်ငြာတဲ့သူကို ပိုအားပေးဖို့ စသဖြင့် အပြန်အလှန် တာဝန်လေးတွေ ရှိလာတယ်။


ဒီနေရာမှာ Women empowerment ဆိုတဲ့ ကိစ္စကိုလည်း ချန်ထားခဲ့လို့ မရျပန္ဘူး။ တကယ်တော့ Women empowerment ဆိုတာ အမျိုးသမီးတွေကို စွမ်းရည်မြှင့်ပေးတာ မဟုတ္ဘူး။ စွမ်းရည်က ရှိပြီးသား။ သူတို့ကို လုပ်ပိုင်ခွင့်ပေးတာ၊ တန်းတူညီမျှခွင့် ပေးတာ၊ အလှအပထက်၊ လိင်ဆွဲဆောင်မှုထက် အရည်အချင်းနဲ့ ရပ်တည်ခွင့်ကို ပေးတာကို ဆိုလိုတာပါ။ 


ဥပမာ အမျိုးသမီးတစ်ယောက်ကို ရာထူးတိုးပေးဖို့ အရည်အချင်းနဲ့ မဆုံးဖြတ်ဘဲ လိင်ကိစ္စနဲ့ ဆုံးဖြတ်နေမယ်၊ ဒါကို အမျိုးသမီးက မလိုက်လျောဘူးဆိုရင် ရာထူးမတိုးပေးဘဲ နေမယ်။ တက္သစ္စ မင်းသမီးတွေကို သရုပ်ဆောင်ပညာ၊ အနုပညာဝမ်းစာနဲ့ မရွေးဘဲ ဒါရိုက္တာ၊ သို့မဟုတ် ထုတ်လုပ်သူရဲ့ ဆန္ဒကို ဘယ်လောက် ဖြည့်ဆည်းပေးနိုင်သလဲ ဆိုတာနဲ့ တိုင်းတာပြီး စင်တင်ပေးနေမယ်ဆိုရင် အမျိုးသမီးတွေအနေနဲ့ အရည်အချင်းကို အသုံးချပြီး ရှင်သန်နိုင်ဖို့ရာ ခက်သွားပါတယ်။ Sexual object လို့ ကိုယ့်ကိုယ်ကိုယ် သဘောထားနိုင်သူက ကျန်ခဲ့မယ်။ မထားနိုင်သူက ဒီလောကထဲက ထွက်သွားရမယ် ဆိုတာမျိုး ဖြစ်လာပါတယ်။


ဒါကြောင့်လည်း အမျိုးသမီးတွေ ခေါင်းဆောင်နေရာ ရဖို့ လိုတယ် ပြောတာပါ။ ခုနက ပြောတဲ့ ဥပမာတွေမှာ အထက်လူကြီးက အမျိုးသမီး ဖြစ်ခဲ့မယ်၊ ဒါရိုက္တာ သို့မဟုတ် ထုတ်လုပ်သူကသာ အမျိုးသမီး ဖြစ်ခဲ့မယ်ဆို ဒီပြဿနာ ဘယ်ရှိတော့မလဲ။ ဒီတိုင်းဒေသ၊ ဒီပြည်နယ်ရဲ့ ဝန်ကြီးချုပ်သာ အမျိုးသမီး ဖြစ်ခဲ့မယ် ဆိုပါတော့။ အဲ့လို Sexual object အနေနဲ့ သုံးထားတဲ့ Billboard ကြော်ငြာဆို လုံးဝ ခွင့်မပြုဘူးလို့ လုပ်လိုက်ရင် ဘယ္သူမွ ကြော်ငြာလို့ မရေတာ့ဘူး။ ဒီအတွက် အမျိုးသမီးတွေရဲ့ အရေးကိစ္စကို ပိုပြီး အာရုံစိုက်နိုင်စေချင်တယ်ဆိုရင် အမျိုးသမီးတွေ နေရာပိုရဖို့ လိုပါတယ်။


ပြောရရင်တော့ Sexual objectification ဆိုတဲ့ ကိစ္စဟာ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု၊ ကျားမခွဲခြားဆက်ဆံမှု၊ ကျင့်ဝတ်၊ Women empowerment စသဖြင့် အချက်အလက်ပေါင်း မြောက်များစွာနဲ့ ဆက်စပ်နေပါတယ်။ အမျိုးသမီးတွေကို Sexual object လို သဘောမထားနဲ့ ဆိုတဲ့ တစ်ခွန်းတည်းနဲ့ ပြီးသွားမှာ မဟုတ်ဘဲ သူတို့အတွက် ရင်သားနဲ့ တင်ပါးထက် ဦးနှောက်နဲ့ အရည်အချင်းကို ပိုအသုံးချခွင့်ရတဲ့ ဝန်းကျင်ကောင်းတစ်ရပ် တည်ဆောက်ပေးနိုင်မှသာ ပပျောက်သွားမယ်လို့ ထင်ပါတယ်။ ဒီအတွက် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ် ဆိုတာကိုတော့ သိစေချင်ပါတယ်။ 


ဒေါက်တာ ဖြိုးသီဟ

၂.၁၀.၂၀၂၀


Ref: Sexual Objectification of Women: Advances to Theory and Research: Dawn M. Szymanski, Lauren B. Moffitt and Erika R. Carr 


Sexual objectification




ျမန္မာလို အဓိပ္ပါယ်ကတော့ လူတစ္ဦးတစ္ေယာက္ကို လိင္ပိုင္းဆိုင္ရာ လႈံ႕ေဆာ္မႈအတြက္ အသုံးခ်စရာ အရာဝတၳဳတစ္ခုလို သေဘာထား ဆက္ဆံတာမ်ိဳးကို ေခၚတာပါ။


ခပ္ေဟာ့ေဟာ့ ဝတ္စားတတ္တဲ့ နာမည္ေက်ာ္ မင္းသမီးကို ဆိုင္ဖြင့္ပြဲ ဖိတ္တယ္။ ဒီအတိုင္း မင္းသမီးတစ္လက္ကို ပြဲတက္ဖို႔ ဖိတ္တာမ်ိဳး မဟုတ္ဘဲ ဘယ္လို ဝတ္လာေပးရင္ ေဈးပိုေပးမယ္ ဆိုတာဟာ ဒီသေဘာပါပဲ။ ကားဘက္ထရီ ေၾကာ္ျငာေတြမွာ Sexy model ေတြ သုံးတာ၊ Hip Hop MTV ေတြမွာ အတိုအျပတ္ ဝတ္ထားတဲ့ မိန္းကေလးေတြ အမ်ားႀကီးနဲ႕ ရိုက္ျပတာ၊ ဓါတ္ေျမၾသဇာေၾကာ္ျငာကို Sexy မင္းသမီး ၃ လက္နဲ႕ ေၾကာ္ျငာတာ၊ ဒါေတြဟာလည္း Sexual objectification လုပ္ေနတာပဲ ျဖစ္ပါတယ္။


တကယ္ေတာ့ ဒီလိုလုပ္ရပ္မ်ိဳးေတြက ကမၻာမွာလည္း ရွိပါတယ္။ ဥပမာ ကားေမာင္းၿပိဳင္ပြဲေတြမွာ ပြဲစဖို႔ အလံေထာင္တဲ့ မိန္းကေလးေတြ၊ လက္ေဝွ႕ၿပိဳင္ပြဲေတြမွာ ဘယ္ႏွခ်ီေျမာက္ ေရာက္ၿပီ ဆိုတာကို ဆိုင္းဘုတ္ေထာင္ျပတဲ့ Ring girl ေတြ စသျဖင့္ ေတြ႕ဖူးၾကမွာပါ။ ယူနီဆက္ဖ္က ကိုးကားထားတဲ့ ေလ့လာခ်က္တစ္ခုမွာေတာ့ အမ်ိဳးသားမဂၢဇင္းေတြမွာ ပါတဲ့ ေၾကာ္ျငာေတြရဲ႕ ၇၆ % မွာ အမ်ိဳးသမီးေတြကို အဲ့လို Sexual object အျဖစ္ ေဖာ္ျပထားၾကတယ္လို႔ သိရပါတယ္။


ေနာက္ၿပီး ဒီလိုပုံေဖာ္တာက အမ်ိဳးသမီးေတြတင္ မဟုတ္ပါဘူး။ အမ်ိဳးသားေတြကိုလည္း ပုံေဖာ္ၾကပါတယ္။ ဒါကို MTV ေတြ၊ ေၾကာ္ျငာေတြမွာ ေတြ႕နိုင္ပါတယ္။ ဗလေတာင့္ေတာင့္၊ Six packs နဲ႕ အမ်ိဳးသားတစ္ေယာက္ကို မဆီမဆိုင္ ထည့္ရိုက္ျပတာမ်ိဳးေပါ့။ ေနာက္ အမ်ိဳးသားခ်င္း ခ်စ္ႀကိဳက္သူေတြကို ရည္႐ြယ္တဲ့ ေၾကာ္ျငာမ်ိဳးေတြမွာလည္း အဲ့လို Sexual object အေနနဲ႕ သေဘာထားခံေနရပါတယ္။ အမ်ိဳးသမီးနဲ႕ ယွဥ္လိုက္ရင္ေတာ့ နည္းေကာင္းနည္းမယ္ေပါ့။ ဒါေၾကာင့္ အမ်ိဳးသမီးနဲ႕ ပတ္သက္တာကို ဆက္ၿပီး ေရးသြားပါ့မယ္။


(တစ္လက္စတည္း ရွင္းျပခ်င္တာက မိန္းကေလးတစ္ေယာက္ ခႏၶာကိုယ္ အခ်ိဳးအစား လွတာကို ျပသတိုင္း၊ ေယာက္်ားေလးတစ္ေယာက္ သူ႕ဗလကိုသူ ျပတိုင္း Sexual objectification မဟုတ္ဘူးဆိုတာပါပဲ။ မိန္းကေလးဟာ သူ႕အလွကို ေပၚလြင္ေစမဲ့ ဝတ္စားဆင္ယင္မႈမ်ိဳး လုပ္လို႔ရတယ္။ မင္းသမီးအေနနဲ႕ ကျပ၊ သ႐ုပ္ေဆာင္ျပလို႔ ရတယ္။ သို႔ေသာ္ သူ႕ရင္သားဟာ ေၾကာ္ျငာတစ္ခုလုံးရဲ႕ အဓိက အာ႐ုံစိုက္စရာ ျဖစ္ေနရင္ေတာ့ Sexual objectification ျဖစ္ပါတယ္။)


ဒီလို လုပ္ရပ္ေတြေၾကာင့္ ဘာဆက္ျဖစ္လာသလဲဆို အရင္ဆုံးအေနနဲ႕ လူတစ္ေယာက္၊ အထူးသျဖင့္ မိန္းကေလးတစ္ေယာက္ရဲ႕ ဂုဏ္သိကၡာ၊ လူရာဝင္မႈ၊ ေအာင္ျမင္မႈေတြဟာ ဒီလိုခႏၶာကိုယ္ လွပမႈအေပၚမွာ မူတည္တယ္ ဆိုတဲ့ အျမင္ေတြ ရကုန္ပါတယ္။ ဒီမင္းသမီးဟာ သ႐ုပ္ေဆာင္ ေကာင္းစရာ မလိုဘူး။ ဒီလိုဝတ္စားတတ္ရင္၊ ဝတ္စားရဲရင္ ရၿပီ ဆိုတာမ်ိဳးေပါ့။ အဲ့ေတာ့ အႏုပညာဝမ္းစာ ျဖည့္ဖို႔ထက္ ခႏၶာကိုယ္က လိင္ဆြဲေဆာင္မႈ ရွိဖို႔ကိုပဲ ႀကိဳးစားၾကေတာ့တယ္။ ခြဲစိတ္ျပဳျပင္ၾကတယ္။ ကိုယ့္ရဲ႕ ခႏၶာကိုယ္ ပုံပန္းသြင္ျပင္နဲ႕ ပတ္သက္လို႔ ရွက္႐ြံ႕တာ၊ သိမ္ငယ္တာေတြ ျဖစ္လာၾကတယ္။ 


ေနာက္ၿပီး အမ်ိဳးသမီးေတြအေပၚမွာ အထင္ေသးတဲ့ အျမင္ေတြ ရွိလာတယ္။ လိင္ေဖ်ာ္ေျဖမႈအတြက္ပဲလို႔ ျမင္လာၾကတယ္။ ဒီကေနမွတစ္ဆင့္ လိင္ပိုင္းဆိုင္ရာ ထိပါးႏွောင့္ယွက္တာ၊ အၾကမ္းဖက္တာေတြ ျဖစ္လာတယ္။ ဒါကိုလည္း သာမန္လုပ္ရပ္တစ္ခုလိုပဲ ယူဆေနၾကတယ္။ အဆိုးဆုံးကေတာ့ Self-objectification လို႔ေခၚတဲ့၊ အမ်ိဳးသမီးေတြကိုယ္တိုင္က သူတို႔ကိုယ္သူတို႔ အဲ့လိုသေဘာထားလာၾကတာပဲ။


ခုနက ဆိုင္ဖြင့္ပြဲတက္တဲ့ မင္းသမီးကို ဒီအေၾကာင္း ေျပာျပၾကည့္ပါလား။ ဘာျပန္ေျပာမယ္ ထင္သလဲ။ ငါ့အလွနဲ႕ငါ ပိုက္ဆံရွာေနတာ နင့္အပူပါလားလို႔ ျပန္ေျဖမွာေပါ့။ ပိုလည္း ဝင္ေငြရတယ္။ ပိုလည္း နာမည္ႀကီးတယ္။ ပိုလည္း ေအာင္ျမင္တယ္။ ငါ့ကို ေစာ္ကားေနပါလားလို႔လည္း မခံယူဘူး။


ဆိုပါစို႔၊ ဒါရိုက္တာတစ္ေယာက္က လာကမ္းလွမ္းတဲ့အခါ မ်က္ႏွာသစ္ သ႐ုပ္ေဆာင္ မိန္းကေလးက ျငင္းမယ္။ ကြၽန္မ ဒါမ်ိဳး မရိုက္နိုင္ဘူး။ ဒါရိုက္တာက ဘာျပန္ေျပာမယ္ ထင္သလဲ။ ေၾသာ္ အိုေခေပါ့ ဆိုၿပီး ေနာက္တစ္ေယာက္ သြားေခၚမယ္။ ဟိုက လက္ခံလိုက္မယ္။ နာမည္ႀကီးသြားမယ္။ ဆိုေတာ့ သူပဲ မရိုက္လိုက္ရတာ အဖတ္တင္မယ္ေပါ့။ ဒီလိုနဲ႕ Sexual objectification ဟာ မိန္းကေလးေတြအတြက္ ေအာင္ျမင္ဖို႔ လမ္းစ ျဖစ္လာေတာ့တယ္။


ဒါေၾကာင့္ ဒီလိုမ်ိဳး ရိုက္တဲ့ မင္းသမီးေတြ၊ သ႐ုပ္ေဆာင္ေတြထက္စာရင္ သူ႕ကို ကမ္းလွမ္းတဲ့သူ၊ ဒါမ်ိဳး ရိုက္ဖို႔ လုပ္တဲ့သူကို ရႈံ႕ခ်ရမယ္။ ဒါျဖင့္ ဆက္စဥ္းစားေတာ့ သူတို႔ ဘာလို႔ အဲ့လိုရိုက္လဲ။ ရွင္းပါတယ္။ ၾကည့္တဲ့သူ ရွိလို႔ေပါ့။ ေနာက္ၿပီး ဆဲခံရေလ နာမည္ႀကီးေလလို႔ ယူဆၾကတဲ့ ေခတ္ႀကီးလည္း ျဖစ္ေနျပန္တယ္ေလ။


ဒါဆို ကြၽန္ေတာ္တို႔ ဘာလုပ္မလဲ။ မၾကည့္နဲ႕ေပါ့။ အားမေပးနဲ႕ေပ့ါ။ ဒီလိုရိုက္ထားတဲ့ ကုန္ပစၥည္းဆို မဝယ္ဘူး။ ဒီလိုေၾကာ္ျငာထားတဲ့ ဆိုင္ဆို အားမေပးဘူး။ ဒါမ်ိဳးေတြသာ လုပ္ၾကမယ္ဆိုရင္ ဘယ္ရိုက္ေတာ့မလဲ။ 


ဒါကလည္း ေျပာေတာ့သာ လြယ္တာ။ Sexual objectification ကို ပုံမွန္လိုပဲ ယူဆေနၾကသူေတြက တစ္ပုံႀကီးမို႔လား။ အမ်ားစုကလည္း တက္သစ္စကိုသာ ဆဲေနၾကတာ။ နာမည္ေက်ာ္ မင္းသမီးဆိုရင္ေတာ့ အားေပးၾကတာကိုး။ 


ဆိုေတာ့ ဒီယဥ္ေက်းမႈႀကီးက ကာလတစ္ခုထိေတာ့ ရွိေနဦးမွာပဲ။ Demand ရွိရင္ ေၾကာ္ျငာခ်င္တဲ့သူ ရွိမယ္။ ရိုက္ခ်င္တဲ့သူ ရွိမယ္။ ဒီအခါ တက္သစ္စေတြ၊ ေငြေၾကးလိုအပ္ေနသူေတြ၊ ဝမ္းစာမျပည့္သူေတြ၊ တစ္နည္းအားျဖင့္ ျငင္းဆန္ေတာင့္ခံနိုင္စြမ္း မရွိသူေတြဟာ ဒါေတြကို လုပ္ေနၾကရဦးမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီကိစၥေတြနဲ႕ ပတ္သက္ရင္ ကြၽန္ေတာ္တို႔အားလုံးမွာ တာဝန္ရွိတယ္ ဆိုတာကို သိေစခ်င္တယ္။


ေနာက္တစ္ခု ထပ္စဥ္းစားၾကည့္မယ္။ ကားဘက္ထရီပဲ ဆိုပါေတာ့။ အကုန္လုံးက အဲ့လိုမ်ိဳးေတြ ေၾကာ္ျငာထားၾကတယ္ဆိုရင္ ကြၽန္ေတာ္တို႔က ျငင္းမယ္ဆို ဘယ္လိုျငင္းမလဲ။ ကားမစီးဘဲ ေနရေတာ့မလို ျဖစ္ေနၿပီေပါ့။ ဒီေတာ့ လုပ္ငန္းရွင္ေတြဘက္ကလည္း ဒါမ်ိဳး မလုပ္ေတာ့ဖို႔၊ ဝယ္သူေတြဘက္ကလည္း ဒါမ်ိဳး မေၾကာ္ျငာတဲ့သူကို ပိုအားေပးဖို႔ စသျဖင့္ အျပန္အလွန္ တာဝန္ေလးေတြ ရွိလာတယ္။


ဒီေနရာမွာ Women empowerment ဆိုတဲ့ ကိစၥကိုလည္း ခ်န္ထားခဲ့လို႔ မရျပန္ဘူး။ တကယ္ေတာ့ Women empowerment ဆိုတာ အမ်ိဳးသမီးေတြကို စြမ္းရည္ျမႇင့္ေပးတာ မဟုတ္ဘူး။ စြမ္းရည္က ရွိၿပီးသား။ သူတို႔ကို လုပ္ပိုင္ခြင့္ေပးတာ၊ တန္းတူညီမွ်ခြင့္ ေပးတာ၊ အလွအပထက္၊ လိင္ဆြဲေဆာင္မႈထက္ အရည္အခ်င္းနဲ႕ ရပ္တည္ခြင့္ကို ေပးတာကို ဆိုလိုတာပါ။ 


ဥပမာ အမ်ိဳးသမီးတစ္ေယာက္ကို ရာထူးတိုးေပးဖို႔ အရည္အခ်င္းနဲ႕ မဆုံးျဖတ္ဘဲ လိင္ကိစၥနဲ႕ ဆုံးျဖတ္ေနမယ္၊ ဒါကို အမ်ိဳးသမီးက မလိုက္ေလ်ာဘူးဆိုရင္ ရာထူးမတိုးေပးဘဲ ေနမယ္။ တက္သစ္စ မင္းသမီးေတြကို သ႐ုပ္ေဆာင္ပညာ၊ အႏုပညာဝမ္းစာနဲ႕ မေ႐ြးဘဲ ဒါရိုက္တာ၊ သို႔မဟုတ္ ထုတ္လုပ္သူရဲ႕ ဆႏၵကို ဘယ္ေလာက္ ျဖည့္ဆည္းေပးနိုင္သလဲ ဆိုတာနဲ႕ တိုင္းတာၿပီး စင္တင္ေပးေနမယ္ဆိုရင္ အမ်ိဳးသမီးေတြအေနနဲ႕ အရည္အခ်င္းကို အသုံးခ်ၿပီး ရွင္သန္နိုင္ဖို႔ရာ ခက္သြားပါတယ္။ Sexual object လို႔ ကိုယ့္ကိုယ္ကိုယ္ သေဘာထားနိုင္သူက က်န္ခဲ့မယ္။ မထားနိုင္သူက ဒီေလာကထဲက ထြက္သြားရမယ္ ဆိုတာမ်ိဳး ျဖစ္လာပါတယ္။


ဒါေၾကာင့္လည္း အမ်ိဳးသမီးေတြ ေခါင္းေဆာင္ေနရာ ရဖို႔ လိုတယ္ ေျပာတာပါ။ ခုနက ေျပာတဲ့ ဥပမာေတြမွာ အထက္လူႀကီးက အမ်ိဳးသမီး ျဖစ္ခဲ့မယ္၊ ဒါရိုက္တာ သို႔မဟုတ္ ထုတ္လုပ္သူကသာ အမ်ိဳးသမီး ျဖစ္ခဲ့မယ္ဆို ဒီျပႆနာ ဘယ္ရွိေတာ့မလဲ။ ဒီတိုင္းေဒသ၊ ဒီျပည္နယ္ရဲ႕ ဝန္ႀကီးခ်ဳပ္သာ အမ်ိဳးသမီး ျဖစ္ခဲ့မယ္ ဆိုပါေတာ့။ အဲ့လို Sexual object အေနနဲ႕ သုံးထားတဲ့ Billboard ေၾကာ္ျငာဆို လုံးဝ ခြင့္မျပဳဘူးလို႔ လုပ္လိုက္ရင္ ဘယ္သူမွ ေၾကာ္ျငာလို႔ မရေတာ့ဘူး။ ဒီအတြက္ အမ်ိဳးသမီးေတြရဲ႕ အေရးကိစၥကို ပိုၿပီး အာ႐ုံစိုက္နိုင္ေစခ်င္တယ္ဆိုရင္ အမ်ိဳးသမီးေတြ ေနရာပိုရဖို႔ လိုပါတယ္။


ေျပာရရင္ေတာ့ Sexual objectification ဆိုတဲ့ ကိစၥဟာ ကြၽန္ေတာ္တို႔ရဲ႕ ယဥ္ေက်းမႈ၊ က်ားမခြဲျခားဆက္ဆံမႈ၊ က်င့္ဝတ္၊ Women empowerment စသျဖင့္ အခ်က္အလက္ေပါင္း ေျမာက္မ်ားစြာနဲ႕ ဆက္စပ္ေနပါတယ္။ အမ်ိဳးသမီးေတြကို Sexual object လို သေဘာမထားနဲ႕ ဆိုတဲ့ တစ္ခြန္းတည္းနဲ႕ ၿပီးသြားမွာ မဟုတ္ဘဲ သူတို႔အတြက္ ရင္သားနဲ႕ တင္ပါးထက္ ဦးႏွောက္နဲ႕ အရည္အခ်င္းကို ပိုအသုံးခ်ခြင့္ရတဲ့ ဝန္းက်င္ေကာင္းတစ္ရပ္ တည္ေဆာက္ေပးနိုင္မွသာ ပေပ်ာက္သြားမယ္လို႔ ထင္ပါတယ္။ ဒီအတြက္ ကြၽန္ေတာ္တို႔အားလုံးမွာ တာဝန္ရွိတယ္ ဆိုတာကိုေတာ့ သိေစခ်င္ပါတယ္။ 


ေဒါက္တာ ၿဖိဳးသီဟ

၂.၁၀.၂၀၂၀


Ref: Sexual Objectification of Women: Advances to Theory and Research: Dawn M. Szymanski, Lauren B. Moffitt and Erika R. Carr 

No comments: