Sunday, October 17, 2021

မြန်မာ့သဘာဝသစ်တောကြီးမျာ

မြန်မာ့သဘာဝသစ်တောကြီးများ

******************************************

*** သစ်တောသယံဇာတစာရင်းကောက်ယူခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ(၂၀၁၆)




#Myanmar_Forest

#We_Love_Trees

#Environmental 

(ကမ်ဘာမြေကြီး စိမ်းလန်းစိုပြေနေမှ ရာသီဥတုမှန်ကန်ပြီး မိုးလေ၀သမဖောက်ပြန်မှာပါ။ ဒါမွ လူသားအပါအ၀င် သက်ရှိသတ္တဝါများ သောကကင်းကင်းနေထိုင်နိုင်ကြရတာပေါ့နော်။ သဘာ၀ပတ်၀န်းကျင်ကို အနှောင့်အယှက်မပြုမယ့် သစ်ပင်တွေကို စိုက်ပျိုးမိဖို့လည်း လိုပါတယ်။ ယူကလစ်ပင်ကို သစ်တောတစ်ခုအသွင်စိုက်ပျိုးမိလို့ မနီးမေ၀းက ကန်တော်ကြီးဥယျာဉ်မှာ ဆောင်းတွင်းကြီးရေခမ်း၊ ပြင်ဦးလွင်တစ်မြို့လုံး ရေရှားရသတဲ့။ ဘယ္လိုဆိုဆို ကိုယ်နေထိုင်ရာ မြန်မာနိုင်ငံရဲ့ သယံဇာတ သစ်တောကြီးတွေအကြောင်း အနည်းငယ်သိရအောင် ဆောင်းပါးတစ်စောင်အား ေ၀ငှလိုက်ပါတယ်။)


 မြန်မာနိုင်ငံဧရိယာ၏ ၄၃ % ခန့်သည့် သဘာဝသစ်တောကြီးများဖြင့် ဖုံးအုပ်လျက်ရှိလေသည်။ မြေကြီးကြောင့်ဖြစ်ပေါ်လာသော တောနှင့် သဘာဝကြောင့်ဖြစ်ပေါ်လာသော တောဟူ၍ နှစ်မျိုးရှိလေသည်။ ၎သဘာဝေတာမ်ားကို ထပ္မံ၍ အသေးစိတ် လေ့လာကြည့်ပါက အောက်ပါအတိုင်း တောအမျိုးအစား (၈)မျိုးကို တွေ့ရှိရလေသည် 


မြေကြီးကြောင့်ဖြစ်ပေါ်လာသောတောများ (၄မျိုး)

********************************************

(၁) ဒီရေတော (Tidal forest) 

****************************

ဆားငံရေနှင့် ရွှံ့မြေများပေါ်၌ ပေါက်ရောက်သည်။ ဒီရေတက်သော မြစ်ဝကျွန်းပေါ်ရှိ ချောင်းများ၊ မြေနိမ့်သော ကျွန်းများပေါ်တွင် ဒီရေပြန်ကျလာသောအခါ ကျန်ရစ်ခဲ့သည့် ရွှံံ့နွံများပေါ်တွင် သစ်ပင်များ ပေါက်ရောက်ခြင်းကြောင့် ဒီရေတောများဖြစ်ပေါ်လာရသည်။ ဗြူးခြေထောက်၊ ဗြူးဥတလုံး၊ မဒမ၊ လမု၊ ပင်လယ်အုန်းနှင့် ဓနိပင်တို့ ပေါက်ရောက်၍ ရေနေသတ္တဝါတို့ အဓိကေပါက္ပြားရာ ဒေသလည်းဖြစ်သည်။


(၂) ပင်လယ်သဲခုံတော (Beach and Dune forest)

**********************************************

ပင်လယ်ကမ်းခြေသဲခုံများနှင့် သောင်ပြင်များပေါ်၌ ဖြစ်ပေါ်လာသည်။ ပင်လယ်ကဗွီးပင်များ သီးသန့်ပေါက်ရောက်ပြီး အချို့သောနေရာများ၌ သင်းဝင်၊ ပုန်းညက်၊ နဘဲ စေသာ သစ်မျိုးများ ရောနှောပေါက်ရောက်သည်။


(၃) ရွှံ့နွံတော (Swamp forest)

*****************************

ရေချိုဝပ်သောနေရာများဖြစ်ပြီး ချောင်းများ၊ အင်းအိုင်များအနီး မိုးအခါ ရေလွှမ်းသည့် မြေနိမ့်ဒေသများ၌ ပေါက်ရောက်သည်။ ရုံး၊ သဖန်း၊ ပေါက်၊ ကျီးနှင့် အနန်ပင်တို့ ပေါက်ရောက်ပြီး ပို၍မြင့်သော အပိုင်းများ၌ ကိုင်းတောများ ပေါက်ရောက်တတ်သည်။


(၄) အင်တိုင်းတော (Indaing forest)

*********************************

ကျောက်စရစ်မြေနှင့် သဲမြေတို့အပေါ်၌ ပေါက်ရောက်ပြီး အင်၊ အင်ကြင်းနှင့် သစ်ယာပင်တို့ အဓိကပေါက်ရောက်သည်။ ဤတောအမျိုးအစားကို နှစ်မျိုးထပ်မံခွဲခြားနိုင်သည်။

အင်တိုင်းတောမြင့်(High Indaing forest)။ မြစ်ချောင်းများအနီးရှိ ကျောက်စရစ်နှင့် သဲမြေများရှိသော မြေပြန့်ဒေသတို့တွင် ပေါက်ရောက်သည်။ ဤေတာ၌ အင်သီးသန့်ပေါက်တတ်ပြီး အောက်မြန်မာပြည်၌ အင်ဖိုအဓိကပေါက်ရောက်သည်။ သစ်ယာ၊ အင်ကြင်းတို့နှင့်လည်း ရောနှောပေါက်တတ်သည်။


အင်တိုင်းချုံပုတ်(Scrub Indaing)။ မြေလွှာတိမ်သော နေရာနှင့် အလွန်ပူသော တောင်ထိပ်များပေါ်တွင် ပေါက်ရောက်သည်။ ပေါက်ရောက်ပင်များမှာ အင်တိုင်းတောမြင့်နှင့်တူသော်လည်း သစ်ယာနှင့် အင်ကြင်း ပို၍ပေါက်သည်။ သို့သော် ပေါက်ရောက်သော အပင်များမှာ သန်စွမ်းမှုနနည်းပါးသည်။


သဘာဝကြောင့်ဖြစ်ပေါ်လာသောတောများ(သဘာဝ(သို့)ရာသီဥတု) (၄ မျိုး) - 


(၁) တောစိမ်း(သို့)အရွက်မပြတ်တော (Ever Green Forest)

******************************************************

အကြမ်းအားဖြင့် မိုးရေချိန်လက်မ ၁၂၀ ကျော်သော နေရာများ၌ ပေါက်ရောက်သည်။ မိုးအတော်အတန်များ၍ တောင်မျက်နှာ ချောက်ကမ်းပါးဘေးနှင့် အေးသော အရပ်ဒေသများ၌ ပေါက်ရောက်သည်။ ဤတောမျိုးရှိ သစ်ပင်အမျိုးအစားများသည် တစ်နှစ်ပတ်လုံးအရွက်မကြွေသည်ကများသည်။ တောစိမ်းကို အကြမ်းအားဖြင့် (၃)မျိုးခွဲခြားထားသည်။


မြစ်ကမ်းခြေတောစိမ်း(Riverine Evergreen)။ ချောင်း၊ မြောင်း၊ လျှိုကြီးများဘေး၌ တွေ့ရသည်။ တနင်္သာရီတိုင်းဒေသကြီး၌ပေါများစွာ တွေ့ရတတ်ပြီး သင်္ကန်းနှင့် ပျဉ်းမတို့ အဓိကပေါက်ရောက်သည်။


ရွက်မပြတ်တောစိမ်းကြီး(Gaint Evergreen)။ ရွက်ပြတ်တောအပင်ငယ်များအောက်တွင်ရှိပြီး ၎င်းတို့အပေါ်တွင် ရွက်ပြတ်နှင့် ရွက်မပြတ်အပင်ကြီးများ ရောနှောပေါက်ရောက်သည်။ ကညင်၊ ရှစ်လဲ၊ တောင်သရက်၊ ကောင်းမှု၊ သစ်ခါးနှင့် သစ်ရှိုတို့ပေါက်ရောက်ပြီး တနင်္သာရီတိုင်းဒေသကြီး တောင်ပိုင်းတွင် တွေ့ရသည်။


တောစိမ်းစစ်(Typical Evergreen)။ ဤတောမျိုး၌ ရွက်မပြတ်သော အပင်ငယ်များ ထူထပ်စွာပေါက်ရောက်ပြီး အောက်မြန်မာပြည်၌ ဝါးသဗွတ်၊ ဝါးပိုးကြီး၊ ဝါးပိုး၊ ကြလိုဝါး၊ စလူဝါး၊ ကြိမ်များ ရောနှောပေါက်ရောက်သည်။ ကညင်၊ ကောင်းမှု၊ သင်ကတူနှင့် သင်္ကန်းပင်တို့ ပေါက်ရောက်တတ်သည်။ အချို့နေရာများ၌ သစ်ခါး၊ ပျဉ်းမနှင့် ပျဉ်းကတိုးပင်များ ရောနှောပေါက်ရောက်တတ်သည်။ ဤတောမျိုးကို တနင်္သာရီတိုင်းဒေသကြီးမှအပ မြန်မာပြည်အနှံ့အပြားတွင် တွေ့ရတတ်သည်။


(၂) ရွက်ပြတ်ရောနှောတော(Mixed Deciduous)

*********************************************

ဤတောမျိုးသည် ကျွန်းနှင့် ပျဉ်းကတိုးပင်များ ကောင်းစွာ ပေါက်ရောက်၍ အဖိုးအတန်ဆုံးသော တောမျိုးဖြစ်သည်။ ရွက်ပြတ်ရောနှောတောကို အောက်ပါအတိုင်း (၃)မျိုးခွဲခြားနိုင်ပါသည်။


အထက်ရွက်ပြတ်ရောနှောတောစို(Moist Upper Mixed Deciduous forest) ။ အကောင်းဆုံးကျွန်းနှင့် ပျဉ်းကတိုးတို့ အဓိကပေါက်ရောက်သည်။ ပေါက်ရောက်သော ဝါးမ်ားမွာ မြန်မာပြည်အောက်ပိုင်းတွင် ကြသောင်းဝါးနှင့် တင်းဝါး၊ မြန်မာပြည်အထက်ပိုင်းတွင် ဝါးပိုးမျက်ဆံကျယ်နှင့် ဝါးဖြူတင်းဝါး ရောနှော၍ ပေါက်သည်။ ရခိုင်ပြည်နယ်တွင် ကရင်ဝါးပေါက်ရောက်သည်။ ဤတောမျိုးသည် မြေသြဇာကောင်း၍ ရေစီးရေလာကောင်းသော အရပ်၌ ပေါက်ရောက်သည်။


အထက်ရွက်ပြတ်ရောနှောသည့်တောခြောက် (Dry Upper Mixed Deciduous forest) ။ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သစ်ယာ၊ အင်ကြင်း၊ ဖန်ခါး၊ ရှားတို့ ပေါက်ရောက်ကြသည်။ မြန်မာပြည်အထက်ပိုင်း၌ မျှင်ဝါးနှင့် သနပ်ဝါး မြောက်မြားစွာပေါက်ရောက်သည်။ မြန်မာပြည် အောက်ပိုင်း၌ သိုက်ဝါးတစ်မျိုးတည်း ပေါက်ရောက်တတ်ပြီး အချို့နေရာများ၌ ကြသောင်းဝါးနှင့် တင်းဝါးတို့ ရောနှောပေါက်ရောက်သော်လည်း တောစိုကဲ့သို့ မသန်စွမ်းပေ။ ရွက်ပြတ်ရောနှောတော၊ တောစိုနှင့် တောခြောက်တို့ကို တောင်ကုန်းများပေါ်၌သာ တွေ့ရတတ်သည်။


အောက်ရွက်ပြတ်ရောနှောသည့်တောစို (Lower Mixed Deciduous forest)။ မြေညီမြေနိမ့်များ၌ ပေါက်သည်။ မြေအမျိုးအစားမှာ သဲနှုန်းရွှံ့စေးမြေများဖြစ်သည်။ ဝါးလုံးဝမရှိခြင်း (သို့)ဝါးနည်းပါးခြင်း ကြောင့် အခြားရွက်ပြတ်တောများနှင့် ခွဲခြားရန်လွယ်ကူသည်။ သစ်ကျဉ်းတောဟု လည်းခေါ်ကြသည်။ ဤတောမျိုး၌ ကျွန်း၊ ပျဉ်းကတိုး၊ ရုံး၊ မျောက်ချော၊ ထောက်ကြံ့၊ ပျဉ်းမ၊ ရေမနေ၊ လယ္ဇ၊ ဇင်ပြွန်း၊ နှောနှင့် စစ်ပင်တို့ ပေါက်ရောက်သည်။ မြန်မာနိုင်ငံရှိ တောစိမ်းနှင့် ရွက်ပြတ်တောများတွင် တောအမျိုးအစားခွဲခြားရာ၌ ပေါက်ရောက်သော ဝါးကိုအမှီပြု၍ ခွဲခြားပါသည်။


(၃) တောခြောက် (Dry forest)

****************************

တစ်နှစ်လျှင် မိုးရေချိန် ၅၀ လက်မထက်နည်းသော အရပ်ဒေသများ၌ တွေ့ရတတ်သည်။ ဤေတာမ်ား တောကောင်းလာသောအခါ အထက်ရွက်ပြတ်ရောနှောသည့် တောခြောက်ဖြစ်လာသည်။ ဤတောမျိုးကို (၃)မျိုးခွဲခြားနိုင်သည်

သန်း၊ ဒဟတ်တော (Than, Dhaf forest)။ ခြောက်သွေ့သော ဒေသအစပ်များတွင် ပေါက်ရောက်ပြီး သန်းနှင့် ဒဟတ်ပင်များ မြောက်များစွာ ပေါက်ရောက်သည်။ အချို့နေရာများတွင် ရှားပင်များရောနှော ပေါက်ရောက်သည်။

ဆူးတော(Thorn forest)။ အလွန်ပူပြင်းခြောက်သွေ့သော ဒေသများတွင် ပေါက်ရောက်ပြီး ဆူးရှိသော အပင်များဖြစ်သည့် ရွား၊ ထနောင်း၊ ဇီး(ဆီး)၊ သနပ်ခါး၊ ဆူးဖြူတို့ပေါက်ရောက်သည်။

အောက်ချင်းစာ၊ သင်းဝင်တော(Aukehinsa, Thin Win forest) ။ မြေကြီးတွင် သံဓါတ်အလွန်များ၍ အနီရောင်ရှိသော မြေမျိုး၌ ပေါက်ရောက်သည်။ အထူးသဖြင့် ဟင်္သာတခရိုင်တွင် တွေ့ရှိရပြီး အောက်ချင်းစာ၊ သင်းဝင်နှင့် ရှားပင်တို့ ပေါက်ရောက်သည်။


(၄) တောပေါ်တောများ (Hill forest)

********************************

ရေမျက်နှာပြင် အထက်အမြင့်ပေ (၃၀၀၀)အထက်ရှိသောတောင်ပေါ်များ၌တွေ့ရသည်။ ဤတောမျိုးကို (၃) မျိုးခွဲခြားနိုင်သည်။


တောင်ပေါ်ရွက်မပြတ်တော (Hill evergreen forest)

မိုးများသော တောင်ပေါ်ဒေသများ၌ပေါက်ရောက်၍ တောစိမ်းနှင့် သဏ္႑ာန်တူသည်။ သစ်ယား၊ စကားဝါ၊ အုံတုံ၊ သစ္ခ်၊ သစ်အယ်နှင့် ညံပင်တို့ပေါက်ရောက်၍ အောက်ပေါင်းထူထပ်သည်။


တောပေါ်တောခြောက်တော (Dry Hill forest)

မိုးနည်းသော တောပေါ်ဒေသများတွင် ပေါက်ရောက်၍ သစ္ခ်၊ သစ်အယ်နှင့် လောက်ယားပင်တို့ ပေါက်ရောက်သည်။ အချို့နေရာတို့တွင် သစ်ယာနှင့် အင်ကြင်းမျာ ရောနှောပေါက်ရောက်သည်။ အောက်ပေါင်းနည်းပါးသည်။ 


ထင်းရှူးတော (Pine forest)

ထင်းရှူးပင် သီးသန့်နီးပါးမျှ ပေါက်ရောက်သော တောမျိုးဖြစ်သည်။


Credit: Forest Department



 ျမန္မာ့သဘာဝသစ္ေတာႀကီးမ်ား

******************************************

*** သစ္ေတာသယံဇာတစာရင္းေကာက္ယူျခင္းဆိုင္ရာလုပ္ထုံးလုပ္နည္းမ်ား(၂၀၁၆)




#Myanmar_Forest

#We_Love_Trees

#Environmental 

(ကမၻာေျမၾကီး စိမ္းလန္းစိုေျပေနမွ ရာသီဥတုမွန္ကန္ျပီး မိုးေလ၀သမေဖာက္ျပန္မွာပါ။ ဒါမွ လူသားအပါအ၀င္ သက္ရွိသတၱ၀ါမ်ား ေသာကကင္းကင္းေနထိုင္ႏိုင္ၾကရတာေပါ့ေနာ္။ သဘာ၀ပတ္၀န္းက်င္ကို အေႏွာင့္အယွက္မျပဳမယ့္ သစ္ပင္ေတြကို စိုက္ပ်ိဳးမိဖို႔လည္း လိုပါတယ္။ ယူကလစ္ပင္ကို သစ္ေတာတစ္ခုအသြင္စိုက္ပ်ိဳးမိလို႔ မနီးမေ၀းက ကန္ေတာ္ၾကီးဥယ်ာဥ္မွာ ေဆာင္းတြင္းၾကီးေရခမ္း၊ ျပင္ဦးလြင္တစ္ျမိဳ႕လံုး ေရရွားရသတဲ့။ ဘယ္လိုဆိုဆို ကိုယ္ေနထိုင္ရာ ျမန္မာႏိုင္ငံရဲ႕ သယံဇာတ သစ္ေတာၾကီးေတြအေၾကာင္း အနည္းငယ္သိရေအာင္ ေဆာင္းပါးတစ္ေစာင္အား ေ၀ငွလိုက္ပါတယ္။)


 ျမန္မာနိုင္ငံဧရိယာ၏ ၄၃ % ခန႔္သည့္ သဘာဝသစ္ေတာႀကီးမ်ားျဖင့္ ဖုံးအုပ္လ်က္ရွိေလသည္။ ေျမႀကီးေၾကာင့္ျဖစ္ေပၚလာေသာ ေတာႏွင့္ သဘာဝေၾကာင့္ျဖစ္ေပၚလာေသာ ေတာဟူ၍ ႏွစ္မ်ိဳးရွိေလသည္။ ၎သဘာဝေတာမ်ားကို ထပ္မံ၍ အေသးစိတ္ ေလ့လာၾကည့္ပါက ေအာက္ပါအတိုင္း ေတာအမ်ိဳးအစား (၈)မ်ိဳးကို ေတြ႕ရွိရေလသည္ 


ေျမႀကီးေၾကာင့္ျဖစ္ေပၚလာေသာေတာမ်ား (၄မ်ိဳး)

********************************************

(၁) ဒီေရေတာ (Tidal forest) 

****************************

ဆားငံေရႏွင့္ ႐ႊံ႕ေျမမ်ားေပၚ၌ ေပါက္ေရာက္သည္။ ဒီေရတက္ေသာ ျမစ္ဝကြၽန္းေပၚရွိ ေခ်ာင္းမ်ား၊ ေျမနိမ့္ေသာ ကြၽန္းမ်ားေပၚတြင္ ဒီေရျပန္က်လာေသာအခါ က်န္ရစ္ခဲ့သည့္ ႐ႊံံ့ႏြံမ်ားေပၚတြင္ သစ္ပင္မ်ား ေပါက္ေရာက္ျခင္းေၾကာင့္ ဒီေရေတာမ်ားျဖစ္ေပၚလာရသည္။ ျဗဴးေျခေထာက္၊ ျဗဴးဥတလုံး၊ မဒမ၊ လမု၊ ပင္လယ္အုန္းႏွင့္ ဓနိပင္တို႔ ေပါက္ေရာက္၍ ေရေနသတၱဝါတို႔ အဓိကေပါက္ပြားရာ ေဒသလည္းျဖစ္သည္။


(၂) ပင္လယ္သဲခုံေတာ (Beach and Dune forest)

**********************************************

ပင္လယ္ကမ္းေျခသဲခုံမ်ားႏွင့္ ေသာင္ျပင္မ်ားေပၚ၌ ျဖစ္ေပၚလာသည္။ ပင္လယ္ကဗြီးပင္မ်ား သီးသန႔္ေပါက္ေရာက္ၿပီး အခ်ိဳ႕ေသာေနရာမ်ား၌ သင္းဝင္၊ ပုန္းညက္၊ နဘဲ စေသာ သစ္မ်ိဳးမ်ား ေရာႏွောေပါက္ေရာက္သည္။


(၃) ႐ႊံ႕ႏြံေတာ (Swamp forest)

*****************************

ေရခ်ိဳဝပ္ေသာေနရာမ်ားျဖစ္ၿပီး ေခ်ာင္းမ်ား၊ အင္းအိုင္မ်ားအနီး မိုးအခါ ေရလႊမ္းသည့္ ေျမနိမ့္ေဒသမ်ား၌ ေပါက္ေရာက္သည္။ ႐ုံး၊ သဖန္း၊ ေပါက္၊ က်ီးႏွင့္ အနန္ပင္တို႔ ေပါက္ေရာက္ၿပီး ပို၍ျမင့္ေသာ အပိုင္းမ်ား၌ ကိုင္းေတာမ်ား ေပါက္ေရာက္တတ္သည္။


(၄) အင္တိုင္းေတာ (Indaing forest)

*********************************

ေက်ာက္စရစ္ေျမႏွင့္ သဲေျမတို႔အေပၚ၌ ေပါက္ေရာက္ၿပီး အင္၊ အင္ၾကင္းႏွင့္ သစ္ယာပင္တို႔ အဓိကေပါက္ေရာက္သည္။ ဤေတာအမ်ိဳးအစားကို ႏွစ္မ်ိဳးထပ္မံခြဲျခားနိုင္သည္။

အင္တိုင္းေတာျမင့္(High Indaing forest)။ ျမစ္ေခ်ာင္းမ်ားအနီးရွိ ေက်ာက္စရစ္ႏွင့္ သဲေျမမ်ားရွိေသာ ေျမျပန႔္ေဒသတို႔တြင္ ေပါက္ေရာက္သည္။ ဤေတာ၌ အင္သီးသန႔္ေပါက္တတ္ၿပီး ေအာက္ျမန္မာျပည္၌ အင္ဖိုအဓိကေပါက္ေရာက္သည္။ သစ္ယာ၊ အင္ၾကင္းတို႔ႏွင့္လည္း ေရာႏွောေပါက္တတ္သည္။


အင္တိုင္းခ်ဳံပုတ္(Scrub Indaing)။ ေျမလႊာတိမ္ေသာ ေနရာႏွင့္ အလြန္ပူေသာ ေတာင္ထိပ္မ်ားေပၚတြင္ ေပါက္ေရာက္သည္။ ေပါက္ေရာက္ပင္မ်ားမွာ အင္တိုင္းေတာျမင့္ႏွင့္တူေသာ္လည္း သစ္ယာႏွင့္ အင္ၾကင္း ပို၍ေပါက္သည္။ သို႔ေသာ္ ေပါက္ေရာက္ေသာ အပင္မ်ားမွာ သန္စြမ္းမႈနနည္းပါးသည္။


သဘာဝေၾကာင့္ျဖစ္ေပၚလာေသာေတာမ်ား(သဘာဝ(သို႔)ရာသီဥတု) (၄ မ်ိဳး) - 


(၁) ေတာစိမ္း(သို႔)အ႐ြက္မျပတ္ေတာ (Ever Green Forest)

******************************************************

အၾကမ္းအားျဖင့္ မိုးေရခ်ိန္လက္မ ၁၂၀ ေက်ာ္ေသာ ေနရာမ်ား၌ ေပါက္ေရာက္သည္။ မိုးအေတာ္အတန္မ်ား၍ ေတာင္မ်က္ႏွာ ေခ်ာက္ကမ္းပါးေဘးႏွင့္ ေအးေသာ အရပ္ေဒသမ်ား၌ ေပါက္ေရာက္သည္။ ဤေတာမ်ိဳးရွိ သစ္ပင္အမ်ိဳးအစားမ်ားသည္ တစ္ႏွစ္ပတ္လုံးအ႐ြက္မေႂကြသည္ကမ်ားသည္။ ေတာစိမ္းကို အၾကမ္းအားျဖင့္ (၃)မ်ိဳးခြဲျခားထားသည္။


ျမစ္ကမ္းေျခေတာစိမ္း(Riverine Evergreen)။ ေခ်ာင္း၊ ေျမာင္း၊ လွ်ိုႀကီးမ်ားေဘး၌ ေတြ႕ရသည္။ တနသၤာရီတိုင္းေဒသႀကီး၌ေပါမ်ားစြာ ေတြ႕ရတတ္ၿပီး သကၤန္းႏွင့္ ပ်ဥ္းမတို႔ အဓိကေပါက္ေရာက္သည္။


႐ြက္မျပတ္ေတာစိမ္းႀကီး(Gaint Evergreen)။ ႐ြက္ျပတ္ေတာအပင္ငယ္မ်ားေအာက္တြင္ရွိၿပီး ၎တို႔အေပၚတြင္ ႐ြက္ျပတ္ႏွင့္ ႐ြက္မျပတ္အပင္ႀကီးမ်ား ေရာႏွောေပါက္ေရာက္သည္။ ကညင္၊ ရွစ္လဲ၊ ေတာင္သရက္၊ ေကာင္းမႈ၊ သစ္ခါးႏွင့္ သစ္ရွိုတို႔ေပါက္ေရာက္ၿပီး တနသၤာရီတိုင္းေဒသႀကီး ေတာင္ပိုင္းတြင္ ေတြ႕ရသည္။


ေတာစိမ္းစစ္(Typical Evergreen)။ ဤေတာမ်ိဳး၌ ႐ြက္မျပတ္ေသာ အပင္ငယ္မ်ား ထူထပ္စြာေပါက္ေရာက္ၿပီး ေအာက္ျမန္မာျပည္၌ ဝါးသဗြတ္၊ ဝါးပိုးႀကီး၊ ဝါးပိုး၊ ၾကလိုဝါး၊ စလူဝါး၊ ႀကိမ္မ်ား ေရာႏွောေပါက္ေရာက္သည္။ ကညင္၊ ေကာင္းမႈ၊ သင္ကတူႏွင့္ သကၤန္းပင္တို႔ ေပါက္ေရာက္တတ္သည္။ အခ်ိဳ႕ေနရာမ်ား၌ သစ္ခါး၊ ပ်ဥ္းမႏွင့္ ပ်ဥ္းကတိုးပင္မ်ား ေရာႏွောေပါက္ေရာက္တတ္သည္။ ဤေတာမ်ိဳးကို တနသၤာရီတိုင္းေဒသႀကီးမွအပ ျမန္မာျပည္အႏွံ႕အျပားတြင္ ေတြ႕ရတတ္သည္။


(၂) ႐ြက္ျပတ္ေရာေႏွာေတာ(Mixed Deciduous)

*********************************************

ဤေတာမ်ိဳးသည္ ကြၽန္းႏွင့္ ပ်ဥ္းကတိုးပင္မ်ား ေကာင္းစြာ ေပါက္ေရာက္၍ အဖိုးအတန္ဆုံးေသာ ေတာမ်ိဳးျဖစ္သည္။ ႐ြက္ျပတ္ေရာေႏွာေတာကို ေအာက္ပါအတိုင္း (၃)မ်ိဳးခြဲျခားနိုင္ပါသည္။


အထက္႐ြက္ျပတ္ေရာေႏွာေတာစို(Moist Upper Mixed Deciduous forest) ။ အေကာင္းဆုံးကြၽန္းႏွင့္ ပ်ဥ္းကတိုးတို႔ အဓိကေပါက္ေရာက္သည္။ ေပါက္ေရာက္ေသာ ဝါးမ်ားမွာ ျမန္မာျပည္ေအာက္ပိုင္းတြင္ ၾကေသာင္းဝါးႏွင့္ တင္းဝါး၊ ျမန္မာျပည္အထက္ပိုင္းတြင္ ဝါးပိုးမ်က္ဆံက်ယ္ႏွင့္ ဝါးျဖဴတင္းဝါး ေရာႏွော၍ ေပါက္သည္။ ရခိုင္ျပည္နယ္တြင္ ကရင္ဝါးေပါက္ေရာက္သည္။ ဤေတာမ်ိဳးသည္ ေျမၾသဇာေကာင္း၍ ေရစီးေရလာေကာင္းေသာ အရပ္၌ ေပါက္ေရာက္သည္။


အထက္႐ြက္ျပတ္ေရာေႏွာသည့္ေတာေျခာက္ (Dry Upper Mixed Deciduous forest) ။ ကြၽန္း၊ ပ်ဥ္းကတိုး၊ ပိေတာက္၊ သစ္ယာ၊ အင္ၾကင္း၊ ဖန္ခါး၊ ရွားတို႔ ေပါက္ေရာက္ၾကသည္။ ျမန္မာျပည္အထက္ပိုင္း၌ မွ်င္ဝါးႏွင့္ သနပ္ဝါး ေျမာက္ျမားစြာေပါက္ေရာက္သည္။ ျမန္မာျပည္ ေအာက္ပိုင္း၌ သိုက္ဝါးတစ္မ်ိဳးတည္း ေပါက္ေရာက္တတ္ၿပီး အခ်ိဳ႕ေနရာမ်ား၌ ၾကေသာင္းဝါးႏွင့္ တင္းဝါးတို႔ ေရာႏွောေပါက္ေရာက္ေသာ္လည္း ေတာစိုကဲ့သို႔ မသန္စြမ္းေပ။ ႐ြက္ျပတ္ေရာႏွောေတာ၊ ေတာစိုႏွင့္ ေတာေျခာက္တို႔ကို ေတာင္ကုန္းမ်ားေပၚ၌သာ ေတြ႕ရတတ္သည္။


ေအာက္႐ြက္ျပတ္ေရာေႏွာသည့္ေတာစို (Lower Mixed Deciduous forest)။ ေျမညီေျမနိမ့္မ်ား၌ ေပါက္သည္။ ေျမအမ်ိဳးအစားမွာ သဲႏႈန္း႐ႊံ႕ေစးေျမမ်ားျဖစ္သည္။ ဝါးလုံးဝမရွိျခင္း (သို႔)ဝါးနည္းပါးျခင္း ေၾကာင့္ အျခား႐ြက္ျပတ္ေတာမ်ားႏွင့္ ခြဲျခားရန္လြယ္ကူသည္။ သစ္က်ဥ္းေတာဟု လည္းေခၚၾကသည္။ ဤေတာမ်ိဳး၌ ကြၽန္း၊ ပ်ဥ္းကတိုး၊ ႐ုံး၊ ေမ်ာက္ေခ်ာ၊ ေထာက္ႀကံ့၊ ပ်ဥ္းမ၊ ေရမေန၊ လယ္ဇ၊ ဇင္ႁပြန္း၊ ေႏွာႏွင့္ စစ္ပင္တို႔ ေပါက္ေရာက္သည္။ ျမန္မာနိုင္ငံရွိ ေတာစိမ္းႏွင့္ ႐ြက္ျပတ္ေတာမ်ားတြင္ ေတာအမ်ိဳးအစားခြဲျခားရာ၌ ေပါက္ေရာက္ေသာ ဝါးကိုအမွီျပဳ၍ ခြဲျခားပါသည္။


(၃) ေတာေျခာက္ (Dry forest)

****************************

တစ္ႏွစ္လွ်င္ မိုးေရခ်ိန္ ၅၀ လက္မထက္နည္းေသာ အရပ္ေဒသမ်ား၌ ေတြ႕ရတတ္သည္။ ဤေတာမ်ား ေတာေကာင္းလာေသာအခါ အထက္႐ြက္ျပတ္ေရာႏွောသည့္ ေတာေျခာက္ျဖစ္လာသည္။ ဤေတာမ်ိဳးကို (၃)မ်ိဳးခြဲျခားနိုင္သည္

သန္း၊ ဒဟတ္ေတာ (Than, Dhaf forest)။ ေျခာက္ေသြ႕ေသာ ေဒသအစပ္မ်ားတြင္ ေပါက္ေရာက္ၿပီး သန္းႏွင့္ ဒဟတ္ပင္မ်ား ေျမာက္မ်ားစြာ ေပါက္ေရာက္သည္။ အခ်ိဳ႕ေနရာမ်ားတြင္ ရွားပင္မ်ားေရာႏွော ေပါက္ေရာက္သည္။

ဆူးေတာ(Thorn forest)။ အလြန္ပူျပင္းေျခာက္ေသြ႕ေသာ ေဒသမ်ားတြင္ ေပါက္ေရာက္ၿပီး ဆူးရွိေသာ အပင္မ်ားျဖစ္သည့္ ရွား၊ ထေနာင္း၊ ဇီး(ဆီး)၊ သနပ္ခါး၊ ဆူးျဖဴတို႔ေပါက္ေရာက္သည္။

ေအာက္ခ်င္းစာ၊ သင္းဝင္ေတာ(Aukehinsa, Thin Win forest) ။ ေျမႀကီးတြင္ သံဓါတ္အလြန္မ်ား၍ အနီေရာင္ရွိေသာ ေျမမ်ိဳး၌ ေပါက္ေရာက္သည္။ အထူးသျဖင့္ ဟသၤာတခရိုင္တြင္ ေတြ႕ရွိရၿပီး ေအာက္ခ်င္းစာ၊ သင္းဝင္ႏွင့္ ရွားပင္တို႔ ေပါက္ေရာက္သည္။


(၄) ေတာေပၚေတာမ်ား (Hill forest)

********************************

ေရမ်က္ႏွာျပင္ အထက္အျမင့္ေပ (၃၀၀၀)အထက္ရွိေသာေတာင္ေပၚမ်ား၌ေတြ႕ရသည္။ ဤေတာမ်ိဳးကို (၃) မ်ိဳးခြဲျခားနိုင္သည္။


ေတာင္ေပၚ႐ြက္မျပတ္ေတာ (Hill evergreen forest)

မိုးမ်ားေသာ ေတာင္ေပၚေဒသမ်ား၌ေပါက္ေရာက္၍ ေတာစိမ္းႏွင့္ သ႑ာန္တူသည္။ သစ္ယား၊ စကားဝါ၊ အုံတုံ၊ သစ္ခ်၊ သစ္အယ္ႏွင့္ ညံပင္တို႔ေပါက္ေရာက္၍ ေအာက္ေပါင္းထူထပ္သည္။


ေတာေပၚေတာေျခာက္ေတာ (Dry Hill forest)

မိုးနည္းေသာ ေတာေပၚေဒသမ်ားတြင္ ေပါက္ေရာက္၍ သစ္ခ်၊ သစ္အယ္ႏွင့္ ေလာက္ယားပင္တို႔ ေပါက္ေရာက္သည္။ အခ်ိဳ႕ေနရာတို႔တြင္ သစ္ယာႏွင့္ အင္ၾကင္းမ်ာ ေရာႏွောေပါက္ေရာက္သည္။ ေအာက္ေပါင္းနည္းပါးသည္။ 


ထင္းရႉးေတာ (Pine forest)

ထင္းရႉးပင္ သီးသန႔္နီးပါးမွ် ေပါက္ေရာက္ေသာ ေတာမ်ိဳးျဖစ္သည္။


Credit: Forest Department


No comments: