Friday, May 29, 2015

စစ်အုပ်စုနှင့် စစ်တပ်က မပြင်ချင်သော ၂ဝဝ၈ ဖွဲ့စည်းပုံ



လက်ရှိနိုင်ငံရေး အခြေအနေမှာ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး၊ မီဒီယာဥပဒေ အမြန်ဆုံး အကောင်အထည်ဖော်ရေး၊ ပုဒ်မ ၁၈ ဖျက်သိမ်းပေးရေး စသော ပြဿနာများထက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်ရေးဆွဲရေးမှာ ထိပ်တန်းပြဿနာ ဖြစ်လာလေသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အသစ်ပြန်လည်ရေးဆွဲကြမလား။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှ ဒီမိုကရေစီ စံချိန်စံနှုန်းများဖြင့် မကိုက်ညီသော စစ်အာဏာရှင်စနစ်ကို အထောက်အကူပြုသော ဥပဒေများကို ပြင်ဆင် ရေးဆွဲကြမလား ဆိုသည်ကို အလေးအနက်ထား စဉ်းစားဖို့ လိုလာသည်။

ကျနော့်အနေနှင့်မူ ဖြစ်နိုင်လျှင် ၂ဝဝ၈ ဖွဲ့စည်းပုံကို လုံးဝဖျက်သိမ်းပြီး ပြည်ထောင်စု မြန်မာ နိုင်ငံတော်၏ ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့် ကိုက်ညီသော ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ရေးဆွဲဖို့ လိုလားပါ သည်။ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးမရခင် ကိုလိုနီအရိပ်အောက် ဗြိတိသျှနယ်ချဲ့သမား လက်ထက်ကရေးဆွဲသော ၁၉၄၇ ခုနှစ်အခြေခံဥပဒေသာလျှင် ဒီမိုကရေစီများ ယေဘုယျပါရှိသည်ဟု ဆိုနိုင်သော်လည်း အပြည့်အဝ ကိုက်ညီသည်ဟု မဆိုနိုင်ပေ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီသမိုင်းမှာ အလွန်ကြေကွဲဖွယ် ကောင်းလေသည်။ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၃ ကြိမ် ၃ ခါ ရေးဆွဲခဲ့ပြီး ပြည်သူလူထုဘက်မှ ရပ်တည်သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေမရှိခဲ့ပေ။ ပထမ တစ်ခုက လွတ်လပ်ရေး ရခါနီး၌ ရေးဆွဲသော ဖွဲ့စည်းပုံဖြစ်လေသည်။ ဒုတိယတစ်ခုမှာ ၁၉၇၄ ခုနှစ် မဆလ တစ်ပါတီ အာဏာရှင်စနစ်ကို အကျိုးပြုသော ဖွဲ့စည်းပုံ ဥပဒေဖြစ်ကာ ပြည်သူလူထု အတွက် (လုံးဝ) အကျိုးမရှိသော၊ မောင်းတင်ထားသော ပြောင်းဝထိပ်တွင် မဲပေးခဲ့ရခြင်း ဖြစ်၏။ မဲပေးစဉ်က မဲ လည်းဖြူရမည်။ ဖြူလည်းဖြူရမည်ဟု အာဏာရှင် ဗိုလ်နေဝင်း ညွှန်ကြားခဲ့သည်။ ထိုစဉ်က အမဲထည့်သူများမှာ အဖြူများဖြစ်ကုန်ကြသည်။ ဆန္ဒမဲ တစ်ပြားယူကာ အဖြူပုံး၊ အမဲပုံးထည့်ရခြင်း ဖြစ်ပါသည်။ ၁၉၇၄ ဖွဲ့စည်းပုံမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို ယုံကြည်ရမည်ဆိုသော နဖူးစည်းအောက်၌ မိမိတို့သဘောဆန္ဒများက ဆိုရှယ်လစ်စနစ်ကို မထိပါးရဆိုသော ကန့်သတ်ချုပ်ချယ်မှုအောက်တွင် မဲပေးရခြင်းဖြစ်သည်။ ထို့ကြောင့် ၇၄ ဖွဲ့စည်းပုံ ဥပဒေကို ပြည်သူများသည် ၁၄ နှစ်ကြာအောင် သွေးအလိမ့်လိမ့်၊ ဒဏ်ရာအများအပြားနှင့် ပခုံးပေါ်ထမ်းကာ ဖြတ်သန်းခဲ့ရသည်။

တတိယအကြိမ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စစ်အာဏာရှင်စနစ်အောက်၌ပင် အပြန်ပြန် အလှန်လှန် စေ့စေ့စပ်စပ် ရေးဆွဲခဲ့သော စစ်တပ်အကျိုးပြုဖွဲ့စည်းပုံ ဖြစ်ပါသည်။ ထိုဖွဲ့စည်းပုံသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်သည်ဟုမည်မျှပင်ပြောပြော ထိုသူသည် ဒီမိုကရေစီ အာပတ်သင့်သွားပေမည်။ အမှားကို အမှန်လုပ်ပြောခြင်းလည်း ဖြစ်ပါသည်။ ထိုဥပဒေသည် ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့် မကိုက်ညီကြောင်း အခိုင် အမာပြောလျှင် မည်သူငြင်းနိုင်ပါမလဲ။

ယနေ့ကာလတွင် အားနည်းချက်အတော်များများရှိသော်လည်း အစိုးရသစ်မှာ ဈေးကွက်စီးပွား ရေး စနစ်နှင့် ဒီမိုကရေစီလမ်းကြောင်းကို အကန့်အသတ်နှင့် လျှောက်နေသည်ကိုကား ငြင်း၍မရပေ။ အာဏာရပါတီ ပြည်ခိုင်ဖြိုးကမူ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ရေးအတွက် ကော်မတီကိုပင်ဖွဲ့ကာ လက်ခံထားသည်ကို တွေ့ရသည် ထို့ကြောင့် ဖွဲ့စည်းပုံပြင်ရေးမှာ ယနေ့ကာလ၏ တောင်းဆိုချက် ဖြစ်လာသည်။ ထိုသို့ ဖြစ်လာသည်ကိုလည်း နိုင်ငံရေးပါတီ အသီးသီးက လက်ခံသောကြောင့် ဖြစ်သည်။ အစိုးရက ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ရေးကို တိမ်းညွှတ်လာ၍လည်း ဖြစ်သည်ဟု ဆိုရပေမည်။

ကျနော်၏ မူလသဘောထားမှာ ဖွဲ့စည်းပုံ အသစ်ပြန်ရေးဆွဲရေးဖြစ်ပါသည်။ သို့သော် ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ အသစ်ပြင်ရေးဆွဲရေးမှာ လွယ်လှသည်မဟုတ်ပေ။ ထိုသို့ မလွယ်ကူရသည်များကို ထောက်ပြရမည်ဆိုလျှင် –
(၁) ဖွဲ့စည်းပုံအသစ် ရေးဆွဲရေးကို တပ်မတော်က လုံးဝ ထောက်ခံမည်မဟုတ်။
(၂) ဦးသိန်းစိန် အစိုးရနှင့် ပြည်ခိုင်ဖြိုးပါတီကလည်း အသစ်ရေးဆွဲရေးကို တင်းတင်းမာမာ ပြတ်ပြတ်သားသား မဟုတ်သည့်တိုင် ယခုအခြေအနေ၌ လက်ခံမည်မဟုတ်။
(၃) တိုင်းရင်းသားပါတီများနှင့် အတိုက်အခံ နိုင်ငံရေးပါတီအားလုံးက အသစ်ပြန်လည် ရေးဆွဲရေးကို လက်ခံနိုင် သည်ဖြစ်သော်လည်း ယခုကာလ၏ ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီချက် ရယူရေးမူအရ ဖွဲ့စည်းပုံအသစ် ပြန်ရေးဆွဲရေးမှာ အလားအလာ နည်းလွန်းလှလေသည်။ အဘယ်ကြောင့်ဆိုသော် အာဏာအပေါ်စီးတွင် ရှိနေသော အဖွဲ့အစည်း ၃ ခုက လက်မခံသောကြောင့် ဖြစ်လေသည်။

ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် ရေးဆွဲရေးမှာ ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်ခင်တွင် အလားအလာနည်းပါးလွန်းလှ၏။ ထိုသို့ဆိုလျှင် ဖွဲ့စည်းပုံအသစ်ရေးဆွဲဖို့အတွက် NLD ပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ပြည်သူများက လက်ခံကြသော်လည်း မဖြစ်မနေ ပြန်အသစ်ရေးဆွဲအောင် မည်ကဲ့သို့ ပြုလုပ်ကြမလဲ။ NLD နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများက အောက်တိုဘာလအတွင်း အသစ်ရေးဆွဲမလား။ ပြင်ဆင်မလားဆိုသည်ကို သဘောထား ကောက်ခံကြမည်။ ထိုအတွက်လည်း ပြင်ဆင်နေပါသည်။ ထိုသို့ ဆန္ဒသဘောထား ကောက်ခံမည်ဆိုလျှင် –
(၁) ၇၄ ဖွဲ့စည်းပုံ ရေးဆွဲစဉ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံရေးဆွဲစဉ်က အာဏာရအစိုးရက အချိန်ယူပြီး ဆန္ဒသဘောထား ကောက်ခံသလို ယခုလည်း ထိုသို့ လုပ်ဆောင်နိုင်ပါ့မလား။ ထိုသို့ ပြည်သူလူထုတစ်ရပ်လုံး၏ သဘောထားဆန္ဒ ရယူရေးမှာ ငွေကြေးကုန်ကျများမည်ဖြစ်သလို ကျယ်ပြန့်သော အုပ်ချုပ်ရေးရှိမှသာလျှင် ဖြစ်ပေမည်။ ယခု အောက်တိုဘာလတွင် နိုင်ငံရေးပါတီများ ကောက်ခံမည့် ဆန္ဒသဘောထားကို ပြည်သူမည်မျှများများ (ဆန္ဒမဲ ပေးနိုင်သူ အချိုး၏ တစ်ဝက်ကျော်) ၏ သဘောထားကို ရနိုင်၊ မရနိုင်မှာ မသေချာလှပေ။
(၂) ထိုဆန္ဒသဘောထားကောက်ခံမှုကို လက်ရှိ အစိုးရက အကူအညီပေးနိုင်ပါ့မလား။ ထိုကဲ့သို့ ဖွဲ့စည်းပုံ အသစ် ရေးဆွဲရေးအတွက် အစိုးရက လက်ခံသဘောတူပါ့မလား။
(၃) သမ္မတ ဦးသိန်းစိန်ကရော၊ ပြည်ခိုင်ဖြိုးပါတီ၊ တစညပါတီတို့ကပါ ၂ဝဝ၈ ဖွဲ့စည်းပုံသည် ပြည်သူလူထု အများစု သဘောတူထောက်ခံထားသော ဖွဲ့စည်းပုံဖြစ်သည်ဟု တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိ ကြေညာထားပြီး ဖြစ် ၍ အသစ်ပြန်လည်ရေးဆွဲရန် ပြည်သူလူထု၏ သဘောထားဆန္ဒကောက်ခံရေးကို လက်ခံလိုက်မည် မဟုတ်ပေ။
(၄) ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ပြန်လည်ရေးဆွဲခွင့်ကို အစိုးရက ခွင့်မပြုဘူး ဆိုလျှင် တိုင်းရင်းသားပါတီများ၊ အတိုက်အခံ နိုင်ငံရေးပါတီများက မည်ကဲ့သို့ ဆောင်ရွက်ကြမလဲ။ အာဏာမရှိသော ပြည်သူ အကျိုးစီးပွားအတွက် ရပ်တည်သော ပါတီများအဖို့ ပြည်သူသဘောထားဆန္ဒအတိုင်း တိုက်ပွဲဝင်ဖို့သာ ရှိပေမည်။ ထိုသို့ တိုက်ပွဲဝင်လျှင် လမ်းပေါ်ထွက် ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်းများသာရှိပေမည်။ ထိုသို့ အခြေအနေမျိုးကို ပြည်သူများနှင့် အတိုက်အခံများက အဆင်သင့် ရှိနေပြီလား။

ထိုအခြေအနေနှင့် ထိုအချက်အလက်အားလုံးကို အသေအချာသုံးသပ် တွက်ချက်ကြည့်လျှင် ဖွဲ့စည်းပုံအသစ် ရေးဆွဲရေးမှာ ဖြစ်နိုင်ချေနည်းပြီး အလားအလာလည်း မကောင်းလှပေ။ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲဖို့သာ အလားအလာကောင်းနေသည်ကို တွေ့ရှိရပါသည်။

 
မိမိဆန္ဒအတိုင်းအသစ်ရေးဆွဲရေး အခြေအနေမပေးသဖြင့် ပြင်ဆင်ရေးကိုသာ ကျနော်တို့ အလေးထားသုံးသပ်ရပေမည်။ ဖြစ်နိုင်ချေအရှိဆုံးမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဖြစ်ပါသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ၏ အားနည်းချက်များ၊ နိုင်ငံတကာ အထူးသဖြင့် အမေရိကန်နှင့် အနောက်နိုင်ငံများက ဒီမိုကရေစီစံချိန်စံနှုန်းများဖြင့် မကိုက်ညီသည်ကို ပြည်ခိုင်ဖြိုးပါတီ၊ တစညပါတီတို့က ရိပ်မိကြသည်။ ဒီမိုကရေစီမကျသော တပ်မတော် သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ခြင်းကပင် ဒီမိုကရေစီမကျပေ။ ထိုအခြေအနေများနှင့်ပါရှိနေသော ဥပဒေပုဒ်မ များက နိုင်ငံတကာနှင့် ဆက်ဆံရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး တို့အတွက် အဟန့်အတားဖြစ်နေသည်။ လေးလေးနက်နက် ယုံကြည်လက်ခံကြလျှင် ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အလားအလာကောင်းပါသည်။ တပ်မတော်သား ကိုယ်စားလှယ်များကို မိမိတို့ စိတ်ဆန္ဒအရ ချက်ချင်းဖယ်ရှား၍မရပေ။ သမ္မတကို နိုင်ငံတော်၏ ထိပ် ဆုံး၊ စစ်ဦးစီးချုပ်ကို ချုပ်ကိုင်နိုင်သော နေရာတွင် ထားရန်မှာ ဖြစ်နိုင်ပါသည်။ စစ်တပ်က အချိန်မရွေး အာဏာ သိမ်းခွင့်ရှိသည်ဆိုသော ဥပဒေ ပယ်ဖျက်ဖို့မှာလည်း ဖြစ်နိုင်ပါသည်။ (အဘယ်ကြောင့်ဆိုသော် ဤဥပဒေသတ် မှတ်ချက် မရှိသည့်တိုင် တပ်မတော်က လူအင်အား၊ လက်နက်အင်အား ကောင်းသောကြောင့် လူမြင်မကောင်း သူမြင်မကောင်း ဥပဒေထဲ မထည့်ပဲ အာဏာသိမ်းနိုင်သည် မဟုတ်ပါလော။ ၇၄ ဖွဲ့စည်းပုံတွင် တပ်မတော်က လိုအပ်လျှင် အာဏာသိမ်းနိုင်သည်ဟု ဥပဒေမပါရှိ။ သို့သော် ၈၈ တွင် ဗိုလ်ချုပ်ကြီးစောမောင်က အာဏာသိမ်း လိုက်သည် မဟုတ်ပါလော) ထိုဥပဒေကို ၂ဝဝ၈ ဖွဲ့စည်းပုံမှ ပယ်မည်ဆိုလျှင်လည်း ပယ်လို့ရပါသည်။

NLD ပါတီ သို့မဟုတ် ပြည်ခိုင်ဖြိုးပါတီ၊ အစိုးရတို့ ထိပ်တိုက်တွေ့နိုင်သည်မှာ သမ္မတအရည် အချင်း ကန့်သတ်ချက်မှာပြည်ခိုင်ဖြိုး၊ တစည၊ NDF စသည့်ပါတီများက လူတစ်ဦး တစ်ယောက်အတွက် ဖွဲ့စည်း ပုံကို ပြင်ရန် မလိုဟု ကြေညာထားကြသည်။ ထိုကန့်သတ်ချက် ဥပဒေသည် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေး ဆွဲထားခြင်းဖြစ်သည်ဟုလည်း ဗိုလ်ချုပ်ကို အကာအကွယ်ယူကာ ပြောနေကြသည်။ ထို ဥပဒေရေးဆွဲစဉ်က ဒေါ်အောင်ဆန်းစုကြည် အာဏာရဖို့ကို မနာလို မရှုစိမ့်သော စစ်အာဏာရှင်များက တမင်ရေးဆွဲထားခြင်း ဖြစ် လေသည်။ (ဟုတ်မဟုတ်ကို သစ္စာရေသောက်၍ သစ္စာအဆူးခံရဲလျှင် ပြော၍ရပါသည်) ထိုဥပဒေသည် အမျိုး သားရေးကို အလေးထားသော မျိုးချစ်ဥပဒေမျိုးဖြစ်သည်ဟု အကြောင်းပြကာ ကာကွယ်၍ ရပါသည်။ သို့သော် သဘာဝမကျလှပါ။ အိန္ဒိယလို ဒီမိုကရေစီအရှိဆုံးနှင့် အမျိုးသားရေး စိတ်ဓာတ် အားအကောင်းဆုံးသော နိုင်ငံတွင် ဝန်ကြီးချုပ်ကသားဖြစ်သူက နိုင်ငံခြားသူကို ယူလာ၍ အဟန့်အတားမဖြစ်ပေ။ နောက်ဆက်ခံသူ ဝန်ကြီးချုပ်၏ မိန်းမဖြစ်သူက အီတလီသူစစ်စစ် (နိုင်ငံခြားသားဖြစ်သည်) သမီးနှင့် သားကလည်း နိုင်ငံခြားသွေးပါနေကြ၏။ ဥပဒေက ကန့်သတ်ပိတ်ပင်မှုမရှိခဲ့။ နိုင်ငံဥသျှောင်တာဝန်ကို ယူခဲ့ပါသည်။ ဤသို့ဆိုလျှင် ဒေါ်အောင်ဆန်းစု ကြည်ရော ဘာကြောင့် သမ္မတ မဖြစ်ရမှာလဲ။

၂ဝ၁၅ ရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်းများ အပြည့်အဝမရသည့်တိုင် ဒီမိုကရေစီ စံနှုန်း ရာခိုင်နှုန်း အများအပြားပါသော ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲရပေမည်။ ထိုထဲတွင် သမ္မတ အရည်အချင်း ကန့်သတ်မှုလည်းပါသည်။ အမျိုးသားရေးစိတ်ဓာတ်များကို လျော့၍ တိုင်းပြည် တိုးတက်မှု၊ ပြည်သူများ၏ ထောက်ခံမှုကို သုံးသပ်ကာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတွက် ပြင်ဆင်သင့်ပါသည်။ တပ်မတော် ကိုယ်စားလှယ် ရာခိုင်နှုန်းကိုလည်း အထိုက်အလျောက် လျော့ချသင့်၏။

၂ဝ၁၅ ရွေးကောက်ပွဲတွင် ကုလသမဂ္ဂ၏ အကူအညီနှင့် ကွပ်ကဲမှု၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ စောင့်ကြပ်မှုအောက်တွင် ကျင်းပသင့်သည်။ သို့ သော် ၂ဝဝ၈ ဖွဲ့စည်းပုံကို မပြင်ပဲ စောင့်ကြပ်ကွပ်ကဲမှုအောက်တွင် ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။ အားလုံးအတွက် အဆင်ပြေချောမွေ့နိုင်သည်မှာ ဖွဲ့စည်းပုံအသစ်ရေးဆွဲရေး မဟုတ်ပဲ ပြင်ဆင်ရေးသာလျှင် အလျှော်ကန်ဆုံး ဖြစ်ပေလိမ့်မည်။ ထိုကိစ္စကို ချင့်ချင့်ချိန်ချိန် စဉ်းစားသုံးသပ်ကာ တိုင်းရင်းသား ပါတီအားလုံး၊ အဖွဲ့အစည်းအားလုံး၊ နိုင်ငံရေးပါတီအားလုံးက ပြည်သူလူထု၏ဆန္ဒနှင့် ကိုက်ညီအောင် ညှိနှိုင်းကာ ရွေးချယ်ကြရပေလိမ့်မည်။

 By ဒီဗွီဘီ
http://burmese.dvb.no

Wednesday, May 27, 2015

MLM ဋီကာ (သို့မဟုတ်) ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခြင်း




ပိရမစ်ရောင်းချမှု အစီအစဉ် ရေရှည်တွင် မထိန်းသိမ်းနိုင် ပုံကို ပုံတွင် ပြသထားသည်။

ညခင်းပိုင်းအိမ်တွင် နားနားနေနေ တီဗီကြည့်နေခိုက် သင့်အလုပ်ထဲမှ မိတ်ဆွေတစ်ဦးက ကောင်းမွန်သပ်ရပ်စွာ
ထုပ်ပိုးထားသည့် ဆေးဝါးများ၊ အလှကုန်များပါဝင်သည့် အိတ်တစ်လုံးကိုဆွဲကာ သင့်ထံသို့အရောက်လာပြီး ‘‘ဒီ
ပစ္စည်းတွေက အရမ်းကောင်းတယ်။ ကိုယ်တွေ့နော်။ ဒါလေးသုံးကြည့်ပါဦး။ လစဉ်အပိုငွေရချင်ရင် ဒီမှာ မန်ဘာ
ဝင်လိုက်ပါလား။ လက်ရှိအလုပ်အကိုင်လည်းမပျက်ဘူး။ မန်ဘာဝင်အသစ်ရှာနိုင်ရင် သူတို့ဆီကနေ ကော်မရှင်
လည်း လတိုင်းပုံမှန်ရမယ်။ အချိန်တိုတိုအတွင်း ကိုယ့်ကြိုးစားမှုပေါ်မူတည်ပြီး သိန်းဂဏန်းဝင်ငွေကို အေးအေး
ဆေးဆေးထိုင်ယူရုံပဲ။ ကဲ..ဒီလောက်ကောင်းတဲ့ စီးပွားရေးမြန်မာပြည်မှာရှိသေးလား’’ဟု ပြောဆိုစည်းရုံးနေသံ
များ၊ ပြောဆိုစည်းရုံးနေသူများကို သင့်အနေဖြင့် ကြုံဖူး၊ ကြားဖူးပါလိမ့်မည်။ အကယ်၍ စာဖတ်သူအနေဖြင့် သူ
တို့ပြောနေသည်မှာ ဘာလုပ်ငန်းလဲ၊ ဘယ်လို လုပ်ရတာလဲ တကယ်ကောဟုတ်ရဲ့လားဟု သင် သံသယ ၀င်မိ
လျှင်တော့ ဤဆောင်းပါးကို အဆုံးထိဖတ်ဖို့ လိုလာပါပြီ။ ဤလုပ်ငန်း၏ အမည်နာမ မျိုးစုံပါသည်။

လူသိ အများဆုံး နာမည် များကို ပြောရမည် ဆိုလျှင်တော့ အချိန်တို အတွင်း သူဌေး ဖြစ်သည့် လုပ်ငန်း (၀ါ)
Pyramid Scheme (၀ါ) ဆင့်ပွားစီးပွားရေးစနစ် (၀ါ) Multi-Level Marketing စနစ်ဟု ခေါ်ဆိုကြပါသည်။

ယင်းစနစ်ဖြင့် စည်းရုံးရေးဆင်းလေ့ရှိသူများ အများဆုံးဆွဲဆောင်သည့်အချက်မှာ မန်ဘာဝင်မည့်သူအနေဖြင့်
ကုမ္ပဏီထုတ်ဆေးဝါးများ၊ အလှကုန်များကို ကိုယ်တိုင်သုံးစွဲနိုင်သကဲ့သို့ အခြားသူများအား တစ်ဆင့်ပြန်လည်
ရောင်းချခြင်းဖြင့် ကော်မရှင် ရရှိမည်ဖြစ်ကြောင်း၊ မန်ဘာဝင် အသစ်များ ရှာဖွေနိုင်ပါက လစဉ်မည်သည့်လုပ်
ငန်းမှ လုပ်စရာမလိုဘဲ မိမိ ရှာဖွေ ထားသည့် မန်ဘာဝင်များ ၀ယ်ယူသည့် ပမာဏ အလိုက် လစဉ်အမြတ်ငွေ
ထိုင်ယူနေရမည် ဖြစ်သည့် အတွက် အကျိုးအမြတ် လွန်စွာ များသည့် စီးပွားရေးလုပ်ငန်းဖြစ်ကြောင်း ပြောဆို
စည်းရုံးကြခြင်း ဖြစ်သည်။

မန်ဘာဝင်ရန်အတွက် စာရွက်စာတမ်းကြေး တစ်သောင်း၊ တစ်သောင်းခွဲဝန်းကျင် ကုန်ကျပြီး မန်ဘာများကို
လည်း Level များ ခွဲခြားထားသည်။ ပထမတန်းမန်ဘာဖြစ်ရန်အတွက် ယင်းကုမ္ပဏီထုတ်ကုန်စည်များအား
ဆယ်သိန်းဖိုး အနည်းဆုံး ၀ယ်ရန် လိုအပ်ပြီး ဒုတိယ တန်းစား မန်ဘာ အတွက်မူ သုံးသိန်းခွဲမှ လေးသိန်းဝန်း
ကျင်ဝယ်ရန် လိုအပ်ပေသည်။ တတိယတန်းစားမန်ဘာအတွက်မူ တစ်သိန်းခွဲမှ နှစ်သိန်းဖိုးဝန်းကျင်ဝယ်ရန်
လိုအပ်ကြောင်း အကြမ်းဖျင်း သတ်မှတ် ထားသည်။ ထိုကဲ့သို့ အဆင့် အတန်းဖြင့် ခွဲခြား သကဲ့သို့ အမှတ်ဖြင့်
လည်း သတ်မှတ် သည်များ ရှိပေသည်။ သို့သော်လည်း တူညီသည့် အချက်မှာ မန်ဘာဝင်ရန် အတွက် သင့်
အနေဖြင့် အနိမ့်ဆုံးငွေ သိန်းဂဏန်း စတင်အသုံးပြုရမည် ဖြစ်ပြီး ကုမ္ပဏီဘက်ကမူ အဆိုပါငွေကို အချိန်တို
အတွင်း ပြန်ရ ရှိမည်ဖြစ်ပြီး လစဉ်အမြတ်ငွေမှာလည်း သင့်အရင်းငွေနီးပါးရရှိမည်ဖြစ်ကြောင်း မက်လုံးတွင်
တွင်ပြော၍ စည်းရုံးလေ့ရှိသည်။ ၎င်းတို့ပစ်မှတ်ထားလေ့ရှိသူများမှာလူလတ်တန်းစားအိမ်ထောင်ရှင်မများ၊ အစိုးရ၀န်ထမ်းအမျိုးသမီးများ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အဆိုပါကုမ္ပဏီများ ထုတ်လုပ်ရောင်းချ
သည့် ကုန်စည်များမှာ အမျိုးသမီးထု အကြား ရေပန်းစားသော ပိန်ဆေး၊ အဆီချဆေး၊ အသားအရေလိမ်း
ဆေး၊ အားဖြည့်ဆေး စသည့် ဆေးဝါးများ၊ အလှကုန်စည် များသာ ဖြစ်ပါသည်။ ထို့အတူ သက်ကြီးပိုင်းအိမ်
ထောင်ရှင်များအတွက် ကာမအားတိုးဆေး စသည့်အထူးဆေးဝါးများကိုလည်း လက်သိပ်ထိုးရောင်းချလေ့
ရှိပြီး ကုန်စည်တစ်ခုလျှင် သိန်းဂဏန်းအနည်းဆုံး ပေးဝယ်ရလေ့ရှိပါသည်။

မန္တလေးမြို့တွင် အဆိုပါ စနစ်ဖြင့် လုပ်ကိုင်နေ ကြသည့် ကုမ္ပဏီခွဲများ ဆယ်ခု ၀န်းကျင်ရှိသည်။ ၎င်းတို့အ
နက် ထင်ရှားသည့် ကုမ္ပဏီများမှာ Unicity, Healthy-Shop, ရှိုင်းဟုတ်၊ Aim Star, ပိုင်ဖြိုးသီဟ၊ Tiens စ
သည်တို့ဖြစ်ကြသည်။ အချို့ကုမ္ပဏီများတွင် မန်ဘာဝင်ဦးရေ တစ်သောင်းကျော်ရှိပြီး မန္တလေးမြို့၌သာမ
က မြင်းခြံ၊ မိတ္တီလာ စသည့်နယ်မြို့ကြီးများတွင်ပါ ရေပန်းစားလျက်ရှိသည်။

မန်ဘာ ၀င်ရသည့် ပုံစံမှာလည်း အနည်းငယ် ကွဲပြားမှု ရှိသည်။ အချို့ကုမ္ပဏီများက မန်ဘာဝင်ကြေး သီး
သန့်ပေးကာဝင်ရသကဲ့သို့ အချို့ကတော့ မန်ဘာဝင်ကြေးမတောင်းဘဲ ၎င်းတို့သတ်မှတ်ထားသည့် ပမာ
ဏပြည့်မီအောင် ၀ယ်ယူလျှင် မန်ဘာဝင် အဖြစ် အသိအမှတ်ပြုသည်။ ထို့ အတူပင် အချို့ကုမ္ပဏီများက
ရာထူးသတ်မှတ်မထားဘဲ မန်ဘာဝင်များအနေဖြင့် မိမိတတ်နိုင်သလောက် မန်ဘာအသစ်များရှာခိုင်းပြီး
မန်ဘာဝင်ဦးရေပေါ်မူတည်၍ ကော်မရှင်ပြန်ခွဲဝေပေးသည်။ အချို့ကမူ ရာထူးသတ်မှတ်ထားပြီး ရာထူး
ပေါ်မူတည်၍ ကော်မရှင်ပြန်လည်ရမည့် မန်ဘာဝင်ဦးရေကို သတ်မှတ်ထားသည်။ ဘုံတူညီသည့်အချက်
မှာ ကုမ္ပဏီများရောင်းချသည့် ကုန်စည်များကို မန်ဘာဝင်များအား လျှော့ဈေးဖြင့် ရောင်းချခြင်းသာ ဖြစ်
သည်။

အမှန်တကယ်အားဖြင့် ယင်းစီးပွားရေးစနစ်မြစ်ဖျားခံရာမှာ မြန်မာနိုင်ငံမှမဟုတ်ပါ။ အမေရိကန်ပြည်ထောင်
စု၊ မန်ဆာချူးဆက်ပြည်နယ်၊ ဘော့စတွန်မြို့ရှိ ချားလ်စ်ပွန်ဇီ (Charles Ponzi)က ၁၉ ရာစုအစပိုင်းတွင် စ
တင်တီထွင်ခဲ့ခြင်း ဖြစ်သည်။ ပွန်ဇီက ငွေကြေးတတ်နိုင်သူများကို ၎င်း၏စာတိုက်စာချုပ်များတွင် ရင်းနှီးမြှုပ်
နှံရန် စည်းရုံးခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများ၏ ငွေကြေးပမာဏတစ်ဝက်ကို အမြတ်ပြန်လည်ပေးအပ်မည်ဟု အာ
မခံသည် မူလအစရင်းနှီးမြှုပ်နှံသူများအတွက် အမြတ်ငွေကို ပြန်လည်ပေးအပ်နိုင်ခဲ့သော်လည်း နောက်ပိုင်း
မှ ရင်းနှီးမြှုပ်နှံသူများအတွက် အမြတ်ငွေကို ပေးအပ်နိုင်ခြင်းမရှိတော့သောကြောင့် ပွန်ဇီစီးပွားရေးစနစ်မှာ
ပြိုလဲခဲ့ရသည်။

သို့သော်လည်း ပွန်ဇီစီးပွားရေး စနစ်မှာ ကမ္ဘာ တစ်လွှားရှိ စီးပွားရေး သမားကြီးများကြား လွန်စွာအောင်မြင်
ခဲ့ပြီး ယင်း စနစ်ကို အခြေ ခံကာ Pyramid Scheme, Multi-Level Marketing စသည်ဖြင့် စနစ် မျိုးစုံ တီ
ထွင်ခဲ့ကြသည်။ ပြဿနာပေါင်းစုံလည်း တက်ခဲ့ကြသဖြင့် ယခုအခါ ယင်းပုံစံ၊ (သို့မဟုတ်) ယင်းပုံစံနှင့် ဆင်
တူ ယိုးမှား ပုံစံ စီးပွားရေး စနစ် များအား အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ ပြင်သစ်၊
ဂျာမနီ၊ နယ်သာလန် စသည့် နိုင်ငံ ၂၅ နိုင်ငံတွင် ဥပဒေ အရ တရားမ၀င်သတ်မှတ်ထားပြီး လုပ်ကိုင်ခွင့်မ
ပြုပေ။ သို့သော်လည်း ပွင့်လင်းစပြုလာသည့် မြန်မာနိုင်ငံတွင်မူ ထိုင်း၊ ဟောင်ကောင်အခြေစိုက် စီးပွားရေး
လုပ်ငန်းရှင်များ အစပြုလာသည့် အဆိုပါစီးပွားရေးစနစ်မှာ ယခုအခါ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများ
သာမက နယ်မြို့များအထိပါ အားကောင်းမောင်းသန် ရှင်သန်နေသည်ကို တွေ့မြင်ရသည်။

မြန်မာနိုင်ငံ တွင် အဆိုပါ စီးပွားရေး စနစ်ဖြင့် လုပ်ကိုင်သည့် ကုမ္ပဏီကြီး များမှာ လွန်စွာ အပြောအဟော
ကောင်း သူများကို ခန့်ထားလေ့ ရှိသည့် အတွက် ထိုသူ များ၏ မစားရ ၀ခမန်း ပြောကြားချက် များကို နား
ယောင်သည့် သူများအဖို့ လွယ်လွယ် ကူကူပင် မန်ဘာဝင်ကြတော့သည်။ သို့သော်လည်း အပြောတစ်မျိုး၊
အလုပ်တစ်မျိုး လုပ်ရပ်များ များစွာရှိလာသည့်အခါ မန်ဘာဝင်များမှာ စိတ်ပျက်ပြီး ဆက်လက်မလုပ်ကိုင်
ကြတော့ပေ။ ဥပမာအားဖြင့် အဆိုပါ စည်းရုံးရေး သမားများသည် ၎င်းတို့ ပစ်မှတ်ထားသူများကို ပထမဦး
စွာ မန်ဘာဝင်လိုက်ပါ။ ပြီးလျှင် မန်ဘာဝင်အသစ်နှစ်ဦးရှာဖွေရန် လိုအပ်ပြီး မူလမန်ဘာဝင်ထားသူအနေ
ဖြင့် အဆိုပါ မန်ဘာဝင်အသစ်နှစ်ဦး ၀ယ်ယူသည့် ပမာဏအလိုက် လစဉ်ကော်မရှင်ရနေမည်ဖြစ်ကြောင်း
ပြောဆိုစည်းရုံးသည်။ သို့သော်လည်း အဓိက ပြဿနာမှာ ယင်း မူလမန်ဘာ ၀င်အနေဖြင့် လစဉ်မန်ဘာ
ဝင်အသစ်နှစ်ဦး ထပ်မံရှာဖွေပေးနိုင်မှသာ ယင်းကော်မရှင်ကိုရမည်ဖြစ်သကဲ့သို့ အဆိုပါမန်ဘာဝင်နှစ်ဦး
အနေဖြင့်လည်း ငွေကြေးသိန်းဂဏန်းအထက် ၀ယ်ယူသုံးစွဲရမည် ဖြစ်သည်။ အကယ်၍ နောက်ထပ် မန်
ဘာဝင်နှစ်ဦး မရှာဖွေနိုင်လျှင် (သို့မဟုတ်) မိမိကလည်း လစဉ် ၎င်းတို့၏ ကုန်စည်များအပေါ် သိန်းဂဏန်း
ဝယ်ယူ သုံးစွဲခြင်း မပြုလျှင် ၎င်းကုမ္ပဏီ များက အသက် မ၀င်တော့သည့် မန်ဘာ(၀ါ) သစ်ခြောက်ပင်ကြီး
အဖြစ် သတ်မှတ်ပြီး ယင်း မန်ဘာဝင်မှာ နောက်ထပ် မည်သည့် အကျိုးအမြတ်မှ ခံစားခွင့်မရှိတော့သည့်
အချက် ဖြစ်သည်။ မိမိကလည်း လစဉ်မန်ဘာဝင်ရှာဖွေရန် လိုအပ်နေသကဲ့သို့ မိမိအောက်က မန်ဘာဝင်
နှစ်ဦး ကလည်း လစဉ် နောက်ထပ် မန်ဘာဝင် အသစ်များ ရှာဖွေပေး ရမည်သာ ဖြစ်သည်။ ထို့ အတွက်
အောက်က ဇယားကို တစ်ချက် ကြည့်ရန် လိုပါပြီ။ အထက်ပါ ဇယားအား တစ်ချက်မျှ အချိန်ပေးကြည့်ပါ။
Level 13 ကို ရောက်သည့် အခါ မန်ဘာဝင် ဦးရေမှာ ကမ္ဘာ့ လူဦးရေထက် များနေပြီ ဖြစ်သည်။ ထိုအခါ
ယင်း ကုန်စည်ရောင်းချ ရငွေမှ အချိုးကျရရှိမည့် ကော်မရှင်ကို မည်သို့မည်ပုံ ပြန်လည်ခွဲဝေပေးနိုင်မည်
လဲ ဆိုသည့်အချက်မှာ မေးခွန်းထုတ်စရာဖြစ်လာပြီ ဖြစ်သည်။


စီးပွားရေးပညာရှင်များ အဓိကထောက်ပြသည့်အချက်မှာ ယင်းစီးပွားရေးစနစ် အခြေခံအဖွဲ့အစည်းမျိုးတွင်
အမှန်တကယ် တန်ဖိုးရှိသည့် ထုတ်ကုန်ဖြစ်စေ၊ အသုံးဝင်သည့် ၀န်ဆောင်မှုဖြစ်စေ ထုတ်လုပ်ရောင်းချခြင်း
မျိုး လုပ်လေ့မရှိဘဲ မန်ဘာဝင်အသစ်များ အများအပြားစုဆောင်းစေခြင်းဖြင့်သာ ပင်မ၀င်ငွေကို ရှာဖွေလေ့
ရှိသည်။ နောက်ဆုံးတွင်မူ မန်ဘာဝင်များပြားလာမှုကြောင့် မန်ဘာဝင်တစ်ဦးချင်းစီကို ပြန်ပေးနိုင်မည့် ၀င်
ငွေဖန်တီးနိုင်ခြင်းမရှိတော့ဘဲ ပြိုလဲလေ့ရှိသည်။ ထို့ကြောင့် ယင်းစီးပွားရေးစနစ်အား နှင်းခဲရေပျော်စီးပွား
ရေး၊ သံကြိုးဆက်စီးပွားရေး၊ ပိုက်ဆံကစားပွဲ စသည့် နာမည်အမျိုးမျိုးတပ်ကာ ခေါ်ဝေါ်လေ့ရှိခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း အဆိုပါ စီးပွားရေးစနစ် အခြေခံကုမ္ပဏီများ၏ ငွေကြေးအရှုပ်အရှင်းကိစ္စများ ရှေ့
တွင်များစွာရှိပါသည်။

အဆိုပါစနစ်ဖြင့် လုပ်ကိုင်နေသည့် စီးပွားရေးကုမ္ပဏီကြီးများကမူ ၎င်းတို့ကုန်စည်များသည် အလုပ်သမားစ
ရိတ်၊ ဆိုင်ခန်း စရိတ်များ လုံးဝကုန်ကျခြင်း မရှိဘဲ လူအချင်းချင်း ဆင့်ပွားရောင်းချသည့် စနစ်သာဖြစ်သော
ကြောင့် အဆိုပါ ကုန်ကျ စရိတ်များကို ရှယ်ယာငွေ အဖြစ် မန်ဘာဝင်များထံ ပြန်လည်ခွဲဝေပေးနိုင်ခြင်းသာ
ဖြစ်ပြီး လွန်စွာခိုင်မာသည့် စီးပွားရေး စနစ်တစ်ခုသာ ဖြစ်သည်ဟု ငြင်းဆိုကြသည်။ ယင်း အချက် ကိုလည်း
သေချာ တွေးကြည့်ပါ မိတ်ဆွေ။ နယ်လှည့် အရောင်းဝန်ထမ်း တစ်ဦးငှားလျှင် တစ်လလျှင် အနည်း ဆုံးဝန်
ထမ်းစရိတ် နှစ်သိန်းကျပ်ကုန်ကျမည် ဖြစ်သည်။ ထိုကုန်ကျစရိတ်အား ကျခံခြင်းမရှိဘဲ မန်ဘာဝင်များအား
နယ်တာဝန်ခံမန်နေဂျာ၊ ဒေသဆိုင်ရာ အရောင်းမန်နေဂျာ စသည့် နာမည်လှလှလေး များပေးပြီး တစ်ဖက်
လှည့်ဖြင့် ရောင်းချစေခြင်း ဖြစ်သည်။ လစဉ်ပြန်လည်ရရှိသည့် ကော်မရှင်တစ်သိန်းခွဲ၊ နှစ်သိန်းဆိုသည်မှာ
အမှန်တကယ်အားဖြင့် ၎င်းတို့ကုန်စည်ရောင်းအား မြှင့်တင်ရေး အတွက် နယ်လှည့် အရောင်းဝန်ထမ်းတစ်
ဦးကို ငှားရမ်းလိုက်သည့် ပမာဏသာရှိပါသည်။ မိမိမှာသာ မန်ဘာဝင်ဆိုပြီး မိမိကဲ့သို့ နယ်လှည့်အရောင်း
ဝန်ထမ်းနှစ်ဦးကို လစဉ်ကြိုးစားရှာဖွေနေခြင်းသာ ဖြစ်ပါသည်။ ရှင်းရှင်းပြောရလျှင် ငါးကြင်းဆီဖြင့် ငါးကြင်း
ပြန်ကြော်ခြင်းသာ ဖြစ်သည်။ အချို့ဆင့်ပွားရောင်းချသည့် ကုမ္ပဏီကြီးများကတော့ လူရည် လည်လှသည်။
မြို့တစ်မြို့တွင် သြဇာကြီးသော ဘုန်းတော်ကြီးများ၊ အစိုးရ အရာရှိကြီး များအား အထူး ကော်မရှင်ပေးကာ
အရောင်း တာဝန်ပေးကြသည်။ ထို ပုဂ္ဂိုလ်ကြီးများ ကလည်း ကော်မရှင် ရမည်ဖြစ်သည့် အတွက် မိမိလက်
အောက်ရှိ ၀န်ထမ်း များ၊ ဒကာ၊ ဒကာမ များအား ၀ယ်ယူခိုင်းလေ့ ရှိရာ ထိုစနစ် မှာလည်း အောင်မြင်လှပေ
သည်။ ရောင်းအားကောင်းသည့် မန်ဘာအသစ်ရှာနိုင်သည့် မန်ဘာဝင်များကို အခါအားလျော်စွာ နိုင်ငံခြား
ခရီးစဉ်များ ပို့ဆောင်ပေးလေရာ ယခုမှစတင်လုပ်ကိုင်မည့် မန်ဘာဝင်များအတွက်လည်း ကြီးစွာသော
မက်လုံးဖြစ်စေသည်။

ဂျပန်နိုင်ငံ ရဲတပ်ဖွဲ့ ၏ အဆို အရ ၁၉၉၄ ခုနှစ်တွင် ဂျပန်နိုင်ငံသား တစ်သိန်း ခြောက် သောင်း (၁၆၀,၀၀၀)
သည် အဆိုပါ ဆင့်ပွားရောင်းချခြင်း စနစ် အခြေခံ ကုမ္ပဏီရှစ်ခု၏ သားကောင် အဖြစ်သို့ ကျရောက်ခဲ့ရပြီး
အထွေထွေ ဆုံးရှုံးမှု တန်ဖိုးမှာ (US$ 300 Million) ရှိသည်ဟု ထုတ်ပြန်ထားသည်။

နိဂုံးချုပ် အနေဖြင့်ဆိုရလျှင် အမေရိကန် FBI အဖွဲ့ကြီးမှ ယင်း စနစ်ဖြင့် လုပ်ကိုင်မည့် သူများအား သတိပေး
ထားချက် များကို လက်ဆောင် ပါးလိုက် ချင်ပါသည်။ ယင်း အချက်များမှာ Multi-Level Marketing စနစ်ဖြင့်
လုပ်ကိုင်နေ သည့် ကုမ္ပဏီ တစ်ခုတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ကာ မန်ဘာဝင်မည် ဆိုပါက အဆိုပါ ကုမ္ပဏီအား
မည်သို့မည်ပုံဖွဲ့စည်းထားသည်။ မည်သည့်ပုံစံ ခရီးဆက်နေသည် စသည့် မှတ်တမ်းများကို ရှာဖွေလေ့လာပါ။

ကုမ္ပဏီထုတ်ကုန်များကို လေ့လာပါ။ မေးခွန်းများမေးပါ။ ကန့်သတ်ချက်များကို နားလည် ပါစေ။ အခြားသော
ဖြန့်ချိသူများနှင့် သွားရောက်စကားစမြည်ပြောကာ တီးခေါက်ကြည့်ပါ။ ယင်းစီးပွားရေးလုပ်ငန်းနှင့် ပတ်သက်
မှုမရှိသည့် အပြင် လူတစ်ဦးနှင့် တိုင်ပင်ပါ။ ရင်းနှီးမြှုပ်နှံမှု မစခင် အချိန်ယူ စဉ်းစားပါ။ မိမိလုပ်ဆောင် ရမည့်
ကိစ္စရပ်များသည် မိမိနှင့်ကိုက်ညီမှု ရှိ မရှိ ပြန်လည်ဆန်းစစ်ပါ စသည့်အချက်များဖြစ်ပါသည်။ မိတ်ဆွေ၊ သင့်
အိမ်သို့ လာရောက် ကာ မန်ဘာ ၀င်ရန် စည်းရုံးနေ သူကို အားမနာပါနှင့်။ မန်ဘာဝင်ရန် တစ်ထိုင်တည်း ဆုံး
ဖြတ်ချက်မချပါနှင့်။ သေသေချာချာ အချိန်ယူပါဟုသာ သတိပေးလိုပါကြောင်း။


ကိုးကား

http://www.fbi.gov/scams-safety/fraud
http://en.wikipedia.org/wiki/Multi-level_marketing
http://www.aic.gov.au/media_library/publications/proceedings/27/ota.pdf

၇ ရက် နေ့ စဉ် သ တင်း စာ မှ ကူး ယူ မျှ ဝေ သည် ။
http://www.7daydaily.com/story/20815#.VBk7WVdrraq

လူငယ်နှင့် စာပေ






““ကလေးကောင်းမှလူကြီးကောင်း မယ်””ဟု ဆရာတော်အရှင်ဆန္ဒာဓိက မိန့် တော်မူသလိုပင် အနာဂတ်တိုင်းပြည်ကောင်း ဖို့ ကောင်းမွန်သောဉာဏ်ပညာ၊ ကြီးသော အတွေးအခေါ်၊ မျှတသော လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်ရန်မှာ အရေးအကြီးဆုံး လိုအပ်ချက်ပင် ဖြစ်သည်။ ဤအချက်များ ကို အကောင်းဆုံး ဖြည့်တင်းပေးမည့်အရာ သည် စာပေမှတစ်ပါး အခြားမရှိနိုင်ပါ။ ဒါ ကြောင့် လူငယ်တွေမှာ စာဖတ်ချင်စိတ်ရှိဖို့ အရေးကြီးသည်ဟု ဆရာမ မသီတာ(စမ်း ချောင်း)က မှတ်ချက်ပြု ပြောကြားခဲ့သည်။



““ဘယ်ခေတ်ပဲရောက်ရောက် စာပေက လူငယ်တွေအတွက် အရေးပါ တယ်။ ဖျော်ဖြေရေးအနေနဲ့ပဲဖြစ်ဖြစ် ဗဟု သုတ ရှာဖို့ပဲဖြစ်ဖြစ် စာပေက အကောင်း ဆုံးပဲ။ စာပေမှာတော့ အသိပညာပိုင်းဆိုင် ရာစာပေတို့၊ ဖျော်ဖြေရေးစာပေတို့ စသဖြင့် ပေါ့။ အမျိုးမျိုးရှိတဲ့အထဲက ကိုယ့်စိတ်မျက် စိပေါ်မူတည်ပြီး ရွေးချယ်နိုင်တယ်။ စာပေ ဖတ်ခြင်းကပဲ အတွေးအခေါ်တွေ ရနိုင် တယ်။ ဒါကြောင့် လူငယ်တွေကို ဒီထက်ပို ပြီး စာဖတ်စေချင်တယ်။ တိုင်းပြည်အနာ ဂတ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာက တိုင်းပြည် ငြိမ်းချမ်းမှ အကောင်းဆုံးနေရာကို ရောက် မှာ။ ဒီလိုကောင်းဖို့ဆိုရင် နိုင်ငံသားတိုင်း စိတ်ကူးကောင်းဖို့ အတွေးအခေါ်ကောင်း ဖို့ လိုတယ်။ အဲဒီလို လူ့အဖွဲ့အစည်းမျိုးကို ထူထောင်နိုင်အောင် စာပေကို ပိုမိုလေ့လာ ဖို့လိုတယ်””ဟု ဆရာမ မသီတာ(စမ်းချောင်း) က မှတ်ချက်ပြု ပြောကြားခဲ့သည်။



““ဒီနေ့ခေတ်မှာ စာဖတ်တဲ့အပိုင်း ကိုပြောရင် နှစ်ပိုင်းရှိတယ်လို့ပြောရမယ်။ စာအုပ်ဖတ်တဲ့သူနဲ့ Online Media ကနေ ဖတ်တဲ့သူပေါ့။ စာအုပ်ဖတ်တဲ့လူငယ်တွေ ရဲ့ လက်ရှိစာဖတ်နှုန်းကိုကြည့်ရင် အားမရ ဘူး။ တခြားတိုင်းပြည်တွေမှာဆိုရင် အုပ် ရေငါးသန်းလောက်အထိ ရောင်းရတာတွေ ရှိတယ်။ အဲဒီစာအုပ်ကို ကျွန်တော်တို့နိုင်ငံ မှာထုတ်ရင် အုပ်ရေ ၅၀၀ လောက်ကို အ သည်းအသန်ရောင်းရတယ်။ ဒါကိုကြည့် ခြင်းအားဖြင့် စာဖတ်အားအတော်နည်း နေသေးတယ်ဆိုတာကို တွေ့နိုင်တယ်။ လူ ငယ်တွေဟာ ကျောင်းစာတွေနဲ့ တခြားဖျော် ဖြေရေးအစီအစဉ်တွေမှာ အချိန်ကုန်နေကြ တယ်။ သူတို့အပေါ် စာပေလွှမ်းမိုးမှုက သိပ် မရှိဘူး”” ဟု လူငယ်များအပေါ် စာပေလွှမ်းမိုး နိုင်မှုနှင့် ပတ်သက်၍ မြတ်မိခင်စာပေထုတ် ဝေရေးမှ ကိုကျော်ကျော်က သုံးသပ်ပြော ကြားခဲ့သည်။



စာပေသည် ခေတ်အဆက်ဆက် ကို လှမ်းမြင်နိုင်သော ပြတင်းများဖြစ်ပြီး အနာဂတ်လှပရေးကိုလည်း ဆောင်ကြဉ်းပေး နိုင်ကြောင်း ဆရာချစ်ဦးညိုက ““ဒီခေတ်မှ မဟုတ်ဘူး။ စာပေက ခေတ်အဆက်ဆက် မှာ အရေးပါတယ်။ စာပေဆိုတာ သက်ဆိုင် ရာ ပညာရှင်တွေက သူတို့ရဲ့အတွေးအခေါ် တွေ အကြံဉာဏ်တွေ၊ သူတို့ခံစားခဲ့ရတာ တွေ၊ သူတို့အတွေ့အကြုံတွေကို စာရေးပြီး မှတ်တမ်းတင်ထားတာ။ အတိတ်ကဖြစ်ခဲ့ တဲ့ဟာတွေကို စာပေကပဲ တစ်ဆင့်သိနိုင် တာ။ ကာလသုံးပါးကိုလေ့လာနိုင်တာ စာ ပေပဲ။ ဒါကိုမလေ့လာဘူးဆိုရင် အတိတ်မဲ့ တဲ့လူဖြစ်သွားမယ်။ အတိတ်ကိုသိမှ ပစ္စုပ္ပန် ကောင်းမယ်။ ပစ္စုပ္ပန်ကောင်းမှ အနာဂတ် လှမယ်။ လူငယ်တွေစာဖတ်ချင်လာအောင် လူကြီးတွေကလုပ်ပေးရမယ်။ ပတ်ဝန်းကျင် ကောင်းတွေ ဖန်တီးပေးရမယ်””ဟု သုံး သပ်ပြောကြားခဲ့သည်။



အလိမ္မာ စာမှာရှိဆိုသော်ငြား လည်း စာပေဖတ်ရှုသည့် ယဉ်ကျေးမှုနှင့် ကင်းကွာနေသော လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်၍ ဆရာ မင်းခက်ရဲက ““ယေဘုယျပြောရင် စာပေက လူငယ်ကိုမလွှမ်းမိုးနိုင်ဘူး။ ဒါပေမဲ့ ကျောင်း သင်ခန်းစာမှာ သင်ရတဲ့ ဝတ္ထု၊ စကားပြေ စာပေကတော့လွှမ်းမိုးတယ်။ လွတ်လပ်တဲ့ ပြင်ပစာပေနဲ့ ပြောရင်တော့ လူငယ်တွေပဲ မဟုတ်ဘူး။ လူကြီးတွေပေါ်မှာလဲ စာပေက မလွှမ်းမိုးနိုင်ဘူး။ လူကြီးတွေရော၊ လူငယ် တွေရော၊ နိုင်ငံရေးသမားတွေရော စာမဖတ် ကြဘူး။ အဲဒါကြောင့် နိုင်ငံရေးမှာ လက် လွတ် စပယ်ပြောတာတွေ ဖြစ်လာတာ””ဟု ယင်း၏အမြင်ကို ပြောကြားခဲ့သည်။



ဓားသည် သွေးမှထက်သကဲ့သို့ အသိဉာဏ်ကိုလည်း စာပေဖြင့် အမြဲသွေး ပေးရမည်ဖြစ်သည်။ သို့မှသာ စဉ်းစားချင့် ချိန်နိုင်သည့် စွမ်းရည်များ မြင့်မားလာမည် ဖြစ်သည်။ ယင်းကြောင့် အနာဂတ်တွင် လူ ကြီးဖြစ်လာမည့် လူငယ်များကို စာပေဖတ် ရှုသည့် အလေ့အထများ ဖြစ်ပေါ်လာစေ ရန် ပြုစုပျိုးထောင်ပေးရန် လိုကြောင်းကို ဆရာမမသီတာ(စမ်းချောင်း)က ““လူငယ် တွေ စာဖတ်အားနည်းတာ ပညာရေးစနစ် နဲ့လဲဆိုင်တယ်။ ပညာရေးစနစ်က သင်ခန်း စာကို အလွတ်ကျက်ရတာ။ အလွတ်ကျက် တာတောင် အကုန်ကျက်စရာ မလိုဘူး။ အဲဒီ နည်းနဲ့ စာမေးပွဲအောင် ဘွဲ့ရဆိုတော့ စာ ဖတ်တဲ့ အလေ့အထမရှိခဲ့ဘူး။ သင်ခန်းစာ တစ်ခု သင်တာနဲ့ စာကြည့်တိုက်သွားပြီး စာအုပ်တွေရှာဖတ်ပြီးရင် ကိုယ့်အတွေးနဲ့ ကိုယ်ပြန်ရေးရင် အမှတ်ကောင်းပေးတဲ့ စနစ် နဲ့သွားရင် လူငယ်တွေ စာပေအပေါ်မှာ ပို ပြီးတော့ စီးမျောလာမယ်။ ဒီလိုအလေ့အ ထက မရှိခဲ့တော့ တွေးခေါ်ရတဲ့အလုပ်ကို လူငယ်တွေ မလုပ်ချင်ကြတော့ဘူး။ လွယ် လွယ်နဲ့ပဲ သွားချင်နေကြတယ်။ ဖျော်ဖြေ ရေး စာပေတချို့တော့ လွှမ်းမိုးမှုရှိပါတယ်”” ဟု အကြံပြု ပြောကြားခဲ့သည်။



““စာဖတ်အားနည်းတော့ ကိုယ် တိုင် တွေးခေါ်နိုင်စွမ်း နည်းသွားတယ်။ ဖြစ် စဉ်တွေအပေါ်မှာ သူများပြောတာ အမှန် ပဲလို့ထင်ပြီး ဆင်ခြင်မှုအားနည်း လာကြ တယ်””ဟု စာပေလေ့လာမှု အားနည်းခြင်း ကြောင့် ဖြစ်ပေါ်နိုင်သော ဆိုးကျိုးတစ်ခုကို ထောက်ပြ ပြောဆိုခဲ့သည်။

လူငယ်များ စာဖတ်အားကောင်း လာစေရန် လူငယ်များအပေါ် လွှမ်းမိုးနိုင် သော ခေါင်းဆောင်များက လမ်းပြရန်လို ကြောင်းကိုလည်း ကိုကျော်ကျော်က တိုက် တွန်းပြောကြားခဲ့သည်။